Tuesday, June 28, 2011

မြို့ စားကြီးရဲ့မွေးနေ့



ဒီနေ့ဟာလွတ်ကျသွားတဲ့မြို့တော်ရဲ့ မြို့ စားကြီး..ဘလော့ဂါနေဘုန်းလတ်ရဲ့ ၃၁နှစ်ပြည့်မွေးနေ့လေးပါ။
ကရင်ပြည်နယ် ဘားအံထောင်တွင် အကျဉ်းချခံထားရသော ဘလော့ဂါ ကိုနေဘုန်းလတ်ကို အမေရိကန် အခြေစိုက် PEN American Center/IFEX ခေါ် International Freedom of Expression eXchange မှ PEN/Barbara Goldsmith Freedom to Write Award (လွတ်လပ်စွာ ဖော်ထုတ်ရေးသားခြင်းဆိုင်ရာဆု) ကို ချီးမြှင့်ခဲ့ပါသည်။ဥက္ကဌဖြစ်သူ Kwame Anthony Appiah က “ကိုနေဘုန်းလတ်ဟာ အမှန်တရားကို ခုခံကာကွယ်ပြောဆိုရဲပြီး လွတ်လပ်မှုကိုလိုလားတဲ့ လူငယ်ထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်ပါ” ဟု ပြောကြားခဲ့ပါသည်။

ပထမဆုံး ချီးမြှင့်ခံရသည့်ဆုမှာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်းက RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ ပေးအပ်ခဲ့သော ဆိုက်ဘာအတိုက်အခံဆုဖြစ်ပြီး သရုပ်ဆောင် ဇာဂနာနှင့်အတူ ပူးတွဲရရှိခဲ့ခြင်းဖြစ်သည်။

ကိုနေဘုန်းလတ်ကို ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးမှ နှစ်စဉ်ရွေးချယ်လေ့ရှိသော လွှမ်းမိုးမှုအရှိဆုံးသော လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ၂၀၁၀ ခုနှစ်အတွက် ထည့်သွင်းဖော်ပြခဲ့သည်။ရွေးချယ်ခံရသော ပုဂ္ဂိုလ်များ၏ စွမ်းဆောင်ချက်များကို အခြားသော အထင်ကရ ပုဂ္ဂိုလ်များက ရေးသားပေးခဲ့ကြရာ ကိုနေဘုန်းလတ်အတွက် ကမ္ဘာကျော် ဗြိတိန်စာရေးဆရာကြီး Salman Rushdie က ရေးသားပေးခဲ့သည်။ Salman Rushdie သည် “ဆာ” ဘွဲ့ရ စာရေးဆရာတစ်ဦးဖြစ်သလို ဗြိတိသျှဘုရင်မကြီး ချီးမြှင့်သည့် သူရဲကောင်းဆု (KBE) ကိုလည်း ၂၀၀၇ ခုနှစ်တွင် လက်ခံရရှိထားသူဖြစ်သည်။ ၎င်းက ကိုနေဘုန်းလတ်နှင့် ပတ်သက်၍ “စစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများအကြားမှ လွတ်လပ်မှုကို ရှာဖွေနေသော မျိုးဆက်ကောင်းတို့၏ စံပြ” ဖြစ်သည်ဟု ကိုနေဘုန်းလတ်ကို ချီးမြှင့်ခဲ့သော PEN/Barbara Goldsmith Freedom လူ့အခွင့်အရေးဆုကို ရည်ညွှန်းရေးသားထားသည်။

သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း၏ အယ်ဒီတာ တစ်ဦးလည်းဖြစ်သူ ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့ပြီး ထောင်တွင်း မျက်ကွယ်တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လချမှတ်ခဲ့ကာ ဘားအံထောင်သို့ ပို့ဆောင်ခဲ့သည်။ မိသားစုမှ အယူခံအဆင့်ဆင့် ဝင်ရောက်ခဲ့ရာမှ ၂၀၀၉ ခုနှစ် ဧပြီလတွင် ထောင်ဒဏ် ၁၂ နှစ်သို့ ပြောင်းလဲပေးခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုနေဘုန်းလတ်ဟာ ၂၀၀၇ ခုနှစ် သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် လူထု အုံကြွမှုမှာ တွေ့ကြုံခံစားရတဲ့ ဖြစ်ရပ်မှန်တွေကို သူ့ရဲ့ ဘလော့ဂ်ကတဆင့် ကမ္ဘာကသိအောင် ရေးသားခဲ့သူတဦး ဖြစ်ပါတယ်။

သူ့ရဲ့ အမှတ်တရစကားလေးက...

ငါ့ စိတ်ဓါတ်နှင့် အနုပညာ 

လူကိုသာ အကျဉ်းချလို့ ရမယ်၊ စိတ်ဓါတ်နဲ့ အနုပညာကို ဘယ်တော့မှ ချုပ်နှောင်လို့ မရဘူး . . . ။

နေဘုန်းလတ်

မှီငြမ်း...
http://nayphonelatt.blogspot.com/
သံလွင်အိပ်မက်မဂ္ဂဇင်း

၂၈.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
28 Jun 2011 Yeyintnge's Diary.doc28 Jun 2011 Yeyintnge's Diary.doc
612K   View   Download  
28 Jun 2011 Yeyintnge's Diary.pdf28 Jun 2011 Yeyintnge's Diary.pdf
1097K   View   Download  

http://www.mediafire.com/file/u9my5n372ck0753/28%20Jun%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/bk42pnfpslnvi1v/28%20Jun%202011%20Yeyintnge%27s%20Diary.pdf
28 Jun 2011 Yeyintnge's Diary

မဆလခေတ် အစိုးရ အကြောက်ဆုံး လူငယ်တစ်ဦး





2 attachments — Download all attachments  
Article on Salai Tin Maung Oo ii.docArticle on Salai Tin Maung Oo ii.doc
41K   View   Download  
Article on Salai Tin Maung Oo ii.pdfArticle on Salai Tin Maung Oo ii.pdf
38K   View   Download  

မဆလခေတ် အစိုးရ အကြောက်ဆုံး လူငယ်တစ်ဦး
သို့မဟုတ်
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး

မဆလခေတ် အာဏာရှင်အစိုးရ အတုန်လှုပ်ဆုံးလူငယ်တစ်ဦးကိုပြပါဆိုလျှင် ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကိုပြရမည်သာ။ အသက် ၂၅ နှစ်သာရှိသေးသော လူငယ်အား အချိန်တိုတိုအတွင်း လက်ဦးမှုယူကြိုးပေးသတ် ပစ်ခြင်းမှာ သူ၏ သတ္တိ၊ သူ့ထက်မြက်မှု၊ သူ့ဦးဆောင်နိုင်မှုများကို၊ ကြောက်ရွံ့လွန်ခြင်းကြောင့်မှ တပါးအခြားအကြောင်းမရှိ နိုင်။

ကိုတင်မောင်ဦးသည် ၁၉၇၄ ခုနှစ်- ၁၉၇၆ ခုနှစ်အတွင်းဆက်တိုက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ ကျောင်းသား အရေးအခင်းတွေ အထူးသဖြင့် နိုင်ငံတကာမျက်နှာစာမှာ အာဏာရှင် ဦးနေဝင်း အစိုးရကို အရှက်ရသွားစေတဲ့ ကုလသမဂ~အတွင်းရေးမှူးချူပ် ဟောင်း ဦးသန့်ဇာပန အရေးအခင်းကို အဓိကဦးဆောင် သူတစ်ဦးဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ (၁၉၇၄ ခုနှစ် အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နေ့) အရေးအခင်းကာလ သူ့ဦးဆောင်မှု၊ သတ္တိရှိမှုကို ကျနော် အမြဲမြင်ယောင်နေမိ ပါတယ်။ အဲဒီနေ့ဟာ မဆလ အစိုးရက ကျောင်းသားများကို သွေးတိုးစမ်းတဲ့နေ့ လည်းဖြစ်တယ်။

အလုပ်သမားအရေး အခင်းနှစ်ပတ်လည်နေ့။

၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ကို ထိုနှစ်မတိုင်မီဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ သေဆုံးကြရရှာတဲ့ အလုပ်သမားများနဲ့ ကျောင်း သားများကို လေးစားတဲ့၊ အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ ကျောင်းမတက်ကြဖို့ မတ်လ အစောပိုင်းကတည်းက ဆော်သြထား ကြပါတယ်။ အဲဒီနေ့မှကိုရွေးပြီး ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက မနက်ပိုင်းမှာ စက်မှုတက္ကသိုလ်ကျောင်းသားများ နဲ့၊ နေ့ခင်းပိုင်းမှာ သဘာဝသိပ္ပံတက္ကသိုလ်က ကျောင်းသားများနဲ့ တွေ့ဆုံဆွေးပွဲစီစဉ်လိုက်ပါတယ်။

အဲဒီနေ့က ရန်ကုန်တက္ကသိုလ်ပင်မ(RASU) နဲ့ စီးပွားရေးတက္ကသိုလ်မှာတော့ စာသင်ခန်းများမှာ စာသင်သားတွေကင်းမဲ့ကာ ဟောင်းလောင်းဖြစ်နေပါတယ်။ စာသင်ဆောင်အပြင်ဘက် ကော်ရီတာများ၊ လမ်းဘေးအုတ်ခုံများ နှင့် ကဲန်တင်း များမှာတော့ ကျောင်းသားအစုအဖွဲ့လေးတွေနဲ့ စည်ကားနေကြပါတယ်။ တချို့ကတော့ မနှစ်ကအရေးအခင်းကိစ္စကို စမြုံ့ပြန် နေကြသလို တချို့က နောက်နာရီပိုင်းအတွင်း ဖြစ်ရှိလာနိုင်ဘွယ် ရာတွေကို နားစွင့်နေကြပါတယ်။ သည်လိုနှင့် ၁၁ နာရီခွဲခန့်မှာ စက်မှုတက္ကသိုလ် ဆွေးနွေးပွဲ ပညာရေးဝန်ကြီး ပြဿနာ တက်နေကြောင်း တီးတိုးသတင်း တခုကြားရပါတယ်။ ၁၂ နာရီခန့်မှာ ကျနော် သမိုင်းအဆောင်ကို ပြန်လာတော့ ကျောင်းသားအများအပြားဟာ သမိုင်းအားကစားရုံထိပ်ဘက်ကနေ၊ သဘာဝသိပ္ပံတက္ကသိုလ်ဘက်ဆီကို သွားနေကြတာမြင်လို့ ကျနော်တို့လည်း လိုက်သွားကြပါတယ်။……. ကျောင်းသားများက ပညာရေးဝန်ကြီး လာရောက်ဆွေးနွေးမည့်စာသင်ဆောင်ခန်းမ နှင့်မဆန့်လောက် အောင်များပြားလွန်းနေပါတယ်။ အချိန် တန်သော်လည်းဝန်ကြီးကမလာ၊ ခန်းမပြင်ပ နေပူကျဲကျဲအောက်တွင်လည်း ကျောင်းသားများ ဇွဲရှိရှိဖြင့် ဝန်ကြီးအလာကို စောင့်ဆိုင်းခဲ့ကြပါတယ်။ တချိန်ထဲမှာ သမိုင်းအားကစားရုံထဲသို့ရွေ့ပေးဖို့ ကျောင်းသားတချို့က တောင်းဆိုကြပါတယ်။ ကျောင်းသားအများအပြားလာရောက်ကြခြင်းမှာ စက်မှုတက္ကသိုလ် ဆွေးနွေးပွဲတွင် ဝန်ကြီးပြဿနာတက်ခဲ့သည် ဆိုသော သ တင်းစကားကြောင့် စိတ်ဝင်စား၍လာကြခြင်းဖြစ်ပုံရပါတယ်။( ကျနော်တို့လည်း ထိုနည်းလည်းကောင်းပါ)

ဆရာ-ဆရာမများက သမိုင်းအားကစားရုံကိုရွှေ့ဖို့ခွင့်ပြုလိုက်တဲ့အခါမှာတော့၊ ကျောင်းသားအုပ်ကြီးမှာ ထိုခန်းမမှ သမိုင်း အားကစားရုံဆီသို့ချီတက်ကြပါတော့တယ်။ အမြင်ရှိတဲ့၊ အတွေ့အကြုံရှိပုံရတဲ့ ကျောင်းသားတစ်စုက အဲဒီမှာ တပ်ဆင်ထားတဲ့ အမ်လီဖာယာများ၊ စကားပြောမိုက်ခွက်များ၊ ဆောင်းဘောက်များကို၊ ဖြုတ်ပြီးသမိုင်းအား ကစားရုံ ဆီသို့ သယ်ဆောင်လာကြ ပါတယ်။ ဗျတ်တစ်ပေ၊ အရှည်လေးပေခန့်ရှိတဲ့ ဆောင်းဘောက်ကို တိုက်ပုံအနက်ဝတ်၊ အရပ်မနိမ့်မမြင့်၊ ကိုယ်လုံး ကိုယ်ထည် ရှိတဲ့ကျောင်းသားတစ်ယောက်က၊ နေပူကျဲကျဲထဲမှာတက်ကြွစွာဘဲ ကျနော့ရှေ့ကနေ ထမ်းသွားနေသည်ကို သတိပြုမိလိုက် ပါတယ်။

တက်ကြွသူများက အမ်လီဖာယာများ၊ စကားပြောခွက်များကိုသမိုင်းအားကစားရုံထဲမှာတပ်ဆင်ကြတယ်။ စပီကာ အသံထွက် သည်နှင့် လက်ခုပ်သံများလည်း ဆူဆူညံညံထွက်လာပါတော့တယ်။ တပြိုင်နက်တည်းမှာ ဝန်ကြီးရုတ်တရက်နေမကောင်း ဖြစ်လာလို့ ဒီဆွေးနွေးပွဲသို့မလာရောက်နိုင်တော့ကြောင်း ကျောင်းသားတစ်ဦးက ကျေညာပါတယ်။ တကယ်တော့ စက်မှု တက္ကသိုလ်မှာဆွေးနွေးစဉ်၊ ပြသနာတက်လို့ ဒါမျိုးကို သမိုင်းရှိ သဘာဝသိပ္ပံ တက္ကသိုလ်ကျောင်းသားများနှင့် ဆွေးနွေးလျှင် လည်း မလွဲမသွေ ကြုံရဘွယ်ရှိကြောင်း ခန့်မှန်းမိသောဝန်ကြီးက ခေါင်းကိုက်သွားပုံရ၏၊ ဒါကြောင့်အိမ် ပြန်ပြေးသွား တယ်လို့ ခန့်မှန်းကြပါတယ်။

ဝန်ကြီးမလာတော့ဘူးဆိုတဲ့သတင်းကြောင့် ကျောင်းသားများ မကြေမလည်ဖြစ်ပါတော့တယ်၊ ပွဲကြမ်းပါတော့တယ်။ ကျနော် သတိထားမိတဲ့ ဆောင်းဘောက်သယ်လာသူ (ကိုတင်မောင်ဦး) က “ဒါ ….ဝန်ကြီးက ကျောင်းသားတွေကို လိမ်တာဘဲ”။ “ဝန်ကြီးကတိမတည်ဘူး” “စက်မှုတက္ကသိုလ် မှာပြဿနာ တက်လို့… ဒီဘက်က…. ဆွေးနွေးပွဲအစီအစဉ်ဖျက်တာ အဓိပ္ပါယ် မရှိပါဘူး”….. စသည့်ဖြင့်စတင်ပါတော့သည်။ ကျောင်းသားတွေရဲ့အခက်အခဲကို လစ်လျူရှုထားတဲ့ အစိုးရကို အပြစ်တင်သံ၊ အော်ဟစ်သံများဆူညံလာပါတယ်။ “ငိုချင်လျှက်၊ လက်တို့”ဆိုတာမျိုးပါ။ ဒီလိုနဲ့ သမိုင်းအားကစားရုံ ထဲမှာကျောင်းသား လှုပ်ရှားမှု ဟောပြောပွဲစပါတော့တယ်။ ကြွရောက်လာကြတဲ့ ကျောင်းသားထုကလည်း ဟောပြောပွဲကို အင်တိုက်အားတိုက် အားပေးကြပါတယ်။ ဒီလိုနဲ့ဝန်ကြီးနဲ့ ဆွေးနွေးပွဲအစီအစဉ်မှသည် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု အရေးအခင်းဘက်သို့ လှည့်ပြောင်း သွားပါတော့တယ်။

ညနေလေးနာရီ ထိုးလောက်မှာတော့ အားကစားရုံတွင်းမှာ ပရိဿအတော်လေးနည်းသွားပါတယ်။ ရန်ကုန်မြို့တွင်းနေ (ဒေး)ကျောင်းသားအချို့လည်းပြန်သွားကြလေတယ်။ အဆောင်နေ ကျောင်းသားများကလည်း ညနေစာပြန်စားကြတယ်။ ကျနော်တို့က ညနေစာစားပြီးနောက် သမိုင်း အားကစားရုံဆီသို့ ပြန်လာကြတယ်။ ညနေ ၆ နာရီထိုး လောက်ရှိမယ်ထင်ပါ တယ်။

မြင်ကွင်းက လွန်ခဲ့တဲ့ တနာရီခွဲလောက်ကနဲ့ မတူပါ။ မိုက်ခွက်နဲ့ ဆောင်းဘောက်များကို အားကစားရုံရှေ့ စိမ်းလန်းနေတဲ့ မြက်ခင်းပြင်ပေါ်မှာဆင်ထားတာကိုတွေ့ရတယ်။ လူကလဲ ကျိုးတိုကျဲတဲနဲ့ပါ။ ကျနော်တို့အပါအဝင် လူနှစ်ဆယ်သာသာ ခန့်သာရှိတယ်။ ခေါင်းဆောင်လုပ်သူ လေး၊ ငါးယောက်ခန့်က တယောက်တလှည့် ဇွဲကောင်းကောင်းနဲ့ ဟောပြောကြနေပါ တယ်။ ထိုအထဲမှ တစ်ယောက်မှာ နေ့ခင်းက ဆောင်းဘောက်သယ်လာသူ ဖြစ်ကြောင်း ကျနော်မှတ်မိနေပါတယ်။ သူက အလုပ်သမားအရေး အခင်းနှင့် ဦးသန့် ဈာပန အရေးအခင်းတုံးက အစိုးရရဲ့ မတရားသည့် လုပ်ရပ်များကို စိတ်ဝင်တစား ဟောပြောနေပါတယ်။ ကျနော်တို့က အားပေးပံ့ပိုးသည့် အခန်းကသာ ပါဝင်သူများဖြစ်သည့်အလျှောက် သူတို့ဟောပြော နေတာတွေကို ဝိုင်းထောက် ခံပေးတယ်၊ လက်ခုပ်တီးပေးတယ်။ သည်လိုနှင့် အော်သံဆူသံ လက်ခုပ်သံတွေကြောင့် တဖြည်းဖြည်းနှင့် လူ ၅၀- ၁၀၀- ၁၅၀- ၂၀၀ ခန့်ရှိလာပါတယ်။

