Sunday, October 2, 2011
မြန်မာပြည်မှာတရုတ်ရေတပ်အခြေစိုက်စခန်း ... လား?.
by Hlaing Bwa on Sunday, October 2, 2011 at 2:02pm
Chinese Naval Base in Myanmar?.
ဒီကိစ္စလည်းမဖြစ်အောင်ဆက်လုပ်ရဦးမယ် ရွှေမြန်မာတို့ ။
by Ah Bayah on Sunday, October 2, 2011 at 9:20am
By WAI MOE Wednesday, May 25, 2011
The Irrawaddy News Magazine [Covering Burma and Southeast Asia]Translated by: Hlaing Bwa / 88
.................................................................................................................................................
♥۩۞۩♥ မြန်မာပြည်မှာတရုတ်ရေတပ်အခြေစိုက်စခန်း .... လား?.♥۩۞۩♥
သမတသစ်ဦးသိန်းစိန်ရဲ့ သုံးရက်ကြာတရားဝင်တရုတ်ပြည်ခရီးမှာ ဘေဂျင်းအနေနှင့် (သူတို့ ရဲ့ ကျောက်ဖြူ
မှာတရုတ်ရေတပ်စခမ်းချနိုင်ရေးအတွက် နက်နက်ရှိုင်းရှိုင်းဆွေးနွေး မယ်လို့ မျှော်လင့်ထားပါတယ်။
အခြားဆွေးနွေးမဲ့အကြောင်းအရာတွေကတော့ နှစ်ဘက်စလုံးနဲ့ သက်ဆိုင်တဲ့ နယ်စပ်လုံခြုံရေး၊ စစ်ဘက်ဆိုင်ရာ
ဆက်ဆံရေး၊ စီးပွါးရေးဆိုင်ရာသဘောတူညီချက်များ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။
နေပြည်တော်ရဲ့ သတင်းအရင်းအမြစ်တွေအရ တရုတ်အရာရှိများအနေနဲ့  သူတို့ ရဲ့ရေတပ်ကို မြန်မာရေပြင်ပိုင်နက်
အတွင်းမှာ လှုပ်ရှားသွားလာခွင့်ကို မကြာသေးမီလများအတွင်း အကြိမ်ကြိမ် ချဉ်းကပ်မူတွေလုပ်နေခဲ့ကြောင်း
အန္ဒိယသမုဒ္ဒရာထဲမှာ တရုတ်ရေတပ်လှုပ်ရှားနိုင်ရေးကိစ္စ၊ ဆိုမာလီပင်လယ်ဓါးပြတွေရဲ့ရန်ကိုကာကွယ်ဖို့ ကင်းလှဲ့ 
နိုင်ရေး - စသည်တို့ ဟာ မြန်မာ့ရေပြင်ကိုအသုံးပြုချင်တဲ့သိသာတဲ့အခြေခံအကြောင်းရင်းတွေပါပဲ။
"တရုတ်အရာရှိတွေက မြန်မာပြည်မှာ တရုတ်ရေတပ်စခန်းထားဖို့ အကြံမပေးပါဘူး။ အန္ဒိယသမုဒ္ဒရာ
ထဲမှာ ဆိုမာလီ ပင်လယ်ဓါးပြရန်ကိုကာကွယ်ဖို့ ကင်းလှဲ့ တရုတ်စစ်သင်္ဘောတွေကို မြန်မာဆိပ်ကမ်းတွေမှာ ဆိုက်
ကပ်ခွင့်ပေးဖို့ ပါ" ဟု အမည်မဖေါ်လိုသော တရုတ်အရာရှိ ကပြောကြားသွားခဲ့ပြီး သည်ကိစ္စဟာ ဆွေးနွေးဆဲဖြစ်
ကြောင်းပြောပါတယ်။ ဒါပေမဲ့ မြန်မာစစ်ဘက်အသိုင်းအ၀ိုင်းရဲ့ သတင်းတွေအရ - တရုတ်ဟာသူ့ ဘက်က
ဒေါ်လာဘီလီယံပေါင်းများစွာရင်းနှီးမဲ့ မဟာဗျူဟာမြောက် ကျောက်ဖြူ ဆိပ်ကမ်းကစမဲ့ ကျောက်ဖြူ - ယူနံ ပိုက်လိုင်းစီမံကိန်းလုံခြုံရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
အာဖရိက မှဝယ်ယူတဲ့ရေနံတွေကို သယ်ယူရာမှာ အသုံးပြုမှာလည်းဖြစ်ပါတယ်။
ရွှေသဘာဝဓါတ်ငွေ့ လုပ်ကွက်မှ - လောလောဆယ် ခန့် မှန်းခြေအားဖြင့် သဘာဝဓါတ်ငွေ့ ကုဗပေ (၇) ထရီလီယံ
ခဲ့တာဖြစ်ပြီး တရုတ်လိုပဲ စွမ်းအင်ဆာလောင်နေတဲ့အန္ဒိယရဲ့ (၂၀၀၇)ချဉ်းကပ်မူကို ပစ်ပယ်ပြီး တရုတ်ကိုထိုးပေး
ခဲ့တာဖြစ်ပါတယ်။ သည်ပိုက်လိုင်းစီမံကိန်းမှာ ကျောက်ဖြူနားက ရမ်းဗျဲကျွန်း (Ramree Island)
ကလေယာဉ်ကွင်းကိုမွန်းမံအသုံးပြုဖို့ လည်းပါဝင်ပါတယ်။ ရမ်းဗျဲကျွန်းနေ ပြည်သူများရဲ့အဆိုအရ တရုတ်
စစ်ဘက်ဆိုင်ရာက ရမ်းဗျဲကျွန်းကို လွန်ခဲ့တဲ့နှစ်တွေကတည်းက ရောက်ရှိနေခဲ့ပြီလို့ ဆိုပါတယ်။
တရုတ်အနေနဲ့ ဆိုမာလီကမ်းလွန်မှာ သွားနေတဲ့တရုတ်ရေနံတင်သင်္ဘောတွေရဲ့လုံခြုံရေး အတွက်သူ့ ရဲ့ပထမဆုံး
လှုပ်ရှားနိုင်တဲ့ ရေတပ်ကို (ပစ္စဖစ်သမုဒ္ဒရာပြင်ပမှာ) ထားရှိနိုင်ရန်ရည်ရွှယ်ပါတယ်။ သြဂုတ်လ (၂၀၁၀) တုံးက
အန္ဒိယသမုဒ္ဒယာအတွင်းမှာ ပင်လယ်ဓါးပြရန်ပြန်လည်တိုက်ခိုက်ရန်အတွက် Guangzhou နဲ့  Chaohu တရုတ်
ရေတပ်သင်္ဘောနှစ်စီး ရန်ကုန်အနီးက သီလ၀ါမှာ ငါးရက်ကြာကျောက်ချထားခဲ့တာကို အဲသည်အချိန်က မြန်မာ
ရေတပ်ရဲ့ လွှမ်းမိုးလိုမူဟာ မြန်မာပြည် (အဲသည်အချိန်ကစစ်အစိုးရ) တင်မက တရုတ်ရဲ့ မဟာမိတ်ပါကစ္စတန်လည်း
ပါဝင်ခဲ့ပါတယ်။ (စကားချပ် - ပါကစ္စတန်ဟာ အန္ဒိယကို ချိန်ခွင်လျှာညှိဖို့ အတွက် တရုတ်ကိုချသုံးတဲ့သဘောပါ။
လက်ရှိအခြေအနေအရလည်း ပါကစ္စတန်နဲ့  အမေရိကန်ဆက်ဆံရေးဟာ ဘင်လာဒင်ကိစ္စကနေ တင်းမာနေတဲ့
သဘောရှိပါတယ် - လှိုင်ဘွား)။
Financial Times ရဲ့သတင်းအရ - ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး Claudhry Ahmed Mukhtar က
"အစ်လန်မာဘတ်(ပါကစ္စတန်) အနေနဲ့ Gwadar ဆိပ်ကမ်းကို တရုတ်ရေတပ်စခန်း အဖြစ်အသုံးပြုခွင့်ပေးဖို့ 
ရှိနေပါတယ်" ဟုထုတ်ဖေါ်ပြောကြားခဲ့သည်။ တရုတ်ဘက်က သည်ကမ်းလှမ်းမူဟာ ပါကစ္စတန် ၀န်ကြီးချုပ်
Yusuf Raza Gilaniaမေလဆန်းက တရုတ်ပြည်သို့ သွားခဲ့စဉ်အတွင်းကဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နဲ့ 
ပါကစ္စတန်ဟာ သူတို့ ရဲ့အနှစ်ခြောက်ဆယ်မြောက် ဆက်ဆံရေးအခမ်းအနားကို သည်နှစ်အတွင်း
ကျင်းပခဲ့တယ်လို့ သိရပါတယ်။
တရုတ်ကျွမ်းကျင်သူတွေရဲ့ အဆိုအရ - တရုတ်အစိုးရအနေဲ့  သမုဒ္ဒရာတခုတည်းရပ်တည်မူကနေ သမုဒ္ဒရာနှစ်ခု
(ပစ္စဖိတ် နဲ့ အန္ဒိယ သမုဒ္ဒရာ) လွှမ်းမိုးရပ်တည်နိုင်ရေးကို လိုလားတဲ့အတွက် အန္ဒိယသမုဒ္ဒရာကို ရရှိရေးမှာ
ပါကစ္စတန်နဲ့  မြန်မာ ဟာ အဓိကကျနေတယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်မှာ ထုတ်ပြန်တဲ့ တရုတ်ပညာရှင်
