Tuesday, September 20, 2011

ဗမာ ပြည် အတွင်းဘယ် နေ ရာ မှာ မှ ဘူတာ ရုံ မဆောက် ပါ ဘူး


ဗမာ ပြည် အတွင်းဘယ် မြို့ ၊ ဘယ် ရွာ ၊ ဘယ် နေ ရာ မှာ မှ ဘူတာ ရုံ မဆောက် ပါ ဘူးအခု
ရက်ပိုင်းကတော့ ပွဲတော်ကြီးပါဘဲ ၊ ကားအစုတ်လေးတွေ မျက်နှာပန်းပွင့် ပြီး ၊ တောက နေ
မြို့ပေါ်တက် လာလို့ အ နေ စုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပုဝါတွေ ပေါ့ ဗျာ ၊ ကားစုတ်လေး ဖွတ်ချက်
ဖွတ်ချက် မောင်းလာ တာနဲ့ ၊ ခေါ်မဲ့သူ ပြောမဲ့ သူ ရောင်းမလား မေးမဲ့ သူ တွေ နဲ့ မျက်နှာတော့
အတော်ပွင့် သပဗျ ဗျာ ၊ ရန်ကုန်ရော မန်းတလေး ၊ ကညန ရုံးတွေ ရှေ့ မှာ ကား အစုတ်လေး တွေ
တပုံကြီး ၊ ချွေးပြန်နေတဲ့ အဆီတဝင်းဝင်း မျက်နှာတွေ နဲ့ ပွဲစားမင်း တို့ ရော သူဌေးမင်း
တို့ ပါ ခြေချင်း လိမ် နေကြပဗျာ ။ အော် ဒေါ်လာဈေး ဆွဲတင်ချင် လို့ အရေးပေါ် ဖြတ်လမ်း က
တနပ်စား လုပ်လိုက် တဲ့ အစီအစဉ်ပါ။

ဒီ အစီအစဉ် စ တာ နဲ့ ငွေဈေးရော ရွှေဈေး ပါ တနာရီ နဲ့ တနာရီ မတူပါဘူး ၊ တရိပ်ရိပ်ပါဘဲ။
အခု သတင်း တပါတ် ၇ ရက်အတွင်း တင် ဒေါ်လာဈေး က ၁ဝဝ ကျော် တက် သွားပြီး ရွှေဈေး က
တကျပ်သား ကို ကိုး သောင်း ကျော် လောက် တက်ပြီး ဈေးပြောင်း သွားပါတယ်။

တပါတ်အတွင်း ဈေး က ၁၅ ရာခိုင်နှုန်းလောက် အပြောင်း အလဲ က နဲ တဲ့ ရာခိုင် နှုန်းလာ ဗျာ။
ကုန်သည်တွေ သိကြပါတယ် ၊ တလ အတွင်း တရာ ကို ၇ ကျပ် ဂ ကျပ် မြတ်ဘို့ က အင်မတန်
ကြံရည်ဖန်ရည်ကောင်း မှ ပါ၊ အခု လဲ နိုင်ငံကို ချစ်တယ် ဆိုတဲ့ သူ တွေ အုပ်စုဖွဲ့ ပြီး ရိုက် လိုက်
ကြပုံ ပေါ်ပါတယ် ၊ အရင် ရက် တွေ က ဘဏ်တိုး ကို ၁ လ လုံး နေ မှ တရာ ကို တကျပ် ပေးရတာ
ကို သေ တော့ မတတ် ညောင်နာနာ ညီး ပြ နေ သူ တွေ အခု တော့ ၊ မျက်နှာ ထား တွေ ပြန် ပြုံး
လာ ရင်း ၊ ဘယ် လို ညီးသံ တွေ ကို မှ ၊ မကြားရ တော့ ပါဘူး ။

ဒီ လို အပြောင်း အလဲ ၊ အခွင့် အလမ်း သတင်း တွေ က ၊ တော့ပ် ဆီးကရက် ၊ ဘော့ တွမ်း အိုး
ပင်း တွေ ဖြစ် ပါ တယ် ၊ အစိုးရ က ဒီ ကားဟောင်း ပေါ်လစီ မကြေ ငြာ ခင် ၃ ရက် လောက် အလို
ကတဲက စီးပွားရေး အုပ်စု တခု က ကားဟောင်း ၃ဝဝ ကျော် ကို တထိုင် ထဲ ကြုံး ဝယ်ထားကြောင်း
ဆဲဗင်းဒေးစ် ဂျာနယ်မှာ သတင်း ပါ ပါ တယ်။ ဂွင်တော့ ၊ အတော် တည့် သွားပြီ ပေါ့ ဗျာ။

ဒီ ကားကိတ်စ နဲ့ ပါတ် သက်ပြီး ဂွင် တွေ ရိုက် တာ တပုံကြီး လာ ဦး မှာ ပါ။ ဒီခေတ်က နိုင်ငံခြား
လိပ်စာ ၊ အီးမေးလိပ်စာ ၊ ကုန်မဏီ ခေါင်းစီးစာရွက် ၊ ဘယ် လို ပုံစံ မျိုး လို ချင် သလဲ ၊ လွယ် မှ
လွယ်တဲ့ ခေတ်ကြီး ပါ။ ဈေး နှုန်းတွေ ဥပဒေ နဲ့ ဘယ် လို သတ် မှတ် သည် ဖြစ် စေ ၊ ဒီ အပေါ်
မှာ လက် တလုံး ခြား လုပ် မဲ့ သူ တွေ ၊ ပေါင်းစား မဲ့ သူ တွေ ၊ ဝေ စား မဲ့ သူ တွေ
အများကြီး ပေါ်လာ ဦး မှာ ပါ။ ဗမာ ပြည် မှာ က ၊ မြေ တိုက် ခန်း ၊ ကား ဆို တာ တွေ က
ချမ်းသာ ကြ လို့ ၊ ကိုယ် တိုင် သုံး ကြ မဲ့ သူ ထက် ၊ ကြုံ တုံး ဝယ် ထား ၊ ဈေး က စား ကြ တဲ့
စီး ပွား ရေး ၊ ပစ် စည်း လို ဘဲ အသုံး များ ကြ တာပါ ၊ ပြီး ခဲ့ တဲ့ စစ်အစိုးရ ခေတ် နှစ် ၂ဝ ကျော်
အတွင်း လူ တွေ လက်ကြော မတင်း တော့ ဘဲ ၊ ဒီ မြေ ၊ တိုက် ခန်း ၊ ကား ဈေး ကွက် မှာ ဘဲ
ရောင်းလိုက် ၊ ဝယ် လိုက် ၊သံ သ ရာ လည် နေ ကြ တာ ပါ ။

အခု လို ၊ ကလင်း ဂါးဘားမင့် အသံ ပေး နေ တဲ့ ခေတ် မှာ လဲ ၊ နဂို အတိုင်း လှေ ကြီး ထိုး
ရိုး ရိုး ကြီး ဘဲ ၊ အစိုးရ ပေါ်လစီ အပြောင်း အလဲ အပေါ် ၊ အရင် လူတွေ လုပ်ငန်းရှင် တွေ
သူဌေးမင်း တွေ ဘဲ ၊ လက်သင့် ရာ ၊ ဝိုင်း အုံ လုပ် စား ကြ ဦး မှာ ပါ၊ ခင် ဗျာ။