လူများလာစဉ်မှာတော့ကိုတင်မောင်ဦး က “ရဲဘော် ကျောင်းသားအပေါင်းတို့ ကျနော်တို့ သမိုင်းဝိုင်းတစ်ပတ် ပတ်ပြီးအင်အား ပြဖို့ အစီအစဉ်ရှိတယ် သဘောတူ ကြပါသလား” လို့မေးတယ်။ တချို့ကျောင်းသားတွေက သဘောမတူကြောင်းပြောတယ်။ ထိုခေါင်းဆောင်က ဘာကြောင့် သွားသင့်ကြောင်း ရှင်းလင်းပြောကြားနေစဉ်။ ကျောင်းသားတချို့က “သွားသင့်ပါတယ်ဗျို့”လို့ လှမ်းအော်တယ်၊ ကျနော်တို့တွေကလက်ခုပ်ဝိုင်းတီးပေးတယ်။ သို့နှင့် သွားသင့်ကြောင်း ထောက်ခံသည့်အသံက တဖြည်း ဖြည်းများလာတယ်။ ဒါကြောင့် ၅ ယောက်တစ်တန်း တန်းစီ၍ မေခဆောင် နောက်ဘက် အပေါက်ကထွက်ကြတယ်။ ကျနော် တို့က ဆဌမအတန်းတွင်စီတယ်။ မေခ ဆောင်နဲ့လူနေရပ်ကွက် အကြားကာထားသော(ကျောင်းသားနှင့်အလုပ်သမား သွေး စည်းမှုကိုစည်းခြားခြင်းလို့မြင်တဲ့) အုတ်တံတိုင်းကိုတွန်းဖြိုကြတယ်။ (ထိုအုတ်တံတိုင်းမှာ ဦးသန့်အရေးအခင်းပြီးမှ ကာခြင်း ဖြစ်ပြီး လူတစ်ယောက်ဝင်စာ သံ တံခါးပေါက် တစ်ပေါက်ဖေါက်ထားပေးပါတယ်)။ ကျောင်းသားများ မေခအဆောင် နောက်ရှိ(လှိုင် ရတနာမွန်)လမ်း အတိုင်း အင်းစိန်လမ်းမသို့ဆင်းလာကြတယ်။

တဖန် အင်းစိန်လမ်းအတိုင်း သမိုင်းချည်စက်ကို တစ်ပတ်ပတ်ရန်ချီတက်လာကြတယ်။ ထုံးစံအတိုင်း“သပိတ်.. သပိတ်….မှောက်မှောက်။ မီးဒုတ်….မီးဒုတ်.. ရှို့…ရှို့” ဟူသည့် ကြွေးကြော်သံများ။ “အင်းစိန်ထောင်ကြီး…ထပ်ချဲ့..ထပ်ချဲ့” … “ရေကြည်အိုင်လည်း ထပ်ချဲ့…ထပ်ချဲ့”…. “အမေကမွေး….ထောင်ကကြွေး” “အရေးတော်ပုံ…..အောင်ရမည်” စသည့် ကြွေးကြော်သံများကြွေးကြော်ကြတယ်။ သမိုင်းချည်စက်ရှေ့ရောက်တဲ့အခါမှာတော့၊ အချို့က စက်ရုံထဲဝင်ရန်တောင်းဆို တယ်၊ ကိုတင်မောင်ဦးနှင့်အချို့က မဝင်ဖို့ပြောပါတယ်။ လာရင်းမှာချည်စက်ရုံထဲဝင်ရန် ရည်ရွယ်ချက်မပါပါ။ မိမိတို့ ဆန္ဒပြ နေကြောင်း၊ မနှစ်က ဤချည်စက်ရုံဝန်းကျင်မှာ ရက်စက်စွာ အသတ်ခံခဲ့ရသော အလုပ်သမားများ၊ ကျောင်းသားများ အား လေးစားဂုဏ်ပြု သောအားဖြင့် ဆန္ဒပြနေကြကြောင်း၊ အလုပ်သမားတို့ကို အသိပေးရန်လာခြင်းသာဖြစ်ကြောင်း ခေါင်းဆောင် တစ်ဦး(ကိုတင်မောင်ဦး)ကရှင်းပြပါတယ်။ သို့သော်အများတောင်းဆိုမှုကြောင့် ချည်စက်ဝိုင်း ထဲသို့ဝင်ဖြစ်ခဲ့ကြတယ်။ ချည်စက် ဝိုင်းတွင်း ဒုတိယတံခါးပေါက်နားရောက်တဲ့အခါ (စက်ရုံတွင်းသို့မရောက်သေး) အလုပ်သမားများ နောက်ဖေး ပေါက်ကနေ အိမ်ပြန်ကြဖို့ အပြေးအလွားလုပ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကိုတင်မောင်ဦးနဲ့ ဦးဆောင်သူများက ၂မိနစ်၊ ၃ မိနစ်ခန့် တိုင်ပင်ကြပြီး ပါးနပ်စွာ နောက်ပြန်လှည့်ဖို့တိုက်တွန်းပါတယ်။ ချည်စက်ရုံအတွင်းဝင်လို့ အဖျက်အဆီးများ ဖြစ်လာခဲ့ပါက ခေါင်းဆောင်များ ၎င်းတို့ရည်ရွယ်ချက် လွဲသွား နိုင်တယ်၊ ဒါကြောင့်ပြန်လှည့်ခိုင်းခြင်းဖြစ်ပါတယ်။

သမိုင်းချည်စက်မှထွက်ကာ စက်မှုတက္ကသိုလ်ဘက်သို့ချီတက်ကြပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းအား ဗဟိုသပိတ်စခန်း ဖွင့်ရန် စက်မှုကျောင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးသည်လို့ဆိုတယ်။ စက်မှုကျောင်းသားများက သဘောမတူကြောင်း သိရတယ်။ ဒါကြောင့် RASU main ဘက်သို့ပြန်လည်ချီတက်လာကြတယ်။ ဒါပေမဲ့ကျောင်းဝိုင်းထဲသို့ မဝင်သေးဘဲ မြေနီကုန်း ဘက်သို့ပတ်သွားပြန်တယ်။ ည ၁၂ နာရီလောက်မှ ဘွဲ့နှင်းသဘင်ခန်းမဆီသို့ ရောက်လာတယ်။ ဘွဲ့နှင်းသဘင်ခန်းမ အစောင့် ထံမှ သော့တောင်းတယ်။ တော်တော်နှင့်မရ၊ အစောင့်ကလည်း သော့ပေးလိုက်ရမလားလို့ အထက်အရာရှိထံသို့ခွင့်ပြုချက် တောင်းနေတယ်လို့ဆိုတယ်။ စိတ်မရှည်သော အချို့ ကျောင်းသားများက ဘွဲ့နှင်းသဘင်ခန်းမရဲ့လက်ျာဘက် ဘာဂျာတံခါးကို ဆွဲဖျက်လိုက် တော့မှအစောင့်က သော့လာပေးတယ်။ သို့နှင့် ဘွဲ့နှင်းသဘင်ခန်းမကြီးအား သပိတ်စခန်းအဖြစ်ဖွင့်လှစ် လိုက်ပါတော့တယ်။ ကျောင်းသား ငါးရာကျော်ခန့်ရှိမယ်ထင်ပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမ ဘွဲ့အပ်နှင်းရာစင်မြင့်ပေါ်မှနေ ကိုတင်မောင်ဦးက စတင်ဟောပြောလေတယ်။ နေ့ခင်း ၁၂ နာရီကျော်လောက်ကတည်းက သပိတ်ကိစ္စ တောက်လျှောက် လှုပ်ရှား ဆောင်ရွက်လာတဲ့ ကိုတင်မောင်ဦးသည်၊ ည ၁ နာရီနီးပါးရှိလာပြီဖြစ်သော်လည်း ပင်ပန်းနေပုံ လုံးဝမပေါ်ပါ။ ကျနော်တို့မှာမူ ကြွေးကြော်သံအော်ရင်း အသံလည်းဝင်ကုန်ကြတယ်။၊ ဖလက်လည်းပြနေပြီဖြစ်လို့၊ သူ ဟောပြောနေတာ ကိုလည်း အာရုံလည်း မစိုက်နိုင်တော့ပါ၊ ကျနော်နှင့် ကိုကိုလေး ကုလားထိုင်ပေါ်မှာ အိပ်ပျော်သွားကြတယ်။

နံနက်သုံးနာရီ ထိုးခါနီးလောက်မှာ၊ တစ်စုံတစ်ယောက်က ကျနော်တို့ကိုလာနှိုးတယ်။ အိပ်မှုံစဖွားနဲ့ မျက်လုံးပွတ်ကြည့် လိုက်သည့်အခါ ကျောင်းသားခေါင်းဆောင် (ကိုတင်မောင်ဦး) ဖြစ်နေတာတွေ့ရတယ်။ ခန်းမတခုလုံးမှာ ကျောင်းသား ၁၅ ယောက်လောက်သာရှိတော့တယ်။ ကိုတင်မောင်ဦးက “မိတ်ဆွေတို့ ဒီမှာနေရင် ထောက်လှမ်းရေးက အချိန်မရွေး လာကုတ်သွားနိုင်တယ်၊ သူတို့လာကုတ်သွားရင် ဘယ်သူမှသိလိုက် မှာမဟုတ်ဘူး။ အဆောင်တစ်ခုခုမှာ သွားနေကြရင်တော့ လုံခြုံမယ်ထင်ထယ်၊ ထ..ထ… သွားကြစို့” လို့ပြောတယ်။ ဘယ်သူဘယ်ဝါတွေဆိုသည်(အမည်)ကိုတော့ ကျနော်မသိ၊ ကျနော်တို့အားလုံး (ကိုတင်မောင်ဦး) နောက်ကို လိုက်သွားတယ်။

ပဲခူးဆောင်ရောက်တော့ အောက်ထပ်မှာ၊ တချို့က လဘက်ရည်ဖျော်တိုက်တယ်။ ခနအတွင်းမှာဘဲ မမျှော်လင့်ဘဲ ကျနော် ကိုခင်မောင်ဖြူနှင့်တွေ့ လိုက်ရတယ်။ လဘက်ရည်သောက်ရင်း ကိုခင်မောင်ဖြူက ကျနော့အား ကိုတင်မောင်ဦးနှင့်မိတ်ဆက် ပေးပါတယ်။ ကိုတင်မောင်ဦးနှင့် စကားတစ်ခွန်းနှစ်ခွန်းသာပြောဖြစ်တယ်။ အထူးသဖြင့် သူက အခုအရေးအခင်းကြီးကို အောင်မြင်အောင် တက်ညီလက်ညီလုပ်ဖို့လိုကြောင်းပြောပြီး၊ တစ်နေရာကိုသွား လိုက်တယ်။ {ကိုခင်မောင်ဖြူ ဆို သူမှာ ကျနော်နှင့်တစ်မြို့ (တောင်ကြီး)တည်းသား၊ စီးပွားရေး တက္ကသိုလ် နောက်ဆုံးနှစ်။ ကျနော်ကပထမနှစ်။ ၁၉၇၈ ခုနှစ်လောက်က သူ့အား ထောက်လှမ်းရေးကလိုက်ဖမ်း၍ ဗကပထံ တောခိုသွား ပါတယ်။ စာရေးဆရာ နိုင်ဝင်းဆွေထံမှ လည်းကောင်း၊ ၁၉၉၁ ခုနှစ် လောက်တွင် ဗကပ ဗဟိုမှ မာနယ်ပလောသို့ ဆင်းလာ သော စောဗမိုးထံမှလည်းကောင်း ကိုခင်မောင်ဖြူ (ကိုဇော်ထွန်း)မှာ တိုက်ပွဲတွင် ကျဆုံးသွားကြောင်း စိတ်မကောင်း စွာသိရှိလိုက်ရ ပါတယ်။} ကျနော် နှင့်ကိုကိုလေးမှာလည်း လဘက်ရည်သောက်ပြီးသည်နှင့် အပေါ်ထပ်သို့တက်ကာ သူများအခန်းရှေ့တွင်လိုက်ကြတယ်။ မနက် စောစောမှ ကိုယ့် အဆောင်ကို ပြန်လာခဲ့ကြတယ်။


၁၀ နာရီကျော်လောက်မှာ ကျောင်းကိုပြန်လာပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ဟောပြောပွဲနှင့်စည်ကားနေတယ်။ ကို တင်မောင်ဦး အားကြိုးမာန်တက် ဟောပြောနေတာလည်းတွေ့ရတယ်။ နေ့ခင်း ပိုင်းမှာ မြို့ထဲ မဟာဗန္မွုလပန်းခြံအထိ ချီတက် ကြတယ်။ ကိုတင်မောင်ဦးနှင့် ကျောင်းသားခေါင်းများတင်ပြနေတာက အစိုးရအနေနဲ့၊ မနှစ်က အရေးအခင်းမှာ သေဆုံးသွားသူ များရဲ့စာရင်းများထုတ်ပြန်ပေးဖို့၊ ဖမ်းဆီးခံထားရသူများ စာရင်းထုတ်ပြန်ပေးပြီး ပြန်လွတ်ပေးဖို့၊ ကုန်ပစ္စည်းရှားပါးလာမှု၊ ကုန်ဈေးနှုန်းတက်နေမှုများ ကိုဖြေရှင်းပေးဖို့၊ စာအုပ်စာပေများ မလုံလောက်မှု၊ ကျောင်းသားများကြုံတွေ့နေရတဲ့ အခက် အခဲများကို ဖြေရှင်းပေးဖို့တောင်းဆိုနေတာဖြစ်တယ်။ ကျောင်းသားသမဂဖွဲ့စည်းပေးရေးဟာလည်း အဓိကတောင်းဆိုချက် တစ်ခုဖြစ်တယ်။ အစိုးရ အနေနဲ့က ဒီတောင်း ဆိုချက်တွေကို ဖြေရှင်းပေးဖို့စိတ်ကူးလုံးဝ မရှိပါ။ အရေးအခင်းဖြစ်ရင် ကျောင်းတွေကိုပိတ်၊ အဆောင်တွေကိုပိတ်၊ ကျောင်းသားထုကို လူစုခွဲ၊ ခေါင်းဆောင်တွေကိုဖမ်းဆီး၊ ထောင်ချလုပ်ဖို့သာ စိတ်ထက်သန်ဖြစ်တယ်။ ကျောင်းတွေပိတ်လိုက်ပြီဆိုရင် အရေးအခင်းမှာ လိုက်ပါအားပေးနေကြတဲ့ အဆောင်နေ ကျောင်းသားအများစုက မပြန်မဖြစ် အိမ်ပြန် ကြရတော့တယ်။ ကျောင်းသား ခေါင်းဆောင်များလည်း ရှောင်တိမ်းသူရှောင်ကြ၊ အဖမ်းခံရသူခံကြရပါတယ်။

ဆလိုင်းတင်မောင်ဦး အဖမ်းခံရခြင်း။

၁၉၇၆ နှစ် နှစ်စပိုင်းတွင် ကျောင်းများပြန်ဖွင့်ပါတယ်။ ဖေဖေါ်ဝါရီလကုန်ခန့်တွင် သခင်ကိုယ်တော်မှိုင်းရာပြည့် ချီတက်ပွဲ ကျင်းပရန်ရှိကြောင်း တီးတိုးသတင်းကြားလာရတယ်။ ကိုတင်မောင်ဦး ရှောင်တိမ်းနေရာမှပြန်ရောက်နေကြောင်း၊ မှိုင်းရာပြည့် အတွက် စီစဉ်နေကြကြောင်းလည်းကြားရပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အုတ်ဂူရှိရာသို့ လမ်းကြောင်း ၂သွယ် ဖြင့် ချီတက်မည့် စာနှစ်မျက်နှာပါ လက်ကမ်းစာစောင်ကို ၂၁ ရက်နေ့ မနက် အဆောင်ကျောင်းသားများလက်ဝယ် အရောက်ပို့ ကြ ပါတယ်။

မတ်လ ၂၂ ၇က်နေ့ ညနေ ပိုင်းတွင် ကိုတင်မောင်ဦး အဖမ်းခံလိုက်ရကြောင်း၊ သတင်းစကားကြားကြရတယ်။ ဖြစ်နိုင်ချေ မရှိဟုလည်းတွက်ကြတယ်။ ည ၈ နာရီသတင်းကျေညာသည့်အခါမှ ကိုတင်မောင်ဦး အမှန်ပင် အဖမ်းခံလိုက်ရကြောင်း သေချာသွားပြီဖြစ်တယ်။ တချို့က မှိုင်းရာပြည့်မဖြစ်တော့ဘူးလို့၊ ထင်ကြတယ်။ ဒါပေမဲ့ ဖြစ်ခဲ့ပါတယ်။ ကိုတင်အေးကြူ၊ ကိုသန်းလင်း၊ ကိုဝင်းမြင့် နှင့် ၉ တန်းကျောင်းသူ မလှမြိုင် (ကိုတင်မောင်ဦးညီမ) အပါအဝင် အခြားခေါင်းဆောင်များ၏ တက် တက်ကြွကြွ ဦးဆောင်မှုကြောင့်၊ ဖြစ်ခဲ့ပါတယ်။ ထိုချီတက်ပွဲကနေ အစိုးရဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုအဖြစ် ဦး တည်သွားခဲ့ပါတယ်။ အစိုးရက ၎င်းတို့၏သုံးနေကြနည်းဗျူဟာအတိုင်း ကျောင်းများပိတ်၊ အဆောင်ပိတ်ပြီး ကျောင်းသားများ အားအတင်း အိမ်ပြန်ခိုင်းတယ်။ လူစုခွဲလိုက်ပြန်ပါတယ်။

မြန့်မာ့အနာဂတ်ကြယ်တစ်ပွင့်ကြွေလွင့်သွားခြင်း။

ပြည်တွင်းမှာ မဆလတပါတီ အာဏာရှင်စနစ်အရှိန်အဝါတက်နေချိန်၊ အဲဒီစနစ်ကို ဆန့်ကျင်လိုတဲ့ နိုင်ငံရေးခေါင်းဆောင်များ ပြားပြားဝပ်နေရချိန်၊ ဆလိုင်းတင်မောင်ဦး ဟာ အသက်အားဖြင့် ၂၅ နှစ်ခန့်သာရှိသေးပေမဲ့၊ မဆလ စနစ်ရဲ့ မှားယွင်းနေမှု၊ မတရားမှုများကို သတ္တိရှိရှိ ဆန့်ကျင်ရဲတယ်၊ ကျောင်းသားထု၊ အလုပ်သမားထုကို စည်းရုံးဦးဆောင်နိုင်စွမ်းရှိတယ် ဆိုတာ မဆလ အစိုးရ က မျက်ဝါးထင်ထင်တွေ့မြင်ရတဲ့အတွက်၊ ဒီကျောင်းသားလူငယ်သည် ၎င်းတို့၏(မဆလ တစ်ပါတီ) စနစ်အား အန္တရာယ်အပေးနိုင်ဆုံးသူ၊ ၎င်းတို့၏ကုလားထိုင်ကို အပြီးအပိုင်ရိုက်ချိုးမဲ့သူ (အကြောက်ရဆုံးသူ) အဖြစ်သဘောပိုက်ထား ပုံရတယ်။ ဒါ့ကြောင့်လည်း ဆလိုင်းတင်မောင်ဦးကို မတ်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး၊ အင်းစိန်ထောင်မှာ အကျဉ်းနည်း စစ်ဆေးကာ၊ သုံးလခန့် အတွင်းမှာဘဲ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့အားမာန် အပြည့်နဲ့ထွန်းလင်းမဲ့ ကြယ် တစ်ပွင့်၊ အာဏာရှင်လက်ချက်နဲ့ ကြွေလွင့်ခဲ့ရလေပြီ။

ကိုတင်မောင်ဦးအား ကြိုးပေးကွပ်မျက်ရန် ခေါ်ထုတ်သွားစဉ်၊ “ရဲဘော်တို့ ငါတော့သွားပြီ မင်းတို့ဆက်တိုက်ကြ” လို့ရဲဝန့်စွာ အော်ပြောသွားခဲ့ကြောင်း၊ ၇၄ ကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်တိတ်(ABSDF) က ကျနော့်ကို ပြောပြ ခဲ့ဖူးပါတယ်။ သူ့ရဲ့ရဲစွမ်းသတ္တိ ရှိမှုနဲ့ မဟုတ်မခံစိတ်၊ မတရားမှုကို ဆန့်ကျင်တဲ့စိတ်ဓါတ် အကြောင်းကို သူ့ရဲ့သူငယ်ချင်း ဖြစ်သူ ကိုအောင်ထူး က ပြောပြဖူးပါတယ်။ အဲဒါတွေကြားရတော့ သူ့ကို ကျနော် နဂိုလေးစားနေတာထက် ပိုပြီးလေးစားမိပါ တယ်၊ ပို၍နှမျော တသ သူကြုံး မရ ဖြစ်မိပါတယ်။


