Sunday, August 7, 2011

ပြန်လာပြီ ပန်ထွာဧကရီ ..

by Ah Bayah

ပြန်လာပြီ ပန်ထွာဧကရီ ..
ရေး / မင်းကိုနိုင် ။
သီဆိုသူ-----------မျိုးဆက်​သစ် လူငယ်များ

၈လေးလုံး နှစ်ပတ်လည် အဖြစ် ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက အခမ်းအနားတွေ ဒီကနေ့ တင်ကြိုကျင်းပခဲ့ကြပါတယ်။ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅နှစ်ခွဲ ကျခံ နေရတဲ့ ၈၈ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် သီချင်း တပုဒ် ဂုဏ်ပြုစပ်ဆို ထားပြီး ၈လေးလုံး နှစ်ပတ်လည်နေ့ဖြစ်တဲ့ သြဂုတ်လ ၈ရက်နေ့မှာ ဖြန့်ဝေဖို့စီစဉ်ထားပါတယ်။

" ပြန်လာပြီ ပန်ထွာ ဧကရီ " လို့ အမည်ရတဲ့ အဲဒီသီချင်းကို ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကနေ လွတ်မြောက်လာတဲ့ နေ့ကစပြီး ကိုမင်းကိုနိုင်က ဂုဏ်ပြု ရေးစပ်ခဲ့ တာလို့ သိရပါတယ်။ဒီသီချင်း စာသားကို ကျိုင်းတုံထောင်ကနေ ရက်စေ့လို့လွတ်လာတဲ့ တာမွေ NLD ကိုကျော်ကျော်ဆန်း က နှုတ်တိုက်ကျက် ခဲ့ပြီး မြန်မာ ပြည်တွင်းက ဒီမိုကရေစီ ချစ်မြတ်နိုးတဲ့ လူငယ်တွေကနေ အများနားဆင်နိုင်အောင် ဖန်တီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင်က သူရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ နှစ်ယောက်စလုံး ထောင်က လွတ်လာခဲ့ ရင် ဒီသီချင်းကို ဒေါ်အောင်ဆန်းစုကြည်ကို သူကိုယ်တိုင် ဂုဏ်ပြု ဆိုပြဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမဲ့ အခုချိန်ထိ ထောင်ထဲမှာ ရှိနေဆဲ ဖြစ်တဲ့အတွက် ကိုကျော်ကျော်ဆန်းကို နှုတ်တိုက် ချပေးလိုက်တာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် အကျဉ်းကျနေဆဲ ကိုမင်းကိုနိုင်ကို ဂုဏ်ပြုတဲ့ အနေ နဲ့ရော၊ သူ့ဆန္ဒကို ဖြည့်ဆည်းတဲ့ အနေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အနေ နဲ့ပါ ဒီသီချင်းကို ကြိုးစား ထုတ်လုပ်ခဲ့တာ ဖြစ်ကြောင်း သီချင်း ဖြစ်မြောက်ရေး အဖွဲ့က ဘီဘီစီကို ပြောပါတယ်။


http://www.mediafire.com/file/j3egaoux1c05ol8/_%20%u103B%u1015%u1014%u1039%u101C%u102C%u103B%u1015%u102E%20%u1015%u1014%u1039%u1011%u103C%u102C%20%u1027%u1000%u101B%u102E%20...%20%5BHQ%5D.mp4

by Ye Thurein Min
( ပြန်လာပြီ ပန်ထွာ ဧကရီ)

