Monday, September 19, 2011

တော်စမ်းပါ----ကျော်ဆန်းရာ(သို့ ) သုဘဒ္ဒါကျော်ဆန်း



ရေး/ဆို)စိုင်းစိုင်းသန်းရွှေ(Canada)


သတင်းများ-- ဖတ်တိုင်း

နင်တို့ လုပ်သမျှအကြောင်းတွေ အပ်ကြောင်းထပ်

ဒီစကားတခွန်းဘဲနင်ပြောတတ်တယ်

သတင်းများဆိုလဲ--တရုပ်ကြိးအကောင်းအကြောင်းဘဲ

အမြဲတန်းဖေါ်ပြတယ် အရမ်းအရမ်းဘဲ စိတ်ကုန်မိတယ်

တော်ပါတော့ ---

တော်စမ်းပါ ကျော်ဆန်းရာ--နင်ပါးစပ်ကို ပိတ်ထားစမ်းပါ

ထပ်ပီးမလိမ်ပါနဲ့ တော့ -- ငါမယုံဘူး

တော်စမ်းပါ ကျော်ဆန်းရာ--နင့် အပေါက် ကို ပိတ်ထားပေးပါ

လိမ်နေတာတွေရပ်ပါတော့ 

BBC နဲ့  VOA ကို--လေလှိုင်းပေါ်ကလူသတ်သမားတဲ့ 

ငါနားတွေငြီးလွန်းလို့  --စိတ်တွေတောင်ရှုပ်လာတယ်

မဂ္ဂဇင်းတွေ ဆောင်းပါးတွေဆို--နင်ခွင့် ပြုမှ ထုတ်ရတယ်တဲ့ 

ကြက်ဆူပင်စိုက် ရေလောင်းလိုက်နဲ့ -- နင်လုပ်တတ်တာဒါဘဲရှိတယ်

နင့် ရဲ့ သတင်းစာ ဘယ်သူမှမဖတ်ဘူး -- နာရေးကြော်ငြာတခုကလွဲရင်

လက်တွေ့ မှာနင့်  သတင်းစာက -- ပလာတာထုပ်ဘို့ ဖြစ်နေတယ်

ငါ့ ရှေ့ မှာရုပ်တည်နဲ့  -- ယုံတမ်းစကားတွေနင်အမြဲပြောတယ်

ကြာလာတော့ နင့် စကားတွေလဲ -- အရူးချီးပန်းသလိုဖြစ်ဖြစ်လာတယ်

သတင်းထောက်တွေရှေ့ -- ဟန်လုပ်တဲ့ စကားလေးခနခန နင်ပြောသေးတယ်

စောင်ရေ၃သိန်း---ဖြန့် ချီသတဲ့ 

ဗုံးပေါက်တဲ့ သတင်း --အမှန်အတိုင်းမရေးရဲတဲ့ နင့် ရဲ့ အကျင့် ဆိုးတွေ

ငါတဖြေးဖြေး စိတ်ကုန်မိတယ်

တော်ပါတော့ ---

တော်စမ်းပါ ကျော်ဆန်းရာ--နင့် ပါးစပ်ကို ပိတ်ထားစမ်းပါ

ထပ်ပီးမလိမ်ပါနဲ့ တော့ -- ငါမယုံဘူး

တော်စမ်းပါ ကျော်ဆန်းရာ--နင့် အပေါက် ကို ပိတ်ထားပေးပါ

လိမ်နေတာတွေရပ်ပါတော့ 

လွှတ်တော်မှာ တလောကအရှက်ကွဲ--သုဘဒ္ဒါဇာတ်ခင်းသွားတယ်

ဥက္ကဌကြီးတောင်တားယူရတယ်-- တိုတိုနဲ့ လိုရင်းပြောဘို့ 

နာမည်တောင်ပြောင်းခေါ်ကြပီ--သုဘဒ္ဒါကျော်ဆန်းတဲ့ 

လွှတ်တော်မှာသတင်းစာရှင်းပွဲ -- ငိုကြီးချက်မ ပဲများသေးတယ်

မီဒီယာကိုမီဒီယာနဲ့ ဘဲ ပြန်ပီးတိုက်မယ် နင်ပြောဘူးတယ်

ပေါက်ကရတွေရှောက်ပြောသေးတယ် -- လူသားအစ ကျော်ဆန်းကတဲ့ 

သမ္မတကြီးရဲ စတုတ္ထမဏ္ဍိုင် -- ကျော်ဆန်းငပုက ခွင့် မပြုဘူး

ခုချိန်ကစပီးနင့် စကား -- တခွန်းမှငါမယုံတော့ ပါ

တော်ပါတော့ ---

တော်စမ်းပါ ကျော်ဆန်းရာ--နင့် ပါးစပ်ကို ပိတ်ထားစမ်းပါ

ထပ်ပီးမလိမ်ပါနဲ့ တော့ -- ငါမယုံဘူး

သုဘဒ္ဒါ ကျော်ဆန်းရာ--နင့် အပေါက် ကို ပိတ်ထားပေးပါ

လိမ်နေတာတွေရပ်ပါတော့ 

အသံဖိုင်(မျှော်)

လှိုင်သာယာမြို့နယ်အမေ့အိမ် ၊အဆိုတော်အနဂ္ဂနဲ့ သံသာဝင်းတို့မိသားစု



https://picasaweb.google.com/104599519102251045718/September192011

မြစ်ဆုံစီမံကိန်း နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်း ရရှိမည် ဟုဆို



by Save Irrawaddy face book on Sunday, September 18, 2011 at 12:24pm

Saturday, 17 September 2011 Written by The Voice Weekly

ရန်ကုန်၊ စက်တင်ဘာ ၁၅

မြန်မာနိုင်ငံ၏ အသက်သွေးကြော ဖြစ်သော ဧရာဝတီမြစ်၏ မြစ်ဆုံတွင် ဆက်လက် တည်ဆောက်မည့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၈,၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်သော်လည်း နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်း (၁၈၀၀ မဂ္ဂါဝပ်) ကိုသာ Free Powser အဖြစ် ရရှိမည် ဖြစ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ မီးရထား ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် ပြောကြားသည်။

" ၁၀ ရာခိုင်နှုန်းပဲ ရမယ်ဆိုတော့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းက တရုတ်ကို ရောင်းစားမှာပေါ့ " ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လေ့လာနေသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅၀၀ ပေးလျှင်ပင် သုံးမကုန် နိုင်လောက်အောင် လုံလောက်ကြောင်း၊ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် ၁၈,၀၀၀ ခန့် ထွက်ရှိမည် ဖြစ်သောကြောင့် Market သဘောအရ ရောင်းချရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ငွေကြေး လုံလုံလောက်လောက် မရှိ၍ တရုတ် ရင်းနှီးမြှုပ်နှံမှုကိုလက်ခံရခြင်း ဖြစ်ကြောင်း၊ ယင်းသို့ လက်ခံမှုကြောင့် မြန်မာနိုင်ငံက ဓာတ်အား ၁၀ ရာခိုင်နှုန်း အလကားရမည် ဖြစ်ကြောင်း အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက ပြောကြားသည်။

ဧရာဝတီမြစ် မြစ်ဆုံတွင် ယခုလက်ရှိ တည်ဆောက်လျက် ရှိသည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၈,၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်၍ နျူကလီးယား ဓာတ်ပေါင်းဖို အလုံးပေါင်း ၂၀ ခန့်နှင့် ညီကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။ နျူကလီးယား ဓာတ်ပေါင်းဖို ၂၀ တည်ဆောက်မည် ဆိုပါက အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ကုန်ကျမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ အနေဖြင့် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ရရှိရန် မည်သည့်မြစ်ကိုမျှ သုံးစရာ မလိုကြောင်း၊ ယခုနှစ် ဧပြီလ အတွင်းက ရန်ကုန်မြို့ ယောမင်းကြီးလမ်း Gallery 65 ၌ ကျင်းပသည့် ရေဝေတောတောင် ပြပွဲတွင် အပြည်ပြည်ဆိုင်ရာ မြစ်များ စာအုပ် ရေးသားသူ ဦးဝင်းကျော် (အငြိမ်းစား ညွှန်ကြားရေးမှူး၊ ရေအားလျှပ်စစ်) က ပြောကြားသည်။

သဘာဝအလျောက် စီးဆင်းနေသည့် မြစ်ချောင်းများကို ပိတ်ဆို့ပြီး ရေလှောင်တမံ တည်ဆောက်ခြင်းသည် မြစ်ချောင်းများ၏ ရေစီးရေလာကို ပျက်စီးစေကြောင်း၊ မြစ်ဝှမ်းအတွင်း ရေစီးပမာဏ၊ အရည်အသွေး၊ နုန်းပို့ချမှုပုံ သဏ္ဌာန်နှင့် ရေအသုံးချမှု ပုံစံများ ပြောင်းလဲကုန်ကြောင်းလည်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ အဓိကထွက်ရှိသော နိုင်ငံဖြစ်သည့် အတွက် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်နိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ တစိုက်မတ်မတ် လုပ်ကိုင်လာသူ ဦးမြင့်ဇော်က The Voice Weekly သို့ ပြောကြားသည်။

" ဘယ်စီမံကိန်းမဆို သဘာဝ ပတ်ဝန်းကျင် ထိတာပဲ။ မထိဘူးလို့ ပြောတဲ့သူက သဘာဝပတ်ဝန်းကျင် အကြောင်း မသိတဲ့သူပဲ " ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းအသင်း (FREDA) ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ လူဦးရေ အများစု သည် သဘာဝ အရင်းအမြစ် ဖြစ်သော မြစ်ချောင်းများ၊ မြေဆီလွှာများကို အမှီပြု နေကြောင်း၊ ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်သည့် လုပ်ငန်းများသည် အခြေခံ လူတန်းစားများကို ပို၍ ထိခိုက်ကြောင်း ဦးမြင့်ဇော်က ဆိုသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်း များစွာ ရှိနေပြီး မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ် ပြည်သူ့သမ္မတ နိုင်ငံရှိ China Power နှင့်ပူးပေါင်း၍ ၂၀၀၉ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ သံလွင်မြစ်အတွင်း ရေအားလျှပ်စစ် စီမံကိန်း သုံးခု ရှိကြောင်း၊ ချင်းတွင်းမြစ်နှင့် အခြား မြစ်ချောင်းများတွင်လည်း ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်လျက် ရှိကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

၂၃ နှစ်မြောက် စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲအခမ်းအနား ( ကိုရီးယား )








လေးစားစွာဖြင့်

http://www.flyingpeacock.blogspot.com/

၁၉.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.mediafire.com/file/0dcb0l9wy50ddxi/19%20Sep2011%20Yeyintnge%27s%20diary.doc

http://www.mediafire.com/file/f1zhxu5uurz20kp/19%20Sep2011%20Yeyintnge%27s%20diary.pdf


http://www.ziddu.com/download/16444444/19Sep2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/16444445/19Sep2011Yeyintngesdiary.doc.html


