Wednesday, August 31, 2011

ခက်ခဲပြင်းထန်သော မြစ်ကြီးနားတိုက်ပွဲ



မေလ၂၀၁၁ တွင် အထက်ပါ ဗီဒီယိုကို တရုတ်ပြည်၏ အကြီးဆုံးသော ရေကာတာဆောက်လုပ် သည့် ဆိုင်နိုဟိုက်ဒရိုကော်ပိုရေးရှင်းကုမ္ပဏီ ဗဟိုသတင်းဌာနမှ ထုတ်လုပ်ဖြန့်ချီခဲ့သည်။ ရေကာတာစီမံကိန်းပိုင် နိုင်ငံတကာ-တရုတ်စွမ်းအင်အဖွဲ့ (cpi)မှ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေး ပထမအဆင့်ကို ပြီးစီးအောင်လုပ်ဆောင်ရန် ဆိုင်နိုဟိုက်ဒရိုကို စာချုပ်ချုပ်ဆိုထားပြီဖြစ်သည်။
http://vimeo.com/28392683

၃၁.၈.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/edf6syfqfp6fqqo/31%20August%202011%20Yeyintnge%27s%20diary.doc

http://www.mediafire.com/file/5o1qzrc71b4a66z/31%20August%202011%20Yeyintnge%27s%20diary.pdf

31 August 2011 Yeyintnge's Diary

ဦး​သိန်း​စိန် အစိုး​ရ ဘာလုပ်​နေလဲ

Published on August 31, 2011 by တိုင်းကျော်

အခုရက်ပိုင်း​အတွင်း​ သမ္မတဦး​သိန်း​စိန်ဦး​ဆောင်တဲ့​ အစိုး​ရအဖွဲ့​သစ်ရဲ့​ လှုပ်ရှား​မှု​တွေဟာ ခပ်စိပ်စိပ်ရှိလာပြီး​ ​လေ့​လာသုံး​သပ်​နေတဲ့​ နိုင်ငံ​ရေး​သမား​တွေနဲ့​ ပြည်သူ​တွေအကြား​မှာ သုံး​သပ်ရခက်တာ​တွေ ​တွေ့​မြင်လာ​နေရပါတယ်။ မကြာကာ​သေး​ခင်ကာလကပဲ ဝန်ကြီး​ ဦး​အောင်ကြည်က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံပါတယ်။ အချိန်တို ကာလအတွင်း​ ၂ ကြိမ်​မြောက် ​တွေ့​တာပါ။

အဲဒီတ​နေ့​တည်း​မှာပဲ အသစ်စက်စက် ဖွဲ့​စည်း​ထား​တဲ့​ သမ္မတရဲ့​ သတင်း​ထုတ်ပြန် ​ရေး​အဖွဲ့​က ​နေပြည်​တော်မှာ ပထမဦး​ဆုံး​အကြိမ် သတင်း​စာရှင်း​လင်း​ပွဲ လုပ်ပါတယ်။ ​နောက်ထပ် သိပ်မကြာခင်မှာပဲ သမ္မတဟာ ​နေပြည်​တော်မှာ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေ အပါအဝင် အဖွဲ့​အစည်း​ပေါင်း​စုံက လူပုဂ္ဂိုလ်​တွေနဲ့​ ​တွေ့​ဆုံပြီး​ မိန့်​ခွန်း​ပြောပါတယ်။ အဲဒီပွဲ မှာပဲ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေကို သီး​သန့်​တွေ့​ဆုံပါတယ်။

နောက် ရက်ဆက်ဆိုသလိုပါပဲ၊​ ​နေပြည်​တော်မှာ စီး​ပွား​ရေး​ဆိုင်ရာ အမျိုး​သား​အ ဆင့်​ အလုပ်ရုံ​ဆွေး​နွေး​ပွဲတခု ကျင်း​ပပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဖိတ်ပါတယ်။ ​ဒေါ် ​အောင်ဆန်း​စုကြည်ကလည်း​ တက်​ရောက်ပါတယ်။ ဒါတင်မက ​နေပြည်​တော်မှာ ​ဒေါ် ​အောင်ဆန်း​စုကြည်ကို သမ္မတဦး​သိန်း​စိန်က လက်ခံ​တွေ့​ဆုံပါတယ်။

ဒီအ​ခြေအ​နေ​တွေ၊​ ဒီအ​ပေါ်က ထွက်လာတဲ့​ သတင်း​တွေကိုကြည့်​ပြီး​ တချို့​က ​တော့​ အစိုး​ရဟာ တကယ်ပဲ တိုင်း​ပြည်ကို ​ကောင်း​စေချင်တယ်၊​ အ​ပြောင်း​အလဲလည်း​ စ လုပ်​နေပြီ စသဖြင့်​ မြင်ကြပါတယ်။ တချို့​က​တော့​ နှစ်​ပေါင်း​ ၅၀ ​လောက် ခံစား​ခဲ့​ရတဲ့​ အ​တွေ့​အကြုံ​တွေအရ စစ်ဗိုလ်ချုပ်​ဟောင်း​တွေဦး​စီး​တဲ့​ အစိုး​ရအဖွဲ့​သစ်ဆိုတာကို မယုံ ကြည်ကြပါဘူး​။ ဘယ်ဟာ အမှန်ဖြစ်ပါမလဲဆိုတာ ​ဆွေး​နွေး​သုံး​သပ် တင်ပြပါမယ်။

အ​ကောင်း​ဘက်ကကြည့်​မယ်ဆိုရင်​တော့​ ​စောင့်​ကြည့်​နေသူတချို့​ပြောသလို သမ္မတကိုယ်တိုင်က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ မြန်မြန်ဆန်ဆန် ​တွေ့​ဆုံတယ်၊​ အန် အယ်လ်ဒီကိုလည်း​ အ​ရေး​မယူ​သေး​ဘဲ ထား​တယ်၊​ အ​ဝေး​ရောက်​နေသူ​တွေကိုလည်း​ ပြစ်မှုတစုံတရာ ကျူး​လွန်ထား​တာ မရှိရင် ပြန်လာခွင့်​ပေး​တယ်၊​ စီး​ပွား​ရေး​နဲ့​ ပတ်သက်ပြီး​ ပြုပြင်​ပြောင်း​လဲမှု​တွေ အဆက်မပြတ် လုပ်​နေတယ် စတာ​တွေကို မြင်ကြမှာဖြစ်ပါတယ်။ အခြား​တဖက်မှာ ကြည့်​ရင်​တော့​ ဒီလိုမဟုတ်​တော့​ပါဘူး​။ လက်ရှိ တိုင်း​ရင်း​သား​လက် နက်ကိုင်​တွေနဲ့​ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေနဲ့​ ပတ်သက်ရင် အစိုး​ရအဖွဲ့​သစ်ရဲ့​ သ​ဘောထား​ ကို ရှင်း​ရှင်း​လင်း​လင်း​ ထုတ်​ဖော်လာတာ ​တွေ့​ရပါတယ်။

အဲဒါနဲ့​ပတ်သက်ပြီး​ ပထမဦး​ဆုံး​ လုပ်ရပ်က​တော့​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ သူရ ဦး​ရွှေမန်း​က ​နေပြည်​တော်မှာ ​ရေး​ရာ​ကော်မတီ အစည်း​အ​ဝေး​ ​ခေါ်ထား​လို့​ ​ရောက်​နေတဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေကို သူတို့​ အသင့်​ရေး​ထား​တဲ့​ ငြိမ်း​ချမ်း​ရေး​အတွက် ပန်ကြား​ချက် လက်မှတ်​ရေး​ထိုး​ခိုင်း​တဲ့​ ကိစ္စပါ။ အဲဒီပန်ကြား​ချက်ဆိုတာမှာ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေနဲ့​ ပတ်သက်ပြီး​ အစိုး​ရက လုပ်တာ​တွေမှန်တယ်၊​ တိုင်း​ရင်း​သား​လက်နက်ကိုင် ​တွေကသာ မှား​တယ်ဆိုတာမျိုး​ ​ဖော်ပြထား​ပါတယ်။ ဒါကို ပြည်သူ့​လွှတ်​တော်ကိုယ်စား​ လှယ် အ​ယောက် ၂၀ ကလည်း​ လက်မှတ်​ရေး​ထိုး​ပေး​လိုက်ပါတယ်။ အဲဒီ​နောက် အရင် စစ်အစိုး​ရနဲ့​ ပူး​ပေါင်း​ခဲ့​ပြီး​ အခု အမျိုး​သား​လွှတ်​တော် ကိုယ်စား​လှယ်​တွေအဖြစ် ​နေရာ​ပေး​ ထား​တဲ့​ ကချင်အထူး​ဒေသ ၁ က ဦး​ဆခုံတိန့်​ယိန်း​၊​ အရင် ​ကေအန်ယူ​ဟောင်း​ ဦး​မန်း​ ​အောင်တင်မြင့်​၊​ အရင် ပအို့​ဝ်အဖွဲ့​က ဦး​နေဝင်း​ထွန်း​တို့​ ၃ ဦး​ကိုလည်း​ လက်မှတ်​ရေး​ထိုး​ ခိုင်း​ပြီး​ သတင်း​စာ​တွေထဲ ထည့်​ကြော်ငြာပါတယ်။ ​နောက် ပုဂ္ဂလိက ဂျာနယ်​တွေကိုလည်း​ မထည့်​မ​နေရ ထည့်​ခိုင်း​ပါတယ်။

