Friday, August 26, 2011

တက္ကသိုလ်နယ်မြေထိ ရောက်လာတဲ့ စပွန်ဆာ



မြန်မာနိုင်ငံရဲ့ မြို့ကြီးပြကြီး တော်တော်များများ နဲ့ ပြည်နယ် မြို့တော် အများအပြားမှာ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေကို တည်ဆောက်ထားသလို ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် စတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင် တက္ကသိုလ်တွေ တည်ဆောက်ထားတာက မရေမတွက်နိုင်အောင်လောက်ကို များပြားလှပါတယ်။ အဲဒီလို တက္ကသိုလ်တွေကို ဒေသအများအပြားမှာ တည်ဆောက်တယ်ဆိုတာက ပတ်ဝန်းကျင်မြို့ရွာမှာ နေတဲ့ကျောင်းသူကျောင်းသားတွေ လွယ်လင့်တကူ ပညာသင်နိုင်ရေးနဲ့ အဲဒီဒေသတွေ ဖွံ့ဖြိုးရေးအတွက် ဖြစ်တဲ့အကြောင်း အာဏာပိုင်တွေက ပြောကြပါတယ်။
တကယ်ဘဲ အဲဒီတက္ကသိုလ်တွေရဲ့ ပတ်ဝန်းကျင်မြို့ရွာတွေ ကနေ ကျောင်းလာတက်တဲ့ ကျောင်းသူကျောင်းသားတွေ အဆင်ပြေပြေနဲ့ ပညာသင်ကြားနိုင်ကြပီလားလို့ မေးလာရင်…။ အဲဒီတက္ကသိုလ်ရဲ့ ဘေးပတ်ဝန်းကျင် အရပ်ဒေသက လာတက်တဲ့ ကျောင်းသူကျောင်းသားတွေ နေနိုင်တဲ့ လူနေဆောင်တွေ မဆောက်ပေးတော့ ကျောင်းသူကျောင်းသားတွေရဲ့ နေရေးထိုင်ရေးမှာ အတော့်ကို ကသိကအောင့် ဖြစ်ကြရပါတယ်ဆိုတဲ့ အဖြေကို ကြားရမှာ မလွဲပါဘူး။ အစိုးရကျောင်းဆောင်တွေ မရှိတာကြောင့် တက္ကသိုလ်တွေရဲ့ နီးစပ်ရာ ပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂလိက အဆောင်တွေမှာ သွားရောက် နေထိုင်ကြရပါတယ်။ အစိုးရက စီစဉ်ပေးထားတဲ့ အဆောင်တွေ မဟုတ်တဲ့အတွက်ကြောင့် အဆောင်လခတွေက အတော့်ကို ဈေးကြီးပါတယ်။
ဥပမာပြောရရင် မန္တလေးတက္ကသိုလ်နားမှာရှိတဲ့ ဗောဓိကုန်းရပ်ကွက် တဝိုက်က ပုဂ္ဂလိကအဆောင်တွေမှာ အဆောင်ခက တဦးကို တလ ကျပ် ၁ သောင်းခွဲကနေ ၂ သောင်းခွဲ ၃ သောင်းအထိရှိပါတယ်။ ထမင်းချိုင့်ဆွဲစားမယ်ဆိုရင်လည်း တလကို ကျပ် ၃ သောင်းကနေ ၅သောင်း ၆ သောင်းအထိ ရှိပါတယ်။ အဲဒီတော့ ကျောင်းသားတဦးရဲ့ နေစရိတ်နဲ့ စားစရိတ်က အချွေတာဆုံး သုံးမယ်ဆိုရင်တောင် တလကို ကျပ် ၅ သောင်းလောက် ရှိနေပါတယ်။ ကျန်တဲ့ အသုံးဆောင်စရိတ်နဲ့ စာအုပ်စာတမ်းကြေး ဘာကြေးညာကြေးတွေပါ ထည့်ပေါင်းမယ်ဆိုရင် ကျောင်းသူ၊ ကျောင်းသားတဦးဟာ တလကို အကြမ်းဖျဉ်း ကျပ်၁သိန်း နီးပါး သုံးရတယ်လို့ ရတနာပုံတက္တသိုလ်မှာ သင်္ချာဘာသာအဓိကနဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသားတဦးက ပြောပြပါတယ်။
ဒီလို ကျောင်းစရိတ်စကတွေ အပြင် ငယ်ရွယ်သူ မိန်းခလေးတွေအများစုဟာ ခေတ်ပေါ်အဝတ်အစား ဝတ်ချင်စားချင်တာတွေကလည်း နောက်ဆက်တွဲ ငွေကုန်ကြေးကျများမယ့် အကြောင်းအချက်တွေ ဖြစ်နေပါတယ်။ ကျောင်းသားဘဝ၊ လူငယ်ဘဝမှာ ဒီလို ခေတ်နဲ့အညီ ဝတ်ချင်စားချင်၊ နေချင်ထိုင်ချင်တာက တကယ်တမ်း အပြစ်တော့လည်း မဟုတ်ပါဘူး။
ဒီစရိတ်တွေအားလုံးကို ထောက်ပံ့နိုင်တဲ့ မိဘတွေရှိတဲ့ ကျောင်းသူကျောင်းသားတွေ အတွက်တော့ တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ ကျောင်းသားဘဝကို ပိုင်ဆိုင်ကြရမှာ မလွဲပါဘူး။ ဒါပေမဲ့ အဲဒီကျောင်းစရိတ်နဲ့ အထွေထွေကုန်ကျစရိတ်တွေကို အလုံအလောက် မထောက်ပံ့နိုင်တဲ့ ကျောင်းသူတွေကတော့ ကုန်ကျစရိတ်ကို ကိုယ်တိုင်ရှာကြရပါတယ်။ အဲဒီလိုရှာရာမှာ တချို့က ကိုယ်ခန္ဓာ နဲ့ရင်းပီး ရှာသလိုမျိုး ဖြစ်နေတာကို တွေ့နေရပါတယ်။ မြို့က စီးပွားရေး လုပ်ငန်းရှင်တွေကနေ ကျောင်းစရိတ် နဲ့ အထွေထွေ အသုံးစရိတ်တွေကို ပေးပါတယ်။ ဒီအထောက်အပံ့တွေယူတဲ့ ကျောင်းသူတွေက အဲဒီ စီးပွားရေးလုပ်ငန်းရှင်တွေ အလိုရှိတဲ့ အရာကို ပြန်ပေးကြရပါတယ်။ ခေတ်စကားနဲ့ ပြောရင်တော့ ကျောင်းသူတွေက စပွန်ဆာ ယူကြတာဖြစ်ပါတယ်။ တချို့ကျောင်းသူတွေကတော့ ကျောင်းသူကျောင်းသားချင်း စပွန်ဆာယူကြပါတယ်။
ဟိုးအရင်းကတည်းက တက္ကသိုလ် ကျောင်းသူတချို့ဟာ စပွန်ဆာ ယူပီး ကျောင်းတက်ခဲ့တဲ့သူတွေ ရှိခဲ့တာပါ၊ အခုမှ မဟုတ်ပါဘူးလို့ ပြောတော့….. အရင်ခေတ်က အခြေအနေကို သူ မသိ၊မမီလိုက်ရလို့ မမြင်လိုက်ရပေမယ့် ဒီနေ့ခေတ် စပွန်ဆာယူထားတဲ့ ကောင်မလေးတွေက ညနေစောင်းတာနဲ့ အရှက်လုံအောင်ဘဲ ဖုံးထားတဲ့ ဘောင်းဘီတိုတွေနဲ့ ချိုင်းပြတ်အင်္ကျီတွေ ဝတ်ပီး ဆိုင်ကယ်နောက်ကနေ ပါသွားတာမျိုးနဲ့ လူမြင်ကွင်းမှာ နမ်းရှုံနေကြတာ မမြင်ချင်မှအဆုံးလို့ ရတနာပုံတက္တသိုလ်မှာ သင်္ချာအဓိကနဲ့ လက်ရှိ သင်ကြားနေတဲ့ ကျောင်းသားက ဆိုပါတယ်။
မန္တလေး တက္ကသိုလ်တွေမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသူကျောင်းသားတွေတင် ဒီလို စပွန်ဆာကိစ္စဖြစ်ကြတာမဟုတ်ပါဘူး။ ရန်ကုန် ၊ မကွေး ၊ မုံရွာ နဲ့ တခြားမြို့တွေက တက္ကသိုလ်တွေမှာ ပညာသင်နေတဲ့ ကျောင်းသူတွေကြားမှာလည်း ဒီလို အဖြစ်အပျက်တွေ ကြားနေမြင်နေပါတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
နောက်တချက်က လက်ရှိ အစိုးရ ပြောပြောနေတဲ့ တမျိုးသားလုံး ကျန်းမာရေးလို့ ဆိုတဲ့ ဆောင်ပုဒ်ကြီးကလည်း တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ကြားမှာတောင် အရာမထင်ဘူးဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ လိင်ပညာပေးတွေက ကျောင်းသူကျောင်းသားတွေအတွင်းမှာ တရားဝင် ပညာပေးမှုမရှိတာကြောင့် မန္တလေးတက္ကသိုလ်အနီးက ရေနီမြောင်းဘေးမှာ ဖျက်ချထားတဲ့ ကလေးအသေလေးတွေလည်း မကြာမကြာ တွေ့လာရပါတယ်။
ဒီလို စာရိတ္တယိမ်းယိုင်တဲ့ အလုပ်တွေကို ကျောင်းသူလေးတွေ လုပ်လာတယ်ဆိုတာ သူတို့ကိုယ်တိုင် လျှောက်ချင်တဲ့လမ်းတော့ ဟုတ်ဟန်မတူပါဘူး။ နိုင်ငံခြားတိုင်းပြည်တွေမှာလို တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို ပညာသင်စရိတ် ချေးငှားပေးမျိုး၊ ထောက်ပံ့ပေးတာမျိုး ၊ အစိုးရက စီစဉ်ပေးတဲ့ ကျောင်းသားအဆောင်တွေ မရှိတာမျိုး၊ နောက် ကျောင်းသားတွေအတွက် အထူးသင့်လျော်တဲ့ အချိန်ပိုင်းအလုပ်တွေ မရှိတာကြောင့် အခုလို ထင်ရာမြင်ရာတွေကို အလွယ်နည်းနဲ့ လုပ်လာကြတာဖြစ်ပါတယ်။

အေးနှင်းညို

(Face book စာမျက်နှာမှာတွေ့ရသည်)

ကျပ်ငွေဈေးတက်မှုပြဿနာ အမြန်ဖြေရှင်းရန်လိုဟု သမ္မတအကြံပေးပြော


Published on August 26, 2011 by ​အေး​နိုင်
မြန်မာငွေလဲနှုန်းတက်တဲ့ ပြဿနာကို အချိန်ကိုက် ဖိဖိစီးစီး ဖြေရှင်းဖို့နဲ့ အကိုင်အတွယ်နှေးရင် ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး​ ပြဿနာအဖြစ် ကူးပြောင်းသွားနိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးမြင့်က သတိပေးလိုက်ပါတယ်။

ဩဂုတ် ၂၂ ရက်က ကျင်းပတဲ့ “နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု​ အတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ​ ဆွေးနွေးပွဲ”မှာ သမ္မတရဲ့ စီးပွားရေးအကြံပေး ဦးမြင့် ပြုစုတင်သွင်းတဲ့ (မြန်မာကျပ်ငွေ​ လဲလှယ်နှုန်းကိစ္စ) စာတမ်းမှာ သတိပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေကြေးလဲလှယ်မှု​ နှုန်းထား တောက်လျှောက်​ တက်နေတာကို မကိုင်တွယ်နိုင်ရင် ၁၉၉၇ – ၉၈ ခုနှစ် အာရှ ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်တုန်းက အင်ဒိုနီးရှားမှာ ကြုံသလို ငွေကြေး ပြဿနာကနေ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး​ ပြဿနာတွေ​ အဖြစ်ကို အသွင်ကူးပြောင်း​ သွားတတ်တယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ရင် ကုမ္ပဏီလုပ်ငန်းတွေ ရပ်သွားနိုင်ပြီး လူအများ အလုပ်လက်မဲ့ဖြစ်ကာ စီးပွားရေးခက်ခဲရာက လူမှုရေး ပြဿနာတွေ ပေါ်ပေါက်နိုင်သလို အဲဒီကတဆင့် နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရမှာ ဖြစ်တယ်။

ဒါကြောင့် အစိုးရက ကုမ္ပဏီတွေနဲ့ ဘဏ်တွေကို ကယ်တင်ခဲ့ရပုံတွေကို အမေရိကန်၊ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေရဲ့ ဖြစ်စဉ်တွေနဲ့ ဥပမာ ပေးထားပါတယ်။

လွန်ခဲ့တဲ့ လပိုင်းတွေအတွင်းမှာ မြန်မာကျပ်ငွေလဲလှယ်နှုန်း သိသိသာသာ တောက်လျှောက် တက်လာတာဟာ ၁၉၆၀ ခုနှစ်လောက်က နယ်သာလန် နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းသုံးငွေ (ဂီလ်ဒါ) ငွေလဲလှယ်နှုန်း ထိုးတက်ခဲ့တာနဲ့ ဆင်တူနေတယ်လို့ ဦးမြင့်က ဥပမာပေး ရှင်းပြပါတယ်။

နယ်သာလန်မှာ ဖြစ်ခဲ့တဲ့အခြေအနေကို ဘောဂဗေဒ သဘောတရားမှာ ဒတ်ခ်ျရောဂါလို့ အမည်ပေးထားပြီး အခုလက်ရှိ မြန်မာနိုင်ငံမှာ အဲဒီဝေဒနာမျိုး ခံစားနေရပြီဆိုတဲ့ သံသယ ဖြစ်စရာအကြောင်းတွေ တွေ့ထားတယ်လို့ အလေးအနက် သတိပေးထားပါတယ်။

ဒတ်ခ်ျရောဂါကို အဓိပ္ပာယ် ဖွင့်ဆိုရှင်းလင်းရာမှာ နိုင်ငံရဲ့ သဘာဝဓနကို နိုင်ငံခြားကို ရောင်းချခြင်းကြောင့် သာမကဘဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပါအ၀င် ပြည်တွင်းကို ၀င်လာတဲ့ နိုင်ငံခြားငွေတွေကြောင့် ပြဿနာတွေ ပေါ်လာခြင်းလည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အစိုးရက ဘယ်နိုင်ငံမှာမှ ကျင်းသုံးခြင်းမရှိတဲ့ ပို့ကုန်အခွန် ဆယ်ရာခိုင်နှုန်း ကောက်ခံတာကို ရပ်တန့်ဖို့၊ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ရတဲ့စနစ်ကို ပယ်ဖျက်ဖို့၊ အစိုးရက ပြည်တွင်းဈေးကွက်က ဒေါ်လာတွေ ၀ယ်ယူမှု၊ ကျောက်မျက်လေလံပွဲ အကြိမ်အရေအတွက် လျှော့ချဖို့၊ လူအမြောက်အမြား စိုးရိမ်နေတဲ့ ကျပ်ငွေလဲလှယ်နှုန်းမြင့်တဲ့ကိစ္စကို အစိုးရက ကြေညာချက်ထုတ်ပြန်ဖို့၊ လူတွေ သတင်းအချက်အလက် အမှန်ရဖို့၊ အဓိက နိုင်ငံအဆင့် စီးပွားရေး အချက်အလက်တွေကို ပုံမှန်ထုတ်ဝေဖို့ အကြံပြုထားပါတယ်။

တဖက်ကလည်း မြန်မာကျပ်ငွေလဲလှယ်နှုန်း ပြဿနာကို မြန်မာငွေ လဲလှယ်နှုန်းစနစ် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် စတင်ဖို့ အခွင့်ကောင်းတခုလို ယူဆပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း စီးပွားရေးပညာရှင် ဦးမြင့်က ရေးသားတိုက်တွန်းထားပါတယ်။
http://burmese.dvb.no/archives/14762

ပါးစပ်တွေနဲ့  နားတွေနဲ့

မနေ့က ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီပါတီအချို့နဲ့  လူ့အခွင့်အရေး ကိုယ်စားလှယ် အိုဟေးကင်တားနားတို့ တွေ့ဆုံပွဲမှာ “လက်ရှိအစိုးရ အနေနဲ့  ထောင်ထဲကလူတွေ ပြန်ထွက်လာရင် ရရှိနေတဲ့ တည်ငြိမ်အေး ချမ်းမှုတွေ ပျက်ပြားသွားမှာ စိုးရိမ်စိတ် အမှန်ဘဲ ရှိနေပုံရတယ်။ ခင်ဗျား တို့က အဲဒါကို အာမခံ ပေးလိုက်ပေါ့” လို့ သူ့ကို ပြောပြတယ်လို့ ဦးသုဝေ နဲ့  ရေဒီယိုမီဒီယာတခု အင်တာဗျူးမှာ ကြားလိုက်ရပါတယ်။

ဒီ “ပွိုင့်” ကို ကင်တားနားနဲ့  NLD အပါအ၀င် ပါတီတွေ စကား မပြောကြ ခင်ကတည်းက ကျနော် ကြားဖူးပြီး သားဖြစ်ပါတယ်။ သိပ်တော့ မကြာသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့  သမ္မတဦးသိန်းစိန် တို့ နှစ်ယောက်တည်း စကားပြောကြ တဲ့ အခါ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စ ပါ မပါ ရှင်းရှင်းပြတ်ပြတ် မသိရပေမယ့် ဒေါ်စု ဘက်က ဒီကိစ္စ ကို ပြောပြလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

ဒေါ်စု လွတ်မြောက်ရေးကို အခု ထောင်ထဲ ရောက်နေတဲ့ နိုင်ငံရေးအကျဉ်း သားတွေ အဖမ်းမခံရခင်တုန်းက တစိုက်မတ်မတ် တောင်းဆိုလာခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  သူတို့လွတ်မြောက်ရေး အတွက် သေချာပေါက် ထည့်ပြောခဲ့လိမ့်မယ်လို့ ပြောနိုင်တာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ မြန်မာစကားရှိပါတယ်။

