Friday, June 24, 2011

Spy camera from burmese embassy


Spy camera from burmese embassy when demostration organized by Kachin National organization 24.06.11,Photo of ko july


နုညံ့သိမ်မွေ့တဲ့ ဒေါက်တာနေ၀င်းမှာ ရဲရင့်တဲ့ ခွန်အား သတ္တိတွေရှိတယ်။




နုညံ့သိမ်မွေ့တဲ့ ဒေါက်တာနေ၀င်းမှာ ရဲရင့်တဲ့ ခွန်အား သတ္တိတွေရှိတယ်။ - (အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်:ပြည် )

 

 

 

by Sophia Sofia Chan on Friday, June 24, 2011 at 9:55am
နုညံ့သိမ်မွေ့တဲ့ ဒေါက်တာနေ၀င်းမှာ ရဲရင့်တဲ့ ခွန်အား သတ္တိတွေရှိတယ်။ ဒီသတ္တိမျိုးနဲ့ စစ်အာဏာရှင်ကို ရင်ဆိုင်နိုင်ခဲ့တာပါ။ ဒီသတ္တိမျိုးကို သူ့ရဲ့ တဦးတည်းသော သမီးလေးကိုလည်း လက်ဆင့်ကမ်းနိုင်ခဲ့တယ်။

ဒေါက်တာနေ၀င်း

လေးစားရတဲ့သောတရှင်များရှင်

ကျမတို့ မြန်မာပြည်နာဂစ်လေမုန်တိုင်းဒဏ်ခံရပြီး မရှေးမနှောင်းမှာ တရုတ်ပြည် ငလျင်လှူပ်ပါတယ်။ ချက်ချင်းဆိုသလို နာရီပိုင်းအတွင်း တရုတ်သမတဟူကျင်းတောင် ငလျှင်လှူပ်ရာကို ရောက်ရှိသွားပါတယ်။ ပြိုကျပျက်စီးနေတဲ့ အပျက်အစီးပုံကြားထဲက ကလေးတွေကို သူကိုယ်တိုင်ဝိုင်းပြီး ဆွဲထုတ်တယ်။ ဒုက္ခသည်တွေကို အားပေးတယ်။ ဖက်လှဲတကင်း နွေးနွေးထွေးထွေးဆက်ဆံတယ်။ ဒုက္ခသည်တွေက သူတို့သမ္မတကိုမြင် တော့ အားကိုးတကြီး ဖက်ငိုကြတယ်။ သူ့ရဲ့တိုင်းသူပြည်သားတွေရဲ့ ဒုက္ခကိုမြင်တော့ သမ္မတကိုယ်တိုင်လည်း မျက်ရည်ကျတာပေါ့။ သူ့ပြည်သူတွေရဲ့ဒုက္ခကို ကူညီနိုင်ဖို့ နိုင်ငံတကာ အကူအညီတွေကိုလည်းလက်ခံကြိုဆိုတယ်။ ဒီလိုအာရှရဲ့အနိဌရုံတွေမဖြစ်ခင် အမေရိကန်မှာ ကတ်ထရီနာ မုန်တိုင်းတိုက်ခိုက်တော့ အမေရိကန် သမတဘုရှ်လည်း အဲ့ဒီဒေသကို ချက်ချင်းသွားပြီး ဒုက္ခသည်တွေအတွက်ကူညီတယ်။ စောင့်ရှောက်တယ်။ ဒီလိုအစိုးရက ပြည်သူတွေရဲ့ အုပ်ချုပ်သူအစိုးရဖြစ်ရတာ ထိုက်တန်လိုက်တာလို့ သတင်းကြားရသူ၊ သတင်းမှာ မြင်ရသူတွေက မှတ်ချက်ပေးကြတယ်။ ကောင်းချီးပေးကြတယ်။

