Thursday, September 8, 2011

အာဏာရှင်ဟောင်းအတွက် စိုးရိမ်စရာ ဖြစ်နေမလား

by Par Par Gyi on Thursday, September 8, 2011 at 1:08pm

မြန်မာဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်နေပါပြီလို့ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးမှာ တက်ခွင့်ရှိသူတွေပါးစပ်က ဖောဖောသီသီကို သုံးစွဲနေပါတယ်။ တပ်ချုပ်ကြီးက စိတ်ချရမယ့်လူတွေကိုပဲ နေရာတွေ ပေးထားခဲ့ပြီ ဆိုပေမယ့် စိတ်မချနိုင်သေးဘူးလို့ ဆိုပါတယ်။

တပ်ချုပ်အိမ်ထဲက အိမ်ပြင်မထွက်ပါဘူးဆိုတာကို ထင်ကြေးတွေ ပေးနေပေမယ့် အာဏာရှင်ဆိုတာ သူပြောရင် တချက်တည်းနဲ့ ပြီးတယ်ဆိုပြီး ပြည်တွင်းပြည်ပ မိတ်ဆွေဟောင်းများ၊ တပည့်သားမြေးများက တပ်ချုပ်ရဲ့ နှုတ်မိန့်ကို ဥပဒေအဖြစ် တည်စေပေမယ့် တပ်ချုပ်လည်း ကိုယ့်အန္တရာယ် ကိုယ်ရှောင်မယ်လို့ ဆုံးဖြတ်ထားပုံ ရပါတယ်။

မြန်မာ့ဒီမိုလေ့လာသူများ ပြောသလို ဘကြီးသန်းရွှေက ကိုမင်းအောင်လှိုင်နဲ့ အတူထိုင်ပြီး ကျားကွက်တွေ ရွှေ့နေတယ်ဆိုတာ စဉ်းစားစရာတခု ဖြစ်လာပါတယ်။ ဘကြီး ခြံပြင်မထွက်တဲ့အတွက် နေပြည်တော်က စာအုပ်အငှားဆိုင်ကလေးတွေ ဘကြီးရဲ့ လုံခြုံရေး ယာဉ်တန်းလိုက်မယ့် ရဲဘော်တွေအတွက် သီးသန့်ဖွင့်ထားသလို ဖြစ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဘကြီးကို လုပ်ကြံခံရဖို့ ရှိတယ်လို့ တလောက ဗေဒင်အသိုင်းအဝိုင်းမှာ လောလာဟလတွေ ထွက်လာသေးတယ်။ ဘကြီးဇနီးလက်ဆွဲ မယ်သီလရှင်၊ ဘုန်းကြီးငယ်လေးနဲ့ မယ်တော်ကြိုင်ကြိုင့် သားအရင်း အကြားအမြင် ဆရာကြီး မောင်မောင်ရဲ့ စိုးရိမ်မှုက ဘကြီးကို အပြင်ထွက်ခွင့် မပေးတော့ဘူးလို့ ဆိုပါတယ်။

ကိုယ့်ကိုယ်ကိုယ်တော့ လူတိုင်းချစ်တယ်ဆိုတာ သဘာဝပါ။ ဘကြီးအတွက်တင် မဟုတ်၊ မြေးကလေးအတွက်ပါ စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။ ၂၀၁၀ မြန်မာအတာသင်္ကြန်ကို မှတ်မိကြမှာပါ။ X20 မဏ္ဍပ်ကို ဘကြီးမြေးကလေးနဲ့အဖွဲ့ လာမယ်လို့ သတင်းကြိုရထားတယ် မဟုတ်လား။ နေရွှေသွေးအောင် ဘယ်သွားမလဲ၊ ဘယ်မှာရေကစားမလဲဆိုတာ လုံခြုံရေးအရ ပြောခွင့်ရှိတာမှ မဟုတ်တာ။ သိနိုင်တဲ့ ပတ်ဝန်းကျင်ဆိုတာကလည်း နအဖအတွင်းစည်းထဲကမှ သိနိုင်တာပါ။

ကွဲတဲ့ဗုံးက ချိန်ကိုက်ဗုံးမဟုတ်ဘူး ဆိုပြန်တယ်။ လက်ပစ်ဗုံးလို့ဆိုတာကြောင့် နေရွှေသွေးအောင်တို့ အဖွဲ့ကို ရည်ရွယ်ခဲ့တာပဲလို့ ယူဆရပါတယ်။ ကံကောင်းချင်တော့ ဘကြီးမြေးက ထူးမဏ္ဍပ်ရောက်နေချိန် ရေစိုနေတဲ့ လူငယ်ကလေးတွေနဲ့ VIP ကို မြင်ပြီး နေရွှေသွေးအောင် လာတယ်ထင်ပြီး လူမှားဆော်တာပေါ့။

ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုရမလား၊ ကလဲ့စားချေတယ်ပဲ ပြောရမလား၊ တိုက်ဆိုင်မှုလေးတခု ရှိနေလို့ပါ။

ကမ္ဘာအေးဘုရားလမ်းနဲ့ ကုက္ကိုင်းထောင့်က Seven Lekker ကော်ဖီဆိုင်ဖွင့်၊ ငွေမဲတွေကို ငွေဖြူလုပ်ရအောင် စဉ်းစားမိတဲ့ ဒု သမ္မတဖြစ်လာသူ ရှစ်လုံးရဲ့ မိသားစုက စီးပွားရေးလေး လုပ်မယ်မကြံသေး ၂၀၀၉ စက်တင်ဘာလမှာ ကျောင်းတော်က ရန်စကို အခြေခံပြီး နေရွှေသွေးအောင်က အစိုးရပိုင်မြေပေါ်မှာ ဘာကြောင့် တွင်း (၁) သားတွေ ဖွင့်နိုင်သလဲ ဆိုတာလေးတခုတည်းနဲ့ ရှစ်လုံးခမျာ အံကြိတ်ပြီး ကိုယ်တိုင် ဖျက်လိုက်ရတာပဲလေ။

ထင်းခွေမကြုံ ရေခပ်တော့ ကြုံကြသေးတာပေါ့ ဆိုပြီး ရှစ်လုံးတို့လည်း ထိုးမယ့်ဆင် ခြေတလှမ်းဆုတ်နေရတဲ့ သဘောပါပဲ။ နောက် ၇ လအကြာ အတာသင်္ကြန်မှာ စစ်အစိုးရ စွပ်စွဲနေကျ အဖျက်သမားကို အကာအကွယ်ယူ တုံ့ပြန်ခဲ့ပုံရပါတယ်။ ကြားက အပြစ်မဲ့ပြည်သူ၊ လူကြီးလူငယ် ကျားမ မကျန် အာဏာပြိုင်ပွဲရဲ့ ဓားစာခံဘဝကို ယူကြုံးမရ ရောက်ရပါတယ်။

Seven Lekker ကိစ္စနောက်ပိုင်းမှာ လက်ရဲဇက်ရဲရှိလွန်းတာကြောင့် စွမ်းအားရှင် လူမိုက်ခေါင်းဆောင် ဖြစ်နေတဲ့

အောင်သောင်းတောင် နောက်ရွှေ့ပြီနေရတယ်။

မြန်မာနိုင်ငံ ပြည်တွင်းမှာ ဗုံးပေါက်ရင် ၈၀ ရာခိုင်နှုန်းက အစိုးရက ဆောင်ရွက်လေ့ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံရေး လှုပ်ရှားလာရင် လုံခြုံရေး တင်းကြပ်ဖို့ လိုအပ်လာရင် ဖောက်ပေးရပါတယ်။ ထောက်လှမ်းရေးတွေ မင်းမူတုန်းက သူတို့တွေ ဆောင်ရွက်ရပါတယ်။ ဒါပေမယ့် ထောက်လှမ်းရေး ခေတ်လွန်မှာ တပ်မတော် မိုင်းရှင်ရေး တပ်ဆွယ်တွေကို တာဝန်ပေးလာတယ်လို့ ဆိုပါတယ်။

ပြည်သူကို ပစ်မှတ်မထားတဲ့ ဗုံးတွေကို တဦးတယောက်ကိုပဲ ထိစေပြီး ကျန်ပြည်သူကို ခြောက်လှန့်ရုံသာ အမှိုက်ပုံနဲ့ အိမ်သာတွေမှာ ထောင်လေ့ရှိတယ်။ ဆွဲမိုင်းဟာ အများဆုံး အသုံးပြုတဲ့ နည်းတွေပါ။

ဒါပေမယ့် X20 မှာ ပေါက်တော့ လက်ပစ်ဗုံး သုံးသွားတာလို့ တွေ့ရပါတယ်။ နယ်စပ်အခြေစိုက်နဲ့ လက်နက်ကိုင်တွေက ဘကြီးမြေးကလေးလာမှာ မလာမှာ သိသူမရှိပါ။ ဘကြီးမြေးကလေး ထင်တိုင်းကြဲနေတာ မသိလှပါ။

ဘကြီးလည်း နအဖ ဖျက်ပြီး အိမ်ပြန်ရော ဘကြီးလက်သပ်မွေးခဲ့တဲ့ ကိုတေဇရဲ့ စီးပွားရေးတွေကို အပြစ်ရှာနေပါတယ်။ အဆိုးဆုံးက မယ်တော် ကြိုင်ကြိုင် သားအရင်း ကိုထွန်းနိုင်ရွှေ ပွဲစားလုပ်ပေးထားတဲ့ လုပ်ငန်း ၃ ခုကို ရှစ်လုံး အမိန့်နဲ့ ဖျပ်သိမ်းစေပါတယ်။ ကိုထွန်းနိုင်ရွှေဆိုတာ နအဖ ခေတ်တလျှောက်လုံး ပွဲခနဲ့ အလုပ်လုပ်နေသူပါ။ ခေတ်ပြောင်းပြီလို့ ဆိုရမလား၊ တပ်ချုပ်ကို အားကိုး၊ တပ်ချုပ်မိသားစု ကြားခံပေးတဲ့ စီးပွားရေလုပ်ငန်းတွေကို ရန်ရှာလိုက်တာ ရိုးရိုးမှ ဟုတ်ရဲ့လား။ ကိုထွန်းနိုင်ရွှေက မြစ်ဝကျွန်းပေါ်က ဒုတိယ ဇနီးလေးနဲ့ မငြိမ့်နိုင်ဘဲ ငွေပြန်တောင်းတဲ့ သူတွေကို ရှောင်နေရတယ်လို့ ဆိုပါတယ်။

အာဏာရှင်က အာဏာကို စိတ်ချရသူလို့ ယူဆပြီး အပြန်ပြန်အလှန်လှန် စစ်ဆေးပြီမှ ပေးလေ့ရှိတာကိုး။ ဒါပေမယ့် ဒီပုံအတိုင်းဆိုရင် တပ်ချုပ်ရဲ့နောင်ရေး အေးပါမလားလို့ သံသယ ရှိစရာတွေ ဖြစ်လာပါတယ်။

အကြားအမြင် သားတော်ရဲ့ တွက်ချက်တခုကြောင့် အပြင်ကို မထွက်ဝံတော့တဲ့ ဗိုလ်ချုပ်မှူးကြီးကို ရှစ်လုံးက စပြီး စိန်ခေါ်နေပုံရပါတယ်။ ဦးနေ၀င်း မိသားစုကို တပ်ချုပ် စိန်ခေါ်ခဲ့သလို ၀ဋ်လည်ပြီလား မသိ။ ဘကြီးကမှ ဦးနေ၀င်း ၈၀ ပြည့်မွေးနေ့ ကျင်းပခွင့်ပေးပါသေးတယ်။ ဘကြီးကိုယ်တိုင် ရက်တရာ မကျော်ခင်မှာ စိန်ခေါ်ခံနေရပါပြီ။

နေရွှေသွေးအောင်ရဲ့ အသက် အန္တရာယ်ကို တပ်ချုပ်ကြီး ဘ၀မကူးခင် အချိန်မှာတင် လက်ရဲဇက်ရဲ လုပ်ဖို့ ၀န်မလေးသူတွေနဲ့ ရင်ဆိုင်နေရပြီး မဟုတ်လား။

စိုးရိမ်စရာတခုက ငွေနဲ့ အာဏာကို ပိုင်ဆိုင်နေပြီး ဖြစ်တဲ့ နအဖ ဗိုလ်ချုပ်ဟောင်းများရဲ့ အားပြိုင်ပွဲပဲ ဖြစ်ပါတယ်။

နအဖ အာဏာ အမွေခွဲရင်းက မကျေနပ်မှုများ၊ တပ်ချုပ်ကို ကြောက်လွန်းလို့ ရှေ့မှာ ငုံ့ခံနေပေမယ့် ရောင်တော်ပြန်နဲ့ရောပြီး ပြန်လှန်ဖို့ ၀န်လေးသူများ မရှိဘူးလို့ မပြောနိုင်ပါ။

တပ်ချုပ်က စိတ်ချရပါပြီဆိုတဲ့သူတွေ သူ့ကို တနေ့ ဒုက္ခပေးလာမယ်ဆိုတာ ယုံကြည်နေသူပါ။ အခုပဲ တပ်ထဲမှာ ကိုမင်းအောင်လှိုင် ခိုင်းတာကို တပ်ချုပ် အမိန့်မရလို့ မလုပ်ဘူးဆိုတဲ့ ဗိုလ်ချုပ် နှစ်ယောက် အနားပေးခံရပြီး မဟုတ်လား။ ကိုမင်းအောင်လှိုင်ကလည်း လက်စွမ်းလက်စ နည်းသူတော့မဟုတ်။ ကိုးကန့်မှာ ဖုန်းကြားရှင်ကို အမြစ်ဖြတ်ပြီး ဦးစီးချုပ်နေရာကို တက်လာသူ။ ကချင်မှာတိုက်ပြီးမှေ၀၀ါးဝါးသမ္မတနဲ့ တာဝန်ရှိသူ လူကြီးတွေကို ကျနော် လိုအပ်ချက်အရ တိုက်လိုက်ပါပြီဆိုပြီး ကာလုံရောက်မှ အသိပေးသူ။ ဦးစီးချုပ်ရဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ပြည့်ပြည့်၀၀ကို အသုံးချပြနေသူလည်း ဖြစ်ပါတယ်။

တပ်ချုပ်ကြီးအတွက် ကိုယ်ပိုင်လို့ မွေးထားခဲ့တဲ့သူတွေကို ပြန်ကြောက်နေပြီလို့လည်း ဆိုနိုင်ပါတယ်။ မိသားစု အရေး၊ လုံခြုံရေး ကွန်ယက်၊ အတွင်းစည်းတွေ လုံပြီလို့ ယူဆနေသူပါ။ မြေးကလေးရဲ့ အသွားအလား၊ မိသားစု စီးပွားရေးတွေကို ခြိမ်းခြောက်တာကြောင့် ပြောင်တင်းတင်း ဖြစ်လာပြီဆိုတော့ နိုင်ငံတစ်နိုင်ငံကို အလည်သွားရင်တောင် ပြည်တော်ပြန်ဖို့ အခက်အခဲရှိလာနိုင်ပါတယ်။