သူရဲကောင်း သေရိုးထုံးစံမရှိ

အာဏာရှင် ဦးနေဝင်း အစိုးရအနေနဲ့ ကျောင်းသားခေါင်းဆောင် (ခေါင်ကို) ကိုဖြိုလိုက်ရင်၊ အားလုံးငြိမ်သွားပြီး ၎င်းတို့ရဲ့ (မှားယွင်းတဲ့) စနစ်ကြီး ရေရှည်တည်တံ့လိမ့်မယ်လို့ မျှော်လင့်ခဲ့ပုံရပေမဲ့ ၁၉၈၈ မှာတော့ ကျောင်းသားများ ဦးဆောင်ကာ ဦးနေဝင်းရဲ့ မဆလ စနစ်ကြီးကို၊ ရာသက်ပန် ဖြိုဖျက်ပစ်လိုက်ကြတာကို ဦးနေဝင်း မျက်ဝါးထင်ထင် တွေ့မြင်သွားရပါတယ်။ ကျောင်းသားမျိုးဆက်များက ဆလိုင်းတင်မောင်ဦးမှာခဲ့သလိုဆက်တိုက်ကြခြင်းဖြစ်တယ်။ ကမ္ဘာတည်သ၍ ကျောင်းသားနဲ့ ကျောင်းဆိုတာရှိနေမှာပါဘဲ။ ကျောင်းရှိနေသမျှ၊ ကျောင်သားသမိုင်းရှိနေသမျှ၊ သတ္တိပြောင်မြောက်သော၊ လေးစားထိုက် သော၊ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးတစ်ယောက်၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အာဇာနည် သူရဲ ကောင်းအဖြစ်၊ ရာသက်ပန် အမည်တွင်ကျန် ရှင်သန်လျှက်ရှိနေမည်သာ။


၃၅ နှစ်မြောက် ဆလိုင်းတင်မောင်ဦး အမှတ်တရနေ့

ဆလိုင်းတင်မောင်ဦး နှင့် တကွ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးတိုက်ပွဲတွင် အသက်ပေးလှူသွားကြသူများအား အလေးပြုလျှက်

(ဝင်းမောင်)
၂၆ ရက်၊ ဇွန်လ၊ ၂၀၁၁။


ဧည့်သည် သည် အိမ်ရှင်ကို မစော်ကားသင့် (တူမောင်ညို )



2 attachments — Download all attachments  
28_june_11_BY_TMN.doc28_june_11_BY_TMN.doc
17K   View   Download  
28_june_11_BY_TMN.pdf28_june_11_BY_TMN.pdf
20K   View   Download  

တူမောင်ညို
(၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်)


ကချင်ပြည်နယ်မှာ KIA နဲ့ စစ်ရေးပဋိပက္ခဖြစ်တော့ (DUHD) ကုမ္ပဏီမှ ကျွမ်းကျင်သူ ၂၁၅ ဦး သူတို့နိုင်ငံသူတို့ မှဲ့တစ်ပေါက်မစွန်းပဲ ပြန်သွားနိုင်ခဲ့ပေမယ့် အရှင်ဖမ်းမိသွားတဲ့ KIO ဆက်ဆံရေးရုံးမှ ဒုတပ်ကြပ်ချန်းယိန်း စစ်တပ်က ညှင်းပန်း နှိပ်စက်တာခံရတယ်။ အသတ်ခံရတယ်။

မန္တလေးကျောက်ဝိုင်းက ဝယ်သူနဲ့ရောင်းသူပြဿနာမှာလည်း ဝိုင်းဝန်းထိုးကျိတ်ခံရသူ “ကိုမော်” ဆေးရုံရောက်ရတယ်။ ဝိုင်းဝန်းထိုးကျိတ်တဲ့ “ပြည်မကြီး”က လူတွေကိုတော့ မခံမရပ်နိုင်ဖြစ်ကြရတဲ့ လူစုလူဝေးထဲကနေ ဘေးလွတ်ရာသို့ အမှတ် ၇ ရဲ စခန်းမှ ရဲများက အင်အားအပြည့်နဲ့လာပြီး ကယ်ထုတ်သွားတယ်။

လူမျိုးရေးမုန်းတီးမှု၊ လူမျိုးရေးအဓိကရုဏ်း၊ ဘာသာရေးပဋိပက္ခ၊ ဘာသာရေးအဓိကရုဏ်း လုံးဝမလိုလားပါဘူး။
မြန်မာပြည်သူတစ်ရပ်လုံးကလည်း အဖိုးသခင်ကိုယ်တော်မှိုင်းရဲ့တပည့်သားမြေးတွေပီပီ “ဓါးသွေးလောက်တယ်မထင်” ပါဘူး။ ဒါပေမယ့် “ရာဇဝင်အရိုင်းမခံနိုင်ကြသူတွေ” ဖြစ်ပါတယ်။
“ဧည့်သည် သည် အိမ်ရှင်ကိုမစော်ကားသင့်”
မတရားအနိုင်ကျင့်ရန်ပြုလာမယ်ဆိုရင်တော့ “ထိုင်ဝမ်”ကပဲဖြစ်ဖြစ်၊ “ပြည်မကြီး”ကပဲ လာလာ ငုံ့ခံနေလို့ မဖြစ်ပါဘူး။ ကျောင်းမှန်ကန်မှန်းသိသွားအောင်တော့ လိုအပ်သလို တုန့်ပြန်ကြရမှာဖြစ်ပါတယ်။

ရောင်းသူကလည်း သူ့ပစ္စည်းကို မျိုးမျိုးမြက်မြက် ဈေးနဲ့ရောင်းချင်တယ်။ ဝယ်သူကလည်း အချိုဆုံး အချောင်ဆုံးဈေးနဲ့ ရ လိုတယ်။ ဤသည်မှာဘာမျှမဆန်းသော အရောင်းအဝယ်လောက၏ ဖြစ်ရိုးဖြစ်စဉ်တရားတစ်ခု။
သို့ဖြင့် ရောင်းသူက သူ့ပစ္စည်းကို ဈေးပိုပေးသူ ( ကျပ် ၅ သိန်းပိုပေးသူ) ထံရောင်းလိုက်တယ်။ ထိုအခါ ဝယ်မည် ဟု ပထမဈေးဆိုင်ထားသူများက ရောင်းလိုက်တဲ့သူကို သူတို့ထံခေါ်ပြီး ဝိုင်းဝန်းထိုးကျိတ်လိုက်ကြတယ်။
ရောင်းသူသည် သူ့ပစ္စည်းကို ဈေးပိုပေးသူထံရောင်းချမည်သာ။
ဝယ်မည်ဟုပထမဈေးဆိုင်ထားသူများက သူတို့ထံခေါ်၍ ဝိုင်းဝန်းထိုးကျိတ်ခြင်းသည်သာမလုပ်သင့်မလုပ်ထိုက်သောကိစ္စ ဖြစ်ပါတယ်။ ဤလုပ်ရပ်မှာ စော်ကားသောလုပ်ရပ်ဖြစ်ပါတယ်။
ဖြစ်ရပ်မှာ ရောင်းသူဝယ်သူတွေကြားက ဖြစ်ရိုးဖြစ်စဉ်ကိစ္စမျှသာဖြစ်ပါတယ်။ သို့သော်လည်း “ကမ္ဘာမကြေဘူးသီချင်း” သီဆိုပြီး လူစုလူဝေးဖြစ်သွားရတာဘာကြောင့်လဲ။
လက်ငင်းခံလိုက်ရတဲ့ “အနိုင်ကျင့်ရန်ပြုမှု” ကိုသာမကဘဲ အနှစ်နှစ် အလလ ခဲခဲသိပ်သိပ် မျိုသိပ် ကျိတ်မှိတ်ထားခဲ့သမျှ မကျေနပ်မှုတွေကိုပါ စုပြုံပြီးတုန့်ပြန်လိုက်ပုံပေါ်ပါတယ်။
ဤသည်မှာ မနေ့က(ဇွန်၂၇)ဖြစ်ပွားခဲ့တဲ့“ရောင်းသူဝယ်သူရန်ပွဲ”အပေါ်ကျနော့်အမြင်နဲ့ကျနော့်အတွေးမျှသာဖြစ်ပါတယ်။
မန္တလေးဆိုတဲ့ အမျိုးကောင်းသတို့သမီးဟာ မချစ်မနှစ်သက်သောသူနဲ့ပေါင်းသင်းနေခဲ့ရတာကြာခဲ့ပြီ။
မန္တလေးရဲ့အသည်းနှလုံး၊ မန္တလေးရဲ့ဒိတ်ဆိုတဲ့နေရာတွေ၊ ချက်ကျတဲ့အကွက်အကွင်းကောင်းတွေမှန်သမျှ တပြည်သား အသားဖြူတွေရဲ့လက်ထဲမှာလေ။ “မန္တလေးကိုတရုတ်သိမ်းသွားပြီ”လို့ ပြောကြတာကို ကျနော်မထောက်ခံပါဘူး။
ဒါပေမယ့် မန္တလေးရဲ့စီးပွားရေးအသက်သွေးကြောမှန်သမျှ သူတို့လက်ထဲမှာဆိုတဲ့အချက်ကို ကျနော်တို့ ငြင်းပယ်လို့ မဖြစ်နိုင်ပါဘူး။မန္တလေးဟာ သူတို့နဲ့ကင်းပြီးအသက်မရှူနိုင်တော့ပါဘူး။ တရုတ်စကားဟာ မန္တလေးရဲ့ဒုတိယဘာသာစကား ဖြစ်နေ ပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေတောင် တရုတ်ဘာသာနဲ့ရေးထိုးထားတယ်လေ။
“မန္တလေး --- မန္တလေး --- ကျနော်တို့ ရွှေမန်းတလေး” ဆိုတဲ့ သီချင်းကို မန္တလေးသားတွေ မသီဆိုနိုင်တော့ပါဘူး။ “ကျနော်တို့ ရွှေမန်းတလေး” ဟာ “သူတို့ မန္တလေး” ဖြစ်သွားခဲ့ပြီ။
“သူတို့မန္တလေး” ဖြစ်သွားရတာရဲ့ အဓိကအကြောင်းရင်းဟာ (နဝတ-နအဖ) စစ်အစိုးရရဲ့ “လင်သေကြွေးပူ” တနပ်စား စဉ်းစားတွေးခေါ်လုပ်ဆောင်မှုတွေနဲ့ အကုန်ရောင်းအကုန်အဝယ်မယ်ဆိုတဲ့ ပေါက်ဖော် စီးပွားရေးတို့ရဲ့ ရလဒ်သာဖြစ်ပါတယ်။
“မန္တလေး၏ အရုဏ်ဦးသည် အမြဲလိုလို လှနေတတ်၏။ သို့ရာတွင် မန္တလေး၏ ကိုလိုနီအရုဏ်ဦးကား လှပခြင်းမရှိ” လို့ ဆရာမြသန်းတင့်က ရေးခဲ့ဖူးပါတယ်။
ကျနော့်ကိုလည်း ယခုကဲ့သို့ ထပ်မံဖြည့်စွက်ခွင့်ပြုစေလိုပါတယ်။
တရုတ်လွှမ်းသော မန္တလေး၏ အာရုဏ်ဦးသည်လှပခြင်းမရှိကြောင်းနှင့် နန်းအကြားနေညိုသန်းချိန်ကို မန်းသားလူညိုယဉ် များ မခံစားနိုင်တော့ပါကြောင်း။
မြို့ချစ်စိတ်၊ ပြည်ချစ်စိတ်နဲ့ရေးလိုက်တာပါ။

နိုင်ငံအနာဂတ်၊ လူငယ်အခန်းကဏ္ဍ ဒေါ်စု ဆွေးနွေး


အင်္ဂါ, 28 ဇွန် 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် အထက်မြန်မာပြည် NLD လူငယ်အဖွဲ့ဝင်များ တွေ့ဆုံပွဲ ကျင်းပနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အထက်မြန်မာပြည် NLD လူငယ်အဖွဲ့ဝင်များ တွေ့ဆုံပွဲ ကျင်းပနေစဉ်။ ဇွန် ၂၈၊ ၂၀၁၁။
ဒီနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အထက်မြန်မာပြည် NLD လူငယ်အဖွဲ့တွေ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ နိုင်ငံ့အာဏာ လွှဲယူလေ့ရှိတဲ့ နိုင်ငံရေး ယဉ်ကျေးမှုကို ပြောင်းလဲပစ်ဖို့ လူငယ်တွေကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာလာစေဖို့အတွက် အားကြီးတဲ့၊ အများစုဖြစ်တဲ့ ဗမာလူမျိုးစုတွေက လူနည်းစု တိုင်းရင်းသားတွေအပေါ် မေတ္တာပိုထားပြီး ပိုပြီး တာဝန်ယူဖို့ လိုအပ်တယ်လို့ ဒီနေ့ ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထက်မြန်မာနိုင်ငံက လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
အသက် ၃၅ နှစ်အောက်ကို လူငယ်လို့ ယေဘုယျ သတ်မှတ်ပြီး လူငယ်တွေနဲ့ တွေ့ဆုံပွဲ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က လူငယ်၊ လူကြီးလို့ သတ်မှတ်တဲ့အခါ အသက်နဲ့ဆိုင်သလား၊ အတွေးအခေါ်နဲ့ ဆိုင်သလားဆိုတဲ့ အယူအဆတွေအပြင် လူငယ်တွေ နောင်မှာ နိုင်ငံ့အနာဂတ်အတွက် ဘယ်လို အကောင်းဆုံး ပံ့ပိုးနိုင်မယ် ဆိုတာကို ဦးဆောင်ပြီး ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ကာလကြာရှည်စွာ ကြိုးပမ်းခဲ့တာမို့ စိတ်မရှည်ဘဲ အကြမ်းဖက်တဲ့နည်းကို သုံးချင်စိတ် ပေါက်လာတဲ့ လူငယ်တွေအတွက် အကြမ်းဖက်မှုနဲ့ နိုင်ငံ့အာဏာ လွှဲယူလေ့ရှိတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှုကို ပြောင်းလဲပစ်ဖို့အတွက် လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
“အကြမ်းဖက်မှုကို ကျမ လက်မခံဘူးဆိုတာ နိုင်ငံရေး သဘောတရားအရ လက်မခံတာပါ။ ကျမတို့နိုင်ငံမှာ နိုင်ငံရေး ယဉ်ကျေးမှု ပြောင်းဖို့လိုလို့၊ အကြမ်းဖက်တဲ့နည်းနဲ့ အစိုးရ အပြောင်းအလဲလုပ်တာ၊ အကြမ်းဖက်တဲ့နည်းနဲ့ နိုင်ငံရဲ့ အာဏာကို လွှဲယူတာ၊ ဒီဟာတွေက အစဉ်အလာ ဖြစ်နေပြီ၊ ဒီနိုင်ငံမှာ။ ဒီအစဉ်အလာကို ကျမတို့က ပြောင်းလဲရမယ်ဆိုတဲ့ ခံယူချက်နဲ့ ကျမ အကြမ်းမဖက်တဲ့ လမ်းကြောင်းကို သွားတာပါ။”
အကြမ်းဖက်လာလို့ အမြဲမှားတယ်လို့ ပြောလို့မရပေမဲ့ မှန်တဲ့ဘက်က ရပ်ပြီး ခုခံတိုက်ခိုက်တဲ့ အခါမှာ လက်နက်ကိုင်ပြီး လုပ်ရင်တော့ အကြမ်းဖက်တာမို့ ရေရှည်မှာ အကျိုးရှိမရှိ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူငယ်တွေအတွက် လူကြီးတွေက နေရာဖယ်ပေးဖို့ ပြောဆိုမှုတွေအတွက် မြန်မာနိုင်ငံ သမိုင်းမှာ နေရာယူတာနဲ့ ပတ်သက်ပြီး ဒုက္ခရောက်ပေါင်း များပြီမို့ လူကြီးတွေဆီကနေ နေရာကို ယူတာထက် တာဝန်တွေကို လွှဲယူတဲ့ အနေမျိုးနဲ့ စဉ်းစားသင့်ပါတယ်လို့လည်း အကြံပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အရေးကြီးတာက ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားစေဖို့ဖြစ်ပြီး အများစုဖြစ်တဲ့ မြန်မာတွေက တခြား လူနည်းစု တိုင်းရင်းသားတွေထက် ပိုပြီး မေတ္တာထားဖို့ လိုသလို ပိုပြီး တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။
“ပိုပြီးတော့ အားရှိတဲ့လူက ပိုပြီးတော့ တာဝန်ရှိတယ်။ ဒီတာဝန်ကို သိရမယ်။ ပိုပြီးတော့ ဆင်ဆင်ခြင်ခြင်နဲ့ ကရုဏာနဲ့ စေတနာနဲ့ မေတ္တာနဲ့ နေနိုင်ရမယ်။ ဒါဟာ အားကြီးတဲ့ လူများရဲ့ ပထမတာဝန်လို့ ကျမ မြင်တယ်။ ကျမတို့နိုင်ငံမှာ ဒီလိုသာ ခေတ်အဆက်ဆက်က လုပ်ခဲ့တယ်ဆိုရင် အခု တိုင်းရင်းသား သွေးစည်းညီညွတ်ရေးဆိုတာ လုပ်နေဖို့ လိုမှာမဟုတ်ဘူး။ ရှိပြီးသား ဖြစ်နေမှာပဲ။ တိုင်းရင်းသားတွေ အပေါ်မှာ စေတနာနဲ့ နွေးထွေးမှု ရှိတယ်ဆိုတာ ကျမသိတယ်။
“ဒီ စေတနာနဲ့ နွေးထွေးမှုတွေကို ပိုပြီးတော့ ကြီးထွားလာအောင် ကျမတို့ဘက်မှာ၊ လူများစုဖြစ်တဲ့ ဗမာတွေဘက်မှာ တာဝန်ရှိတယ်ဆိုတာ အဲဒါတော့ စွဲစွဲမြဲမြဲ အားလုံးစိတ်ထဲမှာ ထားစေချင်တယ်။ ဒါမှ ကျမတို့ ပြည်ထောင်စုစိတ်ဓာတ် ဆိုတာကို ခိုင်မာအောင် လုပ်နိုင်မယ်။ ဒါမှ ကျမတို့ ညီညွတ်တဲ့ ပြည်ထောင်စုကြီးတခုကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်တွေနဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပြီး ကိုလိုနီခေတ်ဟာ အခုခေတ်ထက် ပညာရေးစနစ် ကောင်းမွန်သလို လွတ်လပ်မှုရှိပြီး ပြင်ပဗဟုသုတ ပိုပြီး ရရှိနိုင်ပေမဲ့ အခု မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေးကအစ အစစ ချို့တဲ့နေတာကို ကြုံနေရတာမို့ တနိုင်တပိုင် ကိုယ့်အားကိုယ်ကိုးပြီး မျိုးဆက်သစ် လူငယ်တွေ ဖြစ်လာဖို့ မွေးမြူကြဖို့လည်း အကြံပေးခဲ့ပါတယ်။
လူငယ်တွေအနေနဲ့ လောကကြီးထဲ ကျင်လည်တဲ့အခါ အနိုင်နဲ့အရှုံးကို ဘယ်လိုလက်ခံရမယ် ဆိုတာကို ပြိုင်ပွဲတွေကနေ သင်ပေးတာမို့ ပြိုင်ပွဲတွေကို ၀င်ပြီးနွှဲတဲ့ အလေ့အကျင့်တွေ လုပ်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။
“ပြိုင်ပွဲဝင်တဲ့အခါမှာ အရေးကြီးဆုံး ကိစ္စတခုက နိုင်တတ်ရမယ်၊ ရှုံးတတ်ရမယ်။ နိုင်တတ်တယ်ဆိုတာ ကိုယ်နိုင်တဲ့အခါကျရင် ကိုယ်က စိတ်ဓာတ်နှိမ့်ချပြီးတော့ ယဉ်ယဉ်ကျေးကျေးနဲ့ အနိုင်ယူတတ်ရမယ်။ ရှုံးတဲ့အခါကျရင် ကိုယ်ကနေ သဘောထားကြီးကြီးနဲ့ အိနြေ္ဒရှိရှိနဲ့ ကိုယ်ရှုံးတာကို လက်ခံနိုင်ရမယ်။ အရှုံးအနိုင်ကို မှန်မှန်ကန်ကန် လက်မခံနိုင်လို့ရှိရင် ဒီမိုကရေစီ ဘယ်တော့မှ မရနိုင်ဘူး။ ကျမတို့ ၁၉၉၀ ခုနှစ်တုန်းက အရှုံးကို မှန်မှန်ကန်ကန် လက်မခံနိုင်လို့ ကျမတို့ ဒီအခြေ ရောက်နေတာပဲ။”
အကြောက်တရားကို အရှုံးမပေးကြဖို့လည်း လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ပါတယ်။
“ကြောက်တယ်ဆိုရင်လည်း ဒါ ရှက်စရာ မဟုတ်ပါဘူး။ ဒီအကြောက်တရားကို အရှုံးပေးရင်တော့ ရှက်စရာ ဖြစ်လာတယ်။ အကြောက်တရားကိုတော့ အရှုံးမပေးပါနဲ့။ နောက်ပြီးတော့ အရှုံးပေးမိရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ထပ်ပြီးတော့ ကြိုးစားပါ။ တခါ အရှုံးပေးမိလို့လည်း ပြီးသွားတာ မဟုတ်ဘူး၊ နှစ်ခါ အရှုံးပေးမိလို့လည်း ပြီးသွားတာ မဟုတ်ဘူး။
“ထပ်တလဲလဲ ထပ်တလဲလဲ၊ ၀ီရိယဆိုတာ ထပ်တလဲလဲ ထပ်တလဲလဲ၊ ကျမလည်း ခဏခဏ ပြောဖူးပါတယ်၊ အဆင့်အမြင့်ဆုံး ၀ီရိယဆိုတာ ရှုံးနိမ့်တဲ့ အခါမှာတောင်မှ လက်မလျှော့ဘဲနဲ့ ပြန်စပြီးတော့ ကြိုးစားတာ။ အဲဒီတော့ ကိုယ့်ကိုယ်ကို၊ ကိုယ့်အတွင်းစိတ်နဲ့ကိုယ် ရုန်းကန်တဲ့ နေရာမှာလည်း ဒီလိုပဲ ဖြစ်ရမယ်။ ဘယ်တော့မှ စိတ်ဓာတ်မကျပါနဲ့။ အထူးသဖြင့် လူငယ်တွေက အဲဒီအခွင့်အရေးရှိတယ်။”
အထူးသဖြင့် ဒီမိုကရေစီ လိုလားတဲ့ အစုအဖွဲ့တွေကြား တယောက်နဲ့တယောက် အားဖြည့်ပေးဖို့အတွက် ပညာသင်ပေးတာ၊ သွေးလှူတာတို့လို သူ့ကဏ္ဍအလိုက် ကွန်ရက်ကလေးတွေဖွဲ့ပြီး အဆက်အသွယ်ထား ညီညွတ်ကြဖို့လည်း ပြောဆိုခဲ့ပါတယ်။
“ကျမတို့ ကွန်ရက်ဖွဲ့တယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီ လိုလားတဲ့ အစုအဖွဲ့တွေ ကြားထဲမှာ ဆက်သွယ်မှု ရှိဖို့၊ ညီညွတ်မှုရှိဖို့၊ တဦးကိုတဦး အပြန်အလှန် အားပေးနိုင်ဖို့။ ဥပမာဆိုရင် တချို့ လူငယ်တွေ ပြောသွားတဲ့ အထဲမှာ ချို့တဲ့တဲ့ ကလေးတွေကို စာသင်တဲ့အခါမှာ အခက်အခဲတွေရှိတယ်၊ ဆရာတွေ မလုံလောက်ဘူး၊ တယောက်တည်းနဲ့ လုပ်ဖို့ကလည်း အင်မတန်မှ ခက်ခဲပါတယ် ဆိုပြီး ရှင်းပြသွားတာတွေ ရှိတယ်။ အဲဒီတော့ အဲဒါတွေက ကွန်ရက်ရဲ့ သဘောထားကို နားလည်လို့ရှိရင် ဒီလို ပြဿနာလေးတွေက အတိုင်းအတာ တခုအထိ ဖြေရှင်းနိုင်မယ်။”
လူငယ်တွေအနေနဲ့ အခုချိန်ဟာ တာဝန်တွေ ပိုပြီးယူရမယ့်အချိန် ရောက်လာပြီဖြစ်ပြီး ကိုယ့်ဘက်က ပေးဆပ်နိုင်တာကို ပေးဖို့၊ ဒီလို ပေးဆပ်နိုင်တာကို စဉ်းစားတဲ့အခါမှာ အရေးအကြီးဆုံးက ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ကိုယ်တိုင် ဂဃနဏ သိထားဖို့ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်မြန်မာနိုင်ငံ တခွင်က လူငယ်တွေနဲ့ ဆက်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။
http://www.voanews.com/burmese/news/dassk-nld-youth-124645299.html