ရေးသားသူ ------ကိုမင်းကိုနိုင်
သီဆိုသူ-----------မျိုးဆက်​သစ် လူငယ်များ

ဝိုး-၀ိုးဝို-၀ို--၀ို.-၀ို.-၀ို--၀ိုး-----------
ရန်ပယ်ချောင်းတွင်း ရန်စွယ်အပေါင်းရှင်းဘို. -------ညီညာရုန်းစုလို.----​ဟန်ပြင်နေပြီမို.----------​--------------
ဒီမြို့ရိုးထက်သို.----ခြေ​တင်ပြီးတက်လို. --စည်တော်ကြီးတီးနိုင်ရန်-​--------
( ပြန်လာပြီ ပန်ထွာ ဧကရီ)
ရာထောင်သောင်းသိန်းသန်း---ေ​တာင်ပံဖြန်.ငှက်တို.----ဝေဟ​င်ထဲရိုက်ခတ်--- ---ဟစ်ကြွေးသံမြည်သို.---
ညာဘယ်ပြောင်းသွဲသွဲ.-----ကြာစွယ်ဖယောင်းလက်နဲ.--------​--မာန်တင်ပြီး တီးနိုင်ရန်-------------
သေနင်္ဂဗျူဟာ ----နည်းပရိယာယ်တွေ-----( အမြင်မှန်တွေး---) အပြင်ကလူကို အတွင်းစည်း အ၀င်မခံရေး---
ဘယ်သူတရားမျှတ------ဘယ်သူက​ အဓမ္မ--------အမှောင်နဲ.အလင်း ---အားခြင်း
မျက်နှာခြင်းဆိုင်ပြီမို.--​------------------
ီဒီ -- မြို့ရိုးထက်သို.------ခြေတ​င်ပြီး တက်လို.------ စည်တော်ကြီးတီးနိုင်ရန်---​-----ပြန်လာပြိပန်ထွာ
ဧကရီ--------- ပြန်လာပြီ ပန်ထွာ--ဧကရီ--------
-------------------၀ိုဝို-​-၀ို.--၀ို.--၀ို.---------​----

ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကြ


ပြည်တွင်းငြိမ်းချမ်းရေးဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အပြုသဘောဆိုရင် ပြည်တွင်း စစ်ဟာ မုချဖယ်ရှားပစ်ရမယ့် အဖျက်သဘောဖြစ်တယ်။
အဖျက်သဘောပြည်တွင်းစစ် ဘာကြောင့်ဖြစ်ခဲ့ရသလဲ။ ဘာကြောင့် ရာစုနှစ်တ၀က်ကျော် ရှည်ကြာနေရ သလဲ။
အပြုသဘောငြိမ်းချမ်းရေးကို အုပ်စိုးသူအဆက်ဆက်က ဘာကြောင့် မတည်ဆောက်ခဲ့ကြသလဲ။ ဘယ်သူ တွေကသာ အမှန်တကယ်တည်ဆောက်နိုင်မလဲ။ ဘယ်လိုနည်းနဲ့ တည်ဆောက်နိုင်မလဲ။
တိုင်းပြည်အကျိုးအတွက် ဒီမေးခွန်းတွေကို တတ်စွမ်းသမျှ ကြိုးစားဖြေကြည့်ချင်တယ်။
ပြည်တွင်းစစ်ရဲ့ အတွင်းသဘောထဲမှာ ဒီမိုကရေစီရေးပြဿနာ၊ လူမျိုးတိုင်းတန်းတူသွေးစည်းရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရေးပြဿနာဆိုတဲ့ အရင်းခံပြဿနာကြီး-၂ ရပ်ကိန်းအောင်းနေတာတွေ့ရတယ်။ အဲဒီမူဆိုင်ရာ အရင်းခံ ပြဿနာကြီး-၂ ရပ်ဟာ ပင်မအကြောင်းတရားဖြစ်ပြီး ပြည်တွင်းစစ်ဟာ နောက်ဆက်တွဲအကျိုးတရားဖြစ်တယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးနဲ့အတူ အာဏာရလာတဲ့ ဖ.ဆ.ပ.လ ပါလီမန်ဒီမိုကရေစီအစိုးရဟာ (ဒီမိုကရေစီ အစိုးရဖြစ်တဲ့တိုင်း) ပြည်သူတွေ့ရဲ အခြေခံဒီမိုကရေစီရပိုင်ခွင့်၊ လူမျိုးတိုင်းတန်းတူသွေးစည်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိရေး ဆိုတဲ့အခြေခံမူ ၂ ရပ်ကို အပြည့်အ၀အာမခံဖို့ ပျက်ကွက်ခဲ့တယ်။ အဲဒီအခြေခံမူဆိုင်ရာပြဿနာကြီး ၂ ရပ် ကို ဥပဒေတွင်းမှာ ငြိမ်းချမ်းစွာဖြေရှင်းခွင့် မရတဲ့အခါ ဥပဒေနည်းအရ လက်နက်နဲ့အကြမ်းဖက်ဖြေရှင်းရေးဆီသို့ ကူးပြောင်းသွားရတာဖြစ်တယ်။ ဒါဟာ အဖျက်သဘောပြည်တွင်းစစ် ဘာကြောင့်ဖြစ်ခဲ့ရသလဲဆိုတဲ့ မေးခွန်းရဲ့လိုရင်း အဖြေဘဲ။
ပြည်တွင်းစစ် ဘာကြောင့် ရှည်ကြာနေရသလဲ။ ပြည်တွင်းငြိမ်းချမ်းရေးကို အုပ်စိုးသူအဆက်ဆက်က ဘာ ကြောင့် မတည်ဆောက်ခဲ့ကြသလဲ။
ဖ.ဆ.လ အစိုးရဟာ ပြည်တွင်းစစ်ဖြစ်လာပြီးနောက် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တန်းတူရည်တူ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းကို ကျင့်သုံးရမယ့်အစား အပြုတ်တိုက်ရေးလမ်းစဉ်ကိုသာ တလျှောက်လုံးကိုင်စွဲခဲ့တယ်။ ဘာကြောင့် ဒီလိုကျင့်သုံးရသလဲ။ ဘာကြောင့် ဒီလိုကျင့်သုံးရသလဲ။ ဖ.ဆ.ပ.လ. အတွင်းနဲ့ တပ်မတော်အတွင်းက လက်ျာအစွန်းရောက်ဂိုဏ်းသားတွေက ကွန်မြူနစ်ပါတီကို ဥပဒေတွင်းမှာ တည်ရှိခွင့် မပေးလိုတာ၊ လူမျိုးတိုင်းတန်းတူသွေးစည်းတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ပြည်ထောင်စု မတည်ဆောက်ချင်တာ တို့ ကြောင့်ဖြစ်တယ်။