ဗေဒင်ဆရာများရဲ့ တွက်ချက်မှုနဲ့ သားတော်မောင် အကြားအမြင် ဆရာလေးရဲ့ ညွန်ကြားမှုကို လက်ခံပြီး အိမ်ထဲက မထွက်ရဲတဲ့ တပ်ချုပ်တယောက် ကိုယ်အာဏာရှိစဉ် လုံခြုံရေး အကြောင်းပြပြီ လူတကာကို ဖမ်း၊ ထောင်ချ၊ နေအိမ် အကျယ်ချုပ် လုပ်နေရာက ဇွန်လ (၁) ရက်နေ့က စပြီး ကိုယ်ကိုယ်ကိုယ်ပါ နေအိမ် အကျယ်ချုပ်ချလိုက်တာကို အာလုံး သဘောပေါက်မှာပါ။ တရားသဘောအရ ကြည့်မယ်ဆိုရင်. . .

https://www.facebook.com/Parpargyi

ရန်ကုန်ဆေးရုံကြီး၊ မီးစက်ခန်းရှိ မီးအားမြှင့်စက်လောင်ကျွမ်း

by Myit Makha Mediagroup facebook on Thursday, September 8, 2011 at 7:17am



ယနေ့ နေ့လည် ၃ နာရီ ခွဲအချိန့်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ဆေးရုံကြီးရှိ အရေးပေါ်အခန်းအနီးတွင် ထားရှိသော မီးစက်ခန်းမှ မီးအားမြှုင့်စက်လောင်ကျွမ်းကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ မရှိကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အခန်းတွင်းရှိ မီးစက်နှင့်သက်ဆိုက်သော ပစ္စည်းအချို့ မီးလောင်ကျွမ်းပျက်ဆီးခဲ့ကြောင်း သိရသည်။

` ၃နာရီခွဲလောက်က ဖြစ်တာ၊ ငြိမ်းသွားပြီ မီးစက်ခန်းလည်း ပြန်ပြင်နေပြီ`ဟု ရန်ကုန်ဆေးရုံကြီးအတွင်းမီးစက် ၀န်ထမ်းတဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားနေစဉ် ဆေးရုံတွင်းရှိ လူနာအချို့မှာ စိုးရိမ်ထိတ်လန့်ခဲ့ပြီး လျှပ်စစ်မီးများလည်း ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

၈.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.mediafire.com/file/v1t4wbtxbwfr1sl/8%20Sep2011%20Yeyintnge%27s%20diary.doc


http://www.mediafire.com/file/kk8gk8gc8bukp3d/8%20Sep2011%20Yeyintnge%27s%20diary.pdf



http://www.ziddu.com/download/16327412/8Sep2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/16327413/8Sep2011Yeyintngesdiary.doc.html


http://www.scribd.com/doc/64309035/8-Sep2011-Yeyintnge-s-Diary#

စစ်ထောက်လှမ်းရေးဟောင်းများ ထောင်မှပြန်လွှတ်



Thursday, 08 September 2011 17:13 သျှမ်းသံတော်ဆင့်

မန်တလေးနှင့်လားရှိုးအကျဉ်းထောင်များတွင် လာဘ်စား မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော ယခင် ဗိုလ်ချုပ်ခင်ညွှန့် ဦးဆောင် သည့်စစ်ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်း များကိုလွန်ခဲ့သည့်လကုန်ပိုင်း က ထောင်များမှ ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းစစ်ထောက်လှမ်းရေးနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။


ယခင် လားရိုးမြို့ အခြေစိုက် အမှတ် ၂ စစ်ထောက်လှမ်းရေးတပ်ဖွဲ့မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်တင်စိန် ၊ ဒုတပ် ရင်းမှူး မင်းစံကြည် ၊ အမှတ် ၉ တပ်ဖွဲ့မှ ရင်းမှူး ဒုဗိုလ်မှူးကြီး ထိုက်ရွေမောင် ၊ ကွတ်ခိုင်တပ်ဖွဲ့မှူး ဆန်းနိုင်ထွန်းတို့ ၅ ဦးသည် မန်တလေးထောင်မှ လွတ်လာပြီး သိန်ဒီတပ်ဆွယ်မှူး တပ်ကြပ်ကြီး စိုင်းအောင်မြင့် ၊ တန့်ယန်းဆွယ်မှူး တပ်ကြပ် ကြီး ဝင်းနိုင်နှင့် လားရှိုး ဆွယ်မှူး တပ်ကြပ်ကြီး ခင်မောင်ကြီးတို့ ၃ ဦးသည် လားရှိုးထောင် မှ လွှတ်လာကြောင်း သိရသည်။


၂ဝဝ၄ ခုနှစ်အတွင်း စစ်ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းခံရစဉ်က ၎င်းတို့အား လာဘ်စားမှုဖြင့် ထောင်ဒဏ် ၇ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခုထောင်ထွက်လာချိန်တွင် အနီးကပ်စောင့်ကြည့်ခံနေရကြောင်း အဆိုပါနီးစပ်သူက ဆိုသည်။


စာသင်ခန်းထဲမှာ ဘယ်သူက ဘော့စ်လဲ


စာသင်ခန်းအတွင်း စည်းကမ်းသေ၀ပ်မှု ရရှိစေရန် စစ်သားဟောင်းများကို ကျောင်းဆရာခန့်အပ်မည်
Thursday, 08 September 2011 10:38

စည်းကမ်းသေ၀ပ်သော ပတ်ဝန်းကျင် ရှိနေစေရန်အတွက် ဗြိတိန်စာသင်ကျောင်းများတွင် လုပ်ပိုင်ခွင့်များကို ပိုမိုရရှိတော့မည်။ ကျောင်းသားများနှင့် ဆက်ဆံရာတွင် ဆရာများအနေဖြင့် ကာယအင်အားကို အသုံးပြုခွင့်ပေးမည်ဟု ဆိုပါသည်။

ကာယအင်အားကို ကျောင်းများတွင် အသုံးပြုခွင့် စည်းကမ်းမှာ စာသင်ခန်းများအတွင်း “လူကြီးများ၏ အခွင့်အာဏာကို ပြည်လည်တည်ဆောက်ရန်” ကြိုးပမ်းမှုဖြစ်သည်ဟူ၏။

ဆိုးသွမ်းကျောင်းသားကို ဘယ်လိုထိန်းသလဲ

ကျောင်းသားများ၏ လက်ကိုင်ဖုန်းများထဲရှိ မက်ဆေ့ခ်ျစာသားများကို ဆရာများက ဖတ်ရှုခွင့်ရရှိမည်ဖြစ်ပြီး ရုန့်ရင်းသော မက်ဆေ့ခ်ျများ၊ ဓါတ်ပုံများနှင့် ဗွီဒီယိုတို့ကို ဖျက်ခွင့်လည်းရှိနေသည်။ “သင့်တင့်သော အင်အား” အသုံးပြုခွင့်ကို တရားဥပဒေနှင့် လုပ်ဆောင်နိုင်ရန်လည်း ထားရှိသည်။ ဥပမာအားဖြင့် စည်းကမ်းဖေါက်ဖျက်သော ကျောင်းသားကို စာသင်ခန်းက ထုတ်ပယ်ခြင်းမျိုး။

ကျောင်းပြင်ပတွင်လည်း အပြုအမူ လွဲမှားစွာ ပြုမူလုပ်ဆောင်ကြသော ကျောင်းသားများကို စည်းကမ်းအရ အရေးယူရန် ကျောင်းအုပ်များအား လုပ်ဆောင်ခွင့် ပေးထားသည်။ ဆရာဆရာမများနှင့် ကျောင်းဝန်ထမ်းများ အပေါ်တွင် လွဲမှားစွာ စွပ်စွဲ ပြောဆိုသော ကျောင်းသားများကို ကျောင်းထုတ် ပစ်ခွင့်ကိုလည်း ပေးထားသည်။

ပညာရေး ၀န်ကြီး မိုက်ကယ်ဂို့က ယခု လက်ရှိနည်းပဒေများမှာ ဆရာများ၏ ဆုံးဖြတ်ပိုင်ခွင့်ကို တားမြစ်ထားကြောင်း ပြောပြခဲ့သည်။

ကလေးများအပေါ်တွင် “အခွင့်အာဏာပိုင်သော ယောက်ျားဟန်ပန်” ပုံရိပ် ရှိနေစေရန် အမျိုးသား ကျောင်းဆရာများကို ပိုမို လေ့ကျင့် မွေးထုတ်ဖို့ လိုအပ်ကြောင်း ၀န်ကြီး ဂို့က ဆို၏။

အကြောင်းပြချက် မလိုအပ်ဘဲ ဆိုးသွမ်း ကျောင်းသားများကို “ကျောင်းတွင်း ဖမ်းဆီး ထိန်းသိမ်းခွင့်” no-notice detention အကြောင်းလည်း ၀န်ကြီးက တင်ပြထားပြီးဖြစ်သည်။ ပိတ်ပင်ထားသော ပစ္စည်းများ ရှာဖွေခွင့်အတွက်လည်း ဆရာများအား အာဏာပိုမို ပေးအပ်ထားသည်။ စော်ကားသည်ဟု စွပ်စွဲ ပြောဆိုခံရသော ဆရာများကိုလည်း နာမည် မဖေါ်ဘဲ ထားရမည်။

ပညာရေး အတွင်းဝန်က အစိုးရ အနေဖြင့် လာမည့် နွေဦးရာသီတွင် စစ်သားဟောင်းများကို စာသင်ကြားရေး တာဝန်များ ထမ်းဆောင်ကြရန် တိုက်တွန်းသည့် အစီအစဉ်တစ်ရပ်ကိုလည်း စတင်မည်ဟု ဆိုသည်။ “ယောက်ျား ပုံရိပ်” များ လွှမ်းမိုးနေစေရန်အတွက် အဓိက စီမံချက်လည်းဖြစ်သည်။

တောင်ပိုင်း လန်ဒန်မြို့ရှိ ဒူရန်းအကယ်ဒမီကျောင်းတွင် မိန့်ခွန်းပြောကြားရာဝယ် မျှော်လင့်ချက် နိမ့်နိမ့် ထားရှိသည့် ယဉ်ကျေးမှု စံနှုန်းတို့ကို အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲရန် အတွက် ဖြစ်ကြောင်း ဂို့က တိုက်တွန်းခဲ့သည်။

“သူတို့လေးတွေ (ကလေးများ) ဟာ ၀ိဥာဉ် ပျောက်ဆုံးနေကြပြီ။ ကျနော်တို့ ကျောင်းပညာရေးဟာ ကျဆုံးနေပြီ။ လူသစ်တွေ ရှာဖွေနေကြတဲ့ လူဆိုးဂိုဏ်းတွေ၊ အောက်တန်းစားတွေကြောင့် ဒီလို ဖြစ်ရတာပါ။ ငယ်ရွယ်တဲ့ ပြစ်မှု ကျူးလွန်သူတွေ ထောင်ကျခံရတဲ့အခါ ထောင်တိုက်ခန်းတွေမှာ လူဆိုးဂိုဏ်းတွေနဲ့ တွေ့ကြရတယ်လေ။”

“ကျနော် ရှင်းရှင်းလင်းလင်း ထပ်ပြောမယ်။ မိဘတွေက ဒီလိုမျိုး ထပ်ပြီးတော့ ကြားရတဲ့အခါ - ဆောရီးပါ။ ကျမတို့ ကျောင်းက ဆရာဆရာမများဟာ ကလေးတွေကို လက်ဖျားနဲ့တောင် မထိရဘူး -ဆိုတာမျိုး၊ အဲဒီကျောင်းဟာ အကြီးအကျယ် လွဲမှားနေပြီ ဖြစ်တယ်။ လုံးဝကို ကျောင်းဟာ လွဲနေပြီ။ ကစားနည်း စည်းမျဉ်း ပြောင်းသွားပါပြီ။” ၀န်ကြီး ဂို့က ထပ်လောင်းပြောပြခဲ့သည်။

“စာသင်ကြားနေတာကို အလေးမထားကြတော့ဘူး၊ လူနည်းစုလေး လောက်ကနေ အလှည့်အပြောင်း လုပ်ရုံနဲ့တင် ဒီလို ဖြစ်ရတာ။ အဲဒီ ကျောင်းသား နည်းနည်းပါးပါးကို မှတ်လောက်သားလောက် ပညာပေးရတော့မယ်။ စာသင်ကျောင်းနဲ့ စာသင်ခန်းထဲမှာ ဘယ်သူက ဘော့စ်လဲ။” ၀န်ကြီး ပြောပြခဲ့သည်။

မောက္ခနိုင်ငံတကာ ပညာရေးသတင်း

Source: indo-india news agency/ IANS

Britain prepares to discipline school children
http://www.maukkha.org

တိုင်းရင်းသားစာပေ ကျောင်းမှာ သင်ကြား နိုင်တော့မလား



Thursday, 08 September 2011 11:51 ဘီဘီစီ

အမျိုးသား လွှတ်တော်မှာ ပုဂ္ဂလိက ကျောင်းတွေ ဖွင့်နိုင်ခွင့် ဥပဒေမူကြမ်း တခုကို ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပြီး အဲဒီ ကျောင်းတွေမှာ အစိုးရ က ပြဌာန်းထားတဲ့ သင်ခန်းစာတွေအပြင် ဖြည့်စွက် ဘာသာရပ်တွေလည်း သင်ကြားနိုင်တယ်လို့ ခွင့်ပြုထားတဲ့ အတွက် တိုင်းရင်းသား ဘာသာစကားနဲ့ စာပေတွေ ကျောင်းမှာ တရားဝင် သင်ကြားနိုင်တော့မလား ဆိုတဲ့ မျှော်လင့်ချက်တွေ ပေါ်ထွက် နေပါတယ်။ အခု ဥပဒေမူကြမ်းမှာ ပုဂ္ဂလိကပိုင်း က ထောင်တဲ့ ကျောင်းတွေ အနေနဲ့ အစိုးရက ကျောင်းသင်ခန်းစာ အဖြစ် ပြဌာန်းထားတဲ့ ဘာသာရပ်များကို မသင်မနေရ သင်ကြားရမှာ ဖြစ်ပြီး ဖြည့်စွက် ဘာသာရပ်တွေကိုလည်း သင်ကြားနိုင်တယ်လို့ ခွင့်ပြုထားကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ဦးဖုန်းမြင့်အောင်က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့ကြောင့် အခု ဥပဒေအရ တိုင်းရင်းသား ဘာသာ သင်ကြား ပို့ချလိုတဲ့ ပုဂ္ဂလိက ကျောင်းတွေ အနေနဲ့ ဖြည့်စွက် ဘာသာရပ်တခု အဖြစ် ထည့်သွင်း သင်ကြား နိုင်မှာ ဖြစ်ကြောင်း သူက ရှင်းပြ ပါတယ်။ အခု ဥပဒေ မူကြမ်းကို အမျိုးသား လွှတ်တော်ကသာ အတည်ပြု ထားသေးတဲ့ အဆင့်မှာ ရှိပြီး ပြည်သူ့ လွှတ်တော် နဲ့ ပြည်ထောင်စု လွှတ်တော်တွေက အတည်ပြုဖို့ လိုအပ်နေပါသေးတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးများစွာ ရှိပေမဲ့ မြန်မာဘာသာနဲ့ စာပေက လွဲလို့ တိုင်းရင်းသား ဘာသာစကားနဲ့ စာပေ သင်ကြားမှုဟာ လွတ်လပ်ခွင့် မရှိတာဟာ နှစ်ပေါင်း များစွာ ကြာမြင့် နေခဲ့တာပါ။

