Thursday, June 23, 2011

ဆလိုင်းတင်မောင်ဦးနှင့်နိုင်ငံရေးအကျဉ်းသားများနေ့



Salai Tin Mg Oo and P P Day.pdfSalai Tin Mg Oo and P P Day.pdf
22K   View   Download  
Salai Tin Mg Oo and P P Day

EU ကိုယ်စားလှယ်တွေ သူတို့ ဖြစ်စေချင်တာတွေကို ဆွဲပြီးတော့ပြော



by Ye Thurein Min on Thursday, June 23, 2011 at 8:27pm
21.06.2011 နေ့က Mark Farmaner (Director) BCUK နဲ့ BBC အင်တာဗျူး

Mark ။         ။ EU အနေနဲ့ မြန်မာပြည် အပေါ်မှာ တွေ.ဆုံဆွေးနွေးမှု ပေါ်ပေါက်ရေးအတွက် ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက ဆုံဆွေးနွေးမှု ပေါ်ပေါက်ရေးအတွက် တိုးမြှင့်အားထုပ်လာချိန်မှာ EU ဘက်ကလည်း တိုးမြှင့်ဆောင်ရွက်လိုတဲ့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့ EU မှာ ပြဿနာတွေ ရှိနေပါတယ်။ EU ရဲ့ပိတ်ဆို့အရေးယူမှုဟာ အမေရိကန်ထက် အများကြီး ပျော့ပြောင်းပါတယ်။ ဒါပေမဲ့ အမေကန်ပြည်ထောင်စုက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံကို ပုံမှန်စေလွှတ်နိုင်ပါတယ်။ EU ဘက်ကတော့ EU ရဲ့အထူးကိုယ်စားလှယ် မစ္စတာ ဖက်စီနိုကိုတောင်မှ ဗီဇာ မပေးပါဘူး။ ဒါကြောင့် EU ဘက်က မြန်မာနဲ့ တွေ.ထိဆက်ဆံရေးကို ပြန်လည်ပြီးတော့ ကြိုးစားလာတာဖြစ်ပါတယ်။

မေး ။    ။ ဒီခရီးစဉ်ပြီးရင် EU ရဲ့မူဝါဒနဲ့ပတ်သက်ပြီးတော့ အပြောင်းအလဲ တစုံတရာ ရှိလာလိမ့်မယ်လို့ ထင်ပါသလား
ဖြေ။     ။ အရေးကြီးတဲ့ပေါ်လစီအပြောင်းအလဲတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ဒီခရီးစဉ်ဟာ သိပ်အရေးကြီး အရေးပါတဲ့ခရီးစဉ်မဟုတ်ဘူးဆိုတာကို တွေ.နိုင်ပါတယ်။ ဒီခရီးစဉ် မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ.ဆုံခွင့်မရပါဘူး။ ဒီခရီးစဉ်မှာပါတဲ့သူတွေဟာလည်း              ဆုံးဖြတ်ချက်ချနိုင်လောက်အောင် အဆင့်မြင့်တဲ့ လယ်ဘယ်ကလူတွေ မဟုတ်ပါဘူး။ ပြီးတော့ သတိထားကြည့်မယ်ဆိုရင် ဒီခရီးစဉ်ထဲမှာ လိုက်ပါသွားတဲ့သူတွေထဲမှာ EU ရဲ့မူကို မှန်မှန်ကန်ကန်မလိုက်နာပဲ သူတို့ဖြစ်ချင်တာတွေကို                       ဆွဲနေတဲ့သူတွေပါနေပါတယ်။ EU ရဲ့ပိတ်ဆို့မှုကို အလျှော့ပေးပြီး သိပ်ပျော့ပြောင်းလွန်းတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ချဉ်းကပ်ချင်သူတွေပါနေပါတယ်။  ဒီခရီးစဉ်ပြီးလို့ သူတို့ကြေငြာချက်ထုတ်ပြန်တဲ့ အခါမှာ ဒါမှမဟုတ် သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါမှာ သိပ်အကောင်းမြင်တဲ့ သဘောမျိုးတွေ ထွက်ပေါ်လာနိုင်ပါတယ်။ အဲ့သလိုထွက်ပေါ်လာခဲ့ရင် ဒါဟာ EU ရဲ့မှုမဟုတ်ဘဲ သူတို့ ဖြစ်စေချင်တာတွေကို ဆွဲပြီးတော့ပြောနေတာလို့ ကျွန်တော်ပြောချင်ပါတယ်။

မေး။       ။ EU ရဲ့မူကို မှန်မှန်ကန်ကန်လိုက်နာကျင့်သုံးမှု အရှိတဲ့သူတွေဆိုတာက ဘယ်သူတွေပါလဲ၊ ဘယ်နိုင်ငံတွေပါလဲ။
ဖြေ။       ။ ယေဘူယျအားဖြင့်ပြောရမယ် ဆိုရင် ပျော့ပြောင်းချဉ်းကပ်မှုလုပ်ချင်တဲ့သူတွေဟာ ဂျာမဏီ၊ အီတလီ ၊ သြစတီးရီးယားတို့ပါ။ သူတို့ထက်နဲနဲလေး ပျော့ပြောင်းမှုရှိတဲ့သူတွေက စပိန်နဲ့ ပိုလန်တို့ပါ။ တင်းမာတဲ့ဘက်မှာတော့ ယူကေ၊ ချက်ကိုစလိုဗက်ကီးယား၊ ဒိန်းမတ်၊ နယ်သာလန် ၊ အိုင်ယာလန် စတဲ့နိုင်ငံတွေရှိပါတယ်။ လောလောဆယ်မှာ ယူကေနိုင်ငံ ၊ ချက်နိုင်ငံတို့က အသာစီးရနေပါတယ်။

မေး။      ။ အခုခရီးစဉ်မှာ EU ကဆွေးနွေးမှုပေါ်ပေါက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လာတာ ဖြစ်နိုင်တယ်ဆိုတော့ သူတို့အနေနဲ့တိုးတက်မှု တစုံတရာရအောင်ရော ဆောင်ရွက်နိုင်မယ်လို့ ထင်ပါသလား။
ဖြေ။      ။ ကျွန်တော်ကတော့မထင်ပါဘူး။ ဒီအစိုးရသစ်ဟာ စစ်မှန်တဲ့ ဆွေးနွေးမှုမျိုး ပြုလုပ်ဖို့ စိတ်ဝင်စားပုံမရပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်မပေးတာပဲကြည့်ပါ။ ဦးသန်းရွှေတုန်းကတောင်မှ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၄၀၀ လောက်လွှတ်ပေးပါသေးတယ်။ အခုဦးသိန်းစိန်က ဒီလောက်တောင်လွှတ်မပေးပါဘူး။ ကျွန်တော်တို့ အတွေ.အကြုံရပြောမယ်ဆိုရင် မြန်မာ စစ်အစိုးရအနေနဲ့ စစ်မှန်တဲ့တွေ.ဆုံဆွေးနွေးမှုကို ပြသတဲ့ အခါမျိုးဟာ သူတို့ အကျပ်အတည်းကျရောက်တဲ့အချိန် ဖိအားတွေ သိပ်များတဲ့ အချိန်မျိုးပါ။ ဒါကိုလည်း ကတိပေပြီးတော့ အချိန်ဆွဲတဲ့ နည်းဗျူဟာကို သူတို့ကျင့်သုံးတတ်ပါတယ်။ အဲ့သလို အချိန်ဆွဲခဲ့တဲ့သူတွေထဲမှာ ဦးသိန်းစိန်ဟာလည်း အဖွဲ.၀င်တယောက်အနေနဲ့ ပါဝင်ခဲ့သူပါ EU အနေနဲ့ကလည်း ဒါမျိုးကိုယ်စားလှယ် အဖွဲ.တွေ လွှတ်ခဲ့ဘူးပါပြီ။ ဒါပေမဲ့ စစ်မှန်တဲ့ အပြောင်းအလဲ ဘာမှ ဖြစ်မလာပါဘူး ။ တကယ်အလုပ်ဖြစ်ဖို့ဆိုရင် EU အနေနဲ့ ဒီထက်အဆင့်မြင့်တဲ့ ကိုယ်စားလှယ်အဖွဲ.လွှတ်ဖို့လိုပါလိမ့်မယ်။

ရဲသူရိန်မင်း
24.06.2011 (GMT 01:25)

ပညာတတ် တိုင်း ပညာတတ် အသိ ရှိသူ မဟုတ်ကြပါ။




ဘိုဘိုကျော်ငြိမ်း

ကျနော်တို့ဗမာတွေရောထွေးနားလည်မှားနေသည့် အဓိပ္ပါယ် ဖေါ်ဆောင်ချက် တခုမှာ (ပညာတတ်) ဟူသော ဝေါဟာရဟုထင်မိသည်။

ကျနော်တို့အများက (ဘွဲ့) ကလေးတခု ရပြီဆို လျှင် (ပညာတတ်) ဟုလွယ်လွယ် သတ်မှတ် လိုက် ကြသည်။ အမှန်က (ဘွဲ့) ဆိုသည်က အခြေခံ ကိုသာသင်ပေး လိုက်ခြင်းဖြစ်သည်။ ထို့ ကြောင့် တချို့ ဘာသာရပ်များတွင် အလုပ်သင် Internship ဆင်းရသည်။  ဆရာဝန်ပညာရပ်ကို ၇ နှစ်သင်ကြားအပြီး အလုပ်သင် တနှစ်ထပ်ဆင်းပြီးမှ ဗမာနိုင်ငံတွင် ဆေးကုခွင့် လိုင်စင် (ဆမ) လျှောက်ခွင့်ရှိ သည်။ အသက်မွှေးဝမ်းကြောင်း ပညာရပ်များဟုသတ်မှတ်သော ဘာသာရပ်များတွင်မူ တကယ်တတ်မတတ် ကိုစစ်ဆေးရန် (လိုင်စင်) စာမေးပွဲများ ထပ်ဖြေရသည်။ ကျောင်းက (ဘွဲ့) ပေးလိုက်သည်ဆိုရုံနှင့် မလုံလောက် ဥပမာ အင်ဂျင်နီယာ ဆရာဝန် ရှေ့ နေတို့သည် အမေရိကန်နိုင်ငံတွင် အများနှင့် ထိတွေ့ တော့ မည်ဆိုလျှင် ဘာသာရပ်ဆိုင်ရာ လိုင်စင်ရှိရမည်။

ဥပမာ ကျနော်က မြို့ ပြအင်ဂျင်နီယာနှင့် ဘွဲ့ ရလာသည်။ အမေရိကားက အေဘီစီကုမ္ပဏီ တွင်အလုပ် ရသည်။ ပြဿနာ မရှိ။ သို့ သော် ကျနော်ဒီဇိုင်းဆွဲသော တံတားကို အေဘီစီကုမ္ပဏီက တည်ဆောက် ခွင့့် ပါမစ်လျှောက်လိုလျှင် ကျနော်မှာ ပီအီး (Professional Engineer) ရှိရပါမည်။ ပီအီးရှိသူ လက် မှတ် ထိုးထားသော လျှောက်လွှာကိုသာ အစိုးရ က လက်ခံသည်။ ဆိုလို သည်မှာ  ကော လိပ် ကျောင်း မှ ပေးလိုက်သော (ဘွဲ့) လက်မှတ်နှင့် မလုံလောက် အစိုးရက (စံ) သတ်မှတ်ထား သော (အသိ) ရှိမရှိ ကို တိုင်းတာသော စာမေးပွဲအောင်မှ အသက်မွှေး ၀မ်း ကြောင်း လုပ်စားနိုင် လောက်အောင် တတ်ပြီ စိတ်ချနိုင်လောက်ပြီ ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့နည်းတူစွာ ရှေ့ နေဘွဲ့ ရပြီးသူတယောက်သည် အများ ကို ကိုယ်စားပြရသော ရှေ့ နေအဖြစ် အလုပ်လုပ်လိုပါက(ဘား) စာမေးပွဲအောင်ကာ ရှေ့ နေလိုင်စင် ရှိ ရပါမည်။

ဤနေရာတွင် (ဘွဲ့) သင်တန်းမှပေးလိုက်သော (အသိ) မှာ အများအားဖြင့် (စာတွေ့ - အသိ) များဖြစ် ကြသည်။ လက်တွေ့-အသိ ဆိုသည်မှာ  အလွန်နဲသည်။ ဟားဗတ် အမ်ဘီအေ တို့တွင်မူ စာတွေ့ ကြီးမဟုတ် သင်ရိုးညွှန်တမ်းတည်ဆောက်ကတည်းက ကေ့စ် စတာဒီ (Case Study) ကိုဦးစား ပေး သည်။ ဒီလို ကျောင်းများက ရှားသည်။ အမှန်က ဘွဲ့ ဆိုတာက အခြေခံကိုသင်ပေးလိုက်ရုံပဲရှိတာပါ။ ဒီကမှ ဒီဘွဲ့ကို ကိုင်ပြီးအလုပ်ရှာ အလုပ်က ရလာတဲ့ အတွေ့အကြုံနဲ့ မိမိရဲ့  (အသိ) ကို ဖြည့်။ ဒီကမှ နောက်တဆင့်ကို တက် လှမ်းပြီး တိုးတက်ရာလမ်းကိုရှာကြရတာကိုး။ လောကမှာ စာတော်တိုင်း အလုပ်မှာ အောင်မြင် မည်ဟုမပြောနိုင်။အလုပ်မှာ လူလူချင်းဆက်ဆံမှု ရိုးသားမှု တွေကလည်း အရေးပါသေးတာကိုး

ဒါကြောင့် ပညာရှာတဲ့ နေရာမှာ (အရွယ်) ဆိုတာသိပ်အရေးကြီးပါတယ်။ အနောက်နိုင်ငံတွေ မှာ အသက် ၄၀ ကျော်ပါက စကော်လာရှစ် မပေးလိုကြတော့ပါ။ ပညာရှာအပြီး ဒီပညာနဲ့ လုပ်စားဖို့ (အချိန်) - အလုပ်အကျွေးပြုဖို့ အချိန်တွေသိပ်မရှိတော့ဖူးလို့ ယူဆကြလို့ပါ။

ပါရဂူ ဘွဲ့ တွေရပြီးရင်တောင် အလုပ်အတွေ့အကြုံနဲ့ အလုပ်ရလဒ်က သိပ်အရေးကြီးလာ ပါတယ်။ နိုင်ငံရေးခံယူချက်တွေ ခဏ ဘေးချိပ်ထားပြီး ပညာတတ်သက်သက်အမြင်က ကြည့် ကြရအောင်။ ကျနော့်အမြင် အရ ဗမာနိုင်ငံရဲ့ စစ်ဖက်ရေးရာမှာ ဒေါက်တာမောင်အောင်မျိုးဟာ အသိဆုံးပဲ။ သူဟာ ဒေါက်တာဘွဲ့ ကို သြတြေးလီးယားနိင်ငံ ANU က ပါရဂူဘွဲ့ ရခဲ့ ပါတယ်။ နောက်အမျိုးသားကာကွယ် ရေးတက္ကသိုလ်မှာ စာပြခဲ့ တာကြောင့် လက်ရှိဗမာ့တပ်မတော် အကြောင်း အသိဆုံးတဦး လို့ပြော လို့ရနိုင်ပါတယ်။ ဒါတောင် ဒေါက်တာကျော်ရင်လှိုင် စင်္ကာပူက ဟောင်ကောင် ကျောင်းကို ပြောင်းတော့ ဒေါက်တာ မောင်အောင် မျိုး မှာ စာအုပ်ရေးထားတာမရှိသေးတဲ့ အတွက် စင်္ကာပူမှာ အပြိုင်ရ ခက်နေ တယ်။ သူ မဟာဝိဇ္ဇာ ယူခဲ့တဲ့ ဂျပန်တက္ကသိုလ်မှာစာသင် ပြီးစာအုပ်ရေးခဲ့ရတာ။ မတတ် လို့မဟုတ်။ မတော်လို့မဟုတ်။ စာအုပ်မထွက် သေးလို့။ သူ့ စာအုပ်ထွက်လာတော့ ရည်ညွှန်းခံရ တဲ့စာအုပ်ကောင်း တခုအဖြစ် အသိ အမှတ်ပြုခံရတာပဲ။ အခုလည်း ကျနော်သိရသလောက် ဂျပန်မှာ ပါမောက္ခ ဒါရိုက်တာအဖြစ် တာဝန်ထမ်း  ဆောင်လျက်ရှိတယ်။ သိသူတချို့ ကလဲ ကိုးရီးယားမှာဟု ဆိုကြသည်။ ကျနော် ဒေါက်တာ မောင်အောင်မျိုးကို သိလည်းမသိ မြင်လည်းမမြင်ဖူးပါ။ သို့သော် ဗမာစစ်တပ် အကြောင်း လေ့လာလိုလျှင် ၎င်း၏ ရေး သားချက် များကိုရှောင်၍မရပါ။ ANU ကထုတ် ဝေသော သူ၏ စာတန်းတိုများမှာ နားလည်သူများအဖို့ အလွန်တန်ဖိုးရှိပါသည်။
                                                                                                                               
