Monday, July 4, 2011

ငါ က သနား လို့ ၊ နင့် လို အကောင် ကို ငါးရာ ပေး တာ


အေးဗျာ ၊ ဘယ် သတင်းစာ ထဲ မှာ လဲ မပါ ၊ ဘယ် သူ က မှ လဲ အတည် ပြု မ ပေး တဲ့ သတင်းဆိုတော့ လဲ၊ ကောလဟလ သတင်း ထရက် မှာ ဘဲ ရေး ပါ ရ စေ ခင် ဗျာ။ ဒါပေမဲ့ စစ်တပ် ထဲက လူ တို့ ၊ စစ်တပ်ထဲ အဆွေအမျိုး ရှိ တဲ့ သူ တွေ က သိ ပြီး သား သတင်း ဖြစ် မှာ ပါ။

ခုရက် ပိုင်း စစ်တပ် ထဲ မှာ ရာထူး နေ ရာ တွေ အတော် ပြောင်း ကြ ပါ တယ် ၊ အထူး သဖြင့်စစ်တိုင်းမှူး တွေ ၊တပ်မမှူး တွေ နေ ရာ အပြောင်း အလဲ အတော်တော် များ များ လုပ် လိုက် ပါတယ် တဲ့ ခင် ဗျ ၊ တိုင်းမှူး တွေ တင်မဟုတ် ပါ ဘူး ၊ ဗိုလ် ပေါက် စ ၊ ဗိုလ်မှူး ၊ ဗိုလ်ကြီးတွေပါ သွား ရော့ ၊ လဟယ် ပါ ဘဲ တဲ့ ခင် ဗျ။ လ ဟယ် မြို့ဆို တာ အင်ဂျင်းယန် ၊ ချီဘွေတို့ လို ၊ ဟိုး အဝေးကြီး က မြို့ လေး တမြို့ ပါ။

အရင် က စစ်တပ် ထဲ မှာ ဘယ်သူ နဲ့ သိလို့ တို့ ၊ ဘယ် ဗိုလ်ချုပ် နဲ့ ပိုင် လို့ ဆို ပြီး ၊စစ်ဆင်ရေး တခါ မှ မလိုက်ဘဲ၊လူကြီး တွေ အတွက် ခေါက်ဆွဲကျော် ဝယ် ပေး ရ သလိုလို ၊တိုင်းမှူး ရဲ့ ဘိနပ် ဘဲ ၊ နေ့ တိုင်း တိုက် ပေး ရသလိုလို နဲ့မြို့ပေါ်တင် တသက်စာ စစ်သက်ရှည် နေတဲ့ ဗိုလ် လူတန်းစား တွေ ရှိပါတယ်။

အခုရက်ပိုင်း လို ၊ ဟို နား က ဂျိမ်း ကနဲ ၊ ဒီ နား က ဒက် ဒက် ဒက် ၊ တိုက် ပွဲ သံ တွေ များလာ တော့ ရှေ့တန်း နေရ တဲ့ သူ နဲ့ ၊ နောက် တန်း မှာ ဇိမ် ကျ နေ သူ ကြား ၊ တွက် ကပ် သံက များ လာ ပါတယ် ၊ ဘယ် သူ က မှ ရှေ့တန်း မသွား ချင် ကြ ပါ ဘူး ၊ သေ ရ မှာ ကလူ တိုင်း ကြောက် ကြ တာ ကိုး ခင် ဗျ။

အခုတော့ ကာကွယ်ရေးဦးစီးချုပ် အသစ် က လဲ နားညီး လာတယ် ထင် ပ ဗျာ ၊ ရှေ့ တန်း နေ ဘူးတဲ့ စစ်သက် ကိုကြည့်ပြီး ၊ မ နေ ဘူး ၊ မသေ ဘူး တဲ့ လူ မကျန် ရ အောင် ၊ ရှိ သ မျှစစ်ဗိုလ်တွေ အကုန် နေ ရာ ပြောင်း ပစ်တယ်လို့ ကြား ရ ပါ တယ်။ လောလော ဆယ် က တော့အိမ်သူ သက်ထား ဇနီး မယား တို့ က ၊ ဒို့ ကိုကိုအသက်ရှည် အောင် ၊ အန်တရယ် ကင်းအောင်ဘေး မသီ ရန် မခ ရ အောင် ၊ မေး လိုက် ရ တဲ့ ဗေဒင် ၊ ချေလိုက်ရ တဲ့ ယတြာ ၊ရောင်း ကောင်း လိုက် တဲ့ ဆေး ဖယောင်း တိုင် ၊ ဒို့ ကိုကို ရဲ့ လခ ကို ဘဲ စား ပါ ရ စေ ၊ဒို့ကိုကို ရဲ့ သက်ပျောက် ပင်စင် လေး ကို တော့ ၊ မ စား ရက် ကြ ပါ တဲ့ ခင် ဗျာ ။

အင်း တပ်တွေ မှာ လဲ ဖွဲ့စည်းပုံ က လဲ မပြည့် ၊ အခု တွယ် နေ ရ တဲ့ ပုတ်ဂိုလ် တွေ က လဲအပွဲပွဲ နွဲလာကြ တဲ့ဝါရင့်သဘာရင့် ကြီးတွေနဲ့ ဆိုတော့ ပွဲ က တော့ ကြည့် ကောင်း ပြီ ပေါ့ဗျာအများပြော နေ ကြ တာ က ၊ခလေးစစ်သားပြသနာ တွေ ပါ၊ ဒါ့ အပြင် ခလေးစစ်ဗိုလ်တွေ က လဲဒု နဲ့ ဒေး ပေါ့ ခင်ဗျာ ၊ ၁၆ နှစ် ဆယ်တန်းအောင် ၊စစ်တက္ကသိုလ် ကို ၃ နှစ် တက် ၊ ဗိုလ်ဖြစ်လာတော့ ၁၉ နှစ် ၂ဝ ပေါ့၊

ရှေ့တန်း ရောက် လို့ သေနတ်သံ ၊ ဖန်း ဖန်း ဖန်း ၊ တောက် တောက် ၊ ပတောက် ဆိုပြီး ၂ ချက်၃ချက် လောက် စ ကြားတာ နဲ့ သွေး ပျက်တော့ တာပါဘဲ ၊ သေနတ် သံ ကြား တာ နဲ့ ၊ မြေကြီးနဲ့ မျက် နှာ ၊ ပြား နေ အောင် တအားအပ်ပြီး ၊ အီး ၊ အ ဟီး ၊ ဟီး ဟီး ဆို ပြီး ၊ အဖေ ရောအမေ ကို ရော တ ပြီး ၊ ခြုံး မဲ ချ ငို ကုန် ကြ လို့ ၊သူတို့ ကို ချော့ ရ တာ လဲ အလုပ် ပို ပါသတဲ့ ဗျ ။ ဟုတ် တာ ပေါ့ ဗျာ ၊ ခလေး အရွယ် ဘဲ ရှိ သေး တာ ကိုး ၊ ချော့ရ တော့ မှာ ပါ

အရင် က စစ်တက္ကသိုလ် ဆိုတာ လူ ၁ ရာကျော်လေး ခေါ်တာပါ ၊ ပြီးတော့ ၄ နှစ် တက် ရ ပါတယ် ၊ အခု တော့၃ ထောင် ၄ ထောင် ၊ ဘုံးဘော လအော ခေားတော့ လေ့ ကျင့် ရ တာလဲ အခြေအနေ မပေးတော့ ပါဘူး၊ ဆေးတက္ကသိုလ် တွေ ၊ အင်ဂျင်နီယာ တက္ကသိုလ် တွေ မှာကျောင်းသား အခေါ်များ လို့ လက်တွေ့ ခွဲစရာ စိတ်စရာအလောင်း ရှားလာ လို့ ၊ ပရက်တီကယ်ပစ္စည်း ပြစရာ နဲ လာ လို့ အရည်အသွေးရော့ လာ သလို ဘဲ ၊ စစ် တပ်မှာ လဲ ကျည်ဆံ ရှားလာ လို့ ၊ အမြောက်ဆံ ဈေးကြီး လာ လို့ ၊ စစ်တက္ကသိုလ်တွေ မှာ လဲ လက်တွေ့ သင်ရ တဲ့အရည်အသွေးတွေ ကျ လာ ပါ တယ်။ ၃ နှစ်ဘဲ သင်ရ တော့ ပိုဆိုး တာ ပေါ့ ဗျာ၊

အမြောက်တပ်က ဗိုလ်ကြီးတွေ ဆိုရင် တနှစ် နေ မှ တခါ ၊ ရှိ သမျှ ဗိုလ် တွေ တနေရာ မှာ အကုန်စု ပြီး တနေရာ မှသရုပ်ပြ ပစ်ပြ တာ ကို ဘဲ မြင်ဘူးသူ များ ပါ တယ် ၊ ကိုယ်တိုင် တခါ မှအမြောက် မပစ်ဘူး ကြပါဘူး ၊ ဒီ သရုပ်ပြ ပစ်တာ ကို ဘဲ ပိုက်ဆံ က သောက်သောက်လဲ ကုန်ပါတယ်။ ဒါကြောင့် ခလေး စစ်ဗိုလ်လေး တွေ မိုင်းကွဲ တာ မမြင်ဘူးလို့၊ ရှေ့တန်း မှာ မိုင်း ကွဲရင်၊ မမြင်ဘူး လို့ ရှေ့တိုး အုံ ကြည့် ကြ ရင်း ၊ မိုင်း ထပ် ကွဲ လို့ သေ ကြ တာ တွေရှိပါတယ်

အရင်တုံး က မဲသဝေါ တို့ မော်ဖိုးကေ တို့ မှာ လို သူတင် ကိုယ်တင် တိုက် နိုင် ခဲ့ တဲ့ အတွေ့အကြုံ ရှိ သူ တွေ က အခုမရှိ သလောက် ရှား သွားပါ ပြီ၊ အသစ် ဆင်းလာ တဲ့ ခလေး စစ်ဗိုလ်လေး တွေ အတွက် ရာထူးနေရာ ပေးစရာ ပေါ် အောင် ပြီး ခဲ့ တဲ့ ၃ နှစ် က အသက် ၅ဝ ကျော်သူဗိုလ်မှူးကြီး တွေ ၊ အသက် ၄ဝ ကျော်သူဗိုလ်မှူး တွေ အသက် ၃၅ အထက် ဗိုလ်ကြီး တွေ ကိုတော်တော်များ ပင်စင် ပေးပစ် လိုက်တဲ့ အထဲပါသွားကြပါဘီ၊ မ ရှိ ကြ တော့ ပါ ဘူး ၊

အခု တပ်ရင်းမှူး တို့ ဗျူဟာမှူး တို့ ဆိုတာက ၁၉၉၂ နောက်ပိုင်း မှ ဗိုလ် စ ဖြစ် လာ သူ တွေအသက် ၄ဝ ကျော်ဝန်းကျင်တွေ များပါတယ် ၊ အဲဒီ အချိန် မှာ တိုင်းရင်းသား အဖွဲ့အစည်းတွေ နဲ့ ညိမ်းချမ်းရေးယူပြီးချိန်တလျောက်လုံးဖြစ် တဲ့ အတွက် ၊ စစ်ဆင်ရေး ကြီးကြီးမားမားထဲ ဘယ်သူ မှ မပါဘူး ပါဘူး ၊ အခု မှနဖူးတွေ့ ဒူးတွေ့ ၊ ထ ကြုံ ကြ ရ တော့ ၊ ပြာ ကုန်တော့ တာ ပါ ဘဲ ၊ အခု တော့ ဗိုလ် တိုင်း ၊ စစ် တိုက်ဘူး အောင် နေ ရာ တွေ ရွှေ့ ပစ် တဲ့ပုံ စံ ရှိ ပါ တယ် ၊ အင်း ၊ မကောင်း သူ ထိပ် ၊ ကောင်း သူ ထိပ် ပေါ့ ဗျာ ၊ဗေဒင် ဆရာ တွေ ၊ ယ တြာ တွေ ၊ ဆေး ဖရောင်း တိုင် တွေ ရောင်း ကောင်း ကြ တာမ ထူး ဆန်း ပေ ဘူး ပေါ့ ခင်ဗျာ ၊

စစ်သား တွေ က လဲ အငယ် လေး တွေ များ ပါ တယ် ၊ နဲ နဲ လေး ၊ ငတ် လာ ၊ ပြတ် လာ ရင်ထွက် ပြေး ချင် ကြသူ များ ပါ တယ် ၊ စစ် သား က စစ် ပြေး ဖြစ် ရ တဲ့ ပြသနာ က လဲနဲနဲ နောနော ပြသနာ မဟုတ်ပါ ခင်ဗျာ ၊ စစ် သားခလေး တယောက် ၊ ရှေ့တန်း မှာ ထွက်ပြေး သွား ရင် ၊ ကျန် ခဲ့ တဲ့ သူ တွေ က ပြသနာ အတော် ရှင်း ရ ၊ လင်းရ ပါ တယ် ၊

စစ်ပြေးတာ ၊ လူ သက်သက် ပြေး ရင် ပြသနာ က နဲ နဲ တော် ပါ သေး တယ် ၊ သေ နတ် ပါယူပြီး ထွက် ပြေး သွားလို့ က တော့ ၊ ကျန် ခဲ့ တဲ့ တပ်စု က ၊ ပြသနာ ရှင်း ဘို့ မလွယ် တော့ပါ လို့ သိ ရ ပါ တယ် ၊ ဒါ ကြောင့် ရှေ့တန်း ရောက် နေ ချိန် တောင် ၊ ကိုယ့် ရဲဘော် က စိတ်မချ ရ ပါဘူး ၊ ပြေး လောက် မယ် ထင် တဲ့ရဲဘော် ဆိုရင် ၊ ကင်း တို့ ဘာ တို့ စောင့် ခိုင်း ချင်ရင် တောင် သေနတ် ကို လက် ထဲ ပေး မထား ရဲ ကြပါဘူး ၊ ဝါး လုံး ၁လုံး ကို ဘဲ သေ နတ်ကိုင် သလို လုပ်ပြီး ကင်း စောင့် ခိုင်း ရ ပါ သတဲ့ ခင်ဗျ။

တကယ် လို့ ကင်းစောင့် ရင်း ၊ ရန် သူ တက် လာ ရင် ၊ တန်း ပစ် စရာ လက် ထဲ သေနတ် မရှိပါဘူး တဲ့ ခင်ဗျ ၊ ကိုင် ထား တဲ့ ဝါးလုံး နဲ့ ၊ အိပ် နေ တဲ့ ကိုယ့် လူ တွေ ကို ၊ အကုန် ရိုက် နှိုးဘို့ ကို ဘဲ တာဝန် ပေး ထား ရ ပါ သတဲ့ ခင်ဗျ ၊ ခေတ် တွေ ၊ စနစ် တွေ ပြောင်း ကုန် တော့စစ် တိုက် နည်း ၊ သေ န င်္က ဗျူ ဟာ တွေ က လဲ ၊ ထူး ပေဆန်း ပေ ပေါ့ ခင် ဗျာ ၊

အခု အစိုးရသစ် သမတ ဦးသိန်းစိန် လက်ထက် မှာ တိုင်းမှူးတွေ ကို နယ်ဘက် လုပ်ပိုင်ခွင့် တွေ ကိုတော်တော် လေး ကန့်သတ် လိုက်ပါတယ် ၊ တိုင်းမှူး အသစ်တွေ ကြေ ကွဲ ရ တာ ပေါ့ ခင် ဗျာ။အရင် က ကျွန်တော်တို့ ရန်ကုန် မှာစစ်ဒေသ၁ ၂ ၃ ၄ ဆို ပီး ပိုင်းထား ပါ တယ် ၊ တလော ကသတင်းစာထဲ မှာ ရဲဒေသကြီး ၁ ၂ ၃ ၄ ဆိုပြီးရဲမှူးတွေ ပြောင်းတာဝန်ပေးထား တာ တွေ့ရပါ တယ်

ကို ရွှေ ပုလိပ် တို့ ၊ ရွှေ ခေတ် ရောက် ပီ ပေါ့ ဗျာ ၊ အခု ပုလိပ် မင်း တို့ ထင်ရာ လုပ် လာ တာအများကြီး တွေ့ ရ ပါတယ် ၊ ပုလိပ် ဆို တာဗျာ ၊ ခေတ် အဆက် ဆက် ၊ ငို စား ရီ စား လုပ် လာတာ ပါ။ ဒါ ကြောင့် လဲ ၊ပုလိပ် ချေး ငွေ၊ ကြက် သောက် ရေ ၊ ဘုရား ရွှေ ချ ၊ ပြန် မ ရ လို့ရေး လူ ကြီး တွေ စာ ဆို ထား ကြ တာ ပါ ခင် ဗျာ ၊ ပုလိပ် နဲ့ဘာ ဘဲ ပါတ် သက် ၊ ပါတ် သက်ကိုယ့် ဘက် က အရှုံး ၊ အ ကုန် ဆုံး မဲ့ အကြောင်း ပြော ထား တာ ပါ။

အခု ဆို မြို့ ကြီး တွေ တော် တော် များ များ မှာ ဝစ်သောက် ကားတွေ ပြန် ခေတ်စား လာ ပါ တယ်ဒါ တွေ က နယ်စပ် တွေ က မောင်း ဝင် လာ တာ ပါ။ အခု များ နယ်စပ် မြို့ က ပုလိပ်မင်း ကခရိုင် မြို့ ကို ၊ အစည်းဝေး လာ ရင် ၊အရေးကြီးလို့ ဆို ပြီး ၊ ဝစ်သောက်ကားကြီး ကို ရှေ့ခန်းကမိန့် မိန့် ကြီး စီး ပြီး လာ ပါ တယ် ၊ ဘယ် သူ က ဖမ်းရဲ မှာလဲ ဗျာ ၊ အဲ အစည်းဝေး လဲ ပြီး ရောအဲဒီ ဝစ်သောက် ကား က ဘယ်ရောက် သွား လဲ မသိ တော့ ဘူး ဗျ ၊ပုလိပ်မင်း က အပြန် ကျတော့ ၊ လိုင်း ကား ဒိုင်နာ ကား စီး ပြီး ၊ ပြန် သွား ကြ ပါ တယ်။

နောက် တခေါက် အစည်းဝေး လာ ရင် ၊ နောက် တစီး ကို ဒီ လို ဘဲ အသစ် ထပ် စီး လာ ပြန် ရောခင် ဗျ။ အဆင့်ဆင့်နဲ့ ၊ ပုလိပ်မင်း တို့ အစည်းဝေး တက် လိုက် ကြ တာ ၊ ရန် ကုန် ၊နေပြည်တော် ၊ မန်းတလေး ထိဝစ်သောက်ကား တွေ ရောက် လာ ပါ တယ်။ တလော ကမန်းတလေး မှာ ဗုံးပေါက် တုံး က ၊ ၃ခ / ဆာဖ် ဝစ်သောက်ကားကြီး ကို ဗုံးခွဲသူ က သိန်း ၆ဝနဲ့ ပွဲစား ထံ က ဝယ်ခဲ့ကြောင်း သတင်းစာ မှာ ပါ လာ ပါ တယ်။ အဲဒီ ပွဲစား က နဂို ဘယ်သူ့ ဆီက ဝယ် ခဲ့ သလဲ ဆို တာ တော့ ၊ ဘယ်သူ့ မှ လိုက် မေး ထား တာ မတွေ့ ရ ပါဘူး ၊

တကယ်တော့ ဒီ ကားတွေ က သိန်း ၆ဝ မပေး ရ ပါ ဘူး ၊ ၃ဝ ၊ ၄ဝ ဝန်းကျင် လောက် ဘဲ ရှိတာ ပါ။ တလော က ၊ဘယ် သူ က ဖွ လိုက် သလဲ မသိ ပါ ဗျာ ၊ ဝစ်သောက် ကား တွေ လိုင်စင်တွေ ပြန် ပေးတော့ မယ် ကောလဟလထွက် လာ တာ နဲ့ ဈေး နဲ နဲ မြောက်သွား တာ ပါ။ဗုံး ခွဲ တဲ့ လူ က ဈေး ပေး တာ ၊ ပေါက်ဈေး ထက် ၊ နဲနဲ များ သွား ပါတယ် ခင် ဗျာ။

အစိုးရ က လဲ ဗျာ ၊ ရှုံ ချီ နှပ် ချီ နဲ့ ၊ ဝစ်သောက် ကား တွေ ကို တော် ကြာ ဖမ်း လိုက် ၊တော်ကြာ လိုင်စင် လုပ် ပေးလိုက် နဲ့ ၊ ဒီ ဝစ်သောက် ကားတွေ ၊ ခြေထောက် မပါ ဘဲ ၊ မြို့ကြီးတွေ ကို ဘယ် လို ရောက် လာ သလဲ ၊တခါ မှ ဂဃဏန စုံစမ်း တာ မတွေ့ ရ ပါ ဘူး ၊

ကုန်ကားတွေ စစ်တဲ့ ဂိတ်တွေ မှာ လဲ အခု ဆို ၊ ရဲ ဘဲ ရှိ ပါ တော့ တယ် ၊ စစ် တာ က တော့သေချာ စစ်တယ် ခင်ဗျ ၊ကါးပေါ် ကို သေချာ ရှာ ၊ ဓါတ်ပုံတွေ ဘာ တွေ ရိုက်ပြီး ၊ ကန့်သတ်ထား တဲ့ ကုန် တွေ တခု မှ မပါ ကြောင်း ၊သက်သေအထောက် အထား နဲ့ ပေါ့ ခင် ဗျာ

ဘယ် ပါ တော့ မလဲ ဗျာ ၊ ကုန်ကား က ဂိတ် မဝင် ခင် ၊ ဝါး ၃ ရိုက် လောက် မှ ၊ ပါ လာ တဲ့ပစ္စည်း အကုန်ချပြီး ၊လူနဲ့ ထမ်းသယ် နေ တာ ကိုး ဗျ ၊ အဲ ဒီ ထမ်း တဲ့ လူ တွေ က ၊ ဂိတ် ကိုပတ် လျောက် သွား ပြီး ၊ ဂိတ် ကျော် ပြီးဝါး ၃ ရိုက် လောက် မှာ ပြန် တင် နေကြ ပါ တယ်။ဂိတ် ထဲ မှာ စနစ် တကျ စစ် နေ တာ က ၊ ကားပေါ်မှာ ဘာ မှရှာ မတွေ့ ပါ ပေါ့ ခင် ဗျာ။

