Tuesday, July 5, 2011

ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ်အင်္ဂါနေ့ ဇူလိုင် ၅ ရက်နေ့


http://www.mizzimaburmese.com

“ လိုနေတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ…”



ဗမာပြည်နိုင်ငံရေးအခြေအနေကိုလေ့လာကြည့်ရင်စစ်အာဏာရှင်တွေကို ထိပ်တိုက်ရင်ဆိုင်တွန်းလှန်တိုက်ပွဲဝင်မှုတွေနည်းပါးနေသလိုယူနီဖေါင်းချွတ်ပြထား
တဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့စစ်တပ်ရဲ့လက်ကိုင်ဒုတ်ကြံ့ဖွတ်တွေက စစ်အာဏာရှင်စနစ်ကိုသက်တမ်းတိုးဖို့ အစိုးရ
သစ်အမည်ခံပြီး နိုင်ငံတကာအလယ်မှာဝင်ဆံ့အောင် တည်ဆောက်နေတာတွေ့နေရပါတယ် ။

သန်းရွှေနဲ့စစ်အုပ်စုကြီးစိုးချယ်လှယ်တဲ့ပုံသဏ္ဍာန်ကနေ
အရပ်သားအစိုးရအဖြစ် သိန်းစိန်နဲ့စစ်ဗိုလ်ချုပ်တစုအရပ်ဝတ်လဲပြီး အတုအယောင်
ရွေးကောက်ပွဲနဲ့လွှတ်တော်တရပ်ဖွဲ့စည်းခဲ့တဲ့ကစားကွက်ကို
ဘယ်နိုင်ငံရေးပါတီအဖွဲ့အစည်းကမှ ထိထိရောက်ရောက်ဟန့်တားတိုက်ပွဲဝင်
မှုမလုပ်နိုင်ခဲ့ပါဘူး၊ အစိုးရသစ်လို့ စစ်အုပ်စုလက်ခမောင်းခတ်ရပ်တည်နေချိန်မှာ
လက်နက်ကိုင်အင်အားစုတွေအပိုင်းမှာသာ အပစ်အခတ် ရပ်စဲမှုပျက်တာ၊
နယ်ခြားစောင့်တပ်အဖြစ်ကနေ တော်လှန်ရေးတပ်အဖြစ်ပြန်ရပ်တည်တာ ၊ တိုင်းရင်းသားဒေသတွေမှာ
တိုက်ပွဲတွေအရှိန် မြှင့်ပြီး မြို့တွင်းစစ်ဆင်ရေးထိုးဖေါက်ဆင်နွှဲတာတွေအထိရှိလာခဲ့ပေမဲ့
ပြည်တွင်းနိုင်ငံရေးအဖွဲ့တွေအနေနဲ့တော့ စစ်အုပ်စုကိုတွန်းလှန်ဖို့
ဘယ်လိုနိုင်ငံရေးလမ်းကြောင်းပုံသဏ္ဍာန်တည်ဆောက်တာကိုမှ မတွေ့ခဲ့ရပါဘူး ။

လူထုတိုက်ပွဲနဲ့လက်နက်ကိုင်တိုက်ပွဲ ဟန်ချက်ညီပေါင်းစည်းနိုင်ဖို့လိုတယ်လို့
လက်နက်ကိုင်လမ်းစဉ်မှာလျှောက်လှမ်းနေသူတွေက ယုံ ကြည်ထားကြပေမဲ့
ပြည်တွင်းအင်အားစုတွေအနေနဲ့က လက်နက်ကိုင်လမ်းစဉ်ကို
အကြမ်းဖက်လုပ်ငန်းတွေလို့သဘောထားနေတာတွေ့ရ ပါတယ် ၊ ဗုဒ္ဓဘာသာရာဇဝင်မှာ ဘုရားလောင်း
ဝေသန္တရာမင်းကြီးဖြစ်စဉ်အခါက လှုလိုက်တဲ့သားနဲ့သမီးကို ပုဏ္ဏားယောင်ဆောင်ထားတဲ့ သကြားမင်းကရိုက်တော့
ဒေါသစိတ်ဖြစ်ပြီး ဓားထဆွဲတယ်လို့အထင်ကရပါရှိပါတယ် ၊ အဲဒီလို ဘုရားလောင်းတောင်မှ
လှုပြီးသားရင် သွေးအတွက် လက်နက်နဲ့ဖြေရှင်းဖို့စိတ်ကူးမိသေးရင်
ရင်သွေးတွေအသတ်ခံရ၊မိသားစုတွေတကွဲတပြားဖြစ်၊ဘဝတွေပျက်၊ကိုယ်လက်အင်္ဂါ
တွေဆုံရှုံးဖြစ်ရတဲ့အထိ စစ်အုပ်စုရဲ့မတရားနှိပ်စက်အနိုင်ကျင့်မှုကိုခံနေရတဲ့
ပုထုဇဉ်လူသားတွေက လက်နက်နဲ့ခုခံတော်လှန်ဖို့ကြိုးစားကြ တာ သဘာဝကျတဲ့အကြောင်းအရာပဲမဟုတ်ပါလား၊လူထုတိုက်ပွဲတွေဆင်နွှဲတိုင်း
စစ်တပ်နဲ့လုံထိန်းတွေက အကြမ်းဖက်ဖြိုခွဲတဲ့အချိန် တွေ့ ရာအုတ်ခဲနဲ့
ကောက်ထုတုန့်ပြန်ဖို့ကြိုးစားကြတာ ပြည်သူ့ဆန္ဒအစစ်အမှန်ဆိုတာ
သတိထားမိကြဖို့လိုပါတယ်၊အဲဒီလို ပြည်သူတွေရဲ့ လက် တွေ့ဘဝနဲ့ဆန္ဒကိုမမြင်ပဲ
ကိုယ်ထင်ရာကိုယ်ပြောနေသမျှ စစ်အုပ်စုကခေါင်းထောင်နေဦးမှာပါပဲ၊ မဟော်သဓာဇတ်တော်ထဲက
သားတရား စီရင်ခန်းလို အမေရင်းမို့ သားလေးနာမှာစိုးလို့လွှတ်ပေးလိုက်တယ်ဆိုတာမျိုးက
မဟော်သဓာလို ကြားဝင်စေ့စပ်ပေးမဲ့သူကိုမျှော်တဲ့ အတွေး အခေါ်မျိုးသာဖြစ်ပြီး
ခုခေတ်မှာတော့ သားဘီလူးလက်ပါပြီး အစားခံလိုက်ရမှာပါ ၊ တစ်ကိုယ်လုံးပါပြီး အသက်သေမှာထက်စာရင်
လက် တဘက်ပြုတ်သွားတာကတော်သေးတာမို့ ဘီလူးလက်အပါမခံပဲ မရ ရအောင်ပြန်စွဲမယ်ဆိုတဲ့
အတွေးမျိုးနဲ့ စစ်အုပ်စုလက်ထဲက ဗမာပြည်ကိုပြန်ဆွဲလုကြရမှာပါ ။