19 Sep2011 Yeyintnge's Diary

စစ်တွေမှာ အာဏာသိမ်းသောနေ့ ဖြစ်ရပ်မှန်



စစ်တွေမှာ အာဏာသိမ်းသော စက်တင်ဘာ-၁၈-ရက်နေ့ သမိုင်းဖြစ်ရပ်မှန်
၈၈၈၈ အရေးအခင်းကာလမှာ နိုင်ငံရေးအရ လှုပ်ရှားရန် စစ်တွေမြို့ နယ် သပိတ်ကော်မီတီက မြရုပ်ရှင်ရုံမှာ မြို့ လုံးကျွတ်အစည်းအဝေးခေါ်သည်။ ထို့ကြောင့် ရပ်ကွက်များမှာ ကိုယ်စားလှယ်များ တက်ရောက်ကြရသည်။ စစ်တွေမြို့ နယ်
သပိတ်ကော်မီတီမှာ ဦးအေးကျော် က- ဥက္ကဌဖြစ်ပြီး ဦးဦးလှစော ( ယခု ရတပ-ပါတီ အတွင်းရေးမှူး ) က အတွင်းရေးမှူး အဖြစ် ဦးဆောင်လှုပ်ရှားနေသည့် အချိန်ဖြစ်သည်။ ဒုဥက္ကဌမှာ ဦး( နွား ) သာထွန်းအောင်ဖြစ်သည်။ သပိတ်ကော်မီတီမှာ စစ်တွေမြို့ အတွင်း ဆန္ဒပြ လှုပ်ရှားမှူများ ၊ ရခိုင်တပြည်နယ်လုံး ဆန္ဒပြလှုပ်ရှားမူများကို စီမံကွပ်ကဲနေရရာ မြို့ တွင်းလုံခြုံရေးများကိုလည်း မနိုင်မနင်းဖြစ်လာရသည်။ မြရုပ်ရှင်ရုံတွင် ဥက္ကဌ ဆရာဦးအေးကျော်က စစ်တွေမြို့ တွင် လုံခြုံရေးနှင့် အုပ်ချုပ်ချုပ်ရေး ကော်မီတီကို ရပ်ကွက်အလိုက် တာဝန်ယူဆောင်ရွက်ကြရန် အစည်းအဝေး ခေါ်ယူရခြင်း ဖြစ်ကြောင်း ဟောပြောပါသည်။ သပိတ်ကော်မတီအနေဖြင့် နိုင်ငံရေးကို ဆက်လက်အကောင်အထည်
ဖေါ်ဆောင်ရန် လိုအပ်ပါသဖြင့် စစ်တွေမြို့ နယ်အတွင်း သက်ဆိုင်ရာ လူကြီးမင်းများက မိမိတို့  ရပ်ကွက်များတွင် ငြိမ်းချမ်းသာယာ လုံခြုံရေးအတွက် ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံခြင်းဖြစ်ပါသည်။ စစ်တွေမြို့ နယ် သပိတ်ကော်မီတီရုံးသည် ရှူပတောင်-ရပ်ကွက်-တောင်ပိုင်း မူလတန်းကျောင်းတွင် ဖွင့်လှစ်ထားပါသည်။ မြရုပ်ရှင်ရုံတွင် ပြုလုပ်သော ယင်းနေ့ အခန်းအနား၌ အခန်းအနားမှူးအဖြစ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုသန်းကျော်က ဆောင်ရွက်သည်။ ကိုသန်းကျော်မှာ စစ်တွေမြို့ ဆန္ဒပြပွဲပြုလုပ်ချိန်တွင် အဖမ်းဆီးခံခဲ့ ရပြီး မကြာခင်က လွပ်မြောက်လာသူဖြစ်သည်။ သပိတ်ကော်မီတီမှ- ဦးသာနိုး ( ALD -ယခုနယူးဒေလီ ) တို့ က ကျောက်ဖြူမြို့  သို့ သပိတ်ကော်မီတီတာဝန်ဖြင့် - အလုပ်သမားသမ၈္ဂ တာဝန်ဖြင့် ဆိပ်ကမ်း -ဦးကျော်စိန်တို့ က ခရီးထွက်ခွါကြရသည်။
စစ်တွေမြို့ နယ် လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မီတီကို ရပ်ကွက်များမှ နာမည်စာရင်း တင်သွင်းကြသည်။ ပြီးနောက် မြို့ နယ် လုံခြုံရေးအတွက် တာဝန်ယူသူများက မြို့ ပြလုံခြုံရေးနှင့် အုပ်ချုပ်မှူကော်မီတီ ရုံးကို မြရုပ်ရှင်ရုံအား ဗဟိုရုံးအဖြစ် သတ်မှတ်ကြသည်။ မြို့ ပြလုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မီတီ -ဥက္ကဌအဖြစ် ဦးထွန်းရွှေမောင် ( AIO ဥက္ကဌဟောင်း) က တာဝန်ယူဆောင်ရွက်သည်။ တရားရေးရာဌါန ဥက္ကဌအဖြစ် ရှေ့နေ ဦးဘသိမ်းမောင် က ဆောင်ရွက်သည်။ ကရာတေးဆရာကြီးး ဦးထွန်းရွှေမောင်က အိုးတန်းရပ်ကွက်မှ ကိုယ်စားလှယ်အဖြစ် မြို့  ပြလုံခြုံရေးနင့် အုပ်ချုပ်ရေးကော်မီတီမှာ အဖွဲ့ ဝင်အဖြစ် ပါဝင်ပြီး ကျွန်တော်က ကျေးပင်ကြီးရပ်ကွက် ကိုယ်စားလှယ်အဖြစ် ပါဝင်သည်။ ရာဇ၀တ်မှူများနှိမ်နှင်းရေးအတွက် သိုင်းအဖွဲ့ များကို ရှူပမြောက်ရပ်ကွက်ရှိ တံထားကြီးရင်းအနီး အမှတ် ( ) ကျောင်းတွင် တာဝန်ချထားပေးသည်။ ကရာတေးဆရာကြီး ကိုထွန်းရွှေမောင်က အိုးတန်းမူလကျောင်းမှာ ရခိုင်လူငယ်များဗဟိုအစည်းအရုံး( ရလဗစ ) အဖွဲ့ ကို ဖွဲ့ သည်။ ယင်းမှာ ကျွန်တော်နှင့် ကိုခင်မောင်ဝင်း ( အာဏာသိမ်းနေ့  သေဆုံးသူ ) က ဂျာနယ်တွေကို ထုတ်ဝေဖြန့် ချီရေး လုပ်ကြသည်။ သောတုဇနရဟန်းပျိုများအသင်းကို မြို့ မရုပ်ရှင်ရုံတွင် တာဝန်ပေးထားသည်။ အိုးတန်းရပ်ကွက်နှင့် ကျေးပင်ကြီးရပ်ကွက်သည် စစ်တွေမြို့  ဆင်ခြေဖုံးရပ်ကွက်ဖြစ်ရာ မြို့ နယ်ပေါင်းများစွာမှာ ဈေးဝယ်ဈေးရောင်းလာကြသော လှေ ၊မော်တော်ဘုတ် ၊စသည်တို့ နှင့် ၂၄--နာရီ ပတ်လုံးစည်ကားနေရာ လုံခြုံရေးအပြည့်ချထားပြီး အထူးပင် ဂရုစိုက်နေရချိန်ဖြစ်သည်။ လုယက်မှူများ၊ ဓါးပြမှူများ မဖြစ်ရအောင် ည-၆-နာရီဆိုလျှင် စစ်တွေ မြူနီစပယ်ဈေးကြီးကို ပိတ်မိန့် ထုတ်ထားရသည်။ ကျေးပင်ကြီးရပ်ကွက် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးတွင် ကျွန်တော်က အတွင်းရေးမှူး ဖြစ်ပြီး ရှေ့နေ ဦးအောင်သာကျော် ( ငွေဇင်ယော် တည်းခိုရိပ်သာ ပိုင်ရှင် ) က ဥက္ကဌအဖြစ် တာဝန်ယူထားသည်။ မနက်ပိုင်း-၆-နာရီ မထိုးမချင်း ဈေးကြီးအတွင်းရှိ ကြက်တန်းတွင် အရက်ဆိုင်များကို မရောင်းချရန် ပြင်းထန်းစွာ သတိပေးထားရသည် ။
အိုးတန်းရပ်ကွက်နှင့် ကျေးပင်ကြီးရပ်ကွက်သည် ဆင်ခြေဖုံးရပ်ကွက်ဖြစ်သလို ချမ်းသာကြွယ်ဝသော ကုန်သည်ပွဲစားများ နေထိုင်သော သူများဖြစ်၍ နိုင်ငံမတည်မငြိမ်ဖြစ်ပျက်နေချိန် လူများမှာ အထူးစိုးရိမ်နေကြရသည် ။ တနေ့ တွင် ကျေးပင်ကြီးရပ်ကွက် ရွှေသာလမ်းတွင်း ပန်းထိမ်ပိုင်ရှင် ဦးအေးမောင်၏ သားဆိုင်ကို သိုင်းအဖွဲ့ မှ လူငယ်များက လာရောက်ပြီး ခဲနှင့် ၀ိုင်းဝန်းပစ်ခတ်ကြသည်။ ကျွန်တော်တို့ မှာ ကြားသည်နှင့် ချက်ချင်း လိုက်သွားကြရာ မမှီလိုက်တော့ ။ ထို့ ကြောင့် မြို့  ပြလုံခြံရေး နှင့် အုပ်ချုပ်ရေး ကော်မီတီ ဥက္ကဌ ဦးထွန်းရွှေမောင်တို့ ကို ခေါ်ပြီး အကျိုး အကြောင်း ဆွေနွေးရသည်။ ကျွန်တော်တို့ မှာ နယ်မြေလုံခြုံရေးကို ဂရုစိုက်နေရသည်မှာ အကြောင်းရှိသည်။ မဆလအစိုးရသည် မပြုတ်ကျသေးသရွေ့  နည်းမျိုးစုံဖြင့် ကောက်ကျစ်စွာ ကြိုးစားနေအုံးမည်။ ထို့ ကြောင့် လုယက်မှူများ ၊ အကြမ်းဖက်မှူများ မဖြစ်ပွါးရအောင် ထိမ်းသိမ်းကာကွယ် ပေးနေရခြင်းဖြစ်သည်။
ကျေးပင်ကြီးရပ်ကွက်ရှိ ကြက်တန်းသည် ဈေးကြီးအတွင်းသို့  ၀င်ရောက်နိုင်သော လမ်းကြားဖြစ်သည်။ မနက်-၆-နာရီမှ အရက်ရောင်းချခွင့် ပြုထားသောကြောင့် ယင်းအချိန်တွင် မည်သူမျှ အရက်မရောင်းချကြရ ။ ကြက်တန်းထိပ်မှာ မီးကင်းတခုကို ထားပေးရာ မည်သူမျှ ဥပဒေထုတ်ထား၍လည်း မကျူးလွန်ကြပေ ။ သို့ သော် ကြက်တန်း လမ်းတည့်တည့်ရှိ သင်္ကန်းနှင့်ပရိက္ခရာ ပစ္စည်းများ ရောင်းချသော ကုန်စုံဆိုင်မှ ဦးအောင်ထွန်းစိန် ( ပုဏ္ဍားကျွန်း လွှတ်တော်ကိုယ်စားလှယ် -ALD - နောင် -ထိုင်းရောက်ပြီး ယခုအလင်းဝင် ) က ကြက်တန်းမှ အရက်ဆိုင်သည်များကို ခြိမ်းခြောက်ပြောဆိုသည့် သတင်းထွက်လာသည်။ သူလည်း ရပ်ကွက်လုံခြုံရေးနှင့် အုပ်ချုပ်ရေးတွင် ပါဝင်နေရာ အရက်မရောင်းချရန် တားမြစ်ခြင်း သဘောရှိဟန် တူပါသည်။ သို့ သော် သူ့ အပြောကို လက်မခံကြ ။ သူပြောသည်မှာ အရက်များ ရောင်းချက အိမ်များကို ချက်ချင်းဖြိုဖျက်လိုက်မည်ဟု ပြောဆိုခဲ့ သည်ဟု ကျွန်တော်တို့  ရုံးတည်ရာ ကျေးပင်ကြီး စာဖတ်အသင်းရုံးကို လာတိုင်ကြားကြပါသည်။ တိုင်ကြားသူများမှာ အားလုံး ကြက်တန်းမှ အရက်ရောင်းချသူများဖြစ်ရာ အိမ်ခြေပေါင်း-၂၀- လောက် ရှိ လူဦးရေဖြစ်သည်။
ကျွန်တော်တို့  ရုံးရှေ့တွင် လူများ ၀ိုင်းအုံနေပါသည်။ ထို့ ကြောင့် ဦးအောင်ထွန်းစိန် အား စာထုတ်ပြီး ခေါ်ယူဖြစ်သည်။ သို့ သော် သူမရောက်လာ ။ ထို့ ကြောင့် လူထုကို ချော့မော့ ပြောဆိုကာ ကျွန်တော်က နောက်တရက်ကို ချိန်းဆိုပေးလိုက်ရပါသည်။ နောက်တရက်မှာ ဦးအောင်ထွန်းစိန် ရောက်လာပါသည်။ ချက်ချင်း အစည်းအဝေး ခေါ်ပြီး သူ့ အား ရပ်ကွက်လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မီတီအဖွဲ့ ဝင်အဖြစ် ထုတ်ပယ်လိုက်ပါသည်။ သူ့ အားလည်း နောက်နောင် လူထုအား မည်သို့ မျှ နုတ်ဖြင့် မစော်ကားရန် ဂတိခံဝန်ချက် လက်မှတ် ထိုးခိုင်းပြီး ရပ်ကွက်သားများအားလည်း ဖြောင်းဖျ ပြောဆိုလိုက်ရပါသည်။ ကျေးပင်ကြီးရပ်ကွက်တွင် အချိန်မရွေး လှေများမှာ တညလုံးဆိုက်ကပ်တတ်ရာ ယင်းနယ်ကလာသည့် သူများကို မလုယက်ရအောင် ကင်းလှည့်ပြီး စောင့်ဆိုင်းပေးနေရသည်မှာလည်း ပြသနာတရပ်ဖြစ်သည်။ မြစ်ထဲတွင် လုယက်မှူများ မရှိအောင် စောင့်ကြည့်ရခြင်းနှင့် မြို့ တွင်းမှ ကျေးပင်ကြီးရက်ကွက်သို့  -ည-၈-နာရီကျော်လျှင် မ၀င်ရအောင် ပိတ်ပင်တားမြစ်ထားရပါသည်။ ရပ်ကွက်လုံခြံရေးနှင့် အုပ်ချုပ်ရေးကော်မီတီ များမှာ ရပ်ကွက်တိုင်းမှာ ပြသနာဖြစ်လာက ချက်ချင်းဆိုသလို့  ၀ိုင်းဝန်း ကူညီ ဖြေရှင်းကြေရသည် ။ ချက်ချင်း တရပ်ကွက်မှာဖြစ်လျင် တရပ်ကွက်သို့  သတင်းပို့ ကြရသည်။
စစ်တပ်မှ အာဏာသိမ်းကြောင်း ရေဒီိယိုမှ ကြေညာပြီ
စက်တင်ဘာလ-၁၈-ရက်နေ့  ရေဒီိယိုမှ စစ်တပ်က အာဏာသိမ်းလိုက်သည်ဆိုသော သတင်းကို ကျွန်တော်တို့  ကြားရသည်။ ပထမတွင် မင်းကြီးကျောက်တန်းမှာ ဤသတင်းကို စုံစမ်းပြောဆိုကြသည်။ ကျွန်တော်သည် ကျေးပင်ကြီးရပ်ကွက်ရှိ လုံခြုံရေးနှင့် အုပ်ချုပ်ရေးရုံးရှိရာ ကော်မီတီရုံးသို့  ထွက်လာပြီး စာရွက်စာတမ်းများကို ဖျေက်ဖျက်ကာ လိုအပ်သည်များကို ယူလာခဲ့ သည်။ ယင်းနောက် မြို့ ပြလုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မီတီရုံးရှိရာ မြရုပ်ရှင်သို့  လာခဲ့ သည်။ မြရုပ်ရှင်ရှင်ရုံသို့  ရောက်သောအခါ တံခါးပိတ်ထားသည်ကို တွေ့ ရသည်။ မည်သည့်အတွက်ကြောင့် ပိတ်ထားရသနည်း စုံစမ်းလိုက်သောအခါ သိုင်းအဖွဲ့ ဝင်များမှ မည်သူမျှ မတက်ရောက်ရန် ပိတ်ထားကြာင်း ပြောပြသည်။ ကျွန်တော် မြရုပ်ရုင်ရုံအတွင်း ရောက်သွားသည်နှင့် ကရာတေးဆရာကြီး ဦးထွန်းရွှေမောင် ၊ ဘဏ်စာရေးကြီး ဦးစောလှထွန်း တို့ ကို တွေ့ ရသည်။ ကျွန်တော်တို့ မှာ စစ်တပ်က အာဏာသိမ်းပြီဆိုလျင် ရှေ့သို့ မည်သို့  ဖြစ်ပေးလာနိုင်မည်နည်း ဆိုသောသဘောဖြင့် အရေးပေါ်ဆွေးနွေးပွဲကို ပြုလုပ်ကြသည်။ လောလောဆယ် စစ်တွေတမြို့ လုံးမှာ လမ်းပေါ်ထွက်ပြီး လူစုနေကြရာ သတိပေးရန်လိုအပ်လာသည်ကို ဆွေးနွေးကြဖြစ်သည်။ ထို့ ကြောင့် ကျွန်တော်တို့  မြို့ ပြလုံခြုံရေးနှင့် အုပ်ချုပ်ရေး
ကော်မီတီမှာ သတိပေးကြေညာချက်ကို ထုတ်ပြန်ပြီး ကားနှင့် လော်စပီကာဖြင့် ကြေညာရန် ဆုံးဖြတ်ကြသည်။ ဦးစောလှထွန်းက စာကိုရေးပြီး လိုအပ်သည်များကို ကျွန်တော်က ဖြည့်စွက်ရေးလိုက်သည်။
မြို့ ပြလုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မီတီ ရုံးရှေ့မှ စထွက်ပြီ
မြို့ ပြလုံခြုံရေးနှင့် အုပ်ချုပ်ရေးအတွက် ယင်းအချိန်က မော်တော်ကား တစီးရှိသည်။ ယင်းကားကို အသံချဲ့ စက် ကိုင်ဆောင်သူ ကိုမဲဖါး( တရားသိစု ) ( -ဦးသာဟန်၏သား ဗောဓိကျောင်းရှေ့ ) က ယူဆောင်လာသည်။ မြရုပ်ရှင်ရုံရှေ့တွင် လူတွေ ၀ိုင်းအုံနေကြသည်မှာ ရာနှင့်ချီလို့  ရှိနေသည်။ မော်တော်ကားတွင် လော်စပီကာ တပ်လိုက်သောအခါ လူငယ်တွေက လိုက်ချင်သူများနေကြသည်။ ကျွန်တော်က သိုင်းအဖွဲ့ မှ လူငါးယောက်ခန့် လောက်သာ လိုက်ပါစေလိုကြောင်း ပြောပြလိုက်ရသည်။ ကားရှေ့ ဖုံးမှာ မောင်ချေ-ရွှေပြားရပ်ကွက် ( ထောက်လှမ်းရေး သတ်မှူဖြင့် အင်းစိန်ထောင် ကျခဲ့ ပြီး ယခုလွပ်နေသူ ) တို့ က ထိုင်နေသည်ကို မြင်ရသည်။ ကားဒရိုင်ဘာကိုမူ မှတ်မရတော့ ။ ဒရိုင်ဘာအနီးမှာ ကျွန်တော်က ၀င်ထိုင်လိုက်သည်။ ညာဖက်တွင် ကရာတေးဆရာကြီး ကိုထွန်းရွှေမောင်က ထိုင်သည်။ မဲဖါးက အသံချဲ့ စက်ကို ကားခန်းတွင် ထားပြီး စကားပြောမိုက်ခွက်ကို ကျွန်တော့်ကို လှမ်းပေးသည်။ ကျွန်တော်က မော်တော်ကား စတင်ထွက်သည်နှင့် မိုက်မှနေပြီး သတိပေးစာကို အော်၍ ကြေညာလိုက်သည် ။
" အခုအချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဖြစ်သော်လည်း မြို့  ပြနှင့်လုံခြုံရေးကော်မီတီမှာ အခုအချိန်ထိ တာဝန်ထမ်းဆောင်လျှက်ရှိသည်။ မြို့ သူမြို့ သားများက သတိထားပြီး လမ်းမပေါ်သို့  မတက်ကြပါရန် အထူး နိုးဆော် သတိပေးလိုက်သည်။ ပုံ -မြို့ ပြနှင့် လုံခြုံရေးကော်မီတီ -စစ်တွေမြို့  )
စကားပြောမိုက်ခွက်အသံမှ ကျယ်လောင်စွာ ထွက်လာသည်နှင့် လူတွေမှာ လက်ခုပ်လက်ဝါး တီးကာ ညာသံပေးကြသည်။ ယင်းအချိန်တွင် စစ်တပ်မှ မော်တော်ကား လာသည်ကို ကျွန်တော်တို့  မသိသေး။ အိုးတန်းရွာ တပါတ်ပတ်ပြီး ပြန်လည်၍ မြရုံရှေ့မှ မြောက်ပိုင်းဖက်ကို ကားဖြင့် လာခဲ့ ကြသည်။ လမ်းခွဆုံတိုင်းမှာ ကျွန်တော်က မိုက်နှင့် အော်သည်။ အော်တိုင်း လူငယ်တွေမှာ လက်ခုပ်တီးကာ ကြွေးကြော်ကြသည် ။ ယင်းသို့ လာရာ တံထာားကြီးရင်းနားသို့ ရောက်လာသည်။ ကျွန်တော့်မှာ အသံပြာလာပြီ ။ ရှေ့ဆက် မအော်နိုင်လောက်အောင်ကို ဖြစ်လာပြီ ။ ထို့ ကြောင့် ကရာတေးဆရာကြီး ကိုထွန်းရွှေမောင်က တံထားကြီးဈေးတွင် ရောင်းနေသော ရှောက်ချိုသီးတွေကို ကားမှ ဆင်းကာ သွားဝယ်သည်။ ကိုထွှန်းရွှေမောင-်မရှိစဉ် ကျွန်တော့်သူငယ်ချင်း ကိုချင်းလွှာအောင် တက်ထိုင်လာသည်။ ကိုချင်းလွှာအောင်မှာ အိုးတန်းရပ်ကွက်ဖြစ်ပြီး အငြိမ်းစား-ရဲစခမ်းမှူးဖြစ်သည်။ သူ့ မှာ ကိုလှမောင် ( နုတ်ခမ်းမွှေး ) ( ဆရာကြီးဦး-ဦးသာထွန်း -သမိုင်းဆရာကြီး ) သမက် ဖြစ်သူ နှင့် ဆရာဦးစောဖြူ ( ရတပ-ပါတီ- မင်းပြားမြို့  နယ် လွှတ်တော်ကိုယ်စားလှယ် ) တို့ နှင့်ကိုဘသိမ်းမောင် အရက်ဆိုင်မှာ ထိုင်သောက်နေရာက တက်လာခြင်းဖြစ်သည်။
ကရာတေးဆရာကြီး ကို ထွန်းရွှေမောင်မှာ ထိုင်စရာ နေရာ မရှိတော့၍ ဆင်းကျန်လိုက်ပြီး ကျွန်တော်နှင့် ကိုချင်းလွှာအောင်တို့ က ကားနှင့် ဆက်ပြီး ကြေညာလာခဲ့ သည်။ ပါဒလိပ်ချိတ်ရပ်ကွက် ခွဆုံ ( မြို့ သူကြီး ရပ်ကွက် - ချစ်ဖေါ်ဦးခွဆုံ ) ရောက်သောအခါ ထပ်ပြီး မြို့ ပြလုံခြုံရေးနှင့် အုပ်ချုပ်မှူကော်မီတီ ကြေညာချက်ကို မိုက်နှင့် အော်လိုက်သည်။ ပါဒလိတ်ချိတ်ရပ်ကွက်မှ လူငယ်တွေမှာ အုတ်အော်သောင်းနင်း အားပေးသံ ညာသံပေးသံဖြင့် ရှိနေကြသည်။ ကျွန်တော်တို့ မှာ ယင်းသို့  အော်လာယင်း သဘောင်္ဆိပ်ရောက်သောအခါ သေနတ်သံကြားသည်ဟု လူတွေက ပြောကြသည်။ သို့ သော် ကျွန်တော်တို့ က မယုံ ။ ရှေ့ဆက်ပြီး အုန်းတပင် -ဆင်ကူးလမ်း စသည်ဖြင့် ပတ်လာကြသည်။ ယင်းကတဆင့် ပတ်လာသည့်အခါ ကြေးနန်း ရုံးဖက်က ၀င်သွားမလား စဉ်းစားကြသည်။ ကံကောင်းချင်၍လား မသိ ။ ကြေးနန်း ရုံးဖက်က မသွားဘဲ ပြည်နယ်ရုံးဖက်က လာခဲ့ ကြသည်။ ကြေးနန်းရုံးထဲတွင် စစ်သားများက တန်းစီပြီး သေနတ်နှင့် စောင့်ဆိုင်းနေသည်ဟု နောက်ပိုင်းတွင် ကြေားနန်းဝန်ထမ်းများက ပြော၍​သိရသည်။
ဆေးရုံကွင်းခွဆုံရောက်လျှင် စစ်တွေကောလိပ်က ကျောင်းသားတွေ ထွက်လာပြီး သူတို့ နာမည်များလည်း ပါအောင် ကြေညာပေးရန် လာပြောသောကြောင့် တခါ အော်၍ ကြေညာရသည်။ ယင်းမှ တဆင့် မြို့ မရုပ်ရှင်င်ရုံရှေ့ရောက်သောအခါ သေတုဇန ရဟန်းပျိုများအဖွဲ့ က ပါ သူတို့  နာမည်ထည့်၍ ကြေညာပါဆိုလို့  အော်ရပြန်သေးသည်။ ဦးဥတ္တမပန်းခြံရှေ့ရောက်သောအခါ လူတွေက ကျွန်တော်တို့ ကို အော်ပြီး သတိပေးသည်။ စစ်တပ်က အမှတ်( ၁) ) ရဲစခမ်း မှာ ရောက်နေပြီဟုလည်း အော်ပြောကြသည်။ ပလက်ဖေါင်းမှာ လူတွေက တန်းစီပြီး ထွက်နေကြသည်။ ကျွန်တော်တို့ မှာ မြရုပ်ရှင်ရုံရှေ့ရှိ မြို ပြလုံခြုံရေးနှင့် အုပ်ချုပ်ချုပ်ရေးကော်မီတီ ရုံးကို ရောက်အောင် သွားရန် လိုနေသေးသည်။ အမှတ်( ၁ ) ရဲစခမ်းရှေ့မှ ဖြတ်သွား၍ သွားမှ ဖြစ်မည်။
ထို့ ကြောင့် ကျွန်တော်က နည်းပရိယ်တခုကို သုံးလိုက်သည်၊ ယင်းမှာ ဗမာစကားနှင့် ကြေညာလိုက်ခြင်းဖြစ်သည်။
" ရဲဘော်တို့ - ပြည်သူတွေမှာ လက်နက်ဆိုလို့  အပ်တို တချောင်းမရှိကြဘူး ရဲဘော်တို့  - တပ်မတော်ဆိုတာ ပြည်သူပြည်သားတွေရဲ့  အသက် အိုးအိမ်ကို ကာကွယ် စောင့်ရှောက်တဲ့  တပ်မတော်သာဖြစ်တယ်- ရဲဘော်တို့  "
ကျွန်တော်က ယင်းသို့  အော်လိုက်ခြင်းမှာ အကြောင်းရှိပါသည်။ စစ်တပ်က အမှတ်( ၁ ) ရဲစခမ်းမှာ ရောက်နေပြီဖြစ်သောကြောင့် သတိထားရန် အော်ပြောသောအသံ ၊ ပြီေးတာ့ ကျွန်တော်တို့ ကို ဆက်၍ မသွားရန် သတိပေးသောအသံတို့ ကို ကြားနေရ၍ ဖြစ်သည်။ ကျွန်တော်တို့  ယင်းသို့  ကြွေးကြော်ပြီး အော်လာခဲ့ သောကြောင့် မည်သို့ မျှပစ်ခတ်ခြင်း မခံရ ။ မြရုပ်ရှင်ရုံသို့ ရောက်သောအခါ ကားပေါ်မှ ဆင်းသည်နှင့် မြရုပ်ရှင်ရုံရှေ့ရှိ စိန်ကဖီးလဘက်ရည်ဆိုင်သို့  ၀င်ပြီး လဘက်ရည်မှာ သောက်ကြသည်။ စားသောက်ပြီး မြရုပ်ရုင်ရုံသို့  ၀င်ရန်ြ့ပုလုပ်သည်နှင့် သေနတ်ပစ်သံကြားရတော့သည်။ သေနတ်သံကြောင့် ကျွန်တော်တို့  မြရုပ်ရှင်ရုံသို့  ဒရောသောပါး ၀င်ကြရသည်။ ရုံထဲမှာ မှောင်နေပါသည်။ ယင်းအချိန်မှာ ကိုချင်းလွှာအောင်က သူ့ မှာ နားရွက်တွက် ကျဉ်ဆံရှော်ပြီး ထိမှန်သွားသည်ဟု ပြောသည်။ ဓါတ်စ်မီး ဖြင့် ကြည့်ရာ သေနတ်ဒဏ်ရာက မကြီး ။ ထို့ ကြောင့် စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်နေပြီဖြစ်၍ မြရုပ်ရုင်ရုံတွင်းမှာ မနေသင့်ကြောင်း ဆုံးဖြတ်ကာ ရုံထဲမှ ထွက်လိုက်ကြပြန်ပါသည်။ စစ်တပ်မှ သေနတ်ဖြင့် ပစ်ခတ်နေသည်မှာ ရဲစခမ်းရှေ့မှ ဖြစ်နိုင်သည်။ ကျွန်တော်နှင့် ကရာတေးဆရာကြီး ကိုထွန်းရွှေမောင်တို့  မြရုံလမ်းကြားမှ ထွက်လာကြသည်။ ကိုတင်မောင်ဦး ( နှာခေါင်းချွန်း ) ရခိုင်ပြည့်နယ် ကာယဗလမောင် -တိရိစ္တာန်ဆေးကု -ယခုကွယ်လွန် ) က သူ၏ အိမ်အနောက်ဖက်မှာ တွေ့ သည်။ ကျွန်တော်နှင့် ကိုထွန်းရွှေမောင်မှာ လက်ကြားလမ်းအတိုင်း လာခဲ့ ကြပြီး အိုးတန်းလက်ကြားမှ တဆင့် ကျွန်တော့်အိမ်ရှိရာသို့  လာခဲ့ သည်။
ဒဏ်ရာရသူနှင့် သေဆုံးသူတို့  အခြေအနေ
ကျွန်တော်တို့ ၏ မြို့  ပြလုံခြုံရေးနှင့် လုံခြုံရေးကော်မီတီမှ ပြည်သူများကို သတိပေးကြေညာချက်ကြောင့် စစ်တပ်မှ မော်တော်ကားသည် နောက်မှ လိုက်လာခြင်းဖြစ်သည်။ သူတို့ ကားကလည်း ပြည်သူတွေကို လမ်းပေါ်မထွက်ကြပါရန် အော်သည်ဟု သိရသည်။ ကျွန်တော်တို့ ကားက ပါဒလိပ်ချိတ်ခွဆုံရောက်သောအခါ ကားက သွားခဲ့ သည်။ စစ်တပ်ကားက နောက်ကလိုက်လာသောအခါ ခွဆုံမှ လူငယ်များက ကွမ်းသီးပင် လှေများကို လမ်းမပေါ်မှ ချထားပြီး ကားမသွားနိုင်အောင် တားထားလိုက်သည်။ အမှန်က စစ်တပ်ကားသည် ကျွန်တော်တို့ ကးကို တားဆီးရန် လိုက်လာခြင်းဖြစ်သည်။ ယင်းသို့  ကားများ မသွားနိုင်အောင် ပြုလုပ်ခိုင်းသူမှာ ဆရာကြီး ဦးဦးသာကျော် ( ရာသက်ပန် တက္ကသိုလ် ကျောင်းသား ) ( ဓပြုတ်သီး ) က ကားများကို တားစေခိုင်းခြင်းဖြစ်သည်ဟု နောက်တွင် ပြောသံများကြားဖူးသည်။
စစ်တပ်ကားကို တားထားသည့်အခါ ရိုးရိုးသားသား တားထားခြင်းမဟုတ် ။ ဂျင်ဂလိနှင့် ပစ်ခတ်ကြသည်။ ကျောက်ခဲများနှင့် ပစ်ကြသည် ။ စစ်သားများမှာ ဂျင်ဂလိကို ကြောက်၍ ပုန်းအောင်းပြီး ကားထဲမှာ လိုက်လာကြရသည်။
ပါဒလိပ်ချိတ်ခွဆုံ ( ချစ်ဖေါ်ဦးခွဆုံ ) မှာ စစ်တပ်က ရှေ့ဆက်၍ မသွားနိုင်ဖြစ်နေသည် ။ ယင်းအချိန်မှာ ကျွန်တော်တို့ ကားမှာ သင်္ဘောဆိပ်ကို ရောက်နေချိန်ဖြစ်သည်။ စစ်တပ်က မသွားနိုင်၍ သေနတ်ဖြင့် မှန်အောင် ပစ်ခတ်တော့သည်။ ပါဒလိပ်ချိတ်မှာနေသူ မောင်လှမောင်သန်း ( အသက်-၁၅-နှစ် ) မှာ ခွံဆုံအနီး ဦးခေါင်းတွင် တည့်တည့်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားသည်။ မောင်လှမောင်သန်းမှာ ကျွန်တော်၏ မိဖများနေသော နေအိမ်နှင့်ကပ်လျှက် နေထိုင်သူဖြစ်သည်။တရားသိစုရပ်ကွက်မှ ကိုကျော်ကျော်မှာ ပေါင်ကို ထိမှန်ပြီး ကျိုးကျသွားသည်။ စစ်တပ်မှ ဒဏ်ရာရသူ ကိုကျော်ကျော်နှင့် ကိုလှမောင်သန်း အလောင်းကို တင်ဆောင်သွားသည်။ ယင်းစစ်ကားသည် ကျွန်တော်တို့ နောက်မှ ဆက်၍ မလိုက်လာတော့ ။ ကျွန်တော်တို့  မြရုပ်ရှင်ရုံသို့ ရောက်ပြီး လဘက်ရည်သောက်လို့  မြရုပ်ရုင်ရှင်သို့ ဝင်ချိန်မှာ သေနတ်နှင့် ပစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ မော်တော်ကား ရောက်သည်နှင့် လူတွေ စုပြုံရောက်နေကြခြင်းကြောင်ဖြစ်သည်။ ယင်းအချိန်မှာ ကိုခင်မောင်ဝင်းခေါ် မင်းသားကြီးရွှေဘန်း သေနတ်ကျဉ်ဆံ ထိမှန်ခြင်းဖြစ်သည်။
ထို့ ကြောင့် စစ်တပ်မှ စက်တင်ဘာလ-၁၈-ရက်နေ့ တွင် သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသူမှာ ကိုခင်မောင်ဝင်းခေါ် မင်းသားကြီးရွှီဘန်း ။ ပါဒလိတ်ချိတ်မှ ကိုလှမောင်သန်း ။ ဒဏ်ရာရသူများမှာ ကိုချင်းလွှာအောင် ( အိုးတန်းရပ်ကွက် -ယခုကွယ်လွန် ) ၊ ကိုကျော်ကျော် ( တရားသိစု ) တို့  ဖြစ်ကြပါသည်။


