Friday, September 2, 2011

၂.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/bs3xcqf6gepa2eo/2%20August%202011%20Yeyintnge%27s%20diary.doc
http://www.mediafire.com/file/qapmn5i9hy47iun/2%20August%202011%20Yeyintnge%27s%20diary.pdf

http://www.ziddu.com/download/16266890/2August2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16266891/2August2011Yeyintngesdiary.pdf.html

2 August 2011 Yeyintnge's Diary

ယန်စီမှ ဧရာဝတီ သို့ …


Published on September 2, 2011 by နေသွင်

တရုတ်ပြည်က ရေကာတာတွေကို ပေါက်ကွဲခါနီး ချိန်ကိုက်ဗုံးလို့ တင်စားကြပါတယ်။ လောလောဆယ် တရုတ်ပြည်က ရေကာတာပေါင်း ၄ သောင်းဟာ ကျိုးပေါက်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်ပြည်က မြို့ကြီးတွေရဲ့ ၄ ပုံ ၁ ပုံဟာ အဲဒီ ရေကာတာတွေရဲ့ အောက်ပိုင်းမှာ ရှိနေကြပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေက စလို့ တရုတ်ပြည်မှာ နှစ်စဉ်နှစ်တိုင်း ရေကာတာ ၆၅ ခုဟာ ပုံမှန်ကျိုးပေါက်နေပါတယ်။

၁၉၇၅ ခုနှစ်တုန်းက ဟီနန်းပြည်နယ်ထဲက ဇူမာဒီယံ ရေကာတာ ကျိုးပေါက်သွားတဲ့ အတွက် လူပေါင်း ၂ သိန်း ၆ သောင်း သေဆုံးခဲ့ရပါတယ်။ နောက်ထပ် လူပေါင်း ၁၄၅,၀၀၀ လည်း နောက်ဆက်တွဲ ကူးစက်ရောဂါတွေနဲ့ အငတ်ဘေးကြောင့် သေဆုံးခဲ့ရဖူးပါတယ်။ တရုတ်ပြည်က ရေကာတာတွေကြောင့် လူပေါင်း ၂၃ သန်း နေရပ်တွေကနေ စွန့်ခွာခဲ့ရပါတယ်။ လူပေါင်း ၈ သောင်း သေဆုံးခဲ့ရတဲ့ ၂၀၀၈ စီချွမ်း ငလျင်ဖြစ်ရတာ ဇီပင်ပူ ရေကာတာ (Zipingpu Dam) ကြောင့်လို့ ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားတွေလည်း ရှိနေပါတယ်။

ဒါကြောင့် အခု မြန်မာပြည်မှာ တည်ဆောက်မယ့် မြစ်ဆုံ ရေကာတာ စီမံကိန်းဟာ ငလျင်ကျောကို ဆွပေးသလို ဖြစ်မယ်လို့ ပညာရှင်တွေက ထောက်ပြ နေကြတာပါ။

ရေကာတာ တည်ဆောက်တဲ့ နည်းပညာအရာမှာ တရုတ်တွေ ဂုဏ်ယူလေ့ရှိတဲ့ ကမ္ဘာပေါ်က အကြီးဆုံးရေကာတာဟာ တရုတ်ပြည်မှာ တည်ရှိပါတယ်။ ယန်စီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ (Three Gorges Dam) မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီးပါ။ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၈,၀၀၀ ထုတ်လုပ်ပြီး ဧရာဝတီမြစ်ပေါ်မှာ တရုတ်ကုမ္ပဏီက တည်ဆောက်နေတဲ့ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနဲ့ နှိုင်းယှဉ်ရင် ၃ ဆပိုပါတယ်။ မြစ်ချင်းယှဉ်ရင်လည်း ယန်စီမြစ်ကတော့ အာရှက အရှည်ဆုံးမြစ်ဖြစ်ပြီး၊ မိုင်ပေါင်း ၃၉၀၀ ကျော် ရှည်လျားပါတယ်။ မြန်မာပြည်ရဲ့ ဧရာဝတီမြစ်က မိုင်ပေါင်း ၁၃၀၀ ရှည်လျားတဲ့အတွက် ယန်စီမြစ်က၊ ဧရာဝတီထက် ၃ ဆပို ရှည်ပါတယ်။

ဒါကြောင့် ယန်စီမြစ်ပေါ်က မြစ်ကျဉ်းသုံးသွယ်ရေကာတာကြောင့် လောလောဆယ် ခံစားနေရတဲ့ ဆိုးကျိုးတွေဟာ ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံရေကာတာ တည်ဆောက်ပြီးရင် ကြုံရမယ့် ဆိုးကျိုးတွေပဲလို့ ယူဆလို့ရ နိုင်ပါတယ်။

ယန်စီ ရေကာတာဟာ တရုတ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး တနှစ်မှာ ကျောက်မီးသွေး တန်ချိန် သန်း ၃၀ ကို အစားထိုး ပေးနိုင်ပါတယ်။ ဒါပေမယ့် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ ပထ၀ီဆိုင်ရာ၊ ဘဏ္ဍာရေး ကုန်ကျမှုတွေကျတော့ ယုံနိုင်စရာတောင် မရှိပါဘူး။ လောလောဆယ် ယန်စီမြစ်ပေါ်က မြစ်​ကျဉ်းသုံးသွယ်ရေကာတာကြောင့်

၁။ မြို့ကြီး ၁၃ မြို့၊ မြို့ငယ် ၁၄၀၊ ရွာပေါင်း ၁၃၅၀ ရေနစ်မြှုပ်ပြီး လူပေါင်း ၁ သန်း ၂ သိန်း နေရပ်စွန့်ခွာခဲ့ရပါတယ်။ အစိုးရက ကတိတွေ အထပ်ထပ်ပေးပေမယ့် ပြောင်းရွှေ့ရသူတွေဟာ နစ်နာကြေးတွေ အလိမ်ခံ၊ အလုပ်လက်မဲ့၊ မြေယာမဲ့ဘ၀ ရောက်ကြပါတယ်။ မြို့သစ်တွေ တည်ပေမယ့် တချို့ပဲ အခြေတကျ ပြန်ဖြစ်ပြီး အလုပ်လက်မဲ့ဘ၀၊ ဆင်းရဲမွဲတေတဲ့ အခြေအနေ ရောက်ရသူတွေလည်း မနည်းပါဘူး။

၂။ ရေကာတာကြောင့် အာရှရဲ့ အရှည်ဆုံးမြစ် ယန်စီရဲ့ ဂေဟစနစ် အကြီးအကျယ် ပျက်ယွင်းသွားခဲ့ပါတယ်။ အရင်တုန်းက အရှိန်အဟုန်နဲ့ စီးဆင်းခဲ့ဖူးတဲ့ ယန်စီမြစ်ဟာ ရေသေမြစ် တစင်းလို ဖြစ်လာပြီး အမှိုက်တွေ၊ ဒိုက်တွေ၊ အဆိပ်ရေမှော်တွေ ပေါက်ရောက်ရာ မြစ်ကြီး ဖြစ်လာပါတယ်။ ငါးတွေ ကူးသန်းမှု မရှိတော့တာကြောင့် စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းတွေ ကျဆင်းသွားပါတယ်။ ယန်စီ လင်းပိုင် (လပိုင်) တွေ မျိုးတုံးပျောက်ကွယ်သွားသလို တခြား ရေသတ္တ၀ါ မျိုးစိတ်တွေလည်း မျိုးတုံးတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

၃။ ရေကာတာက စီးကျတဲ့ ရေအရှိန်ကြောင့် ယန်စီ တောင်ကျော တလျှောက်မှာ ဆင်ခြေလျောတွေ ပြိုကျကုန်ပါတယ်။ မကြာခဏ မြေပြိုတာတွေ ဖြစ်ပါတယ်။ ရေကာတာ ရှိတဲ့ ဒေသရဲ့ တ၀က်လောက်မှာ မြေပြိုတာတွေ ဖြစ်နေပြီး နောက်ထပ် လူပေါင်း ၃ သိန်း ပြောင်းရွှေ့ရဖို့ ရှိနေပါတယ်၊

၎။ ယန်စီမြစ်ဟာ နှစ်စဉ် နုန်းတန် သန်း ၅၀၀ မြစ်အောက်ပိုင်းကို ပို့ချပါတယ်။ အခုတော့ ရေစီးနှုန်းကျသွားပြီး နုန်းမြေတွေ ယန်စီ မြစ်ဝှမ်းဒေသကို မပို့ချတော့ပါဘူး။ အကျိုးဆက်အဖြစ် နှစ်စဉ် ကမ်းရိုးတန်းဒေသ ၄ စတုရန်း ကီလိုမီတာ ရေတိုက်စားခံနေရပါတယ်။ မြစ်ဝှမ်းဒေသ ကျွံသွားပြီး ပင်လယ်ရေ ၀င်ရောက်လာတာကြောင့် စိုက်ပျိုးရေးနှင့် သောက်သုံးရေကို ထိခိုက်နေပါတယ်။ မြစ်ထဲမှာ အာဟာရဓာတ်တွေ လျော့နည်းသွားတဲ့အတွက် ကမ်းခြေက ငါးတွေရဲ့ အသက်ရှင်မှုကိုလည်း ထိခိုက်စေပြန်ပါတယ်။

ဒါဟာ မြစ်​ကျဉ်းသုံးသွယ်ရေကာတာ စတင်လည်ပတ်တဲ့ ၂၀၀၈ ခုနှစ်က တွက်ရင် ၃ နှစ်ပဲ ရှိပါသေးတယ်။

ဒါက တပိုင်းဖြစ်ပါတယ်။ တဘက်က ကြည့်မယ်ဆိုရင်တော့ ၂၀၀၇ ခုနှစ်မှာ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံး ထုတ်လွှင့်တဲ့ နိုင်ငံဖြစ်လာပါတယ်။ ၂၀၀၉ ခုနှစ် ကိုပင်ဟေဂင် ရာသီဥတုထိပ်သီးညီလာခံမှာ တရုတ်အစိုးရက ကာဗွန်သိပ်သည်းဆ (ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်တာ) ကို ၂၀၂၀ နှစ်ကျရင် ၄၀ ရာခိုင်နှုန်း လျှော့ချဖို့ ကြေညာခဲ့ပါတယ်။ အဲဒီကတိကို တည်ဖို့ တရုတ်အစိုးရအတွက် လာမယ့် ၅ နှစ်အတွင်းမှာ ၁၄၀ ဂစ်ဂါဝပ် ထုတ်လုပ်ပေးနိုင်မယ့် ရေအားလျှပ်စစ်စက်ရုံတွေ လိုအပ်လာပါတယ်။

တချိန်တည်းမှာ တရုတ်ဟာ ရေကာတာတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ရန်ဖြစ်နေရပါတယ်။ မဲခေါင်မြစ် ကော်မရှင် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်တို့က မြစ်ထက်ပိုင်းက တရုတ်ရေကာတာ ၁၁ ခုမှာ ရေတွေ အဆမတန် ပိတ်လှောင်တာကြောင့် မြစ်အောက်ပိုင်းဒေသတွေမှာ ရေနည်းသွားတာကို မကျေမနပ် ကန့်ကွက်နေကြပါတယ်။ ဒီလိုအခြေအနေကြားကပဲ တရုတ်က သူ့ နိုင်ငံတောင်ပိုင်းက ယူနန်ပြည်နယ်ထဲမှာ ရေကာ ၈ ခုကို ဆက်ဆောက်နေပြီး ၄ ခုက ပြီးနေပြီလို့ သိရပါတယ်။ မဲခေါင်ဒေသ နိုင်ငံတွေကလည်း သူတို့ နယ်စပ်နားက အဲဒီရေကာတာတွေကို မဆောက်ဖို့ အပြတ်ဆန့်ကျင်နေကြပါတယ်။

ဒီအခြေအနေ နောက်ခံမှာ မြန်မာပြည်မှာ မြစ်ဆုံရေကာတာတည်ဆောက်ဖို့ ဖြစ်လာတာပါပဲ။ မြစ်ဆုံရေကာတာကြီး ပြီးသွားရင် ကမ္ဘာမှာ ဆဌမမြောက် အကြီးဆုံး ရေကာတာ ဖြစ်လာမှာပါ။ မြစ်ဆုံရေကာတာအရွယ် ရေကာတာတွေ ကမ္ဘာမှာ အမေရိကားနှင့် ရုရှမှာပဲ ရှိတာပါ။ ဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာ အရာမှာ မြန်မာပြည်နဲ့ ဆီနှင့် ရေလို ကွာဟာနေတဲ့ နိုင်ငံတွေပါ။ တရုတ်နိုင်ငံကတော့ သူ့အခြေအနေ၊ လူဦးရေသန်း ၁၃၀၀ ရဲ့ လိုအပ်ချက်၊ သူ့အကျိုးစီးပွားနှင့်သူမို့လို ဘာမှ ပြောစရာ မရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မြန်မာပြည်က နိုင်ငံအကြီးအကဲ ဆိုသူတွေက မိမိနိုင်ငံ ပိုင်နက်ထဲက၊ နိုင်ငံရဲ့ အဓိက အသက်သွေးကျောလည်းဖြစ်၊ အစဉ်အလာကြီးလှတဲ့ ဧရာဝတီမြစ်ကိုမှာ တရုတ်လက်ထဲ ၀ကွက်အပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေကြားက ဆက်ဆံရေးဟာ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး ထက်တောင် ကျော်သွားပြီလားလို့ တွေးစရာ ဖြစ်လာပါတယ်။

အဲဒီစီမံကိန်းကနေ ထွက်တဲ့ လျှပ်စစ်ဓာတ် အားလုံးနီးပါးကို တရုတ်ကို ရောင်းရင်၊ မြန်မာအစိုးရက နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် အခုလည်း မြန်မာပြည်ကနေ သဘာဝဓာတ်ငွေ့လို သယံဇာတတွေ၊ ကျောက်မျက်ရတနာတွေ ထုတ်ရောင်းနေပေမယ့် လူထုဘ၀တွေ ဘာတခုမှ ထူးခြား ပြောင်းလဲသွားတာ မတွေ့ခဲ့ရပါဘူး။

တိုင်းသူပြည်သား အများစုကတော့ ဆင်းရဲတွင်းထဲက မတက်နိုင်သေးပါဘူး။ ဧရာဝတီမြစ်ကြီးကို ရောင်းစားလို့ ရမယ့်ငွေကိုလည်း ပြည်သူလူထုက မျှော်လင့်နေတာ မဟုတ်ပါဘူး။ ဒီစီမံကိန်းကို စမယ်ဆိုတဲ့ အချိန်တုန်းကလည်း ပြည်သူလူထုကို အသိမပေးခဲ့ပါဘူး။ တဖက်မှာ တရုတ်ကုမ္ပဏီတွေရော၊ တရုတ်အစိုးရ ကိုယ်တိုင်ပါ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပတ်သက်လို့ သူ့ပြည်တွင်းမှာရော၊ အာရှ၊ အာဖရိကမှာပါ နာမည်မကောင်းပါဘူး။

ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဖျားမှာ တည်ဆောက်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းက ဖြစ်လာမယ့် ဆိုးကျိုးတွေကို တရုတ်မြန်မာ ပညာရှင်တွေကလည်း ထောက်ပြထားပြီး ဆက်မလုပ်ဖို့ တောင်းဆို ထားကြပါပြီး၊ ရေတိုမှာရော၊ ရေရှည်မှာပါ ဘာမှ အကျိုးပြုစရာ မရှိဘူးဆိုတာ သက်သေတွေ နေရာတကာမှာ အများကြီး ရှိနေပါတယ်။

ဒီအခြေအနေ အရပ်ရပ်ကို မစူးစမ်းဘဲ အာဏာပိုင်တွေက ရေကာတာကို ဆောက်လုပ်ဖို့ သဘောတူခဲ့တာပါ။ အခုလည်း ကချင်ပြည်နယ်က တိုက်ပွဲတွေကြား၊ ကန့်ကွက်နေတဲ့ ကြားကပဲ မြစ်ဆုံစီမံကိန်းကို တရုတ်ကုမ္ပဏီက ဆက်ပြီး အကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘာမှ အသုံးမကျတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ရှေ့ဆက်တိုးလို့ မရအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တွန်းတွန်းတိုက်တိုက် တိုက်တွန်းဖို့၊ တိုက်တွန်းတဲ့နည်းနဲ့ မရရင် ရတဲ့နည်းနဲ့ လုံးဝရပ်သွားအောင် ဖျက်ကြဖို့ပဲ ပြည်သူတွေအတွက် ရွေးစရာ ကျန်ပါတော့တယ်။

ဒီတခါ လူထုက အလျှော့ပေးလိုက်ရင်တော့ ဧရာဝတီရဲ့ နောက်ဆုံးနေ့တွေကို ကျနော်တို့ သက်တမ်းမှာပဲ မြင်တွေ့ရဖွယ်ရှိတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
http://burmese.dvb.no/archives/15058

လွှတ်​တော်နဲ့​ သတင်း​ရယူခွင့်


Published on September 2, 2011 by တိုင်းကျော်

ကျင်း​ပ​နေဆဲ လွှတ်​တော်အစည်း​အ​ဝေး​တွေနဲ့​ ပတ်သက်ပြီး​ ထူး​ခြား​တာ တခုက​တော့​ အစိုး​ရ မီဒီယာ​တွေတင်မက အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်း​ဂျာနယ်​တွေကိုပါ သတင်း​ယူခွင့်​ ​ပေး​လိုက်ခြင်း​ပါပဲ။ ဒီလို သတင်း​ရယူခွင့်​ ​ပေး​လိုက်တဲ့​အတွက် ပြည်သူ​တွေအတွင်း​ သတင်း​စီး​ဆင်း​မှု ​ချေ​မွေ့​သွား​ပါပြီလား​။ လွှတ်​တော်နဲ့​ ပတ်သက်ပြီး​ ပြည်သူ​တွေ သတင်း​အပြည့်​အဝ ရသွား​ကြပါပြီလား​ ဆိုတာ ​ဆွေး​နွေး​တင်ပြသွား​မှာ ဖြစ်ပါတယ်။

ပြီး​ခဲ့​တဲ့​ ဩဂုတ် ၂၂ ရက်​နေ့​ လွှတ်​တော်အစည်း​အ​ဝေး​တွေ စ​တော့​ အစိုး​ရ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနဟာ ပြည်တွင်း​အ​ခြေစိုက် နိုင်ငံခြား​သတင်း​ဌာန​တွေနဲ့​ ပြည်တွင်း​က ပုဂ္ဂလိက သတင်း​ဂျာနယ်​တွေကိုပါ သတင်း​ယူဖို့​ ဖိတ်ကြား​ခဲ့​ပါတယ်။

ဒီအတွက် သတင်း​ထောက်​ပေါင်း​ ၉ဝ ​ကျော် လွှတ်​တော်ကို သွား​ရောက် သတင်း​ယူခဲ့​ပါတယ်။ ဒီလို သွား​ရောက် သတင်း​ယူရာမှာ စည်း​ကမ်း​ချက် ၁၆ ချက် ထုတ်ပြန်ပြီး​ ကန့်​သတ် ထိန်း​ချုပ်တာမျိုး​ လုပ်ခဲ့​ပါတယ်။

အဲဒီ စည်း​ကမ်း​ချက်​တွေအရ သတင်း​ထောက်​တွေဟာ သတ်မှတ်ထား​တဲ့​ ဧရိယာမှာသာ သွား​လာလှုပ်ရှား​ရပြီး​ လွှတ်​တော်ကိုယ်စား​လှယ်​တွေနဲ့​ လွတ်လွတ် လပ်လပ် ​တွေ့​ဆုံ​မေး​မြန်း​ခွင့်​ မရပါဘူး​။

လွှတ်​တော်အ​ဆောက်အဦ ပရဝဏ်အတွင်း​မှာ ​တွေ့​ဆုံ​မေး​မြန်း​ခွင့်​ မရရုံမက လွှတ်​တော်ပြီး​လို့​ ပြန်နား​ချိန် စည်ပင်ဧည့်​ရိပ်သာလို ​နေရာမျိုး​မှာလည်း​ လူချင်း​ သွား​တွေ့​လို့​ မရပါဘူး​။ တယ်လီဖုန်း​က​နေ တဆင့်​သာ ဆက်သွယ် ​မေး​မြန်း​ခွင့်​ရပါတယ်။ ဒါ​ပေမယ့်​ ဘယ်လိုပဲ ဖြစ်ပါ​စေ၊​ သတင်း​ထောက်​တွေဟာ လွှတ်​တော်အတွင်း​ အချိန်အကန့်​အသတ်နဲ့​ ဓာတ်ပုံရိုက်ခွင့်​ရပါတယ်။

လွှတ်​တော်အမတ်​တွေ ​ပြောဆို ​ဆွေး​နွေး​နေတာကို သီး​သန့်​အခန်း​ ရုပ်သံက​နေတဆင့်​ တိုက်ရိုက်မြင်ရပါတယ်။ ဒါကို အသံဖမ်း​ပြီး​ သတင်း​ ​ရေး​နိုင်ပါတယ်။ ​ရေး​ထား​တဲ့​ သတင်း​တွေကို လွှတ်​တော်အ​ဆောက်အဦ​တွေက​နေ ​ပေး​ပို့​ချင်ရင် အများ​ပိုင် တယ်လီဖုန်း​သုံး​ပြီး​ ကိုယ့်​သတင်း​ဌာန သို့​မဟုတ် ဂျာနယ်တိုက်ကို ​ပေး​ပို့​နိုင်ပါတယ်။ ကိုယ်ပိုင် မိုဘိုင်း​ဖုန်း​က​နေ ​ပေး​ပို့​လို့​မရတာ၊​ အင်တာနက်က​နေ ​ပေး​ပို့​လို့​ မရတာမျိုး​က​တော့​ အကန့်​အသတ် ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်​တော် အစည်း​အ​ဝေး​ တခုလုံး​ကို​တော့​ သတင်း​ရယူနိုင်တာ ဖြစ်ပါတယ်။

