Sunday, July 31, 2011

အမေရိကန်ကြွေးမြီပြဿနာ အနီးကပ် စောင့်ကြည့်နေရ......

အမေရိကန်ကြွေးမြီပြဿနာ သဘောတူညီမှု ရလုနီးပါး

အမေရိကန် ပြည်ထောင်စုမှာ ကြိုတင်တွက်ဆ မထားတဲ့ေ ကြွးမြီဆိုင်ရာ ပြဿနာ ကိုဖြေရှင်းပြီး ငွေချေးနိုင်ခွင့် ပမာဏကို တိုးမြင့်သတ်မှတ် နိုင်ဖို့ သဘောတူညီမှု ရလုနီးပါး ဖြစ်နေပြီလို့ ဆီးနိတ် လွှတ်တော်ထဲက ရီပါ့ဘလစ်ကန် ခေါင်းဆောင်တွေကေ ပြာပါတယ်။

သဘောတူညီမှု ရဖို့ နီးစပ်လာပြီလို့ ဆီးနိတ်လွှတ်တော် အမတ် Senator Mitch McConnell က ပြောပေမယ့် အမေရိကန် အစိုးရ အိမ်ဖြူတော်နဲ့ ဆီးနိတ် လွှတ်တော်မှာ အများစု လွှမ်းမိုးတဲ့ ဒီမိုကရက်တွေကတော့ အသေးစိတ် ရှင်းရမယ့် အခက်အခဲတွေကျန်နေသေးတယ်လို့ ဆိုပါတယ်။

ခုနောက်ဆုံး အပေးအယူ ညှိနှိုင်းမှု ရလဒ်တွေအရ အမေရိကန်ရဲ့ ငွေချေးနိုင်ခွင့် ပမာဏကို မြှင့်လိုက်ပေမယ့် အစိုးရ အသုံးစရိတ် တစ် ထရီလီယံ ဒေါ်လာကို လျှော့ချ ဖြတ်တောက်ပစ်ရမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အမေရိကန်ရဲ့ ငွေချေးနိုင်ခွင့် ပမာဏကို ဒုတိယအကြိမ် မြှင့်တင်မယ့် ၂ဝ၁၃ ခုနှစ်ကျမှသာ လွှတ်တော် နှစ်ရပ်ပေါင်း ပူးတွဲ ကော်မတီက အသုံးစရိတ် အကြီးအကျယ် ဖြတ်တောက်ရေး အစီအစဉ်တွေကို ချမှတ် လုပ်ဆောင်ဖို့ ဒီမိုကရက်တွေက အဓိကထား တောင်းဆိုနေတာ ဖြစ်ပါတယ်။

နောက်နှစ်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲ ပြီးတဲ့နောက်မှ လုပ်စေချင်တာကြောင့် အဲဒီ အချိန် သတ်မှတ်ရက်ဟာ အရေးပါတဲ့ ဖြစ်နေရခြင်း ဖြစ်ပါတယ်။
http://www.bbc.co.uk/burmese/

တနင်္ဂနွေ, 31 ဇူလိုင် 2011
ကြွေးမြီအကျပ်အတည်း ဖြေရှင်းရေး အမေရိကန် သမ္မတနဲ့ လွှတ်တော် ဆက်လက်ဆွေးနွေး
By ဗွီအိုအေ (မြန်မာဌာန)
....အမေရိကန် ပြည်ထောင်စု တင်နေတဲ့ အကြွေး ၁၄.၃ ထရီလီယံကို အစိုးရက ပြန်မဆပ်နိုင်တဲ့အဖြစ် မရောက်အောင် အပေးအယူလုပ် သဘောတူညီမှု ရနိုင်ဖို့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ကွန်ဂရက်စ်လွှတ်တော် ခေါင်းဆောင်တွေ အချိန်နဲ့အပြိုင် ကြိုးစားနေကြပါတယ်။

အင်္ဂါနေ့မှာမှ အစိုးရချေးနိုင်တဲ့ ပမာဏကို မမြှင့်နိုင်ရင် အကြွေးတွေ ပြန်မဆပ်နိုင်တဲ့ အခြေအနေ ဆိုက်တော့မှာ ဖြစ်ပါတယ်။

အပေးအယူတခု ရဖို့အတွက် အရမ်းကို နီးကပ်နေပါပြီလို့ ဆီးနိတ် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပတ်ဘလီကန်အမတ် မစ်ခ်ျ မက်ကောနဲလ် (Mitch McConnell) က တနင်္ဂနွေနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဆီးနိတ် လူများစုခေါင်းဆောင် ဒီမိုကရက်အမတ် ဟယ်ရီ ရိဒ် (Harry Reid) ကလည်း အတည်ပြုဖို့ လိုသေးတဲ့ သဘောတူညီမှု တခုကို ရီပတ်ဘလီကန်တို့နဲ့ လုပ်လိုက်ပြီလို့ ပြောပါတယ်။

ဆီးနိတ် အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့ သဘောတူညီမှု မှန်သမျှကလည်း အောက်လွှတ်တော်ရဲ့ ထောက်ခံမှုရဖို့ လိုပါတယ်။

အဆိုပြုထားတဲ့ အပေးအယူကို သူ့ပါတီဝင်တွေနဲ့ ဆွေးနွေးဖို့အတွက် အောက်လွှတ်တော် ပြောခွင့်ရသူ ရီပတ်ဘလီကန်အမတ် ဂျွန်ဘေနာ (John Boehner) ဟာ တယ်လီဖုန်းပေါ်ကနေ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဒီမိုကရက်အမတ် နန်စီ ပလိုစီ (Nancy Pelosi) ကတော့ သူ့ရဲ့ အောက်လွှတ်တော် ဒီမိုကရက် အမတ်တွေနဲ့ တနင်္လာနေ့မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အဆိုပြုထားတဲ့ သဘောတူညီချက် မူကြမ်းကို တနင်္လာနေ့ထက် စောပြီးတော့ မဲခွဲ ဆုံးဖြတ်နိုင်မယ့်ပုံ မရပါဘူး။

အခုနောက်ဆုံး အပေးအယူ လုပ်ထားတဲ့ အစီအစဉ်က အစိုးရ ချေးနိုင်တဲ့ ပမာဏကို မြှင့်ပေးမယ့် တချိန်တည်းမှာပဲ အစိုးရက အသုံးစရိတ်ကို ၂ ထရီလီယံအထိ လျှော့ချရမှာ ဖြစ်ပါတယ်။

အမေရိကန် အစုရှယ်ယာ ဈေးကွက်တင်မက တကမ္ဘာလုံးမှာရှိတဲ့ အစုရှယ်ယာ ဈေးကွက်တွေကလည်း ၀ါရှင်တန်ဒီစီ မြို့တော်မှာ ဖြစ်နေတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။

တကယ်လို့သာ သဘောတူညီမှု မရကြဘူးဆိုရင် နာလန်ထူကာစ အတိမ်းအစောင်း မခံနိုင် ဖြစ်နေတဲ့ ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်တာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။


