Tuesday, August 9, 2011

ဒေါ်အောင်ဆန်းစုကြည်ကြားဝင်စေ့စပ်မှုကိုလက်မခံတော့ဘူးလား?????


အမတ် ၂၃ ဦး အိတ်ဖွင့်ပေးစာဆိုတာကေအိုင်အိုကိုပြောသလိုလိုနဲ့ဒေါ်အောင်ဆန်းစုကြည်ကြားဝင်စေ့စပ်မှုကိုလက်မခံ/မလိုဟုတုန့်ပြန်ချက်
တခုသာဖြစ်သည်။ http://www.myanmar.com/newspaper/myanmarahlin/Aug09.pdfစာမျက်နှာ၆တွင်ဖေါ်ပြထားသော်လည်း
မူရင်းစာတွင်ပါသောဒေါ်အောင်ဆန်းစုကြည်ပေးစာကိုရည်ညွန်းပါတယ်ဆိုတာကိုတော့ဖြုတ်ထားပါတယ်။
ဘာကြောင့်ဖြုတ်ထားတယ်ဆိုတာမိတ်ဆွေဘယ်လိုယူဆမလဲ။ ။

မူရင်းစာ


တော်တဲ့မှန်ကန်သော ဆေးတလက်ဖြစ်ရေး




ခုတလော အွန်လိုင်း ဂရု တစ်ခု နှစ်ခုမှာ လူမျိုးရေး (တိုင်းရင်းသားရေး) ပတ်သက်လို့ ဆွေးနွေးနေကြတာတွေ့ ရပါသည်။အွန်လိုင်းဖြစ်သည်နှင့်အညီ အမည်ဝှက်နှင့်ဆွေးနွေးသူများလဲပါပါသည်။ ဆွေးနွေးရင်း အဆဲတွေ လည်းပါလာပါသည်။ ပညာရှင်အဆင့်၊ ကျွမ်းကျင်သူအဆင့်ဆွေးနွေးမှု မဟုတ်သော်လည်း ပြည်သူထဲ ကပြည့်သူ တို့ အသံတွေ၊ သဘောထားတွေလို့ ပြော၍ရနိုင်ပါသည်။ ဒီဆွေးနွေးမှုသည် လူမျိုးရေးနှင့်မျိုးချစ်စိတ် ထင်ဟပ်မှု ကို အခြေခံခြင်းဖြစ်သည်။ တဆက်တည်းတွင် ဆရာထင်လင်း ရေးသည့် စာမော်ကွန်း မဂဇင်း ပါ “မျိုးချစ်စိတ် ဟူသည်” ဆောင်းပါးကို တယောက်ကတင်ပေးလာ၍ ဖတ်လိုက်ရသည်။ သည်နောက် ကျနော် ဒီဆောင်းပါး ရေးဖို့စိတ်ကူးမိလာသည်။
(ပြဿနာကို ထဲထဲဝင်ဝင် မြင်သိပါမှ ပြဿနာ၏ဇစ်မြစ်ကိုသိကာ ကုစားရလွယ် မည်ဖြစ်၍ ဤတင်ပြချက်အပေါ် ကျနော်၏ အရင်းခံစေတနာအားနားလည်ကြမည်ဟု ယူဆပါသည်)

လွတ်လပ်ရေးကြိုးပန်းမှုကာလ ကတည်းက ယနေ့ခေတ်အထိ ရေးထားသည့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး လုံ့ဆော်သည့်ဆောင်းပါးများ ထောင်နှင့်ချီရှိမည်ထင်ပါသည်။ မျိုးချစ်စိတ်သည် စုစည်းမှု၏အားဖြစ်သည်။ ထို စုစည်းမှုအားဖြင့်သာ ကိုလိုနီတိုင်းတပါးအုပ်ချုပ်ကျွန်ပြုမှုကို တွန်းလှန်အောင်မြင်နိုင်ကြောင်း၊ ကိုလိုနီခေတ် စာရေးဆရာများနှင့် ကိုလိုနီဆန့်ကျင်ရေး နိုင်ငံရေးခေါင်းဆောင်များကမြင်သည်။ ထို့ကြောင့် မျိုးချစ်စိတ်ရှင်သန် ရေး လုံ့ဆော်သည့်ဆောင်းပါးများရေးသားကြခြင်းဖြစ်သည်။ လွတ်လပ်ရေး ခေတ်လွန်ကာလ ခေါင်းဆောင်များ နှင့် စာရေးဆရာများကမူ၊ မျိုးချစ်စိတ်၊ ရင့်သန်ခိုင်မာမှုမရှိပါက၊ တိုင်းတပါးကိုလိုနီလက်အောက်သို့ တဖန်ပြန် လည်ကျရောက်သွားနိုင်သည်၊ အမျိုးဘာသာ၊ သာသနာ၊ စာပေယဉ်ကျေးမှု ပျောက်သွားနိုင်သည်ဟူသော တွေး မြင် ယူဆမှုဖြင့်၊ မျိုးချစ်စိတ် ခိုင်မာရေး လုံဆော်သည့်ဆောင်းပါများကိုရေးကြခြင်း ဖြစ်သည်ဟုနားလည်ရသည်။ ထိုပုဂိုလ်များ၏ မျိုးချစ်စိတ်နှင့် စေတနာကိုလည်း လေးစားတန်ဖိုးထားပါသည်။

လွတ်လပ်ရေးလွန် ကာလ မျိုးချစ်ပုဂိုလ်များသည်၊ အပြင်ပန်းကရိုက်ခတ်လာမည့်ဘေးကို တွေးတောကာ မျိုးချစ် စိတ်ရှင်သန်ဖို့ နိုးဆော်နေကြသော်လည်း၊ အတွင်းပိုင်းက ပြဿနာနှင့် တန်ပြန်ရိုက်ခတ်မှုများကို သတိပြုမိပုံမရ ဟု မြင်ပါသည်။ စာရေးဆရာ အများစုသည် မြို့ကြီးများတွင်သာ နေထိုင်ကြသူများ ဖြစ်သောကြောင့်၊ လူမျိုးစု ပြည်နယ်ဒေသများတွင်ရှိသည့် နက်ရှိုင်းသည့်ပြဿနာများ၊ ခံစားချက်များကိုအများအားဖြင့် သိဟန်မတူကြပါ။ သိရှိသူ အချို့ရှိနိုင်သော်လည်း၊ ၁၉၆၂ ခုနှစ်နောက်ပိုင်း၊ လွတ်လပ်စွာထုတ်ဖေါ် ပြောဆိုခွင့်မရှိခြင်းကြောင့်၊ တစ် ပါတီ အာဏာရှင်များ၏ အလိုကျလိုက်လျောရေးသား နေရခြင်းကြောင့်၊ သိလျှက်နှင့် မဖေါ်ဝံ့ခြင်းလည်းဖြစ် နိုင်သည်။ တချို့က သိလျှက်နှင့် မဟာစိတ်ဖြင့် တမင် ရေးသားပြောဆိုနေပုံရသည်။

ပထမအချက်အနေနှင့် ကိုလိုနီ ဆန့်ကျင်ရေးခေတ်က ကြွေးကြော်သံများသည်၊ ယခု ခေတ်ကာလနှင့် သဟဇာတ မဖြစ်တော့ ဆိုသည်ကို မျိုးချစ်စိတ်ရှိရေး လုံ့ဆော်ရေးသားနေသူ စာရေးဆရာများ၊ နိုင်ငံရေးသမားများ သတိမူ သင့်ပါသည်။ ဒုတိယအချက်အနေနှင့် လူမျိုး တမျိုး တမျိုးအား အထင်သေးသည့်၊ နိမ့်ချသည့် သဘောပါသော အပြောအဆို အရေးအသားများအားလည်း သတိထားသင့်ကြပါသည်။

ဆရာထင်လင်း၏ ဖေါ်ပြပါ ဆောင်းပါးရေးသည့် ကာလလောက်တွင် မန္တလေးတက္ကသိုလ်မှ သျှမ်းကျောင်းသား တစ်စု (သျှမ်းမဟုတ်သူ တစ်ယောက်နှစ်ယောက်လဲပါသည်)သည် သျှမ်းပြည်အရှေ့ပိုင်းကျေးရွာများ၌ သျှမ်းစာ ပေ အ သုံး လုံး သွားသင်ပေးကြရာ အဖမ်းခံလိုက်ကြရသည်။ အကြောင်းပြချက်က သူပုန်များနှင့်ဆက်သွယ် သည်ဟူ၍ဖြစ်၏။ တောင်ကြီးမြို့မှ တနာရီခန့်ကားစီးသွားရသည့် ပတ်ဝန်းကျင် ရွာများတွင် အများအားဖြင့် သူပုန် ရှိသည်ချည်းဖြစ်သည်။ တောင်ကြီးတက္ကသိုလ်မှ အနောက်တောင်ဘက် တနာရီခန့် ကားစီးပါက ပီအဲန်အို ( ဥက္ကဌ ဖရာ့ အောင်ခမ်းထီ)၏ ဌာနချုပ် ကျောက်တလုံးရွာကိုရောက်ပါသည်။ ဆိုလိုသည်က ပြည်နယ်များ၏ မြို့ ပတ်ဝန်းကျင် ရွာများတွင် သူပုန်ရှိနေသည်ချည်းဖြစ်သည်။ ဤသည်ကို သူပုန်များနှင့်ဆက်သွယ်သည်ဟု ပြော ခြင်းကအကြောင်းပြချက်သာဖြစ်သည်။ ဒီတော့ ဒီလိုအဖမ်းခံရသည့်လူငယ်များတွင် ပေါ်ပေါ်ထင်ထင်ထုတ်ဖေါ် ခြင်းမပြုနိုင်သော်လည်း သျှမ်းပြည်သည် ဒို့ပြည်၊ သျှမ်းစာသည် ဒို့စာ၊ ဒို့ပြည် ကိုချစ်ပါ၊ ဒို့စာကိုလေးစားပါ၊ ဒို့စကားကို မြတ်နိုးပါဆိုသည့်၊ မျိုးချစ်စိတ်က ကိန်းအောင်နေမည်သာ။ လူမျိုးစုပြည်နယ်များတွင် လူမျိုးစု စာပေ များသင်ကြားခွင့်ကိုကန့်သတ် ပိတ်ပင်ထားခြင်းသည်၊ လူမျိုးစု စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများ တိမ်ကော သွား စေရန်လုပ်ဆောင်ခြင်းဖြစ်သည်ဟု လူမျိုးစုတို့ဘက်ကတွေးမြင်ခံစားနေကြသည်။

