Monday, July 11, 2011

ကချင်မှတံတားကျိုးများ

စာနှင့်ဓါတ်ပုံ ကို  ငြိမ်းအေးအိမ်၏ ဖေ့စ်ဘွတ် အယ်လ်ဘန်မှတဆင့်ဖေါ်ပြပါသည်။

(၅၉)မိုင်တံတား

“တမူ”တံတားလို့ခေါ်ပါတယ်။ (၅၉)မိုင်ကနေ ချီဖွေဘက် ဆက်တက်လာရင် တွေ့ရမယ့် ကျောက်သားဂုံးတံတားပါ။
                                                                          ချီဗွေတံတား

“ချီဖွေတံတား” (သို့မဟုတ်) “ဇန်နောင်ယန်” ကြိုးတံတား
တံတားမရှိတော့တဲ့နောက်
လူထုဟာ ပုံမှာမြင်နေရတဲ့ လှေလေးတွေနဲ့ပဲ အရှေ့နဲ့ အနောက်ကမ်းကို ကူးလူးဆက်ဆံနေရ၊ ဈေးဝယ် ကျောင်းတက်လုပ်နေရတော့တယ်။



အဆုံးသတ်မတော့ ( စစ်မုန်းသူ )



by စစ်မုန်း သူ on Monday, July 11, 2011 at 5:04am Facebook
အဆုံးသတ်မတော့

ရွေးကောက်ပွဲတွေကျင်းပပြီး ကြံ့ဖွတ်တွေကမတရားအနိုင်ရ လွှတ်တော်ခေါ် အစိုးရအဖွဲ့ ဖွဲ့ပြီးချိန်လောက် ကျွှန်တော်တို့အိမ်ကို ရပ်ကွက်ထဲက ဆယ်အိမ်မူးဆိုတဲ့ ပုဂ္ဂိုရောက်လာပြီး ကျွှန်တော့် ဘကြီးကိုစကားလာပြောတယ်....
“ ကိုထွန်းခင်ရေ...အရပ်သားအစိုးရတော့ပြောင်းသွားပြီဗျ...ဘာပဲဖြစ်ဖြစ်တိုင်းပြည်အတွက်ကောင်းလာမဲ့ လက္ခဏာရပ်တွေပါဗျာ ...အခုရုပ်မြင်သံကြားမှာ သမ္မတကြီး မိန့်ခွန်းပြောသွားတာ နားထောင်ကြည့်စမ်းပါ...သိပ်အားရဘို့ကောင်းတာ...” ဆိုတော့
ကျွှန်တော့်ဘကြီးက ကွမ်းမြုံ့နေရာက တချက်ပြုံးကြည့်ပြီး.....စကားစလိုက်တယ်.......
“ တခါက ပေါ့ဗျာ.....ရပ်ကွက်ထဲမှာ ထူးထူးဆန်းဆန်း အရူးတစ်ယောက်ပေါ်လာတယ်ဗျ....သူ့ အရူးရောဂါက အဆန်းသား...သားရေကြိုးတစ်ပင် ကို လက်မှာဆွဲပြီး မှန်တွေတွေ့ရင် အဲဒီ့သားရေ ကြိုးပင်ထဲ ခဲထဲ့ ပစ်ခွဲတတ်တာ....တခြားဘာမှ မလုပ်ဘူး....ဘယ်သူ့မှလည်း ရန်မလုပ်ဘူး.....အဲ...မှန်မြင်ပြီဆိုရင်တော့...မရတော့ဘူး..သူ့စိတ်ရောဂါက ထလာပြီး သားရေကြိုးပင်ထဲ ခဲထဲ့ပစ်တတ်တယ်....ကြာတော့ဗျာ...အရပ်ထဲမှာ ဘယ်ခံနိုင်တော့မလည်း...အိမ်မှာရှိတဲ့ မှန်ပြတင်းပေါက်တွေ....ကားမှန်တွေ အကုန်ကွဲတော့တာပဲဗျို့....ဒါနဲ့ အရပ်က မခံနိုင်တော့....သူ့ကိုဖမ်းပြီး စိတ်တ္တဇဆေးရုံပို့လိုက်ရတယ်လေ.....ဒီလိုနဲ့ စိတ္တဇဆေးရုံမှာ တစ်နှစ်လောက်ဆေးကုအပြီး ...သူ့ရောဂါက သက်သာလို့ ဆေးရုံကဆင်းခွင့်ပေးလိုက်တယ်...နောက်တော့ မိခင်အရပ်ဆီပြန်ရောက်လာတယ်ပဲပြောပါတော့.....အားလုံးက သူ့ကိုစောင့်ကြည့်ကြတယ်....သူ့ခြေနေအရပ်ရပ်က အားလုံးကောင်းသွားပြီဆိုတာ...သူ့စကားပြောဟန်..စကားအသွားအလာ..အကြောင်းအရာတွေကိုလေ့လာကြည့်ရုံနဲ့...အကဲခတ်လို့ရပါတယ်...အဲဒီအခါကြမှပဲ...ရပ်ကွက်ထဲမှာရှိတဲ့လူတွေလည်းစိတ်ချမ်းသာရာရတော့တယ်…တနေ့ ရပ်ကွက်ထဲဖြတ်လျှောက်လာတော့…တစ်ယောက်ကတောင်နောက်သေးတယ်…ဟေ့ကောင် မင်းလက်ထဲ..ဘယ်အချိန် သားရေကြိုးပင် တွေ့ရပါ့မလည်း…လန့်နေတာ…နို့မဟုတ်ရင်…ငါ့အိမ်က မှန်ပြုတင်းပေါက်တွေခပ်လန့်လန့်ပဲကွ..ဆိုတော့…ဒီကောင်က ရှက်သွားပုံရတယ်ဗျ….ဒီလိုနဲ့ တစ်ယောက်ကမေးတယ်…အေးကွာ…အခုမင်းလည်း ကျန်းမာရေးကောင်းပြီဆိုတော့…ရှေ့ဆက်ပြီးဘာလုပ်မယ်စိတ်ကူးတုန်းဆိုတော့…..သူကပြုံးဖြီးဖြီးကြီးနဲ့….ဟီး..ကျွှန်တော် မိန်းမယူတော့မယ်ဗျာတဲ့…..အားလုံးကတစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း..လက်မထောင်ပြီး အခြေနေကောင်းလာကြောင်းနမိတ်ပြကြတာပေါ့…ဒါနဲ့ တယောက်က နောက်ပြီးမေးလိုက်တယ်….မင်းက မိန်းမဘာလုပ်ဘို့ယူမှာတုန်းကွဆိုတော့………….
-----------------ချစ်လို့ပေါ့ဗျ…တဲ့……………အဲဒီလူကပဲရှေ့ဆက်မေးတယ်…..
မင်းကလည်းကွာ…ချစ်တာ တခုထဲနဲ့ မိန်းမယူတာ မပြီးသေးပါဘူး….ချစ်ပြီးရင်ဘာလုပ်မှာတုန်းဆိုတော့…..
--------------မွှေးမွှေးပေးမှာပေါ့ဗျ..တဲ့….ကျန်တဲ့သူတွေအားလုံးကျေနပ်သွားကြတယ်…နောက်ထပ်တခါ လက်မကိုယ်ဆီထောင်ပြပြီး…အခြေနေတကယ်ကောင်းတယ်ပေါ့……
-----မင်းကလည်း…မွှေးမွှေးပေးတာနဲ့တင်….မိန်းမယူတာ..မပြီးသေးပါဘူးကွာဆိုတော့………
------ကစ်ဆင် ရိုက်မှာပေါ့ဗျ..တဲ့………..
------ကစ်ဆင်ရိုက်တာနဲ့တင်…မိန်းမယူတာမပြီးသေးပါဘူး..ဆိုထပ်မေးတော့..သူကပြုံဖြီးဖြီးကြီးလုပ်ပြီးမှ..ဟန်ပန်အမူအရာနဲ့..စကားသံကိုနှိမ့်ယူလိုက်ပြီး……..
…………………အကျီဆွဲချွှတ်ပစ်လိုက်မယ်……..
--------အကျီဆွဲချွှတ်လိုက်တာနဲ့တင် မိန်းမယူတာ…မမြောက်သေးပါဘူးကွာ……
……..ဒါဆို……ဘရာစီရာ..ဆွဲချွှတ်ပစ်လိုက်မယ်ဗျာ……
---------အဲဒါလည်း…မိန်းမယူတာမမြောက်သေးပါဘူးကွာ…….
…………..ထမိန်ဆွဲချွှတ်ပစ်မယ်ဗျာ……( သူ့အသံက သိပ်စိတ်မရှည်တဲ့ အသံမျိုး…သဘောက ခင်ဗျားတို့ကသိရဲ့သားနဲ့မေးနေတယ်ပေါ့ )
------ဟေ့ကောင်….ဒါလည်း…မိန်းမယူတာ….မမြောက်သေးဘူးကွ……….
…………….ဘောင်းဘီဆွဲချွှတ်ပစ်မယ်ဗျာ….ဆိုတော့…အားလုံးကမျက်လုံးပြူးကုန်ပြီးပြုံးမိလိုက်ကြတယ်…. ဒီကောင်က လူပါးပဲပေါ့…………တစ်ယောက်က ကျန်လူတွေကိုမျက်စိမှိတ်ပြပြီး ဆက်မေးတယ်…..
…….ဘောင်းဘီဆွဲချွှတ်လိုက်တာနဲ့…မိန်းမယူတာမမြောက်သေးဘူးကွ….ဘောင်းဘီဆွဲချွှတ်ပြီးရင်ရောဘာလုပ်မှာတုန်းကွာဆို တော့……
………သူကစဉ်းစားနေရင်းက……..ပြီးမှ အသံခပ်ကျယ်ကျယ်နဲ့ ပြန်ဖြေလိုက်တယ်……..
................   အဲဒီ့ဘောင်းဘီက သားရေကြိုးနဲ့ ….မှန်တွေပြန်ပစ်မှာပေါ့ဗျ…..တဲ့…………
ကျွှန်တော့်ဘကြီးကပြောအပြီးမှာ…အဲဒီဆယ်အိမ်ခေါင်းလည်း တဟားဟားရီပြီးထွက်သွားတယ်…ဘကြီးကဆက်ပြောသေးတယ်….
“မင်းကငါပြောနေတာတွေ…အသက်ကြီးပြီး…ညစ်တီးညစ်ပတ်တွေပြောနေတယ်လို့ထင်တာမဟုတ်လား…..မင်းတို့အခုပေါ်လာတဲ့ အရပ်သားအစိုးရဆိုတာလည်း…ဒီအရူးလိုပဲ….ဖြစ်လာမှာမလွဲဘူး..ဟေ့….”



