Thursday, August 18, 2011

~ မြစ်ဝကျွန်းပေါ်ဧရာဝတီ ~


Myit Wa Kyoun Paw Ayeyarwadi-BBS Group
by KoMyoe ဒီဇိုင်း ကိုမျိုး

*တေးဆို-မြန်မာ့အသံအဖွဲ့*


file download here






ဆရာနန္ဒာသိန်းဇံ ဈာပနအခမ်းအနား





ဆရာချစ်ဦးညို အမှတ်တရ စကားပြော...
ဆရာချစ်ဦးညိုက အမှတ်တရစကား နည်းနည်းပြောတဲ့အထဲမှာ



“ဖလော်ဆော်ဖာများဟာ ပျော်တဲ့သူ နည်းပါတယ်၊
ဆရာဟာ သူချစ်တဲ့ မြန်မာ့လူ့ အဖွဲ့ အစည်းရဲ့  အနာဂတ်နေ့ တွေအတွက်
အမြဲ ရင်လေးနေသူတစ်ယောက်ဖြစ်ပါတယ်”

အဲဒီစကားလေးပါတယ်ခင်ဗျ။

ဇော်ဇော်အောင်၊ မောင်ခင်မင်(ဓနုဖြူ)၊ မောင်ဒီ၊ မောင်ကြည်သစ်၊ မောင်မောင်ဇေယျ၊
မောင်ဝံသ၊ ဆန်းထွန်းသောင် စတဲ့ အတွေးအခေါ်ကိစ္စတွေမှာ စိတ်ဝင်တစားရှိကြတဲ့
ဆရာသမားများကိုလည်း နှုတ်ဆက်ခွင့်ရခဲ့ပါတယ်။









ကိုအောင်မျိုးထွန်းပေးပို့သည်



၁၈.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/r7xhfr0atzhsi5p/18%20August%202011%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/9zzbla4j5l42xhq/18%20August%202011%20Yeyintnge%27s%20diary.pdf


http://www.ziddu.com/download/16097813/18August2011Yeyintngesdiary.pdf.html


http://www.ziddu.com/download/16097814/18August2011Yeyintngesdiary.doc.html

18 August 2011 Yeyintnge's Diary

အစိုးရစစ်ကြောင်း လုံခြုံရေး ရွာသားနှင့် ကျောင်းသားများကို အကာအကွယ်ပြု


Published on August 18, 2011 by နန်းမြနဒီ

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲကြောင့် ဒဏ်ရရတဲ့ အစိုးရတပ်သားတွေကို မြို့တွင်း ပြန်လည်ပို့ဆောင်ရာမှာ လယ်သမား အပါအ၀င် ကျောင်းသူကျောင်းသားတွေကို လိုက်ပါပို့ ဆောင်ခိုင်းနေပါတယ်။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ထဲမှာရှိတဲ့ ရွာသားနဲ့ ကျောင်းသူ ကျောင်းသားတွေကို အစိုးရတပ်က ဒဏ်ရာရတဲ့ သူတို့တပ်သားတွေကို ပို့ဆောင်ရာမှာ လုံခြုံရေးအတွက် စစ်ကြောင်းနဲ့အတူ လိုက်ပါ ပို့ဆောင်ခိုင်းနေတာလို့ ရွာသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၈ နာရီလောက်က အစိုးရတပ် ခလရ ၁၄၃ တပ်ရင်းဟာ ဒဏ်ရာရတဲ့သူတို့ တပ်သားတွေကို ကျေးသီးမြို့ပေါ်ခေါ် ဆောင်ဖို့အသွား လယ်တောထဲမှာ အလုပ်လုပ်နေတဲ့ ရွာသားနဲ့ ကျောင်းသားတွေကို သူတို့တပ်ရင်းနဲ့အတူ လိုက်ပါ လမ်းလျှောက်ပေးဖို့ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

“၀မ့်ဖွီး ရွာကနေ ကျေးသီးမြို့ အ၀င်ဝအထိ ၇ မိုင် လောက်ဝေးတဲ့ခရီးကို တနေကုန် လမ်းလျှောက် ပို့ပေးခဲ့ရတယ်။ ကလေးတွေ ကျောင်းမတက်နိုင် ဖြစ်ခဲ့ရသလို လယ်သမားတွေ အလုပ်မလုပ်ရဘဲ လိုက်ပါပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အပြန်မှာ ကလေးတွေ လမ်းမလျှောက်နိုင်တော့လို့ မိဘတွေက အငှားဆိုင်ကယ်တွေနဲ့ သွားကြိုခဲ့ရတယ်”လို့ ဒေသခံတယောက်က ပြောပြပါတယ်။

“ကျနော်တို့ လယ်တောထဲမှာ အလုပ်ဆင်းနေတုန်း လာခေါ်တာ။ စခေါ်တုန်းက ကျနော်တို့ထဲက ၁၀ ယောက်ပဲ။ လမ်းမှာတွေ့တဲ့လူ အကုန်ဆွဲတော့ အားလုံး အယောက် ၃၀ လောက်ရှိတယ်၊ စစ်သား ၇၀ – ၈၀ လောက်ကြားထဲမှာ တယောက်ခြား နှစ်ယောက်ခြား လိုက်သွားရတယ်၊ တချို့က သူတို့ပစ္စည်းထုပ်တွေ ထမ်းပေးရတယ်။ လူနာလည်း ထမ်းကူရတယ်။ လမ်းတ၀က် နောင်ကား ရွာ မူလတန်းကျောင်းနားရောက်တော့ ကျောင်းသွားနေတဲ့ကလေးရော လမ်းမှာ ဆော့နေတဲ့ ကလေးတွေပါ အကုန်လုံး ခေါ်သွားတယ်။ ၁၀ နှစ် ၁၁ နှစ်အရွယ် ကလေး ၁၁ ယောက် ရှိတယ်၊ ဒီလိုပဲ စစ်တပ်ကြားထဲကနေ သွားခိုင်းတယ်။ ဘာမှလဲ မကျွေးဘူး။ ထမင်းပါတဲ့လူက မပါတဲ့သူကို ကျွေးပြီး ဝေစားကြတယ်။ ဒီလိုပဲသွားလိုက် နားလိုက်နဲ့။ ဒဏ်ရာရတဲ့ စစ်သားတွေကို ချောင်း မကြည့်ရဘူး အဆဲခံရတယ်။”

အစိုးရတပ်တွေပဲ သွားရင် ရှမ်းပြည်တပ်မတော်က ချုံခိုတိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် အခုလို ရွာသားတွေကို ကြားထဲကနေ ညှပ်ခေါ်သွားတာ ဖြစ်ပါတယ်လို့ အဲဒီရွာသားတွေက ပြောပါတယ်။

ရွာသားတွေဟာ မကြာခဏ ဆိုသလို ဒီလိုခေါ်သွားခံရပြီး ရွာကနေ မြို့ထဲကို ကုန်သွားဝယ်တဲ့ ထော်လာဂျီကားတွေလည် မကြာခဏ ချောဆွဲခံရတယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

