Friday, July 15, 2011

အစိုးရ၀န်ထမ်းများ၏ မှန်ကန်သောလုပ်ရပ်နှင့်သက်သေပြမှုအား ကြိုဆိုခြင်းသဘောထားထုတ်ပြန်ချက်။








http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
Canada statement on SPDC Services Resignation.docCanada statement on SPDC Services Resignation.doc
16K   View   Download  
Canada statement on SPDC Services Resignation.pdfCanada statement on SPDC Services Resignation.pdf
27K   View   Download  




အစိုးရ၀န်ထမ်းများ၏ မှန်ကန်သောလုပ်ရပ်နှင့်သက်သေပြမှုအား ကြိုဆိုခြင်းသဘောထားထုတ်ပြန်ချက်။


ဇူလိုင်(၁၃)ရက်။ ၂၀၁၁ ခုနှစ်။
ဇူလိုင်()ရက်နေ့၊ ၂၀၁၁ခုနှစ်တွင် ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှ ဒုသံမှုးဦးကျော်ဝင်း အမေရိကန်နိုင်ငံတွင် မိသားစုလိုက် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပါသည်။ ထို့အပြင် ဇူလိုင်လ (၁၃) ရက်နေ့ကလည်း ပထမအတွင်းဝန် ဦးစိုးဝင်းနှင့် မိသားစုကလည်း အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ကို တောင်းဆိုခဲ့ပါသည်။ ၎င်းလုပ်ရပ်အတွက် ကနေဒါနိုင်ငံရှိ မြန်မာ့အရေး ဆောင်ရွက်နေသူများအနေဖြင့် ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုလိုက်ပါသည်။ မိမိတို့အနေဖြင့်ပြည်သူဘက်သို့ရပ်တည်လာမည့် ပြည်တွင်း ပြည်ပရှိ အစိုးရ၀န်ထမ်းများနှင့် တပ်မတော်သားများကို အမြဲတစေ ရင်ဖွင့်လက်ကမ်း ကြိုဆိုနေမည် ဖြစ်ပါသည်။ ထို့အတွက် ကနေဒါနိုင်ငံရှိ မြန်မာအရေးလှူပ်ရှားသူများအနေဖြင့် အောက်ပါအချက်များကို သုံးသပ် တောင်းဆိုလိုက်ပါသည်။
() ၂၀၀၈ခုနှစ်(တဖက်သတ်)ဖွဲစည်းပုံနှင့်၂၀၁၀(အမည်ခံ)ရွေးကောက်ပွဲသည် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဒီမိုကရက်တစ်အင်အားစုများ စဉ်ဆက်မပြတ် ပြောဆိုထောက်ပြခဲ့သည့် စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်နိုင်ရန် တရားဥပဒေမဲ့ လုပ်ဆောင်နေသည့် လုပ်ရပ်များ၊ အဖြစ်အပျက်များဖြစ်သည်ကို မှန်ကန်ကြောင်း သက်သေ ပြလိုက်ခြင်းဖြစ်သည်။
() တိုင်းပြည်တွင် အာဏာရှင်အစိုးရဆက်လက် မရှင်သန်ရေးအတွက် လက်တွေ့ကျကျ မှန်ကန်သည့်လုပ်ရပ်နှင့် အစိုးရ၀န်ထမ်းများ၏ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် အစပြုလျှောက်လှမ်းလိုက်သည့် ပထမဆုံး မတရားသည့် အာဏာဖီဆန်မှုဖြစ်သည်။
() ယခုကဲ့သို့  စစ်အာဏာရှင်အား ပြတ်သားစွာ ဆန့်ကျင်ပြီးနောက် မြန်မာပြည်ဒီမိုကရေစီရရှိရေးတွင် တတ်စွမ်းသမျှ ပူးပေါင်းဆောင်ရွက်ကြလိမ့်မည်ဟု မိမိတို့အနေဖြင့် မျှော်လင့်ယုံကြည်သည်။
() မကြာမီကာလအတွင်း မြန်မာပြည်တွင်း၊ ပြည်ပ အစိုးရ၀န်ထမ်းများနှင့်တပ်မတော်သားများမှလည်း မတရားသည့် အမိန့်အာဏာဖြင့် ခိုင်းစေမည့် အခြေအနေ၊ လုပ်ရပ်များကို လက်မခံခြင်း၊ ငြင်းဆန်ခြင်း၊ ဆန့်ကျင်ခြင်းများ ဆက်တိုက် ပေါ်ထွက်လာနိုင်သည်ဟုလည်း ယုံကြည်သည်။
() အမှန်တရားနှင့်ငြိမ်းချမ်းရေးအတွက် လိုလားတောင့်တနေသည့် တိုင်းရင်းသားညီအကိုမောင်နှမများ၊ အစိုးရ၀န်ထမ်းများနှင့် တပ်မတော်သားများမှ ပူးပေါင်း၍ နူတ်ထွက်ခြင်း၊ အလုပ်တာဝန်များမှစွန့်ခွာခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးတော်လှန်ပြောင်းလဲမှုတရပ် အရှိန်အဟုန်ဖြင့်ပေါ်ပေါက်လာရန်၊ နိုင်ငံသူ နိုင်ငံသားတို့၏ တာဝန်ယူ စွမ်းဆောင်မှုများ အရှိန်မြှင့်တင်ကာ ဟန်ချက်ညီညီ စစ်အာဏာရှင် အစိုးရကို ဖြုတ်ချပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ အမြန်ရရှိရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းသွားကြရန် တိုက်တွန်းလိုက်ပါသည်။
စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးကို မျှော်ကိုးလျက်
United Democratic Youth League (Canada Branch )
Burmese Students Democratic Organization
Burmese Canadian Network
International Foundation for Burma National Congress (Canada Branch)
National League for Democracy (NLD) Canada Branch
Burmese Muslim Association (Canada)
International Burmese Monks Organization (Canada)
Canadian Campaign for Free Burma.

