Thursday, July 14, 2011

ပြည်တွင်းစစ်၏ ဆိုးရွားသောမြင်ကွင်း



by Ko Baloi on Thursday, July 14, 2011 at 11:21am
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာပြီးသည့်နောက် (မဆလ) အသွင်ပြောင်း   (နဝတ)    နဝတ- အသွင်ပြောင်း (နအဖ)   နအဖ- အသွင်ပြောင်း   လက်ရှိ- ယူနီဖောင်းဝတ်-     ယူနီဖောင်းချွတ်အာဏာရှင်      ဖားတပိုင်း ငါးတပိုင်း   သိန်းစိန်အစိုးရလက်ထက်အထိ နယ်စပ်ရှိ  တိုင်းရင်းသားလူမျိုးစုတွေအပေါ် လက်နက်အားကိုးပြီး မတရားသောထိုးစစ်ဖြင့်ရက်ရက်စက်စက်ထိုးစစ်ဆင်တိုက်ခိုက်နေမှာ နှစ်ပေါင်းများ
စွာကြာမြေ့ခဲ့ပြီးဖြစ်သည်။
တန်းတူအခွင့်အရေးရရှိရေး၊ ကိုယ်ပိုင်အခွင့်အရေးရရှိရေး၊  စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုပေါ်      ပေါက်ရေးအတွက်   လက်နက်ကိုင်လမ်းစဉ်ဖြင့်   နှစ်ပေါင်းများစွာ တရားသော-   စစ်ပွဲကိုဆင်နွဲနေသော    လက်နက်ကိုင်လူမျိုးစုတို့သည် တပ်ပေါင်းစုအဖွဲ့အစည်းကို တည်ထောင်နိုင်ခဲ့သော်ငြားလည်း      ညီညွှတ်မှုကင်းမဲ့ကာ  အာဏာရှင်တို့၏ ထိုးစစ်ကို ခုခံစစ်ဖြင့် အလူးအလှဲ ချေမှုန်းခံနေကြရသည်မှာ ယနေ့ထိတိုင်အောင်ပင်မဟုတ်လော..။
ထို- ထိုးစစ်ကြောင့် တိုင်းရင်းသားပြည်သူတို့သည်
၁- ပညာနို့ရည်ကို   ပြည့်ဝစွာမသောက်သုံးခဲ့ရခြင်း၊
၂- အတင်းအဓမ္မခိုင်းစေခံရခြင်း၊
၃- ကျေးရွာများမီးရွံ့ဖျက်ဆီးခြင်းခံခဲ့ရခြင်း၊
၎- လူတို့၏ ရသင့်-ရထိုက်- ရှိသင့်-  ရှိထိုက်သောအခွင့်အရေးများဆုံးရှုံးနေရခြင်း၊ ၅- ကျေးလက်နေအမျိုးကောင်းသမီးများအား  အဓမ္မပြုစော်ကားခြင်း၊
၆- စစ်တွင်းအရွားဆုံးတခုဖြစ်သည့် ဖြတ်လေးဖြတ်ရဲ့ဒဏ်တွေကို   ကျေးရွာနေလူတန်းစားအကုန်လုံး ခံစားခဲ့ကြရခြင်း၊
 ၇- စစ်၏ဒဏ်ကြောင့် ကျေးရွာနေလူတန်းစားများအသက်ပေါင်းများစွာစတေးခံခဲ့ကြရသည့်အပြင်ဒုက္ခိတဘဝဖြင့်
 ခြေလက်ကျိုး- ကန်းဖြစ်ခဲ့ရခြင်း၊ ၈-မိတကွဲဖတကွဲ၊သားတကွဲမယားတကွဲဖြစ်ကာငတ်တလှည့်- ပြတ်တလှည့်နဲ့
ဘဝကို ဆိုးဆိုးရွားရွား နှစ်ပေါင်းများစွာ ရုန်း၍- ကန်၍ ရင်ဆိုင်ကျော်ဖြတ်သန်းနေရဆဲဖြစ်သည်။
ဤသို့ ဆိုးရွားသောစစ်၏ အနိဌါရုံကို ရွံ့ရှာမုန်းတီးနေသော နယ်စပ်သားပြည်သူတို့၏ဘဝ  အားလုံးလွတ်မြောက်ရန်ဖန်တီးပေးနိုင်ကြမည့်သူများမှာ  စစ်ကိုဖန်တီးထားသူများပင်မဟုတ်လော..။  အကျိုးမဲ့ပြည်တွင်းစစ်ကိုရေရှည်ကစားလျှင်...တိုင်းပြည်နစ်နာယုံမှတပါး အခြားမရှိသည်ကို ခေါင်းဆောင်များ အထူးသတိချပ်ရမည်ဖြစ်သည်။တိုင်းပြည်နှင့်လူမျိုးကို တကယ်ချစ်လျှင် ပြည်တွင်းစစ်ကိုရပ်ဆိုင်းနိုင်မည့် နည်းလမ်းကောင်းများကို ရှာဖွေနိုင်စွမ်းရှိကြရမည်။  ထိုသို့မဟုတ်ပဲ   ပြည်တွင်းစစ်ကို မီးမွှေးနေကြဦးမည်ဆိုလျှင်...တနေ့တချိန် သမိုင်းရဲ့ ဒဏ်ပြုခြင်းကို သူသူ-  ငါငါ ခံကြရမည်ဖြစ်သည်။
အချုပ်ဆိုရလျှင်....ယနေ့ထိတိုင်အောင် နှစ်ပေါင်းများစွာ  ပြည်တွင်းစစ်၏ပဋိပက္ခကိုဖြေမရှင်းနိုင်သေးခြင်းသည်
လက်ရှိ-  ခေါင်းဆောင်ပိုင်းနေရာများတွင်ရယူထားကြသည့်    ခေါင်းဆောင်ကြီးများ၏      ညံ့ဖျင်းမှုကြောင့်ဆိုရမည်
ဖြစ်သည်။ ထိုအထဲတွင် အဓိက အဆိုးရွားဆုံးကတော့ စစ်နဲ့မွေ့လျှော်နေသည့်   လက်ရှိ- သိန်းစိန် ယူနီဖောင်းဝတ်-ယူနီဖောင်းချွတ် ဖါးတပိုင်း- ငါးတပိုင်း အစိုးရပင်မဟုတ်လော....။
(နိုင်စစ်မုန်း) ခ (ကိုဗလိုင်)

ကချင်ပြည်နယ်ငြိမ်းချမ်းသာယာပါရစေ

လိုင်စားမြို့မှာ ကျွန်တော်တို့ ကချင်လူထု့ကိုယ်စားလှယ်တွေကိုခေါ်ပြီး အစိုးရနဲ့ KIA တို့အကြားအပစ်
အခတ်ရပ်စဲရေးကို သဘောတူမတူ ဆန္ဒခံယူဖို့ အစည်းအဝေးလုပ်ခဲ့ပါတယ်....ဗိုလ်ချုပ်ဂမ်ရှောင်နဲ့
ဦးအင်ဘန်လှတို့က တိုက်ဖို့စိတ်အားထက်သန်သယောင် ပြောပြီးအားပေးနေပေမဲ့ သူတို့လည်းတစ်
ကယ်တန်းကျတော့ တိုက်ချင်ပုံမ၇ပါဘူး...ကျွန်တော်တို့ကချင်လုထုအနေနဲ့ကတော့ အထူးပြောစရာ
မလိုပါဘူး...ကျွန်တော့်တို့ကချင်ပြည်နယ်ကြီးက အေးချမ်းစွား တည်ရှိနေခဲ့တာကြာပါပြီး...ဒီလိုဘဲ
အေးအေးချမ်းချမ်းနဲ့ ဆက်လက်ပြီးနေထိုင်သွားချင်ပါတယ်...ဒါဟာ ကျွန်တော်တို့ကချင်လူထုရဲ့ရင်
ထဲကစစ်မှန်တဲ့ အရင်းခံစိတ်ဓာတ်ဖြစ်ပါတယ်...ဒီသေနတ်သံ၊အမြှောက်သံတွေကို ကျွန်တော်တို့လုံးဝ
မကြားချင်ပါဘူးခင်ဗျာ....ငြိမ်းချမ်းစွား အတူလက်တွဲပြီးနေထိုင်ရတဲ့ အရသာကိုကျွန်တော်တို့ ဘာနဲ့မှ
မလဲနိုင်အောင်အရသာရှိရှိခံစားချင်ပါတယ်...ဒါကြောင့်ကျွန်တော်တို့ကချင်လူထုရဲ့ရင်ထဲကလာတဲ့
စစ်မှန်တဲ့စိတ်ဆန္ဒကိုသိရှိနိုင်အောင် ပါခင်ဗျာ..........

ခင်မင်လေးစားစွာဖြင့်
အယ်လ်ကေ၀ါး

Daw Aung San Suu Kyi's lecture to go on air via Ottawa CKCU FM 93.1


Daw Aung San Suu Kyi’s lecture on liberty will go on air tomorrow morning (Friday) at 9:05 am (Eastern Time) via Ottawa local community radio - CKCU FM 93.1.You can also listen online at http://www.ckcufm.com/.


Please see more info enclosed below.

-Canadian Friends of Burma

One World Radio: A Luta Continua
Friday July 15th, 2011

This week we wanted to feature an important BBC podcast of Burmese pro-democracy leader and Nobel Peace prize winner Aung San Suu Kyi who this month, in secret, delivered two of the BBC Reith Lectures (like CBC’s Massey Lectures) which have been smuggled out of Burma and broadcast this month.  In the first lecture, entitled Liberty, Aung San Suu Kyi discusses what freedom means. She reflects on her own experience under house arrest in Burma, exploring the universal human aspiration to be free and the spirit which drives people to dissent. She also comments on the Arab Spring, comparing the event that triggered last December's revolution in Tunisia with the death of a student during a protest in Burma in 1988.

To listen to the interview tune into CKCU FM 93.1 this Friday @ 9:05 AM - just after the BBC world news.  You can also listen to the interview on your computer on streaming Real Audio.  To access the radio station, visit http://www.ckcufm.com/ and click on "ckcu listen live". This will automatically open Real Audio. If you do not have Real Audio installed on your computer, a free version is available by clicking the Real logo to the right; look for the "Free Real” player link.


၁၄.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
14 July 2011 Yeyintnge's Diary.doc14 July 2011 Yeyintnge's Diary.doc
623K   View   Download  
14 July 2011 Yeyintnge's Diary.pdf14 July 2011 Yeyintnge's Diary.pdf
1777K   View   Download  

http://www.mediafire.com/file/aklq6etqza6lq24/14%20July%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/yywtanj50xalj73/14%20July%202011%20Yeyintnge%27s%20Diary.pdf
14 July 2011 Yeyintnge's Diary

အလုံမြို့​နယ် ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ အ​ပြောင်း​အလဲ ပြည်သူကို အသိမ​ပေး


Published on July 14, 2011 by နော်နိုရင်း

ရန်ကုန် အလုံမြို့​နယ်မှာ မ​နေ့​ကစပြီး​ အာဏာပိုင်​တွေက ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ အသစ်ခန့်​ရာမှာ ပြည်သူ​တွေရဲ့​ ဆန္ဒကို မယူဘဲ ကြံ့​ခိုင်​ရေး​ ပါတီဝင်​တွေနဲ့​ အရင် ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ဟောင်း​တွေကို ပြန်ခန့်​နေတယ်လို့​ အလုံမြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လူငယ်တာဝန်ခံ ကိုလူ​မော်လတ်က ​ပြောပါတယ်။

အလုံမြို့​နယ်မှာ ရပ်ကွက် ၁၁ ခုရှိပြီး​ ကြံ့​ခိုင်​ရေး​ပါတီက မဲအနိုင်ရတဲ့​ ၄ ရပ်ကွက်မှာ​တော့​ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​သစ်ကို မလဲဘဲ ကျန်ရပ်ကွက်ကို အုပ်ချုပ်​ရေး​မှူသစ်ကို ခန့်​ပါတယ်။

ဒါ​ပေမယ့်​ အရင်အစိုး​ရဝန်ထမ်း​တွေကိုသာ ထည့်​နေတဲ့​အတွက် ​ဒေသခံ​တွေ မ​ကျေမနပ် ဖြစ်ကြရတယ်လို့​ သူက အခုလို ​ပြောပါတယ်။

“​ရွေး​ကောက်ပွဲမှာ သူတို့​မဲနိုင်တဲ့​ သစ်​တောရယ်၊​ ဆင်း​မင်း​ရယ်၊​ ဂဋ္ဌုန်ရယ်၊​ လွတ်လပ်​ရေး​ရယ် အဲဒါ ​လေး​ရပ်ကွက်က သူတို့​ မဲနိုင်တဲ့​နေရာ​တွေ မလဲဘူး​။ မဲရှုံး​တဲ့​ ရပ်ကွက်​တွေ လဲတယ်။ ​စော​နောက်တို့​၊​ ​စော​ရှေ့​တို့​ လဲတယ်။ လဲ​တော့​ ကျ​နော်တို့​ ​စောရန်ပိုင် အ​နောက်ရပ်ကွက်မှာဆိုရင် ဒီလဲတဲ့​ ဦး​ထွန်း​ထွန်း​ဆိုတာ အရင်တုန်း​က ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ အလုပ်အမှု​ဆောင်​ပေါ့​ဗျာ။ ​စော​ရှေ့​ရပ်ကွက်ကို ကြည့်​လိုက်​တော့​လည်း​ မဆလ လက်ထက်က ရပ်ကွက်​ကောင်စီဥက္ကဋ္ဌ ဦး​စိုး​။ ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​နဲ့​ မဆလ လက်ကျန်​တွေကို အစား​ထိုး​တာ ​တွေ့​ရ​တော့​ ​တော်​တော်​လေး​ ပြည်သူလူထုက ခံစား​ရတယ်။ သူတို့​ ဒီဖွဲ့​စည်း​အုပ်ချုပ်ပုံဥပ​ဒေ ပုဒ်မ ၂၈၉ ပြဋ္ဌာန်း​ထား​တာက ရပ်ကွက်က ကြည်ညို​လေး​စား​တဲ့​ လူ​တွေ ဖြစ်ရမယ်ဆို​တော့​ ဒီလို ​ရွေး​တဲ့​နေရာမှာ ပြည်သူ​တွေရဲ့​ ဆန္ဒက ဒီမိုက​ရေစီဆန်ဆန် ​အောက်​ခြေက​နေ တင်​မြှောက်​စေချင်တယ်။”

