Monday, August 8, 2011

The Lady မှ ဒါရိုက်တာ ရင်ဖွင့်သံ အပိုင်းအစများ


Videos Posted by Tun Wai



for all.mp4for all.mp4
15073K   Download  
http://www.mediafire.com/file/w3gi01yfbul1lif/for%20all.mp4

Burma, the dictatorship of the absurd

Happy World - Burma, the dictatorship of the absurd from Happy World on Vimeo.


http://vimeo.com/25194139

၈.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


--
http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
8 August 2011 Yeyintnge's diary.doc8 August 2011 Yeyintnge's diary.doc
652K   View   Download  
8 August 2011 Yeyintnge's diary.odt8 August 2011 Yeyintnge's diary.odt
316K   Download  
8 August 2011 Yeyintnge's diary.pdf8 August 2011 Yeyintnge's diary.pdf
369K   View   Download  
http://www.mediafire.com/file/gbho07ypcgbchx2/8%20August%202011%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/nyh5wagdih0iyvx/8%20August%202011%20Yeyintnge%27s%20diary.pdf
8 August 2011 Yeyintnge's Diary

( ၂၃ ) နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်ဆန္ဒပြသပွဲအခမ်းအနား ( ကိုရီးယား )






လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

....ဂျပန် (နာဂိုယာ) ၏ (၂၃)နှစ်မြောက် (၈၈၈၈) အထိမ်းအမှတ် လှုပ်ရှားမှု့ ...

ဂျပန်နိုင်ငံ(နာဂိုယာ) မြို့ ရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ(၂၃)နှစ်မြောက်(၈၈၈၈)အထိမ်းအမှတ်အဖြစ် လက်ရှိမြန်မာ့
နိုင်ငံရေးအခြေအနေအားဂျပန်လူမျိုးများသိရှိအောင်နှင့်ဂျပန်(အစိုးရ)သို့  တောင်းဆိုမှု့ များကို အောင်မြင်စွာပြုလုပ်ခဲ့ ကြပါသည်..

ဂျီမေးလ်အကောင့်ဖေါက်ထွင်းခံရပြန်

ရဲရင့်ငယ်၏ဂျီမေးလ်အကောင့်ဖေါက်ထွင်းခံရပြန်ပါတယ်။






အခြားမေးလ်တွေကိုအောက်ပါလင့်တွေပေးပို့တာတွေရပါတယ်။အကောင့်ကုဒ်ကိုထပ်မံပြောင်းထားလိုက်ရပြန်ပါကြောင်း
အောက်ပါမေးလ်များရရှိခဲ့သူများအားအသိပေးအပ်ပါတယ်။
h1f8ubjx11k.
 http://howtoimproveyoursinging.org/wp-content/plugins/wp-filemanager/incl/img/uwzm.html
2qjfr6kk i3mm7f46u vcxqd4maarpd, q44f6f j7j0bvmiu8. 1vhw9d4y6jnv p9un4 7dyf39c.

n1th05.
 http://keighleyboy-group.co.uk/wp-content/uploads/img/yetb.html
ig2wf1a8ji3 rd5qi5wcq xm783nwtg3, f60iq px6y5ah24p. uswacw 3b5vgi1 ubxfg.


-- h01tgwue0vj.
 http://marketerproblog.com/wp-content/uploads/img/kiue.html
87syzyhx b07rk p9n5lsv0sjc, zif4iy2s1k x1bj6q9uql. dcxd7rvnrh
ac4e4hjldya wlh3rtvcpr.

nebom183gn.
 http://articlecontentdirectory.net/wp-content/uploads/img/dlvf.html
n2dt30gpvl1 izck4ol nehnqw, 40e77grrdxh haz6oe9qn0. d0ju4uvkxd2r 0fdkn6f y0vujw.

p582lfry3.
 http://content.articlecash.net/wp-content/uploads/img/hlso.html
ssdro3 2a5ai 9jq3t25f, 1ooftkgta5t4 k1ma4usfa. 1z1nm2p4vfli 68ozoo kzh4rr.

၈ လေးလုံး အခမ်းအနားအမှတ်တရ

၈ လေးလုံး (၂၃)နှစ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲနဲ့  အမှတ်တရတွေ့ ဆုံကြတဲ့ အခမ်းအနား

အေးဆေးငြိမ်းချမ်းစွာ ပြီးစီးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်က အတူတူတွဲလုပ်ခဲ့တဲ့ သူငယ်ချင်း

တွေ၊ ၉၄- ၉၅ မျိုးဆက်တွေ၊ ၂၀၀၇ မျိုးဆက်တွေ စတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ရေအလျင်ကြောမှာ မနား

တမ်း၊ မမောတမ်းကူးခတ်နေကြတဲ့ တိုက်ပွဲဝင်သူရဲကောင်းတွေကို စုံစုံလင်လင် တွေ့ ရတဲ့အခါ စိတ်ထဲမှာ

ဝမ်းနည်းဝမ်းသာဖြစ်ရပြီး တစ်စုံတစ်ခုကို လွမ်းဆွတ်မိသလို ခံစားရပါတယ်။

အခမ်းအနားမှူးအဖြစ် မဇ္ဈိမလှိုင်းကိုရဲလွင်နဲ့ အတူ ၈၈ ကျောင်းသား ကိုတိုးကျော်လှိုင်က တစ်မိနစ်ငြိမ်သက်

ခြင်းအစီအစဉ်ကို ဦးဆောင်ပြုလုပ်ပါတယ်။ ငြိမ်သက်ရခြင်းရဲ့  ပထမပိုင်းကတော့ နိုင်ငံရေးအကျဉ်းသားများ

လွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ အတွက် ဦးတည်ပြီး ငြိမ်သက်

ခြင်း ဒုတိယပိုင်းဟာဖြင့် ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးမှာ အသက်ပေးကျဆုံးသွားရတဲ့ တိုက်ပွဲဝင်ရဲဘော်

ရဘက်အားလုံးအတွက် ရည်စူးရခြင်းဖြစ်ပါတယ်။

တစ်မိနစ်ငြိမ်သက်နေစဉ်မှာ အခမ်းအနားကို တက်ရောက်လာကြသူတွေရဲ့  စိတ်နှလုံးတွေ ညှိုးချုံးနေကြမှာ

အသေအချာပါဘဲ။ ဒီအချိန်မှာ အကျဉ်းကျခံနေရတဲ့ ကျွန်တော်တို့ ရဲ့  ရဲဘော်တွေထံ စိတ်အစဉ်တွေ ပြေးလွှား

ရောက်ရှိခဲ့ရပါတယ်။ သူငယ်ချင်းတို့ ရဲ့  စိတ်အစဉ်တွေလည်း ဒီအခမ်းအနားကို ရောက်ချင်ရောက်နေမှာပါဘဲ။

လူချင်း အတူတူမတွေ့ ကြရပေမယ့် တို့ တတွေ စိတ်ချင်းအမြဲ နီးနေကြပါတယ်လို့  ဖြေတွေး တွေးလိုက်ရပါ

တယ်။

ဆရာတော်ဘုရားကြီးရဲ့ ရေစက်ချ တရားနာမှုကို တက်ရောက်လာတဲ့ပရိသတ်တွေ ရိုကျိုးစွာခံယူကြပါတယ်။

ဆရာတော်ကြီးရဲ့  သြ၀ါဒက “အစားဆန်း၊ အနေဆန်း၊ အ၀တ်ဆန်းတွေ ကို မတပ်မက်ကြပါနဲ့ ။ အတွေး ဆန်း

ကြပါ၊ အတွေးရဲကြပါ၊ အတွေး ပေါက်ကြပါ။ ဒါဆိုရင် ပေးတိုင်း မယူကြတဲ့စိတ်၊ ကျွေးတိုင်း မစားကြတဲ့စိတ်၊

ခြောက်တိုင်း မကြောက်ကြတဲ့စိတ်၊ မြှောက်တိုင်း မမြောက်ကြတဲ့စိတ် တွေ ပေါ်ပေါက်လာပြီး အဲဒီစိတ်ထားတွေ

က တစ်ဆင့် ပြန်လည်စည်းလုံးရေး၊ ငြိမ်းချမ်းရေးကို လုပ်နိုင်ကိုင်နိုင်ကြပါလိမ့်မယ်” လို့  ဟောကြားသွားပါတယ်။

အဖိုးတန် ဆုံးမစကားတွေကို နာယူလိုက်ရပါတယ်။

ဒီအခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသလို အမျိုးသားဒီမိုကရေစီ

ပါတီဝင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများမှ ပုဂ္ဂိုလ်များ၊ အနုပညာလောကသားများ၊ တစ်သီးပုဂ္ဂလများ၊

မျိုးဆက်သစ်လူငယ်များနဲ့  ၈ လေးလုံးကို ဖြတ်သန်းခဲ့ကြသူများ အင်အား နှစ်ထောင်ကျော်ခန့်  လာရောက်ကြ

ပြီး အကျဉ်းသားမိသားစုဝင်များကိုလည်း တွေ့ မြင်ခဲ့ရပါတယ်။ ကိုဖြိုးမင်းသိန်းတို့ ကိုမျိုးရန်နောင်သိန်းတို့ အပါ

အ၀င် အခမ်းအနားစီစဉ်ကျင်းပရေးလူငယ်များရဲ့  ဟာကွက်မရှိအောင် ကြိုးစားပမ်းစား ဖြည့်ဆည်းပေးနေကြ

တာကိုလည်း တွေ့ ခဲ့ရပါတယ်။

သံဃာတော်များကို ၀ါဆိုသင်္ကန်းကပ်လှူကြပြီး နေ့ ဆွမ်းဆက်ကပ်ကြပါတယ်။ လူပုဂ္ဂိုလ်များကိုတော့

စာသင်တိုက်ရဲ့  အပေါ်ထပ်အောက်ထပ်မှာ ထမင်းကျွေးပါတယ်။ စီစဉ်သူတွေရဲ့ စေတနာနဲ့  ရည်မှန်းချက်တွေ

အလုံးစုံ အောင်မြင်ပြီးမြောက်ခဲ့တဲ့ ကြည်လင်လှပတဲ့ ၈ လေးလုံး (၂၃)နှစ်မြောက် အခမ်းအနားတစ်ခုဖြစ်ခဲ့ပြီး

တက်ရောက်လာကြသူတွေရဲ့  ချီးမြှင့်ပံ့ပိုးမှုတွေဟာလည်း လေးစားဂုဏ်ယူဖွယ်ကောင်းလှပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူများရဲ့  ဆောင်ရွက်ချက်တချို့ ကို တည်ဆဲအစိုးရအနေနဲ့ အခုလို ခွင့်ပြု

လိုက်လျောမှုပေးခဲ့တာဟာ အပေါင်းလက္ခဏာဆန်တဲ့ လက်ခံပူးပေါင်းမှုတစ်ခုလို့  ကျွန်တော်တို့ ယူဆပြီး

ဒီ့ ထက်ပိုတ၊ဲ့ ဒီ့ ထက် ထိထိမိမိရှိတဲ့ မြန်မာပြည်သူပြည်သားအားလုံး မျှော်လင့်တောင့်တနေကြတဲ့ အရေးကိစ္စ

တွေကိုလည်း ရှေ့ အနာဂတ်မှာ ဆက်လက်ဆုံးဖြတ်လုပ်ဆောင်ပေးဖို့  လိုအပ်နေပါသေးတယ်။

နောင်နှစ် ၈ လေးလုံးနှစ်ပတ်လည်နေ့ မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျတို့ နဲ့ အတူ

ကျွန်တော်တို့ တတွေ လူစုံတက်စုံ ဆင်နွှဲရလိမ့်မယ်လို့  စူးစူးနစ်နစ်ယုံကြည်လျက်....။


အောင်မျိုးထွန်း

၈- ၈- ၂၀၁၁

Daw Aung San Suu Kyi video message to New Zealand on August 08 2011

မြိတ်အန်အယ်လ်ဒီ ဥက္ကဋ္ဌ ထောင်လေးလကျ


Published on August 8, 2011 by ​အေး​နိုင်

တနင်္သာရီတိုင်း မြိတ်မြို့တရားရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဋ္ဌနဲ့ သားသမက် စုစုပေါင်းသုံးဦးကို သူတို့အိမ်ကို လာရောက်ရန်စ စော်ကားသူနှစ်ဦးနဲ့ ရန်ဖြစ်တဲ့အမှု စပ်လျဉ်းပြီး ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

အပြင်ကနေ လာရောက်ရန်စသူ လူငယ်နှစ်ဦးကိုတော့ အမှုကနေ အပြစ်ကနေ ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ညဘက် ဆယ်နာရီကျော်မှာ အဖွဲ့ချုပ် မြို့နယ်ဥက္ကဋ္ဌ ဦးစိုးလွင် နေအိမ်ခြံဝင်း တံခါးကို လူငယ်နှစ်ဦးက လာရောက် ကန်ကျောက်ပါတယ်။

ဒီကနေ့ ဦးစိုးလွင်ရဲ့ သား၊ သားမက်နဲ့ ဦးစိုးလွင်တို့နဲ့ အဲဒီလူငယ်နှစ်ဦး ခိုက်ရန် ဖြစ်ပါတယ်။ အနားမှာရှိတဲ့ ဦးစိုးလွင်ရဲ့ဇနီး ဒေါ်ခင်ဝင်းလည်း ခါးမှာဒဏ်ရာရပြီး ဆေးရုံမှာ နှစ်ရက်တက်လိုက်ရသလို နှစ်ဖက်ရန်ဖြစ်သူတွေ ပွန်းပဲ့ဒဏ်ရာရကြပါတယ်။