၁၉၉၁ ခုနှစ်လောက်က ထင်ပါသည်၊ အေဘီအက်ဒီအက်ဖ် ပြန်ကြားရေးတာဝန်ခံ ကိုခင်မောင်ဝင်း( ယခု ဒီဗီဘီ) မှ ဦးဆောင်၍ တော်လှန်ရေးသီချင်းခွေ(နေဝန်းနီနီ) ပထမဆုံးထုတ်ဝေသည်။ ထိုခွေကို လူမျိုးစုတော်လှန်ရေး အဖွဲ့အစည်း အသီးသီးက ဝယ်ယူအားပေးသည်။ ခွေထုတ်ပြီး နောက်တရက် မာနယ်ပလောရှိ ပီအဲန်အို ရုံးသို့ ကျနော် သွားလည်သည်။ ကျနော့အား ရင်းနှီးသည့်ပအိုဝ် လူငယ်နှစ်ဦးက၊ နေဝန်းနီနီ ခွေကို အစောကမသိလို့ ဝယ်အားပေးမိတာ၊ ဒီလိုမှန်းစောစောကသိလို့တော့ မဝယ်ပါဘူးဗျာတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့… အဲထဲမှာ… သပိတ် သပိတ်….မှောက်…မှောက်.. မီးဒုတ်မီးဒုတ်….ရှို့ရှို့၊ သခင်မျိုးဟေ့… ဒို့ဗမာ ဆိုတာပါတယ်။ ဗမာက သခင်မျိုး ဆိုရင်၊ ကျုပ်တို့ လူမျိုးစုတွေက ကျွန်လားဗျ..တဲ့။ ကျနော်က အဲသလိုတော့ မဟုတ်ပါ ဘူး…ဘာညာပေါ့ဗျာ.. ပြောကြမှတော့ရှင်းပြရပါတော့သည်။… ဗမာမျိုးဟေ့ဆိုတာ… ဗမာနိုင်ငံထဲမှာနေတဲ့ လူမျိုးစုအားလုံးကို ဆိုလိုတဲ့သဘောဖြစ်မှာပါလို့.. ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ရခိုင်၊ ဗမာ အားလုံးကို ဗမာလို့ခြုံ ခေါ်တာဖြစ်မှာပါ၊ ဗမာလူမျိုး တစ်မျိုးတည်းကို ပြောတာမဟုတ်ပါဘူး…စသည်ဖြင့်ရှင်းပြသည်။ ထိုမိတ်ဆွေ ပအိုဝ်လူငယ်အစုက ဒါကိုလက်မခံပေ။ သူတို့တင်မဟုတ် အခြားတိုင်းရင်းသားလူမျိုးစုများကလည်း လက်မခံ ကြပေ။

(အမှန်အားဖြင့် ကိုခင်မောင်ဝင်းအား ထိုသီချင်း မထွက်ခင် အဆိုပါစာသားကိုမထည့်ရန် ကျနော်ပြောဖူးသည်။ သူက ဒါ အရင်တုန်းက နိုင်ငံရေးဖြင့်ထောင်ကျနေသောပုဂိုလ်တို့ ထောင်ထဲမှာ စပ်ဆိုထားသည်၍၊ ပြည်တွင်းမှာ ထုတ်ခွင့်မရ၍၊ သူတို့အားဂုဏ်ပြုသည့်အနေဖြင့် သူတို့သီချင်းကိုထုတ်ပေးခြင်းဖြစ်ကြောင်း၊ သူတို့စာသားကို ဖြုတ်၍မသင့် သောကြောင့်ဟုဆိုကာ ထည့်ချလိုက်ခြင်းဖြစ်သည်။)

ဗမာကိုလူမျိုးတစ်မျိုးအနေနှင့်သာ ၎င်းတို့နားလည်လက်ခံကြသည်။

ဗမာလူမျိုး( ပညာရှင်၊ နိုင်ငံရေးသမားများ) များအကြားတွင် ဗမာနိုင်ငံလား၊ မြန်မာနိုင်ငံလား။ ဗမာဆိုတာ လူမျိုးစုအားလုံးပါသည့် အခေါ်လား၊ မြန်မာလူမျိုးဆိုတာက လူမျိုးစုအားလုံးကိုခြုံခေါ်သည့်အခေါ်လားဆိုသည့် အသုံးအနှုံးက ရှင်းရှင်းလင်းလင်းမရှိ၊ ဝိဝါဒကွဲနေကြသည်။ လုံးထွေးသုံးနှုန်းသည်။ ထို့ကြောင့် ဤကိစ္စကို ကျနော် ဒီနေရာတွင် အထူး မပြောလိုပေ။ သို့သော် ကျနော် သတိပြုမိသည့် အချက် တချက်ကိုတင်ပြလိုသည် မှာ-

၁၉၄၇ ခုနှစ်အခြေခံဥပဒေ အဆိုအရ …နိုင်ငံအား ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟုခေါ်ပြီး နိုင်ငံတော်အတွင်း တွင် ကချင်၊ ကရင်၊ ကရင်နီ၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊…. စသော တိုင်းရင်းသားလူမျိုးများနေထိုင်ကြသည်ဟူ၍ ဆိုထားသည်ဖြစ်ပြီးကျောင်းများတွင် ထိုအတိုင်းသင်ကြားလာသည်ဖြစ်သောကြောင့် လူကြီးလူငယ် အတော်များ များက ဗမာသည် နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုး တစ်မျိုး ဟုနားလည်ကြသည်။ သို့သော် အများအား ဖြင့် လက်ဝဲအယူအဆကိုင်စွဲသူများ ဗမာဆိုတာ နိုင်ငံတော်ကို ခေါ်ပြီး မြန်မာဆိုတာက နိုင်ငံတော် အတွင်းနေ ထိုင်သည့်တိုင်းရင်းသား (အများနားလည်နေသည့် ဗမာလူမျိုး) တစ်မျိုးဟု လက်ခံထားသည်။ သို့သော်ရေးသား ပြောဆိုရာတွင် အများအားဖြင့် ရောနှောသုံးစွဲသည်။ ဤသည်က ကျနော် သတိပြုမိသည့် အချက်ဖြစ်သည်။

အများအားဖြင့် နယ်စပ်ဒေသ လူမျိုးစုများက၊ ဗမာနိုင်ငံဆိုသည်ကိုလည်း သဘောမကျသလို၊ မြန်မာနိုင်ငံ ဆိုသည့် အခေါ်ကိုလည်း ဘဝင်ကျပုံမပေါ်ပေ။ အချို့ကလည်း မြန်မာလဲဗမာ၊ ဗမာလဲ ဗမာပါဘဲ၊ အတူတူပါဘဲလို့ ဆိုသည်။ (ဦးအေးသာအောင်၏ ပြည်ထောင်စုစိတ်ဓါတ်ဆောင်းပါး တွင်လည်း ဗမာနှင့်မြန်မာ အတူတူ ပင်ဆိုသည့်သဘောမျိုးရေးထားသည်။) ဤသို့လက်မခံလို့ လူမျိုးစုများကို ကျဉ်းမြောင်းသည့် အမျိုးသားရေးဝါဒီ များဟုဆို၍မရပေ။ လူမျိုးစုများ (အားလုံးတော့မဟုတ်) က ဗမာ(အားလုံးကိုမဟုတ်)များကို မဟာဝါဒီများလို့ဆို ကြသည်။ ၎င်းတို့အမြင်အား မှားသည်ဟူ၍ ပြောလို့တော့မရပေ။ စစ်အုပ်စုက လူမျိုးစုနယ်မြေများတွင် ငါပြော တာ… နာခံရင်နာခံ…. နာမခံရင်အပြတ်ရှင်းပစ်မယ်… ဆိုသည့်သဘောနှင့် နှစ်ပေါင်းကြာရှည်စွာ လူမျိုးစုများအား စစ်ဆင်နွဲနေစဉ်၊ စစ်အုပ်စုဝင်မဟုတ်သည့် ဗမာနိုင်ငံရေးသမား အချို့နှင့်ဗမာစာရေးဆရာအချို့တို့က Burmanization ဗမာမှုပြုရေးဘက်ကို အလေးပေးသော၊ သိသိသာသာ မဟုတ်သော်လည်းအထက်စည်းဆန် သော၊ မဟာဆန်သောအရေးအသား၊ အပြောအဆိုများ ရေးသားပြောဆိုနေသည်ကို မကြာခဏတွေ့ရဖတ်ရ သည်။ ထိုထိုသော ဆောင်းပါးများက မဟာလူမျိုးကြီး ဆန်သည် ဆိုသည့်အမြင်ကို အားဖြည့်ပေးနေသလိုဖြစ် သည်။

လူမျိုးစု နယ်မြေတွေက မတိုးတက်သေးဘူး၊ မဖွံ့ဖြိုးသေးဘူး၊ ဒါကြောင့် ငါတို့ ဗမာတွေက လူမျိုးစုတွေကို ဖွံ့ဖြိုးအောင် လုပ်ပေးရမယ် ဟူသည့် အရေးအသားကိုဖတ်ရဖူးသည်။ တစ်ခါကလည်း ဝိုင်းထိုင်စကားပြောကြရင်း ဗမာမိတ်ဆွေတစ်ယောက်က ထိုအပြောမျိုးပြောလာသည်။ အမှန်အားဖြင့်တော့ စေတနာဖြင့်ပြောသည့်အပြော ဟု ကျနော် မှတ်ယူလိုက်ပေမဲ့ သျှမ်းသူငယ်ချင်း တစ်ယောက်က ဗမာက လုပ်ပေးစရာမလိုပါဘူး၊ ငါတို့မှာ ပညာ တတ်တွေအများကြီးရှိတယ်၊ လူငယ်အင်အားတွေ အများကြီးရှိတယ်။ လုပ်ခွင့်ရဖို့သာလိုတယ်။ ငါတို့လည်း လုပ်တတ်ပါတယ်ဟု အထင်သေး မခံလိုသည့် သဘောနှင့်ပြန်တုန့်ပြန်ခဲ့ဖူးသည်။

အင်္ဂလိပ် ကိုလိုနီ ဆန့်ကျင်ရေးကာလတွင် မျိုးချစ်စိတ်လုံ့ဆော်ခဲ့ကြသည့် ကြွေးကြော်သံများသည် တမျိုးသား လုံး ဆိုင်ရာခြုံငုံကြွေးကြော်သံများ ဟုဆိုနိုင်သော်လည်း၊ ထိုကာလက ကြွေးကြော်သံများ၊ မဆလခေတ်၏ မှားယွင်းသည့် တံခါးပိတ် အမျိုးသားရေးလုံ့ဆော်မှုများသည်၊ ယခုကာလအဖို့ တမျိုးသားချင်းစီ မျိုးချစ်စိတ် အ တွက် ရှေ့ပြေးလမ်းပြများဖြစ်လာနေသည်ဆိုလျှင် ကျနော်၏ တွေးတောမှုများချွတ်ချော်နေသည် ဟု အပြစ်တင် ကောင်းတင်ကြပေမည်။ အမှန်အားဖြင့်တော့ အလေးအနက် သတိပြုသင့်သည့်အရာ ဟုကျနော်မြင်၍တင်ပြခြင်း ဖြစ်သည်။ အနည်းငယ် ပိုရှင်းအောင်ပြောရမည်ဆိုလျှင် မဆလခေတ်တွင် အနှစ်မဲ့သော တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးလုံးဆော်မှုဖြင့် Burmanization ဗမာမှုပြုရေး လွမ်းမိုးမှုချဲ့ထွင်ခဲ့ကြောင်း၊ စစ်အုပ်စုကလည်း ယခုထိ ဆက်လုပ်နေကြောင်း၊ လူမျိုးစုများက ပိုမိုတွေ့မြင်ခံစားလာကြသည်။ (လက်နက်ကိုင်နှင့် အဝေးရောက် လူမျိုးစု အဖွဲ့အစည်း များ၏ အစီရင်ခံများတွင် ဤအချက်များ မြင်သာသည်)

လွန်ခဲ့သည် လေးငါးနှစ်လောက်ကမှ စ၍ ပြည်ပရောက် မွန်အမျိုးသားများက နှစ် ဘယ်နှစ်ရာမြှောက် မွန် နိုင်ငံ တော် ကျဆုံးသည့်အခန်းအနားဆိုပြီးကျင်းပလာသလို ရခိုင်အမျိုးသားများကလည်း ထိုနည်းတူ ကျင်းပလာ သည်။ ယခုနှစ်အစောပိုင်းကလည်း အမေရိနိုင်ငံ ယူအဲန်ရုံးရှေ့တွင်အထင်ကရ ရခိုင်ပညာရှင်တစ်ဦး ဦးဆောင် လျှက်၊ ရခိုင်မျိုးချစ်များ Free Arakan ဟူသော ဘဲန်နာ နဖးစီးစာတန်းကိုကိုင်ဆောင်ကာ ရခိုင်နိုင်ငံတော် ကျဆုံး ခဲ့ရသည့် အထိန်းအမှတ်ဆန္ဒပြပွဲကျင်းခဲ့ပသည်။ ဤသည်ကား ၎င်းတို့၏ ညှိုးငယ်စွာကိန်းအောင်းလျှက်ရှိသော အမျိုးသား ဇာတိသွေး ဇာတိမာန်ပျောက် ကွယ်သွားခြင်းမရှိကြောင်းကို ဖေါ်ပြခြင်းဖြစ်သည်။ ဤသည်ကား မျိုးချစ်စိတ်ကို နှိုးဆော်သည်လည်းဖြစ်သည်။

