Thursday, July 7, 2011

ဂွဒ် စက်ကင်း ဟင်း အစိုးရ

ဝါတွင်းကာလ အခါတော်တွင်း က လည်း မကြာခင် ရက်ပိုင်း အတွင်း ဝါဝင် ကာလ ရောက် လာ တော့ မှာ
ဆိုတော့ ဖူးစာရေး မြားနတ်မောင်တို့ တတွေ ၊ အလှဖန်တီးရှင် တို့ တတွေ လဲ ၄ လ တာ လောက် တော့ ၊
ခန နား ရ ပါတော့ မယ် ၊ မြန်မာ ကျူးပစ် ဖိုရမ်ကြီး က တော့ တစက္ကန့် တမိနစ် မှ ၊ အနားရ မရှိ နိုင်ပါခင်ဗျာ
မန်ဘာ အပေါင်း က ပြည်တွင်းပြည်ပ ၊ ကဘာ အရပ်ရပ် ဆိုတော့ ၊ နေ မ ဝင် ကျူးပစ်ကြီး ပေါ့ ဗျာ။
ဘယ်အချိန် ဝင် ကြည့် ကြည့် ၊ နေ့ ရယ် ည ရယ် ၊ ဘယ် လို ပြော ရ မှာ လဲ ၊ အချိန် တိုင်း နာရီ တိုင်း မှာ
မြန်မာ မျှားနတ်မောင် မန်ဘာ တွေ အပေါင်း နဲ့ အချိန်ပြည့် ဝေ ဝေ စည် နေ ပ ဗျာ ။

ဦးသိန်းစိန် အစိုးရသစ် က လဲ ရက် ၁ဝဝ ပြည့် သွားပြီ ဆိုတော့ ၊ ဦးသန်း က နေ ဦးသိန်း ၊ ဖြစ် သွား ၊
ဦးရွှေ ကနေ ဦးစိန် ဘဝ ပြောင်း သွား တော့ လဲ ၊ အစိုးရ အသစ် ဘဲ ခေါ် ရ မှာ လား ၊
ဂွဒ် စက်ကင်း ဟင်း ၊ အစိုးရ အဖွဲ့ လို့ ဘဲ ပြော ရ မ လား ပါ ခင် ဗျာ။ မူ က တော့ သိပ် မထူး သေး လို့ ပါ။

လူတွေ က တော့ ရက် ၁ဝဝ ပြည့် မျော်ကြ ရ သဗျာ ၊ ပင် စင် လစာ တွေ အသင့် အတင့် တိုး ပေး လိုက် တော့
ငါ တို့ ရဲ့ လခ ၊ဖွတ် ကလိ ဒင်္ဂါးလေး များ တိုး လေ မလား ပေါ့ ဗျာ ၊ ဖြစ်ချင် ဇော နဲ့ ကောလဟလ တွေ လဲ
ဖွချက် အမျိုး မျိုး တိုး ခဲ့ ကြ ရ ဗျာ ၊ လစာလေးတွေ တယောက် ကို ၂ သောင်း တိုး တယ် လို့ ၊ ဘဏ်တွေ မှာ
စာ ဝင်တယ် ပြောသူ က ပြော ၊ နေ့ခင်း သတင်း ၁ နာရီ မှာ ဘယ် အက်ဖ်အမ် က ကြေညာ သွားတယ် လို့
ဆို ကြ သူ က ဆို ၊ အမ်အာတီဗွီ ဖိုး ချန်နယ် မှာ ၊ သတင်းတော့ ကြေညာ မသွားဘူး ၊ စာတန်းပြေး လေး နဲ့
ဘဲ လစာ တိုးကြောင်း ကြေညာခဲ့ ပါ တယ် ဆို ပြီး ၊ ငါ့ ကို သူ မေး ၊ သူ့ ကို ငါ မေး ၊ ခလုပ် တိုက် တာ ကို
ဖားပြုတ် ကိုက် တယ် လို့ ထင် ရာ ပြော ရင်း ၊ င တုပ် က ရိုက် လိုက် သလိုပါ ခင်ဗျာ၊

လစာ များ တလ ၂ သောင်းတိုးပေး လိုက် လို့ က တော့ ၊ တူ မောင်မယ် ၊ နောင် ရေး က တော့ စိတ် နဲ နဲ
အေးရ ပြီ ၊ လာ ၊ အခု သွား ကြ စို့ ၊ တရားရုံး ၊ ဝါ မဝင် ခင် လေး ၊ ပြေးလိုက် ကြ စို့ လို့ မှန်း ထား တဲ့
မောင် မယ် တွေ ၊ အခု တော့ လဲ ၊ ယောင် လည် လည် ဖြစ် နေ ရ ပ ဗျာ ၊ အို ၊ ဘာ ဖြစ် သေး လဲ ဗျာ
ဝါ အဝင် အဆင် မပြေ သေး တော့ လဲ ၊ လာ မဲ့ သတင်းကျွတ် ကျ မှ တမျိုး ကြံစည် ကြ သေး တာပေါ့
နော် ညလေး ၊ နော် ၊ နော် ကို ကို ၊ နော် ၊ လို့ လဲ နှစ်သိမ့် ခဲ့ ကြ ရ ပြီ ပေါ့ ဗျာ။

အင်း ၊ တကယ်တော့ ဝါ အဝင် ၊ အဆင် မပြေ နိုင်သေး လို့ ချွေး တကယ် ပြန် နေကြတဲ့ လူ တွေ က တော့
စောစော ပိုင်း ရက် တွေ တုံး က ၊ မြေ အမြို ခံ နေ ရ တဲ့ သူ တွေ ပါ ၊ အရင် ရက် တွေ က သတင်း ရေး
ပြခဲ့ သလို မြေဈေး လေလံ ဈေး တွေ ကို မတန်တဆ ပေးခဲ့ သူ တွေ ၊ ငွေ အကြေ မပေး ဘဲ ၊ ကြို သွင်း ထား
တဲ့ စဘော်ငွေ တွေ ကို ဘဲ ၊ အဆုံး ခံ တော့ မဲ့ လူ တွေ မှာ တော် တော် ခက် ခဲ့ ရ ပ ဗျာ ၊ အစိုးရ က လဲ
င ပါး ခင်ဗျ ၊ စရံငွေ အဆုံး ခံ မဲ့ သူ တွေ ကို ၊ စီးပွားရေး လုပ်ငန်း မှာ ယုံကြည်စိတ်ချရသူ မဟုတ်ကြောင်း
နာမည်ပျက် စာရင်း ( ဘလက်ခ် လစ်စ် ) ကြေ ငြာ မယ် ဆို လိုက် တော့ ဂုဏ် သရေ ရှိ လူကြီး မင်း တို့
မျက်လုံးပြူး ကုန် ကြ ပေါ့ ဗျာ၊

( ဘလက်ခ် လစ်စ် ) ကြေငြာခံ ရရင် ၊ အစိုးရ နဲ့ ပါတ်သက် တဲ့ စီးပွားရေးလုပ်ငန်း တွေ မှာ ပါ ဝင် ပါတ်သက်
ခွင့် မရှိတော့ ပါဘူး ၊ ဒါကြောင့် ငွေ အကြေချေ နိုင်ရေး ၊ လူ ဆိုး တွေ နဲ့ မောင် တိုင် ပင် ၊ နီး စပ် ရာ သူဌေး
မင်းတွေ ၊ ပုတ်ဂလိက ဘဏ်တွေ အချိုးကျ မျှတပြီး ( ဘလက်ခ် လစ်စ် ) မဖြစ်ရေး ဝိုင်းပြီး စောင် မ ကြည့် ရှု ခဲ့
ကြ ရ ပါ သတဲ့ ခင်ဗျ ။

လူ သေ သွား တာ ၊ ကိတ် စ မရှိ ဘူး ၊ နာမည် သေ မသွား ဘို့ က အရေး ကြီး သ ပ ဗျာ။
လူ မသေ သေး ပေ မဲ့ ၊ ဟို ဒင်း လေး သေ သွား ရင် လဲ ဆာဒူးကြီး တို့ ၊ မြ ဟင်္သာ တို့ နဲ့ ဝိုင်း ကူ ရ သလို
လူ မသေ သေး သူ တွေ ၊ နာ မည် မသေသွား စေ ဘို့ ၊ နီး စပ် ရာ သူဌေးမင်းတွေ ၊ ပုတ်ဂလိက ဘဏ်တွေ
အချိုးကျ မျှတပြီး ဝိုင်း ကူ ခဲ့ ကြ လို့ ၊ နာမည် တော့ မသေ သွား ပေ မဲ့ ၊ ဖွတ် က လိ ဒင်္ဂါး တွေ က တော့
သေ လု မျော ပါး ၊ ဒုတ် ခ တွေ များ ကုန် ကြ ပေါ့ ဗျာ။ ဆာဒူးကြီး တို့ ၊ မြ ဟင်္သာ လဲ မတတ်နိုင် ပါ ခင်ဗျာ ၊

ဝိုင်း ကူ ထား တဲ့ သူ တွေ က လဲ ၊ သူ တို့ ဖွတ် က လိ ဒင်္ဂါး ဆုံး ပါး သွား မှာ ကြောက် တော့
ဟို သဌေး က ဆေးရုံ ဆောက် မယ် ၊ ဒီ သူဌေး က မြေ ပြန်ခွဲ ရောင်း မယ် ၊ တွက် ရေး တွေ က စက်သူဌေး
တွေ ပါ ခင် ဗျာ ၊ ခေတ် အစား ဆုံး က တော့ ကွန် ဒို ဆောက် ကြ မယ် ၊ အပြော များ တယ် တဲ့ ခင် ဗျ။

မြန်မာပြည် ကွန်ဒိုလောက က ပွဲ ပျက် နေ တာ ကြာ ပါ ဘီ ၊ ကွန် ဒို ဆို တာ ဘာ ကို ခေါ် ပါ သလဲ ဗျာ
အဆင့်မြင့် ကွန်ဒို ၊ ဘီဇီးနက်စ် ကွန်ပလက် ကွန်ဒို ၊ ဟောက်ဇင်း ကွန်ပလက်စ် ကွန်ဒို ၊ ရှော့ပင်းစင်တာ
ကွန်ဒို ၊ အခု လာ ပြန် ပြီ ဗျာ ၊ တန်ဘိုး နဲ အဖိုးတန် ကွန် ဒို ပါ တဲ့ ခင် ဗျ ၊ မြန်မာပြည် ကွန်ဒိုလော က
ဘာ တွေ ဖြစ် နေ တယ် ဆို တာ ၊ အခု ရက်ပိုင်းတရား တဘောင် ၊ နောင်ဂျိန် ချ နေ ကြ တဲ့ ၊ ရန်ကုန်မြို့
ကဘာအေးဘုရားလမ်းပေါ်က နာမည်ကြီး ပုလဲကွန်ဒို ကို သာ အခုနေ သွားပြီး စနဲ နာ ကြည့် ကြ ပါ လား ခင် ဗျာ ။

ကွန်ဒုံ ဆိုတာ ၊ ဆောင် ထား ၊ မမှား ၊ အသုံး တဲ့ ၊ နိုင် ပေ မဲ့ ၊ ငွေ ယား လေး ရှိ လို့ ကွန် ဒို ဆောင် ကြမယ်
ဆို ရင် တော့ ၊ ဘယ် လို ကွန် ဒို မျိုး လဲ ၊ ဂ ဃ န ဏ သေချာ ကြည့် ကြ ပါ ခင် ဗျာ ၊ ကွန် ဒို ဆို ပြီး
ဆိုင်း ဘုတ် အကြီးကြီး ပေါ် ရေး ထား ယုံ နဲ့ ကွန် ဒို ဖြစ် မလာ ပါ ခင် ဗျာ ၊ စည် ပင် သာ ယာ အဖွဲ့ တွေ
ကလဲ နိုင်ငံတကာ မှာ ကွန်ဒို ဆို တာ ဘာ လဲ ဆို တာ သေချာ လေ့ လာ ပြီး ၊ စည်း မျဉ်း စည်း ကမ်း
သေချာ လေး သတ် မှတ် ပေး ဘို့ လို တာ ပေါ့ ခင် ဗျာ ။

အခု လို ဝါ ဝင် ခါ နီး လေး ရက် ပိုင်း မှ မြေ ဈေး ခြံ ဈေး တမေး ထဲ မေး နေ တဲ့ ဝယ် လက် ဖိုးတရုပ်ကြီး
တို့ အခု ဘယ် ရောက် ကုန် ပြီး လဲ ၊ မ သိ တော့ ပါ ခင် ဗျာ၊ မြေ ဈေး တွေ က လဲ ခေါင် ရောက် ခဲ့ ပါ ပြီ
ဝယ် လက် တို့ လဲ ပျောက် သွား ခဲ့ ပါ ပြီ၊ လက် ထဲ မိ နေ သူ တွေ က တော့ ခု ချိန် မှာ မျက် လုံး လေး တွေ
က လယ် ကလယ် နဲ့ ပါ ခင် ဗျာ ၊ လော ဘ ကြီး ပြီး ၊ မြတ် မယ် ထင် သမျှ စရံ သတ် ခဲ့ သူ တွေ
အခု ငယ်ထိပ် ကို သွေး တက် နေ ကြ ပါ ပ ခင် ဗျာ ။