ဒီနောက် ဦးစိုးလွင်တို့က ရဲကိုတိုင်တဲ့အခါ ရဲက ရန်စသူလူငယ်နှစ်ဦးကို ဖမ်းပြီး မြို့မရဲစခန်းကို ပို့ပါတယ်။

နောက်တနေ့မှာ ရန်စလူငယ်နှစ်ဦး အသိုင်းအ၀ိုင်းက တောင်းပန်ပြီး ပြေငြိမ်းဖို့ ပြောပေမယ့် ရဲက မြို့နယ်ကို တင်လိုက်ပြီဆိုပြီး အမှုစစ်ခဲ့ပါတယ်။

အခုလ ၅ ရက်နေ့မှာ ဦးစိုးလွင်ကို ၄ လနဲ့ ဒဏ်ငွေ၊ ဦးစိုးလွင်သားနဲ့သားမက်ကို ထောင် ၂ လနဲ့ ငွေဒဏ်ချမှတ်ပါတယ်။ အိမ်ပြင်ကနေ ရန်စသူ လူငယ်နှစ်ဦးကိုတော့ ဒဏ်ငွေတပ်ခဲ့ပါတယ်။

ဦးစိုးလွင်ဇနီး ဒေါ်ခင်ဝင်းက သူ့ခင်ပွန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်လို့ ခုလို ထောင်ချတာလို့ ယူဆနေပြီး အယူခံဝင်လည်း ရှုံးမယ်လို့ ယူဆတဲ့အတွက် မ၀င်တော့ဘူးလို့ ပြောပါတယ်။

ထောင်မချခင် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း အက်စ်ဘီက သူ့ခင်ပွန်းကို ညဘက်ခေါ်ဆောင်ပြီး အန်အယ်လ်ဒီကနေ ထွက်ဖို့ ဖိအားပေး ခြိမ်းခြောက်တယ်လို့ ပြောပါတယ်။

အခုလို ထောင်ကျမှုနဲ့ ပတ်သက်ပြီး မြိတ်မြို့ အဖွဲ့ချုပ်လူငယ်အမျိုးသမီးက “ဦးစိုးလွင် ထောင်ကျတယ် ဆိုတော့ လုပ်တဲ့လူက ထောင်မကျဘဲ။ ခံရတဲ့သူက ထောင်ကျတယ်ဆိုတော့ ဟိုလူတွေတော့ ဒဏ်ငွေအသီးသီးနဲ့ ဆိုတော့ လုံးဝ မတရားဘူးဆိုတာ ကျမတို့ပြောချင်တယ်။”

ဦးစိုးလွင်လို အလားတူ ဖြစ်ရပ်တွေဟာ တပ်မတော်အစိုးရ လက်ထက်တုန်းက ဒေသအသီးသီးမှာ ဖြစ်ပျက်လေ့ ရှိပါတယ်။
http://burmese.dvb.no/

