Friday, August 19, 2011

တက်တက်စင်အောင် မှားသွားပါပြီ..

စက်သုံးဆီ ဓာတ်ဆီစာအုပ်တွေ ပုဂ္ဂလိက ပေးလိုက်တော့ သက်တမ်းတိုးဖို့ မလိုဘူး ထင်ခဲ့တာ တက်တက်စင်အောင် မှားသွားပါပြီ..
ဘာလို့လဲဆိုတော့ ဆီစာအုပ်များကို သက်တမ်းတိုးဖို့ ရန်ကုန် ကုန်သည်ကြီးများနဲ့ စက်မှု့လုပ်ငန်းရှင်များ အသင်းမှာ သွားလုပ်ဖို့ ဆီဆိုင်က တိုက်တွန်းလိုက်ပါတယ်.. ၉နာရီလောက်သွားလိုက်တော့ အရင်စာအုပ်ထပ်ရတယ်ဗျ.. ကိုယ့်အမှတ်စဉ်က ၆ဝကျော်နေပြီ.. စာအုပ်တွေကို ထပ်ပြီး ဘယ်ကမှန်းမသိတဲ့ စာရွက်စုတ်လေးမှာ. နာမည် အမှတ်စဉ် ယာဉ်နံပါတ်ရေးရတယ်ဗျ.. နောက်.. လိုတာလေးတွေ Copy ကူး (လိုတာတွေက.. ယာဉ်ပိုင်ဆိုင်မှု့စာအုပ်မူရင်း မိတ္တူ.. ဘီးခွန်မူရင်း မိတ္တ္တူ.. မှတ်ပုံတင်မူရင်း မိတ္တူ) အဲ့ဒါလေးတွေပေါ့

နောက်သွားထပ်ပြီး ကပ်ထားတဲ့စာတွေဖတ်လိုက်တော့ လန့်သွားတယ်.. စတဲ့ အချိန်က ၁ဝနာရီခွဲမှတဲ့.. ပထမဆုံးရောက်တဲ့လူက ပြောတယ် သူက မနက် ၆နာရီထဲက စောင့်နေတာပါတဲ့..

၁ဝနာရီခွဲ ကောင်တာဖွင့် တိုကင်ပေး တိုးကြိတ်ပြီး ယူနေရတယ်.. မိုးကရွာ ထီးကမလုံ.. ဖြစ်ပျက်နေတာ.. ထိုင်စရာမရှိ ရပ်စရာနေရာကမရှိ.
တိုကင်လေးယူပြီး သူကခေါ်တယ်.. ပြီးတောင်းတာလေးပြ ထပ်စောင့် ၁ နာရီလောက်. နောက်မှ.. ဆီစာအုပ်လေး ထွက်လာမှာ သက်ပြင်းချနိုင်တော့တယ်..
မြန်မာပြည်မှာ တန်းစီတိုးကြိတ်ရတာ တော်တော် ခေတ်စားတယ်နော်..

သြော်.. ဆီလုပ်ငန်းကို ပုဂ္ဂလိကပေးလိုက်မှ.. ပိုဆိုးပါရော့လားလို့ သာပြောချင်ပါတောတယ်..











NSABOY11
မြန်မာကျူ့ပစ်ဖိုရမ်မှ.....





မြန်မာပြည်ကနိုင်ငံခြားသားအလုပ်သမားတွေခေတ္တပျော်ရွှင်လိုက်ရပုံက..

နိုင်ငံတော် ပြန်တမ်းလိုမျိုးမှာတောင် မှားဖြစ်အောင် မှားသေးတယ်...English လိုမှာ ပြည်ပနေ နိုင်ငံသားများကို foreigners living in the nation မှာြး့ပီး ဘာသာ ပြန်ထားလို. ကျွန်တော်တို. ရုံးက foreigner ကို Account က မနဲ ရှင်းပြလိုက်ရတယ်..






adaptor
Senior Cupid
မြန်မာကျူ့ပစ်ဖိုရမ်...မှရှာဖွေတွေ့ရှိသည်။

ကားအနက်ရောင်တစ်စီးနှင့်ဒေါ်အောင်ဆန်းစုကြည်

မနေ့မနက် ၉း၀၀ နာရီခန့် မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိုရမ်တစ်ခုတက်ရောက်ဖို့ 
နေပြည်တော်ကို ထွက်ခွာသွားပါတယ်။
ဒေါ်စုနဲ့ အတူ ဦးခွန်သာမြင့်၊ ဒေါ်စုစုလွင် (ဦးလွင်ရဲ့ သမီး) တို့လည်း လိုက်ပါသွားပြီး
ဒေါ်စုဟာ အကျီ င်္အ၀တ်အစား အပိုများလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
ပါတီနဲ့ ပက်သက်တဲ့ မော်တော်ယာဉ်နဲ့ မဟုတ်ဘဲ သီးခြား ကားအနက်ရောင်တစ်စီးနဲ့ 
လို့  တွေ့ မြင်လိုက်ရသူတစ်ယောက်က ပြောပါတယ်။