အဲ လို ထမ်း သယ် နေ တာ ကို ၊ ရဲ တွေ အကုန် တွေ့ ပါ တယ် ၊ သိ လဲ သိ ပါ တယ်၊ဒါ ပေ မဲ့ သူ တို့ တာဝန် ရှိတာ က ကား ကို ဘဲ စစ် ဘို့ ပါ ၊ လူ ကို စစ် ဘို့ မပါ ပါဘူးကုန်သည် ဆီ က ရော ၊ ကားဆရာ ဆီ က ပါ ၊လိုင်း ကြေး ယူ ထား တဲ့ အပြင် ၊ ခု နကုန် ထမ်း တဲ့ လူ တွေ ဆီ က ပါ ၊ တယောက် ၁ ထောင် တောင်း ထားပါ သေး တယ်။

ကုန်ထမ်း တဲ့ သူ တွေ က ၂ ရာ ဘဲ ယူ ပါ ဆရာ လို့ ညှိ ကြ တော့ ၊ ရဲ တွေ က ဘာ ပြောသလဲ ဆို တော့ ၊ ဘာကွ၊ ၂ ရာ ဆို တာ ခေတ် ကုန် သွားပြီ၊ အရင် နဝတ ခေတ် က ဘဲရ မယ် ၊ အခု အစိုးရ က အသစ် ကွ ၊ ၁ ထောင် မှမပေး နိုင် ရင် ၊ မင်း တို့ မထမ်း နဲ့ တဲ့ကုန်ထမ်း တဲ့ လူ တွေ က လဲ တနေ့ ၇ ထောင် ၈ ထောင် ရ နေ ကြ တော့ကြည် ကြည် သာ သာ ဘဲ ဈေး တဲ့ သွား ပါ သ တဲ့ ခင်ဗျ ။

ပုလိပ် တွေ က အခု ပို ဆိုး လာ တယ် ဗျာ ၊ အိမ် မှာ သူခိုး အခိုး ခံ ရ လို့ တိုင် ချက် သွားဖွင့်ရင် လုပ် မပေး ပါ ဘူး၊ လာ မ ရှုပ် စမ်း ပါ နဲ့ ကွာ တဲ့ ၊ ဒီ မှာ အမှု လက် ကျန် များ လွန်း လို့စိတ် ညစ် နေ ရ တဲ့ အထဲ ဆို ပြီး ငေါက်လွှတ် ပါ တယ် ၊ အဲ ၊ အိမ် ရှင် က ၊ ကိုယ့် ဘာ သာခိုးတဲ့ သူ ခိုးရော ၊ ခိုးရာ ပါ ပစ္စည်း ရော ၊ သက် သေ ၊ သက် ကာယနဲ့ ပြည့် ပြည့် စုံ စုံအိမ်ရှင် က ဖမ်း ပေးထား ရင် တော့ လက် ခံ ပါ တယ် ၊ မြို့နယ် အတွင်း ခိုး မှု က ဘယ်လောက် ၊တရားခံဖမ်းလို့ ရ တာ အမှု ဘယ်လောက် ဆို ပြီး ၊ ကျောက် သင် ပုံး ပေါ် မှာပြုံးပြုံးကြီး ရေး တော့ တာပါ ဘဲ ၊တကယ် တော့ ပုလိပ် က ဖမ်း ပေး တာ မဟုတ် ရ ပါ။အိမ် ရှင် က ဘဲ ၊ ကိုယ် ထူ ကိုယ် ထ ၊ သူ ခိုး ဖမ်း ပေး ရတာ ပါ ခင် ဗျာ ။

တနေ့ က ရုံး က အပြန် လမ်းဒေါင့် မှာ ဓါတ်ဆီ မှောင်ခို ရောင်း တဲ့ ကုလားမ အဒေါ်ကြီးတယောက် ပူညံ ပူညံလုပ် နေတာကို ဘေး က လူ တွေ ဝိုင်း ရီ နေ တာ တွေ့ ခဲ့ ရ ပါ တယ်။နယ်ထိန်း က ဓါတ်ဆီ ရောင်း တဲ့ အဒေါ်ကြီးကို နေ့ကြေး လာ တောင်း နေ ပုံ ရ ပါ တယ်။

အဒေါ်ကြီး က အော် ပြော နေ တာ က ( ဟဲ့ ၊ သောက် ကောင် ၊ နင် က လူ ပါး ဝ လို့အခု မှ တပ်ကြပ် ဘဲ ရှိ သေးတာ ၊ နင့် ဆရာ စခန်းမှူး ကို မှ ၊ ငါ က တနေ့ တထောင် ပေးထား တာ ၊ ငါ က သနား လို့ ၊ နင့် လိုအကောင် ကို ငါးရာ ပေး တာ ၊ သွား ၊ ယူ ချင် ယူမ ယူ ချင် နေ ၊ လူ ပါး တော့ ၊ မ ဝ နဲ့ ) တဲ့ ခင် ဗျ။ ဘေးလူ တွေ က ရီလိုက် ကြ တာ ခင် ဗျာ

တလော က ကျူးပစ် သတင်းထဲ ဖတ်လိုက် ရ ပါ တယ် ၊ မုံရွာ မှာ ဖြစ် ခဲ့ တာ ပါ ၊ ဆိုင်ကယ်ဦးထုပ် မဆောင်း တဲ့သူ တွေ ကို ဖမ်းပြီး ပုလိပ်က ငွေ တောင်း တာ ပါ။ မုံရွာ ဝန်ကြီးချုပ်ဗိုလ်ချုပ်သာအေး က ရုပ်ဖျက် ပြီး ၊ သူကိုယ်တိုင်ဦးထုပ် မဆောင်း ဘဲ အဖမ်း ခံ ၊ ပြီး တော့ပုလိပ် က တသောင်းခွဲ တောင်း တာ ကို ၊ ကိုယ်တိုင် ပေး ခဲ့ ပြီး၊ နောက် နေ့ ကျ မှအဲဒီ ပိုက်ဆံတောင်း တဲ့ ပုလိပ် ၄ ယောက် ကို အလုပ် ဖြုတ် လိုက်တယ် ဖတ် ရ ပါ တယ်။ဒီပုလိပ်တွေ အတွက် အဲ လို မျိုး မှ ထိုက် တန် သလို ပါ။

တော် ပါ ဘီ ဗျာ ၊ ဆက် မရေး ချင် တော့ ပါ ဘူး ၊ ဒါတွေ ကြားရ တာ စိတ် ထဲ မှာ မ ကောင်း လှ ပါ ဘူး ၊အား လဲနာ ပါ တယ် ၊ လွန် ဒါ ရှိ လဲ ၊ ဝန် ဒါ မိ ပေါ့ ခင် ဗျာ ၊ ဒါ ပေ မဲ့မြန်မာဘောလုံးအသင်း ဘာဖြစ်လို့ ပွဲတိုင်း ရှုံး နေရ သလဲ ဆို တာ ၊ ဝါရင့် အားကစားကလောင်ရှင် ကျောက်ဘီလူး ဦးတင်မောင်တွေ က ထောက် ပြ ထား တာ ဖတ် ရ တော့ဒီ လို ပါ ဘဲ ၊ စိတ် ထဲ ရှိ တဲ့ အတိုင်း ရေး ဖြစ် သွား ပါ တယ် ၊စိတ် ထဲ မှာ တော့ စိတ် ပျက် လက် ပျက် ၊ဝမ်း နည်း ၊ ပက် လက် ဖြစ် နေ ရ ပါ ပ ဗျား ၊


အေဇော်ကြီး
မြန်မာကျူ့ပစ်ဖိုရမ်

(မှတဆင့်)

၎.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
4 July 2011 Yeyintnge's Diary.doc4 July 2011 Yeyintnge's Diary.doc
753K   View   Download  
4 July 2011 Yeyintnge's Diary.pdf4 July 2011 Yeyintnge's Diary.pdf
2240K   View   Download  
Letter_to_Secretary.pdfLetter_to_Secretary.pdf
53K   View   Download  

http://www.mediafire.com/file/74w1hd316t7ztj4/4%20July%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/0ashprpexr3qck5/4%20July%202011%20Yeyintnge%27s%20Diary.pdf
4 July 2011 Yeyintnge's Diary

တကယ်လုပ်မှာလား


Posted by admin on July 4, 2011

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ဆိုပြီး အလုပ်ရုံဆွေးနွေးပွဲမျိုး နှစ်ခုလုပ်ခဲ့တယ်။ အဲ သည့် နှစ်ခုဟာ နေပြည်တော်မှာ ၂ဝဝ၉ ခုနှစ်မှာ လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ အခု ၂ဝ၁၁ ခုနှစ်မှာလည်း တတိယ အကြိမ်မြောက် အလားတူ ဖိုရမ်တခု ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံခြားက ပညာရှင်တွေ၊ ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာ ပညာရှင်တွေကိုလည်း ဖိတ်ပါတယ်။ အစိုးရဖက်က အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတို့၊ စိုက်ပျိုး ရေးဝန်ကြီးဌာနတို့က အာဏာပိုင်တွေနဲ့ တခြားသော အရာရှိများ တက်ရောက်ကြပါတယ်။

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာမှာ ဒုတိယအကြိမ် ဆွေးနွေးပွဲလုပ်တုန်းက နာမည်ကြီး စီးပွားရေးပညာရှင်လည်းဖြစ် စီးပွားရေး ဆိုင်ရာ နိုဘယ်ဆုကို ရရှိထားတဲ့ ပါမောက္ခ ဂျိုးဆက်စတိဂလစ်က ဦးဆောင်ပြီး ဆွေးနွေးခဲ့တယ်လို့ မှတ်မိပါတယ်။ အဲသည်တုန်းက ပါမောက္ခကြီးက မြန်မာနိုင်ငံမှာ စီးပွားရေး ပြန်လည်ဦးမော့လာအောင် လယ်ယာစိုက်ပျိုးရေးကို အား ပေးမြှင့်တင်ဖို့ အကြံပြုခဲ့ပါတယ်။ လယ်သမားတွေ ကူညီဖို့ရာလည်း မမေ့ဖို့ အဆိုပြုခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ တချိန် က စပါးအထွက်ကောင်းခဲ့လို့ နိုင်ငံခြားကို ဆန်တင်ပို့ခဲ့ရာမှာ နာမည်ရှိခဲ့တဲ့ တိုင်းပြည်ဖြစ်ခဲ့လို့ စပါးစိုက်ပျိုးရေးကို ပြန် ပြီး အာရုံစိုက်ဖို့ ပြောတာလို့လည်း သူက ထောက်ပြခဲ့ပါတယ်။ ပါမောက္ခကြီး အကြုံပြုသွားခဲ့တာ အခုဆိုရင် တနှစ်နဲ့ ခြောက်လ ရှိသွားပါပြီ။ အစိုးရဟောင်းရော အစိုးရသစ်ရော စိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်လို့ ဘာတွေများ အခြေ တည်ခဲ့တာ ရှိသလဲဆိုတာ ပြန်ကြည့်လိုက်တော့ ဘာမှ သေသေချာချာ ပြင်ဆင်မထားဖူး၊ ဘာတခုမှလည်း လုပ်မထား ဘူးဆိုတာ တွေ့ရပါတယ်။ အခုလည်း တခါလုပ်ပြန်ပါပြီ၊ ဟိုပညာရှင် သည်ကျွမ်းကျင်သူ စတာတွေကိုတော့ ဖိတ်ပြီး ဆွေးနွေးပွဲတွေ လုပ်ပြန်ပါတယ်။ လက်တွေ့မှာ ဘယ်လို အကောင်အထည် ဖော်ကြမလဲ ဆိုတာကိုတော့ စောင့်ကြည့် ရဦးမှာပေါ့။

ဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတာတော့ ကောင်းတယ်လို့ ဆိုရမှာပါပဲ။ ဒါပေမယ့် ဆွေးနွေးပွဲရဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီတဲ့ ပညာရှင် တွေကို ရွေးချယ်ဖိတ်ကြားရာမှာ အရေးကြီးပါတယ်။ အစိုးရနဲ့ အလွမ်းသင့်တဲ့ ပညာရှင်တွေသာ ရွေးဖိတ်ရင် (သို့မဟုတ်) အစိုးရ ကြားချင်တာကိုပဲ လှလှလေး ပြောပြတဲ့ ပညာရှင်မျိုးကို ဖိတ်ကြားရင်လည်း အဲသည် ကတည်းက လွဲနေပြီလို့ ပြောလိုပါတယ်။ စိုက်ပျိုးရေးကို ပြန်လည်မြှင့်တင်မယ် ဆိုတာ တဖက်မှာ ကြည့်ရင် စီးပွားရေးဦးမော့လာ အောင် ဆောင်ရွက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပါသလို ဆင်းရဲနွမ်းပါးမှုကို လျှော့ချခြင်းဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း အ ကောင်အထည် ဖော်ရာ ရောက်ပါတယ်။ အဲသည်တော့ကာ ဖိတ်ကြားထားလို့ ဆွေးနွေးမယ့် ကျွမ်းကျင်သူ ဆိုတာများ ထဲမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ကိစ္စတွေ ဖြစ်စဉ်တွေကို တစိုက်မတ်မတ် လေ့လာပြီး လုပ်ကိုင်နေတဲ့ သူ များ အများစုအနေနဲ့ ပါဝင်ဖို့ လိုပါတယ်။ သမိုင်းပညာရှင်တွေ၊ နိုင်ငံရေး ပဋိပက္ခ ဖြေရှင်းရေး ပညာရှင်တွေ၊ ဘာခေါင်း စဉ်လာလာ တက်ဆွေးနွေးမယ်လို့ မောင်းတင်ထားတဲ့ နိုင်ငံတကာ အဆင့်မမီပေမယ့် ကိုယ့်ကိုယ်ကို ပညာရှင်လို့ သတ်မှတ်ထားသူတွေ၊ အစိုးရအကြိုက်လိုက်ပြောရင်း ဖျာခင်းချင်တဲ့ တဝက်တပျက် ပညာရှင်တွေ၊ အဲသလို လူမျိုး တွေက ဆွေးနွေးပွဲမှာ မင်းမူနေမယ် ဆိုရင် တော့ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ရလဒ်ကောင်း ထွက်ဖို့ လွယ် မှာ မဟုတ်ပါဘူး။ အထက်မှာ ပြောခဲ့တဲ့ သူတွေအနေနဲ့ ဆွေးနွေးပွဲကို မတက်ရဘူး မပါဝင်ရဘူးလို့ မဆိုလိုပါ။ နောက်တချက်ကတော့ စီးပွားရေး ပညာရှင်တိုင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖြစ်စဉ်နဲ့ ကိစ္စတွေကို နားလည်တယ် လို့ မယူဆပါနဲ့။ စီးပွားရေး ပညာရပ်ဂွင်မှာလည်း မတူကွဲပြားတဲ့ နယ်ပယ်တွေ ရှိနေတဲ့ အတွက်ကြောင့်ပါ။ ကိုယ့်နေ ရာ ကိုယ့်ဏ္ဍကို သိဖို့နားလည်ဖို့လိုကြောင်း ထောက်ပြလိုတာ ဖြစ်ပါတယ်။

နောက်တချက်ကတော့ လယ်ယာစိုက်ပျိုးရေး အကြောင်းကို ပြောပြီး လယ်သမားတွေ စိုက်ပျိုးသူတွေ ပါဝင်ခွင့်မရတဲ့ ဆွေးနွေးပွဲမျိုးက ထွက်လာမယ့် ရလဒ်ကို နောက်ပိုင်းမှာ လယ်သမားတွေက လိုက်နာပြီး လုပ်ဆောင်ရမယ်ဆိုတာ ကလည်း ဘယ်လိုမှ သဘာဝမကျတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ လယ်ယာအကြောင်း စိုက်ပျိုးရေးအကြောင်းကို လယ် သမား ကာယကံရှင်က အသိဆုံးပါ။ သူတို့ ပိုတိုးတက်လာဖို့ သူတို့ရဲ့ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့ လိုအပ်နေတာက ဘာတွေ၊ မလိုအပ်ဘဲ ဝန်ထုတ်ဝန်ပိုး ဖြစ်နေတာက ဘာတွေ၊ ဖိနှိပ်ခံရပြီး တမင်အညစ်ခံရတာတွေက ဘာတွေ အစ ရှိတာတွေကို လယ်သမားက သိပါတယ်။ ဒါနဲ့ ပတ်သက်လို့ သူတို့မှာ သူတို့ဘဝက သဘာဝအတိုင်း ပေးထားတဲ့ local knowledge ဒေသဆိုင်ရာ ဗဟုသုတ အသိဉာဏ်က ရှိထားပြီး သားပါ။ ဒီအခြေအနေတွေကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ ပညာရှင်တွေနဲ့ အာဏာပိုင်တွေ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြီး ထွက်လာတဲ့ ရလဒ်တွေအတိုင်း လယ်သမား ကို ဘာလုပ်ပါဆိုပြီး ခိုင်းရင် ရှေ့ရှောက်ဘာမှ တိုးတက်မှု ရှိမှာမဟုတ်ဖူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါရေစေ။ ဒါကြောင့် လယ်သမားတွေကို ခင်ဗျားတို့ ဘာလိုသလဲ၊ ဘယ်လိုလုပ်ချင်တဲ့ ဆန္ဒရှိသလဲ ဆိုတာကို အကြောက်တရား ကင်းကင်း နဲ့ ပြောကြပါစေ တင်ပြပါစေ။

မပြောမပြီး ပြောရဦးမယ့် နောက်တချက်ကတော့ စိုက်ပျိုးမြေတွေကို လယ်သမားတွေဆီက သိမ်းယူနေတာတွေကို ရပ်တန်းက ရပ်ဖို့လိုပါတယ်။ သိမ်းယူထားတဲ လယ်ယာမြေတွေကို ပြန်လည်ပေးအပ်ဖို့ လိုပါတယ်။ လယ်သမားတွေ ဆီက နောက်ထပ် ဘယ်လိုအကြောင်းနဲ့မှာ လယ်တွေယာတွေကို မသိမ်းပါဖူးလို့ အစိုးရအသစ်က ပထမဆုံးအာမခံဖို့ လိုနေပါတယ်။ စီးပွားရေး ကုမ္ပဏီတွေက အာဏာပိုင်တွေနဲ့ လက်ဝါးရိုက်ပြီး ဈေးပေါပေါနဲ့ အချောင်သိမ်းယူထားတဲ့ လယ်မြေတွေကိုလည်း မူလပိုင်ရှင် လယ်သမားတွေဆီ ပြန်ပေးပါ။ စစ်တပ်ပိုင်လုပ်ထားတဲ့ လယ်ယာမြေတွေလည်း ဒီအထဲမှာ အကြုံးဝင်ပါတယ်။ အဲတာနဲ့ တဆက်ထဲမှာ လယ်ယာမြေပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်တဲ့ ခေတ်နဲ့ မဆီလျှော် တော့တဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့ ပါလီမန်မှာ ဆွေးနွေးဖို့ လိုပါတယ်။ ကန်ထရိုက် လယ်ယာမြေစနစ်ကို အ ကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေကိုလည်း ရပ်တန်းကရပ်ဖို့ ပြောရပါလိမ့်မယ်။ ကန်ထရိုက်လယ်ယာ မြေ စနစ်ဆိုတာ အများနားလည်လွယ်အောင် ပြောရမယ်ဆိုရင် စက်မှုတိုးတက်ပြီး ထိပ်တန်းရောက်နေတဲ့ နိုင်ငံတွေ မှာသာ အလုပ်ဖြစ်ပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အဲသလို နိုင်ငံတွေမှာ လယ်သမားဟာ လက်တဆုပ်စာ လူနည်း စု ဖြစ်နေလို့ပါ။ လူများစု မြို့ပြမှာပဲ နေကြလို့ပါ။ မြန်မာပြည်ဟာ အဲသည့် အခြေအနေနဲ့ ပြောင်းပြန် ဖြစ်နေတာကို မမေ့သင့်။

စုတုပြု လုပ်ငန်းတွေကို အရင်လုပ်ဖို့လည်း လိုပါသေးတယ်။ ဆိုလိုခြင်တာကတော့ ဆင်းရဲမွဲတေမှုကို လျှော့ချဖို့ ကြိုး စားခဲ့တဲ့ နိုင်ငံတွေ၊ ကြိုးစားနေဆဲ နိုင်ငံတွေမှာ ဘယ်လောက်အောင်မြင်လဲ၊ မအောင်မြင်ဘဲ ကျရှုံးခဲ့သလား၊ ဒါမှမ ဟုတ် ရာခိုင်နှုန်းအနည်းငယ်သာ အောင်မြင်တာလား၊ ဘာ့ကြောင့်လဲ၊ ဘယ်လိုကြောင့်လဲ စတာတွေကို လေ့လာ နည်းနာ ယူဖို့လိုပါတယ်။ သူများ မှားခဲ့တာတွေ အားနည်းခဲ့တာတွေကို သင်ခန်းစာယူဖို့ ဆန္ဒရှိတယ် ဆိုရင်တော့ ဒီ အလုပ်တွေကလည်း မလုပ်မဖြစ် လုပ်ဖို့ လိုပါတယ်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ အသေးစား လယ်သမားများအတွက် ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းစဉ်ဟာ ထင် သလောက် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့
၁။ ဆင်းရဲမွဲတေမှုလျှော့ချရေး လုပ်ငန်းစဉ်တွေမှာ ကွင်းဆင်းပြီး လုပ်ကိုင်တဲ့ အစိုးရက လွှတ်လိုက်တဲ့ ဝန်ထမ်းတွေ အရည်အသွေး မပြည့်မီခြင်း၊
၂။ လာဘ်ပေးလာဘ်ယူ ကြီးမားခြင်း၊
၃။ ကိုယ်နဲ့အလွမ်းမသင့်တဲ့ ဧရိယာဆိုရင် အင်တိုက်အားတိုက် မလုပ်ဘဲ ဝန်ထမ်းများက ပေယျလကန် ထား ထား ခြင်း၊
၎။ ဗြူရိုကရေစီ ယန္တရားက မလိုအပ်ဘဲ ကြီးမားပြီး အဟန့်အတား ဖြစ်နေခြင်း၊
၅။ လယ်သမားတွေ အတွက် လိုအပ်တဲ့ ပညာပေးလုပ်ငန်းများနဲ့ လိုအပ်တဲ့ ငွေအင်အားကို ပြည့်ပြည့်ဝဝ မထောက် ပံ့နိုင်ခြင်း၊
၆။ တချို့နေရာတွေမှာ အင်အားကြီးတဲ့ ဒေသခံ မြေပိုင်ရှင် သူဋ္ဌေးကြီးများကို အစိုးရဝန်ထမ်းကိုယ်တိုင်က မလွန်ဆန် နိုင်ခြင်း (သို့) ပုလင်းတူဗူးဆို့ ဖြစ်နေခြင်း၊
၇။ အိန္ဒိယ လူ့အဖွဲ့အစည်းမှာ ကနေ့အထိ အမြစ်တွယ်နေသေးတဲ့ လူတန်းစားအရ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားခြင်း စနစ် က တချို့နေရာများတွင် အနှောင့်အယှက်လို ဖြစ်နေခြင်း၊
၈။ ကျေးလက်မှာ ပြုလုပ်နေတဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း ဖြစ်စဉ်ဟာ မြို့ပြမှာ ပြုလုပ်နေတဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ ချခြင်းနဲ့ ကောင်းကောင်း မချိတ်ဆက်နိုင်သေးခြင်း၊
၉။ တချို့နေရာတွေမှာ မိုးခေါင်လွန်းခြင်း ရေကြီးလွန်းခြင်းဆိုတဲ့ သဘာဝဘေးအန္တရယ်များကို ဆက်တိုက် ရင်ဆိုင်ရ ခြင်း။