တနင်္ဂနွေ, 31 ဇူလိုင် 2011
အမေရိကန် အကြွေးပြဿနာ ရွှေဈေးကွက် ရိုက်ခတ်
By Kate Pound Dawson's Report in Burmese
....အမေရိကန်ပြည်ထောင်စုမှာ အကြွေးပြဿနာ ဖြေရှင်းဖို့ နိုင်ငံရေး ခေါင်းဆောင်တွေ ခေါင်းချင်းရိုက်နေကြတာကို အနီးကပ် စောင့်ကြည့်နေကြသူတွေထဲမှာ ရွှေကုန်သည်တွေလည်း ပါပါတယ်။ အမေရိကန်ဒေါ်လာ တန်ဖိုး သိသိသာသာ ကျနေသလို ရွှေဈေးကလည်း စံချိန်တင်လောက်အောင် တအောင်စကို ဒေါ်လာ ၁,၆၀၀ ကျော်သွားပါတယ်။ ရွှေကို စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတခုလို သဘောထားကြရုံမက အဆင်တန်ဆာအဖြစ်လည်း ဝတ်ဆင်ကြတဲ့ အာရှနိုင်ငံတွေမှာ ရွှေအရောင်းအဝယ်က သွက်နေဆဲ ဖြစ်ပေမဲ့ ဒီ့ထက်သာ ဈေးတွေ တက်လာမယ်ဆိုရင် အရောင်းအဝယ် ထိခိုက်မှာကို ရွှေရောင်းသူတွေရော ဝယ်သူတွေပါ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိတ် ပေါင် ဒေါ်စန် (Kate Pound Dawson) ရဲ့ သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

၁ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ရွှေပြားတချပ်ရဲ့ တန်ဖိုးက ဒေါ်လာ ၅၀,၀၀၀ လောက် ဈေးပေါက်နေချိန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရွှေတန်းမှာ ရွှေလာဝယ်ကြသူတချို့က ရွှေထည် လက်ဝတ်လက်စားထက် ရွှေပြားတွေကို ပြောင်းဝယ်လာကြပါတယ်။ ဟွာဆန်ဟန်း (Hua Seng Heng) ရွှေဆိုင်မှာ ရွှေဝယ်သူတွေနဲ့ စည်ကားနေပေမဲ့ ဆိုင်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ထာနာရတ် ဖာဆူဝမ် (Tanarat Pasawongse) ကတော့ စိတ်ပူနေပါတယ်။ သူက အမေရိကန်က ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ ညှိနှိုင်းမှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေသူပါ။

“တကယ်လို့သာ သူတို့ အသုံးစရိတ်ကို မလျှော့နိုင်ဘူး၊ အကြွေးယူနိုင်တဲ့ နှုန်းကို မမြှင့်နိုင်ဘူးဆိုရင် အကြွေးပြန်မဆပ်နိုင်မယ့် ပြဿနာဖြစ်ပြီး ဒီအခြေအနေ ဖြစ်လို့ကတော့ ရွှေဈေးတွေ ဒီ့ထက်ကို ထပ်တက်ဦးမှာပဲ။”

ရွှေဈေးတွေ ထပ်တက်လာရင် အရောင်းကျလာနိုင်တယ်လို့ ထာနာရတ်လိုပဲ တခြား ရွှေရောင်းတဲ့သူတွေက ပြောနေကြပါတယ်။ ရွှေကို စွဲစွဲမက်မက် ဝတ်ဆင်ကြရုံမက မင်္ဂလာဆောင်တွေမှာ လက်ဖွဲ့အနေနဲ့ပါ ပေးကြတဲ့ အိန္ဒိယနိုင်ငံမှာတော့ အခုကတည်းကကို အရောင်းအဝယ်ပုံစံက စပြောင်းနေပါပြီ။

“အိန္ဒိယ မင်္ဂလာဆောင်က ရွှေမပါလို့ကို မဖြစ်ပါဘူး၊ စိန်မပါလို့လည်း မရပါဘူး။ ဒီတော့ ကျမကတော့ လက်ဖွဲ့ပေးရမှာပဲ။ ဒါပေမဲ့ ပေးတဲ့ပမာဏကို လျှော့လိုက်ရတော့မှာကတော့ အသေအချာပါပဲ။”

ဥရောပနိုင်ငံတွေက အကြွေးပြဿနာကြောင့်ရော အခုလက်ရှိ ဖြစ်နေတဲ့ အမေရိကန်က အကြွေးပြန်ဆပ်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေကြောင့်ပါ ဒီနှစ်ထဲမှာကို တက်ခဲ့တဲ့ ရွှေရဲ့တန်ဖိုးက ၁၅% ရှိနေပါပြီ။ တချို့အစိုးရတွေက ငွေကြေးအကျပ်ရိုက်မှုကို ဖြေရှင်းတဲ့ အနေနဲ့ ငွေတွေ ထပ်ပြီး ထုတ်ကြတဲ့အတွက် ငွေကြေးတန်ဖိုးတွေက ကျဆင်းလာနေတာနဲ့ တချိန်တည်းမှာပဲ ဈေးတက်နေတဲ့ ရွှေကို ဝယ်ထားတာက ခိုင်တယ်လို့ ထင်တဲ့သူတွေ ရှိတဲ့အတွက် ရွှေဈေးက တောက်လျှောက် တက်နေတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။


သောကြာ, 29 ဇူလိုင် 2011
အမေရိကန်ကြွေးမြီ ပမာဏသတ်မှတ်ရေး အောက်လွှတ်တော်အတည်ပြု
By ကိုအောင်လွင်ဦး
....အမေရိကန်အစိုးရအနေနဲ့ ရှေ့တပတ်ထဲကျရင် ပေးစရာရှိတဲ့အကြွေးတွေကို မပေးနိုင်မယ့်အဖြစ်ကနေ ရှောင်ရှားနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ကြွေးမြီသုံးစွဲခွင့် ၁၄.၃ ထရီလီယံ သတ်မှတ်ချက်ကို တိုးမြှင့်ဖို့နဲ့ အစိုးရ အသုံးစားရိတ် ဖြတ်တောက်ရေး ပြန်လည်ပြင်ဆင်ထားတဲ့ အဆိုတရပ်ကို အထက်လွှတ်တော်ရဲ့ ကန့်ကွက်ချက်တွေကြားကပဲ အောက်လွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ပါတယ်။

သောကြာနေ့က အောက်လွှတ်တော်ထဲမှာ ထောက်ခံမဲ (၂၁၈) မဲ၊ ကန့်ကွက်မဲ (၂၁၀) နဲ့ အတည်ပြု ပေးလိုက်တဲ့ အစီအစဉ်ဟာ ဒီမိုကရက်တွေ အများစုဖြစ်တဲ့ အထက်လွှတ်တော်မှာ ပယ်ချခံရဖွယ် ရှိပေမဲ့လဲ အကြွေးမဆပ်နိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်မယ့် နှစ်ပါတီပေါင်း သဘောတူညီချက် တရပ်အတွက်တော့ လမ်းစပွင့် သွားခဲ့တာပါ။ အတည်ပြုလိုက်တဲ့ အစီအစဉ်ကိုတော့ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိုနာ (John Boehner) က တင်သွင်းခဲ့တာဖြစ်ပြီး အကြွေးယူခွင့် တိုးမြှင့်ပြီး အပြန်အလှန်အနေနဲ့ လာမယ့် ၁၀ နှစ်အတွင်း အစိုးရအသုံးစားရိတ်ထဲက ဒေါ်လာဘီလီယံ ၉၀၀ ကျော် ဖြတ်တောက်ဖို့ ပါဝင်ပါတယ်။