နိုင်ငံတော်သမ္မတက ဒေါ်အောင်ဆန်းစုကြည် အာမခံရင် ပြန်လွှတ်ပေးမယ်လို့ ပြန်များပြောခဲ့ရင်ဆိုတဲ့ အတွေးတခု လည်း စဉ်းစားမိပါတယ်။ ကျနော်တို့လည်း ဒီအပေါ်မှာ ဦးနှောက်မုန်တိုင်းဆင်ကြည့်ကြဖို့ ကောင်းပါတယ်။ ထောင်ထဲက သူတွေ အပြင်အမြန်ပြန်ရောက်ရေးဟာ အတိုက်အခံအတွက်ရော အစိုးရအတွက်ရော ကာယကံရှင်တွေအတွက်ရော အခုအချိန်မှာ ရှုထောင့်တမျိုးစီက အရေးတကြီးကိစ္စဖြစ်သလို ကျနော်တို့ မြန်မာပြည်ကြီး ပြုပြင်ပြောင်းလဲရေးအတွက်ပါ သေရေးရှင်ရေးတမျှ အပူတပြင်း အရေးတော်ကြီးတခုပါ။

ဘယ်လိုတွေလုပ်ရင်၊ ဘာတွေလုပ်ရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ထောင်ထဲက ရဲဘော်များ အမြန်ဆုံး လွတ်မြောင်နိုင်မလဲ ဆိုတာ ခေါင်းမီးတောက်အောင် ကျနော်တို့ စဉ်းစားရှာဖွေနေရပါမယ်။ ကျနော်တို့အတွက် တနေ ကုန် လုပ်ချင်တဲ့ စီးပွားရေး၊ မိသားစုအရေး၊ ပါတီရေး၊ လူမှုရေး စတဲ့ နိစ္စဓူဝအလုပ်တွေကို လုပ်ပြီး ည အိပ်ရာဝင်၊ မနက် ပြန်ထနဲ့  ပုံမှန်လှုပ်ရှားနေကြချိန်မှာ ထောင်ထဲကသူများ ပြစ်ဒဏ်တွေ နှစ်စေ့မှ ပြန်လွတ်လာရမယ်ဆိုရင် ကျနော်တို့ ကိုယ်တိုင် အလိုလိုနေရင်း ပြစ်မှုတခုကို နေ့စဉ်နေ့တိုင်းကျူးလွန်နေသလို ဖြစ်နေပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် နှစ်စေ့မှ၊ သူတို့အခေါ် ပြစ်ဒဏ် တိတိကျကျ ကျခံပြီးမှ နေအိမ်အကျယ်ချုပ် က ပြန်လွှတ်ပေးလိုက်တာပါ။ အခု ထောင်ထဲကသူတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးနီးသွေးရင်း တယောက်မှ မပါပေမယ့် ဗိုလ်ချုပ်စိတ်၊ ဗိုလ်ချုပ်သတ္တိမျိုးနဲ့  ဗိုလ်ချုပ်လို တိုင်းချစ်ပြည်ချစ်စိတ် ထောင်းထောင်းကြေနေတဲ့ သူတွေ ချည်းပါ။ တိုင်းပြည်ကို ချောက်ထဲ တွန်းချမယ့်သူ၊ လူထုကို ကျွန်ဖြစ်နွံနစ်စေမယ့်သူ တကောင်တမြီးမှ မပါပါဘူး။ ထောင် ထဲမှာ တရက်ပိုနေရလေ အားလုံးအတွက် ဆယ်ရက်နစ်နာ လေပါဘဲ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြေလည်အေးချမ်းဖို့အတွက် ကိုယ်စွမ်းရှိသရွေ့ ကူညီဆောင်ရွက် ပေးလိုပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်မျိုး၊ အလားတူပုံသဏ္ဌာန်မျိုး၊ ထိုကဲ့သို့စေတနာမျိုးနဲ့ နိုင်ငံရေးအကျဉ်း သားများအရေးကို ဒေါ်စု ဘက်က ဆောင်ရွက်ပေးဖို့ ဖြစ်နိုင်စရာတွေ ရှိပါတယ်။ ထောင်ထဲက အကျဉ်းသားတွေဟာ လက်နက်ကိုင်၊ ကျည်ဆံဖောက်နေတဲ့သူတွေ လုံးဝမဟုတ်ပါဘူး။ လက်နက်စွဲကိုင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအုပ်စု တွေအပေါ်မှာတောင် စိတ်ရှည်ရှည်ထားပေးနိုင်တယ်ဆိုရင်၊ တရားဝင်ပါတီ မဟုတ်တော့တဲ့ နိုင်ငံရေးအဖွဲ့ အစည်းတချို့ အ ပေါ်မှာတောင် နားလည်မှုပေးပြီး ဖျောင်းဖျနားချမှုတွေ လုပ်နိုင်တယ်ဆိုရင် အစိုးရတာဝန်ရှိသူတွေအနေနဲ့ ထောင်ထဲ ကအကျဉ်းသားတွေအရေးကို သဘောထားသိမ်မွေ့စွာ ထားနိုင်ဖို့သင့်ပါတယ်။

ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ “နိုင်ငံတော်၏ လုပ်အားစုများကို အဆုံးရှုံးခံပြီး အကျဉ်းထောင်ထဲ ထည့်ထားခြင်း မျိုးကို မည်သည့်အစိုးရကမျှ ပြုလုပ်လိုမည်မဟုတ်ပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြု ကြောင်း သေချာသည့်အချိန်တွင် အကျဉ်းသားများအား ပြန်လွှတ်ပေးရန်ရှိနိုင်ကြောင်း” ဆိုပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အိုဟေးကင်တားနားကို ရှင်းလင်းဆွေးနွေးသွားခဲ့တာကို ဖော်ပြထားတာ ဖတ်ရပါတယ်။ ထို့အတူပဲ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို က လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားကို ဖြေကြားရာမှာ “မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာပြီးနောက် နိုင်ငံတော်သမ္မတအနေဖြင့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အခါအားလျော်စွာ လွတ်ငြိမ်းချမ်း သာခွင့်များ ပေးသွားရန် အလားအလာရှိပါကြောင်း” လို့ ထည့်သွင်းပြောကြားသွားတာ တွေ့ရပါတယ်။

“တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်မပြုကြောင်း သေချာသည့်အချိန်” ဆိုတာကို ကျနော်တို့ သိပ်စိတ်ဝင်စားပါ တယ်။ အစိုးရအဖွဲ့ ဘက်က ခိုင်ခိုင်မာမာယုံကြည်ထားတဲ့ အဲဒီအချိန်ကာလဟာ အခုမဟုတ်သေးဘူးလား။ ဒီမိုကရေစီ ခေါင်းဆောင်၊ အတိုက်အခံတို့ရဲ့ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ အပေါ် နိုင်ငံ ရေးသဘောထား ဒိုင်မေးရှင်းပြောင်းလဲလာတာတွေ၊ ပူးပေါင်းလုပ်ဆောင်လိုစိတ် ပြင်းပြလာတာတွေက တည်ငြိမ်အေး ချမ်းမှု ကြီးစိုးလွှမ်းမိုးခြင်းဆီ မျက်နှာပြုနေတာ မဟုတ်ဘူးလား။ အစိုးရပြောတဲ့ သေချာသည့်အချိန်ဆိုတာ ထိုင်စောင့်နေ လို့ မရပါဘူး။ စောင့်ကြည့်နေ၊ မျှော်လင့်နေ၊ လွတ်လာပါလိမ့်မယ်ဆိုပြီး လတွေ နှစ်တွေ ချီပြီး ကြာညောင်းသွားနိုင်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ နောက်ဆုံးနေခဲ့ရတဲ့ ကာလတွေမှာ အရင် နအဖ အစိုးရရဲ့ ကိုယ်စား လှယ်တချို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်စုခြံထဲ အ၀င်အထွက်တွေလုပ်ပြီး လျှို့ဝှက်စွာ တွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။ အောင်မြင်တာ၊ မအောင်မြင်တာ တပိုင်းပေါ့။ အဲဒီရဲ့ အကျိုးဆက်တွေကြောင့် အခုလို ဆက်ဆံရေးပုံစံ တိုးတက်မှုများ ဖြစ်လာရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် မှတ်ချက်ပြုသွားတာ ကြားရပါတယ်။ ဒေါ်စုနဲ့  သမ္မတ ဦးသိန်း စိန် ငြိမ်းငြိမ်းချမ်းချမ်းစကားပြောကြတာ တွေ့မြင်ရတဲ့အခါ ပြည်သူတွေ စိတ်ချမ်းသာရတယ်၊ ပျော်ကြတယ်၊ သာဓုခေါ် ကြတယ်၊ ဘာပဲဖြစ်ဖြစ် စစ်အရေခြုံအစိုးရကို အမှတ်ပေးကြတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ လိပ်ခဲတည်း လည်း အစိုင်အခဲကြောင့် အမှတ်ရှည်ရှည် မပေးကြဘဲ တိုတိတိုနန့် အမှန်ခြစ်ကိုပဲ ရရရှာတယ်။

အမှန်ခြစ် အမှတ်ရှည် ထင်ထင်ရှားရှားကြီး ရဖို့ဆိုရင် “သေချာသည့်အချိန်” ဆိုတာကို လည်ပင်းရှည်အောင် မစောင့် ကြဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ နှစ်ဦးနှစ်ဘက် လုပ်ကြရပါလိမ့်မယ်။ လုပ်လို့လည်း ရနိုင်ပါတယ်။ မြန်မာနိုင်ငံအ နှံ့  အကျဉ်းထောင်တွေထဲက နိုင်ငံရေးသမား ခေါင်းဆောင်များနဲ့  တွေ့ဆုံစကားပြောရပါလိမ့်မယ်။ ဒီမိုကရေစီရေး ရဲဘော်ရဲဘက်တွေကို အပြင်လောကက နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေအကြောင်း ဂဃနဏ ခရေစေ့တွင်းကျ သိရှိ နားလည်အောင် ပြောပြရပါမယ်။ သူတို့မှာလည်း ထောင်ဝင်စာလာတွေ့တဲ့ အချိန်လေးသာ နားထောင်ကြရတာပါ၊ အစိုး ရသတင်းစာထဲ ပါသလောက်ကိုသာ သိခွင့်ရတာပါ။ ဒေါ်စု ကိုယ်တိုင် သူတို့ကို သွားရောက်တွေ့ဆုံခွင့်ရရင်၊ ရှင်းလင်း ပြောကြားခွင့်ရရင် အခြေအနေတွေ ကောင်းတဲ့ဘက်ကို ရွေ့လာနိုင်ပါတယ်။ အစိုးရဘက်က တာဝန်ရှိသူတွေအနေနဲ့ လည်း သူတို့နဲ့  တွေ့ဆုံစကားပြောသင့်ပါတယ်။

ဆူဆူပူပူ အမြဲလုပ်သူတွေလို့မမြင်ဘဲ တိုင်းကျိုးပြည်ပြု ငါ့နိုင်ငံသားတွေပဲလို့ ခံယူပြီး တွေ့ဆုံရေးလမ်းစတခုကို စတင် ပျိုးယူထားသင့်ပါပြီ။ ဘာပဲဖြစ်ဖြစ် မည်သည့်ဘက်ကမှ အရင်းမရှုံးနိုင်ပါဘူး။

ပုထုစဉ်လူသားတွေရဲ့ သဘာဝအတိုင်း ဘယ်သူဖြစ်ဖြစ် ဘယ်ဝါဖြစ်ဖြစ် အသိအမှတ်ပြုမှုကို ခံယူချင်ပါတယ်။ ပစ်ပယ် ထားတာတွေ၊ ၀ိုင်းကျဉ်ထားတာတွေ၊ မခေါ်မပြောနိုင်ဖြစ်ရတာတွေနဲ့  တိုင်းပြည်တပြည်ကို တိုးတက်အောင်မြင်အောင် တည်ဆောက်လို့ မရပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ပြည်တွင်းက ပုဂ္ဂိုလ်တချို့ နိုင်ငံခြားထွက်ပြီး မြန်မာနိုင်ငံ ကို ဆန့်ကျင်ပုန်ကန်နေသူတချို့နဲ့ သွားရောက်တွေ့ဆုံ စကားပြောကြနိုင်သေးတာပဲ။ နှစ်ဘက်စကား နှစ်ဘက်နားတွေနဲ့ ရင်းနှီးမှုတွေ ရယူထားနိုင်ကြသေးတာပဲ။ အခုဟာက ရေခြားမြေခြား တိုင်းတပါးကို ခရီးရှည်ကြီး ဆန့်စရာ မလိုပါဘူး။ နီးနီးလေးနဲ့ ဝေ့ နေကြတာပါ။

အောင်မျိုးထွန်း

၂၆- ၈- ၂၀၁၁

၂၁ နှစ်ကာလအတွင်း တပ်မတော်သား ၁၃၅ ဦးကို မုဒိမ်းမူဖြင့် အရေးယူခဲ့ဟု ဆို

News Date:8/26/2011

သြဂတ်စ်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့သော မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အရာရှိ သောမတ်စ် အိုဟေး ကွင်တားနားအား ၂၁ နှစ်ကာလ အတွင်း မုဒိမ်းမူဖြင့် တပ်မတော်သား ၁၃၅ ဦးကို အရေးယူခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် လှမင်းက ပြောဆိုသည်။

Burma-military-parad
ဗိုလ်ချုပ်လှမင်းမှ မြန်မာ စစ်တပ်တွင် ၁၉၉၀ ခုနှစ်မှ ၂၀၁၁ ဇူလိုင်လ အထိ မုဒိမ်းမူဖြင့် တပ်မတော် အရာရှိ ၁၁ ဦး၊ အခြားအဆင့် ၁၂၄ ဦး စုစုပေါင်း ၁၃၅ ဦးကို အရေးယူခဲ့ကြောင်း ပြောသည်။

၎င်းပြင် မြန်မာနိုင်ငံတွင် အဓမ္မပြုကျင့်မူ စွပ်စွဲချက်များမှာ ဆန့်ကျင်ဘက် အဖွဲ့အစည်းများ၊ သောင်းကျန်း သူများက တပ်မတော်ကို အသရေဖျက်ရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန် အသုံးပြုနေသည့် လက်နက် တခုသာ ဖြစ်ကြောင်းဖြင့်လည်း သောမတ်စ် အိုဟေး ကွင်တားနားအား ပြောဆိုသည်ဟု သိရသည်။

၎င်းပြင် ဗိုလ်ချုပ် လှမင်းက ကလေးစစ်သား စုဆောင်းမူနှင့် ပြောကြားရာတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လထိ အရွယ်မရောက်သူ ကလေး ၂၃၁၇ ဦးကို မိဘများထံ ပြန်လည် စေလွှတ် ခဲ့ကြောင်းနှင့် တပ်မတော်မှ ပြန်လည် နုတ်ထွက်ခွင့်ပေးခဲ့သူ ကလေး စစ်သား ၅၉၇ ဦးရှိကြောင်း ပြောဆိုသည်။ စည်းကမ်း ဥပဒေနှင့် အညီ စုဆောင်းခြင်း မပြုခဲ့သည့် တပ်မတော် အရာရှိ ၂၁ ဦး၊ အခြားအဆင့် ၁၅၆ ဦး စုစုပေါင်း ၁၇၇ ဦးကို အရေးယူခဲ့ကြောင်း သူက ပြောသည်။

အဓမ္မ လုပ်အားပေး စေခိုင်မူနှင့် ပတ်သက်ပြီးလည်း ILO အဖွဲ့က တိုင်တန်းခဲ့သည့် အမူပေါင်း ၃၈၉ မူတွင် ၁၈၂ မူကို အရေးယူခဲ့ပြီ ဖြစ်ကြောင်းဖြင့်လည်း ပြောဆိုခဲ့ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ပြည်ထောင်စု နိုင်ငံ ဖြစ်သည့် အားလျော်စွာ လူနည်းစု တိုင်းရင်သားများ အပေါ် ဖိနှိပ် အနိုင်ကျင့်မူများ မရှိကြောင်းနှင့် KIO နှင့် တိုက်ခိုက်ရခြင်းမှာလည်း နိုင်ငံတော်၏ အရေးကြီးသော စီမံကိန်းများကို ထိပါး ခြိမ်းခြောက်လာသည့် အတွက် ကာကွယ် ရခြင်းသာ ဖြစ်ကြောင်း သောမတ်စ် အိုဟေး ကွင်တားနားအား ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်လှမင်းက ပြောကြားသွားကြောင်း သတင်း ရရှိပါသည်။
http://www.narinjara.com/detailsbur.asp?id=3425

ဧရာဝတီကို သတ်မလား / ကယ်မလား(မြစ်ဆုံသားမေးသည်။ဦးဝင်းချိုဖြေသည်။)


သင်... ဧရာဝတီကို သတ်မလား / ကယ်မလား..... အမေး နှင့် အဖြေများ (မြစ်ဆုံသားမေးသည်။ဦးဝင်းချိုဖြေသည်။)
by San Maung on Friday, August 26, 2011 at 2:30am

မြန်မာစာမေးခွန်းနှင့် အဖြေများ (မြစ်ဆုံသားမေးသည်။ဦးဝင်းချိုဖြေသည်။)
မေး

(၁)သဘာဝ ဓာတ်ငွေ့ကလည်း တိုင်းပြည်မှာ ၀င်ငွေမရှိတော့ ဒါကိုပဲ ရောင်းပြီး အခြား လိုအပ်ချက်တွေကို ဖြည့်ဆည်းနေရတဲ့ အတွက် လျှပ်စစ်ထုပ်လုပ်ဖို့အတွက် ခက်ခဲနေတဲ့ ကာလဖြစ်နေပါတယ်။ စစ်အစိုးရ လက်ထက် စစ်လက်နက် ပစ္စည်း ဝယ်ယူမှုတွေ ကလည်း ဓါတ်ငွေ့ ရောင်းရငွေနဲ့ ပေးချေနေရတာပါ။

ဖြေ
(က)၀င်ငွေမရှိတဲ့ တိုင်းပြည်တခုဟာ မီလျံနာတစုကို ဆယ်စုနှစ်အတွင်း ချက်ချင်းကမ္ဘာပေါ်မှာမွေးဖွားပေးခဲ့ တယ်။ (သင်ဒါကိုသိပါသလား)