တကယ် အရောင်း အဝယ် ဖြစ် တာ က ၊ အသုံး တကယ် တဲ့ မဲ့ ၊ ဂေါင် ကွက် တွေ သက် သက် ပါ။
ဂေါင် ကွက် တွေ ဈေး တက် တာ ကို ၊ သူ့ တက် ဈေးနှုန်း နဲ့ ယှဉ်ပြီး ဂျောင် နဲ့ ဂလောင် ကွက် တွေ က ပါ
ဈေးတွေ ထ ခေါ် ကုန် တာပါ ၊ အဲဒီ တုံး က လောဘ တက်ပြီး ဂျောင် နဲ့ ဂလောင် အကွက် တွေ ကို ကြုံး ဝယ်
ထား သူ တွေ က ငုတ်တုပ် မေ့ နေ ရ ပါ ဘီ၊ အခု တော့ ဘယ်သူ မှ လာ မမေး ကြ တော့ ပါ ဘူး ၊
ရှိ တဲ့ လူ တွေ က လဲ ၊ အခု ဗိုက် တွေ က ရစ် နေ အောင် တအား နာ နေ ကြ တော့ ၊ ဝါ မဝင် ခင် လေး
အဆင် ပြေ ရင် ပြေ ၊ မပြေ ရင် တော့ ဝါ တွင်း ၄ လ က တော့ ငုတ်တုပ် ဖြစ် တော့ မှာ ပါ။

မန်းတလေး ပြင်ဦးလွင် နေပြည်တော် ရန်ကုန် ရှိ သမျှ လူ သူ့ အပူ နဲ့ သူ ပါ။ အိမ် ၊ တိုက် ၊ ကွန်ဒို တွေ
ကို ငွေ ပို လို့ ဝယ်ထားမိသူ တွေ လဲ အခု ချိန် အိမ်ငှား အေဂျင်စီ ကို ဖုန်း တွေ တဂွမ်ဂွမ် ဆက် ရင်း
ညီမလေး အငှားမေးမဲ့သူ ရှိလားဟင် ၊ အဆင်ပြေအောင် လုပ်ပေး နော် ၊ မမ တို့ က တဆ ပို ပေး ပ မယ် တဲ့

အခု အချိန် အိမ်ငှားရ တာ က လဲ ၊ သိပ် အဆင် မပြေ တော့ ဘူး ခင် ဗျ၊ တလော က ဗုံး ခွဲသူ ၊ ကိုယ်တော် ၂ ပါး
၆ လ ပြတ် ငွေပေး ငှား ၊ ပြီးတော့ အဲဒီ အိမ်တွေ မှာ ဗုံးထောင်ပြီး ခွဲ ပြီး မ စ သွား လို့ ၊ အခု အိမ် ငှားရင်
ရပ်ကွက်ကောင်စီ ကို ခေါ် ရ မယ် ၊ ငှား တဲ့ လူ မှတ် ပုံတင် ပြ ရမယ် ၊ ပြီး ရင် သူ့ ကို သေချာ သိ တဲ့ လူ
အနည်းဆုံး ၄ ယောက် ရှိ ရ မယ် ၊ စည်းကမ်း တွေ တအား များ လာ လို့ ၊ အိမ် ငှား ရော ၊ အိမ် ရှင် တွေ ပါ
အဆင် မပြေ ကြ ပါ ခင် ဗျာ ။

ဝါ အဝင် အဆင် မပြေ သူ တွေ အချို့ ထဲ ၊ ဆန် နဲ့ ပဲ လှောင် ထား သူ တွေ အဆိုး ဆုံး ပါ။ ငွေ ဈေး ပြောင်း
တော့ တွက် ရေး မကိုက် တော့ တာ တွေ ၊ ပြည် တွင်း ဝယ် ဈေး နဲ့ အိတ်စပို့ ငွေ မာ က ပြန် ရ မဲ့ ဈေး
ဗြုန်း က နဲ့ ဟ သွား တော့ ၊ အိတ်စပို့ လုပ် လေ ရှုံး လေ ပါ ဘဲ ၊ တ အိ အိ နဲ့ အိတ် စပို့ က အဆွဲ လဲ
နဲ လာ ရော ၊ နေ့စဉ် ဆန် နဲ့ ပဲ ပေါက် ဈေး က တောက် လျောက် ဆင်း လာ တော့ ၊ တနေ့ တက် နိုးနိုး
တင်းခံ လှောင် ထား တဲ့ သူ တွေ အတော် ခက် လာ ပါ တယ် ၊ ခု ဆို နွေစပါး အသစ် က ဈေး ကွက် ထဲ
တိုး လာ တော့ ဆန် ကိုင် ထား တဲ့ သူ တွေ ပြာ နေ ရ သလို ၊ လယ် သမား လဲ ရင်း ထား ရ သမျှ
စရိတ် က ပို လို့ ထောင်း နေ ရ ပ ဗျာ ။

အခု ကျောက်မျက်ပွဲက လဲ အရှိန် ကောင်း နေ ဆဲ ပါ ဘဲ ၊ ပြီး ခဲ့ တဲ့ ကျောက် မျက်ပွဲ အရှိန် နဲ့ ငွေမာဈေး က
မလူ နိုင် သေးခင် ၊ နောက် တပွဲ က ထပ် ဆင့် လို တိုး ဝင် လာ ပြန် တော့ ၊ ဝါ အဝင် ၊ ငွေမာ ဈေး က
ထပ်အေး မဲ့ ကိန်း မြင် နေ ရ ပါ တယ် ၊ ပြီး တော့ တလော က မြေ ဈေး အရူးထ ကြ တာ နိုင်ငံခြားသား
ဈေး ကစားသူ တွေ လက်ချက် အများကြီး ပါ ပါ တယ် ၊

အခုလဲ အရှုပ် အရှင်းတွေ စ ကြား နေ ရ ပါ ဘီ၊ နိုင်ငံခြားသား လူလယ် နဲ့ မြန်မာနိုင်ငံသား လူလယ်
ဘယ်သူ က ပုလင်းထိ မလဲ မသိပါ ခင် ဗျာ ၊ နိုင်ငံခြားသား က မြေ ပိုင် ခွင့် မရှိပါဘူး ၊ နောက် က နေ
ငွေထုပ် ပိုက် ဈေး ကစား တာ ကို နာမည် ခံ ပေး တော့ ၊ မြန်မာ နိုင်ငံသား က နေ လုပ် ပေး ရ တာ ပါ။
ဂုဏ် သရေ ရှိ မြန်မာ နိုင်ငံသား က ဥပဒေ သေချာ နားလည် လို့ နိုင်ငံခြား သား ကို ထ လိမ် ပြီ ဆိုရင်
နိုင်ငံခြားသား က ရှိ တာ ကုန် သွား ဘို့ များ ပါ တယ် ၊ အရင် အမ် အိုင် စီ ခေတ် ကောင်း တုံး က
ဒီ လို ဘဲ ၊ မြန်မာ နိုင်ငံသား က လိမ် သွား ၊ စား သွား တာ တွေ က ၊ ဒု နဲ့ ဒေး ပါ ခင် ဗျာ ။

အရင် ကျောက်မျက်ပွဲ နဲ့ မြေဈေး ကောင်း ချိန် မှာ နိုင်ငံခြား ငွေ လွှဲ က မြန်မာပြည် ကို အဝင်ကြမ်း ပါ တယ်။
အခုအပါတ် ဆဲဗင်းဒေးစ် ဂျာနယ် မှာ တရက် ကို ဒေါ်လာ သုံးသန်းလောက် အဝင် ဘက် ၊ အလွှဲ ရှိကြောင်း
သတင်း ပါ လာ ပါ တယ် ။ အခု ပွဲ လဲ ဒီ လို ဘဲ နေ ဦး မှာ ပေါ့ ဗျာ ၊
လောလောဆယ် မြေ ဈေး က တော့ ၊ ဝါ အဝင် မှာ အတက် ဆုံး ခေါင် ရောက် ၊ ဈေး ကစား တဲ့ လူ တွေ လဲ ၊
လယ် သူ က အကုန် ထုတ် ၊ (အ ) သူ က လက် ထဲ ပိုက် ရင်း ၊ ခန တော့ တပွဲ နား သွား ကြ ပါ ဘီ ခင် ဗျာ ၊

လောလောဆယ် အစိုးရ က ဘတ်ဂျက်တွေ ကို အတော် ဖြတ်ပါတယ် ၊ စစ်တပ် ဘတ်ဂျက်ပါ ဖြတ် ပါ တယ်။
ဦးသိန်းစိန် က တော့ ခေါင်း တနေ့ တခြား ပို ပြောင် လာ သလို ပါဘဲ ၊ အရင် ခွင့်ပြု ပြီးသား ဘတ်ဂျက်တွေ
တောင် ၂၅% မသုံးရသေးရင် ဆက်သုံးခွင့် မပြု တော့ ပါ ဘူး ၊ ဝင်ငွေ နဲ့ ထွက် ငွေ သေချာ ထိမ်း နေ ပါတယ်။
အရင် အစိုးရ ဝန်ကြီးတွေ က ကြိုပွိုင့် တွေ ကြိုသုံးတွေ လုပ်သွားတာ ကို အပြတ် ရှင်း နေတော့ ၊ အရင် စားနေကျ
ကုန်ပဏီတွေ ကောင်းကောင်း ခံစား နေ ရ ပါ တယ် ၊

ရှေ့ တိုး တော့ ထမ်းပိုး၊ နောက် ဆုတ် တော့ လှဲကျိုး၊ ဆို သလိုပါ။ လုပ်ပြီးသား အတွက် က လဲ ဆက် မလုပ်
တော့ လို့ ငွေ မရ ၊ လုပ် ငန်း အသစ် က လဲ မသေချာ နဲ့ ၊ အစိုးရ ငွေ ကို ထင် သလို လှည့် လို့ မရ ကြ တော့
ပါ ၊ ပြီးတော့ ဝန်ကြီးဌာန တွေ ကို ငွေသုံးခွင့် ကို လွယ်လွယ် နဲ့ပေး မထား တော့ ပါဘူး ၊ လုပ်ငန်း တွေ
ကန်ထရိုက်ချပေးတာမှာ ကွန်ပီတေးရှင်း ရှိ အောင် ၊ လူ တိုင်း ကို အခွင့် အလမ်း ပေး ရ မယ် တဲ့၊ ထရန်စပယ်စီ
ရှိ ရ မယ်တဲ့ ၊ ဆို ပြီး ၊ သမတ ရုံး အမိန့် တွေ အများ ကြီး ထုတ် လာ တာ တွေ့ ရ ပါ တယ် ၊

တကယ်တော့ ဗျာ ၊ ခေါင် တနေရာ လောက် မိုး လုံ သွား ခဲ့ ရင် ၊ ကို အတော် အဆင် ပြေ ပါ တယ် ခင် ဗျာ။
သမတကြီး ဦးသိန်းစိန် ခင် ဗျာ ၊ ဝါ ဝင် သွား လို့ ၊ ဝါတွင်း လေး မှာ ဥပုတ် တို့ ၊ ကိုးပါးသီလ တို့ ကို
ဗိုက်ဆာ တတ် လို့ ဥပုတ် မစောင့်ချင် နေ ပါ ခင် ဗျာ ၊ ငါး ပါး သီ လ လေး ၊ သေချာ မြဲ ခဲ့ ရင် လေ
နိုင်ငံတော် အတွက် အများကြီး အဆင် ပြေ မှာ ပါ ခင် ဗျာ ။

အခုလောလောဆယ် အစိုးရ က ငွေမာ အသုံး မရှိပါဘူး ၊ နောက် တချက် က အရင် က သူ့ မှာ ဝန်ထုပ် ဝန်ပိုး
ဖြစ် နေ တဲ့ လောင်စာဆီ ကိတ်စ ပါ တနေ့ ကို ဒေါ်လာ ၂ သန်းဘိုးလောက် အရင် က သုံး ရ ပါ တယ်။
အခု အဲဒီ အတွက် က ပုတ်ဂလိက လွှဲလိုက် တော့ အစိုးရ က ဝန် အတော်ပေါ့ သွား ပါ တယ်။

အခု ပင်စင်တွေ တိုးပေးလိုက်တော့ ငွေ ပွ လာ မယ် ထင် ရ ပါ တယ် ၊ အများဆုံး ပင်စင် က တသိန်း ၁ သောင်း
ထက် ဘယ်သူ မှ ပို မရ နိုင်ပါဘူး၊ အနည်း ဆုံး လူ က တလ၂ သောင်း ရ ကြ မှာ ပါ။
ကဲ ပါ ဗျာ၊ ပင် စင် ထုတ် သူ လူ ၄ သိန်း က တလ တသိန်း ထုတ်ခွင့် ရှိတယ် ထား ပါ ဦး ၊ တလ ကို သိန်း
ပေါင်း ၄ သိန်း ကုန် မှာ ပါ။ အခု ထုတ်ပေးထား တဲ့ ဖုန်းတွေ က စာအုပ် နဲ့ သွင်း ရ တာ ဖုန်း ၂ သန်း နဲ့
ပရီပိတ် ကဒ် နဲ့ သွင်းရတာ ၂ သန်းခွဲ ရှိ ပါ တယ် ၊ နောက် ကို လဲ တနှစ် ၄ သန်း နဲ့ ဖုန်း အလုံး သန်း ၃ဝ
ထုတ်ပေး ပါ မယ် တဲ့ ခင် ဗျ။ ပရိပိတ်ကဒ် တွေ က ဘယ်လောက် ဝင်ငွေ ရှိတယ် ပြော သံ မကြားသေး ပေ မဲ့
စာအုပ် နဲ့ သွင်း တာ တင် ၊ တပါတ် ကို သန်း ပေါင်း တစ်သောင်း ကျော် စာရင်းဝင်ပါ သတဲ့ ခင်ဗျ။

