Tuesday, September 27, 2011

စတူးပစ်စွမ်းအား ခရေဇီ ဇော်မင်း(ရုပ်/သံ)


http://www.ziddu.com/download/16552023/zawmin.wmv.html




ရေး/ဆို - စိုင်းစိုင်းသန်းရွှေ (ကနေဒါ)

ညတိုင်းလဲ--မီးမလာလို့ ခက်နေ
အာရုဏ်မှာ--ဘယ်အချိန်မီးလာမလဲ စဉ်းစားရ
မှောင်လို့ ပိန်းလို့ -- တို့ ရွာမှာ
ဒီဇယ်အင်ဂျင်မီးစက်က
တရပ်ကွက်လုံးကြားအောင် သိတ်ပီး နားငြီးတာ

နေပြည်တော်မှာ--မီးတွေလင်းလို့ ပါ
ရန်ကုန်မှာ--ငါလေ ဖရောင်းတိုင်လေးထွန်းရင်းသာ
ရေဒီယိုသတင်းလေး နားအထောင်မှာ
ဘယ်လိုဖြစ်သွားမှန်းမသိ--ဓါတ်လိုက်ပီး ငါ့ မှာတုန်တက်သွားတာ

လျှပ်စစ်ဓါတ်ထုတ်လုပ်ဘို့ ----ဧရာဝတီကိုတုတ်ထိုးမိ
လျှပ်စစ်ဓါတ်ကများလွန်းလို့ --ဟူဂျင်တောင်ကိုရောင်းစားမိ
လျှပ်စစ်ဓါတ်က ငှက်ပျောရွက်နဲ့  တကယ်ထုပ်ရောင်းလို့ ရရင်
တဆိပ်ကပ်လို့  ရောင်းစားမဲ့ -- စတူးပစ်စွမ်းအား ခရေဇီ ဇော်မင်း

လူတိုင်းက--မလုပ်ပါနဲ့ ဝိုင်းပြောတာ
ဇော်မင်းက--ဧရာဝတီရောဂါလို့ နှိပ်ကွပ်လာ
ကုလားထိုင်မြဲဘို့ ---လုပ်နေရှာ
တကယ်ဆိုရင်နင့် အဘက---နင့် ကိုဒါးစာခံအဖြစ် ၀င်ခံခိုင်းတာ

လျှပ်စစ်ဓါတ်ထုတ်လုပ်ဘို့ ----ဧရာဝတီကိုတုတ်ထိုးမိ
လျှပ်စစ်ဓါတ်က များလွန်းလို့ --ဟူဂျင်တောင်ကိုရောင်းစားမိ
လျှပ်စစ်ဓါတ်က ငှက်ပျောရွက်နဲ့  တကယ်ထုပ်ရောင်းလို့ ရရင်
တဆိပ်ကပ်လို့  ရောင်းစားမဲ့ 
စတူးပစ်စွမ်းအား ခရေဇီ ဇော်မင်း

စစ်ကိုင်းဘက်က ငလျှင်ကြောရှိလို့ 
ဒါကိုကန့် ကွက်ကြတာပါ
စတူးပစ်စွမ်းအား ဇော်မင်းကို --- တားလို့ မရပါ

လျှပ်စစ်ဓါတ်ထုတ်လုပ်ဘို့ ----ဧရာဝတီကိုတုတ်ထိုးမိ
လျှပ်စစ်ဓါတ်ကများလွန်းလို့ --ဟူဂျင်တောင်ကိုရောင်းစားမိ
လျှပ်စစ်ဓါတ်က ငှက်ပြောရွက်နဲ့  တကယ်ထုပ်ရောင်းလို့ ရရင်
တဆိပ်ကပ်လို့  ရောင်းစားမဲ့ -- စတူးပစ်စွမ်းအား ခရေဇီ ဇော်မင်း

