Saturday, July 2, 2011

ခြောက်လ တခါ ပင်စင် ကို စု ထုတ်ဆီချက်ခေါက်ဆွဲ တပွဲ ဝယ်စားပါတယ်


အခု တပါတ် ထဲ က တော့ ၊ ဘာ ဘဲ ဖြစ်ဖြစ် ၊ သတင်း ကောင်း ပုံစံလေး တော့ တွေ့ ရပါ သဗျာ၊
နေ့စဉ်ထုတ် သတင်းစာတွေ မှာတော့ ပင်စင် သမားတွေ ၊ လစာနှုန်း အသစ် နဲ့ ညှိပြီး ပင်စင်လခ
လေးတွေ တိုးတော့ မယ်ကြားရ ပါတယ် ၊ ဒါ လဲ ဝမ်းသာ စရာ သတင်း တခု ပါ။

ကျွန်တော် ပြောချင်တဲ့ သတင်းကောင်း ဆိုတာက ဒီ ပင်စင် ကိစ္စ ထက် ဧရာဝတီ သတင်းဆိုဒ်ထဲ
တွေ့ရတဲ့ ကေအိုင်အို နဲ့ အစိုးရ တပ် က လူ တွေ ဆွေးနွေးနေတဲ့ သတင်းပါ။ သတင်း ရေးဘော်
ကြီး မန်ဘာ ကိုဘတိုးလဲ သတင်းဓါတ်ပုံတွေ တင်ထားတာ ရှိပါတယ်။ ဓါတ်ပုံတွေထဲ ပါတဲ့သူတွေ
ကို သေချာ ကြည့်စမ်းပါဗျာ ၊ လူဆိုး သူခိုး ဂျစ်တီး ဂျစ်ကန် ရုပ်မျိုး တဦး မှ မပါ ပါဘူး၊
တကယ့် ကို မွန်မွန် ရည်ရည် ၊ ခန့်ခန့် ညားညား နဲ့ စစ်သားကောင်း ၊ လူကြီးလူကောင်း ပုံတွေပါ။

ဘာတွေ ဆွေးနွေးကြတယ် ၊ ဘယ်လိုတွေ သဘောတူညီမှု ရတယ် ဆိုတာ ကို တော့ ကျွန်တော်လဲ
အသေးစိတ် မသိဘူးပေါ့ ဗျာ ၊ ဒါပေမဲ့ ပန်းတွေ ဝေ နေတဲ့ စားပွဲပေါ် မှာ တဦး နဲ့ တဦး ပြုံးပြုံး
ရွှင်ရွှင် စကားပြောနိုင်ခဲ့ကြတာ ကို မြင်လိုက် ရ တာ ကို ဘဲ ၊ ကျေ နပ် လို့ မဆုံးပါ ခင်ဗျာ။

ဆွေးနွေးကြပါ ခင်ဗျာ ၊ တဦး နဲ့ တဦး မာန် တွေ မာန တွေ ၊ ဒေါသ တွေ ဝေ နေ မဲ့ အစား ၊
စစ် ဖြစ် လို့ စစ်ပြေး ရ တဲ့ နယ် သူ နယ်သားတွေ ၊ သက်ကြီး ရွယ်အို တွေ ၊ လူ မမယ်
ကလေးငယ် တွေ ရဲ့ မျက်နှာတွေ ၊ ပျက်စီး သွားတဲ့ လမ်းတံတား အကျိုးအပဲ့ တွေ ၊
အကြောင်း မဲ့ သေဆုံး ၊ ကျ ဆုံး ၊ ခြေပြတ် လက်ပြတ် လူစဉ် မမီ ဒါဏ်ရာ တွေ
သေ ရာ ပါ ရ သွား တဲ့ ၊ ကိုယ့် ပြည်သူ ပြည်သား ရဲဘော် ရဲဘက် တွေ ရဲ့ မျက်နှာတွေ ကို
မြင်ယောင် ကြရင်း ၊ စစ် မီး အေး အောင် ဆွေး နွေး ပေး ကြ ပါ ခင် ဗျာ ၊

၂ ဦး ၂ ဘက် လုံး ၊ ဘာ တွေ မှ အရှုံး ကြီး ဆက် မ ရှုံး ရ ဘဲ၊ နိုင်ငံသား အားလုံး
အနိုင် ရ တဲ့ ကိန်း ဖြစ် အောင် ၊ ပြည်တွင်း ငြိမ်းချမ်းရေး လုံးဝ ဥသုံ မြန်မြန် ရ ပါ ရ စေ ခင် ဗျာ ၊


ပင်စင်နှုန်းတွေ ကို အခုလစာသစ် နုန်း နဲ့ ပြန်ညှိပြီး တိုးပေးတော့မယ် ဆိုပြီး ၊ ရေဒီယို က သတင်း
ကြေညာလိုက် တော့ ၊ ပင်စင်စားကြီးတွေ ပျော်လို့ မဆုံးပေါ့ ဗျာ၊ ဘဲ့ နဲ့ ဗျာ ၊ အရင် ရ နေတဲ့
ပင်စင် နှုန်းတွေ က တကယ့် ကို ရီ ရ မလို ၊ ငို ရ မလို ပင်စင် နှုန်းတွေ ပါ၊ အရင် အရာရှိ စကေး
၄၅ဝ-၂၅-၇ဝဝ နဲ့ ပင်စင်သွားခဲ့ တဲ့ လူ တွေ ၊ ပင်စင် လခ က တလ ၃ဝဝ ကျပ် ထက် မပိုပါ။
ဘဏ်သွားလို့ ရိုးရိုး ဘတ်စ်ကား စီးသွားတောင် ၊ အပြန်ကျ ရ ခဲ့ တဲ့ ပင်စင်လခ ၃ဝဝ က
အပြန် အတွက် ဘတ်ကားခ မပြည့်တော့ လို့ ခြေလျင် လျောက် ပြန် ရ မဲ့ ကိန်းပါ။

ဒါကြောင့် ပင်စင်စား အများစု က ခြောက်လ တခါ လောက် မှ ပင်စင် ကို စု ထုတ်ပြီး
ဆီချက်ခေါက်ဆွဲ တပွဲ ဝယ်စားကြပါတယ် ခင်ဗျာ ၊ အများစု က တော့ ကိုယ် ပင်စင် ရ ထား တာ
ကို မေ့မေ့ ပျောက်ပျောက် ဘဲ သဘောထား လိုက် ကြ ပါ တယ်။ အရင် မဆလ ခေတ် အမတ် တို့
မော်ကွန်းဝင် အဆင့်ဆင့် တို့ ၊ နိုင်ငံ့ဂုဏ်ရည် ( ပထမ ) ဆင့် တို့ ဆိုတာတွေ လဲ ၊ အဲဒီခေတ် ဥပဒေအရ
ပင်စင်လစာ ၊ တလ ခြောက်ရာထက် မပိုပါခင်ဗျာ ၊ သူ တို့ လဲ ဆင်းရဲကြပါတယ်။

အဲဒီ ပင်စင်စားတွေ နဲ့ စာရင် အခု ခေတ် ၊ ကျပ်ငွေ ဘီလီလျံပေါင်း ၊ ထောင်သောင်းချီ ချမ်းသာ တဲ့
သူဌေးမင်း ဦးတေဇ တို့ ၊ ဆရာကျောင်း တို့ ၊ ဇေကဘာကြီး တို့ ၊ ဦးဇော်ဇော်တို့ ၊ အိုင်ဂျီအီး
သူဌေးမင်းတို့ က ကုသိုလ်တွေ၊ လွှတ် ကောင်း ခဲ့ ကြ ပ ဗျာ ၊ စီး ပွား ချမ်း သာ ကို ချွေး နဲ့
ရင်း လို့ ၊ လက် ကြော တင်း တင်း ၊ လုပ် ငန်း တွေ ကို ထင် သာ မြင် သာ ကြိုး စား ခဲ့ လို့
က တော့ ၊ မ ဟုတ် ရ ပါ ခင် ဗျာ ၊ ရှိ သ မျှ ပါ မစ် အကုန် ရ ၊ အစိုးရ ဆီ က မြတ် မဲ့ လုပ်
ငန်း မှန် သမျှ ၊ အခွင့် အရေး အကုန် ရ ၊ သစ် ဘဲ ခိုး ရောင်း ပေး သလို လို ၊ လက် နက် ဘဲ
မှောင် ခို ဝယ် ပေး သလို လို ၊ ကျောက် ကွက် ကောင်း ကောင်း ဘဲ အလကား မတ်တင်း
ရထား သလို လို ၊ ထီး တော် ဘဲ မိုး ပေး သလို လို ၊ ဘိ နပ် ဘဲ ကိုင် ပေး သလို လို
ကတီပါ လက်အိတ် စွပ်ထားပြီး ၊ လူကြီး ရဲ့ ဟိုဒင်း ကို ဘဲ ၊ မ ပေး ထား နေ ရ သလို လို တွေ ပါ။

ကတီပါ လက်အိတ် စွပ်ထား ရ တာ က ၊ မ ထား ရင်း ၊ မတော် တဆ လက် ထိ ပွန်း သွား ရင်
အမျက်တော် ရှ သွားပြီး ၊ သူ တို့ စီး ပွား ပျက် သွား ရ မှာ စိုးရိမ် ရ လို့ ပါ တဲ့ ခင် ဗျာ ၊

မြန်မာပြည် ထဲ ရော ၊ ကဘာပေါ် မှာ ပါ နည်း မှန် လမ်း မှန် ကြိုးစား ခဲ့ လို့ ၊ စံ ယူ လောက် တဲ့
စီး ပွားရေး လုပ် ငန်း ကြီး တွေ ၊ ကုန်ပဏီ ကြီး တွေ ထူထောင် အောင် မြင် ခဲ့ လို့ က တော့
တခု မှ မဟုတ် ရ ပါ ခင် ဗျာ ၊ အစိုးရ မင်း များ နဲ့ ၊ လက် ဝါးချင်း ရိုက် ၊ ဝါး စေ ၊ ဝေ စား ရင်း
မဏိဇောတ သူဌေးဘွဲ့တွေ ၊ ရွှေ စ လွယ် တွေ ၊ ငတက်ပြား ဘွဲ့ တွေ တောင် ရ ခဲ့ ကြ ပေါ့ ဗျာ။

ဒီ လူ တွေ နဲ့ နှိုင်းစာ ရင် ၊ အစိုးရ ဝန်ထမ်း ဘဝ ကို ရိုး ရိုး သား သား ၊ ကြိုး ကြိုး စား စား
လုပ် ခဲ့ ရ သူ တွေ မှာ ၊ အင် မတန် ရင် နာ စ ရာ ကောင်း ခဲ့ ပါ တယ်၊ ရိုး သား လေ၊ မွဲ လေ
ကြိုး စား လေ ၊ ဆင်း ရဲ လေ ပါ ဘဲ ခင် ဗျာ ၊ ပင် စင် ယူ ပြီး ၊ သား ထောက် သမီး ခံ ကောင်း
ကောင်း မ ရှိ ရင် ၊ ဘဝ နိ ဂုံး တွေ မှာ ၊ အင် မတန် ဆင်း ရဲ ကြ ရှာ ပါ တယ် ခင် ဗျာ။

အခုလိုပင်စင်စား အားလုံး ကို ၊ အရင် သူ တို့ ရ ခဲ့ တဲ့ လခ အဆင့် တွေ နဲ့ လက် ရှိ လစာ နှုန်း
အသစ် တွေ နဲ့ ပြန် ညှိ ပြီး ၊ ပင် စင် လစာ တိုး ပေး လိုက် တဲ့ အတွက် ၊ အခု အစိုးရသစ် ကို
ကျေးဇူး အများကြီး တင် ပါ တယ် ခင် ဗျာ။ ဒါ ပေ မဲ့ ဗျာ ၊ သေ ချာ ပြန် စဉ်း စား ကြည့် လိုက်
တော့ ၊ သက် ပြင်း ဘဲ အခါခါ ချ မိ ပါ တော့ တယ် ၊ ပေးကား ပေး ၏ ၊ မရ ဆို တဲ့ စ ကား က
ပေး သူ အတွက် မသိ သာပေ မဲ့ ၊ မ ရ သူ အတွက် တော့ အတော် ခံ ရ ပါ သဗျာ ၊

လစာ တွေ သိသိ သာသာ တိုး လိုက် တာ က ၂ဝဝ၆ ခု နှစ် က ပါ ၊ ၁ဝ ဆ လောက် တိုး ပါ တယ်
ဒီ အရင် က ပင် စင် ယူ ခဲ့ သူ မှန် သမျှ က ၊ အပေါ် မှာ ကျွန်တော် ရေး ပြ တဲ့ ဒုတ် ခ တွေ ကို
ခါး စီး ပြီး ခံ နေ ရ တဲ့ သူ များ ပါ တယ်။ ၂ဝ၁ဝ က လစာ တိုး တယ် ဆို တာ လက် ရှိ လစာ ကို
၂ သောင်း ထပ် ပေါင်း ပေး တာပါ။

ပင်စင် ယူတယ် ဆို တာ ၊ အ သက် ခြောက် ဆယ် ပြည့် ရင် ၊ ဥပဒေ မလိုက် နာ သူ ၊
လူ ရမ်းကားတွေ က လွဲရင် ၊ ဝန်ထမ်း တိုင်း အငြိမ်းစား ယူ ကြ ရပါတယ် ၊
လက် ရှိ ရာထူး မှာ ဆက် လုပ် ခွင့် မရှိ ကြ တော့ပါဘူး ၊

အခု လို လစာ နှုန်း အသစ် အဟောင်း ကွာ ခြား လို့ ၊ ပင်စင် လခ ၊ သိပ် ကွာခြား နေ ပြီး
အလွန် ဒုတ်ခ ရောက် ရ သူ တွေ က ၂ဝဝ၆ မတိုင် ခင် ပင်စင်ယူ ခဲ့ တဲ့ သူ တွေ ပါ။
အခု လို ပင်စင် တိုး ပေး လိုက် ချိန် မှာ သူ တို့ အသက် က ၆၆ နှစ် အနည်းလေး ရှိ နေ ပါ ဘီ၊
ဒါ တောင် ကုသိုလ် ကောင်း လွန်း တဲ့ သူ မှ ၊ မသေ သေး ဘဲ ၊ ကျန် နေ မှာ ပါ။

လူတွေ ရဲ့ ဖြစ်နိုင်တဲ့ အသက် ရှည်နှုန်း ၊ မျော်မှန်းနိုင် တဲ့ အသက် ၊ လိုက်ဖ် အိတ်စပက်တင်စီ ကို
အစိုးရ က မြန်မာနိုင်ငံ အတွက် ၆၃ နှစ် လို့ ကြေငြာထား ပါ တယ် ၊ ဒါပေမဲ့ ကဘာ့ဘဏ် တို့
အမေရိကန်နိုင်ငံ ရဲ့စာရင်း ၊ ကဘာ့ ကျန်းမာရေး အဖွဲ့ချုပ် တို့ က တော့ ၆၂ နှစ် လို့ ပြ ထား
ပါတယ် ၊ မြန်မာ အမျိုးသားတွေ အတွက် က ၅၉ နှစ် နဲ့ အမျိုးသမီးတွေ အတွက် က ၆၄ နှစ်
ဖြစ် ပါတယ်။
http://en.wikipedia.org/wiki/List_of_countries_by_life_expectancy
https://www.cia.gov/library/publications/the-world-factbook/geos/bm.html
http://www.who.int/healthinfo/statistics/mortality_life_tables/en/

မှာဖတ်ကြည့်ကြပါခင်ဗျာ။

အခုလို ၂ဝဝ၆ ရှေ့ က ပင်စင်ယူတဲ့ သူတွေ အတွက် အခု အချိန် ကျ မှ စ ပြီး တိုးပေးလိုက်တော့
ဒီ ပင်စင် ကို စားနိုင် မဲ့ သူ ဘယ် ၂ ယောက် များ ၊ တကယ် ရှိ ပ မ လဲ ခင် ဗျာ ၊
ပင်စင်စား အ သက် အငယ်ဆုံး လူ က အသက် ၆၆ နှစ် ရောက် မှ စ ခံ စား ရ တော့ နောက် ထပ်
ဘယ် လောက် နှစ် များ အသက်ရှင် ဆက် ခံ စား နိုင် မလဲ ဗျာ။ ပေး သ လောက် ၊ ရ နိုင် ကြ ပ မ လား ဗျာ ။