မျက်ရည် ကောင်းကင်



ကျမ ဒေါ်အေးလှနွယ်နဲ့ တွေ့ခဲ့တာ ၂၃ နှစ်ရှိခဲ့ပါပြီ။ ဒါပေမဲ့ ဒီလို အချိန်တွေရောက်တိုင်း ကျမရင်ထဲကို ဒေါ်အေးလှနွယ် ပြန်ရောက် လာတတ်ပါတယ်။ ဒီအချိန်ရောက်တိုင်း ဒေါ်အေးလှနွယ် ခံစားခဲ့ရ ဖူးတဲ့  စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို သူပြန်ခံစားနေရမှာပါ။ အခုဆိုရင် ဒေါ်အေးလှနွယ်တယောက် မသေဆုံးသေးဘူးဆိုရင် အိမ်ပေါက်ဝမှာ ပက်လက်ကုလားထိုင်လေး တလုံးကိုချပြီး သမီး ပြန်လာမည့် အချိန်ကို စောင့်စားနေမှာ သေချာပါတယ်။
အတိအကျဆိုရရင် ၁၉၈၈ သြဂုတ်လ ၁၀ ရက်နေ့က ကျမရဲ့ ညီမ အငယ်ဆုံး ကျောင်းသားတွေချီတက်တဲ့ အထဲလိုက် သွားတယ်လို့ ကြားလိုက်ရကတည်းက ကျမအမေ နေမထိထိုင်မသာ၊ အရူးမီးဝိုင်း ခံစားနေရပါတယ်။ ကျမ ညီမက ပုံမှန် ဆိုရင် တော်တော်အေးပါတယ်။ ကျမရဲ့ အမေကလည်း ကျမညီမ ချီတက်တဲ့ အထဲလိုက်သွားမယ်လို့ မထင်ပါဘူး။ သူ က ၉ ရက်နေ့ညကအထိ အိမ်စာတွေ လုပ်နေတုန်း ဆိုတော့ တအိမ်လုံးက သူစိတ်ဝင်စားတယ်လို့ မထင်ပါဘူး။ အဲဒီတုန်း က သင်္ဃန်းကျွန်းမြို့နယ် ပါတီယူနစ်ဥက္ကဋ္ဌက ကျောင်းသားတွေကို ပုံမုန်အတိုင်း ကျောင်းတက်ခိုင်းရမယ်လို့ အော်ဒါ ထုတ်ပါတယ်။ ကျမအဖေကလည်း ကျောင်းဆရာဆိုတော့ အဲဒီနေ့က ဂျူတီကျပါတယ်။ ၁၀ ရက်နေ့ မနက်စောစော ဖေဖေ နဲ့ ညီမလေး ကျောင်းကို အတူတူသွားကြပါတယ်။ ဖေဖေတယောက်တည်း ၈ နာရီကျော်လောက်မှာ အိမ်ပြန် ရောက်လာပါတယ်။ ဖေဖေက ပြန်ရောက်ရောက်ခြင်းမှာပဲ “သမီးငယ်လေး ပြန်ရောက်ပြီလား” လို့ မေးလိုက်တော့မှ မေမေက “ ပြန်မလာဘူးလေ။ အခုဘယ်မှာလဲ”  ဆိုပြီး မေးပါတယ်။ ဖေဖေက “ ဟာ ဒါဆိုရင် ချီတက်တဲ့ အထဲပါသွားပြီ ထင်တယ်” လို့ ပြန်ဖြေတော့ မေမေ ဒေါသထွက်သွားပုံရပါတယ်။ မေမေက အပြစ်မတင်စဖူး ဖေ့ဖေ့ကို ဒေါသနဲ့ အပြစ် တင်ပါတယ်။ ဒီလောက်ပစ်ခတ်နေတာကို သိရဲ့နဲ့ ညီမလေးကို အိမ်ပြန်မခေါ်ခဲ့တဲ့ အတွက်ပါ။ ဖေဖေ ပြန်ပြောတာက “ကျောင်း သားတွေက ထိန်းလို့မရတော့ဘူး။ တံခါးကို အတင်းတွန်းဖွင့်ကြတာ။ ကလေးတွေက ရုတ်ရုတ် ရုတ်ရုတ် ဖြစ် နေတော့ ငါသူ့ကို မတွေ့လိုက်ဘူး။ ငါ သူတို့အတန်းဘက်သွားကြည့်တော့ သူမရှိတော့လို့ အိမ်ပြန်သွားတယ်လို့ ထင်လိုက်တာ” လို့  ပြန်ပြောပြီး ညီမလေးကို ပြန်ရှာဖို့ လမ်းထိပ်ဖက်ကို ပြန်ထွက်သွားပါတယ်။ မေမေရဲ့ ဒေါမနဿ က တော်တော်လေး ပြင်းထန်နေပါတယ်။ ကျမတို့ မမြင်ဘူးသေးတဲ့ ပုံစံနဲ့ အဖေ့ကို ဆူပူနေတာပါ။ မေမေက ဘယ်တုန်းက မှ ဖေဖေ့ အပေါ်မာမာထန်ထန် ပြောလေ့မရှိပါ။ ကျမ ညီမက ကျောင်းနဲ့ အိမ်ကလွဲရင် ဘယ်ကိုမှ သွားဘူးတာမဟုတ်လို့ ပိုပြီး ပူပန်နေရတာပါ။ ပစ်နေခတ်နေတဲ့ သတင်းတွေကလည်း နားမဆန့် အောင်ကြားနေ ရပါတယ်။ ဘယ်ကိုသွားရင် ဘယ်နေရာရောက်တယ်ဆိုတာ မသိဘဲနဲ့ သူဘယ်လိုများ ကိုယ့်အသက်ဘေးကနေ ပြေးနိုင် ပါ့မလဲဆိုတဲ့ အတွေးတွေက အမေ့ကို ခြောက်လှန့်နေပုံရပါတယ်။
မေမေက ကျမကို ၉ ရက်နေ့ကတည်းက ဘယ်မှ မသွားခိုင်းပါ။ ကျမရဲ့မောင်လေးကတော့ မေမေတားနေတဲ့ ကြားထဲက ရအောင် ထွက်သွားပါတယ်။ သူနဲ့ မောင်မောင်ကြွယ်တို့ ၂ ယောက်က ရန်ကုန်တခွင်ပြဲပြဲစင် လျောက်သွားနေခဲ့တာပါ။ ကျမမောင်ကတောင် ပြောလိုက်သေးတယ် “မရေ သေမည့် ကံပါလာရင်တော့ မလွတ်ဘူး မရဲ့၊ မောင်လေးက ဥပစ္ဆေဒ က ကံနဲ့ မသေဘူးထင်တယ်။ ဒီနေ့ (၉ ရက်နေ့) မြို့ထဲမှာ သေနတ်ကျည်ဆံက မောင်လေးနားက ကပ်သွားတာ၊ နီးနီး လေး မရာ၊ မထိဘူး” တဲ့လေ။ ကျမကတော့ သူတို့နဲ့ လိုက်ချင်တာ တပိုင်းကိုသေနေတာပါပဲ။ BBC,VOA, ALL INDIA စတဲ့ သတင်းဌာနတွေက သတင်းတွေကို နားထောင်၊ ကျမမောင်လေးကို သတင်းတွေမေးနဲ့ ကျမမှာ သတင်းအချက် အလက်တွေကို မျက်မြင်မဖြစ်ပေမဲ့ အကြားနဲ့ စုဆောင်းနေရတာပါ။  ဒါပေမဲ့ သူတို့ကလည်း ကျမကို မခေါ်ချင်ပါဘူး။ ဒါကြောင့် ဘယ်မှ မသွားရတဲ့ ကျမ စိတ်တိုနေတုန်းမှာပဲ ကျမညီမလေး ထွက်သွားတယ်ဆိုတော့ ကျမလည်း စိတ်အရမ်း ပူတာပါပဲ။ ကျမတောင် တကယ်ဖြစ်လာရင် ပြေးဖို့ဆိုတာက လွယ်တာမှ မဟုတ်တာကိုး။
ကျမ အမေကတော့ ထိုင်တောင်မှ မနေနိုင်ပါဘူး။ အိမ်ထဲမှာ ဟိုဘက်ဒီဘက်လမ်းလျောက်နေရင်းက ဘယ်ကိုလိုက် သွားရင် ကောင်းမလဲလို့ ကျမကို မေးနေပါတယ်။ ကျမကတော့ ဘယ်ဘက်ကို သွားမှန်းမှမသိတာ ဘယ်လိုလိုက် မှာလဲ ပြန်မေးလို့ မေမေ စိတ်တိုသွားပါသေးတယ်။
စိတ်ပူပါတယ်ဆိုကာမှ ကျမတို့အိမ်နားက ကာတွန်းဆရာစံစံ (ဦးစံမြင် ကွယ်လွန်) က သတင်းပေးလာပါတယ်။ ပုဇွန် တောင်နားက ၁၅ ပေ ကုန်းအောက်မှာ သုဝဏ္ဏဖက်က ချီတက်လာတဲ့ အဖြူအစိမ်းကျောင်းသားတွေကို ပစ်သတ်လိုက် တာ အတုံးအရုံးပဲတဲ့။ ကျမအမေဆိုတာအင်္ကျီတောင်မလဲနိုင်တော့ပါဘူး။ တွေ့တဲ့ ဖိနပ်ကောက်စီးပြီး ကျမလက်ကိုဆွဲ ကာ လမ်းထိပ်ဖက် အမြန်ထွက်လာခဲ့ပါတယ်။ လမ်းထိပ်မှာတွေ့တဲ့ လေးဘီးကားကိုငှားပြီး ၁၅ ပေကုန်းဘက်ထွက်လာ ခဲ့ပါတယ်။ ကျမတို့ ၁၅ ပေကုန်းအောက်မှာရှိတဲ့  ဝေါ့ခ်ရှော့ကအလုပ်သမားတွေကို မေးကြည့်တော့ သူတို့က “အမ ဘယ်ကျောင်း လည်းတော့မသိဘူး။ ကလေးတွေ အယောက် ၅၀ လောက်ရှိမယ်။ စစ်တပ်က ရှေ့နဲ့ နောက်နဲ့ ပိတ်ပြီး ပစ်သွားတာ။ ကလေးတွေကတော့ ငယ်တဲ့ ကလေးတွေများတယ်။ အားလုံးအဖြူနဲ့ အစိမ်းတွေချည်းပဲ။” တဲ့။
ကျမအမေ နောက်တောင်မှ လှည့်မကြည့်နိုင်တော့ပါဘူး။  ဆေးရုံကြီးကို တန်းပြေးကြပါတယ်။ ဆေးရုံကြီးမှာက ဖေဖေ့ တပည့် ကိုစောလွင်တို့ ဟောက်ဆာဂျင် ဆင်းနေကြပါတယ်။ သူတို့ ဟောက်ဆာဂျင် အုပ်စု အိမ်တောင်မပြန်တော့ ဘဲ ဆေးရုံမှာ (Stand by) အဆင်သင့် စောင့်နေကြတာပါ။ ကျမတို့သားအမိ ဆေးရုံကြီးကိုရောက်တော့ ကိုစောလွင်ကို လိုက်ရှာကြပါတယ်။ ကိုစောလွင်ကို တွေ့တဲ့ အချိန်မှာ သူ့ရဲ့ ဂျူတီကုတ်မှာက သွေးတွေလည်း ပေကျံနေပါတယ်။ ခေါင်း က ဆံပင်ကလည်း စုတ်ဖွားဖွားဖြစ်နေပါပြီ။ လူနာတွေကြားထဲမှာ ဆရာဝန် ၃၊ ၄ ယောက်လောက် မရပ်မနား အလုပ် လုပ်နေကြပါတယ်။ လူနာတွေရဲ့ အော်ဟစ်ငြီးငြူသံတွေကလည်း ဆူညံနေပါတယ်။ ကိုစောလွင်က အလုပ်လုပ်နေရာက ထွက်လာပြီး ကျမတို့ သားအမိကို လာတဲ့ကိစ္စမေးပါတယ်။ မေမေက “သူဝဏ္ဏကျောင်းက ကလေးတွေကို ၁၅ ပေကုန်း အောက်မှာ ပစ်သတ်လိုက်တယ်လို့ကြားလို့၊ အိမ်က အငယ်ဆုံးမလေးက ချီတက်တဲ့ အထဲပါသွားတယ်” လို့ မေးပြော ပြောတော့ ကိုစောလွင်က “ကျနော်သိပ်မသိဘူးအန်တီ။ ဒီမှာရောက်လာတဲ့ လူတွေက အများကြီးပဲ။ ကျောင်းသားတွေ ရော၊ အရပ်သားတွေရောအစုံပဲ။ အောက်က ဂါတ့်ဝါဒ်ထဲမှာတော့ လူသေအလောင်းတွေရှိတယ်။ သွားကြည့်လိုက်လေ အန်တီ” လို့ ပြန်ပြောပါတယ်။ ကျမနဲ့ မေမေလည်း ဂါတ်ဝါဒ့်ထဲကို သွားကြည့်ပါတယ်။ လူသေအလောင်း ၇၀ ၀န်းကျင် လောက်ရှိပါတယ်။ အားလုံးက ရုပ်ပျက်ဆင်းပျက်ချည်းပါပဲ။ ကြောပွင့်နေတဲ့လူတွေ။ ဦးနှောက်တွေ ပွင့်ထွက်သွားတဲ့ လူတွေ။ ကျောင်းသားလို့ ထင်ရသူတွေ။ ဖုန်းတော်ကြီးတွေ။ အမျိုးသမီးတွေ အဖြူအစိမ်းဝတ်ထားတဲ့ သူတွေ အရွယ်စုံ။ အမျိုးစုံ မမြင်ရက်၊ မရှုရက်စရာတွေပါ။ ကျမ ဆက်ပြီး မကြည်နိုင်တော့လို့ မေမေ့ကို အပြင်မှာပဲ ထွက်စောင့်နေလိုက် ပါတယ်။
အလောင်းတွေကြားထဲ သမီးကို မတွေ့တော့မေမေ့ ကြည့်ရတာ နဲနဲတော့ စိတ်သက်သာသွားသလိုထင်ရပါတယ်။ ကျမ တို့သားအမိ ကိုစောလွင်ရှိနေတဲ့ ၀ါဒ့်ထဲကိုထပ်သွားပြီး ကိုစောလွင်ကို မေမေက “သေတဲ့လူတွေက ဒါအကုန်ပဲလား။” လို့ ထပ်မေးတော့ ကိုစောလွင်က “တချို့တွေကို စစ်တပ်ကပဲ ကြံတောသုဿန်ကို သယ်သွားတယ် ပြောတယ်။ အခုဒါက လိုက်ကောက်တဲ့ လူတွေလာပို့သွားတာ။ အန်တီ ကြံတော အထိလိုက်မသွားနဲ့ ။ ဒီကောင်တွေက လျောက်ရမ်းနေတာ။ လူကြီးသောဘာသော နားမလည်ဘူး” လို့တောင် ပြောလိုက်ပါသေးတယ်။ ဆက်ပြီးတော့  “ဒီလိုလုပ်ပါလား အန်တီ၊ အ ပေါ်ထပ်မှာ လူနာတွေရှိတယ်။ အရေးပေါ်ခန်းတွေမှာရော၊ တော်ရုံတန်ရုံလူနာတွေကိုတော့ ၀ါဒ့်ထဲမှာပဲထားတယ်။ သွား ကြည့်ကြည့်လိုက်လေ။ ကျနော်တော့မလိုက်တော့ဘူး၊ ဆေးမရှိတော့လို့ ဆေးရအောင်နဲနဲ ရှာလိုက်အုံးမယ်၊ ဆေးတွေ ဘာတွေလှူမည့်လူရှိရင်လည်း ဆေးတွေအရမ်းလိုနေတဲ့အကြောင်း သတင်းပေးလိုက်ပါနော်။ သွေးလည်း အများကြီးလို နေ တယ်” လို့ပြောပြီး ကျမတို့နားကနေ ခပ်သုတ်သုတ်ထွက်သွားပါတယ်။
ကျမတို့ သားအမိ ၂ ယောက်လည်း ပထမဦးဆုံး အရေးပေါ်ခန်းကို သွားခဲ့ပါတယ်။ အရေးပေါ်ခန်းမှာ လူနာတွေက မြင် မကောင်းအောင် များလှပါတယ်။ ဆေးပုလင်းတွေ၊ သွေးပုလင်းတွေ၊ ဂွမ်းတွေ ပတ်တီးတွေလဲ ဆေးရုံမှာ မရှိတော့ပါဘူး။ မေမေက လူနာတွေကြားထဲမှာ သူ့သမီးများရှိနေမလားလို့ လိုက်ရှာနေပါတယ်။ ဆရာဝန်တွေလည်း သူတို့ တတ်နိုင်သ လောက် ဆေးတွေ၊ သွေးတွေကို ရှာဖွေနေကြပါတယ်။ ကျမတို့လည်း လူနာတွေကို တယောက်ချင်းလိုက်ကြည့်ရင်းက အင်္ကျီအဖြူပေါ်မှာ သွေးတွေစွန်းထင်းနေတဲ့ စကတ်အစိမ်းရောင်ကလေးကို တွေ့လိုက်မိပါတယ်။ သတိလစ်နေပြီး ရထား တဲ့ ဒဏ်ရာက ရင်ဘတ်ကို ထိထားတာဆိုတော့ အရေးကြီးနေတဲ့ ပုံပါပဲ။  ဒါကြောင့် ကျမတို့က သူ့ရဲ့ ဘေးမှာရှိနေတဲ့ လွယ်အိတ်အပြာရောင်လေးထဲက စာအုပ်တွေကို ထုတ်ကြည့်လိုက်မိတော့ “မအေးသီတာ၊ တတိယတန်း(ခ)၊ အ.ထ.က (၃) သင်္ဃန်းကျွန်း” လို့ရေးထားပါတယ်။ ကျမ အမေက အဲဒီကောင်မလေးကို မှတ်လာပြီးတော့ သူ့မိသားစုကို ရှာဖွေပြီး အကြောင်းကြားပေးရမယ်လို့ ပြောပါတယ်။ မေမေ့ ရင်ထဲမှာ ကလေးမလေးအတွက် စိတ်ပူပင်နေပုံရပါတယ်။ မေမေက “ဒီလောက်ငယ်တဲ့ ကလေးလေး ပျောက်နေတယ်ဆိုရင် သူ့မိဘတွေဘယ်လောက်များ သောကရောက်နေမလဲ မသိဘူး” လို့ ပါးစပ်ကနေ ရေရွတ်နေခဲ့ပါတယ်။
