Friday, July 29, 2011

ရင်ခုန်ကြည်နူးရမယ့်အရွယ်မှာ-ထောင်ဒဏ် ၅၉နှစ်



အင်းလျားရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေညှင်းလေးတွေကြား ရင်ခုန်ကြည်နူးရမယ့်အရွယ်မှာ-ထောင်ဒဏ် ၅၉နှစ် "အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်"

by Sophia Sofia Chan on Friday, July 29, 2011 at 9:35am
၁၉၉၅ မှာ နှစ်ရှည်ထောင်ဒဏ် ၅၉ နှစ် အများဆုံးကျခံခဲ့ရတဲ့ ကျောင်းသားလူငယ်ကိုအေးအောင်ကို စစ်ထောက်လှမ်းရေးတွေက အကြိမ်ကြိမ်ဆွေးနွေးပြီး လွတ်ရင်ဘာလုပ်မလဲလို့မေးပါတယ်။ ဒီလိုမေးတဲ့အခါ ကိုအေးအောင်က သူ့ယုံကြည်ချက်ကို ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဓမ္မ နဲ့ အဓမ္မကို ခွဲခြားသိမြင်သူမို့ ဓမ္မကိုချစ်မိတဲ့ဒဏ် သူရဲရဲ ၀ံ့ဝံ့ခံမယ်တဲ့။

ကိုအေးအောင်

လေးစားရတဲ့သောတရှင်များရှင်

တကယ်ဆို တက္ကသိုလ်ကျောင်းသားလူငယ်လူရွယ်တွေဟာ ကံကော်ရနဲ့၊ စွယ်တော်ရနံ့နဲ့ အင်းလျားကန်ဘောင်ပေါ်လျှောက်ပြီး အင်းလျားရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေညှင်းလေးတွေကြားမှာ ရင်ခုန်ကြည်နူးရမယ့်အရွယ်ပါ။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ကြောင့် ကျောင်းသားလူုငယ်တွေ စာသင်ခန်းနဲ့ပျော်ရွင်မှူအားလုံးကို ကျောခိုင်းပြီး အကျဉ်းထောင် အုတ်နံရံတွေကြားရောက်နေရပါတယ်။ စာသင်ခန်းထဲကနေ၊ မိဘရင်ခွင်ထဲကနေ ဆွဲထုတ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းတွေစီကို အပို့ခံရပါတယ်။ လွတ်လပ်စွာ ပညာသင်ကြားခွင့်လိုချင်ပေမယ့် နှစ်ရှည်ထောင်တွေကိုပဲ ရနေကြပါတယ်။ တက္ကသိုလ်ကျောင်း စာသင်ခန်းထဲကနေ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ကျောင်းသားတွေရဲ့ အခွင့်အရေးကို စစ်အာဏာရှင်စီ တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ ဒဂုံသက္ကသိုလ်ကျောင်းသားကိုအေးအောင် ကလေးမြို့အကျဉ်းထောင်ထဲမှာ နှစ်ရှည်ထောင်ဒဏ်နဲ့ အကျဉ်းကျနေတာ ဆယ်နှစ်ကျော်သွားပါပြီ။

၁၉၉၉ မှာ နိုင်ငံရေးအကျဉ်းသားများကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တာ ထောင်သက်နဲ့ လူသက်များရတဲ့အထိပါ။ အဲ့ဒီအချိန်တုန်းက ကိုအေးအောင် အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။ ကိုအေးအောင်တို့ကျောင်းသားလူငယ်တွေက ၁၉၉၈ လှည်းတန်းမီးပွိုင့်ဆန္ဒပြပွဲမှာ ပြည်သူ့လွှတ်တော်ခေါ်ယူရေး ပြည်သူ့သို့ ပန်ကြားချက်၊ တက္ကသိုလ်အဝေးသင် စာမေးပွဲတွေကို တက္ကသိုလ်ကျောင်းတွေမှာ ဖြေခွင့်မရှိဘဲ အထကကျောင်းတွေမှာ ဖြေခိုင်းတဲ့အတွက် ကျောင်းသားအခွင့်အရေး တောင်းဆိုချက်များနဲ့ ဆန္ဒပြခဲ့ပါတယ်။ ကိုအေးအောင်တို့ကျောင်းသားလူငယ်တေါကို ကားတွေလမ်းတွေပိတ်ပြီး လူဆိုးလူရမ်းကား အမည်တပ်ပြီး လိုက်ဖမ်းပါတယ်။ ကိုအေးအောင်၊ ကိုမျိုးမင်းဇော်တို့က ကျနော်တို့ ကျောင်းသားတွေပါလို့ပြောတော့ ရပ်ကြည့်နေတဲ့ ပြည်သူလူထုက ဖမ်းမပေးပါဘူး။

အာဏာပိုင်တွေက ရိုင်းရိုင်းစိုင်းစိုင်းဖမ်းပြီး စစ်ကြောရေးမှာ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်တာကို ခံခဲ့ရပါတယ်။ ဘယ်လောက်ထိုညှင်းပမ်းခံရလဲဆိုရင် စစ်ကြောရေးမှာ ထောက်လှမ်းရေးတွေ ရိုက်တာ၊ ညှင်းပမ်းတာအားမရလို့ ထောင်ထဲမှာရှိတဲ့ လူဆိုး၊လူရမ်းကားတွေကိုခေါ်ပြီး ရိုက်ခိုင်းတဲ့အထိပါ။ သွေးတွေ၊ ချွေးတွေဆိုတာရောထွေးနေတာလို့ သူနဲ့ အတူနေခဲ့ရတဲ့သူတွေကပြောပြခဲ့ပါတယ်။ ဒဏ်ရာတွေဆိုတာတော်တော်နဲ့ မပြောက်ဘူး၊ ထောင်ထဲရောက်လာတဲ့အခါမှာတော့ ကိုအေးအောင် တယောက်သံမဏိရိုင်းတတုံးဖြစ်လာခဲ့တယ်တဲ့။ ၅၉ နှစ်ထောင်ဒဏ်နဲ့ အင်းစိန်ထောင်ကနေ ကလေးအကျဉ်းထောင်ကို မိသားစုကို အသိမပေးဘဲ တိတ်တဆိတ်ပြောင်းခဲ့ပါတယ်။ သံခြေကျင်းတွေနဲ့ ရန်ကုန်ဘူတာကြီးကနေ ရထားစီးရမယ့်အချိန်မှာ ကျနော်တို့ကျောင်းသားတွေပါ၊ ကျနော်တို့ကို ကလေးအကျဉ်းထောင် ပို့မှာ အိမ်ကမသိဘူး။ ဒီဖုန်းနံပါတ်နဲ့ အိမ်ကိုအကြောင်းကြား ပေးပါလို့ အော်ဟစ်ပြောဆိုခဲ့တော့ ရပ်ကြည့်နေတဲ့ ပြည်သူလူထုက ကျောင်းသားတွေရဲ့ အိမ်ကိုဖုန်းဆက်အကြောင်းကြားပေးပါတယ်။ ဒါကြောင့် ဘယ်သူဘယ်ထောင်ရောက်တယ် ဆိုတဲ့အကြောင်းသိရတာပါ။ ကျောင်းတွေကို ရက်အကန်းအသတ်မရှိပိတ်ပြီး အကျဉ်းထောင်တွေကို စက္ကန့်မလပ်ဖွင့်ထားတဲ့ စစ်အာဏာရှင်ကို ပြည်သူလူထုက  ဆန့်ကျင်လိုက်တာပါ။ ကျောင်းစာသင်ခန်းထဲမှာ ပညာသင်ကြားနေရပေမယ့် ကျောင်းသားလူငယ်တွေကို သံခြေကျင်းနဲ့  ထောင်ဝတ်စုံဝတ်ထားတာမြင်ရတော့ ပြည်သူလူထု ရင်ထုမနာဖြစ်ကုန်ကြပါတယ်။ အပြေးအလွှားရေသန့်ဘူးတွေ၊ မုန့်တွေဝယ်၊ ကျောင်းသားတွေလက်ထဲထည့်ပြီး ထောက်ခံအားပေးကြောင်းပြကြတော့တယ်။

