Thursday, June 30, 2011

Côte Saint-Luc will honor Suu Kyi on Canada Day – July 1



Information Release of Canadian Friends of Burma – June 30, 2011

OTTAWA – Burmese democracy leader Daw Aung San Suu Kyi will be honored by the City of Côte Saint-Luc located near Montreal on Canada Day – tomorrow July 1.

The city will unveil a plaque honoring her on the city’s Human Rights Walkway at 5:30 pm. A video message of Daw Aung San Suu Kyi will be showed in the event.

Detail info about the event, please see http://www.cotesaintluc.org/en/pr20110606a

Or please contact Darryl Levine, Director of Public Affairs and Communications, 514-485-8905, dlevine@cotesaintluc.org

And Tin Maung Htoo, Canadian Friends of Burma, 613-279-6835, tinmaunghtoo@cfob.org

 The Canadian Friends of Burma (CFOB) is federally incorporated, national non-governmental organization working for democracy and human rights in Burma. Contact: Suite 206, 145 Spruce St., Ottawa, K1R 6P1; Tel: 613.237.8056; Email: cfob@cfob.org; Web: www.cfob.org

Côte Saint-Luc to honour Aung San Suu Kyi on Human Rights Walkway on July 1, 2011

Aung San Suu KyiCôte Saint-Luc, June 6, 2011 – The City of Côte Saint-Luc will unveil a plaque honouring Aung San Suu Kyi on the city’s Human Rights Walkway on Friday, July 1, 2011 at 5:30 pm as part of the city’s annual Canada Day celebrations.

Aung San Suu Kyi has valiantly struggled for democracy and human rights in Burma for more than 20 years. Burma has been under military dictatorship since 1962. The military placed Aung San Suu Kyi under house arrest in 1989, offering to free her if she agreed to leave the country. She refused and demanded the return of civilian government and the release of political prisoners. In 1990, her party, the NLD, won a landslide victory in Burma’s first multi-party elections in 30 years, but it has never been allowed to govern. Aung San Suu Kyi has spent 15 of the last 21 years under house arrest.

“Like others we have honoured, Aung San Suu Kyi put herself in danger to help bring about democratic change,” Mayor Anthony Housefather said. “Several times during her long captivity, the military government offered her the opportunity to leave the country, but she refused to leave her homeland preferring instead to continue her long struggle for democracy and human rights together with her people.”

In 1991, Aung San Suu Kyi was awarded the Nobel Peace Prize. In 2007, the Government of Canada made her an honorary citizen and imposed some of the toughest sanctions in the world against Burma in order to exert pressure against the military.

The Human Rights Walkway was inaugurated in 2000 and is located at Pierre Elliott Trudeau Park (6975 Mackle Rd.), and is dedicated to men and women who have promoted human rights. The co-chairpersons for this year’s event are councillors Ruth Kovac and Glenn J. Nashen.

The public can learn more about the past honourees at www.CoteSaintLuc.org/en/Walkway.

- 30 -

For more information: Darryl Levine, Director of Public Affairs and Communications, 514-485-8905, dlevine@cotesaintluc.org
AttachmentSize
Aung San Suu Kyi (Photo: Burma Campaign UK)975.82 KB

၃၀.၆.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
30 Jun 2011 Yeyintnge's Diary.doc30 Jun 2011 Yeyintnge's Diary.doc
1301K   View   Download  
30 Jun 2011 Yeyintnge's Diary.pdf30 Jun 2011 Yeyintnge's Diary.pdf
1752K   View   Download  
http://www.mediafire.com/file/2d13q8ie4918qar/30%20Jun%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/rvtrr719x442s16/30%20Jun%202011%20Yeyintnge%27s%20Diary.pdf
30 Jun 2011 Yeyintnge's Diary

ဇွန် ၂၈ ရက် အကြောင်းကြားစာအပေါ် ကျနော့်အမြင် (တူမောင်ညို )



2 attachments — Download all attachments  
29_june_11_How is NLD_by_TMN.doc29_june_11_How is NLD_by_TMN.doc
19K   View   Download  
29_june_11_How is NLD_by_TMN.pdf29_june_11_How is NLD_by_TMN.pdf
25K   View   Download  



(၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်)


၂၀၁၁ ခုနှစ်၊ ဇွန်လ(၂၈) ရက်၊ နေ့စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ဦးအောင်ရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့အား “ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ရန်” အကြောင်းကြားစာပေးပို့ခဲ့သည်။
သက်ဆိုင်သူများက မည်သို့တုန့်ပြန်ကြလိမ့်မည် ကျနော်မသိပါ။
သတင်းစာတွင်ဖေါ်ပြထားသည့်အချက်များအပေါ်မူတည်၍ ကျနော့်အမြင်ကိုတင်ပြပါမည်။
“(No one can stay beyond the law) ဥပဒေပြင်ပတွင် မည်သူမျှမနေရ ဟူသည့်အတိုင်း ဥပဒေ၏ အောက်တွင် သာနေကြရမည်” ဟူသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ စကားကိုလက်တွေ့အကောင်အထည်ဖေါ်ခြင်းပင်ဖြစ်သည်။

အချိန်ကာလ
ကချင်ပြည်နယ်၊ ကရင်ပြည်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများကလည်း တဖြည်းဖြည်း အရှိန်မြင့် ကျယ်ပြန့်လာနေသည့် အချိန်၊ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်စတင်တော့မည့်အချိန် ၊ အစိုးရသစ်သက်တမ်းကလည်း ရက်ပေါင်း ၁၀၀ ပြည့်ရန် ရက်ပိုင်းမျှလိုတော့သည့်အချိန်တွင် ဤ အကြောင်းကြားစာ ပေးပို့လာခြင်းဖြစ်သည်။

အကြောင်းကြားစာ၏လိုရင်းအချုပ်မှာ NLD လက်ရှိဆောင်ရွက်နေမှု “အားလုံး” ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် နှင့် လူမှုရေး အသင်း ဖွဲ့စည်းမည်ဆိုပါက လုပ်ထုံးလုပ်နည်းနဲ့အညီလျှောက်ထားလာလျှင် ဥပဒေနှင့်အညီဆောင်ရွက်ပေးမည် ဟူ၍ဖြစ်သည်။
ဆက်လက်ဆောင်ရွက်ခြင်းမပြုရန်သာပါသည်။ ဆက်လက်ဆောင်ရွက်နေလျှင် မည်သို့အရေးယူဆောင်ရွက်မည်ဟု ဖေါ် ပြထားခြင်းမရှိပါ။
NLD လက်ရှိဆောင်ရွက်နေမှုများသည် “ဥပဒေအား တမင်ဆန့်ကျင်ဖောက်ဖျက်နေမှုများဖြစ်သည်”၊ “နိုင်ငံတော်အစိုးရ ကို ဆန့်ကျင် နေသည့်သဘောလည်းသက်ရောက်နေသည်” ဟုဖေါ်ပြပါရှိပါသည်။
NLDက တည်ဆဲဥပဒေများ၏ အခေါင်အချုပ်ဖြစ်သော “ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)”ကို “တရားမဝင်/ လက်မခံ” ဟု ထုတ်ပြန်ထားပြီးဖြစ်သည်။
ပကတိအရှိတရား နှင့် မိမိအတ္တဘာဝအင်အား အကြားက ကွက်လပ်ကို တံတားခင်းပေးရမည်မှာ ခေါင်းဆောင်မှုဆိုင်ရာ ကိစ္စပင်ဖြစ်ပါလိမ့်မည်။ A leader must lead. ခေါင်းဆောင်သည် ခေါင်းဆောင်ရမည်ဖြစ်သည်။
ပကတိအရှိတရားကို ရိုးရိုးစင်းစင်းနာခံကြသူများမှာ ပြုပြင်ရေးသမားများ(ဝါ) ဖန်ခွက်ထဲရေတစ်ဝက်ရှိခြင်းကို နှစ်သက် လက်ခံကြသူများ၏ အဆုံးစွန်သောလုပ်ဟန်ပင်ဖြစ်ပါသည်။သူတို့သည် ပေးသလောက်၊ ရသလောက်ယူကြမည်သာဖြစ်သည်။
ထိုသူများသည် ယခုအခါ “လွှတ်တော်”ဆိုသည်များထဲတွင် သူတို့ကိုယ်တိုင်လည်း တိုင်းပြည်နှင့်လူထုအကျိုးရှိမည့်ကိစ္စ များကို ချမှတ်အကောင်အထည်ဖေါ်နိုင်သည့်စွမ်းအားမရှိသလို၊ တိုင်းပြည်နှင့်လူထုအကျိုးထိခိုက်စေမည့်ကိစ္စတွင်လည်း ကန့်ကွက် တားဆီးနိုင်သည့်အင်အားမရှိကြောင်း လက်တွေ့သိမြင်နေကြရပြီဖြစ်သည်။
ရောဂါဘယကို ကုသပျောက်ကင်းစေနိုင်သည့် အစွမ်းထက်ဆေးဝါးများမှာပင် ဘေးထွက်ဆိုးကျိုး(side effect) ပါရှိမြဲ ဖြစ်ပါသည်။ လူထုကို စည်းရုံးပြီး လူထုစွမ်းအား (people's power) ဖြင့် ပကတိအရှိတရားဆိုသည်များကို တော်လှန်ကြရာတွင် လည်း အချို့သောအနိဋ္ဌာရုံများကို မလွဲမသွေကြုံတွေ့ရမည်မှာ ဓမ္မတာသဘောပင်ဖြစ်ပါသည်။
ပြပြင်ရေးသမားများသည် တော်လှန်ရေးကိုကြောက်ကြသည်။ သို့အတွက် တော်လှန်ရေးတွင်ကြုံတွေ့ရတတ်သည့် အချို့ သောအနိဋ္ဌာရုံများကို တစ်ဆိတ်တစ်အိတ်လုပ်ကာ ပြည်သူများကိုချောက်လှန့်တတ်ပါသေးသည်။
ယနေ့ကာလ၏ ပကတိအရှိတရားဆိုသည်မှာ စစ်အာဏာရှင်စနစ်က အရပ်သားအစိုးရအသွင်ယူကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ဖြင့် ပြည်သူလူထုအား ဖိနှိပ်အုပ်စိုးနေခြင်းပင်ဖြစ်ပါသည်။
ယင်းသို့သော ပကတိအရှိတရားကို ပြုပြင်ရေးနည်းလမ်းဖြင့် မတွန်းလှန်နိုင်ပါ။ တော်လှန်သောနည်း၊ တော်လှန်ရေးနည်း၊ လူထုနည်း၊ လူထုတော်လှန်ရေးနည်းလမ်းများဖြင့်သာ ဖြတ်သန်းကျော်လွှားနိုင်ပါလိမ့်မည်။
တစ်ဦးကောင်းတစ်ဖွဲ့ကောင်းဖြင့်လည်းကျော်လွှားနိုင်လိမ့်မည်မဟုတ်ပါ။ လက်ဝဲလက်ယာ၊ ပြည်တွင်းပြည်ပအင်အားစု အသီးသီး၏ လက်တွေ့ကျပြီးအလုပ်ဖြစ်သည့် ညီညွတ်မှုစွမ်းပကားသည်အခရာ ကျသောအခန်းကပါဝင်နေပါသည်။
တော်လှန်သောနည်း/လူထုနည်းနှင့်လူထုစွမ်းအားကို လက်ရှိအစိုးရသည် အင်မတန်ကြောက်ပါသည်။
သာမန်ပြည်သူတစ်ဦးပါလို့ သူတို့ ဘယ်လိုပင် ပြောဆိုနေစေကာမူ။ ဒေါ်အောင်ဆန်းစုကြည် ၏ နယ်စည်းရုံးရေးခရီးစဉ် သည် သူတို့အတွက် “ရင်မအေးဖွယ် Issue တစ်ခု” ဖြစ်နေပါသည်။ ထိပ်လန့်နေပါသည်။ သို့အတွက်လည်း “ဒီပဲယင်း ဖြစ်ရပ်” ကဲ့သို့ ရာဇဝတ်မှု/အကြမ်းဖက်မှုမျိုးဖြင့် ရမ်းကားခဲ့ကြခြင်းဖြစ်သည်။ ယင်းအတွက်သတိရှိရပါမည်။
လူထုနဲ့လူထုခေါင်းဆောင် ရေနှင့်ကြာပမာဆက်စပ်သွားတဲ့အခါ၊ လူထုကြီးက တော်လှန်တဲ့သဘောတရားကို ဆုပ်ကိုင် လာတဲ့အခါမှာ အင်မတန် အစွမ်းထက်မြက်သော ရုပ်ဝတ္တုအင်အားဖြစ်လာပါသည်။
ထိုစွမ်းအားဖြင့်ပင် လူထုများသည် သမိုင်းခေတ်များကို ဖန်တီးခဲ့ကြပါသည်။ ဖန်တီးနေကြဆဲဖြစ်ပါသည်။


ချစ်သလားမုန်းသလား ပြောပါလား

၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပါတီခေါင်းဆောင်တချို့ က ရယ်သလိုမောသလိုနဲ့ 

သတင်းတပ်ဖွဲ့ ဝင်တွေကို ပြောတတ်တယ်။ “ကျုပ်တို့ ကိုတော့ ဟိုတားဒီတားနဲ့ NLD ကိုတော့ လုပ်ချင်

တာ လုပ်ခွင့်ပေးတယ်။ ခင်ဗျားတို့ က မမိုက်ပါဘူးဗျာ”တဲ့။ မှတ်ပုံတင်နိုင်ငံရေးပါတီထက် မှတ်ပုံတင်

မထားတဲ့ပါတီကို ပစား ပေးနေခြင်းအပေါ် နားမလည်နိုင်လာတော့တဲ့ပုံ ရှိလာပါတယ်။

ခက်တာက ပြည်သူအများစုအနေနဲ့ ရွေးကောက်ပွဲဝင်ပါတီတွေ ဘာလုပ်နေသလဲဆိုတာထက် NLD

ဘာလုပ်နေသလဲဆိုတာကို ပိုစိတ်ဝင်စားကြတယ်၊ ဒေါ်စု ဘာလုပ်တော့မလဲဆိုတာ လူထုနိုင်ငံရေးလို

ဖြစ်နေတာ ဘယ်လိုလုပ်ကြမလဲ။ ရေခဲမုန့် ကျွေးပြီး ဒေါ်စုနိုင်ငံရေးကို မကြည်နဲ့ နော်လို့ ပြောလို့ ရတာမှ

မဟုတ်ဘဲ။ နည်းနည်းလေးတော့ ကြောက်တယ်၊ ဒါပေမယ့် မထောက်ခံဘဲလည်း မနေနိုင်ပေါ့။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးတစ်ခေါက် နေအိမ်အကျယ်ချုပ်က မလွတ်ခင်မှာ ပြည်ထဲရေး

ဌာနက တာဝန်ရှိသူနဲ့ ဒေါ်စုတို့ တက္ကသိုလ်ရိပ်သာလမ်းကအိမ်မှာ တွေ့ ကြတော့ လိုအပ်တာ ပြောပါ၊

ကူညီပါ့မယ်လို့  ရဲအရာရှိကြီး ကမ်းလှမ်းခဲ့တာကို မှတ်မိပါသေးတယ်။ ဒေါ်စုနဲ့ NLD အခုလို နိုင်ငံရေး ဆက်

မလုပ်ဖို့ ပြည်ထဲရေးဝန်ကြီးက အကြောင်းကြားစာ ပို့ လိုက်ပြီးတဲ့နောက် ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ ဆုံ

လိုပါကြောင်း ဒေါ်စုဘက်က ပြန်လည်ပြောဆိုလိုက်ပါတယ်။ သမ္မတကြီးရဲ့ အစိုးရအဖွဲ့ မှာပါတဲ့ ပြည်

ထောင်စုဝန်ကြီးအဆင့်လောက်ကိုသာ စကားပြောခွင့် တောင်းဆိုတာဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်ပြီးတဲ့နောက်ပိုင်း အစဉ်တစိုက် တွေ့ ဆုံဆွေးနွေးဖို့ ကို ဒေါ်စုတောင်းခဲ့ပေမယ့်