လက်တွေ့မှာ ပြည်တွင်းစစ်ကို အပြုတ်မတိုက်နိုင်ဘဲ ရေရှည်လာတဲ့အခါ စစ်တပ်ရဲ့အခန်းဝင်မှု၊ စစ်တပ်ကို အမိန့်ပေးနိုင်တဲ့ စစ်ခေါင်းဆောင်တွေရဲ့ အခန်းဝင်မှုဟာ တနေ့တခြားကြီးမားလာတယ်။ နိုင်ငံရေးရဲ့အခန်းဝင်မှု၊ နိုင်ငံ ရေးခေါင်းဆောင်များရဲ့ အရေးပါမှုဟာ တနေ့တခြားမှေးမှိန်လာတယ်။ နိုင်ငံရေးအရ ရှေ့ဆောင်မှုကို စစ်တပ်ကလိုက် နာရမယ့်အစား စစ်တပ်ရဲ့အကြပ်ကိုင်မှုကို နိုင်ငံရေးအာဏာရအစိုးရက ငုံ့ခံရတဲ့အခြေအနေဖြစ်လာတယ်။
စစ်တပ်အတွင်းမှာ စစ်အုပ်စုဖြစ်တည်လာပြီး အရပ်သားအစိုးရထံက အာဏာကိုလုယူတဲ့အထိ ဖြစ်လာခဲ့ တယ်။ (ပထစအစိုးရထံမှ ဗိုလ်နေ၀င်းစစ်အစိုးရက အာဏာသိမ်းခြင်း)။ အရပ်သားအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ဌာနအောက်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရတဲ့ တပ်မတော်ဟာလဲ စစ်အုပ်စုရဲ့ အပိုင်စီးခြင်းကို ခံလိုက်ရတယ်။ နိုင်ငံတော်နဲ့ ပြည်သူများအပေါ် သစ္စာစောင့်သိဖို့ တာဝန်ရှိတဲ့တပ်မတော်ဟာ စစ်အုပ်စုလက်တဆုပ် စာရဲ့ ဘက်စုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရတဲ့ စစ်အုပ်စုပိုင်တပ်ဘ၀သို့ ကျရောက်ခဲ့ရတယ်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာသုံးရပ်ဟာ စစ်အုပ်စုနံပတ် ၁-ရဲ့ ဥပဒေကဲ့သို့အာဏာတည်တယ်ဆိုတဲ့ နှုတ်မိန့်တွေနဲ့ အစားထိုးခံလိုက်ရတယ်။
အာဏာလုတက်လာတဲ့ စစ်အစိုးဟာ ပြည်တွင်းစစ်အပြုတ်တိုက်ရေးမူကိုသာ ဆက်လက်ကျင့်သုံးလာတယ်။ တဆင့်တိုးနက်ရှိုင်းလာတဲ့ ပြည်တွင်းစစ်က စစ်အုပ်စု-စစ်အာဏာရှင်စနစ်-စစ်အစိုးရ ဆိုတာတွေကို တည်တန့်ခိုင်မြဲ အောင် အကြောင်းအချက်တွေ ဖန်တီးပေးတယ်။ ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ်ဟာ အပြန်အလှန် အကျိုးပြုနေတဲ့ ခွဲလို့မရတဲ့အနိဋ္ဌာရုံရဲ့ ဘက်နှစ်ဘက်ဖြစ်တယ်။ တခုမရှိရင် အခြားတခုမရှိနိုင်ဘူး။ ပြည်တွင်းစစ်ရှိနေ သမျှ စစ်အာဏာရှင်စနစ် သဏ္ဍန်မျိုးစုံနဲ့ တည်ရှိနေမှာဖြစ်သလို စစ်အာဏာရှင်စနစ် တည်မြဲနေသမျှကာလပတ်လုံး ပြည်တွင်းငြိမ်းချမ်းရေးလဲ ရနိုင်မှာမဟုတ်ဘူး။
ဒီအချက်ကနေ သိနိုင်တာက စစ်အာဏာရှင်စနစ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ ပြဒါးတလမ်း သံတလမ်း ဆိုတာဘဲဖြစ်တယ်။ အတူယှဉ်တွဲ တည်ရှိနိုင်တာမျိုးမဟုတ်ဘူး ဆိုတာဘဲဖြစ်တယ်။ ပြည်တွင်းစစ်ဖြစ်နေမှ စစ်အာ ဏာရှင်စနစ် တည်မြဲနေနိုင်တာကြောင့် စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်မယ့် ပြည်တွင်းငြိမ်းချမ်းရေးကို စစ်အုပ်စုအဆက်ဆက်က ငြင်းပယ်ခဲ့တာဘဲဖြစ်တယ်၊ ပြည်တွင်းစစ်သက်ဆိုးရှည်စေမယ့် အပြုတ်တိုက်ရေးလမ်းစဉ် ကို တလျှောက်လုံးကျင့်သုံးနေကြတာဘဲဖြစ်တယ်။
ဒီလိုဆိုရင် ၁၉၆၃-ခုနှစ်က ဗိုလ်နေ၀င်းစစ်အစိုးရရဲ့ "ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ" ဆိုတာနဲ့ ၁၉၈၉ ခုက စခဲ့တဲ့ န၀တ စစ်အစိုးရရဲ့ "အပစ်အခတ်ရပ်စဲ၊ ဥပဒေဘောင်အတွင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်" ဆိုတာတွေဟာ ပြည် တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု ကြိုးပမ်းချက်တွေ မဟုတ်ဘူးလား? တခွန်းတည်းဖြေရရင် မဟုတ်ဘူး။ အဲဒါတွေဟာ တော်လှန်ရေးအင်အားစုတွေကို လက်နက်ချအညံ့ခံလာအောင် အပြုတ်တိုက်ရေးမူကို အခြားနည်းနဲ့ ဆက်လက်ကျင့် သုံးတာဘဲ ဖြစ်တယ်။