ဒါလက်တွေ့ ကမ္ဘာမှာ အားလုံးနဲ့ ပြိုင်ကြရတာ။ ဒေါက်တာကျော်ရင်လှိုင်ဟာ ဟောင်ကောင်မှာ စာပြတယ်။ အီးဂရက် အဖွဲ့ ၀င် တဦး ဖြစ်တယ်။ သူ East  West Center မှာ ခေတ္တပညာရှင်  အနေနဲ့ ၀ါရှင်တန် မှာ လာအလုပ်လုပ်ရင်းတွေ့တာပါ။ ပါမောက္ခပညာရှင်ဖြစ်သွားရင် စာအုပ် တွေရေး စာတန်း တွေရေး မှ ဒီလူဟာဘယ်လောက် သူ့နယ်ပယ်မှာ တတ်ကျွမ်းတယ်။ ပညာတတ်အသိ ရှိတယ်မရှိဖူး ဆိုတာပေါ်လွင်ပြီး အများက ထင်မြင်ချက်ပေးနိုင်မှာကိုး ။ ဒါကြောင့် အကယ်ဒီမစ် ပညာရှင်ဖြစ်လိုလျှင် စာအုပ်စာတန်း မပြုစုပဲ အလုပ်ကောင်းမရနိုင် သလို အသိအမှတ် အပြုခံ ရမည်မဟုတ်ပါ။

ဒေါက်တာကျော်ရင်လှိုင်ဟာ အသက် ၄၀ မပြည့်သေးဖူး။  မန္တလေး က အိုင်အာလ်နဲ့ဘွဲ့ရပြီး အမေရိ ကန်နိုင်ငံ ကော်လ်နယ်က နိုင်ငံရေးသိပ္ပံဘာသာနဲ့ ပါရဂူဘွဲ့ရတယ်။ ပထမစင်္ကာပူမှာ စာသင်တယ်။ အခု ဟောင်ကောင်ကိုပြောင်းသွားတယ်။ ငါတို့နဲ့ သဘောမတူသူမှန်သမျှ ရန်သူပဲကွ ဆိုပြီး ရန်ငါစည်း မျက် စိသက်သက်နဲ့ ကြည့်ပြီး ရန်ဖွဲ့ အပြစ်ရှာလို့ရတယ်။ အတိုက် ခံတွေ အတွက် ဘာအကျိုး ရနိုင်မလဲ? စာရေးသူက သူ့ကိုဗမာပညာရှင် လို့်ပဲ မြင်တယ်။ ဗမာ ပညာရှင်တယောက် အောင်မြင်တာကို အသိ အမှတ်ပြုသင့်တယ်။ အတိုက်အခံ တွေကို ဘာ အထောက်အကူ ပြုနိုင်မလဲ ဆိုတာကို ကြည့်သင့်တယ်။ ဒါကြောင့် ထင်ပါရဲ့ ဒေါ်စုက ဒေါက်တာ ကျော်ရင်လှိုင်နဲ့တွေ့ ကြောင်း အင်တာနက်အပေါ်မှာဖတ် လိုက်ရ တယ်။ အင်အယ်ဒီ အဖွဲ့သားတွေ ကို အသိစွမ်းအင် Capacity မြှင့်တင်ဖို့ရာတွင်ကူညီရန် သဘော တူညီမှုရကြတယ်။

၈၈၈၈ အကြောင်းကို ကျကျနန စံနစ်တကျ သုတေသနပြုပြီး အစကအဆုံး အဆင့်မြင့်မြင့် ရေးသားထားတဲ့စာအုပ်ကောင်းကောင်းသိပ်မရှိသေးဖူး။ Bertil Litner ရဲ့  Outrage နဲ့ ဒေါက်တာ မောင်မောင် ရဲ့ စာအုပ် ဒီနှစ်အုပ်ပဲ ရှိတယ်။ ကိုမိုးသီးဗမာလိုရေးထားတာ အဆုံးပိုင်းကို အပြီး မသတ်နိုင်သေးဖူး။ ကျန်တာတွေက အင်တာနက်ပေါ်မှာ ကိုယ်ရေ သွေးထားတာတွေပဲ။ ဒေါက်တာ ကျော်ရင်လှိုင် က အချက်အလက်တွေ စုဆောင်း သုတေ သနပြုနေတယ်။ စာရေး သူက ၈၈၈၈ စာအုပ်ကောင်းတအုပ်ထွက်စေချင်တယ်။ ပါမေက္ခ အဆင့် ကစာအုပ်ရေးရင် မိမိထင်ရာကို ပေါက် တတ်ကရ စွပ်ရေးလို့ မရ အတိအကျ အထောက် အထားနဲ့ သုတေသနလုပ်ပြီး တင်ပြရမယ်။ ပညာ တတ်အသိ ရှိသူတွေ အတွက် credibility နဲ့ peer review ဟာသိပ်အရေးကြီးပါတယ်။

ဒီနေရာမှာမေးစရာရှိလာတယ်။ အနှစ် ၂၀ ကျော် ဒေါ်စုမျက်နှာနဲ့ အမေရိကန်နဲ့ နောက်နိုင်ငံတွေက အတိုက်ခံတွေကို ငွေကြေးထောက်ပံ့ခဲ့ကြတာပဲ။ ဘာကြောင့် အတိုက်ခံတွေဖက်က ဒေါက်တာ ကျော်ရင်လှိုင်တို့လို ပညာရှင်စစ်စစ်တွေ မထုတ်နိုင်ပဲ ဟိုမရောက်ဒီမရောက် ပညာတတ် ဖြစ်ချင်သူ wannabe တွေပဲ အသံကြယ် နေကြ တာလဲ။ အဖြေကရှင်းရှင်းလေး ပြည်ပ ရောက် အတိုက် အခံ ခေါင်း ဆောင်နေရာယူထားသူတွေ၊အဝေးရောက် အစိုးရဆိုပြီး မော်ကြွား ခဲ့သူတွေ ကိုယ်နိုက်က မိမိတို့ ရပ် တည်နိုင်ရေးဟာ အဓိက ဖြစ်နေသည့် အတွက် Human Resource ဟာအရေး ကြီး မှန်းပင်မသိ။ မသိ တော့ လူငယ်လူတော်တွေကို ရှာဖွေပြုစု ပြိုးထောင် ပေး ရမှန်းမသိ။ ပေါ်ထွက် လာသော လူငယ် ပညာ တတ် များကို သိမ်းသွင်းရမယ် မှန်းမသိကြ။

အမှန်က အတိုက်ခံတွေမှာ လူတော်တွေမရှိဖူး မဟုတ်ပါဖူး ဒါပေမဲ့ လူကြီးတွေ စီကဘာအကူအညီမှ မရပဲ ကိုယ်ထူကိုယ်ထ ကြိုးစားကြရတော့ ထွန်းပေါက်သင့်သလောက် မထွန်းပေါက်ကြတော့ဖူးပေါ့။ ဟားဗတ် ကဘွဲ့ရသူတွေရှိသလို  London School of Economics (LSE) က ဘွဲ့ရသူတွေလည်း ရှိကြ ပါတယ်။ မင်းဇင် တို့လို လူငယ်လူတော်တွေ ရှိပါတယ်။ နော်မေဦးတို့လို ကရင် ပညာတတ်လူတော် တွေရှိ ပါ တယ်။ ဒါပေမဲ့ စံနစ်တကျပြုစုပြိုးထောင်ပေးတာမရှိဖူး။ မရှိကြတဲ့အပြင် ကိုယ့်အရေအချင်းနဲ့ ကိုယ် ပညာတတ်လာပြန်ရင်လည်းကျနော်တို့ ရွှေဗမာတွေက အပြိုင်အဆိုင်အဖြစ်မြင်ပြီး မဆလ စိတ်ဓါတ် အပြည့်နဲ့ ၀ိုင်းဆဲဝိုင်းတွယ်ကြပြန်ရော။ အချင်းချင်းဝိုင်း ကူဖို့ အစား မနာလိုစိတ်က ရှေ့ ကိုရောက် လာကြတယ်။ ဒေါက်တာဇာနီ ထွန်းပေါက်တုန်းကလည်း ပညာတတ်ဆိုပြီး ၀ိုင်းဆဲ လိုက် ကြတာ။ နောက် ကျနော်တိှု့ဗမာ့နိုင်ငံရေးမှာ ပညာတတ် ဆိုတာနဲ့ တပြိုင်နက် ဖေါက်ပြန်သူဆိုတဲ့ အစွဲ ကငြိပါလာတယ်။

ဒါက ဗိုလ်ချုပ်အောင်ဆန်း တို့ အင်္ဂလိပ်ဆီက ရွေးကောက်ပွဲ တောင်းဆိုတိုက်ပွဲ ၀င်ကတည်းက စခဲ့တဲ့ တိုက်ပွဲပါ။ ခေတ်သစ်ဗမာ့ရာဇ၀င်ကို အသေးစိတ်လေ့လာကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းလောက် တော်တဲ့ အရေအချင်းပြည့်တဲ့ ခေါင်းဆောင် မရှိဖူး။ ကျနော်အမြင်အရ ပြောရရင် နိုင်ငံရေးမှာ တော်လှန်ရေးသမား - နိုင်ငံရေးသမား - ပညာတတ် - ပညာတတ်တော်လှန်ရေးသမား မတူကြပါ။ အကြမ်းပြင်းအရပြောရရင် တော်လှန်ရေးသမား ဆိုတာက သေရဲတယ် သတ်ရဲတယ် တော်လှန်ရေး အတွက်ဆို ခုတ်မယ်ထစ်မယ် ပါးပါးလီးမယ်ပေါ့။ တော်လှန်ရေးသမားဆိုတာ စဉ်းစားမှု နဲ လေ ကောင်း လေပဲ။ နိုင်ငံရေးသမားက မိမိအနောက်မှာ ထောက်ခံမည့်သူရှိရမယ်ဆိုတာကို သဘောပေါက်တယ်။ စည်းရုံးမှုလိုတယ်ဆိုတာကိုကောင်းကောင်းနားလည်တယ်။ ပညာတတ်သက်သက်ကတော့ ပညာ စွမ်းဆိုင်ရာမှာ ကျွမ်းကျင်ပေမဲ့ တခါတရံ လူထု ထောက်ခံမှုလိုတယ် ဆိုတာမှာ အားနဲတတ်တယ်။ ပညာတတ်တော်လှန်ရေးသမား ကတော်လှန်သင့်တဲ့အချိန်မှာ တော်လှန်မယ်။ ဆွေးနွေးသင့်တဲ့ အချိန်မှာ ဆွေးနွေးမယ်။ မိမိ ရည်မှန်း ချက်ကို မရောက်ရောက်အောင် ဦးဆောင်နိုင်တဲ့ ဦးထုပ် အားလုံးကို ဆောင်း နိုင်တဲ့ခေါင်းဆောင်ကောင်း ဟာ ရှားတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဟာ အဲဒီ လိုခေါင်းဆောင်မျိုးဖြစ်တယ်။

တရုတ်ပြည်မှာ ချောင်အင်လိုင်း တိန်လျောက်ပိန်တို့ ဟာလည်း ဦးထုပ်အားလုံးကိုဆောင်းနိုင်တဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ အလံဖြူ ကွန်မြူနစ်တွေက ဥါဏ်မမှီတာရယ် နိုင်ငံခြားသားကို အထင် ကြီးတာရယ် ကြောင့် ဗိုလ်ချုပ်အောင်ဆန်းတော့ နိုင်ငံရေးခြေလှမ်းမှားပြီဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဖဆပလ ခေါင်းဆောင်တွေကို တိုက်ခိုက် တိုင်းပြည်ကိုရောင်းစားတယ်ဆိုပြီး စွပ်စွဲ အင်္ဂင်္လိပ်အလိုတော် ကြီးတွေ ပါ ဆိုပြီးအသံကောင်းဟစ် ပညာတတ်တွေကိုတိုက်ခိုက် ငါတို့မှ တော်လှန်ရေးသမား စစ်စစ် တွေပါဆို ပြီး ကျွေးကျော်နေကြတာ အခုအထိပါပဲ။ ဒါကြောင့် အခုအချိန်အထိ ကွန်မြူနစ်တွေရဲ့ အဆွဲ ကကျန်နေ တော့ ပညာတတ်ဆိုတာနဲ့ ဆဲလိုက်ရမှဆိုတဲ့အကျင့်က ခုထိမပျောက်ကြဖူး။ ဒါပေမဲ့ ကွန်မြူနစ်တွေ ဒီကနေ့အထိ သဘောမပေါက်တာက နိုင်ငံရေးမှာ ဆဲတာ၊ အတိုက်အခံပြုတာ၊ မှန်ကန် တဲ့နိုင်ငံရေး ဗျူဟာ နဲ့ ဦးဆောင် အောင်ပန်း စွပ်ခူးနိုင်တာ မတူကြဖူး ဆိုတာကို ပဲ။ တသက်လုံး လမ်းမှားကိုလိုက် ခဲ့ကြပြီး တံလျှပ်ကိုရေထင် ရွှေသမင်လိုက်မှားခဲ့ကြတာကြောင့် အောင်မြင်တဲ့ ဦးဆောင်မှု ဆိုတာကို လုံးဝနားမလည် နှိုင်ကြပဲ ဆဲတာနဲ့ ဆန့်ကျင်တာကိုပဲ နိုင်ငံရေးလို့ ထင်မှတ် နေကြရှာတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစိုးရကစပြီး ဆဲလိုက် ဆန့်ကျင် လာလိုက်ကြတာ ခုထိပဲမဟုတ်လား? ပညာ တတ်ဆိုတာနဲ့ တီကိုဆားနဲ့ တို့လိုက်သလို တွန့်တက်ကုန်ကြတယ်။