ဆက်သွယ်ရန်။

ဦးစည်သူ(416) 2300901
ဦးအောင်တင်(647) 343 7871


 

၁၅.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


--
http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
15 July 2011 Yeyintnge's Diary.doc15 July 2011 Yeyintnge's Diary.doc
446K   View   Download  
15 July 2011 Yeyintnge's Diary.pdf15 July 2011 Yeyintnge's Diary.pdf
963K   View   Download  
http://www.mediafire.com/file/83theq2p3wpfrad/15%20July%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/ccelebeqdqbnkyt/15%20July%202011%20Yeyintnge%27s%20Diary.pdf
15 July 2011 Yeyintnge's Diary

~ ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ ~

~ ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ ~ by KoMyoe ဒီဇိုင်း ကိုမျိုး

ပျော်ခွင့်ခဏ




ထောင်ဆိုတဲ့နေရာမှာက ပြစ်မှုကျူးလွန်သူတွေကို နောက်ထပ် ပြစ်မှုမကျူးလွန်နိုင်အောင် ပြုပြင်ထိန်းသိမ်းတဲ့ နေရာ လို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။ ဒါပေမဲ့ အာဏာရှင်တွေရဲ့ လက်အောက်က ပြည်သူတွေအတွက်ကြတော့ ထောင်တွေ ထဲမှာ နေရတိုင်း ပြစ်မှုကျူးလွန်ခဲ့လို့မဟုတ်ပါဘူး။ တချို့ကတော့ မှားယွင်းတဲ့ တရားစီရင်မှုတွေကြောင့် ထောင်ထဲမှာ နေကြရတဲ့ သူတွေရှိသလို၊ အမှန်တရားကို ကိုးကွယ်ယုံကြည်ရင်းက  အမှားတွေကို တိုက်ခိုက်မိလို့ ထောင်ကျရသူတွေ က မြန်မာနိုင်ငံမှာ ၂၀၀၀ ကျော် ရှိနေပါတယ်။
မြန်မာပြည်တွေထဲက အကျဉ်းထောင်ဆိုတာက အသက်ရှင်လျှက် ငရဲကြနေသူတွေလိုပဲ ဒုက္ခနဲ့ အတူတကွ ပေါင်းသင်း နေထိုင်ကြရပါတယ်။ ထောင်ထဲရောက်တာနဲ့ ပထမဦးဆုံးတွေ့ကြုံရတဲ့ ဒုက္ခက အစားအသောက်ပြဿနာပဲဖြစ်ပါတယ်။ မနက်အိပ်ယာနိုးလို့ ၀မ်းဗိုက်ဟာနေတဲ့ အကျဉ်းသားတွေအတွက် ထောင်မှာဘာအစီအစဉ်မှ မရှိပါဘူး။ အိမ်ကလာပို့ ထားတဲ့ မေတ္တာထုပ်တွေကိုပဲ အဟာရလုပ်ရတာပါ။ အိမ်ကမလာနိုင်ရင် ကျွေးတဲ့လူရှိမှ စားကြရပါတယ်။ ကျွေးသူမရှိတဲ့ နေ့ဟာ မနက်ထမင်းပုံး မလာမချင်း ၀မ်းဟာဟာနဲ့ နေပေတော့။
မနက် ၁၀ နာရီဝန်းကျင်မှာ ထမင်းပုံးလာပါတယ်။ ထောင်ကကျွေးတဲ့ ထမင်းက အနည်းဆုံး အရောင် ၄ မျိုးလောက်ပါ ပါတယ်။ ၀ါကျင့်ကျင့်၊ နီတာတာ၊ အမဲရောင်၊ စပါးစေ့တွေ အရောရောအနှောနှော။ မာတဲ့နေရာမှာတော့ ကျောက်ခဲပြီးရင် သူပါလို့ ပြောရမလောက်ပါပဲ။ ထောင်နဲ့ မပတ်သက်ဖူးသူတွေက ကျမရဲ့ တင်စားချက်တွေကို လွန်တယ်လို့တော့ မထင် ပါနဲ့။ ပိုနေတယ်လို့ ထင်ရင်တော့ နီးစပ်တဲ့သူတွေကို မေးကြည့်လို့ရနိုင်ပါတယ်။ အရည်သောက်အဖြစ် အောက်စော်နံနေ တဲ့ အမဲရောင်ပဲစေ့နဲနဲ ရေများများပြုတ်ထားတဲ့ ပဲရေတွေကို ပေးပါတယ်။ ပဲကတော့ တပုံစံမှာ ၅ စေ့လောက်တော့ ပါ နိုင်မှာပါ။ ပဲရေနဲ့ လွေးဖို့ လောက်ကလေးတွေပါတဲ့ ငါးပိစိမ်းစား နဲနဲပေးပါတယ်။ ငပိရဲ့ နံချက်ကတော့။ ဒီလိုအစားအ သောက်တွေကို ကိုယ်လိုချင်သလောက် မရပါဘူး။ သူတို့ စံသတ်မှတ်ထားတဲ့ ခွက်တွေနဲ့ တယောက်တခွက်ပဲ ရလေ့ရှိ ပါတယ်။ ဒါကြောင့် ထောင်ထဲမှာ ထမင်းနဲ့ ဟင်းယူတယ်လို့ မပြောတော့ပါဘူး။ ပုံစံဆွဲတယ်တဲ့။ အစပိုင်းတုန်းက တ ပတ်မှာ သောကြာနေ့ဆိုရင်တော့ အမဲသား ဒါမှမဟုတ် ၀က်သားဟင်း (၁ လက်မ ခန့်ရှိသော အသားတုန်းနှင့် ဟင်း ရည်) ပေးလေ့ရှိပါတယ်။ နောက်ပိုင်းကျတော့ ငါးကြော် ဒါမှမဟုတ် ဘဲဥပြုတ် ကျွေးလေ့ရှိပါတယ်။ အပတ်တိုင်း တနင်္ဂ နွေနေ့ နေ့လည်မှာတော့ ရေနွေးပေးလေ့ရှိပါတယ်။