ပြည်တွင်းစစ် သံသရာ





ဗမာနိုင်ငံ နေရာ အနှံ့အပြားမှာ စစ်ရိပ်စစ်ငွေ့တွေကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့နေရပြန်ပါပြီ။ ကမ္ဘာပေါ်မှာ
ပြည်တွင်းစစ် ဒဏ်ကို အရှည်ကြာဆုံး ခံရဖူးတဲ့ နိုင်ငံတခုနဲ့ ပြည်သူတရပ်အဖို့ ဒီအခြေအနေထက် ဆိုးတာ မရှိတော့ဘူးလို့တောင် ဆိုနိုင်ပါတယ်။ ဒီအခါမှာ ဘာကြောင့် သေနတ်သံတွေ ပြန်ကြားရတာလဲလို့ မေးသံတွေကို
ပြည်တွင်း ပြည်ပ နေရာတကာက ကြားလာနေရပါတယ်။ အားလုံးက စိတ်မကောင်းစွာ၊ စိုးရိမ်ပူပန်ကြီးစွာနဲ့
မေးကြတာပါ။

တကယ်က ပြည်တွင်းစစ်ဟာ ဘယ်တုန်းက ပြီးဆုံးသွားလို့လဲ လို့မေးစရာ ရှိနေပါတယ်။ အပစ်အခတ် ရပ်စဲကြောင်း၊ ထာဝရ ရပ်စဲကြောင်း ရေးထားတာ၊ လက်မှတ်ရေးထိုးထားတာ ဘယ်မှာများ ရှိလို့လဲ။ တိုင်းပြည်တပြည်ထဲမှာ ဘာသဘော တူညီချက်မှ တိတိကျကျ၊ ရေရေရာရာမရှိပဲ လက်နက်ကြီး ငယ်ကိုင်ထားတဲ့ အုပ်စုတွေ အများကြီး တည်ရှိနေတာဟာ ငြိမ်းချမ်းရေးလား။

 တိုင်းပြည် တပြည်ထဲမှာ ဘာသဘော တူညီချက်မှ တိတိကျကျ၊ ရေရေရာရာ မရှိပဲ လက်နက်ကြီးငယ် ကိုင်ထားတဲ့ အုပ်စုတွေ အများကြီး တည်ရှိနေတာဟာ ငြိမ်းချမ်းရေးလား
ဗမာပြည်လို ဆယ်စုနှစ်ပေါင်း တိုက်လာကြတာ မပြောနဲ့ သာမန် ရန်ပွဲလေးတခုတောင်မှ သွေးထွက်ဖူးတယ်၊ အသက် ထွက်ဖူးတယ်ဆိုရင် ရန်စက ပြေခဲလှပါတယ်။ အာဖရိက
 နိုင်ငံတွေက ပြည်တွင်းစစ်တွေ၊ ပါလက်စတိုင်းနဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲ၊ ကျေအေးကြောင်း အကြိမ်ကြိမ်
 ပြောခဲ့ကြပေမယ့် ပြန်တိုက်နေကြတာပဲ မဟုတ်လား။

စစ်ပွဲတရပ်ကို ဖြေရှင်းမယ်ဆိုရင် စစ်ဖြစ်တဲ့ အကြောင်းရင်းကို ဖြေရှင်းမှ တကယ်တမ်း ပြေလည်ပါတယ်။ တခါတလေ တဘက်က အပြတ်နိုင်၊ တဘက်က အပြတ်ရှုံးသွားရင်လည်း ပြတ်တတ်ပါတယ်။ ဗမာပြည် ပြည်တွင်းစစ်က
အဲဒီအခြေအနေ မဟုတ်ပါဘူး။ နိုင်ငံရေး ပြဿနာကို မဖြေရှင်းပဲ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ စစ်အစိုးရ အဆက်ဆက် သမိုင်းအတွင်းမှာ သူတို့နဲ့ ပြေလည်သွားတဲ့ လက်နက်ကိုင် အင်အားစုတွေ ရှိဖူးပါတယ်။ ဥပမာ မူဆိုးကော့က ဆာဟံတာသာမွှေးတို့တတွေ။ ဒါပေမဲ့ အဲဒါတွေက နိုင်ငံရေးအရ ဖြေရှင်းခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီအင်အားစုတွေ လှုပ်ရှားခဲ့တဲ့ နေရာတွေမှာ အဲဒီလူတွေ မရှိတော့ပေမယ့် လက်နက်ကိုင် တိုက်ပွဲတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။

ဒီနေ့ ဗမာပြည်မှာ တွေ့မြင်နေရတဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့ စစ်အစိုးရအကြားက “အပစ်အခတ် ရပ်စဲရေး” ဆို တာကို ပြန်စဉ်းစားကြည့်ပါ။ စပေါ်လာကတည်းက နိုင်ငံရေး ပြဿနာဖြေရှင်းပြီး ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ပထမဆုံး ပေါ်လာတဲ့ “အပစ်အခတ် ရပ်စဲရေး”ဆိုတာတွေဟာ ဗကပကို ချေမှုန်းဖို့အတွက် ဗိုလ်ချုပ်အောင်ကြီး၊
လော်စစ်ဟန်တို့ အကူအညီနဲ့ ဖော်ထုတ်ခဲ့တာပါ။ ဘာစာချုပ်စာတန်း၊ ဘာတရားဝင် ရေးသားချက်မှ မရှိပါဘူး။ အကုန်နှုတ်နဲ့ပါ။ နောက်ပီး “နိုင်ငံရေးကိစ္စကို နောက်တက်လာတဲ့ နိုင်ငံရေး အစိုးရနဲ့မှ ဆွေးနွေးကြပါ” ဆိုတဲ့ နှစ်သိမ့်စကားလည်း ပါဝင်ပါတယ်။ အဲဒီ နောက်ပေါ်လာတဲ့ “အပစ်အခတ် ရပ်စဲရေး” ဆိုတာတွေကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးတည် တိုက်နိုင်ရေး အတွက် ယာယီ ဖြေရှင်းခဲ့တာတွေ ဖြစ်ပါတယ်။ အထက်တုန်းက ဟာလိုပဲ ဘာတရားဝင် ရေးသားချက်မှ မရှိပါဘူး။

 အဲဒီ “အပစ်အခတ် ရပ်စဲမှု” တွေကနေ ပိုမိုပြည့်ဝတဲ့၊ ပီပြင်တဲ့ အပစ်အခတ် ရပ်စဲမှု၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးကို တည်ဆောက် မယ်၊ တက်လှမ်းမယ် စသဖြင့် စကားမျိုးကို သူတို့ပါးစပ်က မကြားရတော့တာပါ
တကယ်ကျတော့ နအဖစစ်အစိုးရရဲ့ နိုင်ငံရေး အမွေကို ဆက်ခံထားတဲ့ ကြံ့ဖွတ်အစိုးရဟာ နအဖရဲ့အဓိက ဦးတည်ချက် ရန်သူ သတ်မှတ်ချက်ကိုလည်း ဆက်ခံထားပါတယ်။ ဒါကြောင့် သူတို့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ချေမှုန်းရေး ဦးတည်ချက်ကိုလည်း ကိုင်စွဲမြဲကိုင်စွဲထားပါတယ်။ ဒီတော့ နဝတ-နအဖ ဖန်တီးခဲ့တဲ့ “အပစ်အခတ် ရပ်စဲရေး” စကားကိုလည်း အခုအထိတော့ ဆက်ပြောနေရဆဲ ဖြစ်နေပါတယ်။ လောလော ဆယ်ဆယ်တော့ ပိုနေမြဲ ကျားနေမြဲနဲ့ ထိန်းထားဖို့ ကြိုးစားနေပါတယ်။

ဒီနေရာမှာ ဖြတ်ပြောဖို့ လိုတာတခုက စစ်အစိုးရတွေ လုပ်ခဲ့တဲ့ ဒီ “အပစ်အခတ် ရပ်စဲရေး” တိုင်း၊ “ငြိမ်းချမ်းရေး” တိုင်းမှာ ရုပ်ဝတ္ထု အခွင့်အရေးတွေနဲ့ ချွေးသိပ်တာ ဖြစ်ပါတယ်။ စောဟံတာသာမွှေးကို သံအမတ်ရာထူး ပေးခဲ့သလို
လော်စစ်ဟန်ကို ငွေစက္ကူတွေ တရားဝင် ခဝါချခွင့်၊ မြို့တက်သူဌေးလုပ်ခွင့်တွေ ပေးခဲ့ပါတယ်။ အလားတူပဲ လက်ရှိ “အပစ်ရပ်” အဖွဲ့တွေကိုလည်း စီးပွားရေး လုပ်ကိုင်ခွင့်ပေါင်းများစွာနဲ့ အာစေးထည့်ခဲ့ပါတယ်။ ဆိုလိုတာ စစ်အစိုးရ အဆက်ဆက် လုပ်ခဲ့တဲ့ “အပစ်အခတ် ရပ်စဲရေး”တို့၊ “ငြိမ်းချမ်းရေး”တို့ ဆိုတာတွေဟာ `ရိုးသားမှု လုံးဝမရှိဘူးဆိုတာ
ဖြစ်ပါတယ်။

နောက်ပြောသင့်တဲ့ အချက်တခုက နဝတ၊ နအဖ၊ ကြံ့ဖွတ်စတဲ့ စစ်အစိုးရတွေ အနေနဲ့ အဲဒီ “အပစ်အခတ်ရပ်စဲမှု”
တွေကနေ ပိုမိုပြည့်ဝတဲ့၊ ပီပြင်တဲ့ အပစ်အခတ် ရပ်စဲမှု၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးကို တည်ဆောက်မယ်၊ တက်လှမ်းမယ် စသဖြင့် စကားမျိုးကို သူတို့ပါးစပ်က မကြားရတော့တာပါ။ နိုင်ငံရေးစကား ပြောရေး ဆိုတာမျိုးကတော့ ပိုလို့တောင်
ဝေလာဝေး ဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်ပြောခဲ့တဲ့ နောက်တက်လာတဲ့ အစိုးရနဲ့ကျမှ ဆွေးနွေးကြပါဆိုတဲ့ စကားဟာ
လေထဲမှာပဲ ပျောက်ကွယ်သွားပြီလို ဆိုရတော့မလို ဖြစ်ပါတယ်။

စစ်လည်း မဟုတ်၊ ငြိမ်းချမ်းရေးလည်း မဟုတ်တဲ့ အခြေအနေ တရပ်ကို ဖန်တီး ထားခြင်းအားဖြင့် သူတို့ စစ်အုပ်စုရဲ့ ပြည်သူအပေါ် စိုးမိုးမှုကို ပိုခိုင်မြဲစေမယ်၊ သူတို့ အကျိုးစီးပွားတွေ အတွက် ပိုအကျိုးရှိစေမယ်လို့ ယူဆနေသရွေ့တော့
စစ်အစိုးရတွေဘက်က တဆင့်တက်လှမ်းလာတာက နယ်ခြားစောင့်တပ် လုပ်ရေးဆိုတာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၄၈ ခုနှစ်ကစလို့ ကနေ့အထိ အစိုးရ အဆက်ဆက်၊ စစ်အုပ်စု အဆက်ဆက်တို့ ကိုင်စွဲထားတဲ့ လက်နက်ချခိုင်းတဲ့ သဘောထား ကို ပုံစံတမျိုးနဲ့ အကောင်အထည် ဖော်တာ
သာ ဖြစ်ပါတယ်။ နိုင်ငံရေးစကား တခွန်းမှ မပါ၊ နိုင်ငံရေးအရ
 စေ့စပ်ညှိနှိုင်းတဲ့ လက္ခဏာ လုံးဝမပါတဲ့ ဖြေရှင်းနည်းသာ
 ဖြစ်ပါတယ်။ ဒီသဘောထားကို ကြံ့ဖွတ် “အစိုးရသစ်”ဟာ ၏-သည်မချန် အကုန် ဆက်ခံထားပါတယ်။

အထက်ကရေးခဲ့တာတွေကို ပြန်ချုပ်ရရင် စစ်အစိုးရ အဆက်ဆက်ဟာ ပြည်တွင်းစစ်ကို တကယ်ပြေလည်အောင်
ဖြေရှင်းဖို့ ဆန္ဒ လုံးဝမရှိဘူး၊ သူတို့ဟာ ဘယ်နေရာမှာ မဆို၊ ဘယ်အချိန်မှာ မဆို၊ စစ်တိုက်လို့ ရအောင်၊ စစ်ဖြစ်လို့ ရအောင် ဖန်တီးထားပါတယ်။ နိုင်ငံရေး ပြဿနာကို မဖြေရှင်းတာဟာ လောင်စာတွေကို ချန်ထားတာပါပဲ။ ဒီလိုစစ်လည်း မဟုတ်၊ ငြိမ်းချမ်းရေးလည်း မဟုတ်တဲ့ အခြေအနေတရပ်ကို ဖန်တီးထားခြင်းအားဖြင့် သူတို့စစ်အုပ်စုရဲ့ ပြည်သူအပေါ် စိုးမိုးမှုကို ပိုခိုင်မြဲစေမယ်၊ သူတို့ အကျိုးစီးပွားတွေ အတွက် ပိုအကျိုးရှိစေမယ်လို့ ယူဆနေသရွေ့တော့ သူတို့ဟာ အခုလို အခြေအနေကို ထိန်းသိမ်းထားမှာသာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ကြောင့် ပြည်သူလူထုနဲ့ အောက်ခြေ တပ်မှူးတပ်သားတွေ သေကြေ ဒုက္ခရောက်လည်း အဲဒီလို လူတွေ၊ ကြပ်ပြေးက လူတွေထဲမှာက ပြည်တွင်းစစ်ကြောင့် အိပ်ရေးပျက်တဲ့ လူဆိုတာတောင် မရှိပါဘူး။ ဒါနဲ့ပြောင်းပြန် ဒီပြည်တွင်းစစ်ကြီးကြောင့် ကိုယ့်အတွက် ဘယ်လိုအကျိုးရှိတယ် ဆိုတာကို ဒီနေ့ဗမာပြည်မှာ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန် တို့လောက် သဘောပေါက် နားလည်တာ ဘယ်သူမှ မရှိပါဘူး။

မုန့်သာတဖဲ့စီ ဝေစားမယ်၊ အာဏာကို တပြားဖို့မှ ဝေမစားနိုင်တဲ့ စစ်အုပ်စုဟာ နောင်မှာလည်း နိုင်ငံရေးအရ
 ဖြေရှင်းနည်းတွေကို ငြင်းပယ်နေအုန်းမှာပါ။ ဒီအတိုင်းသာဆိုရင် ဗမာပြည်မှာ စစ်အုပ်စုဆိုတာ ရှိနေသရွေ့ ပြည်တွင်းစစ် ဆိုတာလည်း ဆက်လက် တည်ရှိနေအုန်းမယ့် သဘော ဖြစ်နေပါတယ်။
http://www.mizzimaburmese.com/edop/songpa/7827-2011-06-28-05-55-12.html