ဘီဘီစီ
http://www.maukkha.org/

အမေရိကန်အထူးကိုယ်စားလှယ်ခရီးစဉ် ဘာထူးခြားသလဲ



Published on September 8, 2011 by နေသွင်

အမေရိကန်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ​ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ဟာ မြန်မာပြည်ကို ပထမဆုံး​ ခရီးစဉ်အနေနဲ့ နေပြည်တော်ကို မနက်ဖြန် သွားရောက်ဖို့​ ရှိပါတယ်။ ဒီခရီးစဉ်မှာ အစိုးရဘက်ကရော၊ အတိုက်အခံနဲ့ လူ့အခွင့်အရေး​ အဖွဲ့တွေကိုပါ တွေ့ဆုံဖို့ရှိပါတယ်။

ဦးနေသန်မောင်

ဒီခရီးစဉ်ဟာ ဘယ်လောက်​ ထူးခြားမှုရှိလဲ၊ နှစ်နိုင်ငံအစိုးရတွေ​ အတွက် ဘယ်လောက် အရေးပါသလဲ​ ဆိုတာတွေကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး အမေရိကန်-မြန်မာ ဆက်ဆံရေးအကြောင်း ဆောင်းပါးတွေ ရေးသားနေတဲ့ ဦးနေသန်မောင်ကို မေးမြန်းထားပါတယ်။

အမေရိကန်သမ္မတက တိုက်ရိုက်ခန့်တဲ့ မြန်မာပြည်ဆိုင်ရာကိုယ်စားလှယ် မြန်မာပြည်ကို ပထမဆုံးသွားတဲ့ ဒီခရီးစဉ်က ဘယ်လောက်ထူးခြားတယ်လို့ ပြောလို့ရမလဲ။

“ဒဲရက်ခ် မစ်ချဲလ်ရဲ့ အခု မြန်မာပြည်ဆိုင်ရာ အမေရိကားရဲ့ အထူးကိုယ်စားလှယ် အဖြစ် ပထမဆုံးခရီးစဉ် ဖြစ်တယ်ဆိုတော့ ဒီခရီးစဉ်က သူတို့အကြီးအကျယ် ပေါ်လစီပြောင်းတာနဲ့ ပတ်သက်ပြီး မြန်မာအပေါ် သဘောထား အကြီးအကျယ် အပြောင်းအလဲရှိတယ်လို့ ထင်တယ်။”

အကြီးအကျယ် ပြောင်းလဲတယ် ဆိုတာက …။

“၂၃ နှစ်လုံး ထားရှိခဲ့တဲ့ အမေရိကန်ရဲ့ ပေါ်လစီက ပြစ်ဒဏ်ခတ် အရေးယူရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ မြှင့်တင်ဖို့ ပြစ်ဒဏ်ခတ် ပိတ်ဆို့တာမျိုး လုပ်တယ်။ ဆိုတော့ stick (ဒဏ်) ပဲ ပေးတယ်၊ carrot (ဆု) မပေးဘူး။ (ဆုမပေးဘဲ ဒဏ်ပဲပေးတယ်) သမ္မတအိုဘားမား တက်လာပြီးနောက်မှာ သူတို့ နည်းလမ်းနှစ်မျိုးနဲ့ မူအပြောင်းအလဲ လုပ်တယ် ပြစ်ဒဏ်ခတ်ပိတ်ဆို့တာမျိုး လုပ်သလို ထဲထဲဝင်ဝင် စေ့စပ်ညှိနှိုင်းတာမျိုးတွေလည်း လုပ်လာပါတယ်။ ဒါပေမယ့်လည်း အခြေအနေတွေက ထူးခြားမလာတဲ့အတွက် အခု ဒဲရက်ခ် မစ်ချဲလ်ကို ခန့်အပ်ပြီးတော့ တိုက်ရိုက်စကားပြောပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတွေမှာ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ ထင်တယ်။ တကယ်လို့ ဒဲရက်ခ် မစ်ချဲလ် ပြန်သွားပြီးရင် အမေရိကန်အစိုးရအနေနဲ့ သူတို့ရဲ့ လက်ရှိ မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေတဲ့ မူဝါဒတွေကို ပြောင်းလဲဖို့ စဉ်းစားနိုင်တဲ့ သဘောထားတွေ ဖြစ်လာနိုင်ပါတယ်။”

မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရက သမိုင်းကြောင်းအရလည်း အဆင်မပြေမှုတွေ ရှိခဲ့တယ်၊ အခုသမ္မတအစိုးရသစ် တတ်လာတယ်၊ အမေရိကန်ဘက်ကလည်း အစိုးရသစ်တက်လာပြီးနောက်ပိုင်း အခြေအနေတွေက ပြောင်းလဲလာတာတွေ ရှိတယ်။ နှစ်ဘက်အကျိုးစီးပွားအကြား ဘယ်နေရာတွေမှာ သူတို့ကို ပျော့ပျောင်းသွားအောင် ဖန်တီးပေးလိုက်တယ်လို့ ယူဆတာလဲ။

“အမေရိကန်အစိုးရက မြန်မာပြည်ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး တလျှောက်လုံး ဖိအားပေးလာတယ်။ ဒီလိုမျိုး တကယ်လည်း ပြောင်းလဲသွားတာမျိုး သူတို့မြင်ချင်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို ၂၃ နှစ်လုံး အုပ်ချုပ်လာတဲ့ အစိုးရကလည်း သိပ်ခေါင်းမာတယ်။ အပြောင်းအလဲ မလုပ်ချင်ဘူး ဆိုတာ သူတို့တွေ့တယ်။ ဒါကြောင့် အမေရိကန် အစိုးရက ဘယ်လိုမှ အပြောင်းအလဲကို လုပ်လို့မရဘူး။ သူတို့က အရင်မူဝါဒအဟောင်းနဲ့ပဲ ဆက်သွားနေရတယ်။ ဦးသိန်းစိန်အစိုးရသစ် တက်လာမှ မူဝါဒပြောင်းလဲတယ်လို့ ကျနော်မယူဆဘူး။

“ကျနော် ယူဆတာက တရုတ်နိုင်ငံ ကြီးထွားလာမှု၊ နောက်ပြီး အမေရိကန် ပိတ်ဆို့ထားခြင်းဟာ တရုတ်ရင်ခွင်ထဲကို မြန်မာနိုင်ငံကို ထိုးထည့်ပေးနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေ အများကြီး ပေါ်လာတယ်။ အဲဒီအချိန်မှာ သူပြန်ကြည့်တော့ မြန်မာပြည်ဟာ တရုတ်နဲ့ အိန္ဒိယအကြား၊ အာဆီယံနိုင်ငံတွေကြားမှာ မဟာဗျူဟာကျတဲ့ စီမံကိန်းတခု ဖြစ်လာနေတယ်ဆိုတာ သူတို့နားလည်သွားတယ်။ ဒါကြောင့် ဆီနိတ်တာ ဂျင်ဝက်ဘ် မြန်မာနိုင်ငံကို လာရောက်သွားတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြောချိန်မှာ မြန်မာပြည်နဲ့ပတ်သက်တာတွေ ပြောရမယ့်အစား တရုတ်နဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက စိုးရိမ်မှုကြီးမားနေတယ်ဆိုတာ ပြောသွားတယ်။ ဒါကြောင့် အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ထဲထဲဝင်ဝင် ပတ်သက်ဖို့ မူဝါဒပြောင်းလဲမှုဟာ တရုတ်နိုင်ငံရဲ့ အင်အားကြီးမားလာမှု၊ စိန်ခေါ်မှုကို အမေရိကန်က အလေးအနက်ထားပြီး မြန်မာပြည်မှာ အစိုးရသစ် ပြောင်းတာ မပြောင်းတာထက် စာရင် တရုတ်ရင်ခွင်ထဲကို ထိုးသွင်းတဲ့အဖြစ်မျိုး လုပ်လို့ရှိရင် သူတို့ရဲ့ မဟာဗျူဟာစီမံကိန်း ကပြောင်းကပြန် ဖြစ်သွားနိုင်တယ်လို့ စိုးရိမ်တဲ့အတွက် သူတို့ ပေါ်လစီကို ပြောင်းလဲတာ ဖြစ်ပါတယ်။”

မြန်မာအစိုးရကရော ဘယ်လိုအချက်တွေကြောင့် အမေရိကန်နဲ့နီးကပ်တဲ့ သဘောထားတွေ လုပ်လာတယ်လို့ ပြောလို့ရမလဲ။

“စစ်အစိုးရရော ဦးသိန်းစိန်အစိုးရပါ အမေရိကန်နဲ့ မိတ်ဆွေဖြစ်ချင်တယ်။ ဒါပေမယ့် တဖက်မှာလည်း စွပ်စွဲကြတာက မြန်မာနိုင်ငံဟာ တရုတ်အစိုးရနဲ့ ဆက်ဆံမှုနီးကပ်တယ်၊ နိုင်ငံတကာစင်မြင့်ထက်မှာ တရုတ်ရဲ့အကာကွယ်ပေးမှုတွေ ရရှိထားတယ်။ မြန်မာနိုင်ငံဘက်ကကြည့်ရင်လည်း အင်အားကြီးနိုင်ငံတခုတည်းကို မှီခိုနေရတာ မလုံခြုံပါဘူး။ မြန်မာနိုင်ငံဟာ မကြာခဏ ကျူးကျော်မှုခံရတယ်၊ စီးပွားရေးအရ ကျွန်ပြုခံရတယ်။ ဒီလိုပြဿနာတွေကြောင့် တရုတ်ကိုသာမက အိန္ဒိယ၊ အမေရိကန်နိုင်ငံတွေသာမက အာဆီယံကိုလည်း မမှီခိုချင်ဘူး။ ဖြစ်နိုင်ရင် အင်အားစု အားလုံးနဲ့ တန်းတူဆက်ဆံရေးရချင်တယ်၊ အမေရိကန် အနောက်အင်အားစုကလွဲလို့ မြန်မာနိုင်ငံက အာဆီယံ၊ တရုတ်၊အိန္ဒိယနိုင်ငံတွေနဲ့ ဆက်ဆံမှုကောင်းတယ်၊ တကယ်လို့ တရုတ်ကအင်အားကြီးထွားမှု အားကောင်းလာရင် အိန္ဒိယ၊ အာဆီယံတို့လည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် စူပါပါဝါနိုင်ငံတနိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ဆက်ဆံမှုကောင်းမွန်မှသာ အိန္ဒိယ တရုတ်နဲ့ အာဆီယံတို့ကြားမှာ မြန်မာနိုင်ငံကျူးကျော်ခံရမှု အဓိက သူတို့စိုးရိမ်တဲ့ အချူပ်အခြာအာဏာပေါ့။ ဒီကိစ္စတွေကို စဉ်းစားပြီး အမေရိကန်အစိုးရနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်ချင်တာဖြစ်ပါတယ်။”

အမေရိကန်က တောက်လျှောက်ပြောနေတာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတဲ့ အချက်တချက်ရယ်၊ ပြီးတော့ အန်အယ်လ်ဒီ တရားဝင်ခွင့် ပြုရေးဆိုတဲ့ အချက်တချက် ရှိတာပေါ့။ အစိုးရဘက်က ပြောနေတာက ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှု ကိစ္စပေါ့။ ဒီနှစ်ခု ကြားထဲမှာ ဘယ်လို compromise (စေ့စပ်ညှိနှိုင်း) လုပ်လို့ ဖြစ်လာနိုင်မလဲ။

“စီးပွားရေး ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှု ကလည်း အလုပ်မဖြစ်ဘူး၊ ဆိုးကျိုး ဖြစ်တယ်ဆိုတာ အမေရိကန် အစိုးရကိုယ်တိုင်က ၀န်ခံထားပါတယ်။ သူတို့လည်း သိတယ်။ ဒါကြောင့် လက်တွေ့အားဖြင့် မြန်မာအစိုးရအပေါ် ပိတ်ဆို့အရေးယူထားတာကို ဖြုတ်ချပေးဖို့ ဆိုတာ ရလဒ်ကောင်းတခုမှ ထွက်မလာဘဲနဲ့ သူတို့ မလုပ်ချင်ပါဘူး၊ သူတို့ ပြောနေတဲ့အချက်က မြန်မာပြည်ထဲမှာ ထောင်ချဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် လုံးဝ လွတ်မြောက်ရေး၊ လုံးဝ လွှတ်ပေးရေး ကိစ္စပါ၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံဆွေးနွေးရေး တောက်လျှောက်ဖြစ်စဉ်မှာ ဒီကိစ္စကို အရေးအကြီးဆုံး အချက်အဖြစ် ပါနေပါတယ်။ အမေရိကန် အစိုးရရဲ့ လိုလားချက်လည်း ပြည့်ဝသွားစေအောင်၊ ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လှုပ်ရှားမှုတွေက တောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို လုပ်ကို လုပ်ပေးရပါမယ်၊ အဲဒီလို လုပ်ပေးမှသာလျှင် နှစ်ဦးနှစ်ဘက် ဒါမှမဟုတ် ဘက်ပေါင်းစုံက လိုလားနေတဲ့ အချက် ပြည့်သွားမှာ ဖြစ်ပါတယ်။ အဲဒါကိုမှ မလုပ်ပေးဘဲ တင်းခံနေမယ် ဆိုရင်တော့ အမေရိကန်က မြန်မာနိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ဖို့က အဟန့်အတားတွေ ရှိနေဦးမှာပဲ။”
http://burmese.dvb.no/archives/15277

ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေးကို တကယ်လိုလားရဲ့လား



Published on September 8, 2011 by တိုင်းကျော်

အခုဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို မီဒီယာပေါ်တွေတင်မက လွှတ်တော်ထဲမှာပါ ဆွေးနွေးလာကြတာ တွေ့မြင်ရပါတယ်။ ဦးသိန်းစိန် အစိုးရကလည်း အရင် စစ်အစိုးရနဲ့ မတူ ငြိမ်းချမ်းရေးစကားကို တွင်တွင်ကျယ်ကျယ် ပြောလာတာ ကြားနေရပါတယ်။ ဒီအတွက် လက်ရှိ အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးကို တကယ် လိုလားမလိုလား ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ် လိုလားမလိုလား သမ္မတဦးသိန်းစိန် ပြောသွားတဲ့ နောက်ဆုံးမိန့်ခွန်းကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီ မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က စီးပွားရေး လူမှုရေး ပြဿနာတွေကို ညင်ညင်သာသာ ပြောဆိုသွားပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကေအိုင်အေ အဖွဲ့ကိုတော့ ဝေဖန်ပစ်တင် ပြောဆိုသွားတာ တွေ့နိုင်ပါတယ်။ အစိုးရစစ်တပ်တွေဟာ ပုံမှန်လုပ်နေကျ ရေအားလျှပ်စစ်စီမံကိန်း လုံခြုံရေးအတွက် စီမံကိန်းနယ်မြေထဲ ဝင်ကြောင်း၊ ဒါကို ကေအိုင်အေတွေက အဝင်မခံဘဲ ပစ်ခတ်တိုက်ခိုက်လို့ တိုက်ပွဲတွေ ဖြစ်လာရကြောင်း၊ ဒါတင်မက ကေအိုင်အေဟာ တံတားတွေချိုး၊ မိုင်းတွေထောင်၊ ယာဉ်တန်းတွေကို ခြုံခိုတိုက်တာတွေ လုပ်ကြောင်း၊ အစိုးရစစ်တပ်ကတော့ အလွန်သည်းခံကြောင်း စသဖြင့် အစိုးရတပ်က မှန်ပြီး ကေအိုင်အေတပ်တွေက မှားကြောင်း၊ အကြမ်းဖက်သမားတွေ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ အဲဒီ စကားတွေ မှန်မမှန် သိပ်မဝေးလှတဲ့ ကာလအပိုင်းအခြားကို ပြန်ကြည့်ဖို့ လိုလာပါတယ်။

ကေအိုင်အေ ကချင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရတပ်တွေနဲ့ အပစ်အခတ်ရပ်စဲတာ လုပ်ခဲ့ပါတယ်။ စစ်အစိုးရနဲ့ သဘောတူညီချက်အရ ကေအိုင်အေဟာ လက်နက်ကိုင်ပြီး ဆက်တိုက်နေတဲ့ အဖွဲ့တွေ အပါအဝင် မြို့ပေါ်က တရားဝင်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီလို ပါတီတွေနဲ့ မဆက်သွယ်၊ မဆက်ဆံပါဘူးဆိုတဲ့ ကတိကိုတော့ ပေးခဲ့ရပါတယ်။ အဲဒီလိုနဲ့ ကေအိုင်အေဟာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ စစ်အစိုးရဟာ သူ့ဘာသာသူ ကျင်းပနေတဲ့ အမျိုးသားညီလာခံကို တက်ဖို့ ကေအိုင်အေကို ဖိအားပေးပါတယ်။ ကေအိုင်အေကလည်း စစ်အစိုးရအလိုကျ အမျိုးသားညီလာခံကို တက်ခဲ့ပါတယ်။ ဒါပေမယ့် ညီလာခံမှာ ကေအိုင်အေကတင်ပြသမျှ ဘာတခုမှ ဖြစ်မလာခဲ့ပါဘူး။ ဒီနောက်တော့ စစ်အစိုးရဟာ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကို အတည်ပြုဖို့ ဆန္ဒခံယူပွဲ လုပ်ပါတယ်။ ကေအိုင်အေဟာ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံပေမယ့် စစ်အစိုးရကလုပ်တဲ့ ဆန္ဒခံယူပွဲကို နှောင့်ယှက်ဟန့်တားတာမျိုး လုံးဝ မလုပ်ခဲ့ပါဘူး။

နောက်ပိုင်း စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ညှိုးထိုးပြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ ကြိုးစားလာတဲ့အခါမှသာ ကေအိုင်အေနဲ့ ဆက်ဆံရေးတင်းမာခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် အဲဒီအချိန်က ကေအိုင်အေဟာ စစ်အစိုးရက ညွှန်ကြားတဲ့၊ တနည်းပြောရရင် စစ်အစိုးရ တိုက်ရိုက်ကွပ်ကဲမှုအောက်ကို ရောက်သွားမယ့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး မပြောင်းရေးကိစ္စ ကချင်လူထုလူတန်းစား အသီးသီးနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သူတို့ဖြစ်လိုတဲ့ အခြေအနေတွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီလို နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စ မတင်မကျဖြစ်နေစဉ်မှာပဲ စစ်အစိုးရဟာ သူတို့အသွင်ပြောင်းပြီး အာဏာဆက်လက်ဆုပ်ကိုင်ဖို့ ရွေးကောက်ပွဲဆိုတာ လုပ်လာပါတယ်။

ဒီနေရာမှာလည်း ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့ဟာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို မဆန့်ကျင်ပါဘူး။ မဆန့်ကျင်ရုံမက ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကိုယ်တိုင် အဖွဲ့ထဲက နုတ်ထွက်ပြီး ပါတီထောင်၊ ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် စစ်အစိုးရဟာ ဒေါက်တာတူးဂျာဦးဆောင်တဲ့ပါတီကို မှတ်ပုံတင်ခွင့် မပြုခဲ့ရုံမက ဒေါက်တာတူးဂျာနဲ့ ကချင်နိုင်ငံရေးသမားတွေကို တသီးပုဂ္ဂလကိုယ်စား လှယ်တွေအဖြစ်တောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မပြုခဲ့ပါဘူး။ စစ်အစိုးရဟာ ကေအိုင်အေဘက်က လိုက်လျောသလောက် သူ့ဘက်က ဘာတခုမှ လိုက်လျောတာ မရှိဘဲ ငြိမ်းချမ်းရေး၊ ပြေလည်ရေး လမ်းစအားလုံးကို ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ မသမာတဲ့နည်းပေါင်းစုံ သုံးပြီး အနိုင်ယူ တက်လာတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက် စစ်တပ်ဟာလည်း စစ်အစိုးရလက်ထက်က မအောင်မမြင်ဖြစ်ခဲ့တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ကေအိုင်အေကို ဆက်ဖိအားပေးလာပြန်ပါ တယ်။ ဒီတကြိမ်မှာတော့ မြို့ပေါ်မှာရှိတဲ့ ကေအိုင်အေ ဆက်ဆံရေးရုံးတွေကိုတောင် ဆက်ဖွင့်ခွင့်မပေးတော့ပါဘူး။ မြို့ပေါ်မှာ ကျောင်းတက်နေတဲ့ ကေအိုင်အေသားသမီး ကျောင်းသားကျောင်းသူတွေကိုလည်း ပညာဆက်လက်သင်ကြားခွင့် မပေးတော့ပါဘူး။ အခြားတဘက်မှာလည်း ကေအိုင်အေတပ်သားတွေကို ဖမ်းဆီးတာ၊ နယ်မြေကန့်သတ်တာ၊ ပြဿနာဖြစ်မယ်မှန်း သိသိကြီးနဲ့ ကေအိုင်အေထိန်းချုပ်နယ်မြေထဲ ဝင်ဖို့ကြိုးစားတာတွေ လုပ်လာပါတယ်။ အကျိုးဆက်အဖြစ် တိုက်ပွဲတွေဖြစ် ဒေသမတည်မငြိမ်ဖြစ်၊ ဒုက္ခသည်တွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီလိုအခြေအနေမျိုးတွေဟာ ကချင်ပြည်နယ် တခုတည်းမှာသာ ဖြစ်နေတာ မဟုတ်ပါဘူး။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အပါအဝင် ဒေသအတော်များများမှာ ဖြစ်နေတာပါ။ ဒီလို ဖြစ်ပျက်နေတာတွေကို သမ္မတ မိန့်ခွန်းမှာ တဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပစ်ပုံချနေရုံမက သမ္မတရဲ့ သတင်းပြန်ကြားရေးအဖွဲ့ကလည်း သတင်းစာရှင်းပွဲလုပ်ပြီး အပြစ်ပုံချလိုက်ပါသေးတယ်။ ဒါတင်မက အစိုးရကထိန်းချုပ်ထားတဲ့ နေ့စဉ်သတင်းစာတွေကနေ တနေ့တမျိုး မရိုးရအောင် ရေးသားလိုက်ပါသေးတယ်။ အခုနောက်ဆုံး ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း ထိန်းချုပ်ထားတဲ့ သတင်းစာတွေက နေ ကေအိုင်အေထဲမှာ အကွဲအပြဲတွေ ဖြစ်နေပါတယ်။ အစည်းအဝေးမှာ သဘောထားကွဲပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြလို့ သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်တယ်ဆိုပြီး မဟုတ်မမှန် လုပ်ကြံစွပ်စွဲတာမျိုးကို အောက်တန်းကျကျ လုပ်လာပါတယ်။

တကယ်ဆိုရင်တော့ ဦးသိန်းစိန်အစိုးရအဖွဲ့အနေနဲ့သာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတယ်ဆိုရင် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီး တောတွင်းလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်သလို ဖိတ်ခေါ်နိုင်ပါတယ်။ တဖွဲ့ချင်းစီနဲ့ ဆွေးနွေးနိုင်သလို တပ်ပေါင်းစုနဲ့လည်း ဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ ဦးသိန်းစိန်အစိုးရ လုပ်ကိုင်နေပုံတွေမှာ အဲဒီအချက်တွေ မတွေ့မမြင်ကြရပါဘူး။

စစ်တပ်ကို ကျောထောက်နောက်ခံပြုထားတဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့အနေနဲ့ ပြည်တွင်းစစ် သက်ဆိုးရှည်မှသာ စစ်တပ်ရဲ့အခန်းကဏ္ဍ ပိုပြီးအရေးပါမယ်လို့ ထင်မြင်ယူဆပြီး အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်နေတာသာ တွေ့မြင်ရပါကြောင်း တင်ပြလိုက်ရပါတယ်။
http://burmese.dvb.no/archives/15262

တက္ကသိုလ်ကျောင်းသူအမှု လူအများစိတ်ဝင်စား


Published on September 8, 2011 by webteam

အင်းစိန်ထောင်မှာ ရင်ဆိုင်နေရတဲ့ တက္ကသိုလ်ကျောင်းသူအမှုကို ဒီနေ့ ရုံးထုတ်တဲ့ အခါမှာ လူအများလာရောက် စောင့်ကြည့်ခဲ့ပါတယ်။

ရန်ကုန်တိုင်း ​မြောက်ဥက္ကလာပ ၂ ရက်ကွက်မှာ​နေတဲ့ ဒဂုံတက္ကသိုလ်က ရုက္ခ​ဗေဒ ပထမနှစ် ​ကျောင်း​သူတ​ယောက်ကို တရက်ကွက်တည်းနေ အမျိုးသမီးတဦးက ​ငွေ ၇ သိန်း​ခိုးတယ်လို့ စွပ်စွဲပြီး​နောက် အင်းစိန်ထောင်မှာ အဖမ်းခံနေရတာပါ။

ဒီနေ့ နေ့ခင်းပိုင်းမှာတော့ အမှုကို ပထမဆုံး ရုံးထုတ်ပြီး အာမခံလည်း ရသွားတယ်လို့ ဖခင်ဖြစ်သူက ပြောပြပါတယ်။

ရုံးထုတ်တဲ့အချိန်မှာ စိတ်ဝင်စားသူ လူတရာနီးပါးခန့် လာရောက် နားထောင်ခဲ့တဲ့ အကြောင်းကို ဖခင်ဖြစ်သူက အခုလိုပြောပါတယ်။

“အဖွဲ့အစည်းတွေက လာကြတယ်။ သူတို့က ဒီဗွီဘီမှာ ကြားတဲ့သတင်းနဲ့ စိတ်ဝင်စားကြတာပေါ့နော်၊ လာကြပါလို့ ဖိတ်ခေါ်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဟိုရောက်တော့မှ အဖွဲ့အစည်းတွေကလည်း လာကြတော့ ဟိုမေးဒီမေးနဲ့ပေါ့။ တက္ကသိုလ်ကျောင်းသူလည်းဖြစ်တယ်၊ စာမေးပွဲလည်းနီးနေတော့ ကြားရတာကလည်း မတရား ညှဉ်းပန်းပြီးတော့ စစ်ဆေးမေးမြန်းတယ် ကြားတယ် ဆိုတော့ ကျနော်တို့ လာနားထောင်ကြတာပါတဲ့။ အုတ်အော်သောင်းနင်းနဲ့တော့ မလုပ်ပါနဲ့ပေါ့၊ အမှန်တရားအတိုင်း ဖြစ်သွားမယ်လို့ ဦးလေးလည်း ယုံကြည်ပါတယ်ဆိုပြီးတော့ ပြောလိုက်တာပေါ့နော်။

“ထုံးစံအတိုင်းပဲ တရားသူကြီးကလည်း တင်ပြတဲ့ ရှေ့နေရဲ့ စာအပေါ် မူတည်ပြီးတော့ ရှောရှောရှူရှူပဲ အာမခံ ပေးလိုက်ပါတယ်။ မိသားစုကတော့ ပိုဝမ်းသာတာပေါ့။ လာရောက် နားထောင်တဲ့ လူတွေက ဝမ်းသာတယ်ဗျာတဲ့။ ကျနော်တို့လည်း အဲဒီသတင်းပဲ ကြားချင်တာ ဆိုပြီးတော့ ပြောသွားတယ်။”

အမှုကို လာမယ့် ၁၅ ရက်နေ့ကို ရုံးချိန်းထားပြီး ဒီအတောအတွင်းမှာ ကျောင်းသူအနေနဲ့ စာမေးပွဲ ဖြေဆိုခွင့်လည်း ရမယ်လို့ သိရပါတယ်။

အသက် ၁၉ အရွယ် အဆိုပါ ကျောင်းသူကို နောက်ဆုံး အင်း​စိန်​ထောင်ကို ခေါ်မသွားခင် ​မြောက်ဥက္ကလာ ရဲစခန်းမှာ ၃ ညဆက်တိုက် မိသားစုနှင့် တွေ့ခွင့်မပေးဘဲ၊ နှမသားချင်းမစာနာတဲ့ စကားလုံးတွေနဲ့ စစ်ဆေးခဲ့တဲ့အကြောင်းကို ဒီဗွီဘီက တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

စစ်ကြောရေးကာလ အတွေ့အကြုံအကြောင်းကို မိသားစုက နေပြည်တော် သမ္မတရုံးအထိ စာပို့ခဲ့တဲ့နောက် ကာယကံရှင်ကိုလည်း လာရောက် မေးမြန်းသွားတယ်လို့ ပြောပါတယ်။

