01 Total Eclipse Of The Heart
02 I Want To Break Free
03 My Heart Will Go On
04 Its All Coming Back To Me Now
05 Zombie
06 Power Of Love
07 Angel
08 Forgiven
09 Ave Maria
10 Holding Out For A Hero
11 Underneath Your Clothes
Download: Mediafire
http://www.mediafire.com/?t6f22qtte26cc5g
Credit: [myanmarmp3album.com]
Memoirofa Diva 2011 - Phyu Phyu Kyaw Thein by yeyint2011
02 I Want To Break Free
Tuesday, August 2, 2011
(ဖြူဖြူကျော်သိန်းဖြည့်ရန်)
ချစ်သောဧရာဝတီ( မောင်မောင်ဝမ်း )
ဧရာဝတီဟာတခါကကျနော့်အပေါ်အငြိုးဒေါသကြီးခဲ့ဘူးတယ်…ဒါကလည်းကျနော်ကရန်သွားစတာကိုး… တကယ်တော့…သူဟာစိတ်ရင်းအလွန်ကောင်းပြီး..သဘောထားမြင့်မြတ်သူပါ…ကျနော် ၁၂နှစ်သားလောက် ကျနော့်အဖေဇာတိ မိုးညိုမြို့နယ်အပိုင် ထိန်တောရွာလေးကိုအလည်လိုက်သွားရာက…ဧရာဝတီမြစ်ထဲကို ရေဆင်းကူးတော့..သူကကျနာ့်ကိုဒေါသတကြီးနဲ့ဆုံးမလွှတ်လိုက်တယ်….ကျနော့်ကိုသူမသတ်ဘူး…ကတိတခု တော့တောင်းတယ်…မင်းအသက်ကိုငါကယ်လိုက်ပြီတဲ့…ငါ့ကိုလည်းရန်ရှာနေတဲ့သူတွေရှိတယ်….ငါ့ကိုလည်း ပြန်ကယ်ပါတဲ့…..အော်ဧရာဝတီရယ်…သင်ဟာလူများစွာကိုကယ်တင်နေတဲ့သူ…လူများစွာရဲ့အကျိုးစီးပွားကို သယ်ပိုးနေတဲ့သူ…သင့်ကိုဘယ်သူမှပစ်မထားဘူး….( ကျေးဇူးမသိတတ်သူများကလွဲရင်ပေါ့ )။
ဒါပေမဲ့ဧရာဝတီ…ခွင့်လွှတ်ပါ..ကျနော့်ကိုခွင့်လွှတ်ပါ…ကျနော်သင့်ကိုမေ့နေတာကြာသွားပြီ..တနေ့ကမှ ညီငယ် ဗမာ့သွေးက အထိပ်တလန့် တီးတိုးရေရွတ်သံနဲ့လှမ်းပြောရှာတယ်….
“ အကို …ဧရာဝတီအခြေနေမကောင်းဘူး…၀ိုင်းကယ်ကြဦး ” တဲ့
ကျနော်ကြက်သီးတွေထသွားတယ်….သတင်းတွေထဲမှာဖတ်ရတယ်…ဒါပေမဲ့..အာရုံကအဲဒီ့ဘက်သိပ်မရောက်မိတော့မေ့မေ့လျှော့လျှော့ဖြစ်သွားတယ်…တကယ်တော့…ဧရာဝတီဟာကျနော်ရဲ့ကျေးဇူးရှင်…အမိမြန်မာနိုင်ငံ သားတွေရဲ့အားထားရာ…ပင်မသွေးကြောကြီး……ရင်နှင့်အမျှခံစားရပါတယ်....ယန်စီ(တရုတ်နိုင်ငံရဲ့မြစ်ကြီး)ကိုတော့အလှအပပျက်မှာဆိုးလို့…အရိပ်တကြည့်ကြည့်နဲ့ထားပြီး…တို့..မိခင်ဧရာဝတီကိုမှရန်လာရှာရသလားဗျာ…..ကိုချိုတူးဇော်ရေးတဲ့စာလေးကိုသွားသတိရတယ်…အကျိုးအမြတ်ရတိုင်းလုပ်သင့်သလားတဲ့…အကျိုးအမြတ်ရလို့ရွှေတိဂုံဘုရားကြီးကိုထုတ်ရောင်းမယ်ဆိုသင့်တော်ပါ့မလားတဲ့…သိပ်မှန်လိုက်တဲ့စကား…..