SEP 2011 27 NLD Statement

SEP 2011 27 NLD မိန့်ခွန်းများဒေါင်းလုပ်ရန်









http://www.scribd.com/doc/66615220/Nld-23-Statement
Nld 23 Statement

ရှင်သာမဏေ ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူပြုအဖွဲ့



ရှင်သာမဏေ ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူပြုအဖွဲ့သည် ရွေ့လျားကုသမှု (၅၅) ကြိမ်မြောက်အဖြစ် ဆိပ်ကမ်းမြို့နယ် ပုညသုခကျောင်းတိုက်ရှိ ရှင်သာမဏေ
အပါး(၅၀)အား ဆေးဝါးကုသမှု ပြုလုပ်ပေးခဲ့ပြီး စာအုပ်၊ဘောလ်ပင် ၊ ဆေးဆပ်ပြာခဲ ၊ ဆပ်ပြာခွက်နှင့် လိုအပ်သောဆေးဝါးများပါမကျန် လှူဒါန်းမှုပြုလုပ်ပေးခဲ့ကြပါသည်။
အဆိုပါ ဆေးဝါးကုသ လှူဒါန်းမှုတွင် စေတနာ့ဝန်ထမ်း ဆရာဝန်(၂) ဦး၊ သူနာပြု (၃) ဦး ၊ ဝေယျာဝစ္စလုပ်အားပေးလူငယ် အယောက် (၃၀)ဖြင့်ကုသိုလ်ယူပြုလုပ်ပေးခဲ့ပါသည်။

http://ahan-mm.com/
http://ahan-mm.com/photos.html

'Eye on Burma' in Toronto tomorrow


Please see the following info about an art exhibition named 'Eye on Burma' in Toronto. The Canadian Friends of Burma (CFOB) support this art exhibition by helping the East Gallery secure a special permit from the Government of Canada to import art-related materials from Burma.


Eye on Burma: Art Exhibition in Toronto

-Wednesday, September 28, 6.30 pm - 10 pm: Opening Reception with artist Khin Zaw Latt in attendance

-Saturday, October 1, 8 pm to October 2, 6 am: Scotiabank Nuit Blanche unofficial participant. Exhibition and restaurant open throughout the night.

-Tuesday, October 4, 7pm: An Evening of Art and Literature with Karen Connelly, one of Canada's most successful younger writers. Two of her best-selling books are set in Burma: 'The Lizard Cage' and 'Burmese Lessons'

-Thursday, October 6, 7 pm: Burmese Theravada Buddhism: Three Introductions In One. Christoph Emmrich, assistant professor of Buddhist Studies at the University of Toronto, will give an introduction to Theravada Buddhism, the religion practised by the majority of Burmese, and how it relates to the country's art

About the exhibition:
Requiring a special Canadian government permit, the Eye on Burma exhibition provides Canadians with a rare opportunity to peer inside the dynamic but largely hidden contemporary art scene of this fascinating and troubled country.

The show will feature new work by 4 leading contemporary Burmese painters who are making their Canadian debut - S. Moe Z., Than Kyaw Htay, Kyee Myint Saw and Khin Zaw Latt. Internationally acclaimed artist Khin Zaw Latt, winner of the prestigious 2011 Myanmar National Portrait Competition, will be in attendance at the opening reception and at various other times during the two-week show.

A number of special events will help visitors to gain a better understanding of the country and its people.

Artists: Khin Zaw Latt, S Moe Z, Than Kyaw Htay, Kyee Myintt Saw


Location:
Art Square Gallery, 334 Dundas Street West, Toronto
(Across the street from the AGO, Art Gallery of Ontario)
Book free tickets online

Contacts:

Andrew FitzGerald, Director, The East Gallery
Email: into@theeastgallery.com; Tel: 416-705-4331
Claudia Blume, Co-owner, The East Gallery
Email: Claudia.blume@theeastgallery.com; Tel: 416-705-4432


Website: www.theeastgallery.com

ယခင်ပို့စ်..
EYEonBURMA (တိုရန်တိုကမြန်မာ့ပန်းချီပြပွဲ)

၂၇.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/16550956/27Sep2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/16550957/27Sep2011Yeyintngesdiary.doc.html


27 Sep2011 Yeyintnge's Diary

(၂၇-၉-၂၀၁၁) အင်္ဂါနေ့တွင် ရွှေတိဂုံဘုရား၌ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်း


Published on September 27, 2011 by ရွှေအောင်

နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​အတွက် အင်္ဂါဝတ်ပြု ဆု​တောင်း​အဖွဲ့​က ရန်ကုန်မြို့​ ​ရွှေတိဂုံဘုရား​မှာ ဒီ​နေ့​ ဝတ်ပြုဆု​တောင်း​ခဲ့​ကြပါတယ်။