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ် ဆိုတဲ့သီချင်းလေးကိုကြားယောင်မိပါတယ် ၊ ငြိမ်းချမ်းစေချင်ပါတယ်လို့
လေလှိုင်းနဲ့ စာရွက်တွေပေါ် ကနေပြောနေပေမဲ့ တိုင်းရင်းသားဒေသတွေကို
ထိုးစစ်ဆင်တိုက်ပွဲတွေဖန်တီးပြီး ပြည်သူပေါင်းများစွာကို စစ်ဘေးဒုက္ခသည်တွေအဖြစ်
အိုးအိမ်မဲ့ နိုင်ငံမဲ့ဖြစ်စေတဲ့ စစ်အုပ်စုရဲ့တရားမဲ့လုပ်ရပ်တွေကို
ဆန္ဒပြကန့်ကွက်မှုတွေလုပ်ဆောင်ဖို့ကိုတော့ ဘယ်ပါတီအဖွဲ့အစည်းကမှ
ထိထိရောက်ရောက်လုပ်ဆောင်တာမတွေ့ရပါဘူး ။

ပြည်တွင်းနိုင်ငံရေးပါတီအဖွဲ့အစည်းတွေအနေနဲ့
ကိုယ့်အားကိုယ်ကိုးတိုက်ပွဲဖေါ်ဆောင်မှုမရှိပဲ နိုင်ငံတကာအကူအညီကိုအားထားမျှော်ကိုး
နေယုံနဲ့ ဘယ်လိုတွေ့ဆုံဆွေးနွေးမှုမျိုးမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို
ဖြတ်သန်းခဲ့ပြီးတဲ့ ၂၃ နှစ်တာကာလကိုပြန်တွေးသတိမူသင့် ပါတယ် ၊
တိုက်ပွဲဖေါ်ဆောင်မှုမရှိရင် ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်နိုင်ငံရေးအကျဉ်းသားတွေ
ပြန်လွတ်လာဖို့မဖြစ်နိုင်သေးသလို ပြည် တွင်းစစ်ကိုမီးရှိန်မြှင့်နေတဲ့
စစ်အုပ်စုရဲ့လုပ်ရပ်တွေကို လည်း ဘယ်လိုမှတာဆီးနိုင်မှာမဟုတ်ပါဘူး ။

စစ်အုပ်စုရဲ့ဖိနှိပ်မှုပုံစံအမျိုးမျိုးအောက်မှာရပ်တည်လုပ်ဆောင်နေကြရတဲ့
ပြည်တွင်းအင်အားစုတွေအနေနဲ့ ကိုယ်ဘာသာအမြင်ရှင်းဖို့အရေး ကြီးပါတယ် ၊
ပြည်သူတွေကကြောက်နေကြတာလား ၊ ဘယ်လိုတိုက်ပွဲဝင်ကြမယ်ဆိုတာ
ဦးဆောင်လမ်းပြပေးမဲ့သူမရှိလို့ အချိန်စောင့်နေ ကြတာလားဆိုတာ အပြန်ပြန်အလှန်လှန်သုံးသပ်စဉ်းစားကြဖို့လိုပါတယ်
၊ တကယ်တမ်းမှာ အသက်ရှင်ပြီးဘဝတွေသေနေတဲ့ပြည်သူတွေ က တိုက်ပွဲဝင်ဖို့အသင့်ပါပဲ ၊
ရှစ်လေးလုံးအရေးတော်ပုံကြီးကိုပြန်ကြည့်ပါ ၊ စစ်တပ်ကအာဏာသိမ်းပြီး ၂၆ နှစ်လုံးလုံး
တော်လှန်ရေးကောင် စီကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ဆိုပြီး ကျည်ဆံမိုးရွာအုပ်ချုပ်မှုကို
အံခဲခံနေခဲ့ကြရပေမဲ့ ကျောင်းသားတွေအသေခံပြီး ကိုယ်ကျိုးစွန့်ဦးဆောင်တော့ ပြည်သူတရပ်လုံးလိုက်ပါတိုက်ပွဲဝင်ခဲ့ကြပါတယ်၊
၂၀၀၇ မှာလည်း ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက်ကျောင်းသား တွေ ၂၀၀၇
မျိုးဆက်ကျောင်းသားတွေက ပြည်သူကိုယုံကြည်မှုပေးနိုင်ခဲ့တယ် ၊ ထောင်ဒဏ် ၆၅
နှစ်တွေရင်းပြီး ပြည်သူကိုနှိုးဆွနိုင်ခဲ့တယ်၊ သံဃာတော်တွေပါ
အသေခံဦးဆောင်ချိန်ကျတော့ (နိုင်ငံရေးပါတီကလူတွေသာ တွေဝေနေပြီး) ပြည်သူတွေက
လိုက်ပါခဲ့ကြတာပါပဲ ။

သေနတ်ပြောင်း၊နံပါတ်တုတ်နဲ့အချုပ်ထောင်တွေကိုပြပြီးဟစ်အော်ကြိမ်းမောင်းနေတဲ့
စစ်အာဏာရှင်ရဲ့အမိန့်သံတွေကို ဥပဒေတွေအဖြစ် လိုက်နာရင်း
တိုက်ပွဲလမ်းကြောင်းပျောက်နေတဲ့အဖြစ်ကြောင့် ပြည်သူတွေဝေဝါးနေရတာကို
တိုက်ပွဲဝင်ရဲမှ ဖိနှိပ်ခံစစ်ကျွန်ဘဝက လွတ် မြောက်မှာဆိုတဲ့ယုံကြည်မှု ပြန်တည်ဆောက်ပေးနိုင်ဖို့လိုပါတယ်
၊ ခုချိန်မှာတော့ ပြည်သူတွေရဲ့ လေးစားအားကိုးမှုယုံကြည်မှုကိုရဖို့က
တော့ ရှစ်လေးလုံးအရေးတော်ပုံကြီးမတိုင်မှီကလို ကျောင်းသားလှုပ်ရှားမှုတွေ ၊
ဦးအုန်းသန်းတို့ ကိုထင်ကျော်တို့လို အဖမ်းခံရမှာသိသိနဲ့
တကိုယ်တော်ရဲရဲရင့်ရင့်ဆန္ဒပြသူတွေ ၊ကိုမင်းကိုနိုင်တို့လိုရှေ့ကထွက်ဦးဆောင်မဲ့ကျောင်းသားတွေ လိုနေတာပါပဲ ။