အောင်မျိုးထွန်း

၁၉.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/16109504/19August2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16109505/19August2011Yeyintngesdiary.pdf.html
http://www.mediafire.com/file/6wsref377qf5clg/19%20August%202011%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/qqj2uc62mq431b3/19%20August%202011%20Yeyintnge%27s%20diary.pdf

19 August 2011 Yeyintnge's Diary

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် တွေ့ဆုံမှု ရုပ်သံ

ဗိုလ်ချုပ်အောင်ဆန်းပြီးရင်နိုင်ငံတော်သမ္မတနေရာစဝ်ရွှေသိုက်၊ ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ဦးနေ၀င်း၊ဦးစန်းယု၊ဦးစိန်လွင်၊ဦးမောင်မောင်ပြီးတာနဲ့ဦးသိန်းစိန်.
ကောင်းကောင်းဆိုးဆိုးသမ္မတလုပ်ဖူးတဲ့လူဆိုကပ်၇တယ်နဲ့တူတယ်။
.ရွှေရွှေတို့ကတော့အစဖျောက်သွားပြီ။


File Download here

ဘေဂျင်းတွင် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျောင်းတွေကို ပိတ်ပစ်


Friday, 19 August 2011 13:34 သုခသခင်


ဘေဂျင်းရှိ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေ တက်ရောက်နေတဲ့ စာသင်ကျောင်းများကို အစိုးရက ရုတ်တရက် ပိတ်ပစ်လိုက်ပါတယ်။

တရုတ်သတင်းဌာနတွေရဲ့အဆိုအရ ခရိုင်သုံးခုမှာရှိတဲ့ ကျောင်းသားပေါင်း ၁၄,၀၀၀ အတွက်တက်စရာ ကျောင်းမရှိတော့ပါဘူးလို့ ဆိုပါတယ်။ တရားဝင်ထုတ်ပြန်ချက်ကတော့ ကျောင်းတွေဟာ သူတို့ရဲ့ စံချိန်စံညွှန်းနဲ့ မညီလို့ ပိတ်တယ်လို့ ဆိုပါတယ်။ တချို့ကျောင်းတွေကတော့ ပညာရေး စံညွှန်းပြည့်မီကြောင်း သက်သေမပြနိုင်လို့ အပိတ်ခံရတာပါ။

ဒီရွှေ့ပြောင်းအလုပ်သမားတွေရဲ့ကလေးတွေဟာ အစိုးရက ထောက်ပံ့ထားတဲ့ ကျောင်းတွေမှာ တက်ခွင့်မရကြပါဘူး။ ဒါဟာ ကလေးတွေကို ခွဲခြားဆက်ဆံခြင်းဖြစ်သလို ဒါကို အခြေခံပြီး လှုပ်ရှားမှုတွေ စတင်လာနိုင်တယ်လို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

သန်းပေါင်းများစွာသော ရွှေ့ပြောင်းအလုပ်သမားတွေဟာ သူတို့ရဲ့အိမ်ထောင်စုတွေကို မှတ်ပုံတင်ခွင့်လည်း မရသေးပါဘူး။ တကယ်လို့ သူတို့ဟာ မြို့တော်ဆီကို ရွှေ့ပြောင်းအလုပ်လုပ်ရင် မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။ မှတ်ပုံတင်မရှိရင် သူတို့ဟာ ပညာရေး ကျန်းမာရေးစတဲ့ အစိုးရက ထောက်ပံ့ထားတဲ့ ၀န်ဆောင်မှုတွေကို အကျိုးခံစားခွင့်မရကြပါဘူး။

ဒါကြောင့်ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေဟာ ဈေးပေါတဲ့ ပုဂ္ဂလိက ကျောင်းတွေမှာ ပညာသင်ကြားကြရပါတယ်။ တချို့ကျောင်းတွေဆိုရင် အစိုးရက တရားဝင်အသိအမှတ်ပြုတာ မခံရသေးပါဘူး။ အစိုးရသတင်းဌာနတစ်ခုဖြစ်တဲ့ ဆင်ဟွာသတင်းရဲ့အဆိုအရ ဘေဂျင်းရှိ ခရိုင်၃ ခုမှ ကျောင်းပေါင်း ၂၄ ကျောင်းကို နှစ်သစ်တစ်ခု မစတင်မီ ပိတ်ထားလိုက်ပြီလို့ ဆိုပါတယ်။

အပိတ်ခံလိုက်ရတဲ့ ကျောင်းတွေထဲမှ ကျောင်းအုပ်ဆရာမတစ်ဦးဖြစ်တဲ့ Xie Zhenqing ကတော့ သူမရဲ့ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားပေါင်း ၁၄၀၀ အတွက် သွားစရာနေရာ မရှိတော့ဘူးလို့ ဆိုပါတယ် ။

