Thursday, August 4, 2011

အမြဲတမ်းလွှတ်တော်တဲ့လား



Thursday, August 4, 2011 

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးပြီး ကတည်းက လူထုကြားမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍ အပေါ် စိတ်ဝင်စားမှု ပိုပြီး များလာခဲ့ပါတယ်။ လွှတ်တော်ရေးရာ တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေ ကိုလည်း ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ အတော်လေး ဖော်ပြကြပါတယ်။ အဲဒီအထဲမှာ ပြည်ထောင်စု လွှတ်တော်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်လို အမြဲတမ်း ကျင်းပ နေသင့်တယ်၊ အမေရိကန် ကွန်ဂရက် ဆိုတာက ကြားမှာ အားလပ်ရက် နားတာက လွဲပြီး အမြဲတမ်း ကျင်းပနေတာ ဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိတာ သတိ ထားမိပါတယ်။ အခု ဒီအယူအဆ မှန်မမှန်နဲ့ မြန်မာ နိုင်ငံမှာရော ဘယ်လို လုပ်သင့်သလဲ ဆိုတာလေးကို ဆွေးနွေး ချင်ပါတယ်။


ဒါတွေ မပြောခင်မှာ လွှတ်တော်တွေ စပေါ်ခဲ့တဲ့ ဖြစ်စဉ်ကို အကျဉ်း ပြန်ကြည့်လိုက်ရင် အင်္ဂလန်မှာ ၁၀၆၆ မှာ အင်္ဂလိပ် ဘုရင် William of Normandy က ဘုရင်က ကံကျွေးချပေးထားတဲ့ မြေရှင်တွေကို တိုင်ပင်တဲ့ အလေ့အထ ကနေ စပြီး ပေါ်ပေါက် ခဲ့တယ်လို့ သမိုင်း ဆရာများက ဆိုပါတယ်။ ၁၂၁၅ ခုနှစ်ကျတော့ ဒေသအလိုက် အုပ်ချုပ်နေတဲ့ မြေရှင် ကြီးများနဲ့ ဂျွန်ဘုရင် မင်းမြတ်ကြားမှာ Magna Carta ဆိုတဲ့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့တယ်။ အဲဒီ စာချုပ်အရ ဘုရင်က အခွန်အတုပ်နဲ့ ပတ်သက်တဲ့ ဥပဒေတွေ မထုတ်ခင် မြို့စားတွေ၊ မြေရှင်ကြီးတွေ ပါတဲ့ ကောင်စီနဲ့ အရင် တိုင်ပင်ဖို့ သဘော တူခဲ့တယ်။ အဲဒီ ကောင်စီကနေ ဗြိတိသျှ ပါလီမန် ဖြစ်လာခဲ့ပါတယ်။ ၁၃၄၁က စပြီး အစဉ်အလာ အရ ရှိခဲ့တဲ့ မြို့စား၊ နယ်စားတွေရဲ့ ပါလီမန်က အထက်လွှတ်တော် (House of Lord) ဖြစ်သွားပြီး လူလတ်တန်းစား တွေထဲက မဲနဲ့ရွေးတဲ့ လူတွေပါတဲ့ လွှတ်တော်က အောက်လွှတ်တော် (House of Common) ဖြစ်သွားပါတယ်။ စက်မှု တော်လှန်ရေး နောက်ပိုင်းမှာတော့ အောက်လွှတ်တော်က ပိုပြီး အာဏာ ရှိသွားပါတယ်။ ဗြိတိသျှ ပါလီမန်က ဟိုး စပေါ်တုန်း ကတော့ ဘုရင်က သူဆုံးဖြတ်ဖို့ ကိစ္စရှိမှ ခေါ်ပြီး တိုင်ပင်တယ်။ နောက်တော့ လွှတ်တော်က သူတို့ ဘုရင်ကို တင်ပြချင်တာ ရှိရင် သူတို့ အစီအစဉ်နဲ့ သူတို့ ခေါ်ပြီး ဘုရင်ကို သူတို့ ဆုံးဖြတ်ချက်ကို အကြောင်း ကြားခဲ့တယ်။ ဒါက သမိုင်းအကျဉ်း ဖြစ်ပါတယ်။
အမေရိကန် တော်လှန်ရေး ဖြစ်ပြီး ၁၇၇၆ ခုနှစ်မှာ အင်္ဂလိပ် လက်အောက်က လွတ်လပ်ရေး ရလာတော့ ပထမ ၁၇၈၁ ခုနှစ်မှာ Articles of Confederation နဲ့ ပြည်နယ်၁၃ ခုက အမေရိကန် ပြည်ထောင်စုကို ထူထောင် ခဲ့တယ်။ အဲဒီစာချုပ်အရ လွှတ်တော်တစ်ရပ်ပဲထားခဲ့တယ်။ နောက် ၁၇၈၇ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ညီလာခံ ကျင်းပပြီးတော့ ၁၇၉၂ ခုနှစ်မှာ အခြေခံ ဥပဒေကို အတည်ပြုခဲ့ပါတယ်။ အဲဒီ အခြေခံ ဥပဒေအရ ပြည်နယ်တွေက အချိုးကျပါတဲ့ အထက် လွှတ်တော်နဲ့ လူဦးရေကို အခြေခံပြီး ရွေးတဲ့ အောက်လွှတ်တော် နှစ်ခုပါတဲ့ ကွန်ဂရက်ကို စပြီး တည်ထောင်ခဲ့ပါတယ်။
အင်္ဂလိပ် ပါလီမန်ရော၊ အမေရိကန် ကွန်ဂရက်ရော စတင် တည်ထောင်တုန်းက ပါဝင်ခဲ့သူ များဟာ မိမိကိုယ်ပိုင် လုပ်ငန်းများ ရှိတဲ့ ပြည်သူများ ဖြစ်ပြီး သက်ဆိုင်ရာ ဒေသက သူတို့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့ ရွေးချယ် စေလွှတ်ပေးလိုက် သူများသာ ဖြစ်တဲ့အတွက် တစ်နှစ်ပတ်လုံး လွှတ်တော်ရှိရာ နိုင်ငံ မြို့တော်မှာ နေထိုင်နိုင်ကြတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အမေရိကန် အခြေခံ ဥပဒေ အခန်း ၁၊ အပိုဒ် ၄ မှာ လွှတ်တော်ကို တစ်နှစ်တစ်ကြိမ် ခေါ်ရမယ်။ လွှတ်တော်က သီးခြား ဥပဒေနဲ့ မသတ်မှတ်ဘူး ဆိုရင် ဒီဇင်ဘာလရဲ့ ပထမဆုံး တနလာင်္နေ့မှာ စတင် ကျင်းပရမယ်လို့ သတ်မှတ် ထားခဲ့ပါတယ်။ (The Congress shall assemble at least once in every Year, and such Meeting shall be on the first Monday in December,4 unless they shall by Law appoint a different Day.) ဘာဖြစ်လို့ အဲဒီလို သတ်မှတ် ရသလဲ ဆိုတော့ နွေဦးနဲ့ နွေရာသီတွေမှာ အမေရိကန် လယ်သမားများ အတွက် အလုပ်အများဆုံး အချိန်ဖြစ်လို့ စိုက်ပျိုးရေး လုပ်ငန်းနည်းတဲ့ ဆောင်းရာသီကို ရွေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန် လွှတ်တော်ဟာ စတည်ထောင်တုန်းက အချိန်ပိုင်းသာ အစည်းအဝေး ထိုင်တာဖြစ်ပြီး ၁၈၈၅ ခုနှစ် မတိုင်ခင်အထိ လွှတ်တော် အမတ်တွေဟာ လစာမရပဲ မြို့တော်မှာ လာပြီး အစည်းအဝေး ထိုင်တဲ့ အချိန် အတွက်ပဲ နေ့တွက်စရိတ် ပေးခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် ၁၉ ရာစုထဲ ဝင်လာတဲ့ အခါကျတော့ ဗြိတိသျှ လွှတ်တော်နဲ့ အမေရိကန် ကွန်ဂရက် တို့ရဲ့ အစည်းအဝေး ကျင်းပတဲ့ ရက်တွေက ကြာလာပြီး လွှတ်တော် အစည်းအဝေး တွေက တဆက်တည်း ကျင်းပတဲ့ ပုံစံဖြစ်ပြီး ကြားမှာ အားလပ်ရက် ဥပမာ Summer Holiday, Labor Day Recess စသည်ဖြင့် လွှတ်တော် အစည်းအဝေး တွေကို ရပ်ထားတာမျိုး၊ နောက်ပြီး ဗြိတိသျှ ပါလီမန်ရဲ့ ထုံးစံအရ တစ်ပတ်မှ တနလာင်္ကနေ ကြာသပတေး အထိပဲ လုပ်ပြီး သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ မိမိနယ်ကို ပြန်တာမျိုး ဖြစ်လာပါတယ်။ တနည်း ပြောရရင် လွှတ်တော်ဟာလည်း အစိုးရ အဖွဲ့လိုပဲ မြို့တော်မှာ အချိန်အတော် များများ ရုံးစိုက်ထားတဲ့ သဘော ဖြစ်လာပါတယ်။ အခုဆိုရင် အမေရိကန် ကွန်ဂရက်ဟာ နှစ်စဉ် ဇန်နဝါရီလ ၃ ရက်နေ့မှ စတင် ကျင်းပပြီး တစ်နှစ်ကို ပျမ်းမျှ ခြောက်လလောက် အစည်းအဝေး ထိုင်နေပြီ ဖြစ်ပါတယ်။
ဒီလို ဖြစ်ရတာဟာ အကြောင်းအရင်း နှစ်ခုကြောင့် ဖြစ်ပါတယ်။ ပထမ အကြောင်းကတော့ စက်မှုတော်လှန်ရေး နောက်ပိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး အခြေအနေတွေ တိုးတက် လာတာနဲ့ အညီ လွှတ်တော်ရဲ့ လုပ်ငန်းတွေ များပြား လာခြင်းပါ။ နောက်တစ်ချက် ကတော့ Professional Politician လို့ ပြောနိုင်တဲ့ နိုင်ငံရေးသမား လူတန်းစား တစ်ရပ် ပေါ်ပေါက် လာခြင်းကြောင့် ဥပဒေပြုရေး ကိစ္စတွေမှာ ပိုပြီး အချိန်ပေးနိုင် လာတာကြောင့် ဖြစ်ပါတယ်။
ဒီတော့ မြန်မာနိုင်ငံမှာရော အဲဒီလို မလုပ်နိုင် ပေဘူးလားလို့ မေးစရာ ရှိပါတယ်။ မဖြစ်နိုင်သေးဘူး လို့ပဲ ထင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ၄၇ အခြေခံ ဥပဒေအရ ပေါ်လာတဲ့ လွှတ်တော်မှာရော၊ ၇၄ အခြေခံ ဥပဒေအရ ပေါ်လာတဲ့ လွှတ်တော်မှာရော၊ ၂၀၀၈ အခြေခံ ဥပဒေအရ ပေါ်လာတဲ့ လွှတ်တော်မှာရော ပါဝင်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် များဟာ မိမိအလုပ်နဲ့ နိုင်ငံရေး အလုပ် နှစ်ခုလုံးကို တွဲလုပ်နေရတဲ့ သူတွေ အများစု ဖြစ်နေလို့ပါပဲ။
အနောက် နိုင်ငံတွေမှာလို အချိန်ပြည့် နီးပါး ရုံးထိုင် လုပ်ဖို့ဆိုရင် လွှတ်တော် ကိုယ်စားလှယ်တိုင်းဟာ နေပြည်တော်မှာ နေစရာ၊ မိမိကိုယ်ပိုင် ရုံးအဖွဲ့ စသည်ဖြင့် ရှိရပါမယ်။ အဲဒီလို လုပ်နိုင်ဖို့ ကိုယ်ပိုင်ငွေ၊ မိမိကို ထောက်ခံသူများက ထည့်ဝင်ငွေ အပြင် နိုင်ငံတော်ကလည်း ထောက်ပံ့ ရပါသေးတယ်။ ကျွန်တော်တို့ ဆီမှာ လွှတ်တော် ကိုယ်စားလှယ် အများစုဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု အတွက်တောင် စေတနာရှင် လုပ်အားပေးများကို မှီခိုပြီး လုပ်နေရတာ ဖြစ်ပါတယ်။
တကယ်တော့ အနောက် နိုင်ငံတွေမှာ ပြည်ထောင်စု အဆင့် နိုင်ငံရေး အလုပ်ဆိုတာ သူဌေးတွေမှ လုပ်နိုင်တာ လို့တောင် ပြောလို့ ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အမေရိကန် အောက်လွှတ်တော် အမတ်တစ်ဦးရဲ့ ပျမ်းမျှ ရွေးကောက်ပွဲ အသုံးစရိတ်ဟာ ဒေါ်လာ တစ်သန်းကျော် ရှိပါတယ်။ အထက်လွှတ်တော် အမတ်တစ်ဦး အတွက် ပျမ်းမျှ ရွေးကောက်ပွဲ အသုံးစရိတ်က ဒေါ်လာ ငါးသန်းကျော် ရှိပါတယ်။ သမ္မတလောင်း တစ်ဦးကျတော့ အဲဒီထက် အဆများစွာ ပိုသွားပြီး ၂၀၀၈ ရွေးကောက်ပွဲ မှာ အိုဘားမားက ရွေးကောက်ပွဲ အသုံးစရိတ် ဒေါ်လာ သန်းခြောက်ရာကျော် သုံးခဲ့ပြီး အဲဒီ အထဲက ဒေါ်လာ သန်း ၄၂၃ သန်းက မီဒီယာ လုပ်ငန်းတွေမှာ သုံးခဲ့ရတာ ဖြစ်ပါတယ်။
နောက်ပြီး ဝါရှင်တန်မှာ အမြဲရုံးထိုင်နိုင်ဖို့အတွက် နိုင်ငံတော်က လွှတ်တော်အမတ် တစ်ဦးကို လစာအဖြစ် တစ်နှစ်ကို ဒေါ်လာ တစ်သိန်း ခုနှစ်သောင်းကျော်ကို လစာအဖြစ် ပေးရပါတယ်။ တကယ်တော့ လစာလို့ မသုံးပါဘူး။ တစ်ခြားအလုပ် မလုပ် ရတဲ့အတွက် လျှော်ကြေး compensation လို့ သုံးပါတယ်။ ဥက္ကဌများနဲ့ လူများစု၊ လူနည်းစု ခေါင်းဆောင် ဆိုသူတွေ ကတော့ အဲဒီထက် ပိုရပါတယ်။ အဲဒါအပြင် မိမိရုံး လုပ်ငန်းတွေ လုပ်ဖို့အတွက် အသုံးစရိတ် အဖြစ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို နိုင်ငံတော်က ပျှမ်းမျှ တစ်နှစ်ကို ဒေါ်လာ ၁.၄ သန်းကျော် ထောက်ပံ့ ပေးပါတယ်။ အဲဒါက မိမိရုံး အဖွဲ့ အတွက် လစာ မပါသေးပါဘူး။ အမေရိကန် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဟာ အမြဲတမ်း ရုံးဝန်ထမ်း ၁၈ ဦးနဲ့ ယာယီဝန်ထမ်း လေးဦး ခန့်ခွင့်ရှိပြီး ဝန်ထမ်းတစ်ဦး အတွက် ပုံသေလစာ ဒေါ်လာ တစ်သိန်း ခြောက်သောင်းကျော် သတ်မှတ် ပေးထားပါတယ်။ အခု ဖော်ပြ ထားတာများဟာ အောက်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအတွက် ဖြစ်ပြီး အထက် လွှတ်တော် ကိုယ်စားလှယ်များ အတွက်ကျတော့ ဒီထက် များပါတယ်။ ကုန်ကျစရိတ် အခြေအနေ မှန်းဆ နိုင်အောင် ဖော်ပြခြင်းသာ ဖြစ်ပါတယ်။ အခု ဖော်ပြတာ အပြင် လွှတ်တော် တာဝန်နဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတဲ့ စရိတ်များ၊ အခွန်သက်သာခွင့်၊ ကျန်းမာရေး အာမခံ၊ ပရိဘောဂ ဝယ်ယူခွင့် ဆိုတဲ့ အသုံးစရိတ် တွေကိုလည်း ထောက်ပံ့ ပေးရပါတယ်။ ဒါဟာ အမေရိကန်သာ မဟုတ်ပါ ဖွံ့ဖြိုးပြီး နိုင်ငံများက လွှတ်တော်တိုင်းမှာ ဒီစနစ်အတိုင်းပဲ ဖြစ်ပါတယ်။
ဒါတောင်မှ ဒါဟာ ရုံးကိစ္စ အတွက်ပဲ သုံးဖို့ ခွင့်ပြုထားတာ ဖြစ်ပြီး အိမ်ခန်းငှားခ၊ အိမ်ငှားခ၊ ဧည့်ခံစရိတ် ဆိုတာတွေ အတွက် မိမိ ရွေးကောက်ပွဲ ရန်ပုံငွေ တွေထဲက သုံးရတာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံမှာ လွှတ်တော် ကိုယ်စားလှယ်များကို ကာလကြာရှည်စွာ ရုံးထိုင် ခိုင်းထားဖို့ ဆိုတာ မဖြစ်နိုင် သေးဘူးလို့ ထင်ပါတယ်။ သို့သော် လွှတ်တော် ကော်မတီဝင်များ ကိုတော့ လွှတ်တော်တစ်ခုနဲ့ တစ်ခုကြားမှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခေါ်ပြီး အလုပ် လုပ်တာမျိုးတော့ ဖြစ်နိုင်ပါတယ်။ အခုလည်း အဲဒီပုံစံမျိုး ကျင့်သုံး နေတာကို သတိထား မိပါတယ်။ ဒီလိုပြောတော့ လွှတ်တော်ကိုယ်စား လှယ်များရဲ့ အခန်းကဏ္ဍမရှိတော့ဘူးလားလို့ မေးစရာရှိပါတယ်။
မဟုတ်ပါဘူး။ လွှတ်တော်တစ်ခုနဲ့ တစ်ခုကြားမှာ လွှတ်တော် ကိုယ်စားလှယ်များဟာ မိမိရဲ့ မဲဆန္ဒနယ်မှာ ပြန်ပြီး ပြည်သူ များနဲ့ ထိတွေ့ခြင်း၊ ပြည်သူတွေရဲ့ အခက်အခဲ များနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးခြင်း၊ ဝန်ကြီးဌာန များကို ဆက်သွယ် စာရေး မေးမြန်းခြင်းတွေ လုပ်နိုင်ပါတယ်။ အခုလည်း ဦးသိန်းညွှန့်တို့အဲဒီပုံစံ လုပ်နေတာ ဂျာနယ်များမှာ ဖတ်ရပါတယ်။
ဒီနေရာမှာ တစ်ခု ထောက်ပြ ချင်တာက လွှတ်တော် ကိုယ်စားလှယ်များ အချိန်ပြည့် နီးပါး အလုပ် လုပ်နေတဲ့ အတွက် ဥပဒေပြုရေး လုပ်ငန်းတွေ ပိုမြန်လာတဲ့ ကောင်းကျိုး ရှိသလို မဲဆန္ဒနယ်မြေက လူများနဲ့ အဆက် ပြတ်နေတဲ့ ဆိုးကျိုးလည်း ရှိပါတယ်။ အမေရိကန်မှာ ဆိုရင် ဒေသခံ မဲဆန္ဒနယ်က လူတွေက လွှတ်တော် ကိုယ်စားလှယ် များဟာ ကိုယ့်နယ်မြေကို ပြန်ပြီး ထိတွေ့တဲ့ အချိန် နည်းပါးမှုကို ထောက်ပြ ပြောဆိုတာတွေ မကြာခဏ ကြားရ၊ ဖတ်ရမှာ ဖြစ်ပါတယ်။
ဒီတော့ လွှတ်တော် လုပ်ငန်းများ အသက်ဝင်ဖို့ ဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေ အမြဲတမ်း ရုံးထိုင်နေမှ မဟုတ်ဘဲ မိမိနိုင်ငံနဲ့ သင့်တော်တဲ့ နည်းနဲ့ လွှတ်တော် တစ်ခုနဲ့ တစ်ခုကြားမှာ ကိုယ်စားလှယ် များကလည်း လုပ်လို့ ရပါတယ်။ လုပ်ကြဖို့ပဲ လိုပါတယ်လို့သာ တင်ပြချင်ပါတယ်။

.ကောင်းမှာလား၊မြောင်းမှာလား....ဦးသိန်းစိန်...

လုပ်ငန်းရှင်တွေ...ပွဲစားကြီးငယ်တွေဆီကပိုက်ဆံကိုယူဆင်းရဲသားကိုပေးလိုက်တာနဲ့

တိုင်းပြည်တိုးတက်ပြီလား...

ဆင်းရဲမွဲတေတာပပျောက်သွားမှာလား....

နိုင်ငံတကာနဲ့တန်းညီတဲ့ဝင်ငွေရဖို့အလုပ်လေးဘာလေး

မစဉ်းစားနိုင်တော့ဖူးလား။ပြောမယ့်သာပြောရတယ်...

ပိတ်ဆို့တာကတပိုင်း။ပဲခူးကျော်လို့သထုံလောက်ရောက်တာနဲ့နယ်မြေကမအေးချမ်း

တော့ဖူး....အချို့လုပ်ငန်းတွေဆိုစစ်တပ်ပါလိုက်ပေးရသေးတယ်....

တကယ်ဆိုမကောင်းတမွန်လေးနေရတဲ့နေရာကတနိုင်ငံလုံးဧရိယာ နဲ့ယှဉ်ကြည့်ရင်

တကယ့်ကိုမှကျဉ်းကျဉ်းလေး...

စာတပုဒ်ထဲဖတ်ဖူးတာ..

အာဏာရှင်ဆိုတာတဲ့..

သူတို့ပြောင်းချင်သလိုပဲပြောင်းသွားတယ်...

သူများအလိုဘယ်တော့မှမလိုက်ဖူးတဲ့...

ပြောင်းရင်းနဲ့ကောင်းသွားတာရှိသလို..

ပြောင်းရင်းနဲ့မြောင်းထဲလဲရောက်သွားတတ်ပါတယ်တဲ့ ...

