Friday, September 9, 2011

ယနေ့ ရွှေဈေး၊ ဒေါ်လာဈေးနှင့် အက်ဖ်အီးစီဈေး



by Myit Makha Mediagroup facebook on Friday, September 9, 2011 at 1:04am

ယနေ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်

၁၆ပဲရည်အခေါက်ရွှေဈေး တကျပ်သားလျှင် ကျပ် ၇သိန်း ရ ထောင်၊၊ ၁၅ ပဲရည် တကျပ်သားလျှင် ကျပ် ၆ သိန်း ၆ သောင်း ငါးထောင်၊၊ ဈေးပေါက်လျက်ရှိပါသည်။

အမေရိကန် တဒေါ်လာလျှင်ကျပ် ၇၄၄(Buy) ဈေးနှင့် FEC ယူနစ် လျှင် ကျပ် ၆၈၅(Buy)၊ ဈေးပေါက်လျက်ရှိသည်။ USD (Sell) က တဒေါ်လာလျှင် ၇၃၈၊ fec (Sell)က တယူနစ်လျှင် ကျပ် ၆၈၅ ဈေးပေါက်လျက်ရှိပြီး စင်ကာပူ ဒေါ်လာ တဒေါ်လာလျှင် ၆၀၅ ကျပ်ဈေးရှိပါသည်။

မနက်ပိုင်းအဖွင့်ဈေးများ ဖြစ်ပြီး ညနေပိုင်းတွင် ဈေးနှုန်း ထူးထူးခြားခြား ပြောင်းလဲပါက ထပ်မံဖော်ပြပေးပါမည်။

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင် ကွန်ယက်၊ သတင်းပြန်ကြားရေးကထုတ်ပြန်တဲ့ကြေညာချက်


http://www.mediafire.com/file/sjpxp6unm6pxlhv/Statement%20from%20PP.pdf
Statement From PP

ဗိုလ်ချုပ်ဆီသို့  ပို့ ပေးပါ

မြန်မာနိုင်ငံမှာ အခုဆိုရင် ဗိုလ်ချုပ်တွေ များမှများ ။ ထို့ ကြောင့် ဗိုလ်ချုပ်ဆီသို့  ပို့ ပေးပါဆိုလိုက်သည်နှင့် မည်သည့်ဗိုလ်ချုပ်ကိုများ ရည်ရွယ်ထားသလဲဟု သိချင်ကြလိမ့်မည် ။ မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်နှင့်  ယခုခေတ်မှ ဗိုလ်ချုပ်တွေကို ကျွန်တော် ဗိုလ်ချုပ် မခေါ်ချင်။ ဗိုလ်ချုပ်ဆိုသည်မှာ ဗိုလ်တကာ့ဗိုလ်ကို ထိမ်းသိမ်းကွပ်ကွဲသော အုပ်ချုပ်သော အရာရှိဖြစ်၍ ယင်းကဲ့ သို့  အုပ်ချုပ်သော ဗိုလ်ကိုမှ ဗိုလ်ချုပ်ဟု ခေါ်ရသည်။ ယင်းဘွဲ့ မျိုးကို ဗိုလ်ချုပ်အောင်ဆန်း တဦးတည်းသာ ပိုင်ခွင့်ရှိသည်။ ထိုက်ထိုက်တန်တန် ဗိုလ်ချုပ်အောင်ဆန်းမှာ ဗိုလ်ချုပ်နာမည်ဖြင့် ချီးမြှောက်ခံရသူဖြစ်သည်။ ယခုလည်း ဗိုလ်ချုပ်ဆီသို့  ပို့ ပေးပါဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်းကို ရည်ရွယ်ခြင်း ဖြစ်ပါသည်။ အကြောင်းမှာ လက်ထဲက သေနတ်ဖြင့် ပြည်သူကို ခြိမ်းခြောက် မုဒိမ်းကျင့်နေသော စစ်တပ်၏ ဗိုလ်ချုပ်များကို မခေါ်ဆိုကြောင်း သိစေချင်သည်။
ကျွန်တော်ပို့ ချင်သည်မှာ လက်ဆောင်ပစ္စည်းမဟုတ်၊ လက်ဆောင်ပစ္စည်းပို့ ၍လည်း ဗိုလ်ချုပ်ခမြာ ဘာမျှ သိမည်မဟုတ်၊ ခံစားနိုင်မည်လည်းမဟုတ်၊ သုံးဖြုံးနိုင်မည်မဟုတ်၊ တမလွန်ဘ၀မှာ ရောက်သွားခဲ့ ရှာပြီဖြစ်သော ဗိုလ်ချုပ်အား သတင်းတခုသာ ပေးလို၍ဖြစ်သည်။ ယင်းသတင်းကို ဗိုလ်ချုပ်ဆီသို့ သာ ပေးပို့  စေလိုခြင်းဖြစ်သည်။ မှတ်မိကြမည်ထင်သည်။ တလောက ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်သေးသမတ ဦးသိန်းစိန်တို့  နေပြည်တော်မှာ တွေ့ ဆုံကြဖြစ်သည်။ ဒေါ်စုခမြာ တချိန်လုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နှိပ်စက်မင်းမူခြင်း ဒဏ်ကို ခံခဲ့ ရသည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော် ခဲ့ ရသည်။ မိသားစုနှင့် အရှင်ကွဲ ကွဲသလို ၊ သေကွဲ ကွဲ ရသည်။ ခုတော့ ဒေါ်စုကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆောက်လုပ်ခဲ့ သောနေပြည်တော်မှာ ရုပ်သေးသမတ ဦးသိန်းစိန်က လက်ခံတွေ့ ဆုံနေပြီ ။ တွေ့ မဲ့ တွေ့ တော့ ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံရှေ့တည့်တည့်မှာဖြစ်သည်။
ယင်းကဲ့ သို့ တွေ့ ဆုံမူကို သတင်းတွေ လှလှပပ ကြေညာခဲ့ သည်။ နောက်ဆုံးတော့ ကျင်းပနေသော ပြည်သူ့ လွှတ်တော်မှာပင် ဒေါ်အောင်ဆန်းစုကြည့်အား ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကောင်စီတွင် ပါဝင်စေလိုသည်ဆိုသော တင်ပြဆွေးနွေးချက်တွေ ဖြစ်လာသည်။ ထောက်ခံကြ ဆွေးနွေးကြနှင့် ဟုတ်ပါ့မလား ပြောကြဆိုကြပြီ ။ မကြာပါ ။ မြန်မာနိုင်ငံကို ဗမာပြည်ဟု ခေါ်ဆိုသော သူကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကောင်စီတွင် မထည့်သင့်ဟု တင်ပြတာတွေ ဖြစ်လာသည်။ ပြီေးတာ့ ဒေါ်စုကို မပါဝင်စေဘဲ သမိုင်းဆရာကြီး ဦးထွန်းအောင်ချိန်က ဥက္ကဌအဖြစ် ဖွဲ့ စည်းတာဝန်ပေးခြင်း ခံရသည်။ သည်တော့ ကျွန်တော်တို့  စဉ်းစားရတော့မည်၊ ဒေါ်အောင်ဆန်းစုကြည်မှာ ဒီတချီနှပ်ပြစ်ခံ ရမည်ကို စိုးရိမ်မိသည်။ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံရှေ့မှာ ဓါတ်ပုံအရိုက်ခံလိုက်ရသည်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာရေးအတွက် ဖြစ်သွားပြီဆိုလျှင် ဓါတ်ပုံပေါင်း တရာလောက် ရိုက်ကြရုံဘဲ ရှိသည်။ ခုတော့ တပုံထဲနှင့် အလုပ်ဖြစ်မည် မထင်။
ယခုသက်သေပြလိုက်ပြီ ။ ပို၍အားမနာသည်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်း၏မြေး ဦးသန်းမြင့်ဦးက ဒေါ်အောင်ဆန်းစုကြည့်နှင့် သွားရောက်တွေ့ ဆုံခြင်း ပြုလုပ်သွားသည်။ ကုန်ခဲ့ သည့်နှစ်က က အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့  ဆီးနိတ်လွှတ်တော်များနှင့် ကြားနာပွဲတွင် ဦးသန်းမြင့်ဦးက စီးပွါးရေးပိတ်ဆို့ မူကို မပြုလုပ်ဖို့  လိုသည်ဟု ခါးခါးသီးသီး တင်ပြခဲ့ သည်။ တဖက်မှာ နိုင်ငံရေးအကျဉ်းသားတွေ မလွပ်မြောက်သေးသမျှ စီးပွါးရေးပိတ်ဆို့ မူကို ဆက်လက်ထားသင့်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က တောက်လျှောက် တောင်းဆိုနေသည်။ ယင်းကဲ့ သို့  နိုင်ငံရေးပြသနာကို ဦးသိန်းမြင့်ဦးက စစ်အစိုးရဖက်မှ ၀င်ရောက်ကာကွယ် ပြောကြားနေမူသည် ဒေါ်အောင်ဆန်းစုကြည့်နှင့် ယှဉ်ပြိုင်ဖက် အကြီးစားရန်သူဖြစ်သည်။ စစ်အစိုးရသည်ပင် ဒေါ်အောင်ဆန်းစုကြည့်၏ ပေါ်လီစီကို ထိထိရောက်ရောက် ပြန်လှန် မချေပ။ ခုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ပြောသမျှ ခြေထောက်နှင့် လိုက်ဖျက်သူ ဦးသန်းမြင့်ဦးက ဒေါ်စုနှင့် လာတွေ့ နေပြီ။ သူတွေ့ တာ မည်သူက အမြတ်ရမည်နည်း။ တခုတော့ရှိသည်။ အရှုံးကြီး ရှုံးသည့်သူမှာ ဦးသန်းမြင့်ဦးဖြစ်သည်။ အကြောင်းမှာ အဘိုးဖြစ်သူ နာမည်ကို ခုတုံးလုပ်ပြီး သွားရောက်တွေ့ ဆုံနိုင်ပေမင့် ဒေါ်စုနှင့် တွေ့ဆုံမူမှာ သူ့ အတွက် အားရှိလှသည်မဟုတ်။
အမေရိကန်အစိုးရသည် နအဖစစ်အစိုးရနှင့်ကော ယခုအစိုးရသစ်ကိုပါ ချဉ်းကပ်မူမျိုး နည်းပေါင်းစုံနှင့် တွေ့ ဆုံခဲ့ ဖူးပြီ။ သူတို့ ၏ ဆန္ဒကိုလည်း ယခုရောက်နေသော အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ် မယ်ချယ်က ပြောပြီ ။ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးပါဆိုသော စကားကို သူလည်း ခုတခါ ပြောဖြစ်ပါသည်။ ကျွန်တော်တို့ သည် မည်သည့် နိုင်ငံတကာ ခေါင်းဆောင်မျိုးမဆို မြန်မာနိုင်ငံက သမတပါ ပါမွှားဝန်ကြီးအထိပါ တွေ့ ဆုံကြပြီဆိုလျှင် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးကို တောင်းဆိုကြမည်ဟု ယုံကြည်ထားပြီးသူဖြစ်သည်။ သို့ အတူ စစ်အစိုးရဖက်ကလည်း ယင်းသို့  ပြောဆိုမည်ကို သိရှိထားပြီးဖြစ်သည်။ ထူးမခြားနား ဖြေဆိုပေါင်းလည်း များလှပါပြီ။ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုသော အဖြေသည် အကြိမ်တထောင်မက စစ်အစိုးရ က ပြောဆိုခဲ့ သလို ယခုရုပ်သေးသမတဦးသိန်းစိန် အစိုးရကလည်း ပြောဆိုပြီးပါပြီ ။
သည်တော့ ဤနေရာမှာ အချိန်ကာလ ဆိုသော စကားကို သတိရလာသည်။ လုပ်သင့်သောအချိန်၌ မလုပ်ဖြစ်လျှင် မအောင်မြင်မူများလည်း ရှိတတ်သည်ကို သိရှိသည်။ လုပ်သင့်သော အချိန်ကာလများမှာ နှစ်ပရိစ္ဆေဒ များလွန်းမက များခဲ့ ပါပြီ။ ယင်းအချိန်၏ ဒဏ်ကို ကုစားရန် လိုနေပြီ။ မည်သူတွေက ကုစားပေးရန် လုပ်ပေးကြပါမည်နည်း။ ယနေ့ ကမ္ဘာတွင် အာဏာရှင်နိုင်ငံတွေ၌ စစ်အာဏာရှင်တွေ ဖြုတ်ချခံနေရသည်။ ရာဇပလ္လင်မှာ ဖင်မမြဲဘဲ ထွက်ပြေးနေကြရသည်။ လစ်ဗျားက စစ်အာဏာရှင်ခေါင်းဆောင် ကဒါဖီမှာ ထွက်ပြေးပုန်းအောင်းနေရပြီ ။ ယခုကဲ့သို့  အာဏာရှင်တွေ တဖြုတ်ဖြုတ်ကြွေကျနေချိန် မြန်မာနိုင်ငံက စစ်အာဏာရှင်တွေ မကြွေကျရကောင်းလားဆိုကာ နေတိုးအဖွဲ့ နှင့် အမေရိကန်နိုင်ငံတို့ ကို အားမလိုအားမရ ဖြစ်လာကြသည်။ မြန်မာနိုင်ငံက ရေနံ မထွက်လို့  ၊ အားကျစရာမရှိလို့  စသည်ဖြင့် ပြောဆိုဝေဖန်ကြသည်။ မည်သည့်အကြောင်းနှင့် မဆို စစ်အာဏာရှင်တွေကို ဖြုတ်ချချင်ကြသည်မှာ မြန်မာနိုင်ငံသားတို့  ဆန္ဒဖြစ်နေသည် ။ လက်နက်နှင့် အနိုင်ကျင့်နေသော စစ်အစိုးရကို အင်အားကြီးနိုင်ငံများက မတိုက်ခိုက်ပေးသမျှ စစ်အစိုးရမှာ ယခုအတိုင်းဘဲ ရှိနေမည် ဖြစ်သည်။ ဤအချက်ကို အနောက်နိုင်ငံနင့် နေတိုးအဖွဲ့ က အချိန်ကာလကို တွက်ချက်ကာ တိတိကျကျ မလုပ်ပေးခြင်းဖြစ်သည်။
ကျင်းပနေသော ပြည်သူ့ လွှတ်တော်သည် ပြည်သူများအတွက် မည်သည့်အကြောင်းအရာ တခုကိုမျှ အာမခံချက် ပေးနေသည့် လွှတ်တော်မဟုတ်။ ပုတ်သင်ညို ခေါင်းညိတ် လွှတ်တော်သာ ဖြစ်သည်။ တချို့ က လွှတ်တော်တွင် မတရားမုဒိမ်းပြုကျင့်ခံနေကြသော လွှတ်တော်ကိုယ်စားလှယ်များအဖြစ် မြင်နေကြသည်။ သူတို့ ကလည်း လွပ်လွပ်စွာ တင်ပြနိုင်ခွင့် မရှိသလို ရက်ပေါင်း( ၁၀၀ ) အစိုးရကလည်း ဘာမျှ လုပ်ဆောင်သေးခြင်းမရှိပါဘဲ နအဖစစ်အစိုးရလက်ထက် ဆောင်ရွက်နေခဲ့ သော လုပ်ငန်းစီမံချက်များကို ချပြရှင်းပြ ဖြေကြားနေသည်ကိုသာ တွေ့ ရသည်။ ပြီးတော့ စစ်အစိုးရ၏ ယခင်ပုဂ္ဂိုလ်များက ဘာမျှမဖြစ်ခဲ့ သော အရာတွေကို ပြန်လည် ပြုပြင် လုပ်နေ ၊ ကာကွယ် လုပ်နေကြလို့ ကတော့ မည်သို့  တိုးတက်ဖြစ်ထွန်းနေမည်နည်း ။ အစိုးရအသစ်နှင့် အတွေးအခေါ်သစ်တွေကို ဆောင်ရွက်ကြ အကောင်အထည်ဖေါ်ဆောင်ကြ ဆိုလျှင် တနည်းမဟုတ် တနည်း တိုးတက် ဖြစ်ထွန်းမည်မှာ သေချာပါသည်။ ခုတော့ ဒုံရင်းသမားတွေ အလုပ်ကို ဒုံရင်းတွေကဘဲ ဆက်လက်ဦးစီး လုပ်နေလို့ ကတော့ ဒုံရင်းဘဲဖြစ်နေမည်မှာ သေချာသည်။
ရုပ်သေးသမတဦးသိန်းစန် ၏ အစိုးရမှာ စစ်အရေခွံ လှဲထားသော အစိုးရဖြစ်သည်။ ဤအစိုးရ၏ လုပ်ပုံလုပ်နည်းသည် တိကျ ရေရာမူ တစက်မျှမရှိ ။ အကြောင်းမှာ သူ့ နောက်က စစ်ဗိုလ်ချုပ်တွေက ယူနီဖေါင်းတွေနှင့် အာဏာတန်ခိုး ပြနေတုံး ။ အကယ်၍ တခုခုဖြစ်က အာဏာသိမ်းနိုင်သော ဥပဒေက တည်ရှိနေပြီးသား ။ သည်တော့ လှုပ်မရသော ရုပ်သေးအစိုးရမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုလည်း ကြောက်ရ ၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်လည်း ကြောက်ရနှင့် ဘာမျှအလုပ်မဖြစ်တော့ ။ ဤသို့  ဘာမျှ အလုပ်မဖြစ်သော ရုပ်သေးအစိုးရကို ယုံကြည့်သောသူအပေါင်းတို့ ထဲမှာ ဒေါ်အောင်ဆန်းစုကြည့်ကို မပါဝင် မပါတ်သက်စေလို ။ ယင်းမှာ ကျွန်တော်တို့ ၏ ဆန္ဒဖြစ်သည်။ တလောက ကြားလိုက်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ က ရွေးကောက်ပွဲ ၀င်ရမည် ဟုဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းမဟုတ်ဘဲ အနာဂါတ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် တခုလုံး ရုပ်သေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟု နိမိတ်ဖတ် ဟောပြောခဲ့ သည်ကို ကြားလိုက်ရသည်။ သူတို့  ပြောသည်မှာ တူတာတွေကို လုပ်ပြီး မတူတာတွေကို ဘေးဖယ်ကြမည်ဟု ဆိုထားသေးသည်။ သည်တော့ အတိုက်အခံ ဒီမိုကရေစီ သမားတွေက ဘာများလုပ်ကြရတော့မည်နည်း ။
ယင်းမှာ ရုပ်သေးအစိုးရနှင့် တွေ့ ဆုံမူများကို အခြေခံကာ ရုပ်သေးအစိုးရမှ ပြောဆိုရဲသောအချက်ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သည်သာ သူတို့ နှင့် မတွေ့ ဆုံခဲ့ ပါက သူတို့  ခုလို ပြောကြားရဲမည်မထင် ။ ကမ္ဘာက နိုဗယ်ငြိမ်းချမ်းရေးဆုရင်အဖြစ် ရွေးချယ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကောင်စီ ဖွဲ့ စည်းရေးတွင်လည်း မပါဝင်သလို မြန်မာကို ဗားမားလို့  ပြောခဲ့ သည့်အတွက် လက်မခံနိုင်ကြောင်း လွှတ်တော်မှာ တောင်းဆိုသွားခြင်းခံရသည်။ ယင်းကဲ့ သို့ တောင်းဆိုမူမှာ သွေးရိုးသားရိုး တောင်းဆိုခြင်းမဖြစ်နိုင် ။ ယင်းစကားသည် လွှတ်တော်ကိုယစားလှယ် တယောက်၏ ပြောပိုင်ခွင့်မ ရှိသော စကားသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သမတဦးသိန်းစိန် က နေပြည့်တော်မှာ အစိုးရဧည့်သည်တော်အဖြစ် လက်ခံတွေ့ ဆုံထားသော အမျိုးသမီး တယောက်ကို မျက်နှာ မထောက် ၊ ပြောဆိုသည့်သူ လုပ်ကိုင်နိုင်သည့်သူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းသာ ရှိသည်။ ထို့ ကြောင့် သမတဦးသိန်းစိန် ၏ သူဖေါ်သောဆေးကို သူမစားနိုင်ဘဲ ရောဂါနှင့် ဆေး မတည့်သည် ပြသနာ တွေဖြစ်နေရသည်။ ယခုဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံသည်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့  ရိုက်ခံခဲ့ သော နေရာမှာ ရှိပါလေစဟု သံသယဖြစ်နေမိသည်။ အကယ်၍ ရှိခဲ့ ပါက သမတဦးသိန်းစိန် အစိုးရမှာ ဒီမိုကရေစီ ဖေါ်ဆောင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချ နေမည်ဆိုပါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာလက်စောင်းထက်နေပါသလားဟု မေးစမ်းချင်ပါသေးသည်။ ယင်းအာဏာလက်စောင်း ထက်နေမူကို နိုင်ငံရေးပါးနပ်သော ဗိုလ်ချုပ်အောင်ဆန်းက ပို သိနေမည်ထင်သည်။ ထို့ ကြောင့် ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံရှိရာ နေပြည်တော်သို့  သတင်းထောက်များကို ပို့ ပေးကြစမ်းပါလို့  ပြောချင်ပါတော့သည်။ ဘာကြောင့် ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ မရှိတော့ တာ ကြာပြီဆိုသော သတင်းကြားနေရ၍့  ပင်ဖြစ်ပါသည်။


ခိုင်အောင်ကျော် ( နယူးယောက် )

၉.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ

http://www.mediafire.com/file/34prvl3ujbjp3t7/9%20Sep2011%20Yeyintnge%27s%20diary.doc

http://www.mediafire.com/file/0h1l4qxqhh7gg2j/9%20Sep2011%20Yeyintnge%27s%20diary.pdf

9 Sep2011 Yeyintnge's Diary

ကရင်နီသမိုင်းထဲမှာ အရေးကြီးတဲ့ အာဇာနည်နေ့


ရေးသားသူ - နှောင်းလှိုင် သောကြာနေ့, 09 စက်တင်ဘာလ 2011 20:58

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့သည် ၆၃ ကြိမ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့ ဖြစ်သည်။

၁၉၄၈ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေး ခေါင်းဆောင် ဦးဘီတူရီသည် ဦးနု ခေါင်းဆောင်သော ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး-ဖဆပလ အစိုးရ အဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ဦးဘီတူရီ ကျဆုံးခဲ့ရသည့် စက်တင်ဘာလ ၈ ရက်နေ့ကို ကရင်နီအမျိုးသား အာဇာနည်နေ့အဖြစ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ- KNPP က အမှတ်တရ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ကရင်နီအမျိုးသား အာဇာနည်နေ့နှင့် ပတ်သက်ပြီး KNPP အတွင်းရေးမှူး ဖြစ်သည့် ခူဦးရယ်ကို ကန္တာရ၀တီတိုင်း(မ်) သတင်းထောက် နှောင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။

ကရင်နီ အာဇာနည်နေ့ဟာ ကရင်နီ သမိုင်းကြောင်းမှာ ဘယ်လောက် အရေးပါလဲ။

ကျနော်တို့ သတ်မှတ်တဲ့ ကရင်နီ အမျိုးသား အာဇာနည်နေ့ကတော့ ဗမာပြည် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ခေါင်းဆောင်တယောက် ကျဆုံးတဲ့နေ့ကိုပဲ အမှီပြုပြီးတော့ အာဇာနည်နေ့အဖြစ် သတ်မှတ်တယ်။ သမိုင်းဦး ကာလတုန်းက ကရင်နီကို ယွန်း တွေလာရောက် တိုက်ခိုက်တုန်းကလည်း စွမ်းစွမ်းတမံ တိုက်ပွဲဝင်သွားတဲ့ ခေါင်းဆောင်တွေ အများကြီးရှိမှာပါ။ဒါပေမယ့် ကျနော်တို့ အဲဒီအထိ လက်လှမ်းမမှီဘူး။ ဟိုတုန်းကရှိခဲ့တဲ့ သမိုင်းအရ ကရင်နီမှာ အာဇာနည်လို့ သတ်မှတ်တဲ့ လူပုဂ္ဂိုလ်၊ ခေါင်းဆောင်တွေကလည်း မရှိခဲ့ဘူး။