အခု အချိန် မှာ ပင်စင်စား အများစု ကြီး က ၊ သင်္ခါရ သဘော ကို မ လွန် ဆန် နိုင် တာ တို့ ၊
ခရစ်တော် က ကောင်း ကင် ဘုံ ကို ခေါ်တော် မူထား တာ တို့ ၊
အလာ အရှင်မြတ် ဆီ က အမိန့် တော် ကို ခံ ယူ ပြီး သား ပင် စင် စား တွေ က ၊
လူ အများ စု ဖြစ် နေ ပြီး သား ပါ ခင် ဗျာ ။

ဝန်ထမ်းတွေ ၊ အထူး သဖြင့် ၂ဝဝ၆ မတိုင်ခင် က ပင်စင်ယူ ရ တဲ့ သူ တွေ အခြေ အနေ ဆိုး
ပါတယ် ၊ မရိုး မသား ၊ ခိုး စား ထား သူ တွေ အတွက် က ၊ ဘာ မှ မပြော လို သော် လဲ ၊
ရိုး ရိုး သား သား ၊ ကြိုး ကြိုး စား စား ၊ လုပ် အား နဲ့ နိုင် ငံ အ မှန် အကန် တည် ခဲ့ သူ တွေ
အတွက် က တော့ အ တော် ကျပ် တည်း ခဲ့ ပါ တယ်။

အခု လစာ ၂ သိန်း နီးပါး ရ တဲ့ ၊ ပါ ချုပ် ကြီး တို့ ၊ ညွှန်ချုပ်ကြီး တို့ က ၂ဝဝ၆ တုံး က
လစာ ၂ သောင်းကျော် ဘဲ ရ တာပါ ၊ အဲ ဒီ အချိန် ကျွန်တော် တို့ ကျောင်း တက် တုံး က ၊ ထမင်း
လခ တလ ကို ၂ သောင်းကျော်ပါတယ် ၊ အဆောင်ခ ၅ ထောင် ၊ အသေးသုံး လဘက်ရည်ဘိုး
ငါးထောင် ၊ တလ ၃ သောင်း မှ မရှိ ရင် ကျောင်း နေ လို့ မရ ပါ ဘူး၊

အဲဒီ အချိန် တုံး က ၊ ပါချုပ်ကြီး တဦးရဲ့ သား ၊ ကျွန်တော့ သငယ်ချင်း ကို ၊
ဟာ မင်း အဖေ က ဒီ လခ နဲ့မင်းတို့ မောင်နှမ ၃ ယောက် ကို ဘယ်လို ကျောင်းထား လဲ
မေးကြည့် စပ်စုကြည့်တော့ ဒါ က ဒီ လို ကွ ၊ ပိုက်ဆံ က အမေ့ ဆီ က ရ တယ် ၊
ဘယ် က ရ သလဲ ဆို တာ က တော့ ၊ ငါ လဲ သေချာ မသိဘူး လို့ ဘဲ ၊ အဖြေ ရ ပါ တယ် ၊
ဒါ က သာမန် အထက် ရာထူး ရှိ တဲ့ ၊ ညွှန်ချုပ် ၊ ပါ ချုပ် အဆင့် တွေ ကို ပြော တာပါ ။

မရှိ တော့ ၊ ခိုး နိုး နိုး ၊ မ လှ တော့ လဲ ၊ စုံး ယိုး ခြင် ကြ ပေါ့ ခင် ဗျာ ၊ လူ့ သဘာဝ ပါ ။

ဘွဲ့ လက်မှတ် ထုတ်ချင်တာ တို့ ၊ အမှတ်စာရင်း ရ ချင် တာ တို့ ၊ ထောက် ခံစာ လို ချင် တာ တို့
မှာ ၊ မုန့်ပုံး တို့ ၊ ပုဆိုး တို့ ၊ ကျောင်းသား ရေးရာ မှာ အာရကေ မလုပ် နိုင် ရင်
မျက် နှာ ထား တွေ တင်း ကုန် ကြ တာ ၊ မ ထူး ဆန်း ပေ ဘူး ပေါ့ ခင် ဗျာ ။

သတင်းဝေဖန်တာ ထဲ ဖတ် ရ တာ က ၊ ခု လို ပင် စင် လခ တွေ တိုး ပေး လိုက် တာ
လှည့်ပါတ်ငွေ များလာပြီး ငွေကြေး တန်ဘိုး ပြောင်း နိုင် သလား ဆွေးနွေးထားတာ ဖတ်ရ ပါ တယ်
ဗမာပြည် မှာ လူဦးရေ သန်း၆ဝ နီးပါး ရှိလာ ပါ ဘီ ၊ ဝန်ထမ်း က တသန်းခွဲလောက် ရှိ ပါတယ်။
ပင်စင်ဦးစီး က လူ တွေ မေးကြည့် တော့ ၊ အခု လို ပင်စင် တိုးရ မဲ့ လူ က ၄ သိန်း လောက်
ရှိပါ သတဲ့ ဗျ။ မြန်မာပြည် လူဦးရေ သန်း ၆ဝ မှာ လူ ၄ သိန်း က ဝင်ငွေ ၊ မဖြစ် စလောက် တိုး
လာ တာ က ၊ လှည့် ပါတ် ငွေ မှာ သိပ် မ သိ သာ ပါ ဘူး တဲ့ ခင် ဗျ။

နောင် သမတ မင်း က လခ သိန်း ၅ဝ ထုတ် ပြီ ဆို ရင် တော့ ၊ မပြော တတ် ဘူး ပေါ့ ခင် ဗျာ
သမတကြီး ခင်ဗျား ၊ နောင် ကို သမတကြီး ရဲ့ လစာ ကို ၊ သိန်း ၅ဝ တိုး ယူ တော့ မယ် ဆို ရင် တော့
လက်ရှိ ပင်စင်လေးတွေ ကို ပါ အချိုး ကျ ၊ အချိန်မီလေး ၊ တပြိုင် နက် ၊ တိုးပေး ဘို့
အမှတ်တရ ၊ သတိတရ ရှိ ပေး ပါ ခင် ဗျာ ၊ ဒါ မှ ပေး လိုက် တာ ကို ရ နိုင် အောင် ၊
အငြိမ်းစား လူ တွေ ကို မသေ ခင် ၊ အချိန် မီလေး ၊ ပင်စင်လခ လေး စားခွင့် ပြု ပေး ပါ ခင် ဗျာ ။

အခုလည်း ပင်စင် ကိတ်စ ဆောင်ရွက်ပေးခဲ့ သမျှ ၊ ကျေးဇူး အင်မတန် တင်ပါတယ်။
တီဗွီ ထဲ မှာ တော့ ၊ အဲဒီ ပင်စင် ကိတ်စ နဲ့ ဘဲ ၊ အင်္ဂလန် နိုင်ငံ မှာ ဝန်ထမ်း ၇ သိန်း လောက်
သပိတ်မှောက် နေ တာ ကို အ ခု ရက်ပိုင်း တွေ့ နေ ရ လို့ ပါ။

တကယ်တော့ ဗျာ ၊ တိုင်း ပြည် အေးချမ်း မယ် ၊ စစ် စရိတ် တွေ ၊ မတရား သုံးဘို့ မလိုတော့ဘူး
ဆိုရင် ၊ တိုင်းပြည် ပိုက်ဆံ ၂၅ % ကို အလဟသ ဖြုန်းစရာ မလို တော့ ဘူး ဆို ရင်
ပင်စင်တို့ ၊ တိုင်းပြည် လူမှုရေး တို့ ၊ အား လုံး အတွက် ၊ တကယ် ကောင်းသွား မှာ ပါ။

ဒါကြောင့် သတင်းကောင်း လို့ ဦးစားပေး ပြီး ကျွန်တော် ပြော ခဲ့ တာ က ၊ ကေအိုင်အို နဲ့
ဆွေးနွေးပွဲ သတင်း ကို ပထမ ဆုံး အနေ နဲ့ ပြော ဖြစ် ခဲ့ တာ ပါ။

အားလုံး ၊ အားလုံး ဘဲ ၊ ပန်း တွေ ဝေ နေ အောင် အလှ ဆင်ထားတဲ့ ဆွေးနွေးပွဲ စားပွဲပေါ် လာ ခဲ့ ကြ ပါ
ချစ် ညီ အကို တော် များ ၊ ဘာ လို ချင် တာ လဲ ၊ ဘာ ဖြစ် ချင် တာ လဲ ၊ ကျ ကျ န န ၊ ဆွေးနွေး ကြ ပါ ခင် ဗျာ။

ဟို လွှတ်တော် ဥက္ကဌ ဆရာ ကြီး ပြော သလို ၊ အတိတ် မှာ ပြန် ရ နိုင် စရာ ၊ ဘာ မှ မ ရှိ၊
အချိန် လဲ ပြန် မရ ၊ ဥစ္စာ လဲ ပြန် မရ ၊ အတိတ် က ဆုံး ရှုံး ခဲ့ တာ တွေ က ၊ ပြန် ရ နိုင် စရာ
ဘာ မှ မ ရှိ ပါ တဲ့ ခင်ဗျ ၊ ရ နိုင် တာ က ၊ သင် ခန်း စာ တခု သာ ရှိ ပါ ၏ တဲ့ ခင် ဗျ ၊

အပြော က တော့ ၊ တကယ့် ကို ၊ ရွှေ မန်း ပါ ဘဲ ခင် ဗျာ ၊ သ မိုင်း တွေ လဲ အမျိုး စုံ လို့
မှတ် သား စရာ ဇာတ် လမ်း များ လဲ ၊ အတော် များ ခဲ့ ပါ ပြီ ၊
သင် ခန်း စာ တွေ က ထုတ် နှုတ် လို့ မ ပြီး နိုင် ကြ သေး ဘူး လား ခင် ဗျာ ၊
ဒီ လောက် ဆို ၊ သဘောပေါက်ကြ လို့ ၊ တော် သင့် လောက် ပါ ပီ ၊ ထင် ရ ပါ ပ ဗျား ။

အေဖော်ကြီး
မြန်မာကျူ့ပစ်ဖိုရမ်မှတဆင့်ဖေါ်ပြပါသည်။

အယူသီးမှုတိုက်ဖျက်ရေး (၂)



by Kyaw Thu on Saturday, July 2, 2011 at 6:36am
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် ပေးဆပ်မှုများအား အများပြည်သူ အလှူရှင်တို့ သိရှိမုဒိတာပွားစေရန် ဟူသော ရည်ရွယ်ချက်တစ်ခုတည်းနှင့် အလှူရှင်များအား (ကန့်သတ်) အနေဖြင့် ပြန်လည်၍ လက်ဆောင်ပေးအပ်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “တစ်နေ့တာပေးဆပ်မှုများ” နှင့် “ဂီတလူမှုရေးသူရဲကောင်းများ Vol:1” ဟူသော DVD အချပ်များကို ဖန်တီး ပေးဆပ်ခဲ့ပြီးဖြစ်သည်။

          ယင်းအခွေများတွင် ဂီတလောကမှ လူမှုရေးစိတ်ဓါတ်ရှိသော ဂီတပညာရှင်များတို့သည် တစ်တတ်တစ်အား ပါဝင်ကူညီသီဆိုခဲ့ပြီးဖြစ်သည်။ ပထမဆုံးသော “တစ်နေ့တာပေးဆပ်မှု” DVD အခွေတွင် ဂီတပညာရှင် အနဂ္ဃနှင့် Hip Hop အဆိုတော် (၁၀) ဦးတို့က အယူသီးမှု တိုက်ဖျက်ရေး ခံစားမှုသံစဉ် “လက်ကမ်းလိုက်” ဟူသောသီချင်းတစ်ပုဒ်ကို ပေးဆပ်သီဆိုပေးပြီးဖြစ်ရာ ယခုထပ်မံ ဖန်တီးမည့် ဂီတလူမှုရေး သူရဲကောင်းများ Vol:2 အတွက် အဆိုတော် အနဂ္ဃမှ ၂.၇.၂၀၁၁ (စနေ) နေ့တွင် ဒုတိယခြေလှမ်းအဖြစ် ထပ်မံ၍ ရေးစပ်သီဆိုထားသော အယူသီးမှုတိုက်ဖျက်ရေး သီချင်း သစ်အား Home Studio တစ်ခု၌ စိတ်ဓါတ်ထက်သန် ပြင်းပြစွာဖြင့် သီချင်းသွင်းရန် ကြိုးပမ်းနေပြီ ဖြစ်ကြောင်း အလှူရှင်များ၊ လူမှုရေးသမားများ၊ လူမှုရေးဂီတပညာရှင်များအား သတင်းကောင်းပါး လိုက်ပါသည်။








ဦးခင်ညွန့် နှင့်ဦးဘိုမြ အမှတ်တရ

ရုရှားကညီငယ်တယောက် Facebook မှာတင်ထားတာပါ။

တပ်မတော်တွင်း စည်းရုံးရေးကို တပ်မတော်ပ လှုံ့ဆော်ရေးနဲ့ ပေါင်းစပ်



by Ye Thurein Min on Saturday, July 2, 2011 at 5:55am
မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေး အရေးတော်ပုံမှာ ပြည်သူတွေနဲ့ အတူ တပ်မတော် ပူးပေါင်း ပါဝင်လာရေးဟာ အရေးတကြီး လိုအပ်ချက်ဖြစ်တယ်။

လူထုတိုက်ပွဲအတွင်း တပ်မတော်ပါဝင်လာနိုင်ရေး၊ အနိမ့်ဆုံး အားဖြင့် စစ်အုပ်စုနဲ့ ပြည်သူလူထုကြား ပဋ္ဋိပက္ခ မှာ ကြားနေလာရေး အတွက် တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ်၊ အရာရှိအရာခံ၊ အကြပ် တပ်သားများကို စည်းရုံး သိမ်းသွင်းရေးဟာ မလုပ်မဖြစ် လိုအပ်တယ် ဆိုတာ ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစု မှန်သမျှက သဘော တူကြလိမ့်မယ် လို့ ယုံကြည်တယ်။

တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် တပ်တွင်း အင်အားစုများကို လက်တွေ့ကျကျ စည်းရုံးနိုင်ဖို့ ဆိုရင် ဦးစွာအားဖြင့် နိုင်ငံရေး အင်အားစုများ အနေနဲ့ တပ်မတော်ကို စစ်အုပ်စုနဲ့ ခွဲခြား ကြည့်မြင်ကြဖို့ လိုတယ်။ ပြည်သူများနည်းတူ တပ်မတော်တွင်းရှိ အရာရှိ အရာခံ၊ အကြပ်တပ်သား အများစုကြီးဟာလည်း သန်းရွှေ စစ်အုပ်စုရဲ့ ဖက်ဆစ် အမိန့်ပေး ဌာနအောက်မှာ စိတ်ပိုင်း ရုပ်ပိုင်းအရ အဖိနှိပ် ခံနေကြရတယ် ဆိုတာကို အသိအမှတ် ပြုကြဖို့လိုတယ်။ ဒီလိုနားလည်မှု အခြေခံ မရှိရင် စစ်အုပ်စု ဆန့်ကျင်ရေး အတွက် လက်တွေ့အရ တပ်မတော်ကို စည်းရုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တပ်မတော်ကို သန်းရွှေ စစ်အုပ်စုရဲ့ ဖက်ဆစ် အမိန့်ပေးဌာန အောက်က ဘယ်လိုမှ ဆွဲထုတ်နိုင်မှာ မဟုတ်ဘူး။