ရှစ်လေးလုံးကို ပြန်ကြည့်ခြင်း

by Htain Linn on Thursday, August 4, 2011 at 2:12pm
            စောင့်ကြရင်း မျှော်ကြရင်းနဲ့ ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်ခဲ့တာ ၂၃ နှစ် ရှိခဲ့ပါပြီ။ ၈၈ တုန်းက အသက် ၂၀ ကျော် ကျောင်းသားများက ယနေ့ ၄၀ ကျော် ၅၀ အတွင်း ဖြစ်ခဲ့ပါပြီ။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးသမားကြီးတွေ၊ သခင် သခင်မကြီးတွေအပါအ၀င် ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်သူ အများအပြားလည်း ကွယ်လွန်ခဲ့ပါပြီ။ အုပ်စိုးသူဆိုရင်လည်း န၀တ၊ နအဖ၊ ကြံ့ဖွံ့ စသဖြင့် အဆက်ဆက် အဆင်းအတက်တွေ လုပ်ခဲ့ပါပြီ။ နိုင်ငံရေးအကျဉ်းသား အရေအတွက်တွေကလည်း နည်းလိုက်များလိုက်၊ နိုင်ငံရေးလှုပ်ရှားသူတွေကလည်း ၀င်လိုက်ထွက်လိုက်နဲ့ တကယ့်ကို သံသရာရထားကြီး ခုတ်မောင်းနေတာပါပဲ။
            အဲဒီလို အချိန်ကာလတွေနဲ့လိုက်ပြီး ဖြစ်ပျက်ပြောင်းလဲခြင်းတွေ ရှိခဲ့ပေမယ့် ပကတိ အရှိတရားတွေကတော့ အတိတ်နဲ့ မျက်မှောက်ကာလ သိပ်မကွာလှပါဘူး။ လူထုကလည်း ကျပ်တည်းနေဆဲ၊ ပြည်တွင်းစစ်တွေလည်း ဖြစ်နေဆဲ၊ တိုင်းပြည်ကလည်း မွဲနေဆဲ၊ စီးပွားရေးအခြေအနေမကောင်းလို့ တိုင်းတပါးထွက်ပြီး ငွေရှာသူတွေကလည်း အရင်ကထက် များဆဲ၊ စစ်ဘေးကြောင့် ဖိနှိပ်မှုတွေကြောင့် ဒုက္ခသည်အဖြစ် ကိုယ့်တိုင်းပြည်ထက် မွဲတေခဲ့တဲ့နိုင်ငံတွေဆီ သွားရောက်ခိုလှုံနေရသူတွေကလည်း ရှိနေဆဲ၊ ဒါတွေက အတူတူလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကုန်ဈေးနှုန်းနဲ့ဝင်ငွေ အချိုးအဆ၊ ဆင်းရဲချမ်းသာ ကွာဟချက် အချိုးအဆတွေက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလနဲ့ ဘယ်လိုမှယှဉ်မရနိုင်အောင် ကြီးမားလှပါတယ်။
            ဒီလို ဒုက္ခပေါင်းစုံ ခံစားနေရဆဲဖြစ်လို့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေကို “ကိုယ့်ဘာသာ အေးအေးဆေးမနေကြဘူး။ သူတို့ကြောင့် ဒုက္ခရောက်ရတာ” ဆိုတဲ့ စကားမျိုးတွေနဲ့ ပြောဆိုတာတောင် ကြားခဲ့ဖူးပါတယ်။ ဒီလိုကျပ်တည်းမှ၊ ဒီလို အယူအဆတွေရှိမှ တော်လှန်ပုန်ကန်တာတွေ မရှိမှာ ဆိုတဲ့သဘောနဲ့ ပြည်သူတွေ ကျပ်တည်းအောင်၊ လှုပ်မရအောင် စနစ်တကျစီစဉ်ခဲ့လေသလားလို့တောင် တွေးစရာပါ။
            မြန်မာ့သမိုင်းမှာ အကြီးမားဆုံး လူထုအုံကြွမှုဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံအကြောင်း ပြောကြတဲ့အခါ အရေးတော်ပုံကို ဘယ်သူတွေက အကွက်ချ စီစဉ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေမျိုးစုံရှိနေတာမို့ ဘယ်ဟာက အမှန်ဆိုတာ အငြင်းပွားကောင်း ပွားနိုင်ပေမယ့် အဲဒီတုန်းက အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာကတော့ ငြင်းမရတဲ့အချက် ဖြစ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ်မီးတွေ၊ ဆဲဗင်းဂျူလိုင်၊ မှိုင်းရာပြည့်၊ ဦးသန့်ဈာပန အရေးအခင်း၊ ကျွန်းဆွယ်ပွဲ စတဲ့ ကျောင်းသားအရေးအခင်းများနဲ့ အလုပ်သမားအရေးအခင်းတွေက တောက်လိုက်ငြိမ်းလိုက် ဖြစ်ခဲ့တဲ့ မီးစ မီးတောက်တွေ ဖြစ်ပါတယ်။ အနီးစပ်ဆုံးကတော့ ငွေစက္ကူအရေးအခင်း နဲ့ ၈၈ မတ်လ အရေးအခင်းများပဲ ဖြစ်ပါတယ်။
            တကယ်တော့ လွတ်လပ်ခွင့်မရှိခြင်း၊ ဆင်းရဲမွဲတေမှု မြင့်မားခြင်း စတဲ့ နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်တွေကို ရိုးရိုးဖြောင့်ဖြောင့် မဖြေရှင်းဘဲ ဖိနှိပ်မှုတွေရှိနေသမျှ လူထုအုံကြွမှုတွေ၊ တော်လှန်ရေးတွေက ရှိနေမှာပါ၊ မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ အရေးတော်ပုံများဟာ ဒီသဘောတွေနဲ့ မကင်းပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံဟာလည်း မကျေနပ်မှုပေါင်းများစွာ၊ အရင်းအနှီးပေါင်းများစွာကို အရင်းတည်ပြီးမှ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
            မြို့ကြီး မြို့ငယ်တွေအနှံ့ ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း သိန်းနဲ့ချီတဲ့လူထု ပါဝင်ဆင်နွှဲခဲ့ပြီး မဆလ အစိုးရ အဆင့်ဆင့် ပြုတ်ကျခဲ့ပါတယ်။ တစ်လကျော်အတွင်း အုပ်ချုပ်ရေးယန္တရားတွေ ရပ်တန့်သွားတဲ့အထိ အရှိန်မြင့်ခဲ့ပါတယ်။ အရေးတော်ပုံကာလ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၃၀၀၀ မှ ၅၀၀၀ အထိ သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ အာဏာသိမ်းအစိုးရကတော့ တနိုင်ငံလုံးမှာ ၈ ယောက်ပဲ သေဆုံးခဲ့တယ်၊ ဒါတောင်မှ ဂိုဒေါင်တွေဖောက်လို့ ပစ်ခတ်ရင်း သေဆုံးခဲ့တာလို့ ဆိုခဲ့ပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ အခြေအနေမရှိသေးတော့ ထောင်ချီတဲ့ သေဆုံးသူတွေနဲ့ပတ်သက်လို့ ဒီကနေ့အထိ ဘာစာရင်းမှ အတိအကျ မတင်နိုင်သေးပါဘူး။
            ဒီလိုအရှိန်အဟုန်ကြီးမားခဲ့တဲ့ အရေးတော်ပုံကြီး ဘာကြောင့် အဆုံးသတ် မအောင်မြင်ခဲ့ပါသလဲ။ ပြန်လည်သုံးသပ်သူတွေက ကိုယ့်အတွေ့အကြုံ၊ ကိုယ့်အယူအဆတွေနဲ့ ကောက်ချက်ချကြပါတယ်။ အထူးသဖြင့် ခေါင်းဆောင်တွေ မညီညွတ်လို့၊ စစ်တပ်က လက်ဦးမှုရယူသွားလို့ ဆိုတဲ့ကောက်ချက်တွေကို တော်တော်များများ ကြားရပါတယ်။
            တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံအတွင်း လူသိထင်ရှားဖြစ်တဲ့ ခေါင်းဆောင်အနည်းငယ်ရဲ့ ဦးဆောင်မှုက လွဲရင် ဒေသအလိုက် ဦးဆောင်ခဲ့သူများဟာ ဒေသခံ နိုင်ငံရေးတက်ကြွသူများ ဖြစ်ပါတယ်။ အားလုံးက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နီးစပ်ရာတိုင်ပင်ပြီး ဆောင်ရွက်ကြတာပါ။ အဖွဲ့တွေများသလို ခေါင်းဆောင်တွေလည်း အများကြီးပါ။ နေရာစုံက တော်လှန်ရမယ်ဆိုပေမယ့် တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အဆက်အသွယ်တွေ တိုင်ပင်ညှိနှိုင်းမှုတွေ အားနည်းခဲ့ပါတယ်။ ဒါကြောင့် အင်အားတွေ တစုတစည်းတည်း မဖြစ်ခဲ့ပါဘူး။
            ဆက်သွယ်ရေးနည်းစနစ်တွေ မကောင်းခဲ့တာကလည်း အရေးတော်ပုံကို အားနည်းစေတဲ့အချက် ဖြစ်ပါတယ်။ ပြည်တွင်းဆက်သွယ်ရေးမကောင်းလို့ ပြည်ပအသံလွှင့်ဌာနတွေကိုသာ အားကိုးခဲ့ရသလို ပြည်တွင်းမှာဖြစ်ပျက်နေသမျှ ပြည်ပက သေသေချာချာ မသိခဲ့တဲ့အတွက်လည်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ပံ့ပိုးမှုတွေ ကောင်းကောင်းမရခဲ့ပါဘူး။ ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့် မသိလိုက်တဲ့ တော်လှန်ရေးကြီးပါ။
            နောက်တစ်ချက်ကတော့ အရေးတော်ပုံရဲ့ ခေါင်းဆောင် အသေအချာ မရှိခဲ့တာပါ။ အထူးသဖြင့် တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင် အံဝင်ခွင်ကျ မဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ကျောင်းသားတွေနဲ့ ပြည်သူလူထု ဆိုတာက တော်လှန်ဖို့၊ ပုန်ကန်ဖို့၊ ဆန္ဒပြဖို့၊ မကြိုက်တဲ့အစိုးရကို ဖြုတ်ချဖို့ပဲ ပြင်ဆင်ခဲ့တာပါ။ တော်လှန်ရေးအောင်မြင်ရင်၊ အစိုးရပြုတ်ကျသွားရင် အာဏာကို ဘယ်လိုသိမ်းမယ်၊ အုပ်ချုပ်ရေးယန္တရားကို ဘယ်လိုကိုင်တွယ်မယ် ဆိုတာမျိုးတွေတော့ ပြင်ဆင်မထားပါဘူး။ အဲဒါတွေ မလုပ်နိုင်ခင် စစ်တပ်က အာဏာသိမ်းခဲ့လို့ လူထုအရေးတော်ပုံကြီး တခန်းရပ်ခဲ့တာဖြစ်ပါတယ်။     
            အားနည်းချက်တွေ လိုအပ်ချက်တွေချည်း ပြောမိလို့ ရှစ်လေးလုံးအရေးတော်ပုံကြီးက အရှုံးနဲ့ အဆုံးသတ်ခဲ့ရတယ်လို့ မယူဆစေချင်ပါဘူး။ ပြည်သူတရပ်လုံး အားကိုးရတဲ့ ခေါင်းဆောင်ပေါ်ထွန်းခဲ့တာ၊ လူထုကြား နိုင်ငံရေးအသိတွေ ကိန်းအောင်းလာတာ၊ တော်လှန်ရေးမျိုးဆက်မပြတ်ဘဲ ရှိနေတာတွေက ရှစ်လေးလုံးရဲ့ အကျိုးရလဒ်များဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ ရက်စက်မှု၊ ကောက်ကျစ်မှု၊ မဖြောင့်မတ်မှုတွေက အရေးတော်ပုံရဲ့ အားနည်းချက် အားသာချက်များနဲ့ ဘာမှ မဆိုင်ပါဘူး။ ခေါင်းစဉ်လွဲမှားပြီး ကောက်ချက်ချမိတတ်လို့ပါ။
            အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေကို သုံးသပ်ထားတဲ့ ကျောင်းသုံးသမိုင်းစာအုပ်တွေမှာ လက်နက်အင်အား၊ လူအင်အား မမျှလို့ အရေးနိမ့်ခဲ့ရတယ်လို့ ဖတ်ခဲ့ရတော့ လက်နက်များရင် ဒါမဟုတ် လူများရင် နိုင်မလိုလို တွေးမိဖူးပါတယ်။ အဲဒါတွေများရင်ရော အင်္ဂလိပ်ကို အသေအချာ နိုင်ခဲ့မလားဆိုတာကလည်း မရေရာပါ။       ရှစ်လေးလုံးအရေးတော်ပုံမှာလည်း ဘယ်သူတွေက ဘယ်လိုမလုပ်လို့၊ ဘယ်သူတွေက မညီညွတ်လို့၊ အချိန်ကာလ တိုတောင်းလို့၊ စစ်တပ်က လက်ဦးလို့ စသဖြင့် ကောက်ချက်ချကြပေမယ့် အဲဒါတွေ တကယ်ဖြစ်ခဲ့ရင်ရော အောင်မြင်မှာလား ဆိုတဲ့အချက်ကလည်း မသေချာပါ။ ဒီလိုလုပ်မိခဲ့ရင် ကောင်းသား၊ ဟိုလို မလုပ်လိုက်မိလို့ ဒီလိုဖြစ်တာ စသဖြင့် နောင်တတရားတွေကို ဆုပ်ကိုင်ရင်း လက်ညှိုးထိုးမယ့်အစား လုပ်စရာရှိတာလုပ်ရင်း အရာရာအတွက် အသင့်ပြင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
            တိုင်းပြည်ရဲ့ကံကြမ္မာဆိုတာ ပြည်သူလူထုရဲ့ ကံကြမ္မာနဲ့ ထပ်တူကျနေပါတယ်။ တစ်ဦးချင်းရဲ့ ကံကြမ္မာ ကောင်းဖို့ တစ်ဦးချင်းကပဲ ကြိုးစားရမှာပါ။ အတိတ်ကို အတိတ်မှာ ထားရစ်ခဲ့ပေမယ့် အတိတ်က သင်ခန်းစာတွေ၊ အားနည်းချက် လစ်ဟာချက်တွေကိုတော့ အမှတ်ရဆင်ခြင်ဖို့လိုပါတယ်။ တချိန်က မှားခဲ့ရင် ထပ်မမှားဖို့၊ တချိန်က လိုအပ်ချက်တွေရှိခဲ့ရင် ဖြည့်စွက်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ နောက်ကို ပြန်ငဲ့ကြည့်ဖို့ လိုအပ်ပေမယ့် ရှေ့ကိုတော့ ရောက်အောင်လှမ်းရမှာ ဖြစ်ပါတယ်။
            ရှစ်လေးလုံးလို နောက်ထပ် အရေးတော်ပုံကြီးတစ်ခု ဖြစ်ပေါ်ဖို့ဆိုတာ မသေချာပေမယ့် ၁၉၈၈ ခုနှစ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးတစ်ခု အသေအချာကို ပေါ်ပေါက်ခဲ့တာပါ။ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ သမိုင်းဆိုတာ ဘယ်တော့မှ ဖျောက်ဖျက်လို့ မရနိုင်ပါ။                 ။

ထိန်လင်း
၂၉၊ ၇၊ ၂၀၁၁


ဇော်ဇော် သို့မဟုတ် သွေးသောက်ဘီလူး

by Ye Thurein Min on Thursday, August 4, 2011 at 5:39pm
နအဖဒေါက်တိုင်
.......................
နအဖကို အာဏာ သက်ဆိုးရှည်အောင် ထောက်ပံ့နေတဲ့ဒေါက်တိုင် ၃ မျိုး ရှိပါတယ်။
၁။ စစ်သားဦးရေ ၂ သိန်းကျော်(ခန့်မှန်း)ရှိတဲ့ စစ်တပ်ကြီး
၂။ ကြံ.ဖွင့် ၊ စွမ်းအားရှင် (သန်းဂဏန်း)
၃။ နအဖစားဖားများ ( ၄င်းတို့ အခေါ် စည်းပွားရေး လုပ်ငန်းရှင်ကြီးများ )


ပထမအဖွဲ့က လူထုဆန့်ကျင် ဆန္ဒပြပွဲတွေမှာ အသေပြစ်သတ်ခိုင်းရင် ပြစ်မဲ့ အဖွဲ့ပါ။
ဒုတိယအဖွဲ.က နအဖ အာဏာမြဲရေး အတွက် မဲလိမ် မဲခိုးပေးမဲ့အဖွဲ.
တတိယ အဖွဲ.ကတော့ နအဖ စစ်ခေါင်းဆောင် တွေ စည်းစိမ်အာဏာ မှာ ရစ်မူးနေအောင် ငွေကြေးရှာဖွေပေးနေသူများ။


ဇော်ဇော် က တတိယအဖွဲ.ထဲမှာပါတဲ့ နအဖ ဒေါက်တိုင် မြန်မာနိုင်ငံ စစ်သက်ဆိုးရှည်အောင် ထောက်ပံ့နေသူ။


အမှားတွေကြာတော့ အမှန်တွေဖြစ်
..........................................
ဇော်ဇော် ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီး စည်းပွားတက်လာသူ တနည်း စစ်ဗိုလ်ချုပ်များနဲ့ အပြန်အလှန် စီးပွါးရေး အထောက်အပံ့ပေးနေသူ သူ့ရဲ့ ချမ်းသာမှုကို မီလျံ အဆင့်ထိ ခန့်မှန်းကြပါတယ်။
ဒီနေရာမှာ သူဟာ တခြား စီးပွါးရေး သမားတွေထက် ပါးနပ်တဲ့ အချက်က ပြည်သူထောက်ခံမှုရအောင် ကြိုးစားယူပါတယ်။
ပြည်သူ အသဲစွဲ ဘောလုံးလောကမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်ပါတယ်။ ဖီဖာ ဥက္ကဌကိုတောင် မြန်မာနိုင်ငံ ရောက်အောင် ခေါ်နိုင်ခဲ့တယ်။
ငွေကိုကောင်းကောင်းသုံးခဲ့တယ်။ ပြည်ပဘောလုံးသမားတွေ ဌားရမ်းပီး ဘောလုံးလောက တိုးတက်ရေးဆိုပြီး လုပ်ကိုင်ခဲ့တယ်။
သူသုံးစွဲခဲ့တဲ့ ငွေဘယ်လောက်များမလဲ ဒေါ်လာ ၂ သန်းဟု ခန့်မှန်းမည်ဆိုလျှင် သူပိုင်ငွေရဲ့ မပြောပလောက်တဲ့ ရာခိုင်နှုံးသာ ရှိပါမယ်။
ဘောလုံး လောကကို အကြောင်းပြပြီး နိုင်ငံကြီး တိုးတက်နေသယောင် နအဖရဲ့ ဟန်ပြတွေကို ပူးပေါင်းဖန်တီးနေသူဖြစ်ပါတယ်။
နအဖကိုလည်းဖား ပြည်သူကိုလည်း လှည့်စားနေခြင်းမျှသာ။  ဒီလိုလုပ်လို့လည်း တဖက်လှည့် ပြန်ရခဲ့တဲ့ အကျိုးအမြတ် ပရောဂျက်က သူကုန်ကျ ငွေထက် များဖို့ပဲရှိပါတယ်။
        ဒီငွေတွေ အားလုံးဟာ ပြည်သူတွေရဲ့ အသက်တွေ အသွေးတွေ ၊ သူ့ရဲ့ မတရားမှုကရတဲ့ ချမ်းသာမှုဟာ  ပြည်သူ့ဘဏ္ဍာ လုယူခိုးစားနေမှုများသာလျှင်ဖြစ်ပါတယ်။ သူရဲ့ တကွက်ကောင်း အများအမြင်လှအောင် နအဖကို ဖားတဲ့ လုပ်ရပ်ဆိုတာကို လူတွေ ထည့်မတွက်မိကြဘူး။ ဒီလိုနဲ့ ပြည်သူတွေမှာ သူတို့ရဲ့ လုပ်ရပ်တွေအပေါ်မှာ ထင်ယောင်ထင်မှားနဲ့ မှန်သလိုထင်လာပြီး စစ်အစိုးရကို မသိစိတ်က အလိုလို ထောက်ခံနေအောင် ဖန်တီးထားတဲ့ လုပ်ကွက်သက်သက်ပါ။ ကျွန်တော်တို့ ဘက်က မြင်အောင်ကြည့်နိုင်ဖို့ လိုပါတယ်။ ဒီလူတွေဟာ အမျိုးမျိုး လှည့်စားပြီး အာဏာကိုဆုပ်ကိုင်ထားဖို့ ကြံစည်နေသူများသာ။


ငါမရှိလဲဖြစ်တယ်
......................
ဒီနေရာမှာ လူတွေရဲ့ အရိုးစွဲနေတဲ့ အတွေးအခေါ်ဟောင်းတခုကို ဆွေးနွေးလိုပါတယ်။ တချို.သူတွေဟာ ဒီအဖွဲ.မှာငါရှိမှ ဖြစ်မှာ။ သူရှိမှ ဖြစ်မှာ ဆိုတဲ့ အတွေးအခေါ်တွေဟာ တော်တော်ကို ဒုက္ခဖြစ်စေပါတယ်။ ခိုင်မာတဲ့ လူ့အဖွဲ.အစည်းတရပ် သို့မဟုတ် အများလက်ခံနိုင်သော စည်းစံနစ်တွေရှိနေတဲ့ လူ့အဖွဲ.အစည်းမှာ "သူ", "ငါ" ဆိုတာတွေ မလိုတော့ပါဘူး။ ဥပမာ ယနေ့ အမေရိကန်သည် အိုဘားမား ကြောင့်မဟုတ် အိုဘားမား ဆိုသူ သမ္မတ မဖြစ်လည်း အမေရိကန်ကတော့ ဆက်လက်ချီတက်နေမှာပါ။
အမေရိကန် အတွက် သူ ရှိမှ ငါ ရှိမှ ဆိုတဲ့ အတွေးအခေါ် မလိုပါဘူး။ အိုဘားမား မရှိလည်း အမေရိကန်ကို အုပ်ချုပ်နိုင်သော သမ္မတတွေ အများကြီးရှိနေပါသေးတယ်။
  ကျွန်တော် ဆွေးနွေးလိုတာက ယနေ့ ဘောလုံးလောက တိုးတက်နေတာဟာ ဇော်ဇော်ကြောင့် ၊ သူဖန်တီးခဲ့လို့ ။ ကျွန်တော် လက်မခံပါ။ ဒါပေမဲ့ နိုင်ငံတော် အစိုးရတရပ်အနေနဲ့ နိုင်ငံရဲ့ ဘောလုံးလောကကို တိုးတက်စေချင်ရင် တိုးတက်ဖို့ စေတနာအမှန်ရှိရင် ဇော်ဇော်ဆိုတာမလိုတော့ပါဘူး။ သူ့နေရာမှာ အခြားသူ့လို လုပ်နိုင်သူတွေ ရှိမှာပါ။ အခြားတဖက်ကတွေးရင်လည်း စည်းပွားရေးသမားတယောက်က ဘောလုံးလောကကို ငွေစိုက်ပြီး တိုးတက်အောင် လုပ်နေတယ်။ ဘာကြောင့်ပါလည်း။ သူ့အတွက် အကျိုးအမြတ် ပြန်မရနိုင်သော နေရာ၌ ငွေကြေးအမြောက်အများ သုံးစွဲလျှက်ရှိနေတယ်။ ဘာကြောင့်လည်း။ မေးစရာတွေ ဖြစ်လာပါပြီ။
ကျွန်တော့ အမြင်ကတော့ အခြားတဖက်လှည့် နအဖကို ပရော့ဂျက်များရအောင် ဖားနေခြင်း  နိုင်ငံတော်ကြီး တိုးတက်နေသယောင် နအဖ လှည့်ကွက်အား အားဖြည့်နေခြင်းသက်သက်သာ ဖြစ်ပါတယ်။ နအဖ အလိုတော်ရိ စားဖား တယောက်အတွက် "စေတနာနဲ့ လုပ်နေတာပါ" ဆိုတဲ့ စကားလုံးဟာ ထိုက်တန်ပါရဲ့လား။ နအဖနဲ့ စားဖားတွေဟာ ပြည်သူတွေရဲ့ အသွေးအသားကို မြန်ရည်ရှက်ရည် စားသောက်နေကြသော ဘီလူးများသာ။