နောက်လာတဲ့ သမိုင်းကြောင်းအရ ဗမာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၈ ပေါ့နော်။သြဂုတ်လ ၉ ရက်နေ့ ဗမာပြည် ပထမဆုံးအကြိမ် အစိုးရဖွဲ့ပြီး အုပ်ချုပ်ခဲ့တဲ့ ဖဆပလ အစိုးရနဲ့ ကျနော်တို့ဆီက တချို့သော အမျိုးသား သစ္စာဖောက်တွေကနေပြီးတော့ အဲဒီအချိန်ခါတုန်းက လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီမှာ ဥက္ကဌဖြစ်ခဲ့တဲ့ ကိုဘီတူရီကို သတ်ဖြတ်တဲ့ နေ့ရက်ကိုပဲ အမှီပြုပြီးတော့ အာဇာနည်နေ့ကို ကျနော်တို့ ခေတ်အခါ ကာလမှာ သတ်မှတ်တဲ့ အာဇာနည်နေ့ဖြစ်တယ်။ ကရင်နီသမိုင်းနဲ့ ပြောမယ်ဆိုရင်တော့ အရေးကြီးတဲ့ နေရာမှာပါတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။

ဦးဘီတူရီရဲ့ ရည်ရွယ်ချက် လမ်းစဉ် ရှိလား။ ရှိရင် သူ့ရဲ့ လမ်းစဉ် ဘယ်လောက်အောင်မြင်ပြီလဲ။

ကိုဘီတူရီကတော့ တရားသူကြီး တယောက်လည်းဖြစ်တယ်။ မြောက်ဘောလခဲနယ်ရဲ့ အကြီးအကဲလည်းဖြစ်တယ်။ အထူးသဖြင့် ကျနော်တို့ ကရင်နီပြည်ရဲ့ သမိုင်းကြောင်းအရ လွတ်လပ်ခဲ့တဲ့ အစဉ်အလာကို ဆက်လက်ပြီးတော့ ထိန်းသိမ်းချင်တဲ့ စိတ်ရှိတယ်။

သူမဆုံးခင်အထိ လွတ်လပ်သော ကရင်နီပြည်ထောင်စု ကောင်စီမှာ ဥက္ကဌလုပ်တဲ့ချိန်မှာ ပေါ်လစီရယ်၊ မူရယ်လို့တော့ မရှိဘူးဗျ။ ဒါပေမယ့် အဲဒီအချိန်တုန်းက အင်္ဂလိပ်လို သူရေးထားတဲ့ ကရင်နီပြည်အတွက် အခြေခံဥပဒေဆန်တဲ့ ကရင်နီမူကတော့ လွတ်လပ်သော ကရင်နီ ပြည်ထောင်စု ဖြစ်ရမယ်။ ကရင်နီပြည်ထောင်စု ထဲမှာဆိုရင် ဘောလခဲ၊ ကျယ်ဖိုးကြီး၊ ကန္တာရ၀တီ ဆိုတဲ့ နယ် သုံးနယ်ရှိရမယ်။ နောက်ပြီးတော့ ကျနော်တို့ ကရင်နီပြည်မှာ မှီတင်းနေထိုင်ကြတဲ့ ကျနော်တို့ ကရင်နီ၊ ပဒေါင်၊ ပရဲ၊ ယင်းပေါ်၊ မနူမနော၊ ပကူး၊ ယင်းသလဲ ဒါတွေက ကျနော်တို့ ကရင်နီပြည်က ဌာနေတိုင်းရင်းသားတွေ ဖြစ်တယ်လို့ ရေးထားတာရှိတယ်။

အစိုးရဆိုရင် သမ္မတ ရှိမယ်၊ ဒု-သမ္မတ ရှိမယ်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးဝန်ကြီးတွေရှိမယ်။ နောက်ကျန်တဲ့ လိုအပ်မယ့် ဌာနဆိုင်ရာဝန်ကြီး ဌာနတွေဖွဲ့မယ်။ အဲလိုဟာမျိုးတွေ သူရေးထားတယ်ဆိုတော့ သူ့ရဲ့မူပေါ်လစီလို့ပဲ ကျနော်တို့အကြမ်းဖျင်း ပြောလို့ရတာပေါ့နော်။ ဒါသူ့ရဲ့ ခြေယာလက်ယာ၊ သူ့သဘောထားတွေပဲ။ ဒီတိုင်းဆက်ပြီးတော့ ထိန်းသိမ်း ရပ်တည်ရမယ်ဆိုတဲ့ သဘောမျိုး ဖြစ်တယ်။

ဘယ်လိုလူတွေကို အာဇာနည်သူရဲကောင်းလို့ သတ်မှတ်ထားလဲ။

အာဇာနည်ဆိုတဲ့ စံချိန်စံနှုန်းကို ဘယ်လိုသတ်မှတ်တာလဲဆိုတော့ ကျနော်တို့ အာဇာနည်လို့ ယျေဘုယျအားဖြင့် အစည်းအဝေးတွေမှာ နှစ်ကြိမ် သုံးကြိမ် ကျနော်တို့ ဆွေးနွေးကြတာရှိတယ်။ယနေ့အထိ ကျနော်တို့ ဥပဒေအထိ အသက်ဝင်ပြီလို့ ပြောလိုမရသေး ဘူးပေါ့နော်။ ဒါပေမယ့် အကြမ်းအားဖြင့် ကျနော်တို့ သဘောတူထားကြတာကတော့ ကျနော်တို့ အမျိုးသား လွတ်မြောက်ရေးမှာပေါ့နော်.. အထူးသဖြင့် ဗမာအုပ်ချုပ်မှုအောက် ကျရောက်သွားပြီးနောက် ဖြစ်ပေါ်နေတဲ့ အခြေအနေအောက်မှာ ကြည့်ပြီးပြောကြတာကတော့ အမျိုးသားတခုလုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့နေရာမှာ အနစ်နာခံပြီးတော့ အသက်သွေးချွေးပေးသွားတဲ့ ခေါင်းဆောင်တွေ တပ်မှူး၊ ပြည်သူ၊ ရဲဘော်တွေအားလုံးကို ကျနော်တို့ အာဇာနည်အဖြစ် သတ်မှတ်သင့်တယ်လို့ ကျနော်တို့အဲသလို ဆွေးနွေးချက်ရှိတယ်။

အကြမ်းဖျင်းတော့ စာနဲ့ပေနဲ့ မှတ်တမ်းတင်ထားတာရှိတယ်။ ဒါပေမယ့် ဥပဒေအဖြစ် အသက်ဝင်ဖို့တော့ ကနေ့ထိ ကျနော်တို့ အတည်မပြုရသေးဘူး။ဥပဒေတခုခု အတည်ပြုဖို့ ဆိုတာက ကျနော်တို့ ကွန်ဂရက်မှာ သေချာညှိနှိုင်း အတည်ပြုပြီးမှပဲ သတ်မှတ်လို့ရတယ်။ အသက်ဝင်တာပေါ့နော်။

ကရင်နီ အာဇာနည်နေ့ကို ကရင်နီလူမျိုးတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိကြလား။

နှစ်ပေါင်း ၆၀ ကျော်လောက်ကို စစ်အုပ်စုတွေရဲ့ အုပ်ချုပ်မှုအောက်မှာပဲ မျက်စိမှိတ်ပြီးတော့နေကြတဲ့ ကာလတလျှောက်လုံးမှာ အများစုက တော်တော်များများ မသိကြဘူးလို့တော့ အကြမ်းဖျင်းသိရတယ်။ ကိုဘီတူရီ သေဆုံးတဲ့နေ့ကို ကျနော်တို့ KNPP ကနေပြီးသတ်မှတ်တာဆိုတော့ အများပြည်သူကတော့ တော်တော်လည်း မသိကြဘူး။နောက်ကျနော်တို့ကလည်း အများသိအောင်လည်း စာနဲ့ပေနဲ့ ကျနော်တို့ ဖြန့်ပြီးတော့ ကြေညာတာမျိုးလည်း မလုပ်ဘူး။ ဒါပေမယ့် ကျနော်တို့ သမိုင်းကဏ္ဍ တခုမှာကတော့ကျနော်တို့ ထည့်ထားတာတော့ ရှိတာပေါ့။

ကျနော်တို့သမိုင်းကို လွတ်လွတ်လပ်လပ်လည်း ဖော်ထုတ်ရေးသားနိုင်တဲ့ အခွင့်အရေးလည်း မရဘူး။ ပြောဆို၊ လေ့လာပိုင်ခွင့်လည်း မရှိတဲ့ခါကျတော့ ကိုယ့်ရဲ့သမိုင်း နောက်ကြောင်းကိုသိတဲ့ ကရင်နီပြည်သူ အမျိုးသားတွေက တော်တော်လေးကိုနည်းပါးပါတယ်။ ဒါကတော့ ကျနော်တို့ နေရတဲ့ အခြေအနေကြောင့်လို့ အဲလိုနားလည်ရမှာပဲ။

ပြည်ပမှာကတော့ ဒီအာဇာနည်နေ့တခုတည်း မဟုတ်ပါဘူး။ တခြားအမျိုးသားနေ့၊ တော်လှန်ရေးနေ့တို့ နေ့ထူးနေ့မြတ်တွေနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက်တော့ ကျနော်တို့ စဉ်ဆက်မပြတ် အခမ်းအနားတွေကို နောင်လာနောက်သားတွေသိသွားအောင် ကျနော်တို့ လုပ်ပေးနေတာကတော့ တဖြည်းဖြည်းနဲ့ အဲဒီကနေအစပြုပြီး အများပြည်သူတွေ သိမြင်လာလိမ့်မယ်လို့တော့ ကျနော်တို့ ယုံကြည်တယ်။ ဒါကြောင့် စဉ်ဆက်မပြတ် ဒီလို နေ့ထူးနေ့မြတ်ကို ကျနော်တို့ ကျင်းပနေရတာဖြစ်တယ်။

ပြည်တွင်းမှာ ကရင်နီအာဇာနည်နေ့ကို ဘယ်လိုကျင်းပကြလဲ။ ကျင်းပခွင့်တွေ ရလား။

သူတို့ရဲ့ အခြေအနေကတော့ နေ့ထူးနေ့မြတ်တွေဆိုလို့ ကျနော်တို့ ရိုးရာဓလေ့ နေ့ထူးနေ့မြတ်တွေကလွဲရင် ဥပမာ-တံခွန်တိုင်ပွဲ၊ ဒီးကူပွဲ စသည်ဖြင့်ပေါ့။အဲဒီလိုရိုးရာနဲ့ ဆက်နွယ်ထားတဲ့ နေ့ထူးနေ့မြတ်ကလွဲရင် ကျန်တဲ့ ခုနကျနော်တို့အမျိုးသားရေး လက္ခဏာ ဆောင်တာ ဗမာအစိုးရတွေတော့ ဘယ်တော့အခါမှ ကျင်းပခွင့်မပြုပါဘူး။ အဲဒါကြောင့် သူတို့ကျင်းပခွင့်မရှိတဲ့ အခြေခံအောက်မှာ အများစုကလည်း မသိကြတာဖြစ်တယ်။

(မှတ်ချက်။ ။ တံခွန်တိုင် -ကရင်နီ တိုင်းရင်းသား မျိုးနွယ်စုတွေအားလုံး စည်းရုံးမှုနှင့် ချစ်ခင်ရင်းနှီးမှု ရရှိရန်အတွက် ရည်ရွယ်သည်။ ကေ့ထျိုးဘိုးခေါ် တံခွန်တိုင်ကို ကရင်နီလူမျိုးများ၏ ဓလေ့ရိုရာအတိုင်း မပျက်မစီးသရွေ့ထောင်ထားရမည်ဟု ဆိုပါသည်။ ကေ့ထျိုးဘိုးတိုင်ကြီး ဖြောင့်မတ်နေသလို လူ၏ အတွင်းစိတ်နေသဘောထားလည်း ဖြောင့်မတ်မှန်ကန်စေရန် သတိပေးသည့် အနေဖြင့် ထာဝရ ထောင်ထားခြင်းဖြစ်သည်။

ဒီးကူ- ယွန်းလူမျိုးများ၏ ဖိနှိပ်ကျွန်ပြုမှုအောက်က လွတ်မြောက်ရန် အဓိက ဦးဆောင်ခဲ့ကြသည့် ကယား၊ ကယန်းနှင့် ကယော တို့ကိုရည်စူးပြီး ယနေ့ထိတိုင် မမေ့နိုင်စေရန် သုံးထောင့်ပုံသဏ္ဌာန် ကောက်ညှင်းထုပ်ကို သုံးခုလျှင် တစည်းတည်းဖြစ်အောင် ချည်နှောင်ထားသည်။ ယွန်းလူမျိုးများ အကုန်အစင် ဆုတ်ခွာသွားသည့် မိုးတွင်းကာလ စက်တင်ဘာလတွင် ဒီးကူပွဲကို ပြုလုပ်ကျင်းပကြသည်။)

KNPP က အခုလောလောဆယ် ဘာကိုဦးတည်ပြီး လှုပ်ရှားနေတာလဲ။

ကရင်နီပြည်ဟာ တသီးတခြား လွတ်လပ်ခဲ့တယ်ဆိုတာ ငြင်းကွယ်လို့မရတဲ့ သမိုင်းပဲ။ ဒါပေမယ့် နိုင်ငံရေးဖြစ်စဉ်ကတော့ အမြဲတမ်း ပြောင်းလဲနေတယ်။ပြောင်းလဲလာနေတဲ့ လူ့အသိုင်းအ၀ိုင်းရဲ့ အခြေအနေ၊ နိုင်ငံရေး အခြေအနေအဲလို အခြေအနေအရပ်ရပ်ကို အခြေခံပြီးတော့ ကျနော်တို့ သုံးသပ်ပြီးတော့ ရှုမြင်ဖို့လိုတယ်။ ကျနော်နားလည်တာကတော့ ဆုံးဖြတ်တယ်ဆိုတဲ့ နေရာမှာလည်း အားလုံးသဘောတခုတည်း ဖြစ်မှာတော့မဟုတ်ဘူး။ တချို့ကတော့ သီးခြားလွတ်လပ်တာမျိုးကို လိုချင်တာရှိတယ်။တချို့ကလည်းပဲ တခြားသော လူမျိုးတွေနဲ့ ပေါင်းဖက်ပြီးတော့ အတူတကွယှဉ်တွဲ နေထိုင်ချင်တဲ့လူ ရှိကောင်းရှိမှာပေါ့။

ကျနော်တို့ KNPP အနေနဲ့ကတော့ ကိုဘီတူရီတို့ သတ်မှတ်ထားတဲ့ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည် ပြန်လည်လွတ်မြောက်ရေးဆိုတဲ့အခြေခံ အောက်မှာ ရပ်တည်ခဲ့တာပေါ့။ ဒါပေမယ့်ခု နောက်ပိုင်းကတော့ ကျနော်တို့ ပြောင်းလဲလာနေတဲ့ နိုင်ငံရေးရေစီးကြောင်း အခြေခံအောက်မှာ လူထုဘ၀ရဲ့ အခြေအနေကို ဗမာပြည်နိုင်ငံရေး အတိုင်းအတာကတော့ စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင်း တခြားသော တိုင်းရင်းသားတွေနဲ့အတူတကွ ယှဉ်တွဲနေထိုင်မယ်ဆိုရင် လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး အခက်အခဲကို ကျော်လွှားနိုင်မယ်။ အေးတူပူမျှ ကျနော်တို့ ယှဉ်တွဲနေထိုင်နိုင်မယ်လို့မြင်တယ်။ အဲဒီလိုမြင်တဲ့အခြေခံအောက်မှာ ဖယ်ဒရယ်ပြည်ထောင်စုကိုသွားရင် ကျနော်တို့ သီးခြားလွတ်လပ်ပါတယ်ဆိုတဲ့ သီးခြားလွတ်လပ်ရေးဘက်ကို ပြန်ဦးတည်တာနဲ့စာရင် ပိုပြီးတော့ နည်းနည်းပါးပါး ခရီးပေါက်မလားဆိုပြီးတော့ ကျနော်တို့ စဉ်းစားတာပေါ့နော်။

အစိုးရနဲ့ ငြိမ်းချမ်းရေး စကားပြောဖို့ ရှိလား။

ကျနော်တို့ကတော့အမြဲတမ်းငြိမ်းချမ်းဖို့အတွက်ဆိုရင် စကားပြောဖို့အတွက်အဆင်သင့်ပဲ။ကျနော်တို့လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကျနော်တို့ အမြဲတမ်းပြောနေတာပဲ။ ကျနော်တို့ဖြစ်နေတဲ့ပြဿနာက နိုင်ငံရေးပြဿနာပဲ။ဒီနိုင်ငံရေး ပြဿနာကြောင့်ပဲ ငြိမ်းချမ်းမှုမရှိတာ။အဲတော့ ငြိမ်းချမ်းရေးစကားပြောရင်တော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့ စကားပြောဖို့လိုတယ်လို့ တိုက်ရိုက်ပြောရမှာဖြစ်တယ်။ အဲဒါနိုင်ငံရေးပြဿနာ၊ နိုင်ငံရေး စကားဝိုင်းမှာ မတွေ့ကြဘူး မပြောကြဘူးဆိုရင်ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရလည်း ပေါ်မလာနိုင်ဘူးပေါ့။

အခုဆိုရင် သမ္မတ သိန်းစိန်ကတော့ ကြေညာတာပါပဲ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တကယ်လို့များတွေ့ဆုံဆွေးနွေးချင်တယ် ဆိုရင်လို့ပဲ သူတို့က စကားခံထားတာ။ ကျနော်တို့ဘက်ကလည်း ဘယ်လိုစရမယ်ဆိုတဲ့ ကိစ္စလည်း အခက်အခဲတော့နည်းနည်းရှိတာပေါ့နော်။ဒါပေယ့် ကြေညာတာကိုတော့ ကျနော်တို့ ကြိုဆိုပါတယ်။ ကျနော်တို့ကို တရားဝင်ဖိတ်ခေါ်တယ်ဆိုရင် ကျနော်တို့ကို ထင်ထင်ရှားရှားသိသိသာသာ ခင်ဗျားတို့ကို ဖိတ်ခေါ်တယ် ပြန်လာကြ စကားပြောကြမယ်လို့ ပြောဖို့တော့ သင့်တာပေါ့။အခုက ဆန္ဒရှိရင်၊ တွေ့ဆုံဆွေးနွေးချင်ရင် ဆိုတော့ ကျနော်တို့က ဆန္ဒရှိမှ လုပ်ချင်မှဆိုတဲ့ သဘောမျိုး အဓိပ္ပါယ်ပေါ်တယ်လို့ နားလည်တယ်။

ကရင်နီလူထုတွေအနေနဲ့ KNPP ကို အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ တောင်းဆိုတာ ရှိလား။

ဒီနေ့အထိတော့ လူထုတွေကနေ တောင်းဆိုတယ်လို့ လောလောဆယ်တော့ မရရှိသေးဘူးပေါ့နော်။ အသံဖြစ်ဖြစ် သို့မဟုတ် တရားဝင် စာနဲ့ပေနဲ့တောင်းဆိုတာမျိုး ကျနော်တို့ မတွေ့ရသေးဘူး။ သူတို့ကလည်းပဲ ဗမာအစိုးရဘက်က သူတို့ကို တရားဝင်သွားရောက်တွေ့ဆုံဖို့ ခွင့်ပြုတာလား ခွင့်ပြုဖို့အတွက် သူတို့စောင့်မျှော်နေတာလား ကျနော်တို့ မသိနိုင်ဘူးပေါ့နော်။ဘာကြောင့် ယနေ့ထိ တောင်းဆိုမှု မလုပ်သေးတာလဲဆိုတာ မသိဘူး။ သူတို့စိုးရိမ်နေသးတာလား။ သို့မဟုတ် တရားဝင်ခွင့်မပြုသေးတာလား။ သို့တည်းမဟုတ် ကိုယ်ကနေပြီးတော့ပြည်နယ်အစိုးရ သို့မဟုတ်ရင်လည်း ဗမာအစိုးရကနေပဲ ကိုယ်စားလှယ်စေလွှတ်မှာကို သူတို့စောင့်နေတာလား ဘယ်လိုအခြေအနေရှိလဲဆိုတာ ကျနော်တို့လည်း မပြောနိုင်ဘူးလေ။
http://www.ktimes.org/

သန်းရွှေအလွန် (၃)


Published on September 9, 2011 by မင်းလွင်

ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ မတ်လ ၃၀ ရက်နေ့မှာ တရားဝင် ရာထူးလွှဲပြောင်း ယူပြီးတဲ့နောက်မှာ မြန်မာတပ်မတော်ထဲမှာ အဖွဲ့အစည်းပိုင်း ဆိုင်ရာ ပြောင်းလဲမှုတွေ သိသိသာသာ လုပ်ဆောင်လာတာကို ပြီးခဲ့တဲ့အပတ်က တင်ပြပြီး ဖြစ်ပါတယ်။

ဒီတပတ်မှာတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ သူကိုယ်တိုင်က တပ်မတော်ထဲမှာ တကယ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်ခဲ့လို့ လုပ်နေတာလား၊ ဒါမှမဟုတ် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဆန္ဒတွေကို လုပ်ဆောင် ပေးနေရတာလား…။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မြန်မာတပ်မတော်မှာ ဩဇာအာဏာ ဆက်လက်ရှိသေးတယ် ဆိုတာကို မြန်မာတပ်မတော်က အရာရှိဟောင်းတွေနဲ့ လေ့လာသုံးသပ်သူတွေရဲ့ သုံးသပ်ချက်တွေနဲ့ တင်ပြပေးသွားမှာပါ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို တရားဝင် လွှဲပြောင်းပေးလိုက်ပေမယ့် မြန်မာတပ်မတော်ရဲ့ အရေးကြီးတဲ့ အမိန်ပေးညွှန်ကြားမှုတွေကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေတယ်။ နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဦးစီချုပ်ရုံးလို့ခေါ်ဆိုတဲ့ အဆောက်အဦမှာ တပ်ချုပ်ကြီးရုံး ရုံးခန်းဖွင့်ထားပြီး တနိုင်ငံလုံးမှာရှိတဲ့ ကြည်းရေလေ တပ်ရင်းတပ်ဖွဲ့ အသီးသီးကို ဦးစီးကွပ်ကဲညွှန်ကြားနေတယ်လို့ မြန်မာစစ်တပ်ကအရာရှိတွေနဲ့ စစ်ရေးအကဲခတ်တွေက ပြောဆိုကြပါတယ်။

ထို့အတူပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း၊ တပ်မတော်ညှိနိုင်းကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ဟာ ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေကို နေ့စဉ် သတင်းပို့ပြီး ဦးသန်းရွှေရဲ့ အဆုံးအဖြတ်ကို နားထောင်ပြီးမှ စစ်ရေးကိစ္စတွေကို ဆောင်ရွက်ကြတယ်လို့လည်း ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ်က စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်ကတော့ ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ စစ်ဘက်အတွေ့အကြုံ နည်းနေသေးတယ်၊ ကာကွယ်ရေးဦးစီးချုပ်အဖြစ် အာဏာမရှိသေးဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ကြည့်ခြင်းအားဖြင့် လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ စစ်တပ်ကို နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ သုံးသပ်ပြောပါတယ်။

“အခုလုပ်နေတဲ့အရာမှန်သမျှ မင်းအောင်လှိုင်က သူ့ဝိတ်နဲ့သူ သုံးလို့ မရဘူး။ မင်းအောင်လှိုင်ဆိုတာ မနေ့တနေ့ကမှ တက်လာတာ။ ဘယ်လိုနည်းနဲ့မှ သူ့ဝိတ်က သုံးလို့မရနိုင်ဘူး။ သူ့မှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပါဝါက သူ့မှာ မရှိဘူး။ ကာကွယ်ရေး ဦးစီးချုပ်က သူ(ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ)ပဲ ဆက်ကိုင်ထားတာ။ အခု လှုပ်ရှားမှု အားလုံးကို သူပဲ ချုပ်ကိုင်ထားတာ။ ဒေါ်စုကို ဆွဲထိန်းထားတာ။ အားလုံးက သူ့နည်းနာတွေပဲ။ ကေအိုင်အေကို သူတို့ တိုက်တဲ့ ဖိနှိပ်တဲ့ ကိစ္စတွေက သူကလွဲရင် ဘယ်သူမှ မလုပ်နိုင်ဘူး။ ဗိုလ်သန်းရွှေပေါ့။ အများက သိတယ်၊ သူနောက်ကွယ်မှာ ရှိနေတယ်ဆိုတာကို။ ခုချိန်ထိ လေးလပတ်တွေ ဆိုရင် သူပါတာပဲလေ။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ အင်အား အာဏာ အပြန်အလှန် ထိန်းညှိဖို့အတွက် အစိုးရအဖွဲ့၊ တပ်မတော်၊ ပြည်ထောင်စုလွှတ်တော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လေးပွင့်ဆိုင်အနေအထားကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကနေ ချမှတ်ခဲ့ပါတယ်။