နာဂစ်လေမုန်တိုင်းဒဏ်ခံရတဲ့ မြစ်ဝကျွန်းပေါ်ဒေသကို ဗိုလ်ချုပ်သန်းရွှေ ရောက်ရှိတဲ့အချိန်က မုန်တိုင်းငြိမ်သက်ပြီး လချီကြာမှ ရောက်ရှိခဲ့တာပါ။ သူလာတဲ့အချိန်မှာ သူတို့သွားဖို့လမ်းကို ဒုက္ခရောက်နေတဲ့ကြားက ဒုက္ခသည်တွေ လုပ်အားပေးလမ်းခင်းရတယ်။ ဒုက္ခသည်တွေက ရွှံ့နွံထဲမှာ တန်းစီပြီးလက်အုပ်ချီကြိုနေရတယ်။ ဒီသတင်း ရုပ်မြင်သံကြားမှာပါတော့ ဒုက္ခသည်တွေစီကို သန်းရွှေ အဖူးအမျှော်ခံထွက်တာလို့ ပြည်သူတွေက နာနာကြည်းကြည်းပြောကြတယ်။ ကျမတို့ မြန်မာပြည် နာဂစ်မုန်တိုင်းမှာ သေကြေကြတဲ့သူတွေရဲ့ သိန်းချီနေတဲ့အလောင်းတွေ အပျက်အစီးပုံတွေကြားမှာ မြင်မကောင်းပါဘူး။ အဲဒီအလောင်းတွေကို အစိုးရကတာဝန်ယူပြီး ဘယ်လိုမြှုပ်နှံမယ်။ ဘယ်လိုသဂြိုလ်မယ်ဆိုတာ တိုင်းသူပြည်သားအားလုံး စောင့်ကြည့်မျှော်လင့်နေရတဲ့အချိန်ပါ။ သေသူတွေရဲ့ အပိုင်းအစသာရှိတဲ့ ခန္ဒာကိုယ်တွေကလည်း နေရာအနှံ့၊ နာဂစ်ကြောင့် မသေပဲကျန်သူ ဒေသခံတွေရဲ့ ကျန်းမာရေးကို ပိုပြီးစိုးရိမ်ကြရပါတယ်။ သောက်ရေကန်၊ သုံးရေကန်များထဲက အလောင်းတွေ၊ ငါးကန်ပုဇွန်ကန်ထဲက အလောင်းတွေ၊ ငါးကန်ပုဇွန်ကန်ထဲက အလောင်းတွေ၊ ဆားကွင်းလယ်ကွင်းတွေထဲက အလောင်းတွေကို ဘယ်ပုံ၊ ဘယ်နည်း ဖယ်ရှားသဂြိုလ်မယ်ဆိုတာကို တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရတာဝန်ရှိသူတွေ စဉ်းစားပုံကိုကြည့်ပါအုံး။ သစ်တောဝန်ကြီး ဦးသိန်အောင် လာတဲ့ခရီး စဉ်မှာ ကိုတေဇက မေးတယ်တဲ့။

အန်ကယ် ဒီအလောင်းတွေ ဘယ်လိုလုပ်မလဲဆိုတော့ ၀န်ကြီး ဦးသိန်းအောင်က ဖြေပါတယ်။ မပူနဲ့ အသားတွေ ငါးပူတင်းတွေ တွတ်ပြီး အရိုးတွေ မြစ်ထဲကျကုန်မယ်တဲ့။ အဲဒီစကား မီဒီယာမှာ ပါလာတော့ ပြည်သူပြည်သားတွေ အုန်းအုန်းကျွက်ကျွက်နဲ့ သစ်တောဝန်းကြီးကို မေတ္တာပို့ကြတာပေါ့။