အင်္ဂါဝတ်ပြုဆု​တောင်း​အဖွဲ့​က အဖွဲ့​ဝင်​လေး​ဆယ်​ကျော်​လောက်စု​ပေါင်း​ပြီး​ ဒီ​နေ့​မွန်း​လွဲက ​ရွှေတိဂုံဘုရား​ရင်ပြင်​ပေါ် တနင်္လာ​ထောင့်​မှာ ဝတ်ပြုဆု​တောင်း​ခဲ့​ကြတာပါ။

ဆု​တောင်း​ရတဲ့​အ​ကြောင်း​ကို ဝတ်ပြုအဖွဲ့​ဝင် ​နော်အုန်း​လှက ခုလို ​ပြောပါတယ်။


နော်အုန်းလှ

“နိုင်ငံ​ရေး​ အကျဉ်း​သား​ကို လွတ်​စေချင်လို့​ ကျမတို့​ ဆု​တောင်း​တယ်။ နိုင်ငံ​ရေး​ အကျဉ်း​သား​ မိသား​စုဝင်​တွေ စိတ်ဒုက္ခ ဖြစ်​နေတဲ့​ကိစ္စကို ကျမတို့​က ကိုယ်တတ်နိုင်တဲ့​ဘက်က ကူညီ​ဆောင်ရွက်​ပေး​တာဖြစ်တယ်။ အစိုး​ရကိုယ်တိုင်က ပြည်သူ​တွေရဲ့​ သ​ဘောထား​ကို ​လေး​စား​လိုက်နာတယ်ဆိုရင် နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်ကိုလွှတ်သင့်​ပါတယ်။”

ဆု​တောင်း​ပွဲမှာ ထူး​ခြား​ချက်အ​နေနဲ့​ သတင်း​ထောက်​တွေ အများ​အပြား​ ​ရောက်လာကြတယ်လို့​လည်း​ ​ပြောပါတယ်။

အင်္ဂါဝတ်ပြုဆု​တောင်း​ပွဲကို သက်ဆိုင်ရာက ​စောင့်​ကြည့်​တာရှိ​ပေမယ့်​ အ​နှောင့်​အယှက်မ​ပေး​ဘူး​လို့​လည်း​ သိရပါတယ်။

အင်္ဂါဝတ်ပြုဆု​တောင်း​အဖွဲ့​ဟာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​အတွက် အင်္ဂါ​နေ့​တိုင်း​ ဝတ်ပြုဆု​တောင်း​ခဲ့​တာ ၇ နှစ်​လောက် ရှိသွား​ပါပြီ။
http://burmese.dvb.no/archives/15972