ရှစ်လေးလုံးအရေးတော်ပုံကြီးမတိုင်မှီက ခုလောက်နိုင်ငံရေးအသိတွေမရှိကြပဲ
ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ပစ်သတ်ခံခဲ့ရတဲ့ RITကျောင်းဝန်း ကမတရားမှုကြောင့်
ကျောင်းသားတိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပါတယ် ၊ အင်းလျားကန်ဘောင်ကတံတားဖြူကို
တံတားနီလို့တင်စားခေါ်ရ လောက်အောင် သွေးတွေအိုင်ထွန်းနေတဲ့အထိအရိုက်ခံပြီး
မတရားမှုကိုတုန့်ပြန် မကျေနပ်မှုတွေကိုပြခဲ့တဲ့ကျောင်းသားတွေကြောင့် တက္က သိုလ်ကျောင်းသားတွေသာမက
အခြေခံပညာကျောင်းသားတွေပါ ကျောင်းသားတိုက်ပွဲထဲမှာပါဝင်လာကြသလို
မြေနီကုန်းအရေးတော်ပုံနေ့ (အခြေခံပညာကျောင်းသားများနေ့)လို့ သတ်မှတ်ခေါ်ဆိုကြတဲ့ ဇွန်လ
၂၁ ရက်နေ့က လုံထိန်းတွေရဲ့နံပါတ်တုတ်နဲ့ရိုက်နှက်နှိမ်နှင်းမှုကို
တက္ကသိုလ်ကျောင်းသားတွေနဲ့အတူ အခြေခံပညာကျောင်းသားတွေပါ ရဲရဲရင့်ရင့်ရင်ဆိုင်တုန့်ပြန်ခဲ့တာကြောင့်
ပြည်သူတွေပါကျောင်းသား တိုက်ပွဲထဲပါဝင်လာခဲ့ကြပြီး သမိုင်းတွင်မဲ့လူထုအရေးတော်ပုံကြီးဖြစ်ခဲ့တဲ့သာဓကကိုပြန်တွေးကြည့်ရင်
လက်ရှိအခြေအနေမှာ ပြည်သူတွေ ကြောက်နေကြလို့မဟုတ်ပဲ ဦးဆောင်မဲ့ကျောင်းသားလှုပ်ရှားမှုတွေကို
စောင့်နေကြတာသာဖြစ်တယ်ဆိုတာ ထင်ရှားပါတယ် ။

ဖိရင်ကြွမယ် ထိရင်ချမယ် ၊ ကျောင်းသားဟာ လက်သည်းဆိတ်ရင် လက်ထိပ်ကနာတယ်ဆိုတဲ့အတွေးအခေါ်တွေ
ကျောင်းသားတွေကြား ပြန်ရောက်အောင် အရင်လုပ်ကြရမယ်ထင်ပါတယ် ၊
တော်လှန်ရေးမျိုးဆက်ပြတ်သည်မရှိဆိုပေမဲ့ စစ်အုပ်စုရဲ့
အဆိုးရွားဆုံးနှိပ်ကွတ်နှိမ်နှင်း မှုတွေနဲ့ အာရုံလွှဲထားမှုတွေကြောင့်
မျိုးဆက်ပေါ်ထွက်မှုကျဲနေတာမျိုးဖြစ်နေတာကို ချေဖျက်နိုင်အောင်ကြိုးစားကြပြီး ကျောင်းသား
လှုပ်ရှားမှုတွေပေါ်ထွက်ရေးကနေ ကြံ့ဖွတ်လွှတ်တော်ဖျက်သိမ်းရေးထိ တည်ဆောက်ကြသင့်ပါတယ်။

အမိမြေလွတ်မြောက်ဖို့အရိုးတွေတောင်လိုပုံမှရမယ်ဆိုရင်

ကျောင်းသားအရိုးတွေကအာက်ဆုံးအလွှာကရှိရစေမယ်” ဆိုတာကိုယုံကြည်လျက်

ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့ကြသော တိုက်ပွဲဝင်နေသောကျောင်းသားအပေါင်းအား ဦးညွတ်အလေးပြုပါသည်။

မောင်ချင့်ချိန်

၅.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
5 July 2011 Yeyintnge's Diary.doc5 July 2011 Yeyintnge's Diary.doc
492K   View   Download  
5 July 2011 Yeyintnge's Diary.pdf5 July 2011 Yeyintnge's Diary.pdf
1996K   View   Download  

http://www.mediafire.com/file/j3nyvmat015lc3r/5%20July%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/7qzq41ik34brnkh/5%20July%202011%20Yeyintnge%27s%20Diary.pdf

5 July 2011 Yeyintnge's Diary

ပုဂ္ဂိုလ်​ရေး ​လွတ်လပ်ခွင့်​ကို အသိအမှတ်ပြု​ လေး​စား​ရန် ​ဒေါ်​အောင်ဆန်း​စုကြည်​ ပြောကြား