ညနေပိုင်းဆိုရင် ၃ နာရီလောက်မှာ ထမင်းပုံးလာလေ့ရှိပါတယ်။ ညနေစာကတော့ ထောင်တွင်းဖြစ်ဟင်းရွက်တွေကို ရေ တောင်မှ မဆေးတော့ဘဲ ဓားနဲ့တောက်တောက်စဉ်းပြီး ပြုတ်ထားတဲ့ အရည်တွေပါ။ အဲဒီအရည်တွေထဲမှာ တီကောင်အ ပိုင်းအစတွေ ရောပါလေ့ရှိပါတယ်။ ထောင်ထဲက လူတွေက တီကောင်ဟင်းချိုလို့ နာမည်ပေးထားပါတယ်။ အဲဒီ့အရာ တွေက ထောင်ထဲက ပေးလေ့ရှိတဲ့ အကောင်းဆုံးအဟာရတွေပါပဲ။
ဒါကြောင့် အကျဉ်းကျနေသူတဦး အသက်ရှင်ရပ်တည်နိုင်ဖို့ မိသားစုဆီကလာတဲ့ ထောင်ဝင်စာထုတ်တွေက အရေးကြီး ပါတယ်။ မိသားစုရဲ့ စီးပွားရေးအခြေအနေပေါ်မူတည်ပြီးတော့မှ ထောင်ဝင်စာထုတ်ရဲ့ ပမာဏ၊ ထောင်ဝင်စာတခုနဲ့ တခုကြား အကွာအဝေးကို ပြောနိုင်ပါတယ်။ ပုံမှန်ဆိုရင်တော့ ထောင်ဝင်စာ တပတ်ဆိုတာက ကြားထဲမှာ ၁၄ ရက်ပဲ ကွာပါတယ်။ အချိန်က တကယ့်ကို ခဏလေးပါပဲ။ ထောင်ဝင်စာတွေ့ဖို့အတွက် မိသားစုမှာက အပိုဝင်ငွေရှိဖို့ လိုအပ်ပါ တယ်။ အပိုဝင်ငွေပြည့်စုံရင် ၂ ပတ် တကြိမ်ထောင်ဝင်စာလာနိုင်သလို၊ ထောင်ဝင်စာထုပ်ရဲ့ အရွယ်အစားကလည်း ကြီး မားခန့်ညားနေပါတယ်။ ထောင်မှာက မိသားစုတစ်စုရဲ့ စီးပွားရေးအခြေအနေကို ထောင်ဝင်စာထုတ်ရဲ့ အရွယ်အစားနဲ့ လဲ ဆုံးဖြတ်နိုင်ကြပါတယ်။ အပိုငွေနဲပါးရင် ထောင်ဝင်စာ တလတကြိမ်၊ ဒါမှမဟုတ် ဒီထက်လဲပိုကွာဝေးနေနိုင်ပါတယ်။ ထောင်ဝင်စာထုပ်ရဲ့ အရွယ်ကလည်း သေးငယ်နေပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ထောင်ဝင်စာထုပ်ဆိုတာက မိ သားစုရဲ့ မေတ္တာစေတနာတွေကို ကြော်လှော်ထုပ်ပိုးလာတာပဲ ဖြစ်ပါတယ်။ ထောင်ထဲကလူတွေ အသက်ရှင်နေထိုင် နိုင်ဖို့အတွက် သူတို့ရဲ့မေတ္တာတွေကို ဖော်ပြတဲ့ အရာလည်း ဖြစ်ပါတယ်။
ထောင်ဝင်စာလာတွေတဲ့ မိသားစုတွေမှာလည်း အခက်အခဲတွေက အများသား။ ကျမတို့တွေက ထောင်မကျခင်က တည်းက တခြားဘော်ဒါတွေရဲ့ ထောင်ဝင်စာတွေကို လိုက်တွေ့လေ့ရှိတဲ့အတွက် မိသားစုတွေ ရင်ဆိုင်ကျော်လွှားနေရ တဲ့ အခက်အခဲကိုသေချာ သိခဲ့ပါတယ်။ ထောင်ဝင်စာပို့တယ်ဆိုတာက မိသားစုတစုအတွင်း သတ်သတ်အိမ်ခွဲနေသလို မျိုးပဲ ကုန်ကျစရိတ်ကို ကျခံရပါတယ်။ ထောင်ဝင်စာသွားဖို့အတွက် ငွေကြေးကို စတင်စုဆောင်းတာက အစပြုလို့ မိသား စုတွေရဲ့ အခက်အခဲစတင်ပါတယ်။ ထောင်ဝင်စာမသွားခင် တပတ်လောက်အလိုကတည်းက လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းကြရပါတယ်။ ပစ္စည်းတွေပြည့်စုံတဲ့ အခါမှာတော့ စတင်ကြော်လှော်ကြရပါတော့တယ်။ ငပိကြော်တမျိုးတည်း ကိုတောင် တပတ်နဲ့ တပတ်မထပ်အောင် ပုံစံတွေပြောင်းပြောင်းပြီး ကြော်လှော်ကြရပါတယ်။ ထောင်ထဲက လူတွေက ငပိကြော်၊ ငါးခြောက်ကြော်တွေကိုပဲ အားပြုစားနေကြရတယ် ဆိုတာကို သိနေကြလို့ပါပဲ။
အားလုံး ကြော်လှော်ပြီးပြီဆိုရင်တော့ နောက်တနေ့မနက်မှာ ထောင်ဝင်စာတွေ့ဖို့အတွက် သွားရပါတယ်။ စောစောတွေ့ ရဖို့အရေး  အိမ်ကနေ မနက် ၆ နာရီလောက်ကထဲက ထွက်ရပါတယ်။ ထောင်ဘူးဝကိုရောက်ရင်တော့ အဲဒီလူတွေက အပြင်မှာ ရာထူးဘယ်လောက်ကြီးတယ်။ ဂုဏ်ဘယ်လောက်ရှိတယ်။ ဘယ်လိုလူမျိုးဆိုတာတွေကို မသိကြတော့ပါဘူး။ ဒါကြောင့်လဲ ထောင်ဝါဒတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံရကောင်းမှန်း မသိကြသူတွေများပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ရဲ့မိသားစုဝင်တွေ မျက်နှာငယ်မှာ စိုးရိမ်လို့၊ ထောင်ထဲကလူတွေကို စိတ်ဒုက္ခပေးမှာ စိုးလို့ အားလုံးက