Thursday, July 28, 2011

မြန်မာ-အိုမန်ပွဲမှဓါတ်ပုံများ









18 attachments — Download all attachments   View all images  
224575_241514652535468_158797964140471_851307_429180_n.jpg224575_241514652535468_158797964140471_851307_429180_n.jpg
73K   View   Download  
226165_241514942535439_158797964140471_851308_2123912_n.jpg226165_241514942535439_158797964140471_851308_2123912_n.jpg
101K   View   Download  
284921_241515215868745_158797964140471_851309_3584475_n.jpg284921_241515215868745_158797964140471_851309_3584475_n.jpg
72K   View   Download  
198652_241515685868698_158797964140471_851312_420928_n.jpg198652_241515685868698_158797964140471_851312_420928_n.jpg
83K   View   Download  
285589_241516019201998_158797964140471_851314_5823160_n.jpg285589_241516019201998_158797964140471_851314_5823160_n.jpg
84K   View   Download  
223872_241516285868638_158797964140471_851316_1283307_n.jpg223872_241516285868638_158797964140471_851316_1283307_n.jpg
59K   View   Download  
223003_241516685868598_158797964140471_851318_5915141_n.jpg223003_241516685868598_158797964140471_851318_5915141_n.jpg
84K   View   Download  
283929_241517285868538_158797964140471_851319_1945150_n.jpg283929_241517285868538_158797964140471_851319_1945150_n.jpg
72K   View   Download  
262805_241517815868485_158797964140471_851322_8062050_n.jpg262805_241517815868485_158797964140471_851322_8062050_n.jpg
85K   View   Download  
283955_241517985868468_158797964140471_851323_5982147_n.jpg283955_241517985868468_158797964140471_851323_5982147_n.jpg
83K   View   Download  
285042_241518215868445_158797964140471_851324_3881850_n.jpg285042_241518215868445_158797964140471_851324_3881850_n.jpg
58K   View   Download  
252132_241518462535087_158797964140471_851326_6429093_n.jpg252132_241518462535087_158797964140471_851326_6429093_n.jpg
75K   View   Download  
215005_241518822535051_158797964140471_851327_7017195_n.jpg215005_241518822535051_158797964140471_851327_7017195_n.jpg
72K   View   Download  
229649_241519295868337_158797964140471_851329_3501963_n.jpg229649_241519295868337_158797964140471_851329_3501963_n.jpg
62K   View   Download  
226195_241519565868310_158797964140471_851330_741501_n.jpg226195_241519565868310_158797964140471_851330_741501_n.jpg
50K   View   Download  
183824_241519732534960_158797964140471_851331_6784169_n.jpg183824_241519732534960_158797964140471_851331_6784169_n.jpg
42K   View   Download  
197795_241519959201604_158797964140471_851332_1669860_n.jpg197795_241519959201604_158797964140471_851332_1669860_n.jpg
54K   View   Download  
188282_241520225868244_158797964140471_851333_6505673_n.jpg188282_241520225868244_158797964140471_851333_6505673_n.jpg
74K   View   Download  

The Voice Weekly မှ....

Canadian Ambassador presented Honorary Doctorate Law degrees to Aung San Suu Kyi










From left to right: Jennifer May (political councillor), Ron Hoffmann (Ambassador) and Daw Aung San Suu Kyi


Information Release by Canadian Friends of Burma – July 28, 2011
Ottawa - Canadian Ambassador to Burma, Ron Hoffmann, presented two honorary doctorate law degrees to the Burmese democracy leader Daw Aung San Suu Kyi on behalf of two universities in Canada – shortly before a meeting with Burma’s new President Thein Sein taking place in Naypyidaw. The two accolades delivered by the ambassador two weeks ago in Rangoon are from Carleton university of Ottawa and Memorial University of Newfoundland.

Carleton University awarded Burmese democracy leader an honorary doctorate law in recognition of her “distinguished contribution to people throughout the world who are striving to attain democracy, human rights and ethnic conciliation by peaceful means.” A ceremony was held at the university on Feb. 22, 2011. Suu Kyi sent a video message to the ceremony.

Awarding ceremony for Burmese democracy leader Aung Sun Suu Kyi at Carleton University - Former Canadian Foreign Minister Flora McDonald giving a key note speech on Feb. 22, 2011 - Photo Credit: Carleton University
Memorial University of Newfoundland conferred Daw Aung San Suu Kyi with its doctorate law degree in 2004, so were University of Toronto in 1993 and Queen’s University in 1995.


Aung San Suu Kyi accepts honorary degree from Carleton University

၂၈.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
28 July 2011 Yeyintnge's diary.doc28 July 2011 Yeyintnge's diary.doc
476K   View   Download  
28 July 2011 Yeyintnge's diary.pdf28 July 2011 Yeyintnge's diary.pdf
289K   View   Download  
28 July 2011 Yeyintnge's Diary

စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ကန့်​ကွက်ရန် လိပ်ပြာမလုံဖြစ်ရသည်ဟုဆို