ဗမာအချို့က လူမျိုးစု အမျိုးသားမျိုးချစ်စိတ်ရှိသူများကို ကျဉ်းမြောင်းသည့်အမျိုးသားရေးဝါဒီသမားများဟု ဆိုကြ သည်။ ကျနော့ အမြင်အရ မဟာလူမျိုးကြီးစိတ်ရော၊ လူနည်းစုအမျိုးသားရေးဝါဒီစိတ် ဟူသည်ကော တဖက် သတ် အမျိုးသားရေးမျိုးချစ်ဝါဒီများသာဖြစ်သဖြင့် နှစ်ခုစလုံးကျဉ်း မြောင်းတာသာဖြစ်သည်ဟုမြင်သည်။ ဤ နှစ် ဘက် ကျဉ်းမြောင်းမှုများရှိနေသမျှ လူမျိုးများဖြင့် စုပေါင်းဖွဲ့စည်းထားသော မိမိတို့နိုင်ငံတွင် မည်သည့်အခါမှ စည်းလုံးညီညွတ်မှုကိုရနိုင်မည်မဟုတ်သလို၊ လွယ်လင့်တကူ တိုတောင်းသည့်ကာလအတွင်း၊ လွတ်လပ်သည့် နိုင်ငံငယ်များပေါ်လာမည်လည်းမဟုတ်ဘဲ၊ ဖရိုဖရဲ မွဲတေမှုများ၊ အကျင့်ပျက်မှုများဖြင့်ပြည့်နက်ကာ ရေရှည်တွင် လူမဆန်သည့်ရိုင်းစိုင်းသည့်စိတ်ဓါတ်များ၊ ညှစ်ညမ်းသည့်စိတ်ဓါတ်များ ကိုပျိုးထောင်အမြစ်တွယ် စေမည်သာ ဖြစ်သည်။


မျိုးချစ်စိတ်သည် စည်းလုံးညီညွတ်မှု ကိုပေးနိုင်သလို၊ မျိုးချစ်စိတ်သည်၊ လူမျိုးပေါင်းစုံနေထိုင်သည့် ကျနှုပ်နိုင်ငံ အဖို့ စည်းလုံးမှုပြိုကွဲစေတတ်သည်လည်းဖြစ်သည်။ မျိုးချစ်စိတ်သည် သုံးတတ်လျှင်ဆေး၊ မသုံးတတ် လျှင်ဘေး ဖြစ်သည်။ တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုသလိုပင်။ တော်တည့်မှန်ကန်အောင် မသုံးလျှင်၊ စွေစောင်း၍သုံးလျှင်၊ အလွန်အကျွံသုံးလျှင် ဘေးဖြစ်မည်သာ။ မျိုးချစ်စိတ်တည်းဟူသော အရိုးစွဲနေသည့် သမားရိုးကျအသုံးအစွဲအား ဘေးကင်း အန္တရာယ်ကင်းသော တိုင်းပြည်ချစ်စိတ်တည်းဟူသော အသုံးဘက်သို့ လှည့်ပြောင်း သုံးစွဲလျှက် စိတ်ရောကိုယ်ပါစွမ်းဆောင်ခြင်းအားဖြင့် လက်ရှိကာလ ကျနှုပ်တို့နိုင်ငံအတွက် တော်တည့်မှန်ကန်သော ဆေး တလက် ဖြစ်သွားနိုင်ပါသည်။

(ဤဆောင်းပါးသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပြိုကွဲစေသည်ဟု အထင်မမှားစေလိုပါ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် လွတ်လပ်ရေးရစကတည်းက ပြိုကွဲနေတာဖြစ်သည်။ ကျနော့အနေဖြင့် တိုင်းရင်းသား ပြည်သူတရပ်လုံး စည်းလုံးညီညွတ်ပြီး တိုင်းပြည်တိုးတက်စေလိုသော ဆန္ဒအပြည့်အဝရှိခြင်းကြောင့်၊ တိုင်းပြည် ချစ်စိတ်အပြည့်ရှိခြင်းကြောင့် ဤသို့ တိုက်တွန်းနိုးဆော်နေခြင်းဖြစ်သည်။)

( ဝင်းမောင်- ဟဲဟိုးသား)
၈ ရက်.သြဂုတ်လ.၂၀၁၁ ခုနှစ်

(ကျနော့နာမယ်နောက်မှာ ဟဲဟိုးသား လို့ထည့်ခြင်းသည် ဒေသစွဲ၊ မြို့စွဲ၍မဟုတ်ပါ။အွန်လိုင်းပေါ်တွင် ဝင်းမောင်နာမယ်နှင့် စာရေးနေသူ သုံး၊ လေးဦးမက ရှိနေသောကြောင့် ယခုဆောင်ပါးမှစ၍ ကျနော်အပါအဝင် ဘိုးဘွားဘီဘင်မွေးရပ်မြို့ သျှမ်းပြည် ဟဲဟိုး ကိုထည့်ခြင်းဖြစ်သည်။ ဤနာမယ်ကလည်း ယခင်တည်းက ခေတ် စားနေလို့လား၊ သို့မဟုတ် အင်းသားတို့ဓနုတို့ အကြိုက်လား၊ ဘာလားတော့မပြောတတ်၊ ဟဲဟိုးမြို့ငယ်လေးတွင် ပင် ကျနော်နှင့်ရွယ်တူ ဝင်းမောင် လေး ယောက်ရှိသည်။)

2 attachments — Download all attachments  
To Be The Right Medicine.docTo Be The Right Medicine.doc
34K   View   Download  
To Be The Right Medicine.pdfTo Be The Right Medicine.pdf
32K   View   Download  


၉.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://openeyeproxy.appspot.com/yeyintnge.com
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့..။

3 attachments — Download all attachments  
9 August 2011 Yeyintnge's diary.doc9 August 2011 Yeyintnge's diary.doc
647K   View   Download  
9 August 2011 Yeyintnge's diary.odt9 August 2011 Yeyintnge's diary.odt
357K   Download  
9 August 2011 Yeyintnge's diary.pdf9 August 2011 Yeyintnge's diary.pdf
319K   View   Download  
http://www.mediafire.com/file/y62xddm197l3tcg/9%20August%202011%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/q7xb0tv95x6yhc3/9%20August%202011%20Yeyintnge%27s%20diary.pdf
9 August 2011 Yeyintnge's Diary

၎ ဦးမြောက် အနားပေးခံရသည့် ထိပ်တန်းအရာရှိ ဗိုလ်ချုပ် ကျော်ဖြိုးဖြစ်လာ




တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ဗိုလ်ချုပ် ကျော်ဖြိုးကို လာဘ်စားမှုဖြင့် အနားပေး လိုက်ကြောင်း သိရပြီး ယခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ၄ ဦးမြောက် အနားပေးခံရသော စစ်ဘက်ထိပ်တန်း အရာရှိကြီး ဖြစ်လာသည်။

Kyaw-Phyo2
အနားပေးခံလိုက်ရသော ဗိုလ်ချုပ် ကျော်ဖြိုး (ဓာတ်ပုံ - သျှမ်းသံတော်ဆင့်)
ဗိုလ်ချုပ် ကျော်ဖြိုးသည် ယခင်က ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံအခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် သြဂုတ်လ၌ တပ်မတော်နှင့် ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ အဓိကကျသည့်  ရာထူးနေရာ ၄၀ ခန့် အပြောင်းအလဲ ပြုလုပ်ခဲ့ရာတွင် ယခုရာထူးသို့ တိုးမြှင့် ခန့်အပ်ခံရခြင်းဖြစ်သည်။

ဇူလိုင်လကုန်ပိုင်းတွင် လာဘ်ပေးလာဘ်ယူနှင့် အာဏာအလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ခေါ်ယူစစ်ဆေးခဲ့သည့် ထိပ်တန်း စစ်ဗိုလ်ချုပ် ၅ ဦးတွင် ဗိုလ်ချုပ် ကျော်ဖြိုးလည်း ပါဝင်ခဲ့သည်။

ထိုစဉ်က ဗိုလ်ချုပ် ကျော်ဖြိုးနှင့်အတူ ခေါ်ယူစစ်ဆေးခံရသည့် တခြားဗိုလ်ချုပ်များမှာ စီးပွားရေးဦးပိုင် လီမိတက် ဥက္ကဋ္ဌနှင့် စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦး၊ ကစထမှူး ဗိုလ်ချုပ် မြင့်စိုး၊ တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးနှင့် ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေးတို့ ဖြစ်သည်။

ပြီးခဲ့သည့်ဇွန်လတွင် ဗိုလ်မှူးချုပ် သန်းထွန်းဦးကို ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် တရားမ၀င် လိုင်စင်မဲ့ကားများ တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့သေးသည်။

ဖေဖော်ဝါရီလတွင် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ကာကွယ်ရေးဝန်ကြီးတာဝန် လက်မခံမှုကြောင့် ရာထူးမှ ချက်ခြင်း အနားပေးခဲ့သည်။ ဇူလိုင်လ အစောပိုင်းတွင် ရန်ကုန်တိုင်း တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းသန်းကို တောင်ပိုင်းတိုင်းစစ်ဌာနသို့ ပြောင်းရွှေ့ပြီး နှစ်ရက်အကြာတွင် လာဘ်စားမှုဖြင့် အနားပေးခဲ့ပြီး ဇူလိုင်လကုန်တွင်ပင် ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဗိုလ်ချုပ် တင်ငွေကိုလည်း လာဘ်စားမှုဖြင့် တာဝန်မှ အနားပေးခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုနှင့် အာဏာအလွဲသုံးမှု တိုင်တန်းချက်များကြောင့် ဗိုလ်ချုပ်တချို့ ဆက်လက်စစ်ဆေးရဖွယ်ရှိပြီး အနားပေးခံရနိုင်သည်ဟု စစ်တပ်အသိုင်းအဝိုင်းတွင် ကောလာဟလများ ထွက်ပေါ်နေသည်။

http://www.irrawaddy.org/bur/index.php/news/7030-2011-08-09-09-55-51

ဗိုလ်မှူးကြီးသန်းအောင် နှင့်KIA ဒု စစ်ဦးစီးချု့ပ် တို့အပြန်အလှန်ပေးစာ



2 attachments — Download all attachments  
From-Than-Awng-4-8-2011.pdfFrom-Than-Awng-4-8-2011.pdf
708K   View   Download  
KIO-kon-Col-Than-Awng-de-5-8-2011.pdfKIO-kon-Col-Than-Awng-de-5-8-2011.pdf
104K   View   Download  

From Than Awng 4-8-2011

KIO-kon-Col-Than-Awng-de-5-8-2011

မိုက်တွင်းနက်ဆဲ စစ်အစိုးရနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လူ့အခွင့်အရေး ဒီမိုကရေစီရေးပြဿနာ