လူသားအချင်းချင်းရဲ့ ဒုက္ခကိုမြင်ရင် ကြင်နာသနားတတ်တဲ့ လူသားစိတ်ရှိသူများက နာဂစ်လေမုန်တိုင်းဒဏ်ခံရတဲ့သူတွေ အသက်ဆုံးရှူံးပြီး တစစီဖြစ်နေတဲ့ရုပ်ပုံတွေကို မြင်ရတော့ ရင်ထဲမချိအောင်နာကြတယ်။ မသေခင် ဘယ်လောက်များ ခံစားလိုက်ရမလဲ။ ချက်ချင်းမသေပဲ ဝေဒနာ ခံစားပြီးမှ သေရင်လည်း ဘယ်လောက်နာကြင်လိုက်မလဲလို့ တွေးပြီး သနားကြတယ်။ လေမုန်တိုင်းဖြစ်ချိန် နေ့လည် ၃ နာရီမတိုင်ခင်မှာ မိသားစုနဲ့ အတူတကွ နေထိုင်စားသောက်နေကြသူတွေ ရုတ်တရက် မဖြစ်ဆိုးနဲ့ ကြုံလိုက်ရတဲ့အတွက် သေခြင်းတရားကို လက်မခံပဲ ဗုဒ္ဓဘာသာ အယူနဲ့ မကျွတ်မလွတ်ရင်ဆိုတဲ့ အတွေးတွေနဲ့ သချိုင်းမြေနေရာဝယ်ပြီး မြေမြှူပ်သဂြိုလ်ပြီး သရဏဂုံတင်ပေးမယ့် ပုဂ္ဂလိက အလှူရှင်တွေ ပေါ်လာပါတယ်။

နာရေးကူညီမှူအသင်းလို အဖွဲ့အစည်းတွေ၊ ကိုအောင်ကျော်ဆန်း၊ ဒေါက်တာနေ၀င်း ဦးဆောင်တဲ့ ပုဂ္ဂလိက အဖွဲ့တွေ ပေါ်လာပြီး အလောင်းကောက် မြေမြှုပ်သဂြိုလ်၊ သရဏဂုံတင်ကြတယ်။ ဒီအခါမှာ ကြားရသူအပေါင်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ကြတာပေါ့။ ဒေါက်တာနေ၀င်းက သူအလောင်းကောက်တာတွေကို ကယ်ဆယ်ရေး သွားရင်းနဲ့ ရှင်းပြဖူးပါတယ်။ ပုပ်ပွနေတဲ့ အလောင်းတွေ၊ လက်၊ ခြေ၊ ခန္ဓာ ကိုယ်၊ ဦးခေါင်း တစစီဖြစ်နေတဲ့အလောင်းတွေကို စင်္ကာပူရောက် မြန်မာတွေပေးတဲ့၊ အခြားအလှူရှင်တွေ ပေးတဲ့ အိတ်တွေထဲ ထည့်ကြပါတယ်။ အလောင်းသယ်တဲ့အခါ ၀တ်ဖို့ တစ်ခါသုံးအကျီင်္၊ နှာခေါင်းစည်း၊ လက်အိတ်၊ ဖိနပ်တွေနဲ့ အလောင်းကောက်ရတာပါ။ တစ်အိတ်ကို တစ်လောင်းပဲ ထည့်ရတဲ့အိတ်ထဲ ငါးလောင်းခြောက်လောင်းထည့်ရတယ်။ တချို့ဆို ခေါင်းကြီးပဲ။ တချို့ဆို လက်ကြီးပဲ။ ကျန်တဲ့ ခန္ဓာကိုယ်တွေ မရှိတော့ဘူး။ ကလေးအလောင်းတွေက အရိုးကျနေပြီ။ အလောင်းတချို့က ဆားငန်ရေတွေကြောင့် အကောင်းအတိုင်းကြီးပဲ ရှိသေးတယ်။ ညှီစို့စို့အနံ့တွေက ထမင်းတောင်မစားနိုင်ဘူး။ ဒါပေမယ့် အသက်မသေပဲ ကျန်တဲ့ဒုက္ခသည်တွေရဲ့ ရပ်တည်ရေးကလည်း အရေးကြီးတယ်။ ဒါကြောင့် နာရေးကူညီမှူ အသင်းက ရေပုတ်စုတ်တဲ့ စက်တွေလှူတယ်။ ဒီဇယ်လှူတယ်။ သောက်သုံးရေအတွက် ဆားငန်ရေ၀င်နေတဲ့ ရေကန်တွေကို ရေစုတ်စက်နဲ့ စုတ်ထုတ်တယ်။