ဘာမှမတုန့် ပြန်တော့ဘဲ ကြိတ်မှိတ်ခံနေကြပါတယ်။ ဒါကိုမြင်သိနေရတဲ့ ထောင်ထဲက လူတွေ စိတ်ဆင်းရဲကြရပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေထဲမှာလည်း ပါမောက္ခဟောင်းတွေ၊ တက္ကသိုလ်က ဆရာတွေ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ကျောင်းသား၊ သဋ္ဌေးကြီးတွေပါ မကျန်ပါဘူး။ အားလုံး လူစုံတက်စုံပါပဲ။ ဒီလူတွေကိုလည်း ထောင်ထဲမှာ မောင်၊ ဦး စတာတွေ တပ်ပြီး အခေါ်မခံရပါဘူး။ ဒါကြောင့် မြင်ရကြားရတဲ့ မိသားစုဝင်တွေ စိတ်မချမ်းသာ ပါဘူး။ ဒါကြောင့်လဲ ကိုယ့်အိမ်ကလူတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ ရည်ရွယ်ပြီး ထောင်မှူး၊ ထောင်ပိုင်တွေကို လက်ဆောင်ထုပ်ပို့ ကြပါတယ်။ အပြင်က မိသားစုကတော့ သူတို့ရဲ့ မာနတွေကို ခ၀ါချထားလိုက်ပြီး သူတို့ရဲ့ မိသားစု ၀င် အဆင်ပြေဖို့ ကြိုးစားကြပါတယ်။ ထောင်ဝင်စာထုပ်ထဲမှာ တပါတည်း ပါလာတာက မိသားစုရဲ့ မေတ္တာ၊ စေတနာ တွေပဲ ဖြစ်ပါတယ်။
ထောင်ဝန်ထမ်းတွေရဲ့ ဘ၀ကိုပြောပြချင်ပါတယ်။ သူတို့တွေက ထောင်ပတ်ဝန်းကျင် ကျင်းကျင်းလေးထဲမှာပဲ နှံနှံစပ်စပ် သွားဖူးကြပါတယ်။ ထောင်ဝင်းအပြင်ကို မရောက်ဖူးတဲ့သူတွေ များပါတယ်။ သူတို့တွေဟာ မနက်မိုးမလင်းခင် ဂျူတီ ၀င်ရပါတယ်။ ညနေ မိုးစုပ်စုပ်ချုပ်မှ ထောင်ထဲကနေ အိမ်ကိုပြန်ရတာပါ။ သူတို့တွေရတဲ့ လစာငွေဟာ မိသားစုစားဝတ် နေရေးအတွက် မဖူလုံပါဘူး။ ဒါကြောင့် သူတို့တတွေဟာ အကျဉ်းသားတွေနဲ့ ချိတ်ဆက်ပြီး အရောင်းအ၀ယ်လုပ်ကြ၊ ထောင်ထဲကို သွင်းခွင်မပြုတဲ့ ပစ္စည်းတွေကို အခကြေးယူပြီးတော့ ထောင်ထဲကို သွင်းပေးတာတွေလုပ်ကြရပါတယ်။ ဒါ ကတော့ အောက်ခြေ ၀န်ထမ်းတွေရဲ့ ဘ၀ပေါ့။ ထောင်မှူးလေး (ကျမတို့အခေါ် တပွင့်) တွေကစလို့ သူတို့ရဲ့ စားဝတ် နေရေးအတွက် ဘောက်ချာ ဖွင့်စားကြပါတယ်။ ထောင်ပိုင်ကြီးတွေ၊ ညွှန်မှူးတွေဆိုရင်တော့ အကောင်ကြီးကြီးတွေကို ရွေးပြီး ဘောက်ချာလက်ခံပေးပါတယ်။ ဘောက်ချာဖွင့်တယ်ဆိုတာက လူတယောက်က ထောင်ပိုင်ကြီးရဲ့ ဘောက်ချာ ဖြစ်တယ်ဆိုရင် သူ့ကို နေရာကောင်းကောင်းမှာထား၊ အလုပ်ကောင်းကောင်းကိုပေးပြီး ထောင်ထဲမှာ သူများမရတဲ့ အ ခွင့်အရေးတွေကို ပေးရပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကတော့ ဘာအလုပ်မှ မလုပ်ရတဲ့အတွက် ဘောင်ချာဖွင့်ဘို့ မလိုပါဘူး။ ဒါပေမဲ့ ထောင်ထဲကလူကို ကောင်းကောင်းမွန်မွန်ဆက်ဆံအောင်၊ ပြဿနာ တစုံတခုကြုံလာရင် မရိုက်နှက်၊ မညှဉ်းဆဲ လေအောင် တတ်နိုင်တဲ့ အပြင်ကမိသားစုတွေက လက်ဆောင်ပေးကြတဲ့ သဘောပါ။
ကျမတို့တတွေက ထောင်ထဲမှာ ဟင်းအစို စားချင်ကြပါတယ်။ နှစ်ပေါင်းများစွာ စားလာခဲ့ရတဲ့ ငပိငခြောက်တွေကို စိတ် ကုန်နေပါပြီ။ ဒါကြောင့် ထောင်ဝင်စာလာတဲ့ နေ့တွေမှာ အိမ်ကိုမှာတာက ဟင်းအစို ပါအောင်ယူလာခဲ့ဘို့ ပါပဲ။ ထောင် ၀င်စာလာတဲ့နေ့ မဟုတ်ရင်လဲ သယ်လာတဲ့ ၀န်ထမ်းတွေဆီကနေ ဟင်းအစိုတွေ ၀ယ်ခြမ်းစားသောက်ကြပါတယ်။ ဟင်းသယ်လာတဲ့ ၀န်ထမ်းတွေကတော့ သူနဲ့ သူ့မိသားစုစားဖို့အတွက် ကျမတို့တွေဆီက ဟင်းခြောက်တွေကို လာ တောင်းတတ်ပါတယ်။ အရင်ကတော့ ကျမတို့ ထောင်ဝင်စာလိုက်တွေ့ဖူးပေမဲ့ ထောင်ဝန်ထမ်းတွေရဲ့ ဘ၀ကို သေချာ နားမလည်ခဲ့တော့ အဲလိုလာတောင်းရင် အံသြနေတတ်ပေမဲ့ နောက်ပိုင်းမှာ သူတို့တွေရဲ့ ဘ၀ကိုနားလည်လာလို့ ကျမ တို့ ကိုယ်တိုင်ပဲ လိုလိုချင်ချင် ပေးလိုက်ပါတယ်။ ကျမတို့တွေက အုတ်ရိုး ၄ ထပ်ကြားထဲမှာ နေရတာဖြစ်သလို ထောင် ၀န်ထမ်းတွေဆိုတာက ထောင်ကိုပတ်ပတ်လည်ကာထားတဲ့ သံဆူးကြိုးတွေကြားထဲကနေ ရုန်းထွက်လို့မရတဲ့ သူတွေပဲ ဖြစ်မှာပါ။