နောက်ထပ် အစိုး​ရဘက်က လိုက်​လျောတာတခုက သတင်း​ယူရမယ့်​ ရက် ကန့်​သတ်ထား​တာ မရှိခြင်း​ပါ။ ဒီအတွက် သတင်း​ဌာန​တွေဟာ လွှတ်​တော် သတင်း​ထောက် ထား​ချင်တယ်ဆိုရင် လွှတ်​တော်ကျင်း​ပ​နေစဉ် ကာလ တ​လျှောက်လုံး​ ကိုယ့်​သတင်း​ထောက် ကိုယ်ထား​ပြီး​ သတင်း​ယူနိုင်ပါတယ်။ ဒါ​ပေမယ့်​ ဒီသတင်း​တွေ ပြည်သူ​တွေထံ ​ရောက်ရဲ့​လား​ ဆိုတာက​တော့​ ​မေး​စရာ ​မေး​ခွန်း​ဖြစ်ပါတယ်။

နိုင်ငံခြား​ အ​ခြေစိုက် သတင်း​ထောက်​တွေက​တော့​ လွှတ်​တော်ဝင်း​ အများ​သုံး​ တယ်လီဖုန်း​က​နေ သူတို့​ အ​ခြေစိုက် ရန်ကုန်က ရုံး​ခန်း​၊​ အဲဒီက​နေ အင်တာနက် က​နေတဆင့်​ သက်ဆိုင်ရာ သတင်း​ဌာန​တွေဆီ အချိန်နဲ့​ တ​ပြေး​ညီ သတင်း​ပို့​နိုင်ကြပါတယ်။ ပုဂ္ဂလိက ဂျာနယ်​တွေဟာလည်း​ အလား​တူ သတင်း​ရယူ ​ပေး​ပို့​လို့​ ရပါတယ်။ ဒါ​ပေမယ့်​လည်း​ လွှတ်​တော်အစည်း​အ​ဝေး​ စပြီး​လို့​ တပတ်မပြည့်​ခင်မှာပဲ နဂိုဖွင့်​ပွဲ​နေ့​က အ​ယောက် ၉ဝ ​ကျော်​လောက်ရှိတဲ့​ သတင်း​ထောက်​တွေအနက် ၂ ​ယောက်​လောက်ပဲ လွှတ်​တော်သတင်း​ယူတာ ရှိပါ​တော့​တယ်။ ဒီလို ဘာ​ကြောင့်​ဖြစ်ရသလဲ ဆိုတာ ဆန်း​စစ်ကြည့်​ဖို့​ လိုလာပါတယ်။

နိုင်ငံခြား​သတင်း​ဌာနက သတင်း​ထောက်​တွေ ပြန်သွား​ကြတာက​တော့​ လူခွဲ မရှိလို့​ပါ။ ​နောက် လွှတ်​တော်အစည်း​အ​ဝေး​တွေကလည်း​ ​နေ့​စဉ် ထူး​ခြား​မှု ရှိမယ် မရှိဘူး​ မ​ပြောနိုင်လို့​ ဖြစ်ပါတယ်။ ပြည်တွင်း​ ဂျာနယ်သတင်း​ထောက်​တွေ ပြန်သွား​ရတဲ့​ ပထမ အချက်က​တော့​ ဂျာနယ်အား​လုံး​ဟာ တပတ်မှာ တကြိမ်သာ ထုတ်​ဝေကြရလို့​ ဖြစ်ပါတယ်။ ကိုယ်က ​နေ့​စဉ် ဘယ်​လောက်ပဲ သတင်း​တွေ ရရ ရသမျှ တပတ်မှာ တကြိမ်သာ ထုတ်​ဝေ ​ဖော်ပြခွင့်​ရတာမို့​လို့​ ဘာမှမထူး​ဘူး​လို့​ ယူဆကြတာ​ကြောင့်​ ဖြစ်ပါတယ်။

ဒီထက် ပိုအ​ရေး​ကြီး​တဲ့​အချက်က လွှတ်​တော်ထဲမှာ အ​ရေး​ကြီး​တာ​တွေ ပြည်သူ​တွေ သိသင့်​တာ​တွေ ​ဆွေး​နွေး​မယ် ဒါကို သတင်း​စာမှာလည်း​ မ​ဖော်ပြဘူး​ဆိုရင် သတင်း​ထူး​ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ အဲလို သတင်း​တွေမှန်သမျှ စာ​ပေစိစစ်​ရေး​က ပယ်ချတာ​ကြောင့်​ ​ဖော်ပြခွင့်​မရ ဖြစ်ကြပါတယ်။ ဒီလို စာ​ပေစိစစ်​ရေး​ကြောင့်​ ​ဖော်ပြခွင့်​မရမယ့်​ အတူတူ သတင်း​ထောက်​တွေ ဆက်မ​နေတာဘဲ ​ကောင်း​တယ် ဆိုပြီး​ ဆုံး​ဖြတ်လိုက်ကြပုံလည်း​ ရပါတယ်။

နောက်တချက်က​တော့​ စရိတ်ပါ။ ပြည်တွင်း​က ဂျာနယ်တိုက် ပိုင်ရှင်အများ​စုဟာ သတင်း​ထောက်​တွေကို ခရီး​စရိတ် လုံလုံ​လောက်​လောက် ​ပေး​လေ့​ မရှိပါဘူး​။ ဒါ​ကြောင့်​လည်း​ သတင်း​ထောက်​တွေ ကြာကြာမ​နေနိုင်ဘဲ ပြန်ကြတာ ဖြစ်ပါတယ်။ အဓိကက​တော့​ သတင်း​ထောက်​တွေက ​ပေး​ပို့​သမျှ သတင်း​တွေအား​လုံး​ စာ​ပေစိစစ်​ရေး​တင် ခွင့်​ပြုမှ ထုတ်​ဝေဖြန့်​ချိရတဲ့​ အခက်အခဲ​ကြောင့်​ ဖြစ်ပါတယ်။

ဒါ​ကြောင့်​လည်း​ ခု​နောက်ပိုင်း​ လွှတ်​တော်သတင်း​တွေနဲ့​ ပတ်သက်ရင် ပြည်သူ​တွေဟာ သတင်း​စာမှာ ​ဖော်ပြသ​လောက်သာ ဖတ်ရပါတယ်။ အစိုး​ရ သတင်း​စာကလည်း​ ​နေ့​စဉ်နဲ့​အမျှ လွှတ်​တော်သတင်း​တွေကို ထိန်ချန်တာ၊​ လိုရာ ဆွဲ​ရေး​တာ၊​ မပြည့်​မစုံ​ရေး​တာမျိုး​ လုပ်လာပါတယ်။

ဥပမာအား​ဖြင့်​ သင်္ဃန်း​ကျွန်း​ အမျိုး​သား​လွှတ်​တော်အမတ် ဦး​သိန်း​ညွန့်​က တင်ပြပြီး​ စစ်တပ်ကိုယ်စား​လှယ်​တွေ အပါအဝင် ကိုယ်စား​လှယ်အ​တော်များ​များ​ ​ထောက်ခံတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ကိစ္စကို စာ​ကြောင်း​ရေနည်း​နည်း​နဲ့​ မပြည့်​မစုံ ​ဖော်ပြပါတယ်။

နောက် ငြိမ်း​ချမ်း​ရေး​အတွက် အမြဲတမ်း​ကော်မတီဖွဲ့​ရေး​ ​ဒေါက်တာ​အေး​မောင် တင်ပြတဲ့​ အဲဒီအဖွဲ့​ထဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည်လို တိုင်း​ပြည်က ကြည်ညို ​လေး​စား​သူကို ဖိတ်​ခေါ်ထည့်​သွင်း​ရေး​ ဆိုတာမျိုး​ကိုလည်း​ သတင်း​စာက မ​ဖော်ပြပါဘူး​။ အလား​တူ ဦး​သိန်း​ညွန့်​ အဆိုတင်တဲ့​ နိုင်ငံ​ရေး​သမား​တွေကို ဖိနှိပ်ချုပ်ချယ်တဲ့​ ၁၉၅ဝ အ​ရေး​ပေါ် စီမံမှု အက်ဥပ​ဒေ ပုဒ်မ (၅) ရုပ်သိမ်း​ပေး​ဖို့​ အဆို ​ဆွေး​နွေး​စဉ်တုန်း​က ကြံ့​ဖွံ့​အမတ်​တွေ မ​ချေမငံ ​ပြောတာမျိုး​ကိုလည်း​ အစိုး​ရ သတင်း​စာ​တွေမှာ မမြင်ကြရပါဘူး​။

အား​လုံး​ကို ခြုံငုံပြီး​ သုံး​သပ်ရရင် လက်ရှိ အစိုး​ရဟာ ကျင်း​ပ​နေတဲ့​ လွှတ်​တော်အတွင်း​ သတင်း​ရယူခွင့်​နဲ့​ ပတ်သက်ပြီး​ လမ်း​ဖွင့်​ပေး​လိုက်​ပေမယ့်​ စာ​ပေ စိစစ်​ရေး​အဖွဲ့​ကြီး​က နဂိုအတိုင်း​ မ​ပြောင်း​မလဲဘဲ စိစစ်ဖြတ်​တောက်​နေလို့​၊​ ​နေ့​စဉ် ထုတ်​ဝေ​နေတဲ့​ သတင်း​စာ​တွေမှာလည်း​ အပြည့်​အစုံ မ​ဖော်ပြလို့​ ပြည်သူ​တွေဟာ လွှတ်​တော်သတင်း​တွေကို ပြည့်​ပြည့်​ဝဝ သိရှိနိုင်ခြင်း​ မရှိပါ​ကြောင်း​ သုံး​သပ် တင်ပြလိုက်ရပါတယ်။
http://burmese.dvb.no/

ကြိုး​နီစနစ်လွန်ကဲ​နေတဲ့​ ကြံ့​ခိုင်​ရေး​ပါတီကို ​ဝေဖန်


Published on September 2, 2011 by အံ့ဘုန်းမြတ်

ကြိုး​နီစနစ်​တွေ တိုက်ဖျက်မယ်လို့​ ​ကြွေး​ကြော်ထား​တဲ့​ သမ္မတဦး​သိန်း​စိန်ရဲ့​ ပြည်​ထောင်စု ကြံ့​ခိုင်​ရေး​နှင့်​ ဖွံ့​ဖြိုး​ရေး​ပါတီမှာ အထက်​အောက်ချုပ်ကိုင်မှု (ကြိုး​နီစနစ်) လွန်ကဲ​နေတဲ့​အ​ပေါ် လွှတ်​တော် ကိုယ်စား​လှယ်​တွေနဲ့​ နိုင်ငံ​ရေး​ ပါတီ​ခေါင်း​ဆောင်အချို့​က ​ဝေဖန်လိုက်ကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအတွင်း ကြံ့ ခိုင် ရေးပါတီ စည်းရုံးရေး ဆင်းစဉ်

လွှတ်​တော်တွင်း​ မဲခွဲဆုံး​ဖြတ်တဲ့​အခါတိုင်း​မှာ ကြံ့​ခိုင်​ရေး​ပါတီဝင် ကိုယ်စား​လှယ်​တွေ သ​ဘောထား​ ကွဲလွဲမှုမရှိဘဲ တညီတညွတ်တည်း​ ဆန္ဒမဲ​ပေး​နေတာ၊​ ပါတီဝင် ကိုယ်စား​လှယ် အချင်း​ချင်း​ အဆို​တွေကို ကန့်​ကွက်​ဆွေး​နွေး​မှု မရှိတာ စတဲ့​အချက်​တွေကို ​ထောက်ပြပြီး​ ​ဝေဖန်ထား​ကြတာပါ။

ဒါ့​အပြင် ကြံ့​ခိုင်​ရေး​ပါတီဝင် ကိုယ်စား​လှယ်​တွေကို အခြား​ တိုင်း​ရင်း​သား​ပါတီ ကိုယ်စား​လှယ်​တွေက ​ဒေသဆိုင်ရာ အကျိုး​စီး​ပွား​တွေအတွက် တူညီတာ​တွေကို တွဲဖက်ပြီး​ အဆိုနဲ့​ ​မေး​ခွန်း​တွေ တင်သွင်း​တာမျိုး​တွေ ညှိနှိုင်း​လုပ်​ဆောင်ဖို့​ ကမ်း​လှမ်း​ချက်​တွေကိုပါ လက်မခံကြတာပါလို့​ အစည်း​အ​ဝေး​ တက်​နေတဲ့​ ကိုယ်စား​လှယ်တဦး​က ​ပြောပါတယ်။

“အထက်က ခွင့်​ပြုချက် မရှိရင် ဘာမှ လုပ်ရဲတာ မဟုတ်ဘူး​လေ။ အဲဒါ အမတ်​တွေ အတူတကွ ကြံ့​ခိုင်​ရေး​ပါတီ ဆိုပြီး​တော့​ မခွဲဘဲ ကိုယ့်​ဒေသအတွက် လုပ်ဖို့​အတွက် ပူး​ပေါင်း​ဆောင်ရွက်ဖို့​အတွက် ​ဆွေး​နွေး​ကြမယ်လို့​ အတွင်း​ကြိတ်ပြီး​ ​တော့​ ဖိတ်​ခေါ်လိုက်တာကို သူတို့​ မလာရဲဘူး​ဗျ။ အဲဒါမျိုး​တွေလည်း​ ရှိတယ်​လေ။ အခုက အ​ပေါ်က ခွင့်​ပြုချက် မရရင် ဘာမှ လုပ်ရဲမယ့်​ အ​ခြေအ​နေ မရှိပါဘူး​။ သူတို့​က ဘာကို ​ကြောက်​နေမှန်း​လည်း​ ကျ​နော်တို့​လည်း​ မသိဘူး​။”

ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ဒီမူဝါဒ​တွေဟာ အ​ခြေခံ ဒီမိုက​ရေကစီစံနှုန်း​တွေနဲ့​ ကွာခြား​နေတယ်လို့​လည်း​ အမျိုး​သား​ဒီမိုက​ရေစီ အင်အား​စုပါတီရဲ့​ ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက ​ပြောပါတယ်။

“အ​ခြေခံဒီမိုက​ရေစီ စံနှုန်း​တွေမှာ​တော့​ ကွာ​နေတာ ဖြစ်တာ​ပေါ့​ဗျာ။ ဒီမိုက​ရေစီ​ခေတ်ကို သွား​ဖို့​ စစ်မှန်တဲ့​ ဒီမိုက​ရေစီပါတီ ဖွဲ့​စည်း​ပုံမျိုး​နဲ့​ ကျ​နော်တို့​က ဖွဲ့​စည်း​ကြတာကိုး​။ ဒါ​တွေက လွှတ်​တော်ထဲမှာပဲ ကိုယ့်​ပါတီအတွင်း​က ဆန့်​ကျင်ဘက်ကို တင်တာလည်း​ ကျ​နော်တို့​က ပြဿနာ မရှိဘူး​လေ။ ကွဲပြား​တဲ့​ အမြင်​တွေကို လက်ခံနိုင်တဲ့​ ဒီမိုက​ရေစီကျင့်​စဉ်ကို ကျ​နော်တို့​က ကျင့်​သုံး​ကြတာကိုး​။ သို့​သော်လည်း​ပဲ သူတို့​အဖို့​က​တော့​ အထက်​အောက်ဆိုတဲ့​ လိုင်း​ရှိတာကိုး​။ အထက်က ဆုံး​ဖြတ်ထား​တဲ့​ဟာကို ​ကျော်လွှား​လို့​ မရတဲ့​ အပိုင်း​တွေ ရှိ​ကောင်း​ ရှိမှာ​ပေါ့​။ အဲဒီအခါကျ​တော့​ သူတို့​ အထက်က ခွင့်​မပြုလို့​ရှိရင် ညှိလို့​ မရဘူး​ဆိုတဲ့​ အ​နေအထား​မျိုး​က ရှိ​နေမှာ​ပေါ့​။ ကျ​နော်တို့​ ပါတီ​တွေနဲ့​ ကွာတာက အဲဒီမှာ သွား​ကွာတာ​ပေါ့​။”

ဒီလို ဒီမိုက​ရေစီစံနှုန်း​တွေနဲ့​ မကိုက်ညီတဲ့​ ပါတီကြီး​တခုရဲ့​ ဦး​ဆောင်မှု​ကြောင့်​ အစိုး​ရသစ်ရဲ့​ ဒီမိုက​ရေစီ​ဖော်​ဆောင်​ရေး​မှာပါ အခက်အခဲ​တွေ ဖြစ်​စေနိုင်တယ် လို့​လည်း​ အခြား​ပါတီ​ခေါင်း​ဆောင်အချို့​က ​ဝေဖန်​နေကြပါတယ်။

ဒါ့​အပြင် အထက်​အောက်ချုပ်ကိုင်မှုစနစ် လွန်ကဲ​နေတဲ့​ ကြံ့​ခိုင်​ရေး​ပါတီဝင် ကိုယ်စား​လှယ်​တွေပဲ လွှမ်း​မိုး​နေတဲ့​လွှတ်​တော်က အတည်ပြု ပြဋ္ဌာန်း​လာမယ့်​ ဥပ​ဒေ​တွေဟာလည်း​ ပြည်သူ​တွေအ​ပေါ် ဝန်ထုပ်ဝန်ပိုး​ ဖြစ်​စေမယ့်​ ဥပ​ဒေ ဖြစ်လာမှာကိုလည်း​ လွှတ်​တော်ပြင်ပ နိုင်ငံ​ရေး​အင်အား​စု​တွေက သံသယ ရှိ​နေကြပါတယ်။
http://burmese.dvb.no/archives/15078

ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်ကြမလဲ


Posted by admin on September 2, 2011

၂၈.၇.၁၁ နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ်ရပ်စဲရေးနဲ့ အမျိုးသား ပြည်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ငြိမ်းချမ်းရေးပန်ကြားချက်ကို ထုတ်ပြန်လိုက်ပါတယ်။ သန်း (၆၀) ခန့်ရှိတဲ့ မြန်မာပြည်သူတွေက သူမရဲ့ ပန်ကြားချက်ကို ထောက်ခံကြပါလိမ့်မယ်။

လွတ်လပ်ရေးရခါစ ၁၉၄၈ ခုနှစ် မတ်လကတည်းက ပြည်တွင်းစစ်မီး လောင်ကျွမ်းခဲ့ပါတယ်။

၁၉၅၂ ခုနှစ်မှာ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ပြည်တွင်းစစ်ရပ်စဲရေး၊ သူမသာကိုယ်မနာ ငြိမ်းချမ်းရေးတည်ဆောက် ကြဖို့ အစိုးရအဖွဲ့နဲ့ တောတွင်းလက် နက်ကိုင်အဖွဲ့တွေကို မေတ္တာရပ်ခံပန်ကြားခဲ့ပါတယ်။ ၈ ဦးကော်မတီဖွဲ့စည်းပြီး ပြည် တွင်းငြိမ်းချမ်းရေး ဆန္ဒပြတောင်းဆိုပွဲတွေတိုင်း ပြည်အနှံ့ ကျင်းပခဲ့ပါတယ်။

အသက်အရွယ်ကြီးရင့်လှပြီဖြစ်တဲ့ ဆရာကြီးရဲ့ ဆန္ဒသဘောထားတွေကို ဘယ်သူတွေက ဆန့်ကျင်ခဲ့ကြသလဲ? ဘယ်သူ တွေက ထောက်ခံခဲ့ကြ သလဲ?

လွတ်လပ်ရေးရပြီး (၁၄) နှစ်ခန့်တည်မြဲခဲ့တဲ့ပါလီမန်ဒီမိုကရေစီစနစ်ခေတ်သမိုင်းဖြစ်ရပ်မှန်တွေကိုဝေဘန်ကြည့်ဖို့လိုလာ ပါတယ်။ဒါမှသာသမိုင်းတရားခံဘယ်သူတွေဖြစ်ခဲ့ကြသလဲ? ၁၉၆၂ ခုနှစ် စစ်အာဏာရှင်စနစ် နိုင်ငံရေးဇာတ်ခုံပေါ် တက် ရောက်လာနိုင်ခဲ့တာ ဘယ်သူတွေကြောင့် ဖြစ်ပါသလဲ?