Li Chenyang နဲ့  Lye Liang တို့ ရဲ့အစီရင်ခံစာအရ - တရုတ်အနေနဲ့  မြန်မာနိုင်ငံတွင်းမှာ မဟာဗျူဟာမြောက်
ကားလမ်း ရထားလမ်း နဲ့ လေဆိပ်တွေကို ယူနန်ပြည်နယ်နဲ့ တိုက်ရိုက်ဆွယ်သွယ်ပြီး အန္ဒိယသမုဒ္ဒရာရေပြင်
ကိုအသုံးပြုနိုင်အောင်လုပ်ဖို့ တရုတ်ပြည်ရဲ့လိုအပ်တဲ့ ရေနံ နဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတွေတည်ဆောက်
ဖို့ ကိစ္စတွေပါဝင်ပါတယ်။
ဦးသိန်းစိန်ရဲ့ခရီးအပေါ်က - တရုတ်ရေတပ်အခြေစိုက်ရေးကိစ္စနဲ့ မသက်ဆိုင်တဲ့ အခြားကိစ္စရပ်တွေကတော့
ကီလိုမီတာ ၂၂၀၀ ရှည်လျှားတဲ့ တရုတ်မြန်မာနယ်စပ်မျဉ်းတလျှောက်က လူမျိုးစုလက်နက်ကိုင်တပ်တွေရဲ့
အရေးကိစ္စလည်းပါဝင်ပါတယ်။ မြန်မာပြည်တွင်းသတင်းတွေအရ တန့် ဆန်း လျှပ်စစ်ရေကာတာတည်
ဆောက်ရေးစီမံကိန်းက တရုတ်အင်ဂျင်နီယာ သုံးဦး မြန်မာအင်ဂျင်နီယာတဦးနဲ့ အလုပ်သမားသုံးဦးတို့ ဟာ
မွန်းတောင်းနဲ့ မွန်းပန် မြို့ များအနီးမှာ မေလ(၁၇)ရက်နေ့ အထိ ပျောက်ဆုံးနေခဲ့ပြီး မြန်မာစစ်တပ်နဲ့ တရုတ်
လုံခြုံရေးအဖွဲ့ တွေ ရှာဖွေနေခဲ့ပေမဲ့ အခုအချိန်အထိ အစအနရှာမရသေးဖူးလို့ သိရပါတယ်။
တရုတ်ဆင်ဟွာသတင်းဌာနသို့ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ် Li Junhua ကပြောကြားရာမှာ သမတ
ဦးသိန်းစိန်နဲ့ မဟာဗျူဟာမြောက် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်
ကြောင်း ပြောဆိုသွားပါတယ်။
သည်အတောအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးဟာ ဘေဂျင်းကိုရောက်ရှိနေပါတယ်။
တရုတ်ဟာ မြန်မာစစ်တပ်များအတွက် အကြီးမားဆုံးသော လက်နက်ထောက်ပံ့နေသူဖြစ်ပြီး မြောက်ကိုရီး
ယားကတော့ မြန်မာပြည်အတွက် ဒုံးပျံနည်းပညာ မြေအောက်ဥမင်တည်ဆောက်ရေးကိစ္စ နဲ့ 
(ဖြစ်နိုင်ချေအားဖြင့်) နူကလီယားပစ္စည်းများဆိုင်ရာ အထောက်အကူတွေကို ပေးနေတဲ့နိုင်ငံအဖြစ်
စွပ်စွဲခံထားရတာဖြစ်ပါတယ်။
Translated by: Hlaing Bwa / 88
The Irrawaddy News Magazine (Covering Burma and Southeast Asia)
China Defense Blog: More port related news
ဝယ်သည်။မရောင်းပါ
နိုင်ငံခြားငွေလဲပေးတဲ့ ကောင်တာ
ဓါတ်ပုံ(မြန်မာကျူ့ပစ်)
အထဲသွားမရောင်းရဲသူတွေအတွက်အပြင်မှာလျော့ဝယ်သူတွေဆီမှာလည်းရောင်းလို့ရပါတယ်..
၃..၄ ကျပ်လောက်လျော့ကောက်ပါတယ်
စကာင်္ပူနုန်းက၅၀ကွာနေတယ်လို့ကြားရပါတယ်
အမျိုးသားသွေးစည်းညီညွတ်ရေး နဲ့ နိုင်ငံကိုကာကွယ်ဖို့လိုပါလိမ့်မယ်
( အောင်မိုးဝင်း)
မြစ်ဆုံရေကာတာကိစ္စအပါအဝင် ကျနော်တို့ရင်ဆိုင်ကြုံတွေ့ရမဲ့ ပြဿနာတွေအတွက် အရှေ့ဥရောပမှာကြုံတွေ့နေဆဲ အဖြစ်အပျက်တွေကို သင်ခန်းစာယူဖို့ မိတ်ဆွေတွေကို ညှိနှိုင်းဆွေးနွေးချင်ပါတယ်။
(၁)
ယူကရိန်းရဲ့ လိမ္မော်ရောင်တော်လှန်ရေးကို ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ယူလီယာ တိုင်မိုရှန်ကို ( Yulia Tymoshenko) က သူတို့ရဲ့ လှုပ်ရှားမှုကို “ သစ္စာဖောက်ခံရတဲ့ တော်လှန်ရေးအဖြစ်” နာနာကျင်ကျင်မှတ်ချက်ချခဲ့တယ်။ မကြာခင်ကာလတုံးက သူမကို “ ရုရှားနိုင်ငံနဲ့သဘာဝဓါတ်ငွေ့စာချုပ်ချုပ် ဆိုမှု၊ အာဏာအလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဆီးခဲ့တယ်။ ၂၀၀၄ ယူကရိန်းရွေးကောက်ပွဲမှာ ရှုံးနှိမ့်ခဲ့တဲ့ “ဗစ်တာ ယန်နူကိုဗစ်ခ်ျ”လို ကွန်မြူနစ်ဟောင်းတွေ (၂၀၁၀) ရွေးကောက်ပွဲမှာ အနိုင်ရလာခဲ့တယ်။ ယူကရိန်းနိုင်ငံရေးကို ပြန်လည်ချုပ်ကိုင်လာခဲ့တယ်။ တကယ်တော့ လိမ္မော်ရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူတွေဟာ “ သစ္စာဖောက်ခံခဲ့ရတယ်” လို့ ပြောတာထက်၊ “ သတိမဲ့ခဲ့တယ်” လို့ ပြောရင် ပိုမှန်မယ် ထင်တယ်။ ရုရှားနိုင်ငံရဲ့ အညှိုးအတေးတွေဟာ တချိန်ချိန်မှာ ပြန်လည်ရောက်လာလိမ့်မယ် ဆိုတဲ့အချက်ကို ထဲ့သွင်းစဉ်းစားထားသင့်တယ်။ အဲ့ဒီအတွက် ပြင်ဆင်ထားသင့်တယ်။
(၂)
ဗလာဒီမီယာ ပူတင် ဆိုတာ ကေဂျီဘီထောက်လှမ်းရေးဟောင်း၊ သူ့ကို ရုရှားနိုင်ငံရဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင်တွေ၊ စီးပွားရေးသမားတွေအပါအဝင် ပြည်သူအများအပြားကလည်း ထောက်ခံခဲ့ကြတယ်။ ရုရှားပြည်ကြီး ကို ကြီးကျယ်မြင့်မြတ်တဲ့ နိုင်ငံတခုအဖြစ်အမြဲရှင်သန်စေချင်သူ။ စတာလင် ရဲ့ လူသတ်မှုတွေဟာ ရုရှားပြည်အတွက်လိုအပ်လို့လုပ်တာဖြစ်တယ် ဆိုပြီးထောက်ခံပြောဆိုခဲ့သူ။ အရောင်တော်လှန်ရေးတွေဆိုတာ အမေရိကန်ပြည်ထောင်စုရဲ့မြှောက်ထိုးပင့်ကော်လုပ်ပေးမှုကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်တယ် လို့ ယုံကြည်နေခဲ့သူ။ နိုင်ငံတကာနိုင်ငံရေးကစားပွဲမှာ တရားခြင်း၊ မတရားခြင်းဆိုတဲ့ဝေါဟာဆိုတာ အဓိပ္ပါယ်ဖွင့်စရာမလို၊ အရှေ့ဥရောပနိုင်ငံတွေကို ဘယ်သူချုပ်ကိုင်နိုင်မလဲ ဆိုတဲ့အဖြေကိုသာ ပိုမိုစိတ်ဝင်စားတယ်။ လိုအပ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ ဝန်မလေးခဲ့သူ။ “ ပူတင်” ဘာလုပ်ခဲ့သလဲ။