အလုံမြို့​နယ်​နေ ပြည်သူအ​နေနဲ့​ အနည်း​ဆုံး​ ရပ်ကွက် ဆယ်အိမ်မှူး​ နှစ်​ယောက်​လောက်ကို ​ခေါ်ပြီး​ ရပ်ကွက် အုပ်ချုပ်​ရေး​မှူး​ကို ​ရွေး​ချယ်​စေချင်တယ်လို့​ ​ပြောပါတယ်။

အလုံမြို့​နယ် အဖွဲ့​ချုပ်အ​နေနဲ့​ ဒီကိစ္စကို​စောင့်​ကြည့်​ပြီး​ နိုင်ငံ​တော်လူကြီး​နဲ့​ အဖွဲ့​ချုပ် ဗဟိုဌာနချုပ်ကို အစီရင်ခံစာတင်မှာ ဖြစ်တယ်လို့​ ကိုလူ​မော်လတ်က ​ပြောပါတယ်။
http://burmese.dvb.no/archives/12687

စစ်မှန်သည့်​ပြည်​ထောင်စု​ပေါ်ထွန်း​ရေး​ ပင်လုံစိတ်ဓာတ်​ပေါ် အ​ခြေခံ​ဆွေး​နွေး​ကြရန် ​ဆော်ဩ




Published on July 14, 2011 by ​အေး​နိုင်  

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့​ပြည်​ထောင်စုတရပ် ​ပေါ်ထွန်း​ရေး​အတွက် ပင်လုံစိတ် ဓာတ်​ပေါ်မှာ အ​ခြေခံ​ဆွေး​နွေး​ကြဖို့​ ၂၁ ရာစု ပင်လုံညီလာခံဖြစ်​မြောက်​ရေး​ ဦး​ ​ဆောင်ကြိုး​ပမ်း​နေသူ​တွေက အင်အား​စုအား​လုံး​ကို ​ဆော်ဩလိုက်ပါတယ်။
လက်ရှိ နယ်စပ်​ဒေသမှာ အစိုး​ရတပ်​တွေနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်တပ်​တွေအကြား​ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေအ​ပေါ် စိုး​ရိမ်​ကြောင်း​နဲ့​ တိုင်း​ရင်း​သား​သွေး​စည်း​ညီညွတ်မှုကို တည်​ဆောက်ဖို့​ အ​ရေး​တကြီး​လိုအပ်​နေပြီလို့​လည်း​ ၂၁ ရာစု ပင်လုံညီလာခံဖြစ်​မြောက်​ရေး​ ကြိုး​ပမ်း​နေသူ တဦး​ဖြစ်တဲ့​ပြည်သူ့​ လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီ (စီအာရ်ပီပီ) အတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။
ဒီအ​ခြေအ​နေ​တွေနဲ့​ ပတ်သက်လို့​ ဦး​အေး​သာ​အောင်ကို ​မေး​မြန်း​ထား​ပါတယ်။
ဇူလိုင်လလယ် ​လောက်မှာ စီအာရ်ပီပီ က​နေပြီး​တော့​ စာတမ်း​ ဖတ်ပွဲ​တွေ စတင်နိုင်မယ်ဆိုပြီး​ ခန့်​မှန်း​ပြောဆိုချက်​တွေ အရင်က ရှိခဲ့​ဖူး​တယ်​ပေါ့​နော်။ အခု ​နောက်ဆုံး​ ဖြစ်​ပေါ်တိုး​တက်မှုကို ​ပြောပြပါ။
“စာတမ်း​တွေက ​ရေး​လို့​ မပြီး​ကြ​သေး​တော့​ ကျ​နော်တို့​က မှန်း​ထား​တာ​ပေါ့​ဗျာ၊​ ဒါ​ပေမယ့်​ ဒီအချိန်မှာ ဖတ်မယ်လို့​တော့​ အတိအကျ မဟုတ်ပါဘူး​။ အဓိကက​တော့​ ကျ​နော်တို့​ စာတမ်း​တွေ များ​များ​ ရချင်တယ်။ ရပြီး​မှပဲ ကျ​နော်တို့​က စာတမ်း​ဖတ်ပွဲ လုပ်မယ်။ အဲဒီ ကာယကံရှင် ​ရေး​တဲ့​ စာတမ်း​ရှင်​တွေကိုယ်တိုင် တချို့​ကို​တော့​ ဖတ်မယ်။ အ​ဝေး​ရောက်​နေတဲ့​ ပုဂ္ဂိုလ်များ​အတွက်က​တော့​ သင့်​တော်တဲ့​လူ ​ရွေး​ဖို့​၊​ ဒီမှာပဲ ကျ​နော်တို့​ ဖတ်မယ်​ပေါ့​။ အခုထိက​တော့​ ကျ​နော်တို့​ စာတမ်း​ဖတ်ဖို့​ ရက်ကို မသတ်မှတ်ရ​သေး​ဘူး​။”
ဦး ​အေး​သာ​အောင်တို့​က ဗမာအပါအဝင် တိုင်း​ရင်း​သား​တွေအား​လုံး​ တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​အတွက် ဆိုပြီး​တော့​ တဖက်မှာ စီစဉ်​နေသလို တဖက်မှာလည်း​ တိုက်ပွဲ​တွေက ပြည်တွင်း​စစ်ဆီ ပြန်ဦး​တည်​နေပါတယ်။ အဲဒီ​တော့​ အန်ကယ်တို့​ရဲ့​ ၂၁ ရာစု ပင်လုံညီလာခံ​ခေါ်ယူ​ရေး​ ကြိုး​ပမ်း​ချက်က ပိုမိုပြီး​တော့​ ခိုင်မာလာတဲ့​ သ​ဘောရှိလား။ သုံး​သပ်ပြပါလား​။
“ကျ​နော်တို့​ တိုင်း​ပြည်မှာ လက်နက်ကိုင်တိုက်ပွဲ​တွေ ပိုပြီး​ဖြစ်လာတယ်။ ပြည်တွင်း​စစ်မီး​ကလည်း​ ကျယ်ပြန့်​လာမယ့်​ အ​နေအထား​တွေကို မြင်​နေရတယ်။ ဒါ​ကြောင့်​မို့​လို့​ ကျ​နော်တို့​ ကြိုး​ပမ်း​နေတဲ့​ လုပ်ရပ်​တွေကို ပိုပြီး​တော့​ လုပ်ဖို့​လိုတယ်လို့​ မြင်ပါတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ကျ​နော်တို့​ လုပ်တဲ့​ရည်ရွယ်ချက်က တိုင်း​ပြည်မှာ ပြည်​ထောင်စုကို ၁၉၄၈ ခုနှစ်က စပြီး​တော့​ တည်​ထောင်ခဲ့​ပေမယ့်​ တကယ်တမ်း​မှာ​တော့​ တိုင်း​ရင်း​သား​သွေး​စည်း​ညီညွတ်မှုကို အစစ်အမှန် မတည်​ဆောက်နိုင်​သေး​ဘူး​။ အဲဒီ​တော့​ တိုင်း​ရင်း​သား​သွေး​စည်း​ညီညွတ်မှုကို တည်​ဆောက်နိုင်ဖို့​ဆိုရင် ကျ​နော်တို့​က ပင်လုံအ​ခြေခံအ​ပေါ်မှာ ​ဆွေး​နွေး​ဖို့​ လိုတယ်။ ပြီး​တော့​ ၂၁ ရာစုနဲ့​အညီ၊​ ​ခေတ်သစ်နဲ့​အညီ၊​ တိုး​တက်​ပြောင်း​လဲလာတဲ့​ အ​ခြေအ​နေ​တွေနဲ့​အညီ ကျ​နော်တို့​က ဆက်လက်ပြီး​တော့​ ​ဆွေး​နွေး​ဖို့​ လိုမယ်လို့​ ယူဆပါတယ်။ ဒါ​ကြောင့်​မို့​လို့​ ကျ​နော်တို့​ ကြိုး​စား​နေတဲ့​ဟာက အခု​ခြေအ​နေမှာဆိုရင် ပိုပြီး​တော့​ ကြိုး​ပမ်း​ဖို့​၊​ ပိုပြီး​တော့​ လုပ်ဖို့​ လိုအပ်တယ်လို့​ ကျ​နော်တို့​ သုံး​သပ်ပါတယ်။”
သမ္မတ ဦး​သိန်း​စိန်အစိုး​ရ တက်လာခါစ မိန့်​ခွန်း​တွေမှာ နိုင်ငံကို ပြည်​ထောင်စု သမ္မတ မြန်မာနိုင်ငံ​တော် ဆိုပြီး​တော့​ ​ပြောင်း​လဲတာ ​တွေ့​ရတယ်။ ပြည်​ထောင်စု ဆိုတဲ့​ စကား​လုံး​သုံး​တယ်။ ဒါ​ပေမယ့်​ ဗမာပြည်မှာ တိုင်း​ရင်း​သား​လက်နက်ကိုင် ​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ သမ္မတကြီး​ ​ပြောကြား​ချက်မှာ ​တွေ့​ဆုံ ​ဆွေး​နွေး​ရေး​ ဆိုတာထက် အဲဒီ​ဒေသ​တွေကို လမ်း​ပန်း​ဆက်သွယ်​ရေး​တွေ၊​ တံတား​တွေ ​ကောင်း​အောင် လုပ်​ပေး​လို့​ရှိရင် တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ ပိုပြီး​တော့​ ​ဆောင် ရွက်နိုင်တယ်လို့​ ​ပြောတယ်။ အဲဒီ​တော့​ လက်ရှိအစိုး​ရရဲ့​ ပြည်​ထောင်စုဆိုတဲ့​ စံနဲ့​ အန်ကယ်တို့​ရဲ့​ စံနဲ့​က နည်း​နည်း​ လွဲ​နေသလိုပဲ ဖြစ်​နေတယ်။ အဲဒါ အန်ကယ်တို့​ ပြည်​ထောင်စု ဆိုတဲ့​နေရာမှာ လက်ရှိအစိုး​ရ မပါဘဲ​ရော ဖြစ်မလား​။