ဒါကြောင့် ပြည်တွင်းစစ်သက်ဆိုးရှည်နေတာဟာ စစ်ပွဲကိုအရင်းအနှီးပြုပြီး နေ့ချင်းညချင်း ဇောတိကတွေဖြစ် လာတဲ့ စစ်အုပ်စုမင်းဆက် တည်မြဲနေလို့ဘဲဖြစ်တယ်။ စစ်အုပ်စုမှန်သမျှဟာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်မယ့် ပြည်တွင်းစစ်ရပ်စဲ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်တော့မှ (ဘယ်တော့မှ) လုပ်မှာမဟုတ်ဘူး။ သူတို့ရဲ့ဘက်စုံ အကျိုးစီးပွားနဲ့ တတပ်တည်းကျတဲ့ ပြည်တွင်းစစ်သက်ဆိုးရှည်ရေး-အပြုတ်တိုက်ရေးလမ်းစဉ်ကိုသာ ဆက်လက်ကိုင် စွဲသွားမှာဖြစ်တယ်။
စစ်အုပ်စု အဆက်ဆက်ကိုင်ဆွဲထားတဲ့ ပြည်တွင်းစစ်အပြုတ်တိုက်ရေးလမ်းစဉ်ရဲ့ တကယ့်အဓိပ္ပာယ်ဟာလဲ ဒီမိုကရေစီဆန့်ကျင်ရေး၊ လူမျိုးတိုင်းတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို ဆန့်ကျင်ရေးဘဲဖြစ်တယ်၊ စစ်အာဏာ ရှင်စနစ်တည်မြဲရေး၊ လူမျိုးကြီးဝါဒကျင့်သုံးပြီး တပြည်ထောင်စနစ်ကျင့်သုံးရေးသာဖြစ်တယ်။
၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲအရ မသမာတဲ့နည်းပေါင်းစုံသုံးပြီး အာဏာရလာတဲ့ သိန်းစိန် အစိုးရဟာလဲ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကို လုပ်မှာမဟုတ်ဘူး။ သိန်းစိန်အစိုးရ ဟာ စစ်အုပ်စုကကြိုးကိုင်ထားတဲ့ အရပ်ဝတ်ရုပ်သေးအစိုးရသာဖြစ်တယ်။ လက်တွေ့အရ သိန်းစိန်အစိုးရတက်လာ ပြီး မကြာမီမှာဘဲ အပစ်ရပ်ငြိမ်းအဖွဲ့ (KIA, SSA, DKBA) တွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာတယ်။ UWSA, NMSP လိုအဖွဲ့တွေနဲ့လဲ တင်းမာမှုတွေဖြစ်နေတယ်။ သိန်းစိန်အရပ်ဝတ်ရုပ်သေးအစိုးရဟာ ယခင်စစ်အစိုးရများ နည်းတူ တဖက်က စစ်ရေးအရတိုက်ပြီး ဖိအားပေး၊ တခြားတဖက်က လက်နက်ချငြိမ်းချမ်းရေးကို ကမ်းလှမ်းဆိုတဲ့ နည်းပရိယာယ်ကိုသာ ကျင့်သုံးမှာဖြစ်တယ်။
ဘာကြောင့်ဒီလို ယတိပြတ်ပြောရသလဲဆိုရင် စစ်မှန်တဲ့ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက်ရေးရဲ့ တကယ့်အဓိပ္ပာယ်နဲ့ လက်တွေ့လုပ်ငန်းတာဝန်ဟာ ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေး၊ လူမျိုး တိုင်းတန်းတူသွေးစည်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး ဖြစ်နေလို့ဘဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုသတ်သေရာကျမယ့် ပြည်တွင်းစစ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကို စစ်အုပ်စုရဲ့ သိန်းစိန်အရပ်ဝတ်ရုပ်သေးအစိုးရက လုပ်မှာမဟုတ်လို့ ပြောရခြင်းဖြစ်တယ်။
ဒိလိုဆိုရင် စစ်မှန်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကို ဘယ်သူတွေက လုပ်ကြရမလဲ? ဘယ်လိုလုပ်ကြမလဲ?။
အဖြေကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲဘဲ။ ပြည်တွင်းစစ်ကိုရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားတဲ့၊ ပါတီစုံဒီမိုကရေစီစနစ်နဲ့ လူမျိုးတိုင်းတန်းတူသွေးစည်းရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို တောင့်တတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို စည်းရုံးပြီး ၀/ဲယာနိုင်ငံရေးအင်အားစုမှန်သမျှက စုပေါင်းခေါင်းဆောင် အကောင်အထည်ဖေါ်ကြရမှာ ဘဲဖြစ်တယ်။ ပြည်တွင်းစစ်ကို မတိုက်လိုတဲ့ ကြည်း-ရေ-လေ တပ်မတော်တွင်းရှိ အရာရှိအရာခံ၊ အကြပ်တပ်သားတွေ ပါမကျန် စည်းရုံးရမယ်။ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအလံကို မြင့်မြင့်မားမားလွှင့်ထူပြီး ဥပဒေတွင်း လူထုငြိမ်းချမ်းရေးတောင်းဆိုမှု သပိတ်တိုက်ပွဲကြီးကို ဖော်ထုတ်နိုင်အောင် ကြိုးပမ်းရမယ်။
သိန်းစိန်အရပ်ဝတ်ရုပ်သေးအစိုးရရဲ့ စစ်ရေးထိုးစစ်တွေကို ခုခံဆန့်ကျင်နေတဲ့ ငြိမ်းအဖွဲ့တွေရဲ့လက်နက် ကိုင်တိုက်ပွဲတွေနဲ့ လူထုငြိမ်းချမ်းရေးတောင်းဆိုမှု သပိတ်တိုက်ပွဲကြီးကို ဟန်ချက်ညီ အပြန်အလှန်ပေါင်းစပ်နိုင် အောင်စီမံရမယ်။
လူမျိုးစုငြိမ်းအဖွဲ့တွေရဲ ဒေသန္တရလက္ခဏာ(တစိတ်တပိုင်းလက္ခဏာ) ဆောင်တဲ့ လက်နက်ကိုင်တိုက်ပွဲကို ဥပဒေတွင်း လူထုငြိမ်းချမ်းရေးတိုက်ပွဲကြီးနဲ့ (လက်နက်ကိုင်တိုက်ပွဲနဲ့ အခြားတိုက်ပွဲသဏ္ဍန်ပေါင်းစပ်ခြင်း) အပြန် အလှန်ပေါင်းစပ်ခြင်းဖြင့် တပြည်လုံးလက္ခဏာဆောင်တဲ့ လူထုတိုက်ပွဲကြီး အဖြစ်ပြောင်းပစ်ရမယ်။ ဒီနည်းနဲ့ တပ် မတော်တွင်းက ပြည်တွင်းစစ်ဆန့်ကျင်တဲ့၊ ပြည်တွင်းငြိမ်းချမ်းရေးလိုလားတဲ့ တပ်မှူးကြီးငယ်၊ အကြပ်၊ တပ်သားတွေ ပြည်သူလူထုနဲ့ အတူရပ်တည်လာနိုင်အောင် အခြေအနေတွေ ဖန်တီးရမယ်။
ဒီနည်းနဲ့ စစ်အုပ်စုရဲ့ အမိန့်ပေးဌာနဟောင်းအောက်က တပ်မတော်ရုန်းထွက်နိုင်ရေး၊ ပြည်သူ့ဘက်က ရပ်တည်တဲ့ တပ်မတော်အမိန့်ပေးဌာနသစ်တခု ပေါ်ထွန်းလာနိုင်ရေးအတွက် အချက်အလက်တွေဖန်တီးပေးရမယ်။
ဒီနည်းနဲ့ စစ်အုပ်စုနဲ့ သိန်းစိန်အရပ်ဝတ်ရုပ်သေးအစိုးရကို အထီးကျန်ဖြစ်စေရမယ်။ ဒီနည်းနဲ့ တပြည်လုံး လက္ခဏာဆောင်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလူထုတိုက်ပွဲကြီးကတဆင့် ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရေး၊ လူမျိုးတိုင်းတန်းတူရေးနဲ့ ကိုယ်တိုင်ပြဋ္ဌာန်းခွင့်ရှိရေး ဆိုတဲ့ အခြေခံပြဿနာကြီး ၂ ရပ်ကို အဆင့်ရှိစွာ ဖြေရှင်းအောင်မြင်နိုင်စရာရှိတယ်လို့ ယုံကြည်မိတယ်။
ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအလံကို မြင့်မြင့်မားမားလွှင့်ထူကြ !
ဥပဒေတွင်း လူထုငြိမ်းချမ်းရေးတိုက်ပွဲကြီးနဲ့ လူမျိုးစုများရဲ့လက်နက်ကိုင်တိုက်ပွဲကို ပေါင်းစပ်ကြ !

မြတ်နိုး
၂၃.၇.၀၁၁