Sunday, August 14, 2011

နာမည်ကြီးစာရေးဆရာနန္ဒာသိန်းဇံ ကွယ်လွန်


အတွေးအခေါ်နှင့်ကျင့်ကြံရန်စာကောင်းပေမွန်များရေးသားသောနာမည်ကြီးစာရေးဆရာနန္ဒာသိန်းဇံ
ဆေးရုံကြီးမှာခုနကတင်ကွယ်လွန်သွားကြောင်းဖေ့စ်ဘွတ်တွင်သတင်းများတက်လာပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးတွင် တခဲနက်ကြိုဆိုသည့်မှတ်တမ်း

https://picasaweb.google.com/104599519102251045718/yrjKND

၁၄.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/y9yobaopfwagf3v/14%20August%202011%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/y9h7c9tz0teyfbh/14%20August%202011%20Yeyintnge%27s%20diary.pdf
14 August 2011 Yeyintnge's Diary

အလွမ်းဓါတ်ခံရှိသူလေး




ဧရာဝတီမြစ်ကို ပိတ်ဆို့ ရေကာတာတည်ဆောက်ခြင်း(ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့)

http://www.mediafire.com/file/ayzyhv3vvajgjk7/%u1027%u101B%u102C%u1040%u1010%u102E%u103B%u1019%u1005%u1039%u1000%u102D%u102F%20%u1015%u102D%u1010%u1039%u1006%u102D%u102F%u1094%20%u1031%u101B%u1000%u102C%u1010%u102C%u1010%u100A%u1039%u1031%u1006%u102C%u1000%u1039%u103B%u1001%u1004%u1039%u1038.pdf
ဧရာဝတီမြစ်ကို ပိတ်ဆို့ ရေကာတာတည်ဆောက်ခြင်း

ဒေးဗစ် ကင်မရွန် သည် မြန်မာ စစ်အာဏာရှင် များလို အကျင့်ယုတ် သူ ဟု ဆို


by politics on August 13, 2011

စားစရာ မရှိ တဲ့ ပြည်သူတွေ ရဲ့  လိုအင်ဆန္ဒအရ ပေါ်ထွက် လာတဲ့ အင်္ဂလန် လူထု အုံကြွမှု ကိုစစ်တပ်ပါ ခေါ် ပြီးရက်ရက်စက်စက် နှိပ်ကွပ်ဖို့  စီစဉ် ထား တဲ့ ဒေးဗစ် ကင်မရွန် ကို အင်္ဂလန်ပြည်သူလူထု နဲ့  ရဲတပ်ဖွဲ့  ၀င်များ ကအကြီးအကျယ် မကျေမနပ် ဖြစ်ကာ ” သူဟာ ကိုယ့် ပြည်သူ ကို ပြန် သတ် တဲ့ မြန်မာ စစ်အာဏာရှင် လို လူစား မျိုး”ဟု အင်္ဂလန် နိုင်ငံတ၀ှမ်းက ဖေ့ဘွတ်နဲ့  တွစ်တာ အသုံး ပြု သူ ကျောင်းသား ၊ ကျောင်း သူများ ရဲ့  မှတ် ချက် တွေမှာရေးသား ထားပါတယ်။

ဗြိတိသျှ ၀န်ကြီးချုပ် ကို ဝေဖန်မှု တွေ ဟာ လူမှု ကွန်ယက်တွေ မှာ သာ မက Guardian ,Independent, iTVစတဲ့ ဗြိတိသျှ မီဒီယာ တွေ မှာ လည်း ဝေဖန် ရှုံ့ ချကြပါတယ်။

ဒေးဗစ် ကင်မရွန် ဟာ ရဲတပ်ဖွဲ့  ကို လည်း အသုံး မကျ ဘူး လို့  ဝေဖန် ခဲ့ မှု ကြောင့် ဗြိတိသျှ ရဲတွေ ရဲ့  ငြိငြင် ခြင်းကို လည်း ခဲ့ ခဲ့ ရပြီး ရဲတပ်ဖွဲ့  ကို ပြုပြင် ပြောင်းလဲ မယ် ဆို တဲ့ သူ ရဲ့  အစီအစဉ် ကြောင့် ရဲတပ်ဖွဲ့ ဝင် တွေ က ပြင်းပြင်းထန်ထန် ဝေဖန် ရှုံ့  ချခြင်း ကို လည်း ခံ နေရ သူဖြစ်ပါတယ်။

လူမှု ကွန်ယက် တွေ ကို ပိတ်ပင်ဖို့  နဲ့  အုံကြွမှု တွေ ကို နှိမ်နှင်း ဖို့  အမေရိကန် အထူး ရဲတပ်ဖွဲ့  တွေ ကို လည်းအင်္ဂလန် ခေါ် ယူပြီး လန်ဒန် ရဲ တွေ ကို သင်တန်း ပေး ဖို့  စီစဉ် တာကြောင့်သူဟာ အာဏာရှင် တစ်ယောက် နဲ့ သိပ် တူတယ်။ အုံကြွမှု တွေ ဖြစ်လာ ရင် ပြင်းပြင်းထန်ထန်ဖြိုခွင်း ဖို့  မီးသတ်ပိုက် တို့  ရာဘာကျဉ်ဆန် တို့  သုံးဖို့ ခွင့် ပြုတယ် စစ်တပ် ပါ လိုအပ် ရင် ခေါ်ဖို့  ကြိုးစားတယ်။ သူဟာ အရူး ပဲ …. သူဟာ မြန်မာ နိုင်ငံ မှာ သင်တန်းသွားတက် ခဲ့ သလို ပဲနော်တင် ဟမ် တက္ကသိုလ် မှ ပထ၀ီ နိုင်ငံရေး ပညာရှင် ဆူဇန် မောင်ဂို မာရီ က FNGကို ပြောပါတယ်။

အင်္ဂလန် က နာမည်ကျော် ဂါဒီးယန်း သတင်းစာ ရဲ့  စစ်တမ်း အရ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန် ရဲ့  လူကြိုက်များမှု ဟာ ကျဆင်း သွား ပြီး တကယ် လို့  ကဒါဖီ လန်ဒန် လာလည် ရင်တောင် သူ့ ထက် လူ ကြိုက် များ အုံးမယ် လို့ ဆိုပါတယ်။


ဖီလာဒဲဖီယား ညမထွက် ရ အမိန့် ကြောင့် အဖမ်းအဆီးများ
by politics on August 13, 2011

ဆယ်ကျော်သက် လူငယ်များ အချင်းချင်း အဓိကရုဏ်းဖြစ်ပွားပြီး ပြည်သူပိုင် နှင့် အများ ပိုင် ပစ္စည်းများကို ဖျက်ဆီးမှု ဖြစ်ပွားပြီး နောက် အမေရိကန် နိုင်ငံ ဖီလာဒဲဖီယား မြို့ အုပ် ချုပ် ရေး ကောင်စီကည ဆယ် နာရီ ကျော်လျှင်အသက် ၁၃ နှစ် အောက် လူငယ်များ အပြင် မထွက်ရ အမိန့် ထုတ်ပြန်ပြီး ညသန်း ခေါင်ယံ ရောက် လျှင်အသက် ၁၈ နှစ်အောက် လူငယ် များ အပြင် မထွက် ရအမိန့် ထုတ် ပြန် ထားရာ ထို အမိန့် ကို မလိုက် နာ သည့်ဆယ် ကျော် သက် လူငယ် များ ကို ရဲကဖမ်းဆီး ခဲ့ သည်။

ယနေ့ ညတွင် ရဲက လူငယ် ၄၀ ကျော် ကို ဖမ်းဆီး ခဲ့ ပြီး ၂၂ ဦး ကို တရားစွဲ ဆို မည် ဖြစ်သည်။

ဖီလာဒဲဖီယား မြို့ တော်ဝန် မိုက်ကယ် နတ်သား က ” ဖီလာ ဒဲဖီယား သည် လန်ဒန် မဟုတ် ဟုဆို ကာ ‘” လူငယ်များညမထွက် ရ အမိန့် ကို ထုတ် ပြန် ခဲ့ ခြင်း ဖြစ်သည်။ ထို အမိန့် က လူငယ်များ က အုပ်စုလိုက် အန်တု မှုများ ရှိ ပြီး မြို့  ခံ အချို့  နှင့် တက်ကြွသူများ က ဝေဖန် ကြသည်။




ဆန်ဖရန်စ္စကို တွင် ဆန္ဒပြမှု မကြီးထွားရန် အတွက် မိုဘိုင်းဖုန်းများ ဖြတ်တောက်


ဆန်ဖရန် စစ္စကို မြို့  ဘေးဧရိယာရှိ ရထားလိုင်းများ ပေါ် တွင် ဆန္ဒပြမှု အတွက် စုရုံးခြင်း မရှိနိုင်ရန် BART ဟု ခေါ်သည့်Bay Area Rapid Transit မှာ ဆဲလ်ဖုန်း လိုင်းများ ကို ဖြတ်တောက်ထားလိုက် သည်။

ဆန္ဒပြသူများ က ရဲက ပစ်သတ် လိုက်သည် ဟု ယူဆရသည့် Charles Hill အသတ် ခံရမှု အတွက်ရထားဆက်သွယ်မှုလိုင်း များ ကို ပိတ် ဆို့  ဆန္ဒပြ ရန် ကြိုးပမ်း စဉ် ဖြတ် တောက် ခဲ့ ခြင်း ဖြစ် သည်။

အမေရိကန် ရထား လမ်း အာဏာပိုင် များ ကို ယခု ကဲ့ သို့ ကြိုးမဲ့ ကွန်ယက် ဆက် သွယ်မှု လိုင်းများဖြတ်တောက် ခြင်းကို ပြည်သူများ နှင့် လူ့ အခွင့် အရေး အဖွဲ့  အစည်း များက အကြီး အကျယ်ဝေဖန် ကြသည်။

ယခု သီတင်း တစ်ပတ် အတွင်း အမေရိကန် နိုင်ငံ ၀စ္စကွန်ဆင် ပြည်နယ် ဉ် လည်း ဆန္ဒပြမှုများ ဖြစ်ပွား သကဲ့ သို့ Verizon တယ်လီဖုန်း ဆက်သွယ်ရေး မှာ ၀န်ထမ်း သောင်း နှင့် ချီ ဆန္ဒပြမှု များ လည်းဖြစ်ပွား ခဲ့ သည်။

အမေရိကန် နိုင်ငံ ဖီလာဒဲဖီယား မြို့  တွင် မူ လူငယ် များ နဲနဲ ဆူပူသည် ဟု အကြောင်းပြကာ ည ၉ နာရီ ကျော်လျှင်အသက် ၁၈ နှစ် အောက် လူငယ်များ လမ်းပေါ် မထွက်ရ အမိန့် ထုတ် ပြန် ထား သဖြင့်မငြိမ် မသက် ဖြစ်နေသည်။
http://freedomnewsgroup.com

စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးသို့



ရဲဘော်ထွန်းအောင်ကျော် (တောခို အန်အယ်ဒီ)
သြဂုတ် ၁၄၊ ၂၀၁၁


လူထုတိုက်ပွဲဖြစ်တဲ့ ၈၈၈၈ အရေးတော်ပုံကြီးက ပြည်ထောင်စုသစ်အတွက် ရလဒ်ကောင်းတွေကတော့ တပါတီစနစ်ကို မြေမြှုပ်နိုင်ခဲ့ပါတယ်။ ပြည်တွင်းစစ် နှစ် ၆၀ ကျော် ပုန်ကန်ထကြွနေတဲ့ လက်နက် ကိုင်တိုင်းရင်းသားများရဲ့ဘ၀ကို ၈၈၈၈ ဒီဘက်ကာလမှာ သိခွင့်ရခဲ့တယ်။ ဗမာ မုန်းတီးရေးကနေ စစ်အာဏာ ရှင်စနစ်မုန်းတီးရေးဆီသို့ မိတ်ဘက်တိုက်ပွဲ အောင်ပွဲဆင်ခဲ့ပါတယ်။ အရေးတော်ပုံကို အာမခံနိုင်တဲ့ ခေါင်း ဆောင်မှုနှင့် သွေးစည်းညီညွတ်ရေးကို အပူတပြင်းတောင်းဆိုနေချိန်ဖြစ် တယ်။ တော်လှန်ရေးလိုအပ်ချက်ကို အမြှော်အမြင်ရှိရှိဖြင့် သွေး စည်းညီညွတ်ရေးအတွက် ကိုယ်စွမ်း ဥာဏ်စွမ်း စိုက်ထုတ်ပြီး အစွမ်းကုန်ကြိုးစားပါရန် လေးနက်စွာဖြင့် တင်ပြလိုက်ပါတယ်။

သွေးစည်းညီညွတ်ရေးဆိုတာ တော်လှန်ရေးအတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်ကြီးလည်းဖြစ်ပါတယ်။ လက် တွေ့ခက်ခဲလှပါတယ်။ ညီ ညွတ်ရေးအတွက် ထားသင့်ထားအပ်တဲ့ အမြင်သဘောထားကတော့ မတူကွဲပြားခြားနား မှုများကြောင့် အကြွင်းမဲ့ညီညွတ်ရေးတော့ မရနိုင် ပါဘူး။ တထပ်တည်းလည်း မကျနိုင်ပါဘူး။ တထပ်တည်းမကျပေမယ့် တော်လှန်တဲ့ဘုံလုပ်ငန်းစဉ် လမ်းစဉ်နဲ့အတူ နေထိုင်ရင်း အာဏာရှင် ကို ပူးပေါင်း လက်တွဲ တော်လှန်တိုက်ပွဲဝင်ရင်း နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရပါတယ်။ မတူကွဲပြားခြားနား သူများနှင့်အတူ ယှဉ်တွဲ လုပ်ကိုင်နိုင်ခြင်းဟာ အရည်အချင်းကောင်းတခုပဲဖြစ်ပါတယ်။


ရန်သူနှင့် ညီညွတ်ရေးကတော့ ဒီနေ့ရန်သူ၊ မနက်ဖြန် မိတ်ဆွေဆိုတဲ့အသိကို သတိနှင့်ယှဉ်ပြီး ထာဝရ ရန်သူ၊ ထာဝရ မိတ်ဆွေ ဘယ်တော့ မှမရှိဘူးဆိုတဲ့သဘောထားနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု သွေးစည်းညီညွတ်ရေးအတွက် စည်းရုံးသိမ်းသွင်းသွားရပါမယ်။


ယခု တွေ့ဆုံဆွေးနွေးနေရတယ်ဆိုတာ တွေ့ချင်လို့တွေ့လာရတာတော့ မဟုတ်ပါဘူး။ တိုက်ပွဲတွေကြောင့် ဘဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်မှုနဲ့ ပြည်တွင်းအတိုက်ခံအင်အားစုတွေရဲ့ ဆန့်ကျင်လှုပ်ရှားမှု၊ တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲတွေအရှိန်မြင့်မား နေမှု၊ နိုင်ငံတကာသံတမန်ဖိအား တွေနှင့် ဘက်စုံတိုက်နေတဲ့ ဖိအားတွေကြောင့် ဖြစ်လာရတာပါ။ တွေ့ဆုံဆွေးနွေးနေရတယ် ဆိုပြီး အရှိန် မလျော့ဘဲနဲ့ ကိုယ့်လူကိုယ်ယုံရင် ဟိုလူကိုဖိတိုက်ထားရပါမယ်။


တော်လှန်ရေးဟာ အမှန်တရားဖြစ်သည့်အတွက် မုချ အနိုင်ရမှာဖြစ်ပါတယ်။ ခရီးကလှမ်း - လမ်းကကြမ်းတာမို့ ၈၈၈၈ စိတ်ဓါတ်ကို အခြေ ခံပြီး ဇွဲ၊ လုံ့လ၊ ၀ိရိယတို့နှင့် အားသွန်ခွန်စိုက် ချီတတ်ကြပါမှ အောင်ပွဲပန်းတိုင်ကို အမြန်ဆွတ်ခူးနိုင်ပါမယ်။ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ဘို့ ကျွန်တော်တို့အနေနဲ့သွေးစည်းညီညွတ်တဲ့ အင်အားရှိရပါမယ်။ သွေးစည်းညီညွတ်ရေးဟာ ပြည်ထောင်စုအတွက် တိုက်ရိုက်အချိုး ဖြစ်စေပါတယ်။


တော်လှန်ရေး မဟာမိတ်ရဲဘော်များခင်ဗျာ... တော်လှန်ရေးရဲဘော်တွေဟာ တော်လှန်တဲ့ အတွေးအခေါ်က အဓိကကျပါတယ်။ တော်လှန် တဲ့အတွေးအခေါ် တိကျရှင်းလင်းမှသာ လမ်းစဉ်လုပ်ငန်းစဉ် ရှင်းပြီး တိကျစွာ လုပ်ကိုင်နိုင်မှ အောင်မြင်ပါမယ်။ အတွေးအခေါ်ရှုပ်ထွေးနေရင် လမ်းစဉ်လုပ်ငန်းစဉ်တွေေ၀၀ါးရှုပ်ထွေးပြီး အောင်ပွဲနဲ့ဝေးနေပါဦးမယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု သွေးစည်းညီညွတ်ရေးအတွက်



၁။ တော်လှန်တဲ့ အတွေးခေါ်တူရပါမယ်။

၂။ တော်လှန်တဲ့ လမ်းစဉ် လုပ်ငန်းစဉ် တူရပါမယ်။

၃။ေ၀၀ါး ရှုပ်ထွေးစေတဲ့အရာ ကိစ္စတွေကို တိုက်ထုတ်ရပါမယ်။

ဒါတွေလိုအပ်တယ်လို့ ယူဆမိပါတယ်။


တော်လှန်ရေးအင်အားစုတွေ၊ လူမျိုးစုံတော်လှန်ရေး တပ်မတော်အင်အားစုတွေ၊ ပြည်သူလူထုတွေ မာန်သွင်းပြီး ဟန်ချက်ညီညီ ဖိတိုက် ထားနိုင်မှ၊ ဟန်ပြတွေ့ဆုံဆွေးနွေးရေးကနေ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးအဆင့်ကို တွန်းပို့နိုင်မှာဖြစ်ပါတယ်။ အဲဒီကနေတဆင့်....