ရွာသားတွေကို ချောဆွဲမှု မလုပ်ခင် ဩဂုတ်လ ၁၄ ရက် ညမှ ၁၅ ရက် မွန်းလွဲ အထိ ရှမ်းပြည်တပ်မတော် တပ်ရင်း ၇၆၂ နဲ့ အစိုးရတပ် ခလရ ၁၄၃ တပ်တို့ ၀မ့်ဖွီးဒေသထဲမှာ အပြင်းအထန် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်စလုံး အထိနာပြီး သေကျေ ဒဏ်ရာရခဲ့ကြပါတယ်။

ဌာနေပြည်သူ့စစ် အသွင်ပြောင်းဖို့ ငြင်းပယ်ခဲ့တဲ့ ၀မ့်ဟိုင်းအခြေစိုက် ရှမ်းပြည် တပ်မတော်ကို အစိုးရတပ်က ၅ လကျော် ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ တိုက်ပွဲပေါင်း လေးရာကျော် ဖြစ်ပွားခဲ့တယ်။

ရွာသားတွေကတော့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုး ခံခဲ့ရပြီး သောင်းနဲ့ချီ ထွက်ပြေးနေရတဲ့အတွက် တိုက်ပွဲတွေရပ်စဲပြီး နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ​ ဖြေရှင်းဖို့ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဦးသိန်းစိန် အစိုးရဆီကို တောင်းဆိုထားကြပါတယ်။
http://burmese.dvb.no/archives/14336

ကျောင်းလှူပြီး ထိန်းသိမ်း စရိတ် မထောက်ပံ့သဖြင့် ကျောင်းသားများထံမှ ငွေကောက်

News Date:8/17/2011


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်းသော်လည်း အဆိုပါ ကျောင်းပြုပြင်ထိန်းသိမ်းစရိတ်ကို ထောက်ပံ့ပေးမူမရှိသဖြင့် ကျောင်းကော်မီတီမှ ကျောင်းသားများထံမှ ငွေကောက်ခံနေကြောင်း သတင်း ရရှိသည်။

အဆိုပါ ကျောင်းမှာ ကျောက်ဖြူ အလက ၂ ဖြစ်ပြီး ကျောင်းသား တစ်ဦးလျှင် ကျပ် ၃၅၀၀ နုန်းဖြင့် ကောက်ခံ နေကြောင်း ကျောင်းသားမိဖ တစ်ဦးက ပြောသည်။


ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ လှူဒါန်းသော အလက ၂ ကျောင်းဆောင်သစ် (ဓါတ်ပုံ- ရခိုင်ရိုးမ)
" ခေတ်မှီ လှပတဲ့ အလက ၂ စာသင်ကျောင်းဆောင်ကို ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းက တည်ဆောက်ပြီး လှူဒါန်းခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းအတွက် လိုအပ်တဲ့ ပြုပြင် ထိန်းသိမ်းစရိတ်နဲ့ ကျောင်း ပရိဘောက တွေကို အစိုးရကရော၊ အဲဒီ လှူဒါန်းတဲ့ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကပါ ထောက်ပံ့ ကူညီတာ မရှိတဲ့ အတွက် အဲဒီငွေတွေကို ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ကျောင်းသား မိဖ တစ်ဦးဆီက ၃၅၀၀ ကျပ်နုန်းနဲ့ ကောက်ခံနေပါတယ်" ဟု သူက ပြောသည်။

ကျောက်ဖြူ အလက (၂) ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ ၂၀၁၁ ခုနှစ် သြဂတ်စ်လ ၁၅ ရက်နေ့ နေ့စွဲဖြင့် ရေးသားထားသော စာအမှတ် ၀၃ မျဉ်းစောင်း အထွေအထွေ ၂၀၁၁ စာအား ကျောင်းသား မိဖများသို့ ဖြန့်ဝေရာတွင် ကျောင်းသား မိဘ တစ်ဦးလျှင် ကျပ် ၃၅၀၀ နုန်းဖြင့် ထည့်ဝင်ရန် အကြောင်းကြားခဲ့သည်ဟု သိရသည်။

" ကျောင်းအကျိုးတော်ဆောင် အဖွဲ့က ပေးတဲ့ စာကို ဟိုတစ်နေ့က လက်ခံရရှိခဲ့ပါတယ်။ တတ်နိုင်တဲ့ ကျောင်းသား မိဖ ၃၀၀ က ကောက်တယ်လို့ ပြောပေမယ့် မိဖတွေ အကုန်လုံးက ကောက်ပါတယ်။ ဆင်းရဲတဲ့ ကျောင်းသားတွေလည်း မျက်နာငယ်တဲ့ အတွက် မိဖတွေကို ပူဆာကြတာကြောင့် ကျောင်းသား မိဖတိုင်းက တောင်းတဲ့ငွေကို ထည့်ဝင်နေကြရပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ ကျောင်းတွင် ကျောင်းသားပေါင်း ၁၃၀၀ ခန့်ရှိပြီး ကျောင်းသားမိဖ ၉၀၀ ခန့်ရှိကြောင်း ကျောင်းနှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောသည်။ အဆိုပါ ကျောင်း၏ ကျောင်းဆောင်သစ်အား ၂၀၁၁ ခုနှစ် မတ်လ ၂၆ ရက်နေ့က ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ဆောက်လုပ် လှူဒါန်းခဲ့သည်။

ကျောင်းနှင့် နီးစပ်သူ ဒေသခံက " ကျောင်းက အသစ်ဆိုတော့ မီးနဲ့ရေကို ကောင်းမွန်ဖို့လိုပါတယ်။ သန့်ရှင်းရေး နေ့တိုင်း လုပ်ဖို့လိုတယ်။ ရေက ပုံမှန် မလာရင် ဆောက်လုပ်ထားတဲ့ အိမ်သာတွေ အကုန်လုံး ပျက်စီးသွားနိုင်တယ်။ သန့်ရှင်းရေးလည်း ပုံမှန် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ရေရဖို့ မီးထွန်းဖို့လိုတယ်။ မော်တာတွေကို သုံးဖို့လိုတယ်။ မီးထွန်းမယ်ဆိုရင် စက်သုံးဆီလိုတယ်။ ကျောင်းမှာက အစိုးရက ပေးတာ ဘာမှ မရှိတော့ ကျောင်းသား တွေဆီက ကောက်ဖို့ စီစဉ်ရတာ ဖြစ်တယ်လို့ သိရပါတယ်" ဟု သူက ပြောသည်။

ကျောင်းသား မိဖ တစ်ဦးထံမှ ကျပ် ၃၅၀၀ စီ ကောက်ခံရခြင်းနှင့် ပတ်သက်ပြီး ကျောင်းအကျိုးဆောင် ကော်မီတီမှ အကြောင်းပြချက် (၈) ခုကို ကျောင်းသား မိဖများသို့ ပေးပို့သော စာတွင် ဖေါ်ပြထားပြီး ကျောင်းသူ ကျောင်သားများအတွက် (က) စာရင်း၊ ကျောင်းခေါ်ကြိမ် စာအုပ်များ ၀ယ်ယူရန်နှင့် သီတင်းပတ် အဟာရ ကျွေးမွေးရေး စရိတ်များနှင့် သန်းရှင်းရေး လုပ်လုပ်ခများ ပါဝင်သည်ဟု သူက ပြောသည်။