ထောင်ထဲမှာနေထိုင်ရသူတွေအတွက် စာဖတ်ခွင့်ရဖို့ဆိုတာက တကယ့်စွန့်စားခန်းတခု ဖြစ်ပါတယ်။ စာအုပ်စာတန်းဆို တာကို ထောင်ထဲမှာမိသွားပြီဆိုရင်တော့ အနည်းဆုံး တိုက်ပိတ်ပြစ်ဒဏ်အပြင် ဒီစာအုပ်ကို ဘယ်ဝန်ထမ်းသွင်းပေးတာ လဲဆိုတဲ့ မေးခွန်းကို ဖြေရှင်းရတဲ့ ပြဿနာပါ။ ကိုယ်ကပြောလိုက်မိတယ်ဆိုရင် ကိုယ့်ရဲ့ထောင်သက်တန်းတလျောက် ဘယ်ဝန်ထမ်းကမှ ကိုယ့်ကို မကူညီရဲတော့ပါဘူး။ ထောင်ထဲကို စာအုပ်သွင်းပေးတယ်ဆိုတဲ့ဝန်ထမ်းက ငွေရလိုမှုတခု ထဲတွင် မကဘဲ နိုင်ငံရေးအကျဉ်းသားတွေအပေါ် စာနာနားလည်ပေးတဲ့သူ မို့လို့ပါ။ ဒီထက်ပိုကြီးတဲ့ ပြစ်ဒဏ်ကတော့ အကျဉ်းသားလည်း နောက်မှုတိုး၊ ၀န်ထမ်းလည်းထောင်ကျ ဆိုတာမျိုးလည်း ဖြစ်တတ်ပါတယ်။
သိပ်ပြဿနာကြီးလာရင်တော့ ထောက်လှမ်းရေးက ထောင်ဝင်စာလာတွေ့တဲ့ မိသားစုကို စစ်ကြောရေးလုပ်တာမျိုးတွေ ဖြစ်တတ်ပါသေးတယ်။ ထောင်ဝင်စာလာတွေ့တဲ့ မိသားစုဆိုတာကလည်း အန္တရာယ်က လက်တကမ်းမှာပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မိသားစုတွေကတော့ ထောင်ထဲကလူတွေရဲ့ ဆန္ဒကို ကြိုးစားဖြည့်တင်းပေးပါတယ်။ ဒါကြောင့်လဲ ၀န် ထမ်းတွေကို တစိုးလက်ဆောင်ပေးပြီး  ထောင်ဘူးဝကိုကျော်ဖြတ်ကာ ဖတ်စရာတွေကို အတွင်းကလူတွေထံ အရောက် ပို့ပေးတာကို ကျမတို့က ဖလိုက်သွင်းတယ်လို့ ခေါ်ပါတယ်။ ဖလိုက်ဆိုတာက ဘူးမှာတာဝန်ကျတဲ့ ၀န်ထမ်းနဲ့ အဆောင် က ၀န်ထမ်းပေါင်းပြီး ကင်းမျှော်စင် (ဘူးဝ) ကို ကျော်ပြီး ကြိုးနဲ့ဆွဲတဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။
ထောင်ထဲကလူတွေအတွက် စိတ်အနှောက်အယှက် အဖြစ်ရဆုံး ကိစ္စက တလာစီတာပါပဲ။ အကျဉ်းထောင် လက်စွဲ အရဆိုရင် ထောင်ကျတွေအတွက် အ၀တ် ၂ စုံ၊ ပုဂံပြား ၁၊ ဟင်းချိုပုဂံ ၁၊ စောင် ၁၊ ဖျာ ၁၊ ပဲရှိရမှာပါ။ ကျန်တဲ့ ပစ္စည်း တွေဟာ အကျဉ်းထောင်လက်စွဲနဲ့ မကိုက်ညီတဲ့အတွက် တွေ့ရင် အရေးယူနိုင်ပါတယ်။ တကယ်တော့ ဘယ်အကျဉ်း သားမှ အကျဉ်းထောင်လက်စွဲနဲ့ မနေနိုင်ကြပါဘူး။ ဒါကြောင့် ညအိပ်ခါနီးကျရင် ကိုယ့်ဆီမှာ ရှိနေတဲ့  တရားမ၀င်ပစ္စည်း တွေကို အထုပ် ထုပ်ပြီး အိပ်ကျရပါတယ်။ မနက်ဝေလီဝေလင်းမှာ တလာလို့ခေါ်တဲ့ စစ်ဆေးရေးတွေလာရင် ၀ှက်ရ အောင်လို့ပေါ့။ တလာစီမဲ့ နေ့ဆိုရင် မနက်မိုးလင်းလင်းချင်း ထောင်ဝင်ထမ်းတွေ၊ ထောင်မှူးထောင်ပိုင်တွေ အားလုံးစုပြီး လိုက်စစ်ဆေးကြတာပါ။ အဲဒီအချိန်ဆိုရင် ထောင်ထဲမှာရှိနေတဲ့ ထောင်ကျတွေအားလုံး စိတ်ပင်ပန်းကြရပါတယ်။ ဒီလို အခြေအနေတွေကို နားလည်နေတဲ့ မိသားစုတွေက အတွင်းကလူတွေ ဒုက္ခမရောက်ရလေအောင် သူတို့တတ်နိုင်တဲ့ ဘက်ကနေ ကူညီပံပိုးပေးနေကြပါတယ်။
ထောင်ထဲကလူတွေအတွက် အပြင်က နိုင်ငံရေးသတင်းကြားရရင် အားတက်တယ်။ စိတ်ဓါတ်တက်ကြွတတ်ပါတယ်။ ဘာသတင်းမှ မကြားရဘူးဆိုရင်တော့ စိတ်ပျက်ကြပါတယ်။ ဘာသတင်းမှ မကြားရတဲ့ အချိန်ဟာ ဘာနဲ့တူလဲဆိုရရင် ကမ်းမမြင်လမ်းမမြင် ပင်လယ်ကြီးထဲမှာ ရောက်နေသလိုပါပဲ။ ဒါကြောင့် မိသားစုတွေက သတင်းအဆက်အသွယ်ရမည့် ပစ္စည်းလေးတွေကို ကြံဖန်ပေးတတ်ကြပါတယ်။ အဲဒီ့အပြင် ထောင်ဝင်စာမှာ သတင်းတွေကို ပြောပြကြပါတယ်။ ထောင် ထဲက မိသားစုဝင်တွေကလည်း အပြင်ကလူတွေကို စားစရာမပါရင်နေပါ၊ ကြားချင်တာလေးတော့ ပါအောင်ယူခဲ့ပါလို့ အမှာတော်ချွေကြပါတယ်။ တစ်ခါတလေတော့ ထောင်ထဲမှာ အဖိနှိပ်ခံနေရတာတွေကို သတင်းထုတ်ပြန်ဖို့အတွက် မိသားစုတွေနဲ့ပဲ မှာရတာပါ။ မိသားစုကပဲ ဒီကိစ္စတွေ ကျယ်ကျယ်အော်နိုင်မဲ့ မီဒီယာတွေနဲ့ ဆက်သွယ်ရပါတယ်။ အဲဒီလို ဆက်သွယ်နေရင် ထောက်လှမ်းရေးက မိသားစုဝင်တွေကို ခြိမ်းခြောက်တတ်ပါတယ်။ ဒါပေမဲ့ ကျမသိသလောက်တော့ ထောက်လှမ်းရေး ခြိမ်းခြောက်လို့ ကြောက်သွားတဲ့ မိသားစုဝင်တွေကို မတွေ့ဖူးပါဘူး။