၁။ နိုင်ငံရေးအကျဉ်းသားတွေလွှတ်မြောက်ရေး

၂။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး

၃။ မတရားအသင်းကြေညာချက် ရုပ်သိမ်းတာတွေ ဖြစ်လာမယ်လို့ ယူဆပါတယ်။


ကိုယ့်လူကိုယ်ယုံရင် ဟိုလူကို ဖိတိုက်ထားကြပါရန် တပ်လှန်နိုးဆော်လိုက်ပါတယ်။ တော်လှန်ရေးသစ္စာဖြင့် ...
http://moemaka.com/index.php?option=com_content&task=view&id=9659&Itemid=1

ပြည်ထောင်စု အစိုးရ အဆင့် သတင်းစာ ရှင်းလင်းပွဲ




မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၂၁ မိနစ်


နေပြည်တော်တွင် ယခုလ ၁၂ ရက်နေ့ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲကို နှစ်ပိုင်းခွဲ ကျင်းပပြီး ပထမတပိုင်း
တွင် ဦးကျော်ဆန်းက ၁ နာရီနှင့် မိနစ် ၄ဝ ကြာ လက်ရှိ ဖြစ်ပွားနေသော ကချင်လွတ်မြောက်ရေး အဖွဲ့နှင့် ပဋိပက္ခ
ကို အဓိကထား ပြောကြားသွားခဲ့ကာ ဒုတိယပိုင်းတွင် သတင်းထောက်များ၏ မေးမြန်းမှုများကို ဖြေကြားသည်။

ဒုတိယပိုင်း မေးမြန်းမှုနှင့် ဖြေကြားမှုများများ အောက်ပါအတိုင်းဖြစ်သည်။
-------------------------------------------------------------------------------------------------------------------------------
ဦးအောင်လှထွန်း (ရိုက်တာသတင်းဌာန)

“ကျနော်တို့ကို ဖိတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် နောက်တခုက ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေး အဖွဲ့ ဖွဲ့စည်းခြင်းကိုလည်း ကြိုဆိုပါတယ်။ ဖြစ်နိုင်ရင်တော့ ဌာနဆိုင်ရာတခုမှာ တဦးထား၊ ဒါမှမဟုတ် အဖွဲ့အစည်းလို ထားရင်လည်း လုံလောက်ပါတယ်။ ဆိုလိုတာက အရေးပေါ်ကိစ္စရှိလာရင် ဘယ်သူ့ကို မေးရမလဲမသိဘူး။
အသေးစိတ် မရှင်းရင်တောင်မှ Yes or No လောက်ကို ပြောလို့ရအောင်လို့ပါ။ အဲဒါက မေးခွန်း မပါသေးပါဘူး
ခင်ဗျ။ ကျနော်မေးချင်တာက သတင်းစာတခုက နေပြည်တော်မှာ မြေအောက်ခန်း ဆောက်တော့မည်။ Yes or No တခုမှ မရဘူး။ အဲဒီလိုမျိုး ကျနော်တို့ contect လုပ်ဖို့ အရမ်းအရေးကြီးပါတယ်။ နောက်တခုက Currency Reform လုပ်ဖို့အတွက် IMF နဲ့ဆည်း ဆက်သွယ်စုံစမ်းနေတယ်ဆိုတာ သိရပါတယ်။ ကျနော်သိချင်တာက FEC အနာဂတ်က ဘယ်လိုရှိသလဲ။ သက်ရောက်မှုက ဘယ်လိုရှိပါသလဲ။ အခုလို withdraw လုပ်တဲ့အခါမှာ ဘယ်လို လုပ်ပေးသွားမလဲ ဆိုတာ သိချင်ပါတယ်။ ကျနော်တို့ ဂျာနယ်ဇင်း မူဝါဒနဲ့ ပတ်သက်လို့ relax လုပ်လာတာ တွေ့ရပါတယ်။ ဝမ်းသာ ပါတယ်။ ဒါပေမဲ့ ကျနော်စိတ်ဝင်စားတာ တခုက အဲဒီသတင်းစာတွေနဲ့ blog တို့၊ website တို့ကိုလည်း relax ဖြစ်အောင် ကြည့်ပေးစေချင်ပါတယ်”



ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီးဌာန)

“ကျနော်တို့ဘက်ကလည်း တကယ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာကြောင့် အဲဒီစကားကို ပြောရသလဲ
ဆိုတော့ ကျနော်တို့အဖွဲ့နဲ့ တနည်းပြောရရင် နိုင်ငံတော်အစိုးရအနေနဲ့ ဒီစတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ မီဒီယာသမားတွေ
ဟာ ခွဲလို့မရနိုင်ဘူး။ တိုင်းပြည်အကျိုးအတွက် ပြည်သူအကျိုးအတွက် ပူးတွဲလုပ်ကြရမှာဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ဘက်က ဒီလိုပြောရေးဆိုခွင့်ဖွဲ့တာ ဖိတ်တာတွေဟာ ကျေးဇူးတင်တင်သလို၊ ကျနော်တို့နဲ့ မီဒီယာသမား
တွေ စတုထ္တမဏ္ဍိုင်သမားတွေ အားလုံးက ဘာပဲဖြစ်ဖြစ် ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်တာကိုပဲ ကျေးဇူးတင်
ပါတယ်လို့ ပြောလိုပါတယ်။ နောက်တခါ သတင်းစာတွေမှာ ပိုမို ချောမွေ့ပို့ရန်အတွက် contect person ဝန်ကြီး ဌာနထားဖို့ကိစ္စ ဆက်ပြီးလုပ်ဆောင်ရမဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အရင်အစိုးရ လက်ထက်မှာ
စပြီး အကောင်အထည်ဖော်ခဲ့တယ်။ ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ contect person နဲ့ ကျန်တဲ့ဝန်ကြီးဌာန အသီးသီးကလည်း အလားတူထားနိုင်အောင် ကျနော်တို့ ညှိနှိုင်းဆောင်ရွက်ပါ့မယ်။ ဒီမှာရှိတဲ့ ပုဂ္ဂိုလ်များ၊ ဒုတိယ ဝန်ကြီး တာဝန်ရှိကြတဲ့ ပုဂ္ဂိုလ်များ အကြီးအကဲများဖြစ်တဲ့အတွက် ညှိနှိုင်းဆောင်ရွက်ပေးမယ်။ ဘယ်သူကို
ထားတယ်။ ဘယ်ဖုန်းနံပါတ်နဲ့ မေးနိုင်တယ်ဆိုတာ ကျနော်တို့ကို ပြောပါ။ ကျနော်တို့က သက်ဆိုင်ရာဝန်ကြီးများ
ကို အကြောင်းကြားပေးပါ့မယ်။ ဒါပေမဲ့ ဒီနေရာ ထပ်ပြီးတော့ ကျနော် မေတ္တာရပ်ခံလိုတာကလည်း အဲဒီလို ပြည်သူ အကျိုးဆောင်ရွက်တဲ့အခါမှာ တဘက်နဲ့တဘက် အသိရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒီလို contect person ထားတယ်။ မေးမြန်းကြမဲ့ မီဒီယာအဖွဲ့က သင့်လျှော်ညီညွတ်မှု မရှိတဲ့ ကတ်သိကတ်သတ် မေးခွန်းတွေနဲ့
လည်း သိပ်ပြီးတော့ မဆောင်ရွက်စေချင်ပါဘူး။ အဲဒီလိုနဲ့ နှစ်ဦးနှစ်ဘက် နားလည်မှုရှိရှိနဲ့ ဆောက်ရွက်ပါ့မယ်။ ကျနော်တို့ စတင်တဲ့ လုပ်ငန်းတွေ အောင်မြင်ပါမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဆိုရင်တော့ အခက်အခဲ ရှိကောင်း ရှိလာနိုင်ပါတယ်လို့ ပြောလိုပါတယ်။ ဒါကြောင့် ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က ဆောက်ရွက်ပေး ပါ့မယ်လို့ ပြောလိုပါတယ်”

ဦးသန်းညိမ်း (ဗဟိုဘဏ် ဥက္ကဋ္ဌ)

“Exchange Rate နဲ့ ပတ်သက်ပြီး ကျနော်တို့နိုင်ငံရဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဝဘမှာ အကျိုးရှိအောင်
နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုနဲ့ နိုင်ငံအတွက် အကျိုးရှိမယ့် တည်ငြိမ်တဲ့ နိုင်ငံခြားငွေလဲနှုန်းမူဝါဒ၊ တည်ငြိမ်တဲ့
ငွေလဲနှုန်းတရပ် ရရှိဖို့အတွက် ကျနော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာ နိုင်ငံတကာ
ငွေရေးကြေးရေး တည်ငြိမ်မှုနဲ့ နိုင်ငံတကာကြေး တည်ငြိမ်မှု ကိစ္စကိုလည်း အဓိက တာဝန်ရှိပြီးတော့ ပူးပေါင်း
ဆောင်ရွက်ဖို့ ရှိပါတယ်။ နောက်မေးခွန်းတခုက FEC နဲ့ ပတ်သက်လို့ ၂ဝဝ၆ ခုနှစ်ကစပြီးတော့ လုပ်ခဲ့တယ်။ ဒီပြည်တွင်း ငွေကြေးတည်ငြိမ်ရေးကိစ္စ လုပ်ပြီးရင်တော့ FEC ရုပ်သိမ်းရေးကိစ္စကိုလည်း အလိုလိုပါသွားမှာပါ။
အဲဒီလို ရုပ်သိမ်းလိုက်ပါက FEC ကိုင်နေတဲ့ နိုင်ငံသားများအနေနဲ့ နစ်နာမှုမရှိအောင် ကျနော်တို့ အထူးဦးစားပေး
ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ နိုင်ငံခြားငွေလဲနှုန်းတူညီနဲ့ နိုင်ငံခြားငွေ ပေါင်ဈေးနဲ့ ကျပ်ငွေအဖြစ်ရရှိဖို့အတွက် နစ်နာမှုမရှိစေဖို့ ကျနော်တို့ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်”

ဒေါက်တာ ဇော်သန်း (ဆန်ကေးရှင် ဘွန်သတင်းဌာန)

“ကျနော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦအောင်ကြည်တို့နဲ့ တွေ့မယ်၊ ကျနော်တို့လည်း ဒီမှာရောက်နေတယ်
ဆိုတော့ သူတို့ဘယ်အချိန်မှာများတွေ့မယ်ဆိုတာ ကျနော်တို့ကို နည်းနည်းပြောပြပေးပါ။ နောက်တခုက
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော် အစိုးရအကောင်အထည်ဖော်နေတဲ့ စီးပွားရေးရေး၊ လူမှုရေး၊
ကဏ္ဍများမှာ ဘယ်လောက်ထိ ပါဝင် ပူးပေါင်းပါဝင်နိုင်မလဲဆိုတာ သိချင်ပါတယ်”

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီးဌာန)

“နံပတ် ၁ မေးခွန်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ဒီနေ့ ၁ နာရီမှာတွေ့မှာပါ။ ထုတ်ပြန်ချက်
လည်း ထုတ်မှာဖြစ်တဲ့အတွက် အကြောင်းအရာတွေ ရရှိမှာဖြစ်ပါတယ်”

“ဒုတိယ မေးခွန်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ငြိမ်းချမ်းတည်ဆောက်မှုတွေ၊ ငြိမ်းချမ်းရေး ညှိနှိုင်းမှုတွေ၊
နောက် အခြားသော နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်းများကိစ္စတွေမှာ အတိုင်းအတာတခုထိ ပါဝင်ခွင့်ရနိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အားလုံးသိကြတဲ့အတိုင်း ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ငြိမ်းချမ်းရေး
နဲ့ ပတ်သက်လို့ သူမအနေနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဆိုတော့ ငြိမ်းချမ်းရေးကို ကျနော်တို့ နိုင်ငံတော် အစိုးရ
အနေနဲ့ အခြေခံ ဥပဒေနဲ့အညီ ကြိုးပမ်းနေတာပါ။ တပ်မတော်နဲ့ ကေအိုင်အိုအကြား အပစ်အခတ် ရပ်ဆိုင်းရေး ကိစ္စအတွက်လည်း ကချင်ပြည်နယ် အစိုးရကို တာဝန်ပေးပြီးတော့ ညှိနိုင်းဆောင်ရွက်နေတာရှိပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးကို လိုလားကြတဲ့ ကချင်ပြည်နယ်က လူတွေ၊ ထင်ရှားတဲ့ လူတွေ၊ အန်ဂျီအို အဖွဲ့အစည်းတွေ ကိုယ်တိုင် ကလည်း ငြိမ်းချမ်းရေးကို လိုလားတဲ့ သူတို့ရဲ့ ဆန္ဒတွေကို ဖော်ထုတ်မှု၊ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အဲဒီလို ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တောင်းဆိုတဲ့ စာပေတွေကို ရေးသားပြီးတော့ နိုင်ငံတော်သမ္မတကြီးနဲ့လည်း ကေအိုင်အိုအဖွဲ့ကို ပေးပြီးတော့ ဒါတွေကို
ဆောက်ရွက်နေတာပါ။ ဆိုလိုချင်တာကတော့ ပါဝင်ပူးပေါင်းပြီးတော့ ဆောင်ရွက်နေကြတယ်။ ဒါကြောင့် နှစ်ဘက်
အဖွဲ့ အပစ်အခတ် တိုက်ခတ်မှု ရပ်ဆိုင်းရေးကိစ္စတွေ၊ နှစ်ဘက်အဖွဲ့ ငြိမ်းချမ်းရေးကိစ္စတွေ မည်သူမဆို ပြည်သူ
အားလုံး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အနေအထားရှိတယ်။ ကျန်တဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကိစ္စတွေမှာလည်း နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က သဘောတူ ညီချက်တွေ ပူးပေါင်းဆောင်ရွက်ကြမယ်။
အခြေခံ ဥပဒေဘောင်အတွင်းက ဆောင်ရွက်လာတာ မှန်သမျှကို လက်ကမ်းကြိုဆိုတာ ဖြစ်တဲ့အတွက် မည်သူ မဆို နိုင်ငံရေး ကြိုးပမ်းမှု ကိစ္စတွေမှာလည်း အခြေအနေရှိပါတယ်လို့ ခြုံငုံပြီး ဖြေကြားလိုပါတယ်”

ဦးတင်မောင်အေး (အဆာဟိ ရှင်ဘွမ်းသတင်း ဌာန)

“ကျနော်တွေ့တာကတော့ ညှိနှိုင်းနေတဲ့ ကိစ္စတွေမှာ များသောအားဖြင့် ကျနော်တို့က ပြည်ပသတင်းဌာနတွေ
ကိုဘဲ နားထောင်နေရပါတယ်။ အဲဒီတော့ အကြံပေးချင်တာကတော့ ကျနော်တို့ ပြည်တွင်း သတင်းဌာန ကနေ
မြန်မြန်ထုတ်ပေးဖို့ အဲဒီလိုလုပ်ဖို့ လိုပါတယ်။ နောက်ပြီးတော့ ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေး အပစ်အခတ် ရပ်ဆိုင်းရေး ဆွေးနွေးနေတဲ့ အချိန်မှာ နိုင်ငံတော်အနေနဲ့ ဘယ်အတိုင်းအတာ အထိ သီးခံနိုင်မလဲဆိုတာလည်း ကျနော်မေးချင်ပါတယ်”


ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း(ပြန်ကြားရေးဝန်ကြီးဌာန)

“ဒီလိုနိုင်ငံတော်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးတော့ ပြည်ပမီဒီယာကနေဘဲ အားကိုးနေရတယ်ဆိုတာ သတင်းတွေ မြန်မြန်ဆန်ဆန် သိချင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆောင်ရွက်ပေးပါ့မယ်။ ဒါကြောင့်
လည်းဘဲ နိုင်ငံတော် သမ္မတကြီးက အခုလို ကျနော်တို့ကို ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ကို ဖွဲ့ခဲ့
တာပါ။ ဒါကြောင့်မလို့ ကျနော်တို့ မြန်မြန်ဆန်ဆန် ထုတ်ပြန်ပေးသွားပါ့မယ်”

“အဲဒီတော့ အခုလို ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေး အပစ်အခတ် ရပ်ဆိုင်းရေး ဆွေးနွေးနေတဲ့ အချိန်မှာ ဘယ်
အတိုင်းအတာအထိ သီးခံနိုင်မလဲဆိုတဲ့ မေးမြန်းတာ ဖြစ်ပါတယ်။ အဲတော့ နိုင်ငံတော် အစိုးရအနေနဲ့ကတော့
စစ်ကို မလိုလားဘူး။ ဆိုတဲ့အခါကြတော့ ငြိမ်းချမ်းရေးကို လိုလားတယ်။ ရရှိထားတဲ့ တည်ငြိမ်အေးချမ်းမှုကို မပျက်ဆီးစေချင်ဘူး။ ရယူထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မပျက်စေချင်ဘူး။ ဒါကြောင့်မလို့ ကျနော်ရှင်းပြခဲ့တဲ့ သည်းခံခွင့်လွှတ်ဆောက်ရွက်နေတယ်။ သို့သော်လည်းဘဲ နိုင်ငံတော်မှာ တာဝန်ရှိတယ်။
အဲဒါက ဘာလဲဆိုတော့ ပြည်သူတွေရဲ့ အသက်ဦးအိမ်တွေ လုံခြုံရေး၊ နောက်တခုက ပြည်သူတွေရဲ့ နိစ္စဓူဝ သွားလာနေတဲ့ လမ်းပန်း ဆက်သွယ်ရေး၊ နောက်တခုက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ဆောက်ရွက်နေရတဲ့
အချိန်မှာ စီမံကိန်းတွေ ဒါတွေအားလုံးကိုတော့ ကာကွယ်တားဆီးရမယ်။ ဒါကြောင့်မလို့ နိုင်ငံတော်အစိုးရက အဘက်ဘက်မှ ချင့်ချိန်ပြီးမှ ဆက်လက် ဆောက်ရွက်သွားမဲ့ အခြေအနေဖြစ်ပါတယ်လို့ ကျနော်ပြောကြား
လိုပါတယ်”

ဦးကျော်စွာမင်း (ဖလားဝါးနယူးဂျာနယ် အယ်ဒီတာချုပ်)

