Thursday, September 29, 2011

လက်ရှိနိုင်ငံ့အရေးရှင်းရှင်းလေးဖြစ်စေချင်ပါသည်။





၁၉၈၈နောက်ပိုင်း၈၈၈၈ကျောင်းသားတွေရဲ့လှုပ်ရှားမှုတွေကအရှိန်မြင့်နေဆဲကာလ၊၈၈၈၈အရှိန်ကရှိနေဆဲ။န၀တအစိုးရကို
ထိုစဉ်အချိန်ကဒေါ်အောင်ဆန်းစုကြည်အပါအ၀င်ရဲရင့်ငယ်တို့အားလုံးမတရားတဲ့အမိန့်အာဏာဟူသမျှတော်လှန်သည့်လမ်း
ကြောင်းပေါ်လျှောက်ခဲ့သည်။ဦးစောမောင်၊ဦးသန်းရွှေလက်ထက်ညဖက်လမ်းပေါ်အရူးထွက်လျှင်အရူးကိုတောင်ပစ်သတ်သည့်
ကာလမှာဆန့်ကျင်သည့်လမ်းသည်သာအကောင်းဆုံးဖြစ်ခဲ့သည်။

အသက်၄၀ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကလည်းလိုက်လျောညီထွေစွာဦးဆောင်ပေးခဲ့၍လူထုခေါင်းဆောင်အဖြစ်တ ညီတညာထဲအပ်နှင်းခဲ့ကြတာပါ။အဲ့ဒီအချိန်ကမတရားတဲ့အမိန့်အာဏာဟူသမျှတော်လှန်သည့်လမ်းကြောင်းသည်မှားသည်ဟု
အခုနေအကျိုးအကြောင်းထောက်ပြလျှင်အဲ့ဒီမှားသည့်အထဲတွင်ရဲရင့်ငယ်တို့လည်းပါပါသည်။မှားသည်ဟုတော့ဘယ်တုန်းကမှ
ရဲရင့်ငယ်မခံယူခဲ့ပါ။အဲဒီအချိန်ကစစ်အစိုးရဆက်ဆံရေးကလူမဆန်စွာနိုင်ထက်စီးနင်းဆက်ဆံသည့်ကာလဖြစ်သည်။

ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူပ်ကျသည်။အနှစ်၂၀ကျော်နိုင်ငံရေးရေစုံမျောတော့သည်။ ဒေါ်အောင်ဆန်း
စုကြည် နေအိမ်အကျယ်ချူပ်ကျချိန် ဒေါ်အောင်ဆန်းစုကြည် ကိုအသာထားပြီး ယခု ဒေါ်အောင်ဆန်းစုကြည် ဦးသိန်း
စိန်နဲ့ဆွေးနွေးသလို ကိုယ့်လမ်းကိုဖေါက်ပြီး ဦးသန်းရွှေကိုမည်သူဆွေးနွေးနိုင်ခဲ့သလဲ။လူထုခေါင်းဆောင်ဖြစ်အောင်မည်သူ
ကြိုးစားခဲ့သလဲ။ရဲရင့်ငယ်လည်းဆွေးနွေးဖို့နေနေသာအပြင်မှာတောင်မမြင်ဖူးပါ။ကောင်းပါတယ်...နောက်ဘ၀ရေစက်ဆုံ
နေအုံးမယ်။

မိမိကိုယ်ကိုလူထုခေါင်းဆောင်မလုပ်နိုင်လို့လူထုခေါင်းဆောင်ပြန်အလွှတ်ကို"တွေ့ဆုံဆွေးနွေးရေး"ဆိုတဲ့ဆောင်ပုဒ်နဲ့ပြည်တွင်း
ပြည်ပ၀ိုင်းအော်ခဲ့ကြတာမဟုတ်လား။အခုတွေ့ဆုံဆွေးနွေးနေပြီလေ။သင့်ရဲ့ကြိုးပမ်းမှုအရာထင်တာသင်ဂုဏ်ယူမယ်ဆိုဂုဏ်
ယူလို့တောင်ရပါတယ်။

ဥပမာတခု...
လူတယောက်အခြားလူတယောက်နဲ့အခြေအတင်စကားပြောနေတယ်။အခြားလူအနောက်မှာသူ့တပည့်တွေ၂၀လောက်
ရပ်နေတယ်။ကိုယ်အနောက်မှာ၂၀မဟုတ်တောင်၁၅ယောက်လောက်ပါရင်လေသံကိုတင်းတင်းလေးပြောလို့ရတာပေါ့။
ကိုယ်တယောက်ထဲထီးထီးကြီးဆိုတော့လည်းလေသံကိုတမျိုးပြောင်းရတာပေါ့။ဒါလောကရဲ့နိယာမပဲ...

သင်အားမလိုအားမရဖြစ်နေလား....
အဲ့ဒီ၁၅ယောက်ထဲသင်ပါအောင်ကြိုးစားပါ။

မပါချင်ဖူးလား။
သင်မပါလဲ၊အဲဒီတယောက်ကဟို ၂၁ယောက်ဖိသတ်လို့သေရင်သာသေသွားမယ်။သူနောက်မပါတဲ့သင့်အပေါ်ဘယ်တော့မှ
သစ္စာဖေါက်မှာမဟုတ်ဖူး။ဘာလို့လည်းဆိုတော့သူဟာ " အာဇာနည် " မို့လို့ပါ ။ ။









ဧရာဝတီမြစ်ဆုံကိစ္စချင့်ချိန်ဆောင်ရွက်ရမည်ဖြစ်ကြောင်းဦးခင်အောင်မြင့်ပြော



အမျိုးသားလွှတ်တော်တွင် ဧရာဝတီမြစ်ဆုံကိစ္စအား အမျိုးသားရေးဖြစ်သောကြောင့် ချင့်ချင့်ချိန်ချိန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နယကမှပြောကြား

by Myit Makha Mediagroup on Thursday, September 29, 2011 at 8:35am
ငြိမ်းဆက်လင်း(မြစ်မခ)
စက်တင်ဘာလ ၂၉၊ ရန်ကုန်မြို့။

ယနေ့ ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် နာယက ဦးခင်အောင်မြင့်မှ မြစ်ဆုံနှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ ဗီဒီယိုခွေအား ကိုယ်စားလှယ်များအား ဖွင့်ပြခဲ့ပြီးနောက် နာယကကြီးမှ ဧရာဝတီမြစ်ဆုံကိစ္စမှာ အမျိုးသားရေးကိစ္စဖြစ်သောကြောင့် ချင့်ချင့်ချိန်ချိန် စဉ်းစားရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။

`နာယကကြီးက Documentaryအခွေဖွင့်ပြုပြီးတော့ဒီကိစ္စကအမျိုးသားရေးကိစ္စဖြစ်တဲ့အတွက် သေချာလေ့လာထားကြပါ၊ ချင့်ချင့်ချိန်ချိန်ဆောင်ရွက်ရပါမယ်လို့ ပြောကြားခဲ့ပါတယ်`ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ မြတ်ဥာဏစိုးက ပြောသည်။

အဆိုပါ ဧရာဝတီမြစ်ဆုံစီမံကိန်းနှင်ပတ်သက်သော ဆွေးနွေးပွဲ မှတ်တမ်းအား ရိုက်ကူးထားသော ဗီဒီယိုအား ပြသရခြင်းမှာ ထိုဆွေးနွေးပွဲကျင်းပစဉ်တွင် နာယကကြီးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များမှ ကမ္ဘောဒီယားနိုင်ငံသို့ သွားရောက်နေကြသောကြောင့်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဒေါက်တာမြတ်ဥာဏစိုးအနေဖြင့် အဆိုတင်သွင်းရန်အတွက် လွန်ခဲ့သော လများကတည်းကပင် ကြိုးစားခဲ့ဖူးကြောင်း ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။

`ကျနော်ကလည်း မြစ်ဆုံကိစ္စကို တော်တော်စောပိုင်းကတည်းက တင်ထားတာပါ၊ လွန်ခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က ရွှေ့ဆိုင်းထားဖို့ ပြောလာတဲ့အတွက် အဆိုမတင်သွင်းလို့ရသေးပါဘူး`ဟု မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး အဆိုတင်သွင်းရန် ကြိုးပမ်းခဲ့ကြောင်းဒေါက်တာ မြတ်ဥာဏစိုးက ပြောသည်။

မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများမှ အဆိုတင်သွင်းရန် ကြိုးစားခဲ့ကြသော်လည်း ရွှေ့ဆိုင်းထားရသောကြောင့်
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၀င်ရောက်ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း၊ လွှတ်တော် နှစ်ရပ်ပေါင်းဆွေးနွေးဆုံးဖြတ်မည်လားဟုလည်း ထင်မှတ်နေကြောင်း ဒေါက်တာ မြတ်ဥာဏစိုးက ပြောသည်။
`ဥက္ကဋ္ဌကြီးကိုယ်နှိုက်ကပဲ ဦးဆောင်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို သဘောထားကို မေးပြီးတော့ ဆုံးဖြတ်လိုက်မလား မခန့်မှန်းတတ်သေးပါဘူး`ဟု ဒေါက်တာမြတ်ဥာဏစိုးက မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်တွင်မည်ကဲ့သို့ဆွေးနွေးပြီး၊ မည်ကဲ့သို့ ဆုံးဖြတ်မည်ကို မခန့်မှန်းတတ်သေးကြောင်း ပြောဆိုသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသင်းကလည်း လွှတ်တော်တွင်းဆုံးဖြတ်မှုမှာ ပြည်သူ့ဆန္ဒနှင့်အညီဆုံးဖြတ်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ကြောင်း စက်တင်ဘာ ၂၂ရက်နေ့က ရန်ကုန်မြို့၊ Gallery 65 တွင်ကျင်းပခဲ့သော The Sketch of A River Exhibitionတွင် တွေ့ဆုံမေးမြန်းခဲ့ရာ ဖြေဆိုပေးခဲ့ခြင်းဖြစ်သည်။
`ပြည်သူ့ဆန္ဒနဲ့အညီ လွှတ်တော်ကိုယ်စားလှယ်တွေက ဆုံးဖြတ်ကျမှာပါ၊ နိုင်ငံတော်သမ္မတကြီးကလည်း ပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုမှာ မဟုတ်ဘူးလို့ကျမ ယုံကြည်ပါတယ်`ဟု ဒေါက်တာ ညိုညိုသင်းက ပြောဆိုသည်။

ပြည်သူလူထုအနေဖြင့် လွှတ်တော်တွင်းမှ မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး မည်ကဲ့သို့ ဆုံးဖြတ်ချက်ချမည်ကို စိတ်ပါဝင်စားလျက်ရှိနေကြပြီး ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များနှင့် နယ်ပါယ်အင်္သီးသီးမှ ပညာရှင်များကလည်း ကန့်ကွက်နေကြသည်ကို ပြည်တွင်းပြည်ပ မီဒီယာများမှ ရေးသားချက်များတွင် တွေ့မြင်ရသည်။

`သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေကတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မဲ့အမြင်နဲ့ကန့်ကွက်ကြပါတယ်။ ကျနော်တို့လို သာမန်ပြည်သူတွေကတော့ အမျိုးသားရေးအမြင်နဲ့ကန့်ကွက်ပါတယ်၊ လူ ၁၀ဦးမှာ ၁၀ ဦးစလုံးက ဧရာဝတီမြစ်ဆုံစီမံကိန်း ကိစ္စကို ကန့်ကွက်နေကြပါတယ်ခင်ဗျာ`ဟု စက်တင်ဘာ ၂၂ရက်နေ့က ရန်ကုန်မြို့၊ ယောမင်ကြီးလမ်းရှိ Gallery 65 တွင်ကျင်းပခဲ့သော ဧရာဝတီ ဓါတ်ပုံပြပွဲတွင် တက်ရောက်ခဲ့သော ရန်ကုန်မြို့၊ အင်းစိန်ကြို့ကုန်းတွင်နေထိုင်သူ ပြည်သူတစ်ဦးဖြစ်သော ဦးခင်မောင်ကြည်က ပြောသည်။

မြန်မာစစ်တပ်ထဲက အပြောင်းအလဲလေးပါ

တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်းနေရာကို အများစိတ်ဝင်စားနေပါတယ်
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နေရာကို ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ညိုစော
စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး နေရာကို စစ်အင်ဂျင်နီယာကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်လင်းဒွေး
စစ်အင်ဂျင်နီယာကျောင်းအုပ်ကြီးနေရာကို ယခုကချင်တပ်များကို တိုက်ခိုက်နေသော တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် အောင်စိုး ပြောင်းလဲခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံမေးမြန်းခြင်း



(၂၀ စက်တင်ဘာ ၂၀၁၁) အပိုင်း (၂) ပြည်သူ့ခေတ် ဂျာနယ်မှ

by Lu Maw on Thursday, September 29, 2011 at 10:06am

ဖြေ ။  ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးဆိုတာ ဒါက အင်မတန်မှ ယေဘုယျလည်း ကျတယ် ၊ ကျယ်ပြန့်တဲ့ ကိစ္စလည်းဖြစ်တယ် ။ အဲဒီဟာက အစိုးရက ဦးဆောင်ပြီး လုပ်ရမှာပေါ့ ။ ဒါပေမဲ့ ကိုယ့်ဘာသာကုယ်လည်း လုပ်ယူရမှာပေါ့ ။ ကျွန်မတို့ အနေနဲ့ ဆင်းရဲမှု ဆိုတာဘာလဲ ၊ အဓိပ္ပာယ် ဖော်တာက စရမှာပေါ့ ။ နောက်ဆုံးကျတော့ အခု အဓိပ္ပာယ်ဖော်ပုံက လူတစ်ယောက်ဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာ သူ ဆင်းရဲတယ်လို့ ခံစားရရင် ၊ သူမှာ လိုအပ်နေတဲ့ အချက်တွေ ရှိနေတယ်လို့ ခံစားရတယ်ဆိုရင် ဆင်းရဲတာပဲ ။ ဥပမာ - လူတိုင်း ကြက်သားစားနေတဲ့ အသိုင်းအ၀ိုင်းမှာ ပဲစားရတဲ့လူက ဆင်းရဲတာပေါ့ ။ လူတိုင်းပဲစားရတဲ့ အသိုင်းအ၀ိုင်းမှာဆိုရင် ထမင်းချည်းပဲစားရတဲ့ လူက ဆင်းရဲတာပေါ့ ။ ဒီလိုဟာမျိုးတွေ ရှိတယ်ပေါ့ ။ဲဒီတော့ ၊ ဆင်းရဲမှုပပျောက်ရေးဆိုတာ အင်မတန် ကျယ်ပြန့်တဲ့ ကိစ္စပဲ ။ တစ်နည်းအားဖြင့် ပြောရရင် ပြည်သူလူထုရဲ့  လူနေမှုစနစ်မြှင့်တင် ပေးရးပါ။ poverty reduction ဆိုတာ တစ်ဘက်ကနေ ကြည့်လိုက်ရင် ပြည်သူ လူထု ရဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရေးပဲ။ အဲဒါအတွက်ကတော့ ကျွန်မတို့လည်း တတ်နိုင်သလောက် လုပ်တာပဲ ။ ဒီလို ပညာရေး ဘက်ကနေ ကူညီတယ်ဆိုတာ ဒါလည်း အဆင့်အတန်းမြှင့်ပေးတာပဲ ။ ကျန်းမာရေး ဘက်က ကူညီတယ်ဆိုရင်လည်း အဆင့်အတန်း မြှင့်ပေးတာပဲ ။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ တာဝန်သိတဲ့ အစိုးရက ၀င်ပြီးလုပ်ဆောင်ရမယ့် ကဏ္ဍတွေကအများကြီးရှိပါတယ်။


                ပြည်သူလုပ်နိုင်တဲ့ အတိုင်းအတာ

မေး ။  ကျန်းမာရေး ပညာရေး ဆင်းရဲမွဲတေမှုလျော့ပါးရေးတို့မှာအစိုးရ လုပ်နိုင်တဲ့ အပိုင်းက အဓိကလို့ ပြောချင်တာပေါ့ ။

ဖြေ ။  အင်မတန်မှအရေး ကြီးပါတယ် ။ ကျွန်မကလေ ဒီမိုကရေစီကို ဦးတည်တဲ့လူဆိုရင် အစိုးရကအဓိကကျတယ်ဆိုတဲ့ အသုံးအနှုန်းကိုတက်နိုင်သမျှ ရှောင်ချင်တယ် ။ ပြည်သူတွေ အဓိကကျတယ် ဆိုတာသာဖြစ်ရမယ် ။ ဒါပေမဲ့ အစိုးရမှာတာဝန်အများကြီးရှိတဲ့ ကဏ္ဍတွေက ရှောင်လို့မရဘူး ။

