Tuesday, August 30, 2011

LA Burmese concert III , Tun Tun and Kyaw Kyaw Bo

LA Burmese concert III , Tun Tun and Kyaw Kyaw Bo with a great good humor and eloquent speeches

by thu Zar( Face Book)

၃၀.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.mediafire.com/file/2tkoi45bjt14ow2/30%20August%202011%20Yeyintnge%27s%20diary.doc

http://www.mediafire.com/file/x48g9csu16sor1d/30%20August%202011%20Yeyintnge%27s%20diary.pdf


http://www.ziddu.com/download/16240865/30August2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16240866/30August2011Yeyintngesdiary.pdf.html

30 August 2011 Yeyintnge's Diary

ယနေ့ ရွှေဈေး၊ ဒေါ်လာဈေးနဲ့ FEC ဈေး


by Myit Makha Mediagroup on Tuesday, August 30, 2011 at 3:26am

သြဂုတ် ၃၀

ရန်ကုန်မြို့။

ယနေ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၁၆ပဲရည်အခေါက်ရွှေဈေး တကျပ်သားလျှင် ကျပ် ၆သိန်း ၉ သောင်း ၇ ထောင်၊ ၁၅ ပဲရည် တကျပ်သားလျှင် ကျပ် ၆ သိန်း ၄ သောင်း၊ ၅ ထောင် ဈေးပေါက်လျက်ရှိပြီး အမေရိကန် တဒေါ်လာလျှင်ကျပ် ၇၃၀(Buy) ဈေးနှင့် fec (Buy)တယူနစ် လျှင် ကျပ် ၆၇၀၊ ဈေးပေါက်လျက်ရှိသည်။ USD (Sell) က တဒေါ်လာလျှင် ၇၄၅၊ fec (Sell)တယူနစ်လျှင် ကျပ် ၇၀၀ ဈေးပေါက်လျက်ရှိပါတယ်။



Aung Kyaw Thu ... FEC တွေ တစ်ယူနစ် ၀ယ်ဈေးက ၇၀၀ ဖြစ်သွားပြီလို့ ခုလေးတင်သိရပါတယ်...

ငွေလဲနှုန်း သတ်မှတ်ရေး – စီးပွားရေးမဂ္ဂဇင်း အယ်ဒီတာချူပ်ကို မေးမြန်းခြင်း


Published on August 30, 2011 by ရွှေအောင်
ငွေလဲနှုန်းကို တဒေါ်လာ ကျပ် ၉၀၀ နဲ့ ၁,၀၀၀ ကြား သတ်မှတ်ဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အစိုးရက ဘယ်သူမှ မနစ်နာမယ့် နှုန်းထားတခု သတ်မှတ်နိုင်ဖို့ ကြိုး ပမ်းနေတယ်လို့လည်း သိရပါတယ်။

တဒေါ်လာကို ၇၃၀ ကျပ်ဝန်းကျင် ဈေးပေါက်နေချိန်မှာ ဒေါ်လာနဲ့ဆက်စပ်ပြီး စီးပွား ရေးအခြေအနေ၊ ဖြစ်နိုင်ခြေတွေကို မြန်မာ့ဓန စီးပွားရေးမဂ္ဂဇင်း အယ်ဒီတာချုပ် သီဟစော ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်လာဈေး ကျနေချိန်မှာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေ အပါအ၀င် လုပ်ငန်း အတော် များများရဲ့ အနေအထား ဘယ်လိုတွေ့ရပါသလဲ။

“ကိုယ့်တိုင်းပြည်ရဲ့ပိုက်ဆံ ကျပ်ဖြစ်ဖြစ်၊ ဘတ်ဖြစ်ဖြစ် တန်ဖိုးမြင့်လာတယ်ဆိုရင် Exporter (ပို့ကုန်သမားတွေ)က ထိတယ်။ ဥပမာ- တဒေါ်လာကို အစက (ကျပ်) ၁,၀၀၀ ပေါ့။ အခု ၇၀၀ ဆိုပါစို့၊ အကြမ်းဖျင်းပေါ့။ ပထမက ငါးရောင်းလို့ တသန်းဖိုး ရတယ်ဆိုရင် ပြန်လာတဲ့အခါ ဗမာကျပ် သန်း ၁,၀၀၀ ရတယ်။ အခုဆိုရင် ကျပ်သန်း ၇၀၀ ပဲရတာပေါ့။ အဲဒါဆိုရင် ရောင်းတာတော့ တသန်းဖိုးရောင်းတာပဲ။ ပြည်တွင်းမှာ ပြန်ရတဲ့အခါ သူ့ငွေက နည်းသွားတာပေါ့။ ကိုယ့်မိခင်နိုင်ငံငွေ ကျပ်တန်ဖိုး တက်တယ်ဆိုရင် Exporter တွေက အမြဲတမ်းရှုံးတာပဲ။ အခုလည်း အဲဒီပြသနာမျိုးတွေ တွေ့ရတာပေါ့။”

ပြည်ထောင်စုဝန်ကြီးတဦးက အမေရိကန်ဒေါ်လာနှုန်းထားကို ၉၀၀ နဲ့ ၁,၀၀၀ ကြား သတ် မှတ်မှပဲ အားလုံး လုပ်နိုင်ကိုင်နိုင် ရှိလိမ့်မယ်လို့ ပြောလိုက်တဲ့အတွက် ၉၀၀ နဲ့ ၁,၀၀၀ ကြားဆိုတာ လုပ်ငန်းရှင်တွေ တကယ်အလုပ်ဖြစ်နိုင်တဲ့ အနေအထား တွေ့ရလား။

“အရင်က ၁,၀၀၀ – ၁,၂၀၀ ရောက်ခဲ့ဖူးတာကိုး။ အဲဒီလောက် ပြန်သွားရင်တော့ အရင်လိုပဲ အလုပ်ဖြစ်မယ်လို့ တွက်တာပေါ့။ ဒါပေမယ့် အဲဒီလောက်ရောက်ဖို့ဆိုတာ လွယ်မလွယ် မပြောနိုင်ဘူး။ နှစ်ပိုင်းရှိတယ်။ နိုင်ငံတကာမှာလည်း ဒေါ်လာတန်ဖိုးက ဆက်တိုက်ကျနေတာ။ နောက်တပိုင်းက ပြည်တွင်းမှာလည်း အဲဒီ ၇၀၀ လောက် ရောက်နေတဲ့ ပိုက်ဆံကို ၉၀၀ လောက်ထိအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားစရာ ရှိတာပေါ့။