မြန်မာနိုင်ငံ လက်ရှိ အစိုးရမှ အစိုးရ စာသင်ကျောင်းများတွင် သတ်မှတ်ထားသော တရားဝင် ကျောင်းဝင်ကြေးများမှ အပြင် တခြားကြေးများ ပေးစရာမလိုကြောင်း တရားဝင် အမိန့် ထုတ်ပြန် ထားသော်လည်း အစိုးရမှ ကျောင်းများအတွက် လိုအပ်သော အထွေထွေ စရိတ်များကို ထုတ်ပေးခြင်း မရှိသဖြင့် ကျောင်းများတွင် လိုအပ်သော ကျောင်းသုံး ပရိဘောဂနှင့် ကျောင်းအတွက် လိုအပ်သော ပစ္စည်းများအတွက် ကျောင်းသားများထံမှ ငွေကောက်ခံလျှက် ရှိကြောင်း သိရသည်။

ယခု ကျောက်ဖြူမြို့ အလက (၂) တွင် ကျောင်းသား မိဖ တစ်ဦးစီထံမှ ၃၅၀၀ ကျပ် ကောက်ခံနေခြင်းကြောင့် ဆင်းရဲသော ကျောင်းသားမိဖများ အနေဖြင့် ငွေထည့်ဝင်ရန် အခက်တွေ့နေကြသည်ဟု သတင်း ရရှိသည်။

( ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ကျောင်းသားမိဖများသို့ ပေးပို့သောစာကို အသေးစိတ် ဖတ်ရှု့ နိုင်ပါသည်။)


ထရီပိုလီ မြို့  ကို စသိမ်း၊ ကဒါဖီ ကို နှစ်ပတ် အတွင်းဖယ်ရှားမည်


by politics on August 17, 2011

ဒီနေ့ မနက် အစောပိုင်း မှာ လစ်ဗျား နိုင်ငံ ရဲ့  မြို့  တော် ဖြစ်ပြီး ၄၂ ကြာ နိုင်ငံ အာဏာကို လွှမ်း
မိုး ချုပ်ကိုင် ထား တဲ့ အာဏာရှင် ကဒါဖီ ရဲ့  အခိုင်အမာ ခြေကုပ် စခန်း ဖြစ်တဲ့ ထရီပိုလီ မြို့ ကို
ဝင်ရောက်လာတဲ့ ဒီမိုကရေစီ လိုလား တဲ့ လစ်ဗျား လက်နက် ကိုင် တွေ က ကဒါဖီ ကို သြဂုတ်
လကုန် မှာ ရာထူးက ဖယ်ရှား နိုင်လိမ့်မယ် လို့  ကြေငြာချက် ထုတ် ပြန် လိုက်ပါတယ်။

လစ်ဗျား နိုင်ငံ အနောက် ပိုင်း က ဒီမိုကရေစီ လိုလား တဲ လက်နက် ကိုင် တွေ ဟာ ထရီပိုလီ မြို့ 
လည်နဲ့  ဆိုရင် မိုင် ၄၀ လောက် သာ ကွာ တဲ့ နေရာ မြို့  ငယ်တွေ မှာ တပ် ဆွဲ ထားတဲ့ ကဒါဖီ ရဲ့  တပ်
တွေ ကို တိုက်ခိုက်မောင်း ထုတ် နိုင်ခဲ့ ပါတယ်။ လစ်ဗျား အသွင် ကူပြောင်းရေးကောင်စီကတော့
ကဒါဖီ ပြုတ်ကျ သွားတာ နဲ့  ရှစ်လ အတွင်း မှာ ရွေးကောက်ပွဲ လုပ်ပြီး အနိုင်ရ တဲ့ သူ ကို အာဏာ
လွှဲပေး မယ်လို့ ဆိုပါတယ်။

မနေ့ က ထရီပိုလီ နဲ့  အနီးဆုံး မြို့  ဖြစ်တဲ့ ဇ၀ီယာ ကို သိမ်းပိုက် နိုင်ခဲ့ တဲ့ သူပုန် တွေ ဟာ ထရီပို
လီ မြို့  သွယ်တန်း ထား တဲ့ ရေနံ ပိုက် လိုင်း တွေ ကို ဖြတ်တောက် ခဲ့ တာ ကြောင့် ကဒါဖီ ထိမ်း
ချုပ်ရာ မြို့ ထဲ မှာ ရေနံ ပြတ်တောက်မှု တွေ ဖြစ်ပေါ် နေတယ် လို့  ဆိုပါတယ်။

လစ်ဗျား အသွင် ကူးပြောင်းရေးကောင်စီ ရဲ့  ပြင်သစ် နိုင်ငံ သံအမတ်ကြီး Mansur Saif Al-Nasserက “
ကျွန်တော်တို့  ကဒါဖီ ကို အမှန် တကယ်ပဲ ဖယ်ရှား နိုင်ပါတော့ မယ်။ မွတ်စလင် တွေ အထွတ်
အမြတ်ထား တဲ့ ရာမာဒန်ကာလ အပြီး နဲ့  တစ်ပြိုင် တည်း လစ်ဗျား မြေပေါ် က သူ ပျောက်ကွယ်
တော့ မှာပါ ပြည်သူတွေ ရဲ့  မျှော် လင့် ချက် တွေ တစ်ကယ် ဖြစ်လာ တော့ မှာပါ လို့  ဆိုပါတယ်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီ ဟာ တောင် အမေရိက တိုက် နိုင်ငံ တစ်ခုခု ကို ထွက်ပြေး ခိုလှုံ ဖို့ 
စီစဉ် နေတယ်လို့  သတင်း တွေ ထွက် ပေါ် နေ ပေမယ့် မြို့ တော် ထရီ ပို လီ မှာ တော့ ကဒါဖီ ကို
ထောက် ခံ သူတွေ က သစ္စာ ဖောက် တွေ ကို နောက်ဆုံး သွေးတစ် စက် ကျန် သည် အထိ အသေ
ခံ တိုက် မယ်လို့  ဆိုပါတယ်။
http://freedomnewsgroup.com

ဦးသိန်းစိန်စာကျက်နေသည်။အလွတ်မရသေးပါ။

သမ္မတ ဦးသိန်းစိန် အစည်းအဝေးမှာ လက်တန်းပြောဆိုတာ ယုံကြည်လို့ မရနိုင်

၂၀၁၁ ခုနှစ် သြဂတ်စ်လ ၁၇ ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်ဟာ ပြည်ပမှာ အကြောင်း အမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ပြစ်မူ ကျူးလွန်တာ မရှိဘူးဆိုရင် အချိန်မရွှေး ပြန်လာရန် စဉ်းစားပေးမှာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