ဘာ ဘဲ ပြောပြော ၊ လောလော ဆယ် က တော့ ၊ ဒီ လူ တွေ လော ဘ ဇော လေး တွေ နဲ့
နဲ နဲ တော့ ကြေ နပ် နေ ကြ မှာ ပါ ၊ နိပ် ဟ ၊ ဒါ မှ ဂွဒ် ဂါးဘား မင့် လို့ ထင် နေ မှာ ပါ။
အင်း လူ တွေ က ကား ဆို တာ နဲ့ ဘဲ ၊ ပါဂျဲရိုး ၊ ဘီအမ်ဒဗလျူ ၊ ကမ် မရီ ၊ မတ်တူး ၊ နစ်ဆန်
ကျည်ဆံကား ၊ ကလက်ဒီနာ ၊ ခရက်ဆီဒယ် ၊ ပေါလစ် ရောင် တဝင်းဝင်း နဲ့ ဆလွန်း တို့ ဆီဒင်
တို့ ကို ဘဲ ကား အဖြစ် ၊ မျက်စိထဲ ပြေး မြင် ကုန် ကြ ပါ တော့ တယ် ၊

ကျွန်တော် က တော့ လောလော လတ် လတ် ၊ အညာ ဘက် ခရီးသွား နေ တော့ ၊ အညာ က လူ
တွေ ၊ တောက လူ တွေ ဘယ် လို ကား မျိုး တွေ လို အပ် တယ် ဆို တာ ကိုယ် တွေ့ ပေါ့ ဗျာ။
ရှမ်းပြည် က လူ တွေ ၊ ချင်း ပြည် က လူ တွေ ၊ ဘယ် လို ကား စီး ရ မှ ခရီး တွင် တယ် ဆို တာ
အဲ ဒီ အရပ် တွေ မှာ နေဘူး သူ တွေ ကောင်း ကောင်း သိကြ ပါ တယ်။ ခု န အ ပေါ် မှာ ရေး ပြ
ထား တဲ့ ဆလွန်း ကား တွေ က ၊ ဇိမ် ခံ စီး ပြီး ၊ တွက် ချေ ကိုက် ရင် ရောင်း ဘို့ ဝယ် ဘို့ ဘဲ
အသုံး တဲ့ တာ ပါ။ အများ ပြည် သူ အတွက် အသုံး မတဲ့ ပါဘူး ။

ပြော ချင် တာ က ၊ ခု န ရေပေါ် ဆီ လူ တစု အတွက် ကိုဘဲ အခွင့် အရေးတွေ ပေး နေ မဲ့ အစား
အများ ပြည် သူ ၊ ခု န လို အ ညာ ဘက် က လူ တွေ ၊ ချင်း ပြည် နယ် က လူ တွေ ၊ ရှမ်း ပြည်
နယ် က လူ တွေ ခိုင်ခိုင် ခန့် ခန့် စက်အားကောင်း ကောင်း ၊ တကယ် ခရီး တွင် မဲ့ ၊ တကယ်
အများ အတွက် အသုံး တဲ့ နိုင် မဲ့ ကား မျိုး တွေ သွင်း မဲ့ လူ တွေ အတွက် ၊ လိုင် စင် ကိတ်စ တို့
အခွန်နှုန်းတို့ ကန့်သတ်ချက် တို့ ကို တမျိုး ၊ အကျိုးရှိအောင် စဉ်းစားပေး စေ ချင် ပါတယ် ခင် ဗျာ ။

အခု လို ကားဟောင်း တွေ ပြန်အပ် ခိုင်း လိုက် တော့ နယ် ဘက် တွေ မှာ သွားရေး လာရေး ၊
သိသာ သွား ပါ တယ် ၊ အထူး သဖြင့် မာဇဒါ လေးဘီး လေး တွေ ပေါ့ ဗျာ ၊ မှန် ပါ တယ်
ကား တွေ က အတော် စုတ် နေ ပါ ဘီ ၊ ဒါ ပေ သိ ၊ ဒီ အစုတ် ကို ဘဲ အား ပြု စီး နေ ရ ပေ မဲ့
လူ တွေ မှာ ဟို နား ဒီ နား ၊ သူ့  ကို ဘဲ အဆင် တပြေ ၊ အား ကိုး လို့ ရ ပါ သေး တယ် ၊ အခု
တော့ ဒီ ကား စုတ် လေး တွေ ဖျက်ပစ် လိုက် တဲ့ နေ ရာ မှာ ၊
အများ ပြည် သူ အလွယ် ငှားစီး နိုင် မဲ့ ကား လေး တွေ များများ ၊ ဝင် လာ ဘို့ လိုပါတယ်။

ဟို အရင် ၁၉၉ဝ ဆန်းခါစ က သင်္ဘောသား ကား လို့ ခေါ် တဲ့ ဟိုင်းလက် တို့ ဆန်နီ တို့
ပါဘလစ်ကာ တို့ လို လူ လဲ စီး ၊ လုပ်ငန်း လဲ သုံး လို့ ရ တဲ့ ကား လေး တွေ ဝင် လာတုံး က
ရန်ကုန် မှာ အများ ပြည် သူ ရဲ့ သွား ရေး လာ ရေး စနစ် သိသိ သာသာ ပြောင်း သွား ပါ တယ်။
အခု လဲ နယ် မြို့ လေး တွေ မှာ တမြို့ နဲ့ တမြို့ သွား ရေး လာ ရေး တွေ မှာ သူ တို့ ကို ဘဲ
အား ကိုး နေ ရ ဆဲပါ ၊ အခု ကား ဟောင်း တွေ ကြုံး ဝယ် ပြီး ၊ အိတ် ကပ် ဖောင်း လာ မှာ
ကို စိတ် ကူးယဉ် အိပ် မပျော် နိုင် တဲ့ ၊ လူကြီးမင်း တို့ ခင်ဗျား ၊ ခနော်နီ ခနော် နဲ့ ထရော်လာဂျီ
ကို ၊ ရှိ သမျှ ဘုရား အကုန် တ ပြီး စီး နေ ကြ ရ တဲ့ ပြည်သူ ပြည် သား အများ စု အတွက်
ခေါင်း ထဲ နဲနဲ ထဲ့ ပြီး စဉ်းစား ပေး ကြ ပါ ခင် ဗျာ။

ပြီး တော့ လူ တွေ ရဲ့ အလုပ် အကိုင် တွေ ပါ ၊ ကား အဟောင်း ဖွတ်ချက် လေး ကို နေ့စဉ် မောင်း
ဝင်ငွေ ရ နေ တဲ့ လူ တွေ ၊ သူ့ ဖောက် သည် ခရီးသွား တွေ လဲ အဆင် ပြေ ၊ သူ လဲ နေ့စဉ် ဝင်
ငွေ ရ လို့ အဆင် ပြေ ပေါ့ ဗျာ ၊ ခု တော့ ခေတ် ရူး ကြီး ၊ ဈေး ရူး ကြီး နဲ့ တွေ့ လို့
တခါ တော့ နိပ် ပဟ လို့ ကြိုက်ဈေး ရ လို့ ရောင်း ပ လိုက် ရ တော့ ၊ နောင် ကို ဒီ လူ တွေ
လုပ် ငန်း ဘယ် လို ဆက် လုပ် ကြ မှာ လဲ ခင် ဗျာ။ သူ့ ခရီး သည် တွေ လဲ သွား နေကြ လေး
မရှိ သွားတော့ ၊ ခရီး အဆင် မပြေ ၊ ယဉ်မောင်း လဲ အလုပ် လက် မဲ့ ဖြစ် ရ မှာ ပါ ခင် ဗျာ။