ကျပ်ငွေဈေးတက်ခြင်း




 

လွန်ခဲ့သော တနှစ်ကျော်ကာလအတွင်း မြန်မာ့အရေး စောင့်ကြည့် အကဲခတ်နေသူများ အဖို့ တခါမျှ မကြုံဘူးသည့် မျှော်လင့်မထားသော အဖြစ်အပျက် တရပ်နှင့် ကြုံတွေ့ခဲ့ကြရသည်။ ယင်းမှာ မြန်မာကျပ်ငွေဈေး တက်ပြီးရင်း တက်နေခြင်း ဖြစ်သည်။

ကျပ်ငွေ၏ (တရားမဝင်) ဈေးနှုန်းကျခြင်းမှာ ထိုအချိန်အထိ မပြောင်းမလဲ မှန်ကန်သော အရာဖြစ်ပြီး တချိန်က ဆိုလျှင် အမေရိကန် တဒေါ်လာလျှင် ကျပ် ၁,၄၅ဝ အထိ ကျဆင်းသွားခဲ့ဖူးသည်။ (ကျပ်ငွေ၏ `တရားဝင်´လဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် ၆ ကျပ်သာရှိသည်) ယမန်နှစ်ကနှင့် နှိုင်းစာလျှင် ကျပ်ငွေ၏ တန်ဖိုးမှာ ၂ဝ% တက်သွားခြင်း ဖြစ်ပြီး အနိမ့်ဆုံး စံချိန်နှင့် နှိုင်းစာလျှင် ၄ဝ% တက်သွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိပေါက်ဈေးမှာ တဒေါ်လာလျှင် ကျပ် ၈၀၀ ဝန်းကျင်ရှိပြီး မြန်မာကျပ်ငွေ ဈေးတက်ရခြင်း အကြောင်းကို စေ့ငုမှုများလည်း ရှိလာသည်။

ဤအလုပ်သည် လွယ်ကူသော အလုပ်မဟုတ်ပါ။ နိုင်ငံခြားငွေကြေး ဈေးကွက် မှန်သမျှသည် ဈေးကွက် အင်အားစုများ စုပေါင်း ရိုက်ခတ်မှုကြောင့် အမြဲပြောင်းလဲနေသည်သာ ဖြစ်သည်။ (ထိုဈေးကွက် အင်အားများ ဆိုသည်မှာလည်း ယုတ္တိနည်းနှင့် စဉ်းစားမရသော အချက်များသာ ဖြစ်သည်) မြန်မာကျပ်ငွေ၏ တရားမဝင် ငွေလဲနှုန်းမှာ ရေရာမှု မရှိဆုံး ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ အောက်တွင် ဤသို့ဈေးတက်ရသည့် အကြောင်းအချက်များအနက် အနည်းဆုံး ၆ ခုကို လေ့လာတင်ပြထားပါသည်။

burmakyat
လက်ရှိ ပေါက်ဈေးမှာ တဒေါ်လာလျှင် ကျပ် ၈၀၀ ဝန်းကျင်ရှိပြီး ယမန်နှစ်ကနှင့် နှိုင်းစာလျှင် မြန်မာကျပ်ငွေ၏ တန်ဖိုးမှာ ၂ဝ% တက်လာ (ဓါတ်ပုံ မဇ္ဈိမ)
၁။ အမေရိကန် ဒေါ်လာဈေးသည်လည်း ကျဆင်းနေ သည်။ မြန်မာ့ကျပ်ငွေ အကြောင်း ဆွေးနွေးငြင်းခုံ ကြရာတွင် တခါတရံ မေ့လျော့နေကြသော အချက်မှာ
 မြန်မာကျပ်ငွေ ဈေးကို မယိမ်းမယိုင်နိုင်သော စံနှုန်းများဖြင့် အသေ သတ်မှတ်ထားခြင်း မဟုတ်သည့် အချက် ဖြစ်သည်။

သို့သော် အမေရိကန် ငွေကြေးမှာမူ ကမ္ဘာ့နိုင်ငံခြား
 ငွေကြေးဈေးကွက်တွင် `အရှင်မျှော´ ထားခြင်း
 ဖြစ်သည်။ ထို့ကြောင့် မြန်မာကျပ်ငွေ ဈေးတက်ရခြင်းမှာ အခြားဈေးကွက် အင်အားစုများကသာ ပြဋ္ဌာန်းသည် မဟုတ်ဘဲ အမေရိကန် ငွေကြေးအပေါ် သက်ရောက်သော အင်အားများကြောင့်လည်း ဖြစ်သည်။ ထိုသို့ အမေရိကန် ငွေကြေး ကျဆင်းခြင်းသည် မည်သည့် အတိုင်းအတာ အထိ မြန်မာ့ငွေဈေး တက်လာခြင်းအပေါ် ရိုက်ခတ်မှုရှိသလဲ ဆိုသော မေးခွန်း ပေါ်လာသည်။

အဖြေမှာ အလွန်ရှိပါသည်ဟုဘဲ ဖြေရပါမည်။
 မြန်မာကျပ်ငွေ တန်ဖိုးတက်နေသည့် အချိန်အတောအတွင်းမှာပင် အမေရိကန် ငွေဈေးသည် လည်း (ကမ္ဘာ့ငွေကြေး ရံပုံငွေအဖွဲ့က သတ်မှတ်ထားသည့်) ငွေကြေးအချို့နှင့် ယှဉ်လျှင် အကြမ်းအားဖြင့် ၁ဝ% မျှ ကျဆင်းသွားခဲ့သည်။

 မြန်မာနိုင်ငံ မူးယစ်ဆေးဝါးထုတ်လုပ်သည့်
 နိုင်ငံအဖြစ် ပြန်လည် ပေါ်ထွက်လာခဲ့ခြင်း
 ကြောင့် ကျပ်ငွေတန်ဖိုးကို တက်လာစေ သည်။
ထိုအတောအတွင်း သြစတြေးလျဒေါ်လာကဲ့သို့သော `ကုန်စည်ငွေကြေး´ နှင့် ယှဉ်လျှင် ၂ဝ% အထိ ကျဆင်းသွားခဲ့သည်။ ယခုအခါ တရားမဝင်ငွေလဲနှုန်း
 ဈေးကွက်ရှိ ကျပ်ငွေမှာ ထိုသို့သော ကုန်စည်ငွေကြေး၏
အစိတ် အပိုင်းတရပ်မျှသာဖြစ်သည်။ (မြန်မာနိုင်ငံသည် သြစတြေးလျနိုင်ငံကဲ့သို့ပင် ကုန်စည်နှင့်စွမ်းအင်ကို အဓိကထုတ်လုပ်သောနိုင်ငံဖြစ်သည်။

သို့သော်သြစတြေးလျ ဒေါ်လာကဲ့သို့ နေရာအနှံ့တွင် ငွေဖြစ်လွယ်ခြင်းမရှိ ငွေဖော်နိုင်ခြင်းမရှိ) ထို့ကြောင့် အနိမ့်ဆုံးအားဖြင့် ကုန်စည် ဈေးနှုန်းများကို လေ့လာကြည့်လျှင် ကျနော်တို့ ကျပ်ငွေဈေးတက်သွားခြင်းအပေါ် ထိုသို့အံသြတကြီး မဖြစ်သင့်ပါ။

ဒါဆိုရင် ဒါဟာအပြီးသတ် ရလဒ်ပဲလား။ မြန်မာငွေဈေးတက်ရခြင်း အကြောင်းရင်း၏ ထက်ဝက်ခန့်မှာ အမှန်စင်စစ်အားဖြင့် အခြားငွေကြေးများ ကုန်စည်များနှင့်ယှဉ်သည့် အမေရိကန်ငွေဈေး ပြုတ်ကျသွားခြင်း
 ကြောင့် ဖြစ်သည်။

၂။ ပို့ကုန်များတိုးမြှင့်တင်ပို့ခြင်းကြောင့်လည်း မြန်မာကျပ်ငွေတန်ဖိုး တက်လာသည်။ ငွေကြေး၏ `ဈေးနှုန်း´ကို တွန်းတင်လိုက်ခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားဝင်ပို့ကုန်တန်ဖိုးမှာ ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ မတ်လ ဘဏ္ဍာရေးနှစ်အတွင်း ၁၉% မျှ တက်လာခဲ့သည်။ ဤ ပို့ကုန်အမယ်များတွင် သဘာဝဓါတ်ငွေ့၊ ပဲအမျိုးမျိုး၊ ကျွန်းသစ်နှင့် အခြားသစ်မာများ၊ ငါးနှင့်ရေထွက်ပစ္စည်းများ၊ သတ္တု သယံဇာတများ (အရေးကြီးဆုံး အထင်ရှားဆုံး များကိုသာ စာရင်းပြုထားခြင်း ဖြစ်သည်) တို့ပါဝင်သည်။

အဆိုပါ ကုန်စည်များကို အမေရိကန်ဒေါ်လာ၊ အခြားငွေကြေးများနှင့် တန်ဖိုးသတ်မှတ်ထားခြင်း ဖြစ်သည်။ သို့သော် ထိုကုန်စည်များထုတ်လုပ်ရာ ရှာဖွေရာတွင် ကုန်ကျသောစရိတ်အချို့ကို မြန်မာအလုပ်သမားများနှင့် ဤထုတ်လုပ်မှု ကွင်းဆက်တွင်ပါဝင်သည့် အခြားအစိတ်အပိုင်းများကို မြန်မာငွေဖြင့် ပေးချေရခြင်းဖြစ်သည်။ (ဤစရိတ်သည် ဓါတ်ငွေ့ကဲ့သို့သော အရင်းအလေးပေး လုပ်ငန်းမျိုးတွင် နည်းပါးပြီး လယ်ယာစိုက်ပျိုးရေး ကုန်စည်များတွင် များပြားသည်)

 မြန်မာကျပ်ငွေ ဈေးတက်ရခြင်းမှာ အခြား
 ဈေးကွက် အင်အားစုများကသာ ပြဋ္ဌာန်း သည် မဟုတ်ဘဲ အမေရိကန် ငွေကြေး အပေါ် သက်ရောက်သော အင်အားများ
 ကြောင့်လည်း ဖြစ်သည်။
၃။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု မြင့်တက်လာခြင်းသည်လည်း ကျပ်ငွေဝယ်လိုအားကို အလားတူ မြင့်မားစေသည်။ ဤသို့ဖြင့် ဝယ်လိုအားများခြင်းကြောင့် ကျပ်ငွေဈေး တက်လာခြင်း
 ဖြစ်သည်။ အများတကာပြောကြသလိုပင် မကြာသေးမီ ကာလများ အတွင်း နိုင်ငံခြားတိုက်ရိုက်မြှပ်နှံမှု အထူးသဖြင့် တရုတ်နိုင်ငံမှ မြှပ်နှံမှုများတစုံတရာ ထိုးတက်လာခဲ့သည်။

ဤရင်းနှီးမြှုပ်နှံမှုများသည် အတည်ပြုခြင်းအဆင့်တွင်သာ ရှိသေးပြီး အမှန်တကယ် နိုင်ငံတွင်းသို့ ရောက်ရှိလာခြင်း မရှိသေးပါ။ ဤအချက်ကြောင့် ငွေလဲဈေးနှုန်း မြင့်တက်သွားရခြင်းမှာ ထင်သလောက်မဟုတ်ပါ။

ထို့အတူ တရုတ်ရင်းနှီးမြှပ်နှံမှု အများစုသည် ကျပ်ငွေဝယ်လိုအားကို မြင့်တက်စေခြင်း မရှိပါ။ တရုတ်တ်တို့က သူတို့ကို ပစ္စည်းပေးသွင်းသူများနှင့် မြန်မာနိုင်ငံရှိ အလုပ်သမားများကို သူတို့ငွေကြေးဖြင့်သာ ပေးချေလိုကြခြင်းကြောင့်
 ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုသို့သော ရင်းနှီးမြှပ်နှံမှုများကြောင့် `ယိုပေါက်´များကိုဖြစ်ပေါ်စေပြီး မြန်မာကျပ်ငွေ ဝယ်လိုအားကိုလည်း မြင့်တက်စေသည်၊ ထို့ကြောင့် ကျပ်ငွေဈေးလည်း လိုက်လျောညီထွေ လိုက်တက်ရခြင်းများလည်း ရှိသည်။

၎။ အစိုးရပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုခြင်းကြောင့် ကျပ်ငွေရှားပါးမှုကို ဖြစ်ပေါ်စေသည်။ ထိုမှတဆင့် ကျပ်ငွေဈေးကို မြင့်တက်စေသည်။ ဤအမြင်သည် မြန်မာ့စီးပွါးရေးလောက၌ တွင်ကျယ်သည်။ အစိုးရပိုင်လုပ်ငန်းများ အဆောက်အဦများကို မကြာသေးမီက ရောင်းချခြင်းကြောင့် (ဝယ်ယူခွင့်ရသူများအများစုမှာ အဆက်အသွယ်
 ကောင်းသည့် လက်ရင်းလူယုံ စီးပွားရေးလုပ်ငန်းရှင်ကြီးများသာ ဖြစ်သည်) ကျပ်ငွေမှာ ဈေးကွက်အတွင်းတစုံတရာ `ခန်းခြောက်´ သွားပြီး ရှားပါးမှုတန်ဖိုးနှင့်အတူ လိုက်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဤအဆိုမှာလည်း တဝက်တပျက်သာ အကြောင်းရင်းကို ရှင်းပြနိုင်ပါသည်။ သူ့တွင် ဝိရောဓိဖြစ်နေသည့် အချက်ရှိသည်။ ဥပမာ မြန်မာအစိုးရသည် ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းရန်အတွက် ကျပ်ငွေများကို အတောမသတ် အမြောက်အမြားရိုက်ထုတ်နေခြင်းလည်းရှိသည်။ (ထိုသို့ ရိုက်ထုတ်မှုသည် ၂ဝ၁ဝ-၁၁ ဘဏ္ဍာရေးနှစ်၏ ပထမ ၉ လအတွင်း ၃ဝ% မျှတက် လာခဲ့သည်) ပိုမိုယုတ္တိရှိသည့်အဖြေမှာ ထိုသို့နိုင်ငံပိုင် ပစ္စည်းများကို ဝယ်ယူခွင့်ရသူများသည် သူတို့နိုင်ငံရပ်ခြားတွင်ထားရှိသော ရန်ပုံငွေများကို လိုအပ်သောကျပ်ငွေများ ဝယ်ယူရန်အတွက် ပြည်တွင်းသို့ ပြန်လည်ယူဆောင်လာခြင်းကြောင့် ဖြစ်သည်။

 ပို့ကုန်များ တိုးမြှင့် တင်ပို့ခြင်းကြောင့် လည်း မြန်မာကျပ်ငွေ တန်ဖိုး တက်လာ သည်။
သို့ရာတွင် ထိုရှင်းပြချက်သည်လည်း မည်သည့် အတိုင်းအတာ အထိ မှန်ကန်သည်ကို ပြောရန် ခက်ပါသည်။ ထိုသူတို့ နိုင်ငံပိုင် ပစ္စည်းများဝယ်ယူခြင်းအတွက် မည်သို့မည်ပုံ ပေးချေခဲ့ကြသည်ကို ကျနော်တို့ အနည်းအကျဉ်းသာ သိရှိရခြင်းကြောင့်ဖြစ်သည်။

၅။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ခြင်းကြောင့် ကျပ်ငွေတန်ဖိုးကို တက်လာစေသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ၏ `ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာ ၂ဝ၁၁ ခုနှစ်´တွင် မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ်အတွင်း ဘိန်းထုတ်လုပ်မှု နှစ်ဆမြင့်တက်ခဲ့သည် ဟုဆိုသည်။ တချိန်တည်းတွင် ဒေသတွင်း မက်တာအင်ဖက်တမင်းနှင့် အခြားဓါတုမူးယစ်ဆေးဝါးများ ထုတ်လုပ်မှုတွင် အဓိကထုတ်လုပ် ဖြန့်ဖြူးသူအဖြစ် ရပ်တည်နေဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်နေခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုးကို `ထိုးဖောက်´ လိုက်သလို ဖြစ်သည့်အခါလဲရှိသည်။ ဤ အကြောင်းပြချက်သည် ပို့ကုန်တိုးမြင့်လာခြင်းနှင့်လည်း ဆင်တူသည်။ (ပို၍ပင်ဆီလျော် သည်ဟုဆိုရမည်။ ဘိန်းထုတ်လုပ်မှုသည် လုပ်အားအသားပေး လုပ်ငန်းဖြစ်ခြင်း ကြောင့်ဖြစ်သည်)

သို့သော်ထိုသို့ `ထိုးဖောက်´လိုက်ခြင်းများသည်လည်း ရာသီလိုက် ဖြစ်ပေါ်ခြင်းသာဖြစ်သည်။ (ဘိန်းလုပ်ငန်းတွင်
 ငွေပေးချေခြင်းသည် ဘိန်းစိုက် တောင်သူများနှင့် အခြားသူများကို ဘိန်းပေါ်ချိန် ပေးချေခြင်းသာဖြစ်သည်) သို့သော် တနှစ်လုံးတွင် အခြားယှက်နွယ်သော အချက်များသည်လည်း မကြာခဏ ပေါ်ပေါက်ခဲ့သည်။

 အစိုးရပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင်
 ပြုခြင်းကြောင့် ကျပ်ငွေရှားပါးမှုကို
 ဖြစ်ပေါ်စေသည်။
၆။ အတိုင်းအတာတခုအထိ ငွေဈေးကစားခြင်းကြောင့်လည်း ကျပ်ငွေဈေး တက်ရသည်။ နောက်ဆုံးတွင် ကျပ်ငွေတန်ဖိုး
 မြင့်တက်သည့် အချိန်ကာလသည် လုံလုံလောက်လောက် ကြာမြင့်ခဲ့ပြီး တက်သည့်နှုန်းမှာလည်း လုံလုံလောက်လောက် ပင် မြင့်မားခဲ့သည့်အတွက် ငွေဈေးကစားမှု အရှိန်အဟုန်ကို အတိုင်းအတာတခုအထိ ထိန်းထားနိုင်ခဲ့သည်။ အခြားတနည်းဖြင့်ပြောရလျှင် `ရင်းနှီးမြှပ်နှံသူ´ အချို့သည် ကျပ်ငွေတန်ဖိုး တက်လိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ကျပ်ငွေကို ဝယ်ယူစုဆောင်းထားခဲ့ဖွယ် ရှိသည်။ ထိုသို့ငွေကြေးကို `လှောင်´ ထားခဲ့ခြင်းကြောင့် သူတို့အကျိုးအမြတ် ရရှိခဲ့ကြသည်။ ထိုသက်ရောက်မှု၏ ပမာဏကို တိုင်းတာရန်မှာခဲယဉ်းပါသည်။ သို့သော် လောင်းကစားခြင်းသည် မြန်မာ့အတိတ်သမိုင်းတွင် စိမ်းလှသည်တော့ မဟုတ် ပါ။

အထက်ပါအချက်များသည် မြန်မာငွေ `ဘာကြောင့်´ တက်ရသည်ကို ရှင်းပြနိုင်သည့် အကြောင်းရင်း အချို့
 ဖြစ်ပါသည်။ အခြားအချက်များလည်း ရှိနိုင်ပါသေးသည်။ သို့သော်အထက်ပါအချက်များသည် တချက်ချင်း အနေဖြင့် ယုတ္တိတန်သည့် အချက်များဖြစ်ပြီး  စုပေါင်းလိုက်လျှင် ထိုသို့မလွဲမသွေတက်ရန် တွန်းအားပေးသည့် အချက်များဖြစ်ကြောင်း ကျနော်ပြောလိုပါသည်။