Posted by admin on August 9, 2011
ဒီကနေ့ ကျနော်တို့နိုင်ငံရဲ့ နံပါတ် ၁ အရေးအကြီးဆုံးပြသနာက ပြည်တွင်းစစ်မီးပါ။ ပြည်တွင်စစ်ပြီးဆုံးသွားတာ မဟုတ် သေးပေမယ့် ပြင်းပြင်းထန်ထန်မဖြစ်ဘဲ ကြိုးကြားကြိုးကြားသာဖြစ်နေခဲ့တာအတော်ကြာပါပြီ။ အဲဒီ အခြေအနေကနေ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကစလို့ ကရင်ပြည်နယ်ထဲမှာ သေနတ်သံ၊ ဗုံးသံတွေ ဆက် တိုက်ပြန်ကြားလာရသလို နောက် ပြည်တွင်းစစ်မီးဟာ အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းတခွင်လုံးမှာ တဟုန်းဟုန်း ပြန်တောက်လောင်လာခဲ့ပါတယ်။ စစ်အစိုးရက လက်အောက်ခံနယ်ခြားစောင့်တပ်အဖြစ်ကို လက်မခံခဲ့ကြတဲ့ တိုင်းရင်း သားလက်နက်ကိုင် အင်အားစုတွေအားလုံးကို ရာဇသံပေးပြီး ဖိစီးနှိပ်ကွပ်ပစ်ဖို့၊ အပြတ်ချေမှုန်းပစ်ဖို့ ထိုးစစ်တွေဆင်လာ ခဲ့တာ ကရင်ပြည်နယ်မှာ ခုဆို တနှစ်တာကာလ၊ ကချင်ပြည်နယ်မှာနဲ့ ရှမ်းပြည်နယ်တွေမှာ ၅ လတာ ကာလအတွင်းကို ရောက်လာခဲ့ပါပြီ။

ဒီကေဘီအေ က စလို့ ရှမ်းပြည်တပ်မတော် (မြောက်၊တောင်) အဆုံး ဘယ်လက်နက်ကိုင်အင်အားစုကိုမှ အပြတ်ချေမှုန်း လို့ မရသေးပါဘူး။ အပြတ်ချေမှုန်းလို့မရသေးတဲ့အပြင်မှာ စစ်အစိုးရတပ်တွေရဲ့ အကျအဆုံးစာရင်းဟာ တဖြေးဖြေးများ လို့သာ လာနေပါတယ်။ အပစ်ရပ် ငြိမ်းအဖွဲ့တွေဟာလည်း စစ်အစိုးရရဲ့ သဘောထားမှန်ကို ပိုပြီး ရှင်းရှင်းလင်းလင်း သိ မြင်လာပြီး တို့တွေ အချင်းချင်းစည်းစည်းလုံးလုံး ပြန်မတိုက်နိုင်ရင်တော့ လူမျိုးပါပြုတ်တော့မှာဖြစ်တယ်လို့ သဘော ပေါက် လာခဲ့ကြပါတယ်။ အင်အားကြီးမားတဲ့ စစ်အစိုးရတပ်တွေကို သေနင်္ဂဗျူဟာ ပြောင်းလဲခုခံ တိုက်ခိုက်လာခဲ့ကြ ပါတယ်။ အင်အားအလုံးအရင်းမသုံးဘဲ ထိထိရောက်ရောက် ထိုးနှက်တိုက်ခိုက်နိုင်တဲ့ ပျောက်ကြားစစ်ပွဲကို ဆင်နွှဲလာခဲ့ ကြတဲ့အတွက် စစ်အစိုးရရဲ့တပ်တွေ အကျအဆုံး အထိအခိုက်များလာတာတွေ့ရပါတယ်။ အမှန်တရားဘက်က ရပ် တည် ခုခံတိုက်ခိုက်နေကြတဲ့၊ အဖိနှိပ်ခံတိုင်းရင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေရဲ့ စိတ်ဓာတ်အင်အားကို ဖြိုလှဲလို့ မရနိုင်ပါဘူး။ စစ်ရဲ့သဘောမှာ လက်နှက်အင်အား လူအင်အားချင်းသာ ယှဉ်ပြိုင်ရတာမဟုတ်ဘဲ စိတ်ဓာတ်အင်အား အရည်အချင်းချင်းလည်း ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။

စစ်အစိုးရကြေးစားတပ်တွေရဲ့ ပျက်ပြားနေတဲ့ စိတ်ဓာတ်အင်အားဟာ အဖိနှိပ်ခံပြည်သူလူထုဖက်က၊ အမှန်တရားဘက် က ခုခံတိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို မနိုင်နိုင်ပါဘူး။

စစ်အစိုးရ ခုဆင်နွှဲနေတဲ့ ထိုးစစ်တွေဟာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကိုသာ တိုက်ခိုက်နေတာ မဟုတ် တော့ပါဘူး။ ဒေသခံပြည်သူလူထုကြီးကိုပါ ထိုးနှက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အပြစ်မဲ့ ဒေသခံပြည်သူ လူထုတွေကို စိတ်ထင်တိုင်း မတရားလုပ်၊ အမျိုးသမီးတွေကို မတရားပြုကျင့်၊ ယောင်္ကျားသားတွေကို ပစ်ခတ်သတ်ဖြတ်၊ နှိပ်စက် ညှဉ်းပန်းနေကြတာဟာ အစထက်တစ ပိုဆိုးဝါးလာပါပြီ။ စစ်ဦး ဘီလူးသဘက်တွေကိုလည်း ထင်တိုင်းသတ်ဖြတ်ခွင့်ပြု ထား၊ မတရားပြုကျင့်ခွင့် ပြုထားတဲ့အတွက် စစ်ဦးတည်ရာက ပြည်သူလူထုတွေဟာ အသက်လုပြီး အိုးပစ်အိမ်ပစ် ထွက် ပြေးနေကြရပါတယ်။ တောထဲတောင်ထဲမှာ ဆင်းရဲဒုက္ခရောက်နေကြသူတွေ၊ ဒုက္ခသည်စခန်းထဲမှာ နေထိုင်စားသောက် ရေး၊ ကျန်းမာရေး အခြေအနေဆိုးဝါးနေကြသူတွေ များသထက်များလာနေပါပြီ။ စစ်အစိုးရဟာ ပြည်သူလူထု ကိုပါရန်သူ လို သဘောထားလာပြီး လူမျိုးတုံးသတ်ဖြတ်ချေမှုန်းရေး လုပ်လာနေပြီလို့ ပြောလို့ရနေပါပြီ။ ဒေသခံပြည်သူလူထုတွေ အနေနဲ့ စစ်အစိုးရရဲ့တဘက်သတ် ချေမှုန်းသတ်ဖြတ်နေတာကို ဒီအတိုင်းလည်စင်းခံ၊ ပြေးရင်းလွှားရင်းအသေခံနေ ကြမယ့်အစား ရရာလက်နက်စွဲကိုင်လို့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ပူး ပေါင်းလို့ပဲဖြစ်ဖြစ် ခုခံနိုင်ဆန့်ကျင်ရမယ့်အချိန် ရောက်လာပါပြီ။



ရှေးကသုံးစွဲခဲ့ တဲ့ရိုးရာလက်နက်တွေဟာ ခေတ်မမီတော့ဘူးဆိုပြီး စွန့်မပစ်သင့်ကြပါဘူး။ သာမန် လူထုသုံး ဓား၊ လှံ၊ လေးမြားတွေဟာ ပျောက်ကြားစစ်ဆင်နွဲရာမှာ အလွန်ထိရောက် အသုံးဝင်တဲ့ လက်နက်တွေဖြစ်ပါတယ်။ လက်နက်လာ ရာကို မသိဘဲ ရန်သူတွေကို ထိခိုက် ကျဆုံးစေ၊ ခြောက်ခြားသွေးပျက်လာစေနိုင်ပါတယ်။ သတ္တိရှိရှိနဲ့ ထိထိရောက် ရောက် အသုံးပြုနိုင်ဖို့လေ့ကျင့်ထားဖို့ပဲ လိုပါတယ်။ နေရာဒေသ ရေမြေတောတောင် ပထ၀ီအနေအထားဟာ ကိုယ်ကျွမ်း ကျင်နှံ့စပ်ရင်းနှီးပြီးဖြစ်တဲ့အတွက် အားသာပြီးသား ဖြစ်ပါတယ်။

ကိုယ့်ပြည်သူလူထုအတွက် တရားသောစစ်ကိုဆင်နွှဲနေကြတဲ့ လက်နက်ကိုင်အင်အားစုတွေအနေနဲ့လည်း ကိုယ့်ပြည်သူ ထုကို တိုက်ရင်းစည်းရုံး ပြီး ပြည်သူ့စစ်အဖြစ်ပြောင်းလဲ၊ ခုခံစစ်ကနေ ထိုးစစ်ဆင်နွှဲ၊ နယ်မြေချဲ့ထွင် စိုးမိုးရေးတွေ လုပ် နိုင်လာအောင် ကြိုးစားသင့်ကြပါတယ်။ စစ်ကိုရပ်ဆိုင်းချင်လို့ စစ်နဲ့တုန့်ပြန်တိုက်ခိုက်ရတာဟာ စစ်ပွဲတွေရဲ့ သမိုင်းမှာ အထပ်ထပ်ရှိနေပြီး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး အတွက်တိုက်ခိုက်ရတဲ့ စစ်ပွဲတွေကို မဖြတ်သန်းဘဲနဲ့ ငြိမ်းချမ်းရေးကို မရ နိုင်ပါဘူး။ သမိုင်းစာမျက်နှာတွေမှာ အထင်အရှားရှိပြီး ဖြစ်ပါတယ်။ စစ်ဟာ ပဋိပက္ခကို ဖြေရှင်းဖို့ကျင့်သုံးတဲ့ အမြင့်ဆုံး နိုင်ငံရေးတိုက်ပွဲပဲဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ ဖောက်ပြန်ပျက်စီးနေတဲ့ ရန်သူအင်အားစု ရန်သူရဲ့တပ်တွေကို အပြီး သတ်ချေမှုန်းနိုင်ရင် ငြိမ်းချမ်းရေးဆိုတာကို လက်ဝယ်ပိုင်ပိုင် ရလာနိုင်ပါတယ်။ ငြိမ်းချမ်းရေးရရှိပြီးတဲ့အခါ အဲဒီငြိမ်းချမ်း ရေး အဓွန့်ရှည်ခိုင်မာ တည်မြဲရေးအတွက် တန်းတူညီမျှရေး၊ လူမျိုးစုတွေရဲ့ကိုယ့်ကြမ္မာကိုယ်ဖန်တည်းနိုင်ခွင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေ ပြန်လည်ပေးအပ်နိုင်ရေးတွေကို သဘောထားပြည့်ပြည့်၀၀၊ မှန်မှန်ကန်ကန်နဲ့ ဆွေးနွေးကြဖို့သာ ဖြစ်ပါ တယ်။ မေတ္တာတရားနဲ့ စေတနာကို အခြေခံကြဖို့သာ အရေးကြီးပါတယ်။ မဖြစ်နိုင်စရာမရှိ၊ လုပ်လို့မရနိုင်စရာ မရှိပါဘူး။