အမေရိကံပြည်ထောင်စုရဲ့မြေလွှာအောက်မှာသယံဇာတတွေအများကြီးရှိတယ်…ရေနံတွေရှိတယ်…ဒါပေမဲ့..သူတို့မိခင်မြေကြီးကိုတူးဆွဘို့အခွင့်ရေးမပေးဘူး…..သဘာဝအရင်းအမြစ်တွေပျက်သုဉ်းပြီး..လူသားတွေထိခိုက်နစ်နာမှာဆိုးလို့တဲ့…ထိုင်းနိုင်ငံမှာမျက်စိတဆုံးကျွှန်းသစ်စိုက်ခင်းကြီးတွေရှိတယ်…ဘယ်သူမှမခုတ်ဘူး…တို့ပြည်တွင်းထဲကကျွှန်းတွေကိုတော့ခုတ်ယူသွားတယ်….ခုတ်ခွင့်ပေးတဲ့သူတွေကလည်းပေးနေတာကိုး……..အတွေးအခေါ်အမြှော်အမြင်ရှိသူများက..ပညာကိုရောင်းစားပြီးတိုင်းပြည်ကိုထူထောင်တယ်…အတွေးအခေါ်အမြှော်အမြင်မဲ့သူများက…သဘာဝအရင်းအမြစ်တွေကိုရောင်းစားပြီးကိုယ်ကျိုးအတွက်အလုပ်လုပ်တယ်….ဒီတခါက…မိခင်ဧရာဝတီရဲ့အလှည့်များလား
တခါကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်မှာ…အစ္စရေးပညာရှင်တဦးကပြောခဲ့ဘူးတယ်…ခင်ဗျားတို့နိုင်ငံရဲ့အလယ်တဲ့တဲ့မှာ…ဧရာဝတီဆိုတဲ့မြစ်ကြီးကဖြတ်စီးနေတာ…ခင်ဗျားတို့ချမ်းသာအောင်မလုပ်နိုင်ဘူးလားတဲ့…ဧရာဝတီရဲ့တန်ဘိုးဟာ အဲသလောက်ကြီးပါတယ်……
စာရေးဆရာမောင်သိန်းဆိုင် ရဲ့နှလုံးသားထဲက--- ဧရာဝတီ
အဆိုတော် ရီရီသန့် ရဲ့-----------------------------ဧရာဝတီ
ထူးအိမ်သင်ရဲ့ ရာဇ၀င်ထဲက သတို့သမီး---------- ဧရာဝတီ
တို့အားလုံးရဲ့------------------------------------- ဧရာဝတီ
ကိုယ်ကျိုးရှာ စစ်အာဏာရှင်တွေနဲ့ ကွန်မြူနစ်ဇာတ်ပျက်တရုတ်အစိုးရတို့ပေါင်းပြီး အသေသတ်ကြတော့မယ်…..တို့ဘာလုပ်ကြမလည်း………
ဧရာဝတီကို ကာကွယ်ကြမလား…ဧရာဝတီဟာ ရန်သူ့လက်ထဲမှာလူးလွန့်ပြီး..အသင်တငင်ငင်နဲ့ရှိနေတာကို….လက်ပိုက်ကြည့်နေကြမှာလား……..
ဧရာဝတီရဲ့ကျေးဇူးတို့ဘယ်လိုတုန့်ပြန်ကြမလည်း………………..