အဲဒါပြီး​နောက် သိပ်မကြာခင် သမ္မတရဲ့​ သတင်း​ထုတ်ပြန်​ရေး​အဖွဲ့​ခေါင်း​ဆောင် ပြန် ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​က ​ကေအိုင်​အေဟာ သိပ်ပြီး​ဆိုး​သွမ်း​ကြောင်း​၊​ တပ်မ​တော် က​တော့​ စိတ်ရှည်သည်း​ခံ​နေ​ကြောင်း​ ရှည်ရှည်လျား​လျား​ ထုတ်​ဖော်​ပြောဆိုပါတယ်။ ဒါတင်မကပါဘူး​၊​ အဖွဲ့​အစည်း​ပေါင်း​စုံကို သမ္မတက မိန့်​ခွန်း​ပြောတဲ့​အခါမှာလည်း​ ​ကေအိုင် ​အေနဲ့​ပတ်သက်ပြီး​ ​ကေအိုင်​အေဘက်က အကြမ်း​ဖက်မှု လိုလား​သ​ယောင်​ယောင် အတိ အလင်း​ ​ပြောဆိုတာ​တွေ လုပ်လာပါတယ်။ အဲဒါနဲ့​ ဆက်တိုက်ပါပဲ။ အစိုး​ရပိုင် သတင်း​စာ ​တွေရဲ့​ ​နောက်​ကျောဖုံး​တွေမှာ ​ကေအိုင်​အေက အကြမ်း​ဖက်တာ​တွေ၊​ ၀ တပ်ဖွဲ့​က မိုင်း​ ​ထောင် ​ဖောက်ခွဲတာ​တွေ၊​ အက်စ်အက်စ်​အေက ပစ်ခတ်တာ​တွေကို ဆက်တိုက် ​ဖော်ပြ ပြန်ပါတယ်။ ဒါ​တွေကို ခြုံငုံသုံး​သပ်ကြည့်​ရင် ဦး​သိန်း​စိန်အစိုး​ရဟာ ကျင်း​ပ​နေဆဲ လွှတ်​တော်အစည်း​အ​ဝေး​မှာ တိုင်း​ရင်း​သား​လက်နက်ကိုင်​တွေနဲ့​ ပတ်သက်ပြီး​ တစုံတရာ အ​ရေး​ယူမယ့်​ ဆုံး​ဖြတ်ချက် ချဖို့​ ပြင်ဆင်​နေတယ်လို့​ ခန့်​မှန်း​နိုင်ပါတယ်။

နောက်ထပ် အ​ရေး​ကြီး​တာတခုလည်း​ လက်ရှိကျင်း​ပ​နေတဲ့​ လွှတ်​တော်အစည်း​ အ​ဝေး​ ကာလအတွင်း​မှာ ဖြစ်ပျက်ခဲ့​ပါတယ်။ အဲဒါက​တော့​ အရင် စစ်အစိုး​ရလက်ထက် ဝန်ကြီး​တွေ ဖြစ်ခဲ့​ပြီး​ အစိုး​ရအဖွဲ့​သစ် ဖွဲ့​တဲ့​အခါ ပါမလာတဲ့​ ဝန်ကြီး​ အား​လုံး​နီး​ပါး​လောက် ကို လွှတ်​တော်​ရေး​ရာ​ကော်မတီဥက္ကဋ္ဌ​တွေအဖြစ် ခန့်​ထား​လိုက်ခြင်း​ပါ။ အဲဒီအထဲမှာ ဦး​ဌေး​ဦး​၊​ ဦး​သိန်း​ဇော်၊​ ဦး​အောင်​သောင်း​၊​ ဦး​စိုး​သာ၊​ ဦး​အောင်သိန်း​လင်း​နဲ့​ ဝန်ကြီး​ဟောင်း​ ​တွေ ပါဝင်ပြီး​ အား​လုံး​လိုလိုဟာ လက်ရှိ ကြံ့​ဖွံ့​ပါတီ ဗဟို​ကော်မတီဝင်​တွေ ဖြစ်​နေကြပါ တယ်။ ဒါ​တွေကိုကြည့်​ရင် အရင်စစ်ဗိုလ်ချုပ်​ဟောင်း​တွေ ဦး​ဆောင်တဲ့​ ဦး​သိန်း​စိန်အစိုး​ရ ဟာ သူတို့​အင်အား​ကို အဘက်ဘက်က​နေ ခိုင်မာ​အောင် တည်​ဆောက်​နေတာ ​တွေ့​နိုင်ပါ တယ်။

အရင်အာဏာရှင် ဗိုလ်ချုပ်​နေဝင်း​ ၁၉၆၂ အာဏာသိမ်း​တော့​လည်း​ မြို့​ပေါ်က နိုင်ငံ ​ရေး​ခေါင်း​ဆောင်​တွေ၊​ အစိုး​ရ​ခေါင်း​ဆောင်​တွေ အား​လုံး​ကိုဖမ်း​ပြီး​ လက်နက်ကိုင် တိုက် ခိုက်​နေသူ​တွေကို ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​လုပ်ဖို့​ဆိုပြီး​ ဖိတ်​ခေါ်ခဲ့​ဖူး​ပါတယ်။ ​နောက်ပိုင်း​ သူ့​အင်အား​ ခိုင်မာပြီဆိုတဲ့​အခါကျမှသာ မြို့​ပေါ်နိုင်ငံ​ရေး​သမား​တွေကို​ရော ​တောတွင်း​ လက်နက်ကိုင်အဖွဲ့​တွေကိုပါ ဘယ်သူ့​ကိုမှ ဂရုမစိုက်ဘဲ တိုင်း​ပြည်ကို လုပ်ချင်တာ လုပ်ခဲ့​ တဲ့​သာဓက ရှိပါတယ်။

အလား​တူပါပဲ၊​ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်း​လိုက်တဲ့​ စစ်အုပ်စုဟာလည်း​ ပြည်တွင်း​နိုင်ငံ​ရေး​အင်အား​စု​တွေ အင်အား​ကြီး​ အား​ကောင်း​လွန်း​အား​ကြီး​ ​တော့​ ၁၉၈၉ ခုနှစ်​နှောင်း​ပိုင်း​ကစလို့​ လက်နက်ကိုင်အင်အား​ကြီး​မား​တဲ့​ ၀ အပါအဝင် ဗကပ တပ်ဖွဲ့​ဟောင်း​တွေနဲ့​ အပစ်အခတ်ရပ်စဲတာ လုပ်ခဲ့​ပါတယ်။ အပစ်အခတ် ရပ်စဲ​ပေး​ လိုက်တာနဲ့​အတူ ဘယ်တုန်း​က၊​ ဘယ်အစိုး​ရကမှ လိုက်​လျော​ပေး​ခဲ့​ဖူး​ခြင်း​ မရှိတဲ့​ ကိုယ့်​ လက်နက်ကိုင်တပ် ကိုယ်တည်ရှိခွင့်​၊​ ကိုယ့်​နိုင်ငံ​ရေး​ပါတီနဲ့​ ကိုယ်လှုပ်ရှား​ခွင့်​၊​ ကိုယ့်​နယ် ​မြေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ စတာ​တွေပါ ​ပေး​အပ်ခဲ့​ပါတယ်။ ဒါတင်မက အစိုး​ရ ထိန်း​ချုပ် ထား​ရာ မြို့​ပေါ်မှာ​တောင် စီး​ပွား​ရှာခွင့်​ပြုခဲ့​တာဖြစ်ပါတယ်။