မေး ။  စောစောက အစိတ်အပိုင်းတွေမှာ အစိုးရမဟုတ်တဲ့ ကျန်တဲ့အဖွဲ့အစည်းတွေ ပြည်သူတစ်ဦးချင်းတွေရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာက ဘယ်လောက်အထိရှိလဲ ။

ဖြေ ။  ဒါကတော့ လုပ်ယူရမှာပဲ ။ ဘယ်လောက်ထိ ရှိလဲဆိုရင် ဒီတိုင်းပြည်မှာ သိပ်ပြီးတော့မရှိသေးဘူး ။ ဒါပေမဲ့ အခု ကျွန်မပြောသလိုပေါ့ ။ civil society တွေက စလာပြီ ၊ လမ်းစပေါ်လာပြီ ၊လှုပ်ရှားလာပြီ ၊ အားယူလာပြီပေါ့ ။ ဒါတွေကိုပိုပြီး လုပ်နိုင်ဖို့ ပိုပြီးအားတွေများလာဖို့ဆိုတာ ပြည်သူတွေကလည်း ရုန်းကန်ရမယ် ၊ဒီဟာကိုလည်း အစိုးရအနေနဲ့ အားပေးရမယ် ။ ပိုပြီး အားယူနိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးရမယ် ။


                ကူညီနိုင်တဲ့အင်အား

မေး ။ ဆင်းရဲနွမ်းပါးမှုက တစ်ပြည်လုံး အတိုင်းအတာနဲ့ ရှိနေတဲ့အနေအမှာ ဆင်းရဲတဲ့လူအချင်းချင်းပြန်ပြီးကူညီနိုင်တဲ့ အင်အားက ရိုးရိုး စဉ်းစားရင် တော်တော်နည်းနေမယ်လို့ထင်ရတာပေါ့ ။ အစိုးရက သူကိုယ်တိုင် သိပ်ပြီးမစွမ်းဆောင်နိုင်တဲ့ အချီန်မှာ civil society  ကတစ်နည်းနည်းနဲ့ အားကောင်းရှင်သန်လာတဲ့အခါမှာ စောစောကပြောတဲ့ အစိုးရလာက်က သာလျှင်လုပ်နိုင်တယ်လို့ ယူဆရတဲ့ ကြီးကျယ်တဲ့ အလုပ်မျိုးတွေကိုပါ civil society အဖွဲအစည်းတွေ အင်အားစုတွေက လုပ်နိုင်မလား ။

                  မူချပြီးလုပ်ရမှာတွေ အများကြီး

ဖြေ ။  အစိုးရကမှသာ လုပ်နိုင်တယ်ရယ်လို့ မဟုတ်ဘူး ။ အစိုးရက ပိုပြီးထိထိရောက်ရောက် လုပ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်။ ဥပမာ - ပညာရေး ကဏ္ဍမှာ မြန်မြနဆန်ဆန် တိုးတက်ချင်လို့ရှိရင် civil society တွေလုပတာကို စောင်နေလို့မရဘူး ။အစိုးရက မူချပြီးလုပ်ရမှာတွေ အများကြီးရှိတယ် ။ ဥပမာ -ကျောင်းတွေပြုပြင်ရေး ကျောင်းကသင်ရိုးညွှန်းတမ်းတွေပြုပြင်ရေး ၊ ဒါတွေလုပ်ရမှာ အစိုးရကလုပ်ရမှာ ။ ကျွန်မတို့လို civil society  တွေကဘာလုပ်သလဲဆိုတော့ အခမဲ့ကျောင်းတွေပေါ့ ။ အခမဲ့ကျောင်းတွေက မူလတန်းအဆင့်ကနေ စပြီး သင်ရတယ် ။ဒါပေမဲ့ အခုအထက်တန်းအဆင့်အထိ ရောက်ပါပြီ ။ဒါပေမဲ့ သင်ရိုးညွှန်းတမ်းကတော့ ဒါ အစိုးရ ဆုံးဖြတ်ထားတာ။ ကျွန်မတို့ဒီကျောင်းတွေ ဖွင့်ရတယ်ဆိုတာကိုကပဲ အစိုးရကျောင်းတွေ မလုံလောက်လို့ ၊ ပြီးတော့တချို့ ကိစ္စတွေမှာ အစိုးရက ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်နိုင်တာတွေရှိတယ် ။ အပြင်ကလူတွေလုပ်ရတာအကန့်အသတ်နဲ့ လုပ်ရတာ ။ နိုင်ငံတကာကအကူအညီတွေ အခုလည်း ရယူနေတာပဲ။ အခုဆိုရင် နိုင်ငံတကာကပံ့ပိုးထားတဲ့  NGO တွေ အများကြီးရှိတယ် ။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ၊ အခုဘုန်းတော်ကြီးပညာသင် ကျောင်းတွေ ဆိုရင် နိုင်ငံတကာကဖွံ့ဖြိုးရေး ကူညီမှု အဖွဲတွေကနေ ထောက်ပံ့ထားတဲ့ ကျောင်းတွေ အများကြီး ရှိတယ်။ အများကြီးဆိုတာ တကယ်တော့ အမှန်ပြောရရင် တိုင်းပြည်တစ်ပြည်လုံးနဲ့ ကြည့်လိုက်ရင် မများဘူးပေါ့ ။ ဒါပေမဲ့ နည်းနည်းများလာပြီလို့ ပြောရမှာပေါ့။


                    သြဇာရှိနိုင်တဲ့ အခြေအနေ

မေး ။  အစိုးရပိုင်းက လုပ်တာ သိပ်အားနည်းနေလို့ရှိရင် civil society တွေက လုပ်တာသိပ်အားများလာရင် သူက ပိုပြီး လွှမ်းမိုးသွားနိုင်သလား ။ သို့မဟုတ် မလွှမ်းမိုးတောင် သူရဲ့ ဆောင်ရွက်ချက်တွေသည် ပိုပြီး ကြီးကြီးမားမား သိသိသာသာကြီး ဖြစ်လာနိုင်ပါသလား ။

ဖြေ ။  သိသာမှုတော့ ဖြစ်နိုင်ပါတယ် ။ ကျွန်မ လေ့လာ ကြည့်တဲ့အခါမှာတော့ အင်အား အင်မတန်ကြီးတဲ့တိုင်းပြည်တွေမှာတောင်မှ အစိုးရကိုလွှမ်းမိုးတာထက် အစိုးရ အပေါ်မှာ သြဇာ ရှိနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးပဲဖြစ်လာပါတယ် ။ ဥပမာဆိုလိုရှိရင် အမေရိကန် ပြည်ထောင်စုလို နိုင်ငံမျိုးမှာ ကြည့်မယ်ဆိုရင် civil society တွေက တော်တော်သန်ပါတယ် ။ အဲဒီတော့ lobby group တွေက အစိုးရရဲ့ ဆုံးဖြတ်ချက်တွေ ဘာတွေအပေါ်မှာ သြဇာ ရှိလာတာပေါ့ ။

မေး ။  အခုတလော ဖြစ်နေတဲ့ မြစ်ဆုံ ပြသနာကို အကြောင်းပြုပြီး သဘာဝပတ်ဝန်းကျင်ကိစ္စမှာ လူတွေစိတ်ဝင်စားမှု ပိုများလာပါတယ် ။ အစ်မအနေနဲ့ ကျွန်တော်တို့  တိုင်းပြည်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဘယ်လောက်ကြီးမားတယ်လို့ မြင်ပါသလဲ ၊ အဲဒီအပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်မှုကော ဘယ်လောက်လိုအပ်နေတယ်လို့ မြင်ပါလဲ။