အစိုးရသစ်ကလည်း တုတ်တုတ်မှ မလှုပ်ခဲ့ပါဘူး။ အစိုးရရဲ့ ဟန်းနီးမွန်းရက်(၁၀၀) ပြည့်ခါနီးတဲ့အထိ

တုံဏိဘာဝေပါဘဲ။ အာဏာပိုင်တွေဘက်က ဒေါ်စုနဲ့ NLDကို ဘယ်လိုအနေအထား၊ ဘယ်လောက်အတိုင်း

အတာမှာ “တည်”ထားစေချင်သလဲဆိုတာ စဉ်းစားရပါမယ်။ ရွေးကောက်ပွဲလမ်းကြောင်းပေါ် အမှန်တကယ်

တက်စေချင်တာလား၊ နိုင်ငံရေးလိုလို လူမှုရေးလိုလိုနဲ့ လုံးပြီး ပျော်သလိုနေ၊ ရေချိန်တစ်ခုထက် မကျော်စေ

နဲ့ သဘောလား။ အီလယ်လယ်ဖြစ်လာတော့လည်း တောင်တွေးမြောက်တွေး တွေးလာကြပါတယ်။

နံပတ်ဖိုက်ဂီယာထိုးပြီး အရှိန်နဲ့ မောင်းလာတဲ့ကားကို နံပတ်ဝမ်း တန်းထည့်ခိုင်းလို့ တော့ မဖြစ်ပါဘူး။

လေးကနေသုံး၊ သုံးကနေ နှစ်ပေါ့။ ၂၀၀၈ဖွဲ့ စည်းပုံကို NO လုပ်တယ်၊ ၂၀၁၀ရွေးကောက်ပွဲကို NO လုပ်တယ်၊

၉၀ရလဒ်ကို မဖြည်ဘူး၊ ဒဏ်ရာဗရပွ ခံထားရတဲ့ အတိုက်အခံပါတီကြီး NLDကို ဂငယ်ကွေ့ တန်းကွေ့ ခိုင်းလို့ 

တော့ မဖြစ်ပါဘူး။ ကိုယ့်နေရာမှာသူ၊ သူ့ နေရာမှာကိုယ်ဆိုပြီး အပြန်အလှန်ကိုယ်ချင်းစာစိတ်တော့ ထားကြမှ

နိုင်ငံရေးစိတ်ဝမ်းကွဲမှုတွေ လျော့ပါးပြီး ပြန်လည်သင့်မြတ်ရေးဆိုတာ ဖြစ်မှာမဟုတ်လား။

ဒေါ်စု ပြန်လွတ်ခါစ ပြောတာဆိုတာတွေဟာ အတော်ကလေး ညင်သာလို့ တည်ဆဲအစိုးရပေါ်မှာ အင်မတန်

ပျော့ပျောင်းပြီးခါမှ အခုလို တင်းတင်းမာမာဖြစ်လာရတာဟာ သူ့ ကို ဥပေက္ခာပြုထားလို့ ၊ သိုသိုသိပ်သိပ်တောင်

အဆက်အသွယ်မလုပ်လို့ ဘဲဖြစ်ပါတယ်။ ဒီကာလတလျောက်မှာ ဒေါ်စုဘက်က လမ်းကြောင်းတွေမြောက်မြားစွာ

ဖွင့်ပေးခဲ့၊ လျို့ ဝှက်စွာနဲ့ အများကြီးလိုက်လျောခဲ့ပါတယ်။ ကာယကံရှင်တွေ သိကြပါတယ်။ ဖိုင်နယ်မပြောနဲ့ 

ကွာတားလောက် မရောက်ခင်မှာဘဲ လမ်းစတွေ၊ လမ်းကြောင်းတွေ ပြတ်တောက်ကုန်ပါတယ်။ ဒေါ်စု စိတ်ပျက်

လက်ပျက်ဖြစ်ရပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကာလတုန်းက တောထဲကကွန်မြူနစ်ပါတီကို ရန်ကုန်မြို့ ပင့်ဖိတ်ပြီး ဆွေးနွေးစကား

ပြောကြတော့ အထမမြောက်ခဲ့ဘူး။ ရန်ကုန်မှာ ကွန်မြူနစ်ဆဲလ်အသစ်တွေ မွေးခဲ့နိုင်တာဘဲ အဖတ်တင်တယ်လို့ 

ဝေဖန်ခဲ့ဖူးပါတယ်။ နောက်သုံးနှစ်ဆို ဒေါ်စု အသက်(၇၀)ပြည့်ပါတော့မယ်။ မြန်မာ့နိုင်ငံရေးရဲ့ ဟာကွက်စစ်စစ်ကို

လက်တွေ့ ကျကျဖြည့်ဆည်းဆောင်ရွက်ပေးလိုတဲ့စိတ် ဒေါ်စုမှာ တည်ရှိနေပါပြီ။ ဒေါ်စုဟာ ကွန်မြူနစ်မဟုတ်လို့ 

အရင်က မြန်မာ့သမိုင်းအကြမ်းပတမ်းကာလက အတွေ့ အကြုံတွေနဲ့ ယှဉ်ထိုးဖို့ မသင့်ပါဘူး။

ပြည်သူတွေလည်း အေးချမ်းချင်ကြတယ်၊ အစိုးရလည်း အေးချမ်းချင်တယ်၊ နိုင်ငံရေးသမားတွေလည်း အေး

ချမ်းချင်တယ်၊ ဒေါ်စုလည်း အေးချမ်းချင်တယ်။ တော်လှန်ရေးတွေဖြစ်မှ၊ အဆုံးစွန် “၀ုန်း”လိုက်မှ ဆိုသူတွေကိုတော့

ထားပစ်ခဲ့လိုက်ပါ။ ဘယ်သူမှ ဆူဆူပူပူဖြစ်တာ မမြင်ချင်ဘူး၊ မြင်ချင်တာက အစိုးရတာဝန်ရှိသူတွေနဲ့ ဒေါ်အောင်

ဆန်းစုကြည် တစားပွဲထဲထိုင်ပြီး နိုင်ငံရေးအကြောင်းတွေ ပြောဆိုကြတာပါ။ အပြန်အလှန်ကူညီရိုင်းပင်းနေကြတာ

ပါ။ ဒါဟာ မြန်မာပြည်သားအားလုံးရဲ့ ဆန္ဒပါ။ NLDရဲ့ ဆန္ဒမဟုတ်ဘူး၊ KNUရဲ့ ဆန္ဒမဟုတ်ဘူး။ အမေရိကန်ရဲ့ ဆန္ဒ

မဟုတ်ဘူး၊ ကလုသမဂ္ဂရဲ့ ဆန္ဒမဟုတ်ဘူး။ ပြည်ထောင်စုသားအားလုံးရဲ့ ဆန္ဒပါ။

ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း (၂၀)ကျော် ရုန်းကန်၊ မျှော်လင့်တာတွေ မဖြစ်ခဲ့တာများပြီး အသက်အရွယ်

အားဖြင့်လည်း ကြီးရင့်လာပြီဖြစ်တဲ့ ဒေါ်စုအတွက် ကမ္ဘာကျော်အတိုက်အခံဆိုတဲ့ ဂုဏ်ပုဒ်ကို နောက်ဆုံးထွက်သက်

အထိ ဖက်တွယ်သွားပြီး ထောင်ထဲကို ပြန်ဝင်သွားဖို့ လည်း ၀န်လေးနေမှာ မဟုတ်ပါဘူး။ ဒီလိုမျိုး အဆုံးသတ်မှုကို

ပြည်သူတွေက မမြင်ရက်ပါဘူး။ မြန်မာ့သမိုင်းမှာ ဒီလိုမှတ်တမ်းမျိုး ရေးသားတော့မယ့် ခေတ်သစ်သမိုင်းဆရာတို့ 

ရဲ့ လက်ညှိုးထိုးအပြစ်တင်မယ့် သမိုင်းတရားခံဘ၀ကို ကျွန်တော်တို့ အားလုံး အပို့ မခံပါရစေနဲ့ ။

ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးနိုင်တာတွေ ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးအနေနဲ့ ဒေါ်စုနဲ့ စကားစမြည်

ပြောကြည့်ပါ။ တစ်နိုင်ငံလုံး အပြုံးပန်းတွေဝေပြီး မေတ္တာတွေ လွှမ်းသွားပါစေ့မယ်။


အောင်မျိုးထွန်း

၃၀- ၆- ၂၀၁၁

နယ်စပ်တိုက်ပွဲများ​နှင့်​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်၏ အမြင်သ​ဘောထား


Published on June 30, 2011 by ဒီဗွီဘီ

ကချင်ပြည်နယ်အပါအဝင် နယ်စပ်​ဒေသတိုက်ပွဲ​တွေနဲ့​ ပတ်သက်ပြီး​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အမြင်သ​ဘောထား​တွေကို တင်ဆက်ထား​ပါတယ်။

ပထမဆုံး​အ​နေနဲ့​ အခုဖြစ်​နေတဲ့​ နယ်စပ်စစ်ပွဲ​တွေ ရပ်တန့်​သွား​ဖို့​က အမျိုး​သား​ရင်ကြား​စေ့​ရေး​လုပ်ဖို့​ ငြိမ်ချမ်း​ရေး​ အ​ရေး​ပါပုံ​တွေကို ခုလို ​ပြောသွား​ပါတယ်။

“ကျမနား​လည်သ​လောက်က​တော့​ အစိုး​ရဘက်က​တော့​ ဒီဟာ​တွေအား​လုံး​ ငြိမ်း​ချမ်း​သွား​ပြီလို့​ ဆို​ပေမယ့်​လည်း​ ကချင်တပ်​တွေဘက်က ​ပြောတာ​တော့​ ငြိမ်း​ချမ်း​တယ်ဆိုတာ မဟုတ်​သေး​ပါဘူး​။ စပ်ကြား​စပ်ကြား​ တိုက်ခိုက်မှု​လေး​တွေ ရှိ​နေ​သေး​တယ်လို့​ ဆိုပါတယ်။ ဒီဟာ​တော့​ မဖြစ်သင့်​တဲ့​ ကိစ္စပါ။ ကျမတို့​နိုင်ငံမှာ ငြိမ်း​ချမ်း​ပြီး​တော့​ တကယ့်​ကို အား​လုံး​အတွက် ညီညီညွတ်ညွတ်နဲ့​ လုံလုံခြုံခြုံဖြစ်တဲ့​ တိုင်း​ပြည် ပြည်​ထောင်စုတခု ဖြစ်ဖို့​ဆိုရင် ဒီလိုကိစ္စမျိုး​တွေက ​ပေါ်ကို မ​ပေါ်သင့်​ပါဘူး​။ ကျမအ​နေနဲ့​ ဒီလိုဟာ​တွေဖြစ်လာလို့​ အမျိုး​သား​ပြန်လည်ရင်ကြား​စေ့​ရေး​အတွက် ပိုပြီး​တော့​ ကြိုး​စား​ရမယ်လို့​ ဒီလိုပဲမြင်တယ်။ တချို့​က​တော့​ ဒါက အမျိုး​သား​ပြန်လည် ရင်ကြား​စေ့​ရေး​ကို ပျက်ပြား​စေတယ်လို့​ ဆိုတဲ့​ဘက်က မြင်တာ​ပေါ့​နော်။ ကျမမြင်တာ​တော့​ ပိုကြိုး​စား​ဖို့​လိုတယ်။ ဒီလိုကိစ္စ​တွေက ကျမတို့​ကို သတိ​ပေး​နေသလိုပဲ။ ကျမတို့​ဟာ အမျိုး​သား​ရင်ကြား​စေ့​ရေး​ ဖြစ်​အောင်မလုပ်လို့​ရှိရင် ​နောင်ဒုက္ခအမျိုး​မျိုး​ ဒီတိုင်း​ပြည်က ​တွေ့​ကြုံရဦး​မှာပဲလို့​ သတိ​ပေး​နေသလို ဖြစ်တာ​ကြောင့်​မို့​လို့​ ဒီအဖြစ်အပျက်က ကျမတို့​ အမျိုး​သား​ရင်ကြား​စေ့​ရေး​ကို ပိုပြီး​တော့​ တန်ဖိုး​ထား​ရမယ်။ ရင်ကြား​စေ့​ရေး​ကို ဖြစ်​မြောက်​ရေး​အတွက် ပိုကြိုး​စား​ရမယ်၊​ ကြိုး​ပမ်း​ဆောင်ရွက်ရမယ်လို့​ ကျမ ဒီလိုမြင်ပါတယ်။ ငြိမ်း​ချမ်း​ရေး​အတွက် အဓိကလိုအပ်ချက်က​တော့​ နား​လည်ဖို့​ပဲ​လေ။ ဘယ်သူ့​ကြား​မှာပဲ ဖြစ်ဖြစ် ငြိမ်း​ချမ်း​ချင်တယ်ဆိုရင် ဟိုဘက်အမြင်ကို ဒီဘက်က နား​လည်မှ၊​ ဒီဘက်အမြင်ကို ဟိုဘက်ကနား​လည်မှ၊​ ဒါနား​လည်မှု​ပေါ့​။ နား​လည်မှုကို အ​ခြေမခံဘဲနဲ့​တော့​ ငြိမ်း​ချမ်း​ရေး​ဘက်ကို ​ရောက်ဖို့​ဆိုတာ အင်မတန်မှ ခက်ပါတယ်။ အဲ​တော့​ ဒီလိုနား​လည်မှုကို ယူဖို့​နေရာမှာ​တော့​ အမြင်ကျယ်ဖို့​လိုတယ်။ ကိုယ်လိုချင်တာ တခုတည်း​ကိုပဲ စဉ်း​စား​နေလို့​ မဖြစ်ဘူး​။ ကိုယ့်​ရဲ့​ ဆန္ဒတခုတည်း​ကိုပဲ ​ရှေ့​တန်း​တင်​နေလို့​ မဖြစ်ဘူး​။ အများ​ကောင်း​ကျိုး​အတွက် ဘယ်လိုလုပ်သင့်​သလဲ။ အများ​က ဘာလိုချင်သလဲ။ ကျမတို့​ ပြည်သူပြည်သား​အများ​စုက ငြိမ်း​ချမ်း​ရေး​ပဲ လိုချင်တာပဲ။ ကျမတို့​ တ​ယောက်မှ ဒီလိုတိုက်ခိုက်မှု​တွေ ဖြစ်​နေတာကို မလိုလား​ဘူး​။ တိုက်ခိုက်မှု​တွေ ဖြစ်တယ်ဆိုရင် ဘယ်​နေရာမှာပဲ ဖြစ်ဖြစ် ကချင်မှာပဲဖြစ်ဖြစ်၊​ ရှမ်း​မှာပဲဖြစ်ဖြစ်၊​ ကရင်မှာပဲဖြစ်ဖြစ်၊​ မွန်မှာပဲဖြစ်ဖြစ်၊​ ကျန်တဲ့​ ရခိုင်​တွေ​ရော၊​ ချင်း​တွေ​ရော၊​ ဗမာ​တွေ​ရော အင်မတန်မှ စိတ်ပူရတယ်။ စိတ်မ​ကောင်း​ဖြစ်ရတယ်။ ဘာလို့​လဲဆို​တော့​ ကျမတို့​က အား​လုံး​အတူတူပဲ။ ဒီနိုင်ငံထဲမှာ အတူတူ​နေကြသူ​တွေ ဖြစ်တယ်။ ဒီ​မြေ​ပေါ်​နေ၊​ ဒီ​ရေကို​သောက်၊​ ​နေတဲ့​သူ​တွေပဲ၊​ ဘယ်စိတ်ချမ်း​သာပါ့​မလဲ။ အဲ​တော့​ ငြိမ်း​ချမ်း​ရေး​ လိုချင်တယ်ဆိုရင် နံပါတ်တစ်က ဆန္ဒက​တော့​ ရှိရမှာ​ပေါ့​။ ကျမတို့​ ရိုး​ရိုး​ပဲ တရား​သ​ဘောအရ၊​ ​အောင်မြင်ခြင်း​တရား​ ​လေး​ပါး​ရဲ့​ သ​ဘောအရ ​ပြောရမယ်ဆိုရင် ငြိမ်း​ချမ်း​ရေး​ရဖို့​ဆိုတာ ငြိမ်း​ချမ်း​ရေး​လိုချင်တဲ့​ ဆန္ဒက ပထမပဲ။ အဲဒါနဲ့​ စရမှာပဲ။”