လောလောဆယ် သက်သေမခိုင်လုံဘဲ ဖမ်းဆီးစစ်ဆေးခံနေရမှုကြောင့် သမီးဖြစ်သူ ပတ်ဝန်းကျင်မှာ အရှက်ရ၊ သိက္ခာကျစရာ ဖြစ်ပေမယ့် တရားမျှတမှု ရှိစေချင်တယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
http://burmese.dvb.no/archives/15308

စီမံကိန်းစိုက်ခင်းပျက်စီးမှု ရွာသားများ ထပ်မံဖမ်းဆီးခံရ



Published on September 8, 2011 by ​အေး​နိုင်

ပြင်ဦးလွင်မြို့နယ် ညောင်ကုန်းရွာသား လေးဦးကို အစိုးရစီမံကိန်း စိုက်ခင်း ဖျက်ဆီးမှု သံသယနဲ့ ထပ်မံ ဖမ်းဆီးလိုက်ပြန်အတွက် စုစုပေါင်း ဖမ်းဆီးခံရတဲ့ ရွာသားရှစ်ဦး ဖြစ်သွားပါပြီ။

မေမြို့လို့ လူသိများတဲ့ ပြင်ဦးလွင်မြို့အပိုင် ညောင်ကုန်းရွာသားတွေက သူတို့လယ်တွေပေါ်မှာ စိုက်ထားတဲ့ အစိုးရကော်ဖီစိုက်ခင်းတွေကို အခုလ လေးရက်နေ့က ဒါးကောက်တွေနဲ့ ခုတ်ထွင်ဖျက်ဆီးခဲ့ပြီးတဲ့နောက် အစိုးရဘက်က ဒုတိယမြောက် ဖမ်းဆီးမှု ဖြစ်ပါတယ်။

အခုလ ၄ ရက်နေ့ ကော်ဖီခင်းတွေ ပျက်စီးပြီးတဲ့နောက် ရဲက ဦးတွတ်နီ၊ ဦးသန်း၊ ဦးနေလင်းအောင်၊ ဦးကံညွန့်နဲ့ သူ့ဇနီး ဒေါ်ခင်ဝင်း စတဲ့ရွာသားငါးဦးကို ခြောက်ရက်နေ့မှာ ဖမ်းပါတယ်။ စက်တင်ဘာ ၇ ရက်နေ့မှာ ဒေါ်ခင်ဝင်း ပြန်လွတ်သလို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ ရွာကို လာရောက်ဖြေရှင်းပါတယ်။

တွေ့ဆုံပွဲအပြီး အာဏာပိုင်တွေဘက်က ရွာသားလေးဦးကို ခဏလိုက်ခဲ့ပါဟု ခေါ်ဆောင်သွားပြီး အချုပ်ထဲကို ထည့်ထားလိုက်တာလို့ ဒီဆွေးနွေးပွဲမှာ ရွာသားတွေဘက်ကနေ ဦးဆောင်ရှင်းပြတဲ့ ရွာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော် ဦးမာနိတက အခုလို မိန့်ကြားပါတယ်။

“လေးယောက်ကို ထပ်ပြီးတော့မှ ခေါ်သွားတယ်။ ခဏလောက် ဒီအမှုကိစ္စကို မြန်မြန်ပြီးသွားအောင်လို့ ထည့်လိုက်ပါဦးဆိုလို့ ထည့်ပေးလိုက်တဲ့အခါကျတော့ သူက ကျေးရွာမှာတင်ပဲ သက်ဆိုင်ရာရုံးမှာ ခဏ ရှင်းပြီးတော့မှ လွှတ်ပေးလိုက်မယ်လို့ ပြောသွားတာ၊ ပြီးတော့ အဲ့လိုမဟုတ်ဘဲ သူတို့က ရဲစခန်းအထိ တိုက်ရိုက် ခေါ်သွားပြီးတော့ ချုပ်ထားလိုက်တယ်။”

ဆရာတော်က အုပ်ချုပ်ရေးမှူးထံ ဖြစ်ပျက်ပုံကို ဖုန်းနဲ့မေးတဲ့အခါ လိုအပ်လို့ ဖမ်းဆီးတာ ဖြစ်တယ်၊ ထပ်ဖမ်းလို့ရသေးပြီး လောလောဆယ် ထပ်မံဖမ်းဆီးဖို့ အစီအစဉ် မရှိသေးတဲ့အကြောင်း ဖြေကြားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

မနေ့က ထပ်ဖမ်းခံရတဲ့ ရွာသားတွေဟာ ကိုနေ၀င်း၊ ကိုအေးကို၊ ဦးသိန်းဖေနဲ့ နောက်တဦးဖြစ်ပြီး ညောင်းကုန်းကျေးရွာအပိုင် ၀က်ဝံကျေးရွာရဲစခန်းမှာ ချုပ်နှောင်ထားသလို ပြင်ဦးလွင်မြို့ရဲစခန်းမှာ ချုပ်ထားသူလေးဦးကိုလည်း ခေါ်ဆောင်လာပြီး အတူပေါင်းထည့်ထားလိုက်ပြီလို့ ဆရာတော်က မိန့်ပါတယ်။

ဒီကနေ့မှာလည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ဟာ ညောင်ကုန်းရွာကို ထပ်လာမယ်လို့ အသိပေးခဲ့တာကြောင့် ရွာသားတွေ စောင့်နေကြပေမယ့် ဒီနေ့ ညနေစောင်းတဲ့အထိ မရောက်လာကြသေးပါဘူး။

သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်က ပြေလည်အောင် ဖြေရှင်းတာထက် ဥပဒေနဲ့ အကြိမ်ကြိမ် ခြောက်လှန့်နေတာကြောင့် ရွာသားတွေ အားငယ်နေကြ တယ်လို့ ဆရာတော် ဦးမာနိတက မိန့်ကြားပါတယ်။

“ငါတို့မှာ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အားကိုးရာမဲ့ ဖြစ်နေတယ်။ သူတို့ ပြောတာပဲ အကုန်လုံးလက်ခံပြီးတော့ နားထောင်နေရတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဘယ်သူ့မှလည်း အားကိုးစရာ မရှိဘူး ဖြစ်နေတယ်၊ ဘယ်သူမှ ခေါင်းမထောင်ရဲဘူး ဖြစ်နေတယ်။ ရွာသားတွေလည်း အကုန်လုံး အားငယ်နေကြတယ်ကွာ။”
http://burmese.dvb.no/archives/15297

သတ္တိရှိတဲ့ ဆရာမလေး ဒေါ်ရင်ရင်မြင့်



မောင်စွမ်းရည်
စက်တင်ဘာ ၈၊ ၂၀၁၁




၂၀၀၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်စွဲဖြင့် http://www.burmanet.org/burmese/?p=1136 တွင် ဖော်ပြထားသော ဆောင်းပါးကို ကူးယူ ဖော်ပြသည်

သင်္ကြန် နီးပြီ ဆိုတော့ အမိ မြန်မာနိုင်ငံကို အထူး သတိ ရမိတယ်။ နှစ်သစ် ကူးခါနီး ဖြစ်စေ၊ ဝါဝင်ခါနီး ဖြစ်စေ မြန်မာတွေ အိမ်ပြောင်းလေ့ မရှိပါဘူး။ ဒါ့ကြောင့် နှစ်သစ် ကူးခါနီး သင်္ကြန် ဝင်ခါနီး အချိန် မှာတော့ ငါတို့ အိမ်တွေ ဖျက်သေးမှာ မဟုတ်ဘူးလို့ မြန်မာ့ ယုံကြည်ချက်ကို လေးစားမှုနဲ့ မိတ်ဆွေတွေ အိမ်မပြောင်း ရွှေ့ရေးကို အားပေး လိုက်တယ်။ နအဖ အစိုးရက ကျွန်တော်တို့ ဝဂ္ဂီ ရပ်ကွက်ထဲက အိမ်ကျန်တွေကို ၂ဝဝ၂ ဧပြီလ နောက်ဆုံး ထားပြီး ဖျက်ရမယ်လို့ အမိန့်ထုတ် ထားတယ်။ မဖျက်ဘူးလို့ အိမ်နှစ်ဆယ် အစိတ်က တင်းခံ နေကြပါတယ်။

ကျွန်တော်တို့ ရပ်ကွက်က ရန်ကုန် ကမာရွတ် မြို့နယ် ထဲမှာပါ၊ ကမာရွတ် မြို့နယ် အမှတ် (၈) ရပ်ကွက် ဆိုတာက ဝဂ္ဂီ ရပ်ကွက်ပါ၊ လိုင်းပေါက်နဲ့ မျက်နှာချင်း ဆိုင်ပါ၊၊ လိုင်းပေါက် ဆိုတာ တက္ကသိုလ် သန့်ရှင်းရေး ဝန်ထမ်းတွေနဲ့ တခြား အမှုထမ်းငယ်တွေ နေတဲ့ ရပ်ကွက်ပါ။ အိန္ဒိယသားတွေ များပါတယ်။ အဲဒီ ရပ်ကွက် ကလေးကို အလုပ်သမား လိုင်းလို့ ခေါ်ပါတယ်။ ပြည်လမ်းမ ပေါ်မှာ ဆိုတော့ နေရာ ကောင်းပါတယ်။ ခု ရွှေ့ပစ်ပြီး စိန်ရတု အထိမ်းအမှတ် အဆောက်အအုံကြီး ဆောက်ထား ပါတယ် ကုန်စည်ပြပွဲနဲ့ မင်္ဂလာဆောင် ဆိုတာမျိုးတွေ လုပ်နိုင်ပါတယ်။ စစ်ကြောရေး စခန်း တဖြစ်လဲ စစ်ထောက်လှမ်းရေးက အသုံး ချတတ် ပါတယ်။ အဲဒီ လိုင်းပေါက်နဲ့ မျက်နှာချင်းဆိုင် ပြည်လမ်းမ ပေါ်က ရပ်ကွက်ကို ဝဂ္ဂီ ရပ်ကွက်လို့ ခေါ်ပါတယ်။ အရင်က ကြိုးစက်ပိုင်ရှင် ကုလား သူဌေး တဦး ပိုင်ခဲ့တယ်လို့ ကြားဖူးတယ်။

တက္ကသိုလ်နားနီးလို့ ကျောင်းသားတွေကို ဈေးပေါတဲ့ အဆောင် အခန်းလေးတွေ ငှားစားလေ့ ရှိတယ်။ ဘုရား စေတီ တဆူ၊ ဘုန်းကြီးကျောင်း တကျောင်းနဲ့ မူလတန်းကျောင်း တကျောင်း ရှိပါတယ်။ ကဗျာ ဆရာမ နွယ် စစ်တွေရဲ့ အိမ်လဲ အဲဒီ ရပ်ကွက်မှာ ရှိတယ်။ ရပ်ကွက် ထိပ်မှာ ပြည်လမ်းမကို မျက်နှာမူပြီး စိန်ဥယျာဉ်လို့ ခေါ်တဲ့ ခြံကျယ် ဝင်းကျယ် စားသောက်ဆိုင်ကြီး ရှိတယ်။ သမိုင်း ပါမောက္ခ ဒေါက်တာ သန်းထွန်းက အဲဒါ ငါတို့ သူငယ်ချင်း ကိုလှမြတ်စိုးရဲ့အိမ် အဲဒီအိမ်မှာ ကျောင်းသား သမဂ္ဂ အစည်အဝေးတွေ လျှို့ဝှက် လုပ်ဖူးတယ်လို့ ပြောဖူးပါတယ်။

ကိုလှမြင့်စိုး ဆိုတာ ကိုလိုနီခေတ် ကျောင်းသားငယ် ဘဝက ရေနံမြေ အရေးတော်ပုံ ချီတက်ပွဲမှာ ပါဖူးတယ်။ ဘုရင်ခံက သူ့ကို ကျောင်းထုတ် ပစ်ပါလို့ ကျောင်းအုပ်ကြီး ဦးဖေမောင်တင်ကို ပြောတော့၊ သူဟာ အပြင်မှာ ဆန္ဒပြတာ ငါတို့ ကျောင်းနဲ့ မဆိုင်ဘူး ဆိုပြီး မထုတ်ဘဲ ထားခဲ့သတဲ့။ စစ်ပြီး စခေတ်မှာ ကျောင်းပြန် နေလို့ ဒေါက်တာ သန်းထွန်းတို့နဲ့ တွေ့ကြတာ ဖြစ်ပုံ ရပါတယ်။ စစ်ပြီးစမှာ အလွတ် ပညာသင် ကျောင်းက ကျောင်းအဖြစ်နဲ့ “လှသိပ္ပံ” လို့ နာမယ် ကြီးခဲ့သတဲ့။ ခုတော့ စားသောက် ဆိုင်ကြီးပေါ့။ ဒါတွေ ဘာကြောင့် ပြောသလဲ ဆိုတော့ ဒီမြေကွက်ဟာ ကျုးကျော် ရပ်ကွက် မဟုတ်ဘူး ဆိုတာ ပြောပြချင်လို့ပါ။

စိန်ဥယျာဉ်က ဝဂ္ဂီ ရပ်ကွက်ရဲ့ အရှေ့တောင်ထောင့် မှာပေါ့။ အနောက်တောင် ထောင့်မှာ ဘုန်းကြီးကျောင်း တကျောင်း အခိုင်အမာ ရှိပါတယ်။ ညီအကို သုံးယောက် တပါးပြီး တပါး ဆက်ခံ လာကြတာ ခုကျောင်းထိုင်က အငယ်ဆုံးပါ။ အကို ဆရာတော်တွေ လက်ထက်မှာ ဆွမ်းခံတော့ ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့ အိမ်တွေကို ဆွမ်းခံ ခဲ့တာပါ။ အဲဒီကျောင်း အဆောက်အအုံ အတွက် အလှူငွေ ထဲမှာ ဆရာဇော်ဂျီ မိသားစုလဲ ပါဝင် ပါတယ်။ ဆရာ ဇော်ဂျီ ကွယ်လွန်တာ ရက်လည်တော့ အဲဒီ ကျောင်းမှာ ဆွမ်းကျွေးလို့ ဒေါ်အောင်ဆန်းဆုကြည်တောင် ရောက်ဖူး ပါတယ်။ ကျွန်တော့် အိမ်က အဲဒီကျောင်းရဲ့ ဘေးမှာ ကပ်ရက်ပါ။ နိုင်ငံကျော် ဆရာဝန်ကြီး ဇနီး မောင်နှံက ဝယ်ယူထားတဲ့ ဂရမ်မြေပါ။ ဘုန်းကြီကျောင်းနဲ့ တွဲရက် ဂရမ်မြေပါ၊၊ အဲဒီ မြေကို ကျွန်တော်က စာချုပ်စာတမ်းနဲ့ ဝယ်ယူပြီး မြို့နယ် စည်ပင်ကို သစ်ဝါးရအောင် စာတင်ပြီးမှ ဆောက်တာပါ၊ တရား မဝင်တာ တခုမှ မရှိပါဘူး။