                    ပတ်ဝန်းကျင် ထိန်းသိမ်းရေး

ဖြေ ။  ထိန်းသိမ်းစောင့်ရှောက်မှုကတော့ အတော့်ကိုလိုအပ်နေတယ် ။ ပြည်သူတွေကို ပညာပေးဖို့ပဲ ။အများပြည်သူက သိမှ ၊ ပတ်ဝန်းကျင်က လူတိုင်လူတိုင်ဟာ ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ အသိရှိမှ ။ ဥပမာ -ပလတ်စတစ် အိတ်လေးတစ်အိတ် လွှင့်ပစ်လိုက်ရင် ပေါ့ပေါ့တန်တန် မဟုတ်ဘဲ ငါ ဒါကို ဒီနာဒမှာလွှင့်မပစ်ဘူး ။ ဟိုနားမှာ အမှိုက်တောင်းရှိတဲ့အထိုသွားမယ်။ အမှိုက်တောင်းရှိတဲ့နေရာ ရောက်မှပဲ ထည့်မယ် ၊ အဲဒီလို အသိလေးပေါ့ ။ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် ကျောင်းက ကိုသင်တယ် ။ ကလေးတွေကို ငယ်ငယ်ကတည်းက ဒီအသိတွေ ထည့်ပေးရမယ် ။ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ထိန်းသိမ်းရမယ် ၊ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက် ကိုယ်တာဝန်ယူရမယ်။

နိုင်ငံရေးမှာ ပြည်သူတွေပါဝင်လာရေး

မေး ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုပါဝင်လာဖို့အတွက် ကျတော့ရော လူထုကို ပညာပေးဖို့ ဘယ်လို လုပ်နိုင်ပါသလဲ ၊ အစ်မဘယ်လိုမြင်လဲ ။

ဖြေ ။ လုပ်နိုင်တဲ့နည်းတွေအများကြီး ရှိပါတယ် ။ ဥပမာ - မီဒီယာကလည်းလုပ်နိုင်တာပဲ ၊ မဂ္ဂဇင်းတွေ ဂျာနယ်တွေထဲမှာ ဒီကိစ္စတွေအကြောင်းထည့်ရမယ် ၊ ပြည်သူတွေ ဖတ်တဲ့လူတွေက သိအောင်လို့ပေါ့ ။ ဒါတွေကကျောင်းမှာကတည်းက သင်၇မှာ။ ကလေးတွေက ငယ်ငယ်ကတည်းက မဖြစ်မနေ သင်ယူရတဲ့ပုံစံမျိုး ၊ ကျောင်းရောက်တော့ မဖြစ်မနေသင်ယူရတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့။ ဂျာနယ်ကျတော့ ဖတ်ချင်မှ ဖတ်မှာပေါ့ ။ ဖတ်ချင်တဲ့လူဖတ်မယ် ၊မဖတ်ချင်တဲ့လူမ ။ ဒါပေမဲ့ ကျောင်းတွေမှာ သင်မယ်ဆိုရင်တော့ အလိုလို ကျောင်းတက်တဲ့ လူတိုင်က သိသွားတာပေါ့ ။အစိုးရမှာအများကြီးတာဝန် ရှိတယ်ဆိုတာ ဒါတွေပါ။  ကျွန်မတို့ အခမဲ့ ကျောင်းတွေမှာဆိုရင် ကျွန်မတို့ ဆရာတွေက သင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဒီအသိတွေ ရှိအောင်လို့ပါ ။ ကျွန်မတို့ကျောင်းတွေက တစ်တိုင်းပြည်လုံးကကျောင်းတွေနဲ့စာရင် နည်းနည်းလေးပဲ ။ လူဦးရေ ဘယ်လောက်ရှိလဲ ၊ ရာဂဏန်းလောက် ရှိတာ ။ အခုဆိုရင် ထောင်ဂဏန်းလောက် ရှိတာပေါ့ ။ ဒါလည်း အင်မတန်မှ နည်းပါတယ် ။ ကျွန်မတို့တိုင်းပြည် အတိုင်းအဆနဲ့ ဆိုရင်ပေါ့။

၂၉.၉.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/16580953/29Sep2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16580954/29Sep2011Yeyintngesdiary.pdf.html

29 Sep2011 Yeyintnge's Diary

မြန်မာစစ်ပြေးဒုက္ခသည်များ မ ၀င်နိုင်ရန် တရုတ်ရဲများ နယ်စပ် စောင့်ကြပ်


Thursday, 29 September 2011 07:00 Written by KNG

uka photo2
မြန်မာနယ်စပ် မုန်းကို၏ မျက်နှာချင်းဆိုင် မန်ဟိုင်းတရုတ်နယ်စပ်မြို့တွင် မကြာမီက အသစ်တည်စောင်ပြီးသော တရုတ် တိုက်ခိုက်ရေးတပ် PLA တပ်စခန်း။
ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံထဲ မ ၀င်နိုင်ရန် တရုတ်ရဲများက နယ်စပ်တစ်လျှောက် စောင့်ကြပ်နေသည်ဟု ဒုက္ခသည်များ ပြောသည်။
သံလွင်မြစ်အနောက်ဘက်ခြမ်း တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်သည့် ဖောင်းဆိုင်၊ မုန်ကိုး၊ ၀မ်ဒင်၊ ပန်ဆိုင်း၊ မူဆယ်၊ နောင်းတောင်နှင့် နမ့်ခမ်းမြို့အထိ တရားဝင် ၀င်/ထွက်ပေါက်များအပြင် တရားမ၀င် ခိုးပေါက်များကိုပါ တရုတ်ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်လျက်ရှိသည်ဟု ၎င်းဒေသခံများ ပြောသည်။

ယခင်က နယ်စပ်တစ်လျှောက်နေထိုင်သူများသည် ၎င်းတို့၏ အသေးစား စီးပွားရောင်းဝယ်ရေးအတွက် နိုင်ငံကူးလက်မှတ်မလိုဘဲ နယ်စပ်ဖြတ်ကျော် သွားလာနေကြသော်လည်း ယခုအခါ ထိုသို့ဖြတ်သန်း၍ မရတော့ကြောင်း ဆက်ဆိုသည်။

တရားဝင် နယ်စပ် ၀င်/ထွက်ပေါက်ရှိသည့် မူဆယ်နှင့် မုန်းကိုမြို့များမှာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထား သူများကိုသာ ၀င်/ထွက်ခွင့်ပြုနေသည်ဟု ၎င်းဒေသခံများက ပြောသည်။

စက်တင်ဘာ ၂၄ ရက်မှစ၍ မြန်မာအစိုးရတပ်က မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ စစ်အခြေစိုက်စခန်းများအား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာချိန်တွင် စစ်ဘေးလွတ်ရာဒေသများနှင့် တရုတ်နယ်စပ်ဖက်သို့ စစ်ပြေးဒုက္ခသည်များ ရောက်ရှိလာခြင်းဖြစ်သည်။
border-gate-myenတပ်မဟာ ၄ ဒေသမှ ပြည်သူ ၂၀၀၀၀ ကျော် မြန်မာအစိုးရထိန်းချုပ်ဒေသများနှင့် တရုတ်နယ်စပ်သို့ ထွက်ပြေးနိုင်သည်ဟု ၎င်းတပ်မဟာ ၄ မှ KIA အရာရှိတစ်ဦးပြောသည်။

လတ်တလော  မြန်မာအစိုးရထိန်းချုပ်သည့် ရှမ်းပြည်မြောက်ပိုင်းမှ လာရှိုး၊ ကွတ်ခိုင်၊ နမ်ဖတ်ကာ၊ နမ်အွမ်၊ မူဆယ်၊ ကြူကုတ်၊ မုန်ကိုး၊ ဖောင်းဆိုင် မြို့များတွင် စစ်ပြေးဒုက္ခသည် ရာနှင့်ချီ ရောက်ရှိနေကြကာ ၎င်းတို့အား ကချင်ခရစ်ယာန်ဘုရားကျောင်းများက စားဝတ်နေရေး စီစဉ်ပေးနေကြသည်ဟု ယင်းဘုရားကျောင်းများမှ သိရသည်။

တရုတ်နယ်စပ် ပန်ဆိုင်းနှင့် မုန်ကိုးမြို့တွင် မြန်မာပြည်သူ့ရဲတပ်ဖွဲ့ဝင်များက စစ်ပြေးဒုက္ခသည်များကို တရုတ်ဘက်သို့ဝင်ရောက်ခြင်းမရှိရန် တားမြစ်ကာ ယင်းဒေသရှိ ကချင်ခရစ်ယာန် ဘုရားကျောင်းများတွင်သာ နေထိုင်ကြရန် ညွှန်ကြားသည်ဟု ၎င်းဒေသရောက် စစ်ပြေးဒုက္ခသည်များက ပြောသည်။

ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ် မုန်ကိုးမြို့၌ စစ်ပြေးဒုက္ခသည်များအား ကိုင်တွယ်စည်းကြပ်ရာတွင် တရုတ်နှင့် မြန်မာအစိုးရ အာဏာပိုင်များက အတူတကွ ပူးပေါင်းဆောင်ရွက်နေကြသည်ကိုတွေ့ရသည်ဟု တရုတ်နယ်စပ်အာဏာပိုင်များနှင့် နီးစပ်သူများကဆိုသည်။

ထို့အတူ စက်တင်ဘာလ (၂၇) ရက်က မုန်ကိုးနှင့် မျက်နှာချင်းဆိုင်မန်ဟိုင်းမြို့ ဟိုတယ်တစ်ခုတွင် တည်းခိုနေသော သံသယရှိဖွယ် မြန်မာနိုင်ငံသား ၃ ဦးအား တရုတ်အာဏာပိုင်များက ဖမ်းဆီးကာ မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်ဟု ဆက်ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲဖြစ်လာချိန် KIO က တရုတ်အာဏာပိုင်များထံ လူသားချင်းစာနာမှုဖြင့် စစ်ပြေးဒုက္ခသည်များကို လက်ခံပေးရန် တောင်းဆိုခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိဟု KIO အရာရှိများပြောသည်။

ဆက်လက်၍ စစ်ပြေးဒုက္ခသည်များ တရုတ်နယ်စပ်ဒေသသို့ ထပ်မံရောက်ရှိလာနေကြသည်ဟု နယ်စပ်တွင်နေထိုင်သူများက ဆိုသည်။
http://kachinnews.com/burmese/news/

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံထပ်တင်ရေး မဆုံးဖြတ်ရသေးပါ


Published on September 29, 2011 by ​အေး​နိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ရေးကို ဘာမှ မဆုံးဖြတ်ရ သေးပါဘူးလို့ ပါတီပြန်ကြားရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်းကို ကိုအေးနိုင်က မေးမြန်းထားပါတယ်၊။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ နီးကပ်လာပြီဆိုပြီး တချို့သတင်းတွေမှာ သဘောဆောင်ပြီးတော့ ရေးပါတယ်။ အဲဒါတွေ ဘယ်လောက်ထိအောင် မှန်လည်းဆိုတာ ဦးဉာဏ်ဝင်း ရှင်းပြပေးပါလား။

“ကျနော်တို့ ဒီနိုင်ငံရေးပါတီ မှတ်ပုံတင်ဖို့ကိစ္စ သူတို့တွေရဲ့ issue တွေထဲမှာ စဉ်းစားတဲ့အထဲမှာ ဒါတချက်အပါအ၀င်ရှိတယ်။ ကျနော်တို့ ဒါနဲ့ပတ်သက်ပြီး ဘာမှ မဆုံးဖြတ်ရသေးပါဘူး။”

တလောတုန်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသေးစိတ်ပြန်လည် လေ့လာနေတယ် ဆိုပြီးတော့လည်း ကြားနေရတယ်။ အဲဒါက ဒီအတွက် ပြင်ဆင်တယ် နီးစပ်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တာမျိုး သတင်းထုတ်လို့ ရလားခင်ဗျာ။

“အဲဒီလိုတော့ မဟုတ်ဘူး။ ကျနော်တို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ထပ်ခါထပ်ခါ ကျနော်တို့ချည်းးပဲ မဟုတ်ဘူး။ အားလုံးပဲ ဖတ်နေကြတာ။ ထပ်ခါထပ်ခါ ဖတ်ပြီး ဆွေးနွေးတယ်။ ဒါပေမယ့် ဒီကိစ္စအတွက်လို့တော့ ပြောလို့မရပါဘူး။”

ဒါဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြင်ဆင်ဖို့အတွက် အန်ကယ်တို့က တောင်းဆိုထားတဲ့ အချက်တွေကို အစိုးရဘက်ကနေ လိုက်လျောလို့ရှိရင် အန်ကယ်တို့ဘက်ကကော အရန်သင့် ရှိနိုင်တဲ့ အခြေအနေမျိုးကိုကော နီးစပ်နိုင်သလား။

“ကျနော်တို့ ပြင်ဆင်ဖို့ တောင်းဆိုထားတာ မရှိသေးဘူး။ ကျနော်တို့ မကြိုက်တဲ့အချက်တွေကို ဖော်ပြပြီးတော့ ကြေညာချက်ထုတ်ခဲ့တာပဲ ရှိတယ်။ ဘာလုပ်ပေးပါလို့ တောင်ဆိုတာမျိုး ကျနော်တို့မှာ မရှိသေးဘူး။”

သတင်းတွေ ထွက်ပေါ်နေတဲ့ အဖွဲ့ချုပ်ကနေ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ့်ကိစ္စက မဖြစ်သေးဘူးဆိုတဲ့ သဘောလားဗျာ။

“လုံးဝမဆုံးဖြတ်ရသေးပါဘူး။”
http://burmese.dvb.no/archives/16060

တလှမ်းပြီးတလှမ်းရှေ့တိုးလှမ်းကြရအောင်


Posted by admin on September 29, 2011

ညနေအိမ်ပြန်ရောက်ရောက်ချင်းပဲ DVB ရုပ်မြင်သံကြားအစီအစဉ်ကိုဖွင့်ကြည့်လိုက်တော့ မနေ့က ဆန္ဒပြပွဲမှာပါဝင်ခဲ့ တဲ့သူတွေကို အစိုးရက လိုက်ဖမ်းနေကြောင်း၊ စစ်တွေမှာလည်း ရဟန်းသံဃာတချို့ကို ထိန်းသိမ်းလိုက်တယ်လို့ ကြေ ညာသွားတာတွေ့ရတယ်။ တပြိုင်တည်းမှာပဲ နေ့ခင်းကဖတ်လိုက်ရတဲ့ မဇ္ဒ္စ္ဏ္ဈိမသတင်းဌာနက သတင်းတပုဒ်ထဲမှာ KIO ပြောရေးဆိုခွင့်ရှိသူဦးလနန်က မြန်မာစစ်တပ်က အင်အား ၈၀၀ လောက်နဲ့ KIO တပ်မဟာ (၄) တို့ လေးရက်ကြာ တိုက် ပွဲဖြစ်နေကြောင်း၊ နှစ်ဘက်အကျအဆုံးများရှိနေကြောင်း၊ စစ်ရေးနဲ့ ဖိအားပေးပြီး နိုင်ငံရေးအရဆွေးနွေးဖို့ အကြပ်ကိုင် တာဖြစ်တာမို့ စစ်ပြေငြိမ်းရေးဟာမလွယ်တော့ဘူးလို့ မှတ်ချက်ချပြောဆိုတာကို ပြေးသတိရမိပါတယ်။

လွတ်လပ်ရေးရဲ့ ဖွားဖက်တော်အဖြစ် မွေးဖွားလာတဲ့ ပြည်တွင်းစစ်ရဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီးတဆင့်ပြီး တ ဆင့်ကြီးထွားလာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးဂါထာကိုရွတ်၊ ဥုံဖွမန်းပြီးပျောက် စေလို့ အမိန့်ပေးရုံနဲ့ ပြဿနာအားလုံးပြေလည်သွားမယ်လို့ ဘယ်သူကမှ မယုံကြည်ကြပါ။ သတင်းစာဆရာကြီး လူထု စိန်ဝင်းက “လမ်းလျှောက်တဲ့အခါ ခြေတလှမ်းပြီးတလှမ်း လှမ်းကြရသလို ဒီမိုကရေစီခရီးကိုလည်း တလှမ်းပြီး တလှမ်း ရှေ့တိုးလှမ်းကြရမှာဖြစ်တယ်” လို့ ပြောလိုက်တာဟာ အင်မတန်မှ နာယူလက်ခံကျင့်သုံးရမယ့် ကျင့်စဉ် တရပ်ဖြစ်ပါ တယ်။ သည်သဘောကို ခံယူနားလည်ထားပါမှ ဒီမိုကရေစီရေးဖြစ်စဉ်တလျောက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာ ဝကို နားလည်သဘောပေါက်ပြီး စိတ်ဓာတ်ကျတာ၊ တွေဝေတာ၊ ယုံမှားသံသယရှိတာတွေကင်းကင်း စင်စင်နဲ့၊ ဇွဲရှိရှိနဲ့ အခက်အခဲတွေကျော်လွှားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးပန်းတိုင်ကို လှမ်းကိုင်နိုင်မှာဖြစ်ပါတယ်။