လက်နက်ကိုင် တိုက်ခိုက်မှု​တွေ ကြီး​ကြီး​ကျယ်ကျယ် မလုပ်ရ​တော့​တဲ့​ အခါကျမှ သာ စစ်အစိုး​ရဟာ ​မြေ​ပေါ်က ​ဒေါ်​အောင်ဆန်း​စုကြည်​ခေါင်း​ဆောင်တဲ့​ အန်အယ်လ်ဒီ၊​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ အုပ်စု​တွေနဲ့​ အတိုက်အခံ အင်အား​စုမှန်သမျှကို ရက်ရက်စက်စက် ​ချေမှုန်း​ခဲ့​တာဖြစ်ပါတယ်။ စစ်အစိုး​ရ အဆက်ဆက်ဟာ စစ်​ရေး​အမြင် သ​ဘောတရား​အရ ရန်သူလို့​ သူတို့​သတ်မှတ်သူ​တွေကို အဘက်ဘက်က​နေ စစ်မျက်နှာမဖွင့်​ဘဲ စစ်မျက်နှာ ကျဉ်း​ပြီး​ အချိန်ဆွဲ ​ချေမှုန်း​လို့​ရ​အောင် လုပ်ကိုင်တဲ့​ နည်း​ပရိယာယ်တမျိုး​ကို ကျင့်​သုံး​ခဲ့​တာ ပဲဖြစ်ပါတယ်။

အခုလည်း​ ဒီလိုပါပဲ၊​ မြို့​ပေါ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အန်အယ်လ်ဒီကို အကြမ်း​ ဖက် အ​ရေး​ယူတာမျိုး​ မလုပ်ဘဲ ​ချွေး​သိပ်ထား​ပြီး​ ​ကေအိုင်​အေ အပါအဝင် တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေကို ​ချေမှုန်း​ဖို့​ ပြင်ဆင်​နေခြင်း​ပဲလို့​ ယူဆနိုင်ပါတယ်။ ဒါ​ပေမယ့်​ ​ခေတ်အ ခါက ​ပြောင်း​ခဲ့​ပြီမို့​ လက်ရှိ ဦး​သိန်း​စိန်ဦး​ဆောင်တဲ့​ စစ်တပ်​ကျော​ထောက်​နောက်ခံပြု စစ်ဗိုလ်ချုပ်​ဟောင်း​များ​အစိုး​ရဟာ အန်အယ်လ်ဒီနဲ့​ ပြည်သူ​တွေကိုပဲ ဆက်လက် ​ချွေး​သိပ် ထား​နိုင်ဦး​မလား​၊​ ​ကေအိုင်​အေ အပါအဝင် တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေကို အရင်တုန်း​ကလိုပဲ အပစ်အခတ်ရပ်စဲ​အောင် လှည့်​ဖြား​နိုင်ဦး​မလား​ ဆိုတာကို​တော့​ ​စောင့်​ ကြည့်​ရဦး​မှာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/14934

ငြိမ်း​ချမ်း​ရေး​ကော်မတီတွင် ​ဒေါ်​အောင်ဆန်း​စုကြည် ပါဝင်​ရေး​ လွှတ်​တော်၌ ​ဆွေး​နွေး


Published on August 31, 2011 by အံ့ဘုန်းမြတ်
မြန်မာပြည် ထာဝရငြိမ်း​ချမ်း​ရေး​ အမြဲတမ်း​ကော်မတီဖွဲ့​စည်း​ရေး​အဆိုကို အမျိုး​သား​လွှတ် ​တော်မှာ ​ဆွေး​နွေး​ကြရာမှာ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ပါဝင်ခွင့်​ပြုဖို့​ ထည့်​သွင်း​ဆွေး​နွေး​ တယ်လို့​ သိရပါတယ်။

ကချင်ပြည်နယ်က ဦး​ထွန်း​လွင် တင်သွင်း​တဲ့​အဆိုကို တိုင်း​ရင်း​သား​ကိုယ်စား​လှယ် ၁၃ ​ယောက် အပြန်အလှန်​ဆွေး​နွေး​စဉ် ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီ ဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က အဲဒီလိုတင်ပြ​ဆွေး​နွေး​တာလို့​ လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖုန်း​ မြင့်​အောင်က ​ပြောပြပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ငြိမ်း​ချမ်း​ရေး​ မိန့်​ခွန်း​ကို သူက အနှစ်ချုပ်ဖတ်ပြပြီး​တော့​ တိုင်း​ပြည်ရဲ့​ အများ​သူငါ​လေး​စား​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို အဲဒီ​ကော်မရှင်မှာ ထည့်​ သွင်း​ဖို့​ သူက အကြံပြုတယ်။ အဲဒီ​ကော်မရှင်မှာလည်း​ ပြည်ပပုဂ္ဂိုလ်​တွေ တိုင်း​သိပြည်သိ ​လေး​စား​တဲ့​လူ​တွေ ထည့်​ဖို့​ပေါ့​ဗျာ။”

တပ်မ​တော်သား​ကိုယ်စား​လှယ်​တွေက​တော့​ တိုင်း​ပြည်ငြိမ်း​ရေး​ရှိမှ ဖွံ့​ဖြိုး​တိုး​တက် မယ်ဆိုတဲ့​အချက်ကို အဓိက ​ဆွေး​နွေး​သွား​တယ်လို့​လည်း​ ​ပြောပါတယ်။

“ယာယီ​ကော်မတီပဲဖွဲ့​လို့​ အား​မရလို့​ အမြဲတမ်း​ကော်မတီဖွဲ့​ဖို့​ ကျယ်ကျယ်ပြန့်​ပြန့်​ လုပ်ဖို့​ ​ပြောတာပါ။ ဒီ​ကော်မတီဖွဲ့​တာ​တော့​ အလုပ်ဖြစ်​အောင် ဖွဲ့​တာပါ။ ဘာလို့​လဲဆို​တော့​ တပ်မ​တော်ဘက်က ကိုယ်စား​လှယ်တချို့​လည်း​ သူတို့​က တိုင်း​ပြည်ငြိမ်း​ချမ်း​မှ စီး​ပွား​ရေး​ တက်မယ်ဆိုတာ ​ဆွေး​နွေး​တဲ့​ရည်ရွယ်ချက်က ဒါကိုပဲ ​ဇောင်း​ပေး​တာကိုး​။

ငြိမ်း​ချမ်း​ရေး​ကော်မတီဖွဲ့​စည်း​ဖို့​ အဆိုကို လွှတ်​တော်က အတည်ပြု ဆုံး​ဖြတ်လိုက် ​ပေမယ့်​ ဒီ​ကော်မတီမှာ ဘယ်သူ​တွေ ပါဝင်မယ်ဆိုတာကို​တော့​ မဆုံး​ဖြတ်ရ​သေး​ပါဘူး​။

အမျိုး​သား​လွှတ်​တော်က အသစ်ဖွဲ့​စည်း​ထား​တဲ့​ ယာယီ​ကော်မတီ ၈ ခုမှာ တိုင်း​ရင်း​ သား​ရေး​ရာနှင့်​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်မှု​ကော်မတီ ပါဝင်ပါတယ်။

ပြည်သူ့​လွှတ်​တော်အစည်း​ဝေး​တွေမှာ တိုင်း​ရင်း​သား​ဒေသ​တွေက လက်နက်ကိုင် ပဋိပက္ခ​တွေ၊​ ငြိမ်း​ချမ်း​ရေး​ကိစ္စ ​ဆောင်ရွက်မယ့်​ အ​ခြေအ​နေ​တွေနဲ့​ပတ်သက်ပြီး​ တိုင်း​ရင်း​သား​ကိုယ်စား​လှယ်တချို့​က ​မေး​မြန်း​သွား​ပေမယ့်​ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော် ဆန်း​က တိတိကျကျမ​ဖြေဘဲ သက်ဆိုင်ရာ​ကော်မတီ​တွေ ဖွဲ့​စည်း​ထား​တယ်လို့​ပဲ ​ဖြေကြား​ သွား​ပါတယ်။
http://burmese.dvb.no/archives/14969

ထိပ်တိုက်ရင်ဆိုင်ရေး


Tuesday, August 30, 2011 Khet Htan


ကျားပေါက်

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ သန့်စင်ရေးလို့ လူပြောများလာတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိကြီးများရဲ့ လာဘ်ပေးလာဘ်ယူမှုများနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ် အပြစ်ပေးနေပါတယ်လို့ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