အဲဒီနေ့က ဆေးရုံကြီးကိုဝင်ပြီး သေနတ်နဲ့ပစ်သွားတဲ့ နေ့ပါ။ ကျမတို့သားအမိ အိမ်ပြန်မလို့ အထွက်မှာ သူနာပြုဆရာမ တွေက “ဆေးလည်းကုန်ပြီ၊ သွေးလည်းကုန်ပြီ၊ ပစ်နေတာတွေရပ်ပေးပါ” လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကလေးကို ကိုင်ပြီး ထွက်လာကြပါတယ်။ အဲဒီအချိန်မှာပဲ စစ်ကားက သူနာပြုတွေကို ၀င်ပစ်လိုက်တာပါ။ ကျမလည်း ခြေဦးတည့်ရာကို ပြေး ရင်းနဲ့က ကျမသူငယ်ချင်း မိနွယ်နေတဲ့ ဒေါ်ပုဆေးရုံဘက်အခြမ်းကို ရောက်သွားပါတယ်။ ကျမ မိနွယ်တို့ အိမ်ပေါ်ကို ပြေးတက်ပြီးတော့မှ မေမေ့ကို သတိရလို့ ကြည့်လိုက်တော့ မေမေ ပါမလာတော့ပါ။ မေမေနဲ့ ကျမ လူကွဲသွားပါတယ်။ အဲဒီ့ ညက ကျမ အိမ်ပြန်ဖို့ခက်နေလို့ မိနွယ်တို့ အိမ်မှာပဲ ည အိပ်ရပါတယ်။ ၁၁ ရက်နေ့ကျမှ ကျမ အိမ်ကိုပြန်ရပါတယ်။  အိမ်ရောက်တော့ ကျမရဲ့ ညီမနဲ့ မေမေ့ကို  အိမ်မှာပဲတွေ့ပါတယ်။ ကျမက သူတို့ ဘယ်လိုအိမ်ပြန်ရောက်လာလဲ မေး ကြည့်တော့ “မမရေ မီးတို့ရှေ့မှာ အထက (၃) သင်္ဃန်းကျွန်းက အလယ်တန်းကလေးတွေ စစ်ကြောင်း ရှိတယ်။ မီးတို့ တွေက သူတို့နဲ့ သွားပေါင်းကြမယ်ဆိုပြီး ခပ်မြန်မြန်လေးချီတက်လာတုန်း၊ မီးတို့က သာကေတ တံတားနဲ့ ၁၅ ပေကုန်း ကြားထဲအရောက် ၁၅ ပေကုန်းပေါ်က ဆင်းလာတဲ့ စစ်ကား ၄ စင်းနဲ့ ပုဇွန်တောင်ဘက်ကနေလာတဲ့ စစ်ကား ၂ စီးက ၁၅ ပေကုန်းအောက်မှာရောက်နေတဲ့ ကလေးတွေစစ်ကြောင်းကို  ရှေ့ပိတ်နောက်ပိတ် ပစ်လိုက်တာ မရယ်။ မီးတို့တွေ လည်း သေနတ်သံကြားကြားခင်း လှည့်ပြေးကြတာပေါ့။ အဲဒါ လေးဘီးတစီးက မီးတို့ကို တွေ့လို့ ပြန်လိုက်ပို့ပေးတာ။ မရေ သေနတ်သံတွေကို နီးနီးလေးက ကြားလိုက်ရတော့ မီးလေ ပြေးတောင်မပြေးနိုင်တော့ဘူး။ မီးသူငယ်ချင်း သော်ဇင် က အတင်းဆွဲပေလို့ နို့မို့ဆိုရင် မီးတယောက်ထဲ အဲဒီ့နေရာမှာ ကျန်ခဲ့မယ်ထင်တယ်” လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြ ပါတယ်။ မေမေကတော့ စစ်တပ်က ၀င်ပစ်တဲ့အချိန်မှာ ဆေးရုံကြီးထဲကို ပြန်ဝင်ပြေးပါတယ်။ ဆေးရုံကြီးကိုလာတဲ့ ကိုမြသာ တို့နဲ့တွေ့ပြီး သုဝဏ္ဏကို ပြန်လိုက်လာတယ်တဲ့။ မေမေက ကျမကိုလိုက်ရှာတာမတွေ့တော့လို့ ကျမကို စိတ် လည်းပူ၊ စိတ်လည်းဆိုးတယ်လို့ ပြောပါသေးတယ်။ ဒါပေမဲ့ ကျမက ရန်ကုန်မြို့ထဲမှာ သွားတတ်လာတတ်တယ်။ မတ်လ ကတည်းက ပြေးလွှားလာတာဆိုတော့ မေမေက ကျမလွတ်အောင်တော့ ပြေးနိုင်မယ်လို့ ယူဆပါတယ်။
ကျမတို့ သားအမိရဲ့ရင်ထဲမှာ ၃ တန်းကျောင်းသူလေး အကြောင်းက မေ့လို့မရပါဘူး။ သြဂုတ် ၁၁ ရက် ၁၂ ရက်နေ့တွေ က ရပ်ကွက်တွေထဲက လမ်းတွေမှာ သစ်ပင်တွေခုတ်လှဲပြီး စစ်ကားတွေ ရုတ်တရက် ၀င်လို့မရအောင် လုပ်ထားကြပါ တယ်။ ကိုယ့်ရပ်ကွက်ရဲ့ လုံခြုံရေးကို ရပ်ကွက်သားတွေက တာဝန်ယူစပြုနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ စစ်တပ်က လည်း လမ်းမပေါ်ထွက်လာတဲ့ လူတွေကို ပစ်ဖို့ ပြင်နေတဲ့ အချိန်ပါ။ ဒါကြောင့် ကျမတို့ မိသားစု အေးသီတာ ရှာပုံတော် မဖွင့်နိုင်ပါဘူး။ သြဂုတ် ၁၂ ရက်နေ့မှာတော့ ၁၈ ရက်ပဲ သက်တန်းရှိတဲ့ သမ္မတ ဦးစိန်လွင် ပြုတ်ကျသွားပါတယ်။ စစ် တပ်က ပစ်တာခတ်တာ ကျဲသွားပါတယ်။
၁၄ ရက်နေ့မှာတော့ ဘတ်စကားတွေ မထွက်ပေမဲ့ စက်ဘီးနဲ့ ဟိုနား၊ ဒီနားသွားလို့ ရလာပါပြီ။ ဒါကြောင့် ကျမတို့ မောင်နှမ ၂ ယောက်၊ အဲဒီတုန်းက ဆေးကျောင်းတက်နေတဲ့ မင်းဦး (ယခု ဒေါက်တာမင်းဦး) နှင့် မောင်မောင်ကြွယ် (ကချင် ဒေသတွင်းကျဆုံး) တို့ စက်ဘီးတွေနဲ့ အထက (၃) သင်္ဃန်းကျွန်းအနီးအနားဝန်းကျင်မှာ စုံစမ်းကြပါတယ်။ လွယ်လွယ်နဲ့တော့ မတွေ့ပါဘူး။ တနေ့လုံး ကျိုးစားပြီး ခက်ခက်ခဲခဲရှာတဲ့ အချိန်မှာ အ.ထ.က (၃) ကျောင်းဘေးနားက ရပ်ကွက်ထဲမှာနေတဲ့ အေးသီတာရဲ့ မိသားစုနဲ့ တွေ့ရပါတယ်။
ကျမတို့တွေ ဒေါ်အေးလှနွယ်တို့ ရပ်ကွက်ထဲရောက်တော့ သားသမီးပျောက်နေတဲ့ မိခင်တွေအကြောင်း အရင်ဆုံး စုံစမ်း ကြပါတယ်။ အရမ်းငယ်သေးတဲ့ သမီးလေးပျောက်နေတဲ့ ဒေါ်အေးလှနွယ်အကြောင်းကို ပတ်ဝန်းကျင်က ပြောပြကြပါ တယ်။ ဒေါ်အေးလှနွယ်ရဲ့ ခင်ပွန်းကလည်း တတ်နိုင်သမျှလိုက်ရှာပေမဲ့ သတင်းအစအန ပျောက်နေပါတယ်။  ဒါကြောင့် လည်း ကျမတို့ ဒေါ်အေးလှနွယ်နဲ့ တွေ့ဆုံဖြစ်ခဲ့တာပါ။ အိမ်ထဲကို ၀င်ဝင်ချင်းမှာပဲ ချစ်စရာကောင်းတဲ့ ကလေးမလေး တယောက်ရဲ့ အပြုံးတွေနဲ့ ဓါတ်ပုံအတော်များများကို ချိတ်ဆွဲထားတာ တွေ့မြင်ရပါတယ်။
ဒေါ်အေးလှနွယ်တို့အတွက် အေးသီတာက တဦးတည်းသော သမီးရတနာလေး ဖြစ်တယ်တဲ့။ သြဂုတ် ၁၀ ရက်နေ့က တည်းက အိမ်ပြန်မရောက်တော့လို့ သူအရမ်းစိတ်ပူနေတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ကျမတို့ အေးသီတာကို ဆေးရုံ မှာတွေ့ခဲ့တဲ့ အကြောင်းပြောပြတော့ ဒေါ်အေးလှနွယ် မျက်ရည်တွေ ကျလာပါတော့တယ်။ ကျမတို့ကို ကျေးဇူးတင် ကြောင်း အထပ်ထပ်ပြောခဲ့ပြီး အိမ်ထဲမှာရှိနေတဲ့ သူ့ရဲ့ခင်ပွန်းကို အခုချက်ချင်း ဆေးရုံကိုလိုက်သွားဖို့ တိုက်တွန်းနေပါ တယ်။
ကျမတို့ ၄ ယောက် အေးသီတာတို့ အိမ်ကအပြန်မှာ တိတ်ဆိတ်ငြိမ်သက်နေကြပါတယ်။ အဲဒီ ငြိမ်သက်မှုကို စတင်ဖြို ခွင်းတဲ့ သူက မောင်မောင်ကြွယ်ပါ။ မောင်မောင်ကြွယ်က ကျမရဲ့မောင်လေးကို  “ကိုဝဏ္ဏ အေးသီတာ သေသွားပြီဆိုရင် ဘယ်လိုလုပ်မလဲ” တဲ့။ ကျမမောင်လေးက “အေးကွာ မသိပါဘူး။” လို့ ပြန်ဖြေပါတယ်။ မင်းဦးကတော့ “ မလွယ် လောက် ဘူးထင်တယ်နော် မသေသေးဘူးဆိုရင် အခုချိန်မှာ မိဘတွေဆီကို တခုခုတော့ အကြောင်းကြားမှာပေါ့။” လို့ စဉ်းစားတဲ့ အသံနဲ့ ပြောပါတယ်။ ကျမတို့တွေရဲ့ စိတ်ထဲမှာ အေးသီတာအကြောင်း သူ့မိဘတွေသိသွားအောင် ပြောပြ ချင်ခဲ့တာ သက်သက်ပါပဲ။
နောက်နေ့ကျတော့ သိပ်စပ်စုတဲ့ မောင်မောင်ကြွယ်က အေးသီတာတို့ဆီ ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အေးသီတာအမေက သူ့သမီးအိမ်ပြန်ရောက်လာတော့မှာလို့ တသွင်သွင်ပြောနေပေမဲ့ သူ့အဖေကတော့ အေးသီတာကို သေဆုံးစာရင်းမှာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ ကျမတို့  အေးသီတာတို့နေတဲ့ ရပ်ကွက်ကို ရောက်တိုင်း အေးသီတာတို့အိမ်ဘက်ကို မသိမသာ လှည့် ကြည့်တတ်ပါတယ်။ အေးသီတာရဲ့ မိခင်က အိမ်ရှေ့ဖိနပ်ချွတ်မှာပက်လက်ကုလားထိုင် တလုံးနဲ့  ထိုင်စောင့်နေတတ်ပါ တယ်။ အေးသီတာရဲ့ အဖေက အေးသီတာအတွက် ရက်လည်ဆွမ်းသွတ်တာမျိုးကို လုပ်ချင်ပေမဲ့ အေးသီတာရဲ့ အမေ က ခွင့်မပြုပါဘူး။ သူ့သမီးလေး အိမ်ကိုပြန်ရောက်လာမှာ သေချာတယ်လို့ သူက ပြောပါတယ်။
အဲဒီအချိန်တုန်းက လူနာတွေအကြောင်းကို ကျမ ဒေါက်တာစောလွင်ကို မေးကြည့်မိတော့ “အရေးပေါ်ခန်းထဲက သေ နတ်မှန်တဲ့ လူတော်တော်များများ သေကြတယ်။ ကိုယ်တို့လဲ အကုန်ဘယ်မှတ်မိမှာလည်း။ ကြိုးတော့ ကြိုးစားပြီး ကုကြ ပါတယ်။ ဒါပေမဲ့ ဆေးရော၊ ဂွမ်း၊ ပတ်တီး၊ နောက်ပြီး သွေးရော အကုန်လိုနေတာ ဘယ်ကမှ ဖြည့်လို့မလောက်ဘူး၊ နောက်ပြီး တချို့လူနာတွေက ခွဲစိတ်ခန်းဝင်ရမှာ ခွဲဖို့ဆိုတာကလည်း လူနာတွေတအားများနေတာကိုး။ မတတ်နိုင်ပါဘူး။ အားလုံးအခြေအနေကြည့်လုပ်ရတာ” လို့ပြောပြခဲ့ပါတယ်။
၁၉၈၉ ခုနှစ်က ကျမ၊ သမီးညို၊ အိန်ဂျယ်တို့က သင်္ဃန်းကျွန်းက သူရိန်(ဗကသ) တို့ အိမ်မှာ နေကြရင်းက ၈ လေးလုံး နှစ်ပတ်လည်နေ့မှာ ကျမတို့ အေးသီတာတို့ အိမ်ကိုသွားကြပါတယ်။ အေးသီတာရဲ့ အမေကို စိတ်ရောဂါ အထူးကုဆရာ ၀န်နဲ့ ကုနေရတယ်လို့ သူမရဲ့ ဖခင်က ပြောပြပါတယ်။ နောက်ပိုင်းတော့ ဒေါ်အေးလှနွယ်ရဲ့ စိတ်အခြေအနေက သြ ဂုတ်လကိုရောက်တိုင်း ဆရာဝန်ဆီ သွားနေရတယ်လို့ သိရပေမဲ့ ကျမတို့ မတွေ့ဖြစ်တော့ပါဘူး။ ဒါပေမဲ့ ဒီလိုအချိန်ကို ရောက်လာတိုင်းမှာ ကျမ ဒေါ်အေးလှနွယ်ကို သတိရနေမိပါတယ်။ သူတို့ရဲ့ သမီးလေး သူတို့ရင်ခွင်ထဲက ထွက်သွားပုံ က ဘယ်မိဘမဆို ရင်ကွဲမှာ အသေအချာပါပဲလေ။
အဲဒီအချိန်က မြန်မာနိုင်ငံအနှံအပြား သားပျောက်နေတဲ့ မိခင်တွေရဲ့ ငိုကြွေးသံနဲ့ ဆူညံနေခဲ့ပါတယ်။ အခုချိန်အထိ လည်း သားပျောက်မိခင်တွေ ငိုကြွေးနေကြဆဲပါ။ မိဘတို့ရဲ့ မျက်ရည်တွေဟာ အငွေ့ပြန်ပြီး ကောင်းကင်ပေါ်ကို ပျံ တက်သွားကြပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်တွေကို ပြန်ရောက်တိုင်း မိုးတွေအဖြစ်ပြန်လည် ရွာချနေကြပါတယ်။ မိုးရေ တွေ…. မျက်ရည်အဖြစ်ရွာတဲ့ မိုးရေတွေ။ မျက်ရည်အရောင်က နီစွေးစွေးပေါ့။ နုလုံးသားထဲက လာတဲ့အရောင်တွေလေ။  ဒါဆိုရင် အဲဒီကောင်းကင်ဟာ မျက်ရည်တွေအပြည့်ရှိနေလို့ မျက်ရည်ကောင်းကင်လို့ပဲ ခေါ်ချင်ပါတော့တယ်။
ခင်ငြိမ်းသစ်
http://www.naytthit.net/