အင်းစိန်ထောင်၊ မန္တလေးထောင်၊ မုံရွာထောင်ကနေ ကလေးအကျဉ်းထောင်ကို မဟာမြိုင်တောဖြတ်ပြီး ကားနဲ့ ကလေးဝဆိပ်ကမ်းကို သွားရပါတယ်။ ကလေးဝဆိပ်ကမ်းကို ဇက်နဲ့ကူးလာရပါတယ်။ ကလေးအကျဉ်းထောင်ဝန်ထမ်းများက အချုပ်ကားနဲ့ ကလေးဝဆိပ်ကမ်းကစောင့်ပြီး နိုင်ငံရေးအကျဉ်းသားများကို လက်ဆင့်ကမ်းလွှဲပြောင်းယူ ရပါတယ်။ ဒီတော့ ထောင်ဒဏ်၅၉ နှစ်၊ ၅၇ နှစ်၊ ၄၂ နှစ်ကို အသက်ထင်ပြီး ရိုးရိုးရာဇ၀တ်အကျဉ်းသားတွေ နဲ့ မှားကုန်တယ်လို့ ၀န်ထမ်းတွေက ပြောပါတယ်။ ကိုအေးအောင်တို့ ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး ၂၆ယောက်ရှိပါတယ်။ ၂၀၀၅ ခုနှစ်မတိုင်ခင်မှာ ထောင်ပြောင်းခံရတဲ့သူ၊ လွတ်တဲ့သူတွေကြောင့် ကိုအေးအောင်အပါအ၀င် ၈ယောက်ကျန်ခဲ့ပါတယ်။

၂၀၀၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့မှ မထင်မှတ်ဘဲ ကျန်တဲ့သူတွေ လွတ်မြောက်ပြီး ကိုအေးအောင်နဲ့ ကိုစောဝင်း နှစ်ယောက်သာကျန်ခဲ့ပါတယ်။ အရင်က ညဘက်တွေမှာ ဟိုအခန်း၊ ဒီအခန်း အသံတွေနဲ့ အဖော်ပြုခဲ့သူနှစ်ယောက် တိတ်ဆိတ်တဲ့ အမှောင်မှာ ဘယ်သူ့ဘယ်သူမှ စကားမပြောနိုင်တော့ဘူးလို့ သူနဲ့အတူကျန်ခဲ့တဲ့ ကိုစောဝင်း လွတ်လာချိန်မှာ ပြန်ပြောပြပါတယ်။

ကိုအေးအောင်နဲ့ အတူနေခဲ့ရတဲ့ ကိုနေဦးကတော့ သူတို့လွတ်မြောက်လာပေမယ့် လွတ်လွတ်ကျွတ်ကျွတ် မပျော်နိုင်ပါဘူး။ အများလွတ်ပြီး အနည်းကျန်ခဲ့တဲ့ ရဲဘော်နှစ်ဦးကို နှူတ်ဆက်စကားတောင် မဆိုနိုင်ခဲ့ပါဘူးတဲ့။ ကိုအေးအောင်ကို စစ်ထောက်လှမ်းရေးတွေက အကြိမ်ကြိမ်ဆွေးနွေးပြီး လွတ်လာရင်ဘာလုပ်မလဲလို့မေးပါတယ်။ ဒီလိုမေးတဲ့အခါမှာ ကိုအေးအောင် က သူ့ယုံကြည်ချက်ကို ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။ ဓမ္မ နဲ့ အဓမ္မကို ခွဲခြားသိမြင်သူမို့ ဓမ္မ ချစ်မိတဲ့ဒဏ် သူရဲရဲဝံ့ဝံ့ခံမယ်တဲ့။

နောက်တနှစ်ကြာတဲ့အခါမှာ ကိုစောဝင်းလွတ်တော့ ကိုအေးအောင်တယောက်တည်း ကျန်ခဲ့ပါတယ်။ တိုင်းပြည်အတွက် လူငယ်ဘ၀ကိုပေးဆပ်ခဲ့တဲ့ ကိုအေးအောင်အတွက် အရွယ်နဲ့ အမျှတဲ့ဒဏ်ရာတွေနဲ့ ထောင်တွင်းဖိနှိပ်မှူတွေကို ခံနေရပါတယ်။ ကိုအေးအောင်ဖခင် ဦးသောင်းစိန်က ကျနော့သားက သူနဲ့ရွယ်တူကျောင်းသားတွေလို ကျောင်းတက်ချင်မှာပဲ။ လူငယ်သဘာဝအတိုင်းပြုမူနေထိုင်ချင်မှာပဲလို့ပြောပါတယ်။ သားကို ရုပ်အာဟာရ၊ စိတ်အာဟာရပေးဖို့ မိဘရဲ့ မေတ္တာအပြည့်ထည့်ထားတဲ့ ထောင်ဝင်စာခြင်းကိုဆွဲပြီး တလတကြိမ်သားကို ထောင်ဝင်စာတွေ့နေရပါတယ်။ ၀က်သား တပိသာ ခုနှစ်ရာဈေးကတည်းက ဒီနေ့ ၀က်သားတပိသာ ခုနှစ်ထောင်ဈေးအထိ တွေ့နေရတုန်းပါပဲ။ အိမ်ပြန်ရောက်တဲ့နေ့ လွတ်လာတဲ့ နေ့လို့ပဲ ဦးသောင်းစိန် စိတ်ဒုန်းဒုန်း ချထားပါတယ်။