သောက်သုံးရေကန်ထဲကအလောင်းတွေကို အရင်ရှင်းပစ်ရတာပါ။ ဗိုလ်ကလေးမှာ မြေ၀ယ်ပြီး သဂြိုလ်ပေးတယ်။ ကွမ်းခြံကုန်းမှာ မြေ၀ယ်ပြီး သဂြိုလ်ပေးတယ်။ မြေနှစ်ဧက ၀ယ်ပြီ အလောင်းတွေကို မြေမြှုပ်ရတယ်။ ရွာကလူတွေလည်း ၀ိုင်းလုပ်ပေးတယ်။ ရွာဆိုတာလည်း ယာယီတဲလေးတွေနဲ့ နေရသူတွေပါ။ ဘုန်းကြီးတွေပါ ကျနော်တို့ခေါ်သွားတယ်။ အလောင်းတွေ လိုက်ဆယ်ပြီး မြန်မာ့ဓလေ့အတိုင်း သရဏဂုံတင် မြေမြှုပ်ပေးတယ်။ နာဂစ်ဖြစ်ပြီး နှစ်လကြာတဲ့အထိ အလောင်းတွေရှိသေးတယ်။ ဓနိတော၊ ခရာတောတွေထဲမှာ ညပ်နေတဲ့အလောင်းတွေကျတော့ ထုတ်မရပြုမရဖြစ်နေရင် ကားတာရာတွေ ရေနံတွေနဲ့ မီးရှို့ပစ်ရတယ်။ အလောင်းတွေက ရွာတွေရဲ့ အနိမ့်ပိုင်းတွေမှာ များတယ်။ ဆားကွင်း၊ ငါးကန်၊ ပုဇွန်ကန်တွေမှာ အလုပ်လုပ်နေတဲ့အချိန်လို့ပြောကြပါတယ်။ အလောင်းတွေကို ဘယ်သူဘယ်ဝါတော့ မမှတ်မိကြတော့ဘူး။ ကျနော်တို့ အလောင်းကောက်ပြီး သရဏဂုံတင်ပေးရင်တော့ စုပေါင်းတရားနာ အမျှဝေကြတယ်။ တရားနာရင်း ကြိတ်ပြီး ငိုရှိုက်ကြတယ်။ လောကဓံတရားတင်းခံကြတယ်။

မြစ်ဝကျွန်းပေါ်ရဲ့ အမှတ်အသား ဗေဒါပင်ကို မြစ်ထဲမှာ ခင်ဗျားမြင်ခဲ့မှာပေါ့။ ဆရာ ဇေဂျီက အဲဒီဗေဒါပင်ကို လူ့ဘ၀ဒုက္ခကို တွန်းလှန်နိုင်၊ တိုက်ခိုက်နိုင်တဲ့လူတွေနဲ့ တင်စားထားတာပါ။ နာဂစ်ဒဏ်ကို ခံစားပြီး အသက်မသေပဲ ကျန်တဲ့သူတွေ၊ အလှူရှင်တွေက ဗေဒါပန်းတွေလိုပါပဲ။

သောတရှင်များရှင်

နာဂစ်အလှူရှင်တွေရဲ့ စေတနာကြောင့် နာဂစ်ဒုက္ခသည်တွေရဲ့ဘ၀ ရှင်သန်ရမယ်လို့ ဒေါက်တာနေ၀င်းတို့ စေတနာရှင်တွေ ပိုင်းဖြတ်ထားပါတယ်။ ဒါပေမယ့် ဒေါက်တာနေ၀င်းတို့ မျှော်လင့်သလို ဖြစ်မလာပါဘူး။ နာဂစ်လေမုန်တိုင်းကြောင့် သေဆုံးသူတွေရဲ့အလောင်းတွေက မြေမြှုပ်သဂြိုလို့မပြီးသေးခင်မှာပဲ ဒေါက်တာနေ၀င်းတို့ကို အာဏာပိုင်တွေက ဖမ်းလိုက်ပါတယ်။ ဒေါက်တာနေ၀င်း နဲ့အတူ သူ့သမီးလေးပါ အဖမ်းခံလိုက်ရပါတယ်။ ၁၉၈၉ မှာ ပထမအကြိမ်ထောင်ကျတော့ လသားအရွယ်သမီးငယ်လေးကို ထားခဲ့ပြီး ၁၅ နှစ်ဆိုတဲ့ ပြစ်ဒဏ်နဲ့ ထောင်ထဲဝင်ခဲ့ရပါတယ်။ သူထောင်ကလွတ်လာတော့ သူ့သမီးလေး စက်မှူကျောင်းသူ ဖြစ်နေပါပြီ။ ဒီတစ်ကြိမ်ထောင်ပြန်ကျတဲ့အချိန်မှာ သမီးလေးက သူနဲ့ အတူ အမှူတွဲဖြစ်နေပြန်ပါတယ်။