ဇေကမ္ဘာ နှင့် ရွှေနံသာလယ်သမားများ ပြဿနာ(အစအဆုံး)


မညီးမငြူကိုနေမျိုးဝေဆီမှရအောင်ယူပေးသောအမမိုးမခအားကျေးဇူးပါ။


ZeGaBar Coltd & Shwe  Nan Thar Farmer correction  last.pdfZeGaBar Coltd & Shwe Nan Thar Farmer correction last.pdf
283K   View   Download  

http://www.mediafire.com/file/uvgz05fhh1bp5s3/ZeGaBar%20Coltd%20%26%20Shwe%20%20Nan%20Thar%20Farmer.pdf

ZeGaBar Coltd & Shwe Nan Thar Farmer

တောင်ကိုရီးယား နိုင်ငံသူ နိုင်ငံသားများ၏ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံ

တောင်ကိုရီးယား နိုင်ငံသူ နိုင်ငံသားများ၏ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံကြောင်း လက်မှတ်ကောက်ခံမှု့
အခမ်းအနား ( ဟဲဟွာဘူတာ - ဆိုးလ်မြို့ )





၄၉ နှစ်မြောက် ( ၇ ) ဇူလိုင် အထိမ်းအမှတ် မြန်မာသံရုံးရှေ့ ကန့်ကွက်ဆန္ဒပြသပွဲ အခမ်းအနား ( ကိုရီးယား )



http://www.flyingpeacock.blogspot.com/

၁၁.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
11 July 2011 Yeyintnge's Diary.doc11 July 2011 Yeyintnge's Diary.doc
481K   View   Download  
11 July 2011 Yeyintnge's Diary.pdf11 July 2011 Yeyintnge's Diary.pdf
1208K   View   Download  
http://www.mediafire.com/file/cn06d8in9tcpe2r/11%20July%202011%20Yeyintnge%27s%20Diary.doc

http://www.mediafire.com/file/edf9qr0cjt9ji5l/11%20July%202011%20Yeyintnge%27s%20Diary.pdf
11 July 2011 Yeyintnge's Diary

မတရား​ဖမ်း​ထား​သဖြင့်​ ပြန်လွှတ်​ပေး​ရန် နိုင်ငံ​ရေး​အကျဉ်း​သား​ ၅ ဦး​ ​တောင်း​ဆို




Published on July 11, 2011 by နော်နိုရင်း   

အစိုး ​ရ​ဟောင်း​လက်ထက်မှာ မတရား​ဖမ်း​ဆီး​ ချုပ်​နှောင်ထား​တာ ဖြစ်တဲ့​အတွက် လက်ရှိအစိုး​ရသစ်လက်ထဲမှာ လွှတ်​ပေး​ဖို့​နဲ့​ မလွှတ်ရင် အများ​ပြည်သူ​ရှေ့​မှာ အမှုပြန်လည် စစ်​ဆေး​ဖို့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၅ ဦး​က သမ္မတသစ် ဦး​သိန်း​စိန်ထံ ဒီက​နေ့​ လက်မှတ်ထိုး​ ​တောင်း​ဆိုလိုက်ပါတယ်။

မိတ္ထီလာ ထောင် (ဓာတ်ပုံ - Google Earth)
မိတ္ထီလာ​ ထောင်မှာ အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကိုထွန်း​ထွန်း​နိုင်၊​ ကိုထွန်း​ထွန်း​ဦး​၊​ ကိုညိုဝင်း​၊​ ကိုမြတ်ကိုနဲ့​ ဦး​ဉာဏ်ဝင်း​ (​ခေါ်) အရှင်စန္ဒဝရ တို့​က စု​ပေါင်း​ လက်မှတ်ထိုး​ပြီး​ ​ထောင်ပိုင်ကို စာတင်ထား​တာ ဖြစ်ပါတယ်။
ဒီ​နေ့​ ​ထောင်ဝင်စာသွား​တွေ့​ခဲ့​တဲ့​ ကိုထွန်း​ထွန်း​နိုင်ရဲ့​ ဇနီး​ မ​အေး​သက်က “အစိုး​ရအသစ်က အကုန်လုံး​ကို မျှမျှတတနဲ့​ အဆင်​ပြေ​အောင် လုပ်​ပေး​မယ်လို့​ ​ပြောထား​တာကို သူတို့​ဆီမှာလည်း​ သတင်း​စာ​တွေ ဖတ်ရတယ်။ အဲဒါ​ကြောင့်​မို့​လို့​ အရင်အစိုး​ရအ​ဟောင်း​တုန်း​က မတရား​သဖြင့်​ ဖမ်း​ဆီး​ပြီး​ ​ထောင်ချထား​တယ်။ အပြစ်မရှိဘဲနဲ့​ ဖမ်း​ထား​တယ်။ အဲဒါကို အခု သမ္မတ ဦး​သိန်း​စိန်အ​နေနဲ့​ ဒီဟာကို မှန်မှန်ကန်ကန် အများ​ရှေ့​မှောက်မှာ မှန်ကန်တဲ့​ တရား​စီရင်​ရေး​နဲ့​ လွှတ်​ပေး​ရင်လည်း​ လွှတ်​ပေး​၊​ မလွှတ်​ပေး​ရင်လည်း​ အများ​ပြည်သူ​ရှေ့​မှာ ပြန်ပြီး​တော့​ စိစစ်​ပေး​၊​ မတရား​သဖြင့်​ ဖမ်း​ထား​တယ်ဆိုတာကို မှန်မှန်ကန်ကန်နဲ့​ လုပ်​ပေး​စေချင်တယ်။ အဲဒီအတိုင်း​ကို ​ရေး​ထား​တယ်။ ​ထောင်ထဲက​နေ သမ္မတကြီး​ ဦး​သိန်း​စိန်ဆီကို တင်​ပေး​ဖို့​ဆိုပြီး​ သူတို့​ ၅ ဦး​ လက်မှတ်စုထိုး​ပြီး​တော့​ ​ထောင်ပိုင်ကို ဒီ​နေ့​ပဲ တင်ထား​တယ်။ တင်​ပေး​မ​ပေး​ မသိဘူး​ပေါ့​” လို့​ ​ပြောပါတယ်။
ကိုထွန်း​ ထွန်း​နိုင်ဟာ ၂၀၀၈ ဇန်နဝါရီလမှာ ဖမ်း​ဆီး​ခံရပြီး​ သူ့​ကို နိုင်ငံ​တော် အကြည်ညိုပျက်​စေမှု၊​ အီလက်ထ​ရောနစ်ပုဒ်မတို့​နဲ့​ တရား​စွဲဆိုကာ ​ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့​ရပြီး​နောက် အယူခံဝင်ရာမှာ ၇ နှစ် ​လျှော့​ပေး​လိုက်တာ​ကြောင့်​ ​ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့​ရပါတယ်။ 
http://burmese.dvb.no/archives/12546

မလေးရှားအရေးအခင်း

စစ်အုပ်စုအတွင်း အာဏာလုပွဲကြီး (လာရီဂျေကင်)



