Monday, August 29, 2011

ဧရာဝတီ~~~သို့ ( စိုင်းစိုင်းသန်းရွှေ(ကနေဒါ)+၀တ်မှုံကြိုင်ကြိုင်(အမေရိကား) )

Irrawaddy myitsone tribute by yeyint2011
http://soundcloud.com/yeyint2011/irrawaddy-myitsone-tribute


http://www.ziddu.com/download/16229548/irrawaddymyitsonetribute.mp3.html

http://www.mediafire.com/file/c783l4kplapc8kp/irrawaddy%20myitsone%20tribute.mp3


ဧရာဝတီ~~~သို့ 

ရေး/ဆို
စိုင်းစိုင်းသန်းရွှေ(ကနေဒါ)+၀တ်မှုံကြိုင်ကြိုင်(အမေရိကား)

အစဉ်အလာ--ကြီးလာခဲ့ သော--ရာဇ၀င်ရဲ့ --သတို့ သမီးအဖြစ်--သူ ဣနြေ္ဒကြီး စွာ

တောင်ပေါ်--အမြင့် တနေရာက-- သူလေ--ခရီးတွေ--နှင်ရင်း --မမောနိုင်--စုန်ကာ ဆင်းလာ

ကွေ့ ဝိုက်ကာရယ် --ထူးဆန်း ကကွက်မျိုး-- ကနေသလိုဘဲ

သူ--အမိမြန်မာပြည်ကို-- ရိုးသား ငြင်သာစွာရယ် အလုပ်အကျွေးပြုခဲ့ တယ်

ဧရာဝတီ--သူ့ ကံကြမ္မာရယ်--သနားစရာ ကောင်းအောင်

မကြာခင်-- အဆုံးသတ်ရတော့ မယ်

Time to say goodbye ငိုကြွေးရင်းနဲ့ ---သူနှူတ်ဆက်ပြီ

အပိုင်းပိုင်း-- ခုတ်ပိုင်းလို့ --အဖြတ်ခံပီး--လွန့် လူးရင်း-- အသက်ငွေ့ ငွေ့ 

ဧရာဝတီ---ငါတို့ အမေ

အိုမင်းမစွမ်းလဲဘဲ---မပျယ်တဲ့ မေတ္တာ

အနှောက်အရှက်တွေ--အမျိုးမျိုးပေး လာလဲ

သူစီးမြဲ --စီးဆင်းနေ

အာဏာရှိနေသော်လည်း-- စဉ်ချင်မဲ့ သူတွေရဲ့ -- အမိန့် ကိုသူ လည်စင်းကာ

အကြံဥာဏ်မဲ့ တွေ--ကိုယ်ကျိုး တခု ဘဲ ကြည့် ပီး

သဘာဝ တရားကိုပါ---ရောင်းကုန်တင်ပီ

ယန်စီ-မြစ်ဝါ ကို--မီးရောင်--ထိန် လင်း--နိုင်ဘို့ --သူစတေး--ရပီ

Time to say goodbye ငိုကြွေးရင်း---သူနှူတ်ဆက်ပြီ

အပိုင်းပိုင်း--ခုတ်ပိုင်းလို့ --အဖြတ်ခံပီး--လွန့် လူးရင်း အသက်ငွေ့ ငွေ့ 

ဧရာဝတီ---ငါတို့ အမေ

မှီခိုအားထားကြရ---ဘ၀ပေါင်းများစွာ

ဖေးမသူ -- ကင်းဝေးလို့ နေပီ

တပြည်လုံးလဲ--၀မ်းနဲမဆုံး

ဧရာဝတီ--- အိုမိခင်

သူ့ အသဲ နှလုံးများနဲ့ --- တည်ဆောက်မြစ်ဆုံ

သွေးကြောတွေ--ဖြတ်ပစ်လိုက်သလိုဘဲ

ယူကြုံးမရ---၀မ်းနဲစရာ

ဧရာဝတီ---ဒါတို့ အမွေ

သူမတစ်ဦးတည်းပါဝင်ရန်မဟုတ်ဘဲ။ သူမ၏ တရားဝင်ပါတီပါ ပါဝင်နေမည်ဖြစ်ကြောင်း



၂၆ သြဂုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၀

NLD လူငယ် ကိုဘမောင် လက်ကမ်းစာစောင်











ဘီဘီစီ ချယ်နယ်ဖိုးမှာ လွှင့်တဲ့ဒေါ်အောင်ဆန်းစုကြည်၏ ရိသ်ပို့ချချက် (Reith Lecture )




doc read with Myanmar3 font

http://www.ziddu.com/download/16228564/DawAungSanSuuKyisReithLectures15.doc.html

http://www.ziddu.com/download/16228560/DawAungSanSuuKyisReithLectures15.pdf.html
Daw Aung San Suu Kyi's Reith Lectures 1~5

သမဂ္ဂအမှတ်တရစာစု




http://www.ziddu.com/download/16228532/Union-Computer.pdf.html


Union Computer

တောင်ကျရေ

ပဏ္ဍာဆက်နိုင်ငံများ


ပဏ္ဍာဆက်နိုင်ငံများဆိုတာ အင်အားကြီးတဲ့ နိုင်ငံကြီးတစ်ခုရဲ့  သြဇာရိပ်ကို ခိုလှုံရပြီး အဲဒီနိုင်ငံကြီးကို လက်ဆောင်ပဏ္ဍာဆက်သရခြင်း၊ထိုနိုင်ငံကြီးအလိုကျ စီမံအုပ်ချုပ်လုပ်ကိုင်ရတဲ့ နိုင်ငံများကို ဆိုလိုပါတယ်။
မြန်မာနိုင်ငံဟာလည်း တစ်ချိန်က ဘုန်းတန်ခိုးကြီးတဲ့ဘုရင်များလက်ထက်မှာပတ်ဝန်းကျင်နိုင်ငံများရဲ့ ပဏ္ဍာဆက်တာကို ခံယူခဲ့ရဖူးတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။ တရုတ်ပြည်ဟာ ၁၉၇၈- ၇၉ ခုနှစ်လောက်မှာ တိန်ရှောက်ဖိန် အာဏာရလာပြီး စီးပွားရေးနဲ့ နိုင်ငံရေးပုံစံကိုစတင်ပြောင်းလဲလုပ်ကိုင်ခဲ့ရာမှအရှိန်အဟုန်ဖြင့်ပြောင်းလဲတိုးတက်ခဲ့ပြီး ယနေ့ ကမ္ဘာတွင် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အင်အားကြီးသောနိုင်ငံအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
ဒါပေမယ့် ဒီလိုအခြေအနေတွေကို လုပ်ကိုင်နိုင်ဖို့ အစပျိုးမှုတွေကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိုစဉ်က အသက် (၂၀)ကျော် ၀န်းကျင်ရှိတဲ့လူငယ်ကေဒါများက ၁၉၆၀ ခုနှစ်လောက်မှာ စတင်ကြံဆောင်ပြီး တရုတ်ကွန်မြူနစ်ပါတီ (ဗဟို)သို့  သူတို့ ရဲ့  နောင် (၂၅)နှစ်အတွက် မျှော်မှန်းတဲ့စာတမ်းတစ်ဆောင်ကို တင်ခဲ့ကြတယ်လို့  ကိုယ်တွေ့ တွေ့ မြင်ဖူးသူတစ်ဦးရဲ့ ပြောပြချက်အရ ကြားသိရခဲ့ပါတယ်။
သူက ၁၉၆၀ ခုနှစ်မှာ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၊ ပီကင်းသို့  သတင်းလုပ်ငန်းနဲ့ ပက်သက်ပြီး ပညာသင် သွားခဲ့ဖူးသူတစ်ဦးက ပြောပြခဲ့တာပါ။
သူ့ ရဲ့ အဆိုအရ မြန်မာအစိုးရသတင်းဌာနရဲ့ ပညာတော်သင်အဖြစ် ပီကင်းမှာ ရှိနေစဉ် ပီကင်းတက္ကသိုလ်တစ်ခုမှာ ဧည့်ပါမောက္ခလုပ်နေတဲ့ဂျာမန်ပရော်ဖက်ဆာတစ်ဦးနဲ့ ရင်းနှီးခဲ့ရာမှ တရုတ်ကွန်မြူနစ်ပါတီလူငယ်ကေဒါတွေက ပါတီပေါလစ်ဗျူရိုဆီတင်တဲ့ တရုတ်ဘာသာနဲ့ ရေးထားတဲ့စာတမ်းတစ်ခုကို သူ့ ကိုပြသခဲ့ပါတယ်။ စာတမ်းက လှို့ ဝှက်ဖြစ်လို့  ကူးယူခွင့်တော့ မပြုပါဘူး။
ဂျာမန်ပါမောက္ခက ဒီစာတမ်းဟာ မင်းတို့ မြန်မာပြည်နဲ့ လည်း သက်ဆိုင်နေလို့  ဆိုပြီး ပြောပြခဲ့ပါတယ်။ ဒီစာတမ်းထဲမှာ တရုတ်ပြည်ဟာနောက် (၂၅)နှစ်ကြာရင် သူ့ နိုင်ငံရဲ့ ပတ်ပတ်လည်အိမ်နီးချင်းနိုင်ငံတွေဟာ သူ့ ရဲ့ ပဏ္ဍာဆက်နိုင်ငံတွေဖြစ်အောင် လုပ်ဆောင်ရမယ်၊ အဲဒီနိုင်ငံတွေရဲ့ သယံဇာတအရင်းအမြစ်နဲ့ နယ်မြေတို့ ကိုပါ အသုံးပြုပြိး တရုတ်နိုင်ငံရဲ့ ဖွံ့ ဖြိုးမှုအတွက် လုပ်ဆောင်နိုင်ဖို့  သြဇာလွှမ်းမိုးထားနိုင်အောင် နည်းလမ်း
အမျိုးမျိုးနဲ့ ဆောင်ရွက်နိုင်ရမယ်လို့  ရေးသားထားတယ်လို့  သိရပါတယ်။
အဲဒီအကြောင်းကို သူ မြန်မာပြည်ပြန်ရောက်တဲ့အခါ သူ့ ဌာနအကြီးအကဲကိုပြန်လည်အစီရင်ခံခဲ့ဖူးတယ်လို့ ပြောပါတယ်။ အဲဒီ အငြိမ်းစားပုဂ္ဂိုလ်ကြီးကျွန်တော့်ကိုပြောပြဖူးတာက ၂၀၀၁ ခုနှစ်လောက်မှာဖြစ်ပါတယ်။ သူပြောပြစဉ်က အမှတ်တမဲ့ရှိခဲ့ပြီး သက်သေခံအထောက်အထား ဘာတစ်ခုမှမရှိတော့ပေါ့ပေါ့တန်တန်ဘဲ သဘောထားခဲ့ပါတယ်။ ဒါပေမယ့် အခုကာလမှာတော့ ဒီအကြောင်းတွေဟာ တရုတ်နဲ့ မြန်မာကြားမှာ ဆက်စပ်တိုက်ဆိုင်မှုတွေတော်တော်များလာလို့  အခုလိုဖော်ပြဖြစ်တာပါ။
ဆိုလိုတာက တရုတ်လူမျိုးတွေကို ရန်လိုမုန်းတီးစရာမဟုတ်ဘဲ တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲ့ ရေရှည် စီမံချက်ချပြီး လုပ်ဆောင်မှုတွေကိုသာသတိကြီးကြီးထားနိုင်ကြဖို့  ဆိုလိုရင်းဖြစ်ပါတယ်။ တရုတ်ဟာ မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံတဲ့အခါ ကုန်ချောထုတ်လုပ်ငန်းတွေမှာတော့ ၀င်ရောက်လုပ်ကိုင်လိုခြင်းမရှိဘဲ သယံဇာတရယူရေးနဲ့  နယ်မြေသြဇာချဲ့ ထွင်နိုင်ရေးကိုသာ ဦးတည်လုပ်ဆောင်နေတယ်လို့ ထင်မြင်မိပါတယ်။
လက်ရှိအာဏာရအစိုးရကလည်း ကုလသမဂ္ဂအပါအ၀င် အမေရိကန်၊ ဥရောပ စတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားနေခြင်းဟာတရုတ်တစ်နိုင်ငံတည်းကိုသာ အားကိုးနေရမယ့်လမ်းကြောင်းမှ လွတ်မြောက်နိုင်ရေးပါဘဲ။
မြန်မာနိုင်ငံဟာ မိမိနိုင်ငံရဲ့ သယံဇာတအရင်းအမြစ်နဲ့ ကုန်ကြမ်းတွေကိုသာ ထုတ်ရောင်းနေရတဲ့ အခြေအနေမှ တစိတ်တပိုင်းကုန်ချောတွေကိုပါထုတ်လုပ်ရောင်းချနိုင်ပြီး နိုင်ငံတကာနဲ့ တန်းတူရည်တူစီးပွားကုန်သွယ်နိုင်မယ့် နိုင်ငံအဖြစ်ရောက်ရှိနိုင်အောင် ဆောင်ရွက်နိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။ဒါမှလည်း ခေတ်အဆက်ဆက် ပဏ္ဍာဆက်နိုင်ငံဘ၀အဖြစ်မှရုန်းထွက်နိုင်မှာဖြစ်ပါတယ်။


Sခင်ဇိုင်

ပြည်တွင်းမှ ဂျီမေးလ်အကောင့် လုပ်နည်းများ (နည်းလမ်း 6 မျိုး)


[By Maung Luu Nge]

ပြည်တွင်းမှ ဂျီမေးလ်အကောင့် လုပ်နည်းများ (နည်းလမ်း 6 မျိုး)
Internet QA DVB to me

show details 11:06 PM (20 hours ago)

http://bluworld.org/registration/account/signup.php  ထဲကိုဝင်ပြီး
ဖြည့်စရာရှိတာဖြည့်လိုက်ပါ။ continue လုပ်ပါ။ loading 10% ကနေ 90%
အထိလုပ်ပါလိမ့်မယ်။ ပြီးရင် security question ဖြည့်ခိုင်းတယ်။
ပြီးသွားရင် create account ကိုနှိပ်ပါ.. ဒါဆို အကောင့်အသစ်ရပါပြီ။
ဆာဗာကျပ်ခြင်းနဲ့ အင်တာနက် နှေးကွေးခြင်းကြောင့် loading မှာ 90%
မရောက်တာ မျိုးဖြစ်တတ်ပါတယ်။

တခုရှိတာက Gmail Account သစ်ဖွင့်မယ်ဆိုရင် username @ gmail . com
ထည့်ပေးရပါတယ်။ ဒါဆို Gmail sign in page ကနေ၀င်ရင် username
ရိုက်ထည့်ရုံနဲ့ ၀င်လို့ရပါပြီ။ Account Creation မှာ @ gmail . com
ကျန်ခဲ့ရင်တော့ Gmail sign in page ကနေ၀င်တဲ့အချိန်မှာ username @
blumail . org နဲ့ ၀င်ရပါလိမ့်မယ်။
----------------------------------------------------------------------------------------------------------------

Here's another method. (I have just recently used it to open a new
account for my aunt. And it works.)

1. Go to this site : https://hidemyass.com
2. Type "http://mail.google.com"
3. Create your account.

(Remember: If you get a Access Denied page, just put a 's' behind "http")

------------------------------------------------------------------------------------------------------------------

(၁) IE , Firefox တို.ကိုမသုံးပဲ Google Chrome Browser ကိုသာသုံးပါ၊
(၂) Your Freedom ကို Configure လုပ်တဲ.အခါ Use Wizard
ကိုသုံးပါ။အဲ.ဒီမှာချိတ်ဆက်လို.ရမယ်. Server List
တွေပေါ်လာပါလိမ်.မယ်။အဲ.ထဲက Germany Server တစ်ခုခုကိုသုံးပါ။
(၃) Signup လုပ်တဲ.အခါမှာလည်း Country နေရာမှာMyanmarကိုမရွေးပဲ၊ Germany
(Dutchland) ကိုသာရွေးချယ်ပေးပါ။
အဆင်ပြေသွားပါလိမ်.မယ်။
အဲတစ်ခုရှိသေးတယ်မေ.တော.မလို.
(၄) Connection အတည်ငြိမ်ဆုံးအချိန်ကိုသာရွေးချယ်ပြီး အကောင်.အသစ်လုပ်ပါ။

-----------------------------------------------------------------------------------------------------------------
ဂျီမေး အသစ်ကို android phone (china version မပါ)
ထဲက account & sync>add account>google>create
ကနေ ဖွင့်ရင်ရပါတယ်။
အင်တာနက် ကွန်နက်ရှင်ရှိရင် ဖွင့်လို့ရပါတယ်။
ဘာမှ မတောင်းပါဘူး။ ကြိုက်သလောက်ဖွင့်လို့ရပါတယ်။

နောက်ဆုံးနည်းလမ်းက Mozilla မသုံးပဲ။ Chrome ကိုသုံးမယ်။
your freedom ဆော့ဖ်ဝဲလ်နဲ့ ချိန်ပြီး ရင်
ကော်နက်ရှင်ငြိမ်တဲ့အခါမှာသုံး။ ဂျာမဏီက ဆာဗာတစ်ခုကို ချိတ်ပြီးသုံးရင်
ရတယ်။


Face Book စာမျက်နှာမှ...

၂၉.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



http://www.ziddu.com/download/16228410/29August2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/16228411/29August2011Yeyintngesdiary.doc.html

http://www.mediafire.com/file/50rswkewarb1vfl/29%20August%202011%20Yeyintnge%27s%20diary.doc

http://www.mediafire.com/file/ibg6r06iubxg230/29%20August%202011%20Yeyintnge%27s%20diary.pdf

29 August 2011 Yeyintnge's Diary

သန်း​ရွှေ အလွန် (၁)


Published on August 26, 2011 by မင်းလွင်

မြန်မာနိုင်ငံကို ၂၃ နှစ်ကြာ စစ်တပ်အာဏာရှင် အုပ်ချုပ်မှုက​နေပြီး​တော့​ ၂၀၀၈ ခုနှစ် ဖွဲ့​စည်း​အုပ်ချုပ်ပုံအ​ခြေခံဥပ​ဒေအရ ပြည်သူက​နေ ​ရွေး​ချယ်တင်​မြှောက်တဲ့​ အရပ်သား​ စစ်ဗိုလ်ချုပ်​ဟောင်း​တွေဆီကို မတ်လ ၃၀ ရက်​နေ့​မှာ တိုင်း​ပြည်အာဏာ လွှဲ​ပြောင်း​ခဲ့​ပါတယ်။ စစ်တပ်အုပ်ချုပ်မှုက​နေ ပြည်သူက ​ရွေး​ကောက်တင်​မြှောက်တဲ့​ အရပ်သား​အစိုး​ရဆီကို အာဏာလွှဲ​ပြောင်း​ပေး​လိုက်တယ်ဆိုတဲ့​ သ​ဘောထား​မျိုး​ပါပဲ။

အဲဒီ အရပ်သား​အစိုး​ရဆိုတာကလည်း​ စစ်ဗိုလ်ချုပ်​တွေနဲ့​ ဖွဲ့​စည်း​ထား​တဲ့​ အစိုး​ရအသစ်ပါ။ အဲဒီလို တမူထူး​ခြား​တဲ့​နေ့​မှာပဲ မြန်မာနိုင်ငံကို ပ​ဒေသရာဇ်ဆန်ဆန် အုပ်ချုပ်ခဲ့​တဲ့​ ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေက​နေ ကာကွယ်​ရေး​ဦး​စီး​ချုပ်အသစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို အာဏာလွှဲ​ပြောင်း​တဲ့​နေ့​လည်း​ ဖြစ်ပါတယ်။ တိုင်း​ပြည်ကို တချက်လွှတ်အာဏာနဲ့​ အုပ်ချုပ်ခဲ့​တဲ့​၊​ ဘဝရှင်မင်း​တရား​ကြီး​လို့​ လူသိများ​တဲ့​ ဗိုလ်ချုပ်မှူး​ ကြီး​သန်း​ရွှေ ​နောက်ပိုင်း​ မြန်မာနိုင်ငံဟာ စစ်​ရေး​၊​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ ဘာ​တွေ ​ပြောင်း​လဲခဲ့​သလဲ၊​ ဘယ်လိုမျိုး​ ​ပြောင်း​လဲသလဲ — မြန်မာ့​တပ်မ​တော်ရဲ့​ ကျဆင်း​တဲ့​ စိတ်ဓာတ်ပိုင်း​ဆိုင်ရာ စွမ်း​ရည်​တွေနဲ့​ ပတ်သက်လို့​ တပ်မ​တော်က​နေ အငြိမ်း​စား​ယူထား​တဲ့​ ဗိုလ်ချုပ်ချစ်လှိုင်၊​ ဗိုလ်မှူး​အောင်လင်း​ထွဋ်နဲ့​ ဗိုလ်ကြီး​ဇော်မိုး​တို့​ရဲ့​ သုံး​သပ်ချက်​တွေနဲ့​ တင်ပြသွား​ပါ့​မယ်။

အ​ရှေ့​တောင်အာရှမှာ တိုင်း​ရင်း​သား​လက်နက်ကိုင်အ​ပေါ် နှိမ်နင်း​ချေမှုန်း​ရေး​၊​ ဝါဒမတူ ဆန့်​ကျင်ဘက်နိုင်ငံ​ရေး​အဖွဲ့​အစည်း​တွေကို နှိပ်စက်တာနဲ့​ နာမည်ကြီး​တဲ့​ မြန်မာ့​တပ်မ​တော်ကို ၁၉၄၅ ခုနှစ်မှာ ဗြိတိသျှတပ်မ​တော်အကူအညီနဲ့​ ပြန်လည်ဖွဲ့​စည်း​ခဲ့​ပါတယ်။ လွတ်လပ်​ရေး​ ရပြီး​ခေတ် တ​လျှောက်လုံး​မှာ တပါတီအာဏာရှင်​ဟောင်း​ ဗိုလ်ချုပ်ကြီး​ ဦး​နေဝင်း​က မြန်မာ့​တပ်မ​တော်ကို စနစ်တစ်ကျ တိုး​တက်ဖွဲ့​စည်း​ တည်​ဆောက်ခဲ့​ပါတယ်။ တရုတ်ဖြူ ကျူး​ကျော်မှုနဲ့​ ပြည်တွင်း​စစ် စစ်ပွဲ​တွေမှာ မြန်မာ့​တပ်မ​တော်ဟာ အရှိန်​ကောင်း​ကောင်း​နဲ့​ အင်အား​ကြီး​မား​ လာပြီး​တော့​ ၁၉၆၂ ခုနှစ်မှာ တိုင်း​ပြည်ရဲ့​ စစ်​ရေး​ကိုသာမက အုပ်ချုပ်​ရေး​ အာဏာအဝဝကို သိမ်း​ပိုက်ခဲ့​ပါတယ်။ အဲဒီကစလို့​ တရုတ်ကွန်မြူနစ်ပါတီရဲ့​ စစ်​ရေး​အကူအညီနဲ့​ ဗကပရဲ့​ စစ်​ရေး​အရှိန်အဟုန်ကို ထိန်း​သိမ်း​ထား​နိုင်ခဲ့​ပြီး​ နိုင်ငံအ​ရှေ့​ဘက်ခြမ်း​မှာ ရှိတဲ့​ ကရင်နဲ့​ မွန်စတဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေကိုလည်း​ပဲ အထိုက်အ​လျောက် ထိန်း​ထား​နိုင်ခဲ့​ပါတယ်။

၁၉၈၈ ခုနှစ်မှာ တပါတီအာဏာရှင်စနစ် ချုပ်ငြိမ်း​ဖို့​ ဆန္ဒပြပွဲ​တွေ ​ပေါ်​ပေါက်လာ ပြီး​တဲ့​နောက်မှာ စစ်တပ်က တိုင်း​ပြည်အာဏာကို သိမ်း​ပိုက်ပါ​တော့​တယ်။ အဲဒီ အာဏာသိမ်း​မှုမှာ ပါဝင်ခဲ့​ပြီး​ ၁၉၉၂ မှာ စစ်တပ်ကြီး​အကဲနဲ့​ နဝတ စစ်​ကောင်စီရဲ့​ ဥက္ကဋ္ဌ ဖြစ်လာတဲ့​ ဗိုလ်ချုပ်ကြီး​သန်း​ရွှေက​နေ မြန်မာ့​တပ်မ​တော်ကို အ​ရှေ့​တောင်အာရှမှာ အင်အား​အကြီး​ဆုံး​ တပ်မ​တော်တခု ဖြစ်ဖို့​အတွက် စတင် ကြိုး​ပမ်း​လာပါ​တော့​တယ်။

တပ်ရင်း​၊​ တပ်မနဲ့​ စစ်တိုင်း​အသစ်​တွေကို တိုး​ချဲ့​ဖွဲ့​စည်း​ခဲ့​တယ်။ ​ခြေလျင်တပ်​တွေ တိုး​ချဲ့​ရုံသာမက နိုင်ငံတကာအဆင့်​မီ ကြည်း​တပ်နဲ့​ဆိုင်တဲ့​ ​လေ​ကြောင်း​ရန်ကာကွယ်​ရေး​ တပ်၊​ ဒုံး​ကျည်လက်နက်တပ်ရင်း​၊​ အ​မြောက်တပ်နဲ့​ သံချပ်ကာတပ်ရင်း​တွေ တိုး​ချဲ့​ဖွဲ့​စည်း​ခဲ့​ပါတယ်။

ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ ကာကွယ်​ရေး​ဦး​စီး​ချုပ် ရာထူး​က​နေ မတ်လ ၃၀ ရက်​နေ့​မှာ တရား​ဝင် လွှဲ​ပြောင်း​ပေး​ပြီး​ ​နောက်ပိုင်း​မှာ ကာကွယ်​ရေး​ဦး​စီး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ တပ်မ​တော်အဖွဲ့​အစည်း​ပိုင်း​ကို သိသာမြင်သာတဲ့​ အ​ပြောင်း​အလဲ​တွေ ဘာ​တွေ လုပ်​ဆောင်​နေပြီလဲ၊​ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ လက်ထက်နဲ့​ သူ့​ရာထူး​ကို ဆက်ခံတဲ့​ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်တို့​ လက်ထက် မြန်မာ့​တပ်မ​တော်ကြီး​က ဘာ​တွေ ဖြစ်​နေပြီလဲ။ တပ်မ​တော်မှာ တချိန်က ကာကွယ်​ရေး​ဦး​စီး​ချုပ် (​ရေ) တာဝန်ယူခဲ့​ဖူး​တဲ့​ အငြိမ်း​စား​ ဗိုလ်ချုပ်ချစ်လှိုင်က ခုလို သုံး​သပ်ပါတယ်။