ဒေါက်တာနေ၀င်းက စကားကို လေသံတိုးတိုးနဲ့ ပြောတတ်တယ်။ မတူတဲ့အယူအဆရှိတယ်ဆိုရင်တောင် ပြုံးပြုံးလေးနဲ့ နားထောင်ပေးတတ်သူပါ။ သူ့ဘ၀မှာ စကားမာမာ၊ လေသံမာမာ နဲ့ ရန်သူကိုတောင် ပြောခဲ့မယ် မထင်ပါဘူး။ ယုံကြည်ချက်နဲ့ ပတ်သက်ရင် နောက်မဆုတ်တဲ့သူပါ။ သူ့ပင်ကိုစိတ်ရင်းက ပရကို အခြေခံတယ်။ သူတွေးသမျှ၊ စဉ်းစားသမျှ၊ သူပြောသမျှစကားလုံးတွေဟာ ၊ မပါတတ်တဲ့သူပါ။ သူ့ကိုဆုံးဖူးတဲ့ ရဲဘော်တွေတင်ကမပါဘူး သူ့ကို မမြင်ဘူးတဲ့ သူတွေစီမှာတောင် သူ့အကြောင်းကလေညှင်းလို သင်းပျံ့နေပါတယ်။ ဒေါက်တာနေ၀င်း က အင်းစိန်ထောင်၊ မန္တလေးထောင်၊ မြစ်ကြီးနားထောင်တွေမှာ နေခဲ့ပါတယ်။ ထောင်တွင်းအတူနေ ရဲဘော်များက ဒေါက်တာနေ၀င်းကို ထောင်ဝင်စာအလာနည်းတဲ့အတွက် စားစရာရလာရင် ၀ိုင်းပေးကြပါတယ်။ ဒါပေမယ့် သူမစားဘူး။ ထောင်ဝင်စာမလာတဲ့ ရိုးရိုးအကျဉ်းသားတွေကို ပြန်ပေးတယ်။ မြစ်ကြီးနားထောင်မှာ ဒေါက်တာနေ၀င်း တီဘီဖြစ်တော့ ဘ၀တူနိုင်ငံရေးရဲဘော်တွေ သူ့ကို အားရှိအောင် ထောင်ဝင်စာလာတိုင်း စားစရာကောင်းကောင်းလေးပါရင် ပေးကြတယ်။ သူနည်းနည်းပဲစားပြီး အစာရေစာမ၀လင်တဲ့ ရိုးရိုးအကျဉ်းသားတွေကို ပြန်ပေးကြတယ်။ သူနည်းနည်းပဲစားပြီး အစာရေစာမ၀လင်တဲ့ ရိုးရိုးအကျဉ်းသားတွေကို ကျွေးလိုက်ပါတယ်။

တခါတော့ ဦးဘမင်းဇနီး မြစ်ကြီးနားအကျဉ်းထောင်ကို ထောင်ဝင်စာသွားတဲ့အခါ အဘွားဒေါ်ကြည်ကြည်က ဒေါက်တာနေ၀င်းအတွက် ငွေနှစ်ထောင်ပေးလိုက်ပါတယ်။ ဦးဘမင်း ထောင်ကလွတ်တော့ ပြန်ပြောပြပါတယ်။ ဒေါက်တာနေ၀င်းက အဘွားကြည်ပေးလိုက်တဲ့ငွေနဲ့ အမှတ်တရဖြစ်အောင် ကော်ဇလုံကြီးတစ်လုံးဝယ်လိုက်တယ်တဲ့။ အဲဒီဇလုံကြီးထဲမှာ ပုံစံထမင်းကိုထည့်ပြီး ရိုးရိုးအကျဉ်းသား ပုံစံထမင်းအပြည့်မရတဲ့သူတွေကို ဝေပါတယ်။ သူ့ရဲဘော်တစ်ယောက် ဖိနပ်မရှိတဲ့သူ့ကို မြင်းကြယ်ဖိနပ်အသစ်ဝယ်ပေးတယ်။ တစ်ရက်ပဲ သူ့ခြေထောက်မှာ တွေ့လိုက်တယ်။ ရဲဘက်ထုတ်မယ့် ရိုးရိုးအကျဉ်းသားကို သူပေးပစ်လိုက်တယ်။ ကျန်တဲ့ရဲဘော်တွေက ဂရုဏာနဲ့ သူ့ကိုအပစ်ပြောလည်း သူ ပြုံးပြုံးလေးနဲ့ ငြိမ်ခံတယ်။