ဆက်လက်ပြီး​ ကချင်ပြည်နယ်နဲ့​ထိစပ်​နေတဲ့​ တရုတ်အစိုး​ရအ​ပေါ်ထား​ရှိတဲ့​ သ​ဘောထား​အမြင်ကိုလည်း​ ခုလို မှတ်ချက်​ပေး​ ​ပြောပါတယ်။

“တရုတ်အစိုး​ရကလည်း​ ကျမတို့​ မြန်မာနိုင်ငံသူ နိုင်ငံသား​တွေရဲ့​ ငြိမ်း​ချမ်း​ရေး​ လိုချင်တဲ့​ စိတ်ဆန္ဒကို ​လေး​စား​ပြီး​တော့​ တတ်နိုင်သမျှ လုပ်​ပေး​သင့်​တယ်လို့​ ကျမထင်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ကျမတို့​တွေက အိမ်နီး​နား​ချင်း​တွေ​လေ။ ဟိုဘက်ဒီဘက်ပဲ။ ဟိုဘက်ဒီဘက် အင်မတန်မှ နီး​ကပ်​နေတဲ့​ အိမ်နီး​နား​ချင်း​တွေဟာ တဖက်အိမ်က မသာယာရင်၊​ တဖက်အိမ်က မငြိမ်း​ချမ်း​ရင်၊​ ဟိုဘက်အိမ်က​ကော ဒီဟာ​တွေကို မခံစား​ရဘဲ ​နေနိုင်မလား​။ အခု ဥပမာအား​ဖြင့်​ဆိုရင် ဒုက္ခသည်​တွေက ဟိုဘက်နိုင်ငံကို ​ပြေး​တယ်။ ကျမတို့​ကြား​တယ်။ ဒီလိုတိုက်ပွဲ​တွေ ဖြစ်ကတည်း​က တချို့​ဒုက္ခသည်​တွေက တရုတ်နိုင်ငံဘက်ကို ​ပြေး​သွား​တယ်လို့​ ကျမတို့​ ကြား​ရတယ်။ အဲ​တော့​ ဒီနိုင်ငံမှာ မငြိမ်း​ချမ်း​ဘူး​။ ကိုယ့်​ရဲ့​ အိမ်နီး​ချင်း​နိုင်ငံမှာ မငြိမ်း​ချမ်း​ဘူး​ဆိုရင် ကိုယ့်​နိုင်ငံကိုပဲ ထိလာတာပဲ ဆိုတာ​တော့​ တရုတ်​ခေါင်း​ဆောင်​တွေလို အ​မြော်အမြင် ကြီး​တဲ့​ပုဂ္ဂိုလ်ကြီး​တွေ​တော့​ နား​လည်မှာ ဖြစ်ပါတယ်။ အဲဒီနား​လည်မှုအ​ပေါ်မှာ အ​ခြေခံပြီး​တော့​ ကျမတို့​ မြန်မာနိုင်ငံမှာ ငြိမ်း​ချမ်း​ရေး​ဖြစ်ဖို့​အတွက် တတ်နိုင်သမျှ​တော့​ ဝိုင်း​ပြီး​တော့​ ကြိုး​ပမ်း​ပေး​သင့်​တယ်လို့​ ကျမထင်တယ်။ ​ပေး​မယ်လို့​လည်း​ ကျမယုံကြည်ပါတယ်။ တကယ်​တော့​ ဘယ်သူ့​ရဲ့​ ကြား​ဝင်​စေ့​စပ်မှုမှ မလိုဘဲနဲ့​ ကိုယ့်​အချင်း​ချင်း​ ​ပြေလည်​အောင်လုပ်နိုင်ရင်​တော့​ အ​ကောင်း​ဆုံး​ပေါ့​။ ဒါ​ပေမယ့်​ ကျမတို့​ရဲ့​ အခု​ခေတ် ကမ္ဘာကြီး​မှာဆိုရင် အား​လုံး​က တတိုင်း​ပြည်နဲ့​ တတိုင်း​ပြည် ဆက်နွှယ်မှု​တွေက ရှိ​နေ​တော့​ ဝိုင်း​ဝန်း​ပြီး​တော့​ ငြိမ်း​ချမ်း​ရေး​အတွက် ကြိုး​ပမ်း​ပေး​တာ၊​ ဖျန်​ဖြေ​ပေး​တာ၊​ ကြား​နေ​ဆောင်ရွက်​ပေး​တာက ဘယ်ဟာမှ တန်ဖိုး​မရှိတာ မရှိပါဘူး​။ ဒါ​တွေက လုပ်သင့်​တဲ့​အလုပ်​တွေပါ။ ​စေတနာမှန်မှန်နဲ့​ လုပ်​ပေး​တယ်ဆိုရင် ကျမတို့​က ကြိုဆိုရမှာဖြစ်ပါတယ်။”

စစ်​ကြောင့်​ ထွက်​ပြေး​တိမ်း​ရှောင်​နေကြရတဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေကိုလည်း​ အခုလို အား​ပေး​တိုက်တွန်း​ စကား​ဆိုပါတယ်။

“စစ်​ကြောင့်​ဖြစ်လာတဲ့​ ဒုက္ခသည်​တွေနဲ့​ ပတ်သက်ပြီး​တော့​ ​ပြောရမယ့်​စကား​ နှစ် ခုရှိတယ်။ တခုက​တော့​ သူတို့​ရောက်သွား​တဲ့​ နိုင်ငံ​ပေါ့​။ ဥပမာ ကျမတို့​ ကချင်အမျိုး​သား​တပ်​တွေနဲ့​ ဒီဘက်က တပ်မ​တော်တပ်​တွေနဲ့​ ပြဿနာဖြစ်တဲ့​အချိန်မှာ တရုတ်ပြည်ဘက်ကို ထွက်​ပြေး​သွား​တဲ့​ ဒုက္ခသည်​တွေ ​တော်​တော်များ​တယ်လို့​ ကြား​သိရတယ်။ အဲဒီ​တော့​ ပထမဆုံး​ သတင်း​စကား​ပါး​ရမှာက တရုတ်နိုင်ငံ​ပေါ့​။ ဒီလိုဒုက္ခသည်​တွေ ဝင်လာတဲ့​အခါမှာ ကရုဏာနဲ့​ ဆက်ဆံ​ပေး​ပါ၊​ နား​လည်မှု​ပေး​ပါ။ သူတို့​ဟာလည်း​ သူတို့​ရဲ့​ အိုး​အိမ်​တွေ၊​ ရွာ​တွေ၊​ မြို့​တွေကို စွန့်​ပြီး​သွား​ချင်တာ မဟုတ်ပါဘူး​။ ဒီလို ဒုက္ခ​တွေကို မခံနိုင်ဘူး​။ ဒုက္ခသည်ဆိုတာ ဒုက္ခ​တွေကို သယ်ပြီး​ပြေး​ရတာပါ။ တခြား​သယ်စရာမရှိဘူး​။ ကိုယ့်​အိမ်လည်း​ ပစ်ခဲ့​။ ကိုယ့်​ရွာလည်း​ ပစ်ခဲ့​၊​ ဒုက္ခ​တွေသာ သယ်ပြီး​ပြေး​ရတဲ့​ ဒုက္ခသည်​တွေပါ။ အဲဒါ​ကြောင့်​ ကရုဏာနဲ့​ မြင်ပါ။ တတ်နိုင်သမျှ ကူညီပါဆိုတာ ပထမဆုံး​တော့​ ဒီဒုက္ခသည်​တွေ ​ရောက်သွား​တဲ့​ နိုင်ငံက အကြီး​အကဲ​တွေကို ကျမသတင်း​စကား​ ပါး​ချင်ပါတယ်။ ကျမတို့​ ဒုက္ခသည်​တွေကို​တော့​ ကျမ​ပြောချင်တာက ​မျှော်လင့်​မှုကို မစွန့်​လွှတ်ပါနဲ့​။ ကျမတို့​အား​လုံး​ ဒီနိုင်ငံကို ဆန္ဒမရှိဘဲနဲ့​ စွန့်​ခွာသွား​တဲ့​ လူမှန်သမျှ အား​လုံး​ပြန်လာနိုင်​အောင်လို့​ ကျမတို့​ ဆက်ကြိုး​စား​ပါမယ်။ ဒီဒုက္ခသည်​တွေရဲ့​ အ​ခြေအ​နေ၊​ ဒုက္ခသည်​တွေ ခံစား​နေရတဲ့​ အ​ခြေအ​နေ​တွေကို မသိတဲ့​လူ​တွေဆိုတာ မရှိကြပါဘူး​။ ဒီနိုင်ငံမှာ သိကြပါတယ်။ ကမ္ဘာကလည်း​ သိကြပါတယ်။ ကူညီချင်တဲ့​လူ​တွေလည်း​ အများ​ကြီး​ ရှိကြပါတယ်။ ဒါ​ကြောင့်​ ​မျှော်လင့်​ချက်ကို မစွန့်​လွှတ်ပါနဲ့​။ သတ္တိ​မွေး​ပါ။ ကိုယ်​ရောက်သွား​တဲ့​ နိုင်ငံက ပုဂ္ဂိုလ်​တွေကိုလည်း​ ကိုယ့်​ကို ဒီလိုလက်ခံတဲ့​အတွက် ​ကျေး​ဇူး​တရား​နဲ့​ ဆက်ဆံပါ။ ကျမတို့​ တ​နေ့​ကျလို့​ရှိရင် ကျမတို့​ တိုင်း​ရင်း​သား​များ​ အား​လုံး​ဟာ လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နဲ့​ ​နေနိုင်တဲ့​ ပြည်​ထောင်စုကြီး​ကို ထူ​ထောင်ဖို့​ ကြိုး​စား​နေပါတယ် ဆိုတာကို မ​မေ့​ပါနဲ့​။”

နောက်ဆုံး​အ​နေနဲ့​ ရင်ဆိုင်တိုက်​နေကြတဲ့​ နှစ်ဘက်စစ်သည်​တွေကို အခုလို တိုက်တွန်း​သွား​ပါတယ်။

“ကျမရဲ့​ စိတ်ထဲမှာ​တော့​ ဘယ်သူမှ တကယ်​တော့​ တခြား​လူတ​ယောက်ကို တိုက်ခိုက်ချင်တဲ့​ စိတ်ရှိမယ်လို့​ မထင်ဘူး​။ အဲဒီလို လူ​တွေအချင်း​ချင်း​ သဘာဝအရ တိုက်ချင်ခိုက်ချင်တဲ့​ ပုဂ္ဂိုလ်များ​ဟာ အင်မတန်မှ ရှား​ပါတယ်။ ဒီမြန်မာ့​တပ်မ​တော်သား​တွေ​ကော၊​ ကချင်တပ်က တပ်သား​တွေ​ကောက သူတို့​စိတ်ထဲမှာ ဒီလိုစစ်ထွက်တိုက်ရတာ ဘယ်လိုလုပ် စိတ်ချမ်း​သာနိုင်မလဲ။ ကျမစဉ်း​စား​ကြည့်​တာ၊​ စစ်ထွက်တိုက်တယ်ဆိုတာ ကိုယ့်​အသက်လည်း​ ​ပျောက်ဆုံး​သွား​နိုင်တယ်။ အသက်မ​ပျောက်ဆုံး​တာ​တောင်မှ ဒုက္ခိတ ဖြစ်သွား​နိုင်တယ်။ ဒီလို ကိုယ်က​နေ ဒုက္ခိတဖြစ်သွား​လို့​ အ​နောက်က​နေ ဒုက္ခ​ရောက်မယ့်​ ကိုယ့်​မိသား​စု​တွေ ရှိမယ်။ အဲဒီ​တော့​ ဘယ်တပ်သား​တွေက ဒီလိုအလုပ်မျိုး​ကို လုပ်ချင်ပါ့​မလဲ။ ​နောက်ပြီး​ ကျမတို့​က အချင်း​ချင်း​တွေ၊​ အပြင်လူကိုလည်း​ တိုက်​နေတာ မဟုတ်ဘူး​။ ကချင်တပ်သား​တွေ​ကော၊​ ဗမာ့​တပ်မ​တော် တပ်သား​တွေ​ကော ကျမတို့​ အား​လုံး​ဟာ ဒီပြည်​ထောင်စုကြီး​ရဲ့​ သား​သမီး​တွေ အား​လုံး​ဖြစ်တယ်။ အဲ​တော့​ ကျမတို့​က တမိသား​စုပဲ။ ကိုယ့်​မိသား​စု အချင်း​ချင်း​ကို ပြန်ပြီး​တော့​ တိုက်ခိုက်​နေသလို၊​ ပြန်ပြီး​တော့​ ဒုက္ခ​ပေး​နေသလို သတ်ဖြတ်​နေသလို ဖြစ်​နေတဲ့​ ကိစ္စက ဘယ်သူ့​အတွက်မှ စိတ်ချမ်း​မြေ့​စရာ ​ကောင်း​တယ်လို့​ ကျမမထင်ဘူး​။ အဲဒီ​တော့​ ကျမက​တော့​ ဟိုဘက်ဒီဘက် တပ်သား​တွေကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ ထား​စေချင်တယ်။ ကျမတို့​အား​လုံး​က ဒီနိုင်ငံသား​တွေပါ။ ဒီလိုအ​ခြေအ​နေမှာ ကိစ္စရပ်အမျိုး​မျိုး​ကြောင့်​၊​ အ​ကြောင်း​အမျိုး​မျိုး​ကြောင့်​ အချင်း​ချင်း​ကို တိုက်ခိုက်​နေရ​ပေမယ့်​ တ​နေ့​တချိန်တခါမှာ ကျမတို့​ဟာ တကယ့်​ညီရင်း​အစ်ကို​တွေသဖွယ် ပြန်ပြီး​လက်တွဲရမယ့်​လူ​တွေ ဖြစ်တယ်ဆိုတာကို ဘယ်​တော့​မှ မ​မေ့​ပါနဲ့​၊​ နာကြည်း​စိတ် မဝင်ပါ​စေနဲ့​၊​ ဘယ်လိုစိတ်မျိုး​ ဝင်ရမလည်း​ဆိုရင် ​နောင်ငါတို့​ ဒါမျိုး​တွေ မဖြစ်​အောင် ငါတို့​ တတ်နိုင်သမျှ ကြိုး​စား​သွား​မယ်ဆိုတဲ့​ စိတ်ကိုသာ ခိုင်မာ​အောင်လုပ်ပါလို့​ ကျမက​တော့​ တိုက်တွန်း​ချင်ပါတယ်။”

