Sunday, September 25, 2011

Dear Mr. President of Myanmar




လူငယ်များရဲ့ ဧရာဝတီ ( ဆောင်းဦးလှိုင်၊ အနဂ္ဂနဲ့ ရသတို့ရဲ့ ဟောပြောချက်များ)




လူငယ်များရဲ့ ဧရာဝတီ ဟောပြောပွဲမှာ ဟောပြောသွားတဲ့ အမိဧရာဝတီကို ချစ်တဲ့ အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂနဲ့ ရသတို့ရဲ့ ဧရာဝတီအတွက် ရဲရဲတောက် ဟောပြောချက်များ (အသံဖိုင်)


ပြီးခဲ့တဲ့ ၂၃ရက်နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများတို့ ပူးပေါင်းစီစဉ်သော လူငယ်များရဲ့ ဧရာဝတီ.... ဟောပြောပွဲမှာ ဧရာဝတီကိုချစ်တဲ့ ပြည်တွင်းမှ ပြည်သူ့အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂနဲ့ ရသတို့ရဲ့ ဧရာဝတီအတွက် ရဲရဲတောက် ဟောပြောချက်(အသံဖိုင်) တွေပါ။ အောက်မှာ ဆက်လက် နားဆင်ကြည့်ကြပါ..



SaungOoHlaing Speech Irrawaddy by Demo Waiyen အဆိုတော် ဆောင်းဦးလှိုင်ရဲ့ အသံဖိုင်ပါ..
ဒေါင်းလုပ်လုပ်ချင်ရင်.. http://www.mediafire.com/?gj6gucq1ogcpmbg



AnatGa Speech for Irrawaddy by Demo Waiyen အဆိုတော် အနဂ္ဂရဲ့ အသံဖိုင်ပါ...
ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?b0l0ch1w4ktfnxy




YaTha by Demo Waiyenအဆိုတော် ရသရဲ့ အသံဖိုင်ပါ
ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?3icmububejk909s

အသံဖိုင်များကိုတော့ ညီငယ် ခမိခဆဲမှ ပေးပို့ပေးပါတယ်...
အသံဖိုင်များ ဆက်လက် ဖော်ပြပေးပါမယ်...

http://www.demowaiyan.co.cc/2011/09/blog-post_4279.html#more မှတဆင့်ဖေါ်ပြပါတယ်။








စောဒကတက်ခွင့် မပေးသည့် လွှတ်တော် ကျင်းပနေသည်


ကျင်းပနေဆဲ လွှတ်တော်မှာ လူထုတွေက ဘယ်လို ခံစားမှူတွေ ရှိနေကြသည်ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေက မရဲမ၀ံ့နှင့် တင်ပြနေကြသည်။ မေးခိုင်း၍လည်း တင်ပြနေရတာမျိုး ရှိနေသလို သူတို့  တတ်သမျှ မေးစမ်းနေတာတွေကို တွေ့ ရသည်။ သို့ သော် ဖြေကြားသူ စစ်ယူနီဖေါင်းချွတ် ၀န်ကြီးတွေက ဖြေကြားနေတာကတော့ ရွံစရာကြီးဖြစ်နေသည်။

ရခိုင်ပြည်နယ်( မဲဆန္ဒနယ် -အမှတ်( ၁၀ ) မှ ဦးအုန်းတင်က မေးခွန်းမှာ ရှင်းနေသည်။ ပြည်ထောင်စုအစိုးရသည် တိုင်းရင်းသားခေါင်းဆောင်များ ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အင်အားစုများတို့ နှင့် တချိန်တည်းတွင် တွေ့ ဆုံဆွေးနွေးရန် အစီအစဉ် ရှိ-မရှိ မေးမြန်းသွားသည်။

ဦးအုန်းတင်၏ မေးခွန်းမှာ ယနေ့ ခေတ်စားနေသော သုံးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေးကို မေးခြင်းဖြစ်နိုင်သည်။ အမှန်က သူနားမလည်သောအချက်တခုက တိုင်းရင်းသားခေါင်းဆောင်များဆိုသည်မှာ ပြည်တွင်းက နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ သို့ မဟုတ် နိုင်ငံရေးပါတီများမှ မဟုတ်ဘဲ လူရိုသေ ရှင်ရို သေ ပုဂ္ဂိုလ်များ သို့ မဟုတ် ပြည်ပတွင်ရှိနေသော လက်နက်ကိုင်အဖွဲ့ အစည်းတွေထဲက ပုဂ္ဂိုလ်များ သို့ မဟုတ် လက်နက်မကိုင်သော ပုဂ္ဂိုလ်များလား ဆိုသည်ကို ခွဲ ခြား မပြောဆို၍ မည်သူ့ ကို ရည်ညွှန်းပြောဆိုသနည်းကိုမူ မသိ၊ စင်စစ်အားဖြင့် တိုင်းရင်းသားခေါင်းဆောင်ဆိုသည်မှာ ပြည်တွင်းက သူများကို ဦးတည်ပါသည်ဟု ပြောလျှင် ဦးအုန်းတင်ကိုယ်တိုင်ပင် တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်နေ၍သာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယခုကျင်းပနေဆဲ လွှတ်တော်ညီလာခံတွင် တက်ရောက်နေခြင်းဘဲဟု ပြောရလိမ့်မည်။ ထို့ ကြောင့် စောစောက ပြောခဲ့ သလို အလံရှူးလုပ်ပြီး ကိုယ့်ဖဲကိုယ်ချိုး လုပ်နေသော လွှတ်တော်အကြောင်းကို သိသာနိုင်သည် ။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များကလည်း မေးရမည့် အကြောင်းအရာများမှာ မိမိတို့  သဘောဆန္ဒအရ မေးလိုသောအချက်အလက်များဖြစ်က သေသေချာချာ နားလည်တတ်ကျွမ်းရန်လိုသည်။ ယင်းမှာပြည်သူလူထုကို အကျိုး ရှိစေရေးအတွက် ဆောင်ရွက်မူတခုဖြစ်သည်။ သို့ မဟုတ်ဘဲ ကျင်းပနေသော လွှတ်တော်တာဝန်ခံများက ရေးခိုင်းပြီး မေးပြခိုင်းခြင်းလား စဉ်းစားစရာဖြစ်နေသည်။

မည်သို့ ပင်ဆိုစေ ယခုမေးခွန်းမှာ သုံးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲကို ပြုလုပ်ချင်သောဆန္ဒရှိ မရှိကို ထင်ဟပ်သော မေးခွန်းဖြစ်ရာ သူတို့ ၏ မီဒီယာစင်မြင့်ဖြစ်နေသော လွှတ်တော်ညီလာခံမှာ တခါတည်း ဖြေဆိုလိုက်ခြင်းဖြစ်သည်ဟု နားလည်ယူဆစရာဖြစ်သည်။ ဖြေသည့်သူက ငပွကြီး ဦးကျော်ဆန်းဖြစ်ရာ နာမည်နှင့်လိုက်အောင် ဖြေဆိုသွားသည်မှာ နားမုဒိမ်းကျင့်ခံရခြင်း၊ မျက်စိမုဒိမ်းကျင့်ခံရခြင်းဟု ပြောနိုင်လောက်ပါပေသည်။

ငပွကြီး ဦးကျော်ဆန်း အဖြေက နိုင်ငံတော် တည်ငြိမ်ရေး ၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး စသည်တို့ က ဤမေးခွန်းမှာ အကျုံး ၀င်နေသည်ဟု ဆိုသည်။ သို့ ကြောင့် နိုင်ငံတော်တည်ငြိမ်ရေးအတွက် MICC မှာ သမတဦးသိန်းစိန်က ပြည်တော်ပြန်လာဖို့  ခေါ်ခဲ့ပြီဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတူတာတွေကို ဘေးဖယ်ပြီး ဒေါ်အောင်ဆန်းစုကြည့်နှင့်ပင် အလုပ်ကို အတူတွဲလုပ်နေပြီဖြစ်ကြောင်း၊ ဥပမာ သမတဦးသိန်းစိန်နှင့် တွေ့ ဆုံပြီး ရှိနေခဲ့ ပြီဖြစ်ကြောင်း၊ တရားဥပဒေနှင့် အညီ လွတ်လပ်ခွင့် ရှိစေသော ဒီမိုကရေစီရပိုင်ခွင့်များအတွက် ကျင်းပနေဆဲ လွှတ်တော်မှာပင် ကမ္ဘာ့ဒီမိုကရေစီနေ့ ကို ကျင်းပနိုင်ခဲ့ ပြီဖြစ်ကြောင်း ရှည်လျှားထွေပြား ဖြေဆိုခဲ့ သည်။ အခုရေတွင်းတူး အခုရေကြည်သောက်လို့  မရနိုင်သလို ရောမမြို့ ကို တရက်တည်းနှင့် တည်ဆောက်၍ မရနိုင်ဟုလည်း ပြောလိုက်သေးသည်။ ထို့ ကြောင့် အခုအချိန်မှာ တွေ့ ဆုံဆွေးနွေးရေးဆိုတာကို မဖြစ်နိုင်ကြောင်းနှင့် အချိန်ကာလ တခုအထိ အတိုင်းအတာ လိုအပ်နေသည်ဟု တင်ပြသွားသည်ကို တွေ့ ရသည်။

မေးခွန်းထုတ်သောလွှတ်တော်ကိုယ်စားလှယ်တွေမှာ ဖြေကြားသောဝန်ကြီးများ၏ အဖြေကို စောဒကတက်၍ မရ ။ ထို့ ကြောင့် သူတို့  ရင်ထဲ မည်သို့ နေမည်မသိ ။ ကျွန်တော်တို့ မှာ ပြောချင်သည်၊ ဆိုချင်သည် ၊ တုန့် ပြန်ချင်သည်၊ မြန်မာနိုင်ငံအရေးမှာ ခုမှ ရေတွင်းတူးနေသော ကိစ္စဟုဆိုသော ငပွကြီး ဦးကျော်ဆန်းမှာ ရှူးချင်ယောင် ဆောင်နေခြင်းဖြစ်သည်။ ဤပြသနာက နှစ်( ၆၀ ) နီးကပါး ပြည်တွင်းစစ်ဖြစ်နေသာ အကျိုးဆက် နိုင်ငံရေးပြသနာဖြစ်သည်။ သုံးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲ ဆိုသည်မှာ ယင်းကိုဦးတည်နေခြင်းဖြစ်သည်။ မေးသူက မရှင်းမလင်းဘဲ မေးသောအရာဖြစ်နေသော်လည်း သူပြောသော တိုင်းရင်းသားခေါင်းဆောင်များဆိုသည်မှာ နယ်စပ်လက်နက်ကိုင်တိုင်းရင်းသား ခေါင်ေးဆာင်များကို ရည်ညွှန်းခြင်းဖြစ်သည်။ ငပွကြီး ဦးကျော်ဆန်းက သုံးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပွဲကို မပြုလုပ်နိုင်ဟု ပြောဆိုလိုက်ခြင်းသည်ဖြစ် ။သူတို့ ပြောနေသော နိုင်ငံတော်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘာတခုမျှ မဆီလျှော်ပေ။ ကျွန်တော် တခါမက ဆောင်းပါးရေးဖူးသည်။ သုံးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပွဲကို လုပ်စရာအယင်မလိုဘဲ နှစ်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပွဲကို ပထမဦးစွာ ပြုလုပ်သင့်သည်ဟု ရေားဖူးပါသည်။ တချို့ ကစစ်အစိုးရ ( ယခု ) သမတဦးသိန်းစိန်၏ ရုပ်သေးအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့  နှစ်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပွဲ လုပ်ရမည်။ ပြီးမှ နယ်စပ်ဒေသမှ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များအပါအ၀င် လူရိုသေရှင်ရိုသေ ခေါင်းဆောင်များပါဝင်သည့် သုံးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲကို ပြုလုပ်သင့်သည်ဟု အကြံပေးရေးသား တင်ပြခဲ့ ဖူးသည်။

သို့ သော် ယခုတွေ့ ဆုံနေသော နှစ်ပွင့်ဆိုမျိုးမဟုတ် ။ မတူတာတွေကို ဘေးဖယ်ပြီး တူတာတွေကို အလုပ်အတူ တွဲ လုပ်မည့် နှစ်ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေးကို ပြောခြင်းမဟုတ်။ မတူတာတွေကို တူအောင်ညှိပြီး အလုပ်တူအကျိုးတူ လုပ်ရမည့် ဆွေးနွေးပွဲမှသည် သုံးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပွဲကို ပြုလုပ်ရန် အကြံပြုရေးသားခဲ့ ခြင်းဖြစ်သည်။ သမတဦးသိန်းစိန်က နှစ်ပွင့်ဆိုင် တွေ့ ဆုံရေးကို ပြုလုပ်သည်မှာမှန်သည်။ သို့ သော် အနာဂတ် မြန်မာနိုင်ငံရေး ကံကြမ္မာကို သက်ရောက်သောတွေ့ ဆုံဆွေးနွေးပွဲမျိုးတော့ဖြင့် မဟုတ်၊ သည်တော့ ယင်းတွေ့  ဆုံပွဲမျိုးကို ခရီးသွားဟန်လွှဲ တွေ ဆုံပွဲ သဘောထက် ဘာများစကားလုပ်ပြီး ပြောစရာ လိုနေပါသနည်။ ပြီးတော့ ပြည်တော်ပြန်လာဖို့ အရေးကိုလည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီးပြောသွားအခါမှာ မည်သို့ မျှ ယုတ္တိယုတ္တာ မကျသည်ကို တွေ့ ရသည်။ ဖမ်းထားသော သူများကို မလွှတ်ဘဲ ပြည်တော်ပြန်လာသည့်သူများကို အရင် အဖမ်းခံလိုက်ပါဆိုသော သမတဦးသိန်းစိန်၏ ရွှေဥာဏ်တော် စူးရောက်မှူသည်လည်း သြချလောက်ပါပေသည်ဟု ပြောစရာမှအပ ဘာမျှမရှိတော့ ။

ယင်းစကားကို ငပွကြီး ဦးကျော်ဆန်းက တခါကျင်းပနေသော လွှတ်တော်မှာ ပြောလိုက်သေးသည်။ နောက်ဆုံးတော့ ကမ္ဘာ့ဒီမိုကရေစီနေ့ ကို လွှတ်တော်အတွင်းမှာပင် ကျင်းပနေပါသည်ဟု ဖန်တီးပြော ယူသေးသည်။ ကမ္ဘာ့ဒီမိုကရေစီနေ့ အခန်းအနားကို လှိုင်သာယာမြို့ နယ်မီးခွက်ဈေးအနီးက မုဆိုးမ ဒေါ်ပု အိမ်နှင့် သာကေတ-က ဆိုက္ကားသမား ဦးမြမောင်-နေအိမ်မှာလည်း ကျင်းပ နေသည်ကို ထည့်ပြောသင့်သည်။ အကြောင်းမှာ မည်သူမဆို အခန်းအနားကို ကျင်းပ၍ရသည်။ ကျင်းပသောသူများနှင့် ကျင်းပသောနေရာတို့ မှာ သဟဇာတ ကျနေသလားဆိုသည်ကိုသာ လက်ခံသဘောပေါက်နားလည်ကြသည်။ လွှတ်တော်မှာကျင်းပသော ယင်းနေ့ကို မည်သူကမျှ လက်မခံကြကြောင်း ငပွကြီးဦးကျော်ဆန်း နားမလည်သေးဟုထင်သည်။

ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေကို လက်နက်ချရန်လာခဲ့ ပါဆိုသော သဘောမျိုးကို ပြောသည်မှာ ငြိမ်းချမ်းရေးကို ပြုလုပ်ခြင်းမဟုတ်။ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနည်းမျိုးမဟုတ် ။ အမှန်က တွေ့ ဆုံဆွေးနွေးပွဲ ဆိုသည်မှာ ခရီးသွားဟန်လွှဲ တွေ့ ဆုံခြင်းကို ပြောခြင်းမဟုတ်။ ယင်းတွေ့ ဆုံမှူများမှလည်း မည်သို့ နည်းနှင့်မျှ ပြောင်းလဲလာနိုင်သည့် အခြေအနေကို ကောက်ချက်ချ၍ သုံးသပ်မရ ။ တွေ့ ဆုံဆွေးနွေးပွဲ ဆိုသည်မှာ အမြင်မတူသော အကြောင်းအရာများကို အမြင်တူအောင် ခွဲခြမ်းစိပ်ဖြာပြီးတခုတည်းဖြစ်အောင် ပေါင်းစပ်လုပ်ဆောင်ခြင်းဖြစ်မှသာ တွေ့ ဆုံဆွေးနွေးပွဲ၏ ရလဒ်ကို မြင်သာသိသာနိုင်သည်။

ထို့ ကြောင့် အခုလောလောဆယ်မှာ ပြောင်းလဲလာနေပြီဆိုသော စကားကို သံယသဖြစ်မိသည်။ ပြောင်းလဲလာနေသည်ဆိုခြင်းမှာ ဒီမိုကရေစီအတိုက်အခံ အင်အားစုများနှင့် နိုင်ငံအကျဉ်းသားများ၏ တောင်းဆိုချက်များအပေါ် မည်ရွေ့ မည်မျှ ပြုလုပ်ဆောင်ရွက်ပေးသနည်းဆိုသော ပေတံနှင့် တိုင်းတာရန်လိုသည်။ ခုတော့ဖြင့် သည်လိုမှ မဟုတ်လေခြင်း ။ သည်တော့တောင်းဆိုသူ၏ ဆန္ဒအတိုင်း ဘာမျှ မဖြစ်လာသောအခြေအနေမှာ သူတို့  ရုပ်သေးအစိုးရက လုပ်ချင်တိုင်း လုပ်နေသည်ကို ပြောင်းလဲလာနေပြီလို့ ကတာ့ ဘယ်လိုနည်းနှင့်မျှ ပြော၍ ရမည်မထင် ။ အကြောင်းမှာ ရုပ်သေးအစိုးရဖြစ်သော သမတဦးသိန်းစိန်အစိုးရမှာ တော်ကြာတမျိုး တမျိုး ပြောတတ်သော အုပ်စုများဖြစ်သည်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ တွင်တွင်ငြင်းနေသော အစိုးရ၏ သမ္မတ အကြံပေး ဦးကိုကိုလှိုင်က နိုင်ငံရေးအကျဉ်းသား ရှိနေသည် ။ သို့ သော် AAPP မှ တင်ပြသော စာရင်းနှင့် ကွာခြားနေသည်ဟု မနေ့ က မြန်မာနိုင်ငံကို မထွက်ခွါမှီ ဆိုသည်။ ဆိုတော့ ကိုက်ညီနေသော စာရင်းအတိုင်းကို လွှတ်ပေးမည်ဆိုလျှင်နိုင်ငံရေးအကျဉ်းသား ရှိနေသည်ဟု ပြောရတော့မည်။

ထို့ ကြောင့် ကျွန်တော် ပြောချင်သည်မှာ တခုရှိသည် ။ ပြည်သူ့ လွှတ်တော်ညီလာခံတွင် ကျင်းပနေဆဲ လွှတ်တော်၌ မေးခွန်းများကို မေးသော လွှတ်တော်ကိုယ်စားလှယ်များကဖြေကြားသော ၀န်ကြီး ငပွကြီး ဦးကျော်ဆန်း အဖြေကို မကြိုက် လျှင် နောက်ထပ် မေးစရာ မေးခွန်း တခုသာရှိတော့သည်။ ယင်းမှာ စောဒက တက်ခွင့် မေးခွင့်ပြုပါမည်လား ဆိုသော မေးခွန်း မေးရန်လိုနေသည်။ အကြောင်းမှာ ပြည်သူလူထုနှင့် ကမ္ဘာတခုလုံးမှ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာသည် အခုမှ ရေတွင်းတူးနေသောကိစ္စ မဟုတ်ကြောင်း ပြောဆိုနေကြသည်။ ယင်းပြသနာကြောင့် တွေ့ ဆုံဆွေးနွေးပါဟု တိုက်တွန်းနေကြသည်။ ခုတော့ တွေ့ ဆုံဆွေးနွေးရေး လုပ်ရန် အချိန် မလိုဟု ပြောတော့ ဤနိုင်ငံ ပြောင်းလဲ ရန် စိတ်ဆန္ဒမရှိသည်မှာ သိသာနိုင်ပြီ ။။

ခိုင်အောင်ကျော် ( နယူးယောက် )

မြစ်ဆုံလာခံမှဦးဝင်းမျိုးသူ (မန်နေဂျင်းဒါရိုက်တာ၊ Eco Dev)


ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့သော သဘာဝ
ပတ်ဝန်းကျင်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဟောပြောပွဲကျင်းပ
Saturday, 24 September 2011 04:32



ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့ကြသော သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟောပြောပွဲကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ Parkroyal Hotel တွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲကို ထွန်းလွင်ဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev ၊ မုံရွေးစာအုပ်တိုက်တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကာ ဟောပြောပွဲကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပညာရှင် ဦးအုန်း၏ အဖွင့်အမှာစကား ပြောကြားမှုဖြင့် မွန်းလွဲ ၁ နာရီခန့်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် Eco Dev မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ဧရာဝတီအတွက် မေးခွန်း ၂၀ ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့သည်။ ယင်းမေးခွန်းများတွင် စီးပွားရေးအကျိုးအမြတ် တကယ်ရှိမှာလား၊ ငါ့မယုံငါ့ဘကြီးမေးမှာလား ယုံလို့ပုံပြီး ၀ကွက်အပ်မှာလား၊ တကယ်ပဲ ၇ ရာခိုင်နှုန်းလား၊ ရေဝေရေလဲ ထိန်းသိမ်းရေး ဘယ်သူ၊ ဘယ်လိုလုပ်မှာလဲ၊ ရာသီဥတုပြောင်းလဲခြင်းရော ထည့်တွက်ရဲ့လား၊ သဘာဝဘေး အာမခံနိုင်မလား၊ သန့်စင်သော စွမ်းအင်လို့ ထင်နေသလား၊ လျှပ်စစ်လိုချင်တာလား ဆောက်ချင်တာလား၊ အမျိုးသားစွမ်းအင်လုံခြုံရေး တကယ်စဉ်းစားထားသလား၊ ရေချိုငါးလုပ်ငန်းနဲ့ လဲမှာလား၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေး ဘယ်လိုစဉ်းစားထားသလဲ၊ ကူးစက်ရောဂါနှိမ်နင်းရေး ထည့်စဉ်းစားထားသလား၊ ဇီဝ မျိုးကွဲထိန်းသိမ်းရေး တကယ်အလေးထားမှာလား၊ မြစ်ရေတင် စီမံကိန်းတွေ ဘယ်လိုလုပ်မလဲ၊ ရေငံတားတွေဆောက်ဖို့ ဒီရေတောတွေ စိုက်ဖို့ ငွေပေးမှာလား၊ မြစ်ကြောင်း ပြုပြင်ရေး ပိုလုပ်မှာလား၊ ရေကောင်း ရေသန့် သောက်သုံးရေ ပေးဝေနိုင်မှု ဘယ်လောက် ဆုံးရှုံးသွားမလဲ၊ လူ့အခွင့်အရေး အပြည့်အ၀ လေးစားလိုက်နာမလား၊ သာတူညီမျှမှုနဲ့ တရားမျတမှု ဘယ်လိုအာမခံမလဲ၊ သယံဇာတ ကျိန်စာ တကယ် သင့်ကြတော့မှာလား စသည်တို့ ပါဝင်ခဲ့ပါသည်။

ထွန်းလွင်ဖောင်ဒေးရှင်းမှ ဒေါက်တာထွန်းလွင်က ဧရာဝတီ မြစ်ဆုံတည်ဆောက်ရန် အကြိုလေ့လာသည့် EIA တွင် ရာသီဥတု ပြောင်းလဲမှုကို ထည့်သွင်းမတွက် ချက်ထားခြင်း၊ ဧရာဝတီမြစ်၏ တစ်နိုင်ငံလုံး လွှမ်းခြုံထားမှု ဧရိယာ ကြီးမားပုံ၊ မြစ်ဆုံမှ မြစ်အောက်ပိုင်း အထိ အသက်မွေးဝမ်းကျောင်းဘ၀များအတွက် မှီခိုထားမှုများ၊ တရုတ် နိုင်ငံတွင် ဆည်ဆောက်ခြင်း၏ ဆိုးကျိုးကို ကြုံနေရပုံ၊ လာမည့် ဆယ်စု နှစ်များအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းအပါအ၀င် ဒေသများတွင် ရာသီဥတု ပြောင်းလဲမှု ကြုံနိုင်ခြေများ၊ ဆည်ဆောက်လိုက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ရေအခက်အခဲ ကြုံရနိုင်ပုံ အစရှိသည်တို့ကို တင်ပြခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ရောက်ရှိလာသော ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဒူဝါဇောင်ဂမ်က သဘာဝပတ်ဝန်းကျင်ယိုယွင်းခြင်း၊ မြစ်ဆုံတွင် ဆည်ဆောက်မည် ဆိုခြင်းကြောင့် အိပ်မပျော်နိုင်ဘဲ စိတ်ပူပင်နေရမှုများ၊ ရေကာတာ တည်ဆောက်လိုက်ပြီးနောက် ငလျင်ဖြစ်ပေါ်လျှင် မြစ်ကြီးနားမြို့ စက္ကန့်ပိုင်းအတွင်း ရေမြုပ်နိုင်ခြေ၊ မန္တလေးရေကြီးမှု၊ ပဲခူးရေကြီးမှုအကြောင်းများ၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ဖူးသော တောင်ပြိုမှုများ၊ ရေကြီးမှုများ၊ ဆည်တည်ဆောက်ခြင်းအပေါ် ပြန်လည်စဉ်းစားပေးရန် စသည်တို့ကို တင်ပြဆွေးနွေးခဲ့သည်။

နိဂုံးချုပ်အမှာစကားကို Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ရာတွင် ဧရာဝတီမြစ်အပေါ် တစ်နိုင်ငံလုံးက ချစ်မြတ်နိုးတန်ဖိုးထားပုံ၊ သတင်းမီဒီယာရှုထောင့်ဖြစ်သော ပြည်သူလူထုအသံကို နားထောင်စုဆောင်းကာ တင်ပြရခြင်း၊ မြစ်ဆုံစီမံကိန်းအပေါ် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ သုံးသပ်တင်ပြခြင်း၊ ကချင်တိုင်းရင်းသားတို့ မြစ်ဆုံအပေါ် အထွတ်အမြတ်ထားပုံ၊ ငလျင်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဆက်စပ်နေမှုအား အချက်အလက်များဖြင့် တင်ပြခြင်း၊ CPI ၊ Asia World တို့သို့မေတ္တာရပ်ခံမှုများ၊ တိုင်းရင်းသားများအားလုံး ညီညွတ်ရေးအတွက် မြစ်ဆုံက အရေးပါနေပုံ အစရှိသည့် အကြောင်းအရာတို့ ပါဝင်ခဲ့သည်။

ဟောပြောပွဲသို့ ဆရာတော် သံဃာတော်များ၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ စာပေအနုပညာနယ်ပယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်ဆိုင်ရာ နယ်ပယ်၊ လူမှုရေး အဖွဲ့အစည်းများ နယ်ပယ် စသည့် နယ်ပယ် အသီးသီးမှ စိတ် ပါဝင်စားစွာ တက်ရောက်ခဲ့ကြပြီး ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့ သည်။
........................................................

ဦးဝင်းမျိုးသူ (မန်နေဂျင်းဒါရိုက်တာ၊ Eco Dev)

ဒီမြစ်ဆုံစီမံကိန်းက မေခနဲ့ မလိခမြစ်နှစ်သွယ်မှာ ဆည်တွေ တန်းစီဆောက်မှာဖြစ်ပါတယ်။ ဆည်ပေါင်း ၇ ဆည် လောက်ရှိမှာဖြစ် ပါတယ်။ မြစ်ဆုံရဲ့ အောက်နားမှာ ဆည်အကြီးကြီး တစ်ခုပါမယ်။ မြစ်ဆုံရဲ့ရေ၀ပ်မယ့်ဧရိယာက ၇၀၀ စတုရန်းကီလိုမီတာ ရှိတာတွေ့ရတယ်။ နယူးယောက်မြို့ အကျယ်အ၀န်းထက်ပိုပြီးတော့ ကျယ်တာတွေ့ရတယ်။ အခုဟောပြောပွဲမှာတော့ ကျွန်တော်အရင်ရေးသားထားခဲ့တဲ့ ဧရာဝတီအတွက် မေးခွန်း ၂၀ ဆိုတဲ့ စာတမ်း ထဲက လိုသလို ကောက်နုတ်တင်ပြသွားမှာ ဖြစ်ပါ တယ်။ ပထမမေးခွန်းတစ်ခုက မြစ်ဆုံစီမံကိန်းက စီးပွားရေးအရကော၊ အမှန်တကယ်ရော အကျိုး ရှိမှာလားဆိုတဲ့ မေးခွန်းပါ။

ကမ္ဘာပေါ်မှာ ဆောက်ခဲ့တဲ့ ဆည်ကြီးတွေက မျှော်မှန်းထားသလောက် စီးပွားရေး တွက်ခြေမကိုက်တာကို တွေ့ရပါတယ်။ အများစုက Economic Rate of Return ပြန်မရတာ များပါတယ်။ ယေဘူယျအားဖြင့် ၀င်ငွေ ထွက်ငွေ အတက်အကျ ၁၀ရာခိုင်နှုန်းပတ်ဝန်းကျင်လောက်မှာ အလုပ်ဖြစ်မဖြစ် မှန်းဆကြရတာပါပဲ။ ၂၇ ရာခိုင်နှုန်းလောက်ထိ ပိုပြီး ကုန်ကျတာတောင်မှ စီးပွားရေးအကျိုးအမြတ် ၉.၅ ရာခိုင်နှုန်းရနိုင် သေးတယ်ဆိုရင် တစ်ခုခုတော့ မှားနေမှာ သေချာပါတယ်။

နောက်မေးခွန်းတစ်ခုက မှန်းထားတဲ့အတိုင်းပြီးအောင် ဆောင်နိုင်မလားဆိုတာပါ။ ကမ္ဘာ့ဘဏ်က လေ့လာတဲ့ ဆည်ကြီး ၄၉ ခုဟာ မူလမှန်းထားတဲ့ အချိန်ထက် ပျမ်းမျှအားဖြင့် ၁၄လလောက် နောက်ကျပြီးမှ ဆောက်လို့ပြီးပါတယ်။ ကချင်ပြည်နယ် လက်နက်ကိုင် လှုပ်ရှားမှုတွေ မပြီးဆုံးနိုင်သရွေ့ ဆည်ကြီး အချိန်မီပြီးစီးနိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါပဲ။ နိုင်ငံတကာ ဆုံးရှုံးမှု အာမခံကုန်ကျစရိတ်ရော ထည့်တွက်ထားရဲ့လား ဆိုတဲ့မေးခွန်းမှာ ဆည်ရဲ့အခြေခံအဆောက်အအုံသာမက၊ ဆည်ကြောင့် ဆုံးရှုံးနစ်နာနိုင်တဲ့ လူမှုရေး၊ စီးပွားရေး၊ လျော်ကြေးငွေ အာမခံစရိတ်တွေရော ဒီမြစ်ဆုံစီမံကိန်းမှာ ထည့်တွက်ရဲ့လား။ ဒါဆိုရင် စီးပွားရေးတွက်ခြေကိုက်မှု ဘယ်လိုပြောင်းသွားမလဲဆိုတာ စဉ်းစားစရာပါပဲ။ ဆည်ကိုရော စနစ်တကျ ထိန်းသိမ်းမှာသေချာရဲ့လား ဆိုတာလည်း စဉ်းစားစရာအချက် ပါပဲ။ မြန်မာနိုင်ငံမှာ ရေဝေ၊ ရေလွှဲ ထိန်းသိမ်းရေးဟာ သစ်တောဦးစီးဌာနရဲ့တာဝန်ပါ။ ဆည်တည် ဆောက်ဖို့ ငွေသုံးသလောက်၊ ဆည်ထိန်းဖို့ကျရင် အသုံးစရိတ်ခွဲဝေချပေးဖို့ လက်တွန့်ကြပါတယ်။ မေးခွန်းနံပါတ်(၂)က မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး နည်းပညာပိုင်းယုံ ကြည်စိတ်ချရမှုအပိုင်းပါပဲ။ မကြာသေးခင်က တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အမြန်ရထားတိုက်ခိုက်မှုက တရုတ်နည်းပညာနဲ့ စီမံခန့်ခွဲမှုရဲ့ ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ် စရာပါပဲ။ ရဲရွာရေအားလျှပ်စစ် ဖွင့်ဖို့လုပ်တော့ တရုတ်ကပို့လိုက်တဲ့ ရေအားတာပိုင်စက်အသစ်ကြီးက သံချေးတွေကိုက်နေလို့ ဓာတ်အားအပြည့်မပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်တွေရှိတယ်ဆိုတာ သတိပြုစေချင်ပါတယ်။

နောက်မေးခွန်းတစ်ခုက ဧရာဝတီမြစ်ရေရဲ့ ၇ ရာခိုင်နှုန်းကိုပဲ ယူမယ်ဆိုတာ သေချာလားဆိုတဲ့ မေးခွန်းပါ။ သတင်းစာထဲမှာ ဧရာဝတီ မြစ်ရေရဲ့ ၇ ရာခိုင်နှုန်းပဲ မြစ်ဆုံက ယူမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ မေးစရာမေးခွန်းတွေ အများကြီးပေါ် လာပါတယ်။ ဒီ ၇ ရာခိုင်နှုန်းက မြစ်ဆုံဆည်တစ်ခုတည်းက ယူတဲ့ ပမာဏလား။ မြစ်ကြောင်း တစ်လျှောက်လုံးမှာ ဆောက်မယ့်ဆည်တွေ အားလုံးက ယူထားတဲ့ ပမာဏလား။ သတင်းစာထဲမှာ နောက်တစ်ချက်တွေ့ပါတယ်။ နွေရာသီမှာ ရေပိုလွှတ်ပေးနိုင်မယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ယေဘူယျအားဖြင့်တော့ ဒီအချက်က အားရစရာပါပဲ။ ရေရှားချိန် ရေပိုသုံးနိုင်မယ်ပေါ့။ ဒါပေမယ့် ရေများချိန်ရေများပြီး၊ ရေနည်းချိန်ရေနည်းတာဟာ သဘာဝပါ။ ရေနည်းချိန်မှာ ရေများလာတာ ဘသာဝကိုလွန်ဆန်တဲ့ အကျိုးဆက်တွေရှိ နိုင်ပါတယ်။ နောက်မေးခွန်းတစ်ခုက ရေဝေရေလွှဲ ထိန်းသိမ်းရေးတွေကို ဘယ်သူက၊ ဘယ်လိုလုပ်မှာလဲ ဆိုတာပါ။ ရရှိတဲ့ ဂြိုလ်တုဓာတ်ပုံအချက်အလက်တွေအရ ၁၉၉၁ကနေ ၂၀၀၅ ခုနှစ်အတွင်း ဆည်တည်ဆောက်မယ့်ဒေသရဲ့ ရေဝေရေလွှဲ ဒေသအချို့နေရာတွေမှာ ထူထပ်တဲ့ သစ်တောဧက ၇၀၀၀၀၀ကျော်ပျက် စီးပြုန်းတီးမှုဖြစ်ခဲ့ပါတယ်။ စိုးရိမ်ရတဲ့ တွေ့ရှိချက်တစ်ချက်က ဒီဒေသက ရေခဲတောင် ဧက ၃၀၀၀လောက် ဆုံးရှုံးသွားတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ရေခဲတောင်တွေဟာ ဧရာဝတီ မြစ်ရေပုံမှန်စီးဆင်းရေးအတွက် အသက်သွေးကြောဖြစ်တဲ့အတွက် မြစ်ဆုံဆည် ပုံမှန်ရေရရှိရေးနဲ့ နှုန်းပို့ချမှု လျော့ချရေးကို စနစ်တကျစီမံဆောင် ရွက်နိုင်ဖို့ လိုပါတယ်။

နောက်မေးခွန်း တစ်ခုက ရာသီဥတုပြောင်းလဲခြင်းကို ရောထည့်တွက်ပါသလားဆိုတဲ့အချက် ဖြစ်ပါတယ်။ ကမ္ဘာမှာ ရာသီဥတု ပြောင်းလဲတာတွေရှိနေတဲ့အတွက် ဆည်တွေရဲ့ တောင့်တင်းခိုင်မာစိတ်ချရမှုက အလွန်အမင်းအန္တရာယ်များ လာပါတယ်၊ သမရိုးကျတည်ဆောက်ရေး နည်းပညာတွေနဲ့ မလုံလောက်တော့ဘဲ ပြန်စဉ်းစားရမယ့် အခြေအနေရောက်နေပါပြီ။ နောက်တစ်ခုက ဒီဆည်တွေက သဘာဝဘေးခံနိုင်ပါ့ မလားဆိုတာပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်ဒေသဟာ ငလျင်ကြောကြီး တွေရှိတဲ့ဒေသပါ။ လက်ရှိတာဝန်ရှိ သူတွေပြောနေတာက ဆည်ကို ဘယ်လောက်ခိုင်အောင် ဆောက်ထားတာလို့ ပြောနေတာတွေပဲရှိပြီး ဆည်ကြောင့် ငလျင်ဖြစ်နိုင်တဲ့ အန္တရာယ် ကို ပြောမထားပါဘူး။ ဆည်တွေနဲ့ ပါတ်သက်ပြီး ရေလျှံ ရေလွမ်းမိုးတဲ့ အန္တရာယ်ကို လျော့မတွက်သင့်ပါဘူး။

တရုတ် Three Gorges ဆည်ကြီး မိုးများလို့ အမြင့်ဆုံးရေမှတ်ရောက်ပြီး ဆည်ရေလွှတ်လိုက်ရလို့ ဆည်အောက်ပိုင်းရေလွှမ်းမိုးမယ့် အန္တရာယ်ကို ၂၀၁၀ မိုးတွင်းတုန်းက ဖြစ်ခဲ့ပါသေးတယ်။ နောက်တစ်ချက်က လျှပ်စစ်လိုချင်တာလား၊ ဆောက်ချင် တာလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒီဆည်တွေက လက်သင့်ရာ စားတော်ခေါ်တဲ့ အရင်းရှင် စနစ်ချစားမှုတွေရဲ့ တရားခံပါ။ ထင်ရှားတဲ့ သာဓကကတော့ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံနယ်စပ်မှာ ဆောက်ထားတဲ့ Pergam ဆည်ပါ။ ဒီဆည်အတွက် အင်္ဂလန်နိုင်ငံက ထောက်ပံအကူအညီတွေ ပေးခဲ့ပါတယ်။ တောင်အမေရိကနိုင်ငံမှာရှိတဲ့ ပါရာနာမြစ်မှာရှိတဲ့ အီတိုင်ဖူ ဆည်ဆိုရင် ကမ္ဘာပေါ်မှာ အကြီမားဆုံး လာဘ်ပေးလဒ်ယူ အရှုပ်အထွေးရှိတဲ့ဆည်လို့ အမည်ပေးခံခဲ့ ရပါတယ်။ နောက်ဆုံးပြောချင် တာကတော့ အဌားကိုယ်ဝန်ဆောင်ဖို့ မလုပ်ကြဖို ပြောချင်ပါတယ်။
http://www.first-11.com/

မြစ်ဆုံလာခံမှဦးအုန်း(ဒုတိယဥက္ကဋ္ဌ၊ FREDA)


ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့သော သဘာဝ
ပတ်ဝန်းကျင်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဟောပြောပွဲကျင်းပ
Saturday, 24 September 2011 04:32



ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့ကြသော သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟောပြောပွဲကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ Parkroyal Hotel တွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲကို ထွန်းလွင်ဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev ၊ မုံရွေးစာအုပ်တိုက်တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကာ ဟောပြောပွဲကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပညာရှင် ဦးအုန်း၏ အဖွင့်အမှာစကား ပြောကြားမှုဖြင့် မွန်းလွဲ ၁ နာရီခန့်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် Eco Dev မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ဧရာဝတီအတွက် မေးခွန်း ၂၀ ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့သည်။ ယင်းမေးခွန်းများတွင် စီးပွားရေးအကျိုးအမြတ် တကယ်ရှိမှာလား၊ ငါ့မယုံငါ့ဘကြီးမေးမှာလား ယုံလို့ပုံပြီး ၀ကွက်အပ်မှာလား၊ တကယ်ပဲ ၇ ရာခိုင်နှုန်းလား၊ ရေဝေရေလဲ ထိန်းသိမ်းရေး ဘယ်သူ၊ ဘယ်လိုလုပ်မှာလဲ၊ ရာသီဥတုပြောင်းလဲခြင်းရော ထည့်တွက်ရဲ့လား၊ သဘာဝဘေး အာမခံနိုင်မလား၊ သန့်စင်သော စွမ်းအင်လို့ ထင်နေသလား၊ လျှပ်စစ်လိုချင်တာလား ဆောက်ချင်တာလား၊ အမျိုးသားစွမ်းအင်လုံခြုံရေး တကယ်စဉ်းစားထားသလား၊ ရေချိုငါးလုပ်ငန်းနဲ့ လဲမှာလား၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေး ဘယ်လိုစဉ်းစားထားသလဲ၊ ကူးစက်ရောဂါနှိမ်နင်းရေး ထည့်စဉ်းစားထားသလား၊ ဇီဝ မျိုးကွဲထိန်းသိမ်းရေး တကယ်အလေးထားမှာလား၊ မြစ်ရေတင် စီမံကိန်းတွေ ဘယ်လိုလုပ်မလဲ၊ ရေငံတားတွေဆောက်ဖို့ ဒီရေတောတွေ စိုက်ဖို့ ငွေပေးမှာလား၊ မြစ်ကြောင်း ပြုပြင်ရေး ပိုလုပ်မှာလား၊ ရေကောင်း ရေသန့် သောက်သုံးရေ ပေးဝေနိုင်မှု ဘယ်လောက် ဆုံးရှုံးသွားမလဲ၊ လူ့အခွင့်အရေး အပြည့်အ၀ လေးစားလိုက်နာမလား၊ သာတူညီမျှမှုနဲ့ တရားမျတမှု ဘယ်လိုအာမခံမလဲ၊ သယံဇာတ ကျိန်စာ တကယ် သင့်ကြတော့မှာလား စသည်တို့ ပါဝင်ခဲ့ပါသည်။

ထွန်းလွင်ဖောင်ဒေးရှင်းမှ ဒေါက်တာထွန်းလွင်က ဧရာဝတီ မြစ်ဆုံတည်ဆောက်ရန် အကြိုလေ့လာသည့် EIA တွင် ရာသီဥတု ပြောင်းလဲမှုကို ထည့်သွင်းမတွက် ချက်ထားခြင်း၊ ဧရာဝတီမြစ်၏ တစ်နိုင်ငံလုံး လွှမ်းခြုံထားမှု ဧရိယာ ကြီးမားပုံ၊ မြစ်ဆုံမှ မြစ်အောက်ပိုင်း အထိ အသက်မွေးဝမ်းကျောင်းဘ၀များအတွက် မှီခိုထားမှုများ၊ တရုတ် နိုင်ငံတွင် ဆည်ဆောက်ခြင်း၏ ဆိုးကျိုးကို ကြုံနေရပုံ၊ လာမည့် ဆယ်စု နှစ်များအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းအပါအ၀င် ဒေသများတွင် ရာသီဥတု ပြောင်းလဲမှု ကြုံနိုင်ခြေများ၊ ဆည်ဆောက်လိုက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ရေအခက်အခဲ ကြုံရနိုင်ပုံ အစရှိသည်တို့ကို တင်ပြခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ရောက်ရှိလာသော ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဒူဝါဇောင်ဂမ်က သဘာဝပတ်ဝန်းကျင်ယိုယွင်းခြင်း၊ မြစ်ဆုံတွင် ဆည်ဆောက်မည် ဆိုခြင်းကြောင့် အိပ်မပျော်နိုင်ဘဲ စိတ်ပူပင်နေရမှုများ၊ ရေကာတာ တည်ဆောက်လိုက်ပြီးနောက် ငလျင်ဖြစ်ပေါ်လျှင် မြစ်ကြီးနားမြို့ စက္ကန့်ပိုင်းအတွင်း ရေမြုပ်နိုင်ခြေ၊ မန္တလေးရေကြီးမှု၊ ပဲခူးရေကြီးမှုအကြောင်းများ၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ဖူးသော တောင်ပြိုမှုများ၊ ရေကြီးမှုများ၊ ဆည်တည်ဆောက်ခြင်းအပေါ် ပြန်လည်စဉ်းစားပေးရန် စသည်တို့ကို တင်ပြဆွေးနွေးခဲ့သည်။

နိဂုံးချုပ်အမှာစကားကို Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ရာတွင် ဧရာဝတီမြစ်အပေါ် တစ်နိုင်ငံလုံးက ချစ်မြတ်နိုးတန်ဖိုးထားပုံ၊ သတင်းမီဒီယာရှုထောင့်ဖြစ်သော ပြည်သူလူထုအသံကို နားထောင်စုဆောင်းကာ တင်ပြရခြင်း၊ မြစ်ဆုံစီမံကိန်းအပေါ် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ သုံးသပ်တင်ပြခြင်း၊ ကချင်တိုင်းရင်းသားတို့ မြစ်ဆုံအပေါ် အထွတ်အမြတ်ထားပုံ၊ ငလျင်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဆက်စပ်နေမှုအား အချက်အလက်များဖြင့် တင်ပြခြင်း၊ CPI ၊ Asia World တို့သို့မေတ္တာရပ်ခံမှုများ၊ တိုင်းရင်းသားများအားလုံး ညီညွတ်ရေးအတွက် မြစ်ဆုံက အရေးပါနေပုံ အစရှိသည့် အကြောင်းအရာတို့ ပါဝင်ခဲ့သည်။

ဟောပြောပွဲသို့ ဆရာတော် သံဃာတော်များ၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ စာပေအနုပညာနယ်ပယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်ဆိုင်ရာ နယ်ပယ်၊ လူမှုရေး အဖွဲ့အစည်းများ နယ်ပယ် စသည့် နယ်ပယ် အသီးသီးမှ စိတ် ပါဝင်စားစွာ တက်ရောက်ခဲ့ကြပြီး ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့ သည်။
........................................................