အစိုးရက အသုံးစားရိတ်တွေ လျှော့ချနိုင်ရင် ရှေ့နှစ်ဆန်းမှာ သတ်မှတ်ချက်ကို တိုးခွင့်ပေးသွားဖို့လည်း ထည့်သွင်းထားတာပါ။ ဒါပေမဲ့လဲ ဒီမိုကရက်တွေဘက်ကတော့ ဒါဟာ ပြဿနာတွေ တကျော့ပြန် ပေါ်လာပြီး နိုင်ငံရေး ကွဲလွဲမှုတွေကို ဦးတည်စေမှာမို့ လက်မခံနိုင်ကြောင်း ပြောဆိုထားတာပါ။ အောက်လွှတ်တော် အဆိုပြုချက်မှာ အစိုးရအသုံးစားရိတ်အတွက် လွှတ်တော်ကနေ အခြေခံဥပဒေမှာ ပြင်ဆင်မှုတွေလုပ်ပြီး သက်ဆိုင်ရာ ပြည်နယ်တွေက အတည်ပြုချက်တွေ ရယူဖို့လည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။

သောကြာနေ့ မဲခွဲဆုံးဖြတ်မှုတွေ မလုပ်ခင်မှာတော့ အောက်လွှတ်တော်ဥက္ကဋ္ဌက အကြွေးပြဿနာ အဆုံးသတ်စေရေး အထက်လွှတ်တော်က ဒီဥပဒေမူကြမ်းကို အတည်ပြုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒီအတောအတွင်း အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ဖွံဖြိုးမှုဟာ ပထမနှစ်ဝက်အတွင်း နှေးကွေးခဲ့တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ပြည်တွင်း လူတဦးချင်း ကုန်ထုတ်လုပ်မှုဟာ ၁.၃% လောက်သာ ရှိတဲ့အကြောင်း ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရဲ့ သောကြာနေ့ အစီရင်ခံစာက ဖော်ပြလိုက်တာဖြစ်ပါတယ်။
http://www.voanews.com/burmese/news/

ခေါင် က လေး တနေရာ စာ လောက် မိုး ကလေး လုံ အောင် ကြိုးစား ပေး ပါ

အေးဗျာ ၊ ဗမာ နဲ့ အိုမန် ဘောပွဲပြီးတာ ၃ ရက် လောက်ရှိသွားပါဘီ ၊ မှား တယ်ဗျာ ၊ အများကြီး မှား
ပါတယ်၊ ဒီ အကြောင်း တွေ ကို အင်တာနက် ဝက်ဆိုဒ်အမျိုးမျိုး ဖိုရမ် အမျိုးမျိုးမှာ လူ တွေ တော်တော်
များ များ ရှုဒေါင့် အမျိုးမျိုး က နေ ဆွေးနွေး တာတွေ ဖတ်ရပါတယ် ၊ လူမျိုး ကို က ဒီ လို ဇ ရှိတယ်
ပြော ကြ သလို ၊ ပညာရည်အားနည်း လို့ ဒီ လို ဖြစ် ရ တယ် ဆို သူ က လဲ ရှိပြန် ၊ စစ် အစိုးရ လက်
ထက် လွပ်လပ်မှု ဆိုတာ ဘာ မှ မရှိ ခဲ့ လို့ ၊ ဒီ လို နေ ရာ မှာ ထွက်ပေါက် ရှာ ပေါက် ကွဲ မှု ဖြစ် ပါ
တယ် လို့ ပြော သူ က ပြော ၊ မြန်မာဘောလုံးအဖွဲ့ချုပ် က စီမံခန့် ခွဲမှု အားနည်း လို့ ၊ ဒီလို ဖြစ်ရ
ပါတယ် ဆိုသူ က လဲ မရှား ပါ ခင် ဗျာ ၊ တချို့ ဆို ၊ ဘာသာရေး နဲ့ တောင် နွယ် ပြီး ပြေ ရာ ပြေ
ကြောင်း တ ရား ချ ဆွေးနွေး ထား ကြ ပါ တယ် ခင် ဗျာ ၊

လူ မျိုး ကို က ၊ ဇ ရှိတာ က တော့ သေချာ သဗျ ၊ ဘာ ကြောင့် ဒီ လို ဖြစ် ရ တာ ကို ဆွေးနွေး နေ
တဲ့ ကွန်မင့် တွေ ကြား မှာ ကို ၊ အပြော အဆို မဆီ လျော် တာတွေ လဲ ဖတ် ရ ပါ တယ် ၊ ဖြစ် ရ
ခြင်း အကြောင်းတရား ကို ကြိုက် သလို ပြော ပါ ၊ ထင်သလို ဆက် စပ် ကြပါ ၊ ဒါ ပေ မဲ့ ဖြစ် ခဲ့ တဲ့
အ ဖြစ် အပျက် ကြီး တခု လုံး ကတော့ ၊ အမှား ကြီး မှား သွား ပါ တယ် ၊ အလွန် မှား ခဲ့ ပါ တယ် ၊

အခုတော့ ငါးခုံးမ လှေ တစီး တိုက် ၊ မ က ကြောင့် ၊ ရှိ သ မျှ ငါး ၊ အကုန် ပုပ် ခဲ့ ရ ပေါ့ ဗျာ။
အခုခေတ် က ပါးစပ် သက် သက် ပြော ဘို့ မလွယ်တော့ ပါ ဘူး ၊ အဲ ဒီ ပွဲ က ဘာ ကြောင့်
ဘယ် လို ဖြစ် သွား တယ် ဆို တာ ၊ စီ စီ တီ ဗွီ ရိုက် ထား တာ တွေ ၊ ပြည် တွင်း တယ်လီဗွီးရှင်း
တွေ က ရိုက် ထား တာ တွေ ၊ ပြီး တော့ အဲဒီ နေ့ က သတင်း ရိုက် ခွင့် ရ ထား တဲ့ အိုမန်တီဗွီ၎ နဲ့
အယ်ဂျာစီးယား စပို့ ချန်နယ်တွေ က လာ ရိုက် နေ တဲ့ ကင်မရာ တွေ နဲနဲ နောနော မှ မဟုတ် တာ ပါ
လားခင်ဗျာ ၊ ဒီ ပွဲ က သူ လို ငါ လို ချစ်ကြည်ရေး ပွဲ မဟုတ်ပါဘူး ၊ ကဘာ့ဖလားပွဲကြီး ရဲ့ တရားဝင်
တစိတ် တပိုင်း ပွဲကြီး ပါ ၊ မြန်မာဘောလုံးအဖွဲ့ချုပ် က ဖီဖာ ဥပဒေနဲ့ အရေးယူ ခံရ တော့ မှာပါ။

ငါ နဲ့ မဆိုင်ဘူး လို့ တော့ ပြော မရ ဘူး ပေါ့ ဗျာ ၊ ကဘာမကြေ သီချင်းလေး ထစ် ခ နဲ ရှိ အော်
ဆို တတ်ကြ သူ ၊ ဒီ သီချင်း ကို ဆို ခွင့် ရ နေ တာ ကို တန်ဘိုး ထား တတ် သူ အား လုံး နဲ့ ဆိုင်
ပါ တယ် ခင် ဗျာ ။