တံလျှပ်ကိုရေထင်
..........................
နအဖ စစ်သက်ဆိုးကို တိုက်ထုတ်တဲ့နေရာမှာ အရေးအပါဆုံး ဒေါက်တိုင်တွေကို ဖြိုဖို့လိုပါတယ်။ ဇော်ဇော် ဟာ ဒီအထဲက တယောက်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့အချက်ပါ။ သူဟာ နအဖလို အာဏာရူးတွေကိုတောင် လက်ထဲထည့်ကစားနိုင်ရင် ကျန်ပြည်သူတွေကိုတော့ အေးအေးဆေးဆေး ပင် လှည့်စားနိုင်သူပါ။ သူ့ကိုထောက်ပံ့နေတဲ့ ဂျာနယ်တွေကရော သူ့လို နအဖစားဖားတွေ ၊ နအဖ ထုတ်ဂျာနယ်တွေပါ။
ဒီနေရာမှာ တံလျှပ်ကို ရေထင်နေအောင် သူတို့ကို သူရဲကောင်းတွေ အဖြစ်မြင်လာအောင် ဖန်တီးနေခြင်းသက်သက်မျှသာ။ အချိန်ဆွဲ သွေးအေး အောင်လုပ်တဲ့နည်းဗျူဟာ တွေသာဖြစ်ပါတယ်။ ကြာလာရင် ဒီလူတွေဟာ နအဖနဲ့ လက်ဝါးရိုက်ပြီး ဘွဲ.တံဆိပ်တွေ မျိုးစုံအောင်ယူ ၊ နိုင်ငံတော်ရဲ့ ကယ်တင်ရှင်ကြီးတွေဖြစ်ပြီး အတိုက်အခံတွေကတော့ အဖျက်သမားတွေဖြစ်ကုန်တော့မှာပါ။
ယခုပင်လျှင် စောင့်ကြည့်ပါအုံး စောင့်ကြည့်တာပေါ့ ဆိုသူတွေ ဘာတွေများ ထူးထူးခြားလာတာတွေ.နေရပါသလည်း။
အားလုံးဟာ နအဖရဲ့ စုံလင်သောလှည့်ကွက်တွေကို တံလျှပ် ရေထင်သကဲ့သို့ မေ့မြောနေကြပါပြီ။ ဒီလိုနဲ့ပဲ စစ်မျိုးဆက်တခုကတော့ ဆက်လက် ရှင်သန်နေအုန်းမည်ဟု ထင်မြင်မိပါကြောင်း။

ရှက်သင့်တာကို ရှက်တတ်ကြပါစေကြောင်း နှင့်
အားလုံးပဲ မှန်မှန်ကန်ကန် သုံးသပ်ရင်း မြင်အောင်ကြည့်နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။
ရဲသူရိန်မင်း
04.08.2011


ဇော်ဇော်ဆိုတာ ဘယ်လိုလူစားမျိုးလဲ သိနိုင်ရန် ၀ီကီလိတွင် ဖေါ်ပြခဲ့သော 2009 ခုနှစ်က အကြောင်းထည့်သွင်းဖော်ပြလိုက်ပါတယ်။

အကြောင်းအရာ။     ။ မြန်မာနိုင်ငံ - (စစ်အစိုးရ) အပေါင်းပါ ဇော်ဇော်၏ လှုပ်ရှားမှုများအကြောင်း နောက်ဆုံးရရှိသော သတင်းများ
(၂ဝဝ၉) ခုနှစ်၊ ဇွန်လ (၁၆) ရက်။

လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ - စီးပွားရေးအရာရှိ ဆမန်သာ အေ ကားလ်-ယိုဒါ (Samatha A. Carl-Yoder) for Reasons 1.4 (b and d)

အကျဉ်းချုပ်
-------
(၁) စစ်အစိုးရ၏ အပေါင်းအပါတဦးဖြစ်သူ ဇော်ဇော် မြန်မာနိုင်ငံရှိ သူ၏ လုပ်ငန်းများကို တိုးချဲ့လျက်ရှိသည်။ ဇော်ဇော်သည် မက်စ် မြန်မာကုမ္ပဏီစု (Max Myanmar Group of Companies) အပြင် အဖျော်ယမကာ ပုလင်းသွပ် ကုမ္ပဏီ၊ ဘိလပ်မြေစက်ရုံ တရုံ၊ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီတခု၊ ဖားကန့်ရှိ ကျောက်စိမ်းတွင်း တတွင်း၊ မွန်ပြည်နယ် ရှိ ရာဘာခြံတခြံနှင့် ကြေးစား ဘောလုံးသင်း တသင်းတို့ကိုလည်း ပိုင်ထားသည်။ ရန်ကုန်ရှိ သံရုံးက နိုင်ငံခြားအရင်းအနှီး များထိန်းချုပ်ရေးရုံး (OFAC) ၏ ဒဏ်ခတ်မည့် စာရင်းတွင် ဇော်ဇော်၏ နောက်တိုး ကုမ္ပဏီများနှင့် ထိုကုမ္ပဏီများ၏ ထိပ်တန်းမန်နေဂျာများ (စာပိုဒ် ၅ တွင် ဖေါ်ပြထားသည်) ကို ထည့်သွင်းရန် အကြံပြုထားသည်။ (အကျဉ်းချုပ် ပြီးဆုံး)

နောက်တိုး စီးပွားရေးလုပ်ငန်းများ 
--------------
(၂) ဇော်ဇော်သည် မြန်မာနိုင်ငံစစ်အစိုးရ၏ နောက်တက်လာသော အပေါင်းပါများအနက် တဦးဖြစ်ပြီး သူ၏ စီးပွားရေး လုပ်ငန်းများကို ဆက်လက်တိုးချဲ့လျက်ရှိသည်။ သူ၏ ဆောက်လုပ်ရေှးနှင့် ခရီးသွားလာရေး လုပ်ငန်းကို ကြီးကြပ်သော မက်စ် မြန်မာကုမ္ပဏီစုကို ဘဏ္ဍာရေးဌာန၏ ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းပြီးဖြစ်သည် (ရည်ညွှန်းချက် -က)။ ဇော်ဇော်သည် ပြည်တွင်းသုံးအတွက် မက်စ်ကိုလာ အပါအဝင် အဖျော်ယမကာများ ထုတ်လုပ်သော ပင်းယ ထုတ်လုပ် ရေးကုမ္ပဏီ လီမိတက်ကိုလည်း ပိုင်ဆိုင်ကြောင်း ကျွန်ုပ်တို့ အတည်ပြုပြီးဖြစ်သည်။ ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ သည် ကျပ်ငွေ(၁၂. ၅) သန်း (၁၉၉၈ က အမေရိကန်ဒေါ်လာ ၄၁, ဝဝဝ ဒေါ်လာ) ရင်းနှီး မြှုပ်နှံမှုဖြင့် စတင်ခဲ့ပြီး ယခုအခါ အလုပ်သမား (၇ဝ) ကျော်ကို ခန့်ထားသည်။ ပင်းယ ထုတ်လုပ် ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း၌ ဖြန့်ချိရေးဌာနခွဲပေါင်း (၁၃) ခုရှိသည်။

ဇော်ဇော်သည် မက်စ်မြန်မာ ကုမ္ပဏီ၏ ကွပ်ကဲမှုအောက်မှာ သူ၏စီးပွားရေးလုပ်ငန်းများကို တိုးချဲ့နေကြောင်း၊ ၎င်း တိုးချဲ့လုပ်ငန်းများတွင် အာရှလေဆိပ် စီမံကိန်းအတွက် စတီဗင်လောထံ ဘိလပ်မြေသွင်းရန်ဟု ကြားသိရသော နေပြည်တော်ရှိ ဘိလပ်မြေစက်ရုံ (ရည်ညွှန်းချက် -ခ)၊ နေပြည်တော်ရှိ ကွန်ကရစ်အုတ် စက်ရုံ၊ ဖားကန့်ရှိ ကျောက်စိမ်း တွင်းနှင့် မွန်ပြည်နယ်ရှိ ရာဘာခြံတို့ ပါဝင်ကြောင်း သံရုံး၏ စီးပွားရေး အဆက်အသွယ် (----) က အတည်ပြုပေးခဲ့သည်။ စီးပွားရေးအဆက်အသွယ် (---) ၏ သတင်းပေးချက်အရ ဇော်ဇော်သည် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လုံးခင်း ကျောက်စိမ်းတွင်းကို လုပ်ကိုင်နေကြောင်း၊ မကြာသေးမီကပင် ကျောက်စိမ်းလုပ်ငန်း အတွက် ဖားကန့်မှာ နောက်ထပ်မြေ ဧက (၅ဝ) ကို ရထားကြောင်း သိရသည်။ ဇော်ဇော်သည် ၂ဝဝ၉ မတ်လက အစိုးရ၏ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ လေလံတင်ရောင်းချပွဲမှာ ကျောက်စိမ်းအမြောက်အများ ရောင်းချခဲ့ကြောင်း သိရသည် (သတင်းပေးသူ အမည်ကို ဖြုတ်ထားသည်)။     

(၄ ) ဇော်ဇော်သည် ယခုလောလောဆယ်၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဝင် ကြေးစားဘောလုံးအသင်း တသင်းဖြစ်သော ဒယ်လ်တာယူနိုက်တက် အသင်း၏ ပိုင်ရှင်လည်း ဖြစ်သည်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏မြေးကို အသင်းမှာကစားရန် ငှားထားသည်ဟု အဆက်အသွယ်များက အတည်ပြုသည် (ရည်ညွှန်း ချက် -ဃ)။ ဇော်ဇော်သည် ဒယ်လ်တာ ယူနိုက်တက်အသင်း၏ ဌာနေဖြစ်လာမည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဘောလုံးကွင်း အားကစားရုံ အသစ်တရုံ တည်ဆောက်ရန်လည်း စီမံကိန်း စတင်ရေးဆွဲလျက်ရှိကြောင်း၊ အမေရိကန် ဒေါ်လာ (၁) ဘီလျံကျော်ကျော် ကုန်ကျမည်ဖြစ်ကြောင်းနှင့် ၂ဝ၁၁ တွင်အပြီး တည်ဆောက်လိမ့်မည်ဖြစ်ကြောင်း (---) နှင့် (---) တို့က ခန့်မှန်းကြသည်။

(၅) အောက်ပါတို့သည် ဇော်ဇော်ပိုင် နောက်တိုး ကုမ္ပဏီများနှင့်ပတ်သက်သော သတင်းအချက်အလက်များ ဖြစ်သည်။

ရန်ကုန်
-- ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့။ အမည်ပါ ပိုင်ရှင်- ဦးဇော်ဝင်းရှိန်၊ ဧရာ ဟင်္သာ ကုမ္ပဏီ လီမိတက် ပိုင်ရှင်။
-- လုံးခင်း ကျောက်စိမ်းတွင်း၊ ဖားကန့်၊ ကချင်ပြည်နယ်။
-- မက်စ်မြန်မာ ဘိလပ်မြေစက်ရုံ၊ တောင်ဖီလာ ထုံးကျောက်တွင်း အနီး၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်။
-- မက်စ်မြန်မာ ကွန်ကရစ်အုတ်စက်ရုံ၊ နေပြည်တော်။
-- မက်စ်မြန်မာ ရာဘာခြံ၊ ဘီးလင်း၊ မွန်ပြည်နယ်။
-- ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက် ဗန်းမော် အတွင်းဝန် လမ်း၊ စက်မှုဇုံ (၃)၊ လှိုင်သာယာ၊ ရန်ကုန်၊ ဖုန်း- ၉၅-၁-၆၈၁-၇၄၅။ ၉၅-၁-၆၈၅-၇၅။  ဖက်စ် - ၉၅-၁-၆၈ဝ-၆၆၉။ မန်နေဂျာချုပ် ဦး ကြည်လွင် (ခေါ်) ဦးကြံခင်း။ 

သံရုံး၏ အကြံပြုတင်ပြချက်
-----------------
(၆) ဇော်ဇော်သည် စစ်အစိုးရကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားနေပြီး အစိုးရအဆက်အသွယ်ဖြင့် သူ၏ စီးပွားရေး လုပ်ငန်းများကို တိုးချဲ့နေသော အလယ်အလတ်အဆင့် အပေါင်းပါတဦးဖြစ်သည်။ ၎င်း၏ မိသားစုနှင့်တကွ ၎င်း၏ ကုမ္ပဏီ အတော်များများသည် နိုင်ငံခြားအရင်းအနှီးများထိန်းချုပ်ရေးရုံး (OFAC) ၏ ပစ်မှတ်ထားသော ဒဏ်ခတ်စာရင်းတွင် ပါပြီး ဖြစ်သည်။ (OFAC) အနေနှင့် အထက်ဖေါ်ပြပါ ကုမ္ပဏီများနှင့် ထိပ်တန်းမန်နေ ဂျာတို့ကိုလည်း စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များ အက်ဥပဒေ (JADE Act) အရ အရေးယူပေးပါရန် ရန်ကုန်သံရုံးက အကြံပြုတင်ပြသည်။

(၆) မြန်မာအစိုးရသည် ဘဏ္ဍာရေးနှစ်ကုန်ပြီးနောက်တွင် အသုံးစားရိတ် ကြီးကြီး ပြထားသော နောက်ဆက်တွဲ ဘတ်ဂျက် ကို ထုတ်ပြန်လေ့ရှိသည်။ ၎င်း၏ နှစ်စဉ် စုစုပေါင်း လိုငွေသည် ရေးဆွဲထားသော တရားဝင်ဘတ်ဂျက်ထက် များစွာပို သည်။ သာဓကအားဖြင့် (၂ဝဝ၈-ဝ၉)ဘဏ္ဍာရေးနှစ် သုံးငွေသည် ဘတ်ဂျက်ထက် ကျပ်ငွေ (၇၄၃. ၉)ဘီလျံ(လက်ရှိ ပေါက်ဈေး အမေရိကန် ဒေါ်လာ ၇၄၃ ဘီလျံ) ပိုနေပြီး စုစုပေါင်း သုံးငွေသတ်မှတ်ချက်ထက် ၁၅ ရာနှုန်းပိုသည်။

(၇) “အစိုးရ”သည် လွန်ခဲ့သောနှစ်များ၌ အပိုသုံးငွေ ခွင့်ပြုချက် အများဆုံး (အမေရိကန်ဒေါ်လာ ၂၈၂ သန်း) ရရှိခဲ့ပြီး ၎င်း ပမာဏသည် (၂ဝဝ၈-ဝ၉) ဘဏ္ဍာရေးနှစ် အပိုသုံးငွေ၏ ထက်ဝက်နီးပါးရှိသည်။ ငွေများကို နေပြည်တော်ရှိ ဆောက်လုပ် ဆဲ လုပ်ငန်းများနှင့် အစိုးရ၏ အခြားအခြေခံအဆောက်အအုံလုပ်ငန်းများအတွက် သုံးစွဲသည်ဟု ယူဆရကြောင်း စီးပွား ရေး လုပ်ငန်းရှင်တဦးကပြောပြခဲ့သည်။ အစိုးရပိုင် လုပ်ငန်းများသည် ခွင့်ပြုငွေအများဆုံးရရှိသည်။ ကျပ်ငွေ (၁၈၅) ဘီလျံ (အမေရိကန်ဒေါ်လာ ၁၈၅ သန်း)ရရှိခြင်းဖြစ်ပြီး ဘတ်ဂျက်၏ ၆၅ ရာနှုန်း တိုးသွားခဲ့သည်။  ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်ငွေ (၉) ဘီလျံ (အမေရိကန်ဒေါ်လာ ၉ သန်း) တိုး၍ ရရှိခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ်ငွေ (၅၃) ဘီလျံ (အမေရိကန် ဒေါ်လာ ၅၃ သန်း) တိုး၍ ရရှိခဲ့သည်။ ဆိုင်ကလုံး မုန်တိုင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံအစိုးရသည် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနအတွက် ကျပ်ငွေ (၇၇)ဘီလျံ (အမေရိကန်ဒေါ်လာ ၇၇ သန်း) တိုး၍ ခွင့်ပြုပေးခဲ့ပြီး လူမှုဝန်ထမ်း ဝန်ကြီးဌာနကိုမူ ကျပ်ငွေ (၄၄) ဘီလျံ (အမေရိကန်ဒေါ်လာ ၄၄ သန်း) တိုးခွင့်ပြုခဲ့သည်။

အခွန်တော်ဝင်ငွေ ရရှိမှုနည်းခြင်း 
---------------------
(၈) လွန်ခဲ့သောနှစ် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ပုဒ်မ (၄) ဆွေးနွေးပွဲများ၌ အဖွဲ့ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအစိုးရ၏ အခွန် စီမံအုပ်ချုပ်မှုစနစ်ကို တိုးတက်ကောင်းမွန်အောင် ပြုပြင်သွားရန်နှင့် လိုလျှင် လိုသလို အခွန်လွတ်ငြိမ်းခွင့်ပေးနေမှုများကို ပြုပြင်သွားရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အရာရှိများ၏ ပြောပြချက်အရ မြန်မာစစ်အစိုးရသည် အဓိက အကြောင်းများဖြစ်သည့် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများနှင့် အစိုးရဝန်ထမ်းများ၏ ထိရောက်မှုမရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့် ဆောက်လုပ်ရေးကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများအတွက် ဘတ်ဂျက် အသုံးစရိတ် ပြဿနာတို့ကို ဖြေရှင်းခြင်းဖြင့် ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန်မှာ ၎င်းတို့၏ ရည်မှန်းချက် တခုဖြစ်ကြောင်း အကြောင်း ပြန်ခဲ့သည်ဟု သိရသည်။ သို့ရာတွင် မြန်မာအစိုးရသည် ၎င်း၏ အခွန်ကောက်ခံရေးစနစ်ကို ၂ဝဝ၈ အတွင်း မပြုပြင်ခဲ့ကြောင်းနှင့် သို့ဖြစ်၍ (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် အတွင်းမှာ အခွန် ဘဏ္ဍာဝင်ငွေ ၂၇ ရာနှုန်းတိုးရမည်ဟူသော အစိုးရ၏ ကြိုတင်တွက်ကိန်းမှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ကျွန်ုပ်တို့၏ စီးပွားရေး အဆက်အသွယ်များက ဆိုပါသည်။

(၉) လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အာဏာပိုင်များက ဝင်ငွေခွန်ကို ပိုမိုတိကျစွာကောက်ခံခြင်း၊ ကုန်ပစ္စည်းနှင့် မူလ ကုန်ကြမ်းအပေါ်မူတည်လျက် ရာဖြတ်နှုန်းကို ကျပ် (၄ဝဝ)၊(၁)ဒေါ်လာမှနေ၍ ကျပ်(၈ဝဝ)၊ (၁၂ဝဝ)ကျပ်အထိ တိုးမြှင့်ခြင်းအားဖြင့် အခွန်တော်ဝင်ငွေတိုးလာစေရန် ကြိုးပမ်းခဲ့သည်။ ဤသို့ ရာဖြတ်နှုန်းကို တိုးမြှင့်ခြင်းသည် အမျိုးမျိုးကွဲနေသော ငွေကြေးလဲလှယ်နှုန်းများကို ညှိယူရန် ကြိုးပမ်းသည့် သဘောဖြစ်သော်လည်း မြန်မာနိုင်ငံ၏ နဂိုမူလကတည်းက ရှုပ်ထွေးနေသော တရားမဝင် ငွေလဲစနစ်ကို ပို၍ ရှုပ်ထွေးသွားစေသည်ဟု မြန်မာအစိုးရအရာရှိများက အလွတ်သဘော ပြောပြကြသည်။

(၁ဝ) (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ပါ အချက်အလက်များအရဆိုလျှင် အစိုးရပိုင် စီးပွားရေးလုပ်ငန်း အများစု သည် အရှုံးနှင့် စခန်းသွားရမည်ဖြစ်သည်။ အမြတ်ကြီးကြီးရမည်ဟု ယူဆရသော သယံဇာတ ထုတ်ယူရေး လုပ်ငန်းများမှာ ပင်လျှင် အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၏ အသားတင် အရှုံးသည် အကြမ်းဖျင်းအားဖြင့် ကျပ်ငွေ (၄၈၄) ဘီလျံ (အမေရိကန် ဒေါ်လာ ၄၈၄ သန်း)ရှိလိမ့်မည် (သို့ရာတွင် ဤခန့်မှန်းချက်သည် အလွန်နိမ့်သော ခန့်မှန်းချက် ဖြစ်နိုင်ပါ သည်)ဟု ကြိုတွက်၍ ရသည်။ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများသည် (၂ဝဝ၈-၂ဝဝ၉) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၆ဝ၁) သန်း အရှုံးပြခဲ့ပြီး မြန်မာအစိုးရ မူလက ခန့်မှန်းထားသော အရှုံး ကျပ်ငွေ သန်း(၄၅ဝ) ထက် များစွာပိုနေပါသည်။ တရားဝင်ထုတ်ပြန်သော ဘတ်ဂျက်စာရင်း ဇယားများအရ အစိုးရပိုင် စီးပွားရေးလုပ် ငန်းများသည် (၂ဝဝ၇-၂ဝဝ၈) ဘဏ္ဍာ ရေးနှစ်တွင် ကျပ်ငွေ သန်း(၈ဝဝ)၊ (၂ဝဝ၆-၂ဝဝ၇) ဘဏ္ဍာရေးနှစ်တွင် ကျပ် ငွေ (၄၃၆) သန်းနှင့် (၂ဝဝ၅-၂ဝဝ၆) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၅၄၉)သန်း အရှုံးပေါ်ခဲ့သည်။

(၁၁) ရာထူးအဆင့်တိုင်းမှာ အကျင့်ပျက် ခြစားမှုရှိနေခြင်းသည် မြန်မာနိုင်ငံမှာ ပြဿနာတခုအဖြစ် ရှိနေပြီး အစိုးရ၏ အခွန်ငွေ ကောက်ခံနိုင်မှုစွမ်းရည်ကို ထိခိုက်နေစေရှိသည်။ ကျွန်ုပ်တို့၏ စီးပွားရေးအဆက်အသွယ်များ၏ ပြောပြ ချက်အရဆိုလျှင် အစိုးရသည် ၂ဝဝ၆ အတွင်းက မသမာသော အကောက်ခွန် အရာရှိများကို နှိမ်နင်း အရေးယူမှု များလုပ်ခဲ့သော်လည်း နယ်စပ်များ၌ လာဘ်ပေး လာဘ်ယူမှုများ ဆက်လက်၍ ရှိမြဲရှိနေသည်။ အကျင့်ပျက်ခြစားမှုသည် ပြည်တွင်းအခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီတို့ အပါအဝင် အစိုးရ၏ အခြား သော အဖွဲ့အစည်းများထဲမှာလည်း ထူပြောနေသည်။