“ခုနကတုန်းက ပြည်ထောင်စု ဝန်ကြီး မိန့်ကြားသွားတဲ့အထဲမှာ ပင်စင်လစာတွေ တိုးပေးတဲ့အတွက် ကျနော်တို့
လည်း သတင်းတွေရေးပါတယ်။ အဲဒီလို ပင်စင်လစာ ပံ့ပိုးပေးတဲ့စနစ်က အထူးပဲကောင်းမွန်ပါတယ်။ ဒီလိုမျိုး တိုးပေးလိုက်တဲ့အခါမှာ ဘတ်ဂျက်ထဲကနေ သုံးစွဲရမယ်လို့ ထင်ပါတယ်။ ဒီလိုဘတ်ဂျက်တွေကို သုံးစွဲလိုက်တဲ့
အခါမှာ အသုံးစရိတ်တွေလည်း ထပ်မံ တိုးမြင့်လာဖို့တော့ ရှိပါတယ်။ အဲဒီ အသုံးစရိတ်တွေနဲ့ ထပ်မံ လိုအပ်လာ
တာ ဘယ်လောက်များ သတ်မှတ်ထားသလဲဆိုတာ သိလိုပါတယ်။ အဲဒီအသုံးစရိတ်တွေကလည်း ဘယ် ဘတ်ဂျက် ထဲကနေများ သုံးစွဲရတယ်ဆိုတာကို သိချင်ပါတယ်။ နောက်တခုက လွတ်တော် အစည်းအဝေးမှာ သူရရွှေမန်း
ပြောဆိုသွားတာက ဝမ်းသာစရာ သတင်းတပုဒ်ပါသွားပါတယ်။ အဲဒါကတော့ ကျနော်တို့ ပြည်တွင်းပြည်ပ မီဒီယာတွေကို သတင်းတက်ရောက်ယူခွင့် ပေးမယ်လို့ သတင်းကောင်းတခုကြားလိုက်ပါတယ်။ အဲဒီလို ပြောဆို
လာတဲ့ အခါမှာ ကျနော်တို့ကို တက်ရောက်လိုတဲ့အခါမှာ ကျနော်တို့ကို ဘယ်လောက်အတိုင်းအတာထိ ကျနော်
တို့ကို ဘယ်ဂျာနယ်တွေလည်း၊ အကုန်လုံးကိုဘဲ ဖိတ်မှာလား။ ကန့်သတ်ပြီးတော့ဘဲ ဖိတ်ကြားမလားဆိုတာ သိချင်ပါတယ်”

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း(ပြန်ကြားရေးဝန်ကြီးဌာန)

“ကျေးဇူးအများကြီးတင်ပါတယ်။ ပထမ မေးခွန်းနဲ့ ပတ်သက်တဲ့ ကျနော်တို့ ဘတ်ဂျက် ပင်စင်လစာ တိုးမြင့်မှု ကိစ္စကိုတော့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဖြေကြားပေးမှာဖြစ်ပါတယ်။ ဒုတိယ မေးခွန်းပြည်တဲ့ ပြည်ထောင်စု လွတ်တော်မှာ သတင်းထောက်တွေကို ဖိတ်မယ်ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲတော့ ကျနော်တို့ အနေနဲ့ စောစောက တခါပြောခဲ့ပြီးပါပြီး နိုင်ငံတော် အစိုးရနဲ့ မီဒီယာသမားတွေကို ကွဲလို့ မရပါဘူး။ အတူ ပူးပေါင်းပြီးတော့ ဆောက်ရွက် သွားမှာပါ။ ဒါကြောင့်မလို့ လွတ်တော်မှာ ပြည်ပက သတင်းမီဒီယာတွေကိုရော၊ ပြည်တွင်းမှာ ရှိတဲ့ သတင်း မီဒီယာ သမားတွေကိုရော တက်ရောက်ချင်တဲ့ လူတွေ တက်ရောက်လို့ ရအောင် စီစဉ်ဆောင်ရွက်ပေးမယ့် အခြေအနေ ရှိပါတယ်။ သို့သော်လည်းဘဲ ဒီနေရာမှာလဲဘဲ နှစ်ဘက်ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ သို့သော် လွတ်တော်မှာ သွားလာလှုပ်ရှားပြီးတော့ သတင်းတွေရယူတဲ့အခါမှာတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်း
တွေ အနေနဲ့ကလည်း သတင်းသမားတွေအတွက် လိုအပ်တဲ့ သတင်းတွေအရ စီမံပေးမယ်။ သို့သော်လည်းဘဲ သတင်းသမားတွေအတွက် ထိန်းသိမ်းတိကျရမယ်လို့ ဒါလည်း တွေကတော့ ကြိုတင်ပြီးတော့ ပြောကြားလိုပါတယ်”

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းသန်း

“ကျနော်တို့ နိုင်ငံ့ဝန်ထမ်းတတွေရဲ့ ပင်စင်လစာ တိုးမြင့်ပေးလိုက်တဲ့အတွက် နိုင်ငံတော်ကနေပြီးတော့ ကျပ်ငွေ ၂၂၆.၃၉၃ ဘီလီယံ ထပ်မံ လိုအပ်နေပါတယ်။ ဒီငွေလက်ခံရေးအတွက်လည်း ၂ဝ၁၁၊ ၂ဝ၁၂ ဘတ်ဂျက် ကနေဘဲ
ပြောင်းလဲ သုံးသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ၂ဝ၁၁၊ ၂ဝ၁၂ နိုင်ငံတော် ဘဏ္ဍာငွေ ရန်ပုံငွေ မတည်ငွေကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၄၃ နှင့်အညီ နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကနေပြီးတော့ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ၂ဝ၁၁ ခုနှစ် အတွက် နိုင်ငံတော်ဘဏ္ဍာငွေ ရပ်လုံးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ သို့ပေမဲ့ ကျနော်တို့ ပြည်ထောင်စု အစိုးရရဲ့ ဥပဒေ ပုဒ်မ ၅၅(ဂ)အရ ပြည်ထောင်စု လွတ်တော်က ပြဋ္ဌာန်းပေးခဲ့တဲ့ နိုင်ငံတော် ဘဏ္ဍာငွေ ရပ်နှုန်းဆိုင် ရာ ပြဋ္ဌာန်းချက်များအတိုင်း လိုက်လံ ဆောက်ရွက်သွားမယ်ဆိုပြီးတော့ ကျနော်တို့ ပြဋ္ဌာန်းခဲ့ကြပါတယ်။ ထို့အတူပဲ ကျနော်တို့ ပြောတဲ့အတိုင်း အစိုးရအဖွဲ့ရဲ့ ဥပဒေ ပုဒ်မ ၅၅(ဂ) မှာပါတဲ့ ထပ်မံလိုအပ်တဲ့ ရငွေသည်၊ နောက်ထပ်
ထပ်ပြီး ခွင့်ပြုပေးရမယ့် သုံးငွေများအတွက် ကျလို့ရှိရင်တော့ ကျနော်တို့ အခုလာမဲ့ ၂ဝ၁၁ ခုနှစ် ကျနော်တို့
ပြန်လည် ပြီး ပြုပြင်ပြီး ဖွဲ့စည်းမှာ ကျနော်တို့ အခြေခံဥပဒေနဲ့အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်
ပြုချက် ရယူပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း အခြေအနေ တင်ပြပါတယ်”

(အရောင်ပြထားသည့် စာသားများ သတင်းစာတွင် မပါဝင်ပါ။)

သီဟစောပါ၊ မြန်မာ့ဓန စီးပွားရေးသတင်းနဲ့ Open News သတင်းစာက အယ်ဒီတာချုပ်

“ကျနော်မေးချင်တဲ့ မေးခွန်းကလည်း စီးပွားရေးနဲ့ ငွေကြေးကိစ္စနဲ့ ပတ်သက်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ အရင်
၁၉၉၇ ခုနှစ်ကအထိ နိုင်ငံအတွင်းမှာ လည်ပတ်စီးဆင်းတဲ့ ငွေကြေး ပမာနကို ကြေငြာချက်ထုတ်ခဲ့ပါတယ်။ OCS ထုတ်တဲ့ စာအုပ်မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျနော်တို့ နောက်ဆုံး သိရတာက ကျပ်ဘီလီယံ ၂ဝဝ လို့ သိရပါ
တယ်။ အဲဒီနောက်ပိုင်းမှာ အဲဒီကိန်းဂဏန်း ထုတ်ပြန်တာ မတွေ့ရပါဘူး။ ဒါကြောင့်မလို့ အခု ကျနော်တို့ အစိုးရသစ် ဖွဲ့လာတဲ့အချိန်မှာ traspenrency လည်း ပိုရှိမယ်ဆိုတော့ အဲဒီကိန်းဂဏန်းကို ဘယ်လောက်ရှိလဲဆိုတာ သိချင် ပါတယ်။ နောင်ရော ဆက်တိုက် ကြေငြာမလားဆိုတာ သိချင်ပါတယ်”

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း

“ကျေးဇူးတင်ပါတယ်။ သီဟစောရဲ့ စေတနာကိုလည်း ကျနော်တို့နားလည်ပါတယ်။ သို့သော်လည်းဘဲ ဒီနိုင်ငံမှာ ထိန်းသိမ်းရတဲ့သတင်းတွေ ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ အင်မတန်မှ ဒီမိုကရေစီကျပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့
နိုင်ငံမှာ အဲဒီနိုင်ငံမှာ သတင်းသမားတွေအနေနဲ့ သတင်းရယူဖို့ ခွင့်မပြုနိုင်တဲ့ သတ်မှတ်ချက် ၉ ချက်ရှိပါတယ်။ ဒီသတ်မှတ်ချက် ၉ ချက် အားလုံးကို ကျနော် အသိအကျ မသိပါဘူး။ ကျနော်မှတ်မိတာက အဲဒါက ဘာလဲဆိုတော့
နိုင်ငံတော်ရဲ့ အကာအကွယ်ရေးဆိုင်ရာ အချက်အလက်တွေ ရယူဖို့မရှိဘူး။ အလားတူပါဘဲ နိုင်ငံတော်ရဲ့ ကုန်သွယ်ရေးဆိုင်ရာကိုလည်း သတင်း ရယူဖို့ မရှိဘူး။ အလားတူပါဘဲ အမေရိကန်နိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ ကိန်းကဏန်းတွေကိုလည်း ရယူခွင့် မရှိဘူး။ အဲဒီလိုဘဲ သတင်းရယူခွင့် မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ယနေ့ ကျနော်တို့ နိုင်ငံမှာလည်းဘဲ တချို့သောကိစ္စတွေမှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရပါတယ်။ ဒါကြောင့်မလို့ ဒီကိစ္စ နောင်ဆိုရင်တော့လည်း သိနိုင်မဲ့ အခြေအနေ ရှိကောင်းရှိမည် ဖြစ်ပါတယ်။ နားလည်သဘောပေါက်ဖို့ တိုင်းပြည်ရဲ့ လူမျိုးအကျိုးစီးပွားအတွက် တဟဇာတဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရှင်းပြလိုပါတယ်”


“ကျနော်က ဦးထက်နိုင်ကျော်ပါ။ ဒီနေ့ ရှင်းလင်းသွားထဲက ဖြစ်ပွားတဲ့ ပဋိပက္ခတွေဟာ KIA မှာလဲ တာဝန်ရှိတယ်
လို့ အစိုးရက ယူဆပါသလား”

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း

“အဲဒါက ကျနော်ပေးထားတဲ့ စာရွက်ရလောက်ပြီလို့ ထင်ပါတယ်။ ၃၁ ရွက်လောက်ပေးထားပါတယ်။ ပြီးတော့
လည်း ကျနော်ပြောတာဘဲ မရှင်းလို့လားတော့ မသိဘူး။ ကျနော်လည်း ၂ နာရီလောက် အလွတ်ပြောပါတယ်။ ကျနော်ပြောတာဘဲ မရှင်းလို့လားတော့ မသိဘူးလို့ ဒီလိုဘဲ ပြောချင်ပါတယ်။ ပြောလိုပါတယ်။ ကျေးဇူးတင် ပါတယ်။ ကေအိုင်အိုဘက်က တာဝန်ရှိကို ရှိပါတယ်။ သူတို့ဘက်က ရိုးရိုးသားသားဆောက်ရွက်မှုတွေ မရှိဘူး။ အဲဒါကြောင့် ပေါ်လွင်တာဘဲလို့ ပြောချင်ပါတယ်”

(အရောင်ပြထားသည့် စာသားများ သတင်းစာတွင် မပါဝင်ပါ။)

ဦးမြတ်ခိုင် (လျှပ်တစ်ပြက်သတင်းဂျာနယ်နှင့် မော်နီတာသတင်းဂျာနယ်)

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံကြရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး တွေ့ဆုံတာလားဆိုတာ သိချင်ပါတယ်။ နောက်တခုကတော့ ပြည်ထောင်စု အစိုးရအဖွဲ့လစာလျော့ယူမယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဟုတ်တယ်ဆိုရင် ဥပဒေကဲ့သို့ ပြဋ္ဌားန်ဖို့ အစီအစဉ် ရှိမရှိ သိချင်ပါတယ်”

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း

“ကိုမြတ်ခိုင်ကို ကျေးဇူးတင်ပါတယ်။ ကိုမြတ်ခိုင်နဲ့ ကျနော်တို့က အခုမှ သိတာမဟုတ်ပါဘူး။ ကိုမြတ်ခိုင်ရဲ့ အကြံကို
ချောက်တွန်းခံခဲ့ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကိုမြတ်ခိုင်တခုတည်း မေးရလို့ စိတ်မပူပါနဲ့ မေးချင်ရင် ကျနော်ကို လာမေးနိုင်ပါတယ်။ နံပတ် ၁ မေးခွန်းဖြစ်တဲ့ ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ကျနော်တို့
ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံချင်တယ်လို့ တောင်းဆိုမှု လုပ်ခဲ့ပါတယ်။ ကျနော်တို့ကလည်း မတူတာကို ဘေးဖယ်
ထား၊ တူတာတွေကို ပူးပေါင်းဆောင်ရွက်ကြခြင်းအားဖြင့် တိုင်းပြည်မှာ အကျိုးရှိနိုင်တယ်ဆိုတော့ သမ္မတကြီးရဲ့ လမ်းညွန်မှု မူဝါဒနဲ့အညီ သူမ တောင်းဆိုလာတဲ့အတွက် ဦးအောင်ကြည်နဲ့ တွေ့ဆုံတာဖြစ်ပါတယ်။ ဒါပေမယ့်
အောက်က ကျနော်တို့ အစိုးရအဖွဲ့ ဘတ်ဂျက်တွေ လစာလျော့မယ်ဆိုတာကိုတော့ ဖြေပါမယ်။ အခုလောလော ဆယ်လဲ ပြည်ထောင်စု အစိုးရအဆင့်အဖွဲ့ ပုဂ္ဂိုလ်တွေ ဘယ်လောက် သတ်မှတ်တာ သိထားပြီးသားပါ။ ဥပဒေတွေ
ကို ထုတ်ပြန်ထားပြီးသားပါ။ သို့သော်လည်းဘဲ မနေ့အခါမှာ ကျနော်တို့တွေမှာ မူလ သတ်မှတ်ချက်ဖြစ်တဲ့ ၆ သိန်း
နဲ့ပဲ ကျနော်တို့ တာဝန် ထမ်းဆောင်နေပါတယ်။ ဒီထက် သတင်းစကားပြောရရင် ကျနော် ဒီနေ့ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအတွက် ကျနော်အစက ယဉ်ကျေးမှုဌာနဘဲ အလုပ်နည်းနည်း နေတယ်လို့ ထင်တာ။ သို့သော် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ အလုပ်တွေ ဆင်းပြီးလုပ်ကြည့်လိုက်အဲ့အခါမှာ သူ့ရဲ့ ဘဝတွေလုပ်တာ အများကြီးပဲ ဒါကြောင့် ယနေ့ ကျနော်အနေနဲ့ အရင်ထက်ပိုပြီးတော့ အခြေအနေကို ပေးပြီးတော့ တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေတာပါ။ ကျနော်ရဲ့ ပုံကိုကြည့်ရင် ဘယ်လောက်ထိ တဖြည်းဖြည်း ပိန်ချုန်းသွားတယ်ဆိုတာ သိနိုင်ပါတယ်။ သို့သော် ဝန်ကြီးဌာနနှစ်ခု တာဝန်ယူပေမဲ့ ကျနော်ရတဲ့ လစာက ၆ သိန်းပဲ ရှိပါတယ်။ အဲဒါကြောင့် ကျနော်သိတဲ့ အပိုင်းလေးရှင်းပြလိုပါတယ်။ ဒါပေမဲ့ ဥပဒေပြဋ္ဌာန်းခွင့် ရှိမရှိ၊ ဒါတွေကတော့ ဦးသန်းဝင်း လိုရင်းပဲ ဖြေမှာပေါ့။

ဒုဝန်ကြီး ဦးသန်းဝင်း (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)

“ကျနော်ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖြေကြားရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ပြဋ္ဌာန်းဖော်ပြပြီး ဖြစ်ပါ
တယ်။ အခြေခံ ဥပဒေ ပုဒ်မ ၂၁၂(က)မှာဆိုရင် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတရပ်လုံးဆိုင်ရာ ကိစ္စရပ်များမှအပ
ချက်ချင်း အရေးယူ ဆောင်ရွက်နိုင်ရန်ဆိုတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များသည် ဥပဒေကဲ့သို့ အာဏာနဲ့အညီ ထုတ်ပြန်မည်လို့ အတိအလင်း ဖော်ပြထားပါသည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ပြည်ထောင်စု
အဖွဲ့ဝင် ပုဂ္ဂိုလ်များ လစာအရေးနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စု အစိုးရ ဥပဒေ ပုဒ်မ ၃ဝ မှာ ကျနော်တို့ အရေးယူဆောင်ရွက်ဖို့ လစာနဲ့ပတ်သက်ပြီးတော့ ဖော်ပြထားတာ ရှိပါတယ်။ ဒါကြောင့် ဥပဒေ ၃ဝ ပါအတိုင်း လိုက်နာဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ
ရဲ့ လစာလျော့ယူတာနဲ့ ပတ်သက်ပြီးတော့ ဥပဒေ ပုဒ်မ ၃ဝ နဲ့အညီ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးကနေပြီးတော့
ပြည်ထောင်စု အစိုးရအဖွဲ့ အဖွဲ့ကို စနစ်တကျ ခွင့်ပြုချက်ရယူပြီးတော့ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း
လေးစားစွာ ပြန်လည် ဖြေကြားလိုပါတယ်”

ဦးသိန့်ကျော်ဇင် (ရန်ကုန်တိုင်မ်းဂျာနယ်က တာဝန်ခံ အယ်ဒီတာ)

“ကျနော်တခုသိချင်တာက အခုလို နိုင်ငံတော်က သတင်းစာရှင်းလင်းပွဲလုပ်တာ ဝမ်းသာပါတယ်။ ကောင်းပါတယ်။ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရော ဤကဲ့သို့ သတင်းစာရှင်းလင်းပွဲမျိုးလုပ်ပေးဖို့ အစီအစဉ်များ ရှိပါသ
လား။