အရင်ကလို အထက်အောက် ဒေါင်လိုက် အမိန့်ပေးညွှန်ကြားတာမျိုး မဟုတ်တော့ဘဲ ဘေးတိုက် အပြန်အလှန် ညွှန်ကြားနေတာတွေကို တွေ့ရပါတယ်။

အဲဒီအတွက်လည်း စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိတပ်မတော်က ဗိုလ်ချုပ်တွေ ကြားထဲမှာ အခုလို အကူးအပြောင်းကာလအတွင်း ပြဿနာပေါ်နိုင်တယ်လို့လည်း စစ်ရေးလေ့လာသူတွေက ထောက်ပြတာတော့ ရှိပါတယ်။

အဲဒီအတွက်လည်း အစိုးရအဖွဲ့၊ တပ်မတော်၊ ပြည်ထောင်စုလွှတ်တော်နဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဒီလေးဖွဲ့ကို ထိန်းညှိနိုင်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက တရားမ၀င် နောက်ကွယ်ကနေ လုပ်ဆောင်ပေးနေတယ်လို့လည်း NDD ဒီမိုကရေစီနှင့် ဖွံဖြိုးတိုးတက်ရေးကွန်ရက်အဖွဲ့ သုသေတနဌာနက ဦးဌေးအောင်က အခုလို သုံးသပ်ပါတယ်။

“အကူးအပြောင်း ကာလမှာ ပြဿနာတွေ ရှိနိုင်တယ်လို့ ကျနော်ထင်တယ်။ နောက်တခုက ကျနော်တို့ လေ့လာတွေ့ရှိချက်အရ သူတို့ တချို့နေရာတွေမှာ ပြဿနာလေးတွေ ပေါ်နေတယ်ဆိုတဲ့ အနေအထားတွေ တွေ့ရတယ်။ စပ်ကူမတ်ကူး ကာလမှာတော့ ဒေါင်လိုက် ဖွဲ့စည်းပုံကနေ အလျားလိုက် ဖွဲ့စည်းပုံ ပြောင်းတဲ့အခါမျိုးမှာ နောက်ကနေပြီးတော့ အားလုံးကို ထိန်းညှိပေးနိုင်တဲ့ ပုံစံတမျိုးတော့ လိုနေတာ အမှန်ပဲ။ အဲဒီတော့ အဲဒီနေရာက ကာလုံလို့ ခေါ်တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေး အဖွဲ့ကလည်း ဒါမျိုးကို သိပ်လုပ်ပေးနိုင်မယ့် အနေအထားမျိုးလို့ ကျနော်က မထင်ဘူး။ အဲဒီတော့ ထိန်းညှိပေးဖို့က တရားဝင် ဖွဲ့စည်းပုံက မပါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး တို့က နောက်ကွယ်ကနေ ဒါကို ထိန်းညှိပေးမယ့် ပုံစံမျိုး ရှိနိုင်တယ်။ အဲဒါက တရားဝင် ဥပဒေနဲ့ တရားဝင်အာဏာနဲ့ မဟုတ်တောင်မှပဲ သူတို့ရဲ့ အစတုန်းက ရှိထားခဲ့ဖူးတဲ့ ဩဇာအရှိန်အ၀ါတွေနဲ့ သုံးပြီးတော့ ဒီကြားထဲမှာ ထပ်ပြီးတော့ ထိန်းညှိပေးနေတာမျိုးတွေ လုပ်နေတယ်လို့ပဲ ကျနော်က ယူဆတယ်။”

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ တပ်မတော်ကို နောက်ကွယ်ကနေ ထိန်းချုပ်ထားတာကို မြန်မာစစ်တပ်အတွင်းမှာ မကျေနပ်တဲ့ တပ်မှူးတွေ ရှိသလိုပဲ အကောင်းမြင်တဲ့ စစ်တပ်အရာရှိတွေလည်း ရှိနေပါတယ်။

ဦးသန်းရွှေ ရှိနေတဲ့အတွက်လည်း စစ်တပ်အတွင်းမှာ ၀ရုန်းသုန်းကား မဖြစ်နိုင်ဘူး၊ ဗိုလ်ချုပ်တွေကြားထဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ အတွင်းပဋိပက္ခတွေကိုလည်း ရှောင်ရှားနိုင်လိမ့်မယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

ဘယ်လိုပဲပြောပြော မြန်မာတပ်မတော်က အငြိမ်းစားအရာရှိတွေနဲ့ စစ်ရေးလေ့လာသူတွေကတော့ ဦးသန်းရွှေဟာ တပ်မတော်ကို နှစ်ပေါင်း ၂၀ နီးပါး ထိန်းချုပ်လာခဲ့တယ်၊ စစ်အုပ်ချုပ်ရေးယန္တရားကို သူရဲ့အတွေ့အကြုံနဲ့ ထိန်းကျောင်းလာခဲ့တာလို့ ပြောဆိုကြပါတယ်။

ဒါပေမယ့် ဦးသန်းရွှေဟာ မြန်မာတပ်မတော်ကို နောက်ကွယ်ကနေ ကြိုးကိုင်ထားတာဟာ မကောင်းဘူး၊ ဆိုးကျိုးဘက်ကိုပဲ ပိုမိုပြီး ဖြစ်စေတယ်လို့လည်း စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ခုလို သုံးသပ်ပါတယ်။

“အကျိုးထူးတော့ မရှိပါဘူး။ သူတို့လည်း မရှိတော့ဘူးဆိုရင် တိုင်းပြည်အတွက် ပိုကောင်းမှာပေါ့။ တပ်မတော်လည်း ပိုကောင်းမှာပေါ့။ တပ်မတော်မှာ အမျိုးသားသစ်တခု ပြန်ပေါ်လာနိုင်တယ်။ တပ်မတော်ထဲမှာ မင်းအောင်လှိုင်လို လူမျိုးပေါ်လာသလိုပဲ အခြားအခြားသော သူမရှိတဲ့နောက်မှာ တပ်ကို ထိန်းနိုင်မယ့် concrete grip (အခိုင်အမာဆုပ်ကိုင်မှု) လျော့သွားတာ တပ်ထဲမှာ စဉ်းစားပြီး လုပ်ကိုင်မယ့် လူတော်လူမျိုးစုံပေါ့ ထွက်လာနိုင်တယ်။ အဲဒီမှာ ကောင်းတယ်ဆိုရင်လည်း ခေါင်းနည်းနည်း ထောင်လာနိုင်တာပေါ့။ မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်ခေါင်းဆောင် တချို့ ထွက်လာနိုင်တာပေါ့။ နို့မိုဆိုရင်တော့ မရဘူး။ သူရှိနေသမျှတော့ တပ်က အကွဲအပြဲ ဖြစ်မှာပဲ။”

ဦးသန်းရွှေဟာ မြန်မာတပ်မတော်ကို အချိန် ဘယ်လောက်အထိ ကြာကြာ ထိမ်းချုပ်ထားနိုင်မလဲ၊ နောက်တက်လာတဲ့ စစ်တပ်က ထိပ်ပိုင်းဗိုလ်ချုပ်တွေက လည်း ဦးသန်းရွှေရဲ့ ဩဇာအာဏာ လွှမ်းမိုးတာကို လက်ခံနိုင်မလဲဆိုတာ မေးစရာမေးခွန်းတွေ ရှိပါတယ်။ ဒါပေမယ့် စစ်ရေးလေ့လာသူတွေကတော့ ဦးသန်းရွှေဟာ အရင် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးနေ၀င်းကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသူဖြစ်တယ်။ ဦးသန်းရွှေဟာ စစ်တပ်ဦးစီးချုပ်အဖြစ် ၁၀ နှစ်နီးပါးအကြာမှာ ဦးနေ၀င်းရဲ့ လွှမ်းမိုးမှုကို ဖယ်ရှားနိုင်ခဲ့ပြီးတော့ ဦးနေ၀င်းရဲ့ မိသားစုဝင်တွေကို ထောင်ချအရေးယူတာတွေ၊ ဦးနေ၀င်းမိသားစုရဲ့ အကျိုးစီးပွားကိုလည်း ထိန်းချုပ်ခဲ့တာ တွေ့ရပါတယ်။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပါအ၀င် နောက်တက်လာတဲ့ စစ်ဗိုလ်ချုပ်တွေကလည်း သူတို့ခြေထောက်ပေါ် သူတို့ ရပ်တည်လာနိုင်ပြီး သူတို့ကိုယ်သူတို့ ယုံကြည်မှု ရှိလာရင်တော့ တရားဝင်ဖွဲ့စည်းပုံမှာ မပါတဲ့ ဦးသန်းရွှေရဲ့ အခန်းကဏ္ဍကိုလည်း လေးစားလိုက်နာစရာ မလိုဘူးလို့လည်း စစ်ရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ အာဏာ အပြန်အလှန် ထိန်းညှိစရာ အခိုက်အတန့် ကာလမှာတော့ အခက်အခဲ ရှိနေသေးတဲ့အတွက် ဦးသန်းရွှေကို လက်ခံထားနိုင်ပြီးတော့ စစ်တပ်မရှိတဲ့ ဦးသန်းရွှေရဲ့ အခန်းကဏ္ဍဟာလည်း ဆက်လက်ပြီး စစ်တပ်အပေါ် ဩဇာလွှမ်းမိုးနိုင်မှာ မဟုတ်ဘူးလို့လည်း စစ်ရေးလေ့လာသူ ဦးဌေးအောင်က သုံးသပ်ပြောဆိုပါတယ်။

“စစ်တပ်မှာ အမိန့်အာဏာကို လိုက်နာတယ်ဆိုတာက သူတို့မှာ တရားဝင် ပခုံးပေါ်မှာ အပွင့်တွေရှိနေတဲ့ကာလမျိုး၊ ဖွဲ့စည်းပုံမှာ တရားဝင် အာဏာရှိနေတဲ့ ကာလမျိုးမှာပဲ အောက်က လိုက်နာကြတာများတယ်။ သူတို့ပြုတ်သွားတာနဲ့ တပြိုင်နက် သူတို့ မော်တော်ကားကိုမောင်းတဲ့ ရိုးရိုးကားဒရိုင်ဘာ စစ်သားကအစ၊ နောက် သူတို့ခြံစောင့်တဲ့စစ်သားကအစ သူတို့ကို လုံးဝဂရုစိုက်တော့တာ မဟုတ်ဘူး။ အစကတည်းကလည်း ဘာကြောင့်လည်းဆိုတော့ သူတို့အပေါ်မှာ လေးစားတဲ့စိတ်နဲ့ နာခံနေကြတာ၊ အမိန့်ကို လိုက်နာနေကြတာ မဟုတ်ဘူး။ သူတို့ အကြောက်တရားနဲ့သာ လိုက်နာနေကြတဲ့အတွက်ကြောင့် သူတို့မှာ အကြောက်တရားတွေ မရှိတော့ဘူး၊ အာဏာတွေမရှိတော့ဘူး၊ သူတို့ကို ခြိမ်းခြောက်နိုင်တဲ့ အရာတွေ မရှိတော့ဘူးဆိုရင်တော့ သူတို့ကို ဘယ်သူမှ လေးလေးစားစား လိုက်နာတဲ့အနေအထားမျိုး မတွေ့တော့ဘူး။ အဲဒါတွေက ရှေးတုန်းက စစ်တပ်ထဲမှာ ဖြစ်သွားတဲ့ အနေအထားတွေမှာ အများကြီးတွေ့ရပါတယ်။”

ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေဟာ လက်ရှိအချိန်မှာတော့ မြန်မာစစ်တပ်ကို နောက်ကွယ်ကနေ ထိန်းချုပ်ကွပ်ကဲနေတာဖြစ်ပြီး ရေရှည်မှာတော့ ဦးသန်းရွှေဟာ တပ်မတော်ကို ထိန်းချုပ်နိုင်ဖို့တော့ မဖြစ်ဘူးဆိုတာ မြန်မာအရေး လေ့လာသူတွေက သုံးသပ်ကြောင်း တင်ပြလိုက်ရပါတယ်။
http://burmese.dvb.no

ဗိုလ်ချုပ်အောင်ဆန်းပုံကို စစ်တပ်အသိုင်းအ၀ိုင်းက ၀ယ်ယူ

Published on September 9, 2011 by နေသွင်

ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို သံဃာတော်တွေ၊ သာမန် အရပ်သားတွေ သာမက စစ်တပ် မိသားစုတွေကလည်း ၀ယ်ယူနေကြတယ်လို့ ဓာတ်ပုံဆိုင်ခန်း ဖွင့်ထားသူတဦးက ပြောပါတယ်။

မကွေးတိုင်း၊ တောင်တွင်းကြီးဈေးထဲမှာ ဆိုင်ခန်းဖွင့် ရောင်းနေတဲ့ ကိုကျော်နိုင်က “အရာခံဗိုလ်ကြီး တယောက် သိပ်မကြာသေးဘူး ကျနော့်ဆီ လာဝယ်တာ။ ဗိုလ်ချုပ်အောင်ဆန်းပုံက ရှိသင့်တယ်တဲ့။ နိုင်ငံရေး ဆိုတာကတော့ တကဏ္ဍထားပေါ့ကွာတဲ့။ ဟုတ်ပါတယ် ဆရာကြီးလို့။ ဗိုလ်ချုပ်အောင်ဆန်းက ကျနော်တို့ တပြည်လုံးနဲ့ ဆိုင်ပါတယ်လို့။ ဘယ်လို လူတန်းစားနဲ့ ဖြစ်ဖြစ် ဆိုင်ပါတယ်ပေါ့။ အေးတဲ့… ကောင်းတယ်တဲ့။ သူက အဲလိုပြောပြီးတော့ ဒေါ်စုပုံတွေပါ ကြည့်သွားပြီးတော့ ဒါတွေလည်းပဲ ရောင်းသင့်တာ ကြာပြီပေါ့ကွာတဲ့” လို့ ပြောပါတယ်။

တောင်တွင်းကြီးနားက ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပဆ) နဲ့ ပင်မခဲယမ်း သိုလှောင်ရေးတပ် (ပခန) ၀န်ထမ်းတွေအပါအ၀င် သံဃာတော်တွေလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို အတော်များများ လာဝယ်ကြတယ်လို့ ပြောပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ လူမြင်ကွင်းကနေ ကွယ်ပျောက်နေရာကနေ လွန်ခဲ့တဲ့ လပိုင်းတွေကစလို့ ဂျာနယ်တွေမှာ ပြန်လည် ဖော်ပြခွင့်ရတဲ့အခါမှာလည်း ဂျာနယ်တွေ ရောင်းအားတက်ခဲ့ပါတယ်။

ဓာတ်ပုံဆရာ၊ ပန်းချီဆရာလည်းဖြစ်တဲ့ ကိုကျော်နိုင်က ဂျာနယ်တွေမှာ ဖော်ပြခွင့် မရခင်ကတည်းက ဓာတ်ပုံတွေကို အမြတ်ရတယ်ဆိုရုံ ဈေးနှုန်းနဲ့ ရောင်းနေတာမဟုတ်ဘဲ သမိုင်းမှာ ဖျောက်ဖျက်ခံထားရတဲ့ အမျိုးသားခေါင်းဆောင်တွေကို ဖော်ထုတ်နေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မကြာသေးခင်နှစ်တွေအထိ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို ဆောင်ထားလို့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အဖြစ်အပျက်တွေ မြန်မာပြည်မှာ ရှိခဲ့ပါတယ်။

မနှစ်နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွှတ်မြောက်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အကန့်အသတ်နဲ့ ဖော်ပြခွင့်ရလာပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ဆောင်းပါး၊ စာအုပ်စာတမ်းတွေ စာပေလောကမှာ ပြန်လည် အတွေ့ရများလာပါတယ်။

ပြီးခဲ့တဲ့လက သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော် သမ္မတ ရုံးခန်းမှာ တွေ့ဆုံတဲ့ သတင်းကို အစိုးရရုပ်မြင်သံကြားက ထုတ်လွှင့်ပြသတဲ့ အခါမှာလည်း သမ္မတရုံးခန်းနံရံမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံချိတ်ထားတာကို တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် အခု နောက်ဆုံး အပတ်စဉ် ဂျာနယ် ၂ စောင် (ပြည်သူ့ခေတ်၊ The Messenger) မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါး တပုဒ်နဲ့ အင်တာဗျူးတပုဒ် ဖော်ပြခွင့်ရတာ တွေ့ရပါတယ်။
http://burmese.dvb.no/archives/15328

ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ အထူး မှာယူထားတဲ့ ဘဲန်း အက်စ်ခလပ် ၂၈၀ နဲ့ စပေါ့အမျိုးအစားကားများ ပါဝင်


မြန်မာဘက်သွင်းမည့် ကားအစီး ၅၀၀၀ ကျော် မဲဆောက်တွင် သောင်တင်
Published on September 9, 2011 by မန်းစိုင်းမွန်

မြန်မာနိုင်ငံကို တင်သွင်းမည့် ကားအစီး ၅၀၀၀ ခန့် မဲဆောက်မှာ သောင်တင်နေတယ်လို့ ထိုင်းရတ်အွန်လိုင်းသတင်းက ဖော်ပြပါတယ်။

မြန်မာဘက်ကမ်းကို တနည်းနည်းနဲ့ ကြံဖန်တင်သွင်းသွားတဲ့ ကားတွေကို မြန်မာအာဏာပိုင်တွေက ဖမ်းမိရင် ကားသိမ်းပြီး ပိုင်ရှင်ကိုထောင်ချမယ် ဆိုတဲ့ စည်းကမ်းတွေ တင်းကျပ်နေတာကြောင့် မဲဆောက်မှာ ကားတွေ သောင်တင်နေတာပါ။

ဂျပန်နိုင်ငံကသွင်းလာတဲ့ဒီကားတွေကို မြန်မာပြည်ကိုတင်ပို့ ဖို့ ထိုင်းအခွန်အကောက်ဌာနက ဖြတ်သန်းခွင့် ပေးထားတာ ဖြစ်ပါတယ်။

မဲဆောက်မြို့ မြန်မာကားကုန်သည်တဦးက “အရင်က တရက်ကို ရာနဲ့ သွားတယ်။ အခု တရက်ကို ၁၀ စီး ၁၅ စီး အဲဒီလိုပေါ့။ အခု ကျနော်တို့ ကမ်းနားတလျှောက် ဂိတ်ကြီးရင် အစီးရေ ထောင်ပိုင်းရှိတယ်၊ ဂိတ်ငယ်က ရာဂဏန်းရှိတယ်၊ လာတာက ဂျပန်ကနေလာတယ်၊ ထိုင်းထဲမှာ ရောင်းခွင့် မရှိဘူးလေ၊ ဥပဒေအရဆိုရင် ကမ်းနားကနေ ဟိုဘက်ကိုပို့ရမယ်။”

ထိုင်းကားကုန်သည်တွေရဲ့ ခန့်မှန်းချက်အရ မြန်မာပြည်ကို တင်သွင်းမယ့် ကားအစီး ၅၀၀၀ မက မဲဆောက်မှာ သောင်တင်နေတယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ မြန်မာစစ်တပ်အသိုင်းအ၀န်းက ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ အထူး မှာယူထားတဲ့ ဘဲန်း အက်စ်ခလပ် ၂၈၀ နဲ့ စပေါ့အမျိုးအစားကား အတော်များများ ပါဝင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းအကောက်ခွန်ဌာနအနေနဲ့ မဲဆောက်မှာ သောင်တင်နေတဲ့ကားတွေဟာ သတ်မှတ်ချိန်ထက် ကျော်လာရင် ဥပဒေအရ ကားတစီးကို တရက် အခွန်ငွေ ဘတ်

၁၀၀၀ ကောက်ခံဖို့ ရှိနေပေမယ့် ခုထိ မကောက်သေးပါဘူး။

မြန်မာဘက်က အချိန်ကြာကြာ ပိတ်ထားပြီး ထိုင်းဘက်ကလည်း အခွန်တွေ တနေ့တထောင် စတင်ကောက်လာမယ်ဆိုရင် ဘတ် ၄သောင်းကနေ ၆သောင်း သာဈေးရှိတဲ့ ကားတွေ အတွက်ရော အခွန်ကြီးတဲ့ ကားတွေအတွက် နစ်နာဆုံးရှုံးမှုတွေ ကြုံရမှာကို မဲဆောက် ကားကုန်သည်တွေက စိုးရိမ်နေကြပါတယ်။
http://burmese.dvb.no/archives/15350

ငွေလဲနှုန်း ပြုပြင်ရေးအပေါ် ကိုမိုးသီးဇွန် ရဲ့ အမြင်


Posted by admin on September 9, 2011

နေ့သစ် – စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ ငွေလဲနှုန်းကိစ္စဆွေးနွေးကြ တယ်။ ဦးမြင့်ရဲ စာတမ်း Myanmar Kyat Exchange Rate Issue by U Myint မှာ ငွေလဲနှုန်းပြင်ဖို့ကို တောက်လျောက်ဆွေးနွေးထားတာ တွေ့ရ တယ်။ အိုင်အမ်အက်ဖ်ကလဲ ငွေလဲနှုန်းပြင်ဆင်ဖို့ အကြံပေးမယ်ဆိုတဲ့ ဆွေးနွေးချက်တွေ ထွက်ပေါ်လာနေပါတယ်။ ဘာဖြစ်လို့ ၆ ကျပ်ခွဲ လုပ် ထားတာလဲ။ ဘာကြောင့်လဲ။http://www.naytthit.net/wp-admin/post.php?post=19002&action=edit&message=1

မိုးသီးဇွန် – ငွေလဲနှုန်းကတော့ ပြင်သင့်တာပေါ့။ သိက္ခာရှိတဲ့ငွေလဲနှုန်း ဖြစ်သင့်တာပေါ့။ မဆလခေတ်ကတည်းက သတ်မှတ်ထားတဲ့ တဒေါ် လာ ၆ ကျပ်ခွဲဆိုတဲ့ ငွေလဲနှုန်းက အေးဓပြတိုက်ထားတဲ့ ငွေလဲနှုန်းလို ဖြစ်နေတယ်။ ငွေလဲနှုန်းကိုလဲ အမျိုးသားရေးလိုလို ဘာလိုလို လုပ်ထား တာပေါ့ဗျာ။ မင်းတို့ တဒေါ်လာကို ငါတို့ဗမာကျပ် ၆ ကျပ်ခွဲပဲပေးမယ်။ လဲချင်လဲ မလဲချင်နေ ဆိုသလို ဖြစ်နေတာပေါ့။ မြန်မာငွေလဲနှုန်း တ ကယ်ပြင်မှာလားဆိုတဲ့ ဆောင်းပါး။ ကျနော့် ဘာလော့ခ်မှာ ကိုဘိုဘို ကျော်ငြိမ်း ပြောသလို့ ဒို့ ဗမာကွဆိုတဲ့ တလွဲမာန ပေါ့။ စီးပွားရေးမှာ ကြတော့ ပြဿနာ တက်တော့တာပေါ့ဗျာ။ မဆလ အစိုးရခေတ်ကရော၊ လက်ရှိ စစ်အစိုးရတွေကနေ ဒီလဲနှုန်းကိုပဲ သတ်မှတ်ထားတယ်။ ဒါပေမဲ့ အပြင်ဈေးကွက်မှာ တမျိုးဖြစ်လာတယ်။ ခင်ဗျား ဘောင်းဘီအိတ်ထဲက တဒေါ်လာဟာ ကျပ် ၁ ထောင်နဲ့ ညီနေတယ်။ ခင်ဗျား ၆ ကျပ်ခွဲ နဲ့ လဲမလား။ ဒီတော့မလဲဘူးပေါ့။ မလဲတော့ စီးပွားရေးမတက်ဘူးပေါ့။

နေ့သစ် – အခု အိုင်မက်အက်ဖ်က အကြံပေးတဲ့အတိုင်းလုပ်ရင် ဘာတွေဖြစ်မလဲ။

မိုးသီးဇွန် – ငွေလဲနှုန်းကို ပေါက်ဈေးအတိုင်းပြင်မယ်ဆိုတာ ကောင်းသောကြံစည်မှု (သမ္မာသင်္ကပ္ပ)၊ ကောင်းသောလုပ် (သမာဝါယမ) ဖြစ်နေပါတယ်။ ကောင်းတာကိုကြံ၊ ကောင်းတာကိုလုပ်ရင်၊ ကောင်းတဲ့ ရလဒ်တွေရမှာပဲ။ ကောင်းတာ တွေ ဖြစ်လာမယ်။ ကောင်းတာတွေကို သဘောတရားအရ ပြောရရင်တော့ …
၁- နိုင်ငံခြားကရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) တွေ ၀င်လာမယ်။
၂- ငွေကြေးစနစ်တွေကို ပြင်နိုင်မယ်။ ငွေကြေးဈေးကွက် (Finicial Market) ကို ထူထောင်နိုင်မယ်။
၃- မှောင်ခိုဖြစ်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မြေပေါ်မှာတရားဝင် ရပ်တည်လာနိုင်တယ်။
၎- ရေရည်မှာ ခိုင်းမာတဲ့ဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်လာနိုင်မယ်။
၅- ဂျီဒီပီ တိုးလာမယ်။