တပ်မတော်အစိုးရလက်ထက် တိုင်းမှူးများ၊ ဗျူဟာမှူးများဟာ စစ်တိုင်းများအတွင်း စစ်ဘုရင်တွေလို သြဇာအာဏာရှိရုံတင်မက ငွေစက္ကူရိုက်စက် အမွေရထားသလို ပရောဂျက်တွေကနေ အမေရိကန်ဒေါ်လာ တရာတန် တွေချည်း စုဆောင်းလေ့ရှိပါတယ်။

စစ်ဘုရင်တွေက တိုင်းအတွင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိကို အိပ်ထဲထည့်ခဲ့ကြပါတယ်။ ဒါဆိုရင် စစ်တိုင်းများအတွင်း မင်းမူနေကြတဲ့ စစ်ဘုရင်လေးတွေ ချမ်းသာကြတာပေါ့လို့ ယူဆစရာရှိပါတယ်။ စစ်ဘုရင်တွေက ရလာတဲ့ နည်းလမ်း ၂ မျိုး ရှိပါတယ်။

(၁) က အဘဆီက တိုက်ရိုက်လာသော စီမံကိန်း၊ နအဖအစိုးရက ဆုံးဖြတ်ပြီး ချပေးတဲ့ စီမံကိန်းများအပေါ် ထိခွင့်မရှိပါဘူး။ ဒါပေမယ့် စီမံကိန်းအတွက် လိုအပ်တဲ့ ထောက်ပို့တွေဆီက ခံစားခွင့်ရှိပါတယ်။
(၂) စစ်ကောင်စီနဲ့လည်းမဆိုင်၊ ဒေသဖွံ့ဖြိုးရေးတွေကို ဘဏ္ဍာရေးဝန်ကြီးဌာန ခွင့်ပြုခဲ့ရင် စားပွဲဝိုင်း ပြင်ထားရုံပါပဲ။ ပို့ဆွမ်းကို စားတယ်ဆိုတဲ့ သဘောပေါ့။

ဒါကြောင့် အထက်အောက် ဆက်ဆံရေးဟာ မြန်မာတပ်မတော်အတွင်း မရှိမဖြစ် အရေးပါတဲ့ လုပ်ငန်းစဉ်တခုဖြစ်ပါတယ်။ စီးပွားရေး ဦးပိုင်ဖြစ်စေ၊ စီးပွားရေးနဲ့ ဆက်စပ်မှုကို ရှစ်လုံး (သီဟသူရတင်အောင်မြင့်ဦး) နဲ့ ဆက်ဆံရေး ပြေလည်ဖို့ စစ်ဘုရင်လေးတွေ ငြိမ်ပိနိုင်မှ စစ်တိုင်းအတွင်းရသမျှ အကုန်ယူစနစ်နဲ့ ရှာဖွေလေ့ရှိပါတယ်။

စီမံကိန်းပြီးတဲ့အခါ၊ စားသောက်ပြီးတဲ့အခါ ရာထူးတက်ရေး ဆက်လုပ်ကြရပါတယ်။ ဒါနဲ့ပဲ လွှတ်တော် ဥက္ကဋ္ဌသစ်နဲ့ ဒုသမ္မတသစ်ဆီ ချဉ်းကပ်၊ တပ်ချုပ်နားပေါက်အောင် ဆောင်ရွက်ကြနဲ့ မြန်မာပြည် အချုပ်အခြာအာဏာ တည်မြဲရေးဆိုတာကို ဘေးထားပြီး စားမယ်ဝါးမယ်၊ ရာထူးတက်အောင် လုပ်မယ်ဆိုတာနဲ့ပဲ လွန်ခဲ့တဲ့ ၂၂ နှစ်ကြာ မြန်မာစီးပွားရေး ဖရိုဖရဲနဲ့ ဖြစ်နေခဲ့ရတာပါ။

စစ်ဘုရင်ဖြစ်တာနဲ့ သူဌေးဖြစ်၊ ဒီတော့ မိသားစု စီးပွားရေးတွေ အခြေခိုင်လာဖို့အတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းဖို့ လိုတာပဲ မဟုတ်လား။ ဒါနဲ့ပဲ အထက်အောက် ဆက်ဆံရေးမှာ နိုင်ငံတော်ကို ဆူပူအောင် ဖန်တီးသူ၊ ဆူပူအောင် ဆောင်ရွက်ဖို့ စဉ်းစားနေသူ၊ ဆူပူမှုကို စိတ်ကူးယဉ်နေသူ အားလုံးကို ၇ နှစ်ကနေ နှစ် ၉၀ ကျော် အပြစ်ပေးတာကို လူသားချင်း မစာနာ၊ သားသမီးချင်း မစာနာနိုင်တော့ဘဲ တပ်ချုပ်ရဲ့ ပြတ်သားတဲ့ မူဝါဒ၊ တပ်ချုပ်ရဲ့ ဗျူဟာတွေလို့ တပ်ရိပ်သာခန်းမတွေ၊ မိသားစု ထမင်းဝိုင်းတွေမှာကို ချီးကျူးနေခဲ့ကြပါတယ်။

အကျိုးစီးပွားအတွက် တပ်ချုပ်ရဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်မှုအနေနဲ့ ဗုဒ္ဓဘာသာစစ်စစ် တပ်မင်းတွေ၊ စစ်ဘုရင်တွေက သံဃာတော်တွေကို ရိုက်သတ်နေတာကို လက်ခုပ်သြဘာပေးသံတွေ တညံညံနဲ့ ၂၀၀၇ ကာလတွေမှာ ဖြတ်သန်းခံရပါတယ်။

အတွင်းပြဿနာတွေကိုတော့ တပ်ချုပ်အမိန့်အရဆိုပြီး ဖြုတ်ထုတ်သတ်ကြ၊ နေရာတွေ အရွှေ့ခံရ၊ ဒု ဝန်ကြီး၊ ဝန်ကြီး ဘဝရောက်၊ ကာကွယ်ရေး ဝန်ကြီးဌာန တွဲဘက်ဆိုပြီး နေ့ချင်းညချင်း ဘဝသစ်ရောက်ပြန်ရော။

ဒီမိုနဲ့ တိုင်းရင်းသား နိုင်ငံရေးသမားတွေလည်း ထောင်ထဲရောက်ပြီ၊ အန်တီစုလည်း ထိပ်တိုက် မတွေ့တော့ တပ်မှာ ရန်သူမရှိသောကာလကို ၂၀၁၀ အတွင်း ရင်ဆိုင်ခဲ့ရပါတယ်။ ရန်သူမရှိရင် တပ်အတွက် ရေရှည်အခက်အခဲ ရှိပါတယ်။ ဒါက DSA ကျောင်းဆင်း စစ်ဘုရင်သစ်တွေရဲ့ သုံးသပ်ချက်။

မျိုးဆက်ဟောင်း တချို့လည်း ပြည်ခိုင်ဖြိုး ပလက်ဖောင်းကနေ နိုင်ငံရေးသမားဘဝကို ရောက်သွားတယ်။
တပ်ချုပ်ရဲ့ မင်းတို့ နိုင်ငံရေးထဲ ဝင်မပါနဲ့လို့ တိုင်းမှူးသစ်တွေကို သြဝါဒပေးတာကို မျိုးဆက်ဟောင်းများက အခွင့်အရေးယူပြီး ပါတီဦးဆောင်မှု ရှိရမယ်လို့ တစခန်းထပြန်ရော။ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော် မြစ်ကြီးနားလေဆိပ်မှာ ပြစ်ဒဏ်ပေးမှုကြောင့် ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်အကြား တင်းမာမှု ဗွေဆော်ဦး တွေ့ရတာပါပဲ။

မြောက်ပိုင်းတိုင်း တိုင်းမှူး ဇေယျာအောင်ကလည်း အရင် မျိုးဆက်ဟောင်းများ သန်းကြွယ်သူဌေးဖြစ်သွားတဲ့နေရာကို ရောက်လာပေမယ့် ရေအားလျှပ်စစ်၊ သတ္တုတွင်း၊ ကျောက်တွင်းတွေကို ကောက်ရိုးပုံစောင့်တဲ့ ခွေးဘဝရောက်ရပြီလေ။ ဒီစီမံကိန်းကြီးတွေက တိုင်းမှူးအမိန့်နဲ့ ရပ်ပါပြောလို့မရ၊ ပြောရင် သူ့အတွက် ပေါက်ဖော်ဆီက ရေမလာမှာကို အိပ်မက်ပျက်တဲ့ ကလေးတယောက်လို ခံစားရတာပေါ့။

