Saturday, July 9, 2011

ဇေကမ္ဘာ နှင့် ရွှေနံသာလယ်သမားများ ပြဿနာ(၁)


အပိုင်း( ၁ )
ကူညီရှာဖွေပေးသောအမမိုးမခအားကျေးဇူးပါ။

http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
zawkabar & shwenathar(1).doczawkabar & shwenathar(1).doc
1199K   View   Download  
zawkabar & shwenathar(1).pdfzawkabar & shwenathar(1).pdf
1224K   View   Download  


http://www.mediafire.com/file/3c6r2wwj5zrc8l6/zawkabar%20%26%20shwenathar%281%29.doc

http://www.mediafire.com/file/nwn3cncw74e1bn1/zawkabar%20%26%20shwenathar%281%29.pdf
zawkabar & shwenathar(1)

၉.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
9 July 2011 Yeyintnge's Diary.doc9 July 2011 Yeyintnge's Diary.doc
169K   View   Download  
9 July 2011 Yeyintnge's Diary.pdf9 July 2011 Yeyintnge's Diary.pdf
707K   View   Download  

http://www.mediafire.com/file/6n66u7d17bbgdru/9%20July%202011%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/sce11myy4s1tb9o/9%20July%202011%20Yeyintnge%27s%20Diary.doc
9 July 2011 Yeyintnge's Diary

ရန်သူမရှိ၊ မိတ်ဆွေသာရှိ - ကိုထက်မိုး



ရန်သူမရှိ၊ မိတ်ဆွေသာရှိ - ကိုထက်မိုး (အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်:ပြည်)

by Sophia Sofia Chan on Saturday, July 9, 2011 at 9:45am
စစ်အာဏာရှင်ကြောင့် ကျောင်းသားက နိုင်ငံရေးသမားဖြစ်၊ အကျဉ်းသားဖြစ်၊ အကျဉ်းထောင်ထဲက လွတ်မြောက်လာတော့ တော်လှန်ရေးအတွက် သေနတ်ကိုင်ရင်း မြေဖြူကိုင်ခဲ့တဲ့ ကိုထက်မိုးက ကဗျာဆရာလည်းဖြစ်နေပြန်တယ်။ ဒီလို ဘ၀စုံတဲ့ကိုထက်မိုးက နောင်လာမယ့်မြန်မာပြည် အနာဂတ်မှာ စစ်အာဏာရှင်စံနစ်ဆိုတာ အတိတ်သုံးသာဖြစ်စေချင်တယ်တဲ့။

ကိုထက်မိုး

လေးစားရတဲ့သောတရှင်များရှင်
ကျမရဲ့ ငယ်ဘ၀ကို သတိရရင် ကျမနဲ့အတူ ငယ်ဘ၀ကို ဖြတ်သန်းကြီးပြင်းခဲ့ရတဲ့ ကိုဆက်အောင်နိုင်၊ ကိုဆက်အောင်ခိုင်၊ ကိုထက်မိုးတို့ကိုလည်း သတိရမိတယ် ကျမတို့က တော်လှန်ရေးကောင်စီခေတ်မှာ မွေးဖွားပြီး မဆလ၊ န၀တ နဲ့ နအဖခေတ်မှာ ကြီးပြင်းရတဲ့ ခေတ်လူငယ်တွေ၊ ဒီခေတ်ခရီးကို အတူလျှောက်ခဲ့ကြတာပါ။ သင်္ကန်းကျွန်း ဆ၊ခရပ်ကွက်မှာ ကျမဖေဖေနဲ့အတူ ဦးလှတင်အောင်၊ ဦးလှရွှေတို့ ကြက်မွေးမြူရေးနဲ့ အသက်မွေးခဲံကြတာ နှစ်ပေါင်း ၃၀ ကြာခဲ့ပါတယ်။ ကျမတို့ ကြက်ခြံနဲ့ ဦးလှရွှေ၊ ဦးလှတင်အောင်တို့ ကြက်ခြံက သိပ်မဝေးပါဘူး။ ဒီတော့ ရဲဘော်ရဲဘက်ဆက်ဆံရေးက နှစ် ၃၀ ကြာခဲ့ပါတယ်။

