Monday, September 26, 2011

စတူးပစ်စွမ်းအား ခရေဇီ ဇော်မင်း


ရေး/ဆို - စိုင်းစိုင်းသန်းရွှေ (ကနေဒါ)

ညတိုင်းလဲ--မီးမလာလို့ ခက်နေ
အာရုဏ်မှာ--ဘယ်အချိန်မီးလာမလဲ စဉ်းစားရ
မှောင်လို့ ပိန်းလို့ -- တို့ ရွာမှာ
ဒီဇယ်အင်ဂျင်မီးစက်က
တရပ်ကွက်လုံးကြားအောင် သိတ်ပီး နားငြီးတာ

နေပြည်တော်မှာ--မီးတွေလင်းလို့ ပါ
ရန်ကုန်မှာ--ငါလေ ဖရောင်းတိုင်လေးထွန်းရင်းသာ
ရေဒီယိုသတင်းလေး နားအထောင်မှာ
ဘယ်လိုဖြစ်သွားမှန်းမသိ--ဓါတ်လိုက်ပီး ငါ့ မှာတုန်တက်သွားတာ

လျှပ်စစ်ဓါတ်ထုတ်လုပ်ဘို့ ----ဧရာဝတီကိုတုတ်ထိုးမိ
လျှပ်စစ်ဓါတ်ကများလွန်းလို့ --ဟူဂျင်တောင်ကိုရောင်းစားမိ
လျှပ်စစ်ဓါတ်က ငှက်ပျောရွက်နဲ့  တကယ်ထုပ်ရောင်းလို့ ရရင်
တဆိပ်ကပ်လို့  ရောင်းစားမဲ့ -- စတူးပစ်စွမ်းအား ခရေဇီ ဇော်မင်း

လူတိုင်းက--မလုပ်ပါနဲ့ ဝိုင်းပြောတာ
ဇော်မင်းက--ဧရာဝတီရောဂါလို့ နှိပ်ကွပ်လာ
ကုလားထိုင်မြဲဘို့ ---လုပ်နေရှာ
တကယ်ဆိုရင်နင့် အဘက---နင့် ကိုဒါးစာခံအဖြစ် ၀င်ခံခိုင်းတာ

လျှပ်စစ်ဓါတ်ထုတ်လုပ်ဘို့ ----ဧရာဝတီကိုတုတ်ထိုးမိ
လျှပ်စစ်ဓါတ်က များလွန်းလို့ --ဟူဂျင်တောင်ကိုရောင်းစားမိ
လျှပ်စစ်ဓါတ်က ငှက်ပျောရွက်နဲ့  တကယ်ထုပ်ရောင်းလို့ ရရင်
တဆိပ်ကပ်လို့  ရောင်းစားမဲ့ 
စတူးပစ်စွမ်းအား ခရေဇီ ဇော်မင်း

စစ်ကိုင်းဘက်က ငလျှင်ကြောရှိလို့ 
ဒါကိုကန့် ကွက်ကြတာပါ
စတူးပစ်စွမ်းအား ဇော်မင်းကို --- တားလို့ မရပါ

လျှပ်စစ်ဓါတ်ထုတ်လုပ်ဘို့ ----ဧရာဝတီကိုတုတ်ထိုးမိ
လျှပ်စစ်ဓါတ်ကများလွန်းလို့ --ဟူဂျင်တောင်ကိုရောင်းစားမိ
လျှပ်စစ်ဓါတ်က ငှက်ပြောရွက်နဲ့  တကယ်ထုပ်ရောင်းလို့ ရရင်
တဆိပ်ကပ်လို့  ရောင်းစားမဲ့ -- စတူးပစ်စွမ်းအား ခရေဇီ ဇော်မင်း

အသံဖိုင်မျှော်....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၂၃ နှစ်ပြည့်အခမ်းအနား

ကမ္ဘာတ၀ှမ်းလုံးရှိ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဒီမိုကရေစီကိုချစ်မြတ်နိုးသူအားလုံးသို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင်စတင် တည်ထောင် ဖွဲ့စည်းခဲ့ရာ၂၇.၉.၂၀၁၁ရက်နေ့တွင် ၂၃နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း၂၃ နှစ်ပြည့် အခမ်းအနားကို ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဌာနချုပ် ရုံး၌နံနက် (၁၁)နာရီတွင် စတင်ကျင်းပမည်ဖြစ်ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၂၃)နှစ်ပြည့်အခမ်းအနားကို ဂီတဖျော်ဖြေပွဲများနှင့် နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည် ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီခေါင်းဆောင်၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏တည်ကြည် ဖြောင့်မတ်သောဦးဆောင်မှုအောက်တွင်စရ၏ ကောက်ကျစ် ယုတ်မာမှုမျိုးစုံဖြင့် ပါတီအားဖြိုခွင်းရန် ကြိုးပမ်းခဲ့မှုများကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့ပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် သန့်ရှင်း၍ တရားမျှတသည်ဟု တကမ္ဘာလုံးကသတ်မှတ် ထားသော၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင်မဲအပြတ်အသတ်ဖြင့်အနိုင်ရရှိခဲ့ပါသည်။ မြန်မာပြည်သူလူထု၏ထောက်ခံမှုရရှိခဲ့သော ပြည်သူ့ပါတီကီးဖြစ်ပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံပြည်သူ တရပ်လုံး၏ယုံကြည်ကိုးစားမှုကိုခံယူကာ မြန်မာပြည်သူတရပ်လုံး၏ တာဝန်ပေးချက်ဖြင့်မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့်၂၃ နှစ်လုံးလုံးကြိုးပမ်း ဆောင်ရွက်ခဲ့ရာမှာ ယခုဆိုလျှင် အောင်မြင်မှု အလင်းရောင်စကိုစတင် တွေမြင်နေရပြီ ဖြစ်ပါသည်။
ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၏တစ်ခုတည်းသော ဒီမိုကရေစီရေး၊ နိုင်ငံရေး ဦးဆောင်မှုပါတီအဖြစ် ၂၃နှစ်တိုင်အောင် ရပ်တည်နိုင်ခဲ့ပါပြီ။ မြန်မာဒီမိုကရေစီအရေး၊လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့အတွက်မြန်မာတမျိုးသားလုံးကို ဦးဆောင်မှု ပေးနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း၂၃ နှစ်ပြည့် အခမ်းအနားကို ဒီမိုကရေစီချစ်မြတ်နိုးသူ ပြည်သူတရပ်လုံးကတက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။


မြန်မာနိုင်ငံဒီမိုကရေစီကွန်ယက်

၂၆.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



http://www.ziddu.com/download/16536226/26Sep2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16536227/26Sep2011Yeyintngesdiary.pdf.html

26 Sep2011 Yeyintnge's Diary

ရွှေဝါရောင်နှစ်ပတ်လည် ချီတက်ဆုတောင်းပွဲ


https://picasaweb.google.com/104599519102251045718/September262011

စစ်တပ်တွင်း ရာထူး နေရာ များ အပြောင်း အလဲ လုပ်မည်


by politics on September 26, 2011

မြန်မာ စစ်တပ် အတွင်း မှာ အရေး ပါတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန က ရာထူး နေရာ တွေ ဖြစ်
တဲ့ ကစထ မှုး ရာထူး တွေ အပါအ၀င် တိုင်းမှုး ၊ တပ်မှုး ရာထူး နေရာ တွေ ပါ အပြောင်း အလဲ
လုပ် မယ်ဆို တဲ့ သတင်း တွေ အခိုင် အမာ ထွက် ပေါ် နေတယ် လို့  ကာကွယ်ရေး ၀န်ကြီးဌာနက အရာ ရှိ ငယ် တစ်ဦး က FNG ကို ပြောပါတယ်။

ဒီနှစ် ဧပြီလ ၁ ရက်နေ့ မှာ မြန်မာ နိုင်ငံ ရဲ့  ကာကွယ် ရေးဦးစီးချုပ် နေရာ ကို ရယူ ခဲ့ တဲ့ ဗိုလ်
ချုပ်ကြီး မင်းအောင်လှိုင် ဟာ စစ်တပ် အတွင်း အပြောင်း အလဲ ပြု လုပ် ဖို့  ပထမ ဦးဆုံး ခြေ
လှမ်း တစ် ရပ် ကို အခု လာမယ့် အောက်တိုဘာ လ ထဲ မှာ လုပ် ဆောင် ဖွယ် ရှိ တယ် လို့ 
ကာကွယ် ရေး ၀န်ကြီး ဌာန က အရာ ရှိ တွေ က ဆို ပါတယ်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဟာ ပြီး ခဲ့ တဲ့ နှစ်လ လောက် က ရန်ကုန် တိုင်း စစ် တိုင်း မှုး အပါ
အ၀င် စစ်တပ် ထိပ်တန်း အရာ ရှိ ခြောက် ဦး ခန့်  ကို လာဘ် စား မှု နဲ့  ရာထူး က ထုတ် ပယ်
ခဲ့ ပါတယ်။

အောက် တို ဘာလ ထဲမှာ ကျင်းပ မယ့် စစ်တပ် ရဲ့  ဒုတိယ လေးလ ပတ် ညီလာ ခံ မှာ ကချင်
လွတ်မြောက် ရေး တပ် မတော် KIA ကို ချေမှုန်း ဖို့  အစီအစဉ် တွေ ကို လည်း ရေးဆွဲ မယ်
လို့  သတင်း တွေ က ဆို ပါတယ်။

ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင်ဟာ မြန်မာ စစ်တပ် အတွင်းမှာ အတွေ့ အကြုံ ရှိ တဲ့ လူတွေ ထက်
စွမ်းရည် ထက်မြက် တဲ့ လူတွေ ကို အရေး ပါတဲ့ နေရာ တွေ မှာ အစား ထိုး သွား မယ် လို့  သူနဲ့ 
နီးစပ် သူတွေ က ပြောပါတယ်။

သူနဲ့  ရှမ်းပြည်နယ် တပ် တစ်ခု မှာ အတူ တာဝန်ကျ ဖူး ခဲ့ တဲ့ အရာ ရှိ တစ်ဦး က တော့ သူ ဟာ
တိုင်းရင်းသား တွေ ပေါ်မှာ သဘောထား တင်းမာ ပြီး ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ထက် စစ်လို
လား ပုံ ရတယ် လို့ ပြောပါတယ်။
http://freedomnewsgroup.com

ရွှေဝါရောင်နှစ်ပတ်လည် ၀တ်ပြုဆုတောင်းပွဲ ဦးဆောင်သူ အချို့ဖမ်းဆီးခံရ


ခင်နှင်းလွင်၊ ရန်ကုန်
စက်တင်ဘာ ၂၆၊ (ည ၁နာရီ)
၎နှစ်မြောက် ရွှေဝါရောင်နှစ်ပတ်လည်နေ့တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက်ဆုတောင်းပွဲကို ဦးဆောင်ခဲ့သူ အချို့ကို ညပိုင်းတွင် လာရောက်ဖမ်းဆီးခဲ့သည်ဟု နီးစပ်သူများ၏ ပြောဆိုချက်အရ သိရသည်။ ဆူးလေ ဘုရားတွင် ၀တ်ပြုသည့် လှုပ်ရှားမှုများပြုလုပ်ခဲ့သော အင်္ဂါ ၀တ်ပြုဆုတောင်းသူများ အဖွဲ့မှ ဒေါ်နော်အုန်းလှနှင့် တွံတေးမှ မစန္ဒာတို့ကို အာဏာပိုင်များက ယနေ့ ညတွင် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရသည်။
“ မစန္ဒာကို သူ့နေအိမ်မှာပဲ ညဘက်လာခေါ်သွားတယ်လို့သိရတယ်“ဟု နီးစပ်သူတစ်ဥိးက ပြောပြသည်။
ဆုတောင်းပွဲတွင် ပါဝင်သူများအနက် မစန္ဒာနှင့် ဒေါ်နော်အုန်းလှ တို့ကိုသာ ခေါ်ဆောင်သွားသည် ဟု လည်း ယနေ့ည သန်းခေါင်ချိန်အထိ ရရှိသည့် သတင်းများအရ သိရသည်။
“ကိုဝေလုကတော့ ရှိတယ်လို့ သူ့အဖေက ပြောတယ်။ တောင်ဒဂုံက ဦးကြည်လင်းအိမ် ကိုတော့ရဲတွေဓါတ်ပုံလာရိုက်သွားတယ်” ဟုတောင်ဒဂုံရှိ ဆင်းရဲချို့တဲ့မှု တိုက်ဖျက်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပြခဲ့သည်။
ဆူးလေတွင် ဦးဆောင် ၀တ်ပြုခဲ့သူ ကိုဟန်ဝင်းအောင်မှာမူ ဖုန်းပိတ်ထားသောကြောင့် အဆက်အသွယ် မရရှိ ဖြစ်နေသည်ဟု ကိုဟန်ဝင်းအောင်၏ မိတ်ဆွေ တစ်ဦးက ပြောပြခဲ့သည်။
တွံတေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မစန္ဒာမှာ ၂၀၀၈ ခုနှစ်က တာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် ထောင်ဒဏ် ၁၃ လ ချမှတ်ခံခဲ့ရပြီးနောက်ပိုင်းတွင် ပူတာအိုထောင်သို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။
http://moemaka.com/index.php?option=com_content&task=view&id=10023&Itemid=1