အခု ကြားနေ ရ တာက ၂ဝ၁၃ အရှေ့တောင် အာ ရှ ပွဲ တောင် သိပ် မသေချာ တော့ ဘူး ကြား ပါတယ်
ဖီဖာ ဥပဒေ နဲ့ နိုင်ငံတကာပွဲ လက် ခံ ကျင်းပ ခွင့် ကို ပိတ် ပင် အရေး ယူ မယ် ဆို ရင် ၊ လာ ညိ
သွား နိုင် ပါ တယ် တဲ့ ခင် ဗျာ ၊ အစိုးရ က တော့ ကြိတ် ဝမ်းသာ နေ မှာ ပါ ၊ ပြီး ခဲ့ တဲ့ ဘတ်
ဂျက် အစည်းဝေး မှာ အဲဒီ ပွဲ အတွက် အားကစားရုံတွေ ဆောက် ဘို့ ဘတ်ဂျက် က အကြီး အကျယ်
လို နေ လို့ ၊ တချို့ လုပ် ငန်း တွေ ဆို ရပ်ထား လိုက် ရ တဲ့ အခြေအနေ ရောက် သွား လို့ ပါ။

အစိုးရ က ဘတ်ဂျက် ကိတ်စ ကို တော်တော် စိစစ် သုံးနေ ရ တဲ့ သဘော ရှိ ပါ တယ် ၊ အရင်
တခါ မှ မဖြတ်ဘူး တဲ့ ကာကွယ်ရေး ဘတ် ဂျက် တောင် ၂၅ % ဖြတ်ပစ် လိုက် ပါ တယ် ။
ရန်ကုန် စည်ပင်သာယာရေး အဖွဲ့ လဲ ဘတ်ဂျက် ပြသနာ တက် နေ တာ အခု ထိ ရှင်း လို့
မပြီးသေး ပါဘူး ၊ အခု အမှိုက် သိမ်း တဲ့ လူ တွေ ကို ပိုက် ဆံ လုံလောက် အောင် မပေး နိုင်
လို့ ၊ မြို့တော် အမှိုက် ကို ဘယ် လို သိမ်း နေ ရ သလဲ ဆို တာ ကို ၊ ညနေ ၅ နာရီ လောက်
လှည်းတန်း လမ်းဆုံ နား ၊ ခန လောက် သွား လေ့ လာ ကြ ပါ လား ခင် ဗျာ ။

အမှိုက် ကား က တစီး ထဲ ၊ ကျန် တဲ့ အမှိုက် တွေ ကို တွန်း လှဲ ပေါ် တင် ပြီး ၊ မိန်းမကြီး တွေ
ခလေး လေး တွေ ၊ ဒီ လောက် ရှုပ် တဲ့ ကား တန်း ကြီး အကြား က ညာ သံ ပေး တွန်း နေ ကြ
တာပါ ၊ ဒီ အဖွဲ့ တွေ က တရပ် ကွက် ပြီး တရပ် ကွက် ၊ ညနေ ပိုင်း ကို အကုန် အမှိုက် သိမ်း
ပြီး မှ လုပ် ခ ရ ကြ ပါ တယ် ၊ အမှိုက် ကို ရပ်ကွက် တခု က စ သိမ်း တယ် ၊ ပြီး ရင် နောက်
ရပ် ကွက် တခု ထိပ် မှာ သူ တို့ သိမ်း လာ တဲ့ အမှိုက် တွေ လှည်း ပေါ် က သွန် ချ ပစ် ပါတယ်။

အား သွား တဲ့ လှည်း လေး နဲ့ ရပ် ကွက် အသစ် ထဲ ဆက် သိမ်း တယ် ၊ အဲ ဒီ ရပ် ကွက် ပြီး
လို့ နောက် ရပ် ကွက် တခု ထဲ ဝင် ရင် ၊ နောက် ရပ် ကွက် ထိပ် မှာ ၊ အရင် ရပ် ကွက် က
ကြုံး လာ တဲ့ အမှိုက် တွေ သွန် ပြန် ရော ခင် ဗျာ ၊ စည်ပင်သာယာ က ရပ် ကွက် တွေ တခု
ပြီး တခု ၊ အချိန် ကိုက် အမှိုက် လိုက် သိမ်း ပါ တယ် ၊ သိမ်း ကား သိမ်း ၏၊ ဒါပေမဲ့
အမှိုက် တွေ က တော့ မသိမ်းဘဲ ထား တာ ထက် ပို တောင် များ လာ ပါ သေး တယ် ခင် ဗျာ ။

စည်ပင်သာယာ ဘတ်ဂျက် က ဘယ်လောက် အခြေအနေ ဆိုးသွား သလဲ ဆိုရင် ၊ လခ တောင် ပေး
စရာ မကျန် တော့ ပါ ဘူး ၊ အရင် မြို့တော်ဝန် အဟောင်း က ကြို သုံး လေး တွေ အကုန် သုံး
သွား ပါ သတဲ့ ဗျ ၊ အခု မြိုကတော်ဝန် အသစ် ဆိုရင် ၂ လ ဆက် တိုက် လခ မထုတ် ရ ပါဘူး။
အရင် က သိပ် တန်ခိုး ထွား ခဲ့ တဲ့ ၊ စည်ပင် ဌာနမှူး ကြီးတွေ အခု တယောက် မှ မကျန် တော့
ပါဘူး ။ အကုန် လုံး အရေး ယူ တာ ခံ လိုက် ရ တယ် ပြော ပါ တယ် ။

မြိုကတော်ဝန် အသစ် က တော့ ဂျပန်ပြန် ၊ သံအမတ်ဟောင်း ဆို တော့ တိတိ ကျကျ ဖြစ် အောင်
သူကိုယ် တိုင် အပင်ပမ်း ခံ ပြီး လိုက် လုပ် နေ ပါ တယ် တဲ့ ခင်ဗျ ၊ ဘယ် လောက် လုပ် နိုင် မယ်လဲ
မသိဘူး ပေါ့ ဗျာ ၊ မြို့တော်ဝန် အဟောင်း ဦးအောင်သိန်းလင်း လဲ တက် ခါ စ တော့ ထိုနည်းတူစွာ
ပါ ဘဲ ၊ သူ့ အရင် မြို့တော်ဝန် အဟောင်း ရဲ့ ငယ်ကျိုး ငယ်နာ အကုန်ဖော်ပြီး ၊ ဟို လူ ဖြုတ် ပစ်
ဒီ လူ ဖြုတ် ပစ် လိုက် လုပ် ပါ တယ် ၊ ခန နေ တော့ အခု တွေ့ ရ တဲ့ အတိုင်း ပါ ဘဲ၊

ဘာ မှ မထူး ပါ ဘူး ၊ နောက် လာ တဲ့ မောင် ပု လဲ ၊ ဒိုင်း ဝန် ထက် ကဲ ဆို သလို ပါ။
သူ အသုံး မကျ ဘူး ပြော ခဲ့ တဲ့ မြို့ တော် ဝန် ထက် ၊ ဦး အောင်သိန်းလင်း က ပို ဆိုး တာပေါ့ဗျာ
အခု မြို့တော်ဝန်ကြီး က လဲ ဘယ် တော့ ဦးသာဆိုး လို့ အပြော ခံ ရ မလဲ မသိ နိုင် ပါ ခင် ဗျာ။