“ဟုတ်ကဲ့​။ ကျ​နော်တို့​က​တော့​ အား​လုံး​ပါဝင်နိုင်တဲ့​ ​ဆွေး​နွေး​ပွဲမျိုး​ပေါ့​။ အား​လုံး​ပါဝင်ပြီး​တော့​ ပင်လုံအ​ခြေခံစိတ်ဓာတ်အ​ပေါ်မှာ ​ဆွေး​နွေး​ပြီး​တော့​ ကျ​နော်တို့​ သ​ဘောတူညီချက်​တွေကို ရ​အောင် ညှိနှိုင်း​မယ်။ အဲဒီလို ညှိနှိုင်း​လို့​ ရလာတဲ့​ အ​ခြေခံအ​ပေါ်မှာ ကျ​နော်တို့​က တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​၊​ စစ်မှန်တဲ့​ ပြည်​ထောင်စု တည်​ဆောက်​ရေး​ကို ကြိုး​ပမ်း​မှာ ဖြစ်ပါတယ်။ ဒါ​ကြောင့်​မို့​လို့​ အာလုံး​ပါဝင်ဖို့​လည်း​ ကျ​နော်တို့​က ရည်ရွယ်ပါတယ်။ အထူး​သဖြင့်​ အခုနက ခင်ဗျား​ ​ပြောသွား​တဲ့​ အထဲမှာ ပါပါတယ်။ ပြည်နယ်​တွေ အသီး​သီး​မှာ တိုင်း​ရင်း​သား​ ​ဒေသ​တွေမှာ စီး​ပွား​ရေး​၊​ လမ်း​ပန်း​ဆက်သွယ်​ရေး​ စသည်အား​ဖြင့်​ ဒါ​တွေက​တော့​ လိုအပ်ပါတယ်။ အဲဒီ​လောက်နဲ့​ မပြည့်​စုံပါဘူး​။ ပြည်နယ်​တွေ တိုင်း​ရင်း​သား​ လူမျိုး​များ​ရဲ့​ ရပိုင်ခွင့်​၊​ လုပ်ပိုင်ခွင့်​၊​ ​မွေး​ရာပါ အခွင့်​အ​ရေး​ဆိုတာက ဒီ စီး​ပွား​ရေး​၊​ လမ်း​တံတား​တွေက​တော့​ တိုင်း​ရင်း​သား​တွေ ကိုယ်တိုင် သူတို့​ပြည်နယ်မှာ သူတို့​ တည်​ဆောက်ဖို့​ လိုအပ်ပါတယ်။ ဒါ့​အပြင် ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​ ရှိတဲ့​ပြည်နယ်၊​ ကိုယ့်​ကြမ္မာကို ဖန်တီး​ခွင့်​ ရှိတဲ့​ ပြည်နယ် ဖြစ်ဖို့​လိုပါတယ်။ တိုင်း​ရင်း​သား​များ​ရဲ့​ အခွင့်​အ​ရေး​ကို ဖွဲ့​စည်း​ပုံမှာ တကယ် တရား​ဝင်ပြဋ္ဌာန်း​ထား​ဖို့​ လိုပါတယ်။ အဲဒီလိုမှသာလျှင် တိုင်း​ရင်း​သား​တွေဟာ ကိုယ့်​ရဲ့​ပြည်နယ် တံတား​ဆောက်ဖို့​၊​ ပြည်နယ်ကျန်း​မာ​ရေး​တွေကို ​ဖော်​ဆောင်ဖို့​ အခြား​အခြား​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်လာ​အောင် လုပ်ဖို့​၊​ ပြည်နယ်တွင်း​မှာ ရှိတဲ့​ ​ကျေး​လက်​ဒေသနဲ့​ မြို့​ပြရဲ့​ ကွာခြား​ချက်​တွေကို ကျဉ်း​မြောင်း​အောင် လုပ်ဖို့​ အစစ ပညာ​ရေး​၊​ ယဉ်​ကျေး​မှု၊​ ထုံး​တမ်း​ဓ​လေ့​၊​ ဘာသာ​ရေး​ စသည်အား​ဖြင့်​ ဒါ​တွေကို ကိုယ့်​လူမျိုး​တွေက ကိုယ်တိုင်ကိုယ်ကျ ကိုယ့်​ကြမ္မာကို လုပ်ပိုင်ခွင့်​၊​ ဖန်တီး​ပိုင်ခွင့်​ ရဖို့​ လိုပါတယ်။ အဲဒါ​တွေကို ဖွဲ့​စည်း​ပုံမှာ ပြဋ္ဌာန်း​ပေး​မှ အဲဒီဖွဲ့​စည်း​ပုံနဲ့​အညီ ​ဒေသအသီး​သီး​မှာရှိတဲ့​ တိုင်း​ရင်း​သား​လူမျိုး​အသီး​သီး​က ​ဖော်​ဆောင်နိုင်ခွင့်​၊​ လုပ်ပိုင်ခွင့်​ ရမှ တကယ် တိုင်း​ရင်း​သား​များ​ရဲ့​ လိုအင်ဆန္ဒကို ​ဖော်​ဆောင်​ပေး​ရာ ​ရောက်မှာ။ ဒီလိုအခါကျမှ တကယ့်​ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ ​ဖော်​ဆောင်ရာကျမှာ။”
အခု မြန်မာနိုင်ငံရဲ့​ ​တောင်ပိုင်း​မှာ အဓိကအား​ဖြင့်​ လက်ညှိုး​ထိုး​ပြလို့​ ရတာက​တော့​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ပေါ့​နော်။ ထိုင်း​အ​ခြေစိုက် အီတာလီယံ ထိုင်း​ကုမ္ပဏီက​နေပြီး​တော့​ ​ဒေါ်လာ ၈ ဘီလျှံ​ကျော်​ပေါ့​နော် ရင်း​နှီး​လုပ်ကိုင်​နေတယ်၊​ ဒီစီမံကိန်း​ကြီး​တခုလုံး​ အစအဆုံး​ဆိုရင် ဘီလျှံ ၁၀၀ ​ကျော်​လောက် ရှိမယ်​တောင် ခန့်​မှန်း​နေကြတယ်။ အဲဒီ​တော့​ ဗမာပြည်မှာ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ မရှိ​သေး​ဘဲနဲ့​၊​ အမျိုး​သား​တွေ ပြည်လည် မသင့်​မြတ်​သေး​ဘဲနဲ့​ ဒီလိုမျိုး​ ​ရေနက်ဆိပ်ကမ်း​လို နိုင်ငံတကာက အရင်း​အနှီး​တွေ အများ​ကြီး​ ဝင်လာလို့​ရှိရင်​ရော ကျ​နော်တို့​ နိုင်ငံ ​အေး​ချမ်း​သွား​နိုင်လား​။ လူ​တွေက အဆင်​ပြေ​ချော​မွေ့​ပြီး​တော့​ စီး​ပွား​ရေး​လုပ်ငန်း​ကိုင်ငန်း​တွေ အဆင်​ပြေပြီး​တော့​ မဖြစ်နိုင်ဘူး​လား​။
“ဒါက ကျ​နော်တို့​ အမြင်က​တော့​ ဘယ်လို စီး​ပွား​ရေး​စီမံကိန်း​တွေ လုပ်​ပေမယ့်​ အ​ခြေခံနိုင်ငံ​ရေး​တည်ငြိမ်မှုမရှိရင်၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ မရှိဘူး​ဆိုရင် အိတ်​ပေါက်နဲ့​ ဖား​ကောက်သလို ဖြစ်​နေမယ်လို့​ ကျ​နော်က မြင်ပါတယ်။ လူတစု​လောက်မှာသာ ဒီ စီး​ပွား​ရေး​ရဲ့​ အကျိုး​အမြတ်​တွေကို ခံစား​ခွင့်​ရှိပြီး​တော့​ တိုင်း​ရင်း​သား​အများ​ပြည်သူ​တွေ က​တော့​ စစ်​ဘေး​စစ်ဒဏ်​တွေ ခံ​နေရမယ်၊​ နိုင်ငံ​ရေး​မတည်ငြိမ်မှုဒဏ်​တွေကို ခံ​နေရမယ်၊​ မျှမျှတတမရှိတဲ့​ စီမံခန့်​ခွဲမှု​တွေ ​အောက်မှာ အများ​ပြည်သူ​တွေရဲ့​ အကျိုး​ကို ​ဖော်​ဆောင်​ပေး​နိုင်ဖို့​ဆိုတာ မဖြစ်နိုင်ဘူး​လို့​ ထင်ပါတယ်။ ဒါ​ကြောင့်​မို့​လို့​ ကျ​နော်တို့​က ဒီလို စီမံကိန်း​တွေ လုပ်တဲ့​နေရာမှာ အထူး​သဖြင့်​ နိုင်ငံ​တော်ရဲ့​ တိုင်း​ပြည်ရဲ့​ အ​နေအထား​၊​ ပြီး​တော့​ သဘာဝပတ်ဝန်း​ကျင်ရဲ့​ ယိုယွင်း​ပျက်စီး​မှု အ​နေအထား​တွေ အများ​ကြီး​ အ​ခြေခံ​ပေါ်မှာ ကြည့်​ပြီး​တော့​ သုံး​သပ်ဖို့​ လိုတာ​တွေ ရှိ​ကောင်း​ရှိမယ်။ ဒါ​ပေမယ့်​ အဓိက ကျ​နော်တို့​ ​ပြောချင်တာက​တော့​ ပြည်တွင်း​မှာ တပြည်လုံး​ အတိုင်း​အတာနဲ့​ နိုင်ငံ​ရေး​တည်ငြိမ်မှု ရှိဖို့​လိုတယ်။ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ရှိဖို့​လိုတယ်။ အဲဒါ​တွေ မရှိဘဲနဲ့​ ဟို​နေရာကွက်ကွက်၊​ ဒီ​နေရာကွက်ကွက် စီး​ပွား​ရေး​တွေကို ကွက်ပြီး​တော့​ ဖန်တီး​နေရုံနဲ့​တော့​ တိုင်း​ပြည်ဖွံ့​ဖြိုး​တိုး​တက်ဖို့​ ဆိုတာ မဖြစ်နိုင်ဘူး​။ ဒါ​ကြောင့်​မို့​လို့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ရဖို့​၊​ နိုင်ငံ​ရေး​တည်ငြိမ်ဖို့​ ဆိုတာက တိုင်း​ရင်း​သား​ အား​လုံး​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​တော့​၊​ ယာယီအပစ်အခတ်ရပ်စဲ ​နေရုံနဲ့​ မပြီး​ဘူး​။ အပစ်အခတ်ရပ်စဲရာက​နေ တပြည်လုံး​ငြိမ်း​ချမ်း​ရေး​ကို တည်​ဆောက်နိုင်ဖို့​ လိုမယ်။ ပြီး​တော့​ တကယ့်​ ဗမာပြည်ရဲ့​ အတွင်း​ပိုင်း​မှာလည်း​ပဲ နိုင်ငံ​ရေး​တည်ငြိမ်​အောင် ဒီမိုက​ရေစီအင်အား​စု​တွေနဲ့​ နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​ပြီး​တော့​ သ​ဘောတူညီချက်​တွေ ရပြီး​တော့​ ပူး​ပေါင်း​ဆောင်ရွက်နိုင်​အောင် အ​ကောင်အထည်​ဖော်ဖို့​ လိုမယ်လို့​ ကျ​နော့်​ အ​နေနဲ့​ သုံး​သပ်ပါတယ်။”
http://burmese.dvb.no/archives/12707