အပြောင်းအလဲတွေဖြစ်လာပြီဆိုတာနဲ့ ဘက်နှစ်ဘက်စလုံးမှာ ဒီအပြောင်းအလဲအပေါ်ချက်ချင်းလက်မခံနိုင်ကြသူတွေ ရှိကြစမြဲပါ။ တောင်အာဖရိက အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားသမိုင်းမှာဆိုရင် နယ်လ်ဆင်မန်ဒဲလားနဲ့ သမတ ပက်ဘိုသာတို့ တွေ့ဆုံဆွေးနွေးအပြီး အပြောင်းအလဲများ အစပျိုးလုပ်ဆောင်နေချိန်မှာတောင် လူဖြူလူမည်း အဓိကရုဏ်းတွေကြောင့် လူရာနဲ့ချီသေဆုံးခဲ့ရတဲ့ သာဓကများ ရှိပါတယ်။ ANC ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်၊ တောင်အာဖ ရိက ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ခရစ်ဟာနီဟာ အဲသည့်ကာလမှာပဲ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နယ်လ်ဆင်မန်ဒဲလားခေါင်းဆောင်တဲ့ အမျှော်အမြင်ကြီးတဲ့ ANC ခေါင်းဆောင်များက သူတို့ရဲ့ အရှိန်အဝါနဲ့ Destructive Elements တွေကို ထိန်းနိုင်ခဲ့သလို သမတဒီကလပ် ဘက်ကလည်း ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တဲ့လုပ်ရပ်တွေကြောင့် နောက်ဆုံးမှာတော့ လူဖြူလူမည်းမခွဲခြားပဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေနိုင်တဲ့ တောင်အာဖရိကနိုင်ငံသစ်ကို ထူထောင်နိုင်ခဲ့တာကို ကျနော်တို့ပြည်သူတွေ အတုယူသင့်ပါတယ်။ ဘယ်လိုအတားအ ဆီးတွေ၊ အခက်အခဲတွေကြုံရပါစေ နာကျင်ခါးသီးမှုတွေကို မျိုသိပ်ပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ဖို့ သက်ဆိုင်သူအားလုံးက အလေးမူရမှာဖြစ်ပါတယ်။ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ပေါ်စေဖို့အတွက် အခြေခံလိုအပ်ချက်တွေထဲမှာ သည်းခံမှု၊ ခွင့်လွှတ်မှု၊ အနစ်နာခံမှု၊ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်လိုမှုဆိုတဲ့ စိတ် နေစိတ်ထားများဟာရှေ့တန်းကတန်းစီနေရာယူထားရပါမယ်။

ရန်ကုန်ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး တိုင်းသိပြည်သိလူထုကလေးစားကြည်ညိုရတဲ့ ဆရာလူထုစိန်ဝင်းက “မြစ်ဆုံရေကာ တာကိစ္စ တနိုင်ငံလုံးစိတ်မကောင်းဖြစ်နေတာ နားလည်ပါတယ်။ အစိုးရအနေနဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုထားကြ ပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆန္ဒစောတာမဖြစ်သင့်ဘူး။ တဆင့်ပြီးတဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန် ပေးသင့်တယ်။ ဒီဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားသူတွေက ဖျက်လိုဖျက်ဆီးလုပ်မယ့် အန္တရာယ်ကကြီးမားတယ်။ ပြည်သူတရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်” လို့ ပြောကြားတာတွေ့ရတော့ ရတက်မ အေးဖြစ်နေတဲ့သောကများ အနည်းငယ်တော့လျော့ကျသွားပါတယ်။ Eleven Media Group က CEO ဒေါက်တာသန်း ထွဋ်အောင်နဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကအထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်တို့ကလည်း အာရပ်ပုံစံတော်လှန် မှုဟာ မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေများနဲ့ လျော်ကန်မှုမရှိဘူးလို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောစကားကို ကိုးကားပြီး သည်အချိန်မှာ သည်လိုနည်းမျိုးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကိုတိုးမြှင့်တဲ့အပေါ်သဘောမတူကြောင်း ပြော တာတွေ့ရပါတယ်။

ဘက်နှစ်ဘက်စလုံးမှာ အပြောင်းအလဲများအပေါ် လက်မခံနိုင်တဲ့ အင်အားစုများရှိနေတာတွေ့နေရပေမယ့် ထိန်းထိန်း သိမ်းသိမ်းလုပ်ကိုင်နိုင်စွမ်းရှိနေတာတွေ့ရတာ အားတက်စရာပါ။ အစိုးရအဖွဲ့ထဲမှာ ဦးဇော်မင်း၊ ဦးကျော်ဆန်းတို့လို ပုဂ္ဂိုလ်မျိုးတွေရှိနေပေမယ့် သူတို့လည်း ဆန္ဒအရမဟုတ်တောင် ဘဝအရအပြောင်းအလဲများကို လက်ခံကြရမယ့် အရိပ် အယောင်များတွေ့နေရပါတယ်။ လက်ရှိဖွဲ့စည်းပုံအရ “ကာလုံ” ဟာ အရင်တော်လှန်ရေးကောင်စီ၊ နဝတ၊ နအဖ လို အာ ဏာအရှိဆုံးစစ်ကောင်စီပဲဖြစ်ပါတယ်။ အရေးကြီးဆုံးအပြောင်းအလဲများအတွက် အဆုံးအဖြတ်ကို သူကပဲပေးမှာပါ။ အခုလည်း တပ်မတော်ရဲ့ပုံမှန်ခေါ်ယူနေကျ (၄) လပတ်အစည်းအဝေးကို ပုံမှန်ကျင်းပချိန်ထက် (၂) လ စောပြီး ခေါ် ထားပါတယ်။ သည် (၄) လပတ်အစည်းအဝေးတွေက စစ်တပ်ရဲ့ တိုင်းပြည်နဲ့ပတ်သက်တဲ့မူ ပေါ်လစီလုပ်ငန်းစဉ် တွေ ချမှတ်လေ့ရှိတယ်ဆိုတာသတင်းမဟုတ်ပါ။ သည်အစည်းအဝေးကပဲ တိုင်းပြည်ရဲ့ရှေ့ရေးကို ဆုံးဖြတ်မှာဖြစ်ပါ တယ်။ စစ်တပ်ရဲ့ထုံးစံအတိုင်းပါပဲ “ကာလုံ” က ချမှတ်ထားပြီးဖြစ်တဲ့ မူ ပေါ်လစီလုပ်ငန်းစဉ်တွေကို တပ်မှူးတွေကို အသိပေး ရှင်းပြဖို့က များပါတယ်။ “ကာလုံ” ရဲ့ အလုပ်တွေကို စစ်တပ်က ထောက်ခံမှုရဖို့လုပ်တဲ့အစည်းအဝေးပါ။ စစ်တပ်တွင်း ညီညွတ်ရေးလုပ်တာဆိုလည်း မမှားပါ။

သည်အခြေအနေတွေကိုကြည့်ရင် ကြံ့ဖွံ့အစိုးရက ဘယ်အတိုင်းအတာအထိ ဒီမိုကရေစီဖြစ်ထွန်းမှုမှာ ပူးပေါင်းဆောင် ရွက်မယ်ဆိုတာ မကြာတော့တဲ့ကာလ (ဘယ်နည်းနဲ့မှ သည်နှစ်မကျော်ပါ) အတွင်းမှာ လူသိရှင်ကြားပြောရတော့မှာ ဖြစ် ပါတယ်။ စီးပွားရေးစကားနဲ့ပြောရရင် သူရောင်းမယ့်ဈေးကိုသတ်မှတ်ရတော့မှာပါ။ နိုင်ငံရေးအကျဉ်းသား များလွှတ်ရေး ပါဝင်တဲ့လွှတ်တော်က သမတဆီကိုတရားဝင်မေတ္တာရပ်ခံထားတဲ့အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်၊ NLD ပါတီ တရားဝင် ရပ်တည်ရေး၊ တိုင်းရင်းသားအဖွဲ့များနဲ့ ဆက်ဆံရေးနဲ့ ၂၀၀၈ အခြေခံဥပဒေကိစ္စတို့မှာ သူတို့အတွက် အနိမ့်ဆုံးနဲ့ အမြင့် ဆုံးဈေးတွေကို “ကာလုံ” က အခုလောက်ဆို သတ်မှတ်ပြီးဖြစ်လောက်ပါပြီ။