ဦးအုန်း(ဒုတိယဥက္ကဋ္ဌ၊ FREDA)

ကျွန်တော်က ပြောချင်တာကတော့ ဒီဧရာဝတီဟာ နိုင်ငံရဲ့ သယံဇာတ၊ အသက်သွေးကြော၊ နိုင်ငံတော်ရဲ့ အလေးထားရတဲ့၊ National Heritage လို့ပြောတာနဲ့ မလုံလောက်ပါဘူး။ ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီးတော့ မြစ်ကြီး ၁၃ သွယ်မှာ ၁၉၈၀ တုန်းက ဧရာဝတီမြစ်အပါအ၀င် မြစ်ကြီးတွေမှာ သူ့ရဲ့ watershed ဆိုတဲ့ catchment area ဘယ်လောက်၊ နုန်းပို့တာ ဘယ်လောက် စသည်ဖြင့် figure တွေလည်း ရှိပါတယ်။ မနေ့က ပြောသွားတာတွေ အကျဉ်းချုပ်ပြီးပြောရရင် ငှက်အသင်းဥက္ကဋ္ဌ ဦးစိုးညွန့်က တစ်နေ့တစ်နေ့ကို ဧရာဝတီမြစ်က ရွှေပိသာ ၃၀ လောက်ရတယ်။ ပိသာ ၃၀ လောက်ရတယ်ဆိုတော့ ကျွန်တော်တွေးတာ ဆင်းရဲသားတွေ တစ်နေ့မှ ရွှေတစ်မူးသား၊ တစ်မတ်သားလောက် ၀မ်းစာအတွက် ရွှေကျင်တာလောက်တော့ ခွင့်လွတ်ရမှာပေါ့လေ။ အခုတော့ အဲဒီလိုမဟုတ်ဘဲနဲ့ စက်တွေနဲ့၊ ယန္တရားတွေနဲ့ ရွှေတွေကျင်ကြ၊ နိုင်ငံတော်ရဲ့ သယံဇာတတွေကို တခြားနိုင်ငံက အရင်းရှင်တွေက ထုတ်သွားကြနဲ့၊ ထုတ်သွားကြတဲ့အခါမှာ သာမန်ရွှေကျင်တဲ့ ပုဂ္ဂိုလ်ကတော့ မာကျူရီလေးဘာလေး နည်းနည်းသုံးမှာပေါ့လေ။ သဘာ၀၀န်းကျင်တော့ ထိခိုက်ပါတယ်။ သူတို့ကတော့ မာကျူရီရော ဆိုင်ယာနိုက်ရော ဧရာဝတီမြစ်ကို အန္တရာယ် ဖြစ်လောက်စေတယ်။

ကျွန်တော်စဉ်းစားလိုက်တာက ဧရာဝတီမြစ်ထဲမှာ ရွှေကျင်တာတွေ။ မြစ်တစ်ကြောမှာ ဓာတ်မြေသြဇာစက်ရုံတွေ ဆောက်တယ်၊ စက္ကူစက်တွေ ဆောက်တယ်။ ဘိလပ်မြေစက်ရုံတွေ ဆောက်တယ်။ စက်ရုံတွေက စွန့်ပစ်တဲ့ပစ္စည်းတွေကို ဘာမှသဘာ၀၀န်းကျင်ဆိုင်ရာ စံနှုန်းဆိုတာမရှိဘူး၊ ဖြစ်သလို ထုတ်တယ်။ အဲဒါတွေဟာ အခုလို ပွင့်လင်းတဲ့၊ ဒီမိုကရေစီကို ဦးတည်နေတဲ့ အစိုးရ ကျေးဇူးလည်း တင်ပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ ပြောခွင့်ဆိုခွင့်ရလာပြီ။ ပြောဖို့လည်း လိုပါတယ်။

ရေအားလျှပ်စစ်လုပ်တယ်ဆိုတာ hydropower အတွက် ရေအားလျှပ်စစ်ကို ရောင်းစားတယ်။ ရောင်းစားတာကတော့ စီးပွားရေးအရ မဖွံ့ဖြိုးတဲ့နိုင်ငံမှာ လုပ်ရမှာပဲ။ ဒါပေမယ့်လည်း စီးပွားရေးလုပ်ငန်း လုပ်တဲ့နေရာမှာ သူရဲ့ source၊ dam တစ်ခုရဲ့ အထက်မှာဆိုရင် watershed ၊ ရေဝေရေလဲဒေသပေါ့၊ watershed က ဘယ်လောက်အထိ အရေးကြီးသလဲဆိုရင် biodiversity မှာ သစ်ခွက ၈၄၁ မျိုးရှိတယ်။ ကမ္ဘာမှာ အမျိုး ၂၀၀ လောက်ပဲရှိတဲ့ သစ်ခွမျိုးဟာ ကချင်ပြည်နယ်တစ်ခုတည်းကို ၁၁၀ ကျော်ရှိတယ်။ တိရစ္ဆာန်ဆိုလည်း ပင်ဒါနီတွေ၊ ကျားဆိုလည်း ဟူးကောင်းချိုင့်ဝှမ်းမှာ ကျားထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ရှိတယ်။ ကာကွယ်ထားတဲ့ ဧရိယာအဖြစ်နဲ့ ထိန်းတယ်။ Corridor အဖြစ်နဲ့ထိန်းတယ်။ WCS က ပုဂ္ဂိုလ်တစ်ယောက်က ပြောတာတော့ ခြောက်ကောင်ပဲ ကျန်တော့တယ်တဲ့။ အဲဒီလို အဖြစ်မျိုးတွေ ဖြစ်ပေါ်လာတယ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်တယ်ဆိုတာလည်း စည်းနဲ့ကမ်းနဲ့ စနစ်တကျနဲ့။ ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူလူထု၊ ဒေသကလူတွေနဲ့ ဆက်စပ်ပြီးတော့ သူတို့နဲ့ conservation ဆိုပြီးတော့ စိတ်ကူးယဉ်ထားတဲ့၊ အလှပြတဲ့ conservation မျိုးမဟုတ်ဘဲနဲ့ ဒေသခံတွေနဲ့ ဆက်စပ်တာ၊ အကျိုးပြုတာ သိပ်အရေးကြီးပါတယ်။ ဒါမပါရင် ဘာမှမဖြစ်ဘူး။

နောက်တစ်ခုက dam ရဲ့အထက် watershed ၊ ဒီ watershed ကလည်း သစ်ခွတွေ၊ အကောင်ပလောင်တွေ၊ biodiversity။ Biodiversity နဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ကချင်ပြည်နယ် တစ်ခုလုံးဟာ watershed ဧရိယာသည် ဟိမ၀န္တာ flora၊ fauna နဲ့ မလေးရှား flora၊ fauna ဆက်စပ်တဲ့ နေရာ၊ ဟိမ၀န္တာရဲ့ သယံဇာတဖြစ်တဲ့တောတွေ၊ အကောင်တွေ၊ ငှက်တွေ၊ အဲဒါတွေ တွေ့ရတယ်။ မနေ့က ဒေါက်တာစောလွင် (သစ်ခွပညာရှင်) နဲ့တွေ့တော့ ဒါက သစ်ခွတွေရဲ့ နေအိမ်ပဲတဲ့။ ထိုင်းမှာ သစ်ခွအတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၁၀၀ ရတယ်။ နောက်လေး၊ ငါးနှစ် နေရင် သန်း ၃၀၀၊ ၄၀၀ ရအောင် ကြိုးစားမယ်။ သူတို့ origin ကတော့ မြန်မာပြည်က။ မြန်မာပြည်ကမျိုးကို ပျိုးတယ်။ နိုင်ငံခြားမျိုးနဲ့ စပ်တယ်။ ရောင်းတယ်။

ဆည်မြောင်းပညာရှင် တစ်ယောက်ကပြောတယ်။ ၁၉၇၄ ခုနှစ် တုန်းက ဟင်္သာတလိုနေရာမျိုးရေ မြုပ်မတတ်ဖြစ်သွားတယ်။ အဲဒါကို သူတို့က ပညာရှင်အမြင်နဲ့ ဒါတွေ သက်သာအောင် dam တွေ ဆောက်မယ်။ dam ဆောက်တဲ့အတွက် ရေကြီးတာ လျော့သွားမယ်တဲ့။ ဒါသူတို့ အတွေး။ ကျွန်တော်က တွေးတာကတော့ dam ဆောက်ဖို့မလိုဘူး။ ဒါတွေလျော့အောင် watershed ကို ထိန်းရမှာ။ သစ်တောရော၊ ဆည်မြောင်းရော၊ စိုက်ပျိုးရော၊ စက်မှုရော၊ သတ္တုတွင်းရော အားလုံး ၀န်ကြီးဌာနအကုန်လုံး ဒေသခံတွေနဲ့ပါ ထိန်းမယ်ဆိုရင် ဒီရေကြီးတာကို ထိန်းနိုင်ပါတယ်။

ဒီလို biodiversity မျိုးစုံကြယ်ဝတဲ့နေရာ၊ ဒီလောက်အရေးကြီးတဲ့ နေရာကို နိုင်ငံခြားသားတွေက ဘာပြောသလဲဆိုတော့ မင်းတို့ဟာ ကမ္ဘာပေါ်မှာ အင်မတန်ရှားတဲ့၊ ရှားပါးမျိုးစိတ်တွေရှိတဲ့ ဒီလိုဒေသကို မထိပါးဘဲထားတာ အကောင်းဆုံးပဲတဲ့။ ကျွန်တော် ရာနှုန်းပြည့် ထောက်ခံပါတယ်။

အစိုးရရော ပညာရှင်တွေရော သက်ဆိုင်ရာဌာနတွေရော အချိန်မီ တိုင်းပြည်ကို မနစ်မြုပ်မီမှာ ထိန်းပါ။ တောတွေကို ထိန်းပါ။ တရုတ်ပြည်က Three Gorges ဆည်ကို ကမ္ဘာ့ဘဏ်က ငွေချေးဖို့စဉ်းစားတာ ၁၀ နှစ်ကြာတယ်။ အဲဒီလောက် ၁၀ နှစ်စဉ်းစားပြီးမှ အခု ဒီဆည်လုပ်ခဲ့တာ ဟုတ်ခဲ့သလား၊ မဟုတ်ခဲ့ဘူးလား။ အများကြီး ပြောနေကြပြီ။ တော်တော် ဒုက္ခရောက်နေကြပြီ။ မြစ်တွေတချို့ ရေမရှိတော့ဘူး။ ကော်လိုရာဒိုမြစ်ဆို ပင်လယ်ထဲကို မစီးတော့ဘူး။ ကျွန်တော်တို့က ဧရာဝတီမြစ်ကြီးကို ပင်လယ်ထဲကို မစီးတော့တာကို ကြည့်နေမလား။ မကြားချင်ဘူး။ ဒီအစည်းအဝေးသည် ဒါမျိုးတွေကို အချိန်မီစဉ်းစားရမယ်။ အစိုးရကို ပညာရှင်တွေက တင်ပြရမယ်။ ဒီနေ့ ပညာရှင်တွေ စုံတယ်။ ဧရာဝတီဟာ အမျိုးသား အမွေအနှစ်တင်မကဘူး၊ တစ်ကမ္ဘာလုံးက တန်ဖိုးထားတဲ့ အမွေအနှစ်လည်း ဖြစ်ပါတယ်။

http://www.first-11.com

မြစ်ဆုံ ညီလာခံ မှ ဒူဝါဇောင်ဂမ်

Saturday, 24 September 2011 05:06

ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့သော
သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဟောပြောပွဲကျင်းပ
Saturday, 24 September 2011 04:32



ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့ကြသော သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟောပြောပွဲကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ Parkroyal Hotel တွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲကို ထွန်းလွင်ဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev ၊ မုံရွေးစာအုပ်တိုက်တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကာ ဟောပြောပွဲကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပညာရှင် ဦးအုန်း၏ အဖွင့်အမှာစကား ပြောကြားမှုဖြင့် မွန်းလွဲ ၁ နာရီခန့်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် Eco Dev မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ဧရာဝတီအတွက် မေးခွန်း ၂၀ ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့သည်။ ယင်းမေးခွန်းများတွင် စီးပွားရေးအကျိုးအမြတ် တကယ်ရှိမှာလား၊ ငါ့မယုံငါ့ဘကြီးမေးမှာလား ယုံလို့ပုံပြီး ၀ကွက်အပ်မှာလား၊ တကယ်ပဲ ၇ ရာခိုင်နှုန်းလား၊ ရေဝေရေလဲ ထိန်းသိမ်းရေး ဘယ်သူ၊ ဘယ်လိုလုပ်မှာလဲ၊ ရာသီဥတုပြောင်းလဲခြင်းရော ထည့်တွက်ရဲ့လား၊ သဘာဝဘေး အာမခံနိုင်မလား၊ သန့်စင်သော စွမ်းအင်လို့ ထင်နေသလား၊ လျှပ်စစ်လိုချင်တာလား ဆောက်ချင်တာလား၊ အမျိုးသားစွမ်းအင်လုံခြုံရေး တကယ်စဉ်းစားထားသလား၊ ရေချိုငါးလုပ်ငန်းနဲ့ လဲမှာလား၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေး ဘယ်လိုစဉ်းစားထားသလဲ၊ ကူးစက်ရောဂါနှိမ်နင်းရေး ထည့်စဉ်းစားထားသလား၊ ဇီဝ မျိုးကွဲထိန်းသိမ်းရေး တကယ်အလေးထားမှာလား၊ မြစ်ရေတင် စီမံကိန်းတွေ ဘယ်လိုလုပ်မလဲ၊ ရေငံတားတွေဆောက်ဖို့ ဒီရေတောတွေ စိုက်ဖို့ ငွေပေးမှာလား၊ မြစ်ကြောင်း ပြုပြင်ရေး ပိုလုပ်မှာလား၊ ရေကောင်း ရေသန့် သောက်သုံးရေ ပေးဝေနိုင်မှု ဘယ်လောက် ဆုံးရှုံးသွားမလဲ၊ လူ့အခွင့်အရေး အပြည့်အ၀ လေးစားလိုက်နာမလား၊ သာတူညီမျှမှုနဲ့ တရားမျတမှု ဘယ်လိုအာမခံမလဲ၊ သယံဇာတ ကျိန်စာ တကယ် သင့်ကြတော့မှာလား စသည်တို့ ပါဝင်ခဲ့ပါသည်။

ထွန်းလွင်ဖောင်ဒေးရှင်းမှ ဒေါက်တာထွန်းလွင်က ဧရာဝတီ မြစ်ဆုံတည်ဆောက်ရန် အကြိုလေ့လာသည့် EIA တွင် ရာသီဥတု ပြောင်းလဲမှုကို ထည့်သွင်းမတွက် ချက်ထားခြင်း၊ ဧရာဝတီမြစ်၏ တစ်နိုင်ငံလုံး လွှမ်းခြုံထားမှု ဧရိယာ ကြီးမားပုံ၊ မြစ်ဆုံမှ မြစ်အောက်ပိုင်း အထိ အသက်မွေးဝမ်းကျောင်းဘ၀များအတွက် မှီခိုထားမှုများ၊ တရုတ် နိုင်ငံတွင် ဆည်ဆောက်ခြင်း၏ ဆိုးကျိုးကို ကြုံနေရပုံ၊ လာမည့် ဆယ်စု နှစ်များအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းအပါအ၀င် ဒေသများတွင် ရာသီဥတု ပြောင်းလဲမှု ကြုံနိုင်ခြေများ၊ ဆည်ဆောက်လိုက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ရေအခက်အခဲ ကြုံရနိုင်ပုံ အစရှိသည်တို့ကို တင်ပြခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ရောက်ရှိလာသော ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဒူဝါဇောင်ဂမ်က သဘာဝပတ်ဝန်းကျင်ယိုယွင်းခြင်း၊ မြစ်ဆုံတွင် ဆည်ဆောက်မည် ဆိုခြင်းကြောင့် အိပ်မပျော်နိုင်ဘဲ စိတ်ပူပင်နေရမှုများ၊ ရေကာတာ တည်ဆောက်လိုက်ပြီးနောက် ငလျင်ဖြစ်ပေါ်လျှင် မြစ်ကြီးနားမြို့ စက္ကန့်ပိုင်းအတွင်း ရေမြုပ်နိုင်ခြေ၊ မန္တလေးရေကြီးမှု၊ ပဲခူးရေကြီးမှုအကြောင်းများ၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ဖူးသော တောင်ပြိုမှုများ၊ ရေကြီးမှုများ၊ ဆည်တည်ဆောက်ခြင်းအပေါ် ပြန်လည်စဉ်းစားပေးရန် စသည်တို့ကို တင်ပြဆွေးနွေးခဲ့သည်။

နိဂုံးချုပ်အမှာစကားကို Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ရာတွင် ဧရာဝတီမြစ်အပေါ် တစ်နိုင်ငံလုံးက ချစ်မြတ်နိုးတန်ဖိုးထားပုံ၊ သတင်းမီဒီယာရှုထောင့်ဖြစ်သော ပြည်သူလူထုအသံကို နားထောင်စုဆောင်းကာ တင်ပြရခြင်း၊ မြစ်ဆုံစီမံကိန်းအပေါ် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ သုံးသပ်တင်ပြခြင်း၊ ကချင်တိုင်းရင်းသားတို့ မြစ်ဆုံအပေါ် အထွတ်အမြတ်ထားပုံ၊ ငလျင်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဆက်စပ်နေမှုအား အချက်အလက်များဖြင့် တင်ပြခြင်း၊ CPI ၊ Asia World တို့သို့မေတ္တာရပ်ခံမှုများ၊ တိုင်းရင်းသားများအားလုံး ညီညွတ်ရေးအတွက် မြစ်ဆုံက အရေးပါနေပုံ အစရှိသည့် အကြောင်းအရာတို့ ပါဝင်ခဲ့သည်။

ဟောပြောပွဲသို့ ဆရာတော် သံဃာတော်များ၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ စာပေအနုပညာနယ်ပယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်ဆိုင်ရာ နယ်ပယ်၊ လူမှုရေး အဖွဲ့အစည်းများ နယ်ပယ် စသည့် နယ်ပယ် အသီးသီးမှ စိတ် ပါဝင်စားစွာ တက်ရောက်ခဲ့ကြပြီး ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့ သည်။
........................................................