ထင်မြင်သုံးသပ်ချက်
-------------
ထုတ်ဝေထားသော ဘတ်ဂျက် စာရွက်စာတမ်းများ၌ မြန်မာအစိုးရက ၎င်း၏ ရန်ပုံငွေများကို မည်သို့ ခွဲဝေသတ်မှတ်ပေး မည် ဟူသော ယေဘုယျ လမ်းညွှန်ချက် ပေးထားသော်လည်း (ယေဘုယျအားဖြင့် မြန်မာအစိုးရ၏ ကိန်းဂဏန်းများသည် ယုံကြည်စိတ်ချရလောက်စရာမရှိသဖြင့်) မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေကို အတိအကျ ပုံဖေါ်ကြည့်ရန် မဖြစ်နိုင် ချေ။ ဤသို့ပြဿနာ ရှိနေရသည့်အထဲ ထိပ်တန်းခေါင်းဆောင်များမှာ သုံးစွဲရေးမူ ဟူ၍ မရှိဘဲ မိမိတို့ မျက်နှာသာပေး ထားသော လုပ်ငန်းများအတွက်သာ ရန်ပုံငွေများကို သတ်မှတ်ခွဲဝေပေးကာ စီမံကိန်းလုပ်ငန်းများကို ကြီးကြပ်ခြင်း၊ အလေးထားခြင်း မရှိကြသဖြင့် ဤပြဿနာသည် ပို၍ ဆိုးသွားလေသည်။ မြန်မာအစိုးရက ဘတ်ဂျက်လိုငွေ လျှော့ချရေးကို ရည်ရွယ်ထားသည်ဟု ထုတ်ဖေါ်ကြေညာထားသော်လည်း အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၏ အရှုံးပေါ်မှုနှင့် အခွန်စနစ် ပြုပြင်ရေး မရှိမှုတို့ကြောင့် နောက်ထပ် အပုံကြီး ပို၍ တိုးလာစရာ ရှိသည်။ မြန်မာ့စီးပွားရေး၏ အနာဂတ်သည်  ဆိုးရွားနေဆဲပင် ရှိသည်။


http://www.mizzimaburmese.com/special/burma-related-leaked-us-cables/6608-2010-12-17-07-46-21.html

၎.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
4 August 2011 Yeyintnge's diary.doc4 August 2011 Yeyintnge's diary.doc
708K   View   Download  
4 August 2011 Yeyintnge's diary.odt4 August 2011 Yeyintnge's diary.odt
368K   Download  
4 August 2011 Yeyintnge's diary.pdf4 August 2011 Yeyintnge's diary.pdf
344K   View   Download  


http://www.mediafire.com/file/uxg8g1jct5ie1id/4%20August%202011%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/hzra9q97zc3pfnd/4%20August%202011%20Yeyintnge%27s%20diary.pdf

4 August 2011 Yeyintnge's Diary

ရှစ်လေးလုံး ၂၃ နှစ်ပြည့် အခမ်းအနား ပြည်သူအားလုံး ပါဝင်ရန် တိုက်တွန်း




Published on August 4, 2011 by အံ့ဘုန်းမြတ်   ·
လာမယ့် တနင်္လာနေ့မှာ ကျရောက်မယ့် ရှစ်လေလုံး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ၂၃ နှစ်ပြည့်အခမ်းအနားမှာ ပြည်သူလူထု တရပ်လုံး ပါဝင်ဆောင်ကြဖို့ဒီအခမ်းအနား ဖြစ်မြောက်ရေး ဆောင်ရွက်နေကြတဲ့ ဒီမိုကရေစီ လိုလားသူတွေကတိုက်တွန်း လိုက်ပါတယ်။
 
၈ လေးလုံး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ၂၃ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအ၀င် နိုင်ငံရေးအင်အားစု အသီးသီးကပုဂ္ဂိုလ်တွေ ပါဝင်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လိုလားသူတွေက ကျင်းပဖို့ရှိနေပြီးဒီအခမ်းအနားကို ပြည်သူလူထု တရပ်လုံး ပါဝင်ကြဖို့ တိုက်တွန်းဖိတ်ကြားထားတာ ဖြစ်ပါတယ်။
ဒီအခမ်းအနားကို လာမယ့် တနင်္လာနေ့မှာ နတ်စင်လမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ ရှိတဲ့သာဓုပရိယတ္တိစာသင်တိုက်မှာ ကျင်းပပြုလုပ်ဖြစ်ပြီး ပြည်သူတွေအားလုံး တက်ရောက်ဖို့အခမ်းအနား ဖြစ်မြောက်ရေး ပါဝင် ဆောင်ရွက်နေတဲ့ ကိုမျိုးရန်နောင်သိန်းကအခုလို ပြောပါတယ်။
“၈.၈.၈၈ ၂၃ နှစ်ပြည့် အထိမ်းအမှတ်ပေါ့နော် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ကျနော်တို့ အားလုံးက ဒါအမျိုးသားရေး ပွဲတခုအဖြစ်အနဲ့ ကြည်လင်တဲ့ အမျိုးသားရေး အမြင်နဲ့ ကျင်းပမယ်လို့ ဆုံးဖြတ်တဲ့အခါမှာ၈၈ မျိုးဆက် ကျောင်းသားတွေရော၊ ကွန်ရက်အဖွဲ့တွေရော အားလုံးပဲပေါ့နော်ဘယ်သူဘယ်ဝါရယ် မဟုတ်ဘဲနဲ့ အားလုံးနဲ့ သက်ဆိုင်တဲ့ ပွဲအဖြစ်နဲ့။ ကျန်တဲ့အခါမှာလည်းငြိမ်းချမ်းရေးကို ကျနော်တို့ ဦးတည်တယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိုဦးတည်တယ်။ ပြီးတော့ အပြူသဘောဆောင်တဲ့ ဦးတည်ချက်နဲ့သွားကြမှာဖြစ်တယ်။ ကျနော်တို့နဲ့ နိုင်ငံရေး အယူအဆ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေဘယ်ဘက်မှာ ဘယ်လို ရှိနေသည်ဖြစ်စေ အားလုံးကို ဖိတ်ကြားမှာ ဖြစ်တယ်။နိုင်ငံသားအားလုံးကို ဖိတ်ကြားတဲ့ ပွဲဖြစ်ပါတယ်။”
ဒီဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေကိုပါဖိတ်ကြားထားသလို ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး ပါတီစုံစနစ်ခွင့်ပြုခဲ့ချိန်ကနေ ဒီကနေ့ထိ မှတ်ပုံတင် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကိုဖိတ်ကြားထားတာလည်း ဖြစ်ပါတယ်။ဒါ့အပြင်ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့အတူနိုင်ငံတကာသံရုံးတွေကိုလည်းဖိတ်ကြားထားတယ်လို့လည်းအခြား ရှစ်လေးလုံး၂၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့ဝင်တွေက ပြောပြကြပါတယ်။အခမ်းအနားအစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့လည်း ကိုမျိုးရန်နောင်သိန်း ကပဲ အခုလို ဆက်ပြောပြပါတယ်။
“ကျနော်တို့ အဲဒီနေ့ အခမ်းအနားမှာ ဆုတောင်း ၂ ချက်တော့ လုပ်မယ်။ ဆုတောင်းမယ်။နိုင်ငံရေးအကျဉ်းသားများပေါ့ အမြန်ဆုံး လွှတ်မြောက်ပါစေ။ ပြည်တွင်းစစ် ရပ်စဲရေးနဲ့အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အမြန်ဆုံး ဖြစ်မြောက်ပါစေဆိုတဲ့ ဆုတောင်း ၂ ချက်။ ဒီဆုတောင်း ၂ ချက်ကို ကျနော်တို့ ဆုတောင်းမယ်။ ဆုတောင်းတာကလည်းပဲ ဒီ အခမ်းအနားကိုတက်ရောက်သည် ဖြစ်စေ၊ မတက်ရောက်သည်ဖြစ်စေ ဒီ အချက်တွေက တနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အချက်တွေ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံသားတိုင်းက မလာဖြစ်ခဲ့ရင်တောင်မှကိုယ့်အိမ်မှာ နေပြီးတော့ အဲဒီနေ့ရက်မှာ ဆုတောင်းပေးပါ။ ဖြစ်နိုင်လို့ရှိရင် တော့နတ်စဉ်လမ်းနဲ့ ကမ်းနားလမ်းထောင်မှာ ရှိတဲ့ဓာတုပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး ကျောင်းကို ၉ နာရီနဲ့ ၁၂ နာရီအတွင်း လာခဲ့ကြပါလို့ကျနော် ဖိတ်ကြားလိုပါတယ်။”
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၃ နှစ်က တပါတီအာဏာရှင်စနစ်အောက်မှာ ၂၆ နှစ်ကြာ အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ အုပ်ချုပ်သူတွေ အပေါ် သည်းမခံနိုင်ကြတော့တာကြောင့် ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က စတင်ပြီး ဒီမိုကရေစီရေးအတွက် စတင် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဒီတောင်းဆိုမှုတွေကို မြန်မာ့တပ်မတော်က ပစ်ခတ်နှိမ်နင်းခဲ့ရာက ပြည်သူ သုံးထောင်ခန့် သေဆုံးခဲ့ရပါတယ်။ ဒီအဖြစ်တွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအ၀င် မြန်မာဒီမိုကရေစီအင်အားစုတွေက နှစ်စဉ်နှစ်တိုင်း အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျင်းပ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။
အရင်ကတော့ စစ်အုပ်ချုပ်ရေးအောက်မှာ ၈ လေးလုံး အောက်မေ့ဖွယ် အခမ်းအနားတွေကိုအာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုတွေကြားက ကျင်းပ ပြုလုပ်ခဲ့ကြရပြီးဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ့် အရပ်သားတပိုင်း အစိုးရသစ် လက်ထက်ပထမဆုံး တွေ့မြင်ရမှာမယ့် အခမ်းအနားတခု ဖြစ်ပါတယ်။
ဒီနှစ် နှစ်ပတ်လည် အခမ်းအနားမှာရော အစိုးရဘက်က ဘယ် အတိုင်းအတာ အထိကျင်းပပြုလုပ်ခွင့် ပေးလာမယ် ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
http://burmese.dvb.no

ဒုတိယမြစ်ဝါ (သို့) ဧရာဝတီ



Yellow River
(၁) ကွယ်လွန်သွားသော မြစ်ကြီးများ
မြစ်ကြီးတစင်းရဲ့ အဓိက ရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာတွေ၊ အကွေ့အကောက် ထောင်ပေါင်းများစွာကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာ ထံ ပေါင်းစပ် ခိုလှုံရခြင်းပါ။ ပင်လယ်ထံ ရောက်အောင်မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့ သတ်မှတ်ကြပါတယ်။ မြစ်ကြီးသေဆုံးသလို မြစ်ကိုအမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလဲ အကြီးအကျယ် ပျက်ဆီးကြရ တာပါ။ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့ ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့ မြစ်ကြီး တွေ အများကြီး ရှိခဲ့ပါတယ်။ လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီးတစင်းကတော့ တရုတ်ပြည်က မြစ် ဝါမြစ်ကြီး (Yellow River) ပဲ ဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင်မြစ်ကြီးလို့ သတ်မှက်တင်စားကြပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့ပြီး တရုတ်ပြည်မြောက်ပိုင်း တိဘက်ဒေသက ရေခဲ တောင်များဆီက အစပြု၊ တရုတ်ပြည်ကြီး တခုလုံးကို မိုင်ပေါင်း ၃၄၀၀ ကျော်ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ။
The Bo Hai Sea
တရုတ်နိုင်ငံသားတွေအတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံက နိုင်းမြစ်ကြီးလိုပါပဲ၊ ယဉ်ကျေးမှု တို့ မွေးဖွားရှင်သန်ရာ၊ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝအင်အားစုကြီး၊ ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ၊ လူတွေဖန်တီးတဲ့ အညစ်အ ကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေပြည့်နှက်၊ မြောက်များလှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျို ညှစ် အနိုင်ကျင့်ခံရမှုတွေနဲ့ သူ့ရေဟာ အရင်လိုမသန့်ရှင်းတော့၊ သူ့ရေစီးဟာအရင်လို မတည်ညိမ်တော့၊ သူ့ရေပမာဏ ဟာ အရင်လိုမများပြားတော့၊ သူ့ရဲ့ ခရီးဟာလဲ ပင်လယ်ဆီ မရောက်နိုင်တော့။
မြစ်ဝါမြစ် အထက်ပိုင်းက နာမည်ကြီး Hukou ရေတံခွန်
Xiao Lang Di Dam on the Yellow River June 19, 2008
yellow river
ဒီနေ့မှာတော့ သေဆုံးနေတဲ့ မြစ်ဝါမြစ် ကြီးဟာ တရုတ်ပြည်ရဲ့ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဂရုမစိုက်မှုကို အထင်အရှားပြသတဲ့ အမှတ်အသားတခု အဖြစ်နဲ့သာ ရပ်တည်နေရပါပြီ၊ တရုတ်ပြည်သူများနဲ့ ကမ္ဘာတဝှမ်းက တာဝန်သိအဖွဲ့အစည်းများ၊ အစိုးရများက အပြင်းအ ထန် ထောက်ပြဝေဘန်ကြလို့ အလန့်တကြားနိုးထလာတဲ့ တရုတ်အစိုးရက မြစ်ဝါမြစ်ပြန်လည်ထူထောင်ရေး စီမံကိန်း တွေ စတင်ဆောင်ရွက်နေပေမည့် အလွန်ကိုပဲ နောက်ကျခဲ့ပါပြီ။

ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးလဲ မြစ်ဝါမြစ်ကြီးလို ပင်လယ်ဆီမရောက်နိုင်တော့တဲ့ ဘဝမျိုး ကြုံရလောက်အောင်ကိုပဲ အနိုင်ကျင့်ခံနေရပါပြီ၊ ကချင်ပြည်နယ်က မေခ၊ မလိခ မြစ်ဆုံဒေသမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီများက ဆောက်လုပ် နေတဲ့ မြစ်ဆုံဆည်စီမံကိန်းကြီး ပြီးသွားခဲ့ရင် ယူနန်ပြည်နယ်ကြီး လျှပ်စစ်ဓာတ်အားတွေ အလုံအလောက်ရပြီး စီးပွား ရေး ပိုမိုတိုးတက်၊ မြန်မာစစ်ဗိုလ်တွေနဲ့ အလိုတော်ရိစီးပွားရေးသမားတွေ အကျိုးအမြတ်ဖြစ်ထွန်းပြီး ဧရာဝတီမြစ်ကြီး ကတော့ ကွယ်လွန်သွားတဲ့ မြစ်များစာရင်းထဲ နောက်တိုးဝင်ရောက်၊ မြန်မာပြည်သူတွေကတော့ လက်ရှိဆင်းရဲနွမ်းပါးမှု ထက် အဆပေါင်းများစွာနိမ့်ကျပြီး ကုန်းကောက်စရာမရှိလောက်အောင်ကို ဆင်းရဲကြ၊ ပျက်ဆီးကြရမှာပါ။ ဧရာဝတီကို မြစ်ဝါမြစ်လို ဘဝမျိုးမရောက်အောင် ကျနော်တို့ အချိန်မီ ကာကွယ်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ၊

(၂) ဆည်၊ ရေကာတာ၊ ရေလှောင်တမံ
စကားလုံး သုံးလုံးကွဲနေပေမည့် အဓိပ္ပာယ်ကအတူတူပါပဲ၊ မြစ်ကိုဖြတ်ပြီး မြစ်ရေစီးကို ဟန့်တားဖို့ တည်ဆောက်ထားတဲ့ နံရံကြီးတခုပါ။ အဲဒီနံရံကြီးနဲ့ မြစ်ရေစီးကိုတားပြီး အဲဒီမြစ်ရေတွေကို စုဆောင်းဖို့ရေလှောင်ကန် (Reservoir) ခေါ်တဲ့ လူလုပ်ရေကန်ကြီး (Artificial Lake) တခုကို ဆက်စပ်တည်ဆောက်ရပါတယ်။ အဲဒီလို မြစ်ရေစီးကို ဆည် (သို့) ရေကာ တာ (Dam) နဲ့ ဟန့်တား၊ မြစ်ထဲကရေတွေကို ရေလှောင်ကန် (Reservoir) ထဲမှာ စုဆောင်းပြီး ရေလှောင်ကန်နံဘေး မှာကပ်လျှက်တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေး တာဘိုင် (Turbine) ကြီးများနဲ့ လျှပ်စစ်ဓာတ် ထုတ်လုပ်ပြီး သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းများနဲ့ အလိုရှိတဲ့နေရာကို ပို့ဆောင်ပါတယ်။ ဒီမြစ်ဆုံဆည်ကရ မည့် လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့မှာပါ။ ရေကာတာမှာ ရေတံခါးကြီးများရှိ ပါတယ်။ တာဘိုင်များထဲ ရေတွေ ဖြတ်သန်းပြီး လျှပ်စစ်ဓာတ်အားထုတ်ပြီးတဲ့အခါ အဲဒီ ရေတံခါးကြီးများကတဆင့် မြစ် ထဲကို မလိုအပ်တော့တဲ့ရေတွေ ပြန်ထုတ်ပေးမှာပါ။ ဒီတော့ မြစ်အထက်က ကျလာတဲ့ ရေကို ရေကာတာကြီးနဲ့ ပိတ်ဆို့ ဟန့်တား၊ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ပမာဏရတဲ့အထိ စုဆောင်း၊ လိုအပ်တဲ့ပမာဏရတော့မှ အဲဒီရေတွေကို လျှပ်စစ်ဓာတ်အားထုတ်မည့် တာဘိုင်ကြီးတွေကို ဖြတ်သန်း၊ ပြီးတော့မှ မလိုအပ်တော့တဲ့ရေတွေကို ရေတံခါးကြီးများ ကတဆင့် မြစ်ရဲ့ အောက်ပိုင်းဆီကို ပြန်လည် ထုတ်လွှတ်ပေးမှာပါ။ ဒါဟာဖြင့် ရေအားလျှပ်စစ်ဓာတ်ထုတ်မည့် ဆည် စီမံကိန်းတခုရဲ့ ယေဘုယျလုပ်ငန်းစဉ်ပါ။
maka-malika
ဒီတော့ လျှပ်စစ်ဓာတ်အား များများထုတ်ချင်တာနဲ့အမျှ၊ စုဆောင်းရမဲ့ ရေပမာဏက ပိုပြီးများ ပြား၊ ရေကာတာကြီးက ပိုပြီး မြင့်မား၊ ရေလှောင်ကန်ကြီးရဲ့အကျယ်အဝန်းကပိုပြီး ကြီးမားကျယ်ပြန့်၊ အဲဒီရေကာတာကြီး ဆောက်လုပ်ဖို့အတွက် ဆည်ဆောက်လုပ်မည့် နေရာက ဖယ်ရှားပေးရမည့် လူထုရဲ့ ပေးဆပ်ရမှုက ပိုပြီးများပြားပြီး မြစ်အောက်ပိုင်းက လူထုရဲ့ ခံစားနာကျင်ရမှု၊ ဆုံးရှုံးမှုတွေကလဲ ပိုပြီး ကြီးမားနက်ရှိုင်းပါလိမ့်မယ်။ အခု မြစ်ဆုံဆည် ကိစ္စကို ကြည့်မယ်ဆိုရင် ရေ အားလျှပ်စစ် ကီလိုဝတ် ၃ သန်း ၆ သိန်း ကနေ ၆ သန်း (3.6 million kw-6 million kw) နှစ်စဉ် ထုတ်လုပ်ဖို့ မျှော်လင့် ထားတာမို့ ဆည်ကြီးရဲ့ အလျားနဲ့ အမြင့်က အင်မတန် ကြီးမားပါတယ်။ အလျား ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ဆိုတာ အ ထပ် ၄၉ ထပ် အဆောက်အအုံတခုလောက် မြင့်ပါတယ်။ ပြီးတော့ ရေလှောင်ကန်ကြီးရဲ့ ဧရိယာအကျယ်အဝန်းကလဲ ၂၉၅ ဒဿမ ၈ စတုရန်းမိုင် ဆိုတော့ ဧရိယာစတုရန်းမိုင် ၂၃၁ ဒဿမ ၂ ရှိတဲ့ မဟာရန်ကုန်မြို့တော်ထက်လဲကြီး၊ ဧရိယာစတုရန်းမိုင် ၂၆၈ ရှိတဲ့ စင်္ကာပူမြို့ကြီးထက်လဲ ကြီးပြီး၊ အမေရိကန်ပြည်ထောင်စုက ဧရိယာစတုရန်းမိုင် ၃၀၁ ရှိတဲ့ နယူးယောက်မြို့တော်ကြီးလောက်ကို ကျယ်ဝန်းလှပါတယ်။
ဒီလောက်ကြီးမားတဲ့ ရေလှောင်ကန်ကြီးကို ဆောက်ဖို့ မြစ်ဆုံဒေသတဝိုက်က ကျေးရွာပေါင်း ၄၇ ရွာ ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး ကချင်လူမျိုး ၂၀၀၀၀ ကျော် သူတို့ရဲ့ ဇာတိမြေ၊ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်က အမွေအနှစ်တွေကို ဆုံးရှုံးကြရမှာပါ။ ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုကတော့ ရေအောက်ရောက် သွားတော့မည့် အမြဲစိမ်းသစ်တောကြီးတွေ၊ တောင်တန်းတွေ ၊လွင်ပြင်တွေနဲ့ ကချင်လူမျိုးများ အမွန်အမြတ် တန်ဘိုး ထားကြတဲ့ ဖခင်နဂါးကြီးနဲ့ သား နဂါးနှစ်ကောင် မွေးဖွားရာ၊ ပျော်မြူးရာ မြစ်ဆုံဒေသကို ဆုံးရှုံးရမှာပါ။ ဒီဆုံးရှုံးမှုတွေကို ဘယ်လို လျော်ကြေးနဲ့မှ အစားထိုးလို့မရနိုင်ပါ။
(၃) မြစ်အောက်ပိုင်းမှ ဆုံးရှုံးမှုများ
ပိုပြီးရှင်းအောင် အမှတ်စဉ်ထိုးပြီး ပြောပြချင်ပါတယ်။
(က) အလျား ပေ ၅၀၀၊ အမြင့်ပေ ၅၀၀ ရှိတဲ့ ရေကာတာကြီးက မေခနဲ့ မလိခ မြစ်ကြီး နှစ်စင်းက စီးဆင်းလာတဲ့ရေတွေ ကို ပိတ်ဆို့ဟန့်တားပြီး  နယူးယောက်မြို့ကြီး လောက် ကျယ်ပြန့်ပြီး ၆၆ ထပ် အဆောက်အအုံတခုလောက်မြင့် (ပေ ၉၅၀) တဲ့ ရေလှောင်ကန်ကြီးထဲမှာ အရင်သိမ်းဆည်းထားလိုက်မှာပါ။ ဒါကြောင့်မို့ ဧရာဝတီမြစ်ကြီးရဲ့ ပင်မအစဟာ မေခ နဲ့ မလိခမဟုတ်တော့ပါ။ မြစ်ဆုံဆည်ကြီး ဖြစ်သွားပါပြီ၊ မြစ်ဆုံဆည်ကြီးက ရေလွှတ်ပေးမှသာ ဧရာဝတီ ဆက်လက်စီး ဆင်းနိုင်မှာပါ။
(ခ) အဲဒီ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ရေပမာဏရဖို့ အချိန်အတော်ကြာ စုဆောင်းရမှာပါ။ အချို့ ဆည်ကြီးတွေ မှာ ရေကာတာအပြည့် ရေစုချိန် တနှစ်ကနေ တနှစ်ခွဲ ကြာပါတယ်။ ရေလှောင်ကန်ကြီး ရေစုနေတဲ့အချိန်မှာ ဧရာဝတီမြစ်ကြီးထဲ ရေစီးမှာ မဟုတ်ပါ။
(ဂ) ရေလှောင်ကန်ထဲမှာ ရေပြည့်ပြီးတဲ့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မလိုတော့တဲ့ ရေကို ရေတံခါးကြီးများက တဆင့် ဧရာဝတီမြစ်ထဲ ထုတ်လွှတ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ ပြန်လည်စီးဆင်းနိုင်ပါလိမ့်မယ်။ ဒါပေမည့် ရေတွေက ညစ် ပတ်ပြီး မသန့်ရှင်းတော့ပါ။