ဖြေ
(က/၁)မြစ်ဆုံသားခင်ဗျား လေးစားစွာကျေးဇူးတင်ပါသည်။ မည်သည့် အခါကမျှ စစ်အစိုးရဆိုသည့် စကားလုံး ကျနော်မသုံးခဲ သလို စစ်လက်နက်ဝယ်ယူသည့် အကြောင်း မီးမောင်းလည်းထိုးမပြခဲ့ ပါ။


ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ
မေး
(၂)မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်နေသူများဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာထက် နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ လုပ်ဆောင်နေတာက ပိုများပါတယ်။
ဖြေ
(ခ)အမျိုးသားရေးလက္ခဏာလို့  ဧရာဝတီကိုအသိအမှတ်မပြုရင်ပုဂံဧရိယာတ၀ိုက် “ရွှေ”သိုက်များတွေ့ လို့က်လို့ ကတော့
ဘုရားးးးး။ဘုရားးးးးး။ဘုရားးးး့း

မေး
(၃)တော်လှန်ရေးတိုင်းမှာ အထိအခိုက် ရှိနိုင်ပါတယ်။
ဖြေ
(ဂ)တော်လှန်ရေးကြောင့် ထိခိုက်တာ ဧရာဝတီ မဖြစ်သင့် ဘူး။(မှတ်ချက်)သံချပ်


မေး
(၄)ဧရာဝတီမြစ်ကြီးရဲ့ တန်ဖိုးကို ငါးရှာဖားရှာ၊ ရှည့်ရှာ တဲ့ အဆင့်လောက်ပဲ တန်ဖိုးထားမယ်ဆိုရင် နိမ့်ကျတဲ့ အတွေးအခေါ် တစ်ရပ်ပဲ ဖြစ်နိုင်ပါတယ်။
ဖြေ
(ဃ)သန်း(၆၀)သောလူသား မြန်မာပြည်ဖွားများသည် ငါးရှာ၊ဖားရှာ၊ရှည့် ရှာ(မူရင်းသတ်ပုံ) ကျန်တာဘာမှမတတ် ကျွန်ဇာတ်သာသာ ပဇာကြောင့် ပါနည်း (ပဋိပုစ္ဆာဗျာကရဏ)


မေး
(၅)လျှပ်စစ်ဓါတ်အားကို သုံးစွဲမယ့် ပြည်သူတွေဟာလည်း တရုတ်ပြည်သူ တွေဖြစ်လို့ မြန်မာနဲ့ တရုတ်နယ်နိမိတ်ထိစပ်နေတဲ့ တရုတ်ပြည်သူများက မြန်မာပြည်သူများကို လာမယ့် သမိုင်း တစ်လျှောက်လုံး ကျေးဇူးတင်ရှိနေမှာ ဖြစ်ပါတယ်။
ဖြေ
(င)သန်းပေါင်း(၁၃၀၀) ရဲ့  ကျေးဇူးသာ“ပန်း”တွေဖြစ်ပြီး ပန်းမြစ်ကြီးဖုံးသွားရင် စည်ပင်တွေအလုပ်ရှုပ် ဒုက္ခတွေများကုန်မယ်။


မေး
(၆)ကျွန်ုပ်တို့မှာ မြစ်ဆုံလို ရေကာတာကြီး ဆောက်ဖို့ နည်းပညာလည်း မရှိပါဘူး၊ ငွေလည်း မရှိပါဘူး၊ အားလုံး ဘာမှ မရှိလို့ တရုတ်ကိုပဲ မှီခိုနေရတဲ့အတွက် ထွက်လာတဲ့ လျှပ်စစ်ဓါတ်ကို တရုတ်ကိုရောင်းရတယ် ဆိုတာလည်း ဘာမှမဆန်း ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်နီးနားချင်း ပြည်သူများကို မီးလင်းစေဖို့အတွက် ကျွန်ုပ်တို့မှ မုဒိတာ ပွားနိုင်ရမယ် ဖြစ်ပါတယ်။
ဖြေ
(စ)“အော်၊ကျမတို မိသားစုအတွက် ရှင်ကမယားငယ်ယူရတာ။ကြားလို့ မှကောင်းသေးရဲ့ လာ့း။အရပ်ကတို့ရေ။

ကျုပ်တို့ မိသားစုငတ်လို့ လျှာမြက်ပေါက်ပစေ။ဒိုးတူပေါင်ဖက်လုပ်စားမယ်။ဘယ့် နှယ်။မုဒိတာပွားရအုံးမယ်။ဟုတ်စ”

(အိမ်ဘေးကလင်မယား၊စကားများနေသံ)

ကျနော်တို့လည်း ဧရာဝတီကို ချစ်ပါတယ်
မေး
(၇)မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာ၊ အချို့သော ငါးမျိုးစိတ်တွေ ပျက်သုဉ်းတာမျိုး ရှိနိုင်ပါတယ်။ဒါဆို ကချင်ပြည်နယ်မှာ ဖွံ့ဖြိုးမှုနိမ့်ကျလို့ ပျောက်ကွယ်သွားနိုင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေအကြောင်း ကျွန်ုပ်တို့ မစဉ်းစားကြတော့ဘူးလား။ မြစ်ဆုံရေကာတာကို ကန့်ကွက်နေတဲ့ သူတွေဟာ တိုင်းပြည်အတွက် လျှပ်စစ် ဘယ်လိုရ မယ်ဆိုတဲ့ နည်းကိုတော့ ရှာဖွေပေးနိုင်တာ မဟုတ်ကြပါဘူး
ဖြေ
(ဆ)တနေ့ သ၌ကျွန်ုပ်သည် လွန်စွှာပျင်းရိသဖြင့် အိမ်သူသက်ထားမှ“ဥရောပ”ခေါ်တိုင်းပြည်ကြီးတွင်ဖွတ်ကလိဒင်္ဂါး

အများအပြားပေးပြီးဝယ်ယူခဲ့ သည်ဟုအဆိုရှိသော့  i pad ခေါ် သတ္တ၀ါလေးနှင့် ဥာဏ်ပညာယှဉ်ပြိုင်ရာ

ပွဲပေါင်းများစွာအရေးနိမ့် ခြင်းကြောင့် ကံကြမ္မာအားအပြစ်ဖို့ ရန်စဉ်းစားပြီးချိန်တွင်---------

“ဖိုးဖိုး။သားသားကိုပေး။သားသားဆော့ ဘို့ ဖွားဖွားဝယ်ထားတာ”ဟု ကျွန်ူပ်၏“ငယ်ဘ၀က(ဒေဝေါ)”အမည်ကိုသုံးခါအနိုင်ကျင့် သွားသော(၄)နှစ်သားမြေးငယ်ကို “ဒင်းရှုံးလျှင်လှောင်လိုက်မဟဲ့ ”တည်းဟူသောစိတ်ကောင်းမွေးခါပေးလိုက်ပါသည်။

သို့ သော်လည်းကျွန်ူပ်အားအနိုင်ယူတာများခဲ့ သောအနှီ i pad ဟူသောသတ္တ၀ါသည်ကလေးများအားချစ်ခင်သူဖြစ်နေသောကြောင့် 
မြေးကလေးအား”you are winer”ဟုသာအကြိမ်ကြိမ်မြည်တန်းနေသဖြင့် မသိမသာ အနားမှထွက်ခွာခဲ့ ပါကြောင်း။

(ဥပဒေသ-ကျွမ်းကျင်ရာလိမ်မာ ။မြွေပွေးကိုငယ်သည်ဟုအလမ္မါယ်မပြနှင့် ။)


မေး
(၈)မြန်မာ စစ်အစိုးရဟာ ညူနည်းပညာရဖို့အတွက် ရုရှားကို မျက်နှာလုပ်ရတဲ့ စရိတ်နဲ့တင် ညူစက်ရုံတစ်ရုံဖိုး မကတော့ပါဘူး။ စစ်အစိုးရဟာ ရုရှားနဲ့ပြေလည်ဖို့ ရုရှားဆီက လက်နက်ဝယ်ရပါတယ်။ MIG တိုက်လေယာဉ်တွေ ဝယ်ခဲ့ရပါတယ်။ နည်းပညာအတွက် ပညာတော်သင်တွေ ပိုက်ဆံ အကုန်ခံပြီး လွှတ်ခဲ့ရပါတယ်။ ဒါတောင် ရုရှားဟာ သူ့တိုင်းပြည် ဝင်ငွေ လိုအပ်ချက်အတွက် MIG တိုက်လေယာဉ်တွေကို လွယ်လွယ်ကူကူ ရောင်းခဲ့လို့ လေယာဉ်တွေ ဝယ်ယူရရှိရေးအတွက် မျက်နှာလိုမျက်နှာရ စရိတ်တွေ သက်သာခဲ့တာပါ။ အမှန်တော့ အဆင့်မြင့် ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူခွင့်ရှိဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။
ဖြေ
(ဇ)၄င်းကိစ္စများအတွက်မိမိတို့ တွင်တာဝန်မရှိပါ။အချင်းဖြစ်ပွားစဉ်ကမိမိတို့ ပြည်သူများမသိရှိခဲ့ ပါ။

ညူစက်ရုံတရုံဖိုးမျက်နှာလုပ်ခြင်းနှင့် ပတ်သက်ပြီး မိမိတို့ အမှန်တကယ်မသိရှိပါကြောင်း။

တိုက်လေယာဉ်များအားဝယ်ယူခြင်းသည် တဦးတယောက်၏အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက်

မဟုတ်ပါဘဲ ပြည်သူအတွက်သာဖြစ်ကြောင်းကိုလည်း ယခုမှသိရှိသည်မှာမှန်ကန်ပါသည်။

အဆင့် မြင့် ဂျက်တိုက်လေယာဉ်များဝယ်ယူခြင်းသည်မလွယ်ကူမှန်းထိုအချိန်ကသာသိရှိခဲ့ လျှင်

ဝယ်ယူသူမျက်နှာမငယ်စေရေးအတွက်ကန့် ကွက်ပေးမည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။

(တရားရုံးထွက်ချက်ပုံစံ(၁)ဖတ်ပြမှန်ကန်ပါသည်။)


မေး
(၉)နည်းပညာမရှိတဲ့ တိုင်းပြည်တွေဟာ ကမ္ဘာမှာ နည်းပညာတစ်ခု ရဖို့အတွက် အမျိုးသားရေး စွမ်းဆောင်မှုအနေနဲ့ လမ်းစဉ် ချမှတ်ရပြီး တစ်မျိုးသားလုံး ဒုက္ခမျိုးစုံ ခံရလေ့ရှိပါတယ်။ ကိုယ်တိုင်မတတ်ရင် ညူနည်းပညာဆိုတာ တစ်နိုင်ငံ လုံးရဲ့ ပိုင်ဆိုင်မှုနဲ့ ရင်းနှီးပြီး ဝယ်ယူရတဲ့အရာပါ။ ကျွန်ုပ်တို့တိုင်းပြည်မှာ ညူစွမ်းအင်ကို အသုံးပြုနိုင်ဖို့ အနည်းဆုံး မျိုးတစ်ဆက် စောင့်ရပါဦးမယ်။ သူများတိုင်းပြည်က အလကားလာ ဆောက်ပေးတောင်မှ ကိုယ်တွယ်နိုင်မယ့် ပညာရှင် မရှိသေးပါဘူး။
ဖြေ
(ဈ)ငြင်းဆိုရန်မရှိပါ။ “နိုင်ငံ၏မူဝါဒသည် ပြည်သူတို့ ၏ဆန္ဒသာဖြစ်သင့် သည်” ဟုဖြည့် စွက်ခွင့် ရှိလျှင်ဖြည့် စွက်လိုပါသည်။

မြန်မာစာမေးခွန်းနှင့် အဖြေများ(မြစ်ဆုံသားမေးသည်။ဦးဝင်းချိုဖြေသည်။)


“ဧရာဝတီ”စကားဝိုင်းဖိတ်ကြားခြင်း
၇/၈/၂၀၁၁နေ့ က On line ပေါ်မှာ“ကာကွယ်ခြင်းသည်ကုသခြင်းထက်အရေးကြီးသည်”ဆိုတဲ့ ကဗျာလေးတပုဒ်ကျနော်ရေးခဲ့ ပါတယ်။အဲဒီအချိန်က“ဧရာဝတီ”ဟာဒီလောက်ဂရုစိုက်ဘို့ လိုနေပြီဆိုတာကိုတောင်မှမသိခဲ့ ရရိုးအမှန်ပါ။ဒါပေမဲ့ အဲဒီကဗျာကိုသဲကြီးမဲကြီးဝေဘန်၊တိုက်ခိုက်ကြတော့ မှ“ငါဘာများမှားသွားသလဲ”ဆိုတဲ့ အတွေးနဲ့ ရှာဖွေဖြစ်တော့ှ“ငါသိဘို့ လိုသေးတယ်”လို့ တွေ့ ပါတယ်။လိုနေတာတွေဖြည့် ဘိုအတွက်ကျနော့် ကိုကူညီသူများ(On line မိတ်ဆွေများ)ကိုလည်းအထူးကျေးဇူးတင်ပါတယ်။့ ၁၈/၈/၂၀၁၁မှာသိရှိသလောက်ဖြန့် ဝေ။လိုတာကိုထပ်ရှာမယ်ဆိုတဲ့ အတွေးနဲ့ ဗေဒါသင်တန်းကျောင်းမှာပထမအကြိမ်“ဧရာဝတီ”စကားဝိုင်းလုပ်ဖြစ်ခဲ့ ပါတယ်။လိုအပ်ချက်တွေ/မပြည့် စုံမှုတွေ

အများကြီးလို့ ဝေဘန်ကြပေမဲ့ ကျနော်တို့ ရဲ့ စေတနာနဲ့ လုပ်ရပ်ကိုတော့ အသိအမှတ်ပြုတဲ့ အတွက်“ဒုတိယအကြိမ်ဧရာဝတီ”

စကားဝိုင်းက(ိုလာမဲ့ တနင်္ဂနွေ၂၈/၈/၂၀၁၁မှာ)ထပ်မံဆွေးနွေးအဖြေရှာကြမှာဖြစ်ပါတယ်။

မိတ်ဆွေများခင်ဗျား။
ဒီအချိန်အတောအတွင်းအဓိကပြဿနာက“နေရာ”ဖြစ်ပါတယ်။ဗေဒါကသူ့ ကျောင်းသားတွေအတွက်တောင်အခက်အခဲဖြစ်နေတဲ့ နေရာပါ။

ပုံမှန်ကျောင်းသားအပြင်အရေးပေါ်အစီအစဉ်နဲ့ သင်ပေးရတဲ့ (ကချင်ပြည်နယ်ကရောင်းရင်းမိတ်ဆွေမျာ)သူတွေ။ရံဖန်ရံခါမှာဗေဒါတောင်ဘယ်ပြောင်းပြေးရမလဲမသိတဲ့ အနေအထားဆိုတော့ အနှောင့် အယှက်မဖြစ်ဘို့ ကြိုးစားရှာရတာ။မနေ့ ကမှခန်းမအတွက်ငွေကြေးကူညီပေးသူနှစ်ယောက်နဲ့ အခန်းငှားရမ်းခြင်းဖြင့် ကူညီပေးသူတယောက်ရဲ့ ကျေးဇူးနဲ့ နေရာကိုကြေငြာနိုင်ပါပြီ။

“အခန်းA 2 ။အမှတ်(၉၈)သီရိ(၄)လမ်း(၂)ရပ်ကွက်လှိုင်မြို့ နယ်” ဖြစ်ပါတယ်။

အချိန်ကိုတော့ နံက်(၉)နာရီကစမယ်လို့ သတ်မှတ်ထားပါတယ်။အချို့ သူများနောက်ကျရင်လာနိုင်အောင် ညနေ(၃)နာရီအထိ

ကျနော်တို့ စကားပြောကြမှာပါ။အပြန်အလှန်ဆွေးနွေးဘို့ မျှော်လင့် ထားတာကြောင့် “ဧရာဝတီ”ပေါ်မှာဆည်ဆောက်သင့် ကြောင်း

ရှင်းပြဆွေးနွေးလိုသူများကိုလည်းဒီနေရာကနေတခါထဲဖိတ်ခေါ်လိုက်ပါတယ်။(ကျနော်တို့ ကတော့ မဆောက်သင့် ကြောင်းတောင်းဆိုကြမဲ့ သူတွေပါ။)ကျနော်တို့ အား ကူညီလိုသူ/အားပေးလိုသူ/ဝေဘန်လိုသူ/ညွှန်ပြလိုသူ/ကန့် ကွက်လိုသူ/မေးမြန်းလိုသူ(သတင်းသမားများ)ူ---လိုသူ----လိုသူ----လိုသူအပေါင်းအားလုံး ကြွရောက်နိုင်ပါကြောင်း။

ဦးဝင်းချို(၁၂/ရကန(နိုင်)၀၄၅၁၅၉

အမှတ်(၆၀)ဗိုလ်ရာညွန့် လမ်း၊ဓဂုံမြို့ နယ်။ရန်ကုန်

ဖုံး၀၁-၃၉၃၁၅၅လိုင်းခွဲ(၂၆၄)၀၉-၈၀၃၃၅၅၄

U WIN CHO http://www.facebook.com/profile.php?id=100001872844660



အင်န်အယ်ဒီနဲ့ လက်ရှိအစိုးရ အတူတူရပ်စရာ ဘာတွေရှိလို့လဲ(ဦးဝင်းတင်နဲ့ မေးခွန်းများ)


မိုးမခ၊ သြဂုတ် ၂၆၊ ၂၀၁၁
ယမန်နေ့က ဦးဝင်းတင်နဲ့ တွေ့ဆုံစဉ်မှာ မေးမြန်းဖြစ်တာကတော့ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူအင်က လူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနားတို့ တွေ့ဆုံကြတဲ့ဆီမှာ လက်ရှိတိုင်းပြည်အတွက် အများပြည်သူအကျိုးဖြစ်ပေါ်စေဖို့ အခြေအနေတွေ၊ လိုအပ်ချက်တွေ ဘယ်ရွေ့ဘယ်မျှ ပြောဆိုဆွေးနွေးဖြစ်သလဲ၊ နေပြည်တော်က ပြန်လာတဲ့ ကွင်တာနားကိုယ်တိုင်ကကော ဘယ်လောက် အကောင်းမြင်တာတွေ ရှိသလဲ၊ မရှိဘူးလဲ ဆိုတာတွေကို မေးမြန်းဖြစ်တာ ဖြစ်ပါတယ်။