ဒါနဲ့ပဲ အပစ်ရပ် သဘောတူညီချက်က စက်တင်ဘာ ၂၀၁၀ ကတည်းက ကုန်တာကို အကြောင်းပြပြီး KIO ကို ရန်စတော့တာပါပဲ။ KIO ကို တိုက်ချင်လို့တော့ မဟုတ်ပါ။ ငွေတွင်းရှိပါလျက်နဲ့ ဆရာ့ ဆရာများ ပက်ပက်စက်စက် လုပ်သွားတာကို နာလွန်းလို့ပါ။

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ဒီကနေ့အထိ KIO နဲ့ ဘာဖြစ်လို့ စစ်ဖြစ်ရတာ သိပေမယ့် မပြောကြ။ မူဝါဒတွေကို ရှေ့တန်းတင်နေရတော့ ကာချုပ်လည်း တော်တော်ကို ပင်ပန်းတယ်လို့ ဆိုပါတယ်။

တပ်ချုပ်ကြီးကလည်း မင်းတို့တာဝန်လေဆိုပြီး ပေါက်ဖော်ဆီက ၁ ဘီလီယံကျော် အိတ်ထဲထည့်ပြီး ရွှေတိဂုံဘုရားဖူးလိုက်၊ နေပြည်တော်ခြံဝင်းထဲ တူတူပုန်းတမ်း ကစားလိုက်နဲ့ ကာချုပ် မင်းအောင်လှိုင် အကျပ်တွေ့စေတာပါပဲ။

ကာချုပ်ကလည်း တပ်မင်းတွေ ကျေနပ်အောင် အုပ်ချုပ်ဖို့လိုတယ်လေ။ တိုင်းမှူးတို့ရဲ့ မကျေနပ်သံတွေကို နားထောင်၊ မျိုးဆက်ဟောင်း နောက်ခံတွေကို စရှင်းရတော့တာပါပဲ။ ကာချုပ်အမိန့်ကို ကလန်ကဆန်လုပ်တဲ့ ရန်ကုန်တိုင်း စစ်ဘုရင် (ဗိုလ်မှူးချုပ် ထွန်းသန်း) ကို စပ်စပ်ကလေး ပညာပေးရတော့တယ်။

ကာချုပ်က တကိုယ်တော် လက်စွမ်းမပြရဲသေးဘူး။ ဒါကြောင့် တပ်ချုပ်ဆီကို နေပြည်တော်မြို့တော်ဝန်ကတဆင့် ညတိုင်း တင်ပြရပါတယ်။ သမ္မတကြီးကို တိုးတိုးတိုင်ပင်၊ အဘရွှေမန်းကို ဦးထိပ်ထားပြီး ကစားနေတဲ့ ကာချုပ် မင်းအောင်လှိုင်ရဲ့ပုံရိပ်ကို အလင်းအမှောင် ပိတ်ကားနောက်ခံတွေမှာ မြင်ရပါတယ်။
http://www.irrawaddyblog.com/2011/08/blog-post_7960.html

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်မြစ်ဆုံရေကာတာအရေးပေါ်သတင်းထုတ်ပြန်




တွေ့ဆုံဆွေးနွေးပွဲများ နောက်ကွယ်


အောင်လင်းထွဋ် Wednesday, 31 August 2011 17:49 သူ့အတွေး သူ့အမြင်

ပြည်တွင်းပြည်ပ မြန်မာတိုင်းရင်းသား လူမျိုးအားလုံး အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ တွေ့ဆုံဆွေးနွေးပွဲ သတင်းသည် ဝမ်းသာ ပီတိဖြစ်စရာဖြစ်ပါသည်။ အောက်တန်းနောက်တန်း ရောက်နေသော မြန်မာနိုင်ငံအား နိုင်ငံတကာတွင် လူရာဝင်လာလေတော့မလားဟုလည်း မျှော်လင့်ချက်များ ဖြစ်နေကြပါသည်။ ထို့အတူ နိုင်ငံရေးကစားနေသလားဟုလည်း သံသယများလည်း ရှိသည်။ ယခုအချိန်အထိ ဘယ်လိုဖြစ်လာမလဲဆိုသည်ကို ဘာတခုမျှ သဲသဲကွဲကွဲ ပြော၍မရသေးပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၄၊ ၂၀၀၁၊ ၂၀၀၄ ခုနှစ်တို့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်အပါအဝင် စစ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်ကို အားလုံးသတိရ ကြပါလိမ့်မည်။ ၁၉၉၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ အဓိကအကြောင်းအရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားညီလာခံလုပ်ငန်းစဉ်အား ထောက်ခံလာစေရန် စည်းရုံးရေးဖြစ်သည်။

နောက်ဆက်တွဲ ဆွေးနွေးပွဲအနေဖြင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့်အတူ အမျိုးသားညီလာခံ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးသာထွန်း၊ စာရင်းစစ်ချုပ် ဗိုလ်မှူးချုပ်တင်အေးတို့မှ အမျိုးသားညီလာခံ ဦးတည်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြသခဲ့သည်။ ထို့နောက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးမှုများ မရှိတော့ပါ။ ကြားသိရသည်မှာ အမျိုးသားညီလာခံ၏ တချို့အခြေခံမူ အချက်အလက်များအပေါ် သဘောထားကွဲပြားခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါသတကြီးဖြစ်ကာ ဆွေးနွေးပွဲကို ဆက်မလုပ်ရန် ဗိုလ်ချုပ်ကြီးခင်ညွန့်အား အမိန့်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ ပထမအကြိမ် လွတ်မြောက်လာပြီး ၁၉၉၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များ အမျိုးသားညီလာခံကို စွန့်ခွာခဲ့သည်။ ထို့နောက်ပိုင်း မကြာမီမှာပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ “စစ်တပ် ကြာကြာအုပ်ချုပ်ရတာပေါ့ကွာ” ဟူသော မှတ်ချက်ဖြင့် အမျိုးသားညီလာခံကို ရပ်စဲခဲ့သည်။ နောက် မကြာမီမှာပင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ် ဒုတိယအကြိမ် ချထားရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့သည်။

၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ ခုနှစ်များတွင် ပြည်တွင်းပြည်ပ ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးရန် အကြောင်းတရားများ ပေါ်ပေါက်လာခဲ့သည်။ ပြည်ပနိုင်ငံများရှိ မြန်မာအတိုက်အခံ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကြောင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အတင်းအဓမ္မ နေရာရွှေ့ပြောင်းခိုင်းမှုများ၊ အတင်းအဓမ္မ လုပ်အားစေခိုင်းမှုများ၊ စစ်သားများ၏ အဓမ္မပြုမှုများ၊ ကလေးစစ်သား စုဆောင်းမှုများ အစရှိသည့် ဆိုးဝါးသည့်အခြေအနေများကို ကုလသမဂ္ဂမှတဆင့် နိုင်ငံတကာမှ သိရှိခဲ့သည်။ ထို့နောက် နိုင်ငံတကာအလယ် အရှက်ရစရာ ဖိအားပေးမှုများကို စစ်အာဏာရှင်အစိုးရ ခံလာရသည်။

ထိုအချိန် ပြည်တွင်း၌လည်း အောက်ခြေစစ်ခေါင်းဆောင်များ၏ တင်ပြမှုများကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ “ဒေါ်အောင်ဆန်းစုကြည် မပါဘဲလည်း ငါတို့အုပ်ချုပ်လို့ရတာပဲ” ဆိုသည့်မူဝါဒကို ပြန်လည် သုံးသပ်လာခဲ့ရသည့် သဘောရှိပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခွင့်ပြုချက်ဖြင့် စစ်ထောက်လှမ်းရေးအဖွဲ့မှ ခေါင်းဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်များနှင့် အဆင်ပြေစေရန်၊ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဒုတိယ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ကျော်ဝင်းနှင့် တန်ပြန်ထောက်လှမ်းရေးဌာနကြီးမှူး ဗိုလ်မှူးချုပ် သန်းထွန်း တို့ကို လျှို့ဝှက်တာဝန်ပေးခဲ့သည်။ ထိုသို့ဆွေးနွေးနေမှုမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ် မလာမီကတည်းက ဖြစ်သည်။