ကျမတို့လမ်းကရေရှားတော့ ကိုဆက်တို့ခြံကရေတွင်းမှာ ရေသွားခပ်ရပါတယ်။ ကျမ ရေခပ်တဲ့အချိန်မှာ ကိုဆက်၊ ကိုခိုင်တို့က ကြက်စာအစာစိမ်းအတွက် ဗေဒါရွက်ကို ဓားနဲ့နုတ်နုတ်စင်းနေပြီ။ သီချင်းဆိုရင်း စကားပြောရင်း အစာစိမ်းစင်းကြတယ်။ ရေတွင်းမှာ ရေခပ်နေတဲ့ ကျမကိုလည်း စကားလှမ်းပြောတယ်။ ကျမက သူတို့ထက် ၆ နှစ်ငယ်တယ်။ ကိုဆက်ခိုင်တို့နဲ့ အမြဲတွေ့ရတာကတော့ ကိုထက်မိုးပါပဲ။ ကိုထက်မိုးနာမည်ရင်းက ကိုမြင့်လွင်ပါ။ သင်္ကန်းကျွန်းသားတွေဖြစ်တဲ့ ပေါ်ဦးထွန်း (ကိုမင်းကိုနိုင်) မျိုးသန်းထွဋ် (ကိုမိုးသီးဇွန်) မြင့်လွင် (ကိုထက်မိုး) တို့က ငယ်သူငယ်ချင်းတွေ။ သူတို့သုံးယောက်စလုံးက ကဗျာသမား စာပေသမားတွေ။ ကိုဆက်၊ ကိုခိုင်တို့က ဂီတာတီးသီချင်းရေးသူတွေ။ ဒါပေမယ့် ခေတ်စနစ်ရဲ့ အတားအဆီးကြောင့် သူတို့အနုပညာကို ပြည်သူလူထုကို တင်ပြခွင့်မရှိခဲ့ပဘူး။ ကျမတိုရှင်သန်ကြီးပြင်းရတဲ့ခေတ်က အမှောင်ခေတ်ပါ။ ကျမတို့ရဲ့ လူငယ်ဘ၀ကို စိတ်ကြိုက်ရှင်သန်ခွင့်၊ တိုးတက်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ဖန်တီးခွင့်တွေ မပေးခဲ့ပါဘူး။ ဆိုးသွမ်းလူငယ်၊ လေလွင့်လူငယ်အဖြစ် အာဏာပိုင်က တွန်းပို့ခဲ့ပါတယ်။

ဒီထဲကမှ ကိုထက်မိုး၊ ကိုမိုးသီးဇွန်၊ ကိုမင်းကိုနိုင်၊ ကိုဆက်တို့လိုလူငယ်တေါ ခေတ်ရေစီးကို စုန်မလိုက်ဘဲ ခေတ်ရေစီးကို ဆန်တက်ခဲ့ပါတယ်။ မတရားဖိနှိပ်ချုပ်ချယ်နေတဲ့ခေတ်ဆိုးစနစ်ဆိုးကို တွန်းလှန်အနိုင်ယူပြီး လူသားတစ်ယောက်ရဲ့ လွတ်လပ်ရှင်သန်မှူနဲ့အတူ လူ့တန်ဖိုးကိုပြနိုင်ဖို့ ပြည်သူလူထုနှင့်အတူ ကိုထက်မိုးတို ၁၉၈၈ လူထုအုံကြွမှူကြီးမှာ ပါဝင်လှူပ်ရှားခဲ့ကြပါတယ်။ ရှစ်လေးလုံးရက်တွေဟာ အပြောင်းအလဲမြန်ဆန်ခဲ့ပါတယ်။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတော့ ရန်ကုန်မြို့ရဲ့ နာကျည်းကြေကွဲစရာမြင်ကွင်းကို ကိုထက်မိုးက ခုလိုရေးခဲ့ပါတယ်။

