Monday, August 15, 2011

တကယ် မဟုတ်တာ ကို ၊ ဟုတ်သယောင် လုပ် ရတာအခက်ဆုံးပါတဲ့..

ဒီအပါတ်ငွေဈေး က တွက်ရ အတော်ခက် ၊ မှန်း သမျှ အကုန် လွဲ ၊ ဒီ တခါ တောင်ပြုန်းပွဲ တောင် ဝတ်လဲတော်
ရေကြည်တော် ဆက်ရ ကျိုး ၊မနပ်ကြပါခင်ဗျာ ၊ သားတော်ကြီး ကို ကြည့် မယ် ၊ သမီတော်ကြီး ကို မ မယ်
နတ်ကတော် တွေ က ၊ တွင် တွင် ပြော ပေ မဲ့ ၊ အမေရိကန် ကြွေးမြီ ပြသနာ ၊ ကွန်ဂရက် က အိုက်တင်ခံ နေ
တာ ကို အိုဘားမားတောင် မတတ်နိုင်တဲ့ ကိတ်စ ၊ အီးယူနိုင်ငံတွေ ထဲ ၃ နိုင်ငံလောက် ငွေကြေးပြသနာ ပေါ်
လို့ ယူရိုငွေ ပါ ယိုင်ဆင်း သွားတာ ၊ တကဘာလုံး စတော့ မားကက် ရှယ်ယာဈေး တွေ တနေ့ ရွှေ တနေ့
ငွေ ဖြစ် ကုန်တာ ၊ ကဘာရွှေဈေး တက်ဆင်းကြမ်း နေတာ ကို မင်းကလေး တို့ ၊ မမနှဲ တို့ လဲ မတတ်နိုင်ပါ။

ဒီကြားထဲ အက်အီးစီ ဆက်မသုံးတော့ပါဘူး သတင်းထွက် လာလို့ အက်အီးစီ ဈေး က လည်း ကြိုက်ရောင်း
ကြိုက် ဝယ် ဘဝ ပြောင်း ခဲ့ ရ ပါ သဗျာ ၊ ဒေါ်လာဈေး က လဲ အိုင်အမ်အက်ဖ် က အောက်တိုဘာ မှာ လာမယ်
ပြောသံ ကြားတာ နဲ့ ၇၅ဝ ဈေး က နေ ယိုင်ထိုးနေပါတယ်။ အခု လောလောဆယ် က တော့ ဘာ မှ မှန်းမရ
သေးပါ ခင်ဗျာ ၊ ဝါ မကျွတ် ခင် အထိ က တော့ အရင် နှစ် ထုံးစံတွေ အတိုင်း အဆင်းဘက် မှာ အနေ များ ပါ
လိမ့်မယ် ခင် ဗျာ ၊

ဂျီအက်အမ် သန်း ၃ဝ စီမံကိန်း က လဲ ၊ ဟို နား တာဝါတိုင်ထောင် ၊ ဒီ နား တာဝါတိုင် ထောင် နဲ့ မြို့ ကြီး
မြို့ငယ် တိုင်း ပနက်ချပွဲ တွေ တွင်တွင် လုပ် ၊ သတင်းစာ ထဲ နေ့ တိုင်း ပါ နေတော့ ၊ လူ တွေ စိတ် ထဲ
နဲ နဲ အင်တင်တင် ဖြစ်လာပြီး ၊ သိပ် မဝယ်ချင်ကြတော့ ပါဘူး။

ဘယ်နားဝယ်ဝယ် အလွယ်ရ နေတာရယ် ၊ နောက်ပြီး တကယ် သုံးတဲ့ သူတွေ က ဝယ်ပြီးသားဖြစ် နေတာ က
များနေတာရယ် ၊ လူတွေ လက်ထဲ ပိုက်ဆံ အလွယ် မသုံးချင် ကြတော့ တာရယ်ကြောင့် ပါ။
နောက် တခု က ‘ဒီဖင်ဘာလ လောက်ကျရင် ဖုန်း တလုံး ၃ သိန်း လောက်ဘဲ ပေးရမယ် က လဲ ကြားနေရ
တော့ ၊ အခုနေ မဝယ်သေး ဘဲ ၊ ဈေး အကျ ကို ထိုင်စောင့် နေကြသူ များပါတယ် ခင် ဗျာ။

ဈေး က တော့ ကျ ဘို့ များပါတယ် ၊ အခု အပါတ် အင်တာနက် ဂျာနယ် မှာ တောင် နောင် ပေး မဲ့ ဖုန်း က
အင်တာနက် ပါ အပြီး ပါ ပြီးသား ၃ သိန်း ထက် ထပ်ဈေး လျော့ ပြီး ရောင်း ပါမယ် လို့ သတင်း ပါ လာ
ပါတယ်။ လောလောဆယ် အေဒီအက်အယ်လိုင်း တို့ ၊ လေဆိပ် မှာ ဒေါ်လာ နဲ့ ရောင်း တဲ့ ဖုန်း တို့ ၊ လက်ရှိ
ဂျီအက်အမ် ဆင်းကဒ် တွေ ပျောက်တာ ပျက်တာ တို့ ၊ အားလုံး ကို လက်ရှိဈေး တွေ အားလုံးရဲ့ တဝက် တိတိ
အစိုးရ က ဈေးချ ပေးထား ပါတယ် ခင်ဗျာ၊

လက်ရှိ ဂျီအက်အမ် ငါးသိန်း ဖုန်း ကိုယ်စားလှယ် ယူရောင်း တဲ့ လူ တွေ လဲ ၊ သိပ် အိုက်တင် မခံနိုင်
ကြတော့ ပါဘူး ၊ တေ့တေ့ဆိုင်ဆိုင် တကယ် ဝယ်မဲ့လူ ဆို ငါးသိန်း အောက် ဈေးချရောင်း ပေးနေပါတယ်
သူတို့ လဲ လက်ထဲ ရှိတဲ့ ဆင်းကဒ်တွေ ကို ငွေ အကြေ ခြေထားရတော့ ၊ နောက် ၄ လ ကြာရင် လက်ထဲ ရှိ
တာ ပရုပ်လုံး ဖြစ် မှာ စိုးလို့ ၊ အခု က တဲ က ၊ ကိုယ် ရ မဲ့ ကော်မရှင် လေး ကို မမက်ကြတော့ ပါဘူး
စိုက်ထားရ တဲ့ အရင်းငွေ လေး ၊ ငွေ တိုးမပွန်း အောင် လုပ်ကြ ရ တော့ တာပါ ခင် ဗျာ ၊

အဲဒီ ဂျီအက်အမ် သန်း ၃ဝ က တကယ် ရောင်းရင် ကုန် ပ မလား မသိပါ ခင်ဗျာ ၊ ဗမာပြည် က ရှိ တဲ့
လူ အကုန် ၊ နှစ် ယောက် ကို ၁ လုံး ဝယ် ကိုင် မှ ကုန်မှာ ပါ။ ပြသနာ က ဂျီအက်အမ် က ကာဘာရေ့ဂ်ျ
အေရိယာ နဲတော့ ၊ တာဝါတိုင်တွေ ကို လယ်ကွင်း တွေ ထဲ ပါ လိုက် ထောင် ပေး မှ ၊ လယ်သမား
က သုံးလို့ ရ မှာပါ။ နောက် ပိုင်း၊ တကယ် အားထား ရ မဲ့ ဖုန်း ကပ်စတန်မာတွေ က မြို့ ပေါ်လူ
မဟုတ်တော့ ပါဘူး ၊ တော က ရွာ က ပြော မဲ့ လယ် သမား တွေ သာ ဇြစ် ပါ လိမ့် မယ်။

