Monday, July 25, 2011

နှစ်တွေ လဲ အတော်ကြာ နေ ပါ ဘီ ၊ တိုင်းပြည် လဲ ဖွတ်ဖွတ် ကြေ နေ ပါ ဘီ။


သတင်းစာ ဂျာနယ်တွေ ထဲ ဖတ်ရ တာ နောက် ၃ နှစ် အတွင်း ဂျီအက်အမ်ဖုန်းတွေ သန်း ၃ဝ
လောက် တောက်လျောက် ရောင်း ပေး တော့ မယ် တဲ့ ခင်ဗျာ ၊ အစိုးရ က ပုတ်ဂလိက ကုန်ပဏီ
တွေ ကို တွဲ ပြီး လုပ်ငန်းတွေ ချပေးတော့ မယ် ဖတ်ရ ပါ တယ်။ စုစုပေါင်း ဗမာကျပ်ငွေ ၅ဝဝဘီလျံ
လောက် သုံးပမယ်တဲ့ ခင်ဗျ၊ တကယ်တော့ သိပ်တော့ မများပါဘူး ၊ ဒေါ်လာ ဝ.၆ ဘီလျံလောက်ပါ
ကျောက်မျက်ပွဲ တပွဲစာ မရှိပါဘူး။

ဗမာပြည်လူဦးရေ က ၅၆ သန်း ၊ သန်း ၆ဝ ထားပါတော့ ၊ လူ ၂ ယောက် ကို ဟန်းဖုံး တလုံး နှုန်း
လောက် ဖြစ် လာမှာပါ။ ကောင်းပါတယ် ပြောရ မှာပေါ့ ခင်ဗျာ ၊ ဖုန်းတွေ ရဲ့ ရောင်းဈေး က လဲ
အခု လက်ရှိ ၅ သိန်းအောက် ထပ်ဆင်း လို့ ၃ သိန်း လောက် ၊ ဒါ မှ မဟုတ် ဒီထက် ထပ် ကျ သွား
ဘို့ ရှိပါတယ် ။ အခု ထပ်ချဲ့ မှာ က ပုတ်ဂလိက ကုန်ပဏီ တွေ က အရင်း အနှီး ပါ တာ အဓိက
ဆို တော့ သူ တို့ အချင်းချင်း ပြိုင် ရင် ၊ ပို ကောင်း မှာ ပါ။

အခု မြို့ ထဲ က ကပ် ရက် ဖုန်း ဆိုင် တွေ မှာ ၊ ဆိုင်း ဘုတ်ကြီး တွေ ထောင် ထား တာ ၊ တဆိုင်
က ချက် ချင်း ရ မယ် ၅ သိန်း တထောင့် ငါးရာ ၊ နောက် တဆိုင် က လဲ ချက်ချင်း ရ မယ် ၊
၅ သိန်း နဲ့ ငါးရာ ဘဲ အပို ပေး တဲ့ ခင် ဗျ ၊ နောက် တဆိုင် က ၅ သိန်း အတိ ၊ တပြား မှ အပို
ပေးစရာ မလို ဘူး ၊ ချက် ချင်း ရ မယ် ဆို ဘဲ ဗျ။

အေး ဗျာ ၊ လူ တွေ က လဲ ဇဝေ ဇဝါ တွေ ဖြစ် ကုန် ပါ တယ် ၊ အရင် က ကိုယ် ဖုန်း ထုတ် ခွင့်
ရ ကြောင်း ၊ စာ တိုက် က အကြောင်း ကြားစာ ကို ပို့စ်စမင်း က ယူလာပေးတာ လေး ကို လဘက်
ရေဘိုး ၅ ထောင် ၊ ၁သောင်း ပေး ခဲ့ ရ ၊ သွား ထုတ် လဲ ၊ ငွေသွင်း တာ ၁ ရက် ၊ နံပါတ် ရွေးတာ
၁ ရက် ၊ ဆင်းကဒ် သွားထုတ် ရ တာ တနေရာ ၊ နေရာ တိုင်း အချိန် တွေ ကုန် ၊ အပို ပိုက် ဆံ တွေ
ကုန် ခဲ့ ရ ဆို တော့ ၊ ဒီ လောက် လွယ်လွယ် ပေါ ပေါ ရ နေ တာ ၊ ပြော ရ တာ အသံ ရော
ကောင်း ပ မလား ၊ ဖုန်း အတု တွေ များ ဖြစ် နေ မလား ၊ ဆို ပီး စိတ် ထဲ မ ရွံ့ မ ရဲ ပါ ခင် ဗျာ ။

ဒီ ဟန်းဖုန်း တွေ က လဲ ၊ အရင် လေး ငါး နှစ် လောက် အထိ ၊ ဖုန်း တန် ခိုး ထွား ခဲ့ ကြ ပေါ့
ခင်ဗျာ ၊ လူတွေ ကို ဖုန်း သုံး ခွင့် ချ ပေး တာ ၊ တိုင်းမှူး တွေ ကိုယ် တိုင် ၊ ကိုင်ကြ ပါ တယ်။
တိုင်းမှူး တွေ တယောက် နဲ့ တယောက် တာဝန်လွှဲ ရင် ၊ စစ် လက်နက် က ဘယ်လောက်
လုပ်လက်စ လုပ်ငန်း က ဘယ်လောက် ၊ လမ်းခင်း နေ တာ ပြီး တာ ဘယ်လောက် ၊ ကျန်တာ
ဘယ်လောက် စာရင်းတွေ နဲ့ လွှဲ ရ ပါ တယ် ၊