လွတ်လပ်ရေးရပြီး (၃) လအကြာမှာ ဖဆပလအစိုးရရဲ့ ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဖြစ်နေတဲ့ ဦးကျော်ငြိမ်းက သခင် သန်းထွန်း ကစပြီး နောက်ဆုံးပါတီဝင်တွေအထိ တပြည်လုံးမှာ ဖမ်းဆီးဖို့ (၂၇.၃.၄၈) နေ့မှာ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနှစ် ဇွန်၊ ဇူလိုင်လတွေမှာ ပြည်သူ့ရဲဘော်တွေကို ထပ်မံဖမ်းဆီးပြန်ပါတယ်။ ဒါ့ကြောင့်မို့ ရဲဘော်ဖြူတွေ တောတောင် တွေဆီ ရောက်သွားပြန်ပါတယ်။

၁၉၄၉ ခုနှစ် နှစ်ဦးမှာတော့ ကရင် ဗမာ လူမျိုးရေးပဋိပက္ခတွေ စတင်ဖြစ်ပွားလာပြီး ကရင် အမျိုးသားခေါင်းဆောင်များ နှင့် ကရင်သေနတ်ကိုင်တပ်ရင်းတွေ တောခိုကြပြန်တယ်။ ၁၉၄၉ ခုနှစ်နှစ် နှောင်းပိုင်းရောက်တော့ ဖဆပလအစိုးရကို နိုင်ငံ တကာစာနယ်ဇင်းတွေက ရန်ကုန်အစိုးလို့ အမည်တပ်ပါတော့တယ်။ ၀န်ကြီးအချို့ကလဲ စော်ဘွားကြီးကုန်း၊ သ မိုင်း ဒေသတွေကို ကရင်လက် နက်ကိုင်တပ်တွေ သိမ်းပိုက်ခံရချိန်မှာ အထုတ်အပိုးတွေပြင်ဆင်ကြပြီး ပြည်ပထွက်ပြေး ဖို့ စိုင်းပြင်းခဲ့ကြတယ်။

၁၉၅၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်လောင်ခဲ့တယ်။ ရာဂဏန်းတချို့ရှိတဲ့ ကျေးရွာတွေ မီးတိုက်ခံခဲ့ရတယ်။ ကရင် ဗမာလူမျိုးရေးပဋိပက္ခတွေ အလွန်ပြင်းထန်ခဲ့တယ်။

၁၉၅၂ ခုနှစ်မှာ ဖေါ်မိုဆာအခြေစိုက် ချန်ကေရှိတ်တရုတ်ဖြူတပ်တွေ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသကို ၀င်ရောက် ကျူးကျော်လာခဲ့တယ်။ မော်စီတုန်းအစိုးရကို စစ်ရေးအရ တန်ပြန်ထိုးစစ်ဆင်ဖို့ ၀င်ရောက်ခဲ့တာလို့ ချန်ကေရှိတ်အစိုးရ က အကြောင်းပြခဲ့ပါတယ်။

အဲဒီအချိန်မှာ ကွန်မြူနစ်ပါတီက လမ်းစဉ်ပြောင်းလိုက်ပါတယ်။ ဖဆပလဆန့်ကျင်ရေး၊ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး ဆင်နွှဲနေရာမှ တရုတ်ဖြူ ဆန့်ကျင်ရေးလမ်းစဉ်ကို ချမှတ်ခဲ့တယ်။ ငြိမ်းချမ်းရေး ညွန့်ပေါင်းအစိုးရလမ်းစဉ် (ပီစီဂျီ) လမ်း စဉ် ဖြစ်ပါတယ်။ လမ်းစဉ်ရဲ့ ဆိုလိုချက်က ကွန်မြူနစ်ပါတီနဲ့ ဖဆပလအစိုးရတို့ ဆင်နွှဲနေကြတဲ့ ပြည်တွင်းစစ်ပွဲကို ရပ် လိုက်ပြီး ဖဆပလနဲ့ ကွန်မြူနစ်ပါတီတို့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ တရုတ်ဖြူတပ်တွေကို တမျိုးသားလုံး ရန် သူအဖြစ် သတ်မှတ်ပြီး ပူးတွဲစစ်ရေးဆင်နွှဲဖို့ ဖြစ် ပါတယ်။ အဲဒီကမ်းလှမ်းချက်ကို ဖဆပလအစိုးရက လက်ခံခဲ့ရင် ရဲဘော် ဖြူတွေနဲ့လဲ တိုက်ခိုက်မှု ရပ်စဲသွားနိုင်ပါတယ်။ ဒါပေမဲ့ ဦးနု၊ ဦးကျော်ငြိမ်း တို့က လုံးဝ လက်မခံခဲ့ပါ။

အဲဒီအချိန်မှာ ဆရာကြီးက ပြည်တွင်းငြိမ်းချမ်းရေး (၈) ဦးကော်မတီဖွဲ့စည်းပြီး တိုင်းပြည်အနှံ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ တယ်။ မြို့ပြဒေသရှိ အလုပ်သမားပါတီ (ဆိုရှယ်နီ) နဲ့ အခြားလက်ဝဲပါတီတွေက ထောက်ခံခဲ့ကြတယ်။ တောတွင်း ရောက် လက်ဝဲပါတီတွေကလဲ ငြိမ်းချမ်းရေးအဖွဲ့ကို ထောက်ခံကြတယ်။ ကြိုဆိုခဲ့ကြတယ်။

ဒီအချိန်တုံးက အစိုးရက အပြုတ်တိုက်ရေးလမ်းစဉ်ကို ကျင့်သုံးနေပါတယ်။ ဆရာကြီးက ပြည်တွင်းစစ်ရပ်စဲရေး၊ သူမ သာကိုယ်မနာ လမ်းစဉ်နဲ့ လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအဖွဲ့နဲ့ လက်ဝဲအင်အားစုတွေ လူထုထောက်ခံမှုရခဲ့တာက ၁၉၅၆ ခုနှစ် ပါလီမန် ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲမှာ အဖြေပေါ်လာပါတယ်။ အတိုက်အခံဖြစ်တဲ့ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု (ပမညတ) ကအမတ်နေ ရာ (၄၆) နေရာ ရရှိခဲ့တယ်။ ရခိုင်တိုင်းရင်းသားညီညွတ်ရေးအဖွဲ့ (ရတည) ကအမတ် (၅) နေရာရရှိခဲ့တယ်။ လူထုတွေ က ဖဆပလအစိုးရကို ဆန့်ကျင် ပြလိုက်တာ ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် ဧပြီလရောက်တော့ ဖဆပလအဖွဲ့ချုပ်ကြီး ထက် ခြမ်း ကွဲသွားပါတော့တယ်။ တည်မြဲဖဆပလနဲ့ သန့်ရှင်းဖဆပလဆိုပြီး ပါတီကြီး (၂) ခု ပေါ်ပေါက်လာခဲ့ကြတယ်။

၁၉၅၈ ခုနှစ် စက်တင်ဘာလရောက်တော့ ဗိုလ်ချုပ်ကြီးနေ၀င်း နိုင်ငံရေးဇာတ်ခုံပေါ် တက်ရောက်လာပါတယ်။ ဗိုလ်ချုပ် ကြီးကို ၀န်ကြီးချုပ်က အထူးလွှတ်တော် အစည်းအဝေးခေါ်ယူပြီး ၀န်ကြီးချုပ်ရာထူးလက်ခံဖို့ အဆိုတင်ခဲ့ပါတယ်။ အိမ် စောင့်အစိုးရအဖွဲ့ကို ခေါင်းဆောင်ဖို့ဖြစ်ပါတယ်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့က ထောက်ခံခဲ့ကြတယ်။ ဆိုရှယ်နီပါတီ ခေါင်း ဆောင်ဖြစ်တဲ့ သခင်ချစ်မောင် (သာယာဝတီခရိုင်အမတ်) က ပြင်းပြင်းထန်ထန်ကန့် ကွက်ခဲ့တယ်။ ပညာရှိ ၀ိဒူရဘွဲ့လဲ ရရှိခဲ့တယ်။ နိုင်ငံတော်အာဏာ (၃) ရပ်ကို ဗိုလ်ချုပ်နေ၀င်း လက်ထဲ ထိုးအပ်ခဲ့တာ သမိုင်းတရားခံတွေ ဘယ်သူတွေဆို တာ အလွန်ရိုးရှင်းလှပါတယ်။

ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာရလာချိန်မှာ မြို့ပြဒေသတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး လမ်းဆုံလမ်းခွတွေမှာ ဓမ္မအန္တရာယ် ဆိုင်းဘုတ်ကြီးတွေ စိုက်ထူပြီး လက်ဝဲဆန့်ကျင်ရေး လူထုဆန္ဒဆန့်ကျင်ရေး လှုပ်ရှားမှုတွေ (၂) နှစ် နီးပါး လှုံ့ဆော် လှုပ်ရှားခဲ့ကြတယ်။ ကျေးလက်ဒေသတွေမှာလဲ ကွန်မြူနစ်ဆန့်ကျင်ရေး အခြေခံနဲ့ ကျေးရွာငယ်တွေကို ဖျက် ဆီးပြီး သေနင်္ဂဗျူဟာကျေး ရွာတွေ ထူထောင်ပေးခဲ့ကြတယ်။ ဒါ့ကြောင့်မို့ မြို့ပြဒေသနဲ့ ကျေးလက်ဒေသတွေရှိ အောက် ခြေလူတန်းစားတွေစီးပွားရေး၊ လူမှုရေး ဒုက္ခမျိုးစုံ ရင်ဆိုင်ခံစားကြရတယ်။ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊သာကေတ ဆိုတာ အိမ်စောင့်အစိုးရရဲ့လက်စွမ်းထက်မှုတွေ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) ကျော်က အိမ်စောင့်အစိုးရ ဆိုတာ စစ်အာဏာရှင်စနစ် နှစ်ပေါင်းများစွာ သက်ဇိုးရှည်ရေး အ တွက် အစပြုချက်လို့ ကောက်ချက်ဆွဲနိုင်ပါလိမ့်မယ်။

၁၉၆၀ ခုနှစ် ဖေဖေါ်ဝါရီလမှာ ပါလီမန်ရွေးကောက်ပွဲကျင်းပခဲ့တယ်။ သန့်ရှင်းဖဆပလအဖွဲ့ အနိုင်ရခဲ့တယ်။ ဦးနု၊ သခင် တင်၊ ဗိုလ်မှူးအောင်၊ မန်းဝင်းမောင်တို့ အာဏာပြန်ရခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်း ရဲ့ ထောက်ခံချက်နဲ့ တည်မြဲတပ်မှူး တွေဖြစ်နေကြတဲ့ ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်ချုပ်အောင်ရွှေ၊ ဗိုလ်မှူးကြီးကြည်ဝင်း စတဲ့ တပ်မှူးကြီး (၆) ဦးကို တပ်မ တော်မှ ပါယ်ထုတ်အနားပေးခဲ့တယ်။

ဆရာကြီးလဲ (၂) နှစ်တာ ရပ်နားထားလိုက်ရတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို အင်အားတိုးချဲ့ပြီး ပြန်လည်ဖွဲ့စည်း လှုပ် ရှားခဲ့ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော (ဒုဥက္ကဋ္ဌ)၊ ရှေ့နေကြီး ဦးထွန်းတင် (အထွေထွေအတွင်းရေးမှူး)၊ ဗန်းမော် တင်အောင်၊ မုံရွာ ဦးတင်ရွှေ၊ ရှေ့နေကြီးများဖြစ်ကြတဲ့ဦးလှတင်၊ ဦးဘကျော်၊ ဦးလှကျော် တို့ ပါဝင်ခဲ့ကြတယ်။ အံ့သြဖို့ ကောင်းတာကတော့ ဆိုရှယ်နီ ခေါင်းဆောင်ကြီးများဖြစ်ကြတဲ့ သခင်ချစ်မောင်၊ သခင်လွင်၊ သခင်လှကျွေတို့က ထောက် ခံအားပေးမှု မလုပ်ကြတော့ပါ။ ငြိမ်းချမ်း ရေးအဖွဲ့တွေ တပြည်လုံးမှာ လိုက်လံဖွဲ့စည်းခဲ့သလို ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲ တွေ ကျင်းပခဲ့ကြတယ်။ သန့်ရှင်းဖဆပလအစိုးရက ဆရာကြီးရဲ့ မေတ္တာရပ်ခံပန်ကြားချက်ကို ကျောခိုင်းထားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့မှာ ဆရာကြီး ကွယ်လွန်သွားခဲ့ပါတယ်။

၁၉၆၂ခုနှစ်မတ်လ (၂) ရက်နေ့မှာ အာဏာသိမ်းပိုက်ခဲ့တဲ့ တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၃ ခုနှစ် ဇွန်လမှာ စ တင်ပြီး နိုဝင်ဘာလအထိ ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ခဲ့ပါတယ်။ ကရင်တော်လှန်ရေးကောင်စီနဲ့ ဆွေးနွေးပွဲသာအောင် မြင်မှုရခဲ့ပါတယ်။ ကျန်တဲ့ ပါတီတွေနဲ့ ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့တာကြောင့် ပြည်တွင်းစစ်မီး ဆက်လက်လောင်ကျွမ်းခဲ့ပါတယ်။

ဒီနှစ် ဇန်န၀ါရီလမှာ တက်ရောက်လာတဲ့ ဦးသိန်းစိန် အစိုးရ အာဏာရလာချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ ရှေ့ တန်းပြန် ရောက်လာပြန်ပါတယ်။ ဒီကိစ္စဟာ တိုင်းပြည်တခုလုံးအတွက် ရှေ့တန်းကျတဲ့ အလွန်အရေးကြီးတဲ့ ပြဿနာ ကြီးလဲ ဖြစ်ပါတယ်။ လူမျိုးစု ခေါင်းဆောင်တွေကလည်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပဖို့ တောင်းဆိုနေ ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကလဲ ပြည်တွင်းစစ်ရပ်စဲကြဖို့၊ ငြိမ်းချမ်းရေးမရှိရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ ဖြစ် ပေါ်မှာမဟုတ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုလဲ စွမ်းဆောင်နိုင်မှာ မဟုတ်ကြောင်း ကမ္ဘာသိ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း (၆၀) ၀န်းကျင်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောကြားခဲ့တဲ့ သူမသာကိုယ်မနာ ငြိမ်းချမ်းရေး တည်ဆောက်ကြပါ။ နှစ်ဦးနှစ်ဖက် ထိုးစစ်တိုက်စစ်တွေ ရပ်စဲကြပါ ဆိုတဲ့ တောင်းဆိုချက်တွေဟာလဲ အသစ်တဖန် ပြန် လည်မြည် ဟိန်းလာပြန်ပါတယ်။

ဒါ့ကြောင့် ဦးသိန်းစိန်အစိုးရဘာလဲ … ဘယ်လဲ … ?

ဆူးခင်းလမ်းလျှောက်မလား … ?

ပန်းခင်းလမ်းလျှောက်မလား? အဖြေတခုခုပေးဖို့ (၂၁) ရာစုသမိုင်းက တောင်းဆိုနေပြီ ဖြစ်ပါတယ်။

ကိုးကိုးကျွန်းပြန်တဦး

၂၀-၈-၁၁
http://www.naytthit.net/?p=18637

ဒဂုံတက္ကသိုလ် ကျောင်းသူ ကို ရဲ က လိင်ပိုင်း ဆိုင်ရာ စော်ကား စစ်မေးမှု ပြု


September 3, 2011

ရန်ကုန် မြို့  ဒဂုံ တက္ကသိုလ် မှာ ပထမ နှစ် ရုက္ခဗေဒ ဘာသာ ရပ် ကို ပညာ သင်ယူ နေတဲ့ အသက်
၂၀ အရွယ် ကျောင်း သူ တစ်ဦး ကို ရဲ က စစ်ဆေး မေး မြန်မှု ပြု ရာ မှာ ကိယိနြေ္ဒ ပျက်လောက်
အောင် ရဲ က စော် ကား စစ်မေး မှု တွေ ပြု ခဲ့ သည် ဟု FNG မှ သတင်း ရရှိ သည်။

ရန်ကုန် တိုင်း မြောက် ဥက္ကလာ ပ မြို့  နယ် အမှတ် (၂) ရပ်ကွက် တွင် နေ ထိုင် သည့် ထို တက္ကသိုလ်
ကျောင်း သူ ကို တစ်လမ်း တည်း နေ ကြံ့ဖွတ် အဖွဲ့  ၀င် အမျိုး သမီး တစ်ဦးက ငွေ ကျပ် ၇ သိန်း ခိုး
ယူတယ်လို့  စွပ်ဆွဲ ပြီး ရဲ ကို တိုင် ကြား ရာ ဇူလိုင် လ ၁၄ ရက်နေ့  တွင် မြောက် ဥက္ကလာ ပ ရဲ စခန်း
မှ ဖမ်းဆီး မှု ပြု ခဲ့ သည်။

အဆိုပါ တက္ကသိုလ် ကျောင်း သူ ကို မြောက် ဥက္ကလာ ပ ရဲ စခန်း နှင့် မြို့ နယ် ကြံ့ဖွတ် ရုံး တို့  တွင် စစ်
မေးမှု ပြု ရာ ရဲ က ခိုးယူကြောင်း အတင်းအကျပ် ၀န် ခံ ခိုင်း ရာ ပထမ နှစ် ကျောင်း သူက ၀န်ခံ မှု
မပြု သဖြင့် ဇူလိုင် လ ၂၀ ရက်နေ့  တွင် ရန်ကုန် တိုင်း ရဲ တပ်ဖွဲ့  မှုး ရုံး ၏ အလုပ်သင် အမှု စစ် အရာ
ရှိ များ ရုံး စိုက် ရာ ရန် ကုန် မြို့  ကုန် သည် လမ်း ရှိ ခြောက် ထပ် ရုံး သို့  ဆက်လက် ပို့ ဆောင် စစ်
ဆေးမေး မြန်း မှု များ ပြု ခဲ့ ကြ သည်။

ခြောက်ထပ် ရုံး တွင် ပထမ နှစ် တက္ကသိုလ် ကျောင်းသူ ကို နေ့  ရော ညပါ စစ်ဆေး မေး မြန်း မှု ပြု
စဉ် တက္ကသိုလ် ကျောင်း သူ ၏ လိင် ပိုင်း ဆိုင်ရာ ကို ဒုရဲ အုပ် ၅ ဦး က စော် ကား စစ်မေး ခဲ့ ရာ မှာ
အိမ်ထောင် ကျတယ် ဆိုတာ ဘယ်လို မျိုး လဲ သိလား ၊ ငါတို့  နဲ့  အိမ်ထောင် တစ် ရက် လောက် ကျ
ကြည့် မလား ၊ နင် က အိပ်ရေး ပျက် လို့  မျက် စေ့ တွေ တောင် ချောင် တာ ၊ ကျန်တာ တွေ တင်းတင်း
လေး ပဲ ရှိ တုန်း ပါလား ” စသည် ဖြင့် နှမ သားချင်း မစာ နာ စစ်ဆေး မေးမြန်း မှု ပြု သည် ဟု သူမ၏
မိသား စု ၀င် တစ်ဦး က FNG သို့  ပြောသည်။

တက္ကသိုလ် ကျောင်း သူ ကို ဇူလိုင် လ ၂၅ ရက်နေ့ တွင် အင်းစိန် ထောင် သို့  လွှဲပြောင်း ပို့ ဆောင် ခဲ့ပြီး
ယခုလ ၈ ရက် နေ့ တွင် မြောက်ဥက္ကလာပ တရား ရုံးသို့  ရုံးထုတ် စစ်ဆေး မည် ဖြစ်သည်။

အဆိုပါ မိန်းကလေး ကို ရဲက သားမယား စကားများ ဖြင့် စော် ကား စစ်မေးခြင်း နှင့် ပတ်သက်၍
The Voice ဂျာနယ် မှ အကြီးတန်း သတင်း ထောက် တစ်ဦး က ” ဒါ လူ အခွင့် အရေး ချိုးဖောက်မှု
ပဲ သက်ဆိုင်ရာဌာန နဲ့  အစိုးရ ကိုယ်တိုင် စုံစမ်းစစ်ဆေးမှု ပြု သင့်တယ် ၊ ‘ဒါ မတရား မှု ပဲ ဟု ဆို
သည်။

အဆိုပါ အမျိုးသမီး ၏ သူငယ်ချင်း နှင့် တက္ကသိုလ် ကျောင်းသူများ က စက်တင်ဘာလ ၈ ရက် ရုံးထုတ်
သည့် နေ့ တွင် သက်သေ လိုက် ပေး မည် ဟု သိရသည်။

(မတရား ဖမ်းဆီး ခံ ထား ရသည့် မိန်း က လေး ၏ မိသား စု ၀င် က ပြောပြ ချက် အရ ပထမ နှစ်
ဒဂုံ တက္ကသိုလ် ကျောင်းသူ ၏ နာမည်၊ အလုပ် အကိုင် နှင့် နေရပ် ကို သိရ သော် လည်း ကာယကံ
ရှင် နှင့် နီးစပ် သူ များ က ပန်ကြား ချက် အရ Freedom News Group က ထည့် သွင်း ဖော် ပြခြင်း
မပြု ပါ)
http://freedomnewsgroup.com

တက္ကသိုလ်​ကျောင်း​သူတဦး​ အင်း​စိန်​ထောင်တွင် အဖမ်း​ခံထား​ရ

Published on September 2, 2011 by နေသွင် ·

အသက် (၂၀) အရွယ် တက္ကသိုလ်​ကျောင်း​သူတ​ယောက်ကို ​ငွေသိန်း​ချီ ခိုး​တယ်လို့​ စွပ်စွဲပြီး​ အင်း​စိန်​ထောင်မှာ ဖမ်း​ဆီး​ထား​တယ်လို့​ မိသား​စုတဦး​နဲ့​ နီး​စပ်သူတ​ယောက်က ​ပြောပါတယ်။

ရန်ကုန်တိုင်း​၊​ ​မြောက်ဥက္ကလာပ ၂ ရက်ကွက်မှာ​နေတဲ့​ ဒဂုံတက္ကသိုလ်က ရုက္ခ​ဗေဒ ပထမနှစ် ​ကျောင်း​သူကို တရပ်ကွက်တည်း​နေတဲ့​ အမျိုး​သမီး​တဦး​က ကျပ်​ငွေ ၇ သိန်း​ ခိုး​တယ်လို့​ စွပ်စွဲပြီး​နောက် ​မြောက်ဥက္ကလာ ရဲစခန်း​က ပြီး​ခဲ့​တဲ့​လ ၁၄ ရက်​နေ့​မှာ အိမ်က​နေ ဖမ်း​ခေါ်သွား​တာလို့​ ဆိုပါတယ်။