တောဘက် တွေ လယ်ကွင်း တွေ ထဲ ၊ တာဝါတိုင် လိုက်ထောင် ပေး နိုင် တယ် ထား ပါ ဦး ၊ ဒီ စတေရှင် တွေ
အတွက် အီးပီစီ ပါဝါ က ဘယ် က ရ မှာ လဲ ခင်ဗျာ ၊ စတေရှင် အချင်းချင်း ဆက် ရ မဲ့ ဖိုင်ဘာကြိုး က
ရော လယ် ကွင်း တွေ ထဲ ဖြတ် ဆွဲ နိုင် ပ မလား ခင် ဗျာ ၊ လယ်သမား ကိုင် မဲ့ ဟန်းဖုန်း က ရော
လက် ရှိ ထွန်း နေတဲ့ ဖယောင်းတိုင် နဲ့ ၊ ဘက်ထရီ ချာဂျင် သွင်း လို့ ရ ပ မလား ခင် ဗျာ ၊

လက်ရှိ တော တွေ ရွာ တွေ မှာ လျပ်စစ်မီး မှ မရှိ သေး တာ ၊ တော် တော် တော့ စဉ်းစား စရာ ပါ။
တောတွေ မှာ ဆက်သွယ်ရေး လွယ်ကူ ဘို့ ကတော့ အထူး လိုအပ် ပါတယ်၊ ဖုန်း ကလေး ရှိ လာ ရင်
ဆက်သွယ်ရေး ကောင်း လာ ရင် စီးပွားရေး ၊ လူမှုရေး ကျန်းမာရေး ပညာရေး အကုန် ကောင်း လာ
မှာ ပါ။ သစ် မရှိ ခင် ဝါး ပေါင်း ကွပ် ဆို သလို ၊ နေရာ စေ့ တိုင်တွေ ၊ စတောရှင် တွေ ထား မပေး
နိုင် ခင် ၊ လှိုင်း ဝေးဝေး ပြေး တဲ့ စီဒီအမ်အေ ၄၅ဝ တို့ ၊ ၈ဝဝ တို့ လဲ တွဲ သုံး သင့် ပါ တယ်။

အခု တော့ ရှိ သမျှ ဂျီအက်အမ် အကုန် လုပ် လိုက်ရင် တောက လယ်သမား တွေ အတွက် အဆင်
ပြေ ပ မလားဗျာ ၊ သေချာတော့ စဉ်းစားသင့် ပါ တယ် ၊ အခု စီဒီအမ်အေတွေ လုံးဝ ရပ် လိုက်တော့
လက်ရှိ စီဒီအမ်အေတွေ ဈေး ကောင်း လာ ပါ တယ် ၊ ၂ သိန်း လောက် အမြတ်ပေး ဝယ် နေရ ကြ ပါတယ်
ပြီးတော့ တောက လူတွေ အင်တာနက် သုံးနိုင်အောင် ဒေတာ အတွက်ပါ တခါ ထဲ လုပ်ပေးသင့် ပါတယ်

အင်တာနက် ဆိုတာ ချတ်တင် လုပ်ယုံ ၊ အပျော်သုံး ယုံ မဟုတ် တော့ ဘဲ ၊ နေ့စဉ် ဘဝ အတွက်
သတင်းကြည့်တာ ၊ မိုးလေဝသ ကြည့်တာ ၊ စိုက်နည်းပျိုးနည်း ကြည့်တာ ၊ သီး နှံ ပေါက် ဈေးကြည့်တာ
အခု လို ကိုယ့် အတွက် အသိ ပညာ မိတ်ဆွေ ရ နိုင် မဲ့ မြန်မာကျူးပစ် ဖိုရမ်ကြည့် တာ ၊ ဒါတွေ အားလုံး
လယ်သမားတွေ အတွက် အဆင်သင့် ၊ ရ သင့် ပါ တယ် ခင် ဗျာ ။

အင်း ၊ မြို့ ထဲ မှာ တော့ ၊ လမ်း ဘေး ဈေး မရောင်း ရ လုပ် တာ နဲ့ ပါတ် သက် လို့ လူ တွေ က ပွစိ ပွစိ
ပါ။ အခု မြို့ထဲ ၆ မြို့နယ် အတွင်း လမ်းမကြီး တွေ ပေါ် မှာ ဈေး မရောင်း ရ တော့ ပါဘူး ၊
တော် တော် တော့ ကောင်းသွား ပါ တယ်။ စည်ပင် က တော့ တရစ် ချင်း ရစ် လာ ပါ တယ် ၊ အခု လမ်း
သွယ်တွေ မှာ ၊ လမ်း နာမည် ရှိ တဲ့ လမ်း ၊ ဆိပ်ကမ်းသာ လမ်း တို့ ၊ ဘားလမ်း တို့ မှာ လမ်းးဘေး
ဈေးသည် မရောင်း ရ တော့ ပါဘူး ၊

လမ်းဘေး ဈေးသည် ဖမ်း တာ တော့ အရင် လို ရုတ်ရုတ် သဲသဲ မဖမ်းတော့ ပါဘူး ၊ ရောင်း နေ တာ တွေ့
ရင် သေချာ ဓါတ်ပုံ ရိုက်ပါ တယ်၊ ပြီး တော့ မှ တရားစွဲ ပြီး ၊ တမှု ကို ငါးသောင်း ဒါဏ် ရိုက် ပါတယ်။
မြို့ထဲ လို နေရာ မျိုး က တော့ အခု အတိုင်း သေချာ လုပ် နိုင်ရင် ကောင်း ပါ တယ်။ အဓိက က
လမ်းဘေးဈေးရောင်း နေရင် လူတွေ သွားရ လာ ရ ခက် တာ ၊ ကားတွေ သွား ရ လာ ရ ခက်တာ
အဆိုး ဆုံး ပါ ဘဲ ၊ ပလက်ဖောင်း ပေါ် ဈေး ရောင်း နေရင် ၊ ဘတ်စကား စီး တဲ့ လူ တွေ က လမ်းပေါ်
ဆင်း စီး ရ ပါ တယ် ၊ ဘတ် ကား က လမ်းမ ပေါ် ရပ် လိုက် ရရင် ၊ ကျန် တဲ့ ပြသနာ တွေ က
တစီ တတန်း ပါ။ ယဉ်ကြော တလိုင်း ပိတ် သွားပြီး သွား ရ လာ ရ ခက် ကုန် တာပါ။

လမ်းပေါ် မှာ ပိတ် မနေ ရင် ၊ ကားမောင်း စရာ နေရာ ရှိ နေ ရင် ၊ ယဉ်ကြော မပိတ် ပါဘူး ၊
နောက်ပြီး မြို့ထဲ မှာ အဓိက ပြသနာ က ကားပါကင် နေရာ ပါ။ တဦး တယောက် လမ်းပေါ် မှာ
ဈေးရောင်းနေလို့ ကျန်တဲ့ သူတွေ အားလုံး အတွက် ၊ ခက် သွား ရရင် မကောင်း ပါဘူး ၊
နောင် ဆိုရင် ၊ ပလက်ဖောင်း ကောင်း ကောင်း ၊ စားကြွင်း စားကျန်တွေ ကြောင့် မြေကြွက် တွေ ဖောက်
ထား တာ ၊ လမ်း တွေ ညစ်ပါတ် နေ တာ တွေ ရော့ သွား ရင် မြို့ ထဲ အတွက် ပို ကောင်း တာ ပေါ့ ဗျာ