ရုရှားစီးပွားရေးသမားအများအပြားကို အရှေ့ဥရောပနိုင်ငံတွေဆီမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံစေတယ်။ မာဖီယားဂိုဏ်းတွေကိုလည်း လက်သတ်မွေးထားတယ်။ မီဒီယာတွေကိုဝယ်ပစ်တယ်။ ရုရှားပြည်ထောင်စု ရဲ့ အကျိုးစီးပွားကို လိုလားမဲ့၊ အရှေ့ဥရောပသား နိုင်ငံရေးဇာတ်ကောင်တွေကို ပြန်လည်အသက်သွင်းအားဖြည့်တယ်။ သူ့ကို ဝေဖန်တဲ့ စာရေးဆရာတွေ၊ သတင်းထောက်တွေ ကို လုပ်ကြံသတ်ဖြတ်တယ်။ အရောင်တော်လှန်ရေးတွေကို ပြန်လည်အနိုင်ယူမဲ့ အခြေအနေတခုကို ဖန်တီးနိုင်ခဲ့တယ်။ ၂၀၁၂ ရုရှား သမ္မတ ရွေးကောက်ပွဲမှာ သူပြန်လည်အရွေးခံမယ် တဲ့။ မထူးဆန်းတဲ့ ကြေငြာချက်ပါ။
အရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူတွေ ဘာတွေ မေ့လျော့ခဲ့ပါသလဲ။
လိမ္မော်ရောင်၊ နှင်းဆီရောင် သင်္ကေတတွေ နဲ့ လွင့်မျောတောက်ပခဲ့တဲ့ သင်္ကေတတွေ အောင်မြင်မှုတွေကြားမှာ သာယာခဲ့ကြတယ်။ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ နဲ့ ကန်ပိန်းတွေကြားမှာ စီးမျောခဲ့ကြတယ်။ ဒါပေမဲ့ Real Politics လို့ခေါ်တဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးပါဝါကို ကစားဖို့အတွက် အသင့်မဖြစ်ခဲ့ကြဘူး။ နိုင်ငံရေးသမားထက် ကန်ပိန်းသမားတွေက များနေခဲ့တယ်။ ဒီလိုနဲ့ အရှေ့ဥရောပမှာ “ပူတင်” ရဲ့ နှောင်ကြိုးတွေက ပြန်လည်ခိုင်မြဲလာခဲ့တယ်။
(၃)
စစ်အစိုးရခေါင်းဆောင်တွေကို တရုပ်ကြိုးစွဲသမျှ လိုက်လုပ်နေသူတွေအဖြစ်၊ စွပ်စွဲလေ့ရှိကြတယ်။ တချို့က ပေါင်းစရာလူမရှိလို့ တရုပ်ကိုပေါင်းရတာပါ လို့ သုံးသပ်ကြတယ်။ တကယ်တော့ စစ်အစိုးရကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်အုပ်စုတွေ၊ နိုင်ငံရေးသမားတွေထဲမှာလည်း တရုပ်ကွန်မြူနစ်တွေကို ငယ်ကြောက်လို ချစ်ကြောက်ရိုသေရ၊ အကြောင်းအမျိုးမျိုးကြောင့် လွန်ဆန်မရတဲ့ သူတွေအများအပြားရှိတယ် ဆိုတာလည်း သတိပြုမိဖို့လိုပါတယ်။ မန္တလေးဟာ ငြိမ်းချမ်းရေးတပ်ဖွဲ့ပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ဘူးသလို၊ တရုပ်သြဇာခံ လက်နက်ကိုင်သူပုန်အဖွဲ့တွေ၊ နိုင်ငံရေးသမားတွေနဲ့လည်း ကြုံတွေ့နေရဆဲဖြစ်တယ်။
“သူများပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ပါဘူး” လို့ကြွေးကြော်လေ့ရှိတဲ့ ကိုရွှေတရုပ်ကြီးက ခုတော့ “ တရုပ်ကုမ္မဏီတွေရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မယ်” ဆိုတဲ့ သတိပေးချက်တွေနဲ့ ဗမာစစ်အစိုးရသစ်ကို ဖိအားပေးနေပါပြီ။ နယ်ချဲ့လက်သစ်ရဲ့ အစွယ်လေးက လှစ်ကနဲ ပေါ်လာပါပြီး ကျနော်တို့ချစ်တဲ့မြေကို မထီလေးစားလုပ်လို့လာပါပြီ။
ကျနော်တို့ ရင်ဆိုင်ရမဲ့ ပြဿနာတွေက ရေကာတာ ပြဿနာတခုတည်းမဟုတ်ပါဘူး။ အရှေ့ဥရောပမှာ ပူတင်ကြံစည်ခဲ့တဲ့ ခြေလှမ်းတွေလိုမျိုး ဗမာပြည်ထဲမှာ အများအပြားအမြစ်တွယ်နေခဲ့တယ်။ သတိထားမိကြလိမ့်မယ် လို့ ထင်ပါတယ်။ အမျိုးသားရေးစိတ်ဓါတ်ကို သတိနဲ့တိုးလို့ မြှင့်တင်ကြရပါလိမ့်မယ်။ အချင်းချင်းဖြစ်နေတဲ့ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းဖို့လိုမယ်။ ပြည်ပရန်ကို ပိုမိုသတိထားကြရပါလိမ့်မယ်။
အင်ပါယာဖြစ်ချင်တဲ့ နိုင်ငံတိုင်းဟာ ပူတင် ထက် လက်ပိုသွက်ပြီး၊ ဥာဏ်နီဥာဏ်နက်တွေ ပိုသုံးနိုင်ပါတယ်။
အမျိုးသားသွေးစည်းညီညွတ်ရေးကို ပိုပြီး တိုးလို့လုပ်ကြရအောင်ပါ။
( အောင်မိုးဝင်း)
၂.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://www.ziddu.com/download/16625169/2Oct2011Yeyintngesdiary.doc.html
http://www.ziddu.com/download/16625170/2Oct2011Yeyintngesdiary.pdf.html
2 Oct 2011 Yeyintnge's Diary
သူခိုးလက်သူဝှက်လု
ထွန်းအောင်ကျော်
ဒီမိုကရေစီအင်အားစုများအတွင်း အိမ်တွင်းသန့်ရှင်းရေး(Our Own House cleaning) လိုအပ်နေပြီဖြစ်ကြောင်း DVB ၏ အတွင်းရေးအကျင့်ပျက်မှုကြီးကမီးမောင်းထိုးပြနေပါသည်။ အမှန်တော့သူဝှက်ကြီးဟန်ညောင်ဝေ၊ ခင်မောင်ဝင်းတို့က သူခိုးလေး များကို လက်ညှိုးထိုးနံမည်ကောင်းယူပြီးဂုဏ်သရေရှိရှိဆက်ခိုးကြဘို့သာရှိပေသည်။
မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည်တော်လှန်ရေးကိုဘန်းပြလုပ်စားနေသူများအတွက် “ဂွင် ကြီး” ပင်ဖြစ်သည်။ ဟန်းညောင်ဝေသည် NCGUB စင်တော်မှကောက်တင်လိုက်သဖြင့်အရှင်မွေးနေ့ခြင်းကြီးဆိုသလိုဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စားလှယ်ဘဝဖြင့် proposal တင်ပြီး NCGUB နှင့်ယူရို သန်းပေါင်းများစွာကိုဝေစားမျှစားလုပ်စားနေခဲ့သော် လည်းယ္ခုပြောနေသည့် Transparency ဆိုသည့်စကားထိုအချိန်ကမကြားခဲ့ရချေ။ ဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စား လှယ်ဘဝဖြင့်သူ၏သားသမီးများကိုအလွန်ဈေးကြီးသော Switzerland နိုင်ငံတွင်ကျောင်းထားနိုင်ခဲ့သည်။ နောက်ပိုင်း ကျေးဇူး ရှင်နာဂုတ်ကြီးကိုသစ္စာဖေါက် ၍ ဥရောပထောက်ပံ့ငွေဖြင့် တိုင်းရင်းသားလူမျိုးစုများကောင်စီ Ethnic Nationalities Council (ENC) ကိုဦးစီး ခေါင်း ဆောင်လုပ်ပြီးဗမာနှင့်တိုင်းရင်းသားများကိုသွေးခွဲ၍ခေါင်းဆောင်လုပ် ရန်အတင့်ရဲစွာကြိုးစားလာခဲ့ပြီး NCGUB နှင့်လမ်း ခွဲသွားခဲ့ပြန်သည်။