"သူတို့ ဘာအတွက်ကြောင့် ဒီလိုလုပ်တာလဲဆိုတာ ကျွန်မ လုံးဝနားမလည်ပါဘူး။ ကလေးတွေနဲ့ ကျောင်းဆရာတွေအတွက် သူတို့မှာ ဘာအစီအစဉ်တွေကို ရှိလဲဆိုတာ လုံးဝမသိပါဘူး။ ကျောင်းတွေကို ဘယ်အချိန်မှ ပြန်ဖွင့်မှာလဲ ။ အခြားသင့်တော်တဲ့ မူဝါဒတွေရော ရှိလား။ သူတို့ရဲ့ အစီအစဉ်က ဘာလဲဆိုတာ ကျွန်မ မသိပါဘူး။ ဘာကြောင့် ကျောင်းတွေကို ဒီလို ရုတ်တရက်ကြီး ပိတ်ရလဲဆိုတာ ကိုလည်းလုံးဝစဉ်းစားလို့မရပါဘူး" လို့ ဆရာမကြီး Xie Zhenqing က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ပညာရေးဌာနမှ ၀န်ထမ်းတွေကတော့ ကျောင်းတွေဟာ အစိုးရမှ ပြဌာန်းထားတဲ့ အဆောက်အအုံစံချိန်၊ အားကစားကိရိယာပံ့ပိုးမှု အပါအ၀င် အခြားသော ကျောင်းသားတွေရဲ့ လုံခြုံမှုနဲ့ဆိုင်တဲ့ စံချိန်စံညွှန်းတွေမပြည့်မီလို့ အခုလို ပိတ်ရတာလို့ဆိုပါတယ်။

ဒါပေမဲ့ အပိတ်ခံရတဲ့ ကျောင်းတွေမှ ကျောင်းအုပ်တစ်ဦးကတော့ ဒီလိုရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်တဲ့ ကျောင်းကို ဒီလိုစံချိန်စံညွှန်းစေနဲ့ ပြည့်စုံဖို့မျှော်လင့်တာဟာ ယထာဘူတ မကျဘူးလို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီကျောင်းတွေဟာ ဈေးပေါပေါနဲ့ အများတက်နိုင်ဖို့ရည်ရွယ်လို့ပါပဲ။

ရွှေ့ပြောင်းလုပ်သားတွေကို အကူအညီပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ရွှေ့ပြောင်းလုပ်သား သူငယ်ချင်းများအဖွဲ့ (Migrant Workers' Friend ) ကို တည်ထောင်သူ Zhang Zhiqiang ကတော့ ဒါဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို ခွဲခြားဆက်ဆံတာလို့ AFP နဲ့တွေ့ဆုံရာမှာ ထောက်ပြသွားပါတယ်။ ဆင်ဟွာသတင်းဌာနကတော့ လူထုက တရုတ်ပညာရေးစနစ်မှာ မညီမျှမှုတွေကို စိုးရိမ်မှုရှိနေတာကို မီးမောင်းထိုးပြလိုက်တာပဲ လို့ဆိုပါတယ်။

သုခသခင်

Ref.. http://www.bbc.co.uk/news/world-asia-pacific-14556906


http://www.maukkha.org/

ဇာတ်ပေါင်းခန်းကြီး မဟုတ် ဟုဦးဝင်းတင်ပြော....

ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်ပေါက်လာတယ်
Published on August 19, 2011 by နေသွင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ် ကျောထောက် နောက်ခံပေးထားတဲ့ လက်ရှိအစိုးရရဲ့ သမ္မတဦးသိန်းစိန်တို့ ပထမဆုံး အနေနဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံကြတယ်လို့ နေပြည်တော်က လာတဲ့ သတင်းတွေအရ သိရပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က လက်ရှိ တွေ့ဆုံဆွေးနွေးမှုတွေကနေ ဒီမိုကရေစီ အပြောင်းအလဲတွေ အများကြီး ပေါ်နိုင်တယ်လို့ ပြောပါတယ်။ ဦးဝင်းတင်ကို ကိုနေသွင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဒီရက်ပိုင်းမှာပဲ ဖြစ်စဉ်အသစ်တွေ ဖြစ်လာတာတွေ အများကြီး ကျနော်တို့ တွေ့ရပါတယ်။ ဥပမာ ပြည်ပရောက်နေတဲ့လူတွေ ပြန်လာကြပါ ဆိုတာမျိုး ပြောတဲ့ဟာမျိုးတွေ။ ဗမာပြည် နိုင်ငံရေးအနေအထားက ဒါ ဇာတ်ပေါင်းခန်းကြီး တခုလို ခြေလှမ်းစပျိုးနေပြီလား ဒါမှမဟုတ်ရင် နိုင်ငံတကာက ဖိအားတွေကို ကြောက်လို့ ဒါဟန်ပြလုပ်နေတဲ့ အနေအထား တခုလား ဘယ်လိုမျိုးများ ဖြစ်နိုင်ပါသလဲ။