တလော က မြန်မာ ပရိတ်သတ် လုပ် ခဲ့ သလို ၊ နိုင်ငံတော် သီချင်းလေး ဆိုလိုက် ၊ ပါးစပ် က
ဂီး ဘဲ ၊ ဂီး ဘဲ ဆို ပြီး ၊ ယဉ်ယဉ်ကျေးကျေး လေးတွေ ဖြစ် ခဲ့ တာ ၊ စိတ်ပျက် လက်ပျက် ဖြစ်ခဲ့ ရတာ
အခု တော့ စိတ် ထဲ မှာတော့ နဲ နဲ ဖြေသာ သွား ပါ ဘီ၊
အင်္ဂလန် က လူငယ်ခြေတက် လေး တွေ ၊ ဝက်ဝက် ကွဲ အောင် အား ပေးနေကြ တဲ့ သတင်းတွေ ကြည့်
လိုက် ရ တော့ မှ ၊ ဟာ ၊ ဒို့ ဗမာ က မှ တော် သေး ၊ အောင်း မေ့ ရ ပ ဗျာ။

လူရဲ့ ပင်ကိုယ် အရည်အသွေး နဲ့ ဘဲ ဆိုင်ပါတယ် ၊ ဆင်းရဲ တာ ၊ ချမ်းသာတာ ၊ ပညာ တတ်တာ ၊
နိုင်ငံဆင်းရဲတာ ၊ ဖွံ့ဖြိုးတာ ၊ လူ ဖြူ တာ ၊ လူ မဲ တာ ၊ မဆိုင် ပါ ဘူး ၊ သူ တို့ ပြည်ထဲရေး ဝန်ကြီး
ပြောသွား တာ မှတ်သား စရာပါ ၊ ဆင်းရဲ တာ ၊ ချမ်းသာတာ ၊ ပညာ တတ်တာ ၊နိုင်ငံဆင်းရဲတာ ၊
စီးပွား ဖွံ့ဖြိုးတာ ၊ လူ ဖြူ တာ ၊ လူ မဲ တာ ၊ ဘာ အကြောင်း က မှ ဥပဒေ ဖောက်ဖျက် ရခြင်း ရဲ့
အကြောင်း အရင်း ခံ ၊ ဖြစ် ခွင့် မရှိ ပါ ဘူး တဲ့ ခင် ဗျ။

အခုလဲ မြို့ ထဲ အဓိက ၆ မြို့နယ် မှာ ၊ စည်း မဲ့ ကမ်း မဲ့ ၊ လမ်း ပေါ်တက် ဈေး မရောင်း ရ လို့
ဖိနှိပ် ချုပ်ချယ်ခံ ရ သလား ၊ ကိုယ် ဈေး ရောင်း တာ က ၊ အများ ပြည်သူ အတွက် သွားရေး လာရေး
သန့်ရှင်းရေး တွေ အတွက် အနှောင့် အယှက် ဖြစ် စေ သလား ၊ စဉ်း စား ကြည့် ကြ ပါ ခင် ဗျာ။
လူရဲ့ ပင်ကိုယ် အရည်အသွေး နဲ့ ဘဲ ဆိုင်ပါတယ် ၊ ဆင်းရဲ တာ ၊ ချမ်းသာတာ ၊ ပညာ တတ်တာ ၊
နိုင်ငံဆင်းရဲတာ ၊ ဖွံ့ဖြိုးတာ ၊ လူ ဖြူ တာ ၊ လူ မဲ တာ ၊ မဆိုင် ပါ ဘူး။

ပြီးခဲ့ တဲ့ ရက်ပိုင်း က အစိုးရ က ၊ အစိုးရသစ် ရဲ့ ပထမ ဦးဆုံး သတင်း စာ ရှင်း လင်း ပွဲ လုပ်သွား
သလို ၊ အမေစု နဲ့ ဦးအောင်ကြည် ၊ ဒုတိယ အကြိမ် တွေ့ ဆုံတာ လုပ်သွား ပါ တယ် ၊ ကြား ရ သမျှ
က တော့ နိုင်ငံ အတွက် အကျိုး ရှိတာ တွေ ကို ပူးပေါင်း ဆောင်ရွက် သွား မယ် ပြော သွား ပါတယ်။
ဘယ် လို ပူး ပေါင်း မယ် ဆိုတာ က တော့ သေချာ မသိသေး ပါဘူး ခင်ဗျ။

ကောင်း ပါ တယ် ခင် ဗျာ ၊ ကိုယ့် ကို သူ ဖျက် ၊ သူ့ ကို ကိုယ် ဖျက် ၊ လုပ် နေ တာ ထက် စာ ရင်
ဘယ် လို အကျိုး ရှိ မဲ့ အလုပ် မျိုး ကို မဆို ပူး ပေါင်း လုပ် ကြ တာ ကို ဝမ်းသာ ပါ တယ် ခင် ဗျာ။
သတင်းစာရှင်းလင်းပွဲ သတင်းဖတ်ရ တော့ မှ ဦးကျော်ဆန်း က အတော် သဘောထားကြီး တဲ့ သူမှန်း
သိရ ပါတယ် ခင်ဗျာ ၊ သူ့ သတင်းစာ ရှင်းလင်းပွဲ မှာ ဘာ အကြောင်း ပြောပြော သူ သဘောထား
အင်မတန် ကြီး တဲ့ အကြောင်း ၊ ခန ခန ထုတ်ပြော ပြ ပါ တယ် ခင်ဗျာ ။

သတင်းစာ ရှင်းလင်းပွဲ မှာ ဦးကျော်ဆန်း ပြောသွား တာ တွေ က
ပြည်တွင်း ငြိမ်းချမ်းရေး အကြောင်း ပြောပြော ၊ ကေ အိုင် အေ အကြောင်း ပြော ပြော ၊ ကေ အင် ယူ
အကြောင်း ပြောပြော ၊ အန် အယ်ဒီ အကြောင်း အကြောင်း ပြော ပြော ၊ အခွန် အခ တွေ အကြောင်း ဘဲ
ပြော ပြော ၊ ရှိ သမျှ ကိတ် စ တွေ ကို ၊အင်မတန် သဘော ထား ကြီးကြီး ထား ပြီး ဆောင် ရွက် နေ ကြောင်း
ပြော သွား ပါ တယ်၊ ဝမ်း သာ ပါ တယ် ခင် ဗျာ ၊
ဒီ လို သဘော ထား ကြီး ကြီး ထား ပြီး ဆောင် ရွက် ခဲ့ လို့ လဲ ၊
ပြည် တွင်း စစ် က နှစ် ၆ဝ ကျော် တာ တောင် ၊ မပြီးသေး တာပါ ခင်ဗျာ ။

ဒါ နဲ့ စကား မစပ် ၊ ဒီ နေ့ ထုတ် ဝိကအီလဲဗင်း ဂျာနယ် မှာ ကာတွန်း လေး တခု တွေ့ ပါတယ်။
ကာတွန်း မှာ ဆွဲထား တာ က ၊ လောက မှာ ဟန်ဆောင်ရ တာ ခက် ခဲ တဲ့ အကြောင်း ပါ။
ချစ် ဟန်ဆောင်ရတာ ၊ သိ ဟန်ဆောင်ရတာ ၊ ရှိ ဟန်ဆောင် ရတာ ၊ လုပ် ဟန်ဆောင် ရ တာ ၊ ဘယ်လိုမျိုး
ဟန်ဆောင်ရ တာ ဖြစ်ဖြစ် ၊ တကယ် မဟုတ်တာ ကို ၊ ဟုတ်သယောင် လုပ် ရ တဲ့ အတွက် ခက် ခဲ ပါတယ်တဲ့

ဒီ လို ဟန်ဆောင် ရ တာ တွေ ခက် နေ တဲ့ အထဲမှာ
( သဘောထားကြီးကြီး ထားနေရ ဟန်ဆောင် ရ တာ က )
လူ တိုင်း မလုပ် နိုင် တဲ့ ၊ အခက် တက ၊ အခက်ဆုံး အလုပ် ပါ ပ ပါ တဲ့ ၊ ခင် ဗျား ။