ဒါတွေ ကို ဘယ် တိုင်းမှူး မှ စိတ် မဝင်စား ပါ ဘူး ၊ ပြောင်း ရ မဲ့ တိုင်းမှူး က ဟေ့ ဆက်သွယ်
ရေး ၊ ဟန်ဖုန်း ပါမစ် ဘယ် နှ လုံး ကျန်သေး လဲ ၊ ငါ မပြောင်း ခင် ၊ ငါ့ ကို စာရင်း တင်
ငါ အပြီး ဖြတ် လိုက် မယ် ၊ ဘာ မှ ချန် မထား နဲ့ ၊ ချန် ထားရင် ၊ ရန် များ တတ် တယ် ပြော ပီး
အကုန် စာရင်း ဖြတ် ပါ တယ်။ နောက် အသစ် ပြောင်း လာ တဲ့ တိုင်းမှူး က လဲ ၊ ဘာ စာရင်း မှ
မပြ ခင် ၊ ဟန်းဖုန်း ဘယ် နှ လုံး ကျန်သေး လဲ ၊ အဲ ဒါ အရင် ပြော ၊ ဆို ပီး ၊ ခရီး ရောက် မဆိုက်
အမော တကော မေးတတ် ကြ ပါ တယ်။

သက်ဆိုင်တဲ့ ဆက်သွယ်ရေး က တော့ ၊ မကျန် လို့ လဲ မဖြစ် ၊ ချန် ထား လို့ လဲ မဖြစ် ၊
တော် တော် ဒုတ် ခ ရောက် ရ ပါ တယ် ၊ ခွဲတမ်းချ ရင် ၊ အမျိုးသမီးရေးရာ ကို ၁ဝ လုံး ပေး လိုက်
စမ်း ၊ အဲ ဒါ က တိုင်းမှူး မိန်းမ ရယ် သူ့ သမီး ရယ် အတွက် ပါ ၊ ပြီး ရင် အကုန် ရောင်းစား ပါ
တယ် ၊ နောက် ထပ် တခါ ၊ မိခင် နဲ့ ခလေး ကို ၁ဝ လုံး ပေးလိုက်စမ်း ၊ အဲ ဒါ က သူ့သား နဲ့
သူ့သား ရဲ့ မိခင် ၊ တိုင်းမှူး မိန်းမအတွက်ပါ ၊ ရ သမျှ အကုန် ဘုန်း ၊ တပြုံးပြုံး နဲ့ ပေါ့ ခင်ဗျာ ။

အရင် က လုပ်ငန်းတွေ အများကြီး လုပ် ရ တဲ့ ၊ ဖုန်း တကယ် အသုံး လို တဲ့ ကုန်ပဏီ တွေ ၊
စက်မှုဇုန်တွေ ၊ ကျောက်မျက် ကုန်သည် တွေ အတွက် ဖုန်း ချ ပေး တောင် ၊ ဒေါ်လာ နဲ့ ချေ မှ
ချပေးပါတယ် ၊ ဒါ တောင် ဒီ အတိုင်း မရ ပါ ဘူး ၊ ကုန်ပဏီ မှတ်ပုံတင် ပြ ရ တာ တို့
အင်တာဗျူး လုပ် တာ တို့ ရှိ ပါ သေး တယ် ၊ စစ်တပ် မှာ အသက်ကြီး သွား လို့ အထူးအရာရှိ
ဆိုပီး အရပ်ဘက် ပို့ လိုက် တဲ့ ဗိုလ်မှူးကြီး တွေ အများကြီး ပါ။

ဆက်သွယ်ရေး မှာ အဲလို တပ်ထွက် အထူးအရာရှိ တွေ က ဖုန်းပါမစ် ကို အင်တာဗျူး လုပ်ပါတယ်
ဖုန်းလျောက်ထား တဲ့ ကုန်ပဏီ တွေ ကို ခေါ်တွေ့ ပြီး ၊ ကိုင်း ရက်ဒ်ကောင်း ကုန်ပဏီ ၊ မင်း တို့
က ဘာ လုပ်ငန်း လုပ် သလဲ ၊ အော် အေး အေး ၊ နို့ မှုန့် သွင်း ကုန် လုပ်သလား ၊ ဒါ ဖြင့်
ဆင်းကဒ်လာ ထုတ် တဲ့ နေ့ ကျ ၊ ငါ့ ဘို့ နို့မှုန့် ၅ ဘူး ယူလာ ခဲ့ ကွ တဲ့ ခင် ဗျ။

နောက် ကုန်ပဏီ တခု ၊ လာ ၊ ဒိုင်မွန်း ကုန်ပဏီ ၊ မင်း တို့ က ရော ဘာ လုပ် ငန်း လုပ် သလဲ
အော် ၊ အေး ၊ အေး ၊ ကြမ်းခင်းကော်ဇော သွင်း ကုန် လုပ်သလား ၊ ဒါ ဖြင့်
ဆင်းကဒ်လာ ထုတ် တဲ့ နေ့ ကျ ၊ ငါ့ ဘို့ ကော်ဇော ၅ လိပ် ယူလာ ခဲ့ ကွ တဲ့ ခင် ဗျ။