ခိုင်အောင်ကျော် ( နယူးယောက် )

ဒီမိုကရေစီ အမြစ်တွယ်ခြင်းနှင့် အဖြေမရှိသေးသော မေးခွန်း


Friday, 16 September 2011 10:00 ညီစောလွင်
မြန်မာပြည်မှာ ဒီမိုကရေစီကို အမြစ်မတွယ်အောင် လုပ်ဖို့ ကြိုးပမ်းသူတွေထဲမှာ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အစောဆုံးအဖြစ် အမှတ်ပေးရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ တော်လှန်ရေး ကာလမှာပဲ လုပ်ကြံခံ လိုက်ရတဲ့ အတွက်

ဒီမိုကရေစီ အမြစ်တွယ်အောင် ဆောင်ရွက်ခွင့် မရခဲ့ပါဘူး။

သမိုင်းအဖြစ်အပျက်တွေအရ ဒီမိုကရေစီအမြစ်တွယ်ဖို့ ကိစ္စမတိုင်ခင်မှာ တော်လှန်ရေးကာလ တခုကို ဖြတ်သန်းရလေ့ ရှိပါတယ်။ လက်နက်ကိုင်နည်း၊ ငြိမ်းချမ်းစွာ လူထုဆန္ဒပြပွဲတွေ၊ တော်လှန်ရေးတွေနဲ့ ဖြတ်သန်းတာမျိုးပါ။ အခု အာရပ်ကမ္ဘာက နည်းလမ်းပေါင်းစုံနဲ့ လူထု လှုပ်ရှားမှုတွေဟာ တော်လှန်ရေး ကာလဖြစ်ပြီး၊ အဲဒါကျော်သွားပြီးရင် ဒီမိုကရေစီအမြစ်တွယ်ရေးကိစ္စကို ချီတက်ကြရဦးမှာ ဖြစ်ပါတယ်။

ဆိုကြပါစို့၊ မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး တော်လှန်ရေးကာလကို ဖြတ်သန်းခဲ့ပါတယ်။ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးနု နဲ့ တခြားနိုင်ငံရေးသမားတွေက ဒီမိုကရေစီကို အမြစ်တွယ်အောင် မလုပ်နိုင်ခဲ့ကြပါဘူး။

အတိတ်ကာလက မြန်မာပြည်မှာ ဒီမိုကရေစီ အမြစ်မတွယ်ခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ မိန့်ခွန်းတွေမှာ အခုလို မှတ်ချက်ပေးဖူးပါတယ်။

"၂၆ နှစ်အရင်က ရှိခဲ့တဲ့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလှုပ်ရှားသူများဟာ ကျေးလက်တောရွာ လူထုနဲ့ လက်တွဲပြီး မလုပ်ခဲ့ဘူးလို့ ကျမ မြင်ပါတယ်။ ဒီလို ကျေးလက်တောရွာလူထုရဲ့ ထောက်ခံမှုမရှိလို့ နောင်ကျတော့ တပါတီအာဏာရှင်နစ် တက်သွားတဲ့ အခါကျတော့ လူထုအများကလည်း လက်ခံနေတယ်၊ ကြည့်နေတယ်၊ လျစ်လျူရူထားလိုက်တယ်"