“အစိုးရအနေနဲ့က Money Supply လို့ခေါ်တဲ့ လှည့်ပတ်စီးဆင်းတဲ့ မြန်မာကျပ်ငွေ ပမာဏကို အရမ်းတိုးပစ်လိုက်ရလိမ့်မယ်။ တကယ်တမ်းပြောရင်တော့ ၉၀၀ လောက်ကို ရောက်အောင် တိုးရင်တိုလို့ရတယ်။ ဒါပေမယ့် အဲဒီလိုလုပ်တယ်ဆိုရင် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတက်မှုတွေ ဖြစ်လာမှာတခု ရှိမယ်။ အဲဒီဘက်က အကျိုးဆက်တွေကို ရင် ဆိုင်ရဦးမယ်။ အဲဒီလို ချက်ချင်းကြီး ဆွဲတင်လို့ ရမယ်မထင်ဘူး။”

စီးပွားရေးပညာရှင်က နေပြည်တော်မှာ ပြောခဲ့တာက ဒီကိစ္စကို အစိုးရအနေနဲ့ အလျင်အ မြန် ကုစားဖို့လိုတယ်။ ဥပမာ၊ အစိုးရအနေနဲ့ ၀င်ဝယ်လိုက်ဖို့လည်း တိုက်တွန်းသွားတာမျိုး ရှိတယ်။ အဲဒါမျိုးကရော တကယ်ဖြစ်နိုင်မလား။

“ပရော်ဖက်ဆာဦးမြင့် တင်တဲ့စာတမ်းထဲမှာ ကျနော်တို့လည်း တွေ့လိုက်ပါတယ်။ ဒါက နိုင်ငံတကာမှာလည်း လုပ်လေ့ရှိပါတယ်။ ကိုယ့်ငွေတန်ဖိုးကို မြှင့်ချင်နှိမ့်ချင်တဲ့အခါ မှာ ဗဟိုဘဏ်တွေက ၀ယ်ပြီးလုပ်ဆောင်လေ့ရှိတာပေါ့။ ဒါက နိုင်ငံတိုင်းမှာ လုပ်လေ့ရှိ တယ်။ အဲဒီအခါမျိုးမှာ ဒေါ်လာဝယ်သင့်ရင် ၀ယ်တယ်၊ ကျပ်ဝယ်သင့်ရင် ၀ယ်တယ်၊ စသ ဖြင့်ပေါ့။ Government Intervention (အစိုးရက ကြားဝင်ဆောင်ရွက်ခြင်း) လို့ ခေါ်တယ်။ ဗဟိုဘဏ်က ဈေးကွက်ထဲမှာ ၀င်ကစားပေးတာပေါ့။ အဲဒီလိုလုပ်လို့လည်း ရပါတယ်။ ဒါပေမယ့် အဲဒီလိုမယ်ဆိုရင်လည်း ၉၀၀ – ၁,၀၀၀ ထိ ရောက်အောင်တော့ လုပ် လို့ရမယ် မထင်ဘူး။ တန်ဖိုးတခုတော့ လုပ်လို့ရမယ်။ အများကြီးတော့မထင်ဘူး။ ကျန်တဲ့ ရင်ဆိုင်ရမယ့်အကျိုးဆက်တွေကို ထည့်ပြီးစဉ်းစားရမှာပဲ။”

ငွေလဲလှယ်နှုန်း သတ်မှတ်ဖို့က IMF (အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့) က ပညာ ရှင်တွေရဲ့ အကူအညီကို ရယူဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ပညာရှင်တွေက လာမယ့် အောက်တိုဘာလဆန်းလောက်မှ မြန်မာပြည်ကိုရောက်မယ်လို့လည်း သိရ ပါတယ်။ ဒီတော့ ဒီကြားထဲမှာ ဒီအတိုင်း ဒေါ်လာဈေးအကျဈေးနဲ့ပဲ ဆက်သွားနေမယ်၊ အစိုးရကလည်း တစုံတရာ ၀င်ပြီးတော့ဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် ဒီကြားကာလမှာ အများဆုံး နစ်နာသွားမှာက ဘယ်သူတွေ ဖြစ်မလဲ။

“IMF က လိုတော့လိုတယ်။ သူတို့ဘက်က ကျွမ်းကျင်မှုအကူအညီတွေ၊ ငွေကြေး အကူအညီတွေ၊ စသည်ဖြင့်ပေါ့။ ဒါပေမယ့် လက်ရှိလည်း ပြည်တွင်းမှာ ရှိသလောက်အား နဲ့ လုပ်မယ်ဆိုရင်လည်း ရတဲ့ဟာတွေ ရှိပါတယ်။ ခုနပြောသလို Intervention ပေါ့၊ ဆက်ပြီးမကျသွားအောင် ထိန်းပေးထားတာတို့၊ နည်းနည်းတက်အောင် လုပ်ပေးတာတို့။ အစိုးရကလည်း ဘာမှမလုပ်ဘဲတော့ မနေပါဘူး။ Export သမားတွေနဲ့ ပတ်သက်လို့ ကုန် Commercial Tex ကုန်သွယ်ခွန် လျှော့ပေးတာတို့၊ သက်သာအောင်ပေါ့၊ လုံးဝကြီး 100 percent (ရာနှုန်းပြည့်) ကုစားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သက်သာအောင် ကုစား ပေးတဲ့အပိုင်းတွေတော့ ရှိပါတယ်။ တကယ်လုပ်မယ်ဆိုရင် World Bank (ကမ္ဘာ့ဘဏ်) တို့ IMF တို့ အကူအညီကတော့ လိုအပ်တာ အမှန်ပဲ။”

အများ ပြောနေထင်နေကြတာက “ကိုယ့်လက်ထဲ ဒေါ်လာမရှိဘူး၊ ဒေါ်လ ငါတို့နဲ့ မဆိုင် ဘူး”ပေါ့။ အဲဒီလိုပြောလို့ရမလား။ ဒီကိစ္စက သာမန်ပြည်သူတွေကိုရော ဘယ်လို သွားထိ ခိုက်နိုင်သလဲ။