ကျွန်တော့်အိမ် ရှိတဲ့ လမ်းက ဘုန်းကြီးကျောင်းကို အစွဲပြုပြီး ဣစ္စာရာမ လမ်းလို့ အမည် တွင်ပါတယ်။ အဲဒီ လမ်းပေါ်မှာ အစိုးရ အလယ်တန်း ကျောင်းက အလယ်တန်းပြ ဆရာမလေး ဒေါ်ရင်ရင်မြင့် ဆိုတာ ရှိပါတယ်။ သူတို့ အိမ်ကို တယ်လီဖုန်း အိမ်လို့ပဲ ခေါ်တယ်။ က္ဆွန်တော်တို့က အဲဒီ တယ်လီဖုန်းနဲ့ ရပ်ဝေး ရပ်နီး ဆက်ပါတယ်။ တယ်လီဖုန်း အိမ်နဲ့ မျက်နှာချင်း ဆိုင်မှာ စာရေးဆရာမ ရွှေကူမေနှင်းရဲ့ အိမ်ရှိတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် အမတ် တဦးပါ။ အဖမ်း ခံရဖူးတယ်၊ အဲဒီ အချိန်မှာ လွတ်ပါပြီ။ ပါတီဝင် အဖြစ်ကလဲ နုတ်ထွက် ထားပါပြီ။ သူ့အိမ်ရှေ့မှာ ဖုန်းဆက်လိုက် ကွမ်းယာ ဆေးလိပ် ဝယ်လိုက်နဲ့ လာလေ့ ရှိတဲ့ လူတယောက်ကို နေပူထဲ မိုးရွာထဲ ရပ်နေရင် သူ့အိမ်ခေါ်ပြီး နားနေ ခိုင်းတယ်။ ရေပူ ရေချမ်းနဲ့ ဧည့်ခံတယ်။ အဲဒီလူက စစ်စုံထောက်ပါ။ ကျွန်တော်နဲ့တောင် မိတ်ဆက် ပေးမယ် ဆိုလို့ မနည်း ရှောင်ရ ပါတယ်။ မေနှင်းက ကျောင်းဆရာမ လူထွက် ဆိုတော့ ရိုးရှာ ပါတယ်။

တယ်လီဖုန်း အိမ်ရဲ့ ဘေးမှာ ဗမာ တရုတ် မိသားစု ရှိတယ်။ ရှမ်း ဇနီး မောင်နှံ ရှိတယ်။ အဲဒီအိမ် လေးအိမ်ဟာ မြူနီစပယ်က ဖယ်ခိုင်းတာကို မဖယ်ဘဲ နောက်ဆုံးထိ တောင့်ခံတဲ့ အိမ်နှစ်ဆယ် အစိတ် ထဲမှာ ပါတယ်၊၊ မြူနီစပယ်က တယောက်ချင်း ခေါ်ထုတ်ပြီး ငွေပေးလို့ တချို့က ထွက်သွား ပါတယ်။ နှစ်ဆယ်လောက်က အမာခံ တွေပါ။ အဲဒီထဲမှာ တရားသူကြီး အဆင့် (၁)၊ (ဒုညွှန်မှူး အဆင့်) နှစ်ဦး ပါရှိ ပါတယ်။ စစ်သူနာပြု ဆရာမကြီး တဦးနဲ့ ကျူရှင်ဆရာ မိသားစုလဲ ပါရှိ ပါတယ်။

အံ့သြစရာ ကောင်းတာက အသေခံမယ်၊ မဖယ်ဘူးလို့ ဆိုသူ တချို့ဟာ လက်မောင်းမှာ “တာဝန်” ဆိုတဲ့ လက်ပတ်ပိတ်စ လက်တဝါး ချည်နှောင် ပေးလိုက်တာနဲ့ ဘာ ငွေကြေးမှ မရဘဲ ဘက်ပြောင်း သွားတာမျိုး ကြုံရတာပါပဲ။ တရားသူကြီး တွေက ဥပဒေကြောင်း အရ လွတ်ကင်းလိုY ဒီရပ်ကွက်ကို ဝင်ပြီး အခိုင်အမာ တိုက်ကြီးတွေ ဆောက်နေ ကြတာပါ။ မြေဝယ် စာချုပ်၊ အိမ်ဆောက်ခွင့် လျှောက်လွှာ၊ အိမ်နေခွင့်ကို မြူနီစပယ် (မြို့တော်) သတင်းစာက ကြေညာချက် ရရှိပြီးမှ နေသူတွေပါ။ နောက်ဆုံးမှာ ဥပဒေကြောင်း အရ ဘယ်လိုမှ “ကျူးကျော်အိမ်” လို့ ပြောမရတော့လို့ ကိုလိုနီ ခေတ်ဦးက ရေနံမြေမှာ သုံးဖူးတဲ့ အိန္ဒိယ ဥပဒေ အဟောင်းအဆွေး တခုကို ရှာကြံပြီး အစိုးရက လိုအပ်ရင် သိမ်းလို့ ရတယ် ဆိုတဲ့ ဥပဒေကို အိမ်ရှေ့ လက်ဖက်ရည် ဆိုင်မှာ ကျွန်တော်တို့ မသိဘဲ လာကပ် ထားပါတယ်။

အဲဒီ မြေသိမ်း ဥပဒေနဲ့ ရေနံမြေမှာ ဘီအိုစီ ကုမ္ပဏီက ရေနံတွင်း တတွင်း တူးဖို့ ဖယ်ခိုင်း ဖူးတယ်။ ကြိုက်တဲ့မြေ အစားပေးပြီး ကြေနပ်အောင် ငွေပေးပြီး ဖယ်ခိုင်းတဲ့ အပြင် ရေနံတွေ ပန်းထွက် လာတော့ ဆုချသေး ဆိုပဲ။ ခုဟာက ကြိုက်ဈေး ကြိုက်မြေ ညှိနှိုင်းခွင့် မရှိပါဘူး။ ဒေသ စစ်ဗျူဟာ ရုံးခေါ်ပြီး ဥပဒေ အရာရှိ၊ တရားသူကြီးရဲ့ အရာရှိ၊ စစ်အရာရှိနဲ့ ရပ်ကွက် ကောင်စီတွေ ရှေ့မှာ စကားပြောတယ်။ “ဖယ်ပေးပါ၊ မဖယ်ရင် အင်းစိန် ထောင်ထဲကို မိသားစုလိုက် ဖမ်းပို့မယ်” တဲ့။ ကျွန်တော်တို့က မဖယ်တဲ့ အပြင် နိုင်ငံခြား ရေဒီယို တွေနဲ့ပါ ဆက်သွယ် လိုက်ကြ ပါတယ်။ လွတ်လပ်တဲ့ အာရှ အသံက စိန်ကျော်လှိုင်က ဝဂ္ဂီမှာ နေသွားတဲ့ မိတ်ဆွေပါ။ ပြည်ပ ထွက်တဲ့ သဘောင်္သား တွေရဲ့ လက်ထဲ ကိုလဲ စာတွေ ထဲ့လိုက် ပါသေးတယ်။

ဆရာမ ဒေါ်ရင်ရင်မြင့်ကို “ဆရာမက အစိုးရ ဝန်ထမ်း ဆိုတော့ ထိခိုက် နိုင်တယ်။ တယ်လီဖုန်း သုံးခွင့် ပြုချင်မှ ပြုပါ” ဆိုတော့၊ “သုံးပါ” တဲ့၊ “ဒီကိစ္စ အတွက် ဆိုရင် ဖုန်းခတောင် မယူပါဘူး” တဲ့။ တရားသူကြီး၊ ကျူရှင်ဆရာ၊ သူနာပြု ဆရာမ၊ စာရေး ဆရာမ စသဖြင့် အားလုံးကို စိန်ကျော်လှိုင်က နေ့စဉ်လောက် ဖုန်းဆက်ပြီး “ဗြူး” တော့ အတော် ဂယက် ရိုက်ပါတယ်။ အိမ်တွေ ဖျက်ပေါင်း များပြီ ဘယ်တုံးကမှ ဒီလောက် “အာခံ” တာ မတွေ့ဘူး ပဲကိုး။ က္ဆွန်တော် တို့ကို ဖယ်ခိုင်းတာ ၄ နှစ်ကြာပြီ။ သူတို့လဲ သူတို့ အများနဲ့ ဆိုတော့ နည်းမျိုးစုံ သုံးပြီး ဖျားယောင်း ပြီးပီ။ မြို့တော်ဝန် အတွင်းရေးမှူး ဦးကျော်ဝင်း၊ မြို့နယ် စည်ပင် အရာရှိ စတာတွေ ပြုတ်ကုန်ပြီ။ မြို့နယ် ဗျူဟာမှူး တွေလဲ သံလျှင်ဘက် လွင့်သွား ကြပြီ။ သူတို့ ဘက်က မှားနေတာကိုး။

ကျွန်တော်တို့ စကား ပြောနေတဲ့ ဘေးမှာ ဆရာမ ဒေါ်ရင်ရင်မြင့် ရောက်လာပြီး ဟိုဟာ ထောက်ပြပေး ဒီဟာ ထောက်ပြပေး လုပ်ပါတယ်။ အချက်အလက် တချို့ ရှာပေး ပါတယ်။ နောက်တော့ “ကျမပါ ပြောမယ်” လို့ ဆိုလှာပါတယ်။ မလုပ်နဲ့ ခင်ဗျားက ဝန်ထမ်း ဆိုတော့ “ပြုတ်ချင် ပြုတ်ပါစေ” တဲ့ ။ ပြောတော့လဲ ငြင်ငြင်သာသာပဲ တည်တည်ငြိမ်ငြိမ် ပြောပါတယ်။ “ကျမတို့ကို စစ်ဗျူဟာရုံး ခေါ်ပြီး စစ်ဗျူဟာမှူး ကိုယ်တိုင်က ဖယ်ပေးပါ၊ မဖယ်ရင် ထောင်ထဲကို မိသားစု အလိုက် တိုက်ရိုက် ပို့မယ်” လို့ ပြောပြီး ဘာမှ ပြန်ပြောခွင့် မပေးဘဲ ပြန်လွှတ်တယ်။ ပြန်မယ်လို့ ထလိုက်တော့ နံရံမှာ “တပ်မတော်သည် ပြည်သူ လူထု၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်သည်” လို့ ရေးထားတာ တွေ့ရတော့ သြော် ဘယ်လို ဘာလိမ့်လို့ တွေးလိုက် မိတယ်၊ စသဖြင့် ပြောပါတယ်။ (သူနာပြု ဆရာမကြီး ကလဲ ဒုန်းကျည်နဲ့ ပစ်ချင် ပစ်လိုက်လို့ ဝင်ပြော ပါတယ်။ )

နောက်တနေ့မှာ ကျွန်တော့်ကို သီးခြား ခေါ်တယ်။ ဒီတိုက်ပွဲ ခေါင်းဆောင်မှုက ဖယ်ပေး ပါတဲ့။ ကျွန်တော် ခေါင်းဆောင် မဟုတ်ဘူး၊ စုစုပြီး စကားပြောကြ၊ တိုင်ပင်ကြပေမယ့် လုပ်တော့ ဘယ်သူ့မှ အသိ မပေးဘဲ ကိုယ်ဘာသာ လုပ်ကြတာ၊ ပေါက်ကြားမှာ စိုးလို့ ပါလို့ ရှင်းပြပါတယ်။ ဒီလိုဆို ဆရာပဲ ဖယ်ပေးပါတဲ့။ ခုပြောတဲ့ စကားကို နှစ်ဦး နှစ်ဖက် အပြင်မှာ မပြော စတမ်းတဲ့။ ကျွန်တော်က မပြောဘူးလို့ ကတိ ပေးပါတယ်၊၊

ဒါပေမဲ့ ကျွန်တော် မိတ်ဆွေ တွေကို သစ္စာ ဖောက်ပြီး ဖယ်မသွားနိုင်ဘူး ဆိုတော့၊ “ဆရာက နိုင်ငံတော်ကို သစ္စာ မစောင့်ဘဲ မိတ်ဆွေ တစုကိုပဲ သစ္စာ စောင့်ရသလား” လို့ စစ်ဗိုလ်မှူးက မေးပါတယ်။ အတော် အချက်ကျတဲ့ မေးခွန်းပါ။ ကျွန်တော်က “ဒီကိစ္စဟာ နိုင်ငံတော် ကိစ္စ မဟုတ်ပါဘူး။ စည်ပင် အဖွဲ့နဲ့ ကန်ထရိုက် တို့က ကျွန်တော်တို့ ရပ်ကွက်ကို ကျူးကျော် ရပ်ကွက် ဆိုပြီး၊ လိမ်ညာ ထည့်သွင်း စီးပွား ရှာကြတာပါ” လို့ ပြန်ပြောတော့ စိတ်ပျက်ပြီး ပြန်လွှတ် လိုက်ပါတယ်။ ဒီစကားဟာ ဆရာလေး ပြောနေကျ စကားပါ။

၂ဝဝ၂၊ ဧပြီ ၅ ရက် သန်းခေါင်ယံ ၁၂ နာရီမှာ ရပ်ကွက်ကို မီးပိတ်ပြီး ရဲနဲ့ လုံထိန်းတပ် ဝင်လာ ပါတယ်။ အပြင်မှာ စစ်ကား တွေက ပတ်မောင်း နေပါတယ်။ စစ်တပ်က မပါဘူး ဆိုတဲ့ သဘောနဲ့ပေါ့။ တချက်တီးမှာ ဝင်လာပြီး ပစ္စည်း တွေကို ကားနဲ့ သယ်ပါတယ်။ ပေပုရပိုက် တွေနဲ့ စာအုပ်ဟောင်းတွေွွေ့ကကျိုး ကုန်ပါတယ်။ ကားနဲ့ ခြောက်ခေါက် တိုက်ရပါတယ်။ ပြီးတော့ အိမ်တွေကို ညတွင်းချင်း ဖျက်ချပြီး ဘူဒိုဇာနဲ့ ထိုးပစ် ပါတယ်။ ကျနော်နဲ့ ရွှေကူမေနှင်း တို့ကို ကျွန်တော်တို့ အတွက် ရာထားတဲ့ တိုက်ခန်း တွေကို ပို့ပေး ပါတယ်။ အကျယ်ချုပ် ထားလိုက် ပါတယ်။ ဒေါ်ရင်ရင်မြင့် တို့ကို မိသားစုလိုက် အချုပ်ကားပေါ် တင်သွားတယ်။ တရုတ် မိသားစုမှာ အဖေနဲ့ အမေက လေဖြတ် နေတာကို ဇွတ်ဆွဲ တင်တော့ ကလေးတွေ လုပါတယ်။ လုတော့ နံပါတ်တုတ်နဲ့ ရိုက်ပါတယ်။ သူတို့ကို အင်းစိန်ထောင်ကို တန်းပို့ ပါတယ်။ ဝရမ်း မပါလို့ စောင့်ရ ပါသေးတယ်။ နှစ်ပတ်လောက် ကြာတော့ လူကြီးတွေ သေကောင် ပေါင်းလဲ ဖြစ်လို့ ဆေးရုံ ပို့ရတဲ့ အခါ အားလုံး မိသားစုလိုက် ပြန်လွှတ် ပါတယ်။