အထက်ပါသဘောထားကို ချမှတ် ဆုပ်ကိုင်နိုင်ပြီ ဆိုရင် တပ်မတော်ကို သဏ္ဌာန်နှစ်မျိုးနဲ့ စည်းရုံး ရမယ်လို့ ယူဆတယ်။ တပ်မတော်တွင်း အခိုင်အမာ U.G စည်းရုံးရေး သဏ္ဌာန်နဲ့ တပ်မတော် ပြင်ပရှိ တက်ကြွ အင်အားစုများရဲ့ ယေဘုယျ စည်းရုံး လှုံ့ဆော်မှု သဏ္ဌာန်တို့ ပေါင်းစပ်ရေး ဖြစ်တယ်။ ဒီသဏ္ဌာန် နှစ်ခုဟာ ဆက်စပ် နေပေမဲ့ အခိုင်အမာ ဆောင်ရွက် ရာမှာတော့ ကိုယ်ပိုင် ထူးခြားချက် အရ တသီးတခြားစီ ဆောင်ရွက် ကြရမှာဖြစ်တယ်။ ဆိုလိုတာက တပ်တွင်း အခိုင်အမာ U.G စည်းရုံးရေးမှာ တာဝန် ယူနေကြတဲ့ ကလာပ်စည်းများနဲ့ တပ်ပြင်ပ တက်ကြွ အင်အားစု ကလပ်စည်း များဟာ တလိုင်းစီ သီးခြားခွဲ လှုပ်ရှားကြရမှာ ဖြစ်ပြီး ဆက်စပ် ပူးပေါင်းဆောင်ရွက်မှု မပြုရေးဖြစ်တယ်။ လိုင်းမပူးရေး ဖြစ်တယ်။

တပ်တွင်း U.G စည်းရုံးရေးသဏ္ဌာန် အရ လျှို့ဝှက် သိပ်သည်းစွာ စည်းရုံးရေး (Deep U.G.) ပီသစွာ လှုပ်ရှား ရေးဖြစ်တယ်။ ရေရှည်အမြင်နဲ့ လှုပ်ရှားရေး ဖြစ်တယ်။ ဘယ်လို နိုင်ငံရေး လှုပ်ရှားမှု အရိပ်အရောင်ကိုမှ မပေါ်စေဘဲ ကျစ်ကျစ်လစ်လစ် စည်းရုံး၊ အခွင့်အခါကောင်း စောင့်ရေး ဖြစ်တယ်။ သက်ဆိုင်ရာက အချက် ပြလိုက်တဲ့ အခါမှသာ တပ်တွင်း U.G အင်အားစုများဟာ လျှို့ဝှက် သဏ္ဌာန်မှ ပြောင်သဏ္ဌာန်သို့ ကူးပြောင်းရမှာ ဖြစ်တယ်။ ဒါတောင်မှ အချက်ပြခံရတဲ့ ကလာပ်စည်းများ ကသာ ပြောင်လုပ်ငန်းကို ကူးပြောင်းပြီး အချက်ပြ မခံရတဲ့ ကလာပ်စည်းများက လျှို့ဝှက် သဏ္ဌာန်အတိုင်း နေမြဲ ဆက်နေရမှာ ဖြစ်တယ်။

တပ်ပြင်ပရှိ တက်ကြွ အင်အားစုများရဲ့ ယျေဘုယျ စည်းရုံး လှုံ့ဆော် လုပ်ငန်းကတော့ တမျိုးဖြစ်တယ်။ သူက တပ်တွင်းကို ဝင်ပြီး အခိုင်အမာ စည်းရုံးတာမျိုး မဟုတ်ဘူး။ တပ်တွင်း အခိုင်အမာ စည်းရုံးရေး လုပ်ငန်းလုပ်နေတဲ့ U.G. ကလာပ်စည်းတွေ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ရတာဖြစ်တယ်။

တပ်တွင်းအခိုင်အမာ စည်းရုံး လှုပ်ရှားတဲ့ U.G ကလာပ် စည်းများဟာ တပ်မတော် တရပ်လုံး လက္ခဏာ (ကြည်း၊ ရေ၊ လေ) အရ တပြိုင်တည်း၊ တချိန်တည်း အကျယ်အပြန့် စည်းရုံး လှုံ့ဆော်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီ တပ်တွင်း U.G တွေဟာ တစက်က တမျက်နှာဖြစ်အောင် ရည်မှန်းချက်ချပြီး တိုးချဲ့ ယူရတာဖြစ်တယ်။ အခွင့်သာတဲ့ နေရာ အချက်အလက်ရှိတဲ့ နေရာမှာ ခြေကုတ်ယူ၊ ကျိတ်စည်းရုံးပြီး အခွင့် အခါကောင်း စောင့်ကြရတာ ဖြစ်တယ်။

တပ်မတော်ကို အဓိက ပစ်ကွင်းထားပြီး ယေဘုယျ စည်းရုံး လှုံ့ဆော်တဲ့ တပ်ပြင်ပရှိ တက်ကြွ အင်အားစု U.G များရဲ့ တာဝန်ကတော့ ကြည်း၊ ရေ၊ လေ တပ်မတော် တရပ်လုံးကို အတွေးအခေါ် နိုင်ငံရေးအရ၊ တတိုင်းပြည်လုံး ဆိုင်ရာ၊ နိုင်ငံတကာ ဆိုင်ရာ အခြေအနေ ပညာပေးရေး အရ အကျယ် အပြန့် တင်ပြ ညှိနှိုင်းနိုင်တယ်၊ လှုံ့ဆော် စည်းရုံး နိုင်တယ်။ မီဒီယာများရဲ့အကူအညီကို စည်းရုံးရယူပြီး တိုင်းပြည်ပြဿနာ အရပ်ရပ်ကို ကြည်း၊ ရေ၊ လေ တပ်မတော် တရပ်လုံးသို့ တချိန်တည်း တပြိုင်တည်း အကျယ်အပြန့် တင်ပြနိုင်တယ်။ တပ်မတော်တွင်း မျိုးချစ် ပြည်ချစ် အင်အားစု များရဲ့ အမှန်တရား လိုလားစိတ်ကို နိုးကြား စေနိုင်တယ်။ ဒီနည်းနဲ့ တပ်တွင်း အခိုင်အမာ လျှို့ဝှက် စည်းရုံး လှုပ်ရှားနေတဲ့ U.G ကလာပ်စည်းများ မလုပ်နိုင်တဲ့ အလုပ်ကို ဖြည့်စွမ်း ပေးနိုင်တယ်။ ဒီနည်းနဲ့ မြန်မာပြည်သူ၊ ကမ္ဘာ့ ပြည်သူတွေပါ တပ်မတော်ကို စည်းရုံးရာမှာ ပါဝင်လာအောင် ဖန်တီးပြီး တပ်မတော်တွင်းမှာ ကောင်းမွန်တဲ့ နိုင်ငံရေး ဂယက်ကို ရိုက်ခတ်စေနိုင်တယ်။ ဒီနည်းနဲ့ တပ်မတော်တွင်းရှိ မျိုးချစ် ပြည်ချစ် အရာရှိအရာခံ၊ အကြပ် တပ်သားတွေကို နိုင်ငံရေးအရ၊ လက်တွေ့ လှုပ်ရှားမှု အရ အကြံဉာဏ် နည်းနာတွေ ရရှိစေနိုင်မှာ ဖြစ်တယ်။

ဒီလို တပ်မတော်ကို အဓိက ပစ်ကွင်းထားပြီး ယေဘုယျ စည်းရုံး လှုံ့ဆော်ရေး လုပ်ငန်းကို အကောင်အထည် ဖော်ဖို့ဆိုရင် တက်ကြွတဲ့ အင်အားစု မျိုးဆက်သစ်များကို အခြေခံပြီး မြေအောက် U.G သဏ္ဍန်နဲ့ စုစည်းရမှာ ဖြစ်တယ်။ ဥပမာ- အဲဒီ အင်အားစုရဲ့အမည်က "တပ်မတော်တွင်း မျိုးချစ်ပြည်ချစ် အင်အားစုများရဲ့ ညီအစ်ကိုတော်များ အဖွဲ့" ဆိုကြပါစို့။ အဲဒီအဖွဲ့မှာ နိုင်ငံရေး သဘောထားနဲ့ လုပ်ငန်းလမ်းညွှန် ပေါ်လစီများ ရှိရမယ်။ အကြမ်းဖျင်း တင်ပြရရင် အဲဒီ အလုပ်အဖွဲ့ရဲ့ နိုင်ငံရေး သဘောထားနဲ့ လုပ်ငန်း လမ်းညွှန် ပေါ်လစီမှာ အောက်ပါ အချက်များ ပါဝင်သင့်တယ်။

နိုင်ငံရေး
၁။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေး။
၂။ တပ်မတော်တွင်း အထက်အောက် အခွင့်အရေး အလွန်အကျွံ ကွာခြားမှု တိုက်ဖျက်ရေး။
၃။ ဒီမိုကရေစီနည်းကျ တောင်းဆို တင်ပြတဲ့ လူထု လှုပ်ရှားမှုများကို ပစ်ခတ် သတ်ဖြတ် ဖြိုခွဲရေး အတွက် ပေးတဲ့ အမိန့် မှန်သမျှ မလိုက်နာရေး။
၎။ တပ်မတော်ကို ခုတုံးလုပ် အသုံးချပြီး စစ်အုပ်စုက စီးပွားရေး လက်ဝါးကြီးအုပ်မှု မှန်သမျှ ရပ်ဆိုင်း ပစ်ရေး။
၅။ ပြည်တွင်းစစ် သက်ဆိုးရှည်စေမယ့် စစ်အုပ်စုရဲ့ နိုင်ငံရေး၊ စစ်ရေး ဆောင်ရွက်မှု မှန်သမျှ ဆန့်ကျင်ရေး။
၆။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ညီညွတ်ရေး အတွက် နိုင်ငံရေး ပါတီများ၊ လူမျိုးစု ကိုယ်စားပြု အဖွဲ့များ နှင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး။

ဖွဲ့စည်းမှု
၁။ မြေအောက် U.G ကလာပ်စည်း သဏ္ဌာန် အရ ဖွဲ့စည်းရေး။
၂။ မြေအောက် U.G လှုပ်ရှားဆိုင်ရာ နည်းနာ စည်းကမ်းများကို ချမှတ် ကျင့်သုံးရေး။

လက်တွေ့လုပ်ငန်းတာဝန်
၁။ တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် အင်အားစုများအား အဓိက ပစ်ကွင်းထား စည်းရုံး လှုံ့ဆော်ပြီး စစ်အုပ်စုအား နိုင်ငံရေး၊ စီးပွားရေးအရ ဘက်စုံမှ ဖွင့်ချရေး။
၂။ တပ်မတော်တွင်းဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာ စုဆောင်းရေး။
၃။ စစ်အုပ်စုတွင်းဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာ စုဆောင်းရေး။
၎။ စုဆောင်းရရှိတဲ့ တပ်တွင်းဆိုင်ရာ သတင်းအချက်အလက်၊ စစ်အုပ်စုတွင်း ဆိုင်ရာ သတင်းအချက် အလက် များကို အခြေခံပြီး တပ်မတော် စည်းရုံးရေးကို အထောက်အကူ ပြုမယ့် အကြောင်းအရာများကို သတင်း ထုတ်ပြန်ချက်များ၊ သဘောထား ကြေငြာချက်များ သတင်း ဆောင်းပါးများ ရေးသားပြုစုရေး။
၅။ ပြုစုရရှိတဲ့ သတင်းများ၊ သဘောထားကြေငြာချက်များ၊ ဆောင်းပါးများကို တပ်မတော် တရပ်လုံး၊ မြန်မာ တပြည်လုံး၊ ကမ္ဘာ့ပြည်သူ တရပ်လုံးသို့ အသိပေး ဖြန့်ချီနိုင်ရန် နိုင်ငံတကာ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်သံလွှင့်စတဲ့ မီဒီယာများနဲ့ ဆက်သွယ် ဖြန့်ချီနိုင်ရေး ဆောင်ရွက်ရေး။
၆။ မီဒီယာများမှ ဖြန့်ချီတဲ့အခါ တပ်တွင်း အခိုင်အမာ U.G စည်းရုံးရေး လုပ်ငန်းအား မထိခိုက်စေဖို့ ဂရုပြုရေး စတာတို့ ဖြစ်ပါတယ်။

တပ်မတော်ကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လူထုတိုက်ပွဲမှာ ပါဝင်လာအောင် စည်းရုံး ရာမှာ တပ်မတော် ပြင်ပရှိ တက်ကြွ လှုပ်ရှားသူများရဲ့ တပ်မတော်ကို အဓိက ပစ်ကွင်းထားတဲ့ ယေဘုယျ စည်းရုံး လှုံ့ဆော်ရေး လှုပ်ရှားမှုဟာ အရေးပါတဲ့ လုပ်ငန်း တရပ်အဖြစ် ယူဆပါတယ်။

ဒီမိုကရေစီနိုင်ငံရေးအင်အားစုများအနေနဲ့ ဒီလှုပ်ရှားမှု သဏ္ဌာန် အကောင်အထည် ဖော်ရေး၊ တပ်မတော်တွင်း U.G စည်းရုံးရေးနဲ့ ပေါင်းစပ်ရေးကို အလေးထား ဆောင်ရွက် သင့်တယ်လို့ ထင်မြင် မိပါတယ်။

တပ်မတော်သားဟောင်းတဦး


ဦးမောင်အေးသမီးနန္ဒာအေးခြေလှမ်းများ



နေပြည်တော်က အမရာဟော်တယ်ဟာ နေအောင်၊ပြည်အောင် တို့ နဲ့ ရှယ်ထားတာပါ။
အခု ကြို့ ကုန်းက ဘီပီအိုင်ဆေးဝါးစက်ရုံ ကိုသိမ်းရန်ကြိုးစားနေပါတယ်။
ဒါကတော့ ညောင်ရွှေအင်းလေးခေါင်တိုင်က Pristine Lotus SPA ပါ။
တေဇက လက်ဆောင်ပေးတာပါ။






လှိုင်မြို့နယ်...၁၃ရပ်ကွက်..ရေကြီးနေတဲ့မြင်ကွင်းတစ်ခု


ဒီနေFace Book မှရယူပါသည်။

၂.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
2 July 2011 Yeyintnge's Diary.doc2 July 2011 Yeyintnge's Diary.doc
330K   View   Download  
2 July 2011 Yeyintnge's Diary.pdf2 July 2011 Yeyintnge's Diary.pdf
908K   View   Download  

http://www.mediafire.com/file/jh5lcnalm5gaa12/2%20July%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/0f0n8t64xq8w90g/2%20July%202011%20Yeyintnge%27s%20Diary.pdf
2 July 2011 Yeyintnge's Diary