“အဲဒီလိုတော့ ပြောလို့မရဘူး။ ဥပမာ၊ ဒေါ်လာနဲ့ လစာရသူတွေဆိုရင် ထိခိုက်တာ ပေါ့။ ‘ကိုယ်က ကျပ်နဲ့ရတာပဲ၊ ငါ တလကို ၆၀,၀၀၀ ရတယ်၊ တသိန်းရတယ်ဆိုပြီး မထိ ခိုက်ဘူး’ပေါ့။ အဲဒီလိုဆိုပေမယ့် အများပြည်သူ ထိခိုက်မှုရှိတယ်၊ ဥပမာ၊ ငါးလုပ်ငန်း၊ ပဲလုပ်ငန်း၊ အဲဒီမှာ နိုင်ငံခြားကို ကုန်တင်ပို့တဲ့သူတွေက ထိခိုက်တယ်ဆိုရင် သူက၀ယ်တဲ့ အခါမှာ၊ ပြည်တွင်းမှာ ၀ယ်ရခြမ်းရတာတွေ ရှိတာပဲ … ပြည်တွင်းမှာ ငါးမွေးတဲ့သူတွေ၊ ငါးကန်သမားတွေ၊ ပဲသမားတွေ၊ အရင်ဆုံး အဲဒီအဆင့်လောက်ထိ ဂယက်က ထိခိုက်မှာပဲ လေ။ ဆိုတော့ အများကို မထိခိုက်ဘူးဆိုတာ မဟုတ်ပါဘူး။”
http://burmese.dvb.no/archives/14898

ရဲရင့်ငယ်တို့ရွာရေမြှပ်နေ...

မကွေးတွင် ဆည်ရေလွှတ်၍ ရေကြီးပြီး ပျက်စီးဆုံးရှုံးမှုများ
Published on August 30, 2011 by နော်နိုရင်း

သုံးရက်ဆက်တိုင်း မိုးကြီးရေလျှံလို့ မကွေးမြို့နယ်မှာ နတ်မောက်၊ စွန်၊ ဆဒ္ဒန် စတဲ့ ရေလှောင်တမံတွေ ရေလွှတ်ချတဲ့အတွက် ဆည်အောက်ဘက်ရှိ လမ်းတံတား၊ ကျေးရွာနဲ့ လယ်ယာခြံမြေတွေ ပျက်စီးသွားတယ်လို့ မကွေးမြို့ခံတွေက ပြောပါတယ်။

နတ်မောက်ရေလှောင်တမံကနေ ၂၈ ရက်နေ့က ရေလွှတ်ချတဲ့အတွက် ယင်း ချောင်း ရေတက်ပြီး ဒီနေ့မှာ ဂွေးချောင်းတံတားကျိုးသွားလို့ မကွေး – နေပြည်တော် အသွားအလာ ရပ်သွားပြီလို့ မကွေးမြို့သစ်နေတဦးက ပြောပါတယ်။

“၂၈ ရက်နေ့မှာ လဲလူးကျေးရွာက ရေမြုပ်တယ်၊ နေပြည်တော်လမ်းမှာ ယင်း ချောင်းတံတား မိုင်တိုင်အမှတ် ၃၁-၁ နဲ့ ၃၁- ၃ ကြားမှာ ပေ ၂၀၀- ၃၀၀ လောက် ပြတ် ထွက်သွားပြီးတော့ အဲဒီကရေဟာ ကမ်းလုံးပြည့်ရေကြီးတယ်။ ဒီနေ့ကျတော့ မြို့သစ်နဲ့ ရွှေဘန်းကြားမှာ ရေကျော်ပြီးတော့ ကွန်ကရစ်တံတား ပြုတ်သွားပြီး ကားသုံးစီး ပိတ်နေ တယ်။ မကွေးကိုသွားတဲ့ကားတွေ ပိတ်နေတယ်။”

ရေစလွှတ်တဲ့ ၂၈ ရက်ညမှာ မကွေးမြို့သစ်နဲ့ ၃ မိုင်လောက်ဝေးတဲ့ ထန်းတပင်ရွာမှာ အိမ် ၇ လုံး ရေထဲမျောသွားသလို တခြားရွာက လယ်ကွင်းတွေ၊ ခြံမြေတွေ မျောပါပျက်စီး ကုန်တယ်လို့လည်း ပြောပါတယ်။

“ဖြည်းဖြည်းချင်း ကမ်းပါးပြိုကျတာဆိုတော့ လူတွေတော့ အန္တရာယ်မရှိဘူး။ တိရစ္ဆာန်တွေနဲ့ အိမ်တွေတော့ ပါသွားတယ်။ ၂၉ ရက်နေ့မှာ မြင်သာကျေးရွာမှာရှိတဲ့ အိမ်ခြေ ၁၅ လုံးလောက်ကို အရေးပေါ် တောက်လျှောက်ရွှေ့နေရတယ်။ ပုလဲရေ လှောင်တမံနားက လယ်ယာမြေတွေ ရေလွှမ်းမိုးပြီးတော့ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ၀ါတွေ ဧက ၃၀ လောက် ပျက်ဆီးဆုံးရှုံးသွားတယ်။”

ယင်းချောင်းရေကြီးမှုကြောင့် မကွေးမြို့သစ် မြို့နယ်တွင်းက လယ်ဧကထောင်ချီ ရေမြုပ်နေပြီး ပျက်စီးမယ့်အနေအထားဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

စွန်ရေလှောင်တမံ ရေလွှတ်တာကြောင့် စွန်ချောင်းရဲ့အောက်ဘက် ကွမ်းခြံရွာက ပဲစဉ်းငုံခင်း၊ ၀ါခင်းတွေနဲ့ ဥယာဉ်ခြံမြေတချို့ မနေ့ညက မျောပါသွားတယ်လို့ ဆိုပါတယ်။

ရေဘေးသင့်သူတွေဟာ ဘာအကူအညီမှမရသေးလို့ အခက်တွေ့နေတယ်လို့ လည်း ဆိုပါတယ်။

မကွေးမြို့သစ် မြေနိမ့်ပိုင်းရပ်ကွက်တချို့မှာတော့ ခါးလောက်ထိ ရေကြီးနေပြီး မိုးလည်း ဆက်ရွာနေတယ်လို့ မြို့ခံက ပြောပါတယ်။

မကွေးမြို့မှာ အခုရေကြီးမှုဟာ နှစ် ၃၀ အတွင်း အဆိုးဆုံးပဲလို့ ဒေသခံတွေက ပြောပါတယ်။
http://burmese.dvb.no/archives/14907