ပြောင်းလဲလာတဲ့ မြန်မာပြည်အခြေအနေ နဲ့ လူဘောင်သစ်အမြင်

တနင်္ဂနွေ, 25 စက်တင်ဘာ 2011


By ဦးသန်းလွင်ထွန်း
မြန်မာပြည်အတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီ ပြည်ပရောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ ဗမာပြည်ထဲမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အပြောင်းအလဲဘက်ကို ဦးတည်တဲ့ အစရဲ့ အစ သဘောမျိုး သူမြင်နေရပြီလို့ ပြောတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကိုအောင်မိုးဇော် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးအောင်မိုးဇော် ။ ။ အဲဒီအမြင်နဲ့ ပတ်သက်လို့ ကျနော်အနေနဲ့တော့ သဘောတူတယ်လို့ ပြောလိုတယ်။ ဒါကတချက်ပေါ့။ နောက်တခုက ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောတယ်။ သမ္မတကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်ဆိုတော့ အဲဒီအခြေအနေတွေက အခုနလိုပေါ့။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကာယကံရှင်ဖြစ်တဲ့သူက သမ္မတနဲ့ စကားပြောတာဖြစ်တယ်။ သူကိုယ်တိုင် ပြောတဲ့စကားအပေါ်မှာ ကျနော်တို့ အလေးအနက်ထားသင့်တယ်လို့ ကျနော်တို့ထင်တယ်။ ယုံကြည်မှု ပေးသင့်တယ်။ ယုံကြည်ရလိမ့်မယ်လို့ အဲဒီလို ယူဆတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလိုတွေ့တယ်ဆိုတာက လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ် ပတ်ဝန်းကျင်လောက်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် စစ်ဗိုလ်ဖက်ခေါင်းဆောင်ပိုင်းနဲ့ ဒီလို လူသိရှင်ကြား မကြေညာဘဲနဲ့ တွေ့ခဲ့တာတွေ ရှိတယ်။ အဲဒါတွေကနောက်မှ စစ်အစိုးရ ဓါတ်ပုံတွေနဲ့ ထုတ်ပြန်လာမှ ကျနော်တို့ သိရတယ်။ အဲဒီအချိန်တုန်းကလည်း ဒီလိုမျိုးတွေ တွေ့ဆုံမှုတွေ ရှိခဲ့တယ်ဆိုတော့ အဲဒီအချိန်က တွေ့ဆုံမှုနဲ့ အခုတွေ့ဆုံမှု ဘာတွေများ ကွာခြားမှုရှိပါသလဲ။

ဦးအောင်မိုးဇော် ။ ။ ကျနော်လည်း အခုန ကိုသန်းလွင်ထွန်း ထုတ်ပြတဲ့ကိစ္စကို မကြာခဏပြောလေ့ ရှိပါတယ်။ နအဖ အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေကို ကိုယ့်ဆွေးနွေးဖော် ဆွေးနွေးဖက်တွေကို နောက်ကျောမှ ခဏခဏ ဓါးနဲ့ ထိုးတက်တဲ့လူတွေလို့ ကျနော် ခဏခဏ ပြောတက်ပါတယ်။ ဒါပေမဲ့လို့ အဲဒီ အခြေအနေတုန်းက နှစ်ဦးတွေ့တယ်။ နှစ်ဦးသဘောတူ ထုတ်ပြန်ကြေညာချက်တွေ လုပ်တာမျိုး ရှိခဲ့တဲ့ အနေအထားမျိုး မရှိခဲ့ဘူး။ အခု ဥပမာ ဗိုလ်ချုပ်အောင်ကြည်နဲ့ တွေ့တယ်။ နှစ်ခေါက်တွေ့တယ်။ နှစ်ခါစလုံး သတင်းထောက်တွေကို စကားပြောတယ်။ နောက် ဒုတိယတခါမှာ ထုတ်ပြန်ကြေညာချက်တွေ ဘာတွေတောင် လုပ်တယ်။ အဲဒါပြီးမှ သမ္မတနဲ့ တွေ့တယ်။ ဆိုတဲ့အခါကြတော့ တွေ့ပြီးတဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အခုနလို တစုံတရာအပြုသဘော ဒီကိစ္စအပေါ်မှာမြင်တဲ့ အခြေအနေရှိတယ်။ ဒါတွေက အခုနလို ကွာခြားမှုတွေ ဖြစ်တယ်လို့ ကျနော်အနေနဲ့ အဲဒီလို ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ တွေ့ဆုံခဲ့တဲ့ အကြောင်းအရာတွေ၊ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ကြေညာချက်တွေကနေလွှဲလို့ အတူတကွ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ထုတ်ပြန်ကြေညာချက်တွေကလွှဲလို့ အသေးစိတ် တစုံတရာ ပြောခဲ့တာ မရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ထုတ်ပြောစရာအကြောင်း မရှိသေးလို့ အချိန်မသင့်သေးလို့ မထုတ်ပြောသေးဘူးလို့ ဆိုတယ်။ အဲဒီတော့ အပြင်ဖက်မှာရှိနေတဲ့ လူ့ဘောင်သစ်ပါတီတို့၊ ကိုအောင်မိုးဇော် တို့အနေနဲ့က ဘာတွေများ ခန့်မှန်းထားတာ ရှိပါသလဲ။ ဘယ်လို ဘယ်ဘက်ကို ဦးတည်နေသလဲလို့ ထင်ပါသလဲ။

ဦးအောင်မိုးဇော် ။ ။ အခြေအနေက အခုနလို ပြောဖို့တော့ အတော်ခက်တယ်။ အကောင်းဖက်ကိုလည်း ဦးတည်သွားနိုင်တယ်။ နောက်ကိုလည်း ပြန်လှည့်သွားနိုင်တယ်။ အဆိုးလည်း ဖြစ်သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ကတော့ ကောင်းတာကို မြင်ချင်တယ်။ အကောင်းကိုပဲ မျှော်လင့်ချင်ပါတယ်။ တပြိုင်တည်းမှာ ဆိုးတာတွေအတွက် တစုံတရာ ပြင်ဆင်မှုရှိရမယ်လို့၊ သတိရှိရမယ်လို့ ထင်ပါတယ်။ တပြိုင်တည်းမှာ ကျနော်တို့ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုအသီးသီးအနေနဲ့ မြင်သင့်တယ်လို့ ကျနော်ထင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့  ခေါင်းဆောင်ဖြစ်တယ်။ အဲဒီအတွက် ကနေ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ သူ ကြိုးစားဆောင်ရွက်နေတဲ့ကိစ္စတွေကို ကျနော်တို့ လေးနက်မှု ရှိရလိမ့်မယ်။ ဒီအပေါ် ကျနော်တို့ ယုံကြည်မှု ရှိရလိမ့်မယ်လို့ အဲဒီလို ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းသတင်းစာတစောင်နဲ့ တွေ့ဆုံခန်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီရဲ့  ရပ်တည်ချက်နဲ့ ပတ်သက်ပြီ ပြတ်ပြတ်သားသား ပြောထားတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် ဒီ နိုင်ငံရေးမှာပါတီရဲ့  အခန်းကဏ္ဍ၊ ပါတီရပ်တည်ရေးဟာ အရေးကြီးတယ်။ ပါတီတည်တန့် ခိုင်မြဲရေးဟာ အရေးကြီးတယ်ဆိုတဲ့ စကားမျိုး ပြောလာတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီတရပ်အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပြီတော့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဦးတည်နေတယ်ဆိုတဲ့ သဘောမျိုးကို မြင်နိုင်ပါသလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်တော့ အဲဒီလို မမြင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ဆောင်ရွက်နေတဲ့ ကိစ္စတွေဟာ ၂၀၁၅ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဦးတည်ပြီး ဆောင်ရွက်နေတယ်လို့ မယူဆပါဘူး။ ကျနော်အနေနဲ့ ယူဆတာကတော့ ကနေ့ တိုင်းပြည်အတွင်းမှာ ရှိတဲ့အခြေအနေတွေကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖက်ကို ဦးတည်သွားအောင်လို့ ဒါကတချက်။ ဒုတိယတချက်ကတော့ တိုင်းရင်းသား ညီအကိုမောင်နှမအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်သွားအောင်လို့ဆိုတဲ့ မျှော်မှန်းချက်၊ မျှော်လင့်ချက်နဲ့ ဒီကိစ္စကို ဆောင်ရွက်နေတယ်လို့ ယူဆပါတယ်။ ရွေးကောက်ပွဲတခုတည်းကို ဦးတည်ပြီးတော့ ဆောင်ရွက်နေတယ်လို့ ကျနော်အနေနဲ့ အဲဒီလို မယူဆဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒါက တဘက်က ဒီမိုကရေစီဆောင်ရွက်နေတဲ့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေရဲ့  ကဏ္ဍကို ပြောတာပေါ့။ တဘက်က မြန်မာအစိုးရအနေနဲ့ကရော။ မြန်မာအစိုးရအနေနဲ့က အခုလက်ရှိလုပ်ဆောင်လာတဲ့ ကမ်းလှမ်းမှုတွေ၊ အပြောင်းအလဲတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေဟာ ရုတ်ခြည်း ဂငယ်ကွေ့ ပြောင်းလဲလာတာလား။ အစီအစဉ်တကျ သူတို့အနေနဲ့ စီစဉ်ထားတဲ့ အစီအစဉ်အတိုင်း တစတစ ပြောင်းလဲလာတာလို့ ယူဆပါသလား။

ဦးအောင်မိုးဇော် ။ ။ ကျနော် ထင်တာကတော့ နှစ်ခုစလုံး တွေးလို့ရတယ်လို့ ထင်ပါတယ်။ တဘက်ကနေ အခုနလို့ သူတို့အနေနဲ့ plan A, B, C ရှိကောင်းရှိနိုင်ပါတယ်။ ကျိန်းသေတာကတော့ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ရပ်တည်မယ်။ အတိုက်အခံမှန်သမျှကို ဖယ်ချင်တယ့် သဘောထားတော့ ရှိခဲ့ပုံ ရပါတယ်။ ဒါကြောင့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားမဝင်တော့ဘူးလို့ ကြေညာတာမျိုးတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ လက်တွေ့အခြေအနေက အဲဒီလို လုပ်ဖို့ သူတို့မှာ အခက်အခဲ ရှိနိုင်ပါတယ်။ ဆိုတော့ ကျိန်းသေတာကတော့ ကနေ့ စစ်အစိုးရထဲမှာလည်း တိုင်းပြည်က ဒီလိုအခြေအနေနဲ့ ဆက်သွားလို့ မရနိုင်တော့ဘူး။ တခုခုတော့ အပြောင်းအလဲလုပ်ဖို့ လိုမယ်။ တိုင်းရင်းသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တခုခု ညှိနှိုင်းဖို့ လိုလိမ့်မယ်လို့ ယူဆတဲ့ အယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့်မို့လည်း သူတို့ပြောင်းရတာ ဖြစ်ပါလိမ့်မယ်။ ကျိန်းသေတာကတော့ သူတို့ ရွေးကောက်ပွဲပြီးသွားတယ်။ သူတို့ constitution ပြီးသွားတယ်။ သို့သော်လည်း သူတို့မှာ ရှိနေတဲ့ legitimacy နဲ့ ပတ်သက်တဲ့ အခက်အခဲက ဆက်ပြီးရှိမြဲရှိနေတယ်။ သူတို့မှာ ရှိနေတဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အခက်အခဲက ရှိမြဲရှိနေတယ်။ သူတို့မှာ ရှိနေတဲ့ နိုင်ငံရေးပတ်သက်တဲ့ အခက်အခဲကလည်း ဆက်ရှိမြဲရှိနေတာပဲ။ အဲဒီတော့ သူတို့ တခုခုတော့ အပြောင်းအလဲလုပ်ဖို့ လိုအပ်တယ်ဆိုတာ သူတို့ကိုယ်တိုင် သဘောပေါက်ကောင်း ပေါက်နိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ အပြောင်းအလဲတွေကြားထဲမှာ ထူးခြားတဲ့ ပြည်ပမှာရှိနေတဲ့ လူတွေကို ရိုက်ခတ်တဲ့ အပြောင်းအလဲတခုပေါ့။ အဲဒါကတော့ ပြည်ပမှာ ရှိနေတဲ့လူတွေ ပြန်လာချင်ရင် ပြန်လာနိုင်ပါတယ်ဆိုတဲ့ ဖိတ်ခေါ်မှုမျိုး။ အဲဒါက ပြည်ပမှာရှိတဲ့ ဦးအောင်မိုးဇော်တို့ နိုင်ငံရေးလှုပ်ရှားသူတွေ ကြားထဲမှာ ဘယ်လောက်အထိ ရိုက်ခတ်မှု ဖြစ်သွားသလဲ။

ဦးအောင်မိုးဇော် ။ ။ အခုအချိန်အထိတော့ ထူးထူးခြားခြားတော့ မတွေ့ရသေးဘူး။ မနေ့တနေ့က ဦးပီတာလင်းပင် ပြန်သွားတယ်လို့ ကျနော်တို့ သိရတယ်။ နောက်တခုက ဦးစိန်ကျော်လှိုင်တို့ ပြန်သွားတယ်လို့ ကြားရတယ်။ ဒီလောက်ပဲ ကြားသိရတယ်။ ထူးထူးခြားခြားကြီးတော့ ကျနော်တို့ဘက်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေပေါ်မှာတော့ ထူးထူးခြားခြား ရိုက်ခတ်မှုမရှိဘူးလို့ ကျနော်တော့ ယူဆတယ်။ ဖိတ်ခေါ်ပုံ ဖိတ်ခေါ်နည်းကလည်း သိပ်ပြီတော့ ယေဘုယျကျတာ ဆိုတဲ့အခါကြတော့ သိပ်ပြီတော့ ထူးထူးခြားခြား ရိုက်ခတ်မှု မရှိဘူးလို့ မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ဖိတ်ခေါ်ပုံ ဖိတ်ခေါ်နည်းက လူတဦးချင်းစီအနေနဲ့ ဖြစ်နေတာကို။ တကယ်လို့များ လူ့ဘောင်သစ်ပါတီအနေနဲ့ တချိန်တုန်းကဆိုလည်း မြန်မာပြည်မှာ ဒုတိယ အင်အားအကြီးဆုံးပါတီတခုအနေနဲ့ ရှိခဲ့တယ်ဆိုတော့ လူ့ဘောင်သစ်ပါတီအနေနဲ့ ဗမာပြည်ထဲဝင်ပြီး မှတ်ပုံတင်ခွင့် ရခဲ့လို့ရှိရင် ဗမာပြည်ထဲမှာ ပါတီတရပ်အနေနဲ့ လှုပ်ရှားခွင့်ရခဲ့တယ်ဆိုရင်။