ဒေါက်တာနေ၀င်းသမီး မသန္တာက လသားအရွယ် သမီးငယ်လေးနဲ့ ကျန်ခဲ့ရပြီး မိအိုဖအို ကို လုပ်ကျွေးရသူပါ။ ဈေးရောင်းရင်း ဘ၀ကို ရပ်တည်ရပါတယ်။ အရွယ်နဲ့ ဂုဏ်သိက္ခာကို အထိအပါးမခံပဲ ဒေါက်တာနေ၀င်းကို ပါရမီဖြည့်ပေးသူပါ။ သမီးငယ်လေးကျောင်းပိတ်ရက်မှာ သမီးကိုလက်ဆွဲပြီး ထောင်ဝင်စာတွေ့ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ မိခင်တွေ၊ ဇနီးသည်တွေက သူ့တို့ရဲ့သောကတွေ ဒုက္ခတွေကို အားမာန်အဖြစ်နဲ့ပြောင်းပြီး ထောင်ဝင်စာတွေ့နိုင်အောင် ကျိုးစားကြတယ်။ ထောင်ဝင်စာမှာ သံတိုင်တွေနောက်က နိုင်ငံရေးအကျဉ်းသားတွေကို အပြုံးအတုတွေ၊ စကားလုံးအတုတွေ နဲ့ဖြေသိမ့်ပေးကြတယ်။ ကိုယ်ဘယ်လောက်ဆင်းရဲပင်ပန်းပါစေ အပြင်ကသူတွေအတွက်မပူနဲ့၊ အထဲမှာ ကျန်းမာအောင်နေ၊ အပြင်မှာ အဆင်ပြေတယ်သိလား ဆိုပြီး အထဲကသူ စိတ်ချမ်းသာအောင် ပြောတတ်ကြပါတယ်။ ဒီလိုထဲမှာ ဒေါက်တာနေ၀င်းဇနီး မသန္တာလည်း ပါပါတယ်။ မသန္တာက သမီးလေးကို ဖခင်နဲ့ စိမ်းမသွားအောင် ဖခင်ကို တန်ဖိုးထားတတ်အောင် ဖခင်ကို ချစ်ခင်လေးစားအောင် စွမ်းဆောင်ပေးပါတယ်။ ဒါကြောင့်လည်း ဒေါက်တာနေ၀င်းထောင်က လွတ်တော့ ၁၅ နှစ်အတွင်းမှာ တနှစ်တခါပဲတွေ့ခွင့်ရတဲ့ သားအဖ ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် ရှိတာကို အားလုံးက ၀မ်းသာဂုဏ်ယူကြရတယ်။ သမီးလေးက သူတို့ဇနီးမောင်နှံရဲ့ တစ်ဦးတည်းသောသမီး၊ ဒီသမီးလေးကို အများကြီးမျှော်လင့်အားထားကြတာပေါ့။ ဒါပေမယ့် သူတို့ဇနီးမောင်နှံက သူတို့သမီးလေးကို အတ္တနဲ့ ပရကို ခွဲခွဲခြားခြားသိမြင်နိုင်အောင် လမ်းပြပေးခဲ့ပါတယ်။ နာဂစ်မုန်တိုင်းဒုက္ခသည်တွေရဲ့ အခက်အခဲကို ၀ိုင်းဝန်းဖြေရှင်းပေးတဲ့ ဒေါက်တာနေ၀င်းတို့ သားအဖနဲ့အတူ သူတို့အဖွဲ့အားလုံးကို ထောင် ၇ နှစ်စီချမှတ်လိုက်ပါတယ်။ ဒီတခါတော့ ခင်ပွန်းသည်ကိုတင်မဟုတ်ပဲ သမီးကိုပါ တစ်လှည့်စီ ထောင်ဝင်စာတွေ့နေရတဲ့ မသန္တာတစ်ယောက် ဘယ်လောက်များခက်ခဲပင်ပမ်းလိုက်မလဲ။ ဇနီးသည်ဘ၀၊ မိခင်ဘ၀နဲ့ ထောင်ဝင်စာတွေ့နေရတဲ့ မသန္တာ ဘ၀မှာ ငြိမ်သက်ခြင်းမရှိ။ လှူပ်ရှားရုန်းကန်ပင်ပန်းမှူတွေနဲ့ ရင်ဆိုင်လို့ မပြီးနိုင်သေးပါဘူး။ သမီးနဲ့ ခင်ပွန်းကို တလှည့်စီလွမ်းနေရတဲ့၊ တစ်လှည့်စီ ပူပင်နေရတဲ့ မသန္တာရဲ့ လောကဓံ မုန်တိုင်းမျိုးကတော့ စစ်အာဏာရှင် ရှိနေသ၍ မြန်မာပြည်မှာ တိုင်နေဦးမှာပါ။

