Wednesday, July 27, 2011

ဟစ်တာလာနှင့်မြန်မာ့ဆက်သွယ်ရေး






http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

ဟစ်တာလာနှင့်မြန်မာပြ��....mp4ဟစ်တာလာနှင့်မြန်မာပြ��....mp4
4988K   Download  


၂၇.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
27 July 2011 Yeyintnge's diary27 July 2011 Yeyintnge's diary
415K   Download  
27 July 2011 Yeyintnge's diary.odt27 July 2011 Yeyintnge's diary.odt
415K   Download  
27 July 2011 Yeyintnge's diary.pdf27 July 2011 Yeyintnge's diary.pdf
256K   View   Download  
27 July 2011 Yeyintnge's Diary


မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မိန့် ကနေဒါ ဖယ်ရှားဦးမည် မဟုတ်


2011-07-26

ကနေဒါနိုင်ငံက မြန်မာနိုင်ငံနဲ့ မဟာဗျူဟာကျတဲ့ ဆက်ဆံရေးဆိုပြီး မူဝါဒ ချမှတ် ဆောင်ရွက်လိုက်ရာမှာ အပြန်အလှန် သံအမတ်ကြီးတွေ ထားရှိရေး ပါဝင်ပေမယ့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မိန့်ကို ပြန်လည် ဖယ်ရှားရေး မပါဝင်သေးဘူးလို့ ကနေဒါ နိင်ငံခြားရေးဝန်ကြီး John Baird က ပြောကြားလိုက်ပါတယ်။

ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ARF အရှေ့တောင် အာရှ ဒေသတွင်း လုံခြုံရေး အစည်းအဝေး သွားတက်ရင်း ဒီကိစ္စကို အလွတ်သဘော ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြောဆိုချက် အပေါ်မှာ CFOB ကနေဒါ မြန်မာ့ မိတ်ဆွေများအဖွဲ့က တာဝန်ခံ ကိုတင်မောင်ထူးက - ကနေဒါအစိုးရရဲ့ ဆက်ဆံရေး မြှင့်တင်သွားမယ် ဆိုတဲ့အပေါ်မှာ သူ့အနေနဲ့ ထူးခြားလှတဲ့ ခြေလှမ်းတရပ်အဖြစ် မမြင်ကြောင်း၊ တဖက်က အရေးယူမှုတွေ ထားရှိချိန်မှာ အပြောင်းအလဲ အတွက် စကားပြောဖို့ လိုတယ်လို့ ထင်မြင်ကြောင်း၊ ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံအပေါ် အပြင်းထန်ဆုံး ပိတ်ဆို့ ပစ်ဒဏ်ခတ်ထားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ကြောင်း၊ ပိတ်ဆို့မှုကြောင့် ရရှိလာတဲ့ ရလဒ်ကိုလည်း သုံးသပ်ဖို့ လိုသလို အနီးကပ် ဆက်ဆံရေးလို တခြား နည်းလမ်းတွေကို အသုံးပြုဖို့ လိုအပ်ကြောင်း ပြောသွားပါတယ်။

ကနေဒါ နိုင်ငံခြားရေး ၀န်ကြီး ပြောသွားတဲ့ အထဲမှာ မြန်မာ အစိုးရကို အကန့်အသတ်နဲ့ ဆက်ဆံရာမှာ အထူးသဖြင့် လူ့အခွင့်အရေး ကိစ္စကို အလေးပေး ဆက်ဆံ ပြောဆိုသွားမယ်လို့လည်း ထည့်သွင်း ပြောကြားသွားပါတယ်။

ကနေဒါနိုင်ငံက မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှု ကို ၂၀၀၇ ခုနှစ်က စတင်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/canada-07262011220713.html

ဒေါ်စု အကြောင်းဇာတ်ကား “The Lady” ကို တိုရွန်တို ရုပ်ရှင်ပွဲတွင် ပြမည်


မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၂၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် အနစ်နာခံခဲ့ပုံများကို ဇာတ်လမ်းဆင် ရိုက်ကူးထားသည့် "The Lady" ဇာတ်ကားကို စက်တင်ဘာလတွင် ပြုလုပ်မည့် တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် တင်ဆက်ပြသမည်ဟု နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။

“The Lady” ရုပ်ရှင်ကားကို ဒါရိုက်တာ Luc Besson ရိုက်ကူးပြီး မင်းသမီး မစ်ရှဲယိုးက ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားကာ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း ဗြိတိသျှလူမျိုး တိဘက်သမိုင်းပညာရှင် မိုက်ကယ်အဲရစ် အဖြစ် David Thewlis က သရုပ်ဆောင်ထားသည်။