ဦးအောင်မိုးဇော် ။ ။ ကျိန်းသေတာကာတော့ တိုင်းပြည်ထဲမှာရှိတဲ့ နိုင်ငံရေး အဝန်းအကျယ်ကို ကြည့်ရပါလိမ့်မယ်။ တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးအဝန်းအကျယ်က အားလုံးစည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ကိုယ့်တိုင်းပြည်ရဲ့  ကိစ္စအဝဝကို လုပ်ဆောင်နိုင်တဲ့ အခြေအနေလမ်းစ ပွင့်တယ်ဆိုလို့ရှိရင် ကျနော်တို့လည်း အခုနလို နိုင်ငံရေးပါတီတခုအနေနဲ့ ဗမာပြည်ထဲမှာ ရပ်တည်သင့်ရင် ရပ်တည်ရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးတွေက ကနေကာလမှာ မရှိဘူးဆိုတဲ့ လက္ခဏာကို ကျနော်တို့ အခုအချိန်အထိ မတွေ့ရသေးဘူးဖြစ်တယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးမှာတော့ ကျနော်တို့ လုပ်ရမယ့် ပုံမှန်အလုပ်တွေကိုပဲ ဆက်ပြီး လုပ်ရမှာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းက အခြေအနေတွေကို ပြန်ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  အင်တာဗျူးတွေကို လေ့လာရသလောက်တော့ ပြည်တွင်းမှာ လုပ်နိုင်တဲ့ အနေအထားတွေ၊ လှုပ်ရှားနိုင်တဲ့ အနေအထားတွေဟာ အတိုင်းအတာတခုအထိသာ ရှိနေမယ်ဆိုတာကို သူ့အနေနဲ့ သဘောပေါက်ထားတယ်။ ဆိုတော့ ပြည်တွင်းမှာ လမ်းမထွက် ဆန္ဒပြလှုပ်ရှားမှုမျိုးတွေနဲ့ ပတ်သက်လို့ ဆိုလို့ရှိရင် ဒီအခြေအနေမှာ အခုလို တဖက်နဲတဖက် ဆွေးနွေးနေကြတဲ့၊ ပြောဆိုနေကြတဲ့၊ အကဲစမ်းနေတဲ့ အခြေအနေမှာ ဒါတွေက ဖြစ်သင့်သလား။ ဥပမာအားဖြင့် ဧရာဝတီမြစ်ဆုံကိစ္စအတွက်၊ ရေကာတာကိစ္စအတွက် ဆန္ဒပြမှုမျိုးတွေ။ တရုတ်သံရုံးရှေ့  ဆန္ဒပြမှုမျိုးတွေ၊ လှုံဆော်တဲ့ကိစ္စမျိုးတွေ။ အဲဒါတွေဟာ ဒီအခြေအနေမှာ တကယ်တမ်း ဖြစ်လာလို့ရှိရင် ထိန်းမနိုင် သိမ်းမရအခြေအနေမျိုးထိ ရောက်သွားနိုင်သလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်ထင်တယ် တချို့  အနေအထားတွေမှာ တချို့ နိုင်ငံတွေက အပြောင်းအလဲတွေမှာ ဒါမျိုးတွေ ဖြစ်လေ့ဖြစ်ထ ရှိတယ်။ ဖြစ်လေ့ဖြစ်ထ အခါကြတော့ ကျနော်တို့ နိုင်ငံမှာလည်း ဒါမျိုးတွေ မဖြစ်ဘူးလို့ ပြောဖို့တော်တော်ခက်ပါတယ်။ ဒါပေမဲ့ ကျနော်အမြင်ကို ပြောချင်တာကတော့ ကနေ့ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့  ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ပဲဖြစ်ဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စကို သူတို့စပြီး လျှောက်လှမ်းဖို့ ကြိုးစားနေတယ်။ ဒါကို ကျနော်တို့ ယုံကြည်မှုအကြည့်နဲ့ ကျနော်တို့ နောက်ကနေ ရံဖို့လိုအပ်တယ်လို့ ကနေ့ကာလမှာ မြင်တယ်။ သို့သော် ဒီကိစ္စကလည်း အကန့်အသတ် ရှိပါလိမ့်မယ်။ အချိန်အကန့်အသတ် ရှိနိုင်တယ်။ ဒီလို အကန့်အသတ်တွေ ကျော်လွန်ပြီတဲ့ အနေအထားတွေမှာတော့ အခုနလို လှုပ်ရှားမှုတွေ အများကြီး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဧရာဝတီလို ကိစ္စမျိုးကတော့ ထူးခြားတဲ့ကိစ္စဖြစ်တယ်။ နိုင်ငံရေးကိစ္စတခုတည်းကိုပဲ ကြည့်လို့မရဘူး။ တိုင်းပြည်တခုလုံး၊ ပြည်သူလူထုတခုလုံး။ သမိုင်း၊ ပြည်သူတွေရဲ့  Livelihood ဒါတွေနဲ့လည်း အားလုံးသက်ဆိုင်တယ်။ ဆိုတဲ့အခါကြတော့ ဧရာဝတီကိစ္စကတော့ တစုံတရာ လေးနက်ရလိမ့်မယ်။ သို့သော်လည်း တဖက်ကလည်း အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့၊ အာဏာလက်ရှိ ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဒီကိစ္စတွေကို လေးလေးနက်နက် ရှိစေချင်တယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ causes ကောင်းလည်း ထွက်နိုင်တယ်။ ဒါ အားလုံးရဲ့  အကျိုးစီးပွား။ ပြည်သူတရပ်လုံးရဲ့  အကျိုးစီးပွားကို သွားထိခိုက်နေတဲ့ ကိစ္စဖြစ်လို့ ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ လက်ရှိ တွေ့ဆုံမှုတွေထဲမှာ အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ လှုပ်ရှားသူတွေအနေနဲ့ တောင်းဆိုနေတဲ့အချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေးကိစ္စ ဖြစ်တယ်။ ဒါနဲ့ ပတ်သက်လို့ အဖြေတွေက ရေရေရာရာ မရှိသေးတာကို တွေ့ရတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို အချိန်အတိုင်းအတာ သတ်မှတ်မှုတွေ လုပ်စေချင်သလဲ။

ဦးအောင်မိုးဇော် ။ ။ တစုံတရာ တဖက်က စစ်အုပ်စုအနေနဲ့ဖြစ်ဖြစ်၊ အစိုးရအနေနဲ့ ဖြစ်ဖြစ် တစုံတရာ အာမခံချက်ရှိမှ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်ပြီး တစတစ လွတ်ပေးမယ်ဆိုတဲ့ သဘောမျိုး ရှိပုံရတယ်။ ကျနော် မြင်တဲ့အမြင်ကတော့ ကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုဆွေးနွေးမှု ပြီးတဲ့အခိုက်မှာ တကယ် အချိန်အကန့်အသတ်နဲ့ သေသေချာချာ ဆက်ပြီး လုပ်စေချင်တယ်။ တပြိုင်နက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်တဲ့ကိစ္စကို စပြီး စဉ်းစားစေချင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်ပရောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

http://www.voanews.com/burmese/news/

"အရှေ့မှာရင်ဘတ်၊ အနောက်မှာ ကျော"


မျိုးသန့် | တနင်္လာနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ တနင်္လာနေ့တွင် ဖြစ်ခဲ့သည့် ရွှေဝါရောင် လေးနှစ်ပြည့် လှုပ်ရှားမှုနှင့်ပတ်သက်ပြီး လှုပ်ရှားမှုတွင် ပါဝင်သူများကို ဝေဖန်နေသည့်အပေါ်  မိမိတို့ စေတနာသန့်သန့်နှင့် လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့သူ တဦးလည်းဖြစ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် တသီးပုဂ္ဂလ ဦးဝင်းချိုကဆိုသည်။ ယင်းလှုပ်ရှားမှုကို လုံခြုံရေးနှင့် ရဲဝန်ထမ်း ၄ဝဝ ခန့်က လူစုခွဲပစ်ခဲ့သည်။

ရွှေဝါရောင် လေးနှစ်ပြည့် လှုပ်ရှားမှု အစီအစဉ်များအကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ်အမြင်၊ ယခုလှုပ်ရှားမှုကြောင့် နိုင်ငံရေး အကျဉ်းသားလွတ်ရေး အပေါ်သက်ရောက်မှု၊ လှုပ်ရှားမှုများအပေါ် ဝေဖန်ချက် များကို ပြန်လည်တုန့်ပြန်မှုတို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဦးဝင်းချိုကို မေးမြန်းထားသည်။

ဘယ်လို အိုင်ဒီယာနဲ့ ဒီနေ့ အစီအစဉ်ကို လုပ်ဖြစ်တာလဲခင်ဗျာ့။

“အမှန်ပြောရရင် ကျနော်က ရွှေဝါရောင် နှစ်ပတ်လည်ပွဲကို သွားတက်တာပါ။ ပွဲက ဒေါ်နော်အုန်းလှတို့ ဦးစီးပြီးတော့ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ လုပ်တာပါ၊ ကျနော် သွားတက်တဲ့အခါကျတော့ အဲဒီမှာ သူတို့ ဆုတောင်းဖို့အတွက် သူတို့ အစီအစဉ်ရှိတယ်ဆိုတာ သိရပါတယ်။ အဲဒီတော့ သူတို့ ဆုတောင်းဖို့ လုပ်ထားတဲ့ အစီအစဉ်က ကားသုံးစီးနဲ့ ဆူးလေ ဘုရားမှာ သွားပြီးတော့ ဆုတောင်းမယ် ဝတ်ပြုမယ်ပေါ့။ အဲဒီအတွက် အားလုံး အဆင်ပြေပြေ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်းလေးဖြစ်ဖို့ ကျနော်က အဲဒီကျတော့မှ ကျနော်က ပူးပေါင်းပါဝင်ဖြစ်တာပါ။ ဒီကိစ္စ ကျနော် စီစဉ်တာ မဟုတ်ပါဘူး။”



အန်ကယ်က ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ ပါဝင်ဖြစ်တယ်ဆိုတော့၊ အာဏာပိုင်တွေဘက်က တင်းတင်းမာမာ တုန့်ပြန်လာမယ်လို့ မျှော်လင့်ထားလို့လား။

“ပထမ ကျနော်သိထားတာကတော့ ပုဒ်မ ၃၅၄ (၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ) ပြည်သူတွေရဲ့ ဆန္ဒကို လွတ်လပ်စွာဖေါ်ထုတ်ဖို့ဆိုတဲ့ ကိစ္စမှာ ကျနော်ကိုယ်တိုင် ဂျွန်လ ငါးရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြဖို့အတွက် ကျနော်ရယ် နေမျိုးဝေရယ်၊ ကိုစိုးကြည်ရယ်၊ ကိုမင်းအောင်ရယ် ကျနော်တို့ ကြိုးစားခဲ့ပါသေးတယ်။ အဲဒီတုန်းက အာဏာပိုင်တွေက ပြောပါတယ်။ နည်းဥပဒေ ထုတ်ပြန်ရခြင်းမရှိသေးတဲ့အတွက်ပါတဲ့။ အဲဒီတော့ နည်းဥပဒေ ထုတ်ပြန်ဖို့ဆိုတာကလည်း အခုမှ လွှတ်တော်မှာ
ဆွေးနွေးနေဆဲဆိုတာ ကျနော်သိတယ်လေ။ ဆိုတော့ နည်းဥပဒေ မထုတ်ပြန်သေးခင် ကျနော်တို့ နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်သလောက် ထိန်းသိမ်းပေးဖို့အတွက်။ ကျနော်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်အနေနဲ့ ကျနော် လိုက်သွားတာပါ။”

ဘယ်လိုကနေ ဘယ်လိုတားတာလဲ ခင်ဗျာ့။

“မြောက်ဥက္ကလာကနေ ကမ္ဘာအေး ဘုရားလမ်းကို ချိုးပါတယ်။ အဲဒီမှာ ယဉ်ထိန်းကနေ တားပြီးတော့ လိုင်စင် စစ်ပါတယ်။ အဲဒီမှာ ရဲမှူးကြီးက လိုင်းကားတွေဟာ လိုင်းမဆွဲဘဲနဲ့ နဝလီ (အငှားလိုက်ခြင်း) ငှားတဲ့အတွက် အရေးယူခံရမှာဖြစ်တယ်လို့ ပြောတဲ့အခါမှာ ကျနော်တို့ ငှားလာတဲ့ ကားတွေက ရှေ့ဆက် မသွားရဲတော့ဘူး
သူတို့က ဥပဒေနဲ့ ငြိနေတဲ့အတွက် သူတို့ အရေးယူခံရမှာကြောက်ပါတယ် ဆိုပြီးတော့ ကျနော်တို့ငှားထားတဲ့ ပိုက်ဆံကို ပြန်ပေးပါတယ်။ ကျနော်တို့ကလည်း နောက်ထပ် ကားငှားဖို့ မလွယ်တဲ့အခါ လမ်းလျှောက်သွားမယ်
ဆိုတော့ ငါး ယောက်ထက်ပိုရင်လည်း တည်ဆဲဥပဒေအရ အရေးယူမှာပါတဲ့။ အဲဒါနဲ့ ကျနော်တို့က ကမ္ဘာအေး ဘုရားလမ်း ပလက်ဖေါင်းမှာပဲ ဘုရားဝတ်ပြုပါတယ်။ ပြီးတော့ ကျနော်တို့ လူစုခွဲလိုက်ပါတယ်”