သို့ရာတွင် နိုင်ငံခြားငွေထောက်ပံ့သူများကိုစံနစ်တကျစာရင်းလိမ်ပြနိုင်မှုကြောင့် (ဘယ်လောက်ရတယ်၊ ဘယ်လိုသုံး စွဲတယ်ဆိုတာမြန်မာပြည်သားတွေ ကိုတော့ချမပြရဲဘူး၊ ပေါ်ကုန်မှာစိုးလို့။ ဒီနေရာမှာမှတ်သားလောက်စရာ NCGUB ခေါင်းရှောင်ကြီးဦးစိန်ဝင်းပြောကြားခဲ့တဲ့ သမိုင်းဝင်စကားလေးကိုမျှဝေပါရစေ။ ဦးစိန်ဝင်းကိုငွေဘယ်လောက်ရ သလဲ ဘယ်လိုသုံးစွဲသလဲ လို့မေးတဲ့အခါ ဒေါသနဲ့ မေးတဲလူငယ်ကို “ မင်းတို့ကိုဘာ လို့ပြောရ မှာလဲ၊ မင်းတို့က ငါ့ကို အခွန် ပေးနေလို့လား? အစိုးရဆိုတာအခွန်ပေးတဲ့သူကို ဘဲရှင်းပြတယ်ကွ၊ ငါတို့ကို ပိုက် ဆံပေးတဲ့NGO တွေကို ဘဲရှင်းပြ နိုင်မယ်” ဟုကျွန်တော့ ရှေ့တွင်ပြောခဲ့ဘူးသဖြင့်တအံ့တသြနားထောင်ခဲ့ရဘူးသည်။) ဟန်ညောင်ဝေသည်ဆက် လက်ထောက်ပံ့ငွေများရရှိခဲ့သော်လည်း NCGUB မှာမူဘာတိုးတက်မှုမှမပြနိုင်ဘဲဝင်ငွေများ ကျဆင်းသွားခဲ့ သည်။ စားဘို့လေး ကိုပေးနေသေးသဖြင့်နာဂုတ်အဖွဲ့ကိုအလုပ်မဖြစ်သော်လည်း မဖြုတ်ဘဲမှေးစား နေ ဆဲပါ။ တဖက်တွင်လည်းဟန်ညောင် သည် ENC ကိုတည်ထောင်၍တိုင်းရင်းသားတော်လှန်ရေးသမားများကိုဆွဲစား ခြင်းဖြင့်တစင်ထောင်ပြီးယူရိုငွေကိုဖေါဖေါသီသီသုံးရင်းတိုင်းရင်းသားခေါင်းဆောင်များ၏နောက်ကွယ်မှစီမံခန့်ခွဲသူဖြစ်လာခဲ့သည်။ အီးယူEuropean Union ရှိအစိုး ရများက အလျော့ပေးပူးပေါင်းခြင်းအတွေးအခေါ် (compromise) ကိုပြော လာ သောအခါ စီးပွါးရေးပိတ်ဆို့မှု (sanction) ကို တောက်လျှောက် အော် လာသောဟန်ညောင်ဝေကနအဖကိုဆန့်ကျင် နေခြင်းမှစီးပွါးရေးဖွင့်ပေးဘို့လိုတယ်ဆိုပြီးပြောင်းလဲအော်ခါ နေဝင်းမောင် ၊ ခင်ဇော်ဝင်း၊ပြည်တွင်းအင်ဂျီအိုတွေဖိတ်ပြီး စားကွက်ကိုထွင်လိုက်ပြန်ပါတယ်။ အော် အခုတခါ DVB ရဲ့ယာယီဦးဆောင်ညွှန်ကြား ရေးမှူးတာဝန်ယူလိုက်ရတော့ “တာတီးတို့ဗိုက်ခွေးနမ်းတဲ့ကိန်းဆိုက်ပြန်ပြီပေါ့” ။ DVB မှာသူနဲ့စည်းဝါးကိုက် လို့ရမယ့် သူတွေကို၊ ခင်မောင်ဝင်း လူမွေးသလို ထည့်သွင်းလာတာမြင်ရအုံးမယ်၊ အဓိကမဲဆောက်ရုံးကလူတွေကိုဖြုတ်ဖို့လုပ်ပြီးရင်၊ အဲဒီလူတွေရဲ့ နေရာမှာ ဟန်ညောင်ဝေနဲ့ သဟဇာတဖြစ်တဲ့ တိုင်းရင်းသားတွေပါလာဖို့ များတယ်။
DVB ကို NCGUB က မင်းသမီး စခန်းမှရဲဘော် ခင်မောင်ဝင်းကို ဒုတိယ အုပ်ချုပ်ရေးမူးခန့် ပြီးတော့ လွှတ်လိုက်တဲ့အခါ ခင်မောင်ဝင်းက သူနဲ့ဆွေမျိုးနီးစပ်တော်တဲ့လူတွေကို စိတ်ကြိုက်ဆွဲ့ ခန့် ခဲ့တဲ့အတွက် DVB အသံလွှင့် ဋ္ဌာနဟာ ဗမာစကား မပီကလာပီကလာ ပြောတတ်တဲ့ လူတွေရဲ့ အသံလွှမ်းနေခဲ့တယ် ဗမာလိုပီပီသသ ပြောနိုင်တဲ့လူတွေ ကိုမရွေးပဲ ခင်မောင်ဝင်းရဲ့ ဂိုဏ်းဂဏတည်ထောင်မှုကြောင့်ပြည်တွင်းပြည်ပကနေ DVB မှာဗမာလိုပီအောင်ပြောတတ်တဲ့ လူမရှိတော့ ဘူး လားဟုလှောင်ပြောင်ခြင်းကိုခံခဲ့ရတယ်။DVB ဟာအဲဒီကထဲကစည်းကမ်းတကျ အရည်အချင်း ရှိသူတွေနဲ့မဖွဲ့စည်း ဘဲနီးစပ်ရာဆွဲခန့်၊ BBC, VOA, RFA တို့လိုအရည်အချင်းစစ်တာ၊ အသံစစ်တာ၊ပညာအရည်အချင်းစစ်တာ တွေမရှိ ဘဲ ငါ့စကားနားထောင် မဲ့ငါ့လူဖြစ်ဘို့ကအဓိကဖြစ်နေခဲ့တယ်။ ပင်တိုင်ဆောင်းပါးရှင် နိုင်ငံကျော် စာရေးဆရာကြီး( ကြေး မုံဦးသောင်း)က ညွန့်ပေါင်းအစိုးရကို ဝေဖန်တဲ့အတွက် ဆရာကြီးကို လွတ်လပ်တဲ့ ဒီမိုကရက်တစ် မြန်မာ့ အသံလို့ ခံယူထားတဲ့ DVBက ဆင်ဆာလုပ်ပြီးအသံလွှင့်ခွှင့်ပိတ်လိုက်တယ်။ ဒီအကြောင်းကို ဆရာကြီးကိုယ်တိုင် ကျနော့်ကို ရင်ဖွင့်ခဲ့တာပါ၊ ဒါကို ဖလော်ရီဒါမှာ အခုရှိနေတဲ့ ဆရာကြီးရဲ့ ဇနီးဖြစ်သူကိုလည်းမေးကြည့်နိုင်ပါတယ်။
ခင်မောင်ဝင်းဟာ A.B.S.D.F ဒုတိယ အကြိမ်ညီလာခံမှာ ပြန်ကြားရေး ဋ္ဌာနအတွင်းရေးမှုးအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်ပါလာတယ်။ ညီလာခံအပြီးမှာ ၊ ညီလာခံမှတ်တမ်းမှတ်ရာ၊ဓါတ်ပုံ၊ အသံဖမ်းတိပ်ခွေများ၊ ဗဟိုကော် မတီဟောင်းမှလွှဲပြောင်း သောမှတ် တမ်းလက်ခံများကို သေတ္တာ တစ်ခုတွင် သိမ်းဆည်းရင်း "ဒီဟာတွေက ၊ ရွှေတွေဗျ၊ ရွှေတွေ တချိန်ကျရင် ရွှေဖြစ်မှာ" လို့ ဝမ်းသာအားရ ကြွေးကြော်ခဲ့ဘူးတယ် (တနေ့ဒါတွေကိုရောင်းစားရင်ဖြစ်ဖြစ်ထုတ်ဝေရင်ဖြစ်ဖြစ်ငွေအမြောက်အများရနိုင်မယ်ဆိုတဲ့သဘောပေါ့)။
ခင်မောင်ဝင်းဟာ ABSDF ပြန်ကြားရေးတာဝန်ခံအဖြစ် ဘာတခုမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပဲ (မင်းကြီး)အောင်သန်း (ကွယ်လွန်)အကူအညီနဲ့ ကျနော်ရေးသားတဲ့ ဖိလစ်ပိုင်ရွေးကောက်ပွဲ၊ နီကာရာဂွါရွေးကောက်ပွဲ၊ အာဏာရှင်၏ နောက်ဆုံး နေ့များ ဆောင်းပါးသုံးပုဒ်ကို ထုတ်ဖို့တောင်းလို့ရတဲ့ ကူငွေနဲ့ ABSDF ပြန်ကြားရေးဌာနမှ ထုတ်ဝေသည်ဟု အမည်တပ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်းကို ရွေးကောက်ပွဲအကြိုအဖြစ် ထုတ်ဝေဖြန့်ဖြူးခဲ့တာကို ABSDF ဗဟိုကော်မီတီ အစည်းအဝေးမှာ ပြန်ကြားရေး ဌာန နာမည်ခံထားတဲ့အတွက် သူလုပ်တာပါလို့ကျွန်တော့ရှေ့မှာ မျက်နှာပြောင်တိုက် ပြောရဲခဲ့သူဖြစ်တယ်။ ခင်မောင်ဝင်းရဲ့မသမာမှုက သူရဲ့ရဲဘော်ရဲဘက်တစခန်းထဲမှာ နေခဲ့တဲ့စာရေးအားကောင်း၊ လေ့လာ အား လဲ ကောင်းတဲ့ ထက်အောင်ကျော်(ဝင်းထိန်) ကိုDVB ကနေဘတ်ဂျက်နဲတာကိုအကြောင်းပြပြီးဖြုတ်ပြစ်လိုက် တာဘဲဖြစ်တယ်၊ ရှားရှားပါးပါးတော်လှန်ရေးထဲကအင်္ဂလိပ်၊ မြန်မာနှစ်ဘာသာလုံးနဲ့ဆောင်းပါးတွေရေးနိုင်သားနိုင်တဲ့၊ ရေးသားနေတဲ့ သူကို ဘာ့ကြောင့်ထုတ်ပြစ်ရသလဲ?။ ခင်မောင်ဝင်းမှာဒီလိုအရည်အချင်းမရှိဘူး ၊ဆောင်းပါးမရေး နိုင်ဘူး ထားဝယ်သားချင်းအတူ တူသူမဟုတ်တာ လုပ် တာ ကိုသိနေလို့မပေါ်အောင်စောစောရှင်းလိုက်တာလား?။ မေးစရာရှိ တယ်။ တော်လို့အရည်အချင်း ရှိလို့ရောက်လာတာမဟုတ်ဘဲ NCGUB ကလူယုံအဖြစ်မွေးလိုက်လို့ နေ့ချင်းညချင်း အုပ်ချုပ် ရေးမှူးဖြစ်လာသူဖြစ်တယ်။
