ကြပ်ပြေးကို
အနာဂတ်တခု--တည်ဆောက်ဘို့ 
မိုင်ပေါင်းများစွာ---အဝေးသို့ 
မောင်အေးနဲ့ သန်းရွှေကို ခင်ညွန့် က
ဂွင်တွေဆင်ခဲ့ တယ်
ဗိုလ်သန်းရွှေ
သောက်ကမြင်းကြောအထ ကောင်းလို့ 
တို့ နှစ်ယောက်ရဲ့ကမ္ဘာ အသစ်သို့ 
ဒီပျဉ်းမနားမြို့ ပေါ်ကို မမျှော်လင့် တဲ့ အဆိုးတွေ
ခေါ်ဆောင်လာတယ်
ကံတရားတွေ
ဘယ်သူများကဖန်ဆင်းနေ
ဂွင်အကြီးကြီးတွေ ပျောက်ပီ
အရင်တုန်းက မြို့ တော်မှာ အမှောင်များနဲ့ 
အထီးကျန်စွာကျန်ရစ်ခဲ့ ပီ
ရင်ခွင်ဆီပူလောင်စွာဆွေး
ကြယ်ကြွေချိန်ကိုယ်တယောက်ထဲဆွေး
နေပြည်တော်မှာကိုယ်တယောက်ထဲဆွေး
ဒီမှာပြောင်ကြီး---ဘာတွေလိမ်ဦးမလဲ
ဒီဘ၀ဆိုး
ရွှေမန်း သိန်းစိန် ဘ၀ဆိုး
ချောက်ချားရတဲ့ ညမျိုး
မောင်အေးနဲ့ သန်းရွှေဟာ / ရွှေမန်းနဲ့ သိန်းစိန်ကို;ဂျောက်တွန်းခဲ့ ပီ
ရင်ခွင်ဆီပူလောင်စွာဆွေး
နိုင်ငံတကာ ပရက်ရှာများပေး
ဂျောင်ငယ်မှာ ကိုယ်တယောက်ထဲဆွေး
သေပီရွှေမန်း ---ခုံနေရာပျောက်သွားခဲ့ 
ဒီဘ၀ဆိုး
ကြေကွဲခြင်းနဲ့ ညဆိုး
ချောက်ချားရတဲ့ ညမျိုး
သမ္မတအသစ်သိန်းစိန်ဟာ ထမိန်ကွင်းကြီးပတ်ကာရယ်
ကျန်ရစ်ခဲ့ ပီ
ရင်ခွင်ဆီပူလောင်စွာဆွေး
ကြယ်ကြွေချိန်ကိုယ်တယောက်ထဲဆွေး
နေပြည်တော်မှာကိုယ်တယောက်ထဲဆွေး
သေပီ၈လုံး---ထမိန်စွန်တောင်ဆွဲရင်း
ဒီဘ၀ဆိုး
ကြေကွဲခြင်းနဲ့ ညဆိုး
ချောက်ချားရတဲ့ ညမျိုး
တရုတ်အားကိုးသန်းရွှေဟာ ပဆိန်ရိုးအဖြစ်သိန်းစိန်ကို
ဂျောက်တွန်းခဲ့ ပီ
ရင်ခွင်ဆီပူလောင်စွာဆွေး
ဆန်ရှင်တွေပြန်ရုပ်သိမ်းပေး
ဂျောင်ငယ်မှာ ကိုယ်တယောက်ထဲဆွေး
အကယ်ဒမီကျော်ဆန်း-- ငိုတောင်ငိုခဲ့ ရပီ
ဒီဘ၀ဆိုး
ကြေကွဲခြင်းနဲ့ ညဆိုး
ချောက်ချားစေတဲ့ ညမျိုး
ဓါတ်ခဲဟောင်းတွေ့ ရင်တောင် -- အီလထရောနစ် ဥပဒေနဲ့ 
ထောင်ကျတတ်တယ်
ရင်ခွင်ဆီပူလောင်စွာဆွေး
ကြယ်ကြွေချိန်ကိုယ်တယောက်ထဲဆွေး
နေပြည်တော်မှာကိုယ်တယောက်ထဲဆွေး
ဒီမှာကြည့် စမ်း --- CRAZY ကျော်ဆန်းတဲ့ 
ဒီဘ၀ဆိုး
ကြေကွဲခြင်းနဲ့ ညဆိုး
ချောက်ချားစေတဲ့ ညမျိုး
ကြောင်ခံတွင်းပျက်သိန်းစိန်ဟာ -- မုတ်ဆိုးမအတွင်းခံလို
ကျန်ရစ်ခဲ့ ပီ
ရင်ခွင်ဆီပူလောင်စွာဆွေး
ဆန်ရှင်တွေပြန်ရုပ်သိမ်းပေး
နေပြည်တော်မှာကိုယ်တယောက်ထဲဆွေး
ဘန်ကီမွန်လဲ --- ရူးကြောင်ကြောင်ဖြစ်သွားခဲ့ 
ဒီဘ၀ဆိုး
ကြေကွဲခြင်းနဲ့ ညဆိုး
ဗိုလ်ချုပ်တွေရဲ့ဘ၀ဆိုး
ဝန်ကြီးများ ချိတ်ထမိန်တွေဝတ်ပီးတော့  မိန်းမရှာလို
ရန်တွေ့ တတ်ပီ
(သီချင်းအသံဖိုင်မျှော်)
Wednesday, September 7, 2011
ကြပ်ပြေး အရှုတ်တော်ပုံ (စိုင်းစိုင်းသန်းရွှေ - ကနေဒါ)
၇.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://www.mediafire.com/file/vdjhkm1bkdfj2ge/7%20Sep2011%20Yeyintnge%27s%20diary.pdf
http://www.mediafire.com/file/fa11e81a14tlffz/7%20Sep2011%20Yeyintnge%27s%20diary.doc
http://www.scribd.com/doc/64206241/7-Sep2011-Yeyintnge-s-Diary#
မြန်မာ တရုတ်လက်အောက်ခံ ဖြစ်တော့မှာလား
Wednesday, 07 September 2011 16:09
ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေဟာ တနေ့တခြား ကြီးထွားလာနေတဲ့ သူတို့ရဲ့စွမ်းအင် လိုအပ်ချက် ပြည့်မှီအောင် ရရှိရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းလာတာကို ၂၁ ရာစု အစပိုင်း နှစ်တွေမှာ တွေ့လာရတယ်။
အဲဒီလို အင်အားကြီးထွားလာနေတဲ့ အထဲမှာ အာရှနဂါး အဖြစ်နာမည် ကြီတဲ့ တရုတ်ဟာ ကမ္ဘာ့ စီးပွားရေး နေရာမှာ နံပါတ်နှစ်ကို ရောက်ရှိလာခဲ့ပါတယ်။ စီးပွားရေး ကြီးထွားလာမှုနဲ့အတူ စွမ်းအင် လိုအပ်ချက်ကလည်း ကြီးထွားးလာခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ စွမ်းအင်သုံးစွဲတဲ့ နေရာမှာ ကမ္ဘာ့ နံပါတ် (၃) နေရာကိုရောက် ရှိလာခဲ့တယ်။ စွမ်းအင်အတွက် လိုအပ်တဲ့ လောင်စာအများစု ကိုတော့ အရှေ့အလယ်ပိုင်းကနေ သင်္ဘောကြီးတွေနဲ့ သယ်ယူပါတယ်။
အဲဒီလို သင်္ဘေတွေနဲ့ သယ်ယူရာမှာ လမ်းခရီးရှည်လျားမှု အချိန်ကာလကြန့်ကြာမှု ငွေကြေးကုန်ကျမှု မြင့်မားခြင်းနဲ့ အန္တရာယ်ကြီးမားခြင်းတို့ဟာ ရေရှည်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေး အင်အားကြီးထွားမှုကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်တဲ့ အချက်ဖြစ်နေပါတယ်။
တရုတ်နိုင်ငံရဲ့ အနာဂတ် လောင်စာသယ်ယူရေးကို အဓိကခြိမ်းခြောက်လာနိုင်တဲ့အချက်ကတော့ တောင်တရုတ်ပင်လယ် အတွင်းရှိတဲ့( စပရယ်တလီ) ကျွန်းစု အငြင်းပွားမှုပဲ ဖြစ်ပါတယ်။ အဲဒီကျွန်းစုတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ ရှိနေတော့ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား နဲ့ ဗီယက်နာမ်နိုင်ငံတွေက သူပိုင်ကိုယ်ပိုင် အငြင်းပွားနေ ကြခြင်း ဖြစ်ပါတယ်။
ဒီကျွန်းစုပိုင်ဆိုင်မှုအငြင်းပွားတွေကြောင့် တခါတလေမှာ စစ်ရိပ်စစ်ငွေ့တွေ တောင်သန်းခဲ့ဘူးပါတယ်။ အငြင်းပွားမှုထဲမှာပါတဲ့ နိုင်ငံတွေကလည်းလျော့ပေးမယ့် နိုင်ငံတွေရယ်လို့ မရှိပါဘူး။
ဒါကြောင့်တရုတ်ဟာ အနာဂတ်မှာ သူရဲ့လောင်စာ သယ်ယူရာလမ်းကြောင်း လုံခြုံရေးအာမခံချက် ရှိရေးဟာ အဓိကအချက် ဖြစ်လာခဲ့ပါတယ်။ မလက္ကာရေလက်ကြား ကိုအစားထိုးမယ့် လမ်းကြောင်းသစ်များကို စတင် ရှာဖွေလာခဲ့တယ်။
ရှေးခေတ် တရုတ်နိုင်ငံထွက် ပိုးထည်းနဲ့ ကြွေထည် ပစ္စည်းတွေကို အရှေ့အလယ်ပိုင်းနဲ့ အနောက်နိုင်ငံတွေမှာ ရောင်းချရေးအတွက် ပိုလမ်းမ (Silk Road)- မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန် နဲ့ အာဖဂန်ကို အသုံးပြုခဲ့ပါတယ်။
၂၁ ရာစု တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေး ကအဓိက ကျသလို တရုတ်နိုင်ငံရဲ့ ကုန်တွင်းပိုင်းပြည်နယ်တွေဟာ ဆင်းရဲချမ်းသာ ကွဟမှုဒဏ်ကို အဓိကခံနေရတဲ့ ပြည်နယ်တွေဖြစ်နေတယ်။ ဒီပြည်နယ်တွေရဲ့ ဖွံ့ဖြိုးမှုကလည်း တရုတ်ပြည်ရဲ့ တည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေမှာ ဖြစ်တယ်။
ဒါကြောင်းဒီပြည်နယ် ထွက်ကုန်ပစ္စည်းတွေကို အာဖရိကနဲ့ဆင်းရဲတဲ့အနောက်အာရှ၊ အိန္ဒိသမုဒ္ဒရာ တွင်းရှိနိုင်ငံ တွေဆီ မြန်မာနိုင်ငံကို ဖြတ်ပြီး အနောက်ဖက် ရခိုင်ပြည်၊ ကျောက်ဖြူဆိပ်ကမ်းမှ တဆင့် ဖြန့်ဖြူးလိုတယ်။
ရခိုင်ပြည်ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ တရုတ်နိုင်ငံ ယူနနပြည်နယ်ထိ တည် ဆောက်နေတဲ့ ရေနံပိုက်လိုင်း စီမံကိန်းဟာ တရုတ်အစိုးရရဲ့ သားရွေအိုးထမ်းလာတဲ့အစီအစဉ်ဘဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ စွမ်းအင်လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်း၊ အာဖရိကနိုင်ငံ တွေဆီက ရေနံတင် သင်္ဘေကြီးတွေနဲ့ အိန္ဒိယသမုဒ္ဒရာ ကိုဖြတ်ပြီး မလက္ကာရေလက်ကြား ကဆင့်တောင်တရုတ်ပင်လယ် ဆိပ်ကမ်းမြို့တွေဆီကို သယ်ယူရပါတယ်။
အဲဒီခရီးရဲ့ အကွာအဝေးဟာ မိုင်ပေါင်း ၃၀၀၀ ကျော် ခရီးရှိပါတယ်။ မိုင်ပေါင်းသုံးထောင်ခရီး အန္တရာယ် ရောပြွန်းနေတဲ့ မလက္ကာရေလက်ကြား ကိုရှောင်ရှားပြီး လမ်းခရီးတိုတို အချိန်တိုတိုနဲ့ စရိတ်သက်သာစွာနဲ့ ခေတ်သစ်ပိုးလမ်းမကို ဖောက်လုပ်လိုက်တာဟာ တရုတ်နိုင်ရဲ့ အနာဂတ်စွမ်းအင် ဖူလုံမှုအတွက် အောင်မြင်မှုကြီးတခု ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆင်းရဲတဲ့ပြည်နယ်ရှိ စက်မှုလုပ်ငန်းတွေရဲ့ လောင်စာလိုအပ်ချက်ကို ရခိုင်ပြည်က ထွက်လာမယ့် ရေနံနဲ့သဘာဝ ဓာတ်ငွေ့တွေက နှစ်ပေါင်းသုံးဆယ် အထိ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်။
တရုတ်အစိုးဟာ သူ့နိုင်ငံရဲ့ လောင်စာဖူလုံရေးအတွက် ခေတ်သစ်ပိုးလမ်းမနှစ်ခုကို စဉ်းစာခဲ့တယ်။ ရခိုင်ပြည် ကျောက်ဖြုရေနက်ဆိပ်ကမ်းနဲ့ ယူနန် ပြည်နယ်ထိ သွယ်ယူမယ့် ရေနံပိုက်လိုင်း။ နောက်တစ်ခုက ပါကစ္စတန် အာရေဘီးယားပင်လယ် ကမ်းခြေရှိ ဂွန်ဒါ ရေနက်ဆိပ်ကမ်းနဲ့ ပါကစ္စတန်ကို ဖြတ်ပြီး ဖောက်လုပ်မယ့် ရေနံပိုက်လိုင်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဂွန်ဒါရေနက်ဆိပ်ကမ်းဟာ မူဆလင် စစ်သွေးကြွ တိုင်းရင်းသားတွေ ကြီးစိုးတဲ့နယ်မြေ ဖြစ်တာကြောင့် ရေနံပိုက်လိုင်းတည် ဆောက်မှုကို စွန့်လွှတ်ခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက် မှုက မဟာဗျူဟာမြောက် အရေးပါနေတယ်။ ဒီနှစ်အတွင်းတက်လာတဲ့သတင်းတွေအရ တရုတ်လူမျိုးတွေ ကျောက်ဖြူမြို့နယ်အတွင်းမှာ မြေဧကပေါင်းမြောက်မြားစွာဝယ်ယူပြီး ရင်းနှီး မြုတ်နှံနေပါတယ်။ တရုတ်နိုင်ငံ အကျိုးစီးပွားအတွက် မဟာစီမံကိန်းတွေပဲ ဖြစ်ပါတယ်။
သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းအရဆိုရင် တရုတ်အစိုးရဟာ မူဆယ်ကနေ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းအထိ မိုင် ၅၀၀ ကျော် ရှည်လျားမယ့် လျပ်စစ်မီးရထားလမ်းကို ဒီနှစ် အကုန်မှာစတင်ဖေါက်လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်လာ ဘီလီယံ ၂၀ ကုန်ကျမယ့် စီမံကိန်းဟာ ဧရာဝတီ မြစ်ပေါ်မှာ ဆောက်လုပ်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းထက် အဆ ၁၀ ပိုကြီးပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေမှာ ရင်းနှီးမြုတ်နှံတဲ့ အထဲမှာ အကြီးမား ဆုံးစီမံကိန်းအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စီမံကိန်းတခုထဲမှာ အဲဒီလောက်ငွေကြေး အမြောက်အမြားရင်းနှီးမြှုတ်နှံတာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ရင်းနှီးမြှုတ်နှံမှု ဖြစ်ပါတယ်။
အဲဒီလောက်ပမာဏ များပြားတဲ့ ရင်းနှီးမှုကို ကြည့်ရင် တရုတ်နိုင်ငံခေါင်းဆောင်တွေနဲ့ မဟာဗျူဟာ ရေးဆွဲသူတွေက ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ဘယ်အထိမျှော်မှန်းချက်ဆိုတာ သိသာလှပါတယ်။
ဒီလိုရင်းနှီးမြှုတ်နှံတာ အချက်အများအပြား ရှိနိုင်ပါတယ်။ အချက်နှစ်ချက်က ပထ၀ီအနေအထားအရ အချက်အခြာကျမှုနဲ့ လာမယ့်နှစ် ၂၀ အတွင်းမှာ မြန်မာနိုင်ငံရေး အပြောင်းအလဲ မရှိနိုင်ဘူးဆိုတာ တရုတ်ခေါင်းဆောင်တွေ သုံးသတ်ထားပုံရတယ်။
တနည်း အားဖြင့် နှစ်၂၀ အတွင်းမှာ တရုတ်သြဇာလွမ်းမိုးမှုကို အံတုမယ့် ခေါင်းဆောင်မရှိနိုင်ဘူးဆိုတဲ့ သဘောပါ။ ဘယ် ကော်ပေါ်ရိတ်ကြီးမဆို ကြီးမားတဲ့ ရင်းနှီး မြှုတ်နှံမှုလုပ်တော့မယ် ဆိုရင် အဲဒီ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်လေ့ ရှိပါတယ်။ တနည်းအားဖြင့် ဒီနေ့ စစ်ခေါင်းဆောင်တွေ နောက်နှစ် ၂၀ ထိ အာဏာကို ဆက်ထိမ်းထားနိုင်တယ်ဆိုတဲ့ သဘောလည်းပါတယ်။