ဒါကြောင့် အောက်စီဂျင်ပိုက် နဲ့ကွန်မြူနစ် စာရေးဆရာကြီးက ပညာ တတ်တွေကိုတိုက်ခိုက် လာတာပေါ့ ။ တကယ်က တတိယအုပ်စု လို့အမည်ရထားတဲ့ အဖွဲ့ ကို တိုက်  ခိုက်လိုတာပါ။ သတ္တရှိရင် ဒီအဖွဲ့ကတော့ ဒါတွေလုပ်တယ် ဒါကြောင့် ငါမကျေနပ်ဖူး စသည်ဖြင့် လုံးစေ့ပတ်စေ့ ယောက်ျားပီပီ ဝေဖန်တင်ပြ။ ဒါမှ ကျန်တဲ့လူတွေက လည်းဟုတ်တယ် မဟုတ်ဖူး သုံးသပ်နိုင်ကြ မယ် လေ။ တတိယအုပ်စုဆိုသူတွေ ဖြေရှင်းချင်ရင်ဖြေရှင်းနိုင် တာပေါ့။ အခုတော့ တို့ထိ တို့ထိ ကွန်မြူ နစ်တို့ ရဲ့လုပ်ထုံး လုပ်နည်း အကျင့်စရိုက် အတိုင်း ချုံခို တိုက်ခိုက်ပြီး ပညာ တတ်တွေ အားလုံး မကောင်းတဲ့ ပုံမျိုး ၀ါးလုံး ရှည်နဲ့လှည့်ရမ်းလာတယ်။ ဒါတရုတ်ပြည်ကြီးမှာ လေးဦး ဂိုဏ်းက ပညာ တတ်တွေကို တိုက်ခိုက်တဲ့ ပုံမျိုးပဲ။ တကယ်ဥါဏ်အမျှော်အမြင်ကြီးတဲ့ ချောင်အင်လိုင်း က ပညာ တတ်တွေမရှိရင် တိုင်းပြည်ကို ဘယ်သူတွေ ထူထောင်မှာလဲ ဆိုပြီး ပညာတတ်တွေကို အထိ မခံဖူး။ စာရေးဆရာ အိုကြီးနားမလည် တာက လူတွေက ရောယောင်ပြီး ပညာတတ်ဆိုတာနဲ့ မကောင်း ဖူး လို့ သတ်မှတ်လာကြရင် တိုင်းပြည် ထူထောင်ဖို့ လိုအပ်တဲ့ပညာတတ်တွေ ဘယ်လာကူညီကြ တော့မှာ လည်း နောက်ဆုံး ကမ္ဘောဒီးယား မှာလို ဥါဏ်နဲသူတွေကို လူမိုက်တွေက ခေါင်းဆောင်ပြီး လူဦးရေ လေးပုံတပုံကို သတ်ပစ်တဲ့ ဘ၀ မျိုးရောက်ရချေရဲ့။

နောက်တခါ အီလစ် လို့ခေါ်တဲ့ လူတွေကို တိုက်ခိုက်လာပြန်တယ်။ နိုင်ငံတိုင်းမှာ မိမိဘာသာ ရပ်နယ်ပယ် မှာ ထူးချွန်သူတွေ အောင်မြင်သူတွေ နံမည်ရ သူတွေကို (အီလစ် - Elite) – ရေပေါ်ဆီဆိုပြီး တင်စားကြတယ်။ နိုင်ငံတိုင်းမှာ ထိပ်ပိုင်းကိုရောက်လာသူတွေ၊ အသိအမှတ် အပြု ခံရသူတွေ ဟာ လူတော်တွေဖြစ်တာ ကြောင့်သာ အောင်မြင်မှုရကြတာ မဟုတ်လား? တခါ နိုင်ငံရေး အီလစ် ၊ စီးပွားရေးအီလစ် ဆိုပြီး ရှိကြပြန်တယ်။ ကွန်မြူနစ် ဆရာအိုကြီးက ရောပြီး ရမ်းသွားလေရဲ့ တကယ် တန်း သမာသမတ် ကျကျ သုံးသပ်ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်း ဦးနု ဦးကျော်ငြိမ်း သခင်စိုး သခင် သန်းထွန်း သခင်သိန်းဖေ သခင်ဗဟိန်း တို့အားလုံးဟာ အီလစ်တွေပဲဖြစ်သလို ၊ မော်စီတုံး ချောင် အင်လိုင်း၊ တိန်လျောက်ပိန်၊ လူလျောက်ချီ တို့အားလုံးဟာ တရုတ် အီလစ်တွေပဲဖြစ်တယ်။ ထို့နည်း တူစွာ အမေရိကန် လွပ်လပ် ရေးကိုတိုက် ယူ ပေးခဲ့ကြတဲ့မျိုးချစ်ခေါင်းဆောင်တွေဟာလည်း အီလစ် တွေပဲလေ။ နိုင်ငံအများရဲ့ တော်လှန်ရေးတွေ ကို နိုင်အောင်ဦးဆောင်ပေးသွား သူတွေ အများ စုဟာ ပညာတတ် အီလစ်တွေ ပဲ။ ဒီလူတန်စားကို နိုင်ငံရဲ့ရန်သူအဖြစ် ပုံသဏ္ဍန် သွင်းလိုက် တော့ ဥါဏ် မရှိ သူတွေပဲ ကျန်ခဲ့ မှာပေါ့။  အလံဖြူ ကွန်မြူနစ် ပါတီကို ကြည့်ရင်  ဒီလို လူတန်းစား ရန်သူရှာ ရင်း အချင်းချင်း သတ်လိုက်ကြတာ ပါတီ လည်း ပြိုကွဲပြီး နိုင်ငံရေး ရေတိမ်နစ် ခဲ့ကြ့ရရှာတယ် မဟုတ် ပါလား?

ခုတော့ အဖြစ်အပျက်နဲ့ ဧည့်မျှော်တဲ့ ပါတီဘ၀ကို သက်ဆင်းသွား ကြရ ရှာပြီ။ ဒေါ်စု နယ်လှည့် ခရီးသွား မယ်ဆိုရင် အကြောင်းရှာပြီး ထွက် အသံပေးလိုက်။ တရုတ်ခေါင်း ဆောင်တွေ ဗမာပြည် လာလည်ရင် ထွက် ခေါင်းပြူပြလိုက်။ မက်ကိန်းလို အမေရိကန်ခေါင်းဆောင် တယောက်လောက် မျက်စိလည် လမ်းမှားပြီး ဗမာပြည်အလည် ရောက်လာရင် ထွက်ပြီးဝေဖန်မှု ပေးလိုက် စသည်ဖြင့် ငါတို့ ကွန်မြူနစ် ပါတီ ရှိပါသေးကြောင်း ထွက်ထွက် အရောင်ပြရသည့် အယောင်ဆောင် အဆင့်ပဲ ရှိပါ တော့တယ်။ ကွန်မြူနစ် စံနစ်ကမ္ဘာမှာ ကျဆုံးသွးပေမဲ့ ဒါတွေဒါကြောင့် လက်ဝဲ ၀ါဒဟာ အဓိပ္ပါယ်ရှိ နေသေးတယ်။ ဒါကို တော့ ငါတို့ ယုံကြည်နေနိုင်သေးတယ်။ ဘာကြောင့်ယုံကြည်နေနိုင်သေးတယ် စသည်ဖြင့် သဘောတရား ရေးရာ ကိုရှင်းပြနိုင်ရမှာပေါ့။ ကွန်မြူနစ်ပါတီဆိုတာ သဘောတရားရေးရာ ကို အခြေ ခံတဲ့ပါတီဖြစ်ရမှာပေါ့။ ပါတီအတွေတွေအတွင်းရေးမှုးကိုယ်တိုင် ကွန်မြူနစ် စာပေကျမ်းတွေ ဖတ်ဖူးရဲ့ လားမသိ။ တခါမှ သဘောတရားရေးရာအကြောင်း ကျေကျေညက်ညက် ဆွေးနွေးထားတာ မတွေ့ဖူး မိပါ။

၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ကက(လှမ်း) ခမြာ ကက(ကြည်း) ရဲ့ခြေမှုန်းခြင်းကို အလူးအလည် ခံလိုက်ကြရရှာတယ်။ ကြောင်တွေမရှိရင် ကြွက်တွေလွပ်လွပ်လပ်လပ် သောင်းကျန်း သင့်တာပေါ့။ တကယ် ယူဂျီအစစ်သာ ဖြစ်ခဲ့ရင် ဒါပွဲကြီးပွဲကောင်းပဲ။  ၀ါဒရေး သဘောတရားရေးတွေ ရေး လှုံ့ဆော် စာတမ်းတွေဝေ စည်းရုံးရေး စာဆောင်တွေပလူပျံအောင် ဖြန့် ယူဂျီဆဲလ်တွေဖွဲ့ သင်တန်းတွေပေး အို လုပ်ချင်တာတွေ လုပ်လို့ကောင်းလိုက်မည့်ဖြစ်ခြင်း။ ထောက်လှမ်းရေး အသစ်တွေက ဘာမှန်းမ သိ ကြသေး။ သို့သော် ကွန်မြူနစ်တွေခမြာ စာရွက်အပေါ်တွင်သာ ယူဂျီလုပ်နေကြသည်မှာ ထင်ရှား သည်။ ထောက်လှမ်းရေး လစ်ဟပ်နေသည့် လေဟာနယ်ပယ်မှာ ကွန်မြူနစ်ယူဂျီတွေ ပေါ်မလာကြပါ။
ပြောရေးဆိုခွင့်ရှိသူ၏ ဝေဖန် ဆောင်းပါးတွေသာ ထွက်ပေါ်လာသည်။ အတွေးအခေါ်ရှိရှိ တိကျသော သုံးသပ်ချက်နှင့် သဘောတရားရေးဦးဆောင်မှု ပေးထားသည့် လေးနက်သော ဆောင်ပါးများမဟုတ် ဒါက ပါတီရဲ့ ဦးတည်ချက် ဒါကပါတီ၏ လမ်းစဉ် ဒီလမ်းလျှောက်ရင် ဒီကိုရောက်မည် ဆိုသည့် လမ်းညွှန်မှု တွေကိုမတွေ့ရ။ မဲမဲမြင်ရင် လက်ညှိုးထိုးပြီး အပြစ်တင်တဲ့ အဆင့်ပဲရှိတယ်။ ပါတီ လည်း တော်တော် နုံခြာသွားရှာပြီ။ စိတ်မကောင်းစရာ။

ဒါဟာနောက်ဆုံးတော့ ရှေ့သို့သာ ကြည့်တတ်ပြီး နောက်သို့ပြန်ကြည့်ရမှန်းမသိတဲ့  ဥါဏ်မမှီတဲ့ အားနဲချက်ပဲ။ ဒီအားနဲချက်ဟာ စာရေးသူအမြင်အရတော့ သခင်သန်းထွန်းတို့ ဂိုရှယ်တို့ အသတ်ခံ ရပြီးကတည်းက ဥါဏ်အမျှော်အမြင်ရှိတဲ့ ပညာတတ် ခေါင်းဆောင်တွေ ဦးဆောင်တာမရှိတော့လို့။ သခင်ဇင် သခင်ဗသိန်းတင်တို့ဆိုတာက ဗရက်ဇ်ညက် ကိုဆီဂျင်တို့လို ပါတီဗျူရိုကရက်တွေ သခင် သန်းထွန်း ခိုင်းတာ ခေါင်းညိမ့်ခဲ့ရတဲ့ ပုတ်သင်ညိုတွေ။ ခပ်ညံ့ညံ့ခေါင်းဆောင်တွေ။ ဦးဆောင်နိုင်တဲ့ နိုင်ငံရေးခေါင်းဆောင် တွေ မဟုတ်ကြ။ အတွေးအခေါ်အရလည်း ထူးထူးခြားခြား ဘာမျှမရေးပြနိုင် ခဲ့ကြ။ သခင်ဗသိန်းတင်ဆို ၁၉၈၉ ခုနှစ်ရောက်သည့်တိုင်အောင် ၁၉၄၉ အတွေးအခေါ် လောင်းရိပ် အောက် ကရုန်းမထွက်နိုင်ခဲ့။ ဒါကြောင့် အောက်ခြေမှာ ဘာဖြစ်နေသည်ကို မသိ နောက်ဆုံး သူ့ လက်ထက်မှာ ပါတီပျက်ခဲ့ရတယ်။ ဗိုလ်ကျင်မောင်ခမြာ ကွန်မြူနစ် စာပေတွေတောင် ကောင်းကောင်း ဖတ်ဖူးရဲ့လားမသိ။ GS Report ဆိုတာတွေက ရှစ်တန်းကျောင်းသားအက်စ်ဆေးသာသာပဲရှိတယ်။ ပြောရေးဆိုခွင့်ရှိသူ ဆိုသူနဲ့ ဒေါက်တာလှကျော်ဇော် တို့နှစ်ယောက်လောက်ပဲ စာဖတ်ဝါသနာ ရှိကြ ပုံရသည်။ သို့သော် သူတို့ နှစ်ယောက်စလုံး exposure အပိုင်းမှာ အားနဲကြတယ်။ အမေရိကားကို မရောက်ဖူးပဲ တရုတ်တွေ ပြောစကားနှင့် အမေရိ ကန်တွေကို ယနေ့အထိ ရှုတ်ချ အပြစ်ရှာနေ ကြ တုန်း။ ယူနန်ကမထွက်နိုင်ပဲ ကမ္ဘာကြီး ကို ပေ သုံးသောင်း က မြင်နိုင်ဖို့က အခက်သား။  ကျနော့် အမြင် အရ ဒေါက်တာလှကျော်ဇော် ဟာ ပညာတတ် အမြင်ရှိတယ်။ အတွေးအခေါ်အားကောင်းတယ်။ သို့ သော် ဗကပ ပါတီလိုင်းကို ဖတ်လိုက်ရင် လက်ဝဲအစွမ်း ဆရာကြီးတွေကို မကျော် နိုင် တာ ထင် ရှား တယ်။ လက်ရှိ ပါတီ ဟာ ပုဂ္ဂိုရ်ရေးတိုက်ခိုက်မှု ကိုကျော်ပြီး ပါတီ (မူဝါဒ) ကို ခုထိ ပုံမဖေါ်နိုင်ကြ သေး။ ကွန်မြူနစ် တွေတချိန်က ရဲဘော်အောင်ဆန်း ဘယ်လဲလို့ မေးခဲ့သလို ကွန်မြူနစ် ပါတီ ဘယ်လဲ? ဘယ်ကို ချီတက်နေ တာလဲ? လို့မေးရင် ရောက်ရာ ပေါ့ဗျာ လို့ပဲ ဖြေနိုင်ကြမယ် ထင်တယ်။

စိတ်မကောင်းစရာက ဗကပ ဆရာကြီးတွေဟာ ကွန်မြူနစ်ပီပီ ၀ါဒဖြန့်ချီရေး နဲ့ ပုဂ္ဂိုရ်ရေးတိုက်ခိုက်မှု ကို ပဲဇောင်းသန်နေကြတယ်။ critical thinking မရှိကြ။ ဒါကြောင့်အတွင်းကိုပြန်ကြည့်ရမှန်းပင် မသိကြ မိမိတို့၏ အမွေဆိုးတွေကိုလည်း လူငယ်ကလေးတွေကို ဖြန့်ဝေလျက် ရှိကြမြဲ။ မိမိတို့ပါတီ နွံနစ် နေ သည်ကိုပင် မသိကြ။ ပညာတတ်သူတွေ ရှိပါသော်လည်း ပညာတတ် အသိ စိတ်ရှိသူတွေ ခန်းပါး နေ သော ကြောင့်ဖြစ်ပေသည်။

လူငယ်လေးတွေ လူကြီးတွေအမှား ကိုခြေရာခံ မလိုက်စေချင်တဲ့ စေတနာကြောင့် ထောက်ပြရတာပါ။

ပညာတတ်တိုင်း ပညာတတ် အသိ မရှိ ပါ

ဘွဲ့ကလေး တခုရတာနဲ့ ပညာတတ်လို့ သတ်မှတ်ကြ ချင်ပေမဲ့ ပညာတတ် သူတိုင်းပညာတတ် (အသိ) ရှိသူ ဟု မဆိုနိုင်ပါ။ ပိုမိုတိကျစွာ ဖေါ်ပြရပါလျှင် အင်္ဂလိပ်လို Intellect ကို ဆိုလိုခြင်းဖြစ်ပါသည်။ ဥါဏ်ကို လွှာ သုံး၍ အတွေးခေါ် နှင့် အကျိုးအကြောင်းကို ဆက်စပ်လျက် ဝေဖန်ပိုင်းခြားမှု ကို မိမိ ပညာရပ် တွင်ဖြစ်စေ ကိုယ်ပိုင်တွေးခေါ်မှုတွင် ဖြစ်စေ အသုံးချသူ ကိုသာ ပညာတတ် (အသိ) ရှိသူ ဟု သတ်မှတ် နိုင်ပါမည်။ (၀ီကီပီးတီးယား ၏ အဓိပ္ပါယ်ဖေါ်ဆောင်ချက်။)