ဒူဝါဇောင်ဂမ်

အားလုံးကိုပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော် မြစ်ကြီးနားကလာတဲ့ ကချင်အမျိုးအသား ဖြစ်ပါတယ်။ ကချင်ဆိုတော့ ဗမာစကားပြောရတာ ကျွန်တော်လည်း ကချင်စကားပဲ ခပ်များများပြောတာ ဆိုတော့ အညာက ဗမာစကားကို ပြောပါမယ်။ သည်းခံပေးကြပါလို့ တောင်းပန်ပါတယ်။

ကြွရောက်လာတဲ့ လူကြီးမိဘများ၊ ဒီနေ့ တိုင်းပြည်အတွက် ကိုယ့်တိုင်းပြည်အတွက် ဘာမှ အခွင့်အရေး လိုချင်မှု တောင်းနေကြတဲ့သူတွေ မဟုတ်ဘူးလို့ ကျွန်တော် ခန့်မှန်းပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ လုံးဝစိုပြေအေးချမ်းဖို့ လိုချင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ယိုယွင်းလာတဲ့ဟာကို မြင်ရတဲ့အခါကျတော့ ဘယ်လိုမှလည်း အိပ်မပျော်ကြပါဘူး။ အခုက ဒီမိုကရေစီခေတ် အပြောင်းအလဲ အချိန်ဖြစ်တာကြောင့် ဧရာဝတီမြစ်ကို အခုပြောသွားတဲ့ ပုဂ္ဂိုလ်တွေက အင်မတန်မှ စုံလင်စွာ ပြောတဲ့အခါကျတော့ ကျွန်တော်မသိတာလည်း အများကြီးပေါ့၊ သိလာတဲ့အခါကျတော့ ပိုပြီးမှ ကျွန်တော့်စိတ်ထဲမှာ ခေါင်းထဲမှာ အမျိုးမျိုး စဉ်းစားလာတဲ့ အခါကျတော့ ကျွန်တော်တို့ ဧရာဝတီမြစ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံမှာ အသက်လမ်းကြောင်း မိခင်ကြီး ဖြစ်ပါတယ်။ အဲမိခင်ကြီးရဲ့ မြစ်ဆုံမှာ ရေအားလျှပ်စစ်ထုတ်လုပ်မယ့် Dam လုပ်မယ်ဆိုတဲ့ အတွက်ကြောင့် ကျွန်တော်တို့က စိတ်ထဲမှာ အမျိုးမျိုးခံစားနေရတဲ့အတွက်ကြောင့် အဲဒီထဲမှာ ကျွန်တော်တစ်ယောက်ကလည်း အိပ်မပျော်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဧရာဝတီမြစ်မှာ အခုမြစ်ဆုံအကြောင်း ပြောတဲ့အခါမှာ ဧရာဝတီမြစ်ဟာ ကျွန်တော်တို့အကျိုးကို ဘယ်လောက်ဖြစ်ထွန်းခဲ့သလဲ၊ အကျိုးပြုခဲ့သလဲဆိုတာကို ကျွန်တော်တို့က ပြောပြတဲ့အထဲမှာ သိရတယ်။ ဧရာဝတီမြစ်အဆုံမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းအကြောင်း ကျွန်တော်တို့တွက်တဲ့အခါမှာ ဒီမြစ်ဆုံဟာ ဘယ်လောက်အရေးကြီးနေသလဲ၊ ကနေ့ ဒီမြစ်ဆုံအကြောင်း ပြောတဲ့အတွက် မြစ်ဆုံဒေသအကြောင်း ပြောတဲ့အချိန်မှာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူး၊ မသိဘူးတဲ့သူတွေ စုံလာတာကလည်း ဒီမြစ်ဆုံကိစ္စကြောင့် ကျွန်တော်တို့ ပြန်စုစည်းပြီးတော့မှ ကိုယ့်တိုင်းပြည်အတွက် ဧရာဝတီမြစ်ကြီးဟာ မကုန်မခမ်းသွားဘဲနဲ့ ကျွန်တော်တို့ ဆက်လက်ပြီးတော့မှ အသုံးပြုသွားနိုင်ဖို့ ဒီမြစ်ဆုံဟာ ကျွန်တော်တို့ ရိုးရိုးမြစ်ဆုံမဟုတ်ဘူး။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ဒီမှာအတူ ဆုံစည်းပြီးတော့မှ ရှိလာတယ်ဆိုတာကို ဒီမှာ ကျွန်တော်က စဉ်းစားမိပါတယ်။

အခုကျွန်တော်ပြောမှာကတော့ ဒီရေကာတာလုပ်လို့ ဘယ်လိုဖြစ်လာမလဲ၊ ဘာတွေဖြစ်လာမလဲဆိုတာကို သိပ္ပံနည်းအားဖြင့် ကျွန်တော် တခြားသိပ် မပြောတတ်ပါဘူး။ ကျွန်တော်က မြစ်ကြီးနားမှာ နေပြီးတော့မှ အဲဒီမြစ်ဆုံနားမှာ သွားကြီးတဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီအခါမှာ အမျိုးမျိုးတွေးကြည့်တယ်။ တကယ်လို့များ မြေငလျင်လှုပ်လာပြီလို့ဆိုရင် ဒီမြစ်ဆုံရေကာတာက ရေဟာပေအမြင့် ၄၀၀ကျော် ၅၀၀နီးပါးလောက် မြင့်တက်လာမှာကို တည်ဆောက်မယ်ဆိုလို့ရှိရင် အကယ်၍ ဒီဟာ ပြိုကျလာမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ အများပြောနေတာက စက္ကန့်ပိုင်းအတွင်းမှာ မြစ်ကြီးနား မြို့ဟာ မြုပ်သွားနိုင်မယ်။ ပုံနှိုင်းပြောရမယ်ဆိုရင် ရေအိုးစည်တစ်အိုးလို လျှပ်စစ်တွေဟာ အကုန်လုံး လွင့်ထွက်သွားသလိုပဲ အကုန်လုံး ကျွန်တော်တို့ဟာလည်း ကချင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ သူတွေ အကုန်လုံး၊ ဒါတင်မကဘူး တောတိရိစ္ဆာန် ကျွန်တော်တို့မွေးထားတဲ့ ကျွဲနွားအကုန် အကုန်လုံးပါသွားကြမှာပဲ။ ဟိုးတောင်ထိပ်မှာ သစ်ပင်ပေါ်မှာ တွဲလောင်းကြီး ကုတ်ကတ်နေကြမှာကို မြင်မိပါတယ်။ တွေးမိပါတယ်။ ဒါကြောင့် ကျွန်တော် မပျော်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီသဘာဝဘေးဒဏ်ကို ကျွန်တော်တို့ ဘယ်လို ရှောင်ရှားကြမှာလဲ။ သဘာဝဘေးဒဏ်ဆိုတာ လက်တွေ့မှာလည်း ရှိပါတယ်ဆိုတာကို ကျွန်တော်မြင်ရပါတယ်။

ကျွန်တော် ရေဒီယိုထဲမှာ နေပြည်တော်ကလွှင့်တဲ့ အသံကို နားထောင်တဲ့ အခါကျတော့ ပဲခူးမှာလည်း ရေလျှံတယ်၊ မန္တလေးမှာလည်း ရေလျှံတယ်ဆိုတဲ့အခါ မနေ့က ကျွန်တော် လေယာဉ်ပျံစီးလာတဲ့အခါ ကျွန်တော် ငုံ့ကြည့်တဲ့ အခါကျတော့ ဟုတ်တာပေါ့။ အခုတောင် နည်းနည်းလေး သက်သာလာပြီ။ လယ်ကွက်တွေမှာ ရေတွေ ပြင်ကြီးဖြစ်နေတာ ရေပင်လယ်ကြီးပဲ ဖြစ်တဲ့အခါကျတော့ အော်ဒါလည်း သိပ်ကြီးကျယ်တာတော့ မဟုတ်ပါဘူး။ ပြေးနိုင်သေးတယ် ရှောင်နိုင်သေးတယ်၊ ရေကြီးတယ်ဆိုတော့ ဖြည်းဖြည်းချင်းကြီးလာတဲ့အခါ ပြေးလို့ရတယ်။ ဒါပေမယ့်လို့ ကျွန်တော်တို့ ၀မ်းစာအတွက် စိုက်ပျိုးထားတဲ့ အပင်တွေ အကုန်လုံး မြုပ်ကုန်ပြီ၊ သေကုန်ပြီ၊ လူတွေကလည်း ဒီရေကို ဒီမှာရေကြီးလို့ မနေနိုင်တဲ့အခါကျတော့ အိုးခွက်တွေပစ်ပြီးတော့မှ မြင့်ရာကုန်းမြင့် ကို ဘေးလွတ်ရာမှာ သွားနေရတယ်ဆိုတာကို ကျွန်တော်တို့ ကြားနေရတယ်။ မနေ့က ကျွန်တော်တွေ့တဲ့အခါကျတော့ မှန်တာပေါ့လို့၊ ဒါပေမယ့်လို့ မန္တ လေးနဲ့ ၀မ်းတွင်းဘက်မှာ ရေကြီးတယ်ဆိုတဲ့ဟာကို ဘယ်သူက လုပ်တာ တုန်း၊ ဒါလည်း သဘာဝဘေးဒဏ် ရှောင်တိမ်းနိုင်တဲ့ သဘာဝဘေးဒဏ် တစ်ခု ဖြစ်ပါတယ်။ မရှောင်တိမ်းနိုင်တာက အခုနက ပြောတဲ့ စိုက်ထားတဲ့ လုပ်ထားတဲ့ မြုပ်တာတွေကို ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး။ ဒီလိုရေကြီး တာကို ကျွန်တော်တို့ လူသားတွေ မဖန်ဆင်းနိုင်ပါဘူး၊ မလုပ်နိုင်ပါဘူး။ ဖြစ်လာတဲ့အခါကျတော့လည်း ဒီဟာကို ကျွန်တော်တို့ တားဆီးလို့ မရပါဘူး။ ကြိုတင်တွက်ချက်လို့လည်း ဘယ်လိုမှ မတွက်ချက်နိုင်ပါဘူး။ ဒီသဘာဝ ဘေးဒဏ်ဆို အခုဖြစ်နေတဲ့ မြစ်ဆုံရေကာတာကို လုပ်မယ်ဆိုရင် အင်မတန်မှ ကြီးမားမှာ ဖြစ်တဲ့အတွက်ကြောင့် အကယ်၍ မြေငလျင်လှုပ်တာတို့ မိုးတအားကြီးလို့ ပြိုသွားမှာဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့က ပြေးစရာရှိမှာ မဟုတ်ပါဘူး။

ကျွန်တော် ပြေးမလွတ်နိုင်တဲ့ ဒီရေဘေးဒုက္ခအကြောင်းကို ကျွန်တော် ရေးထားတာ ရှိပါတယ်။ ဆယ်ချက်လောက်ရှိပါတယ်။ ကျွန်တော်ရေးထား အလွတ်သဘောနဲ့ ပြောပြချင်တာပါ။ ဟိုးအရင်တုန်းကဆိုရင် ၀ါးရှောင်ဆည်ဆိုတာ ကျွန်တော်တို့ မြစ်ကြီးနားအထက်မှာ ရှိပါတယ်။ ဒါလည်း ရေကြီးလာတဲ့ အခါကျတော့ ဆည်ကြီးက တစ်ခြမ်းပါသွားပါတယ်။ ၁၉၅၄ ခုနှစ်လောက်မှာ တောင်ကြီးတစ်ခြမ်းပြိုသွားတာ ရေက တစ်ခါတည်းပေါက် ကွဲထွက်လာပြီး တောင်ကြီးပြိုသွားတာ။ ပြိုသွားတော့ မြေမှုန့်တွေ မြေကြီး တွေက တစ်ခါတည်း စီးဆင်းလာတဲ့ရေတွေဟာ အဲဒီတလျှောက် မိုးမောက်၊ ဗန်းမော် အဲဒီတလျောက်မှာရှိတဲ့ လယ်ကွင်းတွေ အကုန်လုံး သဲသောင်ကြီး တွေ ဖြစ်သွားတဲ့အထိ မြင်ရပါတယ်။ နောက် ဆယ်နှစ်လောက် ဘာမှ စိုက် စားလို့ မရဘူး။ အခုမှ စိုက်စားလို့ရတယ်။

နောက်ကျတော့ ကျွန်တော်တို့ လိုင်ဇာက ဆင်းလာတဲ့ မူလွယ်ခဆိုတာ ရှိတယ်။ အဲဒီ နားလုံ၊ နားလုံဆို တာနားမှာ ရေကြီးတယ်။ အဲဒီရေကြီးတာက ဘယ်လိုဖြစ်တာလဲဆိုတော့ ကျွန်တော်တို့ အဲဒီရေစီးလာတဲ့ အခါကျတော့ ည၊ ညလူအိပ်ချိန်မှာ အသံကြီး ကျယ်လောင်စွာနဲ့ပဲ လာတဲ့အခါကျတော့ လူတွေက ထကြည့်တယ်၊ ထကြည့် လိုက်တာနဲ့ ဟိုမှာ သစ်ပင်ကြီးတွေ အကြီးကြီးတွေ ၀ါးရုံကြီးတွေ တစ်ခါတည်း မျောပါလာတယ်။ မျောပါလာတဲ့အခါကျတော့ လူတွေက ကိုယ်လွတ် ထွက်ပြေးရတဲ့ အခါကျတော့ တစ်ချို့ကတော့ ကုန်းပေါ်ရောက်သွားတယ်။ တစ်ချို့ကျတော့ အဲဒီသစ်ပင်ကြီးတွေနဲ့ ပါသွားတယ်။ ပါသွားတဲ့သူတွေ တစ်ယောက်မှလည်း ကျွန်တော်တို့ ဆယ်လို့မရတော့ဘူး။ နားလုံရွာကလည်း ဟိုးအဝေးကြီး လယ်ကွင်းတွေတလျှောက် သဲသောင်ပြင်ကြီး ဖြစ်သွားတယ်။ ဒါမျိုးတွေကို ကျွန်တော်ရေးထားတဲ့အခါ ဆယ်ချက်လောက်ရှိပါတယ်။ နောက် တန်ဖဲရေအားလျပ်စစ်ဆိုတာလည်း ရှိပါသေးတယ်။ နောက် ကျိန်ခရမ် ရေအားလျပ်စစ်၊ ဒါလည်း ဒီလိုပဲ တောင်ကုန်းပေါ်က ရေက ခြောက်နေရာလောက် တစ်ခါတည်းပေါက်ကွဲပြီးတော့မှ ရေတွေပြိုကျတယ်။ ရေတွေပြိုကျတဲ့ အခါကျတော့ အဲဒီအောက်မှာ ရှိတဲ့ ရေအားလျပ်စစ်စက် ရုံက ပုဂ္ဂိုလ်တွေလည်း ဘယ်လိုမှ ပြေးဖို့လမ်းကို မရှိတော့ဘူး။ အကုန်လုံးပါသွားတယ်။ အလောင်းတောင်ရှာလို့ မတွေ့တော့ဘူး။ ရွာလည်းပါသွားတယ်။ အဲလိုဖြစ်ပါတယ်။ တန်ဖဲ၊ ရေအားလျှပ်စစ်ရှိတဲ့နားက တန်ဖဲရွာလည်း တခြမ်းပါသွားတယ်။ ဒါလည်း ညဘက်အိပ်နေတဲ့အချိန်မှာ ဖြစ်လာတဲ့အခါ ကျတော့ ဘယ်သူမှလည်း ပြေးမလွတ်တော့ဘူး။ လူတွေရော အိမ်တွေရော အကုန်လုံးပါသွားတာ ရှိတယ်။ ဒါမျိုး ကျွန်တော်တို့ ခဏခဏ တောင်ပြိုကျ လို့ ဆင်းလာတဲ့ရေကို ကျွန်တော်တို့က ကချင်လိုတော့ မော်ရိုလို့ ခေါ်ပါတယ်။ ဒီမော်ရိုဖြစ်လာမယ့်ဟာကို ဘယ်သူ၊ ဘယ်ပညာရှိမှ ကနေ့အထိ ဘယ်နေ့ ဘယ်အချိန် ဘယ်ဌာနကမှ ဖြစ်မယ်ဆိုတာကို တွက်ချက်ပြတာ မရှိပါဘူး။ တွက်ချက်လို့လည်း မရနိုင်ပါဘူး။ ဖြစ်လာတဲ့အခါကျတော့ ဖြစ်လာတာကို တားဆီးဖို့ နည်းလမ်းမရှိဘူး။ ဖြစ်ချင်သလောက် ဖြစ်ပြီးမှ ပြီးခါမှ ကျွန်တော် တို့ ပြန်လည်တည်ဆောက်ရတာ။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီမော်ရိုကို ကြောက်လန့်တဲ့အတွက်ကြောင့် အခုထိကျွန်တော်တို့ အမျိုးမျိုး ရေကာတာရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို အများကြီး တင်ပြတဲ့နေရာမှာ ကျွန်တော်တို့ အင်မတန်မှ ပညာရပါတယ်။ ဆက်လက်ပြီးမှ ကျွန်တော်တို့က နိုင်ငံရေး၊ စီးပွားရေး အားလုံးဟာ လူအမျိုးမျိုးနဲ့ အမြင်အမျိုးမျိုး အခုကျွန်တော်တို့ ဒီမှာလုပ်နေတာ လူအမျိုးမျိုး ပညာရှင်အမျိုးမျိုး မီးမောင်းထိုးပြတာ ရရှိတဲ့ အခါကျတော့ ကျွန်တော်တို့က အများကြီးပဲ ၀မ်းသာစရာရှိပါတယ်။ များများတိုင်ပင်တာရှိရင် လုပ်ငန်းအောင်မြင်ပါတယ်။ နည်းနည်းပဲ တိုင်ပင်တာ သို့မဟုတ် တစ်ဦးတစ်ယောက်တည်းကပဲ လုပ်သွားမယ်ဆိုရင်တော့ မအောင်မြင်တာများပါတယ်ဆိုတာကို ကျွန်တော်တင်ပြလိုပါတယ်။ အခုဒီကနေပြန်သွားမယ်ဆိုရင်တော့ ဒီကရရှိတဲ့ သတင်းအမျိုးမျိုးကို ရွာကို ကျွန်တော်ပြန်တင်ပြပါမယ်။ အစိုးရကလည်း ကျွန်တော်တို့ ဒီလိုကြောင့်ကြနေတာကို သက်ဆိုင်ရာ အစိုးရအာဏာရှိအပိုင်းကလည်း စဉ်းစားပေးမှာပါလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘာလဲဆိုတော့ အခုက ကျွန်တော်တို့က ဒီမိုကရေစီအစိုးရလည်း ဖြစ်လာတဲ့ အခါကျတော့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဒီပြဿနာ ဖြစ်လာတဲ့အခါကျတော့ ဒီဟာကို တကယ့် ဒီမိုကရေစီနည်းနဲ့ လူအများ ကြိုက်နှစ်သက်တဲ့ဟာကို လုပ်ဆောင်သွားမယ်ဆိုရင် ငြင်းပယ်မှာမထင်ပါဘူး ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။

မြစ်ဆုံ ညီလာခံ မှဒေါက်တာထွန်းလွင် (ထွန်းလွင်ဖေါင်ဒေးရှင်း)



ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့သော သဘာဝ
ပတ်ဝန်းကျင်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဟောပြောပွဲကျင်းပ
Saturday, 24 September 2011 04:32



ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့ကြသော သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟောပြောပွဲကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ Parkroyal Hotel တွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲကို ထွန်းလွင်ဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev ၊ မုံရွေးစာအုပ်တိုက်တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကာ ဟောပြောပွဲကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပညာရှင် ဦးအုန်း၏ အဖွင့်အမှာစကား ပြောကြားမှုဖြင့် မွန်းလွဲ ၁ နာရီခန့်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် Eco Dev မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ဧရာဝတီအတွက် မေးခွန်း ၂၀ ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့သည်။ ယင်းမေးခွန်းများတွင် စီးပွားရေးအကျိုးအမြတ် တကယ်ရှိမှာလား၊ ငါ့မယုံငါ့ဘကြီးမေးမှာလား ယုံလို့ပုံပြီး ၀ကွက်အပ်မှာလား၊ တကယ်ပဲ ၇ ရာခိုင်နှုန်းလား၊ ရေဝေရေလဲ ထိန်းသိမ်းရေး ဘယ်သူ၊ ဘယ်လိုလုပ်မှာလဲ၊ ရာသီဥတုပြောင်းလဲခြင်းရော ထည့်တွက်ရဲ့လား၊ သဘာဝဘေး အာမခံနိုင်မလား၊ သန့်စင်သော စွမ်းအင်လို့ ထင်နေသလား၊ လျှပ်စစ်လိုချင်တာလား ဆောက်ချင်တာလား၊ အမျိုးသားစွမ်းအင်လုံခြုံရေး တကယ်စဉ်းစားထားသလား၊ ရေချိုငါးလုပ်ငန်းနဲ့ လဲမှာလား၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေး ဘယ်လိုစဉ်းစားထားသလဲ၊ ကူးစက်ရောဂါနှိမ်နင်းရေး ထည့်စဉ်းစားထားသလား၊ ဇီဝ မျိုးကွဲထိန်းသိမ်းရေး တကယ်အလေးထားမှာလား၊ မြစ်ရေတင် စီမံကိန်းတွေ ဘယ်လိုလုပ်မလဲ၊ ရေငံတားတွေဆောက်ဖို့ ဒီရေတောတွေ စိုက်ဖို့ ငွေပေးမှာလား၊ မြစ်ကြောင်း ပြုပြင်ရေး ပိုလုပ်မှာလား၊ ရေကောင်း ရေသန့် သောက်သုံးရေ ပေးဝေနိုင်မှု ဘယ်လောက် ဆုံးရှုံးသွားမလဲ၊ လူ့အခွင့်အရေး အပြည့်အ၀ လေးစားလိုက်နာမလား၊ သာတူညီမျှမှုနဲ့ တရားမျတမှု ဘယ်လိုအာမခံမလဲ၊ သယံဇာတ ကျိန်စာ တကယ် သင့်ကြတော့မှာလား စသည်တို့ ပါဝင်ခဲ့ပါသည်။

ထွန်းလွင်ဖောင်ဒေးရှင်းမှ ဒေါက်တာထွန်းလွင်က ဧရာဝတီ မြစ်ဆုံတည်ဆောက်ရန် အကြိုလေ့လာသည့် EIA တွင် ရာသီဥတု ပြောင်းလဲမှုကို ထည့်သွင်းမတွက် ချက်ထားခြင်း၊ ဧရာဝတီမြစ်၏ တစ်နိုင်ငံလုံး လွှမ်းခြုံထားမှု ဧရိယာ ကြီးမားပုံ၊ မြစ်ဆုံမှ မြစ်အောက်ပိုင်း အထိ အသက်မွေးဝမ်းကျောင်းဘ၀များအတွက် မှီခိုထားမှုများ၊ တရုတ် နိုင်ငံတွင် ဆည်ဆောက်ခြင်း၏ ဆိုးကျိုးကို ကြုံနေရပုံ၊ လာမည့် ဆယ်စု နှစ်များအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းအပါအ၀င် ဒေသများတွင် ရာသီဥတု ပြောင်းလဲမှု ကြုံနိုင်ခြေများ၊ ဆည်ဆောက်လိုက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ရေအခက်အခဲ ကြုံရနိုင်ပုံ အစရှိသည်တို့ကို တင်ပြခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ရောက်ရှိလာသော ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဒူဝါဇောင်ဂမ်က သဘာဝပတ်ဝန်းကျင်ယိုယွင်းခြင်း၊ မြစ်ဆုံတွင် ဆည်ဆောက်မည် ဆိုခြင်းကြောင့် အိပ်မပျော်နိုင်ဘဲ စိတ်ပူပင်နေရမှုများ၊ ရေကာတာ တည်ဆောက်လိုက်ပြီးနောက် ငလျင်ဖြစ်ပေါ်လျှင် မြစ်ကြီးနားမြို့ စက္ကန့်ပိုင်းအတွင်း ရေမြုပ်နိုင်ခြေ၊ မန္တလေးရေကြီးမှု၊ ပဲခူးရေကြီးမှုအကြောင်းများ၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ဖူးသော တောင်ပြိုမှုများ၊ ရေကြီးမှုများ၊ ဆည်တည်ဆောက်ခြင်းအပေါ် ပြန်လည်စဉ်းစားပေးရန် စသည်တို့ကို တင်ပြဆွေးနွေးခဲ့သည်။

နိဂုံးချုပ်အမှာစကားကို Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ရာတွင် ဧရာဝတီမြစ်အပေါ် တစ်နိုင်ငံလုံးက ချစ်မြတ်နိုးတန်ဖိုးထားပုံ၊ သတင်းမီဒီယာရှုထောင့်ဖြစ်သော ပြည်သူလူထုအသံကို နားထောင်စုဆောင်းကာ တင်ပြရခြင်း၊ မြစ်ဆုံစီမံကိန်းအပေါ် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ သုံးသပ်တင်ပြခြင်း၊ ကချင်တိုင်းရင်းသားတို့ မြစ်ဆုံအပေါ် အထွတ်အမြတ်ထားပုံ၊ ငလျင်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဆက်စပ်နေမှုအား အချက်အလက်များဖြင့် တင်ပြခြင်း၊ CPI ၊ Asia World တို့သို့မေတ္တာရပ်ခံမှုများ၊ တိုင်းရင်းသားများအားလုံး ညီညွတ်ရေးအတွက် မြစ်ဆုံက အရေးပါနေပုံ အစရှိသည့် အကြောင်းအရာတို့ ပါဝင်ခဲ့သည်။

ဟောပြောပွဲသို့ ဆရာတော် သံဃာတော်များ၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ စာပေအနုပညာနယ်ပယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်ဆိုင်ရာ နယ်ပယ်၊ လူမှုရေး အဖွဲ့အစည်းများ နယ်ပယ် စသည့် နယ်ပယ် အသီးသီးမှ စိတ် ပါဝင်စားစွာ တက်ရောက်ခဲ့ကြပြီး ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့ သည်။
........................................................