အခု ရေး ပြ မှာ က ကျွန်တော့် အထင် တွေ ပါ ၊ ဖြစ် နိုင် မဖြစ် နိုင် မသေချာ ပါ ခင် ဗျာ
အခုလို ငွေမာဈေး ကျ နေ တာ ကြောင့် အိတ်စပို့ တွေ ထိ လာ တဲ့ အတွက် ဈေး ပြန် ထိမ်း ဘို့ နည်းလမ်း ရှာ
မှာပါ ၊ တနည်း က လှည့်ပါတ် ငွေ တိုးပေးတာ ပါ။ ဒီ တခါ တော့ အောက်ခြေ က နေ ပြန် လည်ပါတ်မယ်
ထင်ပါတယ် ၊ လယ်သမားတွေ မွေးမြူရေးသမားတွေ ၊ အလယ်အလတ် လုပ်ငန်းရှင် တွေ ကို ဝါ အထွက်
သီတင်းကျွတ် လောက် ကျ ရင် ငွေ ထုတ်ချေးမယ် ထင် ပါ တယ် ၊ ဒီ အခါ ကျ ငွေ တန်ဘိုး နဲ နဲ ပြန် ပွ
လာမယ် ထင် ပါ တယ် ။ ဝန်ထမ်းတွေ ကို ပါ လခ ၂ သောင်းလောက် တိုးပေး မယ် ဆိုရင် ပေါ့ လေ။

ဒါပေမဲ့ အရင် လို တော့ ငွေမာဈေး ထောင်ကျော် တော့ ဖြစ် လာ မယ် မထင် ပါ ၊ အရင် သိန်း ၂ဝ ဖုန်း
တွေ ငါးသိန်း က နေ ဘယ်လို မှ ပြန် မတက် တော့ တာ၊ ကားဈေး တွေ မြောင်း ထဲ ဆင်းသွား တာ
သြဂုတ် မှာ အခွန်ကင်းလွတ် ခွင့် တွေ မရှိတော့ ရင် ၊ အိမ် ခြံဈေး ပါ ပြောင်း သွား နိုင် ပါ တယ်။

တရုပ်နည်းနဲ့ ကျေးရွာတွေ ၊ လူလတ်တန်းစား များများ ပေါ်အောင် လုပ် တဲ့ နည်း နဲ့ ကုလားနည်း
မိုက်ကရို ခရက်ဒစ်နည်း တွေ နဲနဲ စီ ရော မွှေ ပြီး စမ်းကြည့် နေတယ် ထင် ပါ တယ်။ အရင် က လို
တွေ့ တာ ဝယ်ထား ၊ အချိန် တန် ရင် ဈေး တက် လို့ အမြတ် ရတာ မျိုး စီပွားရေး ပုံ စံ က တော့ မသေချာ
တော့ ပါ ခင် ဗျာ ၊ လုပ် ငန်း နဲ့ လှည့် နိုင် ပါ တ် နိုင် မှ ၊ အဆင် ပြေ ပါ လိမ့် မယ်။

အခု လက် ကြီး သမားတွေ ၊ အကွက် ပြောင်း သွား ပါ ဘီ၊ ခု န လို လယ်သမား ဘက် အစိုးရ က ခြေ လှမ်း
လှည့် ရင် ၊ လယ် ယာ မြေ ဥပဒေ အချို့ ပြင် ကောင်း ပြင် နိုင် မယ် ထင် ပြီး ၊ အခု ကတဲ က ခြေ လှမ်း ကြဲ
နေကြ ပါ ဘီ။

တကယ် တော့ လယ်မြေဆို တာ ရောင်း လို့ မရ ပါ ၊ လယ် လုပ် သူ လယ် လုပ် ပိုင် ခွင့် သာ ရှိ တာ ပါ။
လယ်သမား တွေ အတွက် လယ် လုပ် သူ လယ် ပိုင် ခွင့် ရှိ သည် ဖြစ် လာ ခဲ့ သော် ၊ အတွေး နဲ့ ခြေ လှမ်း တွေ
ကြဲ ကုန် တာ ပါ။ အရင် က လယ် တဧက ကို အချင်းချင်း လယ်စိုက် ခွင့် အလွှဲ အပြောင်း လုပ် ရင် တဧက
ငါးသောင်း ထက် မပိုပါဘူး ၊ အခု တော့ လေး ငါး သိန်း ဖြစ် ကုန် ကြ ပါဘီ၊ ကားလမ်းမ ကြီး နား က လယ် တွေ
ဆို သိန်း ၆ဝ လောက် ဖြစ် ကုန် ပါ တယ်။

အခု လယ်မြေ နဲ့ ပါတ်သက် လို့ အာအက်အေ တို့ ဘီဘီစီ တို့ က နေ နေ့စဉ် လိုလို လယ် သမား အခွင့်
အရေး ဆိုပီး ပြော နေ ဝေဖန် နေ တာ တွေ ရှိ ပါ တယ် ၊ နောင် လွှတ်တော် တွေ မှာ လဲ လယ်သမား နဲ့
လယ်ပိုင်တဲ့ ကိတ်စ ဥပဒေတခုခု တော့ ၊ ရှိလာအောင် လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်ကြမယ်ထင် ပါတယ်။

အခုတော့ ဗျာ ၊ အဲဒီ လယ် တွေ ကို ဈေး ကောင်း ပေး ပြီး လက် ထဲ ရောက် နေ အောင် လိုက် လုပ် နေ တာ က
လက်ကြီး သမားတွေ ဖြစ် ကုန် ပြီဗျာ ၊ ရှင်း ရှင်း ပြော ရရင် တရုပ် တွေ ဘဲ များ ပါ တယ်။
အန် တရယ် များ လွန်း ပါ တယ် ဗျာ ၊ တိုင်း ပြည် နဲ့ လူ မျိုး ရေ ရှည် အတွက် ပါ ၊ ဘာ တွေ ဆက် ဖြစ် မယ်
တော့ မသိနိုင် ပါ ခင် ဗျာ ၊ လယ်သမားတွေ အမျော် အမြင် ရှိ တတ်ဘို့ ၊ သိပ် လို တာ ပေါ့ ခင် ဗျာ ။

ကျွန်တော် တို့ ဗမာတွေ က တော့ တကယ် ပါ ဗျာ ၊ တရား တော့ အတော် ပြည့် ဝ ကြ ပါ တယ်။
တရားတော် လာ အဆုံး အမ တွေ လို ပါ ဘဲ ၊ အတိတ် ကို လဲ မစဉ်း စား နဲ့ တဲ့ ၊ နောင် အနာဂါတ် ကို လဲ
သိပ် တွေး မနေ နဲ့ တဲ့ ၊ လောလောဆယ် ပစ္စုပန် အကြောင်း ကို ဘဲ သေချာ ကြည့် ဘို့ လို ပါ သတဲ့ ဗျ။

အခု လို ၊ တလ ကို ဝန် ထမ်း တိုင်း ၂ သောင်း တိုးမယ် ကောလဟလ ကြားတာ နဲ့ ၊
အခု ပစ္စုပန် တဲ့ တဲ့ ဘဲ ၊ လက် ငင်း ချက် ချင်း ငွေရှင်း မယ် ဆို ရင်
တနှစ်စာ ကို တလ ၁ သောင်း နဲ့ တသိန်း၂သောင်းဘဲ အခု ပေး ၊ လခ ကို လက်မှတ် အခု ကြို ထိုး ပေး ထား မယ်၊
ဘယ်နေမှန်း မသိသေး တဲ့ တိုးမဲ့ လခ ကို တနှစ်စာ တဝက်ဈေး နဲ့ ကြို ရောင်း ထား ပြီး ကြ ပါ ပီ ၊
ကြို သုံး လေး၊ အခု ဘဲ သုံးချင် လို့ ၊ ဝါ မဝင် ခင် ၊ ယာ မ ကာ လေး ၊ တ ဝ ၊ ဟဲထား ချင် ကြ လို့ ပါ တဲ့ ဗျား ။

အေဇော်ကြီး
မြန်မာကျူးပစ်ဖိုရမ်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


စကား ကြုံလို့ပါ၊ ခင်ဗျာ ၊

ကျွန်တော့်စာတွေ ကို ၊ သတင်းဌာနတွေ ၊ ဘလောက်တွေ၊ ဖေ့စ်ဘွတ်ခ်တွေ က ကူးကြတာတွေ အတွက်
ကျွန်တော် စိတ်ဆိုးစရာအကြောင်း မရှိပါဘူး ၊ ကျွန်တော် တို့ လဲ ကိုယ်သိတာလေး မျှဝေချင် လို့ရေးခဲ့သလို
ကူးသူများလဲ မျှဝေချင်လို့ ကူးတယ်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တခါ က သေချာလေး တောင်းပန်ခဲ့ သလို
မြန်မာကျူးပစ်ဖိုရမ်ကြီး ကို ခရက်ဒစ်ပေးရင် ရ ပါ ပြီ လို့ ထပ်လောင်း တောင်းပန်ချင် ၊ ပြောချင်ပါတယ်။

၇.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှက

င်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
b0707nwa9.mp3b0707nwa9.mp3
2395K   Play   Download  
7 July 2011 Yeyintnge's Diary.doc7 July 2011 Yeyintnge's Diary.doc
1061K   View   Download  
7 July 2011 Yeyintnge's Diary.pdf7 July 2011 Yeyintnge's Diary.pdf
1417K   View   Download  
http://www.mediafire.com/file/0gan7nxto14xc7z/7%20July%202011%20Yeyintnge%27s%20Diary.doc
3lbfa33td2pfo22
7 July 2011 Yeyintnge's Diary(1)၇.၇.၂၀၁၁