အားလုံးကိုလေးစားစွာဖြင့်
( မောင်မောင်ဝမ်း )
“ ဇူလိုင် ၂၈ အိတ်ဖွင့်ပေးစာ ”နဲ့ပတ်သက်လို့
တူမောင်ညို
(၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁ ရက် )
အိတ်ဖွင့်ပေးစာရဲ့အတွင်းသဘောနဲ့ပတ်သက်လို့
အိတ်ဖွင့်ပေးစာမှာပါရှိတဲ့ “ရည်ရွယ်ချက်၊ သဘောထား၊ စိတ်စေတနာ၊ စိုးရိမ်မှု၊ ဖြေရှင်းမယ့်နည်းလမ်း၊ ပါဝင်ကြိုးပမ်း ပေးရန် အသင့်ရှိနေမှု” တွေဟာ နှစ်ထောင်းအားရဖွယ်ဖြစ်ပါတယ်။
အိတ်ဖွင့်ပေးစာရဲ့ နံပတ် (၁) လိပ်မူထားသူ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ထံကသာ ယနေ့အထိ အဖြူအမည်း တုန့်ပြန်သံကိုတစ်လုံးတစ်ပါဒု မကြားရသော်လည်း အခြားလိပ်မူထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်း အရုံး(KNU)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရှမ်းပြည်တပ်မတော် (SSA) တို့ကတော့ ဝမ်းမြောက်ဝမ်းသာလက်ခံကြိုဆိုကြတာကို ကြားသိရပါတယ်။
ရွေးကောက်ပွဲမှာပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ (ဥပဒေတွင်းပါတီ)များဖြစ်ကြတဲ့ အမျိုးသားနိုင်ငံရေးအင်အားစုပါတီ (NDF)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တို့က လည်း ကြိုဆိုခဲ့ကြပါတယ်။
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ထံကသာတိုက်ရိုက်တုန့်ပြန်မှုမကြားရပေမယ့် သမ္မတကြီးရဲ့အကြံပေးများ (ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်) ထံကတော့ ပြောသံဆိုသံများကိုကြားရပါတယ်။ သူတို့ပြောတဲ့အထဲက အချက် ၂ ချက်တော့ သတိပြုမိပါ တယ်။
ဒီကိစ္စကိုအစိုးရအဖွဲ့ကသာဆုံးဖြတ်မှာဖြစ်ပြီး သူတို့ပါဝင်ပတ်သက်ခွင့်မရှိဘူးဆိုတဲ့အချက်နဲ့နိုင်ငံရေးကိစ္စတွေကိုနိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်းတာအကောင်းဆုံးပဲလို့ အားလုံးကခံယူထားကြတယ် ဆိုတဲ့ ယေဘုယျကျကျပြောဆိုကြတာပဲဖြစ်ပါတယ်။
သူတို့ကအကြံပေးပဲ။ ပြောရေးဆိုခွင့်ရှိသူတွေမဟုတ်လေတော့။ ဒီထက်ပိုမပြောနိုင်တာမဆန်းပါဘူး။ တခြားစကားပုံ ကလည်းလွယ်လွယ်စဉ်းစားမရဘူးဒီတော့ဒီစကားပုံပဲသုံးလိုက်ရပါတယ်။ “နွားရှေ့ထွန်ကျူး” သလို အကြံပေးတွေက ပြောလို့မဖြစ် ဘူးမဟုတ်လား။
သူတို့ပြော ပြောနေတဲ့ “နိုင်ငံရေးနည်းလမ်း”လို့ ဆိုရာမှာ အဲဒီ “နိုင်ငံရေးနည်းလမ်း” ဆိုတဲ့ဝေါဟာရရှေ့မှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)ဘောင်ထဲ”ကဆိုတဲ့စကားပိုဒ်မြှုပ်ထားတာဖြစ်တယ်တဲ့အချက်ကို ကျနော်တို့သေသေချာချာနားလည်သဘော ပေါက်ထားရပါမယ်။ ဆန္ဒစွဲမှန်းဆချက် (wishful speculation) တွေနဲ့ ပြောနေ/သဘောပေါက်နေလို့မဖြစ် ဘူး လေ။