မိုင်တိုင် ၇၆ ( ခင်ငြိမ်းသစ် )



http://biosmash.com
ပြီးခဲ့တဲ့ အပတ်က သတင်းတွေပေါ်မှာ ဆင်ဆာထိတဲ့ မြန်မာသရဲကား အပြင်မှာရောင်းကောင်းနေတဲ့ အကြောင်းကြား ရပါတယ်။ သရဲကို တခါမှ နဖူးတွေ့ဒူးတွေ့ မတွေ့ဘူးလို့ မကြောက်တတ်ပေမဲ့ သရဲဆိုတာကို ဘယ်လိုများ ပုံဖော်မလဲ လို့ စိတ်ဝင်စားမိတာတော့ အမှန်ပါ။ ဟိုးအရင် ပါလီမန် ဒီမိုကရေစီ ခေတ်တုန်းကတော့ စုန်းကဝေ၊ တစ္ဆေ၊ မှင်စာတွေ အကြောင်း ရုပ်ရှင်ရိုက်ခွင့် ရခဲ့ပေမဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ရောက်တော့ အဲဒီလိုကားမျိုးတွေ ရိုက်ကူး တင်ပြခွင့်မရှိတော့ပါဘူး။ မဆလ ခေတ်နှောင်းပိုင်း ဗွီဒီယိုတွေပေါ်လာတော့ Evil Death လို နိုင်ငံခြား သရဲကားတွေ ကိုကြည့်ခွင့်ရပေမဲ့ အဲဒီကားတွေက ကြောက်ဖို့မကောင်းပဲ ရွံ့စရာပဲကောင်းပါတယ်။ အရေအတွက်နည်းတဲ့ ရုပ်ရှင် ကားတချို့ပဲ ကြောက်အောင်ရိုက်ပြတာပါ။ ၁၉၈၈ နောက်ပိုင်းတက်လာတဲ့ အာဏာသိမ်းစစ်အစိုးရလက်ထက်မှာ သ ရဲကားတွေ ရိုက်ကူးခွင့် ပြန်လည်ရရှိပါတယ်။ သရဲကားဆိုတော့ စိတ်ဝင်စားလို့ ကြည့်မိပေမယ့် တော်တော်ကြောက် စရာမကောင်းတဲ့ ကားတွေအဖြစ် ခံစားမိပါတယ်။ ဒါကြောင့်လဲ အခုကားကို ဆင်ဆာက ခွင့်မပြုဘူးဆိုတဲ့ သတင်း ကြားတော့ ဘယ်လောက်များ ကြောက်စရာကောင်းနေသလဲ။ အများပြည်သူ ကြည့်ခွင့်မရလောက်အောင် ခြောက် ခြားစရာ တကယ်ကောင်းနေလားဆိုတာ အရမ်းသိချင်လာပါတယ်။

အဲဒီ ရုပ်ရှင်ဇာတ်လမ်းကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ရိုက်ကူး တာပါ။  ဒီလိုနဲ့ ကျမ သူငယ်ချင်းဆီမှာ ကျမ စိတ်ဝင်စားနေတဲ့ ရုပ်ရှင်ကားကိုတွေ့လို့ ကျမကငှားတော့ သူငယ်ချင်းပြောပြခဲ့တာက ဒါရိုက်တာက အဲဒီ့ ရုပ်ရှင် ကို  “ကားပေါ်မှာပါလာတယ်” လို့ နာမည်ပေးထားပေမယ့်၊ ရုပ်ရှင်ကြည့်သူတွေခေါ်ကြတာက မိုင်တိုင် ၇၆ ”တဲ့။ အော်… ၇၆ တဲ့လား။ ကျမပိုလို့ စိတ်ဝင်စားသွားမိပါတယ်။ ရင်ထဲမှာ တစုံတခုရှိမှ အနုပညာကို ဖန်တီးနိုင်တာပါပဲ။ ရုပ်ရှင်ကို စီစဉ်ဖန်တီးသူ ဒါရိုက်တာက ဘာတွေခံစားပြီး ဖန်တီးတယ်ဆိုတာကို ကျမ မသိပါဘူး။ ဇာတ်လမ်း အကျဉ်း ကတော့…
ဖြူးအလွန်မိုင်တိုင် ၇၆ မှာ အစိမ်းသရဲသားအမိ ၂ ယောက် လူတွေကို ခြောက်လှန့် နေတယ်လို့ သတင်းကြီး နေပါ တယ်။
ရုပ်ရှင်ထဲက အဓိက ဇာတ်ဆောင်ကတော့ မင်းအုပ်စိုးဖြစ်ပြီး သူ့ရဲ့ဇနီးက လင်းဇာနည်ဇော်ပါ။ သမီးလေးတယောက် ရှိပြီး ငြိမ်းချမ်းတဲ့ မိသားစုလေးတခုအဖြစ် ဖော်ပြထားပါတယ်။ တနေ့တော့ လင်းဇာနည်ဖော်ရဲ့ ဖခင်အသည်းအသန် ဖြစ်ပါတယ်။ တဦးတည်းသောသမီးဖြစ်တဲ့ လင်းဇာနည်ဇော်က မိဘတွေဆီကို အရမ်းသွားချင်နေပါတယ်။
တပြိုက်တည်းမှာပဲ အရက်အမြဲသောက်နေတဲ့ အရက်သမား မင်းအုပ်စိုးကလည်း မသွားခင် ၂ ရက်လောက် အလိုမှာ အရက်ဖြတ်ထားပါတယ်။ သူ့မှာလည်း သူ့သမီး အနာဂတ် ကောင်းစားဖို့အတွက် အရက်ဖြတ်တာပါလို့ ဆိုပါတယ်။ ထုံးစံအတိုင်း မြန်မာပြည်ရဲ့ ဆက်သွယ်ရေးတွေက အဆင်မပြေ မချောမွေ့လေတော့ မင်းအုပ်စိုး မသွားချင်တဲ့ အဝေး ပြေးကားနဲ့ပဲ သွားဖြစ်ကြပါတယ်။
ဇာတ်လမ်းက အဲဒီနေရာက စတယ်လို့ပြောရမှာပါ။ မင်းအုပ်စိုးတို့ မိသားစုစီးလာတဲ့ ကားက မိုင်တိုင် ၇၆ အရောက်မှာ ထိုးရပ်သွားပါတယ်။ ကားပေါ်ကို သရဲမသားအမိ တက်လာပါတယ်။ မင်းအုပ်စိုးကို အမျိုးမျိုးခြောက်လှန့်ပါတယ်။ ကြောက်လန့်နေတဲ့ မင်းအုပ်စိုးကို ညဖက်အိပ်ချင်နေတဲ့ ခရီးသွားတွေက မကြေနပ်ကြပါဘူး။ ဒါကြောင့် ဇနီးသည်က မင်းအုပ်စိုး အရက်ဖြတ်ထားကြောင်းကို ပြောပြရပါတယ်။ ဒါကြောင့် ကားပေါ်ကလူတွေက မင်းအုပ်စိုးကို အရက် ကြောင် ကြောင်နေတယ်လို့ သတ်မှတ်လိုက်ကြပါတယ်။ အဲဒီသတ်မှတ်ချက်ကို မင်းအုပ်စိုးက လက်မခံနိုင်ပါဘူး။ သူက သရဲမသားအမိရဲ့ နှောက်ယှက်မှုကို တကယ်ခံနေရတာကိုး။
နောက်တော့ ကားပေါ်မှာပါလာတဲ့ ခရီးသည်တ ချို့ကိုပါ ၀င်ရောက်ပူးကပ်လို့ မင်းအုပ်စိုးက သူ အရက်မကြောင်တဲ့ အကြောင်းကို ထပ်ခါတလဲလဲ ပြောနေပါတယ်။ နောက်တော့ဇနီးသည်နဲ့ သမီးငယ်လေးကိုပါ ၀င်ရောက်ပူးကပ်ပါ တော့တယ်။ နောက်ဆုံးတော့ ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေ ဘယ်လိုမှ မရှင်းလင်းနိုင်လို့ ခရီးလမ်းပေါ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းကိုဝင်ပြီး ရဟန်းတွေကို အကူအညီတောင်းရပါတယ်။ ဘုန်းတော်ကြီးကျောင်းကိုရောက်တော့ မှ ဇာတ်လမ်းတခုလုံး ပေါ်လာပါတော့တယ်။
တညမှာတော့ အရက်အလွန်အကျွံသောက်ရင်းကားမောင်း၊ ကားမောင်းရင်း မပြတ်တန်း အရက်သောက်လာခဲ့သူက မင်းအုပ်စိုးပါ။  ၇၆ မိုင်တိုင်အရောက်မှာ သားအမိ ၂ ယောက်ကို ကားနဲ့ တိုက်လိုက်မိပါတယ်။  ကားနဲ့တိုက်လိုက်စဉ် မှာ အတိုက်ခံရသူတွေက မသေသေးပဲ သတိလစ် မေ့မျောသွားခဲ့တာပါ။ ဒါပေမဲ့ သေဆုံးသွားတယ်ထင်လို့ သားအမိ ၂ ယောက်ကို မင်းအုပ်စိုးက ကျင်းတူးပြီး မြေကြီးထဲ မြုပ်နှံလိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျူးလွန်သူအတွက် လည်း အမြဲတမ်းခြောက်လှန့်နေတဲ့ အဖြစ်အပျက် တခုပါ။ ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောပြပေမယ့် သူရဲ့ အတွင်းစိတ် ထဲမှာ တုန်လှုပ်နေခဲ့ပါတယ်။ နောက်ဆုံးတော့ မင်းအုပ်စိုးက ၀န်ခံလိုက်ရတာပေါ့။
အဲလို ၀န်ခံလိုက်ပြီးတဲ့နောက်မှာတော့ လွန်ခဲ့တဲ့ ၈ လ က သေဆုံးခဲ့တဲ့  သရဲမ သားအမိ ၂ ယောက်က သူတို့ကို အမျှဝေပေးဖို့ တောင်းဆိုပါတယ်။ အဲဒီနောက်မှာတော့ ဇာတ်လမ်းအဆုံးမှာ ဒါရိုက်တာက စာတန်းတွေထိုးပြီး သူပြော ချင်တဲ့ အရာတွေကို ဘာသာရေးအမြင်အရ ပြောဆိုခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းက ဒီနေရာမှာ အဆုံးသတ်သွားပါ တယ်။ ဒါပေမယ့် ကျမ စိတ်ထဲမှာက… ၇၆…. ၇၆… ပါပဲ၊ ၇၆ ဆိုတာက ကျမတို့တွေ ရင်ထဲမှာ အမှတ်ရစရာတွေ၊ နာ ကျဉ်းစရာတွေအပြင် အခုက ဇွန်လ နှောင်းတော့မယ်လေ။
ရဲဘော်တွေ
ပြည်သူကို အသိမပေးပဲ
ငါ့ကို
ခိုးသတ်နေတယ်
“ဆလိုင်းတင်မောင်ဦး”
ကျမ ရင်ထဲမှာ ၁၉၇၆ ခု ဇွန်လ ၂၆ ရက်နေ့မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ကြိုးပေးကွက်မျက်ခံလိုက်ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကို အမှတ်ရမိပါတယ်။ ကျမတို့ လေးစားဂုဏ်ပြုနေရတဲ့ ကျောင်းသား ခေါင်းဆောင်တဦးပါ။ သူ့ကို ကြိုးပေးသတ်လိုက်ပေမဲ့ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ သူ့သမိုင်းကိုတော့ ဘယ်သူမှ မသတ်ဖြတ် နိုင်ခဲ့ပါဘူး။ နှောင်းလူတွေ တသသ သတိရနေကြတာပါ။  ကျမတို့ တိုင်းပြည်ရဲ့ သမိုင်းကြောင်းတလျောက်မှာ ၇၄၊ ၇၅၊ ၇၆ ဆိုတာက စစ်အာဏာရှင်ကို ကျောင်းသား၊ ရှင်လူ၊ ပြည်သူတွေက အံတုဆန့်ကျင်ခဲ့တဲ့ နှစ်များပဲ ဖြစ်ပါတယ်။ အဲဒီ မိုင်တိုင် ၇၆ ကနေစလိုက်တဲ့ ဇတ်လမ်းပါ။ မှိုင်းရာပြည့်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ စစ်ထောက်လှမ်းရေးက ကိုတင်မောင်ဦးကို ဖမ်းဆီးရမိတာပါ။ မှိုင်းရာပြည့် အရေးတော်ပုံကြီးကို စီစဉ်ခဲ့တဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးခဲ့ပေမဲ့ ကိုတင်မောင်ဦးရဲ့ ညီမဖြစ်သူ မလှမြိုင် (ခေါ်) မိုင်ပိုပိုတင် က မှိုင်းရာပြည့်ပွဲဖြစ်လာအောင် ဦး ဆာင်ခဲ့တဲ့အတွက် မလှမြိုင်ရော သူ့ရဲ့ မိဘ ၂ ပါးပါ ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။
၁၉၆၂ ခုနှစ်ကနေစပြီး ကျောင်းသားပြည်သူတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေဟာ ၈၈ မျိုးဆက်တွေအထိ လက်ဆင့်ကမ်း လာတာပါ။ ၈၈ အရေးတော်ပုံကြီးဟာ သီးခြားဖြစ်တည်လာတာ မဟုတ်ပါဘူး။ ၆၂ ခုနှစ် မျိုးဆက်တွေ၊ ၇၄ မျိုးဆက် တွေ ဆီကနေ လက်ဆင့်ကမ်းလာတာ ဖြစ်ပါတယ်။
အဲဒီလိုပဲ မောင်မျိုးမင်း ရိုက်ပြတဲ့ အဝေးပြေးလမ်းမကြီးက ၆၂ ခုကနေစလို့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွကို ကိုယ် စားပြုထားသလို ခံစားနေမိပါတယ်။ ထပ်ပြောပြလိုတာက ဒါရိုက်တာရဲ့ ခံစားချက်ကို ကျမ မသိနိုင်ပါဘူး။ ဒီခံစားချက် က ကျမရဲ့ ပုဂ္ဂလိက ခံစားချက် ဖြစ်ပါတယ်။
ရုပ်ရှင်ထဲက ပြစ်မှုတခုကို ကျူးလွန်ခဲ့တဲ့ မင်းအုပ်စိုးက ငွေရော၊ အာဏာပါ ရှိနေတဲ့ လူပါ။  အဲဒီလူက မတရားမှုတခု ကို ကျူးလွန်ခဲ့တယ်။ ကျူးလွန်တဲ့ပုံစံကလည်း မှုးယစ်သောက်စားပြီးမှ ကျူးလွန်ခဲ့တာပါ။ အပြစ်မဲ့ ပြည်သူတွေထဲက အပြစ်မဲ့ သူ ၂ ဦးကို ကားနဲ့ တိုက်သတ်လိုက်ပါတယ်။ ပြီးတော့ သူက အလောင်းကို ဖျောက်ပြစ်လိုက်ပါတယ်။ သူ့ရဲ့ စိတ်ထဲမှာ အဲဒီအကြောင်းအရာက အမြဲခြောက်လန့်နေပါတယ်။
ကျမတို့ရဲ့ သမိုင်းဝင်အဖြစ်အပျက်တွေထဲမှာလည်း အာဏာကို အလွန်အကျူးမူးယစ်ပြီးတော့မှ ပြည်သူတွေရဲ့ အ သက်ကို မတရားခြွေပြစ်ခဲ့တာပါ။ မတရားမူကို ကျူးလွန်သူတိုင်းဟာ သူ့ရဲ့လားရာဘက်ဖြစ်တဲ့ ထိတ်လန့်ခြောက်ခြား ကြောက်ရွံ့ ခံစားရတတ်ပါတယ်။ အဲဒါက လောကနိယာမ ပါ။ အဲလို လူတွေအမြဲတမ်း လိပ်ပြာလန့်နေကြရတာကို လူတိုင်းသိကြပါတယ်။ မတရားမှုကို ကျူးလွန်ပြီးတိုင်းမှာလဲ အလောင်းတွေရော၊ သက်သေတွေကိုပါ ဖျောက်ဖျက်ပြစ် တတ်တာကို လူတိုင်းလဲ သိနေကြပါတယ်။
ရုပ်ရှင်ထဲမှာက ၇၆ မိုင်တိုင်ကိုလဲရောက်ရော ကားပျက်သွားပါတယ်။ အဲဒီအချိန်မှာ မတရားမှုတခုကို သေချာကျူး လွန်ခဲ့သူ မင်းအုပ်စိုး သွေးပျက်နေပါတယ်။ စစ်အာဏာရှင်တွေလဲ သွေးပျက်နေကြတယ်ဆိုတာကို လူတိုင်းနားလည် ကြပါတယ်။
ဘယ်လောက်ပဲ ရှောင်လွှဲဖို့ ကျိုးစားသည်ဖြစ်စေ၊ သံသရာတကွေ့မှာ ပြန်ဆုံကြပါတယ်။ မင်းအုပ်စိုးရဲ့ ယောက္ခထီး ကြီး ကောက်ကာငင်ကာ နေမကောင်း ဖြစ်ပါတယ်။ မင်းအုပ်စိုးရဲ့ ဇနီးကလဲ တဦးတည်းသောသမီးဆိုတော့ ဖခင်ဆီ ကို အလွန်အမင်း သွားချင်နေပါတယ်။ သွားရေးလာရေးက ရုတ်တရက်ဆိုတော့ မလွယ်ပါဘူး။ ဒါကြောင့် မဖြစ်မနေ ဒီခရီးကို ဒီနည်းနဲ့ပဲ သွားရပါတော့တယ်။
ဘယ်လိုပဲ ဖြစ်နေဖြစ်နေ စစ်အာဏာရှင်တွေက အာဏာလမ်းကြောင်းပေါ်မှာပဲ တ၀ဲလည်လည်သွားနေပါတယ်။ အာ ဏာလမ်းကြောင်းမှတပါး အခြားလမ်းတွေကို မရွေးချယ်နိုင်ကြပါဘူး။ ဒီတော့ တကွေ့ကွေ့မှာ တွေ့ကြရတော့မှာပါ။ သံသရာ တကွေ့မှာ တွေ့ရတော့မယ့် အချိန်ကို ရောက်လာပါပြီ။
ကားပေါ်မှာ ကြောက်နေတဲ့ မင်းအုပ်စိုးကို သရဲမ သားအမိက အမျိုးမျိုးခြောက်လှန့်ပါတယ်။ ဒီတော့ အခြောက်ခံရတဲ့ သူက သွေးရူးသွေးတန်း ဖြစ်နေပါတယ်။ ကားပေါ်က လူတွေကတော့ အရက်ဖြတ်ထားလို့ သွေးရူးသွေးတန်းဖြစ်နေ တယ်လို့ စွပ်စွဲပြောဆိုကြပါတယ်။ အဲဒါကို ကာယကံရှင်က လက်မခံပါဘူး။ လူတွေလည်း သူ့အတွက်နဲ့ အနှောက်အ ယှက်ဖြစ်ကြရတဲ့ပုံကို ပြထားပါတယ်။ သရဲ သူ့ကို အနှောက်အယှက်ပေးတယ်ဆိုတာကို အစပိုင်းမှာ ကားပေါ်က တ ခြားလူတွေက လက်မခံကြပါဘူး။
အခုတက်လာတဲ့ အစိုးရလည်း သွေးရူးသွေးတန်း ဖြစ်နေပါတယ်။ ဒါကြောင့် စကားတွေက အခုတမျိုးပြောလိုက်၊ နောက်ကလုပ်ရင် အခြားတမျိုးလုပ်လိုက်နဲ့ ဖြစ်နေတာပါ။ သူတို့က သူတို့ကိုယ်သူတို့ အရပ်သားအစိုးရ အဖြစ် တွင် တွင် အော်နေပေမဲ့ အရက်ဖြတ်ထားတဲ့သူတွေလို ကယောင်ကတန်းကတော့ ဖြစ်နေတာ သေချာပါတယ်။
ကားပေါ်မှာပါလာတဲ့ လူတွေရဲ့ အခန်းကိုလဲ မောင်မျိုးမင်း က ထည့်သွင်းထားပါတယ်။ လူဆိုးကို ရန်ကုန်ပို့ပြီး ပြန် လာတဲ့ ရဲအရာရှိတဦးနဲ့ စိတ်ရောဂါဆေးရုံက ဆရာဝန်မတဦး အပြန်အလှန်ပြောကြဆိုကြတဲ့ အခန်းပါ။  မင်းအုပ်စိုးရဲ့ အခြေအနေက သရဲမ ခြောက်လှန့်လို့ ကယောင်ခြောက်ခြားဖြစ်နေပြီး သရဲမက လူတွေကိုပူးကပ်ပြီး လည်ပင်းလာ ညစ်လို့ သူက သရဲမကို ပြန်လည် တုန့်ပြန်ပါတယ်။ ဒါကြောင့် လက်ထိပ်အဆင်သင့်ပါလာတဲ့ ရဲအရာရှိက သူ့ကို လက်ထိပ်ခတ်ထားလိုက်ပါတယ်။
စိတ်ရောဂါဆေးရုံက ဆရာဝန်မလေးကို ရဲအရာရှိက မေးမြန်းပါတယ်။ အခုအဖြစ်အပျက်က ဘာကြောင့်ဖြစ်တာလဲ၊ အရက်ကြောင့် ကယောင်ခြောက်ခြားဖြစ်တာလား။ အမှန်တကယ်ကိုပဲ သရဲက ခြောက်လှန့်နေတာလား။ ဆရာဝန် မလေးက ၂ ခုလုံးကြောင့် ဖြစ်နိုင်ပါတယ်လို့ ဆိုပြီးတော့မှ ဆရာဝန်မက ဆက်ပြီးတော့ လက်ထိပ်ခတ်တာနဲ့ ပတ် သက်ပြီး ပြောပြတာက “လူဆိုးတွေကို လက်ထိပ် ခတ်တာကို ဘာမှပြောစရာမရှိပေမဲ့ လူကောင်းကို လက်ထိပ်ခတ် တာကိုတော့ သူသဘောမကျဘူး” ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကတော့ ပြစ်မှုတစုံတရာ မကျူးလွန်ရပါဘဲ လက်ထိပ်ခတ်ခံနေရ သူ တွေ ဖြစ်ပါတယ်။ တခါ ရဲအရာရှိ ဘက်ကနေ ပြန်ပြောတာက သူက တာဝန်အရလုပ်နေရတာ ဖြစ်တယ်တဲ့။ တကယ် တော့လည်း အာဏာပိုင်တွေထဲက အလွန်နည်းပါးတဲ့ အရေအတွက်က တကယ်ကို ရက်ရက်စက်စက် မလုပ်ချင်ပါ ဘူး။ ဒါပေမဲ့ သူ့ဆန်စားရင်တော့ ရဲရလိမ့်မှာပေါ့လေ။
သေသေချာချာ တွေးမိလိုက်ရင်  ၇၆ ခုနှစ်ကနေ ရေတွက်လိုက်ရင် ၁၃ နှစ်အကြာမှာ ၈၈ ခုနှစ်အရေးအခင်းကြီး ဖြစ် ပေါ်ခဲ့တာပါ။ ဖုန်းမော်အရေးအခင်းဖြစ်ပွားခဲ့ရတာလည်း မတ် ၁၃ ရက်နေ့ ပါပဲ။ ပထမဦးဆုံး သေဆုံးခဲ့ရတာလဲ ကို ဖုန်းမော်နဲ့ ကိုစိုးနိုင် ကျောင်းသား ၂ ယောက် ပါပဲ။ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်ရဲ့ အလောင်းတွေကို ဖျောက်ဖျက်လိုက် နိုင်ပေမဲ့ သူတို့ရဲ့ နိုးထလာတဲ့ ၀ိဥာည်တွေကို မဖျောက်ဖျက်နိုင်တာကတော့ တကမ္ဘာလုံးက သိနေကြပါတယ်။ မတ် လ ၁၃ ရက်နေ့ကိုရောက်တိုင်း စစ်အာဏာရှင်တွေ အိပ်ပျက်၊ စားပျက် လောက်အောင်ကို ကြောက်ရွံ့ ခြောက်ခြားနေ ကြရတာပါ။
သရဲမ နှစ်ယောက်က မင်းအုပ်စိုးရဲ့ ဇနီးနဲ့ သမီးကို ၀င်ရောက်ပူးကပ်ပြီး သူ့ရဲ့ ဖုံးကွယ်ထာတဲ့ အမှုကို ၀န်ခံခိုင်းပါ တယ်။ နောက်ဆုံးတော့ မတရားမှုကို ကျူးလွန်ခဲ့တဲ့ မင်းအုပ်စိုးက ၀န်ခံလိုက်ရပါတယ်။ အဲဒီအချိန်ရောက်တော့ ဒီအမှုဖြစ်ခဲ့တာ ၈ လကြာပြီလို့ မင်းအုပ်စိုးဝန်ခံတဲ့ အထဲမှာပါပါတယ်။ အော်…. ၈ လကြာပြီတဲ့လား။
စစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ဘယ်လောက်ပဲ ဖုံးအုပ်ထားပါစေ ပြည်သူတွေရဲ့ ရင်ထဲမှာ သိ နေကြပါတယ်။ တနေ့ကျရင် အဲဒီအမှုတွေအတွက် ကျူးလွန်သူတွေပေးဆပ် ရမှာသေချာပါတယ်လို့ပဲ ယုံကြည်မိပါ တယ်။
နောက်ဆုံးအခန်းမှာက သရဲပူးနေတဲ့ သူတွေက သူတို့အတွက်အမျှဝေဖို့ တောင်းဆိုပါတယ်။ ကျမရင်ထဲမှာ ထိရှမိ သွားတာက မတ်လ အရေးအခင်းတုန်းက သေဆုံးသွားသူတွေကို ရက်လည်တရားနာတာကို လုပ်ခွင့်မပြုခဲ့ပါဘူး။ အဲ ဒီလိုပဲ မတ်လတုန်းက အဖမ်းခံရပြီး ဇူလှိုင်လမှာ ထောင်ကပြန်လွတ်လာတဲ့ ကျမနဲ့သိတဲ့ သိင်္ဂီဝင်း သူ့ကိုယ်သူ သတ် သေတော့လဲ အဲဒီ ကောင်မလေးမိသားစုကို ရက်လည်လုပ်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ သူတို့တွေရဲ့ ၀ိဥာဉ်တွေက အမျှအ တန်း လိုချင်နေလိမ့်မလား ပေါ့လေ။
ဒါပေမယ့်လည်း ၁၉၈၈၊ စက်တင်ဘာ ၁၉ ရက်နေ့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ မ၀င်းမော်ဦးကတော့ ရဲရဲဝံ့ဝံ့ မှာကြားခဲ့တာက “ဒီမိုကရေစီရမှ အမျှဝေ ပါ”  တဲ့။
ခင်ငြိမ်းသစ်
http://www.naytthit.net/