အခု​နောက်ဆုံး​ အင်း​စိန်​ထောင်ကို မ​ရောက်ခင်မှာ ​မြောက်ဥက္ကလာ ရဲစခန်း​နဲ့​ မြို့​တွင်း​က ရုံး​တရုံး​မှာ ၅ ရက် ဆက်တိုက် စစ်​ဆေး​ခဲ့​ပြီး​ ဝန်ခံခိုင်း​သလို၊​ ကာယိ​နြေ္ဒပျက်​လောက်​အောင် ​ပြောဆိုစစ်​ဆေး​ခဲ့​တယ်လို့​ ဆိုပါတယ်။

“၆ ထပ်ရုံး​မှာ ၃ ရက် ​နေ့​ရော ည​ရော စစ်ကြတယ်တဲ့​။ အဲဒီ​ကောင်မ​လေး​ကို ဝန်ခံခိုင်း​တယ် အတင်း​ပဲ။ ​ကောင်မ​လေး​က မခိုး​တဲ့​အတွက် သူ ဝန်မခံနိုင်ဘူး​လို့​ အတင်း​ငြင်း​တော့​ ဒု-ရဲအုပ် ၆ ​ယောက် ဝိုင်း​စစ်တယ်တဲ့​။ စစ်ပြီး​တော့​ နင်က ​တော်​တော် ​ခေါင်း​မာတယ်တဲ့​။ ၃ ရက်ဆက်တိုက် စစ်တာ​တောင်မှ မျက်နာ​လေး​ပဲ နည်း​နည်း​ချောင်တယ်တဲ့​။ ခန္ဓာကိုယ်က​တော့​ ရှယ်ပဲတဲ့​ လုံး​ဝ မကျဘူး​တဲ့​။ ​နောက် တ​ယောက်ကကျ​တော့​ နင်တဲ့​ ဒီအမှုမှာ ရှုံး​ရမယ်တဲ့​။ တကယ်လို့​ နင်ရှုံး​ရင် နင် ငါ့​ကို ယူရမယ်တဲ့​။ တကယ်လို့​ နင်နိုင်ရင် နင့်​ကို ငါယူမယ်တဲ့​။ အဲဒီလို​တွေလည်း​ ရဲ​တွေက ​ပြောတာ​ပေါ့​။”

မကြာခင်က သမီး​နဲ့​တွေ့​ခွင့်​ရခဲ့​တဲ့​ ဖခင်ဖြစ်သူကို ကိုး​ကား​ပြီး​ အိမ်နီး​ချင်း​က ​ပြောပြသွား​တာပါ။

ဒီ​ပြောဆိုချက်​တွေအ​ပေါ် ​မေး​မြန်း​ဖို့​ ​မြောက်ဥက္ကလာရဲစခန်း​ကို ဖုန်း​ခေါ်လို့​ မရတဲ့​အတွက် ရန်ကုန် အ​ရှေ့​ပိုင်း​ခရိုင် ရဲတပ်ဖွဲ့​မှူး​ရုံး​ကို ​မေး​မြန်း​ရာ လူကိုယ်တိုင် လာ​ရောက်​မေး​မြန်း​ပါလို့​သာ အ​ဖြေ​ပေး​ပါတယ်။

လာမယ့်​ ၈ ရက်​နေ့​မှာ အမှုကို အင်း​စိန်​ထောင်တွင်း​တရား​ရုံး​မှာ ရုံး​ထုတ်မှာဖြစ်ပြီး​ ​ကျောင်း​သူဘက်က စာနာသူ တချို့​ကလည်း​ သက်​သေလိုက်​ပေး​ဖို့​ ပြင်ဆင်​နေကြပါတယ်။
http://burmese.dvb.no/archives/15099

ဗိုလ်ကြီးဟောင်း နေမျိုးဇင် နမူနာ နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မျှော်လင့်ချက် - အပိုင်း (၁)


စနေ, 03 စက်တင်ဘာ 2011
By ရော်နီညိမ်း

ပြီးခဲ့တဲ့ ဧပြီလ(၂)ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်အဖွဲ့ဝင်တွေနဲ့ လက်တွဲပြီး သွေးလှူဒါန်းခြင်းလှုပ်ရှားမှုမှာ၊ ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဗိုလ်ကြီး ဟောင်း နေမျိုးဇင်ဟာ ရန်ကုန်မြို့ အောင်သပြေစစ်ကြောရေးစခန်းမှာ နှိပ်စက်ညှင်းပန်းခြင်း ခံခဲ့ရရာက၊ သြ ဂုတ်လ (၂၆) ရက်နေ့မှာတော့ သူ့ကို အင်းစိန်ထောင်တွင်းအထူးတရာရုံးကနေ အီလက်ထရောနစ် ပုဒ်မ ၃၃ (က) နဲ့၊ ထောင်ဒဏ် (၁၀) နှစ်၊ ချမှတ်လိုက်ပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာနိုင်တယ် ဆိုတဲ့မျှော်လင့်ချက်တွေ ရှိလာချိန်မှာပဲ၊ အခုလို ပေါ်ပေါက်လာတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ဖြစ်စဉ်ဟာ၊ ဒီမျှော်လင့်ချက်တွေကို ဘယ်လိုထိခိုက် စေနိုင်ပါသလဲ၊ ဒီအကြောင်းကို၊ နှစ်ရှည် နိုင်ငံရေးအကျဉ်းသား ဟောင်း ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နဲ့ ဆက်သွယ်ဆွေးနွေးပြီး၊ ဦးရော်နီညိမ်း က ဒီသီတင်းပတ် တပ်မှူးတပ် သား ပြောစကား ကဏ္ဍကို၊ စီစဉ် တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ ဦ၀င်းထိန် ခင်ဗျား၊ ဦးဝင်းးထိန်သည် ပထမအကြိမ် နိုင်ငံရေးအကျဉ်းသားအဖြစ် ကနေ (၆) နှစ်ကြာ အကျဉ်းကျပြီး၊ ၁၉၉၅ ခုနှစ်မှာ ပြန်လွတ်လာပြီးတဲ့နောက်၊ (၁) နှစ်အကြာ၊ ၁၉၉၆ ခုနှစ်မှာ ထပ်ပြီး အဖမ်းခံရတဲ့အချိန်မှာ ဘာပုဒ်မနဲ့ ဘာအကြောင်းပြချက်နဲ့ ဦးဝင်းထိန်ကို ဖမ်းခဲ့ပါသလဲ ခင်ဗျ။ အခု ဗိုလ်ကြီးဟောင်း နေမျိုးဇင် အဖမ်းခံခဲ့ရပုံနဲ့ နှိုင်းယှဉ်ကြည့်ချင်လို့ပါ။

(မှတ်ချက်။ ။ ၁၉၈၉ အာဇာနည်နေ့ လူထုချီတက်ပွဲ စီစဉ်သည့် ကိစ္စနှင့်၊ ၁၉၈၉ ဇူလိုင် (၂၀) ရက်နေ့ ဒေါ် အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားရေးရာလက်ထောက်ဖြစ်သော ဦးဝင်း ထိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံရကာ၊ ထောင်ဒဏ်(၆)နှစ် ကျခံခဲ့ရသည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ထိုစဉ်က ဥက္ကဋ္ဌဦးတင်ဦးလည်း ၁၉၈၉ ဇူလိုင်(၂၀)ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ၁၉၉၅ တွင်၊ ဦးဝင်းထိန် ပထမအကြိမ် ပြန်လည်လွတ်မြောက်လာခဲ့ပြီး မကြာခင် ၁၉၉၅ခုနှစ် ထဲမှာပင်၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့လည်း၊ နေ အိမ်အကျယ်ချုပ်များမှ၊ ရှေ့ဆင့်နောက်ဆင့် လွတ်မြောက်လာခဲ့သည်။)

ဦးဝင်းထိန် ။ ။ အဲဒီအချိန် ၁၉၉၆ မှာ၊ ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်ပြီး လွတ်မြောက်လာပြီ။ လှုပ်ရှားမှုတွေ ပြန်ပြီး လုပ်နေပြီ။ အဲဒီအခါမှာ၊ ကျနော်တို့ NLD နိုင်ငံရေးအရှိန်အဟုန် ပြန်ပြီး ရလာတယ်။ အဲဒီ ရလာတဲ့ နိုင်ငံရေးအရှိန်အဟုန်ကို ချိုးနှိမ်ဖို့၊ သူတို့ဘက်က တဖြည်းဖြည်း လုပ်ငန်းလေးတွေ စလာတဲ့ အခါကျတော့၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးအောင်ရွှေတို့ အနားက လူတွေကို၊ မကြာ ခင်မှာ ဖမ်းတော့မယ်ဆိုတာ၊ ကျနော့်မှာ အာရုံကို ရသလို ဖြစ်နေတယ်။ ဒါကြောင့် ၁၉၉၆ခုနှစ် မေလ (၂၁) ရက်နေ့၊ ကျနော့်ကို ဖမ်းတဲ့အခါမှာ၊ လိုအပ်တာ တွေထည့်ထားတဲ့ အထုပ်တထုပ် ကျနော့်အိမ်မှာ အဆင်သင့် လုပ်ထားတာမို့၊ ကောက်ခါငင်ခါပဲ လိုက်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင်၊ သူတို့ရဲ့ ဖိနှိပ်မှုပုံစံက သိပ်သိ သာ တာကိုး။ ၁၉၉၀ ရွေးကောက်ပွဲအပြီး၊ အဖမ်း မခံကြရလို့၊ နိုင်ငံခြားကို ထွက်မပြေးကြလို့ ကျန်နေကြတဲ့ (၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ) လွှတ်တော်အမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စုဝေးပြီး အစည်းအဝေး ကြီး လုပ်တော့မယ်လို့ စနေတဲ့ တပြိုင်ထဲမှာပဲ၊ လူဖမ်းပွဲကြီးက စတာ ပါပဲ။ အဲဒီတုန်းက ပုံစံနဲ့ အခု ဗိုလ်ကြီး နေမျိုးဇင် ဖြစ်တဲ့ ပုံစံကတော့၊ အတူတူပဲဗျ။ အဲဒီတုန်းက ၁၉၉၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ပုံစံကတော့ လူအများစုပေါ့။ NLD က အများစုကို ဖိနှိပ်တာ။ အခု ဗိုလ်ကြီးနေမျိုးဇင် ကျတော့၊ တယောက်ထဲ ဖြစ်သော်လည်းပဲ၊ ဖြစ်ပုံဖြစ် နည်းနဲ့ အာဏာပိုင်တွေရဲ့ တွေးခေါ်ပုံတွေးခေါ်နည်းက အခုထက်ထိ တပုံစံထဲပါပဲ။ ဘာမှ အပြောင်းအလဲ မရှိ ပါဘူး။ ကျနော် အဲဒီလို သတိထားမိတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ ဦးဝင်းထိန်ကို ၁၉၉၆ ခုနှစ်မှာ၊ ဘယ်လို စွပ်စွဲချက်၊ ဘယ်လို ပုဒ်မနဲ့ ဖမ်းဆီးခဲ့ပါ သလဲ ခင်ဗျ။ ထောင်ဒဏ် (၁၄) နှစ်တောင်မှ ကျခံခဲ့ရတဲ့ ကိစ္စက။

ဦးဝင်းထိန် ။ ။ အဲဒီတုန်းက အဖမ်းခံရတာကို ပြောရင်၊ အဲဒီတုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ထောက်လှမ်းရေးက ပုဂ္ဂိုလ်တွေအကြောင်းပါ ပြောရမယ်။ အဲဒီတုန်းက နိုင်ငံရေးကိစ္စကို ကိုင်နေတာက၊ ဒုဗိုလ်မှူးကြီးသန်းထွန်းပေါ့။ အခုတော့ ဗိုလ်မှူးချုပ်ဟောင်းသန်းထွန်း၊ ခန္တီးထောင်ထဲမှာ ပေါ့။ ဒီပုဂ္ဂိုလ်က ၁၉၈၈ လူထုအုံကြွမှု စကတည်းက၊ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ခဲ့တာကြောင့်၊ (နိုင်ငံရေးနဲ့ ပတ်သက်နေတဲ့) လူတွေအားလုံးကို သူ တော်တော်များများ သိတယ်။ အချက်အချာကျတဲ့သူတွေကို သူက သိတယ်။ ကျနော်က ၁၉၉၅ မှာ၊ ထောင်ကလွတ်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDရဲ့ လုပ်ငန်း တွေ အောင်မြင်အောင်၊ ကျနော်က ဆက်လုပ်တယ်။ အဲဒီတော့ ကျနော့်ကို ထောင်ထပ်ချဖို့ ဆုံးဖြတ်တာက တော့၊ သူပါပဲ။ ဗိုလ်ချုပ်ကြီးခင်ညွန့်ကလည်း၊ green light ပေးပြီးသားပေါ့။ အဲဒီတော့ သူက ကျနော့်အတွက် အမှုရှာတယ်။ အဲဒီအခါမှာ၊ သူက နှစ်ချက် သွားတွေ့တယ်။ တချက်ကတော့ Australia Broadcasting Corporation ဆိုတဲ့၊ သြစတြေလျနိုင်ငံက ABC တီဗီအဖွဲ့နဲ့ အင်တာဗျူးကိစ္စ။ အင်တာဗျူး လုပ်တာက၊ ကျနော့် တယေက်ထဲ မဟုတ်ဘူး။ ဗိုလ်ချုပ် အေဘယ်လ် (၁၉၈၈ စက်တင်ဘာ (၁၈) ရက်၊ စစ်အာဏာသိမ်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဝင်ဟောင်းနှင့်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုး တက်ရေးဝန်ကြီးဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ် ဒေးဗစ် အိုဝင် အေဘယ်လ် - Retired Bigadier General David Owen Abel) ကိုလည်း အင်တာဗျူးလုပ်တယ်။ ဘဏ္ဍာရေး (၀န်ကြီးဌာန) က၊ ဦးဆက်မောင်ကိုလည်း၊ အင်တာဗျူး လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အင်တာဗျူးလုပ်တယ်။ ကျနော်ကလည်း ထဲထဲဝင် ၀င် အကုန်သိနေတော့၊ ကျနော့်ကိုလည်း အင်တာဗျူးလုပ်တယ်။ အ၊ဓိကအားဖြင့် သူတို့ကို ကျနော်က နိုင်ငံ ရေး သုံးသပ်ပြလိုက်တာက၊ မကြာခင်မှာ ကျနော်တို့ NLD ပါတီဝင်တွေကိုတော့၊ အကြီးအကျယ် ဖမ်းလိမ့် မယ်၊ ဘာနဲ့တူသလဲဆိုရင်၊ သစ်ပင်ကြီးတပင်ကို ဖြိုတဲ့အခါမှာ၊ သစ်ပင်ကြီးကိုလည်း မလှဲဘူး၊ ပင်စည်ကို လည်း မလှဲဘူး၊ ကိုင်းဖျားကိုင်းနားမှန်သမျှကို အကုန်ခုတ်ပစ်တော့မယ်လို့၊ ကျနော်က ကြိုတင်ပြီး ဟောကိန်း ထုတ်ခဲ့တဲ့ အကြောင်းက၊ သူတို့ ရိုက်သွားတဲ့ ဗီဒီယို မှာပါတယ်၊ အဲဒါ ခုထိ ဒီအခွေ ကျနော့်အိမ်မှာ ရှိပါသေး တယ်။ နောက်တချက်က၊ သာယာဝတီထောင်မှာ နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့ အီဗား(ခေါ်)ကိုတင်လှိုင်နဲ့ ABC တီဗီအဖွဲ့နဲ့ အင်တာဗျူးကိစ္စ။ ခုတော့ ကိုတင်လှိုင်က သြစတြေလျနိုင်ငံ မဲလ်ဘုန်း(Melbourne) မြို့ကို ရောက် နေပြီ။ ကိုတင်လှိုင်က ၁၉၈၈ ကတည်းက စပြီး လှုပ်ရှားတဲ့ “သုံးရောင်ခြယ်” ကျောင်းသားအုပ်စုထဲက အဖွဲ့ဝင် ပါ။ ၁၉၈၈ လူထုအုံကြွမှုလည်း စရော၊ “သုံးရောင်ခြယ်” ဟာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထွေထွေလုံခြုံရေး နဲ့ ဝေယျာဝစ္စတွေ အကုန်လုပ်ပေးတဲ့ အဖွဲ့ ဖြစ်လာတယ်။ အီဗား(ခေါ်)ကိုတင်လှိုင်ကလည်း ဒေါ်အောင်ဆန်းစု ကြည်အတွက် လုံခြုံရေးတာဝန်ခံတွေထဲက၊ တယောက်ပေါ့။ သူက သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး၊ ၁၉၈၉ မှာ၊ သာယာဝတီထောင်ကို ရောက်သွားတယ်။ အဲဒီ သာယာဝတီထောင်မှာ နှိပ်စက်ညှင်း ပန်းခံရတာ တွေကို သူ့ကို ABC တီဗီက အင်တာဗျူးလုပ်တော့၊ ကျနော်က ဘေးနားကနေ ဘာသာပြန်ပေးရတယ်။ အဲဒီ တော့ ABC တီဗီအဖွဲ့နဲ့ အင်တာဗျူးနှစ်ခုပေါင်းအတွက်၊ ကျနော့်ကို ထောင်ဒဏ် (၇)နှစ်က တခု။ နောက်တခု က ဟင်္သာတနယ်က ဦးကံရှိန်ဆိုတဲ့ လယ်သမားကြီးက သူ့ရဲ့လယ်မှာ သူ့ပိုက်ဆံနဲ့သူ ပဲစိုက်တယ်။ အဲဒီတော့ မြို့နယ်ကောင်စီ (ထိုအချိန်တွင် မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ - မ၀တ) ဥက္ကဋ္ဌက၊ နွေစပါးစိုက် ရမယ်လို့ ပြောတဲ့အခါကျ သူ့မှာ ပဲစိုက်ပြီးသား ဖြစ်နေလို့၊ စပါးမစိုက်ပါရစေနဲ့ လို့ပြောတော့၊ မ၀တ ဥက္ကဋ္ဌ အမိန့်နဲ့၊၊ ပဲခင်းကို ဘူဒိုဇာနဲ့ ထိုးပစ်လိုက်တယ်၊ နွေစပါး (၁၀) ဧက အတင်းစိုက်ခိုင်းလို့ စိုက်ရတယ်။ ဒါပေမဲ့ စပါးက တစေ့မှ မထွက်ဘူး။ အဲဒီလို ဖြစ်နေတာတွေကို၊ လယ်သမားကြီး ဦးကံရှိန်က ဗီဒီယိုရိုက်ပြီး၊ ဒေါ် အောင်ဆန်းစုကြည်ကို တင်ပြလာတယ်။ အဲဒီ ဗီဒီယိုအခွေကို၊ ကျနော်က ယူထားပြီး၊ ဒေါ်အောင်ဆန်းစုကြည် ကို တင်ပြပေးမယ်လို့၊ ဦးကံရှိန်တို့ကို ပြောထားတယ်။ အဲဒီကိစ္စမှာ၊ ကျနော်က နွေစပါး စီမံကိန်းကို နှောက် ယှက်တယ် ဆိုပြီး၊ ထောက်လှမ်းရေးက နောက်တမှု ထပ်ဆင်တယ်။ ကျနော်က ဦးကံရှိန်ရဲ့ ဗီဒီယိုကိုလည်း မကြည့်ဖူးဘူး၊ ဦးကံရှိန် ပြောသမျှကိုတော့ (ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြဖို့) နားထောင်တယ်။ ဒေါ် အောင်ဆန်းစုကြည်ကိုလည်း တင်ပြပေးဖို့ အချိန်မရသေးဘူး။ နောက်တခုက ဒီ နွေစပါး စီမံကိန်းနဲ့ပတ်သက် လို့၊ လယ်သမားတွေနဲ့ နေရာအနှံ့မှာ ပြဿနာမျိုးစုံဖြစ်နေတာ လူတကာ သိပြီးသားမို့၊ ဒါက အရေးမကြီးလို့၊ ကျနော်က ဦးကံရှိန်ရဲ့ ဗီဒီယိုခွေကို စားပွဲပေါ်မှာပဲ တင်ထားတယ်။ အဲဒီတော့ နွေစပါး စီမံကိန်းကို ဖျက်လို ဖျက်ဆီးလုပ်တယ် ဆိုတဲ့၊ စွပ်စွဲချက်နဲ့က ထောင်ဒဏ် (၇)နှစ်၊ စောစောက သြစတြေလျ ABC တီဗီနဲ့ အင်တာ ဗျူးနှစ်ခုကိစ္စအတွက်က (၇) နှစ်ဆိုတော့၊ စုစုပေါင်း (၁၄) နှစ်ပေါ့။

(၂၀၀၄ ခုနှစ်တွင်၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ထောက်လှမ်းရေး တဖွဲ့လုံးကို၊ ဗှိုလ်ချုပ်မှူးကြီးသန်းရွှေက ဖြုတ်-ထုတ်-ရှင်း ပြီး၊ ပုဒ်မအမျိုးမျိုးနှင့် ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ရာတွင်၊စစ်အစိုးရနှင့် NLD အကြား ဆက်ဆံ ရေးအရာရှိလည်း ဖြစ်သဖြင့် NLD သန်းထွန်းဟု လူသိများခဲ့ကာ၊ ယခု အခါ လာဘ်စားမှုနှင့် ထောင်ဒဏ် နှစ် (၁၀၀) ကျော် ကျခံနေရသော ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်း - DSA 13)

ဦးရော်နီညိမ်း ။ ။ အဲဒီ့ ဦးကံရှိန်ရဲ့ ဗီဒီယိုခွေကို၊ ဦးဝင်းထိန်ကိုယ်တိုင် ခုထိ မကြည့်ရသေးဘူးပေါ့။