အစိုးရ ကိုယ်တိုင် လဲ အခု တိုက် နေ တဲ့ ပြည်တွင်းစစ် အနိုင် အရှုံး ကို တမျိုး ပြောင်း စဉ်းစား နေပုံ
ရ ပါ တယ် ၊ ပြီး ခဲ့ တဲ့ ရက် တွေ ထဲ က အက်အက်အေ ဌာနချုပ် ဝမ်းဟိုင်း စခန်း ကို ပိတ်ပြီး
ဝိုင်းထား ပြီးသား ၊ စခန်း ကို အမြောက် နဲ့ ဘဲ ပစ်ပစ် ၊ လေယဉ် နဲ့ ဘဲ တိုက် တိုက် ၊ သိမ်း နိုင်
ဘို့ အဆင်သင့် ဖြစ် နေ တာ ကို ၊ အခု ဘာ မှ ဆက် မလုပ် တော့ ဘဲ ၊ ဝိုင်း ထား တဲ့ အစိုးရ တပ်
တွေ ကို ပြန် ခွာ သွား ပါ ဘီ။

လက်နက် အားကိုး ကြီးနိုင် ငယ် ညှင်း ၊ အ ဝိုင်း ခံ ထား ရ တဲ့ သူ ကို အမြောက် နဲ့ ပစ် ပြီး
အနိုင်ယူ ရ တာ ကို နိုင် တယ် လို့ ပြော လို့ မရ မှန်း သဘော ပေါက် သွား ခဲ့ ပုံ ပါ ၊ ဘယ် နဲ့ ဗျာ
ကိုယ့် ပြည်သူ ပြည်သား ချင်း ဗျာ ၊ အဲ ဒီ လို သွား ပစ် လို့ နိုင် တယ် ယူ ဆ ရင် ၊ ဘယ် လို အကျိုး
တရား တွေ ၊ ဘယ် လို အကျိုး အမြတ် တွေ ၊ တကယ် ရ မှာ ပါ လဲ ခင် ဗျာ ။

တကယ် တော့ နိုင် တယ် ဆို တာ က ၊ ကွဲ လွဲ နေ တဲ့ အယူ အဆ တွေ ၊ ညှိနှိုင်း ဘို့ လို နေ တဲ့
အချက် တွေ ကို ၊ နှစ်ဦး နှစ် ဘက် ကြေ ကြေ နပ် နပ် ၊ သဘော တူ ၊ ချစ် ကြည် သွား နိုင် ခဲ့ မှ
အခု ဖြစ် နေ တဲ့ ပြသနာ တွေ ကို ၊ အား လုံး က အနိုင် ရ လိုက် တဲ့ ၊ အမှန် ဆုံး အနိုင် ဖြစ် မှာ ပါ။

အမေစု က လဲ ငြိမ်းချမ်းရေး အတွက် ကိုယ်စွမ်း ညဏ်စွမ်း ရှိ သမျှ သူ လုပ်ပေး ဘို့ အဆင်သင့် ရှိ
ကြောင်း ကြေညာချက် ထုတ်ထား ပါတယ် ၊ လွယ်တော့ မလွယ် ဘူး ပေါ့ ဗျာ ၊ အား လုံး က
သဘောထား မှန် မှန် ၊ စေတနာ မှန် မှန် နဲ့ ချင့်ချင့် ချိန် ချိန် လုပ် ကြ ရင် တော့ ဖြစ် နိုင် မှာပါ။
လောလောဆယ် က တော့ အမေစု ၊ မဟာစည် သာသန ရိပ်သာ မှာ အဓိဌာန် နဲ့ တရား ထိုင် နေ
ပါ သတဲ့ ခင် ဗျ။ ကောင်း ပါ တယ် ခင် ဗျာ။

စစ်တပ် ထဲ မှာ လဲ အခု ရက် ပိုင်း ၊ ကွိုင် တွေ တ ပုံ ကြီး တက် နေ ပါ သတဲ့ ခင် ဗျ။
အကုန် လုံး မြေ မြို ၊ မြေ ပိ တဲ့ သူ တွေ ပါ ဘဲ၊ လွှတ်တော် အသစ် မစ ခင် ၊ တိုင်းမှူး တွေ လက်
ထဲ အရပ်ဘက် စီမံခန့်ခွဲမှု အာဏာ ရှိ နေတုံး ၊ တွေ့ က ရာ ကောက် ဝါး မိတာ တွေ က ၊ တိုင်းမှူး
အဟောင်း ၅ ယောက် လောက် နဲ့ တိုင်းမှူးချုပ် တွေ ပါ ကွိုင် တက် ကုန်တာပါ။

ဘာ ဘဲ ဖြစ် ဖြစ် ပါ ဗျာ ၊ သူ့ အကြောင်း နဲ့ သူ ပါ။
ခေါင် က လေး တနေရာ စာ လောက် မိုး ကလေး လုံ အောင် ကြိုးစား ပေး ပါ ပ၊ သမတကြီး ခင်ဗျား ။


အေဇော်ကြီး

(မြန်မာ့ကျူ့ပစ်ဖိုရမ်)မှ......

ပစ်စာကိုဘယ်လိုပုံစံနဲ့အရေးယူဆောင်ရွက်သင့်သလဲ...


မင်္ဂလာပါ ကိုရဲရင့်ငယ် ရေ..............................................
မန်းတလေးတိုင်း ဒေသကြီးက နေ မိတ်ဆွေတစ်ချို့ဆီကသတင်းအသစ်ရလာလို့ပါ။

မန်းတလေးတိုင်းဒေသကြီးအစိုးရအဖွဲ့(၀န်ကြီးချုပ်ဦးရဲမြင့်အပါအ၀င်)ပစ်စာများကို စောက်ရေးမပါ စစ်
ဆေးနေသော မတရားမှု....................................................
၂၈.၇.၂၀၁၁ နံနက် ၁၀း၃၀ မိနစ်

မန်းတလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ကတော့သန့်ရှင်းကောင်းမွန်တဲ့အစိုးရဖြစ်အောင်လို့ ပစ်စာမှန်းမသိ တိုင်စာမှန်းမသိဘဲ စာတိုက်ကနေတံဆိပ်ခေါင်းကပ်ပို့တာနဲ့ အားကြိုးမာန်တတ် စုံစမ်းစစ်ဆေးနေတာကိုကြားသိနေရပါတယ်...ပြီးခဲ့တဲ့ ဇွန်လက အောင်မြေသာစံမြို့နယ်မှာမရှိတဲ့လူရဲ့ မှတ်ပုံတင်နဲ့ ရွှေကျောင်းဘုန်းတော်ကြီးကို တိုင်လို့ဆိုပြီး မြို့နယ်ကလူကြီးတွေက ဆရာတော်အပါအ၀င်ရပ်မိရပ်ဖတွေ ခေါ်ပြီးစစ်ဆေးခဲ့ပါတယ် တကယ်တမ်းဆိုရင် အုပ်ချုပ်တဲ့သူတွေက တိုင်စာအစစ်ဆိုရင်
စာပို့သူကို ရှာဖွေပြီးသက်သေအဖြစ်ထား စစ်ဆေးရမှာ မဟုတ်လား?။။။။။။။။ တိုင်ချက်တွေမှာ