“ဟိုအရင်နဲ့​ အခုနဲ့​ဆိုရင် ကိုယ်​ခေတ်ကိုယ်​ကောင်း​တယ်လို့​ ယူဆတဲ့​သူ​တွေ တချို့​ ရှိတယ်​လေ။ လူ​ပေါ်မှာ မူတည်တာ​ပေါ့​လေ။ သို့​သော် တိုး​တက်မှု ရှိတာက​တော့​ တိုင်း​ပြည်အတွက် တိုး​တက်​နေရမှာ​ပေါ့​။ ဘယ်အစိုး​ရမဆို ကိုယ့်​တိုင်း​ပြည် တိုး​တက်​အောင် လုပ်​နေကြတာပဲ​လေ။ လုပ်ပြီး​တော့​မှ မကြိုက်တာ ရှိရင် ရှိမယ်။ လုပ်တာက​တော့​ သူ့​မှာတာဝန်လည်း​ ရှိ​တော့​ လုပ်လည်း​ လုပ်မှာပဲ။ အဲဒီအရ တပ်ကို ဆက်ပြီး​ ထူ​ထောင်လို့​ ကျ​နော်တို့​ရဲ့​ တပည့်​တွေ၊​ သား​မြေး​တွေ ဆိုကြပါစို့​ ကျ​နော်တို့​ရဲ့​ တူ​တွေ သား​တွေလည်း​ ဆက်ထူ​ထောင် လာကြတာ သူတို့​လည်း​ ဟိုတုန်း​က အစဉ်အလာ​တွေ​တော့​ မ​မေ့​ မ​ပျောက်ဘဲ ဆက်လုပ်သွား​ကြတာပါပဲ။ တိုး​တက်မှု​တွေက​တော့​ ​စော​စောက ​ပြောသလို​ပေါ့​ ရုပ်ပိုင်း​မှာ​တော့​ တိုး​တက်တာ ​ပြောနိုင်တာ​ပေါ့​။ စိတ်ပိုင်း​သည် တွက်လို့​မရတဲ့​ ကိစ္စပါ။ ”

အရင် ဦး​နေဝင်း​လက်ထက်က ကာကွယ်​ရေး​ဝန်ကြီး​ဌာန အထူး​စစ်ဆင်​ရေး​အဖွဲ့​ ကစထမှူး​ ၂ ​နေရာ ရှိ​နေရာက​နေ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ လက်ထက်မှာ ၆ ​နေရာအထိ တိုး​ချဲ့​ဖွဲ့​စည်း​ခဲ့​ပါတယ်။ အရင်က မြန်မာ့​တပ်မ​တော်မှာ ဗိုလ်ချုပ်ကြီး​ တဦး​တည်း​ ရှိခဲ့​ရာက သုံး​ဦး​အထိ တိုး​မြှင့်​ခဲ့​ပြီး​ ဒုတိယဗိုလ်ချုပ်ကြီး​အဆင့်​ ရာထူး​တွေကိုလည်း​ တိုး​မြှင့်​ပေး​အပ်ခဲ့​ပါတယ်။ တပ်​တွေကို တိုး​ချဲ့​ရုံသာမကဘဲ အုပ်ချုပ်​ရေး​ရာထူး​အဆင့်​တွေကိုလည်း​ တိုး​မြှင့်​ပေး​တဲ့​ သ​ဘောပါပဲ။

ပြည်တွင်း​မှာ​နေထိုင်တဲ့​ ဗိုလ်ချုပ်ချစ်လှိုင်က​တော့​ (တပ်မ​တော်မှာ) စိတ်ပိုင်း​ဆိုင်ရာ စွမ်း​ရည် ကျဆင်း​နေတယ်လို့​ ​ပြောမသွား​ပေမယ့်​ ပြည်ပမှာ ​နေထိုင်တဲ့​ စစ်​ထောက်လှမ်း​ရေး​ အရာရှိ​ဟောင်း​ ဗိုလ်မှူး​ ​အောင်လင်း​ထွဋ်က​တော့​ မြန်မာ့​တပ်မ​တော်မှာ အဓိကစွမ်း​ရည်ကြီး​ သုံး​ရပ်ဖြစ်တဲ့​ စစ်​ရေး​စွမ်း​ရည်၊​ အုပ်ချုပ်​ရေး​စွမ်း​ရည်၊​ စည်း​ရုံး​ရေး​ စွမ်း​ရည်​တွေ ကျဆင်း​နေတယ်လို့​ ​ပြောပါတယ်။

“ကျတယ်လို့​ပဲ ​ပြောရမယ်ဗျ။ စည်း​ရုံး​ရေး​စွမ်း​ရည်၊​ စစ်​ရေး​စွမ်း​ရည်၊​ အုပ်ချုပ်​ရေး​စွမ်း​ရည်ဆိုပြီး​ စွမ်း​ရည်ကြီး​ သုံး​ရပ်​ပေါ့​ဗျာ။ ပြန်ချိန်ထိုး​ကြည့်​ရင် စစ်​ရေး​ စွမ်း​ရည်က က​လေး​စစ်သား​နဲ့​ ​ထောင်က ထွက်တဲ့​စစ်သား​နဲ့​ ဘယ်လိုမှ စစ်တိုက်လို့​ မရဘူး​။ ဒါ​ကြောင့်​မို့​ စစ်သား​တွေ ကျကြတာ။ အုပ်ချုပ်​ရေး​ စွမ်း​ရည်ဆိုတာကလည်း​ ရဲ​ဘော်ကို စား​ဝတ်​နေ​ရေး​နဲ့​ ​နေ​ရေး​ထိုင်​ရေး​ကအစ အိမ်ခန်း​တောင်မှ မစီစဉ်​ပေး​နိုင်ဘူး​ဗျာ။ ကိုယ့်​ဘာသာ တဲထိုး​ပြီး​နေရတယ်ဗျာ။ ကိုယ့်​ရိက္ခာ ကိုယ်ရှာစား​ပြီး​ ဆန်​လောက်ပဲ ​ပေး​တယ်ဗျာ။ ရိက္ခာ​တွေ ဖြတ်ပစ်တာ ရှိတယ်ဗျ။ ဒါမျိုး​တွေက အုပ်ချုပ်​ရေး​စွမ်း​ရည်ကို ဘယ်လိုမှ မမြှင့်​တင်နိုင်ဘူး​။ စည်း​ရုံး​ရေး​ စွမ်း​ရည်ဆိုတာက​တော့​ စပ်ဆက်တယ်​လေ။ အူမ မ​တောင့်​ဘူး​ဆိုရင် သီလမ​စောင့်​နိုင်ဘူး​။ ​သေနတ်ကိုင်တဲ့​ကောင်က ​သေနတ်နဲ့​ စည်း​ရုံး​တဲ့​ အခါကျ​တော့​ လာဘ်​တောင်း​တာ​ပေါ့​။ ဂိတ်ရှိရင် ​သေနတ်ပြပြီး​ ပိုက်ဆံ​တောင်း​ပြီ။ ရွာ​ရောက်ရင် အနိုင်ကျင့်​ပြီ။ အရင်တုန်း​က ရွာ​ရောက်ရင် ကြက်​လောက်ပဲ ယူတာ။ အခု​တော့​ မဟုတ်​တော့​ဘူး​။ ပိုက်ဆံယူတာတို့​ အကုန်လုံး​ ဖြစ်လာတာ။ ပွင့်​ပွင့်​လင်း​လင်း​ ​ပြောရရင်​တော့​ စွမ်း​ရည်သုံး​ရပ်စလုံး​က​တော့​ လုံး​ဝကို မရှိသ​လောက် ဖြစ်​နေပြီ။ တကယ့်​တကယ် စစ်ဖြစ်ကြည့်​ ကျ​နော်တို့​ တပ်မ​တော်ကြီး​က အ​မြှောက်​တွေ၊​ ​လေယာဉ်ပျံ​တွေသာ ရှိရင် ရှိမယ်။ ​ခြေလျင်တပ် မ​ကောင်း​ရင် စစ်မနိုင်နိုင်ဘူး​။”

မတ်လ ၃၀ ရက်​နေ့​မှာ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ်ရာထူး​ကို ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေက​နေ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို လွှဲ​ပြောင်း​ပေး​လိုက်ပါတယ်။ ကာကွယ်​ရေး​ ဦး​စီး​ချုပ်အသစ် ဖြစ်လာတဲ့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ DSA ဗိုလ်သင်တန်း​ အပတ်စဉ် ၁၉ မှာ တက်​ရောက်ခဲ့​ပြီး​ သူ့​အထက်က စီနီယာ ဗိုလ်ချုပ်​တွေကို ​ကျော်ပြီး​ ကာကွယ်​ရေး​ဦး​စီး​ချုပ် ဖြစ်လာတာပါ။ စီနီယာ ဗိုလ်ချုပ်​တွေက ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို ဦး​စီး​ချုပ်အသစ်အဖြစ် လွယ်လွယ်ကူကူ လက်ခံပါ့​မလား​ဆိုတာ ​မေး​စရာ​မေး​ခွန်း​ ဖြစ်ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ တပ်မ​တော်ထဲက ​အောက်​ခြေအဆင့်​ အရာရှိ အကြပ်စစ်သည်​တွေ ကြား​မှာ​တော့​ သိသာတဲ့​ပြောင်း​လဲမှုမျိုး​ ​တွေ့​ရမှာ မဟုတ်ဘူး​လို့​ အငြိမ်း​စား​အရာရှိတဦး​ ဖြစ်တဲ့​ ဗိုလ်ကြီး​ဇော်မိုး​က​တော့​ သုံး​သပ်ပါတယ်။

“​အောက်​ခြေက ဒါ​တွေ စိတ်မဝင်စား​ဘူး​။ ဥပမာ ​ပြောပြမယ်ဗျာ။ ​အောက်​ခြေက တပ်ရင်း​မှူး​ ဘယ်သူလဲဆိုတာကို ရဲ​ဘော်က ​တော်ရုံတန်ရုံ မသိဘူး​။ တပ်ခွဲမှူး​ ဆိုတာကလည်း​ ​ပြောမှ ​ဟေ့​ကောင် ဒါက မင်း​ တပ်ခွဲမှူး​ ဆိုမှ ​အော် ကျ​နော့်​တပ်ခွဲမှူး​လား​။ အဲလို​ပြောမှ သိတာ။ အဲလိုမျိုး​ပဲ တပ်ခွဲမှူး​ဆိုတဲ့​ အရာရှိကလည်း​ သူသိတဲ့​ အဆင့်​သည် သူ့​ပတ်ဝန်း​ကျင်မှာရှိတဲ့​ တပ်ရင်း​မှူး​တွေ၊​ တိုင်း​မှူး​ပဲ သိတယ်။ ကျန်တာ သူဘာမှ မသိဘူး​။ စိတ်မဝင်စား​ဘူး​။ သူလုပ်ရမယ့်​ အလုပ်သည် operation ကိစ္စ၊​ operation မှာ သူကိုယ်တိုင်ကိုယ်ကျ ပါပြီး​တော့​မှ အဓိက ဒဏ်ရာရမှု မဖြစ်​ရေး​ ဒါပဲ စိတ်ဝင်စား​တယ်။ သူတို့​က ကိုယ့်​ဘာသာ ကိုယ့်​လမ်း​ကြောင်း​ကို သွား​နေတာ။ တကယ်​တော့​ ​အောက်က အပိုင်း​က​တော့​ ဘယ်သူပဲ လာလာ အမိန့်​နာခံရမှာ။”

ဒါ​ပေမယ့်​ ကာကွယ်​ရေး​ဦး​စီး​ချုပ်အသစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ တပ်မ​တော်ကို အုပ်ချုပ်မှုဆိုင်ရာ မနိုင်နင်း​တာ​တွေနဲ့​ ထိန်း​ချုပ်မှု​တွေ လစ်ဟာနိုင်တယ်လို့​ တပ်မ​တော်အရာရှိ​တွေနဲ့​ ပြည်တွင်း​ပြည်ပ စစ်​ရေး​အကဲခပ်​တွေက ထင်​ကြေး​ပေး​ သုံး​သပ်​နေကြပါတယ်။
http://burmese.dvb.no/archives/14748

တ​ဒေါ်လာ ကျပ် ၉၀၀ နှင့်​ ၁၀၀၀ ကြား​ သတ်မှတ်ရန်ရှိဟုဆို


Published on August 29, 2011 by ရွှေအောင်

အ​မေရိကန်​ဒေါ်လာနဲ့​ ကျပ်​ငွေ လဲလှယ်နှုန်း​ကို တ​ဒေါ်လာ ကျပ် ၉၀၀ နဲ့​ ၁၀၀၀ ကြား​ ထား​ရှိသတ်မှတ်ဖို့​ ရှိတယ်လို့​ အစိုး​ရဝန်ကြီး​တဦး​က ​ပြောပါတယ်။

စက်မှုဖွံ့​ဖြိုး​တိုး​တက်​ရေး​ဝန်ကြီး​ ဦး​စိုး​သိမ်း​က ပြည်တွင်း​စာနယ်ဇင်း​တချို့​ကို ​တွေ့​ဆုံ ရာမှာ ဒီလို ​ပြောလိုက်တာလို့​ ​တွေ့​ဆုံပွဲတက်တဲ့​ ဂျာနယ် အယ်ဒီတာချုပ်တဦး​က ​ပြောပါ တယ်။

“သွင်း​ကုန်ထုတ်ကုန် လုပ်ငန်း​ရှင်​တွေလည်း​ မထိပါး​စေရဘူး​။ စား​သုံး​သူ​တွေလည်း​ ထိပါး​မှု မရှိ​စေရဘူး​။ အထဲမှာ နိုင်ငံခြား​ငွေ ကိုင်​ဆောင်ထား​တဲ့​ ပြည်တွင်း​သုံး​ငွေ ကိုင် ​ဆောင်ထား​တဲ့​ လူ​တွေလည်း​ ထိပါး​မှု မရှိ​စေရဘူး​၊​ ​နောက်ပြီး​ နိုင်ငံရဲ့​ ကုန်ထုတ်လုပ်မှု၊​ ကုန်သွယ်မှုနဲ့​ ​ငွေ​ရေး​ကြေး​ရေး​ ကဏ္ဍများ​မှာ ထိပါး​မှုမရှိ​စေရဘူး​၊​ အဘက်ဘက်က ဘက်စုံ ​ထောင့်​စုံ ​ဆောင်ရွက်မယ်။ သူ့​ရဲ့​ တဦး​တည်း​အမြင်အရ ​ပြောမယ်ဆိုရင် ​ငွေလဲနှုန်း​ကို ၉၀၀ နဲ့​ ၁၀၀၀ ကြား​ထဲ မှန်း​တယ်တဲ့​။”

ပို့​ကုန်သွင်း​ကုန် လုပ်ငန်း​ရှင်​တွေအ​နေနဲ့​ စိုး​ရိမ်စိတ်မထား​ဘဲ လုပ်ကိုင်​ဆောင်ရွက် ကြဖို့​လည်း​ ဝန်ကြီး​က ​ပြောတယ်လို့​ ဆိုပါတယ်။

တ​ဒေါ်လာကို ၇၁၈ ကျပ်နှုန်း​အထိ ​ငွေလဲနှုန်း​ ကျ​နေတာ​ကြောင့်​ ဒီကိစ္စကို အ​ဆော တလျင် အ​ရေး​ယူ​ဆောင်ရွက်ဖို့​ စီး​ပွား​ရေး​ပညာရှင်​တွေက အစိုး​ရကို တိုက်တွန်း​ထား​ပြီး​ ​ဆောင်ရွက်ချက်ကိုလည်း​ ပြည်သူ​တွေကို အလျင်အမြန် အသိ​ပေး​ဖို့​ ​ပြော​နေပါတယ်။ အစိုး​ရရဲ့​ တရား​ဝင်သတ်မှတ်နှုန်း​က​တော့​ တ​ဒေါ်လာကို ၆ ကျပ်ဖြစ်ပါတယ်။
http://burmese.dvb.no/archives/14871

၉၀ ​ရွေး​ကောက်ပွဲရလဒ်နှင့်​အတူ အ​ရွေး​ချယ်ခံများ​၏ကဏ္ဍ ပျက်ပြယ်ပြီဟုဆို


Published on August 29, 2011 by အံ့ဘုန်းမြတ်

၁၉၉၀ ပြည့်​နှစ် ပါတီစုံအ​ထွေ​ထွေ​ရွေး​ကောက်ပွဲ ရလဒ်နဲ့​ ​ရွေး​ကောက်ခံရတဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေရဲ့​ အခန်း​ကဏ္ဍ ပျက်ပြယ်သွား​ပြီလို့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်က ​ပြောပါတယ်။

ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင် ဥက္ကဋ္ဌ ဦး​တင်​အေး​ကိုယ်စား​ အဖွဲ့​ဝင် ဦး​မြင့်​နိုင်က ဒီ​နေ့​ကျင်း​ပတဲ့​ ပြည်သူ့​လွှတ်​တော်ပုံမှန်အစည်း​အ​ဝေး​မှာ ​ပြောကြား​ လိုက်တာပါ။

၁၉၉၀ ပြည့်​နှစ် ​ရွေး​ကောက်ပွဲမှာ အနိုင်ရရှိခဲ့​ကြတဲ့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​ လှယ် ၁၂၀ နဲ့​ပတ်သက်ပြီး​ ဘယ်လိုစဉ်း​စား​ထား​လဲလို့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​ရဲ့​ ​မေး​ခွန်း​ကို အဲဒီလိုရှင်း​လင်း​ဖြေကြား​သွား​တာလို့​ ​မြေပုံမဲဆန္ဒနယ်က ဦး​ဖေသန်း​က ​ပြောပြပါတယ်။

“၁၉၉၀ ခုနှစ် ပါတီစုံ​ရွေး​ကောက်ပွဲဥပ​ဒေကို အခု​ရွေး​ကောက်ပွဲမှာ ဒီ​ကော်မရှင် ဥပ​ဒေနဲ့​ ​ပြောင်း​လိုက်ပြီလို့​ ​ပြောလိုက်တဲ့​အတွက် အဲဒီ ၁၂၀ ရဲ့​ ပြဿနာက ဘာမှ မဆိုင်​တော့​ဘူး​ပေါ့​။ လက်ရှိဥပ​ဒေနဲ့​ ဖျက်သိမ်း​လိုက်ပြီဖြစ်တယ်လို့​ ​ပြောလိုက်တာ​ကြောင့်​ ၁၉၉၀ ခုနှစ် ပါတီစုံအ​ထွေ​ထွေ​ရွေး​ကောက်ပွဲဥပ​ဒေဟာ အလိုလို ပျက်ပြယ်ပြီး​သား​ဖြစ် တယ်။ အဲဒီအတွက် ၁၂၀ ဟာလည်း​ အလိုလို ပျက်ပြယ်ပြီး​ဖြစ်တယ်လို့​ ​ရွေး​ကောက် ပွဲ ​ကော်မရှင်ကိုယ်စား​ ​ကော်မရှင်အဖွဲ့​ဝင် ဦး​မြင့်​နိုင်က ​ပြောကြား​သွား​တာ။”

၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ လွှတ်​တော်ကိုယ်စား​လှယ်​တွေနဲ့​ ဖွဲ့​စည်း​ထား​တဲ့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​ပြု​ကော်မတီ (စီအာပီပီ) အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်က​တော့​ “​ရွေး​ကောက်ပွဲတခုကို ကျင်း​ပထား​ပြီး​တော့​ ဒီ​ရွေး​ကောက်ပွဲရဲ့​ ရလဒ်ကို တစုံတရာ အ​ကောင်အထည်မ​ဖော်ဘဲနဲ့​ လက်လွတ်စပယ် ​ပြောတယ်လုပ်တယ် ဆိုတာ​တော့​ နိုင်ငံအတွက်​ကော သမိုင်း​မှာ​ကော မ​ကောင်း​တဲ့​ လက္ခဏာတခုပဲ”လို့​ ​ဝေဖန် ​ပြောကြား​ပါတယ်။

“အန်အယ်ဒီအပါအဝင် အန်ကယ်တို့​ ရခိုင်ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ၉၀ ​ရွေး​ကောက် ပွဲ​ကြောင့်​ ပြည်သူ​တွေက တာဝန်​ပေး​တဲ့​အတိုင်း​ နိုင်ငံ​ရေး​ပါတီ​တွေဖြစ်တယ်၊​ နိုင်ငံ​ရေး​သ မား​တွေဖြစ်တယ်။ ဒီအ​ခြေခံကို အ​ကြောင်း​ပြုပြီး​တော့​ အန်အယ်လ်ဒီအပါအဝင် အန်ကယ် တို့​ပါတီ​တွေက ရပ်တည်​နေတာဖြစ်တယ်။

“နဝတ၊​ နအဖက ​ပြောင်း​လိုက်တဲ့​ သမ္မတ ဦး​သိန်း​စိန်အစိုး​ရလည်း​ ပြည်​ထောင်စု အစိုး​ရသစ်လို့​ပဲ ​ခေါ်​ခေါ် ဒီအစိုး​ရနဲ့​က​တော့​ တမျိုး​သား​လုံး​အတွက် ​ရှေ့​ဆက်သွား​မယ့်​ အ​ရေး​ကြီး​တဲ့​ အမျိုး​သား​ရေး​ ကိစ္စ​တွေ၊​ တနည်း​အား​ဖြင့်​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ ကိစ္စ​တွေကို ​ဆွေး​နွေး​တဲ့​အခါမှာ ဒီလိုအချက်အလက်​တွေကို တနည်း​နည်း​ဖြင့်​ အသိအ မှတ်ပြုဖို့​၊​ အ​ကောင်အထည်​ဖော်ဖို့​၊​ အ​ကောင်အထည်​ဖော်ဖို့​ ဆိုတဲ့​နေရာမှာ အာဏာလွှဲဖို့​ အစိုး​ရဖွဲ့​ပေး​ဖို့​ ဒီလို​ပြောတာမဟုတ်ဘူး​၊​ တိုင်း​ပြည်အတွက်​ရော၊​ လုပ်ခဲ့​တဲ့​နိုင်ငံ​ရေး​ သမား​တွေအတွက်​ရော တာဝန်ရှိတဲ့​ ပုဂ္ဂိုလ်​တွေ​ကော အသီး​သီး​ကို အသိအမှတ်ပြုဖို့​ လိုမယ်လို့​ ယူဆပါတယ်။”

၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​က ပါတီမှတ်ပုံမတင်ခဲ့​တဲ့​ ၁၉၉၀ ပြည့်​နှစ် ​ရွေး​ကောက်ပွဲ အနိုင်ရ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ပါတီအပါဝင် တိုင်း​ရင်း​သား​ပါတီ​တွေဟာ တရား​ဝင် ပါတီရပ်တည်မှု ပျက်ပြယ်ပြီလို့​ ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်က ​ကြေ ညာခဲ့​ပါတယ်။
http://burmese.dvb.no/archives/14875

တရုတ်နည်းပညာ၊ ဧရာဝတီနဲ့ မြန်မာတမျိုးသားလုံးရဲ့ ကံကြမ္မာ

Posted by on August 29, 2011
တရုတ်ပြည်ရဲ့ တဟုန်ထိုး စီးပွါးရေးတိုးတက်လာမှုကြောင့် ဖြစ်လာရတဲ့ စွမ်းအင်လိုအပ်ချက်ဟာ တရုတ်ပြည်ထဲ က မြစ်တွေပျက်စီးခဲ့ရုံနဲ့ မပြီးဘဲ မြန်မာပြည်ကိုမွေးဖွားသန့်စဉ်ပေးခဲ့တဲ့ တခုတည်းသော မြန်မာအမျိုးသားပိုင် အမိ ဧရာဝတီကို သတ်ဖြတ်ဖို့ ကြိုးစဉ်ဆောက်နေတဲ့အဆင့်အထိ ရောက်လာခဲ့ပါပြီ။ ကျနော့်အနေနဲ့ ဒီဓါတ်ပုံသတင်းဆောင်း ပါးမှာ ပြည်ထောင်စု၊ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့ မြန်မာတမျိုးသားလုံးကို တင်ပြချင်တဲ့ အခြေခံအချက်ကတော့ တ ရုတ်တွေဟာ သူတို့ကိုယ်ပိုင်မြစ်တွေကို ဘယ်လိုသတ်ဖြတ်ခဲ့ကြပြီလဲ။ သူတို့သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုဖျက်ဆီး ခဲ့ကြပြီလဲ ဆိုတာကို ဘာအကျိုးကျေးဇူးတစုံတရာ မယ်မယ်ရရမရှိ မြန်မာတမျိုးသားလုံးအတွက် အဘက်ဘက်က ဘာ အာမခံချက်မှ မရှိတဲ့ ဧရာဝတီကို လည်မျိုညှစ်နေတဲ့ တရုတ်အကျိုးစီးပွါးသက်သက်အတွက် သခင်အားရ ကျွန်ဒဏ်ဝ လုပ်နေတဲ့ မျိုးဖျက်သစ္စာဖေါက်လောက်ကောင် ပုဆိန်ရိုးတစုကြောင့် ဖြစ်လာရတဲ့  မြစ်ဆုံရေအားလျှပ်စစ်ထုတ် ရေကာ တာတွေကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို နှိုင်ယှဉ်တွေးဆပြီး ဒီသေမင်းတမန် စီမံကိန်းကို အမျိုးသားရေး အသွင် သဏ္ဌာန်နဲ့ ရပ်တန့်နိုင်စေရန် ရည်ရွယ်တင်ပြလိုက်ပါတယ်။ (မြစ်ချောင်းနှင့် ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့လွန် တရုတ်တွင် သင်ယူနိုင်ရန် ညှိနှိုင်းနေ By Popular News ဆိုတဲ့ သိန်းစိန်အစိုးရရဲ့ ဆင်သေကိုဆိတ်ရေနဲ့ဖုံးဖို့ ကြိုးစားနေ တဲ့ သွေးရူးသွေးတန်းလုပ်ရပ်တွေကို နားမယောင်ကြဘဲ အရှိအဖြစ်ကို လက်တွေ့ကျကျ ပကတိအတိုင်းမြင်နိုင်အောင် တင်ပြလိုက်ရပါတယ်။)