ပြန်ကြားရေးဝန်ကြီးဌာန ဦးကျော်ဆန်း

“ကျနော်တို့ ကျန်တဲ့ တိုင်းဒေသကြီး ပြန်နယ်အစိုးရတွေအနေနဲ့လည်းဘဲ နောက်ပိုင်းမှာ ကိုယ့်တိုင်းဒေသ ပွင့်လင်းရေးအတွက် သတင်းမီဒီယာအဖွဲ့တွေကို အသိပေးသင့်တာတွေ အသိပေးနိုင်အောင် ဒါတွေရှိလာနိုင်ပါတယ်”

ဦးဖိုးနိုင်လင်း (Popular News အယ်ဒီတာချုပ်)

“ကျနော်သိချင်တာက ဥက္ကံတို့၊ တိုက်ကြီးတို့ဘက်မှာ ရေးလွမ်းမိုးမှုတွေ ဖြစ်နေပါတယ်။ အဲဒီအတွက် တချို့သော လယ်ယာမြေတွေမှာ ဆုံးရှုံးမှုတွေ ရှိပါတယ်။ အဲဒိအတွက်ကို နိုင်ငံတော် ဘတ်ဂျက်တွေ ချပေးပြီးတော့ နိုင်ငံတော်
က ဘယ်လောက် တာဝန်ယူ ပေးနေတယ်ဆိုတာကို ကျနော် သိချင်ပါတယ်”

ဒုဝန်ကြီး ဦးအုန်းသန်း (လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)

“မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု အခြေအနေတွေက ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တို့ဘက်မှာ ရေကြီးနစ်မြုပ်နေတွေနဲ့ ပတ်သက်ပြီး ရေကျသွားတဲ့အခါမှာ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနအနေနဲ့ တောင်သူလယ်သမားများရဲ့ စပါးပြန်လည် စိုက်ပျိုးနိုင်အောင် လိုအပ်ချက်ဖြစ်တဲ့ မျိုးများကို ကြိုတင်ရှာဖွေ စုဆောင်းသွားမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဒေသများ မျိုးတို့ လိုအပ်သလို ကူညီဆောက်ရွားသွားဖို့ ရှိပါတယ်။ အလားတူ ဥက္ကံတို့၊ ပဲခူးတို့
ရေလွှမ်းမိုးမှုဖြစ်နေတဲ့နေရာတွေမှာ နောင်နှစ်တွေမှာ ရေလွှမ်းမိုးမှု မရှိအောင် နိုင်ငံတော် သမ္မတကြီးရဲ့
လမ်းစဉ်နဲ့အညီ ဆည်မြောင်းဦးစီးဌာကနေပြီးတော့ မိုးကုန်သွားလို့ ရှိရင် သက်ဆိုင်ရာကွင်းတွေကို တိုင်းတာ
ပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ ရေမြောင်းများ တူးဖော်ခြင်း၊ ရေတံခါးများ ဆောက်ရွက်ခြင်းများကို ဆက်လုပ်ပြီး
ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖြေကြားလိုပါတယ်၊ ဒုတိယသမ္မတကြီး ဦးစီးတဲ့ ကရင်ပြည်နယ် ခရီးစဉ်မှာလည်း အလားတူ စီမံဆောက်ရွက်ပေးခဲ့ပါတယ်” ဤစာသားသည် သတင်းစာတွင် အပိုထည့်ထားသည့် စာကြောင်း။

ကိုလင်းဘို (Myanmar Post Global ဂျာနယ် အယ်ဒီတာ)

“အခု ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့ မြစ်ဆုံရေကာတာ စီမံကိန်း
ကြောင့်လို့ သူတို့ဘက်က အကြောင်းပြထားတာရှိပါတယ်။ နောက်ပြီးမှ ဒီစီမံကိန်းဟာ ဧရာဝတီမြစ်နဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုရှိတယ်လည်း ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ Environmaental ImPact နဲ့ ပတ်သက်ပြီးတော့ Research လုပ်ထားတာမျိုးစာတမ်းရှိ မရှိ သိချင်ပါတယ်”

ညွန်ကြားရေးမှူးချုပ် ဦးကြီးစိုး (ရေအားလျှပ်စစ် စီမံကိန်း ဦးစီးဌာန)

“အခု ဒီမေးမြန်းချက်နဲ့ ပတ်သက်ပြီးတော့ ၉ ရက်၊ ၈ လ၊ ၂ဝ၁၁ နေ့မှာ သတင်းစာတွေမှာ မှန်မှန်ကန်ကန်
ရးသား ဖော်ပြထားပြီး ဖြစ်ပါတယ်။ အမှတ် (၂) ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ကိုယ်တိုင် ရေးသားထားတဲ့
ဆောင်းပါး ဖြစ်ပါတယ်။ နောက် EIA ပတ်သက်လို့ ဧရာဝတီ အထက်ပိုင်းက စူးစမ်းလေ့လာပြီးပါပြီ၊ ဧရာဝတီမြစ်
အောက်ပိုင်း မြစ်ဝကျွန်းပေါ်အထိ စူးစမ်းလေ့လာနေဆဲပါ”

ဦးမျိုးအောင် (မျက်မှောက်ရေးရာ မဂ္ဂဇင်း အယ်ဒီတာချုပ်)

“ကျနော်မေးချင်တာကတော့ ပို့ကုန်အခွန်ပေးဆောင်တာကို ၁ဝ ရာခိုင်နှုန်းကို လျှော့ချပေးခဲ့ပြီးခဲ့ပြီ ဖြစ်ပါတယ်။ အခုပြင်ပမှာ မကြာခင်မှာ လုံးဝ မေးဆောင်စရာ လိုတော့မှာ မဟုတ်ဘူးလို့ သတင်းဖြစ်ပေါ်နေပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်သိချင်ပါတယ်။ ဒုတိယ မေးခွန်းကတော့ ပင်စင်စားတွေ လစာတိုးမြင့်ပြီး ဖြစ်ပါတယ်။ အဲဒီလို တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းများကိုရော လစာတိုးမြင့်ဖို့ အစီအစဉ် ရှိပါသလား။ အဲဒါကို ကျနော် သိချင်
ပါတယ်”


ဝန်ကြီး ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

“အဲတော့ နံပါတ် ၁ မေးခွန်းဖြစ်တဲ့ ကနေ့အခါမှာ ဒေါ်လာတန်ဖိုးတွေကျတွေ ကျနေတယ်။ ဘယ်လောက်တောင် ကျနေသလဲဆိုတော့ မနေ့ သတင်းစာတို့ အင်တာနက်တို့၊ နိုင်ငံတကာမှာ ရှိနေတဲ့ ဒေါ်လာနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အားလုံးကို ကျနေတယ်။ ဒီမနက်ဘဲ ခင်ဗျားတို့ မေးမှပဲဆိုပြီး နည်းနည်း ပင်ပန်းခံပြီးတော့
စောင့်ကြည့်နေတယ်။ တချို့ဟာတွေ ပြန်တက်နေတာ တွေ့ရတယ်။ ခြုံပြောရရင် အမေရိကန်ဒေါ်လာရဲ့ အခြေအနေဟာ တကမ္ဘာလုံးမှာ ကျနေတယ်။ ဘာကြောင့် ဒီလိုကျသလဲဆိုရင် အမေရိကန်မှာ အကြွေးတွေ အရမ်းများတယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်က သူ့မှာရှိတဲ့ အကြွေတွေဟာ ၁ဝ. something ရှိတယ်။ အခုလပိုင်း
မှာ ၁၄. Something ရှိလာတယ်။ အဲဒီလိုရှိလာတော့ အိုဘားမားကနေပဲ သူ့နိုင်ငံအကျိုးစီးပွားကို ထိန်းသိမ်းနိုင်ဖို့ အတွက် သူ့ bad အစီအစဉ် မကောင်းဘူး။ တနည်းအားဖြင့် ပြောရင်တော့ နောက်ထပ် ငွေစုလက်မှတ်တွေ၊ ငွေစု ထုတ်ရောင်းမှုတွေ ပေးပါလို့ တောင်းတာဘဲ။ အဲဒီလိုလုပ်တော့ ဒေါ်လာဈေးတွေကျတယ်။ ရွှေဈေးတွေ ကတော့
ပြန်တက်တယ်။ အခုရွှေဈေး မြန်မာနိုင်ငံမှာလည်း တက်တယ်။ ၆ သောင်းကျော်သွားတယ်။ ဆိုလိုချင်တဲ့သဘောက ကျနော်တို့နိုင်ငံဘဲ ဖြစ်နေတာ မဟုတ်ဘူး။ ဒါကိုလည်းဘဲ ကျနော်တို့ ကွက်ပြီး သဘောပေါက်ဖို့ လိုတယ်။ တနိုင်ငံလုံးမှာပဲ ဖြစ်နေတာ မဟုတ်ဘူး။

ကမ္ဘာတခုလုံးမှာ ဖြစ်နေတယ်ဆိုရင် ကိုယ့်နိုင်ငံအတိုင်းအတာနဲ့ ပြုပြင်ဖို့ လုပ်နေပါတယ်။ ဘယ်လောက်ပဲ ကိုယ့်နိုင်ငံ အတိုင်းအတာနဲ့ လုပ်နေပေမယ့် ကမ္ဘာလုံးနဲ့ စေ့စပ်ပြီး ဖြစ်တဲ့အတွက် ထိစပ်မှုတွေ ရှိလာတယ်ဆိုတာ သဘောပေါက်
ဖို့ သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်အစိုးရက လုပ်မပေးဘူးဆိုပြီး ပြည်သူတွေက ပြောဖို့ရှိနိုင်တဲ့ အတွက်၊ အဲတော့ ဒါနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် သမ္မတကြီးနဲ့ အကြီးအကဲတွေဟာ ကိုယ့်နိုင်ငံရဲ့ ပို့ကုန်တွေ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ ဒေါ်လာတန်ဖိုးကျမဲ့ အခက်အခဲဖြစ်မှာကို စိုးရိမ်လို့ အားလုံးမြင်ကြတဲ့အတိုင်း ၁ဝ ရာခိုင်နှုန်းကောက်တယ်။ အဲဒါအခါမှာ ၈ ရာခိုင်နှုန်းကနေပြီးတော့ ၅ ရာခိုင်နှုန်းလျော့ပေးခဲ့တယ်။ အခုလည်းဘဲ အခြေအနေ အရပ်ရပ်ကို နိုင်ငံတော် သမ္မတကြီးနဲ့ အကြီးအကဲများ ကိုယ်တိုင် ယနေ့ အဲဒီလို ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ အလေးအနက် ထားပြီးတော့ စောင့်ကြည့်သုံးသပ်ပြီးတော့ ဆက်ပြီးဆောင်ရွက်ပေးမဲ့ အခြေအနေ ရှိပါတယ်လို့ ဖြေကြားလိုပါတယ်။

နောက်တခုကျန်သေးတယ်။ လက်ရှိ ဝန်ထမ်းတွေကို လစာတိုးဖို့ကိစ္စက အခု ကျနော် ပြောမဲ့စကားက အားလုံးရဲ့
စေတနာတွေကို လေးစားပါတယ်။ မည်သည့်နိုင်ငံမဆို နိုင်ငံတော်ဆိုတာ ရှိနေတဲ့ ပြည်သူတွေ အားလုံးအတွက်
နိုင်ငံတော်အစိုးရက ပြည်သူတွေအားလုံးရဲ့ မိဘပါ။ ဒီလိုပြောလို့ ကျနော်တို့ လက်ရှိအစိုးရကို မိဘလို့ ဆိုလိုချင်
တာ မဟုတ်ဘူး။ မည်သည့်အစိုးရတက်တက် မိဘပါဘဲ။ မိဘဟာ သားသမီးအကျိုးကို ဆောက်ရွက် ပေးကြတယ်။
ဖြစ်နိုင်ရင်ကတော့ အကုန်လုံးကို တိုးပေးစေချင်တယ်။ ဒါပေမဲ့ နည်းနည်းလေး သဘောပေါက်အောင်ပြောရရင် ယနေ့မှာ အခက်အခဲတွေ အမြောက်အများဖြစ်နေတယ်။ ပင်စင်စားတွေကို လစာတိုးပေးခဲ့ပြီးပြီ။ အဲဒီလို လစာ တိုးပေးတဲ့ အတွက်ကြောင့် ပင်စင်လစာပေါင်း ၈ သိန်းကျော် တိုးပေးခဲ့တယ်။ မူလက တိုးမြင့်လိုက်တဲ့ ပမာဏကို တွက်ကြည့် မူလက ၃၅ဝ ကျပ်ရသူများသည် ၂ သောင်းကျော်ရပြီ။ ၁၃ဝဝ ရတဲ့ပုဂ္ဂိုလ်များသည် ၃၊ ၄ သောင်းရ
မယ်။ မှားတဲ့ဟာလည်းရှိမယ်။ အဲဒီလို နိုင်ငံတော်က တိုးပေးလိုက်တဲ့အတွက် သူတို့အတွက် အများကြီး ဝမ်းသာစရာ
ဖြစ်နေပါတယ်။ ပြည်သူကြားမှာနေတဲ့ ခင်ဗျားတို့က ကျနော်တို့ထက် ပိုသိပါတယ်။ သို့သော်လည်းဘဲ နိုင်ငံတော်က အဲဒီလိုပေးနိုင်ဖို့အတွက် အတော်လေး စီမံဆောက်ရွက်ယူရပါတယ်။ နိုင်ငံတော်အနေနဲ့ ကြည့်လိုက်ရင် ငွေကြေး ပမာဏ တနှစ်ကို အများကြီးကုန်တယ်။ သို့သော် ဒီကိန်းဂဏန်းကို ပြောဖို့ မသင့်သေးတဲ့အတွက် ကျနော် မပြောပါရစေနဲ့။

နောက်တခုက ကနေ့ တောင်သူလယ်သမားတွေ ကျနော်တို့ ကျေးလက်ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ လူမှုဘဝမြင့်မားရေးနဲ့ လုပ်ငန်းစဉ် ဖြစ်အောင် လုပ်နေတယ်။ အားလုံးအသိဘဲ။ ဒါတွေကလည်းဘဲ တကယ်ကို
နိုင်ငံတော် အစိုးရက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်၊ ကျေးလက်ပြည်သူတွေရဲ့ လူမှုဘဝ တိုးတက်အောင် လုပ်ပေး
တဲ့ လုပ်ငန်းစဉ်ရှိရာမှာ နိုင်ငံတော် ဘာအဓိက ပါဝင်သလဲဆိုပြီး မေးရင် စိုက်ပျိုးစရိတ်ပဲ။ မူလမှ တဧကကို ၂ သောင်းပေးရတယ်။ ကနေ့မှာ ၄ သောင်းပေးပါတယ်။ ကျနော်တို့ တက်ရောက်လာကြတဲ့ သတင်းသမားတွေ စဉ်းစားကြည့် ကျနော်သိသလောက် ကနေ့ နိုင်ငံတော်မှာ စိုက်ဧက စုစုပေါင်း သန်း ၂ဝ ရှိတယ်။ အဲဒီ စိုက်ဧက
သန်း ၂ဝ ကို နောက်ထပ် ၂ သောင်းတိုးပြီးတော့ ပေးထားပါတယ်။ ငွေပမာဏကို တွက်ကြည့်ပါ။ အဲဒီလို နိုင်ငံတော်
က ဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် တပြိုင်နက်ထဲ တချိန်ထဲ ကျန်တဲ့ဟာတွေ တိုးပေးဖို့ မရှိဘူးလား၊ တိုးပေးမှာလားဆိုတော့ စဉ်းစားကြည့်ရင် သဘောပေါက်နိုင်ပါတယ်။ နိုင်ငံတော်က အဓိက ဖြစ်တဲ့အတွက် ဝန်ထမ်းတွေကိုရော၊ ပြည်သူတွေကိုရော လူမှုဘဝမြင့်အောင် တိုးတက်အောင် ဆောင်ရွက်ပေးနေပါတယ်။
ဒါကြောင့် တကြိမ်တည်း တပြိင်နက်ထဲ ဖြစ်ချင်တာအားလုံး ဖြစ်ဖို့ဆိုတာကတော့ အခက်အခဲရှိနေတာကိုး၊ ဘယ်အရာမှာ မဆို ဖြစ်ချင်တာရှိတယ်။ ဖြစ်သင့်တာရှိတယ်။ ဖြစ်သင့်တာထဲက ဖြစ်နိုင်တာကို လုပ်ကြရမှာ ဖြစ်ပါ တယ်လို့ ပြောကြားလိုပါတယ်”

ကိုဇေယျာမြတ်ခိုင် (မော်နီတာ သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ)

“ကျနော်သိချင်တဲ့ မေးခွန်းကတော့ အခု KIA နဲ့ ဖြစ်တဲ့ကိစ္စမှာ KIA က မြစ်ဆုံ ရေကာတာကြောင့်လို့ ပြောပါတယ်။ အခုတိုက်ပွဲဖြစ်နေတာက ညှိနှိုင်းနေဆဲပဲလို့ သိရပါတယ်။ အဲဒီအတွက် နိုင်ငံတော် အစိုးရအနေနဲ့ မြစ်ဆုံရေကာတာ
ကို ဆက်ဆောက်ဖို့ အစီအစဉ် ရှိမရှိသိချင်ပါတယ်။ နောက်တခုက နိုင်ငံတော်အစိုးရသစ်လက်ထက်မှာ ပိုက်ဆံသစ်၊ ပုံစံသစ်တွေ ထုတ်မထုတ် အစီအစဉ်ရှိမရှိသိချင်ပါတယ်။ အဲတော့ ဆင်းရဲမှုလျော့ချရေး လုပ်နေတာ တွေ့ရပါတယ်။ အဲဒီမှာ အသေးစာငွေထုတ်ချေးပေးတာတွေလည်း တွေ့ရပါတယ်။ နောက်ထပ် ဆင်းရဲမှု လျော့ချရေးအတွက် ဘယ်လို စီမံကိန်းတွေ လုပ်ဆောင်ဖို့ ရှိတယ်ဆိုတာ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း