မိုးသီး နိုင်အောင် နှစ်ခြမ်းကွဲတဲ့အခါ နိုင်အောင်ဖက်မှာ ရပ်တည်ပြီး ကိုမိုးသီးကို အစွမ်းကုန် မုန်းတီးခဲ့သူ ဖြစ်တယ်။ ဒါကြောင့် DVB မှာ တွဲဘက် အုပ်ချုပ်ရေးမှူး ရာထူးရတော့ ကိုမိုးသီးကို ဆင်ဆာလုပ်ပြီး ပိတ်ပင်တားမြစ်ထား တယ်။ ABSDF မှာ တာဝန်ထမ်းဆောင်နေစဉ် ABSDF အပြင် မြန်မာနိုင်ငံရှေ့နေများကောင်စီ အဖွဲ့ဝင် အဖြစ်လည်း ပါဝင်ခဲ့ပြီး နှစ်ဘက်ခွ လုပ်စားနေခဲ့သူဖြစ်တယ်။ ဒါကြောင့် DVB မှာ ခင်မောင်ဝင်းရောက်ရှိသွား ခြင်းဟာ ကိုယ်ကျိုးစီးပွား ရှာဖို့အတွက် စားပေါက်ကြီးပွင့်သွားတာနဲ့ အတူတူပါပဲ။ DVB ကို ဦးစိန်ဝင်းနဲ့ ညှိပြီး သူ့လူ ခင်မောင်ဝင်းကို ပို့ခဲ့သူဟာ နကုတ်အဖွဲ့ကြီးက ဒေါက်တာသောင်းထွန်းဖြစ်တယ်။ ဒေါက်တာသောင်း ထွန်းဟာ ယခု ဗဟုအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဦးကိုလည်း NCGUB ရဲ့ အတွင်းလူအဖြစ် စည်းရုံးသိမ်း သွင်းပြီး ဘားမားဖန် (Burma Fund) ရဲ့ ဦးဆောင် ညွန်ကြားရေးမှူးရာထူးကို ပေးခဲ့တာလည်း ဒေါက်တာသောင်းထွန်းပဲဖြစ် တယ်။ ဒါဆိုရင် ဒီမိုကရေစီ အဝန်းအဝိုင်းထဲမှာ ဒေါက်တာသောင်းထွန်း ချယ်လှယ်ပြီး နေရာချထားပေးခဲ့သူတွေ ဟာ ဒီနေ့ ဒီချိန်မှာ ဘယ်လောက်ဖောက်ပြန်နေတဲ့ သူတွေဖြစ်တယ်ဆိုတာကိုမီးမောင်းထိုးပြနေပြီဖြစ်တယ်။ NCGUBဟာအတ္တကြီးကြီးနဲ့တကယ်စိတ်ဓါတ်ရှိသူတွေကို မရွေး ဘဲအရည်အချင်းမရှိတဲ့အနားပြာတွေကို အဟုတ်ထင်ရွေးလိုက်တဲ့အတွက်ပြည်ပတော်လှန်ရေးကြီးတခုလုံးကျဆုံးနေခဲ့တာ ဖြစ် တယ်ဆိုရင် မမှားဘူး။
DVB အကျင့်ပျက် ချစားမှုဟာ ထိပ်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အေးချမ်းနိုင်နဲ့ ခင်မောင်ဝင်းတို့မှာ တာဝန် ရှိသလို သူတို့ကို အာမခံပေးတဲ့ NCGUB နဲ့ ဒေါက်တာသောင်းထွန်းတို့မှာလည်း တာဝန်ရှိတယ်။ ဒါကြောင့် ဒီလူတွေအားလုံးဟာ ဒီမိုကရေစီအဝန်းအဝိုင်းကနေ ခေါင်းဆောင်မှု ယူထားခြင်းမှ နှုတ်ထွက်ပေးသင့်တယ် လို့မြင်တယ်။ ယာယီနှုတ်ထွက်ထားပြီး ပြန်လည်တာဝန်ပေးခြင်းမျိုး မရှိသင့်တော့ဘူး။ လူသစ်စိတ်သစ်နဲ့ တကယ်ရိုးသားဖြောင့်မတ် သူတွေကို DVB မှာ မြင်ရဘို့ လိုတယ်။
ဟန်ညောင်ဝေဟာလည်း DVB ရဲ့ ယာယီညွန် ကြားရေးမှူးတာဝန်နဲ့ ထိုက်တန် တဲ့လူမဟုတ်ဘူး။ သူ့ကိုယ်ကျိုးစီး ပွားအတွက် ဗမာနဲ့ တိုင်းရင်းသားတွေကို သွေးခွဲဖို့ ကြိုးစားနေတဲ့သူဖြစ်သလို ခံယူ ချက်မရှိဘဲ ပုတ်သင်ညို အရောင် ပြောင်းသလို မိမိစားပေါက်ရဘို့ကိုသာ အတ္တကြီးစွာ လုပ်ဆောင်နေတဲ့သူ ဖြစ်တဲ့အတွက် အားလုံးက စာရေးသားပြီး ဟန်ညောင်ဝေကို DVB ညွန် ကြားရေးမှူးအနေနဲ့ယာယီတောင် တာဝန်မပေးသင့်ဘူးလို့ ရေးသားကန့်ကွက်ကြဖို့ လိုတယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ DVB ဟာ ကြားနေအသံလွှင့် အဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့လူပါးဝစကား ဘဲဖြစ်တယ်၊ ဒီစကားကိုပြောပြီးဒီမိုကရေစီအင်အား စုဖက်လဲမ လိုက်ဘူး၊ စစ်အစိုးရဖက် လဲမလိုက်ဘူးကြားနေမယ် ဆိုတာတော်လှန်ရေးလုပ်နေတဲ့သူတွေအားလုံးကိုစော်ကားလိုက်ပြီးပုဆိုးလှန်ပြလိုက် သလိုပါဘဲ၊ တော်လှန် ရေးအဖွဲ့အစည်းထဲမှာပါလို့ တော်လှန်ရေး အကျိုးအတွက်ခန့်လိုက်တာကို အခွင့် ကောင်း ယူပြီး သူတို့ကိုယ်သူတို့ ဝါရင့်သတင်းဆရာကြီးများ (Professional Journalists) ဖြစ်သွားပြီဆို တဲ့အမူအ ကျင့် ဟာဘာကိုပြသလဲ ဆိုတော့ ဘဝ မေ့တာ၊ ငါတို့ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတော့ဘူးဆိုတဲ့တော်လှန်ရေး ကိုကျေးဇူး ကန်း တဲ့စိတ်၊ ဘဝင်မြင့်နေ တာ အောက်ခြေလွတ်နေတာကိုပြတာဘဲဖြစ်တယ်။ ဆောင်းပါးကောင်းတပုဒ်တလေတောင် မရေးတတ်တဲ့အုပ်ချုပ်ရေးမှူးဆိုတဲ့ သူတွေကသူတို့ကိုယ်သူတို့ဝါရင့်ဂျာနယ်လစ်ကြီးများအဖြစ်သတ်မှတ်ပြီး “ကြားနေမယ်ဆိုတာဟာဒီမိုကရေစီတော်လှန်ရေးအိမ်ဦးခန်းကိုချီးတက်ပါဘဲ” အင်မတန်စော်ကားတဲ့လုပ်ရပ်လို့မြင်တယ်။ တနည်းပြောရရင်ဒီမိုကရေစီတော်လှန်ရေး ကြီးတခု လုံးကိုခုတုံးလုပ်ပြီးငါတို့ ကိုယ်ကျိုးရှာတော့မယ်လို့မျက်နှာပြောင်တိုက်ပြောလိုက်တာဘဲ။ သူတို့ရဲကြားနေမယ် ဆိုတာဆိတ်လစေ့လိုအချောင်နေပြီး ဖက်ကပ်လိုက်ဒီဖက်ကပ်လိုက်နေသာသလို အနာမခံအမုန်းမခံဘဲခွစားနေမယ်ဆို တဲ့စိတ်ဘဲ။ ငယ်ငယ်ထဲကပါလာတဲ့ စိတ်ဆိုတော့ငယ်ပါစိတ်လို့ခေါ်တယ်။ ရွံ့ရှာစရာကောင်းတဲ့စိတ်ဓါတ်တွေပါဘဲ။
အချုပ်အားဖြင့်သူခိုးလက်မှသူဝှက်လုခြင်းသည်ဒီဗီဘီအတွက်ဘာတိုးတက်ပြောင်းလဲမှုမှမရှိနိင်ချေ။ လူကောင်းတွေတကယ်ရွေးနိုင်ဘို့လိုသည်။ တကယ်မျိုးချစ်စိတ်ထက်သန်တဲ့သူတွေပါဘို့လိုသည်။ ကြိတ်စားခြင်းမဟုတ်ဘဲ သုံးစွဲမှုမှန်သမျှကိုဒိုးယိုပေါက်ထင်သာမြင်သာ (Transperency) ရှိဘို့လိုပါသည်။
တော်လှန်ရေးသစ္စာဖြင့်
ထွန်းအောင်ကျော်
မှတ်ချက်။ DVBကိစ္စကို ကိုင်တွယ်နေသောဘုတ်ဒါရိုက်တာမစ္စတာ Mr. Harald Bockman ကိုဖုံးဆက်ကြပါ။အီးမေး ပို့ကြပါ။
Mr. Harald Bockman, Board Chairman, Tel +47 9414 38 38.