Published on July 28, 2011 by နေသွင်   ·  
စီး ​ပွား​ရေး​ပိတ်ဆို့​မှုကို ကန့်​ကွက်ဖို့​ လိပ်ပြာမလုံ ဖြစ်ရတယ်လို့​ မတူကွဲပြား​ခြင်း​နှင့်​ ငြိမ်း​ချမ်း​ရေး​ပါတီက ထုတ်​ဖော်​ပြောဆိုလိုက်ပါတယ်။
မ​နေ့​က ​နေပြည်​တော်မှာ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်ဥက္ကဋ္ဌက ​ရွေး​ကောက်ပွဲဝင်ပါတီ​တွေကို ဖိတ်​ခေါ်ပြီး​ စီး​ပွား​ရေး​ပိတ်ဆို့​မှု ကန့်​ကွက်ကြဖို့​ တိုက်တွန်း​တဲ့​အ​ပေါ်မှာ တုံ့​ပြန်လိုက်တာပါ။
မတူကွဲပြား​ ခြင်း​နှင့်​ ငြိမ်း​ချမ်း​ရေး​ပါတီရဲ့​ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက သူ့​အ​နေနဲ့​ အရင်တုန်း​က နိုင်ငံတကာရဲ့​ စီး​ပွား​ရေး​ပိတ်ဆို့​မှုကို အစဉ်တစိုက် ဆန့်​ကျင်ခဲ့​ပေမယ့်​ လက်ရှိအစိုး​ရရဲ့​ပြည်တွင်း​ စီး​ပွား​ရေး​ပေါ်လစီမှာ ပြုပြင်​ပြောင်း​လဲမှု​တွေ မ​တွေ့​ရတဲ့​အတွက် ​နောက်ထပ် ကန့်​ကွက်ဖို့​ လိပ်ပြာမလုံ ဖြစ်ရတယ်လို့​ ​ပြောပါတယ်။
ဦးနေမျိုးဝေ (ဓာတ်ပုံ - ဒီဗွီဘီ)
“​ ကော်မတီဥက္ကဋ္ဌက စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေကို ရုပ်သိမ်း​ဖို့​ လုပ်ပါတဲ့​။ လုပ်လို့​မရ​တော့​ဘူး​ဗျ။ ကျ​နော်တို့​ စွမ်း​အား​တွေ ကုန်သွား​ပြီ။ ကျ​နော်တို့​ရဲ့​ သ​ဘောထား​တွေ၊​ အမြင်​တွေကို ထုတ်​ဖော်နိုင်တဲ့​ ဧရိယာပမာဏက ​ကျော်လွန်သွား​ပြီ။ ဘယ်လို​ကျော်လွန်သွား​လဲဆို​တော့​ စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ကျ​နော်တို့​က တ​ကြော်​ကြော် တပူပူ တဆူဆူ ​အော်ဟစ်​နေလည်း​ မဖြုတ်​တော့​ဘူး​ဆိုတာ ကျ​နော်တို့​က သိသွား​ပြီ။ ဘာလို့​ မဖြုတ်​တော့​လည်း​ ဆို​တော့​ ဥပမာအား​ဖြင့်​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ မလွှတ်လို့​ စီး​ပွား​ရေး​ပိတ်ဆို့​မှု လုပ်ထား​တယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​မှ စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ရပ်ဆိုင်း​မယ်ဆိုတာဟာ စီး​ပွား​ရေး​အ​ပေါ်မှာ နိုင်ငံ​ရေး​ဆိုဒ်က​နေပြီး​ လွှမ်း​မိုး​ပတ်သက်တယ်ဆိုတဲ့​သ​ဘောဗျ။ အဲသ​ဘော​လောက်ကို ​ပြောလို့​မရ​တော့​ဘူး​ဗျ အခုက။ စီး​ပွား​ရေး​ကို စီး​ပွား​ရေး​ဆန်ဆန် ကြည့်​မယ်ဆိုရင် မြန်မာပြည်မှာ လျှပ်စစ်မီး​ အ​ခြေအ​နေဘယ်လိုလဲ၊​ ​ငွေလဲနှုန်း​အ​ခြေအ​နေဘယ်လိုလဲ၊​ စီး​ပွား​ရေး​ဆိုဒ်ကပဲ ကျ​နော်ကြည့်​မှာ၊​ နိုင်ငံ​ရေး​ဆိုဒ်က လုံး​ဝမပါဘူး​။ ​ငွေလဲနှုန်း​ ပြင်ပြီး​ပြီလား​ အခုလက်ရှိနှုန်း​ကို။ မပြင်ရ​သေး​ရင် သဘာဝမကျဘူး​။ ကျ​နော်တို့​က အား​မရှိဘူး​။ လျှပ်စစ်မီး​လာ​အောင် လုပ်ထား​ပြီး​ပြီလား​။ ပြည်တွင်း​မှာ မလုံ​လောက်ဘဲနဲ့​ တရုတ်ကို ​ရောင်း​စား​ဖို့​ ကြံ​နေ​သေး​တယ်ဆိုရင် ဒါဟာ ပြဿနာရှိ​နေပြီ။ ကျ​နော်တို့​ ​ခေါ်လို့​မရဘူး​။ စီး​ပွား​ရေး​သီး​သန့်​ စဉ်း​စား​တဲ့​လိုင်း​မှာကို ကျ​နော်တို့​က အား​နည်း​တယ်။ အဲ​တော့​ စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ရုပ်သိမ်း​ပေး​ဖို့​ ​ပြောဖို့​ ကျ​နော်တို့​က အား​မရှိဘူး​။ ​နောက်တခုက နိုင်ငံအတွင်း​မှာ ​သေချာကျန်ခဲ့​မယ့်​ ​မော်​တော်ကား​စက်ရုံကြီး​တွေပဲ ချချ၊​ တခုခုချမယ်ဆိုရင် ​မြေပိုင်ဆိုင်မှု​တွေက ဘယ်လိုသ​ဘောထား​မလဲ။ လမ်း​ဖောက် တံတား​ဆောက်မယ်ဆိုရင်​ရော အဲဒီ​မြေ​တွေကို သိမ်း​ကြ၊​ ဆည်း​ကြ၊​ ​လျော်ကြတဲ့​ ပုံပန်း​သဏ္ဌာန်​တွေက အတိအကျ ရှိပြီလား​ အဲဒီပြဿနာ​တွေ။