မစ္စတာ ရာဇာလီ ရောက်လာပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်နှင့် တွေ့ဆုံစဉ် စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးနေမှုကို ဦးဝင်းအောင်မှ အမှတ်မထင် ပြောလိုက်မိသည့်အတွက် မစ္စတာ ရာဇာလီ သိသွားပြီး အဆိုပါသတင်း ပြည်တွင်းပြည်ပသို့ ပြန့်သွားခဲ့သည်။ ထို့အတွက်ကြောင့် ဦးဝင်းအောင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြိမ်းမောင်းခြင်း ခံခဲ့ရသည်။ သို့သော် နိုင်ငံရေးအမြတ်ထုတ်သည့် အနေဖြင့် မစ္စတာ ရာဇာလီ၏ တောင်းဆိုမှုကြောင့် မြန်မာအစိုးရအနေဖြင့် တွေ့ဆုံခဲ့သယောင် ဝါဒဖြန့်ခိုင်းခဲ့သဖြင့် ကျနော်တို့ကိုယ်တိုင် ဆောင်ရွက်ခဲ့ရသည်။ အမေရိကန်အစိုးရအား တိုက်တွန်းနားချမည့် DCI အဖွဲ့အတွက် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ယူခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD အဖွဲ့ဝင်များ ထမင်းလက်ဆုံစားသည်အထိ အခြေအနေ ကောင်းခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် အမေရိကန်ပြည်ထောင်စုနှင့် ဒေါ်အောင်ဆန်းစုကြည်သည် အဓိကဖြစ်သည်ကို ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကောင်းကောင်းနားလည်ခဲ့သည်။ အမေရိကန်သမ္မတ ဂျော့ဂ်ျ ဘုရှ် အပေါ် ကြောက်လဲကြောက် ပေါင်းလဲပေါင်းချင်သူ ဖြစ်ခဲ့သည်။

၂၀၀၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီ လပိုင်းအလိုတွင် DCI ၏ အကူအညီဖြင့် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် ကျော်သိန်းနှင့် ရဲမှူးကြီးခမ်းအောင်တို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်း အကြောင်းပြချက်ဖြင့် ဝါရှင်တန်သို့ လာခွင့်ရခဲ့သည်။ ဝါရှင်တန်မြို့၌ စစ်အစိုးရကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ၊ သမ္မတ၏ မူးယစ်ဆေးဝါးဆိုင်ရာ အကြံပေးအရာရှိရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဏာရေးဝန်ကြီးဌာန၊ စီအိုင်အေ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ (DEA) တို့မှ တာဝန်ရှိ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ရှင်းလင်းပြသခဲ့သည်။ ထို့နောက် ၂၀၀၂ မေလတွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပြီး နိုင်ငံတော်၏ စီမံကိန်းများကို ရှင်းလင်းပြသခဲ့သော်လည်း ၂၀၀၃ ခုနှစ် မေလတွင်မူ ဒီပဲယင်း အရေးအခင်းဖြင့် အဆုံးသတ်သွားရပါသည်။

၂၀၀၄ ခုနှစ်တွင် တတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာရခြင်းသည် ဒီပဲယင်း အရေးခင်း၏ နောက်ဆက်တွဲကိစ္စ ဖြစ်သကဲ့သို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးအဖွဲ့များ၏ နိဂုံးအစဟုလည်း ဆိုနိုင်သည်။ ဒီပဲယင်းပြဿနာ ဖြစ်ပြီးနောက် ဗိုလ်ချုပ်ကြီး ခင်ညွန့်အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြိုတင်ခွင့်ပြုချက်မယူဘဲ မစ္စတာ ရာဇာလီ အစ္စမေးလ်ကို မြန်မာနိုင်ငံအတွင်း ပြည်ဝင်ခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးတွေ့ခဲ့သည့်အတွက် တပ်ချုပ်ကြီး အလွန်ဒေါသထွက်ခဲ့သည်။

ဒီပဲယင်းအရေးအခင်းအပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတကာဖိအားများကို ဖြေရှင်းရန် သတ္တိမရှိသည့်အတွက် ဝန်ကြီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး ခင်ညွန့် အား လွှဲပြောင်းပေးခဲ့ပြီး ဖိအားများကို ရင်ဆိုင်စေခဲ့သည်။ အတိုင်းတာတခုအထိ နိုင်ငံတကာခေါင်းဆောင်များ၏ ယုံကြည်မှုကို ဗိုလ်ချုပ်ကြီး ခင်ညွန့် ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ခွဲစိပ်ကုသမှုခံယူပြီးနောက် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ပြန်ပို့ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်ခေါင်းဆောင်ပြီး ဗိုလ်ချုပ် ကျော်ဝင်း၊ ဗိုလ်မှူးချုပ် သန်းထွန်းတို့ ပါဝင်သောအဖွဲ့ကို ဖွဲ့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးမှု ထပ်မံလုပ်စေခဲ့သည်။ အဓိက အချက်မှာ ၁၉၉၆ ခုနှစ်က ရပ်စဲခဲ့သော အမျိုးသားညီလာခံ ပြန်လည်စတင်မှုတွင် NLD ပြန်လည်တက်ရောက်ရေးဖြစ်သည်။ တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း အမြင်များ ဖလှယ်ခဲ့သည်ဟု သိရသည်။

အမျိုးသားညီလာခံကို NLD ကိုယ်စားလှယ်များ ပြန်တက်ရန် ၉၉ ရာခိုင်နှုန်း သေချာပြီးနောက် ရက်ပိုင်းအလိုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ပြောင်းသွားသည့်အတွက် အစီအစဉ်ပျက်သွားခဲ့သည်။ အကျိုးဆက်အနေဖြင့် အတိုက်အခံနှင့် ရင်းနှီးလာသော၊ နိုင်ငံတကာခေါင်းဆောင်များနှင့် အဆင်ပြေအောင် ဆက်ဆံနိုင်သော၊ တိုင်းရင်းသားများနှင့် ခင်မင်မှုရှိသော ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် အစိုးရအဖွဲ့မှ နုတ်ထွက်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြခဲ့သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “ မင်းကိုငါ ခိုင်းစရာရှိသေးတယ်” ဆိုကာ နုတ်ထွက်ခွင့်မပေးဘဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အချိုသပ်ခဲ့သည်။ တလအကြာမှ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးအဖွဲ့များအား ၄င်း၏ အနားတွင်ဆက်ထားလျှင် အန္တရာယ်ရှိလာနိုင်သည်ဟု သုံးသပ်လာခဲ့သည်အတွက် အာဏာရှင်တို့၏ လက်သုံးစကားအတိုင်း လာဘ်စားသည်ဆိုကာ စစ်ထောက်လှမ်းရေးများကို မျိုးဖြုတ်ပစ်ခဲ့သည်။