နောက် ကုန်ပဏီ တခု ၊ လာ ၊ မေဖလားဝါး ကုန်ပဏီ ၊ မင်းတို့ က ရော ဘာ လုပ် ငန်း လုပ် သလဲ
အော် ၊ အေး ၊ အေး ၊ ဗိုက်တာမင် အားဆေး သွင်း ကုန် လုပ်သလား ၊ ဒါ ဖြင့်
ဆင်းကဒ်လာ ထုတ် တဲ့ နေ့ ကျ ၊ ငါ့ ဘို့ အားဆေး ၅ ဘူး ယူလာ ခဲ့ ကွ တဲ့ ခင် ဗျ။

နောက် ကုန်ပဏီ တခု လာ ၊ ( ရင်ဂို ) ကုန်ပဏီ ၊ မင်း တို့ က ရော ဘာ လုပ် ငန်း လုပ် သလဲ
ဒီ တခါ တော့ လာတာ က လူရွယ်လေး ပါ ၊ ဂျင်းဘောင်းဘီ လေးဝတ် ထားပြီး တီ ရှပ် လေး နဲ့ ပါ
မင်း တို့ က ရော ဘာ လုပ် ငန်း လုပ် သလဲ ၊ လူရွယ် က ကျွန်တော် က ( ရင်ဂို ) ပါ
ကုန်ပဏီတော့ မဟုတ်ပါဘူး ခင် ဗျာ ၊ အဆို တော် ပါ တဲ့၊

အထူးအရာရှိ က မျက်မှောင်ကြုံ့ သွားပီး ၊ မင်း က ကုန်ပဏီ မဟုတ် ဘဲ ဘာကြောင့် ဖုန်း က လို ရ
တာ လဲ ကွ လို့ မေးတော့ ၊ စတိတ် ရှိုး တွေ မှာ သီချင်း ဆို ဘို့ ဆက်သွယ်ရရင် ၊ အသံ သွင်း ဘို့
ရက်ချိန်း လုပ်တာ တို့ မှာ ဖုန်း လို ပါ တယ် ရှင်း ပြ တော့ ၊ အော် ၊ အေး ၊ အေး ၊
မင်း က စတိတ် ရှိုး တွေ မှာ သီချင်း ဆို သလား ၊ ဒါ ဖြင့်ဆင်းကဒ်လာ ထုတ် တဲ့ နေ့ ကျ ၊
ငါ့ ဘို့ စတိတ်ရှိုးလက်မှတ် ၅ စောင် ယူလာ ခဲ့ ကွ ၊ တဲ့ ခင် ဗျ။

ရင်ဂို က မျက်စိ မျက်နှာ အတော် ပျက်နေပါ ဘီ ၊ စတိတ်ရှိုး လက်မှတ် က သူ့ မှာ မရှိ ကြောင်း
ပွဲ သွင်း တဲ့ ကန် ထရိုက် နဲ့ သာ ဆိုင်ကြောင်း ၊ အတော် ရှင်း ပြ လိုက် မှ ၊ နောက်ဆုံး
သူ့ သီချင်းပါ တဲ့ ကက်ဆက် ၅ ခွေ ယူလာ ဘို့ ဈေး တဲ့ သွား ပါ သတဲ့ ဗျာ ၊
ဖုန်း တွေ တန်ခိုး ထွား တဲ့ အချိန် တုံး က ဘယ်သူ့ ကို မှ ချမ်းသာ မပေး ပါ ၊
ရ သမျှ အကုန် ရိုက် ယူ ကြ ပါ တယ်။ အေး ဗျာ ၊ ဒီ လို ၊ အ ဂ တိ တရား မကင်း တဲ့
အနိဌာရုံ တွေ က အစိုးရ ရုံး တွေ မှာ ခုချိန် ထိ ၊ ဒု နဲ့ ဒေး ၊ အများ ကြီး ရှိ နေ ဆဲ ပါ ၊

မြန်မာတယ်လီဖုန်း စနစ် က တော့ ၊ ဝန် ကြီး တခါ တက် ၊ စနစ် တမျိုး ပြောင်း တော့ တာ ပါ ဘဲ
အားလုံး က တော့ ဂွင် ရိုက် လို့ ရ တဲ့ အပေါ် မူ တည် ပါ တယ် ၊ အခု ဝန်ကြီး အသစ် က တော့
ဂျီအက်အမ် ဂွင် တဲ့ သွား တော့ ၊ သူ့ ဂျီအက်အမ် တွေ မရောင်း ရ မှာ စိုးရိမ် တော့ ၊ စီဒီအမ်အေ
တွေ ရောင်း ပေး နေတာ ကို ၊ အကုန် ရပ် ပစ်လိုက် ပါ ဘီ။

ဖုန်း ကွာလီတီ က တော့ ဂျီအက်အမ် က ကောင်း ပါ တယ် ၊ ဒါပေမဲ့ အလုံး သန်း ၃ဝ ပေး တော့
မယ် ဆိုရင် ဖုန်း သုံး သူ အများစု က နယ် ၊ တော ၊ ရွာ တွေ မှာ နေတဲ့ တောသူ တောင် သား ၊
လယ်သမား များ မှာ ပါ ၊ ဗမာပြည် ရဲ့ လူဦးရေ ၇ဝ% က တော နေ လယ်သမားတွေ ပါ။