တရုတ်သမိုင်းထဲမှာ အရေးပါဆုံးဖြစ်တဲ့ မဟာတံတိုင်းတည်ဆောက်မှုကို ဘီစီ ၅ ရာစုမှာ စတင်ခဲ့ပါတယ်။ မဟာတံတိုင်း ဆောက်ရတဲ့ အဓိကအကြောင်းရင်က အနောက်ဘက်ဒေသက တရုတ်ပြည်ထဲကို မကြာခဏ ကျူးကျော်နေတဲ့ နော်မက် ( Nomad) လူမျိုးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် တည်ဆောက်ခဲ့တဲ့ ဒီတံတိုင်းရဲ့ ရည်ရွယ်ချက်က တရုတ်ပြည်ကြီး လုံခြုံရေးဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ အဲဒီလောက် ကြီးမားတဲ့ အဆောက်အဦကို ဘယ်လူမျိုးမှ တည်ဆောက်နိုင်ခဲ့ခြင်း မရှိပါဘူး။
မြန်မာ့နယ်မြေကို ဖြတ်ပြီးဖောက်လုပ်မယ့် ရေနံပိုက်လိုင်း၊ လျပ်စစ်ရထားလမ်းနဲ့ ကျောက်ဖြူရေနယ် ဆိပ်ကမ်းတွေကတော့ မော်စီတုန်းတည်ထောင်ခဲ့တဲ့ တရုတ်အင်ပါယာကြီးအတွက် ၂၁ ရာစု စွမ်းအင်လုံခြုံရေး၊ တရုတ်ထွက်ကုန်ပစ္စည်းတွေ အာဖရိက၊ အာရှဒေသတွေမှာ အင်အားကြီးနိုင်ငံတွေနဲ့ ယှဉ်ပြိုင်တဲ့အခါ အသာစီးရရေးနဲ့ တရုတ်ရေတပ် အနေနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်အင်အားကို ထိမ်းထားရေးတို့ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
လှရွေ
စာရေးသူသည် ရခိုင်သတင်းစဉ် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရခိုင်ပြည် အမျိုးသားကောင်စီ နိုင်ငံခြားရေး ကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီရုံးတွင် လက်ထောက် ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မဲဆောက်မြို့ CDC အထက်တန်းကျောင်း Post Ten တွင် သမိုင်းသာသာရပ် သင်ကြားလျက် ရှိသည်။
http://www.maukkha.org/
‘ကေအိုင်အေ’တွင်း ပဋိပက္ခ ဆက်သွယ်မေးမြန်းချက်
‘ကေအိုင်အေ’တွင်း ပဋိပက္ခ – ပစ်ခတ်သေဆုံးမှုဟူသော အစိုးရသတင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်
Published on September 7, 2011 by အေးနိုင်
ကေအိုင်အေ ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အမြင်ကွဲပြီး အချင်းချင်း သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးမှုရှိကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာပါ ဖော်ပြချက်ဟာ အခြေအမြစ်ကင်းမဲ့ပါတယ်လို့ ကေအိုင်အို (ကချင်လွတ်မြောက်ရေးအဖွဲ့) ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းက ပြောကြားပါတယ်။
ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်) ဌာနချုပ် လိုင်ဇာမှာလုပ်တဲ့ ဒီလဆန်း ၁ ရက်နေ့ အစည်းအဝေးမှာ လက်ရှိ ကေအိုင်အေခေါင်းဆောင်တွေနဲ့ ကေအိုင် အေ စစ်မှုထမ်းဟောင်းတွေ ပဋိပက္ခဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုကြောင့် တဦးသေဆုံးပြီး ကေအိုင်အေခေါင်းဆောင်တဦး ဒဏ်ရာရတယ်လို့ သိရကြောင်း အစိုးရသတင်းမှာ ဖော်ပြ ထားတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းကို မေးမြန်းထားပါတယ်။
ကေအိုင်အိုထဲမှာ ဆွေးနွေးမှုတခုကနေပြီး ထပစ်ကြတာ သေဆုံးမှုတွေရှိတယ်လို့ သတင်း စာမှာ ရေးထားတာ။ ကေအိုင်အိုရဲ့ ရှင်းလင်းချက်ကို သိချင်လို့ပါ။
“ဒီကိစ္စက လုံးဝမဖြစ်တဲ့ကိစ္စပါ။ လောလောဆယ်ထိတော့ မဟုတ်မမှန် ဝါဒဖြန့် တယ်ဆိုတာ စနစ်တကျနဲ့ ဒီအစိုးရက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာပဲလို့ ကျနော်တို့ သုံးသပ်တယ်။ ဘာမှမဖြစ်တဲ့ကိစ္စကို တရားဝင် သတင်းစာကနေ ဖော်ပြတဲ့အတွက် နိုင်ငံ ပိုင်သတင်းစာမှာ ဖော်ပြတဲ့အကြောင်းအရာဟာ တခုမှမမှန်ဘူးဆိုတာကို ဒီနေ့ထုတ်သ တင်းစာမှာ သက်သေပါးလိုက်တာပဲ။ အဲဒီသတင်းကတော့ ကြံဖန်ရေးထားတာပါ။ တခုမှ အမှန်မပါဘူး။”
ဆွေးနွေးပွဲမှာ ပစ်ခတ်တယ်ဆိုတာ လုံးဝမဟုတ်ဘူးပေါ့။
“မရှိပါဘူး။ ကျနော်ကတော့ လုပ်ငန်းပိုင်းဆိုင်ရာ ဆွေးနွေးပွဲကို နေ့တိုင်းလိုလို မနက်တိုင်းမှာ ပုံမှန်ပဲ အစည်းအဝေးရှိပါတယ်။ မွန်းလွဲပိုင်းမှာ လုပ်တာတော့ မရှိဘူး။ တနင်္ဂ နွေမှအပ ကျန်တဲ့ရက်တွေမှာ လိုအပ်တဲ့ကိစ္စတွေကို ဆွေးနွေးဖို့ မနက်ပိုင်းမှာ နေ့တိုင်း အစည်းအဝေးလုပ်တယ်။ ကျန်တဲ့အချိန်မှာတော့ လုပ်ငန်းတွေ လုပ်တာပါ။ သူတို့ပြောတာ မွန်းလွဲ တနာရီခန့်မှာ အစည်းအဝေးလုပ်တယ်ဆိုတာ ဘယ်လိုမှ ဆီလျော်တဲ့ကိစ္စ မဟုတ် ဘူး။ နောက်ပြီးတော့ သူတို့လူထုထဲမှာ အချင်းချင်း သဘောထားမတိုက်ဆိုင်လို့ ပစ်တယ် ခတ်တယ်ဆိုတာ မရှိတဲ့ကိစ္စပဲ။”
နိုင်ငံပိုင်သတင်းစာထဲက ရေးတယ်ဆိုတော့ တကမ္ဘာလုံးက သိရပါတယ်။ ဒီလုပ်ရပ်နဲ့ပတ် သက်ပြီး နောက်ကွယ်မှာ ဘာအကြံအစည်ရှိလို့ ဒီလိုရေးတယ်လို့ ထင်ပါသလဲ။
“ဒါကတော့ သူတို့ရဲ့ အမြဲတမ်းသုံးနေတဲ့ လုပ်ငန်းပါပဲ။ အိမ်ကြက်ချင်း အိုးမဲသုတ် ပြီး ခွပ်ခိုင်းတဲ့ပုံစံပါ။ အဲဒီသဘောနဲ့လုပ်တာပါ။ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး စုစည်းတာကို သူတို့ဖြိုခွဲမယ်။ တခုချင်းအနေနဲ့လည်း တဖွဲ့ချင်းမှာရှိတဲ့ လူတွေကိုလည်း စိတ်ဓာတ်ကွဲပြားအောင်၊ သဘောထားတွေ ကွဲပြားသွားအောင်လုပ်တဲ့ ပုံစံပါပဲ။ ဒီကိစ္စဆို ရင် လွန်ခဲ့တဲ့ ‘ဗကပ’ခေတ်တုန်းက ဒါမျိုးလုပ်ခဲ့ဖူးတာရှိတယ်။ သတင်းစာထဲက အဲဒီလို မဟုတ်မမှန်သတင်းတွေ ရေးခဲ့တာရှိခဲ့တယ်။ အခုလည်း အဲဒီသဘော လုပ်တယ်လို့ ထင် တယ်။”
အစိုးရဘက်ကနေ ဒီလိုမျိုးလုပ်တော့ ကေအိုင်အိုနဲ့ အစိုးရကြားမှာ ဆွေနွေးနေတဲ့ ကိစ္စတွေ က ရှေ့ဆက်ဖြောင့်ဖြူးနိုင်ပါ့မလား။
“သူတို့ကတော့ လက်နက်ကိုင်အင်အားစုတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ လေသံ ပစ်နေပေမယ့် တဘက်မှာတော့ မီဒီယာနဲ့ ကျနော်တို့ လက်နက်ကိုင်အင်အားစုတွေကို နေ့တိုင်းလိုလို သတင်းစာတွေမှာ မဟုတ်မမှန်သတင်းတွေ ထည့်ပြီး ပုတ်ခတ်ပြောဆိုတာ တွေ ရှိတယ်။ သူတို့ ဒီလိုမျိုးလုပ်နေတယ်ဆိုရင်တော့ ပြည်တွင်းမှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ အကောင်အထည်ပေါ်လာနိုင်စရာ မရှိဘူး။
“အဲဒီမှာ (အစိုးရသတင်းစာမှာ) ‘ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့နဲ့ မလိုလားတဲ့အ ဖွဲ့’ ဆိုပြီး ကွဲသွားတယ်ဆိုပြီး ရေးထားတယ်။ အမှန်တကယ်ကတော့ ကျနော်တို့ လက်နက် ကိုင်အင်အားစုအားလုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ အဖွဲ့အစည်းတွေပါ။ အဲဒီ စစ်မှန်တဲ့ တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့အတွက်ကြောင့် ကျနော်တို့ကတော့ အဖြေရှာနိုင်ရေးအတွက် လက်နက်ကိုင်ပြီးတော့ တော်လှန်ရေးလုပ်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က ပြောတာတော့ ငြိမ်းချမ်းရေးကို မလိုချင်ဘူးဆိုပြီးတော့ ပုတ်ခတ်ပြော ဆိုတာမျိုး လုပ်တယ်။
“အဲဒီတော့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ ဘယ်လောက်ထိ အာမခံ ချက်ရှိသလဲဆိုတာတော့ အများကြီး ထည့်သွင်းစဉ်းစားရမှာပါ။ အမှန်တကယ်ပဲ နိုင်ငံတနိုင် ငံလုံးမှာ တည်ငြိမ်တဲ့၊ အေးချမ်းတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်ဆိုရင်တော့ တိုင်းရင်း သားအရေးကို ဦးစားပေး ဖြေရှင်းရမယ့်ကိစ္စပဲ။
“အဲဒီတိုင်းရင်းသားကိစ္စကို ဖြေရှင်းချင်သလို လုပ်နေမယ့် တိုင်းရင်းသားအရေးကိစ္စ ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဆွေးနွေးမှုအဆင့်ကို မရောက်စေချင်တဲ့အတွက်ကြောင့် ဒီလို မျိုး ပုတ်ခတ်တဲ့သတင်းတွေ၊ မဟုတ်မှန်တဲ့ လုပ်ကြံသတင်းတွေကို ရေးသားတာတွေ နေ့ စဉ်နဲ့အမျှ တွေ့ရတာတော့ သူတို့ပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာ သူတို့လည်း အလှမ်းတော့ ဝေးကွာသွားမယ်လို့ ကျနော်တော့ထင်တယ်။”
http://burmese.dvb.no/archives/15215
အထည်ချူပ်သမ သုံးဦး နစ်နာကြေးအတွက် စက်ရုံကို တရားစွဲ
Published on September 7, 2011 by အေးနိုင်
ရန်ကုန်မြို့က အထည်ချုပ်သမ (၃) ဦးဟာ သူတို့အလုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံကို တရားစွဲမယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
မနှစ် နှစ်လယ်ပိုင်းမှာ အလုပ်ဆင်းဖို့အသွား ကားမှောက်ဒဏ်ရာရမှုကို အလုပ်ရှင်ဘက်က မကူညီမှုတွေ၊ သက်ဆိုင်ရာက လျစ်လျူရှုမှု။ ခြိမ်းခြောက်မှုတွေကို ခံရပြီးတဲ့နောက် သူတို့သုံးဦးက စက်ရုံကို တရားစွဲဆိုဖို့ပြင်ဆင်နေကြတာပါ။
အဲဒီအလုပ်သမသုံးဦးကတော့ ညာဘက်ခြေဖမိုးကျိုးသူ မဝေဝေသင်း၊ ညာဘက်ညှပ်ရိုးကျိုးတဲ့ မချိုချိုလွင်နဲ့ အစာအိမ်ထိတဲ့ မမြင့်မြင့်ထွေးတို့ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားပုံမှာ မနှစ်နှစ်လယ်ပိုင်းက ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် မငေးစုကျေးက အလုပ်သမား ၂၂ ဦးစီးနင်းတဲ့ ဖယ်ရီကားဟာ တောင်ဒဂုံမြို့သစ် စက်မှုဇုန် ၁ မှာရှိတဲ့ အက်စ်ဂျီအိုင် အထည်ချုပ်စက်ရုံကိုအသွား တိမ်းမှောက်ရာက စပါတယ်။
ဒဏ်ရာရသူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ရောက်ရောက်ချင်း ဆေးကုပေးပေမယ့် စက်ရုံတာဝန်ရှိသူတွေက ဆေးရုံကနေ မောင်းထုတ်ခဲ့တယ်လို့ မဝေဝေသင်းက ပြောပါတယ်။
“အရပ်သူ အရပ်သားတွေက ကယ်ပြီးတော့ ဆေးရုံကိုသွားပို့ပေးတယ်။ အက်စ်ဂျီအိုင် ကုမ္ပဏီက လူကြီးတွေ မရောက်လာခင်တုန်းက ဆေးရုံကလူတွေက အားလုံးက အေးအေးဆေးဆေးပဲ။ အက်စ်ဂျီအိုင် လူကြီးတွေရောက်လာပြီးတော့မှ အကုန်လုံးကို ဆေးရုံမဆန့်ဘူးဆိုပြီး အော်ဟစ်ပြီး တွန်းလှည်းပေါ်မှာ ပက်လက်ဖြစ်နေတဲ့ ကျမတို့တွေကို မောင်းထုတ်တယ်။ ကျမဆိုရင် နှစ်ကြိမ်တိုင်တိုင် ဆွဲထုတ်ခံရတယ်။ ဘေးနားမှာ အက်စ်ဂျီအိုင်က လူကြီးတွေရှိပေမယ့် ဆေးကုပေးဖို့ တယောက်မှ ကူမပြောပေးဘူး။ ကားလာပြီ၊ ပြန်လို့ရပြီပဲပြောတယ်၊ ပြန်ခဲ့ရတယ်။”
အစာအိမ်ထိတဲ့ မမြင့်မြင့်ထွေးဟာ အခင်းဖြစ်တဲ့နေ့ ဆေးရုံက အိမ်အရောက် ညဘက် သတိသုံးခါလစ်လို့ ဆေးရုံကြီးကို ပြန်သွားတဲ့အခါ ဆေးသွင်းပေးပြီး မနက်ကဖြစ်တဲ့ စက်ရုံကားမှောက်မှုမှာ ပါတယ်ဆိုတဲ့အတွက် ဆေးရုံက ထပ်မံမောင်းချခဲ့တယ်လို့ ဆိုပါတယ်။
“တာဝန်ရှိတဲ့လူတွေက ချက်ချင်းဆင်းခိုင်းတယ်။ မဆင်းရင် အထက်လူကြီးတွေက ဆူပါလိမ့်မယ်ပြောလို့ မြင့်မြင့်ထွေးက ရန်ကုန်ဆေးရုံကြီးမှာ ကတ်ထူခင်းပြီး အိပ်ခဲ့ရတယ်။”
ဆေးရုံရက်ချိန်းတွေမှာလည်း စက်ရုံတာဝန်ရှိသူတွေက ကားမစီစဉ်ပေးလို့ ဒဏ်ရာရရှိသူတွေ ကိုယ့်စရိတ်နဲ့ကိုယ် ကုသကြရပါတယ်။
ဒါ့အပြင် ဒဏ်ရာမသက်သာလို့ ရုံးချိန်းဆင့်ခေါ်ရာမှာ မသွားနိုင်တဲ့ မဝေဝေသင်းနဲ့ မချိုချိုလွင်တို့ကို ပြီးခဲ့တဲ့မေလမှာ အာဏာပိုင်တွေက လက်ထိတ်တန်းလန်းနဲ့ ထန်းတပင်တရုံးကို အတင်းခေါ်ဆောင်စစ်ဆေးခဲ့တယ်လို့ မဝေဝေသင်းက ပြောပါတယ်။
ဒီနောက် စက်ရုံက သူတို့သုံးဦးကို အလုပ်ထုတ်ပစ်ခဲ့တယ်လို့ မချိုချိုလွင်က ပြောပါတယ်။