အင်း ၊ မြစ် ဆုံ ရေ ကာ တာ ကိတ်စ က လဲ ကြား ရ တာ တနေ့ မှ စိတ် မချမ်းသာ ပါ ခင် ဗျာ။
ဘာ ကြောင့်၊ဘယ် လို ၊ ဘာ တွေ ဖြစ် မယ် ဆို တာ ၊ တရား ဝင်တော့ တိတိ ကျ ကျ မသိရ သေး
ပါဘူး ၊ ဒီ လို မျိုး ၊ မြစ်ကြီး ကို ပိတ် ပြီး တမံဆောက် ၊ ရေအား ထုတ် နေတာ မနဲ တော့ ပါဘူး။
ရွှေလီ မြစ် ကို ပိတ် ဆောက် တာ ၊ ဒုဌဝတီ မြစ် ကို ပိတ် ဆောက် တာ ၊ ရွှေကျင်မြစ် ကို ပိတ်
ဆောက် တာ ၊ ဘီလူးချောင်း ကို ပိတ်ဆောက်တာ ၊ ဒါ တွေ ကို နဂို က ဘယ် လို စီမံခဲ့ သလဲ
အခု ရော ဘာ အကျိုး ဖြစ် သလဲ ၊ ဘာ တွေ အကျိုး မဲ့ ခဲ့ သလဲ ၊ ပြန် ဆန်းစစ် ကြ ဘို့ လို
ပါတယ် ခင် ဗျာ ၊ လျပ်စစ် ဓါတ်အား က တော့ တိုင်း ပြည် အတွက် အမှန် လို ပါ တယ်။

ဒါ ပေ မဲ့ ကိုယ့် မှာ ပိုက် ဆံ မရှိ လို့ ၊ တရုပ် သုံး ဘို့ သက်သက် ပေး ဆောက် တာ ဆိုရင်
ဘယ် နား မှာ ဆောက် ဆောက် ကန့် ကွက် ရ မှာ ပါ။ အကျိုး အကြောင်း ပြည့် ပြည့် စုံစုံ
ဂဃနဏ သေချာ သိရ ဘို့ လိုပါ တယ် ခင် ဗျာ။

အခု ခရီး သွား ရင်း အညာ ဘက် တွေ့ လာ ရ တာ က ၊ ကျောက် ဖြူ က နေ မူဆယ် ကို
သွား မဲ့ ရေ နံပိုက် လိုင်း နဲ့ ရထားလမ်း ပါ။ နေရာ တော်တော် များ များ မှာ အုတ်အုတ် သဲသဲ
စ လုပ် နေ ပါ ဘီ။ မြန်တယ် ဗျာ ၊ ပိုက် လုံး တင် တဲ့ ကားကြီး တွေ ၊ အများကြီး ပါ ခင်ဗျာ ၊
ကား တစီး ကို ပိုက် ၄ လုံး ဘဲ တင် နိုင် ပါတယ်။ မြန်မာပြည် နေရာ တော် တော် များ များ မှာ
ရထား လမ်းရော၊ ရေ နံ ပိုက် လိုင်း ပါ တပြိုင် နက် စ ဆောက် နေကြ ပါ ဘီ။

အဲ ၊ လာ ဆောက် တဲ့ တရုပ် တွေ က တော့ ၁၅ မျိုး လောက် ရှိ သဗျို ၊ ပရာဒို လို ကားမျိုး တွေ
စီး ပြီး နေ့ တိုင်း ကရာအိုကေ လာ တဲ့ တရုပ် ၊ လမ်းဘေး ခေါက်ဆွဲဆိုင် ဝင်ပြီး ချက် အရက်
ကို မျက်စိမှိတ် သောက် နေ တဲ့ တရုပ် ၊ ပိုက် လိုင်း အပုံကြီးနား တာလပါတ် ခင်းအိပ်ရင်း ဆံပြုတ်
ကို အိုးကလေး နဲ့ ပြုတ်သောက် နေ တဲ့ တရုပ် ၊ ပိန်ချောက် ချောက် တရုပ် ၊
တရုပ် အမျိုး ၊ ဒီ လောက် စုံ နေ တာ ၊ ဒီ တခါ ဘဲ တွေ့ဘူး ပါတယ်။

အခုရက်ပိုင်း ကလဲ ပွဲတော်ကြီး ပါ ဘဲ ၊ အဲဒီ ပိုက်လိုင်းဆွဲ မဲ့နေရာ က လယ်မြေတွေရောင်း ကောင်း
နေလိုက် ကြ တာဗျာ ။ အရင် စက်ရုံ ဆောက် ဘို့ လယ် သိမ်း ရင် ဘီဘီစီ တို့ အာအက်အေ တို့
ထဲ အသံ လွှင့် ကြ တာ စီစီ ဝေ ပေါ့ ၊ ဘာဖြစ်တယ် ၊ မတရားပြုတယ် စ သဖြင့် ပေါ့ ဗျာ
အခု တော့ ၊ ဘာ ၊ မကျေနပ်သံ မှ၊ မကြား ရ ဘူး ၊ အဲဒီ ရ ထား လမ်း ဖောက်မဲ့ အ နား က
ရွာသား တွေ နဲ့ တရုပ် ပွဲစား တွေ နဲ့ အဆင် ကို ပြေ နေ ပါ့ ဗျာ ၊

ပိုက်လိုင်း ဖြတ် မဲ့ နေရာ နား က ရွာ နား ရောက် ရင် ၊ တရုပ် ပွဲစား က စကားပြန်နဲ့ ရွာ ထဲ
က လူ တွေ ခေါ် လိုက် တယ် ၊ ဒီ မြေ ဘယ်သူ ပိုင် သလဲ ၊ ရောင်း ရင် ဘယ် လောက် ယူ မလဲ
ရောင်းမယ် ပြော လို့ က တော့ ဈေး မဆစ် ပါ ဘူး ၊ ပေါက် ဈေး ထက် ကျော် ပေး သွား တာ များ
ပါတယ်။ အစ က ရှစ် သောင်းလောက် တော့ ဈေး မရ တဲ့ မြေ တွေ ၊ အခု လေး ငါး သိန်း ဖြစ်
နေပါဘီ။

လယ် သမား က လဲ ၊ ဗမာ အချင်း ချင်း လယ် ရောင်း ရင် ဈေး လဲ မရ ဘူး ၊ ပြီး ရင် မြေတိုင်း
စာရေး ကို ပိုက် ဆံ ပေး ရ တာ က လဲ ရှိ သေး တယ် ၊ ဒီ တော့ ကိုယ် လဲ သေချာ မပိုင် တဲ့
လယ်မြေ တွေ ကို ဝယ် သူ ရှိ တုံး ၊ လက်ညှိုးထိုး ဈေး ကောင်း ရ တာ ကို တပြုံး ပြုံး ပေါ့ ဗျာ။

တရုပ် တွေ က လဲ ဝယ် လက် ၊ တရုပ် အဆင့်ဆင့် ရှိ ပုံ ရ ပါ တယ် ၊ တကွက်ချင်း လိုက် စကား
ပြောတဲ့ ဝယ် လက် တရုပ် က၊ နယ် မြေ တာဝန်ခံ ရ တဲ့ တရုပ် ကို ပြန် သွင်းတယ် ၊ ပြီးတော့
မှ တကယ် အလုပ် လာ လုပ် တဲ့ တရုပ် ကုန်ပဏီ ဆီ ကို စာရင်း ပြန် တင်ပြီး စာရင်းရှင်း ရ ပုံ ရ
ပါတယ် ။