တရုတ်နိုင်ငံ အရှေ့ခြမ်း ယန်ဇီပြည်နယ် နန်ချန်းမြို့အနီး ဖုဟေး မြစ်မျက်နှာပြင်ပေါ်တွင် အစုလိုက်အပြုံလိုက် သေနေ သောငါးများ (August 17, 20011)
 ”တရုတ်ကွန်မြူနစ်ပါတီဟာဘယ်တော့မှအမှားကိုဝန်မခံဘူး” (ဟန်စ်ချန် – အာရှရေစွမ်းအင် Three Gorges Dam: China’s Dilemma)
ကမ္ဘာ့အကြီးဆုံး Three Gorges Dam ကို ယန်စီမြစ်လည်ကနေဖြတ်ပြီး ဆောက်ခဲ့ပါတယ်။ စီးပွါးရေးသမားတွေ နဲ့ နိုင်ငံရေးသမားတွေ သူတို့နဲ့ အဆွယ်အပွားတွေအားလုံး အကျိုးရှိသွားခဲ့ပါတယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင် နဲ့ ဂေဟဗေဒစံနစ်တွေအားလုံး ပျက်စီးခဲ့ပြီး တရုတ်တမျိုးသားလုံးအတွက် သမိုင်းဝင် ယန်ဇီမြစ်ကြီး ဘ၀ပျက်သွားခဲ့တာ ကို မျက်စိမှိတ် လျစ်လျူရှုခဲ့ကြပါတယ်၊ အာရှတိုက်ရဲ့အရှည်ဆုံးသော ယန်ဇီမြစ်ကြီးဟာ လျှပ်စစ်ဓါတ်အား ၁၈,၂၀၀ မီဂါဝပ် ထုတ်ပေးတဲ့ Three Gorges Dam ရဲ့ ၀ါးမြိုဖျက်ဆီးခြင်းကို အဖတ်ဆယ်မရအောင် ခံလိုက်ရပါပြီ။

တရုတ်နိုင်ငံ အရှေ့ခြမ်း ယန်ဇီပြည်နယ် နန်ချန်းမြို့အနီး ဖုဟေး မြစ်မျက်နှာပြင်ပေါ်တွင် အစုလိုက်အပြုံလိုက် သေနေ သော ငါးများ (August 17, 20011)

သည်ပုံကတော့ ယန်ဇီမြစ်ကိုဖြတ်ပြီး ဖေါက်ခဲ့တဲ့ Three Gorges Dam ကြောင့်ဖြစ်လာရတဲ့ ယန်ဇီမြစ်ပြင်ရဲ့ တစိတ်တ ဒေသပါပဲ။
(ယန်ဇီမြစ်ဆိုတာ တိဘက်ကုန်းပြင်မြင့်မှာမြစ်ဖျားခံခဲ့ပြီး တရုတ်ပြည်သူ သန်းပေါင်းလေးရာကို ရေချိုဖြည့်တင်းပေးနေ ခဲ့တဲ့ မြစ်တစင်းပါပဲ။) ဒီဓါတ်ပုံတွေဟာ တရုတ်အာဏာပိုင်တွေရဲ့ သဘာ၀၀န်းကျင်နဲ့ ဂေဟဗေဒစံနစ်ကို ဘယ်လောက် အလေးထားနေသလဲဆိုတဲ့ သက်သေခံပြယုဂ်တွေ ပါပဲ။

တရုတ်နိုင်ငံ အရှေ့ခြမ်း ယန်ဇီပြည်နယ် နန်ချန်းမြို့အနီး ဖုဟေးမြစ်မျက်နှာပြင်ပေါ်တွင် အစုလိုက်အပြုံ လိုက် သေနေသော ငါးများ။ (August 17, 20011)
ဒီ ဖုဟေးမြစ်ထဲကငါးတွေ အကြီးအသေး တကောင်မှမကျန်အောင် သေကြေခဲ့ရခြင်းဟာ မြစ်ကိုဖြတ်ကူးတဲ့ တံတား တစင်းကို တည်ဆောက်ခြင်းကြောင့် ဖြစ်လာရခြင်းပါ။ ဒါကိုကြည့်တာနဲ့ တရုတ်နည်း ပညာဟာ ဘယ်လောက်အဆင့် အတန်းရှိရှိ ဂုဏ်သိက္ခာရှိသလဲဆိုတာ မြက်ဝါးထင်ထင် တွေ့မြင်နိုင်ကြမှာပါ။

နန်ချင်းမြို့ဘေးမှာတင် ပုပ်ပွနေတဲ့ ငါးအသေကောင်တွေနဲ့ ပြည့်နှက်နေတဲ့ ဖုဟေမြစ်ရဲ့ ဖြစ်ပျက်နေပုံပါပဲ။ (August 17, 20011) ဘာစက်မှုမှ မယ်မယ်ရရ မတိုးတက်ဘဲ သဘာဝပန်းဝန်းကျင်ကိုပဲ မှီခိုအားထားအသက်ရှင်နေရတဲ့ (ဧရာဝတီ နဲ့ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာကို မှီခိုနေရတဲ့) မြန်မာ့လူဦးရေရဲ့ ၇၀% ရာနှုန်းရဲ့ အနာဂတ်ဘ၀တွေကို ဒီမြင် ကွင်းတွေ အပေါ်ကနေ ပြက်ပြက်ထင်ထင် မြင်နိုင်ကြမှာပါ။

သိပ်မကြာခင်ဆယ်စုနှစ်အတွင်းမှာ ကျနော်တို့ မြန်မာလူမျိုးတွေ အခုမြင်နေရတဲ့ တရုတ်ပြည်က မြစ်တွေထဲကငါးတွေလို ပိုးလိုးပက်လက် သေသူသေ ဖုတ်လိုက်ဖုတ်လိုက်နဲ့ သေဖို့ကို စောင့်သူစောင့် ဘ၀ရောက်ကြရတော့မယ်ဆိုတာ သိစေ ချင်ပါတယ်။

ကျုပ်တို့လူမျိုးတွေ သည်ငါးတွေလို သေအတူယှဉ်မခွာ အတူသေကြတော့ မလား။

ဒီပုံကတော့ ယန်ဇီမြစ်ကိုဖြတ်ပြီးဆောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးဆိုပြီး တရုတ်ကွန်မြူနစ်ပါတီက ဟိတ်ဟန်ထုတ်နေခဲ့တဲ့ Three Gorges Dam ကြောင့် ဇူလိုင် ၂၇, ၂၀၁၁ နေ့က ဖြစ်ပွါးခဲ့တဲ့ ရေကြီးမှုတစိတ်တဒေသရဲ့ ဓါတ်ပုံပါ။ တ စက္ကန့်ကို ရေကုဗမီတာ ၇၀ ၀၀၀ ကျော် နှုန်းနဲ့ ထိမ်းမနိုင်သိမ်းမရ ဒလဟောထွက်လာတဲ့ ရေတွေကို တရုတ်ကွန်မြူနစ် ပါတီက အာဏာပိုင်တွေ မတားဆီးနိုင်ခဲ့ပါဘူး၊ ဧရာဝတီကို တရုတ်လက်ထဲထိုးအပ်ခဲ့တဲ့ မောင်အေးနဲ့ သိန်းစိန်တို့ မြေ ကြီးလက်ခတ်မလွဲ ဖြစ်လာမယ့် ဒီဆိုးကြိုးတွေအတွက် တိုင်ပြည်နဲ့ လူမျိုးကို ဘာအာမခံချက်မှ မပေးနိုင်ပါဘူး။ သူတို့ အာမခံချက် ပေးခဲ့တာကတော့ တရုတ်တွေကို ဧရာဝတီ ထိုးအပ်ပါတယ်ဆိုတဲ့ စာချုပ်မှာ လက်မှတ်ထိုးခဲ့တာပါပဲ။

တိုင်းပြည်ကိုချစ်တဲ့ တရုတ်အများစုကြီးကတော့ သည်ဆည်ကြီးကို ယံဇီကိုသတ်ခဲ့တဲ့ ငရဲခန်းကြီးလို့ တွင်တွင်ခေါ်နေကြ ပါတော့တယ်။

ယန်ဇီကိုသတ်ဖြတ်ခဲ့တဲ့ Three Gorges Dam ကြောင့် ၂၀၁၀ မှာ လူ ၁၂၀၀ ရေသင်္ချိုင်းမှာ မြှုတ်ခဲ့ရပြီး ဒေါ်လာသန်း ပေါင်း ၂၂ ဘီလီယံ ဆုံးရှုံးခဲ့ရပါတယ်။

ယူနက်စကို (World Heritage Site) ရဲ့ 2007 အစီရင်ခံစာအရ တရုတ်နိုင်ငံမှာ လူသန်း (၃၀၀) ဟာ ညစ်ညမ်း တဲ့ ရေတွေကို သောက်သုံးနေကြရပြီး လူသန်းပေါင်း (၁၉၀) ဟာ မသန့်ရှင်းတဲ့ရေ သောက်သုံး သုံးစွဲရမှုကြောင့် ဖြစ် ရတဲ့ ရောဂါတွေရနေကြပြီလို့ ဆိုပါတယ်၊ ၂၀၁၁ ခုနှစ်မှာ ဒီအရည်အတွက်ဟာ ၂၀% ထပ်တိုးလာပြီလို့ ခန့်မှန်းကြ ပါတယ်။

မျိုးဖျက် ပုဆိန်ရိုး သေစ္စာဖေါက်လောက်ကောင်တစုကြောင့် ကျနော်တို့ရဲ့ နောင်လာနောက်သားတွေ ကနေ့ တရုတ်ပြည် ရဲ့ လူနည်စုကောင်းစားပြီး လူသန်းပေါင်းများစွာ ဘ၀ပျက်နေရတဲ့ အဖြစ်မျိုးကို မကြုံရအောင် အချိန်မနှောင်းခင် အမျိုး သားရေးအမြင်ဖြင့် တိုက်ပွဲဝင်ကြဖို့ အလျှင်အမြန်ဝိုင်းဝန်းကြရန် လိုအပ်နေပါပြီ။ (သိပ်မကြာခင် ဖြစ်လာမဲ့ အထက်ကလို အနိဋ္ဌာရုံတွေအတွက် သိန်းစိန် နဲ့ မောင်အေး သာမက သူတို့အဖေ တရုတ်တွေလည်း ဘာအာမခံချက်မှ မပေး နိုင်ပါဘူး။ တရုတ်တွေ သူတို့မြစ်တွေဖျက်ဆီးပြီးလို့ အားလုံးရစရာမရှိတော့ချိန်မှာ နောက်ဖေးအိမ်က စမ်းချောင်းထဲမှာ အညစ် အကြေးစွန့်ဖို့လုပ်တဲ့ ဖြစ်ရပ်နဲ့ မခြားပါဘူး။)

အမျိုး ဘာသာ သာဿနာကိုဖျက်ရုံတင်မက ပုဆိန်ရိုးတွေ သူခိုးကို ဓါးကမ်းခဲ့ပါပြီ။

မြန်မာတမျိုးသားလုံးရဲ့ ဒီသေမင်းတမန် စီမံကိန်းကြီးကတော့ ဖဲကြိုးဖြတ်ဖွင့်ခဲ့ပါပြီ။
(ဖတ်ရှုတဲ့အတွက် အဖိနှိပ်ခံ မြန်မာတမျိုးသားလုံးရဲ့ကိုယ်စား သင့်ကိုကျေးဇူးတင်ပါတယ်။)
ဧရာဝတီ ကမ္ဘာတည်သရွေ့စီးပါစေ။
မြန်မာပြည်သည် ဧရာဝတီစီးသရွေ့ တည်ပါစေ။ (ဧရာဝတီ ပျက်တဲ့နေ့ဟာ မြန်မာပြည် အသက်ထွက်တဲ့နေ့ ပါပဲ)
အမှားတခုကို ကျူးလွန်ရန်အတွက် ဘယ်အမှန်တရားနဲ့မှ သက်သေပြ၍မရ
လေးစားစွားဖြင့်
လှိုင်ဘွား / 88
(August 27, 2011)
http://www.naytthit.net/?p=17863

ဗိုလ်ချုပ်ဈေးအဓိကရုဏ်း


by Shine Win (Face book)on Saturday, August 27, 2011 at 2:38pm

ယနေ့ (27.8.2011) ညနေ ၅း၁၀ နာရီခန့်အချိန်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဖက်တန်းတွင် အဓိကရုဏ်းတစ်ခုဖြစ် ပွားခဲ့ပြီး ရာနှင့်ချီသောလူထု အုံကြွမှု တစ်ခုဖြစ်ပေါ်ခဲ့ပါသည်။

အဆိုပါဖြစ်ရပ်မှာ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဖက်တန်းရှိ ယာဉ်အ၀င်လမ်းဘေးရှိ ယာဉ်ရပ်နားရာနေရာတွင် ရပ်နားထားသော မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁ (Town ace) ၏ နောက်ကြည့်မှန်အား အသက် ၆၀ ခန့်ရှိ အမျိုးသားတစ်ဦးမှ ဘေးမှလာသောယာဉ်အား ရှောင်ရင်း ၀င်တိုက်မိသဖြင့် ကားပိုင်ရှင် ညီအစ်ကိုနှစ်ဦးမှ လျော်ကြေးတောင်းခံခဲ့ကြသည်။ ထိုအခါ ၀င်တိုက်မိသူ အမျိုးသားမှ ကားနောက်ကြည့်မှန်မှာ ထိခိုက်မှု တစ်စုံတစ်ရာညဖစ်ပွားခြင်းမရှိသည့်အတွက် မလျာ်ပေးနိုင်ကြောင်းနှင့် မိမိပုခုံးဖြင့် ထိမိသည့်အတွက် တောင်းပန်ပါကြောင်း ပြောကြားမှုကို မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁ (Town ace) ၏ယာဉ်ပိုင်ရှင် ညီအစ်ကိုမှ ကျေနပ်မှုမရှိပဲ အထက်ပါ အသက် ၆၀ ခန့်ရှိ အမျိုးသားအား လည်ပင်းညစ်ပြီး မျက်နှာကို လက်သီးဖြင့်ထိုးခဲ့ရာ ၄င်းအမျိုးသားကြီးမှာ နှာခေါင်းမှ သွေးများအဆက်မပျက်ကျဆင်းလာပြီး သွားလည်းနှစ်ချောင်းကြိုးသွားခဲ့ပါသည်။ ထိုကဲ့သို့သွေးများ အလိမ်းလိမ်းဖြင့်နာကြင်နေသောကြောင့် အမျိုးသားကြီးက လျော်ပေးမည်ဖြစ်ကြောင်းပြောဆိုသော်လည်း ယာဉ်ပိုင်ရှင် ညီအကိုနှစ်ဦးအနက် အကြီးဖြစ်သူက မော်တော်ယာဉ်ပေါ်တွင် အသင့်ယူဆောင်လာသော နှစ်တစ်လက်မ (၂x၁ လက်မ) တုတ်ကို ယာဉ်မောင်းထိုင်ခုံအောက်မှ ဆွဲယူလာကာ အဆိုပါအဖိုးအိုအားလိုက်ရီုက်ခဲ့ပြန်ပါသည်။

ထိုအခါတွင် ဈေးလုံခြုံရေးနှင့် ဈေးသူဈေးသားများက ၀ိုင်းဝန်းဆွဲသဖြင့် ယာဉ်ပိုင်ရှင်မှာ၎င်း၏မော်တော်ယာဉ်သို့ ပြန်လည် ထွက်ခွာလာပြီး ရဲတုင်ကာအရေးယူမည်ဖြစ်ကြောင်း အော်ဟစ်ကြိမ်းမောင်းသွားပါသည်။

ထိုအခါမှ အဖြစ်မှန်ကိုသိကြသော ဈေးသူဈေးသားများမှာ ဒေါသပြင်းထန်စွာထွက်ပြီး အထက်ပါ နိုင်ထက်စီးနင်းပြုကျင့်ခဲ့သူ ယုတ်မာရိုင်းဆိုင်းကာ လူမဆန်စွာ၇မ်းကားခဲ့သော ယာဉ်ပိုင်ရှင် ညီအကိုနှစ်ဦးအား ထိရောက်စွာ အရေးယူပေးရန်အတွက် ဈေးလုံခြုံရေး နှင့် တာဝန်ကျ ယာဉ်စောင့်များအား ၀ိုင်းဝန်းပြောဆိုခဲ့သဖြင့် ၄င်းတာဝန်ရှိသူများမှ လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရန် အတွက် မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁ အားမော်တော်ယာဉ်အထွက်လမ်းမှ စောင့်နေသော်လည်း မော်တော်ယာဉ်မှာ ထွက်မလာပဲ ဈေးအတွင်းပတ်ရှောင်နေသဖြင့် ဈေးသူဈေးသားများနှင့် ဈေးအပြန်ကားပိုင်ရှင်များမှာ အမျက်ဒေါသထွက်ကာ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ကြပါသည်။ ထိုသို့ဝိုင်းဝန်းပိတ်ဆို့မှုကြောင့် ရာနှင်ချီသော လူအုပ်ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးအတွင်း ဟိုပြေးဒီလွှားဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါသည်။

နောက်ဆုံးကားကိုပိတ်ဖမ်းမိသောအခါယာဉ်ပိုင်ရှင်များမှ ဘယ်သူမှစောက်ဂရုမစိုက်ဘူး သတ်တိရှိတဲ့ကောင်ထွက်ခဲ့ မဆိုင်ရင်မဆိုင်သလိုနေ အစရှိသဖြင့် ရိုင်းပြစွာစော်ကားခဲ့ပြန်သဖြင့် ဈေးသူဈေးသားများမှ မခံမရပ်နိုင်ဖြစ်ပြီး ၀ိုင်းဝန်းအော်ဟစ်ခြင်းများ ဖြစ်ပွားခဲ့ပါသည်။ ထိုအခါဈေးလုံခြုံရေးနှင့်တာဝန်ကျယာဉ်ထိန်းရဲများရောက်ရှိလာပြီး အထက်ပါ ယာဉ်ပိုင်ရှင် ညီအစ်ကိုနှစ်ဦးအား ဈေးရုံးခန်းသို့ခေါ်ဆောင်သွားခဲ့ပါသည်။

အရိုက်ခံရသူ အမျိုးသားကြီးအား ဈေးသူဈေးသားများ ၀ိုင်ဝန်းကာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ ပို့ဆောင်ပေးခဲ့ကြပါသည်။

အထက်ပါဖြစ်ရပ်တွင်အလွန်တရာယုတ်မာရိုင်းဆိုင်းပြီးလူမဆန်သောလူရမ်းကားညီအကိုနှစ်ဦးအား ဈေးသူဈေးသားများအားလုံး ကျေနပ်မှုလုံးဝမရှိပဲ စစ်မှန်သော တရားဥပဒေ၏ အဆုံးအမကို ခံယူစေရန်နှင့် နောက်နောင်တွင် ယခုကဲ့သို့သော မြန်မာ့ယာဉ်ကျေးမှုနှင့်ဆန့်ကျင်သော၊ တရားဥပဒေမဲ့သော၊ မင်းမဲ့စရိုက်ဆန်သော၊ လူသားချင်းစာနာမှုကင်းမဲ့သော လုပ်ရပ်မျိုးကို ပြည်သူပြည်သားများ မခံရစေရန်နှင့် စစ်မှန်သောဒီမိုကရေစီအစိုးရစနစ်အကူးအပြောင်းကာလတွင် ဒီမိုကရေစီဗနိးပြကာ အများပြည်သူအား ထိခိုက်စေမည့်လုပ်ရပ်များဖြစ်ပေါ်မလာစေရန် တရားဥပဒေ၏ အဆုံးအဖြတ်ကိုစောင့်မျှော်လျှက်ရှိကြပေသည်။

အမှုအခင်းဖြစ်ပွားရာကား၏ ပတ်ပတ်လည်ပုံအား အမှုအခင်းဖြစ်ပွားပြီးနောက်မြင်ရပုံများ.........


အမှုအခင်းဖြစ်ပွားရာကား (ဘေးတိုက်မြင်ရပုံ)

အမှုအခင်းဖြစ်ပွားရာကား (ရှေ့မှမြင်ရပုံ)

အမှုအခင်းဖြစ်ပွားရာ ကားနောက်ကြည့်မှန် (မည်သည့်ပျက်စီးမှုမှမရှိ)

အခြားတစ်ဖက်ရှိ ကားနောက်ကြည့်မှန်


မြစ်ရေစီးသံ နာခံလော့


Posted by admin on August 29, 2011


ဗမာပြည်ကတော့ ထွေလာဆန်းကြယ်တွေ တမျိုးပြီးတမျိုး ပေါ်နေတော့ တာပဲ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် နာကြီး ကင်တာနား ဗမာပြည်သွားလိုက်မှပဲ ဗိုလ်ကြီးဟောင်း နေမျိုးဇင် တို့ တပ်ကုန်းက NLD ခေါင်းဆောင် ကိုဖိုးထောင် တို့ ပြည့်ပြည့်ဝဝ ထောင်ကျသွားတော့ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံပွဲကလည်း (သူတို့ အပြောအရ) ကျေနပ်စရာကောင်းနေတဲ့အချိန် သွားတာဆိုတော့ ကော်မရှင်နာကြီးရဲ့ ခရီးကို ပရိတ်သတ်အပေါင်း က မျှော်လင့်ချက်ကောင်းကောင်းနဲ့ စောင့်ကြည့်နေလိုက်တာ ကင်တားနားလည်း ဖင်ကားယားနဲ့ အဆုံးသတ် သွားတော့မှ ဟာခနဲ ဖြစ်ကျန်ခဲ့ရတယ်။

ရယ်လည်းရယ်စရာ၊ မောလည်းမောစရာ မင်းကိုနိုင်ရဲ့စကားလေးကို သတိရမိတယ်။ အရင် ကုလကိုယ်စားလှယ်တော် ကြီး ဂမ္ဘာရီ လက်ထက် ကပေါ့။ ထောင်ထဲမှာ အကျဉ်းသားတွေအကြား ဂမ္ဘာရီလာမယ်၊ ထူးမယ်၊ ဂမ္ဘာရီ ပြန်ရင် ထူးမယ် နဲ့ မျှော်လိုက်ရတာ ဂမ္ဘာရီ သာ လာလိုက်ပြန်လိုက်နဲ့ သူ့တာဝန်သာ ပြီးဆုံးသွားတယ် ဘာမှထူးမလာဘူး။ အခု ကင်တားနား လည်း ရယ်စရာ မောစရာနဲ့ပဲ ပြီးသွားပြန်ပြီ။ ဒီတခါကတော့ မတူတာတွေ ဘေးထားပြီး တူတာတွေ အတူလုပ်ကြ မယ်ဆိုတဲ့ စကားသံတွေကြောင့် အကောင်းမျှော်လင့်နေ ချိန်မှာဆိုတော့ မောစရာက ပိုကြီးသွားတော့ တယ်။ လူထုအပေါင်းခင်ဗျာ ရင်ခေါင်းလောက်အထိ တက်လာတဲ့ ဝမ်းမြောက်ချင်တဲ့ သဒ္ဓါစိတ်ကလေးတွေ ဖုတ်ခနဲ ဖုတ်ခနဲ ပြုတ်ကျသွားရရှာတော့တယ်။

ဒါလားဟဲ့ စစ်ဗိုလ်ချုပ်များရဲ့ စိတ်ကောင်းစေတနာ၊ ဒါလားဟဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မျိုးချစ်စိတ်။

ကြက်တူရွေး လွှတ်တော်ဥက္ကဋ္ဌကြီးဗိုလ်ချုပ်ကြီး(အရပ်ဝတ်) ရွှေမန်းတို့၊ ခင်အောင်မြင့်တို့က နိုင်ငံရေးအကျဉ်းသားတွေ ကိုလွှတ်ချင်ပါတယ်။ အခုတော့ မလွှတ်နိုင်သေးဘူး။ အခြေအနေကောင်းမှ လွှတ်မယ်လို့ ကော်မရှင်နာကြီးကို ပြော လိုက်သတဲ့။ (၂၃) နှစ်ရှိနေတာတောင် အခြေအနေတွေက မကောင်းသေးဘူးလား။ သူတို့အုပ်ချုပ်မှ ဘယ်ခေတ်နဲ့မှ မတူအောင် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်နေပြီလို့ တစာစာပြောခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ စကားတွေ ဘယ်ပျောက် ကုန်ပြီလဲ၊ ကြက်တူရွေး ဥက္ကဋ္ဌကြီးတွေရဲ့ အခြေအနေကောင်းမှ လွှတ်မယ်ဆိုတော့ အခုကအခြေအနေ မကောင်းသေး ဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ ဒါဆို အဘက်ဘက်က ဘယ်ခေတ်နဲ့မှမတူအောင် တိုးတက်နေပြီလို့ ပြောခဲ့ကြ တဲ့ ခေါင်းဆောင်ကြီးတွေ လိမ်တာပေါ့။ မတူတာတွေ ဘေးထားပြီး တူတာတွေ တွဲလုပ်ကြမယ်ဆိုတာကော တကယ်ပဲ လား၊ လိမ်တာလားလို့ မေးရင် ဘယ်လိုဖြေ မလဲ။ ဒါလဲ နောက်ကွယ်က လူလိမ်ကြီးတွေ ခိုင်းတဲ့အတိုင်း ပြောရတာပါ လို့ ပြောဦးမယ် ထင်ပါရဲ့။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မဟုတ်သေးပါဘူး။ ပခုံးနဲ့ ရင်ဘတ်မှာ သူရသတ္တိဆိုင်ရာဘွဲ့တံဆိပ်တွေ အပြည့် ချိတ်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ သတ္တိကောင်းလိုက်ပုံက ဒီနိုင်ငံရေးအကျဉ်းသားတွေက လွှတ်ပေးပြီးရင် လမ်း မတွေပေါ်တက်ပြီး ဆန္ဒမပြကြဘူးလို့ အာမခံမှ လွှတ်ပေးမယ်လို့ ပြောလိုက်ပြန်သေးတယ်။ ပြောရဲပေ့ မောင်ကာဠုရယ်။ ကံကုန်ခါနီးတော့ ဉာဏ်ထုံဆိုသလို ဒီစကားပြောရင် အာရပ်ကမ္ဘာကစခဲ့တဲ့ ကမ္ဘာ့ ဒီမိုကရေစီလှိုင်းတံပိုးကြီး ဗမာပြည်ကို ကူးစက်ရိုက်ခတ်မှာ စိုးရိမ်ကြောက်လန့်နေတဲ့ သူတို့အတွင်းသဘော ပေါ်သွားလိမ့်မယ်ဆိုတာတောင် မစဉ်းစားနိုင်ကြ ရှာတော့ဘူး။ ဖြစ်ရရှာပေ စစ်ဗိုလ်ချုပ်တွေရဲ့ဘဝ။ ပြောပဲ ပြောရဲ နိုင်လွန်းလိုက်တာ။ ဆာလို့ငိုတဲ့ကလေးကိုရိုက်ပြီး အရိုက် မခံချင်ရင်မငိုနဲ့လို့ ပြောသလို ဖြစ်နေပြီ။ ကလေး ဆာတာကို ရှာကြံကျွေးမယ်လို့ စိတ်မကူးဘူး။ ဒါလားဟဲ့ မိဘနဲ့တူတဲ့ နိုင်ငံတော် အကြီးအကဲများဆိုတာ။