ဥပမာ ပေးရသော် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဖဆပလ ခေါင်းဆောင်တွေကို ပေးရပါမည်။ အင်္ဂလိပ် အဆုတ် ဂျပန်အ၀င်မှာ အင်္ဂလိပ်တွေက ဗမာနိုင်ငံကို မြေလှန်ဖျက်စီးသွားကြတယ် ထို့နည်းတူစွာ အင်္ဂလိပ်ပြန်ဝင်တော့ ဗမာနိုင်ငံဟာ စစ်မြေပြင်ဖြစ်ရပြန်တယ်။ မိအေးနှစ်ခါနာ ဖြစ်ခဲ့ရတဲ့ ဗမာနိုင်ငံ ကို ဖဆပလ ခေါင်းဆောင်တွေဟာ ဖြစ်နိုင်ရင် စစ်တလင်းမြေ မဖြစ်စေခြင်တော့ဖူး။ ဒါတိုင်းပြည်နဲ့ လူမျိုး ကိုချစ်တဲ့စိတ်နဲ့ ငဲ့ငြာကြလို့ပဲ။ နောက်ဆုံး မရ မှ ချဖို့ ပြင်ဆင်ခဲ့ကြတယ်။ ဒါ အချက်အလက်တွေကို မျှမျှ တတသုံးသပ်ပြီး ဝေဖန်ပိုင်းခြားနိုင်တဲ့ ဥါဏ်ရှိကြလို့။ ပညာတတ် (အသိ) ရှိကြလို့

ကိုဗဟိန်း သခင်သန်းထွန်း သခင်စိုး ဂိုရှယ် တို့ ဟာလည်း ပညာတတ်တွေပဲ။ ဒါပေမဲ့ ပညာတတ် (အသိ) မရှိ နိုင်အောင် ပါတီအာဏါရရှိရေး က အရေးကြီး နေကြလေရဲ့ ပါတီအကျိုးက တိုင်းပြည် အကျိုး အထက် မှာ ရောက်နေကြတာကြောင့် ဝေဖန်တွေးတော နိုင်စွမ်းမရှိကြ။ လက်နက်ကိုင် တော်လှန်ရေးနှင့်ကွန်မြူ နစ်တွေ အောင်ပွဲခံ အာဏါသိမ်းပိုက်နိုင်မည်ဟု ဘ၀င်လေခပ်နေကြတာမို့ တိုင်ပြည် (နာ) မည်ကိုပင် ဂရုမစိုက်နိုင်။

လွပ်လပ်ရေး အတွက် နောက်ဆုံး အဆင့် အောင်ဆန်းအက်တလီဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ၏ ပညာတတ် (အသိ)၊ ရှေ့ရေးကို တွေးခေါ်နိုင်မှု၊ သတ္တရှိရှိ တာဝန်ယူနိုင်မှု တွေဟာ ပိုထင်ရှား လာ တယ်။ လွပ်လပ်ရေးပေးဖို့သဘောတူခါနီးမှာ အင်္ဂလိပ်တွေက သူတို့ ဆောက်ခဲ့ရတဲ့ အဆောက်အဦိးနဲ့ ရင်းနှီးမှုတွေ အတွက် လျှော်ကြေးပြန်တောင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သဘောတူလိုက်တယ်။ သာမန်လမ်းပေါ် ကလူတယောက်မျက်စိနဲ့ကြည့်ရင် မခံချင်စရာပါပဲ။ မိမိတို့နိုင်ငံကိုလည်းကျူးကျော် ကျွန်ပြုသေးတယ် ပြီးဒင်းတို့ က ရင်နှီးမှုအတွက်လျှော်ချေးတောင်းသေးတယ်။ သို့သော် လွပ်လပ်ရေး အတွက်တာဝန်ယူ ဆွေးနွေးရသော တာဝန်ရှိသူ ဗိုလ်ချုပ် နေရာက ကြည့်လျှင် တမျိုးမြင်နိုင်သည်။ လွပ်လပ်ရေးအတွက် လက်တကန်းသာလိုတော့သည်။ မှန်သည် အင်္ဂလိပ်တို့ ညစ်သည်ကို မငြင်းလို။ သို့သော် ဤအချက်ကို မခံချင်စိတ် အလေးပေး၍ ဆွေးနွေးပွဲ ပျက်ခဲ့ သော် တိုက်ယူကြရတော့မည်။
ဤအချက်မှာ မူနှင့်လည်း ငြိသည်မဟုတ်။ တိုင်းပြည်လွပ်လပ်ရေးရအပြီး ကိုယ်ပိုင်ထူထောင်ခွင့်ရ လျှင် ဤမျှလောက် ငွေကိုပြန်ရှာနိုင်မည်။ ဤငွေ တခုအတွက် မိမိ တို့ရည်မှန်းချက်ဖြစ်သော လွပ်လပ်ရေး ကို အထိအခိုက် မခံနိုင်။ ဒါဟာ ပညာတတ် (အသိ) နဲ့ကြည့်တဲ့ အမြင်ပဲ။

ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၃၀ ကျော်ကျော်လေးသာရှိသေးသည် သို့သော် နိုင်ငံ့ ခေါင်းဆောင် တာဝန်ကိုယူထားရတာကြောင့် (အသိ) တရားက ရှေ့ပြေးဖြစ်နေရသည်။ နန်းရင်းဝန်လုပ်ခဲ့သော ဒေါက်တာဘမော်ပင် နားလည်ရခက်နေသည်။ ဝေဖန်လာသည်။ ဗိုလ်ချုပ်ကရှင်းပြရသည်။ အစပထမ ဆိုရှယ်လစ် များကလည်း ဘ၀င် မကျကြ။ ဗိုလ်ချုပ်ကို ယုံသည်နှင့် ပြန်မပြောရဲဒါကြောင့် လက်ခံခဲ့ကြ သည်။ နားမလည် နိုင်တာက တော့ ကွန်မြူနစ်တွေ။ ပညာတတ် (အသိ) မှ မရှိလေပဲ။ ကွန်မြူနစ်တွေ အဖို့ မခံချင်ဖြစ်ဖို့သာ နား လည်ကြသည်။ ဆွေးနွေးပြီးအဖြေရှာနိုင်သည် ဆိုသည် ကို နားမလည် နိုင် ကြ။ ရန်သူ ၏ တောင်းဆိုချက် ကို လိုက်လျောခြင်းသည် အရှုံပေးခြင်းဟု လှေနံဓါးထစ် အသေမှတ် ထားကြ သည် ဥါဏ်မမှီကြရှာ။ ခေါင်းဆောင်ဆိုတာ (ငါ) ဆိုသည့် (မာန) အလံလွှင့် ကာ ငါတကော မကော သင့်။ တိုင်းပြည်နှင့် လူမျိုး အကျိုးကို (ငါ) ဆိုသည့် မာန အရှေ့တွင် ထားရပေမည်။

သမ္မတကလင်တင်လက်ထက် က အောစလို ဆွေးနွေးပွဲ တွေမှ အရှိန်ရလာကာ အဇ္ဇရေးတွေနှင့် ပါလက်စ္စတိုင်း တွေ ငြိမ်းချမ်းရေး နားလည်မှုရရန် လက်မတင်ကလေးလိုတော့တယ်။ နောက်ဆုံး ရာစာအာရဖတ် သွေးကြောင်ကာ (ငါ) ဆိုတဲ့မာန ကိုမကျော်နိုင်ပဲ ဗိုလ်ချုပ်အောင်ဆန်းလို သတ္တရှိရှိ တာဝန် မယူရဲ ခဲ့တာကြောင့် အသက်ပေါင်းများစွာ စတေးရပြီးတာတောင် ခုထိရွာလည် နေကြရတယ်။ ခေါင်းဆောင်ဆိုတာ တခါတရံ လူမကြိုက်တဲ့ ကိစ္စတွေကို တာဝန် သိသိ ဆုံးဖြတ်ရဲ ရတယ်။

နောက် တခု က (ငါ) ဆိုတဲ့ (မာန)

စာဖတ်သူ တို့ သခင်သန်းထွန်း၏ နောက်ဆုံးနေ့ကို ပြန်အမှတ်ရကြည့်ကြပါ။ မျက်စိမှတ်ပြီး ခဏမျှ ဈာန်ဝင်ကြည့်ကြပါ။ ငါတို့ပါတီ ငါတို့ပေါ်လစီ ငါတို့ဥက္ကဌကြီး ငါတို့ဝါဒ ငါ…ငါ..ငါ ဆိုတဲ့ မာန်မာန တွေ
ကို ဒေါသစိတ်တွေ ဖုံးလွှမ်းနေတဲ့ အတ္တစိတ် တွေနဲ့ အတူ ရောထွေး ခံစားလာကြပါရမယ်။ ပြည့်ဝတဲ့ ခေါင်းဆောင် သဘောထားတည်ကြည်တဲ့ ခေါင်းဆောင်တွေဟာ ဒီ အတ္တနဲ့ မာန စိတ် ကို ပညာတတ် (အသိ) စိတ်နဲ့ပဲ ထိန်းသိမ်းသွားကြတာပါ။ ကိုယ်စိတ်ရှိ တိုင်းမလုပ်နိုင်ကြ (တာဝန်) က ရှိသေးတာကိုး
ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်တွေကို အာဃာတ နဲ့ မဆက်ဆန်ခဲ့ သလို နအဖစစ်ဗိုလ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲရင်းမှာ မတရား လုပ်ကြံကြတာတောင် ဒေါ်စုဟာ တိုင်းပြည်မျက်နှာနဲ့ ရန်ငြှိုးမထားခဲ့။ ထို့နည်းတူစွာ မင်တယ်လားဟာ တိုင်းပြည်လွပ်မြောက်ရေး အတွက် လူဖြူအစိုးရ ကို နားလည်မှုနဲ့ ၎င်းရဲ့ ကြီးမြတ်မှုကို ပြသခဲ့တယ်။ အတ္တရှေ့ထားကာ ဖြုတ်-ထုတ်-သတ် ခဲ့ကြသော ကွန်မြူနစ်များနှင့် ကွာပါဘိသခင်သန်းထွန်းအပြင် နောက်တယောက် ရှိ သေးသည် ကန်ပူးခြားမှ ပေါလ်ပေါ့။

လူတွေ မသိ လိုက်ကြရသော ကွန်မြူနစ်တို့ ကြောင့်တိုင်းပြည် နစ်နာရတာတွေကို တင်ပြပါရစေ။ ဗိုလ်ချုပ်အောင်ဆန်းရော ဖဆပလ ခေါင်းဆောင်တွေဟာ တိုင်ပြည်ပြန်လည်ထူထောင်ရေးကို စိတ် အားထက်သန်လျက် ရှိကြတယ်။ အောင်ဆန်းအက်တလီ စည်းဝေးပွဲမှာ တိုင်းပြည်ထူထောင်ဖို့ ပိုက်စံ မလောက်တာမြင်လာကြတယ်။ ဗိုလ်ချုပ်ရော ဦးကျော်ငြိမ်းရော ဗြိတိသျှ တို့ရဲ့ သဟဇာတ အဖွဲ့အ၀င် ဖြစ်နေခဲ့ ရင် တိုင်းပြည်ထူထောင်ရာမှာ အထောက်အကူဖြစ်မယ်ဆိုတာကို မြင်ကြတယ်။ ဒါပေမဲ့ သခင်မြ က ကွန်မြူနစ်တွေရဲ့ တိုက်ခိုက်မှုကို စိုးရိမ်ပြီး အကြောက်အကန် ငြင်းတယ်။ ဗိုလ်ချုပ်ရော ဦးကျော်ငြိမ်း ပါ သခင်မြ ကို လေးစားစိတ်နဲ့ နောက်ဆုတ်လိုက်ကြတယ်။ ဒါတောင် ဂိုရှယ်စာတန်းမှာ ဗိုလ်ချုပ်တို့ ကြိပ်ကြံကြပါတယ် လို့စွပ်စွဲလာသေးတယ်။ ကွန်မြူနစ်တွေအဖို့ကတိုင်းပြည် ထူထောင် ရေးသည် အဓိက မဟုတ် အာဏါနီ တည်ဆောက်ရေးက အဓိကကိုး။

နောက် စစ်ထပ်တိုက်ရရင် တိုင်းပြည်အရင်းအနှီးတွေကို မလိုအပ်ပဲ စစ်တပ်ကို ပုံအော ရမယ်ဆိုတာ ကို ဖဆပလ ခေါင်းဆောင်တွေက သိကြတယ်။ ဒါကြောင့် ဦးနုခမြာ ငြိမ်းချမ်းရေးအတွက် ကြိုးစားရှာ တာ။ ကွန်မြူနစ်တွေက ရင်ပြင်နီမှာ အလေးပြုခံဖို့ စိတ်ကူးယဉ်နေကြတာ။ ခေါင်းဆောင်တွေ မာန ထောင် လွှားပြီး ပညာတတ် (အသိ) ခေါင်းပါးရင် တိုင်းပြည် နာတတ်ကြောင်း လူငယ်လေးတွေကို သိစေ ချင်  တာပါ။ အခုလည်းကြည့်လေ အထူးသ ဖြင့် ပြည်ပရောက် အတိုက်အခံတွေ ဟာ အစိုးရကို ဆဲ တာနဲ့ ဒေါ်စု ကို ထိုင်စောင့်ကြတာက လွဲလို့ ဘာမှ ထိထိရောက်ရောက် မလုပ်ခဲ့ကြ။ တချိန်လုံး အထိန်းသိမ်း ခံရပြီး လွပ်လာတော့ ဘာမှတည်ဆောက်ထားတာမရှိ။ ဒါကြောင့်ဒေါ်စု ခမြာ မမော နိုင် network တွေ တည်ဆောက်ရ ကိုယ့် လူတွေ (အသိ) တိုးအောင် ပညာရှင်တွေကို ခိုင်းရနဲ့ တယောက် ထဲ ရုန်း နေရ ရှာ တယ်။ ဟော ပြီးရင် အန္တရယ်ကြား က နယ်ထွက် စည်းရုံးရဦးမယ်။

ဘွဲ့ရ တွေဒီလောက်ပေါ နေတာတောင် ပညာတတ် (အသိ) မရှိတော့ (သတိ) မရှိ ကြပါ။ ထို့အပြင် ကွန်မြူနစ်တွေရဲ့ အတွေးအခေါ်အတိုင်း မျက်စိမှိတ်ပြီး ချ..ချ..ချ.. ဆိုပြီး လေတော်လှန်ရေး မှာ မျှော်နေ ပျော်နေ ကြလေရဲ့။

၂၃.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  

23 Jun 2011 Yeyintnge's Diary.doc23 Jun 2011 Yeyintnge's Diary.doc
516K   View   Download  
23 Jun 2011 Yeyintnge's Diary.pdf23 Jun 2011 Yeyintnge's Diary.pdf
1014K   View   Download  
http://www.mediafire.com/file/0h69buhfghpvjky/23%20Jun%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/fyr6hibt7xny351/23%20Jun%202011%20Yeyintnge%27s%20Diary.pdf
23 Jun 2011 Yeyintnge's Diary