Published on July 5, 2011 by အံ့ဘုန်းမြတ်   ·   
မြန်မာ့ ​ယဉ်​ကျေး​မှု ​ရှေး​ဟောင်း​အ​မွေအနှစ်မြို့​တော် ပုဂံမြို့​ဟောင်း​ကို သား​ငယ် ကိုထိန်း​လင်း​နဲ့​အတူ မိသား​စုဘုရား​ခရီး​စဉ်အဖြစ် ​ရောက်ရှိ​နေတဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က သူ့​ရဲ့​ပုဂ္ဂိုလ်​ရေး​လွတ်လပ်ခွင့်​ကို အသိအမှတ်ပြု​လေး​စား​ဖို့​ ​ပြောကြား​လိုက်ပါတယ်။
ဒီက ​နေ့​မနက် အာနန္ဒာဘုရား​ကို မူး​မျှော်ကြည်ညိုအပြီး​ သတင်း​ထောက်​တွေနဲ့​ ​တွေ့​ဆုံစဉ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။
ဒါနဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် ပုဂံဘုရား​ဖူး​ ခရီး​စဉ်ကို လိုက်ပါ သတင်း​ယူ​နေတဲ့​ သတင်း​ထောက်တဦး​က အခုလို ​ပြောပြပါတယ်။
“အာနန္ဒာကထွက်​ တော့​ သတင်း​ထောက်​တွေကို ​တွေ့​တဲ့​အချိန်မှာ ဘာ​မေး​မလဲဆိုပြီး​ ရပ်ပြီး​စကား​ပြောတယ်။ ဒီခရီး​စဉ်က သူရဲ့​ ကိုယ်​ရေး​ကိုယ်တာ ဘုရား​ဖူး​ခရီး​ပါတဲ့​။ နိုင်ငံ​ရေး​ခရီး​စဉ်မဟုတ်ပါဘူး​တဲ့​။ အ​ပျော် ​လေ့​လာ​ရေး​ထွက်တဲ့​ သ​ဘောမျိုး​ဖြစ်တဲ့​အတွက်​ကြောင့်​ လွတ်လွတ်လပ်လပ်ထွက်လာရတာ ဖြစ်တဲ့​အတွက်​ကြောင့်​ စိတ်​ကော ​ပျော်ပါတယ်တဲ့​။ တခြား​ ဘယ်မှသွား​ဖို့​ အစီအစဉ်လည်း​ မရှိဘူး​ပေါ့​နော်။ မ​ကွေး​၊​ ပုပ္ပါး​တို့​ ဘာတို့​လည်း​ သွား​ဖို့​ အစီအစဉ်မရှိပါဘူး​တဲ့​။ ၈ ရက်​နေ့​ ပြန်မှာပါတဲ့​။ ဒါ​ပေမယ့်​ သူ့​ဟာသူ လွတ်လွတ်လပ်လပ် private ခရီး​စဉ်​လေး​ဖြစ်တဲ့​အတွက်​ကြောင့်​ privacy ​လေး​ လိုချင်ပါတယ်လို့​ ​ပြောပါတယ်။ အဲအဓိပ္ပာယ်ရဲ့​ စကား​က​တော့​ ​နောက်က​နေ ရုန်း​ရုန်း​ ရုန်း​ရုန်း​လိုက်တာ သူသိပ်မကြိုက်ဘူး​နဲ့​ တူပါတယ်။”
ဒါ့​အပြင် ​ဒေါ်​အောင်ဆန်း​စုကြည်က ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကပဲ ပြီး​ဆုံး​သွား​တဲ့​ အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံ ​ရွေး​ကောက်ပွဲ ရလဒ်နဲ့​ပတ်သက်ပြီး​တော့​လည်း​ အနိုင်ရ ​ပွေ့​ထိုင်း​ပါတီရဲ့​ ​ခေါင်း​ဆောင် ထိုင်း​နိုင်ငံရဲ့​ ပထမဦး​ဆုံး​ အမျိုး​သမီး​ဝန်ကြီး​ချုပ် ဖြစ်လာမယ့်​သူ မစ္စရင်လတ်ရှင်နာဝတ် လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံ​ရေး​ လက်ရှိအ​ခြေအ​နေထက် ပိုမို​ကောင်း​မွန်လာဖို့​ ​မျှော်လင့်​တယ်လို့​လည်း​ သတင်း​ထောက်​တွေရဲ့​ ​မေး​မြန်း​ချက်​တွေကို ပြန်လည် ​ဖြေကြား​ခဲ့​ပါ​​တယ်။
ဒေါ်​အောင်ဆန်း ​စုကြည်ဟာ ဒီက​နေ့​မနက်ပိုင်း​ သူ့​ရဲ့​ပုဂံဘုရား​ဖူး​ခရီး​စဉ်ထဲမှာ​တော့​ အာနန္ဒာ၊​ သဗညု၊​ မြ​စေတီနဲ့​ မနုဟာဘုရား​တွေကို သွား​ရောက်ဖူး​ ​မျှော်ခဲ့​ပါတယ်။
ဒီခရီး​စဉ် မတိုင်ခင်က ​ဒေသခံအာဏာပိုင်​တွေက ​ဒေါ်​အောင်ဆန်း​စုကြည်ကို အား​မ​ပေး​ဖို့​ ဘုရား​ဂေါပကအဖွဲ့​တွေ အပါအဝင် ​ဒေသခံ​တွေကို ချိန်း​ခြောက် ဖိအား​ပေး​ ပိတ်ပင်ထား​တဲ့​ကြား​က ​ဒေသခံ​တွေ အများ​အပြား​လာ​ရောက် အား​ပေး​ခဲ့​ကြပါတယ်။
ဒီက​နေ့​ ဘုရား​ဖူး​ခရီး​စဉ်အတွင်း​ ပုဂံ​ဒေသခံ​တွေရဲ့​ အား​ပေး​မှု​တွေကိုလည်း​ သူမြင်​တွေ့​ခဲ့​ရတဲ့​အတိုင်း​ သတင်း​ထောက်က အခုလို ​ပြောပါတယ်။
“အကုန်လုံး​ ကြည့်​ရတာ ရှင်း​ထား​ပုံရတယ်။ ဒါ​ပေမယ့်​ မနုအာဘုရား​မှာ​တော့​ လူ​တော်​တော်များ​တယ်။ လူ​တွေက တချို့​ လာလာကြည့်​တယ်။ လာကြည့်​ပေမယ့်​ သူတို့​ မဝံ့​မရဲဘူး​ ​ကြောက်တယ်။ ​ကြောက်တယ်ဆိုတာက သူတို့​ပြန်သွား​ရင်များ​ တခုခုဖြစ်မလား​ဆိုပြီး​ ​ကြောက်တယ်နဲ့​တူပါတယ်။ ​နောက်ဆုံး​ ဖူး​တဲ့​ မနူအာဘုရား​လည်း​ ​ရောက်​ရော ​ကောင်မ​လေး​နှစ်​ယောက်က ပန်း​စည်း​လေး​ကိုင်ပြီး​ သွား​ပေး​တယ် ဘုရား​လှူဖို့​ပေါ့​။ သူဘုရား​မှာ လှူ​ပေး​လိုက်တယ် ပန်း​အိုး​ထဲထည့်​ပြီး​။ အဲဒါလည်း​ လူ​တွေက ​တော်​တော်လာကြည့်​နေကြတယ်။ အဲမတိုင်ခင်က မြ​စေတီ​ကျောက်စာမှာကတည်း​က လူ​တွေက အကဲစမ်း​ပြီး​ လာကြည့်​နေကြတယ်။ ပြန်မယ်ပြန်မယ်​ပေါ့​ နည်း​နည်း​ကြောက်တာကိုး​။ ဘာဖြစ်လဲတဲ့​ ကြည့်​လို့​ရပါတယ်တဲ့​ဆိုပြီး​ ကြည့်​ကြတာ။ အဲဒီက​နေစပြီး​ ဝိုင်း​ပြီး​နှုတ်ဆက်ကြတာ။ အန်တီ​နေ​ကောင်း​လား​တို့​၊​ တချို့​ဆို တကယ့်​ကို နာမည်ကြီး​ မင်း​သမီး​တ​ယောက်လာသလိုပဲ​ပေါ့​။
ဒေါ်​အောင်ဆန်း ​စုကြည်ရဲ့​ ဒီခရီး​စဉ်ဟာ ​နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်​မြောက်လာပြီး​နောက်ပိုင်း​ ပထမဆုံး​ ရန်ကုန်ပြင်ပခရီး​စဉ်တခုဖြစ်သလို သူ့​ရဲ့​ ဒီခရီး​စဉ်အ​ပေါ် ၂၀၀၃ ခုနှစ် စစ်ကိုင်း​တိုင်း​ ဒီပဲယင်း​လုပ်ကြံမှုလို ထက်မံကြုံ​တွေ့​လာရမှာကို မြန်မာပြည်သူ​တွေ၊​ နိုင်ငံ​ရေး​လောကသား​တွေနဲ့​အတူ နိုင်ငံတကာကပါ အထူး​စိုး​ရိမ်ပူပန်မှု​တွေ ရှိ​နေကြပါတယ်။
http://burmese.dvb.no/archives/12159