ကျမခင်ပွန်းသည် မလွတ်ခင် ထောင်ဝင်စာတွေ့ချိန်မှာ ကိုအေးအောင်ဖခင်နဲ့ ဆုံရင်အတူတွေ့ခွင့်ရပါတယ်။ ထောင်ဝင်စာမှာ တက်ကြွလန်းဆန်းနေတဲ့ ကိုအေးအောင် ကိုမြင်ရတော့ ကျမမှာ ၀မ်းနည်းဝမ်းသာဖြစ်ရပါတယ်။ ၀မ်းနည်းရတာက သူ့လူငယ်ဘ၀ကို၊ ၀မ်းသာရတာက တက်ကြွလမ်းဆန်းနေတဲ့ သူ့ရဲ့ဟန်ပန်ကို။ တခါတော့ ဖေဖေသားကို အတွေးအခေါ်ပါတဲ့ မှတ်သားစရာပါတဲ့စာအုပ်သာ ယူခဲ့ပါဖေဖေ၊ ပညာရေး ဗဟုသုတတွေ လေ့လာဖို့ သား သိပ်နောက်ကျနေပြီတဲ့။ အဲဒီနေ့ ထောင်ဝင်စာအပြန်မှာ သူ့ဖခင် မျက်ရည်ကျပါတော့တယ်။

သောတရှင်များရှင်
ထောင်ကနေ ထောင်ဝင်စာတွေ့ပြီးပြန်လာရင် ထောင်ဝင်စာမှာ ပြောခဲ့တဲ့ စကားတွေကို ကားပေါ်မှာပြန်စဥ်းစားရင် ကြေကွဲဆို့နင့်ကြရပါတယ်။ ထောင်ဝင်စာဆိုတာ လူ့စိတ်နှလုံး ညှိုးနွမ်းရတဲ့ လူ့ဂုဏ်သိက္ခာညိုးနွမ်းရတဲ့ လူ့အခွင့်အရေးတွေ ထပ်မံဆုံးရှူံးရတဲ့ နေရာတခုပါ။ ထောင်ဝင်စာမှာ ပစ္စည်းတွေပေးနိုင်ဖို့ ကျမတို့ နောက်ထပ်ကြိုးစားရမယ်ဆိုတဲ့ ခွန်အားတွေလဲ ပါခဲ့ပါတယ်။

ကလေးအကျဉ်းထောင်ကို ရန်ကုန်ကနေ ထောင်ဝင်စာလာတွေ့ဖို့ ငွေကြေးတခုပြည့်စုံရုံ နဲ့ မရပဲ ခွန်အားလည်းပြည့်စုံဖို့လိုပါတယ်။ ကျမတို့ ထောင်ဝင်စာ ၁၀ နှစ်ကျော်ဖြတ်ခဲ့ရတဲ့ ခရီးကြမ်းက မဟာမြိုင်၊ ယာကြီးလမ်း၊ ချင်းတွင်းမြစ်၊ ပုံတောင်ပုံညာ၊ ဂန့်ဂေါလမ်း၊ လမ်းအစုံသွားခဲ့ရပါတယ်။ မြစ်သာမြစ်ကူး ကလေးဝတံတားအထိ ဆောက်ပြီးယာကြီးလမ်းက တခြားလမ်းတွေထက် မိုင် ၉၀ သက်သာပေမယ့် မိုးတပေါက်နှစ်ပေါက်ကျရုံနဲ့ လမ်းပျောက်တတ်ပါတယ်။ ယာကြီးလမ်းကို နွေခဏပဲ အားထားရတာပါ။ ဒါတောင်မှ ၂၀၀၇ မေလဆန်းမှာ ထောင်ဝင်စာတွေ့ပြီး အပြန်ယာကြီးလမ်းမိုးရွာလို့ ပျက်ခဲ့ရပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး၊ ပင်ပန်းမှူမျိုး ဘယ်တုန်းကမှ မကြုံခဲ့ရဖူးပါဘူး။ ဘယ်လောက်ထိလဲဆိုတော့ တောထဲတောင်ထဲမှာ ဆယ်ရက်ကြာခဲ့ပါတယ်။