ဒေါက်တာထွန်းလွင် (ထွန်းလွင်ဖေါင်ဒေးရှင်း)

ဧရာဝတီရဲ့ ကျန်းမာရေး မကောင်းဘူးဆိုတာ သိသာနေပါတယ်။ ကျွန်တော်ပြောမဲ့ခေါင်းစဉ်အရ ကျွန်တော့်အမေ ကျွန်တော့်ကို ဆုံးမတာကို သတိရလာပါတယ်။ ဧရာဝတီဆိုတာ မြန်မာနိုင်ငံအတွက် ဘယ်လိုပြောမလဲ။ ကြိုက်သလို ပြောလို့ရတဲ့ တစ်ကယ့် ရတနာကြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့တစ်ကယ့် ယဉ်ကျေးမှု အမွေအနှစ်ကြီးလို့ ပဲပြောပြော၊ ဘာသာရေး အမွေအနှစ်ပဲပြောပြော၊ စီးပွားရေး၊ လူမှုရေး၊ ဘယ်ရှူထောင့်ကပဲကြည့်ကြည့် မလွတ်ဘဲ မြန်မာနိုင်ငံကို အကျိုးကျေးဇူးပြုဖူးပြီး ကဗျာဆရာ၊ စာရေးဆရာတွေတောင်မှ အမေနဲ့ နှိုင်းပြီးတင်စားခဲ့တဲ့ ဧရာဝတီမြစ်ကြီးဖြစ်ပါတယ်။
ဒီမြစ်ကြီးပေါ်မှာ ဒီလောက်ကြီးမားတဲ့ အလုပ်ကြီးကို  ဒီလိုပေါ့ပေါ့ဆဆနဲ့ လုပ်ကြမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ နေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ တစ်ထောင့်တစ်နေရာကတော့ ပါသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော် ပိုပြီးမှာချင်တာက EIA Report  အပါအ၀င် တစ်ကမ္ဘာလုံးက ပြောနေကြတဲ့ Climate Change ဆိုတဲ့အပိုင်းဆိုတဲ့ Issue  ပါ။ ဒီအကြောင်းကို စာပိုဒ်လေး တစ်ပိုဒ်၊ စာရွက်လေးတစ်ရွက်တောင် မပါပါဘူး။ အဲဒါကြောင့် မိုးလေ၀သဌာနမှာ ၄၈ နှစ်ကြာ တာဝန်ထမ်းဆောင်လာတဲ့ လူတစ်ယောက်အနေနဲ့ တစ်ထောင့်တစ်နေရာက ပါသင့်တယ်ထင်လို့ ကျွန်တော် စင်ပေါ်တက်လာတာပါ။ ''ဆိုရေးရှိက ဆိုအပ်လှ''ဆိုတဲ့ စကားအတိုင်း ပြောခြင်းဖြစ်ပါတယ်။
ဧရာဝတီမြစ်ကို ကျွန်တော်ပုံလေးတွေနဲ့ ပြန်ပြီး အမှတ်ရစေချင်ပါတယ်။ ဒီနေ့ခေတ်မှာ တံတားတွေအများကြီး ဆောက်ပြီး ပဏာရနေတဲ့ ဧရာဝတီ၊ တိရစ္ဆာန်မျိုးစုံ မှီတင်းနေထိုင်တဲ့၊ ဒီရေတာစုံ လမုတောရှိတဲ့၊ သစ်လုပ်ငန်း၊ ၀ါးလုပ်ငန်း၊ ဘာသာရေး သွားလာရေး မြို့နေလူထု၊ တောနေလူထု အကုန် မှီတင်းနေတဲ့ မြစ်ကြီးဖြစ်တယ်။ ဧရာဝတီရေကို အမှီပြုပြီး စိုက်ပျိုးရတဲ့ မြို့တွေလည်း ဧရာဝတီတစ်လျောက်မှာ အများကြီးရှိပါတယ်။ ဧရာဝတီကို အရင်တုန်းကတော့ ခံစားစရာတစ်ခုအနေနဲ့ပဲ ကြည့်ပြီးတော့ ဧရာဝတီနေ၀င်ချိန်ဆိုတဲ့ ဓာတ်ပုံလေးတွေကို ရိုက်ထားခဲ့ကြပါတယ်။ ဒီနေ့တော့ ဧရာဝတီရဲ့ နေ၀င်ချိန်ဆိုတာ တစ်ကယ်ပဲဖြစ်နေပြီလား။ ဧရာဝတီနေ၀င်ချိန်ကို ကျွန်တော်တို့တစ်ကယ်ပဲ တွေ့ကြရမှာလား။ ဒါလေးတွေဟာ မြန်မာပြည်သူပြည်သားတိုင်း စဉ်းစားသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ယခင်က စစ်ကိုင်းတံတားကြီးကို ဧရာဝတီကရေပြင်ကျယ်ကြီးနဲ့ လှလှပပနဲ့ ဆောင်ကျဉ်းပေးခဲ့ပေမဲ့ အခုတော့ စစ်ကိုင်းတံတားကြီးကို သောင်ခုံနဲ့ ကူးပြီးတောင် သွားလာလို့ရတဲ့ အနေအထား ဖြစ်နေပါတယ်။ ဧရာဝတီ ကျန်းမာရေး မကောင်းဘူးဆိုတာကို သိစေနိုင်ပါတယ်။
ကျွန်တော်တို့ အိမ်နီးနားချင်းကလေးတွေ မြစ်ကြီးတွေပေါ်မှာ ဆည်တွေဆောက်လို့ ဒဏ်ခတ်ခံနေရပြီး သူတို့ဘ၀တွေပျက်နေပြီ ။ ဒါလေးကို နည်းနည်းလေး အချိန်ပေးပြီး လေ့လာလိုက်တာနဲ့။ တို့လည်း ဒီလမ်းလျှောက်ရင် ဒီခရီးရောက်မှာပဲဆိုတာ သိလိုက်ရတယ်။ ဒီအချက်လေးကို ကျွန်တော် အဓိကပြောချင်ပါတယ်။ ဥပမာဆိုကြပါစို့။ မုန်တိုင်းတွေနဲ့ ပတ်သက်ပြီး အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ ၄ ရက်မှာ နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် အလွန်ကြီးမားတဲ့ မုန်တိုင်းဒီရေလှိုင်းတွေ ၀င်တဲ့အခါမှာ လူပေါင်း ၁၃၈၀၀၀ အသက်ဆုံးရှုံးခဲ့ရတယ်။ ဒီလောက် အသေအပျောက်များတဲ့ အဖြစ်မျိုး မြန်မာနိုင်ငံသမိုင်းမှာ မဖြစ်ဘူးပါဘူး။ ကမ္ဘာပေါ်မှာ  မုန်တိုင်းဒီရေလှိုင်းကြောင့် သေပျောက်မှုအများဆုံးနိုင်ငံဟာ ကျွန်တော်တို့ဆီကနေ လှမ်းခေါ်ရင် ကြားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒီလောက် လူအသေအပျောက်များတဲ့ နိုင်ငံက ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိမထားခဲ့ကြဘူး။ အိမ်နီးချင်းကလေး အရိုက်ခံရတာကို မြင်တာကို ကျွန်တော်တို့ ဂရုမစိုက်ခဲ့ကြဘူး။ ဒါကြောင့် ကျွန်တော်တို့ ပညာမရခဲ့ဘူး။ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဘာမှ ကျွန်တော်တို့ မလုပ်ထားခဲ့ရဘူး။ ရာသီဥတု ပြောင်းလဲခြင်း အကြောင်းပြောရတာ တော်တော်ကို ရင်နာစရာ ကောင်းပါတယ်။

ကျွန်တော်တို့ ဆွေးနွေးနေတဲ့ မြစ်ဆုံကိစ္စမှာ ရာသီဥတု ပြောင်းလဲမှုအကြောင်း ဘာမှမပါပါဘူး။ ဘာမှ ထည့်သွင်း ဆွေးနွေးခြင်းလည်း မရှိပါဘူး။ လေ့လာရကောင်းမှန်းလည်း  မသိပါဘူး။ ကမ္ဘာမှာရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လူတွေကိုလေ့လာရာမှာ အုပ်စု ၁၀ စုရှိနေပါတယ်။ တချို့က ဒါတစ်ကယ်ဖြစ်နေတာ မဟုတ်ပါဘူး။ တစ်ချို့က  ဒါသဘာဝပါ။ တချို့ကလည်း ဒါတွေကတဖြည်းဖြည်းမှဖြစ်မှာပါ။ တချို့ကလည်း ဒါမြန်မာပြည်ကို မထိခိုက်ပါဘူး။ တချို့ကလည်း ဒါစိုက်ပျိုးရေးအတွက် ပိုတောင်အကျိုးရှိမှာပါ။ တချို့က အစိုးရတာဝန်ယူသွားပါလိမ့်မယ်။ တချို့က နိုင်ငံတော်လုံခြုံရေးနဲ့စာရင် ပါးပါးလေးပါ။ နိုင်ငံတော်လုံခြုံရေးက ပိုအရေးကြီးပါတယ်။ တချို့လည်း ပြောကြတယ်။ ဒီခေတ်က အိုင်တီခေတ်ကြီးပါကွာ။ နည်းပညာတွေနဲ့ ဖြေရှင်းသွားကြလိမ့်မယ်။ အချို့ကလည်း ပြောတယ်။ မင်းကလည်းကွာ။ ကံကံ၏အကျိုးပါပဲ။ အဲဒီ ၁၀ မျိုးထဲမှာ ဒီမှာ နားထောင်နေတဲ့သူတွေက ဘယ်အမျိုး အစားထဲမှာ ပါနေပါသလဲ။ ဒီ ၁၀ မျိုးထဲက တစ်မျိုးမျိုးမှာပါနေရင် အယူအဆ လွဲမှားနေတယ်လို့ ယုံကြည်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အပူချိန်ပြဇယားတွေကို ကြည့်ရင် နေ့အပူချိန်တွေတိုးပြီး  ညဘက်လည်းမအေးပါဘူး။ နောက်ပြီး မုတ်သုံဝင်ရက်တွေ နောက်ကျလာတယ်။ အနည်းဆုံးတစ်ပတ် ဆယ်ရက် နောက်ကျပါတယ်။ ပြီးတော့ မုတ်သုံအထွက်ကလည်း သိသိသာသာ စောလာတယ်။ ဒီနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာပဲ မြန်မာနိုင်ငံ အထက်ပိုင်းကနေ တစ်ဆင့် မြစ်ဝကျွန်းပေါ်အထိ မုန်သုံထွက်ခွာသွားပြီ ဖြစ်ပါတယ်။ မုတ်သုံကာလ လျော့နည်းလာတာဟာ အဆိုးဆုံးအချက်ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပျက်စီးဆုံးရှုံးမှု ပြသတဲ့ မြေပုံမှာ မြစ်ဆုံဒေသဖြစ်တဲ့ ကချင်ဒေသဟာ မပါသေးပါဘူး။ ဒီအချိန် အထိ အဖြူရောင်နယ်မြေလေးပဲ ဖြစ်ပါတယ်။ မြစ်ဆုံ Project ကြီးလုပ်လိုက်လို့ နောက် ၁၀ နှစ် ၁၅ နှစ်နေရင် ကချင်ပြည်နယ်ကိုလည်း အဲဒီ မြေပုံမှာ အရောင်ခြယ်ရတော့မယ်။ ကချင်ကို ဒီအတိုင်းထားလို့ မရတော့ဘူး။ အ၀ါရောင်လောက်ဆိုရင် တော်သေးတယ်။ အနီရောင်အထိ ဖြစ်သွားမယ်ဆိုရင် ထိခိုက်နစ်နာမှု အမြင့်ဆုံး ရောက်လာပါလိမ့်မယ်။
တရုတ်နိုင်ငံမှာ 3 Gorges Dam ကြောင့် ယန်စီမြစ်မှာလည်း ရေမျက်နှာပြင် စံချိန်တင် လျော့ကျမှုဖြစ်ပေါ် နေတဲ့အတွက် Dam နေ့စဉ် ရေကုဗမီတာ ၄ သန်း ထုတ်လွှတ်ပေးနေ ရပါတယ်။ ဒီအတိုင်းကြည့်ရင် ဒီဆည်က ကျေးဇူးတင်စရာကောင်းပေမဲ့  ဆည်ကရေတွေကို ဖမ်းထိန်းထားလို့သာ ယန်စီမြစ်မှာ ရေမရှိတော့တာ ဖြစ်ပါတယ်။ ဒီဆည်သာမဆောက်ဖြစ်ရင် ယန်စီမြစ်မှာ ရေမရှိစရာ အကြောင်းမရှိပါဘူး။ တရုတ်နိုင်ငံမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုခြောက် သွေ့လာတာနဲ့အမျှ ၂၀၀၀ ခုနှစ်က နေ ၂၀၀၉ ခုနှစ်အထိ ၁၀ နှစ်တာအတွင်း ရေချိုရေသန့် ရရှိမှုဟာ ၁၃ ရာခိုင်နှုန်း ကျဆင်းလာတယ်။ မိုးခေါင်မှုတွေ ပြင်းပြင်းထန်ထန် ကြုံတွေ့လာတယ်။ ဒါကြောင့် တရုတ်အစိုးရက ရေအမြောက်အများရရှိနိုင်တဲ့အပေါ် အမြင်ပြုပြင်တဲ့ ရေအားလျှပ်စစ် တည်ဆောက်မှုကို တိုးချဲ့လုပ်ကိုင်ဖို့ လူထုစည်းရုံးရေး လုပ်ငန်းတွေကို တိုးမြှင့်လုပ်ကိုင်ခဲ့ပါတယ်။

တရုတ်က အရင်တုန်းက ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်တယ်။ ဒါနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အဖြစ်အပျက်တွေ့ကတော့ Climate Change နဲ့ပတ်သက်တဲ့ Kyoto Protocol ပြဿနာ၊ ဓာတ်ငွေ့ထုတ်လွှတ်မှု အများဆုံး၊ ကာဗွန်ထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာတယ်။ ဒါနဲ့ ပတ်သက်ပြီး တရုတ်မှာ တာဝန်တွေအများကြီး ရှိတယ်။ Carbon Credit တွေရဖို့ကို လုပ်ဖို့လိုလာတယ်။ ဒါကြောင့် တရုတ်ပြည်မှာ ရေအား လျှပ်စစ်ထုတ်ဖို့ မြစ်တစ်စင်းပဲ ကျန်တော့တယ်။ ကျန်တဲ့မြစ်အားလုံး ထုတ်ပြီးပြီ။ မြစ်ကြီးတွေမှာ Dam တွေဆောက်တာတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေနဲ့ ပြည်သူတွေက အမြဲဆန့်ကျင်နေတယ်။ အဲဒီတော့ သူတို့က ကျန်တဲ့မြစ်တွေကို လူမိုက်လုပ်ပြီး ဆက်မဆောက်တော့ဘူး။ တခြားမှာရှာတယ်။ တရုတ်ပြည်မှာ ကမ္ဘာ့အကြီးစားရေကာတာကြီးတွေရဲ့ ထက်ဝက်ကျော်ပိုင်ဆိုင်ထားတယ်။ ရေကာတာပေါင်း ၂၅၈၀၀ ရှိတယ်။ ယန်စီမြစ်ရဲ့ မြစ်ကြောင်းတစ်လျောက်နဲ့  မြစ်လက်တက်တွေထဲမှာ ရေကာတာပေါင်း ၁၀၀ ကျော် တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်နေဆဲလည်း ဖြစ်တယ်။ သူတို့ရဲ့ အနောက်တောင်ဘက် မဲခေါင်မြစ်အပေါ်ဘက်နားမှာ ရေကာ ၄၃ ခု ဆောက်ဖို့ စီမံချက်ချထားပြီးဖြစ်တယ်။
တရုတ်ပြည်အတွက်တော့ ရေအားလျှပ်စစ်စီမံကိန်းက မဖြစ်မနေလုပ် ရမဲ့ အနေအထားဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အတွက် အဲဒါက ထွက်ပေါက်ဖြစ်နေတယ်။ ရေအားလျှပ်စစ်ကို နှစ်ဆတိုးပြီး ထုတ်လုပ်ဖို့ သတ်မှတ်ခဲ့တယ်။ ရေအားလျှပ်စစ်ထုတ်မဲ့ ပေါ်လစီကို ကျွန်တော်တို့ ဆီမှာလာပြီး အကောင်အထည် ဖော်တယ်။ သူတို့ဆီမှာ မြစ်ကြီးတွေ ကောလာတဲ့အတွက် လယ်သမားတွေလည်း ဒုက္ခရောက်တယ်။ ငါးတွေသေတယ်။ မြစ်ရေခန်းခြောက်ပြီး မြေတွေလည်း ပက်ကြားအက် ကုန်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြစ်ဆုံဆည် တည်ဆောက်မှုက အနာဂတ်ရေရှိရေးအတွက် အခြေအနေမကောင်းဘူးဆိုတာ တွေ့ရပါတယ်။
ရေခဲမြစ်တွေမှာလည်း မြစ်တွေ အများကြီး ပျောက်ကုန်တယ်။ ရေတွေမရှိတော့ဘူး ရေခဲတွေ မရှိတော့ဘူး။ ဟိမ၀န္တာတောင်မှာလည်း ရေခဲတွေ လျော့လာပြီး ရေခဲတွေအရည်ပျော်လို့ ရေကန်သစ်ကြီးတွေ ပေါ်လာတယ်။ အဲဒီရေကန် သစ်ကြီးကရေတွေ အောက်ကိုစီးကျတဲ့အခါ ၂၀၀၄ ခုနှစ်ဇူလိုင်လမှာ မြစ်ကြီးနားမြို့မှာ တစ်ညတည်း ရေအမြင့် ၂၄ ပေအထိ မြင့်တက်လာပြီး ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ၁၂ လလုံးမိုးရေချိန် ကောင်းကောင်းမရရှိတဲ့ မင်းဘူး၊ မန္တလေး၊ ရမည်းသင်း မြို့တွေရဲ့ စိုက်ရေးပျိုးရေးအတွက် လိုအပ်တဲ့ရေတွေကို ဧရာဝတီမြစ်ကြီးက ထောက်ပံ့ပေးနေပါတယ်။ မြစ်ဆုံစီမံကိန်းဆောက်လို့ ရေတွေကို သိုလှောင်မယ်။ မိုးကလည်း သူတို့ခန့်မှန်ထားသလို မိုးကလည်း ရရှိမှုနည်းမယ်ဆိုရင်၊ ရှိသမျှရေတွေကို ထိပ်ကသိုလှောင်လိုက်မယ်ဆိုရင် အောက်ကမြစ်ကြောတစ်လျှောက်မှာ ရေတွေခန်းခြောက်သွားမယ်။ ဒါတွေကို စဉ်းစားသင့်တယ်။ ဧရာဝတီဟာ သူဟာနဲ့သူ မြစ်ကြောတစ်လျှောက် လိုတဲ့နေရာတွေကို ရေပေးဝေပြီး တာဝန်ထမ်းဆောင် သွားတယ်ဆိုတာ ကျွန်တော်တို့ သိဖို့လိုတယ်။ ဧရာဝတီမြစ်ဆုံ အနီးနား တစ်ဝိုက်လောက်သာ Environmental Assement လုပ်ပြီး ဆုံးဖြတ်ပြုလုပ်တာဟာ ဘယ်လို နည်းနဲ့မှ Scientific Conclusion ဖြစ်လာမှာမဟုတ်ဘူး။ အောက်ကြော တစ်လျှောက်အထိ လေ့လာမှုတွေ ပြုလုပ်ဖို့ လိုတယ်။ မြန်မာနိုင်ငံမှာ ငလျှင်အလှုပ်ဆုံး ဒေသက မြစ်ဆုံဒေသပဲဖြစ်တယ်။ ဒီလိုဒေသမျိုးမှာ ဆောက်ခြင်းက အန္တရာယ် အလွန်ကြီးပါတယ်။
http://www.first-11.com