ထင် တာ တော့ ၊ ဒီ တရုပ် အဆင့် ဆင့် က လဲ ၊ အချင်း ချင်း ၊ င ဘတ် တွေ ၊ ငထွေ တွေ
ဇတ်လမ်း မျိုး တွေ တပုံကြီး ပေါ့ ဗျာ ၊ တကွက်ချင်း လိုက် ဝယ် တဲ့ တရုပ် က ၊ နယ်မြေတာဝန်
ခံ ရ တဲ့ တရုပ် ကို စာရင်း ရှင်း ရင် ၊ သူ့ အတွက် တင် ရိုက် လိုက် ပဲု ရ ပါ တယ်။ အဲ တကယ်
အလုပ် လာ လုပ် တဲ့ တရုပ် ကုန်ပဏီ ကို စာရင်းချုပ် တော့ ၊ ပေသီးတောင် ခါးစောင်း အောင်
ခေါက်ပစ်ပြီး မဟားဒယား ၊ ဈေး ထပ်တင်ပြီး ၊ အပီ ရိုက် ပစ် လိုက် ကြ ပါ တယ်။

အခုများ တော့ ဦးထုပ် အဝါကြီး ဆောင်း ပြီး ၊ မြေ တိုင်း တဲ့ စာ တိုင် ( စတပ်ဖ် နဲ့ လယ်ဗယ် )
ကိုင် ထား တဲ့ တရုပ် ကို တွေ့ ရင် ဘဲ ၊ တရွာ လုံး က သိကြားမင်း ဆင်း လာ တဲ့ အတိုင်း ပါဘဲ
တရွာ လုံး ၊ ခလေး လူကြီး အကုန် ၊ အဲဒီ တရုပ် နား အကုန် ဝိုင်းပြီး ၊ အရောင်း အဝယ် စကား
ဆိုကြ တော့ တာပါဘဲ ၊ ဗမာ တွေ လဲ ပျော် ၊ တရုပ် တွေ လဲ ပျော် ၊ ပွဲ တော် ကြီး ပေါ့ ခင် ဗျာ။

ကျွန်တော် လဲ အဲဒီ တရုပ် ကို စပ်စု ကြည့် တော့ ၊ ရထားလမ်း မြေ့ပုံ က ကျောက်ဖြူ က နေ
မူဆယ် နား ကို သွား မှာ ဗျ ၊ အမြန် ရထား လမ်း ကြီး ပါ တဲ့ ၊ ဒေါ်လာ ဘီလျံ အနည်း လေး
နစ်ဆယ် ကျော် ကုန် မှာ တဲ့ လို့ ၊ တရုပ် က ပြော ပါ တယ်။
ကျွန်တော် က ဒီ တရုပ် ကို ၊ ဒါ ဖြင့် ၊ ဒီ ရွာ အတွက်
ဘူတာရုံ က ဘယ် နား မှာ ဆောက် ပေး မှာ လဲ သူ့ ကို မေး ကြည့် တော့ ၊
ဒီ တရုပ် ရထား လမ်း က ၊ ဒီ ရွာ မှာ ဘူ တာ ရုံ ၊ ရှိ ဘို့ မပြော နဲ့ ၊ ဗမာ ပြည် အတွင်း
ဘယ် မြို့ ၊ ဘယ် ရွာ ၊ ဘယ် နေ ရာ မှာ မှ ဘူတာ ရုံ မဆောက် ပါ ဘူး တဲ့ ခင်ဗျ ၊

တရုပ်ပိုင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဘူတာရုံ မှ ဂိတ် စ ပြီး ၊ တရုပ်ပြည် ၊ ယူနန် ထဲ ကျ မှ
ဂိတ်ဆုံး ၊ ဒါ ဘဲ ၊ ဘူတာ ရှိ မှာ တဲ့ ခင် ဗျ။ တရုပ် ပြည် ထွက် ကုန် ၊ ပို့ ကုန် သွင်း ကုန်
ပင်လယ် ဆိပ်ကမ်း ထွက် ပေါက် အတွက် ဘဲ သုံး မှာ ပါ တဲ့ ခင် ဗျ ။

သေ ပါ ဘီ ဆရာ ရေ ၊ ဒီ ဖွတ် ကျား ၊ အမြန် ရထား ကြီး ကို ၊
ကျွန်တော် တို့ လူ မျိုး တွေ က ဘာ လုပ် ရ မှာ လဲ ခင် ဗျာ ၊ ဘယ် လို အသုံး တဲ့ မှာ လဲ ခင် ဗျာ၊
ဗမာပြည် ထဲ ဘူ တာ တကယ် ရှိ / မရှိ ၊ သေချာ သိ သူ များ ပြော ပေး ကြ ပါ ဦး ခင် ဗျာ ၊
တရုပ် လက် ထဲ က မြေ ပုံ မှာ တော့ ဘယ် နေ ရာ မှာ မှ ၊ ဘူတာ နေ ရာ မတွေ့ ပါ ခင် ဗျာ ၊

တွေ့ခဲ့ သမျှ တရုပ်တွေ လဲ ပျော် ၊ ဗမာ တွေ လဲ ပျော် နေ ကြ ပေ မဲ့ ၊
လော လော ဆယ် က တော့ ၊ ကျွန်တော် အတော် စိတ် ညစ် ခဲ့ ရ ၊ ပါ ပ ဗျား ။

အေဇော်ကြီး


မြန်မာကျူ့ပစ်ဖိုရမ်မှတဆင့်


EYEonBURMA (တိုရန်တိုကမြန်မာ့ပန်းချီပြပွဲ)



Exhibition Dates: September 26 - October 10, 2011

Open daily from 9 am to 11 pm


Location:

Art Square Gallery
334 Dundas Street West
Toronto
(Across the street from the AGO, Art Gallery of Ontario)

Special Events:

-Monday, September 26 to Wednesday, September 28: Special preview of exhibited works

-Wednesday, September 28, 6.30 pm - 10 pm: Opening Reception with artist Khin Zaw Latt in attendance

-Saturday, October 1, 8 pm to October 2, 6 am: Scotiabank Nuit Blanche unofficial participant. Exhibition and restaurant open throughout the night.

-Tuesday, October 4, 7pm. An Evening of Art and Literature with Karen Connelly, one of Canada's most successful younger writers. Two of her best-selling books are set in Burma: 'The Lizard Cage' and 'Burmese Lessons'

Book free tickets online

-Thursday, October 6, 7 pm: Burmese.Theravada.Buddhism: Three Introductions In One. Christoph Emmrich, assistant professor of Buddhist Studies at the University of Toronto, will give an introduction to Theravada Buddhism, the religion practised by the majority of Burmese, and how it relates to the country's art

Book free tickets online



About the exhibition:





Requiring a special Canadian government permit, the Eye on Burma exhibition provides Canadians with a rare opportunity to peer inside the dynamic but largely hidden contemporary art scene of this fascinating and troubled country.

The show will feature new work by 4 leading contemporary Burmese painters who are making their Canadian debut - S. Moe Z., Than Kyaw Htay, Kyee Myint Saw and Khin Zaw Latt. Internationally acclaimed artist Khin Zaw Latt, winner of the prestigious 2011 Myanmar National Portrait Competition, will be in attendance at the opening reception and at various other times during the two-week show.

A number of special events will help visitors to gain a better understanding of the country and its people.