အေဇော်ကြီး
(မြန်မာကျူ့ပစ်ဖိုရမ်တွင်တင်သောဆောင်းပါးအားပြန်လည်မျှဝေပါသည်။)

၁၅.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/ztyhh74xa28ed5s/15%20August%202011%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/b1pztdi4h182wkt/15%20August%202011%20Yeyintnge%27s%20diary.pdf
15 August 2011 Yeyintnge's Diary

ရာခိုင်နှုန်း​ ၉၀ ​ကျော်​ကျော်​လောက် ​အောင်မြင်သွား​တယ်




Published on August 15, 2011 by နေသွင်
မ​နေ့​က ပဲခူး​ခရီး​စဉ်ကို ​ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်အကျယ်ချုပ်က​နေ ပြန်လွတ်လာတဲ့​နောက်ပိုင်း​ အ​ရေး​ကြီး​တဲ့​ နိုင်ငံ​ရေး​စမ်း​သပ်မှုအဖြစ် ​စောင့်​ကြည့်​ခဲ့​ကြပါတယ်။

၂၀၀၃ ခုနှစ်၊​ အထက်မြန်မာပြည်ခရီး​စဉ် ​နောက်ပိုင်း​ ပထမဆုံး​ ရန်ကုန်ပြင်ပ နိုင်ငံ​ရေး​ ခရီး​စဉ်လည်း​ ဖြစ်ပါတယ်။ ဒီခရီး​စဉ်မှာ ပဲခူး​နယ်ခံလူထု ​ထောင်​သောင်း​ချီပြီး​ကြိုဆိုခဲ့​ကြသလို အာဏာပိုင်​တွေဘက်က လိုက်​လျောမှု​တွေ ပထမဆုံး​ ထူး​ထူး​ခြား​ခြား​တွေ့​ခဲ့​ရတဲ့​အတွက် ထူး​ခြား​တယ်လို့​ ဆိုကြပါတယ်။ ဒီခရီး​က​နေ မြန်မာပြည် နိုင်ငံ​ရေး​ ​ရှေ့​အလား​အလာအတွက် ဘယ်လိုအဓိပ္ပာယ်​ဆောင်ပါသလဲ။

ပဲခူး​မြို့​က ၁၉၉၀ ​ရွေး​ကောက်ခံလွှတ်​တော်အမတ် ဦး​မြတ်လှကို ​မေး​မြန်း​ထား​ပါတယ်။

“ကျ​နော်သိရသမျှ​တော့​ လူထုတက်​ရောက်မှုများ​တယ်၊​ လူစည်တယ်။ လူငယ်​တွေ ​ခေါင်း​ဆောင်ပါဝင်တယ်။ အာဏာပိုင်အဖွဲ့​အစည်း​တွေကလည်း​ ဝိုင်း​ဝန်း​ကူညီကြတယ်။ ဒီအချက် ၃ ချက်က​တော့​ ထူး​ခြား​တယ်။”´

အဲ့​တော့​ အခုလိုမျိုး​ လူငယ်​တွေလည်း​ပါဝင်လာတယ်၊​ အာဏာပိုင်​တွေဘက်ကလည်း​ ကူညီလာ​တော့​ မြန်မာ့​နိုင်ငံ​ရေး​ရဲ့​ ​ရှေ့​အလား​အလာနဲ့​ပတ်သက်ပြီး​တော့​ ဘယ်လိုမျိုး​ တက်လှမ်း​နိုင်မယ်လို့​ တွက်လဲဗျ။

“ကျ​နော်တို့​လည်း​ သူတို့​ကို​တွေ့​စက ယုန်ထင်​ကြောင်ထင်​ပေါ့​ဗျာ။ ​နောက်​တော့​ သူတို့​က အခုတ​ခေါက်ခရီး​စဉ်မှာ တက်တက်ကြွကြွနဲ့​ လုံခြုံ​ရေး​ကို ပါဝင်ကူညီ​ပေး​တယ်။ မဏ္ဍိုင်ဘုန်း​ကြီး​ကျောင်း​မှာ ဘုန်း​ကြီး​သွား​ဖူး​တဲ့​အခါမှာလည်း​ ရဲမင်း​ကြီး​ကိုယ်တိုင် လက်ဖက်ရည်ပွဲနဲ့​ ဧည့်​ခံတယ်။ ရဲတပ်သား​တွေ၊​ ယာဉ်ထိန်း​ရဲ​တွေဆိုရင်လည်း​ လှိုက်လှိုက်လှဲလှဲ အကူအညီ​ပေး​ကြပါတယ်။ ဒါ​တွေကိုကြည့်​ပြီး​တော့​ စစ်အစိုး​ရနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ အဆင်​ပြေလာကြပြီလို့​ ကျ​နော်တို့​က ​ကောက်ချက်ချမိတယ်။ အခုခရီး​စဉ်မှာ ​တွေ့​မြင်ရတာနဲ့​ ပတ်သက်ပြီး​တော့​ မြင်တာ​ပေါ့​။ ဘယ်​လောက်အထိ မှန်မယ် မမှန်ဘူး​ဆိုတာ​တော့​ ​စောင့်​ကြည့်​ရမှာ​ပေါ့​။ ဒီ​နေ့​ပွဲ​လေး​က​တော့​ ထူး​ထူး​ကဲကဲ အာဏာပိုင်​တွေဘက်က လိုက်​လျောတာ​တွေ ကျ​နော်တို့​တွေ့​ရတယ်။”

လူထုအများ​အပြား​ထွက်ပြီး​ ကြိုဆိုကြတဲ့​အ​ပေါ်မှာ အာဏာပိုင်​တွေက လုံခြုံ​ရေး​အရ ကြိုတင် ​ကြေညာထား​တာ​ကြောင့်​လား​၊​ ​ဒေါ်စုကို ​တွေ့​ချင်စိတ်​ကြောင့်​လား​၊​ ဘယ်လို အ​ကြောင်း​ရပ်​တွေ​ကြောင့်​လို့​ ထင်လဲခင်ဗျ။

“​ဒေါ်စုကို ချစ်မြတ်နိုး​ကြတဲ့​သူ​တွေက ဒီမှာ တ​နေ့​တခြား​ များ​လာတယ်ဗျ။ ​တော​ရော မြို့​ကလူ​တွေပါ ​ဒေါ်စုကိုယ်တိုင်လာမယ်ဆို​တော့​ အပြင်မှာ​တွေ့​ချင်ကြတယ်ဗျ။ အဓိက သူတို့​မျက်မြင်ကိုယ်တိုင် ​ဒေါ်စုကို ​တွေ့​ချင်ကြတာ အဓိကလို့​ထင်ပါတယ်။ ​နောက်တချက်က အာဏာပိုင်​တွေက ကြိုတင်​ပြောဆို ထား​တာ​တွေ​ကြောင့်​လို့​လည်း​ ထင်ပါတယ်။”

အာဏာပိုင်​တွေဆိုတာက အရင်ကတည်း​က ဆက်ဆံခဲ့​တဲ့​ သူ​တွေလား​။ ဒါမှမဟုတ် လူသစ်​တွေလား​ဗျ။

“အထူး​သဖြင့်​ ရဲ​တွေ​ပေါ့​။ လူက​တော့​ပြောင်း​သွား​တာ​ပေါ့​ဗျာ။ အင်အား​အ​နေနဲ့​က​တော့​ ရဲက​တော့​ ရဲပဲ​ပေါ့​။”

သူတို့​ဆက်ဆံ​ရေး​ပုံစံက ​ပြောင်း​သွား​လား​။

“​ပြောင်း​သွား​တယ် အများ​ကြီး​ကို​ပြောင်း​လဲသွား​တယ်”

ဦး​မြတ်လှအိမ်​ရှေ့​မှာ အန်တီစုမိန့်​ခွန်း​ပြော​တော့​ လူပရိသတ်အင်အား​ ဘယ်​လောက်ရှိလဲခင်ဗျ။