ဘောပွဲ ဖမ်းဆီးထားသူများ ကို ရဲက နှိပ်စက်၊ ငွေညှစ်၊ ခြိမ်းခြောက်


by politics on August 7, 2011
ဇူလိုင်လ ၂၈ ရက်နေ့ က ကမ္ဘာဖလားခြေစစ်ပွဲ တွင် မြန်မာနှင့် အိုမန်အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏ
အားကစားကွင်းတွင် ယှဉ်ပြိုင်ကြစဉ် အဓိကရုဏ် သဘောမျိုး ဖြစ်ပွား ခဲ့ ရာ ထိုဖြစ်ရပ်ဉ် ပါဝင်သည့်
သူများ ဟု ယူဆရသူများ ကို လိုက် လံ ဖမ်းဆီး ပြီး နောက် မသေရုံ တမယ် ညှင်းပန်း နှိပ်စက်ခံရ
သည် ဟု သတင်း ရရှိ သည်။

ဘောပွဲဖမ်းဆီးထား သူ အများ စု မှာ သင်္ဃန်းကျွန်း ရဲစခန်း၊ တာမွေ နှင့် ဗဟန်း ရဲစခန်း များ တွင် ရှိ
ပြီး၊ အချို့  ရဲစခန်းများ မှာ ထို ပွဲ တွင် ကိုယ်ထိလက်ရောက် ကျူးလွန် သည့် မဟုတ် သူများ ကို လည်း
ဖမ်းဆီး ထား သည် ဟု FNG မှ သတင်း ရရှိ သည်။

တာမွေမြို့ နယ် ကျောက်မြောင်း ရပ် မှ ဘောလုံးပွဲ ၀ါသနာ ပါသူ တစ်ဦး က” ကျွန်တော် တို့  သူငယ်ချင်း
ှနှစ်ဦး သွား ကြည့်ကြတယ်။ ဘာမှ ကိုယ်ထိလက်ရောက် မလုပ် ခဲ့ဘူး၊ အခု CCTV မှာ ပါတယ် ဆို ပြီး
ကျွန်တော် သူ ငယ်ချင်း ကို ဖမ်းသွားတယ်။ ထောင်အချုပ် ကို မပို့ စေချင် ရင် ငွေ ၅၀၀၀၀ ပေး ဖို့ 
ပြောတယ်” ဟု ဆိုသည်။