ဦးဝင်းထိန် ။ ။ (ရယ်လျှက်) ခုထိ တခါမှ မကြည့်ရသေးဘူး။ ဒါပေမဲ့ ထူးဆန်းတာက၊ အဲဒီအမှုကို ထောက်လှမ်းရေးက တရားရုံးတင်တဲ့အခါမှာ၊ ဦးကံရှိန်နဲ့ ဦးကံရှိန်ရဲ့လယ်ဘေးက လယ်သမားတွေကိုပါ သက်သေခေါ်တယ်။ ဦးကံရှိန်ကကော၊ အဲဒီလယ်သမားတွေကကော၊ တရားသူကြီးရှေ့မှာ၊ ဘာပြောလဲ ဆို တော့၊ လယ်ထဲကို ရေတင်ဖို့ ရေစုပ်စက်အတွက် ဒီဇယ်ဆီကလည်း အစိုးရက မပေးတော့၊ မှောင်ခိုက ၀ယ်ရ တယ်၊ ဒါလည်း ရေမလောက်ဘူး ဆိုတာတွေ ပြောကြတယ်။ တရားသူကြီးက အဲဒီ နွေစပါးစိုက်ခင်း (၁၀)ဧက မှာ၊ စပါး ဘယ်လောက်ထွက်သလဲလို့ မေးတယ်။ ဦးကံရှိန်ကကော၊ အဲဒီ လယ်သမားတွေကကော၊ စပါးတစေ့ မှ မထွက်ဘူးပြောတော့၊ ကျနော်က ရယ်တာပေါ့။ အဲဒီတော့ တရားသူကြီးက တရားရုံးကို မလေးမခန့် မလုပ် ပါနဲ့လို့ တားမြစ်ခံရသေးတယ်။ စဉ်းစားကြည့်လေ။ နွေစပါးစိုက်လို့ မအောင်မြင်တာကို၊ အကြောင်းပြပြီး ကျနော့်ကို အမှုလုပ် တရားရုံးတင်တယ်၊ သူတို့ S.B. (Police Special Branch of Investigation - ရဲအထူး စုံစမ်းစစ်ဆေးရေးအဖွဲ့) က၊ တရားလိုပြသက်သေ ခေါ်ထားတဲ့သူတွေ ကိုယ်တိုင်က နွေစပါး တစေ့မှ မထွက် ဘူးလို့၊ ထွက်ဆိုကြတော့၊ ကျနော်က မရယ်ပဲ ဘယ်နေနိုင်မလဲ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပေါ့နော်။ အားလုံး သိထားတာကတော့၊ သူဟာ သွေးလှူဒါန်းခြင်းကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်တွေနဲ့ အတူ၊ ပထမ ရန်ကုန်မြို့မှာ လုပ်နေတုန်းကတော့၊ ဘာမှ ပြဿနာပေါ်သံ မကြားမိဘူး။ သို့သော် သူဟာ သူ့မိခင်ရဲ့ ဇာတိဖြစ်တဲ့ မြိတ် ဘက်ကိုပါ သွားပြီး၊ ဒီ သွေးလှူဒါန်းခြင်းကိစ္စကို လုပ်တဲ့အခါမှာတော့၊ ရန်ကုန်ကို ပြန်လာတဲ့အခါမှာ၊ သူဟာ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က၊ ကိုယ်တိုင်လည်း အင်တာနက်ကဖေးဆိုင် ဖွင့်ထား တယ်၊ အဲဒီတော့ သူသည် အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က) နဲ့ ငြိနေတယ်ဆိုရင်၊ လွန်ခဲ့သော ဒီဆိုင် ဖွင့်ကတည်းက၊ သူ့ကို စောင့်ကြည့်ပြီး ဖမ်းဆီးတာ လုပ်လို့လည်း ရတယ်၊ ခုလိုမျိုး ထောင်ချတာလည်း လုပ် လို့လည်း ရတယ်။ သို့သော်၊ အဲဒီတုန်းက မလုပ်ပဲနဲ့၊ ခုမှ လုပ်တာကို၊ ဦးဝင်းထိန်ကော၊ အဲဒီကိစ္စကို ဘယ်လို များ သိရှိထားပါသလဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ ဗိုလ်ကြီး နေမျိုးဇင်နဲ့ ကျနော်နဲ့က၊ ကျနော် ဒီတခေါက် (၂၀၁၀ ဇူလိုင် ၁၅ ရက်) ထောင်က လွတ်ပြီးတော့၊ ကိုဇာဂနာရဲ့ ဖခင်ကြီး (ကွယ်လွန်သူ) ဦးနန်းညွန့်ဆွေရဲ့ ရက်လည်ဆွမ်းကျွေးမှာ၊ တွေ့တာ။ သူက စပြီး မိတ်ဆက်တယ်။ သူဟာ တပ်ကထွက်ခဲ့တဲ့ သူပါ၊ နိုင်ငံရေးကိစ္စတွေ လုပ်ဖို့၊ ၀ါဿနာ ပါ ပါတယ်၊ ကျနော့်နံမည်လည်း သူ ကြားဖူးနေတာကြောင့်၊ ကျနော်နဲ့ ဆက်နွယ်ပြီး၊ နိုင်ငံရေးကိစ္စတွေမှာ ပါဝင် ချင်ပါတယ်လို့၊ သူ့ကိုယ်သူ offer လုပ်တယ်၊ volunteer လုပ်တာပေါ့။ အဲဒီတော့ ကျနော်ကလည်း၊ မှတ်ထား ပြီးတော့၊ ဒါဆိုရင် ခေါ်ပါမယ်၊ လုပ်စရာရှိရင် ပြောပါမယ်လို့ သူ့ကို ပြောထားတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက်၊ လှုပ်ရှားမှုတွေ စတင်တဲ့အခါမှာ၊ ကျနော်ကလည်း အတွင်းရေးမှူးရုံးအဖွဲ့မှာ တာဝန် ပြန်ယူတယ်၊ လူငယ်တွေကလည်း သူ့နေရာနဲ့သူ တာဝန်တွေ ယူကြတဲ့အခါမှာ၊ သူကလည်း ရုံးကို ရောက်လာ ပြီးတော့၊ ဘာလုပ်ပေးရမလဲ ခိုင်းချင်တာ ခိုင်းပါ၊ ဆိုပြီး ပြောတဲ့အခါကျတော့၊ ရုတ်တရက်ဆိုတော့ သူနဲ့ ကျနော်နဲ့က သိပ်လည်း မသိသေးဘူး၊ နောက်တခုက ကိုယ့်ရဲ့နေရာအနေအထားကလည်း ကောင်းကောင်း မရေရာသေးတော့၊ သူ့ကို “ကောင်းပြီ၊ ဒါဆိုရင် သွေးလှူတဲ့ အဖွဲ့မှာ၊ ၀င်လုပ်လိုက်ပါ၊ လုပ်အားပေးလိုက်ပါ” လို့၊ ကျနော်က ပြောတော့၊ သူဟာ သွေးလှူတဲ့ အဖွဲ့မှာ၊ တက်တက်ကြွကြွ ၀င်ပြီးလုပ်နေတာ တွေ့ရတယ်။ သွေးလှူဒါန်းရေးကိစ္စတွေအတွက် သူ့မှာ ရှိတဲ့ကားနဲ့ ဟိုပို့ ဒီပို့တာတွေ၊ သူ လုပ်ပေးတယ်။ ဒါတွေကို ကျနော် လည်း သိနေတယ်။ ဒါပေမဲ့၊ ဖြစ်လာတာက၊ သူဟာ NLDရုံးကို အရောက်အပေါက် များလာတယ်၊ သွေးလှူတဲ့ အဖွဲ့နဲ့ သွားလာလှုပ်ရှားမှုတွေ ရှိတယ်။ ဒါဟာ အင်မတန် ကောင်းတဲ့အလုပ်။ အားလုံးက လက်ခံတယ်။ နောက်ပြီးတော့၊ သွေးလှူဒါန်းရေးလှုပ်ရှားမှု စတုန်းက၊ အာဏာပိုင်တွေရဲ့ အမျိုးမျိုးစောင့်ကြည့်တာတွေကို ခံရတာတောင်မှ၊ သူက ရဲရဲရင့်ရင့်နဲ့ သတ္တိရှိရှိ ၀င်ပြီး လုပ်ကိုင်ပေးတယ်။ အဲဒီလို လုပ်နေရင်းနဲ့၊ တချိန်မှာ ဘာဖြစ်လာသလဲ ဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သွားလာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး၊ လုံခြုံရေးလိုက်တဲ့ ကားကပျက်လို့ အစားထိုးဖို့ လုပ်တဲ့အခါမှာ သူက သူ့ကားကို အသုံးပြုခွင့် ပေးတယ်။ အဲဒီတော့ ဒေါ်အောင် ဆန်းစုကြည် သွားတဲ့နေရာတိုင်းမှာ၊ လူငယ်တွေက သူ့ကားကို စီးကြတယ်။ အဲဒီမှာ ကျနော် သိလိုက်ပြီ။ သူ ဟာ အာဏာပိုင်တွေရဲ့ ရေဒါ (radar) အောက်တော့ ရောက်သွားပြီ ဆိုတာ သေချာပေါက် ကျနော် တွက်လို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ခံရပေါင်းများနေတော့၊ (ဒေါ်အောင်ဆန်းစုကြည် အနားကို) ဘယ်လို အနေအထားမှာ မဆို နီးကပ်လာတဲ့ ဘယ်သူကို မဆို၊ (အာဏာပိုင်တွေက) ဘယ်သူလဲ ဘယ်ဝါလဲ၊ သိချင်ကြတယ်။ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးယာဉ်တန်းမှာ သုံးလေးခေါက်လောက် ပါလိုက်ပြီ ဆိုတာနဲ့၊ မကြာခင်မှာ သူ့ကို ဆွဲတော့တာပဲ။ အဲဒီတော့ ဆွဲတဲ့ကိစ္စဟာ၊ သူ မြိတ်ဘက် သွားခဲ့တာနဲ့လည်း မဆိုင်ဘူး၊ အင်တာနက်ကဖေးဆိုင် ထောင်ထားတာနဲ့လည်း မဆိုင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အနားကို တဖြည်းဖြည်းနဲ့ အနီးကပ်ရောက်လာတဲ့သူဟာ ဘယ်သူလဲဆိုတာ၊ ကြည့်လိုက်တော့၊ စစ်ဗိုလ်ဟောင်းလည်း ဆိုရော၊ သူတို့(အာဏာပိုင်တွေ) ခေါင်းမွေးတွေဘာတွေ ထောင်သွားပြီး၊ ဒီကောင် ဘာကောင်လဲဆိုတာ သိဖို့ အတွက်၊ သူ့ကို ဆွဲတယ်။ ဆွဲတဲ့အခါမှာ၊ သူဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဘာမှ ထဲထဲဝင်ဝင် မရှိဘူး၊ ပတ် သက်နေတာ မရှိဘူး ဆိုတာကို၊ သိသွားကြတယ်။ သို့သော် သူဟာ အင်တာနက်ကဖေးဆိုင် ဖွင့်ထားတဲ့ အတွက်၊ သူ့ laptop တို့ ဘာတို့ကို ကြည့်စမ်း ဆိုပြီး၊ စစ်လိုက်တော့၊ ထုံးစံအတိုင်းပေါ့၊ laptop သုံးတယ်၊ အင်တာနက် သုံးတယ်ဆိုတော့၊ နိုင်ငံခြားနဲ့ ဆက်သွယ်မှုတွေ ရှိမှာပေါ့၊ အဲဒါတွေနဲ့ ငြိပြီး ခုလို ထောင်ချခံရ တာ။ ဆိုလိုတာက၊ mentality (စိတ်ပိုင်းဆိုင်ရာတွေးဆမှု) ပေါ့။ အခု ဒေါ်အောင်ဆန်းစုကြည်က (အစိုးရနဲ့) ပြေလည်ရာပြေလည်ကြောင်း ကြိုးစားတာက၊ တပိုင်းပေါ့။ အဲဒီအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်အနားကို ရောက်လာတဲ့သူတွေကို၊ ဘယ်သူတွေလဲ၊ ဒီကောင် ဘာနဲ့ငြိနိုင်မလဲ ဆိုတာကို ကြည့်တယ်၊ ပြီးတာနဲ့ ငြိတဲ့ ဟာနဲ့ ဆွဲလိုက်၊ ဆိုပြီးတော့ လုပ်တဲ့ mentality စိတ်အယူအဆ ပေါ့။ အဲဒီ စိတ်အယူအဆနဲ့၊ ကိုနေမျိုးဇင် အဆွဲခံရတာ။ ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒါမျိုး ဖြစ်တယ်ဆိုရင်၊ ကျနော်တို့က ဘာထပ်ပြီး မြင်ကြည့်လို့ ရသလဲ ဆိုတော့၊ ဦးဝင်းထိန်တုန်းက ၁၉၇၆ ခုနှစ်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦး (ယခု NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး) အတင်းအကြပ် အနားပေးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့၊ တပ်မတော်ထဲက လူငယ်အရာ ရှိတွေ မခံမရပ်နိုင် ဖြစ်ကြရတဲ့ ကိစ္စ (ဗိုလ်ကြီးအုန်းကျော်မြင့်၏ နိုင်ငံတော်လုပ်ကြံမှု)မှာ၊ ဦးဝင်းထိန်ဟာ ကိုယ် ထိလက်ရောက် ပါဝင်ခဲ့တာ မဟုတ်ပေမဲ့လည်း၊ (ဗိုလ်ကြီးအုန်းကျော်မြင့်က) လာရောက် အသိပေးထားတာကို ခံရတဲ့အတွက်၊ အဲဒါနဲ့ပဲ အရေးယူခံခဲ့ရတယ်။ တခါ ၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှုကြီး ပြီးသွားတဲ့အခါမှာ၊ NLD မှာ ဦးဝင်းထိန် ပါဝင်လာတယ်၊ တခါ ခုနပြောကြသလိုပဲ၊ ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည် အနား ကို ရောက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စိတ်ချအားကိုးစွာနဲ့ တာဝန်တွေ ပေးအပ်တာကို လည်း ခံခဲ့ရတယ်။ အဲဒါကိုလည်း သူတို့(အာဏာပိုင်တွေ) မကြိုက်ကြတဲ့အခါမှာ နောက်ထပ်“၀င်းထိန်”မျိုးတွေ တပ်ထဲမှာ မပေါ်ထွက်လာရအောင် ဆိုတဲ့ နမူနာသဘောမျိုးနဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို ပထမတခေါက် မှာ ထောင်ဒဏ် (၆)နှစ် ချရာကနေ၊ ဒုတိယတခေါက်မှာ ထောင်ဒဏ် (၁၄) နှစ် ချတယ်၊ တခါ (၁၄)နှစ် ပြည့် သွားတာတောင်မှ၊ နောက်နှစ်လ ထပ်ထည့်ထားသေးတယ်၊ စတဲ့ အဲဒါမျိုးတွေ ဦးဝင်းထိန်အပေါ် လုပ်ခဲ့တယ် လို့ သုံးသပ်ကြသူတွေလည်း ရှိနေပါတယ်။ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင် တန်း အမှတ်စဉ် (၅) က၊ ဖြစ်ပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၃၉) က၊ ဖြစ်ပါတယ်။ အဲဒီတော့ နောက်မျိုးဆက်ထဲမှာလည်း၊ နောက်ထပ် “နေမျိုးဇင်”တွေ တပ် ထဲက ထပ်ပြီး ပေါ်ထွက်မလာစေရ၊ ဆိုတဲ့ နမူနာနဲ့ လုပ်တဲ့သဘောမျိုး ရှိနေပါသလား ခင်ဗျ။၊ ဦးဝင်းထိန်တုန်း က ခံခဲ့ရတာနဲ့၊ အခု ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ဖြစ်စဉ်အပေါ်မှာ သုံးသပ်ပေးပါ ခင်ဗျ။

ဦးဝင်းထိန် ။ ။ သူတို့(အာဏာပိုင်တွေ) ရဲ့ ရည်ရွယ်ချက်တွေကတော့၊ အမျိုးမျိုး ရှိတာပေါ့။ ခုန ကျနော် ပြောသလို၊ ဗိုလ်ကြီးနေမျိုးဇင်က ဒေါ်အောင်ဆန်းစုကြည်နားကို တဖြည်းဖြည်းရောက်လာတော့၊ ဘယ်ကနေ အစ ထွက်သလဲ ဆိုတာကို ဆွဲကြည့်တယ်၊ အစထွက်တာနဲ့၊ “ဒီကောင့်ကို ထောင်ချကွ” ဆိုတဲ့၊ (အာဏာပိုင်တွေရဲ့) စိတ်နေသဘောထားတွေကြောင့်၊ သူ ခံသွားရတာပဲ။ ဒါက တချက်ပေါ့။ နောက်တချက် က၊ ခင်ဗျား ခုနပြောသလိုပဲ။ ကျနော်တို့ ကိုနေမျိုးဇင်တို့ဟာ တပ်မတော်သားတွေြ့ဖစ်ခဲ့ပေမဲ့၊ တပ်မတော်က လုပ်ကိုင်နေတာတွေကို ဘာလို့ ဆန့်ကျင်နေကြရတာလဲ၊ ဆိုတဲ့ အယူအဆ၊ သူတို့မှာ ရှိတယ်။ ခက်တာက၊ သူတို့က ကျနော်တို့ကို နားမလည်တာ။ ကျနော်တို့က တပ်မတော်ကိုလည်း မမုန်းဘူး၊ တပ်မတော်သားတွေကို လည်း မမုန်းဘူး။ ဒီတပ်မတော်ကို အင်မတန်မှ အဆင့်အတန်းမြင့်မြင့်နဲ့၊ နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်တဲ့ တပ်မတော် ဖြစ်စေချင်တယ်။ ကြည်း-ရေ-လေ၊ အားလုံးပေါ့။ အထူးသဖြင့် စိတ်ဓါတ်အနေအထား အဆင့်အ တန်းမြင့်စေချင်တယ်။ တိုင်းသူပြည်သား ပြည်သူလူထုကို ရင်ဝယ်သားကဲ့သို့ သဘောထားနိုင်တဲ့ တပ်မတော် သားတွေ ပါဝင်တဲ့ တပ်မတော် ဖြစ်စေချင်တယ်။ အဲဒီလိုတွေ ဖြစ်စေချင်တဲ့အတွက်ကြောင့်၊ ကျနော် NLDမှာ၊ ၀င်လုပ်နေတာ။ ဒါကို ကျနော်တို့က တပ်မတော်ကို မုန်းတီးလို့ ဆိုတာမျိုး လုံးဝ မဟုတ်ဘူး။ တပ်မတော်ကို ဆန့်ကျင်နေတယ် ဆိုတာ၊ လုံးဝ မဟုတ်ဘူး။ ကျနော်တို့က စနစ်ကိုပဲ ဆန့်ကျင်နေတာ။ သူတို့က ဘယ်လိုပဲ ယူဆယူဆ၊ ကျနော်ကတော့ ကျနော်ကျရာတာဝန်ကနေ ဆက်ပြီးထမ်းဆောင်သွားဖို့ရာကို၊ စိတ်ပိုင်းဖြတ်ထား ပါတယ်။

ဦးရော်နီညိမ်း ။ ။ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို၊ ဆက်သွယ် မေးမြန်း တင်ပြခဲ့တာပါ ခင်ဗျာ။ “ဗိုလ်ကြီးဟောင်း နေမျိုးဇင် နမူနာ နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မျှော်လင့်ချက် - အပိုင်း (၂)” ကို၊ နောက်သီတင်းပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ၊ ဆက်ပြီး တင် ဆက်ပေးသွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

http://www.voanews.com/burmese/news/

RFA စက်တင်ဘာလ ပထမပတ် ရုပ်သံသတင်း

သံလွင် ထာဝစဉ် စီးဆင်းရေး


စနေ, 03 စက်တင်ဘာ 2011
By ဦးအောင်ခင် & မညိုညိုလွင်

ရှမ်းပြည်နယ်တောင်ပိုင်း သံလွင်မြစ်မှာ တည်ဆောက်မယ့် တာဆန်းရေကာတာ စီမံကိန်းမှာ ပါဝင်တဲ့ တရုတ်အင်ဂျင်နီယာ (၃) ဦးနဲ့ စကားပြန်တဦးကို လွန်ခဲ့တဲ့ မေလ (၉) ရက်နေ့မှာ လက်နက်ကိုင်တစုက ပြန်ပေးဆွဲသွားပြီး သြဂုတ်အစောပိုင်းမှာ ပြန်လွှတ်ပါတယ်။ လက်နက်အားကိုးပြီး အကောင်အထည်ဖော်တဲ့ကိစ္စကို လက်နက်နဲ့ တုံ့ပြန်တာပဲဖြစ်ပါတယ်။ ရေကာတာရဲ့  အန္တရာယ်ကို သံလွင်မြစ်ဝှမ်းနေ မြန်မာပြည်သားတွေ နားလည်သဘောပေါက်လို့ ဆန္ဒပြကန့်ကွက်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။ လောပီတ လို့ လူသိများတဲ့ ဘီးလူးချောင်း ရေအားလျှပ်စစ်ရဲ့  ခါးသီးတဲ့ အတွေ့အကြုံကို မမေ့နိုင်ကြပါဘူး။ ဘီးလူးချောင်း ဟာ သံလွင်မြစ်ရဲ့  အဓိက မြစ်လက်တက်တခုဖြစ်တဲ့ ပွန်မြစ်ထဲကို စီးဆင်းတာမို့ လောပီတ ကို သံလွင်မြစ်ရဲ့  ပထမဆုံးသော ရေအားလျှပ်စစ်လို့ ပြောနိုင်ပါတယ်။