“ကျ​နော်တို့​အိမ်​ရှေ့​မှာ လမ်း​တို​လေး​ရှိတယ်ဗျ။ အဲ့​မှာ​တော့​ လူ​တွေအပြည့်​ပဲ။ ​နောက်ဟိုဘက် ဒီဘက် လှမ်း​တွေ့​နေရတဲ့​ လမ်း​ကြိုလမ်း​ကြား​လေး​တွေက​နေ ရပ်​စောင့်​ပြီး​ နား​ထောင်​နေကြတဲ့​ လူ​တွေပါဆိုရင် စုစု​ပေါင်း​ ၅ ​သောင်း​ကျော်​လောက်ရှိမယ်ဗျ။ လာကြိုတဲ့​လူ​တွေ မပါ​သေး​ဘူး​နော်။ ည​နေ​လောက်ကျ​တော့​ ​ရေ​ဘေး​ဒုက္ခသည်​တွေကို အကူအညီ​ပေး​ဖို့​ အ​နောက်​ရွှေနံ့​သာ​ကျောင်း​ကိုသွား​တယ်ဗျာ။ အဲ့​မှာလည်း​ ပြည်သူ​တွေက ​ဒေါ်​အောင်ဆန်း​စုကြည် သက်​တော်ရာ​ကျော်ရှည်ပါ​စေဆိုပြီး​ ​အော်ဟစ်ဆု​တောင်း​ကြတယ်။ အဲ့​မှာလည်း​ ပရိသတ်က တိုး​လို့​မ​ပေါက်ဘူး​။
http://burmese.dvb.no/archives/14167

ရန်ကုန်လမ်းဘေးဈေးသည် ၅၀၀ ကျော် သမ္မတထံ စာရေးပေးပို့


Published on August 15, 2011 by နော်နိုရင်း

အခုလ ၉ ရက်နေ့က ထုတ်ပြန်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ လမ်းဘေးဈေးသည်တွေ အတွက် စည်းကမ်းချက်ကို မကျေနပ်လို့ လမ်းဘေးဈေးသည် ၅၀၀ ကျော်က လက်မှတ်ထိုးပြီး သမ္မတ ဦးသိန်းစိန်ထံ စာရေးပေးပို့လိုက်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လမ်းဘေးဈေးသည်တွေ လိုက်နာရမယ့် စည်းကမ်းချက်ဆိုပြီး စည်ကမ်းချက် ၇ ချက်ကို အခုလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ စည်းကမ်းချက်တွေထဲမှာ မြို့တွင်း ၆ မြို့နယ်အတွင်း နာမည်တပ် လမ်းမကြီးနဲ့ လူသွားစင်္ကြန်တွေပေါ်မှာ ဈေးရောင်းချခွင့် မရှိတာ၊ ဈေးရောင်းသူတွေဟာ နိုင်ငံသားစိစစ်ရေးကတ်နဲ့ ဈေးရောင်းတဲ့ မြို့နယ်မှာ နေထိုင်ကြောင်း၊ ပုံစံ ၁၀ အမြဲ ယူဆောင်ရမယ် စတဲ့အချက်တို့ကို မကျေနပ်တာကြောင့် အခုလို လက်မှတ်ထိုးပြီး သမ္မတဆီ စာရေးတောင်းဆိုတာလို့ လသာမြို့နယ်က ဈေးသည် မနီနီသန်းက ပြောပါတယ်။

“၉ ရက်နေ့ညက လာပြီး စာရွက်ဝေတယ်။ စည်းကမ်းချက် (၇) ချက်ပါတယ်။ အဲဒီစည်းကမ်းချက်တွေထဲမှာ သုံးချက်လောက်က ဘယ်လိုမှ လိုက်လျောလို့ မရတာမျိုးပေါ့။ ဈေးရောင်းတဲ့လူက ရောင်းတဲ့မြို့နယ်မှာ နေတယ်ဆိုတဲ့ အကြောင်း ပုံစံ (၁၀) မိတ္တူဆောင်ထားရမယ်။ နောက်တခုက မနက်ခြောက်နာရီက ည ရှစ်နာရီအတွင်းမှာပဲ ရောင်းလို့ရမယ်။ နောက်တချက်က လူသွားစင်္ကြန်နဲ့ နာမည်တပ်ထားတဲ့ လမ်းတွေမှာ ရောင်းလို့မရဘူး။ အဲဒီသုံးချက်က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အဲဒါကြောင့် ဒီသုံးခုကတော့ အဆင်မပြေနိုင်ဘူး ဆိုတာကို ဈေးသည်တွေဆီကနေ လက်မှတ်တွေ လိုက်ကောက်ပြီး အဲဒီလက်မှတ်တွေနဲ့ တကွ၊ တခါတည်း သမ္မတထံကို စာတင်တာပါ။”

ဈေးသည် အယောက် ၅၀၀ ကျော် လက်မှတ်ထိုးထားတယ်ဆိုပေမယ့် မှီခိုသူတွေကပါ ပါဝင်ရင် လူ ၂၀၀၀ လောက်ရှိမယ်လို့ ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ ဈေးရောင်းဖို့ အခက်ဖြစ်ရင် မှီခိုသူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့အထွေထွေ ကုန်ကျစရိတ်တွေပါ ဒုက္ခရောက်ကြရမှာ ဖြစ်တယ်လို့ မနီနီသန်းက ဆက်ပြောပါတယ်။

ဒါ့ကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစီမံချက်ကို လုပ်ဆောင်တယ်လို့ ဆိုပေမယ့် အခုလို လုပ်ဆောင်တာဟာ ပြည်သူတွေကို ပိုပြီး ဒုက္ခပေးရာရောက်တယ်လို့လည်း မနီနီသန်းက ဝေဖန်ပါတယ်။

“လမ်းမပေါ်ကလည်း လူသွားစင်္ကြန်ပေါ်ချန်ပြီး ဟိုဘက်ဒီဘက်မှာ ရောင်းနေကြတာပါ။ အဲဒါကို မရောင်းနဲ့ဆိုပြီး မောင်းထုတ်တာ။ နောက်တခုက ပုံစံ(၁၀) မိတ္တူဆောင်ထားရမယ်။ လာရောင်းတဲ့လူတွေတော်တော်များများက တခြားကလာရောင်းတယ်။ နေရာစုံကလာကြတယ်။ သူတို့သတ်မှတ်ထားတဲ့ ဒီမြို့နယ်၆ မြို့နယ်မှာက ငှားနေလို့လည်း မတတ်နိုင်ဘူး။ ၀ယ်နေဖို့လည်း မတတ်နိုင်ဘူး။ အခုဆင်းရဲ နွမ်းပါးမှု လျှော့ချရေးဆိုတဲ့ စီမံချက်က လူတွေကို ပိုပြီးဒုက္ခရောက်စေတယ်။ ဆိုလိုတာက ဂျပန်မှာ လမ်းတွေကို ရှင်းတာကို ကြိုက်တယ်။ ဂျပန်မှာရှိတဲ့ တဦးချင်းဝင်ငွေနဲ့ မြန်မာပြည်မှာရှိတဲ့ တဦးချင်းဝင်ငွေ၊ ဂျပန်က ကမ္ဘာမှာ စီးပွားရေးအဆင့် နံပါတ် (၃) ရှိတယ်။ မြန်မာနိုင်ငံက ဘယ်အဆင့်ရှိလဲ။ ဒါတွေအကုန်လုံးကို ယှဉ်ပြီးတော့ ကိုယ့်အရပ်ဒေသနဲ့ ကိုက်ညီမယ့် ဟာမျိုးကို လုပ်သင့်တယ်လို့ အကြံပေးချင်တယ်။”