ဒေါ်​အောင်ဆန်း​စုကြည်နှင့်မဏိစည်သူ​ဈေး​၊​ 

ညောင်ဦး​မြို့
ဇူလိုင်(၇)ရက်၊​ ည​နေ(၄)နာရီ










ဓါတ်ပုံ-ဒီဗွီဘီ

ရိုက်နှက်ညှဉ်း​ပန်း​ခံခဲ့​ရသည့်​ ​မောင်ထိပ်ကွက်နှင့်​ ​မေး​မြန်း​ခန်း




Published on July 7, 2011 by နော်နိုရင်း   
ဧရာဝတီတိုင်း ​ ဟင်္သာတမြို့​မှာ လျှပ်စစ်မီး​ပူနဲ့​ထိုး​တာအပါအဝင် အပြင်း​အထန်နှိပ် စက်ခံရလို့​ ဒဏ်ရာ​တွေနဲ့​ ​ဆေး​ရုံတက်ရတဲ့​ ၉ နှစ်အရွယ် မိဘမဲ့​ က​လေး​ငယ်​လေး​အတွက် ​ရှေ့​နေ ​မောင်​မောင်ကြည်ဝင်း​က လိုက်ပါ​ဆောက်ရွက် ​ပေး​နေတယ်လို့​ သိရပါတယ်။
မောင်ထိပ်ကွက် အရိုက်အနှက်ခံရတာနဲ့​ပတ်သက်လို့​ ရိုက်နက်သူ you and me လက်ဖက်ရည်ဆိုင်ရှင်သမက် ကိုစနိုး​ကို ဒီ​နေ့​ စစ်​ဆေး​တယ်လို့​ သိရပါတယ်။
မ​နေ့​က​တော့​ ဒီအမှုကို ​ကျေ​အေး​ပေး​ဖို့​ ကိုစနိုး​ မိသား​စုဝင်​တွေက ​မောင်ထိပ်ကွက်ရဲ့​ အုပ်ထိန်း​သူ​တွေကို ​ငွေ ၅ သိန်း​နဲ့​ ​ကျေ​အေး​ခိုင်း​ပါတယ်။ ​မောင်ထိပ်ကွက်ကိုယ်တိုင် မ​ကျေ​အေး​တဲ့​အတွက် ဒီ​နေ့​ ကိုစနိုး​ကို ဆက်လက်စစ်​ဆေး​နေတယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။
မောင်ထိပ်ကွက်ဟာ ဒဏ်ရာအနည်း​ငယ်သက်သာသွား​ပြီဖြစ်​ပေမယ့်​ ဗိုက်မှာ မီး​ပူနဲ့​ထိုး​ခံရတဲ့​ ဒဏ်ရာမ​ပျောက်​သေး​ဘူး​ ဖြစ်​နေပါတယ်။
က​လေး​ငယ်ဟာ ဟင်္သာတမြို့​နယ် က​နောင်စုရပ်ကွက် ပိ​တောက်လမ်း​သွယ်ရှိ အ​ဒေါ်ဖြစ်သူ မစမ်း​ဌေး​အိမ်မှာ လက်ရှိတည်း​ခို​နေပြီး​ အနာ​တွေ​ပျောက်ကင်း​အောင် အ​ဒေါ်ဖြစ်သူ​တွေက ကူညီ​ပေး​နေပါတယ်။
ညှဉ်း​ပန်း​နှိပ်စက်ခံခဲ့​ရတာနဲ့​ပတ်သက်လို့​ ​မောင်ထိပ်ကွက်ကို ​မေး​မြန်း​ထား​ပါတယ်။
ဟဲလို သား​သား​လေး​ ​နေ​ကောင်း​လား​။
“​ကောင်း​တယ်။”
သား​လေး​နာမည် ဘယ်လို​ခေါ်လဲ။
“စိုး​ထက်​အောင်”
စိုး​ထက်​အောင် ​နောက် နာမည်တခု ရှိ​သေး​တယ် ဟုတ်လား​။
“ထိပ်ကွက်။”
သား​က အခု အသက် ဘယ်နှနှစ်ရှိပြီလဲ။
“၉ နှစ်။”
အခု သား​က ဘယ်မှာ ​နေလဲ။
“အ​ဒေါ်တို့​အိမ်မှာ အ​ဒေါ်မသန်း​ဌေး​။”
သား​မေ​မေ ​ဖေ​ဖေ​ကော ရှိလား​။
“အ​မေအ​ဖေ ​သေသွား​ပြီ။”
သား​သား​က ​ဒေါ်​လေး​နဲ့​ ​နေတာ​ပေါ့​။
“ဟုတ်”
အခု သား​သား​က ​ကျောင်း​တက်​သေး​လား​။
“​ကျောင်း​ပြန်တက်မယ်။”
သား​က ဘယ်နှစ်တန်း​အထိ ​ကျောင်း​တက်ခဲ့​လဲ။
“၂ တန်း​ကတည်း​က ​ကျောင်း​ထွက်လိုက်တယ်။”
သား​က အခု ယူအန်မီ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်တယ်ဆိုတာ ဟုတ်လား​။
“ဟုတ်ကဲ့​”
သား​သား​ကို ဘယ်သူက သွင်း​ပေး​တာလဲ။
“သူက သား​ကို အတင်း​ပဲ ​ခေါ်လာခဲ့​တာ။ ၁ လကို ၁ ​သောင်း​ခွဲ ​ပေး​မယ် ဆိုပြီး​တော့​၊​ သား​က မလုပ်ပါဘူး​ဆို သား​ကို အတင်း​ကြီး​ ​ခေါ်သွား​တယ်။ သူက သား​ကို တ​နေ့​ ၂၀၀ ပဲ ​ပေး​တယ်။”
အဲဒီ ရတဲ့​ ၂၀၀ ကို သား​သား​ ဘယ်သူ့​ကို ​ပေး​လဲ။
“သား​ မုန့်​ဝယ်စား​တယ်။”
အဲဒီ​တော့​ သား​က ဘယ်လို အလုပ်မျိုး​ကို လုပ်ရတာလဲ။
“သူက လူ​တွေဘာ​တွေ ​ခေါ်ခိုင်း​တယ်။”
လူ​ခေါ်ခိုင်း​တော့​ သား​သား​ ဘာလုပ်ရလဲ။ အဲဒီ လက်ဖက်ရည်ဆိုင်မှာ သား​သား​ ဘာလုပ်ရလဲ။
“လက်ဖက်ရည်​တွေ ဘာ​တွေ မှာ​ပေး​ရတယ်။”
အဲဒီဆိုင်မှာ သား​သား​ လုပ်ရတာ ​ပျော်လား​။
“မ​ပျော်ဘူး​။”
သား​သား​ကို ဘယ်သူက ရိုက်တာလဲ။
“အဲဒီ စနိုး​က သား​ကို ရိုက်တာ။”
သူက ဘာဖြစ်လို့​ ရိုက်တာလဲ။
“သား​က အဲဒီဆိုင်မှာ မ​နေချင်လို့​ ထွက်သွား​တာ။ သား​ကို ဘူတာလိုက်​ခေါ် ပြီး​တော့​ ရိုက်တာ။ သူ့​မိန်း​မနဲ့​ သူတို့​ လင်မယား​ ၂ ​ယောက် ဆိုင်ကယ်​ပေါ် ခွထိုင်ပြီး​ ​ခေါ်သွား​တယ်။”
သား​သား​က သူ့​ခွေး​ကို သွား​ရိုက်လို့​ဆို။
“သား​က သူ့​ခွေး​ကို မရိုက်ဘူး​၊​ သား​ကုတ်​ပေါ်တက်လို့​ ဖြည်း​ဖြည်း​ပဲ သား​က ရိုက်ချလိုက်တာ။”
သား​သား​က ရိုက်ချ​တော့​ သူက သား​သား​ကို ဘယ်လို ပြန်ရိုက်လဲ။
“သား​ကို စရိုက်တုန်း​က ​နောက်ပြန်မီး​ကြိုး​နဲ့​ အရင်တုပ်တယ်။ တုပ်လည်း​ တုပ်ပြီး​ရော မီး​ကြိုး​က အိကျပြီး​သွား​တော့​ ဆိုက်ကား​တွေ ဘာ​တွေ ချည်တဲ့​ ကြိုး​အထူး​ကြီး​နဲ့​ သား​ကို ​နောက်ပြန်တုပ်ပြီး​တော့​ မာလာကိုင်း​နဲ့​ ရိုက်တာ”
သား​သား​ကို မီး​ပူနဲ့​လည်း​ ထိုး​တယ်ဆို။
“မီး​ပူနဲ့​ မာလာကိုင်း​နဲ့​ သံချွန်​တွေနဲ့​လည်း​ ထိုး​တယ် သား​ကို။ သွပ်ကြိုး​ကို မီး​ခြစ်နဲ့​ ရှို့​ပြီး​တော့​ သား​ကို တို့​တယ်။ ​ရေနံဆီနဲ့​ မီး​ပူနဲ့​ မီး​ခြစ်နဲ့​ ရှို့​ပြီး​တော့​ သား​ကို တို့​တယ်။ ​နောက်ပြီး​တော့​ ခွကို မီး​ရှို့​ပြီး​တော့​ တို့​တယ်။ ​နောက်ပြီး​တော့​ အ​အေး​သောက်တဲ့​ ပိုက်လုံး​လေး​ မီး​ရှို့​ပြီး​တော့​ တို့​တယ်။ ​နောက်ပြီး​တော့​ သူ​ကျွေး​တဲ့​ ​ခွေး​ချေး​ကို သား​စား​ရတယ်၊​ မျိုရတယ်။”
အဲဒီ​တော့​ သား​ကိုလည်း​ သူ ​ခွေး​ချေး​ကျွေး​သေး​တယ်။
“ဟုတ်၊​ ​ခွေး​ချေး​ကျွေး​တယ်၊​ ​ခွေး​ချေး​ကျွေး​ပြီး​မှ သား​ကို ထုပ်တန်း​ ဆွဲထား​တုန်း​မှာ မီး​ပူနဲ့​ ထိုး​ပြီး​မှ သူ့​မိန်း​မကပါ ရိုက်တယ်။ သူ့​မိန်း​မက သူ့​ယောကျာ်း​ရိုက်ပြီး​မှ သား​ကို ဆက်ရိုက်တယ်။ ​နောက်ပြီး​တော့​ သား​ကို တညလုံး​ ရိုက်တယ်”
ကြိုး​နဲ့​လည်း​ ချည်ထား​တယ်ဆို​တော့​ ဘယ်အချိန်မှာ ပြန်ဖြည်​ပေး​လဲ။
“မနက်ကျ​တော့​ သူ့​ယောက်ျား​က ဖြည်​ပေး​တယ်။”
မနက်ဖြည်​ပေး​တော့​ သား​သား​ ဘယ် ထွက်​ပြေး​လဲ။
“ထွက်မ​ပြေး​ ဘူး​။ အဲဒီမှာ ၂ ရက်​လောက် ​နေ​သေး​တယ်။ ၂ ရက်​လောက် ​နေပြီး​မှ အနာ​တွေ ကိုက်ခဲလို့​ ဆိုပြီး​ သား​ကို ပရုတ်ဆီ​တွေ ဘာ​တွေလူး​ပေး​တယ်။ ပရုတ်ဆီ လူး​ရင် ပိုဆိုး​တော့​ သား​ထွက်​ပြေး​တာ။ ဦး​လေး​အိမ် သွား​ပုန်း​နေတာ။”
သား​သား​ကို ရိုက်ပြီး​တော့​ အနာ​တွေဘာ​တွေ ရ​တော့​ သူက ​ဆေး​မကု​ပေး​ဘူး​လား​။
“ကု​ပေး​တယ် ​ဆေး​ရုံတင်​ပေး​တယ်။”
အခု သား​သား​ ​ဆေး​ရုံတက်ရတယ်ဆို အဲဒါ သား​သား​ကို ဘယ်သူ လိုက်ပို့​လဲ။
“ဆိုက်ကား​တွေ ဘာ​တွေ ငှား​ပြီး​တော့​ လိုက်ပို့​တယ်။”
ဘယ်သူက ဆိုက်ကား​ငှား​ပြီး​တော့​ လိုက်ပို့​တာလဲ။
“အဲဒီမှာ အမှတ် ၁ စခန်း​က ဗိုလ်​လေ။း​ သား​ကို ဓာတ်ပုံ​တွေ ဘာ​တွေ ရိုက်ပြီး​ အမှုဖွင့်​ပြီး​တော့​ သား​ကို လိုက်ပို့​တာ။”
သား​သား​ ဘယ်နှရက်​ဆေး​ရုံမှာ ​နေခဲ့​ရလဲ။
“၆ ရက်”
အဲဒီမှာ ၆ ရက်​လောက် ​နေ​တော့​ ဘယ်သူက သား​သား​ကို ပြုစု​ပေး​လဲ။
“စနိုး​အ​မေက ပြုစု​ပေး​တယ်။ စနိုး​အ​မေက အကုန်ခံ​တော့​မှ အဲဒီကလူ​တွေ ထမင်း​လည်း​ လာမပို့​တော့​ဘူး​။ အ​ဒေါ်​တွေကလည်း​ ​စောင့်​ပေး​တယ်၊​ ထမင်း​လည်း​ လာပို့​ပေး​တယ်။”
အခု သား​သား​ ​ဆေး​ရုံဆင်း​လာ​တော့​ သား​သား​အနာ သက်သာသွား​ပြီလား​။
“​ကျောကုန်း​တွေ နည်း​နည်း​တော့​ သက်သာသွား​တယ်။ ဒီဘက် ဗိုက်​ဘေး​နာက ဥစ္စာ ပိုဆိုး​နေတယ်။”
ဆေး​တွေ ဘာ​တွေ​ကော ဘယ်သူမှ ထည့်​မ​ပေး​ဘူး​လား​။
“အ​ဒေါ်​တွေက ထည့်​ပေး​တယ်၊​ ​ဆေး​ရုံက ​ပေး​တဲ့​ ​ဆေး​တွေ။”
သား​သား​ကို အဲဒီလိုမျိုး​ ရိုက်တုန်း​က သား​သား​အော်​သေး​လား​။ သူက သား​သား​ကို ပါး​စပ်ပိတ်ထား​လား​ ဘယ်လိုမျိုး​လဲ။
“ထုပ်တန်း​မှာ မီး​ပူနဲ့​ တို့​တုန်း​က သား​အော်တယ်။ ကြိုး​နဲ့​ မာလာကိုင်း​နဲ့​ ရိုက်တုန်း​က ပါး​စပ်ကို အဝတ်ဆို့​ပြီး​တော့​ ဆိုက်ကား​တွေ ဘာ​တွေ ချည်တဲ့​ ကြိုး​နဲ့​ ပိတ်ထား​တယ်။”
သား​ကို ရိုက်တဲ့​လူက အခု အဖမ်း​ခံထား​တယ်ဆို ဟုတ်လား​။
“ဟုတ်ကဲ့​”
သား​သား​ကို အခု ပိုက်ဆံ ၅ သိန်း​ပေး​ပြီး​တော့​ သူ့​ကို လွှတ်ခိုင်း​မယ်ဆို သား​သား​က သူ့​ကို ခွင့်​လွှတ်မှာလား​။
“ခွင့်​မလွှတ်နိုင်ဘူး​ သား​ အနာ​ပျောက်တဲ့​အထိ ခွင့်​ မလွှတ်နိုင်ဘူး​။”
ဆို​တော့​ သား​သား​ ဘယ်လို ဖြစ်ချင်လဲ သူ့​ကို။
“​ထောင်ကျ​စေချင်တယ်”
အခု အဲဒီလက်ဖက်ရည်ဆိုင်ကို ပြန်သွား​ရမယ်ဆိုရင် သား​သား​ ပြန်သွား​မှာလား​။
“မသွား​ဘူး​၊​ အ​ဒေါ်တို့​ အိမ်မှာပဲ ​နေမယ် ​ကျောင်း​တက်ရမယ်။”
အခု ရဲက​ကော သား​သား​ကို ဘယ်လို အမှုနဲ့​ ဆက်ပြီး​ စွဲ​ပေး​လဲ။
“သူက သား​မွေး​စား​ ပ​ထွေး​နဲ့​ အ​ဒေါ်​တွေနဲ့​ အမှုဖွင့်​ပေး​တယ်။ အမှုဖွင့်​တုန်း​က သား​ကို ရဲ​တွေက မုန့်​တွေဘာ​တွေ ဝယ်​ကျွေး​တယ်။ မ​နေ့​က တရား​ရုံး​ကို သွား​တာ။”
သား​သား​ ဘာ​ပြောခဲ့​သေး​လဲ တရား​ရုံး​ကို။
“တရား​ရုံး​ မှာ သား​ကိုလုပ်ခဲ့​တာ​တွေ အကုန်ထည့်​ပြောတယ်။ ​ခွေး​ချေး​ကျွေး​တဲ့​ ဥစ္စာ​တွေ​ရော၊​ သံချွန်နဲ့​ တို့​တာ​တွေ၊​ မီး​ပူနဲ့​တို့​တာ၊​ သား​ကို မီး​ချွန်နဲ့​တို့​တာ​တွေ​ရော ​နောက်ပြီး​တော့​ ပိုက်လုံး​မီး​ရှို့​ပြီး​ တို့​တာ​တွေ​ရော အကုန်ထည့်​ပြောတယ်။”
သား​သား​ကို အဲဒီလိုမျိုး​ လုပ်တဲ့​အချိန်မှာ​လေ သူ အရက်မူး​လား​။
“အရက်​ သောက်တယ်။ သူ့​မိန်း​မကို ၅ ချက်ရိုက်စမ်း​ မီး​တဲ့​။ သူ့​ကို ၅ ချက်​လောက် ရိုက်စမ်း​တဲ့​။ မီး​ရိုက်တာ မနာဘူး​၊​ ကိုယ်ရိုက်တာ နာတယ်တဲ့​။ ​နောက်ပြီး​တော့​ ဆက်တိုက်ဆက်တိုက် ရိုက်တယ်။ သား​က ​အော်လည်း​ ​အော်တယ်။ သူ့​ယောကျာ်း​ကလည်း​ ရိုက်တယ်။”
တရား​ရုံး​က​နေပြီး​တော့​ သား​သား​ကို ရိုက်တဲ့​လူကို အပြစ်ဘယ်လို ​ပေး​စေချင်လဲ သား​သား​အ​နေနဲ့​။
“​ထောင်ထဲမှာ အကြာကြီး​ ချုပ်ထား​ချင်တယ်။”
သူက သား​သား​ကို ပိုက်ဆံအများ​ကြီး​ ​ပေး​ပြီး​တော့​ သူ့​ကို လွှတ်ပါလို့​ ​ပြောရင်​ကော သား​သား​ လွှတ်​ပေး​မှာလား​။
“သား​ လွှတ်မ​ပေး​ဘူး​၊​ ​ကျေ​အေး​လက်မှတ်လည်း​ မထိုး​ဘူး​။” 
http://burmese.dvb.no/