လက်ရှိ အစိုးရအသစ်လက်ထက်တွင် ယနေ့မြင်တွေ့နေရသော အခင်းအကျင်းသည် ယခင်ကထက်စာလျှင် အများကြီး အားရစရာကောင်းသည်ဟု မှတ်ချက်ပေးလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးထားခြင်း၊ သမ္မတ ဦးသိန်းစိန်သည် စစ်ခေါင်းဆောင်များအကြား နာမည်ပျက်မရှိခြင်း၊ လက်ရှိအစိုးရအတွင်း သဘောထားပျော့ပြောင်းသူ အင်အားစုများ အားကောင်းလာပြီး ပေါ်ပေါ်ထင်ထင် ရှေ့တန်းသို့ ထွက်ရဲလာခြင်း၊ ဆွေးနွေးပွဲ လုပ်ငန်းစဉ်များတွင် အရပ်သားတချို့ကို ပူးပေါင်းပါဝင်လာခွင့်ပြုခြင်း၊ မြန်မာနိုင်ငံ၏ အောက်တန်းနောက်တန်း ကျနေမှုကို အစိုးရကိုယ်တိုင် ဝန်ခံလာခြင်း၊ လာဘ်ပေးလာဘ်ယူကိစ္စများကို အစိုးရကိုယ်တိုင် အသိအမှတ်ပြုပြီး စတင်အရေးယူလာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးတွင် ပစ်ပယ်၍မရကြောင်း နားလည်သဘော ပေါက်လာခြင်းတို့သည် အားရစရာကောင်းသည့် အချက်များဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သတိထား ဆုံးဖြတ်ရမည့် အချက်များတွင် လက်ရှိအစိုးရ အသစ်ဆိုသော်လည်း အရပ်သားတချို့မှလွဲ၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ရေးရာ ဥက္ကဋ္ဌများ၊ အစိုးရဝန်ထမ်း အကြီးအကဲများ၊ သံအမတ်ကြီးများသည် ယခင်အစိုးရ လူဟောင်းများဖြစ်ခြင်း၊ စစ်အစိုးရလက်ထက် ကျူးလွန်ခဲ့သော အပြစ်များကို အကျူးလွန်ခံရသူများကိုယ်စား မည်ကဲ့သို့ အာမခံချက်များပေး၍ ခွင့်လွှတ်ပေးရမည့် ဆိုသည့်ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးကို ပြန်လည်ဆွေးနွေးရေး၊ စီးပွားရေး ပိတ်ဆို့အရေးယူမှု ပြန်လည်ပွင့်လာရေး၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ် တနည်းနည်းနှင့် အသိအမှတ်ပြုခံရရေးတို့ ပါဝင်သည်ဟု တင်ပြလိုပါသည်။ သို့သော် လက်ရှိအစိုးရအနေဖြင့် အမှန်တကယ် ရိုးသားစွာဖြင့် တွေ့ဆုံဆွေးနွေးပွဲ လမ်းကြောင်းသို့သွားလျှင် အထက်ပါအချက်များသည် မပြေလည်စရာ အကြောင်းမရှိပါ။

လက်ရှိဖြစ်ပေါ်နေသော သတင်းများအရ စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲလိုသော အင်အားစု အားကောင်းလာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်အတွင်း အောက်ခြေစစ်သည်မိသားစုများ အားကိုးစိတ် ပိုမိုများပြားလာခြင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အသက်အရွယ်ရလာပြီဖြစ်၍ ၄င်း၏မိသားစု လုံခြုံရေးအတွက် စိုးရိမ်ပူပန်စိတ် များလာခြင်း၊ ယနေ့အာရပ်ကမ္ဘာမှ ဖြစ်စဉ်များသည် စစ်ခေါင်းဆောင်များအတွက် သံဝေဂရစရာများဖြစ်နေခြင်းများ ဖြစ်ပေါ်နေသည်။

မိသားစုဝင်များ၏ ချမ်းသာမှုမှာ ဆယ်သက်စား၍ မကုန်နိုင်အောင် ကြွယ်ဝနေပြီဖြစ်၍ အနိုင်နှင့်ပိုင်းလိုခြင်း၊ စစ်တပ်အတွင်းနှင့် အာဏာပိုင်အဖွဲ့အစည်းအတွင်း စိတ်ကြိုက်နေရာများ ချပြီးခြင်းတို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် ၄င်း၏မိသားစုများအတွက် အာမခံချက်ပေးနိုင်သော သစ္စာရှိသည့် သမ္မတ ဦးသိန်းစိန်ကို ယခင်အချိန်အခါများနှင့်မတူ လွတ်လပ်စွာ လုပ်ပိုင်ခွင့် အထိုက်အလျောက် ပေးထားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ ကောင်းမွန်လာစေချင်သည့် ကျောင်းသား၊ စစ်သား၊ ဘုရားသား၊ တိုင်းရင်းသား၊ အလုပ်သမား၊ လယ်သမား၊ ပြည်သူပြည်သား အားလုံးသည် ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးဝိုင်းရံ၍ လိုအပ်သော သတင်း အချက်အလက်များ၊ အကြံဉာဏ်ကောင်းများပေးပြီး အကြမ်းမဖက်သောနည်းဖြင့် ညီညွတ်စွာ တက်ညီလက်ညီ အလုပ်လုပ်သင့်ကြသည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန်နှင့် သဘောထား ပျော့ပြောင်းသူများ၊ တပ်မတော်သားများကို အပြစ်မဆိုဘဲ နားလည်မှု ပေးနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး လက်တစ်ကမ်းသာ လိုတော့ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/7194-2011-08-31-10-52-17

irrawaddy myitsone tribute


http://www.ziddu.com/download/16248307/irrawaddymyitsonetribute.wmv.html

KNUခေါင်းဆောင် မန်းငြိမ်းမောင်ကို အစိုးရ ဖမ်းမိ


သန်းထိုက်ဦး Wednesday, 31 August 2011 13:43

ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို တရုတ် အာဏာပိုင်များက မြန်မာနိုင်ငံသို့ ပို့ဆောင်လိုက်သဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း မိသားစုဝင်များ၊ လုပ်ဖော် ကိုင်ဖက်များက ပြောသည်။

KNU-Karenမန်းငြိမ်းမောင်သည် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက ပြည်ဝင်ခွင့် မပြုဘဲ တရုတ်ပြည်သို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း၊ တရုတ်အာဏာပိုင်များက သူ့ကို ကူမင်းလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ယခင်လက ရန်ကုန်သွားမည့် လေယာဉ်တစီးဖြင့် မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မန်းငြိမ်းမောင်၏ သားကြီးဖြစ်သူက “အဖေ့ သတင်းကြားရတာ သိပ်မကောင်းဘူး၊ ကျနော်တို့ နောက်ဆုံးသိရတဲ့ သတင်းက အဖေ မြန်မာထောက်လှမ်းရေးလက်ထဲ ရောက်သွားပြီလို့ ကြားသိရတယ်” ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီကို ပြောသည်။

မန်းငြိမ်းမောင်သည် ထိုင်းမြန်မာနယ်စပ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လက မန်းငြိမ်းမောင်သည် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ သွားရောက်လေ့လာခဲ့သေးကြောင်း စစ်ရေး လေ့လာသူများ အဆိုအရ သိရသည်။

KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။

KNU တာဝန်ရှိသူများကလည်း မန်းငြိမ်းမောင်၏ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သည့် သူ့မိသားစုဝင်များက ပြောသည်။

မန်းငြိမ်းမောင် မြန်မာပြည်တွင် အဖမ်းခံရပါက သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အကြီးအကျယ် နှိပ်စက်ခံရဖွယ်ရှိသည်ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောအားတိုးက ဆိုသည်။

မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည်အကျဉ်းစခန်း၊ ထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူးသည်။

ကိုကိုးကျွန်းအကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကိုအောင်ငွေ တို့နှင့်အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးနိုင်ခဲ့သည်။ သို့သော်လည်း ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအတွေ့အကြုံများကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။

ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း မန်းငြိမ်းမောင် ပါဝင်ခဲ့သည်။
http://www.irrawaddy.org/bur/


အင်္ဂါ, 30 သြဂုတ် 2011
KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင် ပျောက်ဆုံးနေ

By မအေးအေးမာ

ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို သွားစဉ်မှာ ဗီဇာသက်တမ်း ကုန်ဆုံးသွားတာကြောင့် တရုတ်နိုင်ငံကရော ထိုင်းနိုင်ငံကပါ ပြန်ဝင်ခွင့်မပေးဘဲ ရှိနေရာက တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ KNU ဘက်က ထုတ်ဖော်ပြောကြားပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ တလလောက်က ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ခရီးသွားရင်း ဗီဇာသက်တမ်း ကုန်ဆုံးသွားတဲ့အတွက် ထိုင်းနိုင်ငံကို ပြန်ဝင်လာဖို့ အခက်အခဲ ရှိရာကနေ တရုတ်နိုင်ငံကို ပြန်ပို့တာ ခံရပြီးနောက် တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့ကြောင်း KNU တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက အခုလို ပြောပါတယ်။

“သူ ထိုင်းနိုင်ငံကနေ ထွက်ပြီး ကူမင်းကို သွားတယ်။ ကူမင်းရောက်ပြီး ပြန်လာတဲ့ အခါကျတော့ သူ့ရဲ့ ထိုင်းနိုင်ငံ ဗီဇာသက်တမ်း ကုန်ဆုံးနေပြီ။ အဲဒီတော့ ဒီကလည်း လက်မခံတော့ဘဲ ကူမင်း ပြန်ပို့တယ်။ ကူမင်းကလည်း ဒီဘက်ကို ပြန်ပို့ရင်း ပို့ရင်းနဲ့ ကျနော်တို့ သိရသလောက် ၂ ပတ် ၃ ပတ်လောက် ဟိုလေဆိပ်နဲ့ ဒီလေဆိပ် လူးလာခေါက်တုံ့ သုံးလေးခေါက်လောက် ဖြစ်ပြီး နောက်ပိုင်းမှာ ပျောက်သွားတယ်။ နောက်ဆုံး ပျောက်သွားတာ ကူမင်းလေဆိပ်မှာပဲ ပျောက်သွားတယ်။”