ဒါပေမဲ့ ဦးသိန်းစိန် အစိုးရက ဘယ်ကလာလဲ၊ ၂၀၁၀ ရွေးကောက်ပွဲကို လိမ်ပြီး အနိုင်ရအောင် လုပ်ထားတယ်။ လူထု တွေ မနှစ်သက်တဲ့ ၂၀၀၈ အခြေခံဥပဒေကို တဖက်သတ်ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် မကောင်းသောအစိုးရ ဖြစ်နေ တယ်။ မကောင်းတဲ့ အစိုးရဖြစ်တဲ့အတွက် မကောင်းတဲ့အကျိုးပေးတွေ ရနေတယ်။ မကောင်းတာကတော့ ကုန်ဈေးနှုန်း တွေ ထပ်တက်လာမယ်။ ကုန်ဈေးနှုန်းတက်လာရင် ငွေကြေးဖေါင်းပွမှု ဖြစ်လာမယ်။ မြန်မာပြည်မှာ ငွေလဲနှုန်းနဲ့ ကာမိ စေတဲ့ ထုတ်လုပ်မှု (Production) ရှိရဲလားဆိုတာက မေးစရာ၊ စဉ်းစားရာ ဖြစ်ပါတယ်။ အဖြေကတော့ မရှိသေးဘူး ဖြစ် နေပါတယ်။

အိုင်အမ်အဖ်က ပြင်ခိုင်းတယ်ဆိုတာကို ဥပမာပေးချင်တာကတော့ စစ်အုပ်စုကို ပဉ္စင်းခံပြီး တရားအားထုတ်ခိုင်းနေတာ။ သူက ခိုးတာ၊ သတ်တာ၊ လိမ်တာကိုပဲ စိတ်ကရောက်နေတယ်။ မကောင်းမှုတွေလုပ်ဖို့ အထုံလို ဖြစ်နေတယ်။ ရဟန်းပြု ပြီဆိုရင် မကောင်းတဲ့လုပ်ရပ်တွေကို ရပ်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ပတ်သက်လို့ အိုင်အမ်အဖ်မှာ ဘာစရင်းဇယားမှ မရှိတော့ဘူး။ အိုင်အမ်အက်ဖ် အင်တာနက်ဝက်ဆိုက်ကိုသွားရင် မြန်မာပြည်နဲ့ပတ်သက်လို့ Not available တွေချည်း ဖြစ်နေတယ်။ ဆိုလိုတာက ကောင်းတာတွေ တခုမှမလုပ်ထားဘူး ဆိုတဲ့သဘော။ စရင်းဇယားတွေ မပြ၀ံ့တဲ့သဘော။ ဦးမြင့် စာတမ်းမှာ စရင်းဇယားတွေထုတ်ပြန်ဖို့ သူတိုက်တွန်းထားရတာက သက်သေပါပဲ။

ငွေလဲနှုန်းနဲ့ပတ်သက်လို့ နောက်ဥပမာတခု ပေးချင်တာက မြန်မာကို လူကြီးလူကောင်း ကလပ်အဖွဲ့ဝင်အဖြစ် ၀င်ခိုင်းတဲ့ သဘောပါ။ သူတို့လိုဝတ်ခိုင်း၊ သူတို့လိုစားခိုင်း၊ သုံခိုင်း၊ လုပ်ခိုင်းတဲ့သဘောပါ။ သူဋ္ဌေးကလပ်ဆိုပါစို့။ ဒါပေမဲ့ ကိုယ့်မှာက ပုံမှန်ဝင်ငွေ မရှိဘူး။ အလုပ်မရှိဘူး။ အမွေကလည်း သိပ်ရှိဘူး။ ဒီတော့အဖွဲ့ ၀င်လိုက်တယ်။ အဖွဲဝင်ကြေးတွေ ပေးလိုက် တယ်။ ဒီနေ့ကတော့ ဟုတ်သွားတယ်။ မနက်ဖြန်မှာတော့ တအိမ်လုံး စားစရာမရှိတဲ့အခြေအနေကို ဆိုက်သွားနိုင်တယ်။

မြန်မာပြည်ရဲ့ ထုတ်လုပ်မှုက သဘ၀ဓါတ်ငွေ့က ရတဲ့ငွေ၊ မြစ်တွေကိုရောင်းစားတဲ့ငွေ၊ သစ်တောကိုရောင်းစားတဲ့ငွေ ဒါပဲ ရှိတယ်။ ဒီ သဘာဝအရင်းအမြစ်တွေက အကန့်အသတ်တွေရှိနေတယ်။ တသက်လုံးစားမကုန်ဘူးလို့ ယူဆလို့ မရပါ။ ခနလေးနဲ့ ကုန်သွားမှာ ဖြစ်ပါတယ်။ ကုန်ထုတ်လှုပ်မှုကသာ နိုင်ငံတော်စီးပွားရေးဘ၀ကို အာမခံချက်ပေးတာ ဖြစ်ပါ တယ်။ ထုတ်လုပ်ထားတာတွေကို စားသုံးနိုင်တဲ့ ကိုယ်ပိုင်ဈေးကောင်းကောင်းလည်း ရှိရမယ်။ ပြည်ပနဲ့ ကုန်သွယ်တာက ဒုတိယ အဆင့်ပါ။ ဒီတော့ ကိုယ်ထုတ်လုပ်မှုနဲ့ ပြည်တွင်းဈေးကွက်က ရစရာမရှိအောင်ကို ပြိုကျနေတဲ့အချိန်မှာ ငွေလဲ နှုန်းပြင်တာဟာ အလွန်ကြီးမားတဲ့ စွန့်စားခန်းလို စစ်အစိုးရကို ဖြစ်နေစေပါတယ်။ ကကြီး ကညစ်သမားကို ဘွဲလွန်စာ တမ်းရေးခိုင်းနေသလို ဖြစ်နေတယ်။

ဒီအချက်ကို ဦးမြင့် ရဲ့စာတမ်းအချက် ၁၂ မှာ “It has been pointed out that the rise in the exchange rate associated with the Dutch disease can result not only from a large inflow of foreign exchange due to selling a country’s natural wealth to foreigners, but also form large inflow of foreign investment into country for all sorts of reasons. This disease by turning agriculture and manufacturing into lagging sector, with their exports in decline and with resources moving away from them, can cause serious harm to developing country.” အလေးအနက် ထောက်ပြထားတာ တွေ့ရပါတယ်။ တခွန်းတည်း ပြောရရင်တော့ ကိုယ့်ပြည်က သဘာဝသယံဇာတတွေကို ကိုယ့်ပြည်တွင်းမှာ ကုန်ချောထုတ်လုပ်မှု (Production) ဟာ စီးပွားရေးတိုး တက်မှုရဲ့ မှန်ကန်တဲ့ ဖြေရှင်းမှု (Silver Bullet) ဖြစ်တယ်။

စစ်အစိုးရရဲ့ အခြေအနေက တဖက်ကလည်းပြင်ဖို့ လိုတယ်။ တဖက်ကလည်း ပြင်လို့မရ ဖြစ်နေတယ်။ အခြေအနေက နောက်လာမယ့် ရင်နှီးမြှုပ်နှံမှုတွေအပေါ်မှာ မူတည်ပြီး စဉ်းစားနေကြတာ ဖြစ်ပါတယ်။ ဒါက အချိန်ယူပြီး လုပ်ယူရတာပါ။ စီးပွားရေးရလဒ်တွေက ယုံကြည်မှုကို တည်ဆောက်ယူလာနိုင်မှုပေါ်မှာ သီးပွင့်လာတာ။ ထလုပ်လိုက်တိုင်း မဖြစ်ပါ။

အခု မြန်မာပြည်မှာဖြစ်နေတာက ဘယ်သူကမှ ဘယ်သူ့ကို မယုံကြည်တဲ့ အခြေအနေထိ ဆိုက်နေတယ်။(No one trust no one) ဒီမိုအချင်းအချင်းလဲ မယုံဘူး။ စစ်အချင်းအချင်းလဲ မယုံဘူး။ စီးပွားရေးအချင်းချင်းလဲ မယုံဘူး။ ဘုန်း-ဘုန်း အ ချင်းလဲ မယုံဘူး။ မယုံဘူး။ Trust က ရှိကိုမရှိကြတော့ဘူး။ (ဒီနေရာမှာကြုံလို ပြောချင်တာက ဖူကူယားမားရေးတဲ့ Trust ဆိုတဲ့ စာအုပ်ကို ဖတ်စေချင်တယ်။ စာအုပ်မှာ အမေရိကန်၊ ဂျပန်နဲ့ ဂျာမဏီနိုင်ငံတွေ ကြီးပွားလာရတဲ့အကြောင်းမှာ လူ့ အဖွဲ့စည်းအတွင်း Trust ရှိကြပုံကို ရှင်းပြထားတယ်။)

ကျနော်တို့က မယုံပေမယ့် မဆက်ဆံလို့ကလည်းမရတော့ ဆက်ဆံနေကြရတယ်။ နိုင်ငံခြားက စီးပွားရေးသမားတော့ မယုံတော့တဲ့အခါမှာ ထွက်သွားမယ်။ အကျိုးမရှိရင် ပြန်မယ်။ တခါးဖွင့် စီးပွားရေးစနစ်ကို ပီပြင်စွာဖြစ်ပေါ်လာရေးဆိုပြီး သူတို့ တတ်ယောင်ကား အော်နေတယ်။ တကယ်ကမပီပြင်ဘူး။ ဘယ်လို ပီပြင်အောင်လုပ်မလဲဆိုတာ အော်တာအော် နေတာ မသိဘူး။ တခါးဖွင့်စီးပွားရေးစနစ်ရဲ့ အသက်သွေးကြောတခုဖြစ်တဲ့ ဥပဒေစိုးမိုးတဲ့ စီးပွားရေးပတ်ဝန်းကျင် (Legal Environment of Business) ကို စစ်အစိုးရက မလုပ်နိုင်ဘူး ဖြစ်နေတယ်။ ဆိုလိုတာက …
၁- အကျိုးအမြတ် များလာရင် သူတို့ကိုယုံရမှာလား။
၂- မြတ်ငွေကို ပြန်ထုတ်နိုင်မှာလား။ Tax ပေးပြီးရင် လွယ်လွယ်နဲ့ထွက်လို့ ရမရ။
၃- ငွေကိုအချိန်မရွေး၊ နေရာမရွေး ငွေထုတ်ငွေသွင်းခွင့် ရှိမှာလား။
၎- လုပ်ငန်းတခု၊ အရောင်းအ၀ယ်တခုဖြစ်ဖို့ ၀န်ကြီးဌာနပေါင်း ဘယ်လောက်၊ လူကြီးဘယ်နှစ်ယောက်ကို လဘ်ထိုးရမှာ လဲ။
၅- လွတ်လပ်စွာ ထုတ်လုပ်ရောင်းချခွင့်ရှိမှာလား ဆိုတဲ့ ပြသာနာတွေ၊
၆- အမြတ်ဝေစု (Derivative) တွေအတွက် ဘယ်လိုကမ်းလှမ်းမှု (Offer) တွေ ရှိသလဲ။

ဥပမာ ဒေါ်ဝင်းဝင်းနု မန္တလေး ဘီယာ၊ မောင်ဝိတ်နဲ့ ၀န်ကြီးတချို့ ပေါင်းခိုးလိုက်တဲ့အတွက် အင်ဒိုနီးရှားစီးပွားရေးသမား ထွက်သွားရတဲ့ ပြဿနာမှာ ဘယ်မှာလဲ ဥပဒေ။ ဒါတွေကို မလုပ်သေးဘဲနဲ့ ငွေလဲနှုန်းပြင်ဆိုလဲ ပြင်ပြင်ပဲ ရှိမယ်။ ဘယ် သူကမှလာပြီး ရင်းနှီးမြှုပ်နှံကြမှာ မဟုတ်ဘူးလို့ ကျနော် ထောက်ပြချင်တယ်။

အင်ဒိုနီးရှားဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ငွေလဲနှုန်း မကောင်းဘူး။ အင်ဒိုငွေ တသောင်းလောက်ဟာ စင်္ကာပူဒေါ်လာ ၁ ဒေါ်လာ ဖြစ်ခဲ့တယ်။ သူတို့ ကြိုးစားပြင်ဆင်ခဲ့တဲ့အတွက် အင်ဒို ငွေ ၇ ၅၀၀ လောက်ဟာ စင်္ကာပူဒေါ်လာ ၁ ဒေါ်လာ ဖြစ်လာတယ်။ တည်ငြိမ်လာတယ်။ ရလဒ်က စီးပွားရေး ပြန်လည်ဦးမော့လာတာ တွေ့ရတယ်။

နေ့သစ် – ဦးမြင့်ရဲ့စာတမ်းမှာပါတဲ့ ငွေလဲနှုန်းမှာ မြန်မာကျပ်ငွေက မြင့်နေတဲ့အတွက် အကျိုးကျေးဇူးတောင် ရှိတယ်လို့ သူက ဆိုတယ်။ နိုင်ငံကခြားက ပို့တဲ့ကုန်ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ သုံးနိုင်တယ်လို့ ဆိုတယ်။ နိုင်ငံတကာ ဈေးကွက်နဲ့ မပတ်သက်တဲ့ဟာတွေ ဥပမာ လမ်းတံတားဆောက်လုပ်ရေးတွေကို မထိခိုက်ဘူးလို့ ဆိုတယ်။ ဒါနဲ့ ပတ် သက်လို့ …

မိုးသီးဇွန် – သူပြောတဲ့ ဒီအချက်ကိုတော့ဖြင့် ကျနော် ဘ၀င်မကျဘူး။ ဈေးကွက်မှာ ရောင်းသူ၊ ၀ယ်သူ ရှိတယ်လေ။ ဘာ ဖြစ်လို့လဲဆိုတော့ ဥပမာ ခင်ဗျားက အမေရိကန်ကနေ မက်ဘုတ် (Mac Book Computer) ကို ဒေါ်လာ ၁၃၀၀ နဲ့ ၀ယ် လာတယ်။ မြန်မာပြည်မှာ ပြန်ရောင်းတယ်။ ကျပ်တသိန်းသုံးသောင်းရရမှာကို ကျပ်တသိန်းပဲရရင် ခင်ဗျားက ပြန်ရောင်း ချင်အုံးမလား။ ၀ယ်သူကတော့ ပျော်တာပေါ့၊ ဦးမြင့် ပြေသလိုပေါ။ ဈေးသက်သာသာနဲ့ရတယ်။ ဒါပေမဲ့ စဉ်းစားရဦးမဲ့ အ ပိုင်းက ရောင်းသူတွေက မလာနိုင်တော့ဘူး။ လာမရောင်းကြတော့ဘူး။ တခြားဈေးကွက် လှည့်သွားမှာပဲ။ ဒါကို ပေါ်လ စီချမှတ် သူအပိုင်းမှာ ခြုံမိအောင် စဉ်းစားရလိမ့်မယ်။ ဆောက်လုပ်ရေးမှာလဲ ကန်ထရိုက်တွေက ဘီလပ်မြေနဲ့ ကပ်တရာ၊ သံထည်တွေကို နိုင်ငံခြားကနေ ၀ယ်ရတယ်။ သူတို့လဲ ကိုက်မယ်၊ ပျော်မယ်လို့ မထင်ဘူး။ ကိုယ့်နိုင်ငံရဲ့ ငွေတန်ဖိုး ခိုင် မာတာတက်တာ ကောင်းပါတယ်။ ခင်ဗျားမှာ ကိုယ်ပိုင်ဈေးကွက် ခိုင်မာရင်ပေါ့။ မြန်မာလိုနိုင်ငံမပြောနဲ့ စင်္ကာပူလိုနိုင်ငံမှာ တောင် စီးပွားရေးသမားတွေက ဒေါ်လာကျပြီး စင်္ကာပူတက်နေတာကို ၀မ်းသာရမဲ့အစား ၀မ်းမသာကြပါဘူး။ အရောင်း ထိုင်းသွားတာကိုး။

နေ့သစ် – ဦးမြင့်က ငွေလဲနှုန်းကို တော်တော် အလေးထားတယ်ဗျ၊ ဈေးနှုန်းအားလုံးတို့ရဲ့ မိခင်ကြီး Mother of All prices လို့တောင် တင်စားထားတယ်ဗျ။ ငွေလဲနှုန်းကို ကောင်းကောင်းမထားရင် ကျန်တဲ့ကုန်ဈေးနှုန်းတွေကို ထိမယ်ဆို တဲ့ သဘောပေါ့နော်။

မိုးသီးဇွန် – ဟုတ်တယ်ဗျ၊ သူတင်စားတာကို လွန်တယ် မထင်ဘူး။ ငွေလဲနှုန်းအပေါ်မူတည်ပြီး ကုန်ပစ္စည်းတန်ဖိုး၊ လုပ် အားတန်ဖိုး၊ အရင်းတန်ဖိုးတွေဟာ မူတည်နေတယ်။ သူက အလေးအနက်ထား ဆွေးနွေးတာကတော့ ငွေလဲနှုန်းသတ် မှတ်တာဟာ အစိုးရပေါ်မှာ မူတည်နေလို့ပဲ။ ငွေလဲနှုန်းဟာ ၀ယ်လိုအား (Demand) နဲ့ ရောင်းလိုအား(Supply) ရဲ့ သ ဘောတရားအရပဲလို့ သူက တင်ပြထားပါတယ်။ သူ့ ဆွေးနွေးချက်မှာပါတဲ့ Demand Supply Side တွေကိုကြည့်ရင် က မောက်ကမ ဖြစ်မှုကြီး ရှိနေတယ်။ အမြန်ပြင်ဖို့ လိုတယ်။ ၀ယ်လိုအားဖက်မှာ သူကပြင်ဆင်ဖို့ အကြံပေးချက် ၃ ချက်စလုံ ဟာ ဦးသိန်းစိန် အစိုးရအတွက် အန္တရာယ် (Risk) အကြီးအကျယ် ရှိနေတယ်။

ဦးမြင့် အကြံပေးသလို သူတို့ ပြင်ဆင်နိုင်မယ် မထင်ဘူး။ Supply Side ဖက်ကတော့ ခန့်မှန်းချေတွေ မသေချာမှုတွေနဲ့ ပြည့်နှက်နေတယ်။ သဘာဝဓါတ်ငွေ့၊ သစ်တော၊ ကျောက်ရောင်းရငွေတွေ အတိုးနှုန်းမြင့်တယ်၊ အိမ်ဈေးတွေကောင်း တယ်ဆိုပြီး ခန့်မှန်းထွက်ချက်မှုတွေနဲ့ ပြည်ပကလာတာတွေ ဒါတွေအားလုံးဟာ မသေချာမှုတွေမျှသာ ဖြစ်ပါတယ်။

မပြင်ရင် ၁၉၉၇ – ၉၈ တုန်းက အင်ဒိုနီးရှားမှာဖြစ်သလို နိုင်ငံရေးမတည်ငြိမ်မှုကနေ ဆူဟာတို ပြုတ်ကျသွားတဲ့အထိ ဖြစ် နိုင်တာကို သတိပေးထားသဗျ။

ငွေလဲနှုန်းရော၊ အတိုးနှုန်းရောဟာ အစိုးရက သတ်မှတ်ရတာ ဖြစ်တယ်။ ငွေလဲနှုန်းဟာ တန်ရာတန်ကြေး ဖြစ်ရမယ်။ အ တိုးနှုန်းဟာလည်း အခြေအနေတခုအပေါ်မှာ သင့်တော်တဲ့နှုန်းထား ဖြစ်ရမယ်။ အမေရိကန်တွေရဲ့ ဒီနေ့အတိုးနှုန်းဟာ သုညနီးပါး ဖြစ်နေတယ်။ ဟုတ်တယ်။ အစိုးရက အတိုးနှုန်းကို အလျော့အတင်း လုပ်ပေးနေရတယ်။ သုညနီးပါး ချပေး ထားတယ်ဆိုတဲ့ အဓိပ္ပါယ်က ရင်းနှီးမြှုပ်နှံမှုတွေကို များများလုပ်စေချင်နေတာ၊ အဓိပ္ပါယ်က အလုပ်တွေများများရကြ အောင် ရည်ရွယ်လိုက်တာပဲ။

ဦးမြင့်က သူစာတမ်းမှာ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ အဆိုပြုချက် Proposal က သူစာတမ်းအတိုင်း ငွေလဲနှုန်းပြု ပြင်ဖို့ ငွေကြေးဈေးကွက်အတွင်း အစိုးရက ပိုပြီးပတ်သက်ဖို့ အာရုံစိုက်ထားတယ်လို့ ကျနော် မြင်တယ်။

နေ့သစ် – ဦးသိန်းစိန် အစိုးရက ဒီပြုပြင်ပြောင်းလဲမှုကို လုပ်နိုင်မယ်ထင်သလား။

မိုးသီးဇွန် – မထင်ဘူး။

နေ့သစ် – ဘာကြောင့်လဲ

မိုးသီးဇွန် – ကျနော် ခုနကပြောသလို ငွေလဲနှုန်းပြင်တယ်ဆိုတာ ကောင်းသောကြံစည်မှု (သမ္မာသင်္ကပ္ပ) ကောင်းသော လုပ် (သမာဝါယမ ) ဖြစ်နေပါတယ်။ တရားသဘောနဲ့ ကြည့်ရင် စီးပွားရေးဆိုတာ တန်ရာတန်ကြေးသဘော ရှိလို့ပါ။ ကောင်းမှုဟာ အချိန်နှောင်းတယ် မရှိပါဘူး။ ဒါပေမယ့် ကောင်းမှုကိုလုပ်တယ်ဆိုရင် မကောင်းမှုတွေကို ရပ်ရမယ်။ မ ကောင်းမှုတွေ မရပ်ဘဲနဲ့ ကောင်းမှုကို အပေါ်ယံလုပ်ပြလို့ မရပါဘူး။

သူတို့ဟာ ဈေးကွက်ကိုပြုပြင်မယ်။ ဈေးကွက်မှာတရားသဖြင့် ဥပဒေကိုလုပ်ရမယ်။ ဈေးကွက်ကိုပြင်ရုံနဲ့ မရဘူး ဈေး ကွက်နဲ့ လိုက်လျောညီထွေရှိတဲ့ လူ့အဖွဲ့စည်း ရှိရမယ်။ ဒီလူ့အဖွဲ့စည်းမှာ ပျော်ရွင်မှု Happiness (သုခ) ရှိရမယ်။ ဟိုလူကို ဖမ်း၊ ဒီလူကို ချုပ်၊ တရားလက်လွတ်မှုတွေ ကြီးစိုးနေတဲ့ အစိုးရအောက်မှာ လူ့အဖွဲ့စည်းဟာ နာကျင်မှု (Pain) ဖြစ်နေ တယ်။ ဒါကြောင့် တဒေါ်လာကို ကျပ်ငွေ ၈၀၀ လဲလိုက်ရုံနဲ့ စီးပွာရေး ဦးမော့မလားတာ သေချာတယ်။

နေ့သစ် – သူတို့ ရည်ရွယ်ချက်က ဘာလဲ။

မိုးသီးဇွန် – အမှန်တရားကို ထိပ်တိုက်မရင်ဆိုင်တဲ့သဘော။ နိုင်ငံရေးစနစ်ကို အခြေခံကနေ ပြောင်းရမယ်။ တချို့တချို့ သော လူတွေက လူမှုပြုပြင်မှုတွေက၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေက တစတစနဲ့ ပြောင်းလဲလို့ရမယ်လို့ ပြောတာ တွေကို သူတို့ ယုံမှားသံယ (Delusion) ဖြစ်နေကြတယ်။ အခြေနေမှန်ကို မရင်ဆိုင်ဘဲ ထွက်ပြေးဖို့ ကြိုးပန်းမှုသာ ဖြစ် တယ်။ ဘုရားဟောတဲ့ ဝေဒနာ (Pain) ကို တည့်တည့်ရှုဆိုတာ ဒါကို ပြောတာပေါ့။

နေ့သစ် – စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲကို ခင်ဗျား ဘယ်လိုမြင်သလဲ

မိုးသီးဇွန် – ဦးနေ၀င်း လက်ထက် ၃၃ ဦး အကြံပေး ကော်မတီတောင် ဖွဲ့လိုက်သေးတယ်။ အကြံပေးချက်တွေအတိုင်း ဟိုးတုန်းကလည်း မလုပ်နိုင်ဘူး။ ခုလည်း မလုပ်နိုင်ပါဘူး။
http://www.naytthit.net/?p=19002

ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရုပ်ရှင် ဇာတ် ကား ကို ပြသခွင့် ပြုမည် မဟုတ်


by politics on September 10, 2011

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နှင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီ ဖြစ်သည့် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ အထွေထွေ အတွင်း ရေး မှုး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ၏ ဘဝ
ဇာတ် ကြောင်း ကို ရိုက် ကူး ထား သည့် The lady အမည် ရှိ ဇာတ်ကား ကို မြန်မာ နိုင်ငံတွင်း
ဉ် တရား ၀င် ရုံတင်ပြသခွင့် ပြု မည် မဟုတ် ဟု သိရသည်။

ပြင်သစ်လူမျိုး နာမည် ကျော် ဒါရိုက်တာ လခ် ဘက်ဆွန် ရိုက်ကူးသည့် The Lady ဇာတ်ကား
တွင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် မစ်ရှလ်ယိုး ၊ သူမ ၏ ခင်ပွန်း ဒေါက်တာ မိုက်ကယ် အဲရစ်
အဖြစ် ဒေးဗစ် သူလစ် တို့  က ပါဝင် သရုပ်ဆောင် ထား သည်။

The Lady ဇာတ် ကား ကို မြန်မာ နိုင်ငံ တွင်း ပြသခွင့် ပြု မည် မဟုတ် ခြင်း နှင့် ပတ် သက် ပြီး
မြန်မာ နိုင်ငံ ရုပ်ရှင် အစည်း အရုံး မှ တာဝန် ရှိ သူ တစ်ဦးက ” ရှေ့ မှာ လည်း ” Beyond Rangoon,
Burma VJ, Rambo ဇာတ်ကား တွေ ကို ပြသခွင့် ပြု ခဲ့ တာ မဟုတ် ဘူး အခု လည်း ပြခွင့် ပေးမှာ
မဟုတ် ဘူး လို့  ထင် တယ် ဟု FNG သို့  ပြောသည်။

ယခင် က မြန်မာ နိုင်ငံ တွင်း ရှိ ရုပ်ရှင် ရုံ များ နှာ ဒါရိုက်တာ လခ် ဘက်ဆွန် ရိုက် ကူး ခဲ့ သည့် Nikita,
The Hitman, Transporter, Taken , Taxi စသည့် ဇာတ် ကား များ ကို ရုံတင် ပြသ ခဲ့ ဖူးသည်။

The lady ဇာတ် ကား တွင် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံ ကာလ နောက် ခံ ရိုက်ကူးတင်ပြမှု နှင့်
စိတ်လှုပ်ရှား ဖွယ် ရာ ဇာတ် ကွက် များ ပါဝင် နေ၍ အစိုးရ က တားမြစ် မှာ သေချာ ကြောင်း ရန်ကုန်
အခြေစိုက် သတင်း ထောက် တစ်ဦး က သုံးသပ် သည်။

အကယ်၍ The Lady ဇာတ်ာကား သာ မြန်မာ နိုင်ငံ ဉ် ပြသခွင့် ပြုမည် ဆိုပါက တိုးမပေါက်အောင်
ပင် ကြည့် ရှု အား ပေး ၍ ရုံပြည့် ရုံလျှံ ကြည့် ရှု အားပေး မည် ဖြစ်ကြောင်း ရှေ့ ဆောင် ရုပ်ရှင် ရုံ မှ
ဝန်ထမ်း တစ်ဦး က ပြော သည်။

ထိုဇာတ် ကား တွင် သရုပ်ဆောင် သည့် မင်း သမီး မစ်ရှလ်ယိုး ကို မြန်မာ အစိုးရက ဇွန်လ ၂၂ ရက်
နေ့ တွင် လေဆိပ် မှာ ပြန်လည် နှင် ထုတ် ခဲ့  သည်။ သူ သည် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံ
ရန် လာခြင်း ဖြစ်သည်။

လတ်တလော တွင် မူ ဒေါ်အောင်ဆန်းစုကြည် ၏ အင်တာဗျုး နှင့် ဆောင်း ပါးများ ကို မူ ဂျာနယ် အချို့ 
တွင် ဖော်ပြ ခွင့် ပြုထား သည်။

The Lady ဇာတ်ကား ကို ယခု နှစ် ဒီဇင်ဘာလ ဉ် ကမ္ဘာတစ်လွှား တွင် ရုံ တင် ပြ သမည် ဖြစ်သည်။
http://freedomnewsgroup.com

ဗိုလ်ကြီးဟောင်း နေမျိုးဇင် နမူနာ နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မျှော်လင့်ချက် - အပိုင်း (၂)


စနေ, 10 စက်တင်ဘာ 2011
By ရော်နီညိမ်း

NLD လူငယ်တွေနဲ့ တွဲပြီး၊ သွေးလှူဒါန်းခြင်းလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို၊ သြဂုတ်လ (၂၆) ရက် နေ့မှာ အင်းစိန်ထောင်တွင်း အထူးတရာရုံးကနေ အီလက်ထရောနစ် ပုဒ်မ ၃၃ (က) နဲ့၊ ထောင်ဒဏ်(၁၀)နှစ်၊ ချမှတ်လိုက်ပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိ လာချိန်မှာပဲ၊ အခုလို ပေါ်ပေါက်လာတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့ဖြစ်စဉ်ဟာ၊ ဒီမျှော်လင့်ချက်တွေကို ဘယ် လိုထိခိုက်စေနိုင်ပါသလဲ၊ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်းဦးဝင်းထိန်၊ ထောက်လှမ်း ရေးနဲ့သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်တို့နဲ့ ဆက်သွယ်ဆွေးနွေးပြီး၊ ဦးရော်နီညိမ်း က ဒီသီတင်းပတ် တပ်မှူးတပ်သား ပြောစကားကဏ္ဍကို၊ စီစဉ် တင်ဆက်ထားပါတယ်

ဦးရော်နီညိမ်း ။ ။ အခု ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့အဖြစ်ဟာ၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရဲ့ အဖြစ် နဲ့ တော်တော်လေး တူလာတော့၊ ဒါပေမဲ့ ကာလကွာခြားတာက၊ ဦးဝင်းထိန်ကို နှိပ်ကွပ်တဲ့အချိန်တုန်းက၊ NLD ကော၊ တတိုင်းပြည်လုံးက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကော၊ အပြင်းအထန် ဖိနှိပ်၊ နှိပ်ကွပ်ခံနေရ တဲ့ အချိန်ဖြစ်တယ်။ အခုကတော့ သံလွင်ခက်ကို ကမ်းသယောင်ယောင် ပြထားတဲ့အချိန်၊ (၂၀၁၄ မှာ အာဆီ ယံသဘာပတိလုပ်ချင်တဲ) သူတို့ရဲ့ လိုလားချက်တွေကလည်း၊ ရှိနေသေးတဲ့အချိန် ဖြစ်နေတယ်။ အဲဒီအချိန် မှာတောင်မှ၊ မအောင့်မအည်းနိုင်ပဲ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် (၁၀)နှစ် ချဖြစ်အောင် ချလိုက် သေးတယ်။ အဲဒီအခါကျတော့၊(ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးသိန်းစိန်တို့၏ ကြေညာချက်အရ) ဦးသိန်း စိန်အစိုးရဟာ ရှေ့ဆက်ပြီးတော့ NLDနဲ့လက်တွဲပြီးတော့၊ တူတာတွေပေါင်းလုပ်မယ်၊ မတူတာတွေ ဘေးဖယ် ထားမယ်၊ စသည်အားဖြင့် ကိစ္စတွေ၊ အဲဒါတွေကကော ဖြစ်နိုင်ခြေရှိပါ့မလား။ အခု ဗိုလ်ကြီးဟောင်းနေမျိုးဇင် ကို ဒီလိုလုပ်တာက၊ နမူနာဖြစ်နေပြီ။ အရပ်သားအစိုးရအသစ် ဆိုတာ ဖြစ်လာချိန်မှာ၊ သူက ပထမဆုံး အဖမ်း ခံရပြီး၊ ပထမဆုံး ထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသား လာပြီး ဖြစ်နေသေးတယ်။

ဦးဝင်းထိန် ။ ။ ဒါကတော့ ကျယ်ကျယ်ပြန့်ပြန့်ပြောရမယ်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံတဲ့ပွဲဟာတော့၊ အင်မတန်လိုလားအပ်တဲ့ တွေ့ဆုံပွဲပေါ့လေ။ သို့သော်လည်း တိုင်းပြည်အ တွက်ကော၊ ဒီမိုကရေစီရေးအတွက်ကော၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ အတွက်ကော၊ ဘယ် လောက်အထိ၊ ထိရောက်တဲ့ ခြေလှမ်းတွေ ဖြစ်လာဦးမှာလဲ ဆိုတာ၊ စောင့်ကြည့်ရဦးမှာပေါ့။ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့လည်း၊ အခုဆိုရင် အင်မတန်ခက်ခဲပြီး သိမ်မွေ့တဲ့လမ်းကြောင်းကို လျှောက်နေတယ်လို့၊ ကျနော် တို့က မြင်ပါတယ်။ သူလျှောက်နေတဲ့ လမ်းကိုလည်း အားလုံးက အင်တိုက်အားတိုက် ထောက်ခံကြပါတယ်။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ၊ ဗိုလ်နေမျိုးဇင်ကို ထောင်ချတဲ့ ဖြစ်ရပ်မှာတော့၊ ကျနော်တို့ အင်္ဂလိပ်လိုပြောရင် တော့ mindset(စိတ်အယူအဆ)ပေါ့။ သူတို့ mindset က၊ မပြင်သေးဘူး။ ဒါကလည်းတချက်။ နောက်တချက် ကတော့ လက်လိုပေါ့။ လက်တချောင်းမှာတောင် အတိုအရှည်ရှိသေးတာပဲ။ အပေါ်ကဦးသိန်းစိန်ခေါင်းဆောင် တဲ့ governing body (အစိုးရအဖွဲ့) က၊ အနာဂတ်အတွက် ဆုံးဖြတ်ပြီးတော့မှ၊ သူတို့ လိုအပ်မဲ့ခြေလှမ်းတွေ လှမ်းသော်လည်းပဲ၊ တဘက်က တခြား organ တခုပေါ့၊ အစိုးရရဲ့ တခြား အဖွဲ့အစည်းတခုက အရင်အတိုင်းပဲ နှိပ်ကွပ်မှ ဖြစ်မယ်ဆိုတဲ့ အယူအဆနဲ့ ဆက်လုပ်နေတဲ့ အဖွဲ့တွေ၊ ရှိဦးမယ်လို့ ကျနော် ယူဆတယ်။ အဲဒီတော့ တဘက်ကတော့ မီးစပေါ့၊ တဘက်ကတော့ ရေမှုတ်ပေါ့။ အဲဒီလိုပဲ ကျနော်မြင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို အရေးယူပြီးတော့အပြစ်ပေးလိုက်တဲ့ကိစ္စ ဟာ၊ ဒီအစိုးရအပေါ် ယုံကြည်မျှော်လင့်ချက်တွေ ထားနေသူတွေအဖို့၊ စိတ်ပျက်သွားစရာ (သို့မဟုတ်) ထိတ် လန့် ကြောက်ရွံ့သွားစရာ ဖြစ်မသွားနိုင်ဘူးလား ခင်ဗျ။ အဲဒါကို ဘယ်လို မြင်ပါသလဲ။

ဦးဝင်းထိန် ။ ။ ဖြစ်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန်တို့ တွေ့ပြီးတာ၊ ရက်ပိုင်း ပဲ ရှိသေးတယ်။ လပိုင်းတောင် မကူးသေးဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နီးစပ်နေတဲ့အသိုင်းအ၀ိုင်းကို ရောက် လာတဲ့၊ ကိုနေမျိုးဇင်ကို ထောင်ချတယ်ဆိုတာက၊ တော်တော်ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ကိစ္စ့ပဲ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြေလည်အောင် ကြိုးစားမယ်ဆိုရင် ကိုနေမျိုးဇင်ရဲ့ကိစ္စဟာ ဘာမှ၊ ဟုတ်တဲ့ ကိစ္စှမဟုတ်ဘူး။ အင် တာနက်သုံးတဲ့လူတိုင်းဟာ၊ နိုင်ငံတကာနဲ့ တနည်းမဟုတ်တနည်း ဆက်ဆံနေကြတာပဲ။ အဲဒါကိုအကြောင်းပြု ပြီး ထောင်ဒဏ်(၁၀)နှစ် ချတယ်ဆိုတာ၊ ဘယ်လိုမှ ကောင်းတဲ့ဘက်က လှည့်တွေးလို့ မရဘူး။

ဦးရော်နီညိမ်း ။ ။ နောက်တခါ သူ့ကို ထောင်ချတဲ့နေ့ သြဂုတ်လ(၂၆)ရက်နေ့ကလည်း၊ ဘာသွားပြီး ထူးခြားတာရှိလဲ ဆိုတော့၊ လွှတ်တော်ထဲမှာ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို အထွေထွေလွတ် ငြိမ်းချမ်းသာခွင့်၊ သမ္မတမှ ထုတ်ပြန်ပေးရေးဆိုတဲ့ အဆိုကို၊ အမတ်တဦးက တင်သွင်းပြီးတော့၊ တပ်မတော် သား လွှတ်တော်အမတ်တွေ ဗိုလ်မှူးကြီးဌေးလှိုင်တို့ ဗိုလ်မှူးကြီးတင့်ဆန်းတို့ဆိုတဲ့ အမတ်တွေကတောင် ထောက်ခံကြလို့၊ နောက်ဆုံးကျ ကန့်ကွက်သူတွေနည်းပြီး၊ ထောက်ခံသူတွေ များလွန်းလို့၊ လွှတ်တော်ကြီး တခုလုံးက၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အမိန့်ကို၊ သမ္မတက ထုတ်ပေးဖို့အတွက်၊ သမ္မတဆီကိုတောင် ဒီအဆိုကို တင်လိုက်ကြတယ် ဆိုတဲ့နေ့၊ အဲဒီနေ့မှာပဲ၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို သူတို့က ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချ လိုက်တာပေါ့။ အဲဒီတော့ ဒီဟာက တဦးတည်း တဖွဲ့တည်းက၊ တစည်းတလုံးထဲ ဆုံးဖြတ်လုပ်ကိုင်နေတဲ့ သဏ္ဍာန် မဆောင်ဘူးလား။ ခုနပြော သလို၊ organ အမျိုးမျိုးရှိသလို၊ ဟိုorganက ဟိုအလုပ်လုပ်ပြီးတော့၊ ဒီorgamက ဒီအလုပ် လုပ်တဲ့ သဘော လား။

ဦးဝင်းထိန် ။ ။ ခုနပြောသလို၊ လွှတ်တော်မှာ အမတ်တဦး တင်တဲ့အဆိုကို၊ ဗိုလ်မှူးကြီးဌေးလှိုင် တို့ ဗိုလ်မှူးကြီးတင့်ဆန်းတို့က ထောက်ခံကြတယ်ဆိုတာ ကြားရတော့၊ ခုထက်ထိလည်း ဒါမျိုးတွေ လုပ်နေ တုန်းပဲလို့၊ စိတ်ထဲက ဖြစ်လာတယ်။ ဘာ့ကြောင့်လဲဆိုတော့၊ တပ်မတော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက၊ အထက်က အမိန့်မပေးပဲနဲ့၊ လွှတ်တော်ထဲက အဆိုတခုကို ဒီနေ့ ထောက်ခံလိုက်ရင်၊ ဒီနေ့ပဲ အချုပ်ထဲ ၀င်ရ မှာ။ synchronize (ဟန်ချက်ညီသရုပ်ဆောင်လုပ်ဇာတ်ကခြင်း) ပေါ့။ ညှိပြီးတော့မှ လုပ်တဲ့ဟာဆိုတာ သိပ် ထင်ရှားလွန်းအားကြီးတယ်။ ဒါက တချက်။ နောက်တချက်က၊ အဲဒီနေ့နဲ့တိုက်ဆိုင်ပြီး၊ ကိုနေမျိုးဇင်ကို ထောင် ချတယ် ဆိုတော့၊ အထက်က လုပ်နေတဲ့ နိုင်ငံရေး agenda(အစီအစဉ်)က သပ်သပ်။ နောက် administration (အုပ်ချုပ်ရေး)နဲ့ပတ်သက်နေတဲ့ agenda က သပ်သပ်။ သူတို့ချင်း အံချော်နေကြတာ၊ ကျနော် သတိထား မိ တယ်။

ဦးရော်နီညိမ်း ။ ။ အံချော်နေတာ ဖြစ်နိုင်သလို၊ ဇာတ်ဆရာစီစဉ်နေတဲ့၊ “မင်းကတော့ ဒီလို က”၊ နောက်တယောက်ကျတော့ “မင်းကတော့ ဟိုလို က”၊ ဆိုပြီး၊ အဲဒီလို လူခွဲပြီးတော့ ကပြအင်္သုးတော်ခံခိုင်းတဲ့ သဘောကော၊ မရှိဘူးလား ခင်ဗျ။

ဦးဝင်းထိန် ။ ။ (ရယ်လျှက်) ဒါလည်း ဖြစ်နိုင်တာပဲ။ ဒါမျိုးတွေက ဦးနေ၀င်း လက်ထက်ကတည်း က လုပ်လာတဲ့ဟာတွေ။ ဗိုလ်ချုပ်ကြီးသန်းရွှေကလည်း ဒီလို ဇာတ်လမ်းတွေအတွက် ဘယ်လို ကကွက်တွေ ချိုးရတယ်ဆိုတာ အကုန်သိခဲ့တာပဲ။ သမ္မတကြီးဦးသိန်းစိန်က ဒါတွေကို အဲဒီလောက် ကျွမ်းချင်မှ ကျွမ်းမှာ။ ဒါပေမဲ့ သူ့အောက်က လူတွေထဲ၊ ဒါတွေ ကျွမ်းတဲ့လူတွေ ရှိနေတာ၊ ကျနော် သတိထားမိတယ်။

ဦးရော်နီညိမ်း ။ ။ အခု တခါတော့၊ စစ်ထောက်လှမ်းရေးအရာရှိဟောင်းနဲ့ အမေရိကန်နိုင်ငံက မြန်မာ သံရုံးမှာ သံမှူးကြီးတာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ရဲ့ အတွေ့အကြုံကို မေးမြန်း ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ ဗိုလ်မှူးအောင်လင်းထွဋ် ခင်ဗျား၊ ဟိုးတုန်းက ဦးနေ၀င်း တိုင်းပြည်ကို အုပ်ချုပ်နေ တုန်းက၊ သူအားကိုးနေရတဲ့ လက်ထောက်တွေထဲမှာ၊ တိုင်းပြည်ကို ခပ်ကြမ်းကြမ်းကိုင်မယ် ဆိုရင်၊ ဦးစိန်လွင် (ရှစ်လေးလုံး လူထုအုံကြွမှု အစပိုင်းရက်များတွင်၊ ဆန္ဒပြလူထုကို ပစ်ခတ်ဖြိုခွဲဖို့ အမိန့်ပေးခဲ့သည့်၊ ထိုစဉ်က အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ နှင့် သမ္မတ၊ ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးချုပ် ဦးစိန်လွင်) လို ပုဂ္ဂိုလ်မျိုးနဲ့ ပွဲထုတ်ပြီးတော့ သူက ခိုင်းလိုက်တယ်။ ဒါမှမဟုတ် တခါ ကြမ်းတာများသွားလို့၊ အသာလေး နောက်ဆုတ်လိုက်ပြီးတော့မှ၊ မျက်နှာပန်းလှအောင် ပြန်ပြီးတော့၊ လူကြည့်ကောင်းအောင် လုပ်မယ်ဆိုရင်၊ ဒေါက်တာမောင်မောင်လိုပုဂ္ဂိုလ်မျိုးကို ရှေ့ထုတ်လိုက်တယ်။ အဲဒီလိုသဘောမျိုးတွေ၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တုန်းကကော၊ ဗိုလ်မှူးတို့ ဒီအတွေ့အကြုံမျိုးတွေ၊ ကြုံခဲ့ဖူးပါသလား ခင်ဗျ။

ဦးအောင်လင်းထွဋ် ။ ။ ကျနော်တို့ အများကြီး ကြုံခဲ့ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကိုတော့ တဘက်က နိုင်ငံရေးကို လုပ်ခိုင်းတယ်၊ တဘက်က ဗိုလ်ချုပ်မောင်အေးကိုတော့၊ စီးပွားရေးနဲ့စစ်ရေးကို တာဝန်ယူဆိုပြီး တော့၊ သူ(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ)က လုပ်ခဲ့ပါတယ်။ အဲဒီအချိန် အဲဒီအခါတုန်းက၊ အားလုံးသိကြတဲ့အတိုင်း၊ ဗိုလ်ချုပ်မောင်အေးနဲ့ ဗိုလ်ချုပ်ခင်ညွန့်ဟာ မတည့်ကြဘူး၊ ဆိုတဲ့ အနေအထားမျိုး ဖြစ်အောင်၊ ပုံဖေါ်ထားပါ တယ်။ အဲဒီမှာလည်း၊ ဗိုလ်ချုပ်မောင်အေးက သဘောထားတင်းမာတဲ့ လူဆိုတဲ့ ပုံစံမျိုးကို၊ ဖေါ်ထားပြီးတော့မှ၊ သူတို့နှစ်ယောက်ရဲ့ နောက်ကွယ်မှာ၊ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ)က ရုပ်သေးရုပ်ကို ကြိုးဆွဲတဲ့ ဇါတ်ဆရာလို၊ အကွက်ချပြီးတော့မှ၊ စနစ်တကျ လုပ်သွားတဲ့အနေအထားကို တွေ့ခဲ့ရပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ဖမ်းပြီး ထောင်ချလိုက်တဲ့ ကိစ္စအပါအ၀င်၊ လတ်တ လော အခု ဖြစ်နေတဲ့ကိစ္စတွေကို ကြည့်မယ်ဆိုရင်၊ မြန်မာနိုင်ငံကနေ ပေါ်ထွက်နေတဲ့ အသံတွေအရ၊ အစိုးရ ထဲမှာ တင်းမာတဲ့အုပ်စု ရှိတယ်၊ ပျော့ပျောင်းတဲ့အုပ်စု ရှိတယ်၊ စသည်ဖြင့် အသံတွေ ပေးနေတယ်။ တကယ် တမ်းကျတော့ ဒီအစိုးရဟာ စစ်ပုံစံနဲ့ပဲ သွားနေတယ်။ အရပ်သားအရေခွံ ဘယ်လိုပဲ ခြုံထားခြုံထား။ အဲဒီတော့ တင်းမာချင်တဲ့လူလည်း၊ တင်းမာချင်တိုင်း တင်းမာလို့၊ မရဘူး။ အမိန့်ရမှ တင်းမာလို့ ရတာ။ ပျော့ပျောင်းချင် တဲ့လူတွေလည်း အမိန့်ရမှ၊ ပျော့ပျောင်းလို့ ရတာ။ ဒီအသံတွေက၊ ကြားထဲကနေသတင်းတွေလွှင့်ပြီး၊ အလံရှူး လုပ်နေတဲ့ သူတွေရဲ့၊ အသံတွေ မဖြစ်နိုင်ဘူးလား။

ဦးအောင်လင်းထွဋ် ။ ။ ကျနော် တင်ပြချင်တာက၊ အခုအခါမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အခန်း ကဏ္ဍက လုံးဝပျောက်ပျက်သွားခြင်းမရှိဘူး၊ ဆိုတာပါ။ အခု ဗိုလ်ချုပ်ကြီးသိန်းစိန်ကို တဘက်၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦးကို တဘက်၊ နှစ်ဘက် ကိုင်တွယ်ထားပါတယ်။ အရေးပါတဲ့ အစိုးရသတင်းထုတ်ပြန်တဲ့ ပြန် ကြားရေးဝန်ကြီးလို ပုဂ္ဂိုလ်မျိုးတွေကို သမ္မတဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန် တိုက်ရိုက်အမိန့်ပေးလို့ မရပါဘူး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ထိန်းချုပ်မှု အောက်မှာပဲ ရှိပါတယ်။ အားလုံးသိတဲ့အတိုင်း ဗိုလ်မှူးချုပ်စိုးရှိန်ကို၊ ထောက်လှမ်းရေးတွေရဲ့အကြီးအကဲ ထားလိုက်ပြီလို့ သတင်းထွက်နေပါတယ်။ အမျိုးသားထောက်လှမ်းရေး အဖွဲ့ရဲ့ညွှန်ကြားရေးမှူးချုပ် ရာထူးမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီတော့ အရပ်ဘက်ကော၊ စစ်ဘက်ကကော၊ ရတဲ့ သတင်းတွေအားလုံးဟာ ဗိုလ်ချုပ်စိုးရှိန်ဆီမှာ ထိန်းထားပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက်၊ အစစအရာရာ အကာအကွယ် ရရှိရး၊ စနစ်တကျ အကွက်ချစီစဉ်ထားတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