88 Generation Students Leader Ko Min Ko Naing talked about 7 July

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင်း အာဏာပိုင် ဟန့်တားမှု




2011-07-07
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာ ညောင်ဦးမြို့နယ်နားက ဇီးအို ကျေးရွာမှာ ရှိတဲ့ ရှားပါး သဘာဝ သစ်တောဝိုင်း တခုကို သွားရောက် လေ့လာပြီး အဲဒီရွာမှာ လိုအပ်နေတဲ့ သောက်သုံးရေနဲ့ ကျန်းမာရေး ဆေးပေးခန်း အတွက် ဘယ်လို ကူညီနိုင်မလဲ ဆိုတာကို ဒေသခံတွေနဲ့ ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါတယ်။
Yonhap News
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးစဉ် အတွင်း ၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကြိုဆိုနှုတ်ဆက်ကြတဲ့ ဒေသခံတွေကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်နှုတ်ဆက်နေပုံ။ ဓါတ်ပုံ - Yonhap News
ဇီးအိုရွာ သစ်တောဝိုင်းကို လေ့လာရာမှာ နဂိုက ဒေါ်အောင်ဆန်းစုကြည်ကို လိုက်လံ ရှင်းပြဖို့ စီစဉ်ထားတဲ့ ကျေးရွာ အာဏာပိုင် တဦးကို မြို့နယ် အာဏာပိုင်တွေက တားမြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လိုက်ပါသွားသူ ဦးခွန်သာမြင့်က ပြောပါတယ်။ "မနက် ၉ နာရီလောက်မှာ ညောင်ဦးမြို့နယ်ထဲမှာ တူရွင်းတောင်ရဲ့ မြောက်ဖက် ၆ မိုင်ခွဲလောက်မှာရှိတဲ့ ဇီးအို ဆိုတဲ့ရွာနားမှာ သဘာဝ အင်ကြင်းတော တခုကိုသွားတယ်။ ဧက ၄၀ လောက်ရှိတယ်။ အဲဒါ ဇီးအိုရွာမှာ အရင် ရ၀တ ဥက္ကဌ လုပ်သွားတဲ့လူက သူ့ကို မ၀တ က မနေ့ကထဲက သတင်းကြားလို့ လှမ်းပြောတယ်လို့ ပြောတယ်။ ရှင်းမပြပါနဲ့ပေါ့။ မပြောရဘူးလို့ ပြောထားတဲ့အကြောင်း သိရတယ်။" အစ ကနဦးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ မန္တလေးတိုင်းက လုံခြုံရေး အဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသူတွေနဲ့ ဇီးအိုရွာမှာ နေ့လည်စာ စားဖို့ စီစဉ်ထားခဲ့ပေမယ့် အစီအစဉ်ကို ဖျက်လိုက်ပြီး ပါလာတဲ့ အစားအသောက် အားလုံးကို ဒေသခံ ရွာသားတွေ အတွက် ဝေငှပေးလိုက်တယ်လို့ NLD ဦးခွန်သာမြင့်က ပြောပါတယ်။ ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ညောင်ဦးမြို့မှာ ဈေးဝယ်ခဲ့ပြီး မနက်ဖြန် သောကြာနေ့ မနက်မှာတော့ မန္တလေး လေကြောင်းလိုင်းနဲ့ ရန်ကုန်ကို ပြန်လည် ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးခွန်သာမြင့်ကို RFAမှ ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဦးသိန်းစိန် အရပ်သားအစိုးရ ရပ်တည်လုပ်ဆောင်မှုများ

ဗုဒ္ဓဟူး, 06 ဇူလိုင် 2011

By ဦးကျော်ဇံသာ
ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်တွေမှာတောင် တရားဝင်ရပ်တည်နေနိုင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အခုလက်ရှိ သမ္မတဦးသိန်းစိန်အစိုးရလက်အောက်မှာ ထိုးစစ်ဆင် တိုက်ခိုက်တာကို ခံနေကြရပါတယ်။ အလားတူစွာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဦးသိန်းစိန်အစိုးရက ကန့်သတ်တားမြစ်တာတွေ လုပ်လာပါတယ်။ ဒီလုပ်ရပ်တွေကြောင့် ဒီမိုကရေစီနည်းကျကျ တက်လာတဲ့ အရပ်သားအစိုးရဆိုတဲ့ ဦးသိန်းစိန် အစိုးရအပေါ် မျှော်လင့်ချက် တစိုးတစိထားခဲ့တာတွေကို ချေဖျက်လိုက်ရတော့မလား။ Euro-Burma ``ရုံး ညွှန်ကြားရေးမှူး ဦးဟန်ယောင်ဝေ၊ မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် တို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေ့ ကျနော် ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ မြန်မာနိုင်ငံရဲ့  လက်ရှိအစိုးရနဲ့ ပတ်သက်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရကို တချို့က အကောင်းမြင်ခဲ့ကြတယ်။ စစ်အစိုးရထက်တော့ ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခု သက်တမ်း (၃) လ ရှိလာတဲ့အခါမှာ အရင်တုန်းက ရပ်တည်နေခွင့်ရခဲ့တယ့် တိုင်းရင်းသားအင်အားစုတွေကို အခုအခါမှာ ဆိုရင် စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်လာတာကို တွေ့ရပါတယ်။ ဒါအပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း တရားဝင်ရပ်တည်ခွင့် မပေးတော့ဘူး။ နိုင်ငံရေးမလုပ်ရဘူး။ မလှုပ်ရှားရဘူးစသဖြင့် တားမြစ်တာတွေ ရှိလာပါတယ်။ ဆိုတော့ အကောင်းမြင်ခဲ့တဲ့လူတွေရဲ့  အကောင်းမြင်မှုဟာ မှန်ကန်ပါသေးရဲ့လား။ ဦးဟန်ယောင်ဝေ ဟာ ဒီလို အကောင်းမြင်ခဲ့တဲ့လူတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။

ဦးဟန်ယောင်ဝေ ။ ။ ကျနော်အနေနဲ့ မြင်တာကတော့ အခြေအနေက ဆိုးလာတယ်လို့ မြင်ပါတယ်။ ဒီနေရာမှာက အစိုးရသစ်က တမင်တကာ နောက်ပြန်ဆုတ်နေသလား။ မဟုတ်သေးရင် သူတို့ အတွင်းထဲမှာ အဆင်မပြေလို့ နောက်ဆုတ်နေသလား။ တိုင်းရင်းသားတပ်တွေနဲ့ တိုက်တဲ့နေရာမှာလည်း ကျနော် နားလည်သလောက်ဟာ အစိုးရဆီက အမိန့်လာလို့ တိုက်တာမဟုတ်ဘဲနဲ့ တပ်မတော်က သူ့လမ်းသူ သွားနေတယ်။ သမ္မတကလည်း သူလုပ်ချင်တဲ့လမ်း သွားနေပြီးမှ ဒီနေရာမှာ အဆင်မပြေကြဘူးလားလို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ သင့်မြတ်ရေး၊ တိုင်းရင်းသားတွေဟာ ပြည်ထောင်စုထဲမှာ တသွေးတသားတည်း ပါဝင်လာရေးဟာ နိုင်ငံရေးကိစ္စလို့ ထင်ပါတယ်။ အဲဒီကိစ္စဟာ သမ္မတက မလုပ်ဘဲနဲ့ စစ်တပ်က လုပ်တဲ့ကိစ္စလား။ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်လို့ သတ်မှတ်ထားပါသလား။ အဲဒီ ဖွဲ့စည်းပုံအရ။

ဦးဟန်ယောင်ဝေ ။ ။ ဖွဲ့စည်းပုံအရတော့ ဒီဟာက တပ်မတော်ရဲ့လုပ်ငန်းလို ချထားတယ်လို့ ကျနော် နားလည်ပါတယ်။ ဒီနေရာမှာ တပ်မတော် စဉ်းစားပုံကတော့ စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်။ သမ္မတ စဉ်းစားပုံကတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်။ ဒီနေရာမှာ သူတို့အချင်းချင်း သဘောမတူသေးဘူးလို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါက တိုင်းရင်းသားတွေကို တိုက်ခိုက်တယ်။ ထိုးစစ်ဆင်တယ်ကိစ္စနဲ့ ပတ်သက်လို့ပေါ့။ ဒုတိယအချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ရွှေတို့ကို နိုင်ငံရေး မလုပ်ဖို့ဆိုပြီး သတိပေးစာထုတ်တာနဲ့ ပတ်သက်တာ။ ဒီဟာကတော့ စစ်တပ်နဲ့မဆိုင်ဘူး ထင်ပါတယ်။

ဦးဟန်ယောင်ဝေ ။ ။ ဒီနေရာမှာလည်း ကျနော်ထင်တာက တဖက်က လျှော့ချင်တဲ့အဖွဲ့ရှိမယ်။ တဖက်က ပိုတင်းမာချင်တဲ့ အဖွဲ့ရှိမယ်။ ဒီနေရာမှာကလည်း ပိုတင်းမာချင်တဲ့ အဖွဲ့က အင်အားပိုကောင်းနေပြီးမှ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီတို့ကိုလည်း ဥပဒေတရားအရ ကိုင်တွယ်ရမယ် ဆိုတဲ့သဘော ဖြစ်လာတယ်လို့ ကျနော်မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အာဏာပိုင်ထဲမှာ အုပ်စုကွဲတာကို နောက်အချိန်ရရင် ဆက်ဆွေးနွေးကြတာပေါ့။ ဒါပေမဲ့ ကျနော်တခု စဉ်းစားချင်တာကတော့ သူတို့ကတော့ အုပ်စုထဲမှာတော့ ညှိနှိုင်းကြတယ်ဆိုတဲ့ သဘောပေါ့။ တဦးတယောက်တည်းက လုပ်လိုက်စမ်းကွာဆိုတဲ့ အမိန့်မျိုးနဲ့တော့ မဟုတ်တော့ဘူးဆိုတဲ့ သဘောလား။

ဦးဟန်ယောင်ဝေ ။ ။ ဒီနေရာမှာ ကျနော်ထင်တာ သူတို့အချင်းချင်းလည်း မသေချာကြဘူးလို့ မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် တိုင်းပြည်နယ်တို့မှာလည်း အစိုးရပေါ်လာတယ်။ ဒီ အစိုးရအဖွဲ့တွေ ကလည်း ဘယ်သူ့ကို နားထောင်ရမလဲ။ သူတို့ရဲ့ တိုင်း၊ ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ကို နားထောင်ရမလား။ မဟုတ်ရင် ဗဟိုဝန်ကြီးကို နားထောင်ရမလားဆိုတဲ့ ပြဿနာတွေ အများကြီးပေါ်နေတယ်လို့ မြင်ပါတယ်။ အဲဒါ မကဘူး။ တိုင်းဒေသ ဝန်ကြီးချုပ်နဲ့ တိုင်းမှူးကြားမှာလည်း ပြဿနာရှိတယ်လို့ ကျနော်မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီဟာတွေက ဘယ်သူက အာဏာပိုရှိတယ်။ ဘယ်သူက ပိုတာဝန်ရှိသလဲ ဆိုတာ သေသေချာချာ ရေးထားတာမရှိခဲ့ဘူး။