ကနေဒါဗန်ကူးဗားမှာဇွန်၂၅ရက်နေ့ကကျင်းပတဲ့ဆလိုင်းတင်မောင်ဦးအမှတ်ရပွဲ..


ပေးပို့သောကိုမြသွင်အားကျေးဇူးတင်ရှိပါသည်။

မြန်မာပြည် လူကုန်ကူးမှု အကြောင်းရင်းဇစ်မြစ်

ဗုဒ္ဓဟူး, 29 ဇွန် 2011
By ဦးကျော်ဇံသာ

ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်ဆိုတဲ့ လူကုန်ကူးမှု ဇစ်မြစ်ကဘာလဲ။ နိုင်ငံရေး စံနစ်ကြောင့်လား။ စီးပွားရေးကြပ်တည်းမှုကြောင့်လား ဆိုတာကို သိရှိနိုင်ဖို့ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးရှေ့နေ လမ်းပြကြယ် ဦးအေးမြင့်၊ ပြည်ပအခြေစိုက် BLC (Burma Lawyer’s Council) ခေါ် မြန်မာနိုင်ငံရှေ့ နေများကောင်စီ ဥက္ကဋ္ဌ ဦးသိန်းဦးတို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အထူးသဖြင့် လူမှောင်ခိုကူးတဲ့ကိစ္စဟာ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့ အမေရိကန်အစိုးရရဲ့  အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ ဘာရေးသလဲဆိုတော့ မြန်မာနိုင်ငံအစိုးရဟာ အမျိုးသမီးတွေ လိင်ကိစ္စအတွက် ရောင်းစားခံရတဲ့ကိစ္စကို တားမြစ်ဖို့ အားထုတ်မှု ရှိပေမယ့်လည်း နိုင်ငံတကာ စံအရ အနိမ့်ဆုံးလုပ်သင့်တာကိုတောင် မလုပ်ဘူးလို့ ဆိုပါတယ်။ ပထမဦးဆုံး ကျနော် အခြေအနေလေးကို သိပါရစေ။ ဦးအေးမြင့် စပြောပါခင်များ။ မြန်မာနိုင်ငံအတွင်းမှာ လူကုန်ကူးမှုအခြေအနေ ဘယ်လောက် ဆိုးဝါးနေတယ်ဆိုတာကို အကျဉ်းချုံးပြောပါခင်များ။

ဦးအေးမြင့် ။ ။ မြန်မာနိုင်ငံအတွင်းမှာ လူကုန်ကူးမှု အဆိုးဝါးဆုံးအခြေအနေတော့ ရောက်ရှိနေတယ်။ နိုင်ငံရေးနဲ့လည်း ဆက်စပ်တယ်။ စီးပွားရေးနဲ့လည်း ဆက်စပ်တယ်။ အခုလက်ရှိ အမျိုးသမီးတွေ၊ ခလေးတွေ စီးပွားရေးကြောင့် ရပ်တိုင်းရွာတိုင်းမှာ ရောင်းစားခံရလို့။ သားသမီးနဲ့ မိဘတွေ အဆက်အသွယ် မရှိတော့တာတွေက ရပ်ကွက်တိုင်း၊ ရွာတိုင်းမှာကို ရှိနေတယ်။ ဒါကို လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရက အကူအညီမပေးဘူး။ ဒါကလည်း စီးပွားရေး ကြပ်တည်းတာရယ်။ နိုင်ငံရေးကြောင့်ရယ် အကုန်ဆက်စပ်ပြီး ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ အစိုးရအနေနဲ့ ဒါကို ဟန့်တားဖို့ ကြိုးပမ်းလုပ်ဆောင်မှုတွေ မရှိဘူးလား။ အမျိုးသမီးဆိုရင် အမျိုးသမီးကယ်ဆယ်စောင့်ရှောက်ရေး အသင်းတို့ဘာတို့၊ နောက်ပြီးတော့ တရားဥပဒေအရ လူကုန်ကူးမှုကို ဟန့်တား တားမြစ်ဖမ်းဆီးတာတို့ မရှိဘူးလား။

ဦးအေးမြင့် ။ ။ အဲဒါက သတင်းစာထဲနဲ့ စာရွက်ပေါ်မှာ ဟန်ဆောင်အလုပ်လုပ်နေတာပဲ ရှိပါတယ်။ တကယ်တမ်း ခံရတဲ့လူတွေက မျက်စိသူငယ်၊ နားသူငယ်နဲ့ ဘယ်သူ့ သွားတိုင်လို့သွားတိုင်ရမှန်း မသိဘူး။ ကျနော်တို့ ပြည်သူ့ရဲတပ်ဖွဲ့ သွားတိုင်တော့လည်း နိုင်ငံခြားကိစ္စမိုလို့ ဟိုလုပ်ဒီလုပ်လှည့်သွားလုပ်တယ်။ မြန်မာနိုင်ငံမှာ ဘာလုပ်သလဲဆိုရင် - ဥပမာ ဒီကနေ ပဲခူးကနေ မြဝတီ အလုပ်သွားလုပ်မယ်ဆိုရင် ကျိုက်ထိုလောက်မှာ အဖမ်းခံရတယ်။ အဲဒါနဲ့ ပါသွားတဲ့ခေါင်းဆောင်၊ ဒီ စီးပွားရေးအတွက် သွားတဲ့လူကို လူကုန်ကူးမှုနဲ့ ထောင်ချနေကြတယ်။ အဲဒီအလုပ်ပဲလုပ်တယ်။ ပြည်တွင်းမှာရှိတဲ့လူကို ပြည်တွင်းမှာပဲ ထောင်ချတာလုပ်တယ်။ ပြည်ပရောက်သွားတဲ့လူတွေကို ကယ်တင်ခြင်းဆိုတာ လုံးဝမရှိခဲ့ပါဘူး။