လူထု စိန်ဝင်း ကို ချီးထုပ် ဖြင့် ပေါက်မည် ဟု သတင်းများ ထွက်ပေါ်


by politics on September 27, 2011
LD SW
ယမန် နေ့ က ပြည်သူတစ်ရပ် လုံး ကို ကိုယ်စားပြု သည့် အဖွဲ့  အစည်း နှင့် လူပုဂ္ဂိုလ်များကအုံးအုံး ကြွက်ကြွက်ဆန္ဒပြ နေစဉ် ရန်ကုန် အခြေစိုက် ဂျာနယ်တစ်စောင် ၏ အရံသင့် ကြည့်ရှု နိုင် သော စာမျက် နှာ တွင် ဆန္ဒပြသူများ နှင့် ပြည်သူ များ ၏ သဘော ထား ကို စော်ကားရင့်သီး မလိုမုန်းထား မင်းသာခေါင်းဆောင်း ထား သည့် ဘီလူး ရုပ် ကွာ ကျ သကဲ့ သို့  ပြောခဲ့ သည့် စာရေး ဆရာ လူထု စိန်ဝင်း ကို ချီးထုပ် ဖြင့် ပေါက်မည် ဆိုသည့် သတင်းများ ကျယ်ကျယ် ပြန့်  ပြန့်  ထွက် ပေါ် နေ သည် ဟု FNG မှ သိရှိ ရသည်။လူထု စိန်ဝင်း သည်ယမန် နေ့ က ပြည်သူလူထု ၏ ဆန္ဒထုတ် ဖော်မှု ဉ် စစ်အာဏာရှင် နှင့်လူဗာလနံ များ အလို ကျ ယခုကဲ့သို့  ရေးသား ဖော်ပြ ခဲ့သည်။။ “မြစ်ဆုံရေကာတာ ကိစ္စ တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်နေတာ ကို နားလည်ပါတယ်။အစိုးရအနေနဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုထားကြပြီး ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆန္ဒစောတာမဖြစ်သင့်ဘူး။တစ်ဆင့် ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့်တယ်။ ဒီလိုဟာကိုအကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေက ဖျက်လိုဖျက်စီးလုပ်မယ့်အန္တရာယ်ကကြီးမားတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်”
စာရေးဆရာ နှင့် ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း ၏ ပြောကြား ချက် နှင့် ပတ်သက်ပြီးဒဂုံတက္ကသိုလ် အင်္ဂလိပ်စာ ဌာန မှဆရာ မ တစ်ဦး က သတင်း သမား က သတင်း သမားလို နေပါ လား ဘာ ဖြစ် လို့  ပြည်သူ ကို စော်ကား တာလဲ ၊၂၃ နှစ် စောင့် ခဲ့ ပြီး ပြီ ဘယ်အထိထပ်စောင့် ရမလဲ ဟု ပြောသည်။
လူထု စိန်ဝင်း အား ချီးထုပ်ဖြင့် ပေါက်ခြင်း ကို ယမန် နှစ် မြို့ တော်ဝန် ဟောင်း ဦး အောင်သိန်းလင်းနှင့် စာပေ စီစစ် ရေးရုံး တို့  ကို ချီးထုပ် ဖြင့် ပေါက်ခဲ့ သည့် ကိုဘပု က တာဝန် ယူမည်ဖြစ်ပြီး ရန်ကုန် မြို့  ရှိ အချို့ သော လူငယ်များ က လည်း တစ်ခု ခု တုံ့  ပြန် မည် ဟု ဆိုကြသည်။စာရေး ဆရာ လူထု စိန်ဝင်း သည် ယခင်က တည်း ကစစ်အစိုး ရ နှင့် နီးစပ် သူ ဖြစ် မည် ဟုထင်မြင်သူ များ လည်း ၎င်း သည် သူ့ လူ ကိုယ်ဘက်သား ပုံ စံအသွင် ဆောင် နေ ခြင်း သာဖြစ် သည် ဟု ရန်ကုန် မြို့ မှာ လူငယ် ဂျာနယ် လစ်များ က သုံး သပ်ကြသည်။ယမန်နေ့ က ဖြစ်စဉ် တွင် မီဒီယာ နယ် မှ ပုဂ္ဂိုလ် တစ်ချို့  အရှိန် လွန် မှု နှင့် ပတ် သက် ပြီး ပြန်ကြား ရေး ၀န်ကြီး ဦး ကျော်ဆန်းက လူတွေ ကိုယ် က ဘယ် နာရာ လဲ အဲဒီ နေရာ က ဘာပဲလုပ် ရလဲ ဘာမလုပ် ရ ဘူး လဲမသိကြ ဘူး အဲဒါကြောင့် လူမုန်း ကြတာ ဟု ပြောခဲ့ သည် မြန်မာ့ အသံ မှ အကြီး တန်း အရာ ရှိ တစ် ဦး က FNGသို့  ပြောသည်။ထင်ရှား သော် ဂျာနယ် ကြီး တစ်စောင် ၏ အရံ သင့် စာမျက် နှာ မှတ်ချက် ပေး မှု များ တွင် ဆဲစာများ တွင် တွင် လာ နေ၍ မနည်း ဖျက် ထုတ် နေရသည် ဟု လည်း ရန်ကုန် နားမျက် စေ့ ကြီးသောသတင်း လောက မှ တစ်ဆင့် သိရှိ ရသည်။
http://freedomnewsgroup.com

မမေ့အပ်သည့် ရွှေဝါရောင်လှုပ်ရှားမှု


ဧရာဝတီ Tuesday, 27 September 2011 13:26 အယ်ဒီတာ့အာဘော်

ယနေ့ နိုင်ငံရေးလောကတွင် လူတိုင်းပါးစပ်ဖျား၌ ရေပန်းစား နှုတ်တွေ့နေသည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ရေးသားပြောဆိုခွင့် စသည်တို့မှာ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုက မွေးဖွားပေးလိုက်သည်ဟု ဆိုလျှင် မမှားပေ။

သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း ၂၀၀၈ မတ်လတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာလွှဲပေးမည်ဟု တရားဝင်ပြောဆို ခဲ့ရသည်။ ၂၀၀၈ မေလတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူအများ သေကြေနေသည့် ကြားမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုခဲ့ပြီး တရားမျှတမှု မရှိသော ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပကာ မဲမသမာမှုများဖြင့် အနိုင်ယူခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လက်ရှိ အာဏာ ရနေခြင်းသည် ပင်လျှင် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု၏ ကျေးဇူးကြောင့်ပင်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး အရပ်သားအစိုးရ ဝန်ကြီးနှင့် တွေ့ဆုံခဲ့ရုံမက သမ္မတ ဦးသိန်းစိန်နှင့်ပင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကာ ရလဒ်ကောင်းများကို မျှော်လင့် နိုင်ခဲ့သည့် အနေအထား ဖြစ်ခဲ့သည်မှာလည်း ရွှေဝါရောင်လှုပ်ရှားမှု၏ အရင်းပြု အနာခံခဲ့သော ရလဒ်ဟုပင် ဆိုရပေလိမ့်မည်။

ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်တာကာလ အထိမ်းအမှတ်အဖြစ် ယမန်နေ့က လူ ၂၀၀ လမ်းပေါ် ထွက်လာခဲ့သည်။ ထိုသူတို့က လမ်းပေါ်တွင် ငြိမ်းချမ်းစွာဖြင့် ၎င်းတို့၏ ဆန္ဒများကို ထုတ်ဖော်ခဲ့သည်။ ဆိုင်းဘုတ်မထောင်၊ အော်ဟစ်ခြင်း မရှိဘဲ စည်းကမ်းသေဝပ်စွာ လမ်းလျှောက်ခဲ့ကြခြင်း ဖြစ်သည်။ အာဏာပိုင်များဘက်က အဖမ်းအဆီးမရှိဘဲ နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့ခြင်းက ကောင်းသည့် အလားအလာဟု ဆိုရပေမည်။

သို့ရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို ဆူပူသောင်းကျန်းခြင်းနှင့် မကွဲပြားသူများ ရှိနေသေးသည်။ ဒီမိုကရေစီ ဖော်ဆောင် လိုသည့် နိုင်ငံတနိုင်ငံတွင် နေထိုင်သူများအနေဖြင့် မိမိတို့ ဆန္ဒကို လွတ်လပ်ငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့် ရှိရမည်ဆိုသည့် အချက်ကို ၂၀၀၈ အခြေခံဥပဒေထဲတွင်လည်း မြင်တွေ့နိုင်ပါသည်။

စက်တင်ဘာ ၂၆ ရက်နေ့က လမ်းလျှောက်ဆန္ဒ ထုတ်ဖော် သူများထဲတွင် အများစုမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများ ဖြစ်သည်။ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ကာလက အဖမ်းအဆီးခံခဲ့ရသူတို့၏ မိသားစုဝင်များလည်း ပါသည်။ ထိုသူတို့မှာ ၎င်းတို့၏ မိသားစုဝင်များ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြခြင်းသာ ဖြစ်သည်။ ထိုအချက်ကို ဆူပူသောင်းကျန်းသည်ဟု မယူဆဘဲ လက်ခံကြရပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းမည် ဆိုပါက ယခင်သွားနေသည့် လမ်းဟောင်း၊ သံသရာ ဟောင်းထဲတွင်သာ တဝဲလည်လည် ဖြစ်နေပေလိမ့်မည်။

ယခု လူအများလိုလားနေသည့် အသွင်ကူးပြောင်းရေးကို ဖော်ဆောင်လိုလျှင် တရားမျှတစွာ စဉ်းစားဆုံးဖြတ်နိုင်ရမည်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အထောက်အကူပြုရန် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဖမ်းဆီးထားသည့် သံဃာများ၊ သီလရင်များ၊ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမည်။