ရှေ့ခရီးလည်းဆက်မရ၊ နောက်လည်းပြန်မရနဲ့ ကျမတို့ကားတစီးတည်း မဟုတ်ပါဘူး။ အတက်အဆင်းကားအစီပေါင်း ခြောက်ဆယ်လောက် ပိတ်မိကုန်ကြတာပါ။ ကျမတို့ ကားပိတ်မိနေတဲ့ နေရာက ရွာနဲ့ မနီးတဲ့နေရာ။ လမ်းပြင်တဲ့စခန်းတဲလေးမှာ ကလေးကနေ မန္တလေးကိုဆင်းတဲ့ အဆင်းကားငါးစီး ရှေ့ဆက်မသွားနိုင်တော့ ကားပေါ်ပါလာတဲ့ခရီးသည်တွေ စားစရာသောက်စရာမရှိ။ အညစ်အကြေးစွန့်စရာ နေရာမရှိနဲ့ အခက်တွေ့ကြပါတော့တယ်။ ကားတစီးမှာ လူငါးဆယ်ပါတယ်။ မိုးကလည်း စွေလိုက်တာမပြောပါနဲ့တော့။ မိုးခြိမ်းသံတွေ လျှပ်စီးတွေက တောတောင်အလယ်မှာ ကျမတို့ကို ကြောက်လန့်အားငယ်အောင် ပံ့ပိုးနေပါတယ်။ ဟိုးအဝေးရွာတွေက ထမင်းလာရောင်းကြတယ်။ ထမင်းလက်နှစ်ဆုပ်စာနဲ့ သရက်ချဉ်နည်းနည်း။ မြေပဲဆံစေ့ လေးငါးစေ့ကို ငွေတစ်ထောင်ပေးပြီး စားရပါတယ်။ ဒါလည်း အလုအယက်ဝယ်ရတာပါ။ လမ်းကောင်းနိုးနိုး၊ မိုးပြတ် ရင်ဆိုတဲ့ အတွေးတွေနဲ့ ခရီးသည်တွေ စောင့်နေရာက၊ ဒီအတိုင်း လည်စင်းမခံနေတော့ဘူး။ ရွာရှိမယ့်နေရာ၊ မုံရွာ မန္တလေး ရန်ကုန်ကို သွားနိုင်ဖို့ ခရီးသည်တချို့ စဉ်းစားကြတယ်။ လပို့ရွာကိုရောက်ဖို့ ရှစ်နာရီလျောက်ရပါမယ်။ ဒီတော့ လူငယ်လူရွယ်တွေ အများဆုံးလျှောက်ကြတယ်။ ပစ္စည်းတွေတော့ မသယ်နိုင်ကြဘူး။ မန္တလေးရောက်မှ ပစ္စည်းလာရွေးမယ်လို့ ကားသမားကို မှာ ကြတယ်။ ဦးသောင်းစိန် လို အသက်ကြီးသူတွေနဲ့ ကျမတို့ မိန်းမအရွယ်တွေသာကျန်ခဲ့တော့တယ်။ ကျောပိုးတွေ လူလွတ်ကြီးပဲလျှောက်လာတဲ့ အတက်ခရီးသည်တွေ ကျမတို့တဲစခန်းလေးနားရောက်ရင် အားလုံးမိုးရွာထဲမှာ တုံးလုံးပက်လက်ဖြစ်ကုန်ကြတယ်။ တဲစခန်းလေးမှာ တထောက်နား။ နောက်နေ့မိုးလင်း လမ်းလျှောက်သွားတဲ့သူတို့ကို ကြည့်ရတာ စစ်ပြေးဒုက္ခသည်တွေလိုပါပဲ။ ဦးသောင်းစိန်က ဒူးအရွတ်တွေပြတ်လို့ တုန်ကောက်နဲ့ သွားနေရသူပါ။ ရွှံ့ပေါင်လည်၊ ခြေသလုံးလောက်ရှိတာကို ရုန်းပြီး တောင်တက်တောင်ဆင်းသွားရမယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါကြောင့် ရန်ကုန်ကမိသားစုတွေ စိတ်ပူနေမယ်၊ အဘကိုထားပြီး သမီးလမ်းလျှောက်နိုင်ရင်သွားပါ။ အဘကတော့လမ်းပွင့်မှပဲ သွားနိုင်တော့မယ်လို့ဆိုပါတယ်။ တစတစ နည်းသွားတဲ့ ခရီးသည်တွေကြားမှာ ကျမတို့ အားငယ်လိုက်တာမပြောပါနဲ့တော့။ ကျမရှေ့ခရီးကို အပင်ပန်းခံလမ်းလျှောက်ပြီး ရန်ကုန်ကမိသားစုတွေ စိတ်မပူဖို့ ဆက်သွယ်နိုင်တဲ့နေရာအထိရောက်ဖို့အားတင်းရပါတယ်။ အဘဦးသောင်းစိန်ကိုလည်း စိတ်မချ။ မိုးအအေးကြောင့်လေဖြတ်သွားရင်ဘယ်လိုလုပ်မလဲ။ စားစရာ၊ ရေသောက်စရာကလည်း အခက်အခဲမဟုတ်လား။ နောက်ဆုံးခရီးသည်အချို့နဲ့ လိုက်သွားရပါတယ်။ ကျမတသက် အပင်ပန်းဆုံးခရီးလို့ဆိုချင်ပါတယ်။ ခြေဗလာနဲ့ ရွှံ့ဗွက်ရုန်းပြီး မိုးရွာထဲ တောင်တက်တောင်ဆင်းလမ်းလျှောက်ရတာ။ တောထဲတောင်ထဲမှာ မိန်းမတယောက်ရဲ့ လုံခြုံမှူကို ကြောက်ရတဲ့ ခရီးအတွက် မနားနိုင်ဘူး။ ရှေ့ကလူကိုမှီအောင် ဆိုတဲ့စိတ်နဲ့ ရှစ်နာရီကြာအောင်လမ်းလျှောက်ခဲ့ရတယ်။ လပို့ရွာမှာ ခရီးသည်တွေဆိုတာ အပြည့်ပဲ။ ရှေ့ခရီးဘယ်လိုဆက်မလဲဆိုတာ စောင့်နေကြတယ်။ ကျမကတော့ ထမင်းဆိုင်မှာ ၀ိုင်းကူလုပ်ရင်း ရန်ကုန်ကလူတွေကို စိတ်မပူဖို့အကြောင်းကြားရပါတယ်။ ဆယ်ရက်မြောက်နေ့မှာ ဟိုင်မွန်ဂျစ်လို့ခေါ်တဲ့ ချင်းတောင်ပေါ်ပြေးဂျစ်ကားကို ချင်းလူမျိုးမိသားတစုက ဖုန်းနဲ့လှမ်းခေါ်လို့ရောက်လာတယ်။ ကျမလည်း ၀မ်းသာအားရနဲ့ ကလေးဝအထိလိုက်ပါရစေလို့ တောင်းပန်ရတယ်။ ထောင်ဝင်စာလာတွေ့တဲ့သူလို့ပြောမှာ ဂရုဏာသက်ပြီးခေါ်ပါတယ်။ ကျမလမ်းလျှောက်ခဲ့တဲ့နေရာကို ဂျစ်ကားနဲ့နောက်ကြောင်းပြန်ရတာပါ။ ကျမကိုမြင်တော့ ဦးသောင်းစိန် အရမ်းဝမ်းသာသွားပြီး ငါ့တူမရယ်၊ အဘလေ အမေက ကလေးကို ထားသွားလို့ပြန်တွေ့တဲ့အတိုင်း ၀မ်းသာလိုက်တာလို့ပြောရှာတယ်။

ဟိုင်မွန်ဂျစ်ပေါ်ကို ကျမတို့ ၀မ်းလျားမှောက်တက်ရတယ်။ လမ်းဆိုးလို့ လမ်းဆင်းလျှောက်ဖို့လိုရင် ကျမတို့ ကားပေါ်က ခုန်ဆင်းကြရတယ်။ ငရဲကြီးတယ်ဆိုတာ ဒုက္ခဆင်းရဲရောက်တာကို တင်စားတာဆိုရင်တော့ ကျမတို့ငရဲကျခဲ့တာပါပဲ… နောက်ကြောင်းပြန်ခရီးက တောင်ကျရေဒလဟောနဲ့ ကားလမ်းပေါ်ရေကျော်တာကိုဖြတ်။ ရွှံ့စေးတွေနဲ့ ကားကချောက်ဖက်ဆွဲသွားတဲ့ အခါ ငါသေပြီလို့အောက်မေ့မိတယ်။ ကျမတို့ ကလေးဝတံတားရောက်တော့ ညကိုးနာရီထိုးပါပြီ။ မနက်စာ၊ ညစာထမင်းမစားရသလို မိုးရေတွေ တကိုယ်လုံးရွှဲဆိုပြီး ပြန်ခဲ့ရပါတယ်။ နောင်မှာ ရာကြီးလမ်းအကြောင်း သိရတာက တလကြာပိတ်မိနေတယ်လို့ပြောကြပါတယ်။ ဦးသောင်းစိန်ကတော့ အိမ်ရောက်တာနဲ့ မနားနိုင်ရှာဘူး။ နောက်တခါထောင်ဝင်စာအတွက် ရုန်းကန်ရတော့တာပါပဲ။