ဒေါ်ရင်လှသတင်းထောက်များအားဖြေကြား

ကိုထင်ကျော် ဆေးရုံမှာ ထပ်မံနှိပ်စက်ခံရ




2011-07-05
ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြလို့ ထောင်ချခံထားရတဲ့ ကိုထင်ကျော်ဟာ စစ်ကိုင်းတိုင်း ခန္တီးထောင် မှာ ကျန်းမာရေး မကောင်းတဲ့အတွက် ထောင်အာဏာပိုင်တွေက အပြင်ဆေးရုံ တက်ခွင့်ပြုလိုက်ပေမယ့် ဒေသခံ ရဲအရာရှိတွေရဲ့ အာဏာပြ အကြမ်းဖက် လုပ်ရပ်ကြောင့် ဆေးမကုရပဲ ထောင်ထဲ ပြန်သွားရတယ်လို့  သတင်း ရရှိပါတယ်။
Photo: RFA
၂၀၀၇ ခုနှစ်က ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ တောင်းဆို ဆန္ဒပြမှု အတွက် ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခံထားရသူ နိုင်ငံရေးအကျဉ်းသား ကိုထင်ကျော် ဖြစ်ပါသည်။
ဒီကိစ္စနဲ့ ပတ်သက်လို့  ပြီးခဲ့တဲ့ ဇွန်လ - လကုန်ပိုင်းက ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ကိုထင်ကျော်ရဲ့ ဇနီးသည် မသန်းသန်းမော်က RFA ကို အခုလို ပြောပါတယ်။ "ကျမ သူ့ကို သွားတွေ့တာ ဆိုလို့ရှိရင် ၂၃ ရက်နေ့က သွားတွေ့တာပေါ့။ ဆီး လိပ်ခေါင်းရောဂါနဲ့ ပတ်သက်ပီး ဆေးရုံတက်တဲ့ ကိစ္စမှာ ရဲတွေက လာပီး ခန္တီးခရိုင် ပြည်သူ့ ဆေးရုံမှာ လာပြီး အကြမ်းဖက်တဲ့ ကိစ္စကို သူ ကျမကို တိုင်စာလည်း ပို့ခိုင်းတယ်။ ရဲ မြို့နယ်မှူးတွေက သူ့ကိုလည်း အကြမ်းဖက်တယ်ပေါ့။ သူ့ကို စောင့်တဲ့ ၀န်ထမ်းတွေကိုလည်း ရက်ရက်စက်စက် ထိုးကြိတ်ပြီး သွေးတွေကျ ပါးစပ်တွေ ကွဲတဲ့အထိအောင် လုပ်တယ်ဆိုတော့ အဲဒါကို သူလုံးဝ မကျေနပ်ဘူးပေါ့။ နောက် ထောင်ထဲက အခြေအနေ ကတော့ ရိုးရိုး အကျဉ်းသားတွေ ကပါပေါ့နော် နိုင်ငံရေး အကျဉ်းသားတွေနဲ့ တယောက်နဲ့တယောက် လေးစားသမှု မရှိတော့ဘဲ ပမာမခန့် ပုံစံတွေပေါ့။ တိုက်ခိုက်ပေးတဲ့ ပုံစံလို ဖြစ်နေတယ်တဲ့ ထောင်ထဲမှာတော့။" ဒီဖြစ်ရပ်ကို ကိုထင်ကျော်က သက်ဆိုင်ရာဌာန ဆိုင်ရာတွေကို စာတင်ခိုင်းတဲ့အတွက် ဇနီးသည် မသန်းသန်းမော်က မနေ့က စာပို့ လိုက်ပြီလို့ ဆိုပါတယ်။ ကိုထင်ကျော်ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မတိုင်ခင် လပိုင်းက စစ်အစိုးရက လောင်စာဆီ ဈေးနှုန်းတွေ ရုတ်တရက် မြှင့်လိုက်လို့ ကုန်ဈေးနှုန်း တက်သွားတဲ့ အတွက် ဒီကိစ္စကို ဖြေရှင်းပေးဖို့  အဲဒီအချိန်က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆီကို တောင်းဆို ဆန္ဒပြတဲ့ အတွက် ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
http://www.rfa.org/burmese

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အဆင့် နံပတ် ၂ နေရာတွင်ရှိ



Font size: Decrease font Enlarge font
မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု နှုန်းထားများကို နိုင်ငံအနှံ့စစ်တမ်း ကောက်ယူဆောင်ရွက်ခဲ့ရာတွင် ချင်းပြည်နယ်သည် ရာခိုင်နှုန်းအများဆုံး ဖြင့် ပထမ နေရာတွင်ရှိပြီး ရခိုင်ပြည်နယ်မှာ ဒုတိယ နေရာတွင် ရှိကြောင်း သိရသည်။

Arakan photo ရခိုင်ပြည်သူများ မည်မျှထိ ဆင်းရဲနေကြသည်ကို အဆိုပါ ဓါတ်ပုံက သက်သေ ညွှန်းဆိုနေပါသည်။ (ဓါတ်ပုံ - နိရဉ္စရာ)
အဆိုပါ စစ်တမ်းကို ၂၀ဝ၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်းပြု လုပ်ထားသည့် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP) နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုများ၏ စားဝတ်နေရေး ခြေအနေ ဘက်စုံ လေ့လာမှု စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ စစ်တမ်း အရ တစ်နိုင်ငံလုံးရှိ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် ကောက်ယူထားသည့် ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံး ပြည်နယ်မှာ ချင်းပြည်နယ် ဖြစ်ပြီး ၇၃ ရာခိုင်နှုန်းဖြင့် ပထမ ရှိနေပြီး ရခိုင်ပြည်နယ်မှာ ဆင်းရဲနွမ်းပါးမူ ၄၄ရာခိုင်နှုန်ဖြင့် ဒုတိယနေရာတွက် ရှိနေကြောင်း ဖေါ်ပြသည်။