သမ္မတဦးသိန်းစိန်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ဖွဲ့စည်းထားတာဖြစ်လေတော့ အရာရာကို ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကသာဖြေရှင်းမှာပါ။ လုပ်ကိုင်ဆောင်ရွက်မှာပဲဖြစ်ပါတယ်။ ဒီကိစ္စကိုဘယ်လိုမှ သံသယဖြစ်စရာမရှိဘူးထင် ပါတယ်။
အပစ်အခတ်ရပ်စဲရတာကသိပ်မခက်ခဲလှပါဘူး။ အနှစ် ၂၀ လောက်အပစ်အခတ်ရပ်ထားခဲ့နိုင်တာပဲလေ။ ဒါပေမယ့် အခု သေနတ်သံတွေပြန်ထွက်လာနေရတဲ့ တကယ့်ဇစ်မြစ်အကြောင်းရင်းက တပြည်လုံးငြိမ်းချမ်းရေး၊ ရေရှည်တံ့နိုင်ပြီး အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးအစစ်အမှန်မရရှိခဲ့သေးလို့သာဖြစ်ပါတယ်။
တပြည်လုံးငြိမ်းချမ်းရေး၊ ရေရှည်တံ့နိုင်ပြီးအာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးအစစ်အမှန်မရရှိသေးသရွှေ့တော့ “အိတ်ဖွင့်ပေး စာ”ထဲမှာထောက်ပြထားသလို “ပြည်တွင်းစစ်မီးဟူသည်ကျယ်ပြန့်သွားနိုင်သည့်အန္တရာယ်ရှိတတ်ပါသည်” ဆိုတဲ့ အတိုင်းပါပဲ။ အခု လည်း ဒေသခံတိုင်းရင်းသားပြည်သူတွေအတိဒုက္ခများစွာရောက်ကြရပြီးအိမ်နီးချင်းနိုင်ငံများထဲသို့ပြေးဝင်ခိုလှုံကြရပါတယ်။ ဒီအဖြစ် ဆိုးဟာ “ ဇွန်လ ၉ ရက်နေ့” ကမှစတင်ခဲ့တာမဟုတ်ပါဘူး။ ရာစုနှစ်ဝက်ကျော်ခဲ့ပါပြီ။
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရုံ၊ လက်နက်ချရုံ၊ နယ်ခြားစောင့်တပ် (BGF)ဖွဲ့စည်းရုံ၊ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ရရုံ လောက်နဲ့တော့ တပြည်လုံးငြိမ်းချမ်းရေး၊ ရေရှည်တံ့နိုင်ပြီးအာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးအစစ်အမှန်ကို တည်ဆောက်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကိုလက်ခံကြ၊ ဖွင့်ပေးထားတဲ့ တံခါးပေါက်က ဝင်ခဲ့ကြဆိုတာနဲ့ မလုံလောက်ပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကို လက်မခံနိုင်ကြသေးတာမဟုတ်ပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်မခံနိုင်ကြတာဖြစ်ပါတယ်။
အခြေခံဥပဒေကိုပြင်ဆင်တယ်ဆိုတာမှာလည်း“လွှတ်တော်ထဲ”အရင်ဝင်ပြီးမှသာပြင်ခွင့်ရှိတာမဟုတ်ပါဘူး။ “လွှတ်တော် ပြင်ပနည်း” နဲ့လည်းပြင်ဆင်လို့ရပါတယ်။ ပြောင်းလဲလို့ရ ပါတယ်။ လူကရေးထားတဲ့ ဥပဒေကို လူက ပြောင်းလဲနိုင်ပါတယ်။
အိတ်ဖွင့်ပေးစာရဲ့နည်းလမ်းနဲ့ပတ်သက်လို့
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံပေးစာနဲ့ မတူတာကို အားလုံးကသတိပြုမိကြတယ်။ “အိတ်ဖွင့်ပေးစာ” မှာက လက်မှတ်ထိုးထားပြီး။ ဒေါ်အောင်ဆန်းစုကြည်လို့ပဲပါတယ်။ “အထွေထွေအတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ” ဆို တဲ့ ကိုယ်စားပြုမှုမပါတော့ဘူး။