ဂျီအက်အမ် က ဆစ်ဂနယ် ၊ ကာဘာရေ့ဂ်ျ ဧရိယာ နဲပါ တယ် ၊ သူ့ ကို ၊ ပင်မ ထားတော့ မယ် ဆို
ရင် တိုင်တွေ အများကြီး ထပ်ထောင် ရ ပါ မယ် ၊ ရန် ကုန် ထဲ နေရာစေ့ အောင် တောင် အခုထိ
မပြေလည်သေးပါဘူး ၊ စီဒီအမ်အေ ၈ဝဝ က မြို့တွင်း မှာ ၊ ကြိုး ဖုန်း ကို အစား ထိုး သုံး ဘို့
ပိုပြီး အဆင်ပြေပါတယ် ၊ စီဒီအမ်အေ ၄၅ဝ က တော့ ဆစ်ဂနယ် အဝေးကြီး ပြေး ပါ တယ်။
အသံ သိပ်မကောင်း ၊ နက်ဝက် ကြပ်လာရင် ခေါ်ရ ခက် တာ ပြောရ ခက် တာ ရှိ ပေ မဲ့
မိုင် ၄ဝ လောက် ပါတ် လည် မိ ပါ တယ်။ ရွာ ဖုန်း တွေ သုံး လို့ ပို အဆင် ပြေ ပါ တယ်။
အခု ပဲ ၊ နှမ်း ၊ စပါး ပွဲစား တွေ အား လုံး စီဒီအမ်အေ ၄၅ဝ ကို တော့ ဆောင် ကြ ရ ပါ တယ်။

နောက် ပေး မဲ့ ဖုန်း အလုံး သန်း ၃ဝ ကို တကယ် အရောင်း သွက် စေ ချင် ရင် ၊ လယ်သမား တွေ
တော မှာ နေ တဲ့ သူ တွေ အတွက် အဆင် ပြေ အောင် စဉ်းစား ပေး သင့် ပါ တယ်။ ဆိုလို တာ က
ဖုန်း ကို သူ့ အသုံး နဲ့ သူ အဆင်ပြေအောင် ၊ အ စ က တဲ က စဉ်းစား ပေး သင့် ပါ တယ်။

ရှိ သမျှ ဖုန်း ကို ဂျီအက်အမ် တွေ ၊ အကုန် လုပ် လိုက် ပြီး ၊ တိုင် တွေ နေရာ စေ့ အောင်
မထောင် နိုင် ရင် ၊ ဘယ် ဂျီအက်အမ် မှ ဖုန်း ကောင်း ကောင်း ပြော လို့ ၊ ရ တော့ မယ် မထင်
ပါဘူး ။ ဂွင် လုပ် တာ လဲ လုပ် ပေါ့ ဗျာ ၊ အ သုံး တဲ့ အောင် လေး လဲ စဉ်းစား ပေး ကြ ပါ ခင် ဗျာ ။

တယ်လီဖုန်း လုပ်ငန်း ဆိုတာ ၊ ဘယ် နိုင်ငံ မှာ မဆို ၊ ရှုံး စရာ မရှိ တဲ့ ၊ ချီ ပြီး တုပ် ပြီး
စီးပွားရေး လုပ်ငန်း ပါ ၊ ဘယ်နိုင်ငံ မဆို အရောင်း သွက် အောင် ၊ စဦး စရိတ် ကို လျော့ ယူပြီး
နောက် ပိုင်း ၊ အမြတ် ကို ပြော ခ တွေ အထဲ က မှ ၊ အချိန် ပေး ပြန် ဖော်ကြ တာ များ ပါ တယ်။

ခုခေတ် ဝန်ကြီး ဆိုတာ က လဲ ၊ အခု ၅ နှစ် တောင် သိပ် မသေ ချာ တော့ ၊ အခု ရေတွင်း တူး
လိုက်ရင် အခု ရေ ကြည် သောက် လိုက် ချင် ပုံ ရ ပါ တယ် ၊ ခြုံ ထဲ က ငှက် တသောင်း နဲ့
လက် ထဲ က ငှက် တကောင် ကို မ လဲ ချင် တဲ့ သဘော ပါ။ စား တာ လဲ စား ၊ စေ တနာ လေး
လဲ အများ အတွက် ၊ တကယ် စဉ်း စား ၊ ထား ပေး ကြ ပါ ခင် ဗျာ ။

အခုရက်ပိုင်း တီဗွီ သတင်းတွေထဲ ကြည့် ရ တာ ၊ ဒုတိယ သမတကြီး ဒေါက်တာ ဦးရှမ်းကြီး
တယောက် ကျောင်း တွေ ဆေးရုံ တွေ လိုက် စစ် လိုက် ၊ တက်ကသိုလ် တွေ ထဲ လိုက် ကြည့် လိုက်
နဲ့ တော်တော် အလုပ်များ ရှာတာတွေ့ ရ ပါ ဗျာ ၊ ဦးရှမ်းကြီး လဲ စေ တနာ တော့ အတော် ကောင်း
ရှာ ပါ တယ် ကြား ရ ပါ တယ်။