သောတရှင်များရှင်
နာဂစ်သဘာဝဘေးအန္တရယ်ကြောင့် သေဆုံးသွားသူများရဲ့ လူ့ဘ၀နောက်ဆုံးခရီးကို လူ့ဓလေ့ထုံးစံနဲ့အညီ တတ်နိုင်သမျှ ကူညီပေးခဲ့တဲ့ ဒေါက်တာနေ၀င်းတို့ သားအဖနဲ့အတူ စေတနာရှင် အလှူရှင်တွေကို နာဂစ်ဒုက္ခသည်တွေရဲ့ နှလုံးသားထဲမှာ အမြဲသတိရဂုဏ်ယူနေမယ့် စိတ်ကိုတော့ စစ်အာဏာရှင်တွေ အကျဉ်းချလို့မရခဲ့ပါဘူး

မျှဝေခံစားနိုင်ကြပါစေ -

"အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်" RFA အသံလွှင့် ဆောင်းပါးများစာအုပ်မှ ကူးယူဖြန့်ဝေသည်။

66 BIRTHDAY CAKES

ဒီနေ့ သိရသော face book သူငယ်ချင်းဆီမှ...



Mandalay bomb news

သတိ...အန္တရာယ်ရှိသည်။(သီးလေးသီး)

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (ခင်မမမျိုး)



2 attachments — Download all attachments  
duty.docduty.doc
111K   View   Download  
duty.pdfduty.pdf
85K   View   Download  

Duty

peace be upon us


peace be upon us from a myint on Vimeo.

http://vimeo.com/25548717

ABSDF သတင်းသုံးသပ်ချက် (၁/ ၂၀၁၁)




အတုအယောင် အပစ်အခတ် ရပ်စဲရေးမှ ပြည်တွင်းစစ်သို့


Commentary, from Bogus Cease Fire to Civil War on 22062011-1.pdfCommentary, from Bogus Cease Fire to Civil War on 22062011-1.pdf
105K   View   Download  
Commentary, From Bogus Cease Fire to Civil War on 22062011-1

၂၄.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
24 Jun 2011 Yeyintnge's Diary.doc24 Jun 2011 Yeyintnge's Diary.doc
523K   View   Download  
24 Jun 2011 Yeyintnge's Diary.pdf24 Jun 2011 Yeyintnge's Diary.pdf
1355K   View   Download  
http://www.mediafire.com/file/0cp46s52m5c7g5v/24%20Jun%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/t3v3171u9ar6250/24%20Jun%202011%20Yeyintnge%27s%20Diary.pdf


24 Jun 2011 Yeyintnge's Diary