Former Burmese Soldier & U.S. Marine

အရပ်သားအစိုးရသည်လည်း မီဒီယာများအပေါ် ယခင်အတိုင်း ထိန်းချုပ်မှုများရှိနေသည်ဟုဆို




အရပ်သားအစိုးရ ပြောင်းလဲသွားသော်လည်း မြန်မာပြည်တွင်းရှိ မီဒီယာများအနေဖြင့် ယခင်အတိုင်း ထိန်းချုပ်မှုများရှိနေပြီး အစိုးရကောင်းကြောင်းများသာ ဝါဒဖြန့် ဖော်ပြနေကြောင်း သတင်းမီဒီယာများ စောင့်ကြည့်လေ့လာ အကဲဖြတ်အဖွဲ့ (Memo 98) မြန်မာပြည် ညှိနှိုင်းဆက်သွယ်ရေးတာဝန်ခံက ပြောသည်။
အရပ်သားအစိုးရ ပေါ်ပေါက်ပြီးနောက်ပိုင်း ပြည်တွင်းပြည်ပရှိ မြန်မာသတင်းမီဒီယာများ၊ ပုံနှိပ်မီဒီယာများတွင် သတင်းများဖော်ပြမှုကို စောင့်ကြည့်လေ့လာအကဲဖြတ် စံနှုန်းများဖြင့် တိုင်းတာပြီး ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မဲဆွယ်ကာလမှာဘဲ အစိုးရသတင်းမီဒီယာတွေနဲ့ အခြားမီဒီယာတွေမှာ နိုင်ငံရေးပါတီတွေရဲ့ သတင်းတွေကို ဘယ်လောက်ဖော်ပြတယ်၊ လွတ်လပ်ခွင့်ရှိ/မရှိ အဲဒီအချက်အလက်တွေကို ခိုင်မာတဲ့ နည်းပညာတွေနဲ့ အကဲဖြတ်ခဲ့တယ်၊ အဲဒီကာလမှာ မီဒီယာတွေရဲ့ ဖြောင့် မှတ်မှုစံနှုန်းကို စောင့်ကြည့်ခဲ့သလို အခုပေါ်လာတဲ့အစိုးရကလည်း ဘယ်လောက်အထိ လူထုအပေါ်မှာ လွတ်လပ်ခွင့်၊ တရားမျှတခွင့်၊ ဖော်ပြခွင့်တွေရလည်းဆိုတဲ့ စံနှုန်းတွေနဲ့ ကြည့်တာပါ၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြားတွေမှာ စက္ကန့်အလိုက် ဗိုလ်ချုပ်ကြီး သန်းရွှေက အချိန်ဘယ်လောက်ယူတယ်၊ သိန်းစိုးကော်မရှင်က ဘယ်လောက်ယူတယ်ဆိုတာကို အတိအကျ လေ့လာအကဲဖြတ် စောင့်ကြည့်ခဲ့တယ်၊ အတိုက်အခံအုပ်စုတွေကိုရော အချိန်ဘယ်လောက်ပေးလဲ ပေးတယ်ဆိုရင် ဘယ်လိုအပြုသဘောဆောင်ဖော်ပြလဲ ဆိုတာ၊ ပရင့် မီဒီယာတွေမှာလဲ စပေ့ဘယ်လောက်ယူသလဲဆိုတာတွေကို ဂရပ်တွေနဲ့ ပြန်ပြီး ဖော်ပြလေ့လာအကဲဖြတ်ခဲ့တာပါ” ဟု ပြောသည်။
အုပ်ချုပ်သူ အစိုးရများအနေဖြင့် တိုင်းပြည်တွင် အမှန်တကယ်ဖြစ်ပျက်နေသည်များကို လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ပေးပြီး ဖမ်းဆီးထားသည့် သတင်းမီဒီယာသမားများ၊ နိုင်ငံရေးအကျဉ်းသားများကို မြန်ဆုံးလွှတ်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။
“မီဒီယာတွေကို ဒီလိုစောင့်ကြည့်တာက အဓိက ပြည်သူလူထုအကျိုးအတွက်ပါဘဲ၊ ဘာအတွက်လဲဆိုရင် လွတ်လပ်စွာ ရေးသားနိုင်ခွင့်၊ ဖော်ထုတ်နိုင်ခွင့်၊ သတင်းထိန်းချုပ်မှုမရှိတဲ့ နိုင်ငံမျိုးဖြစ်အောင် လုပ်ဆောင်နေတာပါ၊ ဒါအပြင် နိုင်ငံတော်ရဲ့ သားကောင်းရတနာတွေ၊ ရဟန်းသံဃာတွေကို ချုပ်နှောင်ထားတာဟာ တိုင်းပြည်ကို အညွှန့်ချိုးတာနဲ့ တူတယ်၊ မီဒီယာလွတ်လပ်ခွင့်ပေးတယ်ဆိုရင် တကယ့်တိုင်းပြည်မှာ လွတ်လပ်စွာ ပြောဆိုခွင့်တွေပေးသင့်တယ်” ဟု ပြောသည်။
(Memo98) အနေဖြင့် ရွေးကောက်ပွဲ မတိုင်ခင်ကာလကတည်းက မီဒီယာများ၏ သတင်းဖော်ပြမှုများကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ပြီး အစီရင်ခံစာ (၂)စောင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ယခုဒုတိယအကြိမ် အရပ်သားအစိုးရ သစ်ပေါ်လာပြီး သတင်းမီဒီယာများကို စောင့်ကြည့်လေ့လာအကဲဖြတ်ပြီး မကြာခင် အစီရင်ခံစာ (၂) စောင် ထပ်မံထုတ်ပြန်သွားမည် ဖြစ်သည်။
“ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမဲဆွယ်ကာလကစလို့ မြန်မာပြည်နဲ့ ပတ်သက်ပြီး ပထမဆုံး လေ့လာစမ်းစစ်မှု ပြုလုပ်ခဲ့တာပါ။ ပြည်တွင်း၊ ပြည်ပမှာမှာရှိတဲ့ ပုံနှိပ်မီဒီယာ၊ အသံလွှင့်မီဒီယာတွေကို စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပါတယ်၊ ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေအားလုံးက အစိုးရရဲ့ကောင်းကြောင်းတွေကိုဘဲ အများဆုံး ဖော်ပြပေးကြရတယ်၊ အတိုက်အခံတွေက သေသေချာချာသုံးသပ်တဲ့ သတင်း၊ ဆောင်းပါး ဓါတ်ပုံတွေကို ဖော်ပြခွင့်မရခဲ့ဘူး၊ ဥပမာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေဆိုရင် ဖော်ပြခွင့်သိပ်မရဘူး၊ အထူးသဖြင့် မြန်မာ့အသံတို့၊ မြဝတီတို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူတွေကို ပြောကြားချက်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မတိုင်ခင်ကရော အခုအထိရော တခါမှ ဖော်ပြခဲ့တာ မရှိဘူး” ဟု ဆက်ပြောသည်။
သတင်းမီဒီယာများ စောင့်ကြည့်လေ့လာ အကဲဖြတ်အဖွဲ့ (Memo98) သည် ချက်ကိုစလိုဗက်အခြေစိုက် သတင်းမီဒီယာတခုဖြစ်ပြီး အထူးသဖြင့် ကမ္ဘာ့နိုင်ငံများ၏ ရွေးကောက်ပွဲကာလများတွင် တရားမျှတမှု၊ လွတ်လပ်မှုရှိမရှိနှင့် သတင်းမီဒီယာများ၏ သတင်းဖော်ပြမှုများကို စောင့်ကြည့်လေ့လာစမ်းစစ်မှုများပြုလုပ်ပြီး လူထုအခြေပြုအဖွဲ့အစည်းများကို နည်းပညာဖြန့်ဝေပေးခြင်းများကို လုပ်ကိုင်နေသည့် အဖွဲ့ဖြစ်သည်။
http://www.yoma3.org/?p=2306

ပဲခူးမြို့က ၄၀၅ တပ်ရင်းမှူး ဓားထိုးမှုဖြစ် ၉တန်း ကျောင်းသူတဦး သေဆုံး

ကချင်အရေး တရုတ်အစိုးရ ဘာကြောင့် ရေငုံနှုတ်ပိတ်နေ

ဗုဒ္ဓဟူး, 22 ဇွန် 2011

By ဦးကျော်ဇံသာ

အခုရက်ပိုင်းအတွင်း မြန်မာအစိုးရတပ်တွေက ကချင်လွတ်မြောက်ရေးတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတချို့ က စိုးရိမ်မကင်း ပြောဆိုလာကြပါတယ်။ ဒါပေမဲ့ ဒီပဋိပက္ခနယ်မြေနဲ့ အနီးကပ်ဆုံး တည်ရှိနေတဲ့ တရုတ်နိုင်ငံကတော့ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိတာကို တွေ့ရပါတယ်။ ကိုးကန့်ဒေသကို မြန်မာစစ်တပ် ထိုးစစ်ဆင်တိုက်ခိုက်တုန်းကတော့ အသဲအသန်ဝင်ရောက်စွက်ဖက် ပြောဆိုဟန်တားခဲ့တဲ့ တရုတ်အစိုးရဟာ ဒီတကြိမ်မှာ ဘာကြောင်ရေငုံနုတ်ပိတ်နေပါသလဲ။ ဒီအခြေအနေအပေါ် တရုတ်နိုင်ငံရောက် မြန်မာ့အရေး လေ့လာစောင့်ကြည့် သုံးသပ်နေသူ ဒေါက်တာဒေါ်လှကျော်ဇော နဲ့ ကချင်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့က ဦးအောင်ဝါ တို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ ကေအိုင်အို နဲ့ မြန်မာအစိုးရတို့ ဖြစ်နေတဲ့ ပဋိပက္ခပြဿနာ ဖြစ်နေတယ် ပြဿနာဖြစ်ပါတယ်။ ပထမဦးဆုံး ဦးအောင်ဝါ ဒီပြဿနာ ဘယ်တုန်းက စသလဲဆိုတာကို အကျဉ်းချုံးလေး ပြောပြပါ။ အခြေခံအကြောင်းရင်းတွေတော့ အများကြီး ရှိတယ်။ ဘာကြောင့် ဒီလိုလတ်တလော ဖြစ်လာရသလဲ။

ဒေါ်အောင်ဝါ ။ ။ အဓိကတော့ တာပိန် ရေအားလျှပ်စစ် စီမံကိန်းကို နအဖ အစိုးရကနေ အခုလက်ရှိအစိုးရက change ဖို့၊ သိမ်းပိုက်ဖို့ အခြေအနေက စဖြစ်လာတယ်။ အဓိကတော့ ဒီနေရာဟာ ကေအိုင်အေရဲ့  စစ်ရေးအရေးကြီးတဲ့ ဒေသဖြစ်တယ်။ တပ်မဟာ (၃) နဲ့ တပ်မဟာ (၄) (၅) နယ်စပ်နားက ဖြတ်မယ့် နယ်မြေတခုဖြစ်တယ်။ ဒါကြောင့် အခုလက်ရှိ အစိုးရက ဒီနေရာကို ထိန်းချုပ်ဖို့ကိစ္စကနေ ဖြစ်လာခြင်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တဖတ်နဲ့တဖတ် မကျေမနပ် ဖြစ်နေတာကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို ကေအိုင်အို က လက်မခံတဲ့ကိစ္စက အကြောင်းရင်းခံဖြစ်နေတာပေါ့။

ဦးအောင်ဝါ ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီကိစ္စက ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ရှိနေပါသလဲ။ နည်းနည်းလေးပြောပါ။

ဦးအောင်ဝါ ။ ။ ၂၀၀၉ ကနေ နအဖ စစ်အစိုးရကနေ ကေအိုင်အေ၊ ကေအိုင်အို ကို နယ်ခြားစောင့်တပ်အဖြစ် လက်ခံဖို့ ဖိအားပေးလာတယ်။ အဲဒီအချိန်ကနေစပြီးမှ ကေအိုင်အေ ခေါင်းဆောင်တချို့ နဲ့ စစ်တပ်လက်အောက်ငယ် အများအားဖြင့်တော့ ဒီဟာကို လက်မခံဘူး။ ဒါကြောင့် ဒီကနေ တင်းမာလာပြီးတော့ အခုလို စစ်ဖြစ်ပွားလာတဲ့အခြေအနေအထိ ဖြစ်လာခဲ့တယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာဒေါ်လှကျော်ဇော ကို မေးချင်တာကတော့ တရုတ်နိုင်ငံဟာ အစတုန်းက ကေအန်အေ တို့အပေါ်မှာ သဘောထား တချိန်တုန်းကတော့ တရုတ်တို့ကို ကေအိုင်အေ က အားကိုးအားထား ပြုခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ၊ သတင်းတွေ သိရှိရပါတယ်။ နောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲရေးကို ဥက္ကဋ္ဌ ဘရန်းဆိုင် လက်ထက်မှာလုပ်ခဲ့တာကိုက တရုတ်ရဲ့  ထောက်ခံမှုကို မရရှိခဲ့လို့ ဖြစ်တယ်လို့ သုံးသပ်ကြသူတွေ ရှိကြပါတယ်။ အခုအခါမှာ ကေအိုင်အိုအပေါ် တရုတ်က ဘယ်လိုသဘောထား ရှိပါသလဲ။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ကတော့ ဗမာပြည်က ဦးသိန်းစိန်တို့ အစိုးရအနေနဲ့ ကျန်လူမျိုးစုအသီးသီးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေလည်လည် ဖြစ်စေချင်တာ သူတို့ အခြေခံစေတနာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အခုနောက်ဆုံး ဦးသိန်းစိန်တို့ လာတဲ့အခါမှာ သမ္မတဟူချင်တောင်နဲ့ တွေ့တဲ့အခါမှာ ဒီကိစ္စကိုပဲ ထပ်ပြောပါတယ်။ သမ္မတဟူချင်တောင် က တိုင်းပြည်ပြန်လည် စည်းလုံးညီညွှတ်ရေး၊ တိုင်းပြည်မှာရှိတဲ့ အင်အားစုအားလုံးနဲ့ ပြေပြေလည်လည် ဆက်ဆံရေး၊ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးတညီတညွှတ်တည်း လုပ်ဆောင်ကြဖို့ ပြောပါတယ်။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်လို့ တရုတ်ပြည်ဘက်က ကေအန်အေအပေါ်မှာ သူတို့ဆီမှာလည်း ကချင်လူမျိုးတွေရှိပါတယ်။ အဲဒီတော့ သူတို့ လူမျိုးစုအပေါ်မှာထားတဲ့ စေတနာတွေနဲ့ ပတ်သက်လို့၊ သဘောထားတွေနဲ့ ပတ်သက်လို့ တညီတညွှတ်တည်း ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့  နိုင်ငံတကာ သတင်းထောက်တွေက ဝေဖန်ကြတယ်။ ဒီနေ့ပဲ ရိုတ်တာ သတင်းဌာနက မာတင်ပတ်ဒီ ဆိုတဲ့ လူက အခုဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သုံးသပ်သူတွေက ဆိုကြပါတယ်၊ မြန်မာအစိုးရကို တရုတ်ဘက်က ဖိအားပေးတယ်။ ဘာကြောင့်လည်းဆိုတော့ တရုတ်က အဲဒီဒေသမှာ စီးပွားရေးအားဖြင့် ရင်းနှီမြုပ်နှံမှုတွေ လုပ်နေတယ်။ တာတမံ စီမံကိန်းတွေလုပ်နေတယ်။ နောက် သူတို့ရဲ့  ဓါတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သန်းမယ့်နေရာ ဖြစ်တယ့်အတွက် ဒီနေရာမှာ ဆူပူသောင်းကျန်မှုတွေ မရှိစေချင်ဘူး။ အဲဒါကို ငြိမ်းချမ်းအောင် ရှင်းပေးပါဆိုတဲ့ ဖိအား။ ကေအန်အေ ကို တိုက်ပါလို့တော့ တိုက်ရိုက်မပြောဘူးပေါ့။ အဲဒီလို ဖိအားပေးလို့ တိုက်ရတာဖြစ်တယ်လို့ ရေးထားတာကို တွေ့ရပါတယ်။ ဦးအောင်ဝါ ကို မေးချင်ပါတယ် - အဲဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။

ဦးအောင်ဝါ ။ ။ တရုတ်ဘက်ကနေ သူတို့ရဲ့  investment ကတော့ ဒီမှာ အများကြီးရှိတယ်။ ဒါကြောင့်မို့ ဒီဟာကတော့ ရှင်းဖို့တော့ ဒါကိုတော့ ဦးတည်လိမ့်မယ်။ ဒါပေမဲ့ ပကတိအခြေအနေ ဖြစ်ပေါ်တာကတော့ အထဲက ကေအန်အေရဲ့  အခြေအနေကတော့ ဒီဟာကို နအဖရဲ့  စစ်ရေးနဲ့ ဖြေရှင်းချက်ကိုတော့ လုံးဝလက်ခံနိုင်တဲ့ အခြေအနေမျိုး မဟုတ်ဘူး။ ဒါကြောင့်မို့ သူတို့အနေနဲ့တော့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ တရုတ်ကတော့ ဒီဟာကို သူ့ရဲ့  အကျိုးစီးပွားတော့ အများကြီးပေါ့။ ဓါတ်ငွေ့ပိုက်လိုင်းကိစ္စရှိတယ်။ ရေကာတာကိစ္စရှိတယ်။ ကျောက်မျက်ရတနာ လုပ်ငန်းတွေရှိတယ်။ Logging တွေ အများကြီးရှိတယ်။ ဒါကြောင့် ဒီဟာကို သူတို့အနေနဲ့တော့ အေးအေးဆေးဆေးနဲ့ပဲ သွားချင်တဲ့ကိစ္စမျိုး ရှိတယ်။ ဒါကြောင့်မို့ အပြတ်ရှင်းဖို့ အခြေအနေတခုအထိတော့ သူတို့လိုလားပုံ ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တရုတ်ရဲ့  စေတနာမှန်ကတော့ အခုန ဒေါက်တာဒေါ်လှကျော်ဇော ပြောသလို ငြိမ်းချမ်းစွာ ဖြစ်စေချင်တာကတော့ အမှန်ပဲပေါ့။