“အိတ်ဖွင့်ပေးစာ”ကို သတင်းနှင့်ပြန်ကြားရေးဌာန၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ထုတ်ပြန်တာပါ/တဆင့်ပေးပို့တာပါ လို့ ပြောချင်ရင်ပြောလို့ရပါတယ်။
ဦးဝင်းတင်က အခုလိုယူဆတယ်လို့ ပြောပါတယ်။ “သူ့ရဲ့နာမည်တစ်လုံးကိုသုံးပြီးတော့ နိုင်ငံရေးခွင်ထဲကိုခြေစုံပစ်ပြီးဝင် လာခြင်းဟာအလွန်ရေးကြီးတဲ့ဆောင်ရွက်ချက်”
ဒီလိုဆောင်ရွက်လိုက်တာမှာ ရည်ရွယ်ချက်ရှိချင်မှရှိပါလိမ့်မယ်။ လက်တွေ့မှာတော့ NLD ကိုချန်ထားခဲ့သလိုဖြစ်ပါတယ်။
“၈၈ ဒီမိုကရေစီအရေးတော်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်၊ NLD၊ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်”စတာတွေကို တစ်ခုနဲ့ တစ်ခု သီးခြားခွဲထုတ်တည်ရှိနေနိုင်တဲ့အရာတွေမဟုတ်ဘူးလို့ ကျနော်ကတော့တွေးမြင်ယုံကြည်ခဲ့သူပါ။ ယုံကြည်နေဆဲဖြစ်ပါတယ်။
ဦးဉာဏ်ဝင်း မှတဆင့် ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သောအချက်များ
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၀၁၀ မတ်လ ၂၉ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ )
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ညီညွတ်ရေး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ
ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးမရရှိသေးဘူးဆိုတာ ပကတိတည်ရှိနေတဲ့ အရှိတရားတစ်ခုဖြစ်ပါတယ်။ လက်ရှိဦးသိန်းစိန်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့ အားလုံးအကြပ်ကိုင်နေပါတယ်။
ဒါကြောင့်တပြည်လုံးငြိမ်းချမ်းရေး၊ ရေရှည်တံ့နိုင်ပြီးအာမခံချက်ရှိတဲ့ငြိမ်းချမ်းရေးအစစ်အမှန်ရရှိဖို့ကတော့ တမျိုးသားလုံး အကျိုးစီးပွားအတွက် ဒီမိုကရေစီအတိုင်းအတာဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး၊ ဘယ်လောက်လုပ်ဆောင်နိုင်ခွင့်ရှိတယ်/မရှိ ဘူး ဆိုတဲ့အချက်အပေါ်မှာသာအဓိက မူတည်နေပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကိုလက်ခံခြင်း/လက်မခံခြင်းဆိုတဲ့အချက်နဲ့တိုင်းတာလို့မရနိုင်ပါဘူး။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်မှူးချုပ်ကျော်ဇောတို့ ဦးဆောင်လှုပ်ရှားခဲ့ကြတဲ့ “ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီး” ရဲ့ “ရပ်တည်ချက်နဲ့သဘောထား” ကို အခုလိုလေ့လာဖတ်ရှုရပါတယ်။
“ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဟာ ပွဲစားမဟုတ်၊ နှစ်ဖက်ကြားကဆောင်ရွက်တဲ့အဖွဲ့လည်းမဟုတ်၊ ပြည်သူလူထုအကျိုးဆန္ဒ နဲ့ ကိုက်ညီတဲ့ငြိမ်းချမ်းရေးကိုရရှိစေဖို့ ပြည်သူလူထုကို အခြေခံပြီး ဆောင်ရွက်သွားမယ့်အဖွဲ့ဖြစ်ပါတယ်”
“ ဒီငြိမ်းချမ်းရေးကို ရဘို့ဆိုယင်လဲ အဓိကအင်အားစုကြီးဟာ ပြည်သူလူထုဘဲဖြစ်ပါတယ်၊ ဘယ်သမိုင်းမှာ မဆိုကြီးကျယ် တဲ့ပြောင်းလဲမှုကြီးများဟာ ပြည်သူလူထုရဲ့တိုက်ပွဲနဲ့ကင်းပြီးမဖြစ်ခဲ့ပါ၊ ပြည်သူလူထုဟာမိမိတို့အကျိုးအတွက် စည်းရုံးညီညွတ်ကြပြီး တိုက်ပွဲဝင်မှသာရနိုင်ပါတယ်၊ပြည်သူလူထုစည်းရုံးမှုနဲ့ တိုက်ပွဲဝင်မှုမပါတဲ့ပြောင်းလဲမှုများဟာ သမိုင်းရာဇဝင်မှာ မရှိခဲ့ပါ” တဲ့။
ကိုးကား - ပြည်တွင်းငြိမ်းချမ်းရေးသဘောထား - အောင်မျိုး - စာပုံနှိပ်တိုက်၊
- ဦးဝင်းတင်နဲ့စကားပြောခြင်း (RFA) ၁ သြဂုတ်၂၀၁၁
၂.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://openeyeproxy.appspot.
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.
2 August 2011 Yeyintnge's diary.doc
658K View Download
2 August 2011 Yeyintnge's diary.odt
359K Download
2 August 2011 Yeyintnge's diary.pdf
373K View Download
http://www.mediafire.com/file/cg2ahkelelh1al6/2%20August%202011%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/shtz0e6ybe92nwj/2%20August%202011%20Yeyintnge%27s%20diary.pdf
2 August 2011 Yeyintnge's Diary
ဘဏ်တိုးနှုန်းလျှော့ချပေးရန် တောင်းဆိုနေမှုနှင့်ပတ်သက်ပြီး မေးမြန်းချက်
Published on August 2, 2011 by ရွှေအောင်
ပြည်တွင်း ရှိ အစိုးရဘဏ်တိုးနှုန်းတွေဟာ အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းစာရင် မြင့်နေတာမို့ လျှော့ချပေးဖို့ ပြည်တွင်းလုပ်ငန်းရှင်တချို့က တောင်းဆိုနေကြပါတယ်။
မြန်မာ့ဓန စီးပွားရေးမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာသီဟစောကို မေးမြန်းထားပါတယ်။
ဦးသိန်းစိန်ကိုကျေးဇူးတင်နေသောကလေးငယ်
ပဲခူးမြို့က ရေဘေးဒုက္ခသည်တွေ တစ်အိမ်ထောင် ကျပ်တထောင်နှုန်း အထောက်အပံ့ ရလို့ဦးသိန်းစိန်ကိုကျေးဇူးတင်နေသောကလေးငယ်...
အိုင်အယ်လ်အို တိုင်တဲ့ ကလေးစစ်သား မိခင်ကို စစ်တပ်က ခြိမ်းခြောက်
2011-08-02
ကလေး စစ်သား တစ်ဦးကို မိခင်ဖြစ်သူက သက်ဆိုင်ရာ တပ်ရင်း တာဝန်ရှိသူတွေထံ သွားရောက် တောင်းခံရာမှာ သူ့ရဲ့သား အကြောင်း အိုင်အယ်လ်အိုကို တိုင်ကြားခဲ့မှု အတွက် မိဘတွေကို ဖမ်းဆီး ထောင်ချနိုင်ကြောင်း သားဖြစ်သူကိုလည်း သတ်ဖြတ်ပစ်မှာ ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
http://www.rfa.org/burmese