Sunday, July 24, 2011

ချွတ်ချော်တဲ့ လွှတ်တော်၁။၂

Hot News ဂျာနယ်နှင့် အငြင်းပွားမှု တွေ့ဆုံ ဖြေရှင်းရန် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ကမ်းလှမ်း




ရန်ကုန် မြို့တော်ရှိ နာမည်ကျော် ပုဂ္ဂလိက ဆေးရုံ တစ်ခုဖြစ်သော ရွှေဂုံတိုင် အထူးကု ဆေးရုံ(SSC) နှင့် Hot News ဂျာနယ်တို့ အကြား ဖြစ်ပွား နေသော အငြင်းပွား မှုအား SSC ဘက်က အမှု ဖွင့်လိုက်သည်ကို မသိရှိပါကြောင်းနှင့် ယင်းကိစ္စကို တွေ့ဆုံ ဆွေးနွေး ဖြေရှင်းသွားရန် SSC ကမ္ဘောဇဘဏ် ဥက္ကဋ္ဌဦးအောင်ကိုဝိုင်း က တယ်လီဖုန်းဖြင့် ဆက်သွယ် ကမ်းလှမ်း ပြောဆို ခဲ့သည်ဟု Hot News အယ်ဒီတာချုပ်က ပြောကြားသည်။ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ပြုလုပ်သော တတိယ အကြိမ် စာနယ်ဇင်း များနှင့် တွေ့ဆုံပွဲတွင် Hot News ဂျာနယ် အယ်ဒီတာချုပ်က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ် ဇွန်လ ၃ ရက်နေ့ ထုတ် Hot News ဂျာနယ်တွင် ဖော်ပြခဲ့ သော ပုဂ္ဂလိကဆေးရုံ SSC ၏ ဝန်ဆောင်မှု သတင်းနှင့် ပတ်သက်၍ SSC ဆေးရုံက အဆိုပါသတင်းမှာ အချက်အလက်များ မှားယွင်းနေပြီး မမှန်မကန်ဖော်ပြခဲ့သည့် အတွက် ဂျာနယ် စာမျက်နှာမှ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး တရားဝင် ပြန်လည်တောင်းပန်ရမည်ဖြစ်ကြောင်း တောင်းပန်မှု မရှိပါက တရားစွဲဆို သွားမည်ဟု SSC က ရှေ့နေမှတစ်ဆင့် အသိပေး အကြောင်း ကြားစာပေး ပို့ခဲ့သည်။ ဇူလိုင် လ၈ ရက်နေ့တွင် PARKROYAL Hotel ၌ပြုလုပ်သော Hot News ဂျာနယ်၏ သတင်းစာ ရှင်းလင်းပွဲ၌ မမှန်မကန် ဖော်ပြထား ခြင်းမဟုတ် သလို၊ ပြန်လည် တောင်းပန် မည် မဟုတ်ဘဲ ဥပဒေ ကြောင်းအရ ဖြေရှင်းသွားမည်ဟု Hot News ဂျာနယ် အယ်ဒီတာ ချုပ်က ပြောကြားခဲ့သည်။
ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ၏ ကမ်းလှမ်း ချက်နှင့် ပတ်သက်၍ SSC ၏ရှေ့နေဦးရဲမြင့်ကို The Voice Weekly က ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဆက်သွယ် မေးမြန်းခဲ့ရာ ညွှန်ကြားချက် တစ်စုံတစ်ရာ လက်ခံရရှိခြင်း မရှိ သဖြင့် ဥပဒေ လမ်းကြောင်း အတိုင်း ဆက်လက် ဆောင်ရွက် နေပါကြောင်း ပြန်လည် ဖြေကြားသည်။ SSC ၏ အဓိက ရှယ်ယာရှင် များမှာ မြန်မာနိုင်ငံ၌ ဘဏ်ခွဲ အရေ အတွက် အများဆုံးဖွင့်လှစ် ထားသည့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ဒေါက်တာဇော်ထွန်း၊ ဒေါက်တာဌေးဌေးကြည်တို့ဖြစ်ကြ ပြီး Hot News ဂျာနယ်ကို ထူထောင် သူ ဒေါ်မမမှာ Faces မဂ္ဂဇင်း၊ ပေဖူးလွှာ မဂ္ဂဇင်းများကို ထုတ်ဝေ နေသူဖြစ်သည်။
http://www.yoyarlay.com/

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့သစ်နှင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်


Sunday, 24 July 2011 14:28

w643s1
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့ က တွေ့ဆုံခဲ့ကြစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ အဖွဲ့သစ်နှင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် တို့သည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဦးအောင်ကြည်သည် ယခင် အစိုးရ လက်ထက်က အလုပ်သမား ၀န်ကြီး ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရန် အတွက် ဆက်ဆံရေးဝန်ကြီး အဖြစ် ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၈
ရက်နေ့တွင် ခန့်အပ်ခံရပြီး ယင်းနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့သည်။ ၎င်းသည် အစိုးသစ် လက်ထက်တွင်လည်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခံရပြီးနောက် ယခုအကြိမ်သည် ပထမဆုံးအကြိမ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်သည်။
w643s2
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့ကြစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် ယခင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် နှင့် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် နောက်ဆုံး တွေ့ဆုံထားပြီး အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ် ပြန်လည် တွေ့ဆုံမည် ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့သည် ၂၀၀၇ ခုနှစ် မှ ၂၀၁၀ ပြည့်နှစ်အတွင်း (၉)ကြိမ် တွေ့ဆုံထားပြီး ယခု ၂၀၁၁ ခုနှစ် အတွင်း တွေ့ဆုံခြင်းမှာ (၁၀)ကြိမ်မြောက်ဖြစ်သည်။
"အစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးအကြိမ် ပြန်တွေ့တာ ကောင်းတဲ့လက္ခဏာပါ။ ဖြေရှင်းလို့ရတဲ့ ပြဿနာတွေကို အရင်ဦးဆုံး ရှင်းပြီးတော့ ဖြေရှင်းလို့မရနိုင်သေးတဲ့ ပြဿနာတွေကို နောက်မှတစ်ဆင့်ပြီး တစ်ဆင့်ရှင်းသွားရင် ပြဿနာတွေ အားလုံးပြေလည်သွားမှာပါ။ ဘာပဲဖြစ်ဖြစ် တွေ့တာတော့ ကောင်းပါတယ်"ဟု ဂျာနယ်လစ်တစ်ဦးက သုံးသပ်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။ အသက် ၆၆ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၁ ခုနှစ် ဇူလိုင်လဆန်းတွင် ပုဂံဒေသသို့ သူမ၏ သားဖြစ်သူနှင့် အတူ ဘုရားဖူး ခရီးစဉ် အဖြစ် သွားရောက်ခဲ့သေးသည်။ ထို့အပြင် ဇူလိုင်လ ၁၉ ရက်(အာဇာနည်နေ့)ကလည်း ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ သွားရောက်ကာ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား ဂါရ၀ပြုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံခဲ့မှုများ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်


Eleven Media Group