ဦးကျော်ဇံသာ ။ ။ ပြည်ပရောက်သွားတဲ့လူကို ကယ်တင်ဖို့အတွက် ပြည်ပအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ရတဲ့ အပိုင်းလည်း ရှိပါလိမ့်မယ်ဆိုတော့ မြန်မာနိုင်ငံအတွင်းက ရောင်းစားခံရတဲ့ လူတွေအများဆုံးဟာ ထိုင်းနိုင်ငံမှာလို့ ဆိုပါတယ်။ ဦးသိန်းဦးတို့အနေနဲ့ အဲဒီဘက်မှာအခြေစိုက်ပြီး လှုပ်ရှားနေတယ်ဆိုတော့ ဒီလူကုန်ကူးမှု အခြေအနေဘယ်လောက်ဆိုးသလဲဆိုတာကို ပထမဦးဆုံး ပြောပါ။ ဒုတိယအချက်အနေနဲ့ ကျနော်မေးပါမယ် - ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းမှုဘယ်လောက် ရှိပါသလဲဆိုတာကို အခြေအနေကို ပြောပြပေးပါ။

ဦးသိန်းဦး ။ ။ လူကုန်ကူးမှုကတော့ တော်တော်ဆိုးဝါးတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ အဓိကတော့ မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးအရ လုပ်ကိုင်စားသောက်မှုမလွယ်တဲ့အပေါ်မှာ အခြေခံပြီးတော့ ဆင်းရဲနိမ့်ကျမှုအပေါ်မှာ အခြေခံပြီးတော့ ပိုပြီးတော့ စီးပွားရေးကောင်းနိုင်မယ်ထင်တဲ့ နေရာတွေကို သွားလုပ်ချင်ကြပါတယ်။ အဲဒါတွေအပေါ်မှာ အခြေခံပြီတော့ လူကုန်ကူးတဲ့ မသမာတဲ့ ပုဂ္ဂိုလ်တွေက ဒါကို အခွင့်အကောင်းယူပြီတော့ အမျိုးမျိုးဆွယ်ပြီးတော့ မြန်မာနိုင်ငံအတွင်းက လူတွေကို ထိုင်းနိုင်ငံဘက်မှာ အလုပ်ကောင်းကောင်းရမယ်ဆိုပြီး ပြောဆိုပြီး ရောင်းစားတာတွေ အများကြီး ကြုံနေရပါတယ်။ ဒီဥစ္စာကတော့ အဓိက အခြေခံကတော့ မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးအရ အများစုကြီးက စီးပွားရေး ချွတ်ခြုံကျမှုအပေါ်မှာ အခြေခံပြီးတော့ ဖြစ်ပွားနေတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒါကို မဖြေရှင်းနိုင်သေးသမျှကာလပတ်လုံး ဒါကြီးက ဒီထက်ဆိုးတဲ့ အနေအထားကို ရောက်မှာပဲဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ စီးပွားရေး၊ နိုင်ငံရေးကိုတော့ နောက် ဆွေးနွေးကြတာပေါ့။ အခုလောလောဆယ်မှာ ထိုင်းနိုင်ငံအတွင်းမှာ အရောင်းစားခံရတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို ဟန့်တားဖို့အတွက် ထိုင်းနိုင်ငံမှာတော့ လူကုန်ကူးမှု ဟန့်တားရေး ဥပဒေ ဘာညာဆိုတာတော့ ရှိလိမ့်မယ်ထင်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်ရှိပါသလဲ။

ဦးသိန်းဦး ။ ။ မှန်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့တော့ ဒီကိစ္စတွေကို ဟန့်တားဖို့အတွက် ဥပဒေ ထုတ်ပြန်ထားပြီး ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံကတော့ အလွယ်ကူဆုံးနဲ့ အရှင်းဆုံးမြင်ရမယ်ဆိုရင် လုံးဝ မြန်မာနိုင်ငံသားတွေကို အကူအညီ မပေးပါဘူး။ ဥပမာ ထိုင်းနိုင်ငံရှိတဲ့ မြန်မာသံရုံးကို အကူအညီတောင်း၊ အကြောင်းကြားသည့်တိုင်အောင် သံရုံးက ဘာမှ တစုံတရာ လုပ်ကိုင် ဆောင်ရွက်ပေးတာ မရှိပါဘူး။ ဒါမျိုးတွေဟာ အများကြီးဖြစ်နေပါတယ်။ ဒါကြောင့်မို့ ဒီကိစ္စတွေကို မြန်မာအစိုးရအနေနဲ့ တာဝန်ရှိတဲ့ သံရုံးကတောင် အကူအညီမပေးဘူးဆိုရင် အင်မတန်မှ ဆိုးဝါးတဲ့ အနေအထားကို ရောက်ရှိနေတယ်ဆိုတာကို မြင်နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ပြီး ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေကို ပူးပေါင်း ဆောင်ရွက်မယ်၊ တိုက်ဖျက်မယ်ဆိုတဲ့ သဘောတူညီချက် ရှိမယ်ထင်ပါတယ်။ ဒီ လူကုန်ကူးမှုကိုရော နယ်စပ်ဖြတ်ကျော်တဲ့ ပြစ်မှုအနေနဲ့ ပူးပေါင်းဟန့်တား ကြိုးစားမှုမရှိဘူးလား။

ဦးသိန်းဦး ။ ။ ကျနော် သိရသလောက်တော့ မြန်မာအစိုးရအနေနဲ့ အဲဒါမျိုး မရှိပါဘူး။ တကယ်လို့ ရှိမယ်ဆိုရင် ဒါတွေက တရားဝင်အသိပေးပြီတော့ မြန်မာနိုင်ငံသားတွေ ဒီမှာ အလုပ်လာလုပ်တဲ့ လူတွေက သိန်းဂဏန်းမှ သန်းဂဏန်းအထိ ဒီမှာရှိနေပါတယ်။ တကယ်တန်း လုပ်သင့်တာကတော့ အဲဒီလို ဖြစ်လာမယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ ဘယ်သူကို တိုင်ရမယ်။ ဘာလုပ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို အကုန်လုံးအသိပေး အကြောင်းကြားဖို့ လိုပါတယ်။ ဘယ်လိုကူညီပေးနိုင်တယ်။ ဘယ်လိုကူညီပေးမယ်ဆိုတာကို လုပ်ရမှာဖြစ်ပါတယ်။ အခု ဒီကိစ္စက လုံးဝမရှိတဲ့အတွက်ကြောင့်မို့ မြန်မာအစိုးရက အင်မတန်မှ ကိုယ့်နိုင်ငံသားတွေအပေါ်မှာ မျက်နှာလွှဲခဲပစ် လျစ်လျူရှုထားတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်တွင်းကို ပြန်ကောက်ပါမယ်။ ဦးအေးမြင့် ခင်ဗျား - စောစောက ပြောခဲ့တာက နိုင်ငံရေးနဲ့ဆိုင်တယ်။ စီးပွားရေးနဲ့ဆိုင်တယ်။ ကျနော်နားလည်တာကတော့ အဓိက လောလောဆယ် ကတော့ စီးပွားရေး ကြပ်လို့ ဒီလူတွေ သွားကြတာပေါ့။ ဆိုတော့ မြန်မာနိုင်ငံစီးပွားရေးဟာ စံနစ်သစ်ဖြစ်လာတယ်။ ပြည်ပက တရုတ်တို့ ဘာတို့ဆိုရင် စီးပွားရေး ပိုလုပ်လာမယ်။ အာဆီယံ၊ အိန္ဒိယ တို့။ အနောက်နိုင်ငံတွေက သပိတ်မှောက်တယ် ထားပါတော့ အဲဒီကိစ္စမှာ စီးပွားရေးအခြေအနေ တိုးတက် လာမယ့် အလားအလာ မမြင်ရဘူးလား။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ အလုပ်အကိုင် ပိုရလာမယ့် အနေအထားမရှိဘူးလား။

ဦးအေးမြင့် ။ ။ ကျနော်တို့ အမြင်အရကတော့ စစ်မှန်တဲ့ အစိုးရမဖြစ်မချင်း အခြေအနေ တိုးတက်လာမှာ မဟုတ်ဘူး။ အခုက ကျနော်တို့က စစ်မှန်တဲ့ အစိုးရဖြစ်တယ်လို့ ရာခိုင်နှုန်းပြည့် ပြောလို့ရတဲ့ အစိုးရ မဟုတ်တဲ့အတွက် စီးပွားရေးအခြေအနေ မပြောနဲ့ ဒီထက် ဆိုးဖို့အခြေအနေ ရှိနေတာ။ အခုလည်း လယ်သမားတွေ တယောက်မှ လယ်စိုက်လို့ မရဘူး။ ရေတွေကြီးနေတယ်။ ဘဝပျက်နေတာတွေ ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေးအားဖြင့် စစ်မှန်တဲ့ အစိုးရမဖြစ်ရင် စီးပွားရေးကောင်းလာစရာ မရှိဘူးပေါ့။ မြန်မာနိုင်ငံ လက်ရှိအခြေအနေက။

ဦးအေးမြင့် ။ ။ နိုင်ငံရေးက စစ်မှန်တဲ့အစိုးရဖြစ်မှ စီးပွားရေးကောင်းမယ်။ အခု ဒီမှာက ဗမာပြည်မှာက ယဉ်ကျေးမှုတရပ်လို ဖြစ်နေတယ်။ အာဏာရရင် စီးပွားဖြစ်တယ်ဆို။ အခု ရပ်ကွက်ကလေး အုပ်ချုပ်ရေးမှူး ရွေးတဲ့အခါမှာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးလောက် ဖြစ်ရင်ပဲ တကယ့် ရာထူးကြီးရသလို တုတ်တပြက်၊ ဓားတပြက်နဲ့ ရွေးနေရတဲ့ အခြေအနေမျိုးဖြစ်တယ့်အတွက် တိုင်းပြည်က နိုင်ငံရေး၊ စီးပွားရေး နှိမ့်ကျတဲ့အပြင် အသိဉာဏ်ပါ နှိမ့်ကျနေပြီ။ အာဏာရှိရင် စီးပွားဖြစ်တယ် လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ ခေတ်မျိုးဖြစ်နေတယ်။ အာဏာရူးခေတ် မပျောက်မချင်း ကျနော်တို့ စီးပွားရေး ကောင်းမှာ မဟုတ်ဘူး။

ဦးကျော်ဇံသာ ။ ။ တိုင်းပြည်အတွင်းမှာ နေတဲ့လူတွေရော - လယ်ယာလုပ်ငန်းလုပ်ပြီး နေတဲ့ ကျေးလက်ရွာက တောင်သူလယ်သမားတွေ ပြည်ပကိုထွက်တဲ့လူတွေထက် ဘဝက ငြိမ်းငြိမ်းချမ်းချမ်း ရှိမှာပေါ့။ စားရတာကတော့ ဆင်းရဲသားပီပီ ငပိရည်နဲ့ တို့စရာ စားရမှာပေါ့။ လယ်ကွင်းထဲကရတဲ့ဟာနဲ့။ အပြင်မှာဆို ရောင်းစားခံရတယ်။ အသတ်ခံရတယ်။ အနိုင်ကျင့်ခံရတယ်။ အဲဒီ အသိဉာဏ်မျိုးကို သူတို့ကို ပေးလို့မဖြစ်ဘူးလား။

ဦးအေးမြင့် ။ ။ အဲဒီ အသိဉာဏ်မျိုးကို ရောင်းစားခံရတယ်။ အသတ်ခံရတယ်။ ပေးလို့ကတော့ ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့် ပေးဖို့က မီဒီယာက အရေးကြီးတယ်။ တိုင်းပြည်မှာက သက်ကယ်ချောင်းနဲ့ ခေါင်းလောင်းထိုးသလို အခု လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုတာလည်း စာရွက်ပေါ်မှာရှိတယ်။ အဖွဲ့အစည်းဆိုတာလည်း ရှိတယ်။ စစ်မှန်တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ မဟုတ်ဘူးလေ။ ဒီလို ဟန်ဆောင်တဲ့ သဘောလောက် ဖွဲ့ထားတဲ့အဖွဲ့။ မနာလို ကုန်းချောမှုကြောင့် လူကုန်ကူးတယ်ဆိုပြီး (၇) နှစ်၊ နောက် (၅) နှစ် ကျကြတယ်၊ အကျဉ်းထောင်အသီးသီးရောက်ကြတယ်။ တယောက်မှ လူကုန်ကူးကြတဲ့ လူတွေမဟုတ်ဘူး။ ရိုးရိုးသားသားနဲ့ စီးပွားရေးကို မပြေလည်။ ကိုယ့်အိမ်နီးနားချင်း၊ ရွာနီးနားချင်းက တယောက်ကသွားပြီး ပြေလည်တော့ အားကျ။ ပြည်ပကိုသွား။ အဲဒီမှာ ပြည်ပကိုရောက်တဲ့အခါမှာ ကုန်သည်တွေက ရောင်းစားခံကြတဲ့အခါ ဘဝပျက်တဲ့လူတွေ တပုံကြီး။ ကျနော်ဆီမှာ လာတိုင်ထားတဲ့လူတွေ အစိတ်သုံးဆယ်လောက်ရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဦးအေးမြင့် ပြောတာကိုကြည့်မယ်ဆိုရင် အစိုးရမူဝါဒ ဆိုတာထက် အောက်ခြေမှာ အကောင်အထည်ဖော်တဲ့လူတွေ တာဝန်မကျေတာ အများကြီးဖြစ်နေမယ်လို့ ထင်တယ်။ ဦးအေးမြင့် ပြောတဲ့စကားအရဆိုရင် ဟုတ်ပါသလား။

ဦးအေးမြင့် ။ ။ ဟုတ်တယ်။ အကောင်အထည်ဖော်တဲ့လူတွေက အပေါ်မှာ မျက်နှာလို မျက်နှာရလုပ်ပြီး သူတို့သဘောကျရင် သူတို့ရှေ့ ကနေပဲ လူတရာလောက် ယိုးဒယားခေါ်သွား၊ ထိုင်းကိုခေါ်သွား ခွင့်ပြုတယ်။ သူတို့ သဘောမကျရင်တော့ ရိုးရိုးသားသား ရန်ကုန်ကနေ မန္တလေးသယ်တာတောင် လူကုန်ကူးမှု ဖြစ်တာ။ အိမ်ဖော်လုပ်ဖို့၊ အလုပ်မရှိလို့ ဆက်သွယ်တဲ့လူနဲ့ လိုက်။ ရထားပေါ်မှာပဲ လူကုန်ကူးတယ်ဆိုပြီး ထောင်ကျကုန်တာတွေလည်း တပုံကြီး။ အစစ်အမှန်တွေ မရှိဘူး။ ဟိုဘက်ရောက်ရင် ချမ်းသာတဲ့လူလို့ပဲ ယူဆကြတယ်။

ဦးကျော်ဇံသာ ။ ။ ဦးသိန်းဦးကို တခုမေးချင်တာက မြန်မာနိုင်ငံလိုပဲ ထိုင်းက စီးပွားရေးအသင့်အတင့် ဖွံ့ဖြိုးတဲ့နိုင်ငံဆိုတော့ လာအို၊ ကမ္ဘောဒီယားတို့ကလည်း ဆင်းရဲတဲ့နိုင်ငံတွေဆိုတော့ အဲဒီက ဝင်လာတဲ့ အလုပ်သမားတွေကရော မြန်မာအလုပ်သမားတွေလိုပဲ ရောင်းစားခံရတာတွေ ရှိပါသလား။ ဘယ်လို ဖြေရှင်းကြပါသလဲ။