ဒေါ်လှကျော်ဇော ။ ။ ဟုတ်ကဲ့။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အဲဒီလို မဖြစ်နိုင်တဲ့အခါမှာ သူတို့အကျိုးစီးပွား၊ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်ရမယ့်သဘောလား။

ဒေါ်လှကျော်ဇော ။ ။ ကျမတော့ ဒီလို မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်ပြည်က သိပြီသား။ လက်နက်ကိုင် ဖြေရှင်းလို့ကတော့ ပြီးမှာမဟုတ်ဘူးဆိုတာကို သိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကေအိုင်အို အဖွဲ့မှာလည်း သူ့မှာ သူ့အင်အား၊ သူ့လူမျိုး၊ သူ့ဒေသ၊ သူ့ဟာသူ တောင့်တောင့်တင်းတင်း ရှိပြီသာ။ အဲဒီတော့ တောင်ထိပ်လေး တစ်ခု၊ နှစ်ခု သိမ်းတာနဲ့ ပြီးတာမှမဟုတ်ဘဲ။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံလူတွေက ပျောက်ကျားစစ်နဲ့ ပြန်ခုခံမယ်ဆိုရင် ဒုက္ခရောက်မယ်။ တရုတ်က ဖြစ်စေချင်တာကတော့ ကချင်ပြည်သူလူထုနဲ့ အစိုးရအကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း၊ ပြေပြေလည်လည် ဖြစ်စေချင်တာပဲ။ အဲဒီလို ပြေလည်အောင်လို့ ပြောတာဟာ သွယ်ဝိုက်တဲ့နည်းနဲ့ လူမျိုးစုတွေ တောင်းနေတဲ့ အခွင့်အရေးတွေကို တောင်းပါလို့ ပြောတဲ့သဘောပါ။ ဘယ်လူမျိုးစုမဆို လူမျိုးကြီး တမျိုးနဲ့ ပေါင်းသင်းပြီးနေရာတာဟာ သူတဦးတည်းနေရာတာထက် အခွင့်အရေးရှိတယ်။ နေရာထိုင်ရာတာ ချောင်လည်တယ်လို့ ထင်မှတ်မှ သူက လူမျိုးကြီးနဲ့ ပေါင်းနေမှာဖြစ်တယ်။ သူ့အခွင့်အရေးတွေ၊ ကိုယ်ပိုင်အခွင့်အရေးတွေ နစ်နာနေတယ်လို့ တွက်နေသ၍ ဘယ်တော့မှ တည်ငြိမ်မှာ မဟုတ်ဘူး။ ဒါကို တရုတ်ကလည်း သူ့အတွေ့အကြုံနဲ့သူ သိတယ်။ ဒါကြောင့်မို့ ဒီဟာကို လူမျိုးစုတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပေးပြီးတော့ လူမျိုးစုတွေနဲ့ သင့်တင့်လျောက်ပတ်အောင် နေပါလို့ ပြောတဲ့သဘောပဲ။ ဥပမာအားဖြင့် တရုတ်က ဒီလိုပဲ ပြောတယ်ပဲ ထားပါအုံး။ အပြတ်ရှင်းလိုက်လို့ ပြောတယ်ပဲ ထားပါအုံး။ အခု ဦးသိန်းစိန် တို့ လုပ်နေတာကိုကြည့် ကေအန်ယူ ဘက်ကိုလည်း ထိုးတာပဲ။ ကျန်တဲ့ ရှမ်းတွေဘက်ကိုလည်း ထိုးတာပဲ။ သူရဲ့ အစက ရည်ရွယ်ချက်ကိုက လူမျိုးစုတွေရဲ့  လက်နက်ကိုင် အင်အားစုတွေကို အပြတ်ရှင်းဖို့သာဖြစ်တယ်။ တရုတ်ကို ဆွဲထည့်တာ ဘာမှမဟုတ်ဘူး။ သူတို့ကိုက အဲဒီလို မြင်စေချင်တာ။ ပြည်သူလူထုစိတ်ထဲမှာ တရုတ်ဆန့်ကျင်ရေးတွေ မြင်စေချင်တယ်။ တရုတ်ကပြောလို့ ငါတို့ လုပ်ရပါတယ်ဆိုတာမျိုးတွေ မြင်စေချင်တယ်။ အဲဒီအတွက် ဒီဟာကိုလုပ်တာ။ တရုတ်ပြည်သွားပြီမှ တရုတ်ပြည်က ပြန်လာမှ ဒီဟာကိုလုပ်တာ။

ဦးကျော်ဇံသာ ။ ။ ကျနော် တခုစိတ်ဝင်စားတာက ဘာဖြစ်လို့ ကေအန်အေနဲ့ တိုက်နေတဲ့ကိစ္စကို တရုတ်က အခုအထိ ဝင်မပြောသေးတာလဲ။ ကိုးကန့်ကိစ္စတုန်းကဆိုရင် တရုတ်က ချက်ချင်းပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြတ်အသတ်ပြောလိုက်တယ်ဆိုတော့ ဒီကိစ္စကို အစိုးရက ရပ်ဆိုင်းခဲ့ရတယ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ရတယ်။ ဒီကိစ္စမှာ ဘာဖြစ်လို့ မဝင်သေးတာလည်းဆိုတာက မေးစရာဖြစ်ပါတယ်။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ပြည်က ဒီလိုလေ ကိုးကန့်ကို လုပ်တုန်းက သူတို့က ရက်ရက်စက်စက် ဝေါကနဲ့ လုပ်ပစ်လိုက်တာ။ အကုန်လုံး သူတို့ထဲကို တဝေါဝေါနဲ့ ဝင်လာတာ။ သူတို့ကိုက ဘာမှမသိလိုက်ဘူး။ ကေအိုင်အေနဲ့ ဖြစ်တဲ့ကိစ္စက ပြည်တွင်းမှာဖြစ်နေတာ တော်တော်ကြာနေပြီ။ တရုတ်က ခင်များတို့ပြောသလို ဝေါကနဲ့ ဝေါကနဲ့ မပြောသလို သူမှာ တခြားဆက်ဆံတဲ့နည်းတွေ အများကြီးရှိတယ်။ အောက်ခြေနဲ့ ဆက်ဆံတာ။ ပြည်နယ်အဆင့် ဆက်ဆံတာ။ တိုင်းအဆင့် ဆက်ဆံတာ။ မြို့ နယ်အဆင့် ဆက်ဆံတာ။ အဲဒီဟာတွေနဲ့ channel တွေနဲ့ အဲဒီလိုင်းတွေနဲ့ အသီးသီးပြောနေတာပဲ။ အဲဒီတော့ တရုတ်က ထူးခြားချက်က တခြားနိုင်ငံတွေလို ဘယ်လိုခေါ်မလဲ - အရမ်းကာရော သူများကို ပိုဆိုးပက်စက် မပြောဘူးလေ။ တန်တူညီမျှ အပြန်အလှန် အကြံပေးတဲ့သဘော၊ ကိုးကားဖို့ ပြောတဲ့သဘော - အဲဒီလောက်ပဲပြောတာ။ ဒါပြည်တွင်းရေးပဲဖြစ်တာ။ အရမ်းကာရော မပြောဘူး။ ကိုးကန့်တုန်းကတော့ သူလူတွေပါ အသတ်ခံရတာတွေပါတယ်။ ကိုးကန့်လူမျိုးကြတော့ တရုတ်လူမျိုးတွေဖြစ်တယ်။ တရုတ်အများအပြား အသတ်ခံရတယ်။ ကချင်ကြတော့ ကချင်တိုင်းရင်းသားဆိုတာ ဗမာပြည်တိုင်းရင်းသားပဲဖြစ်တယ်။ ဒါကြောင့် ကိုးကန့်လောက်တော့ အရမ်းကာရော ဝင်မပြောဘူးပေါ့။

ဦးကျော်ဇံသာ ။ ။ ဦးအောင်ဝါ အနေနဲ့ ဘယ်လိုသဘောရပါသလဲ။ တရုတ်ရဲ့  ဒေါက်တာဒေါ်လှကျော်ဇော ပြောတဲ့ စေတနာမျိုး၊ သဘောထား အစစ်အမှန်ကို ကချင်ပြည်သူတွေ သဘောပေါက်ပါသလား။ အဲဒီအတိုင်း နားလည်းကြပါသလား။ ကချင်ပြည်သူတွေက တရုတ်ရဲ့  ရပ်တည်ချက်ကို ဘယ်လိုနားလည်းကြပါသလဲ။

ဦးအောင်ဝါ ။ ။ အဓိကတော့ တရုတ်ပြည်အပေါ်မှာတော့ ကျနော်တို့ ကချင်လူထုကတော့ တမျိုးတော့ မြင်နေတာပေါ့။ စီးပွားရေးအရ နယ်ချဲ့ တဲ့ပုံစံမျိုးတော့ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကချင်ပြည် မြို့ ကြီးရော၊ ဒီဘက်မှာရော တရုတ်ပြည်က စီးပွားရေးအရ တရုတ်ပြည်က control လုပ်နေတယ်။ မြို့ ကြီးမှာဆို အိမ်ယာမြေတွေက အဓိက အချက်အခြာကျတဲ့ နေရာတွေက တရုတ်ပြည်ရဲ့  လက်ထဲမှာ ဖြစ်သွားတယ်။ ကုန်သွယ်ရေးကအစ ကျောက်မျက်ရတနာအစ အကုန်လုံး သူ့ရဲ့  လက်ထဲမှာဖြစ်သွားတော့ ကချင်လူထုကတော့ အတော်လေး စိတ်မချမ်းမသာ ဖြစ်နေတယ်။ ဒါကြောင့်မို့ တရုတ်ပြည်ရဲ့ အပေါ်မှာ အမြင်ကတော့ ကျနော်တို့ ပြည်သူလူထုအနေနဲ့ သိပ်တော့ အမြင်ကတော့ ဟိုတုန်းကလို လိုက်လိုက်လျောလျောရှိတဲ့ ပုံစံမျိုးတော့ မရှိတာကို တွေ့နေရတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ကျနော်တခုသိချင်တာက ကေအိုင်အို အနေနဲ့က တရုတ်ရဲ့  ကျောထောက်နောက်ခံ မရခဲ့ရင်၊ မရဘူးဆိုရင် မြန်မာအစိုးရကို စိမ်ခေါ်နိုင်မယ်။ ခုခံရပ်တည်နိုင်ပါမလား။ အဲဒီလောက် အင်အားရှိပါသလား။

ဦးအောင်ဝါ ။ ။ ကေအန်အေ ကတော့ တရုတ်နဲ့ ဆက်ဆံတာတော့ အရင်ကတည်းကရှိတယ်။ ဥက္ကဋ္ဌကြီး ဘရန်းဆိုင် လက်ထဲကနေ အဓိကဆက်ဆံတဲ့ နောက်ပိုင်းမှာ ကေအိုင်အေကလည်း အင်အားကြီးထွားလာတယ်။ စစ်လက်နက်တွေ ရရှိတဲ့အပိုင်းကနေ၊ ဆေးဝါးကအစ တရုတ်ပြည်ကို အဓိက မှီခိုနေရတော့ တရုတ်နဲ့တော့ ကင်းကင်းရှင်းရှင်း နေလို့ရတဲ့ဟာမျိုးတော့ မမြင်ပါဘူး။ နောင်ကိုလည်း ကျနော်ကတော့ မမြင်ပါဘူး။ အခုကလည်း ကျနော်ပြောလိုတာက အခုတုန်းက တရုတ်တွေအပေါ် အမြင်မရှင်းဆိုတာက စီးပွားရေးအရ တရုတ်တွေရဲ့  control လုပ်မှုအပေါ်မှာပဲ ဖြစ်ပါတယ်။ တရုတ်တွေနဲ့ ကျနော်တို့ကချင်တွေက ဟိုတုန်းကတည်းက ဆက်ဆံလာတာ၊ တရုတ်ပြည်မှာလည်း ကချင်တွေ အများကြီးရှိတယ်။ ဆက်ဆံရေးကတော့ ဟိုတုန်းကတည်းက ရှိပါတယ်။ ဒါပေမဲ့ အခုမြင်တဲ့သဘောမျိုးက စီးပွားရေးအရ တရုတ်တွေရဲ့  လွှမ်းမိုးမှုကို ပြောနေတာပါ။

ဦးကျော်ဇံသာ ။ ။ အခုက တရုတ်က သူတို့စီးပွားရေး လုပ်ချင်လို့ ဒီနေရာမှာ ကေအိုင်အေကို အပြတ်ရှင်းခိုင်းတယ်လို့ ဆိုရင် အခုလည်းပဲ ကေအိုင်အို ကို တရုတ်က ပံ့ပိုးပေးထားတာ။ အခုနပြောသလို စားနပ်ရိက္ခာကအစ ဆေးဝါးလက်နက်စသဖြင့် နယ်မြေအများကြီး စသဖြင့် အများကြီးပေးထားတာ။ အဲဒါတွေကို ဖြတ်တောက်ပေးလိုက်စရာ အကြောင်းရှိပါသလား။ တရုတ်ကသာ ကေအိုင်အို ကို ပျက်သုဉ်းစေချင်ပြီ။ စစ်အစိုးရက လုံးဝလွှမ်းမိုးစေချင်တယ်ဆိုရင် အဲဒီလို ဖြတ်တောက်လိုက်ရင် မြန်မြန်ဖြစ်သွားမှာပေါ့။ ဖြတ်တောက်မယ့် အလားအလာကို မြင်ရပါသလား။