ဒါပေမယ့် ဒီကနေ့ စစ်အစိုးရတဖြစ်လဲ အစိုးရရဲ့လုပ်ရပ်တွေကတော့ တကယ်တန်း တိုင်းပြည် ငြိမ်းချမ်းရေး ရရှိဖို့မဟုတ် ဘဲ နိုင်ငံတကာနဲ့ ပြည်သူလူထုကို လှည့်စားဖို့သာလုပ်နေတာ ဖြစ်တယ်လို့ ပြောရမှာပါပဲ။ တကယ်တန်းငြိမ်းချမ်းရေးလို ချင်ရင် လုပ်နိုင်တဲ့သူ အင်အားရှိတဲ့သူက တဘက်သတ်အပစ်ရပ်၊ ငြိမ်းချမ်းရေးခေါ်လိုက်ရုံပါပဲ၊ ကေအိုင်အိုက စစ်အစိုးရ အပစ်ရပ်လိုက်လို့ မန္တလေးအထိ တက်မသိမ်းပါဘူး။ ဒါသေချာပါတယ်။ ဒီလိုပဲ ရှမ်းပြည်တပ်မတော်၊ ကေအင်ယူ၊ ဒီကေ ဘီအေ၊ ကေအင်ပီပီ၊ မွန်ပြည်သစ်ပါတီ၊ ၀ အမျိုးသားသွေးစည်းညီညွတ်ရေးတပ်နဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေဟာလည်း ဒီလိုပါပဲ။ ကိုယ့်လူမျိုး အကျိုးစီးပွားကို တန်းတူရည်တူ ဆောင်ရွက်နိုင်ရေး။ ကိုယ့်ပြည်နယ်နေရာဒေသမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်သာ တောင်းဆိုနေကြတာပါ။

လိမ်နေတာ၊ မဟာလူမျိုးကြီးဝါဒကို ကိုင်စွဲပြီးအနိုင်ကျင့်ဗိုလ်ကျနေတာက ပြည်သူလူထုဆီက အာဏာကိုလုယူခဲ့တဲ့ စစ် အစိုးရ အဆက်ဆက်နဲ့ ဒီကနေ့ စစ်အစိုးရတဖြစ်လဲ ကြံ့ဖွံ့အစိုးရပါ။ တတိုင်းပြည်လုံးက ပြည်သူလူထုပိုင်တဲ့ သဘာဝ သယံဇာတပစ္စည်းတွေကို လက်ဝါးကြီးအုပ် ကိုယ်ကျိုးစီးပွားလုပ်လာခဲ့ကြသူတွေက လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေပါ။ ကာကွယ်ပေးနေတာက လက်ကိုင်ဒုတ် စစ်တပ်တွေပါ။

တိုင်းပြည်ငြိမ်းချမ်းရေးကို တကယ်တန်းလိုလားတယ်ဆိုရင် လုပ်ဆောင်နေဆဲဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားမှုတွေ၊ ရာဇ၀တ်မှုတွေကို ရပ်တန်းကရပ်ပစ်ဖို့၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ လိုအပ်ပါတယ်။ တိုင်း ရင်းသား လက်နက်ကိုင်အင်အားစုတွေအပေါ် ကျင့်သုံးနေတဲ့ လူမျိုးတုံးသတ်ဖြတ်ရေး စစ်ပွဲတွေကို ချက်ချင်းရပ်ပစ်ရပါ မယ်။ ပြည်သူလူထု လိုလားတဲ့ ဒီမိုကရေစီ အခြေခံမူတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို ပြည်သူလူထု တ ရားဝင် အခွင့်အာဏာပေးပြီးသား ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကဦးဆောင်ပြီး အနိုင်ရပါတီတွေက ရေးဆွဲတာကို လက်ခံလိုက်ရုံ ပါပဲ။

ပြည်သူလူထုလည်း လက်မခံ နိုင်ငံတကာ ဒီမိုကရေစီ အခြေခံမူဝါဒတွေနဲ့လည်း ကိုက်ညီမှုမရှိတဲ့ စစ်အာဏာရှင်စနစ် လွှမ်းမိုးခိုင်မာရေးအတွက် စစ်တပ်ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်ပြီးတိုင်းပြည်ကို အုပ် ချုပ်သွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးဟာ ရပ်စဲသွားနိုင်စရာမရှိသလို၊ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးရ ဖို့ အဓိကအချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း တည်ဆောက်လို့ရဖို့ အကြောင်းမရှိပါဘူး။ ဟန်ပြ ပရိယာယ်နဲ့ ဘာပြောရေးဆိုခွင့်မှမရှိတဲ့ ၀န်ကြီးဆိုသူကိုလည်း ဟန်ပြလွှတ်နေစရာ လိုမယ်မဟုတ်ပါဘူး။ သမတ ဆို သူက အာဏာရှိတယ် လုပ်ပိုင်ခွင့်ရှိတယ်ဆိုရင်လည်း မတရားဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တိုင်ရင်းသားအဖွဲ့ခေါင်းဆောင်တွေ အားလုံးကိုလွှတ်ပေး၊ သမတကဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လက်နက်ကိုင်အင်အားစုတွေရဲ့ တာဝန်ရှိခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေး နွေး လိုက်ရုံပါပဲ။ တကယ်လုပ်ချင်ရင် ချက်ချင်းလုပ်လို့ရပါတယ်။ စစ်အစိုးရက ဘာလို့ ၀န်ကြီး ဦးအောင်ကြည်ကို ဒီအ ချိန်မှာမှ လွှတ်ပြီးတွေ့ဆုံခိုင်းတယ်ဆိုတာက ရှင်းပါတယ်။ စစ်အစိုးရ လုပ်နေကျအကွက်ဟောင်းတွေထဲက အကွက်တ ကွက်ပါပဲ။

ဒါစစ်အစိုးရကို အမြဲအပြစ်မြင်လို့၊ ပြောချင်လို့မဟုတ်ပါဘူး။ ယုံကြည်စရာ အကြောင်းကို မရှိတော့အောင်ကတိပျက် ကွက် ကောက်ကျစ်စဉ်းလဲခဲ့လို့ပါ။ ကေအိုင်အို က တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်ဆိုင်းဖို့ အချိန်ကာ လသတ်မှတ်ချက်တခု အတွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တောင်းဆိုထားပါပြီ။ ဒါကို ၀ါးတားတား လုပ်ပြီး အချိန်ဆွဲနေတာက စစ်အစိုးရပါ။ မကြာခင်က မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ ကြီး နိုင်ထောမွန် ဒီမိုက ရက်တစ်မြန်မာ့အသံကို ဖော်ထုတ်ပြောဆိုခဲ့သလိုပဲ ပြည်တွင်းစစ်ဖြစ်နေတာရဲ့ တကယ့်တာဝန်ရှိသူက စစ်အစိုးရနဲ့ သူ့ရဲ့ လက်ကိုင်ဒုတ်တပ်တွေပါ။

အခုလည်း စစ်အစိုးရဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေးအရဦးဆောင်မှု ကျဆင်းလျှော့နည်း သွားအောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးမူဝါဒအရ လုပ်ဆောင်တာမျိုး မဟုတ်ဘဲ သီးခြားသဘော၊ ပုဂ္ဂိုလ် ရေးသဘော လုပ်ဆောင်တာမျိုးဖြစ်လာအောင် ပရိယာယ်သုံး သွေးဆောင်ခွဲထုတ်ဖို့ ကြိုးစားနေပါပြီ။ လူမှုပြုပြင်ပြောင်း လဲရေးလုပ်ငန်းတွေကိုပဲ အာရုံချ လုပ်ဆောင်လာအောင် ဥာဏ်နီဥာဏ်နက်တွေ ထုတ်လာပြန်ပါပြီ။ ကျနော်တို့ ပြည်သူ လူထုကြီး လိုလားနေတဲ့ ငြိမ်းချမ်းတဲ့ဒီမိုကရေစီ ပြည်ထောင်စုတခုဖြစ်လာဖို့ ၂၀၀၈ စစ်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ စစ်တပ်ရုပ်သေးအစိုးရအောက်မှာ ပြုပြင်ပြောင်းလဲရေးနည်းနာတွေနဲ့ ဘယ်လိုမှ လုပ်လို့မရနိုင်တာကတော့ သေချာပါ တယ်။

ဒါကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေက သတိကြီးကြီးထားဖို့ လိုအပ်ပါလိမ့် မယ်။ ပြည်သူလူထုကြီးတရပ်လုံးက အသိစိတ်ဓာတ်ရှိရှိနဲ့ မတရားတဲ့အမိန့်အာဏာတွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ စည်းလုံးညီညွတ်ကြဖို့ အရေးကြီးပါတယ်။ တရားသော ခုခံရေးစစ်ပွဲကို ဆင်နွှဲနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ၊ တခြားဒီမိုကရေစီ လက်နက်ကိုင်အင်အားစုတွေအနေနဲ့လည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ခုခံ စစ်ကနေ ထိုးစစ် ချေမှုန်းရေးစစ်ပွဲတွေ လုပ်လာနိုင်အောင် ပြည်သူ့စစ်အဆင့်ရောက်လာအောင် အစွမ်းကုန်ကြိုးစားကြ ဖို့ပဲ ဖြစ်ပါတယ်။

ပြည်တွင်းစစ်မီးကို အမြန်ဆုံးငြိမ်းသတ်မပစ်နိုင်ဘူးဆိုရင်၊ စစ်အာဏာရှင်စနစ်ကို မြန်မာနိုင်ငံက အမြစ်ဖြတ်ဖယ်ရှားမပစ် နိုင်ဘူးဆိုရင် ကျနော်တို့ နိုင်ငံဟာ ဒီထက်ပိုပြီးဆိုးဝါးတဲ့အဆင့်ကနေ ပျက်သုန်းနိုင်ငံဖြစ်သွားမယ့် အန္တရယ် ရှိနေပါပြီ။

စိုးနေလင်း

၈ လေးလုံး ဆိုတာ အောင်ပွဲလား၊ မကြေပွဲလား


ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ သြဂုတ် ၉ ၊ ၂၀၁၁

သြဂုတ်လ ၆ ရက်နေ့က မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ အခွင့်ရခိုက် စကားပြောဖြစ်ပါတယ်။ အဓိကအားဖြင့် ၈လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ်ကာလမှာ ဘယ်လိုမျိုး ရှုမြင်သုံးသပ်မည်လဲ ဆိုတာကို မေးဖြစ်ပါတယ်။ ဆရာက …

ဒီနှစ်မှာ ၈လေးလုံးနှစ်လည်အခမ်းအနားကို ကြည့်မြင်တိုင်က သာဓုကျောင်းမှာ အနှောက်အယှက်မရှိ ကျင်းပဖြစ်မယ်လို့ သိရတဲ့အတွက် ထူးခြားတယ်လို့ ပြောနိုင်တာပေါ့ကွာ။ အဲသည်တော့ ကျနော်တို့ဖက်ကလည်း ၈လေးလုံးကာလတုန်းက သတ်တာဖြတ်တာတွေကို ပြောနေတာတင်မဟုတ်တော့ဘဲနဲ့ ၈လေးလုံးအရေးတော်ပုံက ကျော်ဖြတ် ဆောင်ရွက်နိုင်မှုတွေ၊ အပြုသဘော ဖြတ်သန်းနိုင်ခဲ့မှုတွေကိုပါ ထုတ်ဖော်ပြောဆိုကြရမယ်လို့ ယူဆပါတယ်။ ၈လေးလုံးရဲ့ အောင်ပွဲတွေကို ထုတ်ဖော်ပြောဆိုမယ်၊ အပြုသဘောရှုမြင်မယ်ဆိုရင် ကျနော်တို့တတွေ ရယူဖော်ဆောင်လိုတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်နိုင်မယ် ဖြစ်တယ်လို့ ပြောချင်တယ်။
၈လေးလုံးအရေးတော်ပုံရဲ့ အပြုသဘောထူးခြားချက်တွေက ဘာတွေလို့ ပြောမှာလဲ ဆရာ။