Artists:

Khin Zaw Latt

S Moe Z

Than Kyaw Htay

Kyee Myintt Saw


More on..
http://theeastgallery.smugmug.com/Exhibitions/Eye-on-Burma/18005225_FwZghQ#1441959718_sGrWJZh

၂၀.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



http://www.ziddu.com/download/16454665/20Sep2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16454666/20Sep2011Yeyintngesdiary.pdf.html

http://www.mediafire.com/file/ql3fjby3m91rody/20%20Sep2011%20Yeyintnge%27s%20diary.doc

http://www.mediafire.com/file/6vgm1b3vgc37a5g/20%20Sep2011%20Yeyintnge%27s%20diary.pdf


20 Sep2011 Yeyintnge's Diary

ဧရာဝတီမြစ်ဆုံစီမံကိန်း​ကို ဆက်လက်ဆန့်​ကျင်မယ် (​ကေအိုင်အိုနှင့်​ ​မေး​မြန်း​ချက်)


Published on September 20, 2011 by ​အေး​နိုင်

ဧရာဝတီမြစ်ဆုံမှာ ​ရေကာတာ​တွေတည်​ဆောက်မယ့်​ စီမံကိန်း​တွေဟာ ပြည်သူလူထုကို အကျိုး​ရှိ​စေမှာမဟုတ်တဲ့​အတွက် ဆက်လက်ဆန့်​ကျင်သွား​မယ်လို့​ ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို) က ​ပြောပါတယ်။

ဧရာဝတီမြစ်​ပေါ်မှာ စင်ကာပူနိုင်ငံ​လောက် အရွယ်အစား​ရှိတဲ့​ မြစ်ဆုံ​ရေကာတာ​တွေက​နေ ထွက်ရှိတဲ့​ ​ရေအား​လျှပ်စစ်ဓာတ်အား​ကို တရုတ်နိုင်ငံကို ​ရောင်း​စား​ဖို့​ မြန်မာစစ်အစိုး​ရလက်ထက်က တရုတ်အစိုး​ရပိုင် စီပီအိုင် ကုမ္ပဏီနဲ့​ မြန်မာဘက်က ​အေး​ရှား​ဝေါလ်တို့​ ပူး​တွဲအ​ကောင်အထည်​ဖော်​နေကြတာဖြစ်ပါတယ်။

မြစ်ဆုံ​ရေအား​လျှပ်စစ်စီမံကိန်း​တွေနဲ့​ပတ်သက်လို့​ ကျယ်ကျယ်ပြန့်​ပြန့်​ ကန့်​ကွက်ချက်​တွေ မပေါ်ခင်ကတည်း​က ​ကေအိုင်အိုဟာ ဒီစီမံကိန်း​ကို ရပ်တန့်​ဖို့​ ကြိုး​စား​သလို အခုလည်း​ ​ရေကာတာ​ဆောက်လုပ်​ရေး​လုပ်ငန်း​ကို ဟန့်​တား​မှု​တွေ ဆက်လက်​ဆောင်ရွက်​နေပါတယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။

မြစ်ဆုံ​ရေကာတာဆိုင်ရာ အ​ခြေအ​နေနဲ့​ပတ်သက်လို့​ ​ကေအိုင်အို​ပြောခွင့်​ရသူ ဦး​လနန်း​ကို ​မေး​မြန်း​ထား​ပါတယ်။

မြစ်ဆုံစီမံကိန်း​ကို ကျယ်ကျယ်ပြန့်​ပြန့်​ ကန့်​ကွက်​နေကြပါတယ်။ ​ကေအိုင်အိုရဲ့​ သဘောထား​က ဘယ်လို့​ရှိပါသလဲ။

“​ကေအိုင်အို သ​ဘောထား​ကို ​ပြောရမယ်ဆိုရင်​တော့​ ​ကေအိုင်အိုက မြစ်ဆုံစီမံကိန်း​စတင်မယ့်​ သတင်း​ထွက်လာတာနဲ့​ အကြိမ်ကြိမ် ကန့်​ကွက်ခဲ့​တယ်၊​ ကန့်​ကွက်တယ်ဆိုတာ ကျ​နော်တို့​ ​ကေအိုင်အို တဖွဲ့​တည်း​ရဲ့​ သ​ဘောဆန္ဒမဟုတ်ဘဲနဲ့​ ကချင်ပြည်နယ်သူ ပြည်နယ်သား​တွေရဲ့​ သ​ဘောဆန္ဒ ​တောင်း​ဆိုမှု​တွေကို လက်မှတ်ထိုး​ထား​တာရှိတယ်။ ​တောင်း​ဆိုချက်​တွေကို သက်ဆိုင်ရာအာဏာပိုင်​တွေနဲ့​ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေကိုလည်း​ စာနဲ့​ရေး​ပြီး​ ကန့်​ကွက်တာ​တွေ လုပ်ခဲ့​သလို၊​ ​နောက် တရုတ်အစိုး​ရ သမ္မတဟူကျင်​တောင်း​ကို လိပ်မူပြီး​တော့​ ကန့်​ကွက်တာ​တွေလည်း​ လုပ်ခဲ့​တယ်။ ကျ​နော်တို့​ ကချင်အဖွဲ့​အစည်း​က မြစ်ဆုံ​ရေကာတာစီမံကိန်း​ကို နဂိုကတည်း​က ကန့်​ကွက်ပြီး​သား​ပါ။ အဲဒီကိစ္စ အ​ကောင်အထည်မ​ဖော်ဖို့​ ဥပ​ဒေနည်း​လမ်း​နဲ့​အညီ တရား​ဝင် ကန့်​ကွက်​နေတာပါ။ တိုက်ပွဲကာလဖြစ်လာ​တော့​ မြစ်ဆုံစီမံကိန်း​မှာ အသုံး​ပြုမယ့်​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေကို ကျ​နော်တို့​ ပိတ်ဆို့​တာ​တွေ လုပ်ပါတယ်။”

ဘယ်လို ပိတ်ဆို့​မှု​တွေ လုပ်ခဲ့​တာလဲ။

“မြစ်ဆုံစီမံကိန်းက ယူနန်ပြည်နယ်နဲ့​နီး​တော့​ ယူနန်ပြည်နယ် ကူမင်းဘက်ကနေ ကုန်း​တွင်း​ပိုင်း​က​နေ ​ဆောက်လုပ်​ရေး​ ပစ္စည်း​တွေ သယ်ယူတဲ့​အခါမှာ အဓိက ကန်ပိုက်တီလမ်း​ကြောင်း​နဲ့​ လိုင်ဇာလမ်း​ကြောင်း​ကို အသုံး​ပြုပြီး​တော့​ တရုတ်ပြည်က ​ဆောက်လုပ်​ရေး​ ပစ္စည်း​တွေကို သွင်း​တယ်။ တရုတ်က အတတ်ပညာရှင်​တွေ၊​ အလုပ်သမား​တွေ စက်ယန္တရား​တွေကို အဲဒီလမ်း​ကြောင်း​တွေကသွင်း​တယ်။ ဒါ​ပေမယ့်​ တိုက်ပွဲပြန်ဖြစ်လာတဲ့​အခါ လိုင်ဇာလမ်း​ကြောင်း​က​နေ ဘယ်လိုမှ သွင်း​မရ​တော့​ဘူး​ လမ်း​ကြောင်း​တွေက ပျက်ကုန်တယ်။ ကျန်​နေတာ​တော့​ ကန်ပိုက်တီ လမ်း​ကြောင်း​က​နေ စက်ယန္တရား​ရယ်၊​ တရုတ်ပြည်က အလုပ်သမား​တွေရယ်၊​ ဘိလပ်​မြေတို့​၊​ သံတို့​၊​ ပိုက်လုံး​တို့​၊​ စက်ယန္တရား​တို့​၊​ စက်သုံး​ဆီတို့​ကို သွင်း​တာရှိတယ်။ တိုက်ပွဲဖြစ်လာ​တော့​ အဲဒီ ကန်ပိုက်တီလမ်း​မ​ပေါ်မှာ ကျ​နော်တို့​ ​ကေအိုင်အို တပ်ဖွဲ့​တွေက ​နေရာယူထား​ပြီး​ လမ်း​ကြောင်း​မှာ ဂိတ်တခုချထား​လိုက်တယ်။ အဲဒီဂိတ်က​နေ အခု​လော​လောဆယ် ​အေး​ရှား​ဝေါလ်က ​ဆောက်လုပ်​ရေး​ ပစ္စည်း​အား​လုံး​ စက်သုံး​ဆီအပါအဝင် မြစ်ဆုံစီမံကိန်း​မှာ အလုပ်လုပ်​နေတဲ့​ ​အေး​ရှား​ဝေါလ်က အလုပ်သမား​တွေအတွက် ရိက္ခာ​တွေပို့​တဲ့​လမ်း​ကြောင်း​ကို ကျ​နော်တို့​ ပိတ်ဆို့​ထား​ပါတယ်။ မြစ်ဆုံ​ရေကာတာ စီမံကိန်း​ကို ကန့်​သတ်တဲ့​ လုပ်​ဆောင်မှုပါပဲ။ ဒါ​ပေမယ့်​ ဂိတ်က အရပ်သား​တွေရဲ့​ ကုန်စီး​ဆင်း​မှုကို​တော့​ အ​နှောင့်​အယှက်မ​ပေး​ပါဘူး​။”