(ဗိုလ်မှူးချုပ်စိုးရှိန် = ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ၊ အမှတ်(၁)ခြေလျင်တပ်ရင်း (စိန်ကန့်လန့်)တွင်၊ တပ်ရင်းမှူးဖြစ် စဉ်က၊ တပ်သားအဆင့်နှင့် တပ်ရင်းမှူး၏အကူရဲဘော်ဖြစ်ခဲ့ရာမှ၊ OTS ဗိုလ်သင်တန်း အမှတ်စဉ်(၆၆)ကို တက် ရောက်ခဲ့ပြီး၊ ခြေလျင်ခြေမြန်တပ်များသို့ မသွားရပဲ၊ နိုင်ငံတော်အကြီးအကဲ၏ စစ်ဘက် လက်ထောက်ရာထူး ဖြင့်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အနီးကပ်နေရသူဖြစ်လာကာ၊ အခုနောက်ဆုံး၊ အသစ်ပြန်ဖွဲ့သည့် အမျိုးသား ထောက်လှမ်းရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်ဟု၊ သတင်းထွက်နေသူ)

ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကိစ္စမှာလည်း၊ ဒီလိုလုပ်လိုက်တယ် ဆိုတာက၊ တဘက်က ဗိုလ်ချုပ်ကြီးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီးတော့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို၊ တက်တက်ကြွကြွလုပ်နေသလို၊ တခြားတဘက်က ဗိုလ်ချုပ်ကြီးတင်အောင်မြင်ဦးဘက်က ဧရာဝ တီမြစ်ဆုံစီမံကိန်းလိုဟာ မျိုးတွေ၊ ကျန်တဲ့ ကြမ်းကြမ်းတမ်းတမ်းကိစ္စတွေ ဖြစ်တဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေ၊ KIA KNUနဲ့ရှမ်းအဖွဲ့တွေကို၊ တိုက်နေခိုက်နေတာတွေကိုကြည့်ခြင်းအားဖြင့်၊ အားလုံးဟာ၊ အပေါ်ကနေ ဇာတ်ဆရာ ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကစားနေတဲ့ အကွက်တွေပါပဲ။ ကျနော် အဓိကတင်ပြချင်တာက၊ တချိန်က၊ ကျနော်တို့ အချိန်အခါက၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေကို အဲဒီတုန်းက စစ်အစိုးရရဲ့လက်နက်လို သုံးပြီး တော့မှ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDကို၊ တိုက်ခိုက်ပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDကို၊ ထိန်းထားမှေးထားပြီးတော့မှ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို၊ သောင်းကျန်းသူတွေ အကြမ်းဘက် သမားတွေလို့ စွပ်စွဲနေတဲ့အနေအထားမျိုးတွေ ဖြစ်တယ်လို့၊ ကျနော် မြင်ပါတယ်။ ဒါက ကစားကွက်ပါ။ သူ့မှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ၊ Commission of Inquiry (COI) နဲ့ စုံစမ်းစစ် ဆေးခံရမှာကို၊ အထူးထိတ်လန့်နေ ပါတယ်။ ဒါကြောင့် သူအတွက် အကာအကွယ် ရရှိရေးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပြင်းအထန်လုံးပန်းနေ တာပါ။

(Commission of Inquiry (COI) - ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ထော မတ်(စ်) အိုဟေး ကင်တာနား (Tomas Ojae Quintana) ကြိုးပမ်းနေသည့် မြန်မာနိုင်ငံတွင်းက စစ် ရာဇ၀တ်မှုတွေနှင့် လူမဆန်သည့် ပြစ်မှုကျူးလွန်ခဲ့မှုတွေကို ဖေါ်ထုတ်မည့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်)

ဦးရော်နီညိမ်း ။ ။ ဗိုလ်မှူးပြောတဲ့အတိုင်း ဆိုရင်၊ နိုင်ငံတကာမှာ မီလိုဆဲဗစ်(ရှ်) (ယူဂိုဆလားဗီးယား ခေါင်းဆောင်ဟောင်း Slobodan Milosevic) တို့က စပြီးတော့၊ လိုက်ဘေးရီးဟား (Liberia) က အာဏာရှင် ဟောင်း ချားလ်စ်တေလာ (Charles Taylor) တို့၊ အခုနောက်ဆုံး ဘော့စနီးယား (Bosnia) က၊ ဆာ့ဗ် ခေါင်း ဆောင်တွေ ကရားဒစ်(ရှ်) (နိုင်ငံရေး ခေါင်းဆောင် Radovan Karadzic) တို့၊ မလားဒစ်(ရှ်) (စစ်ရေးခေါင်း ဆောင် Ratko Mladic) တို့လည်း နိုင်ငံတကာပြစ်မှုဆိုင်ရာတရားခုံရုံး (International Criminal Court – ICC) ကို၊ ရုံးတင်ခံကြရတာဆိုတော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အသာလေး ကန့်လန့်ကာနောက်ကွယ်ကို နောက်ဆုတ်ပြီးတော့မှ၊ အနောက်ကနေ အကုန်လုံး၊ သတင်းအားလုံးထိန်းချုပ်နိုင်ရေးမှာ၊ (အမျိုးသားထောက် လှမ်းရေးမှာ) သူ့လူပဲ သူထားတယ်လို့၊ ဗိုလ်မှူးပြောတာကို၊ ကျနော် သဘောပေါက်ပါတယ်။ အရင်တုန်းက လည်း (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချပ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ကာလများ) ကျနော်တို့ ကြားနေရတာပဲ။ တင်းမာတဲ့အုပ်စု ရှိတယ်၊ ပျော့ပျောင်းတဲ့အုပ်စု ရှိတယ် ဆိုတာတွေ။ ဒါပေမဲ့ တင်းမာတဲ့အုပ်စုပဲဖြစ်ဖြစ်၊ ပျော့ပျောင်းတဲ့အုပ်စုပဲဖြစ်ဖြစ်၊ ရပ်တည်နေကြတဲ့ နေရာကတော့ တခုထဲပဲ။ ”ဟေ့၊ ဒို့ ဘယ်တော့မှ၊ NLD ကို အာဏာမလွှဲဘူး၊ အရပ်သားတွေ လက်ထဲကို အာဏာမလွှဲဘူး” ဆိုတာ၊ ပျော့တဲ့လူကော တင်းတဲ့လူကော၊ ဒီလိုင်း တခုထဲပေါ်မှာ ရပ်လာခဲ့ကြတာပဲ။ အဲဒီလိုမျိုး ဖြစ်နေတော့၊ ဖိနှိပ် တဲ့ဘက်မှာ တာဝန်အရ နေခဲ့ရဖူးတဲ့ အတွေ့အကြုံရှိထားတဲ့ ဗိုလ်မှူးက၊ ဒီအခြေအနေတွေကို အတိုက်အခံတွေ က ဘယ်လို သဘောထား သုံးသပ်သင့်လဲဆိုတာ၊ နောက်ဆုံးအနေနဲ့ မှတ်ချက်ပေးပေးပါ။ အခုလို အနေအ ထားတွေကလည်း ဖြစ်နေ၊ ထင်ယောင်ထင်မှားတွေ ဖြစ်အောင် ကြားထဲကနေ အလံရှူးတွေကလည်း လုပ်နေ ကြတဲ့၊အခြေအနေ အချိန်အခါမျိုးမှာ၊ လက်နက်ကိုင်ပဲ ဖြစ်ဖြစ် လက်နက်မဲ့ပဲ ဖြစ်ဖြစ်၊ မြန်မာပြည်တွင်းကပဲ ဖြစ်စြဖ် ပြည်ပကပဲ ဖြစ် ဖြစ်၊ ဘယ်လို အတိုက်အခံမျိုးတွေကို မဆို၊ ဘာလုပ်သင့်လဲ ဆိုတာပေါ့။

ဦးအောင်လင်းထွဋ် ။ ။ ကျနော် တင်ပြချင်တာက၊ အတိုက်အခံအဖွဲ့တွေကော၊ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့တွေကော၊ အားလုံးဟာ တစုတစည်းထဲ ညီညီညွတ်ညွတ်နဲ့ ရှိဖို့၊ လိုပါတယ်။ human rights (လူ့အခွင့်အရေး)၊ forced labor (အဓမ္မလုပ်အားပေး)၊ child soldier (ကလေးစစ်သား)၊ စတဲ့၊ ကုလသမဂ္ဂတို့ နိုင်ငံတကာတို့နဲ့ ပတ်သက်နေတဲ့ ကိစ္စတွေမှာ၊ သူတို့လှည့်စားတိုင်း၊ လျော့မသွားပဲနဲ့၊ တစိုက်မတ်မတ်နဲ့ ဆက် ပြီး ဖိအားပေး ဆောင်ရွက်နေဖို့ လိုတယ်လို့၊၊ ကျနော်ပြောချင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ဖမ်းဆီးထိန်းသိမ်းပြီး ပြစ်ဒဏ်ချလိုက်တာကို ကြည့် ခြင်းအားဖြင့်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဟာ၊ အာဏာရအဖွဲ့အစည်းတွေက ပေးမှ၊ ရယူနိုင်တဲ့ အနေ အထားမျိုး၊ မဟုတ်ဘူးဆိုတာကို၊ ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့အကြောင်း၊ တင်ပြရင်းနဲ့ပဲ၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍကို၊ ဒီမှာတင်ပဲ ရပ်နားခွင့်ပြုပါ ခငိဗျာ။ ကျနော် ရော်နီညိမ်း ပါ။


ဗိုလ်ကြီးဟောင်း နေမျိုးဇင် နမူနာ နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မျှော်လင့်ချက် - အပိုင်း (၁)
http://www.voanews.com/burmese/news

နုကျန်နဲ့ သံလွင်ရေကာတာ ပြဿနာ


သောကြာ, 09 စက်တင်ဘာ 2011
By ဦးအောင်ခင် & မညိုညိုလွင်

တိဘက်ကုန်မြေမြင့်မှာ မြစ်ဖျားခံတဲ့ နုကျန် (ခေါ်) နုမြစ်ဟာ ယူနန်ကိုဖြတ်ပြီး မြန်မာပြည်ထဲ စီးဆင်းလာတဲ့အခါမှာ သံလွင် ဖြစ်လာပြီး ထိုင်းနိုင်ငံနဲ့ ထိတွေ့လာတဲ့အခါမှာ သံလွင်မြစ် ဖြစ်သွားပါတယ်။ နုမြစ်မှာ ရေကာတာ (၁၃) ခု တည်ဆောက်ဖို့ ၂၀၀၃ မှာ တရုတ်အာဏာပိုင်က ခွင့်ပြုတဲ့အခါမှာ အကြီးအကျယ် အငြင်းပွားပြီး ဆွေးနွေးကြ၊ ကန့်ကွက်ကြပါတယ်။ နုမြစ်ဟာ မြေလွှာပြတ်ရွှေ့ ကြောင်းအပေါ်မှာ စီးဆင်းနေတဲ့မြစ်ဖြစ်လို့ အလွန်အန္တရာယ် ကြီးမားကြောင်း ထင်ရှားတဲ့ ဘူမိသိပ္ပံပညာရှင် (၂) ဦးက တရုတ်ဝန်ကြီးချုပ်ဆီကို စာရေးပန်ကြားတဲ့အတွက် ၂၀၀၄ မှာ နုမြစ်ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းခဲ့ရပါတယ်။

၂၀၁၁ ကနေ ၂၀၁၅ အထိဖြစ်တဲ့ ငါးနှစ် စီမံကိန်းမှာ ရေအားလျှပ်စစ် တိုးချဲ့ ရေးကို ဖော်ပြပေမယ့် နုမြစ်ရေကာတာ စီမံချက်မှာ ပတ်ဝန်းကျင် ထိခိုက်မယ့်ကိစ္စကို အလေးအနက် သုတေသန လုပ်ရမယ်လို့ ဆိုပါတယ်။ အသေအချာမလေ့လာရင် အတည်မပြုနိုင်ဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ နုမြစ်ထဲကို စီးဆင်းတဲ့ မြစ်လက်တက်ချောင်းမြောင်းတွေမှာ ရေအားလျှပ်စစ် အသေးစား အများအပြားဆောက်လုပ်ထားတာမို့ ဒေသသုံးအတွက်ဆိုရင် နုမြစ်မှာ ရေကာတာတွေ ဆောက်စရာမလိုဘူးလို့ ယူဆကြပါတယ်။ ဒါကြောင့် နုမြစ်နဲ့ တဆက်ထဲ အောက်ဘက်မြန်မာပြည်ထဲက သံလွင်မြစ်မှာ ရေအားလျှပ်စစ်ထုတ်ဖို့ တရုတ်ကုမ္မဏီတွေ စိတ်ဝင်စားလာတာ ဖြစ်ပုံရပါတယ်။

ကမ္ဘာပေါ်မှာ အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ မြစ် (၁၀) ခုအထဲမှာ သံလွင်မြစ် ပါဝင်ကြောင်း ကမ္ဘာတောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့က ၂၀၀၇ မှာ မှတ်တမ်းတင်ထားပါတယ်။ သံလွင်မြစ် ရေကာတာတည်ဆောက်ဖို့ အရင်ဆုံး စိတ်ကူးသူဟာ ထိုင်းလျှပ်စစ် ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ ဖြစ်ပါတယ်။ ဓါးဂွင်မှာ ရေကာတာဆောက်ဖို့ ဂျပန်ကုမ္မဏီကို အရင်လေ့လာခိုင်းပြီး ၂၀၀၈ မှာ တရုတ်ကုမ္မဏီ (၃) ခု ဓါးဂွင် စီမံကိန်းမှာ ပါဝင်လာပါတယ်။ ဓါးဂွင် အထက်က ဝဲကြီးရေကာတာကို ထိုင်းလျှပ်စစ်အာဏာပိုင်အဖွဲ့နဲ့ ဗမာအစိုးရတို့ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှာ သဘောတူခဲ့ကြပါတယ်။ ဓါးဂွင်အောက်မှာ တည်ဆောက်မယ့် ဟတ်ကြီးရေကာတာ နားလည်မှုစာချွန်လွှာကို မြန်မာ၊ ထိုင်း နဲ့ တရုတ်တို့ ၂၀၁၀ ဧပြီလမှာ လက်မှတ်ထိုးပါတယ်။

ဝဲကြီး၊ ဓါးဂွင် နဲ့ ဟတ်ကြီး ရေကာတာတွေက ထုတ်လုပ်ရရှိမယ့် လျှပ်စစ်ဓါတ်အားကို ထိုင်းနိုင်ငံကို ရောင်းချသွားဖို့ အဓိက ရည်ရွယ်ပါတယ်။ လွန်ခဲ့တဲ့နှစ် အစောပိုင်းက ဝဲကြီးရေကာတာအထက် ကရင်နီ (ခေါ်) ကယားပြည်နယ်မှာ ရွာသစ်ရေကာတာကို တည်ဆောက်ဖို့ မြန်မာနဲ့ တရုတ် ကုမ္မဏီတွေ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးကြပါတယ်။ မြစ်လက်တက်တွေဖြစ်ကြတဲ့ ပွန်ချောင်းနဲ့ သဘက်မြစ်ပေါ်မှာလည်း နောက်ထပ် ရေကာတာ (၂) ခု တည်ဆောက်ဖို့လည်း သဘောတူကြပါတယ်။ ဆက်ဆောက်မယ့်နေရာကို အင်ဂျင်နီယာတွေ တိုင်းတာစစ်ဆေးပေမယ့် ဒေသခံတွေကို လုံးဝအသိမပေးပါဘူး။ လွန်ခဲ့တဲ့ ဒီဇင်ဘာလမှာ ရွာသစ်ကိုသွားတဲ့ အင်ဂျင်နီယာအဖွဲ့နဲ့ အစောင့်စစ်သားတွေ လိုက်ပါသွားတဲ့ ယာဉ်တန်းကို KNPP ကရင်နီတပ်ဖွဲ့က တိုက်ခိုက်တဲ့အတွက် နိုင်ငံခြားသားတဦးအပါအဝင် (၃) ဦး သေဆုံးသွားခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ တည်ဆောက်မယ့် တာဆန်းရေကာတာဟာ အကြီးဆုံး ဖြစ်ပါတယ်။ ဒီ ရေကာတာတဝိုက်မှာ အစိုးရစစ်ဆင်ရေးလုပ်တာကြောင့် တာဆန်းကို လူသိများလာပါတယ်။

လောပီတ ရေအားလျှပ်စစ်ဆောက်တဲ့ ဂျပန်ကုမ္မဏီကပဲ တာဆန်းရေကာတာကို ၁၉၈၁ ခုနှစ်မှာ စတင်လေ့လာပါတယ်။ နောက်တော့ ၂၀၀၂ ဒီဇင်ဘာမှာ ထိုင်းနိုင်ငံက MDX ကုမ္မဏီနဲ့ ဗမာစစ်အစိုးရတို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးကြပြီး ဆက်လုပ်ဖို့ ပြင်ဆင်ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တရုတ်ကုမ္မဏီတွေ ပါဝင်လာပြီး တာဆန်းရေကာတာ တည်ဆောက်ဖို့ ၂၀၀၈ ခုနှစ်မှာ တာဝန်ယူလိုက်ပါတယ်။ ဆည်အုတ်မြစ် ချပွဲကျင်းပပြီပေမယ့် တည်ဆောက်ရေးလုပ်ငန်း အနည်းအကျဉ်းသာ လုပ်ရသေးကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ထိုင်းလျှပ်စစ်ထုတ်လုပ်ရေးအဖွဲ့ တရုတ်ကုမ္မဏီနဲ့ ဗမာအစိုးရတို့ တာဆန်းရေကာတာ တည်ဆောက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးကြပါတယ်။ ဒေါ်လာသန်းပေါင်း တသောင်းအထိ ရင်းနှီဖို့ သဘောတူကြောင်း သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကွန်းလုံတံတားအထက်မှာ တည်ဆောက်မယ့် အထက်သံလွင်ရေကာတာကို တရုတ်ကုမ္မဏီတွေက တည်ဆောက်ဖို့ ၂၀၀၇ ခုနှစ်မှာ ဗမာအစိုးရက သဘောတူထားပါတယ်။ တရုတ်ကုမ္မဏီချည်း ပါဝင်တဲ့ရေကာတာ ဖြစ်ပါတယ်။ နုကျင်မြစ်မှာ ရေကာတာ တည်ဆောက်ရေး ရပ်ဆိုင်းထားတဲ့ ၂၀၀၄ နောက်ပိုင်းမှာ သံလွင်ရေကာတာ (၆) ခုစလုံးမှာ တရုတ်ကုမ္မဏီတွေ ပါဝင်လာ တွေ့ရပါတယ်။ နုကျင်မြစ်မှာတော့ ပတ်ဝန်းကျင်ထိခိုက်မှုကို သုတေသနပြုဖို့ လိုအပ်ပြီး မြန်မာပြည် သံလွင်မြစ်မှာတော့ မလိုအပ်တာကြောင့် တရုတ်ကုမ္မဏီတွေ ခြေသွက်နေတာ ဖြစ်ပုံရပါတယ်။

ရေကာတာ တည်ဆောက်မယ့်ဒေသက ပြည်သူလူထုဟာ စီမံကိန်းအကောင်အထည်ဖော်ရေးမှာ ပါဝင်ဆွေးနွေးဖို့ မဖြစ်မနေလိုအပ်ကြောင်း ကမ္ဘာ့ဆည်ကော်မရှင်က ညွှန်ကြားချက် ထုတ်ထားပါတယ်။ ဒေသခံတွေ လက်မခံတဲ့ ရေကာတာကို တည်ဆောက်ခွင့် မရှိဘူးလို့လည်း ဆိုပါတယ်။ သံလွင်ရေကာတာ စီမံကိန်းမှာ ဋ္ဌာနေတိုင်းရင်းသားတွေရဲ့  လိုအပ်ချက်ကို လုံးဝလျစ်လျူရှုထားတာ တွေ့ရပါတယ်။ သံလွင်အရေး ဆန္ဒပြပွဲတွေကို ထိုင်းနဲ့ နိုင်ငံခြားမြို့ ကြီးတွေမှာ အလျဉ်းသင့်သလို ကျင်းပနေကြပေမယ့် ပြည်တွင်းမှာ အားနည်းနေပါတယ်။ သံလွင်မြစ်ဝှမ်းဟာ တိုင်းရင်းသားအများဆုံး နေထိုင်ရာဒေသ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/

မြန်မာအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက် ပြတ်ပြတ်သားသား တင်ပြဖို့ HRW တောင်းဆို


ကြာသပတေး, 08 စက်တင်ဘာ 2011
By ဒေါ်ခင်မျိုးသက်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) အခုလို မြန်မာနိုင်ငံကို သွားရောက်တာဟာ အချိန်ကောင်းဖြစ်ပြီး အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားတွေကို ပြတ်ပြတ်သားသား ပြောဖို့လိုတယ်လို့ နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အားလုံးကို အစိုးရသစ်က ပြန်လွှတ်ပေးမှသာ အမေရိကန် အစိုးရ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားသင့်တယ်လို့လည်း ဒီအဖွဲ့ကြီးက ထောက်ပြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ အရေးယူ ဒဏ်ခတ်နေတဲ့ အမေရိကန် အစိုးရရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ပီပီပြင်ပြင် အကောင်အထည် ဖော်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံ ဒဲရက်ခ် မစ်ချဲလ် မြန်မာနိုင်ငံကို သွားရောက်နေတာပါ။ မစ္စတာ မစ်ချဲလ် အနေနဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံတဲ့ အခါမှာ ပြတ်ပြတ်သားသားရှိဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးက လိုလားတယ်လို့ အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်အကြီးအကဲ မစ်စ် အီလိန်း ပီယာစင်က ပြောပါတယ်။

“ဒဲရက်ခ် မစ်ချဲလ် ဒီအချိန် မြန်မာနိုင်ငံကို သွားတာဟာ အချိန်ကောင်းပါ။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ အချိန်အတော်ကြာ ကတည်းက စောင့်စားနေရတာမို့ အခုလို သံတမန်ကိုယ်တိုင် မြန်မာနိုင်ငံကို သွားတဲ့အခါမှာ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားကို ပြတ်ပြတ်သားသား ပြောပြဖို့ ကိစ္စက အရေးကြီးပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့အတွက် လိုအပ်တဲ့ အခြေခံ အချက်တွေဟာ ဘာတွေလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုပါတယ်။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ သိသိသာသာ တိုးတက်မှု မရှိသေးတဲ့အတွက် အမေရိကန် အစိုးရက အရေးယူမှုတွေကို ဆက်ပြီး ထားရှိနေသလို မကြာခင်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနား (Mr. Tomas Ojea Quintana) ကလည်း စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် တိုက်တွန်းနေတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် လက်တွေ့ ဖော်ဆောင်ဖို့ တောင်းဆိုလိုက်သလို Human Rights Watch အဖွဲ့ကတော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ မြင်ချင်တယ်လို့ ဆိုပါတယ်။

“ကျမတို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အနေနဲ့ မြင်ချင်တာက နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ပါ။ ဒါကိုလည်း နိုင်ငံတကာ အသိုက်အ၀န်း တခုလုံးက တောင်းဆိုနေတာ အတော်ကြာနေပါပြီ။ နောက်တခုကတော့ စစ်မှန်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ လုပ်ဖို့ပါ။ ဒီအထဲမှာ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးနဲ့ အစိုးရသစ်က တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့လိုသလို ဒီဆွေးနွေးမှုတွေကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တကယ့်ကို ဦးတည်ဖို့ လိုပါတယ်။”

မစ္စတာ မစ်ချဲလ်ဟာ သောကြာနဲ့ စနေနေ့တွေမှာ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။ နေပြည်တော်မှာ လွှတ်တော်အမတ်အချို့ အပါအ၀င် အစိုးရ တာဝန်ရှိသူတွေက အမေရိကန် အစိုးရ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးရေးကိစ္စ တောင်းဆိုမယ့် အလားအလာနဲ့ ပတ်သက်ပြီး မစ်စ် ပီယာစင်ရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။