ရခိုင်ပြည်နယ်သည် တိုးတက် ချမ်းသာနိုင်သော ရေခံမြေခံ အခွင့်ကောင်းများ ရှိနေပါလျှက် မည်သည့်အတွက်ကြောင့် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ် ဖြစ်နေရပါသလဲဟု အမေရိကန်တွင် နေထိုင်သော ဆရာကြီး ဒေါက်တာ အေးကျော်ကို နိရဉ္စရာက မေးမြန်းရာသူက ယခုကဲ့သို့ ပြောသည်။
Arakan photo ဆင်းရဲ နွမ်းပါးမူကြောင့် စာမသင်နိုင်သော အနာဂတ်မဲ့ ရခိုင်ကလေးငယ်များ (ဓါတ်ပုံ- နိရဉ္စရာ)
" ရခိုင်ပြည်က ဘာကြောင့် ဆင်းရဲသလဲဆိုရင်တော့ နံပါတ်တစ်အချက်က ဘာလဲဆိုလို့ရှိရင် ကျွန်ပုန်း ကိုလိုနီဘ၀နဲ့ နေခဲ့ရတာ နှစ်ပေါင်းများစွာ ကြာပြီ။ နောက်တခုက စစ်တပ်က အရင်တုန်းက ဆိုရင် ဆရာကြီးတို့ ကျောင်းသားဘ၀တုန်းကဆိုရင် ရခိုင်ပြည် တပြည်လုံးမှာ စစ်တပ် တပ်ရင်း သုံးတပ် လောက်ဘဲရှိတယ်။ အခု စစ်တပ်က ၆၀ ကျော် ရှိလာတဲ့ အတွက်ကြောင့် ဒီစစ်တပ်ဟာ ရခိုင်ပြည်သူပြည်သားတွေရဲ့ တိုးတက်ကြီးပွားရေးကို လာလုပ်တဲ့ စစ်တပ်မဟုတ်ဘူး။ သူတို့အကျိုးကို လာလုပ်တဲ့ စစ်တပ်သာ ဖြစ်တယ်။ အဲဒါကြောင့် စစ်တပ်က လယ်ယာကို သိမ်းတယ်။ ရခိုင် အမျိုးသားတွေမှာ လယ်လုပ်လို့ မရနိုင်။ အဲဒီလို အခက်အခဲ အကျပ်အတည်းကို ရခိုင်သားတွေဟာ လက်ရှိ ကြုံတွေ့နေရတယ်။ အဲဒါကြောင့်လည်း ရခိုင်ပြည်ဟာ ဆင်းရဲကျပ်တည်းတဲ့ စာရင်းထဲမှာ ပါတာလည်း ဖြစ်တယ်။ နောက်တခုက ပင်လယ်သမုဒ္ဒရာမှာရှိတဲ့ ငါးတွေ၊ ပုဇွန်၊ ကဏန်းတွေကိုလည်း ရခိုင်သားတွေ ရှာဖွေ စားသောက်လို့ မရတဲ့ အခြေ အနေ ဖြစ်လာတယ်။ ကိုယ့်ရေထဲမှာ ရှိတဲ့ ငါးကို ကွန်ပစ်လို့တောင် စားလို့မရ ဖြစ်လာတယ်။ နောက်တခါ တောတောင်မှာ ရှိတဲ့ သစ်ပင်တွေ၊ ပျဉ်းကတိုး တွေကိုလည်း ခုတ်ပြီးတော့ နိုင်ငံခြားကို ရောင်းချတယ်။ ရခိုင်သားအကျိုးအတွက် ဘာတခုမှ မပါဘူး။ ရခိုင်ပြည်ကထွက်တဲ့ ဂက်စ်တွေ ရခိုင်ပြည် အကျိုးအတွက် လုံးဝမပါဘူး။ နောက်တခုက ရခိုင်ပြည်က ထွက်တဲ့ ရေနံ ရခိုင်ပြည် အကျိုးအတွက် တခုလည်းမပါ။ ခုနက ရခိုင်ပြည်မှာ သယံဇာတပစ္စည်း ပစ္စယတွေဟာ အင်မတန်ကြွယ်ဝတဲ့ နိုင်ငံဖြစ်သော်လည်း ရသင့် ရထိုက်တဲ့ အခွင့်အရေးဟာ ရခိုင်သားတွေ တယောက်မှ မရရှိကြဘူး။ အဲဒါကြောင့် ရခိုင် တွေဟာ ဆင်းရဲပြီး ဆင်းရဲလာတာ အမှန်ပဲ။ နောက်ထပ်လည်း ဒီထက်ဆင်းရဲလာဖို့ဟာ သေချာပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် သားငါး ပုဇွန်၊ ကျွန်းသစ်၊ ဆန်ရေ စပါး အလွန်ပေါကြွယ်ဝသော ဒေသတစ်ခု ဖြစ်ပြီး လက်ရှိကာလတွင် ဧရာမ ဂတ်စ် သိုက်ကြီးများ၊ ရေနံကြောများကို ရှာဖွေတွေ့ရှိထားသည်။

ထိုသို့ သဘာဝ သယံဇာတ ချမ်းသာ ကြွယ်ဝသော်လည်း မြန်မာနိုင်ငံတွင် ဆင်းရဲ အနိမ့်ကျဆုံး ဖြစ်နေရကြောင်းကို ဂျပန်နိုင်ငံ ကန်တ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ အေးချမ်းက သူ့ အမြင်ကို ယခုကဲ့သို့ပြောသည်။

"ထွက်သမျှ အရာဝတ္ထုအားလုံးကို ရခိုင်ပြည်သူတွေက တခုမှ ခံစားခွင့်မရှိဘူး။ နိုင်ငံတော်အစိုးရက နေပြီးတော့ခါ သူတို့ရဲ့ အပေါင်းအပါတွေနဲ့ စုပေါင်းပြီးတော့ ခေါင်းပုံဖြတ်နေတဲ့အခါ အဆင်းရဲဆုံး နိုင်ငံ ဖြစ်မှာပေါ့။ အဲဒီအဆင်းရဲဆုံး နိုင်ငံထဲမှာ တခါ ရခိုင်ပြည်က အဆင်းရဲဆုံး ပြည်နယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ဆိုရင် အခု ငါးတွေဖမ်းလို့မရ။ မြစ်တွေ ချောင်းတွေမှာ အယင်တုန်းကဆိုရင် ကိုယ့်တ၀မ်းစာ စားဖို့အတွက်ဆိုရင် ကွန်ပစ်ချင်သလို ပစ်လို့ရပါတယ်။ ရှာလို့ရတယ်။ အခု ငါးဖမ်းလို့ မရ၊ (မျှစ်) ၀ါးတုတ် ချိုးလို့မရ၊ ၀ါးတုတ် (မျှစ်)တွေကို သူတို့က လက်ဝါးကြီးအုပ်ပြီးတော့ ဂျပန်ပြည်ကို ပို့တယ်။ ရခိုင်ပြည်က ၀ါးတုတ်( မျှစ်)တွေကို အခု ဂျပန်ပြည်မှာ လာပြီးတော့ ရောင်းနေတယ်။ ဒီမှာ ရောင်းတဲ့အခါမှာ ဒေါ်လာ ၃ ဒေါ်လာနဲ့ ရောင်းတယ်။ ရခိုင်ပြည်မှာဝယ်တဲ့အခါ မှာ ငွေ ၅ ကျပ် ၁၀ နဲ့ဝယ်တယ်။ အဲဒီလို ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရတဲ့အတွက် ရခိုင် ပြည်သူတွေ ဆင်းရဲနေကြတာဖြစ်ပါတယ်" ဟု ပြောသည်။
Arakan photo ရခိုင်တွင် ဂတ်စ် အလျှံအပယ်ထွက်သော်လည်း ခံစားခွင့် မရသော ရခိုင်ပြည်သူများ၏ ဘ၀ (ဓါတ်ပုံ- နိရဉ္စရာ)
လက်ရှိ ရခိုင်ပြည်ရှိ ပြည်သူ အများစုဘ၀မှာ အထူး ကျပ်တည်းမူနိုင် ရင်ဆိုင်နေကြရပြီး တစ်ချို့ မိသားစုများမှာ သားသမီးများကို အရွယ်ရောက်လာသော်လည်း ကျောင်းမထားနိုင်ကြဘဲ ဖြစ်နေပြီး ဒေသအများအပြားတွင် ထမင်းနပ်မမှန်သော မိသားစုများလည်း ရှိနေကြောင်း သိရသည်။