ဒါကို အဟုတ်လုပ်ပြီး ကော်မရှင်နာကြီးကလည်း အတိုက်အခံ နိုင်ငံရေးသမားတွေကို ခင်ဗျားတို့ ကြားဝင် အားမခံပေးမ လားလို့ မေးရဲပြောရဲသလို၊ သူပြောရင် လိုက်လျောမယ်ဆိုတဲ့ အကျင့်စွဲနေတဲ့ နိုင်ငံရေးသမား ဆိုသူများကလည်း ကျနော်တို့ ကြိုးစားပါ့မယ်လို့ ပြောလိုက်ပြန်တယ်။ ပြီးတော့ စစ်ဗိုလ်ချုပ်ကြီးတွေ အကြိုက် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို မသုံးဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းချခံသူများလို့ နာမည်ပြောင်းသုံးပြီး အသနားခံကြမယ် ဆိုပါလား။ တိုင်းပြည်ကောင်းဖို့ ကိုယ့်အမြင်ကိုယ်ပြော၊ ကိုယ်ယုံကြည်ရာကို ဘယ်သူ့ကိုမှ မထိခိုက်စေဘဲလုပ်တာ နိုင်ငံရေးလုပ် တာ မဟုတ်လား။ ဒီလိုပြော ဒီလိုလုပ်လို့ အဖမ်းခံရ အကျဉ်းချထားခံရသူဟာ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူးလား။ ပုဂံမင်း မိဖုရားဖြစ်လာတဲ့ အရပ်သူ မယ်နုက သူ့နာမည်ကို ပြည်သူပြည်သားတွေ မခေါ်ရ မသုံးရလို့ မတော်တရော် က မောက်ကမ အမိန့်ထုတ်လို့ အရပ်သားတွေ မကျည်းရွက်နု၊ ဟင်းရွက်နုကို မကျည်းရွက်ထွတ်၊ ဟင်းရွက်သစ် လို့ ပြောခဲ့ကြ သုံးခဲ့ကြရတာကို သတိရစရာပဲ။ သမိုင်းစဉ်ဆက် ရယ်စရာကို ဖြစ်ရောပဲ။

ကြုံလို့ ပညာရှိသူတော်ကောင်းတွေရဲ့စကား နားခါးတတ်တဲ့စစ်ဗိုလ်ချုပ်တွေကို ကျွဲပါးစောင်းတီး လုပ်ပါဦးမယ်။ ဆရာ ကြီး ဒေါက်တာသန်းထွန်းက သမိုင်းဆိုတာ မအ အောင်လို့သင်တာလို့ ဆိုတယ်။ သမိုင်းထဲမှာ သင်ခန်းစာ ယူစရာတွေ အပြည့်ရှိတယ်။ ဒါ့ကြောင့် ဆရာကြီးကဒီစကား မှာထားခဲ့တာပဲ။ ပုဂံမင်းဆိုတာ ဒီနေ့ စစ်ဗိုလ်ချုပ်မင်းတွေနဲ့ အတော်တူ တဲ့ ကုန်းဘောင်ခေတ်က မင်းဆိုးမင်းညံ့ တယောက်ပဲ။ ပြည်သူတွေဆီက အခွန်အကောက်ရထားတဲ့ ကောက်ပဲသီးနှံတွေ ကို သူ့မိဖုရားတွေက ငတ်နေတဲ့ပြည်သူကို ပြန်ရောင်စားတဲ့ သူပဲ။ တိုင်းသူပြည်သားတွေအရေး တစက်ကလေးမှ ထည့်မ စဉ်းစားဘဲ ကြက်တိုက်ငှက်တိုက်နဲ့ သောက်စားမူးယစ် အချိန်ဖြုန်းတယ်။ သူ့ဝါသနာဆိုးကို ကောင်းကောင်းဖြည့် ဆီးပေးနိုင်လို့ ကြက်သမား၊ နွားတိုက်သမား ကုလား ဘိုင်ဆတ်ကို မြို့ဝန်ခန့်တယ်။ လူပေါ့လူသွမ်း ကုလားဘိုင်ဆတ်က မြို့ဝန်အာဏာနဲ့ တိုင်းပြည်သူသားတွေကို နှိပ်စက်ညှင်းပန်းလွန်းလို့ နောက်ဆုံးသူကိုယ်တိုင်အမိန့်ထုတ် သတ်ပစ်ရ တယ်။ အခု စစ်ဗိုလ်ချုပ်များက အရပ်ပျက် ကလေကဝတွေကို ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့ဆိုပြီး လက်သပ်မွေး အာဏာ ပေးထားတာနဲ့ တပုံစံတည်းပဲ။ အခုတော့ ဗမာပြည်က ထောင်ထဲထားရမယ့် သူတွေကို အာဏာပေး၊ တိုင်းပြည်အုပ်ချုပ် ရမယ့် သူတွေကို ထောင်ထဲထဲ့နဲ့ တကဲ့ကို ကမောက်ကမတိုင်းပြည်။ အုပ်ချုပ်မင်းလုပ်သူတွေ တရားမဲ့ရင် ပြည်ပျက်တာ ပဲ။ သူ့လက်ထက်မှာ အောက်ဗမာပြည်ကို အင်္ဂလိပ်တွေ အလွယ်လေးသိမ်းသွားတာ ခံလိုက်ရတယ်။ ပြည်သူပြည်သား တွေ မခံမရပ်နိုင်လို့ ညီတော် မင်းတုန်းမင်းသားက ထီးနန်းသိမ်းလိုက်ရတယ်။ ပုဂံမင်းလည်း အရူးဘဝနဲ့ ဇာတ်သိမ်းသွားရတယ်။

အခု စစ်ဗိုလ်ချုပ်များခေတ်မှာလည်း ဗမာပြည် ခေါင်းပြတ်တော့မလို ဖြစ်နေပြီ။ ဗမာပြည်ရဲ့ မိခင်မြစ်ကြီး ဧရာဝတီလည်း ဖုတ်လိုက်ဖုတ်လိုက် အသက်ငင်နေပြီ။ ဒီတော့ စစ်ဗိုလ်ချုပ်တွေမှာ မျိုးချစ်စိတ်ကလေး နည်းနည်းကျန်သေးရင် ပုဂံမင်း အဖြစ်ကို င်္သခန်းစာယူပြီး လက်တွဲသင့်တဲ့သူနဲ့ လက်တွဲ၊ ပြင်စရာရှိတာတွေကို ပြင်ပြီး အမိဗမာပြည်ကို ကယ်တင်ရမဲ့ အချိန်ပဲ ဖြစ်တယ်။

ဒီနေ့ စစ်ဗိုလ်ချုပ်တွေအနားမှာရှိတဲ့ ပြည်တွင်းပြည်ပက အသင်းအပင်းတွေကြားမှာ စစ်ဗိုလ်ချုပ်တွေကို ကြည်သာ နှစ်လို လို့ ပေါင်းနေတဲ့ မိတ်ဆွေတယောက်မှ မပါဘူး။ သူတို့ လိုဘ တခုတည်းအတွက် မချစ်သော်လည်း အောင့်ကာနမ်းနေ ကြတယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေ အသိဆုံးပါ။ ဒီနေ့ခေတ် ကမ္ဘာ့အခင်းအကျင်းကြီးမှာ ဒီတခါ တိုင်းပြည်နွံနစ်ရင်တော့ ကမ္ဘာ့သုဉ်းတဲ့အထိ ကျွန်ဖြစ်ကြဘို့ဘဲ ရှိတော့တယ်။ နိုင်ငံရေး အကြပ်ဆိုက်လာမှ ဟိုလူနဲ့ တွေ့ပြလိုက်၊ ဒီလူကို ကတိက ဝတ်ပြုလိုက်၊ နိုင်ငံရေးအကျဉ်းသားလေး မဆိုစလောက် လွှတ်ပြလိုက်။ ပြီးတော့ အသက်ရှူချောင်လာရင် ရူးချင်ယောင်ဆောင်လိုက်နဲ့ တသက်လုံး ဘိန်းစွဲသလိုစွဲလာတဲ့ နိုင်ငံရေးကလိန်ကကျစ် မျက်လှည့်ပွဲတွေ ရပ်သင့်ပါပြီ။ မင်းမှာသစ္စာ လူမှာကတိ ဖြစ်အောင် ကြိုးစားပြင်ဆင်ဖို့ လိုပါပြီ။

ဒီနေ့ စစ်ဗိုလ်ချုပ်တွေ လုပ်နေတဲ့ နိုင်ငံရေးစတန့်တွေကို ဘာကြောင့်လုပ်တယ်။ ဘာလိုချင်လို့ လုပ်တယ်ဆိုတာ နည်း နည်း အကင်းပါးတဲ့သူတိုင်း မြင်ပါတယ်။ သူတို့ခြေလှမ်းက (၈၈) အရေးအခင်းပြီးစမှာ လူမျိုးစု လက်နက် ကိုင်အဖွဲ့တွေ ကို မရ ရတဲ့ဈေးနဲ့ စေ့စပ်ထားပြီး ပြည်တွင်းက ဒီမိုကရေစီအင်စားစုတွေကို အာရုံစိုက်ဖိနှိပ် ကွပ်ညပ်ခဲ့သလို အခုတ ခါ ပြောင်းပြန်တဆစ်ချိုးပြီး ပြည်တွင်းကအင်အားစုတွေနဲ့ ဟန်ပြနားလည်မှုယူပြီး လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကို အာရုံ စိုက်ချေမှုန်းဘို့ ဟန်ပြင်တာပါပဲ။ ဒီဖော်နည်းကားက ဒီတခါ အသုံးမဝင်နိုင်တော့ဘူး။ ခေတ်ကပြောင်းသွားပြီ။ လူထု ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်လာလို့ အင်အားစုတွေ တခုနဲ့ တခုအကြား သတင်းဆက်သွယ် အမြင်ဖ လှယ်နိုင်တာတွေက သိပ်ကိုအားကောင်းနေပြီ။ တနေရာတည်းမှာ နှစ်ခါချောင်းတဲ့မုဆိုးဟာ သားကောင်ဖြစ်တတ်တယ်။ ဒီတခါဖြစ်မယ့် သားကောင်က စစ်ဗိုလ်ချုပ်တွေတင်မကပဲ တိုင်းပြည်နဲ့ လူမျိုးပါ ရောပါသွားမှာပဲ။

နောက် အာရပ်ကမ္ဘာကစလိုက်တဲ့ ကမ္ဘာ့ဒီမိုကရေစီလှိုင်းကြီး ဗမာပြည်ကိုရိုက်ခတ်ပြီး လူထုအုံကြွမှာကိုကြောက်တယ်။ စစ်တပ်အောက်ခြေ အများစုကလည်း အရင်လို ခိုင်းမရတော့မှာကို သိနေတယ်။ ဒါဟာ မြစ်တစင်းထက် အင်အားပြင်း တဲ့ လူထုရဲ့ဆန္ဒဖြစ်တယ်။ ဧရာဝတီကိုပိတ်ဆို့လို့ ရကောင်းရမယ်။ (၂၃) နှစ်တိုင်တိုင် ဖိနှိပ်ဖျောက်ဖျက်လို့ မရတဲ့ အပြင် ပြင်းသထက်ပြင်းလာတဲ့ လူထုဆန္ဒကိုတော့ ဖိနှိပ်ပိတ်ဆို့လို မရနိုင်ဘူး။ ရနေတယ်ဆိုတာက အခိုက်အတန့် သာ ဖြစ်တယ်။ ဒါကြောင့် မြစ်ရေစီးသံကို နာခံဘို့ လိုပါတယ်။

ဒီနိုင်ငံရေးစတန့်တွေလုပ်ရတဲ့ နောက်တချက်က စစ်အုပ်စုဟာ တဖက်မှာလည်း အတုအယောင်ရွေးကောက်ပွဲက ထင်သလောက်ခရီးမပေါက်ဘဲ နိုင်ငံတကာဝင်ဆံ့ဖို့ အကြံမမြောက် ဖြစ်နေတယ်။ အာဆီယံဥက္ကဋ္ဌနေရာရဖို့ဆိုတာ ဒီအကြံအ စည်းရဲ့ပထမခြေလှမ်းပဲ။ ဒီက တဆင့်တိုးပြီး နိုင်ငံတကာကို ဝင်ဆံ့လာရာကနေ နောက်ဆုံး အရေးယူပိတ် ဆို့မှု ဆန်ရှင် တွေရုတ်သွားဖို့ပဲဖြစ်တယ်။ စစ်ဗိုလ်ချုပ်တွေ အရူးအမူးဆန်ရှင်ပြုတ်စေချင်တာကလည်း တိုင်းပြည်နဲ့ လူမျိုး အကျိုးထက် သူတို့ အတ္တအကျိုးကပိုပါတယ်။ ဆန်ရှင်ပြုတ်မှလည်း သူတို့ရဲ့နည်းပေးလမ်းပြ ခေါင်းကိုင်အဖ ဝဲစားကြီး ဗိုလ်နေဝင်း နဲ့ နိုင်ငံတကာကအာဏာရှင်များလို ပြည်သူတွေဆီက ခိုးဆိုးလုယက် စုဆောင်းထားတာတွေကို ဆွစ်ဇာလန် ဘဏ်လို နိုင်ငံခြားဘဏ်တွေမှာ ဆွေစဉ်မျိုးဆက် သုံးစားနိုင်ဖို့ ပြောင်းရွှေ့သိုဝှက်နိုင်မှာ ဖြစ်တယ်။

အချုပ်ပြောရရင်တော့ ဗမာတပြည်လုံး ဘက်ပေါင်းစုံမှာ အကြပ်အတည်းပေါင်းစုံ ဆိုက်နေတယ်။ တိုင်းပြည် အနာဂါတ် ကို ခြိမ်းခြောက်ခံရပြီ။ လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့ရေးကတဆင့် အမျိုးသား ညီညွတ်ရေးနဲ့ အမိဗမာ ပြည်ကို ဝိုင်းဝန်းကယ်တင် စောင့်ရှောက်ကြဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်တယ်။ သေချာတာကတော့ အမျိုးသားရင် ကြားစေ့ရေးတို့ အမျိုးသားစည်းလုံးညီညွတ်ရေးတို့ဆိုတာ (၂၀၀၈) စစ်ကျွန် ဖွဲ့စည်းပုံဘောင်ထဲမှာ လုံးဝမဖြစ်နိုင်ဘူး ဆိုတဲ့ အချက်ပဲ။ (၂၀၀၈) အဖွဲ့စည်းပုံဟာ စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားတင်မက စစ်တပ်နဲ့ လူမျိုးစုံပြည်သူ တွေအကြား ထာဝရစိတ်ဝမ်းကွဲစေပြီး ပဋိပက္ခတွေ တခြိမ်းခြိမ်း ထုတ်လုပ်ပေးနေမယ့် ယန္တရားဖြစ်တယ်။

လူမျိုးစုံ ပြည်သူတွေအကြား အမျိုးသားရင်ကြားစေ့နိုင်ဖို့ဆိုတာက သမမျှတတဲ့ အပေးအယူ ညှိနှိုင်း သဘောတူညီမှုတွေ နဲ့မှသာ ဖြစ်နိုင်ပါတယ်။ ငါက အသာစီးရလို့ မတော်မတရား သဘာဝမကျတဲ့ တောင်းဆိုမှု တွေကိုတောင်းဆို၊ ပြေလည် ချင်ဇောနဲ့ သဘာဝမကျတဲ့ လိုက်လျောတဲ့ သဘောတူညီမှုတွေဆိုတာ သမမျှတမှု မရှိတဲ့ အပေးအယူညိနှိုင်းသဘောတူမှု တခုပဲ ဖြစ်တယ်။ ဒီလို မတော်မတရားသဘာဝမကျတဲ့ စေ့စပ်ဆွေးနွေးပွဲက ရလာတဲ့ အဖြေဆိုတာကလည်း တိုင်းပြည် အနာဂါတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

စစ်ဗိုလ်ချုပ်တွေတိုင်းပြည်ကို တကယ်ကောင်းစေချင်၊ ပြောင်းလဲချင်ရိုးမှန်ရင်တော့ ပညာရှိ သတိမမူ ဂူမမြင် ဖြစ်မှာစိုး ရိမ်လို့ မဟတ္တမဂန္ဒီကြီးရဲ့ စကားတခုကို မျှဝေလိုက်ပါတယ်။ ဂန္ဒီကြီးက စေ့စပ်ဆွေးနွေးရေးနဲ့ ဆက်စပ်ပြီး အောက်က အတိုင်း ပြောခဲ့ပါတယ်။

“စေ့စပ်ဆွေးနွေးမှု မှန်သမျှဟာ အပေးအယူကို အခြေခံပေမယ့်၊ အခြေခံမူ ကျောရိုးကိုတော့ အပေးအယူလုပ်လို့ မရဘူး။ အခြေခံမူ ကျောရိုးကို အပေးအယူလုပ်တဲ့ စေ့စပ်ညိနှိုင်းမှုဆိုတာ လက်နက်ချခြင်းတမျိုး ဖြစ်တယ်။ အရာအားလုံးကို အချည်းအနှီးပေးလိုက်ခြင်း ဖြစ်တယ်။” (All compromise is based on give and take, but there can be no give and take on fundamentals. Any compromise on mere fundamentals is a surrender. For it is all give and no take.)

ရဲဘော်ကျော်သန်း

၂၉၊ ၈၊ ၂၀၁၁။
http://www.naytthit.net/?p=17958

လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၃၄)




သရုပ်ဖော် ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်

ဖြူဖြူသင်း

သြဂုတ်၂၈၊ ၂၀၁၁


ကျမတို့တိုင်းပြည်ဟာ သာယာလှပတယ်။ သဘာဝ သယံဇာတ အရင်းနှီး များတယ်။ နွေးသမပိုင်းဇုံဖြစ်နေလို့ သစ်တောတွေတိုင်းမှာရှိတတ်တဲ့ အဖိုးတန်သစ်တွေ အကုန်ရှိတယ်လို့ပြောရင် ရပါတယ်။ ဒီကြားထဲက ခု ပင်လယ်ပိုင်းဘက်မှာ သဘာဝဓာတ်ငွေ့တွေ ထွက်နေတာဖြစ်လို့ အတိုင်းထက်အလွန်ဆိုသလို ချမ်းသာနေကြမယ်တောင် ထင်ရပါတယ်။

ဒါပေမယ့် ဘာပြောပြော ကျမတို့ ရှောင်မရလွှဲမရ ဝန်ခံရမယ့်ကိစ္စကြီးတခုကတော့ ဧရာဝတီ မြစ်ကြီးပါပဲ။ တကယ့်ကို ကျမတို့ရဲ့ သွေးရင်းသားရင်း မြစ်ကြီးလို့ဆိုရမလို ကျမတို့ တိုင်းပြည်အတွက် ပြယုဂ်၊ ကျမတို့တိုင်းပြည်ရဲ့ အသက်သွေးကြော ကျမတို့တမ်းတစရာဟာ ဧရာဝတီမြစ်ကြီးပါပဲ။ ဒီမြစ်ကြီးဟာ ကျမတို့ရဲ့ ရာဇဝင်၊ ကျမတို့တိုင်းပြည်နဲ့ လူမျိုးရဲ့သမိုင်း၊ ကျမတို့ကို ဂုဏ်ဆောင်နေတဲ့ သက်ရှိတခုလို့ ထပ်ပြောရင် ရပါတယ်။

ဒီမြစ်ကြီးက ကျမတို့ပြည်သူကို အကောင်းဆုံး အလုပ်ကျွေးပြုနေတဲ့ နှစ်ပေါင်း ရာထောင်ချီနေပါပြီ။ ဒီ မိခင် ဧရာဝတီဟာ စော်ကားမှုပေါင်းများစွာ ခံနေရတာ ကျမတို့ စိတ်မသက်သာစရာ ကောင်းလှအောင်ကို တွေ့မြင်ခံစားနေရတာပဲ ဖြစ်ပါတယ်။ ဒီမြစ်ကြီးကြောင့် ကျမတို့တိုင်းပြည် စပါးကျီ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဖြစ်ခဲ့ရတယ်။ ဒီမြစ်ကြီးမြစ်ဖျားခံရာ ကမ္ဘာ့အလှပဆုံးမြစ်ဆုံကို မြင်တွေ့ခဲ့ရတယ်။ မြစ်ကျဉ်း မြစ်ငယ်အသွယ်သွယ်နဲ့ အင်မတန် သာတောင့်သာယာ ရှုမျှော်ခင်းတွေ ဖြစ်ထွန်းလာခဲ့ရတယ်။

ဒီမြစ်ကြီးက ကျမတို့အတွက် ကျေးဇူးရှင်လို့ပြောရင်လည်း ဖြစ်ပါတယ်။ ဗမာပြည်မြောက်ဖျားနဲ့ တောင်ဖျား ဆက်သွယ်ရာ ကုန်းတွင်းပိုင်းကနေ ပို့ဆောင်ရခက်ခဲတဲ့ ကုန်စည်တွေကို အစုန်ဆန်တင်ပို့ပေးနေတဲ့ ဆက်သွယ်ရေး ကွန်ယက်ကောင်းတခုလည်း ဖြစ်ပါတယ်။ ပြည်သူထောင်ပေါင်းများစွာဟာ ဒီမြစ်ကမ်းပေါ်မှာ ထွန်ယက်စိုက်ပျိုးကြ၊ ဒီမြစ်ကမ်းပေါ်မှာပဲ သစ်တော သစ်ပင်တွေ စိုက်ပျိုးကြ၊ ဒီမြစ်ကမ်းပေါ်မှာပဲ မှီတင်းနေထိုင်ရင်း ရှမ်း၊ ကချင်၊ ကယား၊ ကရင် အစရှိ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို အကောင်းဆုံး သက်သေခံနေတဲ့ သွေးစည်းမှုဖြစ်စဉ်ကြီး စီးဆင်းနေမှုကိုလည်း သက်သေခံနေတာဖြစ်ပါတယ်။

ခုတော့ စိုးရိမ်စရာဗရပွနဲ့ ဧရာဝတီကိုယ်တိုင်က ဘုရားပြန်တနေရပြီဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝိသမလောဘသမားတွေ စက်ရုံတွေဆောက်ကြ၊ စက်ရုံဆိုရာမှာလည်း ကော့စတစ်လို စက်ရုံမျိုးကိုပါ ဦးပိုင်အမည်ခံ တည်ဆောက်နေတာဖြစ်ပါတယ်။ ခုလည်း စွန့်ပစ်ပစ္စည်းတွေကို စည်းမရှိ ကမ်းမရှိ စွန့်ပစ်နေကြလို့ ဧရာဝတီမြစ်တွင်း ငါးတွေကောကုန်တာ၊ သောင်ထွန်းမှုဖြစ်စဉ်တွေ များလာတာ၊ ကမ်းပါးတွေပြိုကျပျက်စီးတာ အစရှိသဖြင့် မကောင်းသတင်းတွေ အများကြီး ကြားနေရပြီးဖြစ်ပါတယ်။

ဒီ့ထက်မက ဆိုးဝါးလာအောင် လုပ်ဆောင်နေမယ့် အရိပ်ယောင်တွေ၊ သတင်းတွေကြားနေရတော့ ဧရာဝတီ ထိမ်းသိန်းရေးများ လုပ်ဆောင်ဖို့ လိုအပ်နေလှပါပြီလို့များ မတွေးထင်ကြလေသလားတော့ မပြောတတ်ပါဘူး။ ဒီလောက် ကျေးဇူးများလှတဲ့ ကျေးဇူးရှင်ကို ဒီလောက် ကျေးစွပ်နေတာကတော့ လွန်လွန်းအားကြီးလှပြီလို့ပြောရမှာပါ။