အဲသည်ကာလမှာတုန်းက ကျနော်တို့က ဒီမိုကရေစီကို တောင်းဆိုတယ်။ ဒီမိုကရေစီအခြေအနေတွေကို တောင်းဆိုတယ်။ ရတာတွေရှိတယ်။ မရတာတွေ ရှိတယ်။ အနည်းဆုံးအနေနဲ့ ပါတီစုံစနစ်ကို ဦးတည်လာတယ်။ အဲသည်ကနေ ၁၉၉၀ ရွေးကောက်ပွဲ ပေါ်ထွက်လာတယ်။ ၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းမခံရသော်လည်း ဒီမိုကရေစီရေးတောင်းဆိုချက်တွေရဲ့ အုတ်မြစ်တခုကို ချနိုင်ခဲ့တယ်။ မှတ်ကျောက်တခုကို တင်နိုင်ခဲ့တယ်လို့ ပြောချင်တယ်။ စစ်အာဏာရှင်အစိုးရတွေဟာ ဘယ်လိုပဲ ငြင်းဆန်ခဲ့ ငြင်းဆန်ခဲ့ ဘယ်လိုပဲလုပ်ဆောင်ချက်တွေ လုပ်နေလုပ်နေ ဒီအချိန်မှာ ဘီလူးခေါင်းကို အမြဲဆောင်းနေလို့မရတော့ဘူး။ မင်းသားခေါင်းကို ပြောင်းဆောင်းရတော့မယ် အခြေအနေကို ရောက်လာတယ်လို့ ပြောချင်တယ်။

ဒါတွေက အခု ၂၃ နှစ်ကာလမှာ ရရှိခဲ့တဲ့ အပြုသဘောရှုမြင်တာတွေပေါ့။ ဟုတ်လားဆရာ။

စစ်အာဏာရှင်တွေဟာ ၈လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်မှုတွေကို စွန့်လွှတ်စွန့်စားဆောင်ရွက်မှုတွေကို ဘီလူးခေါင်းဆောင်ပြီး အမြဲတုန့်ပြန်နေရာကနေ အခုအချိန်မှာ မင်းသားခေါင်းကို ပြောင်းဆောင်းလာရတယ်။ ဒါကို အကောင်းဖက်က ရှုမြင်တယ်။ အခုအချိန်မှာ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအစိုးရလိုလို အရပ်သားအစိုးရလိုလို ပြောလာရတယ်။ ကြေညာလာရတယ်။ ဒါတွေဟာ ဘာပဲပြောပြော ၈လေးလုံးအရေးတော်ပုံရဲ့ အောင်မြင်မှုတွေပဲ ရလဒ်တွေပဲလို့ ကျနော်တို့က သဘောထားတယ်။ စစ်အစိုးရတပိုင်း အရပ်သားအစိုးရတပိုင်းဟာ တနေ့သောအခါမှာ ကောင်းသောအမြင်နဲ့ ပြောင်းလဲမှုတွေလုပ်လာရမယ်။ အရပ်သားအစိုးရလိုမျိုး တကယ်ကို ဆောင်ရွက်လာရမယ်။ ဒါတွေဟာ ၈လေးလုံး အရေးတော်ပုံရဲ့ အောင်မြင်မှုတွေအဖြစ် ကျနော်တို့က ရှုမြင်တယ်။

လောလောဆယ်မှာ ၈လေးလုံး အခမ်းအနားကို စစ်အာဏာပိုင်တွေရဲ့ အနှောက်အယှက် အတားအဆီးမရှိဘဲ ဆောင်ရွက်နိုင်တာကိုလည်း ကောင်းတဲ့ဖက်က မြင်တာပဲပေါ့ ဆရာ။

ဟုတ်ပါတယ်။ ၈လေးလုံးအရေးတော်ပုံကစခဲ့တဲ့ ကာလတလျောက်လုံးမှာ အရုပ်ဆိုးအကျည်းတန်တဲ့ကိစ္စတွေ၊ ပျက်စီးဆုံးရှုံးခဲ့တာတွေထက် ဒီမိုကရေစီစနစ်ကို ဦးတည်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို ကျနော်တို့က ထင်ရှားအောင် ပြောချင်တာ။
ဥပမာတခုပြောရရင် ဂျပန်ပြည်မှာ သြဂုတ်လ ၆ ရက်နေ့မှာ အနုမြူဗုံးကျဲပြီး ဖျက်ဆီးချေမှုန်းခံခဲ့ရတယ်။ အဲသည်မှာ သူတို့က အထိမ်းအမှတ်ဗိမာန်လေးတခု ဆောက်ထားတယ်။ ရှေးဟောင်းအဆောက်အအုံ တဲလေးတခု ဆောက်ထားတယ်။ အဲသည်မှာ ကဗျာတပုဒ်ရေးထိုးထားတယ်။ ကဗျာက မြန်မာလို ဘယ်လိုလဲ ဆိုတော့ “အေးဆေးငြိမ်သက် လျောင်း၍စက်တော့၊ နောက်ဆက်အမှား ဒို့များတဖန် မကျူးလွန်တော့ …” လို့ ရေးထိုးထားတယ။်
ပြောချင်တာက အနုမြူဗုံးနဲ့ ငါတို့ကို ကြဲချလိုက်တယ်ဆိုတာ အမှားပဲ။ သို့သော် ဒီအမှားမျိုးကို ငါတို့က ပြန်တုန့်ပြန်ပြီးတော့ နောက်ဆက် အမှားတွေ ထပ်ပြီး ငါတို့က မကျူးလွန်တော့ဘူး၊ ငါတို့တိုင်းပြည် ကောင်းအောင်ထူထောင်ရေးတွေမှာ ဆက်ပြီးသာ လုပ်ကြတော့မယ်လို့ ပြောတဲ့သဘောပဲလို့ အဓိပ္ဗါယ်ဖွင့်ကြတယ်။
အမှားဆိုတာဟာ အမေရိကန်အမှားလား၊ ဂျပန်တွေရဲ့ အမှားလားဆိုပြီး အငြင်းပွားတာတွေ အစတုန်းက ဖြစ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့အမှားပဲဖြစ်ဖြစ် ငါတို့ကတော့ ဒီအမှားမျိုး နောက်ထပ်မကျူးလွန်တော့ဘူးလို့ ပြောတာဖြစ်တယ်လို့ တွေးဆကြတယ်။
အခုလိုမျိုး အထိမ်းအမှတ်နေ့မှာ ကျနော်တို့ကတော့ ၈လေးလုံးအရေးတော်ပုံကြီးကနေ ကောင်းတာတွေကိုပဲ ယူဆောင် တည်ဆောက်သွားကြမယ်။ ၈လေးလုံးအရေးတော်ပုံမှာ သတ်ဖြတ် နှိပ်စက်တာတွေကို ကျနော်တို့က ပြန်လည် လက်တုန့်ပြန်တာတွေ ဒို့များတဖန် မကျူးလွန်တော့ဘူး။ နောက်ဆက်အမှားတွေလည်း မကျူးလွန်တော့ဘူးလို့ ကျနော်တို့ဖက်က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးကို ရည်ရွယ်ဦးတည်ပြီးတော့ သဘောထားမျိုးကို ပေးချင်တယ်ပေါ့ကွာ။ ကျနော်က အဲသည်လို ပြောချင်ပါတယ်။

ဟုတ်ပါပြီ။ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပမယ့် ၀ါဆိုသင်္ကန်းကပ်တဲ့ ဆွမ်းကျွေးမှာ ဆရာတို့က ဘယ်လိုတက်ရောက်ဆင်နွှဲကြမှာလဲ ဆရာ။

ကျနော်တို့အင်န်အယ်ဒီပါတီဝင်တွေ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးနဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ လူငယ်တွေအပါအ၀င် အခု ၈၈မျိုးဆက်ကျောင်းသားတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေ၊ မျိုးဆက်ဟောင်း၊ မျူိးဆက်သစ်တွေ ကျင်းပကြတဲ့ သာဓုဘုန်းတော်ကြီးကျောင်းက ၀ါဆိုသင်္ကန်းကပ်နဲ့ ဆွမ်းကျွေးကို တက်ရောက်ကြမယ်။ ကျနော်တို့ဖက်ကလည်း အကောင်းဖက်က အပြုသဘောရှုမြင်ပြီးတော့ သဘောထားတွေ ထုတ်ဖော်ပြောဆိုကြမယ်လို့ ပြင်ဆင်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ပြောမယ်။ ကျနော်တို့ကိုလည်း ပြောပါလို့ တိုက်တွန်းထားပါတယ်။

ဟုတ်ပါပြီ။ အဲသည်မှာ လက်ရှိအခြေအနေမှာ နိုင်ငံရေးအကျဉ်းသားတွေကလည်း လွတ်မြောက်လာခြင်း မရှိသေးဘူး။ တိုင်းရင်းသားနယ်မြေတွေမှာလည်း စစ်မီးတွေ တောက်လောင်နေတယ်။ လူ့အခွင့်အရေးအာမခံချက်တွေ မရဘူး။ စတဲ့ အခြေအနေတွေကလည်း ဆက်လက်ပြီး ရှိနေသေးတယ်။ ဒါတွေကနေပြီးတော့ ကျနော်တို့တတွေက ဘယ်လိုမျိုး အကောင်းမြင်မလဲဆရာ။ အဲသည်အခြေအနေတွေဖက်က ဆရာတို့က ဘယ်လိုပြောမလဲ။

ဒီအချိန်မှာ ကျနော်အနေနဲ့ ပြောနိုင်တာကတော့ ကျနော်တို့တွေမှာ နည်းလမ်းပေါင်းမျိုးစုံနဲ့ ပြညိသူလူထုတွေ၊ တိုင်းရင်းသားတွေ အားလုံးက စွန့်လွှန့်စွန့်စားပြီးတော့၊ အနစ်နာခံပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီအုတ်မြစ်တွေ ချနေတယ်၊ တည်ဆောက်နေတယ်။ အာဏာရှင်စနစ် အမြစ်တွယ်နေမှုတွေကို ဖယ်ရှားပြီးတော့ တည်ဆောက်နေကြတာဖြစ်ပါတယ်။ တဖက်က ၈လေးလုံးအရေးတော်ပုံကြီးက ပေါ်ထွန်းလာတဲ့ အပြုသဘောတည်ဆောက် အခြေချနိုင်မှုတွေကို ပြောဆိုနေချိန်မှာလည်း အခက်အခဲတွေ ရှိနေတာကိုလည်း ကျနော်တို့တတွေက ထုတ်ဖော်ပြောဆိုလျက်ရှိတယ်။ ကျောခိုင်းသွားခြင်း မရှိပါဘူး။ ဒါကြောင့်လည်း ကျနော်တို့က ဒီအခြေအနေတွေကို ပစ်ပယ်ခြင်းမရှိဘဲ ကျနော်တို့တွေဆီမှာ ညီညွတ်တဲ့ သဘောထားပြည့်ဝတဲ့ အင်အားတွေကို ဆက်လက်တည်ဆောက်ပြီးတော့ တိုးချဲ့ပြီးတော့ ဆက်ပြီး သွားကြရမှာပဲ ဆိုတာကိုလည်း သဘောပေါက်ကြစေချင်ပါတယ်။ အမြဲတမ်း အဆိုးတွေမြင်ပြီးတော့ အင်အားတွေ လျော့လျော့သွားတာမျိုး နောက်ဆုတ်သွားတာမျိုး မဟုတ်ဘူး၊ ရှေ့ကို တိုးလာကြဖို့ အပြုသဘောဆန်မှုတွေကို ထုတ်ဖော်တာ ဖြစ်ပါတယ်။