ငြိမ်းချမ်းသော၊ စည်းလုံးသော၊ ခိုင်ခန့်သော၊ သာယာသော ပါတီစုံဒီမိုကရေစီစနစ်နဲ့ နိုင်ငံတော်ကြီးတည်ဆောက်ချင်ကြတဲ့ ဗမာပြည်လူထုကို စစ်အုပ်စုအသစ်က အငြိုးတကြီးနဲ့ စိတ်ရှိလက်ရှိ လက်စားချေခွင့်ရသွားတဲ့နေ့ပါ။ ဆူးလေစေတီတော်က စက်ပစ်ကွင်းဖြစ်ခဲ့ရတယ်။ လွတ်လပ်ရေးကျောက်တိုင်ကြီးက ဘန်ကာဖြစ်ခဲ့ရတယ်။ မြို့တော်ခန်းမက ရှေ့တန်းစစ်ဌာနချုပ်ဖြစ်ခဲ့ရတယ်။ စာသင်ခန်းတွေက ဘားတိုက်ဖြစ်ခဲ့ပြီး နိုင်ငံတော်တရားရုံးချုပ်အဆောက်အအုံကလက်နက်ဂိုဒေါင်။ ဒီမြင်ကွင်းကိုမြင်ပြီး ပြည်သူလူထုကြီးက နာနာကျည်းကျည်းဖြစ်သွားခဲ့ကြတယ်။ ပြည်တွင်းစစ် နာတာရှည်လူမမာမိခင်ကြီးရဲ့ မျက်ရည်အသစ်တွေ ထပ်မံစီးဆင်းရတဲ့နေ့ပါပဲတဲ့။

ရှစ်လေးလုံးလူထုအရေးအခင်းအပြီး ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂမှာ ကိုဆက်အောင်နိုင်၊ ကိုညိုထွန်းတို့နဲ့အတူ ကိုထက်မိုး ဦးဆောင်လှူပ်ရှားခဲ့ပါတယ်။ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂလှူပ်ရှားမှူကြောင့်ပဲ ကိုထက်မိုးထောင်ကျခဲ့ပါတယ်။ ကိုထက်မိုးထောင်ကျနေတုန်းမှာပဲ ကိုထက်မိုးအမေဆုံးသွားပါတယ် ဈေးတောင်းခေါင်းရွက် သားသမီးတွေကို လုပ်ကိုင်ကျွေးမွေးခဲ့တဲ့ သူ့မိခင်ဈာပနကို လူကိုယ်တိုင် လိုက်ပို့ခွင့်မရပေမယ့် အကျဉ်းထောင်သံတိုင်တွေနောက်ကပဲ စိတ်ကူးနဲ့ နာကျင်ကြေကွဲစွာ ပို့ခဲ့ပါတယ်။

ကိုထက်မိုးတို့ နိုင်ငံရေးအကျဉ်းသားတွေ ၂၅၊၉။၁၉၉၀ အင်းစိန်ထောင်တိုက်ပွဲမှာ အရိုက်ခံခဲ့ရတယ်။ ထောင်တွင်းမတရားဖိနှိပ်မှူကို ဆန့်ကျင်တဲ့အတွက် ထောင်အာဏာပိုင်နဲ့ ထောက်လှမ်းရေးပေါင်းပြီး ရက်ရက်စက်စက် နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့ပါတယ်။ အင်းစိန်အကျဉ်းထောင်ပြင်ပကကြားမှာစိုးလို့ ဟင်္သာတထွန်းရင်ရဲ့ စာဥသီချင်းကို လော်စပီကာနဲ့ ဖွင့်ထားပြီး ရိုက်နှက်ခဲ့တာပါ။ ထောက်လှမ်းရေးအရာရှိသန်းထွန်းကိုယ်တိုင် လုံထိန်းတွေကိုခေါ်လာပြီးရိုက်ခိုင်းခဲ့တာပါ။ အဲဒီအချိန်မှာ တာဝန်ကျတဲ့တိုက်ထောင်မှူးကြီးပြုံးချိုက သိပ်မကြာခင်ကမှ ရဲဘက်စခန်းမှာ ကိုယ့်ကိုယ်ကိုသတ်သေသွားပါပြီ။ ထောက်လှမ်းရေးသန်းထွန်းကတော့ သူကိုယ်တိုင်အကျဉ်းသားအဖြစ်နဲ့ ယခုတိုင် အင်းစိန်ထောင်ထဲမှာရှိနေပါတယ်။ နိုင်ငံရေးသမားတွေကို ရက်ရက်စက်စက် ဖိနှိပ်သူအဖြစ်နဲ့ တလျှောက်လုံးနေခဲ့သူက အခုအဖိနှိပ်ခံဘ၀ရောက်တော့ သူတို့ မခံစားနိုင်ကြတော့ဘူး။ ဦးတင်အောင် (ခ) အန်ကယ်ကြီး ၁၅ နှစ်ကြာ အကျဉ်းထောင်ထဲမှာနေခဲ့ရပါတယ်။ ထောင်ကလွတ်ကာနီးမှာ ကလေးကနေ မန္တလေး၊ မန္တလေးကနေ အင်းစိန်ပြန်ပို့လိုက်ပါတယ်။ အင်းစိတ်ထောင်မှာ တစ်လကြာနေပြီး ဧပြီလမှာ လွတ်ခဲ့တာပါ။ အလွန်ပူတဲ့ဧပြီလထဲမှာ အပူရှိန်ကြောင့်မူးနေတဲ့ထောက်လှမ်းရေးသန်းထွန်းကို အခန်းချင်းကပ်ရက် အန်ကယ်ကြီးက သံပုရာရည်ဖျော်ပြီး တိုက်ခဲ့ရပါတယ်။