ဝင်ရိုး



ညနေ ၅ နာရီခွဲခန့်အချိန်….
“ဝေါ… ဂလုံး..ဂလုံး.. ဂျိမ်း..”
“အား.. သေပါပြီ”
“ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကယ်တော်မူပါ”
ပြင်းထန်လှတဲ့အရှိန်နဲ့ လဲပြိုသံ၊ ကမ္ဘာပျက်ခမန်း ငရဲခန်းတမျှ ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာ အော်ဟစ် ညည်းတွားသံတွေက ကြက်သီးဖျင်းဖျင်း ထစေ၏။
“ဟိုက်.. ဘာဖြစ်တာပါလိမ့်” ဆိုတဲ့သိချင်စိတ်ရဲ့ စေ့ဆော်မှုကြောင့် အပြေးလေးထွက်ကြည့်မိတော့.. မိုးလေ၀သ အ ခြေအနေကို စူးစမ်းနေတဲ့ကားဘီး.. မြေအပျော့အမာကိုစမ်းသပ်နေတဲ့ ကားအမိုး.. ခြေကျိုးလက် ကောက်၊ ထိပ် ပေါက် ခေါင်းကွဲ သွေးသံရဲရဲနဲ့ အော်ဟစ်ညည်းတွားနေတဲ့ အရွယ်စုံလူသားတွေရဲ့ ဖြစ်စဉ်က ယနေ့အထိ မြင်ကွင်းထဲ က မထွက်၊ နီးစပ်ရာရပ်ဝန်းမှလူတွေက အခြေအနေမှန်သိလိုတာရယ်၊ လူသားချင်း စာနာထောက်ထားစိတ်နဲ့ အကူ အညီပေးရန် ပြေးလွှားလာကြတာ.. တချို့တချို့ ပုဆိုးတောင်ကျွတ်ကျသည်အထိပင်။
ဒဏ်ရာရ လွင့်စင်ကျလာတဲ့ ခရီးသည်တွေကို ဖေးကူ၊ ကားကြားညပ်နေသူတွေကို ဆွဲထုတ်၊ သက်ဆိုင်ရာကို အ ကြောင်းကြား စသည့်အလုပ်တွေနဲ့ ရှုပ်သွားကြလေတော့ အဖြေမှန်ကိုစပ်စုရန် အချိန်မရ။ ဒါကလည်း တကယ်တော့ အဓိကမကျဘူးလေ။ သက်ရှိတွေ ဘေးအန္တရာယ်ကင်းရှင်းရေးက ဦးစားပေးအဆင့် ဖြစ်နေတာကိုး။ ယာဉ်ထိန်းရဲ၊ မီး သတ်၊ ကြက်ခြေနီတွေအပြင် အထောက်အကူပြု လူမှုအဖွဲ့အစည်းတွေ ရောက်လာပြီး အရေးပေါ်ဆောင်ရွက်ကြ၏။ ရလဒ်က (၄)ယောက်သေ၊ (၅)ဦးစိုးရိမ်ရ၊ (၁၁)ဦးထိခိုက်ဒဏ်ရာရ ပေါ့။ အရေးပေါ်ဆောင်ရွက်ရမယ့် ကိစ္စတွေပြီး တော့ ဘာ့ကြောင့်ဖြစ်တာလဲဆိုပြီး စပ်စုကြည့်လိုက်မှ “ကားဝင်ရိုး ကျိုးပြီးမှောက်တာ” တဲ့။ ၀င်ရိုးလို့ဆိုတဲ့ သံချောင်း လေးကျိုးတာနဲ့ ရလိုက်တဲ့ဆိုးကျိုးက အတော်ကိုရင်နင့်စရာ ကောင်းပါလား။
မျက်မှောက်ရှေ့ကဖြစ်စဉ်ဆိုတော့ တတ်နိုင်တဲ့အစွမ်းနဲ့ ကူညီဆောင်ရွက်ပေးရတာပေါ့။ ပြီးတာနဲ့ ပေကျံနေတဲ့ သွေး စသွေးနတွေ ဆေးကြောသုတ်သင်ပြီး တကိုယ်ရည်သန့်စင်မှု ဆောင်ရွက်ရပြန်တာပေါ့။ ကြေကွဲစရာ၊ အော့နှလုံး နာစရာကောင်းတဲ့ မြင်ကွင်းက မျက်စိထဲကမထွက်တာကြောင့် စားသောက်ဖို့တောင် စိတ်မပါလှဘူး။ ဒါကြောင့် ကော်ဖီတခွက်ဖျော်ပြီးသောက်မယ်အကြံနဲ့ ပက်လက်ကုလားထိုင်ပေါ် ထိုင်ချရုံ ရှိသေး….
“ကမ္ဘာကြီးသည် နှစ်ဆယ့်သုံးနှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်း၍ မိမိဝင်ရိုးပေါ်တွင် ပုံမှန်လည်ပတ်နေ ခြင်းကြောင့် နေနှင့် ည ဖြစ်ပေါ်လာရသည်” ဆိုတဲ့ တူမငယ်လေးရဲ့ စာဖတ်သံက ကျနော့ နားဝကို ၀င်လာပါလေ ရော့လား..။ “၀င်ရိုးဆိုတာ ဘာကြောင့် ဒါလောက်အရေးပါနေရပါလိမ့်” လူပြိန်းတွေးတွေးနေမိတော့၏။
မိသားစု အားလုံး နံနက်စာအဖြစ် အမေစီစဉ်ထားတဲ့ ထမင်းကြော်နဲ့ကော်ဖီ စားသုံးနေစဉ်..
“အဖေ.. သားမရှင်းတာလေးတခု မေးချင်လို့ပါ”
“ဟေ… ဘာများတုန်း သားငယ်ရဲ့..”
“၀င်ရိုးဆိုတာကို အဓိပ္ပါယ်နဲ့ သူရဲ့အရေးပါမှုကဏ္ဍကို နည်းနည်းရှင်းပြပါလား”
“သြော်.. ဒါလား.. အေး အေး.. အဖေသိသလောက်ရှင်းပြမယ်.. ဒီလိုကွ… ၀င်ရိုးကို အင်္ဂလိပ်လို Axis လို့သုံးသလို Axle လို့လည်း သုံးလေ့သုံးထရှိတယ်။ အဓိပ္ပါယ်ဖွင့်မယ်ဆိုရင်တော့ လည်ပတ်မှုပြုနိုင်တဲ့ အရာဝတ္ထုများ၊ အခြေအ နေများ၏ ဗဟိုတွင် မဏ္ဍိုင်အဖြစ်တည်ရှိပြီး ဟန်ချက်မပျက် ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးတဲ့အရာလို့ နားလည်ထားပေါ့ကွာ.. ဥပမာအားဖြင့် ကမ္ဘာ့ဝင်ရိုးတို့ ကားဝင်ရိုးတို့ စသဖြင့်ပေါ့..။
ဒါပေမယ့်ကွ.. အဖွဲ့အစည်း၊ အသင်းအပင်းတွေမှာလည်း သူတို့ရဲ့လုပ်ငန်းယန္တရား ပုံမှန်လည်ပတ်နိုင်အောင် ဟန်ချက် မပျက်အောင် ထိန်းညှိပးတဲ့ မူဝါဒတို့ စည်းကမ်းတို့ လုပ်ထုံးလုပ်နည်းတို့ ဆိုတာတွေဟာလည်း လက်နဲ့ဆုပ်ကိုင်ပြ လို့မရနိုင်ပေမယ့် ၀င်ရိုးလို့ယူဆနိုင်တယ်။ အကယ်၍ပေါ့ကွာ ၀င်ရိုးတခုရဲ့ကြံ့ခိုင် တောင့်တင်းမှုနဲ့ ခိုင်မာမှုမရှိတော့ ရင် ပုံမှန်လည်ပတ်မှုကို ယိမ်းယိုင်ထိခိုက်စေနိုင်တယ်။ အနှောက်အယှက်ဖြစ် စေနိုင်တယ်။
ဒီနေ့ပဲကြည့်ကွာ.. ကားဝင်ရိုးကျိုးပြီး ပုံမှန်လည်ပတ်မှုယန္တရားပျက်ယွင်းမှုကြောင့် လူတွေ ဒုက္ခရောက်လိုက်ကြတာ မမြင်ရက် မကြားရက်လောက်အောင်ပဲ။ ဒါဟာ ယာဉ်ငယ်တစီးရဲ့ ၀င်ရိုးပျက်တာပဲရှိသေးတယ်။ ကမ္ဘာ့ဝင်ရိုးသာ ပုံ မှန်ရှိရင်းစွဲအနေအထားကနေ ပိုတိမ်းစောင်းသွားခဲ့ရင် မြေပြင်ရေပြင်အနေအထားတွေပျက်ပြီး မြေပြိုတာ၊ ရေကြီးတာ၊ ရာသီဥတုဖောက်ပြန်တာတွေဖြစ်ပြီး သက်ရှိသက်မဲ့တွေအတွက် ခန့်မှန်းမရနိုင်တဲ့ ဆိုးကျိုးတွေ သက်ရောက်နိုင်တယ်။ ဒါတွေအားလုံးဟာ ၀င်ရိုးရဲ့ အရေးပါအရာရောက်မှုကို ဖော်ညွှန်းတာပေါ့။
အဖေနားလည်ထားသလောက်ရှင်းပြတာပါ.. ဘယ်စာအုပ်ကလဲ.. ဘယ်ပညာရှင်ကပြောတာလဲလို့ အခိုင်အမာ သက် သေတော့ အဖေမပြနိုင်ဘူးသားရေ.. လို့ အေးအေးလူလူ ရှင်းပြခဲ့တယ်။
ပေးအပ်တဲ့တာဝန်တွေ ထမ်းဆောင်ခဲ့ပြီး သာမန်ခွင့်တလနဲ့ အိမ်ပြန်နားချိန်ပေါ့။ ဘာမှရေရေရာရာ ဝေဖန်သုံးသပ် တတ်တာမရှိတဲ့ စစ်မှုထမ်းကိုပြပါဆိုရင် ကျနော်ပဲဖြစ်မယ် ထင်ပါရဲ့။ အခုလို အနိဌာရုံမြင်ကွင်းနဲ့ ကြုံရာက သိချင်တာ လေးတွေ သိခွင့်ရတော့ ကျေနပ်သယောင်ဖြစ်မိပေမယ့် ဘ၀င်မကျသေးတဲ့ ကျနော့ရဲ့ စိတ်အစဉ်ဟာ အခြေခံ စစ်ပ ညာသင်တန်းဆိုတဲ့ အတိတ်ကိုလွင့်စင်သွားပါလေရော့လား…
“ဟေ့.. ပဲကတုံးတွေ.. ဒီသင်ပုန်းပေါ်မှာရေးထားတာကို မင်းတို့ရဲ့ မှတ်စုစာအုပ်ထဲကူးထားပါ။ ပြီးရင် အာဂုံဆောင်နိုင် အောင်ကျက်ပါ.. နောက်နောင်ကျရင် လက်တွေ့ကျကျ ကျင့်သုံးနိုင်အောင်ကြိုးစားပါ။ နေရာမရွေး အချိန်မရွေး စစ် မေးမယ်၊ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတာတို့.. မရသေးတာတို့ ဆင်ခြေတွေကို လုံးဝ(လုံးဝ) မလိုချင်ဘူး။
အဲဒီအခြေအနေမျိုး ဖြစ်နေရင် ဘယ်လိုချီးမြှင့်မြှောက်စားခြင်း ခံရမလဲဆိုတာကတော့ ဆရာ့စိတ် ထဲမှာပဲရှိ တယ်..” လို့ မနားတမ်းသြ၀ါဒပေးပြီး “ဆက်လုပ်” ဆိုတဲ့ ခွင့်ပြုမိန့်ပေးကာ နည်းပြများအတွက် သတ်မှတ်ထားတဲ့ နေရာမှာ ထိုင်နေတော့၏။
အဲဒီအချိန်က သင်ကြားခဲ့ရတဲ့ သင်ခန်းစာခေါင်းစဉ်က “ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် (၁၀) ပါး” ပေါ့။
(က) ပြည်သူလူထုအပေါ် သစ္စာစောင့်သိရိုသေပါ။
(ခ) ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ။
(ဂ) ပြည်သူလူထုနှင့် ယဉ်ကျေးစွာဆက်ဆံပါ၊ ရေလိုလလိုကျင့်ပါ။
(ဃ) ပြည်သူလူထု၏ အကျိုးကို အစဉ်ဦးထိပ်ထားပါ။
(င) ပြည်သူလူထုအာ လှောင်ပြောင်ခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ စော်ကားမော်ကားပြုခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်းနှင့်ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
(စ) ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ။
(ဆ)  မိမိနှင့်မသက်ဆိုင်သောအမှုကိစ္စများတွင် ၀င်မစွက်မိဖို့ သတိပြုပါ။
(ဇ) ပြည်သူလူထုကို ဦးစားပေးပါ၊ မိမိမှအခွင့်အရေး ပိုမယူပါနှင့်။
(ဈ) ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ်၊ ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ။
(ည) ပြည်သူလူထု၏ ဘာသာအယူဝါဒ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားပါ။
ကောင်းလိုက်တဲ့ ပြဋ္ဌာန်းချက်ဗျာ… စနစ်တကျပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးလိုက်တာတွေကို တကယ်လိုက် နာကြပါရဲ့လားလို့ စဉ်းစားမိ၏။ တဆက်တည်းမှာ သင်ကြားခဲ့ရမှု သင်ခန်းစာရယ်၊ လက်တွေ့ဖြစ် စဉ်တွေရယ် ကြုံရ ကြားရမှု (တပ်နှင့်ပြည်သူ ပဋိပက္ခများ)တွေကို ရုပ်ပုံတခု၏ အပိုင်းအစများကို အံဝင်ခွင်ကျဖြစ်အောင် တခုနှင့် တခု ဆက်စပ်သောဥာဏ်စမ်းကစားနည်း (Jigsaw) အတိုင်း တစစီ၊တစစီ ကျနော့ တကိုယ်တည်း ဆက်စပ် ကြည့်တော့…
“ဟိုက်.. ဒါ…ဒါ…ဒါဆိုရင် ဒေါက်တိုင်ငယ်တခုအဖြစ် ငါ ပါဝင်ပတ်သက်နေတဲ့ စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ လည် ပတ်မှု ယန္တရားကို ထောက်ကန်ထားတဲ့ ၀င်ရိုးဟာ မြင်မကောင်း ကြားမကောင်းအောင် တိမ်းစောင်းနေပါရော့လား… “တပ်နဲ့ပြည်သူ အမြဲကြည်ဖြူ” ဆိုတဲ့ ဆောင်ပုဒ်ပါဆက်ဆံရေး တနေ့တခြား ဆိုးဝါးလာနေမှုက “တပ်နဲ့ပြည်သူ အမြဲ ရန်သူ” လို့ ပြောင်းပစ်ရတော့မလိုတောင် ဖြစ်နေပါတော့လား…
တဆက်တည်းမေးချင်တာက… “တရားခံ ဘယ်သူလဲဟေ့”
ဇေယျာ (စစ်သည်ဟောင်း)
၁၀ ဇူလိုင် ၂၀၁၁
http://www.naytthit.net/?p=15442

အန်အယ်လ်ဒီပါတီ ရပ်တည်ရေး ကုလသမဂ္ဂ တင်ပြမယ်




2011-07-14
အန်အယ်လ်ဒီပါတီ ရပ်တည်ရေး ကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ လာမည့် သြဂုတ်လ ပထမပတ် အတွင်း တိုင်တန်း တင်ပြသွားမယ်လို့ ပါတီရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောပါတယ်။
UN Photo/Jean-Marc FERRE
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အထူး အစည်းအဝေး ကျင်းပနေသည့်ပုံ ဖြစ်ပါသည်။ (UN Photo/Jean-Marc FERRE)
"သြဂုတ်လဆန်းလောက် နောက်ဆုံးပါဘဲ။ ကျနော်တို့ တင်ဖြစ်မှာပါ။ လူ့အခွင့်အရေး ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းများ အရ ပြည်တွင်းမှာ လမ်းဆုံးလို့ ရှိရင် အဲဒီမှာ သက်သာခွင့် လျှောက်ထားခွင့် ရှိတယ်ပေါ့ဗျာ။ အဲဒါကို တင်ဖို့ပါ။" ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြဖို့ လိုအပ်တဲ့ ဥပဒေ ရေးရာ ကိစ္စတွေကို ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ မနေ့က အသေးစိတ် ဆွေးနွေး တိုင်ပင်ခဲ့ကြ ပါတယ်။ အန်အယ်လ်ဒီ ပါတီ တရားဝင် ရပ်တည်ရေးကိစ္စကို ပါတီဘက်က ဥပဒေကြောင်း အရ ဗဟိုတရား ရုံးချုပ်မှာ အစိုးရကို တရားစွဲဆို ခဲ့ပေမယ့် နောက်ဆုံး အထူး အယူခံ အဆင့် အထိ ပယ်ချခံရတာကြောင့် ပြည်တွင်းမှာ ကြိုးပမ်း ဆောင်ရွက်ဖို့ လမ်းဆုံးသွားပြီ ဖြစ်တဲ့ အတွက် အခုလို ကုလသမဂ္ဂကို တင်ပြမှာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒါ့အပြင် အန်အယ်လ်ဒီကို ပါတီသစ် အဖြစ် မှတ်ပုံတင်ရေး ကိစ္စ အပါအ၀င် အစိုးရနဲ့ အန်အယ်ဒီ အကြား မတူညီတဲ့ ဥပဒေ အမြင်တွေကို ညှိနှိုင်း ဆောင်ရွက်သွားဖို့ ဆန္ဒရှိကြောင်း မကြာသေးခင်က ပြည်ထဲရေး ၀န်ကြီး ဌာနကို အန်အယ်လ်ဒီက စာတစ်စောင် ပေးပို့ခဲ့ ပါတယ်။ အန်အယ်လ်ဒီ ပါတီ ရပ်တည်ရေး ကိစ္စ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြမည့် အကြောင်းနဲ့ ပတ်သက်လို့ ပါတီရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းကို RFA ကို အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်း ထားတာ နားဆင်နိုင် ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/nld-07142011120909.html

ကျပ်ငွေ ၅၀၀၀ မပေးနိုင်လျှင် အမှုကို လက်မခံ

News Date:7/14/2011

-----------
မောင်ရမ္မာ
-----------
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဆားချက်ရဲစခန်းမှ တာဝန်ရှိသူများက ကျပ်ငွေ ၅၀၀၀ မပေးလျှင် အမှုကို လက်မခံဟု သတင်းရရှိသည်။

"ဆားချက်ရဲစခန်းက တပ်ကြပ်ကြီး မင်းဝေဆိုတဲ့ လူက အမှုတခု လာတိုင်တဲ့အခါမှာ ကျပ်ငွေ ၅၀၀၀ မပေးရင် လက်မခံဘူး။ လက်ခံတဲ့အပြင် အဲဒီင်္အမှုကို အရေးမလုပ်ပါဘူး။ ဘယ်လိုအမှုဘဲ မဆို ကျပ်ငွေ ၅၀၀၀ ပါမှ အမှု လက်ခံတယ်။ အဲဒါကိုတော့ အထက်က စခန်းမှုးက သိလား၊ မသိလားတော့ မပြောတတ်ဘူး။ လျစ်လျူ ရှု့ထားတယ်" ဟု ဒေသခံတဦးက ပြောသည်။

Arakan images
ဆားချက် ရဲစခန်းမှ တပ်ကြပ်ကြီး မင်းဝေ၏ လုပ်ရပ်ကြောင့် အဆိုပါ ဒေသရှိ ဆင်းရဲသားပြည်သူများမှာ အမှုဖြစ်ပွားသော်လည်း တိုင်းကြားရန် အခက်အခဲ ဖြစ်နေကြသည် ဟု သိရသည်။

" တိုက်ကျွန်းက ရန်ဖြစ်ပြီး ရိုက်နှက်မှုတခုကို လွန်ခဲ့တဲ့လက ရဲစခန်းကို သွားတိုင်ပါတယ်။ ရဲစခန်းက အမှုတင်ကြေး အပါအ၀င် အမှုလက်ခံကြေးဆိုပြီးတော့ ကျပ်ငွေ ၂၀၀၀၀ တောင်းပါတယ်။ ကျွန်တော်တို့က ကျပ်ငွေ ၁၀၀၀၀ ပေးပါတယ်။ သူတို့က လက်မခံဘူး၊ ကျွန်တော်တို့မှာလည်း ငွေကပါမလာဘူး။ ဒါကြောင့် အမှုကို မတိုင်ကြားရဘဲ ပြန်လာခဲ့ရပါတယ်" ဟု အမှုတိုင်ကြားသူ တဦးက ပြောသည်။

အလားတူ သာယာကုန်းကျေးရွာမှ အမှုတခုကို ရဲစခန်းမှ အမှုကို လက်ခံခဲ့သော်လည်း ငွေမပေးနိုင်သဖြင့် အမှုမှန်ပေါ်ထွက်အောင် လာရောက် စစ်ဆေးခြင်း မရှိသည့်အပြင် တရားခံကိုလည်း ဖမ်းဆီး စစ်ဆေးခြင်းမရှိဟု သိရသည်။