မြန်မာပြည်ပျောက်သွားပြီး တရုတ်ပြည်ဖြစ်လာတော့မှာလား







by May Thingyan Hein on Saturday, September 24, 2011 at 12:22pm
မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၂၄၊ ရန်ကုန်မြို့

အိပ်မက်ဆိုးတွေ မက်နေပြီ။တကယ်ကို ချွေးစီးတွေနဲ့ ခြောက်ခြားစရာကောင်းတဲ့ အိပ်မက်ဆိုးပါ။

ဧရာဝတီမြစ်ဆုံ စီမံကိန်းဆောက်လုပ်တဲ့ နေရာကို တရုတ်ကုမ္ပဏီကနေ တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းကို ခေါ်သွင်းလာမယ်လို့ ကြားတော့ ကျမ တော်တော်လေး သွေးပျက်သွားမိတယ်။

တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းရောက်လာရင် ကချင်ပြည်နယ်က အမျိုးသမီးတွေရဲ့ ဘ၀ ဘယ်လို ဖြစ်သွားနိုင်မလဲ။ မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ကို လူကုန်ကူးခံနေရတဲ့ကိစ္စကိုတောင် မဖြေရှင်းနိုင်သေးတာ။ မြန်မာပြည်ထဲကို ရောက်လာတဲ့ တရုပ်အလုပ်သမား ၅ သောင်းကြောင့် မြန်မာပြည်သူ အမျိုးသမီးဘယ်လောက်တောင် ပျက်ဆီးသွားမလဲ ဆိုတာကို ကျမ တွေးမကြည့်ရဲတော့ဘူး။

နောက်ထပ် ကျမကို ဆက်ပြီး အတွေးပွားစေတာတွေ ရှိပါသေးတယ်။ တော်ဝင်နှင်းဆီဆွေးနွေးပွဲမှာ ဒေါက်တာခင်မောင်ညို မေးခဲ့တဲ့ မေးခွန်းပါ။

`မြစ်ဆုံဆည်ကြီးရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ၊ မြန်မာ စစ်တပ်လား၊ တရုတ်စစ်တပ်လား`တဲ့...။ သိပ်ကောင်းတဲ့ မေးခွန်းပါ။

စက်တင်ဘာ ၂၃ ရက်နေ့၊တော်ဝင်နှင်းဆီမှာ  မြန်မာငှက်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းက ဦးစီးပြီး ရန်ကုန်က ပညရှင်အသီးသီးကို ဖိတ်ပြီး ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲကို ကျမ တက်ခဲ့တယ်။ အဲဒီက ပြန်တော့ကျမတကိုယ်လုံး ညှိုးခြုံးပြီး တွေးစရာတွေ ပါလာခဲ့တယ်။ အဲဒီနောက်တော့ ကျမရဲ့ခြောက်အိပ်မက်က စတော့တာပါပဲ။

အိပ်မက်ထဲမှာ မြန်မာနိုင်ငံက ပျောက်သွားတယ်။ ကျမနေတဲ့ ပြည်ရိပ်မွန်ဟာလည်း ပျောက်သွားတယ်။
 လှည်းတန်းဈေးကလည်း တရုတ်ဈေးဖြစ်နေတယ်၊ မြင်မြင်သမျှ လူတွေကတော့ မျက်လုံးမှေးမှေး၊ အသားနီစပ်စပ်နဲ့ ချွေးတွေ စီးကျနေတဲ့ တရုတ်လူမျိုးတွေ ဖြစ်နေတယ်။ နောက်ဆုံး  ကျမ လက်ထဲက ကိုင်နေတဲ့စာအုပ်တောင်မှ တရုတ်စာလုံးတွေနဲ့ စာအုပ်ဖြစ်နေတယ်။

ဖျတ်ခနဲ လန့်နိုးလာတဲ့ ကျမ ဘယ်လိုမှ ဆက်အိပ်လို့မရတော့ဘူး။  အမှောင်ထဲမှာ ငုတ်တုတ်ထိုင်ပြီး စဉ်းစားမိတော့တာပါပဲ။

တော်ဝင်နှင်းဆီက ပညာရှင်အသီးသီးက မတူညီတဲ့ အမြင်တွေနဲ့ ဧရာဝတီမှာမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး သူတို့အမြင်နဲ့သဘောထားတွေကို ပြောဆိုကြတယ်၊ တင်ပြကြတယ်။

ပညာရှင်အားလုံးဟာ လေးစားစရာကောင်းပါတယ်။ ကျမတို့ မသိတာတွေ။ မမြင်တဲ့ ရှုထောင့်တွေ၊ မသိတဲ့ ပညာရပ်တွေ ဘယ်လောက် များပြားကျယ်ပြန့်သလဲ။ ဒီဆွေးနွေးပွဲကိုတက်ပြီးတော့ ကျမ မြစ်ဆုံနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေကို မရေးရဲလောက်အောင်ဖြစ်ရပါတယ်။ သိတ်ကို ကျယ်ပြန့်ပါတယ်။ ကျမ မသိတဲ့ နားမလည်တာတွေလည်းအများကြီး၊ မမြင်မိတာတွေလည်း အများကြီးပါ။

ဒါပေမဲ့ သာမန်ပြည်သူ၊ သာမန်သတင်းသမားတယောက်အနေနဲ့ တော့ ရေးချင်တယ်၊ အမျိုးသားရေးမို့ ပိုပြီး ရေးချင်တယ်။ ပညာရှင်ရှုထောင့်မျိုးကနေ မရေးနိုင်ပေမဲ့ သာမန်ပြည်သူတဦး၊ သာမန်သတင်းသမားတဦး၊ မြန်မာ အမျိုးသမီးတဦး၊ မိခင်တဦးအနေနဲ့ တော့ ကျမ ရေးချင်ပါတယ်။

တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းရောက်လာရင် ကချင်ပြည်နယ်က အမျိုးသမီးတွေရဲ့ ဘ၀ ဘယ်လို ဖြစ်သွားနိုင်မလဲ။ မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ကို လူကုန်ကူးခံနေရတဲ့ကိစ္စကိုတောင် မဖြေရှင်းနိုင်သေးတာ။ မြန်မာပြည်ထဲကို ရောက်လာတဲ့ တရုပ်အလုပ်သမား ၅ သောင်းကြောင့် မြန်မာပြည်သူ အမျိုးသမီးဘယ်လောက်တောင် ပျက်ဆီးသွားမလဲ ဆိုတာကို ကျမ တွေးမကြည့်ရဲတော့ဘူး။

တကယ်ပဲ ကျမတို့ဟာ ဧ၇ာဝတီမြစ်ကိုတင် ဆုံးရှုံးရမှာ မဟုတ်ပါဘူး၊ မြန်မာပြည်သူတွေ၊ ပြီးတော့ မြန်မာပြည်ကိုပါ ဆုံးရှုံးရတော့မဲ့ အခြေအနေမျိုးပါ။

စစ်ဗိုလ်များပြီး ရဲဘော်မရှိတဲ့ မြန်မာစစ်တပ်ကို တရုတ်အစိုးရက သူတို့ဆည်လုံခြုံရေးအတွက် တာဝန်ပေးပါ့မလား။
တရုတ်စစ်တပ် ၀င်လာရင် အင်အားဘယ်လောက်နဲ့ ၀င်လာကြမှာလဲ။
အဲဒီ စစ်တပ်က ကချင်ပြည်နယ်ကိုတင် မက နေပြည်တော်ထိ တက်ပြီး သိမ်းနိုင်တဲ့ အခြေအနေကော ရောက်မလာနိုင်ဘူးလား။
လက်ရှိ မြန်မာအစိုးရပိုင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိတွေထဲမှာကော တရုတ်ပြည်က စပိုင်တွေ မရှိနိုင်ဘူးလား။

ယနေ့ ထိတ်ထိတ်ကျဲကျဲ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၂ ဦးခန့်ကိုတရုတ်အစိုးရက ငွေကြေးအလုံးအရင်းနဲ့ ထောက်ပံ့ပေးပြီးလူမွေးထားတဲ့ သတင်းတွေက ဘာကြောင့် ထွက်လာတာလဲ။

မန္တလေးကို တရုတ်တွေက ဖြည်းဖြည်းခြင်း စီးဝင်ခဲ့တာပါ ဧရာဝတီမြစ်ဆုံကိစ္စကတော့ တရုတ်တွေ ဝေါကနဲ မြန်မာပြည်ရောက်လာမဲ့ ကိစ္စလို့ ကျမတော့မြင်လိုက်မိတယ်။

မြစ်ဆုံကြောင့် ကျမတို့ မြန်မာပြည် အကျိုးကျေးဇူး ဘယ်လောက်ရှိနိုင်ပါသလဲ၊
မြစ်ဆုံစီမံကိန်းကြောင့် ကျမတို့ မြန်မာပြည် ပျောက်သွားနိုင်တာကတော့ ကျမ အတွေးထဲမှာ သေချာ သလောက် ဖြစ်နေပါတယ်။

ဆောင်းတွင်းမဟုတ်ပဲ ခြောက်အိပ်မက် မက်နေတဲ့ ကျမလို မြန်မာပြည်သူတွေ အများကြီး ရှိပါလိမ့်မယ်။

ကြတ်ပြေးအရှုပ်တော်ပုံ





အပြတ်တိုက်မဲ့ဦးပီတာလင်းပင်



မြစ်ဆုံ ညီလာခံ မှ Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်

Saturday, 24 September 2011 05:06

ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့သော
သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဟောပြောပွဲကျင်းပ
Saturday, 24 September 2011 04:32



ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့ကြသော သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟောပြောပွဲကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ Parkroyal Hotel တွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲကို ထွန်းလွင်ဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev ၊ မုံရွေးစာအုပ်တိုက်တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကာ ဟောပြောပွဲကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပညာရှင် ဦးအုန်း၏ အဖွင့်အမှာစကား ပြောကြားမှုဖြင့် မွန်းလွဲ ၁ နာရီခန့်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် Eco Dev မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ဧရာဝတီအတွက် မေးခွန်း ၂၀ ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့သည်။ ယင်းမေးခွန်းများတွင် စီးပွားရေးအကျိုးအမြတ် တကယ်ရှိမှာလား၊ ငါ့မယုံငါ့ဘကြီးမေးမှာလား ယုံလို့ပုံပြီး ၀ကွက်အပ်မှာလား၊ တကယ်ပဲ ၇ ရာခိုင်နှုန်းလား၊ ရေဝေရေလဲ ထိန်းသိမ်းရေး ဘယ်သူ၊ ဘယ်လိုလုပ်မှာလဲ၊ ရာသီဥတုပြောင်းလဲခြင်းရော ထည့်တွက်ရဲ့လား၊ သဘာဝဘေး အာမခံနိုင်မလား၊ သန့်စင်သော စွမ်းအင်လို့ ထင်နေသလား၊ လျှပ်စစ်လိုချင်တာလား ဆောက်ချင်တာလား၊ အမျိုးသားစွမ်းအင်လုံခြုံရေး တကယ်စဉ်းစားထားသလား၊ ရေချိုငါးလုပ်ငန်းနဲ့ လဲမှာလား၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေး ဘယ်လိုစဉ်းစားထားသလဲ၊ ကူးစက်ရောဂါနှိမ်နင်းရေး ထည့်စဉ်းစားထားသလား၊ ဇီဝ မျိုးကွဲထိန်းသိမ်းရေး တကယ်အလေးထားမှာလား၊ မြစ်ရေတင် စီမံကိန်းတွေ ဘယ်လိုလုပ်မလဲ၊ ရေငံတားတွေဆောက်ဖို့ ဒီရေတောတွေ စိုက်ဖို့ ငွေပေးမှာလား၊ မြစ်ကြောင်း ပြုပြင်ရေး ပိုလုပ်မှာလား၊ ရေကောင်း ရေသန့် သောက်သုံးရေ ပေးဝေနိုင်မှု ဘယ်လောက် ဆုံးရှုံးသွားမလဲ၊ လူ့အခွင့်အရေး အပြည့်အ၀ လေးစားလိုက်နာမလား၊ သာတူညီမျှမှုနဲ့ တရားမျတမှု ဘယ်လိုအာမခံမလဲ၊ သယံဇာတ ကျိန်စာ တကယ် သင့်ကြတော့မှာလား စသည်တို့ ပါဝင်ခဲ့ပါသည်။

ထွန်းလွင်ဖောင်ဒေးရှင်းမှ ဒေါက်တာထွန်းလွင်က ဧရာဝတီ မြစ်ဆုံတည်ဆောက်ရန် အကြိုလေ့လာသည့် EIA တွင် ရာသီဥတု ပြောင်းလဲမှုကို ထည့်သွင်းမတွက် ချက်ထားခြင်း၊ ဧရာဝတီမြစ်၏ တစ်နိုင်ငံလုံး လွှမ်းခြုံထားမှု ဧရိယာ ကြီးမားပုံ၊ မြစ်ဆုံမှ မြစ်အောက်ပိုင်း အထိ အသက်မွေးဝမ်းကျောင်းဘ၀များအတွက် မှီခိုထားမှုများ၊ တရုတ် နိုင်ငံတွင် ဆည်ဆောက်ခြင်း၏ ဆိုးကျိုးကို ကြုံနေရပုံ၊ လာမည့် ဆယ်စု နှစ်များအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းအပါအ၀င် ဒေသများတွင် ရာသီဥတု ပြောင်းလဲမှု ကြုံနိုင်ခြေများ၊ ဆည်ဆောက်လိုက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ရေအခက်အခဲ ကြုံရနိုင်ပုံ အစရှိသည်တို့ကို တင်ပြခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ရောက်ရှိလာသော ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဒူဝါဇောင်ဂမ်က သဘာဝပတ်ဝန်းကျင်ယိုယွင်းခြင်း၊ မြစ်ဆုံတွင် ဆည်ဆောက်မည် ဆိုခြင်းကြောင့် အိပ်မပျော်နိုင်ဘဲ စိတ်ပူပင်နေရမှုများ၊ ရေကာတာ တည်ဆောက်လိုက်ပြီးနောက် ငလျင်ဖြစ်ပေါ်လျှင် မြစ်ကြီးနားမြို့ စက္ကန့်ပိုင်းအတွင်း ရေမြုပ်နိုင်ခြေ၊ မန္တလေးရေကြီးမှု၊ ပဲခူးရေကြီးမှုအကြောင်းများ၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ဖူးသော တောင်ပြိုမှုများ၊ ရေကြီးမှုများ၊ ဆည်တည်ဆောက်ခြင်းအပေါ် ပြန်လည်စဉ်းစားပေးရန် စသည်တို့ကို တင်ပြဆွေးနွေးခဲ့သည်။

နိဂုံးချုပ်အမှာစကားကို Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ရာတွင် ဧရာဝတီမြစ်အပေါ် တစ်နိုင်ငံလုံးက ချစ်မြတ်နိုးတန်ဖိုးထားပုံ၊ သတင်းမီဒီယာရှုထောင့်ဖြစ်သော ပြည်သူလူထုအသံကို နားထောင်စုဆောင်းကာ တင်ပြရခြင်း၊ မြစ်ဆုံစီမံကိန်းအပေါ် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ သုံးသပ်တင်ပြခြင်း၊ ကချင်တိုင်းရင်းသားတို့ မြစ်ဆုံအပေါ် အထွတ်အမြတ်ထားပုံ၊ ငလျင်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဆက်စပ်နေမှုအား အချက်အလက်များဖြင့် တင်ပြခြင်း၊ CPI ၊ Asia World တို့သို့မေတ္တာရပ်ခံမှုများ၊ တိုင်းရင်းသားများအားလုံး ညီညွတ်ရေးအတွက် မြစ်ဆုံက အရေးပါနေပုံ အစရှိသည့် အကြောင်းအရာတို့ ပါဝင်ခဲ့သည်။

ဟောပြောပွဲသို့ ဆရာတော် သံဃာတော်များ၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ စာပေအနုပညာနယ်ပယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်ဆိုင်ရာ နယ်ပယ်၊ လူမှုရေး အဖွဲ့အစည်းများ နယ်ပယ် စသည့် နယ်ပယ် အသီးသီးမှ စိတ် ပါဝင်စားစွာ တက်ရောက်ခဲ့ကြပြီး ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့ သည်။


Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်

အားလုံး မင်္ဂလာပါခင်ဗျာ။ ဧရာဝတီမြစ်ဟာ ပြည်ထောင်စုရဲ့ သင်္ကေတ၊ ဧရာဝတီမြစ်ဆုံဟာ ပြည်ထောင်စုရဲ့ အစပဲဖြစ်ပါတယ်။ ဧရာဝတီကို ချစ်မြတ်နိုးခြင်းဟာ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုကို ချစ်မြတ်နိုးခြင်းဟာ နိုင်ငံကိုချစ်မြတ်နိုးခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဆွေးနွေးပွဲကို တက်ရောက်လာသူတွေဟာ ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးသူတွေ၊ ပြည်ထောင်စုကို ချစ်မြတ်နိုးသူတွေ၊ ဧရာဝတီကို ချစ်မြတ်နိုးသူတွေလို့ ယူဆပါတယ်။ ဒီပွဲကို မတက်ရောက်နိုင်ကြတဲ့ ပြည်တွင်းမှာရှိတဲ့ အလွှာအသီးသီး၊ နေရာဒေသအသီးသီး၊ ဌာနအသီးသီး၊ နေရာဒေသအရပ်အသီးသီးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးအားလုံးအပါအ၀င် နိုင်ငံတကာမှာရှိနေကြတဲ့ မြန်မာစိတ်ရှိတဲ့ မြန်မာအားလုံးရဲ့ ဧရာဝတီချစ်စိတ်ကို ကျွန်တော်မျက်ဝါးထင်ထင်မြင်ရတဲ့အခါ ကျွန်တော်တို့နိုင်ငံဟာ အရေးကြုံတဲ့အချိန်မှာ ညီညွတ်လာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်လို့ ယုံကြည်ပြီး ကျွန်တော်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ရတာကို အများကြီးဂုဏ်ယူမိကြောင်း ပဏာမပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ အခု ပြောကြားခွင့်ရတာကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်အခုပြောကြားမယ့် အကြောင်းအရာက သတင်းမီဒီယာရှုထောင့်ကပဲ ပြောကြားမှာဖြစ်ပါတယ်။ သတင်းမီဒီယာရှုထောင့်ဆိုတာ ပြည်သူလူထုရဲ့အသံတွေကို နားထောင်ရတယ်။ သက်ဆိုင်ရာပညာရှင်တွေရဲ့ အချက်အလက်တွေကို နားထောင်ရတယ်။ အချက်အလက်တွေကို စုဆောင်းရတယ်။ သမိုင်း၊ ပထ၀ီ၊ အခြေအနေ အရာရာအားလုံးကို သုံးသပ်ရတယ်။ ပြီးတော့ မိမိတို့ရဲ့ ကျွမ်းကျင်မှု၊ တတ်ကျွမ်းမှု၊ မိမိတို့ရဲ့ Common Sense နဲ့ ပြည်သူလူထုကို နားလည်အောင် ပြန်လည်ရှင်းပြရတာ သတင်းမီဒီယာတွေရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ သတင်းမီဒီယာအနေနဲ့ အခုလို ပြည်သူလူထုကို တင်ပြတဲ့အချိန်မှာ ကျွန်တော်တို့ဟာ သွယ်ဝိုက်တဲ့နည်းနဲ့ တင်ပြရတာရှိသလို တစ်ခါတလေမှာလည်း တည့်တည့် Straight forward ပဲ တင်ပြရတာရှိပါတယ်။ ဧရာဝတီမြစ်ဆုံအရေးဟာ ကျွန်တော်အနေနဲ့ တင်ပြတဲ့အခါ Straight forward တည့်တိုးပဲ ပြောသွားမှာဖြစ်ပါတယ်။ ကျွန်တော် ဒီလိုတည့်တိုးပြောတဲ့အခါ ပညာရှင်မဆန်တာပဲဖြစ်စေ၊ သံတမန်မဆန်တဲ့ စကားလုံးတွေပဲ ပါသွားလို့ဖြစ်စေ ရိုင်းပျသလိုဖြစ်သွားရင်လည်း ခွင့်လွတ်ပေးကြဖို့ အားလုံးကို တောင်းပန်လိုပါတယ်။