“ကျနော်တို့က ဒီလိုရှိတယ်လေ။ ဇာတ်ပေါင်းခန်းကြီး သွားနေပြီလို့ ကျနော်တို့က ယူဆလောက်အောင်က သူတို့နဲ့ ကျနော်တို့က တူတာမှ မဟုတ်ဘဲ။ သီးခြားစီပဲ ဟာကြီးကို။ ဦးသိန်းစိန် အစိုးရလို ဟာမျိုးနဲ့ ကျနော်တို့နဲ့ ဘာမှ မတူဘူး။ ကျနော်တို့မှာ သီးခြားပြဿနာတွေ ရှိတယ်။ ဆိုပါတော့ဗျာ အန်အယ်လ်ဒီကို ဘယ်လိုလုပ် ကိုင်တွယ်မှာလဲ၊ ဘယ်လိုထားမှာလဲ ဒီလိုပြဿနာမျိုးကအစ ကျနော်တို့မှာ မတူတာတွေ အများကြီး ရှိနေတယ်။ အဲဒီတော့ မတူကွဲပြားမှုတွေ အများကြီးရှိတဲ့ အခါမျိုးမှာ ဒီလူတွေနဲ့ ကျနော်တို့ ဇာတ်ပေါင်းခန်းသွားတယ် ဆိုတာမျိုးတော့ ကျနော်တို့ကတော့ ပြောလို့မရဘူးလို့ ကျနော်ကတော့ ယူဆတယ်။ မဖြစ်နိုင်ဘူးလို့ ကျနော်ယူဆတယ်။ ဒီဇာတ်လမ်းဟာ သူတို့ဘက်ကနေပြီးတော့ ခြေလှမ်းသစ်တွေ လှမ်းလာတဲ့ ပြုပြင်ရေးလုပ်ငန်းအတွက် ပြောင်းလဲမှုလုပ်ငန်းတွေ လုပ်ပြလာတယ် ဆိုတာလောက်ပဲ အများဆုံးပြောလို့ ရမယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဥပမာဆိုပါတော့ဗျာ သူတို့ရဲ့ နိုင်ငံခြားကလူတွေ ပြန်ခေါ်ရေးဆိုတာ အန်အယ်လ်ဒီမှာ ဆွေးနွေးမယ့်အထဲမှာ ပါတဲ့ကိစ္စပဲ။ အလားတူပဲ ဥပမာ ဆိုပါတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေတို့ ဘာတို့ လုပ်ဖို့ကိစ္စကလည်း အန်အယ်လ်ဒီမှာ ဒီ (agenda) လုပ်ငန်းစဉ်ထဲမှာ ပါတဲ့ကိစ္စပဲ။ အလားတူပဲ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရေးတို့ဆိုတာ အကုန်လုံးက လုပ်ငန်းစဉ်ထဲမှာ ပါပြီးသားကိစ္စတွေ။ အဲဒီတော့ အန်အယ်လ်ဒီ အဖို့ကတော့ ဒါ လုပ်ငန်းတွေ လုပ်ငန်း ဆက်ပြီးသွားမယ့်ဟာတွေမှာ လုပ်ငန်း တဆင့်ပြီးတဆင့် တိုးလာတယ်လို့ ပြောလို့ရတယ်လို့ ကျနော်တို့ ထင်တယ်။ ဒါ ဇာတ်ပေါင်းခန်းတွေ ဇာတ်မပေါင်းခန်းတွေ အဲဒါတွေ မပါဘူး။ အဲဒီဟာတွေ မရှိဘူး။ အန်အယ်လ်ဒီရဲ့ လုပ်ရမယ့် လုပ်ငန်းတွေက အစီအစဉ်တွေက ချမှတ်ပြီးသား ဖြစ်တယ်။ အဲဒီအစီအစဉ် ချမှတ်တဲ့ဟာတွေ တဆင့်တိုးလာခြင်း ဖြစ်တယ်လို့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။”

အဲဒီတော့ အန်အယ်လ်ဒီ မှတ်ပုံတင်ရေး ကိစ္စပေါ့လေ၊ အဘလည်း ခုနက ပြောပါတယ်။ မှတ်ပုံတင်ဖို့ကိစ္စက သူတို့ကလည်း မှတ်ပုံတင်ခိုင်းနေတာရှိတယ်။ နောက်တခုကလည်း နိုင်ငံရေးအကျဉ်းသား ကိစ္စပေါ့လေ။ ဒါတွေကလည်း ထင်ထင်ရှားရှားပဲ အန်အယ်လ်ဒီက လိုချင်တယ်ဆိုတာ တိုက်ရိုက်လည်းပြောပြီးသား ကိစ္စတွေ ဖြစ်နေတယ်။ အဲဒီတော့ အခုအနေအထားက အဲဒါတွေလည်း တခုမှ မရှိသေးဘူး၊ စကားလည်းပြောနေတယ်၊ အန်အယ်လ်ဒီကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူးဆိုတော့ အရပ်သားတွေ နားလည်အောင်ဆိုရင် ဒီလက်ရှိ ဒေါ်စုနဲ့ စကားပြောနေတယ် ဆိုတာက ဘာတွေအတွက် စကားပြောနေသလဲ၊ ကျနော်တို့ ဘယ်လောက် သိခွင့်ရမလဲ အရပ်သားတွေက။