အမှတ် ၁ လျှပ်စစ်စွမ်း​အား​ဝန်ကြီး​ ဦး​ဇော်မင်း​က ​ပြောသွား​တယ်။ (မြစ်ဆုံစီမံကိန်း​ကြောင့်) ​ဒေသခံ​တွေလည်း​ အလုပ်ရတယ်၊​ ရွာသား​တွေလည်း​ စိတ်မပျက်ပါဘူး​ ဆိုတာနဲ့​ ပတ်သက်လို့​မေး​ချင်ပါတယ်။ ကချင်ပြည်သူ​တွေ အလုပ်ရ​နေလား​။

“မြစ်ကြီး​နား​မြို့​ပေါ်မှာ ရှိတဲ့​လူထုကို ဦး​ဇော်မင်း​က တိုက်ရိုက်​မေး​မြန်း​ဖို့​ သင့်​ပါတယ်၊​ ရမ်း​သမ်း​ပြောဆိုမှုပါ။ အဓိက အလုပ်လုပ်ဖို့​ တရုတ်ပြည်က အလုပ်သမား​တွေ ​ခေါ်လာတာများ​တယ်လို့​ သိရတယ်။ တရုတ်​တွေ မတရား​ ဝင်လာတာ​ကြောင့်​ တရုတ်-မြန်မာနယ်စပ်မှာ ပိုပြီး​တော့​ အကျင့်​စာရိတ္တပျက်ပြား​မှု​တွေ အများ​ကြီး​ ဖြစ်​နေတယ်။ ဒါက​တော့​ ​ဒေသခံ​တွေပိုသိပါတယ်၊​ တာဝန်မဲ့​ ​ပြောဆိုမှုပါ။”

မြစ်ဆုံနဲ့​ပတ်သက်ပြီး​တော့​ ကျယ်ကျယ်ပြန့်​ပြန့်​ ​ပြောဆိုလာမှုမှာ မြစ်ဆုံ​နေရာထက်စာရင် အ​ပေါ်ပိုင်း​နည်း​နည်း​ရွှေ့​ပြီး​တော့​ အငယ်စား​ ဆည်​လေး​ ၂ ခု​လောက် ​ဆောက်လိုက်ရင် အဲဒီလျှပ်စစ်စွမ်း​အား​အတိုင်း​ရမယ်ဆို​တော့​၊​ ဒီလိုမျိုး​ လျှပ်စစ်စွမ်း​အား​ရရင် ကချင်ပြည်နယ်က ဖွံ့​ဖြိုး​တိုး​တက်လာမယ် မဟုတ်လား​။ အဲဒါ​ရော ​ကေအိုင်အိုက ဘယ်လိုသ​ဘောထား​ရှိလဲ။

“အခု သူတို့​လုပ်​နေတဲ့​ မြစ်ဆုံစီမံကိန်း​တင်မကပါဘူး​ အခြား​ရေအား​လျှပ်စစ်ထုတ်လုပ်တဲ့​ စီမံကိန်း​အား​လုံး​က​တော့​ နိုင်ငံသူနိုင်ငံသား​တွေကို လျှပ်စစ်ဓာတ်အား​ဖြန့်​ဝေ​ရေး​က တခုမှမပါဘူး​။ အဓိက​တော့​ တရုတ်ပြည်ကို ​ရောင်း​ထုတ်မှာပါ၊​ လူတိုင်း​လည်း​သိပါတယ်။ ကချင်ပြည်နယ်မှာ ​ရေအား​လျှပ်စစ်စီမံကိန်း​တွေ ​ဆောက်လုပ်​နေ​ပေမယ့်​ လျှပ်စစ်မီး​ကို ၂၄ နာရီ ပတ်လုံး​ရတဲ့​ ​ဒေသရယ်လို့​ မရှိဘူး​၊​ ရတဲ့​မီး​ကလည်း​ မီး​ထွန်း​ဖို့​လောက်ပါပဲ။ တခြား​ အ​သေး​စား​စက်မှုလက်မှုလုပ်ငန်း​ လုပ်နိုင်တဲ့​ မီး​အား​ သူတို့​မ​ပေး​နိုင်ဘူး​။ သူတို့​ပြောဆိုမှုက​တော့​ မြစ်ဆုံ​ရေကာတာ ​ဆောက်လုပ်ခြင်း​ဖြင့်​ ကချင်ပြည်နယ်တခွင်မှာ မီး​လင်း​သွား​မယ်ဆိုတာ မဖြစ်နိုင်တာကို ​ပြောဆိုတာပါ။ တကယ်လို့​ စီမံကိန်း​ ပြီး​ခဲ့​မယ်ဆိုရင်​တောင် မြစ်ကြီး​နား​မြို့​တော့​ မီး​ရမယ် တခြား​ဒေသ​တွေက မီး​ရဖို့​မလွယ်ပါဘူး​။ တခြား​ ​အောက်ပြည်ကိုလည်း​ မီး​ရဖို့​မလွယ်ပါဘူး​။ အဓိက​တော့​ အဲဒီမီး​တွေကို တရုတ်ပြည်က ဝယ်တာ​တောင် မဟုတ်ပါဘူး​၊​ တရုတ်ပြည်က လာလုပ်ယူသွား​တာပါ။”

မြစ်ဆုံကိစ္စနဲ့​ပတ်သက်ပြီး​ အခု လွှတ်​တော်မှာ ​ဆွေး​နွေး​ပြီး​ မဲခွဲမယ်ဆိုပြီး​တော့​ ဆုံးဖြတ်ချက်ကျလာရင်​ကော ​ကေအိုင်အိုက လက်ခံမလား​။

“လွှတ်​တော်နဲ့​ပတ်သက်ပြီး​တော့​ ကျ​နော်တို့​ ​ကေအိုင်အို အဖွဲ့​အစည်း​က အသိအမှတ်လည်း​ မပြုဘူး​၊ လွှတ်​တော်ထဲမှာ ဘယ်လိုပဲ ​ပြောဆိုကြ​ပေမယ့်​ ကျ​နော်တို့​ဘက်က​တော့​ နဂိုတည်း​က ချမှတ်ထား​တဲ့​ မူ​ပေါ်လစီကိုပဲ ဆုပ်ကိုင်သွား​မှာပါ။”
http://burmese.dvb.no/

မြန်မာကို အာဆီယံဥက္ကဋ္ဌ ပေးရေး ပြည်သူ့သဘောထား သိဖို့လိုအပ်


အင်္ဂါ, 20 စက်တင်ဘာ 2011
By ဗွီအိုအေ (မြန်မာဌာန)