မြန်မာပြည်တွင် မှေးမှိန်စပြုလာသော စစ်အုပ်ချုပ်ရေးစနစ်ဟောင်းတရပ် ကွယ်ပျောက်၍ ဒီမိုကရေစီကို အာမခံသော သမ္မတ သိန်းစိန်နှင့်အတူ ကြံ့ဖွတ်အစိုးရသစ်တရပ် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ တပြိုင်တည်းမှာပင် တစုံတရာပြောင်း လဲမှုကိုလိုလားသော သမ္မတ သိန်းစိန် နှင့် ရှေးရိုးစွဲတရားသေမူဝါဒကို လိုလားသော ဒုသမ္မတ တင်အောင်မြင်ဦး တို့၏ အာဏာလွန်ဆွဲပွဲကြောင့် နိုင်ငံရေး၊ စီးပွားရေး တိုးတက်အောင် လုပ်ဆောင်နိုင်မှုများ လက်တွေ့မပြနိုင်ဖြစ်နေဆဲ ဖြစ် သည်။
မူလလက်ဟောင်း စစ်အစိုးရလက်ထက်တွင် ၀န်ကြီးချုပ်တာဝန်ယူခဲ့သော သိန်းစိန် အနေဖြင့် ဒီမိုကရေစီ ဖေါ်ဆောင်ရေးတွင် အခက်အခဲများတွေ့ရမည်ကို အများကမျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ အချို့ သံတမန်များ အဆိုအရ အဓိကပြသနာသည် တင်အောင်မြင့်ဦး ဖြစ်ပြီး၊ ၎င်း၏ အုပ်ချုပ်ရေးကဏ္ဍတွင် ၀င်ရောက်နှောက်ယှက်မှုနှင့် ကာကွယ်ရေး ဦးစီးချုပ်အပေါ် အာဏာပြလိုမှုမှာ အဓိက အခက်အခဲများဖြစ်နေသည်ဟု ဆိုသည်။ ထို့အတွက်ကြောင့် သမ္မတ ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်း၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်လွှတ်ပေးရေးတို့တွင် အကောင်အထည်မပေါ် ဖြစ်ခဲ့သည်။
တင်အောင်မြင့်ဦး သည် စစ်တပ်ကထိန်းချုပ်သော အယူအဆဟောင်းကို စွဲကိုင်သူ ဖြစ်သည်။ နိုင်ငံရေးဇာတ်ခုံမှ ပျောက်ကွယ်ခဲ့သော်လည်း သန်းရွှေ သည် သိန်းစိန်၊ တင်အောင်မြင့်ဦး လွန်ဆွဲပွဲကို စံနစ်တကျ စီမံထားခဲ့သည်။ အာဏာလုပွဲ ကြီးထွားလာသည့်နှင့် စစ်တပ်က တကျော့ပြန် အာဏာသိမ်းပြီး ဒီမိုကရေစီစနစ်ကို ရပ်ဆိုင်းပစ်နိုင်သည်ဟု စိုးရိမ်သူများလည်း ရှိသည်။
ပိုမို၍ ရှုပ်ထွေးစေနိုင်သည်မှာ အာဏာရ ကြံ့ဖွံပါတီခေါင်းဆောင်များကလည်း ၎င်းတို့၏ သြဇာအာဏာများ ချဲ့ထွင်လာ မှုဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သည့် နှစ် နိုဝင်ဘာ ရွှေးကောက်ပွဲကြောင့် အနားယူခဲ့ကြရသော ဗိုလ်ချုပ်ဟောင်းများ လည်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် စစ်အစိုးရဟောင်း၏ ၀န်ကြီးများလည်းဖြစ်ကြပြီး ဒီမိုကရေစီ အရေးအပေါ် တွင် သံသယရှိနေကြသူများလဲ ဖြစ်သည်။
သန်းရွှေအနေဖြင့် နိုင်ငံရေးမှ အပြီးအပိုင်အနားယူသွားသည် ဆိုသော်လည်း ၎င်း၏ ဓါတ်ပုံများကို အစိုးရရုံးများတွင် ချိတ်စွဲထားဆဲ ဖြစ်သည်။ ၎င်း၏ အခန်းကဏ္ဍကို ကျော်၍ သိန်းစိန်အလုပ်လုပ်ရန် အခက်အခဲရှိသည်။ ယနေ့ ဖြစ်ပေါ် နေသော အာဏာလွန်ဆွဲမှုသည် တပ်မတော်ကို ထိန်းချုပ်ပြီး မိမိ မိသားစု၏ ရပ်တည်နိုင်မှုနှင့် ချမ်းသာကြွယ်ဝမှုတို့ကို အနှောက်အယှက် မဖြစ်စေရန် သန်းရွှေ ၏ စနစ်တကျဖန်တီးခဲ့သော အရှုပ်ဇာတ်လမ်းတခု ဖြစ်သည်။
သိန်းစိန်သည် မြန်မာနိုင်ငံ စီပွားရေးနှင့် ဒီမိုကရေစီအရေးတိုတွင် တစုံတရာပြောင်းလဲမှု လိုအပ်သည်ဟု မြင်သူဖြစ် သည်။ အမည်မဖော်လိုသူ မြန်မာသံအရာရှိ တဦးအဆိုအရ စစ်အစိုးရ၏ စံနစ်ဟောင်းသည် ကွယ်ပျောက်သွားပြီဖြစ် သည်။ အစိုးရသစ်သည် အပြုသဘောပြောင်းလဲမှုကို လိုလားသည်ဟု ဆိုသည်။ ၎င်း၏ အဆိုကို အာရှနှင့် ဥရောပနိုင် ငံများရောက် မြန်မာသံအရာရှိများကလည်း ထောက်ခံကြသည်။ မတ်လတွင် ဟောပြောခဲ့သော သမ္မတမိန့်ခွန်းများက လည်း ဤအချက်များကို သက်သေခံစေခဲ့သည်။ သို့သော်လည်း အများအုပ်ချုပ်သော စံနစ်တရပ်တွင် အုပ်ချုပ်ရေး၊ တရားဥပဒေရေး၊ စစ်တပ်အဆင့်ဆင့်ကြားတွင် လက်တွေ့လုပ်ဆောင်ရေးမှာ ထင်သလောက်မလွယ်ပေ။
သုံးသပ်သူများအလိုအရ ကုန်သွယ်ရေးကောင်စီ ခေါင်းဆောင်ဖြစ်သော တင်အောင်မြင့်ဦး အနေဖြင့် ဖြစ်ပေါ်နေသော အခြေအနေကို အမြတ်ထုတ်ပြီး သိန်းစိန်၏ အခွင့်အာဏာနှင့် ဆန္ဒကိုထိန်းချုပ်ထားသည်ဟု ဆိုသည်။ အပတ်စဉ် ပြု လုပ်သော အစိုးရလုပ်ငန်းစဉ် အစည်းအဝေးများပြီးတိုင်း တင်အောင်မြင့်ဦး သည် ၀န်ကြီးများ (သိန်းစိန် မပါ) ၀န်ကြီး များကို လ္ဘက်ရည်သောက်ဖိတ်ပြီး အတွင်းရေးများကို မေးမြန်းလေ့ရှိသည့်ဟု ဆိုသည်။ အဓိကအားဖြင့် မိမိအတွက် အကျိုးအမြတ်ရှိသော အဓိက စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များ ဥပမာ သွင်းကုန် ထုတ်ကုန် လိုင်စင်နှင့် ကုမ္ပဏီ မှတ်ပုံတင်ခွင့်များကို တင်အောင်မြင့်ဦး က အာဏာသုံးပြီး လုပ်ကိုင်လေ့ရှိသည်။ ဖြစ်ရပ်တခုတွင် သိန်းစိန်က ထုတ်ပြန်ခဲ့သော ၅% ပြည်ပပို့ကုန် အခွန်လျော့ချရေး ဆုံးဖြတ်ချက်ကို တင်အောင်မြင့်ဦး က ဘဏ္ဍာရေးဝန်ကြီးနှင့်ပေါင်းပြီး ၇% ပြောင်းလဲထုတ်ပြန်ခဲ့သည်။ ၎င်းသည် မိမိ သဘောဖြင့် ၀န်ကြီးဌာနများ၏ ဘတ်ဂျက်များကို ၂၀% မှ ၄၀% လျော့ချခဲ့သည်။ သို့သော် စစ်တပ် ဘတ်ဂျက် မပါချေ။
တင်အောင်မြင့်ဦး သည် ကြံ့ဖွံအစိုးရကို နိုင်ငံတကာတွင် သိက္ခာကျဆင်းစေသော ပြောဆိုမှုများ ပြောလေ့ရှိသည်။ အ ထူးသဖြင့် နိုင်ငံတကာ အကြီးအကဲများ John McCain ကဲ့သို့ အထင်ကရ ပုဂ္ဂိုလ်များ နေပြည်တော်သို့ လာရောက် လည်ပတ်စဉ်က ‘မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား များမရှိပါ’ ဟု မိုက်မဲစွာ ပြောဆိုခဲ့သူ ဖြစ်သည်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက အတိအကျပြောဆိုတင်ပြထားသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ကိစ္စကို ပြောင် ကျကျ ငြင်းဆိုဝံသူ ဖြစ်သည်။