တိုရွန်တို ရုပ်ရှင်ပွဲတော်ကို ယူတူး ဂီတ အဖွဲ့နှင့် အဆိုတော် ဘိုနိုတို့ အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် “From the Sky Down” ဖြင့် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး “The Dangerous Method”,“The Idles of March” နှင့် “Moneyball” ရုပ်ရှင်များလည်း ပါဝင်ပြသမည် ဖြစ်သည်။
http://www.mizzimaburmese.com/news/breaking-newsbrief/8033--the-lady-.html

ဦးထွန်းမြင့်နိုင်၏ ကြီးထွားလာသော အင်ပါယာ




ဒီကနေ့ မြန်မာပြည်ရဲ့ စီးပွားရေး လောကကို တရုတ်လူမျိုးတွေက ဓနအင်အား၊ ငွေအင်အား အလုံးအရင်းနဲ့ ချယ်လှယ်နေတာ ဆိုတာ ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။

မြန်မာပြည်ရဲ့ အချမ်းသာဆုံးလို့ဆိုရမယ့် ထူးကုမ္ပဏီက ဦးတေဇကတောင် “တရုတ်အများစုက မြန်မာပြည်မှာ နိုင်ငံသားခံယူပြီး သူတို့ အချမ်းသာဆုံးလို့ ကြွားနေကြတယ်၊ ဒါပေမယ့် သူတို့က မြန်မာစစ်စစ် မဟုတ်ပါဘူး” ဆိုပြီး အီတလီနိုင်ငံထုတ် La Repubblica သတင်းစာနဲ့ အင်တာဗျူးမှာ မကြာသေးမီက ပြောခဲ့ဖူးပါသေးတယ်။

21748-wm01670
ထွန်းမြင့်နိုင် (ခေါ်) စတီဗင် လော (ဘယ်ဘက်မှ ဒုတိယမြောက်) ကို ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နှင့်အတူ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇွန်လ ၁၁ ရက်၊ ၂၀၁၁ က တွေ့ရစဉ် (ဓာတ်ပုံ - The New Light of Myanmar)
တရုတ်လူမျိုးတွေဟာ မြန်မာစီးပွားရေး လောကမှာတင် တွင်ကျယ်နေရုံမက အခုဆိုရင် မြန်မာအစိုးရ အဖွဲ့အပေါ်မှာလည်း သြဇာလွှမ်းမိုးမှုတချို့ ရှိလာတယ်ဆိုတာ နေပြည်တော်နဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀န်းတွေအကြား ပြောဆိုမှုများလည်း ထွက်ပေါ်နေပါတယ်။

ဘယ်လောက် အတိုင်းအတာအထိ လွှမ်းမိုးနေသလဲဆိုတော့ သမ္မတ ဦးသိန်းစိန် မကြာသေးမီက သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံ ခရီးစဉ်တလုံးမှာ အေးရှားဝေါလ် (Asia World) ကုမ္ပဏီပိုင်ရှင် ကိုးကန့်-တရုတ်လူမျိုး ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင် လော က ကမကထပြု ဆောင်ရွက်ခဲ့တယ်လို့ အဆိုပါ ခရီးစဉ်မှာ လိုက်ပါသွားခဲ့သူတဦးရဲ့ ပြန်ပြောပြချက်အရ သိရတယ်။

သမ္မတရဲ့ တရုတ်ပြည်ခရီးစဉ်မှာ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ ထူး၊ မက်စ်မြန်မာ၊ IGE စတဲ့ ကုမ္ပဏီကြီးတွေအနေနဲ့ ကိုယ်စားလှယ်တွေပဲ လိုက်ပါခွင့်ရခဲ့ပြီး အေးရှားဝေါလ် ကုမ္ပဏီကတော့ ပိုင်ရှင်ဖြစ်တဲ့ ဦးထွန်းမြင့်နိုင် ကိုယ်တိုင် လိုက်ပါခွင့်ရခဲ့ပါတယ်။

ဦးထွန်းမြင့်နိုင်ဟာ တရုတ်ခရီးစဉ် တလျှောက်လုံး သမ္မတရဲ့ ဦးစားပေး စကားပြောဆိုခြင်းခံခဲ့ရသလို တရုတ်အစိုးရ အသိုင်းအ၀န်းကြားမှလည်း ဦးထွန်းမြင့်နိုင်က အတော်လေး ပေါက်ပေါက်ရောက်ရောက် ပြောနိုင်ဆိုနိုင် ရှိတဲ့သူဖြစ်တယ်လို့  အတူလိုက်ပါသွားသူက မှတ်ချက်ပေး ပြောဆိုပါတယ်။