နိုင်ငံတော် အာဏာပိုင်များဆိုသူကလည်း ဒီအကျိုးကျေးဇူးတွေကို ထိန်းသိမ်းရမယ့်အစား ငွေရပြီးရော သဘောထားပြီးတော့ လုပ်နေကိုင်နေကြတာတွေ၊ တိုင်းပြည်ရဲ့ တကယ့်အသွေးအသားကို ရောင်းစားနေတာတွေ လုပ်ဆောင်နေတာဟာ အလွန်အင်မတန်မှပဲ အရုပ်ဆိုးအကျဉ်းတန်ပါတယ်။ အခုနောက်ဆုံးတော့ ဧရာဝတီမြစ်ဆုံကိုပိတ်ပြီးတော့ ရေကာတာတခု တည်ဆောက်မယ် ဆိုပါတယ်။ ကမ္ဘာပေါ်မှာတော့ စတုတ္ထအကြီးဆုံး ရေကာတာကြီးဖြစ်လာမယ် ဆိုပါတယ်။ ဒေသခံ ထောင်ပေါင်းများစွာ ပြောင်းရွှေ့ရ၊ နေရပ်စွန့်ခွာရ၊ အသနားခံလို့လည်းမရ၊ တောင်းပန်လို့မရ၊ တိုးလျှိုးမရ၊ စိုက်ပျိုးလက်စ မြေတွေကို အတင်းအဓမ္မသိမ်းယူပြီးတော့ ဓားပြတိုက်သလိုကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီအကျိုးရလဒ်ကို ပြန်တွက်လိုက်မယ်ဆိုရင်လည်း ဒီကနေထွက်ပေါ်လာမယ့် ရေအားလျှပ်စစ်ကို အိမ်နီးချင်းနိုင်ငံနှစ်ခုကို ၈၀ ရာခိုင်နှုန်းထိ ပေးရမှာဖြစ်ပါတယ်။ သူတို့တိုင်းပြည်က တကယ့်အရေးကြီးတဲ့ မြစ်ကြီးတွေမှာတော့ ဒီလိုစီမံကိန်းတွေ ဆောက်လုပ်မယ်လို့ တခါမှ မကြားမိခဲ့သလို လုပ်ဆောင်မယ့် အရိပ်ယောင်လည်း မရှိပါဘူး။ ဒါဟာ ဉာဏ်ပညာရှိသူ၊ တိုင်းပြည်အပေါ် စေတနာထားသူ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိန်းနိင်သူ ခေါင်းဆောင်များကတော့ ဒီတိုင်းပဲ လုပ်ကိုင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ခုတော့ ကျမတို့တိုင်းပြည်မှာကျတော့ သဘာဝပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်၊ တိုင်းပြည် အသက်သွေးကြောစပါးကျီလို့ ပြောပြောနေတဲ့ မြစ်ကြောင်းကြီး ပျက်စီးချင်ပျက်စီးပလေ့စေ ငါတို့ အကျိုးစီးပွားဖြစ်ထွန်းရင်ပြီးရော သဘောမျိုးလုပ်နေတဲ့ အတ္တဟာလည်း ကြောက်စရာ ကောင်းလွန်းလှပါတယ်။ အကျိုးစီးပွားတွေ ဘယ်လောက်ဖြစ်ဖြစ် တချိန်တခါမှာတော့ နောင်တရမယ့် အလုပ်ကိုင်မျိုးတွေ မလုပ်ဆောင်စေချင်ပါဘူး။ စီးပွားဖြစ်တော့ လူတစုကဖြစ်ပြီးတော့ ဆိုးကျိုးကို တတိုင်းတပြည်လုံးက ခံစားရမယ်ဆိုတာကြီးကတော့ သဘာဝကျလှပါဘူး။

ဒီစီမံကိန်းကို ရပ်တန်းက ရပ်ပစ်မှသာလျှင် ကျမတို့တိုင်းပြည် သယံဇာတ အလှအပ အသက်မွေးဝမ်းကြောင်းလုပ်ငန်း အစရှိတာတွေကိုပါ ထိမ်းသိန်းနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ဧရာဝတီမပျက်စီးရေးဟာ တတိုင်းတပြည်လုံးနဲ့သက်ဆိုင်တဲ့လုပ်ငန်း ပြည်သူလူထု တရပ်လုံးကို ထိခိုင်နစ်နာစေမယ့်လုပ်ငန်းလို သဘောထားပြီးတော့ အားလုံး ဝိုင်းဝန်းဆောင်ရွက် အလေးထားရမှာ ဖြစ်ပါတယ်။ ကဗျာဆရာတယောက်စကားနဲ့ ပြောရရင်တော့ ညီမလေးကို လှစေချင်ရင် ဧရာဝတီမြစ်ကြီးကို အလှပြင်ဆိုင် ပို့ပေတော့ ဆိုသလို “ဧရာဝတီမြစ်ကြီး ထာဝရ တည်တန့်နိုင်ရေး … တို့အရေး” လို့ ဆိုချင်ပါတော့တယ်။

ကျမ မဖြူဖြူသင်းပါ။

(လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုအစီအစဉ်ကို ပြန်လည်တင်ဆက်တာ ဖြစ်ပါတယ်)
http://moemaka.com/index.php?option=com_content&task=view&id=9765&Itemid=1

ဗိုလ်ချုပ်ကတော် မဟာသီရိသုဓမ္မဒေါ်ခင်ကြည်



သန်းဝင်းလှိုင်
သြဂုတ် ၂၈၊ ၂၀၁၁



မျက်မှောက်ကာလအထိ မြန်မာနိုင်ငံ၏တစ်ဦးတည်းသောအမျိုးသမီးသံအမတ်ကြီးအဖြစ် မော်ကွန်းထိုးခံခဲ့ရသူမှာ ဗိုလ်ချုပ်ကတော် မဟာ သီရိသုဓမ္မ ဘွဲ့ခံ ဒေါ်ခင်ကြည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူလူတစ်ခု၏လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက် ဒေါ်ခင်ကြည်သည် ခင်ပွန်းသည်ချမှတ်ခဲ့သော တိုင်း ပြုပြည်ပြု လုပ်ငန်း များ အမျိုးသားရေးရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။

သို့ကလို ၎င်း၏ဘ၀တလျှောက်လုံးတွင် တိုင်းပြည်အကျိုးကိုရည်စူး၍ မြင့်မြတ်သော အကျင့်သိက္ခာ၊ ကိုယ်ကျိုးစွန့်လွတ်မှုနှင့် ရိုးသားတည် ကြည်မှန်ကန်မှုတို့ကို အမြဲတစေ ဦးထိပ်ထားအရေးပေးခံခဲ့ရသော ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်း၊ မြောင်းမြမြို့၌ အဖ ပြည်သူ့လုပ်ငန်း ၀န်ထမ်း ဦးမိုးညှင်း၊ အမိဒေါ်ဖွားစုတ်တို့မှ ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်အဂါင်္နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၉) ဦးအနက် သတ္တမမြောက် ဖြစ်သည်။ ဒေါ်ခင်ကြည်သည်မွေးချင်းမောင်နှမများမှာ ...


၁။ ဦဘလွင်

၂။ ဒေါ်ခင်သောင်း

၃။ ဦးမောင် (ငယ်စဉ်ကကွယ်လွန်)

၎။ ဦးဘကျော်

၅။ ဒေါ်ခင်ကြီး (ဗကပဥက္ကဌ သခင်သန်းထွန်း၏ဇနီး)

၆။ ဒေါ်ခင်တင့် (ဦးသိန်းလှဇနီး)

၇။ ဒေါ်ခင်ကြည် (ဗိုလ်ချုပ်ကတော်)

၈။ ဦးသိန်း (လူပျိုကြီး)

၉။ ဒေါ်မမကြီး (ခေါ်) ဒေါ်အမာ (ကောက်ပဲသီးနှံမင်းကြီး ဦးတင်အောင် (ခေါ်) ဦးဂျော်နီ၏ ဇနီး) တို့ဖြစ်ပါသည်။

ငယ်စဉ်ကမြောင်းမြမြို့တွင် (၇) တန်းအထိပညာသင်ခဲ့သည်။ ရန်ကုန်ကြည့်မြင်တိုင် ABM မိန်းကလေးကျောင်းမှ (၉) တန်းအောင်သည်။ထို့နောက်မော်လမြိုင် ABM ကျောင်း (မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း) မှ မူလတန်းဆရာဖြစ် လက်မှတ်ရသည်။

မြောင်းမြအမျိုးသားအထက်တန်းကျောင်း၌ စေတနာဝန်ထမ်းဆရာအဖြစ် နှစ်အတန်ကြာအောင်လုပ်ခဲ့သည်။ ထို့နောက် ၀ါသနာအရ မိမိ ဗီဇပါရမီနှင့် ကိုက်ညီမည့်သူနာပြုဆရာမအလုပ်ကို လုပ်ကိုင်ရန်အတွက် ရန်ကုန်ဒပ်ဖရင်ဆေးရုံ (ယခုဗဟိုအမျိုးသမှးဆေးရုံ) ၌ သားဖွား ဆရာမသင်တန်း၊ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုဆရာသင်တန်းများတက်ရောက်ခဲ့သည်။ စစ်မဖြစ်မီရန်ကုန်ဆေးရုံကြီး၌ သူနာပြုအဖြစ် နှစ် အနည်းငယ်ကြာထမ်းရွက်ခဲ့သည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၂၃ ရက်တွင် ရန်ကုန်မြို့ဗုံးချခံရပြီး ဒဏ်ရာရလူနာများ ကာလကတ္တားသို့ပို့ ဆောင်ရေးတွင် သူနာပြုအဖြစ်ေ စတနာဝန် ထမ်းဆောင်ရွက်ခဲ့သည်။ ယင်းနောက် အိန္ဒိယမှမြန်မာနိုင်ငံသို့ နောက်ဆုံးထွက်သည့်သဘောင်္ နှင့်ပြန်လာသည်။

၁၉၄၂ တွင် ရန်ကုန်မြို့ ဂေါ်ရာကုန်းမြေ ဒိုင်အိုစီဇင်မိန်းကလေးကျောင်း၌ ဒေါက်တာဘသန်း (ဗိုလ်ချုပ်ကြီးနေ၀င်း၏ယောက္ခမ) ဦးဆောင် ၍ ဆေးရုံဖွင့် လှစ်သည်။ ထိုဘီဒီအေဆေးရုံတွင် အစ်မဖြစ်သူဒေါ်ခင်ကြီးနှင့်အတူ သူနာပြုအဖြစ် အစောဆုံးဆောင်ရွက်ခဲ့သည်။ ဒေါ်ခင်ကြီးမှာ စစ်မဖြစ်မီ သူနာပြု ၂၄၆ သင်တန်းဆင်းဖြစ်သည်။ ရန်ကုန်ဆေးရုံကြီးကို ဂျပန်တပ်များတပ်ခွဲထားရာ ဘီဒီအေဆေးရုံသည် ဒေါက်တာဘ မော်အုပ်ချုပ်ရေးခေတ်တွင် ရန်ကုန်ဆေး ရုံကြီးဖြစ်လာသည်။ ဒေါက်တာဘသန်း၏ဦးဆောင်မှုအောက်တွင် ဒေါက်တာလှရွေ (ရဲဘော်သုံး ကျိပ် ဗိုလ်လကျာင်္၏ညီ၊ ၁၉၃၈ကျောင်းသားခေါင်းဆောင် အာဏာရှင်ကိုလှရွှေ) ဒေါက်တာကြည်ပေါ၊ ဒေါက်တာဦးအေး၊ ဒေါက်တာမြင့် ဆွေ၊ ဒေါက်တာဒေါ်ရင်မေ၊ သူနာပြုကယ်လီ၊ မတင်ထွေး (ဒေါက်တာမြင့်ဆွေ ၏ဇနီး) တို့နှင့်အတူ သူနာပြုချုပ်အဖြစ် အမှုထမ်းနေစဉ် ဘီဒီအေ စစ်သေနာပတိဗိုလ်ချုပ်ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) ဆေးရုံလာတက်ရာ မှ တွေ့ဆုံမေတ္တာမျှခဲ့လေသည်။


ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာအခမ်းအနား

ထို့နောက် ၁၉၄၂ စက်တင်ဘာ ၆ တနင်္ဂနွေနေ့တွင် ဂျပန်ခေတ် ပြည်သူ့ဆေးရုံကြီးအရှေ့ဘက် အစွန်းဆုံးခန်းမဆောင်တွင် လက်ထပ်ထိမ်း မြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်သားအောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ သမီးအောင်ဆန်းစုကြည် (ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်) တို့ ထွန်းကားခဲ့သည်။ အထွေးဆုံးသမီးကလေးကို ၁၉၄၆ စက်တင်ဘာလ ၂၂ တွင်ထွန်းကားခဲ့သော်လည်း အ ဖတ်မတင်ဘဲ ၅ ရက်အကြာတွင် တိမ်းပါးသွားခဲ့ရသည်။ သားလတ် အောင်ဆန်းလင်းမှာလည်း ရန်ကုန်ဗဟန်းမြို့နယ် တာဝါလိန်းလမ်း အမှတ် (၂၅) နေအိမ် (ယခုဗိုလ်ချုပ်ပြတိုက်) ရှိ ရေကန်တွင် ၁၉၅၃ ဇန်န၀ါရီ ၁၆ တွင် ရေနစ်သေဆုံးသွားခဲ့ရသည်။


ဒေါ်ခင်ကြည်သည် ၁၉၄၇ ဇူလိုင် ၁၉ ရက် နံနက် ၁၀း ၃၅ နာရီတွင် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ဖော်ကိုင်ဖက် အခြား ၀န်ကြီးများနှင့်အတူ ကျဆုံးခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူချမှတ်ခဲ့သော တို်င်းပြုပြည်ပြုလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့ သည်။ ဖဆပလ၏တာဝန်ပေးခြင်းအရ ဗိုလ်ချုပ်အောင်ဆန်း၏ မဲဆန္ဒနယ်တွင် ၁၉၄၇ မှ ၁၉၅၁ အထိ အမျိုးသမီးအမတ်ဖြစ်ရွေးချယ်တင် မြှောက်ခြင်းခံခဲ့ရသည်။


၁၉၄၇ သြဂုတ်၂ တွင် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်သည် အဓိဋ္ဌန်ပြုချက်နဲ့အတူ လူထုပန်ကြားလွှာကိုထုတ်ပြန်၍ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏ပန်ကြားလွှာတွင် ...


“ကျမရဲ့ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နှင့်လူမျိုးအတွက်ကြိုးပမ်းရင်း လမ်းခုလက်တွင် ကျဆုံးခဲ့ရပါပြီ။ အခု သူ ကွယ်လွန်သွားတော့ သူ့ကိုပြုစုရမဲ့အစား သူချခဲ့တဲ့လမ်းစဉ်တွင်ပါဝင်နိုင်တဲ့ဘက်တွင်ပါဝင်ပြီး သူချန်ခဲ့တဲ့ သူသွေး သူ့သား မိမိရဲ့ရင် သွေးကလေးတွေကို အဖေသား ပီပီ ခြေရာနင်းနိုင်အောင် ပျိုးထောင်ပေးတော့မယ်လို့ဆုံးဖြတ်ပါတယ်။ လူထုကို ကျမပြောလိုတာကတော့မိမိတို့အား ကိုးယုံကြည်လေးစားေ သာခေါ င်းဆောင်ကြီးကို ရက်စက်စွာလုပ်ကြံမှုကြောင့် ဒေါသထွက်စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင် မှုကိုရှောင်ကြဉ်၍ သူချခဲ့သောလမ်းစဉ်အတိုင်း တသဝေမတိမ်းလိုက်နာကျင့်ဆောင်ကြပါ။ သူပျိုးထောင်ခဲ့သော ဖဆပလအဖွဲ့ကြီးကို ဆထက်တပိုး အားပေးထောက်ခံကြပါ။ သူရည်မှန်းခဲ့သော လွတ်လပ်ရေးကို မရမနေကြိုးပမ်းကြပါ”ဟု တိုင်းပြည်ကို တိုက်တွန်းခဲ့လေသည်။



ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်တို့ မိသားစု

ဒေါ်ခင်ကြည်သည် ၁၉၄၇ - ၅၃ တွင် မိခင်နဲ့ကလေးစောင့်ရှောက်ရေး ညွှန်ကြားရေးဝန်၊ ၁၉၅၃ - ၅၈တွင် လူမှုဝန်ထမ်းစီမံကိန်းကော်မရှင်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုသို့တာဝန်ယူ ဆောင်ရွက်နေစဉ် ပြည်ထောင်စုမြန်မာနိုင်ငံ လူမှုဝန်ထမ်းကောင်စီဥက္ကဌ၊ မိခင်နဲ့ ကလေးစောင့်ရှောက် ရေးဥက္ကဌ၊ ကလေးသူငယ်စောင့်ရှောက်ရေးကောင်စီဥက္ကဌ၊ ကျန်းမာရေးနှင့်ပြည် ရေးပြည်ရာအဖွဲ့ ဥက္ကဌ၊ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသမီးအသင်းများကောင်စီဥက္ကဌ၊ ဒီမိုကရေစီသဘောတရား တိုး တက်ပြန်ပွားရေးအသင်းဥက္ကဌ၊ မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ မြန်မာနိုင်ငံ သူနာပြုတင်ကားတပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ရာမာခရစ်ရှ်နာ သာသနာပြု ဆေးရုံနှင့် စာကြည့်တိုက် ဒုဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံရသည်။ ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံတွင် သူနာပြုလုပ်ငန်းများကို မွန်မြတ် သောပရဟိတလုပ်ငန်းအဖြစ် အများကစိတ်ဝင်စားစွာ ခံယူလုပ်ဆောင်စေရန် ရှေးဦးစွာစည်းရုံးခဲ့သူတစ်ဦးလည်းဖြစ်သည်။


ဒေါ်ခင်ကြည်သည် ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများထမ်းဆောင်နေစဉ် ၁၉၄၉ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာညီလာခံ၊ ၁၉၅၀ တွင် ကိုလံဘိုကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေဆိုင်ရာညီလာခံများကို မြန်မာကိုယ်စာလှည်အဖွဲ့ကိုဦးဆောင်၍ တက်ရောက်ခဲ့သည်။ ကိုလန်ဘိုညီလာခံတွင် ညီလာခံသဘာပတိအဖြစ် ရွေးချယ်တာဝန်ပေး အပ်ခံရသည်။ ၁၉၅၀၊ ၁၉၅၁၊ ၁၉၅၂ ခုနှစ် များတွင် ဂျီနီဗာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံများကို မြန်မာကိုယ်စားလှည်အဖွဲ့ကို ဦးဆောင်ကာတက်ရောက်၍ အနောက်ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗိယက်နမ်နိင်ငံများသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။


၁၉၅၉ - ၆၀ နှစ်များတွင် ဦးနုဦးဆောင်သော ပြည်ထောင်စုပါတီ (ပထစ) အတွက် စည်းရုံးရေးတာဝန်များကို ဖိဖိစီးစီး တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။ သို့အတွက် ဦးနုဦးဆောင်သော သန့်ရှင်းဖဆပလတဖြစ်လည်း ပြည်ထောင်စုပါတီသည် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည်။ ဒေါ်ခင်ကြည်သည် ပထစပါတီအား မဲဆွယ်စည်းရုံးပေးခဲ့သော်လည်း ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးမခံခဲ့ချေ။

ဦးနုဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် ဒေါ်ခင်ကြည်အား ၁၉၆၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ မြန်မာအမျိုးသမီး လော ကတွင် ပထမဆုံးနှင့် ယနေ့အချိန်အထိ တစ်ဦးတည်းသော မြန်မာအမျိုးသမီးသံ အမတ်ကြီး အဖြစ် မော်ကွန်းတင်ခံရသည်။ အိန္ဒိယနိင်ငံ၊ နယူးဒေလီမြို့တွင် ရုံးထိုင်၍ သံအမတ်ကြီးအဖြစ် ၇ နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၇ ဇွန်လ တွင် အငြိမ်းစားယူခဲ့သည်။


အငြိမ်းစားယူပြီးနောက် ရန်ကန်မြို့ တက္ကသိုလ်ရိပ်သာလိမ်းအမှတ် (၅၄-၅၆) နေအိမ်၌ ရိုးရိုးကုတ် ကုတ် နေထိုင်ခဲ့သည်။ မိခင်နှင့် ကလေး စောင့်ရှောင့်ရေးအဖွဲ့ ညွှန်ကြားရေးဝန်ကြီးလုပ် သက်၊ သံ အမတ်ပင်စင်များကိုမယူပဲ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဇနီးထောက်ပံ့ငွေ ကိုသာ ခံစားခဲ့သည်။


ဂဠုန်ဦးစောသည် ကြိုးမိန့်ကျပြီးနောက် ကျဆုးံခဲ့ရသောအာဇာနည်ကိုးဦးအား အသက်လျော်ကြေး ပေးရန် ၎င်းပိုင် လက်ဝတ်ရတနာများ ကိုရောင်းချ၍ ရရှိငွေကို အညီအမျှခွဲဝေပေးရန် ဇနီးဖြစ်သူ ဒေါ်သန်း ခင်အား ထောင်းတွင်းမှမှာကြားခဲ့သည်။ ဒေါ်သန်းခင်သည် ခင်ပွန်းဖြစ်သူ ဦးစော၏ဆန္ဒအတိုင်း ပုဂ္ဂိုလ်ရှစ်ဦးအားလိုက်လံပေးပြီးနောက် ဒေါ်ခင်ကြည်အား အကျိုးအကြောင်း ပြောပြီး အသက်လျော်ကြေးပေးရသော အခါ ဒေါ်ခင်ကြည်က ...


“ရှင့်ယောက်ျား ကျမယောက်ျားကိုလုပ်ကြံလို့ ကျမမုဆိုးမဘ၀ရောက်ခဲ့ရပါပြီ။ ရှင်လည်း မကြာမီ မုဆိုးမဖြစ်တော့မှာမို့ မုဆိုးမဘ၀တူချင်းမို့ အဲ့ဒီလျော်ကြေးငွေကိုမယူပါရစေနဲ့။ ဦးစောအတွက် သာဘ၀ကူးကောင်းအောင် ကုသိုလ်ဒါနတစ်ခုခုပြုလုပ်ပေးပါ” ဟုပြောကြားခဲ့ကြောင်း သိရပေသည်။


ဤသို့ ဒေါ်ခင်ကြည်သည် နေအိမ်ခြံအတွင်း ပန်းမာလ်ပင်များစိုက်ပျိုးပြုပြင်လျက် ဘ၀ကိုအေးချမ်းစွာကုန်ဆုံးနေစဉ်အတွင်း ၁၉၈၇ ဇန်န ၀ါရီလ ၁၀ တွင်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမိုက်ကယ်အဲ့ရစ်(Dr. Michael Aris) တို့မှဖွားမြင်သော မြေးနှစ်ယောက်ဖြစ် သည့် မြင့်ဆန်းအောင် (Alezander)၊ ထိန်လင်း (Kim) တို့ကို ဗုဒ္ဓသာသနာအစဉ်အလာအရ ရှင်ပြုမင်္ဂလာပွဲကို နေအိမ်၍အကျဉ်းချုံးပြုလုပ်ခဲ့သည်။ ကမ္ဘာ့သာသနာပြု အဂ္ဂမဟာပဏ္ဍိတအရှင်သေဋိလက အင်္ဂဘာသာဖြင့် တ၇ားဟောကြားပြီး သာမဏေနှစ်ပါးကို တာဝါလိန်းလမ်း(ဗိုလ်ချုပ်ပြတိုက်လမ်း) ရွေကြက်ယက်ကျောင်း၌ သီတင်းသုံးစေခဲ့သည်။ ထိုနှစ် ဧပြီလတွင် နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် အင်္ဂလန်ပြည်တွင် မျက်စိခွဲစိတ်ကုသခဲ့သည်။


လန်ဒန်မြို့တွင်၂ လကြာကုသခဲ့ပြီးနောက် ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ လာခဲ့သည်။ ယင်းနောက် ၁၀ အကြာ ၁၉၈၈ မတ်လအကုန်ပိုင်းတွင် ပြင်းထန်သော လေဖြတ်ရောဂါဖြစ်ပွား ခဲ့သောကြောင့် သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်သည် မိခင်ကြီး အားပြုစုရန် မြန်မာနိုင်ငံသို့လာရောက်နေထိုင်ခဲ့သည်။


ထို့နောက် ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်နံနက် ၇ နာရီ ၁၇ မိနစ်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် သမီးဖြစ်သူဒေါ်အောင် ဆန်းစုကြည်၏လက်ပေါ်၌ပင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

ဒေါ်ခင်ကြည်သည် ဘ၀တစ်လျှောက်လုံး တိုင်းကျိုးပြည်ပြု စွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့မှုကြောင့် ၁၉၅၀ ပြည့်နှစ်တွင် အမေရိကန်ပြည် ထောင်စုမှပေး အပ်ချီးမြှင့်သော မြန်မာမိခင်ဘွဲ့တံဆိပ် ၁၉၅၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရကချီးမြှင့်သော မဟာသိရိသုဓမ္မဘွဲ့၊ ၁၉၅၅ ခုနှစ် တွင် ယူကိုဇလာဗီးယား နိုင်ငံမှချီးမြင့်သော မာရှယ်တီးတိုးယူဂိုဆလပ်ကြယ် (ဒုတိယဆင့်) နှင့် ထိုင်းနိုင်ငံဥသျှောင်အဖွဲ့၏ နိုဘယ်အော်ဒါ ဘွဲ့ (၀ါ) အမြင့်မြတ်ဆုံးဆုတံဆိပ်တို့ကို ချီးမြှင့်အပ် နှင်းခြင်းခံခဲ့ရသည်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ၂ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ ကြွင်း ကျန် သော ရုပ်ကလာပ် ကို ရွှေတိဂုံဘုရားလမ်းရှိ ငြိမ်းချမ်းရေနှင့် မျိုးချစ်စာဆိုဆရာကြီးသခင်ကိုယ်တောင်မှိုင်း ဂူဗိမာန်နှင့် သီပေါမင်း၏မိဘုရား ခေါင်ကြီး စုဘုရားလတ်ဂူဗိမာန်တို့အကြားမြေကွက်လပ်၌ ဂူဗိမာန်တည်ဆောက်သဂြိုဟ်ခဲ့လေသည်။


ဒေါ်ခင်ကြည်၏ ဈာပနအခမ်းအနားမှတ်တမ်းဓာတ်ပုံများ





http://moemaka.com/index.php?option=com_content&task=view&id=9773&Itemid=1

သမိုင်းတကွေ့မှ သခင်လွင်



သန်းဝင်းလှိုင်
သြဂုတ် ၂၉၊ ၂၀၁၁


ကောက်ကြောင်းပန်းချီ - မောင်ငွေထွန်း

၁၉၄၅ ခုနှစ် မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်း၌ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ် ဆိုင်းဘုတ်ကြီး တရားဝင်ပေါ်ထွက်လာစဉ်မှာပင် ဆိုရှယ်လစ်ပါတီခေါင်းဆောင်များဖြစ်သည့် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဦးဆောင်သော ‘ဗမာပြည်ဆိုရှယ် လစ်ပါတီ’ ဆိုင်းဘုတ် ထူထောင်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းခဲ့ကြသည်။ ဗမာပြည်ဆိုရှယ် လစ်ပါတီ သည် ပြည်သူ့အရေးတော်ပုံ ပါတီအင်အားစုကိုအခြေတည်၍ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။