အဲတာတွေအပြင် နောက်ထပ် ကြီးငယ်လတ် ပြဿနာတွေလည်း အမြောက်အများ ရှိနေပါသေးတယ်။ ဆက်စပ်လို့ ပြောရရင် ကနေ့ တကမ္ဘာလုံးမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ အသေးစားလယ်သမားတွေ အများအပြား ရှိနေပါတယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ အသေးစား လယ်သမား အရေအတွက်ဟာ သန်းပေါင်း ၉ဝဝ ကျော် ရှိတယ်လို့ လေ့လာသူ များ က ဆိုပါတယ်။ အဲသည့် လယ်သမား တဦးစီမှာ မီခိုသူ နှစ်ဦးကျစီပဲ ရှိတယ်ထား။ လယ်ယာစိုက်ပျိုးရေးကို တိုက်ရိုက် မှီခိုနေရသူ (သွယ်ဝှိုက်မှီခိုနေရသူမပါ) စုစုပေါင်းဟာ သန်းပေါင်း ၂၇ဝဝ ကျော် ရှိနေတယ်လို့ အကြမ်းဖျဉ်း တွက်နိုင် ပါတယ်။ မြန်မာနိုင်ငံမှာကော ဘယ်လောက်ရှိမလဲ။ စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။

အစိုးရဟောင်း လက်ထက်တုန်းက ဓာတ်ငွေ့နဲ့ သဘာဝ အရင်းအမြစ်တွေကို ရောင်းလို့ရတဲ့ ငွေတွေကို လယ်ယာ စိုက်ပျိုးရေး တိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ သုံးစွဲမှာလား ဆိုတာကလည်း မေးဖို့လိုတဲ့ မေးခွန်းပါ။ နောက် တခုကတော့ စီးပွားရေးကုမ္ပဏီကြီးတွေ နိုင်ငံတော်ကို မှန်မှန်ကန်ကန် အခွန်ဆောင်ရဲ့လား၊ အဲသည့် အခွန်တော် ငွေ တွေကို အစိုးရက ဆင်းရဲမွဲတေမှု လျှော့ချရေးလုပ်ငန်းတွေမှာ သုံးဖို့အစီအစဉ် ရှိသလား။ ဒါတွေကိုလည်း သိဖို့လိုပါ တယ်။ ထပ်ဖြည့်ရဦးမဲ့ အချက်ကတော့ လွတ်လပ်တဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက လယ်သမားတွေရဲ့ စိုက် ပျိုးရေးကိစ္စတွေမှာ ဝင်ရောက် ကူညီလာရင် သူတို့ကိုကော အစိုးရသစ်က ရှောရှောရှူနဲ့ ဆောင်ရွက်ခွင့်ပေးမှာလား။ ဟိုအဖွဲ့ဆိုရင် မလုပ်ရ၊ သည်အဖွဲ့ဆိုရင် မလုပ်ရ။ လုပ်ချင်ရင် အစိုးရကသတ်မှတ်ပေးထားတဲ့ တွဲပေးတဲ့ အဖွဲ့အစည်း နဲ့သာ လုပ်ခွင့်ရမှာလား။

ကောင်းပါပြီ အစစအရာရာ အဆင်ပြေကြလို့ နောင်မှာ စိုက်ပျိုးလုပ်ငန်းတွေလည်း တိုးတက်ဖွံ့ဖြိုးလာ၊ လူများစု လယ် သမား ထုကြီးလည်း ဆင်းရဲတွင်းကနေ တဖြည်းဖြည်း ထွက်လာကြပြီ ဆိုပါစို့။ သို့သော် တိုင်းရင်းသား ဒေသတွေမှာ ရှိနေတဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့ စစ်ပွဲတွေ ဆက်ဖြစ်နေတယ်ဆိုရင် အစိုးရဟာ စစ်တပ်ကို အင်အားကောင်း အောင် တပ်ဆင်ရတော့မှာ ဖြစ်သလို တိုက်ပွဲတွေကြောင့် စစ်စရိတ်က ထောင်းလာမှာ ဖြစ်တဲ့အတွက် ငွေကမလိုအပ် ဘဲ ကုန်ဦးမှာပါ။ ပြောရရင် အဲသလို အခြေအနေတွေကို ရင်ဆိုင်လာရပြီ ဆိုရင်တော့ ကုလားခပ်လာတဲ့ရေ ကုလား ဖင်ဆေးတာနဲ့ကုန် ဆိုသလို ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင်တော့ မြန်မာ့ဆန်စပါး နိုင်ငံတကာမှာ ပြန်လည်မြင့်တက်လာဖို့နဲ့ ဆင်းရဲ မွဲတေမှု လျှော့ချရေးဟာ အောင်မြင်လိမ့်မယ် မဟုတ်ကြောင်း ပြောလိုက်ပါရစေ။ ဆင်းရဲမွဲတေမှု လျှော့ကျဖို့ ဆိုတာ နိုင်ငံသားအားလုံး ကြောင့်ကျမှု ကင်းကင်းနဲ့ အမှန်တကယ် ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်မှသာ အောင်မြင်ဖို့ရှိ ကြောင်း ထပ်လောင်း ပြောလိုပါတယ်။ ကိုယ့်တဦးထဲ တဖွဲ့ထဲ ခွဲလုပ်လို့ မဖြစ်နိုင်ပါကြောင်း။

ဇော်မင်း
၃ဝ ရက်၊ ဇွန်လ၊ ၂ဝ၁၁ ခုနှစ်

ရွက်မွန် မှ …
http://www.naytthit.net/?p=15092

ဦးကျော်ဝင်းမှဟယ်လာရီကလင်တန်ထံပေးစာ

The Honorable Hillary Clinton
The Department of State
2201 C Street NW
Washington, DC 20520

Dated : July 4, 2011

Dear Secretary Clinton,
I am writing to inform you that, as of today, I have no choice but to leave the service of the
Government of Myanmar and I am formally requesting political asylum in the United States for
me and my family. After over 31 years of service in the Ministry of Foreign Affairs, I had lost
confidence and my conscience would no longer allow me to work for the government. It has
always been my hope that democratic reform could finally be realized in my country. The truth is
that, despite the election that was held up as a democratic process, the military continues to hold
uncontested power and democratic change under this system will not happen in the foreseeable
future.
As the Deputy Chief of Mission to the Myanmar embassy in Washington, I was responsible for
reaching out to the Washington, D.C.-based diplomatic community, members of Congress, the
media and the governmental and NGO circles. Unfortunately, my efforts of reaching out to
groups and individuals here, and my reports suggesting of actions to improve bilateral relation
between Myanmar and the U.S. have been continually rejected and resulted in my being deemed
dangerous by the government. Because of this, I am also convinced and live in fear that I will be
prosecuted for my actions, efforts and beliefs when I return to Naypyidaw after completing my
tour of duty here.
When I first began my service in the Foreign Ministry I thought that, over time and perhaps
with the help of my efforts, the military would ease its grip and send Myanmar on a path to
greater political pluralism. However, the truth is that senior military officials are consolidating
their grip on power and seeking to stamp out the voices of those seeking democracy, human
rights and individual liberties. Oppression is rising and war against our ethnic cousins is
imminent and at present, threats are being made against Aung San Suu Kyi --they must be taken
seriously.
I have not left the service of my people, but I have defected from working for a government
which is against its countrymen. I know that many in the military believe, like me, that the army
of General Aung San has been corrupted and is now an oppressor of the people, not a defender of
the people. I want to urge them not to fear democracy, but embrace it as the only way forward
that can bring peace to the land we love. They too can become the heroes for whom the army
used to represent by preventing violence and take steps to ease tensions and build respect with
our ethnic minorities.
Madam Secretary, I respectfully want to urge you to use the political will of the United States
to create through an international body, a council of inquiry to investigate the human rights
violations that have taken place in the conflict zones of my country by the government’s armed
forces or any other armed groups. I also respectfully urge you to fully implement highly targeted
financial sanctions against the government and their cronies that serve to keep them in power.
These sanctions can play a critical role in denying the regime, and the businessmen who live off
of them, access to the international financial system.
The United States has played a special role in standing up for democracy and freedom in my
country. Please, it is more important than ever that my country not be allowed to disappear
behind the headlines of countries experiencing their own troubles. There are many civil servants
and those in the military who can benefit greatly from greater exposure to the international
community and international norms and values. Continued engagement with my government at
all levels can help open a window, change the mindset imprinted by the regime, and let them see
an alternative path towards peace and freedom.
Recently, Mongolian President Elbegdorj, a strong supporter of democracy in my country,
spoke in Washington where he stated that “no dictatorship, no military regime, no authoritarian
government can stand against the collective will of a people who want to be free.” I could not
agree more and I hope those words start the leaders in Naypyidaw thinking about how to build
meaningful peace and prosperity in Myanmar.
I look forward to devoting my time, energy and my future to the freedom of my homeland. I
thank you for your efforts on behalf of my countrymen and, as the American people celebrate
their Independence Day, we will one day soon celebrate ours. The democracy movement in my
country cannot be crushed. It is alive and well and at some point will prevail.
Sincerely,

Kyaw Win

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူး ခရီးထွက်


တနင်္လာ, 04 ဇူလိုင် 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံဟိုတယ်သို့ ရောက်ရှိလာရာ ကြိုဆိုသူများနှင့် တွေ့ရစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံဟိုတယ်သို့ ရောက်ရှိလာရာ ကြိုဆိုသူများနှင့် တွေ့ရစဉ်။ ဇူလိုင် ၄၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် နယ်ခရီးစဉ် အဖြစ်နဲ့ တနင်္လာနေ့ကနေ သောကြာနေ့အထိ ပုဂံ၊ ညောင်ဦးကို သွားရောက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေအတွင်း အသက်အန္တရာယ် ရှိမှာကို ကမ္ဘာ့ခေါင်းဆောင်တွေက ပူပန်ကြသလိုပဲ ပြည်တွင်းမှာလည်း စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ နိုင်ငံသားတဦး အနေနဲ့ လွတ်လပ်စွာ သွားလာခွင့်တွေ ရှိရမှာ ဖြစ်သလို နိုင်ငံသားတိုင်းရဲ့ လုံခြုံရေးဟာလည်း အုပ်ချုပ်သူ အစိုးရမှာ တာဝန်ရှိတယ်လို့ သတ်မှတ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ် အခြေအနေနဲ့ ပတ်သက်ပြီး ဘန်ကောက်ရုံးကနေ ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီးနောက် ၇ လနီးပါး ရန်ကုန်မှာပဲ နိုင်ငံရေးနဲ့ လူမှုရေး ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေရာက အခု ပုဂံ၊ ညောင်ဦးကို သွားရောက်ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။
“ပုဂံ၊ ညောင်ဦး ရောက်နေပါပြီ။ မနက်ခင်း ၈ နာရီ ၁၀ မိနစ်လောက်ကတည်းက ရောက်နေပါတယ်။ အခုဟာ နိုင်ငံရေး လှုပ်ရှားမှုနဲ့ မပတ်သက်ဘူး၊ စည်းရုံးရေးနဲ့လည်း မပတ်သက်ဘူး။ နှစ်ပေါင်း ၂၂ နှစ်ကြာ ကာလပတ်လုံး သူ့သားတွေကို လျစ်လျူရှုထားတာကို ပြန်ပြီးတော့ ထေတဲ့အနေနဲ့ သားငယ်ကို အချိန်ပေးပြီး ပုဂံကို ဘုရားဖူးသွားတာ။ သွားတဲ့အခါမှာ အဲဒီ မြို့နယ်တွေမှာရှိတဲ့ NLD တွေကို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကိစ္စတွေ မဆွေးနွေးပါနဲ့၊ လာမပြောပါနဲ့ ဆိုပြီးတော့ ကျနော်တို့ တားထားတယ်။”
သားငယ်ဖြစ်သူ ကိုထိန်လင်းကတော့ တနင်္ဂနွေနေ့ မနက်ကတည်းက NLD လူငယ်တချို့နဲ့အတူ ရန်ကုန်က ထွက်ခွာခဲ့ပြီး နေပြည်တော်ဘက်ကနေ ပုဂံကို ကားနဲ့ သွားရောက်ခဲ့ပါတယ်။ ဒီ ပုဂံ၊ ညောင်ဦး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် အဓိက ဘုရား ၂ ဆူကို ဖူးတို့အတွက် ရည်ရွယ်ထားတယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။
“သွားမှာ သိတာကတော့ ဘာသာရေးနဲ့လည်း ပတ်သက်တယ်၊ ပြီးတော့ တိုင်းရင်းသားတွေနဲ့လည်း ပတ်သက်တဲ့ဟာ၊ ရည်ရွယ်ထားတာ ဘုရား ၂ ဆူပဲ ဖူးမယ်လို့ ရည်ရွယ်တယ်။ တခုက မနူဟာ၊ အနော်ရထာမင်း လက်ထက်တုန်းက သုံ့ပန်းဖြစ်ခဲ့တဲ့ မနူဟာဘုရားပေါ့။ နောက်တခုက ကျန်စစ်သား တည်ခဲ့တဲ့ အာနန္ဒာဘုရား။ ပုဂံခေတ် ပုဂံရာဇ၀င်မှာဆို ကျန်စစ်သားက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဦးစားပေး လုပ်ခဲ့တဲ့ ဘုရင်ကိုး။ ဒီဘုရား ၂ ဆူကိုတော့ ဦးစားပေးပြီးတော့ သွားကန်တော့မယ်ဆိုတာ ကျနော်တို့ သိရပါတယ်။”
နိုင်ငံရေးမပါဘဲ ဘုရားဖူးသက်သက် သွားရောက်တာ ဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။
“ကျနော်တို့ ဒီကနေ လူငယ် ၁၁ ယောက် ပါသွားတယ်။ မန္တလေးတိုင်းကလည်း လူငယ် ၂၀ ပါမယ်။ နောက်ပြီးတော့ ဟိုတယ်အနား တ၀ိုက်မှာရှိတဲ့ လုံခြုံရေးလည်း ရှိတယ်။ အဲဒီ လုံခြုံရေးက လူ လေးငါးဆယ်လောက်က နေ့ကင်း ညကင်း၊ နေ့ကင်း ညကင်းဆိုတာ ဘာလက်နက်မှ မပါဘူးနော်။ ကျနော်တို့လည်း စိတ်ပူတာပေါ့။”
နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီးတဲ့နောက် ပထမဆုံး ခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် NLD ကသာမက ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ကလည်း စိတ်ပူတာမို့ သူတို့အစီအစဉ်နဲ့ သူတို့ လိုက်ပါသွားကြပြီး အဖွဲ့သားတဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ပုဂံ၊ ညောင်ဦးက လုံခြုံရေး အနေအထားကို အခုလို ပြောပြပါတယ်။
“လုံခြုံရေး အခြေအနေကတော့ အခုထိ အေးအေးချမ်းချမ်း ရှိတာကို တွေ့ရပါတယ်။ အန်တီက မနက် ၈ နာရီ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်မှာ လေယာဉ်ဆိုက်ပါတယ်။ နောက် လမ်းမှာလည်း အေးအေးချမ်းချမ်း ကြိုဆိုကြတာမျိုး ရှိပါတယ်။ ပြီးတော့ အစိုးရဘက်ကလည်း ယူနီဖောင်း မဟုတ်ဘဲ အရပ်ဝတ်တွေနဲ့ ရဲအရာရှိတွေကနေပြီးတော့ အများကြီး လိုက်ပြီး ကူညီ ဆောင်ရွက်ပေးတာမျိုးတွေလည်း တွေ့ရပါတယ်။ ဟိုတယ်ကလည်း အားလုံးကို ပျူပျူငှာငှာပါပဲ။ အစစ အရာရာ လိုလေသေး မရှိအောင်လည်း ဟိုတယ်က ပြင်ဆင်ပေးပါတယ်။ လုံခြုံရေးကိစ္စအတွက် ဟိုတယ်နဲ့ ညှိနှိုင်းပြီးတော့ လုပ်ချင်တဲ့ ပုံသဏ္ဌာန်တွေ ပြောပြတဲ့ အခါမှာလည်း ဟိုတယ်ကနေပြီး အပြည့်အ၀ လိုက်ပါ ပူးပေါင်း ဆောင်ရွက်ပေးတာမျိုးတွေ အများကြီး ရှိပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံသားတဦး အနေနဲ့ ပြည်တွင်းမှာ ခရီးထွက်ခွင့် ရှိသလို လွတ်လပ်စွာ သွားလာခွင့်လည်း ရှိပြီး နိုင်ငံသားတဦးရဲ့ လုံခြုံရေးဟာ အုပ်ချုပ်သူ အစိုးရမှာ တာဝန်ရှိတယ်လို့ ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောပါတယ်။
“လွတ်လပ်စွာ သွားလာခွင့် ရှိရမှာပေါ့။ ဒီမိုကရေစီနိုင်ငံ သူတို့ ထူထောင်ထားပြီး ရွေးကောက်ပွဲလုပ်တယ်၊ ဘာလုပ်တယ်ဆိုတော့၊ အန္တရာယ်ရှိတာ မရှိတာကို၊ အမှန်ကတော့ သွားရမှာပဲလေ။ သို့သော်လည်း သတိထားသင့်တာက ညကို မသွားဘဲ နေ့ကိုပဲ သွားသင့်တယ်လို့ ဒီလိုပဲ တိုက်တွန်းချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂရုမစိုက်ဘူးဆိုပြီး ညကြီးသွားရင် ရန်သူဆိုတာ မမြင်နိုင်ဘူးလေ။ ညတော့ ရှောင်ဖို့ကောင်းတယ်။
“အရင်တခါ ကြံစည်တုန်းကလည်း ညကြီး ၈ နာရီမို့၊ ရွှေဘိုခရိုင် ဒီပဲယင်းမှာ ဖြစ်ခဲ့တာလည်း။ နေ့လယ်ဘက်ပဲ မနက် ၅ နာရီက ညနေ ၅ နာရီလောက်ပဲ မော်တော်ကားနဲ့ သွားဖို့ကောင်းတယ်လို့ ဒီလိုပဲ တွက်ပါတယ်။ အစိုးရ အနေနဲ့လည်း တကယ်လို့ ဖြစ်ရင် လုံးဝ တာဝန်က ကြီးသွားပြီ။ ပုဂံမြို့ဆိုတာ တကမ္ဘာလုံးက ဧည့်သည်တွေလာပြီး ကြည့်ရှုတဲ့ နေရာဒေသလေ။ အဲတော့ တစုံတခုဖြစ်ရင် အန္တရာယ်ပြုတာတွေ သူတို့က လုံးဝ တာဝန်ယူရမှာပဲ။”
ဒေါ်အောင်ဆန်းစုကြည် နယ်ကို အခုလို ခရီးစထွက်လာတာမို့ နယ်က ဒေသခံတွေက ၀မ်းမြောက်နေကြသလို သူတို့ဒေသတွေကို လာရောက်ဖို့ပါ စောင့်မျှော်နေကြပေမဲ့ အခုလို ဘုရားဖူး မဟုတ်ဘဲ နိုင်ငံရေးကိစ္စနဲ့ လာမယ် ဆိုရင်တော့ လုံခြုံရေးကို စိတ်ပူနေကြတယ်လို့ မုံရွာဒေသခံ တဦးက ပြောပါတယ်။
“လူတွေကတော့ မျှော်နေကြတာပေါ့။ ခါတိုင်းတော့ နည်းနည်း လှုပ်လှုပ်ရှားရှား ရှိတယ်လေ၊ ကြံ့ဖွံ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက။ အခုတော့ အဲဒီဟာ ဘာမှ လှုပ်လှုပ်ရှားရှား အသံတော့ မကြားသေးဘူးဗျ။ ငြိမ်နေတဲ့ သဘောပေါ့။ အရင်ကတော့ လှုပ်လှုပ်ရှားရှား ရှိတယ်ပေါ့။ အစိုးရဘက်ကရော၊ ဒေါ်စုတို့ဘက်ကရော။ အခုတော့ ဘာမှ လှုပ်လှုပ်ရှားရှား မရှိပါဘူး။ ဒီဘက်က ရှိထားတာ ဒီပဲယင်း အရေးအခင်း ရှိထားတာကိုး။ သေချာပေါက် ပြောလို့တော့ မရဘူး။ နည်းနည်း ဂရုစိုက်မှ၊ အာရုံထားမှပေါ့။ အဲဒီပုံစံမျိုး မ၀င်ဘူးလို့ မပြောနိုင်ဘူးလေ။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်အတွက် အန္တရာယ် ကျရောက်မှာကို စိုးရိမ်ကြောင်း စနေနေ့ကမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ် (Kevin Rudd) က ထုတ်ဖော် ပြောကြားခဲ့သလို ရှေ့လာမယ့် နယ်စည်းရုံးရေး ခရီးစဉ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်အဖို့ လုံခြုံမှု ဘယ်လောက်ရှိတယ် ဆိုတာဟာ မြန်မာအစိုးရသစ်ကို စမ်းသပ်တာမျိုး ဖြစ်ပြီး လက်ရှိ အာဏာပိုင်တွေမှာ လုံးဝ တာဝန်ရှိတယ်လို့ တနင်္လာနေ့ မနက်ပိုင်းမှာ သြစတြေးလျ အသံလွှင့်ဌာနတွေကို ပြောကြားခဲ့ပါတယ်။
http://www.voanews.com/burmese/news/dassk-trip-bagan-124964954.html