သမ္မတ အကြံပေး အစစ်




သမ္မတ အကြံပေးအဖွဲ့ထဲ ပါဝင်နေတဲ့နေဇင်လတ် (ခ) ဌေးအောင်ဟာ သိုက်တူးသူ အင်္ဂလိပ်လိုဆိုရင်တော့ (Gold Digger) တဦးမျှသာ ဖြစ်ပါတယ်။ ပိုက်ဆံရှိတဲ့ မိန်းမတယောက်ကို ရအောင်ယူပြီး သူဋ္ဌေးဘွဲ့ ခံထားသူပါ။ တကယ်က သူဟာ ခေတ်ပျက် သူဋ္ဌေးတယောက်ဖြစ်ပြီး၊ အရင်က ယောင်ခြောက်ဆယ်တဦးမျှသာ ဖြစ်တယ်။
ဗိုလ်ကြီးဟောင်း တဦးမျှသာဖြစ်ပြီး သူရဲ့မိန်းမ ဒေါ်ခင်ဆန်းက ပိုက်ဆံရှိတယ်။ တော်တယ်။ ထက်တယ်။ နေဇင်လတ် ဆိုတာ မခင်ဆန်း သေဆိုသေ ရှင်ဆိုရှင်ပါ။ မခင်ဆန်း က တကယ့်သော့ (Kye) ပါ။ ထမင်းစားရင်တောင် နေဇင်လတ် က မခင်ဆန်း မလာသေးရင် ဇွန်းကို မကိုင်ရရှာဘူးလို့ ဓါတ်သိ တောင်ဥက္ကလာသားတဦးက ဆိုပါတယ်။
အနှီ မခင်ဆန်း က ဘယ်သူနည်းလို့မေးရင်တော့ ယခင် မောင်မောင်ကျော်ရဲ့ ဒုတိယ ဇနီးဟောင်း ဖြစ်ပါတယ်လို့ ပြော ပါရစေ။ (မောင်မောင်ကျော်ရဲ့ တတိယမိန်းမ မို့မို့မြင့်အောင် ဖြစ်ပါတယ်။) မခင်ဆန်း တော်ချက်ကတော့ သူယူ တဲ့ ယောက်ကျားတွေက အခွေစကားနဲ့ပြောရရင် ပေါက်တယ်ပေါ့ဗျာ။
သူ့ ပထမယောက်ကျား မောင်မောင်ကျော်ကို ဖြစ်စေသတည်းလို့ မခင်ဆန်း မန်းမှုတ်လိုက်တဲ့ အခါမှာ၊ မောင်မောင်ကျော် ဖြစ်လာတယ်။ နောက်ယောက်ကျားဖြစ်တဲ့ နေဇင်လတ် ကိုလည်း နေဇင်လတ် ဖြစ်စေသတည်းလို့ မန်းလိုက် တဲ့အခါမှာ သမ္မတ အကြံပေး ဖြစ်လာတယ်။ ဒီလောက်စွမ်းပါတယ်။ အမျိုးသမီးက တကယ်တော်ပါတယ်။
မခင်ဆန်း က နေဇင်လတ်ကို ရန်ကုန်မြို့ ဆရာစံလမ်းပေါ်က Ambo Hotel  ကို ဦးစီးခိုင်းထားပါတယ်။ နေဇင်လတ်က သောက်ဖြစ်သိပ်မရှိတာရယ်၊ Visit Myanmar Year  မှာ နိုင်ငံတကာပိတ်ဆို့မှုလေးရယ် ပေါင်းလိုက်တဲ့အခါသမယ အကြံသမားတသိုက်ရဲ့ ဟော်တယ်နဲ့ တည်းခိုခန်းတွေအားလုံးဟာ မဟုတ်တရုတ် လုပ်တဲ့နေရာတွေအဖြစ်နဲ့ နိဋ္ဌိတံ နေရာပါတယ်။ စီးပွားကျသပေါ့လေ။
ဟောတယ်လို့ နာမည်ခံထားပေမယ့် ဟောတယ်တခုအင်္ဂါရပ်နဲ့အညီ အဆင့်တန်းမရှိတဲ့အပြင် နာမည်ကလည်း သိပ် မကောင်းလှပါဘူး။ အကျင့်ပျက်စီးပွားရေးသမားတွေရဲ့ ပြည့်တန်ဆာတွေခေါ်လာတဲ့ နေရာအဖြစ်နဲ့  နိဂုံးချုပ်နေရပါ တယ်။ ရှင်းရှင်းပြောရရင်တော့ ခေတ်ပျက်အထည်ကြီးပျက် ဖြစ်နေတာပါ။ ဒီတော့ နေဇင်လတ် ဟာ နိုင်ငံရေးလော ကကို ဝင်လာပြီး ကိုယ်ကျိုးရှာယုံသက်သက်မျှသာ ဖြစ်ပါတယ်။
ပိုက်ဆံရှိတဲ့ မိန်းမကိုရလိုက်တဲ့ နေဇင်လတ်ဟာ စိုင်ကော်လို ခြုံပေါ်ရောက်လာသူလို့ ဆိုနိုင်ပါတယ်။ သူဟာ အမျိုးအ မည်မထင်ရှားတဲ့ တက္ကသိုလ်တခုက ဒေါက်တာဘွဲ့ကို အွန်လိုင်းကနေယူခဲ့တာလို့ သိရပါတယ်။ ဒေါက်တာဘွဲ့အတွက် ကုန်ကျငွေကတော့ ဒေါ်လာ ၂၅ဝဝ မျှသာဖြစ်တယ်လို့ သူ့မိတ်ဆွေဟောင်း တဦးဖြစ်တဲ့ မီဒီယာသမားတဦးက ဆိုပါ တယ်။
စာအုပ်တွေ ၂ ဒါဇင်နီးပါးကိုလည်း ရေးခဲ့ပြီး၊ တအုပ်မှ သူကိုယ်တိုင်ရေးတာမဟုတ်ဘဲ၊ ငွေပေးပြီး သူများကိုရေးခိုင်းခဲ့ တာတွေဖြစ်တယ်လို့ ဓါတ်သိတွေက ဆိုပါတယ်။ ဒီစာအုပ်တွေကလည်း အကုန်လုံးက အပေါစားတက်ကျမ်းတွေမျှ သာ ဖြစ်ပါတယ်။ သမ္မတအကြံပေး ဆိုပေမယ့် သမ္မတကို ခုထိမတွေ့ဖူးသေးသူ ဖြစ်ပါတယ်။ သမ္မတ အကြံပေးအဖြစ် ကို ကျော်ဆန်း ထောက်ခံမှုနဲ့ ရလာတာပါ။ မုံရွာသား တောသားလူမိုက် ကျော်ဆန်း ဟာ စာကောင်းကောင်း ဖတ် တတ်သူမဟုတ်တော့ နေဇင်လတ် ရွှီးတာကို သိပ်ယုံတယ်လို့ ဆိုတယ်။
နေဇင်လတ်က ကျော်ဆန်းကို ခေါင်းလိမ်ဆီက ဘယ်တံဆိပ်ကောင်းတယ်။ ဆံပင်ဆိုးဆေးက ဘယ်တံဆိပ်ကောင်း တယ်။ ရေမွေးဆိုရင် ဘယ်ဟာကကောင်းတယ်။ ဟောတယ်မှာ တမင်းစားရင် ဇွန်း၊ ခက်ရင်းကို ဘယ်လိုကိုင်ရတယ် ဆိုတာတွေကို ကျော်ဆန်း ဝန်ကြီးဖြစ်ခါစမှာ အနီးကပ်သင်တန်း ပေးခဲ့ရဖူးတယ်လို့ သိရတယ်။ တကယ်က နေဇင် လတ် ရဲ့ ဥပဇ္ဈယ်ဆရာအစစ်က မခင်ဆန်း ပဲ ဖြစ်ပါတယ်။
ဒီပညာတွေကို မခင်ဆန်းက နေဇင်လတ် ကိုသင်။ နေဇင်လတ်က တခါ ကျော်ဆန်း ကို ပြန်ပို့ချ၊ ဒီတော့ ကျော်ဆန်း ရဲ့ ရီကွန်မန်ဒေးရှင်းနဲ့ နေဇင်လတ်က သမ္မတလူကြမ်းအဖွဲ့မှာ အကြံပေးဖြစ်လာတော့ သမ္မတရဲ့အကြံပေးအစစ်က မခင်ဆန်း လို့ ဆိုနိုင်ပါကြောင်း။
သမ္မတအကြံပေးအဖွဲ့တွေကို သိန်းစိန် က စာရေးပြီး တင်ပြကြလို့ အမိန့်ပေးတော့ နေဇင်လတ် တင်တဲ့စာတန်းကို သိန်းစိန် နဲ့ တင်အောင်မြင့်ဦး (Shit Lone) တို့ သဘောကျ ဆိုပဲ။ ဒီအကြံပေးစာတန်းမှာ အမေရိကန်ရဲ့ သြဇာကို ထိမ်းညှိဖို့အတွက် တရုပ်ကို သမ္မတ သွားသင့်ကြောင်းနဲ့  တရုပ်ကို တန်ပြန်ထိမ်းညှိဖို့ကတော့ ရုရှားကို ကပ်ထားသင့် ကြောင်း၊ အကြီးအကဲတဦး ရုရှားကိုသွားသင့်ကြောင့် အကြံပြုချက်တွေပါတယ်လို့ ဆိုတယ်။ ဒီစာတန်းကို နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ဝန်းကြီးဌာန အစည်းဝေးမှာ ခဏခဏ ညွှန်းတယ်လို့ ဆိုပါတယ်။
ဒီစာတန်းပါ အချက်တွေကို အကြံပေးခဲ့သူကတော့ မခင်ဆန်း လက်ရာလို့ ဆိုကြပါကြောင်း။ တရုပ်ကို သိန်းစိန်သွားပြီး ရုရှားကို ရွှေမန်း သွားပုံထောက်ရင်တော့ မခင်ဆန်း ရဲ့ အကြံပေးချက်တွေဟာ အစိုးရသစ်အဖွဲ့တွက် အထောက်ကူပြု နေပုံရတယ်လို့ ယူဆရပါတယ်။
တောင်ဥက္ကလာ နန္ဒဝင်ဈေးထဲက ဈေးသူဈေးသားတွေ ပြောနေတာကတော့ သူတို့ ရပ်ကွက်သား နေဇင်လတ် ခုလိုပေါက်ပေါက်မြောက်မြောက် ဖြစ်နေတာကောင်းပါရဲ့ ဒါပေမယ့် စီးပွားရေးမျက်စိရှိတဲ့ မခင်ဆန်းက ထက်ထက်မြက်မြက် အကြံပေးချက်တွေကို အစိုးရအဖွဲ့က နားထောင်မယ် မှတ်သားမယ်ဆိုရင် ကုန်ဈေး နှုန်း ကျလာနိုင်မယ်လို့ ယူဆနေကြတယ်လို့ ဆိုတယ်။
ငချစ်သင်
http://www.naytthit.net/?p=15047