ယမန်နေ့က ဆန္ဒထုတ်ဖော်လမ်းလျှောက် သူတို့မှာ တရားမျှတမှုကိုသာ တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ခြေလှမ်းလိုလျှင် ထိုအသွင်ကူးပြောင်းရေးအတွက် အဆင်ပြေချောမွေ့စေရန် လမ်းစဖော်ပေးဖို့ လိုသည်။ အနစ်နာခံခဲ့သူတို့ကို မမေ့ မလျော့စေရေး၊ မတရား အဖိနှိပ်ခံခဲ့ရသူတို့ကို သတိရစေရေး၊ တရားမျှတမှုကို တောင်းဆို ပိုင်ခွင့် ရှိရေးအတွက် နေရာနှင့် အခွင့်အရေးတို့ကို အသိအမှတ်ပြုရန် အရေးကြီးသည်။ မတရား ကျူးလွန် ခံခဲ့ရသော လူများ၏ ဒုက္ခကို ဖြေသိမ့်ပေးနိုင်မည့် လမ်းစ ရှာဖွေပေးရပေလိမ့်မည်။

ရွှေဝါရောင် ၄ နှစ်ပြည့် နှစ်ပတ်လည်ကာလသည် အသွင်ကူးပြောင်းရေးနှင့် တရားမျှတရေးအတွက် အသင့်တော်ဆုံး အချိန်ဟု ဆိုချင်ပါသည်။ ဒီမိုကရေစီ ခြေလှမ်းကို စမည့်အချိန်တွင် အနစ်နာခံခဲ့သူများအား ချန်မထားသင့်ပေ။ အကျဉ်းချ ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးခြင်းသည်သာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အတွက် လမ်းကြောင်းမှန်ဟု ဆိုနိုင်မည် ဖြစ်သည်။

သို့မှာသာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သူများ ခံစားခဲ့ရသော နာကျင်မှုများအတွက် နားလည်စာနာမှုနှင့် အသိအမှတ် ပြုပေးရာ ရောက်မည့်အပြင်၊ နှစ်ဦးနှစ်ဘက်ကြားမှ အာဃာတများ လျော့ပါးနိုင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြလိုပါသည်။ ။
http://www.irrawaddy.org/bur/index.php/editorial/2008-10-06-11-24-23/7427-2011-09-27-06-27-08

“အားလုံး လွတ်မြောက်ဖို့အတွက် ဆက်လုပ်သွားမှာပါ”




ဧရာဝတီ Tuesday, 27 September 2011 16:54 အင်တာဗျူး

ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်သည့် စက်တင်ဘာ ၂၆ ရက်နေ့တွင်  နိုင်ငံရေးလှုပ်ရှားသူ အများအပြားက ရန်ကုန်မြို့ နေရာအနှံ့တွင် မေတ္တာပို့ ဆုတောင်း လမ်းလျှောက်ခဲ့ကြသည်။ ရာနှင့်ချီသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ကို လိုက်လံစောင့်ကြည့်သော်လည်း အကြမ်းနည်းဖြင့် ဖြိုခွင်းခြင်း မပြုခဲ့ပေ။ ရွှေဝါရောင်တော်လှန်ရေးအထိမ်းအမှတ် ဆုတောင်း လမ်းလျှောက်သူတဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း နော်အုံးလှက သူ၏ အတွေ့အကြုံများအား ဧရာဝတီကို ပြောပြခဲ့သည်။ ဧရာဝတီ သတင်းထောက် စောရန်နိုင်က ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။


naw-oh-hla
၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတခုတွင် တွေ့ရသော နော်အုံးလှ
မေး။  ။ မနေ့တုန်းက ရန်ကုန်မှာ နော်အုံးလှတို့ ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က ဘာလဲ။

ဖြေ။  ။ ဆန္ဒပြတာ မဟုတ်ပါဘူး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ဆရာတော်၊ သံဃာတော်တွေအတွက် ဆုတောင်း မေတ္တာပို့တာ၊ အမျှဝေတာတွေ လုပ်တာပါ။

မေး။  ။ အင်္ကျီ အ၀ါရောင် ၀တ်ပြီး လမ်းလျှောက်ကြတဲ့ဓာတ်ပုံတွေ အင်တာနက်မှာ တွေ့ရပါတယ်။

ဖြေ။  ။ ဟုတ်ပါတယ်၊ အ၀ါရောင် အင်္ကျီတွေ ၀တ်ပြီး ဆုတောင်းကြပါတယ်၊ အင်္ကျီပေါ်မှာတော့ ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ်၊  နိုင်ငံရေး အကျဉ်းသားတွေ ချက်ချင်း လွှတ်ပေးဖို့၊ ဧရာဝတီ မြစ်ဆုံ (စီမံကိန်းတွေ) ရပ်တန့်ပေးဖို့ ဆိုတာတွေ ပါတယ်။