(ဃ) ရေကာတာက ထုတ်လွှတ်တဲ့ ရေက မသန့်ရှင်းတော့လို့ အဲဒီရေ (Polluted Water) ကို သောက်သုံးကြရမည့် လူတွေ၊ တိရိစ္ဆာန်တွေအတွက် ရောဂါဘယတွေ ရစေပါတယ်။ ရေလှောင်ကန်ကြီးကိုယ်တိုင်က ခြင်လို ငှက်ဖျား စတဲ့ ရောဂါဘယဖြန့်ဝေတတ်တဲ့ ပိုးမွှားတွေ စုဝေးပွားများရာ ဒေသကြီးဖြစ်လာပြီး ပါတ်ဝန်းကျင်လူထုရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။
(င) မေခ နဲ့ မလိခ မြစ်များက စီးဆင်းလာတဲ့ ရေဟာ နုံးများ၊ သဲများကိုပါသယ်ဆောင်လာခဲ့ပြီး အဲဒီ နုံးတွေ၊ သဲတွေ (Sediment) က ဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ညာပိုင်းမှာ မြေဩဇာအင်မတန်ကောင်းတဲ့ နုံးတင်မြေနုတွေ ဖန် တီးပေးပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် ထောက်ပံ့နေတာတာပါ။ ဆည်ကြီး ပြီးသွားရင်တော့ အဲဒီ နုံးတွေဟာ ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာပဲ အနည်ထိုင်ကျန်ရစ်ခဲ့ပြီး မြစ်အောက်ပိုင်းကို ဘယ်လိုမှ ရောက် မှာမဟုတ်တော့ပါ။ နုံးတင်မြေနုပါးရှားသွားမည့် မြစ်ဝကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပါလိမ့်မယ်။
(စ) ဆည်ကြီးကပဲ မြစ်အတွင်း ငါးအပါအဝင် ရေနေသတ္တဝါ များရဲ့ မြစ်ဖျားကနေ မြစ်ကြောင်းတလျှောက် ရွှေ့ပြောင်း သွားလာမှုကို ပိတ်ဆို့ဟန့်တားလိုက်ပါလိမ့်မယ်။ ငါးမျိုးဆက်တုံးမှု၊ အရေအတွက်ရှားပါးမှုတွေက ရေလုပ်ငန်းလုပ်ကိုင် သူများကို အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်။
(ဆ) မြစ်ရေပမာဏနဲ့ ရေစီးကို ဆည်ကြီးက ထိန်းချုပ်လိုက်ပြီမို့လို့ မြစ်အတွင်း သင်္ဘောများ၊ မော်တော်များ၊ လှေများနဲ့ ခရီးသွားလာမှုဟာ ပိုပြီးခက်ခဲလာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း၊ ရွာပေါင်းများစွာ၊ ဆိပ်ကမ်းပေါင်းများစွာဟာ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဝဲ၊ယာ တဘက်တချက်မှာ တည်ရှိနေကြပြီး ခရီးသွားလာရေး နဲ့ ကုန်စည်စီးဆင်းမှု အတွက် ဒီမြစ်ကြီးကို မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀%က အားကိုးနေရတာပါ။ ရေနည်းသွားတဲ့ မြစ်ကြီးအတွင်း၊ ရေတိမ် သွားတဲ့ မြစ်ကြီးအတွင်း၊ ရေစီးနည်းပြီး မမှန်တဲ့ မြစ်ကြီးအတွင်းမှာ သင်္ဘောများ၊ မော်တော်များ၊ လှေများ မိုးရာသီက လွဲရင် ကျန်တဲ့အချိန်တွေမှာ သွားလာနိုင်မှာ မဟုတ်တော့ပါ။

(ဈ) ရေစီးနှေးပြီး ရေပမာဏနဲသွားတဲ့ မြစ်ကြီးရဲ့ ကမ်းပါးတဖက်တချက်က မြစ်ရေကိုအမှီပြုပြီးပေါက်နေတဲ့ ဒီရောက် တောတွေ ပျက်စီးကုန်ပါလိမ့်မယ်။ ဒီရောက်တောတွေ မရှိတော့တဲ့အတွက် ကမ်းပါးတွေ ပြိုကျပြီး ဧရာဝတီ မြစ်နဲ့ မြစ် လက်တက်များအတွင်းမှာ သောင်ထွန်းပြီး အဲဒီ မြေပမာဏက ရေပမာဏထက် ပိုများလာပါလိမ့်မယ်။ ရေနည်းသွားတဲ့ မြစ်ကြီးနဲ့ ဒီရောက်တောတွေ ပျက်သုံးမှုက ဧရာဝတီမြစ်ဝှမ်းဒေသကို ခြောက်သွေ့ဇုံအဖြစ် အသွင်ပြောင်းလိုက်ပါလိမ့် မယ်။
(ည) တခါတရံ မိုးအပြင်းအထန် နဲ့ အဆက်မပြတ်ရွာသွန်းတဲ့ အခါ ဆည်ထဲမှာ ရေပမာဏက ဆည်က ထိန်းထားနိုင်တာ ထတ် အဆမတန်ပိုများလာတတ်ပါတယ်။ အဲဒီအခါမှာ ရေအင်အားကြောင့် ဆည်ပြိုကျမှာကို ရှောင်တဲ့အနေနဲ့ ဆည် ရေတံခါးတွေကို ဖွင့်ပြီး ရေတွေ ရုတ်တရက် ထုတ်ပစ်တတ်ကြပါတယ်။ အဲဒီ အရေးပေါ်ရေထုတ်မှုက ဧရာဝတီမြစ်ထဲကို တောင်ကျချောင်းရေတွေ ဒလဟော အရှိန်အဟုန်ကြီးမားစွာ စီးဆင်းလာသလိုမျိုး ဖြစ်ပါလိမ့်မယ်။ မြစ်ထဲမှာလဲ ကမ်းပြို ထားလို့ သောင်တွေက ကမ်းပါးထက်ပိုမြင့်နေတဲ့ အချိန်၊ ကမ်းပါးမှာလဲ ဒီရောက်တောတွေ မရှိတော့တဲ့ အချိန်မှာ ဒီ ရေစီးဆင်းမှုက မြစ်နဲ့ မလှမ်းမကမ်းက မြို့ရွာများကို ရေလွှမ်းမိုးတဲ့ အထိ ဖြစ်နိုင်ပါတယ်။ ကချင်ပြည်နယ်အတွင်းက မြို့ကြီးများ အားလုံးနီးပါး ဒီရုတ်တရက်ရေလွှမ်းမိုးမှုဒဏ်ကို မကြာခဏ ခံစားကြရမှာပါ။
(ဋ) မြန်မာနိုင်ငံမှာ ခြောက်သွေ့တဲ့အချိန်၊ နွေရာသီ (ဖေဖော်ဝါရီ လ ကနေ မေ လအတွင်း) ဆည်ထဲမှာလဲ ရေနည်းမှာမို့ ဆည်က ရေပြန်ထုတ်တာလဲ အလွန်နည်းပြီး ဧရာဝတီမြစ်အတွင်း ရေစီးဆင်းမှု မရှိသလောက်ဖြစ်တော့မှာပါ။ အဲဒီအ ချိန်မှာ ဧရာဝတီမြစ် စီးဝင်ရမည့် ဘင်္ဂလားပင်လယ် (Andaman Sea) က ရေတွေက  ဧရာဝတီမြစ်ဘက်ကို ပြန်လည်စီး ဝင်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်တခုလုံး ဆားငံရေတွေ လွှမ်းသွားပါလိမ့်မယ်။ နွေကုန်လို့ မိုးရာသီ စပါးစိုက်ပျိုးရမည့် အ ချိန်မှာ ဆားငံရေလွှမ်းပြီး ပျက်ဆီးနေတဲ့ လယ်မြေတွေက မြန်မာနိုင်ငံ လယ်သမားထုကြီးရဲ့ အကျိုးစီးပွားကို အကြီးအ ကျယ်ထိခိုက်မှာ ဖြစ်သလို မြန်မာတနိုင်ငံလုံး ဆန်စပါးရှားပါးမှု၊ စားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်ပါလိမ့်မယ်။

အထက်မှာတင်ပြထားတာတွေနဲ့ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရှားပါးသစ်ပင်များ၊ ပန်းများ၊ ရေနေသတ္တဝါများ၊ ငှက်မျိုးစုများ မျိုးတုန်းပျောက်ကွယ်မှု၊ တွေပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်အစိုးရရဲ့ ဧရာဝတီမြစ် ဖျားမှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းဟာ မြန်မာပြည်သူ သန်းပေါင်းများစွာကို စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အ သက်ရှင်သန်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံရေး အဘက်ဘက်က အတိုင်းအဆမရှိပျက်စီးစေမှာပါ။ သူတို့ရဲ့ နိုင်ငံမှာ မြစ်ဝါမြစ်ကြီး သေဆုံးသွားတဲ့ သာဓက အထင်အရှားရှိရက်နဲ့ ကျနော်တို့နိုင်ငံက မိခင်မြစ်ကြီးကို သတ်ဖို့ကြိုးစားနေတာ ဟာ တရုတ်အစိုးရက မြန်မာပြည်သူများကို တိုက်ရိုက်ဖိနှိပ်စော်ကားနေတာလို့ ကျနော် ယူဆပါတယ်။ တရုတ်အစိုးရနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူများကို လူ့အခွင့်အရေးချိုးဖောက်နေတဲ့၊ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးကို သတ်ဖြတ်နေတဲ့ မြန် မာစစ်ခေါင်းဆောင်တွေကိုလဲ အလွန်အံ့ဩမိပါတယ်။ တကယ်တော့ သူတို့တွေလဲ မျိုးရိုးစဉ်ဆက် ဧရာဝတီနဲ့ ကြီးပြင်းပြီး ဧရာဝတီရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ကြရသူတွေပါ။ ဧရာဝတီဟာ ကျနော်တို့ အားလုံးရဲ့ အမေ ဖြစ်သလို့ သူတို့ရဲ့ အမေလဲ ဖြစ်ပါတယ်။ ဧရာဝတီရဲ့ကျေးဇူးတွေ သူတို့အပေါ်မှာလဲ အများကြီးရှိပါတယ်။
(၄) ဆင်းရဲနွမ်းပါးမှု လျှော့ချရေး
ဦးသိန်းစိန် ကြံ့ဖွံ့သမ္မတဖြစ်လာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြတာကတော့ “ဆင်း ရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ပပျောက်ရေး” ပါပဲ၊ ဦးသိန်းစိန် ကဦးဆောင်ပြီး ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ အကြီးအ ကျယ်ပြုလုပ်နေကြတာပါ။ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလဲ၂၀၁၁ ခုနှစ် မေ လ ၂၀-၂၁၊ နေပြည်တော်မှာကျင်းပတဲ့ “ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေး ပွဲ” မှာ “မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ရှေ့ဆက် ဆောင်ရွက်ရန်များ” ဆိုတဲ့ စာတမ်းတစောင်တင်သွင်း ခဲ့ပါတယ်။ သူ့ရဲ့ စာပိုဒ်ပေါင်း ၉၇ ပုဒ်ရှိတဲ့ စာတမ်းမှာ စာပိုဒ် အမှတ် ၅၇ ကနေ ၈၇ အထိ စာပိုဒ်ပေါင်း ၃၀ နဲ့ မြန်မာနိုင်ငံ ရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ဦးစားပေး တင်ပြသွားတာတွေ့ရပါတယ်။
သူ့ရဲ့ တင်ပြချက်တွေကတော့ လယ်ယာ ကဏ္ဍကို မြှင့်တင်ခြင်းဟာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် အဓိကကျကြောင်း အစချီပြီး ဆန်စပါးစိုက်ပျိုး ထုတ် လုပ်မှုကို ပြည်တွင်းဖူလုံရုံမက ပြည်ပကို တိုးမြှင့်တင်ပို့ရောင်းချနိုင်ဖို့၊ ကမ္ဘာပေါ်မှာ အဓိက ဆန်စပါးစိုက်ပျိုး ထုတ်လုပ် ရောင်းချတဲ့ နိုင်ငံအဆင့်ကို အရောက်လှမ်းဖို့၊ အဲဒီအတွက် အစိုးရ ရဲ့မူဝါဒချမှတ်မှု၊ ဝန်ကြီးဌာနများရဲ့ အကောင်အ ထည်ဖော်မှု၊ လယ်သမားများနဲ့ ပုဂ္ဂလိက ကုမ္ပဏီများရဲ့ အခန်းကဏ္ဍ၊ တိကျမှန်ကန်တဲ့ စာရင်းဇယားများပြုစုမှု၊ လယ် သမားများကို အခွင့်အရေးအကောင်းဆုံးဖန်တီးပေးဖို့ နဲ့ ဈေးကွက်အသစ်တွေ ရှာဖွေဖို့၊ မြေယာပိုင်ဆိုင်မှုတွေကို ပြင် ဆင်ဖို့ စသဖြင့် အကြံပြုထားတာတွေ့ရပါတယ်။ အခြား စီးပွားရေး အကြံပေးများကလဲ စာတမ်းတွေတင်ကြ၊ ဆွေးနွေး ကြပါတယ်။ ဒါပေမည့် သူတို့ရဲ့ စာတမ်းတွေက ဦးမြင့် ရဲ့စာတမ်းလို လူထုကြားထဲရောက်မလာတဲ့အတွက် ဘာတွေ အကြံပြုတယ်ဆိုတာ မသိနိုင်ပါ။
ဒါပေမည့်လဲ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းမှာ ဧရာဝတီမြစ်ကြီး ရဲ့ အရေးကြီးမှုအကြောင်း တလုံးမှမပါတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပပျောက်ရေးအတွက် မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ လယ်ယာ ကဏ္ဍကို မြှင့်တင်ရမယ်။ ကမ္ဘာ့ ဆန်အထွက်ဆုံး နိုင်ငံဖြစ်အောင် ကြိုးစားရမယ်။ လယ်သမားတွေ အတွက်အကျိုး စီးပွားတွေ ဖန်တီးပေးရမယ်ဆိုတာ မှန်ကန်တဲ့ အကြံပြုချက်ပါ။ ဒါပေမည့် အဲဒီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရဲ့ အဓိက အားထားရာ၊ ဧရာဝတီမြစ်ကြီး ကို ဘယ်လို ကာကွယ်သင့်တယ်။ စောင့်ရှောက်သင့်တယ် ဆိုတာတွေ တလုံးတပါဒမှ ဆွေးနွေး၊အကြံပေးတာ မတွေ့ပါ။ ကျနော်က ဆရာ ဦးမြင့်လို စီးပွားရေးပညာရှင်မဟုတ်ပေမည့် ဧရာဝတီ ကို မကယ် တင်၊ မကာကွယ် ၊မထိန်းသိမ်းပဲနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ဖို့မပြောနဲ့၊ လျော့ကျအောင်တောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဧရာဝတီမြစ်ကြီးများ မြစ်ဝါမြစ်လို သေဆုံးသွားခဲ့ရင် ကျနော်တို့ပြည်သူတွေဟာ ကုန်း ကောက်စရာတောင် ရှိမှာမဟုတ်တော့ဘူးလို့လဲ ပြောချင်ပါတယ်။ ဒါကြောင့်လဲ ဆရာဦးမြင့်အပါအဝင် ပညာရှင်များက မြန်မာစစ်ခေါင်းဆောင်တွေ ကို မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ရဲရဲတင်းတင်း တာဝန်သိသိ ပြောသင့်တယ်လို့ တောင်းဆိုချင်ပါတယ်။