ဆရာမ ဒေါ်ရင်ရင်မြင့်က “ကျမတို့ မိသားစု လမ်းမှာ ဆင်းမယ်” လို့ ပြောသတဲ့ “မဟုတ်ဘူး၊ ဆရာမ တို့ကို အိမ်အရောက် ပို့ပေးဖို့ အထက်အမိန့် ပါတယ်” လို့ ပြောတော့ ဆရာမ မိသားစုက ကားကို ဇွတ်ရပ်ခိုင်း ဇွတ်ဆင်းတယ်။ တာဝန် ရှိသူက ဆရာမ လက်ကို အခန်းသော့ ဇွတ်ပေးတယ်။ ဆရာမက မယူဘူး။ ပြန်ပစ် ချထား ခဲ့တယ်။ ဘုန်းကြီးကျောင်းကို သွားနေတော့ ဘုန်းကြီးကို မြို့နယ်ရုံး ဆင့်ခေါ်ပြီး၊ တယ်လီဖုန်း သုံးခွင့် မပေးဘို့နဲ့ နေခွင့် မပေးဘို့ ပြောသတဲ့။ “ငါ့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်လို့ လာခိုလှုံတာ၊ ငါလက်မခံလို့ မဖြစ်ဘူး” လို့ ပြန်ပြော ခဲ့သတဲ့။ အဲဒါကို ဆရာတော်က သူ့ဒကာ၊ ဒကာမ တွေကို ပြန်မပြောရှာဘူး။ တဆင့် စကား ကြားတော့ ဆရာမက သူ့ မိသားစုကို သူတို့ နေရင်းရွာက ဆွေမျိုးဆီ ပြန်ခေါ် သွားပါသတဲ့။

ကျွန်တော်တို့ရဲ့ အိမ်ဖျက် ပစ္စည်းတွေ ထဲက သစ်ဝါး တချို့နဲ့ သွပ်ပြားတွေကို ရောင်းရင် ရပါတယ်။ ပြန်ယူပါ ဆိုပေမယ့် မယူခဲ့ ပါဘူး။ ဆရာမ လောက်လဲ သူတို့ ပစ္စည်းတွေ စလင်းကွင်း ဆိုတဲ့ ဘောလုံးကွင်း တခုမှာ စွန့်ပစ် ထားတာ ပြန်မယူပါဘူး။ သော့တောင် ပစ်ချခဲ့တဲ့ ဆရာမလေးကို ဂုဏ်ပြု စကားပြောဖို့ ဒီနှစ် ဧပြီမှာ စီစဉ် ထားပေမယ့် အသံလွှင့် ဌာနက ကျွန်တော်တို့ အစီအစဉ်ကို ရုတ်တရက် ရပ်လိုက်လို့ မပြောလိုက် ရတော့ပါဘူး။ ပြောဖို့ နောက်ကျတာကို ဆရာမ ခွင့်လွှတ် နိုင်ပါ စေသတည်း။

ဆရာမ ဒေါ်ရင်ရင်မြင့်ဟာ စုစုနွေးလိုပဲ သတ္တိ ရှိသူပါ။ ကျွန်တော်တို့ တိုက်ပွဲမှာ ဒေါ်ရင်ရင်မြင့်က သတ္တိ အပြောင်မြောက်ဆုံးနဲ့ ဆုံးရှုံးမှု အများဆုံး ဖြစ်ပါတယ်။ နောင်အခါ ဒီထက် စုံလင်အောင် ထပ်ရေး ပါအုံးမယ်။ ပြောခွင့် ကြုံရင် ပြောပါ အုံးမယ်။ ဒီလို သတ္တိရှင် အမျိုးသမီးတွေ ကျွန်တော်တို့ လူမျိုးမှာ အများကြီး ရှိပါတယ်။ ဒေါ်ရင်ရင်မြင့် အကြောင်း စိန်ကျော်လှိုင်၊ တင်မိုး၊ တင်မောင်သန်းတို့ ရေးခဲ့တာတွေ ကျွန်တော် ပြန်ရှာပါတယ်။


မောင်စွမ်းရည်
ဧပြီ၊ ၁၂ ၊ ၂ဝဝ၆

http://moemaka.com/index.php?option=com_content&task=view&id=9859&Itemid=1

မြန်မာ့လူ့အခွင့်အရေးကော်မရှင် ဘာတွေလုပ်နိုင်


ဗုဒ္ဓဟူး, 07 စက်တင်ဘာ 2011

By ဦးကျော်ဇံသာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မကြာသေးခင်က မြန်မာနိုင်ငံအတွင်းမှာ ဦးသိန်းစိန်အစိုးရက အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ရှေ့ နေတွေဖြစ်ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးအောင်သိန်း နဲ့ အာရှလူ့အခွင့်အရေးကော်မရှင်က ဦးမင်းလွင်ဦး တို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ နအဖ/နဝတ အစိုးရတွေ တက်လာပြီးတဲ့နောက်မှာ လူ့အခွင့်အရေးအဖွဲ့လား၊ ကော်မရှင်လား ဖွဲ့ခဲ့တာတော့ ရှိခဲ့ပါတယ်။ အဲဒီတုန်းကတော့ ကျနော်မှတ်မိသလောက်တော့ ပြည်ထဲရေးဝန်ကြီးတဦးကို ခေါင်းဆောင်တင်ပြီးတော့ ဖွဲ့စည်းခဲ့တယ်လို့ ထင်ပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဦးအောင်သိန်း ။ ။ မှန်ပါတယ်ခင်များ။ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူလုပ်တာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ လူ့အခွင့်အရေးကော်မရှင်မှာ အကျဉ်းဦးစီးဌာနတွေ ချုပ်ကိုင်ရတဲ့လူ၊ လူတွေကို ဖမ်းတဲ့နေရာမှာ အဓိက တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးကို ခေါင်းဆောင်ထား ဖွဲ့စည်းခဲ့တော့ အဲဒီတုန်းက ထောင်မှူးကို လူ့အခွင့်အရေးကော်မရှင် ခန့်တယ်ဆိုတော့ မြေခွေးကို ကြက်ခြံစောင့်ခိုင်းတာနဲ့ အတူတူလို့ ဝေဖန်ခဲ့ကြပါတယ်။ ဒီတခါတော့ လက်ရှိအစိုးရဝန်ထမ်းတဦးမှ မပါဘဲ ဖွဲ့စည်းခဲ့တဲ့ အရပ်သားအဖွဲ့အစည်းလို့ သူတို့ လုပ်ထားတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပထမဦးဆုံး အကြမ်းမျဉ်း ဦးအောင်သိန်းရဲ့  တုံ့ပြန်ချက်ကို ပြောပါခင်များ။

ဦးအောင်သိန်း ။ ။ ကျနော်အနေနဲ့ အခု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ဖွဲ့စည်းတဲ့ပုဂ္ဂိုလ်တွေ စာရင်းကို ကြည့်လို့ရှိရင် အငြိမ်းစားသံအမတ်နဲ့ အငြိမ်းစားတက္ကသိုလ် ပါမောက္ခ တော်တော်များများ ပါပါတယ်။ သူတို့က ဝန်ထမ်းဘဝက လာကြတဲ့လူတွေဖြစ်ကြတဲ့အတွက်ကြောင့် လက်ရှိကလည်း ဒီတာဝန်တွေကို အစိုးရက ပြန်ခန့်အပ်ထားတဲ့အတွက်ကြောင့် အစိုးရသြဇာအရှိန်အဝါက သူတို့နဲ့ ဆက်စပ်နေအုံးမယ်လို့ မှတ်ယူပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးမင်းလွင်ဦးအနေနဲ့ ဘယ်လိုသဘောရပါသလဲ။ အခု ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်နဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဦးမင်းလွင်ဦး ။ ။ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်တဲ့လူတွေက အာဏာပိုင်အဖွဲ့အစည်းတွေ ဖြစ်တယ်။ အဲဒီတော့ အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေကို ပြန်လည်အရေးယူနိုင်ဖို့၊ ပြန်လည်စုံစမ်းနိုင်ဖို့ ဆိုရင် ထိရောက်တဲ့ ဥပဒေကို ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်တဲ့ ပုဂ္ဂိုလ်တွေပါဝင်ဖို့ လိုတယ်ဆိုတာကို အကြမ်းမျဉ်းအနေနဲ့ ပြောချင်ပါတယ်။ ဒါမှလည်း ဥပဒေပြဌာန်းချက်တွေနဲ့ မညီတဲ့ ကိစ္စရပ်တွေကို ဖော်ပြပြီး အရေးယူဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ အခု ဥပဒေနဲ့ နီးစပ်တဲ့လူဆိုလို့ ပြည်နယ်ဥပဒေ အရာရှိဟောင်းတယောက်ပဲပါတယ်ဆိုတာကို တွေ့ရတဲ့အတွက်ကြောင့် ဒါကတော့ ဟန်ပြ အစီရင်ခံစာထုတ်ဖို့လောက်ပဲ လုပ်တယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ဒီလို လူ့အခွင့်အရေးကော်မရှင်တွေ ဘာတွေဖွဲ့တယ်ဆိုရင် terms of references ဘာတွေလုပ်ရမယ်ဆိုတာကို အရင် ဥပဒေအရ ပြဌာန်းလုပ်တယ်ဆိုတာ ရှိပါတယ်။ အခုတော့ မြန်မာပြည်မှာ အဲဒီကိစ္စကို ဘာမှမကြားသေးပါလား။ ဒီအဖွဲ့အစည်းရဲ့  လုပ်ပိုင်ခွင့်တို့ ဘောင်တို့ သတ်မှတ်ပေးတာ။ အဲဒါကို ဘယ်လိုမြင်ပါသလဲ။ မကြာခင် ထွက်လာမလား။

ဦးအောင်သိန်း ။ ။ အဲဒါနဲ့ ပတ်သက်လို့ သူတို့ ပထမအဆင့် ဖွဲ့စည်းတယ်လို့ပဲ ကျနော်တို့ ယူဆလို့ ရပါလိမ့်မယ်။ နောက်ပိုင်းတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ရှိလာပါလိမ့်မယ်လို့ ထင်ပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို တိတိကျကျ ပြဌာန်းထားမှသာ လူ့အခွင့်အရေး ချိုးဖောက်သူတွေရဲ့  တင်ပြတိုင်တန်မှုမှာ ဘယ်လိုလုပ်ထုံလုပ်နည်းတွေနဲ့ အရေးယူဆောင်ရွက်မလဲဆိုတာကို ပြတ်ပြတ်သားသား ပြဌာန်းရမှာ ဖြစ်ပါတယ်။ အဲဒါတွေ မပြဌာန်းဘဲနဲ့ ဒီ ကော်မရှင်လေး ဖွဲ့စည်းပေးလိုက်ရုံနဲ့ ပြီးပြတ်သွားမယ်ဆိုရင်တော့ ပြည့်စုံမှုမရှိဘူးလို့ ကျနော်ဘက်က ယူဆပါတယ်။

ဦးမင်းလွင်ဦး က နိုင်ငံတကာမှာလည်း လှုပ်ရှားနေတဲ့ လူ့အခွင့်အရေး ရှေ့ နေတဦးဆိုတော့ ကျနော်မေးချင်တာက မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဖြစ်ဖြစ် နှိုင်းယှဉ်ကြည့်ပေးပါ။ ထိုင်းနိုင်ငံမှာလည်း လူ့အခွင့်အရေး ကော်မရှင်ရှိတော့ သူတို့ရဲ့  ဖွဲ့စည်းပုံနဲ့ ကျနော်တို့ဆီဟာနဲ့ လောလောဆယ်မှာ နှိုင်းယှဉ်ကြည့်စရာ ဘာတွေ့ပါသလဲ။

ဦးမင်းလွင်ဦး ။ ။ တွေ့တာကတော့ ဒီထိုင်းနိုင်ငံမှာ ဖွဲ့စည်းတဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာက အစိုးရဝန်ထမ်း မဟုတ်တဲ့ လွတ်လပ်တဲ့ ဥပဒေပညာရှင်တွေ၊ ရှေ့ နေတွေ၊ တရားရုံးချုပ်၊ တရားသူကြီးတွေ ပါဝင်ပြီးတော့ ဖွဲ့စည်းထားတာ ဖြစ်တယ်။ နောက်ပြီးတော့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကနေ အောက်ကနေ ပြည်သူတွေ တိုင်တန်လာတဲ့ တိုင်တန်ချက်တွေ ရတာနဲ့ ချက်ချင်း အကျဉ်းထောင်တွေ၊ ရဲစခန်းတွေ၊ တရားစခန်းတွေမှာ စစ်ဆေးနေတဲ့ အမှုတွေကို ခေါ်ယူပြီးတော့ ပြင်ဆင်သုံးသပ်နိုင်တဲ့ အခွင့်အာဏာတွေ ပေးထားတာကို တွေ့ရတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ တော်တော်ကွာခြားတယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ အဲဒီလို အခွင့်အရေးမျိုး ရမယ့် ကော်မရှင်မျိုး ဖြစ်လာမယ်လို့ မမျှော်လင့်ဘူးပေါ့။

ဦးမင်းလွင်ဦး ။ ။ ဟုတ်ကဲ့ခင်များ။ အဲဒီလိုမျိုး ဖြစ်လာဖို့ဆိုရင် ဒီဥပဒေတွေကို တက်ကျွမ်းနားလည်းတဲ့ တရားရုံးချုပ် ရှေ့ နေတွေ တော်တော်များများ ပါဝင်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့လိုတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် တကယ်မေးချင်တာကတော့ ဒီ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတဲ့ကိစ္စကို နိုင်ငံရေးရှုထောင့်နဲ့ တရားဥပဒေရေးရှုထောင့် နှစ်ဖက်ဝေဖန် စမ်းစစ်ပြချင်တဲ့သဘော ဖြစ်ပါတယ်ဆိုတော့ ဆရာဦးအောင်သိန်း က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေးသမားတဦးဆိုရင် မမှားဘူးဆိုတော့ နိုင်ငံရေးအားဖြင့် ဒီကော်မရှင်ဖွဲ့စည်းတာကို ဘယ်လိုသုံးသပ်မလဲ။ ဒါဟာ အစိုးရအနေနဲ့ သူတို့ရဲ့  နိုင်ငံရေးအကျိုးအမြတ်ပဲလား။ သို့တည်းမဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေး။ တိုင်းပြည်မှာ လူ့အခွင့်အရေး တိုးတက်စေချင်တဲ့ နိုင်ငံရေးဆန္ဒနဲ့ တကယ်လုပ်သလားဆိုတာကို ဦးအောင်သိန်းရဲ့  သုံးသပ်ချက်ကို ကြားချင်ပါတယ်။