ရဲ အဲဒီလောက်ပမာဏက အစတည်းက စောင့်တားတာလား။

“ဦးမောင်စိုး (ရဲမှူး) လာတားတုန်းကတော့ သူရယ်၊ ကားနှစ်စီးလောက်ပဲ ပါတာပေါ့။ ကားနှစ်စီးလောက်က နေပြီး
တော့ နောက်ထပ်ကျတော့ အများကြီးရောက်လာတာပေါ့။”

ဒီအစီအစဉ်မှာ တခြား ဘယ်သူတွေပါသေးလဲ။

“ကျနော်သိတဲ့လူတွေထဲမှာတော့ တလောက မြစ်ကြီးနား ထောင်ကပြန်လွှတ်လာတဲ့ မျိုးခင်ပါတယ်။ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွှတ်လာတဲ့ ကျနော်တို့ အလုပ်သမား သွေးစည်းညီညွတ်ရေးမှာ အတူတူ လက်တွဲခဲ့တဲ့ ထွန်းထွန်းနိုင်တို့ပါတယ်။ ဒေါ်နော်အုန်းလှ၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ကွန်ယက်က ကိုဝေဠု
တို့ပါတယ်။ တခြားလူတွေတော့ ကျနော်မသိပါဘူး။”

ရည်ရွယ်ချက်က ဆန္ဒထုတ်ဖေါ်ဖို့လုပ်တာလား၊ ဆုတောင်းဖို့ သက်သက်ပဲလားခင်ဗျာ့။

“ကျနော်တို့က ဆန္ဒပြဖို့ လုံးဝမကြိုးစားခဲ့တာပါ။ ကျနော်တို့က ကားနဲ့သွားပြီးတော့ ဆူးလေဘုရားမှာ ဝတ်ပြုမယ်၊ ဆုတောင်းမှာ ဒီဟာက ကျနော်တို့ ဆန္ဒပြတဲ့အကြောင်းအရာ မဟုတ်ဘူး။ ဒီဟာက ကျနော်တို့ရဲ့ ဆန္ဒဖေါ်ထုတ်ခြင်း ဘာလိုချင်တယ် ဘာပေးပါ။ ဒီဟာကို မလိုချင်ဘူး ဟိုဟာပေးပါ အစရှိသဖြင့် ကျနော်တို့ရဲ့ ဆန္ဒတွေ ပြောနေတာ မဟုတ်ပါဘူး။ ကိုဝေဠုတို့ စီစဉ်တာကလည်း ဝတ်ပြုဆုတောင်းဖို့ပါပဲ”

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးတာဟာ ဒီလို လှုပ်ရှားမှုတွေ ဖြစ်လာမှာကို စိုးရိမ်လို့ လို့ပြောသံတွေ ကြားရပါတယ်။ အခုလှုပ်ရှားမှုကြောင့် နိုင်ငံရေး အကျဉ်းသားကိစ္စ မထိခိုက်နိုင်ဘူးလား။

“ကျနော်တို့လုပ်ခဲ့ပါတယ်။ ကျနော် စီစဉ်တာတော့ မဟုတ်ပါဘူး။ တချိန်တည်းမှာ အမှားအယွင်းဖြစ်ခဲ့ရင်လည်း ကျနော်တာဝန်ယူပါတယ်။ ခေါင်းမရှောင်ပါဘူး။ ကျနော် ဘာ့ကြောင့် ဒီပွဲထဲကို ဝင်သွားရသလဲဆိုတာလည်း ကလေးတွေက ကျနော့်ကို တောင်းဆိုပါတယ်။ အန်ကယ် ဝိုင်းထိန်းပေးပါ။ ကျနော်ကလည်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ သူတို့က ပြောပါတယ်။ အဲဒီတော့ ကျနော်ကလည်း အဲဒီကိစ္စ ဝိုင်းဝန်း ကူညီပေးတာပါ”

နောက်တခုက ဒီကိစ္စဟာ သွေးရိုးသားရိုးမဟုတ်ဘူး နောက်ကွယ်မှာ တခုခု ရှိနေနိုင်တယ်လို့ ဝေဖန်
ကြပါတယ် အဲဒီအပေါ်မှာကော။


“ကျနော်လည်း အဲဒါကို သိပါတယ်၊ ဒေါက်တာသန်းထွဋ်အောင်က လုံးဝ လက်မခံနိုင်ဘူး။ နောက်ကွယ်က
ပြဿနာကို ဖေါ်ထုတ်ရမယ်လို့ ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ပြောရဲတဲ့ စေတနာကို လေးစားပါတယ်။
ဒါပေမယ့် ဒီမိုကရေစီနိုင်ငံ ထူထောင်ချင်ရင် ကျနော်တို့လို လူညံ့တွေလည်း ဒီနိုင်ငံမှာ အသက်ရှင်ခွင့်ပြုပါ လို့ပြောချင်တယ်။”

“ကျနော်တို့ ချောင်းရေက သူ့ဘာသာ သူနောက်တာပါဗျာ။ နင်မဟုတ်ရင် နင့်အဖေပဲလို့တော့ မပြောစေချင်ဘူး။ ကျနော်တို့ ရေသောက်ဆင်းမိပါတယ်။ အဲဒီတော့ ဒီချောင်းရေ နောက်သွားတယ်။ ကျနော်မဟုတ်ပါဘူး ဆိုရင်တောင် နင်မဟုတ်ရင် နင့်အဖေပဲလို့ ဖြစ်နိုင်ရင် မပြောစေချင်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ကလည်း အာရပ်မှာ ဖြစ်နေသလိုမျိုး လှုပ်ရှားမှုတွေ မဖြစ်စေလိုပုံ ပေါ်ပါတယ်၊ ဒီအပေါ်မှာကော။

“ကျနော်တို့ ခေါင်းဆောင်က ဒါလုပ်ဆိုမှ လုပ်တဲ့လူတွေမဟုတ်တာတော့ ကျနော်တို့မှာ အပြစ်ရှိတာ ဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်။ နောက်တခါ ကျနော်တို့က ကိုယ့်အယူအဆ လေးတွေကို ဖေါ်ထုတ်တာလည်း ခေါင်းဆောင်လည်း လက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။ အဲဒီအတွက် ခေါင်းဆောင်လုပ်နေတဲ့ အကြောင်းအရာတွေကို အနှောက်အယှက် ဖြစ်စေချင်တဲ့ ဘယ်သူ့မှာမှ ဖြစ်စေချင်တဲ့ ဆန္ဒလုံးဝမရှိပါခင်ဗျာ။”

ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အန်တီစုနဲ့ သဘောထား မကွဲနိုင်ဘူးလား။

“ကျနော်ကတော့ အဲဒီလို မမြင်ဘူးခင်ဗျာ့၊ အန်တီကတော့ အားလုံး ကိုယ့်ဟာကို လမ်းလျှောက်နိုင်ဖို့အတွက်
ပိုပြီးတော့ စိတ်ဝင်စားမယ် ထင်ပါတယ်။ အစတည်းကလည်း အန်တီယောက်တည်းနဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့
ဆိုတာ မဟုတ်သေးဘူး မှားတယ် ဆိုပြီးတော့ ပြောပါတယ်။ သူ့တယောက် တည်းကိုပဲ အားကိုးနေရင် အာဏာရှင်
ဖြစ်သွားမယ်လို့လည်း ပြောဖူးပါတယ်။ ဒီကိစ္စမှာ ကလေးတွေ လုပ်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်က ဝိုင်းဝန်း ထိန်းသိမ်းပါတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်မှားသွားရင်လည်း သမိုင်းက ရေးသွားပါလိမ့်မယ်။ သို့သော် လည်း ကျနော်တို့ စေတနာ မသန့်တဲ့ အလုပ်တော့ တခုမှ မလုပ်ခဲ့ပါဘူး။”

နောက်ထပ်မေးချင်တာက အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ ဝေါဟာရကို အန်ကယ် ဘယ်လို အဓိပ္ပါယ် ဖွင့်ပါသလဲ။

“ဖွဲ့စည်းပုံ အသက်မဝင်သေးခင် ရွေးကောက်ပွဲလည်း မစသေးခင်က ကျနော်ပြောခဲ့တယ်ဗျ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစား ကြားထဲမှာ သံသယ ကင်းကင်းနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ခဲ့ရင် အဲဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးပါပဲ။”

အဲဒီ ပွင့်ပွင်းလင်း ဆက်ဆံနေကြတဲ့ အခြေအနေတွေ မြင်နေရပြီလား။

“အဲဒါကတော့ ကျနော်တို့ စမ်းသပ်ဆဲကာလဖြစ်ပါတယ်။ ကျနော်တို့ တယောက်ကို တယောက် ချစ်ချစ်ခင်ခင်နဲ့ တယောက်ကိုတယောက် အမှားအယွင်းလေးတွေရှိရင် သည်းခံပြီးတော့ ကျနော်တို့ ပြုပြင်သွားရင် ဒီကိစ္စဟာ အဆင်ပြေသွားမယ်လို့ ကျနော်က ယူဆပါတယ်။ ပြည်သူမပါတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာ ဖြစ်နိုင်
မယ်လို့ ခင်ဗျားကော ထင်သလားဗျာ။”

အန်ကယ့်ရဲ့ နိုင်ငံရေး အယူအဆလည်း ပြောပါဦး။

“အခုလက်ငင်းအချိန်မှာ ကျနော်တို့ နိုင်ငံရေး အယူအဆနဲ့ ပတ်သက်ပြီး နိုင်ငံရေးကို မလုပ်ရသေးဘူး ထင်တာပဲ။ ကျနော်တို့ အခုလုပ်နေတာတွေက နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ကာကွယ်မှုကိုပဲ မပြီးဆုံးနိုင်အောင် ထမ်းဆောင်
နေရသေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ၂ဝ၁ဝ၊ ၂ဝ၁၁ ဖေဖေါ်ဝါရီ ကျတော့မှ ပြန်ရှိတာကိုး။ နှစ်ပေါင်း နှစ်ဆယ်လောက်နီးနီး နိုင်ငံသားတို့၏ မူလ အခွင့်အရေးများနဲ့ တာဝန်များ ဆိုတဲ့ဟာက အခုအချိန်မှာ တခါမှ မခံစားဘူးဖူးလေ။ နိုင်ငံသားတို့၏ မူလ အခွင့်အရေးများနဲ့ အခန်းကဏ္ဍ ပုဒ်မ
၃၄၅ ကနေ ၃၉ဝ အထိကို ကြေကြေ ညက်ညက်သိဖို့ကို အရင်ဆုံးကြိုးစားနေရတဲ့အခါမှာ မူဝါဒ ကိစ္စ ကိုပြောဖို့ မလွယ်လောက်သေးဘူး။”

နောက်ဆုံး မေးခွန်းပါပဲ ခင်ဗျာ၊ ဒီနေ့ အခြေအနေမှာ ရဲတွေ၊ လုံခြုံရေးတွေက အန်ကယ်တို့ကို ဆက်ဆံတဲ့ အနေအထားလည်း သိပါရစေ။

“ကာလ၊ ဒေသ၊ ပရောဂ အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီတော့ အခြေအနေတခု ပြောင်းသွားလို့ရှိရင် အပြုအမူက
ပြောင်းသွားရမှာကိုး။ အခုအခြေအနေမှာတော့ သူတို့ ပူးပေါင်း ဆောင်ရွက်တယ်လို့ ပြောလို့ရပါတယ်။”

နောက်ထပ် ဖြည့်ပြောချင်တာရှိရင် ပြောပါခင်ဗျာ။

“ဒီလိုပါဗျာ။ ကျနော်တို့ အကောင်းကြိုးစားပြီး လုပ်နေပါတယ်။ မှားတာတွေ ရှိနိုင်ပါတယ်။ ဘာမှ မလုပ်တာထက် စာရင်တော့ စေတနာ သန့်သန့်နဲ့ လုပ်ကိုင်ရင်းနဲ့ မှားတာလေးတွေရှိရင် ကျနော်တို့ကို နားလည်ပေးပါ။ ကျနော်တို့
စေတနာ မယုတ်မာပါဘူး။ ကျနော် ဘယ်သူ့အားကိုးနဲ့ ဘယ်သူ့ သြဇာနဲ့ ကျနော့်ကို ဒီလို အလုပ်မျိုး လုပ်နေတယ်လို့ ကျနော့်ကိုဖြစ်နိုင်ရင် မစွတ်စွဲစေချင်ဘူးဗျာ။ ကျနော့်ကို သေသေချာချာလေး လေ့လာပေးပါ။ ဦးဝင်းချိုက အရှေ့မှာ ရင်ဘတ်၊ အနောက်မှာ ကျောကလွဲရင် ဘာမှ မရှိတဲ့လူပါ။ လုံးဝတသီးပုဂ္ဂလပါ အဲဒါကို လုံးဝ ကြေညာပါတယ်။”
















ရွှေဝါရောင်နှစ်ပတ်လည် ချီတက်ဆုတောင်းပွဲ(VOA)