ဆားချက် ရဲစခန်းမှာ အထက်အရာရှိများမှာ ခရီးသွားလိုလျှင် ခရီးစရိတ်အဖြစ် အရက်ဆိုင်များနှင့် ချဲထီဒိုင်များမှ ငွေ ကောက်ယူပြီး သွားနေကြသော်လည်း သာမန် ရဲသားများမှာမူ အထက်က ညွန်ကြားချက်များ အတိုင်း ခရီးထွက် ရာတွင် ခရီးစရိတ်များ ထုတ်ပေးခြင်းမရှိ သဖြင့် မိမိစရိတ်ဖြင့် သွားနေကြရသည်ဟု ရဲသားတဦးကို ကိုးကားပြီး သူက ပြောသည်။

ဆားချက်ရဲစခန်းမှ ချုပ်ကိုင်ထားသော ကျေးရွာအုပ်စုများမှာ ကန်တိုင်းအုပ်စု၊ သာယာကုန်းအုပ်စု၊ မောင်းမကန် အုပ်စု၊ ကလွင်အုပ်စု၊ ကရူးအုပ်စု၊ ရဲကျွန်းအုပ်စုနှင့် တိုက်ကျွန်းအုပ်စုများ ဖြစ်ကြပြီး ရဲတပ်ကြပ်ကြီး မင်းဝေ၏ လုပ်ရပ်ကြောင့် အမူများ ဖြစ်ပေါ်က ရဲစခန်းတွင် မတိုင်ကြားရဲဘဲ ဖြစ်နေကြောင်း သိရသည်။
http://www.narinjara.com/burmese.asp

ကချင်အရေး တရုတ်အစိုးရ ဘာကြောင့် ရေငုံနှုတ်ပိတ်နေ

ဗုဒ္ဓဟူး, 13 ဇူလိုင် 2011

By ဦးကျော်ဇံသာ

~ ပြန်လည်ထုတ်လွှင့် ~

အခုရက်ပိုင်းအတွင်း မြန်မာအစိုးရတပ်တွေက ကချင်လွတ်မြောက်ရေးတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတချို့ က စိုးရိမ်မကင်း ပြောဆိုလာကြပါတယ်။ ဒါပေမဲ့ ဒီပဋိပက္ခနယ်မြေနဲ့ အနီးကပ်ဆုံး တည်ရှိနေတဲ့ တရုတ်နိုင်ငံကတော့ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိတာကို တွေ့ရပါတယ်။ ကိုးကန့်ဒေသကို မြန်မာစစ်တပ် ထိုးစစ်ဆင်တိုက်ခိုက်တုန်းကတော့ အသည်းအသန် ဝင်ရောက်စွက်ဖက် ပြောဆိုဟန့်တားခဲ့တဲ့ တရုတ်အစိုးရဟာ ဒီတကြိမ်မှာ ဘာကြောင့် ရေငုံနှုတ်ပိတ်နေပါသလဲ။ ဒီအခြေအနေအပေါ် တရုတ်နိုင်ငံရောက် မြန်မာ့အရေး လေ့လာစောင့်ကြည့် သုံးသပ်နေသူ ဒေါက်တာဒေါ်လှကျော်ဇောနဲ့ ကချင်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့က ဦးအောင်ဝါတို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ KIO နဲ့ မြန်မာအစိုးရတို့ ဖြစ်နေတဲ့ ပြဿနာဖြစ်ပါတယ်။ ပထမဦးဆုံး ဦးအောင်ဝါ ဒီပြဿနာ ဘယ်တုန်းက စသလဲဆိုတာကို အကျဉ်းချုံးလေး ပြောပြပါ။ အခြေခံအကြောင်းရင်းတွေတော့ အများကြီး ရှိတယ်။ ဘာကြောင့် ဒီလိုလတ်တလော ဖြစ်လာရသလဲ။

ဦးအောင်ဝါ ။ ။ အဓိကတော့ တာပိန် ရေအားလျှပ်စစ် စီမံကိန်းကို နအဖ အစိုးရကနေ အခုလက်ရှိ အစိုးရက change ဖို့၊ သိမ်းပိုက်ဖို့ အခြေအနေက စခြင်းဖြစ်ပါတယ်။ အဓိကတော့ ဒီနေရာဟာ KIAရဲ့  စစ်ရေးအရ အရေးကြီးတဲ့ ဒေသဖြစ်တယ်။ တပ်မဟာ (၃) နဲ့ တပ်မဟာ (၄) (၅) နယ်စပ်နားက ဖြတ်မယ့် နယ်မြေတခုဖြစ်တယ်။ ဒါကြောင့် အခုလက်ရှိ အစိုးရက ဒီနေရာကို ထိန်းချုပ်ဖို့ကိစ္စကနေ ဖြစ်လာခြင်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တဘက်နဲ့တဘက် မကျေမနပ် ဖြစ်နေတာကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စကို KIO က လက်မခံတဲ့ ကိစ္စက အကြောင်းရင်းခံဖြစ်နေတာပေါ့။

ဦးအောင်ဝါ ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီကိစ္စက ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ရှိနေပါသလဲ။ နည်းနည်းလေး ပြောပါ။

ဦးအောင်ဝါ ။ ။ ၂၀၀၉ ကနေ နအဖ စစ်အစိုးရကနေ KIA၊ KIO ကို နယ်ခြားစောင့်တပ်အဖြစ် လက်ခံဖို့ ဖိအားပေးလာတယ်။ အဲဒီအချိန်ကနေ စပြီးမှ KIA ခေါင်းဆောင်တချို့ နဲ့ စစ်တပ်လက်အောက်ငယ် အများအားဖြင့်တော့ ဒီဟာကို လက်မခံဘူး။ ဒါကြောင့် ဒီကနေ တင်းမာလာပြီး တော့ အခုလို စစ်ဖြစ်ပွားလာတဲ့အခြေအနေအထိ ဖြစ်လာခဲ့တယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာ ဒေါ်လှကျော်ဇောကို မေးချင်တာကတော့ တရုတ်နိုင်ငံဟာ အစတုန်းက KNA တို့အပေါ်မှာ သဘောထား တချိန်တုန်းကတော့ တရုတ်တို့ကို KIA က အားကိုးအားထား ပြုခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ၊ သတင်းတွေ သိရှိရပါတယ်။ နောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲရေးကို ဥက္ကဋ္ဌ ဘရန်းဆိုင် လက်ထက်မှာလုပ်ခဲ့တာကိုက တရုတ်ရဲ့  ထောက်ခံမှုကို မရရှိခဲ့လို့ ဖြစ်တယ်လို့ သုံးသပ်ကြသူတွေ ရှိကြပါတယ်။ အခုအခါမှာ ကေအိုင်အိုအပေါ် တရုတ်က ဘယ်လိုသဘောထား ရှိပါသလဲ။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ကတော့ ဗမာပြည်က ဦးသိန်းစိန်တို့ အစိုးရအနေနဲ့ ကျန်လူမျိုးစုအသီးသီးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေလည်လည် ဖြစ်စေချင်တာ သူတို့ အခြေခံစေတနာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အခုနောက်ဆုံး ဦးသိန်းစိန်တို့ လာတဲ့အခါမှာ သမ္မတဟူချင်းတောင်နဲ့ တွေ့တဲ့အခါမှာ ဒီကိစ္စကိုပဲ ထပ်ပြောပါတယ်။ သမ္မတဟူချင်းတောင်က တိုင်းပြည် ပြန်လည်စည်းလုံးညီညွှတ်ရေး၊ တိုင်းပြည်မှာရှိတဲ့ အင်အားစု အားလုံးနဲ့ ပြေပြေလည်လည် ဆက်ဆံရေး၊ ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးတညီတညွှတ်တည်း လုပ်ဆောင်ကြဖို့ ပြောပါတယ်။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်လို့ တရုတ်ပြည်ဘက်က ကေအန်အေ အပေါ်မှာ သူတို့ဆီမှာလည်း ကချင်လူမျိုးတွေရှိပါတယ်။ အဲဒီတော့ သူတို့ လူမျိုးစုအပေါ်မှာထားတဲ့ စေတနာတွေနဲ့ ပတ်သက်လို့၊ သဘောထားတွေနဲ့ ပတ်သက်လို့ တညီတညွှတ်တည်း ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့  နိုင်ငံတကာ သတင်းထောက်တွေက ဝေဖန်ကြတယ်။ ဒီနေ့ပဲ ရိုတ်တာ သတင်းဌာနက မာတင်ပတ်ဒီ ဆိုတဲ့ လူက အခုဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သုံးသပ်သူတွေက ဆိုကြပါတယ်။ မြန်မာအစိုးရကို တရုတ်ဘက်က ဖိအားပေးတယ်။ ဘာကြောင့်လဲ ဆိုတော့ တရုတ်က အဲဒီဒေသမှာ စီးပွားရေးအားဖြင့် ရင်းနှီမြုပ်နှံမှုတွေ လုပ်နေတယ်။ တာတမံ စီမံကိန်းတွေလုပ်နေတယ်။ နောက် သူတို့ရဲ့  ဓာတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သန်းမယ့်နေရာ ဖြစ်တဲ့အတွက် ဒီနေရာမှာ ဆူပူသောင်းကျန်းမှုတွေ မရှိစေချင်ဘူး။ အဲဒါကို ငြိမ်းချမ်းအောင် ရှင်းပေးပါဆိုတဲ့ ဖိအား။ ကေအန်အေ ကို တိုက်ပါလို့တော့ တိုက်ရိုက်မပြောဘူးပေါ့။ အဲဒီလို ဖိအားပေးလို့ တိုက်ရတာဖြစ်တယ်လို့ ရေးထားတာကို တွေ့ရပါတယ်။ ဦးအောင်ဝါ ကို မေးချင်ပါတယ် - အဲဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။

ဦးအောင်ဝါ ။ ။ တရုတ်ဘက်ကနေ သူတို့ရဲ့  investment ကတော့ ဒီမှာ အများကြီးရှိတယ်။ ဒါကြောင့်မို့ ဒီဟာကတော့ ရှင်းဖို့တော့ ဦးတည်လိမ့်မယ်။ ဒါပေမဲ့ ပကတိအခြေအနေ ဖြစ်ပေါ်တာကတော့ အထဲက ကေအန်အေရဲ့  အခြေအနေကတော့ ဒီဟာကို နအဖရဲ့  စစ်ရေးနဲ့ ဖြေရှင်းချက်ကိုတော့ လုံးဝ လက်ခံနိုင်တဲ့ အခြေအနေမျိုး မဟုတ်ဘူး။ ဒါကြောင့်မို့ သူတို့အနေနဲ့တော့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခြေအနေမျိုး ဖြစ်တယ်။ တရုတ်ကတော့ ဒီဟာကို သူ့ရဲ့  အကျိုးစီးပွားတော့ အများကြီးပေါ့။ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စရှိတယ်။ ရေကာတာကိစ္စရှိတယ်။ ကျောက်မျက်ရတနာ လုပ်ငန်းတွေရှိတယ်။ Logging တွေ အများကြီးရှိတယ်။ ဒါကြောင့် ဒီဟာကို သူတို့အနေနဲ့တော့ အေးအေးဆေးဆေးနဲ့ပဲ သွားချင်တဲ့ကိစ္စမျိုး ရှိတယ်။ ဒါကြောင့်မို့ အပြတ်ရှင်းဖို့ အခြေအနေတခုအထိတော့ သူတို့လိုလားပုံ ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တရုတ်ရဲ့  စေတနာမှန်ကတော့ အခုန ဒေါက်တာဒေါ်လှကျော်ဇော ပြောသလို ငြိမ်းချမ်းစွာ ဖြစ်စေချင်တာကတော့ အမှန်ပဲပေါ့။

ဒေါ်လှကျော်ဇော ။ ။ ဟုတ်ကဲ့။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အဲဒီလို မဖြစ်နိုင်တဲ့အခါမှာ သူတို့အကျိုးစီးပွား၊ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်ရမယ့်သဘောလား။

ဒေါ်လှကျော်ဇော ။ ။ ကျမတော့ ဒီလို မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်ပြည်က သိပြီးသား။ လက်နက်ကိုင် ဖြေရှင်းလို့ကတော့ ပြီးမှာမဟုတ်ဘူးဆိုတာကို သိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ KIO အဖွဲ့မှာလည်း သူ့မှာ သူ့အင်အား၊ သူ့လူမျိုး၊ သူ့ဒေသ၊ သူ့ဟာသူ တောင့်တောင့်တင်းတင်း ရှိပြီးသား။ အဲဒီတော့ တောင်ထိပ်လေး တစ်ခု၊ နှစ်ခု သိမ်းတာနဲ့ ပြီးတာမှမဟုတ်ဘဲ။

ဘာဖြစ်လို့လဲဆိုတော့ အခြေခံလူတွေက ပြောက်ကျားစစ်နဲ့ ပြန်ခုခံမယ်ဆိုရင် ဒုက္ခရောက်မယ်။ တရုတ်က ဖြစ်စေချင်တာကတော့ ကချင်ပြည်သူလူထုနဲ့ အစိုးရအကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း၊ ပြေပြေလည်လည် ဖြစ်စေချင်တာပဲ။ အဲဒီလို ပြေလည်အောင်လို့ ပြောတာဟာ သွယ်ဝိုက်တဲ့နည်းနဲ့ လူမျိုးစုတွေ တောင်းနေတဲ့ အခွင့်အရေးတွေကို တောင်းပါလို့ ပြောတဲ့သဘောပါ။

ဘယ်လူမျိုးစုမဆို လူမျိုးကြီး တမျိုးနဲ့ ပေါင်းသင်းပြီးနေရာတာဟာ သူတဦးတည်းနေရာတာထက် အခွင့်အရေးရှိတယ်။ နေရထိုင်ရတာ ချောင်လည်တယ်လို့ ထင်မှတ်မှ သူက လူမျိုးကြီးနဲ့ ပေါင်းနေမှာ ဖြစ်တယ်။ သူ့အခွင့်အရေးတွေ၊ ကိုယ်ပိုင်အခွင့်အရေးတွေ နစ်နာနေတယ်လို့ တွက်နေသရွေ့ ဘယ်တော့မှ တည်ငြိမ်မှာ မဟုတ်ဘူး။ ဒါကို တရုတ်ကလည်း သူ့အတွေ့အကြုံနဲ့သူ သိတယ်။ ဒါကြောင့်မို့ ဒီဟာကို လူမျိုးစုတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပေးပြီးတော့ လူမျိုးစုတွေနဲ့ သင့်တင့် လျောက်ပတ်အောင် နေပါလို့ ပြောတဲ့သဘောပဲ။