ထို့နောက် ၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်တော်လှန်ရေးအပြီး ဖဆပလအဖွဲ့ချုပ်ကြီးသည် မြေပေါ်တရားဝင် နိုင်ငံရေးတပ်ပေါင်းစုအဖွဲ့ချုပ်ကြီး အဖြစ် ရှေ့တန်းရောက်လာစဉ်တွင် ဆိုရှယ်လစ်ပါတီသည်လည်း ဖဆပလအတွင်း၌ အဓိကနိုင်ငံရေးအင်အားစုကြီးအဖြစ် နေရာရရှိလာခဲ့ သည်။ ထို့ကြောင့် ဖဆပလအစိုးရဟု နာမည်ခံယူထားသော်လည်း အဓိကအားဖြင့် ဆိုရှယ်လစ်ပါတီက အာဏာလက်ဝါးကြီးအုပ်ချုပ်ကိုင်ထားသည့်အတွက် ‘ဖဆ-ဆိုရှယ်’ အစိုးရဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဤမျှအထိ ဆိုရှယ်လစ်များအာဏာ လက်စောင်းထက်ခဲ့ကြသည်။


သို့သော် ၁၉၅၀ ပြည့်နှစ်ကုန်ခါနီးအထိ ဗမာပြည်ဆိုရှယ်လစ်ပါတီအတွင်း၌ မာ့က်စ်လီနင်ဝါဒလက်ခံလိုလားသူများရော၊ ဆိုရှယ်ဒီမိုကရက် တစ်များပါ အတူတကွပူးပေါင်းတည်ရှိနေခဲ့ သည်။ ယင်းနောက်များမကြာမီမှာပင် ကွန်မြူနစ်ဆန့်ကျင်ရေးခေါင်းမာသည့် အာဏာရဆိုရှယ် လစ်များကြောင့် ဆိုရှယ်လစ်ပါတီအတွင်း၌ ပြိုကွဲမှုကြီးပေါ်ပေါက်လာကာ ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ၀ိဓူရသခင်ချစ်မောင်၊ သခင်လွင်၊ သခင်လှကျွေ၊ သခင်လူအေး စသည့် ဆိုရှယ်လစ်ပါတီဝင် (၄၃) ဦးတို့သည် အာဏာရဆိုရှယ်လစ်ပါတီကြီးအတွင်းမှ ခွဲထွက်၍ ‘ဆိုရှယ်နီ’ ပါတီ (ခေါ်) ဗမာပြည်အလုပ်သမားလယ်သမားပါတီကို ထူထောင်ခဲ့ကြသည်။ ဆိုရှယ်နီပါတီခေါင်း ဆောင်များနှင့် အာဏာရ ဆိုလှစ်ပါတီတို့ သဘောထားကွဲခဲ့ရသည့်အဓိက အချက်များမှာ ကမ္ဘာအလုပ်သအားအစည်းအရုံးများအဖွဲ့ချုပ်(WFTU) ၀င်ရေး မ၀င်ရေး ကိစ္စ၊ ကိုရီးယားစစ်ပွဲနှင့် ပတ်သတ်သောအရေးကိစ္စများပင်ဖြစ်သည်။

ကွန်မြူနစ်ပါတီနှစ်ခြမ်းကွဲစဉ်က အလံဖြူ (ဗကပ)၊ အလံနီ (ကွန်မြူနစ်ပါတီ-ဗမာပြည်) ဟု စာနယ်ဇင်းများက ကင်ပွန်းတပ်ခေါ်ခဲ့သလို၊ နှစ်ခြမ်းကွဲသွားသောဆိုရှယ်လစ်များကိုလည်း သခင်ချစ်မောင် (၀ိဓူရ)၊ သခင်လွင်၊ သခင်လှကျွေတို့ဦးဆောင်သော လက်ဝဲယိမ်းအလုပ်သမား၊ လယ်သမားပါတီဝင်များကို ‘ဆိုရှယ်နီ’ ဟူ၍လည်းကောင်း၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းဦးဆောင်သော လက်ျာယိမ်းဆိုရှယ်လစ်ပါတီဝင်များကို ‘ဆိုရှယ်ဖြူ’ ဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ကြသည်။


ဆိုရှယ်နီပါတီခေါင်းဆောင်တဦးဖြစ်သော သခင်လွင်ကို အဖဦးမောင်ကြီး၊ အမိဒေါ်သဲညွန့်တို့မှ သာယာဝတီခရိုင် ဇီးကုန်းမြို့၌ ၁၉၁၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၇) ယောက်ရှိသည့်အနက် နိုင်ငံကျော်နိုင်ငံရေးမားနှင့် ပြည်သူ့ဒီမိုကရေစီပါတီဥက္ကဌ သခင်သင်မှာ သခင်လွင်၏ အစ်ကိုရင်းဖြစ်သည်။


သခင်လွင်သည် လက်ပံတန်းမြို့အမျိုးသားအထက်တန်းကျောင်းမှ ဒသမတန်းနှင့် တက္ကသိုလ်ဝင်တန်း ကို အောင်မြင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ကြီးတွင် ခရိုင်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည်။ ၁၉၃၆ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ဝင်ရာက်ခဲ့သည်။ ၁၉၃၇-၃၈ ခုနှစ်တွင် ရေနံမြေအလုပ်သမားအစည်းအရုံး၏အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၃၈ တွင်ဖြစ်ပွား ခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတွင် ထောင်လေးလကျခံခဲ့သည်။



သခင်လွင်၏ နိုင်ငံရေးပုံရိပ်ကို ဆရာဒဂုန်တာရာက သူ၏ ‘ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ’ စာအုပ်၌ ...


“သခင်လွင်ကို သိသည်မှာကြာပြီ။ စစ်မဖြစ်မီခေတ်က ၁၃၀၀ ပြည့်အရေးတော်ပုံပြီးစ ၁၉၄၀ ပြည့်နှစ်ဖြစ်မည်။ ကျနော်ကလည်းကျောင်း သား၊ စတင်တွေ့သည့်နေရာက ကော်မရှင်နာလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊ ဒီးဒုတ်ဂျာနယ်တိုက်ရှေ့ ပလက်ဖောင်းပေါ်တွင်။ သူက တော့ နိုင်ငံရေးသမားဖြစ်နေပြီ။ သခင်တယောက်။ ကျနော်ကလည်း လက်ဝဲစာပေများဖတ်စ၊ သူနှင့်မာ့က်စ်ဝါဒဝေါဟာရများနှင့်ပတ်သတ် ၍ စကားစပ်သွားသည်။


၁၉၃၈ ဒီဇင်ဘာလတွင် ကျနော်တို့ကျောင်းသားများ အထက်အညာသို့ထွက်ကာ စည်းရုံးရေး ခြေဆန့်ခဲ့ကြသည်။ တရားဟောပွဲများကျင်းပ၍ ကျနော်တို့ စင်မြင့်ပေါ်သို့တက်ခဲ့ကြသည်။


ချောက်ရေနံမြေလူထုအစည်းအဝေးတွင် သခင်သင်က အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက် သည်။ သခင်သင်ကလည်း သူ့လိုခပ် ပုပု၊ သူကလည်း ခပ်ပုပု။


စစ်ပြီးသောအခါ သခင်သင်သည် ပြည်သူ့ဒီမိုကရေစီပါတီ၏ဥက္ကဌဖြစ်သွားသည်။ သခင်လွင်ကတော့ ဗမာပြည်ဆိုရှယ်လစ်ပါတီဝင်တ ယောက်ဖြစ်သွားသည်။ လွတ်လပ်ရေးရသည့်နှစ်ကပင် ပထမဆုံး သောအစိုးရအဖွဲ့တွင် အလုပ်သမားဝန်ကြီးအဖြစ် သူ့နာမည်ကိုတွေ့ လိုက်ရသည်။ နောက်ပိုင်း ကျနော်က နိုင်ငံရေးလုပ်သည်မဟုတ်၍ ဆုံစရာအကြောင်းလည်း သိပ်တော့မရှိလှ။


ဗမာပြည်ဆိုရှယ်လစ်ပါတီမှာ စစ်ပြီးသောအခါ ဖွဲ့စည်းသောနိုင်ငံရေးပါတီကြီးဖြစ်သည်။ အာဏာရနိုင်ငံရေးပါတီဟုလည်း ဆိုနိုင်သည်။ လက်ဝဲပါတီဆိုပါတော့။ ၁၉၅၀ ပြည့် နှစ်ဆောင်းဦးပေါက်တွင် ‘ဗမာပြည်ဆိုရှယ်လစ်ပါတီ’ နှစ်ခြမ်းကွဲသွားသည်။ ဒါကတော့ သိပ်ဆန်းသည် မဟုတ်။ ကျနော်တို့ မြန်မာပြည်နိုင်ငံရေးရာဇ၀င်တွင် နှစ်ခြမ်းကွဲသွားသော ပါတီအဖွဲ့အစည်းများ မနည်းလှ။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်အလံနီကွန်မြူနစ်ပါတီဟု ကွဲသွားသည်။ ဗမာပြည်ဆိုရှယ်လစ်ပါတီကတော့ ၁၉၅၀ တွင် အလုပ်သမားလယ်သမားပါတီဟူ၍ အမည်သစ်ဖြင့် ပါတီသစ်ခွဲထောင်သွားသည်။ ယင်းပါတီသစ် ခေါင်းဆောင်ထဲတွင် သခင်လွင်ပါသည်ကို တွေ့လိုက်ရသည်” ဟူ၍ ရေးသားထားလေသည်။


သခင်လွင်သည် ၁၉၄၃-၄၅ ခုနှစ်တွင် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးရဲဘော်များကို စည်းရုံးလှုပ်ရှားသည်။ ၁၉၃၉ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့တွင် အမျိုးသားခေါင်း ဆောင်ကြီး သခင်မြဦးစီးတည်ထောင်ခဲ့သော ‘ပြည်သူ့အရေးတော်ပုံပါတီ’ (Peoples Revolutionary Party) တွင် သခင်လွင်သည် ၁၉၄၆ ခုနှစ်၌ ဗဟိုအလုပ်အမှုဆောင်အဖြစ် ရွေး ချယ်တင်မြှောက်ခံရသည်။


ထို့နောက် သခင်ကျော်စိန်၊ သခင်စံရ၊ သခင်လှကျွေ၊ သခင်အေးမောင်တို့ ဦးဆောင်၍ ၁၉၄၅ ခုနှစ် မေလ (၂၄) ရက်နေ့တွင် ဖွဲ့စည်းတည် ထောင်ခဲ့သော အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ် (ဗမာနိုင်ငံ) ခေါ် Trade Union Congress (Burma) အတိုကောက် TUCB ၌ ၁၉၄၆ ခုနှစ်တွင် အထွေထွေအတွင်းရေးမှုးအဖြစ် ဆောင်ရွက်ခဲ့သည်။ တဖန် ၁၉၄၇ ခုနှစ် ဖဆပလအဖွဲ့ချုပ်၏ အလုပ်သမားဌာနမှုးကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။


၁၉၄၇ ခုနှစ် ဧပြီလ ၉ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကိုကျင်းပခဲ့ရာ မကွေးမြို့ မဲဆန္ဒနယ်မှ အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။ ၁၉၄၇-၄၈ခုနှစ်တွင် အလုပ်သမားဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ် ရွေးချယ်ခန့်အပ်ခံရသည်။


၁၉၄၈ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖဆပလအစိုးရ အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ သို့သော် ၁၉၄၉ ခုနှစ် ဇန်န ၀ါရီလတွင် နှုတ်ထွက်ခဲ့သည်။


သခင်လွင်သည် ၁၉၄၈မှ၁၉၅၀အထိ အလုပ်သမားအစည်းအရုံး (ဗမာနိုင်ငံ) Trade Union (Burma) ၏ ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက် ခံရသည်။ ထို့နောက် ၁၉၅၁ ခုနှစ်တွင် တည်ထောင်ခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) တည်ထောင်ခဲ့ရာ ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို ဥက္ကဌအဖြစ်တင်မြှောက်၍ ဒုဥက္ကဌအဖြစ် သခင်လွင်ကိုတင်မြှောက်ခဲ့ကြသည်။ သခင်လွင်သည် ၁၉၆၄ ခုနှစ်အထိ ဒုတိယဥက္ကဌတာဝန်ကိုယူခဲ့သည်။


၁၉၅၀ ပြည့်နှစ် ဒီဇင်လာလ ၈ ရက်နေ့တွင် ဗမာပြည်အလုပ်သမား၊ လယ်သမားပါတီ (ဆို ရှယ်နီ) ကိုတည်ထောင်ခဲ့ရာ ကနဦးတည်ထောင်ခဲ့ သူ ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့သည်။ ဆိုရှယ်နီပါတီ၏ ဦးဆောင်မှုအောက်တွင် လူထုလူတန်းစားအဖွဲ့အစည်းတခုဖြစ်သည့် ဗမာပြည် အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ် (Burma Trade Union Congress- BTUC) ၏ ဥက္ကဌအဖြစ် ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၄ ခုနှစ်အထိ တာဝန်ယူခဲ့သည်။


နောင်တွင် ပြုပြင်ဖွဲ့စည်းခဲ့သည့် ဗမာပြည်အလုပ်သမားပါတီ၊ ဗမာပြည်အလုပ်သမားညီညွတ်ရေးပါတီ တို့တွင် ဗဟိုအလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ ၁၉၅၁မှ ၁၉၆၄ခုနှစ်တွင် ပြည်သူ့လူ ငယ်အဖွဲ့ ချုပ် (မြန်မာနိုင်ငံ) ၏ နာယကအဖြစ်လည်းကောင်း၊ ၁၉၅၁မှ ၁၉၅၄ ခုနှစ်အထိ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု၏ ဥက္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။



ထို့နောက် ၁၉၅၅ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့တွင် ငြိမ်းချမ်းရေး၊ အမျိုးသားလွတ်လပ်ရေး မြှင့်တင်ရေး၊ ဒီမိုကရေစီရေး စသည့်ရည်ရွယ် ချက်များဖြင့် ဖွဲ့စည်းခဲ့သည့် ပမညတခေါ် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (National United Front- NUF) ၏ သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ပမညတတပ်ပေါင်းစုကြီးသည် ကနဦးစတင်ဖွဲ့ စည်းစဉ်က (၁) ၀ိဓူရသခင်ချစ်မောင်၊ သခင်လွင်တို့ခေါင်းဆောင်သည့် အလုပ်သမား လယ်သမားပါတီ၊ (၂) သခင်သင်၊ သခင်ဗမောင်တို့ ဦးဆောင်သည့် တို့ဗမာအစည်းအရုံး(နောင် ပြည်သူ့ဒီမိုကရေစီပါတီ)၊ (၃) ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းဦးဆောင်သည့် ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့၊ (၄) ဦးသိန်း ဖေမြင့်၊ ဗိုလ်ထွန်းစိန် တို့ဦးဆောင်သည့် ပြည်သူ့ညီညွတ်ရေးပါတီ၊ (၅) ဒေါက်တာအေးမောင်ဦးဆောင်သည့် တရားမျှတမှုပါတီ၊ (၆) ဗမာပြည်အလုပ်သမားအစည်း အရုံးများအဖွဲ့ချုပ်၊ (၇) တောင်သူလယ် သမားညီညွတ်ရေးအစည်းအရုံး (တလညစ)၊ (၈) ပြည်သူ့လူငယ်အဖွဲ့ချုပ်၊ (၉) မွန်တိုင်းရင်း သားအစည်းအရုံး၊ (၁၀) မန်းထွန်းရင်ဦးဆောင်သည့် ကရင်အမျိုးသားအဖွဲ့ စသည့်နိုင်ငံရေးပါတီ များနှင့် လူထုလူတန်းစား အဖွဲ့စည်း ပေါင်းစုံပါဝင်ခဲ့သည့် တပ်ပေါင်းစုကြီးဖြစ်သည်။


သခင်လွင်သည် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သော်လည်း စာပေမွေ့သူတယောက်လည်းဖြစ်သည်။ သူသည် ၁၉၆၈ ခုနှစ်တွင် ရှုထောင့် ဂျာနယ် စတင်ထုတ်ဝေ၍ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ထို့ပြင် နိုင်ငံရေးဆိုင်ရာဆောင်းပါးများ၊ စာတမ်းများ၊ စာအုပ်များစွာကို လည်း ရေးသားပြုစုခဲ့သည်။ သူ၏ထင်ရှားသည့်စာအုပ်များမှာ အာဇာနည် အသျှင်ဦးဝိစာရ (၁၉၇၁)၊ ဦးဥတ္တမလက်ရွေးစင် (၁၉၇၂)၊ ဂျပန်ခေတ်ဗမာပြည် (၁၉၇၃)၊ မြန်မာနိုင်ငံအလုပ်သမား လှုပ်ရှားမှုသမိုင်း (၁၉၇၅) တို့ဖြစ်သည်။ အဆိုပါစာအုပ်သည် အမျိုးသားစာပေ ဆု (ဒုတိယဆု) ကိုရရှိခဲ့သည်။ နိုင်ငံရပ်ခြားပညာရှင်များကိုးကားရသည့်စာအုပ်ဖြစ်သည်။ ‘လီနင်ကဗျာ-၁၀၀’ စာအုပ်ကိုလည်း ဆရာမနုယဉ်၊ ဆရာတင်မိုး၊ ဆရာဒဂုန်တာရာတို့နှင့်အတူ စုစည်းရွေးချယ်၍ ထုတ်ဝေခဲ့သည်။


သခင်လွင်သည် မြန်မာ-ဆိုဗီယက်မိတ်ဆွေဖြစ် အသင်းဥက္ကဌအဖြစ်လည်းဆောင်ရွက်ခဲ့သေးသည်။ သခင်လွင်သည် နိုင်ငံရေး၊ အလုပ် သမားရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးကိစ္စများအတွက် အိန္ဒိယ၊ ဗြိတိန်၊ တရုတ်၊ ဆိုဗီယက်၊ အမေရိကန်၊ သြစတြီးယား၊ ဂျာမနီ စသည့်နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သည်။

သူ၏တသက်တာနိုင်ငံရေးဆောင်ရွက်ခဲ့မှုနှင့်လွတ်လပ်ရေးကြိုးပမ်းမှုကြောင့် နိုင်ငံတော်မှချီးမြှင့်သော လွတ်လပ်ရေးမော်ကွန်းဝင် (ပထမ ဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) တို့ကို ရရှိခဲ့ သည်။ သူသည် တရုတ်-မြန်မာ ချစ်ကြည်ရေးရွှေတံဆိပ်ဆု၊ ဆိုဗီယက်-မြန်မာချစ်ကြည်ရေး ရွှေတံ ဆိပ်ဆု၊ လီနင်ရာပြည့် ရွှေတံဆိပ်ဆုများကို ရရှိခဲ့သည်။


သခင်လွင်သည် ဒေါ်မြင့်မြင့်လွင်နှင့်လက်ထပ်ထိမ်းမြားပြီး သားဒေါက်တာ ဇော်ဝင်းလွင်၊ ဦးကျော်လင်းလွင်၊ သမီးအေဘယ်လ်လွင် (ခေါ်)ြ မင့်သက်ဆွေလွင် (ကွယ်လွန်) တို့ ထွန်းကားခဲ့သည်။


သခင်လွင်သည် အသက် (၈၃) နှစ်အရွယ် ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ဆိပ်ကမ်းသာလမ်း၊ တိုက်အမှတ် ၁၅၀၊ တတိယထပ်၌ကွယ်လွန်ခဲ့လေသည်။ သူကွယ်လွန်သောအခါ ဆရာကြီးဒဂုန်တာရာက ...


“သခင်လွင်သည် နိုင်ငံရေးသမားထဲတွင် ချစ်စရာကောင်းသောသူတယောက်ဟု မှတ်သားခံစားထားမိသည်။ သူသည် ဒီမိုကရေစီနိုင်ငံရေး သမား။ အယူအဆတွင် ထပ်တူထပ်မျှတူစရာမလို။ သဘောထားကွဲလွဲလျှင်လည်း ညှိနိုင်သည်။ ဆွေးနွေးနိုင်သည်။ ယင်းသို့သော သဘော ထားမြင့်မြတ်သော နိုင်ငံရေးစိတ်ထားမျိုး သခင်လွင်တွင်ရှိသည်။ သူ့ကိုနားလည်ထား၍ ကျနော် သခင်လွင်ကို တန်ဖိုးထား၍ ခင်မင်မိခြင်း ဖြစ်သည်။ ကျနော်က နိုင်ငံရေးဆိုသည်မှာ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်သောအလုပ်ဟု နားလည်ထားသည်။ သခင်လွင်လိုလူမျိုးနှင့် နိုင်ငံရေးစကားပြောရသည်မှာ ကွဲလွဲရာ၌ ငြင်းခုံရသည်မှာချစ်စရာ။ ပြီးတော့ ... နိုင်ငံရေးသမားထဲတွင် ချစ်စရာကောင်းသောသခင်လွင်…” ဟု ပြောပြလေသည်။


သခင်လွင်ကြွင်းကျန်သောရုပ်ကလာပ်ကို ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကြံတောသုဿန်သို့ ပို့ဆောင် မီးသဂြိုလ်ခဲ့သည်။
http://moemaka.com/index.php?option=com_content&task=view&id=9780&Itemid=1

၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့် နှင့် တပ်မှူးဟောင်းများ၏ အတွေ့အကြုံ - အပိုင်း (၂)

စနေ, 27 သြဂုတ် 2011
၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့် နှင့် တပ်မှူးဟောင်းများ၏ အတွေ့အကြုံ - အပိုင်း (၂)

By ရော်နီညိမ်း

၁၉၈၀ ခုနှစ်တုန်းက၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေ၀င်းရဲ့ ညွှန်ကြားချက်နဲ့၊ အဲဒီအ ချိန်က အစိုးရက၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်ခဲ့သူ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို ဦးရော်နီညိမ်းက ဆက်သွယ် မေးမြန်းပြီး၊ ဒီသီတင်းပတ်မှာ၊ “၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့် နှင့် တပ်မှူးဟောင်းတို့ အတွေ့အကြုံ - အပိုင်း (၂)” ခေါင်းစဉ်နဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍကို၊ စီစဉ် တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ နောက်တခုက၊ အဲဒီတုန်းက ပြန်လွတ်လာပြီးတော့၊ R.L. (Registered Lawyer) (မှတ်ပုံ တင်ရှေ့နေ) တို့ LL.B. (Bachelor of Law) (၀ိဇ္ဖာဘွဲ့ - ဥပဒေ) တို့ ဥပဒေသင်တန်းတွေ အန်ကယ် တက်ခဲ့တယ်။ အဲဒီကျောင်းတွေပြီးလို့ ဥပဒေဆိုင်ရာ ဘွဲ့လက်မှတ်တွေ ရတဲ့အခါမှာ၊ practice (ရှေ့နေ လိုက် ခွင့်) လုပ်ခွင့် ရခဲ့ပါသလား ခင်ဗျ။