“ပိုက်ဆံသစ် ထုတ်ဖို့ မရှိ မရှိဆိုတာ။ နိုင်ငံတော်မှာလဲ လိုအပ်တဲ့ ပိုက်ဆံ လိုအပ်တဲ့ ငွေကြေးအကြွေတွေ ထုတ်ပေး
နေပြီ မဟုတ်လား။ ဒါကလည်း အသစ်ထုတ်ပေးနေတယ်လို့ဘဲ သဘောပေါက်ပါနော်။ နောက်တခါ မြစ်ဆုံစီမံကိန်း ဆက်လုပ် မလုပ်၊ ဒါတွေ အားလုံးကလည်းဘဲနော် အမျိုးသား အကျိုးစီးပွားအတွက် အစစအရာရာ ချိန်ဆပြီးတော့
ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့တတွေ စဉ်းစားကြ၊ လုပ်ကြတဲ့အခါမှာ တဘက်စကားတွေ မယုံဖို့ လိုပါတယ်။ မနက်ကို ကျနော်ကိုယ်တိုင် ပြောခဲ့တာ အားလုံး အသိပါ။ ငါပြောတိုင်း အမှန်လို့ မယုံနဲ့ မင်းတို့ကိုယ်တိုင် ဘာဖြစ်တယ် ကျင့်ကြံကြည့်ကြ၊ တခြားလူကပြောလို့ ကန့်ကွက်ကြလို့ ဆိုတာ မရှိဘူး။ အဲတော့ ယနေ့အခါမှာ KIO ကရော၊ တခြား အဖွဲ့အစည်းတွေ ကရော ဒီဟာကြီးလုပ်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်။ အမျိုးမျိုးပြောကြတယ်။ အယူအဆ အမျိုးမျိုးရှိကြတယ်။ သို့သော် ဒီလိုပြောတာတွေ၊ အယူအဆတွေကို ကျနော်က လုံးဝကြီး ပျက်ပယ်တာ မဟုတ်ပါဘူး။ ကျနော် ပြောပြမယ်။ အကြောင်းအရာ တခုအပေါ်မှာ ထင်မြင်ချက်၊ ယူဆချက်တွေကို လူ ၁ဝဝ ရှိရင် ထင်မြင်ချက်၊ ယူဆချက်တွေ ၁ဝဝ ရှိနိုင်ပါတယ်။ သို့သော် အဲဒီထင်မြင်၊ ယူဆချက်တွေဟာ မှန်နိုင်၏ မမှန်နိုင်၏ ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဒါပေမဲ့ တဘက်က ပြောတိုင်း ဆိုတိုင်း ခိုးတိုင်း အဲဒါတွေ အမှန်ကြီးပဲလို့
ဘယ်တော့မှ မတွက်စေချင်ပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့လည်းဘဲ ကိုယ့်ပြည်သူတွေ ဒုက္ခရောက်အောင်လို့၊ ကိုယ့်ဧရာဝတီမြစ်ကြီး ပျက်ဆီးသွားအောင် မလုပ်ပါဘူး။ ကျနော်တို့တွေက ကိုယ့်တိုင်းပြည်ကို ချစ်သလား။
နိုင်ငံတော်အစိုးရကို ချစ်သလား၊ ဒါလေးတွေ မျှမျှတတ စဉ်းစားကြည့်စေချင်ပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ ကလည်းဘဲ ကိုယ့်တိုင်းပြည် ကောင်းအောင်ဘဲ လုပ်မှာပါ။

ကိုယ့်တိုင်းပြည် ဒုက္ခရောက်အောင်၊ ပျက်စီးအောင် လုပ်ဖို့ မရှိဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ ချင့်ချင့်ချိန်ချိန်
ညှိညှိနှိုင်းနှိုင်း လေ့လာပြီးမှသာ လုပ်သွားရမှာ ဖြစ်ပါတယ်။ တခါတရံမှာ မြန်မာအစိုးရကို ဘာမှ နားလည်တာ မဟုတ်ဘူး။ ဘာမှသိတာမဟုတ်ဘူး။ ဘာမှ စဉ်းစားတာ မရှိဘူး။ နလဗိန်းတုံး ဆိုရမှာပဲ။ တကယ့်တကယ် စဉ်းစား
ရင် အဲဒီလို မြင်ရမှာပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအပေါ်မှာ ဒီလိုမြင်တာတွေကို ကျနော်တို့ လက်ခံကြမှာလား၊ တကယ်ကော ဒီမှာလုပ်နေတဲ့ နိုင်ငံရဲ့ အကြီးအကဲတွေဟာ ယနေ့ နိုင်ငံတော်ကို အခက်အခဲ အမျိုးမျိုးအကြားက ဒီအခြေအနေအထိ ရောက်အောင် ထူထောင်ပေးခဲ့တဲ့ နိုင်ငံတော် အကြီးအကဲတွေ ဘာတွေ ဆောက်ရွက်ခဲ့ဆိုတာ အင်မတန်မှ ခက်ခဲတဲ့ ၈၈ နောက်ပိုင်းအခြေအနေတွေကို ဖြတ်သန်းပြီးတော့ ဒီဘဝကို ရောက်ခဲ့တယ်။ ဒီဘဝကို
ရောက်တဲ့အခါမှာ ပိတ်ဆို့မှုတွေ၊ တားဆီးမှုတွေ၊ ဆန့်ကျင်မှုတွေ အမျိုးမျိုး၊ ဟိုဟာဆိုလည်း မပေးနဲ့ ဒီဟာဆိုလည်း
နဲ့၊ ဟိုဟာဆိုလည်း ပိတ်မှာ၊ ဒီဟာဆိုလည်း ပိတ်မှာ၊ ခရီးသွားတွေကိုလည်း မလာကြပါနဲ့ ဒီလိုတွေပါ။ ၈၈ ခုနှစ် အစိုးရတက်လာတော့ ဒီအစိုးရဟာ နိုင်ငံခြားငွေကမရှိဘူး။ တကယ်ကို ခက်ခဲတယ်။ အဲဒီလို ဘဝ၊ အဲဒီလို အခြေ
အနေ၊ အဲဒီလို အဘက်ဘက်က ထိုးနှက်ချက်တွေ၊ အမေရိကန်နိုင်ငံလို အင်မတန်ပါဝါကြီးတဲ့ အဖွဲ့အစည်းကပါ ထိုးနှက်ချက်တွေ ကိုယ့်တိုင်းပြည် ဒီလို ရပ်တည်နိုင်အောင် (၂ မိနစ်ကျော် ငိုနေသည်) ဆောရီးပါ ဒီလိုဖြစ်လာတယ်”

(အရောင်ပြထားသည့် စာသားများ သတင်းစာတွင် မပါဝင်ပါ။)

ဒေါက်တာတင်အောင်ရွှေ (ကနောင် ဂျာနယ်)

“ကျနော်သိလိုတဲ့မေးခွန်းက NGO တွေဟာ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးဆိုပြီးတော့ NGO ဖွဲ့စည်း
ဖို့ ကျနော်တို့ လျှောက်ထားကြပါတယ်။ အဲဒီလို NGO လျှောက်တဲ့အခါမှာ ကျနော်တို့ မှတ်ပုံတင်ခွင့်ပြုတဲ့ မူလေး
ပေါ့။ ဘာလဲဆိုတော့ ကျနော်ကိုယ်တိုင် မြန်မာနိုင်ငံ စာရေးဆရာအသင်းဆိုပြီးတော့ ကျနော်တို့ အစိုးရသစ်မတိုင်မီ
၃ လ လောက်ကနေ လျှောက်ထားပါတယ်။ စက်မှုနိုင်ငံ ထူထောင်တဲ့နေရာမှာ နိုင်ငံခြားတွေ အများဆုံး ရှာပေးနိုင်
တဲ့ အသင်းဖြစ်ပါတယ်။ အဲဒီအတွက်ကို စီးပွားကူးသန်း၊ စ သုံးလုံးကနေ ပြီးတော့ ကျနော်တို့ ဖြစ်မြောက်ရေးကို ….. ဒါပေမဲ့ ဒီနေ့ထိ လုပ်လို့ မရသေးပါဘူး။ ဒါကို မှတ်ပုံတင်ခွင့် မပြုဘူးဆိုရင်လည်း ဘာကြောင့် မပြုဘူးဆိုတဲ့ အပိုင်း
လည်း ကျနော်သိချင်ပါတယ်”

ဗိုလ်မှူးချုပ် ကျော်ဇံမြင့် (ပြည်ထဲရေး ဝန်ကြီးဌာန)

“ခုန မေးခွန်းနဲ့ ပတ်သက်လို့ ဖြေရရင် ကျနော်တို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ တာဝန်ယူ ဆောင်ရွက်ပေးနေ
ပါတယ်။ အခုလက်ရှိလည်း ကျနော်တို့ ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားပြီး လက်ရှိ ဖွဲ့စည်းဆောင်ရွက်
နေတဲ့ အသင်းအဖွဲ့ပေါင်း ၂၂ဝ ဖွဲ့ရှိပါတယ်။ အခုလက်ရှိ သက်တမ်းတိုးဖို့အတွက်ကိုရော၊ တင်ပြထားတဲ့ အသင်း
အဖွဲ့ ၃၁ သင်း၊ INGO တွေရော အသင်းတွေ ကျနော်တို့ကို တင်ပြထားတာ ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့ အသင်းအဖွဲများ ဖွဲ့စည်းခွင့်ပြုရေးနဲ့ ကြီးကြပ်ရေးဗဟိုကော်မတီဖွဲ့စည်းပြီး ဆောက်ရွားထားရှိပါတယ်။ ဒီနေရာမှာ ကျနော်တို့ ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာနကနေ ဆောက်ရွက်ပြီးတော့ ကျနော်တို့
မြန်မာနိုင်ငံ ရဲတပ်ဖွဲမှူး ရဲချုပ် အဖွဲ့ဝင်၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး စစ်ဦးစီးမှူး ပထမတန်း အဖွဲ့ဝင်၊ အထွေထွေ အုပ်ချုပ်ရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးက အတွင်းရေးမှူး အဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေကိုလည်း ကျနော်တို့ ဆောင်ရွက်တဲ့အခါမှာ ပထမအဆင့်အနေနဲ့ ဖွဲ့စည်းဆောက်ရွက်မဲ့ အသင်းရေးရာ
မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရာ ဦးစီးဌာနကနေပြီးတော့ စတင်ပြီးဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းတဲ့နေရာ
မှာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ကိုယ်တိုင် သွားရောက်ပြီးတော့ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း လျှောက်ထားနိုင်ပါတယ်။ ဒါကို သက်ဆိုင်ရာ မြို့ရဲ့ အထွေထွေ အုပ်ချုပ်ရေး ဝန်ကြီးဌာနကနေ စိစစ်ပြီးတော့ သူ့ရဲ့ စိစစ်ထောက်ခံချက်နဲ့
အတူ ကျနော်တို့ ခရိုင်အဆင့် အုပ်ချုပ်ကဏ္ဍကို တင်ပြရတာဖြစ်ပါတယ်။ ဒီနေရာမှာလည်း ခရိုင်အဆင့် အုပ်ချုပ်ရေး ဝန်ကြီးဌာနက စိစစ်ပြီးတဲ့အခါမှာ အဆင့်အဆင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဝန်ကြီးဌာန
ကို တင်ပြပြီးတော့ ဒီအစိုးရ အဖွဲ့ရဲ့ ထောက်ခံချက်နဲ့အတူ ကျနော်တို့ ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြရမှာ
ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ခုန ကျနော် ပြောခဲ့တဲ့ အဖွဲ့တွေမှာ ပါဝင်တဲ့ အဖွဲ့အစည်းကနေ ဆောက်ရွက် လျက် ရှိပါတယ်။ အခုလက်ရှိလည်း ဆောင်ရွက်လျက် ရှိပါတယ်”

ဦးကျော်ဆန်း၏ ထပ်မံဖြည့်စွက် ဖြေကြားချက်။

(ဤဖြေကြားချက်များအားလုံး သတင်းစာထဲမပါဝင်ပါ)

“စောစောက မေးခွန်းကို ဖြေကြားတဲ့အခါမှာ emotion ဖြစ်သွားပါတယ်။ ဘာကြောင့် emotion ဖြစ်တာလည်းဆိုတော့ ခုနက ခက်ခက်ခဲ ရုန်းကန်ကြရတဲ့အပေါ်မှာ နားလည်မှု မရှိကြပါလားဆိုတဲ့ ခံစားရတဲ့ emotion ဖြစ်တယ်။ သို့သော် ဒီကိစ္စကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပေးပါ။ ပြည်ကြားရေးဝန်ကြီးက မဖြေနိုင်လို့ ဒီလိုဖြစ်တယ် မဟုတ်ပါဘူး။ လူတိုင်းမှာ emotion ရှိတယ်။ ဘယ်လောက်ထိ ကောင်းအောင် ဆောင်ရွက်ပေးခဲ့ပေမယ့် ဒီအပေါ်မှာ နားလည်မှု မရှိနိုင်ကြတဲ့အပေါ်မှာ emotion ဖြစ်သွားတယ်။ ဒါကြောင့် ဒါလေးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ မမှန်တာကို မဟုတ်တာတွေကိုတော့ မဖွစေချင်ပါဘူး။ ဒါကလည်း ကျနော့်လို အပ်ချက်ပေါ့။ emotion မဖြစ်ထိုက်ဘူးပေါ့။ သို့သော် ပြောရင်းပြောရင်းနဲ့ စိတ်ထဲက ဖြစ်သွားတာပါ။ မဖြေနိုင်လို့၊ ဒီလိုဖြစ်သွားတာ မဟုတ်ပါဘူး။ ဖြေကြားတဲ့ အခါမှာ emotion ဖြစ်သွားတာပါ”

“အသေးစားငွေချေးမှုကိုတော့ လုပ်နေပါပြီ ကျန်တာကိုတော့ ဘာလိုလုပ်မလဲဆိုတာ သိချင်တဲ့အတွက် ဝမ်းသာ ပါတယ်။ သိရုံနဲ့ မရဘူး။ အားလုံးက အသိရှိရှိ ပူးပေါင်းကြပါ။ တိုင်းပြည်တိုးတက်မယ်။ ကျနော် တာဝန်ယူရတာ
က ဘာလည်းဆိုတော့ ကျေးလက်လူနေမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့မှာ တာဝန်ယူရမယ်။ အဲဒီရဲ့အောက်မှာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုတွေ၊ ကျန်မာရေးအတွက် ဆောင်ရွက်ပေးနေတယ်။ သုံးက
လူအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အတွက် ဆောင်ရွက်ပေးနေတယ်။ လေးက ဆက်သွယ်ရေးကောင်းအောင်
ဆောင်ရွက်၊ ငါးက လမ်းပန်းကောင်းအောင် ဆောင်ရွက်၊ ခြောက် သန့်ရှင်းတဲ့ သောက်သုံးရေ ရဖို့ ဆောက်ရွက်
ပေးဖို့ ယနေ့ ကျနော်တို့ Action Plan ဆွဲရတယ်။ Action Plan ဆွဲတဲ့အခါမှာ တကယ်ဖြစ်နိုင် အက်ရှင်မလင်ကို ဆွဲရတယ်။ ဥပမာ ပညာရေးနဲ့ ပတ်သက်တဲ့ အက်ရှင်ပလင်ကို ပြောရရင် ကျနော်တို့ ကျေးလက်တွေမှာ အထက်တန်းကျောင်းတို့၊ အလယ်တန်းကျောင်းတို့ဆိုတာ ကျေးရွာ အုပ်စုတခုလောက် ရှိတတ်တယ်။ ကျေးရွာ တခုမှာ ကျေးရွာပေါင်း ၇၊ ၈၊ ၉ ရွာရှိတတ်တယ်"


"အထက်၊ အလယ်တန်းကျောင်းတွေ ဘယ်လောက်ဝေးသလဲ ဆိုတော့ တချို့ရွာတွေ ဘယ်လောက်ဝေးသလဲဆိုတော့ ၅ မိုင်၊ ၆ မိုင်၊ ၇ မိုင်ဝေးတယ်။ အဲဒီကျောင်းသားတွေက အဲဒီကျောင်းတွေကို လာရတယ်။ နိုင်ငံတော်အစိုးရက ပြည်သူတွေ ပညာရေးလက်လှမ်းမှီအောင် အားလုံးကို အများကြီး ဖြန့်ဆောင်ရွက်ပေးခဲ့ပေမဲ့ ပြည်သူတွေမှာတော့ အခက်အခဲရှိနေသေးတာ။ ဒါကြောင့် တချို့သော
ကျေးရွာတွေမှာ ၄ တန်းအောင် ကလေးတွေမှာ ၅၊ ၆၊ ၇ လာတက်ဖို့ ခက်တယ်။ အဲဒါကို ဖြေရှင်းဖို့ အဲဒီလို အထက်တန်းကျောင်းကြီးတွေမှာ ဘော်ဒါဆောင်တွေ ဖွင့်ပေးမယ်။ အဲဒီအဖွဲ့အစည်းရဲ့ အဲဒီမှာလာပြီးတော့ သူ့ဆန်လေးနဲ့ လာပြီး ထမင်းချက်စားနိုင်အောင်လုပ်ပေးမယ်။ ပြီးရင် သူတို့တွေ ရပ်တည်နိုင်အောင် ထိုက်သင့်တဲ့
ငွေကြေးရန်ပုံငွေ မတည်ငွေကို ပေးမယ်။ ဒါက one of action တွေပါ။ လက်တွေ့လည်း ပညာရေး၊ ကျန်းမာရေး မှာလည်း ကျနော်တို့ မြို့နယ်တိုင်းကနေပြီးတော့ လုပ်မယ်။ အဲဒီလိုအပ်ချက်တွေ ရောက်လာရင် ၁၊ နိုင်ငံတော်အား၊ ၂၊ ဒေသပြည်သူတွေအား၊ စေတနာရှင်အား၊ INGOအား၊ ဖောင်ဒေးရှင်းတွေအား၊ အဖွဲ့အစည်းအား၊ ဒီအားတွေနဲ့ပဲ ဝိုင်းလုပ်မယ်”