တရုတ်အစိုးရ အသိုင်းအ၀န်းမှာ ဦးထွန်းမြင့်နိုင် ပေါက်ရောက်မှုရှိနေခြင်းဟာ တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ခြင်း၊ ယခုလက်ရှိ မြန်မာပြည်အနှံ့ တရုတ်နိုင်ငံရဲ့ ချေးငွေတွေနဲ့ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးတွေ၊ တရုတ်ချေးငွေနဲ့ တည်ဆောက်နေတဲ့ နေပြည်တော်လေဆိပ် အပါအ၀င် ရန်ကုန်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကြီးတွေကို ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် ကုမ္ပဏီတခုတည်းကသာ တည်ဆောက်ခွင့်ရရှိခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရဆိုရင် အေးရှားဝေါလ်ကုမ္ပဏီဟာ တရုတ်ချေးငွေ ၇၀ ရာခိုင်နှုန်းကို ၎င်းတို့ ကုမ္ပဏီက တဆင့် ဆက်သွယ်ချေးငှားပေးခဲ့တယ်လို့ အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေး အသိုင်အ၀န်းကြားမှာ ပြောဆိုမှုတွေ ရှိနေတယ်။

ဒါကြောင့်လည်း ဦးသိန်းစိန်အစိုးရဟာ ကျမ်းသစ္စာကျိန်ဆိုပြီး မကြာခင်မှာပဲ တရုတ်နိုင်ငံနဲ့ စီးပွားရေးဆိုင်ရာ အပြန်အလှန် သဘောတူညီချက်စာချုပ် ၉ ခုနဲ့ တရုတ်ဘက်မှ အမေရိကန်ဒေါ်လာ ၇၆၃ သန်း ချေးဖို့ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ ပါတယ်။

ဒီခရီးစဉ်ကို အောင်မြင်စွာ ဦးဆောင်ခဲ့တဲ့ ဦးထွန်းမြင့်နိုင်ဟာ အသက်အရွယ်အားဖြင့် ၅၃ နှစ်ခန့်ရှိပြီဖြစ်ပြီး ဖခင်ကတော့  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် သမ္မတကြီး ဦးနေ၀င်းက အရှေ့မြောက်ပိုင်းဒေသ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ရန်ကို ကာကွယ်ဖို့ ကိုးကန့်ဒေသမှာ ပြည်သူစစ်အဖြစ် မြေတောင်မြှောက်ခြင်းခံရပေမယ့် နောက်ပိုင်းမှာ ဘိန်းဘုရင်အဖြစ် နာမည်ကြီးလာခဲ့တဲ့အတွက် ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လော်စစ်ဟန် ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ လော်စစ်ဟန်ဟာ နောက်ပိုင်းမှာတော့ အရှေ့မြောက်ဒေသကို ရောက်ရှိလာတဲ့ စစ်တိုင်းမှူး အဆက်ဆက်နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းနိုင်ခဲ့တယ်ဆိုတာ န၀တခေတ် သစ်တောရေးရာဝန်ကြီးဟောင်း၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေ (နောင်စစ်သည်) ရဲ့ ဘ၀အတွေ့အကြုံကို ရေးသားထားတဲ့ “သေတနေ့ မွေးတနေ့” စာအုပ်မှာလည်း ဖော်ပြထားပါတယ်။

၁၉၈၉ ခုနှစ် ကဗပမှ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ ခွဲထွက်ဖို့  ကြိုးပမ်းရာမှာလည်း ဖခင်ဖြစ်သူ လော်စစ်ဟန်က စစ်အစိုးရ ကိုယ်စားလှယ် ငြိမ်းချမ်းရေး အကျိုးဆောင်တဦးအဖြစ် ပါဝင်ခဲ့သလို၊ သားဖြစ်သူကလည်း တရုတ်နိုင်ငံကို ဖြတ်ပြီး ကိုးကန့်နယ်ထဲသို့ အကြိမ်ကြိမ် ၀င်ရောက်ကာ ဖုန်ကြားရှင်အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်လို့ စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူးရုံးက ထုတ်ဝေတဲ့ တပ်မတော်သမိုင်း သတ္တမတွဲမှာ အတိအလင်း ရေးသားထားပါတယ်။