ဦးကျော်ဇံသာ ။ ။ ဦးမောင်မောင်မြင့် သဘောထားလည်း သိချင်ပါတယ်။ ပထမဦးဆုံး မေးချင်တဲ့ မေးခွန်းကတော့ တချို့ ကြိုဆိုခဲ့ကြတယ်။ ကျနော်တို့ သတင်းလောကမှာလည်း ဒီအစိုးရတက်လာခါစမှာ အကောင်းဖြစ်လာနိုင်တယ်။ အရင်လောက်တော့ ဆိုးမှာမဟုတ်ဘူး။ ကျနော် သုံးခဲ့ကြတာ ဒီမိုကရေစီ တစွန်းတစလေးတော့ ရလာမယ်။ တဖြည်းဖြည်း ဘောင်ချဲ့  ယူကြမယ်လို့ မြင်ကြသူတွေရှိတယ်ဆိုတာကို မှတ်မိပါလိမ့်မယ်။ အဲဒီလို အမြင်တွေကို အခုလက်ရှိ ဖြစ်နေတာတွေနဲ့ သုံးသပ်ရင် ဘယ်လိုပြောရမလဲ။

ဦးမောင်မောင်မြင့် ။ ။ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအတွက် လူထုဆန္ဒခံယူတဲ့ကိစ္စ။ ရွေးကောက်ပွဲမှာ မတရားမှုတွေ ပျောများတဲ့ကိစ္စ။ ဒါတွေကို ကြည့်ပြီးတော့ ဟိုတုန်းထဲက ကျနော်တို့တတွေ သံသယရှိခဲ့ပါတယ်။

ရွေးကောက်ပွဲနောက်လည်း စစ်တပ်ကပဲ လွှမ်းမိုးမယ်ဆိုတဲ့ သဘောမျိုး ကျနော်တို့ ယုံကြည်ခဲ့ကြပါတယ်။ နောက်ပြီးတော့ အခြေခံဥပဒေကို သေသေချာချာ လေ့လာကြည့်ရင်ကိုပဲ နောက်တက်လာမယ့် အစိုးရဟာ တကယ်တမ်းကျတော့ စစ်တပ်ကလွှမ်းမိုးမယ့် အစိုးရပဲ ဖြစ်မယ် ဆိုတာကို ကျနော်တို့ယုံကြည်ပါတယ်။ သို့သော်လည်း တချို့ သတင်းသမားတွေကတော့ ဘာပြောပြော သံသယအကျိုး ခံစားခွင့်ပေးတဲ့အနေနဲ့ နောက်တက်လာမယ့် အစိုးရက ဘာလုပ်မလဲဆိုတာကိုတော့ စောင့်ကြည့်ကြစို့ သဘောနဲ့ ကျနော်တို့ စောင့်ကြည့်ကြတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ အခုလောလောဆယ်ဖြစ်တဲ့ ကိစ္စနှစ်ခု - ပထမတခုကတော့ ကချင်တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ ဖြစ်တဲ့ကိစ္စ။ နောက်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ကို နိုင်ငံရေးအရ ရပ်တည်ခွင့် မပေးတော့ဘူး ဆိုတဲ့ သဘောမျိုး ဖိအားပေးလာတဲ့ အချက်။ ဒါတွေက အမှန်တကယ်တော့ ကျနော့်မျက်လုံးထဲမှာ သိပ်ပြီးတော့ မထူးဆန်းပါဘူး။ အရင် အစိုးရလက်ထက်မှာကတည်းက ဒါတွေအတွက်ကို လမ်းကြောင်း ချခဲ့တယ်။ ဆိုလိုတာက ရွေးကောက်ပွဲကာလကို နီးကပ်လာတာနဲ့အမျှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိအားတွေအမျိုးမျိုး ပေးလာပါတယ်။ အဓိက သိသာထင်ရှားတဲ့အချက်ကတော့ သူတို့ကို နယ်ခြားစောင့်တပ်ဖွဲ့တွေအနေနဲ့ အသွင်ပြောင်းခိုင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက စစ်အစိုးရက သူတို့တာဝန်ခံပြီး မဖြေရှင်းခဲ့ဘူး။ အရပ်သားအစိုးရ ပေါ်လာတော့မှ ဖြေရှင်းဆိုတဲ့သဘောနဲ့ နှပ်ကြောင်းလေး ပေးခဲ့ပါတယ်။ ဒါက တကယ်တမ်းပြောရရင် မကောင်းတဲ့ မျိုးစေ့ ချခဲ့တဲ့သဘောပါ။

အလားတူပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ ဥပဒေအရ ပြောမယ်ဆိုရင် အန်အယ်လ်ဒီကို အဲဒီအချိန်တုန်းကတည်းက တရားဝင် တည်ရှိနေတဲ့ ပါတီတရပ်ကနေ ပယ်ဖျက်ဖို့အတွက် သူတို့မှာ အခွင့်အရေးရှိပါတယ်။ သူတို့ဘက်က ရေးခဲ့တဲ့ ဥပဒေက သူတို့ကို အထောက်အပံ့ပေးနေပါတယ်။ ဒါပေမဲ့ မပယ်ဖျက်ဘဲနဲ့ အဲဒီတုန်းက မြွေမသေတုတ်မကျိုး ထားခဲ့တယ်။ အန်အယ်လ်ဒီ ဘယ်အခြေအနေ ရောက်သွားမလဲ ဆိုတာကို စောင့်ကြည့်တဲ့သဘောမျိုး နေခဲ့ပါတယ်။ သို့သော်လည်း အခုအခြေအနေ ရောက်တော့မှ အန်အယ်လ်ဒီ အနေနဲ့ လူငယ်တွေကို အားကိုးလာတဲ့အခါမှာ ဒီမိုကရေစီကွန်ယက် ထောင်ပြီးတော့ လှုပ်ရှားလာတဲ့ အခါမှာ အောင်မြင်လာတာတွေတချက်။

အခုနောက်ပိုင်းကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နိုင်ငံရေးသြဇာဟာ နိုင်ငံတကာအလယ်မှာ ပိုပြီး သိသာထင်ရှားလာတာ တချက်။ ဒါတွေကို ကြည့်ပြီတော့ ဒီအချိန်ဟာဖြင့် အန်အယ်လ်ဒီ ကို တရားဝင် ပါတီအဖြစ်မှ ပယ်ဖျက်ရမယ်ဆိုတဲ့သဘောမျိုးနဲ့ သူတို့လုပ်တာပါ။

ဦးကျော်ဇံသာ ။ ။ စစ်အစိုးရက သူတို့ဟာ နောက်လာမယ့် အရပ်သားအစိုးရဆိုတဲ့ အခုတက်နေတဲ့ အစိုးရကို သမိုင်းရဲ့  ဆိုးမွေတွေ သူတို့လုပ်တဲ့ မဟုတ်တဲ့ဟာတွေကို ဆက်ထမ်းဖို့၊ ခံဖို့အတွက် တမင်ထိုးပြီး ကျွေးခဲ့တဲ့သဘောမျိုး ဖြစ်နေတာပေါ့။

ဦးမောင်မောင်မြင့် ။ ။ လက်တွေ့ကြည့်ရင် အဲဒီလို တွေ့နိုင်ပါတယ်။ အရင်တုန်းကတော့ ဘာပဲပြောပြော မှားတဲ့ကိစ္စတွေ ပေါ်လာပြီဆိုရင် စစ်အစိုးရ မျက်နှာပျက်စရာ၊ စစ်ခေါင်းဆောင်တွေ မျက်နှာပျက်စရာ အတိအကျ ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အရပ်သားတယောက်အနေနဲ့ အာဏာယူထားတဲ့ ဦးသိန်းစိန်။ တကယ်တော့ သူလည်းပဲ အားလုံးသိတဲ့အတိုင်း စစ်တပ်ကပါ။ သူ့အနေနဲ့က လောလောဆယ်မှာ အရပ်သားအနေနဲ့ မျက်နှာပျက်ခံရတယ်။ တိုက်တဲ့ခိုက်တဲ့ကိစ္စတွေ ဖြစ်နေတဲ့ ကိစ္စအားလုံးဟာ တကယ်တမ်းတော့ သူနဲ့ သက်ဆိုင်တာထက် အခုလောလောဆယ် စစ်တပ်မှာ အာဏာယူထားတဲ့ ပုဂ္ဂိုလ်တွေက တာဝန်ပိုရှိပါတယ်။ သို့သော်လည်း အခုလောလောဆယ်မှာ အရပ်သားအစိုးရ အသွင်ဆောင်ထားတဲ့အတွက်ကြောင့် ဖြစ်သမျှ ပြဿနာတွေဟာ အရပ်သားအစိုးရခေါင်းပေါ်ကို တက်စောင့်တဲ့သဘောမျိုး ရှိပါတယ်။ စစ်တပ်က အနေသာကြီးဆိုတဲ့ သဘောမျိုးနဲ့ နောက်ကွယ်ကနေ လက်သီးပုန်းထိုးတဲ့သဘောမျိုး မြင်နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ အထူးသဖြင့် ကျနော်မြင်တာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေါ့။ သူက အစတုန်းက သူ့တယောက်တည်းအမိန့်နဲ့ ဆုံးဖြတ်ခဲ့တာ။ အခုအခါမှာ သူထင်သလို လုပ်ခဲ့တယ်ဆိုတော့ ဖြေရှင်းလို့ မရနိုင်တဲ့ ကိစ္စတွေကို မင်းတို့အရပ်သား အဝတ်အစားလှဲ။ အရပ်သား ကိုယ်စားလှယ်အဖြစ်နဲ့ ပေါင်းပြီးတော့ ခံကြပေတော့ဆိုပြီး ထိုးကျွေးခဲ့တဲ့သဘော ဖြစ်မနေဘူးလား။

ဦးမောင်မောင်မြင့် ။ ။ အဲဒီလိုမျိုးတော့ သိပ်ဟုတ်ပါတယ်။ အမှန်တကယ် သက်ရောက်ပါတယ်။ သို့သော်လည်း ကျနော်တို့အနေနဲ့ သတင်းသမားတွေအနေနဲ့ကြတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ လက်ရှိအနေထား ဘယ်လိုရှိသလဲဆိုတာကို အတိအကျ မသိတဲ့အတွက်ကြောင့် အတိအကျ ဝေဖန်ချက် ပေးဖို့ အတော်ခက်ပါတယ်။ သူ့လက်ရာခြေရာ ဘယ်လောက်ပါသလဲဆိုတာကို။

ဦးကျော်ဇံသာ ။ ။ ဦးဟန် က အစောက ပြောတာကတော့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တိုင်းမှူးကြားမှာ အာဏာခွဲဝေရေးဆိုတော့ ဒီကိစ္စတွေဟာ ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်တဲ့စနစ်ကို သူတို့က ကျွမ်းကျွမ်းကျင်ကျင် မရှိသေးဘူးဆိုတဲ့ သဘောလို့ တွက်ရင်လည်း ရမယ်ထင်ပါတယ်။ ဦးဟန် ဘယ်လိုသဘောရပါသလဲ။ သူတို့ ဖွဲ့စည်းပုံနဲ့ နေသာတကျ မအုပ်ချုပ်တက်သေးလို့ constitutional practice မရှိသေးလို့ ထင်ပါသလား။

ဦးဟန်ယောင်ဝေ ။ ။ ဒီနေရာမှာ တရားဥပဒေမှာလည်း တိတိကျကျ မရေးထားဘူး။ ဆိုတော့ ဘယ်လို လုပ်သင့်သလဲဆိုတာကို ဘယ်သူမှ သေသေချာချာ မသိကြဘူး။ ဒုတိယကလည်း အရင်က အမိန့်ပဲ နားထောင်ပြီးသွားတာက လွယ်တယ်။ အခုအခါ အမိန့်ကို ဘယ်သူ့ဆီက စောင့်ရမလဲဆိုတာကို မသိတော့ဘူး။ ဘယ်လို လုပ်လေ့ရှိတယ်။ ပါလီမန်ဆိုတာ ဘယ်လိုရှိတယ်။ ပြည်နယ်အစိုးရဆိုတာ ဘယ်လိုရှိတယ်ဆိုတာ ဘယ်သူမှ မတွေ့ကြုံခဲ့ဖူးပါဘူး။ ဆိုတော့ ဒီနေရာမှာ အခက်အခဲအများကြီး တွေ့နေတယ်။ အဲဒါမကဘူး အခုနပြောသွားတဲ့အတိုင်း ဒီ အရပ်သားအစိုးရက လုပ်လို့မအောင်မြင်ရင် တပ်မတော်ကို ပြန်လမ်းဖွင့်ပေးတာပဲ။ ဘာကြောင့်လဲဆိုရင် ကြည့်ပါအုံး။ ဒီ အရပ်သားအစိုးရက ဘာမှလုပ်လို့ မရဘူး။ ပြဿနာ ဘာမှဖြေရှင်းလို့ မရဘူး။ တပ်မတော် ပဲ အာဏာပြန်သိမ်းသင့်တယ်လို့ ဖြစ်လာအုံးမယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အရပ်သားတွေထဲမှာ တချို့ ရွေးကောက်ပွဲဝင်တဲ့ တိုင်းရင်းသား နိုင်ငံရေးသမားတွေ ရှိတယ်။ စစ်အစိုးရနဲ့ မပတ်တဲ့လူတွေ အဲဒီလူတွေကတော့ ဒေသဖွံ့ဖြိုးရေး၊ ဒေသ ငြိမ်းချမ်းရေးကို လုပ်နိုင်မှာပဲဆိုတဲ့ သဘောမျိုး သူတို့က စပြီး မျှော်လင့်ချက်နဲ့ လုပ်ခဲ့ကြပါတယ်။ ဦးမောင်မောင်မြင့်လည်း သိမှာပေါ့။ အဲဒါကို ဘယ်လိုမြင်ပါသလဲ။ အဲဒီလူတွေဟာ အခု လူတွေဟာ အခု ဒေသအတွင်းမှာ အပစ်အခတ်တွေ ဖြစ်နေပြီ။ ဒုက္ခသည်တွေ မြို့ ပေါ်တက်၊ နယ်စပ်ဘက်ထွက်ပြေး ဖြစ်နေကြပြီ။ အဲဒီလိုဆိုတော့ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေး၊ ကိုယ့်ဒေသအတွင်း ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး လုပ်နိုင်မယ်ဆိုတဲ့ လူတွေရဲ့  မျှော်လင့်ချက်ကို ဘယ်လိုပြောနိုင်ပါသလဲ။