သောတရှင်များရှင်

အကျဉ်းကျမိသားစုတွေရဲ့ ဒုက္ခကို ဖောင်ဖွဲ့လို့ရရင် နောက်ထပ် အဖိထပ်ထုတ်ရမယ့် အထိပါပဲလို့ပြောရင် ပိုတယ်မထင်ကြပါနဲ့။

မျှဝေခံစားနိုင်ကြပါစေ။

"အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်" RFA အသံလွှင့် ဆောင်းပါးများစာအုပ်မှ ကူးယူဖြန့်ဝေသည်။

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၈)



2 attachments — Download all attachments  
CRPRP18.pdfCRPRP18.pdf
57K   View   Download  
CRPRP18.docCRPRP18.doc
47K   View   Download  

ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၈)
(Choosing Right Path and Real Politics)

၂၀၁၀ရွေးကောက်ပွဲ ကျင်းပဖို့ အပြင်းအထန် စတင်ပြင်ဆင်သော အကြိုကာလတွေဖြစ်တဲ့ ၂၀၀၉ ဒီဇင်္ဘာလကကစပြီး ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေးဆိုတဲ့ ဆောင်းပါးတွေကို စတင်ရေးခဲ့တာ အခု(၁၈)စောင်မြောက်ပါပြီ။

ရေးရခြင်းရဲ့ အဓိကကျတဲ့ အကြောင်းရင်းတစ်ခုက မူလရည်မှန်းချက်ပန်းတိုင်များကို ပြင်ဆင်ပြောင်းလဲစရာမလိုဘဲ ဖြစ်ထွန်းလာတဲ့ အခြေအနေသစ်တွေနှင့်အညီ လုပ်နည်း ကိုင်နည်းသစ်တွေကို လက်တွေ့ကျကျ ကိုင်စွဲစေလိုတဲ့စေတနာ ဖြစ်ပါတယ်။ လုပ်နည်းကိုင်နည်းသစ်၊ လက်နက်သစ်တွေကို ထိထိမိမိ ရယူမကိုင်စွဲနိုင်လျှင် အသစ်ပေါ်ထွန်းလာတဲ့ နိုင်ငံရေးစစ်မျက်နှာသစ်အတွက် လက်နက်သစ်တွေ ချို့တဲ့သွားအောင် မိမိကိုယ်တိုင်ကဘဲ တမင်လုပ်ဆောင်လိုက်သလို ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် ဖြစ်ပါတယ်။ နှလုံးရည်သုံးရတဲ့ နိုင်ငံရေးတိုက်ပွဲမျိုးကို ဦးပေါ်ဦးလျှောက်တဲ့ ကျွဲနိုင်၊ နွားနိုင် အမြင်မျိုးနှင့်သာ အမြဲသုံးသပ်နေလို့ မရတတ်ပါဘူး။ ဘာဘဲဖြစ်ဖြစ် နောက်ဆုတ်တာမှန်သမျှ မလိုချင်ဘူး ဆိုသူများအတွက်ကတော့ ထိုးမဲ့ဆင် နောက်တစ်လှမ်းဆုတ်ရခြင်းသဘောကို နားလည်ရန် ခက်ခဲပါလိမ့်မယ်။

နိုင်ငံရေးလုပ်ငန်းစဉ်တွေဟာလည်း အမြဲတမ်း ထင်သာမြင်သာ(Black and White)ဖြစ်မနေဘူး။ ချိန်ဆရ ခက်ခဲတဲ့အခြေအနေ(Grey Area)တွေကိုလည်း တာဝန်ခံဖြတ်ကျော်ရဲရပါတယ်။ သဘောတရားနှင့် လက်တွေ့ဘဝ သဟဇာတမဖြစ်ဘူးဆိုတာကို မြင်နိုင်တဲ့အခါမှာ လက်တွေ့ဘဝကို ရေတိုအနေနှင့်ဖြစ်ဖြစ် မလွှဲမရှောင်သာ ရှေ့တန်းတင်ပေးရတတ်ပါတယ်။ ဒါကို မူလအခြေခံသဘောတရားတွေက ရှောင်ပြေးတယ်လို့ မယူဆနိုင်ပါဘူး။

ရွေးကောက်ပွဲကာလကို ပြန်သုံးသပ်မယ်ဆိုလျှင် ၂၀၀၈ဖွဲ့စည်းပုံကို လက်ခံလိုက်ရပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခြင်းကို နိုင်ငံရေးလက်တွေ့ဘဝလို့ မြင်နိုင်ရမယ်။ နောက်ဆုတ်သွားတယ်၊ အညံ့ခံသွားတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ၂၀၀၈ဖွဲ့စည်းပုံကို သဘောမတူသော်လည်း နိုင်ငံရေးလက်တွေ့ဘဝ လိုအပ်ချက်အရ မလွှဲမရှောင်သာ အသိအမှတ်ပြုပေးခြင်းသာ ဖြစ်ရပါမယ်။ ရွေးကောက်ပွဲဝင်ခြင်းသည် အသစ်ဖြစ်ထွန်းလာတဲ့ နိုင်ငံရေးလက်နက်သစ် အပိုတစ်ခုကို ရယူကိုင်ဆွဲခြင်းသာ ဖြစ်ပါကြောင်းကို ထိုကာလက ဆောင်းပါးတွေမှာ ထင်သာ မြင်သာအောင် ရေးခဲ့ပါတယ်။