ဥပမာအားဖြင့် တရုတ်က ဒီလိုပဲ ပြောတယ်ပဲ ထားပါအုံး။ အပြတ်ရှင်းလိုက်လို့ ပြောတယ်ပဲ ထားပါအုံး။ အခု ဦးသိန်းစိန်တို့ လုပ်နေတာကို ကြည့်၊ ကေအန်ယူ ဘက်ကိုလည်း ထိုးတာပဲ။ ကျန်တဲ့ ရှမ်းတွေ ဘက်ကိုလည်း ထိုးတာပဲ။ သူရဲ့ အစက ရည်ရွယ်ချက်ကိုက လူမျိုးစုတွေရဲ့  လက်နက်ကိုင် အင်အားစုတွေကို အပြတ်ရှင်းဖို့သာဖြစ်တယ်။ တရုတ်ကို ဆွဲထည့်တာ ဘာမှမဟုတ်ဘူး။ သူတို့ကိုက အဲဒီလို မြင်စေချင်တာ။ ပြည်သူလူထုစိတ်ထဲမှာ တရုတ်ဆန့်ကျင်ရေးတွေ မြင်စေချင်တယ်။ တရုတ်က ပြောလို့ ငါတို့ လုပ်ရပါတယ်ဆိုတာမျိုးတွေ မြင်စေချင်တယ်။ အဲဒီအတွက် ဒီဟာကိုလုပ်တာ။ တရုတ်ပြည်သွားပြီးမှ တရုတ်ပြည်က ပြန်လာမှ ဒီဟာကိုလုပ်တာ။

ဦးကျော်ဇံသာ ။ ။ ကျနော် တခုစိတ်ဝင်စားတာက ဘာဖြစ်လို့ ကေအန်အေနဲ့ တိုက်နေတဲ့ကိစ္စကို တရုတ်က အခုအထိ ဝင်မပြောသေးတာလဲ။ ကိုးကန့်ကိစ္စတုန်းကဆိုရင် တရုတ်က ချက်ချင်းပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြတ်အသတ်ပြောလိုက်တယ်ဆိုတော့ ဒီကိစ္စကို အစိုးရက ရပ်ဆိုင်းခဲ့ရတယ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ရတယ်။ ဒီကိစ္စမှာ ဘာဖြစ်လို့ မဝင်သေးတာလဲ ဆိုတာက မေးစရာဖြစ်ပါတယ်။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ပြည်က ဒီလိုလေ- ကိုးကန့်ကို လုပ်တုန်းက သူတို့က ရက်ရက်စက်စက် ဝေါကနဲ လုပ်ပစ်လိုက်တာ။ အကုန်လုံး သူတို့ထဲကို တဝေါဝေါနဲ့ ဝင်လာတာ။ သူတို့ကိုက ဘာမှ မသိလိုက်ဘူး။ KIA နဲ့ ဖြစ်တဲ့ကိစ္စက ပြည်တွင်းမှာဖြစ်နေတာ တော်တော်ကြာနေပြီ။

တရုတ်က ခင်ဗျားတို့ပြောသလို ဝေါကနဲ ဝေါကနဲ မပြောသလို သူ့မှာ တခြားဆက်ဆံတဲ့နည်းတွေ အများကြီးရှိတယ်။ အောက်ခြေနဲ့ ဆက်ဆံတာ။ ပြည်နယ်အဆင့် ဆက်ဆံတာ။ တိုင်းအဆင့် ဆက်ဆံတာ။ မြို့ နယ်အဆင့် ဆက်ဆံတာ။ အဲဒီဟာတွေနဲ့ channel တွေနဲ့ အဲဒီလိုင်းတွေနဲ့ အသီးသီး ပြောနေတာပဲ။ အဲဒီတော့ တရုတ်က ထူးခြားချက်က တခြားနိုင်ငံတွေလို ဘယ်လိုခေါ်မလဲ - အရမ်းကာရော သူများကို ပိုစိုးပက်စက် မပြောဘူးလေ။ တန်းတူညီမျှ အပြန်အလှန် အကြံပေးတဲ့ သဘော၊ ကိုးကားဖို့ ပြောတဲ့သဘော - အဲဒီလောက်ပဲ ပြောတာ။ ဒါပြည်တွင်းရေးပဲဖြစ်တာ။ အရမ်းကာရော မပြောဘူး။ ကိုးကန့်တုန်းကတော့ သူလူတွေပါ အသတ်ခံရတာတွေပါတယ်။ ကိုးကန့် လူမျိုးကျတော့ တရုတ်လူမျိုးတွေဖြစ်တယ်။ တရုတ်အများအပြား အသတ်ခံရတယ်။ ကချင်ကျတော့ ကချင်တိုင်းရင်းသားဆိုတာ ဗမာပြည်တိုင်းရင်းသားပဲဖြစ်တယ်။ ဒါကြောင့် ကိုးကန့်လောက်တော့ အရမ်းကာရော ဝင်မပြောဘူးပေါ့။

ဦးကျော်ဇံသာ ။ ။ ဦးအောင်ဝါ အနေနဲ့ ဘယ်လိုသဘောရပါသလဲ။ တရုတ်ရဲ့  ဒေါက်တာဒေါ်လှကျော်ဇော ပြောတဲ့ စေတနာမျိုး၊ သဘောထား အစစ်အမှန်ကို ကချင်ပြည်သူတွေ သဘောပေါက်ပါသလား။ အဲဒီအတိုင်း နားလည်ကြပါသလား။ ကချင်ပြည်သူတွေက တရုတ်ရဲ့  ရပ်တည်ချက်ကို ဘယ်လို နားလည်ကြပါသလဲ။

ဦးအောင်ဝါ ။ ။ အဓိကတော့ တရုတ်ပြည်အပေါ်မှာတော့ ကျနော်တို့ ကချင်လူထုကတော့ တမျိုးတော့ မြင်နေတာပေါ့။ စီးပွားရေးအရ နယ်ချဲ့ တဲ့ ပုံစံမျိုးတော့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကချင်ပြည် မြို့ ကြီးရော၊ ဒီဘက်မှာရော တရုတ်ပြည်က စီးပွားရေးအရ တရုတ်ပြည်က control လုပ်နေတယ်။ မြို့ ကြီးမှာဆို အိမ်ယာမြေတွေက အဓိက အချက်အခြာကျတဲ့ နေရာတွေက တရုတ်ပြည်ရဲ့  လက်ထဲမှာ ဖြစ်သွားတယ်။ ကုန်သွယ်ရေးကအစ ကျောက်မျက်ရတနာအစ အကုန်လုံး သူ့ရဲ့  လက်ထဲမှာဖြစ်သွားတော့ ကချင်လူထုကတော့ အတော်လေး စိတ်မချမ်းမသာ ဖြစ်နေတယ်။ ဒါကြောင့်မို့ တရုတ်ပြည်ရဲ့ အပေါ်မှာ အမြင်ကတော့ ကျနော်တို့ ပြည်သူလူထုအနေနဲ့ သိပ်တော့ အမြင်ကတော့ ဟိုတုန်းကလို လိုက်လိုက်လျောလျောရှိတဲ့ ပုံစံမျိုးတော့ မရှိတာကို တွေ့နေရတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ကျနော်တခုသိချင်တာက ကေအိုင်အို အနေနဲ့က တရုတ်ရဲ့  ကျောထောက် နောက်ခံ မရခဲ့ရင်၊ မရဘူးဆိုရင် မြန်မာအစိုးရကို စိမ်ခေါ်နိုင်မယ်။ ခုခံရပ်တည်နိုင်ပါမလား။ အဲဒီလောက် အင်အားရှိပါသလား။

ဦးအောင်ဝါ ။ ။ ကေအန်အေ ကတော့ တရုတ်နဲ့ ဆက်ဆံတာတော့ အရင်ကတည်းကရှိတယ်။ ဥက္ကဋ္ဌကြီး ဘရန်းဆိုင် လက်ထဲကနေ အဓိကဆက်ဆံတဲ့ နောက်ပိုင်းမှာ KIA ကလည်း အင်အားကြီးထွားလာတယ်။ စစ်လက်နက်တွေ ရရှိတဲ့အပိုင်းကနေ၊ ဆေးဝါးကအစ တရုတ်ပြည်ကို အဓိက မှီခိုနေရတော့ တရုတ်နဲ့တော့ ကင်းကင်းရှင်းရှင်း နေလို့ရတဲ့ဟာမျိုးတော့ မမြင်ပါဘူး။ နောင်ကိုလည်း ကျနော်ကတော့ မမြင်ပါဘူး။ အခုကလည်း ကျနော်ပြောလိုတာက အခုတုန်းက တရုတ်တွေအပေါ် အမြင်မရှင်းဆိုတာက စီးပွားရေးအရ တရုတ်တွေရဲ့  control လုပ်မှုအပေါ်မှာပဲ ဖြစ်ပါတယ်။ တရုတ်တွေနဲ့ ကျနော်တို့ ကချင်တွေက ဟိုတုန်းကတည်းက ဆက်ဆံလာတာ၊ တရုတ်ပြည်မှာလည်း ကချင်တွေ အများကြီးရှိတယ်။ ဆက်ဆံရေးကတော့ ဟိုတုန်းကတည်းက ရှိပါတယ်။ ဒါပေမဲ့ အခုမြင်တဲ့သဘောမျိုးက စီးပွားရေးအရ တရုတ်တွေရဲ့  လွှမ်းမိုးမှုကို ပြောနေတာပါ။

ဦးကျော်ဇံသာ ။ ။ အခုက တရုတ်က သူတို့စီးပွားရေး လုပ်ချင်လို့ ဒီနေရာမှာ KIAကို အပြတ်ရှင်းခိုင်းတယ်လို့ ဆိုရင် အခုလည်းပဲ ကေအိုင်အို ကို တရုတ်က ပံ့ပိုးပေးထားတာ။ အခုနပြောသလို စားနပ်ရိက္ခာကအစ ဆေးဝါးလက်နက်စသဖြင့် နယ်မြေအများကြီး စသဖြင့် အများကြီး ပေးထားတာ။ အဲဒါတွေကို ဖြတ်တောက်ပေးလိုက်စရာ အကြောင်းရှိပါသလား။ တရုတ်ကသာ ကေအိုင်အို ကို ပျက်သုဉ်းစေချင်ပြီ။ စစ်အစိုးရက လုံးဝလွှမ်းမိုးစေချင်တယ်ဆိုရင် အဲဒီလို ဖြတ်တောက်လိုက်ရင် မြန်မြန်ဖြစ်သွားမှာပေါ့။ ဖြတ်တောက်မယ့် အလားအလာကို မြင်ရပါသလား။

ဦးအောင်ဝါ ။ ။ ကျနော်ကတော့ မမြင်ပါဘူး။ ဒီလို ဖြတ်တောက်ဖို့။ ဘာဖြစ်လို့လဲဆိုရင် တရုတ်နဲ့ KIA ကလည်း အစဉ်အဆက် တဦးနဲ့တဦး စီးပွားတွေ ရှိနေတယ်။ ဒီလို ဆက်ဆံရေးတွေ ရှိနေတယ်ဆိုတော့ ဒီဟာကို direct ကြီး ဖြတ်တောက်ဖို့တော့ မမြင်ဘူး။ ဒါပေမဲ့ တခု ရှိတာကတော့ ၈၈ မတိုင်ခင်။ ဟိုကတည်းက ဆက်ဆံတဲ့ဟာမျိုးနဲ့ အခုဆက်ဆံတာမျိုးတော့ နည်းနည်းတော့ ကွာဝေးနေတာမျိုး တွေ့ရတယ်။ ဥပမာ ဟိုတုန်းကဆိုရင် လက်နက်တွေကို တဆင့်ပြီးတဆင့် ရရှိတယ့်အခြေအနေမျိုး ဖြစ်တယ်။ အခုတော့ ခက်ခက်ခဲခဲနဲ့ ဖြစ်တယ်။ ဒါကြောင့်မို့ ဟိုတုန်းကလို ဆက်ဆံရေးကတော့ ကောင်းလှတယ်လို့ မမြင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒေါ်လှကျော်ဇော ခင်ဗျား - နောက်တခုက တရုတ်ပြည်က ဖြစ်စေချင်တဲ့ဆန္ဒအတိုင်း တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ အထူးသဖြင့် အခုလောလောဆယ်မှာ ကချင်နဲ့ဖြစ်နေတဲ့ ကိစ္စဟာ ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်လာမယ့် အလားအလာ မြင်ပါသလား။ တရုတ်ကရော ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် နှစ်ဦးနှစ်ဘက် ခေါ်ယူပြီး စေ့စပ်ဖြန့်ဖြေပေးမယ့် သဘောထားမျိုး ရှိတယ်ထင်ပါသလား။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ကတော့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ကို ကြိုးစားမှာပဲ။ ဒါပေမဲ့ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကတော့ တဘက်တည်းကိစ္စ မဟုတ်ဘူးလေ။ ဦးသိန်းစိန် အစိုးရက အခြေခံစေတနာ ဘယ်လိုရှိသလဲပေါ်မှာ မူတည်တယ်။ ကျမ ကချင်ပြည်သူလူထုကို အဲဒီစကားပဲ ပြောချင်တယ်။ အစိုးရတရပ်ဟာ သူ့လူမျိုးစုတရပ်ပေါ်မှာ တန်းတူညီတူ မဆက်ဆံဘူးဆိုရင် တခြားလူမျိုးစုတွေကိုပါ အကုန်လုံးက စည်းလုံး ညီညွတ်ပြီမှ အဲဒီလို အခွင့်အရေး တန်းတူမရတဲ့ လူအချင်းချင်း စည်းလုံး ညီညွတ်ပြီ ဆိုမှ ဒီအစိုးရကသာ အဓိက တရားခံဖြစ်တယ်ဆိုတာကို မြင်ဖို့ လိုပါတယ်။ ကျမတို့ ပစ္စည်းတွေ ရောင်းစားတာပဲဖြစ်ဖြစ်၊ မရောင်းစားတာပဲဖြစ်ဖြစ် အဲဒါဟာတွေ အားလုံးဟာ ကိုယ့်ကို အုပ်ချုပ်နေတဲ့ အစိုးရ ဘယ်သူကို ကိုယ်စားပြုသလဲဆိုတဲ့ အချက်ပေါ်မှာပဲ မူတည်ပါတယ်။ အဲဒါကို ကျမတို့ ရှင်းရှင်းလင်းလင်း မြင်ဖို့လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်လှကျော်ဇော က ကချင်ပြည်သူလူထုကို ပြောချင်တဲ့စကားဆိုတော့ ကချင်လူထုဘက်ကရော တရုတ်ပြည်ဘက်ကို နောက်ဆုံးအနေနဲ့ ဘာတွေများ ပြောချင်ပါသလဲ။