အဆိုပါ စစ်တမ်း အရ ရခိုင်ပြည်နယ်ပြီးလျှင် တတိယ အဆင်းရဲ အနွမ်းပါးဆုံး ဒေသမှာ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့ ဖြစ်ပြီး ၃၃ ရာခိုင်နှုန်းစီရှိကာ ဧရာဝတီတိုင်းမှာ ၃၂ ရာခိုင်နှုန်း အသီးသီးရှိကြကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုမှာ မြို့ပြထက်များပြားသည့် အနေအထားရှိပြီး မြို့ပြ၏ ဆင်းရဲ နွမ်းပါးမှု အခြေအနေမှာ လျော့ကျသွားသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏လူဦးရေသည် သန်း ၆၀ ခန့်ရှိပြီး ကျေးလက်နေ ပြည်သူမှာ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဆင်းရဲနွမ်းပါးမှုအခြေအနေကို တိုင်းတာရာတွင်အိမ်ထောင်စု တစ်စုချင်းအလိုက် စစ်တမ်း ကောက်ယူခြင်းဖြစ်ပြီး နေထိုင်မှု အခြေအနေ၊ ဝင်ငွေရရှိမှု၊ အလုပ်အကိုင် အနေအထား စသည်တို့ကို စာရင်းကောက်ယူ လေ့လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ဆင်းရဲနွမ်းပါးမှုသည် ၃၂ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး ဆင်းရဲ ချမ်းသာ ကွာဟမှု အချိုးမှာ ၂၀ဝ၅ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်အတွင်း ၃၅ ရာခိုင်နှုန်းခန့် ကျဆင်း သွားခဲ့သည်ဟု ကမ္ဘာ့ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ်(UNDP)နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုများ၏ စားဝတ် နေရေး အခြေအနေ ဘက်စုံလေ့လာမှု စစ်တမ်းအရ သိရသည်။

http://www.narinjara.com/detailsbur.asp?id=3284

မြန်မာစစ်တိုင်းမှူးများ အပြောင်းအရွှေ့

အင်္ဂါ, 05 ဇူလိုင် 2011

By ဦးရော်နီညိမ်း
မြန်မာ့တပ်မတော်မှာ အရေးပါတဲ့ ဒုတိယတန်း ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ စစ်တိုင်းမှူး တချို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က စစ်ရာထူးခန့်ချုပ်ရုံးရဲ့ အမိန့်ပြန်တမ်းနဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်ခဲ့ပါတယ်။ တိုင်းမှူးအသစ် ခန့်အပ်တာတွေ မရှိပေမဲ့ လက်ရှိ စစ်တိုင်းတွေကနေ တခြား စစ်တိုင်းတွေကို ရွှေ့ပြောင်းပစ်တာဟာ တပ်မတော် ထိပ်တန်း ခေါင်းဆောင်တွေကြား ပြဿနာ တစုံတရာ ရှိနေတာကို ပြသနေတယ်လို့ မြန်မာ့တပ်မတော်ကို စောင့်ကြည့် လေ့လာနေသူတွေက သုံးသပ်နေကြပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး တရုတ်၊ မြန်မာနယ်စပ် အခြေစိုက် စစ်ရေး ကျွမ်းကျင်သူ ဦးအောင်ကျော်ဇောကို ဆက်သွယ် မေးမြန်းထားတဲ့ ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။

ဦးအောင်ကျော်ဇောခင်ဗျား တိုင်းမှူး ၆ ဦး အပြောင်းအရွှေ့ ရှိတယ်လို့ ကြားပါတယ်။ ဦးအောင်ကျော်ဇောရော ဘာများကြားပါသေးလဲ။

“တခြားလူတွေလည်း ပါသေးတယ်လို့ ကြားတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ၆ ဦးကတော့ Confirm လုပ်လို့ ရတာပေါ့ဗျာ။ ဒါလည်း ဒဲ့ပြောင်းသလို ဖြစ်တာကိုး။ ရန်ကုန်တိုင်းမှူး ဗိုလ်ထွန်းသန်းက တောင်ပိုင်းတိုင်း တောင်ငူကို ပြောင်းရတယ်။ တောင်ငူက ဗိုလ်မှူးချုပ် စိုးထွဋ်၊ အရင် လေယာဉ်ပျံ ပျက်ကျတဲ့ ဗိုလ်မှူးကြီး လွန်းမောင်သား၊ သူကတော့ တောင်ကြီးတိုင်းမှူးအဖြစ် ပြောင်းရတယ်။ တောင်ကြီးတိုင်းမှူး ဗိုလ်မှူးချုပ် ဆန်းဦးက ရန်ကုန်တိုင်းကို ပြောင်းရတယ်။ သူကတော့ ရန်ကုန်မှာလည်း နေဖူးတာကိုး။ War Office ရန်ကုန်စစ်ရုံးမှာလည်း နေဖူးတော့ အဲဒါလည်း ပါတယ်နဲ့ တူပါတယ်၊ သူ့ကို အဲဒီကိုပို့တယ်။

“နောက်တယောက်ကတော့ အရင်တုန်းက တပ်မ ၄၄၊ တပ်မ ၄၄ ကနေ မော်လမြိုင်တိုင်းမှူး ဖြစ်လာတဲ့ ထွန်းနေလင်း၊ သူ့ကို ရခိုင်ကို ပို့ပစ်တယ်။ ဒါကတော့ Punish လို့ပြောမလား ဘာလားတော့ မသိဘူး။ သူ့ဆီမှာ တိုက်ပွဲတွေက ဆက်တိုက် ဖြစ်နေတာကိုး။ ရခိုင်ပို့ပစ်လိုက်တယ်။ ရခိုင်က ဗိုလ်မှူးချုပ် စိုးသိန်း၊ သူက ဦးမောင်မောင်ရဲ့ PSO လည်း လုပ်ဖူးတော့၊ နောက်တခုက လုပ်ရည်ကိုင်ရည်လည်း ရှိလို့ ထင်ပါတယ်၊ သူ့လူ ကိုယ့်လူ မွေးတဲ့သဘောလည်း ပါတယ်နဲ့ တူပါတယ်၊ သူ့ကို နတခကို ပို့တယ်။ ဒါကတော့ တက်မယ့်လူပေါ့ဗျာ။”