မကြာခင်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆွေးနွေးပွဲကို နေပြည်တော်မှာ ထပ်မံကျင်းပဦးမယ်။ အဲဒီ ဆွေးနွေးပွဲကို ဒေါ် အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များကိုလဲ ဖိတ်ကြားမယ်လို့ ကြားသိရပါတယ်။ ဒီတခါဖြင့် တာဝန်ရှိသူများက တာဝန်သိသိနဲ့ ဧရာဝတီမြစ်ကြီးကို ကယ်တင်ရေး၊ ကာကွယ်ရေး ရဲရဲရင့်ရင့် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့။
(၅) တာဝန်သိသူများက ပြောနေကြပြီ
တာဝန်ရှိသူတွေက မပြောကြသေးပေမည့် တာဝန်သိသူများကတော့ ပြောနေကြပါပြီ၊ ဒီကနေ့ မြန်မာနိုင်ငံတွင်းက လစဉ် ထုတ်၊ အပါတ်စဉ်ထုတ် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မှာ ဧရာဝတီမြစ်ကြီးရဲ့ တန်ဘိုးကြီးမားမှုနဲ့ ဧရာဝတီမြစ်ကြီး မပျက်ဆီး အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်တွေကို ပညာရှင်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်း ဆရာတွေက အင်တာဗျူးတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထုတွေ၊ ကဗျာတွေ၊ ကာတွန်းတွေ နဲ့ တင်ပြဆွေးနွေးနေကြပါပြီ၊ စာ မဘတ်တဲ့ စစ်ခေါင်းဆောင်တွေ မသိကြရင်တောင်မှ စာဘတ်တဲ့ ပြည်သူတွေ သိနားလည်နေကြပါပြီ၊ တချို့ စာရေး ဆရာတွေက စာပေဟောပြောပွဲတွေမှာ လူထုကို ဧရာဝတီမြစ်ကြီး ရဲ့ အတိဒုက္ခတွေအကြောင်း ရဲရဲတင်းတင်းဟော ပြောနေကြပါပြီ၊ အဲဒီ ပုဂ္ဂိုလ်များရဲ့ တာဝန်သိမှုနဲ့ တာဝန်ယူမှုကို ကျေးဇူးတင်မိပြီး အဲဒီလို တာဝန်သိသူတွေ များလာဖို့၊ လူထုရဲ့ သိနားလည်မှုကနေ အင်အားအဖြစ်ပြောင်းလဲပြီး ဧရာဝတီကို ကာကွယ်နိုင်ကြဖို့ မျှော်လင့်မိပါရဲ့။
အဲဒီ တာဝန်သိသူတွေရဲ့ တင်ပြမှုတွေထဲက တခုကို မျှဝေချင်ပါတယ်။ အဲဒါက ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ဟောပြောချက်ပါ။ မဂင်္လာဒုံမြို့နယ်မှာ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့မှာကျင်းပတဲ့ စာ ပေဟောပြောပွဲတခုမှာ ပြောခဲ့တာလို့ သိရပါတယ်။ အဲဒီဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း က ဧရာဝတီမြစ်ကြီးအ ကြောင်း ကဗျာနှစ်ပုဒ်နဲ့ တင်ပြခဲ့ပါတယ်။
ဆရာမောင်စိန်ဝင်း က ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံဒေသကို လွန်ခဲ့တဲ့ ၁၅နှစ် (၁၉၉၆ ထင်ပါတယ်) လောက်က ရောက်ဘူးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ မြစ်ဆုံရဲ့အလှအပကို သူခံစားကြည်နူးပြီး သူ့အကိုရဲ့ တိုက်တွန်းမှုနဲ့ ကဗျာ တပုဒ်ကို တထိုင်ထဲ စပ်မိပါသတဲ့၊ အဲဒီ ကဗျာရဲ့ ခေါင်းစဉ်က “အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ” တဲ့၊ အင်ခိုင်မွန် ဆိုတာက မေခ နဲ့ မလိခ ဆုံတဲ့နေရာမှာ မားမားကြီးတည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အမည်ပါ။ သူ့ကဗျာ ကို ဆရာမောင်စိန်ဝင်းက ဒီလို ရွတ်ပြပါတယ်။
“အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ”
မေခ နဲ့ မလိခ
ဆုံမိကြ ဒီမှာ။
သံယောဇဉ် မြစ်ဆုံဖြစ်
ချစ်ကြသောအခါ၊
သမုဒယ မြစ်နှစ်စင်းရဲ့
ချစ်ခြင်းဖွဲ့အလင်္ကာ
ဧရာဝတီ ရယ်လို့ဖြစ်၊
ကမ္ဘာတည်သရွေ့
မြန်မာပြည်ဟေ့ ရယ်လို့ ကြွေးကြော်ပြီး
စီးနေမည့် မြစ်။
ကဗျာဆရာက ဧရာဝတီမြစ်ကြီးကို “ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်” လို့ ရဲရဲဝင့် ဝင့် တင်စားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကပါ။ ကဗျာဆရာက ဆက်ပြောပြပါတယ်။ ရသစာပေ တခုရဲ့ တန်ဘိုးကို အ ချိန်ကာလ နဲ့ ဒေသ ပေါ်မှာယှဉ်ပြီး အချိန်တိုင်းမှာ၊ ဒေသတိုင်းမှာ မှန်မှ ကောင်းတယ်လို့ ဆုံးဖြတ်ရတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးထားတဲ့ စာတပုဒ်၊ ကဗျာတပုဒ်ဟာ ဒီနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒီ စာဟာ ကောင်း တယ်လို့ မခေါ်နိုင်ဘူးတဲ့၊ အဲဒီလို ပြောပြီး ကဗျာဆရာက ဝမ်းနည်းကြေကွဲစွာ ညီးတွားပါတယ်။ “ကျနော့် ကဗျာဟာ မကောင်းတော့ပါဘူး” တဲ့။ မနှစ်က (၂၀၁၀ ခုနှစ်) မြစ်ဆုံကို သူ တခေါက်ထပ်ရောက်ပါသတဲ့။ အဲဒီအချိန်မှာတော့ သူ့ရဲ့ “ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်” ကြီးဟာ နောက်တနှစ်တောင်မှ ခံပါဦးမလားလို့ သူ သံသယဖြစ်မိရပါတယ်…    တဲ့၊
ကဗျာဆရာက ဆက်ပြောပါတယ်။ ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောပါ တဲ့၊ ပြီးတော့ မေးခွန်းထုတ်ပါတယ်။ အဲဒီ အသက်သွေးကြောကြီး မရှိတော့ရင် ကျနော်တို့ ရှိနိုင်ပါဦးမလား၊ မြန်မာပြည်ကြီး ဆက်လက်ရှင်သန်နိုင်ပါဦးမလား၊ အဲဒီ နာကျင်ကြေကွဲစိတ်နဲ့ ကဗျာဆရာက နောက်ထပ်ကဗျာတပုဒ် ကို ရေးပြီး ရွတ်ဖတ်ပြပါတယ်။ ကဗျာရဲ့ ခေါင်းစဉ်က “မြစ်ကော” တဲ့။
“မြစ်ကော”
မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းလမ်းရပေမည်၊
ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့မှုံရီ၊
ချင်းတွင်း နဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊
တတောလုံးပြောင်၊ တတောင်လုံးလင်း
မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ်အပျက်သဘောနဲ့
မြစ်ကောမည့် နေ့။။။
ကျနော်တို့ တိုင်းပြည်ရဲ့ သစ်တောကြီးတွေ၊ အဘိုးတန်သတ္တုတွေ၊ ကျောက်မျက်ရတနာတွေ၊ သဘာဝအရင်းအမြစ်တွေ ကို မြန်မာစစ်ခေါင်းဆောင်တွေက သူတို့ရဲ့ အရှင်သခင် တရုတ်အစိုးရထံ ပဏ္ဍာဆက်သ လာဘ်ထိုးပသနေခဲ့တာ ကုန် သလောက်ရှိနေပါပြီ၊ အခုထပ်ပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးနဲ့ အခြားမြစ်ကြီးတွေကိုပါ မြန်မာ စစ်ခေါင်းဆောင်တွေက တရုတ်အစိုးရထံ လက်ညှိုးထိုး ရောင်းစားလိုက်ပါပြီ၊ ဒါကို ကဗျာဆရာ မောင်စိန်ဝင်း က “ကိုယ့် သွေးကို ကိုယ်ပြန်သောက်ပြီလား” လို့ နာနာကျင်ကျင် ညီးတွားရင်း မြစ်ကြီးတွေ ကောအောင်လုပ်တာဟာ မြန်မာနိုင်ငံ ပျက်သုံးအောင်လုပ်တာပဲလို့ ရဲရဲရင့်ရင့် စွပ်စွဲလိုက်တာပါ။ ဆရာမောင်စိန်ဝင်းလို ဧရာဝတီမြစ်ကြီးဘက်က အမှန်တရား ကို ရဲရဲဝံ့ဝံ့ပြောရဲသူတွေ ပို၍ပို၍များလာပါစေ၊ ဒီစကားတွေကို သက်ဆိုင်သူ အာဏာရှင်များလဲ ပြတ်ပြတ်သားသား ကြားကြပြီး အမှားပြင်နိုင်ကြပါစေ။
(ဆရာမောင်စိန်ဝင်းရဲ့ ဟောပြောချက် အပြည့်အစုံကို ဒီနေရာမှာ http://www.4shared.com/audio/JhKO0JbZ/MgSeinWin_20110515_ThuTaRaThaS.html  နားထောင်နိုင်ပါတယ်။)
(၆) မြစ်ကြီးနား၊ ငလျင်နဲ့ စက္ကန့် ၂၀
ကျနော့်ရဲ့ ဇူလိုင်လ ၈ရက်နေ့စွဲနဲ့ ဖြန့်ချိခဲ့တဲ့ “ဧရာဝတီကို ကယ်တင်ကြစို့” စာတမ်းမှာ “မြစ်ဆုံဆည်ဟာ စစ်ကိုင်း ငလျင်ပြတ်ရွေ့ကြောကြီးနဲ့ နီးလို့ ငလျင်များလှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီးတမြို့လုံး စက္ကန့်၂၀ အတွင်းမှာ ရေအောက်နစ် မြုတ်သွားနိုင်တယ်” လို့ ပညာရှင်များရဲ့ သတိပေးချက်ကို တင်ပြခဲ့ပါတယ်။ အဲဒီမှာ စက္ကန့်၂၀ ဆိုတာဖြင့် မဖြစ်နိုင်၊ လွန် လွန်းပြီလို့ ဝေဘန်ဆွေးနွေးကြတာတွေကို စာရေးဆရာတယောက်ရဲ့ Face Book စာမျက်နှာမှာတွေ့ရပါတယ်။ “ဒီလို ဆိုရင် ရေဟာ တနာရီကို မိုင် ၅၄၀၀ လောက်နှုံးနဲ့ စီးဆင်းရမှာမို့ များပြီထင်တယ်” လို့ စာရေးဆရာက ဆိုပါတယ်။ တ ယောက်ကကျတော့ “မိနစ် ၂၀ ကိုပြောတာထင်တယ်။ နဲနဲပိုရေးမိသွားတာများလား” လို့ ဖြေပါတယ်။ တယောက်က ကျတော့ “အသံရဲ့မြန်နှုံးကမှ တနာရီကို ၇၆၈ မိုင်မို့ ရေရဲ့အမြန်က အသံထက် ၇ ဆကျော်မြန်နေပြီ” လို့ ထောက်ပြပြန် ပါတယ်။ တချို့ကတော့ “အမှားကြီးတခုကို လက်ဆင့်ကမ်း ဖြန့်ဝေလိုက်မိပါပြီ” ဆိုပြီး နောင်တရနေကြပြန်ပါတယ်။ ကျနော်ကတော့ အံ့ဩမိပါတယ်။  စက္ကန့်၂၀၊ မိနစ် ၂၀၊ ၂ နာရီ၊ နာရီ ၂၀ ဆိုတာက အဓိက မဟုတ်ပါ။ ငလျင်ဒဏ် ကြောင့် ဆည်ကြီးပြိုကျပြီး မြစ်ကြီးနားမြို့ကြီး ရေအောက်ရောက်နိုင်တယ်ဆိုတာကို သတိပေးခြင်းက အဓိကပါ။ စက္ကန့် ၂၀ ဆိုတာကို သံသယဖြစ်လို့ ကျနော့် စာတမ်းတခုလုံးကို လက်မခံဘူး၊ မယုံဘူးဆိုရင်လဲ ရှိပါစေ၊ သစ်ပင် တပင်ချင်းကို စေ့စေ့စပ်စပ်လိုက်ကြည့်ပြီး သစ်တောအုပ်ကြီး တခုလုံးကို မမြင်သလို ဖြစ်နေပါတယ်။ စက္ကန့် ၂၀ ဆိုတာကို သံသယဖြစ် ဆွေးနွေးနေမည့်အစား မြစ်ကြီးနားမြို့ကြီး ရေအောက်မရောက်အောင် ဘယ်လို အချိန်မီ ကာကွယ်ကြမလဲ ဆိုတာကို အလေးအနက်ဆွေးနွေးကြ၊ တာဝန်ယူဆောင်ရွက်ကြရင် ဘယ်လောက် ကောင်းလိုက်မလဲ။
ဆည်ကြီးပြိုကျဖို့က ငလျင်ကြောနဲ့ နီးတာအပြင် အခြားအကြောင်းရင်း နှစ်ရပ်ရှိပါသေးတယ်။ မိုးအကြီးအကျယ်အဆက် မပြတ် ရွာပြီး မြစ်ရေကြီးတဲ့အခါမှာလဲ ဆည်ထဲမှာထိန်းထားနိုင်တဲ့ ရေပမာဏကို အလွန်အကျွံကျော်လွန်ပြီး ရေဖိအား ဒဏ်မခံနိုင်ပဲ ဆည်ကျိုးတတ်ပါတယ်။ ၂၀၀၆ ခုနှစ် မေလမှာ မိုးအကြီးအကျယ်ရွာသွန်းလို့ မြစ်ကြီးနားရဲ့ မြောက်ဘက် ၁၀မိုင် လောက်အကွာမှာရှိတဲ့ ကျိန်ခရန် (Ching Hkrang) ဆည် ပြိုအက်ပြီး ကျိန်ခရန်ရွာ ရေလွှမ်းမိုးခံရပြီး လူ ၅ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီကာလမတိုင်ခင်ကလဲ ဝါရှောင်ဆည်ကြီး ပြိုပျက်ခဲ့ပြီးပါပြီ၊ ကချင်ပြည်နယ်မှာ အဲဒီလို မိုးသည်း ထန်စွာရွာသွန်းပြီး မေခ၊ မလိခမြစ်ရေကြီးပြီး ရေလွှမ်းမိုးမှုကို ၁၉၅၀၊ ၁၉၆၀၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၉၇၊ ၂၀၀၄၊ ခုနှစ်များမှာ တွေ့ကြုံခဲ့ရပြီးပါပြီ၊ ၁၉၇၉ ခုနှစ်ရေလွှမ်းမိုးမှုမှာ မြစ်ကြီးနားမြို့ တမြို့လုံးနီးပါး ရေမြုတ်ခဲ့ပါတယ်။ နောက်တကြောင်းက တော့ တရုတ်ဆည်များရဲ့ အရည်အသွေးညံ့ဖြင်းမှုကြောင့်ပါ။ တရုတ်ပြည်မှာ ၁၉၇၅ ခုနှစ် ဩဂုတ်လမှာ ရှင်မန်တန် (Shimantan) နဲ့ ဘန်ကျောင် (Banqiao) ဆည်ကြီးတွေ ပြိုလဲတော့ အဆောက်အအုံ ၆ သန်းကျော် ပျက်ဆီး၊ လူ ၁၁ သန်းကျော် အိုးအိမ်မဲ့ ဖြစ်ပြီး လူ နှစ်သိန်း ၄ သောင်းကျော် သေဆုံးခဲ့ရပါတယ်။
Floodwaters overrunning the Washawng Dam in Burma in may 2006 shortly before it broke. (Photo: KDNG)
ဒီတော့ မြစ်ဆုံဆည်ကြီးပြိုကျဖို့က မိုးကြီးပြီး မြစ်ရေလွှမ်းလို့၊ ဆည်ရဲ့အရည်အသွေးညံ့ဖြင်းလို့နဲ့ ငလျင်လှုပ်လို့ စတဲ့ အ ကြောင်းသုံးပါးထဲက တကြောင်းကြောင်းဖြစ်စေ၊ နှစ်ကြောင်းစုံလို့ဖြစ်စေ၊ သုံးကြောင်းစလုံးပေါင်းစုံလို့ဖြစ်စေ၊ ဖြစ်လာနိုင် တဲ့ ကိစ္စပါ။ ကျိန်ခရန်ဆည်၊ ဝါရှောင်ဆည်များထက် အဆပေါင်းများစွာ ကြီးမားလှတဲ့ ဆည်ကြီးမို့ ဒီဆည်ကြီး ကျိုးပျက်ခဲ့ ရင်ဖြင့် (စက္ကန့်၂၀ မှာဖြစ်စေ၊ မိနစ် ၂၀ မှာဖြစ်စေ၊ ၂ နာရီမှာ ဖြစ်စေ) ဆည်ကြီးအောက်ခြေမလှမ်းမကမ်းက မြစ်ကြီးနား မြို့ကြီး ရေအောက်ရောက်သွားရုံမက ရေထဲမျောပါပျက်စီးသွားမှာပါ။
DISSENT ဆိုတဲ့ စာစောင် ရဲ့ ၂၀၁၁ ခုနှစ်ဆောင်းကူး/ဆောင်းရာသီ ထုတ် (AUTUMN/WINTER 2011) မှာ Melody Kemp ရေး   တဲ့ KACHIN CAPERS ဆိုတဲ့ ဆောင်းပါးမှာ၊ စာမျက်နှာ ၃၂ မှာ ဟောဒီလို ရေးထားပါတယ်။ “တကယ်လို့ များ ကမ္ဘာမြေကြီးက ရွေ့လျားပြီး (မြစ်ဆုံ) ဆည်ပြိုလဲခဲ့ရင် မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ လူ တသိန်းခွဲကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်ကြီးဟာ စက္ကန့် ၂၀ အတွင်းမှာ ပျောက်ဆုံး သွားလိမ့် မယ်” (If the earth moves and the dam collapses, the downstream capital of Kachin State, a city of over 150,000, would disappear in 20 seconds.)၊ Melody Kemp က ဩစတြေလျ လူမျိုးစာရေးဆရာမ တယောက်ဖြစ်ပြီး အာရှတိုက်မှာ အနှစ် ၂၀ ကျော် နေထိုင်နေသူ ဖြစ်ပါတယ်။ သူမဟာ အင်မတန် ဩဇာကြီးမားတဲ့ အမေရိကန် ပတ်ဝန်းကျင်ဆိုင်ရာ သတင်းအဖွဲ့အစည်း (U.S. Society for Environmental Journalism) ရဲ့ အဖွဲ့ဝင်တယောက်လဲ ဖြစ်ပါတယ်။
(၇) အမျိုးသားရေးလှုပ်ရှားမှု
ဧရာဝတီကိုကယ်တင်ရေး၊ မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်ဟန့်တားရေးဟာ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်တယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ကျနော်တို့အားလုံး ညီညာဖျဖျ လှုပ်ရှားကြမယ်ဆိုရင် ဒီအမျိုးသားရေးလှုပ်ရှားမှုကြီးကနေ ဧရာဝတီ ကို ကယ်တင်နိုင်ရုံ၊ ကာကွယ်နိုင်ရုံမျှမက ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအောင်ပွဲများပါ ရရှိနိုင်မယ်လို့လဲ ကျနော် လေးလေးနက်နက်ယုံကြည်ပါတယ်။ ဒီလှုပ်ရှားမှုကြီးကနေ နိုင်ငံတကာမှာ တရုတ်အစိုးရက မြန်မာနိုင်ငံကို ကိုလိုနီပြု နေမှု၊ မြန်မာပြည်သူများရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ဖျက်ဆီးနေမှုတွေကို လူသိရှင်ကြား ကန့်ကွက်ရှုံ့ချနိုင်ပါလိမ့်မယ်။ မြန်မာပြည်သူများရဲ့ မကျေနပ်မှု၊ နိုင်ငံတကာမိသားစုကြီးရဲ့ ဝေဘန် ရှုံ့ချမှုတွေအောက်မှာ တရုတ်အစိုးရဟာ သူ့ရဲ့ မြန်မာပြည်သူများအပေါ် အနိုင်အထက်ပြုကျင့်မှုကို ရပ်တန့်လာနိုင်ပါတယ်။ ပြီးတော့လဲ ပြည်တွင်းမှာ ပြည်သူတွေက၊ ဆရာမောင်စိန်ဝင်းလို တာဝန်သိသူတွေက မြန်မာစစ်ခေါင်းဆောင်တွေကို “ကိုယ့်သွေးကို ကိုယ်ပြန်မသောက်ကြဖို့”၊ “အမိနိုင်ငံရဲ့ အသက်သွေးကြောကို ရောင်းမစားဖို့”၊ ပိုပြီး ရဲရဲရင့်ရင့်၊ ကျယ်ကျယ်လောင်လောင် တောင်းဆိုဖိအားပေး နိုင်ကြမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေလဲ သူတို့ရဲ့ တရုတ်အစိုးရအပေါ် အလွန်အကျွံမှီခိုနေရမှုတွေကို ပြန်လည် စဉ်းစားသုံးသတ်ပြီး ရှက်တတ်လာနိုင်ပါတယ်။
ဒီ မြစ်ဆုံရေကာတာကြီးကို ဆက်ဆောက်နေသရွေ့ ကချင်ပြည်သူများ၊ မြန်မာပြည်သူများရဲ့ ကန့်ကွက်ရှုံ့ချမှုကို သူတို့ ဆက်လက် ရင်ဆိုင်နေရမှာဖြစ်သလို ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကိုလဲ ရပ်တန့်နိုင်မှာ မဟုတ်ပါ။ ကျနော်တို့ရဲ့ ဧရာဝတီ ကာကွယ်ရေး အမျိုးသားလှုပ်ရှားမှုကြီးက မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ် သစ္စာခံပြီး တရုတ်လိုသမျှ ပေးနေရတာထက် မြန်မာနိုင်ငံသားအချင်းချင်း မကျေလည်မှုတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိ နှိုင်း ဖြေရှင်းကြရင် တရုတ်အပါအဝင် ဘယ် နိုင်ငံခြားအစိုးရကိုမှ ကြောက်မနေရဘဲ ဂုဏ်သိက္ခာရှိရှိ၊ “ကမ္ဘာတည်သရွေ့၊ မြန်မာပြည် ဟေ့ရယ်လို့ ကြွေးကြော်ပြီး” ရပ်တည်နိုင်မှာ ဖြစ်ကြောင်း သိမြင်လာစေနိုင်မှာဖြစ်ကြောင်းပါ။
လေးစားစွာ
အောင်ဒင်
ဩဂုတ် ၂၊ ၂၀၁၁
aungdin@uscampaignforburma.org
http://www.naytthit.net/?p=16580

ဗိုလ်ချုပ်မှုးကြီး ဟောင်း သန်းရွှေ သတိလစ် မေ့မျော


Myanmar+Top+Leader+Shwe+Meets+Chinese+Leaders+YfTSQdtg3wfl 
တင်ကျော်ကျော်စိုး ၊                 ။ယခု ထက်တိုင် နိုင်ငံ တော် အာဏာ ကို ချုပ် ကိုင် ထား ဆဲ လို့ 
ယူဆရတဲ့ မြန်မာ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ဟာ ပြီး ခဲ့ တဲ့ တနင်္ဂနွေ နေ့ ညနေ
က  မြန်မာ ရုပ်ရှင် ဇာတ်ကားတစ်ခု ကို  မြေးဖြစ်သူ နေရွှေသွေးအောင် အပါအ၀င် မိသားစု နဲ့ 
အတူ ကြည့်ရှုအပြီး မှာ သတိလစ် မေ့ မျော သွား ခဲ့ ပြီး တနင်္လာ နေ့  ညနေမှာ သတိ ပြန်လည်
လာ က နောက်နေ့  တွေ မှာတော့ သတိမရ တစ်ချက် ရတစ် ချက် ဖြစ်
နေပြီး အခု ထက်ထိ
အိပ်ရာ ထက် လဲ နေဆဲ ရှိကြောင်း သူ့  မိသား စု နဲ့  နီးစပ် သူ တစ်ဦး က
FNG ကို အတည် ပြု
ပြောကြား ပါတယ်။
ကနဦးက သူဟာ သေဆုံးသွား ခဲ့ ပြီ ဟု သတင်းများ ထွက် ပေါ် ခဲသေး သည် ဟု နေပြည်တော်
ရှိ စစ်တပ် အရာ ရှိ အသိုင်းအ၀ိုင်း က အတည် ပြုပြောကြားသည်။
အသက် ၇၉ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရဲ့  ကျန်းမာရေး အခြေအနေ နဲ့ 
ပတ်သက်ပြီး ရန်ကုန် မြို့  က သူ့ မိသား စု နဲ့  နီးစပ် တဲ့ အကြီးစား စက်မှုလုပ်ငန်း ရှင် တစ်ဦး
က ” တနင်္လာ နေ့ မှာ ကျွန်တော် တို့  စကြားတယ်။ အဖိုးကြီး အိပ်ယာထဲ မျော သွား တယ်လို့ 
သမ္မတရော ၊ ကာကွယ် ရေး ဦးစီးချုပ် ရော အိမ်မှာ အသင့် ရှိနေကြရတယ်။ ကိုမာ လို သတိ
မလည် တော့ မယ့် ပုံစံမျိုး ဖြစ်နေ တယ်။ သူ့ ရဲ့  လုပ်ဖော် ကိုင် ဖက် တွေ က စင်္ကာပူ မှာ သွား
ပြီး ဆေးကု သစေချင် တယ်။ မိသား စု က သဘောမတူ ဘူး” ဒါနောက် ဆုံး သိရတာ ပဲ ဟု
FNG သို့ ပြောသည်။
ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ပြီး ခဲ့ သည့် မတ်လ ၃၁ ရက်နေ့ က စစ်အုပ်ချုပ် ရေး ယန္တယား
ဖြစ်သည့် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ ဖြိုးရေး ကောင်စီ ကို ဖျက် သိမ်းကာ အများ
က သံသယ  ရှိသည့် အရပ်သား အုပ်ချုပ် ရေး ကို အသက်ဝင်စေခဲ့ သည်။
ပြီးခဲ့ သည့် ဇူလိုင် လ ဆန်း က ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ ဇနီး ဖြစ်သူ ဒေါ်ကြိုင်ကြိုင် လည်း
သည်းထန်စွာ မကျန်းမမာ ဖြစ် ခဲ့ သည် ဟု သတင်း ရရှိသည်။
၎င်း သည် ယခု ထက် တိုင် သူ၏ ကိုယ်ရံတော် တပ် ဖွဲ့ နှင့် အတူ နေထိုင် ပြီး ၎င်း အဖွဲ့  မှ ခေါင်း
ဆောင် ဗိုလ်မှုး ကျော်ကျော် သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၏ ခန္တ
ကိုယ်ကို ပင် စေ့စပ်စွာ ရှာ ဖွေ ပြီး မှ အိမ်ထဲ ၀င်ခွင့် ပြုသည် ဟု သိရသည်။
မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေ၀င်း သည် ၂၀၀၀ ပြည့် နှစ် က
စင်္ကာပူ ဉ် သွားရောက် ဆေးကုသ ခံယူပြီး ၂၀၀၁ ခု နှစ် တွင် နေအိမ် အကျယ်ချုပ် ချမှတ်ခံရ
သည်။ 
http://freedomnewsgroup.com

ဗုဒ္ဓဟူး, 03 သြဂုတ် 2011
ပြည်ထောင်စုလွှတ်တော် နဲ့ တိုင်းရင်းသားပါတီများရဲ့  ရပိုင်လုပ်ပိုင်ခွင့်များ

By ဦးကျော်ဇံသာ

အီးမေးလ်
ပုံနှိပ်ရန်
ဝေဖန်ပါ

ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်မှာ မကြာခင် ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေးစရာရှိတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားမဟာမိတ် (၅) ပါတီ အစည်းအဝေးလုပ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားပါတီတွေ ဘယ်လောက် အရေးပါအရာရောက်ပါသလဲ။ တိုင်းရင်းသားအရေးတွေကို ဘယ်လောက် ဦးစားပေး ဆွေးနွေးနိုင်ပါသလဲ စတဲ့ အကြောင်းအရာများကို ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးကျဲအိုဘခ်ထောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးလှစော တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ စကားမစပ် တခုမေးချင်ပါတယ် ဦးလှစော။ တလောက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ရခိုင်ဘက်ကိုသွားတာ သတင်းထဲမှာ တွေ့ရပါတယ်။ အဲဒီမှာ သူပြောတာက လူမျိုးမခွဲ သူတို့က အကူအညီတွေ ပေးနေတယ်။ တိုင်းရင်းသားတွေလည်း အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်တာကို လျှော့ပါဘာညာ ပြောသွားတာကို တွေ့ရတယ်။ အဲဒါကို ရခိုင်တိုင်းရင်းသား ပြည်သူတွေက အဲဒီမိန့်ခွန်းကို ဘယ်လိုတုံ့ပြန်ကြသလဲ။

ဦးလှစော ။ ။ ပြောရရင်တော့ စိတ်မကောင်းစရာပေါ့။ ကျနော်တို့ တိုင်းရင်းသားတွေအနေနဲ့ကတော့ လျှော့စရာတော့ သိပ်မရှိဘူး။ ကျနော်တို့ မြင်တာကတော့ သဘောထားကြီးစရာပဲလိုတယ်။ တိုတိုပဲပြောရရင်တော့ ကျနော်တို့ဘက်က အင်မတန် လျှော့ပါတယ်။ တသက်လုံး လျှော့လာခဲ့တာပဲ။ ကျနော်တို့ကတော့ တခွန်းတည်းပဲ ပြောချင်ပါတယ် သဘောထားကြီးပါ။ ဒါပါပဲ။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက သမ္မတ ကိုယ်တိုင်လာတယ်ဆိုတော့ ရခိုင်တိုင်းရင်းသားတွေရဲ့  လေဘေး၊ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ တော်တော်များများ ထိထိရောက်ရောက် လုပ်ပေးခဲ့ပါသလား။