အဆိုပါ စကားကို နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမူရေး နယ်ပယ် အသီးသီး၊ အသင်း အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

thein-seine-cometinnpd
အဆိုပါ ပြောဆိုမူမှာ သာမန် အစည်းအဝေး တစ်ခုတွင် ပြောဆိုသွားသဖြင့် ယုံကြည်၍ မရနိုင်ကြောင်း ၈၈ အရေးအခင်း နောက်ပိုင်း ဘင်္ဂလာဒေခ်ျ့တွင် ရောက်ရှိနေသော ရခိုင်ခေါင်းဆောင်များက ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်ချက်နှင့် ပတ်သက်ပြီး ဘင်္ဂလာဒေခ်ျ့တွင် ရောက်ရှိနေသော ရန်ကုန်တက္ကသိုလ်မှ ၁၉၇၅ ခုနှစ်တွင် B.A (Philosophy) ဖြင့် ဘွဲ့ရရှိခဲ့ပြီး ၈၈ အရေးအခင်းတွင် မင်းပြားမြို့နယ် သပိတ်ကော်မီတီ အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဦးကျော်မြသာက ယခုကဲ့သို့ ပြောသည်။

" အမျိုးသား ရင်ကြားစေ့ရေး National Reconciliation အတွက် ဖိတ်ခေါ်တာကိုတော့ ကြိုဆိုဖို့ ကောင်းပါတယ်။ ဒါပေမယ့် ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်အစိုးရ ခေါင်းဆောင်တွေရော၊ သူတို့နဲ့ ပူးတွဲပြီး အကြံပေး နေကြတဲ့ နိုင်ငံရေး သမားတွေရော၊ ဒေ၀ါလီ နိုင်ငံဖြစ်နေတဲ့ မြန်မာနိုင်ငံတော်ရဲ့ ရှေ့ရေးကို တိကျ ခိုင်မာတဲ့ ပေါ်လစီ တခုကို မချမှတ်နိုင်တဲ့ အတွက်နဲ့ ဒီလို ကသောင်းကနင်း ဖြစ်နေကြတာ ဖြစ်တယ်လို့ ပထမဆုံး ပြောလိုပါတယ်။"

၎င်းပြင် ဦးကျော်မြသာက သူ့ အမြင်ကို ယခုလို ဆက်ပြောသည်။

" ဦးသိန်းစိန်က ၈၈ ခုနောက်ပိုင်းမှာ ဗမာပြည်က ထွက်သွားတဲ့ လူတွေကို ပြန်လာဖို့အတွက် ခေါ်တဲ့နည်းက စနစ်မကျတာကို တွေ့ရပါတယ်။ ဦးသိန်းစိန် အစိုးရဟာ အမျိုးသား ရင်ကြားစေ့ရေးကို လိုချင်တယ်ဆိုရင် ပထမဆုံး နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ချွင်းချက်မရှိ လွတ်ပေးရမယ်။ နောက်ပြီးတော့ ဦးသိန်းစိန်ပြောတဲ့ စကားမှာ အဓိပ္ပါယ် နှစ်မျိုး ထွက်နေပါတယ်။ ၈၈ နောက်ပိုင်း ထွက်သွားတဲ့ လူတွေမှာ ရာဇ၀တ်ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုရင်လည်း အဲဒီရာဇ၀တ်ပြစ်မှုတွေကို လျော့ပေါ့ စဉ်းစား ပေးမယ်လို့ ပြောတဲ့ စကားရပ်လည်း ပါဝင်လာတာကြောင့် ၀င်လာတဲ့သူတွေကို အချိန် မရွေး ဖမ်းဆီး နိုင်အောင် ပြောတဲ့စကားဖြစ်တယ်လို့ ယူလို့ ရတယ်။ နောက်တခုက ဦးသိန်းစိန်ဟာ ဒီစကားကို လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ ပြောဖို့အစား လွှတ်တော်မှာ ပါတီ ပေါင်းစုံ၊ အမတ် ပေါင်းစုံနဲ့ အသေအချာ ဆွေးနွေး ပြီးတော့ ဥပဒေတခုကဲ့သို့ ပြုစုပြီးတော့ အမိန့် ထုတ်ဖို့ ကောင်းပါတယ်။ အထွေထွေ လွတ်ငြိမ်း ချမ်းသားခွင့် ပြန်တန်းတခု လုပ်ပြီး သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် လက်မှတ်ထိုးပြီး ပြည်သူသိအောင်၊ ကမ္ဘာက သိအောင် တရားဝင် ကြေငြာရပါမယ်။ အဲဒီလိုမှသာ သူပြောတဲ့ စကားဟာ တရားဝင်ပြီး လုပ်ထုံး လုပ်နည်း ကျမှာ ဖြစ်တယ်။ ဦးသိန်းစိန်က ခုလို အစည်းအဝေးမှာ ပြောလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ တိုင်းပြည်ရဲ့ အမိန့်ပြန်တန်း မဟုတ်၊ တိုင်းပြည်ရဲ့ ဥပေဒလည်း မဟုတ်၊ အခုလို အစည်းအဝေးမှာ အလွတ် သဘော ခေါ်တာဟာ ဟန်ပြ နိုင်ငံရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဟန်ပြ နိုင်ငံရေး ပြေလည်မှု ရအောင် လုပ်နေခြင်းသာ ဖြစ်ပါတယ်။ တကယ့်စေတနာရှိလို့ လုပ်တယ်လို့ ယုံကြည်လို့ မရနိုင်သေးဘူး။ စောင့်ကြည့်ရ ပါလိမ့်မယ်" ဟု ပြောသည်။

ရှစ်လေးလုံး အရေးတော်ပုံတွင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ ကျောင်းသား ဥက္ကဌ အနေဖြင့် လှုပ်ရှား ခဲ့ပြီး အာဏာသိမ်းပြီးနောက် ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိလာက ABSDF (Arakan) တွင် ဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ကိုခိုင်ဆန်းအောင်ကလည်း ယခုကဲ့သို့ ပြောသည်။

" ပြည်ပရောက် မြန်မာတွေကို ပြန်ခေါ်လိုက်တယ်ဆိုတဲ့ အပေါ်မှာ ကျနော့်အမြင်ကတော့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောတဲ့ ပုံစံသာဖြစ်တယ်။ ဒါကတော့ နိုင်ငံတော်အစိုးရ တရပ် အနေနဲ့ တရာဝင် လွတ်ငြိမ်း ချမ်းသာခွင့် ပုံစံမျိုးနဲ့ ခေါ်တာမဟုတ်ဘူးလို့ မြင်ပါတယ်။ တကယ်တမ်းသာ ဒီလိုမျိုး ဦးသိန်းစိန်အနေနဲ့ ဖြစ်ချင်တယ်။ လုပ်ချင်တယ် ဆိုရင် ကျနော့်အနေနဲ့ အချက် (၃)ချက်မြင်ပါတယ်။ နံပတ်(၁) အနေနဲ့ နိုင်ငံရေးအကျဉ်းသား တွေ အားလုံးကို လွတ်ပေးရမယ်။ နံပတ်(၂) အစိုးရအနေနဲ့ တရားဝင် လွတ်ငြိမ်း ချမ်းခွင့်ကို နှောင်းကြိုးမဲ့ အချက်အလက်တွေနဲ့ ခေါ်ပေးရမယ်။ ဘာတခုမှ နှောင်းကြိုးတွေမရှိစေရဘူး။ နံပတ်(၃) ကတော့ နိုင်ငံရေးအရ ပြည်ပမှာရောက်ရှိနေကြတဲ့ နိုင်ငံရေး လှုပ်ရှားသူ အားလုံးကို ရာဇဝတ်မှု ကျူးလွန်သူများ ဖြစ်တယ် ဆိုပီးတော့ တစုံတရာ သတ်မှတ်ခြင်းမရှိရ၊ ဒီအချက်သုံးချက် လိုအပ်မယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်" ဟု ပြောသည်။