အဲဒီပြဿနာ​ တွေက စဖြစ်တာ။ စီး​ပွား​ရေး​ဆန်ဆန် ပြဿနာ​တွေ ဖြစ်လာတဲ့​အခါကျ​တော့​ အဲဒီဟာ​တွေ မပြင်မချင်း​ ကျ​နော်တို့​က စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ရုပ်သိမ်း​ပါ၊​ တို့​နိုင်ငံမှာ ရင်း​နှီး​မြှုပ်နှံမှု လာလုပ်ပါလို့​ လက်မ​ထောင်ပြီး​တော့​ ​ခေါ်နိုင်တဲ့​ ကျ​နော်မှာ အ​နေအထား​မရှိပါဘူး​။ အဲ​တော့​ ကျ​နော်ဟာ လိပ်ပြာမလုံပါဘူး​။ အဲကိစ္စကို ဘယ်​တော့​မှ ​ပြောမှာမဟုတ်ပါဘူး​လို့​ ကျ​နော်​ပြောတာပါ။ ”
ဒါ့​အပြင် တိုင်း​ရင်း​သား​ဒေသ​တွေမှာ စစ်ပွဲ​တွေ ဆက်ရှိတာဟာ စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ကန့်​ကွက်ဖို့​ လိပ်ပြာမလုံဖြစ်ရတယ်လို့​ ဦး​နေမျိုး​ဝေက ဆိုပါတယ်။
မြန်မာပြည်မှာ စစ်အစိုး​ရလက်ထက်က လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို ဒဏ်ခတ်တဲ့​အ​နေနဲ့​ အထူး​သဖြင့်​ အ​မေရိကန်နဲ့​ ဥ​ရောပသမဂ္ဂ အဖွဲ့​ဝင်နိုင်ငံ​တွေက စီး​ပွား​ရေး​ ပိတ်ဆို့​ထား​တာပါ။
အစိုး​ ရသစ်တက်လာတဲ့​နောက်ပိုင်း​ ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလမှာ ဖလုံ-စ​ပေါ်၊​ ရှမ်း​၊​ ချင်း​၊​ ရခိုင်၊​ မွန်၊​ တိုင်း​ရင်း​သား​ ၅ ပါတီက စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ရုပ်သိမ်း​ပေး​ဖို့​ ပူး​ပေါင်း​တောင်း​ဆိုခဲ့​ကြပါတယ်။
မ​နေ့​တုန်း​က ​ကော်မရှင်ဥက္ကဋ္ဌနဲ့​ ​တွေ့​တဲ့​အစည်း​အ​ဝေး​မှာ​တော့​ တိုင်း​ရင်း​သား​ညီ​နောင် ၅ ပါတီက တိုင်း​ရင်း​သား​ဒေသ​တွေမှာဖြစ်ပွား​နေတဲ့​ စစ်ပွဲ​တွေကို ရပ်စဲဖို့​၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​အတွက် ကြား​ဝင်​စေ့​စပ်​ပေး​နိုင်မည့်​ တတိယပုဂ္ဂိုလ် (Third Person) အဖြစ် ​ဆောင်ရွက်​ပေး​ဖို့​ အသင်ရှိတဲ့​အ​ကြောင်း​ ​ရွေး​ကောက်ပွဲ​ကော်မရှင်ထံ အသိ​ပေး​ခဲ့​ပါတယ်။
စီး​ပွး​ရေး​ ပိတ်ဆို့​မှုနဲ့​ပတ်သက်လို့​ ပြီး​ခဲ့​တဲ့​မေလတုန်း​က​တော့​ အ​မေရိကန်သမ္မတ အိုဘား​မား​က မြန်မာပြည်မှာ အ​မေရိကန် ရင်း​နှီး​မြှုပ်နှံမှု​တွေကို ကန့်​သတ်တဲ့​ ဥပ​ဒေကို တနှစ်သက်တမ်း​ တိုး​ခဲ့​သလို၊​ အ​မေရိကန် ​အောက်လွှတ်​တော်ကလည်း​ ၂၀၀၃ ခုနှစ်က ချမှတ်ထား​တဲ့​ မြန်မာ့​ကျောက်မျက်​တွေနဲ့​ ပို့​ကုန်​တွေပိတ်ပင်တာ၊​ အစိုး​ရ​ခေါင်း​ဆောင်​တွေကို ပြည်ဝင်ခွင့်​ ဗီဇာပိတ်ပင်တဲ့​ ဥပ​ဒေကို ပြီး​ခဲ့​တဲ့​ တပတ်ကပဲ ​နောက်တနှစ် ထပ်မံသက်တမ်း​တိုး​ခဲ့​ပါတယ်။
ဒေါ်​အောင်ဆန်း ​စုကြည် ​ခေါင်း​ဆာင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က​တော့​ စီး​ပွား​ရေး​ပိတ်ဆို့​မှုရုပ်သိမ်း​မှုမတိုင်ခင်မှာ အဖမ်း​ခံထား​ရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်ဖို့​နဲ့​ နိုင်ငံ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေလုပ်ဖို့​ လိုအပ်တယ်လို့​ ​ဖေ​ဖော်ဝါရီလ အတွင်း​မှာ သ​ဘောထား​ထုတ်ပြန်ထား​ပါတယ်။
http://burmese.dvb.no/archives/13349