အလုပ်သမသုံးဦးဟာ အာဏာပိုင်တွေရဲ့ ပြုမူဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီး မကျေနပ်လို့ နိုင်ငံတော်သမ္မတ၊ အိုင်အယ်လ်အိုနဲ့ ဌာနဆိုင်ရာကို တိုင်ကြားတော့မှ စက်ရုံနဲ့ အလုပ်သမားဌာနရဲ့ ပုဂ္ဂိုလ်တွေက သူတို့အပေါ် ဆက်ဆံမှု နွေးထွေးပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။
အခုနှစ် ဇူလိုင် ၂၀ မှာ တိုင်းအလုပ်သမားရုံးက သူတို့သုံးဦးကို ထိုက်တန်တဲ့ နစ်နာကြေးရမယ်လို့ ဆင့်ခေါ်မှုအရ သွားရာမှာ စက်ရုံဘက်က မဝေဝေလင်းကို ၁၂ သိန်း၊ မချိုချိုလွင်ကို ၁၀ သိန်း၊ မမြင့်မြင့်ထွေးကို ၇ သိန်း ပေးဖို့ ကမ်းလှမ်းခဲ့ပြီး သူတို့က စဉ်းစားမယ်ဆိုပြီး ချက်ချင်းအဖြေမပေးခဲ့ဘူးလို့ ပြောပါတယ်။ နောက်ပိုင်းမှာ စက်ရုံရဲ့ လျော်ကြေးပေးမယ်ဆိုတဲ့ ကတိစကားဟာ ပျက်ပြယ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ မဝေဝေသင်း၊ မချိုချိုလွင်နဲ့ မမြင့်မြင့်ထွေးတို့က တရားမမှုနဲ့ တရားစွဲဆိုမှာ ဖြစ်ပါတယ်။
“အလုပ်က ဘာလို့ထုတ်ပစ်လည်းဆိုတော့ သမီးတို့ကို ကောင်းနေတုန်းက ခိုင်းစားပြီး ကျိုးသွားတော့မှ ထုတ်ပစ်လိုက်တာ။ အဲဒီဟာက လုံးဝတာဝန်မဲ့တယ်။ အဲဒါကြောင့် အက်စ်ဂျီအိုင်ကို တရားစွဲဖို့ စီစဉ်ထားပါတယ်။”
ဒီအမှုမှာ နစ်နာကြေးထက် အလုပ်ရှင်တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက နောက်နောင် အလုပ်သမားတွေအပေါ် ဒီလို တာဝန်မဲ့လုပ်တာမျိုး ထပ်မံ မဖြစ်ပွားရအောင် ကြိုးပမ်းမှုပါလို့ သူတို့က ပြောပါတယ်
http://burmese.dvb.no/archives/15221
ကျော်ဆန်းရေးတဲ့ဥပဒေ....မီဒီယာတွေဘယ်လဲ..ဘယ်လဲ..
မီဒီယာဥပဒေ ရေးဆွဲနေပြီဟု ပြန်ကြားရေးဝန်ကြီး ပြော
Published on September 7, 2011 by အံ့ဘုန်းမြတ်
သတင်းမီဒီယာတွေနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲ နေပြီး လွှတ်တော်ကို မကြာခင်တင်သွင်းမယ်လို့ ပြန်ကြားရေးဝန်ကြီးက ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
သတင်းမီဒီယာတွေ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေး ရေး ဥပဒေတရပ် ပြဋ္ဌာန်းဖို့ သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းညွန့် မနေ့ကအစည်းအဝေးမှာ အဆိုတင်ခဲ့တာကိုတော့ ဒီနေ့အစည်းအဝေးမှာ မှတ်တမ်းတင်ပါတယ်။
ဒီအဆိုနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မီဒီယာဥပဒေ ပြဌာန်း ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ရှေ့နေချုပ်ရုံးကို ဇူလိုင်ကတည်းက ပေးပို့ထားပြီး အကြံညာဏ်ယူနေပါတယ်၊ စသည်ဖြင့် တင်ပြသွားတယ်လို့ ဦးသိန်းညွန့်က ပြောပြပါတယ်။
“နောက်တပတ် လွှတ်တော်မှာ မဆောင်ရွက်ဘူး ဆိုရင် ကျနော်က ဒီအဆိုကို မှတ်တမ်းတင်ထားတဲ့အပေါ်မှာ အခြေခံပြီးတော့ နောက် လာမယ့် လွှတ်တော်မှာ ကျနော် ထပ်မံဆွေးနွေးမှာပါ”လို့ ဦးသိန်းညွန့်က ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းလာမယ့် ဥပဒေမူကြမ်းမှာ သတင်းမီဒီ ယာသမားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မယ့် ဥပဒေမျိုးတွေ ပါဝင်လာရင်လည်း ပြင်ဆင်နိုင်ဖို့ ကြိုးစားမယ်လို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။
“သူတို့ တကယ်တင်သွင်းလာရင် အဲဒီ ဥပဒေကြမ်းအပေါ်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ အထောက်အကူမပြုဘူးဆိုရင် နိုင်တာရှုံးတာ အပထား ပြင်ဆင်ချက် အဆိုတင်သွင်းပြီးတော့ တိုင်းပြည်ကသိအောင် ကျနော်လုပ်ရမှာပေါ့။ ကျနော်တတ်နိုင် သလောက်တော့ လုပ်မှာ။”
ဝန်ကြီးဦးကျော်ဆန်းက ပြည်သူ့လွှတ်တော်မှာ နာရီအတော်ကြာ ပြောကြားသွား ရာမှာ စာပေလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားရတာကိုလည်း ရှင်းလင်းသွားတယ်လို့လည်း ဒီ့ပြင်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
“စာပေလွတ်လပ်ခွင့်ဆိုတာကလည်း စည်းမဲ့ကမ်းမဲ့ ဒီအချိန်မှာ လုပ်လို့ မရသေး ဘူးတဲ့၊ ဒီမိုကရေစီဆိုတာ ဒီနိုင်ငံရဲ့ မွေးကင်းစ ကလေးလိုပဲ ရှိပါသေးတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ လျှော့ပေါ့ပြီးတော့ ဥပဒေတွေပြဋ္ဌာန်းပြီး အဆင့်ဆင့်လုပ်လာရင် ဒီ ဥပဒေတွေဟာ သီးခြား ဒီလွှတ်တော်မှာ ပြဋ္ဌာန်းစရာမလိုဘဲနဲ့ တစတစနဲ့ သူတို့က လျှော့ပေါ့ပြီး တိုးလာဖို့ အခြေအနေ ရှိပါတယ်လို့ ပြောပါတယ်။”
စာပေစိစစ်ရေးကို ဝေဖန်နေကြပေမယ့် ဒီစာပေစိစစ်ရေးဟာ မီဒီယာသမားတွေ အပေါ် အကျိုးရှိစေပါတယ်လို့ ကာကွယ်ပြောကြားသွားတယ်လို့လည်း အဲဒီကိုယ်စားလှယ် က ပြန်ပြောပြပါတယ်။
“ဦးကျော်ဆန်းက စာပေစိစစ်ရေးဆိုတာ နှစ်ဘက် ညှိနှိုင်းဖြေရှင်းရပါတယ်။ သတိ ပေးလို့လည်း ရပါတယ်။ စာပေထုတ်ဝေခွင့်ကို ခေတ္တရပ်ဆိုင်းထားလို့ ရပါတယ်။ ဒါကြောင့် မနစ်နာပါဘူးတဲ့။ ဥပဒေအရ အရေးယူတယ်ဆိုတာကတော့ ပြတ်သားတယ်၊ တိကျတယ်၊ ပြင်းထန်တယ် အဲဒါကြောင့် အဲဒီလိုအခြေအနေမျိုး မရောက်ခင် စာပေစိစစ်ရေးအဖွဲ့က ဟန့်တားပေးရတာအတွက် အဲဒါဟာ နှစ်ဦးနှစ်ဘက် အကျိုးရှိပါတယ်လို့ ဖြေသွားပါတယ်။”
ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဦးသိန်းညွန့်တင်သွင်းတဲ့ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ညီတဲ့ အလုပ်သမားအခွင့်အရေးကာကွယ်တဲ့ဥပဒေ ပြဋ္ဌာန်းဖို့ အဆိုကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနက လုပ်ဆောင်နေပြီဖြစ်တာကြောင့် အတည်မပြုဘဲ မှတ်တမ်းအဖြစ် ထားရှိခဲ့ပါတယ်။
http://burmese.dvb.no
စတုတ္ထမဏ္ဍိုင်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
Posted by admin on September 7, 2011
နိဒါန်း
အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ နိုက်ဂျီးရီးယားနိုင်ငံမှာ THISDAY Newspaper Group ဆိုတဲ့ စာနယ်ဇင်းအဖွဲ့တဖွဲ့ ရှိပါ တယ်။ ဒီအဖွဲ့ဟာ နိုက်ဂျီးရီးယား စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ခဲ့စဉ်မှာကတည်းက တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ စစ် အာဏာရှင်စနစ်ကျဆုံးပြီး နှောင်းပိုင်းကာလတွေမှာလဲ ဒီမိုကရေစီစနစ်ရဲ့ အသက် သွေးကြောဖြစ်တဲ့ စတုတ္ထမဏ္ဍိုင် (သ တင်း၊ စာနယ်ဇင်း၊ မီဒီယာကဏ္ဍ) မှာ အင်အားတရပ်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ရင်း (၂၀၀၁) ခုနှစ်မှာ Economic Intelligence Group ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ ဒီအုပ်စုမှာ ပါဝင်တဲ့ စီးပွားရေးပညာရှင်တွေဟာ နိုင်ငံတော်က ချမှတ် ထားတဲ့ စီးပွားရေးမူဝါဒများကို စောင့်ကြည့်လေ့လာခြင်း၊ ထိရောက်မှုများကို တိုင်းတာသတ်မှတ်ခြင်း၊ အားနည်းချက်ရှိ နေသော ကဏ္ဍများကို ဖော်ထုတ်ခြင်း၊ နိုင်ငံတော်မှ ဖော်ဆောင်နေသော မူဝါဒများနှင့် ပတ်သက်၍ ပြည်သူလူထု၏ အ မြင်သဘောထားများကို လေ့လာတင်ပြခြင်း၊ ကမ္ဘာအရပ်ရပ်တွင် ကျင့်သုံးနေသော ထိရောက်သည့် မူဝါဒများကို သုံးသပ် တင်ပြခြင်းဖြင့် ပါလီမန်အတွင်းမှ နိုင်ငံရေးသမားများနှင့် ပြည်သူလူထုအား ပညာပေးခြင်း စတာတွေကို ပြုလုပ်ခဲ့ပါ တယ်။ ဒါတွေဟာ စတုတ္ထမဏ္ဍိုင် အင်အားစုတရပ်အနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ် တွေကို ဖော်ဆောင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
စတုတ္ထမဏ္ဍိုင်
သတင်းနဲ့ စာနယ်ဇင်းကဏ္ဍဟာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်စတဲ့ မဏ္ဍိုင်ကြီး သုံး ရပ်ကို စောင့်ကြည့်လေ့လာတည့်မတ်ပေးရတာဖြစ်တဲ့အတွက် စတုတ္ထမဏ္ဍိုင်ဆိုပြီး ဗြိတိသျှပါလီမန်အမတ် အက်ဒမန် ဗတ် (၁၇၂၉-၁၇၉၇) က တင်စားခေါ်ဝေါ်ခဲ့ရာက စတုတ္ထမဏ္ဍိုင်အဖြစ် အမည်တွင်လာခဲ့တာဖြစ်ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင် ဆိုသလိုပဲ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်ပြီး၊ ပညာရှင်များက လေ့လာဖော်ထုတ်ခဲ့ကြတဲ့ သီအိုရီသဘောတရား တွေမှာလဲ သီအိုရီကြီးလေးခုက ထင်ရှားကျော်ကြားလာခဲ့ပါတယ်။
သတင်းစာနယ်ဇင်းနှင့် ဆက်သွယ်ရေးဆိုင်ရာ ပညာရှင်များဖြစ်ကြတဲ့ Fred S. Siebert, Theodore Peterson. Wilbur Schramm တို့က ကမ္ဘာ့သတင်းစာနယ်ဇင်းလောကမှာ လည်ပတ်နေတဲ့ ယန္တရားတွေဟာ သီအိုရီလေးခုပေါ်မှာ အခြေခံ နေတယ်လို့ ဆိုခဲ့ကြပါတယ်။ ပထမသီအိုရီကတော့ အမှန်တရားဆိုတာ ပညာရှိအချို့ရဲ့ ထုတ်ကုန်သာဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံပြီး၊ Renaissance နှောင်းပိုင်း ကာလတုန်းက ပေါ်ထွက်လာခဲ့တဲ့ Authoritarian theory ဖြစ် ပါတယ်။ ဒုတိယတမျိုးကတော့ စာနယ်ဇင်း သတင်းမီဒီယာဟာ နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ လုပ်ငန်းဆောင်တာတွေကို ထောက်ကူပေးရမယ်ဆိုတဲ့ အတွေးအခေါ်ပေါ်မှာ အခြေခံထားတဲ့ Soviet Communist theory ဖြစ်ပါတယ်။
တတိယတမျိုးကတော့ တိုင်းသူပြည်သားတွေရဲ့ ဆုံးဖြတ်ချက်တွေမှာ လိုအပ်သော သတင်းအချက်အလက်များ လုံလုံ လောက်လောက် ရရှိနိုင်ရေးအတွက် မီဒီယာမှာ တာဝန်ရှိတယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံထားတဲ့ Social Respon sibility Theory ဖြစ်ပါတယ်။ စတုတ္ထတမျိုးကတော့ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အတိုင်းအဆမရှိ ဦးစားပေးရ မယ်ဆိုတဲ့ အတွေးအခေါ်ပေါ်မှာ အခြေခံထားတဲ့ Libertarian Theory ဖြစ်ပါတယ်။ ၂၁ ရာစုရဲ့ သတင်းနဲ့ စာနယ်ဇင်း လောကမှာ Social Responsibility Theory နဲ့ Libertarian Theory တွေက ပိုပြီးထင်ရှားလာပါတယ်။
ယူကေနိုင်ငံက ဘီဘီစီသတင်းဌာနနဲ့ အမေရိကန်ပြည်ထောင်စုက NPR သတင်းဌာနတွေဟာ အများပြည်သူရဲ့ အသုံးပြု ကနေ ရရှိလာတဲ့ ၀င်ငွေပေါ်မှာ တည်မှီပြီး၊ ကြော်ငြာကဏ္ဍကို မှီခိုမှု နည်းပါးတာကြောင့် ပြည်သူလူထုအကျိုးစီးပွားကို ပိုမိုကိုယ်စားပြုနိုင်ပြီး၊ လုပ်ငန်းရှင်များရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုမှု လျော့နည်းခြင်း၊ ဖျော်ဖြေရေးကဏ္ဍသာမကဘဲ ပညာပေးကဏ္ဍတွေကိုပါ ပူးတွဲအကောင်အထည်ဖော်ခြင်း၊ မီဒီယာကျင့်ဝတ်များကို လေးစားလိုက်နာခြင်း စတဲ့ သွင်ပြင် လက္ခဏာတွေ ရှိတဲ့အတွက် Social Responsibility Theory ကို အခြေခံထားတဲ့ သတင်းဌာနတွေအဖြစ် လေ့လာသုံး သပ်သူများက ဆိုကြပါတယ်။
နိုင်ငံရေးပညာရှင်တွေကတော့ ဒီသီအိုရီ ခွဲခြားမှုတွေဟာ အာဏာရှင်စနစ်ကနေ လစ်ဘရယ်ဒီမိုကရေစီစနစ်ကို အသွင် ကူးပြောင်းရာမှာ သတင်းနဲ့ စာနယ်ဇင်းကဏ္ဍဟာလဲ authoritarian theory ကို အခြေခံထားရာမှ Social Responsib ility Theory နဲ့ Libertarian Theory တွေကို အခြေခံအဖြစ် ကူးပြောင်းရမယ်ဆိုတဲ့ evolutionary mode of political development ကို အသုံးပြုထားခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီလိုတွေ့ရှိချက်တွေဟာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအကြားက ဆက်နွယ်မှုတွေကို ဖော်ထုတ်ပေးနိုင်တဲ့အတွက် အခွင့်အရေးတွေ နဲ့ ပတ်သက်ပြီးအငြင်းပွားနေတဲ့ အမြင်နှစ်ရပ်ကို ပေါင်းစပ် ပေးပြီးသား ဖြစ်သွားပါတယ်။
စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး
စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ the right of expression ဖြစ်တဲ့အတွက် နိုင်ငံရေးအခွင့်အရေး (political right) ဖြစ် ပါတယ်။ ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းရေး ဆိုတာကကျတော့ လူမှုရေးအခွင့်အရေး (social right) ဖြစ်ပါတယ်။ အ နောက်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက မူဝါဒ ချမှတ်သူတွေအကြားမှာ နိုင်ငံရေးအခွင့် အရေးနဲ့ လူမှုရေးအခွင့်အရေးတွေမှာ ဘာကို ပိုပြီး ဦးစားပေးသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိပါ တယ်။
အနောက်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ (civil and political rights) ကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် လူမှုအခွင့်အရေး၊ စီးပွားရေးအခွင့်အရေးများနဲ့ ယဉ်ကျေးမှုအခွင့်အရေးများ ကို ကာကွယ်စောင့်ရှောက်ရေးအတွက် empowerment လုပ်ပြီးသား ဖြစ်သွားတယ် လို့ အဆိုရှိကြပါတယ်။ ဖွံ့ဖြိုးဆဲ နိုင် ငံတွေက မူဝါဒ ချမှတ်သူတွေကတော့ လွတ်လပ်စွာ ပြောကြားခွင့်၊ လွတ်လပ်စွာ စုဝေးလှုပ်ရှားခွင့် ဆိုတာ ဆာလောင် မွတ်သိပ်ပြီး၊ ဆင်းရဲနွမ်းပါးသူတွေ အတွက် အသုံးမ၀င်နိုင်တဲ့ အတွက် ဘ၀ရှင်သန်ရပ်တည်ဖို့ အခြေခံလိုအပ်ချက်တွေ ကို ကိုယ်စားပြုတဲ့ လူမှုအခွင့်အရေးတွေကို ဦးစားပေးဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။
သတင်းစာနယ်ဇင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးရှုထောင့်ကနေ လေ့လာတွေ့ရှိချက်ဖြစ်တဲ့ evolutionary mode of politi cal development ဟာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအကြားက ဆက်နွယ်မှု တွေကို ဖော်ထုတ် ပေးပြီး ဒီလိုကွဲပြားနေတဲ့အမြင်နှစ်ရပ်ကို ပေါင်းစပ်ပေးပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ဟာ အုပ်ချုပ်နေတဲ့ အစိုးရ က ကြိုးကိုင်ထားတာ ခံထားရတဲ့အခါ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်တွေကို ထိထိရောက်ရောက် အကောင်အ ထည်ဖော်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ အစိုးရကြိုးကိုင် မီဒီယာတွေဟာ သတင်းအချက်အလက်များ ဖြန့်ဖြူးခြင်း၊ အစိုးရ၀ါဒ များကို ဖြန့်ချိပေးခြင်း စတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် အစိုးရရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းဆောင်တာ တွေကို စောင့်ကြည့်လေ့လာ ထိန်းသိမ်းတည့်မတ်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိပါဘူး။
အစိုးရမူဝါဒတွေကိုလဲ လွတ်လပ်စွာ ဝေဖန်ခြင်း၊ အားနည်းချက်များ ထောက်ပြခြင်းတွေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီ အခါမှာ စတုတ္ထမဏ္ဍိုင်ရဲ့ အရေးကြီးတာဝန်တခုဖြစ်ပြီး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အရေးကြီးလှတဲ့ govern ment watchdog တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ ပြည်သူလူထုကိုလဲ သတင်းအချက်အလက်များအားလုံးကို ပွင့်လင်းမြင်သာစွာ တင်ပြနိုင်ခြင်း မရှိသလို၊ ပြည်သူ့အမြင်များကိုလဲ လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့် မရှိတဲ့အတွက် နိုင် ငံတော်က ချမှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒနဲ့ လုပ်ငန်းဆောင်တာတွေဟာ ပြည်သူတွေအတွက် အမှန်တ ကယ် အကျိုးကျေးဇူး ဖြစ်ထွန်းခြင်း ရှိမရှိကို အကဲဖြတ်နိုင်မှာ မဟုတ်ပါဘူး။
သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိမှသာ ပြည်သူလူထုကို သတင်းအချက်အလက်များပေးခြင်းနဲ့ လူထုရဲ့ ပူးပေါင်းပါ ၀င်မှု ရယူနိုင်ခြင်းများ တိုးမြင့်လာပြီး လူထုကို empower လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကနေ တဆင့် public marketplace ထဲကို အတွေးအခေါ်များ၊ အိုင်ဒီယာများ၊ အမြင်သဘောထားများ စီး ၀င်လာစေတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) အားကောင်း လာစေရေး ကိုလဲ ဆောင်ကျဉ်းပေးနိုင် ပါတယ်။ ဒီလို ပွင့်လင်းမြင်သာမှု၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းလာစေမှုတွေ ကနေတဆင့် Universal Declar ation of Human Rights ရဲ့ Article 19 (Freedom of expression and information) ကိုလဲ ကာကွယ်စောင့်ရှောက် ပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် နိုင်ငံရေးအခွင့်အရေးနဲ့ လူမှုရေးအခွင့်အရေးဆိုတာ သီးခြားသတ်မှတ် ဦးစားပေးလို့ မရနိုင်ပဲ တပြိုင်နက်တည်း အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်တဲ့ အရာတွေဖြစ်ကြောင်း စတုတ္ထမဏ္ဍိုင်နဲ့ ဆင်းရဲနွမ်း ပါးမှုလျှော့ချရေး အကြားက ဆက်နွယ်မှုတွေက မီးမောင်းထိုးပြခဲ့ပါတယ်။
စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍအား မြှင့်တင်ခြင်း
စတုတ္ထမဏ္ဍိုင်နဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အကြားမှာ ဆက်နွယ်မှုတွေရှိတာကြောင့် စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍ ကို မြှင့်တင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုလာစေနိုင်ပါတယ်။ ဒီလို စတုတ္ထမဏ္ဍိုင်ရဲ့ အခန်း ကဏ္ဍကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဦးတည်ပြီး မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ပညာရှင်တွေက လေ့လာ ဖော်ထုတ်ခဲ့ကြပါတယ်။
(၁) သတင်းအချက်အလက်များပေးခြင်း
သတင်းနဲ့ စာနယ်ဇင်းကဏ္ဍဟာ လူထုလူတန်းစားအလွှာအသီးသီးကို သတင်းအချက်အလက်များပေးနိုင်တဲ့ အထိ ရောက်ဆုံး ပြည်သူ့ဆက်ဆံရေး ယန္တရားဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ၊ လူမှုရေးအခြေအနေ၊ ဆင်းရဲ နွမ်းပါးမှုအခြေအနေတွေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် နိုင်ငံတော်က ဖော်ဆောင်နေတဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ် တွေကို လူထုက သိရှိဖို့ လိုအပ်ပါတယ်။ စတုတ္ထမဏ္ဍိုင်အနေနဲ့ ဒီလိုမူဝါဒ၊ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ အချက်အ လက်တွေကိုသာမက မူဝါဒတွေရဲ့ လူထုအပေါ် အကျိုးသက်ရောက်မှုတွေ၊ အားသာချက်၊ အားနည်းချက် စတဲ့ သတင်း အချက်အလက်တွေကိုပါ အများပြည်သူထံ ပို့ဆောင်ပေးနိုင်ပါတယ်။
(၂) ပြည်သူ့အမြင်၊ ပြည်သူ့အသံများ ဆောင်ကျဉ်းပေးခြင်း
နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ လုပ်ငန်းဆောင်တာတွေအပေါ်မှာ အများပြည်သူရဲ့ အမြင်တွေနဲ့ သဘောထား တွေကို မူဝါဒချမှတ်ထားသူများ၊ အကြံပေးများနဲ့ မူဝါဒအကောင်အထည်ဖော်ဆောင်နေသူများ သိရှိဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုရဲ့ အမြင်သဘောထားတွေနဲ့ လူထုလူတန်းစားအလွှာအသီးသီးကို ကိုယ်စားပြုတဲ့ ပြည်သူ့အသံတွေကို စတုတ္ထမဏ္ဍိုင်က ဆောင်ကျဉ်းပေးနိုင်ပါတယ်။
(၃) Public Debate ပလက်ဖောင်း ဖန်တီးပေးခြင်း
အရေးကြီးတဲ့ ပြည်သူ့ရေးရာမူဝါဒတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေ၊ မူဝါဒရေးရာကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးပွဲတွေ၊ debate တွေ ပြုလုပ်တဲ့အခါ အများပြည်သူရဲ့ ဗဟုသုတတွေ၊ အတွေးအမြင်တွေ တိုးတက်လာစေနိုင်ပါတယ်။ အ ကြောင်းအရာတခုချင်းစီကိုလဲ ထဲထဲဝင်ဝင် ခြုံငုံသိရှိသွားစေနိုင်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဟာ ဒီလို public debate ပလက် ဖောင်းကို ဖန်တီးပေးနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Daily Star သတင်းစာမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပို့ဆောင် ဆက်သွယ်ရေး၊ ပို့ကုန်သွင်းကုန် မူဝါဒများ၊ စွမ်းအင် မူဝါဒများနဲ့ ပတ်သက်ပြီး public debates များ ပြုလုပ်လေ့ရှိပါ တယ်။ အဲဒီကနေ ပေါ်ထွက်လာတဲ့ ရလဒ်တွေကို စုစည်းပြီး နိုင်ငံရေးပါတီများနဲ့ အန်ဂျီအိုများကို အကြံပြုချက်များလဲ ပေးအပ်ပြီး public engagement ကို စတုတ္ထမဏ္ဍိုင်ကတဆင့် တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။
(၄) ပြည်သူ့ရေးရာဌာနများ၏ တာဝန်ခံမှု ရှိစေခြင်း
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် သက်ဆိုင် ရာ ပြည်သူ့ရေးရာဌာနများရဲ့ တာဝန်ခံမှု (accountability) ရှိဖို့ အလွန် အရေးကြီးပါတယ်။ အဆိုပြုချက်တွေနဲ့ မူဝါဒတွေ ကို အကောင်အထည်ဖော်ဆောင်တဲ့အခါ ဒီမူဝါဒတွေဟာ သင့်လျော်မှုရှိမရှိ၊ ထိရောက်မှုရှိမရှိ၊ စီမံချက်တွေအတိုင်း အ ကောင်အထည်ဖော်ဆောင်ခြင်း ရှိမရှိ စတာတွေကို မီဒီယာနဲ့ သတင်းစာနယ်ဇင်းတွေက စောင့်ကြပ်ကြည့်ရှုနိုင်ပါတယ်။ အစိုးရအသုံးစရိတ်များရဲ့ မှန်ကန်တိကျမှုကိုလဲ ဆန်းစစ်လေ့လာနိုင်တာကြောင့် ဘဏ္ဍာငွေအလွဲသုံးစားပြုမှုတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကိုလဲ တိုက်ဖျက်နိုင်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် သတင်းနဲ့စာနယ်ဇင်းကဏ္ဍဟာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေး မဏ္ဍိုင်စ သော မဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့်လေ့လာတည့်မတ်ပေးရတဲ့ စတုတ္ထမဏ္ဍိုင်ကြီးဖြစ်တဲ့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒများ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါလှပါကြောင်း ရေး သားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၆၊ ၉၊ ၂၀၁၁)
ရည်ညွှန်းကိုးကားစာရင်း
Deane, J. (2005) “Why the Media Matters,” GFMD October 2005
Gregoire, L. (2005) “Why Development Needs Good Journalism,” WPFD
Hudock, A. (2003) “Hearing the Voices of the Poor: Encouraging Good Governance and Poverty Reduction through Media Support,” World Learning
Obaigbena, N. (2001) “ Role of the press in poverty reduction strategies (PRSP) Design and Implementation Process”, Africa Forum on Poverty Reduction Strategies, Dakar, Senegal, September 10-13, 2001.