မေး။  ။ အခုလုပ်တာက နော်အုံးလှ စီစဉ်တာလား၊  ဘယ်သူတွေက တွန်းအားပေးလို့ လုပ်တာလဲ။ ပါဝင်ပူးပေါင်းသူ ဘယ်လောက်ရှိလဲ။

ဖြေ။  ။ ကျမတို့ကပဲ ဦးဆောင်ပြီးတော့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ၊ ၈၈ ကျောင်းသားတွေ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ စတဲ့ မြို့နယ် ၅ ခုက ပြည်သူတွေ ပါတယ်။ လူဦးရေ ၃၀၀ လောက် ရှိပါတယ်။

မေး။  ။ ဘယ်နေရာမှာ လုပ်ကြတာလဲ။

ဖြေ။  ။ ကျမတို့က ဆူးလေမှာ လုပ်မလို့ လာကြတော့ န၀ဒေး (ရုပ်ရှင်ရုံ) နား ရောက်တော့ တားဆီးတာ ခံရတယ်၊ အဲဒီတော့ ကမ္ဘာအေး (စေတီ) နားက လမ်းပေါ်မှာပဲ ဆုတောင်း မေတ္တာပို့ကြတယ်၊။ ရဲတွေက ပြောတယ်၊ သူတို့က တာဝန်အရ လုပ်တာပါ ဆိုပြီးတော့ ပြောတယ်၊ ကျမတို့ကလည်းပဲ ဒါဟာ ပြည်သူတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အတိုင်း လုပ်တာ ဆိုပြီးတော့ ပြန်ပြောတယ်။ ဒီတော့ ဖွဲ့စည်းပုံက လွှတ်တော်က အတည်မပြုသေးတဲ့အတွက် အတည်မဖြစ်သေးဘူးလို့ ပြောတယ်။ ၅ ယောက်ထက် ပိုသွားရင် ဖမ်းလို့ရတယ် ပြောတယ်။

မေး။  ။  အာဏာပိုင်တွေကို အကြောင်းကြားပြီး လုပ်တာလား။

ဖြေ။  ။ မကြားပါဘူး၊ ကျမတို့က ကိုယ့်ဟာကိုယ်ပဲ ဖုန်းဆက်ပြီးတော့ လူစုပြီး လုပ်ကြတာပါ။ အဲဒီ လမ်းပေါ်မှာပဲ ဆုတောင်း မေတ္တာပို့ပြီးတော့ လူစုခွဲပြီးတော့ ပြန်ကြတယ်။

မေး။  ။ တချို့က ဝေဖန်နေကြတယ်၊ ဒီလို အုပ်စုနဲ့ လမ်းလျှောက်တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးတာကို အနှောင့်အယှက်ဖြစ်စေတယ် တဲ့။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်လဲ။

ဖြေ။  ။ မထိခိုက်ပါဘူး၊ သူတို့က သူတို့ကိစ္စ သူတို့ ဆောင်ရွက်ကြတာပါ။ ကျမတို့က ကျမတို့အလုပ် လုပ်တာပါ။

မေး။  ။ နော်အုံးလှက အရင်ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် တကိုယ်တော် လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်၊ အခုလည်းပဲ ဆက်တိုက် လုပ်နေတယ်။ ဒါတွေ ဘာကြောင့် လုပ်နေတာလဲ။

ဖြေ။ ။ ဒေါ်စုနဲ့ အကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ကျမတို့ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ အများကြီး ကျန်နေသေးတယ်။ ဒီလူတွေ အားလုံး လွတ်မြောက်ဖို့အတွက် ဆက်လုပ်သွားမှာပါ။ အစိုးရ ကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောထားတယ်။ အဲဒါကြောင့် ကျမတို့က နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတယ် ဆိုတဲ့ အကြောင်းကို ဖော်ပြချင်လို့ ဒီလို လုပ်ရခြင်း ဖြစ်ပါတယ်။
http://www.irrawaddy.org/bur/index.php/interview/4-interview/7432-2011-09-27-09-57-31

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားဒေါ်အောင်ဆန်းစုကြည် ​ပြောကြားချက်



http://www.ziddu.com/download/16550469/nldburmasChannel-YouTube.flv.html