မြန်မာပြည်သမိုင်းမှာ ဒီမိုကရေစီ အမြစ်တွယ်ဖို့ကိစ္စမှာ စစ်တပ်က ကန့်လန့်ကန့်လန့်ဖြစ်ခဲ့တာက ငြင်းမရတဲ့ သမိုင်းဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေက ဘယ်လောက်ညံ့ခဲ့လို့၊ စစ်တပ်က ဘယ်အတိုင်းအတာထိ စွက်ဖက်ခဲ့သလဲ (Tatmataw Factor)၊ ဘယ်ဟာက အကြောင်းတရား၊ ဘယ်ဟာက အကျိုးတရား ဆိုတာကတွေကတော့ အငြင်းပွားကြရမယ့် ကိစ္စဖြစ်ပါတယ်။ သေချာတခုကတော့ အတိတ်က စစ်တပ်က ဦးဆောင်ခဲ့တဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲတိုင်းမှာ ဒီမိုကရေစီစနစ် ကျဆုံးခဲ့တာချည်းပါပဲ။

၁၉၅၈ - ၁၉၆၂ - ၁၉၈၈ စစ်တပ်အာဏာသိမ်းမှုတွေနဲ့ နောက်ဆက်တွဲ ကိစ္စတွေကို ဆိုလိုတာပါ။

ဒါကြောင့် ၂၀၁၀ မှာ စစ်တပ်က ဦးဆောင်တဲ့ နိုင်ငံရေးအပြောင်းအလဲတခု ဖြစ်ပြန်တဲ့အခါ အတိတ် သမိုင်းတွေနဲ့ လက်ရှိလုပ်နည်းလုပ်ဟန်တွေကို ကြည့်ပြီး သံသယရှိနေကြတာ မဆန်းပါဘူး။

စက်တင်ဘာလ (၁၅) ရက်နေ့ နိုင်ငံတကာ ဒီမိုကရေစီနေ့အခမ်းအနားမှာပဲ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းက သူ့ကိုယ်သူ ဒီမိုကရေစီ ဘက်တော်သားတွေပါလို့ သုံးသွားပါတယ်။

ယနေ့ကမ္ဘာမှာ ဒီမိုကရေစီဟာ ကမ္ဘာလုံး သဘောဆောင်သွားတဲ့အတွက် ဗိုလ်ချုပ် ဟောင်းတွေကိုယ်တိုင် စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ထုတ်ပြောနေရတဲ့ သဘောဖြစ်ပါတယ်။ ဦးသိန်းစိန်ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ဒီမိုကရေစီစနစ်ရဲ့ အမွန်အမြတ်တရားတွေကို ပြောသွားခဲ့တာလည်း ဒီသဘောပါပဲ။

ပြီးခဲ့တဲ့ ရက်တွေမှာ မြန်မာပြည်မှာ ထူးခြားတဲ့ အဖြစ်အပျက်တွေ အတော်များများ တွေ့ခဲ့ရပါတယ်။ အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်နဲ့ တွေ့အပြီး ပူးတွဲကြေညာချက် ထုတ်တာအစ၊ နေပြည်တော်က သမတဦးသိန်းစိန်နဲ့တွေ့ပြီး အစိုးရရဲ့ စီးပွားရေး ဖိုရမ်တက်တာအလယ်၊ နောက်ဆုံး ဦးဇော်ဇော်ဖိတ်တဲ့ ဘောလုံးပွဲသွားကြည့်တာ အဆုံးထိဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြည့်ရင် အလွန် အန္တရာယ်များတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ မြန်မာပြည်လို ဘက်နှစ်ဘက် သဘောဆောင်တဲ့ နိုင်ငံရေး (Polarized Politics) မှာ တခြားလူ သူ့လိုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်း ဂျပန်နဲ့ပေါင်းလိုက်၊ အင်္ဂလိပ်နဲ့ ပေါင်းလိုက်လုပ်တဲ့ ကိစ္စမျိုးပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့တာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်လုပ်နေတာတွေကို နှိုင်းယှဉ်နေတာလည်း အမြဲတမ်း မှန်ကန်ပါ့မလားလို့ သံသယ ဖြစ်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အခုလိုပြောဖူးပါတယ်။

"အရင် လွတ်လပ်ရေးတိုက်ပွဲဟာ လူမျိုးခြားများကို တိုက်ရတာ၊ လူမျိုးခြားများကို တိုက်တာထက် ကိုယ့်အချင်းချင်း တိုက်ရတာဟာ အင်မတန်စိတ်ညစ်စရာကောင်းတယ်၊ အင်မတန် ၀မ်းနည်းစရာကောင်းတယ်၊ အင်တန် ရှက်စရာကောင်းပါတယ်"

လွတ်လပ်ရေး ကြိုးပမ်းတဲ့ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်နဲ့ပေါင်းလိုက်၊ အင်္ဂလိပ်နဲ့ ပေါင်းလိုက် အပြောင်းအလဲများခဲ့ပါတယ်။ အပြောင်းအလဲတွေကို သူရွေးချယ်တဲ့အခါမှာ လူထုကို သူ့နောက်က ပါသွားအောင် ဆွဲခေါ်သွားနိုင်တာကတော့ တခြားပုဂ္ဂိုလ်တွေနဲ့ မတူတဲ့ ဗိုလ်ချုပ်ရဲ့ ထူးခြားတဲ့ အရည်အချင်း တရပ်အဖြစ် ကောက်ချက်ချကြပါတယ်။

သူ့ခေတ်၊ သူလုပ်ကြံခံရတဲ့ နောက်ပိုင်းခေတ်တွေမှာ မြန်မာပြည်မှာ အပြောင်းအလဲများတဲ့ နိုင်ငံရေးသမားတွေ တော်တော်ရှိပါတယ်။ နာမည်ကောင်း မရကြပါဘူး။ တချို့ အပြောင်းအလဲတွေကြောင့် ကောင်းခဲ့ဖူးတဲ့ သမိုင်းကိုတောင် အရိပ်မည်းထိုးပြီး၊ ပြန်ချေဖျက်သွားတဲ့ လူတော်ပုဂ္ဂိုလ် တော်တော်များပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ တချောင်းတည်းသော စိတ်ဟာ လွတ်လပ်ရေး ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တချောင်းတည်းသော စိတ်ဟာ မြန်မာပြည်မှာ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အမြစ်တွယ်ရေး၊ တနည်းအားဖြင့် စိတ်ဓာတ်တော်လှန်ရေး ဖြစ်တယ်လို့ ယူဆပါတယ်။

စက်တင်ဘာလ (၁၅) ရက်နေ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမိန့်ခွန်းမှာ ဒေါ်အောင်ဆန်း စုကြည်က "ကျမတို့ရဲ့ ဒီမိုကရေစီတော်လှန်ရေးဟာ စိတ်ဓာတ်တော်လှန်ရေးဖြစ်တယ်" လို့ ပြောခဲ့ပါတယ်။

၁၉၉၀ အစောဆုံးနှစ်တွေက ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုကို ဒုတိယ လွတ်လပ်ရေး တိုက်ပွဲလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ တော်လှန်ရေးကာလလို့ အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။

နှစ် ၂၀ ကျော်လာလို့ နိုင်ငံရေးအခြေအနေတချို့ ပြောင်းလဲသွားခဲ့တဲ့ လက်ရှိအချိန်က ဘယ်အခြေအနေကို ရောက်နေပြီလဲလို့ မေးစရာပေါ်လာပါ တယ်။

ဒီမိုကရေစီနေ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က " အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေရောက်နေပြီ" ဆိုပါတယ်။

ဒါဆိုရင် ဒီခြေအနေကို ဘယ်လိုချဉ်းကပ်ကြမလဲ။

ဒေါ်အောင်ဆန်းစုကြည် က "ဒီအခြေအနေလည်း ဒီလိုပုံစံပဲလုပ်မယ်၊ ဟိုအခြေအနေလည်း ဒီပုံစံပဲ လုပ်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး " လို့ ပြောပါတယ်။

"ကိုယ်ပိုင်ဉာဏ်နဲ့ သိအောင်လို့ ကြိုးစားကြပါ။ လူများပြောတိုင်းလည်း နားထောင်ဖို့ မလိုပါဘူး။ ကျမပြောတိုင်းလည်း ယုံစရာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် သေသေချာချာလေ့လာပါ။ လေ့လာပြီးတော့ ကိုယ်ယုံကြည်သရွေ့ ယုံကြည်သည့်အလျောက် ဆက်ပြီးတော့ ခိုင်ခိုင်မာမာနဲ့ လျှောက်လှမ်းသွားကြပါလို့ ကျမ တိုက်တွန်းချင်ပါတယ်"

ဒီမိုကရေစီအမြစ်တွယ်ခြင်းမှာ အရေးအကြီးဆုံးနှင့် အခြေခံအကျဆုံးအဆင့်က လူထုရဲ့ ဒီမိုကရေစီ ရေချိန်မြင့်ဖို့ ဖြစ်တဲ့အတွက် နိုင်ငံရေးသမားတွေနဲ့ချည်း မပြီးပါဘူး၊ ဒါပေမယ့် လူထုကို နိုင်ငံရေးရေချိန်မြင့် လာအောင်လုပ်ဖို့ကလည်း နိုင်ငံရေးသမားတွေရဲ့ တာဝန်ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာ မြန်မာပြည်နိုင်ငံရေးရဲ့ အဓိကကျတဲ့ ပြသနာတရပ်ဟာ တော်လှန်ရေး ကာလကို ဖြတ်သန်းနေတာလား၊ ဒီမိုကရေစီကို အမြစ်တွယ်အောင် ကြိုးပမ်းရမယ့် ကာလလားဆိုတဲ့ အကြီးဆုံး ဒီဘိတ်အတွက် ရေရေရာရာ မဖြေမရှိသေးပါဘူး။

ညီစောလွင်


http://www.maukkha.org/index.php?option=com_content&view=article&id=1822:2011-09-16-10-02-04&catid=91:opinion&Itemid=359

ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ တိုက်ရိုက်​ရွေး​ချယ်မှုအဆို ရှုံး​နိမ့်


Published on September 19, 2011 by webteam

ရပ်ကွက်​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ ​ရွေး​ချယ်မှုရာမှာ အများ​ဆန္ဒသ​ဘောထား​အရ တိုက်ရိုက်​ရွေး​ချယ်ဖို့​ တင်သွင်း​တဲ့​အဆိုကို ပြည်သူ့​လွှတ်​တော်မှာ မဲခွဲရာ ရှုံး​နိမ့်​သွား​ပါတယ်။

ရန်ကုန်တိုင်း​ သင်္ကန်း​ကျွန်း​မြို့​နယ် ပြည်သူ့​လွှတ်​တော်အမတ် ဦး​သိန်း​ညွန့်​က အဆိုတင်သွင်း​တဲ့​အ​ပေါ် ​သောကြာ​နေ့​က မဲခွဲဆုံး​ဖြတ်လိုက်ရာမှာ ရှူံး​နိမ့်​ခဲ့​တယ်လို့​ ရခိုင်ပြည်နယ် ​မြေပုံမြို့​နယ် ပြည်သူ့​လွှတ်​တော်အမတ် ဦး​ဖေသန်း​က ​ပြောပါတယ်။

၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေမူကြမ်း​အရ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က ​ရွေး​ချယ်တဲ့​ ကြီး​ကြပ်​ရေး​မှူး​ ငါး​ယောက်က ဆယ်အိမ်စု​တွေအလိုက် မဲ​ပေး​စေပြီး​ ​ရွေး​မှာဖြစ်ပါတယ်။ ဥပမာ ရွာမှာ ၃၀ ရှိရင် အဲဒီ ၃ဝထဲကမှ သူတို့​အဆိုတင်သွင်း​တဲ့​ လူ​တွေကို ဆယ်အိမ်မှူး​တွေကပဲ မဲ​ပေး​ပြီး​တော့​ ရပ်ကွက် ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ ​ရွေး​မယ်လို့​ ပါရှိပါတယ်။

ဦး​သိန်း​ညွန့်​က ဆယ်အိမ်မှူး​တွေက ​ရွေး​ချယ်တာထက် ပိုမိုကျယ်ပြန့်​အောင် တရွာလုံး​မဲ​ပေး​ဖို့​ အဆိုတင်တဲ့​အ​ပေါ် မဲခွဲရာမှာ ရှုံး​သွား​တာပါ။

ဒီအဆိုအ​ပေါ် ပြည်ထဲ​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကိုကိုက စရိတ်စကအကုန်အကျ များ​တဲ့​အပြင် ပြည်သူ​တွေအကြား​မှာ မဲကွဲလာပြီး​တော့​ ရပ်ရွာ​ကျေး​ရွာရဲ့​ မငြိမ်မသက်မှုကို ဖြစ်နိုင်တဲ့​အ​ကြောင်း​ ပြန်လည်ရှင်း​လင်း​ခဲ့​ပြီး​ မဲခွဲခဲ့​တာ ဖြစ်ပါတယ်။

ဦး​သိန်း​ညွန့်​ရဲ့​အဆို ရှုံး​နိမ့်​ခဲ့​မှုနဲ့​ပတ်သက်ပြီး​ ​မြေပုံအမတ် ဦး​ဖေသန်း​က “မဲ​ပေး​တယ်ဆိုတာ​တော့​ ကျ​နော်တို့​ ​ရွေး​ကောက်ပွဲလည်း​ အဲလိုပဲ ကွဲခဲ့​ကြတာပဲ။ ကုန်ကျစရိတ်နဲ့​ပတ်သက်လို့​ သူတို့​ပြောတာကို တချို့​တဝက်​တော့​လက်ခံပါတယ်။ ဒါ​ပေမယ့်​ ကုန်ကျစရိတ် နည်း​နည်း​နဲ့​ လုပ်​ပေး​နိုင်တဲ့​ အပိုင်း​တွေလည်း​ ရှိပါတယ်။ တ​ယောက်ကို စာရွက် တရွက်​လောက်နဲ့​ သွား​ပေး​ကြဆိုလည်း​ ဖြစ်တာ​ပေါ့​။

“ကျ​နော်တို့​က​တော့​ ဦး​သိန်း​ညွန့်​ဘက်က ​ထောက်ခံ​ပေး​လိုက်ပါတယ်။ ဒါ​ပေမယ့်​ ပြည်ခိုင်ဖြိုး​အမတ်အများ​စုနဲ့​ တပ်မ​တော်သား​ ကိုယ်စား​လှယ်​တွေက မ​ထောက်ခံ​တော့​ သူ့​အဆိုက ရှုံး​နိမ့်​သွား​တယ်။ ရှုံး​ပြီး​တော့​ ဘဝင်မကျ​ပေမယ့်​ အများ​စုက ဆုံး​ဖြတ်ချက်ဆို​တော့​ လက်ခံရတာ​ပေါ့​” လို့​ ​ပြောပါတယ်။

ဒီက​နေ့​လွှတ်​တော်မှာ ၂၀၁၁ လယ်ယာ​မြေဥပ​ဒေမူကြမ်း​ကိုလည်း​ ​ဆွေး​နွေး​ကြတယ်လို့​ ​ပြောပါတယ်။
http://burmese.dvb.no

ဦးသိန်းစိန်အစိုးရဘိန်းမှောင်ခိုတွေလွှတ်ပေးနေ..