ရွေးကောက်ပွဲက အတု၊ အစိုးရလည်း အတု၊ စစ်တပ်ကသာ အာဏာဆက်ချုပ်ထားမယ်၊ အမတ်တွေ ဘာမှ မလုပ်နိုင်ဘူးဆိုတာကို ၂၀၀၈ဖွဲ့စည်းပုံအရ မြန်မာစာဖတ်တတ်သူတိုင်း သိပြီးသားဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဝင်စေချင်တာက နိုင်ငံရေးစင်(political Space)ကို ရယူစေချင်လို့ဖြစ်ပါတယ်။ ဘုရင်ခံအတိုင်ပင်ခံကောင်စီမှာ ဂဠုံဦးစောလည်း ဝင်ဘူးတာဘဲ။ ဗိုလ်ချုပ်အောင်ဆန်းလည်း ဝင်ဘူးတာဘဲ။ ဂဠုံဦးစောနှင့် ဗိုလ်ချုပ်အောင်ဆန်း တူပါသလား။ မေးခွန်းက နိုင်ငံရေးစင်ပေါ် (သို့မဟုတ်) လွှတ်တော် တက်သင့် မတက်သင့် မဟုတ်ပါဘူး။ မေးရမှာက အချောင်သမားတွေ တက်လာမှာလား။ တိုက်ပွဲဝင် လူထုခေါင်းဆောင်တွေ တက်လာမှာလား ဆိုတာသာ ဖြစ်ရပါမယ်။ နိုင်ငံရေးစင်ရဲ့ ထိရောက်ပုံကို ဂျူးလိယက်ဖူးချစ်နှင့် ကပ်စ်ရိုရဲ့ ကမ္ဘာကျော် လျှောက်လဲချက်များ စာအုပ်တွေမှာ တွေ့နိုင်ပါတယ်။

ရွေးကောက်ပွဲကို ဖျက်နိုင်တဲ့ အင်အားမရှိဘူးဆိုရင်၊ ရွေးကောက်ပွဲနောက် ဖြစ်ထွန်းလာမဲ့ နိုင်ငံရေးအခင်းအကျင်းကို ရွေးကောက်ပွဲမတိုင်ခင်က အယူအဆ၊ လုပ်နည်းလုပ်ဟန်တွေနှင့်ချည်းသာ ဆက်သွားလို့ မရနိုင်ဘူးဆိုတာကို မြင်နိုင်ရင် ရွေးကောက်ပွဲကို မလွှဲမရှောင်သာ ဝင်ရမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ပြည်သူအကျိုးရှိစေမယ်လို့ ယုံကြည်ရင် ခေါင်းဆောင်လုပ်သူများဟာ ပြည်သူသိပ်မကြိုက်တဲ့ လုပ်ငန်းစဉ်တွေကို တာဝန်ခံလုပ်ရတတ်တာက နိုင်ငံရေးသင်ရိုး ကကြီး ခခွေးဖြစ်ပါတယ်။ လက်ခုပ်သံမှာချည်း မသာယာတတ်သလို၊ မှန်ကန်တဲ့လုပ်ရပ်အတွက် ဝေဖန်ပြစ်တင်သံတွေကိုလည်း ရင်ဆိုင်ရဲရပါတယ်။

ရွေးကောက်ပွဲအကြိုကာလမှာ အချုပ်အနှောင်ခံနေရပြီး ပြည်သူနှင့် အဆက်ပြတ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီကို မဖေါ်ဆောင်တဲ့ ဖွဲ့စည်းပုံနှင့် သိက္ခာကင်းမဲ့တဲ့ ရွေးကောက်ပွဲဥပဒေတွေကို လက်မခံနိုင်ပေမဲ့ ပါတီရဲ့ အဆုံးအဖြတ်ကို ခံယူသွားမယ်လို့ ဆိုခဲ့ပါတယ်။ နောက်ဆုံးမတော့ အင်အယ်လ်ဒီပါတီသည် အခြေအနေအရ ပါတီကို မှတ်ပုံတင်ရန်မလိုဟု ဆုံးဖြတ်ပြီး ရွေးကောက်ပွဲကာလကို ပြည်သူနှင့်အတူ အအုပ်အစည်းမပျက် သပိတ်မှောက်ဖြတ်သန်းခဲ့ပါတယ်။

ယနေ့နိုင်ငံရေး အခင်းအကျင်းကို လက်တွေ့ကျကျ သုံးသပ်ကြမယ်ဆိုရင် ဦးသိန်းစိန်အစိုးရသည် ၂၀၀၈ဖွဲ့စည်းပုံ၏ ရလဒ်(Product)ဖြစ်ပါတယ်။ မဲခိုး မဲလိမ်၍ တက်လာသော ဦးသိန်းစိန်အစိုးရသည် မတရား ခြိမ်းချောက်ပြီး အတည်ပြုခဲ့သော ၂၀၀၈ဖွဲ့စည်းပုံကဲ့သို့ Fait of Accompli (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ဖြစ်တည်လာသော အရှိတရား) ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခြင်းသည် ဦးသိန်းစိန်အစိုးရကို မလွှဲမရှောင်သာ အသိအမှတ်ပြုခြင်းဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရကို မလွှဲမရှောင်သာ အသိအမှတ်ပြုမယ်ဆိုရင် ဦးသိန်းစိန်အစိုးရကို မွေးထုတ်ပေးတဲ့ ၂၀၀၈ဖွဲ့စည်းပုံကိုလည်း မလွှဲမရှောင်သာ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အရည်သောက်မယ်၊ အဖတ်မစားဘူးလုပ်လို့ကတော့ ဂွကျနေပါလိမ့်မယ်။ အခြေအနေအရ အသိအမှတ်ပြုရခြင်း(Recognition)ကို အညံ့ခံခြင်းဟုသာ တစ်ကြောင်းတည်း အဓိပ္ပါယ်ဖွင့်တတ်သူများသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့၏ အခြေခံ သဘောသဘာဝကို လက်ခံ နားလည်ကျင့်သုံးနိုင်သူများ ဖြစ်နိုင်မည် မထင်မိပါ။

လက်ငင်းအခြေအနေမှာ ဦးသိန်းစိန်အစိုးရနှင့် နိုင်ငံရေးပြသနာများကို တွေ့ဆုံဆွေးနွေးနိုင်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ထိရောက်စွာ အထောက်အကူပြုနိုင်ဖို့နှင့် ပြည်သူလူထုနှင့် ကျယ်ပြန့်စွာ ထိတွေ့နိုင်ဖို့၊ ပါတီကျစ်လစ်တောင့်တင်းဖို့ စသည်၊ စသည်တို့အတွက် ဘက်ပေါင်းစုံက ခြုံငုံသုံးသပ်ပြီးနောက် ပါတီကို ထပ်မံမှတ်ပုံတင်ရန် သင့်၊ မသင့်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်အယ်လ်ဒီက ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ မပြောင်းလဲသော မူလအခြေခံ သဘောတရားတစ်ခုက ပြည်သူလူထုအကျိုးကို ဘယ်သောအခါမျှ မျက်ခြေမပြတ်ဘဲ ဦးထိပ်ထားခြင်းဖြစ်ပါတယ်။ ပြည်သူလူထုအကျိုးကို ပါတီအကျိုးထက်၊ ပုဂ္ဂိုလ်အကျိုးထက် အလေးထားရမယ်။ ပြည်သူလူထု အကျိုးရှိဖို့ဆိုလျှင် လုပ်သင့်လုပ်ထိုက်တာမှန်သမျှကို မတွန့်မဆုပ် လုပ်ဆောင်သွားမယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် အစဉ်တစိုက် ပြောကြားနေဆဲဖြစ်ပါတယ်။ ဂျူလိုင် ၂၅၊ ၂၀၁၁မှာ ဦးအောင်ကြည်နှင့် တွေ့ဆုံပြီးစဉ်ကလည်း