တက်ကသိုလ်တွေ ထဲ ရောက် ရင် ဆရာ ဆရာမ တွေ နဲ့ တွေ့ ပြီး ဝန်ထမ်း သက်သာချောင်ချိရေး
တွေ လုပ် ဘို့ အမြဲ တိုက် တွန်း ပါ သတဲ့ ဗျ ၊ ဆရာ ဆရာ မတွေ ဗျာ ၊ တက်ကသိုလ် ဝင်းကြီး
တွေ က အကျယ်ကြီး တွေ ၊ သီး ပင် စား ပင် စိုက် ကြ ပါ လား ဗျာ တဲ့ ၊ အသားတိုး
ကြက်ကလေး တွေ တအုပ် တမ မွေးကြ ပါ လား ဗျာ တဲ့ ၊ နောက် သူ က ဆက် ပြော ပါ သေး
တယ် ၊ အခု ဆရာ ဆရာမ တွေ ကို ကြည့် လိုက် တော့ ၊ ဆရာ ဦးရေ က အတော် နဲ သွား ပြီး
ဆရာမ ဦးရေ က တအား များ နေ ပါတယ် တဲ့ ဗျ။ ဆရာမ တွေ အပ်ချုပ်စက် လေး တွေ ဝယ်
ပြီး ကျောင်းသား ကျောင်းသူ တွေ အတွက် ရှပ် အင်္ကျီ ချုပ် တာ လုပ် နိုင် လိုက် ရင် ၊ သိပ်
အဆင် ပြေ သွား မှာ တဲ့ ခင် ဗျ ။

ဆရာမ တွေ က တော့ ကွယ်ရာ မှာ ဗျစ် တောက် ၊ ဗျစ် တောက် နဲ့ ပေါ့ ဗျာ ၊ ဘယ် နဲ့
တက် ကသိုလ် က ဆရာမ တွေ ကို ကြက် မွေး ခိုင်း ၊ အပ် ချုပ် စက် ထောင် ခိုင်း နဲ့ ၊
အဆင် မပြေ ပါဘူး လို့ ပြော ကြ တော့ ၊ ဆရာမကြီး တွေ က ၊ ဟဲ့ တိုး တိုး ပြော
ဦးရှမ်းကြီး မတော် တဆ ကြား သွား မှ ဖြင့် ၊ နင် တို့ ကို ၊ ဝန်ထမ်း သက်သာ အတွက်
အငြိမ့် က ခိုင်း ဘို့ အကြံ ပေး နေ ဦး မယ် ၊ ဆို မှ တိတ် သွား ကြ ပါ သတဲ့ ခင် ဗျာ ။

မီဒီယာ တွေ နဲ့ ပုတ်ဂလိက ဆေးရုံ တွေ ပြသနာ ဖြစ် ကြ တဲ့ နောက် ဆက် တွဲ က တော့ ၊
နောက် ဆုံး ပြည်သူလူထု ဘဲ ခံစား ရ ပါ တယ် ၊ အခု များ ရောဂါ နဲနဲ သဲ နေ လို့ က တော့
ပုတ်ဂလိက တေးရုံတွေ က လူ လည် လုပ် လာ ကြ ပါ တယ် ၊ သူ တို့ ဆီ မှာ သိပ် လက် မခံ
ခြင်ကြ တော့ ပါ ဘူး ၊ တခြား ဆေးရုံ တွေ ကို ပြန် ညွှန်း လာ ကြ ပါ တယ်။ တာဝန် ယူ ကုပေး
လို စိတ် မထား ကြ တော့ ပါ ဘူး ၊ ရိုးရိုး ကေ့စ် နှာစေး ၊ ချောင်းဆိုး ၊ ဗိုက် နာ ၊ ခေါင်း ကိုက်
ကေ့စ် ၊ လို ဆူလွယ် နပ် လွယ် ကေ့စ် တွေ ကို ဘဲ ၊ မျက်နှာထား ချိုချို လေး ထား ပြီး
အလု အယက် လက် ခံ ကြ ပါ တယ် ၊ သူ တို့ အတွက် ပြသနာ တက် နိုင် တဲ့ ကေ့စ် မျိုး ဆို
စော စော က ဘဲ ဇတ်လမ်း ဖြတ် ကုန် ကြ ပါ တယ်။

ဆေးကု တာ မှာ သွေးသွင်း ဘို့ လို တဲ့ ကေ့စ် မျိုး ဆိုရင် အခု ဘယ် ပုတ်ဂလိက ဆေးရုံး က မှ
လုပ် မပေး ကြ တော့ ပါ ဘူး ၊ ဒါ တွေ က ဆရာဝန်ကြီး တွေ နဲ့ မဆိုင် ပါ ဘူး ၊ ဆေးရုံ
ရှယ်ယာပါ ထား တဲ့ သူဌေးတွေ က စီးပွားတွက် လုပ် လာ ကြ တော့ ၊ ဆရာဝန်ကြီး တွေ လဲ
ဘာ မှ မတတ်နိုင်ဘူး ပေါ့ ဗျာ။ နောက် ဆုံး တော့ လူ နာ မျက် နှာ ထက် ၊ ဆေးရုံ ပိုင် ရှင်
မျက် နှာ ကို ဘဲ ပို ကြည့် သွား တော့ တာ ပါ။