၎င်းပြင် သမ္မတ ဦးသိန်းစိန်မှ " ရိုးသားတဲ့ စိတ်ရင်းစေတနာ ရှိသူတိုင်းဟာကိုယ်နိုင်ကို ချစ်ကြပါတယ်။ ကိုယ့်နိုင်ငံကို ကောင်းစားစေလိုကြပါတယ်။ ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ နေလိုကြပါတယ်။ ကိုယ့်မြေ၊ ကိုယ်ပြည်၊ ကိုယ်ဆွေမျိုး အသိုင်းအ၀ိုင်းကို ခင်တွယ်ကြပါတယ်။ ငြိမ်းချမ်းသာယာ ၀ပြောတဲ့ လူ့ဘောင် အဖွဲ့အစည်းကြီးကို ထူထောင်လိုကြပါတယ်။ ဒါဟာ ကျွန်တော်တို့နဲ့ တူညီတဲ့ ဆန္ဒဖြစ်ပါတယ်။ ဒီ Common Ground အပေါ်မှာ အခြေခံပြီး ငြိမ်းချမ်း သာယာတဲ့ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ၊ ကမ္ဘာအလယ်မှာ ထည်ထည်ဝါ၀ါ နေနိုင်တဲ့ နိုင်ငံ ဖြစ်အောင် ၀ိုင်းဝန်း တည်ဆောက်ကြဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်းလိုပါတယ်" ဟုလည်း ပြောဆိုသွားခဲ့ကြောင်း သိရသည်။
http://www.narinjara.com/detailsbur.asp?id=3404

တစ်ဒေါ်လာ ၉၅၀ နှုန်း တရားဝင် သတ်မှတ်မည်


by politics on August 18, 2011



အောက်တိုဘာလ ၁ ရက် နေ့ မှ စပြီး အမေရိကန် ၁ ဒေါ်လာ အား မြန်မာ ကျပ်ငွေ နှင့် လဲ လှယ်
ရာတွင် ကျပ် ၉၅၀ ရရှိ စေရန် တရားဝင် သတ်မှတ် တော့ မည် ဟု ဘဏ္ဍာ ရေး နှင့် အခွန် ၀န်
ကြီး ဌာန မှ အမည် မဖော်လို သူ အကြီးတန်း အရာ ရှိ တစ်ဦးက FNG သို့  ပြောကြားသည်။

တကယ်တမ်း တွင် မူ အမေရိကန် ဒေါ်လာ တန်ဖိုး ကျဆင်းနေခြင်း ကြောင့် သာ မြန်မာ ကျပ်
ငွေ တန်ဖိုးမာ နေခြင်း ဖြစ်ပြီး အမေရိကန် ငွေကြေး ဈေးနှုန်း ပြန်လည် မြင့် တက် ပါက မြန်
မာ ကျပ် ငွေ မှာ ၉၅၀ ထက်မက ပြုတ် ကျ အုံး မည် ဖြစ်သည်။

၂၀၀၆ ခုနှစ်က အမေရိကန် တစ်ဒေါ်လာ နှင့် လဲလှယ်ရာတွင် မြန်မာ ကျပ် ငွေ မှာ စံချိန် တင်
ဈေးတက် ခဲ့ ပြီး ၁၄၃၀ အထိ ဖြစ် ခဲ့ သည်။

ဒေါ်လာ ဈေးနှုန်း ကျဆင်း နေခြင်း ကြောင့် မြန်မာ နိုင်ငံ ၏ ပြည်ပ ပို့ ကုန် များ မှာ လည်း ထိ
ခိုက် လျှက် ရှိ ပြီး အချို့  ပို့ ကုန် ဈေးကွက် များ မှာ ရပ် နားထား ရသည်။

လတ်တလော ငွေကြေး ဈေးကွက် ဉ် အမေရိကန် တစ်ဒေါ်လာ မှာ မြန်မာ ကျပ်ငွေ ၇၅၀ ပေါက်
ဈေး ရှိ သည်။ FEC ဟု ခေါ် သည့် အမေရိကန် တစ်ဒေါ်လာ နှင့် ညီမျှ သည့် ငွေ စက္ကူ ကို မြန်မာ
နိုင်ငံ တော် ဗဟို ဘဏ်က ပြန် သိမ်းတော့ မည် ဟု သတင်း များ လည်း ထွက် ပေါ် နေသည်။

မြန်မာ ကျပ်ငွေ နှင့် နိုင်ငံခြား ငွေ လဲလှယ် နှုန်း ကို အကူအညီ ပေး ရန် အတွက် IMF မှ ကျွမ်း
ကျင် သူ များ မြန်မာ နိုင်ငံ သို့  စက်တင်ဘာ လ တွင် ရောက်ရှိ မည် ဖြစ်သည်။
http://freedomnewsgroup.com/2011/08/18/fix-currency/

ဒေါ်လာဈေးနှုန်းသတ်မှတ်သည့် ကောလာဟလသတင်းများ ထွက်
Published on August 18, 2011 by ရွှေအောင် · No Comments

အမေရိကန်ဒေါ်လာ တဒေါ်လာကို မြန်မာငွေကျပ် ၉၅၀ နှုန်း သတ်မှတ်လိုက်ပြီဆိုတဲ့ သတင်းတွေ ဒီနေ့ ရန်ကုန်မှာ ပျံ့ပျံ့နှံ့နှံ့ ထွက်ပေါ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေ ထွက်ပေါ်နေတာဟာ ကောလာဟလပဲဖြစ်တဲ့ အကြောင်းနဲ့ ဒေါ်လာဈေး ကျနေတာကို ဆွဲတင်လိုတဲ့သူတွေက ခုလို လုပ်တာ ဖြစ်နိုင်တယ်လို့ ရန်ကုန်က ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အွန်လိုင်းမှာလည်း အဲဒါတွေပြောနေတယ် တကယ်တော့ မဖြစ်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတာ့ ဒါက ချက်ချင်း ပါးစပ်ထဲကနေ လုပ်လို့ ရတဲ့ ကိစ္စမှ မဟုတ်တာ။ ကျနော်တို့ ငွေမာအောင် ဘာတွေအပေါင်(mortgaged) ထားမလဲ ရွှေထားမလား၊ ငွေမာထားမလား ဆိုတာတွေက IMF နဲ့ World Bank တို့ပြောရမယ် ဟာတွေဆိုတော့ အချိန် လိုပါသေးတယ်။ ဖြစ်ရင်တောင်မှ ဒါ အောက်တိုဘာလောက်မှ ဖြစ်မှာပါ။ အဲဒါ ကောလဟာလ ဖြစ်ပါလိမ့်မယ်။ ကျနော်လည်း သက်ဆိုင်ရာလူကြီးတွေကို မေးကြည့်တာတော့ မဖြစ်နိုင်ပါဘူးတဲ့။ ဒါ နည်းနည်း ဈေးကို ဖွလိုက်တာပါပဲ။”