“ဘာပဲလုပ်လုပ်၊ ဘာစကားပဲ ပြောပြော၊ ဘယ်သူနဲ့ပဲ တွဲတွဲ၊ ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည်အတွက် ပြည်သူပြည်သားတွေကို အကျိုးပြုဖို့ပါပဲ။ ဒါကိုပဲ ကျမတို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပြန်ပါတယ်။

အားလုံးကြိုက်တဲ့၊ အားလုံးလက်ခံနိုင်တဲ့၊ အပြစ်အနာဆာကင်းတဲ့၊ မေးခွန်းအားလုံးကို ဖြေနိုင်တဲ့ နိုင်ငံရေးလမ်းစဉ်ဆိုတာ လောကမှာ မရှိပါဘူး။ ပြည်သူကော၊ တိုင်းရင်းသားတွေကော၊ တပ်မတော်(ဗိုလ်ချုပ်တစ်ချို့ကတော့ မသေချာပါ)ကော လက်ခံနိုင်တဲ့၊ စစ်မှန်သော တိုင်းရင်းသားသွေးစည်းရေးကို အကောင်အထည် ဖေါ်ပေးနိုင်မဲ့၊ ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ဆောက်ပေးနိုင်မဲ့ တစ်ဦးတည်းသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ရှေ့ခြေလှမ်းနှင့်အတူ ပြည်သူတွေကလည်း တက်ညီလက်ညီ ဆက်လှမ်းနိုင်ကြလိမ့်မယ်လို့ အသေအချာ ယုံကြည်မိကြောင်းပါဗျာ။



အောင်တင် ဂျူလိုင် ၂၉၊ ၂၀၁၁

၂၉.၇.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

2 attachments — Download all attachments  
29 July 2011 Yeyintnge's diary.doc29 July 2011 Yeyintnge's diary.doc
671K   View   Download  
29 July 2011 Yeyintnge's diary.pdf29 July 2011 Yeyintnge's diary.pdf
401K   View   Download  

29 July 2011 Yeyintnge's Diary

Burmese woman body was found dead in Coronado, Calif.


Woman's hanging investigated in Coronado, Calif.
By William M. Welch, USA TODAY
Updated 2d 3h ago

LOS ANGELES — Rebecca Zahau, the Burmese woman whose body was found hanging nude at a historic oceanfront mansion, has been laid to rest by her family and millionaire boyfriend as the mystery over her death remains unresolved.

Rebecca Zahau was found dead, hanging with her hands and feet bound, naked, at a mansion in Coronado, Calif., earlier this month.





Rebecca Zahau was found dead, hanging with her hands and feet bound, naked, at a mansion in Coronado, Calif., earlier this month.

Investigators with the San Diego Sheriff's Department, who are probing the suspicious death in Coronado this month, await toxicology results from Zahau's autopsy. Sgt. Roy Frank of the department's homicide unit said, "We're still weeks out" from concluding whether Zahau committed suicide or was murdered.

He said they are also looking into any connection to the death of her boyfriend's 6-year-old son after an accident in the same home two days earlier.
"I've really got an open mind," Frank said of Zahau's death. "It's either going to be suicide or homicide."

Zahau's sister, Mary Zahau-Loehner, 33, said Monday she doesn't believe her sister killed herself.

"I still believe my sister didn't take her life," Zahau-Loehner said in an interview.

She issued a written statement on behalf of the Zahau family saying, "Rebecca valued her life and lived her life to its fullest. Rebecca loved God, her family and life."

Zahau-Loenher said she and other members of her family are grief-stricken and don't know what to think about how Zahau died.

Zahau, 32, who came to the USA a little over a decade ago, was buried Saturday by her family in Saint Joseph, Mo., where her parents and other family members live.

Jonah Shacknai, 54, founder and CEO of Medicis Pharmaceutical, the Scottsdale, Ariz., maker of the wrinkle-filling, injectible gel Restylane and other cosmetic drugs, attended the graveside service for his late girlfriend and was welcomed by her family, Zahau-Loehner said.

Zahau and Shacknai lived in Arizona and spent part of the year in the 12-bedroom Coronado mansion, originally built in 1908. He paid $12.75 million for the home four years ago.

Frank said police responding to a call early July 13 found Zahau's body on the ground in a courtyard of the mansion. He said Shacknai's brother Adam, 47, reported he found her hanging by a noose from a balcony and cut her down in an attempt to revive her. Her feet were bound and her hands were bound behind her back, Frank said.

The death came two days after Shacknai's 6-year-old son, Max, suffered a fall on the main staircase of the mansion while he was in the home with Zahau. Max was declared dead July 17 and his organs donated to three other children.

Frank said investigators are probing "victimology," or the actions and state of mind of Zahau before her death, and whether her death may have been related to the child's fall.

"Any time there's a death such as this we're always going to look at victimology," Frank said. "What was going on in her life? … Max's incident is something we would look into as well.

"To say it's associated … that's still up to the investigation," Frank said.

Jonah Shacknai has not publicly commented beyond two brief written statements, issued jointly with his ex-wife, Dina Shacknai. One disclosed the death of their son; a second lamented "the unfortunate attention" news media have given to police records in Arizona about the couple's quarrels and allegations of physical violence toward each other. No arrests were made when police responded to two domestic disturbances in 2008 and 2009.

Shacknai and his wife were divorced in January. She maintains a summer home in Coronado near the Spreckels Mansion where the twin tragedies took place.

The deaths, under mysterious circumstances in the wealthy beach resort where violent crime is a rarity, have attracted worldwide attention and speculation.

Frank said neither Shacknai nor his ex-wife was in the home when their son fell, but Zahau and another child were present.

Shacknai was not in the home when Zahau's body was discovered. At the time, his son was on life support at Rady Children's Hospital San Diego.