ခုန ဦးအောင်ကျော်ဇောပြောတဲ့ ဦးမောင်မောင်ဆိုတာ သမ္မတ ဒေါက်တာမောင်မောင်ကို ပြောတာပါလား။

“ဟုတ်ပါတယ်၊ ဒေါက်တာမောင်မောင်ကို ပြောတာပါ။”

ဗိုလ်မှူးချုပ် စိုးသိန်းက ဒေါက်တာမောင်မောင်ရဲ့ PSO လုပ်ခဲ့ဖူးတယ်ပေါ့။

“ဟုတ်ကဲ့၊ လုပ်ခဲ့ဖူးပါတယ်။ အဲဒီတိုင်းက ကိုတင်မောင်ဝင်း၊ သူက အစက တပ်မ ၂၂ ကလာတော့ DKBA နဲ့ တပ်မ ၂၂ နဲ့ ဆက်ဆံခဲ့ဖူးတာ ရှိတယ်။ အဲဒီအကြောင်းကြောင့်လား မသိဘူး၊ ကိုတင်မောင်ဝင်းကို မော်လမြိုင် ပို့လိုက်တယ်။ ဒဲ့တော့ လဲတာပေါ့ဗျာ။ ဒီဟာက သာမန် ပြောင်းလဲမှုနဲ့တော့ မတူဘူး။ အကြောင်းမျိုးစုံတော့ ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က officiating ကာလမှာပဲ ရှိကြသေးတယ်။ တိုင်းမှူးအစစ်တော့ ဖြစ်ကြသေးတာ မဟုတ်ဘူး။ ခါတိုင်းဆိုရင် တနှစ်လောက် ဗိုလ်ချုပ်တွေ ဖြစ်မှ။ အခုက Brigadier တွေပဲ ဖြစ်ကြသေးတယ်။ Brigadier တနှစ်တောင် မပြည့်သေးဘူး။ သူတို့ မနှစ်က ၉ လပိုင်း၊ ၁၀ လပိုင်းမှ တိုင်းမှူး ဖြစ်ကြတာကိုး။

“ထူးခြားတဲ့ အကြောင်းအချက် မရှိဘဲနဲ့တော့ သူတို့ကို ဒီလို ရွှေ့တာ ပြုတာ လုပ်မယ်မထင်ဘူး။ ကျနော်တို့ ထင်တာက သူတို့မှာ Internal ကိစ္စတွေ ရှိနိုင်တယ်လို့ ထင်တယ်။ အပြင်လူတွေ မသိနိုင်သေးတဲ့ သူတို့ အတွင်းပိုင်းကိစ္စတွေ အများကြီး ရှိတယ်လို့ ယူဆရပါတယ်။”

စစ်တိုင်းမှူး အဆင့်လောက် အထိကို အပြောင်းအရွှေ့တွေ ကိုယ့်စိတ်ကြိုက် လုပ်နိုင်ခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ်ကတော့ သမိုင်းတလျှောက်မှာ ၂ ယောက်ပဲ တွေ့ခဲ့ဖူးပါသေးတယ်။ ဗိုလ်ချုပ်ကြီး နေ၀င်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေါ့။ သူတို့ ၂ ယောက်ကတော့ သူတို့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့အချိန်မှာ အကုန်လုံး စိတ်ကြိုက်တွေ ရွှေ့ကြတာပေါ့။ အဲတော့ အခု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရော သူ့စိတ်ကြိုက် အပြောင်းအရွှေ့ လုပ်နိုင်သွားတယ်လို့ ဦးအောင်ကျော်ဇော မြင်ကြည့်လို့ ရပါသလားခင်ဗျ။ တပ်ထဲမှာ သူ့လူတွေနဲ့ချည်းပဲ တည်ဆောက်တဲ့ လမ်းကြောင်းကို သွားလို့ ရနေပြီလား။ ဘယ်လိုမြင်ပါသလဲခင်ဗျ။

“ကျနော်တော့ မထင်ဘူးဗျ။ တိုင်းမှူးဆိုတာ ထိပ်ဆုံးက ခေါင်းဆောင်တွေ မင်းအောင်လှိုင်တို့၊ စိုးဝင်းတို့ပြီးရင် သူတို့က ဒုတိယ ထိပ်ဆုံးခေါင်းဆောင်တွေ ဖြစ်တာကိုး။ အဲဒီလူတွေက တနေ့ သူတို့က First Line Up တွေ ဖြစ်လာမှာ။ အဲတော့ ဒီလူတွေရဲ့ အရွှေ့အပြောင်းက ကိုမင်းအောင်လှိုင် တယောက်တည်းတော့ မပြီးဘူးဗျ။ နောက်တခုကလည်း သိသာတာက အခု အပြောင်းအရွှေ့လုပ်တဲ့သူ အတော်များများမှာ အနည်းနဲ့ အများဆိုသလို တကြောင်းမဟုတ် တကြောင်း ထောက်ထားတဲ့ အကြောင်းအချက်တွေ အများကြီးရှိတယ်။

“ဒါတွေဟာ ကိုမင်းအောင်လှိုင် တယောက်တည်းလုပ်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆို ဒီလိုနေရာမျိုးကျတော့ နံပါတ် ၁ တို့၊ ၂ တို့ အာဏာမရှိတော့ဘူးလို့ ပြောနေပေမဲ့ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ တကယ်တော့ သူတို့မပါဘဲ မရဘူး။

“အဲတော့ ကျနော်မြင်တာတော့ ဒီနေ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ အဖွဲ့ကြီး ၄ ဖွဲ့ပေါ့ဗျာ၊ အောင်သောင်းတို့၊ ဗိုလ်ရွှေမန်းတို့၊ ဗိုလ်တင်အောင်မြင့်ဦးတို့၊ မင်းအောင်လှိုင်တို့၊ အဲဒီလို လွှတ်တော်တို့၊ အစိုးရတို့၊ ပါတီတို့၊ အဲဒီ ၄ ယောက်ရဲ့ သူ့လူ ကိုယ့်လူ တပ်ထဲမှာ အပြိုင်အဆိုင် ထည့်ကြတယ်လို့ ကျနော်တော့ ယူဆတယ်။”

ဦးအောင်ကျော်ဇော ပြောပြသွားတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/myanmar-army-commanders-shuffeling-125013709.html

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူး ခရီး

ဓါတ်ပုံများကိုဒီမိုဝေယံဘလော့မှတဆင့်မျှဝေပါသည်။

Calendar for July 2011



July
Sun
Mon
Tue
Wed
Thu
Fri
Sat





1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31








This year, July has 5 Fridays, 5 Saturdays and 5 Sundays. This happens
once every 823 years.
Is it really? ...No.
Pls. look at 1910 Calender, the whole year the same Day, the same Date with 2011.