မြန်မာတိုင်းမ်နှင့် The Voice သတင်းထောက်များ အစုအပြုံလိုက် အလုပ်ထွက်


Published on August 30, 2011 by ရွှေအောင်

မြန်မာတိုင်းမ်နဲ့ The Voice ဂျာနယ်တို့က သတင်းထောက်တွေ အစုအပြုံလိုက် နုတ်ထွက်ပြောင်းရွှေ့သွားတယ်လို့ ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။

တတိုက်ကို သတင်းထောက် ၁၀ ဦးကနေ ၁၅ ဦးအထိ ပြောင်းရွှေ့ကုန်ကြတာလို့ အဲဒီအယ်ဒီတာက ပြောပါတယ်။

“မြန်မာတိုင်းမ်က သတင်းထောက်တွေကတော့ ဒေါ်လာဈေးတွေလည်း ကျနေ တော့ လစာတွေက ကျနေတယ်၊ ဒီအချက်တွေကြောင့် ပြောင်းတာဖြစ်မယ် တော်တော် များတယ်။ ဂျာနယ်ကထွက်ဖို့ ပြင်နေတာကြာပြီ။”

ဒီသတင်းထောက်တွေဟာ အမှတ် ၁ စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့ သား ဦးနေအောင် ထုတ်မယ့် သတင်းဂျာနယ်ကို ပြောင်းဖို့ အလုပ်ထွက်သွားကြတာဖြစ် ကြောင်း သိရတယ်လို့လည်း ဆိုပါတယ်။

ဦးအောင်သောင်းရဲ့သား ဦးနေအောင် ထုတ်မယ့် ဂျာနယ်က သတင်းထောက်တ ဦးကို လစာ ကျပ် ၇၀၀,၀၀၀ ထိပေးပြီး ခေါ်နေတာဖြစ်ပြီး ဒါဟာ လက်ရှိ အောင်မြင်တဲ့ သတင်းဂျာနယ် အယ်ဒီတာတဦးရဲ့ လစာနဲ့ ညီမျှပါတယ်။

ခုလို လစာကောင်းကောင်းပေးပြီး ခေါ်နေတာကြောင့် တခြားဂျာနယ်တိုက်တွေဟာ သူတို့သတင်းထောက်တွေကို ရေရှည်မှာ ထိန်းထားဖို့ခက်လာမယ်လို့ သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။

“စီးပွားရေးသဘောအရ လုပ်တဲ့သူတွေကိုတော့ ထိန်းထားဖို့ဆိုရင်တော့ မလွယ် ဘူး။ တခုတော့ရှိတယ်၊ ကိုယ့်တိုက်က ကောင်းကောင်းမွန်မွန် အလုပ်လုပ်တယ်၊ မှန်တဲ့သ တင်းတွေ ဖော်ထုတ်တယ်၊ တိုင်းပြည်အတွက် ပြည်သူတွေ သတင်းအမှန်သိရဖို့ လုပ် တယ်ဆိုတဲ့ ဂုဏ်တွေနဲ့ ထိန်းရင်တော့ ရချင်ရမှာပေါ့။ ငွေရတိုင်းလည်း သတင်းထောက်ဆို တာက ပျော်တဲ့အမျိုး မဟုတ်ဘူး။ အမျိုးမျိုးတော့ ကြံဆရမှာပေါ့။”

သက်ဆိုင်ရာ ဂျာနယ်တိုက်တွေကို ဆက်သွယ်မေးမြန်းတော့ ပြန်မဖြေဘဲ တယ်လီ ဖုန်းချသွားကြပါတယ်။

၂၀၀၅ ခုနှစ်ကလည်း ဂျာနယ်တွေက သတင်းထောက်တွေ ထွက်ကြတာမျိုး ဖြစ်ဖူးပါတယ်။ ခုချိန်မှာတော့ သတင်းလောကသား များနေတာမို့ ဖြေရှင်းဖို့ အခက်အခဲမ ရှိနိုင်ပါဘူးလို့ စာနယ်ဇင်းသမားတချို့က ပြောပါတယ်။

ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး ၂ ဦး ဂျာနယ် ၁၀ စောင်ထက်မနည်း ထုတ်ဝေခွင့် ရထားတယ်လို့လည်း သတင်းရပါတယ်။

ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၅၀ ကျော် ရှိပါတယ်။
http://burmese.dvb.no/archives/14910

မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု ကြားနာတော့မည်


သောမတ်စ်မောင်ရွှေ | အင်္ဂါနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၄၄ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (ITLOS) က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား အငြင်းပွားနေသည့် ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု ပြဿနာကို စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ကြားနာတော့မည် ဖြစ်သည်။

စီးပွားရေး အလားအလာကောင်းသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့သိုက်များအတွက် နှစ်နိုင်ငံအကြား အငြင်းပွားနေသည်မှာ နှစ်ကြာရှည်ခဲ့ပြီဖြစ်ပြီး အငြင်းပွားမှုသည် မကြာသေးခင် နှစ်များအတွင်း ပိုမိုပြင်းထန်လာ
ခဲ့သည်။

ITLOS တရားရုံး၏ ကြားနာမှုကို ယင်းရုံးအခြေစိုက်ရာ ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် ပြုလုပ်မည်ဖြစ်သည်။ ဘင်္ဂလာဒေ့ရှ်အစိုးရက မြန်မာနိုင်ငံအပေါ် "ကမ်းဦးရေတိမ်ပိုင်းနှင့် အခြေခံမျဉ်းတို့ သဘာဝအတိုင်း ကြာရှည်စွာ တည်ရှိနေခြင်း" ဟူသောအချက်ကို အခြေခံကာ စတင်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

အမှုဆိုင် နှစ်ဘက်နိုင်ငံများမှ အမှုကိုစစ်ဆေးမည့် တရားရုံး
Actinia

ထရန်အိုးရှင်း အင်တာနေရှင်နယ် ကုမ္ပဏီပိုင် ရေနံတွင်းတူးစင် Actinia၊ ယင်းရေနံတူးစင် ကို မြန်မာရေပိုင်နက်တွင် ရေနံတွင်းတူးရန် ယမန်နှစ်က ငှါးရမ်းအသုံးပြုခဲ့သည်။ (ဓါတ်ပုံ - မဇ္ဈိမ)