“ဒေါ်စုနဲ့ စကားပြောခြင်းကိစ္စဟာ ကျနော်တို့ တိုင်းပြည်မှာ ပြင်စရာတွေက အများကြီး။ ဒီ စစ်အစိုးရအဆက်ဆက် လုပ်လာခဲ့တဲ့အထဲမှာ တိုင်းပြည်အတွက် နစ်နာတဲ့အချက်တွေ၊ တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲဖို့ ကောင်းတဲ့ အနေအထားတွေက မြောက်မြားစွာ ရှိတာကိုးဗျ။ မြောက်မြားစွာရှိတော့ ကျနော်တို့က ပြင်လို့ရတဲ့ဟာကို ပြင်ဖို့အတွက် ကျနော်တို့ကလည်း တွန်းနေတာပဲ။ အမှန်အတိုင်းပြောရရင်တော့။ ပြင်လို့ရတဲ့ဟာတွေ ပြင်ဖို့ကို တောင်းနေတာ။ အဲဒါကို ဒီမှာ ဇာတ်ပေါင်းခန်းတွေ ဘာတွေ ဘာမှ မရှိဘူး။ ပြုပြင်ပြောင်းလဲမှု အခြေအနေသစ် တခုကို ဖန်တီးခြင်းပဲ။ အခြေအနေသစ်တခု ဖန်တီးခြင်းဟာ ဒီမိုကရေစီထွန်းကားရေး အတွက်၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက်ကို ဒါ အရေးကြီးတဲ့ အနေအထားတွေဆိုတာ ကမ္ဘာကလည်း အသိအမှတ်ပြုပြီးတော့ ပြောဆိုနေတယ်။ အဲဒီတော့ ကျနော်တို့ ပြောနိုင်တာက ဘာလဲဆိုတော့ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါဆိုပြီးတော့ ကျနော်တို့က တွန်းနေခြင်းဖြစ်တယ်။ သူတို့ဘက်ကလည်း ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုများ အပြောင်းအလဲများကို သူတို့ဘက်ကလည်း တဖြည်းဖြည်းနဲ့ လုပ်နေခြင်းဖြစ်တယ်လို့ အဲဒီလိုပဲ ကျနော်က ယူဆပါတယ်။”

အရင် စစ်အစိုးရတုန်းကလည်း ဒေါ်စုနဲ့ တွေ့တာတွေ ရှိတယ်။ အခု သူတို့နဲ့ လုပ်ရကိုင်ရတာ ပိုပြီး ပျော့ပျောင်းမှုတွေ တွေ့နေရတာ အဘတို့ ဘယ်လို ယူဆပါသလဲခင်ဗျ။