ဘောပွဲ ဖမ်းဆီးထား သူများ ကို ရဲစခန်း အချို့  တွင် နှိပ်စက် ညှင်းပန်း မှု များ ရှိ သကဲ့ သို့  မိသားစု ၀င်
များ အား လည်း နောက်ထပ် ဘောပွဲ ဆူပူသူ ၅ ဦး ကို ထပ်မံ ရှာ ဖွေ ပေး နိုင် ခြင်း မရှိ ပါက တစ်မိသား
စု လုံး ကို ပါဖမ်း မည် ဟု ခြိမ်းခြောက် မှု များ ရှိ သည်။

ကမ္ဘာ့ ဖလား ခြေစစ်ပွဲ အဓိကရုဏ်းတွင် ဖမ်းဆီးထား သူများ အား နှိပ်စက် ညှင်း ပန်းမှု နှင့် ပတ် သက်
ပြီး ရန်ကုန် မြို့  ရှိ အားကာစား ဂျာနယ် အယ်ဒီတာ တစ်ဦးက ” ဟုတ်တယ် … ရဲစခန်း တင် မက ဘူး
ထောက်လှမ်းရေး တပ် နဲ့  အခြား နေရာ တွေ မှာ ဖမ်းထား တာ လည်း ရှိတယ်။ တစ်ချို့ ကို အာမခံ ပေး
တယ် ၊ တစ်ချို့  ကို မပေး ဘူး၊ မဆိုင် သူတွေ လည်း ပါတယ် ” ဟု ပြောသည်။

ရန်ကုန် မြို့ မှ နာမည် ကျော် ဘောလုံးသမား ဟောင်း တစ်ဦး ကမူ ” အာဏာပိုင် တွေ လုပ်ရပ်ကြောင့်
လည်း ဒီလို ဖြစ်သွားတယ် လို့  ထင်တယ်။ ပွဲမစခင် အလကား ပေး ၀င် မယ် ဆို ပြီး တံခါးတွေ ပိတ်ထား
တာ ကြောင့် ဒေါသ ထွက် သွားတာ ရယ် ၊ အကန့် အသတ် နဲ့  မဟုတ်တော့ ပဲ နောက်ပိုင်း အကုန် လုံး
ပေး ၀င်တာ ကြောင့် ဒီလို ဖြစ်ရတာ ” ဟု သုံးသပ် သည်။

ထိုပွဲ တွင် အိုမန် အသင်းက အနိုင် ရရှိ ပြီး ကမ္ဘာ့ ဘောလုံး အဖွဲ ချုပ် က လည်း မြန်မာ ကို အရေးယူရန်
စီစဉ် နေသည်။
http://freedomnewsgroup.com/c

မြန်မာစစ်တပ် ဓါတုလက်နက် သုံးစွဲနေမှု ရှိမရှိ


တနင်္ဂနွေ, 07 သြဂုတ် 2011

ဦးသန်းလွင်ထွန်း ။ ။ မြန်မာစစ်အစိုးရနဲ့ တချိန်က အပစ်အခတ်ရပ်စဲရေး သဘောတူထားခဲ့တဲ့ SSA (Shan State Army) ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ဟာ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေးကို လက်မခံခဲ့တဲ့နောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းဒေသဟာ စစ်မြေပြင် ပြန်ဖြစ်လာခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့  မြေလှန်ထိုးစစ်ကြောင့် ဒေသခံရွာသားတွေ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရသလို SSA တပ်ဖွဲ့စခန်းတွေကို ချေမှုန်းတိုက်ဖျက်နိုင်ဖို့ အကြီးအကျယ် ကြိုးစားနေတဲ့ မြန်မာစစ်တပ်အနေနဲ့ ရွာမီးရှို့ မှု အဓမ္မပြုကျင့်မှု လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် ဓါတုလက်နက်တွေကိုပါ အသုံးပြုတိုက်ခိုက်လာနေပြီဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဒေသမှာ ပြည်တွင်းရွှေ့ ပြောင်း ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတဲ့ အမေရိကန်အခြေစိုက် Global Refuge International အဖွဲ့ရဲ့  ဒါရိုက်တာတဦးဖြစ်သူ Jaden McNeely က တရုတ်ပြည် ယူနန်နယ်စပ်အနီး ရှမ်းပြည်နယ်အတွင်းမှာ သူကြုံတွေ့ခဲ့ရတာတွေကို ဗွီအိုအေ ကို ပြောဆိုခဲ့ပါတယ်။
Jaden McNeely ။ ။ ရှမ်းပြည်တွင်းမှာ ကျန်းမာရေး ကူညီစောင့်ရှောက်မှုနဲ့ သင်တန်းတွေပေးဖို့ ကျနော်တို့ ရောက်နေခဲ့တာပါ။ စစ်ပွဲအခြေအနေ တိုက်ပွဲအကြောင်းတွေ လေ့လာဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ ကျနော်တို့ ရောက်နေတဲ့ မတ်လအဆန်းပိုင်းမှာပဲ တိုက်ပွဲတွေ စလာခဲ့ပြီးတော့ အဲဒီနောက်ပိုင်းမှာ အတော်ကို တုန်လှုပ်စရာကောင်းတဲ့ သတင်းတွေ ဆက်တိုက်ကြားလာရပါတယ်။ ရွာတွေ ဖျက်ဆီးဖယ်ရှားခံရတယ်။ ဗုံးတွေလက်နက်ကြီးတွေနဲ့ အပစ်ခံရတယ်။ အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်မှု၊ ပေါ်တာဆွဲမှုသတင်းတွေလည်း ထွက်ပေါ်လာခဲ့တယ်။
ဦးသန်းလွင်ထွန်း ။ ။ Jaden McNeely တို့ရဲ့  Global Refuge International အဖွဲ့ဟာ ရှမ်းပြည်နယ် နယ်စပ်အတွင်းမှာ ဆေးပေးခန်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းတွေ စီစဉ်ပေးနေရင် ဒေသအတွင်းမှာရှိနေတဲ့ ကျေးရွာသားတွေအပြင် SSA မြောက်ပိုင်း ရှမ်းတပ်ဖွဲ့ဝင်များနဲ့လည်း ထိတွေ့ဆက်ဆံလာရပါတယ်။ ပုံမှန် ငှက်ဖျား၊  ဝမ်းပျက်ဝမ်းလျှော၊ အဟာရချို့ တဲ့မှု နဲ့ မိခင်နဲ့ ခလေးရောဂါများအပြင် ပြီးခဲ့တဲ့ ဇွန်လပိုင်းမှာ ထူးခြားတဲ့ပြဿနာတွေ တွေ့မြင်လာရတယ်လို့ Jaden McNeely က ပြောပါတယ်။
Jaden McNeely ။ ။ ပထမဦးဆုံး ကြားသိရတာတော့ SSA မြောက်ပိုင်း ရှမ်းစစ်သားတွေ ဗုံးအစအနတွေမှန်ပြီး။ ဒါမှမဟုတ် မီးခိုးငွေ့တွေ ရှုမိပြီး ပုံမှန်မဟုတ်တဲ့ ဝေဒနာတွေ ခံစားရတယ်ဆိုတဲ့ သတင်းပါ။ ဒီ အကြောင်းတွေကို ဆက်စပ်လေ့လာလိုက်တဲ့အခါ ကျနော်တို့အနေနဲ့ လက်နက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေမဟုတ်ပေမယ့်လည်း ဒါတွေဟာ ပုံမှန်ဝေဒနာ ခံစားရမှုမျိုး မဟုတ်ဘူးဆိုတာတော့ သတိပြုမိလာပါတယ်။ ဒီ ဝေဒနာခံစားလာခဲ့ရတဲ့ လူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးရင် ကျနော်တို့အနေနဲ့ မေးခွန်းတွေ တိတိကျကျ မေးခဲ့ပါတယ်။ ဘယ်နေရာမှာ ဘယ်လိုဖြစ်ခဲ့တာလဲ။ ဘယ်လိုဝေဒနာတွေ စပြီးခံစားရပါသလဲ စသဖြင့်ပေါ့။ တချို့ ဆိုရင် အသက် (၄၀) ကျော် အရာရှိအဆင့်ရှိသူတွေပါ ပါဝင်ပြီးတော့ စစ်ပွဲအတွေ့အကြုံတွေလည်း အတော်ရင့်ကြပ်သူတွေ ဖြစ်တာကြောင့် ဘယ်လိုဗုံးအမျိုးအစားလဲ။ အရင်က ဒါမျိုးကြုံဘူးသလား စသဖြင့် မေးခွန်းတွေပါ မေးခဲ့ပါတယ်။ မေးခဲ့သမျှ လေ့လာခဲ့သမျှထဲမှာ ဖြစ်ခဲ့တဲ့အချိန် နေရာမတူတောင်မှ ဝေဒနာခံစားရပုံ သဘောသဘာဝတွေက ထပ်တူကျနေတာကို တွေ့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ သူတို့တွေ့ခဲ့ရတဲ့ ရှမ်းစစ်သားတွေဟာ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ Jaden McNeely အနေနဲ့ ယတိပြတ် ကောက်ချက်မချပေမယ့် သာမန်ရောဂါဝေဒနာ ခံစားရမှုမျိုး မဟုတ်ဘူးဆိုတာကိုတော့ အထင်အရှားပြောဆိုပါတယ်။ အထူးသဖြင့် သူတို့တွေ့ခဲ့တဲ့ လူနာ (၁၁) ဦးစလုံးမှာ မီးခိုးငွေ့တွေထွက်တဲ့ အမြောက်ဆံလက်နက်တွေကြောင့် နောက်ဆက်တွဲ ဝေဒနာခံစားရပုံတွေဟာ ထပ်တူနီးပါး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်အကြောင်းကို Jaden McNeely က အသေးစိတ် ပြောပြပါတယ်။
Jaden McNeely ။ ။ ဇွန်လ (၃) ရက်နေ့ကပဲ ရှမ်းပြည်မြောက်ပိုင်း မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ နေရာထဲ ရောက်သွားခဲ့တဲ့ SSA ရှမ်းတပ်ဖွဲ့ဝင် (၅) ဦးဟာ လက်နက်ကြီးနဲ့ တိုက်ခိုက်ပစ်ခတ်ခံခဲ့ရပါတယ်။ ဗုံးဆံက သူတို့နဲ့ မီတာ (၁၀၀) လောက်မှာ ကျပေမယ့် အဲဒီကထွက်တဲ့ မီးခိုးငွေ့တွေကို ရှုမိပြီး အားလုံး မူးဝေအော့အန်ကုန်ကြပါတယ်။ နောက်ပိုင်း ဒီလူတွေကို ကျနော်တို့ တွေ့တဲ့အခါ ဒီလူတွေဟာ အင်မတန် အားအင်ချိ့ နဲ့ ကုန်ခန်ပြီး ဝေဒနာတွေ ခံစားနေရတာကို တွေ့ရပါတယ်။ တချိန်ကဆို ဒီလူတွေဟာ တောတောင်တွေထဲ တနေကုန် လှုပ်ရှားသွားလာနေနိုင်သူတွေပါ။ အခုတော့ တနေရာကနေ တနေရာ နည်းနည်းရွှေ့ ရင်တောင် ရင်တုန်မောပန်နေပြီး အသက်ရှုမဝဘဲ စကားအနိုင်နိုင်ပြော။ ချိ့ ချိ့ နဲ့နဲ့ နဲ့ လှုပ်ရှားသွားလာနေကြရပါတယ်။ သူတို့ပြောပြတာကတော့ မီးခိုးငွေ့တွေရှုပြီး နောက်ပိုင်း (၁၀) ရက်လောက် ဆက်တိုက်အော့အန်နေတယ်။ သွေးတွေပါအန်တယ်။ နောက်ပြီး တချိန်လုံး မူးဝေတယ်။ အိပ်မပျော်ဘဲ ကယောက်ကတမ်းနဲ့ မျောနေတယ်။ နောက်ဆုံး တကိုယ်လုံး ချိ့ နဲ့ကုန်တယ် စသဖြင့် ဝေဒနာတွေက တပုံစံထဲပါပဲ။ ကျနော်တို့လည်း ကျန်းမာရေးနဲ့ အခြေခံ ရှိထားသူတွေအနေနဲ့ ဒါတွေကို မြင်ရတာ အတော်လေး ထူးခြားနေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီလို လူနာ (၁၁) ဦးလောက်ကို တွေ့ထားရုံ ရှမ်းစစ်သားတွေ ပြောပြချက်တွေကို သိရရုံနဲ့ မြန်မာစစ်တပ်ဟာ ဓါတုလက်နက်တွေ သုံးစွဲနေပါပြီလို့ ယတိပြတ် စွပ်စွဲလို့ မရနိုင်ဘူးဆိုတာကို Jaden McNeely က သဘောပေါက်ပါတယ်။ အတွေ့အကြုံရှိတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ ပြဿနာတွေကို လေ့လာစုံစမ်းပြီး ကျွမ်းကျင်တဲ့သူတွေဆီကို သတင်းပေးပို့နိုင်ဖို့ တာဝန်ရှိတယ်လို့ ယူဆကြောင်း သူကပြောဆိုပါတယ်။
Jaden McNeely ။ ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့လူတွေဆီ တင်ပြအကြံဥာဏ်ယူနိုင်ဖိုပ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒီကမှတဆင့် ဒီထက် တိကျတဲ့ စုံစမ်းမှုတွေကိုလည်း လုပ်စေချင်ပါတယ်။ တကယ်လို့သာ မြန်မာစစ်တပ်အနေနဲ့ ဓာတုလက်နက်တွေကို အသုံးပြုနေတယ်ဆိုရင် ဒါဟာ သိပ်စိုးရိမ်စရာကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ ကျနော်တို့အနေနဲ့တော့ ကိုယ်ကျွမ်းကျင်တဲ့ အကြောင်းအရာ မဟုတ်ဘဲနဲ့ ဘာကိုမှ ယတိပြတ်စွပ်စွဲပြီး မှတ်ချက်မချချင်ပါဘူး။ ကျနော်တို့ သိခဲ့တာတွေကို အများသိအောင်၊ ဂရုပြုလာအောင် တင်ပြချင်တဲ့ ဆန္ဒပဲရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေမှာ ဓါတုလက်နက်တွေ အသုံးပြုနေတယ်ဆိုတဲ့ သတင်းဟာ ဒါ ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ ၂၀၀၅ ခုနှစ်အတွင်းကဆိုရင် ကယားပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်က ကရင်နီတပ်ဖွဲ့တွေကို ဓါတုလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း သတင်းတွေကို ဗြိတိန်အခြေစိုက် Christian Solidity Worldwide အဖွဲ့က စုံစမ်းစစ်ဆေးပြီး အစီရင်ခံ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်တပ်ရဲ့  ဒီလို တိုက်ခိုက်မှုသတင်းတွေဟာ ကြိုးကြားကြိုးကြားသာဖြစ်ပြီး ခိုင်မာတဲ့ သက်သေအထောက်အထားတွေ မရခဲ့ပါဘူး။ Jane's' intelligence စာစောင်လို့ နိုင်ငံတကာ လုံခြုံရေးမဂ္ဂဇင်းတွေမှာ မြန်မာစစ်တပ်ဟာ ဓါတုလက်နက်ထုတ်လုပ်ရေးမှာ စမ်းသပ်မှုတွေ လုပ်နေကြောင်း စုံစမ်းရေးသာချက်တွေ ရှိခဲ့ပါတယ်။
Jaden McNeely ။ ။ ကျနော်တို့ ဆယ်နှစ်လောက် မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေအရ ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ အလားတူ ဓါတုလက်နက်အသုံးပြုမှုဆိုပြီး ပြောဆိုသံတွေ ကြားဘူးပါတယ်။၁၉၉၀ နောက်ပိုင်း ၂၀၀၀ ခုနှစ်အစောပိုင်းကာလတွေမှာဆိုရင် ကယားပြည်နယ်ဘက်မှာ ဒီလို စွပ်စွဲချက်တွေ ရှိခဲ့ကြောင်း။ ဒါပေမဲ့လည်း ခိုင်လုံတိကျတဲ့ သီးခြားအတည်ပြုချက်တွေတော့ မရှိခဲ့ကြောင်း ဒေသအတွင်း သတင်းထောက်တွေက ပြောဆိုပါတယ်။ တကယ်တမ်းဆိုရင် ဒီလိုသတင်းမျိုးတွေဟာ အတည်ပြုဖို့ အတော်ခက်ခဲပါတယ်။ အသွားအလာခက်ခဲ အန္တရာယ်လည်းများတဲ့နေရာတွေ ဖြစ်နေတဲ့အပြင် ကိုယ်တိုင်သွားပြီး စစ်ဆေးဖို့၊ နမူနာပစ္စည်းတွေ ရယူဖို့ဆိုတဲ့ကိစ္စတွေကလည်း မဖြစ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဖြစ်ရပ်အတော်များများဟာ အတည်မပြုနိုင်ဘဲ လူမသိသူမသိ ဖြစ်နေရတာလို့ ယူဆပါတယ်။ ဥပမာအားဖြင့် ကျနော်တို့ တွေ့ခဲ့ရတဲ့ ရှမ်းစစ်သားတွေကို အဲဒီ ဗုံးစံအစအနတွေ ယူလာလို့ရမလား။ သက်သေတခုခု ရမလား မေးပါတယ်။ သူတို့အနေနဲ့ တိုက်ပွဲအတွင်းက ကိုယ်တိုင်တောင် အသက်လုပြေးလာရတဲ့ အခြေအနေဆိုတော့ ဒါကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဇီဝဓါတုလက်နက်တွေကို သုံးစွဲတိုက်ခိုက်မှုဆိုတာ နိုင်ငံတကာ ပြဌာန်းချက် ဥပဒေတွေကို ချိုးဖောက်ရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဓါတုလက်နက် မသုံးစွဲရေး၊ နိုင်ငံတကာ သဘောတူညီချက်ကို ၁၉၉၃ ခုနှစ်ကတည်းက လက်မှတ်ထိုးထားတာပါ။ ဒါပေမဲ့လည်း မြန်မာစစ်တပ်အနေနဲ့ လက်တလော အခြေအနေမှာ စစ်အောင်နိုင်ရေး ရည်မှန်းချက်တခုတည်းကို ကြည့်ပြီး ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ဒီလိုလက်နက်တွေကို အသုံးပြုလာနိုင်တယ်လို့ ယူဆစရာရှိကြောင်း Jaden McNeely က ပြောဆိုပါတယ်။
Jaden McNeely ။ ။ မြန်မာစစ်တပ်ဟာ အောက်ခြေမှာ ငွေကြေးအင်အား၊ လူသူအင်အား အတော်ချို့ တဲ့နေတာပါ။ တပ်ပြေးတွေကလည်း များလွန်တာကြောင့် တိုက်ခိုက်ရေးမှာ တပ်တွေဟာ အင်အားမပြည့်ပါဘူး။ ဒါကြောင့် အခုလို တိုက်ပွဲတွေဖြစ်နေချိန်မှာ မြန်မြန်ဆန်ဆန်နဲ့ ရန်သူကို ပိုထိခိုက်စေနိုင်တဲ့ နည်းလမ်းတွေ သုံးလာနိုင်တယ်လို့ ယူဆရပါတယ်။ ဒီကာလတွေအတွင်း အရင်က မမြင်ရတဲ့ ဂျက်တိုက်လေယာဉ်ပျံတွေ၊ ရဟတ်ယာဉ်တွေလည်း မြင်လာရပါတယ်။ သဘောကတော့ မြန်မာစစ်တပ်အနေနဲ့ သူတို့ရဲ့  စစ်ဆင်ရေး ရည်မှန်းချက် အောင်မြင်ဖို့ကိုပဲ အဓိကထားတယ်ဆိုတဲ့ သဘောပါ။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာစစ်တပ်အနေနဲ့ ဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို အမြစ်ဖြုတ် ချေမှုန်းဖို့ဆိုတာထက် တိုင်းရင်းသားတန်တူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စတာတွေကို နိုင်ငံရေးအရ ပြေလည်အောင် ညီနှိုင်းဖို့ လုပ်သင့်ကြောင်း။ ဒေသအတွင်း ဖွံ့ဖြိုးရေးတွေကို မဆောင်ရွက်နိုင်တဲ့အပြင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူတွေရဲ့  ဒုက္ခတွေ ပိုကြီးမားကြောင်းကိုလည်း Jaden McNeely က ရှင်းပြပါတယ်။
Jaden McNeely ။ ။ ကျနော့်အနေနဲ့ နိုင်ငံတကာ ဥပဒေပညာရှင် မဟုတ်ပေမယ့် မြန်မာပြည်အတွင်းမှာ တွေ့နေခဲ့ရတာတွေကတော့ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖျက်တိုက်ခိုက်မှုတွေပါပဲ။ ကျနော်တို့အနေနဲ့ နိုင်ငံရေးအရ ဘယ်ဖက်မှ မဟုတ်ဘဲ လူသားချင်းစာနာတဲ့ဘက်ကပဲ ရှုမြင်တာပါ။ ရှမ်းပြည်နယ်စပ်မှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရှိပါဘူး။ အခြေခံ လူ့အခွင့်အရေးတွေလည်း ဆုံးရှုံးနေပါတယ်။ ပေါ်တာဆွဲတာတွေ၊ အဓမ္မပြုကျင့်မှုတွေ နေရာအနှံ ရှိနေပါတယ်။ ဒါတွေကို ကမ္ဘာက သိဖို့ တင်ပြပေးဖို့ လိုတယ်လို့ပဲ ကျနော်ယူဆပါတယ်။
http://www.voanews.com/burmese/news/