News Date:9/19/2011
သမ္မတ၏ အထူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဘူးသီးတောင်ထောင်မှ ဘိန်းမှောင်ခိုသမား ၁၆ ဦး လွတ်မြှောက်လာ
တာကလူး
-----------
ဘိန်းမှောင်ခို ကုန်ကူးမှုဖြင့် ဖမ်းဆီးထောင်ချ ခံနေရသူ ၁၆ ဦးကို သမ္မတ၏ အထူး လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ် တရပ်ဖြင့် များမကြာခင်က ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှ လွတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။

အဆိုပါ အကျဉ်းသား (၁၆)ဦးမှာ ရှမ်းပြည် မြောက်ပိုင်းဒေသမှ "၀" လူမျိုးများဖြစ်ကြပြီး၊ သူတို့၏ ထောင်သက်တမ်းကို အထူး လျှော့ပေါ့ ကာ ယခုလ (၉)ရက်နေ့ သောကြာနေ့ နံနက်က ဘူသီးတောင် အကျဉ်းထောင်ထဲမှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

Buthidaung-Prison
"သူတို့က ရှမ်းပြည်မြောက်ပိုင်းက "၀" လူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ကို ဘိန်းမှောင်ခိုမှုနဲ့ ၂၀၀၅ ခုနှစ်က ဖမ်းဆီးပြီးတော့ ဘူးသီးတောင် အကျဉ်းထောင်ထဲမှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။ သူတို့ အတွက် လွတ်ရက်စေ့ဖို့က အချိန်အများကြီးလိုပါသေးတယ်။ ဒါပေမယ့် နေပြည်တော်ကလာတဲ့ အမိန့်အရ အထူးလျှော့ရက်တွေ ပေးပြီး ဒီ သောကြာနေ့ နံနက် ၇း၀၀ နာရီကနေ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဘူးသီးတောင်ကနေ စစ်တွေ၊ စစ်တွေကနေ သူတို့ရဲ့ နေရပ်ကို အစိုးရအစီအစဉ်နဲ့ ပို့ပေးလိုက်တယ်လို့ ကြားသိရပါတယ်" ဟု သူက ပြောသည်။

အဆိုပါ ဘိန်းမှောင်ခိုသမား (၁၆)ဦးကို ၂၀၀၅ ခုနှစ်တွင် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်၌ ပြုလုပ်ခဲ့သည့် ဘိန်းစစ်ဆင်ရေး တစ်ခု အတွင်း အလေးချိန်အားဖြင့် ကီလိုဂရမ် ၅၀၀ ကျော်ခန့်ရှိသည့် ဘိန်းဘလောက်တုံး ၁၀၀၀ နီးပါးနှင့် အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

သူတို့ကို ၂၀၀၅ ခု စက်တင်ဘာလ ၂၂ ရက်နေ့တွင် မူးယစ်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးချမှတ်ခဲ့ပြီး နောက်ပိုင်း အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်သို့ လွှဲပြောင်း ထောင်ချခဲ့ခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ ဘူးသီးတောင်မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

သူတို့၏ ထောင်သက်တမ်းမှာ ၆ နှစ် နီးပါးခန့်သာ ရှိသေးသော်လည်း နေပြည်တော် အကျဉ်းဦးစီးဌာန၏ အမိန့်အရ အထူး လျော့ပေါ့ရက်များ ပေးကာ လွတ်ပေးလိုက်ခြင်း ဖြစ်သည်။

" သူတို့ကို သမ္မတ ဦးသိန်းစိန် အစိုးရသစ်ရဲ့ ယခုနှစ် မေလ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လွမ်းငြိမ်း ချမ်းသာခွင့် အမိန့်အမှတ် ၂၈/၂၀၁၁ အရ ဘူးသီးတောင်အကျဉ်းထောင်မှ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်" ဟု အဆိုပါ အရာရှိက ထပ်လောင်း ပြောဆိုသည်။

အမေရိကန်အစိုးရမှ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယ အများဆုံး ဘိန်းထုတ်လုပ်ရာ နိုင်ငံဖြစ်ပြီး၊ မူးယစ်ဆေးဝါး မှောင်ခို ကူးသူများ အတွက် အခြေကုပ်လှုပ်ရှားရန် အဓိက နိုင်ငံဖြစ်လာနိုင်ဖွယ် ရှိကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက်ပိုင်း တစ်ရက်အကြာတွင် ယခုကဲ့သို့ ဘိန်းမှောင်ခို သမားများကို အထူးလျော့ပေါ့ရက်များပေးပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

၎င်းပြင် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်မှာ အများပြည်သူများ လိုလားနေသော နိုင်ငံရေးသမားများ အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဘိန်းမှောင်ခိုသမားများနှင့် ရာဇ၀တ်သားများအတွက် ဖြစ်နေသဖြင့် ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့် အပေါ် ပြည်ပတွင်း ပြည်ပတွင် မေးခွန်း ထုတ်လျှက် ရှိသည်။
http://www.narinjara.com/burmese.asp

ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြေရှင်းနေချိန်တွင် အမေရိကန်နှင့် ဘင်္ဂလားဒေ့ခ်ျ စစ်ရေး လေ့ကျင့်မူ ပြုလုပ်


News Date:9/19/2011

ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းနေချိန်တွင် ဘင်္ဂလား ပင်လယ်အော်တွင် ဘင်္ဂလားဒေခ်ျ့နှင့် အမေရိကန် ရေတပ်တို့ ပူးတွဲ စစ်ရေး လေ့ကျင့်မူ ပြုလုပ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မူကို ယမန်နေ့က စတင်ခဲ့ပြီး အမေရိန်ကန် ရေတပ် သင်္ဘော (၄) စီးနှင့် အမေရိကန် တပ်သား ၅၀၀ ခန့် ပါဝင်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောများမှာ တိုက်ချင်းပစ် ဒုံးကျည်ဖျက် သင်္ဘော၊ ဖရီးဂိတ်၊ မိုင်းဖျက် သင်္ဘောနှင့် ကယ်ဆယ်ရေး သင်္ဘောများ ပါဝင်သည်ဟု သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မူကို Cooperation Afloat Readiness and Training (CARAT) Bangladesh 2011 အမည်ဖြင့် ပြုလုပ်နေပြီး ၈ ရက်ကြာမြင့်မည် ဖြစ်ကြောင်း အမေရိကန် သံရုံးမှ ထုတ်ပြန်သော ကျေညာချက် တွင် ဖေါ်ပြသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မူတွင် ပင်လယ်ပြင် ဆိုင်ရာ လုံခြုံရေး စွမ်းဆောင်ရည် မြင့်မားရေး အတွက် သတင်းအချက်အလက် ဖလှယ်ရေး၊ ပင်လယ်ပြင် ပူးတွဲတိုက်ခိုက်ရေး၊ လှည့်လည် စစ်ဆင်ရေးနှင် အမြောက် ပတ်ခတ်နည်း၊ ၎င်းပြင် ပင်လယ်ဓါးပြနှင့် မှောင်ခို နှိမ်နှင်းရေးများကို ပူးတွဲ လေ့ကျင့်သွားကြမည်ဟု သိရသည်။

စစ်ရေးလေ့ကျင့်မူ ဖွင့်ပွဲကို ယမန်နေ့က စစ်တကောင်း ရေတပ်စခန်းရှိ BNS Issa Khan စစ်သင်္ဘောပေါ်တွင် ပြုလုပ်ခဲ့ပြီး ယခု CARAT စစ်ရေး လေ့ကျင့်မူတွင် ဘင်္ဂလားဒေခ်ျ့သည် ပထမဆုံး အကြိမ် ပါဝင်လာခြင်း ဖြစ်သည်။ အမေရိကန် ရေတပ်မှ ပြုလုပ်နေသာ CARAT စစ်ရေးလေ့ကျင့်မူမှာ ၁၇ နှစ်ကြာမြင့်နေပြီ ဖြစ်ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မူကို နိုင်ငံပေါင်း (၇)နိုင်ငံနှင့် ပူးပေါင်း ပြုလုပ်နေခြင်း ဖြစ်သည်။

CARAT စစ်ရေး လေ့ကျင့်မူတွင်ပါဝင်သော နိုင်ငံများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဘင်္ဂလာဒေခ်ျ့တို့ ဖြစ်ကြသည်။

ယခုကဲ့သို့ ဘင်္ဂလားဒေခ်ျ့နှင့် အမေရိကန်တို့ ဘင်္ဂလာပင်လယ်အော်တွင် စစ်ရေး လေ့ကျင့်မူ ပြုလုပ်နေချိန်တွင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့အကြား ဖြစ်ပွားနေသော ရေပြင်ပိုင်နက် အငြင်းပွားမူကို ကုလ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပင်လယ်ဥပဒေတရားရုံး (International Tribunal for the Law of the Sea- ITLOS) တွင် ဖြေရှင်းနေသည်။

ပထမအကြိမ် တရားရုံးရှေ့မှောက် ကြားနာစစ်ဆေးမှုများကို ဘင်္ဂလာဒေခ်ျ့အတွက် စက်တင်္ဘာလ ၈မှ ၁၃ ရက်နေ့ အထိ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြားနာမှုများကို စတင်္ဘာလ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ၁၆ -၁၉- ၂၀ ရက်နေ့ထိ ပြုလုပ်မည် ဖြစ်သည်။

ရေပြင်ပိုင်နက် အငြင်းပွာမူကို ယခုနှစ် ဧပြီလတွင် အဆုံးသတ် ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။
http://www.narinjara.com/detailsbur.asp?id=3486


ပြင်ဆင်ပြီးမှ တရုတ်ကို ချပါ


မောင်ကိုဦး
စက်တင်ဘာ ၁၉၊ ၂၀၁၁
ဧရာဝတီ ပြသနာဟာ တစစ ကြီးထွားလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ အမျိုးသားရေး ပြန်လည်နိုးကြားလာပြီ လို့တောင် ပြောလို့ရတဲ့ အခြေ အနေ ဖြစ်လာပါတယ်။ ကောင်းသောလက္ခဏာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ထဲမှာ ကြီးမားတဲ့ ရလဒ် လို့လည်း ကောက်ချက်ချနိုင်တဲ့ အနေ အထား ဖြစ်ပါတယ်။ တနွယ်ငင် တစင်ပါ ဆိုသလို နောက်ထပ် နိုးကြားဆောင်ရွက်လာမယ့် အမျိုးသားရေး လှုပ်ရှားမှုကြီးကတော့ “တရုတ် ကျူးကျော်မှု” ဖြစ်လာမယ့်အရိပ်အယောင်တွေလည်း ထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး ပြည်ပ ရန်စွယ်ကို စေ့ငုကြည့်ရင် ဆွေမျိုးယောင်ဆောင်နေတဲ့ ပေါက်ဖေါ် ဟာ အဓိကပဲဖြစ်ပါတယ်။ တရုတ်ဟာ စီးပွားရေး၊ စစ်ရေး၊ လူမျိုးရေး၊ နိုင်ငံရေး စတဲ့ ဘက်ပေါင်းစုံက အကွက်ကျကျ ချယ်လှယ် ကိုလိုနီပြုနေတာကို စနစ်တကျ လေ့လာလေလေ ပိုပြီး ထင်ထင်ရှားရှား မြင်သာလေလေပဲဖြစ်ပါတယ်။ ခေါင်းမြီးခြုံပြီး သိုသိုသိပ်သိပ်တလမ်း၊ သိသိသာသာတဖုံ၊ ရောရောယောင်ယောင်တသွယ်၊ မလိမ့်တပတ် တနည်း၊ စော်စော်ကားကား တမျိုး ပြုချင်သလိုပြု နုချင်သလို နု နေတာ အထင်အရှားဖြစ်ပါ တယ်။