“အဲဒါအပြင် မေးမြန်းတယ်ဆိုတာကလည်း ပြည်သူတွေဆီမှာ တကယ်ထိရောက်ပါ့မလား၊ ဒီစေတနာနဲ့ ဖြစ်ကောင်း
ဖြစ်မယ်။ ဒါမှမဟုတ်လဲ တခြားရည်ရွယ်ချက်နဲ့ မေးကောင်းမေးတာလည်း ဖြစ်မယ်။ တခြားရည်ရွယ်ချက်နဲ့ မေးရင် လည်း ကျနော်တို့ လက်ခံပါတယ်။ အဲတော့ အဲဒါတွေ ဖြစ်အောင် ပြည်သူရော အားလုံး အသိရှိရှိဝိုင်းကူလုပ်ရမှာပါ။ ဒါကြောင့် အဲဒီလို လုပ်ဖို့ ရှိပါတယ်။ ကျနော်ကြေလည်း ကြေငြာပါ့မယ်။ အဲဒီအခါမျိုးမှာ ပြည်သူအားလုံးကရော၊ စတုတ္ထမဏ္ဍိုင် စာပေသမားတွေရော တကျပ်ပဲ တတ်နိုင်တတ်နိုင်၊ တပြားပဲ တတ်နိုင်တတ်နိုင် ဝိုင်းဝန်းကူညီပါလို့
ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်”


http://www.mizzimaburmese.com/edop/songpa/8138-2011-08-14-06-57-45.html

အောင်ဆန်းဂျာမွန်း


မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၁၇ မိနစ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ တနင်္ဂနွေနေ့ ပဲခူးတိုင်း
နိုင်ငံရေး ခရီးစဉ်အတွင်း အောင်ဆန်းဂျာမွန်း စာကြည့်တိုက် နှစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင် ၂၃ လမ်းနှင့် သနပ်ပင်မြို့ နဝရတ်ကိုးသွယ်လမ်းတို့တွင် တည်ရှိသည့် ထိုအောင်ဆန်းဂျာမွန်း စာကြည့်တိုက်များတွင် စာအုပ်ပေါင်း ၇,ဝဝဝ ကျော် ရှိသည်ဟုသိရသည်။ ထိုစာကြည့်တိုက်နှစ်ခုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်းနှင့် ဒေသခံ ပြည်သူများ ဦးဆောင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ စာကြည့်တိုက် တခုစီအတွက် ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁၅ သိန်းခန့် ဖြစ်သည်။

စာကြည်တိုက်ရှိ စာအုပ်များတွင် NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ရေးသည့် “ဘာလဲဟဲ့
လူ့ငရဲ”၊ ဒေါ်အောင်ဆန်းစုကြည်၏ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” ကဲ့သို့သော စာအုပ်များ အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနှင့် ဝတ္ထုစာအုပ်များလည်း စာကြည့်တိုက်တွင် ထားရှိသည်။



အောင်ဆန်းဂျာမွန်း စာကြည့်တိုက်အတွက် ဒေါ်အောင်ဆန်းစုကြည် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ်။ ဓာတ်ပုံ-Citizen journalist

ဤစာကြည်တိုက်နာမည်ဖြစ်သည့် အောင်ဆန်းဂျာမွန်း အစပြုလာပုံမှာ

၁၉၈၉ ခုနှစ်၊ ဧပြီလ ၂၇-ရက် နေ့။ နေရာက မြစ်ကြီးနားမြို့။

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ခရီးစဉ်အတွင်းဖြစ်သည်။ ရန်ကုန်အပြင်ဘက် တခြားတိုင်းနှင့် ပြည်နယ်များ
ပထမဆုံး နိုင်ငံရေးခရီးစဉ် ကာလ ဖြစ်သည်။

ထိုကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း ကချင်လူထုကြီးက ဒေါ်အောင်ဆန်းစုကြည်အား ‘အောင်ဆန်းဂျာမွန်း’ ဟူ၍ အမည်ပေး ကမ္ဗည်းထိုးကြ၏။ ‘ဂျာမွန်း’ ဟူသည်က ကချင်ဘာသာနှင့် ‘ရွှေဝတ်မှုန်’ ဟူ၍ ဖြစ်သည်။

‘အောင်ဆန်းဂျာမွန်း’ က …. ‘အောင်ဆန်း ရွှေဝတ်မှုန်’။

ထို ၁၉၈၉ ကချင်ပြည်နယ်ခရီးစဉ်က၊ ပြည်သူတွေနှင့် ထိတွေ့သည့်အခါ ဒေါ်အောင်ဆန်းစုကြည်က အဓိက ၂ ခုပြောခဲ့သည်။ ပြည်သူတွေ စိတ်ဓါတ်လုံခြုံရန်နှင့် လူငယ်များသည် အနာဂတ်ပြည်ထောင်စုအတွက် အရေးကြီး
သည် ဆိုသည်များ။

“ကျမတို့အားလုံးဟာ စိတ်ဓာတ် လုံခြုံမှု ရနိုင်မယ့် စနစ်တခုကို ဦးတည်ဖို့ လိုပါတယ်။ စိတ်ဓာတ် လုံခြုံမှုရမှပဲ
စီးပွားရေး လုံခြုံမှုကို ကျမတို့ ရနိုင်မှာပါ။ ဝိုင်းပြီးတော့ နိုင်ငံရေးအရ ကြိုးစားကြပါ၊ ပံ့ပိုးကြပါ၊ ထောက်ခံကြပါ။ ကျမတို့ ပြည်ထောင်စုသစ်ကြီး ထူထောင်ဖို့ဆိုတာဟာ ပြည်ထောင်စု တိုင်းရင်းသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် ထမ်းဆောင်ကြပါ” ဟု ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ကရက်
KNDC ရုံးတွင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပြောခဲ့သည်။

၁၉၈၉ ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့တွင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပင်လုံပြည်ထောင်စုသစ် လမ်းပြမြေပုံ ရေးဆွဲခဲ့သည့် ဒူးဝါးဇော်ရစ်နှင့် တွေ့ဆုံခဲ့ကာ ပင်လုံလမ်းပြမြေပုံနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ဒီနေ့ ၂ဝ၁၁ သြဂုတ် ၁၄ ရက် ပဲခူးခရီးစဉ်တွင် ပြည်သူတွေ စိတ်ဓါတ် ခိုင်မာရန်နှင့် လူငယ်များ စာဖတ်ကြဖို့
ပြောသွားသည်။ ပဲခူးခရီးစဉ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အကျယ်ချုပ်မှ လွတ်လာပြီးနောက်
ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်ပြင်ပ ပထမဆုံး နိုင်ငံရေးခရီးစဉ်ဖြစ်သည်။ ၂၂ နှစ်အတွင်း ဒုတိယအကြိမ် ပဲခူးရောက်ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ပဲခူးခရီးစဉ်သည်၊ မြန်မာစစ်တပ်နှင့် ကေအိုင်အိုတို့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေ
သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဇွန်လ ကတည်းက စဖြစ်ခဲ့သည့် ထိုတိုက်ပွဲများသည်၊ တိုင်းရင်းသား ချစ်ကြည်ရေးနှင့် ပြည်ထောင်စု စိတ်ဓါတ်ကို ထိခိုက်နေပြီး၊ တိုင်းရင်းသား လူနည်းစု နေရာအနှံ့တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတော့မည် ဆိုသည်ကို စိုးရိမ်နေကြသည်။

ဇူလိုင်လ ၂၈ ရက်နေ့စွဲဖြင့် အိပ်ဖွင့်ပေးစာထဲတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ပွဲများကို အမြန်ဆုံးရပ်ဆိုင်းရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် သူပံ့ပိုးပေးဖို့ အဆင့်သင့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

“အောင်ဆန်းဂျာမွန်း” စာကြည့်တိုက်

အဓိပ္ဗာယ်

“အောင်ဆန်းဂျာမွန်း” ဆိုသောအဓိပ္ပာယ်မှာ “ဂျာမွန်း”ဆိုသည်က ကချင်ဘာသာနှင့် “ရွှေဝတ်မှုန်”လို့ အဓိပ္ပာယ် ရသည်။ “အောင်ဆန်းဂျာမွန်း” ဆိုသည့်အတွက် “အောင်ဆန်းရွှေဝတ်မှုန်” ။

ရည်ရွယ်ချက်

၁။ လူငယ်များ အနေဖြင့် ဘီယာဆိုင်၊ ဘိလိယက်ခုံ၊ ဂိမ်းဆိုင်နှင့် ဘောလုံးပွဲများတွင် အချိန်ကုန်မည့် အစား စာဖတ်ခန်းတွင်း အချိန်ကုန်စေခြင်းဖြင့် တိုင်းပြည်အတွက် တန်ဖိုးရှိသည့် လူငယ်များ ဖြစ်ပေါ်လာစေရန်။
၂။ မိမိဘဝကို မိမိဘာသာ တည်ဆောက်နိုင်မည့် လူငယ်များ ဖြစ်ပေါ်လာစေရန်။
၃။ စာအုပ်စာပေသည် ပညာရှင်များမှ နှစ်ပေါင်းများစွာ သုတေသန ပြုခဲ့သည့် အတွက် လူငယ်များ အနေဖြင့် အလွယ်တကူ လေ့လာနိုင်စေရန်။

တည်နေရာ

၁) အောင်ဆန်းဂျာမွန်း စာဖတ်ခန်း (ပဲခူး) - အမှတ် ၉၄၊ ပန်းလှိုင် ၂၃ လမ်း၊ ပဲခူးမြို့၊ ပဲခူးတိုင်း (ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရှေ့နေ ဦးမြတ်လှ နေအိမ်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်)
၂) အောင်ဆန်းဂျာမွန်း စာဖတ်ခန်း (သနပ်ပင်) - အမှတ် ၁၂၈၊ နဝရတ်ကိုးသွယ်လမ်း၊ ဈေးပိုင်းရပ်ကွက်၊
သနပ်ပင်မြို့၊ ပဲခူးတိုင်း။

အကျယ်အဝန်း

၁) အောင်ဆန်းဂျာမွန်း စာဖတ်ခန်း (ပဲခူး) – လူဦးရေ ၂၀ ကျော်ဆံ့
၂) အောင်ဆန်းဂျာမွန်း စာဖတ်ခန်း (သနပ်ပင်) - ၁၂ x ၁၆ ပေကျယ်ဝန်းကာ စာဖတ်သူ ၁၄-၁၅ ဦး ဆံ့နိုင်။

ထားရှိသည့် စာအုပ် အမျိုးအစား

အပတ်စဉ်ထုတ် ဂျာနယ်၊ လစဉ်ထုတ် မဂ္ဂဇင်း၊ ဝတ္ထု၊ ကာတွန်း၊ ကဗျာ၊ အတ္ထုပ္ဗတ္တိ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ TOFEL, IELTS, FAT ကဲ့သို့သော အင်္ဂလိပ်စာ အထောက်အကူပြု စာအုပ်စာတမ်းများ။

စာအုပ်ရေ

၁) အောင်ဆန်းဂျာမွန်း စာဖတ်ခန်း (ပဲခူး) – အမျိုးအစားစုံ အုပ်ရေ ၄,ဝဝဝ ခန့်ရှိ
၂) အောင်ဆန်းဂျာမွန်း စာဖတ်ခန်း (သနပ်ပင်) - အမျိုးအစားစုံ အုပ်ရေ ၃,ဝဝဝ ကျော်ရှိ
(စာအုပ်အားလုံးအား စေတနာရှင်များ လှူဒါန်းထားခြင်း ဖြစ်သည်)

စာဖတ်ခန်း တည်ဆောက်မှုကုန်ကျစရိတ်

စာဖတ်ခန်းတခုလျှင် ကျပ်ငွေ ၁၅ သိန်းခန့် ကုန်ကျ

စာကြည့်တိုက် ဝန်ထမ်း

စာကြည့်တိုက်မှူးနှင့် လက်ထောက် စာကြည့်တိုက်မှူး နှစ်ဦးထားရှိမည် ဖြစ်ကာ စေတနာရှင် လုပ်အားပေးများ ရှိမည် ဖြစ်သည်။

စာဖတ်ခန်းတွင် ကျင့်သုံးမည့်စနစ်

“စာချစ်သူများ” အမည်ဖြင့် စာဖတ်ခန်းကဒ်ပြုလုပ်ကာ ကဒ်တခုလျှင် ၅ဝဝ ကျပ်၊ သက်တမ်း ၆ လ ထားရှိကာ ယင်းကတ်ဖြင့် တပတ်လျှင် စာအုပ် ၂ အုပ် ငှားရမ်းနိုင်မည် ဖြစ်သည်။ အင်္ဂလိပ်စာ သင်တန်း တက်ရောက်နေ
သည့် လူငယ်များအတွက်မူ သီးသန့်ကဒ် ထားရှိကာ အခမဲ့ ငှားရမ်းနိုင်မည် ဖြစ်သည်။

ဘာသာရေးနှင့် သက်ဆိုင်သည့် စာအုပ်စာတမ်း ငှားရမ်းလိုသူ ရဟန်းသံဃာတော်များနှင့် အပတ်စဉ် ဂျာနယ်များ ငှားရမ်းလိုသူများအတွက် ကဒ်မလိုအပ်ဘဲ ငှားရမ်းနိုင်ရန် စီစဉ်ထားသည်။

အခြားအစီအစဉ်များ

အခါအားလျော်စွာ စာပေပညာရှင်များအား ဖိတ်ခေါ်၍ ဟောပြောပွဲ ကျင်းပခြင်း ပြုလုပ်သွားမည်။

စတင်လုပ်ဆောင်ခဲ့သည့်အချိန်

၂၀၁၀ နိုဝင်ဘာလ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ပိုင်း ကွန်ယက်များ ဖွဲ့စည်းခဲ့သည်။ ယင်းနောက် ပဲခူးမြို့တွင်လည်း ပညာရေးကွန်ယက်ဖွဲ့စည်းခဲ့ကာ အများသဘောတူညီမှုဖြင့် စာဖတ်ခန်းဖွင့်ရန် ၂၀၁၁ ဇန်န၀ါရီလတွင် စတင်ခဲ့သည်။

စာဖတ်ခန်းဖွင့်ရန် လိုအပ်နေမှုအခြေအနေကိုစာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီဝင် ဦးမြင့်ဦးပြော

“ကျနော်တို့ ငယ်ငယ်တုန်းက ကျနော်တို့ မိဘတွေကော ကျနော်တို့တွေကောက စာအုပ်တွေကို ကိုယ်ပိုင် ၀ယ်ဖတ်ကြတယ်။ ၀ယ်ဖတ်နိုင်တယ်။ ကိုယ့်အိမ်မှာလည်း စာဖတ်ခန်းလို၊ စာကြည့်တိုက်လိုတွေ ရှိတယ်။ Home Library ဆိုတာ အိမ်တော်တော်များများမှာ ရှိတယ်။ ဒါပေမဲ့ အခုခေတ်က စာအုပ်တွေက ဈေးကြီးတယ်။ ဂျာနယ်တောင် ၆၀၀၊ ၇၀၀ ရှိတယ်။ မဂ္ဂဇင်းစာအုပ်က ၂၀၀၀၊ ၃၀၀၀ ရှိတယ်။ စာအုပ်တွေက လည်း ခပ်ပါးပါးတွေပဲ ထွက်တော့တယ်။ အရင်ကလို အထူကြီးတွေ မထွက်တော့ဘူး။ အဲဒါတွေကလည်း ၂၀၀၀ ရဲ့အထက်မှာပဲ ရှိတယ်။ ၄၀၀၀၊ ၅၀၀၀”

“ကျနော်တို့က စားဝတ်နေရေးတောင် မနည်းလုံးပန်းနေရတဲ့လူတွေက ဘယ်ဝတ်ဖတ်နိုင်မလဲ။ ၀ယ်မဖတ်နိုင် တဲ့အခါကျတော့ စာနဲ့ပေနဲ့ ကျနော်တို့လူတွေက ပိုပိုပြီးတော့ ဝေးလာတယ်ဗျ။ ဒီစာပေနဲ့ ကျနော်တို့ လူတွေ ဝေးလာတာဟာ အလွန်ဝမ်းနည်းစရာ ကောင်းတယ်။ ကျနော်တို့အတွက်၊ အနာဂတ်အတွက်။ မျက်စိ၊ နား ပိတ်ခံရတာနဲ့ အတူတူပဲဗျ။ အသိဉာဏ်ဖွံ့ဖြိုးမှုကို တုံ့ဆိုင်းသွား၊ ယုတ်လျော့သွားတဲ့ဟာမျိုးပဲ။ စာက ဝေးရင်း ဝေးရင်းနဲ့ စာဖတ်နဲ့ အလေ့အကျင့်တွေ၊ အလေ့အထုံတွေလည်း နောက်တော့ နည်းသွားနိုင်တယ်ဗျ။ အထူးသဖြင့် လူငယ်တွေကို စာဖတ်စေချင်တယ်။ ဒီဒေသတွေက အင်တာနက်တွေ ဘာတွေ သိပ်ရှိတာ မဟုတ်ဘူး။ အဲဒီတော့ စာဖတ်ခန်းကို လာရင် သူတို့ ပိုပြီးတော့ အကျိုးရှိတယ်။ အဲဒါကြောင့် အဲဒီကွက်လပ်ကို ၀င်ဖြည့်တာ”
http://mizzimaburmese.com/news/inside-burma/8140-2011-08-14-09-56-51.html

သတင်း ထုတ်ပြန်ရေးအဖွဲ့ ဆိုပါကလား



ရဲဘော်ဖိုးသံချောင်း | တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၂ မိနစ်

တနေ့တုန်းကပဲ ကြံ့ဖွတ် စစ်အစိုးရဟာ “ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့” ဆိုတာကို ဖွဲ့စည်း လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ ကမ္ဘာမှာ တွေ့ရခဲလှတဲ့ “ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေး အဖွဲ့” ဆိုတာကို ကြားရ တော့ သဘာဝကျစွာပဲ လူတွေက ကြံ့ဖွတ် စစ်အစိုးရ ဘာတွေများ အကြံအဖန် လုပ်ပြန်ပြီလဲလို့
တွေးမိကြပါတယ်။ လက်ရှိ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်(ဦး)ကျော်ဆန်းကိုပဲ တယောက်ထဲ လွှတ်မထားချင်လို့လား၊ သတင်းစာဆရာတွေနဲ့တွေ့ဆိုရာမှာ သူတို့ဘက်က အင်အားပြချင်လို့လား၊ လူများပွဲစည်ဆိုပြီး စတန့်ထွင်တာလား သို့လော၊ သို့လောတွေအများကြီးဖြစ်လာ ပါတယ်။

ဒါပေမဲ့ ဒီလူ၁၁ဦးပါတဲ့ ဒီအဖွဲ့ပေါ်ထွက်လာတဲ့အတွက်ပိုဖြစ်နိုင်တာက သူတို့ချင်း တယောက်ကို တယောက် မဲတင်းဖို့၊ သတင်းပို အမှောင်ချဖို့သာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေ တဌာနကို တဌာန အကြောခံရတယ်လို့ ထင်နေလို့ဖန်တီးလာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်