မြန်မာအစိုးရရဲ့  ဂငယ်ကွေ့ (U-Turn) ပေါ်လစီ ဘယ်ဦးတည်မလဲ


ဗုဒ္ဓဟူး, 27 ဇူလိုင် 2011

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်ကြတဲ့ ဦးအောင်ရွှေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို နိုင်ငံရေးမလုပ်ဖို့ တားမြစ်ချက်ထုတ်ပြန်ပြီး မကြာခင်မှာပဲ လက်ရှိ အစိုးရကိုယ်စားလှယ်ဝန်ကြီး ဦးအောင်ကြည် က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရဟာ ဒီလို ရုတ်တရက်ကြီး ဂငယ်ကွေ့ ကွေ့သွားတာဟာ ဘာသဘောလဲ။ ဘာရည်ရွယ်ချက်လဲဆိုတာကို သိရှိနိုင်ဖို့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးဌေးအောင်၊ ရှစ်လေးလုံးမျိုးဆက် ကိုတိုးကျော်လှိုင်တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုတိုးကျော်လှိုင် ကို စပြီး မေးချင်ပါတယ်။ အခု တွေ့ဆုံမှုဟာ ဘယ်လောက်အထိ ထူးခြားတယ်လို့ ဆိုနိုင်ပါသလဲ။
ကိုတိုးကျော်လှိုင် ။ ။ ဒီ တွေ့ဆုံဆွေးနွေးမှုက ဆယ်ကြိမ်မြောက်လို့ ဆိုပေမယ့် အစိုးရဖွဲ့သစ် လက်ထက်မှာ ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အန်တီကိုယ်တိုင် ကျေနပ်မှုရှိပါတယ်။ အရင်အကြိမ်တွေနဲ့ မတူပါဘူးလို့ ဆိုထားတာလည်း ရှိပါတယ်။ ဒီ တွေ့ဆုံဆွေးနွေးမှုဟာ အရွေ့ တွေအားလုံးရဲ့  အစလို့ မြင်ပါတယ်။ တိုးတက်မှုအများကြီး ရှိပါတယ်လို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် ဘယ်လိုမြင်ပါသလဲ။ တကယ့် ထူးခြားတဲ့ တွေ့ဆုံမှုလို့ မြင်ပါသလား။
ဦးဌေးအောင် ။ ။ အခုလက်ရှိ အရပ်ဝတ်အစိုးရအနေနဲ့ အရင် အစိုးရတွေလက်ထက်မှာ လုပ်ခဲ့သလို ဟန်ဆောင်တာမျိုး မဟုတ်ဘဲနဲ့ တကယ်စစ်မှန်တဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ရှေ့ ရှုပြီး လုပ်မယ်ဆိုရင်တော့ မြန်မာပြည်သူတွေအများစု မျှော်လင့်နေတဲ့ တွေ့ဆုံမှုမျိုး ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါမှမဟုတ်ဘဲနဲ့ အရင်စစ်အစိုးရ လက်ထက်တွေတုန်းကလို အချိန်ဆွဲတာမျိုး။ ဒါမှမဟုတ် ပြည်တွင်းပြည်ပကို လှိမ်ညာဖို့အတွက် ဟန်ဆောင်လုပ်တာမျိုးဆိုရင်တော့ အခုရလဒ်က အမျိုးသားရင်ကြားစေ့ရေးကို မဖြစ်စေဘဲနဲ့ တဖတ်နဲ့တဖတ် သံသယတွေ ပိုပြီတော့ ကြီးပြီတော့ ဝေးကွာသွားနိုင်တဲ့ အနေအထားကို ဦးတည်နိုင်တယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် ပြောတဲ့အထဲမှာ အစိုးရဖက်က စေတနာအမှန်နဲ့ လုပ်မယ်ဆိုရင်တော့ဆိုတဲ့ condition ထည့်ထားတယ်။ အဲဒီ အခြေအနေကော ဖြစ်နိုင်သလား။ စေတနာမှန်နဲ့ လုပ်မယ်မလုပ်ဘူးဆိုတာကို ဘယ်လိုတွက်လို့ရပါသလဲ။
ဦးဌေးအောင် ။ ။ ဒါကတော့ သူတို့အနေနဲ့ သံသယရဲ့  အကျိုးကို ခံစားရမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အနေနဲ့ ဒီစစ်အစိုးရလက်ထက်မှာ တာဝန်ယူစဉ်တုန်းကလည်း ၂၀၀၁ ခုနှစ်မှ စတင်တွေ့ဆုံလာခဲ့တယ်။ ဘာမှ ထူးခြားတဲ့ရလဒ်တွေကို မရရှိခဲ့ဘူး။ နောက်တခုက တိုင်းရင်းသားအရေးအခင်းတွေကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးမှာ ဂတိကဝတ်တွေမျိုးစုံ ပေးခဲ့ပေမယ့် နောက်ဆုံးမှာ ဂတိကဝတ်တွေကို လွယ်လွယ်ကူကူ ဖျက်ပြီးတော့ လုပ်လာတဲ့အတွက်ကြောင့် ဒါက အမျိုးသားပြန်လည်သင့်မြတ်ရေးက ဝေးကွာသွားပြီး ဒီနေ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အနေအထားရှိတယ်။ အဲဒီတော့ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် မပြေးသော်လည်း ကန်ရာရှိ ဆိုတဲ့အတိုင်း ဒီ စစ်အစိုးရရဲ့  လုပ်ရပ်တွေအပေါ် ကြည့်ပြီတော့ အများစုကတော့ သံသယတွေ ရှိနေမယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုတိုးကျော်လှိုင် အခု အစိုးရကိုယ်စားလှယ် ဝန်ကြီးဦးအောင်ကြည် က ဒေါ်အောင်ဆန်းစုကြည် ကို လာမတွေ့ခင် ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပဲ နိုင်ငံရေးမလုပ်ရဘူးလို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ရွှေ တို့ကို စာထုတ်ပြီး အကြောင်းကြားခဲ့ရတယ်ဆိုတာကို သိရပါတယ်။ ဆိုတော့ အစိုးရရဲ့  လုပ်ရပ်က သိပ်ပြီးတော့ ရုတ်တရက်ကြီး ဘာကြောင့်မို့ ပြောင်းလဲသွားသလဲ။ ဒီလိုတွေ့ဖို့ ဘာကြောင့် ဆုံးဖြတ်လာရတယ် ထင်ပါသလဲ။