အိမ်မီးကွင်းပစ်ရန်ကြံစည်မှု။
ဒကာမတစ်ယောက်နဲ့ ပတ်သက်နေမှု။

စတဲ့...............ကြောက်စရာစွဲချက်တွေနဲ့သံယာကိုတိုင်တာကိုအောင်ခြေအဆင့်မေးမြန်းခြင်းမရှိဘဲ အာဏာသုံးမေးမြန်းစုံစမ်းခဲ့လို့ဆရာတော်ကမကျေနပ်ဘဲတိုင်ကြားသူခေါ်ပေးပါဆိုတော့ ဝေ့လည်လည်ဖြစ်ကုန်ရော........
နောက်ပိုင်းမှာတပည့် ဒကာတွေနဲ့ဦးပဇင်း ငယ်တွေက ကားတစ်စီးနဲ့ မြို့နယ်ရုံးကို ရောက်လာပြီး ကန့်ကွက်တော့
မြို့နယ်က ရှိခိုးတောင်းပန်ပြန်လွှတ်လိုက်တယ်လို့သိရပါတယ်..... နီးစပ်ရာ ရပ်မိရပ်ဖ တစ်ဦးက
"ဘယ်သူရေးမှန်းမသိတဲ့ စာကိုအာဏာသုံးပြီး ဘုန်းကြီးနဲ့ ရပ်မိရပ်ဖတွေ တွေကိုခေါ်ယူစစ်ဆေးခံရတာ
မဖြစ်သင့်ဘူး.. တကယ်ဆိုရင် အောက်ခြေမှာ ဆရာတော်နဲ့ ရပ်မိရပ်ဖတွေရဲ့အကျင့်သီလကို မေးမြန်းစုံစမ်းသင့်ပါတယ်..
ဆရာတော်အနေနဲ့ စိတ်ရင်းကောင်လို့သာ ကြေအေးလိုက်ပေမယ့် ဦးပဇင်းငယ်တွေက မကြေနပ်ဘူး.
မသမာသူက ဒီအချက်ကို သွေးထိုးပေးလိုက်ရင်အုပ်ချုပ်သူနဲ့ သံယာအဖွဲ့အစည်းနောင်ဂျိန်ပလေး နိုင်ပါတယ် ဒါကို ၀န်ကြီးချုပ်လုပ်တဲ့သူ သိမလားတော့ မပြောတတ်ပါဘူးဗျာ " ဟုပြောဆိုသွားပါသည် ......
ရုံးနား နှင့် နီးစပ်သူတစ်ဦးကလည်း " အခုလည်းပစ်စာတွေကိုအာရုံထားပြီးစစ်ဆေးနေတာတွေ့ရတယ်ဗျာ.
(ရပ်မိရပ်ဖတစ်ဦး/မကြေနပ်သူတစ်ဦး) စတဲ့ခေါင်းစဉ်တပ်တဲ့တံဆိပ်ခေါင်းကပ်ပို့တိုင်း စစ်နေလို့ကတော့
နောက်ပြန်ဒီမိုကရေစီဖြစ်နေပြီဗျာ..ဒါဆိုရင်တော့ အာဏာပိုင်တွေအလုပ်မရှိလို့ လုပ်နေတယ်လို့ ထင်ရတာပါပဲ .....အခုအကြောင်းကလဲ ဆရာတော်နဲ့ရပ်မိရပ်ဖတွေ ခေါ်ယူစစ်ဆေးခံရတော့ အရှက်တကွဲဖြစ်ပြီး ကိုးကွယ်တဲ့
ဒကာ။ဒကာမတွေက လုံးမှ မကြေနပ်ကြဘူးဗျာ.....ဒကာတစ်ဦးစုံစမ်းကြည့်တော့ဘုန်းကြီးကျောင်းထဲကကျူးကျော်နေသူတွေရဲ့ လက်ချက်လို့ ပြောကြပါတယ်ဗျာ..
ဒီတော့ပစ်စာမှန်းမသိ တိုင်စာလားမသိဘဲ ၀န်ကြီးချုပ်က ညွှန်ကြားလို့ပါဆိုပြီးအရေးတယူစစ်ဆေးနေလို့ကတော့
အပျော်တမ်း ပေးပို့နေတဲ့ စာတွေကြောင့်ရူးသွားမှာပဲ....နောက်ဆိုရင်ပစ်စာကို အရေးယူစစ်ဆေးမပေးဘဲ
ကာယကံရှင်ကိုယ်တိုင် တိတိကျကျတိုင်စာတွေကို သာ အရေးယူပေးမယ်လို့"အစိုးရရုံးအနေနဲ့ အမိန့်ထုတ်သင့်ပါတယ်ဗျာ.....နောက်ဆိုရင် အုပ်ချုပ်တဲ့လူတန်းစားဘက်ကို ပြန်လည်လာလိမ့်မယ်ဗျာ
ဒါနဲ့ဘဲ နောက်(၄)နှစ် ဘယ်လိုသွားမလဲဗျာ...အရေးမပါတာမလုပ်ပါနဲ့
....လူအလုပ်လူလုပ်ပါ...ကျားအလုပ်ကျားလုပ်ပါဗျာ...ကျနော်တောင်တိကျတဲ့
သတင်းတစ်ခုရထားတယ်ဗျ....ဂေါက်ကွင်း မှာ အပေးအယူလုပ်တဲ့ သတင်းပါ .....တော်ပါပြီဗျာ
...မတိုင်တော့ပါဘူး...နောက်ထပ်(၄)နှစ်ခေါင်းစားပြီးလုပ်တာကို
ကြည့်ဦးမယ်"ဟု ခေတ်ပညာတတ်တစ်ဦးက သတင်းပေးပို့ခဲ့ပါသည်.............


အကိုတို့ကို အမြဲတမ်းအားပေးနေတဲ့
ဇော်ထက် 31.7.2011

စာပေဟောပြောပွဲများမှ နိုင်ငံ့အရေးအတွေးများ

မြန်မာနိုင်ငံအတွင်းမှစာရေးဆရာများဟာ ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်

လွတ်မြောက်လာပြီးတဲ့အချိန်လောက်ကစပြီး ပြုလုပ်လာတဲ့ပြည်တွင်းပြည်ပစာပေဟောပြောပွဲတွေမှာ နိုင်ငံ

ရေး၊ အမျိုးသားရေးတွေနဲ့ ပက်သက်တဲ့အတွေးအမြင်များကို ပိုမိုရဲရင့်ပွင့်လင်းစွာ ပြောဆိုလာကြတာကို

တွေ့ ရပါတယ်။ အုပ်ခုပ်သူအာဏာပိုင်များကလည်း ပိုမိုလိုက်လျောလွတ်လပ်ခွင့် ပြုလာတာကိုတွေ့ ရပါတယ်။

အတွေးကောင်းကောင်းနဲ့  သရော်တတ်တဲ့ ကာတွန်းဆရာအော်ပီကျယ်၊ တက်ကြွစွာဟောတတ်တဲ့ မောင်သာချို၊

မန္တလေးက ကိုဘုန်း (ဓာတု)၊ ဆရာဦးအောင်သင်း၊ နုနုရည် (အင်းဝ) နဲ့  စာရေးဆရာမ ဂျူး တို့ ရဲ့ ဟောပြောပွဲ

ဒီဗီဒီအခွေတွေကို ကြည့်ရှုနားထောင်လိုက်ရပြီး စာရေးဆရာမ ဂျူး ဆွေးနွေးသွားတဲ့ နိုင်ငံခြားက သုသေတီစာရေး

ဆရာတစ်ဦးရေးတဲ့ ကမ္ဘာ့ ဆင်းရဲတဲ့နိုင်ငံများမှာ တွေ့ ရတတ်တဲ့အချက် ၄ ချက် အကြောင်းကို မြန်မာနိုင်ငံမှာ

ဖြစ်နေတဲ့အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ထပ်ဆင့်မျှဝေလိုက်ရပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေမှာတွေ့ ရတဲ့ တူညီတဲ့အချက်တွေကတော့...

(၁) နိုင်ငံဟာ သယံဇာတပေါများခြင်း

(၂) ပြည်တွင်းစစ်မက်ဖြစ်ပွားနေခြင်း
(
၃) မကောင်းတဲ့ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံများရှိခြင်း

(၄) စီမံအုပ်ချုပ်မှုညံ့ဖျင်းခြင်း

.. တို့ ဘဲဖြစ်ပါတယ်။



(၁) နိုင်ငံသယံဇာတပေါများခြင်း

နိုင်ငံသယံဇာတပေါများခြင်းဟာ ဖြစ်သင့်တာက နိုင်ငံချမ်းသာတိုးတက်ရမယ့်အစား ဆင်းရဲတဲ့နိုင်ငံများ ဖြစ်နေကြ

တာကို အံ့သြဖွယ်တွေ့ ရှိရပါတယ်လို့  သုသေတီစာရေးဆရာကဆိုပါတယ်။ အဲဒီသယံဇာတများကို နိုင်ငံစီမံအုပ်

ချုပ်သူလူတစ်စုရဲ့ မတော်လောဘနဲ့  ကိုယ်ကျိုးအတွက်အလွဲသုံးစားခြင်၊ သယံဇာတကို အကျိုးရှိအောင်မသုံးစွဲနိုင်

ခြင်း၊ သယံဇာတများရဲ့  အကျိုးစီးပွားကိုခွဲဝေရာမှာ ညီမျှမှုမရှိခြင်း၊ သယံဇာတများကြောင့် ကွဲလွဲသောသဘောထား

များဖြစ်လာကြခြင်းတို့ ကြောင့် သယံဇာများဟာ နိုင်ငံဆင်းရဲစေဖို့  ထောင်ချောက်တစ်ခုလိုဖြစ်လာရပါတယ်။ မြန်မာ

နိုင်ငံမှာလည်း ဒီလိုအခြေအနေမျိုးတွေရှိနေပါတယ်။


(၂) ပြည်တွင်းစစ်မက်ဖြစ်ပွားနေခြင်း

ပြည်တွင်းစစ်များဖြစ်ပွားနေတာဟာ နိုင်ငံဆင်းရဲစေတဲ့အကြောင်းအရင်းပါဘဲ။ နိုင်ငံရဲ့ သယံဇာတများရဲ့ အကျိုး

စီးပွားခွဲဝေသုံးစွဲမှု မညီမျှခြင်းဟာလည်း ပြည်တွင်းစစ်ဖြစ်စေပါတယ်။ ပြည်တွင်းနိုင်ငံရေးပြေလည်မှုမရှိခြင်း၊ တိုင်း

ရင်းသားလူမျိုးစုများနဲ့  တန်းတူညီမျှအခြေခံထားပြီး ယုံကြည်မှုနဲ့ စည်းလုံးမှုမတည်ဆောက်နိုင်ခြင်းတို့ ကြောင့်

ပြည်တွင်းစစ်မက်တွေဖြစ်ပွားစေပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်မှာ ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွား

နေပြီး ခုတော့ နိုင်ငံရေးအရညှိနှိုင်းနိုင်ဖို့  လုပ်ဆောင်လာကြမယ်လို့ ထင်ရပါတယ်။ ပြည်တွင်းစစ်စရိတ်တွေကြောင့်

ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ လုပ်ငန်းတွေရဲ့ အသုံးစရိတ်များ လျောလာရပြီး လူ့ စွမ်းအားအရင်းအမြစ်

တွေပါ ထိခိုက်လာရလို့  တိုင်းပြည်ကိုဆင်းရဲစေပါတယ်။


(၃) မကောင်းတဲ့ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံများရှိခြင်း

မြန်မာနိုင်ငံအဖို့  မကောင်းတဲ့အိမ်နီးချင်းနိုင်ငံများထဲမှာ အဆိုးဆုံးကတော့ တရုတ်နိုင်ငံဖြစ်ပြီး သူ့ နောက်မှာ

ယိုးဒယားနိုင်ငံနဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ လို့  ပြောရမှာဖြစ်ပါတယ်။ တရုတ်ကတော့ ကမ္ဘာ့ စီးပွားရေးနဲ့ စစ်ရေးအင်

အားကြီးနိုင်ငံဖြစ်လာတော့ မြန်မာနိုင်ငံအရေးကို ကမ္ဘာ့ နိုင်ငံတွေ ၀င်ပါလာမယ်ဆိုရင် ကုလသမဂ္ဂမှာ ဗီတိုအာဏာ

နဲ့  ပယ်ချပြီး သူ့ အကျိုးစီးပွားအတွက်တော့ အရပ်ဝတ်အသွင်ပြောင်းအစိုးရနဲ့ ရော၊ တိုင်းရင်းသားလက်နက်ကိုင်

အုပ်စုတွေနဲ့ ပါ ဆက်ဆံရေးပုံစံအမျိုးမျိုးကျင့်သုံးပြီး နယ်မြေနဲ့ သယံဇာတကို လက်ဝါးကြီးအုပ်ကာ ယခုလက်ရှိ

အစိုးရကို တိတ်တဆိတ်အနိုင်ကျင့်နေနိုင်ခြင်းဟာ တိုင်းပြည်ကိုပျက်ဆီးဆင်းရဲစေဖို့ ဖြစ်နေပါတယ်။ ယိုးဒယား

နိုင်ငံဟာလည်း မြန်မာရဲ့ နိမ့်ကျနေတဲ့အခြေအနေကိုအသုံးချအခွင့်ကောင်းယူပြီး ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့

နယ်စပ်က မြန်မာပိုင်နယ်မြေတွေကိုသိမ်းယူထားပါတယ်။


(၄) စီမံအုပ်ချုပ်မှုညံ့ဖျင်းခြင်း

မဆလ အစိုးရလက်ထက်မှာရော၊ ၈၈ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာပါ မြို့ ပြအုပ်ချုပ်ရေးနဲ့ 

စက်ရုံတွေမှာပါ အစိုးရအဖွဲ့ ကစပြီး စက်ရုံနဲ့ မြို့ နယ်အုပ်ချုပ်မှုအဆင့်တွေအထိ စစ်တပ်ကအရာရှိ အရာခံအကြပ်

တွေကို ယူနီဖောင်းချွတ်ပြီး ထိပ်ပိုင်းနေရာတွေကို ၀င်ရောက်စီမံအုပ်ချုပ်စေတာကစပြီး မြန်မာနိုင်ငံရဲ့ စီမံအုပ်ချုပ်

မှုဟာ ပိုမိုညံ့ဖျင်းလာခဲ့ပါတယ်။ အရပ်သားပညာရှိပညာတတ် ကျွမ်းကျင်သူတွေဟာ သူတို့ ရဲ့ အလုပ်ခွင်တိုးတက်