ဦးတင်ဦး။ ။ ဒီလိုဗျ။ အဲဒီတော့ အောင်ပြီးတဲ့အခါကျတော့၊ ကျနော်က (ရှေ့နေ) လိုက်မလို့ လုပ်တာကိုး။ ဒါပေမဲ့ လုပ်ဖေါ်ကိုင်ဘက်တွေ ဖြစ်ခဲ့တဲ့ ဦးတင်အောင်ဟိန်း (ထိုစဉ်က အာဏာပိုင်အဖွဲ့အစည်း လေးရပ်ထဲမှ၊ ပြည်သူ့တရား ကြီးအဖွဲ့၏ ဥက္ကဋ္ဌ) တို့၊ အဆင့်ဆင့်သော တိုင်းနဲ့ပြည်နယ် မြို့နယ်တရားရုံးတွေမှာရှိနေတဲ့ ဥပဒေအရာရှိတွေ တရား သူကြီးတွေကလည်းကလည်း (စစ်မှုထမ်းဟောင်းများ) တပည့်တွေကိုးဗျ။ သူတို့က (ရှေ့နေ) မလိုက်ဖို့ တောင်းပန်ကြ တယ်။ သူတို့က upper bench (တရားရုံးတွင် ခုံအမြင့်မှာ ထိုင်ကြရသည့် ပုဂ္ဂိုလ်များ)၊ ကျနော်က lower bench (တရားရုံးတွင် ခုံအနိမ့်ကနေ) လျှောက်လဲချက် ပေးနေတာမျိုးကို၊ မဖြစ်ချင်ဘူး ဆိုပြီး၊ ပြောကြတယ်။ ကျနော်က ဒါဆို ရင်လည်း၊ ဆက်ပြီးတော့ master (မဟာဝိဇ္ဖာဥပဒေဘွဲ့) ဖြေမယ်ဆိုပြီး၊ တင်လိုက်တယ်။ အဲဒီအခါကျတော့ နည်းနည်း အကန့်အသတ်က ဖြစ်လာခဲ့ပြီဗျ။ Professor (ရန်ကုန်တက္ကသိုလ် ဥပဒေပါမောက္ခ) ဦးတင်အုံးက ခွင့်ပြုတယ်။ ကျနော်က R.L. မှာ အမှတ်က ဂုဏ်ထူးနဲ့ လည်း အောင်ခဲ့တယ်၊ ဒီဘက်က LL.B. ကလည်း၊ အထစ်အငေါ့မရှိ အမှတ်ကောင်း ကောင်းလေးတွေနဲ့ အောင်ခဲ့တယ်၊ ဒါကြောင့် ကျနော်က LL.M (မဟာဝိဇ္ဖာဥပဒေဘွဲ့)တက်ဖို့ဆိုပြီး ကြိုးစားလိုက်တော့ (ရန်ကုန် တက္ကသိုလ် ဥပဒေဌာန) က၊ ခွင့်ပြုတယ်။ ဒါပေမဲ့ တက္ကသိုလ်ကောလိပ်တွေက ပညာရေးအတွက် မဆလ (အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ရဲ့၊ ပညာရေးဌာနကြီးဆိုတာ ရှိတယ်။ မဆလပါတီ ကေဒါမြှုပ်နှံ ရေး မူအရ၊ မဆလက လာတဲ့ (တက္ကသိုလ်)ဆရာဟောင်းကြီးတွေ၊ ပညာရေးလောက က၊ လာတဲ့ ပုဂ္ဂိုလ် ဟောင်းကြီးတွေနဲ့၊ မဆလပါတီရဲ့ ပညာရေးဌာနကြီးဆိုတာကို၊ ဖွဲ့ထားတယ်။ အဲဒီလို (အာဏာရပါတီကနေ တက္ကသိုလ်ကောလိပ်တွေ ကို) ညွှန်ကြားတဲ့ ဒီအဖွဲ့ကနေ၊ ကျနော် master (မဟာဝိဇ္ဖာဥပဒေဘွဲ့) တက်မှာကို၊ အကန့်အသတ်လေးတွေ ပြုလုပ် လာကြတယ်။ အဲဒီတော့ (master အတွက် အရည်အချင်းစစ်စာမေးပွဲကို) ကျနော် ချက်ချင်းဖြေခွင့်မရဘူး ခင်ဗျ။ ဒီအတွက် ကျနော်က အတော် ကြိုးစားလုံးပမ်းနေတုန်းမှာ Professor ဦးတင်အုံးက ဆုံးသွားတယ်။ အဲဒီနောက်ပိုင်း၊ နောက်တက်လာတဲ့ ပုဂ္ဂိုလ်တွေက ခွင့်မပြုရဲကြဘူး။ ကျနော်က တော်တော်ကို ခွင့်တောင်းတာ။ ကျနော်ဖြေခဲ့တဲ့ R.L.တို့၊ LL.B.တို့က၊ အမှတ်တွေက အားနည်းတယ် ဆိုရင်၊ နိမ့်နေတယ် ထင်ရင်၊ ကျနော် နေ့ကျောင်းကို တက်ပါမယ်၊ ကျနော်ယူချင်တဲ့ ဘာသာရပ်အတွက် နေ့ကျောင်း ကို တက်ခွင့်ပြုပါလို့၊ ကျနော်က ခွင့်တောင်းတယ်။ ဒါပေမဲ့ မရခဲ့ဘူး ခင်ဗျ။ အဲဒီလို ဖြစ်နေရင်းနဲ့ပဲ၊ ၁၉၈၈ အရေးအခင်းကြီး ပေါ်ပေါက်လာတာပေါ့ ခင်ဗျာ။ အဲဒီလို အတားအဆီး အကန့်အသတ်ကတော့၊ ရှိခဲ့တယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ နောက်တခုက၊ ဦးနေ၀င်းက အဲဒီ amnesty ခေါ်တုန်းက၊ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်တွေ၊ ဗဟိုကော်မီတီဝင်တွေကို၊ အစည်းအဝေးတခုမှာ သူပြော ခဲ့တာက၊ အခု amnesty ခေါ်လိုက်ပြီ၊ အဲဒီအခါကျတော့၊ တောထဲကကော တိုင်းပြည်ပြင်ပရောက်နေတဲ့ ပုဂ္ဂိုလ်တွေကော၊ ပြန်လာကြတဲ့အခါမှာ၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေ ကိုယ့်အိမ်ကနေ စိတ်ဆိုးပြီးဆင်းသွား ကြပြီး အခု ပြန်လာကြတာကို၊ နွေးနွေးထွေးထွေးစည်းလုံးညီလွတ်စွာနဲ့ ကြိုဆိုတဲ့သဘောမျိုးနဲ့ လုပ်ကြပါ” ဆို ပြီးတော့၊ သူက အပေါ်ကနေ ညွှန်ကြားချက်ပေးခဲ့တယ်။ အဲဒီခေတ်က သတင်းစာတွေမှာ၊ အဲဒီမိန့်ခွန်းဟာ မျက်နှာဖုံးကနေ ပါခဲ့ပါတယ်။ အဲဒီတုန်းက ဦးနေ၀င်းက၊ အခု ဦးသိန်းစိန်ထက် နိုင်ငံရေးကို ပိုပြီးနားလည်လို့ လားတော့ မပြောတတ်ဘူး။ အဲဒီစကားမျိုး ပြောဖေါ်ရသေးတယ်။ ဦးသိန်းစိန်ကတော့ ပြန်လာချင်တယ် ဆိုလို့ ရှိရင်၊ ကိုယ်က ကျူးလွန်ထားတဲ့အပြစ်တွေ ရှိရင်၊ အပြစ်ကို ကျခံပါ မယ်ဆိုတဲ့ သဘောနဲ့ ပြန်လာမယ်ဆိုရင်၊ သူက စဉ်းစားပေးမယ်ဆိုတော့၊ နိုင်ငံရေးကိစ္စတွေနဲ့ တိုင်းပြည်အပြင်ကို ရောက်နေတဲ့သူတွေကို သူက အပြစ် ရှိသူတွေလို့ သတ်မှတ်သလား၊ အဲဒီလို ၀ိဝါဒကွဲစရာတွေ ရှိနေတော့၊ အန်ကယ်က အဲဒီကိစ္စကို ဘယ်လိုမြင်ပါ သလဲ ခင်ဗျ။

ဦးတင်ဦး။ ။ တိုင်းပြည်ကနေ အပြင်ကို ထွက်သွားတဲ့သူတွေက၊ အထူးသဖြင့် ၁၉၈၈ နောက်ပိုင်းမှာ နိုင်ငံရေး ကြောင့် ထွက်သွားကြတဲ့သူတွေက၊ အပြစ် မရှိဘူး ခင်ဗျ။ သူတို့ သွားကြတာဟာ၊ သူတို့ယုံကြည်ချက် ကြောင့်၊ နိုင်ငံရေးအရလုပ်ရင်းနဲ့၊ တိုင်းပြည်ထဲ ဆက်နေလို့ မရတော့တာကြောင့်၊ သွားတာတွေလည်းရှိတယ်။ နောက်ပိုင်းမှာ စီးပွားရေးအရ မပြေလည်လို့ သွားတာတွေလည်း ရှိတယ်။ အပြင်ကို ရောက်တဲ့အခါကျတော့၊ ကိုယ့်တိုင်းပြည်အရေးကို စိတ်ပါဝင်စားပြီး၊ ဒီမိုကရေစီအရေးမှာ ၀င်ပါကြတာတွေလည်း ရှိတယ်။ ကျနော်က ဒီလို သဘောထားတယ်ခင်ဗျ။ သူက အခု (လွတ်ငြိမ်းချမ်းသာခွင့်) ခေါ်ပြီပေါ့နော်။ အဲဒီပုဂ္ဂိုလ်တွေ ပြန်ရောက် လာနိုင်အောင်အတွက် ယုံကြည်မှုရအောင် အခင်းအကျင်းကတော့ သေချာ ရှိရမှာပေါ့ ခင်ဗျာ။ ဥပမာ နံပါတ် (၁) ဆိုရင်၊ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးရမှာပေါ့ ခင်ဗျာ။ ဒါက သိပ်အရေးကြီးတဲ့ကိစ္စ ပဲ။ ဒီလို (နိုင်ငံရေးအကျဉ်းသားတွေကို) လွှတ်လိုက်ပြီးတဲ့နောက်မှာ၊ ခုနပြောသလို၊ ဒီလူတွေ ဒီပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်နဲ့ သူတို့ လွတ်လပ်စွာ သူတို့ လုပ်ကြတဲ့ကိစ္စအ၀၀မှာ၊ ဘာမှအနှောက်အယှက် မပေးပဲနဲ့ ရှိတယ်ဆိုရင်၊ ဒါက ကောင်းတဲ့အခင်းအကျင်းပဲ။ ဒီလိုမှ မဟုတ်ပဲနဲ့၊ အတားအဆီး အကန့်အသတ် တွေနဲ့ဆိုရင်၊ အကြောင်းက ဘာမှ မထူးဘူး။ အဲဒီလိုလည်း တွက်လို့ရတာပေါ့။ ကျနော်ကတော့ ဆုတောင်းပါ တယ်။ ဒီလိုဟာမျိုးတွေ မဖြစ်ပါစေနဲ့၊ လွှတ်ရင်လည်း တခါထဲ လွှတ်လိုက်ပြီး၊ သူတို့ရဲ့ယုံကြည်ချက်နဲ့ ပတ် သက်ပြီး၊ အေးအေးချမ်းချမ်းငြိမ်းငြိမ်းချမ်းချမ်းနဲ့ပေါ့ဗျာ၊ လုပ်ကိုင်ပေးမယ်ဆိုရင်၊ တပ်ပိုင်း ဆိုင်ရာပုဂ္ဂိုလ်တွေ အုပ်ချုပ်ရေးပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေကတောင်၊ ဒီပုဂ္ဂိုလ်တွေကို အန္တရာယ်မရှိအောင် ကြားက ဒိုင်လူကြီးတွေ အနေနဲ့ ကြပ်မတ်စောင့်ရှောက်ပေးဖို့ လိုတယ်။ Law and Order (ဥပဒေစိုးမိုးရေး) ထိန်းဖို့ပဲ လိုတာပေါ့ဗျာ။ အဲဒီလို အကောင်းဆုံးအခြေအနေ ဖြစ်ကြပါစေ ဆိုပြီးတော့၊ ကျနော်ကတော့ ဆုမွန်ကောင်း တောင်းနေတာပဲ လေ။

ဦးရော်နီညိမ်း ။ ။ နောက်တခုက အန်ကယ်တို့ NLD က၊ ပြီးခဲ့တာတွေကို သင်ပုန်းချေဖို့ဆိုတာကို အန်ကယ်တို့ NLD ရဲ့ မူဝါဒတရပ်အနေနဲ့၊အမြဲတမ်း ထုတ်ဖေါ်ပြောကြားနေတယ်၊ ဒေါ်အောင်ဆန်းစုကြည်က လည်း ပြောပြောနေတယ်၊ အန်ကယ်ကလည်း ခဏခဏပြောတယ်။ အဲဒီတော့ သင်ပုန်းချေတဲ့ကိစ္စက၊ အန် ကယ်တို့ တဘက်ထဲကပဲ ချေလို့ မရဘူး၊ သူတို့ဘက်ကလည်း သူတို့ရဲ့ အတိုက်အခံတွေပေါ်ကို သူတို့ မကျေ နပ်တာတွေ ရှိနေတာပဲ၊ အဲဒါတွေကို သူတို့ဘက်လည်း သင်ပုန်းချေရမှာပေါ့။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကျတော့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးတွေက တဆင့်၊ ငြိမ်းချမ်းရေးလိုချင်ရင် သူတို့ကိုဆက်သွယ် ပါဆိုပြီး၊ ကမ်းလှမ်းလိုက်ပြီ။ လက်နက်ကိုင်တော်လှန်နေတဲ့ လူတွေကိုတောင်မှ သူတို့က သင်ပုန်းချေနိုင်တယ် ဆိုရင်၊ အခုဒီမှာ၊ သမ္မတ ဦးသိန်းစိန်တို့အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အလုပ်ကို၊ သူ မလုပ်နိုင်ဘူးလား။ အဲဒီအပေါ်မှာ အန်ကယ် သုံးသပ်ပေးပါ ခင်ဗျ။

ဦးတင်ဦး ။ ။ ဒါပေမဲ့ အဲဒီမှာလည်းပဲ၊ တချို့အဖွဲ့အစည်းတွေရဲ့ သဘောထားတွေကို ဒီနေ့ပဲ၊ ကြားနေရ တယ်။ သူတို့ကလည်း (ငြိမ်းချမ်းရေးကိစ္စကို) သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက အစိုးရအဖွဲ့အ စည်းတွေနဲ့၊ မလုပ်နိုင်ဘူးတဲ့။ ဘာမှ အဓိပ္ပာယ် မရှိဘူးတဲ့။ အဲဒီအဖွဲ့အစည်းတွေက ဘာမှ လုပ်ပိုင်ခွင့်အာဏာ ရှိတာမဟုတ်ဘူးတဲ့။ သူတို့ အဖွဲ့တွေကို တခုစီ ဆွေးနွေးတာထက်၊ တပေါင်းတစည်းထဲကို အစိုးရဘက်က တာဝန်ခံမဲ့သူနဲ့ ဆွေးနွေးပြီးတော့၊ သက်ဆိုင်ရာ ဗဟိုမှာ ရှိနေတဲ့၊ အစိုးရ (ပြည်ထောင်စုအစိုးရ) အဖွဲ့နဲ့ပဲ လုပ် ချင်တယ်၊ ဆွေးနွေးချင်တယ်လို့၊ ဒီလိုပဲ ပြောဆိုနေကြတယ့် သဘောတွေကိုလည်း၊ ကျနော်တို့ ကြားနေရပါ တယ်။ မှန်တာပေါ့ဗျာ။ ဒီလို (လက်နက်ကိုင်) အဖွဲ့အစည်းတွေနဲ့တောင် အစိုးရက ဆွေးနွေးနိုင်တယ် ဆိုရင်၊ လက်နက်မရှိပဲနဲ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ငြိမ်းချမ်းစွာပြောဆို လုပ်ကိုင်နေကြတဲ့သူတွေအပေါ်မှာ၊ ပိုပြီးး တော့ အမြန်ဆုံး လွှတ်ပေးပြိးတော့ လွတ်လွတ်မြောက်မြောက်နဲ့ နိုင်ငံရေးလုပ်ကိုင်နိုင်အောင် လုပ်ပေးဖို့တော့ ကောင်းတယ်၊ ဆိုတဲ့ အမြင်တော့ ရှိတာပေါ့ဗျာ။

ဦးရော်နီညိမ်း ။ ။ နောက်တခုက အဲဒီကိစ္စ (ငြိမ်းချမ်းရေးဆွေးနွေးတဲ့ကိစ္စ) နဲ့ပတ်သက်လို့၊ အန်ကယ် က အဲဒီအချိန်က (၁၉၆၂ တွင် တော်လှန်ရေးကောင်စီ အမည်နှင့် တပ်မတော်က အာဏာသိမ်းပြီးချိန်က) တော်လှန်ရေးကောင်စီဝင် အဖြစ်လည်း၊ ရှိနေခဲ့တော့၊ ၁၉၆၃ ခုနှစ်က ပြည်တွင်းငြိမ်းချမ်းရေးဆိုပြီးတော့၊ တောထဲက နိုင်ငံရေးအဖွဲ့အစည်းတွေကို၊ ဖိတ်ခေါ်ခဲ့တုန်းကလည်း၊ အဲဒီတုန်းက တော်လှန်ရေးကောင်စီရဲ့ မူ က အားလုံးနဲ့ တပေါင်းတည်း သူ မလုပ်နိုင်ဘူး။ အဲဒီတုန်းကလည်း သူက တဖွဲ့ချင်းနဲ့ပဲ တွေ့တယ်၊ တဖွဲ့ချင်း စီနဲ့ပဲ ဆွေးနွေးတယ်၊ အားလုံးကို တပေါင်းတစည်းထဲ၊ သူ မတွေ့ဘူး။

ဦးတင်ဦး ။ ။ ဟုတ်တယ်၊ အလံဖြူလို့ခေါ်တဲ့ သခင်သန်းထွန်းရဲ့ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကိုယ်စား လှယ်အဖွဲ့နဲ့ သပ်သပ်တွေ့တယ်။ သခင်စိုးကိုယ်တိုင် ဦးဆောင်တဲ့ အလံနီကွန်မြူနစ်ပါတီအဖွဲ့နဲ့ သပ်သပ်တွေ့ တယ်။ အဲဒါမျိုးတွေ ဖြစ်ခဲ့တယ်။

ဦးရော်နီညိမ်း ။ ။ အဲဒါက တပ်မတော်ရဲ့ မူလား ခင်ဗျ။ ဘာကြောင့်လဲဆိုတော့၊ တခါ ထပ်တွေ့ရတာ က ၁၉၉၃ ကနေ စခဲ့တဲ့ အမျိုးသားညီလာခံမှာလည်း၊ အဲဒီအတိုင်းပဲ။ တက်လာတဲ့ တိုင်းရင်းသားအဖွဲ့အစည်း တွေ၊ တဖွဲ့နဲ့တဖွဲ့ တဆောင်နဲ့ တဆောင်တောင် မကူးရဘူး၊ မတွေ့ရဘူး၊ စကား မပြောရဘူး၊ အဲဒီလိုတွေ လုပ် ထားတော့၊ အန်ကယ်က တော်လှန်ရေးကောင်စီဘက်မှာလည်း နေခဲ့ဘူးတော့၊ တပ်မတော်ရဲ့အမြင်က ဘယ် လို ရှိနေတာလဲခင်ဗျ။ ဒီအဖွဲ့တွေ တပေါင်းတစည်းနဲ့ လုပ်ကြကိုင်ကြမှာကို၊ တပ်မတော်က ဘာဖြစ်လို့မကြိုက် တာလဲ ခင်ဗျ။ အဲဒီ တပ်မတော်ရဲ့မူကို ကျနော် နားမလည်ဘူး ခင်ဗျ။

ဦးတင်ဦး ။ ။ အဲဒါက စိုးရိမ်စိတ်တွေပေါ့ ဗျာ။ ကျနော်မြင်တာကတော့ အဲဒီစိုးရိမ်စိတ်တွေကို ဖျောက် ဖို့ လိုတာပေါ့။ တဖွဲ့စီ တဖွဲ့စီခေါ်ပြီး၊ ငြိမ်းချမ်းရေးလုပ်ကြတော့လည်း၊ ဒီအဖွဲ့တွေက လာသာ လုပ်ကြရတယ်၊ ယုံကြည်စိတ်ချကြတဲ့စိတ်က ပါမလာဘူးလေ။ ဘာဖြစ်လာလဲ ဆိုတော့၊ ဒီဘက် (အစိုးရ) ကလည်း၊ သံသယ စိတ်နဲ့ကြည့်နေတယ်၊ တဘက်ကလည်း သူတို့ဟာသူတို့ (အစိုးရကို) သံသယစိတ်တွေ ၀င်လာတယ်၊ ၀င်လာ ရင်းနဲ့ အခွင့်အရေးယူပြီးတော့ ကိုယ့်နေရာကို ကျယ်အောင်ချဲ့ဖို့ လုံးပမ်းတဲ့ဟာတွေနဲ့ စည်းရုံးရေးဝင်တာတွေ ရှိသလို၊ သံသယစိတ်တွေ ရှိနေသည့် အားလျော်စွာ၊ စောစောစီးစီးကပဲ (ငြိမ်းချမ်းရေး) ဆွေးနွေးပွဲတွေက မအောင်မြင်ဘူး ဆိုတာတွေ ဖြစ်သွားခဲ့တယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး အဖြေရှာတာတွေကို ပြေလည်အောင် (အစိုးရက) ကျန်တဲ့အင်အားစုတွေနဲ့ မလုပ်နိုင်တဲ့အခါကျတော့၊ မအောင်မြင်ပဲ ဆွေးနွေးပွဲတွေ ပြိုကွဲပျက်စီး သွားပြိး၊ တချို့လည်း မဆလပါတီထဲကို ၀င်သွားတဲ့သူတွေ ရှိတယ်။ တချို့လည်း တောထဲကို ပြန်ဝင်သွားကြ တယ်။ တချို့လည်း ပြန်ပြီး တိုက်ကြခိုက်ကြရင်းနဲ့၊ အသက်ဆုံးရှုံး သွားခဲ့တာတွေလည်း၊ ရှိခဲ့တယ်။ အဲဒါတွေ တော့ ဖြစ်ခဲ့ဘူးတယ်လေ။ အဲဒီတော့၊ ဆွေးနွေးမယ်ဆိုရင်၊ စိတ်ရင်းစေတနာအမှန်နဲ့ “တိုင်းပြည်ကို တကယ်ပဲ အေးချမ်းသာယာသွားအောင် လုပ်ကြတော့မယ် ဟေ့” ဆိုတဲ့ သဘောထားမျိုးနဲ့ လုပ်နိုင်တဲ့ နည်းလမ်းကို၊ ရှာ ကြံပြီးလုပ်တာ ကောင်းတယ်။ အခု အသံတွေ ကြားနေရတယ်။ မယုံဘူးလို့ ပြောကြတယ်။ အဲဒီလိုတွေ ဖြစ်နေ တာတွေက၊ အရင်တုန်းက ဖြစ်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး ဖြစ်နေတာပဲလေ။ အဲဒီဟာတွေ ပျောက်အောင်၊ ပြေပြေလည်လည်တော့ လုပ်ကြရမယ် ထင်ပါရဲ့ ခင်ဗျာ။

ဦးရော်နီညိမ်း ။ ။ အဲဒါကို ကျနော် နားလည်လို့ ရပါတယ်။ ခုန အန်ကယ်ပြောပြသလို၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ၊ ဆွေးနွေးတယ်ဆိုတာက၊ တဘက်နဲ့တဘက် သံသယရှိနေတဲ့ ကာလ ဖြစ်နေတာကြောင့်၊ နှစ်ဘက်လုံးကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲကာလကို၊ ပြန် ပြီး ကြည့်လိုက်မယ် ဆိုရင်၊ လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တဲ့ မြေပေါ်ပါတီတွေ အကုန်ပေါင်းပြီး၊ မနတ (မြန်မာ့နိုင်ငံရေးတပ်ပေါင်းစု) ဖွဲ့တာကိုလည်း၊ တပ်မတော်က လက်မခံခဲ့ဘူး။ ရွေးကောက်ပွဲမတိုင်ခင်မှာ၊ NLD က၊ ပါတီအသေးလေးတွေနဲ့ အကုန် စုပေါင်းပြီး၊ တပ်ပေါင်းစုကြီးအနေနဲ့ ရွေးကောက်ပွဲ ၀င်မှာကိုလည်း၊ တပ်မတော်က လက်မခံခဲ့ဘူး။ အဲဒါကို နိုင်ငံရေး ခေါင်းဆောင်တယောက်အနေနဲ့၊ အန်ကယ် ဘယ်လို မြင်ပါ သလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ အခု အဲဒါကို အတွေ့အကြုံအရ ပြောနေတာကို၊ အခု ကြားနေကြရပြီလေ။ ဒါတွေက တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ဆွေးနွေးယူကြရမဲ့ အရာတွေပဲလို့၊ ကျနော်ကတော့ မြင်ပါတယ်။ အဲဒါနဲ့ ပတ် သက်ခဲ့ဘူးလို့၊ အရင်က ဖြစ်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေအပေါ် သင်ခန်းစာယူပြီးတော့၊ စိတ်ရင်းစေတနာအမှန် နဲ့ လုပ်နိုင်တာတွေ ဖြစ်နိုင်တာတွေကို၊ အခြေတည်ပြီးတော့မှ၊ တခုပြီးတခု ဖြေရှင်းသွားနိုင်အောင် လုပ်နိုင်ကြ ဖို့၊ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ လုပ်နိုင်ကြဖို့၊ တွေကိုပဲ လုံးပမ်းကြရမယ်၊ ကြိုးစားကြရမယ် ထင်ပါရဲ့။ အဲဒီ လိုပဲ အောက်မေ့မိပါတယ် ခင်ဗျာ။

ဦးရော်နီညိမ်း ။ ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်နဲ့၊ နိုင်ငံရေးအကျဉ်းသား အဖြစ်ကနေ လွတ်မြောက်လာခဲ့တဲ့ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ၊ ထိုစဉ်က မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို၊ နိုင်ငံရေးအကျဉ်း သား အဖြစ်ကနေ လွတ်မြောက်လာပြီး အတွေ့အကြုံတွေကို၊ ဆက်သွယ်မေးမြန်း တင်ပြခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။

၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့် နှင့် တပ်မှူးဟောင်းများ၏ အတွေ့အကြုံ - အပိုင်း (၁)
http://www.voanews.com/burmese/news

ပြည်တွင်းပြောင်းလဲလာမှုအပေါ် ပြည်ပအမျိုးသားကောင်စီ ဘယ်လိုမြင်

တနင်္ဂနွေ, 28 သြဂုတ် 2011


By ဦးသန်းလွင်ထွန်း

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ကို အစိုးရက ဦးစီးကျင်းပတဲ့ စီးပွားရေးဖွံ့ဖြိုးမှု ဆွေးနွေးပွဲကို ဖိတ်ကြားခဲ့ခြင်း။ လွှတ်တော်ဆွေးနွေးပွဲတွေအတွင်းမှာ အတိုက်အခံနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေရဲ့  တင်ပြချက်တွေကို သတင်းတွေမှာ ဖော်ပြလာခြင်း စတဲ့ ထူးခြားတဲ့ ပြောင်းလဲချက်တွေကို တွေ့လာနေရပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ပြည်ပရောက် မြန်မာနိုင်ငံ အမျိုးသားကောင်စီရဲ့  အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းပြီး ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု မြန်မာနိုင်ငံမှာ ပြန်ကျင်းပနေတဲ့ လွှတ်တော်ဆွေးနွေးပွဲတွေမှာ လွှတ်တော်အမတ်တွေရဲ့  တင်ပြချက်တွေ၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားလို့ခေါ်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ ပြည်ပမှာရောက်ရှိနေတဲ့ အတိုက်အခံများ ပြန်လာရေးကိစ္စ။ ဒီလို ဆွေးနွေးချက်တွေကို တင်ပြခွင့်ရလာတယ်။ ဆွေးနွေးလာတယ်ဆိုတဲ့ ပုံစံကို မြင်ရတဲ့အခါကြတော့ ဒီလွှတ်တော်ထဲမှာ ဝင်ရောက်ဆောင်ရွက်ကြတဲ့လူတွေရဲ့  မူလရည်မှန်းချက်ဖြစ်တဲ့ အတွင်းစည်းထဲကို ဝင်ပြီးတော့ လုပ်နိုင်သမျှတွေကို ဝင်ပြီးတော့ တဖြည်းဖြည်းချင်း ယူမယ်၊ ချဲ့ ထွင်ယူမယ်ဆိုတဲ့ အနေအထားကို သူတို့ရဲ့  ရည်မှန်းချက်ဘောင်အတွင်းကို ရောက်လာပြီလို့ ပြောလို့ရနိုင်သလား။

ဦးမောင်မောင် ။ ။ နှစ်မျိုးရှိမှာပေါ့။ ဝင်ရောက်ပြီး ပြောဆိုမယ်ဆိုတဲ့ကဏ္ဍကတော့ ရောက်ပြီလို့တော့ ပြောလို့ရတယ်။ သို့သော်လည်း ဝင်ရောက်ပြီး ပြောင်းလဲဖို့ လုပ်မယ်ဆိုတဲ့ကဏ္ဍထိတော့ မရောက်သေးဘူး။ ဒါကို ရောက်ဖို့အတွက်တော့ အများကြီးလုပ်ရမယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါကို နည်းနည်းလေး ရှင်းပြပါလား။ ဘယ်လိုကြောင့် ဒီလို မရောက်သေးဘူးလဲ။ ဘာတွေလုပ်ဖို့ နေသေးတယ်လို့ ယူဆပါသလဲ။