ကိုတိုးကျော်လှိုင် ။ ။ တခု ကျနော်ပြောနိုင်တာကတော့ အစိုးရဘက်ကရော၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေဘက်ကရော ထိပ်တိုက်ရင်ဆိုင်ရေးကို အမြဲတမ်းတော့ ရွေးချယ်လို့တော့ မရဘူး။ အစိုးရဘက်ကတော့ တောက်လျှောက် တွေ့ဆုံဆွေးနွေးပွဲတွေကို နိုင်ငံရေးအရ အသုံးချခဲ့တာတွေတော့ ရှိပါတယ်။ သိသာထင်ရှားတဲ့၊ မြင်သာထင်ရှားတဲ့ အကျိုးရလဒ် တစုံတရာ မရရှိခဲ့ဘဲနဲ့ အချိန်ဆွဲခဲ့တာမျိုး၊ အချိန်ဆွဲခဲ့သလို ဖြစ်တာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အခုလက်ရှိ အနေအထားကတော့ ဒီ အစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးအကြိမ် တွေ့ဆုံတယ်။ နောက်ပြီး ပူးတွဲကြေညာချက်ထုတ်တယ်၊ ဘာညာဆိုတာက အရင်တုန်းကဆိုရင် မရှိခဲ့တဲ့ အစဉ်အလာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ဒါကိုတော့ ကြိုဆိုရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်သိချင်တာက နည်းနည်းမျက်စိလည်စရာပါ - သုံးသပ်တဲ့ လူတွေအနေနဲ့။ တလောလုံးကမှ နိုင်ငံရေးမလုပ်နဲ့ ဘာညာဟန့်တားခဲ့တယ်။ ဘာညာလုပ်ခဲ့တယ်။ အခုကြတော့ ရုတ်တရက်ကြီး သူတို့ကပဲ နိုင်ငံရေးသမားကြီးအဖြစ် အသိအမှတ်ပြုလိုက်တဲ့ သဘောပေါ့။ ဘာကြောင့် ပြောင်းလဲသွားသလဲ။
ကိုတိုးကျော်လှိုင် ။ ။ ဒီလိုပေါ့ ရက်ပိုင်းတွေအတွင်းကတော့ တရားမဝင်တော့ အန်အယ်လ်ဒီရုံးမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်ပြုလုပ်နေတယ်။ ဘာညာဆိုတာမျိုးတော့ ထွက်လာပါတယ်။ ဒါ ပြည်ထဲရေးဝန်ကြီးဌာနကနေလည်း တရားဝင် အကြောင်းကြားစာတွေ ပေးပို့ခဲ့တာ ရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေကနေပြီးတော့ ရုတ်ချည်း ချိုးကွေ့သွားတဲ့ အခြေအနေကို ကြည့်လို့ရှိရင် အစိုးရသစ်ဘက်မှာလည်း တစုံတရာ သူတို့ ပူးပေါင်းဆောင်ရွက်မှဖြစ်မယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်မယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ တဖတ်နဲ့တဖတ် သံသယထားနေတာကတော့ သိပ်ပြီးတော့ အကျိုးမများလှဘူးလို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင်ရဲ့  အမြင်ကို ပြောပါ။ ဘယ်လိုကြောင့် အစိုးရ ဒီလိုတကွေ့ ပြန်လှည့်သွားရသလဲ။ U-Turn လုပ်သလို ဖြစ်နေတာပေါ့။ သူတို့ပဲ နိုင်ငံရေးမလုပ်နဲ့ဆိုပြီး အခု သူတို့ကပဲ လက်ခံတွေ့ဆုံတယ်ဆိုတော့ နိုင်ငံရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်တဲ့သဘော တွေ့နေရတယ်လို့ ကျနော်ထင်ပါတယ်။
ဦးဌေးအောင် ။ ။ ဟုတ်ပါတယ်။ အခုဟာက ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်ဝတ်အစိုးရ တက်လာပြီးနောက် ရက် (၁၀၀) ပတ်ဝန်းကျင်ကာလကို ရောက်လာတဲ့အချိန်မှာ အန်အယ်လ်ဒီ အဖွဲ့ချုပ်အပေါ်မှာ သူတို့ သိသိသာသာ ဖိနှိပ်ချုပ်ချယ်မှုတွေ ပြန်လုပ်လာတဲ့ အနေအထားရှိပါတယ်။ ဥပမာအားဖြင့် ဒီအဖွဲ့ဟာ ဥပဒေအကြောင်းအရ တရားမဝင်အဖွဲ့ ဖြစ်တယ်။ ဒါကြောင့်မို့ ဆိုင်ဘုတ်တွေ ဖြုတ်ချပေးရမယ်လို့ သူတို့ဘက်က ကန့်သတ်လာတာမျိုး ရှိသလို။ တချို့  အန်အယ်လ်ဒီ အောက်ခြေအဖွဲ့ လှုပ်ရှားမှုတွေကို နှောက်ယှက်ပေးလာတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒါကနေ အခုလို ရက်ပိုင်းအတွင်းမှာ ကပ်ပြီးတော့ ဂငယ်ကွေ့ ကွေ့သွားတဲ့ အကြောင်းတရားတွေကတော့ အများကြီး ရှိနိုင်ပါတယ်။ ဒါ ဘာကြောင့်လည်းဆိုလို့ရှိရင် အစိုးရခေါင်းဆောင်တွေရဲ့  လုပ်ရပ်တွေကို ကျနော်တို့ ပြန်သုံးသပ်ကြည့်တဲ့အခါကြတော့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ အန်အယ်လ်ဒီ ပါတီက အပြတ်အသတ် အနိုင်ရရှိသွားခဲ့တဲ့အခါကြတော့ စစ်အစိုးရက တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်ဆဲရေး။ တနည်းအားဖြင့်ဆိုရင် တိုင်းရင်းသားတွေနဲ့ သူတို့က ဆက်ဆံရေးပြေလည်အောင်၊ လက်နက်ကိုင်အဖွဲ့များနဲ့ ဆက်ဆံရေးပြေလည်အောင် သူတို့က ကြိုးစားခဲ့တာရှိတယ်။ ဆိုတာကတော့ ပြည်တွင်းနဲ့ နယ်စပ် နှစ်ဖက်အန္တရာယ်တွေနဲ့ ကြုံလာတဲ့အခါမှာ သူတို့က တဖတ်ကို