အမိန့်အသစ်များ …
အဓိကအကျဆုံး ကိစ္စသည် မြန်မာနိုင်ငံရေးတွင် စစ်တပ်၏အခန်းကဏ္ဍ ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော် သည် ပါလီမန်၏ အမတ်နေရာ ၂၅ % ကို ပိုင်ဆိုင်သူ ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ် အသစ်ဖြစ်သော ဗိုလ်ချုပ်ကြီး မင်းအောင်နိုင် အခန်းကဏ္ဍနှင့် စစ်တပ်ကပါဝင်သော ပါလီမန်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည် ယနေ့ ကျင်းပနေသော ပါလီမန်အစည်းအဝေများတွင် မရှိသလောက် ဖြစ်သည်။ ပါလီမန် လွှတ်တော်တွင် ဗိုလ်ချုပ် မင်းအောင်နိုင် ၏ ပြောဆိုမှုများကို လေ့လာပါက ၎င်း၏ နိုင်ငံရေးတာဝန်သည် တပ်မတော်၏ ဂုဏ်သိက္ခာကို ပြန် ထူထောင်ရန် ဖြစ်သည်။ နိုင်ငံရေးနှင့် ပတ်သက်သောခန်းကဏ္ဍမှာ မြန်မာပြည်အနာဂါတ်ကို ကိုယ်စားပြုသော ကျွမ်းကျင်သော မြန်မာ့နိုင်ငံရေး သမားများ၏ တာဝန်သာ ဖြစ်သည်။
 စစ်တပ်လွှတ်တော် အမတ်တဦး၏ အဆိုအရ -
ယနေ့ ဖြစ်ပျက်နေသော နိုင်ငံရေး ၊ စီးပွားရေး အရှုပ်အထွေးများမှာ စစ်အစိုးရ၏ လုပ်ရပ်ကြောင့်သာ ဖြစ်သည်ဟု အ တိအကျ ဝေဖန်ခဲ့သည်။
တင်အောင်မြင့်ဦး အနေဖြင့် ကန့်သတ်ခံနေရသော ယနေ့ စစ်တပ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေပြီး စစ်တပ်အနေဖြင့် အစိုးရနှင့် ဥပဒေပြုလွှတ်တော်နှစ်ရပ်စလုံးတွင် ထိရောက်စွာ ဖိအားပေးရန်လိုသည် ဟု မြင်သူ ဖြစ်သည်။ လွန်ခဲ့သော် ရက်သတ္တအနည်းငယ်အတွင်းက တင်အောင်မြင်ဦးသည် ကာကွယ်ရေးဦးစီးချုပ်ကို ၎င်း၏ ရုံး သို့ ဆင့်ခေါ်ခဲ့သည်။ ယနေ့ နိုင်ငံရေး တည်ဆောက်ပုံ၊ စစ်တပ်၏ အခန်းကဏ္ဍတွင် မိမိ၏ အရေးပါပုံနှင့် သိန်းစိန် အနေဖြင့် စစ်တပ်နှင့် မသက်ဆိုင်တော့ကြောင်းကို ညွှန်ပြပြောဆိုခဲ့သည်။
ကြံ့ဖွံအမာခံများမှာ အများစုသည် စစ်တပ်မှနှုတ်ထွက်၍ အရပ်သားအဖြစ် ပြောင်းလည်းထားသူများ ဖြစ်သည်။ ၎င်းတို့ သည် ပါလီမန်အမတ်များအနေဖြင့် ပါလီမန် တွင်မိမိ တို့၏ လုပ်ငန်းဆောင်တာများကိုဆောင်ရွှက်ရာတွင် လှစ်လျှုရှု ခံရမှုများကြောင့် မကြေမနပ်ဖြစ်မှုများ ဖြစ်ပေါ်နေသည်။ ထို့အတွက်ကြောင့် ၎င်းတို့အနေဖြင့် မူလလက်ဟောင်း သန်းရွှေ အစိုးရနှင့် နောက်ကွယ်တွင် ပြောဆိုတိုင်တန့်မှုများ ရှိနေကြသည်ဟု ဆိုသည်။  အတိအကျအားဖြင့် ၎င်းတို့ သည် သန်းရွှေနှင့် နိုင်ငံတော်၏ ဦးသျောင်အဖွဲ့တရပ်ကို ထူထောင်၍ အစိုးရအသစ်ပေါ်တွင် ထိန်းချုပ်နိုင်သော အဖွဲ့ တရပ်ကို ထူထောင်ရန် အကြံပြုခဲ့သည်။ ကြံ့ဖွံ့ခေါင်းဆောင် အောင်သောင်းနှင့် ဌေးဦး တို့ကလဲ သန်းရွှေကို တရုတ် ပြည်က တိန်ရှောက်ပင် နှင့် စင်္ကာပူက လီကွမ်းယူ တို့ကဲသို့ နောက်ကွယ်ကထိန်းချုပ်သော အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး ကို ထားရန်က နဦးက အကြံပြုခဲ့ဖူးသည်ဟု ဆိုသည်။ အချို့သောသုံးသပ်သူများ၏ အဆိုအရ သန်းရွှေ သည် တိုင်း ပြည်၏အာဏာကို နောက်ကွယ်မှ ထိန်းချုပ်နေဆဲဖြစ်သည်ဟု ဆိုသည်။ ထိုအတွက်ကြောင့် ၀န်ကြီးများအနေဖြင့် နေ ပြည်တော်ရှိ သန်းရွှေ ၏ နေအိမ်သို့ ပုံမှန်သွားရောက်တွေ့ဆုံနေကြရဆဲ ဖြစ်သည်။
မြန်မာထောက်လှမ်းရေးအရာရှိဟောင်း အောင်လင်းထွဋ် အဆိုအရ သန်းရွှေ သည် နိုင်ငံတော်၏ အာဏာကို သမ္မတ သို့မဟုတ် ပါလီမန်သို့လွှဲအပ်ပေးမည်သူ မဟုတ်ကြောင်း၊ ၎င်းသည် နိုင်ငံတော်၏အာဏာကို နောက်ကွယ်မှ ဆက် လက် ကြိုးကိုင်ထားမည့်သူဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။
လက်ရှိအနေအထားတွင် ဤပြသနာများသည် မြန်မာ့ ဒီမိုကရေစီအေရေးတွင် လက်တွေကြုံကြိုက်နေရသော် နိုင်ငံ ရေး အရှုပ်အထွေးတရပ် ဖြစ်သည်။ သိန်းစိန် အနေဖြစ် ပါလီမန်၏ အကြီးအကဲဖြစ်သော သူရရွှေမန်း တဦးသာ ၎င်း၏ မဟာမိတ်အဖြစ် သတ်မှတ်နိုင်သည့် အခြေအနေတွင် ရှိသည်။ ရွှေမန်း သာလျင် နိုင်ငံရေးစံနစ်ကို ပါလီမန်၏ ထိရောက်သော လုပ်ထုံးလုပ်နည်းနှင့် အကူအညီပေးနိုင်သည့် ပုဂ္ဂိုလ်တဦး ဖြစ်သည်။ သို့သော်လည်း ရွှေမန်းသည် တင်အောင်မြင့်ဦး နှင့် စီးပွားရေးပြိုင်ဘက်တဦး ဖြစ်သည်ကိုလည်း ထည့်သွင်း စဉ်းစားသင့်သည်။
မြန်မာ့နိုင်ငံရေးအနာဂါတ်သည် အထက်ပါအာဏာလွှန်ဆွဲပွဲ၏ အဆုံးအဖြတ်ပေါ်တွင် မူတည်နေသည်။ သိန်းစိန် အနေနှင့် စနစ်သစ်တရပ်ဖြင့် အကောင်အထည်ဖေါ်ရန် ကျိုးစားနေချိန်တွင် တင်အောင်မြင့်ဦး သည် လက်ရှိအနေအထား ဖြစ်သော စစ်တပ်လွှမ်းမိုးသော နိုင်ငံရေးစနစ်ကို ဖတ်တွယ်ထားဆဲ ဖြစ်သည်။ ၎င်းတို့ အာဏာလွန်ဆွဲမှုကြောင့် တပ်မတော်အနေဖြင့် နောက်ဆုံးတနေ့တွင် ငြိမ်ဝပ်ပိပြားရေးလိုအပ်ချက်ကို အကြောင်းပြု၍ ဒီမိုကရေစီစံနစ်ကို ရပ်ဆိုင်းကာ အာဏာသိမ်းမှုများ မပြုလုပ်ဟု မည်သူမျှ အာမမခံနိုင်ပေ။
မှတ်ချက် ။ ။ (လယ်ရီဂျာကင် ဆောင်ပါးကို wfww မှ ဘာသာပြန်ဆိုထားသည်) လယ်ရီဂျာကင်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ BBC ၏ သတင်းထောက်တဦး ဖြစ်ခဲ့ဖူးသည်။ ယနေ့တွင် ၎င်းသည် ဘန်ကောက်အခြေစိုက် ပုဂ္ဂလ သတင်စာ ဆရာတဦး ဖြစ်သည်။
http://www.naytthit.net/?p=15278