နိဂုံးတွင် နောက်ဆုံးဆွေးနွေးတင်ပြလိုသည့်အချက်မှာ ကျပ်ငွေတန်ဘိုးတက်ခြင်းသည် အရေးပါသလား ဆိုသည့် အချက်ဖြစ်သည်။ အရေးပါပါသည် သို့သော်အခြား နိုင်ငံအများစုကြီးလောက်တော့ အရေးမပါပါ။ မြန်မာ့စီးပွါးရေးသည်
 နိုင်ငံတော်ကသာ လွှမ်းမိုးချုပ်ကိုင်ထားပြီး အရေးပါသော ဆုံးဖြတ်ချက်များကိုလည်း နိုင်ငံတော်မှသာ
 ပြုလုပ်ခြင်းကြောင့် ဖြစ်သည်။ သို့သော် သက်ရောက်မှု ရှိတန်သလောက် ရှိပါသည်။

 နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု မြင့်တက်လာခြင်း သည်လည်း ကျပ်ငွေ ဝယ်လိုအားကို အလားတူ မြင့်မားစေသည်။
အထိအနာဆုံးမှာ ပုဂ္ဂလိကကဏ္ဍမှ ပို့ကုန်သမားများနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ဖြစ်သည်။ သူတို့၏ (အများစု) အမေရိကန် ဒေါ်လာနှင့် ရငွေများမှာ
 ဒေသသုံးငွေကြေးနှင့် လဲလှယ်လိုက်သည့်အခါ အလွန်အမင်း လျော့နည်းသွားခဲ့ကြသည်။ (ကုန်ကျစရိတ် အများစုကို ကျပ်ငွေနှင့် ပေးချေကြရခြင်းဖြစ်သည်) အလားတူပင် ပြည်ပရောက်နိုင်ငံသားများလည်း သူတို့ဝင်ငွေများကို ကျပ်ငွေနှင့် လဲလှယ်လိုက်သည့်အခါ အလွန်အမင်း လျော့နည်းသွားကြသည်။

ကျပ်ငွေတန်ဖိုး တက်ခြင်းကြောင့် အကျိုးရှိသူများလည်း ရှိပါသည်။ နိုင်ငံခြားသွင်းကုန် ပစ္စည်းများ၏ တန်ဖိုးများ ကျဆင်းသွားခြင်းကြောင့် အထူးသဖြင့် စားသုံးသူများအဖို့ အကျိုးရှိရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် လက်လီဖြန့်ချိသူများသည် သူတို့ရရှိသော နိုင်ငံခြားဝင်ငွေ အကျိုးအမြတ်များကို စားသုံးသူများသို့ လွှဲပြောင်းပေးခြင်းမရှိကြပါ။ (သွင်းကုန်သမားများ ကျပ်ငွေဈေးတက်ခြင်းကြောင့် အလုပ်ဖြစ်ကြသည်ဟု သတင်းများကဆိုပါသည်)

ထို့ကြောင့်ပင် မြန်မာစားသုံးသူများအနေဖြင့် အကျိုးအမြတ်မခံစားကြရပါ။ ဤနောက်ဆုံးအချက်သည်
 မြန်မာနိုင်ငံတွင် အသားကျနေသောအချက်ဖြစ်သည်။ စံကျသော စီးပွားရေးပုံစံများတွင် မြန်မာနိုင်ငံသည် မကြာခဏပင် `ခြွင်းချက်´ ဖြစ်နေသည်။ ဤအချက်ကြောင့် မပြောင်းမလဲ နစ်နာရသူများမှာ ပြည်သူများပင်
 ဖြစ်သည်။ ထို့ကြောင့် ကျပ်ငွေတန်ဖိုး ဘယ်လိုပင်ဖြစ်နေစေ  သူတို့အဖို့ ဘာမျှ ပြောင်းလဲသည်ဟူ၍ မရှိပါ။
http://www.mizzimaburmese.com/business/business-songpa/7830-2011-06-28-12-04-54.html

ဦးရွှေမန်းကို မေးခွန်းထုတ်ခြင်း





၂ဝ၁၁ ဇွန်လ ၂၄ ရက်နေ့ ရန်ကုန်မြို့ ပြည်လမ်းမပေါ်မှာရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိရာ နေရာ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမကို သွားဖို့ ကျမ ပြင်ဆင်ခဲ့ပါတယ်။

အချိန်က  နေ့လည် ၁၂ နာရီထိုးနေပြီ။ ၁၂ ခွဲ - ၁၂ ၊ ၄၅ မိနစ်လောက်မှာ ပြည်လမ်းမရဲ့ ပြည်သူ့ ရင်ပြင်ရှေ့က
စုရပ်ကို အရောက်သွားရမှာ။

ကျမမှာ ရှိတဲ့ ကင်မရာ၊ ရီကော်ဒါ အမျိုးအစားက ###### ပါ။ ကျမရဲ့ သတင်းစာတိုက်က စာရင်းပေးသွင်းလိုက်တာက ရုံးမှာရှိတဲ့ အမျိုးအစားတွေပေါ့။ အခက်တွေ့သွားတာက အခုလို လွှတ်တော်တွေ့ဆုံပွဲ၊ စာနယ်ဇင်း ရှင်းလင်းပွဲတွေ တက်တော့မယ်ဆိုရင် တက်ချင်တာနဲ့ တက်ချင်တိုင်း တက်လို့ မရဘူး။ လက်ကိုင်ဖုန်းကအစ အတိအကျ စာရင်းသွင်းရတာ။ ဘယ်ကို စာရင်းလှမ်းသွင်းရလဲလို့ မေးရင် စာပေစိစစ်ရေးကိုပေါ့လို့ ဖြေရမှာပါ။

Shew-Man111
ဒါကြောင့် ဒီနေ့ ကျမ အခက်တွေ့နေတာပါ။ တိုင်ကပ်နာရီကို ပြေးမြင်လိုက်တော့ အချိန်က ၁၂ နာရီနဲ့ ၂၅ မိနစ် ရှိနေပါပြီ။ ရုံးက ကင်မရာနဲ့ ရီကော်ဒါ ယူသွားတဲ့ သတင်းထောက် ပေါက်စကလည်း ပြန်ရောက်မလာ။ ကျမ သတ္တိမွေးလိုက်ပါပြီ။

‘‘ဖြစ်ချင်ရာဖြစ်၊ ငါက သတင်းထောက်ပဲ။ မဟုတ်တာလုပ်မယ့် အဖျက်သမားလည်း မဟုတ်။ ရှိတာနဲ့ပဲ သွားမယ်။ ဟိုရောက်လို့ စာရင်းပေးထားတာနဲ့ မတူလို့ ပြန်လာခိုင်းကာမှသာ ပြန်လာလိုက်မယ်။ ဒီပွဲကိုတော့ ရအောင်တက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်း ဘာတွေပြောမှာလဲဆိုတာတော့ သိချင်သေးတယ်’’

အဲဒီအတွေးနဲ့ ကျမ လမ်းမပေါ် ရောက်လာခဲ့ပါတယ်။ တိတိကျကျ ဆိုသလို ၁၂ နာရီ ၄ဝ မိနစ်မှာ ကျမ စုရပ်ကို ရောက်သွားပါတယ်။ စုရပ်မှာ ဖိတ်ကြားထားသူတွေ အစုံအလင် ရောက်လို့နေပါပြီ။ ကျမတို့ ရပ်နေတဲ့ ရှေ့မျက်နှာချင်းဆိုင် တဖက်တချက်မှာတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမပဲ ဖြစ်ပါတယ်။

ကျမတို့ စုရပ်မှာတော့ အပွင့်တွေ၊ အခက်တွေ၊ အရွက်တွေနဲ့ တာဝန်ရှိသူ အစောင့်အရှောက်တွေ ဝိုင်းကာဝန်းကာ ရှိနေပါတယ်။ ပြီးတော့ ကျမတို့ အစည်းအဝေးခန်းမထဲကို ဝင်ဖို့ အချိန်နီးကပ်လာပါတယ်။

ကျမတို့ကို မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ - မထသ ၃၄ ဘတ်စ်ကားပေါ်ကို တက်ကြလို့ ဆိုလာပါတယ်။ ဒီဘတ်စ်ကားကို ကျမတို့လိုပဲ စီကြရတဲ့ သူတွေက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI က တာဝန်ရှိသူများလည်း ပါဝင်ပါတယ်။ သူတို့ စီးနင်းလာတဲ့
 နောက်ဆုံးပေါ် ဇိမ်ခံကားတွေကို စွန့်ပြီး ဒီ ဘတ်စ်ကားတွေနဲ့ လိုက်ပါရပါတယ်။

ဒီနေရာမှာ ကျမ စိတ်အေးချမ်းသာရခဲ့ပါတယ်။ ကျမ ကိုင်လာတဲ့ ကင်မရာအမျိုးအစားက ဘာ၊ ရီကော်ဒါက ဘာဆိုတာ မစစ်ပါဘူး။ ဒီတခုတော့ ကျမတို့နိုင်ငံ အုပ်ချုပ်သူတွေရဲ့ ပြောရင် ပြောတဲ့အတိုင်း မလုပ်တာကို ကျေးဇူးတင်ရမလိုပါပဲ။

ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ရီကော်ဒါ သုံးခွင့်မရှိလို့ ဆိုလာပါတယ်။ ပြီးတော့ လက်ကိုင်ဖုန်းတွေကို စက်ပိတ်ပြီး ထားခဲ့ပါတဲ့။ ကင်မရာတော့ သယ်သွားခွင့်ရခဲ့တယ်၊ ကံကောင်းလို့ပေါ့။

ဒီလိုနဲ့ အဆောက်အအုံ ရှိရာကို လမ်းမကြီးပေါ်ကနေ ကန့်လန့်ဖြတ်ပြီး ကျမတို့ ရောက်လာပါတယ်။ ရှေ့ကားတွေမှာ ပါသွားတဲ့ လူကြီးလူကောင်းတွေက ခန်းမရဲ့ ရှေ့ခုံတွေမှာ နေရာယူပြီးပါပြီ။

ခန်းမကြီးတခုလုံး ပြည့်လုပြည့်ခင် ဖြစ်နေပါပြီ။ ကျမတို့သတင်းထောက်တွေမှာ တချို့လည်း ထိုင်စရာရတယ်။ တချို့ ယောက်ျားလေး အများစုကတော့ နောက်နား မတ်တပ်ရပ်ပြီးပဲ ဓာတ်ပုံရိုက်ဖို့ စိုင်းပြင်းနေကြပါတယ်။

အချိန်အားဖြင့် နေ့လည် ၁ နာရီတိတိမှာ အနောက်ဘက် ဝင်ပေါက်ကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း စင်မြင့်ထက်မှာ နေရာယူပြီး ဖြစ်နေပါပြီ။

အစည်းအဝေးခန်းမ စပြီး အသက်ဝင်လာပါပြီ။ ကျမတို့ သတင်းထောက်တွေလည်း ဘောလ်ပင် တချောင်း၊ စာအုပ် တအုပ်ထုတ်လို့ အသင့်အနေအထားနဲ့ပေါ့။

ကျမတို့လိုပဲ အထူးဖိတ်ကြားခံရတဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ UMFCCI ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်တွေလည်း အသင့် အနေအထားနဲ့ အမှာစကားကို နားစွင့်လို့ နေကြပါတယ်။

သူရဦးရွှေမန်း အမှာစကား စတင်ပြောနေပါပြီ။ ဘာကြောင့် ဒီအစည်းအဝေး ပြုလုပ်ရသလဲဆိုတာကို ဦးစွာပထမ ပြောပြပါတယ်။

သူပြောဆိုပုံ ဆိုလိုရင်း အတိုချုပ်မှာ -

ဒီအခမ်းအနားဟာ မိမိတို့လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဘာတွေ လုပ်ဆောင်ခဲ့တယ်၊ ဘာတွေ လုပ်ဆောင်နေတယ်၊ ဘာတွေ လုပ်ဆောင်ဦးမယ် ဆိုတာတွေကို ကြားသိစေလိုတဲ့ စေတနာနဲ့ ရည်ရွယ်တွေ့ဆုံတာ
 ဖြစ်တယ်လို့ စကားချီး ပြောဆိုပါတယ်။

အဲဒီနောက် ဖိတ်ကြားထားသူတွေနဲ့ ပတ်သက်ပြီး အခုလို ဆက်ပြောပါတယ်။

အခုဖိတ်ကြားလိုက်တဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဟာ အသင်း ၅၉ သင်း စုစည်းပြီး ဖွဲ့ထားတဲ့ အသင်းကြီး ဖြစ်တယ်။

ဒါ့အပြင် အသင်းမှာ ပါဝင်ဆောင်ရွက်နေသူတွေဟာ ဥာဏ်ပညာအရ မြင့်မားသလို၊ စီးပွားရေးအင်အား
 ကောင်းမွန်သူတွေ ဖြစ်ကြတယ်။ သူတို့ဟာ တခြားအသင်းတွေ၊ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေသူတွေ ဖြစ်သလို လွှတ်တော်ရေးရာ ကိစ္စတွေ ဆောင်ရွက်နေတာကိုလည်း သိကြတယ်။ သူတို့ကတဆင့် ပြည်သူတွေ၊ သတင်းမီဒီယာတွေကို ပျံ့နိုင်တယ်။ ဒါကြောင့် ဖိတ်ကြားထားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး စာနယ်ဇင်းသမားတွေကို ဖိတ်ရတာကတော့ စာနယ်ဇင်းသမားတွေက အမြင်စူးရှတဲ့၊ အပြောအဆို အရေးအသား ထက်မြက်တဲ့ စတုတ္ထမဏ္ဍိုင်မှာ ပါဝင်သူတွေမို့ လွှတ်တော်ရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်နေသလဲဆိုတာ သိရှိနိုင်အောင် ဖိတ်ရတာပါလို့  အကြောင်းပြချက် ဝေဝေဆာဆာနဲ့
 ပြောဆိုလာပါတယ်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက - မေးမြန်းထားတဲ့ မေးခွန်း ၃ ခုရှိကြောင်းနဲ့ အဲဒီမေးခွန်း ၃ ခုကို ဖြေကြားပေးခဲ့ပါတယ်။

သူဖြေကြားပုံက ရှည်လျားထွေပြားတဲ့အတွက် အမြင်စူးရှတဲ့ သတင်းသမားတယောက်အနေနဲ့ ကျမကတော့ အခုလို အတိုချုပ် ကောက်ချက်ချ မှတ်သားလာပါတယ်။

မေးခွန်း ၁ က ပထမအကြိမ် ပုံမှန်လွှတ်တော်အစည်းအဝေးများမှာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်များ ဘာလုပ်ခဲ့သလဲ။

သူဖြေတာက ပထမအကြိမ် ပုံမှန်အစည်းအဝေးမှာ ကိုယ်စားလှယ်တွေရဲ့ မေးခွန်း ၁ဝ၆ ခုနဲ့ အဆို ၄၃ ခုမှာ မေးခွန်းတွေ အကုန်ကို ဖြေခဲ့ပြီး၊ အဆိုတွေကိုလည်း ညှိနှိုင်းဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့် ကိုယ်စားလှယ်များနဲ့ လွှတ်တော်အနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းများစွာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

မေးခွန်း ၂ ကတော့ လွှတ်တော်၊ လွှတ်တော်ကော်မတီများနဲ့ ကိုယ်စားလှယ်များ ဘာလုပ်နေကြသလဲ။

ဒီမေးခွန်းကိုတော့ လွှတ်တော်အတွင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်ကော်မတီများကို စွမ်းဆောင်ရည် ပြည့်မီဖို့ ပြုလုပ်နေတဲ့အပြင် အဓိက ထမ်းဆောင်ရမယ့် ဥပဒေပြုရေး တာဝန်ကို ဥပဒေပညာရှင်များ မဟုတ်ပေမယ့် အတွေ့အကြုံ၊ ဗဟုသုတ၊ ဥာဏ်အမြော်အမြင်များနဲ့ ကိုယ်တိုင်သင်ယူ၊ အချင်းချင်း ဆွေးနွေး စတဲ့ ပုံစံတွေနဲ့ လေ့လာနေပါကြောင်းနဲ့ ဥပဒေပြုမယ်ဆိုရာမှာ တည်ဆဲဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ဥပဒေသစ်များ ပြဋ္ဌာန်းခြင်းများ ပြုလုပ်နိုင်ဖို့ စိစစ်လေ့လာနေရကြောင်း စသဖြင့် ပြောဆိုသွားပါတယ်။

နောက်ဆုံး မေး ၃ ကတော့ ဘယ်တော့ လွှတ်တော်ခေါ်မလဲဆိုတာပါ။

ဒီမေးခွန်းနဲ့ ပတ်သက်လို့ မေးခွန်းကို တိုက်ရိုက်တန်းမဖြေသေခင် လွှတ်တော် ၃ ရပ် ရှိကြောင်း ဆိုလာပါတယ်။ ၁ က ပုံမှန်အစည်းအဝေး၊ ၂ ကတော့ အထူးအစည်းအဝေးနဲ့ ၃ က အရေးပေါ်အစည်းအဝေးတွေပါတဲ့။

အဲဒီမှာ ပုံမှန်ဆိုရင် ၂၁ ရက် ကြိုပြောမယ်။ အထူးဆိုရင် အနည်းဆုံး ၁၅ ရက်၊ အရေးပေါ်ဆိုရင် အနည်းဆုံး ၃ ရက် ကြိုတင် အသိပေးသွားမယ်လို့ ဆိုပါတယ်။

ဘယ်တော့ လွှတ်တော်ခေါ်မှာလဲဆိုတာကို ဖြေရရင် လွှတ်တော်ခေါ်ဖို့ အကြောင်းပေါ်လာရင် ခေါ်ပေးမယ်လို့
 ဖြေဆိုသွားပါတယ်။

ဒီနေရာမှာ သူရဦးရွှေမန်းရဲ့ ကြားဖြတ်စကားကတော့ - ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ KIA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲအကြောင်းပဲ ဖြစ်ပါတယ်။

တပ်မတော်နဲ့ KIA အကြား ရက်အနည်းငယ်အတွင်းက ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပေမယ့် အခုအခါ မူလအခြေအနေ အတိုင်း တည်ငြိမ်အေးဆေးမှု ပြန်ရနေပြီ ဖြစ်ကြောင်းနဲ့ ဒီအခြေအနေ ပြန်ရဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးသိန်းဇော်နဲ့ သက်ဆိုင်သူများ ညှိနှိုင်းခဲ့ရကြောင်း ကြားဖြတ် အစီအစဉ်အဖြစ် သူရဦးရွှေမန်းက တင်ပြသွားတာပါ။

ဒီလို ဥက္ကဋ္ဌကြီး မိန့်ခွန်းတွေ အများကြီး ခြွေရလို့ အာခေါင်ခြောက်ပြီး ရေတောင်းသောက်ရတဲ့ အဆင့် ဖြစ်သွားပါတယ်။

ဥက္ကဋ္ဌကြီး စကားများကို စာရွက်ပါအတိုင်း ဖောင်ဖွဲ့ပြောဆိုအပြီးမှာတော့ နိဂုံးချုပ်စကားနဲ့ အတူ ဘာများ မေးစရာ ရှိပါသလဲတဲ့။

ဘယ်သူမှ ထမမေးကြပါ။ မေးစရာ မရှိလို့တော့ မဟုတ်ပါ။ မမေးဖို့ တာဝန်ရှိသူတချို့က ကြိုတင်သတိပေးထားခြင်းပါ။ ကျမနဲ့အတူ အမြင်စူးရှတဲ့ စာနယ်ဇင်းသမားတွေလည်း အားလုံးငုပ်တုတ်။