ပြီးခဲ့တဲ့အပတ်ထဲ နိုင်ငံခြားငွေဈေးတွေ အတက်အကျမြန်ခဲ့ပြီး အက်ဖ်အီးစီက ကျပ် ၆၅၀၊ ဒေါ်လာက ကျပ် ၇၅၀ လောက်အထိ ဈေးပြုတ်ကျခဲ့ပါတယ်။

ဒေါ်လာဈေးက ဒီလဆန်းကတည်းက တရိပ်ရိပ် ကျဆင်းနေတာဖြစ်ပြီး ဈေးကွက်ထဲမှာလည်း ၀ယ်သူထက် ရောင်းသူပဲ များနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၉ ရက် နေပြည်တော်မှာလုပ်မယ့် စီးပွားရေးဖိုရမ်မှာလည်း နိုင်ငံခြားငွေကြေး ကိစ္စရပ်တွေ ထည့်သွင်း ဆွေးနွေးအဖြေရှာကြဖို့ ရှိတယ်လို့ အဆိုပါလုပ်ငန်းရှင်ကပဲ ပြောပါတယ်။

ဒီလ ၁၂ ရက်နေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုဘဏ်ဥက္ကဌက နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း သတ်မှတ်ဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က တာဝန်ရှိသူတွေလည်း လာမယ့် အောက်တိုဘာလထဲ မြန်မာပြည်သွားဖို့ ရှိနေပြီး အစောဆုံး အောက်တိုဘာလလောက်မှ နိုင်ငံခြားငွေလဲလှယ် နှုန်းသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/14357

မြန်မာပြည်မှာ Facebook ၏ တော်လှန်ရေး အသေးစား


ထွန်းထွန်း
ကြာသပတေးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၄မိနစ်


Mark Zuckerberg တည်ထောင်ခဲ့သည့် Facebook ဆိုရှယ်နက်ဝက်ဘ်သုံးစွဲမှုမှာ မြန်မာနိုင်ငံအတွင်း သုံးစွဲမှု နည်းပါးသေးသော်လည်း ပြုပြင် ပြောင်းလဲမှု အတွက်မှာ တစုံတရာ နေရာယူနေပြီ ဖြစ်သည်။



အင်တာနက် ချိတ်ဆက်ထားကြတဲ့ အင်တာနက် ကဖေးများ၊ စီးပွားရေး လုပ်ငန်းများ၊ နေအိမ်များတွင် ပြုပြင်
ပြောင်းလဲမှုအတွက် နေရာယူနေပြီ ဖြစ်သည်။ ယခုဆိုလျှင် GSM မိုဘိုင်းလ်ဖုန်းတွေကနေ တဆင့် အမြဲတမ်းအသုံးပြုနိုင်ဖို့ အတွက်လည်း ကြိုးစားနေကြပြီ ဖြစ်သည်။

ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် Facebook သုံးစွဲမှုမှာ တဖြည်းဖြည်းချင်း ကြီးထွားလာနေပြီ
ဖြစ်သည်။ Zuckerberg တည်ထောင်ထားသည့် ဆိုရှယ်နက်ဝက်ဘ်အား ကမ္ဘာ့တဝန်းတွင် သန်း ၅၀၀ ကျော် အသုံးပြုပြီ ဖြစ်ကာ မြန်မာနိုင်ငံ၏ အင်တာနက် သုံးစွဲသူ ဦးရေမှာမူ ယင်းတို့ထဲမှာ ၁ဝဝ ပုံ ၁ ပုံသာ ရှိသည်။

သို့သော် မြန်မာပြည်တွင်း အင်တာနက် သုံးစွဲသူ ငါးသိန်းအနက် ၈၀ ရာခိုင်နှုန်းမှာမူ Facebook ကို သုံးစွဲနေသူများ
ဖြစ်သည်။

“အရင်က G-mail ကို အရင်စစ်ကြတယ်။ ခု Facebook အရင်ဖွင့်တယ်။ အင်တာနက်သုံးတဲ့ လူတွေရဲ့ ၈ဝ ရာခိုင်နှုန်းလောက် ရှိတယ်” ဟု ပြောဆိုခဲ့သူမှာ ပြည်တွင်းအခြေစိုက် အိုင်တီ ကုမ္ဗဏီတခုမှ ကိုထက်အောင်
ဖြစ်သည်။

သူက ဆက်ပြီး “၁၀၀ မှာ ၈၀ ကို ပြောချင်တာ။ ၁၀ ယောက်လောက်က ရုံးတွေက ခွင့်မပြုလို့။ အလုပ်ပျက်တယ်
ဆိုပြီး ပိတ်ထားကြလို့လေ။ ကျန်တဲ့လူတွေက မလုပ်တတ်တာနဲ့ မသုံးတတ်တာနဲ့ မသုံးကြတာ” ဟု ဆိုသည်။

အီဂျစ်နိုင်ငံတွင် သမ္မတ မူဘာရက်အား ပြုတ်ကျသွားစေခဲ့သည့် “အာရပ် လူထုလှုပ်ရှားမှု” ကိုင်ရိုမြို့ပေါ်ရှိ လမ်းများ တွင် ဖြစ်ပွားနေချိန်ကလည်း မြန်မာပြည် အင်တာနက် သုံးသူများ အကြား “Just Do It Against Military Dictatorship” ဟူသည့် စည်းရုံး လှုံ့ဆော်မှုများ Facebook အင်တာနက် စာမျက်နှာတွင် ပေါ်ပေါက်ခဲ့သေးသည်။

သို့သော် အာရပ်လူထု လှုပ်ရှားမှုအတွက် Facebook မှတဆင့် စည်းရုံးရာတွင် အာရပ် အင်တာနက်သုံးသူ
စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်း ပါဝင်ခဲ့သော်လည်း မြန်မာနိုင်ငံတွင်မူ ၁ ရာခိုင်နှုန်းသာ ပါဝင်ခဲ့သည်။