လမ်းပေါ်က အမှတ်တရများ




ကျမ ဘဝမှာ စိတ်ဝင်စားတဲ့ အကြောင်းအရာများစွာ အနက် နှစ်ခုထဲကို ရွေးပါလို့ သူငယ်ချင်းတချို့က မေးလာတဲ့ အ ခါတိုင်း စာဖတ်ခြင်းနဲ့ ခရီးထွက်ခြင်းကို ကျမရွေးချယ်လေ့ရှိပါတယ်။ စာဖတ်၊ စာသင်၊ စာရေးရင်းက ခရီးတွေ ရံဖန်ရံ ခါ ထွက်ရတဲ့ တကိုယ်ရေတကာယ လွတ်လပ်တဲ့ ဘဝလေးတခုကို ဖိနှိပ်မှုတွေ ကင်းဝေးသွားတဲ့ အမိမြေမှာ တည် ဆောက်ခွင့်ရရေးဟာ ကျမရဲ့ ဘဝရည်မှန်းချက် ပန်းတိုင်လေးပါ။ ကျမ ငယ်ငယ်လေးကတည်းက ခရီးထွက်ရတာကို အရမ်းနှစ်သက်ပါတယ်။ အိမ်က ရပ်ဝေးခရီးသွားမယ်ဆိုရင် ကျမ သိပ်ပျော်တာပဲ။ အရွယ်ရောက်လာတဲ့အခါကျတော့ လဲ အခါအခွင့်ကြုံတိုင်း ခရီးထွက်ပါတယ်။ ခရီးတွေထွက်ရင်း လမ်းပေါ်မှာ ကြုံရတဲ့ အမှတ်တရလေးတွေကလဲ အများ အပြားပါပဲ။ ဒီအမှတ်တရ လေးတွေထဲမှာ ဖြစ်ရပ်လေး (၄) ခုကိုတော့ မှတ်မှတ်ရရ ပိုရှိနေတတ်ပါတယ်။
ဖြစ်ရပ် (၁)
အချိန်က (၁၉၈ဝ) အလွန်ကာလ။
ဖေဖေ့ ညီမရဲ့ မင်္ဂလာပွဲကို သွားဖို့အတွက် သားသမီးနှစ်ယောက်ကို ကားပေါ်တင်ပြီး ဖေဖေနဲ့ မေမေက တောင်ကြီး ကနေ ရန်ကုန်ကို ခရီးထွက်ပါတယ်။ ဒီတုန်းက ကျမက အသက် ငါးနှစ်လောက်ပဲ ရှိပါသေးတယ်။ မောင်လေးက နှစ် နှစ်ကျော်၊ သုံးနှစ်လေး။
ဖေဖေက ကားမောင်းသူပါ။ ဒီခရီးကို ဦးဆောင်ထွက်လာသူကလဲ ဖေဖေပါ။ ဒီလိုနဲ့ လမ်းခရီးရောက်တော့ မောင်လေး က ကားမူးပြီး တလမ်းလုံး တောက်လျှောက်အန်ပါတယ်။ ကားက လမ်းမှာ ရပ်လိုက်၊ ဆက်မောင်းလိုက်နဲ့ ခရီးမတွင် ပါဘူး။ ပျဉ်းမနားကို ရောက်တော့ မောင်လေး အခြေအနေက တော်တော်ဆိုးနေပါပြီ။ ညကလဲ တော်တော်ညဥ့်နက် နေပါပြီ။ ဒီအချိန်မှာ ဖေဖေက ရန်ကုန်မရောက်ရောက်အောင် အတင်းစွတ်မောင်းပြီး ခရီးကို ဆက်သွားလို့ မဖြစ်တော့ ဘူးဆိုတာ သဘောပေါက်သွားပါတယ်။ ကျမမှာလဲ ကားနောက်ခန်းမှာ အိပ်လိုက်၊ မောင်လေး ငိုရင် ထကြည့်လိုက်။ မောင်လေးက အတော်အားနည်းနေပါပြီ။ မေမေ့မှာကလဲ သောက်ဆေးပဲ ပါလာပြီး ဆေးဝါးက မပြည့်စုံ။
အဲဒီအချိန်မှာ ဖေဖေက မေမေနဲ့ မောင်လေးကို ဆေးရုံကို လိုက်ပို့ဖို့ စဉ်းစားခဲ့တယ်လို့ မေမေက ပြန်ပြောဖူးပါတယ်။ ဒီအချိန်မှာ မေမေက စဉ်းစားခဲ့ပါတယ်။ ဆေးရုံကို သွားဖို့အထိက မလိုအပ်။ မေမေကိုယ်တိုင်က ဆရာဝန်။ လိုအပ် နေတာက ဆေးပဲ လိုအပ်တယ်။ မောင်လေးကို ဆေးတချောင်းထိုးပေးဖို့ လိုအပ်နေတယ်။ ပြီးတော့ ဆေးရုံသွားခဲ့မယ် ဆိုရင် ဆေးရုံတက်တာ၊ ဆေးရုံဆင်းတာတွေက အခုတက်၊ အခုဆင်းလုပ်လို့ရတာ မဟုတ်။ အားလုံးလဲ ခရီးပန်းနေ တာကြောင့် အိပ်ငိုက်နေကြပြီလို့ သုံးသပ်ပြီး၊ စားသောက်ဆိုင်တခုမှာ မြို့နယ်ဆရာဝန်ကြီး လိပ်စာကို မေးပါတယ်။ ပြီးတော့မှ ဆရာဝန်ကြီး အိမ်ကိုသွားပြီး အကျိုးအကြောင်းပြောပြ၊ ဆေးတောင်းတော့ ဆေးကလဲ အဆင်သင့်ရှိနေ တာမို့ မောင်လေးကို ကုပေးနိုင်ခဲ့ပါတယ်။ တည်းခိုခန်းကိုတောင် အသွားမခံဘဲ သူတို့အိမ်မှာပဲ တည်းခိုခိုင်းခဲ့ပါတယ်။
ဒီတုန်းက ခရီးကို ဦးဆောင်ထွက်လာတာက ဖေဖေ။ လမ်းမှာ ကြုံရတဲ့ ကိစ္စတွေမှာ အစစအရာရာ ဦးဆောင်ဖြေရှင်း နေတာက မေမေ။ ဘာမှန်းသေချာ မသိပေမယ့် မေမေက ဟိုလူနဲ့ပြော၊ ဒီလူနဲ့တွေ့၊ လုပ်စရာရှိတာတွေကို ရှေ့က ဦးဆောင်လုပ်၊ ဖေဖေက နောက်ကနေ ဟိုပြုံးပြ၊ ဒီပြုံးပြ အဖြစ်လေးကို မျက်စိထဲက မထွက်တော့ပါ။ ဒီအဖြစ်လေးကို နောက်ပိုင်းမှာ ပြန်တွေးမိတိုင်း လူတိုင်းမှာ သူ့အစွမ်းအစနဲ့ သူ ရှိတာမို့ အမြဲတမ်းခေါင်းဆောင်ဆိုတာ မရှိနိုင်ဘူးလို့ ကောက်ချက်ချလိုက်မိပါတယ်။ ဖေဖေဦးဆောင်ထွက်လာတဲ့ ခရီးလမ်းပေါ်မှာ အခြေအနေအရ မေမေက ဦးဆောင်သူ ဖြစ်သွားခဲ့ပါတယ်။ ဒါကို ဖေဖေကလဲ ကျေကျေနပ်နပ်နဲ့ နောက်က လိုက်လုပ်ပေးခဲ့ပါတယ်။ သူလုပ်တယ်၊ ငါလုပ် တယ် ဆိုတာကအရေးမကြီး။ အရေးကြီးတာက မောင်လေးရဲ့ ကျန်းမာရေး။ ဘုံအကျိုးစီးပွားကို ကြည့်လာချိန်မှာ သူ လုပ်တာ၊ ငါလုပ်တာဆိုတာတွေက အဓိက မကျတော့ဘူးဆိုတာကိုလဲ နောက်ပိုင်းမှာ စဉ်းစားလာမိခဲ့ပါတယ်။
ဖြစ်ရပ် (၂)
အချိန်က (၁၉၉၇) ခုနှစ်။
ဒီအချိန်မှာတုန်းက ကျမ ရန်ကုန်ကို ခေတ္တသွားနေဖြစ်ခဲ့ပါတယ်။ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်း၊ စီးပွားရေးစီမံခန့်ခွဲရေးသင်တန်း စတဲ့ ခေါင်းစဉ်တွေအောက်မှာ ဆယ်တန်းအောင်ပြီးစ လူငယ်တယောက်ရဲ့ ကျောင်း ပြင်ပ ဘဝကို စူးစမ်းလိုစိတ်တွေက ဒွန်တွဲလျက်။
အဲဒီအချိန်မှာပဲ မှတ်မှတ်ရရ ဝေါ ရေဘေး ဖြစ်ပါတယ်။ ရေဘေးသတင်းကို သယ်ဆောင်လာတာက ဖွားဖွားရဲ့ မိတ် ဆွေတွေပါ။ လူတွေ ဘယ်လိုဒုက္ခရောက်ကြတာ၊ တံတားကျိုးလို့ ရထားခေါင်းတွဲ စိုက်ကျသွားတာ စတာတွေကို ကြား ကြားချင်း ဖွားဖွားက ကျမကို အဝတ်အစားချက်ချင်းသွားလဲ ခိုင်းပါတော့တယ်။ ပြီးလဲ ပြီးရော မြေးအဖွားနှစ်ယောက် ရန်ကုန်မြို့အနှံ့က ဖွားဖွားရဲ့ အသိအကျွမ်းမိတ်ဆွေတွေဆီ အလှူခံ ထွက်ကြပါတော့တယ်။
ဖွားဖွားရဲ့ အသိအကျွမ်း မိတ်ဆွေတွေထဲမှာ ကျောက်မျက်ရတနာ အလုပ်လုပ်နေသူတွေ များတာမို့ အလှူငွေက အ တော်ရပါတယ်။ တချို့က သူတို့ မိတ်ဆွေတွေပါ ခေါ်ပြီး ရေဘေးကယ်ဆယ်ရေးလိုက်မယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ဖွား ဖွားက ဦးဆောင်ပြီး လူငယ်တချို့နဲ့ ကျမတို့တွေ ဝေါနယ်ဘက်ကို ခရီးထွက်ဖြစ်ကြပါတော့တယ်။ ဒီတုန်းက လမ်းတွေ က ပျက်၊ ရေတွေကကြီးနဲ့ ဝေါမြို့က မိတ်ဆွေတွေအိမ် ရောက်ချိန်မှာ အိမ်အောက်ပိုင်းက ရေမြုပ်နေလို့ အိမ်ပေါ်ထပ် မှာပဲ နေကြရပါတယ်။ အနီးအနားတဝိုက်က ရွာတွေကို လှည့်လည်ပြီး၊ စားသောက်ကုန်တွေ ပေးကြတော့ ဘုန်းတော် ကြီးကျောင်းတွေ သွားတဲ့အခါ ကားလမ်းမပေါ်ကနေ လှေနဲ့ သွားရပါတယ်။ ရေဘေးဒုက္ခသည်တွေက အများအပြား။
ဒီလိုနဲ့ ရန်ကုန်ပြန်လိုက်၊ စားသောက်ကုန်တွေ ဝယ်လိုက်၊ ခရီးထပ်သွားလိုက်နဲ့ သုံးလေးခေါက် သွားဖြစ်ကြတာ တခါ မှာတော့ ကျမတို့ စီးသွားတဲ့ ကားက ပျက်ပြီး၊ နောက်က ဆန်အိတ်တွေ သယ်လာတဲ့ ကားပေါ်မှာ စုထိုင်ရင်း သွားကြ ရပါတယ်။ အဲဒီမှာ နိုင်ငံရေးသမား အများစု တက်ရောက်ရလေ့ရှိတဲ့ ဘဝတက္ကသိုလ်က ဆင်းလာသူတချို့၊ သာယာ ဝတီ ဘဝတက္ကသိုလ်မှာ ရောက်နေသူထံကို လစဉ်သွားတွေ့နေရတဲ့ အမျိုးသမီးတယောက်နဲ့ သူ့သူငယ်ချင်းတွေလဲ ပါလာကြပါတယ်။ ဆန်အိတ်တွေပေါ်မှာ စကားထိုင်ပြောနေကြရင်း တခါတရံ ရယ်စရာတွေ ပြောတဲ့အခါ အသက် ရှစ်ဆယ်နီးပါး ဖွားဖွားက သဘောကျပြီး ရယ်လိုက်တာများ မျက်ရည်တောင်ထွက်လို့။ ဖွားဖွားမျက်နှာက ပကတိကင်း စင်ပြီး ဒီလို ဒုက္ခရောက်နေသူတွေဆီ သွားကူညီရတာကို ပီတိတွေ ဖြစ်နေလိုက်တာ။
ကျမ တွေးမိခဲ့ပါတယ်။
ဒီလိုသွားဖို့ ဖွားဖွားကို ဘယ်သူကမှလဲ လာပြောတာ မဟုတ်။ မသွားလဲ ဘယ်သူမှ ဘာမှ ပြောမှာ မဟုတ်။ လူသား ချင်း စာနာမှုနဲ့ သူ့ဘာသာသူ တာဝန်လေးတခု ဝင်ယူခဲ့တာပါ။ ပထမဆုံးခရီးစဉ်မှာ ဘုန်းကြီးကျောင်းတခုကို ရောက် တုန်းက ဘုန်းတော်ကြီးက မိန့်ပါတယ်။ ကျောင်းမှာ ရေဘေးဒုက္ခသည်တွေ အများအပြားရောက်လာပြီး၊ စားနပ်ရိက္ခာ အတွက် စဉ်းစားမိချိန်မှာ ရေဘေးကယ်ဆယ်ရေး လာကြမှာပါလို့ မျှော်ခဲ့သေးတယ်။ ဒါပေမယ့် ပထမဦးဆုံးကျောင်း ကို ရောက်လာသူတွေကို အသက်ရှစ်ဆယ်နီးပါးအဖွားတယောက်က ဦးဆောင်လာမယ်လို့တော့ ထင်မထားမိဘူးတဲ့။
လောကမှာ အသက်အရွယ်ကြီးတာ၊ ငယ်တာက ပဓာန မဟုတ်။ ရင်ထဲက စေတနာနဲ့ လုပ်ရည်ကိုင်ရည်ကသာ အဓိ က။ ကားလမ်းပေါ်ကနေ လှေပေါ်ကို လှမ်းတက်တဲ့ အဖွားရဲ့ ခြေလှမ်းတွေ ယိုင်ချင်ယိုင်နေခဲ့လိမ့်မယ်။ ဆန်အိတ် တွေ၊ စားသောက်ကုန်တွေကို ကားပေါ်က ချချိန်မှာ အဖွားကိုယ်တိုင် ဝင်ပြီး မသယ်မနိုင်ပဲ ဖြစ်ချင်ဖြစ်နေခဲ့လိမ့်မယ်။ သို့ပေမယ့် ပစ္စည်းတွေကို လိုနေသူတွေဆီရောက်အောင် သူ့ရဲ့ မေတ္တာတရား၊ စည်းရုံးရေးစွမ်းအားတွေနဲ့ လုပ်ဆောင် ပေးခဲ့ပါတယ်။
ကားပေါ်ကနေ ဆန်အိတ်သယ်မတာမှာ မပါလို့ဆိုပြီး အသက်ရှစ်ဆယ်နီးပါး အဖွားအိုတယောက်ကို ဘယ်သူမှ အပြစ် ဆိုဝေဖန်သူမရှိခဲ့ပါ။ သူဦးဆောင်ထွက်လာသော ခရီးမှာ လိုက်လာခဲ့ကြပါတယ်။ နိုင်တဲ့ဝန်ကို ထမ်းခဲ့ကြတယ်။ သူမ လုပ်နိုင်တာတွေကို အားဖြည့်ကူညီပေးခဲ့ကြတယ်။ သူသိပ်ပင်ပန်းနေချိန်မှာ ခေတ္တနားခိုင်းပြီး အခြားရွာများသို့ အဖွဲ့ခွဲ ပြီး ခရီးဆက်ခဲ့ကြပါတယ်။ တခြားရွာတွေမှာ ရေတွေထဲ ဖြတ်သွားရတာမို့ ရေတွေရွှဲသူကရွှဲ။ ဒါကိုလဲ အဖွားက ဦး ဆောင်လာပြီး၊ ရေထဲ လိုက်မဆင်းလာဘူးလို့ ဘယ်သူမှ ပြောမနေခဲ့ကြပါ။ သက်ကြီးရွယ်အို ရေဘေးကယ်ဆယ်ရေး အဖွဲ့ဆိုပြီးတော့လဲ ဘယ်သူမှ ဆိုမနေကြပါ။ ဒီအချိန်မှာ အားလုံးရဲ့ စိတ်ထဲမှာရှိတာက ရေဘေးဒုက္ခသည်တွေလက် ထဲ စားသောက်ကုန်တွေ အမြန်ဆုံး ရောက်သွားဖို့။ ထမင်းဆာနေတဲ့ ကလေးငယ်လေးတွေရဲ့ ပါးစပ်ထဲကို ထမင်းတ လုတ် ရောက်သွားဖို့။ ဒါကြောင့် ဘယ်သူဘာလုပ်နေလဲ ဆိုတာလဲ လိုက်မကြည့်နိုင်၊ ဘယ်သူဘာဖြစ်နေတယ် ဆိုတာ လဲ ဝေဖန်ပြောနေဖို့ အချိန်မရ၊ သူ့အသက်အရွယ်နဲ့သူ လုပ်နိုင်တာလေး လုပ်နေတဲ့ အဖွားကိုလဲ ဘာလုပ်သင့်တယ်၊ ညာလုပ်သင့်တယ်၊ ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်လို့ အပြစ်မြင်နေဖို့ အချိန်မရ။ ကိုယ်နိုင်တဲ့ဝန် ကိုယ်ထမ်းခဲ့ကြပါ တယ်။
ဖြစ်ရပ် (၃)
အချိန်က (၁၉၉၉) ခုနှစ်။
ကိစ္စတခုနဲ့ တောင်ကြီးကနေ ရန်ကုန်ကို သွားဖို့ အကြောင်း ကြုံလာခဲ့ပါတယ်။ ဒါကြောင့် လေယာဉ်ခရီးထက်စာရင် ကားလမ်းခရီးကို နှစ်သက်တဲ့ ကျမရဲ့ ထုံးစံအတိုင်း ခရီးသည်တင် မှန်လုံကားကြီးကို စီးသွားခဲ့ပါတယ်။ တောင်ကြီးက နေ ရန်ကုန်ကိုသွားတဲ့ ခရီးသည်တင်ကားတွေက တောင်ကြီးမြို့နဲ့ ရွှေညောင်အကြားမှာရှိတဲ့ အေးသာယာဆိုတဲ့ အ ဝေးပြေးဂိတ်ကနေ ထွက်လေ့ရှိပါတယ်။ နေ့လည် ၁၂ နာရီခွဲ (တချို့ကားတွေကျတော့လဲ တနာရီခွဲ) လောက်နေ ထွက်ရင် နောက်နေ့ နံနက် ခုနစ်နာရီလောက်မှ ရန်ကုန်က စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်ကို ရောက်ပါတယ်။ အချိန်တော်တော်ကြာ သွားရတဲ့ ခရီးစဉ်တခုပါ။
အေးသာယာကနေ ရွှေညောင်၊ ဟဲဟိုး စတဲ့ မြို့တွေကို ဖြတ်ပြီးတဲ့အခါ အောင်ပန်းဆိုတဲ့ မြို့လေးမှာ တခဏ နားလေ့ ရှိပါတယ်။ အဲဒီက ဆိုင်တွေမှာ လက်ဖရည်သောက်သူသောက်၊ မုန့်စားသူစား၊ ဒေသထွက် သီးနှံတွေ လက်ဆောင် ယူသွားဖို့ ဝယ်သူဝယ်နဲ့ ပြန်ထွက်သွားပြီးရင်၊ ကလောမြို့ကနေ တဆင့် ရှမ်းတောင်တန်း အကွေ့အပတ်များကို ကျော် လွန်ပြီး၊ မြေပြန့်ဘက်ရောက်မှ ညစာစား ရပ်နားလေ့ရှိပါတယ်။
ဖြစ်ချင်တော့ အဲဒီနေ့က ကျမစီးတဲ့ ကားက ထွက်ကတည်းက နောက်ကျပါတယ်။ အောင်ပန်းမှာလဲ အချိန်တော်တော် ကြာကို ရပ်ပါတယ်။ ခရီးသွားရင် ကားဆရာတွေကို အချိန်တွေ မမေးကောင်းဘူးဆိုလို့ တခုခုဖြစ်နေသလားလို့ စိတ် ထင့်ပေမယ့် မမေးဖြစ်ပါဘူး။ အောင်ပန်းကပြန်ထွက်တော့ ညနေပိုင်းဖြစ်နေပါပြီ။ မှတ်မှတ်ရရ ရုပ်ရှင်တကား စပြပါ တယ်။ ကျမတို့ ခရီးသည်တွေလဲ ရုပ်ရှင်လေးထဲ စိတ်ရောက်သွားကြပါရော။ ရန်ကုန်အဝင် နောက်ကျမယ်လို့တော့ ကိုယ်စီ တွေးထားကြမယ် ထင်ပါတယ်။ ဒီလိုနဲ့ အရှိန်လေးရကာစရှိသေး၊ ဗြုန်းဆို ကားကြီးက ထိုးရပ်သွားပါလေရော။ ကားသမားတွေက စက်ပျက်လို့ ပြင်မယ် ပြောပါတယ်။ ဆေးလိပ်ထွက်သောက်သူမှ တပါး ဘယ်သူမှ အောက်မဆင်း ကြပါဘူး။ ကားပေါ်မှာပဲ ထိုင်နေကြရင်း အချိန်တွေက တစထက် တစ ကုန်လာပါတယ်။ မှောင်စလဲ ပြုလာတော့ ဟို မေးဒီစမ်း လုပ်လာကြပါပြီ။