ဦးမောင်မောင် ။ ။ တော်တော်များများ လိုပါသေးတယ်။ ဥပမာ တစ်အချက် စပြောမယ်ဆိုရင်တော့ နိုင်ငံရေးအရ ကျနော်တို့ရဲ့  နိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ကြည်နဲ့ တွေ့တဲ့ကိစ္စ။ အဲဒီကနေ လက်မှတ်ထိုးပြီး လုပ်တဲ့ကိစ္စ။ တကယ် constructively အပြုသဘောလုပ်မယ့် လုပ်ငန်းတွေကို လက်တွေ့လုပ်ဖို့ လိုပါသေးတယ်။ လွှတ်တော်ထဲမှာ ပြောတဲ့ကိစ္စက ဥပဒေအကြောင်းအရာအရ ဥပဒေပြုဖို့ ဖြစ်သလို နိုင်ငံရေးအရ ဦးဆောင်မှုပေးမယ့် political guideline ချပေးဖို့ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန် တို့ ပွင့်ပွင့်လင်းလင်း၊ တိတိကျကျ ပိုပြီးတော့ ဆွေးနွေးသွားဖို့ လိုတယ်ဆိုတာ တချက်ပေါ့။ နောက်တခါ ဥပဒေပြုတဲ့အခါမှာလည်း တင်ပြချက်တွေတော့ ကြားနေရတယ်။ တင်ပြချက်တွေ ရှိတာကတော့ အရင်ကထက်ဆရင် ကောင်းပါတယ်။ လွှတ်တော်ထဲမှာ အားလုံးဝိုင်းဆွေးနွေးဆိုတဲ့ကိစ္စ။ ဆွေးနွေးပြီးတဲ့နောက်မှာတော့ ဒါကို ဘယ်လိုပုံစံဖော်မလဲ။ ဘယ်လို ဆုံးဖြတ်ချက်ချမလဲဆိုတာတွေက ပိုအရေးကြီးတယ်လို့ ထင်တယ်။ အဲဒီကိစ္စတွေကတော့ ကောင်းပါတယ်။ သို့သော်လည်း တကယ်လက်တွေ့လုပ်မယ့်ကိစ္စ။ ဒါကို ဆွေးနွေးမယ်။ ဆွေးနွေးပြီးရင် ဘယ်လိုဆုံးဖြတ်မလဲ။ ဒါဟာ လိုအပ်တဲ့ ပြုပြင်ချက်တွေကို အုပ်ချုပ်ရေးပိုင်းက ဘယ်လိုပြင်ဖို့ကို အမိန့်ထုတ်မယ့် ကိစ္စတွေက ပိုပြီးအရေးကြီးတယ်လို့ ထင်တယ်။ ဒါကြောင့်မို့ လုပ်ငန်းတွေကတော့ အများကြီးလိုပါသေးတယ်လို့ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အခုလက်ရှိ ဖြစ်နေတဲ့ အခြေအနေ။ တွေ့ဆုံမှုတွေအပေါ်မှာ အပြုသဘောဆောင်တယ်ဆိုတဲ့ အမြင်၊ တိုးတက်မှုအလားအလာတွေ ရှိတယ်လို့ မှတ်ချက်ချပါတယ်။ အဲဒီတော့ ဦးမောင်မောင် အနေနဲ့က ဒီအခြေအနေတွေကို ပြင်ပမှာရှိနေတဲ့ လူတယောက်အနေနဲ့ ဒါဟာ အကောင်းဖက်ကို ရှေ့ ရှုလာနေတဲ့ တိုးတက်မှုတွေအဖြစ် မမြင်နိုင်သေးဘူးလား။

ဦးမောင်မောင် ။ ။ ကျနော်တို့က အကောင်းဖက်ကို ဖြစ်စေချင်လို့ ဒီလို အနေအထားရောက်အောင် တောင်းဆိုတိုက်ပွဲဝင်ခဲ့တာ ဖြစ်တယ်။ အခုလည်း ဒါကို ပြန်ပြီး မပြောင်းသွားတဲ့ အနေအထားပေါ့။ Irreversible နောက်ပြန်မဆုတ်သွားတဲ့ အနေအထားဖြစ်အောင်လို့ ကျနော်တို့က ဖိအားပေးရမယ့် တာဝန်ရှိနေသေးတယ်။ အထဲက ခေါင်းဆောင်တွေရဲ့ တာဝန်ကလည်း ဒီလုပ်ငန်းကို ရှေ့ ကိုဆက်ပြီးသွားဖို့အတွက် လုပ်ဖို့ အများကြီးရှိနေသေးတော့ မကောင်းဘူးလို့တော့ မပြောဘူး။ သို့သော် ကျနော်တို့ လုပ်တဲ့အနေအထားတော့ မရောက်သေးဘူး။ ဒါကြောင့်မို့ ဖိအားပေးတဲ့ တာဝန်ကိုတော့ ဆက်ပြီးလုပ်ရပါမယ်လို့ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ အတိုက်အခံနဲ့ တချိန်က စစ်တပ်ဦးဆောင်တဲ့။ အခုလည်း စစ်တပ် ကျားကန်ပေးထားတဲ့ အစိုးရ။ ဒီလို နှစ်ဖက် ညှိနှိုင်းကြတယ်၊ ဆွေးနွေးကြတဲ့ နေရာမှာ ဒီသဘောထားတွေကို ကိုယ့်ယူဆချက်တွေအတိုင်းပဲ ယတိပြတ် ချထားပြီးလို့ရှိရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်လုံးလုံး တဖတ်နဲ့တဖတ် ဘယ်မှမရောက်ဘဲနဲ့ တန့်နေခဲ့တာ အားလုံးအမြင်ပဲ။ အဲဒီတော့ လက်ရှိ ဒီအခြေအနေမှာ အစိုးရဘက်က နည်းနည်းလေး လျှော့လာတယ်ဆိုတဲ့သဘော မဟုတ်ဘူးလား။ ဒါဆိုလို့ရှိရင် အတိုက်အခံတွေဘက်ကရော ဘာတွေများ ပြောင်းလဲပေးဖို့ လိုလာမလဲ။ ဒီလို မေးလိုက်တဲ့အတွက်ကြောင့်မို့ တချို့ ကတောင် ကျနော်ကို အပြစ်တင်ကြမယ်။ အတိုက်အခံဘက်က ဘာလျှော့စရာရှိလို့လဲဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့လည်း ဒီမေးခွန်းက မေးရမယ့် မေးခွန်းပါ။

ဦးမောင်မောင် ။ ။ အတိုက်အခံဘက်က လျှော့ပေးရမှာ အများကြီးရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ စီးပွားရေးပိတ်ဆို့မှု၊ နိုင်ငံရေးမှာ သံရေးသံတမန်ရေးမှာ ဖိအားပေးတဲ့ကိစ္စတွေက နည်းတာမဟုတ်ပါဘူး။ နအဖတခုတည်း၊ လက်ရှိ အစိုးရတခုတည်း လုပ်လို့၊ ဖြုတ်လို့ ပြုတ်သွားမှာ မဟုတ်တော့ ကျနော်တို့ဘက်က လျှော့စရာတွေ အများကြီးရှိပါတယ်။ အဆင့်တွေ အများကြီး ကျန်သေးတယ်လို့ တစ်အချက် ပြန်ပြောချင်တယ်။ နောက်တချက်က ဘာလဲဆိုတော့ ဒီလို အလျှော့ပေးလာတဲ့ကိစ္စက တကယ် ပြုပြင်ပြောင်းလဲချင်လို့ အလျှော့ပေးတာမျိုးဖြစ်အောင် အခုန ကျနော်တင်ပြသလို legislatively ဥပဒေအကြောင်းအရာအရ၊ ဥပဒေပြုပြီး ပြောင်းဖို့လိုတယ်ကိစ္စ ဘာကြောင့်အရေးကြီးသလဲဆိုတာ ကျနော်အခု တင်ပြပါမယ်။ ကျနော်တို့ အခု အပစ်အခတ်ရပ်စဲရေးလို့ ပြောပေးမယ့် အခုထက်ထိ တိုက်ပွဲတွေ ဖြစ်နေသေးတယ်။ ကချင်မှာလည်း ဖြစ်နေတယ်။ ရှမ်းပြည်နယ်မှာ ဖြစ်နေတယ်။ ကေအန်ယူ ကရင်ဒေသမှာ ပိုဖြစ်နေပါတယ်။ ဒါတွေအားလုံးကို ကျနော်တို့က တပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လုပ်မှသာလျင် စကားပြောနေတဲ့ကိစ္စ။ နိုင်ငံရေးပြုပြင် ပြောင်းလဲရေးကိစ္စတွေက အဓိပ္ပါယ်ရှိတယ်လို့ ယူဆပါတယ်။ အဲဒီတော့ ပြုပြင်ပြောင်းလဲရေး ကြိုးစားတယ်ဆိုတဲ့ အသံကို ကျနော် လက်ခံတယ်လို့ အခုနပြောတယ်။ သို့သော် တကယ့် လက်တွေ့လုပ်ရမယ့် လုပ်ငန်းတွေက အများကြီး ရှိနေသေးတယ်။ အလျှော့ပေးတဲ့ဆိုတဲ့ ကိစ္စတွေမှာလည်း ပြန်တင်ပြချင်ပါတယ်။ လိုအပ်ချက်ရှိလို့ အလျှော့ပေးတာကို အားလုံးနားလည်းပါတယ်။ ဥပမာဆိုရင် လက်ရှိ ဦးသိန်းစိန် အစိုးရက ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ချင်တယ်ကိစ္စ။ ဘာကြောင့်လည်းဆိုရင် အစိုးရတခုအနေနဲ့ အလှည့်ကျတဲ့အချိန်မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ဖို့က အင်မတန် အရေးကြီးပါတယ်။ အထူးသဖြင့် မျက်နှာ face value သိက္ခာရှိဖို့ကိစ္စက ပိုအရေးကြီးတယ်။ ဒါအတွက် လုပ်တယ်ဆိုတာကို အားလုံးသိပါတယ်။

နောက်တခါ ကျနော်တို့က အတွင်းမှာဖြစ်နေတဲ့ စီးပွားရေး။ စီးပွားရေး ကြပ်တည်းတယ်။ ကြပ်တည်းတဲ့ဆိုတာ ဘာကြောင့်လဲ။ စီးပွားရေးကြပ်တည်းတဲ့ နေရာမှာ ဗမာနိုင်ငံမှာ ပြည်ပရင်းနှီးမြုပ်နှံမှုက ဘီလီယန် ဒေါ်လာ ၂၀ ကျော် ဝင်ထားတယ်ဆိုတာကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာ တိတိလင်းလင်း ဦးသိန်းစိန် အစိုးရက ပြောထားတာရှိတယ်။ ဒါပေမဲ့ တပြိုင်တည်း ကျနော်တို့က ဒီလွှတ်တော်က သူတို့ပြောသွားတာက တနိုင်ငံလုံးက ယူအက်စ် ၂ ဘီလီယန် အကြွေးတင်နေတယ်။ လိုနေတယ်ဆိုတဲ့အခါကြတော့ ဒါကြီးက ဘာဖြစ်တာလဲ။ ပြည်သူကို ရှင်းပြဖို့ လိုတဲ့အပြင်ကို ဒီလို စီးပွားရေးအခက်အခဲ ရှိတဲ့အတွက်ကြောင့်လည်း ပြုပြင်ပြောင်းလဲမှု လုပ်တယ်ဆိုတာကို မြင်နေရပါတယ်။ နောက်တခါ ပြည်သူတွေ နေ့စဉ်စားသုံးနေတဲ့ ကုန်ပစ္စည်းတွေ ဘယ်ကလာသလဲဆိုရင် နယ်စပ်ဒေသ ကုန်သွယ်ရေးက လာတာပါ။ ကေအန်ယူ ကို တိုက်တယ်။ ကရင်နယ်မြေတွေမှာ စစ်ပွဲတွေ ဖြစ်ပွားတယ်။ နောက်တခါ ကချင်ဒေသမှာ ဖြစ်တယ်။ ရှမ်းပြည်နယ်မှာဖြစ်တော့ နယ်စပ်ဒေသ ကုန်သွယ်ရေးက ပိတ်တယ်။ နယ်စပ်ဒေသ ပိတ်တယ်ဆိုရင် ကုန်သည်တွေက မလာဖြစ်တယ်။ နိုင်ငံခြား စီးပွားရေးပိတ်ဆို့မှုကြောင့် မဟုတ်ဘူး။ စစ်ပွဲဖြစ်လို့ ကုန်သည်တွေ မလာတာကြောင့် ပြည်တွင်းအခွန်ကျဆင်းတယ်။ ဆိုတော့ နိုင်ငံမှာ ပြည်ပရင်းနှီးမှုတွေ ဘယ်ရောက်သွားမှန်း မသိဘူး။ ဒီအပြင် နယ်စပ်ဒေသကဝင်တဲ့ အခွန်ငွေတွေ မဝင်တဲ့အခါကြတော့ စီးပွားရေးအခက်အခဲ တအားကြီးတဲ့အတွက်ကြောင့် ဒီဟာကနေ ဖောက်ထွက်ဖို့ကိုလည်း လုပ်ငန်းတွေ လုပ်တယ်ဆိုတာ အားလုံးအသိဖြစ်တယ်။ တကယ် ပြုပြင်ပြောင်းလဲမှု စိတ်နဲ့ လုပ်ဖို့ကတော့ လက်တွေ့ကတော့ ဥပဒေအရ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လိုပါတယ်လို့ ကျနော်က လျှော့ပေးတယ်ဆိုတာထက် ဒီလို လိုအပ်ချက်တွေအရ လုပ်တယ်လို့ အားလုံးမြင်နေတယ်ဆိုတာကို ပြန်တင်ပြချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုဟာက ဖြစ်နေတဲ့ အခြေအနေက မြန်မာနိုင်ငံက အကျင့်ပျက် ခြစားမှုတွေ၊ စီးပွားရေး ချွတ်ခြုံကျမှုတွေ၊ အလားတူပဲ ပြည်တွင်းမှာ မငြိမ်းချမ်းမှုတွေက နှစ်ပေါင်းများစွာ၊ ပြဿနာပေါင်းများစွာပေါ်ကို အခြေတည် ဖြစ်နေတာကြောင့် နေချင်းညချင်ကြီး တခါတည်း ပြေလည်သွားဖို့ဆိုတာ မလွယ်ဘူးမှတ်လား။ အထူးသဖြင့် အထက်ပိုင်းမှာ ဒီလို ဆွေးနွေးပြောဆိုမှုနဲ့ မူဝါဒပိုင်းဆိုင်ရာ ချလာတော့မှ တဖြည်းဖြည်း အောက်ခြေဖက်ကို ဆင်းလာပြီးတော့ ပြုပြင်ပြောင်းလဲသွားနိုင်မယ့် အနေအထားမျိုးတွေ ရှိနေတယ်ဆိုတော့ အချိန်တော့ ယူရအုံးမယ်လို့ ပြောချင်ပါတယ်။ အဲဒီလို အချိန်ယူရအုံးမယ်ဆိုရင် ဘယ်တော့လောက်မှ ဒီလို အပြောင်းအလဲတွေကို လက်တွေ့မြင်နိုင်လိမ့်မယ်လို့ ထင်ပါသလဲ။

ဦးမောင်မောင် ။ ။ အပြောင်းအလွှဲက အချိန်ယူရမယ်။ အပြောင်းအလဲလုပ်ဖို့ စတင်နေတယ်လို့လည်း အားလုံးက ပြောနေကြတယ်။ ဒါကို ကျနော်လည်း မငြင်းပါဘူး။ ဒါပေမဲ့ လက်တွေ့ ဖြစ်နေတဲ့ကိစ္စက အခုန တင်ပြသလို ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ လက်တွေ့ခေါ်လို့ရတဲ့ ကိစ္စပါ။ ပြည်တွင်းငြိမ်းချမ်းရေး ခေါ်မယ်ဆိုရင် လွှတ်တော်ကလည်း သဘောတူမှာပါ။ သမ္မတသိန်းစိန် အနေနဲ့လည်း သူ့ရဲ့  executive power နဲ့ လုပ်လို့ရတဲ့ကိစ္စပါ။ ဒီလုပ်ငန်းကို စလုပ်ကြည့်လိုက်ရင် ဘယ်လို ပြောင်းလဲလာမလဲဆိုတာကို တွေ့မှာပါ။ ပြည်တွင်း တနိုင်ငံလုံး ငြိမ်းချမ်းရေးဟာ အရမ်း အရေးကြီးပါတယ်။ ဒီဥစ္စာကို သမ္မတသိန်းစိန် executive power နဲ့ လုပ်လို့ရတယ်။ အခု ပါလီမန်အချိန်မှာလုပ်ရင် ပါလီမန်တခုလုံးကလည်း ထောက်ခံမှာဖြစ်တယ်။ ဒေါ်စုကလည်း ကြားကနေ စေ့စပ်ပေးမယ်လို့ ပြောတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း စကားပြောပါမယ်ဆိုတဲ့ အနေအထားမှာလုပ်လိုက်ရင် ကျနော်တို့က ဒီလောက်အကြာကြီး မစောင့်ရဘဲ လုပ်ငန်းပေါ်မယ်။ ဒါက လက်တွေ့ကျတဲ့ လုပ်ငန်းတခုဖြစ်တယ်လို့ တင်ပြချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သဘောကတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စဆိုတာကတော့ လက်တွေ့အားဖြင့် တကယ့် ငြိမ်းချမ်းရေးကို လိုချင်တဲ့စိတ်ဆန္ဒသဘောထားနဲ့ လုပ်လိုက်လို့ရှိရင် အနှေးနဲ့အမြန် ဖြစ်လာနိုင်မယ့်ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ တိုင်းပြည်စီးပွားရေးကိစ္စမှာ ရေရှည်ယိုယွင်းနေတဲ့ကိစ္စမှာကြတော့ ဒီလောက်မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်မယ်လို့ မထင်ဘူးလေ။ အထူးသဖြင့် မြန်မာနိုင်ငံအရေးကိစ္စမှာဆိုလို့ရှိရင် အစိုးရအနေနဲ့ပဲ စီးပွားရေး ပွင့်လင်းမှုတွေလုပ်ချင်တယ် ဆိုပေမယ့်လည်း အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံအုပ်စုတွေရဲ့  စီးပွားရေးပိတ်ဆို့မှုကိစ္စတွေ။ မြန်မာနိုင်ငံတွင်းက ဒီမိုကရေစီအုပ်စုတွေကို ကျားကန်ပေးထားတဲ့ သဘောနဲ့ ဒီလို အရေးယူထားမှုတွေ ရှိနေသေးတယ်ဆိုတော့ ဒီကိစ္စတွေကို ပြေလည်သွားစေဖို့ဆိုရင် အခု မကြာသေးခင်ကပဲ အမေရိကန် ပြည်ထောင်စုမှာ မြန်မာနိုင်ငံရေးရာ မူဝါဒရေးရာ အထူးကိုယ်စားလှယ်အနေနဲ့ ခန့်အပ်ထားတဲ့ Derek Mitchell အနေနဲ့ မြန်မာနိုင်ငံကိုသွားဖို့ ကြိုးစားနေတယ်ဆိုတော့ သူတို့အနေနဲ့ အခုလက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သုံးသပ်ပြီးတော့ ဘယ်လို ပြုပြင်ပြောင်းလဲမှုနဲ့ ကမ်းလှမ်းမှုတွေ လုပ်သင့်တယ်လို့ ယူဆသလဲ။

ဦးမောင်မောင် ။ ။ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြပါရစေ။ စီးပွားရေးပိတ်ဆို့မှုသာ ပြောနေတယ် ဒါကို ဖွင့်ဖို့လိုနေတယ်လို့သာ ပြောနေတယ်။ အထူးသဖြင့် ဥရောပက ပြောနေတယ်။ ကမ္ဘာပေါ်က နိုင်ငံတွေအများစု ကျနော်ကပြောချင်တာက နေ့စဉ် သွင်းကုန်ထုတ်ကုန်က ရှိနေပါသေးတယ်။ အထည်ချုပ်လုပ်ငန်းဆိုရင် ဂျပန်နဲ့ ရှိနေခဲ့တယ်။ အခုမှ ထုတ်လုပ်မှု ကျဆင်းသွားတယ်ဆိုတာ ဒေါ်လာကြောင့်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကို ပြန်ကြည့်မယ်ဆိုရင် အထည်ချုပ်လုပ်ငန်းက တော်တော်လေး အောင်မြင်နေတယ်။ ပြည်တွင်းရေထွက်လုပ်ငန်း တော်တော်လေး အောင်မြင်နေတယ်ဆိုတဲ့ ကြွေးကြော်သံတွေ ကြားနေရတယ်။ ဒါကြောင့် ပြောချင်တာက စီးပွားရေးပိတ်ဆို့မှု ရှိပြီးတော့ ကျနော်တို့ အတိုက်အခံတွေက နံမည်ပျက်ပေမယ့် တကယ်ကြတော့ ဥရောပ။ အထူးသဖြင့် ဂျာမဏီ က ဦးဆောင်ပြီးတော့ သွင်းကုန်ထုန်ကုန်တွေ လုပ်နေတယ်ဆိုတာ တင်ပြချင်တယ်။ တကယ် ဖိဖိစီးစီး ဒီ စီးပွားရေးပိတ်ဆို့မှု လုပ်တာ အမေရိကန်နိုင်ငံတနိုင်ငံပဲ ရှိတယ်။ ဒါကြောင့်မို့ အများစု ထွက်ကုန်က အာရှတိုက်သွားတယ်။ ဥရောပကို သွားတယ်ဆိုတော့ စီးပွားရေးပိတ်ဆို့မှု မရှိသလာက် ရှိနေပါတယ်လို့ ပြန်ရှင်းပြချင်တယ်။ နောက်တခုကတော့ အမေရိကန်အစိုးရက Derek Mitchell သွားမယ်ဆိုတော့ သူတို့လည်း သုံးသပ်ပါတယ်။ ကျနော် အမေရိကကို ရောက်တဲ့ကာလအတွင်းမှာ ကျနော်တွေ့တဲ့နေရာမှာတော့ ကျနော်တို့နဲ့ သဘောထားခြင်းတူတယ်။ ပြုပြင်ပြောင်းလဲမှု လုပ်တာကိုတော့ သူတို့ သတိထားပြီးတော့ စောင့်ကြည့်နေတဲ့ အနေအထားမှာရှိတယ်။ ဒါပေမဲ့ တပြိုင်နက်ထဲ ကျနော် ပထမဆုံး ပြောခဲ့သလိုပဲ အတိုက်အခံက ဘာလုပ်နိုင်သလဲဆိုတော့ အတိုက်အခံက အများကြီးလုပ်နိုင်ပါတယ်။ အခုနပြောတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ကျနော်တို့ ဖွင့်မလား။ ဖွင့်မလားဆိုတော့ အကုန်လုံးဖွင့်ဖို့ကို ပြောတာမဟုတ်ဘူး။ ဒါကို အားလုံးက တလွှဲမထင်စေချင်ဘူး။ အဆင့်တွေ အများကြီးရှိပါတယ်။ ကုန်သွယ်မှု ပိတ်ထားတာရှိတယ်။ ရင်းနှီးမြုပ်နှံမှုတွေကို တားတဲ့ကိစ္စရှိတယ်။ နောက်တခါ ဗီဇာ ခရီးသွားလာမှု လက်မှတ်တွေ ပိတ်ထားတာရှိတယ်။ သားသမီးတွေကို ကျနော်တို့ တွေ့လို့ရှိရင် အရေးယူတဲ့ကိစ္စတွေ ရှိတယ်။ ဒါတွေဟာ ဥပမာပြောတာပါ။ ဒါထက်မက အများကြီးရှိပါတယ်။ နောက်တခါ ငွေရေးကြေးရေးကို freeze လုပ်ထားတဲ့ကိစ္စ။ ငွေရေးကြေးရေး ပိတ်ဆို့ထားတဲ့ကိစ္စ။ ဒါတွေကို ဆင့်ကဲဆင့်ကဲ ကျနော်တို့အနေနဲ့ ကြည့်ဖို့လိုတယ်။ Derek Mitchell ဆိုလည်း ဒါတွေကို step by step ကြည့်ဖို့လိုတယ်။ ကြည့်မယ်လို့လည်း ကျနော်က မျှော်လင့်တယ်။ ကြည့်မယ်လို့လည်း ကျနော်တို့ ဝိုင်းပြီးပြောရမယ်။ အဲဒီလိုလုပ်ပြီးမှသာလျင် stick and carrot ဆိုသလို ကောင်းတာလုပ်လို့ရှိရင် ဆုကြေးဒဏ်ကြေး ပေးတဲ့ကိစ္စမှာ တဖြည်းဖြည်းနဲ့ စဉ်းစားသွားရမယ့် ကိစ္စဖြစ်တယ်လို့ တင်ပြချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးမောင်မောင်တို့အနေနဲ့ အထူးသဖြင့် ပြည်ပရောက် အဖွဲ့အစည်းတွေအနေနဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ စကားပြောချင်ပါတယ်ဆိုတဲ့ စေ့စပ်ညှိနှိုင်းချင်ပါတယ်ဆိုတဲ့ တိုက်ရိုက်ကမ်းလှမ်းမှုတွေမျိုး မလုပ်ချင်ဘူးလား။

ဦးမောင်မောင် ။ ။ ကျနော်တို့ကတော့ မလုပ်ပါဘူး။ ဘာလို့ မလုပ်သလဲဆိုတော့ main actor အဓိကကျတဲ့လူ၊ ဇာတ်ဆောင်တွေ။ တာဝန်ရှိတဲ့သူတွေ အားလုံးက ပြည်တွင်းမှာရှိပါတယ်။ ပြည်တွင်းမှာရှိတဲ့ ခေါင်းဆောင်တွေက "ရဲဘော်တို့ရေ ဒီဟာကတော့ ဒီလောက်အထိ အဆင်ပြေနေပြီ။ နိုင်ငံရေး အကျဉ်းသားတွေ ထွက်လာပြီ။ ရဲဘော်တို့ ပြန်လာလို့ ရပြီ" ဆိုတဲ့ကိစ္စမျိုးတွေ ပြောလာမယ်။ သတင်းပို့လာမယ်။ နောက်တခါ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အားလုံး ဝိုင်းဆွေးနွေးကြမယ်ဆိုတဲ့ အနေအထားမျိုးမှာပဲ ကျနော်တို့က သွားဖို့ အနေအထားရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဝါရှင်တန်မြို့ တော်မှာ ရောက်ရှိနေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/soldier-talk/08_27_11_soldiers_talk075-128531733.html