ဇီးအိုသစ်လှရွာ လိုအပ်ချက်များ ဒေါ်စု ရှင်းပြ

ဒေါ်စု အာဇာနည်ဗိမာန် သွားမည်



နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သားငယ် ကိုထိန်လင်းနှင့် အတူ အင်္ဂါနေ့မနက်တွင် အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုမည်ဟု ပါတီတွင်း သတင်းရပ်ကွက်များက
 ပြောသည်။

မနက် ၇ နာရီတွင် ရွှေတိဂုံဘုရားသို့ သွားရောက် ဖူးမျှော်ပြီးနောက် ရွှေတိဂုံဘုရား ခြေတော်ရင်း တောင်ဘက်မုခ်
အနီးရှိ ကွယ်လွန်သူ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူသို့ သွားရောက် ဂါရဝပြုမည်။ ထို့နောက် ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ဂူသွင်းမြှုပ်နှံရာ အာဇာနည်ဗိမာန်သို့ သွားရောက်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ ဇွန်လ ၁၉ ရက်နေ့က အလည်အပတ် ရောက်ရှိလာသည့် သားဖြစ်သူ ကိုထိန်လင်းမှာ မနက်ဖြန် ညပိုင်းတွင် နေရပ်ရင်း ဗြိတိန်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

ထို့အပြင် အာဏာပိုင်များက ဖိတ်ကြားလျှင် ဇူလိုင် ၁၉
rzarnipatmann
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ဂူသွင်းမြှုပ်နှံရာ အာဇာနည်ဗိမာန်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း သွားရောက်ရန် စီစဉ်ထား (ဓါတ်ပုံ မဇ္ဈိမ)

ရက် အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေချကာ ဂါရဝပြုမည်ဟု တနင်္လာနေ့ မနက်ပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ပြုလုပ်သည့်
သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို
 ပြောကြားခဲ့သေးသည်။

“မနက်က သတင်းထောက်က မေးတော့ ဖိတ်ရင်သွားမှာပေါ့တဲ့။ အခုထက်ထိ ဖိတ်သေးပုံ မပေါ်ဘူးခင်ဗျ။ NLD ကတော့ ကျနော်တို့ အစီအစဉ်နဲ့ ကျနော်တို့ ရှိပါတယ်။ အခမ်းအနားလုပ်မယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။



သို့သော် မနက်ဖြန် အာဇာနည်ဗိမာန် သွားရောက်မည့် အစီအစဉ်ကိုမူ သေချာစွာ မသိရသေးဟုဆိုကာ သူက “ကျနော်ကြားတာက နက်ဖြန် ခရီးစဉ်တခု ရှိတယ်လို့ပဲ ကြားပါတယ်။ ဘယ်ရယ်ဘာညာ မသိပါဘူး” ဟု ဆိုသည်။

၁၉၈၈ ခုနှစ်မှစ၍ မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည်ဗိမာန်သို့
သွားရောက် ဂါရဝပြုခွင့်မှာ ၈ ကြိမ်သာ ရရှိခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် နောက်ဆုံးအကြိမ် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ကျန်နှစ်များတွင် နေအိမ်အကျယ်ချုပ်ဘဝဖြင့် နေထိုင်ခဲ့ရသဖြင့် သွားရောက် ဂါရဝပြုခွင့် မရခဲ့ပေ။

တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ၄ ရက်ကြာ ပုဂံဘုရားဖူး ခရီးစဉ်အကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ရှင်းလင်း ပြောကြားခဲ့ရာ၊ ခရီးစဉ်တလျှောက် လိုက်ပါခဲ့သည့် သတင်းထောက် ၁၇ ဦး တက်ရောက်ခဲ့သည်။

“မနူဟာဘုရင်ကလည်း သိပ်လေးစားဖို့ ကောင်းတယ်၊ အကျဉ်းစံဘဝမှာတောင်မှ အနော်ရထာတို့က ကြောက်ရတယ်၊ အကျဉ်းစံဘဝကို နားလည်လို့ သူသွားတယ်၊ NLD အဖွဲ့ဝင်တွေလည်း အဲလိုပဲ အကျဉ်းကျခံနေရတာတွေ များတယ်၊ အဲဒါကြောင့် အဓိက သွားတာပါလို့ ရှင်းပြတယ်” ဟု ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ သတင်းထောက်တဦးက မဇ္ဈိမကို ပြောပြသည်။

ထို့အပြင် အာနန္ဒာဘုရား ဖူးရခြင်းနှင့် ပတ်သက်၍ “အာနန္ဒာဘုရားဆိုရင် ကျန်စစ်သားမင်းကို ပုဂံမင်းတွေထဲမှာ
 လေးစားတယ်။ သူဟာ မင်းအဖြစ် ထီးနန်းမရပေမယ့်လည်း နေနိုင်တယ်။ မြင့်မြတ်တဲ့ စိတ်ထားရှိတယ်။ သူ
မင်းဖြစ်တဲ့ အချိန်မှာလည်း တိုင်းပြည်ကို စီမံခန့်ခွဲပေးသွားတယ်။ အဓိကကတော့ မွန်-မြန်မာ ချစ်ကြည်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဘယ်လို စီမံဖော်ဆောင်သွားတယ်ဆိုတာ ပြောပြပါတယ်” ဟု သူက ဆိုသည်။

dassknewsol1s
ပုဂံခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
ပုဂံဒေသ စိမ်းလန်းစိုပြေရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ပူပန်ပြီး၊ ပုဂံဘုရားများ ပြန်လည် ပြုပြင်ရေးများ
 ကြောင့် ရှေးဟောင်း လက်ရာအချို့ ပျက်စီးသွားမည်ကို စိုးရိမ်ကြောင်း ပြောဆိုခဲ့သည်။

မကြာခင် ရန်ကုန်ပြင်ပ စည်းရုံးရေး ခရီးစဉ်များနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းခဲ့ကြ
 သေးသည်။

သတင်းထောက်တဦးက “ နိုင်ငံရေး ခရီးစဉ် ထွက်တဲ့အခါ သွားမယ့်ခရီးစဉ်ကို အတိအကျ ပြောမှာပါတဲ့။ စည်းရုံးရေး လုပ်ပါတယ်ဆိုမှ တိုးတိုးတိတ်တိတ် သွားလို့ ဘယ်ဖြစ်မလဲ
လို့ ပြောပါတယ်” ဟု မဇ္ဈိမကို ပြန်ပြောပြသည်။

၂ဝဝ၃ နယ်လှည့် ခရီးစဉ်များတွင် မီဒီယာသမားများ လိုက်ပါလာနိုင်ခဲ့ပါက မေ ၃၀ ဒီပဲယင်း လုပ်ကြံမှုမျိုး
 ဖြစ်မလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယူဆသည်။

“သူ့မိတ်ဆွေတယောက်က ပြောတယ်တဲ့။ ၂ဝဝ၃ ခုနှစ်တုန်းက (ဒီပဲယင်း) ခရီးစဉ်မှာ မီဒီယာတွေ လိုက်နိုင်ရင်
 ဒီလိုမျိုး မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ သူကလည်း ဟုတ်ပါတယ်လို့ ပြောပါတယ်တဲ့။ အဲဒါကြောင့် ကျနော်တို့ကို ဖိတ်ပြီး ရေနွေးကြမ်း ခေါ်တိုက်တာပါတဲ့။ အဲဒီတုန်းက မီဒီယာတွေ မပါခဲ့လို့ အဲလိုဖြစ်သွားတာပါဆိုတဲ့ စကားဟာ မှန်ပါတယ်တဲ့” ဟု သတင်းထောက်က ဆက်ပြောပြသည်။

စည်းရုံးရေး ခရီးစဉ်ကို ၆၄ နှစ်မြောက် အာဇာနည်နေ့ ကျရောက်မည့် ဇူလိုင် ၁၉ ရက် နောက်ပိုင်းမှသာ စတင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။

တနင်္လာနေ့မှာပင် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်မည့် သမ္မတအကြံပေး စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်၏ ဆွေးနွေးပွဲ အစီအစဉ်မှာ အချိန်ကပ်၍ ပျက်ပြားသွားကြောင်း ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး အဆိုအရ သိရသည်။

“မနက်က ၈ နာရီလောက်မှာ သိပါတယ်။ စီစဉ်ပေးတဲ့ ဦးစိုးဝင်းကို ဦးမြင့်က ပြောလို့။ သူ အဆင်မပြေလို့
 ဖြစ်မှာပေါ့ဗျာ။ တခုခု အဆင်မပြေ ဖြစ်သွားလို့ ဖြစ်မှာပါ။ စီစဉ်သူတွေက ဒီနေ့တော့ မလုပ်ဖြစ်ပါဘူးဗျာ
 ပြောတော့ ကျနော်တို့လည်း ကောင်းပြီလို့ ပြောလိုက်တာပါပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဒေါက်တာဦးမြင့်က ကိုယ်တိုင်ပြုစုထားသည့် ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ခဲ့ရာမှ ပျက်ပြားသွားခြင်း ဖြစ်သည်။ NLD ဗဟိုခေါင်းဆောင်များအပြင် ရန်ကုန်တိုင်း အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ပတ်သက်၍ အခြား စိတ်ဝင်စားသူများပါ တက်ရောက် နားထောင်ရန် ဖြစ်သည်။