“ဆက်သွယ်ရေးမှာ တိုးတက်မှုကြီး အိုင်တီတော်လှန်ရေးကြီးလည်း မြန်မာပြည်ရောက် လာတာကို တွေ့ရပါတယ်။ တခြားနိုင်ငံတွေနဲ့ စာရင် ရှေ့တန်းရောက်၊ မရောက် မပြောနိုင်ပေမယ့် ဒီဆက်သွယ်ရေး တော်လှန်ရေးကြီးက အတိုင်းအတာတခုအထိ မြန်မာနိုင်ငံကို ရောက်လာခဲ့တာ သေချာပါတယ်” ဟု လူထု ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က မဇ္ဈိမနှင့် တွေ့ဆုံ မေးမြန်းခန်းတခု၌ ပြောဆိုခဲ့သည်။

လူထုခေါင်းဆောင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ကွန်ယက်များ ဖွဲ့စည်းခဲ့သည့် အပြင် National League for Democracy အမည်ဖြင့် Facebook ပေါ်မှလည်းပါတီလှုပ်ရှားမှု သတင်းများကို
ဖြန့်ဝေခဲ့သည်။

ဆိုရှယ်နက်ဝက်ဘ်များကို သတင်း အချက်အလက်များ ဖြန့်ဝေခြင်း၊ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများအား အသိပေးခြင်း၊ မိတ်ဆွေများနှင့် တွေ့ဆုံခြင်း အပြင် စီးပွားရေး လုပ်ငန်းများအတွက် ကိုယ်ပိုင် စာမျက်နှာ ဖွင့်၍အခမဲ့ ကြေညာနိုင်ခြင်း၊ နည်းပညာများ ဖလှယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် သုံးစွဲနေကြခြင်း
ဖြစ်သည်။

ပြည်တွင်းပြည်ပ မီဒီယာများ ကိုယ်တိုင် Facebook အသုံးပြု၍ သတင်းများ ဖြန့်ဝေနေရခြင်းမှာ သက်သေ သာဓက တခု ဖြစ်သည်။ ပြည်တွင်း၌ ပြည်ပမီဒီယာများ၏ အင်တာနက် ဝက်ဘ်ဆိုက်များကို ဝင်ရောက် မကြည့်ရှုနိုင်ရန် ပိတ်ပင်ထားသည့် အပြင် အများသုံး အင်တာနက်ဆိုင်များတွင်လည်း ဝင်ရောက် မကြည့်ရှုရန် ဥပဒေဖြင့် တားမြစ် ထားသည်။

ကိုထက်အောင်က “ဂျီတော့စတေ့တပ် Massage တခုတောင် ရှိတယ်လေ။ “ကျမရုပ်ကို ပြစရာ မလို၊ ဖေ့ဘွတ်
မှာသာ ကြည့်ပါ အကို” ဆိုတာလေ။ ဓါတ်ပုံတင်စရာ မလိုတော့ဘူးလေ ဂျီတော့မှာ” ဟူ၍ Facebook အသုံးများမှု
နှင့် ပတ်သက်၍ ပြောပြသည်။

“Facebook က ဒီက အင်တာနက်သုံးတဲ့ လူတိုင်းလိုလို သုံးကြတော့ တော်တော် အသုံးဝင်တယ်ဗျ။ Donation
အဖွဲ့ ဖွဲ့တာတွေ၊ သစ်ပင်တူတူ စိုက်ကြတာတွေ။ နောက် Tour Company တွေက ကြော်ငြာတာတွေ အထိပဲဗျ။ ပါတီမဲဆွယ်တာတွေ အထိဗျာ” ဟု ကိုထက်အောင်ကပင် ဆိုသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အင်တာနက်ကဖေး တခုတွင် မဇ္ဈိမ ဝက်ဘ်ဆိုဒ်ကို ကြည့်ရှုနေသည့် အင်တာနက် အသုံးပြုသူ တဦးအား တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)


ယင်းအဆိုကို ထောက်ခံခဲ့သူမှာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီမှ ဖြစ်သည်။

“အင်တာနက် မရှိရင် ကျနော်တို့ ပါတီ မထောင်ဘူးဗျ။ ပါတီမှာ သူဌေးဆိုတာ တယောက်မှ မပါဘူး။ ရန်ပုံငွေ
ရှိတဲ့သူ မပါဘူး။ ဥပမာ ဆိုလိုတာက ပါတီရဲ့ တည်ထောင်သူတွေပေါ့။ ပါတီ တည်ထောင်သူတွေက ငမွဲတွေ
ချည်းပဲ” ဟု ပါတီဥက္ကဋ္ဌ ကိုနေမျိုးဝေက ပြောဆိုခဲ့သည်။ သူသည် ပါတီ၏ သဘောထားနှင့် ထုတ်ပြန်ချက်များ
ကို Facebook အသုံးပြု၍ ဖြန့်ဝေနေသူလည်း ဖြစ်သည်။

Facebook မှာ ပြည်တွင်း၌ Proxy ခံစရာ မလိုပဲ ဝင်ရောက်နိုင်ခြင်းကြောင့်လည်း လူသုံးများခြင်း ဖြစ်ကာ
အင်တာနက် အွန်လိုင်းဂိမ်းများ ဖြစ်သည့် Farm Villa, City Villa ကဲ့သို့သော စိုက်ပျိုးရေး ဂိမ်းများ၊မာဖီးယားနှင့် Empire and Allies ကဲ့သို့သော စစ်ပွဲဂိမ်းများ ထည့်သွင်းထားခြင်းကြောင့်လည်း အသုံးများကြသည်။

“Game က အိမ်နဲ့ ဝေးနေတဲ့ သူတစ်ယောက် အတွက်တော့ ကိုယ့် lonely ဖြစ်တာကို သူကနေ တဆင့်
မေ့အောင် လုပ်နိုင်တယ်ဗျာ။ ကျမက Facebook ကို အိပ်ယာက နိုးကတည်းက၊ စက်ဖွင့်ကတည်းက
ဝင်ထားတာ။ မျက်စေ့ပိတ်မှ ထွက်တာ” ဟု ထိုင်းနိုင်ငံ၌ ဘွဲ့လွန်တက်နေသည့် မစိမ့်က ဆိုသည်။

အိုင်တီ လုံခြုံရေးဆိုင်ရာ ဘာသာဖြင့် ဘွဲ့လွန်တက်နေသူ ကိုမောင်မောင်ကလည်း “ ဆိုရှယ်နက်ဝက်ဘ်တွေက သုံးစွဲသူတွေကို လွယ်ကူအောင် ကြိုးစားပေးနေတာရယ်။ သုံးစွဲသူတွေရဲ့ အသုံးချနိုင်တဲ့ အရင်းအမြစ်တွေ လွယ်ကူလာနေတာက အချိန်နဲ့ တပြေးညီနေတယ်လို့ ဆိုနိုင်တာပါ” ဟု မြန်မာနိုင်ငံလို နေရာမျိုးမှာတော့
ဖေ့ဘုတ်တခုပဲ လွယ်လွယ်ကူကူ သွားလာနေနိုင်လို့သာ” ဟု ရှုမြင်သည်။