မြန်မာနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို တာဝန်ပေးအပ်မယ့် ကိစ္စနဲ့ ပတ်သက်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေရဲ့ သဘောထား အမြင်တွေကိုလည်း နားထောင်လိုတယ်လို့ လက်ရှိ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်မှာပဲ မြန်မာနိုင်ငံမှာ အသစ်တက်လာတဲ့ အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ ကတိပြုခဲ့သလို မရှေးမနှောင်းမှာပဲ ၂၀၁၄ ခုနှစ်မှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက တာဝန်ယူဖို့လည်း ကမ်းလှမ်းထားတာပါ။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေဟာ ထင်သာမြင်သာ တိုးတက်မှု မရှိသေးတဲ့အတွက် ဥက္ကဋ္ဌတာဝန် မပေးသင့်ဘူးဆိုပြီး မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ဝေဖန်သူတွေက တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကတော့ အခြေအနေတွေကို အကဲဖြတ်ဖို့အတွက် အောက်တိုဘာလထဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံအတွင်းက ကွဲပြားတဲ့ အသံတွေကိုလည်း နားထောင်လိုတယ်လို့ AP သတင်းဌာနကို ပြောဆိုခဲ့တာပါ။

“ဒေါ်အောင်ဆန်းစုကြည်သာမက မြန်မာနိုင်ငံက လူမှုအခြေပြု အဖွဲ့အစည်းတွေရဲ့ အသံတွေကိုလည်း ကျနော်တို့ နားထောင်သွားဖို့ ဆန္ဒရှိပါတယ်။ မြန်မာအစိုးရ အနေနဲ့လည်း အာဆီယံ ဥက္ကဋ္ဌတာဝန် ယူရမယ့် အခွင့်အလမ်းကို အလွန်အမင်း လိုချင်နေတာ သိသိသာသာ တွေ့နေရတာပါ။ ကျနော့်အနေနဲ့ကတော့ ဒီကိစ္စက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်စေမယ့် ခြေလှမ်းကို အရှိန်ကောင်းလာအောင်၊ တွန်းအားဖြစ်လာအောင် လုပ်နိုင်မလား ဆိုတာအပေါ်မှာ လူမှုအဖွဲ့အစည်းတွေက ဘယ်လို ရှုမြင်ကြသလဲ ဆိုတာတွေကို နားထောင်ချင်ပါသေးတယ်။”

မှတ်တမ်းဗွီဒီယိုကြည့်ရှုရန်

၂၀၀၆ ခုနှစ်တုန်းက အာဆီယံအသင်း ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ အလှည့်ကျစဉ်မှာတော့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေတိုးတက်မှုမရှိဘူးဆိုတဲ့ ဝေဖန်ခံရမှုတွေနဲ့အတူတာဝန်ယူဖို့အတွက် မြန်မာနိုင်ငံဘက်က ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်မြို့မှာ ရောက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးကတော့ အင်ဒိုနီးရှားနိုင်ငံ ကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက အရှေ့တောင်အာရှမှာ အာဏာရှင် အဆန်ဆုံး တိုင်းပြည်တခု ဖြစ်ခဲ့ပေမဲ့ အခုအခါမှာ ပြောင်းလဲလာတာတွေကို မြန်မာနိုင်ငံအတွက် စံနမူနာအဖြစ် ယူနိုင်တဲ့အကြောင်း မှတ်ချက်ပေး ပြောဆိုသွားတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/asean-chair-myanmar-indonesia-130193308.html

ဘတ်ဂျတ် လိုငွေပြမှုအပေါ် ဆွေးနွေးမည့်သူ မရှိ


မျိုးသန့် | အင်္ဂါနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အထက်လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီမှ တင်ပြခဲ့သည့် ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် ကျပ်ငွေ ဘီလီယံပေါင်း ၂,၃ဝဝ ကျော်လိုနေသည့် "ရသုံးမှန်းခြေ ငွေစာရင်း" အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးမည့်သူ မရှိဘဲဖြစ်နေသည်ဟု လွှတ်တော်အမတ်များက ပြောကြသည်။

လွှတ်တော် ငွေစာရင်း ကော်မတီမှ တနင်္လာနေ့တွင် လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာတွင် ဗဟိုအစိုးရနှင့် တိုင်းနှင့် ပြည်နယ် အစိုးရများ၏ ၂ဝ၁၁- ၂ဝ၁၂ အတွက် ဘဏ္ဍာရေးလိုငွေ စုစုပေါင်းမှာ ကျပ်ငွေ ဘီလီယံ
၂၃၇၁.၉၄၅ ရှိသည်ဟု သိရသည်။

ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ အင်္ဂါနေ့တွင် အထက်လွှတ်တော်၌ ဆွေးနွေးရန် အမတ်များအနေဖြင့် စာရင်း
ပေးသွင်းနိုင်ကြောင်း လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြငြိမ်းမှ ပြောဆိုခဲ့သော်လည်း စာရင်းပေး ဆွေးနွေးမည့်သူ မရှိဘဲ
ဖြစ်နေကာ အစီရင်ခံစာကို အထက်လွှတ်တော်မှ မှတ်တမ်းတင်ရုံသာ ရှိခဲ့သည်။
lotdaw97

အထက်လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီမှ တင်ပြခဲ့သည့် ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် "ရသုံးမှန်းခြေ ငွေစာရင်း" အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးမည့်သူ မရှိဘဲဖြစ်နေသည်ဟု လွှတ်တော်အမတ်များက ပြော (ဓါတ်ပုံ မဇ္ဈိမ)

လွှတ်တော်အမတ်များက ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ မဆွေးနွေးကြခြင်းမှာ ငွေစာရင်း ကော်မတီတွင် ငွေကို လက်တွေ့ သုံးနေသူ အစိုးရအဖွဲ့ဝင်များ မပါဝင်ခြင်းကြောင့်ဟု အကြောင်းပြသည်။

"ကျနော်တို့ ဒီနေ့ မဆွေးနွေးဖြစ်တာက ကော်မတီမှာ ဝန်ကြီးဌာနက လူတွေပါရင်တော့လည်း ကျနော်တို့က အင်တိုက်အားတိုက်နဲ့ ဆွေးနွေးလို့ ဖြစ်တယ်။ အခုဟာက ကိုယ့်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့
ကော်မတီ ဆိုတော့ ကျနော်တို့က မေးခွန်းတွေ မေးမယ်ဆိုရင်လည်း သူတို့ကိုပဲ မေးရမှာပေါ့။ လွှတ်တော် ကိုယ်စားလှယ် ချင်း ဖြစ်တာလည်းပါတယ်။ သူလုပ်နေတဲ့ ကိစ္စကို ကိုယ်က မပါချင်ဘူးပေါ့။ သူ့စည်း ကိုယ့်စည်း
စောင့်နေတာလည်း ပါတယ်" ဟု အမျိုးသား ဒီမိုကရေစီ ပါတီမှ ဦးဖုန်းမြင့်အေင်က မဇ္ဈိမကို ပြောသည်။

"ဘယ်လိုလုပ်ကြမလဲတော့ မသိဘူး၊ အဲဒါကို ဆွေးနွေးတဲ့လူလည်း မရှိဘူး၊ ကျနော်တို့ကလည်း မဆွေးနွေးနိုင်ဘူး၊" အစီရင်ခံစာတွင် ဗဟိုအစိုးရ၏ ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေး လိုငွေမှာ ၂၂ဝ၁.၄၅ဝ ဘီလီယံကျပ် ဖြစ်ပြီး၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများ၏ ဘဏ္ဍာရေးလိုငွေမှာ ၁၇ဝ.၄၉၅ ဘီလီယံကျပ် ဖြစ်သည်။ သို့သော် မည်သည့် ကဏ္ဍအတွက် မည်မျှလိုသည်၊ မည်သည့် ကဏ္ဍအတွက် မည်လောက် အသုံးစရိတ် ရှိသည်တို့ကို ဖေါ်ပြမထားဟု အမတ်များက ပြောသည်။