ဦးအောင်ဝါ ။ ။ ကျနော်ကတော့ မမြင်ပါဘူး။ ဒီလို ဖြတ်တောက်ဖို့။ ဘာဖြစ်လို့လည်းဆိုရင် တရုတ်နဲ့ ကေအိုင်အေကလည်း အစဉ်အဆက် တဦးနဲ့တဦး စီးပွားတွေ ရှိနေတယ်။ ဒီလို ဆက်ဆံရေးတွေ ရှိနေတယ်ဆိုတော့ ဒီဟာကို direct ကြီး ဖြတ်တောက်ဖို့တော့ မမြင်ဘူး။ ဒါပေမဲ့ တခုရှိတာကတော့ ၈၈ မတိုင်ခင်။ ဟိုကတည်းက ဆက်ဆံတဲ့ဟာမျိုးနဲ့ အခုဆက်ဆံတာမျိုးတော့ နည်းနည်းတော့ ကွာဝေးနေတာမျိုး တွေ့ရတယ်။ ဥပမာ ဟိုတုန်းကဆိုရင် လက်နက်တွေကို တဆင့်ပြီးတဆင့် ရရှိတယ့်အခြေအနေမျိုး ဖြစ်တယ်။ အခုတော့ ခက်ခက်ခဲခဲနဲ့ ဖြစ်တယ်။ ဒါကြောင့်မို့ ဟိုတုန်းကလို ဆက်ဆံရေးကတော့ ကောင်းလှတယ်လို့ မမြင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒေါ်လှကျော်ဇော ခင်များ နောက်တခုက တရုတ်ပြည်က ဖြစ်စေချင်တဲ့ဆန္ဒအတိုင်း တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ အထူးသဖြင့် အခုလောလောဆယ်မှာ ကချင်နဲ့ဖြစ်နေဆတဲ့ ကိစ္စဟာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်လာမယ့် အလားအလာ မြင်ပါသလား။ တရုတ်ကရော ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် နှစ်ဦးနှစ်ဖက် ခေါ်ယူပြီး စေ့စပ်ဖြန့်ဖြေပေးမယ့် သဘောထားမျိုး ရှိတယ်ထင်ပါသလား။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ကတော့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ကို ကြိုးစားမှာပဲ။ ဒါပေမဲ့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကတော့ တဖတ်တည်းကိစ္စ မဟုတ်ဘူးလေ။ ဦးသိန်းစိန် အစိုးရက အခြေခံစေတနာ ဘယ်လိုရှိသလဲပေါ်မှာ မူတည်တယ်။ ကျမ ကချင်ပြည်သူလူထုကို အဲဒီစကားပဲ ပြောချင်တယ်။ အစိုးရတရပ်ဟာ သူ့လူမျိုးစုတရပ်ပေါ်မှာ တန်တူညီတူ မဆက်ဆံဘူးဆိုရင် တခြားလူမျိုးစုတွေကိုပါ အကုန်လုံးက စည်းလုံးညီညွတ်ပြီမှ အဲဒီလို အခွင့်အရေး တန်တူမရတဲ့ လူအချင်းချင်း စည်းလုံးညီညွတ်ပြီမှ ဒီအစိုးရကသာ အဓိက တရားခံဖြစ်တယ်ဆိုတာကို မြင်ဖို့ လိုပါတယ်။ ကျမတို့ ပစ္စည်းတွေ ရောင်းစားတာပဲဖြစ်ဖြစ်၊ မရောင်းစားတဲ့ဘဲဖြစ်ဖြစ် အဲဒါဟာတွေ အားလုံးဟာ ကိုယ့်ကိုအုပ်ချုပ်နေတဲ့ အစိုးရ ဘယ်သူကို ကိုယ်စားပြုသလဲဆိုတဲ့ အချက်ပေါ်မှာပဲ မူတည်ပါတယ်။ အဲဒါကို ကျမတို့ ရှင်းရှင်းလင်းလင်း မြင်ဖို့လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်လှကျော်ဇော က ကချင်ပြည်သူလူထုကို ပြောချင်တဲ့စကားဆိုတော့ ကချင်လူထုဖက်ကရော တရုတ်ပြည်ဖက်ကို နောက်ဆုံးအနေနဲ့ ဘာတွေများ ပြောချင်ပါသလဲ။

ဦးအောင်ဝါ ။ ။ အဓိကတော့ တရုတ်အစိုးရပဲဖြစ်ဖြစ်၊ တရုတ်ကုမ္မဏီတွေပဲဖြစ်ဖြစ် ကချင်ပြည်သူလူထု၊ ဗမာပြည်လူထုအတွက် အကျိုးရှိမယ့် လုပ်ငန်းတွေကိုပဲ လုပ်စေချင်တယ်။ အတူတကွ အကျိုးရှိမယ်။ ရေရှည်အကျိုးရှိမယ့် လုပ်ငန်းတွေကို လုပ်သွားစေချင်တယ်။ အခုက ရေတိုလုပ်ငန်းတွေအတွက်ပဲ တရုတ်ကုမ္မဏီတွေ၊ တရုတ်အစိုးရတွေက ကြည့်နေတယ့် သဘောဖြစ်တယ်။ ဥပမာပြောရရင် သစ်လုပ်ငန်းတွေ အကုန်လုံး - သစ်တွေက ကုန်သလောက်ဖြစ်နေပြီ။ နောက်တခုက ကျောက်စိမ်းတွေ။ မိုင်းတွင်းကျောက်တွေကြောင့် သဘာဝ ပတ်ဝန်းကျင်တွေလည်း အတော်လေး ပျက်စီးပြီး တရုတ်အစိုးရက ပြည်သူတွေအတွက်၊ ရေရှည်အကျိုးအတွက် လုပ်သွားမယ့်အစိုးရမျိုး ဖြစ်စေချင်ပါတယ်။
http://www.voanews.com/burmese/news/

စစ်အာဏာရှင်ခေတ် မြန်မာနှင့် အိန္ဒိယ ဆက်ဆံရေး




အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ တမီလ်နာဒူး ပြည်နယ်တွင် ၁၉၉၁ ခုနှစ် မေ လ ၂၁ ရက်နေ့က အိန္ဒိယ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဓီ (Rajiv Gandhi) လုပ်ကြံခံခဲ့ရပြီး နောက်ပိုင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများအပေါ် အိန္ဒိယခေါင်းဆောင် အဆက်ဆက်သည် ယနေ့ထိတိုင် လျစ်လျူရှုခဲ့ကြသည်။ ကမ္ဘာ့ အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံတော်ဟု ကြွေးကြော်နေသော အိန္ဒိယနိုင်ငံသည် မြန်မာ့ဒီိမိုကရေစီအရေးကို မျက်ကွယ်ပြု၍ တရုတ်အရေးနှင့် စီးပွားရေးကို ရှေ့တန်းတင်ပြီး ၁၉၉၂ ခုနှစ်မှစ၍ မြန်မာစစ်အာဏာရှင်အစိုးရကို ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။

india-mm-irr
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား ဦးဆောင်သည့် အဖွဲ့နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ ဇွန်လ ၂၁ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ - AP)

၁၉၈၈ ခုနှစ် အရေးအခင်းပြီးကာစတွင် တရုတ်နှင့် အမေရိကန်သည် မြန်မာနိုင်ငံ၏ ရန်သူဖြစ်လာဖွယ်နိုင်ငံ (Potential Enemy Country) ဟု သတ်မှတ်ခဲ့ပြီး တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်တို့အား မြန်မာ စစ်အာဏာရှင်တို့အနေဖြင့် ကာကွယ်ရေး စစ်ရေးစီမံချက်များ ရေးဆွဲပြင်ဆင်မှုများ ရှိခဲ့သည်။ သို့သော် ၁၉၈၉-၁၉၉၀ ခုနှစ် တရုတ်နယ်စပ်တွင် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ငြိမ်းချမ်းရေးရရှိသွားခြင်း၊ ထိုင်းတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗလစ် ယောင်ချိုင်ယု (General Chavalit Yongchaiyudh) လာရောက် လည်ပတ်ပြီးနောက် ထိုင်း-မြန်မာ ဆက်ဆံရေး ကောင်းလာခြင်းတို့ကြောင့် ထိုစဉ်အချိန်အခါက တရုတ်နှင့် အမေရိကန်သည် ရန်သူဖြစ်မလာနိုင်၊ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပြင်းပြင်းထန်ထန် အားပေးနေသော အိန္ဒိယနိုင်ငံသည်သာ ရန်သူဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။

၁၉၉၂ ခုနှစ် ဧပြီလတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာရယူခဲ့ပြီးနောက် ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးနှင့် သံရုံးရှိ အိန္ဒိယ ထောက်လှမ်းရေးအရာရှိတို့မှ မြန်မာစစ်ထောက်လှမ်းရေးကို ဆက်သွယ်လာခဲ့ပြီး အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒ (Look East Policy) ကို ရှင်းပြ၍ မြန်မာ-အိန္ဒိယ ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်လိုကြောင်း စတင်ကမ်းလှမ်းမှုများ လုပ်ခဲ့သည်။

၁၉၉၂ ခုနှစ် သြဂုတ်လတွင် စစ်ထောက်လှမ်းရေးမှ ဒု ဗိုလ်မှူးကြီး ကျော်သိန်း (ဗိုလ်မှူးချုပ် ကျော်သိန်း)၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေး (ကနေဒါနှင့် သြစတြေးလျနိုင်ငံ သံအမတ်ကြီးဟောင်း) တို့ ၂ ဦးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အိန္ဒိယနိုင်ငံသို့ စေလွှတ်ခဲ့သည်။ ၎င်းတို့ ၂ ဦးကို အိန္ဒိယအစိုးရ၊ တပ်မတော်နှင့် ထောက်လှမ်းရေးဆိုင်ရာ အဆင့်မြင့် တာဝန်ရှိသူများမှ အထူးကိုယ်စားလှယ်အနေဖြင့် လက်ခံတွေ့ဆုံခဲ့သည်။ အိန္ဒိယနိုင်ငံဘက်မှ စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ နယ်စပ်ဒေသရှိ နာဂနှင့် ကသည်း လူမျိုးစုသူပုန်များ ပူးပေါင်းနှိမ်နင်းရေး၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ရေး၊ စစ်ဘက်အရာရှိများ အိန္ဒိယနိုင်ငံတွင် သင်တန်းတက်ရောက်ခွင့်၊ ထောက်လှမ်းရေးသတင်းများ အပြန်အလှန်ဖလှယ်ရေး၊ စီးပွားရေးအတွက် အိန္ဒိယနိုင်ငံ နယ်စပ် မိုးရေးမြို့မှ တမူး၊ ကလေးသို့ ဖောက်ထားသော ကားလမ်းပြုပြင်ရေး အစရှိသည်တို့ကို အိန္ဒိယနိုင်ငံဘက်မှ ကမ်းလှမ်းခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သတင်းပို့သည့်အခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မှတ်ချက်က “ဒီ ကုလားတွေ စိတ်ချရတာမဟုတ်ဘူး။ မင်းတို့ သတိထားပြီး ဆက်ဆံကြ” ဟု ပြောခဲ့သည်။ ထိုနောက်ပိုင်းတွင် မြန်မာစစ်တပ်ဘက်က စစ်ရေးအရ လိုက်လျောသည့်အနေဖြင့် အိန္ဒိယမှ နာဂသူပုန်တို့ကို တိုက်ခိုက်ပေးခဲ့သေးသည်။ နာဂသူပုန် အင်အား ၁၀၀ ကျော် ဘင်္ဂလားဒေ့နိုင်ငံ စစ်တကောင်းတောင်တန်းတွင် စစ်သင်တန်းတက်ရောက်ပြီး မြန်မာနိုင်ငံနယ်နမိတ်အတွင်းမှ ဖြတ်မည်ဟူသောသတင်းကို အိန္ဒိယထောက်လှမ်းရေးက ပေးခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တင်ပြခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ကွပ်ကဲမှုဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင် ခြေမြန် တပ်ရင်းများ စေလွှတ်ကာ တိုက်ခိုက်ခဲ့သဖြင့် နာဂသူပုန် ၇၅ ယောက်ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ မြန်မာစစ်တပ်ဘက်မှ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုစဉ်က ဦးသိန်းစိန်မှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၏ စစ်ဦးစီး ဗိုလ်မှူးကြီး ဖြစ်သည်။ နာဂ၊ ကသည်း တော်လှန်ရေးသမားတို့၏ သတင်းများကို ယခင်က မကြာခဏ မြန်မာစစ်ထောက်လှမ်းဌာနက ရရှိ၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သို့ တင်ပြခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် ယခုကဲ့သို့ ခွင့်မပြုခဲ့ပါ။ ၁၉၉၃ ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံ ကာကွယ်ရေးတက္ကသိုလ်၌ ဗိုလ်မှူး မိုးဟိန်း (ဗိုလ်ချုပ် မိုးဟိန်း၊ အငြိမ်းစား နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး)၊ ဗိုလ်မှူး ဉာဏ်ဝင်း (ဗိုလ်ချုပ် ဉာဏ်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်) တို့အပါဝင် မြန်မာစစ်တပ်အရာရှိများ နှစ်စဉ် သင်တန်းတက်ရောက်ခဲ့ကြသည်။

နာဂ တော်လှန်ရေးသမားများအား နှိမ်နင်းပေးခြင်းကို အကြောင်းပြု၍ မြန်မာ-အိန္ဒိယ ဆက်ဆံရေး ကောင်းတော့မည်ဟု ထင်ခဲ့ကြသော်လည်း ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယအစိုးရမှ ၁၉၉၂ ခုနှစ်အတွက် ဂျဝါဟလာ နေရူးဆု (Jawaharlal Nehru Award) ကို ပေးခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြီးအကျယ် ဒေါသထွက်ခဲ့သည်။ “ဒီကုလားတွေ ကုလားမူ လာမူတိုင်း မင်းတို့မယုံကြနဲ့၊ နောင်ဒီကောင်တွေ တောင်းတိုင်း မပေးနဲ့တော့” ဟု ပြောခဲ့ကြောင်း သိရသည်။ ထို့နောက်ပိုင်း မြန်မာ-အိန္ဒိယ ဆက်ဆံရေးတွင် မြန်မာဘက်က ခပ်ခွာခွာနေခဲ့ပြီး နိုင်ငံတကာအရေးများတွင် လိုအပ်သည့် ထောက်ခံမှုများရရန် ကိစ္စများ၌သာ တရုတ်နှင့် ဆက်ဆံရေး၊ သဘာဝဓာတ်ငွေ့ အရေးများကို အကြောင်းပြ ဆက်ဆံခဲ့ကြသည်။ နိုင်ငံတကာနိုင်ငံရေး ပထ၀ီမဟာဗျူဟာအရ အိန္ဒိယကို တရုတ်နှင့် ထိန်းညှိထားခြင်းသာဖြစ်သည်။

မြန်မာစစ်တပ်မှ သတင်းလွှင့်ထားသော မြန်မာပိုင် ကိုးကိုးကျွန်း ရေဒါစခန်း၌ တရုတ်များက အိန္ဒိယကို ထောက်လှမ်းမှုများ ပြုလုပ်နေသည်ဆိုသော သတင်းကို အိန္ဒိယသည် ယခုအထိ ယုံနေကြဆဲဟု ယူဆပါသည်။ နာဂ၊ ကသည်း သူပုန်များ နှိမ်နင်းရေးအတွက် အိန္ဒိယဘက်မှ သတင်းထပ်မံ ပေးခဲ့သော်လည်း ယခုအချိန်အထိ အရေးယူဆောင်ရွက်ခြင်း ပြုလုပ်ရန် ခွင့်မပြုတော့ပါ။ ၁၉၉၃ ခုနှစ် နှောင်းပိုင်းလောက်မှစ၍ မြန်မာနယ်နမိတ်အတွင်းရှိသော အိန္ဒိယ သူပုန်များကို အားလည်းမပေး၊ နှောက်လည်း မနှောက်ယှက်သောမူကို ယခုအထိ ကျင့်သုံးနေဆဲဖြစ်သည်။ ရံဖန်ရံခါ အိန္ဒိယ သူပုန်များ မြန်မာနယ်မြေမှဖြတ်၍ လက်နက်ဝယ်ယူမှုများ ရှိခဲ့သော်လည်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အမိန့်ဖြင့် မသိဟန် ဆောင်ခိုင်းခဲ့သည်များ ရှိခဲ့သည်။ ၁၉၉၄ ခုနှစ်ခန့်မှစ၍ ပါကစ္စတန် ထောက်လှမ်းရေးကလည်း မြန်မာစစ်အစိုးရအား ချဉ်းကပ်ပြီး ပါကစ္စတန်တွင် မြန်မာ စစ်အရာရှိများနှင့် ထောက်လှမ်းရေးများအား သင်တန်းပေးရေး၊ အဆင့်မြင့်အရာရှိများ လည်ပတ်ရေး၊ အိန္ဒိယနယ်စပ်တွင် အဆင့်မြင့် ဆက်သွယ်ရေး ကိရိယာများ တပ်ဆင်ပေးရေးတို့ကို ကမ်းလှမ်းလာခဲ့သည်။

၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် အေးတိအေးစက်ဖြစ်နေသော ဆက်ဆံရေးကို ပြန်လည် အသက်သွင်းသည့်အနေဖြင့် အိန္ဒိယ စစ်ထောက်လှမ်းရေးက မြန်မာနိုင်ငံဖွား ဒု ဗိုလ်မှူးကြီးအဆင့်ရှိ ဂရေးဝါးလ် (မြန်မာအမည် မျိုးမြင့်) ကို စေလွှတ်၍ မြန်မာစစ်အစိုးရကို ဆန့်ကျင်နေသော ကရင်နှင့် ရခိုင် သူပုန်များကို အိန္ဒိယစစ်တပ်အနေဖြင့် နှိမ်နင်းပေးမည်ဟု ကမ်းလှမ်းလာခဲ့သည်။ အလားတူ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး (ယခု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်) အနေဖြင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရန် အထူးကြိုးစားခဲ့သည်။