ဟုတ်ပါပြီဆရာ။ သြဂုတ်လ ၈ ရက်နေ့ ၀ါဆိုသင်္ကန်းကပ်နဲ့ ဆွမ်းကျွေးမှာ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်၊ ကျောင်းသားလူငယ်တွေ၊ ၈၈ မျိုးဆက်တွေ၊ အင်န်အယ်ဒီပါတီဝင်တွေ ခေါင်းဆောင်တွေ စုစည်းညီညွတ်တဲ့ လှုပ်ရှားမှုအဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဆရာ။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးတွေ ဖော်ဆောင်နိုင်ဖို့၊ ဒီမိုကရေစီလူ့ဘောင်ကို ဖော်ဆောင်ဖို့ အပြုသဘောရှုမြင်မှုတွေကနေ လက်တွေ့အကောင်အထည် တကယ်ပေါ်ထွန်းလာဖို့ ကျနော်တို့လည်း ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။
http://moemaka.com/index.php?option=com_content&task=view&id=9627&Itemid=1

“ကျနော့်အမြင်ကတော့ စစ်ဖြစ်နေပြီ”





(ဒဂုန်တာရာနှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ပြည်သူများက  ဒေသ အသီးသီး၌ နိုးနိုးကြားကြား၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရန် စာရေးဆရာ ဒဂုန်တာရာက ပန်ကြားလိုက်သည်။

၂ဝ၁၁ ခုနှစ်မှစ၍ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ များပြားပြင်းထန်နေသည့်အတွက် အသက်များစွာ ဆုံးရှုံးနေရကြောင်း၊ သေဆုံးသူများနှင့် ပျက်စီးဆုံးရှုံးမှုများမှာ မြန်မာပြည်ပိုင် ပစ္စည်းများသာ ဖြစ်ခြင်းကြောင့်
ပြည်သူအများက ဝိုင်းဝန်းလုပ်ဆောင်ကြရန် တိုက်တွန်းခြင်း ဖြစ်သည်။

ယင်းပန်ကြားလွှာကို ရန်ကုန်မြို့ရှိ မိတ်ဆွေတဦးမှတဆင့် နီးစပ်သူများကို ဖြန့်ဝေခဲ့သည်ဟု သိရသည်။

ဦးဌေးမြိုင် ခေါ် ဆရာကြီး ဒဂုန်တာရာမှာ ၁၉၅၃ ခုနှစ်တွင် သြစတြေးလျနိုင်ငံ ဗီယင်နာ၌ ကျင်းပခဲ့သည် “ကမ္ဘာ့ ငြိမ်းချမ်းရေးကောင်စီ”နှင့် ၁၉၆၁ တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း၌ ကျင်းပခဲ့သည့် “ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီ” အစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ ၁၉၇၄ တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ သဘာပတိ အဖြစ် ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်စဲရန်နှင့် တွေ့ဆုံဆွေးနွေးကာ ငြိမ်းချမ်းရေး တည်ဆောက်ကြရန် အတွက်လည်း ငြိမ်းချမ်းရေး ပန်ကြားလွှာမှတဆင့် အသက် ၉၃ နှစ်အရွယ် ငြိမ်းချမ်းရေးစာရေးဆရာကြီးက တိုက်တွန်းထားသည်။

 မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။

--------------------------------------------------------------------------------------------------------------------------------------

ငြိမ်းချမ်းရေးအတွက် ပြည်သူတွေ အနေနဲ့ အနယ်နယ် အရပ်ရပ်ကနေ ပါဝင်လုပ်ဆောင်ကြဖို့ ပန်ကြားလွှာ ထုတ်တယ် သိရပါတယ်ဗျ။ ဘယ်နေ့ကများ ထုတ်ခဲ့တာပါလဲ။

“ဟုတ်ပါတယ်။ ဘယ်နေ့ကလဲဆိုတာတော့ ပြန်စဉ်းစားမှ ရတော့မယ်ဗျ။ အကြာဆုံး ၄ ရက်ပဲ။ ရန်ကုန်မှာလည်း
ဝေတယ်။ ကျနော့်လူတယောက် ရှိတယ်လေ။ ဦးလှမောင်ဆိုတာ မုံရွာက လူ။ သူက တဆင့် နီးစပ်ရာကို ဝေတာ”


အခု ထုတ်ပြန်ချက်ထဲမှာကော ဘယ်အချက်တွေကို ထည့်သွင်းဖော်ပြထားလဲ။

“ငြိမ်းချမ်းရေးလုပ်ကြဖို့ တိုက်တွန်းထားတာပါ။ ကျနော်က ကိုယ်ရေးတာတွေ ကိုယ် မမှတ်မိဘူးဗျ။ “လူမသေ
 ပြည်မပျက်” ဆိုတဲ့ စကားလေး ကျနော် လုပ်ချင်တယ်ဗျ။ အဲဒါ လူတွေ အများသဘောပေါက်အောင် လုပ်ချင်တယ်။ အခက်အခဲက ရှိလာရင် ရမယ်။ ရတော့ ရမှာပါ။ ငြိမ်းချမ်းရေး ရတော့မယ်။ ကျနော် မျှော်လင့်တာပေါ့ဗျာ”

ddyမြန်မာပြည်က ဒီလို ပန်ကြားလွှာထုတ်ဖို့ လိုအပ်နေပြီလားခင်ဗျ။

“ငြိမ်းချမ်းရေးပျက်ပြီလေ။ ဒီ စစ်သားတွေ အာဏာ အတင်းယူတာဗျ။ သူတို့ လုပ်တဲ့ရွေးကောက်ပွဲ (၂ဝ၁ဝ) ကို သူတို့တပ်က လုပ်တာလေ။ စစ်တပ်အစိုးရ တက်နေပြီလေ။ အရင်ဆုံး ငြိမ်းချမ်းရေးလုပ်သင့်တဲ့ အခါကျတော့ အဲဒီဟာကို တင်လိုက်တာပဲ။  တင်တော့ ပထမတော့ လက်ခံချင်မှ လက်ခံမှာပဲ။ သူတို့က မုန်းတဲ့စိတ်တွေ များပုံရတယ်။ ကျနော်က မုန်းပါဆိုတောင် မုန်းလို့မရလို့ ခက်နေတာ”

“အခုက ကျနော်တို့ နိုင်ငံမှာ ဗမာ၊ ဗမာလို့ ခေါ်နေတဲ့ ဗမာ့တပ်မတော် ပေါ့ဗျာ။ ကချင်တို့၊ ချင်းတို့၊ ကရင်တို့၊ မွန်တို့၊ ရှမ်းတို့၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ စစ်ဖြစ်နေကြတယ်။ ကျနော့်အမြင်ကတော့ စစ်ဖြစ်နေပြီ။ အဲဒါ သိပ်မကောင်းဘူး။ ဘာလို့ဆိုတော့ သူက မုန်းတဲ့စိတ်ပါတယ်။ ဟို တဖက်ကတော့ မမုန်းဘူး။ အစိုးရဘက်က လူ၊ စစ်သားတွေကတော့ မုန်းမှာပါ။ မုန်းပုံ ရတယ် ကြည့်ရတာ”


မြန်မာပြည်ရဲ့ အခြေအနေဟာ ဘယ်လောက်ထိ
လူထုက ငြိမ်းချမ်းရှိမှ ချမ်းသာမှာ။ ငြိမ်းချမ်းရေး
မရှိရင် ဘယ်လိုမှ မချမ်းသာနိုင်ဘူး။ အခု
စစ်လက်နက်ကို အားကိုးနေလို့ မရဘူး။ ငြိမ်းချမ်း တဲ့နည်းနဲ့ လုပ်မှ ရမှာ။ အဲဒါမှ လူမသေဘဲနဲ့လူတွေက တော်တော် သေတာပဲ
ဗျ။ အရှေ့အလယ်ပိုင်းမှာလို သေတယ်။ မြန်မာ
ပြည်မှာလည်း ဒီလိုသေတာပဲဗျ။ အတူတူပဲ
ဆိုးဝါးနေတယ်လို့ ထင်မြင်ထားပါသလဲ။

“ပြည်တွင်းစစ်က လူတွေ ထိခိုက်တယ်ဗျ။ သူက ပြန့်သွားရင် စားတဲ့သောက်တဲ့နေရာတွေမှာ ထိခိုက်တယ်။ ကျန်းမာရေး ထိခိုက်တယ်။ အသက်တိုတာပေါ့ဗျာ။ အဲဒီလို ဖြစ်မှာစိုးလို့ပါ။ ခင်ဗျားတို့ကို တကယ်အားကိုးတာ။ ခင်ဗျားတို့က လုပ်နိုင်တဲ့ စွမ်းအားလည်း ရှိတယ်။ လုပ်လည်း လုပ်နိုင်တယ်။ လုပ်လည်း လုပ်တတ်တဲ့သူတွေ။ ခင်ဗျားတို့ အသက်ရှည်လေလေ
ငြိမ်းချမ်းရေး ရနိုင်လေပဲ။ ငြိမ်းချမ်းရေးရနိုင်လေ တိုင်းပြည်က ကောင်းလေပဲ။ ငြိမ်းချမ်းရေးမရရင် ဘာမှ လုပ်လို့
မရဘူး”

“ဒီစစ်သမားတွေကလည်း သူတို့မှာလည်း သူတို့ပဲ။ တွယ်စရာ မရှိဘူးလေ။ သူတို့ သနားပါတယ်။ ရှမ်းစကားလို
ပြောရင် တွယ်စရာက ကိုရီးယား (ဇာတ်ကား) ပဲ ရှိတယ်”

“ကျနော်က ငြိမ်းချမ်းရေး၊ အေးဆေး နေချင်တာဗျ။ ကျနော့်ကို ဆန့်ကျင်တဲ့သူတွေက “ရန်သူမရှိဆိုတာ” ကို မကြိုက်တဲ့သူ ရှိတယ်လေ။ အခု အဲဒီလူတွေက ကျနော့်ကို ထောက်ခံနေပါပြီ။ တဝက်တော့ ထောက်ခံနေပြီ။ ကျနော့်ကို ထောက်ခံတယ်ဆိုရင် သူတို့က ဂုဏ်ရှိတယ်လို့ ထင်ပုံမရဘူးဗျ။ ကျနော်တွေးတဲ့ အတွေးပါ။ အဲဒီတော့
အခု အဲဒီလူတွေက ကျနော့်ကို ထောက်ခံနေကြပြီ”

“အခု တော်တော်များများ ငြိမ်းချမ်းရေးစကား ပြောကြပြီ။ တကမ္ဘာလုံး ပြောကြတယ် ငြိမ်းချမ်းရေးစကားက။
လုပ်တာ၊ မလုပ်တာကတော့ မပြောလိုဘူးလေ။ တချို့က ပါးစပ်ပြောပေမယ့် လုပ်တာက တလွဲဗျ။ ငြိမ်းချမ်းရေး လုပ်တာမဟုတ်ဘူး။ ကျနော် ထင်တယ် နောက်လာမယ့် လှုပ်ရှားမှုက ငြိမ်းချမ်းရေးလှုပ်ရှားမှုပဲ”


လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေအတွက် ငြိမ်းချမ်းရေးက ဘယ်လောက်တောင် အရေးကြီးနေလို့
 မြင်ပါသလဲ။


“အရေးကြီးတာပေါ့။ သိပ်အရေးကြီးတာပေါ့။ မြန်မာပြည်မှာ ညှိနှိုင်းရေးက တပ်ကလူတွေ အာဏာမသိမ်းခင် အထိကတော့ သိပ်ကောင်းတယ်။ အခြေအနေက။ မြန်မာပြည်သူတွေက ပြောသာပြောတာ မုန်းတတ်တဲ့ စိတ် သိပ်မရှိဘူး။ အကုန် လူကောင်းတွေဗျ။ လူကောင်း၊ လူရိုး၊ အေးဆေးနေတဲ့ လူမျိုးတွေပဲ။ ငြိမ်းချမ်းရေးကို လုပ်ချင်ပေမယ့်လို့ အတင်းဖမ်းတယ်။ ဖမ်းတော့လည်း အတင်းရိုက်ဖမ်းတာဗျ။ အဲဒါ မလုပ်ရဘူးဗျ”