တခုခုထူးလာမယ်၊ ပိုပွင့်လင်းလာမယ်လို့တော့ ဘယ်သူကမှ မထင်ပါဘူး။ ကြံ့ဖွတ်စစ်အစိုးရ ဘာဉာဏ်နီ ဉာဏ်နက်တွေများ ထုတ်အုံးမလဲလို့သာ သံသယ အထောင်အသောင်း နဲ့ စောင့်ကြည့်နေကြပါတယ်။ သတင်းထုတ်ပြန်ရာမှာ လူတဦးထဲထုတ်ပြန်တယ်ဆိုတာထက် လူအများနဲ့ ထုတ်ပြန် တယ် ဆိုတာက ဘာများပိုထူးမှာလဲ။ ပစပ်ပေါက်ပိုများလာတာဟာ အသံကျယ်လာတာထက်မပိုနိုင်ပါဘူး။

ဒီဟာလေး ဖြည့်လိုက်ပါအုံး၊ ဟိုဟာလေး မချန်လိုက်ပါနဲ့ ဆိုပြီး ပိုကျယ်ပြန့်လာ ပွင့်လင်းလာမယ်လို့ မျှော်လင့်နိုင်ပါ သလား။ တယောက်က ဟိုဟာဖြတ်လိုက်၊ နောက်တယောက်က ဒီဟာလည်းတောက်လိုက်နဲ့ ပိုလို့သာတင်းကြပ်၊ ကျဉ်းမြောင်း သွားနိုင်တယ်လို့ထင်ပါတယ်။ အရေးပါတဲ့ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့ဖွဲ့စည်းထားတာမို့ သတင်းတည်းဖြတ် ရာမှာ အားဖြည့်တဲ့သဘော ပိုဆောင်နေပါတယ်။ သတင်းပိုပေးချင်ရင် သက်ဆိုင်ရာဌာနက တိုက်ရိုက်ထုတ်ပြန်ပြောဆိုလို့ ရတယ်ထင်ပါတယ်။ ကော်မတီ၊ အစုအဖွဲ့တွေ ဖွဲ့နေဖို့မလိုပါဘူး။ အခုပိုဖြစ်နိုင်တာက သူတို့ချင်းတယောက်ကိုတယောက် မဲတင်းဖို့၊ သတင်းပိုအမှောင်ချဖို့သာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေ တဌာနကို တဌာန အကြောခံရတယ်လို့ ထင်နေလို့ ဖန်တီးလာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီနေ့ဗမာပြည်ရဲ့သတင်းလောကမှာ အကြီးဆုံးဒီပြောရေးဆိုခွင့် ရှိသူဆိုသူ(တွေ) ဟာ ခိုင်းတာ လုပ်ရသူတွေချည်း ဖြစ်ပါတယ်။ သူ့တဦးထဲရဲ့ အမြင်ကို မပြောဝံ့ပါဘူး။
ပြဿနာ တခုက သက်ဆိုင်ရာဌာနတွေက သတင်းမှန်တွေကို မထုတ်ပြန်ပဲ လံကြုတ်သတင်းတွေထုတ်ပြန်နေတဲ့ကိစ္စပါ။ ဒီလိုဖြစ်နေတာဟာ သတင်းထုတ်ပြန်တာကို အဖွဲ့အစည်းနဲ့ မထုတ်ပြန်လို့မဟုတ်ပါဘူး။ တကယ်ပြောရရင် အခု ထုတ်ပြန်နေတာတွေဟာ ဗိုလ်(ဦး)ကျော်ဆန်းတဦးထဲက လိမ်ညာ နေတာလည်းမဟုတ်ပါဘူး။ တကယ်က စစ်အစိုးရအဆက်ဆက်ဟာ သတင်းစာရှင်းလင်းပွဲဆိုတာတွေမှာ သူတို့ အယုံ ကြည်အစိတ်ချဆုံးလူတွေကိုပဲ သူတို့ကိုယ်စား ထွက်လိမ်ခိုင်းနေတာဖြစ်ပါတယ်။ တနည်းပြောရရင် ဒီပြောရေးဆိုခွင့် ရှိသူဆိုသူ(တွေ)ဟာ ခိုင်းတာလုပ်ရသူတွေချည်းဖြစ်ပါတယ်။ သူ့တဦးထဲရဲ့အမြင်ကိုမပြောဝံ့ပါဘူး။ မီဒီယာသမားတွေနဲ့ တွေ့ဆုံတိုင်း သူတို့ရဲ့ခေါင်းထဲမှာ နံပတ်ဝမ်းကြီးရဲ့ပုံရိပ်ကြီးက အမြဲလွှမ်းမိုးနေတာဖြစ်ပါတယ်။

ဒါဖြင့်ဒါကဘာလုပ်တာလဲ။ ဗိုလ်(ဦး)သိန်းစိန်တက်လာတဲ့နောက် လုပ်နေတဲ့ သဏ္ဌာန်ဆံတဲ့ လုပ်ရပ်တွေထဲက တခု ဖြစ်တယ်ဆိုတာကတော့ ဘာမှအငြင်းပွားစရာမရှိပါဘူး။ ဒါ့အပြင် နောက်ရည်ရွယ်ချက်တခုက ဒီနေ့လို မီဒီယာတွေများပြား၊ ဆက်သွယ်ရေးစနစ်တွေမျိုးစုံထွန်းကားနေတဲ့ အချိန်မှာ သူတို့ဌာနတွေထဲကလူတွေကို မဗျူးနိုင်အောင် ထိပ်ကနေ ပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။ မီဒီယာတွေအနေနဲ့မေးချင်တာရှိရင် ဒီအဖွဲ့ကိုပဲမေး၊ တခြားလူတွေကိုမမေးနဲ့ဆိုတာမျိုး၊ ဒါမှမဟုတ် ဒီအဖွဲ့မှအပ တခြားအစိုးရဌာနနဲ့ ဝန်ထမ်းတွေပြောတာမှန်သမျှ တရားမဝင်ဘူးဆိုတာမျိုးဖြစ်အောင် လုပ်လာပါလိမ့်မယ်။ သူတို့စိုးရိမ်တာက သူတို့အထဲကလူတွေက အမှန်တွေ ထုတ်ပြောမှာ၊ သတင်းတွေ သူတို့ပစပ်ပေါက်ထဲက မဟုတ်ပဲ တခြားပစပ်ပေါက်တွေကထွက်မှာကိုပါပဲ။

ဒီနေ့လို မီဒီယာတွေ များပြား၊ ဆက်သွယ်ရေး စနစ်တွေ မျိုးစုံ ထွန်းကားနေတဲ့ အချိန်မှာ သူတို့ဌာနတွေထဲက လူတွေကို မဗျူးနိုင်အောင် ထိပ်ကနေ ပိတ်ဆို့ထားတာလည်း ဖြစ်ပါတယ်
ပြည်သူတွေကြားချင်၊ သိချင်နေတာဟာအမှန်တရားပါ။ မျက်နှာတွေ၊ ပစပ်ပေါက်တွေမဟုတ်ပါဘူး။ ဗိုလ်(ဦး) သိန်းစိန်တို့အနေနဲ့ သူတို့ကိုယ်သူတို့ နအဖ အစိုးရနဲ့ လမ်းခွဲခဲ့ပါတယ် ဆိုတဲ့အဓိပ္ပာယ်မျိုး ပြသချင်ရင် ဗမာပြည်က စာနယ် ဇင်းတွေ၊ ဗီဒီယိုတွေကို ဖွင့်လိုက်တိုင်းတွေ့နေရတဲ့ အင်မတန်အကျည်းတန်တဲ့ “ဦးတည်ချက်လေးရပ်”၊ “ပြည်သူ့ ဆန္ဒသဘောထား”၊ “ဆူပူမှုဖြင့်ဒီမိုကရေစီမရနိုင်”၊“VOA, RFA ရန်တိုက်ပေးနေသည်” စတဲ့ တဖက်သတ် ဝါဒဖြန့်၊ အနိုင်ကျင့်မှုတွေကို ဖယ်ရှားပေးတာမျိုးကိုအရင်ဆုံး လုပ်ပြသင့်ပါတယ်။ သူတို့ရဲ့ဒီကြွေးကြော်သံတွေဟာ မီဒီယာလောက ကိုရော မီဒီယာများကို ဖတ်- ကြည့်-နားထောင်နေသူများကိုပါ ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

ဗိုလ်နေဝင်းအစပြုလိုက်တဲ့ လူဗိုလ်ပုံအလယ်မှာမျက်ရည်ကျပြတဲ့စတိုင်အချိုးကို အခုဗိုလ်(ဦး)ကျော်ဆန်းက သတင်းစာရှင်းလင်းပွဲမှာလုပ်ပြလာတာတွေ့ရပါတယ်။ ဒါပေမဲ့ ဗိုလ်(ဦး)ကျော်ဆန်းအကြောင်းကို နောကျေနေတဲ့ ဗမာပြည်သတင်းလောကနဲ့ နိုင်ငံရေးလောက ကလူတွေကတော့ ဒါဟာမိကျောင်းမျက်ရည်ထက်မပိုနိုင်ဘူး လို့ပဲဆိုကြပါတယ်။ ဘယ်သူမှ ဒီမျက်ရည်တွေကြောင့် ဗိုလ်(ဦး)သိန်းစိန်အစိုးရနဲ့ ဗိုလ်(ဦး)ကျော်ဆန်းလို သတင်းထုတ်ပြန်သူတွေကို “အော်- သူတို့ခမျာ မျက်ရည်တောင်ကျရှာတယ်”လို့ စာနာထောက်ခံစိတ်မပေါ်မိပါဘူး။ ဒီလိုမျက်ရည်ကျတဲ့သတင်းစာရှင်းလင်းပွဲမျိုးမှာ ဘာပြောသွားတယ်ဆိုတာကို ပိုသတိထားမိပါတယ်။ ဒီအကြိမ်မှာ ထင်ရှားတဲ့အချက်တခုကတော့ “အင်န်အယ်လ်ဒီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်”ခိုင်းပြန်တာပါပဲ။ အသွင်ပြောင်းပေမယ့် အနှစ်သာရမပြောင်းကြောင်းပြောချင်တာပါ။

မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲတွေအကြောင်းပြောတယ်ဆိုတော့ တပါထဲမှာ ဗမာပြည်သတင်းလောကမှာ အင်မတန်အရုပ်ဆိုးတဲ့ဖြစ်ရပ်တခု ဒီနှစ်ပိုင်းထဲမှာဖြစ်ခဲ့ဖူးတာကို သတိရမိပါတယ်။ အဲဒါက သတင်းထုတ်ပြန်တဲ့ တာဝန်ခံ ပုဂ္ဂိုလ်ကြီးက မေးမြန်းတဲ့မီဒီယာသမားကို ငေါက်ငမ်းခြိမ်းခြောက်တာဖြစ်ပါတယ်။ ဒါဟာ သူတို့ အာဏာရှင်
တွေရဲ့ အကျင့်ပဲလို့ စဉ်းစားနားလည်ယူလို့ရပေမယ့် သတင်းထုတ်ပြန်ပွဲမှာလူတဦးထဲက ထုတ်ပြန်နေတဲ့ အခါ တဦးထဲက ငေါက်ပြီး အဖွဲ့နဲ့ထုတ်ပြန်နေရင် အဖွဲ့လိုက်ငေါက်မှာ-ဟောက်မှာလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒါနဲ့ တဆက်ထဲပဲ နောင်သတင်းစာ ရှင်းလင်းပွဲတွေမှာ ဒီသတင်း ထုတ်ပြန်ရေး အဖွဲ့ဝင် ၁၁ယောက်စလုံး ထွက်ငို
ပြနေရင် ဆိုတာကိုလည်း တွေးနေမိပါတယ်။

နှစ်ခါအလှည့်စားခံရရင် ကိုယ့်အပြစ်ပေါ့လေ။
http://www.mizzimaburmese.com/edop/songpa/8139-2011-08-14-09-42-39.html

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကြီးမားစွာ ထိခိုက်မည်ဟု ပညာရှင်များ အတည်ပြု

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း ဧရာဝတီမြစ် ဆက်လက်တည်တံ့ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်မည်ဟု ပညာရှင်များ အတည်ပြု

Thursday, 11 August 2011
Written by Associated News

ရန်ကုန်၊ ဩဂုတ် ၁၁

မြန်မာနိုင်ငံ၏ အသက်သွေးကြောမကြီး တစ်ခုဖြစ်သည့် ဧရာဝတီမြစ်ကြီး စတင်ဖြစ်တည်ရာ ကချင်ပြည်နယ်၊ မေခနှင့် မလိမြစ် ပေါင်းဆုံရာ မြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်းကြီး တစ်ခုကို မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်း အကောင်အထည်ဖော်လျက် ရှိရာ အဆိုပါ စီမံကိန်းကြောင့် ဧရာဝတီမြစ် ဆက်လက် တည်တံ့ ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်မည် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာ ရှင်များက ပြောကြားသည်။

သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (FREDA) မှ အသက် ၈ဝကျော်အရွယ် ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက " ဒီ မြစ်ဆုံစီမံကိန်းကို လုံးဝ မကြိုက်ပါဘူး။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု အများကြီး ရှိပါတယ်။ မြစ်ဆုံစီမံကိန်းအတွက် အဲဒီနားက ကျေးရွာတွေကို ပြောင်းရွှေ့တာလည်း စနစ်တကျ မရှိဘူး" ဟု The Voice Weekly သို့ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သော ၎င်းအမြင်ကို ပြောဆိုသည်။

ယခု လောလောဆယ်အထိ စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသော တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ၊ ခပ္ပါး/ အောင်ဂျာယန်၊ ဒေါင်ပန် စသည့် ရွာငါးရွာမှ အိမ်ထောင်စု ၄၁၀၊ လူဦးရေ ၂၁၄၆ ဦးသာ ပြောင်းရွှေ့ခဲ့ကြောင်း၊ မြင့်မား ကောင်းမွန်သော အဆောက်အအုံများနှင့် စံပြကျေးရွာ၏ အင်္ဂါရပ်နှင့်အဘက်ဘက်မှ ပြည့်စုံအောင် တည်ဆောက်ရွှေ့ပြောင်း ပေးထားကြောင်း ကျော်မင်းလူ (ရွှေပြည်သာ) က ဩဂုတ်လ ၁ဝ ရက်နေ့ထုတ် သတင်းစာတွင် ရေးသားထားသည်။

"ဧရာဝတီမြစ်ဆုံ စီမံကိန်းက အရင်တုန်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးရေးရာကိစ္စ အဖြစ်ပဲ ပြောကြ ဆွေးနွေးကြတယ်။ အခုက နိုင်ငံရေး Issue ဖြစ်လာတယ်။ တရုတ်က လုပ်တဲ့ EIA (Environmental Impact Assessment) ထဲမှာလည်း မဆောက်သင့်ဘူးလို့ ရေးထားတာကို ဆရာတို့ ဖတ်ရတယ်။ ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အချက်သုံးချက် ရှိတယ်။ ပထအချက်က ဒီဆည်ဆောက်တဲ့အတွက် ဘယ်လို အကျိုးစီးပွား ရမလဲဆိုတာ တိတိကျကျ သိပြီးသွားပြီလား။ ဆိုလိုချင်တာက စီးပွားရေးအတွက် အမှန်တကယ် အကျိုးရမှာလား။ လျှပ်စစ်ကော တကယ်ခန့်မှန်းသလောက် ရမှာတဲ့လား။ မှန်းထားသလောက် ဖြစ်မလာရင် ဘယ်လိုလုပ်မလဲ။ ဒုတိယအချက်ကတော့ ပတ်ဝန်းကျင်ရေးရာပဲ။ ဆည်ဆောက်မယ့် နေရာက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးပါတဲ့နေရာ ဖြစ်နေတယ်။ ဆုံးရှုံးမှုက မြန်မာနိုင်ငံ အနေနဲ့တင် မဟုတ်ဘူး။ Globally Endanger ဖြစ်နေတယ်။ မြန်မာအတွက်တင် မကဘူး ကမ္ဘာအတွက်ပါ အရေးပါနေတယ်။ ဒါကိုရော ဆန်းစစ်ပြီးပြီလား။ တတိယအချက်ကတော့ မှီတင်းနေထိုင်တဲ့ လူမျိုးတွေ အတွက် လူမှုရေး၊ စီးပွားရေး ပြောင်းလဲမှုပေါ့။ ဒီမြစ်ဆုံ စီမံကိန်းကနေပြီး တစ်နှစ်ကို ဒေါ်လာသန်း ၅၀ဝ ဝင်မယ် ပြောတယ်။ အဲလိုဆိုရင် ဝင်တာနဲ့ ထွက်တာကို တွက်ပြီးပြီလား။ အဝင်နဲ့အထွက် မမျှရင် ဘယ်လိုလုပ်မလဲ။ အဲဒီအချက် သုံးချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိ တရုတ် EIA Report အရကတော့ ဒီနေရာမှာ ဆည် မဆောက်သင့်ဘူးလို့ သုံးသပ်ထားတယ်။ အထက်ဘက်မှာ နေရာပြောင်းဆောက်ဖို့ လိုတယ်လို့ ရေးထားတယ်။ အဲဒီအချက်တွေကို တိတိကျကျ လိုက်နာဖို့ လိုတယ်" ဟု စီးပွားရေးနှင့် ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (ECODEV) အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက ဩဂုတ်လ ၁ဝရက်နေ့ ညနေ ၃နာရီတွင် ပြောသည်။

"ဆည်ဆောက်တိုင်းလည်း ထင်သလောက် အကျိုးအမြတ် မရဘူး။ ပထမဆုံးဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး ဆည်ကြီးလည်း ထင်သလောက် အကျိုးအမြတ် မရခဲ့ဘူး။ အဲဒါကြောင့် စီးပွားရေး အကျိုးအမြတ်ကို တွက်ဆရမယ်။ ကိန်းဂဏန်းတွေကို သက်ဆိုင်တဲ့သူတွေ သိသင့်တယ်။ လုပ်ချင်တဲ့သူတွေကတော့ ကောင်းတဲ့အချက်တွေပဲ ကွက်ပြီး ပြောမှာပဲ။ ကိုယ်မှန်၊ သူမှား ဖြစ်နေမှာပဲ" ဟု ၎င်းက ဆိုသည်။