တရုတ်ဟာ ဘာလို့ မြန်မာနိုင်ငံကို ဘက်ပေါင်းစုံက ထဲထဲဝင်ဝင် ချယ်လှယ်စိုးမိုးနိုင်ဖို့ အကွက်ကျကျ လုပ်နေသလဲ။ တွေးဆဖို့ လို ပါတယ်။ မြန်မာနိုင်ငံမှာ သစ်တော၊ လျှပ်စစ်လောင်စာဓါတ်ငွေ့၊ ကျောက်မြတ်ရတနာ၊ စတဲ့ သယံဇာတ တွေကြောင့်ပဲလား။ ဒါတွေတင်မက ပထ၀ီအနေအထားအရ အနောက်နိုင်ငံတွေနဲ့ အပြိုင်အဆိုင်ချယ်လှယ်မှုမှာ မြန်မာဟာ အနောက်နိုင်ငံတွေဖက်က ကြည့်ရင် တရုတ်ကို ထိုးဖေါက်မွှေနှောက် ဒိုးယိုပေါက် ထိန်းချုပ်နိုင်တဲ့ နယ်မြေဖြစ်နေလို့၊ မဟာဗျူဟာမြောက် နယ်မြေဖြစ်နေလို့လား ။ ကုန်သွယ်ကူးသန်းဖို့ အဆင်ပြေဆုံး ဒေသန္တရ ကြောင့်လား။ ကမ္ဘာ့ လူဦးရေ အများဆုံး နိုင်ငံကြီး နှစ်နိုင်ငံကို ဆက်သွယ်ပေးထားတဲ့ တခုတည်းသော နိုင်ငံဖြစ်လို့ လား။ ထိန်းချုပ်ချယ်လှယ်ဖို့ အလွယ်ကူဆုံးနဲ့ အားအပျော့ဆုံး နိုင်ငံဖြစ်လို့လား။ ပြည်တွင်းရေးမငြိမ်သက်မှုကြောင့် “ပွဲလန့်ဖျာခင်း” လုပ်ဖို့ အသင့်ဆုံး အခြေအနေကြောင့်လား။ ဒါတွေထဲက တချက်၊ ဒါမှမဟုတ် ဒီလိုအချက်အလက်တွေ အများအပြားကြောင့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ကစားကွင်းထဲကို ရောက်နေပြီဆိုတာကိုတော့ မြန်မာနိုင်ငံသားတိုင်း သုံးသပ်နိုင်ကြပါတယ်။
ဒီလို တရုတ်က မတရားကြီးစိုးချယ်လှယ် ကိုလိုနီပြုနေတာကို စစ်တပ်က အာဏာပိုင်တွေက သိသိကြီးနဲ့ ခေါင်းငုံ့ခံနေသလားလို့ တွေးစရာရှိပါတယ်။ အမျိုးကိုချစ်လို့ စွန့်လွှတ်အနစ်နာခံပါတယ်လို့ ကြွေးကြော်နေတဲ့ တပ်မတော်သားအားလုံးက တညီတညွတ်တည်း တရုတ်ကို အဖေ ခေါ်ဖို့တော့ သဘောတူညီကြလိမ့်မယ် မထင်ဘူး။ အနောက်နိုင်ငံတွေကို အံတုဖို့ပဲဖြစ်ဖြစ်၊ အနီးကပ်ဆုံး အင်အားကြီးနိုင်ငံကို ခိုလှုံချင်လို့ပဲဖြစ်ဖြစ်၊ တရုတ်ပေးစာကမ်းစာကို ယူထားမိ လက်လွန်ထားမိလို့ပဲဖြစ်ဖြစ် အခြေအနေ အကြောင်းအရပ် တွေကြောင့် လက်ခံသူတွေက လက်ခံနေရင်တောင် လက်မခံနိုင်သူတွေကတော့ တပ်မတော်ထဲမှာ အများအပြားရှိနေမှာပါပဲ။ အာဏာပိုင်နဲ့ ဆက်နွယ်နေတဲ့ တပ်မတော်သားတွေတောင်မကျေနပ်ရင် တချိန်လုံး ပြုသမျှနုခံ၊ ခေါင်းငုံ့ခံနေရတဲ့ ပြည်သူတွေအနေနဲ့ ဘယ်လိုသဘော ထားရှိလိမ့်မယ်ဆိုတာတော့ပြောစရာတောင် မလိုဘူးထင်ပါရဲ့။
ဘာကြောင့်ပဲဖြစ်ဖြစ် တရုတ်ကျူးကျော်မှု မတရား စော်ကား ချယ်လှယ်ကြီးစိုးမှုတွေဟာ “လူတွင်ပါမှ ကျွှဲခိုး ” ဆိုသလို အုပ်ချုပ်သူ အာဏာပိုင်တွေမှာ အဓိက တာဝန်ရှိနေပါတယ်။ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ ဆိုတာဟာ မကြာခင် ကြီးမားတဲ့ ပြသနာ ဖြစ်လာတော့မှာပါ။
တရုတ်ဟာ မြန်မာ့နိုင်ငံရေးအပေါ်မှာ အုပ်ချုပ်သူတွေဖက်က ကူညီသယောင်ယောင်နဲ့ “သြဇာ” “ပါဝါ” ရအောင် တစိုက်မတ်မတ် အမြတ်ထုတ်ခဲ့ပါတယ်။ တရုတ် လက်ဝါးကြီးအုပ် ဂုတ်သွေးစုတ်သမျှကို မြန်မာနိုင်ငံသားတိုင်း နားလည်သဘောပေါက်ကြပါတယ်။ အခုလို ပွင့်လင်းမြင်သာတဲ့ အခြေအနေလေး အနည်းငယ် ရှိလာတာနဲ့ ထင်ထင်ရှားရှားဖြစ်လာတဲ့ ဧရာဝတီပြသနာ ရဲ့ နောက်ကွယ်မှာ တရုတ်ရှိနေတာ အထင်အရှားပေါ်လာပါတယ်။
တခြားချယ်လှယ် သွေးစုတ်မှုတွေကို ခဏထားဦး။ ဧရာဝတီကိစ္စတခုတည်းမှာ အခြေခံ စဉ်းစားကြည့်ရင် ….. မြန်မာနိုင်ငံမှာ မြစ်ဆုံ ရေကာတာ ဆောက်လုပ်တာဟာ သဘာဝ ပတ်ဝန်းကျင်ကို ပြောပလောက်အောင် မထိခိုက်ဘူးလို့ မြန်မာနိုင်ငံက လျှပ်စစ်ဝန်ကြီးက ဆိုခဲ့ပါ တယ်။ ဒါဆိုရင် သဘာဝပတ်ဝန်းကျင်ကို ပြောပလောက်အောင် မထိခိုက်ရင် တရုတ်ဟာ ဘာလို့ သူ့နိုင်ငံထဲမှာ မဆောက်ပဲ မြန်မာနိုင်ငံထဲမှာ ခက်ခက်ခဲခဲ လာရောက်လုပ်ကိုင်ရသလဲ လို့ ပြန်မေးစရာရှိပါတယ်။ (ရောင်းလို့ဝယ်တာ။ ၀ယ်သူမှာ အပြစ်မရှိ၊) လို့ ဆိုပြီး ပြသနာဖြစ်ခဲ့ရင် တရုတ်က ရှောင်ထွက်ဖို့ ရှိပါတယ်။ အရောင်းအ၀ယ်သဘောမှာ.. ပိုင်ရှင်က ကျေနပ်လို့ရောင်းရင် ၀ယ်သူမှာ အပြစ်မရှိဘူး ဆိုနိုင်ပေမယ့် ပိုင်ရှင်က မကြည်ဖြူ သဘောမတူပဲ “ခိုး”ရောင်းတာကို ၀ယ်ရင် “သူခိုးလက်ခံ” ဖြစ်ပါတယ်။ ပိုင်ရှင်ဆီက အတင်းလုယက်ပြီး ရောင်းရင် “ဓါးပြအားပေး အလိုတူအလိုပါ” ဖြစ်ပါတယ်။ ဥပဒေသဘောအရ အပြစ်ရှိပါတယ်။ ဒီလိုဖြေရှင်းနိုင်ဖို့ ပိုင်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံသား တွေက တညီတညွတ်တည်း သဘောမတူကြောင်း၊ လက်မခံကြောင်း ထင်ထင်ရှားရှား ပီပီပြင်ပြင် ဆောင်ရွတ် ပြသ နိုင်ဖို့တော့ လိုပါတယ်။
တရုတ်မတရားတာသိပေမယ့် ဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲဆိုတာကို မြန်မာနိုင်ငံသားတိုင်း တွေးချိန် ဆောင်ရွက်ဖို့ လိုလာပါတယ်။ တရုတ်မတရားမှုကို ဘာလို့ မသိကျိုးကျွန်ပြုနေကြတာလဲ၊ တရုတ်ကို ဘာလို့ မဆန့်ကျင် ကြတာလဲလို့ မေးမြန်းသံတွေ လည်း ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် ဒါမျိုး ဆန့်ကျင်ဖို့ အခြေအနေအပေးဆုံး အဆင်ပြေဆုံးဖြစ်တဲ့ ပြည်ပရောက် မြန်မာတွေ ဘာလုပ်နေသလဲ လို့လည်း မေးမြန်းနေကြပါပြီ။
တရုတ်ကို ကန့်ကွက်ဆန္ဒပြမယ်ဆိုရင် အကျိုးကျေးဇူးရှိပါတယ်။ တခြားအရေးကြီးတာတွေ ခဏထားဦး။ အနည်းဆုံးတော့ မြန်မာနိုင်ငံမှာ တရုတ်ချယ်လှယ်မှုကို ကမ္ဘာက ပိုပြီး ထင်ထင်ရှား ရှား ရှိလာမှာဖြစ်ပါတယ်။ တရုတ်ကို ဆန့်ကျင်တာဆိုပေမယ့် တရုတ်လူမျိုးကို ဆန့်ကျင်တာမဟုတ်ပါဘူး။ တရုတ်အစိုးရရဲ့ မတရားတဲ့ ပေါ်လစီကို ဆန့်ကျင်တာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်လူမျိုးကို သိက္ခာကျစေ တဲ့ တရုတ်အစိုးရပေါ်လစီကို မကျေနပ်တဲ့ တရုတ်လူမျိုးတွေ ကိုယ်တိုင်က ပူးပေါင်းဆန့်ကျင်လာဖို့ရှိပါတယ်။ အာဏာရှင် စနစ်ကို မလိုလားသူတွေ ထောက်ခံလာဖွယ်ရှိပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေ ထောက်ခံလာဖွယ်ရှိပါတယ်။ အနောက်နိုင်ငံတွေလည်း အားပေးလာဖွယ်ရှိပါတယ်။
မှန်ပါတယ်။ တရုတ်ကို ဆန့်ကျင်ဆန္ဒပြသင့်ပါတယ်။ ဒါပေမယ့် တရုတ်သံရုံးတွေရှေ့ ကို တကမ္ဘာလုံးမှာ ရောက်ရှိနေတဲ့ မြန်မာတွေ တညီတညွတ်တည်း ၀ိုင်းပန်းဆန္ဒပြရုံနဲ့ တရုတ်က နောက်ဆုတ်မယ်မထင်ဘူး။ မသိကျိုးကျွှန်ပြုနိုင်ပါတယ်။ သာဓကတွေလည်း ရှိခဲ့ပါတယ်။ ဆန္ဒပြရုံသာမက တရုတ်သံရုံးတွေကို ကန့်ကွက်စာလည်းပို့နိုင်ပါတယ်။ ဒါပေမယ့် တရုတ်က “ရှဲ့ရှဲ့နီ” ဆိုပြီး လက်ခံထားပြီး အမှိုက်ပုံးထဲ မပစ်လိုက်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။
ဒီတော့ တရုတ်ကို ဆန့်ကျင် ဆန္ဒပြကန့်ကွက်မယ်ဆိုရင် အရေးတကြီး စနစ်တကျ ပြင်ဆင်ရမှာတွေရှိပါတယ်။ ကြီးမားတဲ့ အန္တရာယ်ဖြစ်တာကြောင့် အကွက်ကျကျ ထိရောက်အောင် လုပ်ဖို့လိုပါတယ်။ ဒါတွေဖြစ်လာဖို့ …………
(၁) အချက်အလက်ခိုင်ခိုင်မာမာ ပြည့်ပြည့်စုံစုံ ရှိဖို့လိုပါတယ်။ (ဖြစ်နိုင်ရင် စာတစောင်ပေတဖွဲ့ ဓါတ်ပုံဗွီဒီယို မှတ်တမ်းစုံစုံလင်လင်ပေါ့)
(၂) ပြည်ပက တရုတ်သံရုံးတွေအားလုံးအပြင် တရုတ်အစိုးရ၊ မြန်မာအစိုးရ၊ အာဆီယံ၊ ဥရောပ၊ အမေရိကန် ၊ ကုလ စတဲ့ နိုင်ငံတကာ အပြင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေကိုလည်း တရုတ်မတရားမှု အချက်အလက် သက်သေအထောက်အထားတွေကို ပူးတွဲပေးပို့ဖို့ လိုပါတယ်။
(၃) ပြည်ပရောက် မြန်မာတွေ နေ့ရက်တူ တပြိုင်တည်း နီးစပ်ရာ တရုတ်သံရုံးတွေရှေ့ ဆန္ဒပြကန့်ကွက်ဖို့ လိုပါတယ်။
(၄) ပြည်တွင်းက အခြေအနေပေးသလောက် မြန်မာအာဏာပိုင်တွေ အပါအ၀င် တရုတ်၊ ကုလ ၊ စတဲ့ အဖွဲ့အစည်း တွေကို ကန့်ကွက်စာပေးပို့သင့်ပါတယ်။
(၅) ရလာမယ့် အခြေအနေပေါ်မူတည်ပြီး ဒါဟာ အမျိုးသားရေးဖြစ်ကြောင်း လူထုကို ကျယ်ကျယ်ပျံ့ပျံ့ လှုံ့ဆော်ဖို့ လိုပါတယ်။
ဒီလို စနစ်တကျ အကွက်ကျကျ ဆောင်ရွက်မှာသာ ထိထိရောက်ရောက် ဖြစ်လာမှာပါ။ ဒီလိုဖြစ်ဖို့ အရေးအကြီးဆုံးက အချက်အလက်ဖြစ်ပါတယ်။ အချက်အလက် ခိုင်ခိုင်လုံလုံ မရှိပဲ ကန့်ကွက်စာပို့ရင် ထိရောက်မှု အားနည်းပါတယ်။
(က) အချက်အလက်တွေစုဆောင်းရပါမယ်..။ အချက်အလက်တွေ ရနိုင်သမျှ ၀ိုင်းဝန်း စုစည်းပေးဖို့လိုပါတယ်။ အင်္ဂလိပ်မြန်မာ ဘာသာတွေနဲ့ ပုံနှိပ်ထုတ်ဝေ သင့်ပါတယ်။
(ခ) စနစ်တကျ ၀ိုင်းဝန်းဆွေးနွေး စီစဉ်ရပါမယ်။ ပေါ်ပြူလာလမ်းမလိုက်ပဲ “ကိုယ့်အဖွဲ့က စလုပ်တာ” ဆိုတာမျိုး မဟုတ်ပဲ ပူးပေါင်း ဆောင်ရွက် ပါဝင်နိုင်ဖို့ စီစဉ်သင့်ပါတယ်။
(ဂ) ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်လာဖို့ စည်းရုံးလှုံ့ဆော်ဖို့ လိုပါတယ်။
(ဃ) နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး သင့်တော်မယ့် အချိန်ကို ရွေးချယ်ဆောင်ရွက်ဖို့ လိုပါတယ်။ (ဥပမာ.. တရုတ်ပြသနာ ဖြေရှင်းမှု ဟာ ဧရာဝတီပြသနာဖြေရှင်းမှုနဲ့ အညမည ဖြစ်သင့်ပါတယ်။ တခုဆောင်ရွက်လို့ တခုအရှိန့်လျော့သွားမှာ တိမ်မြုပ်သွားမှာမျိုး မဖြစ်အောင်ပေါ့)
ဘာပဲဖြစ်ဖြစ် တရုတ်ဟာ မြန်မာနိုင်ငံအပေါ် ဂုတ်သွေးစုတ် ချယ်လှယ် စိုးမိုး ကိုလိုနီပြု ကျူးကျော် အနိုင်ကျင့်တာတွေ များလာပါပြီ။ ဒီအတိုင်း မသိကျိုးကျွန်ပြုနေရင်တော့ တရုတ်ကျွန်ပြုတာ ခံရမယ့်ကိန်းဖြစ်နေပါပြီ။ အမျိုးသားရေးပြသနာဖြစ်ပါတယ်။ တိုင်းပြည်ချစ်သူတိုင်း တပ်မတော်သားရော၊ လယ်သမား အလုပ်သမားရော၊ စီးပွားရေးသမား နိုင်ငံရေးသမားရော ၊ ဘေးထိုင်ဘုပြော ၊ အာဏာပိုင်ရော အာဏာမဲ့ ရော အားလုံး ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာက တာဝန်တရပ်ဖြစ်ပါတယ်။
တခုတော့ရှိတယ်…။ ထိထိရောက်ရောက် ဖြစ်ဖို့ဆိုရင် စနစ်တကျ ၀ိုင်းဝန်းပြင်ဆင်ဖို့တော့ လိုသပေါ့ဗျာ..။
http://moemaka.com/index.php?option=com_content&task=view&id=9970&Itemid=1

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ၂,၃၀၀ ကျော်


မျိုးသန့် | တနင်္လာနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှုသည် ငါးနှစ်ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး ၂ဝ၁၁- ၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်လိုငွေ ကျပ် ဘီလီယံပေါင်း ၂,၃ဝဝ ကျော်ရှိသည်ဟု အထက်လွှတ်တော်၏
ငွေစာရင်းကော်မတီမှ တနင်္လာနေ့တွင် ရှင်းလင်းပြောကြားသွားသည်ဟု အမတ်များအပြောအရ သိရသည်။

၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွင်း ရသုံးမှန်းခြေ ငွေစာရင်းကို အထက်လွှတ်တော် ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးစံပြည့်မှ လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ရာ ဗဟိုအစိုးရ၏ လိုငွေပြမှုနှင့် တိုင်းနှင့် ပြည်နယ် အစိုးရများ၏ ဘဏ္ဍာရေး လိုငွေပြမှု စုစုပေါင်း ဖြစ်သည်။

၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် ဗဟိုအစိုးရ၏ ဘဏ္ဍာရေးလိုငွေမှာ ၂၂၀၁.၄၅၀ ဘီလီယံကျပ်ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ဘဏ္ဍာရေးလိုငွေမှာ ၁၇၀.၄၉၅ ဘီလီယံကျပ်ဖြစ်သည် ဟု အောက်လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအတွင်းရေးမှူး ဦးမောင်တိုးကလည်း မဇ္ဈိမကိုပြောသည်။

meetlotdaw2

သူပြောတာတွေက လက်တွေ့ အမှန်တရားတွေ ဆိုတော့ ကျနော်တို့ ကျန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံးက အလိမ်ခံနေရာတွေပေါ့ဗျာ၊ ဒါကတော့ ပေါ်လွင်သွားပြီ (ဓါတ်ပုံ မဇ္ဈိမ)

ထို့အပြင် ဘဏ္ဍာရေး လိုငွေပြမှုသည် ငါးနှစ်ဆက်တိုက် ဖြစ်ပေါ်နေသည်ဟု အထက်လွှတ်တော် ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးစံပြည့်၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်ဟု အမတ်များကပြောသည်။

အစီရင်ခံစာနှင့် ပတ်သက်၍ အင်္ဂါနေ့ အထက်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးကြမည် ဖြစ်သည်။

ယင်းအပြင် နိုင်ငံပိုင် စက်မှုလုပ်ငန်းများတွင်လည်း အရှုံးပေါ်နေကာ အစိုးရပိုင် ဇေယျဝတီ သကြားစက်နှင့် ဘီးလင်း သကြားစက်တို့မှ နှစ်စဉ် ကျပ်သန်းပေါင်း ၅၀၀ ကျော် အရှုံးပေါ်နေကြောင်း အမှတ် (၂) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်းမှ တနင်္လာနေ့ အထက်လွှတ်တော်တွင် ပြောသွားသည်ဟု သိရသည်။ သို့သော် ဝန်ကြီးက မည်သည့်နှစ်မှ
စ၍ အရှုံးပေါ်နေသည်ကို ထည့်သွင်း ပြောသွားခြင်း မရှိပါ။

မြန်မာပြည်၏ ဘဏ္ဍာရေးနှစ်သည် နှစ်စဉ် ဧပြီ ၁ ရက်နေ့တွင် စတင်ပြီး မတ်လ ၃၁ ရက်နေ့တွင် အဆုံးသတ်သည်။

အမျိုးသား ဒီမိုကရေစီပါတီသစ်မှ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က “ အရင်တုန်းကတော့ ဘတ်ဂျက်လိုငွေ ကိစ္စက ဘာမှတင်ပြတာ မရှိတော့ အသံမထွက်ဘူး။ အခု နောက်ပိုင်း ကော်မတီက နိုင်ငံမှာ ဘတ်ဂျက် လိုငွေတွေ
ပြနေတာ။ အခုက သူပြောတာတွေက လက်တွေ့ အမှန်တရားတွေ ဆိုတော့ ကျနော်တို့ ကျန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံးက အလိမ်ခံနေရတာတွေပေါ့ဗျာ၊ ဒါကတော့ ပေါ်လွင်သွားပြီ။ သူတို့က အရှုံးတွေ ဘတ်ဂျက်တွေ အကုန်လုံး တန်းစီထိုးပြနေပြီ။" ဟု မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရသည် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရဝန်ထမ်းများ၏ ထိရောက်မှု မရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့် ဆောက်လုပ်ရေး ကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများကြောင့် ဘဏ္ဍာရေး လိုငွေပြနေကြောင်း ၂ဝဝ၉ ခုနှစ် မေလအတွင်းက ဝီကီလိခ်မှ ပေါက်ကြားခဲ့သည့် ရန်ကုန်မြို့ အမေရိကန်သံရုံးမှ အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့
ပေးပို့သည့် ကြေးနန်းစာတွင် ပါရှိဖူးသည်။
http://www.mizzimaburmese.com/

ကမ္ဘာ့အလှူရှင်များ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် စကားပြောမည်


2011-09-18

အမေရိကန် သမ္မတဟောင်း Bill Clinton ဦးစီးပြီး ကျင်းပမယ့် ကမ္ဘာ့အလှူရှင်များ ထိပ်သီး ညီလာခံကြီးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ နေအိမ်ကနေ ဗီဒီယိုနဲ့ တိုက်ရိုက် စကားပြောကြားမယ်လို့ သိရပါတယ်။

မေလ ၂၇ ရက်က ကျင်းပသော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ နှစ်ပတ်လည် အခမ်းအနားနှင့် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

လာမယ့် အင်္ဂါနေ့ မှာ စတင် ကျင်းပမယ့် (၇) ကြိမ်မြောက် အလှူရှင်များ ညီလာခံမှာ အမေရိကန် သမ္မတ ဘာရက် အိုဘားမား အပါအ၀င် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် (၅၀) တက်ရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံ နယ်ပယ် အသီးသီးက ကိုယ်စားလှယ်ပေါင်း (၁၂၀၀) လည်း တက်ရောက်ကြမှာ ဖြစ်ပြီး ညီလာခံကို (၃) ရက်ကြာ ကျင်းပမှာပါ။

ဒီနှစ်ညီလာခံမှာ တကမ္ဘာလုံးက အင်အားကြီး နိုင်ငံတွေမှာ အလုပ်လက်မဲ့ ဦးရေ များပြားနေတာကို ဖြေရှင်းနိုင်မယ့် စီးပွားရေး မူဝါဒတွေကို အဓိကထား တင်ပြ ဆွေးနွေးကြမယ်လို့  သိရပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတဟောင်း Bill Clinton က -