SSA-N , KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲ အပြင်းအထန်ဖြစ်

တနင်္လာ, 26 စက်တင်ဘာ 2011

By ဦးမိုးဇော်

မြန်မာအစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပြီးနောက် အခုတခါ အစိုးရဘက်က အပြင်းထန်ဆုံး ထိုးစစ်အဖြစ် KIA ကချင်လွတ်လပ်ရေး တပ်မတော်ကို တိုက်ခိုက်မှုတွေ ရှိလာတာကြောင့် အစိုးရရဲ့ ကမ်းလှမ်းချက်ကို အစိုးရ ကိုယ်တိုင်က ဖျက်ဆီးရာ ရောက်နေပြီလို့ KIA က သတိပေးလိုက်ပါတယ်။ မြန်မာအစိုးရ တပ်တွေဟာ ပြီးခဲ့တဲ့ သောကြာနေ့က စတင်ပြီး မူဆယ်နဲ့ ကွတ်ခိုင်ဒေသဘက်က KIA တပ်မဟာ ၄ နယ်မြေကို လက်နက်ကြီးတွေသုံးပြီး ဒီနေ့အထိ စစ်ဆင် တိုက်ခိုက်နေခဲ့တာပါ။ တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်နဲ့ ကွတ်ခိုင်အကြားမှာ အခြေစိုက်ထားတဲ့ KIA ရဲ့ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းတွေကို မြန်မာအစိုးရဘက်က ဒီလ ၂၃ ရက်နေ့က စတင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးမှာ မြန်မာအစိုးရဘက်က တပ်ရင်း ၁၀ ရင်း၊ လူအင်အား ၁,၀၀၀ လောက် အသုံးပြု တိုက်ခိုက်နေတာဖြစ်ပြီး ဇွန်လက စတင်ခဲ့တဲ့ တိုက်ပွဲကာလ အတွင်းမှာ ဒီစစ်ဆင်ရေးဟာ စစ်အင်အား အများဆုံး အသုံးပြုတာ ဖြစ်ပါတယ်။

အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်းထားချိန်မှာ စစ်တပ်က အခုလို အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်လာတဲ့ အပေါ်မှာတော့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ဝေဖန်လိုက်ပါတယ်။

“ဦးသိန်းစိန် အစိုးရက နေပြီးတော့၊ အရပ်သား အစိုးရက နေပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆိုပြီးတော့ ဖိတ်ခေါ်ထားတာမျိုး ရှိတယ်။ အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လက်နက်ကိုင် အင်အားစုတွေကလည်း အပြုသဘောဆောင်စွာ အားလုံးတက်လို့ရတဲ့ နိုင်ငံရေး ဆွေးနွေးမှုဖြစ်အောင် သူတို့ ပြောဆိုထားတာမျိုးလည်း ရှိပြီးသား ဖြစ်တယ်။ ဒါပေမဲ့ အခု စစ်တပ်ရဲ့ပုံစံ လုပ်လာတာက ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပျက်ပြားအောင်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ဘာမှ အကောင်အထည် ပေါ်လာနိုင်စရာအကြောင်း မရှိဘူးဆိုတဲ့ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို မှေးမှိန်သွားအောင် ပြုလုပ်တဲ့ အခြေအနေ တွေ့ရတယ်။

“အရာရာအားလုံး၊ ပြဿနာအားလုံးကို စစ်ရေးနည်းနဲ့ ဖြေရှင်းရင် အားလုံးက ပြီးပြည့်စုံ အောင်မြင်သွားမယ်လို့ သူတို့ရဲ့ စစ်အစိုးရက နေပြီးတော့ အမြဲတမ်း လက်ကိုင်ပြုထားသလို အခုလည်း ဆက်လက်ပြီး ကျင့်သုံးနေတယ်လို့ ခန့်မှန်းလို့ရတယ်။”

လွန်ခဲ့တဲ့ သြဂုတ်လအတွင်းက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဦးသိန်းစိန် အစိုးရက ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ အစိုးရစစ်တပ်က အခုလို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ ပိုမိုကျယ်ပြန့်လာပြီး အဆိုးဘက်ကို ဦးတည်သွားနိုင်တယ်လို့ ဦးလနန်က သုံးသပ်ပါတယ်။

ကချင်သတင်းဌာနရဲ့ အယ်ဒီတာ ကိုနော်ဒင်းကတော့ ဒီထိုးစစ်ဆင် တိုက်ခိုက်မှုမှာ KIA ဘက်က တပ်စခန်းတခု လက်လွှတ်လိုက်ရတယ်လို့ ပြောပါတယ်။

“အခုအချိန်မှာ KIO ကို ထိုးစစ်ဆင်တဲ့ နေရာမှာ အင်အား အပြင်းဆုံးလို့ ကျနော်တို့ ပြောလို့ရတယ်။ တပ်မ ၂ ခုပါတယ်၊ တပ်မ ၂ ခုအောက်မှာ ဒေသဆိုင်ရာ နယ်မြေခံ တပ်ရင်းတွေ အားလုံးပေါင်းရင် စုစုပေါင်း တပ်ရင်း ၁၈ ရင်း ပါပြီး လက်နက် အသေးလေးတွေပါ အဓိကထား တိုက်ခိုက်နေတယ်ဆိုတာ ကျနော်တို့ သိရတယ်။ အဲဒါကြောင့် မနေ့က တပ်ရင်း ၉ ဆိုရင် မြန်မာစစ်တပ်ဘက်က သိမ်းလိုက်ပြီဆိုတဲ့ဟာ ကျနော်တို့ ကြားရတယ်။ အမြောက်တွေ အများကြီးပစ်တော့ အဲဒီနေရာကို သူတို့ ဆုတ်ခွာပေးလိုက်တယ်ဆိုတာ ကျနော်တို့ သိရတယ်။”

ဒီတိုက်ပွဲတွေဟာ မူဆယ်နဲ့ ကွတ်ခိုင်ဒေသမှာသာမက KIA တပ်ရင်း ၈ အခြေစိုက်ရာ မန်တုံမြို့နယ် အတွင်းမှာလည်း ဒီကနေ့ထိ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေ အတွင်းမှာ KIA ဘက်က ၃ ယောက်ကျပြီး ၂ ယောက် ထိခိုက်တယ်၊ အစိုးရဘက်ကတော့ ထိခိုက်ဒဏ်ရာရတာနဲ့ ကျဆုံးသူ ၁၅၀ လောက် ရှိတယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။ ဒီသတင်းကိုတော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

အခုလို KIA ရဲ့ တပ်မဟာ ၄ ကို ထိုးစစ်ဆင် တိုက်ခိုက်တာဟာ တရုတ်နိုင်ငံနဲ့ သွယ်တန်း ဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း လုံခြုံရေးအတွက် ဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီလို ရည်ရွယ်ချက်နဲ့ တိုက်တာဆိုရင်တော့ ပိုက်လိုင်းစီမံကိန်းကို KIA က ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ ဦးလနန်က ပြောပါတယ်။

“ဒီသဘာဝဓာတ်ငွေ့၊ ရေနံပိုက်လိုင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ဆီကို KIA က ကန့်ကွက်တာမျိုး၊ ထောက်ခံတာမျိုး တခုမှ ပြောဆိုတာမျိုး မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီဒေသမှာ ရေနံပိုက်လိုင်းတွေ ဖြတ်သွားမယ့်ဒေသ ဖြစ်တယ်။ ဒီဒေသကို ဒါကြောင့်မို့ ရှင်းလင်းရတယ် ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့လုပ်တယ် ဆိုရင်တော့ သူတို့ရဲ့ သတ်မှတ်တဲ့ နိုင်ငံတော် စီမံကိန်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဟာ ပျက်ပြားဖို့ပဲ ရှိတော့တယ်။ အဲဒီပိုက်လိုင်းအတွက် လုံခြုံရေး ရယူပေးတယ် ဆိုရင်တော့ သူတို့ရဲ့ ရည်မှန်းချက်တွေ အထမြောက် အောင်မြင်မှာ မဟုတ်ဘူး။ အဲဒီစီမံကိန်းကို ကျနော်တို့က ဒီနောက်ပိုင်းမှာ ဆန့်ကျင်သွားဖို့ပဲ ရှိတော့တယ်။”

တရုတ်၊ မြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ မြန်မာစစ်တပ်ရဲ့ ၄ လပတ် တပ်မှူးညီလာခံမှာ စစ်တပ်ရဲ့ အောင်မြင်မှုကို ပြသနိုင်ဖို့ ထိုးစစ်ဆင် တိုက်တာ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

မြန်မာစစ်တပ်ဘက်က အခုလို ရှမ်းပြည်နယ် မြောက်ပိုင်းဒေသက KIA တပ်မဟာ ၄ ကို ထိုးစစ်ဆင်နေတဲ့ တချိန်တည်းမှာပဲ ကချင်ပြည်နယ် အတွင်းမှာလည်း စစ်ရေးပြင်ဆင်မှုတွေ ရှိနေပြီး လာမယ့် ပွင့်လင်းရာသီမှာ ထိုးစစ်ဆင် တိုက်ခိုက်နိုင်တယ်လို့ KIA ဘက်က သုံးသပ်တာတွေလည်း ရှိနေပါတယ်။

ဒီကနေ့မှာတော့ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေ ရပ်စဲပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ကုလသမဂ္ဂ၊ အာဆီယံ အပါအ၀င် အိမ်နီးချင်းနိုင်ငံတွေက ပါဝင်ဆောင်ရွက်ပေးဖို့အတွက် ပန်ကြားစာကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဆီကို ပေးပို့ထားပါတယ်။
http://www.voanews.com/burmese/news/myanmar-army-kachin-attacked-130560563.html

စစ်ပြေငြိမ်းရေး မလွယ်တော့ဟု KIO ဆို
ဖနိဒါ | တနင်္လာနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၅ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာအစိုးရ တပ်အင်အား ၈၀၀ ကျော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တပ်မဟာ ၄ လက်အောက်ခံတပ်များ တိုက်ပွဲ လေးရက်ကြာ ဖြစ်ပွားနေပြီး အစိုးရတပ်များမှ ထိုးစစ်ဆင်လာခြင်းကြောင့် အပစ်ခတ်ရပ်စဲရေး မလွယ်ကူတော့ကြောင်း KIO ပြောခွင့်ရ ဦးလနန်က ပြောသည်။

“စစ်ပွဲတွေ ငြိမ်းဖို့ဆိုတာ လွယ်တော့ မလွယ်တော့ဘူး။ သူတို့ တပ်တွေတာ ရှိနေသရွေ့ကတော့ ပြည်တွင်းစစ်မီးက အလားအလာအများကြီး ဖြစ်လာပြီ၊ တပ်မဟာ (၄) မှာ ဖြစ်တဲ့ ကိစ္စဟာ အစိုးရဘက်က ထိုးစစ်ဆင်လာပြီးတော့ တိုက်ခိုက်တဲ့ တိုက်ပွဲပါ။” ဟု ဦးလနန်က မဇ္ဈိမကိုပြောသည်။

မြန်မာအစိုးရ တပ်ဖွဲ့များသည် ၁၂ဝ မမ၊ ၁ဝ၅ မမ၊ ၈၁ မမ၊ ၇၅ မမ စသည့် လက်နက်ကြီး ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်နေပြီး KIO ဘက်မှ ပျောက်ကြားနည်းဖြင့် ခုခံတိုက်ခိုက်နေသည်ဟု ဆိုသည်။

ရှမ်းပြည်နယ် မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းဖြစ်နေသည့် တိုက်ပွဲများအတွင်း မြန်မာအစိုးရဘက်မှ အနည်းဆုံး ၁ဝဝ ကျဆုံးပြီး ၅ဝ ခန့်ဒဏ်ရာရမှုများ ရှိနေကာ KIO ဘက်မှ စစ်ဗိုလ်တဦး ကျဆုံးနှင့် တပ်သား
နှစ်ဦးတို့ ဒဏ်ရာမှုများ ရှိသည်ဟု ဦးလနန်က ဆက်ပြောသည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်းများနှင့် သိန္တီမြို့အခြေစိုက် စစ်ဆင်ရေးနှင့် ကုတ်ကဲရေးဌာန (စကခ) ၁၆ များမှ ခလရ ၄၅၊ ၆၈၊ ၆၉၊ ၁၄၄၊ ၂၉ဝ၊ ခမရ ၅၂၂၊ ၅ဝ၂၊ ၅ဝ၇နှင့် တပ်မ ၉၉ တို့မှ အင်အား ၈ဝဝ ကျော်တို့က KIO ၏ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၂၊ ၈ ၊ ၉ တပ်ဖွဲ့များအကြား ယခုလ
၂၃ ရက်နေ့မှ စတင်ကာ တနင်္လာနေ့ထိ ဆက်တိုက်, တိုက်ပွဲများ ဖြစ်ပွားနေသည်ဟုလည်း ဦးလနန်ကဆိုသည်။

KIO အနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး လိုသော်လည်း မြန်မာအစိုးရဘက်မှ ယခုလို ထိုးစစ်ဆင်လာမှုသည်
နိုင်ငံရေးကို စစ်ရေးနှင့် ဖြေရှင်းရန် ပေါ်လွင်နေပြီး သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရေး ထုတ်ပြန်ချက်နှင့် အစိုးရတပ်များ လုပ်ဆောင်မှုသည် ကွဲပြားနေသည်ဟုလည်း သူကပြောသည်။