သံလွင်မြစ်ဟာ ကရင်ပြည်နယ်နဲ့ ထိုင်းနိုင်ငံကို ပိုင်းခြားထားတဲ့ နယ်ခြားမြစ် ဖြစ်နေတာကြောင့် ထိုင်းလျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့က ရေအားလျှပ်စစ်တည်ဆောက်ဖို့ ၁၉၈၀ ပြည့်နှစ်ကစပြီး ကြံစည်ခဲ့ပါတယ်။ သံလွင်မြစ်မှာ ရေအားလျှပ်စစ် တည်ဆောက်ဖို့ ၁၉၉၄ မှာ အဆိုပြုကြပြီး ၁၉၉၅ မှာ မြန်မာကသဘောတူလိုက်တယ်လို့ သိရပါတယ်။ သံလွင်ရေကာတာကထွက်တဲ့ လျှပ်စစ်ဓါတ်အားကို ထိုင်းကဝယ်ဖို့အတွက် ၁၉၉၆ မှာ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးကြပါတယ်။

သံလွင်ရေအားလျှပ်စစ် စီမံကိန်းမှာ အကျိုးအမြတ်ခံစားရမှာက ဗမာအစိုးရနဲ့ ထိုင်းသာဖြစ်ပြီး ဒေသခံတွေကတော့ နစ်နာဆုံးရှုံးပြီး ဘဝပျက်ဖို့သာရှိတာမို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ဝင်စားတဲ့ NGO တသီးပုဂ္ဂလအဖွဲ့တွေ စုပေါင်းပြီး ၂၉၉၉ မှာ Salween Watch (ခေါ်) သံလွင်စောင့်ကြပ်ရေးအဖွဲ့ကို တည်ထောင်ပါတယ်။ ရေကာတာကြောင့် နစ်နာဆုံးရှုံးမယ့်ဒေသခံတွေကလည်း Burma Rivers Network ခေါ် မြန်မာနိုင်ငံမြစ်ချောင်း ကွန်ယက်ကိုဖွဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရေကာတာဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ကြပါတယ်။ ကရင်လူမှုရေးအဖွဲ့ (၆) ဖွဲ့ပေါင်းပြီး ကရင်ပြည်နယ်မြစ်များ စောင့်ကြပ်ရေးအဖွဲ့ Karen Rivers Watch ကို တည်ထောင်ပါတယ်။

သံလွင်ရေကာတာရဲ့  အန္တရာယ်အကြောင်း ပထမဆုံး အစီရင်ခံစာ ရေးသူများထဲမှာ ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့လည်း ပါဝင်ပါတယ်။ Dammed by the Generals စစ်ဗိုလ်ချုပ်များ၏ ရေကာတာ ဆိုတဲ့အမည်နဲ့ (၈၆) မျက်နှာ အစီရင်ခံစာကို ၂၀၀၄ ခုနှစ်မှာ ထုတ်ဝေပါတယ်။ လောပိတ အတွေ့အကြုံကို အခြေခံပြီး အင်္ဂလိပ်၊ မြန်မာ၊ ထိုင်း၊ တရုတ် (၄) ဘာသာနဲ့ ရေးသားထုတ်ဝေထားတဲ့ စာတမ်းဖြစ်ပါတယ်။ သံလွင်ရေကာတာရဲ့  အန္တရာယ်အကြောင်း ပြည်တွင်းပြည်ပမှာ သိရှိအောင် ရည်ရွယ်ပြီး (၄) ဘာသာနဲ့ ထုတ်ဝေတာ ဖြစ်ပါတယ်။ The Salween Under Threat ဆိုတဲ့ (၈၃) စာမျက်နှာစာတမ်းကိုတော့ ထိုင်း-မြန်မာအဖွဲ့ (၁၆) ဖွဲ့ ပူးတွဲပြီး ၂၀၀၄ မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေပါတယ်။ အန္တရာယ်အမျိုးမျိုး ကြုံတွေ့မယ့် သံလွင်မြစ်အကြောင်း ဓါတ်ပုံအထောက်အထားနဲ့ တင်ပြထားတဲ့ သုတေသနစာတမ်း ဖြစ်ပါတယ်။

Karen Rivers Watch ကရင်ပြည်နယ်မြစ်များ စောင့်ကြပ်ရေးအဖွဲ့ကတော့ Damming At Gunpoint သေနတ်နဲ့တေ့ပြီး ရေကာတာစီမံကိန်း အကောင်အထည်ဖော်ပုံကို သေမင်းတမန် ရေကာတာ အမည်နဲ့ စာမျက်နှာ (၁၀၀) ကျော်စာတမ်းကို မြန်မာ-အင်္ဂလိပ်-ကရင် (၃) ဘာသာနဲ့ ၂၀၀၅ မှာ ထုတ်ဝေပါတယ်။ သံလွင်ရေကာတာရဲ့  ဆိုးဝါးတဲ့ အကျိုးဆက်တွေအကြောင်း ရေးထားတဲ့ တတိယမြောက် အစီရင်ခံစာ ဖြစ်ပါတယ်။ တာဆန်းရေကာတာ စီမံကိန်းအခြေအနေကို Warning Signs ဆိုတဲ့အမည်နဲ့ ရှမ်းသဘာဝ ပတ်ဝန်းကျင်အဖွဲ့က ၂၀၀၆ မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေပါတယ်။ ဒီအဖွဲ့ကပဲ တာဆန်းရေကာတာရဲ့  နောက်ဆုံးအခြေအနေကို ၂၀၀၉ ဇူလိုင်လမှာ အစီရင်ခံစာ ထုတ်ဝေပါတယ်။ Roots & Resilence လို့ အမည်ပေးထားပြီး တာဆန်းရေကာတာအတွက် ဒေသခံ (၆) သောင်းကျော်ကို အတင်းအဓမ္မ ရွှေ့ ပြောင်းပစ်တာကြောင့် ၂၀၀၉ မှာ လူဦးရေသုံးပုံတပုံသာ ကျန်တော့ကြောင်း ဖော်ပြထားပါတယ်။

တိမ်းစောင်းမခံနိုင်သော သံလွင် ဆိုတဲ့ (၆၈) မျက်နှာ မြန်မာဘာသာ အစီရင်ခံစာကို တိုးတက်သော မွန်လူငယ်များ အစည်းအရုံးကလည်း ၂၀၀၇ မှာ ထုတ်ဝေပါတယ်။ သံလွင်မြစ်အောက်ပိုင်းနေ ဒေသခံ ပြည်သူလူထုကို ရေကာတာစီမံချက်တွေက အန္တရာယ်ပြုနေကြောင်း ဖော်ပြထားတဲ့ စာတမ်းဖြစ်ပါတယ်။ ကရင်ပြည်နယ် သံလွင်မြစ်ဝှမ်း ဝဲကြီးနဲ့ ဓါးခွင်အကြားက ခိုကေ ဒေသမှာ သက်ရှိသတ္တဝါနဲ့ သစ်ပင်ပန်းမန်တွေ အန္တရာယ်ကြုံနေပုံကို ခေဆန်း (ခေါ်) ကရင်ပတ်ဝန်းကျင်နဲ့ လူမှုရေးအဖွဲ့က ၂၀၀၈ မှာ စာအုပ်ထုတ်ဝေပါတယ်။

ဘက်စုံမလေ့လာဘဲ အမိန့်ပေးပြီး ရေကာတာတွေ တည်ဆောက်ရင် ကျဉ်းမြောင်းတဲ့ သံလွင်မြစ်ဝှမ်းဒေသ ပျက်စီးနိုင်ကြောင်း စာတမ်းတွေ ထုတ်ဝေပြီး ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ သံလွင်ရေကာတာ စီမံကိန်းမှာ တရုတ်က အဓိကဖြစ်နေပါတယ်။ ဒါကြောင့် သံလွင်ရေကာတာကိစ္စမှာ လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မယ့်ကိစ္စကို အသေအချာလေ့လာဖို့ ၂၀၀၇ နောက်ပိုင်းက တရုတ်သမ္မတဆီ ပေးပို့တဲ့ ပန်ကြားလွှာကို မြန်မာနိုင်ငံသား ငါးသောင်း ပြည်တွင်းအဖွဲ့ (၉၈) ဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ (၂၄) ဖွဲ့က လက်မှတ်ထိုးကြပါတယ်။ ဒါပေမဲ့ ရှမ်းနဲ့ ကရင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေသာ ထပ်ဖြစ်လာတယ် ရေကာတာ စီမံကိန်းရပ်ဆိုင်းမယ့် အရိပ်လက္ခဏာကို မတွေ့နိုင်သေးဘဲ ဖြစ်နေပါတယ်။

http://www.voanews.com/burmese/news/

၉၀၀နှင့် ၁၀၀၀အကြားထားရှိရန် မျှော်လင့်ကြောင်းဦးစိုးသိန်း ကပြော


ငွေကြေးလဲလှယ်နှုန်းကို နိုင်ငံတော်၊ပြည်သူနှင့်လုပ်ငန်းရှင်များ မထိခိုက်စေရန် ဘက်စုံထောင့်စုံ ညှိနှိုင်း ဆောင်ရွက်သွားမည် ငွေကြေးလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ကျပ် ၉၀၀နှင့် ၁၀၀၀အကြားထားရှိရန် မျှော်လင့်ကြောင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ပြောကြား

နေပြည်တော်၊ ငွေကြေးလဲလှယ်နှုန်းကို သတ်မှတ်ရာတွင် နိုင်ငံတော်၊ ပြည်သူနှင့် လုပ်ငန်းရှင်များ မထိခိုက်စေရန် အဘက်ဘက်မှ ဘက်စုံထောင့်စုံစိစစ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ အမှတ်(၁) နှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ကပြောသည်။
ငွေကြေးလဲလှယ်နှုန်းကိုသတ်မှတ်ရာတွင် တစ်ဒေါ်လာလျှင် ကျပ် ၉၀၀ နှင့် ၁၀၀၀ကြားထားရှိခြင်းသည် တိုင်းပြည်အတွက် ပိုပြီးဖြစ်နိုင်ခြေရှိရန် မျှော်လင့်ကြောင်းနှင့် နိုင်ငံတော်မှလည်း ဖြစ်အောင်ကြိုးစားနေကြောင်း ပြည်ထောင်စုဝန်ကြီးက သြဂုတ် ၂၈ရက်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့သည်။
““ငွေကြေးဖလှယ်နှုန်းသတ်မှတ်ရာမှာ ပြည်ပပို့ကုန်၊ သွင်းကုန် ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်Exporter၊ Importer များ ထိပါးမှု မရှိစေဖို့၊ စားသုံးသူများအနေဖြင့် ထိပါးမှုမရှိစေဖို့၊ လက်ဝယ်နိုင်ငံခြား ငွေကိုင်ဆောင်ထားသူများနှင့် လက်ဝယ်ပြည်တွင်းသုံးငွေကိုင်ဆောင် ထားသူတွေအနေနဲ့ ထိပါးမှုမရှိစေဖို့၊ နိုင်ငံတော်ရဲ့ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့်ငွေရေးကြေးရေးကဏ္ဍ များမှာ ထိပါး မှုမရှိစေဖို့ အဘက် ဘက်က ဘက်စုံထောင့်စုံ စိစစ်ညှိနှိုင်းပြီးမှ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ Unification of Ex-change Rateပြောင်းလဲကျင့်သုံးမယ့်ကိစ္စကို သောကမထားဘဲ မိမိတို့ ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းကိုသာ အာရုံစူးစိုက်ပြီးဆောင်ရွက် ရန်လိုအပ်ပါမယ်””ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ငွေကြေးလဲလှယ်နှုန်းထားသည် အမေရိကန်ဒေါ် လာနှင့် ကျပ်ငွေတွင် နိုင်ငံတော်မှသတ်မှတ်နှုန်းသည် ၅ဒသမ၈ကျပ်နှင့် ပြင်ပဈေးကွက်ပေါက်ဈေးသည် ကျပ် ၇၀၀ကျော်ဝန်းကျင်တွင် ဖြစ်ပေါ် လျက်ရှိရာ အဆပေါင်း ၇၀၀ကျော်ကွာဟလျက်ရှိပြီး တိုင်းပြည်စီးပွား ရေးဖွံ့ဖြိုးရန်အတွက် ငွေကြေးလဲလှယ်နှုန်းကို ပြောင်းလဲသတ်မှတ်ရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များက တောင်းဆိုထား သည်။
ယင်းနှင့်ပတ်သက်၍ ငွေကြေးလဲလှယ်နှုန်းကို ပြင်ဆင်ရာတွင် နှုန်းသေနှင့်နှုန်းရှင်သတ်မှတ်မှုအား ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့(IMF)နှင့် ဆွေးနွေးညှိ နှိုင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌဦးသန်းညိမ်းက သြဂုတ် ၁၂ရက်တွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွား သည်။
““ကန်ဒေါ်လာနဲ့ကျပ်ငွေလဲလှယ် နှုန်းက ၉၀၀လောက်သတ်မှတ်ရင် တော့ အားလုံးအတွက်လုပ်သာ ကိုင် သာရှိလိမ့်မယ်မှန်းပါတယ်။ ဒါကတော့ ကာလ တိုတစ်ခုအနေနဲ့ စတင်သတ်မှတ်ပြီးဆောင်ရွက် မယ်ဆိုရင်ကောင်းပါတယ်။ ပြီးတော့မှ အခြေအနေပေါ် မူတည်ပြီး တဖြည်းဖြည်းပြောင်းလဲရင်ရနိုင်ပါတယ်””ဟု မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

tkzin@yangonmedia.com
Source:Yangon Times Journal
http://yangonmedia.net/news/news_detail.asp?nid=4507

ကန်ဒေါ်လာဘီလီယံ ၂၀ကုန်ကျမည့် မူဆယ်-ကျောက်ဖြူရထားလမ်း တရုတ်က ဒီဇင်ဘာတွင် စတင်ဖောက်လုပ်မည်



ကန်ဒေါ်လာဘီလီယံ ၂၀ကုန်ကျမည့် မူဆယ်-ကျောက်ဖြူရထားလမ်း တရုတ်က ဒီဇင်ဘာတွင် စတင်ဖောက်လုပ်မည်
နေပြည်တော်၊ မြန်မာနိုင်ငံတွင်ပထမဆုံး နိုင်ငံတကာအဆင့် လမ်းကျယ်ရထားလမ်း နှင့် လျှပ်စစ်ရထားပြေးဆွဲမည့် မူဆယ်-ကျောက်ဖြူရထားလမ်းပိုင်း ဒီဇင်ဘာ တွင် စတင်ဖောက်လုပ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးအောင်မင်းကပြောသည်။
အဆိုပါ မူဆယ်-ကျောက်ဖြူရထားလမ်းသည် မိုင် ၅၀၀ရှည်လျားပြီး ကန်ဒေါ်လာဘီလီယံ ၂၀အသုံးပြု၍ တရုတ်နိုင်ငံမှ ဖောက်လုပ်သွားမည်ဖြစ်ပြီး ရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာနိုင်ငံသားများ အလုပ်အကိုင် ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
““အခုရထားလမ်းကို စည်းကမ်းချက်တွေနဲ့ လုပ်ရ တာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေတွေ၊ BOT ဥပဒေ တွေနဲ့ ကိုယ့်နိုင်ငံမနစ်နာအောင် လုပ်ရတာပါ။
ကန်ဒေါ်လာ ဘီလီယံ ၂၀က မြန်မာက ပိုက်ဆံတစ် ပြားမှမပါ ပါဘူး။ သူတို့က နှစ် ၆၀တောင်ပေးမယ်။ မြန်မာက နှစ် ၅၀ကို BOT နဲ့ပေးပါမယ်။ ရင်းနှီးမြှုပ်နှံ မယ့် ကန်ဒေါ်လာ ဘီလီယံ ၂၀က မြန်မာနိုင်ငံမှာ ကျန်ခဲ့အောင် အလုပ်သမားတွေထည့်ပါမယ်။ ၀ယ်ယူ ရမယ့် အုတ်၊ သဲ၊ ကျောက်တွေကအစ ပြည်တွင်း က ၀ယ်ယူလို့ရအောင်လုပ်ရပါမယ်။ လုပ်ငန်းခွင်မှာ လဲ မြန်မာတွေလုပ်တတ်ရင် မြန်မာကို ပေးမယ်။ မလုပ်တတ်တဲ့ဟာကိုပဲ သူတို့ကိုလုပ်စေမှာပါ။ အခု လွှတ်တော်မှာ BOT အတွက် မြေယာဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေတင်ပြီးရင် စာချုပ်ချုပ်ပါ မယ်။ ဒီဇင်ဘာမှာ စနိုင်ဖွယ်ရှိပါတယ်။ လက်ရှိ ကျွန်တော်တို့ရဲ့စည်းကမ်းချက်တွေကို သူတို့က လက်ခံတဲ့အတွက် မြေတိုင်းနေကြပါတယ်။ ဒီရထား လမ်းက မြန်မာနိုင်ငံရဲ့ ပထမဆုံးရထားလမ်းကျယ် ဖြစ်ပြီးတော့ ပထမဆုံးလျှပ်စစ်ရထားပြေးဆွဲမယ့် လမ်းကြောင်းဖြစ်ပါတယ်””ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
မူဆယ်-ကျောက်ဖြူရထားလမ်းတွင် မူဆယ်-လားရှိုး-မန္တလေး-မကွေး-မင်းဘူး-အမ်းနှင့်ကျောက် ဖြူမြို့များကို ဖြတ်သန်းဖောက်လုပ်မည်ဖြစ်ပြီး ကျောက် ဖြူတွင်ဆောက်လုပ်မည့် ရေနက်ဆိပ်ကမ်းမှတစ် ဆင့် နိုင်ငံတကာနှင့် ချိတ်ဆက်ကုန်သွယ်ရန်စီစဉ် ထားကြောင်း သိရသည်။
အဆိုပါရထားလမ်းဖောက်လုပ်ရန်အတွက် တရုတ်နိုင်ငံမှ မြေတိုင်းတာရေးအဖွဲ့သုံးခုသည် လားရှိုး နှင့် မန္တလေးကြား၊ မန္တလေးနှင့် မင်းဘူးအကြား၊ မင်း ဘူးနှင့်ကျောက်ဖြူအကြား တိုင်းတာလျက်ရှိပြီး မူဆယ် နှင့် လားရှိုးအကြားတွင် တိုင်းတာမှုပြီးစီးနေပြီဖြစ် သည်။ ရထားလမ်းကို ငါးနှစ်စီမံကိန်းဖြင့် ဆောက်လုပ် မည်ဖြစ်ပြီး မြေတိုင်းတာမှုကို သုံးနှစ်ဆောင်ရွက်မည် ဖြစ်ကာ လမ်းဖောက်လုပ်မှုကို နှစ်နှစ်ဖြင့် အပြီးတည် ဆောက်မည်ဟု သိရသည်။
တိုင်းတာပြီးစီးသွားသော မူဆယ်-လားရှိုးရထား လမ်းပိုင်းတွင် လမ်းအရှည် ၁၂၆ဒသမ၂၇၇ကီလို မီတာ(၇၈ဒသမ၉၂မိုင်)ရှည်ပြီး တံတား ၄၁စင်း၊ ရေပြန် ၁၂၃ပြန်၊ ဥမင်လိုဏ်ခေါင်း ၃၆ခု၊ ဘူတာ ခုနစ်ခုနှင့် ခန့်မှန်းကုန်ကျစရိတ် ကန်ဒေါ်လာ သန်း ၁၆၀၀ကုန်ကျမည်ဖြစ်သည်။
““ဒီလမ်းမှာ ကုန်တန်ချိန် ၄၀၀၀တင်နိုင်တဲ့ ရထားတွေပြေးဆွဲမှာပါ။ လက်ရှိမြန်မာနိုင်ငံမှာက ကုန်တန်ချိန် ၁၀၀၀ရထားပဲ ပြေးဆွဲနိုင်သေးတယ်။ ဒီရထားလမ်းမှာ ကုန်ရထားက အသွားရှစ်စင်း၊ အပြန် ရှစ်စင်းနဲ့ လူစီးတစ်စင်းပြေးဆွဲပါမယ်။ ကုန်တွေက အိန္ဒိယက သံရိုင်းတွေ အဓိကတင်ပြီး တရုတ်ဘက်က ကုန်ချောတွေတင်ဆောင်မှာဖြစ်ပါတယ်။ မြန်မာ နိုင်ငံက ဖြတ်သန်းခနဲ့ ၀န်ဆောင်ခတွေရပါမယ်။ ပြေး ဆွဲမယ့်မိုင်နှုန်းက လျှပ်စစ်ရထားဖြစ်တဲ့အတွက် ၁၂၅ မိုင်(ကီလိုမီတာ ၂၀၀)ပြေးဆွဲနိုင်သဖြင့် မူဆယ်နှင့် ကျောက်ဖြူနေ့ချင်းပြန်ပြေးဆွဲနိုင်ပါတယ်””ဟု ပြည် ထောင်စုဝန်ကြီးက ဆက်လက်ပြောသည်။

http://yangonmedia.net/news/news_detail.asp?nid=4509

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ဧရာဝတီလင်းပိုင် ကောင်ရေ ၇၅ ကောင်ခန့်သာ ကျန်ရှိတော့


by Par Par Gyi (Face book)on Friday, September 2, 2011 at 4:26pm

Tuesday, 30 August 2011 21:58


ရေလုပ်သားတစ်ဦးနှင့် ဧရာဝတီလင်းပိုင် တစ်ကောင်အား ဧရာဝတီမြစ်အတွင်း၌ တွေ့ရစဉ်

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ဧရာဝတီလင်းပိုင် ကောင်ရေ ၇၅ ကောင်ဝန်းကျင်ရှိကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော ငါးလုပ်ငန်းဦးစီး ဌာနမှ သိရှိရသည်။