It’s a shameful story for us. The Burmese "Super Thief caught Thieves" in Norway because Harn Yawnghwe is well known as a super corrupter among the Burmese.If the Norway donors is continue to use these corrupted management, it will be obviously reflected as neglected democratic societies of Burma.
K K O
Bertil Lintner ရဲ့စာအုပ်ဝေဖန်သုံးသပ်ချက်ထဲမှာ စာရေးဆရာ Samaranyake ဟာ သမတကြီး စပ်ရွှေသိုက် ရဲ့သမီးနဲ့လက်ထပ်ခဲ့သူ Peter Simms ဟာဗြိတိန်အစိုးရရဲ့စပိုင်တယောက်ဖြစ်နေတာစာရေး ဆရာ ကသိပုံမပေါ်ဘူး လို့ပါတယ်။ သမိုင်းမြှုပ်ကွက်တခုပါဘဲ။ ဟန်ညောင်ဝေရဲ့အမကြီးယောက်ျားပေါ့။
“During that time he also met Peter Simms, an Englishman turned Buddhist who had married one of the daughters of Myanmar's first president, Sao Shwe Thaike, and become an adviser to one of the country's newspaper editors. What Samaranayake probably did not know was that Simms was also a British intelligence agent,”
Book Review Asia Times October 1, 2011, Before the Darkness, Rangoon Journalist: Memoirs of Burma Days 1940-1958 by F Smaranayake
Reviewed by Bertil Lintner
http://www.facebook.com/photo.php?v=2245830358180
DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင်ဘာလ ၃၀ မှာ သတင်းထုတ်ပြန်ပါတယ်.. အလွဲသုံးစားလုပ်တာ ၂၀၁၀ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ ၃သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀၀ လောက်လို့  ခန့် မှန်းပါတယ်.. အလွဲသုံးစားမှုမှာ ပါဝင်ပါတ်သက်မှု မရှိပေမယ့် အဖွဲ့ အစည်းတခုလုံး စီမံခန့် ခွဲရေးနဲ့  အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးချမ်းနိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းတို့ က စီမံခန့် ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်.. ဒီကိစတွေနဲ့ ပါတ်သက်ပြီး အဖြေမှန် အမှုမှန် အခြေအနေမှန် သိရအောင် နော်ဝေရဲဌာနမှာ အမှုဖွင့်ပြီး စံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ့ ဝင် စပ်ဟန်ညောင်ရွှေက DVB ဦးဆောင်ညွှန်ကြားရေးမှုးတာဝန် ယာယီ ထမ်းဆောင်ပါမယ်.
By DVB
Published: 30 September 2011
1. The Management and Board of Directors of the Democratic Voice of Burma (DVB) have discovered that the leadership of DVB ’Inside Operations’ in Burma may have embezzled in 2010, up to Baht 9 million (1.7 million Norwegian Kroners or approximately 300,000 US Dollars) from funds allocated for journalists and operations inside Burma.
2. Preliminary investigations by the Board show that other DVB journalists working in Burma and elsewhere were not involved.
3. The Executive Director of DVB, Aye Chan Naing, and the Deputy Executive Director, Khin Maung Win, although not involved in the embezzlement, have taken full responsibility. They have stepped down from their management positions to enable external auditors to conduct an impartial investigation.
4. The Board of Directors have accepted the decision of the two Executive Directors and have appointed Harn Yawnghwe as Acting Executive Director of DVB to oversee operations in the interim.
5. The DVB Board has initiated legal action. This initiative is of crucial importance to prove that the DVB as an exiled media institution that promotes democratic values and transparency does not allow any organisational practices that go contrary to what it is promoting. DVB is registered as a Norwegian Foundation.
6. This process will not have any major impact on DVB operations, nor on any of the DVB affiliates.
Over the years, DVB has built up an extensive network of reporters inside the country, which has delivered news under challenging conditions. The fact that 17-DVB journalists from the network at present are serving from 3 to 65 year terms in various prisons in Burma is a clear indicator of the selfless and dedicated work of these journalists.
(Harald Bockman)
Contacts:
1. Mr. Harald Bockman, Board Chairman, Tel +47 9414 38 38.
2. Mr. Harn Yawnghwe, Acting Executive Director, Tel +32 475 75 3632.
တော်လှန်ရေးရံပုံငွေ အလွဲသုံးစားလုပ်သူတွေကိုအရေးယူပေးပါ
တော်လှန်ရေးရံပုံငွေတွေကိုအလွှဲသုံးစားလိုက်တဲ့ ဒီဗွီဘီ ၀န်ထမ်းတွေကို ထိရောက်စွာအရေးယူပေးဖို့ 
တောင်းဆိုပါတယ်။ မဲဆောက်ရုံးတာဝန်ခံ က မျိုးမင်းနိင်ဖြစ်တယ်။ တော်လှန်းရေးရံပုံငွေတွေကို အလွဲသုံး စားလုပ်တဲ့ ပြသာနာများအရင်က ပေါ်ပေါက်ခဲ့ဘူးသော်လည်း ထိရောက်စွာအရေးမယူနိင်ခဲ့ကြဘူး။
ဓါတ်ပုံ- နော်ဝေးရဲက ပြည်သူပိုင်ငွေ အလွဲသုံးစား အမှုအဖွင့်ခံထားရတဲ့ဒီဗွီဘီ ယူဂျီတာဝန်ခံ မျိုးမင်းနိုင်။) ဥပမာ>ဇော်နိင်ဦး (လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှုး ) ဟာလဲ တော်လှန်ရေးရံပုံငွေတွေ ကို ထင်တိုင်းသုံးဖြုံးခဲ့တယ်။ ကိုယ်ကျိုးရှာ အကျင့်ပြတ်တယောက်ဖြစ်တယ်။ သူဟာ ယခုအခါမှာ နော်ဝေး နိင်ငံ အော်စလိုမြို့ မှာပဲ ခိုအောင်းနေဆဲဖြစ်တယ်။ သူကိုလဲ ထိရောက်စွာအရေးယူဖို့ လိုတယ်။
ဒီဗီင်္ွဘီ လာဘ်စားမှု ဘူးပေါ်သလိုပေါ်လာပြီ။ စစ်တပ်ထဲမှာပဲလဘ်စားတာမဟုတ် ဒီမိုတွေမှာလဲ ကိုယ်ကျိုးရှာသူတွေရှိနေတယ်။
DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင်ဘာလ ၃၀ မှာ သတင်းထုတ်ပြန်ပါတယ်.. အလွဲသုံးစားလုပ်တာ ၂၀၁၀ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ ၃သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀၀ လောက်လို့  ခန့် မှန်းပါတယ်..
ငွေကြေးအရှုပ်အရင်းကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့ အေးချမ်းနိုင်
အလွဲသုံးစားမှုမှာ ပါဝင်ပါတ်သက်မှု မရှိပေမယ့် အဖွဲ့ အစည်းတခုလုံး စီမံခန့် ခွဲရေးနဲ့  အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးချမ်းနိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းတို့ က စီမံခန့် ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်..