Frank said Shacknai and other family members have cooperated with investigators.

Adam Shacknai of Memphis did not answer phone calls to his home. Jonah Shacknai has retained a Los Angeles public relations and crisis management firm to handle media inquiries and is not making further statements, pending the investigation.

Zahau-Loehner, in one of several phone interviews in recent days, complained that she and other family members have not been given information by authorities about their sister's death. "We are out of the loop," she said.

Frank said his department has spoken with Zahau's family and has had 15 investigators working the case, along with additional forensic technicians and investigators from the California Department of Justice. He said the probe "is progressing well."

"It's real important to let that evidence come out first before we pass any judgment," Frank said.

Zahau's family has set up a charity fund in her memory for the benefit of orphans in her native country, at www.burma-orphans.com.

http://www.usatoday.com/news/nation/2011-07-27-mansion-woman-hang_n.htm

လစ်ဗျား သူပုန် ဗိုလ်ချုပ်ကြီး ပစ်သတ် ခံရ




YOUNI
1
3
 
မဲပေးပါ
လစ်ဗျား ခေါင်းဆောင် ဗိုလ်မှုးကြီး မွမ်မာ ကဒါဖီ ရဲ့  တပ်တွေ ကို ထိုးစစ်ဆင် တိုက် ခိုက်နေ တဲ့
လစ်ဗျား အသွင်ကူးပြောင်းရေး အမျိုးသား ကောင်စီရဲ့  လက်နက် ကိုင် တပ်ဖွဲ့  ဖြစ်တဲ့ လစ်ဗျား
လက်နက်ကိုင် အဖွဲ့  ခေါင်းဆောင် ဖြစ်သူ ဗိုလ်ချုပ်ကြီး အက်ဗ္ဗဒူလ် ဖာတာ ယူနစ် ဟာ လက်နက်
ကိုင် တပ်ဖွဲ့  တစ်ခု ရဲ့  ချုံ ခို တိုက် ခိုက်မှု ကြောင့် ကျဆုံး သွားတယ် လို့  ဘန်ဂါဇီ က လာတဲ့ ရိုက်
တာ သတင်း တစ်ရပ် မှာ ဖော်ပြထားပါတယ်။
ကြာသပတေး နေ့ နံနက် အစောပိုင်းက ရှေ့ တန်း စခန်း တစ်ခု ဖြစ်တဲ့ ဘရီဂါ ကနေ သူ့ ကို စစ်
မေး စရာ ရှိ လို့  ဖမ်းဆီး လာ ချိန် မှာ အတိုက်အခံ တွေ ထိမ်း ချုပ် ထား တဲ့ ဘန်ဂါဇီ မြို့  အရောက်
မှာ တိုက် ခိုက် ခံ လိုက် ရတာ ဖြစ်ပါတယ်။ သူနဲ့  အတူ သူရဲ့  ကိုယ်ရေး လက်ထောက် ဗိုလ်မှုး တစ်
ဦး နဲ့  ဗိုလ်မှုးကြီး တစ်ဦး တို့  လည်း ကျဆုံး ခဲ့ ပါတယ်။
ဗိုလ်ချုပ်ကြီး အက်ဗ္ဗဒူလ် ဖာတာ ယူနစ် ဟာ ကဒါဖီ ရဲ့  အားထား ရဆုံး ညာလက်ရုံး တစ်ဦး ဖြစ်ပြီး
သူဟာ စစ်ဘက်မှာ အမြင့် ဆုံး ရာ ထူး နဲ့  ပြည်ထဲ ရေး ၀န်ကြီး ရာထူး ကို ရယူထား သူ တစ်ဦး ဖြစ်
ပါတယ်။
ကဒါဖီ ရဲ့  တပ်ဖွဲ့  တွေ ကို လက်နက် မှောင် ခို ရောင်း ချပေး တယ် ဆို တဲ့ စွပ်ဆွဲ ချက် နဲ့  လစ်ဗျားအ
သွင်း ကူးပြောင်း ရေး ကောင် စီက သူ့ ကို စစ်မေး ဖို့  အတွက် ဖမ်းဆီး ထားတဲ့ အချိန် မှာ သေဆုံး ခဲ့
တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး အက်ဗ္ဗဒူလ် ဖာတာ ယူနစ် ဟာ ကဒါဖီ ရဲ့  သစ္စာခံ တွေ လက်ချက် နဲ့  ကျဆုံး သွားတယ် လို့ 
အသွင်းကူးပြောင်း ရေး ကောင်စီက အကြီး အကဲ Mustafa Abdul Jalil  က ထုတ်ဖော် ပြောဆို ပါတယ်။
ယခု နှစ် ဖောဖော်ဝါရီလ လစ်ဗျား နိုင်ငံ မှာ လူထု အုံကြွမှု တွေ စတင် တဲ့ အချိန် လစ်ဗျား စစ်ခေါင်းဆောင်
တွေ ဘက်ပြောင်း တဲ့ အထဲ မှာ ဗိုလ်ချုပ်ကြီး အက်ဗ္ဗဒူလ် ဖာတာ ယူနစ် လဲ ပါဝင် ခဲ့တာ ဖြစ်ပါတယ်။
လစ်ဗျား နိုင်ငံ ရေး လေ့လာသူတွေ ကတော့ လစ်ဗျား အတိုက်အခံ တွေ ထဲ မှာ အကွဲ အပြဲတွေ ရှိ နေပြီး
ဗိုလ်ချုပ်ကြီး အက်ဗ္ဗဒူလ် ဖာတာ ယူနစ် ကျဆုံး သွား တဲ့ အတွက် လစ်ဗျား လက်နက် ကိုင် သူပုန် တွေ
ကို ထိမ်း ချုပ် ဖို့  ပို ခက် တယ် လို့  ဆိုကြပါတယ်။
လစ်ဗျား အသွင်ကူးပြောင်း ရေး အမျိုး သား ကောင်စီ ကို တရား ၀င် အစိုး ရ အဖြစ် အမေရိကန် နဲ့ 
ဗြိတိန် တို့  က အသိအမှတ် ပြု ထား ကြပါတယ်။
လစ်ဗျား နိုင်ငံ ရဲ့  အရှေ့ ပိုင်း နဲ့  နိုင်ငံ ရဲ့  အနောက် ပိုင်း က သူပူန် တွေ လစ်ဗျား မြို့ တော် ထရီပိုလီ ပကို
ချီင်္တက် လာ ချိန် မှာ အခု လို လုပ် ကြံခံလိုက်ရတာ ဇြစ်ပါတယ်။
http://freedomnewsgroup.com