ဦးမောင်မောင်မြင့် ။ ။ လွှတ်တော်အမတ်တွေရဲ့  သဘာဝကို ကြည့်မယ်ဆိုရင်တော့ တချို့ကတော့ လူထုက တင်မြှောက်လိုက်လို့ လူထုမဲနဲ့ တက်လာတဲ့ လူထုအကျိုးကို တကယ်လိုလားတဲ့ လွှတ်တော် အမတ်တွေကို ခွဲလို့ရပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော လက်ရှိလွှတ်တော်ရဲ့ သဘာဝဟာ နိုင်ငံတကာမှာ ကျနော်တို့ နားလည်ထားတဲ့ ဒီမိုကရေစီ လွှတ်တော်တွေရဲ့ သဘာဝနဲ့ အတော်လေး ခြားနားနေမှာကိုတော့ တွေ့ရပါလိမ့်မယ်။

အခုလိုမျိုး နိုင်ငံတနိုင်ငံမှာ ပြည်တွင်းစစ် သဘောမျိုး ဖြစ်နေတဲ့ကိစ္စမျိုး ပေါ်လာပြီဆိုရင် ပုံမှန် လွှတ်တော်တခုအနေနဲ့ - ဆိုကြပါစို့ အခုဆိုရင် ကချင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အမတ်တယောက် ဖြစ်စေ။ နောက် ကချင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးပိုင်းက ဒိတ်ဒိတ်ကျဲ ဝန်ထမ်းတယောက် ဖြစ် စေ သူတို့အနေနဲ့ အရင်ဆုံး လုပ်ရမယ့်ကိစ္စက ဒီကိစ္စကို အစိုးရနဲ့ တိုက်ရိုက် သူတို့ဆွေးနွေးကြရမယ်။

ဒီကိစ္စမှာ စစ်တပ်က ပါဝင်ပတ်သက်နေတဲ့အတွက်ကြောင့် စစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးပိုင်ခွင့် သူတို့မှာ ရှိရမယ်။ ဒါပေမဲ့ သူတို့ မရှိပါဘူး။ အနည်းဆုံးအားဖြင့် သူတို့အနေနဲ့ မီဒီယာကို ထုတ်ဖော်ပြောဆိုနိုင်ခွင့် သူတို့မှာ ရှိရမယ်။ မသင့်တော်ဘူးဆိုရင်လည်း မသင့်တော်ဘူး။ ဖြေရှင်းမယ့်နည်းလမ်း ဘယ်လိုရှာမလဲဆိုတာတွေကို စသဖြင့် အနည်းဆုံးတော့ ထုတ်ဖော်ပြောဆိုပိုင်ခွင့် ရှိရပါလိမ့်မယ်။ ဒါပေမဲ့ သူတို့မှာ မရှိပါဘူး။ လွှတ်တော်လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်ပြီးတော့ လက်ရှိ အစိုးရဟာ အဲဒီလောက်အထိတော့ မညံ့ဘူး။ သူတို့ အခြေခံဥပဒေမှာပင် လွှတ်တော်နဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းအတွက် စည်းမျဉ်းစည်းကမ်းတွေ လုပ်ထားတာ ရှိပါတယ်။ အဲဒါနဲ့ ဘောင်ဝင်အောင်လို့တော့ သူတို့လုပ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလွှတ်တော်ကတော့ တကယ့် လွှတ်တော်မဟုတ်တဲ့အတွက်ကြောင့် ဘယ်လိုပဲ ဘောင်ဝင်အောင်လုပ်လုပ် လူထုအကျိုးကိုတော့ တကယ်တမ်း ဖော်ဆောင်နိုင်မယ့် လွှတ်တော်မဟုတ်ဘူးဆိုတာကတော့ ထင်ရှားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာတခုက ရှေ့ အလားအလာကို တခွန်းဆီ ခန့်မှန်း ပေးကြပါ။ ဒီ အစိုးရဟာ ဦးဟန် ပြောသလို စစ်တပ်က မင်းတို့ဟာ မထိန်းနိုင်ကြဘူး။ ငါတို့ အာဏာ ပြန်သိမ်းမယ်ဆိုတဲ့ ဘူတာကိုပဲ ပြန်ဆိုက်သွားနိုင်သလား။ ဒီအတိုင်းပဲ အီရောအီရောနဲ့ မဖြိုမရဲ ဖြစ်သွားနေမလား။ ဒါထက် အခြေအနေကောင်းတဲ့ အရပ်သားတွေရဲ့ ပြောခွင့်ဆိုခွင့် ရှိလာတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါသလား။ ဘယ်လိုမြင်ပါသလဲ။

ဦးဟန်ယောင်ဝေ ။ ။ ကျနော်အနေနဲ့ မြင်တာကတော့ ဒီအစိုးရက အခုန ပြောတဲ့အတိုင်း ဒီအခြေအနေကို ပြန်မထိန်းနိုင်ရင် ဥပမာ ပါလီမန်ခေါ်ပြီး ဒီကိစ္စကို ဆွေးနွေးမလား။ မဟုတ်ရင် လုံခြုံရေး ကောင်စီကို ခေါ်ပြီမှ ဒီကိစ္စကို ကိုင်တွယ်မလား။ တိုက်ပွဲတွေ ငြိမ်သွားအောင် သူတို့လုပ်နိုင်တယ် ဆိုရင်တော့ ရှေ့တိုးသွားလို့ရတယ်။ ပါလီမန်စနစ်ကို ပြန်ကိုင်ပြီးတော့ ဒီမိုကရေစီဘက် ပိုအားပေးပြီး ဆက်သွားလို့ ရတယ်။ ဒါပေမဲ့ ဒီလိုမျိုး မလုပ်နိုင်ဘူးဆိုရင် တပ်မတော်ကပဲ ဒီကိစ္စကို ကိုင်တွယ်သွားမယ် ဆိုရင်တော့ ကျနော်ထင်တာကတော့ တိုင်းပြည်အတွက်ကတော့ တော်တော် ပိုနစ်နာမယ့်အလားအလာ ရှိတယ်။ စီးပွားရေးလည်း ပိုကျဖို့များတယ်။ လူထုလည်း ပိုဒုက္ခရောက်မယ်။ တိုက်ပွဲတွေလည်း ပြန့်သွားမယ်။ ဆိုတော့ ဒီနေရာမှာ မကောင်းတဲ့အခြေအနေ ရောက်သွားမယ်လို့ ကျနောမြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးမောင်မောင်မြင့်ရဲ့ အမြင်ကိုလည်း ခပ်တိုတို ပြောပေးပါ။

ဦးမောင်မောင်မြင့် ။ ။ ရွေးကောက်ပွဲအချိန်တုန်းက တိုင်းရင်းသားပြည်သူတွေက သွားပြီး မဲထည့်တဲ့ အခါမှာ သူတို့ခေါင်းထဲမှာ အချက်တချက်ရှိပါတယ်။ အဲဒါကတော့ အနည်းဆုံးအားဖြင့် လောလောဆယ် ကာလမှာ အပစ်အခတ် ရပ်စဲထားတယ်။ တိုင်းပြည်ငြိမ်းချမ်းနေတယ်။ အဲဒါကြောင့် ဒီမဲကို ငါတို့ ပေးခြင်းအားဖြင့် ရလာမယ့် အစိုးရသစ်ဟာ အနည်းဆုံးအားဖြင့် ငါတို့ ပြည်နယ်အရေးကို ဖော်ဆောင်နိုင်မယ်ဆိုတာမျိုး သူတို့စိတ်ထဲမှာ တွေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဟာက မမှန်တော့ဘူး ဆိုတာကို သူတို့သိနေပါပြီ။ အဲဒီအခါကျတော့ စစ်မက်ဖြစ်ပြီဆိုရင် အားလုံးသိကြတဲ့အတိုင်း အရာရာ ပြိုကွဲပါလိမ့်မယ်။ လူမှုဘဝတွေ ပြိုကွဲမယ်။ စားရေးသောက်ရေး၊ အနေအထိုင်၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး အကုန်လုံး ချို့တဲ့လာလိမ့်မယ်။ အဲဒီအခါကျရင် လူထုရဲ့ စိတ်ဆန္ဒ အခြေအနေဟာ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာကို ကျနော်တို့ ကြည့်ရပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာ တခုကတော့ အခုလက်ရှိ အခြေအနေအထိ စစ်တပ်က အရာရာထိန်းချုပ်နိုင်တဲ့အတွက်ကြောင့် အခြေခံ ဥပဒေကို လက်ညှိုးထိုးပြီးတော့ သူတို့ပြန်ပြီး အာဏာသိမ်းမှာကတော့ တော်တော်လေး အလားအလာ ရှိနေပါတယ်။ အဲဒီ ထွက်ပေါက်ကနေ ကျနော်တို့ ထွက်နိုင်တဲ့ တခုတည်းသော လမ်းကြောင်းက ဘာလဲ ဆိုတော့ အရေးကြီးတဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းအနေနဲ့ ဒါကို မြင်ပြီးတော့ သူ့ရဲ့  ခေါင်းဆောင်မှုအောက်မှာ စစ်တပ်ကို လမ်းကြောင်းမလွှဲအောင်လို့ ဖီလစ်ပင်က General Ramos လုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း လုပ်မယ်ဆိုရင် စစ်တပ်က အာဏာပြန်သိမ်းတဲ့ နည်းလမ်းမဖြစ်ဘဲနဲ့ စစ်တပ်နဲ့ အရပ်သားအစိုးရ ပူးပေါင်းတဲ့နည်းလမ်းဖြစ်မယ်လို့ ကျနော်မြင်ပါတယ်။
http://www.voanews.com/burmese/news/

ဆဲဗင်းဇူလိုင်ကို ဖြတ်သန်းခဲ့သူများ ပြန်ပြောင်းပြောပြပုံက





ချင်းမိုင် (မဇ္ဈိမ) ။        ။ ကွယ်လွန်လေပြီးသော အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း အစိုးရလက်ထက် ရန်ကုန်တက္ကသိုလ် ကျောင်းသားဆန္ဒပြမှုကို စစ်တပ်ဖြင့် ပစ်ခတ်ဖြိုခွင်းပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံအား ဒိုင်းနမိုက်ဖြင့် ဖြိုခွင်းခဲ့မှု ဇူလိုင် ၇ ရက်၊ ၁၉၆၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။

လူအသေအပျောက်ရှိကာ ၄၉ နှစ် ကြာခဲ့ပြီဖြစ်သော ဆဲဗင်းဇူလိုင်ဟု ခေါ်တွင်သည့် အဖြစ်အပျက်နှင့် နိုင်ငံရေး
 နောက်ခံအား ထိုခေတ်ကို ဖြတ်သန်းခဲ့ကြကာ ထိုစဉ်က အရှေ့တောင်ပိုင်း ဒုတိုင်းမှူးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ပြီး၊ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ထိုစဉ်က ကြေးမုံ သတင်းစာအယ်ဒီတာ ဦးဝင်းတင်နှင့် မန္တလေးတက္ကသိုလ် ကျောင်းသားဟောင်း ဦးလမာဂွမ်ဖန်းတို့ကို မဇ္ဈိမက မေးမြန်းထားပါသည်။

july-7
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ)

“အဆောက်အအုံ ကွဲပြီးတဲ့နောက်ပိုင်းမှာ ဦးနေဝင်းက
သမိုင်းဆရာမကြီးကတဲ့ သမိုင်းအကြောင်း တွေနဲ့
ပတ်သက်လို့ မှန်မှန်ကန်ကန်ဖြစ်ဖို့ ပြောရင်းနဲ့
 ကျောင်းသားတွေ ပစ်တာခတ်တာနဲ့ ရောသမဂ္ဂကို
 ခွဲတာရော အားလုံးကတော့ ဗိုလ်ချုပ်ကြီးနေဝင်းပဲ တာဝန်ရှိတယ်လို့ ပြောကြတယ်လို့ ပြောလိုက်တော့ အဲဒီမှာသူက ဝုန်းကနဲ့ ထလိုက်ပြီးတော့
 ကျောင်းသားသမဂ္ဂ ဖျက်တာ ငါမဟုတ်ဘူး
 အောင်ကြီးလို့ ပြောတယ်တဲ့
တပ်မှူးကြီးတွေကို ခေါ်တယ်။ ကျနော်လည်း ဒုတိုင်းမှူး
ဆိုတော့ သွားရတယ်။ ဦးနေဝင်းပြောတဲ့ စကားက ဒါနဲ့ပတ်သက်တာ အားလုံးကို သူတာဝန်ယူတယ်။ ပစ်တာ ခတ်တာရော သမဂ္ဂကြီးကို ခွဲလိုက်တာရော သူတာဝန်ယူတယ်လို့ ပြောတယ်။ ဆက်လုပ်ရမယ့် အစီအစဉ်တွေ ကိုလည်း ညွှန်ကြားတယ်။ အဲဒီညပိုင်းမှာပဲ ဓားဓားချင်း လှံလှံချင်း မိန့်ခွန်းချွေတာလည်း ကြားလိုက်မိတယ်”