“စီးပွားရေး ပိတ်ဆို့ အရေးယူထားတာကို ဖယ်ပေးဖို့ဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမှာပါ။ အခုတော့ နိုင်ငံရေး အကျဉ်းသားတွေကို တကယ်လွှတ်ပေးတာမျိုး မတွေ့ရသေးပါဘူး။ မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ရက်စေ့ခါနီး နိုင်ငံရေး အကျဉ်းသားတချို့ လွှတ်ပေးတာမျိုးတော့ ရှိခဲ့ပါတယ်။ ခိုင်မာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသူတွေ မြန်မာနိုင်ငံထဲမှာ အများကြီး ရှိနေတာမို့ ဒီလူတွေကို မြန်မာနိုင်ငံရဲ့ အနာဂတ်ရေး ဆုံးဖြတ်ရာမှာ ပါဝင်ခွင့်ပေးဖို့ လိုပါတယ်။ ဒီလူတွေကို ဆက်ပြီး အကျဉ်းချထားသ၍ စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေကိုလည်း ရုပ်သိမ်းပေးစရာ မလိုပါဘူးရှင်။”

မစ္စတာ မစ်ချဲလ်ဟာ စနေနေ့ကနေ ရှေ့အပတ် ဗုဒ္ဓဟူးနေ့အထိ ရန်ကုန်မှာ နိုင်ငံရေးပါတီ အသီးသီးက ပုဂ္ဂိုလ်တွေအပြင် လူမှုအဖွဲ့အစည်း မျိုးစုံနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ EU ဥရောပသမဂ္ဂရဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ လူသားချင်း စာနာမှု အကူအညီဆိုင်ရာ ကော်မရှင်နာမင်းကြီး ခရစ်စ်တယ်လီနာ ဂျော်ဂျီဗာလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်တယ်လို့ EU သတင်းမှာ ဖော်ပြထားပါတယ်။

http://www.voanews.com/burmese/news/

Gmail ရောင်းရန် ရှိသည်



ထွန်းထွန်း | သောကြာနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ “Verify Gmail Gtalk အကောင့်ခ်အသစ်ဖွင့်ခြင်း ၉,ဝဝဝ ကျပ်၊ Gmail အကောင့်ခ်အား 7GB, Storage မှ 27 GB Storage Update လုပ်ခြင်း ၉,ဝဝဝ ကျပ်။ မိမိ Gmail အကောင့်ခ်အတွင်း Verificationဖြစ်ခြင်း၊ Lock ကျခြင်းဖြစ်ကာ အကောင့်ခ်ထဲသို့ ဝင်မရသူများအား အထူး ဝန်ဆောင်မှုပေးသည်။”

ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် အိုင်တီဂျာနယ်တခုတွင် ပါရှိသည့် ကြော်ငြာကြောင့် ဂျီမေးလ်ကို အခမဲ့ အသုံး
ပြုခွင့် ရနေသူများကို အံအားသင့်စေမှာ ဖြစ်သည်။

“ကိုးထောင်ပါပဲ အကို။ နိုင်ငံခြားက အသိတွေက လုပ်ပေးတာပါ။ ကျနော်တို့က တဆင့်ပြန်လုပ်ပေးတာ ဆိုတော့
လေ။ ကျနော်တို့က အကောင့်ခ်တခုကို ဘယ်လောက်ပေါ့” ဟု ဝန်ဆောင်မှု လုပ်ငန်းတခုမှ တာဝန်ရှိသူ တဦးက
ပြောပြသည်။
sellgmail1
ယင်းကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်းများ ထွက်ပေါ်လာရခြင်းမှာ မြန်မာနိုင်ငံ၌ လွန်ခဲ့သည့် ခြောက်လခန့်မှစ၍ ဂျီမေးလ်
ကို အခမဲ့ ဝန်ဆောင်မှုပေးနေရာမှ လုံခြုံရေးအတွက် Verification Code ထည့်သွင်းရသည့် စနစ် ကျင့်သုံးလာခြင်းမှ အခြေခံ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

ဂူဂဲလ်က မိမိထံတွင် အကောင့်ခ်အသစ် ပြုလုပ်လိုလျှင် ဖြစ်စေ၊ Code မထည့်သွင်းနိုင်သဖြင့် ဖွင့်မရ ဖြစ်နေသည့်
မေးလ်အဟောင်းအား ပြန်ဖွင့်လိုလျှင်ဖြစ်စေ သုံးစွဲသူ မှန်ကန်ကြောင်း အတည်ပြုချက် အနေဖြင့် Verification Code တောင်းယူလေ့ရှိပြီး ယင်းကုတ် ရယူရန် အတွက် မိမိ၏ လက်ကိုင်ဖုန်းနံပါတ်ကို ပေးရလေ့ ရှိသည်။

ယင်းနောက် Verify Code ကို ဖုန်းသို့ SMS ဖြစ်သော်လည်းကောင်း၊ အသံဖြင့် သော်လည်းကောင်း ပြန်လည်
ပေးပို့ကာ ထိုကုတ်ရမှ သာလျှင်နောက်ဆုံး အဆင့်အဖြစ် မေးလ်ကို ဝင်ရောက် အသုံးပြုနိုင်မည် ဖြစ်သည်။

အခြားနိုင်ငံများတွင် Verify Code ရယူရန် အတွက် လက်ကိုင်ဖုန်း ရှိရုံဖြင့် အဆင်ပြေ နေကြသော်လည်း မြန်မာပြည်
မှ ဖုန်းနံပါတ်များ ထည့်သွင်းသော်လည်း “Sorry, the selected country is not supported for verification” ဟု
သာ အကြောင်းပြန်လာပြီး မေးလ်အကောင့်ခ်သစ်များ ပြုလုပ်မရခြင်း ဖြစ်သည်။

ရှိပြီးသား အကောင့်ခ်ဟောင်းများအတွက်လည်း လုံခြုံရေးအတွက် လွန်ခဲ့သည့်နှစ် စက်တင်ဘာလလောက်ကမှ စတင် တောင်းယူမှုရှိခဲ့သည်ဟု ရန်ကုန်မြို့ရှိ အင်တာနက်သုံးစွဲသူများထံမှ သိရသည်။

“အရင်တုန်းကတော့ ရတယ်။ အရင်တုန်းက ဖုန်းနံပါတ်တွေ ဘာတွေ မတောင်းဘူးပေါ့။ နောက်ပိုင်းကျတော့ Gmail
က ကျနော်တို့လို အကောင့်ခ် ဖွင့်မယ်ဆို ဖုန်းနံပါတ်တွေ တောင်းလာတာပေါ့။ Verify လုပ်ပါဆိုပြီးတော့။
တောင်းလာတော့ ကျနော်တို့က ရိုက်မယ်ဆိုရင် မရဘူး” ဟု ရန်ကုန်မြို့ခံ အင်တာနက်သုံးစွဲသူ တဦးက ဆိုသည်။

အင်တာနက်သုံးစွဲသူများအကြား အခက်အခဲတွေ့နေရခြင်းမှာ ဂူဂဲလ်မှ လုံခြုံရေးစနစ် တိုးမြှင့်ခြင်းကြောင့်သာ မဟုတ်ဘဲ မြန်မာနိုင်ငံရှိ လက်ကိုင်ဖုန်းများတွင် SMS စာပို့စနစ် ဖွင့်ပေးမထားခြင်းက အဓိကကျသည်ဟု အင်တာနက် သုံးစွဲသူများက သုံးသပ်သည်။

“အဓိက ကတော့ အကိုရာ။ SMS အဝင် မရတာပေါ့နော် ဒါပါပဲ။ မြန်မာပြည်မှာ SMS အဝင်မရတဲ့ အတွက်ကြောင့်
မို့လို့ Verify လုပ်လို့ရှိရင် နိုင်ငံခြား SIM ကတ်ကနေ လုပ်ရတာပေါ့။ တခြားတော့ ဘာမှ မရှိပါဘူး။ အဓိက Point ကတော့ ဒီသဘောပါပဲ” ဟု ဝန်ဆောင်မှု လုပ်ငန်းတခုမှ တာဝန်ရှိသူက ဆိုသည်။

ယင်းကဲ့သို့ နည်းပညာ အခက်အခဲများကြောင့် ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင် တချို့တွင်လည်း ယခုကဲ့သို့ ဝန်ဆောင်မှု ပေးမှုများ ရှိလာပြီး အချို့ဆိုင်များတွင်မူ အကောင့်ခ်သစ် ဖြစ်လိုပါက ၃,ဝဝဝနှင့် ဖွင့်မရဘဲ
ဖြစ်နေသည့် မေးလ်များ ပြန်လည်ဖွင့်လိုပါက ၈,ဝဝဝ ကျပ်အဖြစ် သတ်မှတ် ကောက်ခံမှုများ ရှိနေသည်။

“သမီးတို့ လမ်းထိပ်မှာ အင်တာနက်ဆိုင် ရှိတယ်။ ၅ဝဝ ပေးရတယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သည့် မနန္ဒာက ဆိုသည်။ ဝန်ဆောင်ခနှုန်းကောက်ခံသည့် ဆိုင်များမှာ တဆိုင်နှင့် တဆိုင် မတူညီကြပေ။
sellgmail
ဂျီမေးလ်အပြင် အခြားသော အခမဲ့ရနိုင်သည့် မေးလ်များရှိနေသော်လည်း လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ မြန်မာစာ ရိုက်နိုင်ခြင်း၊ အသံဖြင့်ဖြစ်စေ ရုပ်ဖြင့်ဖြစ်စေ အမျိုးမျိုး အသုံးပြုနိုင်ခြင်းကြောင့် ဂျီမေးလ်ကို လူသုံးများသည်။

ဂျီမေးလ်အတွင်း မေးလ်လိပ်စာတခု ထပ်ပေါင်းထည့်ခြင်း Add မည်ဆိုပါက မြန်မာဘာသာမှ အင်္ဂလိပ်၊ ပါဋ္ဌိ အပြင် အခြားသော ဘာသာစကားများသို့ ဘာသာပြန်ဆိုပေးနိုင်သည့် ဆော့ဖ်ဝဲလ်များ တီထွင်နေကြခြင်းက သက်သေ တခုပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူပေါင်း ၅ သိန်း ဝန်းကျင်ခန့်ရှိနေပြီး တရားဝင် အများပြည်သူသုံး အင်တာနက် ဆိုင်ပေါင်း ၈ဝ၂ ခုရှိကြောင်း မြန်မာအင်ဖိုတက်ခ်က ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ စာရင်းများအရ သိရသည်။

ယခုပြုလုပ်လိုက်သည့် Verify စနစ်ကြောင့် အကောင့်ခ်သစ် ဖြစ်လိုသူများအတွက် ပြဿနာ မရှိသော်လည်း အကောင့်ခ်ဟောင်း Lock ဖြစ်နေသူများမှာမူ ဒုက္ခရောက်နေကြသည်။ မိမိမေးလ်အတွင်း သိမ်းဆည်းထားသည့် အချက်အလက်များအပြင် အခြားသော အဆက်အသွယ်များ ပြတ်တောက်ကုန်သည့်အတွက် အခက်တွေ့နေရသည်။

ကိုမင်းမင်းသည် လွန်ခဲ့သည့် ၁ဝ နှစ်ကျော်မှစ၍ ဂျီမေးလ်ကို မိမိနာမည်အရင်းဖြင့် အသုံးပြုခဲ့သူဖြစ်ကာ ယခု စနစ်သစ်ကြောင့် Verify Code မထည့်နိုင်သည့် အတွက် ဖွင့်မရဘဲ အခြားမေးလ်တခုဖြင့် အသုံးပြုနေရသူ ဖြစ်သည်။

သို့သော် ဝန်ဆောင်မှုလုပ်ငန်းများမှ ပြုလုပ်ပေးသည့် မေးလ်အကောင့်ခ်များမှာ လုံခြုံစိတ်ချရမှု နည်းပါးပြီး ပြုလုပ်
ပေးသူမှ ပြန်လည်ခိုးယူမှုတွေလည်း ရှိကြောင်း အင်တာနက် လုံခြုံရေး ဘာသာရပ် ကျောင်းသားများက သတိပေးထားသည်။

“အဲဒီလိုဖွင့်ပေး၊ ပြီးလဲပြီးရော ပိုင်ရှင်မသိအောင် Hack လို့ ရသွားရော။ ပိုင်ရှင်က သုံးလို့ ခြောက်လ၊ တနှစ်နေရင် စကားဝှက်မှားလို့ ဘာညာဆိုပြီး လုပ်ထားတဲ့ ဖုံးနံပတ်နဲ့ စကားဝှက် ပြန်တောင်းပြီး ယူလိုက် ရုံပဲလေ။ အဲဒီလိုနဲ့
ပြည်တွင်းက ဂျီမေလ်းတွေ ပါကုန်တာ မနည်း။ အဲဒီလိုပါသွားရင် မေးလ်ထဲက အချက်အလက်တွေ ကုန်ပြီလေ။ ပုဂ္ဂိုလ်ရေး အချက်အလက်တွေအစ ပါကုန်ပြီလေ” ဟု အင်တာနက် လုံခြုံရေးဘာသာ အဓိကဖြင့် ကျောင်းတက်
နေသူ ကိုမောင်မောင်က ပြောဆိုသည်။

ဝန်ဆောင်မှုကို မကျေနပ်သော်လည်း အရေးကြီးသည့် အချက်အလက်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် များကို မေးလ်အတွင်း သိမ်းဆည်းထားသူများကတော့ ဝန်ဆောင်မှု လုပ်ငန်းများကို အားကိုး နေရသည်။ ယင်းသို့ အားမကိုးလိုသူများမှာမူ ပြည်ပရှိ မိမိအသိမိတ်ဆွေများကို အကူအညီတောင်း ဖွင့်လှစ်ခိုင်းနေရတော့သည်။
http://www.mizzimaburmese.com/news/business/8298-gmail--.html

နာဂစ်ကြောင့် သေဆုံးသူ လူဦးရေ သုံးသိန်းနီးပါးရှိဟု စစ်အစိုးရ နံပါတ်နှစ် ခေါင်းဆောင်ပြောခဲ့



ကိုဝိုင်း | သောကြာနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် သေခဲ့ရသူ အရေအတွက်မှာ ၃၀၀,၀၀၀ နီးပါးအထိ ရှိသည်ဟု အစိုးရက တွက်ချက်ခဲ့သော်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးက "သူသေမှ" ဤကိန်းဂဏန်းကို အများပြည်သူသို့ ထုတ်ပြန်မည်ဟု ပြောဆိုခဲ့ကြောင်း သံရုံးအဆက်သွယ်များက တဆင့်စကား ပြောသည်ကို ဝီကီလိခ်မှ ပေါက်ကြားလာသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လျို့ဝှက်ကြေးနန်း တစောင်အရ သိရသည်။

မုန်တိုင်းအလွန် ၁ လကျော် ဇွန်လ ၇ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယ
အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက စီးပွားရေး လုပ်ငန်းရှင် ဦးတေဇကို ခေါ်ယူပြီး အစိုးရက ခန့်မှန်းသည့် သေဆုံးသူ ဦးရေကို ပြောဆိုခဲ့သည်ဟု ရန်ကုန် အမေရိကန် သံရုံးမှ ဝါရှင်တန်မြို့ အမေရိကန်
နိုင်ငံခြားရေး ဝန်ကြီးထံ ပေးပို့သည့် ၂ဝဝ၈ ခု ဇွန်လ ၁၁ ရက်စွဲပါ ကြေးနန်းတွင် ပါရှိသည်။

“အစိုးရက သေဆုံးသူ ၃၀၀,၀၀၀ ရှိတယ်လို့ ခန့်မှန်းထားတယ်။ ဒါပေမယ့် သူသေမှပဲ ဒီအရေအတွက်ကို ထုတ်ပြန် ရမယ် ” ဟု သံအရာရှိက စီးပွားရေးသမား တဦး၏ ပြောပြချက်ကို ကြေးနန်းတွင် ပြန်လည် ပြောဆိုထားသည်။

ဆိုင်ကလုံးမုန်တိုင်းတိုက်ပြီး သုံးရက်အကြာ ၂၀၀၈ ခု မေလ ၅ ရက်အထိ သေဆုံးသူ ၁၀,၀၀၀ နှင့် ပျောက်ဆုံး
၃,၀၀၀ ရှိ သည်ဟု မြန်မာဝန်ကြီးတချို့က ရန်ကုန်အခြေစိုက် သံတမန်များနှင့် စည်းဝေးရာတွင် ပြောဆိုခဲ့ကြောင်း
ကြေးနန်းတွင် တွေ့ရှိရသည်။

ဇွန်လမကုန်မီ အစိုးရက အများပြည်သူသို့ တရားဝင် ထုတ်ပြန်ချက်တွင် သေဆုံးသူ ၈၄,၅၃၇ ဦး၊ ပျောက်ဆုံးသူ ၅၃,၈၃၆ ဦးရှိပြီး ဒဏ်ရာရသူ ၁၉,၃၅၉ ဦး ရှိသည်ဟုဆို ပြန်သည်။ နောက်ပိုင်းတွင် သေဆုံးဦးရေနှင့် ပျောက်ဆုံး ကိစ္စကို ထပ်မံ ရှင်းပြခြင်း မပြုတော့ပေ။

ကုလသမဂ္ဂကမူ သေဆုံးသူ ၁၄၀,၀၀၀ ဦးခန့်ရှိသည်ဟု ခန့်မှန်းပြီး မုန်တိုင်း ဒဏ်ကို လူ ၂.၄ သန်း ဆိုးဆိုးရွားရွား ခံခဲ့ရကြောင်း ထုတ်ပြန်သည်။ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများ ဗီဇာ အခက်အခဲ ဖြစ်စေရန် အမိန့်ပေး ခဲ့သည်မှာ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ဖြစ်ကြောင်းကို ဦးတေဇ မိသားစုနှင့် နီးစပ်သူထံမှ ရန်ကုန် အမေရိကန်
သံရုံးက သိလိုက်ရသည်။

နိုင်ငံတကာ သတင်းမီဒီယာများနှင့် အင်တာနက် စာမျက်နှာများမှ ဆိုးရွားလှသော သေကြပျက်စီးမှုများကို ဗီစီဒီများ
မှ တဆင့် မြန်မာလူထုက ကျယ်ကျယ်ပြန့်ပြန့် သိလာချိန်တွင် စစ်ဗိုလ်ချုပ်ကြီးများ အတွက် စိတ် အနှောက်အယှက်
ဖြစ်လာခဲ့တော့သည်။

“အကျိုးဆက်အနေနဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ဧရာဝတီမြဝကျွန်းပေါ် ဒေသကို နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားတွေ ဝင်ထွက်နေတာကို တင်းကျပ်ဖို့ အမိန့်ပေးလိုက်တယ်” ဟု သံရုံး ကြေးနန်းတွင် ပြန်ပြောပြထားသည်။

ဗီဇာတောင်းခံသည့် လုပ်ငန်းအဆင့်များကို တိုးမြှင့်လိုက်သည်။ ကုလသမဂ္ဂ တာဝန်ရှိသူများကမူ “လက်မခံနိုင်သည့် အပြုအမှု” ဟု ရန်ကုန် အမေရိကန် သံရုံးကို ပြောဆိုကြသည်။

နိုင်ငံတကာ အကူအညီ လက်ခံရေးနှင့် ပတ်သက်၍ ထိုစဉ်က ဝန်ကြီးချုပ် ဦးသိန်းစိန်၊ နအဖ ကောင်စီဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ လယ်ယာ/ စိုက်ပျိုး ဝန်ကြီး ဦးဌေးဦးတို့က သဘောထား ပျော့ပြောင်းပြီး၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့က တင်းမာသည်ဟု သံရုံး အဆက်သွယ်က ပြောဆိုသည်။

နာဂစ်မုန်တိုင်း ဝင်ပြီး နောက်ပိုင်း ထူးခြားမှု တခုမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးသီဟသူရ တင်အောင်မြင့်ဦးနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကို စိတ်ဝမ်းကွဲနေစေရန် ကုန်သွယ်ရေး ကောင်စီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူး ကြီးမောင်အေးကို ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် အစားထိုးလိုက်ပြီး တချိန်တည်းတွင် အတွင်းရေးမှူး ၁ နေရာပေး၍ သဘာထား ပျော့ပြောင်းသည့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ထိန်းညှိထားလိုက်သည်
ဟု ရန်ကုန် အမေရိကန် သံရုံး ကြေးနန်းတွင် ပါရှိသည်။

"သူရဲ့ အတွင်းစည်းမှာ အာဏာ ချိန်ခွင်လျှာကို ထိန်းညှိပြီးသား ဖြစ်ပြီး သစ္စာခံမှုရအောင် (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေ
က ဒီလိုလုပ်တာ” ဟု သံရုံး အဆက်သွယ် စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်ကို ကြေးနန်းတွင် ဖော်ပြ ထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဝင်မပြိုင်ပါက သူရရွှေမန်းကို သမ္မတ လျာထားပြီး ဒုသမ္မတ ၁
ကို လယ်ယာ/ စိုက်ပျိုးဝန်ကြီး ဦးဌေးဦး၊ ဒုသမ္မတ ၂ ကို အပစ်ရပ် ပအိုဝ်း တိုင်းရင်းသား ဦးအောင်ခမ်းထီတို့ကို လျာထားခဲ့ကြောင်း “သူရရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သာမက ဇနီးဒေါ်ကြိုင်ကြိုင်ကလည်း အဲဒီလို
လျာထားဖို့ သဘောကျနေတာ” ဟု သံရုံး ကြေးနန်းတွင် ပြန်ပြောဆိုထားသည်။

သို့သော်လည်း ရွေးကောက်ပွဲ အပြီးတွင် သဘောထား ပျော့ပြောင်းသူ ဦးသိန်းစိန်က သမ္မတ ဖြစ်လာခဲ့ပြီး သူရဦးရွှေမန်းကတော့ အောက်လွှတ်တော် ဥက္ကဋ္ဌသာ ဖြစ်လာခဲ့သည်။ နအဖကိုလည်း ၂၀၁၁ ခုနှစ် မတ်လကုန်
တွင် တရားဝင် ဖျက်သိမ်းလိုက်တော့သည်။

နာဂစ်မုန်တိုင်းကို အခြေခံပြီး အနောက်နိုင်ငံများနှင့် မြန်မာ့ အိမ်နီးချင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် မြန်မာ ဗိုလ်ချုပ်များ အနေဖြင့် ယခင်က ခွင့်မပြုခဲ့သည့် နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများကို ပြည်တွင်းတွင်
ဆောင်ရွက်ခွင့် ပေးလာသည်ကို တွေ့ရသည်ဟု ၂ဝဝ၈ ခု ဇွန်လ ၁၁ ရက်စွဲပါ ရန်ကုန် အမေရိကန်သံရုံး မှတ်ချက်
တွင် ပါရှိသည်။
http://www.mizzimaburmese.com/news/inside-burma/8297-2011-09-09-14-13-15.html

ဦးကျော်ဆန်း ကိုယ်တိုင် သရုပ်ဆောင်တဲ့ “ဥ”



http://www.irrawaddyblog.com/2011/09/blog-post_8164.html

ဗိုလ်ချုပ်မြ၀င်း (သို့) ဗိုလ်မြ၀ါး


Friday, September 09, 2011 Khet Htan

စစ်အာဏာရှင်တယောက်၏ အာဏာယစ်မူးပြီး စည်းစိမ်ကြွယ်ဝချမ်းသာစွာ စံစားနေပုံဖြစ်ပါသည်။

လူတိုင်းအပေါ် စားရ၀ါးရမှ နေရာပေးသော၊ ရာထူးပေးသော၊ အရည်အချင်းကိုမကြည့် ငွေတွင်းကိုသာ ကြည့်သော ဗိုလ်ရှုပ်တယောက် ဖြစ်ပါသည်။

တချို့သော တိုင်းမှူးများနှင့် ဗိုလ်ချုပ်ကြီးများမှာ တာဝန်ကျသော ၂ နှစ် ၃ နှစ်ခန့်တွင်သာ သက်ဆိုင်ရာတိုင်းဒေသကြီး တခုတည်း၌ မြေကွက်ရယူ ပိုင်ဆိုင်ခွင့်၊ ရောင်းဝယ်ခွင့် ရရှိခဲ့သည်။ သို့သော် ဗိုလ်မြ၀ါးတယောက်မှာမူ တပြည်လုံးရှိ အမြောက်တပ်ဖွဲ့များမှ တပ်ရင်း၊ တပ်မနေရာများကို ကြိုက်ဈေးရမှ ရာထူး နေရာပေးကာ လေလံမြင့်မှ ရာထူး တိုးမြှင့်စေခြင်း၊ နေရာကောင်းများသို့ ပြောင်းရွှေ့စေခြင်းများဖြင့် လေလံကြေး မြင့်မားစွာ ခွဲတမ်းနှင့် နေရာယူ ရောင်းစားခဲ့သည်မှာ ဆယ်စုနှစ်တခုပင် စွန်းနေပြီ ဖြစ်ပါသည်။