အဲဒီနောက်မှာ ထူးခြားတဲ့ မြင်ကွင်းတခုကို တွေ့လိုက်ရတယ် (ဖြတ်ခနဲ)။

ဂျာနယ်တိုက်တတိုက်ရဲ့ တာဝန်ရှိသူတယောက်က သူရဦးရွှေမန်း ဧည့်သည်တွေကို ပျူငှာစွာ လိုက်နှုတ်ဆက်နေတဲ့ အချိန်မှာ အခုလို မေးလိုက်ပါတယ်။

‘‘ခုနက ပြောသွားတဲ့ KIA တိုက်ပွဲနဲ့ ပတ်သက်ပြီး မေးစရာလေးတွေ ရှိလို့ပါ’’ တဲ့။

အဲဒီအခါ သူရဦးရွှေမန်းက ‘‘ အခုတော့ မအားလို့။ မေးချင်ရင် ရုံးကို စာပို့လိုက်ပါ’’ (အသံထွက်တယ်ဆိုရုံမျှ) ဆိုပြီး အဖြေပေးသွားပါတယ်။

ဒီနေရာမှာ ကျမ မေးချင်တဲ့ မေးခွန်းက တခုထဲပဲ ရှိပါတယ်။

အဲဒါကတော့ ‘‘ဆရာတို့ အပြောနဲ့ အလုပ်ဘယ်တော့ ထပ်တူကျမှာလဲ’’ လို့ …။ ။
http://www.mizzimaburmese.com/edop/songpa/7831-2011-06-28-12-09-40.html

၄၂ ဦးကို ပိတ်ဆို့ရန် USCB က တောင်းဆို


ထွန်းထွန်း | အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာအစိုးရ အာဏာတည်မြဲရေး အတွက် မိသားစုဝင်များသဖွယ် စီးပွားရေးနှင့်
နိုင်ငံရေးအရ အထောက်အပံ့ ပေးနေသည်ဟု ဆိုကာ မင်းသား လွင်မိုး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ
နေရွှေသွေးအောင် အပါအဝင် ၄၂ ဦးကို စီးပွားရေး ပိတ်ဆို့ရန် အမေရိကန်ရှိ မြန်မာ့အရေး ဆောင်ရွက်နေသည့် USCB အဖွဲ့က အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးကို တောင်းဆိုလိုက်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးထံ လိပ်မူပေးပို့ခဲ့သည့် တောင်းဆိုစာထဲတွင် ယခင်က ပိတ်ဆို့အရေးယူမှု လုပ်ခဲ့ပြီးသူများ အပြင် နောက်ထပ် ၄၂ ဦးကိုပါ ဖြည့်စွက် တောင်းဆိုထားခြင်း ဖြစ်သည်။

“ မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုတာ တကယ့်တကယ် ကျတော့ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်ရှိတဲ့ စီးပွားရေးစနစ်မှ မဟုတ်ပဲကိုး။ ဗိုလ်ချုပ်တွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ အလိုတော်ရိ စီးပွားရေးသမားတွေက ပူးပေါင်းပြီး ချယ်လှယ်နေကြတာပေါ့။ ဆိုတော့ ဒီစီးပွားရေး စနစ်ကြီး တခုလုံးကို ဒီစီးပွားရေးသမားတွေက လွှမ်းမိုးထားတယ်၊ ချယ်လှယ်ထားတယ် ဆိုတော့ သူတို့ရဲ့ အခန်းကဏ္ဍက တကယ့်တကယ် ကျတော့ စစ်အစိုးရ သက်ဆိုးရှည်ရေး အတွက် အများကြီး အထောက်အပံ့ ဖြစ်ပါတယ်” USCB ၏ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က မဇ္ဈိမကို ပြောသည်။

စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည့် ဦးအောင်ကိုဝင်း (ခ) ဆရာကျောင်း (ကမ္ဘောဇဘဏ်)၊ ဦးကျော်ဝင်း (ရွှေသံလွင်ထရေးဒင်း)၊ ဦးမောင်မောင်မြင့် (မြန်ဂုဏ်မြင့်)၊ ဦးမောင်ကို (ထာဝရသတ္တုတွင်း လုပ်ငန်း)၊ ဦးအောင်ထွေး၊ ဦးကျော်မြင့် (ဂိုးလ်ဒင်းဖလားဝါး)၊ ဦးနေဝင်းထွန်း (ပတ္တမြားနဂါး) ဦးအိုက်ထွန်း (အိုလံပစ်ဆောက်လုပ်ရေး)၊ ဦးအောင်မြတ် (ခ) အောင်မြင့် (Mother Trading and Construction) နှင့် ဦးဝင်းလွင် (ကျော်သာကုမ္ဗဏီ) တို့ကိုလည်း ပိတ်ဆို့မှုစာရင်းထဲ ထည့်ရန်ပါ တောင်းဆိုထားသည်။

“သူတို့က စစ်အုပ်စုနဲ့ ပေါင်းပြီးတော့ စီးပွားရှာတယ်။ အကျိုးအမြတ်တွေ အများကြီးရမယ်။ အကျိုးအမြတ် တွေကို သူတို့က ပြည်ပမှာ ငွေမာတွေပေါ့ဗျာ။ ဒီငွေမာတွေကို စစ်လက်နက်ပစ္စည်း ဝယ်တဲ့နေရာမှာ ကြည့်မယ် ဆိုလို့ရှိရင် ပြည်ပကနေပြီးတော့ ဟယ်လီကော်ပတာ ဝယ်မယ်၊ ဂျက်တိုက်လေယာဉ် ဝယ်မယ် စသဖြင့် လက်နက်ဝယ်တဲ့ နေရာတွေမှာ ပြည်ပမှာ စုဆောင်းထားတဲ့ နိုင်ငံခြားငွေတွေကို သုံးစွဲမယ်လို့ ယူဆတယ်။ ဒါကလည်း နိုင်ငံခြားက စစ်ရေး လေ့လာသုံးသပ်သူတွေရဲ့ သုံးသပ်ချက်တွေပါ” ဟု ဦးအောင်ဒင်က ဆိုသည်။

ပိတ်ဆို့မှုအတွင်း ထပ်မံ ထည့်သွင်းသင့်သူထဲတွင် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ
နေရွှေသွေးအောင် (ခ) ဖိုးလပြည့်ကိုလည်း ထည့်သွင်းရန် တောင်းဆိုထားပြီး ၎င်းသည် အာဏာပိုင်များနှင့် စီးပွားရေးသမားများ အကြား အကျိုးအမြတ်ယူ၍ အကျိုးဆောင်ပေးနေသူ ဖြစ်ကြောင်း USCB ၏ ဇွန်လ ၂၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ တောင်းဆိုရခြင်းသည် လူထုအတွက် အမှန်တကယ် အကျိုးရှိလာစေမယ့် ပြုပြင်ပြောင်းလဲမှုများကို အစိုးရအနေဖြင့် လုပ်ဆောင်လာရန် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်ဟုလည်း UCSB က ထောက်ပြသည်။

“အလိုတော်ရိ စီးပွားရေးသမားကြီးတွေရဲ့ အခန်းကဏ္ဍက ကြီးမားကျယ်ပြန့်လာတယ်။ တချို့ဆိုရင် အခု လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ ဖြစ်လာကြပြီ။ သူတို့တွေက တကယ်ကျတော့ မြန်မာနိုင်ငံမှာ ဒုတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်နေကြပြီ။ သူ့အထက်မှာ မြန်မာစစ်ခေါင်းဆောင်တွေ ရှိမယ်။ ဒုတိယမှာ အလိုတော်ရိ စီးပွားရေးသမားတွေ ရှိမယ်။ ပြီးမှ ဒေသဆိုင်ရာ အာဏာပိုင်တွေပေါ့ဗျာ။ တချို့ ဒေသဆိုင်ရာ အာဏာပိုင်တွေတောင် သူတို့ကို ပြန်ကြောက်ရမယ့် အနေအထား ရောက်နေကြပြီ” ဟု ဦးအောင်ဒင်က ပြောသည်။

ထပ်မံ ပိတ်ဆို့ရန် စာရင်းတင်သွင်း ခံရသူအများစုမှာ ဥရောပသမဂ္ဂနှင့် သြစတြေးလျ၏ စီးပွားရေး ပိတ်ဆို့ခံရသူများဖြစ်ကာ အချို့မှာမူ မည်သည့်နိုင်ငံကမှ ပိတ်ဆို့ထားခြင်း မရှိသေးသူများ ဖြစ်သည်။

ယခုအချိန်မှ စာရင်းထဲ ထည့်သွင်း ကြေညာခံရသူများမှာ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးပါဝင်ပြီး ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ ဖြိုးကိုကိုတင့်ဆန်း (မန်နေဂျင်းဒါရိုက်တာ၊ ACE ဆောက်လုပ်ရေး)၊ သတိုးဟိန်း (မြန်မာသြဘာ)၊ ဦးလှမောင်ရွှေ (ဒုဥက္ကဋ္ဌ၊ မြန်မာ့ငါးလုပ်ငန်း အဖွဲ့ချုပ်)၊ ဇော်ဝင်းရှိန် (ဧရာဟင်္သာ)၊ ဇော်လေး (ငါးဖမ်းနှင့် ရေလုပ်ငန်း ကုမ္ဗဏီ)၊ ဇော်ဝင်းထွန်း (ရွှေသံလွင်)၊ ဦးခိုင်စိုး (အဏ္ဏဝါလွှမ်း)၊ အောင်ကျော်မိုး (IBTC) တို့ ပါဝင်သည်။

USCB က အမေရိကန်အစိုးရထံ တောင်းဆိုမှုနှင့် ပတ်သက်၍ မည်သို့မှ မှတ်ချက် မပေးချင်ကြောင်းနှင့် တစုံတရာ တုံ့ပြန်မည် မဟုတ်ကြောင်း ရုပ်ရှင်သရုပ်ဆောင်လွင်မိုးက ဆိုသည်။

“ကျနော် ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ အဓိက ကတော့ သူတို့အလုပ် သူတို့ လုပ်ကြတာပါပဲလေ။
ကျနော်တို့က ကျနော်တို့ အလုပ် ကျနော်တို့ လုပ်ကြတာလေ။ ကျနော်တို့နဲ့ သူတို့နဲ့က အလှမ်းဝေးလွန်းအား ကြီးပါတယ်။ သူတို့အမြင်နဲ့ ကိုယ်တို့အမြင်နဲ့ တူမှာ မဟုတ်သလို သူတို့က ကျနော်တို့အပေါ် နားလည်မှု မရှိနိုင်တဲ့ အနေအထားမှာ ရှိပါလိမ့်မယ်။ ဒါ သူတို့အလုပ် သူတို့လုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်လို့ပဲ သဘောထားပါတယ်” ဟု သူက ပြောသည်။

မင်းသားလွင်မိုးမှာ ဇေကမ္ဘာဦးခင်ရွှေ၊ ယုဇနဦးဌေးမြင့်တို့နှင့် နီးစပ်သူဖြစ်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီက ဦးခင်ရွှေအတွက် ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်သည့်အခါ ဝိုင်းဝန်းကူညီခဲ့မှုကြောင့် လူအများက ဝေဖန်ခဲ့ကြသည်။

“အဓိကကတော့ ကျနော်တို့ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းတွေ ပါတယ်။ စီးပွားရေးသမားတွေ ပါတယ်ဗျာ။ အဲဒါနဲ့
သူတို့ရဲ့ စည်းရုံးရေးတွေမှာ ကိုယ်က လာကူညီပေးတဲ့သဘောပါပဲ” ဟု မင်းသားလွင်မိုးက ဆိုသည်။

သူက ဆက်ပြီး “အဓိက ကတော့၊ နိုင်ငံရေး ယူဆချက်ကတော့ ကျနော်တို့ ဘယ်သူပဲဖြစ်ဖြစ်ပါ။ လုပ်ပိုင်ခွင့်တွေ၊ အခွင့်အလမ်းတွေ ရှိလာလို့ရှိရင် ပြည်သူလူထုကို အဓိက ဦးစားပေးပြီးတော့ သူတို့ရဲ့ ကောင်းစားရေးကို ဦးတည်ဖို့ အရေးကြီးပါတယ်” ဟု ပြောဆိုသည်။

ထို့အပြင် တောင်းဆိုချက်၌ ပြည်တွင်းအခြေစိုက် မီဒီယာလုပ်ငန်းရှင်များလည်း ပါဝင်ပြီး ဒေါက်တာ တင်ထွန်းဦး (ပြည်မြန်မာဂျာနယ်၊ မြန်မာတိုင်းမ်ဂျာနယ်)၊ ဒေါက်တာ နေဝင်းမောင် (The Voice Journal & Living Color Magazine)၊ မြတ်ခိုင် (လျှပ်တပြတ်ဂျာနယ်)၊ ကိုကို (စက်မှုတက္ကသိုလ်) (ရန်ကုန်မီဒီယာဂရုဖ်)၊ ဇော်မင်းအေး (အီကိုဗီးရှင်း)နှင့် နန်းကလျာဝင်း (ခ) ကလျာ (ပေါ်ပြူလာဂျာနယ်) တို့ ဖြစ်ကာ မီဒီယာသမားများအား ပိတ်ဆို့မှု စာရင်းတွင် ပထမဆုံး ထည့်သွင်းခြင်းဖြစ်သည်ဟု USCB အဆိုအရ သိရသည်။

“သူတို့ကို သတင်းစာသမား စစ်စစ်မှန်မှန်လို့ မယူဆပါဘူး။ သူတို့တွေက တကယ့်တကယ်ကျတော့ ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းရဲ့ လက်အောက်ခံပါပဲ။ သူတို့က ဗိုလ်ချုပ်ကျော်ဆန်း ကြွေးကြော်ထားတဲ့အတိုင်း မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ ပြည်ပ မီဒီယာသတင်းဌာနများကို တုံ့ပြန်တဲ့ ကမ်ပိန်းမှာ ဦးဆောင်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေပေါ့” ဟု ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောဆိုသည်။

သူက ဆက်ပြီး “တချို့ဆိုလို့ရှိရင် ပြည်တွင်းမှာရှိတဲ့ လူထုကို သူတို့ရဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေက နေပြီးတော့ အယူဝါဒ မှိုင်းတိုက်ရုံတင် မကဘူး။ ပြည်ပအထိ ထွက်ပြီးတော့ နိုင်ငံတကာအစိုးရတွေကို လှည့်လည်
ဆော်သြတာတွေ ရှိတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို ဒါ စစ်အုပ်စုကို နိုင်ငံရေးအရ အားသွန်ခွန်စိုက် ထောက်ခံပံ့ပိုးနေတဲ့ သူတွေလို့ ယူဆပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ် တက်လာသည်မှာ ရက်ပေါင်း ၁ဝဝ ကျော်လာပြီ ဖြစ်သော်လည်း
ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်သေးကြောင်းနှင့် ထောင်များထဲတွင်လည်း အကျဉ်းသားပေါင်း ၂ဝဝဝ ကျော် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း USCB ၏ တောင်းဆိုချက်ထဲတွင် ဖော်ပြထားသည်။

စစ်ဗိုလ်ချုပ်များ၏ မိသားစုဝင်များဖြစ်သည့် အောင်ဇော်ရဲမြင့် (ရဲတံခွန် ဆောက်လုပ်ရေး)၊ ထွန်းနိုင်ရွှေ (မြန်မာနိုင်ဂရုပ်)၊ တိုးနိုင်မန်း (Red Link) နှင့် အောင်စိုးသာ (MICT) တို့ကိုလည်း ပိတ်ဆို့သင့်သည့် လူစာရင်းတွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ဒေါက်တာစိုင်းစံထွန်း (လွယ်ဟိန်း)၊ စန်းစန်းရီ (ဆူပါဝမ်း)၊ စစ်တိုင်းအောင်၊ စစ်သွေးအောင် (Suntac Internationl Trading)၊ နေအောင်၊ ပြည်အောင် (အောင်ရဲဘုန်းကုမ္ဗဏီ)၊ ဦးဝင်းမြင့် (ရွှေနဂါးမင်း)၊ နေလင်းအောင် (နီလာရိုးမ)၊ အောင်ဇော်နိုင် (အိုလံပစ်)၊ ချစ်ခိုင် (ဧဒင်ဂရုပ်ဖ်)၊ ဦးရန်ဝင်း (အေဝမ်းဆောက်လုပ်ရေး) ပါဝင်သည်။

USCB က ပိတ်ဆို့မှုလုပ်ရန်အတွက် အမည်စာရင်း တင်သွင်းခြင်းမှာ ပထမဆင့်သာ ရှိသေးကာ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တင်ပြချက်များနှင့် ပတ်သက်၍ ပြန်လည်စိစစ် စုံစမ်းဦးမည်ဖြစ်သည်။ ထိုမှတဆင့် အရေးယူမည်၊ မူမည်ကိုမူ အမေရိကန်အစိုးရက အဓိက ဆုံးဖြတ်ရမည်ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/7835----uscb--.html

ဦးဇင်း ဦးစန္ဒာသီရိအကျဉ်းထောင်ထဲမှာ ခေတ်ဝန်ကို ထမ်းနေဆဲ



ဦးဇင်း ဦးစန္ဒာသီရိက သာသနာအတွက်။ ပြည်သူလူထုအတွက် အကျဉ်းထောင်ထဲမှာ ခေတ်ဝန်ကို ထမ်းနေဆဲ-အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်:ပြည်

by Sophia Sofia Chan on Tuesday, June 28, 2011 at 12:51pm
န၀တ။ နအဖ စစ်အာဏာရှင်လက်ထက်မှာ ထောင်သုံးကြိမ်ကျခဲ့တဲ့ ဦးဇင်း ဦးစန္ဒာသီရိက သာသနာအတွက်။ ပြည်သူလူထုအတွက် အကျဉ်းထောင်ထဲမှာ ခေတ်ဝန်ကို ထန်းနေဆဲပါ။

ဦးစန္ဒသီရိ

လေးစားရတဲ့ သောတရှင်များရှင်
မြန်မာနိုင်ငံရဲ့ သမိုင်းမှာ မင်းလိုလိုက် မင်းကြိုက်မဆောင်ပဲ မိမိယုံကြည်တာကိုဖြစ်စေ၊ မယုံကြည်တာကို ဖြစ်စေ ပြတ်သားစွာရဲဝံ့ဆန့်ကျင်ဝံ့တဲ့ ရဟန်းသံဃာတော်များ အထင်အရှား ရှိခဲ့ပါတယ်။ ဒါကြောင့် အုပ်စိုးသူများရဲ့ မလိုမုန်းထားခြင်းတွေခံကြရတဲ့ ရဟန်းသံဃာတော်များ ခေတ်အဆက်ဆက် ရှိခဲ့ပါတယ်။ ပဒေသရာဇ်ခေတ်၊ နယ်ချဲ့ခေတ်၊ လွတ်လပ်ရေးခေတ်ကနေ ယနေ့အထိ ရဟန်းသံဃာများရဲ့ အာခံမှူဟာ ဖောက်ပြန်ရေးအစိုးရများအတွက် မနှစ်မြို့စရာပါ။ ဒီအတွက် အပြစ်ပေးမှူတွေလည်း ရှိခဲ့ပါတယ်။