ထောင်ထဲမှာ အခြေအနေကောင်းနေတုန်းကတော့ ထောင်ဝင်စာတွေ့ရတဲ့ အချိန် ၁၅  မိနစ် အတွင်းမှာ အတွင်းသတင်း၊ အပြင်သတင်းတွေကို ဖလှယ်လို့ရခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၂ ဦး တရားမ ၀င်ပစ္စည်းတွေ ရှာဖွေတွေ့ရှိရာကနေ နောက်မှုတိုးသွားခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်းမှာတော့ သတင်းတွေကို ထောင်ဝင် စာကနေ ပြောလို့မရတော့ပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာထွက်ရင် ထောင်ဝင်စာမှာ ဘာတွေပြောလဲ ဆိုတာကို ၀န်ထမ်း ၂ ဦးက လိုက်မှတ်ရပြီး၊ ထောင်မှူး ၁ ဦးက သေချာစောင့်ကြည့်စစ်ဆေးရပါတယ်။ ပြီးရင်တော့ မှတ်တမ်းတွေကို ထောက်လှမ်းရေးထံ အပ်နှံရပါတယ်။ ဒါကြောင့် ဥာဏ်ရွှင်တဲ့ ကိုဘိုဘိုဦး အမေ အန်တီဒေါ်ခင်မမက မင်းဂွတ်သီးတွေ ကောင်းတယ်ဟေ့လို့ ခပ်ကျယ်ကျယ်အော်ပြောတတ်ပါတယ်။ မင်းဂွတ်သီးဆိုတာက အုပ်ချုပ်တဲ့ မင်းကို ပြောတာဖြစ်ပြီး ကောင်းနေတယ်ဆိုတာက မင်းလုပ်နေသူတွေအတွက် အခြေအနေကောင်းတယ်လို့ ပြောတာပါ။ ကျမ အမေကတော့  ဥာဏ်မရွှင်လေတော့ လေသံကို တမင်တိုးပြီး  “ညွန့်ညွန့်နဲ့ ကောင်မလေးနဲ့ တွေ့တယ်ပြောတယ်။ ကောင်မလေးက သူ့မိသားစုတွေအကြောင်း ပြောတယ်တဲ့ ဒါဆိုရင် အခြေအနေ ကောင်းနိုင်တယ်။” ဆိုတာမျိုးတွေ ပြော တတ်ပါတယ်။ ညွန့်ညွန့်ဆိုတာ ဗိုလ်ချုပ်ခင်ညွန့် ကို ရည်ညွန်းတာပါ။ ကောင်မလေးဆိုတာကတော့ ဒေါ်အောင်ဆန်း စုကြည်။ သူ့မိသားစုဆိုတာက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ။ ဒါကြောင့် ကျမတို့တွေ လွတ်နိုင်တယ်ပေါ့ လေ။ အနောက်က လိုက်မှတ်တဲ့ ၀န်ထမ်းတွေက ဘာတွေကို ဘယ်လိုနားလည်သလဲ မသိပါ။ ကျမတို့ ကတော့ အမေ ဘာပြောလဲဆိုတာကို သိနေပါတယ်။
အပြင်က မိသားစုတွေရဲ့ မျော်လင့်ချက်က နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်လာဖို့ပါပဲ။ အပြင်က လူ တွေက ထောင်ထဲက လူတွေထက်ပိုပင်ပန်းကြပါတယ်။ ထောင်ထဲကလူတွေက ကိုယ့်ရဲ့ အခန်းကျဉ်းလေးထဲမှာ ထိုင်နေ ရပြီး အပြင်ကလူတွေကတော့ အထဲကလူတွေကို ထောင်ဝင်စာပို့ဖို့၊ ထောင်ထဲကလူတွေ ကျန်းမာရေးကောင်းဖို့၊ အန္တ ရာယ်ကင်းကင်းနဲ့ နေခွင့်ရဖို့ စိတ်ရော၊ လူရော ပင်ပန်းနေပါတယ်။
ထောင်ထဲမှာ ထောင်ဝင်စာ လာမတွေ့နိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်ဝင်စာတွေ့နိုင်တဲ့ နိုင်ငံရေးအကျဉ်း သားတွေဟာအားလုံး မျှတစားသောက်ကြရပါတယ်။ ဘယ်သူမှ ကိုယ့်ထောင်ဝင်စာထုပ် ကိုယ်ဖာသာစားတဲ့လူ မရှိပါ ဘူး။ လူ ၄ ၊ ၅ ယောက် အုပ်စုဖွဲ့ပြီး စားကြပါတယ်။ အဲဒီ့အုပ်စုတွေထဲမှာ ထောင်ဝင်စာများတဲ့ လူ၊ နည်းတဲ့ လူ၊ ထောင် ၀င်စာမလာတဲ့ လူတွေ အချိုးကျ ပါဝင်ရပါတယ်။ အားလုံးဟာ စည်းလုံးညီညွတ်မှုနဲ့ ထောင်တွင်းမှာ ရပ်တည်ခဲ့ကြသ လိုပါပဲ။ ထောင်ပြင်က နိုင်ငံရေးအကျဉ်းသားမိသားစုတွေလည်း စည်းလုံးညီညွတ်ကြပါတယ်။ တယောက်ကိုတယောက် ရိုင်းပင်းကူညီကြရင်း မိသားစုဝင်တွေ လွတ်မြောက်မယ့်ရက်ကို စောင့်မျှော်နေကြပါတယ်။