မန္တလေးရောက် ပြည်ကြီးပေါက်





 အနေမဆန်းပြားခဲ့
ခြေလှမ်းမမှားတဲ့
ရွှေမန်းသားအစစ်တွေ
ကျုံးရေကို ပစ်ခွာ
နာရီစင်နဲ့ဝေးကွာ
ခုတော့ ရေကြည်ရာ မြက်နုရာ…။

 ကဗျာဆရာ မြတ်ထက်က သူရဲ့ ‘မြနန္ဒာ ရှာပုံတော်’ ထဲမှာ နန်းမြို့တော်ဟောင်း မန္တလေးကို လွမ်းတသသ၊ တမ်းတကာရယ်နဲ့ ခံစားရေးဖွဲ့ထားတာပါ။ ကိုယ်တိုင်ကလည်း မန္တလေးသားပါပဲ။

မြို့ရွာအစွဲရယ်က မြန်မာတွေကြား အတော်အတန် ကြီးမားလှတဲ့အထဲမှာမှ ရပ်ရွာဒေသ အိမ်ခင်ကြတဲ့ မန္တလေးသားတွေက အကဲပိုတယ်လို့ ဆိုရမလားပင်။
chinanewyear3
မန္တလေးမှာ နှစ်ပေါင်း ၃ဝ ကျော် နေလာတဲ့ လူထုဦးလှကိုတောင်မှ ‘မန္တလေးသား’ လို့ မပြောကြဘဲ ‘ဒေါ်အမာ့
 ယောက်ျား’ လို့ပဲ သာမည လက်ခံထားကြကြောင်း ကွယ်လွန်သူ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းကပါ သတိပြုမိခဲ့ပါတယ်။

အဲဒီလို ချက်မြှုပ်ဇာတိကို အမြဲဂုဏ်ယူကြ၊ စွဲလန်းချစ်ခင်ကြပေမယ့် ရေကြည်ရာ မြက်နုရာဆိုတာကလည်း ရှိနေရတုန်းပါ။ ဘာကြောင့်များလဲ စောကြောချင်စရာ။

“မြို့ထဲက တချို့လမ်းထဲက တပြပေါက်မှာ ဗမာအိမ် ၂ အိမ်ပဲ
ထွန်တုံးတို့၊ အောင်သာယာတို့၊ ကန်သာယာတို့၊
 အောင်ပင်လယ်တို့၊ မြရည်နန္ဒာတို့ နောက်ချဲ့တဲ့ မြို့သစ်တွေက ဗမာတွေ နေဖို့ ချဲ့ပေးသလို
 ဖြစ်နေတာ 
ကျန်တော့တယ်တို့ဘာတို့ပေါ့။ ထွန်တုံးတို့၊ အောင်သာယာတို့၊ ကန်သာယာတို့၊ အောင်ပင်လယ်တို့၊ မြရည်နန္ဒာတို့ နောက်ချဲ့
တဲ့ မြို့သစ်တွေက ဗမာတွေ နေဖို့ ချဲ့ပေးသလို ဖြစ်နေတာ” လို့ မန္တလေးက စာရေးဆရာတဦးလည်း မဇ္ဈိမကို ပြောပါတယ်။

မူဆယ်၊ နမ့်ခမ်း၊ လားရှိုးလမ်းတွေကနေ စီးပွားရေး အချက်အချာကျရာ မန္တလေးဆီ ကူးပြောင်းလာပြီး၊ စီးပွားရေးအရ အင်အားသာ အသာစီးရနေပြီး အိမ်ကောင်းခြံကောင်း၊ နေရာကောင်းတွေ ပိုင်ဆိုင်နေတာလည်း မမြင်ချင်အဆုံး
 မြင်နေရတာပါ။

အိမ်ခြံပွဲစားတွေကို ပွဲခအပြင် အပိုကြေး မြိုးမြိုးမျက်မျက်လေး အပိုဆောင်းပေးလို့ လူမျိုးခြားတွေကိုမှ ရှာဖွေ
 ရောင်းချချင်သူကလည်း အများသား။ အခုနောက်ပိုင်းဆို ဆင်ခြေဖုံးတွေအထိပါ ဈေးကစားမှုတွေက ချဲ့ထွင်လာပါပြီ။ အရင်တုန်းက ကျပ်သိန်းဆယ်ဂဏန်း၊ ရာဂဏန်းလောက် ဈေးတန်ခဲ့တာတွေ အခုများဆို ထောင်ပိုင်းတွေ၊
 ထောင်ကြီးပိုင်းတွေထိ ခေါ်ပြီးတော့ အရောင်းသွက်၊ အဝယ်လိုက် ဖြစ်နေတာပါ။ အရင်နှစ်ထဲ သိန်း ၂ ထောင်
 ဈေးပေါက်ရာက ဒီနှစ်မှာ ၄ ထောင့် ၅ ရာနဲ့ ပေးချေမယ့်သူက မရှား။ အပိုဆောင်းပေးဖို့ကလည်း မခဲယဉ်း။
 drogronchinanewyear1
ဒီလို ဝယ်နိုင်ခြမ်းနိုင်တာဟာ ဖောင်းပွနေတဲ့ မြန်မာကျပ်ငွေကို ယွမ်နဲ့ လဲလှယ်ပြီး တရုတ်ပြည်ကြီးမှာ သူဋ္ဌေးလေး
 ဖြစ်ရာမှ မြန်မာပြည်ထဲကျ သူဋ္ဌေးကြီး ဖြစ်လာကြပါတယ်။

“ဒီဘက်ပိုင်းမှာတော့ သူတို့ အလုံးအခဲနဲ့ ရောက်လာကြတယ်။ ဗမာတွေကလည်း အမွေတွေခွဲကြ၊ အိမ်တွေ
 ရောင်းကြနဲ့ သူတို့က ဝယ်ကြတာ။ လာကတည်းကိုက အထုပ်နဲ့အထည်နဲ့ လာကြတာကိုး” ဟု လင်းလက် စာအုပ်တိုက် ပိုင်ရှင် ဦးတင်အောင်မိုးက ဆိုပါတယ်။

တကယ်တော့ မန္တလေးမှာ ဟိုအရင်ခေတ်တွေကတည်းက တရုတ်လူမျိုးတွေ ဝင်ရောက်အခြေချခဲ့တာ ကြာခဲ့ပါပြီ။ အဲသလို ဆွေစဉ်မျိုးဆက်နဲ့ နှစ်ရှည်လများ နေလာကြတဲ့ တရုတ်အမျိုးသားတွေနဲ့ နောက်ပေါက်တွေ မတူကြဘူးလို့ ကွဲကွဲပြားပြား မြင်ကြရပါတယ်။

“သူတို့နဲ့ ကျနော်တို့နဲ့က ယဉ်ကျေးမှုလည်း ကွာတယ်။ တော်တော်ကွာခြားတယ်ဗျ။ အရင်တုန်းက တရုတ်တွေက
 မြို့ခံ အိမ်ရှင်တွေ အပေါ်မှာ လေးစားသမှု ရှိတယ်။ ခပ်ယို့ယို့ပဲ နေတယ်။ ပပလွှားလွှား သိပ်မရှိဘူး။ အခုလူတွေကတော့ မြို့ခံတွေကို သိပ်လူမထင်တော့ဘူး” လို့ တရုတ်လူမျိုးဖြစ်သူ ဥတ္တရလွင်ပြင် စာအုပ်တိုက်က ဦးသန်းဋ္ဌေးက ဆိုပါရဲ့။

မြန်မာ့ဆိုရှယ်လစ် မဆလ ခေတ်တုန်းက လူဝင်မှုကြီးကြပ်ရေးကဏ္ဍ တင်းကျပ်ခဲ့ပေမယ့် ၁၉၈၈-၉ဝ နောက်ပိုင်း
 ပြည်ကြီးသားတွေ အဝင်စိတ်လာပါတယ်။ သူတို့ မန္တလေးမှာ ဘယ်လိုများ နိုင်ငံသား ဖြစ်လာပါလိမ့်။

ဦးသန်းဋ္ဌေးက “နယ်စပ် လဝက က ကဒ်ပြားတွေ လှိုင်လှိုင် ထုတ်ပေးတာပဲဗျာ။ သူတို့က မှတ်ပုံတင်ကို နယ်စပ်ကနေ ယူလာတာ။ နိုင်ငံသားကို မဟုတ်ဘူး။ တိုင်းရင်းသားဗျ။ ရှမ်း၊ ရှမ်းတရုတ်၊ ဝ၊ ကိုးကန့်တို့ပေါ့။ ပိုပြီးတော့ ရင်းမြစ် ကျတယ်။ နယ်စပ်မှာက ဘိန်းနဲ့ မှောင်ခိုနဲ့ ချမ်းသာကြတော့ တချို့ဆို မှတ်ပုံတင် နှစ်ခုသုံးခုတောင် ရှိတယ်။ ဝင်လို့ထွက်လို့၊ ပေးလို့ကမ်းလို့ အတော်ကောင်းတဲ့ ကာလပဲဗျ” လို့ ဖြေပါတယ်။

နောက်ပေါက် တရုတ်လူမျိုးတွေကို တရုတ်ကြီး ဦးသန်းဋ္ဌေးက “သူတို့ … သူတို့” လို့ပဲ နာမ်စားသုံးပါတယ်။

အရင်နှစ်ထဲ သိန်း ၂ ထောင်ဈေးပေါက်ရာက ဒီနှစ်မှာ ၄ ထောင့် ၅ ရာနဲ့ ပေးချေမယ့်သူက မရှား။ အပိုဆောင်းပေးဖို့ကလည်း မခဲယဉ်း။ 
မန္တလေးသား စာရေးဆရာက “ ဒီမှာမွေးတဲ့ ဌာနေတရုတ်
 တွေနဲ့ သူတို့နဲ့က ချမ်းသာပုံချင်း၊ ပိုင်ဆိုင်ပုံချင်း လုံးဝ
ကွဲပါတယ်။ ၁၉၉ဝ ဒီဘက်ပိုင်း ရောက်တဲ့ မောင်တွေပေါ့။
 တော်တော် ခြေလှမ်းသွက်ကြပါတယ်။ အထူးသဖြင့် အုပ်စိုးတဲ့ လူတွေကို ပိုင်နိုင်၊ ရင်းနှီးအောင် လုပ်တာ ကျွမ်းကျင်တယ်ဗျ။ ဒီလိုအတတ်ပညာတွေ တော်တော်ကြွယ်ဝတဲ့ လူတွေပါ။ မကင်းတရားတွေ အများကြီး ရှိတယ်လို့ ကြားဖူးပါတယ်” လို့ ပြောပါတယ်။
 chinanewyear
သူက “အခါအားလျော်စွာ ဗမာတွေနဲ့ ရောဖို့ ကြိုးစားတာတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ ပိုက်ဆံရှိတယ်၊ တသီးတခြား နေလိုတဲ့ ဆန္ဒရှိတဲ့ လက္ခဏာက များပါတယ်။ ကျနော်တို့ကို အထင်သေးပြီးတော့ မရှိခိုးနိုးပေါ့၊
 တောင်းမယ် ရမ်းမယ်၊ ချေးမယ် ငှားမယ်ဆိုပြီး ကျနော်တို့ လူမျိုးကို နှိမ့်ချဆက်ဆံလို စိတ်တွေ ရှိကြပါတယ်” လို့ ဆိုပါတယ်။ သူ့လေသံထဲမှာ နှစ်ပေါင်းများစွာ မကျေမလည်နဲ့ မျိုသိပ်လာဟန်က ပေါ်နေပါတယ်။

ဦးသန်းဋ္ဌေးကတော့ “ဒီဘက်ခေတ်ရောက်လာတော့ လုပ်ငန်းတွေ ကြီးလာတယ်။ လွှမ်းမိုးမှုက များများလာတယ်။ အခုတော့ လက်ညှိုးထိုးမလွဲပေါ့ဗျာ” လို့ ဆိုလိုက်တာက စိန်ရွှေကျောက်မျက်ကအစ ဆောက်လုပ်ရေး၊ သစ်စက်၊ ဟိုတယ်၊ စားသောက်ဆိုင်အလယ် မုန့်ဆိုင်၊ စတိုးဆိုင်တွေအဆုံး ရည်ညွှန်းခြင်းပါ။

ဒီ တရုတ်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ မြို့မျက်နှာဖုံးတွေတောင် ဖြစ်လာကြပြီလို့ မူလဒေသခံတွေကြား အဆိုရှိပါတယ်။ 

“ဥပမာ အာဏာပိုင်တွေကို ချဉ်းကပ်တာမျိုးဆို အလုံးအရင်းနဲ့ အုံနဲ့ကျင်းနဲ့ ရဲရဲတင်းတင်း ဝင်ထွက်ပြီးတော့ အခွင့်အရေးတွေ ရအောင်ယူနိုင်တာမျိုးတွေ ရှိတာပေါ့။ တော်တော်တန်တန် ကျနော်တို့ဗမာတွေ သိပ်လုပ်နိုင်တဲ့ အနေအထား မရှိဘူး။ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တယောက်ယောက် အပြောင်းအလဲ ရောက်လာတယ်ဆိုရင် ချက်ချင်း သွားလိုက်တာပဲ။ အဲဒါမျိုးတွေကအစပေါ့။ လုပ်ငန်းတခုခုချဲ့မယ်ဆို တိုင်းမှူးကို ၁ဝ သိန်းလောက် ပေးလိုက်တာမျိုး
 တွေက အစပေါ့။ ပေးဖို့ကမ်းဖို့လည်း ဝန်မလေးဘူး” လို့ တရုတ်ကြီး ဦးသန်းဋ္ဌေးက ချက်နဲ့လက်နဲ့ ထုတ်ပြပါတယ်။

ရာထူးအာဏာကြီးသူတွေကို အပိုင်ကိုင်ထားလို့ ရပ်ကွက်အဆင့်ရှိသူတွေလောက်တော့ အဖက်မလုပ်ပါဘူး။

“မြို့ထဲမှာ တိုက်ကြီးတာကြီးတွေ ဆောက်နေကြတယ်။ ဘယ်လူမျိုးမှန်းလည်းမသိ၊ ညာမှန်းလည်းမသိပေါ့။ ဘေးမှာ ဗမာမိသားစုတွေ နေကြတယ်ပေါ့။ ရုတ်ရုတ်ရက်ရက် ဖြစ်ကြပြီဟေ့ဆိုရင် ဧည့်စာရင်း စစ်ကြပြီပေါ့ဗျာ။ အဲလို စစ်ပြီဟေ့ဆို ဗမာအိမ်လောက်ပဲ စစ်တယ်ဗျာ။ တိုက်ကြီးကျတော့ ခေါ်မနှိုးဘူးဗျ။ တာဝန်ရှိသူများက ခေါ်နှိုးလည်း တံခါးဖွင့်မပေးဘူးဗျာ” လို့ ဦးသန်းဋ္ဌေးက နှိုင်းယှဉ်ပြော ပြောပါတယ်။

စီးပွားလာဘ်လာဘအတွက် အာဏာပိုင်တွေနဲ့ အလွမ်းသင့်တာမို့ အတိုက်အခံ နိုင်ငံရေးအလုပ်နဲ့ ခပ်ကင်းကင်း ခပ်ခွါခွါ နေကြတာလည်း သဘာဝကျလှပါတယ်။

“အရင် ၈ဝ ကျော်၊ ၇ဝ ကျော် ကာလတွေတုန်းက သူတို့ကလည်း လက်လုပ်လက်စား ရိုးရိုးသားသားတွေပဲလေ။ သူတို့လည်း အဖိနှိပ်ခံလူတန်းစားထဲ ပါတာ။ ကုန်သည်တွေ သူဋ္ဌေးတွေ မဟုတ်သေးဘူးဗျ။ ခေါက်ဆွဲကြော်ရောင်းတဲ့ အဖိုးကြီးတွေက သိပ်ကြီးပွားခဲ့တာ မဟုတ်ဘူးဗျ။ အခုလူသစ်တွေကတော့ နိုင်ငံရေး ကင်းတယ်ဗျ။ အလွန်ဆုံး သာရေးနာရေးအသင်း၊ ဗြဟ္မစိုရ်တို့ဘာတို့ကို ငွေလှူတာလောက်ပဲ လုပ်တာ” လို့ ဦးတင်အောင်မိုးက ပြောပါတယ်။

မြို့လယ်ခေါင်ထဲကမှ လမ်း ၈ဝ-၈၄ လမ်းအတွင်း၊ ၇၇ လမ်းကနေ လမ်း ၃ဝ အတွင်း အနေများပြီး ဗိုလ်ချုပ်ရွာမျိုးနဲ့ မြို့သစ်တွေမှာ ခမ်းနားထည်ဝါလှတဲ့ အိမ်ကြီးခြံကြီးတွေနဲ့ နေကြတာပါ။ ထီးနန်းကျခဲ့တဲ့ နန်းတော်ကြီးတမျှ
 ဆောက်လုပ်ထားကြတာပါ။

ဒေသခံတွေနဲ့ အခြေအနေချင်း ကွာဟနေလို့ မကြာသေးခင်က ကျောက်ဝိုင်း ခိုက်ရန်ပွဲမျိုး မျက်ဝါးထင်ထင်
 မြင်ရပေမယ့် အောင့်အည်းသည်းခံရမှုတွေက အစိုင်အခဲများ ရှိနိုင်မလားပဲ။

ဦးတင်အောင်မိုးက “သူလည်းကုန်သည် ကိုယ်လည်း ကုန်သည်မို့ ထိပ်တိုက်ဖြစ်တာ။ တချို့လုပ်ငန်း အများစုမှာက ဗမာက အလုပ်သမားဗျ၊ သူတို့က အလုပ်ရှင်။ ပိုင်ရှင်သူဋ္ဌေးဆိုတော့ မဖြစ်ဖြစ်ဘူးပေါ့ဗျာ။ ကျောက်ဝိုင်းလိုဟာမျိုးကျ သူတင်ကိုယ်တင်ကိုး။ ငြိစရာရှိရင် အဲဒါမျိုးတကြောက ငြိကြတယ်” လို့ ကောက်ချက်ချပါတယ်။

သူဆက်ပြောတာက “သရက်တို့၊ ဖရဲတို့၊ သခွားမွှေးတို့ တရုတ်ပြည်ဘက် သွားရောင်းတယ်ဆိုရင် အမျိုးမျိုး
 ဈေးနှိမ်ခံနေရတာပဲ။ တချို့ဆို ပြန်မသယ်နိုင်လို့ ရသလောက်နဲ့ ထိုးရောင်းရတယ်။ တချို့ကျ လှည့်ကို မကြည့်ဘူးပေါ့ဗျာ။ အဲဒါမျိုးမှာလည်း ထိပ်တိုက်တွေ့ဖို့ မဖြစ်နိုင်ဘူး။ ဈေးကစားမှုကလည်း သူတို့လက်ထဲမှာပဲ ရှိတာ။ ဒီလိုပဲ ငုံ့ခံလာခဲ့ကြရတာပေါ့” ဆိုတာပါပဲ။

ဒီလိုဈေးကွက်တွေမှာ အုပ်စီးမိအောင် ကျားကန်ပေးထားတဲ့ အကြောင်းအမျိုးမျိုးအနက် ခြစားလာဘ်စားတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လုပ်ငန်းလုပ်ခွင့် ပေးနိုင်တဲ့ ဒေသခံ အရာရှိတွေကြောင့်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့လုံခြုံရေး အကာအကွယ်ပေးဖို့ တရုတ်အစိုးရက မြန်မာအစိုးရကို ပြောထားတာတွေလည်း ရှိနေတယ်။

အပြင်ကျားကန်မှုသာမကက သူတို့ချင်း အတွင်းကျိတ် အင်အားတွေလည်း ရှိနေပြန်ပါတယ်။

“သူတို့အချင်းချင်းက လူအင်အားသာ နည်းတာ စည်းလုံးမှုကတော့ တော်တော်ကောင်းတယ်။ မိသားစုတခု အကြောင်းတခုခုကြောင့် စီးပွားပျက်တယ်ဆိုရင် ဘုံကျောင်းကနေ မတည်ပေးတဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ အလုပ်လည်း ကြိုးစားကြတယ်။ ဒါ သူတို့ကို အတုယူစရာတခုပေါ့။ ကျမတို့ မြန်မာလူမျိုးမှာက စီးပွားရေးမှာ တဦးနဲ့တဦး အားပေးမှုက တော်တော်နည်းတယ်” လို့ မန္တလေးအခြေစိုက် ဝံသာနု NLD ပါတီက အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းရွှေကြာက သုံးသပ်ပါတယ်။
 
ဒီအချက်ကို ဌာနေတရုတ်ကြီး ဦးသန်းဋ္ဌေးကလည်း
“သူတို့နဲ့ ကျနော်တို့နဲ့က ယဉ်ကျေးမှုလည်း ကွာတယ်။ တော်တော်ကွာခြားတယ်ဗျ။ အရင်တုန်းက တရုတ်တွေက မြို့ခံ အိမ်ရှင်
 တွေ အပေါ်မှာ လေးစားသမှု ရှိတယ်။ ခပ်ယို့ယို့ပဲ နေတယ်။ ပပလွှားလွှား သိပ်မရှိဘူး။ အခုလူတွေကတော့ မြို့ခံတွေကို သိပ်လူ မထင်တော့ဘူး” 
သဘောတူပါတယ်။ “သူတို့က အလုပ်မရွေးဘူးပေါ့ဗျာ။ ဇွဲခတ်ပြီးတော့ အောက်ခြေကနေ စပြီးလုပ်တတ်တဲ့ ဟာလေးတွေကလည်း ရှိတော့ တက်တက်လာတာ
 တွေ့နေရတာပဲဗျ”

စာရေးဆရာကြီးက “ဆွေမျိုးထဲက သူဋ္ဌေးအကြီးတွေ၊
အဖွဲ့အစည်း (ဘုံကျောင်း) တွေရှိရင် သူတို့ချင်း ဝံသာနု ကြပါတယ်။ စောင့်ရှောက်တဲ့ သဘော ရှိပါတယ်” လို့ ရှုမြင်ထားပါတယ်။