ဦးအောင်ဝါ ။ ။ အဓိကတော့ တရုတ်အစိုးရပဲဖြစ်ဖြစ်၊ တရုတ်ကုမ္မဏီတွေပဲဖြစ်ဖြစ် ကချင်ပြည်သူလူထု၊ ဗမာပြည်လူထုအတွက် အကျိုးရှိမယ့် လုပ်ငန်းတွေကိုပဲ လုပ်စေချင်တယ်။ အတူတကွ အကျိုးရှိမယ်။ ရေရှည်အကျိုးရှိမယ့် လုပ်ငန်းတွေကို လုပ်သွားစေချင်တယ်။ အခုက ရေတို လုပ်ငန်းတွေအတွက်ပဲ တရုတ်ကုမ္မဏီတွေ၊ တရုတ်အစိုးရတွေက ကြည့်နေတဲ့ သဘောဖြစ်တယ်။ ဥပမာပြောရရင် သစ်လုပ်ငန်းတွေ အကုန်လုံး - သစ်တွေက ကုန်သလောက်ဖြစ်နေပြီ။ နောက်တခုက ကျောက်စိမ်းတွေ။ မိုင်းတွင်းကျောက်တွေကြောင့် သဘာဝ ပတ်ဝန်းကျင်တွေလည်း အတော်လေး ပျက်စီးပြီ။ တရုတ် အစိုးရက ပြည်သူတွေအတွက်၊ ရေရှည်အကျိုးအတွက် လုပ်သွားမယ့်အစိုးရမျိုး ဖြစ်စေချင်ပါတယ်။
http://www.voanews.com/burmese/news/burma/

“ကျနော်တို့ ထိပ်တိုက် ရင်ဆိုင်မှုမျိုး ဘယ်တော့မှ မလုပ်ဘူး”


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
13_july_TMN.doc13_july_TMN.doc
20K   View   Download  
13_july_TMN.pdf13_july_TMN.pdf
20K   View   Download  


တူမောင်ညို
(၂၀၁၁ ဇူလိုင်လ ၁၃ ရက် )

NLD ပြဿနာ

ဒီပြဿနာကို နှစ်ပေါင်း ၂၀ ကျော် အုပ်စိုးခဲ့တဲ့ (နဝတ-နအဖ) စစ်အစိုးရလည်း ပြီးပြတ်အောင်၊ ပြေလည်အောင် ဖြေရှင်း နိုင်စွမ်းမရှိခဲ့ဘူး။
(နဝတ-နအဖ)စစ်အစိုးရ ရဲ့ အာဏာအမွေစားအမွေခံဖြစ်တဲ့ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရလည်း ဒီပြဿနာကို ဆက် လက် ရင်ဆိုင်နေရတယ်။
NLD ကို နှစ်ပေါင်း ၂၀ လုံးလုံး ထန်းလျက်ခဲ ခွေးလျက်သလို လုံးပါး ပါးသွားအောင် (နဝတ-နအဖ) စစ်အစိုးရက ပုံစံ မျိုးစုံနဲ့ချေမှုန်းရေးလုပ်ခဲ့တယ်။ အင်အားတော့အတော်ကြီးနည်းသွားပါတယ်။ ဒါပေမယ့် NLD ပြုတ်မသွားဘူး။ မြုပ်မသွားဘူး။ လှိုင်းကြား၊ လေကြား၊ မုန်တိုင်းကြားမှာ “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဆိုသလို NLD ဟာ တည်ရှိမြဲ တည်ရှိနေတယ်။
NLD အခုလို တည်ရှိနေတာ၊ ရပ်တည်နေတာ၊ လှုပ်ရှားဆောင်ရွက်နေတာတွေ က သမ္မတ ဦးသိန်းစိန်အစိုးရအဖို့ မခံချိ မခံသာဖြစ်နေရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေတို့၊ တည်ဆဲဥပဒေတို့ ဆိုတာတွေကို ပျက်ရယ်ပြုနေသလို၊ စိန်ခေါ်နေသလို လည်း ဖြစ်နေပါတယ်။
(နဝတ-နအဖ) စစ်အစိုးရက့ NLD ကို ပုံစံမျိုးစုံနဲ့ ချေမှုန်းခဲ့ရာမှာ အဓိကကျတဲ့ခေါင်းဆောင်တွေ (ဦးဝင်းတင်၊ ဒေါ်အောင် ဆန်းစုကြည်၊ဦးတင်ဦး) ဖမ်းဆီးထောင်ချတယ်၊ အိမ်ချုပ်ချတယ်၊ ပါတီဆိုင်းဘုတ်တွေအတင်းအဓမ္မဖြုတ်ချပြီးပါတီရုံးတွေပိတ်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိအားပေးအကြပ်ကိုင်နှုတ်ထွက်စေတယ်၊ ဖဲ့ထုတ်ဖြိုခွဲတစင်ထောင်စေတယ်၊ ပါတီဝင်တွေကို ဖမ်း ဆီးထောင်ချတယ်။ ပြည်ပမောင်းပို့တယ်။ ဒီပဲယင်းမှာအကြမ်းဖက်သတ်ဖြတ်ခဲ့တယ်။
“သွေးနုသားနု”သမ္မတဦးသိန်းစိန်အစိုးရအတွက်တော့(နဝတ-နအဖ)စစ်အစိုးရလုပ်ခဲ့သလိုကြမ်းလို့ရမ်းလို့မဖြစ်သေးဘူး။ တစ်ချိန်က ဝါးရင်းဒုတ်နဲ့ချိန်းကြိုးကိုင်ပြီး မိုက်ခဲ့၊ ကြမ်းခဲ့၊ ရမ်းကားခဲ့တဲ့ လူမိုက်ဟာ အခုအခါမှာ “ခေါင်းပေါင်းနဲ့ချိတ်လုံချည်” ဝတ် ထားရတယ်။ “လွှတ်တော်” တက်နေရတယ်။
ဒီတော့ သမ္မတဦးသိန်းစိန်အစိုးရရဲ့ ပွဲဦးထွက်ကိုင်တွယ်မှုအဖြစ် “ပြည်ထဲရေးဝန်ကြီး” ကနေ NLD ကိုစာပို့ပြီး “ခြောက်” ကြည့်တယ်။ NLD က မကြောက်ဘူး။ “ပြည်ထဲရေးဝန်ကြီး” ရေးလိုက်တဲ့ စာပါကိစ္စကို “ဆွေးနွေးကြရအောင်” လို့ တုန့်ပြန်လိုက်ပါ တယ်။
“တွေ့ဆုံဆွေးနွေးရေး” လို့ ဆိုလိုက်ရင် (နဝတ-နအဖ)စစ်အစိုးရ ရင်မဆိုင်ဝံ့ခဲ့သလိုပဲ။ သမ္မတဦးသိန်းစိန်အစိုးရလည်း မျက်နှာချင်းဆိုင်ဝံ့ပုံမပေါ်ပါဘူး။ ဘာမှအကြောင်းပြန်မလာတော့ဘူး။
ဒါပေမယ့်သတင်းစာဆောင်းပါးတစ်ခုမှာတော့ “ဗညားအောင်” ဆိုသူက “အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ရှေ့ရှုသည့် အနေဖြင့် ဥပဒေအရရပ်တည်ခွင့်မရှိတော့သည့် နိုင်ငံရေးပါတီ ဟောင်းတစ်ခု၏ အရေးကိစ္စကိုပင် သိမ်မွေ့စွာကိုင်တွယ် ပြီး” လို့ အရှက်ပြေရေးထားပြီး၊ အခြားတစ်ဖက်ကနေလည်း အခုလို ချွန်တွန်းရေးသားထားတာကိုဖတ်ရပါတယ် “မကြာမီ ရက်များ အတွင်း အများပြည်သူများအသုံးပြုနေသည့် ကားလမ်း၊ ရထားလမ်းများတွင် မိုင်းခွဲတိုက်ခိုက်မှုများ၊ မြို့ရွာ များ အတွင်း ဗုံးဖောက် ခွဲမှုများပြုလုပ်ခဲ့သကဲ့သို့ မြေပေါ်နိုင်ငံရေးဆူပူမှုများ ဖြစ်ပေါ်စေရန်အတွက် ကွန်ယက်များကို အသုံးပြုပြီး လှုံ့ဆော်ရန်ကြိုးစားမှုများ ပေါ်ပေါက်နေသည်ကိုလည်း တွေ့ရမည်ဖြစ်ပါသည်”

ကြောက်ကြိုနဲ့ချစ်ကြို

လူထုက သူတို့လေးစားချစ်ခင်တဲ့၊ သူတို့ရင်ထဲအသည်းထဲက သတ်မှတ်ရွေးချယ်ထားတဲ့ ခေါင်းဆောင်ဆိုတော့ ရောက် လေရာရာမှာ သည်းလှိုက်အူလှိုက် သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြတာပါ။ ကြိတ်မှိတ်ရင်စည်းခံစားနေရတာတွေကို ရင်ဖွင့် ချင်ကြတာပါ။ ဒါကို သူတို့ မနာလိုမရှုဆိတ်ပါဘူး။
သူတို့ကိုလူထုကကြိုဆိုရတယ်ဆိုတာ ရင်ထဲကမရှိပေမယ့်ဟန်လုပ်ပြုံးပြီးကြောက်လို့ကြိုဆိုရတာမျိုးပါ။ “ကြောက်ကြို”။
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတာက ချစ်ခင်လေးစားမှုအရင်းခံပေါ်ကနေ လှိုက်လှဲတဲ့ အပြုံးနဲ့ကြိုဆိုကြတာဖြစ်ပါ တယ်။ “ချစ်ကြို”။
ချစ်တာတစ်ခုထဲနဲ့လည်းမဖြစ်သေးပါဘူး။
လူထုရဲ့လှိုက်လှဲတဲ့ ချစ်ခင်မှုကို လေးနက်တဲ့စွမ်းပကားဖြစ်လာအောင်ပြောင်းလဲပေးရမှာမဟုတ်ပါလား။

“အညာပုဂံဘုရားဖူး” ခရီးစဉ်နဲ့ပတ်သက်ပြီး အနှောင့်အယှက်မရှိခဲ့တာကို ချီးကျူးသံကြားရပါတယ်။ ချီးကျူး မစောသင့် ပါဘူး။ ဘုရားဖူးခရီးစဉ်၊ မိသားစုခရီးစဉ်မို့ သူတို့ လက်ရှောင်လိုက်တာပါ။ အာဇာနည်နေ့နောက်ပိုင်း လူထုနဲ့တွေ့ဆုံမယ့် ခရီးစဉ်တွေ ဆိုရင် သူတို့ဘယ်လိုပြုမူမလဲ ဆိုတဲ့အချက်က ပိုအရေးကြီးပါတယ်။
သူတို့ဘက်က ယန္တယားအပြည့်အစုံနဲ့ဆိုတော့ အဖက်ဖက်က လက်ဦးရှိနေတာပါ။ ကြိုတင်ပြင်ဆင်နိုင်တာ၊ အကွက်ချ တာ၊ ဂွင်သွင်းတာ၊ သတင်းမှောင်ချတာ စသဖြင့်မျိုးစုံလုပ်နိုင်ပါတယ်။ ဒီတော့ NLD ဘက် ဒီခရီးစဉ်တွေကို ကိုယ့်ဘက်က အတတ် နိုင်ဆုံး ပြင်ဆင်ထားဖို့၊ သတိရှိကြလိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သူတို့ဆင်ထားတဲ့ ထောင်ချောက်ထဲ ဝင်သွားပါလိမ့်မယ်။

ကျနော်တို့ ထိပ်တိုက် ရင်ဆိုင်မှုမျိုး ဘယ်တော့မှ မလုပ်ဘူး

NLD က ဦးဉာဏ်ဝင်း ပြောတာပါ။
NLD ဘက်က လူထုနဲ့ထိတွေ့ဖို့မကြိုးစားသေးဘူး၊မလုပ်ဆောင်သေးဘူးဆိုရင်တော့သမ္မတဦးသိန်းစိန်အစိုးရနဲ့ ထိပ်တိုက် တွေ့ရေးကို တစုံတရာအချိန်ဆွဲထားနိုင်ဦးမှာပါ။
ဒါပေမယ့် NLD ဘက်က လူထုနဲ့ထိတွေဖို့ကြိုးစားလာတာနဲ့အမျှ လူထုလိုအပ်ချက်တွေကို ထိထိရောက်ရောက် လုပ် ဆောင်လာတာနဲ့အမျှ သမ္မတဦးသိန်းစိန်အစိုးရနဲ့ NLD တို့ တကွေ့မဟုတ်တကွေ့မှာအနှေးနဲ့အမြန်ဆိုသလို ထိပ်တိုက်ရင်ဆိုင်တိုး ကြရတော့မှာဖြစ်ပါတယ်။

ပီဒါဆင် ရေးတဲ့ ကရင့်အရေးစာအုပ် အမှားတပုံတပင်






မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ကရင်လူမျိုးတို့၏ တော်လှန်ရေးအကြောင်း စာအုပ်များ အရေအတွက်ကား ပို၍ များပြား လာနေသည်။ သို့သော် မိုက် တာ့ကာ Mike Tucker ရေးသားသည့် 'ကင်းလှည့်ခရီးရှည်' The Long Patrol ဟူသည့် စာအုပ်ပြီးလျှင် ဒယ်နီရယ် ပီဒါဆင် Daniel Pederson ရေးသားသည့် ယခုစာအုပ် 'တိတ်တဆိတ်ဖြင့် အစုအပြုံလိုက် သတ်ဖြတ်နေမှု' Secret Genocide က အဆိုးရွားဆုံး ဖြစ်လိမ့်မည်။