“ဒီဟာကတော့ တခု ရှိပါတယ်။ ဟိုတုန်းက ဟာနဲ့ကတော့ သိပ်မတူဘူးဗျ။ ဟိုတုန်းက ဦးအောင်ကြည်နဲ့ ၁၀ ခါ တွေ့ခဲ့တယ်ဗျာ။ အဲဒီ ၁၀ ခါတွေ့ခဲ့တဲ့အထဲမှာ အဲဒါတွေ အကုန်လုံးက ကျနော် တခါတုန်းကလည်း သုံးခဲ့ဖူးတဲ့ စကားရှိပါတယ်။ ဦးအောင်ကြည်ဟာ ဆက်သားလိုပဲ ဒီကစကား ဟိုယူ၊ ဟိုကစကားဒီပို့ ဆိုတဲ့ လုပ်ငန်းလောက်ပဲ လုပ်နေတာ။ သူကလည်း ဘာမှ အဆုံးအဖြတ်ပေးနိုင်တဲ့ အနေအထားမှာ မရှိဘူး။ အဲဒီတော့ ကျနော်တို့က ဥပမာဆိုပါတော့ ကျနော်တို့ ရွှေဂုံတိုင်ကြေညာ စာတမ်းမှာ ကျနော်တို့ ပါပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များနဲ့ တွေ့ပါဆိုတဲ့ဟာ ပါပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များဆိုတာ အဲဒီအချိန်တုန်းက ဦးသန်းရွှေပေါ့ဗျာ ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်ပေါ့။ ဒါပေမဲ့ အဲဒါတွေက ဆွေးနွေးပွဲတွေ မဖြစ်ခဲ့ဘူး။ ၁၀ ကြိမ်သာ ဦးအောင်ကြည် ကူးသန်းသွားလာပြီးတော့ သွားလာလှုပ်ရှားနေတယ် တွေ့ဆုံဆွေးနွေးရေးက မဖြစ်ခဲ့ဘူး။ အခု ဒီမှာကျတော့ စကားလုံးအသုံးအနှုန်းကိုက နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲလို့ ဦးသိန်းစိန် အစိုးရက သုံးနှုန်းတယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဆိုတာနဲ့ သုံးတယ်။ ကျနော်တို့ကလည်း ဒါကို နိုင်ငံရေးဆွေးနွေးပွဲလို့ သတ်မှတ်တယ်၊ ယူဆတယ်။ အများကြီးတော့ အပြောင်းအလဲတွေ ပေါ်နိုင်မယ်လို့ ကျနော်တို့ ထင်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ စစ်အစိုးရ လက်ထက်တုန်းကတော့ သူကတော့ ဘာလုပ်လုပ် ဘူးခံပြီးတော့ ငြင်းနေတာပဲ။ တွင်တွင်ငြင်းနေတာဆိုတော့ ဘာတခုမှ မဖြစ်ခဲ့ဘူး။ အခု ဒီအစိုးရကျတော့ ပြုပြင်ပြောင်းလဲ ချင်ပါတယ်ဆိုတာ သူတို့အစိုးရအဖွဲ့ စပြီးတော့ ပေါ်ပေါက်တဲ့ အချိန်ကတည်းက ပြောခဲ့တဲ့စကား။ ပြောခဲ့တဲ့ စကားအတိုင်းလည်း အခုလည်း အပြောင်းအလဲများအတွက် လုပ်တယ်ပေါ့ဗျာ။ အဲဒါတွေက လုပ်ပြတာ ဖြစ်တယ်တို့ ဘာတို့ ဆိုတာတွေကတော့ နောက်ပိုင်းမှပါ။ ကျနော်တို့ အဓိပ္ပာယ် ထပ်ပြီးတော့ သုံးသပ်ချက်တွေ ဖော်ထုတ်ရမယ့် ကိစ္စ ဖြစ်တယ်။ ဒါပေမယ့် လောလောဆယ် ကတော့ အခုထက်ထိကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့ ကိစ္စမှာတော့ ဒီတွေ့ဆုံ ဆွေးနွေးပွဲအတွက် ဆိုတာတွေ ပေါ်လာတဲ့ ရလဒ်တွေက ဘာတွေလဲ ဆိုရင် ဒီမိုကရေစီထွန်းကားရေးအတွက် လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ပြတာပဲ ခေါ်ခေါ် ဘာခေါ်ခေါ်ပေါ့ဗျာ အပြောင်းအလဲတွေတော့ ပေါ်ပေါက်လာတယ်။ အခု ဒီမှာ ဒီကနေ့အထိ ဖြစ်ထွန်းလာတဲ့ အခြေအနေဟာ ဒီမိုကရေစီထွန်းကားရေးအတွက် လိုအပ်တဲ့ အပြောင်းအလဲများရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ ကျနော်တို့ အဲဒီလိုပဲ ယူဆလို့ ရပါတယ်။”

အဆုံးအဖြတ် ပေးတဲ့ လူအကြောင်းပြောတော့ ဦးသိန်းစိန်ကရော လောလောဆယ် အဆုံးအဖြတ်ပေးနိုင်တဲ့ လူတယောက်အနေနဲ့ အဘ မြင်ပါသလား။

“အဲဒီလိုပဲ ယူဆရမှာပေါ့ဗျာ။ အဆုံးအဖြတ်ပေးနိုင်ခြင်း မပေးနိုင်ခြင်းကတော့ နောက်ထပ် တပိုင်းထပ်ပြီးတော့ စဉ်းစားစရာတွေ ပြောစရာတွေတော့ အများကြီးတော့ ရှိဦးမှာပေါ့။ သို့သော် ဘာပဲပြောပြော သူက အခုက နိုင်ငံတော် သမ္မတဆိုတဲ့လူ ဖြစ်နေတယ်။ အဲဒီကြားထဲက သမ္မတသည် သမ္မတ ဩဇာလည်းမရှိဘူး၊ သမ္မတ ဂုဏ်သိက္ခာလည်း မရှိဘူး၊ သမ္မတရဲ့ စွမ်းရည်သတ္တိ လည်း မရှိဘူး ဆိုရင်တော့ ဒါက သူ့ကိစ္စပေါ့ဗျာ။ သို့သော် ကျနော်တို့ကတော့ ဆက်ဆံတဲ့နေရာမှာတော့ နိုင်ငံတနိုင်ငံမှာ နိုင်ငံရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ သမ္မတ။ ဒီသမ္မတနဲ့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကရပ်ပြီးတော့ ဆွေးနွေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘယ်ပုံစံနဲ့ ဆင်လဲဆိုတော့ ပြည်သူတွေရဲ့ နှလုံးသားကို ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်တဦးအနေနဲ့ ဒါတွေနဲ့ ဆွေးနွေးနေတာ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာက နာမည် ဥပမာဆိုပါတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဆိုတာနဲ့ ဒါလောက်နဲ့ ကျနော်တို့ ဆွေးနွေးနေတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီအဖွဲ့ချုပ်လို အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး။ ဒီပုဂ္ဂိုလ်အနေနဲ့ ကျနော်တို့ ရပ်တည်ဆွေးနွေးနေတာ သူတို့ဘက်ကလည်း နိုင်ငံတော် သမ္မတဆိုတဲ့ ဂုဏ်ထား သိက္ခာနဲ့ အညီ သူတို့ကလည်း အဒီလိုဘဲ ဆွေးနွေးနေတာ ဖြစ်တဲ့အတွက် ဒီ သမ္မတ စစ်ခြင်းမစစ်ခြင်း၊ သမ္မတဂုဏ်ရည်များ ပြည့်စုံခြင်း မပြည်စုံခြင်း ဆိုတာကတော့ တပိုင်း ထားရလိမ့်မယ်လို့ ကျနော်ကတော့ အဲဒီလိုပဲထင်တယ်။”