ဘုံကျောင်းတွေဆိုတာ ပင်လယ်ရပ်ခြား တရုတ်များရှိတဲ့ နေရာတိုင်းမှာ ထူထောင်ထားပြီး သာရေးနာရေး ကိစ္စတွေကို အဓိကလုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားတာပါ။ ဒါထက်မက စီးပွားရေးအရ ခက်ခဲနေရင် မြေထောင်မြှောက်ရာ
 နေရာဌာနအဖြစ် ပါဝင်လာလေ့ရှိပါတယ်။
 drogronchinanewyear
“ကျမတို့နဲ့ ဈေးထဲမှာ ယှဉ်ပြီးတော့ လုပ်ကိုင်နေတဲ့ တရုတ်မိသားစု တစုဆိုရင် အရင်က အပေါင်ဆိုင်လုပ်တာ။ မီးလောင်တော့ ဘုံကျောင်းကနေ စိုက်ထုတ် မတည်ပေးတယ်” လို့ ဒေါ်နန်းရွှေကြာက ဥပမာပေးပါတယ်။

ဦးသန်းဋ္ဌေးက “ဘုံကျောင်းတွေက တရပ်တရွာမှာ အားမငယ်အောင် တယောက်နဲ့တယောက် လက်တွဲတဲ့ သဘောပါ။ လူမျိုးအလိုက် ဖွဲ့စည်းထားတာပါ။ လူမျိုးတွေကတော့ ဝမ်၊ ကျင် စသဖြင့် အများကြီးပေါ့။ သာရေးနာရေး အဓိကပါ။ လိုအပ်ရင် လိုအပ်သလိုပေါ့။ အလုပ်မရှိလို့ ဒုက္ခရောက်နေရင် တတ်နိုင်တဲ့သူတွေက သူတို့အလုပ်ရုံ ပွဲရုံတွေမှာ အလုပ်ပေးထားတာတို့ စသဖြင့်ပေါ့။ ဆိုင်ဖွင့်ချင်တယ်ဆို ပိုက်ဆံပေးတာတို့။ စီးပွားရေးမှာကျတော့ အမျိုးတူတဲ့ သူအချင်းချင်းဆို ကူညီတာ များတယ်။ ငွေတွေဘာတွေ ထုတ်ပေးတယ်။ မှန်မှန်သာ သွင်းရင် ပြန်ရတယ်” လို့ ရှင်းပြပါတယ်။
 
ဒေါ်နန်းရွှေကြာက “ကျမလည်း ကုန်စုံဆိုင်ဖွင့်ထားတယ်။ ဆင်းရဲတဲ့ဗမာတွေ များများဝယ်နိုင်အောင် အရင်းနှီးနှီးဈေးနဲ့ ရောင်းပါတယ်။ ဒါပေမဲ့ ကျမ ရင်းနှီးနိုင်တာနဲ့ သူတို့ရင်းနှီးနိုင်တာနဲ့ မတူတော့ ရရှိတဲ့အမြတ်လည်း မတူနိုင်ဘူး။ သူတို့က ငွေအင်အားနဲ့ လွှမ်းမိုးနိုင်တော့ ယှဉ်လို့မရတဲ့ အပိုင်းတွေ အများကြီးပေါ့။ ရင်းနှီးမြှုပ်နှံနိုင်မှုအား အပေါ်မှာလည်း မူတည်ပါတယ်” လို့ စီးပွားရေးတွက်ကိန်း ထုတ်လာပါတယ်။

အရင်းနည်းတဲ့သူတွေအပြင် အရင်းမဲ့တဲ့သူတွေကတော့ မြို့သစ်တွေကနေ မြို့ထဲ အလုပ်ရုံတွေဆီ နေထွက်မှသည်
 နေဝင်တဲ့အထိ လာလုပ်ရပါတယ်။

“တနေ့လုပ်မှ တနေ့စားတွေ။ စက်ဘီးကို တနေ့ ၂ဝဝ နဲ့ ငှါးပြီး မြို့ထဲ လာအလုပ်လုပ်ကြရတယ်။ အလုပ်ကပြန်မှ
 ဈေးဝယ်ပြီး ချက်စားကြတဲ့သူ၊ သို့တည်းမဟုတ် ချက်ပြီးသားလေး ဝယ်စားကြပြုကြတဲ့ လူတန်းစားတွေပေါ့” လို့ စာရေးဆရာကြီးက ရှင်းပြပါတယ်။

ဒါနဲ့ဆက်စပ်ပြီး မန္တလေး ကဗျာဆရာတွေ တင်စားလေ့ရှိတဲ့ ‘နေလုံးကို ကျောပိုး’ နေကြရတယ်ဆိုတာလည်း
ဆရာကြီး ရှင်းပြလို့ နားလည်ခွင့် ရလိုက်ပါတယ်။

“အရှေ့ဘက်ကနေ အနောက်ဘက်ကို လာကြရတာ
“သူတို့ အချင်းချင်းက လူအင်အားသာ နည်းတာ စည်းလုံးမှုကတော့ တော်တော်
 ကောင်းတယ်။ မိသားစုတခု အကြောင်း တခုခုကြောင့် စီးပွားပျက်တယ်ဆိုရင် ဘုံကျောင်းကနေ မတည်ပေးတဲ့ ပုံစံမျိုးတွေ
 တွေ့ရတယ်။  
ဆိုတော့
 နေလုံးကို ကျောပိုးပြီး လာကြရတယ်။ ပြန်တော့လည်း
 နေလုံးကို ကျောပိုးပြီးပြန်တယ်လို့ ဖွဲ့ကြတာပေါ့ဗျာ”

နေ့စဉ်နေ့တိုင်း နေလုံးကို ကျောပိုးထားရသူ ရွှေမန်းသား
 တွေအဖို့ ကျုံးရေကို ပြန်သောက်၊ နာရီစင်အောက်
 ပြန်ရောက်နိုင်ဖို့ ဆိုတာ အတော်လုံးပန်းရဖွယ် ရှိပါတယ်။

ထောင်ကျခဲ့ဖူးတဲ့ စာရေးဆရာကြီးက “ကျနော်တို့ ထောင်ထဲမှာ ပြောနေကျ စကားတခုရှိတယ်ဗျ။ ငွေများ တရားနိုင်တဲ့ခေတ် မဟုတ်တော့ဘူးကွ။ ငွေနည်း တရားရှုံးတဲ့ခေတ် ရောက်ပြီလို့။ အနည်းနဲ့အများ ပေးနေကြတာ။ သူတို့က ပိုများများ ပေးနိုင်ကြတယ်။ အဲဒီတော့ ဥပဒေကို ကျော်လွှားဖို့ အခြေအနေက ပေးနေတာကိုး” လို့ ဥပဒေစိုးမိုးရေးကို တရိုးတမယ်ဖွဲ့ပြပါတယ်။

ဒီအခြေအနေတွေကို ကာကွယ်ရဖို့က ဥပဒေလား၊ ဝံသာနုစိတ်ထားလား၊ အဓိကရုဏ်းနည်းလားဆိုတာ စဉ်းစားကြပေမယ့် အဓိကရုဏ်းကတော့ ပြဿနာပေါင်းစုံကို မဖြေရှင်းနိုင်တဲ့ အစိုးရအတွက် ပြည်သူကို အာရုံပြောင်းဖို့ အကြိုက်တွေ့သွားမယ်လို့ အတိုက်အခံ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့်အခြေ ခိုင်ရဖို့အရေး စာရေးဆရာ ညီပုလေးနဲ့ မိုးမိုး (အင်းလျား) တို့ အပါအဝင် စာပေနယ်ပယ်က အဦးအဆွကတည်းက သတိပေးစာပေတွေ ရေးခဲ့ပါတယ်။ အခုလို အထင်အရှား ရင့်သန်လာတဲ့အခါ အမြင်လွယ်သလောက် ဖြေရှင်းရမှာက အလွယ်တကူ မဟုတ်ပါဘူး။

အများနည်းတူ ရှာဖွေကြတဲ့အထဲမှာ ဆရာဝန် ကဗျာဆရာ မြတ်ထက်က သူ့ကလောင်စွမ်းနဲ့ ဝံသာနုလိုက်ပါရဲ့ …။

 မွေးမြေ မန္တလေး
တုတ်ကွေး လှိုက်စား
နုံးချည့် မသွားမီ
အဆီအနှစ်များ
အရည် ဖြစ်မသွားဖို့
စီဗစ်တပြားတော့ တိုက်ထားမှ…။ ။
http://www.mizzimaburmese.com/edop/songpa/7875-2011-07-04-09-57-18.html

ယိုယွင်းနေသော မြန်မာ့တရားစီရင်ရေးစနစ်ရဲ့ ပုံရိပ်လွှာတခု




ကိုသန်းဦးနဲ့ မိတ်ဆွေ လယ်သမား ၄ ယောက်ဟာ သူတို့နေထိုင်ရာ စစ္စရံရွာကို ဆိုက်ကယ်စီးပြီး ပြန်အလာ ရွာအ၀င်လမ်းနဲ့ မနီးမဝေးမှာ မထင်မှတ်ဘဲ လူ ၂၀ ယောက်ခန့်က ၀ိုင်းဝန်းရိုက်နှက် ခဲ့ပါတယ်။ အဲဒီရိုက်နှက်ခဲ့ သူတွေကပဲ သူတို့ကို တရားစွဲလို့ မင်းလှမြို့နယ် တရားရုံးက မေလထဲမှာ ကိုသန်းဦးနဲ့ မိတ်ဆွေ လယ်သမားများကို ထောင်ဒဏ် ၁၀ နှစ်ကျော်စီ ချမှတ်ခဲ့ပါတယ်။

gavel2စစ္စရံကျေးရွာဆိုတာ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ကံမမြို့နယ်က ရွာလေးတရွာ ဖြစ်ပါတယ်။ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့ ကိုသန်းဦးတို့အမှုကို ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက အထက်တရားရုံးဖြစ်တဲ့ မင်းဘူးခရိုင်တရားရုံးကို အယူခံဝင်ခဲ့တာကြောင့် သူတို့အားလုံးကို ထောင်ဒဏ် ၃ လစီ ပြောင်းလဲချမှတ်ခဲ့ပါတယ်။

ဘာကြောင့် မြန်မာ့တရားစီရင်ရေးစနစ်မှာ ဒီလောက်ကွာခြားတဲ့ ပြစ်ဒဏ်ပြင်ဆင်မှုမျိုး ဖြစ်ပေါ်ရပါသလဲ၊ မူလစီရင်ချက်ကို ချမှတ်တဲ့ တရားရုံးက တရားစီရင်ရေးစနစ်ကို မမှန်မကန် အသုံးချခဲ့လို့လားလို့ ရှေ့နေကြီး ဦးသိန်းအောင်ကို မေးတော့ “ဒါမျိုးက ဖြစ်တောင့်ဖြစ်ခဲ့တဲ့ ကိစ္စပါ။ ဒါပေမယ့် သူတို့က မူလတရားရုံးရဲ့စီရင်ချက်ဖြစ်တဲ့ အပြစ်ရှိတယ်ဆိုတဲ့ အချက်ကိုတော့ အကာအကွယ်ပေးထားတယ်ဗျ။ လုံးဝလွှတ်လိုက်တာ မဟုတ်ဘူးလေ။ ပြစ်ဒဏ်ကို ပြင်ဆင်သတ်မှတ်ပေးတာပဲရှိတယ်” လို့ ရှင်းပြပါတယ်။

သရက်ထောင်ထဲမှာ ချုပ်နှောင်ခံထားကြရတဲ့ ကိုသန်းဦးတို့ အခု လွတ်မြောက်လာပါပြီ။ ၀မ်းသာစရာကောင်းတဲ့ သတင်းတခုဖြစ်ပေမယ့် အဲဒီအမှုနောက်ကွယ်က ဖြစ်ရပ်တွေက မြန်မာနိုင်ငံ တရားစီရင်ရေးနဲ့ပတ်သက်ပြီး အတွေးပွားစရာ မေးခွန်း အများအပြား ပေါ်ပေါက်လာပါတယ်။

မြန်မာပြည်က တရားစီရင်ရေးစနစ်မှာ ပြစ်မှုနဲ့ပြစ်ဒဏ် မျှတမှုရှိရဲ့လားဆိုတာ အခု ကိုသန်းဦးတို့အမှုက နမူနာထား မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ မြန်မာပြည်အနှံ့က ထောင်ထဲမှာ အကျဉ်းကျခံနေကြသူတွေ ဘယ်လောက်များများ ရှေ့နေမငှားနိုင်လို့၊ အယူခံမတင်နိုင်လို့ ဒါမှမဟုတ် အယူခံတင်ရကောင်းမှန်း မသိလို့ မိမိတို့ကျခံနေရတဲ့ ပြစ်ဒဏ်တွေဟာ ကျူးလွန်တဲ့ပြစ်မှုနဲ့ ထိုက်တန်ပါရဲ့လားလို့ မသိဘဲ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေ ဘယ်လောက်များများ ရှိနေပါသလဲ။

ဒါနဲ့ပတ်သက်ပြီး ဦးအောင်သိန်းကို မေးကြည့်တော့ “ခြုံပြီးတကြောင်းတည်း ပြောလိုက်မယ်။ တရားစီရင်ရေးဟာ လွတ်လပ်တဲ့ တရားစီရင်ရေး မဟုတ်ဘူး” လို့ ခပ်ပြတ်ပြတ်ပြောပါတယ်။

ဒါနဲ့ ကိုသန်းဦးတို့ကို ရိုက်တဲ့သူတွေက ဘယ်သူတွေလဲ။ သူတို့ကိုရော ကိုယ်ထိလက်ရောက် ရိုက်နှက်ကျူးလွန်မှုအတွက် တရားဥပဒေအရ ဘယ်လိုစီရင်ခဲ့ပါသလဲ။ အရိုက်ခံရတဲ့သူတွေကရော ဘယ်လို နောက်ခံအကြောင်းတရားတွေကြောင့် အရိုက်ခံရသလဲ။ သူတို့ကရော အရိုက်လည်းခံရပြီး ဘာကြောင့် ဒီလောက်ကြီးလေးတဲ့ ထောင်ဒဏ်တွေ အပြစ်ပေးခံရပါသလဲ။

ကိုသန်းဦးတို့ကို ရိုက်နှက်သူတွေက မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမီတက်နဲ့ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး သူဌေးစာရင်းဝင် ဦးတေဇရဲ့ ထူးကုမ္ပဏီစုကြီးတို့ ပူးပေါင်းပြီး စစ္စရံရွာနားက ဧက ၄၀၀၀ ခန့် ကျယ်ဝန်းတဲ့ မြေပေါ်မှာ ကော့စတစ်စက်ရုံ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ အငြိမ်းစားဗိုလ်မှူး ၀င်းမြင့် ဦးဆောင်တဲ့ ၀န်ထမ်းတွေဖြစ်တယ်။ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ လီမီတက်က စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးလည်း ဖြစ်တယ်။

ကိုသန်းဦးနဲ့ တခြား မိတ်ဆွေလယ်သမား ၃ ဦး (ယခု အပြစ်ဒဏ်ကျခံထားရသူများ မဟုတ်ပါ) ပိုင်တဲ့ စစ္စရံရွာက လယ်မြေတွေဟာ ကော့စတစ်စက်ရုံ တည်ဆောက်ရေးစီမံကိန်းက ကျူးကျော်ဝင်ရောက်တာ၊ ဖျက်ဆီးတာ ခံခဲ့ရပါတယ်။ ဒါကို တရားဥပဒေရဲ့ အကာအကွယ်ရယူဖို့ ကိုသန်းဦးက ဦးဆောင်ပြီး ကံမတရားရုံးမှာ ဗိုလ်မှူးဟောင်း ၀င်းမြင့်နဲ့ ၂ ဦးကို ယခုနှစ် မတ်လထဲမှာ တရားစွဲခဲ့တယ်။

ဒီလိုတရားစွဲပြီး မကြာခင်မှာပဲ ကိုသန်းဦးဟာ တခြားမိတ်ဆွေရွာသား ၅ ဦးနဲ့ ခရီးသွားရာကအပြန် ရွာအ၀င်လမ်းပေါ်မှာ တည်ရှိနေတဲ့ ကော့စတစ်စက်ရုံ တည်ဆောက်ရေးဝန်းထဲက အလုပ်သမား ၂၀ ယောက်ခန့် ထွက်လာပြီး သူတို့ စီးလာတဲ့ ဆိုက်ကယ်တွေကိုတား၊ လူတွေကို ဖမ်းဆီးပြီး အလုပ်ရုံဝန်းထဲခေါ်သွားကာ ကြိုးတုတ်ရိုက်နှက်ခဲ့တယ်လို့ အမှုကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေကြီး ဦးသိန်းအောင်က ဖြစ်စဉ်ကို ရှင်းပြပါတယ်။

အရိုက်ခံရုံတင်မကဘဲ သူတို့အားလုံးကို ရဲစခန်းပို့ ချုပ်နှောင်ထားခဲ့တယ်။ နောက်ပိုင်း တယောက်ကို ပြန်လွတ်ပေးပြီး ကိုသန်းဦးနဲ့ ကျန် ၄ ယောက်ကို သူတို့စီးလာတဲ့ဆိုင်ကယ် လိုင်စင်မရှိတဲ့အမှုအပြင် ဆောက်လုပ်ရေးစီမံကိန်းဝင်းကို ခဲနဲ့ပေါက်မှု၊ ဆဲရေးတိုင်းထွာမှုနဲ့ ၀န်ထမ်းတဦးကို ထိုးကြိတ်မှု စတဲ့အခြားအမှု ၃ မှုနဲ့ ကံမတရားရုံးမှာ တရားစွဲခဲ့ပါတယ်။

မိမိတို့ရွာသားတွေ အရိုက်လည်းခံရရုံမျှမက မတရား တရားစွဲခံကြရတော့ စစ္စရံရွာသားတွေက ကံမတရားရုံးမှာ တရားရင်ဆိုင်တဲ့နေ့တိုင်း လူအုပ်နဲ့သွားရောက်ပြီး ကိုသန်းဦးတို့ကို အားပေးခဲ့တဲ့အတွက် ဗိုလ်မှူးဟောင်း ၀င်းမြင့်က လုံခြုံရေးစိတ်မချရ လို့ တရားရုံးပြောင်းပေးပါလို့ လျှောက်ထားပြန်တယ်။ တရားသူကြီးက အမှုကို မင်းလှတရားရုံးကို လွှဲခဲ့ပြီး တရားရုံးက ကိုသန်းဦးတို့ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ကာ နှစ်ရှည်ထောင်ဒဏ်တွေပေးခဲ့တယ်လို့ ဦးအောင်သိန်းက ရှင်းပြပါတယ်။

ကိုသန်းဦးတို့ကို ၀ိုင်းဝန်းရိုက်နှက်ခဲ့တဲ့ အပေါ်မှာရော တရားဥပဒေအရ အရေးယူဆောင်ရွက်ခဲ့တာ ရှိပါသလားလို့မေးတော့ ဦးအောင်သိန်းက “ကိုသန်းဦး အမျိုးသမီးက ဒီလိုလူအုပ်နဲ့ ၀ိုင်းရိုက်တာဟာ ဗိုလ်မှူးဟောင်း ၀င်းမြင့်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာပါလို့ တိုင်ကြားပေမယ့် တရားရုံးတော်ကို ဆောက်လုပ်ရေးအလုပ်သမား ၂ ဦးကိုပဲ ဆင့်ခေါ်ခဲ့ပြီး ထင်ရှားတဲ့ သက်သေအထောက်အထား မရှိဟုဆိုကာ မင်းလှတရားရုံးက တရားသေလွှတ်လိုက်ပါတယ်” လို့ ပြောပြပါတယ်။

သူက ဆက်လက်ပြီး “ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ ဒီနေ့ခေတ် တရားရုံးတွေက သြဇာအာဏာရှိသူတွေဘက်က ရပ်တည်နေကြတယ်။ ဦးပိုင်တို့၊ ထူးတို့ ဆိုတာလည်း သြဇာရှိတယ်လေ” ဟု ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် (Good Governance) နဲ့ သန့်ရှင်းတဲ့အစိုးရ (Clean Government) ဖြစ်အောင် အမှန်တကယ်လုပ်မယ်ဆိုရင် တရားစီရင်ရေးစနစ်ကို အရင်ဆုံး မပြုပြင်သင့်ဘူးလား ဆိုတာနဲ့ ပတ်သက်ပြီး ဦးအောင်သိန်းက “တရားရုံးဆိုတာ တပြေးညီပဲ ဖြစ်ရတယ်။ အဲဒီလောက်ကြီး အနိမ့်အမြင့် ကွာဟစရာမလိုဘူး။ ပြစ်ဒဏ်ရဲ့ အမြင့်ဆုံးကိုပေးတာဟာ တရားသူကြီးမှ မဟုတ်ဘူး၊ တရားရုံးစာရေးတယောက်ကလည်း ပေးတတ်ပါတယ်ဆိုတာ ဟိုတုန်းက အင်္ဂလိပ်ခေတ် စီရင်ထုံးတွေ ပြောထားတာရှိပါတယ်” လို့ ထောက်ပြပါတယ်။

ရှေ့နေကြီး ဦးအောင်သိန်း ထောက်ပြတဲ့အချက်ဟာ မြန်မာ့တရားစီရင်ရေးမဏ္ဍိုင်ရဲ့ အခရာကျတဲ့ တရားရုံးအဆင့်ဆင့်က တရားသူကြီးများ သတိထားသင့်ပါတယ်။

ပိုပြီး ဆင်ခြင်သင့်တာကတော့ ရာဇ၀တ်ပြစ်မှု တစုံတရာ ကျူးလွန်ခြင်းမရှိဘဲ ယနေ့ထောင်ထဲမှာ နှစ် ၆၀ ကနေ ၁၀၀ ခန့်အထိ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး တရားဥပဒေကို တလွဲသုံးကာ ကိုယ့်နိုင်ငံသားတွေကို အခုလိုညှဉ်းပန်းနှိပ်စက်တဲ့ စနစ်ကို ပြန်လည်စဉ်းစားသင့်ပါပြီ။     ။
http://www.irrawaddy.org/bur/index.php/articles/2-articles/6759-2011-07-04-09-08-48