ဦးလှစော ။ ။ ကျနော် ထင်တာကတော့ အရင်တုန်းကတော့ နိုင်ငံတော်ခေါင်းဆောင်ကြီး ဦးသန်းရွှေ တုန်းကတော့ မသွားဘူးပေါ့။ အခုတော့ လာသွားတယ်။ လာသွားတယ်ဆိုပေမယ့် သိပ်ကြီးကြီးမားမား ထိထိရောက်ရောက် လုပ်သွားတာလည်း မတွေ့ဘူး။ နောက်တခုက မြောက်ဦးမှာလာတော့ ဘုရားကိစ္စတခုပါတယ်။ ဘုရားကိစ္စကိုတော့ နည်းနည်းဖြေရှင်းခဲ့တယ်။ ဘုရားကိစ္စမှာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးတွေက နည်းနည်းတင်းမာတဲ့လူကြီးတွေက အဲဒီ ရှေးဟောင်းသုတေသန ဘုရားတွေကို ~ ယူမယ့်ကိစ္စတွေနဲ့ ရခိုင်ပြည်သူတွေနဲ့ ရခိုင်ပါတီကြားမှာ တင်းမာမှုတွေ ရှိတယ်ပေါ့။ အဲဒီကိစ္စကို ပြေလည်အောင် တစုံတရာ ဖြေရှင်းခဲ့တယ်လို့ ကြားသိရပါတယ်။ ဒါပေမဲ့ ပြေလည်အောင် ဖြေရှင်းခဲ့တဲ့အထဲမှာလည်း ဘုရားကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြည်သူတွေကပဲ အလွန်လိုလို၊ ကျနော်တို့ပါတီကပဲ အလွန်တင်းမာတဲ့ သဘောထားမျိုး စကားတွေပြောခဲ့တာကို စိတ်မကောင်းဘူး။ ဒါကတော့ အမှန်တရားပဲ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီနေ့ ကျနော် အဓိကမေးချင်တာကတော့ တိုင်းရင်းသား (၅) ပါတီ အစည်းအဝေးလုပ်တယ်လို့ ပြောပါတယ်။ အဓိအားဖြင့် ဘာတွေ ဆုံးဖြတ်ပါသလဲ။

ဦးကျဲအိုဘခ်ထောင်း ။ ။ ဒီနေ့ ကျနော်တို့ အဓိက ဆွေးနွေးသွားတာကတော့ အထူးသဖြင့် နယ်စပ်ဒေသ၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ နိုင်ငံတော် တပ်မတော်နဲ့ တိုင်းရင်းသားတပ်တွေကြား ပဋိပက္ခကို ဆွေးနွေးသွားတယ်။ နောက်တချက်ကတော့ လာမယ့် လွှတ်တော်ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွက် ကြိုတင်ပြီး တိုင်းရင်းသား (၅) ပါတီ၊ (၆) ပါတီ အနေနဲ့ ဘာတွေတင်ပြသွားမယ်ဆိုတာကို အဓိက ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေနဲ့ စစ်ဖြစ်နေတဲ့ကိစ္စကို တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်မှာ တင်ပြဖို့ အစီအစဉ် ရှိပါသလား။ အဲဒီလို ဆုံးဖြတ်ခဲ့သလား။

ဦးကျဲအိုဘခ်ထောင်း ။ ။ ရှိပါတယ်။ အဓိကတော့ ကျနော်တို့ မနက်ဖြန်မှာ အသေးစိတ် ဆုံးဖြတ်ဆွေးနွေးဖြစ်မယ်။ ဒီနေ့ကတော့ လွှတ်တော်မှာ ဒီကိစ္စကို တင်ပြဖို့တော့ ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ တင်ပြမယ်ဆိုရင် လွှတ်တော်မှာ စီစစ်ရေးကော်မတီက သဘောတူမှ ဆက်လက် တင်ပြခွင့်ရသလား။ မဟုတ်ဘဲနဲ့ တခါတည်း လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တန်ပြီး တင်ပြခွင့် ရှိပါသလား။

ဦးကျဲအိုဘခ်ထောင်း ။ ။ ခါတိုင်းမှာတော့ စီစစ်တဲ့သူကတော့ စီစစ်တာပေါ့။ တခါတလေတော့လည်း ဥပမာ အထူးသဖြင့် ကျနော်တို့ CNP ပါတီက တင်ပြချင်တဲ့ဟာကို အဆိုကို မေးခွန်းတွေ ပြောင်းပေးပါဆိုပြီး သူတို့ဘက်က ပြောသွားတာတွေဘာတွေ ရှိပါတယ်။ ဒီတကြိမ်လည်း ဘယ်လိုလာမလဲတော့ မသိဘူး။ ကျနော်အနေနဲ့ ဘာပဲဖြစ်ဖြစ် ဒီဟာကို ငြိမ်းချမ်းစွာနဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့တော့ နည်းလမ်းတနည်းနည်းနဲ့ တင်ပြသွားဖို့ မနက်ဖြန်မှာ အသေးစိတ် ပြန်ဆွေးနွေးပြီး တင်ပြနိုင်အောင် ဆုံးဖြတ်နိုင်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးလှစော ခင်များ။ တိုင်းရင်းသားပါတီတွေရဲ့  ကိုယ်စားလှယ်စုစုပေါင်း ပြည်ထောင်စုလွှတ်တော်မှာ ဘယ်လောက် ရှိပါသလဲ။ တကယ်လို့ တိုင်းရင်းသားပါတီတွေက လူနည်းစုဖြစ်နေခဲ့ရင် အဲဒီ တိုင်းရင်းသားအမတ်တွေ တင်ပြတဲ့ အဆိုတွေ၊ မေးခွန်းတွေကို ကျန် တနိုင်ငံလုံးက အမတ်တွေက စာနာစိတ်နဲ့ ကူညီတာ၊ ပံ့ပိုးတာ၊ ထောက်ခံဆွေးနွေးပေးတာ ရှိပါသလား။

ဦးလှစော ။ ။ ဒါကတော့ ကျနော်တို့က တင်ပြသင့်တဲ့ ကိစ္စတွေကို တင်ပြတာပေါ့။ ဒါက အမှန်တရားပဲ။ ဗမာပြည်မှာ တကယ်ဖြစ်နေတဲ့ ပြဿနာတွေကို ကျနော်တို့ တင်ပြတာ။ ပါတီထဲမှာတော့ ကျနော်တို့ ဒီမိုကရက်တစ်အင်အားစုတွေက အင်မတန် အားနည်းပါတယ်။ အထူးသဖြင့် တိုင်းရင်းသားပါတီတွေလည်း အင်မတန်အားနည်းပါတယ်။ ဒါပေမဲ့ ပါတီကြီးအနေနဲ့ ဒါကို သဘောထားကြီးကြီးနဲ့ ဘယ်လောက်အထိ တုံ့ပြန်မလဲဆိုတာကတော့ တပိုင်း။ ဒါပေမဲ့ ကျနော်တို့ကတော့ လူနည်းစုဆိုပေမယ့် democratic platform ထဲကနေ ရဲရဲဝံ့ဝံ့ တင်ပြပါမယ်။ ထိရောက်တယ် မထိရောက်ဘူး အပိုင်းကတော့ အစိုးရသစ်နဲ့ အင်မတန် အင်အားကြီးတဲ့ ပါတီရဲ့  သဘောထားကြီးမှုပေါ်မှာ အများကြီး မူတည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် မေးချင်တာကတော့ အဲဒီ တိုင်းရင်းသားပါတီတွေက တင်ပြတယ်။ ပါတီတွေ မတူပေမယ့်လည်း တင်ပြတဲ့ကိစ္စဟာ တတိုင်းပြည်လုံးအကျိုးနဲ့ ပတ်သက်နေတဲ့ကိစ္စဆိုရင် တခြားပါတီဝင် အမတ်တွေကလည်း ပါတီဆိုတဲ့ partisan စိတ်ကိုဖယ်ထားလိုက်ပြီး တိုင်းပြည်အကျိုးကိုကြည့်ပြီးတော့ တူညီတဲ့ အချက်အလက်၊ တူညီတဲ့ ပြဿနာကို တသဘောထဲ ဆွေးနွေးတာတွေ ရှိသလားဆိုတာကို သိချင်လိုပါ။

ဦးလှစော ။ ။ လောလောဆယ်မှာတော့ ပြီးခဲ့တဲ့ အတွေ့အကြုံရဆိုရင်တော့ အဲဒါမျိုးတွေ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ တွေ့ချင်လည်းတွေ့နိုင်တယ်။ ဒါမှမဟုတ်ရင် အဲဒီပါတီရဲ့  democratic centralism အောက်မှာ အဲဒီအမတ်တွေက ဆွံအ၊ နားမကြား ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ ဒါကိုတော့ ကျနော်တို့လည်း မပြောတတ်ဘူး။

ဦးကျော်ဇံသာ ။ ။ ချင်းအမျိုးသားပါတီအနေနဲ့ အရင်တုန်းကလည်း တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတဲ့အခါ ဒီစကားကို ပြောဘူးပါတယ်။ ဒေသအတွင်းမှာ ချင်းပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ဆိုတဲ့ ပြည်သူ့လွှတ်တော်နဲ့ ချင်းဝန်ကြီးချုပ်က ပိုပြီးလုပ်ပိုင်ခွင့် ရှိသလား။ သို့တည်းမဟုတ် ဒေသခံ စစ်အာဏာပိုင်တွေက ပိုပြီးသြဇာအာဏာ ကြီးမားနေသလား။ ဒီကိစ္စက မပြတ်မသားဖြစ်နေတာကို ကြားသိခဲ့ရပါတယ်။ ချင်းပြည်နယ်ရဲ့  အခြေအနေက ဘယ်လိုရှိပါသလဲ။

ဦးကျဲအိုဘခ်ထောင်း ။ ။ ဟုတ်တယ်။ အထူးသဖြင့် ဒီဟာကလည်း တအားနုနယ်သေးတော့ မလုပ်တတ် မကိုင်တတ်တာတော့ မသိဘူး။ အထူးသဖြင့် ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကြားမှာ check and balance ကတော့ ရှိမယ့်ပုံ အရိပ်အရောင်တော့ ကျနော်တို့ မတွေ့သေးဘူး။ ဒါကလည်း ပြည်နယ်လွှတ်တော်ကို တကြိမ် နှစ်ကြိမ်ပဲ ခေါ်သေးတာ။ ပြည်နယ်လွှတ်တော်ကို တဖြည်းဖြည်း ရုပ်လုံးပေါ်လာရင်တော့ ရှိနိုင်မယ်လို့ ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ချင်းပါတီတွေက ကြံ့ခိုင်ရေးနဲ့ လက်ချိုးစားဆိုရင် တဝက်နီးပါး။ လွှတ်တော်ကိုယ်စားလှယ်ဆိုရင် တစ်ဦး၊ နှစ်ဦးလောက်ပဲ သူတို့ အနိုင်ရသွားတယ်။ လွှတ်တော်မှာတော့ ကျနော်တို့အသံကတော့ တခြားတိုင်းလွှတ်တော်ထက် ကျနော်တို့ချင်းပြည်နယ်မှာ အတိုက်အခံအင်အားက အသံကတော့ ပိုကျယ်နိုင်လိမ့်မယ်လို့ ထင်တယ်။ လူဦးရေကလည်း ပိုများတော့။ ဒီ အခြေအနေမှာ ကြည့်လို့ရှိရင်တော့ ဥပမာ ပြည်နယ်ဝန်ကြီး အဖွဲ့ထဲမှာ ဝန်ကြီးတဦး (နံမည်တော့ မပြောချင်ပါဘူး)။ ဒီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဆိုတာတွေ ဘာတွေဆိုတာကလည်း သူတို့အထင်မှာ ဒီဟာက ဝန်ကြီးဌာနအောက်တွေမှာ၊ သူတို့ ပြည်နယ်အစိုးရအောက်တွေမှာ ရှိတယ်လို့ပဲ မှတ်ယူထားလားတော့ မသိဘူး။ ကျနော့် အမြင်နဲ့တော့ တော်တော်လေး လွှဲသွားတယ်။ သူတို့ပဲ မသိတာလား၊ ကျနော်တို့ပဲ မသိတာလား မသိဘူးပေါ့နော်။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာကတော့ ချင်းပြည်သူတွေရဲ့  ညဉ်းတွားတဲ့ကိစ္စထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စထဲမှာ ဘာသာရေး လွတ်လပ်ခွင့်မရှိဘူးဆိုတဲ့ ကိစ္စလည်း မကြာခဏ ကြားရပါတယ်။ ချင်းတိုင်းရင်းသားတွေ ဘုရားဝတ်ပြုတဲ့နေရာတွေကို အာဏာပိုင်တွေက နည်းမျိုးစုံနဲ့ အနှောက်အယှက်ပေးတာတို့၊ လွတ်လွတ်လပ်လပ် ဘာသာရေးလုပ်ခွင့် မရှိတာတို့။ ခရစ်ယာန် အဆောက်အဦးတွေ ဆောက်လုပ်တဲ့နေရာမှာ ဟန့်တားတာတို့။ အဲဒါတွေ အခု သမ္မတဦးသိန်းစိန် အစိုးရနောက်ပိုင်းမှာ အဲဒီလုပ်ရပ်တွေ ဘယ်လိုနေပါသလဲ။ သက်တောင့်သက်သာ ဖြစ်သွားပြီလား။ အရင်လိုပဲ တင်းတင်းကြပ်ကြပ် ရှိနေတုန်းလားဆိုတာကို ပြောပြပါ။

ဦးကျဲအိုဘခ်ထောင်း ။ ။ လောလောဆယ်မှာတော့ ဒီအတိုင်းပါပဲ။ အများကြီး အပြောင်းအလဲမရှိပါဘူး။ မျှော်လင့်ပါတယ် နောင် အနာဂတ်တွေမှာတော့ ဘာသာရေးအရ၊ လူမျိုးရေးအရ လူနည်းစုတွေ ဖြစ်ကြတဲ့သူတွေကို စာနာထောက်ထားပြီးတော့ အခွင့်အရေးတွေကို ပိုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအခြေအနေမှာတော့ သိပ်ပြီတော့ အားရကျေနပ်စရာ အပြောင်းအလဲတွေတော့ မရှိသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော်က အဲဒီလို ကိစ္စမျိုးကို မေးတာပါ။ ဥပမာ ချင်းပြည်နယ်မှာဆို သူတို့ အစဉ်အလာ ကိုးကွယ်လာတဲ့ ဘာသာတရားကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်မရှိဘူးဆိုတဲ့ ကိစ္စမျိုးဖြစ်တယ်။ အဲဒီလို ကိစ္စမျိုးကို ချင်းလွှတ်တော်အမတ်က လွှတ်တော်မှာ တင်ပြမယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်က ကျန်တဲ့အမတ်တွေက ဟုတ်တယ်၊ ဒါကိုတော့ ကျနော်တို့ သက်သက်ညှာညှာ စဉ်းစားသင့်တယ်ဆိုတဲ့ သဘောမျိုး လိုက်လျောဆွေးနွေးပေးကြတာ ရှိသလားဆိုတာကို သိချင်တာပါ။

ဦးလှစော ။ ။ အဲဒါကတော့ လောလောဆယ် ကျနော်တို့ ပထမအကြိမ်မှာတော့ တင်တာ မတွေ့သေးဘူး။ အခုဟာက တိုင်းရင်းသားပါတီတွေအချင်းချင်းကြားထဲမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံနေရတယ်။ တိုင်းရင်းသားအချင်းချင်းဆိုတော့ ပိုပြီးမျှဝေ ခံစားလိုရတယ်ပေါ့။ အဲဒါမျိုးဖြစ်လို့ရှိရင် ကျနော်တို့ တိုင်းရင်းသားပါတီတွေအနေနဲ့ လွှတ်တော်အတွင်းမှာ အတူတကွ ပူးပေါင်းကြမယ်။ နောက် တယောက်ကတင်တဲ့ အဆိုကို ဝိုင်းဝန်ပြီးတော့ ထောက်ခံကြမယ်။ အကောင်းဆုံး အခြေအနေတခုဖြစ်အောင် လုပ်မယ်ဆိုတာမျိုး ညှိနှိုင်းကြတာ ရှိပါတယ်။ တကယ်လည်း လုပ်သွားမှာပါ။ ကျနော်တို့ ချင်းမှာခံစားနေရတဲ့ အခုလောလောဆယ် ချင်းဆိုတာက ဗမာပြည်မှာ ဖွံ့ဖြိုးတိုးတက်မှု အနှိမ့်ကျဆုံးဒေသ။ ဒုတိယ ဖွံ့ဖြိုးတိုးတက်မှု အနှိမ့်ဆုံးက ရခိုင်။ ဒီကြားထဲ ဖြတ်ပြောရမယ်ဆိုရင် ဆင်းရဲမှု တိုက်ဖျက်ရေးဆိုတာရှိတယ်။ ဆင်းရဲမှု တိုက်ဖျက်ရေးဆိုတာ ချင်းနဲ့ ပတ်သက်ပြီး ဘယ်လိုလဲ။ ရခိုင်နဲ့ ပတ်သက်ပြီး ဘယ်လိုလဲဆိုတာ ကျနော်တို့ ဘာမှမသိဘူး။ အဲဒီ ဆင်းရဲမှု တိုက်ဖျက်ရေးကို ကျနော်တို့ ယေဘုယျ လက်ခံပါတယ်။ ဒါပေမဲ့ အဆင်းရဲဆုံး တိုင်းရင်းသားဒေသတွေနဲ့ ပတ်သက်ပြီးတော့ ထူးခြားတဲ့ ပေါ်လစီ ဘာရှိသလဲဆိုတာ ကျနော်တို့ မသိဘူး။ အဲဒီတော့ ချင်းပြည်သူတွေကိုလည်း ကျနော်တို့ ရခိုင်က စာနာတယ်။ ရခိုင်ကိုလည်း ချင်းစာနာတယ်။ ရခိုင်ကိုလည်း ရှမ်းနားလည်းတယ်။ ရှမ်းကိုလည်း ရခိုင်က နားလည်းတယ်ဆိုတော့ ကျနော်တို့ တိုင်းရင်းသားပါတီ (၅) ပါတီ။ လောလောဆယ် (၆) ပါတီ - ကယန်း ပါတီ ပါလာတယ်။ အဲဒီကြားထဲမှာ common ground တွေ ရှာပြီးတော့ တယောက်ရဲ့  တောင်းဆိုချက်တွေကို ကျနော်တို့ အကုန်လုံး နားလည်းပြီးတော့ လိုက်လျောပြီး လွှတ်တော်ထဲမှာ ဖြစ်သင့်ဖြစ်ထိုက်တွေ ဖြစ်အောင်လို့ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာက ဦးလှစောကိုပဲ အရင် စမေးပါရစေ။ အဲဒီ တိုင်းရင်းသားပါတီတချို့ ကို အာဏာပိုင် အစိုးရက စီးပွားရေးလုပ်ပိုင်ခွင့် ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပါတယ်။ အဲဒါကို ဝေဖန်ကြသူတွေလည်း ရှိတယ်။ အဲဒီလို စီးပွားရေးမက်လုံးတွေ ရတဲ့အတွက် တချို့ ဟာ သူတို့ ပြောဆိုလုပ်ကိုင်တဲ့ လှုပ်ရှားမှုဟာ နည်းနည်းနှေးသွားတယ်။ သိပ် သွက်သွက်လက်လက် မရှိတော့ဘူးလို့ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်နေပါတယ်။ အဲဒါ ဘယ်လောက်မှန်ပါသလဲ။

ဦးလှစော ။ ။ ကျနော်တို့တော့ ဘာမှ မသိဘူး။ လောလောဆယ် ကျနော်တို့ ကြုံနေရတာကတော့ ကျနော်တို့ စီးပွားရေးလုပ်ပိုင်ခွင့် မပြောနဲ့ ကျနော်တို့ပါတီတွေက ငွေရေးကြေးရေးအရကိုက အကြပ်ကိုင်ပြီး၊ တော်တော်ဒုက္ခရောက်နေတဲ့ အနေအထားမျိုးရှိတယ်။ ဥပမာ အခုစွဲခံရတဲ့ကိစ္စက အစပေါ့။ ကျနော်တို့ တိုင်းရင်းသားပါတီတွေကို အခွင့်အရေးပေးတာတော့ မသိဘူး။ တိုင်းရင်းသားပါတီတွေရဲ့  ဆက်လက်ရပ်တည်ခွင့်အတွက် တော်တော်ကို အကြပ်အတည်းဖြစ်အောင် ကြုံနေရတယ်။ ကြုံနေရတယ်ဆိုတာ သဘာဝကျကျ ကြုံနေရတာလား။ ဒါမှမဟုတ် တမင် တိုင်းရင်းသားပါတီတွေရဲ့  ကြီးထွားမှုကို အနှောက်အယှက်ပေးတဲ့အတွက်၊ တမင် ဖျက်ဆီးရေးလုပ်နေသလားဆိုတာကို စဉ်းစားနေရတဲ့ အနေအထားမှာရှိနေတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါ ဦလှစောတို့ ပါတီပေါ့။ တချို့ ပါတီတွေတော့ စီးပွားရေးကုမ္မဏီတွေ ထောင်ပြီးတော့ လုပ်ပိုင်ခွင့်ပေးတယ်လို့ ကြားသိရပါတယ်။

ဦးလှစော ။ ။ အဲဒါကိုတော့ ကျနော်တို့ အသေးစိတ် မသိဘူး။ ကျနော်တို့ကတော့ ကိုယ်ကြုံနေရတာပဲသိတယ်။

ဦးကျော်ဇံသာ ။ ။ ဦးကျဲအိုဘခ်ထောင်း အနေနဲ့ ဘယ်လိုသဘောရပါသလဲ။ တိုင်းရင်းသားပါတီတချို့ ကို စီးပွားရေးလုပ်ပိုင်ခွင့် ပေးပြီးတော့ နှုတ်ပိတ်စေချင်တယ် သဘောမျိုးဖြစ်တယ်လို့ တချို့ က သုံးသပ်ကြပါတယ်။ ကြားမိပါသလား။

ဦးကျဲအိုဘခ်ထောင်း ။ ။ အသေးစိတ်တော့ ကျနော်တို့ မသိဘူး။ တချို့ တိုင်းရင်းသားပါတီတချို့ လည်း ကျနော်တို့ (၅) ပါတီတော့ မပါသေးဘူး။ အဲဒီ ပုံစံမျိုးတွေရှိတယ်။ သို့သော်လည်း သူတို့အခြေအနေတော့ ကျနော်တို့ လေ့လာနိုင်သလောက်တော့ လေ့လာနေတယ်။ အဲဒီလို ပုံစံမျိုးနဲ့ ရပ်တည်သွားတယ်ဆိုတာ ဘယ်ပါတီဘယ်ဝါဆိုတာတော့ မကြားသေးပါဘူး။
http://www.voanews.com/burmese/news/

မြန်မာ့ဆင်းရဲမှု လျှော့ချရေး ရန်ပုံငွေ စုတာထက် မူဝါဒ ပြင်ဖို့လို

ကြာသပတေး, 04 သြဂုတ် 2011

By ဦးကျော်ထင်

သမ္မတ ဦးသိန်းစိန်ရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်အတွက် မုံရွာကုန်စည်ဒိုင် အဖွဲ့ဝင် ကုန်သည်ပွဲစား အယောက် ၇၀၀ နီးပါးကို ကျပ် ၂၀၀,၀၀၀ စီ ထည့်ဝင်ကြရမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက ညွှန်ကြားလိုက်ပါတယ်။ ကုန်သည်ပွဲစား တချို့က ထည့်ဝင်နိုင်ပေမဲ့ အများစုက မထည့်နိုင်ကြဘူးလို့ ပြောကြပါတယ်။ ဒီလို ချမ်းသာသူတွေဆီက အလှူခံပြီး ဆင်းရဲသားကို မျှပေးတဲ့ ယာယီနည်းနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး ဖြေရှင်းလို့ မရနိုင်ဘဲ ရေရှည်အတွက် အစိုးရ အနေနဲ့ မူဝါဒတွေ ပြောင်းလဲသင့်တယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်အတွက် မုံရွာ ကုန်သည်ပွဲစားတွေက ကျပ်သိန်း ၁,၀၀၀ ထည့်ဝင်ရမှာ ဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင် စာရင်းအရ ကုန်သည်ပွဲစား ၇၀၀ နီးပါးရှိတယ် ဆိုပေမဲ့ တကယ်တမ်း ကုန်စည်ဒိုင်နဲ့ ဆက်စပ် အလုပ်လုပ်သူက ၃၀၀ လောက် ရှိမယ်လို့ ကုန်စည်ဒိုင် တာဝန်ရှိသူတွေကို ကိုးကားပြီး The Voice weekly online သတင်းက ဆိုပါတယ်။