ပထမဆုံး ကြိုတင်ပြီး တိုင်းတာချင်တဲ့အချက် ၃ ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီအပါအ၀င် ကွန်ယက်တွေက ၂၀၁၁ မြန်မာနှစ်ဆန်းမှာ၊ ဧပြီလလယ်မှာ သမ္မတကြီးထံ လက်မှတ်ထိုးတောင်းဆိုတဲ့ ကင်ပိန်းတခုကို စတင်ခဲ့တယ်။ အဲသည်မှာ ၁ အချက် နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ လွတ်မြောက်ဖို့၊ ၂ က ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေ လုံခြုံအေးချမ်းစွာ အိမ်ပြန်လာနိုင်ကြဖို့၊ ၃ အချက်ကတော့ ပြည်တွင်းစစ်တွေ ရပ်စဲပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်ကြဖို့ ဆိုတာဖြစ်တယ်။ အခုအချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲမှတ်ပုံတင် ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က အလားတူ သဘောထားတွေ တောင်းဆိုမှုတွေ ဖော်ထုတ်လာတယ်။ အစိုးရကိုယ်တိုင်ကလည်း ထိုအချက် ၃ ချက်ကို ချဉ်းကပ်တဲ့ တုန့်ပြန်မှုတွေ လုပ်လာသလိုလို ဖြစ်နေတယ်။ အခု နေပြည်တော်က လွှတ်တော်အစည်းအဝေးတွေမှာလည်း ကော်မရှင်တွေဖွဲ့တာ၊ ဆွေးနွေးတာတွေ လုပ်လာတာတွေကို တွေ့နေရပြီ ဖြစ်တယ်။
အဲသည်လို အခြေအနေမျိုးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနားကို လက်ရှိအစိုးရအသစ်ကို လက်ခံတွေ့ဆုံတဲ့ဆီမှာ ယခင်နအဖစစ်အာဏာပိုင်တွေနဲ့ မတူတဲ့ခြားနားတဲ့ လက်ခံတွေ့ဆုံမှုတွေ၊ ရင်းနှီးမှုတွေလုပ်လာတယ်။ အတိုက်အခံအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမှုတွေကိုပါ ခွင့်ပြုတာမျိုးတွေ တွေ့မြင်ရပါတယ်။ အဲသည်အတွက် ဆရာ့အနေနဲ့ ဘယ်လို ပြောချင်ပါသလဲ။
"နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး သူကိုယ်တိုင်လဲ ပြောတယ်၊ နောက်ပြီးတော့ အကျဉ်းထောင်တွေကိုလည်း သွားခွင့်ပြုတယ်။ သူတွေဆုံချင်တဲ့သူတွေနဲ့လည်း တွေ့ဆုံခွင့်ရတယ်လို့ မစ္စတာကွင်တာနားက ပြောပါတယ်။"
ကျနော်တို့ ကြားတာကတော့ အစိုးရကိုယ်တိုင်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိတယ်လို့ ပြောတယ်။ ဥပမာ လွန်ခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ နေပြည်တော်မှာ ၂၀၁၀ရွေးကောက်ပွဲပါတီတွေကို ခေါ်ပြီးတော့ ၉၀ရွေးကောက်ပွဲတုန်းက တပ်မတော်ကို ခြိမ်းခြောက်တာတွေ ရှိလို့ ဘာညာဆိုပြီး သူတို့စိုးရိမ်မှုတွေ ပြောဆိုသလိုမျိုး ကွင်တာနားကိုလည်း သူတို့ရဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်မှာ စိုးရိမ်တယ်လို့များ အစိုးရက ပြောလိုက်သလား။
"အင်း … အဲလိုပြောရင် ရမလား မသိဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်လိုက်လို့ရှိရင် တိုက်ပွဲခေါ်မှာကို သူတို့က စိုးရိမ်တယ်ပေါ့လေ၊ အခုထောင်ကျနေတဲ့ သူတွေဆိုတာက လူထုလှုပ်ရှားမှုတွေကို ဖော်ဆောင်နိုင်တဲ့သူတွေ၊ လုပ်ကိုင်နိုင်တဲ့သူတွေဆိုတော့ သူတို့ (အစိုးရ) က ကြောက်နေတယ်ဆိုတာမျိုး ရှိတယ်လို့ ကွင်တာနားကို ပြောတယ်လို့ ဆိုတယ်။ အဲသည်မှာ စိတ်ဝင်စားစရာတခုကတော့ ကျနော်တို့ပါတီရဲ့ ခေါင်းဆောင်တွေဖက်ကတုန့်ပြန်ချက်က အင်န်အယ်ဒီအနေနဲ့က သူတို့တွေကို ၀င်ရောက်ညှိနှိုင်းမှုတွေ၊ ဖြေရှင်းမှုတွေ လုပ်ပေးနိုင်တာပဲလို့ ပြောလိုက်တယ်လို့ သိရတယ်"
ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့၊ အင်န်အယ်ဒီတို့က အခုအစိုးရနဲ့ နိုင်ငံရေးအကျဉ်းသားတွေကြားထဲမှာ ၀င်ပြီးတော့ ပြောသလို ဖြစ်နေတာပေါ့ ဆရာ။ ဆရာကကော ကွင်တားနားအတွက် ဘာပေးလိုက်တာ ရှိသလဲ။
"ကျနော်ကတော့ ကျနော့်ထောင်အတွေ့အကြုံတွေကို ရေးထားတဲ့ "ဘာလဲဟဲ့ လူ့ငရဲ" စာအုပ်ကို ပေးလိုက်တယ်။ ခင်ဗျား ဗမာလိုဖတ်တတ်တဲ့သူတွေ ရှာပြီး ဘာသာပြန်ခိုင်းပြီးတော့ ကျနော်ဘာတွေ ရေးထားတယ်၊ ဘယ်အချက်တွေ တင်ပြထားတယ်ဆိုတာတွေ တွေ့ပါလိမ့်မယ်လို့ ပြောလိုက်တယ်။ ကွင်တာနားနဲ့ တွေ့တဲ့ကိစ္စကတော့ ဒီလောက်ပဲ ပြောစရာရှိတယ် ထင်တယ်။"
ဟုတ်ပါပြီ။ ပြီးခဲ့တဲ့ အပတ်မှာ ဒေါ်စုနဲ့ သမတဦးသိန်းစိန်တို့ ရင်းရင်းနှီးနှီးတွေ့ဆုံကြတယ်။ ၁ နာရီကြာ ပြောဆိုဆွေးနွေးကြတာတွေ လုပ်တယ်။ အခု ပြန်ရောက်လာပြီးတော့ ဆရာတို့ကိုလည်း ပြန်အစီရင်ခံပြီးပြီပေါ့လေ။ အင်န်အယ်ဒီစီအီးစီတွေ အပါအ၀င်ပေါ့။ အဲသည်မှာ ပြောပြောနေတဲ့ ကျေနပ်အားရမှုဆိုတာတွေကို နည်းနည်းလောက် ချဲ့ပြီး ပြောနိုင်မလား။
"ပြောလို့ရတာကတော့ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကြတာမှာ ရင်းရင်းနှီးနှီးတွေ့ဆုံ စကားပြောဆိုကြတယ်။ သူတို့အစိုးရအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်ကို လက်တွဲပြီး လုပ်ကြဖို့ ကြိုဆိုတယ်။ စီးပွားရေးကိစ္စတွေ၊ မသမာမှုတွေ ပပျောက်ဖို့တွေ စတာတွေကို လုပ်ပါလို့ ပြောကြတယ် ဆိုတယ်။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က စကားပြောတဲ့ဆီမှာ ဘယ်လိုပုံသဏ္ဍန်မျိုးနဲ့ ပြောဆိုရပ်တည်လာသလဲဆိုတော့ အတိုက်အခံအနေနဲ့ စကားပြောနေတာမျိုးမဟုတ်ဘဲ၊ မိတ်ဖက်အသွင်ကို ဆောင်တဲ့သဘောမျိုးနဲ့ လက်ခံပြီး စကားပြောတယ်လို့ ပြောရင် ရမယ်ထင်တယ်။ အစိုးရလုပ်သမျှကို လက်မခံဘဲ ပယ်ချနေတဲ့ အတိုက်အခံမျိုးမဟုတ်ဘူး၊ ပြည်သူလူထုအကျိုးစီးပွားကို ရှေ့ရှုတဲ့ အကျိုးဖြစ်ထွန်းမှုကို ပြောဆို ထောက်ပြဖို့ ရပ်တည်တဲ့ သဘောမျိုး ဖြစ်လာတယ်လို့ ပြောချင်တယ်။"
ဒါဆိုရင် အတိုက်အခံသဘောမျိုးလဲ မဟုတ်ဘူး၊ အာဏာရတွေနဲ့ အာဏာခွဲဝေပြီး လက်တွဲတာမျူိုးလည်း မဟုတ်ဘူးဆိုရင် အခုအချိန်မှာ လက်ရှိအခြေအနေမှာ တိုင်းပြည်တိုးတက်အောင် ပြုပြင်ပြောင်းလဲရေးတွေကိုပဲ အတူ အာရုံစိုက်လုပ်ကြဖို့ ပြန်လည်ထူထောင်ရေးတွေကို လုပ်ကြဖို့ကို ဦးတည်တဲ့ဆီမှာ အတူတူ စရပ်တည်ကြမယ်လို့ ပြောနေတာလား။
"တိုင်းပြည်က အခုလက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေး ပြသနာ၊ လူမှုရေးပြသနာ၊ ဖွံဖြိုးရေးပြသနာတွေမှာ အင်န်အယ်ဒီကလည်း တတ်စွမ်းနိုင်တဲ့နေရာတွေကနေပြီးတော့ တနည်းတလမ်းက ညွှန်ပြသွားမယ်၊ ထောက်ပြသွားမယ်ဆိုတဲ့ သဘောဖြစ်လာတယ်။ ခင်ဗျားပြောသလို အတိုက်အခံလည်း မဟုတ်ဘူး၊ Power Sharing လည်း မဟုတ်တဲ့ အခမ်းကဏ္ဍမျိုးလို ဖြစ်လာတယ်။ အဲသည်ကြားထဲက အနေအထားမျိုး ဖြစ်လာတယ်လို့ ပြောနိုင်တယ်။ "
ဒါဆိုရင် အစိုးရဖက်က အလုပ်နဲ့ သက်သေပြမှပဲ တကယ်ဟုတ်မဟုတ် သိနိုင်မှာပေါ့ ဆရာ။ အခုအချိန်မှာ လက်ရှိအစိုးရအနေနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ လုပ်ဆောင်ရမယ့် အရေးအခင်းတွေ၊ အကြပ်အတည်းတွေက အများကြီးပဲဆရာ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ ပြည်ပက မြန်မာတိုင်းရင်းသားတွေ ပြန်လာနိုင်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး အစစ်အမှန်ဖော်ဆောင်ဖို့တွေအပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမားရေး၊ ပညာရေး၊ သဘာ၀၀န်းကျင်နဲ့ အထွေထွေ ချွတ်ခြုံကျမှုတွေကို အရှိအတိုင်း လက်ခံပြီး ပြုပြင်ပြောင်းလဲဖို့၊ ပြောဆိုထောက်ပြတာတွေကို တကယ်အကောင်အထည်ဖော်ဖို့ သူတို့ကိုယ်တိုင်က လုပ်ပြမှ ဖြစ်မှာလေ ဆရာ။ ဒါကို ဆရာတို့ အင်န်အယ်ဒီပါတီက ဘယ်လိုမျိုး လွှတ်တော်ပြင်ပကနေ ဆောင်ရွက်ကြမှာလဲ ဆရာ။
"ကျနော့်အမြင်ကတော့ ပြည်သူလူထုက တင်ပြတောင်းဆိုနေတာတွေ၊ ဆန္ဒတွေကို ကြားနာလက်ခံပြီးတော့ အလွတ်သဘော တုန့်ုပြန်ပြောဆိုနေတာထက် အစိုးရကိုယ်တိုင်အနေနဲ့ ဥပဒေတွေ ထုတ်ပြန်ချက်တွေနဲ့ တရားဝင်ကြေညာချက်တွေ ထုတ်ရမယ်။ ဒီကိစ္စတွေ ပြသနာတွေကို ဖြေရှင်းနိုင်ဖို့ ပညာရှင်တွေ၊ ဘာတွေကို ဖိတ်ခေါ်ဖွဲ့စည်းဖို့ကိုပါ လုပ်ကြရမယ်။ မီဒီယာတွေကိုလည်း လွတ်လွတ်လပ်လပ် ရေးသားပြောဆိုခွင့်တွေ ပိုပြီး ပေးကြရမယ်။ ဒါမျိုးတွေ ချဲ့ဖို့လိုတယ်"
မီဒီယာလွတ်လပ်ခွင့်ဆိုလို့ အခုတောင် မီဒီယာလွတ်လပ်ခွင့်တွေ ပေးနေပါပြီ။ သတင်းကို လွတ်လွတ်လပ်လပ်ယူပါ။ သတင်းမီဒီယာအဖွဲ့တွေကနေ သတင်းဆုတွေ ဘာတွေတောင် ပေးပါ့မယ်။ ဆရာကိုယ်တိုင်ကိုလည်း ပါဝင်ဖို့ ဖိတ်ခေါ်တာတွေ ရှိတယ် မဟုတ်လား ဆရာ။ ဆရာ့ရဲ့ ယခင်ကထုတ်ခဲ့တဲ့ စာအုပ်တွေကိုလည်း ပြန်ပုံနှိပ်ထုတ်ဝေခွင့်တွေ ပေးနေတယ် မဟုတ်လား ဆရာ။ ဘယ်လိုလဲ။
"မိတ်ဆွေတွေကိုယ်တိုင်က အခုအစိုးရက ခွင့်ပြုတဲ့ အဲသည်သတင်းမီဒီယာဆုအဖွဲ့တို့ ဘာတို့မှာ ၀င်ပါနေကြတာကို တွေ့နေရပါပြီ။ တချို့က ကျနော့်ကို လာပြောပါတယ်။ ဆရာ … ကျနော့်ရဲ့ ဂုဏ်သိက္ခာကော ဘာကော ရင်းပြီး ကျနော့်တိုင်းပြည်ကောင်းမယ်ထင်လို့ ၀င်လုပ်တာပါ။ ဆရာကိုယ်တိုင်လည်း အဲသည်က နာယကအဖွဲ့မှာ ပါဝင်ဖို့ ပြောတာတွေ ရှိပါတယ်။ ကျနော်ကတော့ မလုပ်နိုင်သေးဘူးကွာလို့ ပြောလိုက်တယ်။ ဆိုလိုတာက အခုအချိန်မှာ သူ့နေရာနဲ့ သူ၊ သူ field နဲ့ သူ လုပ်နေကိုင်နေ စနေတဲ့သူတွေက စနေကြပြီလို့ ပြောရမလို ဖြစ်နေတယ်။"
ဒါပေမယ့်လည်း ကျနော်တို့ပြည်သူတွေအတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီ၊ ကွန်ယက်တွေ တစိုက်မတ်မတ် တောင်းဆို ရပ်တည်နေတဲ့အချက်တွေဖြစ်တဲ့ ၁။ နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့၊ ၂။ ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေ၊ ဒုက္ခသည်တွေ လုံခြုံအေးချမ်းစွာ အိမ်ပြန်လာနိုင်ဖို့။ ပြီးတော့ ၃။ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ကို မျက်ခြေမပြတ်ဘဲ တောက်လျောက် စွဲကိုင်နေရမှာပဲလို့ ပြောချင်တယ် ဆရာ။ ဒါတွေကို အချိန်ဆွဲနေတာနဲ့အမျှ ရှောင်ကွင်းနေတာနဲ့အမျှ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အခြားသော အထွေထွေအကြပ်အတည်း အခက်အခဲများကို ဖြေရှင်းနိုင်ရေးကိုပါ ထိခိုက်စေတယ်၊ သံသယတွေ တင်းမာမှုတွေဆက်လက် မွေးမြူနေသလို ဖြစ်တယ်လို့ ကျနော်တို့ကတော့ မြင်တယ်ဆရာ။
"ဟုတ်ပါတယ်။ ကျနော်တို့ဖက်က စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အမြင်ရှင်းရှင်းနဲ့ အင်အားတွေ စုစည်းပြီး ဆက်သွားကြရမယ်လို့ပဲ ပြောချင်ပါတယ်။ စိုက်လိုက်မတ်တပ်နဲ့ ဆက်စပ်ပြီး လုပ်ကြရမယ်။ ရပ်တည်ကြရမယ်လို့ မြင်တယ်။ "
ဟုတ်ကဲ့ပါ ဆရာ။ ကျေးဇူးတင်ပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=9755&Itemid=1

နအဖအီလက်ထရောနစ်ကြီးရှင်သန်နေဆဲပါ

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင်ဒဏ် ၁၀ နှစ်ချခံရ
2011-08-26

NLD လူငယ်တွေရဲ့ BG သွေး ကူညီရေး အဖွဲ့က ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အီလက်ထရောနစ် ပုဒ်မ ၃၃ (က) နဲ့ အင်းစိန်ထောင် အထူး တရားရုံးကနေ ထောင်ဒဏ် (၁၀) နှစ် ဒီနေ့ချမှတ် လိုက် ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဦးနေမျိုးဇင်ရဲ့ညီ ကိုခင်မောင်ထွေးက RFA ကို အခုလိုပြောပါတယ်။

“(၃၃) က ပုဒ်မ တခုတည်းနဲ့ ၁၀ နှစ်ချပါတယ်ခင်ဗျ။ ကျနော့် အစ်ကိုအတွက် ကျနော် စိတ်မကောင်း ဖြစ်ရပါတယ်။ အများအကျိုးအတွက် ဆောင်ရွက်နေတဲ့ ဒီလို လူတယောက် ဆုံးရှုံး သွားတဲ့ အတွက် မိသားစု အနေနဲ့ စိတ်မကောင်း ဖြစ်ရပါတယ်။ တိုင်းပြည် အတွက်လဲ လူကောင်း သူကောင်း တယောက် ဆုံးရှုံးတာလို့ ကျနော် ဒီလိုပဲ တွက်ပါတယ်။ ဆုံးရှုံးတယ် ဆိုတာလဲ ခေတ္တခဏပေါ့ ပြန်လွတ်လာရင် ပြန်လုပ်လို့ ရပါတယ်”