မြစ်ဆုံတမံတွင် သိုလှောင်ထားသော ရေများအားလုံးမှာ လျှပ်စစ်ဓာတ်အားပေးစက်များ မောင်းနှင်လည်ပတ်ချိန်တွင် စက်ရုံရေထုတ်မြောင်း မှတစ်ဆင့် ဧရာဝတီမြစ်ထဲသို့ ပြန်စီးဝင်မည်ဖြစ်သဖြင့် မြစ်ဆုံတမံကြောင့် ဧရာဝတီမြစ်ကြီး တိမ်ကောသွားစရာ အကြောင်းမရှိကြောင်း 'ကျွန်တော်တို့လည်း ဧရာဝတီကိုချစ်ပါတယ်' သတင်းစာ ဆောင်းပါးတွင် ရေးသားထားသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီ မြစ်ကြီးအတွင်း ရေစီးဆင်းမှု နှေးကွေးလျော့နည်း သွားမည့်အတွက် ငါးစားကျက်များ ပျက်သွားနိုင်ကြောင်း၊ ဧရာဝတီ မြစ်ကြီးအတွင်း နေထိုင်ကျက်စားသော ဧရာဝတီ လင်းပိုင်များ၊ ရေချိုငါး မျိုးစိတ်များ၏ အလေ့အထ အမူအကျင့်များမှာလည်း တစ်နည်းမဟုတ် တစ်နည်း အကျိုးသက်မှု ရှိကြောင်း ဒီရေတောဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ အသေးစား ငါးလုပ်ငန်း ပညာပေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး တိုးချဲ့ပညာပေးရေး ဆောင်ရွက်နေသူ ဦးဝင်းစိန်နိုင်က The Voice Weekly သို့ ပြောကြားသည်။

ဧရာဝတီ မြစ်ကြီးအတွင်း လင်းပိုင် ထိန်းသိမ်းရေးကို ရှစ်နှစ်ကျော်ကြာ လုပ်ကိုင်လျက် ရှိသူတစ်ဦးက ' " မဲခေါင်မြစ်ထဲမှာဆို လင်းပိုင်တွေက ဒယ်အိုးလို နက်နေတဲ့ နေရာကြီး တစ်ခုရှိတယ်။ လင်းပိုင်တွေက အဲဒီမှာပဲ နေကြတယ်။ ဧရာဝတီ မြစ်တစ်လျှောက်မှာဆိုရင် ဧရာဝတီ လင်းပိုင်တွေက မင်းကွန်း၊ ဗန်းမော်၊ ကျောက်မြောင်းကြီး ရွာနားတွေမှာ အများအပြား တွေ့ရတယ်။ ဒီ မြစ်ဆုံးစီမံကိန်းကြီးကြောင့် ဧရာဝတီမြစ်ကြီး ရေနည်းသွားရင် ဧရာဝတီလင်းပိုင်တွေက မဲခေါင်က လင်းပိုင်တွေလိုပဲ ရေများများရှိတဲ့ နေရာမှာပဲ သွားနေနိုင်တယ်။ ဒါမှမဟုတ် တခြားနေရာတွေကို ရွှေ့ပြောင်းနိုင်တယ်" ဟု ပြောကြားသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်ကာ တရုတ်များလုပ်သော Report ၏ အဖြေကိုလည်း မည်သူမျှ မသိကြောင်း၊ နိုင်ငံတကာ မီဒီယာများတွင် ကြားသိမှုအရ စက္ကန့် ၂ဝ အတွင်း မြစ်ကြီးနားမြို့ မြှပ်နိုင်သည် ဟုဆိုကြောင်း၊ ဧရာဝတီမြစ်ကြီးမှာ မြန်မာ့ယဉ်ကျေးမှု နှင့်အတူ မွေးဖွားလာသော အမျိုးသားရေး လက္ခဏာတစ်ခု ဖြစ်ကြောင်း၊ အဆိုပါ မြစ်ဆုံစီမံကိန်းကြောင့် ယင်းအနီး နေထိုင်သူများမှာ အကြောက်တရားနှင့် နေထိုင်နေရကြောင်း၊ ဧရာဝတီမြစ်ကြီး ရေစီးနှုန်း နည်းသွားပါက ဆားငန်ရေများ လွှမ်းလာနိုင်ကြောင်း၊ ငလျင်ကြောနှင့်လည်း လွန်စွာ နီးကပ်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လေ့လာနေသူ တစ်ဦးက ပြောဆိုသည်။

ဧရာဝတီ မြစ်ရေမှာလည်း ယခင်ပုံမှန်ထက် ၁ ဒသမ ၅ ပေခန့် ပိုမို မြင့်တက်နိုင်ကြောင်း၊ မြစ်ကြီးကို အမှီသဟဲ ပြုနေကြသူများကိုလည်း လုံးဝ ထိခိုက်မှု မရှိကြောင်း၊ မြစ်ဆုံစီမံကိန်း၏ တမံအမျိုးအစားမှာ ကွန်ကရစ်မျက်နှာပြင် ကျောက်ဖြည့်တမံ အမျိုးအစား ဖြစ်ပြီး ယင်းမှာ ငလျင်ဒဏ်ကို ပိုမို ခံနိုင်ကြောင်း၊ မြစ်ဆုံတမံအတွင်း နုန်းပို့ချမှု မြင့်မားပြီး ရေသိုလှောင်မှု နည်းချိန်တွင် ယင်းနုန်းကို ပြန်ထုတ်နိုင်ရန် တမံဒီဇိုင်းမှာ သဲနုန်းထုတ်ပေါက်များ ပါကြောင်း၊နောင်တွင် ဒီရေတောများမှာ ယခုထက်ပိုပြီး တိုးပွား ရှင်သန်လာရန်သာ ရှိကြောင်း၊ ယင်းစီမံကိန်းကို နိုင်ငံတော်အတွက် လုံးဝ အကျိုးအမြတ် မရှိဘဲ တရုတ်နိုင်ငံ အကျိုးစီးပွားအတွက်သာ ဖြစ်သယောင်ယောင် ပြောဆိုစွပ်စွဲမှုများမှာ လုံးဝ မှားယွင်းကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း၂၆၀ဝ ကျော်ကိုလည်း ဖော်ထုတ်ရရှိနေပြီ ဖြစ်ကြောင်း ကျော်မင်းလူ (ရွှေပြည်သာ) က ဩဂုတ်လ ၁ဝ ရက်နေ့ထုတ် သတင်းစာတွင် ရေးသားထားသည်။

" တခြားနိုင်ငံ ကောင်းစားဖို့ အရေး ကိုယ့်နိုင်ငံ ပျက်စီးအောင်တော့ မလုပ်သင့်ဘူးပေါ့ဗျာ။ ဒီလောက် ပြည်တွင်းပြည်ပက အော်နေပြီဆိုရင် ပြသနာတစ်ခုခု ရှိလို့ပေါ့။ မရှိဘဲနဲ့တော့ ဘယ်သူမှ လေကုန်ခံ မပြောဘူး။ ကိုယ့်မြန်မာလူမျိုးကို ချစ်လို့၊ မြစ်ကြီးကို ချစ်လို့ ပြောနေကြတာပဲ။ အခုနောက်ပိုင်း ပြည်တွင်း နိုင်ငံရေးသမားတွေပါ ဒါကို အလေးထား ပြောလာကြတယ်။ ပြောချင်တာက ဒီလောက်ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတာကြီးကို ရပ်တန့်ပစ်ဖို့ လာမယ့် လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးသင့်နေပါပြီ။ အရင် အစိုးရ လုပ်ခဲ့တာ မှန်ပေမယ့် ဒါကို ဘယ်လို လုပ်ရမလဲ ဆိုတာဆွေးနွေးသင့်ဖို့ အချိန် ရောက်နေပါပြီ " ဟု မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေသူ အသက် ၆ဝ ကျော်အရွယ် ပတ်ဝန်းကျင်ပညာရှင်တစ်ဦးကဆိုသည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ကာ ဖြစ်ပေါ်လာနိုင်သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြန်လည် နေရာချထားရေး ဆိုင်ရာ ကိစ္စရပ်များကို အမျိုးသားရေး တာဝန်တစ်ရပ်သဖွယ် အထူး အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းမြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ဆိုးကျိုး သက်ရောက်မှု လွန်စွာ နည်းပါးကြောင်းကို အသေးစိတ် အချက်အလက်များနှင့်တကွ ဩဂုတ်လ ၉ ရက်နေ့တွင် 'ထာဝရအမွေအနှစ် မွန်မြတ်သည့် စေတနာ' ခေါင်းစဉ်ဖြင့် လျှပ်စစ်ဝန်ထမ်း တစ်ဦးက လည်းကောင်း၊ ဩဂုတ်လ ၁ဝ ရက်နေ့တွင် ' ကျွန်တော်တို့လည်း ဧရာဝတီကို ချစ်ပါတယ်' ခေါင်းစဉ်ဖြင့် ကျော်မင်းလူ (ရွှေပြည်သာ) ကလည်းကောင်း နိုင်ငံပိုင် သတင်းစာများတွင် ရေးသားခဲ့သည်။
http://thevoicemyanmar.com/index.php?option=com_content&view=article&id=468:2011-08-11-08-57-24&catid=30:environment&Itemid=50



ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးတွင် တခဲနက်ကြို


ဧရာဝတီ Sunday, 14 August 2011 17:47
E-mail Print
အကျယ်ချုပ်မှလွတ်မြောက်ပြီး ပထမဦးဆုံး နိုင်ငံရေးခရီးစဉ်အဖြစ် ပဲခူးမြို့သို့ ရောက်ရှိသွားသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ အများအပြားက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။


ပဲခူးမြို့တနေရာတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း နှင့် စောင့်ကြိုနေကြသည့် ဒေသခံများ (ဓာတ်ပုံ - ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း ဖြတ်သွားမည့် နေရာများ၊ စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနားများတွင် ဒေသခံတို့က စောင်းဆိုင်းနေခဲ့ကြသည်။

ပြည်သူလူထု၏ ထောက်ခံမှုကို မြင်ရသည့်အတွက် အလွန် ၀မ်းသာသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမ အခု ပဲခူးကို ရောက်ဖူးတာ သုံးကြိမ် ရှိပြီ။ သုံးကြိမ်လုံး ပဲခူးမြို့က ကျမကို လှိုက်လှိုက် လှဲလှဲ ကြိုဆိုတယ်။ ကျမတို့ကို ထောက်ခံတယ် ဆိုတာက ကျမတို့ အပေါ်မှာ မျှော်လင့်ချက်ထားလို့ ဆိုတာ ကျမ နားလည်တယ်။ အခုလို ထောက်ခံမှုကို မြင်ရလေ ကျမတို့မှာ တာဝန် ပိုရှိလာတယ်လို့ ခံစားရတယ်” ဟု ပဲခူးရှိ စာဖတ်ခန်း ဖွင့်ပွဲသို့ ရောက်လာသည့် ထောင်နှင့်ချီသော ဒေသခံများကို ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

ပဲခူး နေ့ချင်းပြန် ခရီးစဉ်တွင် NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ NLD အဖွဲ့ဝင်များ၊ လူငယ်ကွန်ရက် အဖွဲ့ဝင်များ၊ စာနယ်ဇင်းသမားများ ရန်ကုန်မှ လိုက်ပါသွားကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းတွင် ကားအစီး ၂၀ ကျော်ကို တွေ့ရသည်။

ခရီးစဉ်တလျှောက် ယာဉ်ကြောပိတ်ဆို့ခြင်း မရှိစေရန် အာဏာပိုင်တို့က စီစဉ်ထားကြောင်း တွေ့ရသည်။

နံနက် ၆ နာရီ မထိုးမီ ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ပဲခူးသို့ ၇ နာရီကျော်ခန့်တွင် ရောက်ရှိပြီး ဦးစွာ နာမည်ကျော် ရွှေမော်ဓော စေတီသို့ တက်ရောက် ဖူးမြော်ကာ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်တွင် ဝါဆိုသင်္ဃန်း ကပ်လှူသည်။


ပဲခူး၊ သနပ်ပင် တို့တွင် ဒေသခံအများအပြားက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်ရသဖြင့် ကျေနပ် အားရနေကြသည် (ဓာတ်ပုံ - ဧရာဝတီ)

ထို့နောက် သနပ်ပင်မြို့နယ်သို့ သွားရောက်ပြီး ဒေသခံ NLD အဖွဲ့ဝင်များ စီစဉ်သည့် အောင်ဆန်းဂျာမွန်း စာဖတ်ခန်းကို ဖွင့်လှစ်ပေးကာ ထောက်ခံကြိုဆိုကြသည့် ရာနှင့်ချီသော ဒေသခံများကို မိန့်ခွန်း ပြောကြားခဲ့သည်။

နံနက် ၁၁ နာရီကျော်တွင် ပဲခူးမြို့သို့ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ ပြည်သူများက လမ်းဘေးဝဲယာတလျှောက်မှ ၀မ်းသာအားရ ကြိုဆို နှုတ်ဆက်ကြသည်။

ပဲခူးတွင်လည်း အောင်ဆန်းဂျာမွန်း စာဖတ်ခန်းတခု ဖွင့်လှစ်ပေးခဲ့သည်။ စာဖတ်ခန်းတို့၏ အမည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ၁၉၈၉ ခုနှစ် ကချင်ပြည်နယ်ခရီးစဉ်အတွင်း ဒေသခံတို့ ပေးလိုက်သည့် ဂုဏ်ပြုဘွဲ့ အမည်နှင့် ဆင်တူနေသည်။ ဂျာမွန်းသည် ကချင်ဘာသာဖြင့် "ရွှေဝတ်မှုန်" ဟု အဓိပ္ပာယ်ရသည်။ စာဖတ်ခန်းများနှင့်အတူ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲများကိုလည်း ပြုလုပ်ကြသည်။

ယနေ့ ပဲခူး ခရီးစဉ်မတိုင်မီက ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် ရက် ၂၀ အတွင်း ၂ ကြိမ် တွေ့ဆုံခဲ့သည်။ ထွက်ပေါ်လာသည့် ပူးတွဲ ကြေညာချက်များတွင် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်မည်၊ ဆက်လက် ဆွေးနွေးမည်ဟု ဖော်ပြထားသည်။

ထိုတွေ့ဆုံမှုများနှင့် ပတ်သက်ပြီး ပြည်သူလူထု စိတ်ဝင်စားကြမည်ကို နားလည်ကြောင်း၊ ဆွေးနွေးမှု အကြောင်းအရာ အသေးစိတ်ကို လူသိရှင်ကြား မပြောနိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမှ သူ့အား စောင့်ကြိုနေသူ ဒေသခံများကို ရှင်းပြသည်။

“ပြည်သူလူထု ဘာကိုလိုချင်တယ် ဆိုတာ ကျမတို့ သိပါတယ်။ ပြည်သူ လူထုရဲ့ဆန္ဒကို ကျမတို့ အလေးထားတယ်။ အခုအချိန်မှာ ထုတ်မပြောနိုင်သေးတာက တိကျရတဲ့ ရလဒ်တွေ မရသေးလို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်သူလူထုကို လွဲမှားသည့် မျှော်လင့်ချက် ပေးမည် မဟုတ်ဘဲ စစ်မှန်သော ဒီမိုကရေစီရရှိရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ယခင်ရက်များက မိုးသည်းထန်စွာ ရွာသဖြင့် ပဲခူးမြို့ ကားလမ်း၊ ရထားလမ်း အပါအ၀င် နေရာအများအပြား ရေလွှမ်းခဲ့သေးသည်။ သို့သော်လည်း ယနေ့ ရာသီဥတု သာယာလာပြီး လမ်းပမ်းဆက်သွယ်ရေးလည်း ကောင်းမွန်နေသည်။

ယာဉ်တန်းသည် လမ်းတွင် မကြာခဏ ရပ်တန့်သွားပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ထောက်ခံ အားပေးသူများ၊ ရေဘေးဒုက္ခသည်များနှင့် စကားပြော နှုတ်ဆက်သည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၃ နာရီကျော်တွင် ပဲခူးမှ ထွက်ခွာခဲ့ပြီး မိုင် ၅၀ ခန့်ဝေးသော ရန်ကုန်သို့ ညနေ ၅ နာရီခန့်တွင် ပြန်လည် ရောက်ရှိသွားသည်။

ဇူလိုင်လဆန်းပိုင်းကလည်း မြန်မာပြည်တွင် ခေတ္တ ရောက်ရှိနေသော သားဖြစ်သူ ကိုထိန်လင်းနှင့်အတူ ပုဂံညောင်ဦးသို့ မိသားစုခရီး ၄ ရက်ကြာ ထွက်ခဲ့ရာ ဒေသခံ အများအပြားက ၀မ်းသာအားရ ကြိုဆိုခဲ့ကြသည်။

အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များကို တားမြစ်ခြင်း မရှိပေ။

“ဥပဒေနှင့်အညီ သွားလာ လှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုမူ အလေးထား စောင့်ထိန်းရန် လိုအပ်ပါကြောင်း” ဟူသော ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ ပြောဆိုချက်ကိုသာ ဇွန်လဆန်းပိုင်း သတင်းစာများတွင် ဖော်ပြခဲ့သည်။

ယနေ့ပြုလုပ်သည့် ပဲခူးနေ့ချင်းပြန်ခရီးမှာ အဆင်ပြေ ချောမွေ့သော်လည်း ၂၀၀၃ ခုနှစ် မေလ နိုင်ငံရေး ခရီးစဉ်မှာ အကြမ်းဖက် တိုက်ခိုက်မှုနှင့် အဆုံးသတ်ခဲ့သည်။

ထိုစဉ်က ဒီပဲယင်းမြို့အနီးတွင် အာဏာပိုင်တို့ ကျောထောက် နောက်ခံပြုထားသည်ဟု အများက ယူဆသော တုတ်၊ ဓား လက်နက်ကိုင် လူရမ်းကားများက ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို စောင့်ဆိုင်း တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်ခံရသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် ယာဉ်တန်းတွင် ပါဝင်သူ အများအပြား အထိန်းသိမ်းခံလိုက်ရသည်။
အာဏာပိုင်တို့က အများအပြားကို တဖြည်းဖြည်းချင်း ပြန်လွှတ်ပေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုမူ ပြီးခဲ့သည့် နိုဝင်ဘာလအထိ ၇ နှစ်ကြာ ထိန်းသိမ်းခဲ့သည်။




ဧရာဝတီ သတင်းထောက်များ ပူးပေါင်း ရေးသားသည်။
http://www.irrawaddy.org/bur/