ထောက်လှမ်းရေးသန်းထွန်းကို အန်ကယ်ကြီးက ကမ္ဘာကြီးလုံးတာခင်ဗျားယုံပြီလားဆိုတော့ ဟုတ်ကဲ့ ယုံပါပြီတဲ့။ ဆရာကြီးဒဂုန်တာရာရဲ့ ရန်သူမရှိ၊ မိတ်ဆွေသာရှိစကားကို အန်ကယ်ကြီးက လက်တွေ့ကျင့်သုံးပြခဲ့တာပါ။ ထောင်ထဲမှာ အရိုက်အနှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ကိုထက်မိုးက ထောင်တွင်းအကျည်းတန်ဘ၀များကို မေတ္တာတရားတွေနဲ့သာ နေထိုင်သွားပါတယ်။ ကိုထက်မိုးကို သူ့မိခင်ဆုံးပြီးတဲ့နောက် သူ့နှမလေး အေးအေးမိုးက ဒန်ပေါက်ဆိုင်မှာ ကြက်သားဆေး၊ ပန်ကန်ဆေးပြီး ထောင်ဝင်စာတွေ့နိုင်ဖို့ ကြီးစားခဲ့ပါတယ်။ ထောင်ဝင်စာမှာ တစ်ထွာသာသာအပေါက်လေးကနေ ထောင်ဝင်စာပစ္စည်းပေးတဲ့အခါ တနေကုန်ရေနူးနေအောင် လုပ်ရလို့ ရေ၀ဲစားနေတဲ့ သူ့နှမရဲ့လက်ကလေးကို အကြိမ်ကြိမ်နမ်းရင်း ဂုဏ်ပြုပါတယ်။

အကိုကြီးရယ် အေးမိုးလက်က ကြက်သားနံ့စွဲနေတော့ ညှီနံ့ရမှာပေါ့ဆိုတော့ ကိုထက်မိုးက ငါ့နှမရယ်၊ ဒီအနံ့က အကိုတစ်ယောက်အပေါ်မှာထားတဲ့ နှမတစ်ယောက်ရဲ့ မေတ္တာရနံ့ပါ ဆိုပြီး အကြိမ်ကြိမ်နမ်းရှိုက်ခဲ့ပါတယ်။ သူ့နှမလေးလုပ်အားခနဲ့ ၀ယ်လာတဲ့ သနပ်ပင်မကြင်လှ နွားဆေးလိပ်၊ ကျိုက္ကဆံဘီစကစ်၊ အာဗြဲခြောက်၊ ငပိကြော်အထုပ် အားလုံးက သေးပေမယ့် မေတ္တာတရားတွေကတော့ ကြီးမားပါတယ်။ ၁၄ ရက်တစ်ကြိမ်အိမ်နဲ့တွေ့ရခြင်းဟာ အကျဉ်းသားတစ်ယောက်အတွက် ခဏတာ လွတ်ရက်စေ့တာဖြစ်ပါတယ်။  မိသားစု မေတ္တာပါတဲ့ ထောင်ဝင်စာအထုပ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အားရှိတဲ့ဓါတ်စာလို့ ကိုထက်မိုးနဲ့ သူ့နှမ အေးအေးမိုး ယုံကြည်ထားကြတယ်။

ဒါတွေဟာ တော်လှန်ရေးအတွက် အသက်ဆက်တဲ့ စိတ်ဓာတ်လို့ ကိုထက်မိုးက ပြောခဲ့ပါတယ်။

မျှဝေခံစားနိုင်ကြပါစေ။


"အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်" RFA အသံလွှင့် ဆောင်းပါးများစာအုပ်မှ ကူးယူဖြန့်ဝေသည်။