ခဏငြိမ်းချမ်းထားပြီးတော့ တခြားတဖက်ကို ဖိနှိပ်ချေမှုန်းတာမျိုး လုပ်လေ့လုပ်ထ ရှိပါတယ်။ တဖက်ကို ရေမှုတ်တဖက် မီးစာတဖက် ဆက်ဆံတဲ့ပုံစံမျိုးတွေ လုပ်ခဲ့တဲ့ သာဓကတွေရှိတယ်။ အလားတူပဲ ဒီနေ့အချိန်မှာကြတော့ ဒီဘက်က ပြည်တွင်းမှာ အန်အယ်လ်ဒီကလည်း လှုပ်ရှားလာတယ်။ လူထုကလည်း သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံလာတယ်။ တချိန်တည်းမှာ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်။ အဲဒီလို ဘက်ပေါင်းစုံကနေ အကြပ်အတည်းတွေ တွေ့လာတဲ့အခါတိုင်းမှာ အုပ်ချုပ်တဲ့ လူတန်းစားတွေ အနေနဲ့ တဖက်ကို ပြန်ပြီးတော့ ချဉ်းကပ်ပြတာမျိုး၊ တဖက်နဲ့ ပြန်ပေါင်းပြတာမျိုး အမြဲလုပ်လေ့လုပ်ထရှိတာ။ အခုလို အနေအထားမှာဆိုရင် အန်အယ်လ်ဒီ နဲ့ တွေ့ဆုံပြတာကလည်း တိုင်းရင်းသားတွေနဲ့ အန်အယ်လ်ဒီကြားမှာ သံသယတွေဖြစ်လာမယ့် အနေအထားမျိုးတွေကို ဖန်တီးဖို့ ရည်ရွယ်ချက်တွေလည်း ရှိကောင်းရှိနိုင်မယ်။ နောက်တခုက နိုင်ငံတကာရဲ့  ဖိအားတွေကိုလည်း ပြေလည်အောင်၊ လျော့သွားအောင် ကြိုစားပြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက အာဆီယံ ဥက္ကဋ္ဌရာထူး လိုချင်တဲ့အတွက် နိုင်ငံတကာရဲ့  ကန့်ကွက်မှု လျော့ပေါ့သွားအောင် လုပ်တယ်ဆိုတဲ့ အယူအဆလည်း တချို့ က တွေးကြပါတယ်။ အဲဒါကော ဖြစ်နိုင်ပါသလား။
ဦးဌေးအောင် ။ ။ ဒါကလည်း တချက်အနေနဲ့တော့ ပါပါတယ်။ သူ့အနေနဲ့ကတော့ အာဆီယံဥက္ကဋ္ဌ ဖြစ်ရေးမဖြစ်ရေးက သူ့အတွက် ဒီလောက်အထိ အရေးကြီးတဲ့ပြဿနာမျိုးတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ နိုင်ငံတကာရဲ့  sanction တွေ လျော့ကျသွားအောင်၊ နောက်တခုက သူတို့ကို တရားဝင် အသိအမှတ်ပြုလာအောင် ဒါမျိုးတွေကို အများကြီး ကြိုးစားနေတဲ့ အနေအထား ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုတိုးကျော်လှိုင် ခင်များ အခု ဒေါ်အောင်ဆန်းစုကြည် မကြာခင်က ပုဂံကို ဘုရားဖူးထွက်တယ်။ ဒေါ်အောင်ဆန်းစုကြည် က ထိန်းသိမ်းခံရပြီး လွတ်လာတဲ့နောက်မှာ နိုင်ငံတကာမှာ အရှိန်အဝါ သိပ်မြှင့်မားလာတယ်။ သိပ်သြဇာကြီးလာတယ်ဆိုတာတော့ ငြင်းချက်ထုတ်စရာ မရှိပါဘူး။ လူတိုင်း လက်ခံကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာလည်း အခု ပုဂံကို ဘုရားဖူးသွားပြလိုက်တာ လူထုရဲ့  အင်အားက သူ့နောက်မှာရှိနေတယ်ဆိုတာကို သိသာမြင်သာသွားတယ်လို့ ပြည်တွင်းက တချို့ သုံးသပ်တာကို ကြားသိရပါတယ်။ အဲဒီ ခရီးစဉ်ရဲ့  လူထုထောက်ခံမှုဟာ နိုင်ငံရေးခရီးစဉ် မဟုတ်သောလည်း လူထုက သူ့ဘက်က ရှိနေတယ်ဆိုတဲ့ ကိစ္စမျိုး ပေါ်လွှင်ခဲ့တယ်လို့ ကြားရပါတယ်။ အဲဒီအကြောင်း ပြောပါ။ ဘယ်လောက်များ လူတွေက ရှိနေတယ်ဆိုတာ။
ကိုတိုးကျော်လှိုင် ။ ။ ဒီလိုဗျ ပုဂံခရီးစဉ်ကတော့ အန်တီတို့ မိသားစုခရီးစဉ်လေး သွားကြတယ်ပေါ့။ သို့သော်လည်း လူထုကိုလည်း ဒေသဆိုင်ရာတွေက တားမြစ်တာတွေ ရှိတဲ့ကြားထဲက လူထုထောက်ခံမှုက တော်တော်လေး မြှင့်မားပါတယ်။ ဒီအတွက်ကြောင့်လည်း အစိုးရက ဒီအချက်အလက်တွေကို ထည့်ပြီးတော့ စဉ်းစားတယ်လို့လည်း ကျနော်ယူဆပါတယ်။ နောက်တချက်က တွေ့ဆုံဆွေးနွေးရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေမှာတော့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ သို့သော်လည်း ကျနော်တို့က ပူးပေါင်းဆောင်ရွက်ရေးမှာ ရှေ့ ဆက်ညှိနှိုင်းရမယ့် အသေးစိတ်ကိစ္စတွေလည်း အများကြီးရှိမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့လို့ တောက်လျှောက်မှာတော့ နိုင်ငံရေးအရ အမြဲ အသုံးချခဲ့တာ ဖြစ်နေတဲ့အခါကြတော့ အာဆီယံဥက္ကဋ္ဌရာထူးကိစ္စ၊ ဘာညာကတော့ သိပ်ပြီးတော့ မလိုဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အာဆီယံက ကျနော်တို့ ဒီမိုကရေစီအင်အားစုဘက်ကို နိုင်ငံရေးအရ အာဆီယံက သိပ်ပြီးတော့ လေးလေးနက်နက် မရှိဘူးဆိုတော့ အာဆီယံဥက္ကဋ္ဌရာထူးက သူဘာသာ အချိန်တန်ရင် ဖြစ်သွားမှာ။ အဲဒီဟာတွေကြောင့်တော့ မဟုတ်ပါဘူး။ သို့သော် တခြား ဂငယ်ကွေ့လိုမျိုး ရုတ်တရက်ကြီး ချိုးကွေ့လိုက်တဲ့ အနေအထားပေါ်မှာတော့ ကျနော်တို့က အဲဒီအပေါ်မှာ စဉ်းစားစရာတွေ ပေါ်လာတာပေါ့။ ဒီအပိုင်းအတွင်းမှာ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီကလည်း တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ထောက်ခံတဲ့ ကြေညာချက်ထုတ်ဖို့ ဘာညာရှိတယ်ဆိုတော့ ဒီဟာက လောလောဆယ် အနေအထားမှာတော့ ဘာပဲဖြစ်ဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်လို့ ယူဆရတဲ့ လမ်းကြောင်းတခုပေါ်မှာ လက်ရှိ အစိုးရအဖွဲ့နဲ့ အတိုက်အခံခေါင်းဆောင် လူထုခေါင်းဆောင်တို့ တွေ့ဆုံဖြစ်တယ်ဆိုတာ ကောင်းတဲ့အနေအထားပါ။ အန်တီရဲ့  လူထုထောက်ခံမှုဆိုတာကိုလည်း အစိုးရအဖွဲ့သစ်က သူတို့ နှုတ်ကတော့ ထုတ်ပြောချင်မှာတော့ ပြောမယ်။ သို့သော်လည်း တစုံတရာအားဖြင့် အသိအမှတ်ပြုတဲ့သဘောလို့ ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက အရှေ့ ကို အကောင်းမြင်ကြည့်ပေါ့။ အကောင်းမမြင်ရတာလည်း ကြာပြီဆိုတော့။ ဒီဖြစ်ရပ်ကနေ ကျနော်တို့ ဘယ်အထိ ရှေ့ ကို တိုးသွားနိုင်မယ်လို့ ထင်ပါသလဲ။
ဦးဌေးအောင် ။ ။ ကျနော်တို့လည်း အကောင်းမြင်ချင်ပါတယ်။ စစ်အစိုးရက စိတ်ကောင်းစေတနာမှန်တဲ့ တွေ့ဆုံတာမျိုး ဖြစ်စေချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ အချက်အလက်တွေအရ အခုလို ရုတ်တရက်ကြီး ပြောင်းလဲတယ်ဆိုတဲ့အပေါ်မှာ သံသယ ဖြစ်စရာတွေက အများကြီး ထပ်ဝင်လာတာကို တွေ့ရတယ်။ အဲဒီတော့ သူ့အနေနဲ့ ရှေ့ မှာဖြစ်လာမယ့် ပြဿနာတွေကို သူက ကြိုပြီးတော့ တွေးပြီးတော့ ပြင်ဆင်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူလူထုက ထောက်ခံတဲ့ဟာကလည်း လျော့ကျမသွားတဲ့အပြင် ပိုတိုးလာတဲ့ အချက်အလက်တွေကလည်း အများကြီး ရှိပါတယ်။ ပုဂံခရီးစဉ်သာ မကဘူး။ သူ့အိမ်ရှေ့ မှာ သူစလွတ်လာတဲ့နေ့မှာ စုဝေးခဲ့တဲ့ လူထုတို့။ နောက် သူ့မိန့်ခွန်းပြောတဲ့အခါမှာ အဖွဲ့ချုပ်ရုံးရှေ့ မှာ စုရုံးခဲ့တဲ့ လူထုတွေကို ကြည့်ရင် သိပ်သိသာပါတယ်။ အဲဒီတော့ အခုအချိန်မှာပေါ့ လက်ရှိ အရပ်ဝတ် အစိုးရအနေနဲ့ စိတ်ပူနေတာက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပြည်တွင်းက လူထုတိုက်ပွဲနဲ့ နယ်စပ်တွေမှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားတွေရဲ့  လက်နက်ကိုင်တိုက်ပွဲတွေ ပေါင်းစပ်သွားမယ့်အရေးကို သူတို့အနေနဲ့ စိုးရိမ်နေတယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ သူက တဖက်ကို ရင်ဆိုင်နေရတဲ့အချိန်မှာ၊ ဖိနှိပ်ချေမှုန်းနေရတဲ့အချိန်မှာ တဖက်ကို အချိန်ဆွဲနေတာမျိုး၊ ချော့ပေါင်းတာမျိုး ဖြစ်မှာကို ကျနော်တို့က စိုးရိမ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုတိုးကျော်လှိုင် ကို နောက်ဆုံးမေးချင်တာက ဦးသိန်းစိန် အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ချင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့  အခက်အခဲကြောင့်ဖြစ်စေ၊ ဘာကြောင့်ဖြစ်စေ တိုင်းပြည်အတွက် ဒါသာလျင် ထွက်ပေါက်ဖြစ်တယ်လို့မြင်ပြီး လုပ်တယ်ထားအုံးတော့ သူတို့ရဲ့  နောက်ကွယ်မှာ သူတို့ရဲ့  လုပ်ရပ်ကို ခွင့်မပြုနိုင်တဲ့ အာဏာပိုင်တယောက်ယောက်၊ အာဏာရှင်တယောက်ယောက် မရှိနေနိုင်ဘူးလား။ အဲဒီ လွှမ်းမိုးမှု၊ လောင်ရိပ်အောက်က လွတ်ပြီလို့ ထင်ပါသလား။
ကိုတိုးကျော်လှိုင် ။ ။ အဲဒါတော့ ပြောရခက်တယ့် အဖြေတခုပါပဲ။ ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြည့်တဲ့အခါမှာ အဖြေအမျိုးမျိုး တွေ့ရပါတယ်။ အခု ခေတ္တသဘော အန်တီနဲ့ ပြေလည်မှု ယူပြီးတဲ့အခါကြတော့ ကချင်ကိစ္စ၊ ရှမ်းလက်နက်ကိုင်ကိစ္စ၊ တိုက်ပွဲတွေ ဖြစ်နေတဲ့ကိစ္စတွေကို သူတို့ အပြီးအပြတ်ရှင်းလင်းဖို့ ရှိတယ်ဆိုတဲ့ သဘောထားမျိုးတွေလည်း ထွက်နေတာ ရှိပါတယ်။ သို့သော်လည်း အစိုးရသစ်လက်ထက် ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုမှာ ဘယ်လိုပဲ ညှိနှိုင်းထားသည်ဖြစ်စေ အစိုးရဘက်ကနေ တချို့  မတော်မတရား လုပ်လာတဲ့ကိစ္စတွေ ရှိလာတယ်ဆိုရင်တော့ အန်တီက ပွင့်ပွင့်လင်းလင်းပဲ အစိုးရကို ရင်ဆိုင်သွားမှာပါ။ ဒါကိုတော့ ယုံကြည်ပါတယ်။
http://www.voanews.com/burmese/news