“ကျနော်တို့ ကေအိုင်အိုကို စစ်နဲ့ ခြိမ်းခြောက်ပြီးမှဘဲ နိုင်ငံရေးကို ဖြေရှင်းမယ်ဆိုရင်လုံးဝ လက်မခံနိုင်ဘူး၊ အခု ဒီပုံစံအတိုင်းဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးမှုကတော့ အလှမ်းကွာဝေးသွားပြီဗျ၊ တိုက်ပွဲက ရပ်သွားမဲ့ပုံတော့ မရှိတော့ ဘူး။ အချိန်ကြာတိုက်ဖို့ စစ်မီးက ကြာသွားနိုင်တယ်”ဟု ပြောသည်။

KIO ထိန်းချုပ်ရာနယ်မြေတခုဖြစ်သော ကုတ်ခိုင်မြို့နယ် မန်ဂျေကျေးရွာ အနီးတဝိုက်၊ မူဆယ်မြို့နယ် ဒီမာ၊
ဟူးဖြတ်၊ ဒတ်နိုင်းနှင့် မန်တုံမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟုလည်း ဦးလနန်က ဆိုသည်။

တိုက်ပွဲများကြောင့် မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁ဝ ခုကျော်မှ ဒေသခံရွာသားများ တနင်္ဂနွေနေ့မှ စတင်၍ တရုတ်-မြန်မာနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သိရသော်လည်း လူဦးရေ စာရင်းနှင့် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကိုမူ မသိရသေးပါ။

ယင်းအပြင် ယခုလ ၂၄ ရက်နေ့ကလည်း KIO ၏ တပ်မဟာ (၃) အောက်မှ တပ်ရင်း ၁၆ နှင့် တရုတ်နယ်စပ်ရှိ လွယ်ဂျယ်အခြေစိုက် ခလရ ၃၄၁ တပ်ဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်ခဲ့သဖြင့် ဒေသခံ တချို့ တရုတ်နိုင်ငံ
ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေမှုများလည်း ရှိနေသည်ဟု သိရသည်။

ထိုစဉ်တွင် ဧရာဝတီမြစ်ဖျားရှိ မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းအတွက် တရုတ်နိုင်ငံဘက်မှ ဘိလပ်မြေ၊ သံထည်ပစ္စည်းများ တင်သွင်းလာခြင်းကို ပြီးခဲ့သည့်လက KIO က ထိန်းချုပ်ပိတ်ပင်ခဲ့သဖြင့် လုပ်ငန်းရပ်ရသည့်
အထိ ရှိခဲ့သော်လည်း လက်ရှိ မြစ်ကြီးနားမြို့ပေါ်ရှိ ဆောက်လုပ်ရေး ပစ္စည်းဆိုင်များမှ ဈေးပိုပေး၍ ဘိလပ်မြေများ ဝယ်ယူနေသည်ဟုလည်း KIO က ပြောသည်။

SSA-N ကို အစိုးရတပ်များ တောနင်းရှာဟုဆို
ကျော်ခ | တနင်္လာနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၇ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအစိုးရကို လက်နက်ကိုင် တော်လှန်နေသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း
SSA-N တပ်များကို အစိုးရတပ်မှ တောနင်းရှာဖွေလျက်ရှိကြောင်း SSA-N ပြောခွင့်ရက ပြောသည်။

“အခုစစ်တပ်တွေက ကျနော်တို့လှုပ်ရှားနေတဲ့ နယ်မြေတွေထဲ တမြို့နယ်ချင်းစီကို စစ်ကြောင်းတွေခွဲပြီး ပိုက်စိပ်တိုက်
တောနင်းရှာနေတာ တချို့နေရာတွေမှာ ကျနော်တို့ တပ်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မိပြီး တိုက်ပွဲဖြစ်တာတွေတောင် ရှိတယ်”ဟု ဗိုလ်မှူး စိုင်းလှက မဇ္ဈိမကို ပြောသည်။

အစိုးရ စစ်တပ်၏ အရှေ့ မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တပ်များနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များမှ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းရှုး၊ ကျေးသီး၊ မိုင်းယိုင်၊ သီပေါနှင့် မိုင်းနောင်မြို့နယ်များရှိ SSA-N ပျောက်ကျားတပ်များကို အပူတပြင်း ရှာဖွေနေခြင်းဖြစ်ကြောင်း ဗိုလ်မှူးစိုင်းလှ က ဆက်ပြောသည်။

စက်တင်ဘာလ၂၂ ရက်နေ့က တောနင်းဝင်ရောက်လာသည့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ
ခမရ ၅ဝ၆ တပ်ရင်း တပ်အင်အား ၅ဝ ခန့်နှင့် SSA-N လက်အောက်ခံ ပျောက်ကျား တပ်များ ကျေးသီးမြို့နယ်နှင့် သီပေါမြို့နယ် အစပ်တွင် ထိပ်တိုက် ရင်ဆိုင်မိကာ ၁၅ မိနစ် အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ယင်းတိုက်ပွဲတွင် SSA-N တပ်များက နယ်မြေကျွမ်းကျင်မှုနှင့် လက်ဦးမှု ယူကာ တိုက်ခိုက်ခဲ့သဖြင့် ခမရ ၅ဝ၆ တပ်
မှ ၇ ဦးဒဏ်ရာ ရရှိ ခဲ့ပြီး သေဆုံးသူ မရှိကြောင်း SSA-N ဘက်က ပြောသည်။

အစိုးရတပ်များ တောနင်းရှာဖွေမှုကြောင့် SSA-N တပ်များမှာလည်း မကြာခန နေရာရွှေ့ပြောင်းရသဖြင့် စားဝတ်
နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေရသည်ဟုလည်း သိရသည်။ မိုးတွင်းကာလ အစိုးရတပ်မှ တောနင်း ရှာချိန်တွင်
တောတွင်း စခန်းချနေထိုင်သည့် SSA-N တပ်များမှာ စခန်း ဆောက်မနေနိုင်ဘဲ မိုးကာစ ခြုံကာနေရသည်များပင် ရှိနေကြောင်း SSA-N စစ်မြေပြင် သတင်းများ အရသိရသည်။

ထို့ပြင်အစိုးရတပ်က SSA-N နှင့် နီးစပ်သည်ဟု ယူဆရသော ကျေးရွာများကို SSA-N ၏ လှုပ်ရှားမှုများကို မေးမြန်း၊ စုံစမ်းခြင်းများ ပြုလုပ်ရာ ရွာသားများကို ညှင်းပန်း နှိပ်စက်ခြင်းများ၊ အမျိုးသမီးငယ်များကို အဓမ္မပြုကျင့်ခြင်းများ ကိုပင် ပြုလုပ်ကြောင်း ဗိုလ်မှူးစိုင်းလှက ပြောသည်။

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ရင်း အရာရှိ တဦးကမူ
မိမိတို့ အနေဖြင့် အထက်အမိန့်အရ လက်နက်ကိုင် သူပုန်များကို နှိမ်နှင်းရန် တောနင်း ရှာဖွေခြင်းသာ ဖြစ်ပြီး
ဒေသခံ ရွာသားများကို ညှင်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခြင်းမရှိဟု ပြောသည်။

“သူပုန်တွေ ကျက်စားတဲ့ နေရာတွေကို ကျနော်တို့ စိုးမိုးနိုင်ဖို့ နယ်မြေ ရှင်းလင်းရေး လုပ်တဲ့ သဘောပါ။ သူတို့
ပြောသလို မုဒိမ်းကျင့်တာတို့၊ ရွာသားတွေကို ညှင်းပန်းနှိပ်စက်တာတို့ ကျနော်တို့ မလုပ်ပါဘူး။ ကျနော်တို့အလုပ်
က ရန်သူ့စခန်းတွေကို လိုက်ရှာပြီးရှင်းဖို့ပဲ” ဟု အဆိုပါ စစ်တပ် အရာရှိက မဇ္ဈိမကို ပြောသည်။

SSA-N က ယခုအခါတွင် တပ်စုများကို ပျောက်ကျားတပ် အသွင်ပြောင်းကာ စုဖွဲ့ နေထိုင်လျက်ရှိပြီး အစိုးရတပ်များ
ကို အလုံးအရင်းဖြင့် ရေရှည်ခုခံ တိုက်ခိုက်သွားနိုင်မည့် အနေအထား မရှိကြောင်း အထက်ပါ အရာရှိကပင် ဆက်လက် ပြောဆိုသည်။

အစိုးရဘက်မှ “ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ကြေညာချက်ကို သြဂုတ်လ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့
ပြီး “ငြိမ်းချမ်းရေး ဆွေးနွေးလိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် ပဏာမ အဆင့် အနေဖြင့် တဖွဲ့ချင်း အလိုက် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန်” ဖေါ်ပြပါရှိသည်။

အဆိုပါ ကြေညာချက် မထုတ်မီ တရက်အလိုတွင် ရှမ်းပြည် တိုးတက်ရေးပါတီက အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြည်ထောင်စုတခုလုံး ယာယီအပစ်အခတ် ရပ်ရေး ကြေညာကာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် သမ္မတ ဦးသိန်းစိန်ထံ စာရေးသား တောင်းဆိုထားခဲ့သည်။

သို့သော် အစိုးရတပ်များက ရှမ်းပြည်နယ် အတွင်း SSA-N တပ်များကို တိုက်ခိုက်ရန် ယခုကဲ့သို့ တောနင်း ရှာဖွေခြင်း များ ပြုလုပ်နေခြင်းသည် အစိုးရအနေဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန် အလားအလာ မရှိကြောင်းပေါ်လွင်နေသည်ဟု
ဗိုလ်မှူး စိုင်းလှ ကပြောသည်။

အစိုးရတပ်နှင့် SSA-N တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် ဒေသခံ သုံးသောင်းကျော်
ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး လူသားချင်း စာနာသည့် အထောက်အပံ့များ လိုအပ်နေကြောင်း ရှမ်းလူ့အခွင့်အရေး အဖွဲ့များက တောင်းဆိုထားသည်။

http://www.mizzimaburmese.com/


ကေအိုင်အေ တပ်မဟာ ၄ နယ်မြေအချို့ကို အစိုးရတပ်က သိမ်းပိုက်
Published on September 26, 2011 by ​အေး​နိုင် · No Comments

အစိုးရတပ်က ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) နယ်မြေကို တပ်ရင်း ၁၀ ရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကေအိုင်အို (ကချင်လွတ်လပ်ရေးအဖွဲ့) က ပြောပါတယ်။

ကေအိုင်အိုတပ်မဟာ (၄) ခွင်ကို လွန်ခဲ့တဲ့ သုံးရက်ခန့်ကစပြီး လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေကြောင့် မူဆယ်ခရိုင်အခြေပြု ကေအိုင်အေ တပ်ရင်း ၂ နဲ့ တပ်ရင်း ၉ ကို လက်လွှတ်ပေးလိုက်တယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်​။

“လက်နက်ကြီးနဲ့ပဲ တရစပ်ပစ်တဲ့အတွက်ကြောင့် နောက်တန်းရုံးအဖွဲ့တွေကို နေရာဖယ်ခိုင်းလိုက်တာပါ။ အားလုံးကို ရှေ့တန်းကို လွှတ်ထားလိုက်ပါပြီ။ ကျနော်တို့ လက်ရှိကျင့်သုံးနေတာက ပြောက်ကျားစစ်ဗျူဟာပါ။”

တိုက်ပွဲဟာ မူဆယ်၊ ကွတ်ခိုင်နဲ့ မန်တုံမြို့နယ်တွေမှာ ဖြစ်ပွားနေပြီး အစိုးရတပ်ဘက်က လက်နက်ကြီးတွေ တပ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်​။

“တိုက်ပွဲတော်တော်ပြင်းထန်တယ်။ သူ့ရဲ့အင်အားက ၁၀၀၀ ကျော်သွားပြီ။ ဒီနေ့ရတဲ့စာရင်းအရ၊ တပ်ပို့တွေ ထပ်ဖြည့်တာတွေလည်းရှိတယ်။”

ကေအိုင်အေ တပ်မဟာ ၄ ခွင်ကိုတိုက်တဲ့ အစိုးရထိုးစစ်ဟာ နေပြည်တော်မှာ ကျင်းပမယ့် လေးလပတ်အစည်းအဝေးမတိုင်ခင် ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေကို ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု- ဗိုလ်ချူပ်ကြီး စိုးဝင်းနဲ့ ရမခ (အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူးတို့ ဦးစီးကွပ်ကဲခဲ့တာလို့ ဆိုပါတယ်။

အစိုးရဘက်ကထိုးစစ်ဟာ မူဆယ်မြို့က ရွှေပြည်သစ်ရဲဘက်စခန်းကို ကေအိုင်အေတပ်မဟာ ၄ က ၀င်စီးခဲ့ပြီးနောက် အစိုးရဘက်က တိုက်ခိုက်မှုဖြစ်ပါတယ်။

ကေအိုင်အေဘက်ကလည်း ထိုးစစ်ကို ခုခံနေချိန်မှာ အခြားနေရာတွေဖြစ်တဲ့ ဗန်းမော် – လွယ်ဂျယ်လမ်းပေါ်က စိန်လုံနဲ့ လွယ်ဂျယ် တို့မှာ ကေအိုင်အေဘက်က စတင်တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို ဗန်းမော် – မြစ်ကြီးနားလမ်းပေါ်ရှိ တုန်ဖုန်းယန်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ကေအိုင်အေသတင်းရပ်ကွက်အရ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ထိုးစစ်ကြောင့် အခုလာမယ့် လေးလပတ်ပုံမှန် အစည်းအဝေးမှာလည်း စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေပဲ ကျလာဖို့ များတယ်လို့ ဦးလနန်းက သုံးသပ်ပါတယ်။