http://burmese.dvb.no/archives/14426

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ပြီ


ရန်ပိုင် Friday, 19 August 2011 17:58

နေပြည်တော်တွင် ရောက်ရှိနေသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ယနေ့ တွေ့ဆုံခဲ့ကြောင်း သတင်းရ ရှိသည်။



နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦသိန်းစိန် တွေ့ဆုံမှုကို မြန်မာ့ရုပ်မြင်သံကြားက ယနေ့ည ၈း၀၀ နာရီတွင် ထုတ်လွှင့်သွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)

ယနေ့ နေ့လယ်က နေပြည်တော်သို့ ဆိုက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ မတက်ရောက်ခင် ခေတ္တ တွေ့ဆုံပြီးနောက်တွင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အတွင်း လှည့်လည် ကြည်ရှုရန် တိုက်တွန်းကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်ရုံဆွေးနွေးပွဲသို့ မတက်ရောက်ဘဲ နေပြည်တော်တွင် အစိုးရ၏ လုံခြုံရေး စောင့်ရှောက်မှုဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။

ညနေ ၄ နာရီတွင် သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်တွင် ထပ်မံ လက်ခံတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲမှာ ညနေ ၅ နာရီတွင် ပြီးဆုံးခဲ့ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးကြသည်ကိုမူ မသိရှိရသေးပေ။ အဆိုပါ ဆွေးနွေးပွဲပြီးနောက် သမ္မတကတော်နှင့် အစိုးရတာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ရုံးအဖွဲ့ကို ၁၅ မိနစ်ခန့် တွေ့ဆုံခဲ့သည်။

သမ္မတဦးသိန်းစိန်က ယနေ့ည တည်ခင်းဧည့်ခံမည့် ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ ခန့်ကမှ နေပြည်တော်သို့ ရုတ်တရက် သွားရောက်ခြင်းဖြစ်သည်။ မနက်ဖြန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော် သွားရောက်ရခြင်းမှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် တွေ့သင့်တွေ့ထိုက် သူများနှင့် တွေ့ဆုံရန်ဖြစ်သည်ဟု ပြောသည်။

“ညီလာခံတော့ တက်ဖြစ်လိမ့်မယ် မထင်ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် Myanmar Egress ၏ အမှုဆောင် တဦးဖြစ်သူ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေကမူ မြန်မာနိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်နေသည့် လူများအနေဖြင့် မတူသည်ကို ဘေးဖယ်၊ တူသည်ကို ဝိုင်းဝန်းလုပ်ဆောင်ခြင်းမှာ ကောင်းမွန်ကြောင်း ပြောသည်။

သမ္မတဦးသိန်းစိန် အနေဖြင့် နိုင်ငံစီးပွားရေး တိုးတက်မှုကို လိုလားကြောင်း၊ တိုင်းပြည်စီးပွားရေး ကဏ္ဍတွင်ပါဝင်နေသည့် လုပ်ငန်းရှင်ကြီးများနှင့် အပြန်အလှန် ဆွေးနွေးမှုများလည်း ပြီးခဲ့သည့် အင်္ဂါနေ့ညက ပြောဆိုခဲ့သေးကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး နယ်ပယ်မှ အသင်းအဖွဲ့အသီးသီးနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က သဘောထား အမြင်မတူသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ မတူကွဲပြားမှုများကို ဘေးဖယ်ကာ တိုင်းပြည် အတွက် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသား ခေါင်းဆောင်၊ ပါတီတရပ်၏ ခေါင်းဆောင် ဖြစ်သည့်အတွက် သမ္မတ ဦးသိန်းစိန် အနေဖြင့် စီးပွားရေး ဆွေးနွေးပွဲ ဖိတ်ကြားခြင်းထက် နိုင်ငံရေး စားပွဲဝိုင်းသို့သာ ပိုမိုဖိတ်ကြားသင့်ကြောင်း ထောက်ပြဝေဖန်သည်။

“အခုဆွေးနွေးပွဲက စီးပွားရေး ဆွေးနွေးပွဲလေ။ တတ်သိနားလည်တဲ့ စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး သမားတွေနဲ့ ပိုသင့် တော်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြုလုပ်ပြီး ဖြေရှင်းစေချင်ကြောင်း ဦးအေးသာအောင်က ပြောသည်။



တွေ့ဆုံဆွေးနွေးပွဲ ဖြစ်တော့မည်ဟု ဦးဝင်းတင် မျှော်လင့်
လင်းသန့် Friday, 19 August 2011 15:05
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးတော့မည်ဟု မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောလိုက်သည်။

နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး အလားအလာကောင်းများ ရှိနေသည်ဟု NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တွေ့ဆုံဖို့ ကိစ္စဟာ ဖြစ်နိုင်ဖို့ အလားအလာ များပါတယ်လို့ ကျနော်တို့ ယူဆပါတယ်” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ နှစ်ကြိမ် တွေ့ဆုံပြီး နှစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်းထက် ပိုမိုသော ဖြစ်ထွန်းမှုများ ဖြစ်ပေါ်လာမည်ဟု NLD က မျှော်လင့်နေသည်။

“ပြဿနာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းသွားနိုင်ဖို့က သမ္မတ ဦးသိန်းစိန်နဲ့ပါ ဆက်ပြီး ဆွေးနွေးဖို့ အဆင့်ထိ ကျနော်တို့ မျှော်လင့်ထားတယ်လို့ ပြောချင်တယ်” ဟု ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီးတို့ ဆွေးနွေးပွဲများ၏ ရလဒ်အဖြစ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး အစရှိသည့် နိုင်ငံရေးအကျဉ်းသားများလည်း မနှေးအမြန် ပြန်လည် လွတ်မြောက်လာမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ဦးဝင်းတင်က ဆိုသည်။

ယခင် စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ၈ ကြိမ် တွေ့ဆုံခဲ့သော ဦးအောင်ကြည်၏ အနေအထားနှင့် လုပ်ပိုင်ခွင့်များလည်း ပြောင်းလဲသွားပြီဟု ဦးဝင်းတင်က ပြောသည်။ ၀န်ကြီး ဦးအောင်ကြည်သည် သတင်းအချက်အလက် အပြန်အလှန်ပို့ပေးရသူ မဟုတ်တော့ကြောင်း၊ မကြာသေးမီက တွေ့ဆုံမှု ၂ ခုတွင် ဦးအောင်ကြည်သည် အစိုးရကိုယ်စားလှယ်တဦးအဖြစ် တိကျသည့် တာဝန်များ လုပ်ပိုင်ခွင့်များ ရှိနေပြီး စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေးမှုပုံသဏ္ဌာန်ဖြင့် သွားနေသည်ဟု နားလည်မိကြောင်း ဦးဝင်းတင်က ရှင်းပြသည်။

သြဂုတ်လ ၁၂ ရက်နေ့က အစိုးရသစ်၏ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲကို နေပြည်တော်တွင် ကျင်းပရာ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက NLD ပါတီ ပြန်လည် မှတ်ပုံတင်ရေး၊ အစိုးရနှင့် NLD လက်တွဲဆောင်ရွက်ရေးတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ ယနေ့နံနက်က အစိုးရ၏ လုံခြုံရေး စီမံပေးမူုဖြင့် သွားရောက်ခဲ့သည်။

ဆွေးနွေးပွဲ ပြင်ပတွင် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် အလွတ် သဘော သီးသန့် တွေ့ဆုံရန်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

မကြာသေးမီက ဦးသိန်းစိန် ပြောကြားခဲ့သော မိန့်ခွန်းတွင်လည်း ပြည်ပသို့တိမ်းရှောင်နေသူများပြန်လာရန် ဖိတ်ခေါ်မှု ပါဝင်ပြီး နောက်ကျကျန်နေခဲ့သည့် မြန်မာနိုင်ငံအရေးအတွက် အားလုံးနှင့် လက်တွဲ ဆောင်ရွက်သွားကြရန် တိုက်တွန်းချက်လည်း ပါဝင်သည်။

လာမည့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူး အတွက် ကြိုးစားနေသော မြန်မာအစိုးရသစ်က အပြုသဘောဆောင်သည့် အနေဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုများ လုပ်ဆောင်လာသော်လည်း တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသော စစ်ပွဲများ၊ စစ်ဘေး ဒုက္ခသည် အရေအတွက် တိုးပွားနေမူများ ကဲ့သို့သော ပြဿနာများကို ယခုထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်ကို ပြန်လွှတ်ပေးရေးအတွက်လည်း အစိုးရက ပြောဆိုခြင်း မရှိသေးပေ။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး၊ ဆွေးနွေးရေးတို့အတွက် ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်ရန် အမိန့်ကြေညာချက်များ ထုတ်ပြန်ထားသော်လည်း ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် နည်းနေသေးသည်ဟု တိုင်းရင်းသားခေါင်းဆောင်တဦးက သုံးသပ်သည်။

“ခိုင်မာတဲ့ နိုင်ငံရေး အကျိုးရလဒ် တွေ မတွေ့ရသေးဘူး။ တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း ဗဟိုအစိုးရအစား ပြည်နယ် အစိုးရတွေနဲ့ ဆွေးနွေးရမယ်ဆိုတော့ ငြိမ်းချမ်းရေး ရဖို့ကတော့ မလွယ်သေးဘူး” ဟု အတိုက်အခံများနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
http://www.irrawaddy.org/bur