၈၈၈၈ လူထုအုံကြွမှုနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ


တနင်္ဂနွေ, 07 သြဂုတ် 2011

ရဟန်းရှင်လူ ကျောင်းသားပြည်သူ အလွှာစုံ ပါဝင်ခဲ့သည့် ၈၈၈၈ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြခဲ့သည့် မြင်ကွင်း။
ဓာတ်ပုံ ASSOCIATED PRESS
ရဟန်းရှင်လူ ကျောင်းသားပြည်သူ အလွှာစုံ ပါဝင်ခဲ့သည့် ၈၈၈၈ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြခဲ့သည့် မြင်ကွင်း။
ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်း ပါဝင်ဆန္ဒပြပြီး ဒီမိုကရေစီရေးကို တောင်းဆိုခဲ့ကြတဲ့ ရှစ်လေးလုံး လူထုအုံကြွမှုကြီး မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာ အခုဆိုရင် ၂၃ နှစ် ရှိခဲ့ပါပြီ။ အဲဒီလို တနိုင်ငံလုံး ပြည်သူတွေ အုံကြွ ဆန္ဒပြမှုကြီး ဖြစ်ခဲ့ပုံနဲ့ ကိုယ်လိုချင်တာကို ကိုယ်တောင်းမှ ရမယ်ဆိုတဲ့ အသိ အဲဒီအချိန်က ပြည်သူတွေ ရှိခဲ့ကြသလို လက်ရှိအခြေအနေမှာရော ဘယ်လောက်ရှိကြသလဲ။ မြန်မာနိုင်ငံမှာ လူထုအုံကြွမှုဖြစ်မှ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်မှာလား ဆိုတာတွေကို မစုမြတ်မွန်က သုံးသပ်တင်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၃ နှစ်က မဆလ တပါတီအစိုးရ အုပ်ချုပ်မှုအောက်မှာ အထွေထွေ ကျပ်တည်းမှု၊ ဖိနှိပ်မှုတွေကို သည်းမခံနိုင်ကြတော့တဲ့ ပြည်သူတွေရဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုကြီး  ၈ ရက် ၈ လ ၈၈ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ဒီအုံကြွမှုကြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ဖို့ အဓိက စီစဉ် လှုပ်ရှားခဲ့ကြသူတွေကတော့ ကျောင်းသားတွေပါ။ ရှစ်လေးလုံးကာလမှာ ကျောင်းသားခေါင်းဆောင်တွေအဖြစ် ပေါ်လာကြသူတွေထဲက ကိုမိုးသီးဇွန်က ဆန္ဒပြပွဲကြီးဖြစ်ဖို့ သူတို့ ဘယ်လိုစီစဉ်ခဲ့တယ် ဆိုတာကို အခုလို ပြောပြပါတယ်။
“၈၈ ကြီး မဖြစ်ခင်က ကျောင်းသား လှုပ်ရှားမှုတွေ ဖြစ်တယ်လေ။ ကျောင်းသား လှုပ်ရှားမှုတွေက ၁၉၈၈ မတ်လ၊ ဇွန်လ ဆက်တိုက်ပေါ့။ ပထမ ကျနော်တို့ ကျောင်းသား အခွင့်အရေးတောင်းတယ်၊ အဖမ်းခံ ကျောင်းသားတွေ ပြန်လွှတ်ဖို့၊ သမဂ္ဂဖွဲ့ဖို့။ အဲဒီကနေပြီး မဆလပေါ့ အဲဒီတုန်းက၊ ဒီတောင်းဆိုချက်တွေ မလိုက်လျောတဲ့အခါ အခြေအနေက ဘယ်လောက်အထိ ဖြစ်သွားလဲဆိုတော့ လူထုအုံကြွမှု အထိကို ဦးတည်သွားတယ်။
“ကျောင်းတွေကို မဆလက ပိတ်လိုက်တယ်၊ ပိတ်လိုက်တော့ ကျောင်းသားတွေ အသီးသီး နယ်ကို ပြန်သွားကြတယ်။ ပြန်သွားကြတဲ့အခါ ကျနော်တို့ ကျောင်းသားတွေက မက်ဆေ့ခ်ျ (Message) တွေ ပေးလိုက်တယ်၊ သူတို့ကို။ ၈ ရက် ၈ လ ၈၈ နေ့မှာ အထွေထွေ လူထုအုံကြွမှုကြီးကို တို့တွေ လုပ်ကြမယ်၊ အဲတော့ ကိုယ်ရောက်ရာ နယ်မြေ အသီးသီးကနေ လှုံ့ဆော်ကြပါ ဆိုပြီးတော့ မက်ဆေ့ခ်ျတွေနဲ့ လုပ်ငန်းစဉ်တွေ ပေးလိုက်တဲ့သဘော၊ ဒါကြောင့်မို့ အရမ်းခက်ခဲနေတဲ့ အခြေအနေကြီးမှာ ကျနော်တို့ရဲ့ မက်ဆေ့ခ်ျ ပါသွားတာရယ်၊ နောက်တခုက ကျောင်းသားတွေကို နယ်တွေမှာ၊ ကိုယ့်ရပ်ကိုယ့်ရွာတွေမှာ ပိုပြီး စည်းရုံးသွားနိုင်တဲ့ အနေအထား တခုကို ကျနော်တို့က ဖန်တီးလိုက်နိုင်တယ်။ အဲဒီတော့ ၈၈ လူထုအုံကြွမှုကြီး ဖြစ်လာတဲ့ အကြောင်းရင်းပေါ့။”
တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ခဲ့တဲ့ လူထုအုံကြွမှုကြီးမှာ အဖြူအစိမ်းဝတ် ကျောင်းသားလေးတွေက စလို့ အစိုးရ ဌာနပေါင်းစုံက ဝန်ထမ်းတွေသာမက တပ်မတော်သားတွေကပါ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်တခု ပေါ်ပေါက်ဖို့ တောင်းဆိုခဲ့ကြတာပါ။ အဲဒီအချိန်က ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ မခင်မိုးအေးလည်း တယောက် အပါအဝင် ဖြစ်ပါတယ်။
“စစဖြစ်တုန်းက ကျမတို့က ကျမတို့ ကျောင်းသား ကျောင်းသူတွေကို မတရား နှိပ်စက်တယ်ဆိုတဲ့ အနေအထားကနေ ပါလာခဲ့တာ။ အဲဒီအချိန်တုန်းက ကျမစိတ်ထဲမှာ လူငယ်လည်းဖြစ်တော့ ဒီ ရှစ်လေးလုံး အရေးအခင်း ပြီးသွားခဲ့ရင် ကျမတို့နိုင်ငံဟာ ကမ္ဘာမှာ သိက္ခာရှိရှိ ရင်ဘောင်တန်းနိုင်မယ့်၊ လွတ်လပ်ပွင့်လင်းတဲ့ စနစ်နဲ့ အုပ်ချုပ်တဲ့၊ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတခု ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေ ကျမတို့ အများကြီး ထားခဲ့ပါတယ်။”
ပါတီစုံ ဒီမိုကရေစီစနစ်ကို ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို စစ်တပ်က ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်တယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အဲဒီအချိန်က အာဏာရှင် ဦးနေဝင်းက သူ့စကားအတိုင်း ပစ်ခတ်နှိမ်နင်းခဲ့လို့ ၃,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ တနိုင်ငံလုံး မျှော်လင့်ချက်တွေ အပြည့်နဲ့ တောင်းဆို ဆန္ဒပြပွဲကြီး ပစ်ခတ်နှိမ်နင်း ခံခဲ့ရပေမဲ့ ဒီအဖြစ်ဟာ သမိုင်းမှာ ထူးခြားတဲ့ ဖြစ်ရပ်တခုအဖြစ် တင်ကျန်ခဲ့ပါတယ်။
“မထင်မှတ်လောက်အောင်ပဲ လူတန်းစား အလွှာစုံ မူလတန်း ကလေးတွေကနေ စပြီးတော့ နောက်ဆုံး စစ်တပ်အထိ၊ လေတပ်က လူတွေဆိုရင် လက်နက်ချပြီး ၀င်လာတယ်။ အစိုးရ ၀န်ထမ်းတွေကအစ၊ အရမ်းကျယ်ပြန့်တဲ့ အလွှာစုံ ၀င်လာတယ်။ အဲဒါကြောင့် ကျမက ဒီ ရှစ်လေးလုံး အရေးအခင်းကြီးက လူထုက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရခဲ့ကြတဲ့၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်တယ်လို့ ကျမတော့ ယူဆမိပါတယ်။”
လက်နက်အင်အားနဲ့ နှိမ်နင်းခံခဲ့ရတဲ့ ရှစ်လေးလုံး လူထုအုံကြွမှုကြီးရဲ့ နောက်ဆက်တွဲအဖြစ် ကျောင်းသားပြည်သူ အမြောက်အမြား ဖမ်းဆီး ထောင်ချခံခဲ့ရတယ်။ အခုချိန်ထိလည်း ကိုမင်းကိုနိုင် အပါအဝင် ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲမှာ ရှိနေကြပါသေးတယ်။ အဆိုးထဲက အကောင်းကတော့ မဆလ တပါတီအစိုးရ ပြုတ်ကျခဲ့တယ်၊ နိုင်ငံရေးပါတီတွေ ပေါ်ပေါက်ခဲ့တယ်၊ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို ဖော်ထုတ်နိုင်ခဲ့တဲ့ ရွေးကောက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါပေမဲ့လည်း ပြည်သူတွေ တကယ်လိုလားခဲ့သလို စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို အခုချိန်ထိ မရရှိသေးပါဘူး။ ဒီတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ပြောင်းလဲသွားဖို့ ရှစ်လေးလုံးလို ပြည်သူတွေရဲ့ဆန္ဒ ထုတ်ဖော် တောင်းဆိုမှုတွေ အခုအချိန်မှာ လိုအပ်နေပါသလား။
“ကျနော် အဲဒီလိုပဲ မြင်တယ်။ တကယ်တမ်း အတိအကျ ပြောမယ်ဆိုရင် ဒီစစ်တပ်က မြန်မာပြည်ကို အာဏာသိမ်းလာတာ ကျနော်တို့တသက် ရှိသွားပြီ၊ နှစ်ပေါင်း ၄၈ နှစ်လောက် ရှိသွားပြီ။ ရှိသွားတဲ့အခါမှာ တခါမှ ပြုပြင် ပြောင်းလဲလာတာတွေ၊ တခါမှ တွေ့ဆုံဆွေးနွေးပွဲနဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးခဲ့တယ်ဆိုတာကို ကျနော် မတွေ့ရဘူး။ အဲဒီတော့ ကျနော်တို့က ဘာနည်းနဲ့ ဖြေရှင်းရတော့မလဲ၊ ကျနော်တို့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ဖော်ထုတ်မလား၊ သံတမန်ရေး တိုက်ပွဲတွေ၊ လူထုတိုက်ပွဲတွေ၊ ကျနော်မြင်တာတော့ အဓိက လူထုလှုပ်ရှားမှုကြီးနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။”
၈၈ ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုမိုးသီးဇွန် ပြောပြသွားတာ ဖြစ်ပါတယ်။
ရှစ်လေးလုံး အုံကြွမှုကြီးကစလို့ ဒီနေ့အထိ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးအတွက် လှုပ်ရှား ဆောင်ရွက်နေတဲ့ မခင်မိုးအေးကရော ဘယ်လိုမြင်ပါသလဲ။
“စစ်မှန်တဲ့ အပြောင်းအလဲဖြစ်ဖို့ ဆိုတာကတော့ အခုအချိန်မှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့လည်း အရမ်းလိုအပ်နေပါတယ်။ ဒီ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့ကိုလည်း အားလုံးက ဒါဟာ လိုအပ်တယ်လို့ နားလည်နေဖို့လည်း လိုပါတယ်။ အမှန်တကယ်တော့ အစိုးရတရပ်က ပြည်သူ ပြည်သားတွေက လိုလားတဲ့ အစိုးရတရပ်ပဲ ဖြစ်သင့်တယ်လေ၊ တကယ့်တကယ်တော့၊ ဒီလို အုံကြွမှုကြီးဖြစ်ဖို့ ဆိုတာက အခြေအနေ၊ အချိန်အခါ၊ အကြောင်းအရာ တိုက်ဆိုင်မှလည်း ဖြစ်လာတာပါ။ အဲဒီအတွက် အရေးကြီးတာကတော့ လူထုက ကိုယ့်အခွင့်အရေးကို ကိုယ်တောင်းဆိုတတ်ဖို့ အရမ်းလိုအပ်ပါတယ်။”
ရှစ်လေးလုံးကာလကတော့ ပြည်သူတွေဟာ ကိုယ်လိုချင်တာကို ကိုယ်တောင်းမှ ရမယ်ဆိုတဲ့ အသိစိတ်တွေ နိုးကြားခဲ့ကြပါတယ်။ လက်ရှိ အခြေအနေမှာရော အဲဒီလို ကိုယ့်အခွင့်အရေး၊ ကိုယ်ဖြစ်စေချင်တာကို တောင်းရမယ်ဆိုတဲ့ အသိ ဘယ်လောက်ရှိနေကြပါသလဲ။
“၈၈ ကာလကလည်း ပြည်သူလူထုရဲ့ အဓိက လွတ်လပ်မှုကြီး လိုချင်နေတဲ့ ဆန္ဒပေါ့။ အခု ၂၃ နှစ် ကြာသွားတဲ့အခါ ပြည်သူလူထုကြီးမှာ လွတ်လပ်မှုကို လိုချင်နေတဲ့ ဆန္ဒက လျော့မသွားပါဘူး။ အတူတူပဲလို့ အခြေအနေနှစ်ရပ်ကို မြင်ပါတယ်။ လွတ်လပ်စွာ လုပ်ကိုင် စားသောက်ချင်တယ်၊ လွတ်လပ်စွာ ပြောဆိုချင်တယ်၊ လွတ်လပ်စွာ အသင်းအပင်းတွေ ဖွဲ့စည်းချင်တယ် ဆိုတဲ့ သူတို့ရဲ့ လွတ်လပ်မှုကို လိုလားနေတယ်။ ဒီလိုလားမှုကြီးက ဒီနေ့ ၈၈ ပြီးသွားတဲ့ ၂၃ နှစ်မှာ ဒီခံစားချက်တွေက ပိုပြီး ကြီးထွားလာတယ်လို့ပဲ ကျနော်မြင်တယ်။”
“ကျမစိတ်ထင်တော့ ကျမတို့ဆီမှာရှိတဲ့ ပြည်သူတွေက လူတွေဟာ ကိုယ့်ရဲ့ အခွင့်အရေးကို ကိုယ်တောင်းတတ်ရမယ် ဆိုတဲ့ အသိပညာရဖို့ အရမ်း လိုအပ်နေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ မနက်ထမင်း၊ ညထမင်း မှန်ဖို့ မနည်းကြိုးစားနေရတယ်။ အခြေခံ စားဝတ်နေရေး ပြေလည်ဖို့ အရမ်း ကြိုးစားနေရတော့ ဒီဘက် ဗဟုသုတတွေ သူတို့မှာ အရမ်းနည်းတယ်။ ကိုယ့်ရဲ့ အခွင့်အရေးကို ကိုယ်ရအောင် ပြောတတ်ရမယ်၊ တောင်းတတ်ရမယ်ဆိုတဲ့ အသိပညာရဖို့ သူတို့မှာ အများကြီး လိုနေသေးတယ်လို့ ကျမထင်ပါတယ်။ အဲဒီတော့ ကျမတို့လို ဒီမိုကရေစီကို ကိုယ့်ဘာသာကိုယ် တာဝန်သိပြီး လှုပ်ရှားလာတဲ့ လူတွေက လူထုကို ဗဟုသုတ ပေးနိုင်ဖို့ အများကြီး လိုအပ်ပါတယ်။”
ဒီကနေ့ မြန်မာနိုင်ငံမှာ ကိုယ်ကျိုးစွန့်ပြီး ဒီမိုကရေစီရေးအတွက် လှုပ်ရှား ဆောင်ရွက်နေကြသူတွေ တော်တော်များများ ရှိကြပါတယ်။ ဒါပေမဲ့ မခင်မိုးအေး ပြောခဲ့သလို ပြည်သူအများစုက ကိုယ်လိုချင်တာကို တောင်းရဲ၊ တောင်းတတ်တဲ့ အချိန်ရောက်ဖို့ ဘယ်လောက်လိုနေသေးလဲ ဆိုတာကတော့ ဘယ်သူကများ တတ်အပ် ပြောနိုင်ပါမလဲ။
http://www.voanews.com/burmese/news/myanmar-8888-127119918.html

ရှစ်လေးလုံး အရေးတော်ပုံကြီးအပေါ် သစ္စာရှိကြရမယ်



ဒီခေတ် ဗမာနိုင်ငံသားတွေ အတွက် ဂုဏ်ယူစရာဖြစ်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ နှစ်ပတ်လည်နေ့တွေကို
ရောက်တိုင်း ကျင်းပခွင့်ရတဲ့ ဗမာပြည်သားတွေဟာ ကျင်းပနိုင်တဲ့ နေရာတွေမှာ အထိမ်းအမှတ်တွေ ကျင်းပ ကြတာဟာ နှစ်စဉ်ပဲလို့ ဆိုနိုင်ပါတယ်။ တပါထဲမှာပဲ ထုံးစံအတိုင်း ဒီအရေးတော်ပုံကြီး အပေါ် သုံးသပ်တာတွေလည်း ကြားကြရ၊ ဖတ် ကြရပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေပါပဲ။