ကျွန်တော့်အနေနဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ခုနက environmental ရှုထောင့်က တင်ပြသွားတာတွေဟာ အားလုံးပြည့်စုံပါတယ်။ environmental ရှုထောင့်ကနေ ဆင်ခြေရာ ထပ်ရှာစရာအကြောင်း မရှိတော့ပါဘူး။ ကျွန်တော်အနေနဲ့ လူမှုရေး၊ စီးပွားရေး၊ နောက်ဆုံး ဘယ်နေရာ ဘယ်ရှုထောင့် ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံရေးရှုထောင့်ကလည်း သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။ လူမှုရေးရှုထောင့်က တင်ပြရရင် ကျွန်တော် ခုန ဆရာဦးဝင်းမျိုးသူလည်း ရှင်းပြသွားပါပြီ။ မြစ်ဆုံဟာ ကချင်လူမျိုးတွေရဲ့ ယဉ်ကျေးမှု အထွတ်အမြတ်ဖြစ်ပါတယ်။ မလိခဆိုတဲ့ မြစ်နဲ့ အင်မိုင်ခလို့ခေါ်တဲ့ မေခမြစ်တို့ ပေါင်းစည်းပြီး ဖြစ်ပေါ်လာတဲ့ ဒီမြစ်ရဲ့ ဒဏ္ဍာရီဟာ ကချင်ဒဏ္ဍာရီမှာ အခိုင်အမာပါဝင်ပြီးတော့ ကချင်လူမျိုးတွေရဲ့ အထွတ်အမြတ်ထားတဲ့ ဒေသဆိုတာ ဘယ်သူမှ ငြင်းပယ်လို့မရပါဘူး။ ကျွန်တော်တို့ နိုင်ငံ ကျွန်တော်တို့ ဗုဒ္ဓဘာသာလူမျိုးတွေအနေနဲ့ ရွှေတိဂုံစေတီတော်ကို အထွတ်အမြတ်ထားရာ ရွှေတိဂုံကိုမြင်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံကို ရောက်ပြီလို့ ထင်ကြတဲ့အထိ အထွတ်အမြတ်ထားရာ ဖြစ်သလို မြစ်ဆုံဟာလည်း ကချင်လူမျိုးတွေရဲ့ အထွတ်အမြတ်ပဲဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးတွေကို ကျော်ဖြတ်လာတဲ့အချိန်မှာ ရွှေတိဂုံဟာ ဘေးမသီရန်မခ ရှိနေခဲ့တာဟာ ကျွန်တော်တို့နဲ့ အယူအဆမတူသူ၊ ၀ါဒမတူသူ၊ ဘာသာမတူသူ လူမျိုးမတူသူတွေကို ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းလေးစားလိုက်နာခဲ့တဲ့အတွက် ကျွန်တော်အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမ ကချင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းလိုက်နာဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်ဆိုတာကို ဦးစွာပြောကြားလိုပါတယ်။

ဒါ့အပြင် တခြားလူမှုရေးရှုထောင့်က တင်ပြလိုတာကတော့ ကျွန်တော်တို့ ခုနကပြောတဲ့ ဒူဝါကြီး၊ ကျွန်တော့် အဖေကလည်း ကချင်ဒေသခံပါ။ ဒူဝါကြီးထက် ငယ်ပေမယ့် ကချင်ပြည်နယ်မှာပဲ မွေးဖွားပြီး ကချင်ပြည်နယ်မှာပဲ ကြီးပြင်းခဲ့တဲ့သူပါ။ ဒူဝါကြီးက ကျွန်တော့်အဖေထက် အသက်ကြီးပါတယ်။ ဒူဝါကြီးရဲ့ စိတ်ခံစားချက်ကို ကျွန်တော်အများကြီး နားလည်နိုင်ပါတယ်။ CPI ကုမ္ပဏီဥက္ကဋ္ဌ ရှင်းပြသွားတဲ့အချိန်မှာ ဒီ Dam ဟာ ရစ်ခ်ျတာစကေး ၈ ထိ ခံနိုင်ရည်ရှိတယ်လို့ပြောပါတယ်။ error တွေကို ထည့်တွက်ရင် ၇ ၊ ၈ ထက်ကျော်ရင် ခံနိုင်ရည်မရှိဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်တွေကို ပြန်ကြည့်ခဲ့ရင် ကချင်ပြည်နယ် ဒါမှမဟုတ် မြစ်နဲ့ နီးစပ်တဲ့ဒေသမှာ ရစ်ခ်ျစတာစကေး ၇.၅ နဲ့အထက် ငလျင်ကြီးသုံးခု ဖြစ်ပွားခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒီငလျင်တွေကတော့ ၁၉၃၁မှာ လှုပ်ခတ်ခဲ့တဲ့ ကာမိုင်းငလျင်၊ ၁၉၄၆ မှာဖြစ်တဲ့ တကောင်းငလျင်၊ ၁၉၉၁ မှာဖြစ်တဲ့ ထီးချိုင့်ငလျင်၊ ဒါတောင် ၁၉၉၄မှာ မြစ်ကြီးနားငလျင် လှုပ်သွားပါသေးတယ်။ ရစ်ခ်ျစတာစကေး ၆ ရှိပါတယ်။ ဒါဟာ အချက်အလက်အားဖြင့် ဒီဒေသမှာ ငလျင်ဆိုတာကို ငြင်းပယ်လို့မရတဲ့ အချက်ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ကမ္ဘာကြီးဟာ ရာသီဥတုပူ နွေးပြောင်းလဲလာတယ်။ ခုနကလည်း ဆရာဦးထွန်းလွင် ပြောခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာ့အောက်ခြေမှာရှိနေတဲ့ ဓာတ်သဘောသဘာဝ ပြောင်းလဲလာတယ်ဆိုတာ ဘာမှငြင်းလို့မရပါဘူး။ အရင်တုန်းက ငလျင်ဆိုတာ ဒီလောက်ဖြစ်လေ့မရှိပါဘူး။ ၂၀၀၄ခုနှစ် ဆူမားတြားငလျင်ပြီးတဲ့နောက်မှာ ရစ်ခ်ျစတာစကေး ၈ အထက် ငလျင်ကြီး ၁၀ ခုတိတိလှုပ်သွားတယ်ဆိုတာ အံ့သြဖို့ ကောင်းပါတယ်။ ခုနစ်နှစ်အတွင်းမှာ ရစ်ခ်ျစတာစကေး ၈ ရှိတဲ့ ငလျင်ကြီးဟာ မြန်မာနိုင်ငံမှာ နောက်တစ်ကြိမ်ထပ်လှုပ်လာခဲ့ရင်၊ ဒီမြစ်ဆုံဒေသမှာ ထပ်လှုပ်လာခဲ့ရင် ဘယ်လိုအခြေအနေမျိုးတွေဖြစ်မလဲ၊ ဒူဝါကြီးအိပ်မပျော်တာကို ကျွန်တော်တို့ အများကြီး ကိုယ်ချင်းစာနာလို့ ရပါတယ်။

ကျွန်တော်တို့ သတင်းမီဒီယာတစ်ခုအနေနဲ့ ဒီကိစ္စကို တိတိကျကျ ပြည်သူလူထုကို သတိပေးနိုင်တဲ့ဟာက ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ဘာဘေးအန္တရာယ်မှမရှိဘူး။ အေးအေးဆေးဆေး စိတ်ချလက်ချနေနိုင်တယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ဘယ်လောက် Risk ရှိမယ်။ ဘယ်လောက် Risk မရှိဘူးဆိုတာ ဘယ်သူမှ မပြောနိုင်တဲ့ အခြေအနေရှိပါတယ်။ အမြင့်ပေ ၅၀၀ ရှိတဲ့ ဒေသကနေကျလာမယ့် စတုရန်းမိုင် ၅၀၀ ရှိတဲ့ ရေလုံးကြီးရဲ့ ဖိအားကြောင့်ရောက်ခဲ့ရင် နာဂစ်မုန်တိုင်းကြောင့် သက်ရောက်ခဲ့တဲ့ ရေလှိုင်းကြီးရဲ့ အဆပေါင်း ဘယ်လောက်များစွာရှိမလဲ၊ ဒီလို အိပ်မပျော်တဲ့ ညပေါင်းများစွာ ကျော်ဖြတ်နိုင်မယ့် မြစ်ကြီးနားလွင်ပြင်ဒေသက လူသုံးသိန်းကျော်ကို ဘယ်လိုနှစ်သိမ့်မလဲ။ သူတို့ကိုနေပါလို့ ကျွန်တော်တို့ ဘယ်လိုသွားပြောမလဲ မီဒီယာရှုထောင့်ကနေ ခင်များတို့ မပြောင်းပါနဲ့ နေပါ။ စိတ်ချလက်ချနေပါ။ ဘာမှမဖြစ်ပါဘူးလို့ ဘယ်လိုသွားပြောမလဲ ဒီလိုမပြောနိုင်တဲ့ အခြေအနေမျိုးမှာ ဒီဒေသက လူတွေတဖြည်းဖြည်းနဲ့ လူတွေ စွန့်ခွာခဲ့ရင် ဒီမြစ်ကြီးနားမြို့ ဘာဖြစ်သွားမလဲ၊ ကချင်ပြည်နယ် ဘာဖြစ်သွားမလဲ။ ကချင်ပြည်နယ်ရဲ့ မြို့တော်ဟာ ဘာဖြစ်သွားမလဲ။ ဒီအထိ ရေရှည်စဉ်းစားဖို့ လိုပါတယ်။ ကျွန်တော်ပြောနေတာတွေဟာ လှုံ့ဆော်နေတာမဟုတ်ဘူး။ ပုံကြီးချဲ့ကားနေတာမဟုတ်ဘူး။ ကျွန်တော်တို့အနေနဲ့ တိုင်းပြည်ရဲ့ အကျိုးအတွက် တကယ်အရှိကိုအရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း တင်ပြနေတယ်ဆိုတာကို အားလုံး လက်ခံယုံကြည်စေချင်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ စီးပွားရေးတွက်ခြေကိုက်မှု..
ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲမူ ပြောသွားတာ ကျွန်တော် သဘောကျပါတယ်။ ကချင်လူမျိုး နှစ်သောင်းကျော် ပြောင်းရွှေ့ရတယ်။ ပြည်ထောင်စုကြီးသာ ချမ်းသာခဲ့ရင်၊ ပြည်ထောင်စုကြီးတစ်ခုလုံး အကျိုးရှိရင် ကျွန်မတို့ ကချင်လူမျိုးတွေ အနစ်နာခံရကျိုး နပ်ပါတယ်။ ကောင်းပါတယ်။ ဒီစိတ်ဓာတ်မျိုး ကျွန်တော်တို့ သဘောကျပါတယ်။ ဒါပေမယ့် ကချင်လူမျိုးတွေ အနစ်နာခံလို့ ကျွန်တော်တို့ ပြည်ထောင်စုကြီး၊ ကျွန်တော်တို့ တစ်နိုင်ငံလုံး ဘာဖြစ်သွားမှာမို့လို့တုန်း။ CPI ဥက္ကဋ္ဌက ပြောပါတယ်။ သူ့ရဲ့စာတမ်းမှာ ။ မြန်မာတစ်နိုင်ငံလုံးက ဒီမြစ်ဆုံစီမံကိန်းကြီး ပြီးသွားလို့ရှိရင် Industrialize နိုင်ငံဖြစ်သွားလိမ့်မယ်လို့ မြစ်ဆုံစီမံကိန်းရဲ့ ၉၀ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်စီမံကိန်းရဲ့ ၉၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံကို ရောင်းချခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအား သုံးစွဲမှုကိုကြည့်ရင် ကျွန်တော်တို့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးကြည့်ရင် ကျွန်တော်တို့ဟာ ၁၅၀၀ပဲရှိပါတယ်။ စင်ကာပူဟာ ၅၀၀၀ ရှိပါတယ်။ ထိုင်းဟာ ၁၃၀၀၀ ရှိပါတယ်။ တရုတ်ပြည်ဟာ ၄၀၀၀၀၀ ကျော်ရှိပါတယ်။ ဒီအခြေအနေကို နှိုင်းဆကြည့်ရင် ကျွန်တော်တို့ အလွန်ဆုံး သုံးနိုင်ရင် တစ်သောင်းကျော်ပဲရှိပါတယ်။ ကျွန်တော်တို့ဟာ နောက်ထပ် ၁၀နှစ် ၁၅နှစ်နေရင် တစ်သောင်းကျော်ပဲရှိပါတယ်။ ခု ရေအားလျှပ်စစ်စီမံကိန်းတွေကို လေ့လာကြည့်ရင် ကျွန်တော်တို့ ရေအားလျှပ်စစ် စီမံကိန်းတွေဟာ မြန်မာနိုင်ငံမှာ တည်ဆောက်ဆဲ တည်ဆောက်ဖို့ ကြံစည်နေတဲ့ ရေအားလျှပ်စစ်က ထွက်အားဟာ အရမ်းများပါတယ်။ အခု တာပိန်(၁)၊ (၂)၊ ရွှေလီ..။ ရောင်းချပြီးတဲ့ဟာ ထောင်ချီနေတဲ့ ရေအားလျှပ်စစ်က ကျွန်တော်တို့အတွက် ၁၅ရာခိုင်နှုန်း ပဲရှိပါတယ်။ ဒီဟာတွေ တရုတ်ပြည်ရောင်းချလိုက်လို့ ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး။ မကြာခင်မှာ ရပ်တော့မယ့် ဟတ်ကြီး၊ တရုတ်ပြည်က သဘာဝပညာရှင်တွေ ကန့်ကွက်မှုကြောင့် ရပ်စဲသွားတဲ့ တာဆန်း၊ ခု အိန္ဒိယကကြိုးစားနေတဲ့ ထမံသီ၊ ဒီပမာဏတွေဟာ မြစ်ဆုံနဲ့ စာရင် ဘာမှမပြောပလောက်ပါဘူး။ ကျွန်တော်တို့မှာ ရေအားလျှပ်စစ် အလျှံပယ်ထွက်နိုင်တဲ့ နေရာတွေရှိပါတယ်။ သဘာဝဓာတ်ငွေ့ကလည်း လျှပ်စစ်ရနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ Industrialize နိုင်ငံဖြစ်ဖို့အတွက် မြစ်ဆုံစီမံကိန်းဆောက်ဖို့ လုံးဝမလိုအပ်ပါဘူး။

နောက်တစ်ချက်က စီးပွားရေးအရ တွက်ခြေကိုက်မှု၊ ခုနက ဆရာဦးဝင်းမျိုးသူလည်း ပြောသွားပါတယ်။ ဆရာပြောသွားတဲ့ အချက်လေးက ပညာရှင်ဆန်ပြီးတော့ သံတမန်ဆန်ပြီးတော့ အင်မတန်သိမ်မွေ့ပါတယ်။ ကျွန်တော်ကတော့ တည့်တိုးပဲပြောပါမယ်။ CPI ဥက္ကဋ္ဌက ပြောသွားပါတယ်။ နှစ်ပေါင်း ၅၀ ။ ကျွန်တော် အင်မတန်ရင်နာသွားပါတယ်။ ကျွန်တော်သိတာ အစက ၃၀။ နှစ်ပေါင်း ၅၀ မှာ ကျွန်တော်တို့ နိုင်ငံဟာဒေါ်လာ ၄၇ဘီလျံရမယ်လို့ ပြောသွားပါတယ်။ စီးပွားရေး တွက်ခြေကိုက်မှုစာတမ်းမှာ ရေအားလျှပ်စစ်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးက ကျွန်တော်တို့နိုင်ငံဟာ ၁၇ ဘီလျံရမယ်တဲ့။ တရုတ်က ၁၁ ဘီလျံရမယ်။ This is quite different ။ ဒီအချက်ဟာ ကျွန်တော်တို့ မီဒီယာရှုထောင့်ကပြောရရင် ထောက်ပြစရာအချက် ဖြစ်ပါတယ်။ သူက ဒီလို အဆင့်ဆင့် တွက်ချက်မှုပေါင်း ၃၀၀ ကျော်အရ ဒီလိုမျိုးအဆင့်ဆင့်တွက်ချက်ပြီးတော့ ၀န်ကြီးဌာနအဆင့်ဆင့်ရော ရှေ့နေချုပ်ရုံးတွေရော တိုင်ပင်ပြီးတော့ ဒီစီမံကိန်းကို အတည်ပြုခဲ့တာလို့ ပြောပါတယ်။ ကျွန်တော်ကတော့ ဒီလို မတွက်တော့ပါဘူး။ ရိုးရိုးရှင်းရှင်း သုံးချက်နည်းနဲ့ပဲ တွက်လိုက်မယ်။ ၁၇ ဘီလီယံကို နှစ် ၅၀ နဲ့စားမယ်။ တစ်နှစ်ကို သန်း ၃၀၀ ပဲရမယ်။ ကျွန်တော်တို့ သန်း ၃၀၀ နဲ့ ဒီလောက် ငြင်းခုံဖို့ လိုအပ်မယ်လို့ ထင်လို့လား။

တစ်နှစ်ကို ဒေါ်လာ သန်း ၃၀၀ ရမယ်။ မြစ်ကြောင်းထိန်းသိမ်းရေး ပို့ဆောင်ရေးဝန်ကြီး ဌာနမှာ မေးကြည့်မယ်၊ တစ်နှစ်ကို ဘယ်လောက်ကုန်မလဲ၊ သန်း ၁၀၀ လောက်အနည်းဆုံးကုန်မယ်။ ဒါမြစ်ကြောင်း ထိန်းသိမ်းရေးပဲရှိတယ်။ အောက်မှာ ဆုံးရှုံးသွားတာတွေ ကျန်သေးတယ်။ စီးပွားရေးတွက်ခြေကိုက်မှုအတွက် ကျွန်တော်တို့ မေးစရာမေးခွန်း လုံးဝမလိုပါဘူး။ သဘာဝဓာတ်ငွေ့က ငါးနှစ်အတွင်းရှာတာ ၁၂ ဘီလီယံရှိပါတယ်။ ကျောက်စိမ်းက ရှာတာ ငါးနှစ်အတွင်းမှာ ငါးဘီလီယံရှိပါတယ်။ .....ဒါတွေကို တွက်ချက်ရင် ကျွန်တော်တို့ ရေအားလျှပ်စစ်က ဘာငွေမှမလိုပါဘူး။

ကျွန်တော်တို့ နိုင်ငံရဲ့ သဘာ၀၀န်းကျင် ပျက်စီးခြင်း၊ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေ၊ ဧရာဝတီပေါ်မှာ အခြေစိုက်နေတဲ့ လယ်သမားတွေဘ၀၊ တိုင်းရင်းသားလူမျိုး ပြည်သူလူထုတွေရဲ့ ဘ၀ ပျက်စီးတဲ့ ဒီစီမံကိန်း ဘာမှမလိုပါဘူး။ နောက်ပြီး ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကာကွယ်ရေးစီမံကိန်း၊ အမျိုးသားလုံခြုံရေးအဆင့် စီမံကိန်းလို လျို့ဝှက်နေစရာတွေက ကျွန်တော်တို့အတွက် မေးခွန်းထုတ်စရာ အများကြီးရှိပါတယ်။ ဒါတွေဟာ ဥပဒေနဲ့ညီညွတ်၊ မညွတ်ဆိုတာ ကျွန်တော့်အနေနဲ့ ဒီအချိန်မှာ မပြောပေမယ့် လိုအပ်ရင်တော့ ဥပဒေကြောင်းအရ ပြောနိုင်တဲ့ အချက်အလက်တွေ ကျွန်တော်တို့ဆီမှာ စုဆောင်းထားပြီးဖြစ်ပါတယ်။

နောက်တစ်ခုက CPI ကုမ္ပဏီကို ကျင့်ဝတ်ပိုင်းအရ မေးခွန်းထုတ်ရမယ့် မေးခွန်းပါပဲ။ BANCA Report ကို ပြည်သူလူထုအများစုကို မချပြခဲ့ဘူး။ ကျွန်တော်နဲ့ တွေ့ခဲ့တဲ့ တရုတ်ပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့က ဒီမြစ်ဆုံစီမံကိန်းကို လုံးဝမဆောက်သင့်တဲ့အကြောင်း တရုတ်အစိုးရကို တင်ပြသွားမယ်၊ CPI ကုမ္ပဏီကိုလည်း ရှင်းရှင်းလင်းလင်းပြောသွားမယ်လို့ ကျွန်တော့်ကို ပြောသွားပါတယ်။ ဒီပညာရှင်တွေဟာ အင်မတန် ပညာရှင်ပီသတဲ့သူတွေ ဖြစ်ပါတယ်။ ဒီပညာရှင်တွေရဲ့ ပြောဆိုချက်ကို လျစ်လျူရှုပြီး ဒီမြစ်ဆုံစီမံကိန်းကို ဆောက်ခဲ့တာ ၂၁ရာစုရဲ့ စီးပွားရေးကျင့်ဝတ်မှာ သဘာ၀၀န်းကျင်ကို ထိခိုက်ပြီးတော့ မိမိအမြတ်ယူခြင်းဟာ စီးပွားရေးကျင့်ဝတ်ဖောက်ဖျက်ခြင်းလို့ အတိအလင်း ပါရှိထားပါတယ်။ ဒါကြောင့်မို့လို့ CPI ကုမ္ပဏီရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာကို ကျွန်တော်တို့ မေးခွန်းထုတ်မှာဖြစ်ပါတယ်။ ။ နောက်တစ်ပိုင်းရှိပါတယ်။ ဒီအပိုင်းကတော့ အရေးကြီးပါတယ်။ CPI ကုမ္ပဏီကို ကျွန်တော်တို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံ ရေရှည်တည်တံ့လာတဲ့ ချစ်ကြည်မှုကို မပျက်ပြားစေချင်ပါဘူး။ ကျွန်တော်တို့ လူမျိုးအချင်းချင်း ပူးတွဲယှဉ်သန်လာခဲ့ကြတဲ့ နှစ်ပေါင်းများစွာ ရှင်သန်လာတာကို လူမျိုးရေးမုန်းတီးမှုတွေ မဖြစ်ပွားစေချင်ပါဘူး။ ဒါကြောင့် CPI ကုမ္ပဏီကို ဒီမြစ်ဆုံစီမံကိန်းကို ပြန်လည်ရပ်ဆိုင်းပေးဖို့ CPI ကုမ္ပဏီကို ကျွန်တော်တို့ ဒီနေရာက မေတ္တာအထူးရပ်ခံချင်ပါတယ်။