အစီအစဉ် ဖြစ်မြောက်ပါက အမှာစကားပြောကာ ဆွေးနွေးပွဲ ဖွင့်လှစ်ပေးမည့် ဦးတင်ဦးက ယခုအစီအစဉ် ပျက်သွားရသည်ကို နားမလည်နိုင်ကြောင်း ပြောသည်။

“သူတို့ကိစ္စနဲ့ သူတို့ဖြစ်တာ၊ မပြောတတ်ဘူးဗျ။ သူတို့ကို ဘယ်လိုစည်းမျဉ်းတွေ သတ်မှတ်ထားလဲဆိုတာ နားမလည်နိုင်ဘူး။ သူကလည်း သူ့နည်းသူ့ဟန်နဲ့ တက်တက်ကြွကြွ လိုက်လုပ်ပေးနေတာ။ သူ့ကိုတော့ ဟိုက ဘာပြောလဲ မသိဘူး။ ကျနော်တို့သိတာက ဦးမြင့် ဒီနေ့လာဖို့ရာ အဆင်မပြေပါဘူး။ အစီအစဉ်ကို
 ရွှေ့ဆိုင်းပါတယ်လို့ပဲ သိရပါတယ်” ဟု သူက ဆိုသည်။

ဒေါက်တာဦးမြင့်အနေဖြင့် သူ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေးစာတမ်းနှင့် ပတ်သက်၍ လိုက်လံ၍ ရှင်းလင်းပွဲများ၊ ဆွေးနွေးပွဲများ ပြုလုပ်နေသည့် နည်းတူ NLD ရုံးချုပ်တွင်လည်း ရှင်းလင်း ဆွေးနွေးလိုကြောင်း ကမ်းလှမ်းလာခဲ့ရာ NLD သုတေသနနှင့် စီးပွားရေး ကျွမ်းကျင်သူ ဦးစိုးဝင်း ထံမှတဆင့် စီစဉ်ခဲ့ကြောင်း ဦးတင်ဦးက ပြောပြသည်။
http://www.mizzimaburmese.com/news/inside-burma/7918-2011-07-11-09-56-33.html

စစ်အစိုးရရဲ့အမွေ ခရိုနီစီးပွားရေး


အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် မြန်မာ့စီးပွားရေးမှာ စစ်အစိုးရရဲ့အမွေအဖြစ် တခုခုချန်ထားခဲ့တယ်ဆိုရင် အဲဒါဟာ အဆမတန်ကြီးထွားလာတဲ့ ခရိုနီစီးပွားရေး သို့မဟုတ် အာဏာရှိသူများနဲ့ တွယ်တက်လာတဲ့ လက်တဆုပ်စာ စီးပွားရေးသမားတချို့ ပူးပေါင်းပြီး တိုင်းပြည်ရဲ့ စီးပွားရေးဘ၀တခုလုံးကို အုပ်စီးချုပ်ကိုင်ထားခြင်းပဲ ဖြစ်ပါတယ်။

21635-tay-za-and-his-family
ဦးတေဇ၊ သားနှစ်ယောက်နှင့် သမီး (ဓာတ်ပုံ - ဧရာဝတီ)
စစ်အုပ်ချုပ်ရေးသက်တမ်း ၂၂ နှစ်ကာလအတွင်း အကန့်အသတ်မဲ့ ကြီးထွားလာတဲ့ ခရိုနီစီးပွားရေးရဲ့ အကောင်းဆုံးနမူနာကို ပြပါဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော သူ့မိသားစုနဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အသက် ၄၀ ကျော်အရွယ်၊ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင်ဆိုတဲ့ “ထူး” ကုမ္ပဏီစုကြီးပဲ ဖြစ်ပါတယ်။

တကယ်တော့ “ထူး” ကုမ္ပဏီစုကြီးဖြစ်မလာခင် ဇနီးသည် ဒေါ်သီတာဇော်ရဲ့ မိသားစုပိုင် “ထူးထရိတ်ဒင်း” ကို ဦးဆောင်ပြီး စစ်အုပ်ချုပ်ရေးခေတ်ဦး ၁၉၈၀ နှောင်းပိုင်းကာလမှာ သစ်လုပ်ငန်း စတင်လုပ်ကိုင်ရင်း စီးပွားရေးနယ်ထဲ ခြေချခဲ့တာပါ။ ဦးတေဇဟာ ဦးသန်းရွှေလို ထိပ်တန်းစစ်ခေါင်းဆောင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို အသုံးချပြီး ကုမ္ပဏီကို ကြီးမားတဲ့ စီးပွားရေးအင်ပါယာကြီးတခုအသွင် ပြောင်းလဲနိုင်ခဲ့ပါတယ်။

သူ့ကို အချိန်တိုတိုအတွင်း အလွန်ကြွယ်ဝတဲ့ သူဌေးကြီးဘ၀ ရောက်ရှိစေခဲ့တာကတော့ စစ်အစိုးရအတွက် လက်နက်ပွဲစားအဖြစ် လုပ်ကိုင်ခဲ့ခြင်းပါပဲ။ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနဲ့ ရုရှားလုပ် အဆင့်မြင့်မဟာဗျူဟာ ဂျက်တိုက်လေယာဉ်များ အပါအ၀င်  စစ်အစိုးရအလိုရှိနေတဲ့ စစ်လက်နက်ပစ္စည်းတွေ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ဦးတေဇဟာ စစ်ဗိုလ်ချုပ်များရဲ့ ယုံကြည်အားထားမှုကို ရယူခဲ့တယ်။

အပြန်အလှန်အားဖြင့် အကျိုးအမြတ် ကြီးကြီးမားမားရရှိမယ့် တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်အစိုးရက ဦးတေဇကို ရက်ရက်ရောရော ပေးခဲ့ပါတယ်။ အဲဒီလို စစ်အစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေးကြောင့်ပဲ ဦးတေဇဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုက ဦးတေဇကရဲ့ စီးပွားရေးခြေလှမ်းတွေကို ရပ်တန့်သွားအောင် မစွမ်းနိုင်ခဲ့ပါဘူး။ မကြာသေးခင်က အမေရိကန်က သတင်းစာကြီးတစောင်ဖြစ်တဲ့ The Washington Times မှာ ရေးသားဖော်ပြခဲ့တဲ့ Burma's first billionaire no military bagman ဆိုတဲ့ ဆောင်းပါးအတွက် Stanley Weiss ဟာ မြန်မာပြည်ကိုသွားရောက်ပြီး ဦးတေဇနဲ့ တွေ့ဆုံခဲ့ပါတယ်။ Stanley Weiss ဟာ ၀ါရှင်တန်အခြေစိုက် သြဇာကြီးမားတဲ့၊ အစိုးရနဲ့မပတ်သက်တဲ့ Business Executives for National Security အဖွဲ့အစည်းကြီးကို တည်ထောင်သူ ဥက္ကဋ္ဌတဦးဖြစ်ပါတယ်။

အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကို မမှုခဲ့တဲ့ ဦးတေဇက Stanley Weiss ကို စီးပွားရေးပိတ်ဆို့မှုတွေက မြန်မာနိုင်ငံက  “လူချမ်းသာတွေကို မထိခိုက် သလောက်ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။ တကယ်လည်း သူ့ရဲ့ပြောဆိုချက် မှန်ကန်ကြောင်း သက်သေပြနေတာကတော့ တနေ့တခြား ကြီးထွားလာနေတဲ့ “ထူး” ကုမ္ပဏီစုကြီးပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ လူချမ်းသာ အထက်တန်းလွှာတွေသာ နေနိုင်တဲ့ အင်းလျာလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်က ကြီးမားကျယ်ဝန်းပြီး အီတလီနိုင်ငံလုပ် ပရိဘောဂပစ္စည်းတွေအပါအ၀င် အနောက်တိုင်းက အဖိုးတန်းပစ္စည်းတွေနဲ့ တန်ဆာဆင်ထားတဲ့ စံအိမ်ကြီးမှာ လောကစည်းစိမ်းအပြည့်နဲ့ ဦးတေဇ နေထိုင်ပါတယ်။ ဒါ့အပြင် ဦးတေဇဟာ အလွန်ဆိုးရွားပြီး ချိုင့်ခွက်ခလုတ်ခသင်းတွေနဲ့ ပြည့်နှက်နေတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ မောင်းနှင်ဖို့ မသင့်လျော်တဲ့၊ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး Lamborghini, Bentley, Ferrari, Mercedes, Lexus စတဲ့ကားတွေကိုလည်း ခြံဝန်းထဲက ကားဂိုဒေါင်မှာ အစီအရီ ခင်းကျင်းထားပါသေးတယ်။  

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်အလွန် မြန်မာနိုင်ငံရဲ့ ပထမဆုံး (အမေရိကန်ဒေါ်လာ) ဘီလီယံနဲ့ချီ ကြွယ်ဝတဲ့ သူဌေးကြီးဘွဲ့ ခံယူဖို့  ဦးတေဇတယောက် စိတ်အားထက်သန်နေသလို နိုင်ငံတကာ စီးပွားရေးအသိုင်းအ၀န်းမှာ သူပိုင်ဆိုင်တဲ့ “ထူး” ကုမ္ပဏီစုကြီးရဲ့ ပုံရိပ်ကိုလည်း အကောင်းဖက်ပြောင်းသွားအောင် စိတ်အားထက်သန်စွာ ကြိုးပမ်းနေပါတယ်။