ဒုဗိုလ်မှူးကြီး ဂရေးဝါးလ်သည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ အိန္ဒိယ စစ်ထောက်လှမ်းရေး သတင်းပေးများ အကူအညီဖြင့် ကရင်နှင့် ရခိုင် တော်လှန်ရေးသမားများနှင့် အဆက်အသွယ်ရယူခဲ့ပြီး ဘင်္ဂလားဒေ့နိုင်ငံ စစ်တကောင်းတောင်တန်းတွင် သင်တန်းတက်နေသော နာဂ၊ ကသည်း သူပုန်များအတွက် လက်နက်မှောင်ခို ၀ယ်ယူရေး အသွင်ယူ တွေ့ဆုံမှုများ လုပ်ခဲ့သည်။ ထို့ပြင် ကရင်နှင့် ရခိုင် တော်လှန်ရေးသမားများကိုလည်း လှည့်ဖြားကာ နိုင်ငံရေးအရ အကူအညီပေးမယောင် စည်းရုံးသိမ်းသွင်းခဲ့သည်။ ဂရေးဝါးလ်က လှုပ်ရှားမှုအသေးစိတ်ကို နှစ်နှင့်ချီ၍ မြန်မာအစိုးရအား သတင်းပို့ကာ ယုံကြည်မှု တည်ဆောက်ခဲ့သည်။ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလတွင် သက်သေပြသည့်အနေဖြင့် မြန်မာအစိုးရကို ဆန့်ကျင်သော ကရင်နှင့် ရခိုင် တော်လှန်ရေးသမားများကို အိန္ဒိယမှ နှိမ်နင်းပေးသည်ဟု သဘောသက်ဝင်အောင် သတ်သူကိုသတ်ပြီး ဖမ်းသူကိုဖမ်းပြခဲ့သည်။

ထို့အပြင် ဂရေးဝါးလ်က မြန်မာရေပြင်နယ်နမိတ် ခရစ္စတီးကျွန်းတွင် လက်နက်များရှိသည်ဟု သတင်းများပေးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အမိန့်ဖြင့် ၁၉၉၈ ခုနှစ် ဧပြီလတွင် စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် ကြည်မင်း (ယခု ထားဝယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် မြင့်ဆွေ (ဦးနေ၀င်း၏  မြေးများကိစ္စဖြင့် အဖြုတ်ခံရသူ)၊ အမှတ် (၁၃) စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့ချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မြင့်အောင် (စစ်ရေးချုပ်ဟောင်း၊ ကာကွယ်ရေးဝန်ကြီး မလုပ်လို၍ အဖြုတ်ခံရသူ) တို့ ဦးစီးသည့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးကို ပြုလုပ်ခဲ့သည်။

ထိုစစ်ဆင်ရေးတွင် ခရစ္စတီးကျွန်းပေါ်ရှိ သစ်ခုတ်၊ ၀ါးခုတ်၊ ငါးဖမ်း လုပ်ကိုင်စားသောက်နေသော ကလေးငယ်များ၊ အမျိုးသမီးများ အပါဝင် သာမန်အရပ်သူအရပ်သား ၈၁ ဦးကို ဖမ်းဆီးခဲ့သည်။ ၁၉၉၈ ခုနှစ် မေလတွင် အဆိုပါ သာမန်အရပ်သူအရပ်သား ၈၁ ဦးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှ ကော့သောင်းအခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်း (လက်ရှိ အမှတ် ၁ လျှပ်စစ်ဝန်ကြီးနှင့် ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဘက် အထွေထွေ အတွင်းရေးမှူး) ကို အားလုံး သတ်ပစ်ရန် ဆက်လက် အမိန့်ပေးခဲ့သည်။ တာဝန်ယူ ပစ်သတ်ခဲ့သည့် တပ်ရင်းမှူး နှစ်ဦးမှာ ဒု ဗိုလ်မှူးကြီး စိုးတင် (အမှတ် ၂၆၂ ခြေလျင်တပ်ရင်း)၊  ဒု ဗိုလ်မှူးကြီး ၀င်းဆွေ (အမှတ် ၄၀၃ ခြေလျင်တပ်ရင်း) တို့ ဖြစ်သည်။ ထိုအချိန်က ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၏ စစ်ဦးစီး ဗိုလ်မှူးချုပ်မှာ ဗိုလ်မှူးချုပ် မြင့်ဆွေ (ဒု ဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ ရန်ကုန်တိုင်ဒေသကြီး ၀န်ကြီးချုပ်) ဖြစ်သည်။

အဆိုပါဖြစ်စဉ်များပြီးနောက် အိန္ဒိယ ရေနံကုမ္မဏီများကို ရခိုင်ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ကိုင်ခွင့်များတွင် ပါဝင်ခွင့်များ ချပေးခဲ့သည်။ သဘာဝဓာတ်ငွေ့များ ထွက်လာသည့်အခါ အိန္ဒိယနိုင်ငံအား ဦးစားပေး၍ ရောင်းချပေးမယောင် မက်လုံးများ ပေးခဲ့သည်။ နယ်စပ်သူပုန်များ အရေးနှင့်ပတ်သက်၍ ကိုယ်တိုင်ဝင်ရောက် မတိုက်ပေးသော်လည်း သူပုန်များကို အတိုင်အတာတခုအထိ အားပေးအားမြှောက် မပြုလုပ်တော့ပါ။ ဤသို့ဖြင့် အိန္ဒိယအစိုးရအပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မလျှော့မတင်းမူဝါဒကို ကျင့်သုံးပြီး နိုင်ငံတကာဆက်ဆံရေးအတွက် ထောက်ခံမဲတမဲ အိတ်ကပ်ထဲသို့ ထည့်ထားနိုင်ခဲ့သည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလက ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေးအဖွဲ့ကို ဖမ်းဆီးပြီး ရက်ပိုင်းအတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။ အဆိုပါခရီးစဉ်တွင် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရအကြား သမားရိုးကျ မဟုတ်သော လုံခြုံရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ ထမံသီ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း သဘောတူညီချက်၊ ၂၀၀၄-၂၀၀၆ ခုနှစ်အတွက် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်သဘောတူညီချက်၊ စုစုပေါင်း သဘောတူညီချက် ၃ ခု လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက် ၃ ခုအနက် အိန္ဒိယဘက်က နယ်စပ်လုံခြုံရေးနှင့် ပတ်သက်၍ ဦးစားပေးဆောင်ရွက်စေချင်သကဲ့သို့၊ မြန်မာဘက်ကလည်း ထမံသီ ရေအားလျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်းကို အမြန် အကောင်ထည်ဖော်စေချင်ခဲ့သည်။

၂၀၀၆ ခုနှစ် မတ်လတွင် အိန္ဒိယသမ္မတ ဒေါက်တာ အဗ္ဗဒူ ကလမ် (Dr. Abdul Kalam) နှင့်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်စဉ် အချိန်တွင်လည်း အိန္ဒိယအစိုးရက နယ်စပ်ရှိ နာဂ၊ ကသည်း သူပုန်များထံ လက်နက်ခဲယမ်းများ ရောက်ရှိနေမှု တပ်မတော်ချင်းပူးပေါင်း၍ နှိမ်နင်းလိုကြောင်း၊ ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် စစ်တွေမြို့တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်း အမြန်အကောင် ထည်ဖော်လိုကြောင်း၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးအတွက် အိန္ဒိယ-မြန်မာ-ထိုင်း လမ်းမကြီးကို အမြန်အကောင်ထည်ဖော်လိုကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နည်းပညာနှင့် ပတ်သက်၍ ကွန်ပြူတာနည်းပညာများ အကူအညီပေးသွားရန်၊ မြန်မာနိုင်ငံရှိ သိပ္ပံဓာတ်ခွဲခန်းများ အဆင့်မြင့်စေရေး အကူညီပေးသွားရန်၊ e-Government စီမံကိန်းများအတွက် မြန်မာအရာရှိများအား သင်တန်းများ ပို့ချပေးသွားရန်နှင့် မကြာမီကာလတွင် မြန်မာနိုင်ငံ၌ Entrepreneurship Development Center တည်ဆောက်ပေးသွားရန် အိန္ဒိယ သမ္မတက ဆိုသည်။

နိုင်ငံတကာရေးရာနှင့် ပတ်သက်၍ အိန္ဒိယ သမ္မတက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အိန္ဒိယနိုင်ငံက အမြဲတမ်းအဖွဲ့ဝင်အဖြစ် ၀င်ခွင့်ရရှိရန် အဆိုပြုထားချက်အပေါ် မြန်မာနိုင်ငံမှ ထောက်ခံမှုပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ အိန္ဒိယနိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ ညီလာခံအစည်းအဝေးများ၊ ILO အစည်းအဝေးများ၊ Human Right Council အစည်းအဝေးများတွင် ထောက်ခံမှု ပေးသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

မြန်မာစစ်အစိုးရက ပြန်လည် ဆွေးနွေးရာတွင် နယ်စပ်ရှိ နာဂ၊ ကသည်း သူပုန်များထံ ရောက်ရှိနေသော လက်နက်ခဲယမ်းများသည် ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ဖြစ်ကြောင်း၊ အိန္ဒိယ-မြန်မာ-ထိုင်း လမ်းမကြီးအတွက် မြန်မာနိုင်ငံအတွင်း တံတားကြီး ၅ စင်းတည်ဆောက်ရန် အိန္ဒိယအစိုးရမှ အမေရိကန်ဒေါ်လာသန်း ၂၅၀ ကို ချေးငွေအဖြစ် ထုတ်ပေးစေလိုကြောင်း၊ ကွန်ပြူတာနည်းပညာများ အကူအညီပေးရေးနှင့် ပတ်သက်၍ မေမြို့တွင် ICT Park တည်ဆောက်ရန် အိန္ဒိယအစိုးရမှ ငွေကြေးနှင့် နည်းပညာ အကူညီ တောင်းလိုကြောင်း၊ သံ၊ ကြေးနီ၊ နီကယ် သတ္တုရိုင်းများ တန်ချိန် သန်းပေါင်းများစွာ မြန်မာနိုင်ငံ အထက်ပိုင်းတွင် ထုတ်လုပ်ရန် လျှပ်စစ်ဓာတ်အားလိုကြောင်း၊ ထို့ကြောင့် ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယနိုင်ငံသို့ လည်ပတ်စဉ် သဘောတူ လက်မှတ်ရေးထိုးခဲ့သော ထမံသီ စီမံကိန်းကို အမြန်အကောင်ထည် ဖော်လိုကြောင်း ပြောခဲ့သည်။

နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံကို ရှင်းပြပြီး အနောက်နိုင်ငံများကို အနှောက်အယှက်မပေးရေး အိန္ဒိယနိုင်ငံအနေဖြင့် တိုက်တွန်းပြောကြားပေးစေလိုကြောင်း၊ နိုင်ငံတကာတွင် မြန်မာစစ်အစိုးရဘက်မှ ထောက်ခံ ရပ်တည်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း မြန်မာစစ်အစိုးရက ပြောဆိုခဲ့သည်။

၂၀၁၀ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိန္ဒိယနိုင်ငံသို့ ဒုတိယအကြိမ် လည်ပတ်သည့် ခရီးစဉ်တွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် အစိုးရသစ်ကို အိန္ဒိယနိုင်ငံမှ ထောက်ခံပေးရေး၊ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုခံရရေးတို့ကို ကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ခြင်းနှင့် ယခင်အတိုင်း နောင်အစိုးရလက်ထက်တွင်လည်း ချစ်ကြည်ရေးကို ထိန်းသိမ်းသွားရန်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။ သို့သော် ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ မိသားစု ဘုရားဖူး လည်ပတ်ခြင်းသာ ဖြစ်သည်။

နှစ်ပေါင်း ၂၀ နီးပါး မြန်မာ-အိန္ဒိယ ဆက်ဆံရေးကို လေ့လာကြည့်လျှင် အပေါ်ယံ အဆင်ပြေသယောင် ထင်ရသော်လည်း အမှန်တကယ်၌ နောက်ကွယ်တွင် မရိုးသားမှု အများအပြားရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာ-အိန္ဒိယ ခေါင်းဆောင်ချင်း သဘောတူညီချက်များစွာ လက်မှတ်ထိုးခဲ့ကြသော်လည်း ယနေ့အချိန်အထိ ပီပီပြင်ပြင်  အကောင်အထည်ပေါ်လာသော စီမံကိန်းများ မတွေ့ရသေးပါ။ အဆင်ပြေလိုက်၊ မပြေလိုက်နှင့် ဆွေးနွေးနေသည့်အဆင့်သာ ရှိနေသည်။ အိန္ဒိယကလည်း မပြတ်မသား လုပ်နေသကဲ့လို မြန်မာအစိုးရကလည်း လိမ်လိုက်ညာလိုက် လှည့်ဖျားနေသည်ကို တွေ့ရသည်။

နှစ်ပေါင်း ၂၀ နီးပါး မြန်မာ-အိန္ဒိယ ဆက်ဆံရေးတွင် မြန်မာအစိုးရ မရှုံးဟု ယူဆနိုင်သည်။ ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယနိုင်ငံကို အာဏာရှင်စနစ်ကျင့်သုံးသည့် စစ်အစိုးရက အရင်းအနှီး သိပ်မစိုက်ရဘဲ အိတ်ကပ်အတွင်းထည့်ထားပြီး အနောက်နိုင်ငံများနှင့် နိုင်ငံတကာ ညီလာခံများကို နိုင်ငံရေးကစားခွင့်ရခဲ့သည်။ မြန်မာအစိုးရအနေဖြင့် တရုတ်နိုင်ငံ၏ ထောက်ခံမှု ရရှိရန်အတွက်မူ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အရင်းအနှီးများစွာ ပေးပြီးမှ ရသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာစစ်ခေါင်းဆောင်များသည် အိန္ဒိယကို အဆိပ်မရှိသော ရေမြွေကဲ့သို့ သဘောထားသော်လည်း တရုတ်ကိုမူ အဆိပ်ပြင်းသော မြွေပွေးကဲ့သို့ သဘောထားပြီး ဆက်ဆံကြသည်။

မြန်မာနှင့် အိန္ဒိယသည် အင်္ဂလိပ်၏ ကိုလိုနီကျွန်အဖြစ် နှစ်ပေါင်းရာချီ၍ နေခဲ့ကြရပြီး လွတ်လပ်ရေး တိုက်ပွဲဝင်စဉ် အချိန်ကာလတွင်လည်း အိန္ဒိယ ခေါင်းဆောင်ကြီးများဖြစ်သည့် မဟတ္တမ ဂန္ဒီ၊ ဂျဝါဟလာ နေရူးတို့သည် မြန်မာ ခေါင်းဆောင်ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုတို့နှင့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ခဲ့ကြသည့်အပြင် ပုဂ္ဂိလ်ရေးအားဖြင့်လည်း ရင်းနှီးခဲ့ကြသူများဖြစ်သည်။ လွတ်လပ်ရေး၊ ဒီမိုကရေစီအရေးတို့အတွက် အသက်ပေး၍ တိုက်ပွဲဝင်ခဲ့ကြသူများလည်းဖြစ်သည်။ ထို့ကြောင့် သမိုင်းကြောင်းအရ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သော မြန်မာ-အိန္ဒိယ ဆက်ဆံရေးကို ထောက်ရှု၍လည်းကောင်း၊ အိန္ဒိယအပေါ် စိတ်ရင်းစေတနာမမှန် လိမ်လည် လှည့်ဖျားနေသော စစ်အာဏာရှင်တို့၏လုပ်ရပ်ကို ထောက်ရှု၍လည်းကောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်အာဏာရှင်အစိုးရအား ထောက်ခံနေမှုအပေါ် ပြန်လည်စဉ်းစား သုံးသပ်သင့်ပါသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)
http://www.irrawaddy.org/bur/index.php/articles/2-articles/6675-2011-06-23-10-02-02