တရားသူကြီး တဦးစီကို ခန့်အပ်ခွင့်ရှိသည်။ ITLOS မှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်
နိုင်ငံက ဂါနာနိုင်ငံသား တရားသူကြီး သောမတ်စ်မင်ဆာ (Thomas Mensah) ကို ရွေးချယ်ထားပြီး မြန်မာနိုင်ငံ
ကမူ အမေရိကန်လူမျိုး ဥပဒေပါမောက္ခ ဘဲနတ် အိပ်ခ်ျ အော့စ်မင် (Bernard H. Oxman) ကို ရွေးချယ် ထားသည်။

ဒါကာအခြေစိုက် ဒေးလီးစတား သတင်းစာ၏ ရေးသားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ကိုနိုင်ငံခြားရေး ဝန်ကြီး ဒီပူမိုနီ (Dipu Moni) က ဦးဆောင်မည် ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးသစ် ဦးဝဏ္ဏမောင်လွင် ဤကြားနာပွဲသို့ တက်ရောက်မည် မတက်ရောက်မည်မှာ မရှင်းလင်းသေးပါ။

မြန်မာအစိုးရ၏ အဓိက ခေါင်းဆောင်များကို ဥရောပသမဂ္ဂက ဗီဇာ ပိတ်ပင်မှုများ ပြုလုပ်ထားသော်လည်း
မြန်မာနိုင်ငံခြားရေး ဝန်ကြီးကိုမူ “အဓိက ပါဝင်ဆွေးနွေးသူ” အဖြစ် ကင်းလွတ်ခွင့်ပေးထားသည်။ ထို့ကြောင့် သူ့အနေဖြင့် ဂျာမဏီရှိ ဤအမှုစစ်ဆေးရာသို့ သွားရောက်နိုင်မည် ဖြစ်သည်။

ဓါတ်ငွေ့ တူးဖော်မှု ကိစ္စ မြန်မာဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ၂ဝဝ၈ ခုနှစ်က တင်းမာမှုဖြစ်ပွားမှု

ရေနံတွင်းတူးသင်္ဘော ၄ စင်းနှင့် အရှည်မီတာ ၁ဝဝ ရှိ ထရန်အိုးရှင်းလီးဂျင်း ရေနံတွင်းတူးစင်ကို ဆွဲယူလာသည့် ဆွဲသင်္ဘောတစင်းတို့ကို စောင့်ရှောက် လိုက်ပါလာသည့် မြန်မာရေတပ် သင်္ဘောကို ဘင်္ဂလားဒေ့ရှ် အစိုးရ
ရေတပ်သင်္ဘော BNS Nirvoy မှ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရှိကြောင်း ကြေညာခဲ့သည်။ ဆွစ်ဇာလန် အမေရိကန် ကမ်းလွန် ရေနံတွင်းတူး ကုမ္ပဏီ ထရန်အိုးရှင်း ပိုင်ဆိုင်သည့် ဤရေနံတွင်းတူးစင်ကို
ရေနံအစမ်းတွင်းများ တူးဖော်ရန် ကိုရီးယားဒေဝူးကုမ္ပဏီက ငှားရမ်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပင်လယ်နယ်နိမိတ်ကို ဝင်ရောက် ကျူးကျော်ခဲ့ကြောင်း ဒါကာ၏ စွပ်စွဲချက်သည် နှစ်နိုင်ငံအကြား အရေးပါသော ပထမဆုံး သံတမန် အငြင်းပွားမှု လက္ခဏာတရပ် ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံ ရေတပ်များ ရင်ဆိုင်ထားကြသည် အထိ ကမ္ဘာ့အဆင်းရဲဆုံး နှစ်နိုင်ငံအကြား ငွေကုန်များသည့် တင်းမာမှု ဖြစ်ပေါ်လာခဲ့သည်။

နောက်တနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဒါကာရှိ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ကန့်ကွက်လွှာပေးခဲ့သည်။ မြန်မာအစိုးရက အငြင်းပွား နယ်မြေအတွင်းသို့ ရေတပ်သင်္ဘော ၄ စင်းကို စေလွှတ်ခဲ့သည့် အတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ ကျောထောက်နောက်ခံ ပြုပေးထားသည့် ကြားဖြတ်အစိုးရကို ဒေါသထွက်စေခဲ့သည်။

မြန်မာနိုင်ငံက အေဒီ ၇ လုပ်ကွက်အဖြစ် သတ်မှတ်ထားသည့် ကမ်းလွန်ဓါတ်ငွေ့ လုပ်ကွက်အတွင်း ရှိနေသည့် ထရန်အိုးရှင်း ရေနံတွင်းတူးစင်နှင့် မြန်မာရေတပ်၏ အစောင့်သင်္ဘောများကို ဘင်္ဂလားဒေ့ရှ် ရေတပ်က ဖမ်းဆီး
ခဲ့သည်။ Transocean’s SEC ၏တင်ပြ ချက်အရ အဆိုပါ ရေနံတွင်းတူးစင်ကို ဒေဝူးကုမ္ပဏီက အစမ်းတွင်းများ တူးဖော်ရန် တရက်လျှင် အမေရိကန်ဒေါ်လာ ၄၂၄,ဝဝဝ ဖြင့် ငှားရမ်းအသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတို့ရေပိုင်နက်အဖြစ် ကြေငြာထားသော်လည်း အဆိုပါ လုပ်ကွက်အမှတ် အေဒီ ၇ တွင် တွင်းတူးခွင့်ကို ဒေဝူးနှင့် တွဲဘက်ကုမ္ပဏီဖြစ်သည့် Kogas တို့မှ ဝယ်ယူခဲ့ကြသည်။

ထိုသို့အငြင်းပွားနေသည့် ရေပိုင်နက်အတွင်း မြန်မာအစိုးရနှင့် ထရန်အိုးရှင်းတို့ ဝင်ရောက် ကျူးကျော်ခြင်း မပြုမီ ၃ ပတ် အလိုက မြန်မာစွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီက နှစ်နိုင်ငံအကြား “ရေပိုင်နက် အငြင်းပွားမှုကို ဖြေရှင်း မပြီးမချင်း အငြင်းပွားနယ်မြေအတွင်း ဓါတ်ငွေ့အစမ်းတွင်း တူးဖော်မှုများ မပြုပါ” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကို အာမခံပြောကြားခဲ့သည် ဟု ဘင်္ဂလားဒေ့ရှ် နေ့စဉ်သတင်းစာ New Age က ဗိုလ်မှူးချုပ်လွန်းသီကို ကိုးကားရေးသား ခဲ့သည်။