ဗကပ ပြိုကွဲခဲ့ရတဲ့အတွက် ရန်သူနည်းပါးသွားခဲတဲ့ စစ်အစိုးရဟာ လော်စစ်ဟန်တို့ သားအဖကိုလည်း အကျိုးအမြတ်အဖြစ် Asia World ဆိုတဲ့ နာမည်နဲ့ စီးပွားရေး လုပ်ခွင့်ပေးခဲ့ပါတယ်။

အေးရှားဝေါလ် ကုမ္ပဏီဟာ မူဆယ်-လားရှိုး- မန္တလေး လမ်းကို ပြုပြင်ပြီး လမ်းခွန်ကောက်ခံခွင့် ရရှိခဲ့သလို၊ နောက်ပိုင်း အပြည်ပြည်ဆိုင်ရာ သီလ၀ါဆိပ်ကမ်း လုပ်ငန်းကိုပါ လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။

အရှေ့မြောက်တိုင်းမှာ ရင်းနှီးခဲ့တဲ့ တိုင်းမှူး သီဟသူရ ဦးတင်အောင်မြင့်ဦး ကုန်သွယ်ရေးမူဝါဒ ကောင်စီဥက္ကဋ္ဌ ဖြစ်လာချိန်မှာတော့ အေးရှားဝေါလ်ကုမ္ပဏီဟာ ဦးတေဇရဲ့ ထူးကုမ္ပဏီနဲ့အပြိုင် နေပြည်တော် ဆောက်လုပ်ရေးကို လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ဒီအတွက် နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမီးတွေအတွက် ကိုယ်ပိုင်အိမ်တွေ အသီးသီး ဆောက်ပေးခဲ့တဲ့အပြင် သီဟသူရ ဦးတင်အောင်မြင်ဦးကိုလည်း ရန်ကုန်မှာ အိမ်တလုံးဆောက်ပေးခဲ့ပါတယ်။

မြန်မာသူဌေးတွေဖြစ်တဲ့ ဦးတေဇတို့ ဦးအောင်ကိုဝင်းတို့ လေကြောင်းလိုင်းတွေ ထောင်ပြီး အရှုံးပေါ်နေချိန်မှာ ကိုးကန့်-တရုတ်သူဌေး ဦးထွန်းမြင့်နိုင်ကို အကျိုးအမြတ် အများကြီး ရရှိနိုင်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မန္တလေး လေဆိပ်တွေရဲ့ Ground Handling လို့ ခေါ်တဲ့ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကို သီဟသူရ ဦးတင်အောင်မြင့်ဦးက ထပ်မံပေးအပ် လုပ်ကိုင်စေပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း၊ တာဆန်းရေအားလျှပ်စစ် ထုတ်လုပ်ရေးအပါအ၀င် ရေအားလျှပ်စစ်စီမံကိန်းများ၊ ရန်ကုန်ဆိပ်ကမ်းသစ် တည်ဆောက်ရေးလုပ်ငန်း၊ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ နေပြည်တော်လေဆိပ် တည်ဆောက်ရေးလုပ်ငန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေး လုပ်ငန်း လုပ်ကိုင်ခွင့်တွေပါ ရရှိခဲ့ပါတယ်။

အေးရှားဝေါလ်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရ  ရေအားလျှပ်စစ်စီမံကိန်းတွေဟာ နှစ်ရှည်စီမံကိန်းကြီးများဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများကိုသာမက ထွက်ရှိလာတဲ့ ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံသို့ ရောင်းချရာမှာ အေးရှားဝေါလ် ကုမ္ပဏီက အကျိုးအမြတ်ကို အချိုးကျ ခံစားခွင့်ရရှိဦးမယ်လို့လည်း သိရပါတယ်။

စီးပွားရေး အသိုင်းအ၀န်းရဲ့ ခန့်မှန်းချက်ကတော့ လက်ရှိအခြေအနေမှာ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် (Asia World) ကုမ္ပဏီဟာ မြန်မာအစိုးရသစ်ရဲ့ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးနဲ့  ပိုမိုအနီးကပ် ဆက်ဆံနေတဲ့အတွက် နောင်အနာဂတ်မှာ ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ဦးဇော်ဇော်ရဲ့ မက်စ်မြန်မာကုမ္ပဏီ၊ ၀န်ကြီးဟောင်း ဦးအောင်သောင်းရဲ့သား ဦးနေအောင်ရဲ့ IGE ကုမ္ပဏီတို့ကို ဖြတ်ကျော်ကာ အချမ်းသာဆုံး စီးပွားရေးကုမ္ပဏီတခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
http://www.irrawaddy.org/bur/index.php/articles/2-articles/6933-2011-07-27-11-31-58