ဈေးသည်တွေ ပေးပို့တောင်းဆိုချက်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

ဒါပေမယ့် သူတို့ တောင်းဆိုချက်ကို အာဏာပိုင်တွေဘက်က အတိုင်းအတာ တခုထိ ပြေလည်အောင် လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုသွားပါတယ်။
http://burmese.dvb.no/

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း သြဂုတ်လ ၁၄ ရက်နေ့ ၊(ယနေ့မြစ်မခသတင်း)


by Myit Makha Mediagroup on Monday, August 15, 2011 at 1:42am

သြဂုတ်လ ၁၄ရက်နေ့ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့၊ အောင်ဆန်းဂျာမွန်းစာဖတ်ခန်းနှင့် ပညာဒါနအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းဖြစ်ပါသည်။ မြစ်မခမီဒီယာဂရုမှ ဖော်ပြပေးသည်)



`ကျမတို့နိုင်ငံမှာ ဆိုရင် ကျမစောစောကပြောသလို ကျမတို့လုပ်ရပ်တွေဟာ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ အေးချမ်းဖို့ အေးချမ်းဖို့ဆိုတာဟာ နေသိပ်ပူလို့လဲမဖြစ်ဘူး မိုးရွာနေလို့လဲ မဖြစ်ဘူး ကိုယ့်ရဲ့ အရည်အချင်းတွေကို ကောင်းကောင်းဖွံ့ဖြိုးအောင် လုပ်ဖို့ဆိုတာ စိတ်၏လုံခြုံမှုလိုပါတယ် ဒါမှ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်ဘာသာကိုယ် ကြိုးစားနိုင်မှာပါ ဒီတော့ လုံခြုံမှု ရှိဖို့ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ အလိုအပ်ဆုံးကတော့ တရားဥပဒေစိုးမိုးရေးဘဲလို့ ပြောပါတယ် တိုးတက်အောင်လုပ်နိုင်မှာပါ အဲ့ဒါအတွက်လည်း ကျမတို့ အမြဲကြိုးစားနေပါတယ်။

ကျမတို့ဟာ ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်ပြီးတော့ ပြည်သူလူထုရဲ့ စီးပွားရေး ၊ ပညာရေး အားလုံးတိုးတက်ဖို့အတွက် ကြိုးစားပြီး လုပ်သွားဖို့ လိုတယ်။ လက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ အင်မတန်လိုပါတယ် အခုဆိုလို့ ရှိရင် သနပ်ပင်လို မြို့အကြီးကြီး မဟုတ်ပင်မဲ့ မြို့သေးသေးလေးလဲ မဟုတ်ပါဘူး ဒီက လူငယ်တွေ တော်တော် များများဟာ နိုင်ငံခြားမှာ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်နေရတယ်လို့ ကျမသိရပါတယ် အဲ့လိုဖြစ်ရတာဟာ ကျမတို့ရဲ့ နိုင်ငံမှာ လုံလောက်တဲ့ အလုပ်မရှိလို့ လုံလောက်တဲ့ ပညာရေး အခြေအနေ မရှိလို့ဘဲ ဖြစ်ပါတယ်။

ကျမတို့ကနေ သင်တန်းတွေဖွင့်ပါတယ် စာကြည့်တိုက်တွေ ဖွင့်ပါတယ် အဲ့တော့ အင်္ဂလိပ်စာသင်တန်းတွေ ဘာဖြစ်လို့ ဖွင့်ရလဲဆိုတော့ လက်တွေ့ကျကျ ဘာသ ရပ်တစ်ခုဖြစ်ပါတယ် နိုင်ငံခြားမှာပဲ အလုပ်လုပ်ချင် လုပ်ချင် ဒီနိုင်ငံထဲမှာဘဲ ဥပမာဆိုလို့ရှိရင် စီးပွားရေး လ်ုပငန်းရှင်ကြီးတွေနဲ့ လုပ်ချင်တယ်ဆိုလို့ရှိရင်လည်း အင်္ဂလိပ်စာဘာသာကို အတိုင်းအတာ တစ်ခုအထိ ကျွမ်းကျင်မှုလိုလို့ ဖြစ်ပါတယ် ကွန်ပျူတာ ဘာသာ သင်ချင်တဲ့လူဆိုရင်လည်း အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်တယ်ဆိုရင် အများကြီး သူတို့အတွက် အထောက်အကူဖြစ်ပါတယ်။ အကျိုးဖြစ်မယ့် ဘာသာရပ်ကို သင်ပေးဖို့ ကြိုးစားပါ။

စာကြည့်တိုက်ဆိုတာကတော့ အထွေထွေ ဗဟုသုတပေါ့ စောစောက ကျမပြောသွားတဲ့အထဲမှာ နည်းနည်းလေး သဘောမတူတာ ရှိတယ် ဂိမ်းကစားတာတို့ ဂစ်တာ တီးတာတို့ မကြိုက်ဘူး ဘောလုံးပွဲ ကြည့်ချင်ကြည့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးပွဲဆိုတာ အားကစားဘဲ ကျမက ကျမတို့လူငယ်တွေကို အားကစားဘက်ကို ပါစေချင်တယ် တတိုင်းပြည်လုံးအတွက်တော့ မလွယ်ဘူးပေါ့နော် ။

တိုင်းပြည်မှာ စီးပွားရေးကို ဖွံ့ဖြိုးမှ သူတို့ရဲ့ တိုင်းသူ ပြည်သားတွေအတွက် အဖက်ဖက်ကနေ ပြည့်စုံအောင် လုပ်ပေးနိုင်မှာ အဲ့တော့မှာလည်း ဘောလုံးပွဲတွေ များများရှိပြီးတော့ ကျမတို့လူငယ်တွေ ဘီယာဆိုင်မှာ ထိုင်နေမဲ့အစား ဘောလုံးတော့ ကန်လို့တော့ ရပါတယ် ဘောလုံးပွဲကြည့်တာကိုတော့ ကျမအားပေးတယ် ကြည့်တဲ့အခါကျရင် စဉ်းစဉ်းစားစားနဲ့ ကြည့်သင့်တယ် ဘောလုံးပွဲတင် မကဘူး ဘာကိုဘဲ ကြည့်ကြည့် ဘာကိုဘဲ လေ့လာလေ့လာ စဉ်းစဉ်းစားစားနဲ့ ကြည့်စေချင်တယ် လေ့လာစေချင်တယ် အဲ့တော့ ဘောလုံးပွဲကို ကြည့်တဲအခါမှာ ဘောလုံးသမားတွေ တော်တဲ့လူဟာ ဘာကြောင့်တော်သလဲ မတော်တဲ့ လူတွေက ဘာလို့ မတော်တာလဲ ဘယ်လိုကြောင့်မို့လို့ တဖက်က နိုင်တာလဲ ဘယ်လိုကြောင့်မို့လို့ ရှုံးတာလဲ အဲ့လို အမျိုးမျိုး စဉ်းစားစေချင်တယ်။ နောက်ဆုံးအထိ စိတ်မလျော့ပါနဲ့ နောက်ဆုံးအထိ ရှုံးမယ်လို့ ထင်နေရတဲ့ အချိန်တောင်မှ တခါတည်း စိတ်ဓာတ် ခိုင်ခိုင်မာမာ တက်တက်ကြွကြွနဲ့ ထပ်ပြီးတော့ ကန်လိုက်တာ ရှိသေး တစ်မိနစ်အလိုမှာ နိုင်သွားတဲ့ လူတွေလည်း ရှိဖူးပါတယ် ။