ကျမက ထောင်ကနေ ပုံမှန်အတိုင်းလွတ်ရက်စေ့လို့ လွတ်လာတာပါ။ ဒါပေမဲ့ ထောင်က ကျမတို့ကို ဘယ်နေ့ဘယ်ရက် လွတ်မယ်လို့ ကြိုပြောလေ့ မရှိပါဘူး။ လွတ်မယ့်နေ့ရောက်တော့မှာ လွတ်လူလာခေါ်တာက ထုံးစံပါပဲ။ ဒါပေမဲ့ ကျမတို့ ကတော့ ဘယ်တော့လောက် လွတ်နိုင်တယ်ဆိုတာကို ခန့်မှန်းလို့ရပါတယ်။ ဒါကြောင့်လဲ ကျမတို့ လွတ်ရင်ဘယ်လိုပြန် မယ်။ ဘယ်သူလာခေါ်မယ် ဆိုတာလောက်တော့ အစီအစဉ်ဆွဲနိုင်ပါတယ်။
ကျမကို ထောင်ဘူးဝက ထွက်လာရင် အိမ်ကိုဖုန်းဆက်လိုက်ဖို့ ကျမအမေက မှာထားပါတယ်။ ဒါကြောင့် ကျမလွတ် လွတ်ချင်း အိမ်ကို ဖုန်းဆက်လိုက်ပြီး ကျမတို့မိသားစုနဲ့ ရင်းနှီးခင်မင်တဲ့ သာယာဝတီမြို့ခံ မမဲတာ တို့ အိမ်မှာ ကျမ ထိုင် စောင့်နေပါတယ်။ ကျမ အမေလာတော့ မေမေက ကျမကို ဖက်ထားလိုက်ပြီး အရင်ဦးဆုံးပြောခဲ့တဲ့ စကားက “မေမေ ညဖက် ကားသံကြားရင် သမီးပြန်လာတာလားလို့ ထထကြည့်ဖို့ မလိုတော့ဘူး” ဆိုတဲ့ စကားကို မျက်ရည်တွေဝဲပြီး ပြောခဲ့တာပါ။ ကျမ အိမ်ပြန်ရောက်တော့ ကျမ ဖေဖေက ကွယ်လွန်နှင့်ပါပြီ။ ကျမ ဖေဖေနဲ့ တွေ့ခွင့်မရခဲ့ပါ။ ကျမ ဖေဖေ က ၁၉၉၆ ခုနှစ်ကျမှ ဆုံးတာဆိုတော့ ၁၉၉၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို သူကြုံတွေ့လိုက်ရပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် လွှတ်ပေးတယ်ဆိုတော့ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေပါ လွတ် မလားဆိုပြီးတော့ ကားသံကြားတိုင်း နေမကောင်းတဲ့ကြားထဲက အဖေ ထထကြည့်တဲ့ အကြောင်းအမေပြောပြလို့ ကျမ တောင် မျက်ရည်ကျခဲ့မိပါသေးတယ်။ အဖေက ဖွင့်မပြောပေမဲ့ သူမသေခင် ကျမကိုတွေ့ချင်တယ်လို့ အမေထင်တဲ့အ ကြောင်း ပြောပြခဲ့ပါသေးတယ်။ ကျမအဖေသေဆုံးတဲ့အကြောင်း ကျမထံအကြောင်းကြားဖို့အတွက် ကျမအမေနဲ့ ကျမ အမက အတွေ့အကြုံရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကျမရဲ့ မိတ်ဆွေတွေကို တိုင်ပင်ကြည့်တော့ သူတို့က နိုင်ငံ ရေးအကျဉ်းသားရဲ့ မိသားစုဝင်တွေ သေဆုံးသွားတိုင်း ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်တော့မှ ထုတ် ပေးတဲ့ ထုံးစံမရှိဘူးလို့ အမေနဲ့ အမက ကျမထံ အကြောင်းမကြားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမဲ့ ကျမကတော့ ကျမ ရဲ့ သူငယ်ချင်းတွေပြောပြခဲ့လို့ ထောင်ထဲမှာကတည်းက သိခဲ့ပြီး ဖြစ်ပါတယ်။ ဒီအဖြစ်အပျက် အကြောင်းအရာမျိုးတွေ ဟာ နိုင်ငံရေးအကျဉ်းသားမိသားစု တော်တော်များများ တွေ့ကြုံခံစားရ အခြေအနေတွေပဲ ဖြစ်ပါတယ်။
ကျမ ထောင်ကလွတ်ရင် သိပ်ပျော်မှာပဲလို့ ထင်နေခဲ့မိပါတယ်။ ဒါပေမဲ့ ထောင်ကနေ အမှန်တကယ်လွတ်တဲ့နေ့မှာတော့ ကျန်ရစ်နေခဲ့တဲ့ ဘ၀တူတွေအကြောင်း စဉ်းစားနေမိပါတယ်။ သူတို့ ဘယ်လိုနေကြမလဲ။ ကျမလွတ်သွားတဲ့အတွက် သူတို့ ၀မ်းသာပေမဲ့ သူတို့လည်းပဲ ကျမလို မိသားစုတွေနဲ့များ တွေ့ဆုံခွင့်ရချင်နေမလားဆိုတဲ့ ပူပန်စိတ်လည်း ရှိနေပါ တယ်။ အပြင်လောကမှာ ရုပ်ဝတ္တုတွေ တိုးတက်လာနေပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်း သားတွေ ရှိနေသလိုပါပဲ။ ပူဆွေးဒုက္ခရောက်နေတဲ့ မိသားစုဝင်တွေလည်း ရှိနေပါသေးတယ်။ သာမန်ပြည်သူတွေဘ၀ ကလည်းဘာမှ ပိုပြီးတိုးတက်မလာတဲ့အတွက် မြန်မာပြည်ရဲ့ အခြေအနေဟာ ဘာမှအပြောင်းအလဲမရှိဘူးဆိုတာက သိပ်သေချာနေပါတယ်။ ဒါကြောင့် ထောင်ထွတ်လာတဲ့ ကျမ ရဲ့ပျော်ရွင်မှုဟာ တဒင်္ဂလေးအတွက်သာပါပဲ။ အမြဲမက် နေတဲ့ ခြောက်အိပ်မက်ကြီးကတော့ ရှည်ရှည်လျားလျား ရှိနေဆဲပါ။
ခင်ငြိမ်းသစ်
http://www.naytthit.net/?p=15589