အနေကြာပြီး နေရာမကောင်းသော်လည်း အသေသာခံလိုက်ပါ။ တော်ရုံကြေးနှင့် မတိုး၍ စစ်အာဏာရှင်ပီပီ အရည်အချင်းရှိသော သူများကို အမြဲတစေနှိပ်ကွပ်လျက် ချောင်းထိုးထားခြင်းကို ခံရပါသည်။ ခြေလျင်၊ တိုင်း တပ်မများတွင် အနေကြာလျှင် ပေးပြောင်းသော်လည်း မြ၀ါးမှာ ထုံးစံမရှိပါ။

တိုင်းမှူးများနှင့် ဗိုလ်ချုပ်ကြီးများမှာ မြေကိစ္စ အနည်းငယ်ဖြင့် အနားယူရခြင်း၊ အပြစ်ပေးခြင်း ခံရသော်လည်း
မြ၀ါးမှာမူ ပန်းပန်လျက်ရှိပါသည်။

ရန်ကုန်မြို့တွင် အိမ် ၆ လုံး၊ နေပြည်တော်တွင် family house အပါအ၀င် ၆ လုံး၊ အောင်ပန်းမြို့တွင် အိမ် ၁၃ လုံးနှင့် အခြားမြို့များတွင်လည်း များစွာ …။ ရာဘာခင်းများ သောင်းချီကာ ...။

တပည့်များမှာလည်း စစ်အာဏာရှင် ဗိုလ်မြ၀င်း၏ဒဏ် မခံနိုင်၍ အရပ်ဖက်ထွက်၊ အငြိမ်းစားယူ၊ နိုင်ငံရေး ခိုလှုံသွားခြင်းများရှိကာမူ ရယ်မောလျက်ပင် ရှိနေပါသည်။ တပ်မတော်တွင် အသက်ပြည့်သွားသော်လည်း တပ်ဖွဲ့၏ စစ်ခေါင်းဆောင်၊ အကြံပေးအဖြစ် ဆက်လက် တာဝန်ယူ ထမ်းဆောင်နေဦးမည်ဟု ကြွေးကြော်နေသည်မှာလည်း အံသြစရာကောင်းသော အချက်တခု ဖြစ်ပါသည်။

စစ်ခေါင်းရှောင်ကြီးများမှ မျက်စိမှိတ်၊ နားပိတ်နေခြင်းအပေါ် ဘာယတြာကောင်းနေသလဲလို့ သံသယ၀င်ကာ ထူးခြား အံသြ မှင်သက်လျက်ရှိကြပါကြောင်း။
http://www.irrawaddyblog.com/2011/09/blog-post_8099.html

ရွှေရည်စိမ် မီဒီယာ လွတ်လပ်ခွင့်


အေးချမ်းမြေ့ Friday, 09 September 2011 15:27 သူ့အတွေး သူ့အမြင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးရယ်၊ သူနဲ့အင်တာဗျူးရယ်ကို ပြည်တွင်းက ဂျာနယ်တွေမှာ မကြာသေးခင်က ဖော်ပြခွင့် ရခဲ့တဲ့အပေါ် အများစုက အကောင်းမြင်ကြတယ်၊ တချို့ဆို သတင်းကောင်းပဲလို့တောင် ပြောကြပါတယ်။

ဒါဟာ မီဒီယာလောကအတွက် ပြောင်းလဲတိုးတက်မှု မဟုတ်ဘူးလို့ အဲဒီကာလကသာ ဆိုလိုက်မိရင် တော်တော် အဆိုး မြင်တာပဲလို့ ဝေဖန်ကြမယ် ထင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ အကောင်းမြင်သူတချို့က ဒါဟာ ခြေတလှမ်းပဲ၊ ဒီခြေတလှမ်းကစတင်ပြီး မိုင်ပေါင်း ထောင် ချီသွားရမယ်ဆိုတဲ့ အားတက်စကားမျိုး ဆိုကြပါတယ်။

ခြေတလှမ်းမှ မလှမ်းသေးတာထက်စာရင် တလှမ်းလှမ်းလိုက်တာက ပိုကောင်းတာပေါ့၊ ခရီးတခုကို စလိုက်တာ ဖြစ်တဲ့ အတွက် ပန်းတိုင်နဲ့လည်းပိုနီးသလို ထင်ရတာပေါ့။ ဒါပေမယ့် အဲဒီခြေတလှမ်းကနေ ဆက်မသွားတော့ဘူး ဆိုရင်တော့ မလှမ်းဘဲ နေတာကမှ ခြေညောင်း သက်သာပါဦးမယ်။

အခုနောက်ပိုင်းမှာ သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ ဆီက “မတူတာတွေ ဘေးဖယ်၊ တူတာတွေကို စုပြီး တိုင်းပြည်ရဲ့ ဘုံအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ကြမယ်” ဆိုတဲ့ အဓိပ္ပာယ် ရတဲ့ စကားကို ပုံစံမျိုးစုံနဲ့ ပြောနေပါတယ်။ အဲဒီလိုပြောတာနဲ့ တပြိုင်နက်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ တွေ့ကြတယ်၊ သတင်းစာမှာ၊ မီဒီယာတွေမှာ ဓာတ်ပုံတွေ ဖော်ပြကြတယ်။

ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဂျာနယ်မှာပါတယ်၊ သတင်းစာမှာပါတယ်ဆိုပြီး ဝယ်ကြတယ်။ သတင်းစာ ဆိုရင် စောင်ရေပြတ်တဲ့အပြင် လက်ပွေ့တွေက ဈေးတောင် တင်ရောင်းလိုက်သေးတယ်လို့ သိရပါတယ်။

ဒီ့အရင်လည်း အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တယ်၊ မီဒီယာတွေမှာ ဖော်ပြခွင့် ရကြတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပြီးမှာ နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ကြတယ်၊ သူတို့ တွေ့ကြတဲ့ ဓာတ်ပုံကို ပြည်တွင်း ဂျာနယ်တွေမှာ စိစစ်ရေးက ထည့်ခိုင်းတယ်။ ဒါဟာ မမြင်တာ ကြာရပြီ ဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ပုဂ္ဂလိကမီဒီယာတွေမှာ ပြည်သူတွေ ပထမဆုံး ပြန်မြင်ခွင့် ရကြတာပါ။

အဲဒီတုန်းက ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖော်ပြခွင့်ရခဲ့တာဟာ မီဒီယာလွတ်လပ်ခွင့် ရတာ မဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တယ်၊ သူ့သား ကိုထိန်လင်း လာလည်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေဟာလည်း ကြိုကြား ကြိုကြား ဆိုသလို ဂျာနယ်တွေမှာ ဖော်ပြခွင့်ရလာခဲ့တယ်။

၂၀၀၈ အခြေခံဥပဒေထဲမှာလည်း လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်၊ ဆန္ဒထုတ်ဖော်ခွင့် ရှိရမယ်ဆိုတာ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေး ဆိုတဲ့ အခန်းမှာပါတယ်၊ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်တက်ပြီး ပထမဆုံးမိန့်ခွန်းပြောတဲ့ အချိန်မှာ မီဒီယာ ဟာ စတုတ္ထမဏ္ဍိုင် ဖြစ်တယ်ဆိုပြီး စစ်အစိုးရလက်ထက်က တခါမှမပြောခဲ့ဘူးတာတွေ ပြောလိုက်တော့ မီဒီယာသမားတွေ အတွက် မျှော်လင့်ချက်ရောင်ခြည်လေး လင်းလက်လာခဲ့ပါတယ်။ တခါ စာပေစိစစ်ရေးရဲ့ မူဝါဒပြောင်းမယ်ဆိုပြီး စာပေ အမျိုးအစား ၅ မျိုးကို စိစစ်ရေး မတင်ရတော့ဘူးလို့ လုပ်လာပြန်တော့ အကောင်းမြင်သမားများက ဒါဟာ တိုးတက်မှုဖြစ်တယ်၊ ခြေတလှမ်းပဲ စတာတွေနဲ့ မျှော်လင့်ကြ ပြန်ပါတယ်။

ဒါပေမယ့် တကယ့်တကယ်မှာတော့ အရင်ပြန်ကြားရေးဝန်ကြီး၊ အခုပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ လှည့်ကွက်ထဲမှာ တဝဲလည်လည်ဖြစ်ပြီး ကောင်းနိုး၊ လွတ်လပ်နိုးနဲ့ မြန်မာ့စာနယ်ဇင်း လောကက လူတွေဟာ ရေတွင်းထဲက လမင်းအရိပ်ကို ပုံးနဲ့ ခပ်သယ် ထုတ်နေရသလိုပဲ၊ တနေ့တော့ရမှာပါ ဆိုတဲ့မျှော်လင့်ချက်နဲ့ လပြည့်လာလိုက်၊ ကွယ်သွားလိုက် ဖြစ်နေရတာပါ။

အစကို ပြန်ကောက်ရရင် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ သူကိုယ်တိုင်ရေးတဲ့ ဆောင်းပါး ဂျာနယ်နှစ်စောင်မှာ ရှေ့ဆင့်နောက်ဆင့် ပါလာပါတယ်။ အရင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနဲ့ သတင်းလေးတွေ ဖော်ပြခွင့်ရတာထက် စာရင် ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ အနှစ် ၂၀ ကျော်အတွင်း တခါမှ မရဘူးတဲ့ အင်တာဗျူး ဖော်ပြခွင့် ရတဲ့အပြင် (ဒီအင်တာဗျူးဟာ သူ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ကာစက မေးမြန်းထားတဲ့ အဟောင်းဖြစ်ပါတယ်။ စာပေစိစစ်ရေးကို တင်ထားတာ ကြာလှပြီဖြစ်ပေမယ့် အခုမှ ခွင့်ပြုတာပါ။ ဒါလည်း တော်တော်လေး တည်းဖြတ်ပြီးမှ ခွင့်ပြုတယ်လို့ သိရတယ်) သူရေးတဲ့ ဆောင်းပါးပါ ဖော်ပြခွင့်ရလိုက်သေးတယ်ဆိုတော့ အားလုံးက “တယ်ဟုတ်ပါလား” ဆိုပြီး အံ့သြတကြီး ဖြစ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံပါရင် ဘာကြီးဖြစ်နေနေ ရောင်းအားကောင်းတတ်တာမို့ ဒီဂျာနယ်နှစ်စောင်လည်း ထုတ်သမျှ စောင်ရေ ပြိုက်ကနဲ ကုန်ခဲ့ပါတယ်။

လမင်းအရိပ်ကို ရေပုံးနဲ့ဆယ်နေရတဲ့ မီဒီယာသမားတွေဘက်က လမင်းကြီးရတော့မလားဆိုပြီး မျှော်လင့်တကြီးနဲ့ ဝမ်းသာ အားရ ပြောလို့မှ မဆုံးသေးခင်မှာ အင်တာဗျူး ဖော်ပြခဲ့တဲ့ Messenger ဂျာနယ်ကို နောက်ဆက်တွဲတင်ခွင့် ပိတ်တယ်ဆိုပြီး အရေးယူ လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ ဓာတ်ပုံကို သူတို့ခွင့်ပြုတဲ့ ဆိုဒ်ထက် ကြီးပြီး ဖော်ပြလို့ပါ။ နောက်ဆက်တွဲ ပိတ်ခံရတဲ့ ဂျာနယ်ဟာ လတ်ဆတ်တဲ့သတင်းတွေ ထည့်ခွင့် မရှိတော့တဲ့အတွက် ဂျာနယ်ကို ပိတ်လိုက်သလိုပါပဲ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ကာစက ဝိုင်းဝန်း အင်တာဗျူးခဲ့ကြတဲ့ ဂျာနယ် တွေလည်း Messenger ဂျာနယ်မှာ ခွင့်ပြုပြီဆိုပြီး ဝမ်းသာအားရ စာပေစိစစ်ရေးကို တင်ကြတဲ့အချိန်မှာ ဘယ်ဂျာနယ်မှာမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးကို ဖော်ပြခွင့် မပြုတော့ဘူးလို့ အငြင်းခံကြရပါတယ်။

အဲဒီအဖြစ်အပျက်တွေနဲ့ တပြိုင်နက်တည်း စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ သင်္ဃန်းကျွန်းမြို့နယ်က ကိုယ်စားလှယ် ဦးသိန်းညွန့်က မီဒီယာတွေအတွက် လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့် အဆိုကို တင်သွင်းခဲ့ပါတယ်။ အဲဒီမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မပေးနိုင်ဘူးလို့ တခွန်းတည်း ငြင်းရင် ရပေမယ့် အဲဒီလို မငြင်းဘဲ မီဒီယာလွတ်လပ်ခွင့် ပေးလိုက်ရင် စေတနာက ဝေဒနာ ဖြစ်သွားနိုင်တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်အောင် ဆဒ္ဒန် ဆင်မင်း ဇာတ်တော်ကြီး တခုလုံးကိုခင်းပြီး ရှင်းပြခဲ့ပါတယ်။ ရှည်လွန်းလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကတောင် တားယူရတဲ့ အထိပါပဲ။ သဘောကတော့ သွယ်ဝိုက်ပြီး မပေးနိုင်ဘူးလို့ ပြောလိုက်တာပါ။

ဒါပေမယ့် နိုင်ငံပိုင် သတင်းစာတွေထဲမှာတော့ ထုံးစံအတိုင်း ဟိုလိုလို၊ ဒီလိုလို တွေးယူလို့ရမယ့် စကားလုံးတွေနဲ့ တန်ဆာ ဆင်ပြီး ဖြေထားတာကို တွေ့ရပါတယ်။

မြန်မာပြည်က မီဒီယာသမားတချို့၊ စာနယ်ဇင်း လောကသားတချို့က ကာတွန်းအော်ပီကျယ် ရေးတဲ့ ကာတွန်း တကွက် ထဲကလို ဖြစ်နေပါတယ်။ ပစ္စည်း တခုထမ်းထားပြီး “လေးလိုက်တာ” လို့အော်နေတဲ့သူကို ဘေးက ကြည့်နေတဲ့သူက နောက်ထပ် ကျောက်တုံးတတုံး ထပ်တင်ပေးလိုက်တယ်၊ အဲဒီလူက “လေးလိုက်တာ” လို့ ဆက်အော်နေတယ်။ ဒါနဲ့ အပေါ်က ကျောက်တုံးကို ပြန်ချပေးလိုက်တယ်။ ပစ္စည်းထမ်းထားတဲ့သူက “ပေါ့သွားပြီ” လို့ ပြန်ပြောပါတယ်။ အရင်အတိုင်းပဲ ဆိုပေမယ့် အလေး ဆင့်ပြီးမှ ပြန်ချပေးလိုက်တော့ ပေါ့သွားသယောင် ထင်ရတာပါ။

နောက်ပြီး အရင်ထက်စာရင် အခုအချိန်မှာ ထိမိတဲ့ စာပေဟောပြောပွဲတွေ လုပ်ခွင့်ရလာတာ တွေ့ရတယ်။ ပြောတဲ့ဟောတဲ့ သူတွေလည်း တော်တော်လေး လွတ်လွတ်လပ်လပ် ပြောနေတာ တွေ့ရသလို၊ နားထောင်တဲ့ သူတွေလည်း တော်တော် သဘောကျတာ တွေ့ရပါတယ်။ ဒါဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရနေတာလားလို့ မေးစရာ ရှိပါတယ်။ တကယ်တော့ ဦးနေဝင်းခေတ်ပဲ ဆိုဆို၊ မဆလ ခေတ်ပဲပြောပြော အဲဒီခေတ် အဲဒီအခါကလည်း ဒါလောက်တော့ စာပေ ဟောပြောပွဲ လွတ်လပ်ခွင့် ရခဲ့တာပါပဲ။ ဒီထက်တောင် ရသေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီတော့ ဒီလွတ်လပ်ခွင့်ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က လွတ်လပ်ခွင့်လို့ ဆိုရမှာပါ။ ကာတွန်းအော်ပီကျယ်ရဲ့ ကာတွန်းထဲကလို ထပ်ဆင့် အလေး တင်ပြီးမှ ပြန်ချပေးလိုက်တာပဲ။ တကယ်ပေါ့သွားတာ မဟုတ်ပါဘူး။

မြန်မာပြည်ရဲ့ အကျဉ်းထောင်တွေထဲမှာ မီဒီယာသမားတွေ၊ ဗီဒီယို ဂျာနယ်လစ်တွေကို အမျိုးမျိုးသော ပုဒ်မတွေ တပ်ပြီး ဖမ်းထားဆဲ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ အခုအချိန်ထိ ဗီဒီယိုကင်မရာ၊ ဓာတ်ပုံကင်မရာကို လွတ်လွတ်လပ်လပ် ကိုင်လို့ မရသေးပါဘူး။ ဒါတွေဟာ စာနယ်ဇင်း လွတ်လပ်ခွင့် မရသေးတာရဲ့ သာဓက တခုပဲ ရှိပါသေးတယ်။

အခုဆီထမင်း၊ အခု စာကလေးကြော်၊ အခုပဲ လွှတ်ပေးသလိုလိုနဲ့ အခုချက်ချင်း ဘာမဟုတ်တဲ့ အကြောင်းပြချက်နဲ့ ပြန်အရေးယူတယ် ဆိုတာကတော့ မဆလခေတ်၊ နအဖ ထောက်လှမ်းရေးခေတ်၊ နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ် ခေတ်အဆက်ဆက် လုပ်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ နည်းနည်း ပွင့်လင်းသယောင် ဖြစ်လာတာကတော့ အများသဘောကျတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတွေ၊ သတင်းလေးတွေကို ကြိုကြားကြိုကြား ဖော်ပြခွင့်ပြုလာတာနဲ့ လွှတ်တော်မှာ အဆို တင်သွင်းခွင့် (စကားလုံး လှလှသုံးပြီး ပယ်ချတာ၊ ငြင်းဆန်တာကလွဲရင်) ရှိလာတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ၊ သတင်းတွေ ဖော်ပြခွင့်ပြုတယ် ဆိုတာကလည်း အရေးကြီးတဲ့ စကားတွေ၊ သတင်းတွေ မရပါဘူး၊ မျက်နှာဖုံးမှာ မျက်နှာပြည့်မရပါဘူး။ ဓာတ်ပုံကို ကိုယ်ကြိုက်တဲ့ ဆိုဒ် ဖော်ပြခွင့်မရပါဘူး။ တခုခုဆို အရေးယူတယ် ဆိုတာနဲ့ ပြန်ပြန် ချုပ်ထားပြီး မီဒီယာသမားတွေကို ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့သဘောပါ။

နအဖ ခေတ်ကတော့ ပြန်ကြားရေးဝန်ကြီးက “မီဒီယာကို မီဒီယာနဲ့ တိုက်မယ်” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ပြည်ပမီဒီယာတွေကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခဲ့ပါတယ်။ အခု အရပ်သားအမည်ခံ အစိုးရလက်ထက်မှာတော့ ဒီစကားလုံးကို မသုံးတော့ဘဲ နိုင်ငံပိုင်မီဒီယာတွေမှာ ထည့်သွင်းနေကျ ပြည်ပမီဒီယာတွေကို တိုက်ခိုက်တဲ့ ဆောင်ပုဒ်တွေ ပြန်ဖြုတ် လိုက်ပါတယ်။ ပြောင်ပြောင်တင်းတင်း စိန်မခေါ်တော့တဲ့အတွက် လက်သီးပုန်းနဲ့ ထိုးလေမလားလို့ တွေးစရာ ရှိပါတယ်။

တကယ်တော့ အစိုးရရဲ့ တိုက်ကွက်အောက်မှာ သို့လောသို့လော ဖြစ်ကုန်တာ ပြည်တွင်းမီဒီယာတွေတင် မဟုတ်ပါဘူး။ ပြည်ပအခြေစိုက် မီဒီယာတွေကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာ အလှူရှင်တွေလည်း ပါပါတယ်။ ပြည်တွင်းမှာ မီဒီယာလွတ်လပ်ခွင့် ရနေပြီ၊ ထိုက်သင့်သလောက်လွတ်လပ်နေပြီ ဆိုတဲ့ စကားလုံးတွေ ပလူပျံခဲ့တဲ့နောက်မှာ အလှူရှင် တွေဟာလည်း ပြည်ပက မီဒီယာတွေ မလိုအပ်တော့ဘူးဆိုတာမျိုး အထင်ရောက်ပုံရပါတယ်။ ဧရာဝတီ မဂ္ဂဇင်း အပါအဝင် ပြည်ပအခြေစိုက် မီဒီယာတချို့ဟာ ရပ်တည်မှုအတွက် အကျပ်အတည်းကို ရင်ဆိုင်လာရပါတယ်။

တကယ်လို့သာ ပြည်တွင်းမှာ မီဒီယာလွတ်လပ်ခွင့် အမှန်တကယ်ရပြီဆိုရင် ဧရာဝတီမဂ္ဂဇင်း အပါအဝင် ပြည်ပက မြန်မာ မီဒီယာတွေ အနေနဲ့ ပြည်ပမှာ အခြေစိုက်စရာ မလိုတော့ပါဘူး၊ အားလုံး ပြည်တွင်းကို ဝင်ပြီး မီဒီယာလုပ်ငန်းကို ဝမ်းသာအားရ လုပ်ကိုင်ချင်ကြ သူတွေချည်း ဖြစ်ပါတယ်။

အခုတော့ မင်းသားခေါင်းဆောင်းထားတဲ့ အစိုးရဟာ ကြာကြာ ဟန်မဆောင်နိုင်ပါဘူး။ ဘီလူးဆိုင်းတီးပြီး ထွက်လာပါပြီ။

ပြန်ကြားရေးဝန်ကြီးအနေနဲ့ သတင်းစာတွေထဲမှာ၊ လွှတ်တော်ထဲမှာ မီဒီယာ လွတ်လပ်ခွင့် ပေးနေပါတယ်၊ မီဒီယာဟာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်ပါတယ်၊ မူဝါဒတွေ ပြောင်းလဲနေပါပြီလို့ ဘယ်လိုပဲ ပြောပြော သူပြောတဲ့ မီဒီယာ လွတ်လပ်ခွင့်ဟာ ရွှေရည်စိမ် မီဒီယာလွတ်လပ်ခွင့်သာ ဖြစ်တယ်ဆိုတာ သူ့စကားတွေထဲမှာပဲ ပေါ်လွင်နေပါတယ်။

ပြည်တွင်းက ပုဂ္ဂလိက မီဒီယာတွေကလည်း ၁၆ ပဲရည်ပြည့် အခေါက်ရွှေနဲ့တူတဲ့ မီဒီယာလွတ်လပ်ခွင့်ကို တောင်းနေတာ မဟုတ်ဘူးလို့ နားလည်ပါတယ်။ ရွှေလို့ ခေါ်နိုင်ရုံ ၁၂ ပဲရည်လောက် ရရင်ကို ဟုတ်နေပြီး အဲဒီကမှ တဆင့်ချင်း တိုးတက် ပြောင်းလဲ သွားတာကို လိုချင်ကြတာလို့ ယူဆပါတယ်။ ဒါပေမယ့် အစိုးရကလည်း ဒီလောက်ကလေးမှ မပေးနိုင်ပါဘူး။

ကြေးကို ရွှေရည်စိမ်ပြီး ဒါ မီဒီယာ လွတ်လပ်ခွင့်ပါလို့ ပြောင်လိမ်ပြီး ပေးနေသရွေ့ ကတော့ အစိုးရရဲ့ လှည့်ဖျား၊ ဟန်ဆောင်လိမ်ညာမှုတွေ အပါအဝင် မှန်ကန်တဲ့ သတင်းတွေကို ပြည်ပမီဒီယာတွေက ဖော်ထုတ် ရေးသား၊ ထုတ်လွှင့် နေကြရဦးမယ်၊ ပြည်တွင်း မီဒီယာတွေ လိုအပ်နေတဲ့ ကွက်လပ်ကို တစိတ်တပိုင်း ပါဝင် ဖြည့်ဆည်း ပေးနေရဦးမယ် ဆိုတဲ့အကြောင်း ပြောလိုပါတယ်။
http://www.irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/7265-2011-09-09-08-28-49

ပုံပြောတဲ့ ဦးဦး



ဟန်လေး Friday, 09 September 2011 18:49 ကာတွန်း


http://www.irrawaddy.org/bur/index.php/cartoon/7-cartoon/7271-2011-09-09-11-50-59