ကျွန်တော်တို့ ဆရာဝန်ကြီး တွေ မှာ ကိုယ့် အလုပ် ကိုယ် ဂုဏ်ယူ တတ် တဲ့ စိတ် ၊ ဆေးကုခ
ရတာ ထက် ၊ ကိုယ် ကု လိုက် လို့ ကိုယ့် လူ နာ သက်သာ သွား တာ ၊ ပြန် နေ ကောင်းသွား
တာ ကို ပို ပြီး တန် ဘိုး ထား တတ် တဲ့ စိတ် ၊ ဆရာဝန် စိတ် ရှိသူ တွေ အများကြီး ပါ ခင် ဗျာ
စာနယ်ဇင်း သမားတွေ က လဲ ၊ ကိုယ့် ဂျာနယ်ရောင်း ကောင်း ရင် ပြီး ရော ဆိုပီး ၊ မတန် တဆ
တဘက်စောင်းနင်း စိတ် ၊ ဟို ကာကီးယား ငနွား ဂျာနယ် စိတ် မျိုး မမွေးမိ ဘို့ လို ပါ တယ်ခင်ဗျာ
အခုတော့ ဘယ်သူ မှ အကျိုး မရှိဘဲ ၊ ကြား ထဲ က ပြည်သူ လူထု ဘဲ ထိခိုက် ရ ပါ တယ်။

ည က သတင်းထဲ မှာ အမေစု ပုံ ကြည့် ရ ပါ တယ် ၊ ဦးအောင်ကြည် နဲ့ စကားပြော နေ တဲ့
သတင်းမှာ တွေ့ တာ ပါ။ သတင်းစာ ဆရာ တွေ ကို ပြောလိုက် တာ က တော့ တရား ဥပဒေ
စိုးမိုးရေး ၊ စိတ်ဝမ်းကွဲပြာနေတာတွေ ပပျောက်ရေး ၊ ပြည်သူ အများ စိတ်ချမ်းသာမှု ရ မဲ့ အလုပ်
ကို သာ လုပ်ကြရေး ဆောင်ရွက် ကြမယ်ပြောသွား ပါတယ်။ အမေစု ပြောတာ က တော့ ဘယ်သူ
နဲ့ ပြောရ ပြောရ ၊ ဘာ ဘဲ လုပ် ရ လုပ် ရ ၊ ပြည်သူလူထု အကျိုး အတွက် ဖြစ် မယ် ဆိုရင်
ဘာ မဆို လုပ် ပါ မယ် တဲ့ ခင် ဗျာ ၊ အင် မတန် အား ရှိ ရ ပါ တယ်။

လောလောဆယ် က တော့ ပြည်တွင်း ငြိမ်းချမ်းရေး အဆင်ပြေ အောင် အရင် လုပ်ပေး ကြ ပါ ဗျာ
နှစ်တွေ လဲ အတော်ကြာ နေ ပါ ဘီ ၊ တိုင်းပြည် လဲ ဖွတ်ဖွတ် ကြေ နေ ပါ ဘီ။ ကဘာ မှာ
ပြည်သူ ပြည်သား အားလုံး အတွက် ၊ ရှက် စ ရာ က လဲ အတော် ကောင်း နေ ပါ ဘီ။
အားလုံး ၊ အားလုံး ၊ စေ တ နာ ၊ စိတ် က လေး ၊ အမှန် ရှိ ပေး ကြ ပါ ပ ဗျား ။

azawgyi
VIMC of the year
Senior Cupid
(မြန်မာကျု့ပစ်ဖိုရမ်)မှတဆင့်...

၂၅.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
Attachments may be unavailable. Learn more
25 July 2011 Yeyintnge's diary.odt25 July 2011 Yeyintnge's diary.odt
362K   Download  
25 July 2011 Yeyintnge's diary.pdf25 July 2011 Yeyintnge's diary.pdf
353K   View   Download  

25 July 2011 Yeyintnge's Diary

Joint Statement of Aung San Suu Kyi and Aung Kyi




တွေ့ဆုံမှုအပေါ် နှစ်ဖက် ကျေနပ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အစိုးရ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တနာရီကျော်ကြာ
 တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် နှစ်ဘက်စလုံး အပြုသဘောနှင့် တွေ့ဆုံခဲ့ပြီး ကျေနပ်အားရမှု ရရှိခဲ့ကြောင်း
 ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားသွားသည်။

“ဘယ်သူနဲ့ ဘာပဲပြောပြော ကျမတို့ရဲ့ ရည်ရွယ်ချက်က နိုင်ငံနဲ့ တိုင်းပြည် လူသားများ အကျိုးပြုဖို့ပဲ ရည်ရွယ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
dsmetuakyi1
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်မြို့ နိုင်ငံတော် ဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် အစိုးရသစ် ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံ (ဓါတ်ပုံ မဇ္ဈိမ)

စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် တနင်္လာနေ့ မွန်းလွဲ ၁ နာရီက စတင်ခဲ့သည့် တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကြ
သည့် အသေးစိတ် အချက်အလက်ကိုမူ မထုတ်ပြန်သေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“အားရ ကျေနပ်တယ်လို့ နှစ်ဖက်စလုံးက ဆိုတဲ့ သဘောကတော့ အဲလို ပြောပုံရပါတယ် နှစ်ယောက်ထဲပါ။ ကျနော်
တို့ ဘက်ကလည်း မပါပါဘူး။ ဟိုဘက်ကလည်း မပါပါဘူး။ ပါတီရဲ့ သဘောထား ကြေညာချက်ကို မနက်ဖြန် ညနေ
မှာ ထုတ်ပြန်ပါ့မယ်” ဟု သူက ပြောသည်။



ဦးအောင်ကြည်မှာ အလုပ်သမားဝန်ကြီး သာမက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးလည်း ဖြစ်သည်။

“ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာရေး အတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မှု၊ အခွင့်အလမ်းများ
ရရှိနိုင်မှု၊ တရာဥပဒေ စိုးမိုးရေး ကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စ၊ အများပြည်သူ အကျိုး ဖြစ်ထွန်းစေရေး ကိစ္စနှင့် သင့်တော်သော နေ့ရက်တို့တွင် ထပ်မံ တွေ့ဆုံဦးမည်” ဟု ဦးအောင်ကြည် ပြောကြားသွားပါသည်။
dsmetuakyi
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် နှစ်ဘက်စလုံး အပြုသဘောနှင့် တွေ့ဆုံခဲ့ပြီး ကျေနပ်အားရမှု ရရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)
မတ်လအတွင်းက တက်လာခဲ့သော အရပ်ဘက်ပြောင်း စစ်အရာရှိဟောင်းများ ကြီးစိုးသော ဦးသိန်းစိန် အစိုးရသစ် လက်ထက် ပထမဆုံး တွေ့ဆုံ ဆွေးနွေးမှု ဖြစ်သည်။။

ဦးအောင်ကြည်သည် ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရ လက်ထက်တွင် အရေးပါဆုံးသော အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရန်အတွက် ဆက်ဆံရေး ဝန်ကြီး
အဖြစ် ၂ဝဝ၇ အောက်တိုဘာတွင် စတင် တာဝန်ပေးခဲ့သည်။ ၂ဝဝ၇ ခုနှစ်အတွင်း အောက်တိုဘာ ၂၅၊ နိုဝင်ဘာ ၉၊ နိုဝင်ဘာ ၁၉၊ ၂ဝဝ၈ ခုနှစ်အတွင်း ဇန်နဝါရီ ၁၁ နဲ့ ဇန်နဝါရီ ၃ဝ နှစ်ကြိမ်၊ ၂ဝဝ၉ ခုနှစ်အတွင်း အောက်တိုဘာ
၃ နဲ့ အောက်တိုဘာ ၇ ရက်တို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဖူးသည်။


“ ပြဿနာအားလုံးကို တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးဆိုတာ ကျနော်တို့ တောက်လျှောက် ကိုင်စွဲခဲ့တဲ့ မူပဲ။
ကျနော်တို့ အထွေထွေ အတွင်းရေးမှူး ပြောနေတာ တနေ့မဟုတ် တနေ့ တွေ့ကြရမှာပဲ။ ခုလို တွေ့ဆုံတယ် ဆိုတာ ကောင်းတာပေါ့ဗျ။ ကြိုဆိုပါတယ်” ဟု ဦးအုန်းကြိုင်က ပြောဆိုသည်။
http://www.mizzimaburmese.com/news/inside-burma/8011-2011-07-25-10-47-42.html

ဗိုလ်ချုပ်၏ ရှားပါးမိန့်ခွန်းများ



9 attachments — Download all attachments  
01Track1.mp301Track1.mp3
1320K   Play   Download  
02Track2.mp302Track2.mp3
908K   Play   Download  
03Track3.mp303Track3.mp3
1072K   Play   Download  
04Track4.mp304Track4.mp3
2321K   Play   Download  
05Track5.mp305Track5.mp3
1149K   Play   Download  
06Track6.mp306Track6.mp3
1392K   Play   Download  
07Track7.mp307Track7.mp3
751K   Play   Download  
08Track8.mp308Track8.mp3
3010K   Play   Download  
Who is parents.pdfWho is parents.pdf
869K   View   Download  

ချက်ကြိုးတန်းလန်းဖြင့် မွေးကင်းစ ကလေးငယ်တစ်ဦး စွန့်ပစ်ခံရသည့် ဖြစ်စဉ်တစ်ခု ဗဟန်းမြို့နယ်တွင် ဖြစ်ပွား...



by Parpargyi Wai on Sunday, July 24, 2011 at 8:41pm
စွန့်ပစ်ခံရသည့် ကလေးငယ်အားတွေ့ရစဉ်