မုံရွာကုန်စည်ဒိုင်နဲ့ နီးစပ်တဲ့ ကုန်သည် အမျိုးသမီးတယောက်က သတ်မှတ်ငွေရဖို့ မသေချာသေးဘူးလို့ ပြောပါတယ်။

“အားလုံး ဖြစ်နိုင်ကြရဲ့လား ဆိုတာက အားလုံးတော့ ဖြစ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ အဖွဲ့အစည်းမှာကတော့ ဦးရေ ၇၀၀ လောက်က မှတ်ပုံတင်ထားတာ ရှိတာပေါ့ရှင်။ ဦးရေ ၇၀၀ စလုံးကလည်း ပွဲစား ကြီး ငယ် ရွယ်လတ် အားလုံးကလည်း ၂၀၀,၀၀၀ ကို တန်းတူ ထည့်နိုင်တဲ့လူလည်း ရှိတယ်၊ တန်းတူ မထည့်နိုင်တဲ့လူလည်း ရှိတယ်။ အဲဒီတော့ အခုချိန်ထိ စာရင်းကောက်တုန်းပဲ ရှိသေးတယ်။ ပြည့်စုံ၊ မပြည့်စုံ ဆိုတာတော့ မသေချာသေးဘူးရှင့်။”

ပြီးခဲ့တဲ့ လကုန်ပိုင်း အစည်းအဝေးမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ ကုန်သည်တွေ ကျပ်သိန်း ၁,၀၀၀ ထည့်ဝင်ရမယ်လို့ ကုန်စည်ဒိုင် ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ အစည်းအဝေးမှာ ၃၀၀,၀၀၀ သတ်မှတ်ပေမဲ့ အဖွဲ့ဝင်ဦးရေအရ နောက်ပိုင်းမှာ လျှော့လိုက်တယ်လို့ အဆိုပါ ကုန်သည်အမျိုးသမီးက ပြောပါတယ်။

“စောစောကတော့ ၃၀၀,၀၀၀၊ ၃၀၀,၀၀၀ ကနေ သူတို့ ညှိလိုက်တဲ့အခါကျ ကုန်စည်ဒိုင်က သူတို့ သိန်း ၁,၀၀၀ ပံ့ပိုးရမယ်လို့ ပြောပါတယ်ရှင့်။ အဲဒါကို ၃၀၀,၀၀၀ ကနေ ၂၀၀,၀၀၀၊ ဟိုတပတ်လောက်က အစည်းအဝေးပြီးတော့ ၂၀၀,၀၀၀ သတ်မှတ်တယ်လို့ ပြောပါတယ်ရှင့်။”

The Voice weekly online သတင်းမှာတော့ မုံရွာ ကုန်သည်ပွဲစားတွေ လာမယ့် သြဂုတ်လ ၁၅ ရက်နေ့ကို နောက်ဆုံးထား ထည့်ဝင်ရမှာဖြစ်ပြီး ပျက်ကွက်သူတွေ ကုန်စည်ဒိုင်ဝင်ခွင့် ပိတ်မယ်လို့ ဖော်ပြထားပါတယ်။

မုံရွာ ကုန်သည်ပွဲစား အများစုရဲ့ အခြေအနေကို သူမက အခုလို ပြောပြပါသေးတယ်။

“ပွဲစားတွေက ဒီ ၇၀၀ အားလုံးဟာ ချမ်းသာတဲ့ လူတွေချည်းတော့ မဟုတ်ဘူး။ လက်လုပ်လက်စားဘ၀က ပွဲစားလုပ်တာ၊ နေရာလေးငှားပြီး ပွဲစားလုပ်ကြတာ။ တောကတက်လာပြီးတော့မှ သူ့ရာသီလေးနဲ့သူ ပဲရာသီလေး လာလုပ်ကြတာ။ ဒီလိုဟာလေးတွေလည်း အများကြီးပါပဲ။ အားလုံးလိုလိုက ဒီ ၂၀၀,၀၀၀ ကို အကုန်လုံးလိုလို တတ်နိုင်ပါတယ် ဆိုတဲ့လူကတော့ အရေအတွက် မပြည့်စုံနိုင်လောက်ဘူး ထင်ပါတယ်ရှင့်။ တချို့တလေ မထည့်နိုင်တဲ့လူလည်း ရှိပါတယ်။”

အခုလို ငွေကောက်ခံဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ကစပြီး ကုန်သည်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ချင်းရေးရာဝန်ကြီး နိုထန်ကပ်ကို မေးကြည့်တော့ သူက အခုလို ပြောပါတယ်။

“ကျနော်လည်း သေချာမသိလို့နော်၊ ဖြေလို့မရဘူး။ ကျနော် နေမကောင်းလို့ အခု ရန်ကုန်မှာ ရှိနေတာ။ သေချာမသိတဲ့ဟာ ကျနော် ပြောလို့လည်း မသင့်တော်ဘူးလေ။ ကျနော်လည်း စုံစမ်းကြည့်မယ်လေ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ နိုင်ငံခြားရေး ကော်မတီဝင် ဦးညိုအုံးမြင့်က ဆင်းရဲမွဲတေမှု လျှော့ချဖို့ ငွေကောက်ခံတဲ့အပေါ် အခုလို ဝေဖန်လိုက်ပါတယ်။

“အဲဒီလို ကုန်သည်တွေဆီက ပိုက်ဆံကောက်ပြီး ဆင်းရဲမွဲတေတဲ့၊ ပိုက်ဆံမရှိတဲ့ လူတွေကို ပေးတယ်ဆိုတာ မုန့်ဖိုးပေးတဲ့ သဘောလို့ ထင်ပါတယ်။ တကယ့်တကယ် စီးပွားရေး ပြဿနာက အလုပ်အကိုင် ရှားပါးမှု၊ ရင်းနှီးမြှုပ်နှံမှု မရှိတဲ့ ပြဿနာအပေါ် အခြေခံပြီးတော့ လူတွေ ဆင်းရဲတဲ့ဘ၀ကို ရောက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ တိုင်းပြည်မှာ တကယ်တမ်း ဒီ ဆင်းရဲမွဲတေမှုကို ပပျောက်ချင်တယ်ဆိုရင် အပြည်ပြည်ဆိုင်ရာ၊ ဒါမှမဟုတ် ကျန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဒီ တကျပ်တပြားနဲ့ ဘာမှလုပ်လို့ မရဘူးလို့ ထင်ပါတယ်။

“တကယ်လုပ်ရမယ့် ပြဿနာက အစိုးရရဲ့ ပေါ်လစီ၊ စီးပွားရေး ပေါ်လစီကို ပြုပြင်ပြောင်းလဲပြီးတော့ အလုပ်တွေကို ဖန်တီးရမှာ ဖြစ်ပါတယ်။ ဒီလို မုန့်ဖိုးပေးသလို တယောက်ဆီက တကျပ်ယူပြီး နောက်တယောက်ကို ၁၀ ပြားပေးတဲ့ ပုံစံမျိုးက ဒါ ဆင်းရဲမွဲတေမှု ပျောက်တာ မဟုတ်ဘဲ လူတွေက ဒီလိုပဲ အလှူဒါနကနေပြီး ရတယ်ဆိုတဲ့ မှားယွင်းတဲ့ အတွေးအခေါ်မျိုး ၀င်သွားမှာတောင် စိုးရိမ်စရာ ကောင်းတယ်လို့ ပြောလို့ရပါတယ်။”

ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အများဆုံး ဒေသတွေဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ ၂၆% ဟာ ဆင်းရဲမွဲတေနေတယ်လို့ ပါရှိပါတယ်။
http://www.voanews.com/burmese/news/

အမှောင်ထဲမှာ စမ်းတဝါး




စာအိတ်ပါးလေးတွေကို တင်းတင်းရင်းရင်း ဆုပ်ကိုင်ပြီး စက်ရုံပေါက်ဝကနေ မျှော်ငေးနေတတ်ကြတဲ့ မိသားစုတွေ လက်ထဲ ထည့်ပေးလိုက်ရင်ဖြင့် လကုန်ရက် ဆိုတာ ပြက္ခဒိန် ကြည့်စရာမလိုတဲ့ မြင်ကွင်းကို အခုတော့ တွေ့ရတော့မှာ မဟုတ်ပါဘူး။

မကြာသေးခင်ကပဲ ပိတ်သွားခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်ထဲက ထိုင်ဝမ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံမှာ လာလုပ်ခဲ့တဲ့ သူတွေဟာ ရန်ကုန်နဲ့ အလှမ်းမဝေးလှတဲ့ ခရမ်း၊ သုံးခွ စတဲ့မြို့တွေက ဖြစ်ပါတယ်။

လခ ထုတ်ရက်ဆိုရင် သူတို့ရဲ့ မိသားစုဝင်တွေဟာ တလကို နှစ်သောင်းကျပ်၊ သုံးသောင်းကျပ် သာသာရှိမယ့် လစာအိတ်ကလေးအတွက် တနေကုန် လာထိုင်စောင့်မျှော်တတ်ကြပါတယ်။

ဒီလို လာစောင့်ကြတဲ့ သူတွေထဲမှာ သက်ကြီး ရွယ်အိုတွေလည်း ပါလေရဲ့။ စက်ရုံ အပေါက်ဝ နား မကပ်ရဲတော့ အနီးအနားရှိတဲ့ မိုးခိုလို့ရ မယ့် နေရာလေးတွေမှာ အထုတ်ကလေးတွေ ချထိုင်ပြီးထိုင်ပေါ့။ အစိမ်းရောင် စက်ရုံ သံတခါးကြီးကတော့ ပိတ်လျက်သားကြီး
ဒီလိုလာစောင့်ကြတဲ့ သူတွေထဲမှာ သက်ကြီးရွယ်အိုတွေလည်း ပါလေရဲ့။ စက်ရုံ အပေါက်ဝနား မကပ်ရဲတော့ အနီးအနားရှိတဲ့ မိုးခိုလို့ရမယ့် နေရာလေးတွေမှာ အထုတ်ကလေးတွေ ချထိုင်ပြီးထိုင်ပေါ့။ အစိမ်းရောင် စက်ရုံ သံတခါးကြီးကတော့ ပိတ်လျက်သားကြီး။

တံခါးရဲ့ လူထွက်ပေါက် သေးသေးလေးကမှ ခေါင်းလေး
ပြူထွက်လာတဲ့ ကိုယ့်သားသမီး၊ ညီအကို မောင်နှမတွေကို အမောတကော ပြေးကြို၊ ရလာတဲ့ လစာအိတ်ကလေးကို သိမ်းပြီးမှ ကိုယ့်နေရပ်ကို ကမန်းကတန်း အမီပြန်ကြရတဲ့ သူတွေ။ သူတို့တွေထဲမှာ စက်ဆွဲတွေလည်း ပါတယ်။ စက်ကိုင်၊ အထည်စီတာက အစ ထုတ်ပိုးမှု၊ အုပ်ချုပ်မှု အပိုင်းအဆုံး။
linhtetworker
လင်းထက် သိုးမွှေးစက်ရုံ မပိတ်ခင်က လုပ်ငန်းခွင် ဝင်ရန် လာသော အလုပ်သမများ ။ ဓာတ်ပုံ- မဇ္ဈိမ
အလုပ်အကိုင် ရှားပါးပြီး တနေ့လုပ် တနေ့စားရတဲ့ နယ်တွေမှာ နေတဲ့သူတွေ အဖို့တော့ လစဉ် ဝင်ငွေလေးတခုရှိပြီး
နေစရာ၊ စားစာရာအတွက်ပါ ရထားတဲ့ အလုပ်ဆိုတာဟာ ဘုရားပေးတဲ့ ဆုတခုအလားပါ။

အထည်ချုပ် စက်ရုံတွေမှာ များသောအားဖြင့် ရပ်ဝေးက လာလုပ်တဲ့ သူတွေကို နေစရာအဆောင် (အဆောင် ဆိုပေမယ့်လည်း အိပ်လို့ရရုံ သုံးပေပတ်လည် နေရာမျိုး)နဲ့ နေ့လည်စာ (အများအားဖြင့် အသီးရွက်ဟင်း) ကျွေးတယ် ဆိုရင်ပဲ ပညာ အရည်အချင်း နိမ့်ပါးပြီး ဆင်းရဲနွမ်းပါးတဲ့ မိန်းကလေးငယ်တွေ အတွက်တော့ မဆိုးလှဘူးဆိုရမှာလို့  အလုပ်သမားအများစုက ပြောပါတယ်။

အထည်ချုပ် လုပ်ငန်းမှာ အမျိုးသမီး လုပ်သားအများစုဖြစ်ပြီး အသက် ၁၆နှစ်ကနေ အသက် ၄ဝ ကျော်အထိရှိတဲ့  အမျိုးသမီး အထည်ချုပ် အလုပ်သမ အရေအတွက်ဟာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ရှိတဲ့ စက်မှုဇုံတွေမှာတင် ခုနှစ်သောင်းကျော် ရှိတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက အချက်အလက်တွေရ သိရပါတယ်။

အထည်ချုပ် စက်ရုံပေါင်းကတော့ ရန်ကုန်တိုင်း ဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး နှစ်ခုပေါင်း ၁၃၀ ကျော်ခန့် ရှိနေပါသေးတယ်။

အလုပ်အကိုင် ရှားပါးပြီး တနေ့လုပ် တနေ့စား ရတဲ့ နယ်တွေမှာ နေတဲ့ သူတွေ အဖို့တော့ လစဉ် ဝင်ငွေလေး တခုရှိပြီး နေစရာ၊ စားစရာ အတွက်ပါ ရထားတဲ့ အလုပ်ဆိုတာဟာ ဘုရားပေးတဲ့ ဆုတခု အလားပါ
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး အမေရိကန် ဒေါ်လာ ငွေလဲ လှယ်နှုန်းဟာ တယူနစ်ကို ကျပ် ၈၀၀ ကျော်ကနေ ကျပ် ၇၅၀ အောက်အထိ ဆင်းချသွားပါတယ်။ အဲဒီကနေ တအိအိ ဆင်းနေလိုက်တာ အခုချိန်မှာ တယူနစ်ကို ကျပ် ၇၆၀
ကျော်ကျော်ပဲ ရှိပါတော့တယ်။ ပို့ကုန်ကနေ ရတဲ့ ပို့ကုန်ရငွေ ကလည်း တယူနစ်ကို ကျပ် ၈၀၀ တောင် မပြည့်ချင်တော့ပါဘူး။

ဒီလိုအနေအထားမှာ ပြည်ပပို့နေတဲ့ စက်ရုံ တော်တော်များများ၊ အထည်ချုပ် စက်ရုံတွေ ရေလုပ်ငန်း အအေးခန်း စက်ရုံတွေ ပရိဘောဂ စက်ရုံတွေ အစရှိတဲ့ လုပ်ငန်း တော်တော်များများ လုပ်ငန်းတွေ ရပ်စဲလုမတတ်
ဖြစ်လာကြပါတယ်။ ဆက်မလုပ်လို့ ပိတ်ပြန်ရင်လည်း အလုပ်သမားတွေ အတွက် နစ်နာမှုတွေ ဖြစ်တော့မယ်လို့
ပြောပါတယ်။

တချို့ အထည်ချုပ် စက်ရုံတွေက ကျွမ်းကျင်တဲ့ အလုပ်သမားတွေကို မဆုံးရှုံးချင်လို့ အလုပ်ပါးပေမယ့် ဆက်ထိန်း
ထားရတယ်လို့ ဆိုပါတယ်။ CMP (Cutting, Manufacturing,Packing) လို့ခေါ်တဲ့ လုပ်ခစား စနစ်ကြောင့်
အထည်ချုပ် စက်ရုံတွေက ပြည်ပပို့တဲ့ တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းသာ ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် အတွင်းမှာ
ပြည်ပကို တင်ပို့တဲ့ အထည်ချုပ် လုပ်ငန်းက ပို့ကုန် ပမာဏဟာ အမေရိကန်ဒေါ်လာ ၄၈၅ သန်း ရှိခဲ့ပါတယ်။ အခုချိန်မှာတော့ အော်ဒါများလေ လုပ်နိုင်စွမ်း နည်းလာလေလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

“ အလုပ်ကောင်းရင်တော့ အိုဗာတိုင်ရှိလို့ လစာနဲ့ ပေါင်းပြီး တလ လေးသောင်းလောက်တော့ အရင်က ရတယ်။ အလုပ်စပြီး မကောင်းလာတာက မနှစ်လောက်က စတာ။ ပြီးခဲ့တဲ့ သုံးလလောက်က စပြီးတော့ အိုဗာတိုင်ကို မရှိတော့ဘူး ” လို့ လင်းထက် သိုးမွှေးစက်ရုံမှာ လုပ်သက် ၁ဝနှစ်ကျော် ရှိခဲ့တဲ့ အထည်ချုပ် အလုပ်သမ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး အမေရိကန်
ဒေါ်လာ ငွေလဲလှယ်နှုန်းဟာ တယူနစ်ကို ကျပ် ၈၀၀ ကျော်ကနေ ကျပ် ၇၅၀ အောက်အထိ ဆင်းချသွားပါတယ်။ အဲဒီကနေ တအိအိ ဆင်းနေလိုက်တာ အခုချိန်မှာ တယူနစ်ကို
ကျပ် ၇၆၀ ကျော်ကျော်ပဲ ရှိပါတော့တယ်။ ပို့ကုန်ကနေရတဲ့ ပို့ကုန်ရငွေကလည်း တယူနစ် ကို ကျပ် ၈၀၀ တောင် မပြည့်ချင်တော့ပါဘူး
ဒီလိုအခြေအနေမှာ ၁၉၉၇ခုနှစ် ကတည်းက လုပ်ကိုင်နေတဲ့ လင်းထက် သိုးမွေး အထည်ချုပ် စက်ရုံကတော့ စက်ရုံပိတ်ဖို့ လုပ်တဲ့အခါ အလုပ်သမားတွေကို တန်ရာတန်ကြေး နစ်နာ
ကြေး မပေးတဲ့ အတွက် ဇူလိုင် ၂၂ရက် နေ့ကစပြီး လုပ်ခ
 ရလိုမှုနဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေ ဖြစ်ပွားကြပါတယ်။

နစ်နာကြေးအဖြစ် အခြေခံလစာကို တလကို ကျပ် ၇,၀၀၀ နှုန်း
နဲ့ တွက်ပေးပြီး လုပ်သက် သုံးလ အထိရှိသူတွေကို ၇,၀၀၀ ကျပ် ပေးပြီး လုပ်သက် ၁၀ နှစ်အထက် လုပ်သားတွေကိုတော့ ကျပ်ခြောက်သောင်း စက်ရုံပိုင်ရှင်ကပေးဖို့ ကမ်းလှမ်းပါတယ်။

လုပ်သားတွေဘက်က တောင်းဆိုတာက လုပ်သက် တလကနေ သုံးလအထိကို တလစာ ကျပ်သုံးသောင်း၊ သုံးလကနေ တနှစ်အထိကို နှစ်လစာ၊ တနှစ်ကနေ နှစ်နှစ်က လေးလစာနဲ့ သုံးနှစ်နဲ့ အထက်ဆိုရင် ငါးလစာပေးဖို့။

စက်ရုံအနီးက လက်ဖက်ရည်ဆိုင် ကလေးမှာ အလုပ်သမားတွေ စုကြရင်း အလုပ်သမား ခေါင်းဆောင်ကနေ တဆင့် သင်္ဃန်းကျွန်းမြို့နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ လမ်းညွှန်မှုကို ယူရင်း အလုပ်သမားဝန်ကြီးဌာနနဲ့ စက်ရုံပိုင်ရှင်တွေ ဆွေးနွေးမှုကို ပြီးခဲ့တဲ့ ဇူလိုင် ၂၉ရက်နေ့က စောင့်နေခဲ့ကြတဲ့အခါ နောက်ဆုံးမှာ အလုပ်သမားတွေ လိုချင်တဲ့အတိုင်း နစ်နာကြေးတွေ ပိုရဖို့ ကတိရခဲ့ပါတယ်။

သြဂုတ်လ ၃ရက်နေ့ကတော့ မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့အချိန်မှာ သူတို့ရဲ့ နောက်ဆုံးလစာ စာအိတ် ကလေးတွေကို ကိုင်ပြီး စက်ရုံထဲကနေ တယောက်ပြီး တယောက် ထွက်လာကြပါတယ်။ ရယ်တဲ့သူက ရယ်၊ မှိုင်နေသူက မှိုင်။ အမေ့လက်ထဲက လစာ စာအိတ်ကိုကြည့်ပြီး စူးစမ်းနေတဲ့ သားငယ်တွေ ရှိသလို စာအိတ်
ရေမစိုအောင် ပလတ်စတစ်အိတ်နဲ့ ထုတ်လာတဲ့သူတွေလည်း ထုတ်လို့။

“ ဒီအလုပ်သမတွေကို ဆက်မထိန်းထားရင် သူတို့ ဘာတွေ ဖြစ်သွားကြမလဲ လမ်းပေါ်ပဲ ရောက်သွားမှာပေါ့။
စက်ရုံတွေ ပိတ်ပြီ ဆိုတာနဲ့ လမ်းပေါ်ရောက်သွားကြတာ မိန်းကလေးတွေပဲ ” လို့ အထည်ချုပ် လုပ်ငန်းရှင် တဦးက ဆိုပါတယ်။

သူတို့တွေအတွက် ဘဝ အာမခံချက် ရှိစေမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေကို အစိုးရသစ်က ကောင်းကောင်း လုပ်ဆောင်ပေးနိုင်ပြီလား ဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်လာသလို ၁၉၆၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အလုပ်သမားတွေ အတွက် အခွင့်အရေးနဲ့ တာဝန်တွေက တော်တော် ဟောင်းနွမ်းနေသလို အသုံးချမှုလည်း မရှိတာကြာနေပါပြီ။

နိုင်ငံသားက အမည်ခံပေးပြီး နိုင်ငံခြားသားက ဒီမှာ လာလုပ်နေတဲ့ စက်မှုလုပ်ငန်းတွေလည်း ပေါ်ထွက်လာတာ
တွေ့ရတဲ့အတွက် သင့်တော်တဲ့ ခေတ်မီတဲ့ ဥပဒေတွေ တကယ် လိုအပ်နေပါတယ်။

ဦးသိန်းညွန့်ကတော့ ဒီအရေးကိစ္စတွေကို လာမယ့် လွှတ်တော် အစည်းအဝေးတွေ ကျရင် တင်ပြသွားမယ်လို့ ဆိုပါတယ်။

စာအိတ်ကလေးတွေကို ခပ်တင်းတင်း ဆုတ်ကိုင်ပြီး နောက် အလုပ်သစ်တခုကို ရှာဖို့ အားမွေးနေကြရပေမယ့် ဆက်လျှောက်ရမယ့် လမ်းကတော့ မှုန်ဝါးနေဆဲပဲ။
http://www.mizzimaburmese.com/news/yatha-news/8082-2011-08-04-09-46-18.html