ကျမအနီးက တိုက်ပုံဝတ် ဦးလေးကြီးက ကားသမားတွေဆီ ဆင်းသွားပါတယ်။ အေးသာယာကားဂိတ်မှာကတည်းက ဌာနဆိုင်ရာ ကားတခုက လိုက်ပို့တာကို မြင်တော့မြင်လိုက်မိသား။ ကားသမားတွေနဲ့ စကားပြောရင်း သူ့ပုံစံက ခါး ထောက်လိုက်၊ စိတ်ပျက်တဲ့ အမူအယာ ဖြစ်လိုက်၊ နာရီကြည့်လိုက်ဆိုတော့ ကားတစီးလုံးလဲ လှုပ်လှုပ်ရွရွ ဖြစ်လာပါ တော့တယ်။ ကျမလဲ မနေနိုင်တော့။ ဆင်းသွားမိပါတော့တယ်။ ကားသမားတွေက ပြင်တော့ပြင်နေကြောင်း၊ ဘယ် အချိန်ပြီးမယ် မသိကြောင်းပဲ ပြောနေပါတော့တယ်။ တစတစနဲ့ အချိန်က ည ခုနစ်နာရီလောက် ဖြစ်လာပါတယ်။ လူတွေလဲ စိတ်တိုစ ပြုလာကြပါတယ်။ ဆောင်းရာသီမို့ ချမ်းကလဲ ချမ်းပါတယ်။
ကားသမားတွေဆီ တခါ ထပ်ဆင်းသွားဖြစ်ပါတယ်။ အဲဒီမှာ အသက် ၂၅ လောက်ရှိတဲ့ အစ်ကိုကြီးတယောက်က ကားသမားတွေကို ခင်ဗျားတို့၊ တခုခု စီစဉ်ပေးသင့်ပြီလို့ ပြောနေတာ ကြားရပါတယ်။ ဒါနဲ့ အရေးဆိုဖို့ အဖော်တော့ ရပြီဆိုပြီး၊ တခုခု လုပ်ပေးဖို့ ဝင်ပြောလိုက်ပါတယ်။ ကားသမားတွေက သူတို့လဲ ကြိုးစားပြင်နေတာပဲ လို့ ဆိုပါတယ်။ အဲဒီမှာ သူက ပြင်မရရင်လဲ တောင်ကြီးက ကားလိုင်းတာဝန်ရှိသူတွေဆီ ဖုန်းဆက်ဖို့ ပြောပြီး၊ ကလောသွားမယ့် ကား တစီးကို လှမ်းတားပေးလိုက်ပါတယ်။ ကားသမားပြန်ရောက်လာတော့ ကားတစီး ထပ်ပြီးစီစဉ်ပေးမှာ ဖြစ်ကြောင်း၊ စီ စဉ်မယ့်ကားက နောက်တနေ့ မနက် ရန်ကုန်ကနေ ရောက်လာမယ့်ကားလို့ ဆိုပါတယ်။ အားလုံး ပွစိပွစိဖြစ်ကုန်ကြပါ ရော။ ဒီလိုဆို တညလုံးကားပေါ်မှာ အိပ်ပြီး စောင့်ရတော့မှာ မဟုတ်လား။
အဲဒီမှာပဲ ခုနက တိုက်ပုံနဲ့ လူကြီးက ငါကတော့ လမ်းမှာ မအိပ်နိုင်ဆိုပြီး သူ့ခရီးဆောင်အိတ်ကို ထုတ်ခိုင်းပြီး ကားတ စီး တားထွက်သွားပါတယ်။ ကလောဘက်က ဟိုတယ်တခုခုကို သွားမယ် ထင်ပါရဲ့။ ကားပေါ်မှာ ကျမအမေရဲ့ မိတ် ဆွေ အထူးကုဆရာဝန်မကြီး တယောက်လဲ ပါလာပါတယ်။ သူ့ကို ကျမ သွားတိုင်ပင်ပါတယ်။ ဘယ်လိုစီစဉ်ရင် ကောင်းမလဲဆိုတော့ သူကလဲ အန်တီ့မိတ်ဆွေတော့ ကလောမှာ ရှိတယ်။ အန်တီနဲ့သမီး သွားပြီး တည်းရအောင်။ မနက်ကျမှ ကလောကနေ ကားစောင့်စီးတာပေါ့၊ ကားသမားတွေကို ပြောခဲ့မယ်လေလို့ ဆိုပါတယ်။ ခရီးသည်တွေကို ကြည့်လိုက်ရင်း ဒီလိုကြီး ထားသွားရမှာကို တကိုယ်ကောင်းဆန်သလိုများ ဖြစ်မလားလို့ မဆီမဆိုင် ကျမ သွားတွေး လိုက်မိတယ်။ အဲဒီအချိန်မှာ ကျမ အရမ်းဆာနေပြီ။ ကျမဆာသလို သူတို့လဲ ဆာနေမှာပဲ။ အသက်ကြီးသူတွေလဲ ကားပေါ်မှာ ပါလာတယ်။ ဒါနဲ့ပဲ အန်တီနဲ့ ကျမ မလိုက်သွားဖြစ်ဘူး။
ခုနက အစ်ကိုကြီးကို စကားသွားပြောပြီး ကျမတို့တတွေ တခုခု စီစဉ်ရအောင်လို့ ညှိကြည့်တယ်။ သူက အစားအ သောက် ကိစ္စ တာဝန်ယူ၊ ကျမက နေရေးထိုင်ရေးကိစ္စ တာဝန်ယူနိုင်မလား မေးတယ်။ ကလောမှာက ကျမနဲ့ သိတဲ့ ဘုန်းကြီးကျောင်းရှိတယ်၊ ဒါပေမယ့် ကလောက စားသောက်ဆိုင်တွေ အဲဒီအချိန်မှာ ဖွင့်လား၊ မဖွင့်လား မသေချာ ဘူး။ ဒါနဲ့ သူက ညလုံးပေါက် ဆိုင်ဖွင့်တဲ့ အောင်ပန်းကို ပြန်သွားဖို့ စဉ်းစားတယ်။ သူက ယုံကြည်ရအောင် မှတ်ပုံတင် ကတ်ကို ကားသမားတွေဆီ ထားခဲ့မယ်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော် စားလိုတဲ့ စာရင်းကို ပေးဆိုပြီး ပိုက်ဆံကောက် တယ်။ ပြီးတော့ ကားတစီးတားပြီး အောင်ပန်းဘက် လိုက်သွားပါရော။ အဲဒီအချိန်မှာ ကလောနဲ့ အောင်ပန်းကြားမှာ ကားတွေ သွားနေတာက ကျမတို့အတွက် ကံကောင်းသွားတယ်။
ကျမ တားစီးမိတဲ့ ကားက ကလောစစ်ဦးစီးတက္ကသိုလ်ဘက်ကို သွားမယ့် စစ်ကား။ အခြေအနေကို ပြောပြတော့ လိုက် ခွင့်ပြုတယ်။ ကလောက ဘုန်းကြီးကျောင်းအထိ လိုက်ပို့ပေးခဲ့တယ်။ ဘုန်းဘုန်းကလဲ တညတာတည်းခိုဖို့ ခွင့်ပြုတယ်။ စစ်ကားမောင်းတဲ့ နှစ်ရစ်နဲ့ ဆရာကြီးက သဘောအလွန်ကောင်းတယ်။ ခေတ်စနစ်ဆိုးကြောင့် စစ်တပ်မှာ အရိပ်မဲ ထင်နေပေမယ့် စစ်တပ်ထဲမှာလဲ သဘောထားပြည့်ဝသူတွေ ရှိနေမှာပဲဆိုတာ ဒီတုန်းက တွေးမိသွားခဲ့တယ်။ ဘာ ကြောင့်လဲဆိုတော့ ကျမ ဘုန်းဘုန်းကို လျှောက်ပြီး ကျောင်းပေါ်က ပြန်ဆင်းလာချိန်မှာ အဲဒီဆရာကြီး ရှိနေခဲ့တယ်။ ကျမကို ကားအထိ ပြန်လိုက်ပို့ပေးရုံမက ကားပျက်ပေါ်က လူတွေကိုပါ ဘုန်းကြီးကျောင်းအရောက် ခေါက်တုံ့ခေါက် ပြန် ပို့ပေးခဲ့တယ်။ ရှမ်းပြည်ရဲ့ ဆောင်းတညမှာ ကျမတို့တွေ ကားပေါ်မှာ မအိပ်ခဲ့ရဘူး။ ဆာလောင်မွတ်သိပ်မှုလဲ မခံ ခဲ့ရဘူး။
ဒီကားပေါ်က လူတွေမှာ အသိအကျွမ်းအချို့ကလွဲလို့ ရင်းနှီးသူတယောက်မှ မရှိကြဘူး။ ဘယ်သူဘယ်ဝါဆိုတာ တောင် မသိခဲ့ကြပါဘူး။ လမ်းမှာ ကားပျက်မယ်ဆိုတာကိုလဲ မတွေးမိခဲ့ကြပါဘူး။ ဒီကားပေါ်ကနေ ထွက်သွားတဲ့ ဦးလေးကြီးနဲ့ အထူးကုဆရာဝန်မကြီးတို့အပြင် ကားပေါ်မှာ တခြား ဂုဏ်ပါဝါကြီးသူတွေ၊ အရာရှိကြီးတွေ၊ ပညာတတ် သူတွေ ဘယ်လောက် ရှိနေမယ်ဆိုတာလဲ ကျမတို့ မသိနိုင်ပါဘူး။ အားလုံးဟာ သူ့အိမ်မှာ၊ သူ့ရုံးမှာ၊ သူနဲ့ သက်ဆိုင် တဲ့ နယ်ပယ်မှာတော့ ခေါင်းဆောင်တွေ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီအခြေအနေတခုမှာတုန်းကတော့ လူငယ်လေးတယောက်က ဦးဆောင်သွားခဲ့ပါတယ်။ သူလုပ်နိုင်တယ်ဆိုတာကို မြင်တဲ့ ဆယ်ကျော်သက် ကျောင်းသူ လေး ကျမက သူ့ကို ဘာကူညီပေးရမလဲဆိုပြီး ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်က သိပ်ပြီး ကြီးကျယ်လှတဲ့ ကိစ္စတခုမဟုတ်ပေမယ့် ကျမကို အတွေးအမြင်တချို့ပေးခဲ့ပါတယ်။ ရာထူး အာ ဏာရှိတိုင်း၊ လုပ်ပိုင်ခွင့်ရှိတိုင်း၊ ပညာတတ်တိုင်း အခြေအနေတခုမှာ ဦးဆောင်သူ ဖြစ်ချင်မှ ဖြစ်လာတယ် ဆိုတာကို ပါပဲ။ ခရီးစထွက်စဉ်တုန်းက ကျမက ဌာနဆိုင်ရာကားနဲ့ ရောက်လာတဲ့ တိုက်ပုံဝတ်လူကြီးကိုပဲ မြင်ခဲ့တာပါ။ ဒီလူငယ် လေး ကားပေါ်မှာ ပါလာတယ်ဆိုတာ သတိတောင် မထားမိခဲ့ပါဘူး။ ဒါပေမယ့် အခြေအနေတရပ်မှာ သူဟာ ကားပေါ် က ခရီးသည်တွေအတွက်တော့ ပြဿနာကို ဦးဆောင်ဖြေရှင်းသူ ဖြစ်သွားခဲ့ပါတယ်။ နောက်တချက်က ကားသမား တွေပါ။ ကားပျက်တာနဲ့ ပတ်သက်ရင် မောင်းလာတဲ့ သူတို့ဆီမှာ တာဝန်ရှိပေမယ့်၊ အများသက်သာရာရအောင် တ စုံတရာ စီစဉ်ပေးခြင်းမရှိပဲ ကားပေါ်မှာပဲ ဖြစ်သလို ထားလိုက်တာပါ။ ဒီလို တာဝန်ရှိသူက တာဝန်မယူတဲ့အခါ တာဝန် မယူသူတွေကိုပဲ အပြစ်တင်ရုံနဲ့ မပြီးပဲ၊ တစုံတရာ ကိုယ်ဘာလုပ်ပေးနိုင်မလဲ လို့ စဉ်းစားသင့်တယ်ဆိုတာ တွေးလိုက် မိပါတယ်။ နောက်ပိုင်းမှ သူတို့ကားလိုင်းကို ကွန်ပလိန့်တက်တာက တပိုင်း၊ ကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်း ပေးဖို့ တတ်နိုင်သမျှလေး ဝိုင်းဝန်းကြိုးပမ်းပေးတာက တပိုင်းလို့ ယူဆလိုက်မိပါတယ်။
ဖြစ်ရပ် (၄)
အချိန်က (၂ဝဝဝ) ခုနှစ်။
မေမြို့ကို မိတ်ဆွေတချို့သွားပို့တာမှာ ခရီးတခုလုံးကားက အကောင်း။ မှောင်ချိန်မှာ အပြန်လမ်းမြို့က ထွက်မယ် လုပ်မှ ကားက ပျက်ပါတော့တယ်။ ဒါနဲ့ နီးရာဝပ်ရှော့တခုမှာ လုံးဝထားခဲ့ရပြီး၊ ကားတွေငှားတော့ ဘယ်ကားမှမလိုက်။ အချိန်ကလဲ ညဦးပိုင်းဖြစ်လာပါတယ်။ ဘာပဲဖြစ်ဖြစ် မန္တလေးတော့ ဒီညအရောက်ပြန်မယ်လို့ ဆုံးဖြတ်မိကြတယ်။ ကျွန်မနဲ့ပါလာတဲ့ သူငယ်ချင်းနဲ့ ညီမလေးနှစ်ယောက်က အနည်းငယ် ကြောက်တတ်တယ်။ တခြားမြို့မှာ ညအိပ်ည နေ မနေချင်ဘူးလို့ ဆိုတာကြောင့်ပါ။ သူတို့ကို မန္တလေးပြန်ပို့ပြီးမှ နောက်နေ့ကျရင် ကိုယ်က မေမြို့ပြန်တက်၊ ကား သွားယူလို့ တွေးထားလိုက်တယ်။ ဒီလိုနဲ့ စုံစမ်းကြည့်တော့ လားရှိုးဘက်က ဆင်းလာမယ့် ခရီးသည်တင်ကားကို စောင့်စီးတဲ့။ မထူးပါဘူး။ စောင့်စီးတာပေါ့ဆိုပြီး စီးလိုက်ကြတယ်။
မကြာပါဘူး။ ကျမတို့ကို ကားပေါ်တင်လာပြီး ငါးမိနစ်လဲကျရော ကားက ပျက်ပါလေရော။ ဒါနဲ့ မေမြို့ကို ပြန်လှည့်ရပါ တော့တယ်။ ဝပ်ရှော့တခုမှာ ပြင်လိုက်တော့ တနာရီအတွင်းကောင်းသွားတယ်။ ဒါနဲ့ ဆက်ထွက်လာကြတာ ၂၁ မိုင် ဂိတ်လဲ ရောက်ရော ပြဿနာတက်ပါလေရော။ အဲဒီနေ့က ဆန်မှောင်ခိုကိစ္စတွေနဲ့ တိုင်းမှူးပါဆင်းလာရပြီး ပြဿနာ တက်နေလို့ ယာဉ်တွေအကုန်လုံး ရပ်ထားရတယ်။ အခြေအနေကတော့ တညလုံး အဲဒီမှာ နေရမယ့်ပုံ။
ဒါနဲ့ ဆင်းသွားပြီး သက်ဆိုင်ရာကို သွားတွေ့တယ်။ မန္တလေးဆေးတက္ကသိုလ်က ကျောင်းသူတွေ ဆိုတော့ ဟိုဘက်က ကျောင်းသားတွေနဲ့ ပြဿနာမတက်ချင်ဘူးထင်တယ်။ ဒါနဲ့ အရာရှိတယောက်က ကားတန်းကိုတော့ မလွှတ်လိုက် နိုင်ဘူး။ အမိန့်အရမို့ လို့ ဆိုပြီး သမီးတို့ကိုတော့ မန္တလေးပြန်ပို့ဖို့ စီစဉ်ပေးမယ်ဆိုတယ်။ ကားပေါ်က ပစ္စည်းတွေ သွား ယူလို့ ပြောတယ်။ ကျမလဲ ပစ္စည်းယူဖို့ပြန်လာခဲ့တာပဲ။ ဒါပေမယ့် အဲဒီမှာ ကျမတို့ကို လှမ်းကြည့်နေတဲ့ မျက်လုံးလေး တွေကို ရင်ဆိုင်လိုက်ရတယ်။ အဖွားအရွယ်တွေလဲ ပါတယ်။ တချို့က အနွေးထည်အင်္ကျီမဝတ်ထားဘူး။ ကားက မှန် လုံကားမဟုတ်ဘူး။ ဒီနေရာက ဌက်ဖျားဒေသ။ ကျမ ရင်ထဲ ဘယ်လိုဖြစ်သွားတယ်မသိဘူး။ ဒီကားပေါ်မှာ ခရီးအတူ ထွက်လာပြီးမှ သူတို့ကို ထားခဲ့ပြီး ခရီးဆုံးကို ဆက်သွားဖို့ကို ကျမစိတ်ထဲ မတရားသလို ခံစားလိုက်ရတယ်။ ဒါနဲ့ ဟို အရာရှိကို ဆက်မသွားတော့ဘူးလို့ သွားပြေးပြောလိုက်တယ်။
ကားပေါ်ပါလာတဲ့ ခရီးသည်တွေကို ဒီမှာ ညအိပ်မလား၊ မေမြို့ပြန်အိပ်မလား ဆိုတာ ဆန္ဒခံယူရတယ်။ ဒီနေရာမှာ ညအိပ်ရင် ညရဲ့ ဆောင်းတွင်းအအေးဒဏ်၊ ခြင်အန္တရာယ်၊ ဌက်ဖျားစတာတွေ ပြောရတယ်။ တည်းခိုခန်းစရိတ် တာ ဝန်ယူပေးပါမယ်လဲ ဆိုရသေးတယ်။ ပြီးတော့မှ ကားမောင်းသမားကို မေမြို့ကို နောက်ပြန်လှည့်ပေးဖို့ ညှိပြီး မေမြို့ ပြန်တက်လာကြတယ်။မေမြို့ရောက်တော့ တည်းခိုခန်းတွေမှာလဲ လူတွေက ပြည့်နေပြီ။ လူနှစ်ဆယ်လောက်ဆိုတော့ လဲ လူအုပ်က နည်းနည်းကြီးတာကြောင့် ဖြစ်မယ်။ အချိန်ကလဲ ညဆယ့်နှစ်နာရီကျော်နေပြီ။ နောက်ဆုံးတော့ နီးစပ် ရာ ဘုန်းကြီးကျောင်းတကျောင်း မောင်းခိုင်းပြီး ညတနာရီမှာ ကျောင်းထိုင်ဆရာတော်ကို သွားနှိုးခဲ့ရတဲ့အဖြစ်ကို ကြုံ ရပါတော့တယ်။ ညတွင်းချင်းမှာတင် ဆရာတော်နဲ့ ဦးပဇင်းတွေက တညတာတည်းခိုရေးကို စီစဉ်ပေးခဲ့ကြပါတယ်။ လူအများက အိပ်တော့ မအိပ်နိုင်ကြပါဘူး။ ဆာကလဲ ဆာနေကြတာမို့ ကျောင်းအနီးက ညလုံးပေါက်လက်ဖက်ရည် ဆိုင်မှာ မုန့်တွေသွားပြေးဝယ်ကြရပါသေးတယ်။
ဒီဖြစ်ရပ်လေးဟာလဲ ကြီးကျယ်လှတဲ့ ဖြစ်ရပ်လေးတခု မဟုတ်ခဲ့ပေမယ့် ကျမကို အမှတ်တရ ဖြစ်နေစေခဲ့တယ်။ အဓိ ကကတော့ ကားပေါ်က ပစ္စည်းယူဖို့၊ သူငယ်ချင်းနဲ့ သူ့ညီမလေးနှစ်ယောက်ကို ပြန်ခေါ်ဖို့ သွားမိချိန်မှာ ခရီးသည်တွေ ကို ကြည့်မိရင်း ဖြစ်လာတဲ့ ခံစားချက်။ ဒီခံစားချက်လေးက ကျမဆီမှာ ငွေ့ငွေ့လေး ကပ်ပါနေပါတယ်။။ အမှောင်နဲ့ အန္တရာယ်တွေကနေ ကိုယ်က လွတ်မြောက်နေပေမယ့် အမှောင်ထဲမှာ ကျန်နေခဲ့သူတွေ ရှိနေသေးတယ်။ ဒီအတွေး တွေက ကျမရဲ့ အိပ်စက်ချိန်တွေကို လုယူထားဆဲ…..။
ခင်မမမျိုး