ပဒေသရာဇ်ခေတ်မှာဆိုရင် ဗန်းမော် ဆရာတော်ကြီးကို ပြည်နှင်ဒဏ်ပေးတာတို့ နယ်ချဲ့ခေတ်မှာ ဦးဥတ္တမ၊ ဦးဝိစာရကိုယ်တော်ကြီးတွေကို ထောင်ချတာတို့ရှိခဲ့ပါတယ်။ ဒါပေမယ့် ရဟန်းကျင့်ဝတ်သိက္ခာကို မထိခိုက်စေရပါဘူး။ လူဝတ်လဲ သင်္ကန်းချွတ်တာတို့မရှိ ဘူးလို့စာတွေထဲမှာ ဖတ်ခဲ့ဘူးပါတယ်။ စစ်အစိုးရများက မင်းလိုလိုက်၊ မင်းကြိုက်မဆောင်ပဲ ရဟန်းသံဃာများကို လူပုဂ္ဂိုလ်များလို ပြုမူဆက်ဆံ ဖမ်းဆီးနှိပ်ကွပ်ခဲ့ပါတယ်။ အလှပဆုံးစကားလုံးတွေနဲ့ အကာအကွယ်ယူပြီး ဥပဒေကိုချိုးဖောက်ကြပါတယ်။ သဘောထားမတူတဲ့ကျောင်းသားလူငယ်များကို ကွန်မြူနစ်တံဆိပ်တပ်ပြီးနှိပ်ကွပ်သလို သဘောထားကွဲလွဲတဲ့ ရဟန်းသံဃာများကိုလည်း သံဃာတုတံဆိပ်ကပ်ပြီး ပြောင်လူသတ်မှူကျူးလွန်ကြပါတယ်။

န၀တ၊ နအဖ စစ်အစိုးရခေတ်မှာ ထောင်သုံးကြိမ်အကျခံရတဲ့ ခိုတိုင်းလည်းအကျဉ်းထောင်ထဲမှာပဲရှိနေသေးတဲ့ ဦးဇင်းဦးစန္ဒာသီရိအကြောင်း ကျမပြောပြချင် ပါတယ်။ ဦးစန္ဒာသီရိဟာ ၁၉၉၀ ပတ္တိနိက္ကုဇ္ဖ္ဖ္ဖန ကံဆောင်ပွဲတုန်းက တကြိမ်။ ၁၉၉၈ ပြည်သူသို့ပန်းကြားချက် လွတ်လပ်ရေး နှစ်၅၀ပြည့် လှူပ်ရှားမှူမှာတကြိမ်။ စက်တင်ဘာ သံဃာ့လှူပ်ရှားမှူနဲကဆို ၃ ကြိမ်မြောက်အကျဉ်းကျခံခဲ့ရပါတယ်။ ပတ္တိနိက္ကုဇ္ဖ္ဖ္ဖန ကံဆောင်ပွဲဆိုတာ သံဃာတော်တွေ အနှိပ်ဆက်ခံရရင် ၊ သွေးစွန်းရင် အဲဒီလိုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေကို သပိတ်မှောက် ကံဆောင်ရမယ်လို့ မြတ်စွာဘုရား ထားခဲ့တဲ့ ဓမ္မဆစက်နဲ့ အာဏာစက်ပါပဲ။ ၀ိနည်းကို ရိုသေတဲ့ဘုန်းကြီးတွေ ကံဆောင်ကြတာ အမှန်ပဲ ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းက အင်းစိန်ထောင်၊ ဒုတိယအကြိမ် ကလေးအကျဉ်းထောင်မှာ အကျဉ်းကျခံခဲ့ရပြီး စက်တင်ဘာ သံဃာလှူပ်ရှားမှူမှာ နှစ်ရှည်ထောင်ဒဏ်နဲ့ ဝေးလံခေါင်သီတဲ့ နယ်ဝေးထောင်ကို အပို့ခံလိုက်ရပါတယ်။

ဦးဇင်းဦးစန္ဒာ သီရိက ကဗျာဆရာကြီးဦးတင်မိုးရဲ့ ဇာတိ ဇဂျမ်းကန်မြဲ ရွာလေးနာကပါ။ သင်္ကန်းဝတ်နဲက သီတင်းသုံးတာကတော့ သင်္ကန်းကျွန်းမြို့နယ်ထဲက ရွှေသိမ်ဓမ္မ            သိင်္ဂီံကျောင်းမှာ သီတင်းသုံးပါတယ်။ ပထမအကြိမ် ထောင်ကလွတ်ပြီးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့ စနေ၊ တနင်္ဂနွေ တရားပွဲကို နေ့တိုင်းသွားပြီး နားထောင်ပါတယ်။ ခြံရှေ့တရားပွဲကို လာသူတွေဂွတ္တလစ်မှတ်တိုင်ဆင်း၊ သက္ကသိုလ်ရိပ်သာလမ်းကို လမ်းလျှောက်လာသူက တဖွဲ့၊ လှည်းတန်းမီးပွိုင့်ဘက်ကနေ ယခု အမေရိကန်သံရုံးဘက်က လာသူတွေအားလုံးကို  ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ကို ညနေ ၃ နာရီလောက်ဆို လူတွေတော်တော်များများ ရောက်လာကြပါပြီ။ ဒီလို လူစုလူဝေးတွေထဲမှာ ဦးဇင်းလည်းပါပါတယ်။ ယာဉ်ထိန်းရဲတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မျက်နှာချင်းဆိုင် မရပ်ခိုင်းပါဘူး။ ကျောခိုင်းရပ်ရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေ ပြည်သူတွေရဲ့ မိန့်ခွန်းတွေကိုဖြေဆိုပြတဲ့ စကားတွေက သူတို့ရင်ထဲ အလွယ်တကူရောက်သွားပါတယ်။

ဒါကြောင့်လည်းယာဉ်ထိန်းရဲ၊ လုံခြုံရေးစစ်သား၊ ရဲတွေကို မကြာခဏ အာဏာပိုင်က ပြောင်းပစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရင်ထိန်းရဲ၊ စစ်သားတွေကို စာနာနားလည်တဲ့ စကားတေါ အမြဲပြောတတ်ပါတယ်။ နေအိမ်ခြံရှေကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘဘဦးတင်ဦး၊ ဘဘဦးကြည်မောင်တို့ကို ကားပေါ်ကနေလက်ပြနှူတ်ဆက်သွားတဲ့ ပြည်သူလူထုတွေလည်း ရှိပါတယ်။ ကိုယ်ပိုင်ကားနဲ့ လာသူတွေက ကားခဏခဏပတ်မောင်းပြီး လက်ပြနှူတ်ဆက် အားပေးတတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အားပေးထောက်ခံတဲ့ ပြည်သူလူထုတွေ များလာတဲ့အခါမှာ စစ်အာဏာရှင်က မတရားဖြိုခွင်းပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံရှေ့တရားပွဲလာတဲ့သူတွေကို တက္ကသိုလ်ရိပ်သာလမ်းထဲမ၀င်နိုင်အောင် သံဆူးကြိုးခွေတွေချပြီး လုံခြုံရေးအပြည့်ချထားပါတယ်။

တရားပွဲလာ ပရိသတ်ကလည်း သတ္တိရှိတယ်။ ဇွဲကြီးတယ်။ လုံခြုံရေးအပြည့်ချထားတဲ့ နေရာမှာ ရောက်ရှိနေပါတယ်။ ဒီလိုစုဝေးတဲ့ တရားပွဲလာပြည်သူလူထုကို လုံထိန်းတွေက အရပ်ဝတ်ဝတ်ပြီး ရိုက်နှက်ပါတယ်။ နံပါတ်တုတ်တွေနဲ့ အရိုက်အနှက်ခံရတဲ့ ပြည်သူလူထုတွေ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ဆုတ်သွားရပါတယ်။ ဂွတ်တ္တလစ်လမ်းဆုံဘက်အထိ လုံထိန်းတွေက လိုက်ရိုက်တာပါ။ ရှေ့ဆုံးကနေ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ ကြွေးကြော်သံတိုင်ပေးတဲ့ လူငယ်ကို လုံထိန်းတွေက ၀င်ဖမ်းပါတယ်။ လုံထိန်းတွေလက်ထဲကနေ ဦးဇင်းနဲ့ တခြားနိုင်ငံရေးအကျဉ်းသားဟောင်းတွေ တယောက်နဲ့တယောက်လက်ချင်းချိတ်ပြီး ပြန်လုခဲ့တယ်။ အဲဒီလူငယ်လေးကို ဦးဇင်းတို့ ကယ်တင်နိုင်ခဲ့ပါတယ်။

နောက်တပတ် ဂွတ္တလစ်လမ်းဆုံမှာ ကရင်သင်တိုင်းအနီဝတ်ထားတဲ့လူငယ်ကို တရွတ်တိုက် ဖမ်းပြီး ပြည်ထဲရေးဝန်ကြီးရုံးအထိ လုံထိန်းတွေ ခေါ်သွားပါတယ်။ ဦးဇင်းက သူ့ရှေ့မှာ မတရားတာတွေ့ရင် ရှေ့ကနေ ရဲရဲဝံ့ဝံ့ ဦးဆောင်တတ်တယ်။ ပြည်ထဲရေးရုံးထဲအထိလိုက်သွားပြီး သင်တိုင်းဝတ်လူငယ်လေးကို ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ တယ်။ ဒါပေမယ့် အာဏာပိုင်တွေက မလွှတ်ပေးခဲ့ပါဘူး။

ဦးဇင်းက သူ့ရှေ့မှာရိုက်နှက်ဖမ်းဆီးခံရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် ကမ္ဘာမကြေဘူးလို့ဆိုပါတယ်။ ဦးဇင်းဦးစန္ဒာသီရိက လူ့အဖွဲ့အစည်းကို သူစွမ်းသလောက် အကျိုးပြုမယ်ဆိုတဲ့ နိုင်ငံရေးစိတ်ဓာတ်အပြည့်နဲ့ လက်တွေ့နေထိုင်လှူပ်ရှားခဲ့ပါတယ်။

လူသားဟာ သဘာဝတရားကို ရင်ဆိုင်တွန်းလှန်အနိုင်ယူရင်းက ကမ္ဘာမှာလူသားအဖြစ်ရပ်တည်နိုင်ခဲ့တာပါ။ လူဟာ မတရားဖိနှိပ်အုပ်ချုပ်နေတဲ့ ခေတ်ဆိုးစနစ်ဆိုးကို တွန်းလှန်အနိုင်ယူလို့ လူသားတယောက်ရဲ့ လွတ်လပ်ရှင်သန်မှူနဲ့အတူ လူ့တန်ဖိုးကို ဖော်ပြကြတယ်။ မတရားတဲ့လူ့ပတ်ဝန်းကျင်ကို တရားမျှတတဲ့လူ့အဖွဲ့အစည်းအဖြစ် ပုံဖော်ထုဆစ်ဖို့ဟာ လူသားရဲ့ သမိုင်းပေးတာဝန်ပါ။ ဦးဇင်းဦးစန္ဒသီရိကလည်း လူသားရဲ့ သမိုင်းတာဝန်ကို အသိရှိရှိနဲ့ တာဝန်ယူခဲ့ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့လုပ်ဖော်ကိုင်ဖက် ဘ၀တူတွေရဲ့ လုံခြုံမှူကို သူတတ်နိုင်သလောက် အကာအကွယ်ပေးပါတယ်။ အဲဒီလူတွေထောင်ကျမယ်ဆို သူလည်းကျမယ်ဆိုတာသိတယ်။ ဆရာတော် အငြိုငြင်ခံပြီး သူ့ကျောင်းမှာ လက်ခံတယ်။ သူကိုယ်တိုင်လည်း နိုင်ငံရေးတာဝန်ကို တက်တက်ကြွကြွလုပ်တယ်။ နောက်မတွန့်ဘူး။ ဘုန်းကြီးပီပီ အတွယ်အတာပြီးပါတယ်။ ဦးဇင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာမျာ တိုးတက်တဲ့ အမြင်အယူအဆတွေကို ဆုပ်ကိုင်ပြီး လူထုဘက်က အစဉ်တစိုက် လှူပ်ရှားခဲ့ပါတယ်။


ဦးဇင်းကို စစ်ကြောရေးမှာကတည်းက အာဏာပိုင်တွေက သင်္ဃန်းဝတ်နဲ့ ရိုက်နှက်နှိပ်စက် စစ်ဆေးပါတယ်။ မီးစနဲ့ ထိုးတယ်။ ခြေထောက်နှစ်ချောင်းကို ကြိုးနဲ့ချည်ပြီး ထုတ်မှာဆွဲထားတယ်။ သူတို့လိုချင်တဲ့အဖြေမရမချင်း စောက်ထိုးဆွဲထားတဲ့ ကြိုးကိုလျှော့၊ ရေတိုင်ကီထဲကိုနှစ်လိုက်၊ ဆွဲတင်လိုက်လုပ်ပါတယ်။လူမဆန်တဲ့ နှိပ်စက်မှူကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်။ ထောင်ထဲရောက်တော့ အတင်းလူဝတ်လဲပြီး သင်္ဃန်းဆွဲချွတ်ပါတယ်။ သံဃာတွေကို ထောင်ထဲမှာ သင်္ဃန်းဆွဲချွတ်တဲ့အချိန်မှာ မျက်ရည်ပေါက်ပေါက်ကျပါတယ်။ ဒီမျက်ရည်က သာသနာကို ချစ်တဲ့စိတ်ကြောင့် ကျတဲ့မျက်ရည်ပါ။ စစ်အာဏာရှင်အမိန့်နဲ့ ထောင်ဝါဒါတွေက သင်္ဃန်းဆွဲချွတ်ကြတာပါ။ ၁၉၉၀ ကံဆောင်ပွဲတုန်းက ထောင်ကျတဲ့ဆရာတော်တွေထဲမှာ ဦးက၀ိန်ဒဆိုတာ စစ်ကြောရေးမှာ နှိပ်စက်တဲ့ဒဏ်၊ ထောင်တွင်းမှာ နှိပ်စက်တဲ့ အတွင်းဒဏ်ရာတွေကြောင့် အကျဉ်းထောင်ကလွတ်ပြီး မကြာခင်မှာ ပျံလွန်တော် မူခဲ့ရှာပါတယ်။

ကံဆောင်ပွဲတုန်းက တိပဋကတ်ဆရာတော် ဦးသူမင်္ဂလာကို လူဝတ်လဲပြီး လက်မနှစ်ခု လူပြီး လက်ထိတ်ခတ်ညှင်းဆဲခဲ့တာ လွတ်ရက်မစေ့မချင်းပါ။ သံဃာတော်တွေကို လူဝတ်လဲ သိက္ခာချတဲ့အခါ စစ်အာဏာရှင်ရဲ့ သြဇာခံ ပြင်ပကဆရာတော်တွေခေါ်ပြီး သိက္ခာချပါတယ်။ ဦးဇင်းဦးစန္ဒာသီရိကတော့ သိက္ခာချပေးဖို့ခေါ်ဆောင်လာတဲ့ ဆရာတော်ကို အရှင်ဘုရား ဘယ်လောက်ပဲ သိက္ခာချချ တပည့်တော် ၀တ်နည်းနဲ့မကိုက်ညီတာ ဘာမှ မလုပ်ပါဘူး။ ရဟန်းဘ၀မှာ နေချင်တဲ့အတွက်ကြောင့် သေတဲ့အထိ ဘယ်တော့မှာ သိက္ခာချမှာမဟုတ်ဘူး။ ဘုရားရဲ့ ၀ိနည်းဒေသနာတော်များနဲ့အညီ ရဟန်းအဖြစ်ကိုခံယူထားတဲ့အတွက် ဘယ်လိုမှ သိက္ခာချလို့မရဘူးလို့ လျှောက်ပါတယ်။

ဒီစကားအတိုင်းပဲ ဦးဇင်းက ထောင်တွင်းမှာ ထောင်ဝတ်စုံနဲ့ထားပေမယ့် ရဟန်းအတိုင်းပဲကျင့်ကြံနေထိုင်ပါတယ်။ ထောင်ထဲမှာ မနက်တစ်ပုံစံ၊ ညနေတစ်ပုံစံ ထောင်ထုံးစံအရ ဦးဇင်းက တနေ့ကိုဆွမ်းတနပ်ပဲ စားရတယ်။ တပတ်မှာ ဆယ့်လေးနပ်ရှိတဲ့အတွက် အသားတစ်ကြိမ်စားခွင့်ပေးတယ်။ အဲဒါကလည်း ညနေပိုင်းပဲပေးတာပါ။ ဦးဇင်းတို့လို သံဃာတွေ အသားဘယ်တော့မှ စားခွင့် မရှိပါဘူး။ သူတို့ရတဲ့အသားတွေကို လူမမာရဲဘော်တွေကို အမြဲကျွေးပါတယ်။ ထောင်အာဏာပိုင်တွေက ထောင်ပုံစံအတိုင်းဆက်ဆံပေမယ့် သူကတော့ ရဟန်းတို့နေထိုင်သလိုနေထိုင်ခဲ့ပါတယ်။ ထောင်မှာ အာရုံဆွမ်းအခက်အခဲအမြဲရှိပါတယ်။ ထောင်တွင်းအခက်အခဲပြဿနာတွေကို လိုအပ်လို့ သူ့ကိုဖြေရှင်းပေးဖို့ တိုက်တွန်းရင် ရဟန်းသံဃာလိုရော၊ နိုင်ငံရေးသမားလိုပါ ချဉ်းကပ်ဖြေရှင်းပေးနိုင်ပါတယ်။ ဦးဇင်းကို ထောင်အာဏာပိုင်များက လူနာမည်ခေါ်ပြီး နှိမ့်ချဆက်ဆံပါတယ်။ ဦးတင်ဦးနဲ့အတူ အကျဉ်းကျခံရတဲ့ နိုင်ငံရေးအကျဉ်းသားများကတော့ အခါကြီးရက်ကြီး ၀ါတွင်းကာလတွေမှာ ဦးဇင်းဆီက သီလပေးတရားများကို နာယူကြပါတယ်။ ဦးဇင်းဦးစန္ဒာသီရိ ၂၀၀၅ ဇူလိုင် ၆ ရက်နေ့မှာ ကလေးအကျဉ်းထောင်က ဒုတိယအကြိမ် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဦးဇင်း အကျဉ်းထောင်ကလွတ်မြောက်ပြီး မကြာခင်မှာ လောင်စာဆီဈေးနှူန်း ရုတ်တရက်တိုးမြင့်မှူကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များနဲ့အတူ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့အတူ ပူးပေါင်းလမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။

အဲဒီနောက် ပခုက္ကူသံဃာလှူပ်ရှားမှူမှာ သံဃာတွေကို ဓာတ်တိုင်မှာ ကြိုးချည်ပြီး ရိုက်နှက်ခဲ့ပါတယ်။ ဒီအမှူအတွက် သံဃာတော်တွေက စစ်အစိုးရကို တောင်းပန်ဝန်ချဖို့ တိုက်တွန်းခဲ့တယ်။ စစ်အစိုးရက မတောင်းပန်တဲ့အပြင် ဖိနှိပ်မှူကို မြှင့်တင်ခဲ့ပါတယ်။ မေတ္တာတရားနဲ့နေထိုင်တတ်သူ သံဃာတော်တွေဟာ စစ်အာဏာရှင်ကြောင့် ဒုက္ခအခက်အခဲရောက်နေတဲ့ ပြည်သူလူထုတွေ့ရဲ့ကိုယ်စား စစ်အာဏာရှင်ကို မေတ္တာပို့တောင်းဆိုခဲ့ကြပါတယ်။ ဒီသံဃာထုထဲမှာ ဦးဇင်းဦးစန္ဒာသီရိလည်း ပါဝင်ခဲ့ပါတယ်။ စက်တင်ဘာသံဃာလှူပ်ရှားမှူမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအလံကို လွှင့်ထူရင်း သံဃာနဲ့လူထုကြားမှာ တို့မေတ္တာစွမ်း၊ ကမ္ဘာလွှမ်း၊ ငြိမ်းချမ်းကြပါစေ ဆိုပြီး ဦးဆောင်မေတ္တာပိုနေတဲ့ ဦးဇင်းဦးစန္ဒာသီရိရဲ့ ရုပ်ပုံလွှာကို စက်တင်ဘာ သံဃာလှူပ်ရှားမှူ ၂ နှစ်မြောက်မှာ အမှတ်ရစရာတခုအဖြစ် အမှတ်ရနေပါတော့တယ်။

မျှဝေခံစားနိုင်ကြပါစေ။
"အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်" RFA အသံလွှင့် ဆောင်းပါးများစာအုပ်မှ ကူးယူဖြန့်ဝေသည်။