သတင်းဌာနတွေနဲ့ ဝေးဝေးရှောင်နေတတ်သူဖြစ်တဲ့ ဦးတေဇဟာ မကြာသေးခင်က အီတလီနိုင်ငံ ရောမအခြေစိုက် La Repubblica သတင်းစာကြီးရဲ့ သတင်းထောက် Raimondo Bultrini ကို သူ့ရဲ့နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဦးတေဇက “နိုင်ငံခြား သတင်းထောက် တယောက် တွေ့ဆုံတာ ကျနော့်အတွက် ဒါဟာ ပထမဆုံးပါပဲ။ ခင်ဗျားကို လက်ခံစကားပြောရတဲ့ အဓိကအကြောင်းရင်းက ကျနော်ဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးလူတယောက် ဖြစ်တယ်ဆိုတာကို လူတွေသိအောင် တခါတည်းပြောလိုက်ချင်လို့ပါပဲ” လို့ ပြောခဲ့တယ်။

သူပြောသလို ဘယ်လောက် ချမ်းသာတယ်ဆိုတာ သက်သေပြတဲ့အနေနဲ့ ဦးတေဇဟာ Bultrini ကို တပုလင်း ဒေါ်လာ တသောင်းတန်တဲ့ ၀ိုင်အရက်အကောင်းစားနဲ့ ဘီလီယံနာသူဌေးကြီးတယောက်လို ဧည်ခံခဲ့တာကို အီတလီ သတင်းထောက်က ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြန်ပြောပြခဲ့ပါတယ်။ ကမ္ဘာအဆင်းရဲဆုံး နိုင်ငံတခုက အချမ်းသာဆုံး သူဌေးတယောက်ရဲ့ ရက်ရောတဲ့နေထိုင်မှုပုံစံကို အဲဒီသတင်းထောက် တအံ့တသြဖြစ်ခဲ့မှာ သေချာပါတယ်။

တွေ့ဆုံမေးမြန်းခန်းအတွင်း စီးပွားရေးလုပ်ငန်းတွေကနေ တနှစ်ကို ဒေါ်လာ သန်းပေါင်း ၅၀၀ ၀င်ငွေရရှိကြောင်း ပြောဆိုခဲ့တဲ့ ဦးတေဇရဲ့ “ထူး” ကုမ္ပဏီစုကြီးဟာ ကျောက်စိမ်းနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းများ၊ ကျွန်းသစ်နဲ့ သစ်အခြေခံ လုပ်ငန်းများ၊ ဟိုတယ်နဲ့ အပန်းဖြေစခန်းများ၊ မြန်မာနိုင်ငံရဲ့ ပထမဆုံး ၁၀၀ ရာခိုင်နှုန်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း၊ သယ်ယူပို့ဆောင်ရေးနဲ့ အကြီးစား စက်ယန္တယား ငှားရမ်းတဲ့လုပ်ငန်းများ၊ ဓာတ်ဆီနဲ့ ဒီဇယ်အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဘော်လုံးကလပ်တခုနဲ့ FM ရေဒီယိုအသံလွှင်ဌာန တခုတို့မှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြောင်း ဧရာဝတီက ရရှိခဲ့တဲ့ ကုမ္ပဏီရဲ့လုပ်ငန်းများ ဖွဲ့စည်းပုံ အထောက်အထားတခုမှာ ဖော်ပြထားပါတယ်။

“ထူး” ကုမ္ပဏီစုကြီးရဲ့ နောက်ဆုံးရင်းနှီးမြှုပ်နှံမှုတခုကတော့ Asia Green Development Bank ကိုထူထောင်ပြီး ဘဏ်လုပ်ငန်းနယ်ပယ်ထဲကို ခြေလှမ်းစလှမ်းလိုက်တာပါပဲ။ အဲဒီဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး အွန်လိုင်းဝန်ဆောင်မှုကို ပေးနိုင်ဖို့ မျှော်လင့်နေကြောင်းလည်း သိရတယ်။

ဒါပေမယ့် အဲဒီအထောက်အထားမှာ ဖော်ပြမထားတဲ့ “ထူး” ကုမ္ပဏီစုကြီးရဲ့ တခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိပါသေးတယ်။ တနေတခြား ကြီးထွားလာတဲ့ ပြည်တွင်း လက်ကိုင်ဖုန်းဈေးကွက်ကို အစိုးရနဲ့ပူးပေါင်းပြီး ထိန်းချုပ်ထားသလို ဆက်သွယ်ရေး နည်းပညာနယ်ပယ်မှာလည်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့အနီး အသစ်တည်ဆောက်ထားတဲ့ ရတနာပုံ ဆိုက်ဘာစီးတီးမှာ အဓိက ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်ထားပါတယ်။ ဒါ့အပြင် စွမ်းအင်းဈေးကွက်မှာလည်း ပြည်ပမှ ဓာတ်ဆီနဲ့ ဒီဇယ်ဆီကို အဓိက တင်သွင်းဖြန့်ဖြူးနေသလို ရေကာတာတွေတည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများမှာလည်း ရင်နှီးမြှုပ်နှံထားပါတယ်။

စီးပွားရေနယ်ပယ် အများအပြားမှာ ရင်နှီးမြှုပ်နှံထားတဲ့ “ထူး” ကုမ္ပဏီစုကြီးရဲ့ အဓိက အမြတ်အစွန်းကြီးတဲ့ လုပ်ငန်းတခုက ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းဖြစ်ပြီး ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်အကြား တန်ချိန် ၃၀၀၀ ကျော် တူးဖော်ခဲ့ပါတယ်။ ဒီနှစ်အစောပိုင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာ ရောင်းချပွဲကနေ ဒေါ်လာ သန်း ၂ ဘီလီယံကျော်အထိ ရောင်းချခဲ့ရတာကိုကြည့်ရင် “ထူး” ကုမ္ပဏီစုကြီးလည်း ကျောက်စိမ်းတူးဖော်ရေးကနေ ဘယ်လောက်အကျိုးအမြတ် ကြီးကြီးမားမားရခဲ့သလဲ ဆိုတာ ခန့်မှန်းတွက်ဆကြည့်နိုင်ပါတယ်။

“ထူး” ကုမ္ပဏီစုကြီးဟာ နိုင်ငံအနှံ့မှာလည်း ရွှေ တူးဖော်ရေးလုပ်ကိုင်နေပါတယ်။ စစ်အစိုးရလက်ထက်အတွင်း ရွှေတူးဖော်ခွင့် လိုင်စင်တွေကို မန္တလေးတိုင်းအတွင်းရှိ စဥ့်ကူမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင် ကလောမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်မြို့နယ်နဲ့ မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်တို့မှာ ရွှေ တူးဖော် နေပါတယ်။ ဒါ့အပြင် ချင်းတွင်းမြစ်နဲ့ ဥရုချောင်းတို့မှာလည်း ရွှေတူးဖော်နေပါတယ်။

ဦးတေဇကို စစ်အစိုးရရဲ့ လက်နက်ကုန်သည် ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကလေယာဉ်လိုင်း ပိုင်ရှင် ဒါမှမဟုတ် မကြာသေးခင်က ထူထောင်ခဲ့တဲ့ ပုဂ္ဂလိကဘဏ်တခုရဲ့ ဘဏ်လုပ်ငန်းရှင် စသဖြင့် လူသိများကြပေမယ့် သူဟာ လယ်မြေဧက သိန်းချီ ပိုင်ဆိုင်တဲ့ လယ်ပိုင်ရှင်ကြီးတဦးဆိုတာကို လူတွေမျက်စိမှောက်နေကြပါသေးတယ်။

“ထူး” ကုမ္ပဏီစုကြီးရဲ့ အစောပိုင်း ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ တနင်္သာရီတိုင်းဒေသကြီးက ဆီအုန်းခြံတွေလည်း ပါပါတယ်။ အခုဆိုရင် မြိတ်မြို့နယ်အတွင်းရှိ ကုမ္ပဏီပိုင် ဆီအုန်းစိုက်ခင်း ဧက ၃ သိန်း ၃ သောင်း ရှိနေပါပြီ။ အဲ့ဒီ ဆီအုန်းစိုက်ခင်းတွေအတွက် ကော်စတာရီကာ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံက ဆီအုန်းမျိုးတွေ မှာယူတင်သွင်းခဲ့ပါတယ်။ အဲ့ဒါအပြင် စီးပွားဖြစ် သီးနှံအမျိုးမျိုးဖြစ်တဲ့ နှမ်းကအစ သရက်နဲ့ ၀ါဂွမ်း အလယ် ဇီဝလောင်စာထုတ်လုပ်နိုင်တဲ့ ကြက်ဆူပင်အဆုံး ရင်နှီးစိုက်ပျိုး လုပ်ကိုင်ပါသေးတယ်။ ဈေးကောင်းရတဲ့ မြန်မာ့ သနပ်ခါးစိုက်ပျိုးရေးမှာလည်း “ထူး” ကုမ္ပဏီစုကြီးနဲ့ မကင်းပါဘူး။