(၃ဝ၊ ၆၊ ၂ဝ၁၁)
http://www.naytthit.net/?p=15057

ဒေါ်လာငွေတန်ဘိုး ကျဆင်းမှု မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်


ဇွန်လ ၂၇၊ ၂၀၁၁-အမေရိကန်ဒေါ်လာဟာ မြန်မာငွေနဲ့ လဲလှယ်ရာမှာ စံချိန်ချိုးလောက်အောင် ကျဆင်းနေတဲ့အတွက် စီးပွားရေး လုပ်ငန်းတွေ ထိခိုက်နေပါတယ်။
ဓာတ်ပုံ - အေပီ
အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းဟာ ဒီလဆန်းကစလို့ အကြီးအကျယ် ကျဆင်းသွားပါတယ်။
"ဒေါ်လာဈေး မတည်မငြိမ် ဖြစ်နေတဲ့အတွက် ကုန်ဈေးနှုန်းကို တွက်ပြီးတော့ ၀ယ်သူဖြစ်တဲ့ နိုင်ငံခြားကို ပြောရတဲ့အခါမှာ အခက်အခဲ ဖြစ်တာပေါ့ဗျာ။"
မြန်မာနိုင်ငံတွင်း အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းဟာ ဇွန်လဆန်းပိုင်းကစလို့ သိသိသာသာ ကျဆင်းသွားတဲ့အတွက် စီးပွားရေး လုပ်ငန်းတွေမှာ ဆုံးရှုံးနစ်နာမှုတွေ ကြုံရမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ နဂိုကမှာ ခိုင်ခိုင်မာမာ မရှိလှတဲ့ မြန်မာ့စီးပွားရေးမှာ ဒေါ်လာတန်ဘိုး မတည်ငြိမ်မှုကြောင့် အခက်အခဲတွေ နောက်ထပ်ကြုံရမှာကိုလည်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်သူတွေ စိုးရိမ်မကင်း ဖြစ်နေပါတယ်။
ဒေါ်လာငွေ တန်ဘိုး မကြုံဖူးလောက်အောင် ဘာ့ကြောင့် ကျဆင်းသွားရတယ်၊ ဒီအခြေအနေကို ဘယ်လို ရှောင်ရှားသွားရမယ် ဆိုတာတွေအပေါ် စီးပွားရေး အသိုင်းအ၀န်းက ကျွမ်းကျင်သူတွေ ဘယ်လို သုံးသပ်နေကြသလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာဟာ မြန်မာကျပ်ငွေနဲ့လဲလှယ်ရာမှာ စံချိန်ချိုးလောက်အောင် ကျဆင်းသွားတာမို့ ပြည်ပနဲ့ ဆက်နွယ် လုပ်ကိုင်နေတဲ့ ကုန်သွယ်မှုတွေ၊ ကုန်ထုတ်လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရပါတယ်။ အမေရိကန် ၁ ဒေါ်လာ နဲ့ လဲလှယ်နှုန်းဟာ ဈေးကွက်ထဲမှာ မူလက ကျပ်ငွေ ၉၀၀ ၀န်းကျင်မှာ ရှိနေရာက၊ ဇွန်လဆန်းကစလို့ ကျပ် ၇၅၀ လောက်အထိ စတင် ကျဆင်းသွားခဲ့သလို၊ နောက်ပိုင်း အနည်းငယ် ပြန်တက်လာပေမဲ့ ကျပ် ၈၀၀ အောက်မှာသာ ဆက်ရှိနေခဲ့တာပါ။ ဒီလို အခြေအနေမှာ ပြည်ပကို ကုန်တင်ပို့နေသူတွေ၊ ကုန်ရောင်းဝယ်ရာမှာ ဈေးဖြတ်သတ်မှတ်ရေး အခက်အခဲတွေနဲ့ စကြုံလာရသလို၊ နောက်ဆက်တွဲ အနေနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာပါ ရိုက်ခတ်မှုတွေလည်း ရှိလာပါတယ်။
ဓာတ်ပုံ - အေပီ
ဒေါ်လာငွေဈေး မတည်ငြိမ်မှုကြောင့် အထူးသဖြင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေအပေါ် ရိုက်ခတ် နေတာပါ။
အထူးသဖြင့်ကတော့ ဒေါ်လာငွေ တန်ဘိုးကျဆင်းတယ် ဆိုတာထက် တည်တည်ငြိမ်ငြိမ် မရှိတာကစီးပွားရေး လုပ်ငန်းတွေအတွက် ပိုပြီး အခက်ကြုံစေတယ်လို့ စီးပွားရေး အချက်အခြာမြို့ဖြစ်တဲ့ ရန်ကုန်မြို့က ပြည်ပပို့ကုန် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“အဓိက သက်ရောက်မှုကတော့ ဒေါ်လာဈေး မတည်မငြိမ် ဖြစ်နေတဲ့အတွက် ကုန်ဈေးနှုန်းကို တွက်ပြီးတော့ ၀ယ်သူဖြစ်တဲ့ နိုင်ငံခြားကို ပြောရတဲ့အခါမှာ အခက်အခဲ ဖြစ်တာပေါ့ဗျာ။ ဒေါ်လာဈေးက ၇၅၀ ပဲနေမလား၊ ၈၀၀ လောက်ပဲ နေမလားပေါ့။ ၈၀၀ လောက်နဲ့ တွက်ပြီး ရောင်းပြီးတော့ တကယ်တမ်း ကိုယ့်လက်ထဲ ငွေရောက်တဲ့ အခါကျတော့ ၁ ဒေါ်လာကို ၇၅၀ ကျပ်ဆိုရင်၊ ဒါဟာ ကျနော်တို့ ပို့ကုန်သမားတွေ အရင်းမရတဲ့အပြင် ရှုံးတောင် အရှုံးပေါ်တဲ့ အနေအထားမျိုးပေါ့ဗျာ။ ဒေါ်လာဈေး ကျတာထက် ဒေါ်လာဈေးက သတ်မှတ်ဈေးနှုန်း တခုမှာ ရှိနေဖို့က ပို့ကုန်ရော၊ သွင်းကုန်ရော လုပ်ငန်းရှင်တွေ အတွက်က ဒါက အရေးကြီးတဲ့ အစိတ်အပိုင်း တခုလို့ပဲ ပြောရမှာပေါ့ဗျာ။ အိတ်စ်ပို့ ဒီဘက် ပြည်ပမှာဆိုရင် ပစ္စည်းတင်မယ့်လူမရှိလို့ နိုင်ငံခြားကိုထွက်တဲ့ သင်္ဘောတွေတောင်မှ ကုန်ကိုစောင့်ပြီး တင်ရတာပေါ့ဗျာ။ ကုန်ကမရတော့ စောင့်ပြီးမှ စုတင်ရတဲ့ သဘောဖြစ်နေတာပေါ့။”
မကြာသေးခင် လတွေကစလို့ ဒေါ်လာငွေတန်ဘိုးဟာ ကမ္ဘာ့ဈေးကွက်ထဲ ကျဆင်းခဲ့တာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ မကြံစဖူး ဈေးတွေ ကျဆင်းခဲ့တာကတော့ တခြား အကြောင်းရင်းတွေ ရှိနေတယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြတာပါ။ အထူးစီးပွားရေး ဇုန်နယ်မြေတွေ ထူထောင်ရာမှာ မြေတွေ၊ ပိုင်ဆိုင်မှုတွေကို မူလတန်ဘိုးထက် အဆမတန်ပေးပြီး ၀ယ်ယူတာတွေ၊ အိမ်နီးချင်း တိုင်းပြည်တွေက စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်လာတာတွေ စတာတွေကအစ အစိုးရက ကမကထလုပ် စီစဉ်တဲ့ ကျောက်မျက်ရတနာ ရောင်းချမှုတွေလို နေရာတွေကနေ ဒေါ်လာတွေ စုပြုံပြီး ဈေးကွက်ထဲ ၀င်လာတာတွေဟာလည်း တန်ဘိုး မတည်ငြိမ်မှုတွေ ဖြစ်စေတယ်လို့ ပြောကြပါတယ်။ လွန်ခဲ့တဲ့ ၆ လအတွင်း ကျောက်စိမ်း အပါအ၀င် ကျောက်မျက်ရတနာ ရောင်းချမှုတွေကတင် ဒေါ်လာသန်း ၃,၀၀၀ ကျော် ၀င်ငွေရထားတာပါ။
ဒီလို ဒေါ်လာတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာပေမဲ့ ဒါတွေကို လည်ပတ်သုံးစွဲရာမှာတော့ အကန့်အသတ်တွေ ရှိနေတဲ့အတွက် ဈေးကွက်ထဲမှာ ပြဿနာတွေ ကြုံလာရတာလို့ ရန်ကုန်မြို့က ပြည်ပပို့ကုန် လုပ်ငန်းရှင်က ပြောပါတယ်။
“ဒေါ်လာဈေးနှုန်းတွေ ၈၀၀ ကျပ် ၀န်းကျင်လောက် ဖြစ်နေတော့ အခြေခံအားဖြင့် ကျနော်တို့ နိုင်ငံခြားကို တင်ပို့ရင် မကိုက်ဘူးပေါ့ဗျာ။ မကိုက်တော့လည်း ဈေးနှုန်းတွေကို ချဝယ်ပေါ့။ နိုင်ငံခြားကို တင်ပို့တဲ့ငွေကသာလျှင် နိုင်ငံခြားကနေ ပစ္စည်းကို မှာယူတင်သွင်းခွင့် ရှိတာကိုး။ တကယ်တမ်း အရေးကြီးတဲ့ အခန်းကဏ္ဍပေါ့ဗျာ၊ စားအုန်းဆီ တင်သွင်းမှုတို့၊ တခြားမော်တော်ကားနဲ့ တခြားပစ္စည်းတွေပေါ့ လွတ်လွတ်လပ်လပ် တင်သွင်းခွင့် ပြုမယ်ဆိုရင် ဒီငွေဈေးနှုန်းက ဆက်လက် ကျဆင်းစရာ မရှိပဲနဲ့ သူ့ဟာသူ ပုံမှန်လည်ပတ် နေမှာပါ။ အခုကတော့ တင်ပို့မှု တခါတရံများတယ်ပေါ့ဗျာ၊ အခုပြည်တွင်းမှာ ဖြစ်နေတဲ့ ကျောက်မျက်ပွဲလိုမျိုး ရောင်းလိုက်တဲ့ ယူရိုငွေတွေ၊ ဒေါ်လာတွေက ပြည်တွင်းမှာ အရမ်းများတဲ့ အခါကျတော့ ဈေးကွက်မှာ ထိုးကျတော့ သွင်းကုန် လုပ်တဲ့လူတွေ အနေနဲ့ကျတော့ လုပ်ရကိုင်ရတာက ဘယ်လိုမှ ထွက်ပေါက်မရှိတဲ့ အနေအထားမျိုး ဖြစ်နေတယ်။”
ဓာတ်ပုံ - အေပီ
အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ တရားဝင် လဲလှယ်နှုန်းဟာ ၆ ကျပ် ၀န်းကျင်သာ သတ်မှတ်ထားပေမဲ့ မှောင်ခိုဈေးကွက်ထဲ လက်တွေ့ ရောင်းဝယ်ရာမှာတော့ ကုန်ပစ္စည်းတန်ဘိုးတွေအပေါ် အဓိကအားဖြင့် အခြေခံထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီသတ်မှတ်ချက်ကို အစိုးရသစ် လက်ထက်မှာ ပြောင်းကောင်းပြောင်းမယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေကလည်း တန်ဘိုး မတည်ငြိမ်မှုတွေကို ဖြစ်စေတဲ့ အကြောင်းရင်း တခုအဖြစ် မြင်သူတွေလည်း ရှိနေတာပါ။
တကယ်တော့ ဒီလို အခြေအနေမျိုးတွေ ကြုံလာတယ်ဆိုရင် တိုင်းပြည်ရဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေမှာ တာဝန်ရှိသူတွေအနေနဲ့ အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်တဲ့ အစီအမံတွေနဲ့ ဟန့်တားဖို့ သင့်တယ်လို့လည်း ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း က မြင်ပါတယ်။
“ဒီဈေးနှုန်း ပြောင်းလဲတာကတော့ အခိုက်အတန့်အားဖြင့် ဘယ်မှာပဲဖြစ်ဖြစ် ဖြစ်နေမှာပဲ။ ဖြစ်နေတဲ့ အခါမှာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း၊ အထူးသဖြင့် ဥပမာအားဖြင့် ဗဟိုဘဏ်တို့ ဘာတို့ကနေပြီးတော့ ၀င်ရောက်ပြီးတော့ လှည့်ပတ်နေတဲ့ ငွေကြေး သိပ်များတယ်ဆိုရင်၊ ပြန်ပြီးတော့ သိမ်းယူတာမျိုး၊ ကြားက အာဏာပိုင် အဖွဲ့အစည်းကနေ ညှိနှိုင်းပေးတာမျိုး ရှိတယ်ဆိုရင်တော့ အပြောင်းအလဲမှာ သက်သာမယ်။ လှည့်ပတ်နေတဲ့ ငွေကြေးက များနေတယ်ဆိုရင် ဒီငွေကြေးကို သုံးဖို့အတွက် အာမခံစာချုပ်တွေ ၀ယ်မယ်၊ ရွှေတွေ ၀ယ်မယ် ဆိုရင် နောက်ပြီးတော့လည်းပဲ အတိုးနှုန်းနဲ့တဆင့် ပြန်ပြီး လုပ်နိုင်တာပေါ့လေ။ မြန်မာနိုင်ငံအနေနဲ့ အဲဒီလို လုပ်တာမျိုးက နည်းလို့သာ ဒီလိုဖြစ်တာနေမှာပေါ့။”
ဒီနှစ်ဆန်းပိုင်းကစလို့ အစိုးရအုပ်ချုပ်မှုမှာ အပြောင်းအလဲတွေ ရှိလာခဲ့တဲ့နောက် စီးပွားရေး အစီအမံတွေမှာလည်း တိုးတက်မှုတွေ ထွက်ပေါ်လာလေမလား မျှော်လင့်ချက်တွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ အရင်စစ်အစိုးရ လက်ထက် စီးပွားရေးလုပ်ငန်းတွေမှာ သြဇာကြီးမားလှတဲ့ ကုန်သွယ်ရေးကောင်စီကို ဖျက်သိမ်းခဲ့တာ၊ သမ္မတအတွက် စီးပွားရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာလို အပြောင်းအလဲတချို့ ရှိခဲ့တဲ့အတွက် စီးပွားရေးဆိုင်ရာ မူဝါဒတွေမှာ ချုပ်ကိုင်မှုတွေ လျော့ပါးလာလေမလား ယူဆခဲ့ကြတာပါ။
ဓာတ်ပုံ - အေပီ
အစိုးရသစ် တက်လာပြီးတဲ့နောက် စီးပွားရေး လွတ်လပ်ခွင့်တွေ ရှိလာလေမလား မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အခုအချိန် အထိကတော့ လက်တွေ့ကျတဲ့ အပြောင်းအလဲတွေ မရှိသေးဘူးလို့ ရန်ကုန်မြို့က ပို့ကုန်လုပ်ငန်းရှင်က ပြောပါတယ်။
“တကယ်တမ်းကျတော့ ကုန်သွယ်ရေး မူဝါဒတွေက ဒီဘက် အစိုးရသစ်ပြောင်းပေမဲ့ ထင်သာမြင်သာအောင် ပြောင်းလဲမှု မရှိသေးတဲ့ အခါကျတော့ လွတ်လွတ်လပ်လပ် တင်သွင်းခွင့် မရတဲ့ အနေအထားမျိုး ဖြစ်တာပေါ့။ ကုန်သွယ်မှု မူဝါဒတွေကို လွတ်လွတ်လပ်လပ် ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ ငွေဈေးနှုန်းက နည်းနည်းပါးပါး ပြန်ပြီးတော့ တက်နိုင်မယ်လို့ မှန်းလို့ရတာပေါ့။”
ထင်ရှားတဲ့ စီးပွားရေးစာစောင်ဖြစ်တဲ့ the Economist ရဲ့ စီးပွားရေး အကဲဖြတ်အဖွဲ့ဖြစ်တဲ့ EIU ကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ် ပေါ်ပေါက်လာပေမဲ့လည်း စစ်ဗိုလ်ချုပ်ဟောင်းတွေသာ ကြီးစိုးနေတာမို့ စီးပွားရေးဆိုင်ရာ မူဝါဒတွေမှာ အရည်အသွေးအားဖြင့် ချက်ခြင်းလက်ငင်း တိုးတက်လာမယ့် အလားအလာတွေ မရှိဘူးလို့ ပြောပါတယ်။ ဒီလိုပဲ ငွေကြေးဆိုင်ရာ မူဝါဒတွေဟာ တိုင်းပြည်စီးပွားရေးကို ပဲ့ကိုင်နိုင်စွမ်း မရှိဘူးလို့ ပြောဆိုထားတာပါ။ တချိန်တည်းမှာပဲ ဒေသတွင်း နိုင်ငံတွေက ရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်လာနေပေမဲ့ ပြည်တွင်းစီးပွားရေးဟာ ဆက်လက်ချိနဲ့နေဦးမှာဖြစ်တယ်လို့ EIU က ခန့်မှန်းထားသလို ဒီနှစ်ထဲ ကုန်ဈေးနှုန်းတွေဟာလည်း ၁၆% ကျော်လောက်အထိ မြင့်တက်နိုင်တယ်လို့ သတိပေးထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။
http://www.voanews.com