Panos London (2005) “ What are the MDGs and why are they important?
www.panos.org.uk/extra/mdgs_index.asp
Panos London (2007) ‘The role of the media in boosting public awareness and debate of trade policy-making’, in WTO (2007) WTO Public Forum 2006: What WTO for the XXIst Century?, London
Siebert, F., Peterson, T., & Schramm, W. (1956) “Four theories of the press: The authoritarian, libertarian, social responsibility, and Soviet communist concepts of what the press should be and do”, Urbana: University of Illinois.
http://www.naytthit.net/
ပြည်ပ ရောက် အတိုက် အခံ များ ထို ဖြစ်ရပ် ကြောင့် အထူး တုန် လှုပ် သွား သည် ။
ဦးစိန်ကျော်လှိုင် အဖမ်းခံရမှု သည် အာဏာ ပြိုင်ဆိုင်မှု
by politics on September 7, 2011
ယခင် ခောတ်ပြိုင် သတင်းစာ ၏ အယ်ဒီတာ ချုပ် ဟောင်း နှင့် လွတ်လပ် သော အာရှ အသံ
မြန်မာ ပိုင်း အစီအစဉ် (RFA) မှ သတင်းစာ ဆရာ ဦးစိန်ကျော်လှိုင် မြန်မာ ပြည်သို့ ပြန်
လည် သွား ရောက် စဉ် အဖမ်းခံ ရ မှု သည် အစိုး ရ အဖွဲ့ တွင်း ရှိ အာဏာ ပြိုင် ဆိုင်မှု များထဲ
တွင် ဓားစာခံ ဖြစ်ရသူ ဖြစ်ခဲ့ သည် ရန်ကုန် နိုင်ငံ ရေး အသိုင်း အ၀ိုင်း က သုံး သပ်ကြသည်။
သမ္မတ ဦးသိန်းစိန် ၏ ဖိတ်ခေါ် ချက် အရ ဦးစိန်ကျော်လှိုင် သည် သက်ဆိုင်ရာ အာဏာပိုင်များ
နှင့် ညှိုနှိုင်းပြီး မြန်မာ ပြည် သို့  ပြန် သွား သော် လည်း ဖမ်း ဆီး ခံ ရခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် ကတော့ တကယ်ပြန်လာ စေချင် တဲ့ သဘော နဲ့  ခေါ်တာ ဖြစ်မယ်။ ဒါပေ
မယ့် အစိုး ရ အဖွဲ့  ထဲ မှာ ရော ၊ စစ်တပ် ထဲ မှာ ရော သဘော ထား တင်း မာတဲ့ Hardliners
တွေ ရှိမယ်။ သူတို့  က ဦးသိန်းစိန် ဘာ မှ မဟုတ် ဘူး ဆို တာ ပညာ ပြ လိုက် တာ ဖြစ်မယ်
ထင်တယ် ဟု ရန်ကုန် မြို့  မှ နိုင်ငံ ရေး လှုပ်ရှား တက်ကြွ သူများ က သုံး သပ်ကြသည်။
ဦးစိန် ကျော် လှိုင် သည် ထိုင်း နိုင်ငံ ဘန်ကောက် မြို့  မှ တစ်ဆင့် မြန်မာ နိုင်ငံ သို့  ပြန် သွား
စဉ် မြန်မာ နိုင်ငံ ရန်ကုန် နိုင်ငံ တကာ လေဆိပ် ဉ် ဖမ်းဆီး ခံ ရခြင်း ဖြစ် ပြီး ယခု အောင်သ
ပြေ စစ်ကြောရေး စခန်း တွင် ထိမ်းသိမ်း ခံထား ရ သည် ဟု ပြည်ပ သတင်းဌာန များ က
သတင်း ထုတ် ပြန်ထား သည်။
BBC သတင်း ဌာန ၏ စီးပွားရေး ဆိုင်ရာ ဝေဖန် သုံးသပ် သူ အဖြစ် လည်း တာဝန်ထမ်းဆောင်
ခဲ့ သူ ဦးစိန်ကျော်လှိုင် သည် မြန်မာ အစိုးရ တာဝန် ရှိ သူ များ နှင့် လှို့ ဝှက် တွေ့ဆုံ မှု တစ်ခု
ဖြစ်ကာ အတိုက် အခံ များ ၏ အသံ (Feed Back) ကို အစိုးရ က နားထောင် ချင် မှု တစ်ခု
လည်း ဖြစ် နိုင် သည် ဟု သုံးသပ်မှုများ လည်း ရှိ သည်။
ဦးစိန် ကျော်လှိုင် အဖမ်း ခံ ရမှု ကြောင့် မြန်မာ နိုင်ငံ သို့  ပြန်လည် သွားရောက် ချင် သည့်
ပြည်ပ ရောက် အတိုက် အခံ များ မှာ မူ ထို ဖြစ်ရပ် ကြောင့် အထူး တုန် လှုပ် သွား သည် ဟု
သိရသည်။
http://freedomnewsgroup.com/2011/09/07/sein-kyaw-hliaing-victim-in-power-struggle/
မြန်မာကို ကုလမှ ကော်မရှင်ဖွဲ့ စစ်ဆေးရန် ဆွေးနွေး
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၅၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ကုလသမဂ္ဂမှ ကော်မရှင်ဖွဲ့ စစ်ဆေးမှု အမြန် အကောင်အထည်ဖေါ်ရန် နိုင်ငံတကာ ရှေ့နေများ အသင်းနှင့် လူ့အခွင့်အရေး အဖွဲ့များ
ဥရောပသမဂ္ဂ သံတမန်များ၊ ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲလ်စ် မြို့တွင် အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဥရောပ ကောင်စီမှ ပြုလုပ်မည့် လူ့အခွင့်အရေးနှင့် ပတ်သက်သော အစည်းအဝေးတခုကို လာမည့် တနင်္လာနေ့တွင် ဘရပ်ဆဲလ်စ်၌ ပြုလုပ်ရန်ရှိရာ ထိုစည်းဝေးပွဲ မတိုင်ခင် နိုင်ငံတကာ ရှေ့နေများ အသင်း၊ လူ့အခွင့်အရေး အဖွဲ့ International Bar Association Human Rights Institute (IBAHRI) နှင့် အန်ဂျီအို အဖွဲများ၊ ဥရောပသမဂ္ဂ သံတမန်များနှင့် ကြိုတင်တွေ့ဆုံကာ မြန်မာအစိုးရ၏ စစ်ရာဇဝတ်မှုများ အတွက် ကုလသမဂ္ဂမှ ကော်မရှင်ဖွဲ့ကာ အမြန်ဖေါ်ထုတ်နိုင်ရေး နည်းလမ်းရှာကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာ သောမတ်စ် အိုဟေး ကွင်တားနားနှင့် အတူ ဘားမားကမ်ပိန်း (ယူကေ) မှ ကိုယ်စားလှယ်များ၊ မြန်မာရှေ့နေများ ကောင်စီမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ချုပ်နှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ တို့မှ ကိုယ်စားလှယ်များက ဥရောပသမဂ္ဂ သံတမန်များအား အကျဉ်းချုပ် ရှင်းလင်း တင်ပြမည်ဟု IBAHRI၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကျွမ်းကျင်သူများ အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေး အခြေအနေများကို အကျဉ်းချုပ် တင်ပြ ကြမည်ဖြစ်ပြီး မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် တိုးတက်မှုများကိုလည်း ထည့်သွင်း စဉ်းစားမည် ဖြစ်သည်။
ကော်မရှင်ဖွဲ့ စစ်ဆေးရေးသည် အနာဂတ်တွင်လည်း ဖြစ်နိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည့် လူသတ်မှုများ၊ စနစ်တကျ အဓမ္မပြုကျင့်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ နှိပ်စက်မှုများ၊ ကလေးစစ်သား ခန့်ထားမှုများ၊ အကြောင်းမဲ့ ဖမ်းဆီးမှုများ၊ အတင်းအဓမ္မ နေရာရွှေ့ပြောင်းခိုင်းမှုများနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှုများကို တားဆီးရန်အတွက် အကောင်းဆုံး နည်းလမ်းနှင့် ကော်မရှင်ဖွဲ့ စစ်ဆေးခြင်းက ချိုးဖောက်ခံရသူများ အတွက် တရားမျှတမှုကို အာမခံပေးနိုင်ကြောင်းကို ရှင်းပြကြမှာဖြစ်သည်။
စုံစမ်းရေး ကော်မရှင်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များနှင့် အသုံးအနှုန်းများကိုလည်း ဆွေးနွေး
ကြမည်ဟု IBAHRI အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
နိုင်ငံတကာ ရှေ့နေအဖွဲ့၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေါက်တာ Mark Ellis က အစည်းအဝေး မတိုင်မီ
ပြောကြားခဲ့ရာတွင် “မြန်မာပြည်သူတွေဟာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဒဏ်တွေကို နှစ်ပေါင်း
နှစ်ဆယ်ကျော် ခံခဲ့ရပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အရေးယူ ဆောင်ရွက်ဖို့ ပျက်ကွက်မှုကြောင့် ကျူးလွန်သူတွေဟာ ကင်းလွတ်ခွင့် ရနေပါတယ်။ ကုလ အထွေထွေညီလာခံ အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့စည်း စစ်ဆေးဖို့ မြန်မြန်နဲ့ ပြတ်ပြတ်
သားသား လုပ်သင့်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“ပွင့်လင်းမြင်သာ၊ သမာသမတ်ကျပြီး လွတ်လပ်တဲ့ ကုလ စုံစမ်းရေး ကော်မရှင်ဟာ ပဋိပက္ခမှာ ပါဝင်နေတဲ့ ဘက်အားလုံးရဲ့ စွပ်စွဲခြင်းခံထားရတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် အရေးပါတဲ့ တန်ဆာပလာ တခု ဖြစ်ပါတယ် မြန်မာနိုင်ငံအတွက် ကော်မရှင် ဖွဲ့စည်းခြင်းဟာ သက်ဆိုင်သူတွေ တာဝန်ခံလာစေဖို့အတွက် အရေးပါပြီးတော့ အချိန်ဖင့်နေတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်” ဟုလည်း ထုတ်ပြန်ချက်က ဖေါ်ပြခဲ့သည်။
http://www.mizzimaburmese.com/news/breaking-newsbrief/8278-2011-09-07-07-33-24.html
သေဒဏ်ကျ ကလေးစစ်သားဟောင်း လွတ်မြောက်
သဲသဲ | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၄ မိနစ်
နယူးဒေလီ(မဇ္ဈိမ) ။ ။ အရာရှိငယ်တဦး အပါအဝင် သုံးဦး သေဆုံးခဲ့သော တပ်တွင်း ပစ်ခတ်မှုကြောင့်
သေဒဏ်ပေးခံရသူ မောင်ဖြိုးစည်သူသည် ထောင်ထဲတွင် ခုနှစ်နှစ်ကျော် နေခဲ့ရပြီးနောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ၏ ကြားဝင် ဆောင်ရွက်ပေးမှုဖြင့် မကြာသေးခင်က လွတ်မြောက်လာခဲ့သည်။
ILO က အကျဉ်းဦးစီးနှင့် စစ်ဘက်သို့ ဆက်သွယ်၍ ကလေးသူငယ် အခွင့်အရေးကို တင်ပြခဲ့ရာက စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှ သြဂုတ်လ ၃ ရက်နေ့တွင် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု အမှုလိုက် ရှေ့နေ ဦးစန်းအောင်က မဇ္ဈိမကို ပြောသည်။
“အမှုနဲ့ဆိုင်တဲ့ ဌာနတွေကိုရော ဆက်သွယ်ပြီး သူတို့ (ILO) လုပ်ပေးတော့ ရှစ်လ အကြာမှာပဲ လွတ်လာခဲ့တာပါ” ဦးစန်းအောင်က ပြောသည်။
သေဒဏ်ပေးခံရပြီး ပြန်လည် လွတ်မြောက်လာသော ကလေးစစ်သားဟောင်း မောင်ဖြိုးစည်သူနှင့် သူ၏မိခင် ဒေါ်သန်းသန်းရီ တို့ကိုတွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
ရန်ကုန်တိုင်း သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သူ ယခုအခါ အသက် ၂၁ နှစ်ရှိပြီ ဖြစ်သည့် ဖြိုးစည်သူမှာ စစ်ကိုင်းတိုင်း အရာတော်ရှိ လေ့ကျင့်ရေး (၁၀) ၏ သင်တန်း အမှတ် (၂/ ၂ဝဝ၄) ကို တက်ရောက်
ခဲ့ပြီး ကိုယ်ပိုင်နံပါတ် (တ/၂၇၉၄၄၉)ဖြင့် တပ်သား ဖြစ်ခဲ့သည်။
ဦးဝင်းဗိုလ်နှင့် ဒေါ်သန်းသန်းရီတို့မှာ သူတို့၏သား ဖြိုးစည်သူမှာ စစ်သားဘဝဖြင့် ကလေးမြို့ထောင်တွင် အကျဉ်း ကျနေကြောင်းကို ၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့မှ တဆင့် ပေးပို့ပေးခဲ့သည့် စာအရ သိရှိခဲ့သည်ဟု ဆိုသည်။ သေဒဏ်မှ ထောင်ဒဏ် ပြောင်းပေးရန် ILO၊ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF နှင့် အကျဉ်းဦးစီးဌာနသို့ ၂၀၁၀ ခုနှစ် နှစ်ကုန်တွင် သနားခံစာ ပေးပို့ခဲ့သည်။
“သေဒဏ်ပေးခံရတယ်လို့ သိရတော့ ရင်ထဲမှာဆို့ပြီး ပြောမပြတတ်အောင်ပဲ၊ သားက သူငယ်ချင်းတွေနဲ့ ထွက်သွား ပြီးတော့ စစ်ထဲ ရောက်သွားတာပါ၊ ပြန်လွတ်လာတော့ ထီပေါက်သလိုပဲ ဝမ်းသာတာတော့ မပြောနဲ့တော့” ဟု ဒေါ်သန်းသန်းရီက မဇ္ဈိမကို ပြောသည်။
ဖြိုးစည်သူသည် အသက် ၁၄ နှစ်အရွယ် မေလ ၂၀၀၃ ခုနှစ်တွင် စစ်သားအဖြစ် စုဆောင်းခြင်းခံရကာ အနောက်
မြောက်တိုင်း စစ်ဌာနချုပ် လက်အောက် ဂန့်ဂေါမြို့ရှိ ခြေလျင်တပ်ရင်း (၅၀) သို့ စေလွှတ်ခံရသည်။ ချင်းပြည်နယ်
ရိဒ်ဒေသရှိ မွန်သဲဂေဲလ် ရှေ့တန်းစခန်းတွင် တာဝန်ကျစဉ် တပ်တွင်း အချင်းချင်း ပစ်ကြရာ ဒုဗိုလ်တဦး အပါအဝင် စစ်သားသုံးဦး သေဆုံးခဲ့မှုကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့ စစ်ခုံရုံးက ၂ဝဝ၄ ခုနှစ် မေလတွင် သေဒဏ် အပြစ်ပေးခဲ့သည်။
“အိပ်နေတုန်းမှာ ပစ်လိုက်တာ၊ ကျနော့် သူငယ်ချင်းတွေက မကျေနပ်လို့ ပစ်လိုက်တာ၊ တာဝန်ပျက်ကွက်မှုနဲ့
အရာရှိက ထိုးတာကြိတ်တာတွေရှိလို့ မကျေနပ်တာလည်း ပါတယ်၊ ကင်းအိပ်ရင် မျက်နှာကို စစ်ဖိနပ်နဲ့ ကန်တယ်၊ ထိုးတယ်၊ တုတ်နဲ့ ရိုက်တယ် အဲလိုနှိပ်စက်တာ” ဟု သံလျင်မြို့ နေအိမ်သို့ ပြန်ရောက်လာပြီးနောက် ဖြိုးစည်သူက မဇ္ဈိမကို ပြောပြသည်။
ပစ်ခတ်မှုကြောင့် ဒုဗိုလ် ရန်လင်းထွန်း၊ တပ်ကြပ်တဦးနှင့် ဆေးတပ်သား တဦးတို့ သေဆုံးသွားခဲ့ပြီး ပစ်ခတ်ရာ
တွင် ပါဝင်ခဲ့သော တပ်သား သုံးဦးမှာ အိန္ဒိယဘက်သို့ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။
အမှုကို စစ်ခုံရုံးမှ စစ်ဆေးရာတွင် ပစ်ခတ်မှုအပြင် တပ်အရာရှိများ ငွေးကြေး အလွဲသုံးစားမှုနှင့် လာဘ်စားမှုများပါ
နောက်ဆက်တွဲ ပေါ်လာသဖြင့် ခလရ (၅၀) တပ်ရင်းမှူးနှင့် အရာရှိ သုံးဦးကို ထောင်ဒဏ် သုံးနှစ် အပြစ်ပေးခဲ့ပြီး၊ သူ့တဦးတည်းသာ သေဒဏ် ချမှတ်ခံခဲ့ရသည်ဟု ပြောဆိုသည်။
“အုန်းသီးကြားထဲမှာ ဘိန်းထည့်ပြီး မြင်းနဲ့ သယ်တာကို စစ်ကြောင်း (၁) က မိတော့ ပိုက်ဆံယူပြီး လွှတ်ပေးလိုက် တယ်၊ ရတာကို တပ်ရင်းမှူးနဲ့ ခွဲစားကြတာပေါ့။ အဲဒါတွေလည်း ကျနော်တို့ အမှုစစ်ရင်းကနေ ပေါ်လာတယ်”ဟု ဖြိုးဝေအောင်က ပြောပြသည်။ စစ်တပ်တွင်းသို့ ပို့ခံရစဉ် အသက် ၁၈ နှစ်ပြည့်ကြောင်း မွေးသက္ကရာဇ်ကို လိမ်လည် ထွက်ဆိုခိုင်းခဲ့သည်ဟု ဆိုသည်။
ယခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သည့် အကျဉ်းကျခံနေရသူများ အတွက် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် သေဒဏ်ကို တသက်တကျွန်းပြောင်းရန်ဟု ပါရှိသဖြင့် လက်ရှိ အကျဉ်းဦးစီး ထုံးစံအရ ဖြိုးစည်သူ၏
ပြစ်ဒဏ်ကို ထောင်ဒဏ် ၂၀ နှစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။
၂၀၁၁ ခုနှစ် မေလတွင် ထောင်ဒဏ် ခုနှစ်နှစ် ပြည့်သွားခဲ့သော ကလေးသူငယ်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အညီ
ထောင်ဒဏ် ပြောင်းလဲ သတ်မှတ်ပါက ထောင်မှ လွတ်မြောက်သင့်ကြောင်း လွတ်မြောက်ရေး ကူညီဆောင်ရွက် သူများက အာဏာပိုင်များသို့ တင်ပြခဲ့ကြသည်။
၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေ ပုဒ်မ ၄၆ အရ သေဒဏ် သို့မဟုတ် ထောင်ဒဏ် တသက်တကျွန်း ချမှတ်နိုင်သည့် ပြစ်မှုကို ကျူးလွန်ခဲ့ပါက အများဆုံး ထောင်ဒဏ် ခုနှစ်နှစ်သာ ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။
ILO က ၂၀၀၇ မှစ၍ အရွယ်မရောက်သေးသည့် ကလေးစစ်သားများ မြန်မာစစ်တပ်မှ ခန့်ထားမှုပေါင်း ၁၇၄ ခုကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီး၊ မိသားစုဆီ ပြန်ပို့နိုင်ခဲ့ကြောင်း ဇွန်လအတွင်းက AFP သတင်းတရပ်တွင် ပါရှိသည်။
မေလက ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းအဖွဲ့ ND-Burma ၏
မှတ်တမ်း ၌ ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ မတ်လ အတွင်း၌ ကလေးစစ်သား စုဆောင်းမှု ၂၁ မှု ရှိနေကြောင်း
ဖော်ပြထားသည်။
http://www.mizzimaburmese.com/news/inside-burma/8280-2011-09-07-10-38-30.html
အပန်းဖြေနားရက်များ - ၁ (အောင်ဆန်းစုကြည်)
Wednesday, September 07, 2011 Khet Htan
(ဒီတပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးပါ။ ဖေ့စ်ဘုတ်မှာ စာစီပြီး မျှထားတာတွေ့လို့ ကူးယူပါတယ်။)
ယခုနှစ်များစွာ အတွင်းမှာ အပန်းဖြေနားရက်တွေဆိုတာ ကျွန်မအတွက်တော့ အတိတ်ကာလက ဖျိုးခနဲ ဖျတ်ခနဲ မှတ်တမ်းထားမိလိုက်တဲ့ အမှတ်ရစရာ ဓာတ်ပုံတစ်ချို့ လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင်ထင်ရှားနေတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။
ဟိမ၀န္တာမှာ...
ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက် တောင်ဆင်းလမ်းတွေပေါ်က မျက်တောင်ရှည်မြည်းကြီး တစ်ကောင်ရဲ့ ကျောကုန်းထက်မှာ။
မြက်ခင်း၊ ဆင်ခြေလျှောပေါ်မှာ ထိုင်ပြီး၊ ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့ နေ့လယ်စာ စားရင်း ရှုမြင်ရတဲ့ မြူတွေဆိုင်းနေတဲ့ ရိုးတိုးရိတ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ..။
ခတ္တမန္ဒူမြို့က ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးတွေအထိ လှည့်ပတ်လွင့်မျောရင်း အမေရိကန် ကိတ်မုန့်ညို.. နာမည်ကြီးတဲ့ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ...။
မြန်မြတ်ကြမ်းကြမ်း စီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊ အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး၊ ချဉ်ဖြုံးဖြုံးကို မြုံ့ရင်း ဆင်တစ်ကောင်ရဲ့ကျောကုန်းပေါ်မှာ...။
အိန္ဒိယ အရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့၊ အသက်ရှူဖို့ မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်းတော်ကြီးတွေရဲ့ ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော်ကတစ်ကွက်၊
ဆွစ် (ဆွစ်ဇာလန်) က ရေကန်ကြီးတစ်ကန်ကို စီးမိုးထားတဲ့ ရဲတိုက်တစ်ခုပေါ်မှာ၊ အရသာပြည့်စုံလှတဲ့ အစားအသောက်တွေ ကြားထဲက မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီးသီးယိုကို စားနေခဲ့တာ....။
အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြား တစ်လျှောက်က တူးမြောင်းသွား သင်္ဘောတစ်စီးပေါ်မှာ၊ ကျွန်မက စိမ်းမြ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာကြည့်မော့လို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ …။
တိုင်ရီကျွန်းလေးပေါ်က သဲသောင်ပြင်စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတစ်ချို့ ကစားမြူးထူး၊ နေကြတာ။
ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လောက်အောင် အသက်ဝင် တောက်ပလှပေမယ့် တကယ်မဟုတ်သလို ခံစားရပါတယ်။ အဲဒါကြောင့်ပဲ သားငယ် ထိန်းလင်း (ကင်မ်) တစ်ယောက် ဇွန်လထဲမှာ ကျွန်မရဲ့မွေးနေ့ကို ရောက်လာပြီး၊ အပန်းဖြေခရီးတစ်နေရာရာကို ခေါ်သွားမယ်လို့ ပြောတဲ့အခါ ကျွန်မအတွက် တော်တော်မဖြစ်နိုင်တဲ့ အဆိုပဲလို့ စိတ်ထဲမှာ ဖြစ်သွားခဲ့ပါတယ်။
နောက် နည်းနည်းပါးပါး တိုင်ပင်ကြ၊ စဉ်းစားကြည့်ကြပြီးတဲ့ အခါမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမဆုံး အပန်းဖြေခရီးတို သွားဖို့ဆိုတာ သဘာဝမကျတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့ အစီအစဉ်ဆွဲကြည့်ခဲ့ကြတယ်။
မုတ်သုံရာသီ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း တစ်နေရာကိုပဲ ရွေးချယ်ဖို့ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ ခြောက်သွေ့တဲ့ ဒေသကို ရွေးချယ်တာဟာ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်မှာပါ။ ၁၉ ရာစုနှောင်းပိုင်းမှာ ဗြိတိသျှ စစ်တပ် ရောက်လာပြီး မြန်မာဘုရင်ကို ဖယ်ရှားခဲ့တဲ့ မန္တလေးမြို့ရှိတယ်။ ဒါမှမဟုတ် ကာလာကြာမြင့်စွာက ကွယ်ပျောက်သွားပြီဖြစ်သော ကြီးကျယ်ခမ်းနားခဲ့မှုကို သက်သေပြနေတဲ့ ထောင်ပေါင်းများစွာသော ဘုရားများနဲ့ ဖွဲ့တည်ထားတဲ့ ရှေးမြို့တော်ပုဂံ။ ဘာကြောင့်များ ဒီလောက်များပြားတဲ့ ဘုရားပုထိုးတွေ တည်ခဲ့ကြတာလဲဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းလှပြီး၊ အဖြေရဖို့လည်း မလွယ်တဲ့ မေးခွန်းပေါ်စေတဲ့ ပုဂံ။ ဒါဟာ ဘာသာရေး၊ ယုံကြည်မှုကြောင့်လား၊ ချမ်းသာကြွယ်ဝမှုကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်အတွက်လား၊ ဒါမှမဟုတ် အဲဒီသုံးခုစလုံး အချိုးအစားအမျိုးမျိုးနဲ့ ပါဝင်ပတ်သက်နေမှုလား။
ပုဂံကို ကျွန်မတို့ လွယ်လွယ်ကူကူပဲ ရွေးချယ် ဆုံးဖြတ်ခဲ့ပါတယ်။ မြောက်မြားစွာသော ထူပါ၊ ပုထိုးစေတီတွေနဲ့ မြို့ဟောင်း ပုဂံဟာ ခရီးသွားတွေ၊ ဘုရားဖူးတွေကို အင်မတန် ဆွဲဆောင်မှုရှိလှပါတယ်။ ဒါပေမဲ့ သွားမယ့်အချိန်က ဧည့်သည် ပါးလျားလေ့ရှိတာမို့၊ ကျွန်မတို့အေးအေးချမ်းချမ်းနဲ့အနားရလိမ့်မယ် ထင်ခဲ့ပါတယ်။ ကျွန်မတို့သားအမိအတွက် ပုဂံကို ပထမဆုံးအကြိမ်သွားခြင်း မဟုတ်တာကြောင့်၊ ဘာသာရေးအဆောက်အဦတွေ အများကြီးကို လှည့်လည်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မအတွက် လေးနက် အဓိပ္ပာယ်ရှိတဲ့၊ ထူးခြားတဲ့နေရာ အနည်းငယ်မျှကိုသာ သွားကြမှာပါ။ အရေးကြီးဆုံးတစ်ချက်က ကင်မ်ရယ်၊ ကျွန်မရယ်၊ ကျွန်မတို့ရဲ့ ခွေးလေး တိုက်ချီဒိုရယ် (ဒါဟာ မိသားစု အပန်းဖြေခရီးဆိုရင်တော့ ခွေးလေးကို အိမ်မှာ ထားရစ်ခဲ့ဖို့ မစဉ်းစားသင့်ဘူး မဟုတ်လား)၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ နေနိုင်မယ့်နေရာ တစ်ခုကို ရှာဖို့ပါပဲ။ ဒါအတွက် အကောင်းဆုံးနေရာတစ်ခုကို ဦးခွန်သာမြင့်က ကျွန်မတို့အတွက် ရှာဖွေပေးခဲ့ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်လို့ တခြားအကြောင်းအရာ တစ်ခုကို ပြောင်းပြီး ပြောပြချင်ပါတယ်။
ဦးခွန်သာမြင့်ဆိုတာက ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဖြစ်တဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဘုတလင်မြို့နယ်က ရှစ်ဆယ်ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ရွေးချယ်ခံခဲ့ရတဲ့ ဦးဟံသာမြင့်ရဲ့ ညီပါ။ ကိုဟံသာ၊ ကိုခွန်သာတို့ရဲ့ဖခင်နဲ့ ကျွန်မရဲ့ဖေဖေတို့က ၁၉၃၀ ကျော် နှစ်ကာလ၊ ရန်ကုန် တက္ကသိုလ်သမဂ္ဂကို နိုင်ငံရေးလမ်းကြောင်းပေါ် တင်ခဲ့ကြတဲ့ အချိန်ကတည်းက မိတ်ဆွေ သူငယ်ချင်းများ၊ လက်တွဲခဲ့ကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ့ဖခင် ဦးသိန်းဖေမြင့်နဲ့ ကျွန်မတို့ ဖေဖေတို့ဟာ နိုင်ငံရေးမှာ သဘောချင်း အမြဲတူညီခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အမျိုးသားလွတ်လပ်ရေး၊ နောက်ဆုံးတိုက်ပွဲ ကာလတွေမှာ မိတ်ဆွေ သူငယ်ချင်းဆိုတာထက်၊ နိုင်ငံရေး သဘောထားချင်း ဆန့်ကျင်ဘက်တွေလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါလိမ့်မယ်။ နှစ်ဦးစလုံးက မတူညီတဲ့ အမြင်တွေကို အပြန်အလှန်လေးစားမှု ရှိကြတာ၊ ဂိုဏ်းဂဏနဲ့ အာဃာတတွေ ကင်းဝေးကြတာ စတာတွေကို သူတို့ရဲ့သားသမီးတွေဖြစ်တဲ့ ကျွန်မတို့အတွက် လက်ဆင့်ကမ်း ချန်ထားရစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့တစ်တွေဟာ လုပ်ဖော်ကိုင်ဖက်တွေလို၊ ရဲဘော်ရဲဘက်တွေလို အလုပ်တွေအတူ လုပ်နိုင်ခဲ့ကြတယ်။ ကျွန်မတို့မှာ ရှိတဲ့အကဲဖြတ် တန်ဖိုးထားမှုချင်း တူညီတာ၊ ရယ်စရာတွေကို နားလည်ခံစားမှုချင်း တူညီတာ (ဒါဟာ တကယ်တော့ ခပ်ပေါ့သေးသေးမဟုတ်ပါ) တွေက ကျွန်မတို့ကို ပိုပြီး စုစည်းပေါင်းစပ်ပေးပါတယ်။
၂၀၀၉ ခုနှစ် ကျွန်မ အင်းစိန်ထောင်မှာ ရှိနေစဉ် ယိုယွင်းလာနေတဲ့ ကျွန်မရဲ့အိမ်ကို ပြန်လည်ပြုပြင်မွမ်းမံဖို့ ဗိသုကာတစ်ယောက် လိုအပ်နေချိန်မှာ ကိုခွန်သာက ကျွန်မကို ကူညီဖို့ ရောက်လာခဲ့တာပါ။ ထောင်ကနေ အိမ်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလာရတော့ အိမ်ပြင်ဖို့ ကိစ္စကို ကိုခွန်သာနဲ့စလုပ်ခဲ့ရပါတယ်။ ကိုခွန်သာက ဗိသုကာအနေနဲ့၊ ပြီးတော့ မိတ်ဆွေရင်းတွေ ဖြစ်ကြတဲ့၊ ကျွန်မ ခန့်အပ်ထားတဲ့ ကျွန်မရဲ့ကိုယ်စားလှယ် ကိုထင်ကျော်၊ အထွေထွေကြီးကြပ်ပေးသူ ကိုနီတို့နဲ့ အတူပေါ့။ သူတို့တွေဟာ ကျွန်မအိမ် ပြန်လည်ပြင်ဆင်တဲ့ အလုပ်အတွက် နေ့စဉ်လာခဲ့ကြတာ လနဲ့ချီ ကြာမြင့်ပါတယ်။ ကိုထင်ကျော်၊ ကိုနီနဲ့ ကျွန်မတို့ရဲ့ဖခင်များဟာလည်း ရန်ကုန်တက္ကသိုလ်မှာကတည်းက သိကျွမ်း၊ ရင်းနှီးခဲ့ကြသူများ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ သားတွေနဲ့ အဖေတွေအကြောင်း (အမေတွေလည်းပါမှာပါ) တစ်ချိန်ချိန်မှာ ရေးရပါဦးမယ်။ ဒီနေရာမှာတော့ စာလေးတစ်ကြောင်းလောက်တော့ တို့ထားချင်တယ်။ အဲဒါက ခုလိုမိဘတွေရဲ့ ရှည်ကြာတဲ့ ရင်းနှီးနှောင်ဖွဲ့မှုတွေကနေ ကျွန်မကို ဖေးမထောက်ပံ့သူတွေ၊ ခင်မင်ရတဲ့မိတ်ဆွေတွေကို ဘ၀ရဲ့လက်ဆောင်မွန်တွေအဖြစ် ရရှိခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။
ကိုခွန်သာဆိုရင် ကျွန်မရဲ့ဗိသုကာတစ်ဦးအဖြစ် စတင်ခဲ့ရာက သူသဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ တာဝန်ယူရတာတွေ များလာပါတယ်။ ကျွန်မရဲ့လုံခြုံရေးအရာရှိ၊ မိသားစုဝင် ခွေးလေးရဲ့ သင်တန်းဆရာ၊ အရေးပေါ် ကားမောင်းသမား၊ အခုဆိုရင်တော့ ခရီးသွားဝန်ဆောင်မှု ကိုယ်စားလှယ်နဲ့ အပန်းဖြေခရီး စီမံ ပြင်ဆင်ပေးသူပေါ့။
ကိုခွန်သာ ရွေးချယ်တဲ့ ပုဂံဟိုတယ်လောက် ကျွန်မတို့ အုပ်စု (အားလုံးဆယ့်ခြောက်ယောက်) အတွက် ပျော်စရာကောင်းတဲ့နေရာ ရှိမယ် မထင်တော့ပါဘူး။ ဟိုတယ်က သမိုင်းရေးရာနဲ့ ဘာသာရေး ဆိုင်ရာ အထင်ရှားဆုံးသော ပုထိုး၊ ထူပါစေတီတွေ တော်တော်များများဆီကို သွားလာရတာ လွယ်ကူလှတဲ့နေရာမှာ တည်ရှိပါတယ်။ ပြီးတော့ သက်တောင့်သက်သာရှိတဲ့ သိပ်လှပတဲ့နေရာပါ။
အရေးကြီးဆုံးကတော့ သေသေချာချာ လေ့ကျင့်သင်ကြားပေးထားတဲ့ ၀န်ထမ်းတွေက ယဉ်ကျေးဖွယ်ရာတယ်။ ပြီးတော့ ဧည့်သည်တွေရဲ့ ရင်ထဲမှာ နွေးထွေးပြီး နှစ်လို ခင်မင်သွားစေတဲ့ ခံစားမှုကို ရရှိစေတဲ့ အရည်အချင်းနဲ့ ပြည့်စုံကြပါတယ်။
အောင်ဆန်းစုကြည်
၈ ဇူလိုင် ၂၀၁၁
http://www.irrawaddyblog.com/2011/09/blog-post_1614.html
ယနေ့ခေတ် လူငယ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်
Wednesday, September 07, 2011 Khet Htan
(အနှစ် ၂၀ ကျော်အတွင်း ပြည်တွင်းမီဒီယာမှာ ပထမဆုံး ဖော်ပြခွင့်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး ဖြစ်ပါတယ်။ The Messenger ဂျာနယ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ကူးယူပါတယ်။ အခုနောက်ဆုံး သိရတဲ့ သတင်းများအရ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးပါပြီးနောက် The Messenger News Journal ဂျာနယ်ကို စာပေစိစစ်က နောက်ဆက်တွဲ သတင်းရုံးတင်ခွင့်နဲ့ မျက်နှာဖုံးမှာ နောက်ဆုံးရ သတင်းဦးများ ဖော်ပြခွင့်ပိတ်ပင်လိုက်ကြောင်း သတင်းဆိုးကို ကြားသိရပါကြောင်း ...)