၂၀၀၀ ခုနှစ်များရဲ့ ပထမ ၅ နှစ်အတွင်းမှာ ဦးတေဇဟာ သူပိုင် ဟိုတယ်တွေနဲ့ အပန်းဖြေစခန်းတွေမှာ လိုအပ်တဲ့ သစ်သီးဈေးကွက်အတွက် သစ်သီးခြံများကိုလည်း ပိုင်ဆိုင်ရင်းနှီးမြှုပ်နှံခဲ့ပါသေးတယ်။ ရှမ်းပြည်နယ်တောင်ပိုင်က အင်းတော တိုက်နယ်အတွင်း သရက်နဲ့ လိုင်ချီးခြံ ဧက ၈၀၀၀ ကျော် ပိုင်ဆိုသလို ပြင်ဦးလွင်နဲ့ ရန်ကုန်မြို့တွေမှာ ထိုင်းနဲ့ မက္ကစီကိုနိုင်ငံတို့က မျိုးစေ့မှာယူ စိုက်ပျိုးခဲ့တဲ့ လိမ္မော်သီးနှင့် နဂါးမောက်သီးခြံတွေလည်း ပိုင်ဆိုင်ပါတယ်။

အဲပုဂံ လေကြောင်းလိုင်းအပြင် ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေပါ ပိုင်ဆိုင်ထားတဲ့ “ထူး” ကုမ္ပဏီစုကြီးအတွက် မြန်မာပြည်တွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ ထူးခြားပြည့်စုံနေပါတယ်။ လောလောဆယ် မြန်မာပြည်အနှံ့ အဓိကမြို့ကြီး ၁၈ မြို့ကို အဲပုဂံလေကြောင်းလိုင်းက ပြေးဆွဲနေပြီး ပုဂံ၊ ငပလီ၊ ငွေဆောင်၊ ပြင်ဦးလွင်၊ နေပြည်တော်၊ အင်းလေး၊ ပူတာအို၊ ပုသိမ်၊ ပုပ္ပားနဲ့ ရန်ကုန်မြို့တွေမှာ “ထူး” ကုမ္ပဏီစုကြီးပိုင် Aureum Palace ဟိုတယ်နဲ့ အပန်းဖြေစခန်းများနဲ့ Myanmar Treasure Resort အပန်းဖြေစခန်းများ ဖွင့်လှစ်ထားပါတယ်။ တနေ့ကို တဒေါ်လာအောက်သာ ၀င်ငွေရှိပြီး ဆင်းရဲတဲ့ပြည်သူ သန်းနဲ့ချီ နေထိုင်တဲ့ မြန်မာနိုင်ငံက ဒီလိုတန်ဖိုးကြီးမားတဲ့ အထက်တန်းကျကျ တန်ဆာဆင်ထားတဲ့ ဟိုတယ်အိပ်ခန်းတွေမှာ တညတာ တည်းခိုဖို့ ဒေါ်လာ ၈၀၀ ကနေ ၁၂၀၀ အကြားပေးရပါတယ်။

စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေတဲ့ “ထူး” ကုမ္ပဏီစုကြီးရဲ့ အစောဆုံးလုပ်ငန်းတခုက ဆောက်လုပ်ရေး စက်ယန္တယားကြီးတွေ ငှားရမ်းတဲ့လုပ်ငန်းနဲ့ ၀န်ကြီးတဲ့လုပ်ငန်းသုံးပစ္စည်းတွေ သယ်ယူပိုဆောင်ရေးဖြစ်ပြီး ၁၉၉၂ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီလုပ်ငန်းတခုတည်းက ကုန်တင်ယာဉ်အစီး ၄၀၀၊ ၀န်ချီစက် ၃၃ စီး၊ ရေကြောင်းက သယ်ယူ ပို့ဆောင်နိုင်တဲ့ ဆွဲသင်္ဘော ၈ တွဲနဲ့ ကုန်တင်ရေယာဉ်တချို့ ပိုင်ဆိုင်ထားပါတယ်။ အဲဒီလုပ်ငန်းမှာ အဓိကအားဖြင့် အစိုးရရဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လက်အောက်က စက်ရုံတွေအတွက် ပစ္စည်းသယ်ယူပို့ဆောင်ရေး ကန်ထရိုက် ရရှိထားပါတယ်။

ဒီလို စီးပွားရေးအင်ပါယာကြီး တည်ဆောက်တဲ့နေရာမှာ ဦးတေဇဟာ အိမ်ခြံမြေဈေးကွက်က အခွင့်အလမ်းတွေကိုလည်း လက်လွှတ်မခံပါဘူး။ “ထူး” ကုမ္ပဏီစုကြီးဟာ ရန်ကုန်မြို့က မင်းဓမ္မ အိမ်ယာစီမံကိန်း၊ Palm Court Villa အဆင့်မြင့် လုံးချင်း အိမ်ယာ စီမံကိန်းတွေနဲ့ မြို့ရဲ့အချက်အခြာကျတဲ့နေရာတွေမှာ ကွန်ဒိုမီနီယံတွေ ဆောက်လုပ် နေပါသေးတယ်။ မင်းဓမ္မအိမ်ယာ စီမံကိန်းမှာ အခန်းပေါင်း ၁၅၀ ပါတဲ့ ကွန်ဒိုမီနီယံ ၃ လုံးနဲ့ အဆင့်မြင့်ပရိဘောဂတွေနဲ့ အသင့်နေနိုင်တဲ့ လုံးချင်းအိမ်ယာ ၄၆ လုံးအပြင် Palm Court Villa မှာ ၁၄ လုံး ဆောက်လုပ်ခဲ့ပါတယ်။

ခြုံကြည့်မယ်ဆိုရင် မြန်မာ့စီးပွားရေးမှာ ဦးတေဇလို ခရိုနီစီးပွားရေးသမားတွေရဲ့ ကျယ်ပြန့်တဲ့ စီးပွားရေးအခန်းကဏ္ဍတခုကို ကြည့်ခြင်းဖြင့် စစ်အစိုးရဟာ သူတို့အာဏာခိုင်မြဲရေးအတွက် ဆယ်စုနှစ် ၂ ခုအကြား ခရိုနီစီးပွားရေးကို မဟာဗျူဟာချမှတ်ပြီး အကောင်အထည် ဖော်ခဲ့တာပါ။ စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေးကောင်းတဲ့ လက်တဆုပ်စာ စီးပွားရေးသမားတွေကို တိုင်းပြည်ရဲ့ စီးပွားရေးတခုလုံးကို လွှမ်းမိုးခွင့်ပြုထားခြင်းဖြင့် တဘက်မှာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ခုခံနိုင် စွမ်းရရှိစေခဲ့ပြီး အရပ်ဘက်အသွင် အစိုးရသစ်ကို အာဏာလွှဲပြောင်းပြီး နောက်ပိုင်းမှာလည်း ခရိုနီစီးပွားရေးဟာ တိုင်းပြည်ကို ဆက်လက်လွှမ်းမိုးထား ပါလိမ့်မယ်။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူးတွေ လွှဲပေးတာနဲ့အတူ ဦးတေဇရဲ့ အရှိန်သြဇာလည်း ကျဆင်းလာနိုင်သလို  သူ့ရဲ့နေရာမှာ တခြားခရိုနီစီးပွားရေးသမားတွေဖြစ်တဲ့ မက်စ်မြန်မာ ကုမ္ပဏီစုကြီးပိုင်ရှင် ဦးဇော်ဇော်၊ အေးရှားဝေါ ကုမ္ပဏီပိုင်ရှင် စတီဗင်လော (ခေါ်) ဦးထွန်းမြင့်နိုင်၊ International Group of Entrepreneurs (IGE) ကုမ္ပဏီပိုင်ရှင် ဦးနေအောင်တို့ ရှေ့တန်းရောက်လာနိုင်တယ်လို့ စီးပွားရေးအသိုင်းအ၀န်းက တွက်ဆမှုတွေလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရသစ်ဟာ တိုင်းပြည်စီးပွားရေးကို မြှင့်တင်ဖို့အတွက် ခရိုနီစီးပွားရေးအပေါ် အကြီးအကျယ် မှီခိုရပါလိမ့်မယ်။ အဲဒီလို အခြေအနေအရ မြန်မာစီးပွားရေးကို လာမယ့်ကာလတွေမှာ လူတိုင်းတန်းတူ အခွင့်အရေးရပြီး လုပ်ကိုင်နိုင်တဲ့ အခြေအနေတခုဖြစ်လာအောင် ဖန်တီးပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်စွမ်းရှိဖို့ စီးပွားရေးကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ဆိုတာလည်း အခွင်အလမ်း နည်းပါလှပါတယ်။
http://www.irrawaddy.org/bur/index.php/articles/2-articles/6823-2011-07-11-10-44-37