ငွေကြေးအရှုပ်အရင်းကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့ခင်မောင်ဝင်း
ဒီကိစတွေနဲ့ ပါတ်သက်ပြီး အဖြေမှန် အမှုမှန် အခြေအနေမှန် သိရအောင် နော်ဝေရဲဌာနမှာ အမှုဖွင့်ပြီး စံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ့ ဝင် စပ်ဟန်ညောင်ရွှေက DVB ဦးဆောင်ညွှန်ကြားရေးမှုးတာဝန် ယာယီ ထမ်းဆောင်ပါမယ်။
ရဲက အမှုဖွင့်ခံထားရသော မျိုးမင်းနိုင်
( မဲဆောက်နေ ပွ ကြီးဆိုသူကို တွေ့ ရင် သတင်းပေးကြပါ။ သူလဲတာဝန်ရှိသူတဦးဖြစ်တယ်။ )
သတင်းပြည့်အစုံကိုဒီဗွီဘီ ၀က်ဆိုဒ်မှာရှာကြည့်နိင်ပါတယ်။
http://komoethee.blogspot.com/
လှည်းတန်းပြည်မြန်မာကုန်တိုက်အနီးက ဆန္ဒပြပွဲ
ယနေ့ နေ့လည်၁၂ ခွဲ ၀န်းကျင်တွင် ပြည်မြန်မာကုန်တိုက် အနီးတွင် လူဦးရေ (၂၀) ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွား၊၂ဦးဖမ်းဆီးထား
by Myit Makha Mediagroup on Sunday, October 2, 2011 at 5:51pm
ကျော်ဇင်မန်း(မြစ်မခ)
အောက်တိုဘာလ ၂၊ ရန်ကုန်မြို့။
၂၀၁၁ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ နေ့လည် ၁၂ ခွဲ ၀န်းကျင်တွင် လှည်းတန်းပြည်မြန်မာ ကုန်တိုက် အနီးတွင် လူဦးရေ (၂၀) ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ပြည်မြန်မာအဆောက်အအုံအား လေလံအောင်ပြီးနောက် ပြည်မြန်မာကုန်တိုက် အတွင်းနှင့်ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများအား နစ်နာကြေးတစုံတရာမှ ပေးခြင်းမရှိဘဲ ဖယ်ရှားခိုင်းခဲ့သောကြောင့်၊ ဖယ်ရှားပေးရသူများမှာ ဆိုင်ခန်းများအစား သင့်တော်သော နေရာတစ်နေရာတွင် ဆိုင်ခန်းပြန်ဖွင့်နိုင်ရန် စီစဉ်ပေးနိုင်ရေးအတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။
`အဓိကကတော့ ကျွန်တော်တို့ ငှားရမ်းဝယ်ယူထားတဲ့ဆိုင်ခန်းတွေကို သိမ်းဆည်းသွားတဲ့အတွက် သင့်တော်တဲ့နေရာမှာ ပြန်လည်စီစဉ်ပေးဖို့တောင်းဆိုတာပါ။ ဒီနေရာလေးမှာလဲ ၁၀ နှစ်မကလုပ်လာတာပါ။
သိန်းကိုဆယ်နဲ့ချီပြီးဝယ်ထားရတဲ့သူတွေပါ။ အချို့ဆိုင်ခန်းတွေဆို သိန်း ၁၅၀ ကျော်ထိ ပေးခဲ့ရတယ်၊ အဲဒါကိုဖယ်ခိုင်းတယ်၊ နေရာပေးတာမျိုး၊ တစုံတရာ ဆောင်ရွက်ညှိုနိုင်းပေးတာမျိုးလည်း မရှိဘူး။ ချက်ခြင်းကြီးမောင်းချတာ ´ ဟု ဆန္ဒပြသူများထဲတွင်ပါဝင်သူတစ်ဦးကပြောသည်။
ပြည်မြန်မာကုန်တိုက်အတွင်းတွင် ဆိုင်ခန်းပေါင်း (၉၈)ခန်းရှိပြီး၊ အလုပ်သမားဝန်ထမ်းပေါင်း ၂၀၀ ၀န်းကျင်ခန့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရှိရသည်။ ထိုထဲမှ အချို့ဆိုင်ခန်းရှင်များမှာ အရောင်းအ၀ယ်စာချုပ်ဖြင့် ဆိုင်ခန်းများအား ၀ယ်ယူထားသူများလည်း ပါဝင်နေကြောင်း သိရှိရသည်။
လေလံအောင်ပြီးနောက် ပြောင်းရွှေ့ပေးရ သည့်အချိန်မှစ၍ ငါးလကျော်ကြာသည်အထိ သက်ဆိုင်ရာမှ စီစဉ်ပေးမှုတစ်စုံတစ်ရာမရှိမှုကြောင့် ယခုလိုဆန္ဒပြရခြင်း ဖြစ်ကြောင်း ပြောဆိုချက်များကြောင့် သိရသည်။
အဆိုပါ ဆိုင်းခန်းများအား ငှားရမ်းလုပ်ကိုင်ခဲ့သူများအနေဖြင့် နိုင်ငံတော်သမ္မတကြီးထံသို့ ၂၀၁၁ ခုနှစ် မေလ တွင် အသနားခံစာတင်ထားခဲ့ကြောင်းသိရှိရသည်။
ယနေ့ ဆန္ဒုပြရခြင်းမှာ ဆိုင်ခန်းငှားရမ်းလုပ်ကိုင်ခဲ့သူများအနေဖြင့် နစ်နာနေသောကြောင့် စာနာထောက်ထားသော အားဖြင့် တစုံတရာဆောင်ရွက်ပေးပါရန် တောင်းဆိုခြင်းဖြစ်ကြောင်း အဆိုပါ ဆန္ဒပြနေသူ တစ်ဦးက ပြောသည်။
ထိုဆန္ဒပြခြင်းသည် ၁၂ နာရီခွဲဝန်းကျင်မှစ၍ နာရီဝက်ခန့်ကြာမြင့်ပြီး လူဦးရေ (၂၀)၀န်းကျင် ပါဝင်ကြောင်းသိရသည်။
`ကျွန်တော်တို့ ဆန္ဒပြကြတဲ့အထဲက အမျိုးသမီး(၂) ဦးကို ဖမ်းသွားတယ်။ သူတို့က ဆိုင်းဘုတ် အကြီးတွေ ကိုင်ပြီးဆန္ဒပြကြတဲ့သူတွေပါ ´ ဟု ပြည်မြန်မာကုန်တိုက်အတွင်းတွင် မိုးကျော်နာရီပြင်ဆိုင် ဖွင့်ခဲ့သူ ကိုလှိုင်မိုးကပြောသည်။
ဖမ်းဆီးခံရသူ နှစ်ဦး၏အမည်များမှ မခင်မျိုးလွင်နှင့် မသီတာတို့ဖြစ်ပြီး အသက်(၃၀)၀န်းကျင်ရှိကြောင်းသိရသည်။ ၎င်းတို့ကိုင်ဆောင်ထားသောဆိုင်းဘုတ်များတွင် `ပြည်မြန်မာကုန်တိုက်မှ ဆိုင်ခန်းပိုင်ရှင်များ နစ်နာဆုံးရှုံးမှုများအတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသည်´ ဟုရေးထားကြောင်း သိရသည်။
ထိုဖမ်းဆီးထိန်းသိမ်းခံထားရသူ(၂)ဦးနှင့်ပတ်သတ်၍ ဖမ်းဆီးခေါ်ဆောင်သွားသော ကမာရွတ်မြို့နယ် မ.ယ.က ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ ထိုဖမ်းဆီးခြင်းခံထားရသူများအားပြန်လည် လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း မ.ယ.က ရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
သို့သော် မ.ယ.က ရုံးအနီးတွင် စောင့်ဆိုင်းနေသော ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ မခင်မျိုးလွင်၏အမဖြစ်သူ မစိုးက မခင်မျိုးလွင်တို့အား ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်းတို့ကိုလည်း ရုံးအတွင်းသို့ဝင်ခွင့်မပြုကြောင်း ပြောသည်။
`သူတို့ပြန်လွှတ်မပေးသေးပါဘူး။ ကျွန်မက ကျွန်မညီမလေးကိုခေါ်သွားကတည်းက ဒီရုံးနားမှာ ထိုင်စောင့်နေတာပါ။ ရုံးထဲကိုလဲ ၀င်ခွင့်မပေးပါဘူး။ ကျွန်မညီမလေးကိုစိတ်ပူလို့ပါ ´ဟု ဖမ်းဆီးထိန်းသိမ်ခြင်းခံထားရသူ မခင်မျိုးလွင်၏အမ မစိုးကပြောသည်။
ပြည်မြန်မာကုန်တိုက်သည် နိုင်ငံတော်၏ လေလံစာရင်းထဲတွင်ပါဝင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လ ၁ရက်နေ့တွင် ဆိုင်ခန်းများအား အပြီးပြောင်းရွှေ့ပေးရမည်ဟု ၂၀၁၁ ခုနှစ် မေလနောက်ဆုံးပတ်တွင် ကြော်ငြာချက်ထုတ်ပြန်ခဲ့ကြောင်း ဆိုင်ရှင်များထံမှ သိရသည်။