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် ဟာ BG သွေးကူညီရေး အဖွဲ့ကို ကူညီ ပံ့ပိုးနေရင်း ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းအဖြစ် အင်တာနက်က ဖေးဆိုင် ဖွင့်ထားတာပါ။ သူ့ကို မတ်လ (၂) ရက်နေ့က ဖမ်းလိုက်ပြီး တဲ့နောက် သူ့အိမ်မှာ ရှိတဲ့ ကိုယ်ပိုင်သုံး လက်ပ်တော့ ကွန်ပျူတာကို သိမ်းဆည်း သွားပါတယ်။

အဖမ်းခံရပြီး ထောင်ထဲမှာ ခါးရိုးထဲ အကြောညပ် သွားတဲ့အတွက် အောက်ပိုင်း မလှုပ်ရှား နိုင်တဲ့ အခြေအနေ ဖြစ်နေလို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က ကြည့်မြင်တိုင် အရိုး အထူးကု ဆေးရုံမှာ ပြသ ခွင့်ပြုခဲ့တဲ့ အကြောင်း RFA က တင်ပြခဲ့ပါတယ်။ ဒီ ဝေဒနာကြောင့် ခွဲစိပ်ကုသ ရမယ့် အခြေအနေမှာ ရှိတယ်လို့ ကိုခင်မောင်ထွေးက ပြောပါတယ်။

“ကျန်းမာရေး အခြေအနေက တော်တော် မကောင်းဘူး။ အစား အသောက်ကလည်း မကောင်းတော့ သွေးပေါင်တွေကျပြီး လူက လမ်းမလျှောက် နိုင်အောင် ဖြစ်နေပါတယ်။ ခါးက ခွဲစိပ်ကုသမှု ခံယူဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ နောက်တပတ် အင်္ဂါနေ့ကို ကြည်မြင့်တိုင် အရိုးအထူးကုမှာ သွားပြပြီးတော့ ကုသဖို့ အဖြေထုတ်မယ်လို့ ပြောပါတယ်”

ဦးနေမျိုးဇင်ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်နဲ့ ပတ်သက်ပြီး ရှေ့နေက တရား ဥပဒေအရ အယူခံဝင်ဖို့ ဆက်လက် ကြိုးပမ်း သွားမယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/nay-myo-zin-08262011114345.html

ရာဇဝင်ထဲက ဘုရင်မကို အကွက်ရွှေ့မှားသည့်အခါ

သွင်အောင် | သောကြာနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၂၀ မိနစ်

ကျနော်တို့ငယ်ငယ်က မိုးဝေကဗျာခေတ်ဆိုတာ ရှိခဲ့ဖူးတယ်လို့ အသက်ကြီးလာတဲ့အခါ ပြန်ကြားခဲ့ဖူး ပါတယ်။ အဲဒီ မိုးဝေကဗျာခေတ်ဆိုပြီး မိုးဝေမဂ္ဂဇင်းမှာ ကဗျာဆရာတွေရေးခဲ့တဲ့ ကဗျာတွေက ဖိနှိပ်မှုတွေကို ဆန့်ကျင်တော်လှန်တဲ့ သက်ရောက်မှုတွေနဲ့ ရေးခဲ့ကြတာလို့ဆိုပါတယ်။

အဲတုန်းက ကဗျာတပုဒ်ကို အဲဒီခေတ်ကို ကိုယ်တွေ့ဖြတ်သန်းခဲ့ဖူးတဲ့ နောင်တော် တယောက်ကပြန် ပြောပြလို့ သိခဲ့ပါတယ်။ အဲဒီကဗျာကတော့ ဆရာမောင်လေးအောင်ရဲ့ “နစ်ဆင်နှင့် စစ်တုရင်ထိုးခြင်း” ပါပဲ။ ကဗျာကတော့ ၁၉၆ဝ ကျော် ၇ဝ ကာလများက ဖြစ်ခဲ့တဲ့ အမေရိကန်-ဗီယက်နမ် စစ်ပွဲရဲ့ နောက်ခံ အကြောင်းအရာကို ကဗျာဆရာက စိတ်ကူးဉာဏ် ကွန့်ပြီးတော့ စပ်ထားခဲ့တာ ဖြစ်ပါတယ်။

နှစ်ပိုင်းကွဲနေတဲ့ ဗီယက်နမ်နိုင်ငံမှာ မြောက်ပိုင်းက ကွန်မြူနစ်နိုင်ငံ ဖြစ်နေပြီး၊ တောင်ပိုင်းကတော့ အမေရိကန်ရဲ့
ကျောကန်ပေးထားမှုနဲ့ ကွန်မြူနစ်ဆန့်ကျင်တဲ့ နိုင်ငံဖြစ်နေတာပါ။ တနိုင်ငံလုံးကို ပေါင်းစည်းပြီး ကွန်မြူနစ်
နိုင်ငံတော် တည်ထောင်ဖို့ မြောက်ပိုင်းက ကြိုးစားလာတဲ့အခါမှာ အမေရိကန်တို့က ကွန်မြူနစ်ဝါဒ မပြန့်ပွားစေဖို့
တောင်ပိုင်းကနေကူတိုက်ဖို့ ပြင်ဆင်နေကြချိန် ဖြစ်ပါတယ်။

တောင်ဗီယက်နမ်က ပြည်သူတွေထဲမှာ မြောက်ဗီယက်နမ်
ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ ယဉ်ကျေးမှု ကိုပြညွှန်းနေရာ သက်ရှိပြတိုက်ကြီး တခုပါပဲ။ ဧရာဝတီမြစ်ဟာ မြန်မာပြည်ရဲ့ အသက်
သွေးကြော ဆိုတာကိုလဲ မြန်မာပြည်မှာမွေး၊
မြန်မာပြည်မှာ ကြီးတဲ့သူတိုင်း သိကြပါတယ်။
မြစ်ကြီးကိုမှီပြီး ရေလုပ်ငန်း လုပ်ကိုင် စားသောက်နေကြရတယ်။ လယ်ယာ စိုက်ပျိုး လုပ်ကိုင်နေကြရတယ်။ လမ်းပန်း ဆက်သွယ်
ရေးတွေ ဖြောင့်ဖြူးနေကြရတယ်။ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းနေကြရတယ်။ ရာသီ ဥတုတွေ မှန်ကန်နေကြရတယ်။ ပတ်ဝန်းကျင်
ဂေဟ စနစ်တွေ မျှတနေရတယ်။ တိရစ္ဆာန် မျိုးစိတ်တွေ ရှင်သန်နေကြရတယ်။

ကို ထောက်ခံတဲ့ မြေအောက် တော်လှန်ရေးသမားတွေ ရှိနေ၊လှုပ်ရှားနေပြီ ဖြစ်ပေမယ့် တောင်ဗီယက်နမ် ပြည်သူ
တွေက တခဲနက်ထောက်ခံပြီး အစကထက် မြောက်ဗီယက်နမ် ရဲ့ ပေါင်းစည်းရေးလှုပ်ရှားမှုအတွက် ပိုမိုတက်ကြွစွာ လှုပ်ရှား လာစေခဲ့တဲ့ အဖြစ်အပျက်လေး တခုဟာ တောင်ဗီယက်နမ်ရဲ့ မြို့တော် ဆိုင်ဂုံမှာ ဖြစ်ပျက်ခဲ့ပါတယ်။

ကွန်မြူနစ်ဆန့်ကျင်ရေး မူဝါဒအရ အမေရိကန်ရဲ့ လွမ်းမိုးမှု ကိုခံနေရတဲ့ တောင်ဗီယက်နမ်က လူငယ် အချို့ဟာ အမေရိကန် လွှမ်းမိုးမှုအောက်က လွတ်မြောက်ပြီး ကွန်မြူနစ်ဝါဒကျင်သုံးတဲ့ ဗီယက်နမ်တနိုင်ငံတည်း ဖြစ်စေဖို့ ဗီယက်ကောင်း (Vietcong) လို့ခေါ်တဲ့ အမျိုးသား လွတ်မြောက်ရေး တပ်ဦးနဲ့ ဆက်သွယ်ပြီး မြေအောက် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။

အဲဒီအထဲက လူငယ်တယောက်ဖြစ်တဲ့ ငုယင်ဗန်ထျွိင်းဟာ အသက် ၁၇ နှစ်သာရှိသေးပြီး သူဟာ တောင်ဗီယက်နမ်
ကို ၁၉၆၃ ခု မေလအတွင်း အလည်အပတ် လာရောက်တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်မဂ္ဂနာမာရား
ကို လုပ်ကြံဖို့ကြိုးစားမှုနဲ့ တောင်ဗီယက်နမ် အစိုးရရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ သူ့ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။

၁၉၆၄ ခုအောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ ချီဟို (Chi Hoa) အကျဉ်းထောင်အတွင်း သတင်းထောက်များ
ရှေ့မှောက်မှာ သေနတ်နဲ့ပစ်သတ်ပြီး သူ့ကိုကွပ်မျက်ခဲ့ပါတယ်။ အခြားမြေအောက် တော်လှန်ရေးသမားတွေ
ကြောက်လန့်သွားအောင် သင်ခန်းစာပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းထောက်အများရှေ့မှာ ကွပ်မျက်ဖို့ အမေရိကန်ရဲ့ အကြံပေးချက်အရ တောင်ဗီယက်နမ်အစိုးရဟာ စဉ်းစားလုပ်ကိုင်ခဲ့တာလို့ ယူဆခဲ့ကြပါတယ်။

သူ့ပြည်သူတွေကို ဘယ်လောက်ချစ်ကြောင်း၊ သူ့တိုင်းပြည်ကို ဘယ်လောက်ချစ်ကြောင်း သတင်းထောက်တွေ
ကို ရဲရဲဝံ့ဝံ့ အော်ပြောရင်း ကိုယ်ထဲကို သေနတ်ကျည်ဆန် ဖောက်ဝင်သွားတဲ့အချိန်မှာတောင် အဖ ဗီယက်နမ် နိင်ငံတော် အဓွန့်ရှည်ပါစေလို့ နောက်ဆုံးထွက်သက်အထိ ရဲရင့်စွာ ပြည်သူတွေအတွက် ကြွေးကြော်သွားခဲ့တဲ့ ငုယင်ဗန်ထျွိင်းဟာ အမေရိကန်နဲ့ တောင်ဗီယက်နမ် အစိုးရတို့ရဲ့ ရည်ရွယ်ချက်ကို မှန်းချက်နဲ့ နှမ်းထွက်မကိုက်
စေခဲ့ပါဘူး။

သူ့ရဲ့ ရဲရင့်တဲ့ ရုပ်ပုံလွှာဟာ မြင်ရ၊ကြားရသူ တောင်ဗီယက်နမ် ပြည်သူတိုင်း၊ လူငယ်တိုင်းကို ဗီယက်နမ်
နိုင်ငံတော်အတွက် နိုးထဖို့ စေ့ဆော်ပေးနိုင်ခဲ့ပါပြီ။ အဲလိုနဲ့ တောင်ဗီယက်နမ်ပြည်သူတွေဟာ အမေရိကန်
ဆန့်ကျင်ရေး၊ ဗီယက်နမ်နိုင်ငံ တခုတည်း ထူထောင်ရေးတို့မှာ ရှေ့တန်းက စွန့်စွန့်စားစား တိုက်ပွဲဝင်လာခဲ့ကြပြီး
ကမ္ဘာ့ စူပါပါဝါ အမေရိကန်တပ်တွေ နောက်ဆုံးတော့ ဗီယက်နမ်ကနေ အကွဲကွဲ အပြဲပြဲ ပြန်ဆုတ်ပေးရတဲ့ အထိ
ဖြစ်ခဲ့ရပါတယ်။

အဲဒီအဖြစ်လေးကို ကဗျာဆရာမောင်လေးအောင် က “နစ်ဆင်နှင့် စစ်တုရင်ထိုးခြင်း" ဆိုပြီး ကဗျာဉာဏ် ကွန့်မြူးလို့
ရေးခဲ့တဲ့ မိုးဝေခေတ် ကဗျာလေးတပုဒ်ကို ကျနော်သိခွင့်ရခဲ့တာပါ။

ဆရာမောင်လေးအောင်က အဲဒီ အချိန်က အမေရိကန်သမ္မတဖြစ်တဲ့ နစ်ဆင်ဟာ ငုယင်ဗန်ထျွိင်းရဲ့ ကိစ္စကို အခြား
တော်လှန်ရေးသမားတွေ ကြောက်သွားအောင် သတင်းသမားတွေရှေ့မှာ သင်ခန်းစာအဖြစ် ကွပ်မျက်ခိုင်းလိုက်တာ
ဟာ စစ်တုရင်ပွဲတခုမှာ အကွက်ရွှေ့မှားသွားတာမျိုးပဲဖြစ်ပြီး အဲဒါကြောင့်လဲ တပွဲလုံးရှုံးသွားရသလို စစ်ရှုံးသွားရတာ လို့ နှိုင်းယှဉ်ပြီး စိတ်ကူးဉာဏ် ကွန့်မြူးရေးထားတဲ့ ကဗျာလေးပါ။

အချိန်တွေကြာလာတော့ အဲဒီကဗျာလေးကို မေ့တောင်နေပါပြီ။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီလို အဖြစ်အပျက်လေးတခု အခုဖြစ်နေပြီလို့ ခံစားလိုက်ရလို့ ကဗျာလေးကို ကျနော်ပြန် အမှတ်ရ လာမိပါတယ်။

အခုတကြိမ် အကွက်ရွှေ့မှားသွားတာကတော့ မြန်မာပြည်က မျက်နှာဖုံး အမျိုးမျိုးပြောင်းတပ်နေတဲ့ စစ်ဗိုလ်ချုပ် တစုပဲ ဖြစ်ပါတယ်။ သူတို့ဟာ တော်ရုံ အကွက်မှားရွှေ့တာ မဟုတ်ပါဘူး။ တဘက်က ဘုရင်မကြီးကို အပိုင်ဆိုပြီး သွားချက်(Chess Mate) လိုက်ကာမှ ကိုယ့်ဘုရင်ကြီးကို အစားခံရမယ့်အကွက် (တခါတည်းရှုံး မယ့်အကွက်) ပွင့်ထွက် သွားရတာပါ။ တကွက်တည်းနဲ့ မဟုတ်တောင် နောက်နှစ်ကွက်၊ သုံးကွက်ထက် မပိုတော့ပါ။ ရှုံးကွက် ပွင့်သွားခဲ့ရပါပြီ။

သူတို့အပိုင်ဆိုပြီးသွား ချက်လိုက်တဲ့ ဘုရင်မကြီးကတော့
ဆည်ကြီးက ရေတွေကိုထိန်း လိုက်ပြီ ဆိုတော့
မြစ်ရဲ့ ရေစီးရေလာက ဆည်ကြီးက ရေလွတ်
ပေးမှုပေါ်ကိုပဲ တည်သွားမှာပါ။ အဲ့တော့ တခါတလေ ရေစီးမယ်။ တခါတလေ ရေမရှိ ဘဲနေမယ်။ တခါတလေ ရေတွေ တလဟော ထိုးစီးမယ်။ စီးလာမယ့်ရေက ဆည်ထဲက
လှောင်ရေတွေမို့ သန့်ရှင်းမှာမဟုတ်ပါ။ အဲ့တော့ ရေကြောင်း သွားလာရေး ပျက်မယ်။
ရေတွေကြီး မယ်။ မြစ်ကိုမှိပြီးနေတဲ့ တိရစ္ဆာန်
တွေသေကြေမယ်။ ရေလုပ်ငန်း လုပ်နေတဲ့သူ
တွေ ထမင်းငတ်မယ်။ မြစ်ထဲ မှာရေမရှိလို့
မြစ်ဝ ကျွန်းပေါ်မှာ ပင်လယ်ရေတွေ ဝင်လာ မယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်ဆီးကုန် မယ်။
မြန်မာပြည်က ရာဇဝင်များရဲ့ သတို့သမီး ဧရာဝတီမြစ်ကြီး ပဲ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ကြီး မွေးဖွားရာ မြစ်ဆုံအရပ်မှာ ဆည်ကြီးဆောက်ပြီး လျှပ်စစ်ဓါတ်အားတွေထုတ်ဖို့ တရုတ်
နိုင်ငံနဲ့ သဘောတူခဲ့တာပါပဲ။ တကယ်တော့ အဲဒီလုပ်ရပ်ဟာ ရိုးရိုးအမှားတခုတင် မဟုတ်ပါဘူး။

အမေရိကန် နိုင်ငံသားတွေဟာ မစ္စစပီမြစ်ကြီးအတွက် ဂုဏ်ယူကြပါတယ်။ အီဂျစ်တွေကလဲ နိုင်းလ် မြစ်ကြီး
ကြောင့် ဂုဏ်ယူပါတယ်။ တရုတ်ပြည်သားတွေကလဲ ယန်စီမြစ်ကြီးကြောင့်ပေါ့။ နိုင်ငံသားတိုင်းဟာ သူတို့
နိုင်ငံတွေရဲ့ အဓိက မြစ်ကြီးတွေကြောင့် ဂုဏ်ယူ ဝင့်ကြွား ကြပါတယ်။ ကိုရီးယားသားတွေကလဲ ဟန်မြစ်ကြီးပေါ့။
မြစ်ကြီးတွေနဲ့ ပတ်သက်ပြီး အိပ်ရာဝင်ပုံပြင်တွေလဲ အများကြီး မွေးဖွားခဲ့ကြပါတယ်။ နိုင်ငံရဲ့ ယဉ်ကျေးမှု တခု အနေနဲ့လည်း တန်ဖိုးထားကြပါတယ်။

ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကိုပြညွှန်းနေရာ သက်ရှိပြတိုက်ကြီး တခုပါပဲ။ ဧရာဝတီမြစ်ဟာ
မြန်မာပြည်ရဲ့ အသက်သွေးကြော ဆိုတာကိုလဲ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာ ကြီးတဲ့သူတိုင်း သိကြပါတယ်။
မြစ်ကြီးကိုမှီပြီး ရေလုပ်ငန်း လုပ်ကိုင် စားသောက်နေကြရတယ်။ လယ်ယာ စိုက်ပျိုး လုပ်ကိုင်နေကြရတယ်။ လမ်းပန်း ဆက်သွယ်ရေးတွေ ဖြောင့်ဖြူးနေကြရတယ်။သဘာဝပတ်ဝန်းကျင် စိမ်းလန်းနေကြရတယ်။ ရာသီဥတုတွေ မှန်ကန်နေကြရတယ်။ ပတ်ဝန်းကျင်ဂေဟ စနစ်တွေ မျှတနေရတယ်။ တိရစ္ဆာန်မျိုးစိတ်တွေ ရှင်သန်နေကြရတယ်။

မြစ်ဆုံဆိုတာ အားလုံးသိကြတဲ့အတိုင်း မေခနဲ့မလိခ မြစ်နှစ်သွယ်ပေါင်းပြီး ဧရာဝတီမြစ်ဆိုတာ စတင်ဖြစ်ပေါ်ရတဲ့
နေရာပါ။ အဲဒီ ဧရာဝတီမြစ်ကြီးကြောင့်လည်း အထက်ကပြောခဲ့သလို အကျိုးကျေးဇူးတွေရနေ ကြရတာပါ။ မြစ်ဆုံမှာ အခုတော့ စင်္ကာပူနိုင်ငံ အကျယ်အဝန်းထက် ကြီးတဲ့ဆည်ကြီးတခု ဆောက်တော့မယ်လို့ စစ်အုပ်စုက လုပ်နေကြပါပြီ။ အဲ့လိုလုပ်လို့ ပြည်သူတွေဘာဖြစ်မလဲ တချက်ကြည့်ကြည့်ရအောင်။

အရင်ဆုံးတော့ ဆည်ဆောက်မယ်ဆိုတဲ့ နေရာကကျေးရွာပေါင်း ၅ဝ နီးပါးနဲ့ ကျေးရွာနေလူထု ၂ သောင်းကျော်က သူတို့မွေးရပ်နေရာဒေသတွေကို စွန့်ခွာပြီး ရွှေ့ပြောင်းပေးကြရမှာပါ။ ဘိုးစဉ်ဘောင်ဆက် နေလာခဲ့တဲ့နေရာတွေကို ရုတ်တရက်စွန့်ခွာပြီး နေရာစိမ်းမှာ ဘဝတခုကိုချက်ချင်း တည်ဆောက်ဖို့ဆိုတာ လုံးဝမလွယ်ပါဘူး။ ဒါက ပထမဆုံး ဒုက္ခရောက်ကြရမယ့် ဘဝတွေပါ။

နောက်တခုကတော့ မြစ်ကြောင်းတလျှောက်က လူထုရဲ့ကံကြမ္မာပါပဲ။ ဆည်ကြီးက ရေတွေကိုထိန်း လိုက်ပြီဆိုတော့
မြစ်ရဲ့ရေစီးရေလာက ဆည်ကြီးက ရေလွတ်ပေးမှုပေါ်ကိုပဲ တည်သွားမှာပါ။ အဲ့တော့ တခါတလေရေစီးမယ်။ တခါတလေ ရေမရှိဘဲနေမယ်။ တခါတလေ ရေတွေတလဟောထိုးစီးမယ်။ စီးလာမယ့်ရေက ဆည်ထဲကလှောင်ရေ
တွေမို့ သန့်ရှင်းမှာ မဟုတ်ပါ။

အဲ့တော့ ရေကြောင်းသွားလာရေးပျက်မယ်။ ရေတွေကြီးမယ်။
အဲဒီဆည်ကရမယ့် လျှပ်စစ်ဓါတ်အား ကိုလည်း တရုတ်ပြည်ကိုပဲ တင်ပို့ရောင်းချမှာပါ။ ရရှိမယ့် အကျိုးဆက် ဓါတ်အားတွေက မြန်မာပြည်သူ
တွေ အတွက် ဖြစ်ဦး၊ ဒီလိုကိုယ့်အိမ်ခေါင် ကိုယ်မီးနဲ့ ရှို့မယ့် အလုပ်ကိုတော့ ဘယ်သူမှ အားပေးမှာ မဟုတ်။ အခုတော့ ရရှိမယ့် အကျိုး ရလဒ်ကလည်း သူများဆီ သွားဦးမည်တဲ့။ ဗိုလ်ချုပ်တွေ အိတ်ထဲတော့ မြိုးမြိုးမျက်မျက် ဝင်မှာပေါ့။ ဒီကိစ္စကို စစ်အုပ်စုက အပိုင်ဆိုပြီး လုပ်နေကြပြီ။
မြစ်ကိုမှီပြီးနေတဲ့ တိရစ္ဆာန်တွေ သေကြေမယ်။ ရေလုပ်ငန်း လုပ်နေတဲ့သူတွေ ထမင်းငတ်မယ်။ မြစ်ထဲမှာ ရေမရှိလို့
မြစ်ဝကျွန်းပေါ်မှာ ပင်လယ်ရေတွေ ဝင်လာမယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေ ပျက်ကုန်မယ်။ ရောဂါဘယတွေ ထူပြောမယ်။
မြစ်ရေနဲ့ပေါက်တဲ့ ဒီရေတောတွေ သေမယ်။ မြစ်ကိုမှီနေရတဲ့ သစ်တောတွေ သေကြေမယ်။ ရာသီဥတုဖောက်ပြန်မယ်။
နောက်ထပ် "နာဂစ်"တွေ အများကြီး ရောက်လာဦးမယ်။

အဓိက,ကတော့ မြန်မာပြည်သူတွေရဲ့ အသဲနှလုံးကို ရင်ထဲ
က ဆွဲထုတ်သွားတာပါပဲ။ ဒီလိုတွေ ဖြစ်လာရင်တော့ နိင်ငံ ဂုဏ်ဆောင်မြစ်ကြီး ကောရတော့မှာပါ။ သေဆုံးရတော့မှာ
ပါ။ မြစ်ကြီးနဲ့အတူ မွေးဖွားလာတဲ့ ဧရာဝတီ ပုံပြင်တွေ၊ သီချင်းတွေ၊ ကဗျာတွေဟာ မြစ်ကြီးနဲ့ အတူ သေဆုံး သွားရတော့မှာပါ။

ဒီနေရာမှာ တချိန်ကတော့ ဧရာဝတီဆိုတဲ့ မြစ်ကြီးတစင်း ရှိခဲ့ဖူးတယ်ပြောတာပဲ ဆိုတဲ့ စကားလေးပဲ ကျန်ခဲ့တော့
မှာပါ။ ဘဝတွေ၊ အသက်တွေ၊ တည်ငြိမ်မှုတွေ ပျောက်ဆုံးသွားရတော့မှာပါ။ တိုင်းပြည်ရဲ့ စပါးကျီကို တွန်းလှဲ ခံကြရတော့မှာပါ။ မြန်မာပြည်သားတွေ ဂုဏ်ယူခဲ့ရတဲ့ ယဉ်ကျေးမှုကို ကွပ်မျက်ပစ်ကြတော့မှာပါ။ ဧရာဝတီ
သေဆုံးရတော့မှာပါ။

စစ်အုပ်စုက အဲဒီမြစ်ကြီး မွေးဖွားရာအရပ်မှာ မြစ်ကိုသင်းသတ်ဖို့ ကြံနေကြပါပြီ။ အဲဒီဆည်ကရမယ့် လျှပ်စစ်ဓါတ်အား ကိုလည်း တရုတ်ပြည်ကိုပဲ တင်ပို့ရောင်းချမှာပါ။ ရရှိမယ့်အကျိုးဆက် ဓါတ်အားတွေက မြန်မာပြည်သူတွေ အတွက်
ဖြစ်ဦး၊ ဒီလိုကိုယ့်အိမ်ခေါင် ကိုယ်မီးနဲ့ရှို့မယ့် အလုပ်ကိုတော့ ဘယ်သူမှ အားပေးမှာမဟုတ်။ အခုတော့ ရရှိမယ့် အကျိုးရလဒ်ကလည်း သူများဆီသွားဦးမည်တဲ့။ ဗိုလ်ချုပ်တွေ အိတ်ထဲတော့ မြိုးမြိုးမျက်မျက် ဝင်မှာပေါ့။ ဒီကိစ္စကို စစ်အုပ်စုက အပိုင်ဆိုပြီး လုပ်နေကြပြီ။

အပိုင်တွက် လုပ်ပေမယ့် သူတို့ရှုံးရတော့မှာကို တဘက်က ထင်ရှားစွာပြနေလေပြီ။ ပြည်သူက ငြိမ်မနေတော့။ တခြားဟာဆို ကြောက်လို့ပဲဖြစ်ဖြစ်၊ စိတ်ကုန်လွန်းနေလို့ပဲဖြစ်ဖြစ် ရေငုံနေ၊ မျက်စိပိတ်နေချင်နေကြမည်။ ဒါကို
တော့ ဆွံအမနေကြတော့။ အသံတွေက ကျယ်လောင်လာကြပြီ။ ဆင်းရဲသည့်ဒါဏ်ကို ခါးစည်းခံနေကြရပေမယ့် အတတ်နိုင်ဆုံး ငြိမ်နေခဲ့ကြသည်။

စစ်ဘေးစစ်ဒါဏ်တွေကို ဆိုးရွားစွာ ခံနေကြရပေမယ့်
အပိုင်တွက် လုပ်ပေမယ့် သူတို့ရှုံးရတော့မှာကို တဘက်က ထင်ရှားစွာပြနေလေပြီ။ ပြည်သူက ငြိမ်မနေတော့။တခြားဟာဆို ကြောက်လို့ပဲ
ဖြစ်ဖြစ်၊ စိတ်ကုန်လွန်းနေလို့ပဲဖြစ်ဖြစ် ရေငုံနေ၊ မျက်စိပိတ် နေချင်နေကြမည်။ ဒါကိုတော့ ဆွံအ မနေကြတော့။ အသံတွေက ကျယ်လောင် လာကြပြီ။
ဥပက္ခာ ထား၍ ခေါင်းငုံ့နေခဲ့ကြသည်။ ချစ်သောသူများ ကြက်ကလေး၊ ငှက်ကလေးလို သေကြေ နေကြရသည်ကို မျက်ရည်ဝဲလျက် အံကြိတ်ခံနေခဲ့ကြသည်။ ယခုကတော့ နောက်ဆုံးခံတပ်ကို
ထိပါးလာနေသည်ကို အားလုံးခံစားအသိနှင့် သိနေကြပါပြီ။ ဒုက္ခတွင်းထဲ တွန်းချထားရုံ အားမရသေးဘဲ တသက်လုံးပြန် မတက်နိုင်အောင် လုပ်နေသည်ကို ငြိမ်နေ၍ မရတော့မှန်း သိနေကြပါပြီ။ လူကိုဒုက္ခပေးယုံနဲ့ အားမရဘဲ ရင်ဘတ်ထဲ
အထိ ဒုက္ခပေးရန်လုပ်နေကြတာကို မြင်နေကြပြီ။ အလွှာစုံက တုံ့ပြန်ကြတော့မယ်။

ပြည်သူတွေ လုပ်သင့်တာကို လုပ်နေကြပါပြီ။ တရုတ်နိုင်ငံကိုယ်တိုင်ပင် ဧရာဝတီမြစ်ဆုံဆည် ဆောက်ရန်ကိစ္စကို ပြည်သူတွေ ဤမျှလောက် အသံထွက်၍ ကန့်ကွက်လာလိမ့်မည် မထင်ခဲ့။ ယခုမျက်မြင်တွေ့ရချိန်တွင် အံအား သင့်သွားကြလေပြီ။ ဧရာဝတီကို အကြောင်းပြု၍ ပြည်သူတွေ မိမိတို့မှာရှိနေတဲ့ မေ့လျော့နေကြတဲ့ အားတွေကို
ပြန်လည် အမှတ်ရ၊ သိရှိခံစားမိလာကြပါတော့မယ်။

၁၉၈၈ တုန်းက ပြည်သူ့အင်အားတွေ၊ အစွန်းကုန် ရက်စက်တဲ့ အာဏာရှင်တွေကို ရော်ဝါရွက်ခြွေသလို ခြွေပစ်ခဲ့တဲ့ မိမိတို့အားတွေ အပြည့်ရှိနေသေးတာကို ဉာဏ် အလင်းရသလို သိရှိလာကြတော့မယ်။ ဒါဆိုလျှင် ဧရာဝတီကို
ရေမစီးနိုင်အောင် လုပ်နေသူတွေကို ဧရာဝတီရေစီးတွင် မျှောပစ်နိုင်ရန် မဝေးတော့ပါပြီ။ ပြည်သူများမှ မိမိတို့အားကို မိမိတို့ ယုံယုံကြည်ကြည်နှင့် နောက်အကွက်များ ဆက်ရွှေ့ရန်သာ လိုပါတော့တယ်။ စစ်အုပ်စု၏ အကွက်ရွှေ့ အမှားကား စစ်အာဏာရှင်တို့၏ နေ့ရက်များကို ကုန်ဆုံးစေတော့မည်မှာ အမှန်မလွဲပင် ဖြစ်နေပါပြီဟု လေးစားစွာ တင်ပြလိုက်ရပါတယ်။

http://www.mizzimaburmese.com/edop/songpa/8220-2011-08-26-06-59-41.html

နိုင်ငံရေးအကျဉ်းသား လွှတ်ရေးအဆို တပ်မတော်သား အမတ်များပါ ထောက်ခံ


မျိုးသန့် | သောကြာနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၄၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ သောကြာနေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးတွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပတ်သက်သည့် အဆိုသည် လွှတ်တော် ဆွေးနွေးပွဲများ အတွင်း ထောက်ခံ
ဆွေးနွေးသူ အများဆုံးရရှိခဲ့သည့် အဆိုတခုဖြစ်ကာ တပ်မတော်သား လွှတ်တော်အမတ်များပါ ပထမဆုံးအကြိမ် ဝင်ရောက်ထောက်ခံ ဆွေးနွေးသည့် အဆိုတခုဖြစ်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် အမတ်များက ပြောသည်။

မတ်လအတွင်းက ကျင်းပခဲ့သည့် လွှတ်တော် စည်းဝေးပွဲများနှင့် ယခု ကျင်းပဆဲ လွှတ်တော် အစည်းအဝေးများ
တွင် တင်သွင်းခဲ့သည့် အဆိုတခုကို ထောက်ခံဆွေးနွေးမှုမှာ အမတ် ၁ ဦးမှ ၄ ဦး အထိသာ ရှိခဲ့သည်။

သို့သော် ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့် ကြာသပတေးနေ့တွင် တင်သွင်းခဲ့သည့် “ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတမှ ထုတ်ပြန်ပေးရေး” အဆိုကို ပြည်သူ့ လွှတ်တော်တွင် သောကြာနေ့က ဆွေးနွေးရာ၊ တိုင်းရင်းသားပါတီများမှ လွှတ်တော်အမတ်များ သာမက တပ်မတော်သား အမတ်များ၊ စုစုပေါင်း ၁၃ ဦး ဆွေးနွေး ထောက်ခံခဲ့ကြခြင်းကြောင့် ထောက်ခံမှု အများဆုံးရသည့် အဆိုတခုဟု လွှတ်တော်အမတ်များက ပြောကြသည်။
meetlotdaw1

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပတ်သက်သည့် အဆိုကို တပ်မတော်သား လွှတ်တော်အမတ်များ ပထမဆုံးအကြိမ် ဝင်ရောက်ထောက်ခံ ဆွေးနွေး (ဓါတ်ပုံ မဇ္ဈိမ)

၂၅ ရာခိုင်နှုန်းဝေစုမှ တပ်မတော်သား လွှတ်တော် အမတ်များဖြစ်သည့် ဗိုလ်မှူးကြီး ဋ္ဌေးလှိုင်၊ ဗိုလ်မှူးကြီးတင့်ဆန်း
တို့မှ အချို့သော တပ်မတော်သားများသည် အကြောင်းအမျိုးမျိုးကြောင့် အရပ်ဘက် တရားရုံးမှ ပြစ်ဒဏ်များ ကျခံခဲ့ရပြီး ထိုသူများသည် နိုင်ငံအတွက် အလုပ်လုပ်ခဲ့သူများ ဖြစ်ခြင်းကြောင့် ထိုသူများပါ လွတ်ငြိမ်းချမ်းသာခွင့်
တွင် ပါဝင်စေလိုသည့် အတွက် ဦးသိန်းညွန့်၏ လွတ်ငြိမ်းချမ်းသာခွင့် အဆိုကို ထောက်ခံကြောင်း ဆွေးနွေး သွားကြသည်။ တနေ့ထဲမှာပင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားရုံးက ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အီလက်ထရောနစ် ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သည်။

ယင်းကဲ့သို့ တပ်မတော်သား လွှတ်တော်အမတ်များ ပါဝင်ဆွေးနွေးခြင်းမှာ ပထမဆုံး ဖြစ်ကြောင်းလည်း ပြည်သူ့ လွှတ်တော် အမတ် ဦးခိုင်မောင်ရည်က ဆိုသည်။

“ ဒါ ပထမဦးဆုံး ဆွေးနွေးခြင်းပဲ ဆွေးနွေးတဲ့သူတွေကလည်း ဗိုလ်မှူးကြီးအဆင့် ရှိသူတွေ ထိပ်ဆုံးမှာ ထိုင်တဲ့
နှစ်ယောက် ခုံနံပတ် ၁၊ ၂ အဲဒီမှာထိုင်တဲ့ နှစ်ယောက်က ထဆွေးနွေးသွားတာ” ဟု မဇ္ဈိမကို ပြောသည်။