မှိုင်းလုံးမိုး

ကိုမင်းကိုနိုင်ရေးပြီး ကိုမွန်းအောင်ဆိုထားတာပါ..
မှိုင်းလုံးမိုး.. by aungzawbo

သူခိုးဓါးရိုးကမ်းတဲ့ သစ္စာဖေါက်မှုကြီး

ရေးရတာလဲ တချိန်လုံး ကလော်ဆဲတာတွေချည်းဖြစ်နေတော့ ကြာရင်စာဖတ်သူတွေကတောင် ကျနော် ကို စိတ်မှမှန်သေးရဲ့ လားထင်စရာ ရောက်နေပြီ ။ ခက်တာကလဲ ဗိုလ်သန်းရွှေက လုပ်လိုက်ရင် တိုင်းပြည် နာစေတာချည်းလုပ် ကျနော်ကလဲ ဓါးခုတ်ရာလက်ဝင်လျှို လို့ပြောစရာဖြစ်အောင် ကလဲ ၀င်ဝင်ပါတတ်မိတယ် ။ ရှေးရေစက်လားလို့တောင်ထင်ရတယ် ။ အရေးထဲ အမျိုးကတော်လိုက်သေးတယ် ။ အမျိုးမတော်ရခင်ကိုက ကျနော့်စကား သူ့ ကိုဆော်ကားမိလျှက်သားဖြစ်သွားတယ် ။ ကျနော် ခယ်မက ပထမ အိမ်ထောင်ရှိတယ် ။ ပထမအိမ်ထောင် နဲ့က ဟိုက အသက်၁၉-နှစ်ကြိးတယ် ။ အရေးအခင်းပြီးစ န.၀.တ လက်ထက်ပထမဆုံး နိုင်ငံခြားလုပ်ငန်းကန်ထရိုက်ကို ရသူပါ။ ပြီး ရုပ်ရှင်မင်းသမီးပေါက်စ နံမည်ကျော်နဲ့  တွဲ မယားကို အရာမသွင်းတော့ ကွဲကြတာပေါ့ ။ န.၀.တ တင်ပေးတဲ့ န့မည်ကျော်မင်းသမီး နံမည်ကြီး ပိုင်းလုံးမ ပါဗျာ။ ဗွန်ကြောင်သူတွေ အတော်များများ အပိုင်းခံရပါတယ်ဗျာ ။ ပိုင်းနည်းသင်တန်း ပို့ ချရင်တောင် နံမည်ရနိုင်တယ် ။

အဲဒီမှာ ဗိုလ်သန်းရွှေသားက ဆုံပြီး ခယ်မကို အသေကပ်ပါလေရော ။ သူ့ ကို ပြန်မကြိုက်ရင် သူ့ကိုသူပါသေနတ်နဲ့ ပစ်သတ် ဇူဆိုဒ်လုပ်မယ်တွေလုပ်ပါလေရော ။ ခယ်မလဲ ကျနော်ကိုတိုင်ပင်ပေါ့ ။ ကျနော်ကတော့ပြတ်တယ် ။ အရေးမလုပ်နဲ့  ။ မယူနဲ့  ။ ဒီကောင်တွေက အဖေကစ လူစိတ်ရှိတာမဟုတ်ဘူး ။ ပြိး ဘာအရည်အချင်းမှ မရှိတဲ့အပြင် အရည်အချင်းရှိသူကိုတောင် တန်ဖိုးထားရမှန်း ပညာရှင်တန်ဖိုးကိုတောင် နားမလည်သူ တွေပေါ့ ။ ပြီးအာဏာ အှရိန်နဲ့  နောင်ဆော်လေးတွေ ကကပ်ရင်ွှရင်လင်လိုဘဲ ဗွန်ကြောင်အုံးမဲ့ အကောင်ပေါ့ ။ စကားက ဟိုအထိရောက်တော့တယ် ။ ပြသနာက အဲဒီကထည်းက ကျနော်က ဆော်ကားတယ် လူပါးဝတယ် စကာပြောမိုက်ရှီုင်းတယ် တွေဖြစ်ရော ။ မတတ်နိုင်ဘူး ။ ကိုယ်စိတ်ထဲ ထင်တဲ့အတိုင်းပြောတာလေ ။ အခု မယ်မကပြောတတ်တယ် ကိုလှိုင်မြင့်ပြောတာ ကွက်တိ မှန်ပါ့တဲ့ ။

အားလုံးကတော့ ဗိုလ်ချုပ်မှုးကြီးသားဆိုတော့ သဘောတော်ကျနေကြတာပေါ့ ။ အပြတ်ကန့် ကွက်သူက ကျနော်တယောက်ထဲ ။ ကန့် ကွက်တာထက် ပက်ပက်စက်စက်ပြောတာ ကိုသူတို့ ဖက်ကနာတာ ။

ထားတော့ ။ ၁၉၉၁- လောက်မှာ န.၀.တ ဟာ ရတနာဓါတ်ငွေ့ သိုက်ကိုတွေ့ လိုက်ပါတယ် ။ အဲဒီတော့ ဓါတ်ငွေ့ ကို ရောင်းဖို့ ကို ထိပ်ကထားစဉ်းစားတယ် ။ ပညာမတတ်တော့ သုံးစွဲပြီး စွမ်းအင်ဖူလုံအောင်လုပ်ပေးရင် တိုင်းပြည်ပိုတိုးတက်မယ်ဆိုတာမမြင်နိုင်ဘူး ။ ရောင်းစားရင် ပိုက်ဆံရမယ်လောက်သာမြင်တာ ။ မဆန်းပါဘူး ။ အသိက ဒီလောက်ဘဲရှိတာကိုး ။ ပိုဆိုးတာက ပြည်တွင်းသုံးစွဲရင် ကျပ်ငွေဘဲရမယ် ။ မြန်မာ့အစိုးရလုပ်ပြီး ကိုယ်ကျပ်ငွေ ကို မလိုချင်တာကတော့...ပြင်ပမှ အထင်ကြီးတာဘယ်သူလဲ ပြန်မေးကြည့်ပေတော့ ။ ကိုယ်ပစ္စည်းကိုကိုယ်ပြန်မသုံးချင် မလိုချင်မှတော့..သူ့ အလုပ်က မဟန်လို့ပေါ့ ။

အဲဒီမှာ ဓါတ်ငွေ့ ရောင်းမယ်ဆိုပြီး ၀ယ်လိုသူတွေကိုတင်ဒါခေါ်ပါတယ် ။ ၁၉၉၄-ခုနစ် ကုန်လောက်မှာ ခေါ်ပါတယ် ။ အဲဒီကနေ ၁၉၉၅-လောက်မှာ ကျနော်ဟာ မိတ်ဆွေ ပြင်သစ် ကုမ္မဏီကြီး- ၂-ခု ပူးပေါင်း ( နံမည်ထုတ်ဖေါ်ရန်မသင့်ပါ ။ သို့ ပေမဲ့ ပြင်သစ်မှ ကြီးမားသော ကုမ္မဏီကြိး-၂-ခု ဖြစ်ပါတယ် ) နဲ့  ဓါတ်ငွေ့ ကို မြန်မာနိုင်ငံအနေနဲ့ အကုန် သုံးစွဲရန် ဖွံ့ ဖြိုးမှု မရှိသေးတော့ တပိုင်းကိုရောင်း တချို့  တ၀က်ကိုပြည်တွင်းသုံးရန်တင်ပြပြီး ဒီကုမ္မဏီ-၂-ခုမှ စီမံကိန်းကြီိးတွေ တင်ပြပါတယ် ။

တင်ပြထားတာကတော့ ထိုင်းကို အခုလက်ရှိ ပိုက် လက္မ-၄၈- အထိ မပေးဘဲ ၃၆- လက္မခန့် သာပေးပြီး ရန်ကုန်ကို ၃၂-လက္မ ဆိုဒ်ပိုက်နဲ့ သွယ်ယူပြီး တွံတေးမြို့ အနားမှာ- ၅၀၀-မီဂါဝပ် လျှပ်စစ်ဓါတ်အားစက်ရုံ -၂-ခု နင့် တနေ့ လျှင် တန်ချိန်- ၁၈၀၀- ကျမည့် ဓါတ်မြေသြဇာစက်ရုံ ၂- ခု တည်ဆောက်ရန် တင်ပြပါတယ် ။ အဲဒီတင်ပြတဲ့ ပိုက်ဆိုဒ်ကို ဗိုလ်သန်းရွှေက လက်မခံလို့  ပိုက်အသေးနဲ့  ပြန်တင်ပြီး လျှပ်စစ်စက်ရုံတခု..ဓါတ်မြေသြဇာစက်ရုံတခု အထိ ထပ်လျှော့တင်ပြရပါတယ် ။

၂၀၀၅ -မှာ ကုမ္မဏီတွေ အများထဲက ဆန်ကာတင် ကုမ္မဏီ ငါးခု ရွေးပါတယ် ။ အဲဒီအထိ ဒီပြင်သစ်ကုမ္မဏီ ပါသေးတယ် ။ နောက် ဆန်ကာတင်- ၃-ခု လုပ်တဲ့အထဲ ပါမလာတော့ပါ ။ ကြားတာကတော့ ထိုင်းက သူ့ မိသားစု ဆီဝင်လိုက်ပြီ ။ နောက်ဆုံးတော့ အခုထိုင်းကို လက်မှတ်ထိုးလိုက်ပါတယ် ။ ပထမပိုင်းမှာ အဲဒီတု့းက စွမ်းအင်ဝန်ကြီးက အတော်လေးသဘောကျနေတာပါ ။ ပြည်တွင်းသုံးလဲပါတယ် ။ ရန်ကုန်မှာ မီဂါဝပ်-၁၀၀၀- လျှပ်စစ်ဓါတ်အားရရင် တမြို့ လုံးမီးထိန်ထိန်လင်းပြီး စက်မှုလုပ်ငန်းတွေ တိုးလာမယ်စီမံကိန်းလေ ။ မရဘူး ။ ဘဘကြီးဗွီတို ဘဲ ။ စက်မှုလုပ်ငန်းတွေသာ သဘာဝလျှပ်စစ်လုံလုံလောက်လောက်ရနေမယ်ဆိုရင်..အခုလို စက်ရုံကြိးတွေ ကိုယ်ပိုင်မီးစက်တွေနဲ့ လည်မနေရဘူးဆိုရင် ဘယ်လောက်လုပ်ငန်း အတွက်အဆင်ပြေမယ်ဆိုတာကတော့..ထမင်းစားသူတိုင်း သိပါတယ် ။

အခုတော့ သူ့ သဘောက ဖိုင်နယ်ဘဲ ။ သွားပါလေရော ။ တမြို့ လုံး အိမ်တိုင်းရုံးတိုင်း မိးစက်တွေ တ ထုံးထုံးနဲ့ ။ မီးအားလဲ စိတ်တိုင်းကျမရနိုင် ကုန်ကျငွေကလဲ သဘာဝလျှစစ်အတွက်ကုန်ကျရတာရဲ့  ငါးဆ -မှ ၈-ဆ ပိုကုန်ကျရပါတယ် ။ တနိုင်ငံလုံး တရုတ်မီးစက်တွေ ၀ယ်လိုက်ရတဲ့ငွေက ဒေါ်လာနဲဆို..သန်း-၅၀ -မက ရှိနိုင်ပါတယ် ။ ဒီကြားထဲ မီအားထိန်းစက် ( Voltage regulator ) မီအားမြှင့်စက် ။ မီးအားမမှန်တော့ ထားရတဲ့ ရေခဲသေတ္တာ မီးအားကာကါယ်စက် ( Safe Guard ) စတာတွေဟာ နှစ်စဉ်..တိုင်းပြည်ကကုန်ကျရတာ ဒေးလာ-၁၀ -သန်းမကဘူး ။ ဒေါ်လာ၁၀-သန်းဆိုတာ ပြည်မြို့ က ဧရာဝတီမြစ်ကူးတံတားကြိးရဲ့ အပေါ်က တံတားသံထည်တွေဟာ လေလံနဲ့ဝယ်တာ..ဒေါ်လာ-၁၂-သန်းဘဲရှိပါတယ် ။ ဖေါင်ကြိးရေကာတာဟာ အထဲက သံချောင်း ဘိလပ်မြေ ဒီဆယ်ဘိုးက..ဒေါ်လာ-၁၀-သန်းဘဲကုန်ကျပါတယ် ။

အဲဒီတော့ မြန်မာနိုင်ငံမှာ နစ်စဉ် နစ်စဉ် အဲဒီ တခြားနိုင်ငံတွေမှာ လုံးဝ မတတ်ရတဲ့ သုံးစွဲရန် လုံးဝမလိုတဲ့ အပိုလျှပ်စစ်ပစ္စညေးတွေ အတွက် မီးအားကိုထန်းရတဲ့စက်လေးတွေရဲ့  အလားနေရင်း အပိုကုန်ရတဲ့ငွေဟာ..နစ်စဉ်နစ်စဉ် ပြည်မြို့ က ဧရာဝတီမြစ်ကူးတံတားကြိးတခုကို ဖျက်ဖြိုချပြစ်နေရတယ်လို့ သာမြင်ကြည့်ကြပါ ။ အဲဒါပြည်သူတွေရဲ့ ငွေတွေပါ ။ အဲဒါ ခင်ဗျားတို့  မစဉ်းစားမိကြတဲ့ အစိုးရတရပ် ကိုယ်ကျိုးဘဲကြည့်မှုရဲ့ မမြင်သာတဲ့ ပေးဆပ်ရမှုတွေ ။ မတိုးတက်ရတဲ့အပြင် အပိုပါထပ်နာရတာ ။ အရှုံးချည်းဘဲ ။ အနာချည်းဘဲ ။ အုပ်စီးသူရဲ့  သစ္စာမဲ့မှုကြောင့် ကျနော်တို့ ငွေတွေ တအိအိ ယိုစိမ့်ထွက်သွားရတာတွေပါ ။ ကိုယ်ကျိုးဘဲ တဘို့ ဘဲကြည့်တတ်သူ တယောက် တိုင်းပြည်အုပ်ချုပ်ရင်ဘယ်လောက်နာတယ်ဆိုတာ မျက်တောင် တဆုံးဘဲမကြည့်ဘဲ တလှန် မျက်စေ့တဆုံးကြည့်တတ်ကြပါ ။

ကြားထဲ ထိုင်းက ဓါတ်ငွေ့ တွေ ရတော့ စီိးပွားရေးပိုခိုင်မာ ပိုထောင်တက်လာ တော့ ဥပမာ အထည်ချုပ်လုပ်ငန်းပေါ့ ။ ကျနော်တို့ က သူတို့ ကိုမယှဉ်နိုင်တော့ဘူး ။ မယှဉ်နိုင်တော့ လုပ်အားခလဲသူတို့ လိုမပေးနိုင် ။ မြန်မာနိုင်ငံမှာက ကြားထဲ ဟိုကဖြတ် ဒီိကဖြတ် ဆိုတော့ နဲနဲ အခြေမကောင်းရင် ပြုတ်ရော ။ ဒီတော့မြန်မာတွေက ပတ်ပို့ ( နိုင်ငံကူးလက်မှတ် ) ကလဲမလွယ်တော့ တရားမ၀င် ထိုင်းကိုထွက်လုပ်ကြရတော့ ဟိုက မြန်မာလုပ်အားတွေကိုဈေးပေါပေါ နဲ့လဲရ ။ ညစ်ပတ်ြ့ပီးထပ်အကျပ်ကိုင်တော့ အလွန် အမြတ်ရပြီး မျောက်အမြှီးနဲ့ မျောက်ပြန်ချည် ဆိုတာ ကျုပ်တို့ ဗမာ ခံရတော့တာ ။ ကိုယ်တိုင်းပြည်ရဲ့ အားသာချက် သယံဇာတကို ကိုယ်ပြိုင်ဖက်နိုင်ငံကိုထိုးရောင်းတာဟာ သူခိုးဓါးရိုးကမ်း ဆိုတာ ဒါမှကွက်တိ ။ ပြောတော့ ကိုယ်လင်ကို ချစ်လှပါရဲ့  အိပ်တော့လင်ငယ်အတွက် ဖင်ကိုခြင်ထောင်အပြင်ထုတ်ပေးထားတာ ဒါမျိုးပြောတာ ။ ပြောတော့ တပ်မတော်ဟာ အမျိုးသားရေးကိုဘယ်တော့မှသစ္စာမဖေါက်တဲ့ ။ ဒါကိုသစ္စာဖေါက်တယ်လို့ မခေါ်ရင် ပြပါအုံး ။

ပြည်ပအားကိုးပုဆိန်ရိုးအော်တယ် ။ ကိုယ်တိုင်ကတော့ ဖင်ကို ခြင်ထောင်အပြင်ဖက်ခိုးထုတ်ပေးထားတယ် ။ အခုလဲ ရွှေသဘာဝဓါတ်ငွေ့ ကိုအကုန်လုံး တရုတ်ကိုထိုးရောင်းစားပြန်တယ် ။ တရုတ်ဆီက နိုင်ငံရေးဗွီတိုအာဏာသုံးပေးဖို့  ကန့် ကွက်မဲ ကိုရဖို့  တရုတ်တောင်းသမျှ ပေးလိုက်ရတာပါဘဲ ။ အဲဒါ တကိုယ်ကောင်းစိတ် ကြီးမားသူတွေ အတ္တအတွက် မမှန်တာတွေလုပ် တိုင်းပြည် ပြည်သူလူထု ထောက်ခံမှုမရတော့ ပြည်ပအားကိုးမုတ်တော့ဘူး ။ အားကိုးရတဲ့အဆင့်ထက်ကျော်သွားပြီ ။ ကျားကန်ပေးထားရတဲ့အဆင့်ဖြစ်သွားပြီ ။ ပိုဆိုးတာက အခုတရုတ်က သူ့ လူမျိုးတွေရဲ့ စီးပွား နဲ့ အသက်အိုးအိမ် ကို အာမခံပေ့းရမယ်အထိ အကျပ်ကိုင်လာပါပြီ ။

အဲဒါဟာ နိုင်ငံတနိုင်ငံရဲ့  အချုပ်အခြာအာဏာ ကို ကျူးကျော်ဆော်ကားမှုပါ ။ တရုတ်ဟာ ဒီလိုတောင်းဆိုမှုမျိုးကို တခြားဘယ်နိုင်ငံကိုမှ မတောင်းဆိုသေးပါဘူး ။ နိုင်ငံတနိုင်ငံဟာ သူ့ လူမျိုးအတွက် အခြားနိုင်ငံတခုအပေါ် အဲဒီလိုအာမခံချက်မျိုးတောင်းဆိုခွင့်မရှိရပါဘူး ။ တောင်းဆိုနိုင်တာက သူ့ နိုင်ငံသားတွေ ရဲ အသက်အန္တရာယ်လုံခြုံရေးကိုသာ တင်ပြခွင့်ရှိတာပါ ။ ဥပမာ အမေရိကန်နိုင်ငံသားခံထားတဲ့ ကိုညီိညီလွင်ကိစ္စ ကိုကြည့် ။ ကိုညီညီလွင်ဟာ မြန်မာလူမျိုးပါ ။ ဒါပေမဲ့ အမေရိကန်နိုင်ငံသားခံယူ ထားတာမို့  သူ့ ကိစ္စမှာ ၀င်ပြောဆိုပိုင်ခွင့်ရှိတာပါ ။ ကိုညီညီလွင်နေရာမှာ တခြားအဖြူလူမျိုးပေါ့ အဖြူပေမဲ့ မြန်မာနိုင်ငံသားဖြစ်နေသူကို ဖမ်းထားရင် ဘယ်နိုင်ငံကမှ ၀င်ပြောခွင့်မရှိပါ ။

။ ဒေါ်စုအိမ်ရေကူးလာခဲ့တဲ့ ယက်တော ။ ဒ့ါသူတို့ နိုင်ငံသား ။ အဲဒါပြောလို့ ရတယ် ။ ကျနော်တို့ နိုင်ငံမှာ နေထိုင်နေတဲ့ တရုတ်လူမျိုးအတွက် တရုတ်အစိုးရအနေနဲ့ ဘာမှ ၀င်ပြောခွင့်မရှိပါဘူး ။ အဲဒီတရုတ်တွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်နေလို့ ပါ ။ ဘာမှ မြန်မာနိုင်ငံအချုပ်အခြာအာဏာကျော်ပိုင်ခွင့်မရှိဘူး ။ တရုတ်လူမျိုးဖြစ်ပေမဲ့ မြန်မာနိုင်ငံသား ။ သူတို့ ဟာ တရုတ်နိုင်ငံသားမဟုတ်ဘူး ။ ဒါဆို အမေရိကန် အခုအောစတေးလျှားမှာ တရုတ်တွေ တပုံကြိး ။ လောလောလတ်လတ် တရုတ်နိုင်ငံသားစစ်ကနေ အေမရိကန်နိုင်ငံသားသို့ ပြောင်းလဲခံယူထားတာ ။ သူ့ နိုင်ငံသားမဟုတ်တော့ရင် ဘာမှ ပြောခွင့်မရှိတော့ပါဘူး ။ အခုန.အ.ဖ အစိုးရ ကိုမ တရုတ်က လုပ်ပြတာ ဒါဟာ ( -ီး ) နဲ့ အထောက်ခံရတာပါ ။ ဒါအချုပ်အခြာအာဏာကို ထိပါးတာ မဟုတ်ရင် ဘာလဲ ။

အခုတော့မဟုတ်ဘူး ။ ဗွီတို ကိုဗန်းပြပြီး ကျနော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့ တောင်းဆိုမှုမျိုး ။ တရုတ်ကိုမေးကြည့်ပါ ။ သူတို့ ဒီလိုမျိုး အခွင့်အရေးတောင်းဆိုမှုကိုဘယ်နိုင်ငံနဲ့ ပြောဘူးလဲလို့ ။ အဲဒါ ပြည်ပအားကိုးထက်နိမ့် သွားပြီ ။ ပြည်ပ ကို ဒူးထောက်တာ ဖြစ်သွားပြီ ။ ဒါမြန်မာလူမျိုးရဲ့ ဇာတိမာန်ကို ဒူးထောက်စေတာဘဲ ။ ဇာတိမာန် မကျန်တော့ဘူး ။ ဆွေမျိုးပေါက်ဖေါ် နဲ့  တကယ်က အပေါက်ဖေါ် ပေးထားရတာ ။ စိတ်ကြိုက်သာချပေးတော့ ။