"တကမ္ဘာလုံးက အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ အတူ ရင်ဘောင်တန်းပြီး တန်းတူ ညီမျှစွာ အလုပ်အကိုင် ရရှိမှု ၊ ဖန်တီးနိုင်မှုရှိဖို့ ဆိုရာမှာ တစ်စုံတစ်ရာ လွတ်လပ်တဲ့ နိုင်ငံရေး လူမှုအဖွဲ့ အစည်း ဖြစ်ဖို့ လိုအပ်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားပြု ပြောသလို ဖြစ်မှာပါ။" လို့  ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ပြီးစမှာ အင်တာနက် စာမျက်နှာတွေ သုံးစွဲပြီး တကမ္ဘာလုံးနဲ့ ချိတ်ဆက်သွားမယ်လို့ ရည်မှန်းထားခဲ့ပေမဲ့၊ လုပ်ငန်းကိစ္စတွေ များပြားပြီး မအားလပ်တာကြောင့် Facebook နဲ့  Twitter လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွေအတွက် အချိန်ပေးဖို့ မဖြစ်နိုင်သေးဘူးလို့ အေအက်ပီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

မစ္စတာ ကလင်တန်ဟာ ၁၉၉၃ ခုနှစ် ကနေ ၂၀၀၁ ခုနှစ်အထိ အမေရိကန် သမ္မတ အဖြစ် သက်တမ်း (၂) ကြိမ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူဟာ ကမ္ဘာတ၀ှမ်းက လူမျိုးပေါင်းစုံရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုတွေမှာ အထောက်အကူ ဖြစ်စေဖို့ အတွက် Clinton Global Initiative ကို တည်ထောင်ပြီး ကူညီပေးနေပါတယ်။
http://www.rfa.org/burmese/news/world-donor-conference-09182011220133.html



တနင်္လာ, 19 စက်တင်ဘာ 2011
သမ္မတဟောင်း ကလင်တန်ရဲ့ ညီလာခံမှာ ဒေါ်စု တိုက်ရိုက် စကားပြောမည်

By ဗွီအိုအေ (မြန်မာဌာန)

အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative (CGI) ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် စကားပြောမယ်လို့ မစ္စတာ ကလင်တန်က ပြောလိုက်ပါတယ်။

လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူမျိုးစု သင့်မြတ်ရေးလို အရေးကြီးတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးမှာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံအကြီးအကဲတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ လူမှု ပရဟိတ အဖွဲ့အစည်းတွေ၊ ဗဟိုနဲ့ ဒေသဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေကို ဖိတ်ကြားထားပါတယ်။

ဒီအစည်းအဝေးကို ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ တိုက်တိုက်ဆိုင်ဆိုင် နယူးယောက်မြို့မှာ အင်္ဂါနေ့ စတင်မှာ ဖြစ်ပါတယ်။ ၃ ရက်ကြာ ဒီအစည်းအဝေးအတွင်း အလုပ်အကိုင် ဖန်တီးရေးဆိုင်ရာ၊ ရေရှည် တည်တံ့ခိုင်မြဲတဲ့ စားသုံးမှုပုံစံ ဖြစ်ပေါ်ရေးဆိုင်ရာ၊ အမျိုးသမီးနဲ့ ကလေးတွေအတွက် အစီအစဉ်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဗုဒ္ဓဟူးနေ့မှာ စကားပြောဖို့ရှိပြီး ရေရှည် တည်တံ့ခိုင်မြဲတဲ့ စားသုံးမှုပုံစံ ဖြစ်ပေါ်ရေးဆိုင်ရာကို ပြောဆိုပါလိမ့်မယ်။
http://www.voanews.com/burmese/news/

တရုတ်သံရုံးရှေ့ လုံခြုံရေးတင်းကျပ်



လင်းသန့် Monday, 19 September 2011 17:17
တရုတ်အစိုးရပိုင် CPI စွမ်းအင်ကုမ္ပဏီ ပါဝင် လုပ်ဆောင်နေသော မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေးအတွက် ယနေ့ နံနက်ပိုင်း၌ ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ ကန့်ကွက်မည်ဟူသောသတင်းများ ထွက်ပေါ်နေပြီး သံရုံးရှေ့တွင်လည်း လုံခြုံရေး ထူထပ်စွာချထားကြောင်း သိရသည်။

“သတင်းလာယူကြတဲ့ သတင်းထောက်တွေလည်း ရောက်နေတယ်။ ဧရာဝတီကို ကယ်တင်ကြဆိုတဲ့ တီရှပ်တွေ ၀တ်ထားတဲ့ ၂ ယောက် ၃ ယောက်တော့ တွေ့တယ်။ လုံထိန်းကား ၄ စီးလောက်က ပတ်ဝန်းကျင်မှာ နေရာယူထားတာတွေ့ရတယ်” ဟု သံရုံးရှေ့တွင် ရှိနေသော ရန်ကုန်မှ လူငယ် တဦးက ဧရာဝတီကို ပြောသည်။

ဆန္ဒပြသည့်အခါ ပူးပေါင်း ပါဝင်နိုင်ရန်အတွက် တချို့ကလည်း သံရုံး မျက်နှာချင်းဆိုင်ရှိ ကလေးဆေးရုံနှင့် သံရုံးအနီးရှိ လက်ဘက်ရည်ဆိုင်များတွင် မနက်ကတည်းက ရောက်ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများဖြစ်သော မြို့တော်ခန်းမရှေ့၊ အောင်ဆန်းကွင်းနှင့် လမ်းဆုံတချို့တွင်လည်း လုံခြုံရေး ထူထပ်စွာချထားကြောင်း ရန်ကုန် ဒေသခံတဦးက ဆိုသည်။

တရုတ်သံရုံးကလည်း ဆန္ဒပြမည်ဆိုသည့် သတင်း အခိုင်အမာရရှိထားသည့် အတွက် သံရုံးဝန်ထမ်းများအား အပြင် မထွက်ရန် တားမြစ်ထားသည်ဟု သိရသည်။

တရုတ်သံရုံးရှေ့ ဆန္ဒပြကြမည်ဟု သတင်း ထွက်နေရခြင်းမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် မြန်မာနိုင်ငံသားအများအပြား ကန့်ကွက်နေသော်လည်း မြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အမှတ် ၁ လျှပ်စစ် ၀န်ကြီး ဗိုလ်မှူးကြီးဟောင်း ဇော်မင်း၏ မကြာသေးမီက ပြောဆိုချက်နှင့် ဆက်စပ်နေသည်ဟု ရန်ကုန်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဟိန်းလတ်က ဆိုသည်။

“ဧရာဝတီကိစ္စက လူတိုင်း စိတ်ဝင်စားနေကြတာ။ ဟိုတလောက ၀န်ကြီး ပြောလိုက်တာကို မကျေနပ်သံတွေ ထွက်တာ သတိထားမိတယ်။ မနေ့က အလုပ်ရုံဆွေးနွေးပွဲကလည်း အဖြေထွက်တဲ့ သဘော မရှိလို့ တချို့ လူငယ်တွေကများ လုပ်ဖို့ ပြင်သလားမသိဘူး” ဟု ကိုဟိန်းလတ် က ဧရာဝတီကို ပြောသည်။

စနေနေ့က နေပြည်တော်တွင် မြစ်ဆုံစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရာ တက်ရောက်သော ပညာရှင်များက စီမံကိန်းကို အတတ်နိုင်ဆုံး ဟန့်တားကြကြောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော် သမ္မတရုံး၏ ထောက်ခံမှုရှိသော ကြေညာချက် တရပ် ထုတ်ပြန်ရာတွင် အားလုံး တိုင်ပင်ပြီး လုပ်ဆောင်မှသာ အကျိုးများမည်ဟု ပြောဆိုပြီး စီမံကိန်းကို ပြန်လည် ဆန်းစစ်မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

သို့သော် ဆွေးနွေးပွဲက စီမံကိန်းနှင့်ပတ်သက်၍ သိသာထင်ရှားသည့် ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့ကြောင်း၊ ဆက်လက် လုပ်ဆောင်မည်ဟု ယူဆရကြောင်း၊ အစိုးရအဖွဲ့ အတွင်းတွင်လည်း မြစ်ဆုံအရေးနှင့်ပတ်သက်၍ အယူအဆ အမျိုးမျိုး ရှိနေကြောင်း လေ့လာသူများက ထောက်ပြသည်။

“၀န်ကြီးက အဲဒီကိစ္စ သတင်းထောက်တွေကို ၀န်ခံပြောသွားတယ်လို့ သိရပေမယ့် မသဲကွဲသေးပါဘူး၊ ၂ နိုင်ငံကိစ္စ ရှိသေး တယ်လေ” ဟု သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ NGO တခုဖြစ်သည့် EcoDev ၏ အမူဆောင် ဒါရိုက်တာ တဦးဖြစ်သူ ဦးဝင်းမျိုးသူ က ဧရာဝတီကို ပြောသည်။

တရုတ်နိုင်ငံနှင့် စာချုပ်ချုပ်ဆိုထားသည့်အတွက် ယခုကိစ္စသည် လွယ်လွယ်နှင့် ဖြေရှင်း၍ မရနိုင်ကြောင်း၊ စီမံကိန်းကြီးကိုလည်း စတင်ထားပြီး ဖြစ်သဖြင့် ဖြေရှင်းရန် ခက်ခဲနေသေးကြောင်း သူက ဆက်လက် ပြောကြားသည်။

စီမံကိန်း ရပ်တန့်ရေး တောင်းဆိုမှုများသည် မြန်မာနိုင်ငံ၌ တရုတ်အစိုးရဆန့်ကျင်ရေး ကျယ်ပြန့် လာမှု၏ အစိတ်အပိုင်းတခုဖြစ်ကြောင်းလည်း လေ့လာသူတချို့က ထောက်ပြနေကြသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အာဏာသိမ်းပြီးတက်လာသည့် စစ်အစိုးရသည် အမေရိကန်နှင့် အနောက်အုပ်စုက တားမြစ်၊ ကန့်သတ်မှုများကြောင့် တရုတ်အစိုးရနှင့် နီးနီးကပ်ကပ် ဆက်ဆံခဲ့သည်။ နိုင်ငံတကာ ဖိအားများ ခံနေရသည့် မြန်မာစစ်အစိုးရက တရုတ်၏ သံတမန်ရေးဆိုင်ရာ ကျောထောက်နောက်ခံပေးမှုကို ရယူခဲ့သည်။ ထို့ပြင် တရုတ်ထံမှ လက်နက်များလည်း ၀ယ်ယူခဲ့သည်။

ယခု အရပ်သားအစိုးရလက်ထက်တိုင် မြန်မာနိုင်ငံ၏ ကျွန်းသစ် အပါအ၀င် အဖိုးတန် သစ်တောထွက်ပစ္စည်းများ၊ တွင်း ထွက် ပစ္စည်းများကို တရုတ်ပြည်သို့ တင်ပို့နေဆဲဖြစ်သည်။

မြန်မာပြည် မြောက်ဖျားပိုင်းတွင် တရုတ်နိုင်ငံမှ လာရောက် အခြေချသူ လူဦးရေ ၁ သန်းမှ ၂ သန်းကြား ရှိကြောင်း၊ ကျောက်စိမ်း ဈေးကွက်ကိုလည်း ပြည်ကြီး တရုတ်များက ချုပ်ကိုင်ထားသည့်အပြင် ၊ မန္တလေး၊ မြစ်ကြီးနား စသည့် မြို့ကြီးများ၏ စီးပွားရေး၊ လူမှုရေးတို့တွင် လက်ဝါးကြီး အုပ်ထားကြကြောင်း The Economist အင်တာနက်စာမျက်နှာတွင် ဇွန်လက ဖော်ပြထားသည်။

မြစ်ဆုံဆည် စီမံကိန်းကြောင့် ကချင်ပြည်နယ် ဒေသခံ စုစုပေါင်း တသောင်းကျော် အတင်းအဓမ္မ နေရပ်ရွှေ့ပြောင်းပေးရကြောင်းလည်း ဖော်ပြထားသည်။

သို့သော် မန္တလေးမြို့မှ စာရေးဆရာ တဦးဖြစ်သူ ကျော်ရင်မြင့်ကမူ ဧရာဝတီမြစ်အရေးသည် မြန်မာနိုင်ငံဖွား တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်ကြောင်း၊ တရုတ်ဆန့်ကျင်ရေးကဲ့သို့သော လူမျိုးရေး မုန်းတီးမှုနှင့် မဆိုင်ကြောင်း၊ သို့သော် ဧရာဝတီမြစ်ကြီးအတွက် စိုးရိမ်မိကြောင်း ပြောသည်။

“ဧရာဝတီမြစ်ကြီးက အသက်ငင်နေတဲ့လူမမာနဲ့ တူနေပါပြီ။ အဲဒီလူမမာကို အခု သူတို့ မြစ်ဆုံမှာ ဆည်ထပ်ဆောက်မယ် ဆိုတော့ လည်ပင်း ညှစ်သတ်လိုက်သလို ဖြစ်နေတာပေါ့” ဟု ကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။
http://www.irrawaddy.org/bur/


မြစ်ဆုံရေကာတာ ကန့်ကွက်ဖို့ လူ ၅၀ ခန့် ရန်ကုန် တရုတ်သံရုံးရှေ့ စုဝေး
2011-09-19

ရန်ကုန်မြို့က တရုတ်သံရုံးရှေ့မှာ မြစ်ဆုံ ရေကာတာ အတွက် ဆန္ဒပြမယ်ဆိုတဲ့ သတင်းကြောင့် သတင်းထောက်တွေ အပါအ၀င် လူ ၅၀ လောက်ဟာ ရန်ကုန်ရှိ တရုတ်သံရုံးရှေ့မှာ ဒီကနေ့ စုဝေးခဲ့ကြတယ်လို့ သိရပါတယ်။
မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ဒေသခံပြည်သူ အမြောက်အမြား ဒုက္ခရောက်ရမည့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမည့် အရေးအတွက် မြန်မာ အစိုးရကို ကန့်ကွက် ပြောဆိုနေကြပါသည်။

ဒီကနေ့ မနက် ၁၀ နာရီလောက်က လူတစ်ချို့  စုရုံးရောက်ရှိခဲ့ပေမယ့် သတင်းအရ အာဏာပိုင်တွေက ရဲနဲ့ စစ်တပ် လုံခြုံရေး တင်းတင်းကြပ် ကြိုတင် ချထားခဲ့တဲ့ အတွက် ဆန္ဒပြပွဲ မဖြစ်ခဲ့ဘူးလို့  မျက်မြင်သက်သေတွေက ပြောပါတယ်။

ရဲ နဲ့ စစ်တပ်တွေဟာ တရုတ်သံရုံး အနီးအနားမှာ စောင့်ဆိုင်းနေပြီး ရန်ကုန် ကလေးဆေးရုံကြီး ၀င်းအတွင်းမှာလည်း လုံခြုံရေး တပ်ဖွဲ့တွေ ဆက်လက်ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ဆုံမှာ ဆည်တည်ဆောက်ပြီး တရုတ်ပြည် အတွက် ရေအား လျှပ်စစ် ထုတ်ယူမယ့် အစီအစဉ်ကို မြန်မာ နိုင်ငံသားတွေက မကျေနပ်တဲ့ အတွက် ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်နေချိန်မှာ အခုလို တရုတ် သံရုံးရှေ့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/protest-chinese-embassy-09192011105758.html


ရန်ကုန် တရုတ်သံရုံးအနီး လုံခြုံရေးတိုးမြှင့်
မျိုးသိဏ်း | တနင်္လာနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၇ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။ ။ မြစ်ဆုံရေကာတာ တည်ဆောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြမည်ဟူသော ကောလဟလ ထွက်ရှိလာချိန်မှာပင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်သံရုံးရှေ့နှင့် အနီးတဝိုက်တွင် ရဲလုံခြုံရေးများ တနင်္လာနေ့က တိုးမြှင့်ချထားလိုက်သည်။

ပြည်ထောင်စုရိပ်သာလမ်း တရုတ်သံရုံးအနီးတွင် နံနက်စောစောကတည်း ယူနီဖောင်းဝတ်ရဲများနှင့် သတင်း
ထောက်လှမ်းရေး အဖွဲ့များ ရာနှင့်ချီ၍ နေရာယူထားခဲ့သလို ပြည်တွင်း၊ ပြည်ပ သတင်းထောက်များလည်း
နောက်ပိုင်းတွင် လာရောက်စောင့်ဆိုင်းနေခဲ့ကြသည်။

ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စု ရိပ်သာလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ တရုတ်သံရုံးထောင့်တွင် စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင် အချို့ကို တနင်္လာနေ့ စက်တင်ဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ် နေ့လည် ၁၂ နာရီ ဝန်းကျင်အချိန်က တွေ့မြင်ရပုံ။ (ဓါတ်ပုံ-မဇ္ဈိမ)