ဗိုလ်မှူးချုပ်လွန်းသီက ထိုသို့ကတိပေး ပြောကြားမှုကို ဘင်္ဂလားဒေ့ရှ် လျှပ်စစ်စွမ်းအား၊ စွမ်းအင်၊ သတ္တုအရင်းအမြစ် ဝန်ကြီးဌာန အကြံပေးအရာရှိချုပ် ဒေါက်တာ အမ်တာမင် (Dr. M. Tamim) နှင့် ၂ဝဝ၈ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ဒါကာတွင် တွေ့ဆုံပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ထိုသို့လူသိရှင်ကြား ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံတပ်ဖွဲ့များကို နယ်စပ် တလျှောက် တပ်လှန့် တပ်စွဲထားမှုများ ပြုလုပ်ခဲ့သည်။ မြန်မာ ရေတပ် အရာရှိတဦးက အေအက်ဖ်ပီ သတင်းဌာနကို နိုဝင်ဘာလ ၅ ရက်နေ့က ပြောကြားရာတွင် “ဒီပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ။ ဒါပေမယ့် လိုအပ်လာရင် ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ အသင့်ရှိပါတယ်။ ချစ်ကြည်ရင်းနှီးမှုကိုလို လားပေမယ့် စော်ကားတာကိုတော့ သည်းခံနေမှာ မဟုတ်ပါဘူး။ ဓါတ်ငွေ့ရှာဖွေမှုတွေကို ဆက်လုပ်သွားမှာပါ” ဟုပြောကြားခဲ့သည်။

မြန်မာအစိုးရမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တောင်းဆိုပြောကြားချက်များကို တုံ့ပြန်သည့် အနေဖြင့် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါး ရေးသားတုံ့ပြန်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပြောကြားချက်များသည် “မှားယွင်းပြီး ဥပဒေနှင့်မညီသဖြင့်” အငြင်းပွါးနယ်မြေအတွင်း လုပ်ငန်းများဆက်လက် လုပ်ဆောင်သွားမည်ဟု ရေးသားထားသည်။

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ထုတ် အဆိုပါသတင်းစာတွင် ဆောင်းပါးတစောင် ဖော်ပြခဲ့ရာ အဆိုပါ ဆောင်းပါးက “ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုများကို မြန်မာအစိုးရမှ ပယ်ချလိုက်ပြီး နိုင်ငံတကာ ဥပဒေများနှင့် အညီ နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်သွားရန်အတွက် အေဒီ ၇ လုပ်ကွက်အတွင်း လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းများကို ပြီးဆုံးသည်အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း” ရေးသား ဖော်ပြထားခဲ့သည်။
နိုင်ငံတကာဥပဒေတွင်မူ ပိုင်နက်အငြင်းပွားမှုများကို ငြိမ်းချမ်းသည့်နည်းဖြင့် အရင်ဖြေရှင်းရမည်ဖြစ်ကာ ပြီးမှသာ တွင်းတူးခြင်းကိစ္စများကို လုပ်ဆောင်ရမည်ဟု ဆိုထားသည်။

နှစ်ရက်အကြာတွင် ဒေဝူး၊ ထရန်အိုးရှင်းနှင့် မြန်မာအစိုးရတို့၏ သင်္ဘောများ အဆိုပါ နယ်မြေမှ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။ အခြေအနေ တင်းမာမှုများ လျော့ပါးစေရန် ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က ကြားဝင်ညှိနှိုင်း ဆောင်ရွက်
ပေးခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမှ ဒေဝူးနှင့်
အတူ တွဲဖက်လုပ်ကိုင်သည့် ကုမ္ပဏီများတူးဖော်မည့် ဓါတ်ငွေ့အများစုမှာ တရုတ်နိုင်ငံသို့ တင်ပို့ရန် အတွက်ဖြစ်သည်။

အဆိုပါ တင်းမာမှုများ ဖြစ်ပွားအပြီး တလခန့်အကြာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရိုက်တာ သတင်းဌာန၏ သတင်းပေးပို့ချက်အရ အေဒီ ၇ လုပ်ကွက်မှ အစမ်းတွင်း တူးဖော်ရာတွင် ရရှိသောအဖြေများမှာ “အားရကျေနပ်ဖွယ် မရှိလှကြောင်း” မြန်မာစွမ်းအင်ဌာန အရာရှိကြီးတဦးက ပြောကြားခဲ့သည်ဟုဆိုသည်။

အဆိုပါ အမည်မဖော်လိုသူ အရာရှိက ဆက်လက်ပြောကြားရာတွင် “ဒီဓါတ်ငွေ့သိုက်က စီးပွါးဖြစ် ထုတ်လုပ်ဖို့ တွက်ခြေမကိုက်ဘူးဆိုတာ အတည်ပြုနိုင်ဖို့ နောက်ထပ် အစမ်းတွင်း ၄ တွင်း ၅ တွင်း လောက် ထပ်တူးရပါဦးမယ်” ဟု ပြောကြားခဲ့ကြောင်းဆိုသည်။

ဒေဝူးအင်တာနေရှင်နယ် ကုမ္ပဏီက ၂ဝ၁ဝ ခုနှစ် မတ်လက ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ အဆိုပါအငြင်းပွား လုပ်ကွက်တွင် သူတို့နှင့်တွဲဖက်လုပ်ကိုင်နေသော ကုမ္ပဏီ ၃ ခုထွက်ခွာသွားပြီးနောက် သူတို့ပိုင် အစုရှယ်ယာများကို တိုးမြှင့်လာခဲ့သည်ဟု ဆိုသည်။ ၂ဝဝ၈ နိုဝင်ဘာလ တင်းမာမှုများအပြီး အဆိုပါအငြင်းပွား နယ်မြေအတွင်း
နောက်ထပ် ရေနံရှာဖွေမှု လုပ်ငန်းများ ဆက်လက်ပြုလုပ်ခဲ့ခြင်း ရှိမရှိကိုမူ အဆိုပါ အစီရင်ခံစာတွင် ရေးသားဖော်ပြ
ထားခြင်းမရှိပါ။
http://www.mizzimaburmese.com/