ဓါတ်ငွေ့ တွေ တွေ့ လာပြီး ထိုင်းနဲ့ ဒီဓါတ်ငွေတွေ စတင်ရောင်းပေးလို့ မှ မကြာခင်မှာ နယ်စပ်မှာနယ်မြေအငြင်းပွားမှုလေးလုပ်ပြပါတယ် ။ ဘာမသိညာမသိ စာရေးဆရာမကြီးကလဲ ထိုင်းဝေဖန်ရေးတွေရေး ပြီး ခေတ်ထပြလိုက်ပါတယ် ။ သူကလဲ သာရင်ဘက်ကူးရန် ၀န်မလေးသူလေ ။ အဲဒီမတိုင်ခင်ကတော့ အမှတ်-၅၄-ဆိုလား ခြံထဲမှာလာကျယ်ပြနေသေးတယ် ။ ကျနော်က ထောင်ထဲမှာ ရီချင်နေတယ် ။ ဘယ်လိုလုပ်တိုက်ရဲမှာလဲ ။ ဓါတ်ငွေ့ ကိစ္စ အတွက်ဟိုဘက်ကတော်တော်လေးပေးကမ်းထားတာ ။ ဖေါ်လိုက်ရင် ဖင်စုတ်သွားပါမယ် ။

အဲဒီလိုဘဲ ။ တိုင်းရင်သား ငြိမ်းအဖွဲ့ တွေ အများစုကို ၁၉၉၁- ၉၂ တွေမှာ ငြိမ်းချမ်းရေးယူအပြီးမှာ ကန်ထရိုက်တွေပေးပါတယ် ။ ဥပမာ ( ဥပမာပေါ့ - စတင်းဂန်းအဖွဲ့ ကို ) ကို ပုဇွန် တန်၂၀၀- ပို့ခွင့် သစ် ကျွန်းတန်-၁၀၀၀-ပေါ့ ပေးပါတယ် ။ ငြိမ်းအဖွဲ့ တွေအတွက် လုံခြုံရေးဆိုပြီး ရန်ကုန်လာရင် ထောက်လှမ်းရေး- ၆ ( လေဆိပ်အနီးမှာ နေကြရတာများတယ် ) ။ အဲဒီကန်ထရိုက်ရထားတာကို ပွဲစားတွေဆီကို ထောက်လှမ်းကဘဲ တဆင့်ဆက်သွယ်ပေးတာပါ ။ သူတို့ ကို လုံခြုံရေးဆိုပြီး အကျယ်ချုပ်သဘောပါဘဲ ။ ပွဲစားတွေ ကုန်သည်တွေက ငြိမ်းအဖွဲ့ တွေနဲ့  တွေ့ ချင်ရင် အဲဒီ ထောက်လှမ်းရေးဝင်းထဲ ၀င်တွေ့ ကြရတာ ။ အပြင်မှာတွေ့ ကြရင်လဲ ထောက်လှမ်းတပ်ကြပ်ကြိး ၂-ယောက်လောက်အမြဲပါတယ် ။

အဲဒီမှာ ဥပမာ ပုဇွန်တန်- ၁၂၀ -ကို ပါမစ်လေးတင် ကုန်သည်လက်ထဲအပ်ပေ့းလိုက်ရုံပါ ။ ထားပါတော့ တစ်တန်ကို အမြတ် တစ်သိန်းရရင် တန်-၂၀၀ အတွက် အမြတ် သိန်း- ၂၀၀ / လောက်ရတယ်ပေါ့ ။ အဲဒီမှာ ရန်ကုန်ရောက်နေသူ ငြိမ်းခေါင်းဆောင်တွေကို ခင်ဗျားက အမြတ်ထဲက သိန်း-၂၀-ယူ / ခင်ဗျားက ၁၅.သိန်းယူ နဲ့  ထောက်လှမ်းက ခွဲတမ်းလေးလုပ်ပြီး ကိုယ်ကျိုးရှာခိုင်းတယ်ပေါ့ ။ အဖွဲ့ ကိုတော့ သိန်း-၅၀ လောက်ဘဲအမြတ်ပြတယ် ။ အိမ်အတွက်ကားဝယ်ကြ ဘာကြပေါ့ ။ မြို မ့ရောက်တာကြာ တခါ ခပ်ကဲကဲနံမည်ကြီးလေးတွေ နဲ့ ချိတ်ပေးလိုက်တော့ တချို့ သော သူပုန်ကြိးတွေကလဲ ကြီးမှ အကျောထခွင့်ကြုံကြရတော့ ကြထကြပေါ့ ။ ဆော်လေးတွေ နဲ့ ပွားဖို့  ငွေကပိုလိုလာရော ။ အဖွဲ့ ရံပုံငွေတွေ ကိုယ်ကျိုးရှာလာတော့ ငထောက်တွေ က အမြှိးဖြတ်တာ ခံလိုက်ကြရပြီ ။ အားလုံးတော့မဟုတ် ။ ဒါပေမဲ့ အများကြိးရှိခဲ့တယ် ။ ပိုင်းလုံးမင်းသမီးတဥိးဆို အဖွဲ့ တော်တော်များများ ခေါင်းဆောင်တွေ နဲ့ တွဲခဲ့ ပိုင်းပြစ်ခဲ့တယ် ။ န.အ.ဖ ကို အာခံဖို့တော့ စိတ်တောင်မကူးနဲ့  ။ ကိုယ်ကျိုးရှာထားတာတွေ ပွေထားတာတွေ ကို ဖွင့်ချလိုက်ရင် ။ .အဲဒီလိုခေါင်းဆောင်မျိုးတွေကတော့ သိတဲ့အတိုင်းပေါ့ န.အ.ဖ. က ဆိုရင် မကတတ်လဲ ချိုမိုင်မိုင်လုပ်ပြကြရတော့တာပေါ့ ။

ဒီလိုပါဘဲ ။ ဗိုလ်သန်းရွှေလဲ ထိုင်းနဲ့  စစ်ရေးဟန်ပြင်ပြနေတာပါ ။ ဘယ်တိုက်ရဲမှာလဲ ။ တိုက်ရင် ဓါတ်ငွေ့ ပိုက်လိုင်းကို ဖျက်ရတော့မယ် ။ ဖျက်ရရင် ဟိုကဖေါ်တော့မယ်လေ ။ ကျနော်ကထောင်ထဲကနေ လောင်းကြေး ခေါ်နေတာ ။ သိပ်သိပေါ့ အပြတ်ကို လောင်းကြေးခေါ် ပွဲလုပ်နေမိကြတယ် ။ ဒါကို ဥပါယ်တမျှင် လို့ ပြောမလား ပရိရာယ် လို့ ပြောမလား ။ လူကြီးလူကောင်းလိမ်တာ ကိုခေါ်တာလေ ။

အခုတရုတ်ပေးလိုက်ရတာကတော့ ရှင်းပါတယ် ။ ဗွီတို အာဏာကြေးပေးလိုက်ရတာပါ ။ ဒီထက်ပိုပြောရရင် အခြေအနေမကောင်းလို့  ဆွေမျိုးပေါက်ဖေါ်တို့ ဆီ ပြေးရရင် လဲ ရှိသေးတယ်လေ ။ တကယ်တော့ တရုတ်ကလဲ သန်းရွှေ လိုခပ်ညံ့ညံ့ လူကို ကျားကန်ပေးထားရတာ သိပ်အကြိုက်တွေ့ နေတယ် ။ သူတို့ ရဲ့  ဗွီတိုကိုရောင်းစားလို့ ရတဲ့သူ ဖေါက်သယ်ကြီးတဦး အပိုင်ရထားတာဘဲ ။ ထာဝရ ဖေါက်သယ်ကြိးပေါ့ ။ ဗွီတို သုံးစရာပေါ်လေ ( ၀ ) ကြိုက်လေးပေါ့ ။ ရွှေရွှေမျက်ဖြူဆိုက်လေ ယီးဇင်းကြိုက်လေပေါ့ ။

အခုကြည့် တနေ့ ကဘဲ စာဆောင်တွေမှာ ၂၀၁၀ - နစ်အတွက် မြန်မာနိုင်ငံက စွမ်းအင်(လောင်စာအတွက် ) တင်သွင်းရတာ ဒေါ်လာအားဖြင့် ( ၁.၅. )ဘီလျှံ ရှိတယ်ဆိုတာ ။ ဒါလုပ်ငန်းတွေ တိုးလာရင် ဘီလျှံပေါင်း..၃-၄ ဘီလျှံ ဖြစ်လာပါမယ် ။ မြန်မာပြည်ကထွက်တဲ့ ဓါတ်ငွေ့ တွေ အကုန်ထုတ်ရောင်းပြီး ငါတို့ လုပ်ချင်သလိုလုပ်မယ် အချိုးအတွက် မကြာခင်နစ်တွေမှာ သိလာရပါမယ် ။ အခုနေ အနောက်နိုင်ငံတွေကနေ စီးပွားရေးပိတ်ထားတာ ဖွင်ပေ့းကြည့်ပါလား ။ လောင်စာဖိုးပိုလိုလာမယ် ။ ဒီကြားထဲမှာ အတိုက်အခံတွေအနေနဲ့  အနောက်နိုင်ငံကြိးတွေံကို စီးပွားကို နေ့ စားခ အနိမ့်ဆုံး-တနေ့ ကို - ၅-ဒေါ်လာပေးမှသာ လက်ခံပါ လို့  အခြေအနေတခု သတ်မှတ်ထားပေ့းရန်တောင်းဆိုလိုက်ရင် ကြွဲပီ ။ လုပ်အားခတိုးပေးဖို့  လောင်စာကုန်ကျမှုကို လျှော့ချရန်လုပ်ရပါတော့မယ် ။ အခုဟာက မြန်မာစက်ရုံတွေက လောင်စာအတွက်ကုန်ကျနေရတာကများနေတယ် ။

နေ့ စားအလုပ်သမားခ တိုးပေ့းလိုက်ရရင် ၀န်ထမ်းလစာတွေ စစ်သည်တော်လစာတွေ ပင်စင်စားလစာတွေ တိုးပေးလာရပါတော့မယ် ။ သမ္မတကြီးခမြာ ဒီလိုမှန်းမသိလို သမ္မတလုပ်မိပါတယ် ထအော်ယူစေရပါမယ် ။ သူ့ အတွက် ရေခဲစက်ပါတဲ့ ခေါင်းပေါင်းတီထွင်ပေးရပါမယ် ။

နောက်တခု အခုသမ္မတကြီးအကြံပေးအဖွဲ့ ကလဲ ဒီလောင်စာအတွက် ကုန်ကျမှုကို လျှော့ချဖို့  ထက် ထပ်တိုးဖို့ သာစဉ်းစားရမှာပါ ။ ဘတ်ဂျက်အတွက် မလွယ်ပါဘူး ။ အဲဒါကြောင့် သမ္မတကြီးဟာ နိုင်ငံတော်ကိုတိုးတက်စေချင်တယ်ဆိုရင် န.အ.ဖ ခေတ်ကလို ပါးစပ်ထဲကပြောချင်ရာပြောလို့ ရတဲ့ခေတ်မဟုတ်တော့ဘူး ။ တခုခု ပြတ်ပြတ်သားသားလုပ်ရပါတော့မယ်. ။ လောင်စာကိစ္စကို ရေရှည် စီမံကိန်းချမှတ်တာမလုပ်ခဲ့ရင် စီးပွားရေးမှာ ကွဲပါတော့မယ် ။ ဗိုလ်သန်းရွှေ ဓါတ်ငွေ့ လက်မှတ်ထိုးတုံး..၉၅- တုံးက..ရေနံစိမ်းက တပေပါ မှ- ၁၅- ၁၇ ဒေါ်လာလောက်ရှိသေးတာ ။ အဲဒီ ၁၇-ဒေါ်လာ ဈေးနုံးဟာ ၂၀၀၄ အထိ ဒီဈေးလောက်ဘဲ ရှိနေပြီး နောက်ပိုင်း ၂၀၀၆ နောက်ပိုင်းဈေဒတက်တက်လာတာ..၂၀၀၇ -နစ်မှာ ရေနံစိမ်းတစည်ကို ဒေါ်လာ-၇၀-ကျော်လာတော့ န.အ.ဖ .ဘတ်ဂျက်မကိုက်တော့ဘူး ။ အဲဒီမှာ လစာကလဲတိုးပေးထားရတယ် တိုင်းပြည်အတွက်ဈေးပေါပေါနဲ့ သုံးလို့ ရတဲ့ဓါတ်ငွေကို အတ္တ စိတ်နဲ့ ထုတ်ရောင်းထားတာ လောင်စာဈေးတွေ တက်လာတော့ ဓါတ်ဆီဈေး ဒီဇယ်ဆီဈေးတွေ တင်လိုက်တာ နိုင်ငံရေးအုံကြွမှုကြိးနဲ့  ကြုံရတော့တာပါဘဲ ။

ရွှေဝါရောင် နဲ့ တွေ့ ရတော့တာပါဘဲ ။ ရွှေဝါရောင်တော်လှန်ရေးမှာ အပြင်ပန်းကြည့်ရင် န.အ.ဖ.က နိုင်လိုက်တယ်ထင်ကြမှာပေါ့ ။ တလောက ဗိုလ်ရွှေ မ.ဆ.လ. လူကြိးတွေကို ဆုံပြီး သူမသိလိုက်ရပါဘူး ပြောရတယ်ဆိုကထဲက စဉ်းစားသာကြည့် ။ အပေါ်ယံမှာ နိုင်တယ် ။ တကယ်လဲ ဗိုလ်သန်းရွှေဟာ ရွှေဝါရောင် ဖြစ်တော့ သူ့ လူယုံကို ကြိုပြောထားတယ် ။ အစည်းအဝေးမှာကျတော့ သူ ခေါင်းမူးနေတယ်ပြောထားပြီး မပါသလိုနေပြတယ် ။ သူ့ လက်ရုံး က ဘယ်ဘုန်းကြီး ဘယ်ခေါင်းဆောင်ကို ဘယ်လိုပြစ် အကုန်သူ့ ရှေ့ မှာ ဆွေးနွေးကြရတာ ။ သူက ပြစ်ခတ်တာ မလုပ်ခင်ကထည်းက တရက်မှာတရားခံ မဖြစ်ရအောင် ဂွင်ဆင်ထားပြီးလုပ်တာ ။

အဲဒီဟာကို မ.ဆ.လ. လူဟောင်းကြီးတွေကနေ တဆင့် ခေါင်းရှောင်ပြတာဘဲ ။ သူမသိလိုက်ရပါဘူးပေါ့ ။ ဘယ်သူနိုင်တယ်ဆိုတာ ဘယ်သူ ရှုံးမယ်ဆိုတာ သေနတ် မပြစ်ခင်ကထဲက ..ပေါ်နေပါပြီ ။ ဇူလိုင်-ရ- ရက်နီးလာတော့ ၈၈၈၈- လုံးမှာ ကျောင်းသားသမ္မဂ ဗုံးခွဲမှုကို ဗိုလ်နေ၀င်း ခေါင်းရှောင်တာထက် ဆိုးနေပြီ ။ သူက မလုပ်ခင်ကထဲက တရားခံ ကို အပ်ထားပြီးပြီ ။

အခု ဗိုလ်သန်းရွှေ က နိုင်ငံကထွက်သမျှ ဓါတ်ငွေ့ တွေကို အကုန် ထုတ်ရောင်းစားထားတယ် ။ အခု သမ္မတ အသစ်စက်စက်ကြီးအတွက် ပိုဒုက္ခရောက်လာမှာက ရေနံစိမ်းဈေးက တစ်ပေပါ ကို ဒေါ်လာ-၁၀၀- အထက်ရှိနေတာကများနေပြီ ။ တခါ ပြည်တွင်းသုံးကလဲ ပိုများလာပြီ ။ ဓါတ်ငွေ့ ရောင်းလို့ ရတဲ့ငွေက တနစ်ကို ၂- ဘီလျှံ ဆိုတာက ထိုင်းက ၀ယ်ယူတဲ့ပမာဏ ။ အစိုးရက အဲဒီထဲက..၁၅- % ဘဲရတာ ။ ကျန်တာက ပိုက်လိုင်းရင်းနှီးထားသူ ။ ဓါတ်ငွေ့ တွင်းကိုရင်းနှီး တူးဖေါ်ထားသူတွေက ပြန်ယူသွားတာ ။ အခုရခိုင်က ရွှေ ဓါတ်ငွေ့ တွင်းဆိုရင်ပိုဆိုးတယ် ။ မြန်မာက ၁၅-% တောင်မရဘူး ။ ဒါကိုပြည်သူတွေ အကုန်လုံးကမသိတော့ အစိုးရ့လက်ထဲ တနစ်ကို ငါးဘီလျှံလောက်ဝင်နေတယ် နဲ့  အတည်ပေါက် ဖိန့် နေတာ ။ အခုထိုင်းရောင်းနေတဲ့ ၂.၈ ဘီလျှံထဲက မြန်မာအစိုးရ ရတာက ဒေါ်လာ -သန်း ၄၀၀-နီးနီးလောက်ဘဲရတာ ။ အခု ကိုယ်က ရေနံပြန်ဝယ်ရတာက - ၁.၅.- ဘီလျှံ ။ ဒီဝယ်ယူရတဲ့ ပမာဏက ( စွမ်းအင် ပမာဏပေါ့ ) ကိုယ်ရောင်းထားတဲ့ ဒွတ်ငွေ့ က ရမဲ့ ပမာဏထက်အများကြီးနည်းနေပါတယ် ။


အခုနေ နိုင်ငံရေးသမားတွေက အနောက်နိုင်ငံကြီးတွေက စီိးပွားရေးပိတ်ထားတာကို နေ့ စားခ ကို အနိမ့်ဆုံး..၄.၀ / ၅.၀-ဒေါ်လာ လောက်ပေးရင်လက်ခံပေးပါ ကုန်သွယ်ရေးလွတ်လွတ်လပ်လပ် ပေးလာတာအပါအ၀င်ပေါ့ ကိုင်ပြီးတောင်းဆိုလိုက်ရင် အစိုးရ ကွသြွားပါမယ် ။ စစ်တုရင် ကစားတော့ နယ်ရုပ်လေးတွေ တင်မက ရဲတိုက်..တွေပါထိုးကျွေးတာမျိုးလုပ်တယ်ပေါ့ ။ မစားလို့ ကမရ စားရင်လဲ နိုင်ငံရေး ကျိုးပေါက် ကွက် ။ အခုဖြစ်နေတဲ့ ရေနံဈေးနဲ့  စီးပွားရေးတိုးချဲ့ ကြည့်ပါလား ရေနံစိမ်းတင်သွင်းဖို့ ငွေနဲ့ တင် ကွဲသွားပါမယ် ။ ရေနံစိမ်းဖိုးတင် ၃-- ၄ ဘီလျှံ ကုန်ကျပါမယ် ။

အဲဒီလို တွေးကြည့်ကြပါ ။ စီးပွားရေးပိတ်တယ် ဖွင့်မယ်ဆိုတာက နိုင်ငံရေးမှာ ဘွတ်ဘရိမ်း BUSH'S BRAIN လို့ ပြောရပါမယ်။ ဘွတ်ဘရိမ်းဘဲ သုံးပါမယ် ။ အမေရိကန်သမတကြီးမို့  ကျနော် သူ့ အကြောင်းကို စကားထဲထဲ့ပြောရင် ပြောနေကျ စကားတလုံး ဖြုတ်ထားလိုက်ပါတယ် ။ အလယ်က စကားတလုံး မထဲ့တော့ပါဘူး ။ နိုင်ငံရေးမှာ ဒါက သူငယ်တန်း ဖတ်စာအဆင့်လို့ တောင်ပြောသင့်ပါတယ် ။ ကျနော်ကတော့ အမေရိကန်သမတကြိးဘွတ်ကို သိပ်အထင်မကြီးဘူး ။ သူမတော်လို့  အီရက်ကို စစ်သည် ၁၅၀-တောင်မသေဘဲ နိုင်ပြီး သူ့ ဘော်ဒါကုမ္မဏီနဲ့ ၀င်အစားငမ်းလိုက်တာ အခု ၆၀၀၀-ကျော်သေရတော့တာဘဲ ။ ကုန်လိုက်ရတာလဲ သောက်သောက်လဲ ။ နောက်ဆုံးသူ မတော်လို့  စီးပွားရေးပါပြိုကွဲရတာပါဘဲ ။ ကြိုမြင်ထားရင် ကာကွယ်လို့ ကျားကန်ပေးထားလို့ ရတာပေါ့ ။

( ကျနော့်မိတ်ဆွေ သမိးတဦး နဲ့ နောက်တဦးရဲ့ သား တဦးတို့  ၂၀၀၇ - နစ်လယ်လောက်က မြို့ ပြအင်ဂျင်နီယာတက်မယ် လုပ်တော့ ကျနော် အပြတ်တားပါတယ် ။ အမေရိကန်မှာ ဆောက်လုပ်ရေးတွေ ကွဲပြီးစီးပွားပါပျက်တော့မယ်လို့  ။ နိုင်ငံတခု မှာ ဘဏ်ကြီးတွေ အကြောင်း သိသလောက်လေးပေါ့ ။ လူပိန်းအသိပေါ့ ။ စိးပွားရေးပညာရှင် အသိတော့မဟုတ်ဘူးနော် ။ ဘယ်လိုချိန်ထိုးကြည့်ရတယ်ဆိုတာလေး ကျနော် သိထားတာလေး တရက် မျှဝေပေးပါ အုံးမယ် ။ )

မြန်မာနိုင်ငံကိုစီးပွားရေး ပိတ်ဆို့ တယ် ။ တရုတ် နဲ့ အိန္ဒိယ အာဆီယံတွေ မပါဘဲ အကောင်အထည် လက်တွေ့ ပေါ်လာနိုင်စရာမရှိတာကို ဇွတ်လုပ်ရဲတာ အံ့သြတယ်။ ကျနော်သာ သူ့ နေရာမှာဆို မပိတ်ခင် ကုန်သွယ်ရေးလုပ်ငန်းတွေ တိုးလာအောင် အရင်လုပ်လိုက်မယ် ။ ကုန်သွယ်မှု ပမာဏကြိးလာပြီဆိုမှ အဲဒါနဲ့ ကိုင်စကားပြောမယ် ။ လုပ်ငန်းကြီးကြီးကို ထိုးရပ်အောင်လုပ်လိုက်ရင် တဖက်က ၀က်ဝက်ကွဲတာမျိုးဖြစ်အောင်အရင် မွှေးရတာ ။ အမေရိကန် မူဝါဒတွေက အဲဒီလို အပိုင်ကိုင်လို့ ရတဲ့ အခြေအနေအထိ စိတ်ရှည်ရှည် ချီယူလာတတ်တာ ။ ပြီးမှ အပိုင် ကိုင်လို့ ရပြီဆိုမှ လည်မျိုကိုညစ် စကားပြောတတ်ကြတာ ။ သူ့ ကျမှ ဖုတ်ပူမီးတိုက်ကောက်ခါငင်ခါထလုပ်ထဲ့တာ ။ နောက်ဆုံး ၂၀၀၇- နိုဝင်ဘာ Australia / Sydney မြို့ မှာ အင်ဒိုနီးရှားသမတ မေးတာကို စီးပွားရေးပိတ်ဆို့ တာ မအောင်မြင့်ပါဘူး မဖြစ်နိုင်ပါဘူးဆိုပြီး ၀န်ခံသွားရှာပါတယ် ။ ဒါကို အထဲက ပါတီကြီးတွေက ဟိုက ကျနော် လုပ်တာ မအောင်မြင်ပါဘူး ၀န်ခံထားတာကို ပိတ် ဆက်ပိတ် အော်နေတာ