ဤစာအုပ်တွင် အမှားအယွင်းများ ပြည့်နှက်နေသည်။ စာအုပ်မစခင် ကတည်းက ယဉ်သလို ဆိုသလို၊ အမှားများနှင့် စလာခဲ့သည်။ စာအုပ်နောက်ကျောဖုံးတွင် ကရင်များက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသည်ဟု
 ဖော်ပြထားသည်။ အမှန်မှာ ၁၉၇၆ ခုနှစ်ကတည်းက ယခင် လွတ်လပ်ရေးတောင်းဆိုသည့် မူဝါဒကို စွန့်လွှတ်ခဲ့ပြီး၊
 မြန်မာနိုင်ငံ၏ တစိတ်တပိုင်း၊ ဖက်ဒရယ်ပြည်နယ်အဖြစ် နေထိုင်ရန် တောင်းဆိုသည့် မူဝါဒသို့ ပြောင်းလဲ ချမှတ်ခဲ့ပြီး ဖြစ်သည်။

စာအုပ်၏ ပထမဦးဆုံးစာကြောင်းကလည်း အဓိပ္ပာယ်ကောက် secret-genocide-bookလွဲစရာ
 ဖြစ်နေပြန်သည်။ ၁၉၄၉ ခုနှစ်တွင် ကရင်များက ကမ္ဘာသို့ သူတို့ဘာသာ
သူတို့ ကာကွယ်ခုခံကြမည်၊ သူတို့၏ ယဉ်ကျေးမှု ဝိသေသလက္ခဏာကို ကာကွယ်ကြမည်ဟု ကြေညာခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော်
ကရင်များက သူတို့ယဉ်ကျေးမှုနှင့် ဝိသေသလက္ခဏာကို ဆယ်စုနှစ်များစွာကတည်းက ထိန်းသိမ်းခဲ့ကြသူများ ဖြစ်သည်။ ဤရည်ရွယ်ချက်ဖြင့်ပင် သူတို့လူမျိုး၏ ပင်မအဖွဲ့အစည်းကို ၁၈၈၁ ခုနှစ်ကပင် တည်ထောင်ခဲ့ကြသည်။ ၁၉၄၉ ခုနှစ်တွင် လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သော်လည်း၊ သူတို့၏ လှုပ်ရှားမှု ယခုမှ စတင်ခဲ့ခြင်း မဟုတ်ပါ။

မှားယွင်းမှုများနှင့် ယခုလို မရေမရာ တင်ပြသည့် သတင်းအချက်အလက်
များက စာဖတ်သူများအဖို့ အကောက်အယူ လွဲစေနိုင်ပါသည်။ ထို့နောက် စာအုပ်၏ ကျန်စာမျက်နှာအချို့ကိုလည်း ဆက်လက်ဖော်ပြလိုသည်။
 ပြောရလျှင်တော့ အမှားအယွင်း အကျအပေါက်များက စာရင်းထိုးရန် များစွာ ရှိနေပါသည်။ အလွယ်တကူ ရှောင်လွှဲနိုင်သည့် အမှားမျိုးပင် ပါဝင်နေသည်။
ဥပမာအားဖြင့် - လူနာမည်များ မှားနေခြင်း၊ အဖွဲ့အစည်းအမည်များ မှားနေခြင်းနှင့် လူသိများသည့် အထွေထွေသမိုင်း အဖြစ်အပျက်များ မှားနေခြင်းမျိုး ဖြစ်သည်။

အခြားဥပမာတခု အနေဖြင့် ပီဒါဆင် Pederson က ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒို မန်းရှာ၏ ဇနီးကို ကိုးကား၍ သူ၏ လုပ်ကြံခံရပုံကို ဖော်ပြခဲ့သည်။ အမှန်တွင် ပဒိုမန်းရှာ လုပ်ကြံမခံရမီကပင် သူ့ဇနီးက နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ (ပဒိုဟု ရေးသားရာ၌လည်း Padoh ဟု H ပါထည့်၍ အင်္ဂလိပ်လို စာလုံးပေါင်းလေ့ရှိသည်။ စာအုပ်တွင် ဖော်ပြထားသလို Pado ဟု မရေးသားကြပါ။)

လူအများကို တွေ့ဆုံမေးမြန်း၍ ကရင်တို့ကို သူတို့၏ ကိုယ်ပိုင်သမိုင်းကြောင်းအကြောင်း ကိုယ်တိုင်ပြောပြစေသည့် အိုင်ဒီယာကတော့ ကောင်းပါသည်။ သို့သော်လည်း တွေ့ဆုံမေးမြန်းမှု အများစုမှာ နိုင်ငံခြားသားများ ဖြစ်နေပြီး၊ ၎င်းတို့က ကရင်များကို မည်သည့်အတွက်ကြောင့် ကူညီပေးနေရခြင်းအကြောင်း ဖြစ်နေသည်။ ကရင်များ ကိုယ်တိုင်က ပြောဆိုကြခြင်း မဟုတ်ပါ။ ထို့အပြင် ကရင်များကို ကူညီနေကြသူများ၏ နောက်ခံရည်ရွယ်ချက်နှင့် သူတို့နောက်ခံကိုလည်း မေးခွန်းထုတ် မဖော်ပြခဲ့ပါ။

တွေ့ဆုံမေးမြန်း၍ ဖြေဆိုသူများကိုလည်း သူတို့ပြောသည့်အတိုင်းသာ တင်ပြထားသည်။ ချင့်ချိန်မှု အဖြစ်
 သော်လည်းကောင်း၊ အချက်အလက်အရသော်လည်းကောင်း ပြန်လှန်မေးမြန်းသည့် မေးခွန်းများလည်း မမေးခဲ့ပါ။ သူတို့၏ မှတ်ချက်များ၊ အမြင်များကို အချက်အလက်အဖြစ် တင်ပြခဲ့သည်။ အနည်းငယ် ပြန်လည် စစ်ဆေး ကြည့်ရုံမျှဖြင့်ပင် အချို့ ထူးဆန်းသည့် အမှားအယွင်းများ၊ သို့မဟုတ် သွေလွဲနေသည့်အမြင်များကို တွေ့မြင်
 ကောင်းနိုင်ပါသည်။

ဤသို့ ပြန်လည်စစ်ဆေးရန် ကြိုးပမ်းအားထုတ်မှု မရှိဘဲ စာဖတ်သူများကို တင်ပြသည့်အခါ လူအများက အမှားများကို တင်ပြမိစေသလို၊ လူအချို့က သူတို့အမြင်ကိုလည်း ထိုးတင်စရာ ဖြစ်လာစေသည်။ ထိုအခါ စာဖတ်သူများအနေဖြင့် ပုံကားချပ်အမှန်ကို မြင်ဖွယ်မရှိတော့ပါ။ ကရင်လူမျိုးတို့ ကြုံတွေ့နေရသည့် အခြေအနေကိုလည်း သိမြင်စရာ
အကြောင်း မရှိတော့ပါ။ ဥပမာအားဖြင့် - နော်မေဦးကို KNU မှ ထုတ်ပယ်ခဲ့သည့်အကြောင်းကို ဖော်ပြရာ၌ အသက်အရွယ် ကြီးရင့်နေသည့် ခေါင်းဆောင်များက ပညာတတ်လူငယ်များကို အလိုမရှိသည့် အတွက်ကြောင့်ဟု
 ဖော်ပြခဲ့သည်။ ဤသည်မှာ မှားယွင်းနေသည့်အချက်သာ ဖြစ်သည်။ လူအများက သိထားကြသည့် KNU အဖွဲ့၏ ရှင်းလင်းချက် ကိုလည်း ရှာဖွေရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်း မရှိပါ။

အခြား ဖြစ်ရပ်တခုတွင် စာရေးသူက ကိုယ်တိုင် ဝန်ခံထားရာ၌ စကားပြောဆိုမှုများသည် သူ၏မိတ်ဆွေများနှင့်
 ပြောဆိုခဲ့ခြင်း ဖြစ်ပြီး၊ သောက်စားစဉ်တွင် ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။ မူးယစ်နေသူများ၏ ကြွားဝါမှုကို အချက်အလက်အဖြစ် အသုံးချထားပြီး၊ သေချာစေရန် ပြန်လည်စစ်ဆေးတိုက်ဆိုင်မှုများလည်း မပြုခဲ့ပါ။

ထို့အပြင် စာအုပ်၏ အခန်းတခုလုံးကိုလည်း ဗိုလ်ချုပ်မြ၏ "ကျနော်တင်ပြလိုသည့် ဖြစ်ရပ်မှန် ကိုယ်တွေ့သမိုင်း" စာအုပ်မှ ထုတ်နုတ်ယူ တင်ပြခဲ့ပြန်သည်။ ထိုအခန်းတွင်လည်း ဗိုလ်ချုပ်မြက ယခုစာပိုဒ်များ ရေးသားခဲ့သည်ဟု
 ဖော်ပြခြင်း မရှိပြန်ပေ။ သူထုတ်နုတ်တင်ပြခဲ့သည့်အခန်းမှာ မာနယ်ပလောဌာနချုပ် ကျဆုံးရပြီးနောက်တွင် သူကြုံတွေ့ရသည့် ဝေဖန်ပြောဆိုချက်များနှင့် ပတ်သက်၍ ဖြစ်သည်။

ဤစာအုပ်ကို ဖတ်မည်ဆိုလျှင်တော့ အရှုပ်ဗရပွ ဖြစ်နေသည်။ ပြဿနာတခုပြီးတခု ခုန်ကူးဖော်ပြနေပြီး၊ သမိုင်းတွင်လည်း ဟိုသည်ရောက် ဖြစ်နေသည်။ စာအုပ် စီးဆင်းပုံကလည်း မကောင်းလှပါ။ တခါတရံအရေးကြီးသည့် ကိစ္စများကို အပေါ်ယံသဘောသာ ရှပ်၍ ဖော်ပြခဲ့ပြန်သည်။

စာအုပ်အဆုံးတွင် စာဖတ်သူများအမြင်၌ ယခုစာရေးသူထံတွင် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း တွေ့ဆုံမေးမြန်းခဲ့သည့် မှတ်စုစာအုပ်များ တောင်လိုပုံ၍ ကျန်ခဲ့ရပုံ၊ ဤအချက်အလက်များ အားလုံးကို သိမ်းကျုံးစုစည်း၍ ယခုသူပြောသည့် စာအုပ် ဖြစ်လာရပုံ ပုံစံဖော်ပြထားသည်။ ဆယ်စုနှစ်များစွာကြာ တွေ့ဆုံမေးမြန်းမှုများသည် သမိုင်းကြောင်းဖော်ပြ ရာ၌ အမှန်တရားဝင် သုံးစွဲဖော်ပြနိုင်သော်လည်း၊ ယခုတိုင် အရေးပါ သက်ဆိုင်နေသေးသည့် စာဖတ်သူများအနေဖြင့် ပိုမိုနားလည် သိရှိဖွယ်ကောင်းသည့် အချက်များကိုမူ အပျင်းကြီး၍ မတို့မထိ ထားခဲ့ပြန်သည်။

အသစ်တဖန် တွေ့ဆုံမေးမြန်းမှုများ ပြုလျှင်ဖြင့် ယခုထက်ပို၍ ကောင်းစွာ ဖော်ပြနိုင်ဖွယ် ရှိပါသည်။ ကိစ္စတခုခုအပေါ် စွဲစွဲနက်နက် ထိတွေ့ဖော်ပြရန် ပျက်ကွက်ခဲ့သလို၊ အပေါ်ယံ ရှပ်၍ ဖော်ပြထားမှုများကြောင့် ယခုစာအုပ်၏ ဂုဏ်သိက္ခာကို အလွန်အမင်း ထိခိုက်ကျဆင်းစေခဲ့ပါသည်။ ဤစာအုပ်ပါ ဖော်ပြထားချက်များကို မယုံကြည်ဘဲ
 ဖြစ်စေကုန်ပါသည်။

အကောင်းပြောရန်တချက်မှာ သူ၏ ရေးဟန်က ဖတ်ရန် နှစ်လိုဖွယ်ရှိပြီး၊ ရိုးရှင်း လွယ်ကူပါသည်။ ဆိုလိုသည်မှာ ဤ စာအုပ်ကိုဖတ်ရန် အချိန်ယူစရာမလိုဟု ဆိုလိုခြင်း ဖြစ်ပါသည်။

စာအုပ်ပထမ စာကြောင်းက မတိမကျ ဖြစ်နေသလို၊ နောက်ဆုံးစာကြောင်းကလည်း အလားတူပင် မရေရာ
 ဖြစ်နေပြန်သည်။ စာရေးသူက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ကရင်ပြည်နယ်ရှိ မြဝတီမြို့ကို မြန်မာစစ်တပ်များက တိုက်ခိုက်ပြီးသည့် နောက်တွင် "DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်) တပ်ဖွဲ့ ယူနစ်များ အားလုံးက ကရင့်လွတ်မြောက်ရေးတပ်မတော် KNLA နှင့်အတူ ပူးတွဲတိုက်ခိုက်ရန် သစ္စာပြုခဲ့ကြသည်" ဟု
 ဖော်ပြထားပြန်သည်။ ဤသည်မှာ လုံးဝ လိမ်လည်တင်ပြခြင်းသာ ဖြစ်သည်။ ၎င်းအချိန်တွင် DKBA တပ်မဟာ ၅ က မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အာခံငြင်းဆန်နေခြင်းသာ ဖြစ်သည်။ DKBA တပ်ဖွဲ့ဝင် ၄,ဝဝဝ မျှ ရှိသည့်အနက် သူတို့အရေအတွက်မှာ ၄ဝဝ မျှသာ ဖြစ်ပါသည်။

သနားဖွယ်အချက်မှာ ဒယ်နီရယ် ပီဒါဆင် Daniel Pederson က ကရင့်တော်လှန်ရေးအပေါ် များစွာ စာနာလိုလားမှု ရှိပါသည်။ ဤစာအုပ်ဖြင့် ထိုသူတို့၏ အခြေအနေကို လူသိများလာအောင် လုပ်ဆောင်ကူညီလိုပုံလည်း ရပါသည်။

သို့သော် အဆင့်များစွာတွင် ဤသို့ အဆင့်အတန်းမမီ ဖြစ်နေမှုကြောင့် ယခုစာအုပ်သည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေမည်ဟု ဆိုရပါကြောင်း။

(မာ့က် ဖာမနာ Mark Farmaner သည် Burma Campaign UK အဖွဲ့၏ ဒါရိုက်တာ ဖြစ်ပါသည်။ သူရေးသားသည့် စာအုပ်ဝေဖန်ချက် Daniel Pederson’s ‘Secret Genocide’ a disappointment ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)
http://www.mizzimaburmese.com/home.html