မလုပ်သင့်တာက ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပျက်ခဲ့တာတွေကို တုတ်ထမ်းပြီး ငြင်းကြတယ်လို့ မဖြစ်ဖို့ပါပဲ။
ပြောရရင် ရှေ့ဆက်ကြရအုံးမယ် ခရီးလမ်းက ကြမ်းပါတယ်။ ဒီနေ့ အခြေအနေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး မတိုင်မီကလို၊ ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်းမှာလိုပဲ အတိုက်အခံတွေ အကြားမှာ ညီညွတ်ဖို့ အထူး
တောင်းဆိုနေပါတယ်။ ဒီညီညွတ်မှုကို ထိခိုက်စေတဲ့ လုပ်ငန်းမျိုး လုပ်မိရင် စစ်အစိုးရ ကျေနပ်စရာပဲ ဖြစ်မယ် ဆိုတာ သေချာပါတယ်။

ဒီနေ့ အဓိက လုပ်သင့်တာက ဒီလိုသမိုင်းဝင် ပြည်သူ့ အရေးတော်ပုံကြီး တခုဟာ ဘယ်ကနေဘယ်လို ပေါ်ပေါက် လာတာလဲ၊ ဒီအရေးတော်ပုံကြီးရဲ့ အားသာချက်တွေက ဘာတွေလဲ၊ ဘယ်လို လုပ်ရပ်တွေကို စံပြုလို့ ဘယ်အရာ
တွေကို ဆက်ခံ ထိန်းသိမ်းသင့်သလဲ စတာတွေကို ဆွေးနွေး ပြောဆိုကြ၊ အမြင်တွေ ဖလှယ်ကြတာတွေကို ဇောင်း
ပေး လုပ်သင့်တယ် ထင်ပါတယ်။ ဘယ်သူ့ကြောင့် ဒီအရေးတော်ပုံကြီး အောင်ပွဲမခံရသလဲလို့ အပြစ်ရှာ၊ အပြစ်ဖို့
တာ အပေါ်မှာ အချိန်ကုန်မခံဖို့၊ ညီညွတ်ရေး မထိခိုက်ဖို့ အရေးကြီးပါတယ်။
88231
အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများက ရှစ်လေးလုံး ၂၃ နှစ်မြောက် အမှတ်တရနေ့ ဖြစ်သော တနင်္လာနေ့ သြဂုတ် ၈ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် နယူးဒေလီ မြို့လယ်တွင် ဆန္ဒပြကြသည်။ ဓာတ်ပုံ- မဇ္ဈိမ

မမေ့သင့်တာက ဒီနေ့ ဗမာပြည်သားတွေ အပေါ် ဖိနှိပ်နေ
ဒီနေ့ ဗမာပြည်သားတွေ အပေါ် ဖိနှိပ်နေသူဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးက ဆန့်ကျင် တိုက်ပွဲ ဝင်ခဲ့တဲ့ အာဏာရှင်ကြီးရဲ့ အမွေနဲ့ အစဉ်အလာ ကို ဆက်ခံထားသူတွေ ဖြစ်တယ်၊ ဒီနေ့ ပြည်သူတွေ လိုလားချက်ဟာ ရှစ်လေးလုံး အရေးတော်ပုံ ကြီးတုန်းကလိုလား တောင့်တချက်တွေပဲ
ဖြစ်နေသေးကြောင်း
သူဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးက ဆန့်ကျင်
တိုက်ပွဲ ဝင်ခဲ့တဲ့ အာဏာရှင်ကြီးရဲ့ အမွေနဲ့ အစဉ်အလာကို ဆက်ခံထားသူတွေ ဖြစ်တယ်၊ ဒီနေ့ ပြည်သူတွေ လိုလားချက်ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးတုန်းက လိုလား တောင့်တချက်တွေပဲ ဖြစ်နေသေးကြောင်း
ဆိုတာပါပဲ။ တိကျအောင်၊ ရှင်း အောင်ပြောရရင် ဒီနေ့ဗမာပြည် ပြည်သူတွေ ဆင်နွှဲနေတဲ့ အရေးတော်ပုံဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေကို ဆက်လုပ်ကြတာ ဖြစ်တယ် ဆိုတာပါပဲ။ အဲဒီ အရေးတော်ပုံကြီး အပေါ် သစ္စာရှိ မရှိဆိုတာဟာ ဒီနေ့ဗမာ နိုင်ငံ နိုင်ငံရေး လောကသားတွေကို တိုင်းတာတဲ့ စံ ဖြစ်ပါတယ်။

ပြန်တွေးလိုက်ပါ။ ၁၉၈၈ထဲမှာ လူထုတိုက်ပွဲတွေ အရှိန်မြင့်လာတဲ့အခါမှာ ဦးနေဝင်းတယောက် ငိုညည်းသံနဲ့
နှုတ်ထွက်တာ၊ ဗိုလ်စိန်လွင်က ဒေါက်တာမောင်မောင်ဆိုတဲ့ အငှားဗိုက်နဲ့ ဓားထိုးခံတာ၊ ဒေါက်တာမောင်မောင်က တနေ့မှာ သမဂ္ဂ အဆောက်အဦကြီးကို ပျော်ပျော်ပါးပါး ပြန်ဆောက်ကြတာပေါ့လို့ ပျားရည်နဲ့ ဝမ်းချတာစတဲ့ စစ်အာဏာရှင်တွေရဲ့ လိမ်ညာမှု အမျိုးမျိုးကို လုံးဝမျက်စိမလည် နားမယောင်တာဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး
နဲ့ အရေးတော်ပုံတပ်သား များရဲ့ ထူးခြားတဲ့ ဂုဏ်တရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့အခါမှာတော့ တချို့လူတွေဟာ စစ်အစိုးရက ဘာပြောပြော ဘယ်လို အကောင်းပြောရမလဲ၊ ခွင့်လွှတ်ရမလဲ ဆိုတာကိုပဲ စဉ်းစား ကြံဆနေတာကို
တွေ့နေရတာဟာ အံ့သြစရာ ကောင်းရုံမက သတိထားစရာလည်း ကောင်းလှပါတယ်။
8823
အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများက ရှစ်လေးလုံး ၂၃ နှစ်မြောက် အမှတ်တရနေ့ ဖြစ်သော တနင်္လာနေ့ သြဂုတ် ၈ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် နယူးဒေလီမြို့လယ်တွင် ဆန္ဒပြကြသည်။ ဓာတ်ပုံ- မဇ္ဈိမ

ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ထူးခြားချက် ကြီးတွေထဲမှာ ဒီအရေးတော်ပုံကြီးဟာ
 ပြည်တွင်းဖြစ်စစ်စစ်ဖြစ်ပြီး အစက အဆုံး ဘယ်ပြည်ပနိုင်ငံနဲ့မှ မပတ်သက်ခဲ့ဘူး ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်
ရှစ်လေးလုံး ကာလ ဖြစ်ကာနီးနဲ့ ရှစ်လေးလုံး ကာလ တလျှောက်မှာ အဲဒီတုန်းက စစ်အစိုးရကို အကာအကွယ်
ပေးသူ ဆိုလို့ မူလလက်ဟောင်း မဆလရဲ့ အန္တေဝါသိက စာရေးသူတွေ၊ နိုင်ငံရေးသမားတွေပဲ ရှိပါတယ်။ စစ်အစိုးရ
နဲ့ ပြည်သူဆိုပြီး စည်းက အင်မတန် ရှင်းပါတယ်။ ဒါပေမဲ့ ဒီနေ့အခါမှာတော့ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို သာမက စစ်အစိုးရရဲ့ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပါ ဗြောင်လိမ်၊ ဗြောင်ညစ်ပြီးပေါ်လာတဲ့ လွှတ်တော်ကိုပါ ကြံကြံဖန်ဖန် ချီးကျူး ကာကွယ်သူတွေ အမျိုးမျိုး ပေါ်လာနေပါတယ်။ ဒီခေတ်မှ အမတ်မဖြစ် ဘယ်တော့ဖြစ်မှာလဲ၊ ဒီခေတ်မှ မချမ်းသာရင် ဘယ်တော့ ချမ်းသာမှာလဲ၊ ဒီခေတ်မှ မင်းဆရာ မဖြစ်ရင် ဘယ်တော့ဖြစ်မှာလဲ ဆိုတဲ့လူတွေ ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွက်လာတာကို တွေ့ရသလို ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်တွေ အတွက် သဘော တရားတွေ ထုတ်ပေး၊ အချက်အလက် အတုအယောင်တွေ ဖန်တီးပေးခဲ့တဲ့ လူတွေ အိုကြီးအိုမအရွယ်ကျမှ
မြောင်းထဲ ရောက်ကုန်တာ စတာတို့ဟာ ဒီခေတ်ရဲ့ လက္ခဏာတခုလို့ဆိုရင် ရမယ်ထင်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ထူးခြားချက်ကြီးတွေထဲမှာ ဒီအရေးတော်ပုံကြီးဟာ ပြည်တွင်းဖြစ်စစ်စစ်ဖြစ်ပြီး အစကအဆုံး ဘယ်ပြည်ပနိုင်ငံနဲ့မှ မပတ်သက်ခဲ့ဘူးဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီနေ့အခါမှာတော့ - - - - ပြောဖို့ မလိုတော့ဘူး ထင်ပါတယ်။

အဆိုးဆုံးကတော့ ရှစ်လေးလုံး အရေးတော်ပုံ ကြီးဟာ ပြည်သူလူထုကြီး တရပ်လုံး ပါဝင်မှု
ကြောင့် ဒီလို အခြေအနေကို ဆိုက်ခဲ့တာ၊ အစိုးရ ခေါင်းဆောင် သုံးယောက် တက်လိုက် ဆင်းလိုက် ဖြစ်စေခဲ့တာ ဆိုတဲ့ အချက်ကို
ဖျောက်ပြီး ပြည်သူလူထုကြီးရဲ့ အခန်းကို
ဖျောက်ဖို့ ကြိုးစားနေတာပါပဲ
အဆိုးဆုံးကတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ပြည်သူ လူထုကြီး တရပ်လုံး ပါဝင်မှုကြောင့် ဒီလိုအခြေအနေ
ကို ဆိုက်ခဲ့တာ၊ အစိုးရခေါင်းဆောင် သုံးယောက် တက်လိုက် ဆင်းလိုက် ဖြစ်စေခဲ့တာ ဆိုတဲ့ အချက်ကို ဖျောက်ပြီး
ပြည်သူလူထု ကြီးရဲ့ အခန်းကို ဖျောက်ဖို့ ကြိုးစားနေတာပါပဲ။ ဒါနဲ့တဆက်ထဲ ပြည်သူလူထုမပါပဲ ပြည်ပက
ဆောင်ရွက်မှုနဲ့ပဲ အောင်ပွဲ ခံနိုင်မယောင်ယောင်၊ စစ်အာဏာရှင်တွေ သူ့အလိုလို အရောင်အသွေး ပြောင်းသွား မယောင်ယောင်၊ စစ်အာဏာရှင် မိသား စုတွေက သူတို့ရဲ့ ဓနဥစ္စာတွေကို သူတို့ဆန္ဒနဲ့ စွန့်လွှတ်ပြီး တောထွက် ရသေ့ရဟန်း ဝတ်တော့ မယောင်ယောင် ပြောနေကြပါတယ်။

၁၉၈၈တုန်းက အာဏာသိမ်းရတာဟာ သူတို့ကို နိုင်ငံတကာ ခုံရုံးတင်မယ်ဆိုလို့ အာဏာသိမ်းရတာပါလို့ ပြောကြား ချက်ကို အားလုံး မှတ်မိကြပါလိမ့်မယ်။ ဒီစကားက အဓိက ဖော်ပြနေတဲ့ အချက်တခုကတော့ စစ်အာဏာရှင်တွေ
ဟာ အာဏာလက်လွတ်မှာကို အင်မတန်မှ စိုးရိမ်အကြောင့်ကြကြီးကြောင်း ဆိုတာပါပဲ။ အဲဒီလို စိုးရိမ်ကြောင့်ကြ တတ်တာကို ထည့်မတွက်ပဲ စစ်အာဏာရှင်တွေရဲ့ သန္ဓေကို အမျိုးမျိုး အဓိပ္ပာယ် ဖော်နေကြတာဟာ ဆန္ဒပါသော်ရှိ၊ မပါသော်ရှိ စစ်အာ ဏာရှင်တွေ သက်တမ်းရှည်အောင် လုပ်ပေးသလို ဖြစ်သွားနိုင်ပါတယ်။

ကမ္ဘာမှာ ဝင်ရိုးစွန်းနှစ်ခု စနစ်ကြီး ပျက်သွားလို့ နောက်ထပ် ကမ္ဘာ့စနစ်တခု ပေါ်ထွက်လာတော့မယ့် အခါမှာ
သဘော တရားတွေ အမြောက်အမြား ပေါ်ထွက်လာတာဟာ ဘာမှမဆန်းဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ယူနီဖောင်းဝတ်တဲ့ ဗိုလ်ချုပ်က အုပ်ချုပ်တဲ့ စနစ်ကနေ ပုဆိုးဝတ်တဲ့ ဗိုလ်ချုပ်က အုပ်ချုပ်တဲ့စနစ်ကို ပြောင်းတာ
ကို သဘောတရားတွေ အမျိုးမျိုး ထုတ်ပြ နေကြတာဟာ ဘာအဓိပ္ပာယ်ပါလဲ။ သမ္မတ ဦးသိန်းစိန်ရဲ့ နောက်ကနေ ထီးရိုးရှည်ကို မြှောက်- မြှောက်ပြနေတာနဲ့ တူလှတယ် လို့ပဲဆိုချင်ပါတယ်။
http://www.mizzimaburmese.com/

Burma marks 8888 Uprising anniversary