"ကော်မတီက လူတွေကလည်း သူတို့ ကော်မတီနဲ့ ပတ်သက်တာတွေကို အပြင်ကို သိပ်မပြောကြဘူး၊ ကော်မတီနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို အပြင်ကို မပြောကြဘူး၊ အခုလည်း ကျနော်တို့ လွှတ်တော်ကို ပြောတာကလည်း အကျဉ်းချုပ်လောက်ပဲ ပြောတာပါ" ဟု အခြားအမတ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည့်သူ့ငွေစာရင်း ကော်မတီကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ လွှတ်တော်အမတ် ၁၅ ဦးစီဖြင့်
မတ်လ ၃ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကော်မတီဝင်များက သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနများ
သို့ သွားရောက် စာရင်းစစ်ရာတွင် ခရီးစရိတ်မှအစ အခက်အခဲရှိနေကြောင်းလည်း အမတ်များထံမှ သိရသည်။
http://www.mizzimaburmese.com/news/inside-burma/8349-2011-09-20-13-30-19.html

ရန်ကုန် တရုတ်သံရုံးရှေ့ တစ်ကိုယ်တော်ဆန္ဒပြသူ ဖမ်းဆီးထား



2011-09-20

မြစ်ဆုံ ရေကာတာ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီကနေ့ တစ်ကိုယ် တော် ဆန္ဒပြမှု တစ်ခု ဖြစ်ခဲ့တယ်လို့ RFA က စုံစမ်း သိရပါတယ်။

တစ်ကိုယ်တော် ဆန္ဒပြခဲ့သူရဲ့ အမည်က ကိုအောင်သိန်းခေါ် ကိုကျော်ဝင်း ဖြစ်ပြီး ဒီကနေ့ ကို မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ အာဏာပိုင်တွေက ဖမ်းဆီးသွားပြီး အခု ဒဂုံမြို့နယ် ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ တရုတ်သံရုံးရှေ့ကို ရောက်ရှိခဲ့တဲ့ ရန်ကုန်မြို့ခံ သတင်းထောက် တစ်ဦးက RFA ကို ပြောပြပါတယ်။

“သူက ဧရာဝတီ စီမံကိန်းကို ချက်ချင်းရပ်ဆိုတဲ့ စားသားကို ကိုင်ထားတယ်လို့ ပြောတယ်။ နောက်ဆုံးသိရတာကတော့ ဒဂုံရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သတင်းကြားတယ်”

အမေရိကန် နိုင်ငံသားဖြစ်ပြီး ရနောင်းကနေ ဝင်လာသူ တောင်ဥက္ကလာ ၇ ရပ်ကွက် ၁၁ လမ်းနေ အဘ ဦးနောင်တင်လှရဲ့သား လို့လည်း သိရပါတယ်။

အခုလို တစ်ကိုယ်တော် ဆန္ဒပြမှု ဖြစ်ခဲ့တဲ့အတွက် လူတစ်ဦး ဖမ်းဆီးခဲ့တဲ့အကြောင်း တရုတ်သံရုံးက ယဉ်ကျေးမှု ဌာနအနီးမှာ ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ကိုးကားပြီး ရန်ကုန် AFP သတင်းက ရေးပါတယ်။
http://www.rfa.org/burmese/news/arrest-activist-09202011112236.html


ရန်ကုန်မြို့တရုတ်သံရုံရှေ့ ဆန္ဒပြပွဲ အခြေအနေ
Posted by admin on September 20, 2011 0 Comment

ယမန်နေ့ (၁၉-၉-၂၀၁၁) မနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်း (ယခင် ဟယ်ပင်လမ်း) အတွင်း တရုတ် သံရုံးရှေ့မှာ “ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်း” ကို ကန့်ကွက် ဆန္ဒပြမယ်လို့ သတင်းရရှိလို့ သွားခဲ့ပါတယ်။

ပြည်ထောင်စုရိပ်သာလမ်းအတွင်းမှာ လုံထိန်းတွေ ကြိုတင်နေရာယူထားတာကို တွေ့ရှိပါတယ်။ လုံထိန်းအင်အား (၁၀၀) ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ပြည်လမ်းဘက်မှ ပြည်ထောင်စုရိပ်သာလမ်း အတွင်းချိုး အ၀င်စပ်မှာ လုံထိန်းကား (၂) စီး ချထားပါတယ်။ သံရုံးရှေ့မှာ လုံထိန်းကား (၁) စီး နေရာယူတာပြီး ဗဟိုလမ်းဆီ အထွက်နားမှာ လုံထိန်းကား (၁) စီး ချထားပါတယ်။

သံရုံးရှေ့နဲ့ မျက်နှာဆိုင်ရှိ ကလေးဆေးရုံဝန်းရှေ့မှာလဲ လုံထိန်းတွေ နေရာယူထားပါတယ်။ ဒီသတင်းကို တရုတ်သံရုံးက လဲ ရရှိထားတာမို့ ၀န်ထမ်းတွေကို အပြင်ထွက်ခွင့်မပေးပါဘူး။ သတင်းထောက်တချို့ ရောက်ရှိလာတဲ့အပြင် အခြားစိတ် ၀င်စားသူ အားပေးသူ အချို့လဲ ရောက်လာပါတယ်။

ဒါပေမယ့် မွန်းလည်တိုင်အောင် ဆန္ဒပြမှု မဖြစ်လာတဲ့အတွက် ပြန်သွားခဲ့ကြပါတယ်။ ဒီလမ်းဟာ သံရုံးဗီဇာဝင်သူနဲ့ က လေးဆေးရုံလာသူတွေသာ ရှိတာမို့ သာမန်အားဖြင့် လူရှင်းတဲ့ လမ်းပါ။ သို့သော် သံရုံးနဲ့ လုံထိန်းတော့ ထိတ်ထိတ် ပြာ ပြာ ဖြစ်သွားတာမို့ ဘာပဲဖြစ်ဖြစ် အောင်မြင်တယ် ပြောရပါမယ်။



http://www.naytthit.net/?p=19784

ဒေါ်အောင်ဆန်းစုကြည် journalists အားလက်ခံတွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ဟာ စက်တင်ဘာ ၂၀ ရက်နေ့က အဖွဲ့ချုပ် ဌာနချုပ်ရုံး သူမရဲ့ ရုံးခန်းမှာ ပြည်ပသတင်းဌာန များမှ သတင်းစာဆရာများ ၊ ပြည်တွင်းထုတ်ဂျာနယ်များမှ သတင်းစာဆရာများနဲ့ တဖွဲ့ချင်းစီ လက်ခံတွေ့ဆုံဆွေးနွေးပါတယ်။ နံနက်ပိုင်းမှာ ဗီးနပ် ဂျာနယ်၊ သစ္စာဂျာနယ်၊ ၂၄/၇ ဂျာနယ်၊ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာ အဖွဲ့တွေနဲ့တွေ့ဆုံပြီး ၊ မွန်းလွဲပိုင်းမှာ မိုင်နီချီ့ သတင်းစာ အာရှဗျူရို အကြီးအကဲ ဟီဒေးယူ့ကီနီရှီယို နဲ့အဖွဲ့ ၊ နယူးဇီလန် နိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ မစ္စတာ ခရစ်ကာလ်း၊ ကျိုတို သတင်းဌာနမှ ဘန်ကောက်ဗျုရို အကြီးအကဲ တိုရှီမိဆုဆာဝိုင်း တို့ကို တွေ့ဆုံခဲ့ပါတယ်။




>



source... NLD facebook