အဲ့တော့ အဓိကက စိတ်ဓာတ် စိတ်ဓာတ်ရှိတာနဲ့လည်း မရဘူး ကြိုးစားမှုကလည်းဘဲ ပါရမယ် စိတ်ကတော့ ကိုယ်က အောင်မြင်ချင်ပါတယ် ပျင်းလို့ မလုပ်ဘူးဆိုရင်တော့ ဘယ်တော့မှ မရဘူး။ အဲ့တော့ အောင်မြင်ခြင်း လေးပါးကို ပြောရမယ်ဆိုရင် အဓိကကတော့ ဆန္ဒပေါ့ အောင်မြင်ချင်တဲ့ ဆန္ဒရှိမှ အောင်မြင်နိုင်မှာပါ အဲ့တော့ တကယ်ဘဲ ဒီတိုင်းပြည်ကို တိုးတက်စေချင်တယ်ဆိုရင် တိုးတက်အောင် လုပ်ပေးစေချင်တဲ့ ဆန္ဒရှိရပါမယ် ကျမတခါ လူတွေကြားထဲ ရောက်ဖူးတယ် တခါတလေ လူချင်းတွေ့တဲ့အခါကျရင် မေးတာတွေရှိတယ် ။

ဘယ်တော့ ဒီမိုကရေစီ ရမှာလဲလို့ ဘယ်တော့ အဆင်ပြေကြမှာလဲလို့ အဆင်ပြေမှာလဲလို့ အဲ့တော့ ကျမ အမြဲ ပြန်ဖြေတယ် ကိုယ့်ကိုယ်ကိုပြန် မေးကြည့်လို့ ကိုယ်ဘယ်လောက်လုပ်နေသလဲလို့ ကိုယ်လုပ်နေသလောက်ဘဲ မျှော်လင့်ရမယ် ကိုယ်ကိုယ်တိုင်က ဘာမှ မလုပ်နေဘဲနဲ့ မမျှော်လင့်ရဘူး။ ဒီတိုင်းပြည်ရဲ့ အကျင့်သီလကို တိုးမြှင့်အောင် လုပ်ပေးတာလည်း အတူတူပါဘဲ ဒါလည်း နိုင်ငံရေးဘဲ တနည်းအားဖြင့်နဲ့ ပြောလို့ ရှိလို့ရှိရင် ဒီတိုင်းသူ တိုင်းပြည်သားတွေရဲ့ သီလကို မြှင့်တင်ပေးတဲ့ မြင့်အောင်လို့ လုပ်ပေးတာဟာ ဒါဟာ အကောင်းဆုံးနိုင်ငံရေးဘဲ အရေးအကြီးဆုံး နိုင်ငံရေးဘဲ။

ကိုယ်ဟာ နိုင်ငံသူ နိုင်ငံသား တဦး လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္ဒရပ်တွေကို လုပ်ခြင်းအားဖြင့် နိုင်ငံသူ နိုင်ငံသားတဦး ထိန်းသိမ်းသင့်တဲ့ သီလကို ထိန်းသိမ်းခြင်းအားဖြင့် ကျမတို့နိုင်ငံကို အများကြီး တိုးတက်အောင် လုပ်ရမှာပါ အဲ့ဒါကြောင့်မို့လို့ ကိုယ့်ကိုကိုယ် လျော့မတွက်ပါနဲ့ ငါကအလကားဘဲ ငါတယောက်ထဲ ဘာလုပ်နိုင်မှာလဲဆိုတဲ့ အဲ့လိုစိတ်ထား ဘယ်တော့မှ မရှိပါနဲ့ တယောက်ဆိုတာ တယောက်ရဲ့ အင်အားရှိတယ်။ ကိုယ့်ကိုကိုယ် အထင်လည်းမသေးပါနဲ့ ကိုယ့်ကိုကိုယ်လည်း သိပ်ပြီး အထင်ကြီးနေရင်လည်း မကောင်းဘူး ချင့်ချင့်ချိန်ချိန်နဲ့ပေါ့နော် ကိုယ်လုပ်သင့်လုပ်ထိုက်တာကို ဆုံးဖြတ်တတ်အောင် အဲ့ဒါအတွက် ဗဟုသုတလည်း လိုတယ် ဒါကြောင့်မို့လို့ စာဖတ်ဝိုင်းတွေကို အားပေးပါလို့ ကျမ ပြောတာပေါ့ ကျမတို့ အခု ပြည်သူနဲ့ လာတွေ့တဲ့အခါကျရင် ပြောချင်တာတွေက အများကြီး အဲ့လိုပြောတော့ ကျမဘာသွားသတိရလဲဆိုတော့ ဖေဖေ ပေးခဲ့တဲ့ နောက်မိန့်ခွန်းကို သွားသတိရတယ်။ ပြောချင်တာတွေက အများကြီး အချိန်ကမရှိဘူး ပြောချင်တာက ဘာလဲဆိုတော့ ကျမတို့နိုင်ငံ တိုးတက်အောင် ဘာတွေလုပ်ကြမလဲ ဘာတွေလုပ်သင့်လဲ ဘာတွေ လုပ်သင့်တယ်လို့ ထင်ကြသလဲ ကျမက အဲ့လို ဒီလို မိန့်ခွန်းပြောတာထက် ဆွေးနွေးတာကို ပိုပြီးတော့ သဘောကျတယ် ဒါပေမဲ့ လက်တွေ့မကျဘူး ကျမတို့ ဒီအချိန်မှာ ဆွေးနွေးပွဲကြီးလုပ်လိုက်မယ်ဆိုရင် တပတ်လောက်ဘဲ ရမယ် အားလုံးကလည်း ပြောချင်ကြမှာကိုး အဲ့လောက်ကလည်း အချိန်က မရှိတဲ့ အခါကျတော့ ကျမတို့ကတော့ ကျမတို့အနေနဲ့ ဘာကိုတော့ ကြိုးစားပြီးလုပ်နေပါတယ် ဘာတွေ ဖြစ်ချင်ပါတယ် ဆိုတာ တင်ပြတယ်။ ဘာတွေရှိလဲဆိုတာ ကျမတို့က လူတွေဆီက အသံကိုဘဲ ဖိတ်ခေါ်ရမှာဘဲ အချိန်မရွေး ဒီစာကြည့်တိုက်ကိုဘဲဖြစ်ဖြစ် ကျမတို့ရဲ့ ရုံးကိုဘဲဖြစ်ဖြစ် စာရေးပြီး ပြောလို့ရတယ် အချင်းချင်း ပြောလို့ရတယ် ပြောရင်းဆိုရင်း ဆွေးနွေးရင်းနဲ့ အသံတွေက ထွက်လာမယ်။ ပြည်သူ့အသံဆိုတာ ထွက်ရမယ် ပြည်သူ့အသံကိုဆိုတာက နိုင်ငံတကာအတွက် အင်မတန်မှ အရေးကြီးပါတယ်။

ကမ္ဘာမှာ ဘာဖြစ်သင့်တယ်ဆိုတာ အားလုံးက ကြည့်ပြီးတော့ တကယ်ကို နိုင်ငံပေါ်မှာ စေတနာတွေရှိတဲ့ လူတွေက ၀ိုင်းဝန်းပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်တယ် ဒါကြောင့်မို့လို့ ကိုယ့်အသံရဲ့ တန်ဖိုးကို လျော့ပြီးတော့ မတွက်ပါနဲ့ အသံဆိုတာ မဟုတ်တာကို ပြောဖို့မဟုတ်ဘူးနော် အသံရဲ့ တန်ဖိုးကို လျော့ပြီးတော့ မတွက်ပါနဲ့ဆိုပြီး မဟုတ်တာတွေ အော်ခိုင်းနေတာ မဟုတ်ပါဘူး မှန်မှန်ကန်ကန် ပြောဖို့ တကယ် ဆန္ဒကို ကိုယ်စားပေးမယ့် အသံတွေ ထွက်လာဖို့ တကယ့်ကို ကိုယ့်စိတ်ထဲမှာ ရှိတာကို အများပြည်သူအတွက် အကြီးဆုံးဘဲဆိုတော့ အလုပ်နဲ့ ပြပါလို့ ပြောပါတယ် ဒါဟာလည်း တခြားနေရာတွေလိုဘဲ ကြားခဲ့ပါတယ် ကျမတို့ နိုင်ငံမှာ ဆိုလို့ရှိရင် ကျမတို့ ပြည်သူတွေအတွက် လုံလောက်တဲ့ အဆင့်အရရော အရေအတွက် အရရော လုံလောက်တဲ့ အလုပ်အခွင့်အရေးတွေ လိုတယ်ဆိုတာ သဘောပေါက်ပါတယ်။