လာဘ်စားမှုဖြင့် သင်္ကာမကင်းခံရသူ ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးကို စစ်ဆေး



E-mail Print
လာဘ်ပေးလာဘ်ယူနှင့် အာဏာအလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည် ဆိုသော ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စုံစမ်းခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

General-Min-Aung-Hlaing-Mar-30-11
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)
အဆိုပါ ၅ ဦးမှာ လက်ရှိ စစ်တပ်တွင် တပ်မတော်စစ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကျော်ဖြိုး (DSA – ၂၂)၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက် ဥက္ကဋ္ဌနှင့် စစ်ရေးချုပ် ဗိုလ်ချုပ်ခင်ဇော်ဦး (OTS-၅၆)၊ ကစထမှူး ဗိုလ်ချုပ်မြင့်စိုး (OTS-၆၀)၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး (DSA-၂၄)၊ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး (OTS-၆၃) တို့ ပါဝင်ကြောင်း စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။

“ဗိုလ်ချုပ်ကျော်ဖြိုးဆိုရင် အရင်တြိဂံဒေသ တိုင်းမှူးလုပ်ခဲ့တယ်။ လက်ရှိတိုင်းမှူးရော၊ အရင်တိုင်းမှူးရော ခေါ်အစစ်ခံရတာ။ ဗိုလ်ချုပ်မြင့်စိုး ဆိုရင်လည်း အရင်တုန်းက စစ်ကိုင်းတိုင်း တိုင်းမှူးလုပ်တုန်းက မုံရွာဘက်က မြေကွက်တွေ ရောင်းစားခဲ့ တာတွေ ရှိတယ်။ အဲဒါတွေ အခု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတ ဦးသိန်းစိန်ဆီ တိုင်တယ်။ ကမ်းရိုးတန်းတိုင်းမှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ဇော်ဦးနဲ့ လက်ရှိတိုင်းမှူးရော အဲဒီလို အတိုင်ခံရတာလို့ ကြားတယ်” ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိခေါ်ယူ စစ်ဆေးခံနေရသူများအား ပြစ်မှုကျူးလွန်မှု ရှိ၊ မရှိစစ်ဆေးခြင်းသာဖြစ်ပြီး လက်ရှိရာထူး တာဝန်များကို ဆက်လက် ထမ်းဆောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

“အတိုင်ခံရတာဆိုပေမယ့် လက်ဆုပ်လက်ကိုင် သက်သေနဲ့တကွ အပြစ်ကျူးလွန်ခဲ့တာ မပြနိုင်ရင်တော့ ရာထူးက အနားပေး ခံရတာတို့၊ နုတ်ထွက်ခိုင်းတာတို့ ဖြစ်မှာမဟုတ်ဘူး။ သက်သေမပြနိုင်ရင်တော့ သတိပေးတဲ့အဆင့်နဲ့ပဲ ပြီးသွားမယ်” ဟု အဆိုပါနီးစပ်သူက ဆိုသည်။

ယခုလအတွင်း ရာထူးမှ အနားပေးခြင်း ခံလိုက်ရသော ဗိုလ်ချုပ်တင်ငွေသည် မန္တလေးမြို့ရှိ သိန်းထောင်သောင်းချီ တန်သော မြေကွက် အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ပြီး လက်ရှိမန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် သက်သေ သာဓကနှင့်တကွ အာဏာ အလွဲသုံးစားပြု မြေကွက်ရောင်းစားခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ရာထူးမှ အနားပေးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းသန်းသည်လည်း ဇွန်လတွင် ရာထူးမှ အနားပေးခံလိုက်ရပြီး အစိုးရသစ်တက်ပြီး ပထမဦးဆုံး ရာထူးမှ အနားပေးခြင်းခံလိုက်ရသော ထိပ်တန်း စစ်တပ် အဆင့်မြင့်အရာရှိ တဦးဖြစ်ခဲ့သည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတချို့က ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် လက်ရှိ တပ်မတော်တွင် အရေးကြီးသော ထိပ်တန်းတာဝန်များ ထမ်းဆောင်နေသည့် စစ်အရာရှိများကို ဖြုတ်ပယ်ပြီးနောက် သူနှင့်နီးစပ်သူ စစ်အရာရှိများကို အရေးကြီးသော ရာထူးတာဝန်များ ခန့်အပ် အစားထိုးမှု ပြုလုပ်လာနိုင်သည်ဟု သုံးသပ်ကြ သည်။

“ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီ ဆိုတာနဲ့ ဦးစီးချုပ်က သူယုံကြည်တဲ့၊ စိတ်ချရတဲ့ သူတွေကို ဆွဲတင်ချင်တော့ ရှေ့မှာ ရှိနေတဲ့သူတွေကို လာဘ်ပေးလာဘ်ယူ အကြောင်းပြပြီး ဖြုတ်ထုတ်တာတွေ လုပ်တယ်။ သူ့အာဏာ တည်ဆောက်တာပေါ့။ ဒါက တပ်မတော်မှာ အစဉ်အလာလို ဖြစ်နေပြီ”ဟု နေပြည်တော် စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်တွင်း အခြေအနေများ၊ ရာထူးအပြောင်းအလဲ လုပ်မှုများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြ၍ ညွှန်ကြားမှုခံယူသည်ဟု စစ်ဘက်သတင်းရပ်ကွက်များ၏ အဆိုအရ သိရသည်။
http://www.irrawaddy.org/bur/

ဒေါ်အောင်ဆန်း စုကြည်၏ အိတ်ဖွင့်ပေးစာ

http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments   View all images  
1.jpg1.jpg
50K   View   Download  
2.jpg2.jpg
50K   View   Download  

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။

အမျိုးသားခေါင်းဆောင်ကြီးနှင့်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများမှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနုးအညွတ်တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန်လမ်းကြောင်းမရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။



ဦးအုန်းကြိုင်

သတင်းနှင့်ပြန်ကြားရေးဌာန

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်