“အခု သူတို့ပြောဆိုနေတာတော့ နိုင်ငံရေး ဆွေးနွေးမှုမျိုး ပြုလုပ်ဖို့ တဖက်မှာ ပြောနေကြပေမယ့် စစ်တပ်ဘက်ကတော့ စစ်ရေးနည်းနဲ့ပဲ အားလုံးကို ဖြေရှင်းနိုင်တယ်။ အားလုံးကို စိုးမိုးနိုင်တယ်ဆိုတဲ့ ပေါ်လစီကို လက်ကိုင်ကျင့်သုံးနေတယ်။ ဒါကြောင့်မို့ ဒီလေးလပတ်မှာ ထွက်လာမယ့် ရလဒ်ကတော့ တိုက်ပွဲခေါ်သံပဲ ဖြစ်ပါလိမ့်မယ်။”

၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်ရပ်စဲတဲ့ ကေအိုင်အိုဟာ အစိုးရစီမံတဲ့ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ပယ်ချပြီးတဲ့နောက် ဒီနှစ် ဇွန် ၉ ရက်နေ့ကစလို တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။ အပစ်ရပ်ရေးစကားပြောနေပေမယ့် လက်တွေ့ မရပ်သေးပဲ ဖြစ်နေတာပါ
http://burmese.dvb.no

Kachin

သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ရန်ကုန်မှာ ဆန္ဒပြ


တနင်္လာ, 26 စက်တင်ဘာ 2011

By မအေးအေးမာ
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၄ နှစ်မြောက် အထိမ်းအမှတ် ဆူးလေဘုရားတွင် ၀တ်ပြုဆုတောင်းပွဲ ကျင်းပသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လူစုခွဲရန် ပြောကြားနေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၄ နှစ်မြောက် အထိမ်းအမှတ် ဆူးလေဘုရားတွင် ၀တ်ပြုဆုတောင်းပွဲ ကျင်းပသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လူစုခွဲရန် ပြောကြားနေစဉ်။ စက်တင်ဘာ ၂၆၊ ၂၀၁၁။

လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေတဲ့ ကြားကပဲ ၂၀၀၇ စက်တင်ဘာ သံဃာတော်တွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားမှုတွေ နှိမ်နင်းခံခဲ့ရတဲ့ ၄ နှစ်မြောက် နှစ်ပတ်လည် အထမ်းအမှတ်အဖြစ် နိုင်ငံရေး လှုပ်ရှားမှုတွေ ရန်ကုန်မြို့မှာ ဒီနေ့ ပြုလုပ် ကျင်းပခဲ့ကြပါတယ်။ စီတန်းလမ်းလျှောက်တာ၊ မေတ္တာပို့ ဆုတောင်းတာတွေကို အာဏာပိုင်တွေက ဟန့်တားမှုတွေ ရှိနေတဲ့ ကြားကပဲ တက်ကြွ လှုပ်ရှားသူတွေက ပြုလုပ်ခဲ့ကြတာပါ။ မြန်မာအစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် လမ်းပေါ်တက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုတွေ အကြောင်းကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ရွှေဝါရောင် နှစ်ပတ်လည်နေ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး၊ မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ဆန့်ကျင်တဲ့ ပြည်သူ့ဆန္ဒ ပြည့်ဝပါစေ ဆိုတဲ့ စာသားတွေနဲ့ အ၀ါရောင် အင်္ကျီတွေကို ၀တ်ဆင်ထားကြတဲ့ တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း မြောက်ဒဂုံ ၅၁ ရပ်ကွက်မှာရှိတဲ့ မကွေးစာသင်တိုက်မှာ သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို သွေးထွက်သံယို နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကို ကျင်းပခဲ့ကြပြီး နောက်ပိုင်း ရန်ကုန်မြို့လယ်မှာရှိတဲ့ ဆူးလေဘုရားဆီကို ချီတက်ရာမှာတော့ အာဏာပိုင်တွေရဲ့ ဟန့်တားမှုနဲ့ ကြုံခဲ့ရတယ်လို့ လှုပ်ရှားမှုမှာ ပါဝင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်က ပြောပါတယ်။
“ဆူးလေမှာ ကျနော်တို့ စုရပ်ထားတယ်။ အဲဒါကို နေရာ ၃ ခုက လာကြတယ်။ လာတဲ့အခါ ပထမဆုံး မြောက်ဥက္ကလာမှာ လူစုခွဲခံလိုက်ရတယ်။ ကျနော်တို့ ငှားလာတဲ့ ကားတွေကို ပိတ်ဆို့ တားဆီးလိုက်တယ်။ တားဆီးပြီး ကားသမားတွေကို ခြိမ်းခြောက်ပြီး ကျနော်တို့ကို ဆက်မပို့အောင် လုပ်လိုက်တယ်။ လုပ်လိုက်တော့ ကျနော်တို့က လမ်းလျှောက်ပြီး လာတဲ့အခါမှာ ကမ္ဘာအေး စာတိုက်မှတ်တိုင်နားမှာ ကျနော်တို့ကို သွားခွင့် မပေးတော့ဘူး။ မပေးတော့တဲ့အတွက် ကျနော်တို့ အဲဒီနားမှာပဲ ဒေါ်နော်အုန်းလှ ဦးဆောင်ပြီး ၀တ်ပြုဆုတောင်းမှု လုပ်ခဲ့တယ်။”
ဒါဟာဆိုရင် မြန်မာအစိုးရသစ်အဖြစ် မတ်လကုန်မှာ တက်လာပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တွေ့မြင်လာရတဲ့ လမ်းပေါ် ဆန္ဒပြပွဲတခုလည်း ဖြစ်ပါတယ်။ လုံခြုံရေး ရဲတပ်ဖွဲ့တွေကတော့ ဒီလို ဆန္ဒပြပိုင်ခွင့် ပေးထားတဲ့ အခြေခံဥပဒေ အတည်မဖြစ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဟန့်တားခဲ့တာလို့ ကိုယ်တိုင် တားဆီးခံခဲ့ရသူ တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ဒေါ်နော်အုန်းလှက ပြောပါတယ်။
“ကျမတို့က ကားပေါ်မှာ ၁၀၀၊ ၈၀ လောက်ရှိတယ်။ လမ်းမှာလည်း ကျမတို့ဘက်က လူ ၁၈၀ လောက်ရှိတယ်။ ကျမတို့က တားလို့ရှိရင် ဒီမှာပဲ ဘုရားကန်တော့မယ်။ ကျမတို့က ဆူပူလှုပ်ရှားတာ မဟုတ်တဲ့အတွက် ဆုတောင်းပွဲကို ဒီမှာပဲ လုပ်လိုက်မယ် ဆိုပြီးတော့ ဆုတောင်းပွဲ လုပ်လိုက်ပါတယ်။ ကျမတို့ လွတ်လပ်စွာ လမ်းလျှောက်ပိုင်ခွင့်ရှိတယ် ဆိုတာကို အခြေခံဥပဒေမှာ ပါပြီးသား ဖြစ်တယ်လို့ ပြောတဲ့အခါကျတော့ ရဲမှူး ဦးအောင်တိုးက နေပြီးတော့ ပြလို့မရဘူးတဲ့၊ အခြေခံဥပဒေက အတည်မဟုတ်သေးပါဘူးတဲ့၊ ကျနော်တို့က အရင်ဥပဒေနဲ့ လုပ်တာပါလို့ ပြောပါတယ်။
“ကျမတို့နိုင်ငံမှာ အခြေခံဥပဒေကို လေးစား လိုက်နာတဲ့ အစိုးရ ဖြစ်စေချင်ပါတယ်။ ဥပဒေတခုကို ထုတ်ထားပြီးတော့ ဒါ အတည်မဟုတ်ပါဘူးလို့ လက်လွတ်စပယ် ပြောတာတော့ မဖြစ်သင့်ပါဘူး။ တကယ်တမ်းကျရင် ကျမတို့က အခြေခံဥပဒေကို လက်မခံခဲ့ပါဘူး။”
ဒီလို အတားအဆီးတွေ ရှိပေမဲ့လည်း ဆူးလေဘုရားမှာ ဆုတောင်းပွဲကို အတားအဆီးတွေ ကြားကပဲ လုပ်နိုင်ခဲ့ကြပါတယ်။
ဆူးလေဘုရားမှာလည်း အာဏာပိုင်တွေဘက်က လုံခြုံရေးဝန်ထမ်း အများအပြား ချထားပြီး တားဆီးခဲ့တယ်လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ဆက်ပြောပြပါတယ်။
“နောက်ကျတော့ ဆူးလေဘုရားကို ရောက်သွားတယ်ပေါ့ဗျာ။ ရောက်သွားတဲ့ အခါမှာလည်း အမြန်ဆုံး လူစုခွဲဖို့ ပြောနေတယ်။ အဲတော့ လူစုခွဲခံရတဲ့ အနေအထား အားလုံးကို ကျနော်တို့ တတ်နိုင်သမျှ စုစည်းပြီးတော့ အခု နာရီဝက် အတွင်းမှာပဲ ဘုရားပေါ်မှာ စုစည်းထားတဲ့ အင်အား ၁၀၀ ကျော်ခန့်ရယ် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို ဆန္ဒပြုပြီးတော့ ဘုရားမှာ ဆုတောင်းခဲ့တယ်။
“ဆူးလေဘုရားနဲ့ မြို့တော်ခန်းမရှေ့မှာတော့ လည်ပတ်အနီနဲ့ စစ်သားတွေ၊ လုံထိန်းတွေ၊ ကား ၆ စီးလောက်နဲ့ ရပ်တန့်ပြီး စောင့်ဆိုင်းနေတယ်။ အဲဒီနေရာ ကိုက် ၅၀ လောက် အကွာမှာပဲ လုံခြုံရေး ၀န်ထမ်းတွေ အပြည့်အ၀ ချထားတယ်။ ဘုရားရင်ပြင်ပေါ်မှာလည်း စရဖတွေ၊ သူတို့အင်အားစုတွေ ပြည့်နှက်နေအောင် ချထားပါတယ်။”
မြန်မာနိုင်ငံမှာ သံဃာ့လှုပ်ရှားမှုကြီး ဖြစ်ခဲ့တဲ့ ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကို အာဏာပိုင်တွေက ဖြိုခွဲဖမ်းဆီး သတ်ဖြတ်ခဲ့မှုတွေကို မမေ့လျော့တာကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့မှာပဲ ငြိမ်းချမ်းစွာ ဆန္ဒတွေ ထုတ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ အခုလို နှစ်ပတ်လည်နေ့ လုပ်သလိုပဲ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ပါခဲ့ပြီး ထိုင်း၊ မြန်မာ နယ်စပ်ကို တိမ်းရှောင်လာတဲ့ သံဃာတွေ စုပေါင်းပြီး ထိုင်း၊ မြန်မာ နယ်စပ်မှာ နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတွေကိုလည်း လုပ်ခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ဗွီအိုအေက ဒီမိုကရေစီ အင်အားစုတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု တို့ကတော့ တစုံတရာ ပြဿနာ ကြီးကြီးမားမား မရှိပဲ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ် နိုင်တဲ့အတွက် ကြိုဆိုခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဒီကနေ ပြဿနာတွေ ဖြစ်ပွားလာပြီး အတိမ်းအစောင်းမခံနိုင်တဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေမှာ ရှုပ်ထွေးမှုတွေ ထွက်ပေါ်လာမှာကို စိုးရိမ်မကင်း ဖြစ်မိကြောင်းလည်း ပြောဆိုကြပါတယ်။
http://www.voanews.com/burmese/news/saffron-anniversary-130558053.html

ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိ




2011-09-25
မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်မယ့် ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စယင်လပ် ရှင်နာဝပ် ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။


AFP
ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စ ယင်လပ် ရှင်နာဝပ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

“မြန်မာနိုင်ငံမှာ ဒေါ်စုနဲ့လည်း တွေ့ဖို့ အစီအစဉ် ရှိတယ်လို့ သိရတယ်။ နေ့ရက်တွေ အချိန်တွေတော့ အခုချိန်အထိ မသိသေးပါဘူး”

မစ္စယင်လပ်ဟာ ထိုင်းဝန်ကြီးချုပ် တာဝန်ကို စတင်ထမ်းဆောင်ပြီးနောက် လုပ်ငန်းသဘော အစဉ်အလာအရ မိတ်ဆက်တဲ့အနေနဲ့ ပတ်ဝန်းကျင် နိုင်ငံတွေကို သွားရောက်ပြီး နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မစ္စယင်လပ်ဟာ မကြာသေးခင်ကပဲ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား စတဲ့ အာစီယံနိုင်ငံ တချို့ကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ယင်လပ်ဟာ အောက်တိုဘာ လဆန်းပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အလေးထား ဆွေးနွေးကြလိမ့်မယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

“အဓိက ကတော့ ကျနော်တို့က အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တော့ နှစ်ဦးနှစ်ဘက် အကျိုးရှိနိုင်မယ့် ကိစ္စတွေ၊ နှစ်ဦးနှစ်ဘက် နားလည်နိုင်မယ့်ကိစ္စတွေ ပြောကြဖို့ ရှိမှာပါ”

ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ညီမဖြစ်သူ မစ္စယင်လပ်ဟာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မလေးရှားနိုင်ငံကို ဆက်လက် ခရီးထွက်ခွာမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရ အရာရှိတွေက ပြောပါတယ်။
http://www.rfa.org/burmese

တနင်္လာ, 26 စက်တင်ဘာ 2011
ထိုင်းဝန်ကြီးချုပ် မြန်မာခရီးစဉ်မှာ ဒေါ်စုနဲ့တွေ့ဖို့ မသေချာ