ဖို့  အခွင့်အလမ်းနဲ့ စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်လာတာကြောင့် အရပ်သားဝန်ထမ်းတွေဟာ အလုပ်ခွင်ထဲမှာ

စိတ်ဓာတ်ကျလာခြင်း၊ မကျေနပ်ခြင်းတို့ ကြောင့် အလုပ်တွေထဲမှာ စေတနာနဲ့  ကြိုးကြိုးပမ်းပမ်းစီမံခန့် ခွဲလုပ်ကိုင်

လိုခြင်းမရှိတော့ဘဲ ရတဲ့နေရာမှ လာဘ်စားခြင်း၊ ခိုကပ်ခြင်းတွေပြုလုပ်လာကြတာကြောင့် စီမံအုပ်ချုပ်မှုဟာ

ညံ့ဖျင်းလာရပြီး တိုင်းပြည်ဆင်းရဲလာရပါတော့တယ်။


အထက်ပါ အကြောင်းအချက် (၄)ချက်ဟာ တိုင်းပြည်ဆင်းရဲစေတဲ့အချက်တွေဖြစ်ပြီး တိုင်းပြည်တိုးတက်ကြွယ်ဝ

စေချင်တယ်ဆိုရင် ဒီအားနည်းချက်တွေကို ပြုပြင်ပြောင်းလဲနိုင်ရပါမယ်။

အခုအုပ်ချုပ်နေတဲ့အစိုးရသမ္မတသစ်က ကောင်းသောအစိုးရ၊ သန့် ရှင်းသောအစိုးရဖြစ်ရမယ်လို့ ကြွေးကြော်

ထားပါတယ်။ နိုင်ငံတကာဆက်ဆံရေးနဲ့ ပြည်တွင်းရင်ကြားစေ့ရေးကောင်းမွန်ဖို့  အတိုက်အခံနိုင်ငံရေးခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံညှိုနှိုင်းမှုတွေလုပ်ပြီး အတူတကွပူးပေါင်းဆောင်ရွက်ဖို့  လမ်းစရှာတာတွေကို

စလုပ်နေပြီလို့ ပြောပါတယ်။ ကောင်းတဲ့ မင်္ဂလာသတင်းပါဘဲ။ အစိုးရဘက်က ဒေါ်စုကို ပါတီမှတ်ပုံပြန်တင်ဖို့ ၊

လူမှုရေးလုပ်ငန်းလုပ်ငန်းလုပ်မယ်ဆိုရင်လည်း ပြည်ထဲရေးဌာနမှာ မှတ်ပုံတင်ဖို့ ဆွေးနွေးတယ်လို့ ပြောပါတယ်။

ဒေါ်စုဘက်ကလည်း နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ပြန်လွှတ်ပေးဖို့ ၊ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ 

ဖြစ်ပွားနေတဲ့တိုက်ပွဲတွေရပ်ဆိုင်းပြီး နိုင်ငံရေးအရညှိုနှိုင်းနွေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ နှစ်ဘက်စလုံး

ပြောတဲ့အချက်တွေဟာ ကောင်းမွန်တဲ့အချက်တွေပါ။ ဒေါ်စုရဲ့ ပါတီ မှတ်ပုံတင်ပြီး တရားဝင်နိုင်ငံရေးပါတီ ပြန်လုပ်

လာရင် လက်ရှိအစိုးရအဖို့  ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ တို့ အပါအ၀င် နိုင်ငံတကာနဲ့ ဆက်ဆံရေး

ပိုမိုကောင်းမွန်လမ်းပွင့်လာနိုင်ပြီး ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမို

ရရှိလာနိုင်ပါတယ်။

အစိုးရရဲ့ ပုံရိပ်ဟာလည်း နိုင်ငံတကာမှာ ပိုပြီးလင်းလက်ကောင်းမွန်လာမှာဖြစ်ပါတယ်။ NLD ပါတီအဖို့ လည်း

အစိုးရနဲ့ ရော၊ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာပါ လုပ်ပိုင်ခွင့် ချောမွေ့ ကျယ်ပြန့် လာမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ

အပါအ၀င် နိုင်ငံတကာနဲ့ တိုးမြှင့်ဆက်ဆံနိုင်မှသာ အိမ်နီးချင်းဆိုးတရုတ်နိုင်ငံကို တဖြည်းဖြည်းချင်း ထိန်းညှိလာ

နိုင်မှာဖြစ်ပြိး တရုတ်ကို မနီးလွန်းမဝေးလွန်းဆက်ဆံလာနိုင်မှာဖြစ်ပါတယ်။ မြန်မာဟာ တရုတ်ကို သိပ်နီးနီး

ပေါင်းလွန်းရင် တရုတ်ရဲ့ လောဘကို ဆွပေးရာရောက်ပါလိမ့်မယ်။ ယခုလက်ရှိအစိုးရအဖွဲ့ မှာလည်း ဒုတိယ

သမ္မတတစ်ဦးကို ဆရာတစ်ဆူတင်ပြီး သဘောထားတင်းမာတဲ့ ၄ ဦးအုပ်စုအဖွဲ့ က တရုတ်ကို ဆရာတင်ထားနိုင်

ရင် လုံလောက်တယ်လို့ ယူဆနေကြပုံပေါက်ပါတယ်။

NLD ဘက်မှာလည်း ၉၀ ခုနှစ်ရွေးကောက်ပွဲကိစ္စ၊ ဒီပဲယင်းတိုက်ခိုက်မှုကိစ္စ၊ ၂၀၀၈ ဖွဲ့ စည်းပုံကို လက်မခံတဲ့

သဘောထားတင်းမာတဲ့အုပ်စု ရှိနေတယ်လို့ ကြားရပါတယ်။ နှစ်ဘက်စလုံးမှာ ဒီအခြေအနေတွေကို ဖြေရှင်းဖို့ 

အရေးတွေရှိနေပါတယ်။ ဒါပေမယ့်တရုတ်ကို ဆရာတင်ထားရတာမှာ နောက်ပိုင်းမှာ ဆရာအဆင့်လောက်နဲ့ တင်

မရတော့ဘဲ သခင်အဆင့်နေရာကနေပြီး မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေကို ဆက်ဆံလာတာဟာ အစိုးရထိပ်

ပိုင်းက ပုဂ္ဂိုလ်များ ခန့် မှန်းနိုင်ကြမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ထိန်းညှိုနိုင်ဖို့  မြန်မာနိုင်ငံမှ ဒုသမ္မတနဲ့ 

အမေရိကန်လွှတ်တော်အမတ်ဂျွန်မက်ကိန်းတို့  တွေ့ ဆုံဆွေးနွေးပြောဆိုကြတဲ့အကြောင်းတွေထဲက တချို့ 

ဆောင်ရွက်လာနိုင်တဲ့အခြေအနေမျိုးဖြစ်လာတာကတော့ ကောင်းတဲ့ဘက်ကို ဦးတည်လာတယ်လို့ ထင်မြင်

ယူဆမိပါတယ်။

မြန်မာပြည်ကောင်းကျိုးအတွက် ဒီ့ထက်ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ထင်ထင်သာသာရှိဖို့ ကိုလည်း ပြည်သူအားလုံး

က မျှော်လင့်နေကြပါတယ်။


S ခင်ဇိုင်