“ဒီ တိုက်တဲ့ခိုက်တဲ့စိတ်ပေါ့ဗျာ။ သူတို့က အခု ထင်နေတာက လက်နက်ကိုင်တဲ့သူတွေက လက်နက်နဲ့ လုပ်ရင်
 ရမယ် ထင်နေတာ။ မရဘူး။ လက်နက်နဲ့ မရဘူး။ ကမ္ဘာမှာကို အခု ပိုဆိုးနေတယ်။ ကျနော်တော့ အဲဒီလို ဆိုးတယ်လို့ မြင်တာပဲ။ မြန်မာပြည်မှာလည်း ဆိုးတယ်။ အရှေ့အလယ်ပိုင်းတွေမှာလည်း ဆိုးတယ်”


ထုတ်ပြတ်ချက်မှာ “ကျည်ဆန်ခြုံ၍ မလုံ၊ မေတ္တာခြုံမှ လုံလိမ့်မည်” ဆိုတာကကော ဘာကို ရည်ညွှန်းချင်တာလဲ။

“အဲဒါ မေတ္တာဆိုတာ ကျနော်တို့ ဗုဒ္ဓဘာသာရဲ့အခြေခံပဲဗျ။ မေတ္တာက တော်တော်လေးနက်တယ်လို့ ယူဆ တယ်။ မေတ္တာထားရင်၊ မေတ္တာဓာတ် ကြီးကျယ်လာလေ၊ ခိုင်မာလာလေ ငြိမ်းချမ်းရေး နီးစပ်လေပဲ။ ဒါမှ ငြိမ်းချမ်ရေးလုပ်ကြမှာ”


စစ်ပွဲမှာပါဝင်နေတဲ့ တိုင်းရင်းသားတွေနဲ့ အစိုးရကိုကော ငြိမ်းချမ်းရေးအတွက် ဘာပြောချင်လဲ။

“အမှာကတော့ ငြိမ်းချမ်းရေးလုပ်ကြပါပဲ ပြောရမှာပဲလေ။ ဒီစကား ရိုးရိုးစကားပဲ။ တကယ်လုပ်ရင် ရတယ်”

“ဘာလို့ဆို လက်နက်သုံးရင် တဘက်ကလည်း လက်နက်
နယ်ခြားစောင့်တပ် ဆိုတာ စစ်အင်အား၊ လက်နက် အင်အားကို ဖြည့်တာ မဟုတ်ဘူးဗျ။ ခိုင်မာအောင် လုပ်တာပဲ။ အဲဒီဟာကို ခင်ဗျားတို့ ဖျက်နိုင်ရင် ကောင်းမယ်။ ဖျက်နိုင်ရင်ဆိုတာ ငြိမ်းချမ်းရေးနည်းနဲ့ လုပ်နိုင်ရင် ကောင်းတယ်။ အဲဒါပဲ ပြောချင်တယ်
သုံးနိုင်တဲ့အခွင့်ရှိတာပဲ။ ကျနော်က မျှော်လင့်ချက်တောင် သိပ်မထားချင်ဘူး။ အခု တော်တော်စုတ်ပြတ်နေပြီ။
မြန်မာပြည်က တော်တော် ပျက်သွားပြီ။ လူတွေ လည်း
အခု ကျနော်နေတဲ့နေရာလေ ရှမ်းပြည်။ တောက လူတွေ သနားပါတယ်ဗျာ။ စိုက်တော့ မဖြစ်ဘူး။ ဈေးတွေကလည်း တက်သထက် တက်နေတာ”

“လူထုက ငြိမ်းချမ်းရှိမှ ချမ်းသာမှာ။ ငြိမ်းချမ်းရေး မရှိရင် ဘယ်လိုမှ မချမ်းသာနိုင်ဘူး။ အခု စစ်လက်နက်ကို အားကိုးနေလို့ မရဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ လုပ်မှ ရမှာ။ အဲဒါမှ လူမသေဘဲနဲ့ လူတွေက တော်တော် သေတာပဲဗျ။ အရှေ့အလယ်ပိုင်းမှာလို သေတယ်။ မြန်မာ ပြည်မှာလည်း ဒီလိုသေတာပဲဗျ။ အတူတူပဲ”


ပြည်သူထဲက ဘယ်လိုလူတွေကိုကော ငြိမ်းချမ်းရေးအတွက် မျှော်လင့်ထားလဲ။

“ငြိမ်းချမ်းရေးက ခင်ဗျားတို့ လုပ်ရင် ရတယ်။ ခင်ဗျားတို့အရွယ် (အသက် ၃ဝ ဝန်းကျင်) တွေက ဖျက်လတ်
တယ်ဗျာ။ ကျနော် အဲဒီအရွယ်ကတည်းက ငြိမ်းချမ်းရေးလုပ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်က မလုပ်တတ် ဘူးဗျ။ လှုပ်ရှားမှုထဲမှာ ပါတော့ ပါဖူးတယ်။ ပါတာက စကားအဖြစ်နဲ့သာ ပါတာ။ ကိုယ်တိုင်လုပ်တဲ့၊ စည်းရုံးတဲ့အချက် သိပ်မရှိဘူး။ လုပ်နိုင်လောက်တဲ့ အတွေ့အကြုံမရှိတဲ့ပုဂ္ဂိုလ်လို့ပဲ ကိုယ်တိုင် ဝန်ခံမိတယ်”

“လူငယ်ဆိုတာ ဖြတ်လတ်တယ်။ အတွေးကလည်း သန်တယ်ဗျ။ အတွေး မှန်တယ်။ ခင်ဗျားတို့ မလိမ်ဘူး။ ခင်ဗျားတို့ကို ကျနော် သိတယ်။ ခင်ဗျားတို့အရွယ်တွေက လိမ်တဲ့ဟာ မရှိဘူး။ လုပ်စမ်းပါ။ ကျနော် ဝမ်းသာ
ပါတယ်။ ၃ဝ ကျော်ဆိုတော့ တအားဖြစ်တယ်။ ကျနော်တို့က ကြီးပြီ၊ မလုပ်နိုင်ဘူးဗျ။ ကြီးလာတယ် ဆိုတော့ စိတ်အားနဲ့ မဆိုင်ဘူး၊ ရုပ်အားနဲ့ ဆိုင်မယ် ထင်တယ်။ ကျနော် ထင်တာလေ။ ရုပ်အားက သိပ်မကောင်းဘူး။
ကျနော် ကိုယ့်ကိုကိုယ် အားမရဘူးဗျ။ အတွေးအခေါ်ကတော့ ရှိကောင်းရှိမယ်။ ဒါပေမဲ့ လုပ်တဲ့အခါကျတော့ ခင်ဗျားတို့လောက်တော့ ဖြတ်လတ်မှာ မဟုတ်ဘူး။ အဲဒါကို ပြောချင်တာပါ”

“ခင်ဗျားတို့က ဖြတ်လတ်တယ်။ လုပ်အားလည်း ရှိတယ်။ နောက် စိတ်က ခိုင်တယ်။ ခိုင်ခိုင်မာမာ ရှိတယ်။ မပြောင်းဘူး။ တခုခု စွဲမြဲသွားရင် မပြောင်းတော့ဘူး။ ခင်ဗျားတို့ လုပ်ရင် ရမယ်။ ကျနော် အားပေးချင်တယ်”


ထပ်ပြီး ဖြည့်စွတ်ပြောချင်တာ ရှိပါသေးလား။

“နယ်ခြားစောင့်တပ်ဆိုတာ စစ်အင်အား၊ လက်နက်အင်အားကို ဖြည့်တာ မဟုတ်ဘူးဗျ။ ခိုင်မာအောင် လုပ်တာပဲ။ အဲဒီဟာကို ခင်ဗျားတို့ ဖျက်နိုင်ရင် ကောင်းမယ်။ ဖျက်နိုင်ရင်ဆိုတာ ငြိမ်းချမ်းရေးနည်းနဲ့ လုပ်နိုင်ရင် ကောင်းတယ်။ အဲဒါပဲ ပြောချင်တယ်။ မူရင်းကတော့ အဲဒါပဲ။ ခင်ဗျားတို့ သဘောပေါက်ပါတယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ အကောင်းဆုံးပဲ”
http://www.mizzimaburmese.com/interview/8108-2011-08-09-12-39-28.html




စုံစမ်းရေးကော်မရှင်ဖွဲ့ရေး ထိုင်း လူ့အခွင့်အရေး အကြီးအကဲ တိုက်တွန်း



2011-08-09
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းနိုင်ဖို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို ထိုင်းနိုင်ငံ အပါ အ၀င် အာဆီယံအဖွဲ့ကပါ ထောက်ခံဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မင်းကြီး Dr. Nirun Pitakwatchara က တိုက်တွန်း လိုက်ပါတယ်။
UN Human Rights Council
ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့ အခွင့်အရေး ကောင်စီ
ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ မြန်မာ့အရေး လှုပ်ရှားသူတွေ မနေ့က ကျင်းပတဲ့ ရှစ်လေးလုံး (၂၃)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ သူက အဲဒီလို ထုတ်ဖေါ်ပြောဆို လိုက်တာပါ။ အာဆီယံ နိုင်ငံတွေကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်နေရုံနဲ့ မပြီးဘဲ အာဆီယံ ပြည်သူတွေ အကျိုးအတွက်ကိုလည်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်း စုံစမ်းရေး ကော်မရှင် ဖွဲ့ရေးကိစ္စကို မထောက်ခံရင် အာဆီယံအတွက် အနာဂါတ် ပျောက်ဆုံး နိုင်ကြောင်း Dr. Nirun က သတိပေး ပြောကြား ပါတယ်။ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထိုင်းလူ့အခွင့်အရေး ကော်မရှင်မင်းကြီး Dr. Nirun Pitakwatchara ကထောက်ခံ လိုက်တာနဲ့ ပတ်သက်လို့ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက် သူများ ကွန်ယက် တာဝန်ခံ ဒေါ်ခင်ဥမ္မာက ကြိုဆို လိုက်ပါတယ်။ “Pitakwatchara က အာဆီယံကို စီးပွားရေး ပူးပေါင်း ဆောင်ရွက် တာကိုပဲ မဖြစ်စေချင်ဘူးတဲ့။ လူထုအတွက် ရပ်တည် ပေးတာမျိုးကို ဖြစ်စေချင်တယ်။ ဒါကြောင့်မို့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ကို ထောက်ခံရမယ်။ တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်က ရွာတွေကို မီးရှို့သတ်ဖြတ် လုပ်ချင်သလို လုပ်နေတာ ဗိုလ်ချုပ်သိန်းစိန် အစိုးရကလည်း ဘာမှ အရေးယူတာ မလုပ်တဲ့အပြင် လောလောဆယ် မှာကို မုဒိန်းကျင့်တာ ပေါ်တာဆွဲ တာတွေ ဖြစ်နေတယ်။ ဒါ့ကြောင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ လိုတယ် လောလောဆယ် ဖြစ်နေတာတွေ ကိုပါ ရပ်တန့်နိုင်မယ် ကာကွယ် နိုင်မယ်လို့ ပြောတာဖြစ်တယ်” ပြီးခဲ့တဲ့ မေလတုန်းကလဲ အင်ဒိုနီးရှား လူ့အခွင့်အရေး ကော်မရှင် ဒုတိယအကြီးအကဲ Mr. Nurkholis က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို အာဆီယံက ထောက်ခံဖို့ တိုက်တွန်း ခဲ့ပါတယ်။
http://www.rfa.org/burmese/news/human-right-council-08092011115909.html