မြစ်ဆုံရေကာတာ တည်ဆောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြမည် ဟူသော သတင်းများကြောင့် တနင်္လာနေ့ နံနက်ပိုင်းတွင် ရဲလုံခြုံရေး တရာကျော် ချထားခဲ့သည်။

နေ့လည်ပိုင်းတွင် အစိုးရရုပ်သံသတင်းဌာန MRTV 4 အဖွဲ့ဝင်များလည်း လာရောက် စောင့်ဆိုင်းခဲ့ပြီး စုစုပေါင်း သတင်းထောက်ဦးရေ ၄၀ ကျော်ပင် ရှိခဲ့သည်။ ပြည်ထောင်စုရိပ်သာလမ်းနှင့် ဗဟိုလမ်းထောင့်မှ စတင်၍ လမ်းတလျှောက် ဒိုင်းများ ပါရှိသည့် ရဲကားများ၊ ယူနီဖောင်းဝတ်ရဲများ အများအပြား စောင့်ဆိုင်းနေခဲ့ရာမှ နေ့လည် တနာရီခန့်တွင် လုံခြုံရေးအဖွဲ့ဝင်အချို့ လျော့ပါးသွားခဲ့သည်။

နေ့လည် နှစ်နာရီခွဲအချိန်တွင် လာရောက် စောင့်ဆိုင်းနေသည့် သတင်းထောက်များအားလုံးနီးပါး ပြန်လည် ထွက်ခွာ သွားသော်လည်း ရဲများနှင့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ ဆက်လက် စောင့်ဆိုင်းနေဆဲဖြစ်သည်။

ဧရာဝတီမြစ်ဖျားပိုင်း မေခနှင့် မလိခမြစ်ဆုံအနီးတွင် ရေကာတာတခုကို တရုတ်နိုင်ငံပိုင် China power Investment Corporation-CPI က တည်ဆောက်နေရာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ စိုးရိမ်ပြီး ကန့်ကွက်ထားမှုများ
ပေါ်ထွက်နေချိန်ဖြစ်သည်။
http://www.mizzimaburmese.com/


တနင်္လာ, 19 စက်တင်ဘာ 2011
ဆန္ဒပြမယ့် သတင်းကြောင့် ရန်ကုန်ရှိ တရုတ်သံရုံး လုံခြုံရေး တင်းကျပ်

By မအေးအေးမာ

မြန်မာနိုင်ငံမြောက်ဘက် ကချင်ပြည်နယ်ထဲမှာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးအနီး အာဏာပိုင်တွေက ဒီကနေ့ လုံခြုံရေးတွေ တိုးမြှင့် ချထားလိုက်ပါတယ်။ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းနဲ့ ပတ်သက်လို့ ဝေဖန်ကန့်ကွက်မှုတွေ ရှိနေချိန်မှာပဲ အစီအစဉ်ကို ရပ်တန့်ဖို့ ဆန္ဒပြ လှုပ်ရှားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာတာပါ။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ပြည်တွင်းပြည်ပက ကန့်ကွက် ဝေဖန်မှုတွေကြားကပဲ မြန်မာ လျှပ်စစ်စွမ်းအင် ၀န်ကြီးက စီမံကိန်းကို ဆက်လုပ်မယ့်အကြောင်း ပြောဆိုခဲ့တဲ့နောက် ကန့်ကွက် ဆန္ဒပြတဲ့အထိ လုပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာတာပါ။ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးရှေ့ အပါအ၀င် နေရာတချို့မှာ ဆန္ဒပြမယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ဒီကနေ့မှာတော့ လုံခြုံရေးတွေ တိုးချထားခဲ့သလို ရန်ကုန်အခြေစိုက် သတင်းဌာနတချို့က သတင်းသမားတွေလည်း သွားရောက် အကဲခတ်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံ အကူအညီနဲ့ တည်ဆောက်သွားမယ့် စီမံကိန်းအဖြစ် သံရုံးနားမှာ ဆန္ဒပြမယ့် သတင်းကြောင့် ကိုယ်တိုင်သွားရောက် အကဲခတ်ခဲ့တဲ့ ရန်ကုန်မြို့ခံ တယောက်ကတော့ လုံခြုံရေးတွေ ချထားတာ တွေ့ရပေမဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေတော့ မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

“အဲဒီသံရုံးမှာတော့ ဘာတွေ့ရလဲဆိုတော့ ကျနော်တို့လည်း သတင်းကြားလို့ လာကြတာပေါ့၊ ဒီလိုပဲ သတင်းကြားလို့ စိတ်ဝင်စားတဲ့ သူတွေလည်း ရောက်နေကြတယ်။ အခု သံရုံးရှေ့မှာ အဓိကတော့ လုံထိန်းရှိမယ်၊ နောက် အရပ်ဝတ်နဲ့ SB တို့၊ ရ၀တတို့၊ ကြံ့ဖွံ့တို့ နေမှာပေါ့၊ အဲဒီအုပ်စုလေးတွေ ရှိတယ်။ သူတို့လူတွေနဲ့ဆိုရင် လေးငါးဆယ်လောက် ရှိပြီး လုံထိန်းက ကား ၄ စီးလောက် ရှိမယ်၊ ဟိုဘက်ထိပ် ၂ စီး၊ ဒီဘက်ထိပ် ၂ စီးပေါ့။ အခုလက်ရှိတော့ လုံထိန်းတွေပဲ နေရာယူထားတာ တွေ့တယ်။

“အရပ်သားတော့ သိပ်မရှိဘူး။ ဒီနေရာက အရပ်သား နည်းနည်း အလာကျဲတဲ့ နေရာပေါ့။ လာတဲ့လူဆို ဆေးရုံကြီးထဲကို ၀င်တဲ့သူ လာမယ်၊ တရုတ်သံရုံးဆိုလည်း ဗီဇာဝင်တဲ့သူပဲ လာတဲ့နေရာလေ။ အဲဒါကြောင့် တချို့ စိတ်ဝင်စားတဲ့ သူတွေကလည်း ရပ်မနေကြဘူး၊ အလုံလမ်းဘက်က လက်ဘက်ရည်တို့ ဘာတို့မှာ ထိုင်နေကြတယ်။ ရေကာတာကိစ္စပဲပေါ့၊ ကျနော်တို့အားလုံး ဒီကိစ္စပဲ စိတ်ဝင်စားနေတယ်ပေါ့။ မကျေနပ်ကြဘူးပေါ့။”

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်လို့ ဝေဖန် ကန့်ကွက်သံတွေ ထွက်ပေါ်လာပြီးတဲ့နောက် အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော် မီးရထားဝန်ကြီးဌာနရုံး သတင်းစာ ရှင်းလင်းပွဲမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်သွားမှာ ဖြစ်တဲ့အကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ပြောဆိုနေသူတွေရဲ့ ဝေဖန်မှုတွေ ပိုပြီး ကြီးထွားလာခဲ့ပါတယ်။

နေပြည်တော်မှာ စနေနေ့တုန်းက ကျင်းပခဲ့တဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်တဲ့ နှီးနှောဖလှယ်ပွဲမှာတော့ တခြား အစိုးရ တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့က စီမံကိန်းရဲ့ အားနည်းချက်တွေကိုလည်း ထောက်ပြ ပြောဆိုခဲ့ကြတာပါ။ အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပေမဲ့ မြစ်ဆုံစီမံကိန်းကိုတော့ ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဒီစီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်သွားမယ်ဆိုရင် ဧရာဝတီမြစ်ကြီး ပျက်စီးသွားနိုင်တာကြောင့် အစိုးရအနေနဲ့ ပြန်လည်သုံးသပ် စဉ်းစားဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေသာမက စာပေနယ်၊ အနုပညာနယ်က ပုဂ္ဂိုလ်တွေက ၀ိုင်းဝန်း ကန့်ကွက်နေကြဆဲ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီမြစ်ပေါ်မှာ ရေကာတာတွေ အမြောက်အမြား တည်ဆောက်သွားမယ့် စီမံကိန်းကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ကြုံလာရမှာကို ရှောင်ရှားနိုင်ဖို့နဲ့ စိုးရိမ်နေသူတွေရဲ့ စိတ်တွေကို သက်သာရာ ရစေဖို့ သက်ဆိုင်သူတွေ အားလုံးက ပူးပေါင်းအဖြေရှာဖို့ ပြီးခဲ့တဲ့ လထဲမှာပဲ အစိုးရကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/

မြစ်ဆုံဆည်ကိစ္စ အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲနေ


ဧရာဝတီ Monday, 19 September 2011 13:07

ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုရှိနေသောကြောင့် မြစ်ဆုံဆည် ဆက်လက် တည်ဆောက် ခြင်းပြု၊ မပြုကိစ္စ မတင်မကျ ဖြစ်နေကြောင်း သတင်း ရရှိသည်။

သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရ၀န်ကြီးဌာန တချို့က မြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်း၍ ဆန်းစစ်လေ့လာမှုများ ပြုလုပ်ပြီးမှ ပြန်လည် ဆောက်လုပ်ခွင့်ပြုသင့်၊ မပြုသင့် ဆုံးဖြတ်ရန် လိုလားနေကြသော်လည်း ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အပါအ၀င် အစိုးရ၀န်ကြီး တချို့ကမူ မြစ်ဆုံစီမံကိန်း မူလရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်သွားရန် ဆန္ဒ ရှိနေကြကြောင်း သိရသည်။

နေပြည်တော်တွင် စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရ ၀န်ကြီးတချို့၏ သဘောထား ကွဲလွဲမှုများကို သိသိသာသာ တွေ့မြင်ခဲ့ရကြောင်း တက်ရောက်ခဲ့သည့် သတင်းထောက်များ ထံမှ သိရသည်။

“အလုပ်ရုံ ဆွေးနွေးပွဲ နောက်ဆုံးမှာ စက်မှု ၂ ၀န်ကြီးဦးစိုးသိန်းက အကြံပြုချက်တခု တင်ပြတယ်။ ဒီအကြံပြုချက်မှာ စည်းလုံးညီညွတ်မှု မပြိုကွဲချင်တဲ့ အကြောင်း၊ ပြည်သူကို အလေးထားတဲ့ အကြောင်းပြောတယ်။ ဒါပေမယ့် အဲဒီ အကြံပြုချက်ကို အစိုးရ သတင်းစာတွေမှာ မဖော်ပြဘူး” ဟု ဆွေးနွေးပွဲ တက်ရောက်ခွင့် ရခဲ့သည့် ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။

ဧရာဝတီမြစ်နှအလုပ်ရုံ ဆွေးနွေးပွဲတွင် အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက သဘာဝ ပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်သော်လည်း မြစ်ဆုံစီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ပြောသည်။

ပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက် အပါအ၀င် ဒုဝန်ကြီးတချို့က
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံအတွက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်သောကြောင့် ဆက်လက် ဆောင်ရွက် သင့်သည်ဟု ဆိုကြသည်။

“မြစ်လက်တက်တွေမှာ ဆည်တွေ များများ ဆောက်တာဟာ မြစ်ကြောင်း ထိန်းသိမ်းရေး အထောက်အကူ ပြုပါတယ်။ ဆည်တွေက နုန်းတွေကို တားဆီးထားပြီး မြစ်ကြောင်း တလျှောက် နုန်းကျတာ နည်းစေတယ်” ဟု ၀န်ကြီး ဦးဉာဏ်ထွန်းအောင်က ဧရာဝတီမြစ်ဆုံ စီမံကိန်း တည်ဆောက်ရန် ထောက်ခံရသည့် အကြောင်းအရင်း တရပ်ကို
ပြောသည်။

အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးကလည်း “စီးပွားရေးဆိုင်ရာ တွက်ခြေကိုက်မှု စိစစ်ချက်” ဆိုသော စာတမ်းတစောင်ကို တင်သွင်းခဲ့ပြီး မြစ်ဆုံစီမံကိန်းမှ
အမေရိကန်ဒေါ်လာ ဘီလျံချီ အမြတ်ရမည်ဟု ဆိုသည်။

“စီမံကိန်းကြောင့် အကျိုးဖြစ်ထွန်းမှုကို ကြည့်ရင် မြန်မာဘက်က အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၇. ၆၇ ရမယ်။ တရုတ်ဘက်က အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၁.၆၇ ရမယ်။ နှစ်ဘက် အကျိုးဖြစ်ထွန်းမှုကို နှိုင်းယှဉ်တဲ့ အခါမှာ မြန်မာဘက်က အမေရိကန်ဒေါ်လာ သန်းခြောက်ထောင်ကျော် အသာရတယ်” ဟု ဦးကြီးစိုးက ရှင်းပြသည်။

စက်မှု ၁ နှင့် စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်း၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းတို့ကမူ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်ပြီး ပြန်လည် စဉ်းစားသုံးသပ်ကာ ပြည်သူ့သဘောထားကို လိုက်နာမည်ဟု ပြောဆိုသွားသည်။

“တိုင်ပင်ခြင်း မရှိတဲ့ စီမံကိန်းက ပျက်စီးတတ်တယ်။ များများတိုင်ပင်ရင် အောင်မြင်နိုင်တယ်။ အားလုံးဝိုင်းဝန်း တိုင်ပင် ဆွေးနွေးနိုင်မှ အကျိုးများများရမယ်” ဟု ဦးစိုးသိန်းက ပြောသည်။

နေပြည်တော်တွင် စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတရုံးမှ ထောက်ခံသော ကြေညာချက်တရပ် ထုတ်ပြန်လိုက်ရာ အဆိုပါ ကြေညာချက်တွင် မြစ်ဆုံစီမံကိန်းအား ပြန်လည် စိစစ်သင့်ကြောင်း ပါရှိသည်။

ရာထူး အာဏာများသည် တခဏတာမျှသာ ဖြစ်ပြီး ပြည်သူလူထု ထာဝရတည်တံ့ရေးနှင့် မြစ်ဆုံစီမံကိန်းကြောင့် စည်းလုံး ညီညွတ်မှု မပြိုကွဲရေး အလေးထားသင့်ကြောင်း၊ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း၊ ဆည်ဆောက်ခြင်းသည် နောက်နောင် ပြင်ဆင်ရန်ခက်ခဲသော ကိစ္စဖြစ်သည်ကို နားလည်ကြောင်း ၎င်းက အကြံပြု ပြောသည်။

“Environmental Impact Access (EIA)၊ Social Impact Access (SIA) တွေကို ပြန် Review လုပ်သင့်ပါ တယ်။ ပြီးရင်ချပြ၊ ပွင့်ပွင့်လင်းလင်းပေါ့။ ပညာရှင်တွေ အပြုသဘောနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ဝေဖန်သုံးသပ်သင့်တယ်” ဟု ဦးစိုးသိန်းက ဆိုသည်။

သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းကလည်း သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေ ထွက်ရှိနိုင်စေရန် ဆောင်ရွက်နေပြီး မြစ်ဆုံဆည်ကြောင့် သဘာဝ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးရှိ၊ မရှိ ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ပြောသည်။

“သစ်တောက တာဝန်ရှိလို့ မှန်မှန်ကန်ကန် ဆောင်ရွက်မယ်။ ဒီစီမံကိန်းက နိုင်ငံတော်စီမံကိန်းဖြစ်လို့ မပြည့်စုံတဲ့ ဗဟုသုတတွေနဲ့ ဝေဖန်ဖို့ထက် သေသေချာချာ စိစစ်လေ့လာပြီးမှ ပြောမယ်။ လေ့လာပြီးမှ အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း လုပ်မယ်။ ဘာကိုမှ မငဲ့ညှာဘူး။ မျက်နှာလိုက်တာ၊ အခွင့်ရေးပေးတာ မလုပ်ဘဲ ဆောင်ရွက်သွားမယ်” ဟု
ဦးဝင်းထွန်းက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက လွှတ်တော်တွင်း မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့် မဲခွဲဆုံးဖြတ်မှုများ ဖြစ်ပေါ်လာနိုင်သော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) နှင့် စစ်တပ် ကိုယ်စားလှယ်များက မြစ်ဆုံစီမံကိန်း တည်ဆောက်ရန် ထောက်ခံခဲ့လျှင် ပြည်သူနှင့် အစိုးရအကြား သေချာပေါက် တင်းမာမှုများ ဖြစ်ပေါ်လာမည်ဟု ထင်မြင်ချက်ပေးသည်။

ဧရာဝတီမြစ်ကြီး ပျက်စီးသွားနိုင်သောကြောင့် မြစ်ဆုံစီမံကိန်းကိစ္စ ပြန်လည်သုံးသပ်စဉ်းစားရန် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူလူထု အလွှာသီးသီးက အစိုးရကို တောင်းဆိုလျက်ရှိသည်။
http://www.irrawaddy.org/bur/index.php/news/7357-2011-09-19-06-11-42