ဒေါ်အောင်ဆန်းစုကြည်နှင့် The Messenger ဂျာနယ်တို့ တွေ့ဆုံမေးမြန်းခွင့်ရခိုက် သူမဖြေကြားခဲ့သည်များအနက်မှ လူငယ်များနှင့် ပတ်သက်သည့် သဘောထားအမြင်တချို့ကို စာဖတ်သူများသိရှိစေရန် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
M- လူငယ်တွေနဲ့ပတ်သက်ရင် တိုင်းပြည်ရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့မျှော်လင့်ချက်ဖြစ်တဲ့အကြောင်း အရင်ကပြောခဲ့ဖူးတယ်။ အခုနေအိမ်အ ကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာရော၊ လူငယ်တွေအပေါ်ဘယ်လိုမြင်ပါသလဲ။
DS- အခုခေတ်လူငယ်တွေကတော့ လွန်ခဲ့တဲ့ ခုနစ် နှစ်ကထက်စာရင် တိုးတက်လာတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ 1988 ခုနှစ်လောက်တုန်းက လူငယ်တွေ အခုခေတ်ကလူငယ်တွေလောက် အခွင့်အရေးမရခဲ့ကြဘူး။ အဓိက က IT ပေါ့။ အခုခေတ်လူငယ်တွေ ကမ္ဘာနဲ့ဆက်သွယ်ဖို့ အခွင့်အရေး အရမ်းများသွားပြီ၊ ဒါက ဘယ်လိုမှတန်ဖိုးဖြတ်လို့ မရတဲ့တိုးတက်မှုပဲ၊
M- မိသားစု စားဝတ်နေရေး၊ မိသားစုနောက်ခံအရေးတွေကြောင့် ဘ၀အတွက်လိုအပ်တဲ့ အတတ်ပညာ၊ အသိပညာတွေရှာဖွေဖို့၊ အခက်အခဲ ရှိနေတဲ့လူငယ်တွေအတွက်ရော ဘယ်လိုအကြံပြုချင်ပါသလဲ။
DS- ဒါတွေက လူငယ်တွေရဲ့ အားနည်းချက်ချည်းသက်သက်လို့ ပြောလို့မရဘူး။ ကျွန်မတို့လူမှုအဖွဲ့အစည်းရဲ့ အားနည်းချက်လို့ပြောရမယ်။ စားဝတ်နေရေး၊ မိသားစုအရေးတွေထက် ရုန်းကန်နေရတယ်ဆိုတာကိုက စီးပွားရေးအခြေအနေအရ ရုန်းကန်ရမယ့်အခြေအနေရောက်နေ လို့ပါ။ အမှန်အတိုင်းပြောရရင် ကိုယ့်ဝီရိယစိုက်နိုင်သလောက်၊ ကိုယ်အပင်ပန်းခံနိုင်သလောက်ပဲ တိုးတက်မှာပဲ၊ ကံ ကံ၏အကျိုးဆိုတာ ဒါပဲ။ ကိုယ်လုပ်သလောက်ပဲ ဖြစ်မှာပဲ၊ အဲဒီတော့ မိသားစုရဲ့စီးပွားရေးအခြေအနေကြောင့် ဘ၀ကိုရုန်းကန်နေရတဲ့ ကြားကပဲ တိုးတက်မှုကို ရအောင်ရှာတဲ့လူငယ်တွေလည်းအများကြီးရှိတယ်။ ခပ်တိုတိုပြောရရင်အိပ် ချိန်လျော့ပေါ့။ အလုပ်ပြီးလို့ရှိရင် ထပ်ပြီးစာကျက်ကြပေါ့။ တိုးတက်ဖို့လုပ်ကြပေါ့။ ဒါရိုးရိုးလေးပြောတာပါ။ တစ်ဖက်ကတော့ အနစ်နာ ခံ၊ အပင်ပန်းခံရမှာပေါ့။
M- နိုင်ငံရေးနဲ့ စီးပွားရေးဆက်စပ်မှု အခြေအနေက လူငယ်တွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိတယ်လို့ထင်ပါသလဲ။
DS- အခုခေတ် လူငယ်တွေပိုပြီး အမြင်ကျယ်လာတယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုဆက်သွယ်ရေးလမ်းကြောင်း က ကောင်းလာတယ်။ နောက်တစ်ခုက လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကထက်စာရင် ဂျာနယ်၊ မဂ္ဂဇင်းတွေ အရမ်းများလာတယ်။ အရင်ကဆို ရင်အများစုက အလှအပအကြောင်း၊ ရုပ်ရှင်အကြောင်း၊ မော်ဒယ်လ်တွေအကြောင်း အဲဒီဟာတွေပဲ ပိုများတယ်။ အခုက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေကို ပိုဇောင်းပေးတဲ့ ဂျာနယ်၊ မဂ္ဂဇင်းအတော်များလာတယ်။ အဲဒါတွေက ကိုယ့်မြန်မာ နိုင်ငံအကြောင်းတွေလည်းပါတယ်။ မြန်မာနိုင်ငံက အကြောင်းတွေမပါဘဲ တခြားနိုင်ငံတွေအကြောင်းပါတယ်ဆိုရင်တောင် မှ မျက်စိဖွင့်၊ နားဖွင့်ပေးတယ်။ ဒါကြောင့် ပိုတိုးတက်ဖို့ပဲရှိတယ်လို့ပဲ မြင်တယ်။ ဟန်းဖုန်းကိုင်တယ်ဆိုရင်တောင် ကိုယ်ဆက်ချင်တဲ့သူဆီ ဆက်လို့ရတယ်။
M- တချို့ လူငယ်တွေက လက်ရှိကိုယ့်ဘ၀ကို အားမရကြပါဘူး။စကားပြောတဲ့အခါမှာလည်း မျှော်လင့်ချက်မဲ့တဲ့စကားတွေ ပြောတတ် ကြတယ်။ အဲဒီလိုလူမျိုးတွေအတွက် ဘယ်လိုအကြံပြုချင်ပါသလဲ။
DS- တစ်ခုပြောချင်တာက ကိုယ့်ကိုယ်ကိုယ်ပိုပြီးတော့ တန်ဖိုးထားပြဖို့၊ ကိုယ့်ကိုယ်ကိုယ်အဲဒီလောက် လျှော့မတွက်ပါနဲ့၊ ညံ့တယ်လို့မ ထင်ပါနဲ့။ ငါဘာလုပ်နိုင်တယ်ဆိုတာကို သိဖို့ဆန္ဒရှိရာကနေ လမ်းစရသလိုမျိုးပေါ့။ တကယ်ပဲလုပ်ချင်တဲ့ ဆန္ဒရှိရင် လုပ်ချင်တဲ့လမ်း က ပေါ်လာမှာပဲ။ အရေးကြီးတာက လူငယ်တွေ စာဖတ်ဖို့လိုတယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထဲမှာ ဆောင်းပါးတွေပါတယ်မဟုတ်လား။ ဘယ်သူကတော့ဖြင့် ဘာမှမရှိဘဲ ဘယ်လိုလုပ်ုသွားတာ၊ သူ့ချွေးနဲစာနဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းကြီး ထူထောင်သွားတာ၊ ဘယ်လိုဇွဲနဲ့ သူ့ကိုယ်သူ ဘယ်လိုအနုပညာရှင်ကြီးဖြစ်အောင်လုပ်သွားတာ။ အဲဒါတွေဖတ်ရင် စိတ်ဓာတ်ခွန်အားလည်းရတယ်။ နည်းလမ်းလည်းရ တယ်။ တွေးခေါ်စရာတွေလည်း အများကြီးဖြစ်တယ်။ အဲဒီတော့ စာဖတ်ဖို့လိုတယ်လို့ထင်တယ်။ လူတိုင်းအင်တာနက်မသုံးနိုင်ရင်တောင် မှ အင်တာနက်မှာပါတဲ့အကြောင်းအရာတွေ တော်တော်များများဂျာနယ်တွေထဲမှာ ပါပါတယ်။ အဲဒီတော့ စာကောင်း၊ ပေကောင်းဖတ်နိုင် လို့ရှိရင် အခွင့်အရေးတွေအများကြီးရလာမှာပါ။ အဲဒီအခွင့်အရေးတွေကို အသုံးချပေါ့။ လူဆိုတာ ကိုယ်ရတဲ့အခွင့်အရေးကို ကောင်းတဲ့ ဘက်ကိုရောက်အောင်အသုံးချရမှာပေါ့။ တရားစကားနဲ့ပြောရင် ဆန္ဒပေါ့။ အောင်မြင်ခြင်းတရားလေးပါးက ဆန္ဒနဲ့စတယ်။ ဆန္ဒပြီးရင် ၀ီရိယပါလာတယ်။ ဆန္ဒရှိပြီးတော့ ၀ီရိယမထုတ်လို့မရပါဘူး။ နောက်ပြီး စိတ်ဓာတ်ကလည်းရှိရမယ်။ ပညာကလည်းရှိရမယ်။ ဒါက အခုမှ ပေါ်လာတဲ့စကားမဟုတ်ပါဘူး။ ရှေးကတည်းက တရားတော်တွေထဲမှာ ပါတဲ့အောင်မြင်ခြင်းတရားတွေပဲ။ အဲဒီဟာတွေအတိုင်း လုပ်သွားမယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့နေရာကိုရောက်ရမှာပေါ့။ အားလျှော့တာ၊ ဘ၀ကိုလက်မြှောက်တယ်ဆိုတာ၊ လူငယ်တွေမလုပ် သင့်ပါဘူး။ လူငယ်တွေမှာ အချိန်တွေအများကြီးရှိတယ်။
M- အခုခေတ်မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ တစ်ဖက်ကစိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေပိုများလာတယ်လို့လဲ တချို့ကသုံးသပ်ကြတယ်။ တစ်ဦးနဲ့တစ်ဦးထားတဲ့ မေတ္တာတရားတွေအားနည်းလာတယ်လို့လဲ ပြောကြတယ်။ အဲဒီအပေါ်မှာ သုံးသပ်ပြော ပြပေးပါဦး။
DS- အခုခေတ်က လိုချင်စရာတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ သိပ်များတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက သူဌေးဆိုရင် တိုက်နဲ့ကားပဲရှိတယ်။ အခုကဒီလောက်နဲ့မရဘူး။ ကျွန်မတို့ငယ်ငယ်က မိဘတွေချမ်းသာလို့ ကိုယ်ပိုင်ကားစီးတဲ့လူမရှိခဲ့ဘူး။ မိဘမှာပဲရှိတာ၊ အဲဒီတော့ တင်း တိမ်ရောင့်ရဲနိုင်တယ်။ လိုချင်စရာနည်းတာကိုး၊ အခုကသိပ်များတယ်။ လူငယ်တွေလိုချင်တာကိုလည်း သိပ်တော့အပြစ်မဆိုချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြော်ငြာဆိုတာလိုချင်တဲ့စိတ်ကိုဆွပေးတာပဲ၊ ဒါမှစီးပွားဖြစ်မှာ၊ အဲဒီတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို တစ်ခါတည်း မြှင့်တင်သွားရမယ်။ ရုပ်ပိုင်းဆိုင်ရာသိပ်တိုးတက်ပြီး၊ စိတ်ဓာတ်ပိုင်းမတက်ရင် အဲဒီလိုပဲဖြစ်မှာပဲ၊ နိုက်ကလက်သွားတယ်ဆို တာလည်း လူငယ်သဘာဝပျော်ရွှင်ချင်လို့ သွားတာ အပြစ်မမြင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အသိုက်အ၀န်းကို မြင်ဖို့လိုတယ်။ တတ်နိုင်တဲ့သူ တတ်နိုင်သလိုလုပ်တာကို အပြစ်မပြောချင်ပါဘူး။ ဒါပေမဲ့ လူမှုရေးနဲ့ပတ်သက်လို့ လိပ်ပြာသန့်ခြင်း၊ မသန့်ခြင်းကို လူတိုင်းကိုယ်စီနည်း နည်းတော့ဆင်ခြင်သင့်တယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာပေါ့ အဲဒါ ငယ်ငယ်ကတည်းက မိဘတွေရဲ့သွန်သင်ဆုံးမမှုနဲ့လည်း အများကြီးဆိုင်တယ်။ ငယ်ငယ်ကတည်းက ကျောင်းမှာ ပြည်သူ့နီတိတို့ ဘာတို့သင်တာမျိုးပေါ့။ အဲဒီလိုအချက်တွေ ပညာရေးပိုင်းမှာမပါ ဘူးဆိုရင်စာပေလောက၊ သတင်းမဂ္ဂဇင်းလောက ကလူတွေမှာ ပိုပြီးတာဝန်ရှိတယ်။ ဘယ်လိုလုပ်ရမလဲဆိုရင် မီဒီယာသမားတွေလုပ်ကြ လို့ ပြောရမယ်။ ကျွန်မတို့လည်း ကိုယ်ပြောနိုင်သလောက်ပြောမယ်။ မီဒီယာသမားတွေဘက်ကလည်း လုပ်နိုင်သမျှလုပ်ရ မယ်။ ဆောင်းပါးတွေ၊ ဥပမာတွေနဲ့ပေါ့။ တန်ဖိုးရှိတဲ့လူသားဆိုတာ ဘာလဲဆိုတာမျိုးပေါ့။ အခုခေတ် လူတော်တော်များများက လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ သူ့လက်ထဲမှာရှိတဲ့ ပိုက်ဆံနဲ့ သူ့ရဲ့ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေလို့ ထင်ကြတယ်။ ရေရှည်မှာ မဟုတ်ဘူးဆိုတာ ပြောရမယ်။ တန်ဖိုးရှိရုံတင်မကဘူး၊ ကျေနပ်လောက်တဲ့ဘ၀ရှိရမယ်။ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်မှုရှိရမယ်။ တချို့လူငယ်တွေထဲမှာ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေပြည့်စုံပေမယ့် စိတ်မချမ်းသာတဲ့လူငယ်တွေ အများကြီးရှိတယ်။ စိတ်ရောဂါရတဲ့ လူငယ်တွေရှိတယ်ဆိုတာ အားလုံးအသိပဲ။ အဲဒီတော့ ဒီဟာတွေကို မီးမောင်းထိုးပေးဖို့လိုတယ်။ စာနယ်ဇင်းလောက က တတ်နိုင်သမျှ လုပ်ရမယ်။
M- လူငယ်တွေအနေနဲ့ ဘယ်လိုစာအုပ်မျိုး ရွေးဖတ်သင့်တယ်ဆိုတာကို စာဖတ်ဝါသနာပါသူတစ်ယောက်အနေနဲ့ လမ်းညွှန်ပေးပါဦး။
DS- စာဖတ်တဲ့ကိစ္စကိုတော့ ဒီလိုဖတ်ရမယ်။ ဟိုလိုဖတ်ရမယ်လို့ မပြောချင်ဘူး။ ကျွန်မဆို ငယ်ငယ်က ကလေးစာအုပ်တွေစဖတ်ခဲ့ရတာ။ တဖြည်းဖြည်းမှ လူကြီးဆန်တဲ့ စာအုပ်တွေဖတ်လာတာ၊ အခုအသက်ကြီးလာတော့ အတ္ထုပတ္တိစာအုပ်မျိုးကို ပိုစိတ်ဝင်စားလာတယ်။ အလုပ်နဲ့ပတ်သက်တာမျိုးကို ပြောတာမဟုတ်ပါဘူး။ အပြင်စာပေတွေကို ပြောတာ၊ နောက်ပိုင်းရင့်ကျက်လာပြီး တစ်ခြားလူတွေ၊ ဘ၀တွေအကြောင်း ပိုသိချင်လာတာလည်းပါတယ်။ သမိုင်းကိုလည်း စိတ်ဝင်စားတယ်။ ခရီးသွားစာပေလည်း ဖတ်တယ်။ နောက်ပြီး အသက်ကြီးလာတော့ ကဗျာကိုပိုစိတ်ဝင်စားတယ်။ ကဗျာဆိုရင် တစ်ကြောင်းတည်းမှာကို အတွေးအခေါ်တွေအများကြီးပါတယ်။ စာအုပ်တစ်အုပ်လုံးထက်တောင် ပါချင်ပါမယ်။ အဲဒီတော့ စာဖတ်တာကို အလေ့အကျင့်လုပ်ရမယ်။ နောက်ပြီး ကိုယ့်ရဲ့အသိဥာဏ်၊ ဦးနှောက်ကိုစိန်ခေါ်တဲ့ စာမျိုးကိုဖတ်ရမယ်။ အလွယ်အပေါ့တွေ မဖတ်နဲ့ပေါ့။ တစ်ခါတလေ အပျော်သဘောနဲ့ စိတ်ပြေလက်ပျောက်ဖတ် တာမပြောလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အသိဥာဏ်ကို စိန်ခေါ်တဲ့စာမျိုး၊ ကိုယ့်ရဲ့ အတွေးအခေါ်ကို ဦးနှောက်ကို စိန်ခေါ်တဲ့စာမျိုးကိုယ် လည်း ရွေးဖတ်ရမယ်။ ဦးနှောက်ကိုအလုပ်ပေးတဲ့စာမျိုးကို အတိုင်းအတာတစ်ခုအထိဖတ်ရမယ်။