မြန်မာ-ယူနန် နယ်စပ်ကုန်သွယ်ရေး

စနေ, 02 ဇူလိုင် 2011
By ဦးအောင်ခင် & မညိုညိုလွင်
ယူနန်-ကချင်နယ်စပ်ဒေသမှာ မတည်မငြိမ်ဖြစ်နေရင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကို ထိခိုက်မှာ သေချာပါတယ်။ ကေအိုင်အို - ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဗမာအစိုးရတို့ အပစ်အခတ် ရပ်စဲခဲ့တဲ့ (၁၇) နှစ်အတွင်းမှာ ယူနန်-မြန်မာ ကုန်သွယ်ရေး အရှိန်အဟုန်နဲ့ တိုးပွားလာပါတယ်။ အခု ကေအိုင်အို ဌာနချုပ်အခြေစိုက်တဲ့ လိုင်ဇာနယ်ခြားမြို့ လေးဟာ ၁၉၉၄ ခုနှစ်မတိုင်မီက လူဦးရေ တထောင်လောက်သာရှိတဲ့ တောရွာကလေးတရွာသာ ဖြစ်ပါတယ်။ အခုတော့ လိုင်ဇာဟာ လူဦးရေ ငါးသောင်းကျော်ရှိတဲ့ ခေတ်မီနယ်စပ်မြို့ ကလေး တမြို့ ဖြစ်နေပါတယ်။

အိမ်နီးချင်းနိုင်ငံနဲ့ ဆက်နေတဲ့ တရုတ်ပြည်နယ်တွေ တိုးတက်ဖွံ့ဖြိုးရေးမှာ နယ်စပ်ကုန်သွယ်ရေးဟာ အဓိက အခမ်းကပါဝင်တယ်လို့ တရုတ်အစိုးရက ယူဆပါတယ်။ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး မြှင့်တင်ဖို့ ၁၉၉၂ ခုနှစ်အစောပိုင်းက ဘေဂျင်း နဲ့ ကုမင်မှာ ကြေညာပြီး (၂) နှစ်အကြာ ၁၉၉၄ ခုနှစ်မှာ ကေအိုင်အို နဲ့ ဗမာအစိုးရ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်က သဘာဝ သယံဇာတတွေကို ထုတ်ယူဖို့ တရုတ်ကုမ္မဏီတွေကို အခွင့်အလမ်း ဖွင့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ လိုင်ဇာ၊ မူဆယ်၊ လွယ်ဂျေ၊ ချင်းရွှေဟော် နဲ့ ကန်ပိုက်တီ တွေဟာ အရေးကြီးတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်စခန်းတွေ ဖြစ်လာပါတယ်။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဗမာစစ်အစိုးရတို့ အပစ်အခတ်မရပ်စဲမီ တနှစ်အလို ၁၉၉၃ ခုနှစ်မှာ ယူနန်ပြည်နယ် ယင်ဂျန်မြို့ က လိုင်ဇာအထိ ကားလမ်းဖောက်လုပ်ပြီးစီးတာကိုကြည့်ရင် လိုင်ဇာကို တံခါးပေါက်အဖြစ် တရုတ်က သဘောထားတာ သိသာပါတယ်။ အပစ်အခတ် ရပ်စဲပြီးတဲ့နောက်ပိုင်း လိုင်ဇာ-မြစ်ကြီးနား ကားလမ်းကို ကေအိုင်အို က ဆောက်တဲ့အတွက် အရင် (၃) ရက်ကြာတဲ့ခရီးကို (၃) နာရီနဲ့ သွားနိုင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာနဲ့အတူ ယူနန်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အရှိန်အဟုန်နဲ့ တိုးတက်လာပါတယ်။ ၂၀၀၁ ခုနှစ်ကစပြီး ကုန်သွယ်ရေးပြပွဲကို နယ်စပ်မြို့ တွေမှာ နှစ်စဉ်ကျင်းပပြီး နယ်စပ်ကုန်သွယ်ရေး အဆက်မပြတ် တိုးတက်ရှင်သန်နေအောင် ကြိုးပမ်းကြပါတယ်။

သစ်တောထွက်ပစ္စည်း၊ လယ်ယာထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုရိုင်း၊ ကျောက်မြတ်ရတနာ၊ ရာဘာစတဲ့ ကုန်ကြမ်းပစ္စည်းနဲ့ စားကုန်ပစ္စည်းတွေကို မြန်မာဘက်က တင်ပို့ပြီး စက်မှုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အထည်အလိပ်၊ ဆေးဝါး နဲ့ နေ့စဉ်သုံးကုန်ချောပစ္စည်းတွေကို တရုတ်ဘက်က တင်သွင်းပါတယ်။ ကေအိုင်အို ရဲ့  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တရုတ်ကုမ္မဏီကို အများဆုံးအသုံးပြုပါတယ်။ အပစ်အခတ် မရပ်စဲမီက လိုင်ဇာမှာ အဆောင်အဦး (၄/၅) ခုသာ ရှိပါတယ်။ ယူနန်ကို သစ်တင်ပို့မှု အရှိန်ကောင်းနေချိန် လိုင်ဇာမှာ အဆောက်အဦးတွေ မှိုလိုပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အခုတော့ လိုင်ဇာဟာ ကချင်၊ မြန်မာ၊ ရှမ်း နဲ့ တရုတ်တွေ စီးပွားရှာတဲ့ ကချင်ပြည်နယ်ရဲ့  အထူးစီးပွားရေးနယ်မြေ ဖြစ်နေပါပြီ။

မြန်မာဟာ ယူနန်ရဲ့  အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်ပါတယ်။ ယူနန်ရဲ့  နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာနဲ့ ကုန်သွယ်တာ (၈၀) ရာခိုင်နှုန်းဟာ ယူနန်-ကချင် နယ်စပ်ဖြစ်ပါတယ်။ ဒါကြောင့် ကေအိုင်အို နဲ့ ဗမာအစိုးရ တိုက်ခိုက်ကြလို့ နယ်စပ်ဒေသ မတည်မငြိမ် ဖြစ်လာတဲ့အတွက် အများဆုံး နစ်နာဆုံးရှုံးသူဟာ ယူနန်ပြည်နယ် ဖြစ်ပါလိမ့်မယ်။ တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ (၅၀) ရာခိုင်နှုန်းကျော်ဟာ နယ်စပ်ကုန်သွယ်ရေးပါ။ မြန်မာပြည်ထဲဝင်တဲ့ ကားလမ်း (၇) လမ်းကိုလည်း ယူနန်ဘက်မှာ ဆောက်လုပ်ပြီး ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့  အခြေခံ အဆောက်အအုံတွေကို တည်ဆောက်ရာမှာ အများဆုံး ကန်ထရိုက်ရသူဟာ ယူနန် အစိုးရဖြစ်ပါတယ်။ တရုတ် ပို့ကုန်-သွင်းကုန် ဘဏ်ကြီးက ငွေထုတ်ပေးပြီး ယူနန်အစိုးရက လုပ်ငန်းအကောင်အထည် ဖော်ပါတယ်။

နေပြည်တော်ကို မီးပေးနေတဲ့ ပေါင်းလောင်းရေအားလျှပ်စစ်ကို အစအဆုံး တာဝန်ယူတည်ဆောက်ပေးသူဟာ ယူနန်ပြည်နယ်အစိုးရ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ရဲရွာ၊ ရွှေလီ၊ ဧရာဝတီစတဲ့ နေရာတွေမှာ ရေအားလျှပ်စစ် တည်ဆောက်ဖို့ ဗမာနဲ့ တရုတ်အစိုးရတို့ သဘောတူကြပါတယ်။ ဧရာဝတီနဲ့ သံလွင်မှာ ရေကာတာ (၂၀) ကျော်နဲ့ ရေအားလျှပ်စစ်စက်ရုံတွေ တည်ဆောက်ပြီး ယူနန်ပြည်နယ်နဲ့ ထိုင်းနိုင်ငံကို လျှပ်စစ်ဓါတ်အားရောင်းစားဖို့ ဗမာအစိုးရက ရည်ရွယ်ပါတယ်။ မြစ်ကြီးနားမြို့ အနီးက မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းဟာ အကြီးဆုံးဖြစ်လို့ ဒေသခံတိုင်းရင်းသားတွေ နေရာဖယ်ပေးရတဲ့အပြင် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲတဲ့ဒဏ်ကိုပါ စတင်ခံစားနေကြရပါတယ်။ မိမိတို့ အိုးအိမ်နဲ့ ယဉ်ကျေးမှုဓလေ့တွေကို အန္တရာယ်ပြုလာတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ဒေသခံတွေက အတိအလင်း ကန့်ကွက်ကြပါတယ်။

မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းဖို့ ကချင်ခေါင်းဆောင် (၁၂) ဦးက ၂၀၀၇ မှာ ဗိုလ်ချုပ်ကြီး သန်းရွှေ ဆီကို စာရေးမေတ္တာရပ်ခံခဲ့ကြပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ကလည်း မြစ်ဆုံဆည်ကြောင့် စစ်ဖြစ်နိုင်ပုံကို တရုတ်သမ္မတဆီကို စာရေးပြီး အကြောင်းကြားထားခဲ့ပါတယ်။ ယူနန်-ကချင် နယ်စပ်တည်ငြိမ်ရေးမှာ ယူနန်ပြည်နယ် စီးပွားရေး၊ ကချင်အမျိုးသားရေး နဲ့ ဗမာအစိုးရ အာဏာပြနိုင်ရေး စတာတွေ ဆက်စပ်နေတာမို့ စစ်ဖြစ်ပြီဆိုရင် သက်ဆိုင်သူအားလုံး အနည်းနဲ့အများ ဆုံးရှုံးနစ်နာကြမှာ ဖြစ်ပါတယ်။
http://www.voanews.com