“ဒါပေမယ်လို့ ကျနော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတယ်။ သူကလည်း ဥက္ကဋ္ဌကြီး ဖြစ်လာတယ်၊ သမ္မတကြီး
 ဖြစ်လာတယ်။ တနေ့ ပုဂံကို သူ့ဇနီး ဒေါ်နီနီမြင့်က သမိုင်းဆရာမလေးကိုး။ သမိုင်း သုတေသီဆရာမကြီးက သုတေသီလုပ်ရင်း သွားချင်တော့ ဦးနေဝင်း၊ သူ့ဇနီးတို့နဲ့ သွားတယ်ပေါ့။ အဲဒီသွားတဲ့ ည ၈ နာရီ၊ ၉ နာရီလောက်မှာပဲ ကျနော့်ဆီကို ကြေးနန်းရတယ်။ မနက်ဖြန်မနက် အစောကြီး လေယာဉ်ပျံရောက်အောင် လွှတ်လိုက်၊ အကုန်
 ပြန်လာမယ်ပေါ့။ ကျနော့်ကိုယ်စား လိုက်သွားတာက ဗိုလ်မှူးချုပ် ကျော်ထင်ပေါ့။ သူက ဒုကာကွယ်ရေး ဦးစီးချုပ်ပေါ့။ သူ့ကို မေးကြည့်တော့ သမိုင်းဆရာမကြီးကတဲ့ သမိုင်းအကြောင်းတွေနဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန်ဖြစ်ဖို့
တပ်ထဲမှာတော့ ဒါနဲ့ပတ်သက်တာ သဘော ကတော့ ဒါဟာတောထဲက အင်အားစုတွေ မြှောက်ပေးလို့ပြုလို့ ဒီလိုဟာတွေကတော့ ပြောတာ ဆိုတာရှိတယ်။ သူတို့ ဆိုက်ဝါးပေါ့ လုပ်တာရှိတာပေါ့။
ပြောရင်းနဲ့ ကျောင်းသားတွေ ပစ်တာခတ်တာနဲ့ရော သမဂ္ဂကို ခွဲတာရော အားလုံးကတော့ ဗိုလ်ချုပ်ကြီးနေဝင်းပဲ တာဝန်ရှိတယ်လို့ ပြောကြတယ်လို့ ပြောလိုက်တော့ အဲဒီမှာသူက ဝုန်းကနဲ ထလိုက်ပြီးတော့ ကျောင်းသားသမဂ္ဂ ဖျက်တာ ငါမဟုတ်ဘူး အောင်ကြီးလို့ ပြောတယ်တဲ့”

“ပြန်လာပြီးတော့ ဘာမှမကြာဘူး ဦးနေဝင်းက တိုင်းမှူး လူကြီးတွေကို အစည်းအဝေး ခေါ်တယ်။ ပုဂံသွားတာ
 ပြန်ပြောရင်းနဲ့ ငါမဟုတ်ဘူး၊ အောင်ကြီးလို့ စပြောရင်းနဲ့ အဲဒီမှာ ပါဝင်တဲ့လူတွေ အားလုံးကို မင်းတို့ ဟိုတုန်းက လုပ်ခဲ့တာကို မှတ်တမ်းတွေရေးပေါ့နော်။ ရေးရတဲ့လူတွေက ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးသန်းစိန်၊ ဆရာလှဟန်၊ ဗိုလ်မှူးကြီးမင်းသိန်း၊ ကိုထွန်းရီ၊ ကိုစိန်လွင်တို့ပါတယ်။ ဘယ်လာ အခြေအနေမှန်ကို ရေးလို့ရတော့မလည်း”

“တပ်ထဲမှာတော့ ဒါနဲ့ ပတ်သက်တာ သဘောကတော့ ဒါဟာတောထဲက အင်အားစုတွေ မြှောက်ပေးလို့ပြုလို့ ဒီလိုဟာတွေကတော့ ပြောတာဆိုတာရှိတယ်။ သူတို့ ဆိုက်ဝါးပေါ့ လုပ်တာရှိတာပေါ့။ လက်နက်ကိုင်
 သောင်းကျန်းသူဆိုတော့ ဘယ်သူရယ်လို့တော့ မဟုတ်ဘူး။ နိုင်ငံရေး ပယောဂပါတယ်ပေါ့။ တာဝန်ပေးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အဲဒီလိုပဲ ညွှန်ကြားဆောင်ရွက်တာ ဖြစ်မှာပေါ့”

“တောထဲက အင်အားစုတွေကတော့ ကျောင်းသားတွေကို နှိပ်ကွက်တာကို အများကြီး ရှုတ်ချတာပေါ့။ မမှန်ကန်တဲ့ အကြောင်းတွေ ကြေညာချက်ထုတ်တာ ရှိပါတယ်။ သေဆုံးတာ ကျောင်းသားတွေကတော့ ဘယ်နှယောက်လည်း
 သေချာမပြောတတ်ဘူး။ ကျနော် ရန်ကုန်မှာ ရှိနေတယ် အများအပြား သေတာပဲဗျာ”

“အဲဒီနောက်ပိုင်း တပ်ထဲမှာ ဘာမှပြောတာဆိုတာ မကြားဘူး။ သို့သော်လည်း အပြင်မှာ ကျောင်းသားလောကမှာ
ဒါနဲ့ ပတ်သက်တာက မငြိမ်ဘူးပေါ့လေ။ မခံမရပ်နိုင်ဖြစ်ပြီး နေခဲ့တာတွေက တောက်လျှောက်ပါပဲ။ ”

ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်)

“ကျနော်က ရန်ကုန်မှာ မရှိဘူး။ ၁၉၆၂ မတ်လ ၂ ရက်မတိုင်မီ
 ၆၂ အာဏာသိမ်းတက်လာတာနဲ့ တဆက်ထဲ
 ပေါ်လာတဲ့ဟာပေါ့။ အဲဒီပေါ်လာမှုဟာလူထုရဲ့ စစ်အစိုးရ ဆန့်ကျင်မှုနဲ့ တဆက်ထဲ ဖြစ်သွားတယ်။
အင်ဒိုနီးရှား ဖိလစ်ပိုင် သတင်းစာရှင်းပွဲ တက်နေရာမှ ဧပြီမှာ ပြန်လာတယ်။ မေလလောက်မှာ ရုရှနဲ့ ဥရောပခရီးများ ထွက်နေတာ။ ကျောင်းသားခေါင်းဆောင်တွေနဲ့ ရင်းနှီး
ပါတယ်။ ကျနော်ပြန်လာတော့ ကိုဗဆွေလေးတို့လည်း
 တောထဲရောက် ဘာရောက်ဖြစ်ကုန်ကျပြီ။ သို့သော် ကျနော် စုံစမ်းလို့ သိရသလောက်ပေါ့ဗျာ”

“ကွန်မြူနစ်ကလည်း ၆၂ ခုနှစ်လောက်မှာ တော်တော်အားကောင်းတဲ့ အနေအထား ရောက်ခဲ့တယ်။ ပထစအစိုးရ
 ပြုတ်သွားတဲ့ အချိန်လောက်မှာ စစ်တပ်သြဇာ ကြီးလာသလို ကွန်မြူနစ်လှုပ်ရှားမှုကလည်း ကြီးမားကျယ်ပြန့်
လာတယ်။ ကွန်မြူနစ်သူပုန်တွေရဲ့ ထိုးဖောက်မှုကလည်း ကျောင်းသား လောက၊ အလုပ်သမား လောက၊ စာပေလောကမှာ စိမ့်ဝင်နိုင်တယ်။ ဦးနေဝင်းက ကွန်မြူနစ်တွေဟာ ကျောင်းသားထဲကို ထိုးဝင်နေပြီ။ ကျောင်းသား သမဂ္ဂ ဆိုတာလည်း ကွန်မြူနစ်တွေ အားထားရာ၊ အသံထွက်ရာ၊ မျိုးဆက်သစ်တွေ မွေးထုတ်ရာဆိုပြီး သတ်မှတ်တဲ့အခါကျတော့ အရေးကြီးဆုံး ရန်သူဖြစ်လာတာပေါ့ဗျာ။ အဲဒါကြောင့် တကသကို အဓိကထား ဖြိုခွဲတာပေါ့ဗျာ”

“ဒီ ၇ နှစ်လုံး လှုပ်ရှားမှုဟာ စစ်အာဏာရှင်တွေခေတ်မှာ ဒါ အစောဆုံးဟာလို့ ပြောရမှာပေါ့။ ၆၂ အာဏာသိမ်း တက်လာတာနဲ့ တဆက်ထဲပေါ်လာတဲ့ဟာပေါ့။ အဲဒီပေါ်လာမှုဟာလူထုရဲ့ စစ်အစိုးရ ဆန့်ကျင်မှုနဲ့ တဆက်ထဲ
 ဖြစ်သွားတယ်။ နှစ်တိုင်းလိုလို ကျောင်းသားလှုပ်ရှားမှု ပေါ်လာတယ်။ ကျောင်းသားတွေမှာ ရည်မှန်းချက်ဆိုတာ
 တော်တော်ကို ခိုင်ခိုင်မာမာရှိတယ်။ လှုပ်ရှားမှုတွေ ကြားထဲမှာ ကျောင်းသားခေါင်းဆောင်တွေ ဆက်တိုက်ကို
 ဖြစ်သွားတာ။ ၇ နှစ်လုံးကနေ စလိုက်တာ ရှစ်လေးလုံးက အထွတ်အထိပ်ဖြစ်သွားတာ”

ဦးလမာဂွမ်ဖန်း (KIO ဗဟိုကော်မတီဝင်)

တိုင်းရင်းသားတို့၊လူမျိုးစုတို့ဘာတို့ ကျောင်းသား ဘဝမှာ ဒါလောက်ရှိဘူးလေ။ ကျောင်းသားဆို ဘယ်ကျောင်းသားဖြစ်ဖြစ် ညီအကိုပဲလေ။
“အဲဒီတုန်းက အန်ကယ်က မန်းတက္ကသိုလ်မှာ ဥပစာ
ဒုတိယနှစ် တက်နေတာ။ ရန်ကုန် တက္ကသိုလ်မှာ ပြဿနာ
 ဖြစ်တယ်ဆိုတာ တို့မန္တလေးတက္ကသိုလ်မှာလည်း သတင်းရတယ်လေ။ အဲဒီညမှာ ကျောင်းသားသမဂ္ဂ ကော်မတီ စည်းဝေးကြတယ်။ နောက်နေ့မှ ထွက်ပြီး ဆန္ဒပြဖို့ ဆွေးနွေး ကြတယ်။ နောက်နေ့မနက် ထပြီးကြည့်တော့ မန်းတက္ကသိုလ်ကို ရက်အကန့်အသတ်မရှိ ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း လူထုသတင်းစာမှာလည်း ပါလာတယ်။
 ကျောင်းအဆောင်တွေမှာ သွားကြည့်ရင်လည်း သော့အကြီးကြီးတွေ ခတ်ထားလိုက်တယ်လေ။ ဆန္ဒပြဖို့ မလုပ်ဖြစ်လိုက်ဘူး။ ဇူလိုင် ၈ ရက်၊ ၉ ရက်အချိန်ပေါ့။ ဆန္ဒပြကျောင်းသားတွေကို ပစ်ကြခတ်ကြတယ်ဆိုပြီးမှ ကြားတာပေါ့။ အန်ကယ်က သမဂ္ဂကော်မတီမှာတော့ မပါဘူး။ အစည်းအဝေး သွားနားထောင်တယ်။
 ကျောင်းသားတွေ အားလုံး အိမ်ပြန်ကြတော့ ဘာမှမဖြစ်တော့ဘူးပေါ့”

“တိုင်းရင်းသားတို့၊ လူမျိုးစုတို့ဘာတို့ ကျောင်းသားဘဝမှာ ဒါလောက်ရှိဘူးလေ။ ကျောင်းသားဆို ဘယ်ကျောင်းသား
 ဖြစ်ဖြစ် ညီအကိုပဲလေ။ အချင်းချင်းခွဲခြားတာ မရှိဘူးပေါ့။ KIA, KIO တော့ ပေါ်ပေါက်ပြီလေ။ အဲဒီတုန်းက
 တောထဲမှာပဲ စခန်းတွေ ရှိတယ်ဆိုတော့ ဒီလောက် မြို့ကြီးပြကြီးမှာတော့ ဆက်စပ်မှု သိပ်မရှိဘူးပေါ့”
http://www.mizzimaburmese.com/interview/7898-2011-07-07-14-12-12.html