ချက်ကြိုး မဖြတ်ရသေးသော သန့်စင်မှုပင် မပြုလုပ်ရသေးသည့် မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်ခံရသည့် ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၁၁ ရက်နေ့က ဗဟန်းမြို့နယ် ငါးထပ်ကြီး(တောင်)ရပ်ကွက် သဇင်လမ်း တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ငါးထပ်ကြီး(တောင်)ရပ်ကွက် သဇင်လမ်းအိမ်နံပါတ် ၁၇၀၊ ၁၇၁၊ ၁၈၄ အိမ်များကြားရှိ ရေမြောင်း တစ်ခုအတွင်းတွင် ဦးအေးလွင် (ခ) ဦးကုလားက ကလေးငယ်အား အသက်ရှင်လျက် တွေ့ရှိခဲ့ပြီး ကလေးသည် မိန်းကလေးဖြစ်ကြောင်း သိရသည်။
“နံနက် ၇ နာရီလောက်မှာ ‘ဘုတ်’ ဆိုတဲ့ အသံတစ်သံကြားလိုက်လို့ သူများအိမ်ကအမှိုက်ထုပ်ပစ်ချ လိုက်တာလားဆိုပြီး သွားကြည့်တော့ အဲဒီနေရာမှာ ကလေးကို ကော်ပတ်ရုပ်လေး တစ်ရုပ်လို ဖြူဖတ်ဖတ်လေး တွေ့လိုက်ရတယ်။ ကလေးမှာ တီကောင်၊ ပုရွက်ဆိတ်တွေကပ်နေပြီး ကြည့်နေရင်းနဲ့ တဖြည်းဖြည်း ပြာလာတယ်။ အသက်ရှင်နေသေးတယ် ဆိုတာကိုသိရတော့ ဘေးအိမ်က သူတွေရဲ့အကူအညီနဲ့ ကလေးကို ကောက်ယူခဲ့တယ်။ ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မိခင်နဲ့ ကလေး စောင့်ရှောက်ရေးအသင်းက သူတွေက ကလေးကို ‘တာဝါလိန်း’ ဆေးရုံကို ပို့လိုက်ပါတယ်”ဟု က လေးငယ်အား စတင်တွေ့ရှိခဲ့သူ ဦးအေးလွင်(ခ) ဦးကုလားက ပြောပြခဲ့ပါသည်။
“ကလေးကမွေးပြီးပြီးချင်း မိနစ်ပိုင်းလောက်မှာပဲ စွန့်ပစ်ခံလိုက်ရတာ။ သန့်စင်မှုလုံးဝ မလုပ်ရသေးတဲ့အပြင် ချက်ကြိုးတောင် ထုံးမထားဘူး။ မိခင်သန္ဓေထဲမှာနေခဲ့တဲ့ ပုံစံအတိုင်း ဘေးတစောင်းလေး တွေ့ခဲ့ရတာပါ။ ကလေး မွေးတတ်တဲ့သူနဲ့ မွေးထားတာမျိုး မဟုတ်ပါဘူး။ ပြီးတော့ ကလေးကိုတွေ့တဲ့နေရာက တော်ရုံ ၀င်ထွက်သွားလာဖို့ မလွယ်ပါဘူး။ မွေးပြီးပြီးချင်း စွန့်ပစ်ခံလိုက်ရတာမို့လို့ တခြားနေရာက လာစွန့်ပစ်တာတော့ မဖြစ်နိုင်ပါဘူး”ဟု ကလေးတွေ့ရှိရာ နေရာအနီးတွင် နေထိုင်သူဒေါ်မြင့်မြင့်က ပြောပါသည်။

ကလေးငယ်အား စတင်တွေ့ရှိရသည့် နေရာ

ကလေးငယ်အား ‘တာဝါလိန်း’ အမျိုးသမီးဆေးရုံမှတစ်ဆင့် ကလေးအား ချက်ကြိုးဖြတ်ခြင်း စသည့် သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ရန်ကုန်ကလေးဆေးရုံကြီး သို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း ‘တာဝါလိန်း’ ဆေးရုံမှ သူနာပြုဆရာမ တစ်ဦးထံမှ သိရသည်။
“နံနက်၇နာရီလောက်မှာ ရာအိမ်မှူးက ရပ်ကွက်ထဲမှာ ကလေးတစ်ယောက်ကို နောက်ဖေးဘက်မှာ ပစ်ထားတာကိုတွေ့တဲ့ အကြောင်း လာပြီးသတင်းပို့လို့ သွားကြည့်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတို့ကို အကြောင်းကြားပြီး ‘တာဝါလိန်း’ အမျိုးသမီးဆေးရုံကို ပို့လိုက်ပါတယ်။ မြို့နယ်ဆရာဝန်ကြီးကို သတင်းပို့တော့ ကလေးဆေးရုံကိုပို့ ပါလို့ ဆက်လက်ညွှန်ကြားတယ်။ ရပ်ကွက်ကမိခင်နဲ့ ကလေးအဖွဲ့ရယ်၊ ရာအိမ်မှူးတို့က ကလေးဆေးရုံကို ဆက်ပို့လိုက်တယ်။ ဆေးရုံက မှတ်တမ်းမှတ်ပြီး ကလေးတစ်ခုခုဖြစ်ရင် ဆက်သွယ်ဖို့တောင်းပြီး အကြောင်းကြားပေးမယ်လို့ ပြောတယ်။ ကလေး ကိုအပ်ခဲ့တယ်။ ဆေးရုံက အခုချိန် ထိတော့ ဘာမှအကြောင်းမကြားသေး ဘူး။ ကျန်းမာရေးကောင်းတယ်ဆိုတဲ့ သဘောပါပဲ”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ရှင်းက ဆိုပါသည်။
လက်ရှိတွင် ရန်ကုန်ကလေးဆးရုံကြီး မွေးကင်းစဆောင်တွင် ထားရှိပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။