ဦးသိန်းညွှန့်၏ အဆိုပါ အဆိုကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အပါအဝင် တိုင်းရင်းသား ပါတီများ
ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ဖလုံစဝေါ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းတိုးတက်ရေး ပါတီများမှ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ခွဲထွက်ကာ ပါတီသစ်ထောင်ခဲ့သူ ဦးသိန်းညွန့်၏ အဆိုကို အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဦးစိုးဝင်းနှင့် ဒေါက်တာ သန်းဝင်းတို့မှလည်း ထောက်ခံခဲ့ကြသည်။ သို့သော် ကြံ့ဖွံ့အမတ်များဖြစ်သည့် ဦးစံလင်းနှင့် ဒေါ်လဲ့လဲ့ဝင်းဆွေတို့မှ ကန့်ကွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဦးသိန်းညွန့်၏ အဆိုတွင် “ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာ
ခွင့် သမ္မတမှ ထုတ်ပြန်ပေးရေး” ဟု သုံးနှုန်းထားခြင်းကြောင့် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှ
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဆက်လက် တင်ပြပေးရန် လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မေတ္တာရပ်ခံခဲ့
ခြင်းကြောင့် ဒုဗိုလ်ချုပ်ကြီး ကိုကိုမှ သမ္မတထံ ဆက်လက် တင်ပြပေးမည် ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သည့် အဆိုကို ဦးသိန်းညွန့်မှ ယခုလ ၈ ရက်နေ့တွင် လွှတ်တော်ရုံး တင်ပြထားခဲ့ပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်တဦးဖြစ်သူ သူရဦးအေးမြင့်မှလည်း လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်
သည့် အဆိုကို ယခုလ ၂ဝ ရက်နေ့တွင် လွှတ်တော်ရုံးသို့ တင်ပြထားသည်ဟု သိရသည်။

သောကြာနေ့ လွှတ်တော် ဆွေးနွေးပွဲများတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သည့် ယင်းအဆိုကို
ဆွေးနွေးသူများခြင်းကြောင့် ယင်းအဆို တခုတည်းသာ ဆွေးနွေးခဲ့ကြသည်ဟု ပြည်သူ့လွှတ်တော် အမတ်များက
ပြောကြသည်။

ပြည်သူ့လွှတ်တော်၏ မေးခွန်းများတွင် ဦးသိန်းညွန့်မှ မေးမြန်းသည့် မေးခွန်းဖြစ်သည့် သင်္ကန်းကျွန်းမြို့နယ်မှ လူကုန်ကူးခံရသူ ၂၆ ဦး နှင့်ပတ်သက်သည့် မေးခွန်းကို အလုပ်သမားဝန်ကြီး ဦးအောင်ကြည်မှ လူကုန်ကူးမှု ကျူးလွန်သူဟု ယူဆရသူ ဦးကျော်မြင့်ကို ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်ကြောင်း ဖြေသည်။

ယင်းအပြင် ရှေ့နေ စာမေးပွဲများ ပြန်လည် ကျင်းပခွင့်၊ လိုင်စင် သိမ်းခံရသူများ အတွက် ပြန်ထုတ်ပေးရန် ရှိမရှိကို ဦးသိန်းညွန့်မှ မေးမြန်းရာ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှ “ တရားရုံးမှ သတ်မှတ်ထားသည့် ဥပဒေ ၁၂/၇ အရ ရှေ့နေ စည်းကမ်း မလိုက်နာသူများကို ရှေ့နေ လိုင်စင် ပြန်ထုတ်ပေးရန် မရှိပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဦးသိန်းညွန့်၏ နောက်ထပ်မေးခွန်းတခုဖြစ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တရားရုံးများ တခါးဖွင့်ပြီး
ပြည်သူ့ရှေ့တွင် တရားစီရင်ရန် ဖေါ်ပြထားသော်လည်း အင်းစိန်ထောင်တွင် အထူးတရားရုံးများ ဖွင့်ကာ တခါးပိတ် စစ်ဆေးနေခြင်းသည် ဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ မေးသည်ကို ပြည်ထောင်စု တရားသူကြီးချုပ်မှ အထူးတရားရုံးများ လုပ်ရခြင်းသည် သက်သေများ တရားခံများ၏ လုံခြုံရေးအရ၊ လုပ်ရခြင်းဖြစ်ပြီ မြန်မာပြည်တွင် တခါးပိတ် စစ်ဆေးခြင်းမရှိပါဟု ပြန်လည် ဖြေကြားသည်။

ုယင်းအပြင် ဦးသိန်းညွန့်မှ သင်္ဘောသားများ ကားသွင်းခွင့်ရှိမရှိ မေးခွန်းကို မေးမြန်းခဲ့ရာ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်မှ ပို့ကုန်သွင်းကုန် စည်းကမ်းအတိုင်း လုပ်နေခြင်းကြောင့် သင်္ဘောသားများ ကားသွင်းခွင့် မရှိကြောင်း
ဖြေသည်။

သောကြာနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော် အမတ် ဦးခက်ထိန်နန်က ဖားကန့်ဒေသရှိ ကျောက်စိမ်းများကို ရေရှည် စနစ်တကျ ထိန်းသိမ်း တူးဖေါ်ရေးအဆို တင်သွင်းရာ အမျိုးသား လွှတ်တော် အမတ်များအားလုံး သဘောတူလက်ခံခဲ့ကြသည်။

ဦးခက်ထိန်နန်၏ အဆိုကို သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်က ဖြည့်စွက် ဆွေးနွေးရာတွင် အဆိုပါ ဒေသအတွင်းရှိ
ကျောက်စိမ်းလုပ်ကွက်များကို လျှော့မည်ဖြစ်ကာ တိုင်းရင်းသား အမည်ခံ တရုတ်လူမျိုးများ၏ လုပ်ငန်းခွင်အတွင်း ကြီးစိုးမှုများကိုလည်း စိစစ်သွားရန် ရှိသည်ကြောင်း ဖြေကြားသည်ဟု အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းဖြင့်အောင်က ဆိုသည်။

“ လုပ်ကွက်တွေကို လျော့ပါမယ် စက်တွေနဲ့ တူးတာတွေလည်း လျှော့ပါမယ်၊ တိုင်းရင်းသား အမည်ခံပြီးတော့ တရုတ်တွေ ကြီးစိုးနေတာတွေကိုလည်း သက်ဆိုင်ရာ ကချင်ပြည်နယ် အစိုးရနေပြီးတော့ စနစ်တကျ စစ်ဆေး ပါမယ် ဒေသခံတွေ ဦးစားပေးတဲ့ စနစ်ကို ကျင့်သုံးမယ် အဲဒီလိုပြောပါတယ်” ဟု ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို
ပြောသည်။

ယင်းအပြင် အမျိုးသား လွှတ်တော်တွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်မှ အလုပ်သမားများနှင့် ပတ်သက်
သည့် ဥပဒေမူကြမ်းကို တင်သွင်သွားပြီး အဆိုပါမူကြမ်းကို လာမည့် တနင်္လာနေ့တွင် လွှတ်တော်မှ ဆက်လက်
ဆွေးနွေးမည် ဖြစ်သည်။

ဦးအောင်ကြည်၏ ဥပဒေမူကြမ်းတွင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းနိုင်ရန်၊ အလုပ်သမားများမှ မကျေနပ်ချက်များ ရှိပါက သက်ဆိုင်ရာ၏ အစီအစဉ်ဖြင့် ဆန္ဒပြခွင့် အလုပ်ရှင် အဖွဲ့အစည်းများ ဖွဲ့စည်းရေး စသည့်အချက်များ ပါဝင်ကြောင်း ဥပဒေမူကြမ်းကို ဖတ်ခွင့်ရသူ ဦးဖုန်းမြင့်အောင်က ဆိုသည်။

အမျိုးသားလွှတ်တော်၏ သောကြာနေ့ အဆိုများတွင် အမျိုးသား လွှတ်တော် အမတ် ဦးခင်ရွှေ၏ ဒေါ်လာဈေး
ပြန်လည်သတ်မှတ်ပေးရန် အဆိုကို တနင်္လာနေ့တွင် ဆွေးနွေးရန်ရှိပြီး ဦးခင်ရွှေ၏ နောက်ထပ် အဆိုတခုဖြစ်သည့် ခရီးသွား လုပ်ငန်းများကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ဝန်ကြီးဌာနမှ ဦးစီးမှုမရှိဘဲ ဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များ အပါအဝင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းရန် အဆိုကိုလည်း လွှတ်တော်မှ အတည်ပြုပေးခဲ့သည်။

သောကြာနေ့ လွှတ်တော်များကို နံနက် ၁ဝ နာရီတွင် စတင်ကြကာ၊ ပြည်သူ့လွှတ်တော်သည် မွန်းလွဲ ၂း၃ဝ တွင်ပြီးဆုံးကာ အမျိုးသားလွှတ်တော်သည် ညနေ ၄း၁၅ တွင် ပြီးဆုံးသည်။ လွှတ်တော် နှစ်ရပ်သည် စနေ၊ တနင်္ဂနွေတွင် ခေတ္တ ရပ်နားကာ တနင်္လာနေ့တွင် ပြန်လည် စတင်မည်ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/8224-2011-08-26-15-28-23.html

နိုင်ငံရေး အကျဉ်းသားများအား လွှတ်မပေးနိုင်သေး


ရန်ပိုင် Friday, 26 August 2011 13:37

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုကြောင်း သေချာသည့် အချိန်ကျမှသာ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးမည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

ယခုအစိုးရသည် သဘောထားပျော့ပြောင်းကြောင်း၊ နိုင်ငံတော်၏ လုပ်အားစုများကို အဆုံးအရှုံးခံပြီး အကျဉ်းထောင်ထဲ ထည့်ထားခြင်းမျိုးအား မည်သည့်အစိုးရကမျှ ပြုလုပ်လိုမည် မဟုတ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့် အယှက် မပြုကြောင်း သေချာသည့် အချိန်တွင် အကျဉ်းသားများအား ပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်း မစ္စတာကင်တားနား၏ တောင်းဆိုချက်ကို ဦးခင်အောင်မြင့်က ဖြေကြားသည်ဟု ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

မစ္စတာကင်တားနားသည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အပါအ၀င် မိမိနှင့် အာဆီယံနိုင်ငံများက အကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားမှုကို ရုပ်သိမ်းပြီးနောက် နိုင်ငံအတွက် အကျိုးရှိစေမည့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေသည့် နည်းတူ တခြားသူများအား လွှတ်ပေးခြင်းဖြင့် အလားတူ အကျိုးသက်ရောက်မှု ရှိမည်ဟု ယုံကြည်ကြောင်း မစ္စတာကင်တာနားပြောဆိုသည်ဟု ရေးသားထားသည်။

ထို့အပြင် အင်းစိန်ထောင်သို့ သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသား ကိုညီညီထွန်း၊ ကိုဖြိုးဝေအောင် အပါအ၀င် အကျဉ်းသားနှင့် အချုပ်သား ၆ ဦး၊ အကျဉ်းသူ ၁ ဦးတို့ကိုလည်း တွေ့ဆုံခဲ့သည်။

မစ္စတာကင်တားနားသည် ယမန်နေ့က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ပြီး မထွက်ခွာမီ ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အစိုးရအား ယခုထက်ပိုမို လုပ်ဆောင်ရန် တိုက်တွန်း ထားသည့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် မြန်မာနိုင်ငံ၌ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများကို စုံစမ်းစစ်ဆေးနေစဉ် အတောအတွင်း ရိုက်နှက်ခြင်း၊ လိင်အင်္ဂါအပါအ၀င် ခန္ဓာကိုယ်၏ တချို့ အစိတ်အပိုင်းများအား မီးရှို့ကာ နှိပ်စက်ညှဉ်းပမ်းခြင်း၊ နာမကျန်း ဖြစ်နေစဉ် ဆေးဝါးကုသမှု လုံလောက်စွာမပေးခြင်း၊ အစာရေစာဖြတ်တောက်ခြင်း၊ အိပ်စက်ခြင်းခွင့် မပေးခြင်းများရှိကြောင်း၊ ထို့အပြင် အကျဉ်းသားများကို စစ်တပ်၏ ပေါ်တာအဖြစ် အဓမ္မ လုပ်အားပေးခိုင်းစေခြင်းများလည်း ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် စိုးရိမ်သည်ဟု ဖော်ပြထားသည်။

မစ္စတာ ကင်တားနားသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထဲရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်လှမင်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲချုပ် ဇော်ဝင်းတို့နှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့သေးသည်။

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တွေဆုံစဉ် မစ္စတာကင်တာနားက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ များကိစ္စကိုပြောဆိုရာ၌ ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိဘဲ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ် ကျခံရသူများသာ ရှိကြောင်း ပြန်လည်ပြောဆိုသည် ဟု သတင်းစာတွင် ရေးသားထားသည်။

ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုကလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသည့် အကျဉ်းသား ဆိုသူများတွင် မူးယစ် ဆေးဝါးမှု၊ လူသတ်မှု၊ ဗုံးဖောက်ခွဲမှု၊ သောင်းကျန်းသူများ၊ တခြားပြစ်မှုများနှင့် အကျဉ်းကျသူများ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရသစ် ပေါ်ပေါက်ပြီးနောက် သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်ကြောင်း၊ အခါအားလျော်စွာ လွတ်ငြိမ်း ချမ်းသာခွင့်ကို ဆက်လက်ပေးသွားမည် ဖြစ်ကြောင်း မစ္စတာကင်တာနားက ပြောဆိုသည်ဟုလည်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ တခြားသော နိုင်ငံရေး ပါတီများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် လည်း တွေ့ဆုံခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ (AAPP) ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က “နိုင်ငံ ရေး အကျဉ်းသားမရှိဘူး ဆိုတဲ့စကားက နိုင်ငံတကာက လူတွေနဲ့တွေ့ရင် သူတို့ အမြဲတမ်းသုံးတဲ့ စကားပါ။ ဒါက ဘာကို ပြသလဲဆိုတော့ လက်ရှိပကတိ အခြေအနေကို လက်မခံနိုင်ဘူး ဆိုတာပြတယ်” ဟု မှတ်ချပေး ပြောဆိုသည်။
http://www.irrawaddy.org/bur/index.php/news/7157-2011-08-26-06-39-21


စာရင်းကွာ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ရန် ရှိနိုင်ကြောင်း တာဝန်ရှိသူများ ပြော

ဖနိဒါ | သောကြာနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၅ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ အချိန်ကာလ သတ်မှတ်မထားသော်လည်း နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် ရှိနိုင်ကြောင်းနှင့် နိုင်ငံရေး အကျဉ်းသား အရေအတွက်မှာ ကွဲလွဲမှုရှိနေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် သောမတ်အိုဟေး ကွင်တားနားနှင့် နေပြည်တော်၌ တွေ့ဆုံချိန်တွင် မြန်မာအစိုးရ တာဝန်ရှိသူများက
ပြောကြားလိုက်သည်။

သြဂုတ်လ ၂၃ ရက်နေ့က မစ္စတာ ကွင်တားနားနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ တွေ့ဆုံချိန်
တွင် မစ္စတာ ကွင်တားနားမှ “ ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားမှုကို ရုပ်သိမ်းပေးပြီး နောက်ပိုင်းတွင်
နိုင်ငံအတွက် အကျိုးရှိစေမည့် တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်နေသည့် နည်းတူ အခြားသူများအား လွှတ်ပေးအားဖြင့်လည်း အလားတူ အကျိုးသက်ရောက်မှုများ ရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း” ပြောကြားသည့်
အပေါ် “ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက် မပြုကြောင်း သေချာသည့် အချိန်တွင် အကျဉ်းသားများအား ပြန်လွှတ်ပေးရန် ရှိနိုင်ကြောင်း” ဦးခင်အောင်မြင့်မှ ပြန်လည်တုံ့ပြန် ပြောဆိုသည်။
Quintanametskhinaungmyint

“ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက် မပြုကြောင်း သေချာသည့် အချိန်တွင် အကျဉ်းသားများအား ပြန်လွှတ်ပေးရန် ရှိနိုင်ကြောင်း” ဦးခင်အောင်မြင့်က မစ္စတာ ကွင်တားနားအား ပြန်လည်ပြောဆို (ဓါတ်ပုံ မဇ္ဈိမ)

လူ့အခွင့်အရေးနှင့် ပတ်သက်သော စူးစမ်းလေ့လာမှုဖြစ်သည့် ကွင်တားနား၏ ၅ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် ပထမနေ့နှင့် ဒုတိယနေ့များတွင် လွှတ်တော်ဥက္ကဋ္ဌများ၊ ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌ၊ ရဲတပ်ဖွဲ့ဒုတိယရဲချုပ်တို့နှင့် တွေ့ဆုံ ဆွေးနွေးချက်များကို နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြသည်။
နိုင်ငံခြား ဧည့်သည်တော် ပြန်သွားပြီး နောက်တရက်ဖြစ်သော သောကြာနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်
ဆွေးနွေးချက်များ အသေးစိတ် ပါလာသည်ကို တွေ့ရသည်။

အစိုးရအစဉ်ဆက် လက်မခံသော အသုံးအနှုန်း ဖြစ်သည့် နိုင်ငံရေး အကျဉ်းသား ဟူသော စကားရပ်အတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူဟု သုံးနှုန်းခဲ့သော်လည်း မြန်မာ အာဏာပိုင်များက အကျဉ်းသားဟုသာ ရှောင်လွှဲသုံးသွားခဲ့သည်ကို တွေ့ရသည်။

တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက “ မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ မရှိဘဲ ပြစ်မှု ကျူးလွန်၍ ပြစ်ဒဏ် ကျခံရသူများသာ ရှိကြောင်း” သာ ကွင်တားနားကို ဖြေသွားခဲ့သည်ဟု မြန်မာ့အလင်းတွင် ပါရှိသည်။

“ ပြစ်မှုဆိုင်ရာ ဥပဒေမှာ ၁၈၆၁ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့သည့် ဥပဒေဖြစ်ပြီး လက်ရှိ ကျင့်သုံးလျက်
ရှိကြောင်း” လည်း ထပ်မံပြောဆိုသွားသည်။

ပြည်ပအခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း မြန်မာနိုင်ငံ (အေအေပီပီ-ဘီ)က
မြန်မာနိုင်ငံတဝှမ်း နိုင်ငံရေး အကျဉ်းသား ၁,၉၅၅ ဦး ရှိသည်ဟု ဆိုသည်။ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြခဲ့သော ထောင်ဒဏ် ၆၅ နှစ်စီကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ
နှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်ဦး တို့လည်း အပါအဝင် ဖြစ်သည်။