လူရိုက်ခွင့်လိုင်စင်


Tuesday, August 30, 2011 Khet Htan


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ် အမှတ် (၁) ရဲစခန်းအပိုင် န၀င်းရဲရိပ်သာနှင့် ပြည်အကျဉ်းထောင် လမ်းကြား ထီးစုလမ်းတွင် ၂၇၊ ၈၊ ၂၀၁၁ ညပိုင်းအချိန်က ပြည်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဆွေမောင်မောင် အပါအ၀င် သူ၏မိသားစုများက အရပ်သူ အမျိုးသမီးတယောက်အား ၀ိုင်းဝန်းရိုက်နှက်ခဲ့ရာ ထိုအမျိုးသမီးမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသနေရပါသည်။

၎င်းအမျိုးသမီးနှင့် ပတ်သက်သော မိသားစုအသိုင်းအ၀န်းမှ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ
စခန်းမှူးမှ အမှုလက်ခံဖွင့်ပေးခဲ့ခြင်းမရှိပါ။ ထို့အပြင် ယနေ့ ၂၈၊ ၈၊ ၂၀၁၁ မနက်တွင် စခန်းမှူးမှ လျော်ကြေးငွေလက်ခံပြီး အမှုမဖွင့်ရန် ခေါ်ယူပြောကြားခဲ့ပါသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အရာရှိတယောက်မှ ပြည်သူလူထုအပေါ်
ကိုယ်ထိလက်ရောက် စော်ကားမှုကို အမှုမဖွင့်ဘဲ လူကြီးအားလုံးမှ ဇွတ်အတင်း ကျေအေးခိုင်းခဲ့ပြီး ငွေကျပ် ၄ သိန်းပေးအပ်ခဲ့ပါသည်။

လူကြီးများ၏ ဖိအားပေးမှုကြောင့် ကာယကံရှင်မှ ကျေအေး မပေးလိုသော်လည်း ဖိအားများကြောင့် ကျေအေးပေးခဲ့ရပါသည်။

ယခုကဲ့သို့သာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်ပြီး ဖိအားများဖြင့် လျော်ကြေးပေးကာ စော်ကားနေလျှင် ပြည်သူများ မည်ကဲ့သို့ ဆက်လက် ရှင်သန်နေရမည်လဲ၊ ထို့အပြင် ဆင်းရဲတွင်းထဲမှ မိသားစုများကို ပြည်သူ့ရဲများက ဆက်လက်အနိုင်ကျင့် စော်ကားနေလျှင် မည်ကဲ့သို့ ဖြေရှင်းရမည်လဲ ဆိုသည်ကို အဖြေတခုတွေ့ရှိသည်အထိ ဆက်လက် တင်ပြပေးစေလိုပါတယ်ခင်ဗျား။