သေချာတာကတော့ လိုချင်သလောက်ရမှာမဟုတ်ပါ။ ရသင့်သလောက်ရဖို့ပဲလိုပါတယ်။ သည် ရချက်ကတဆင့် မှန် ကန်တဲ့၊ ဖြောင့်မတ်တဲ့လုပ်ဟန်နဲ့ ပြည်သူလူထုရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုက ရေစီဖြစ်ထွန်းရေးကို တလှမ်းချင်းတိုးသွားကြရမှာမဟုတ်ပါလား။ မိုင်တထောင်ခရီးကို ခြေတလှမ်းကစရတယ်လို့ ဆိုပါ တယ်။ ဒီမိုကရေစီခရီးရှည်ကို အခု မြင်တွေ့နေရတဲ့ခြေတလှမ်းကပဲ စကြပါစို့လား။

မြင်းရည်တက်ဦးသာ

27th, September 2011
http://www.naytthit.net/?p=20284

လယ်သမားများပိုင်မြေ ဗိုလ်မှူး တစ်ဦး ရောင်စား၍ လယ်သမားများ လယ်မဲ့ယာမဲ့ဖြစ်


News Date:9/29/2011 < ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပျားတဲရွာအနီးမှ လယ်သမားများပိုင် မြေများကို မြေစာရင်းဦးစီးဌာနတွင် ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးက သူ့အမည်ဖြင့် နာမည် ဖေါက်ပြီး ရောင်စားသွားသဖြင့် လယ်သမားများမှာ လယ်မဲ့ယာမဲ့ ဘ၀သို့ အလိုလိုနေရင်း ရောက်ရှိသွားကြရသည်ဟု သတင်း ရရှိသည်။

Pya-Tae-village Arakan
ဗိုလ်မှူး စန်းမောင်မောင် ရောင်းစားသွားသော မြေကွက်တွင် အိန္ဒိယ ကုမ္ပဏီမှ စီမံကိန်း စတင်နေစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)

အဆိုပါ မြေကွက် ဧရိယာမှာ ၂၄ ဧက ရှိပြီး ဗိုလ်မှူး ဦးစန်းမောင်မာင်ဆိုသူက အိန္ဒိယ ကုမ္ပဏီ တစ်ခုသို့ သိန်းကျပ် (၄၀၀) ဖြင့်ရောင်းစားသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ လူငယ် တစ်ဦးက" အဲဒီ ဗိုလ်မှူး ဦးစန်းမောင်မောင်က အဲဒီမြေတွေကို မြေစာရင်းဌာနမှာ သူ့နာမည် ဖေါက်ပြီး Punj Loyd ဆိုတဲ့ အိန္ဒိယ ကုမ္ပဏီကို ရောင်းစားသွားတာပါ။ အခု အဲဒီ ကုမ္ပဏီက မြေကွက်တွေမှာ စီမံကိန်း စတင်နေပါပြီ" ဟု ပြောသည်။

ရွာသာများမှာ ၎င်းတို့ပိုင်သော လယ်မြေများ၊ စားကျက်မြေများကို အိန္ဒိယကုမ္ပဏီမှ စက်ကရိယာများဖြင့် လာရောက် တူးဖေါ်ပြီးမှ မိမိတို့ လယ်မြေများ အသိမ်းခံရသည်ကို သိရှိကြရသည်ဟု သူက ဆိုသည်။

" ကျွန်တော်တို့ သိရသလောက် ဗိုလ်မှူး စန်းမောင်မောင်က ခယက လက်ထက်မှာ ကျောက်ဖြူမှာ တာဝန်ကျဖူးတယ်လို့ သိရပါတယ်။ သူက မြေတိုင်းဌာနက ၀န်ထမ်းတွေကို ငွေနည်းနည်းပေးပြီး အဲဒီမြေတွေကို သူ့နာမည်နဲ့ ဖေါက်ပြီးတော့ ရောင်းစားသွားတာ ဖြစ်တယ်လို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

ကျောက်ဖြူတွင် တာဝန်ကျခဲ့သော စစ်ဘက်ဆိုင်ရာ လူကြီးများသည် နိုင်ငံခြား စီမံကိန်းများ တည်ဆောက်မည့် နေရာများ၊ ဂတ်စ်နှင့် ရေနံပိုက်လိုင်း ဖြတ်သန်းမည့် နေရာများကို မြေပုံများကို ကြည့်ပြီး သိရှိထားသဖြင့် အဆိုပါ နေရာများကို မြေတိုင်း ဦးစီးဌာနနှင့် ပေါင်းပြီး မိမိပိုင် မြေအဖြစ် ဂရမ်ဖေါက်ထားခဲ့ကြသည်ဟု သိရသည်။

ထိုအထဲတွင် ယခင် အနောက်ပိုင်းတိုင်းမှူး ဖြစ်ခဲ့သော ပြည်ထဲရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် မောင်ဦးလည်း ပါဝင်ကာ ကျောက်ဖြူမှ (၆) မိုင် အကွာတွင် တည်ရှိသော ဂုံးချိန်ကျေးရွာရှိ အများပြည်သူပိုင် မြေကွက် တစ်ခုကို မိမိပိုင်လုပ်ကာ ဒေးဝူး ကုမ္ပဏီကို ကျပ်သိန်း ၄၀၀ ဖြင့် ရောင်းစားသွားခဲ့သည်။

" ကျောက်ဖြူမှာ နေရာကောင်းမှန်သမျှ စစ်ဗိုလ်ချုပ်တွေ လက်ထဲကို ရောက်သွားပါပြီ။ ဒေသခံတွေမှာ ဘယ်ကို တိုင်ကြားရမှန်းလည်း မသိဘူး။ တိုင်ကြားရင်လည်း အဖမ်းခံရမှာကို စိုးပြီး ဘယ်သူမှ လိုက်မလုပ်ရဲဘူး။ ကျောက်ဖြူမြို့နယ်မှာ လယ်တွေ၊ စားကျက်တွေ တ၀က်ခန့်က ပြည်သူတွေရဲ့ လက်ထဲမှာ မရှိတော့ဘူး" ဟု တခြား ကျောက်ဖြူ ဒေသခံ တစ်ဦးကလည်း ပြောသည်။

ယခုကဲ့သို့ ဒေသခံများ ပိုင်ဆိုင်သော လယ်မြေများကို Punj Loyd ကုမ္ပဏီက မြေတူးစက်များဖြင့် တူးဖေါ်နေသဖြင့် ရွာသာများမှာ မျက်ရည် တလည်လည်ဖြင့် ဖြစ်နေပြီး အဆိုပါ ကိစ္စကို မည်သို့ ဆက်လုပ်ရမည်ကိုလည်း မသိဘဲ ဖြစ်နေကြသည်ဟု သိရသည်။

၎င်းအပြင် ဂတ်စ်နှင့် ရေနံပိုက်လိုင်းဖြတ်သန်းမည့် နေရာများကိုလည်း မြေတိုင်းဌာနမှ အလံနီများ စိုက်ထူထားပြီး ပိုက်လိုင်း ဖြတ်သန်းရာနေရာကို အကျယ် ကိုက် (၅၀) သိမ်းယူမည်ဟု သတင်းထွက်နေသဖြင့် ရွာသားများ နောက်ထပ် လယ်မြေများ ဆုံးရှုံးမည်ကို အထူး စိုးရိမ်နေကြသည်ဟု သိရသည်။ 

http://www.narinjara.com/detailsbur.asp?id=3509


ခရီးသွား ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်း အနီး အသတ်ခံရ


ဇွဲခန့် | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မကွေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်အနီး ဂျပန်နိုင်ငံသူ အမျိုးသမီးတဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည်ဆိုသော သံသယဖြင့် ဆိုင်ကယ် တက္ကစီသမား တဦးကို ဖမ်းဆီးထားသည်ဟု ရဲက ပြောသည်။

“ဂျပန်အမျိုးသမီးက ညောင်ဦး သွားချင်လို့ ဆိုပြီးတော့ လိုက်ပို့ရင်းနဲ့ ဆိုင်ကယ် တက္ကစီသမား ကနေပြီးတော့ သန့်စင်ခန်းထဲမှာ မုဒိမ်းကျင့် တာပေါ့နော်။ ဖြစ်တဲ့နေရာက ညောင်ဦးနဲ့ ကျောက်ပန်းတောင်း အစပ်ပေါ့” ဟု
ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