M- မြန်မာလူငယ်တွေ အများဆုံးအသုံးပြုနေတဲ့ Social Website တွေထဲက Facebook မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့ Account တွေအများကြီးပဲရှိနေတာ တွေ့ရတယ်။ ကိုယ်တိုင် Account တစ်ခုဖွင့်ထားတာရှိပါသလား။
DS- အဲဒါတွေက ကျွန်မဖွင့်ထားတာ မဟုတ်ပါဘူး။ တခြားသူတွေဖွင့်ထားကြတာပါ။
ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
http://www.irrawaddyblog.com/2011/09/blog-post_9848.html
အမေရိကန် အထူးကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် စတင်
ရန်ပိုင် Wednesday, 07 September 2011 12:31
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ် ယနေ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် အဖြစ် ထွက်ခွာလာပြီ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
“မြန်မာပြည်သူတွေအတွက် ဖွံ့ဖြိုးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်ရေး ရည်မှန်းချက်များအတွက် အမေရိကန်က ထိတွေ့ဆွေးနွေးမှု ပြုလုပ်သွားရန် မစ္စတာ ဒဲရက် မစ်ချယ်၏ ခရီးစဉ်က ရည်ရွယ်သည်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
လာမည့် စက်တင်ဘာ ၉ ရက်နေ့မှ စတင်ကာ နေပြည်တော်၌ အစိုးရအရာရှိကြီးများဖြင့် ၂ ရက်ကြာ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့နောက် ရန်ကုန်မြို့သို့ သွားရောက်ကာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများဖြင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းလည်း သိရသည်။
စက်တင်ဘာ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံများသို့လည်း သွားရောက်မည်ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လက နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက်ပိုင်း မစ္စတာ ဒဲရက် မစ်ချယ်၏ ခရီးစဉ် အကောင်အထည် ပေါ်လာခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကို ကြိုဆိုကြောင်း၊ သို့သော် မြန်မာအစိုးရက ဒီမိုကရေစီရေးအတွက် လမ်းဖွင့်ပေးမှုအပေါ် မူတည်၍ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း အမေရိကန်က ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဇွန်လက အမေရိကန် လွှတ်တော်တွင် ကြားနာပွဲ၌ မစ္စတာ ဒဲရက် မစ်ချယ်က မြန်မာအစိုးရနှင့် “တိုက်ရိုက် ပွင့်ပွင့်လင်းလင်း” ဆွေးနွေးနိုင်ရန် အခွင့်အလမ်းရှာမည်ဖြစ်ကြောင်း၊ အမေရိကန်ဘက်ကလည်း ပျော့ပြောင်းစွာ တုံ့ပြန်ရန်လိုပြီး မြန်မာအစိုးရဘက်မှ လမ်းခင်းပေးသည့် အခွင့်အလမ်းကို အလျင်အမြန် ဆုပ်ကိုင်ရန် လိုကြောင်း ပြောဆိုခဲ့သည်။
မစ္စတာ ဒဲရက် မစ်ချယ်သည် အာရှနှင့် ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဒုလက်ထောက် ၀န်ကြီး တဦးဖြစ်ပြီး တရုတ်ရေးရာ ကျွမ်းကျင်သူတဦးလည်း ဖြစ်သည်။ ၎င်းကို ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ ပထမဆုံး မူဝါဒ ညှိနှိုင်းရေးမှူးအဖြစ် အမေရိကန် လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာမိတ်ဆွေနိုင်ငံများ အစည်းအဝေးကို ယခုလအတွင်း ကျင်းပရန်စီစဉ် နေသည်။
http://www.irrawaddy.org/bur/index.php/news/7243-2011-09-07-05-33-04
မေမြို့ကော်ဖီစိုက်ခင်း တောင်သူတို့ဖျက်ဆီး
ရန်ပိုင် Wednesday, 07 September 2011 16:59
ဒေါသထွက်နေသည့် တောင်သူ ၃၀၀ ခန့်က မန္တလေးတိုင်း မေမြို့၊ ညောင်ကုန်းကျေးရွာရှိ နိုင်ငံတော် ကော်ဖီစီမံကိန်း စိုက်ခင်းများကို တနင်္ဂနွေနေ့ညက ၀င်ရောက် ဖျက်ဆီး လိုက်ကြောင်း သိရသည်။
ထိုစိုက်ခင်းများကို မူလက ဒေသခံတို့ ပိုင်ဆိုင်သော်လည်း ၂၀၀၈ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင် ဆည်မြောင်းဝန်ကြီးဌာနက သိမ်းယူလိုက်ကြောင်း၊ ကော်ဖီ အနည်းငယ်သာ စိုက်ပျိုးထားသည့် ထိုမြေများကို တရုတ်လူမျိုးများအား ရောင်းချရန် စီစဉ်နေသည် ဟူသော သတင်းကြားရသဖြင့် တောင်သူတို့က ဒေါသထွက်ပြီး ၀င်ရောက် ရှင်းလင်းပစ်ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ဧရာဝတီသို့ပြောသည်။
“သူများပစ္စည်း ဖျက်ဆီးတာ မဟုတ်ဘူး၊ ကိုယ့်မြေပေါ်ကို ကျူးကျော်လို့ ဓားကောက်နဲ့ ရှင်းတာ” ဟု ၎င်းက ဆိုသည်။
ထိုဖြစ်ရပ်ကြောင့် မေမြို့၊ ပိတ်ချင်းမြှောင် ရဲစခန်းက ရွာအုပ်ချုပ်ရေးမှူး အပါအ၀င် ရွာသား ၄ ဦးကို ဖမ်းဆီးထားကြောင်း ၎င်းက ဆက်ပြောသည်။
ကော်ဖီပင်များကို ၀င်ရောက် ရှင်းလင်းသည့် ရွာသားများသည် ခြံစောင့် စိုက်ပျိုးရေး ၀န်ထမ်းများကို အန္တရာယ်ပေးခြင်း မရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်အား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့် သွားရောက် ကြည့်ရှုသော်လည်း မည်သို့ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောဆိုခြင်း မရှိပေ။
ဧရာဝတီက မေမြို့ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ ထိုအဖြစ်အပျက် မှန်ကန်ကြောင်း ပြောဆိုသော်လည်း အသေးစိတ်ဖြေဆိုရန် ငြင်းသည်။
တောင်သူ ၁၃၇ ဦးက မြေယာသိမ်းဆည်းခံရမှုကို မန္တလေးတိုင်း ၀န်ကြီးချုပ် ထံသို့ စာရေးသား ပေးပို့ တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း ဆောင်ရွက်ပေးခြင်း မရှိခဲ့ဟု ဆိုသည်။
စိုက်ပျိုးမြေများမှာ မြေခွန်စည်းကြပ် ပေးဆောင်နေသော သီးစားချ ထားသည့် မြေများဖြစ်သော်လည်း ဆည်မြောင်းဝန်ကြီးဌာနက မြေလွတ်မြေရိုင်းဟု သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တောင်သူတို့၏ စိုက်ပျိုးမြေများကို မတရား သိမ်းဆည်းမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခြင်းကို နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေးများတွင် တင်ပြ ဆွေးနွေးနေကြသည်။
http://www.irrawaddy.org/bur/index.php/news/7248-2011-09-07-10-00-07
လယ်သိမ်းခံရသူများ စီမံကိန်းစိုက်ခင်းဖျက်မှုနှင့် အဖမ်းခံရ၍ အရေးဆို
Published on September 7, 2011 by အေးနိုင်
ပြင်ဦးလွင်မြို့နယ်မှာ လယ်အသိမ်းခံရတဲ့ ရွာသားတွေဟာ အစိုးရစီမံကိန်းစိုက်ခင်း ဖျက်ဆီး မှုအတွက် ဖမ်းဆီးခံရတာကို မကျေနပ်လို့ ကျန်ရွာသားတွေက မြို့နယ်ရဲစခန်းကို သွားရောက်ဆန္ဒဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
ညောင်ကုန်းရွာက တောင်သူတွေရဲ့ လယ် ဧက ၅၀၀ လောက်ကို ကော်ဖီစီမံကိန်းဌာနက ၂၀၀၈ ခုနှစ်မှာ သိမ်းယူခဲ့ပြီး တရားဝင်ပြေစာမပေးဘဲ ခေတ် သစ်လယ်ယာမြေနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း ဆိုင်းဘုတ်ထောင်ပြီး ကော်ဖီစိုက်နေတာကို ရွာသားတွေက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တိုင်ကြားခဲ့ဖူးပါတယ်။
ဒီအတောအတွင်း မြေသိမ်းခဲ့တဲ့ကုမ္ပဏီက ဒီလယ်ယာမြေတွေကို ရောင်းချနေတဲ့ အတွက်ကြောင့် ခုလ ၄ ရက်မှာ ရွာသားတွေက ကော်ဖီစိုက်ခင်း ဧက ၁၀၀ ကျော်ကို ဓားတွေနဲ့ ဝင်ရောက်ခုတ်ထစ် ဖျက်ဆီးပစ်လိုက်ကြတယ်လို့ ရွာသားတဦးက ပြောပါတယ်။
စိုက်ထားတဲ့ကော်ဖီပင်တွေကတော့ မြေကြီးထဲမှာပဲရှိသေးပြီး မြေပေါ်က အရိပ်ရ အောင် စိုက်ထားတဲ့အပင်တွေကို ဖျက်ဆီးလိုက်ကြတာဖြစ်ပါတယ်။
ဒီနောက် အာဏာပိုင်တွေက ကော်ဖီခင်းဖျက်ဆီးမှုအတွက် မသင်္ကာမှုနဲ့ ဦးတွတ်နီ၊ ဦးသန်း၊ ဦးနေလင်းအောင်၊ ဦးကံညွန့်နဲ့ သူ့ဇနီး ဒေါ်ခင်ဝင်း စတဲ့ရွာသား တွေကို မနေ့က ဖမ်းဆီးသွားပြီး ဒေါ်ခင်ဝင်းကတော့ ဒီမနက် ပြန်လွတ်လာပြီလို့ ရွာသားတဦးက ပြောပါတယ်။
ဒီကိစ္စအတွက် အရေးဆိုဖို့ ညောင်းကုန်းရွာသား ၁၀၀ လောက်က ရွာကျောင်းထိုင် ဆရာတော် ဦးမာနိတနဲ့အတူ ပြင်ဦးလွင်မြို့ရဲစခန်းကိုအသွား ရွာနဲ့တမိုင်လောက်အကွာမှာ ဆရာတော်ဦးဆောင်တဲ့ ရှေ့ပြေးအဖွဲ့နဲ့ ဒီကိစ္စဖြေရှင်းဖို့ဆင်းလာတဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့် ဦးဆောင်တဲ့ အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လမ်းမှာဆုံပါတယ်။
အာဏာပိုင်တွေက ဆက်မချီတက်ဖို့ ပန်ကြားပြီးနောက် ရွာကိုပြန်အရောက်မှာ ဆရာတော်က ရွာသားတွေ လယ်သိမ်းခံခဲ့ရပုံကစပြီး ဖြစ်ပျက်ပုံကို ရှင်းပြလိုက်တယ်လို့ မိန့်ပါတယ်။
“ပြောသွားတဲ့ပုံစံက အထက်စီးကနေ ပြောသွားတဲ့ပုံစံဖြစ်လို့ ငါကလည်း အောက် ခြေမှာ တကယ်ဖြစ်တဲ့အခြေအနေတွေကို ပြောပြလိုက်တယ်။ သူတို့လည်း သဘောပေါက် သွားတယ်။ အခုဖမ်းထားသူတွေကိုလည်းပဲ အမြန်ဆုံးလွှတ်ပေးပါလို့ ပြောလိုက်တယ်။ အဲဒါ အကုန်လုံး လုပ်ပေးပါမယ် ဘုရားတဲ့။ သူတို့ပြောသွားတယ်။”
အာဏာပိုင်တွေဘက်က ဒီမြေတွေကို နိုင်ငံတော်က သိမ်းဆည်းတာဖြစ်ကြောင်း၊ နစ်နာကြေးရရှိရေး ဆောင်ရွက်ပေးမယ့်အကြောင်း၊ ဖမ်းထားသူတွေကိုတော့ ဥပဒေအရ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း ရှင်းပြသွားကြတယ်လို့လည်း ဆရာတော်က အသိပေး မိန့်ကြားပါတယ်။
လယ်သိမ်းခံရတဲ့ လယ်သမား ၂၀ လောက်ဟာ ၃ နှစ်တာအတွင်း မိသားစုဘဝ ကျပ်တည်းပြီး ကလေးတွေကို ကျောင်းထုတ်ရတဲ့ အခြေထိ ဆိုက်ခဲ့ပါတယ်။
လယ်သိမ်းခံရတဲ့ ရွာသားတဦးကတော့ “ကျနော်တို့က ဆူးနဲ့ဖက်လိုပဲ၊ ဟိုလူလာ တော့လည်း ဖက်ပဲပေါက်တာပဲ။ ဒီလူလာတော့လည်း ဖက်ပဲပေါက်တာပဲ။ ဘယ်လိုမှကို ဖြေသိမ့်လို့မရဘူး” လို့ ပြောပါတယ်။
http://burmese.dvb.no/archives/15223