မြန်မာနိုင်ငံတွင် Facebook အပြင် Twitter, Friend Finder, Netlog အပြင် Google မှ မကြာသေးခင်က ပြုလုပ် လိုက်သည့် Google + နှင့် Person.com ကဲ့သို့သော ဆိုရှယ် နက်ဝက်ဘ်များလည်းအသုံးပြုကြသည်။

မစိမ့်က “ဒီမိုကရေစီဘက်တော်သားနဲ့ အစိုးရ ဘက်တော်သားတွေရဲ့ အားပြိုင်မှု၊ နောက် ဘယ်ဘက်ကမှ
မဟုတ်တဲ့ သူတွေရဲ့ အားပြိုင်မှု။ အဲဒါ ကျမ သဘောကျတယ်။ သတင်းမှန်သမျှ သိရတယ် အတင်းရောပဲ။
နောက် ကိုယ့်ပြည်တွင်းရေးကော ပြည်ပအရေးကော မျက်ခြေမပြတ်ဘူးဗျ။ အဲဒီကနေလည်း လူတွေရဲ့ အမြင်အမျိုးမျိုးကို လေ့လာနိုင်တယ်” ဟု သူ၏ အမြင်ကို ပြောပြသည်။

သို့သော် ယခုကဲ့သို့ ဆိုရှယ်နက်ဝက်ဘ်များ သုံးခြင်းကြောင့် အကျိုးကျေးဇူးများ ရှိသကဲ့သို့ ဆိုးကျိုးများလည်း ရှိနေသည်။ ဆိုရှယ်နက်ဝက်ဘ် သဘောတရား နိုင်ငံပေါင်းစုံ၊ လူပေါင်းစုံမှ ဝင်ရောက် အသုံးပြုသည့် အတွက် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်နေသည်။

“ကိုယ့် friend list ထဲက လူတိုင်းက ကိုယ်ကော သူကော အွန်လိုင်း ဝင်နေရင် စကားပြောလို့ ရနေတာကိုး။
အဲဒီကနေ စကြောင်တာပဲ။ တချို့ဆို စကားတခွန်းလောက် ပြန်ပြောလိုက်တာနဲ့ကို လင့်တွေ ဘာတွေ ပို့လိုက်
ကော။ sex link တွေ။ ဒါကြောင့် ချက်ကို လုံးဝမဝင်တော့ပဲ ပိတ်ထားလိုက်တာ” ဟု သူမ၏ အတွေ့အကြုံကို ရှင်းပြသည်။

ယခုကဲ့သို့ တွေ့ကြုံမှုမှာ အမျိုးသမီးများတွင်သာ မဟုတ်၊ အမျိုးသားများတွင်ပင်လျှင် တွေ့ကြုံနေရသည်ဟု ကိုယ်တိုင် တွေ့ကြုံခဲ့ဖူးသူ အင်တာနက် ဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

ယင်းအပြင် သတင်းအမှားများ ရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက် ရေးသားခြင်းများ အပြင် ဒီမိုကရေစီ လိုလား သူများအား တန်ပြန် ထိုးနှက် တိုက်ခိုက်ရေးသားခြင်းများ ရှိနေသည်။

ဥပမာအားဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး ထိခိုက်ရေးသားခြင်း၊ သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများ ဆန္ဒပြမည်နှင့် ထိုသူများမှာ နိုင်ငံတကာ ထောက်ပံ့ငွေဖြင့် ကြွယ်ဝ
နေသူများအဖြစ် သတင်းအမှားများ ရေးသား ဖြန့်ဝေကြခြင်းတို့ ဖြစ်သည်။

ယင်းကဲ့သို့ ရေးသားသူများမှာ မိမိအမည်ရင်း၊ ကိုယ်ရေး အချက်အလက် တင်ထားသူများလည်း မဟုတ်ကြ
သည့်အပြင် စစ်အစိုးရ၏ မီဒီယာကို မီဒီယာဖြင့် တန်ပြန်မည်ဟူသည့် မူဝါဒအရ လုပ်ကိုင်နေသူ များဟုလည်း ယူဆရသည်။

ယင်းအပြင့် Facebook ပေါ်ရှိ အွန်လိုင်းဂိမ်းများကြောင့် လုပ်ငန်းလစ်ဟင်းမှုကြောင့် အချို့သော လုပ်ငန်းများတွင် Facebook မသုံးစွဲနိုင်ရန် ပိတ်ပင်မှုများ ရှိသည်ဟု သိရသည်။

ဆိုရှယ်နက်ဝက်ဘ်ကို တနေကုန် ဖွင့်ထားလေ့ရှိသည့် မိစိမ့်ကတော့ “အကုန်လုံးကို only friend ပဲပေးထားတယ်။ တခု၊ နှစ်ခုပဲ friends of friends ပေးထားတယ်။ ဒါပေမဲ့ ဒါကလဲ safe မဖြစ်ပါဘူး။ ဘာလို့ဆိုတော့ ကိုယ့် list ထဲကသူအားလုံး ကိုယ်မှ မသိတာ။ တကယ် ကတော့ ကိုယ်သေသေချာချာ သိတဲ့သူလောက်သာ ဖွင့်ပေးထားတာ အကောင်းဆုံး။ ဒါပေမဲ့ ဒီလိုလုပ်ရင်လည်း social network နဲ့ မတူတော့သလိုပဲ” ဟု မိမိအနေဖြင့် ကာကွယ်နိုင် သလောက် ကာကွယ်ထားကြောင်းကို မစိမ့်က ပြောပြသည်။

ကိုမောင်မောင်ကမူ “အဓိက တရားခံဟာ နိုင်ငံတခုရဲ့ ပညာရေးဖွံ့ဖြိုးမှုပေါ် မူတည်တယ်လို့ ထင်ပါတယ်။
နောက် မျိုးတူရာ၊ အမြင်တူရာ စုတတ်တဲ့ လူ့သဘောအရ မကောင်းတဲ့နေရာမှာ ပိုပြီးစိတ်ဝင်စားတာ မဆန်းဘူး လို့ မြင်မိပါတယ်။ ပညာရေးစနစ်၊ လူနေမှုစနစ်သာ အတိုင်းအတာတခုထိ ဖွံ့ဖြိုးလာရင် အလိုလို လျော့နည်းသွား
မှာပါ” ဟု ရှုမြင်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၂ဝ၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှစ၍ GSM ဖုန်းများတွင် အင်တာနက် သုံးစွဲနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည့်အတွက် လျှောက်ထားသူ တသိန်းခန့် ရှိသည်ဟု သိရသည်။

မည်သို့ပင်ဆိုစေကာမူ Zuckerberg တည်ထောင်ထားတဲ့ Facebook ကတော့ တတိုင်းပြည်လုံး ရှိနေသည့်
လူဦးရေ သန်း ၆ဝ နှင့်ယှဉ်ပါက နည်းပါးနေသေးသည်ဟု စောဒကတက်ဖွယ် ရှိနေသည်။

( Tun Tun ၏ Facebook’s mini-revolution in Burmaကို ဆီလျော်အောင်ပြန်ဆိုပါသည်။)
http://www.mizzimaburmese.com/edop/songpa/8171--facebook---.html