ဦးအောင်သိန်း ။ ။ နိုင်ငံရေးရှုထောင့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ နိုင်ငံတကာရဲ့  စံချိန်စံညွှန်းတွေ၊ နောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ အချက်အလက်တွေကို အပြည့်အဝ ခံစားခွင့်ရအောင် ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ နိုင်ငံရေးအမြင်ရှုထောင့်နဲ့ သုံးသပ်ပေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ပုံစံအရပဲ ဆောင်ရွက်ပြီး တကယ် အနှစ်သာရမပါဘူးဆိုရင် တိုင်းပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့လူနဲ့ ချိုးဖောက်ခံရတဲ့လူဆိုတဲ့ လူတန်းစားနှစ်လွှာ ပေါ်ပေါက်နေအုံးမယ်ဆိုတာကို တွေ့မိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးမင်းလွင်ဦးအနေနဲ့ မြန်မာနိုင်ငံအစိုးရ ဒီလို လူ့အခွင့်အရေးကော်မရှင်ဖွဲ့တယ်လို့ ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအားဖြင့် သူတို့ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ ထင်သလဲ။ တိုင်းပြည်ရဲ့  အခြေအနေ တိုးတက်လာစေချင်လို့ လုပ်ပါသလား။ သို့တည်းမဟုတ် တခြားရည်ရွယ်ချက် ရှိမလားလို့ ထင်ပါသလား။

ဦးမင်းလွင်ဦး ။ ။ ကျနော်တို့ မြန်မာနိုင်ငံက နိုင်ငံသားတွေရဲ့  အခွင့်အရေး တိုးတက်လာဖို့အတွက် ရည်ရွယ်ပြီးလုပ်ဆောင်တာ မဟုတ်ဘူးဆိုတာကတော့ ရှင်းပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် ကျနော်တို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတာနဲ့အတူ ပြည်ထောင်စုအတွင်းမှာပဲ ပြည်ထောင်စုအဆင့် နိုင်ငံသားများရဲ့  မူလအခွင့်အရေးနဲ့ ဒီမိုကရေစီရေး နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီကိုလည်း သူတို့ဖွဲ့စည်းထားတယ်။ အဲဒီအဖွဲ့မှာ အဖွဲ့ဝင် ၁၅ ဦးပါတယ်။ သက်တမ်းက တစ်နှစ် ရှိတယ်။ အဲဒီအဖွဲ့မှာလည်း ဥက္ကဋ္ဌဖြစ်တဲ့လူက ကြံ့ဖွံ့အတွင်းရေးမှူးဟောင်းလုပ်ခဲ့တဲ့ ဦးဌေးဦး ဖြစ်တယ်။ အဲဒီတော့ ဒီ အောက်မှာ ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားတဲ့ ကော်မတီကလည်း နိုင်ငံသားတွေရဲ့  အခွင့်အရေးတွေကို တိတိကျကျ ဖော်ဆောင်ပေးနိုင်မယ့် အခြေအနေမရှိဘူး။ အဲဒီအထဲမှာ ဥပဒေနဲ့ နီးစပ်တဲ့ လူတယောက်ဆိုရင် ကွန်ဟိန်းမဲဆန္ဒနယ်က ဒေါ်နန်ဝါနု တယောက်ပဲ ဥပဒေနဲ့ နီးစပ်တယ်ဆိုတာကို တွေ့ရတဲ့အတွက် နိုင်ငံသားတွေရဲ့  အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတာ မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ လိုအပ်လာလို့ရှိရင် အစီရင်ခံစာတွေထုတ်မယ်။ စုံစမ်းစစ်ဆေးမှု ဥပဒေကို အတွင်းကြိတ်လုပ်မယ်ဆိုတဲ့ သဘောလောက်နဲ့ ဖွဲ့စည်းထားတယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပါတီတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ပြောကြားတာကို မတွေ့ရသေးပါဘူး။ သူတို့တတွေ ဆက်လက်စောင့်ကြည့်နေတယ်လို့ ထင်ပါတယ်။ ဆရာဦးအောင်သိန်းတို့ရဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဘာမှမပြောလာသေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံကို လူ့အခွင့်အရေးအရ ကြည့်လိုက်ရင်တော့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို မလွတ်သေးဘူးဆိုတာကို လူတိုင်းက ပြောနေကြပါတယ်။ ဒီ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်ကို မျှော်လင့်ချက်တွေ ပိုထားလာနိုင်တဲ့အခြေအနေ ရှိပါသလား။ ပြည်သူတွေရဲ့  အဲဒီလို မျှော်လင့်ကြပါသလား။

ဦးအောင်သိန်း ။ ။ ဘာပဲပြောပြော နိုင်ငံရေးအကျဉ်းသားတွေကလည်း လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အထဲမှာ အဓိကပါဝင်နေသူ ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ယုံကြည်ချက်အရ အကျဉ်းကျခံနေရသူတွေဟာ အများအကျိုးအတွက်၊ အများအတွက်ကို ရည်ရွယ်ပြီး လုပ်ကိုင်ဆောင်ရွက်တာကို ကျနော်တို့ တွေ့ရတယ်။ ဥပမာ ပြောရရင် နိုင်ငံရေးပါတီဝင်လည်း မဟုတ်တဲ့ ကိုထင်ကျော် ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကုန်ဈေးနှုန်းကြီးမြှင့်တာကို ဆန္ဒထုတ်ဖော် ပြောဆိုခဲ့တယ်။ အဲဒီလို ဆန္ဒထုတ်ဖော်ပြောဆို ကုန်ဈေးနှုန်းကြီးတာကို ပြောတဲ့လူဟာလည်း သူမှာ နိုင်ငံသားတယောက်အနေနဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်အရ ပြောဆိုတာဖြစ်တယ်။ အဲဒီလို လူမျိုးကို နှစ်ရှည်ထောင်ဒဏ်တွေ ချပစ်လိုက်တယ်ဆိုတာ ဒီလူတွေကို အမြန်ဆုံးလွတ်ပေးဖို့ အချိန်လည်းသင့်ပါတယ်။ အဲဒီလိုမှ လွတ်ပေးနိုင်ခြင်း မရှိဘဲနဲ့ ဒီလို အမျိုးမျိုးကော်မရှင်တွေဖွဲ့တယ်။ အမျိုးမျိုး အစီအစဉ်တွေ လုပ်နေမယ်ဆိုရင် အချိန်ကြန့်ကြာလာသည်နဲ့အမျှ အကျိုးမရှိဘူးပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒီအတွက်ကော မျှော်လင့်ချက်ထားနိုင်ပါသလား။ ဒီ ကော်မရှင်က အဲဒီလူတွေ လွတ်မြောက်ရေးအတွက် တစုံတရာ ပြောလာနိုင်မယ် ထင်ပါသလား။

ဦးအောင်သိန်း ။ ။ ကော်မရှင် က ပြောကောင်းပြောလာပါလိမ့်မယ်။ အဓိကကျတာကတော့ သမ္မတနဲ့ အစိုးရအဖွဲ့ပေါ်မှာ အခြေခံပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အခု ဖွဲ့စည်းလိုက်တဲ့ အမျိုးသားကော်မရှင်ကိုတော့ အကြမ်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ပြဌာန်းထားတဲ့ နိုင်ငံသားတွေရဲ့  ရပိုင်ခွင့်အခွင့်အရေးကို ကာကွယ်ဖို့ ဆိုပြီး သတင်းစာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို နည်းနည်း ကိုမင်းလွင်ဦး လေ့လာမိသလောက် နိုင်ငံသားတွေရဲ့  အခွင့်အရေး ဘယ်လောက်ကာကွယ်ထားပါသလဲ။ နိုင်ငံသားတွေရဲ့  အခွင့်အရေးတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပါသလား။

ဦးမင်းလွင်ဦး ။ ။ အားလုံးပြီပြည့်စုံတဲ့ ကိုက်ညီမှုတော့ မရှိပါဘူး။ ဘာကြောင့်လည်းဆိုရင် မြန်မာနိုင်ငံအတွင်းမှာ လက်ရှိပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ဆန့်ကျင်ခြင်းမရှိရေးဆိုတဲ့ ကန့်သတ်ချက်တခု ပါနေတဲ့အတွက် ဒီလို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တယ်၊ ဝေဖန်နိုင်တယ်၊ ရေးသားနိုင်တယ်ဆိုတဲ့ နေရာတွေမှာ အကန့်အသတ်ရှိတယ်။ ဒီ ဥပဒေတွေက နိုင်ငံတကာစံနဲ့ တွက်ကြည့်ရင်တော့ မကိုက်ညီဘူးလို့ ပြောနိုင်ပါတယ်။ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ထည့်ရေးထားရုံနဲ့ မလုံလောက်ပါဘူး။ ဥပမာတခု ပြောရရင် ဖွဲ့စည်းပုံ ဥပဒေမှာ နိုင်ငံသားတယောက်ကို ၂၄ နာရီထက် ချုပ်နှောင်းမထားရ။ နောက် တရားဥပဒေဆိုင်ရာ အခွင့်အရေးအရ အများပြည်သူရှေ့ မှောက်မှာ စစ်ဆေးစီရင်ရမယ် စတာတွေ ပါပေမယ့် လက်ရှိ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေက ဒါတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာကို တွေ့ရတယ်။ အဲဒီတော့ ဒီလို ဆန့်ကျင်ဘက် ဖြစ်နေတဲ့ လုပ်ဆောင်ချက်တွေကို ဒီ အမျိုးသားအခွင့်အရေးကော်မရှင်ကနေ ဘယ်လိုမျိုး ကုစားပေးမှာလဲ။ သံအမတ်ဟောင်းတွေ ဘယ်လိုမျိုး သက်သာမှုရှာပေးနိုင်မလဲဆိုတာကို ကျနော်ကတော့ နည်းနည်းမဟုတ်ဘူး၊ တော်တော်ကြီး သံသယဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အခု လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းလိုက်ပေမယ့်။ အခုနပြောတဲ့ အခွင့်အရေးရရှိလာဖို့ဆိုတာက အလှမ်းဝေးနေသေးတယ်ဆိုတဲ့ သဘောလား။

ဦးအောင်သိန်း ။ ။ နီးမယောင်နဲ့ ဝေးနေအုံးမယ်လို့များ ပြောရမလား မပြောနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိအခြေအနေအရ အပြောင်းအလဲတွေကို လူတွေက မျှော်လင့်နေတယ်ဆိုတာကို တတိုင်းတပြည်လုံးက သိနေတဲ့အချက်ပါ။ ဘယ်လိုပြောင်းမလဲဆိုတာ ဒီနေ အဓိက ပြဿနာပါ။ အဓိကပြဿနာထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ ယုံကြည်ချက်အရ အကျဉ်းကျခံနေရသူတွေကို အမြန်ဆုံးလွတ်ပေးဖို့ကလည်း အဓိကအချက်တချက်အနေနဲ့ ပါဝင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုမင်းလွင်ဦး ကို နောက်ဆုံးတချက်မေးချင်တာက အခုနပြောတယ် သံအမတ်ဟောင်းတွေဆိုတာ အငြိမ်းစားသံအမတ်ဟောင်းတွေ ပါတယ်။ အရင်တုန်းက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ပါတယ်။ တချို့ ဝေဖန်သူတွေက ပြောကြတယ် - ဒီပုဂ္ဂိုလ်တွေဟာ တာဝန်ထမ်းဆောင်စဉ်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို မြန်မာနိုင်ငံအစိုးရဘက်ကနေ အပြင်းအထန်ခုခံခဲ့တဲ့ ဝန်ထမ်းတွေ ဖြစ်နေတယ်။ ဒါကြောင့် သူတို့ရဲ့  အတိတ်ဝန်ထမ်းဘဝမှာ ထမ်းဆောင်ခဲ့တဲ့ လွှမ်းမိုးမှုတွေ ဆက်လက်ရှိနေမယ်လို့ သုံးသပ်ကြပါတယ်။ အဲဒါကော ဘယ်လောက် ဖြစ်နိုင်ပါသလဲ။ အခု သူတို့က ဝန်ထမ်းမဟုတ်တော့တာ။ အဲဒီ သံသယကို ဖယ်ပြစ်လို့ မရဘူးလား။

ဦးမင်းလွင်ဦး ။ ။ အဲဒီလိုတော့ အလွယ်တကူ ဖယ်ပြစ်လို့တော့ မရနိုင်ပါဘူး။ အစောကပြောတဲ့ ဒီအထဲမှာပါတဲ့ သံအမတ်ဟောင်းတွေမက၊ ပါမောက္ခဟောင်းတွေလည်း ပါပါတယ်။ ပါမောက္ခဟောင်းတွေက တချိန်တုန်းက အမျိုးသားညီလာခံ ကျင်းပရေးအတွက် အားတက်သရော ပါဝင်ခဲ့သူတွေလည်းရှိတယ်။ နောက် ဖွဲ့စည်းပုံအခြေခံ ရေးဆွဲရေး မူကြမ်းရေးဆွဲရေးမှာ ပါခဲ့တဲ့လူတွေလည်း ရှိတယ်။ ဒါကြောင့် ပြောတဲ့အတိုင်းပဲ လုပ်ရမယ်ဆိုတဲ့သဘောပဲ ကျနော်အနေနဲ့ မြင်ပါတယ်။
http://www.voanews.com/burmese/news/

တိုင်းပြည်အတွက် အသုံးချခံရမှာကို မနှစ်သက်စရာ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2011-09-08

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တိုင်းပြည် ကောင်းစားရေး အတွက် အစိုးရရဲ့ အသုံးချခံ ဖြစ်မှာကို မိမိအနေနဲ့ စိုးရိမ် ပူပန်ခြင်း မရှိကြောင်း ဒီကနေ့ RFA ကို ပြောဆိုလိုက် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ မကြာခင်က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း အစိုးရက သူ့ကို အသုံးချနေတယ်လို့ ပြောဆိုသံ တချို့ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားပါ သလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က -

"အမေကတော့ အမေ့ကိုယ် အမေ အသုံးချခံရတယ်လို့ မမြင်ပါဘူး။ ပူးတွဲပြီးတော့ဘဲ လုပ်ဆောင်တယ်လို့ မြင်ပါတယ်။ တကယ်ဘဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည်အတွက် အသုံးချခံရတယ် ဆိုရင် မနှစ်မြို့စရာ အကြောင်း မရှိပါဘူး။ ယုံကြည်ချက်အတွက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ "

သောကြာည နဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း RFA က ထုတ်လွှင့်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် သောတရှင် တယောက်က မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
http://www.rfa.org/burmese