ဦးသိန်းဦး ။ ။ ရှိပါတယ်။ လာအိုကနေ လာကြတဲ့အလုပ်သမားတွေ ရှိပါတယ်။ ဒါပေမဲ့ အဓိက ပြောချင် တာကတော့ မြန်မာနိုင်ငံကတော့ သိပ်ကို အဂတိလိုက်စားမှု မြင့်ပါတယ်။ နောက် မြန်မာနိုင်ငံသားတွေ အတွက်က တံခါးပိတ်ဝါဒကို သုံးတဲ့အတွက်ကြောင့်မို့ သူတို့အနေနဲ့ ဟုတ်လားမဟုတ်လားဆိုတာကို လာပြီးလေ့လာနိုင်တဲ့ဟာမျိုး၊ အမြင်ဖလှယ်တာမျိုးတွေ မရှိပါဘူး။ ဥပမာအားဖြင့် လာအိုလို နိုင်ငံမျိုး တွေမှာဆိုရင် ထိုင်းနိုင်ငံကို အချိန်မရွေး ဝင်ထွက်သွားလာလို့ရတယ်။ အင်မတန်မှ လွယ်တဲ့ကိစ္စတွေ ဖြစ်တယ်။ ဆိုလို့ရှိရင် ဒီကိစ္စတွေက အင်မတန်မှ နည်းပါးတဲ့အနေအထားကို တွေ့ရတယ်။

သူတို့အနေနဲ့ အချိန်မရွေး ဝင်ထွက်သွားလာနိုင်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင် မျက်မြင်သက်သေ ဖြစ်တယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ အဲဒီလို မဟုတ်ပါဘူး။ ထိုင်းနိုင်ငံကိုလာတဲ့ နေရာမှာ အင်မတန်မှ ခက်တယ်။ လာတဲ့နေရာမှာလည်း အများစုကြီးက ခိုးကြောင်ခိုးဝှက်နဲ့။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ စီးပွားရေးသမားတွေက လူကုန်ကူးမှုကို လုပ်တယ်။ မြန်မာနိုင်ငံရဲ့  လက်ရှိနိုင်ငံရေး အနေအထားအရ အင်မတန် အားနည်းတဲ့အတွက်မို့ ဒီလိုကိစ္စတွေ ဖြစ်ရတယ်ဆိုတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး မေးချင်တဲ့မေးခွန်းတခုကတော့ ခပ်တိုတို ဖြေပေးပါ။ ဒီကိစ္စကို မြန်မာနိုင်ငံအစိုးရကို ပြောလိုက်ရင် တိုင်းပြည်စီးပွားရေး ကြပ်တည်းလို့ အပြင်မှာ ကျွန်ခံနေရရင် အစိုးရက သေသေချာချာ ဘာကိုညွှန်းမလဲဆိုရင် စီးပွားရေးနိမ့်ကျတာဟာ အနောက်နိုင်ငံတွေက သူတို့ကို ဒဏ်ခတ်အရေးယူထားလို့ဆိုပြီး လက်ညှိုးထိုးပြမှာပဲ။ အဲဒီလိုပြောလာခဲ့ရင် ဦးသိန်းဦးအနေနဲ့ ဘာပြောမလဲ။

ဦးသိန်းဦး ။ ။ အဲဒါ လုံးဝမဟုတ်ပါဘူး။ အထဲမှာ လွတ်လွတ်လပ်လပ်နဲ့ သွားလာလှုပ်ရှားခွင့်ပေးမယ်။ ပြီးတော့ အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်ဆိုရင် လူတွေက ဘယ်သူမှ ပြည်ပနိုင်ငံမှာသွားပြီး ကျွန်ခံနေရတာမျိုး ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ အဲဒီလို မဟုတ်ဘဲနဲ့ အထဲမှာ အခုပြောသလိုမျိုး လုပ်ကိုင်စားသောက်ရတဲ့နေရာမှာ အင်မတန်မှ အဂတိလိုက်စားမှုတွေ high corruption တွေ များတဲ့ အတွက်ကြောင့် လူတွေက ဒီထက်ကောင်းတဲ့နေရာ။ အထဲမှာဆိုရင် အခွန်အခတွေ ပေးရတာများတယ်။ နိုင်ငံရေးစံနစ်အရလည်း အင်မတန်မှ ကြပ်တည်းတဲ့အတွက်ကြောင့်မို့ လွတ်လပ်တဲ့နေရာမှာ သွားလာပြီး စမ်းကြည့်ချင်တဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့ စီးပွားရေးချွတ်ခြုံကျနေတာဟာ sanction ကြောင့်မို့ မဟုတ်ပါဘူး။ Sanction က အဓိက ထိခိုက်တာကတော့ လုပ်ငန်းရှင်ကြီးတွေ၊ အစိုးရနဲ့ ပူးပေါင်းတဲ့ လုပ်ငန်းရှင်ကြီးတွေ၊ အဂတိနဲ့ လုပ်စားနေတဲ့ နိုင်ငံရေးသမားတွေပဲ ထိခိုက်မှုရှိပါတယ်။ ကျန်တဲ့ ပြည်သူတွေအနေနဲ့ ဒီအပေါ်မှာ ထိခိုက်မှုမရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဦးအေးမြင့်လည်း ဒီမေးခွန်းကို အကျဉ်းချုံး ဖြေပေးပါ။ ဦးသိန်းဦး ကပြောတယ် sanction ပေးတာဟာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေပဲ ထိခိုက်တယ်ဆိုတော့ အဲဒီလုပ်ငန်းရှင်တွေ စကရုံတွေ ဘာတွေ မဖွင့်နိုင်ဘူး။ မတည်ထောင်နိုင်ဘူးဆိုတော့ မြန်မာကလူတွေ အလုပ်လက်မဲ့ အလုပ်မရကြဘူးလို့ မြန်မာအစိုးရ အာဏာပိုင်တွေက ပြောခဲ့ရင် ဘယ်လိုပြန်ဖြေမလဲ။

ဦးအေးမြင့် ။ ။ အဓိကပြောရင်တော့ စီးပွားရေး၊ လှုမှုရေး ချွတ်ခြုံကျတာ sanction ကြောင့်လည်း မဟုတ်ဘူး။ ကျနော်တို့ အောက်ခြေလူတန်းစားတွေ၊ လယ်သမားတွေ နားလည်အောင်ပြောရင် အုပ်ချုပ်တဲ့ လူတန်းစား ညံ့ဖျင်းလို့၊ အာဏာမက်နေလို့ စစ်မှန်တဲ့လူကြီး မဖြစ်လို့သာ တိုင်းပြည် ဒုက္ခရောက်တာပါ။ စစ်မှန်တဲ့ အစိုးရဖြစ်ရင် နေ့ချင်းညချင်း ကြီးပွားမှာ။ ကျနော်တို့ မြန်မာနိုင်ငံ ဒီလောက်လူညံ့တွေ မဟုတ်ဘူး။
http://www.voanews.com/burmese/news

ရှေ့ဆက်မတိုးနိုင်သော CoI ကော်မရှင်ကိစ္စ





မြန်မာစစ်ခေါင်းဆောင်များက လူသားမျိုးနွယ် တရပ်လုံးအပေါ် ကျူးလွန် ချိုးဖောက်ထားသည့် ရာဇဝတ်ပြစ်မှုများ အတွက် ကုလသမဂ္ဂက အရေးယူ ဆောင်ရွက်ပိုင်ခွင့်ရှိသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် [Commission of Inquiry (CoI)] ဖွဲ့စည်းရေးကိစ္စ ထောက်ခံချက်များက ၂ဝ၁ဝ ခုနှစ်၊ မတ်လမှစတင်၍ တဖြည်းဖြည်းနှင့် တိုး၍ရရှိနေပါသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ စုံစမ်းတင်ပြသူ အထူးသံအရာရှိကလည်း ဤကိစ္စအပေါ် ၂ဝ၁ဝ ခုနှစ်၊ မတ်လမှစ၍ ထောက်ခံအကြံပြု ပြောဆိုခဲ့ပြီး၊ ယခုနှစ်ဆန်းပိုင်းတွင်တော့ လတ်ဗီးယား
 နိုင်ငံက တိုး၍ထောက်ခံလာခဲ့သည်။ ယခုဆိုလျှင် စုံစမ်းရေးကော်မရှင် (CoI) ကိစ္စအတွက် ထောက်ခံသည့်
 နိုင်ငံပေါင်း ၁၆ နိုင်ငံ ရှိလာခဲ့ပြီ ဖြစ်သည်။
UN-Security-Council
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိုမိုတိုးမြှင့် လုပ်ဆောင်ခြင်းအားဖြင့် မြန်မာပြည် အပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် ဖွဲ့စည်းနိုင်ရန် တောင်းဆိုမှုများ (Photo::UN)

မကြာသေးခင်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် လွှတ်တော်သို့ ပြောကြားခဲ့သည့်
 သေသပ်ပြောင်မြောက်လှသော မိန့်ခွန်းတွင် ဤ CoI အရေးကိစ္စအပေါ် ထောက်ခံပြောဆိုခဲ့ရာ၊ ပို၍လူအများ အာရုံထားစရာ ဖြစ်လာခဲ့ရသည်။ အမေရိကန်အမတ်များထံ ပြောကြားသည့် မေတ္တာရပ်ခံချက် မိန့်ခွန်းတွင်
 ဒေါ်အောင်ဆန်းစုကြည်က ယခု စုံစမ်းစစ်ဆေးရေး (CoI) ကော်မရှင်ကိစ္စနှင့် ရာဇဝတ်သားများအပေါ် အပြစ်ပေး တရားစီရင်သည့် ခုံရုံးဟူ၍ တန်းတူထား၊ အမှတ်မမှားသင့်ကြောင်းလည်း အလေးပေး ပြောဆိုခဲ့သေးသည်။

သေချာသည်မှာ သူတင်ပြသည့် အချက်သည် ကျိုးကြောင်းစနစ်အရ အထူးခိုင်လုံလှပါသည်။ ဒီမိုကရေစီ
 ခေါင်းဆောင်က စိတ်ကောင်းစေတနာဖြင့် ရပ် တည် တောင်းဆိုခဲ့ခြင်းသာ ဖြစ်ပါသည်။ သို့သော်လည်း ဖြစ်နိုင်ခြေ ရှိသည့် အားနည်းချက်မှာ နိုင်ငံတကာဥပဒေများနှင့် မြန်မာနိုင်ငံ ပြည်တွင်းအခြေအနေကို မည်သို့မည်ပုံ ချိတ်ဆက် ကြပါမည်နည်း။ တနည်းဆိုရသော် နိုင်ငံတကာအစီအစဉ်များ မရှိနေပါဘဲနှင့် မည်သို့မည်ပုံ နိုင်ငံတကာ တရားမျှတမှုကို ဖော်ဆောင်နိုင်ကြပါမည်နည်း ဟူသော ဝိဝါဒပင် ဖြစ်သည်။

CoI အပေါ်ထောက်ခံသည့် နိုင်ငံများ ထောက်ခံကြောင်း ဖော်ပြသည့်နေ့စွဲ
သြစတြေလျ မတ်လ၊ ၂ဝ၁ဝ ခုနှစ်
ယူနိုက်တက် ကင်းဒမ်း မတ်လ၊ ၂ဝ၁ဝ ခုနှစ်
ချက် သမ္မတနိုင်င ဧပြီလ၊ ၂ဝ၁ဝ ခုနှစ်
ဆလိုဗက်ကီးယား ဇွန်လ၊ ၂ဝ၁ဝ ခုနှစ်
အမေရိကန်ပြည်ထောင်စ သြဂုတ်လ၊ ၂ဝ၁ဝ ခုနှစ်
ကနေဒါ စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
ဟန်ဂေရီ စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
နယူးဇီလန် စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
နယ်သာလန် စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
ပြင်သစ် စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
အိုင်ယာလန် စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
လစ်သူအားနီးယား စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်
အက်စတိုးနီးယား အောက်တိုဘာလ၊ ၂ဝ၁ဝ ခုနှစ်
ဘယ်လ်ဂျီယံ ဖေဖေါ်ဝါရီလ၊ ၂ဝ၁၁ ခုနှစ်
ဒိန်းမတ် မတ်လ၊ ၂ဝ၁၁ ခုနှစ်
လတ်ဗီးယား မတ်လ၊ ၂ဝ၁၁ ခုနှစ်


မြန်မာစစ်ခေါင်းဆောင်များက လာမည့်အနာဂတ်ကာလတွင် သူတို့အပေါ် ချည်နှောင်လာမည့် တရားဥပဒေကိစ္စ များနှင့် ဖြစ်နိုင်ခြေရှိသည့် လမ်းကြောင်းများအပေါ် ကောင်းစွာ သတိထားနေပြီး၊ ဤကိစ္စအပေါ် စိတ်ဝင်စားမှုလည်း ရှိနေကြသည်။ မကြာသေးခင်က ဆောင်ရွက်ခဲ့ကြသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် လုပ်ငန်းများအရ အနောက် အင်အားကြီးနိုင်ငံများနှင့် ရန်ပဋိပက္ခ ဖြစ်နေကြသည့် ခေါင်းဆောင်များအပေါ် အရေးယူဆောင်ရွက်ခဲ့ကြပုံကိုလည်း သူတို့က ကောင်းကောင်းကြီး သင်ခန်းစာ မြင်တွေ့ထားကြပါသည်။ 

ဆူဒန်သမ္မတ အိုမာ အယ်လ်-ဘာရှား Omar al-Bashir ၏ လုပ်ဆောင်ချက်များအပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင် CoI တခု ၂ဝဝ၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ၂ဝ၁ဝ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC မှ ဆူဒန်အာဏာရှင် သမ္မတကို ဖမ်းဆီးမိန့် ထုတ်ပြန်ပေးသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။ ထို့အပြင် ယခုအခါ ICC တရားရုံးက လစ်ဗျားခေါင်းဆောင် မော်မာ ကဒါဖီ Muammar Gadaffi အပေါ် စွဲဆိုရန် သက်သေ အချက်အလက်များ ပြင်ဆင်နေပြီး၊ နိုင်ငံတွင်း မငြိမ်မသက်မှုများကို အကြမ်းဖက် ချေမှုန်းခဲ့မှုအတွက် ၎င်းကို
ဖမ်းဆီးရန် ဝရမ်းအမိန့်ကိုလည်း ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။ ယခုလစ်ဗျားကိစ္စကို ဆောင်ရွက်ကြရာ၌ နှုန်းက အတော်မြန်သည်။ စုံစမ်းရေး ကော်မရှင်က ပြီးခဲ့သည့် မတ်လကမှ စတင်သက်ဝင်ခဲ့ပြီး၊ နိုင်ငံရေးနှင့် ပြဿနာ ထုထည် ကြီးမားလွန်းသဖြင့် ယခုလို တရားစွဲဆို ရင်ဆိုင်ရသည့် အဆင့်အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။  

၎င်းအမှု ၂ ခုအပေါ် သီးခြား စုံစမ်းစစ်ဆေးမှုများနှင့် မရှေးမနှောင်း ဆိုသလို ဘာရှားနှင့် ကဒါဖီတို့ အပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC ၏ အရေးယူမှု သက်ရောက်လာသဖြင့် မြန်မာနိုင်ငံ၏ အထွေထွေသော အတိုင်အခံအင်အားစုများနှင့် သဘောထားတင်းမာသည့် စစ်ခေါင်းဆောင်များအတွက်လည်း စိုးရိမ်ဖွယ်အခြေအနေ၊ သင်ခန်းစာယူစရာ ငဲ့စောင်းကြည့်ဖွယ် အခြေအနေတရပ် ဖြစ်လာခဲ့သည်။

ဆူဒန်နိုင်ငံကိစ္စတွင်မူ နိုင်ငံ၏ အနောက်ပိုင်းဒေသ ဒါဖော၌ အစိုးရ၏ လုပ်ဆောင် ကျူးလွန်မှုများအတွက် သမ္မတဘာရှားကို ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့သော်လည်း၊ ပြည်တွင်း နိုင်ငံရေး အခင်းအကျင်း၌မူ အပြောင်းအလဲအတွက် အနည်းအကျဉ်းမျှသာ သက်ရောက်စေခဲ့သည်။ ဘာရှား၏ အစိုးရအပါအဝင် ပဋိပက္ခအတွင်း ပတ်သက်နေကြသူ
 ခေါင်းဆောင်များက နောက်ဆုံး ညှိနှိုင်းမှု အနည်းအကျဉ်း ရှိလာစေသည်။ ဒိုဟာငြိမ်းချမ်းရေး ဆွေးနွေးပွဲ Doha Peace Forum အခြေခံအရ ဆက်လက် ဆွေးနွေးမှုများလည်း အကောင်အထည် မြင်ရဖို့ ရှိနေသည်။ 