အေအေပီပီ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံတွင် သြဂုတ်လ ၂ဝ၁ဝ နှစ်က တွေ့ဆုံ ဆွေးနွေးခဲ့ဖူးသူ မစ္စတာ ကွင်တားနားကလည်း ယခုပမာဏ သို့မဟုတ် ထိုကိန်းဂဏန်း ဝန်းကျင်ကို လက်ခံကာ ယခုနှစ် မတ်လအတွင်းက ကုလ လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်ဟု ယုံကြည်ရသည်။

သို့သော် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက “ အဆွေတော် (ကွင်တားနား)၏ သတင်းအရင်းအမြစ်များ
မှ ရရှိထားသည့် စာရင်းနှင့် မိမိတို့ဘက်က စာရင်း ကွာခြားနေပါကြောင်း” ဟု ပြန်လည်တုံ့ပြန်သည်။ ထို့အပြင် လူ့အခွင့်အရေး ကိုယ်စားလှယ်၏ စာရင်းတွင် မူးယစ်ဆေးဝါး ရောင်းချသူများပင် ပါရှိနေသည်ဟု ကာကွယ်ရေး
ဝန်ကြီး ဗိုလ်ချုပ်လှမင်းက ပြောသည်။

“ ယုံကြည်ချက်ကြောင့် ကျခံရသည့် အကျဉ်းသားများဟု ဖော်ပြထားသော်လည်း မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ ဗုံးဖောက်ခွဲမှုနှင့် သောင်းကျန်းသူများ ကဲ့သို့သော အခြားပြစ်မှုများဖြင့် အကျဉ်းကျခံနေရသူ ၁၀၀ ကျော် ရှိပါကြောင်း၊ အချို့ဆိုလျှင် မူးယစ်ဆေးဝါး ပမာဏ မြောက်များစွာနှင့် အတူ ဖမ်းဆီးရမိသူများ ဖြစ်ပါကြောင်း၊ ထိုသို့သောသူများ အဆွေတော်၏ စာရင်းတွင် မည်သို့ ပါဝင်နေသည်ကို မစဉ်းစားတတ်အောင် ဖြစ်ရပါကြောင်း” ဟုဆိုသည်။

သို့သော်လည်း “ အခါအားလျော်စွာ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးသွားရန် အလားအလာရှိပါကြောင်း” ဒုဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း ကွင်တားနား၏ အစီရင်ခံစာတွင် ဖော်ပြထားသော အကျဉ်းသား အရေအတွက်နှင့် အမှန်တကယ် အကျဉ်းကျခံထားရသည့် အရေအတွက် များစွာ ကွဲပြားနေသည်ဟု ဆိုသည်။

အလုပ်သမားဝန်ကြီးနှင့် လူမှုဝန်ထမ်းနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်ကတော့ “ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးတွင် ဒေါ်အောင်ဆန်းစုကြည် inclusiveness (ပါဝင်ဆောင်ရွက်နိုင်မှု) အသိအမှတ်ပြု ဖော်ညွှန်းသည့် အချက်လည်း ပါဝင်ပါကြောင်း အနာဂတ် ကာလတွင်
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စများ၌ ပါဝင်မှုသည် သူတဦးတည်း ပါဝင်ရန် မဟုတ်ဘဲ သူ၏တရားဝင် နိုင်ငံရေးပါတီပါ ပါဝင်နေမည်ဖြစ်ကြောင်း” ပြောဆိုသွားသည်။

“ ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင်ပါတီနှင့် နိုင်ငံတော် အစိုးရတို့သည် အပြန်အလှန် ကူညီသည့် ပူးပေါင်း
ဆောင်ရွက်ရေး လုပ်ငန်းစဉ် (Reciprocal Basis) ဖြင့် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း” လည်း ဆက်လက် ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒေါ်အောင်ဆန်စုကြည်ကို ဥပဒေနှင့်အညီ ပါတီတည်ထောင်ခွင့် လျှောက်ထားနိုင်ပါကြောင်း ပြောဆိုကာ ရွေးကောက်ပွဲ ကျင်းပရန် လစ်လပ်နေသော
လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၈ နေရာ ရှိသည်ဟုဆိုသည်။
Quintanametshwemann1

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်းနှင့် မစ္စတာ ကွင်တားနား နေပြည်တော်တွင် တွေ့ဆုံ (ဓါတ်ပုံ မဇ္ဈိမ)

ကလေးစစ်သားများကိစ္စကို ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းက ဖြေကြားရာတွင် “ တပ်မတော်သို့ ဝင်ရောက်သူများ၏ ဆန္ဒသဘောထားများကြောင့် ကလေးစစ်သားအချို့ ရှိနေခြင်းသာဖြစ်ပါကြောင်း၊ သို့သော် စုဆောင်းသူတဦးချင်းစီ၏ အမှားနှင့် ဝင်ရောက်လာသူများ၏ ဆန္ဒသဘောထားများကြောင့် ကလေးစစ်သားအချို့ ရှိနေကြခြင်းသာဖြစ်ပါကြောင်း” ကာကွယ်ဖြေကြားသွားသည်။

၂ဝ၁၁ ခုနှစ် ဇူလိုင်လအထိ ကော်မတီဖွဲ့ စိစစ်ကာ အရွယ်မရောက်သေးသူ ကလေးငယ်ပေါင်း ၂,၃၁၇ ဦးကို မိဘများထံ ပြန်လည်အပ်နှံပြီးဖြစ်ကာ နှုတ်ထွက်ခွင့်ပေးသူ ၅၉၇ ဦးရှိသည် ဟုလည်းဆိုသည်။ ဥပဒေချိုးဖောက် စုဆောင်းခဲ့သော တပ်မတော်အရာရှိ ၂၁ ဦး၊ အခြားအဆင့် ၁၅၆ ဦးတို့ကို အရေးယူခဲ့ကြောင်းလည်း ထည့်သွင်းဖြေကြားသွားသည်။

အစိုးရတပ်မှ တိုင်းရင်းသားဒေသတွင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများရှိသည် ဆိုသော သတင်းများနှင့် ပတ်သက်၍ ခါးခါးသီးသီးငြင်းဆန်သွားရာတွင် "ဆန့်ကျင်ဘက်အဖွဲအစည်းများ၊ သောင်းကျန်းသူများက
တပ်မတော်ကို အသရေဖျက်ရန်၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် အသုံးပြုနေသော လက်နက်တခုဖြစ်ပါ" သည်ဟု ဗိုလ်ချုပ်လှမင်းက ဆိုသည်။

၁၉၉ဝ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် ဇူလိုင်လအထိ တပ်မတော်အရာရှိ ၁၁ ဦး၊ အခြားအဆင့် ၁၂၄ ဦးကို အဓမ္မပြုကျင့်မှုဖြင့် အရေးယူပြီးဖြစ်သည်ဟု မြန်မာ့အလင်းတွင် ပါရှိသည်။

“ တပ်မတော်တွင် ယင်းကိစ္စမျိုး ဖြစ်ပေါ်လာပါက လွန်စွာ အပြစ်ကြီးလေးပါကြောင်း” ပြောသွားခဲ့သည်။ မြေမြှုပ်မိုင်း အသုံးပြုခြင်းနှင့် ပတ်သက်၍ “ မိုင်းကို အမှန်တကယ် အသုံးပြုနေသူများမှာ သောင်းကျန်းသူများသာ ဖြစ်ပါကြောင်း၊ စစ်ဆင်ရေးအရ တပ်မတော်နှင့် ထိပ်တိုက် ရင်ဆိုင်ရန် အင်အားမရှိသည့် အတွက် မိုင်းထောင်ခြင်းကို စစ်ရေး နည်းလမ်းအရ အသုံးပြုနေပါကြောင်း” ဗိုလ်ချုပ်လှမင်းက ဖြေကြားသည်။

ထို့အပြင် ILO က တိုင်တန်းမှုဖြင့် အမှုပေါင်း ၃၈၉ ဦးအနက် ၁၈၂ မှု အရေးယူထားပြီး စည်းကမ်းနှင့်အညီ
စုဆောင်းမှု မပြုခဲ့သည့် တပ်မတော်အရာရှိ ၁၇၇ ဦးကိုလည်း အရေးယူခဲ့ပြီး ဖြစ်သည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲချုပ် ရဲမှူးကြီး ဇော်ဝင်းက ရဲအထက်တန်းကျောင်များတွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများကို ထည့်သွင်းပို့ချခဲ့ပါကြောင်းနှင့် လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် တားဆီးနှိမ်နင်းရေး အဖွဲ့အစည်းများ လိုက်နာရမည့် ကျင့်ဝတ်စာအုပ်များ၊ ကလေးသူငယ် စုံစမ်းစစ်ဆေးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း လက်စွဲစာအုပ်များ ထုတ်ဝေဖြန့်ချိ ဆောင်ရွက်လျက်ရှိသည်ဟု ပြောဆိုသည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံဖြစ်သည့်အတွက် လာမည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကျင်းပမည်ဟု အမျိုးသားလွတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောဆိုထားသည်။
http://www.mizzimaburmese.com/news/inside-burma/8222-2011-08-26-14-10-49.html


သောကြာ, 26 သြဂုတ် 2011
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ဖို့ ပြည်သူ့လွှတ်တော်က သမ္မတထံပန်ကြား

By ကိုမိုးဇော်
ဒီကနေ့ကျင်းပတဲ့ စတုတ္ထနေ့မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ မနေ့ကတင်ပြထားတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်တဲ့ အဆိုကို ဆက်လက် ဆွေးနွေးရာမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၂ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီးတဲ့နောက် ကန့်ကွက်သူ မရှိတာကြောင့် လွှတ်တော်ဥက္ကဋ္ဌက ဒီအဆိုကို သမ္မတဆီတင်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအဆိုကတော့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ နေရပ်ပြန်လာတဲ့အခါ အကာအကွယ်ရစေဖို့အတွက်နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ် တင်ပြထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အတွင်းမှာ ဆွေးနွေးကြတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အဆိုကတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်တွေ ဆက်လက် ထုတ်ပြန်ပေးဖို့ ဆိုတဲ့ အဆိုဖြစ်ပါတယ်။

ဒီအဆိုကို သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က တင်ပြခဲ့တာဖြစ်ပြီး သူတင်ပြရတဲ့အကြောင်းကို အခုလို ပြောပြပါတယ်။

“ကျနော် မနေ့ကတင်ပြတဲ့အထဲမှာတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့သူတွေပေါ့။ အဲဒီလူတွေ ပြန်လွှတ်ဖို့၊ အဝေးရောက်နေတဲ့သူတွေ ပြန်လာဖို့၊ ပြန်လာတဲ့အခါမှာ သူတို့အတွက် ဥပဒေ အကာအကွယ် ပေးနိုင်ဖို့၊ အခု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ လက်နက်ကိုင် အင်အားစုတွေနဲ့ ဆွေးနွေးတဲ့အခါမှာ အထောက်အကူပြုဖို့ ဒီအချက် သုံးချက်ကို ကျနော် အခြေခံပြီး ဆွေးနွေးတယ်။ ပြောပြတယ်။ အရင်ထုတ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် အမှတ် ၂၈/၂၀၁၁ ကိုလည်း အဲဒီလိုထုတ်ပြန်ပေးခဲ့တဲ့ သမ္မတကြီး ဦးဆောင်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ဆောင်ရွက်ချက်ကိုလည်း ကြိုဆိုတယ်။ ဆက်ပြီးတော့ မြန်မာနိုင်ငံမှာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးစိတ်ဓါတ် တိုးပွားဖို့၊ နိုင်ငံတော်အစိုးရအနေနဲ့ သဘောထားကြီးမှု ထပ်မံပြသပြီး လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဆက်လက် ထုတ်ပြန်ပေးရေးအတွက် နိုင်ငံတော်သမ္မတအား ဤလွှတ်တော်က မေတ္တာရပ်ခံတယ် ဆိုတဲ့ အဆိုပေါ့။”

အစိုးရက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုတာကြောင့် အဆိုတင်ပြရာမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများလို့ တင်ပြတာလည်း ဖြစ်ပါတယ်။

ဒီအဆိုကိုတင်ပြရာမှာ ဦးသိန်းညွှန့်က ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာထုတ်ပြန်တဲ့ တော်လှန်ရေးကောင်စီရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ၁၉၈၀ ခုနှစ် မေလ ၂၈ ရက်မှာထုတ်ပြန်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နိုင်ငံတော်ကောင်စီက ထုတ်ပြန်တဲ့ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေကိုလည်း ကိုးကားတင်ပြခဲ့ပါတယ်။

မနေ့ကတင်ပြခဲ့တဲ့ ဒီအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လာမယ့် တနင်္လာနေ့မှာ ဆက်လက်ဆွေးနွေးဖို့နဲ့ ဆွေးနွေးမယ့်သူအမည်စာရင်းကို သောကြာနေ့ညနေမှာ တင်သွင်းဖို့ ပြင်ဆင်ခဲ့ပေမဲ့ ဒီကနေ့ လွှတ်တော်တွင်းမှာ အခြား ဆွေးနွေးစရာ အကြောင်းအရာနည်းပါးတာကြောင့် မနေ့ညကပဲ ဆွေးနွေးမယ့်သူစာရင်းကောက်ယူပြီး ဒီကနေ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလွှတ်ငြိမ်းချမ်းသာခွင့် အဆိုကို ဆွေးနွေးရာမှာတော့ ရာနှုန်းပြည့် ထောက်ခံခဲ့ကြတယ်လို့ လဲချား မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က ပြောပါတယ်။

“မနေ့က စာရင်းပေးကြတာက ကိုယ်စားလှယ် ၁၅ ဦးဗျ။ ၁၅ ဦးထဲမှာ ၁၅ ဦးစလုံးက ထောက်ခံပါတယ်၊ ပါတီစုံပါပဲ။ တပ်မတော်သားကိုယ်စားလှယ် ၂ ယောက်ကလည်း ၀င်ရောက်ပြီးတော့ ဆွေးနွေး ထောက်ခံပါတယ်ခင်ဗျ။ အဲဒီတော့ ပြည်ထောင်စုအဆင့် ပြည်ထဲရေးဝန်ကြီးက ပြန်ပြီးတော့ ဆွေးနွေးတဲ့အခါကျတော့ အားလုံးရဲ့ဆန္ဒကိုလည်း သူကသိချင်တဲ့အခါကျတော့ သူကတော့ အများကြီးကို မပြောတော့ဘူး။ အများကြီးမပြောဘဲနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကနေပြီးတော့ - ဒါဆိုရင် ကန့်ကွက်မယ့်သူလည်း မရှိဘူး၊ အားလုံးက ထောက်ခံတဲ့အတွက်ကြောင့်မိုလို့ ပြည်ထဲရေးဝန်ကြီးကနေ သမ္မတကိုတင်ပြီးတော့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ လွှတ်တော်ဥက္ကဋ္ဌကလည်း မှာကြားသွားတယ်ခင်ဗျ။ ရာနှုန်းပြည့်ထောက်ခံတယ်လို့ ပြောလို့ရပါတယ်။ ”

လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို ပါဝင်ထောက်ခံသူတဦးလည်းဖြစ်တဲ့ ဦးစိုင်းမောင်တင်က သူထောက်ခံ ဆွေးနွေးရတဲ့ အချက်တွေကို အခုလို ပြောပါတယ်။

“ကျနော်တင်တဲ့အချက်တွေကတော့ ယခင်အစိုးရလက်ထက်က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ယုံကြည်ချက် အကျဉ်းသားများ ဖြစ်ခြင်း၊ နိုင်ငံအရေးကိစ္စများတွင် ကောင်းရာကောင်းကြောင်း ကူညီဖြေရှင်းပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်နေခြင်း၊ (၃) အထူးသဖြင့် တိုင်းရင်းသားပြည်သူများက ယုံကြည်အားထားရသည့် ပုဂ္ဂိုလ်များ ပါဝင်နေခြင်း အတွက်ကြောင့် ယုံကြည်ချက်နဲ့ အကျဉ်းကျခံထားရတဲ့ အကျဉ်းသားများအား ချွင်းချက်မရှိ အမြန် လွှတ်ပေးသင့်ပါကြောင်း လေးလေးနက်နက် ယုံယုံကြည်ကြည် ထောက်ခံ ဆွေးနွေးအပ်ပါတယ်ခင်ဗျာ၊ ဆိုပြီးတော့ ကျနော်က ၀င်ပြီးတော့ ဆွေးနွေးထောက်ခံလိုက်တာခင်ဗျ။”

ဒီကနေ့ထူးခြားတာကတော့ တပ်မတော်သားကိုယ်စားလှယ် ၂ ဦးက လွှတ်တော်ဥက္ကဋ္ဌဆီမှာ ခွင့်ပြုချက်ယူပြီး ပါဝင်ဆွေးနွေးတာဖြစ်ပါတယ်။ ဒီလိုဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေက သူတို့ လုပ်ဖော်ကိုင်ဖက်တွေလည်း အကျဉ်းထောင်ထဲမှာ ရှိနေတာကြောင့် လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို ထောက်ခံကြောင်း ဆွေးနွေးခဲ့တယ်လို့ အခြား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တယောက်က ပြောပါတယ်။

လောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်လောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံက ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကို ပြည်တွင်းပြည်ပက နိုင်ငံရေး အင်အားစုတွေသာမက ကုလသမဂ္ဂနဲ့ အာဆီယံအပါအ၀င် နိုင်ငံတကာကလည်း အစဉ်တစိုက် တောင်းဆိုနေတာဖြစ်ပါတယ်။

ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနားကို တုံ့ပြန်ပြောဆိုရာမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက် မပြုကြောင်း သေချာတဲ့အချိန်မှာ အကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားအဖြစ် သီးသန့် ဖော်ပြထားတာမရှိပါဘူး။ တဆက်တည်းမှာပဲ ဦးခင်အောင်မြင့်က ပြည်သူ့အသံ လွှတ်တော်အသံ။ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက် လွှတ်တော်ဆောင်ရွက်ချက်ဆိုတဲ့ ဆောင်ပုဒ်ကို ချမှတ်ထားပြီး ဒီဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
http://www.voanews.com/burmese/news/Burma-amnesty-08-26-11-128465768.html