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်




2011-07-15
`ရက်ပေါင်း (၁၀၀) ကျော်လာပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဘယ်လောက်အထိ အပြောင်းအလဲ ဖေါ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိတယ် ဆိုတာကို အခုထိ ခန့်မှန်းလို့ မရသေးပါဘူး။
Yonhap News
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးစဉ် အတွင်း ၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကြိုဆိုနှုတ်ဆက်ကြတဲ့ ဒေသခံတွေကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်နှုတ်ဆက်နေပုံ။ ဓါတ်ပုံ - Yonhap News
ရက်(၁၀၀) ဆိုတာ သိပ်ကြာလှတဲ့ ကာလ မဟုတ်ပေမယ့် တကယ် လုပ်ချင်ရင်တော့ သိသာအောင်လို့ လုပ်နိုင်တာတွေ ရှိပါတယ်။ လုပ်သင့် လုပ်ထိုက်တာတွေကို အမြန်ဆုံးလုပ်တာဟာ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီလို လုပ်ကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်` လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ ဂျပန်နိုင်ငံက နော်အယ်မူးနဲ့ ဦးမျိုးဇော်၊ ပြင်သစ်နိုင်ငံက ကိုထင်ကျော်၊ ထိုင်းနိုင်ငံက အရှင်နေမိန္ဒနဲ့ မသစ္စာ ၊ ရန်ကုန်တိုင်း ခရမ်းသုံးခွက ဒေါ်ပြုံးတို့ (၆) ဦးရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဒီတပတ်မှာ ပြန်လည် ဖြေကြားထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

http://www.rfa.org/burmese/news/assk-07152011145103.html