ဤဝန်းကျင်တွင် အဖြေထုတ်ရမည့် မေးခွန်းတခုမှာ စွပ်စွဲခံရသူက နိုင်ငံရေးအရ အသာစီးရနေသည့် အခြေအနေတွင်၊ လက်ရှိ တည်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ တရားမျှတမှုစနစ်အပေါ် သိပ်အလေးမထားကြသည့် အစိုးရများ
 နှင့်လည်း သူတို့က ဆက်လက် ဆက်ဆံလုပ်ကိုင်၍ နေနိုင်ကြသေးသည်ဖြစ်ရာ၊ ရန်ဘက်ဖြစ်နေကြသည့် အင်အားစုများအကြား ဆွေးနွေးညှိနှိုင်းမှုများတွင် အပြည်ပြည်ဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဉ်က အောင်မြင်မှု ရစေရေးအတွက် အားနည်းဖို့ ဖြစ်စေမည်လော၊ ပို၍အားကောင်းဖို့ ဖြစ်စေမည်လောဟု စောကြောမေးမြန်းစရာ ရှိသည်။

အတိုက်အခံ အင်အားစုများ၏ တောင်းဆိုချက်များကရော လက်တွေ့ကြမည်ပါလောဟု စဉ်းစားဖွယ် ရှိနေပြန်သည်။ ဆူဒန်နိုင်ငံ ကိစ္စ၌မူ အခြားတဖက် ခေါင်းဆောင် သမ္မတ ဘာရှားက စစ်ရာဇဝတ်မှုများနှင့် စွပ်စွဲထားခံရသည့် တရားခံ ဖြစ်နေသည်။ ဖမ်းဝရမ်းထုတ်ခံရသည့် အစိုးရတရပ်ကရော၊ လက်ရှိ ပြည်တွင်းနှင့် နိုင်ငံတကာ မူဝါဒများကို
 ပြန်သုံးသပ်ပါရန် တိုက်တွန်းဖို့ ဖြစ်နိုင်ပါမည်လော .. စသဖြင့် မေးခွန်းများစွာ ရှိနေသည်။  

အခြားကိစ္စတခုဖြစ်သည့် လစ်ဗျားနိုင်ငံ၌မူ အပြည်ပြည်ဆိုင်ရာ
အပြည်ပြည်ဆိုင်ရာ တရားမျှတမှု အစီအစဉ်များ စတင်လာ၍ အနည်းဆုံး ကနဦးကာလတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အစီအစဉ်များအတွက် လမ်းကျဉ်းသွားမည်ဟု ပြောဆိုရန် မဖြစ်နိုင်ပါ
တရားမျှတမှုနှင့် တရားဥပဒေ စိုးမိုးမှုအကြား ပြဿနာ
 ဖြစ်နေရ သည့် အခြေအနေ ဖြစ်နေပြန်သည်။ ယူဂိုဆလားဗီးယား နိုင်ငံ၏ ဆလိုဗိုဒန် မီလိုဆိုဗစ် Slobodan Milosevic ကိစ္စ၌မူ အပြည်ပြည် ဆိုင်ရာ တရားရေးစနစ်က၊
 နိုင်ငံတွင်းသို့ လက်နက်ကိုင် ဝင်ရောက်စွက်ဖက် တိုက်ခိုက်မှုနှင့် တချိန်တည်းတွင် အချိန်ကိုက် ဖြစ်ပေါ်လာခဲ့သည်။ စစ်ရေးဆောင်ရွက်မှုကြောင့် နောက်ဆုံး ပြည်တွင်း
 နိုင်ငံရေး အပြောင်းအလဲများ အတွက်လည်း နိုင်ငံတကာခုံရုံး ကြားနာမှုများ ဖြစ်ပေါ်လာသည်နှင့်အညီ၊ လမ်းပွင့်လာစေခဲ့ သည်။  

မြန်မာနိုင်ငံတွင်မူ ပြည်ပမှ ဝင်ရောက်စွက်ဖက်ရန် ခြိမ်းခြောက်မှု လုံးဝရှိမထားသည့် ပြည်တွင်းရှိ နိုင်ငံရေး လက်တွေ့ ဝန်းကျင်ကို အသိအမှတ်ပြုရမည်ဖြစ်ပြီး၊ ဆူဒန်နိုင်ငံတွင် ဖြစ်ပျက်နေသည့် အတွေ့အကြုံက လိုလားစရာ မရှိသော်လည်း၊ ဖြစ်နိုင်ခြေရှိသည့် အလားအလာမျိုး ဖြစ်နေသည်။ မြန်မာနိုင်ငံရှိ အကျိုးတူ လူနည်းစု အဆင့်မြင့် စစ်ခေါင်းဆောင်များ အပါအဝင်၊ ဗဟိုအာဏာပိုင်များနှင့်လည်း ညှိနှိုင်းအကြံရယူရန် လိုအပ်ပါလိမ့်မည်။ အပြည်ပြည်ဆိုင်ရာ တရားမျှတမှု အစီအစဉ်များ စတင်လာ၍ အနည်းဆုံး ကနဦးကာလတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အစီအစဉ်များအတွက် လမ်းကျဉ်းသွားမည်ဟု ပြောဆိုရန် မဖြစ်နိုင်ပါ။

မြန်မာနိုင်ငံအရေးတွင်မူ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တောင်းဆိုမှုများ ရှိနေသော်လည်း၊ လက်တွေ့ ကျကျ အသေးစိတ် ဆွေးနွေးရမည့် ကိစ္စများ ကျန်ရှိနေပါသေးသည်။ ပြန်လည်သင့်မြတ်ရေး တောင်းဆိုမှုအပေါ် ကြိုဆိုရန် ရှိသော်လည်း အမှန်တွင် တွေ့ဆုံဆွေးနွေးမှုအတွက် စာညွှန်းမူကြမ်းကို အင်အားစု အသီးသီးက
 ဆွေးနွေးပွဲများ မစတင်မီကပင်၊ ကိစ္စအများစုကို ရေးသားထားပြီး ရှိနေသင့်ပါသည်။

ဤနေရာတွင်လည်း မြန်မာပြည် အရေးကိစ္စတွင် ပါဝင် ပတ်သက်နေကြသည့် အင်အားစုများ၌ ယုံကြည်မှု၊ အပြန်အလှန် နားလည်မှု မရှိသေးဘဲ ဖြစ်နေကြပြီး၊ စာညွှန်းမူကြမ်းကလည်း မည်သို့ ထွက်ပေါ်လာမည်ကို မပြောနိုင်သေးပေ။အထူးသဖြင့် မြန်မာစစ်ခေါင်းဆောင်များအဖို့ ဤလုပ်ငန်းစဉ် အဆင့်များ၌ ပါဝင် ပတ်သက်မှု ရှိမည်-မရှိမည်ကို မပြောနိုင်သေးပါ။     

စုံစမ်းရေးကော်မရှင် CoI ဖွဲ့စည်းမှု၏ ရေတို အလားအလာအဖြစ်၊ အဓိပ္ပာယ်ရှိသော အပြောင်းအလဲများ အစပျိုး
 ဖြစ်ပေါ်လာစေရေးအတွက် အလှမ်းဝေးနေသေးသော်လည်း၊ ရေရှည်တွင်တော့ မျှော်လင့်စရာ ရှိနေပါသေးသည်။ အကယ်၍ မြန်မာအစိုးရက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများထံသို့ တဖြည်းဖြည်း ပိုမိုပွင့်လင်းလာလျှင်၊ သို့မဟုတ်
 ပြည်တွင်း မူဝါဒ ချမှတ်ဆုံးဖြတ်ရေး လုပ်ငန်းနယ်ပယ်များ၌ ပို၍ ရှုပ်ထွေး ထွေပြားလာလျှင်တော့ ဤသို့ မျှော်လင့်ဖွယ် ရှိပါသေးသည်။ ဤသို့သော အနေအထားတွင် လူသားမျိုးနွယ်တရပ်လုံးအပေါ် ရာဇဝတ်မှု ကျူးလွန်ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသူအဖို့၊ တရားမျှတမှု စင်မြင့်ပေါ် မျှော်လင့်မထားသည့် လေပြေလေညင်း
 နှင့်အတူ ပေါ်ပေါက်လာရဖွယ် ရှိနေသည်။   

လိုင်ဘေးရီးယားနိုင်ငံ၏ ချားလ်စ်တေလာအဖို့ အာဏာကို လျှောလျှောလျူလျူ စွန့်ခွါစေရန်၊ ပြည်ပသို့ ထွက်သွား
 စေရန် ကာလတစုံတရာ အချိန်ယူခဲ့ ရသော်လည်း၊ နောက်ဆုံးတွင် အနောက် အာဖရိကနိုင်ငံများတွင်
 ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း သူ၏လုပ်ဆောင်ချက်များကြောင့် နောက်ဆုံး ICC ခုံရုံးတွင် ရင်ဆိုင်ရသည့် အခြေအနေ ဖြစ်စေခဲ့သည်။ မကြာသေးခင်ကပင် ဘော့စနီးယား စစ်ခေါင်းဆောင် ရက်တို မလဒစ် Ratko Mladic ကိုလည်း သည်ဟိဂ်မြို့ရှိ ခုံရုံးသို့ ယူဂိုဆလပ် ပြည်တွင်းစစ်ပွဲအတွင်းက သူ၏ လုပ်ဆောင်ချက်များအတွက်
တာဝန်ယူ တာဝန်ခံရန် ဖမ်းဆီးပို့ဆောင်ခံခဲ့ရပြန်သည်။

ဘဲဂရိတ်မြို့တော်တွင် မလဒစ်ကို ဖမ်းဆီးမှုအပေါ် လမ်းပေါ်ဆန္ဒပြပွဲများ ရှိခဲ့သော်လည်း၊ များစွာသော သုံးသပ်
 လေ့လာသူများကမူ ယခုလို စစ်ခေါင်းဆောင်အပေါ် လွယ်လွယ်ကူကူ အရေးယူနိုင်ခဲ့ခြင်းမှာ၊ အချိန်ကြာမြင့်
 ပြောင်းလဲလာသည်က တကြောင်း၊ ဆာဗီယားနိုင်ငံ၏ ပင်မနိုင်ငံရေးတွင် တဖြည်းဖြည်း ပြောင်းလဲမှုများ
 ဖြစ်ပေါ်လာသောကြောင့်ဟု သုံးသပ်ကြသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံတွင်မူ တမျိုးတဖုံ ဖြစ်နေသေးသည်။ တရားမျှတမှုအတွက် မတူညီသည့် သဘောထားအမြင်များဖြင့် အကြိတ်အနယ် အင်အားပြိုင်ဆိုင်နေကြဆဲ ဖြစ်သည်။ ခမာနီများကို အာဏာမှ ဖယ်ရှားပြီး ၃၂ နှစ် ကြာမြင့်လာပြီးသည့်နောက်၊ ၎င်းလှုပ်ရှားမှု ထိပ်သီးခေါင်းဆောင် အများအပြား ဆယ်စုနှစ်များစွာကြာ တရားဝင် လက်နက်ချလာပြီးသည့်နောက်တွင်၊ ကမ္ဘောဒီးယား ပြည်သူ ၂ သန်းကျော်ကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုကြီးတွင် သူတို့ကျရာ တာဝန်ရှိမှုအလိုက် တရားရင်ဆိုင်ခဲ့ကြရသည်။ ကုလသမဂ္ဂ၏
 ကျောထောက်နောက်ခံပြုမှုအောက်တွင် ကမ္ဘောဒီးယား ပြည်တွင်းခုံရုံး အများအပြား၌ ထိုသူများကို အပြစ်ပေး စီရင်သည့် တရားရုံးများ ဆောင်ရွက်နိုင်ခဲ့ကြ သည်။   

ဤတရားခုံရုံးများ စီရင်မှုအနေအထားတွင် "စိတ်ခံစားမှု ပြင်းထန်ပေါက်ကွဲ" မှုများ ကြုံခဲ့ရသည်ဟု ဖော်ပြကြသော် လည်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ လူ့အခွင့်အရေးလှုပ်ရှားသူ ဦး ဗီရက် Ou Virak ကမူ ဘီဘီစီသတင်းဌာနသို့ တနင်္လာနေ့တွင် ပြောကြားရာ၌ ဤရာဇဝတ်မှုများသည် ကမ္ဘောဒီးယားပြည်သူများ၏ စိတ်ခံစားမှုအတွင်း၌ စုပေါင်းစွဲမြစ် ကျန်ရစ်နေဆဲရှိသည်။ ယခု ခုံရုံးများသည် နစ်နာခံစားရသူ သားကောင်များအဖို့ မည်မျှကြာညောင်း
 လေးမြင့်ခဲ့သည် ဆိုစေ၊ တရားမျှတသည့် ခံစားမှုတစုံတရာ ခံစားရစေခဲ့သည်ဟု ဖော်ပြပြောဆိုခဲ့သည်။
 သေချာသည်မှာ သူတို့စနစ်က မပြည့်စုံနိုင်လွန်းလှပြီး၊  အချိန်လည်း ကြာမြင့်လွန်းလှပါသည်။ အချို့ကဆိုလျှင် အပြုသဘောဆောင်သည့် အဆင့်အထိ တက်လှမ်းနိုင်ခြင်း မရှိဟုလည်း အငြင်းပွားနိုင်ပါသေးသည်။     

တရားမျှတမှုနှင့် လက်တွေ့ကျကျ ချည်းကပ်ရေးဝါဒ ကွဲပြားမှုများအကြား သေချာကွဲပြားအောင် ရှင်းလင်းရန်ဆိုသည်မှာ မလွယ်လှသလို၊ ဖြစ်ခဲလှပါသည်။ လူအများကို သူတို့ဆောင်ရွက်ကျူးလွန်ခဲ့သည့် လုပ်ငန်းများအရ တာဝန်ခံစေရေး ဆိုသည်မှာ ဖြစ်သင့်သည့် ပန်းတိုင်ရည်မှန်းချက် ဖြစ်သော်လည်း၊ လက်တွေ့ ရှုပ်ထွေးပွေလီလှသော မြေပြင် အခြေအနေအပေါ် မူတည်၍ ချင့်ချိန်ကြရမည် ဖြစ်သည်။ အထူးသဖြင့် အပြစ်ရှိသည်ဟု စီရင်ခံရသူက အာဏာအရ၊ မူဝါဒအရ အသာစီး ယူထားနိုင်သည့် အခြေအနေမျိုးတွင် ပို၍ချင့်ချိန်ရလိမ့်မည် ဖြစ်သည်။   

မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် CoI တရပ် ဝင်မည်ဆိုလျှင်၊ ကျင့်ဝတ်ရေးရာပိုင်း အရရော၊ ဥပဒေကြောင်း အရပါ သင့်လျော်လှသည့် ကိစ္စဖြစ်သည်။ သို့သော်လည်း ယနေ့ကာလတွင် လက်တွေ့ကျသည့် မဟာဗျူဟာမြောက် ပုံစံတရပ်မှာ ဆယ်စုနှစ်များစွာကြာ အထမမြောက်
 ဖြစ်နေခဲ့ရသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ ပြန်လည်ထမြောက် အောင်မြင်လာစေရေး
အတွက် အားပေးကူညီပေးကြရန်ပင် ဖြစ်ပါတော့သည်။

(ဂျိုးဆက်ဖ် ဘော Jospeh Ball ရေးသားသည့် CoI – Continuation of Impasse?  ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)
http://www.mizzimaburmese.com/edop/songpa/7850--coi-.html

KIA meets Burmese Army