နောက်တစ်ချက်က အေးရှားဝေါလ်ကုမ္ပဏီပါ။ ဒီမြစ်ဆုံစီမံကိန်းမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ အေးရှားဝေါလ်ကုမ္ပဏီ ဒါရိုက်တာအဖွဲ့၊ ပတ်သက်ဆက်နွယ်သူများ၊ အကျိုးစီးပွားရရှိပတ်သက်နေတဲ့သူများကိုလည်း အထူးမေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီမြေ ဒီရေ ပေါ်မှာနေတယ်။ ကျွန်တော်တို့ဟာ ဒီမြေဒီရေနေတဲ့ ဒီလူမျိုးတွေနဲ့ နှစ်ပေါင်းများစွာ ပူးတွဲနေထိုင်ခြင်းပဲ။ နောက်ကိုလည်း ခင်ဗျားတို့နဲ့ ယှဉ်တွဲနေထိုင်ကြဦးမှာ ဖြစ်ပါတယ်။ ဘာမဟုတ်တဲ့ စီးပွားရေးအကျိုးအမြတ်လေးတစ်ခုနဲ့ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ သွေးကွဲမှုတွေ မဖြစ်ပွားဖို့အတွက် ကျွန်တော်တို့ သူတို့ ဒါရိုက်တာအဖွဲ့ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ဒီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားအောင်အတွက် အေးရှားဝေါလ်ကုမ္ပဏီဟာ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

နောက်ထူးခြားတဲ့ ဒီတစ်ပတ်အတွင်းမှာ စိတ်မကောင်းစရာ သတင်းဆောင်းပါးတစ်ပုဒ်၊ ကောင်းလည်းကောင်းပါတယ်။ 7 Day ဂျာနယ်မှာပါတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ရပါတယ်။ ဒီသတင်းဆောင်းပါးဟာ သမိုင်းမှာ အမှားကျူးလွန်ခဲ့တဲ့သူတွေ နမူနာယူစရာဆောင်းပါး ဖြစ်ပါတယ်။ နိုင်ငံတော်လုပ်ကြံမှု သမိုင်းအမှားတစ်ခုကို ကျူးလွန်ခဲ့တဲ့ အဘိုးလုပ်တဲ့သူကို မြင်တောင်မမြင်ရဘဲနဲ့ မြေးဖြစ်တဲ့သူဟာ ဒီအဖိုးလုပ်တဲ့သူရဲ့ သမိုင်းအမှားကြောင့် နစ်နာခံစားပြီး စိတ်ပိုင်းဆိုင်ရာ ခံစားခဲ့ရတာကို ဦးစောရဲ့မြေး ပြောပြခဲ့တာ ကျွန်တော် အင်မတန်စိတ်မကောင်း ဖြစ်ရပါတယ်။ မြေးတင်မဟုတ်ဘူး၊ မြစ်ပါ ကျောင်းသူကျောင်းသားဘ၀မှာ အာဇာနည်နေ့အကြိုမှာ ကျောင်းမတက်ရဲတဲ့ ဘ၀မျိုးရောက်ခဲ့တဲ့ဟာတွေကို ကြည့်ရှုရင် သမိုင်းအမှားကို ကျူးလွန်ခဲ့တဲ့သူတွေဟာ ကိုယ့်ကြောင့်မို့ ကိုယ့်ရဲ့သားသမီး၊ မြေးမြစ်အထိ ဒီသမိုင်းအမှားကို ခံစားခဲ့ရတယ်ဆိုတာကို မြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ကိုင်နေတဲ့သူတွေကို သိစေချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အပါအ၀င် ကျွန်တော်တို့နိုင်ငံမှာ ရှိနေတဲ့သူတွေအားလုံးအနေနဲ့ ဒီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပိုင်ခွင့်ရှိသူတွေ၊ လုပ်ဆောင်ပေးနိုင်တဲ့ ကျွန်တော်တို့အပါအ၀င် သမိုင်းပျက်ကွက်သူတွေမဖြစ်ရအောင် အဓိကထားလုပ်ဆောင်ဖို့လိုပါတယ်။ ကျွန်တော်တို့ကြောင့်မို့ ကျွန်တော်တို့ မမြင်နိုင်တွေ့နိုင်တဲ့ သားသမီးမြေးမြစ်တွေဟာ ဧရာဝတီမြစ်ကို မမြင်တွေ့ရဘဲ ဧရာဝတီမြစ်ကို ဖျက်ခဲ့တဲ့ ငါတို့အဖိုး၊ ခုနက ဆရာဦးထွန်းလွင်ပြောခဲ့တဲ့ ပုဆိုးနဲ့ထိုင်နေတဲ့လူဟာ ကျွန်တော့်မြေးဖြစ်နေခဲ့ရင်၊ မြစ်ဖြစ်နေခဲ့ရင် ကျွန်တော်တို့ ဘယ်လိုခံစားရမလဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ သမိုင်းအမှားကို မကျူးလွန်ရုံမဟုတ်ဘဲ သမိုင်းမှာ ပျက်ကွက်သူတွေမဖြစ်အောင် ကျွန်တော်တို့ အားလုံးလုပ်ဆောင်ဖို့လိုပါတယ်။

နောက် နိုင်ငံရေးရှုထောင့်က ကျွန်တော်တင်ပြပါမယ်။ ကျွန်တော်တို့ Eleven Media Group ရဲ့ နှစ်ပတ်လည်ပွဲမှာလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ကမ္ဘာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ် စူပါပါဝါတွေရဲ့ ဖြစ်ထွန်းမှုမှာ ကျွန်တော်တို့နိုင်ငံဟာ စတေးခံရမယ့် နိုင်ငံမဖြစ်သင့်ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ ပထ၀ီနိုင်ငံရေး အနေအထားအရ အိန္ဒိယ၊ တရုတ်အင်အားကြီးလာတဲ့ အချိန်မှာ နောက်ထပ် ထိုးထွက်တဲ့နိုင်ငံဟာ အင်ဒိုနီးရှားပဲဖြစ်ပါတယ်။ အာဆီယံရဲ့ အဓိကဦးဆောင်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းအရှိန်အဟုန် မြင့်တက်လာမှုနှင့်အတူ အာဆီယံရဲ့အခန်းကဏ္ဍ၊ ပထ၀ီနိုင်ငံဒေသ အနေအထားအရ မြန်မာနိုင်ငံရဲ့အရေးပါမှုဟာ အရမ်းအရေးပါလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ပကတိ အခြေအနေ၊ ပြည်သူလူထုရဲ့ နိမ့်ကျနေတဲ့ အခြေအနေတွေကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံဟာ မဖြစ်မနေ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ရမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းထဲကို ၀င်ရောက်မှသာလျှင် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ဟာ လှပမယ်ဆိုတာ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ဒီလိုပြောခဲ့ပြီးတာနဲ့အညီ အခုသုံးလအတွင်းမှာလည်း အစိုးရအပါအ၀င် အတိုက်အခံအင်အားစုတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်ကို ပြန်လည်လျှောက်လှမ်းနေကြတာဖြစ်တဲ့အတွက် အင်မတန် ၀မ်းသာစရာကောင်းလို့ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ဟာ လှပစပြုနေပါပြီ။ မကြာမီအချိန်အတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်သာ ကြေညာခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲကို ပြန်လည်ဝင်ရောက်တော့မှာ ဖြစ်ပြီးတော့ ကျွန်တော်တို့အတွက် လှပတဲ့ အနာဂတ်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီလိုလှပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအနာဂတ်လမ်းကြောင်းမှာ မြစ်ဆုံပြဿနာဟာ လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေမယ့် ပြဿနာအဖြစ် ဘယ်လိုမှဖန်တီးလို့မဖြစ်ပါဘူး။ ဒီပြဿနာဟာ ကျွန်တော်တို့နိုင်ငံရဲ့ မကြာမီဖွံ့ဖြိုးတော့မယ့် ဒီမိုကရေစီစနစ်ရဲ့ စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့ မှတ်ယူပြီးတော့ ကျွန်တော်တို့ဟာ အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ဖို့ပဲရှိပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူလူထုရဲ့ဆန္ဒတွေကို ပထမထုတ်ဖော်ရပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒတွေကို သတင်းမီဒီယာတွေက မှတ်ကျောက်တင်ပြီးတော့ ပေးရပါတယ်။ သတင်းမီဒီယာတွေ မှတ်ကျောက်တင်ပြီးတဲ့ အချိန်မှာ ပြည်သူလူထုက ရွေးကောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဒီကိစ္စကို အခြေအတင် ဆွေးနွေးပြီးတော့ အစိုးရနဲ့ တိုင်ပင်ရပါတယ်။ အစိုးရက ပြည်သူလူထုရဲ့ဆန္ဒကို လေးစားတဲ့အနေနဲ့ ဒီကိစ္စကို ပြည်သူလူထုဆန္ဒအတိုင်း ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီမြစ်ဆုံကိစ္စကလည်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီလမ်းစဉ်မှာ ဒီမိုကရေစီကျင့်စဉ်တစ်ခုအနေနဲ့ ပြည်သူတွေ၊ ကျွန်တော်တို့ သတင်းမီဒီယာတွေ၊ ကျွန်တော်တို့ရဲ့ လွှတ်တော်၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အစိုးရတို့က ပူးပေါင်းဆောင်ရွက်ပြီးတော့ ဖြေရှင်းရမယ့်ပြဿနာပဲဖြစ်ပါတယ်။

ကျွန်တော် ဒီနေရာမှာ တိုင်းရင်းသားပြဿနာလေး ပြောချင်ပါတယ်။ ဒီမှာ တိုင်းရင်းသားတွေလည်း အများကြီး တက်ရောက်လာတာဖြစ်ပါတယ်။ နောက်ပြီး ဒူဝါကြီးလည်း ကျွန်တော်လေးစားပါတယ်။ ကျွန်တော်တို့က တိုင်းရင်းသားတွေအပေါ်မှာလည်း ကျွန်တော်တို့အနေနဲ့ ညီအစ်ကိုမောင်နှမလိုပဲ ရိုးသားပွင့်လင်းမှုအပေါ်မှာလည်း ကျွန်တော်တို့ လေးစားပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ တန်းတူအခွင့်အရေးတွေကို ခုနကပြောသလို လောပိတဖြစ်ပြီး အင်းလေးဒေသမှာ မီးမလင်းသေးတဲ့ဖြစ်ရပ်တွေ၊ ရွှေလီရေအားလျှပ်စစ် ရှိပြီးတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းမှာ မီးမလင်းသေးတဲ့ ဖြစ်ရပ်တွေ၊ ဒီလိုဒုက္ခတွေကို ကျွန်တော်တို့ တိုင်းရင်းသားတွေ မခံစားစေချင်ပါဘူး။ ကျွန်တော်တို့ ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်၊ ရှမ်းတစ်ကျပ်။ ကျွန်တော်တို့ ၁၀ ပြားရနေတဲ့အချိန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ကိုလည်း ၁၀ ပြားရစေချင်ပါတယ်။ သူတို့တစ်ပြားမှ မရတဲ့အဖြစ်မျိုးကို ကျွန်တော် အင်မတန်စိတ်မကောင်းဖြစ်မိပါတယ်။

ကျွန်တော်က ကိုယ့်အကြောင်းနဲ့ ယှဉ်ပြီး ပြောပါမယ်။ ကျွန်တော့်အဖေဟာ ကချင်ပြည်နယ်ဒေသမှာ မွေးဖွားတဲ့ ဗမာလူမျိုး၊ ကချင်နဲ့ ရှမ်းသွေးပါတဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်အမေက ရှမ်းကြီးလို့ ခေါ်တဲ့ မဘိမ်းဒေသက ရှမ်းကြီးနဲ့ ဗမာလူမျိုး စပ်ထားတဲ့သူ ဖြစ်ပါတယ်။ ကျွန်တော် အိမ်ထောင်ကျတဲ့အခါကျတော့ မြစ်ဝကျွန်းပေါ်က ကရင်၊ ဗမာ၊ တရုတ်သွေးပါတဲ့သူနဲ့ အိမ်ထောင်ကျပါတယ်။ အဲဒီတော့ ကျွန်တော်က တရုတ်လူမျိုး မုန်းတာလည်းမရှိဘူး။ ကျွန်တော် ဘယ်လူမျိုးကိုမှ ကျွန်တော့်မှာအစွဲမရှိဘူး။ ကျွန်တော့်သားက မေးပါတယ်။ အဖေ သားက ဘာလူမျိုးလဲတဲ့။ သားက ပြည်ထောင်စု မြန်မာလူမျိုး၊ ပြည်ထောင်စုအတွင်းမှာ နေထိုင်တဲ့ နိုင်ငံသားရရှိထားတဲ့ မည်သည့်ဘာသာ၊ မည်သည့်လူမျိုးမဆို ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ ပြည်ထောင်စုအပေါ်မှာ ကျေးဇူးသစ္စာစောင့်သိရိုသေတဲ့ လူတွေဟာ ကျွန်တော်တို့ရဲ့လူမျိုးတွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမြစ်ဆုံကိစ္စမှာ ကျွန်တော် ပြောချင်တာက အကယ်၍သာ ဒီမြစ်ဆုံကို ဇွတ်အတင်း ဆက်ဆောက်ခဲ့မယ်ဆိုရင် ကျွန်တော်သာ ကချင်လူမျိုးဖြစ်ခဲ့ရင် ဒါဟာ တရားမျှတတဲ့လုပ်ရပ်လို့ ဘယ်တော့မှ တွေးထင်မှာမဟုတ်ပါဘူး။ ကျွန်တော်သာ ဗမာလူမျိုးဖြစ်ခဲ့ရင် ကိုယ့်ထက် အင်အားနည်းတဲ့ လူမျိုးတွေအပေါ်မှာ ကျွန်တော်ဟာ အမြဲတမ်း gulity concious ဖြစ်နေမှာပါ။ ကျွန်တော်ဟာ ရှမ်းလူမျိုး၊ ကရင်လူမျိုးဖြစ်ရင် ကချင်လူမျိုးတွေကို ဒီလိုလုပ်ခဲ့တဲ့အတွက် ဘယ်တော့မှ သံသယတွေ ဖြေဖျောက်လို့ရမှာမဟုတ်ပါဘူး။

ကိုလိုနီနယ်ချဲ့စနစ်ရဲ့ သွေးခွဲမှုတွေ၊ ကိုလိုနီလက်သစ်တွေရဲ့ အသုံးချခံရမှုတွေ နှစ်ပေါင်းကြာရှည်ခဲ့တဲ့ ပြည်တွင်းစစ်၊ နှစ် ၅၀ ကြီးစိုးခဲ့တဲ့ စနစ်ဆိုးတွေအောက်မှာ ကြီးထွားခဲ့တဲ့တိုင်းရင်းသားတွေကြားမှာ တစ်ဦးနဲ့တစ်ဦး မယုံသင်္ကာဖြစ်မှုတွေ၊ တစ်ဦးနဲ့ တစ်ဦးအထင်အမြင်လွဲမှုတွေကြောင့် ကျွန်တော်တို့ဟာ ဒီအခြေအနေမျိုး ရောက်ရှိနေခဲ့ရတာ ဖြစ်ပါတယ်။ သွေးကွဲခဲ့ရတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ ငြိမ်းချမ်းသင့်ပါပြီ။ ဖွံ့ဖြိုးမှုကွာဟမှု၊ တစ်ဦးနဲ့ တစ်ဦး မယုံသင်္ကာဖြစ်မှု၊ နိုင့်ထက်စီးနင်းမှုတွေ ကင်းရှင်းတဲ့ ပြည်ထောင်စုစစ်စစ် ဖြစ်သင့်ပါပြီ။

ဒါပေမယ့် သတိထားရမယ့်အချက်က ကျွန်တော်အပါအ၀င် ကျွန်တော်တို့ လူမျိုးတွေကြားထဲမှာ ပြည်ထောင်စုစစ်စစ်ဆိုတဲ့ဟာ အပေါ်မှာ ဒီအချက်ကို လက်ခံဖို့အတွက် အချိန်တစ်ခုတော့ ယူရဦးမယ်ဆိုတာကို တိုင်းရင်းသားခေါင်းဆောင်တွေရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော သဘောပေါက်ဖို့ ဒီနေရာက ပြောကြားလိုပါတယ်။ ကျွန်တော်ရဲ့ ပုဂ္ဂိုလ်ရေးအရ လေ့လာထားသမျှ ပြည်ထောင်စုစစ်စစ်ကို လက်ခံပါတယ်။ တိုင်းရင်းသားအားလုံး ပူးပေါင်းနေထိုင်ပြီး ပြည်ထောင်စုကြီး မပြိုကွဲတဲ့ အမြဲတမ်းထာဝရ ရပ်တည်နေထိုင်တဲ့ ပြည်ထောင်စုကြီးတစ်ခု တည်ဆောက်သွားဖို့ အရမ်းအရေးပါနေတဲ့အချိန် ရောက်နေပါပြီ။ ပြည်ထောင်စုကြီး တည်ဆောက်တော့မယ်ဆိုရင် ၁၉၄၁ ခုနှစ် ရဲဘော်သုံးကျိပ်က ပေါက်ဖွားခဲ့တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မေ့ထားလို့လုံးဝမရပါဘူး။ Professional ပီသပြီး ခိုင်မာကျစ်လျစ်ပြီး တိုင်းရင်းသားပြည်သူတွေ လေးစားချစ်ခင်တဲ့ တပ်မတော်ဟာ ပြည်ထောင်စုစစ်စစ်နဲ့အတူ ပူးတွဲပါဝင်ရမှာဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်း တပ်မတော်ဖြစ်တာနဲ့အညီ တိုင်းရင်းသားတွေလိုလားတဲ့ ပြည်ထောင်စုစစ်စစ်က ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအချိန်ကာလဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်ထောင်စုစစ်စစ်ဖြစ်ရေးအတွက် အချိန်ယူတည်ဆောက်ရမယ့် ကာလပဲဖြစ်ပါတယ်။ မဏ္ဍိုင်ကြီးသုံးခုနဲ့ ကင်းရှင်းပြီး မဏ္ဍိုင်ကြီးသုံးခုကို စောင့်ရှောက်နိုင်တာ စတုတ္တမဏ္ဍိုင်ရှိပါတယ်။ ပဉ္စမမဏ္ဍိုင်ဆိုတဲ့ ပြည်သူ့မဏ္ဍိုင် လည်းရှိပါတယ်။ ပြည်သူ့မဏ္ဍိုင်နည်းတူ ဒီမဏ္ဍိုင်တွေနဲ့ ကင်းကင်းရှင်းရှင်း ဆဌမမဏ္ဍိုင်အဖြစ် တပ်မတော်ဟာ ပေါ်ထွန်းလာခဲ့ပြီဆိုရင် ဒီမိုကရေစီလည်း ဖြစ်ထွန်းပြီးတော့ ပြည်ထောင်စုစစ်စစ်လည်း ဖြစ်ထွန်းလာတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Professional ပီသတဲ့ တပ်မတော်ဖြစ်အောင်၊ ပြည်သူလူထု လေးစားယုံကြည်တဲ့၊ ပြည်သူလူထု တိုင်းရင်းသားတွေ ချစ်ခင်တဲ့ တပ်မတော်ဖြစ်အောင် ကျွန်တော်တို့အားလုံးက တပ်မတော်ခေါင်းဆောင်တွေကို ကူညီပေးရမှာဖြစ်ပါတယ်။

ဟိုတစ်နေ့က ပွဲတစ်ခုမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ မြစ်ဆုံကနေ ညီညွတ်ရေး အမြတ်ယူရမယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေအားလုံး အစိုးရအပါအ၀င် ပြည်သူတွေအားလုံး ငြိမ်းချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တစ်ပြည်၊ ပြည်ထောင်စု တစ်ခုဖြစ်အောင် မြစ်ဆုံကနေတစ်ဆင့် အဖြေထုတ်သွားဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ အတိတ်ကို ပြန်သွားဖို့ မလိုပါဘူး။ အတိတ်ဆိုတာ သင်ခန်းစာယူရုံပဲ ဆိုတာကလွဲလို့ ကျွန်တော်တို့ ရှည်ရှည်ဝေးဝေး ထပ်မတွေးစေချင်ပါဘူး။ ဘယ်အချိန်၊ ဘယ်အခါမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးဆေးဆေးဖြေရှင်းသွားဖို့လိုပါတယ်။

နိုင်ငံတော် သမ္မတကြီးအပါအ၀င် အစိုးရအဖွဲ့ဝင်တွေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ခေါင်းဆောင်တွေအပါအ၀င် ပြည်သူလူထုက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပါဝင်တဲ့ တွေ့ဆုံပွဲညီလာခံတစ်ခုကို သင့်တော်တဲ့အချိန်မှာ ပြုလုပ်ဖို့ လိုလာပါပြီ။ ဒီညီလာခံဟာ အဖြေတစ်ခု မထွက်နိုင်ရင်တောင် တိုင်းရင်းသားတွေ အားလုံးကြားမှာ သံသယရှိမှုတွေ၊ ပြည်သူလူထုကြားမှာ အားလုံးပြေပျောက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံဟာ ရှေ့ဆက်သွားပြီးတော့ ကျွန်တော်တို့ဟာ တူတာတွေတွဲလုပ်၊ မတူတာတွေ ပူးပေါင်းဖြေရှင်းကြမယ့် အနေအထားမျိုးကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီတစ်ခါလုပ်မယ့် ညီလာခံကို ပင်လုံမှာ မလုပ်တော့ပါဘူး။ ဒီတစ်ခါ ကျွန်တော်တို့ မြစ်ဆုံမှာ လုပ်ပါမယ်။ ကျွန်တော်တို့ အားလုံး မြစ်ဆုံမှာ ပြန်လည်ဆုံတွေ့ကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
http://www.news-eleven.com

“Crossing Salween”


November 19 and 20.
4th Annual Myanmar Film Festival of Los Angeles at Downtown Independent Theater

Based on a Karen girl who flees from the fighting in Burma.
Highlight on the reality of Karen life and the lives of Burmese in general.






Crossing Salween – short film

20 min | Karen w/English subtitle | 2010

Director: Brian O’Malley

Producer: Gary Moore (Red Rage Films)

Writer: Brain O’Malley based on a short story by Gary Moore

Dir. of Photography: Richard Kendrick

Starring: Thanawut Dum Kedsaro, Danai Tung Thiengtham and Ronnachai Mai Wijitto