By ဦးဝင်းမင်း

မစ်စ် ယင်လတ် (Yingluck Shinawatra) ရဲ့ ရှေ့လဆန်း မြန်မာနိုင်ငံ ခရီးစဉ်ထဲမှာ မြန်မာအစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိပေမဲ့လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အစီအစဉ် မရှိဘူးလို့ ထိုင်းဝန်ကြီးချုပ်ရုံးက ဆိုလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ရုံး အရာရှိတွေကပဲ နေ့တ၀က်ပဲ သွားမယ့် ဒီခရီးစဉ်ထဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနဲ့ မူးယစ်ဆေးဝါး နှိမ်နင်း တားဆီးရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ဒီခရီးစဉ်ဟာ ၀န်ကြီးချုပ်သစ် ယင်လတ်အတွက်တော့ ၀န်ကြီးချုပ် ဖြစ်လာအပြီး မြန်မာနိုင်ငံကိုသွားမယ့် ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းရော မြန်မာပါ အဖွဲ့ဝင်တွေ ဖြစ်နေတဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ဆိုရင်တော့ မြန်မာနိုင်ငံကို ဆဋ္ဌမမြောက်အဖြစ် သွားတာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် ယင်လတ်ဟာ ဘရူနိုင်းနိုင်ငံကို ပထမဆုံး သွားခဲ့ပြီး နောက် အင်ဒိုနီးရှား၊ ပြီးတော့ အိမ်နီးချင်းတွေဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ လာအို၊ စုစုပေါင်း ၄ နိုင်ငံကို ဒီလထဲမှာ သွားခဲ့ပါတယ်။ ရှေ့လဆန်းမှာတော့ အိမ်နီးချင်း နောက်တနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံကို သွားပြီးမှ မြန်မာနိုင်ငံကိုသွားမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံး နိုင်ငံခြားရေးဌာန ဒါရိုက်တာ နာတာလီယာ ထာဝီဝေါင်း (Natalia Thaweevong) က ဆိုပါတယ်။

“နောက်ခရီးစဉ်ကတော့ မြန်မာနိုင်ငံကို သွားမှာပါ။ အောက်တိုဘာ ၅ ရက်ဖြစ်မလား၊ ၇ ရက်ဖြစ်မလား ဆိုတာတော့ မသေချာသေးပါဘူး။ နောက်ဆုံး အတည်ပြုချက်ရဖို့ စောင့်နေပါတယ်။ ဒါပေမဲ့ ခရီးစဉ်ကတော့ နေ့တ၀က် ခရီးစဉ်ပါပဲ။”

ဒါရိုက်တာ နာတာလီယာကပဲ မြန်မာနိုင်ငံ ခရီးစဉ်ထဲမှာ မြန်မာသမ္မတသစ် ဦးသိန်းစိန်နဲ့ အဓိက တွေ့ဖို့ရှိပြီး အဓိက ဆွေးနွေးမယ့် ကိစ္စတွေကို အခုလို ပြောသွားပါတယ်။

“ယေဘုယျအားဖြင့်ကတော့ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေမှာ တိုးမြှင့် ဆောင်ရွက်ဖို့ပါ။”

ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် အနေနဲ့ ဒီခရီးစဉ်ထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရှိပါသလားလို့ မေးတာကိုတော့ နာတာလီယာကပဲ အခုအချိန်ထိတော့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။

“အခုအချိန်ထိကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အစီအစဉ် မရှိသေးပါဘူး။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်သစ် တွေ့ဖို့ အတည်ပြုတာ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံက ၀ါရင့် သတင်းအယ်ဒီတာ ကာဝီ ချိုကီတ၀န်းကလည်း ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယင်လတ် တွေ့ဖို့ အလားအလာ မရှိဘူးလို့ ထောက်ပြလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတွေ့မယ်လို့ ကျနော်တော့ မထင်ပါဘူး။ သူ့အနေနဲ့ ဒီကိစ္စမှာ စိတ်ဝင်စားပုံ မပြခဲ့ဘူးလေ။”

အဲဒီတော့ ထိုင်းဘက်က ဒီခရီးစဉ်မှာ ဘာတွေ အဓိကထား ဆွေးနွေးဖို့ ဖြစ်နိုင်ပါသလဲလို့ မေးရာမှာတော့ ကာဝီက အဓိက ကိစ္စကြီး ၃ ခု ဖြစ်နိုင်တယ်လို့ အခုလို ဆိုပါတယ်။

“အရေးအကြီးဆုံး ကိစ္စတခုကတော့ ထိုင်းနယ်စပ်တလျှောက်က အခြေအနေပါ။ အဲဒီမှာ လုံခြုံရေးနဲ့ လူတွေ ရွှေ့ပြောင်းလာနေတဲ့ ကိစ္စတွေပေါ့။ ဒုတိယကလည်း အရမ်း အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းရော မြန်မာရောကပါ အာဆီယံ အဖွဲ့ဝင်တွေ ဖြစ်တာမို့ ထိုင်းအနေနဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာက အာဆီယံ ဥက္ကဋ္ဌလုပ်မယ့် ကိစ္စကို ဆွေးနွေးဖို့ များပါတယ်။ တတိယ အနေနဲ့ကတော့ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့ အလားအလာကိုလည်း ဆွေးနွေးကြပါလိမ့်မယ်။”

ရေပန်းစားနေတဲ့ မြန်မာနိုင်ငံက ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌလုပ်မယ့် ကိစ္စကို ထိုင်းနိုင်ငံက ဘယ်လိုသဘောထား ပေးနိုင်ပါသလဲ ဆိုတာကိုတော့ ကာဝီကပဲ…

“ကျနော်ထင်ပါတယ်၊ ထိုင်းအနေနဲ့ မြန်မာက အာဆီယံ ဥက္ကဋ္ဌ လုပ်မှာကို ထောက်ခံမှာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံကို အာဆီယံထဲမှာ နေသားတကျဖြစ်အောင် အထောက်အကူပြုမှာ မို့လို့ပါ။”

ကာဝီကပဲ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနယ်စပ်ဆိုင်ရာ ပေါ်လစီကို မပြောင်းဘဲ ပူးပေါင်း ဆောင်ရွက်ရေး ဆက်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်း တိုဝစ်ချိုင်ကူးလ် (Surapong Tovichakchaikul) ကတော့ နယူးယောက်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ရာမှာ မြန်မာအစိုးရ အနေနဲ့ မဲဆောက်တံတား ပြန်ဖွင့်ပေးဖို့ ဖြစ်နိုင်ချေရှိကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

အယ်ဒီတာ ကာဝီကတော့ ဒီ နယ်စပ်ကုန်သွယ်ရေးတွေအပြင် စွမ်းအင်ကဏ္ဍမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်တာတွေကိုလည်း ဆွေးနွေးနိုင်သေးတယ်လို့ ဆက်ပြောပါတယ်။ ကာဝီကပဲ ယင်လတ် အစိုးရသစ် လက်ထက်မှာ ထိုင်း၊ မြန်မာ ဆက်ဆံရေးဟာ သူမအကို တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) လက်ထက်တုန်းကလိုပဲ ဆက်ဆံရေး ပိုကောင်းလာနိုင်တယ်၊ အထူးသဖြင့် စီးပွားရေး အဓိကထားပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေကို ဦးစားပေးမယ့် နိုင်ငံခြား ပေါ်လစီကို အရင်လိုပဲ ကျင့်သုံးသွားနိုင်တယ်လို့ ဆိုပါတယ်။

ယင်လတ်ရဲ့အကို ၀န်ကြီးချုပ် တပ်ခ်ဆင် လက်ထက်တုန်းကလည်း သူ အာဏာရလာအပြီးမှာ နယ်စပ်ပြဿနာတွေ တင်းမာနေခဲ့တာမို့ မြန်မာနိုင်ငံကို ဦးစားပေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပြန်ကောင်းအောင် လုပ်ပေးကာ နယ်စပ်တံတားတွေကို ပြန်ဖွင့်ပေးနိုင်ခဲ့ပါတယ်။
http://www.voanews.com/burmese/news/

အဝါရောင် တီရှပ်ဝတ် ၂၀၀ ခန့်လမ်းလျှောက် ဆန္ဒထုတ်ဖော်



ရန်ပိုင် Monday, 26 September 2011 16:31 E-mail Print
ရွှေဝါရောင် တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် အ၀ါရောင်တီရှပ်များ ၀တ်ဆင်ထားသည့် လူ ၂၀၀ ခန့်တို့သည် ယနေ့မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်မြို့လယ် ဆူးလေဘုရားမှ စတင် ချီတက် လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
News-Uprising-Sep-26-2011Yan-Pai
ဆူးလေဘုရားတွင် ချန်ရစ်ခဲ့သောလူစု ဘုရားဝတ်ပြုနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဆူးလေဘုရားမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ချီတက်ရာတွင် အင်္ဂါ ၀တ်ပြု ဆုတောင်းအသင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဧရာဝတီနှင့် မြစ်ဆုံလှုပ်ရှားမှု အဖွဲ့၊ ရန်ကုန်အနီးတ၀ိုက်ရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ဒလမြို့နယ်များ စသည့် အဖွဲ့အသီးသီးတို့ပါဝင်ကြောင်း ချီတက်လမ်းလျှောက်ခဲ့သူ တဦးက ပြောသည်။

“၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက လွန်ခဲ့တဲ့လေးနှစ်က အဓမ္မ ဖြိုခွင့်းခဲ့တဲ့ အမှတ်တရ အနေနဲ့ ချီတက်ကြတာ” ဟု ၎င်းက ဆိုသည်။

လမ်းလျှောက် ဆန္ဒပြသူများသည် ကြွေးကြော်သံများ အော်ဟစ်ခြင်း၊ ပို့စတာများ ကိုင်ဆောင်ခြင်း မပြုလုပ်ဘဲ နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေး၊ ဧရာဝတီမြစ်ဆုံရှိ မြစ်ဆုံရေကာတာ တည်ဆောက်နေမှု ရပ်စဲပေးရေး၊ ၂၆ - ၉ -၂၀၁၁ သံဃာ လှုပ်ရှားမှု စသည့် စာတန်းများပါရှိသော တီရှပ်များကိုသာ ၀တ်ဆင်ထားကြကြောင်း အဆိုပါ သူကပြောသည်။

ချီတက်ရခြင်း၏ ရည်ရွယ်ချက်မှာ မြောက်ဥက္ကလာပ မြို့နယ်မှ ဆူးလေဘုရားသို့ ကား ၃ စီးဖြင့် ထွက်လာကြသည့် ဒေါ်နော်အုန်းလှနှင့် ဦးဝင်းချိုတို့ ဦးစီးသော အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့များကို လုံထိန်းများက န၀ဒေး လမ်းဆုံတွင် တားဆီး ပိတ်ပင်ထားသည့် အတွက်ကြောင့် ဖြစ်သည်ဟု သိရသည်။

နေ့လယ် ၂ နာခွဲခန့်တွင် မြောက်ဥက္ကလာမြို့နယ် န၀ဒေး လမ်းထိပ်၌ ပိတ်မိနေသည့် အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့အား လုံထိန်းများ က ထွက်ခွာခွင့် ပေးလိုက်သည့်အတွက် လမ်းလျှောက် ဆန္ဒပြသူများသည် ဗဟန်းမြို့နယ် ရွှေဂုံတိုင် မှတ်တိုင်မှ ဆူးလေဘုရားသို့  ပြန်လည် ချီတက်သွားကြကြောင်း သိရသည်။


News-Uprising-Sep-26-2011Yan-Pai2
ဆန္ဒပြသူများအား လူစုခွဲရန် ရဲက လာပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ညနေ ၃ နာရီတွင်မူ လမ်းလျှောက်ဆန္ဒပြသည့် လူစုသည် ဆူးလေဘုရား၌ ၀တ်ပြု ဆုတောင်းမှုများ ထပ်မံပြုလုပ်ပြီး ဘုရားကို လက်ျာရစ် သုံးပတ်ပတ်ကာ လူစုခွဲခဲ့ကြောင်း လမ်းလျောက်ချီတက်ရာတွင် ပါဝင်သူက ပြောသည်။


လမ်းလျှောက်ချီတက်သူများ အနေဖြင့် အစိုးရထံ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းပြန်လွှတ်ပေးရန်၊ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်တန့်ရန်၊ ပြည်တွင်းစစ်များ ချက်ချင်းရပ်ဆိုင်းရန်နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် တို့ကို အဓိက တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယနေ့နံနက်က စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန် တောင်ဥက္ကလာပ မြို့နယ် ၁၅ ရပ်ကွက် ၆ ၀ိုင်း ပစ္ဆိမာရုံ (မြိတ်) ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ ပြည်တွင်း နိုင်ငံရေးအင်အားစုများ စုံစုံညီညီ တက်ရောက်ခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။




ဒီနေ့ နေ့လယ်ပိုင်းမှာ လုံထိန်းအရာရှိတွေက ဆူးလေဘုရားရင်ပြင်ပေါ်က ဆန္ဒပြသူတွေကို လူစုခွဲဖို့ ပြောတယ်လို့ သိရပါတယ် (ဓာတ်ပုံများ-ဧရာဝတီ)


ဒီနေ့ နေ့လယ် ဆူးလေ စေတီမှာ တွေ့ရတဲ့ ဆန္ဒပြသူများ

သူတို့ရဲ့ တောင်းဆိုချက်တွေကို တီရှပ်ပေါ်မှာ ရိုက်နှိပ်ထားပါတယ်




http://www.irrawaddy.org/bur/index.php/news/7422-2011-09-26-09-34-27