မဲခေါင်မြစ်တွင်ရှိသည့် ဧရာဝတီလင်းပိုင် ကောင်ရေမှာ အကြမ်းဖျင်း သတ်မှတ်ချက်အရ ၈၅ ကောင် ရှိကြောင်းနှင့် မျိုးသုဉ်းမည့် အန္တရာယ် မြင့်မားနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ WWF က ထုတ်ပြန်ခဲ့ပြီး ဧရာဝတီမြစ်ကြောင်း အတွင်းရှိ လင်းပိုင်ကောင်ရေမှာ မဲခေါင်မြစ်အတွင်းရှိ ကောင်ရေ ပမာဏထက် ပိုဖွယ်မရှိဟုသိရသည်။

ဧရာဝတီမြစ်ကြောင်းအတွင်း ရှင်သန်ပေါက်ဖွားသော ကမ္ဘာ့ရှားပါး မျိုးနွယ်စာရင်းဝင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို မင်းကွန်းနှင့်ကျောက်မြောင်းအကြား ထိန်းသိမ်းရေးနယ်မြေ သတ်မှတ် ကာ ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS တို့ ပူး ပေါင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါ ထိန်းသိမ်းရေးနယ်မြေ ဧရိယာ တွင် လင်းပိုင်ကောင်ရေ ၂၁ ကောင် ခန့်ကျက်စား နေထိုင်လျက်ရှိကြောင်း သိရသည်။

“မနှစ်က ဒီထိန်းသိမ်း ရေး ဧရိယာထဲမှာ လင်းပိုင်လေးကောင် သေဆုံးခဲ့တာကြောင့် ၁၇ ကောင်လောက်ပဲ ကျန်ရှိနိုင်မယ်လို့ ခန့်မှန်းထားတာ။ ဇန်န၀ါရီလ အတွင်းက ထိန်းသိမ်းရေး ဧရိယာ ထဲမှာ စောင့်ကြည့်လေ့လာမှုအရ ကောင်ရေ ၂၁ ကောင် လောက် တွေ့ရှိခဲ့တယ်။ မနှစ်ကမြစ်အထက် ပိုင်းမှာ တစ်ကောင်သေဆုံးခဲ့ပြီး မြစ်ကြောင်းတစ်လျှောက် လုံးမှာ ကောင်ရေ ၇၅ ကောင် ၀န်းကျင်လောက်တွေ့ရှိရ ပါတယ်။ ဒီအရေအတွက်ထက်ပိုရင် ငါးကောင်၊ လျော့ရင်ငါးကောင်ပါပဲ” ဟု ငါးလုပ်ငန်းဦးစီးဌာန လက်ထောက် ဦးစီးမှူးဦးဟန်ဝင်း (ပတ်ဝန်းကျင်/ မျိုးသုဉ်းရှားပါး)က ပြောကြားသည်။

“လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်းမှာ မနှစ်က လင်းပိုင်ကောင်ရေ လေးကောင်သေဆုံးခဲ့ပေမယ့် ဒီနှစ်ကောင်ရေပိုပြီး တိုးလာတာ တွေ့ရတယ်။ ခုလိုကောင်ရေများလာတာက လင်းပိုင်ထိန်းသိမ်းရေး နယ်မြေအတွင်း မှာ ပေါက်ဖွားတာလည်း ဖြစ်နိုင်သလို မြစ်အထက်ပိုင်းက လင်းပိုင်တွေဆင်း လာတာလို့ ယူဆရတယ်၊၊ ဘာကြောင့် လဲဆိုရင် မြစ်ကျဉ်းတွေကိုဖြတ်ပြီး သွားလာနေထိုင်မှုတွေ တွေ့လာရတာကြောင့် ဧရာဝတီ လင်းပိုင်တွေရဲ့ နေထိုင်ရှင်သန်မှုတွေ ပြောင်းလဲလာတာ တွေ့ရတယ်။ ရေချိုလင်းပိုင်တွေက ကျောက်သားဆန်တဲ့ ရေအောက် ကျောက်စိုင်တွေ ကြားမှာ ကူးခတ်သွားလာတာ တွေ့ရလေ့မရှိဘူး” ဟု ဦးဟန်ဝင်းက ဆက်လက် ပြောကြား ခဲ့သည်။

“မဲခေါင်မြစ်မှာ နေထိုင်ကြတဲ့ ရေချိုလင်းပိုင်တွေဟာ မြစ်ကြောင်းကျပ်တာ၊ ရေအောက် ကျောက်ဆောင်တွေ ထူထပ်တာကြောင့် ကူးခတ်ရှင်သန်ရတာ မလွတ်လပ်တော့ပါဘူး။ ဒါကြောင့် မျိုးသုဉ်း အန္တရာယ်ရင်ဆိုင် ရနိုင်ပါတယ်။ ဧရာဝတီလင်းပိုင် တွေဟာ မြစ်ကြောင်း ကျယ်ကျယ် ပြန့်ပြန့်နဲ့ အရင်ကလို ရှင်သန်နေ ထိုင်နိုင်ခြင်း မရှိတော့ဘူး။ မနှစ်က ရေနည်းကာလမှာ လင်းပိုင် ငါးကောင်သေဆုံးခဲ့ပြီး ဒီနှစ်တစ်ကောင် သေဆုံးခဲ့တာ တွေ့ရတယ်။ မြစ်ရေနည်းပါး သွားတဲ့အချိန်မှာ ဆိုရင် လင်းပိုင်တွေက မြစ်ညာ အထက်ဘက်ကို တက်ပြီး ပြောင်းရွှေ့နေထိုင်ကြပေမယ့် လူတွေကြောင့် မြစ်ကြောင်းပိတ်တာ၊ ရေပြင်ညစ်ညမ်းတာ၊ မျိုးမပွားနိုင်တာတွေ ဖြစ်နိုင်တယ်” ဟု လေ့လာသူကဆိုသည်။

“ရှော့တိုက်ပြီး ငါးဖမ်းတဲ့ ဓလေ့ရှိနေတဲ့အတွက် လင်းပိုင် တွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရပါတယ်။ ပြဒါးဆိပ် သင့်မှုကြောင့် သေဆုံးရတာလို့ အတိအကျ မပြောနိုင်သေးပေမယ့် ဒီအချက်ကလည်း ရေနေသတ္တ၀ါတွေ အသက်ရှင် ရပ်တည်မှုအပေါ် ခြိမ်းခြောက်နေပါတယ်” ဟု ဦးဟန်ဝင်းကဆိုသည်။





အချိန်အခါအလိုက် အရောင်ပြောင်းလဲနိုင်သော ပုတ်သင်ညို


အညိုရောင် ပင်စည်တွင် ကပ်နေသောအခါ ပုတ်သင်ညိုသည် အညိုရောင်အသွင် ပြောင်းသွားသည်။ အစိမ်းရောင်သစ်ရွက်များကြားတွင် ရောက်သွားသည့်အခါ အစိမ်းရောင် ပြောင်းသွားပြန်သည်။ ထိုသို့ အရောင်းပြောင်းလဲတတ်သည့် သတ္တိအစွမ်းပကားကြောင့် ပုတ်သင်ညိုကို အန္တရာယ်ပြုမည့်သူများ မတွေ့မမြင် ဖြစ်ရသည်။ သဘာဝက သူ့ကို အကာအကွယ်ပေးထားသည်ကိုး။

လူလောကတွင်းတွင်လည်း ပုတ်သင်ညိုကဲ့သို့ တနေရာမှ တနေရာကူးပြောင်းသည့်အခါ မူလ ရပ်တည်ချက်၊ ယုံကြည်ချက်တို့ကို စွန့်လွှတ်ခါ အရောင်ပြောင်းလဲသွားသူများလည်းရှိသည်မှာ ဓမ္မတာပင် ဖြစ်သည်။ စဉ်စစ် ထိုသူများသည် ယုံကြည်ချက်ကြောင့်သာ ပြောင်းလဲသွားခြင်းဖြစ်သည်။ ၎င်းတို့ ယုံကြည်သည်မှာ မိမိကောင်းစားရေးအတွက် ဘာမဆို လုပ်မည်ဆိုသည့် ယုံကြည်ချက်ကြောင့်ပင်ဖြစ်သည်။ တနည်းဆိုရလျှင် မိမိကိုယ်ကျိုးအတွက် အရာရာကို အသုံးချမည်ဟု ခံယူချက်ရှိသူများပင် ဖြစ်တော့သည်။

ကျွန်တော်တို့ တော်လှန်ရေး အဝန်းအဝိုင်းတွင် အရောင်ပြောင်းရာတွင် အတော်ဆုံးဟု ဆိုရမည့်သူ့မှာ ကိုဇော်ဦး ဖြစ်ပါသည်။ ပြည်တွင်းသတင်းစာများမှ ကိုဇော်ဦးကို ABSDF ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဟု ရေးသားကြသည်ကို တွေ့ရသည့်အတွက် ဤစာကို ရေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။
ကိုဇော်ဦးသည် ဘုရားသုံးဆူစခန်းသို့ ရောက်လာခဲ့ပြီး ဆေးကျောင်းသားတယောက် ဖြစ်သည့်အတွက် စခန်းမှ ကျောင်းသားများက ပညာတတ်တယောက်အဖြစ် အားကိုး အားထားပြုသူများထည်းတွင် တယောက်အပါအဝင် ဖြစ်ပါသည်။ ကျွန်တော် ကိုဇော်ဦးကို လူပုဂ္ဂိုလ်ရေးအရ မမုန်းပါ။ သူအောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကျွန်တော် စိတ်မဝင်စားပါ။ သို့ရာတွင် ကျွန်တော်တို့ လေးစားတန်ဖိုးထားသော ABSDF ၏ ခေါင်းဆောင်ဟောင်း တဦးဟု ပြည်တွင်းဂျာနယ်များတွင် ဖေါ်ပြခဲ့မှုကြောင့် မြန်မာပြည်သူများ ABSDF ခေါင်းဆောင်တွေဟာ အခုတော့လဲ အစိုးရနဲ့ ပလူးပလဲလုပ်နေကြပြီလားဟု အထင်အမြင်သေးသွားမည်ကို စိုးရိမ်သည့်အတွက် ဤစာ ရေးလိုက်ခြင်းဖြစ်ပါသည်။

ပထမတချက်မှာ ကိုဇော်ဦးသည် ABSDF ၏ ဘုရားသုံးဆူ စခန်းတခု၏ ခေါင်းဆောင်အဖြစ် တခဏတာမျှသာ လုပ်ခဲ့သူ ဖြစ်ပါသည်။ ဘုရားသုံးဆူစခန်းတွင် လုံးဝ မနေဘဲ ဘန်ကောက်တွင် ဝန်ကြီးချုပ်ဟောင်းဦးနုသား ဦးအောင်၏ အကူအညီ ထောက်ပံ့မှုဖြင့် တိုက်ခန်းငှါးနေခဲ့သူဖြစ်ပါသည်။ ဘုရားသုံးဆူ စခန်းသို့ ကားစင်းလုံးငှါး၍ တလတခါ ဆင်းလာတတ်ပြီး စခန်းရောက်သည့်အခါ စခန်း ကော်မီတီသို့ ငွေပေး၊ သူသောက်ရန် သောက်ရေသန့် ပုလင်းကို ဒါဇင်လိုက်ယူလာပြီး ခြင်ထောင် မွေ့ယာနှင့် နေထိုင်သူ ဖြစ်ပါသည်။ စခန်း ရဲဘော်များ ထိုစဉ်က သောက်ရေသန့် ပုလင်းကို သောက်ရန် မပြောနှင့် မြင်တောင်မြင်ဘူးကြသူများ မဟုတ်ပါ။ ထိုစဉ် ၁၉၈၈ ခုနှစ်က မြန်မာပြည်တွင် သောက်ရေသန့်ပုလင်းများ မပေါ်သေးပါ၊ ပြည်သူများ သောက်ရမှန်း မသိသလို၊ တောခိုလာကြသူများဖြစ်သော ကျွန်တော်တို့လည်း မသိကြပါ။

ကိုဇော်ဦးက ခြင်ထောင် မွေ့ယာနှင့် သောက်ရေသန့်သောက် ဇိမ်ကျနေစဉ် ကျနော်တို့က ကြမ်းတွင် အဝတ်ခင်း စမ်းချောင်းရေသောက်၊ ပုဆိုးခြုံ ကွေးနေရသည့် အနေအထားဖြစ်ပါသည်။ စခန်းတွင် ၁ ရက် ၂ ရက်နေပြီး စခန်းကော်မီတီဝင် ကိုတင်စိုးနောင်၊ ဒေါက်တာနိုင်အောင်တို့နှင့် ဘုရားသုံးဆူဈေးတွင် သောက်စားကြပြီးနောက် ဘန်ကောက်သို့ အတက်ချီကေ့ ချီးပုံးကို ဆွဲလိုက်တက်သွားပါတော့သည်။ သူပေးသော ငွေကို စခန်းကော်မီတီဝင်များက သောက်စားမူးရစ်နေစဉ် ရဲဘော်များ ငှက်ဖျားဒဏ်ဖြင့် အလူးအလဲ ဖြစ်သူဖြစ်၊ ဆရာဝန် လုပ်သူများက လူနာကို ဆေးမကုဘဲ တော်လှန်ရေးသမားကြီးများ ဂိုက်ဖမ်း၍ မူးယစ်သောက်စားနေကြသဖြင့် လက်သင် တပည့်များက ဒေါက်တာရမ်းကုလုပ်၍ ဆေးထိုး၊ တချို့ အပ်မသန့်၍ အတွင်း ပြည်လိုက်၍ ခွဲထုတ်ရသော လူနာများကလည်းရှိ၊ ငှက်ဖျားပိုး ခေါင်းထဲဝင်၍ မသေသင့်ဘဲ အသက်ဆုံးရှုံးသည့် သူလည်းဆုံးနှင့် ဘုရားသုံးဆူစခန်းတွင် ပရမ်းပတာ ဖြစ်နေခဲ့သည်မှာ စိတ်ထိခိုက်စရာ ကောင်းလှပါသည်။

ကိုဇော်ဦးသည် ဘန်ကောက်နှင့် စခန်းကို တလတခါ ကူးလာခေါက်ပြန် သွားသည့်အပြင် တဖက်မှလည်း ဦးအောင်၏ ဒညတ အတွင်းရေးမှူးနေရာကို လျှို့ဝှက်စွာ ယူထားလိုက်ပြန်ပါသည်။ ထိုစဉ်က ဗဟိုဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်က ကျနော်တို့ကို ပြောခဲ့ဘူးပါသည်။ ကိုထွန်းနှင့် ဦးရဲထွန်း (ကွယ်လွန်) တို့ အင်းစိန်ထောင်ထဲတွင် တခန်းတည်းနေပြီး အလွန်ရင်းနှီးကြသည်။ ဦးရဲထွန်းယောက်ဖ ဦးဇာလီမော်သည် ကိုအောင်ုတို့ ဒညတ၏ ခေါင်းဆောင်တဦးဖြစ်သည်။ ဦးရဲထွန်း၏ ပြောပြချက်အရ ဦးဇာလီမော်က ကိုထွန်းအောင်ကျော်အား သူ့ယောက်ဖ လူဟုထင်ပြီး စံခရဘူရီတွင် ဦးဇာလီမော်နှင့် ဇော်ဦးတို့ အတူရှိနေစဉ် ဦးဇာလီက ကိုထွန်းအောင်ကျော်အား “ကိုထွန်းအောင်ကျော်ရေ မောင်ဇော်ဦးက အန်ကယ်တို့လူဘဲ၊ သူလည်း အတွင်းရေးမှူးတယောက်ဘဲ” ဟု ပြောလိုက်သည့်အခါ ဇော်ဦး အတော်မျက်နှာပျက်သွားပြီး စကားမပြော နိုင်အောင် ဖြစ်သွားသည်ဟု ဆိုခဲ့ဘူးပါသည်။ ကိုထွန်းအောင်ကျော်ကို ဟုတ်မဟုတ် မေးကြည့်နိုင်ပါသည်။

ထိုအခါမှ ကိုထွန်းအောင်ကျော်က ဇော်ဦးဟာ နှစ်ဖက်နင်းထားသူဖြစ်ကြောင်း ရိပ်မိသိရှိခဲ့သည်ဟု ပြောခဲ့ပါသည်။ ထို့အပြင် စခန်းရဲဘော်များ မျှစ်ချိုး၊ မီးသွေးဖုတ်နှင့် စားဝတ်နေရေး ဖြေရှင်းရင်း တနေ့ စစ်သင်တန်းတက်ရနိုး တနေ့ သေနတ်ရနိုး စောင့်စားလျက် ရှိစဉ်၊ ဦးဇာလီမော်နှင့် ဦးအောင်နုတို့က ၎င်းတို့ ဒညတစခန်းတွင် ဖောက်ခွဲရေးသင်တန်းပေးမည် တက်လိုသူများ လာရောက်တက်နိုင်သည်ဟု ပြောသည့်အခါ ကိုဇော်ဦးမှ စခန်းမှ ရဲဘော်များကို မေးမြန်း၍ ၅ ယောက်တဖွဲ့ ဒညတ စခန်းသို့ လွှတ်ပေးခဲ့ပါသည်။ ထို့သို့ လွှတ်ပေးသည့်အတွက် ဒညတစခန်းတွင် လူများရောက်ရှိလာပါသည်။ ရောက်ရှိလာသော ရဲဘော်များကို ငါးသေတ္တာဗူးများနှင့် ကျွေးမွေးသည့်အတွက် ထိုသူများ သင်တန်းတက်ပြီးသော်လည်း စခန်းသို့ ပြန်မလာကြတော့ပါ။ ဒညတမှ ထိုကဲ့သို့ သင်တန်းအကြောင်းပြ၍ ABSDF ရဲဘော်များကို ဖဲ့ထုတ်ပြီး အစာနှင့်တမျိုး အနေအထိုင်ကောင်းမှုနှင့်တမျိုး စည်းရုံးခဲ့ခြင်းကို သိသိကြီးနှင့် ကိုဇော်ဦးမှ အားပေးကူညီ၍ လူများ ပေးပို့ခဲ့သည်။ ထိုအတွက် ဦးအောင်မှ ဇော်ဦးအား လူတသုတ်ပို့တိုင်း ဘတ်ငွေ ၅ သောင်း ထုတ်ပေး၍ ဆုချသည်ဟု ကြားသိရပါသည်။

ABSDF ရဲဘော်အများစုမှာ ငတ်ပြတ်နေသော်လည်း ယုံကြည်ချက်ဖြင့် ဒညတကိုလည်းကောင်း၊ မွန်ပြည်သစ်ကိုလည်းကောင်း၊ ကေအင်ယူကိုလည်းကောင်း မပြောင်းလဲဘဲ ကြံ့ကြံ့ခံနေခဲ့ကြသည်မှာ ယနေ့အထိ ဂုဏ်ယူလို့ မဆုံးပါ။ ဇော်ဦး၏ နှစ်ခွ လုပ်စားနေမှုကို သိမြင်လာကြသဖြင့် နောက်ဆုံး ဇော်ဦးကို ခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်၍ ဆေးကျောင်းသား အောင်သူငြိမ်းကိုသာ စခန်းဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ကြပါသည်။ သို့ရာတွင် ဇော်ဦးနှင့် ကျေးဇူးမကင်းသည့် ဒေါက်တာနိုင်အောင်က ABSDF အရေးပေါ် ညီလာခံအပြီးတွင် ဒုဥက္ကဋ္ဌနေရာ အရွေးခံရပြီးနောက် ဗဟိုတွင် မနေဘဲ စခန်းသို့ ပြန်လာ၍ နှပ်နေစဉ်၊ ဗဟိုဒုဥက္ကဋ္ဌရာထူး အရှိန်အဝါကိုယူ၍ မွန်ပြည်နယ် ABSDF ကော်မီတီကို ဖွဲ့စည်းခဲ့ပြန်ပါသည်။ ၁၀၁ ဥက္ကဋ္ဌ ပြုတ်သွားသည့် ဇော်ဦးကို ၁၀၁ နှင့် ၁၀၂ စခန်းနှစ်ခုပေါင်း မွန်ပြည်နယ် ABSDF ဥက္ကဋ္ဌအဖြစ် ဒေါက်တာနိုင်အောင်က တင်ပေးလိုက်သဖြင့် ရဲဘော်များအားလုံး ဒေါသူပုန်ထသည်အထိ ဖြစ်ခဲ့ရပြန်သည်။

ကိုအောင်သူငြိမ်း၊ ကိုဝင်းမင်းတို့မှာ ဆေးကျောင်းသားများဖြစ်ပြီး ဇော်ဦးတို့ အုပ်စုကို အပြတ်ဆန့်ကျင်ရဲသူများ ဖြစ်ကြပါသည်။ ထိုကြောင့် ကိုအောင်သူငြိမ်းကို စခန်းရဲဘော်များက ဥက္ကဋ္ဌအဖြစ် ရွေးခဲ့ကြပြီး ကိုဝင်းမင်းကိုမူ မင်းသမီးစခန်းတွင် ဆေးကုသနိုင်သူမရှိသဖြင့် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နှင့် မင်းသမီးစခန်းဥက္ကဋ္ဌ ကိုအောင်သန်းဝင်းတို့က မင်းသမီးစခန်းသို့ အမိန့်ဖြင့် ပို့ပေးခဲ့ပါသည်။ ကိုဝင်းမင်းတယောက် မလိုက်ချင်ဘဲလျက် အမိန့်ကို နာခံပြီး လိုက်သွားခဲ့ရပါသည်။ ထို့ကြောင့် တချိန်တွင် မင်းသမီးစခန်းမှ ရှားရှားပါးပါးး ရလာသည့် ဆေးကျောင်းသား ကိုဝင်းမင်းကို နေ့ချင်းညချင်း ဒေါက်တာဘွဲ့ပေး၍ ဒေါက်တာဝင်းမင်းအဖြစ် တလေးတစား နေရာပေးခြင်း ခံရပြီး ဆရာဝန်ကြီး ဖြစ်သွားခဲ့ပါတော့သည်။