ဦးမန်းငြိမ်းမောင် ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး တရုတ်ပြည်ကနေ မြန်မာပြည်ကို ပြန်ပို့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့ တရုတ်နိုင်ငံက သက်ဆိုင်ရာ ရုံးတွေကို စုံစမ်းတဲ့ အခါမှာ တရုတ်နိုင်ငံဘက်က ပြန်ပို့တာ မဟုတ်ဘူးလို့ သတင်းရတယ်လို့လည်း ဆိုပါတယ်။ ဒီနောက် ကူမင်းကနေ ရန်ကုန်ကိုထွက်တဲ့ လေယာဉ်ရဲ့ အထွက်စာရင်းမှာ သူ့ရဲ့ ပတ်စ်ပို့ (Passport) နာမည်ကို တွေ့ရှိရကြောင်း စုံစမ်းတွေ့ရှိရတယ်လို့ ဦးအောင်ကျော်ဇောက ဆက်ပြောပြပါတယ်။

“ဇူလိုင်လကုန်ပိုင်းမှာ တပ်ပေါင်းစု ခေါင်းဆောင်တယောက် ကျနော့်ကို အကူအညီတောင်းတယ်။ တရုတ်ပြည်ကို နည်းနည်း စုံစမ်းပေးပါ၊ ကိုမန်းငြိမ်းမောင် ဇူလိုင်လပိုင်းက ခွေးမင်လေဆိပ်မှာ ပျောက်သွားတယ်လို့ သတင်းကြားတယ်။ အဲတော့ ကျနော်နဲ့ သူနဲ့ပဲ သက်ဆိုင်ရာ တရုတ်ဌာနတွေကို စုံစမ်းတဲ့ အခါမှာ ကျနော်တို့ရတဲ့ သတင်းက ၂၃ ရက်နေ့မှာ သူ တခေါက် ချင်းမိုင်ကို ထွက်တယ်။ ချင်းမိုင်လေဆိပ်က လက်မခံလို့ ပြန်လာတယ်။

“နောက်တခါ ညနေပိုင်းမှာ ဘန်ကောက်ကို လေယာဉ်ပျံ တခေါက် ပြန်ကူးတယ်။ ဘန်ကောက်လေဆိပ်က လက်မခံလို့ ပြန်လာရတယ်။ အဲဒီလို ဖြစ်ပြီးနောက် ဒီမှာရှိတဲ့ သူ့ရဲ့အသိတယောက်က ရန်ကုန်လက်မှတ် ၀ယ်ပေးတယ်။ ကျနော်တို့ ၂ ယောက် ထပ်စုံစမ်းတဲ့ အခါကျတော့ သူက ၂၄ ရက်နေ့လား၊ ၂၅ ရက်နေ့လား မသိဘူး၊ အဲဒီ ရန်ကုန်လက်မှတ်နဲ့ လေယာဉ်ကွင်းမှာတော့ အထွက်ပြထားတယ်။ သူ ပါသွား၊ မပါသွားတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။”

ဦးမန်းငြိမ်းမောင် ပျောက်ဆုံးတဲ့ သတင်းနဲ့ ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံးက ရှာဖွေ စုံစမ်းတာတွေ လုပ်တဲ့အခါမှာ မြန်မာပြည်မှာ အဖမ်းခံထားရတယ်ဆိုတဲ့ သတင်းသာ ကြားရပြီး အတည်ပြုချက်တော့ မရသေးဘူးလို့ ဆိုပါတယ်။

“KNU က ရှာတာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်လှမ်းမီသလောက် ပြည်တွင်း ပြည်ပ သက်ဆိုင်ရာ မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ ရှာပါတယ်။ မြန်မာပြည်ထဲ ပြန်ရောက်သွားပြီးတော့ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေနဲ့ ငြိပြီးတော့ တခြားပုဂ္ဂိုလ်တချို့နဲ့အတူ အဖမ်းခံရတယ်လို့ အဲဒီလောက်ပဲ ကျနော်တို့ သိရပါတယ်။”

ဦမန်းငြိမ်းမောင်ဟာ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်တဦး ဖြစ်သလို KNU အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုဖြစ်တဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာလည်း ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး တာဝန်ခံအဖြစ် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/

ဒေါ်အောင်ဆန်းစုကြည်ကိုဝန်းရံရေး ၈၈ ခေါင်းဆောင်တို့ တိုက်တွန်း


လင်းသန့် Wednesday, 31 August 2011 18:20
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ၀န်းရံပေးကြရန် အကျဉ်းကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက တိုက်တွန်းလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစိုးရသစ်၏ အသုံးချခံမဖြစ်ရေးအတွက် ဂရုစိုက်ရန် သတိပေး လိုက်သည်။

၂၀၀၇ ခုနှစ်က ရန်ကုန်မြို့ နိုင်ငံရေးလှုပ်ရှားမှု တခုတွင် တွေ့ရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ - AP)
“ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအခြေအနေ အချိန်အခါမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင် ဖြစ်တယ်။ ဒါ ကြောင့် ဒေါ်အောင်ဆန်းစုကြည် အခု ဆောင်ရွက်နေတာတွေကို ပိုပြီးအဆင်ပြေ ချောမွေ့စေဖို့အတွက် ဒီမိုကရေစီ အင်အားစု အားလုံးကို ဆက်လက် ထောက်ခံဖို့ တိုက်တွန်းတယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က အမှာစကား ပါးလိုက်ကြောင်း သူ၏ ယောက်ဖ ကိုဖြိုးမင်းသိန်းက ဧရာဝတီကို ယနေ့ ပြောပြသည်။

ကိုဖြိုးမင်းသိန်းသည် မကြာသေးမီက ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက် တွေ့ခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်၊ မိုင်းဆတ် အကျဉ်းထောင်ရှိ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုကိုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်သွားမည် ဟူသော ပြောဆိုမှုများသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် ပထမခြေလှမ်းဟု မှတ်ယူပြီး သတိနှင့် ကြိုဆိုလိုက်သည်ဟု သိရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုအတွက် ထားရှိသည့် ရိုးသားသည့် စေတနာကို အစိုးရသစ်က အသုံးချခြင်း မပြုနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သတိရှိသင့်ကြောင်း ကိုကိုကြီးက တိုက်တွန်းလိုသည်ဟု မိုင်းဆတ်အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

၁၉၈၈ လူထုလှုပ်ရှားမှုကာလ ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချို (ကိုဌေးဝင်းအောင်)၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ ကိုဉာဏ်လင်းမင်းနှင့် ကိုအောင်နိုင် တို့သည် ၂၀၀၇ ခုနှစ်က လောင်စာဆီဈေးများ မြင့်တက်မှုကြောင့် ဆန္ဒပြခဲ့သည့် အတွက် ယခင်စစ်အစိုးရက ဖမ်းဆီးခဲ့သည်။

နောက်ပိုင်းတွင် ထောင်ဒဏ် ၆၅ နှစ် ၆ လ စီ ချမှတ်ခြင်း ခံရပြီး နိုင်ငံ အစွန်အဖျားရှိ ရာသီဥတု ဆိုးရွားသောထောင်များ အပါအ၀င် နယ်ဘက် အကျဉ်းထောင်များသို့ ရောက်ရှိသွားသည်။

ယခုအခါ မိသားစု ထောင်ဝင်စာ သွားရောက်တွေ့ဆုံရန် ခက်ခဲခြင်း၊ ထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်ဟု သိရသည်။

ယခုအခါ ၎င်းတို့ကို ဖမ်းဆီးထောင်ချခဲ့သော စစ်အစိုးရဟူ၍ မရှိတော့ဘဲ အရပ်သားအစိုးရ ပေါ်ပေါက်လာပြီ ဖြစ်သောကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်းစွာ လုပ်ဆောင်ခဲ့ကြသည့် ၈၈ မျိုးဆက် ခေါင်းဆောင်များကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်ကြောင်း မိသားစုဝင်များက ပြောသည်။
http://www.irrawaddy.org/bur/index.php/news/7197-2011-08-31-11-22-47