ဒါကိုအခုအတိုက်အခံတွေက ပိတ်ဆို့ ရေးတောင်းဆို ဆက်တင်းခံနေကြတာ ပြန်စဉ်းစားစေချင်ပါတယ် ။ ကျနော်ပြောသလို ကန့် သတ်ချက်လေးတခုနဲ့  ပြန်ဆက်သွယ်တာလုပ်ရင် နိုင်ငံရေးအရ အစိုးရကွဲသွားပါမယ် ( အသေအခြာ ) သေခြာပေါက် ကွဲစေရပါမယ် ။ ဘိလိယက် ထိုးသူတွေ အမြင်ပေါ့ ။ တခါတလေ တဖက်လူ အနီးကို ဘော်လုံးထိုးပေးထားလိုက်သလိုမျိုးပေါ့ ။ တခါတလေ ကန်နင်ရိုက်ထိုးတာမျိုးလို နောက်ပြန်ထိုးတာကို လဲ တွေးကြည့် ပုံဖေါ်ကြည့်ဖို့ လိုပါတယ် ။

ဘယ်လိုဘဲဖြစ်ဖြစ် ရေနံစိမ်းဈေးဟာ ယခုအတိုင်း ၉၀-အထက်မှာ ကြာကြာဆက်ရှိနေရင် ဓါတ်ငွေ့ တင်သွင်းပြီးစွမ်းအင်ထုတ် သုံးနိုင်တဲ့နိုင်ငံတွေ အနုမြူစွမ်းအင်အသုံးပြုနေတဲ့နိုင်ငံတွေကို ကျနော်တို့ မြန်မာလုပ်ငန်းရှင်တွေ အချိန်တိုလေးအတွင်းမှာ လက်မြောက်အရှုံးပေးလာရပါတော့မယ် ။ အဲဒီမှာ အလုပ်လက်မဲ့တွေ စွပ်တိုးလာပြီး တနိုင်ငံလုံး ဘာဒီမိုကရေစီ မှ မအော်ဘဲ ဆန်ပေးပါ အော်လာကြပါတော့မယ် ။ ကနေ့ လား နက်ဖန်လား ။

အဲဒီလို အော်မလာအောင် အခုနိုင်ငံတော်ကို အုပ်ချုပ်နေသူတွေက တကယ် ဘဲတိုင်းပြည်မဆူအောင် အစွမ်းကုန်ဟန့် တားပါ့မလား ။ နိုး- မဟန့် တားပါဘူး ။ တကယ်ဟန့် တားမယ်ဆိုရင် သူတို့ ခိုးထားတာတွေ ဒီမှာပြန်ရင်းနှီးမှာပေါ့ ။ သူတို့ က ပါးစပ်ကတော့ မဆူအောင်လုပ်မယ် လက်က ခိုးထားတာတွေ ကျစ်ကျစ်ပါအောင်ဆုပ် ပြည်ပထုတ်နေတာလေ ။ ဆူလာပါမယ် ။ သေခြာပေါက်ဆူလာပါမယ် ။

ဒီတခါဆူလာမှာက လူထုတရပ်လုံး ရှောင်လွှဲလို့ မရတော့တဲ့ ၀မ်းရေးပြသနာ ။ ဆန် တောင်းပွဲ ။ စားဖို့ ဆန် တောင်းတာကို ကျည်ဆံ နဲ့ဖြေရှင်းလိုက်ရင် ????

အခု သမ္မတကြီးရဲ့ အကြံပေးတွေ ဘာကို နံပတ်တစ် ဦးစားပေး တွေးတောနေကြပါသလဲတော့မသိ ။ စီးပွားရေးတွေ ထိုးရပ်လာနိုင်စရာရှိနေပါပြီ ။ အခုမြန်မာငွေဈေးက မာနေတယ်နော် ။ အဲဒါ ကျနော်အကြိမ်ကြိမ်ပြောနေတဲ့ စတီးရွုက် ဖြတ်လိုက်လို့  တက်လာတဲ့ ပြသနာ ။ အထဲက အလွယ်တကူ ပေးချေနိုင်တဲ့  ငွေမရှိတော့လို့  ( အသားလွတ်ဝိုက်ထားတဲ့ ကျပ်ငွေတွေ ကုန်ခမ်းသွားလို့ ) မြန်မာငွေခိုင်မာသလိုလိုနော် ။ မြန်မာငွေဟာ ဒီထက်ပို မာလာနိုင်ပါမယ် ။ အဲဒါကောင်းသော ခိုင်မာမှုမဟုတ်ဘူး ။ ပြီး စီးပွားရေးတွေလဲ ထိုးရပ်ကော ။ အဲဒီလိုဖြစ်လိုက်တာနဲ့  လက်ထဲမြန်မာငွေကိုင်ထားသူတွေက ဒေါ်လာကိုအလုအယက် ပြန်ဝယ်တာလုပ်လာပါမယ် ။ အဲဒီကျရင် မြန်မာငွေဈေး ပြန်ထိုးကျပြီး currency crash ဖြစ်လာနိုင်ပါတယ် ။ ၉၇- ထိုင်းငွေဈေးကျသလို အတော်လေးနီးစပ်နေပါပြီ ။

မြန်မာတွေ အခုနေတော့ မြန်မာငွေကိုကိုင်ထားကြပါ ။ သတိတော့ လျှင်လျှင်သာထားကြပါ ။ စီးပွားရေးတွေ တန့် လာတာနဲ့  မြန်မာငွေကို အမြန်ဆုံးသာထုတ်ကြပေတော့ ။ နောက်ကျတဲ့သူ နောက်ချေးနဲ့ သလဲဘဲ ။ အခုတခေါက်မြန်မာငွေတန်ဖိုး ပြန်ကျရင်အိမ်တွေ မှာရင်းနှိးထားသူတွေက ပိုနာပါမယ် ။ အဲဒိမှာ အိမ်ဈေ့းက ထိုင်းမှာဖြစ်တာထက် အခုအမေရိကန်မှာဖြစ်တာထက် ၃ / ၄ ပြန်ပိုနာပါမယ် ။ သူတို့ နဲ့မတူတာက မြန်မာနိုင်ငံမှာ တာဆူနေတာ တခုရှိနေလို့ ပါ ။ အခုအမေရိကန်မှာအိမ်ဈေးက ပြောရင်တောင်သိပ်ယုံရခက်အောင်ကျသွားပါပြီ ။

မြန်မာပြည်မှာ ငွေဈေးကျတော့ ထိုင်းဖြစ်တုံး ကလို အာဆီယံတခုလုံးကို ဂယက်ကူးဆက်မှုမျိုး ဖြစ်လာမှာမဟုတ်ပါဘူး ။ ဒါပေမဲ့ အဲဒီကျရင် အစိုးရက နိုင်ငံတကာငွေကျေးရ့ပုံငွေအဖွဲ့ ကြီးကို ထောက်ပံ့ငွေ တောင်းရပါတော့မယ် ။ အဲဒီကျရင် ပြင်မရအောင်လုပ်ထားပါတယ်ဆိုတဲ့ နာဂစ်ဥပဒေကြိး...ဟဲဟဲ ကြည့်ကြသေးတာပေါ့ ။ ပြင်မရဘူးဆိုတာကြီး ဒူးထောက်သွားစေရပါမယ် ။ ပြင်မရဘူး ပျက်သါားပါမယ် ။ ၁၉၉၇- ခုနစ် အာရှငွေဈေးပြိုကွဲတော့ အာရှရဲ့ ကျားကြီး တကောင်အဖြစ် န.၀.တ. က ကိုးကားဖေါ်ပြခဲ့တဲ့ အင်ဒိုနီးရှား သမတကြီး ဆူဟာတိုဟာ ငွေကြေးပြိုကွဲလာတော့ နောက်ဆုံး ကမ္ဘာငွေကြေးရ့ပုံငွေအဖွဲ့  IMF ( International Monetary Fund ) အဖွဲ့ ဆီကနေ ငွေကြေးထောက်ပံ့မှုကို လက်ခံခဲ့ရပါတယ် ။ အဲဒီငွေကြေးအဖွဲ့ က ဒီလိုမဖြစ်ခင်က နိုင်ငံရေး စီးပွားရေး အကြံ ပြုဘူးပါတယ် ။ လက်မခံခဲ့ံပါဘူး ။

သူ့ ငွေကြေးလဲ ပြိုကွဲရော IMF က ချမှတ်တဲ့  နိုင်ငံရေး စီးပွားရေး ပြုပြင်ပြာင်းလဲရေးလုပ် ပါမယ်ဆိုတဲ့ မူကို အရင်လက်ခံရပါတယ် ။ သူတို့ ချမှတ်ပေးတာကိုလက်မခံဘဲ ငွေထုတ်မချေးပါဘူး ။ ဒီလိုထုတ်ချေးတာက အဲဒီလိုစီးပွားပျက်ချိန်ဆို ဘယ်သူကမှ မချေးတော့တဲ့အချိန်လေ ။ ဟိုကချေးတာက ကူညီတဲ့အနေနဲ့ ချေးတာ ။ အဲဒီတော့ အင်ဒိုနီးရှားသမတကြီးဆူဟာတို ဟာ IMF ငွေကြေးအဖွဲ့ ဥက္ကဌ ( ) ရဲ့ ရှေ့ မှာ ဟိုက ကလေးတယောက်အပြစ်ရှိလို့ ဆုံးမ ထားသလို လက်ပိုက်ကြည့်နေတဲ့ မျက်လုံး မျက်နာထားတင်းတင်း အောက်မှာ ကျုံ့ ကျုံ့ လေး နဲ့  လက်မှတ်ထိုးနေရတဲ့ပုံ ကိုမျက်စေ့ထဲက မထွက်ပါဘူး ။ ဟိုကမာမာပြောသလောက် မျက်နာလေးကြို့ ပြီး မျက်နှာချိုသွေး လက်ခံခဲ့ရတာပါ ။ လက်မှတ်ထိုးပြီးတာနဲ့  ပြုပြင်ရေးထဲ ပါထားတဲ့သဘောတူညီချက်အတိုင်း အာဏာ လက်လွှတ်ပေးလိုက်ရပါတယ် ။

အဲဒီလက်မှတ်ထိုးတာကို ဒုတိယကမ္ဘာစစ်အပြီး ၈ျပန်လက်နက်ချတော့ ဂျပန်ရေတပ်ဗိုလ်ချုပ်ကြီးက မစ်ဇူရီ စစ်သင်္ဘောကြီးပေါ်မှာ အမေရိကန် ပိစ္စဖိတ် ရေတပ်စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ် မက်အာသာ ရဲ့ ရှေ့ မှာ ဂျပန်စစ်ဗိုလ်ချုပ်ကို အမေရိကန်ဗိုလ်ချုပ်က လူရာမသွင်းတဲ့ ပုံစံနဲ့  ( မင်းတို့  လက်နက်ချတဲ့ စာချုပ်ပါအချက်တွေကို လက်ခံလား ..အဆင့်သင်ဖြစ်ပြီလား.). နဲ့  အသံက ခွေးယေက်သလို နဲ့  မေးတယ် ။ အမေရိကန်ဗိုလ်ချုပ်ကြိးက ဂျပန်တွေရဲ့ မျက်နာ ကို မကြည့်ဘူး ။ လက်ကိုခါးမှာထောက်ထားပြီး အဆင့်သင်ဖြစ်ရင်လက်မှတ်ထိုး ဟိုကထိုးကြရပါတယ် ။ ပြီးပြီလား ဆင်းတော့ တဲ့  ။

ဆူဟာတို ဒူးမထောက်ရရုံတမယ် လက်မှတ်ထိုး ခဲ့ရတာကို ဂျပန် လက်နက်ချရတာ နဲ့ တူနေတယ်လို့  မီဒီယာကြီးတွေက ခိုင်းနိုင်းထားခဲ့ကြပါတယ် ။ အခုကျနော်တို့ သမတကြိးလဲ သမတလုပ်ရတာမှ လေးလ မရှိသေးဘူး IMF က ကိုင်တာခံရမဲ့ ကိန်း ဘက်ကို လှမ်းနေပါပြီ ။ သမ္မတကြီး အစိုးရက လဲ အင်ဒိုနီးရှားကိုပုံတူကူးထားတာလေ ။ လွှတ်တော်မှာ စစ်ဗိုလ် -၂၅-% ဆိုတာ အင်ဒိုနီးရှားက ပုံစံကိုယူထားတာ ။ ကမ္ဘာမှ ဘယ်နိုင်ငံမှာမရှိတဲ့  စံနစ်လေ ။ နောက် နောက်ခံထားတာကလဲ အင်ဒိုနီးရှား မှာက ဂေါ့်ခါး ပါတီ ။ ဒီမှာက ကြံ့ ခိုင် ။ တနင်္လာနံ နစ်လုံးပူးယူထားတာ ။ ကြည့်ကြသေးတာပေါ့ ။ ၂၅- % နဲ့  တနင်္လာ နံပူး ။

ဟိုကဒူးထောက်ရတော့ အစိုးရသက်တမ်းက နစ်က ၃၂- နှစ်လောက်ရပြီ ။ အာရှ ကျားကြိးလို့  သတ်မှတ်ခံလိုက်ရှာသေးတယ် ။ ဒီက အခုမှ သုံးလသားလေး ။ သုံးလသားဆိုတော့ လေးဘက်တောင် မမှောက်တတ်သေးဘူး ။ ဒူးဘယ်လိုလုပ်ထောက်မလဲတော့မသိဘူး ။ နို့ ဘူးတန်းလန်းနဲ့  ။ တခါ IMF နဲ့ တွေ တော့ ဟိုက ဥက္ကဌ အသစ်စက်စက်ပူပူနွေံးနွေးက ပြင်သစ်သူ အမျိုးသမိး ။ ကြည့်ကောင်းပြီ ။ မိန်းမအုပ်ချုပ် တိုင်းပြည်ပျက်မယ် ဆိုတဲ့သူတွေ နဲ့  ပြင်သစ်မကြီးနဲ့  ။ တွေးကြည့်ရင် ဘယ်လောက်မျက်နှာငယ်ရှာရမလဲလို့  ။


သမ္မတကြိး အကြံပေးအဖွဲ့ ဝင်များလဲ စစ်ဖြစ်တဲ့နစ်မှ စစ်ထဲဝင်မိသလို ဖြစ်နေကြပါတယ် ။ နိုင်ငံကထွက်တဲ့ ဓါတ်ငွေ့ ကို တိုင်းပြည်အတွက်ပြန် သု့းဖို့ အခု ချက်ချင်း ( အရေးပေါ် ) မလုပ်ရင် လူထုအုံကြွမှုကို ဖြေရှင်းဖို့  ၀ါးရင်းဒုတ် သင်တန်းကိုအမြန် လေ့ကျင့်ထားပေတော့ ။ GAS ကိုပြည်တွင်းသုံး ဖို့  အရေးပေါ်ပြန်မစီစဉ်ကြရင် GUARD ဂါတ်တဲ ထဲလူတွေ ဖမ်းထဲ့ဖို့  ဂါတ်တဲတွေ အမြန်ဆောက်ကြပေတော့ ။

အချုပ်အနေနဲ့ ပြောရရင် သမ္မတကြိးဦးသိန်းစိန်ဟာ ဗိုလ်ရွှေ ပေါက်ကရလုပ်ခဲ့တဲ့ အရှုပ်ထုပ်ကြီး ဗြမ္မာကြိးခေါင်းကို ကိုင်ထားရတဲ့ဘ၀ကိုရောက်နေပါတယ် ။ လွယ်ကူသောပြသနာမဟုတ်ပါဘူး ။ ပေါ့သေးသေး မထင်ကြပါနဲ့  ။ ဗိုလ်ရွှေ ရှုပ်ထားတဲ့ အရှုပ်ထုပ်ကို ခင်ဗျားတို့ ရဲ့ ဆွေမျိုးပေါက်ဖေါ်ကရော တကယ် ခင်ဗျားတို့ အပေါ် စိတ်ရင်းစေတနာ အမှန်ရှိတယ်ထင်နေလို့ လား ။ အခုမကြာခင်လောင်စာ အကျပ်အတည်းကြောင့်စီိးပွားရေးတွေ ထိုးရပ်လာရင် သူကခင်ဗျားတို့ ကို သူ့ ယူထားတဲ့ ဓါတ်ငွေ့ မျှသုံးကြတာပေါ့ လုပ်ပေး မျှပေးလာမယ် ထင်ပါသလား ။

မိတ်ဆွေအစစ်လားဆိုတာ မကြာခင်ပေါ်လာပါမယ် ။ ကြည့်ကြသေးတာပေါ့ဗျာ ။

နိုင်ငံတနိုင်ငံရဲ့ံစီးပွားရေးကို ဟောကိန်းထုတ် ကြိုတင်ရေးရတာ အင်မတန် တာဝန်ကြီးပါတယ် . ကျနော်ဆီမှာ အချက်အလက်ကလဲ ပြည့်ပြည့်စုံစုံမရှိပါ ။ အခုမှန်းဆချက်က သိပ်ထင်သာမြင်သာရှိလာနေလို့ သာရေးရဲတာပါ ။ တတ်လွန်းလို့ မဟုတ်ရပါဘူး ။ ဆင်ကြီးလာနေတာ မမြင်ရသေးပေမဲ့  မြေတုန်နေတာနဲ့ ခန့် မှန်းနိုင်ပါပြီ ။ သစ်ပင်တွေ ကိုဆင်တိုးလို့  သစ်ပင်တွေ ကြိုးသံ ကိုနားထောင်တတ်ရင် လဲ ခန့် မှန်းနိုင်ပါတယ် ။ အပေါ်က ၄က်တွေ ဆူညံနေသံတွေ လှိုင်နေပါပြီ ။

ဆက်လက် တင်ပြပါဦးမည် ။

လှိုင်မြင့်

ဦးသိန်းညွန့် ပါတီဖွဲ့ တမ်းကစားနေသလား

ဒီနေ့ ဇူလိုင်လ ၄ ရက်မှာ သင်္ဃန်းကျွန်းလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၊လသာလွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော် နှင့် ဒေါ်စန်းစန်းမြင့်တို့ဦးဆောင်၍ အမျိုးသားဒီမိုကရေစီပါတီသစ် NEW NATIONAL DEMOCRACYPARTY(NNDP)ကိုစတင်တည်ထောင်ရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့တင်ပြကြောင်းသတင်းထုတ်ပြန်သည်။

သံမှူးကြီး ဦးကျော်ဝင်း နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ



2011-07-03
ဝါရှင်တန် ဒီစီရှိ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်တဲ့ သံမှူးကြီး ဦးကျော်ဝင်းဟာ သူ့ရဲ့တာဝန်တွေကို စွန့်လွှတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလိုက်ပါတယ်။
RFA
၂၀၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလိုက်တဲ့ ၀ါရှင်တန် ဒီစီရှိ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်သူ သံမှူးကြီး ဦးကျော်ဝင်း ဖြစ်ပါသည်။ ဓါတ်ပုံ - RFA
နိုင်ငံခြားရေးဌာနမှာ ၁၉၈၀ ခုနှစ်က စပြီး တာဝန် ထမ်းဆောင်ခဲ့တဲ့ သံမှူးကြီး ဦးကျော်ဝင်း က သူဟာ မြန်မာ အစိုးရ အပေါ်မှာ ယုံကြည်မှု ကင်းမဲ့ သွားပြီ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပခဲ့တာ မှန်ပေမယ့် အမှန် ပကတိမှာ ဒီမိုကရေစီ အရိပ်အယောင် မြင်တွေ့ရခြင်း မရှိကြောင်း၊ အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရ ခေါင်းဆောင်ပိုင်း အပေါ် ကန့်သတ် ပိတ်ပင်မှုကို မိမိ ထောက်ခံကြောင်း၊ တပြိုင်နက်မှာပဲ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ အစိုးရ အပေါ် အနီးကပ် ဆက်ဆံမှုတွေကို တိုးချဲ့သင့်ကြောင်း စသဖြင့် အာအက်ဖ်အေ နဲ့ သီးသန့် တွေ့ဆုံရာမှာ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese

ကျော်ဆန်းသားရမ်းကား


MRTV-4 ရုံးအတွင်းမှာ ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီး
ကျော်ဆန်းသားရမ်းကားတယ်လို့ သိရပါတယ်....အဖေအရှိန်နဲ့
ရုံးမှာနေရာပေးထားတဲ့သူဟာ အမြဲတမ်းရမ်းကားချင်သလို ရမ်းကားနေတတ်ပြီး
ဝန်ထမ်းတွေကိုလည်း မထင်ရင်မထင်သလို ထိုးကြိတ်နှိပ်စက်လေ့ရှိတယ်လို့
ဆိုပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ အသံဖမ်းဌာနက ၀န်ထမ်းတစ်ယောက်ကို
ထိုးကြိတ်၊ ရိုက်နှက်ပြီး ဒိုက်ထိုးခိုင်းတဲ့အထိ အခြေအနေဆိုးသွားတယ်လို့
သိရပါတယ်။ နောက်ပြီး ရုံးထဲမှာ ဆဲဆိုအော်ဟစ်နေတာကြောင့် သူ့ကို
ထိန်းလိုက်တဲ့သူကိုလည်း ဆဲဆိုကာ သူ့ကို ထိုးတယ်လို့
သူ့အဖေကိုတိုင်တယ်တဲ့။ အဲဒီထိန်းတဲ့လူဟာ ဗိုလ်ကျော်စန်းကြောင့်
ရုံးတစ်လနားလိုက်ရပြီး သူဟာ ကားပါကင်က ဆိုင်းဘုတ်တွေကိုလည်း
ရိုက်ချိုးသွားတယ်လို့သိရပါတယ်။
သတင်းအသေးစိတ်ကို စုံစမ်းနေပါတယ်....
ရတာနဲ့ပို့ပေးပါ့မယ်။

(.....)