ဇော်ဦးသည် ငွေထွက်သည့် နေရာကို သိသည်။ ထိုနေရာသို့ ဘယ်လိုသွားရမည်ကို နားလည်သည်။ သူ့တွင် ထိုအရည်အချင်း ရှိသည်မှာ သူ့လုပ်ရပ်များက သက်သေပြလျက် ရှိသည်။ ပထမ ABSDF တွင်ရှိစဉ် စခန်းဥက္ကဋ္ဌနေရာကို ယူ၍ ဘန်ကောက်တွင်ရှိသော ဦးအောင်၊ ဦးတင်မြင့်ဦး၊ ဒေါ်မင်းမင်းတို့နှင့် တွေ့ပြီး စခန်းအတွက် အကူအညီတောင်းသည်။ ရလာသည်ကို စခန်းကိုပြန်ပေး၍ မျက်နှာလုပ်သလို သူ့အိတ်ထဲလည်း ထည့်သည်။ ဘယ်လောက်ရလာသည်ဟု သူ့ပါးစပ်ပြောဘဲ သိရသည်။ စာရင်းအင်းမရှိ။ ရဲဘော်များက ငွေရှာပေးလာသည်ကိုဘဲ ကျေးဇူးတင်နေရသည်။ တဖက်မှလည်း ငွေရွှင်နေသော ဒညတကို ခြေစုံပစ်ဝင်လိုက်ပြီး ဖေါဖေါသီသီ သုံးစွဲနိုင်ခဲ့သည်။

စခန်းမှ မိန်းကလေးများကို တယောက်ပြီးတယောက်ဘန်ကောက်တွင် ဆေးကုပေးမယ်ဟု ပြောပြီး ခေါ်သည်။ ဘန်ကောက်မရောက်ခင် လမ်းတွင် KNU မှ ဖွင့်ထားသော တပ်မ (၄) ပိုင် တည်းခိုခန်းတွင် ဝင်၍ တယောက်ခန်းငှါးပြီး ၃ ရက် ထိုခေါ်လာသောမိန်းကလေးနှင့် အတူနေသည်။ ထို့နောက် ဘန်ကောက်တက်လာပြီး အဝတ်အစား ဝယ်ပေးသည်။ ပြီးလျှင် ပြန်လာပြီး ထိုတည်းခိုခန်းတွင် ထပ်တည်းပြန်သည်။ ဇော်ဦးခေါ်သွားသည့် မိန်းခလေးများအမည်ကို သိရှိသော်လည်း ယခုအခါ အိမ်ထောင်သည်များ ဖြစ်နေပြီဖြစ်၍ ထုတ်ဖေါ်မပြောလိုတော့ပါ။ KNU ကန်ချနဘူရီ တည်းခိုခန်းတွင်ရှိသည့် KNU ဗိုလ်ကြီး Leonal (လိုင်နယ်) ယခု အမေရိကန်တွင် အီလီနွိုင်းပြည်နယ်၌ (ကွယ်လွန်) က ကျွန်တော့်ကို ခရစေ့တွင်းကျ ပြောပြဘူးသည်။ ဥက္ကဋ္ဌကိုထွန်းအောင်ကျော်ကလည်း သူ့အား ဖဒိုလိုင်နယ်က ဧည့်စာရင်းစာအုပ်ကို ဖွင့်ပြ၍ “ခင်ဗျားတို့ စခန်းခေါင်းဆောင်တွေ လုပ်နေကြတာ ကြည့်ပါအုံးဗျာ” ဟု ဆိုပြီး ပြခဲ့သဖြင့် အံ့သြစွာ အကျင့်ပျက်နေမှုတို့ကို သိခဲ့ရသည်ဟု အတည်ပြုခဲ့ပါသည်။

ABSDF မွန်နယ်မြေ ဥက္ကဋ္ဌ အဖြစ်ကို ဇော်ဦးအား ဒေါက်တာနိုင်အောင်မှ သူ၏ ဗဟိုဥက္ကဋ္ဌ အရှိန်အဝါ သုံး၍ တင်ပေးသော်လည်း စခန်းရဲဘော်များက လက်မခံသဖြင့် နောက်ဆုံးကိုဇော်ဦးတယောက် ပြောင်ပြောင်တင်းတင်း ဒညတသို့ ပြောင်းသွားခဲ့သည်။ ဒညတ ငွေခန်းလာသည့်အခါ ဒညတကို ကျောခိုင်း၍ အမေရိကသို့ ထွက်သည်။ ထိုနောက် ကျောင်းတက်ပြီး ကျောင်းပြီးချိန်တွင် ဒေါက်တာသောင်းထွန်းကို ချဉ်းကပ်၍ ၎င်း၏ ထောက်ခံမှုဖြင့် ညွန့်ပေါင်းအစိုးရထံတွင် Burma Fund ၏ အလုပ်အမှုဆောင်ဒါရိုက်တာ နေရာကို ယူပြီး ကောင်းစားနေပြန်သည်။ ဇော်ဦး တယောက် ငွေတွင်းပေါ်တွင် ထိုင်ပြီး လခကောင်းကောင်း တဖက်မှ ယူရင်း (တနှစ် ဒေါ်လာ ၆ သောင်း) တဖက်မှလည်း NCGUB ကို ထောက်ပံ့နေသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုကို ရယူသည်။ ကိုဇော်ဦး အနေနှင့် ငွေရနိုင်မှုကို လုပ်ရင်း ကိုင်ရင်း မြင်လာသည်။ အဆက်အသွယ်တွေ ရသလောက် ရလာသည်။ ထို့အပြင် သူ့ဦးလေးတော်စပ်သည့် ယခင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်သူ ဦးလင်းမြိုင်နှင့်လည်း ပူးကပ်ထားခဲ့သည်။

ထိုနောက် အခြေအနေပေးလာသည်နှင့် (Burma Fund) မှ ထွက်လိုက်သည်။ ထို့နောက် ချိတ်ဆက်ထားသည့် ထောက်ပံ့ရေးအဖွဲ့များနှင့် ဆင့်ပွါး သိလာသည့်အဖွဲ့များ၏ ထောက်ပံ့မှုဖြင့် ဗဟုဆိုသော အဖွဲ့ကို ဦးစီးပြီး ဖွဲ့စည်းလိုက်သည်။ ABSDF ကို နင်း၍ ငွေတွင်းနောက်သို့ လိုက်စဉ် ပထမ ဒညတ၊ ဒုတိယ NCGUB နှင့် Burma Fund ၊ တတိယ ဗဟု (ကိုယ်ပိုင်) ဖြစ်သွားသည်။

ဗဟုအဖွဲ့ကို ဟားဗတ်တက္ကသိုလ်သို့ တော်လှန်ရေးသမားခေါင်းဆောင်များအဖြစ် ဖိတ်ကြားသဖြင့် သွားရောက် တက်ခဲ့ပြီး ၈ လ သင်တန်းအပြီးတွင် ဂုဏ်ထူးဆောင်ဘွဲ့ကို ယူလျက် မိမိတို့သည် ဟားဗတ်ကျောင်းဆင်းများ ဖြစ်သည်ဟု ကြွေးကျော်လာသူ သုံးယောက်ကို အလွယ်တကူ စည်းရုံးပြီး လခစားများအဖြစ် သိမ်းသွင်းလိုက်နိုင်ခဲ့သည်။ ၎င်း ဂုဏ်ထူးဆောင် မာစတာဘွဲ့ (တကယ်ရသော ဘွဲ့မဟုတ်) ရများသည် အောင်နိုင်ဦး၊ ဝင်းမင်းနှင့် အောင်သူငြိမ်းတို့ ဖြစ်ကြသည်။ တချိန် ဇော်ဦး အကျင့်ပျက်ချစားမှုကို ခါးခါးသီးသီး တိုက်ခဲ့ကြသော သူများက ယနေ့ ဇော်ဦး စီမံခန့်ခွဲမှုအောက်တွင်နေပြီး အပိုးကျိုးနေကြသည်မှာ ရယ်စရာတော့ ကောင်းသည်။ ဇော်ဦးက ဒီနေရာတွင် အလွန်တော်သည်။ ပိုင်သည်။ သူ့ကို ဥက္ကဋ္ဌရာထူးမှ ဖြုတ်ချပြီး ဥက္ကဋ္ဌနေရာ တက်ယူခဲ့သည့် အောင်သူငြိမ်း ယနေ့ သူ့အုပ်ချုပ်မှုအေက်တွင် သူ့လခစား ဖြစ်နေသည်။

တုတ်တုတ်မလှုပ်ရဲ။ ဇော်ဦးပြောချင်သည်တို့ကို သူရော၊ ဝင်းမင်းရော အသံထွက်ပေးနေရသည်။ စီးပွားရေး ပိတ်ဆို့မှု မလုပ်သင့်တော့ဘူး၊ ပူးပေါင်းဆောင်ရွက်ရမည်၊ ရွေးကောက်ပွဲဝင်ရမည်ဆိုသည်ကို သူတို့ ပါးစပ်ဖျားမှ မချ။ ထို့အပြင် ပြည်တွင်းမှ လူငယ်၊ ရဟန်းပျို၊ လူကြီး လူလတ်မရွေး ခေါ်ထုတ်ပြီး ချင်းမိုင်တွင် ရွေးကောက်ပွဲ အကြိုသင်တန်းပေးခြင်းများကိုလုပ်သည်။ သန်းရွှေတို့ကပြည်တွင်းမှထွက်လာ၍သင်တန်းတက်သူများကိုမျက်စိ မှိတ်ထား ပေးသည်။ ဖမ်းဆီးခြင်းမပြု ရွေးကောက်ပွဲကိုအားပေးသည်လုပ်ရပ်ဖြစ်တာကြောင့်ကြိုက်သည်။့

နေဝင်းမောင်အုပ်စု၊ ဟန်းညောင်ရွှေအုပ်စုတို့နှင့် ချိတ်ဆက်သည်။ ဒေါ်စု ခေါင်းမာသည်ဟု ပြောကြသည်။ အောင်နိုင်ဦးက အဆိုးဆုံးဖြစ်သည်။ သူ့မိန်းမ​ ရှိုနာက ပရောဂျက် ကိုင်သည်။ သူက ပရိုပိုဆယ်Proposal ရေးပြီး လျှောက်သည်။ ဒေါ်စုကို အပြင်းအထန်ဆုံး ဝေဖန်သည်။ မိမိကိုယ်ကို မြန်မာ့အရေးကျွမ်းကျင်သူဟု ဆိုသည်။ ဝင်းမင်းကလည်း တမှောင့် စစ်ရေးလေ့လာသူ ဆိုပြီး လုပ်လာပြန်သည်။ အော်... ခက်ပါလား။ သတင်းသမားတွေကလည်း မြှောက်ပေးသည်။ ဘယ်လိုဘွဲ့မျိုးနှင့် ဟားဗတ်က ပေးလိုက်သည်ကို မသိ၊ ဟားဗတ်ဆိုတာနှင့် ကျွမ်းကျင်ပညာရှင်ကြီးများဘဲဟု ယုံလိုက်သည်။ ဖြစ်မှဖြစ်ရပလေ။ ဟားဗတ်သည် ဟားစရာ ဘတ်တံဆိပ်ကြီးနဲ့ ပါလားကရို့ဟု ဘုရားစူးပါရစေရဲ့ ဟားဗတ်ဖြစ်သည်။

သြော်... ဒီမိုး ဒီလေ၊ ဒီလူတွေ၊ ဒီမီဒီယာတွေနဲ့ ဘယ်လို လုပ်ကြမတုံး။

ဟော...၊ အခုကြည့်၊ ဇော်ဦးကဦးသိန်းစိန်မခေါ်ခင်ကတည်းက ပြည်တွင်းကို ဥဒဟို ဝင်စို့ထွက်စို့ လုပ်နေခဲ့တာ။ ဦးသိန်းစိန်ခေါ်မှ မဟုတ်၊ သူ့ဦးလေး လင်းမြိုင်က လမ်းဖွင့်ပေးပြီးသား။ ကျနော့်အမြင်တော့ အခု ဦးသိန်းစိန်က ပြည်ပက လူတွေ ပြန်လာကြပါလို့ဆိုတာ သူတို့ အုပ်စုကို ရည်ညွန်းနေသလိုဘဲ။ ဒီလိုဆိုရင် အောင်သူငြိမ်းတို့၊ အောင်နိုင်ဦးတို့ ဟားဗတ်ပုဂ္ဂိုလ်များလိုလို ပညာရှင်လိုလို ကဝိလိုလိုများ…. ပြန်ကြအုံးတော့မယ် ထင်ပါရဲ့လို့ ပြောရင်း နိဂုံးချုပ်လိုက်ပါသည်။
နေသည် အနောက်မှဝင်၍ အရှေ့မှ ပြန်ထွက်လာသကဲ့သို့ အမှန်တရားပျောက်ကွယ်မှုသည် တခဏ တာသာ ဖြစ်သည်။ ဤစာသည် ပုတ်သင်ညိုများ အရောင်ပြောင်းနေမှုကို မီးမောင်းထိုးပြနိုင်လျှင် ရေးရကျိုး နပ်ပါသည်။


အားလုံးကိုလေးစားလျက်

သန်းဝင်း (ABSDF အထွေထွေအတွင်းရေးမှူးဟောင်း )
Tel: 727-656-8922

ဥက္ကဋ္ဌများအဖြစ်သူကောင်းပြုလိုက်သည်။ (ထိုက်သင့်သလိုလုပ်စားစေ)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးပါဝင်သည့် ပြည်ထောင်စုအဆင့်ကော်မတီ (၁၉)ခုဖွဲ့စည်း ကော်မတီများနှင့် သက်ဆိုင်သည့် ဌာနများနှင့် အဖွဲ့အစည်းများ၏ ဥပဒေရေးရာ၊ တိုင်ကြားလွှာနှင့် အသနားခံစာကိစ္စများကိုပါ ကြားနာစစ်ဆေးသွားမည်
Friday, 02 September 2011 02:03

ပထမအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးဒသမနေ့တွင် ပြည်သူ့လွှတ်တော်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးပါဝင်သည့် ပြည်ထောင်စုအဆင့်ရှိ ကော်မတီ (၂၀)ကို ဖွဲ့စည်းအတည်ပြုလိုက်ကြောင်း သတင်းရရှိပါသည်။ အဆိုပါကော်မတီများသည် ပြည်ထောင်စုအဆင့်ဖြစ်ပြီး ကော်မတီ၏ သက်တမ်းကို တစ်နှစ်ခွင့်ပြုထားကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းအတည်ပြုလိုက်သည့် ကော်မတီ (၁၉)ခုမှာ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတက်ရေးဆိုင်ရာကော်မတီ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ တောင်သူလယ်သမား၊ အလုပ် သမားနှင့် လူငယ်ရေးရာကော်မတီ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပို့ ဆောင်ဆက်သွယ်ရေးနှင့် ဆောက် လုပ်ရေးဆိုင်ရာကော်မတီ၊ အားက စား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက် ဆံရေးဖွံ့ဖြိုးတက်မှုကော်မတီ၊ စိုက် ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက် မှုကော်မတီ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၊ ကျန်းမာရေးမြှင့်တင်မှု ကော်မတီ၊ ပညာရေးမြှင့်တင်မှုကော် မတီ၊ အမျိုးသမီးများနှင့် ကလေးသူ ငယ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ၊ ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီ၊ တရားစီရင်ရေးနှင့် ဥပ ဒေရေးဆိုင်ရာကော်မတီ၊ ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုကော်မတီ၊ ရင်းနှီး မြှုပ်နှံမှုနှင့် စက်မှုလက်မှုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ ရေကြောင်းပို့ဆောင်ရေးဖွံ့ဖြိုးတိုး တက်မှုကော်မတီတို့ဖြစ်သည်။

နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့် လူ အခွင့်အရေးဆိုင်ရာကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးဌေးဦး၊ အတွင်းရေး မှုးအဖြစ် ဦးတင်မောင်ဝင်း၊

တိုင်း ရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်မှုကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးသိန်းဇော်နှင့်အတွင်း ရေးမှုးအဖြစ် ဒေါ်ဒွဲဘူ၊

ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးအောင်သောင်းနှင့် အတွင်းရေး မှုးအဖြစ် ဦးမောင်မောင်စိုး၊

စီမံကိန်း နှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော် မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးစိုးသာနှင့် အတွင်းရေးမှုးအဖြစ် ဦးအေးမောက်၊

တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးတင်ထွတ်နှင့် အတွင်းရေးမှုးအဖြစ် ဦးဌေးဝင်း၊

စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်သိမ်းနှင့် အတွင်းရေးမှုးအဖြစ် ဦးခင်မောင်ဦး၊

ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီတွင်
ဥက္ကဋ္ဌ အဖြစ် ဦးသိန်းဆွေနှင့် အတွင်းရေးမှုးအဖြစ် ဦးမျိုးဆွေ၊

အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတက်မှုကော်မတီတွင်
ဥက္ကဋ္ဌ အဖြစ် သူရဦးအေးမြင့်နှင့် အတွင်းရေးမှုးအဖြစ် ဦးအောင်ကြိုင်၊

စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးစိုးနိုင်နှင့် အတွင်းရေးမှုးအဖြစ် ဦးအောင်သန်း၊

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးလွန်းသီနှင့် အတွင်းရေးမှုးအဖြစ် ဦးသိန်းလွင်၊

ကျန်းမာရေးမြှင့်တင်မှုကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဒေါက် တာကျော်မြင့်နှင့် အတွင်းရေးမှုးအဖြစ် ဒေါက်တာနေလင်း၊

ပညာရေးမြှင့်တင်မှုကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဒေါက်တာချမ်းငြိမ်းနှင့် အတွင်းရေးမှုးအဖြစ် ဒေါက်တာမြဦး၊

အမျိုးသမီးများနှင့် ကလေးသူငယ်များ ကာ ကွယ်စောင့်ရှောက်ရေးကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်ဆွေနှင့် အတွင်းရေးမှုးအဖြစ် ဦးမြင့်သူ၊

ပြု ပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်မှု စိစစ်ရေးကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးအောင်သိန်းလင်းနှင့် အတွင်းရေးမှုးအဖြစ် ဒေါက်တာ မောင်မောင်ဝင့်၊

တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် သူရဦးအောင်ကိုနှင့် အတွင်းရေးမှုးအဖြစ် ဦးမြင့်ထွန်း၊

ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးမောင်ဦးနှင့် အတွင်းရေးမှုးအဖြစ် ဦးတင်မောင်ဦး၊

ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးဌေးမြင့်နှင့် အတွင်းရေးမှုးအဖြစ် ဦးကြည်သာ၊

နိုင်ငံတကာဆက်ဆံရေးကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးလှမြင့်ဦးနှင့် အတွင်းရေးမှုးအဖြစ် ဦးကိုကိုထွန်း၊

ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် ဦးကြည်မင်းနှင့် အတွင်းရေးမှုးအဖြစ် ဦးအေးဖေ

တို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းအတည်ပြုလိုက်သည့် ကော်မတီများသည် ကော်မတီနှင့် သက်ဆိုင်သည့် ၀န်ကြီးဌာနများ၊ အဖွဲ့အစည်းများတွင် ကျင့်သုံးနေသည့် ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြား ချက်များကို ခေတ်နှင့်လျော်ညီမှုမရှိပါက အများပြည်သူအကျိုးအတွက် လိုအပ်မှုရှိလာပါက ပြင်ဆင်၊ ဖြည့် စွက်၊ ဖျက်သိမ်း၊ အသစ်ရေးဆွဲခြင်းများကိုဆောင်ရွက်နိုင်ပြီး လိုအပ်ပါက သက်ဆိုင်သည့် ၀န်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံမေးမြန်းနိုင်ခွင့်ရှိကြောင်း သိရသည်။

ကော်မတီများသည် သက်ဆိုင်သည့် ၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုများကို ဥပဒေနှင့် အညီ ထိန်းကျောင်းကြပ်မတ် ကွပ်ကဲခွင့်ရှိပြီး အဆိုပါဌာနနှင့် အဖွဲ့အစည်းများအပေါ် တိုင်ကြားလွှာ နှင့် အသနားခံစာများကို စိစစ်ကြားနာ၍ ပြည်သူ့လွှတ်တော်သို့ တင်ပြခြင်းကို ဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။

Eleven News မှ ကူးယူဖော်ပြသည်။

၂၀၁၀ခုနှစ် ဧပြီလ ၁၇ရက်နေ့ မြစ်ဆုံAsia World ရုံးဝင်းအတွင်းပေါက်ကွဲခဲ့တဲ့မြင်ကွင်း




http://www.mediafire.com/?ga1qfm6nd8mrzrx

More on
http://www.demowaiyan.co.cc/2011/09/asia-world.html


"သုတေသန သမ္မာမဂ္ဂင်္ဂပဉှာကျမ်း"



By U Phyu Win

"သုတေသန သမ္မာမဂ္ဂင်္ဂပဉှာကျမ်း download"

2.6MB ထေရ၀ါဒဗုဒ္ဓဘာသာဝင်အဖြစ်ခံယူနိုင်ကြဘို့ "သုတေသန သမ္မာမဂ္ဂင်္ဂပဉှာကျမ်း download"

http://jumbofiles.com/mifp4j22736k/ThuTaeThaNa Thama Megginga Pinna.pdf.html