ဒီလိုဘဲ စင်မြင့်ပေါ်ထွက်တက်ပြီးတော့ အလုပ်လိုလူတွေ လုံလောက်အောင် လုပ်ပေးပါမယ်လို့ ပြေတာဟာ ဒါဟာ အပြောဘဲရှိပါတယ် ကျမတို့တော့ အဲ့လို မပြောချင်ပါဘူး ကျမတို့ ကြိုးစားပါ့မယ် ကျမစပြီး နိုင်ငံရေးကို ၀င်လာကတည်းက ကျမကြိုးစားပါ့မယ်လို့ ပြောခဲ့ပါတယ် အခုလည်း ဒီအတိုင်းဘဲ တတ်နိုင်သမျှ ကြိုးစားပါ့မယ်လို့ ကျမပြောပြပါ့မယ်။ ကျမတို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ ခေါင်းအေးအေးနဲ့ စဉ်းစားကြပါ။ ခေါင်းအေးအေးနဲ့ စဉ်းစားပြီးတော့ ဒီအခြေအနေဟာ ဘာဖြစ်လို့ ဖြစ်ပေါ်လာတာလဲ ဒီဟာကို အကောင်းဆုံးဖြစ်အောင် တို့တွေ ဘယ်လို လုပ်ကြမလဲဆိုတာကို ခေါင်းအေးအေးနဲ့ သုံးသပ်ရမယ် နောက်ပြီးတော့ ညီညီညွှတ်ညွတ်နဲ့ ဆက်ပြီးတော့ လုပ်ကိုင်ရမယ် ညီညွှတ်မှုဆိုတာ အင်အားဘဲ ညီညွှတ်မှုဆိုတာ ဘယ်နေရာမှာမဆို လိုအပ်တယ် ကျမတို့နိုင်ငံမှာ အထူးလိုအပ်တယ်။

နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင်နဲ့ ဒီလို နာမည်ပေးခဲ့တာဘဲ ကျမ ဂုဏ်ယူပါတယ် ဟိုးကချင်ပြည်နယ်က လာပြီး ဒီပဲခူးမြို့ကို ရောက်ကတည်းက ဒါလည်း ကျမတို့က ပြည်ထောင်စုကြီးတစ်ခုဘဲဆိုတာ ဖောပြနေတယ် တိုင်းရင်းသားမျိုးစုံနဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးတစ်ခု ဖြစ်တယ် အဲ့ဒါကို ကျမတို့ မေ့လို့ မဖြစ်ဘူး ဒါကြောင့်မို့လို့ ညီညွှတ်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပဲခူးတိုင်းမှာ ရှိတဲ့ လူအများစုကတော့ ဗမာတွေပေါ့ ဒီတစ်နိုင်ငံလုံးမှာ လူအများစုက ဗမာတွေပါ လူများစုမို့လို့ ပိုပြီးတော့ ညီညွှတ်ရေးအတွက် ကြိုးစားရမယ် လူအများစုဟာ အရေအတွက်အရ အားကြီးပြီးသား အားကြီးတဲ့သူများဆိုတာဟာ ပိုပြီးတော့ သဘောထားကြီးရမယ် ပိုပြီးတော့ ညှင်သာရမယ် ပိုပြီးတော့ မေတ္တာ စေတနာ မွေးရမယ်။

ကျမတို့ကနေပြီးတော့ နိမ့်ကျတဲ့သူကို တွဲခေါ်ရမယ် အနိုင်မကျင့်ရဘူး ကိုယ်နဲ့တန်းတူဖြစ်အောင် တက်နိုင်သမျှ လုပ်ပေးရမယ် တိုင်းပြည်တပြည်ရဲ့ ဂုဏ်သိက္ခာဟာ အချမ်းသာဆုံးလူတွေ အခွင့်အရေးအရှိဆုံးလူတွေရဲ့ အဆင့်ကို ကြည့်ပြီးတော့ ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး ကျမတို့ တိုင်းပြည်တပြည်မှာ အခွင့်အရေး အနည်းဆုံးလူတွေ အဆင်းရဲဆုံး လူတွေရဲ့ အဆင့်ဟာ ဘယ်လောက် ရှိလဲဆိုတာကြည့်ပြီးတော့မှ တိုင်းပြည်တပြည်ရဲ့ သိက္ခာကို ဆုံးဖြတ်လို့ရမှာပါ။

လူတွေတောင်မှ လူလိုသူလို လုံလုံခြုံခြုံနဲ့ နေရပြီဆိုရင် ဒီဟာက ဂုဏ်သိက္ခာနဲ့ ပြည်စုံတဲ့ နိုင်ငံလို့ ဒီလို သတ်မှတ်ရမှာ အဲ့တော့ အဲ့ဒီလို အခြေအနေရောက်ဖို့အတွက် ကျမတို့ အားလုံးကြိုးစားရမယ် တယောက်ချင်း တယောက်ချင်းကလည်း ကြိုးစားရမယ် အစအားဖြင့် ကိုယ့်ရဲ့အရည်အချင်းကို တိုးမြှင့်ဖို့ ကြိုးစားရမယ် ကိုယ်ကနေ ပြီးတော့ စဉ်းစဉ်းစားစားနဲ့ ဒီနိုင်ငံရဲ့ အခြေအနေကို ဆင်ခြင်နိုင်တဲ့ လူတယောက်ဖြစ်လာနိုင်ခဲ့မယ်ဆိုရင် ဒီနိုင်ငံရဲ့ အကျိုးကို ထမ်းဆောင်တာနဲ့ အတူတူပါဘဲ။ ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့ ကိုယ့်မှာလည်း အရည်အချင်းတွေ ရှိတယ် ယုံကြည်ကြပါ ဒီအရည်အချင်းတွေ ပိုပြီးတော့ ဖွံ့ဖြိုးအောင် တိုးတက်အောင် လုပ်မယ်ဆိုတာကိုလည်း ယုံကြည်ကြပါ အဲ့ဒီလို ကျမတို့ ယုံယုံကြည်ကြည်နဲ့ ကြိုးစားပြီးတော့ အားလုံးလက်တွဲပြီးတော့ လုပ်သွားမယ်ဆိုရင် ကျမတို့ နိုင်ငံမှာ ဒေသမှာတင်မကဘူး ဒီ တစ်ကမ္ဘာလုံးမှာတောင်မှ အများအလယ်မှာ တင့်တင့်တယ်တယ်နဲ့ ဂုဏ်ရှိရှိနဲ့ နေလာနိုင်မယ့် နိုင်ငံဖြစ်လာမယ်လို့ ကျမ တကယ့်ကို ယုံကြည်ပါတယ်`

………………………
https://www.facebook.com/note.php?note_id=272373582778502

ပဲခူးခရီးဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း


ဖိုင်အဖြစ်ရယူလိုလျှင်

ပဲခူးခရီးစဉ်အတွက်ဒေါ်အောင်ဆန်းစုကြည်၏ကျေးဇူးတင်လွှာ




တွေ့ဆုံမှုအန်န်အယ်လ်ဒီကြိုဆို