ဗုဒ္ဒဟူးနေ့ နေ့လယ် ၃ နာရီခွဲခန့်က ဂျပန်နိုင်ငံသူမှာ ညောင်ဦးမြို့သို့ လှည့်လည် ကြည့်ရှုရန် အတွက် ဆိုင်ကယ် ငှားစီးလာစဉ် ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့ကြား အင်းမရွာအနီး၌ အခင်းဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အင်းမရွာသားများမှ ယင်းသံသယရှိသူ ဆိုင်ကယ်တက္ကစီ မောင်းသမား ကိုမင်းသိုက်ကို ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်း
ဖြစ်သည်။

“ရွာသားတွေက ဖမ်းပြီးတော့ ကြိုးနဲ့ တုတ်ထားတာ။ ကြိုးနဲ့တုတ်ပြီးမှပဲ ရဲစခန်းကို လှမ်းအကြောင်း ကြားတာ။ ရဲစခန်းက လာပြီးတော့ နယ်ထိန်းတယောက်နဲ့ သူနဲ့ကို လက်ထိပ် တွဲချည်ပြီးတော့ ရဲစခန်းကို ပို့တာ။ ရဲတွေ အဲဒီ အခင်းဖြစ်တဲ့ နေရာကို ရောက်တဲ့အချိန်မှာ အဲဒီအမျိုးသမီးက သေနေပြီ။ ဓါးနဲ့ ထိုးသတ်တာ” ဟု အင်းမရွာမှ ထမင်းဆိုင်ပိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။

ကိုမင်းသိုက်ကို ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၃ဝ၂၊ လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး သေဆုံးသူ၏
နောက်ကြောင်းနှင့် ပတ်သက်၍ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသွားသူ ဂျပန်အမျိုးသမီးနှင့် ပတ်သက်၍ မည်သူမည်ဝါ ဖြစ်ကြောင်းကို ရဲစခန်းမှ အတည်မပြုနိုင်သေး
သော်လည်း AFP သတင်းတရပ်တွင်မူ မစ္စစ် Chiharu Shiramatsu ဖြစ်သည်ဟု ဖော်ပြထားပြီး အသက် ၃၁ နှစ်
အရွယ် ရှိသည်။
http://www.mizzimaburmese.com/

ဧရာဝတီ ပြီးတော့လာပါပြီ ထမန်သီ

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် တည်ဆောက်ရေး အိန္ဒိယ စဉ်းစားနေ
2011-09-28

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ အကောင်အထည် ဖေါ်မယ့် ထမန်သီ ရေအား လျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံပိုင် NHPC ကုမ္ပဏီကြီးက ရှေ့လထဲမှာ သူတို့ အစိုးရထံ အသေးစိတ် အစီရင်ခံစာ တစောင် တင်သွင်းမှာ ဖြစ်ကြောင်း NHPC ရဲ့ ညွှန်ကြားရေးမှူး Mr. Bhargava က ပြောကြားလိုက်ပါတယ်။

အိန္ဒိယအစိုးရက မြန်မာနိုင်ငံ အပေါ် တရုတ်အစိုးရရဲ့ သြဇာ လွှမ်းမိုးမှုကို ထိမ်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ချင်းတွင်း မြစ်ဝှမ်းဒေသမှာ ထမန်သီ နဲ့ ရွှေစာရေး ရေအား လျှပ်စစ် စီမံကိန်းတွေကို အိန္ဒိယသုံး ရူပီးငွေ သန်းပေါင်း ၂ သိန်းကျော် အကုန်ခံပြီး တည်ဆောက်ပေးဖို့ ကမ်းလှမ်းထားပြီး ဖြစ်ပါတယ်။

ဒီစီိမံကိန်းတွေနဲ့ ပတ်သက်ပြီး လေ့လာရေး အစီရင်ခံစာ ပြုစုဖို့ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနက သန်းပေါင်း ၄၀၀ အကုန်အကျ ခံခဲ့ပြီး၊ လေ့လာ တွေ့ရှိချက်တွေကို အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာန နဲ့ မြန်မာနို်င်ငံ စွမ်းအင် ၀န်ကြီး ဌာနတို့ကို တင်ပြသွားမှာ ဖြစ်တယ်လို့ Mr. Bhargava က ပြောပါတယ်။

စီိမံကိန်းတွေ အကောင်အထည်ဖေါ်သင့် မသင့် ဆိုတာနဲ့ ပတ်သက်လို့တော့ အိန္ဒိယ အစိုးရက ဆုံးဖြတ်ချက် ချရမှာ ဖြစ်ကြောင်း၊ ထမန်သီ ရေအား လျှပ်စစ် စီမံကိန်းကနေ လျှပ်စစ်ဓါတ်အား မီဂါဝတ် ၁၂၀၀ ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး အိန္ဒိယ နိုင်ငံက လျှပ်စစ်ဓါတ်အား အများစု ရရှိမှာ ဖြစ်ကြောင်းလည်း NHPC ကုမ္ပဏီ ညွှန်ကြားရေးမှူး Mr. Bhargava က ပြောကြားသွားပါတယ်။
http://www.rfa.org/burmese

လူရွှင်တော် ဇာဂနာ လွတ်ပြီလို့ ကြားရ


2011-09-29

နိုင်ငံရေးအကျဉ်းသား လူရွှင်တော် ကိုဇာဂနာကို အစိုးရက လွှတ်ပေးလိုက်ပြီလို့ RFA က စုံစမ်း သိရှိရပါတယ်။ တခြား နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခြင်း ရှိမရှိတော့ မသိရသေးပါဘူး။

သူ့ကို မြစ်ကြီးနားထောင် ကနေ ဒီကနေ့ မန္တလေးကို ခေါ်လာပြီး မနက်ဖန် မနက် လေယဉ်ပျံနဲ့ ရန်ကုန်လေဆိပ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီသတင်းကို နေပြည်တော် အသိုင်းအ၀န်းက ရရှိတာ ဖြစ်ပြီး မိသားစုတွေကို ကြိုတင် အသိပေးထားခြင်း မရှိပဲ နေအိမ်ကို ထောက်လှမ်းရေးအဖွဲ့က လိုက်လံ ပို့ဆောင်မယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ဒီသတင်းကို သူတို့ဘာမှ မသိကြောင်း ဒီကနေ့လည်ပိုင်းထိတော့ ကိုဇာဂနာ မြစ်ကြီးနားထောင်ထဲမှာ ရှိနေသေးကြောင်း ကြားရတယ်လို့ ခယ်မဖြစ်သူ မငြိမ်းကပြောပါတယ်။

ဒီနေ့ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် လူရွှင်တော် ကိုဇာဂနာနဲ့ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ပြန်လွတ်လာသလား ဆိုပြီး သတင်း မီဒီယာတွေက မိသားစုတွေကို ဆက်သွယ်မေးမြန်း နေကြတယ်လို့ သိရပါတယ်။

ကိုမင်းကိုနိုင်ကို မိသားစုတွေ သွားမတွေ့နိုင်တာ ၃ လလောက် ရှိနေပြီး လာမယ့် အောက်တိုဘာလ ၁၈ ရက်မှာ ကျရောက်မယ့် ကိုမင်းကိုနိုင် မွေးနေ့ မတိုင်ခင်တော့ သွားတွေ့ဖို့ ရည်ရွယ်ထားတယ်လို့ ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်ကပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲနဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြောဆိုဆွေးနွေး တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ သလို၊ ဦးသိန်းစိန် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကလည်း နိုင်ငံတော် သမ္မတ အနေနဲ့ အခြေခံ ဥပဒေပါ လုပ်ပိုင်ခွင့်နဲ့အညီ သင့်တော်တဲ့ အချိန်မှာ အကျဉ်းသားတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ ရှိနေတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော် ပြန်လွတ်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေစဉ်မှာ အခုလို ကိုဇာဂနာကို အစိုးရက လွှတ်ပေးလိုက်ပြီလို့ ကြားရခြင်းပါပဲ။

ဒီသတင်းကို နေပြည်တော် အသိုင်းအ၀န်းက ရရှိတာ ဖြစ်ပေမယ့် တခြား သတင်းဌာနတွေရဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။
http://www.rfa.org/burmese/news/political-prisoners-09292011083604.html