န၀င်းရပ်ကွက်သား
http://www.irrawaddyblog.com/2011/08/blog-post_8518.html

ဒေါ်စု မညံ့ပါ


Tuesday, August 30, 2011 zarny win

ရွှေပြည်စိုး

ဒီတလော ဒေါ်အောင်ဆန်းစုကြည် နဲ့ ကြံ့ဖွတ်အစိုးရ တို့ “နိုင်ငံရေးစကားဝိုင်း” ထဲ ရောက်နေကြတာ အားလုံးအသိပါ။
ဒီလို “နိုင်ငံရေးစကားဝိုင်း” ထဲ ရောက်လာဖို့အကြောင်းက လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ တိုင်းရင်းသားလူမျိုးစုအရေး … စတဲ့ အကျပ်အတည်းတွေ တွေ့နေရာကနေ လျော့ပါးလွတ်မြောက်အောင် “ဟန်ဆောင်စကားဝိုင်း” ဖွဲ့တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်လောက်ပါတယ်။
ဒီအာဏာရှင်တွေဟာ နိုင်ငံမှာ အကျပ်အတည်းတွေ့တိုင်း ဒီလိုလုပ်လေ့ရှိတယ်ဆိုတာလည်း အားလုံးသိပြီး လောက်ပါပြီ။ ပြီးရင် အရင်အတိုင်း လူ့အခွင့်အရေးကို ဆက်လက်ချိုးဖောက်တာပါပဲ။ အထင်ရှားဆုံးကတော့ ၂၀၀၃ ခုနှစ်၊ မေလ - ၃၀ ရက် ည ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦး တို့အဖွဲ့ကို လုပ်ကြံတာဖြစ်တယ်။ ဒေါ်စု၊ ဦးတင်ဦး တို့ အသက်မသေခဲ့ပေမယ့် အကျယ်ချုပ်ချထားခြင်း ခံလိုက်ရပါတယ်။
အကျယ်ချုပ်လွတ်ရက်စေ့ခါနီးမှ အမေရိကန်နိုင်ငံသား ယက်ထော နဲ့ အပေးအယူလုပ်ပြီး၊ ဒေါ်စု ကို အကျယ်ချုပ် သက်တမ်းထပ်တိုးခဲ့ပါတယ်။ ဒေါ်စု ခမျာ မိအေး(၃)ခါနာ ဖြစ်ခဲ့ရပါတယ်။ လုပ်ကြံတာကိုလည်း ခံရသေး၊ အကျယ်ချုပ်လည်းခံလိုက်ရတဲ့အပြင် အမှုဖန်တီးပြီး သက်တမ်းတိုးခြင်းကိုလည်းခံခဲ့ရပါတယ်။
နအဖ စစ်အာဏာရှင်တွေဟာ ဒီလိုကောက်ကျစ်ယုတ်မာတယ် ဆိုတာလည်း လူတိုင်းအသိပါ။ ဒါကိုလည်း ခံရသူ ဒေါ်စု က သူများထက် ပိုသိနိုင်ပါတယ်။
ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် တို့ ၂၅-၇-၂၀၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီး “နှစ်ဘက်ပူးပေါင်းဆောင်ရွက်မယ်” လို့ဆိုပြီး ကမ္ဘာကို လှည့်စားဦးမယ်ဆိုတာလည်း သိပြီးသားပါ။
နောက်တစ်ဖန် သမ္မတ ဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်ကို ဖိတ်မန္တက ပြုပြီး
၁၉-၈-၂၀၁၁ မှာ တွေ့ဆုံဆွေးနွေးပြန်တယ်။ ဒါလည်း နိုင်ငံတကာကို “နိုင်ငံတော်အတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း ဆွေးနွေးတယ်” ဖြစ်အောင် ဟန်ပြလုပ်ပြတာပဲ ဖြစ်ပါတယ်။ အနှစ်သာရ ရှိတဲ့ဆွေးနွေးပွဲ မဟုတ်ပါဘူး။
ဒီလို ကြံ့ဖွတ်အစိုးရ အရာရှိ ၂ ဦးက ဒေါ်အောင်ဆန်းစုကြည် ကို ချဉ်းကပ်တာဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် စိတ်ကောင်းစေတနာရှိလို့ မဟုတ်ပါ။ အထက်ဖေါ်ပြပါ အကျပ်အတည်းတွေ လျော့ပါးလွတ်မြောက်အောင်နဲ့ ၂၀၁၄ ခုနှစ် မှာ အာဆီယံ ဥက္ကဋ္ဌ လုပ်ချင်လို့ ဒီလို ဟန်ပြဆွေးနွေးပွဲ လုပ်တယ် ဆိုတာကိုလည်း အားလုံး သိပြီးသားပါ။ အဓိက ကတော့ သူတို့ အာဏာတည်မြဲရေးအတွက် အကွက်ဆင်တယ် ဆိုတာလည်း သိကြပါတယ်။
ခုလတ်တလော ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ တက်ကြွသူတွေထဲက တချို့က “ဒေါ်အောင်ဆန်းစုကြည်ဟာ ကြံ့ဖွတ်အစိုးရဘက် ပါသွားပြီလား” ဆိုတဲ့ အတွေးတွေ ဝင်နေတာကို သိရပါတယ်။ ဒီလို စိုးရိမ်လို့ တွေးတာလည်း မှားတယ်လို့ အပြစ်မပြောသင့်ပါ။ ဒါပေမယ့် ဒေါ်စုက ဒီလောက်မညံ့ပါဘူး။ စိတ်ချပါ။ ဒေါ်စုဟာ ဘယ်တော့မှ ဒီမိုကရေစီဘက်တော်သားတွေနဲ့ ပြည်သူလူထုတရပ်လုံးကို ဒီမိုကရေစီ မရမချင်း ကျောခိုင်းသွားမှာ မဟုတ်ဘူးလို့ ရဲရဲကြီး အာမခံရဲပါတယ်။ ဘာကြောင့်လဲဆိုတော့-
၁။ ဒေါ်စု ကိုယ်တိုင် တိုင်းသူပြည်သားတွေရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခမျိုးစုံရောက်နေ၊ ခံစားနေရတာ သိရှိတွေ့မြင် နေသလို ဘာ့ကြောင့်၊ ဘယ်သူ့ကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာလည်း သိပြီးသားပါ။
၂။ ဒေါ်စု ကိုယ်တိုင်လည်း စစ်အာဏာရှင်တွေကြောင့် အသက်ဘေးက သီသီလေး လွတ်မြောက်လာခဲ့ရတာ (၂)ကြိမ် ထက် မနည်း ကြုံတွေ့ ခဲ့ရတယ်။
၃။ တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်နေရက်နဲ့ ဒေါ်စု ကိုယ်တိုင် ထိန်းသိမ်းခံရတာလည်း သူ့အသက် ထက်ဝက်နီးနီး ရှိနေခဲ့ပြီ ဆိုတာ သူအသိပါ။
၎။ ကြံ့ဖွတ်အာဏာရှင် အပါအဝင် နဝတ၊ နအဖ စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေး၊ ချမ်းသာကြွယ်ဝရေး အတွက် မြန်မာနဲ့ ကမ္ဘာ ကို အကြိမ်ပေါင်းမြောက်မြားစွာ လိမ်ညာလှည့်စား ဖြားယောင်း လက်တလုံးခြား လုပ်ခဲ့တာ၊ ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေလည်း ဒေါ်စု သိပြီးသားပါ။
ဒါတွေကိုသိပြီး ကိုယ်တိုင်ခံခဲ့ရပြီးဖြစ်လို့ နောက်ထပ် ဒီလိုမျိုး ထပ်မခံရအောင် ကြိုတင်ပြင်ဆင် စဉ်းစားထား ပြီးပြီလို့ ယုံကြည်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟာ
(၁) မြန်မာတစ်နိုင်ငံလုံး စစ်ဖိနပ်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့တာ ၂၃ နှစ် ရှိခဲ့ပါပြီ။
(၂) အဲဒီအတွက် ဒေါ်စု ကိုယ်တိုင်လည်း အပင်ပန်း၊ အနစ်နာ၊ အဆင်းရဲခံပြီး လုပ်လာတာ ၂၃ နှစ် ရှိပါပြီ။
(၃) ပြည်သူလူထုအတွက် မိသားစုကိုစွန့်ခဲ့၊ စည်းစိမ်ဥစ္စာကိုစွန့်ခဲ့၊ နောက်ဆုံး အသက်ကိုပါ စွန့်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ၂၃ နှစ် ရှိခဲ့ပြီးမှ ဒီလိုလူယုတ်မာတွေ ကြိုးဆွဲရာ “က” မယ်လို့ မယုံကြည်ပါ။
ဒေါ်စု ရဲ့ ခိုင်မာသော ခံယူချက်၊ မှန်ကန်သော ဆုံးဖြတ်ချက်၊ ရင့်ကျက်သော အတွေးအခေါ် အမြော်အမြင် ခိုင်ခိုင်မာမာနဲ့ လုပ်ဆောင်ချက်တွေကို သိရှိတွေ့မြင်နေတာကြောင့် ဒေါ်စု ဟာ တချို့ထင်သလို အာဏာရှင်တွေဘက် ယိမ်းယိုင်မသွားဘူးဆိုတာ လုံးဝ သံသယကင်းပါတယ်။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် သူ့ဘဝကို ၂၃ နှစ် တိုင်တိုင် မြှုပ်ခဲ့ပြီး ကြံ့ကြံ့ခိုင်ခိုင် တိုက်ပွဲဝင်ခဲ့ပြီးမှ ဒီလူယုတ်မာ အာဏာရှင်တွေကို ဒူးထောက်မှာ မဟုတ်သလို ဘယ်တော့မှလည်း ပြည်သူတွေကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဝေးကွာအောင်လုပ်မှာ မဟုတ်ဘူးလို့ ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း တင်ပြအပ်ပါတယ်။
http://www.irrawaddyblog.com/2011/08/blog-post_2838.html