`ဒီပြည်မြန်မာကုန်တိုက်ကို လေလံအောင်တာက အေအေ အင်တာပရိုက်ကပါ၊ သူတို့က အရင်စီးပွားကူးသန်းကနေ အရောင်းအ၀ယ်စာချုပ်တွေနဲ့ ချုပ်ပြီးရောင်းခဲ့တဲ့ သူတွေကို ကျေနပ်အောင် တစုံတရာ ဆောင်ရွက်ပေးထာမျိုး ညှိုနှိုင်ဆောင်ရွက်ပေးတာမျိုး လုပ်ပေးမယ်ဆိုရင်တော့ ခုလောက်ထိ မဖြစ်နိုင်ပါဘူး၊ ညှိုနှိုင်ဆောင်ရွက်ပေးသင့်တယ်`ဟု လှည်တန်းဈေးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။
Sunday, October 2, 2011
ယနေ့  နေ့ လည်၌ ဖြစ်ပွားခဲ့သော ရန်ကုန် လှည်းတန်း ပြည်မြန်မာကုန်တိုက်အနီး ဆန္ဒပြပွဲနှင့် အခြေခံ အကြောင်းရင်းများ။
ရန်ကုန် လှည်းတန်း ပြည်မြန်မာ ကုန်တိုက်အနီးမှာ ဆန္ဒပြမှုတစ်ခု ယနေ့  နေ့ လည်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ယခင်တစ်လောက ဖြစ်ခဲ့သည့် ပြည်မြန်မာကုန်တိုက်မှ ဆိုင်ခန်းများအား လေလံတင်ရောင်းချပြီး နစ်နာကြေးငွေ မပေးမှုကြောင့် ဖြစ်ကြောင်း သိရှိရပါတယ်။
ယနေ့  နေ့ လည်၌ ဖြစ်ပွားခဲ့သော ရန်ကုန် လှည်းတန်း ပြည်မြန်မာကုန်တိုက်အနီး ဆန္ဒပြပွဲဖြစ်ပွားရတဲ့  အခြေခံ အကြောင်းရင်းများကတော့ -
"ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမီးပွိုင့်အနီးရှိ ပြည်မြန်မာကုန်တိုက် လေလံတင်ရောင်းချခြင်း အရှုပ်တော်ပုံကိစ္စအား တိုင်ကြားအသိပေးခြင်း - http://niknayman-niknayman.blogspot.com/2011/07/blog-post_12.html"
"ရန်ကုန် လှည်းတန်းလမ်းဆုံက ပြည်မြန်မာကုန်တိုက် မတရား သိမ်းပိုက်ခံရခြင်းလုပ်ရပ်ဟာ သိန်းစိန်တို့ ပြောနေတဲ့ သန့် ရှင်းအစိုးရဖြစ်ဖို့  ပြောနေတာနဲ့  လွဲနေ - http://niknayman-niknayman.blogspot.com/2011/07/blog-post_8934.html"
"အတိတ်ဖြစ်ရပ်ဆိုး၊ ခါးသီးဝေဒနာအိမ်မက်နဲ့ ခေတ်သစ်အတွက် သင်ခန်းစာအသစ် ဖွင့်မဲ့ လည်းတန်း ပြည်မြန်မာကိစ္စ - http://niknayman-niknayman.blogspot.com/2011/07/blog-post_8916.html"
ဆန္ဒပြသူတွေထဲမှ မခင်မျိုးလွင်နဲ့  မသီတာတို့ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။ ဒီလို မတရားဖမ်းဆီးမှုတွေဟာ ယခုထိတိုင်အောင် ဖြစ်နေတာမို့  သိန်းစိန်တို့ ရဲ့  ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အပြောသာရှိပြီး လက်တွေ့ မှာတော့ လွဲချော်နေတုန်းပါဘဲ။
http://www.niknayman-niknayman.co.cc/
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကော်မရှင်ဖွဲ့ဖို့လိုနေပြီ
Posted by on October 2, 2011
အခုတလောပြည်တွင်းနိုင်ငံရေးဖြစ်ထွန်းမှုများဟာ ထင်ထားတာထက် အများကြီးမြန်မြန်ဆန်ဆန်ပြောင်းလဲနေတာမို့ မျက်ခြေမ မပြတ်မျက်လုံးဒေါက်ထောက်ကြည့်နေရုံနဲ့ မလုံလောက်လို့ မျက်ခွံကိုပါ ကရိန်းနဲ့ မတင်ထားရတဲ့ကိန်း ဆိုက် နေပါပြီ။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်တို့ စက်တင်ဘာ (၃၀) ရက်နေ့က အစိုး ရသစ်လက်ထက်မှာ တတိယအကြိမ်တွေ့ဆုံဆွေးနွေးကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ကြေညာရာ မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ၊ ဧရာဝတီမြစ်ကြောင်းကိစ္စ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတည် ဆောက်ရန်ကိစ္စနဲ့ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အရင်ဆွေးနွေးပွဲများနဲ့ မတူ- ထူးခြားတာက သတင်းထောက်များရဲ့ မေးခွန်းတချို့ကို လက်ခံဖြေကြားသွား တာတွေ့ရပါ တယ်။
သတင်းထောက်များက NLD ပါတီအနေနဲ့ မှတ်ပုံတင်ရေးကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲကိစ္စ၊ မြစ်ဆုံကိစ္စနဲ့ နိုင်ငံရေးအ ကျဉ်းသားကိစ္စ၊ တိုင်းရင်းသားကိစ္စရပ်များအပါအဝင် NLD ရဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အတွင်းမှာ ပါဝင်ခွင့်တွေကို မေးကြ တာပါ။ ဒါတွေဟာ အများပြည်သူသိလိုတဲ့ မေးခွန်းများဖြစ်တယ်ဆိုတာ အငြင်းပွားစရာမလိုပါ။
ဒါပေမယ့် အသီးတရာအညှာတခုဆိုသလို သည်မေးခွန်းအားလုံးရဲ့အဖြေဟာ တနေရာမှာရှိနေပါတယ်။ တွေ့ဆုံဆွေးနွေး ပွဲဖြစ်စဉ်ရဲ့ အလွန်သိမ်မွေ့ညင်သာတဲ့အပိုင်းကိုရောက်နေတာမို့ သည်အချက်ကို လူသိရှင်ကြားဘယ်သူကမှ ထုတ်မပြော ကြသေးပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်မှု၊ ပြည်သူအပေါ်မေတ္တာထားမှုဆိုတဲ့ သီလတ ရားများသာမက ဉာဏ်ပညာထက်မြက်မှု၊ ကျယ်ပြန့်နက်ရှိုင်းတဲ့တွေးခေါ်ဆင်ခြင်နိုင်မှုတခုချင်းသာမက တစုံလုံးကို သ ဘောပေါက်နားလည်မှု၊ အမျှော်အမြင်ကြီးမားမှုဆိုတဲ့ “ပညာ” ရဲလက္ခဏာများကို ယုံကြည်ကိုးစားကြတာမို့ အချိန်အခါ ရောက်ပြီဆိုရင်တော့ သည်အညှာကို ဒေါ်စုအနေနဲ့ မလွဲမသွေ ဆုပ်ကိုင်လာလိမ့်မယ်လို့ ယူဆမျှော်လင့်နေသူတွေ ထောင်သောင်းမက ရှိပါတယ်။
ကျနော်ပြောနေတဲ့အညှာ၊ အထူးသဖြင့် ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန် တကယ်ဦးတည်စေနိုင်တဲ့ ဒေါ်စုနဲ့ ဦးအောင်ကြည်ဆွေးနွေးတဲ့အချက် (၄) ချက်စလုံးကို ပြေလည်စေနိုင်တဲ့အရာ၊ အုပ်စိုး သူအဆက်ဆက်ရဲ့ မတရားဖိနှိပ်မှုတွေကို ခါးစည်းခံခဲ့ရတဲ့ အပြစ်မဲ့လူမျိုးပေါင်းစုံပြည်သူလူထုရဲ့ နာကျည်းခါး သီးမှုတွေ ကို လျော့ပါးလွင့်ပျောက်စေပြီး ယုံကြည်မှုတည်ဆောက်ရေး အရှိန်အဟုန်ကို ပိုမိုမြန်ဆန်စေမယ့်ဆုံချက်ကတော့ “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်း” တခုကို တီထွင်ဖန်တီးဖို့ပဲ ဖြစ်လာပါတယ်။
သမတကြီးဦးသိန်းစိန်ရဲ့ အစိုးရသစ်ဟာ ပြုပြင်ပြောင်းလဲမှုများလုပ်နေတယ်လို့ မြန်မာပြည်သူပြည်သားများသာမက ကမ္ဘာက လက်ခံလာအောင် ကြိုးပမ်းနေတာကို ဘယ်သူမှ ငြင်းမရပါ။ လက်ခံသူရှိမယ်၊ လက်မခံသူရှိမယ်၊ ကျေနပ်သူ ရှိမယ်၊ မကျေနပ်သူရှိမယ်၊ သံသယနဲ့ စောင့်ကြည့်သူရှိမယ်၊ ပူးပေါင်းဆောင်ရွက်သူတွေရှိတယ်။ ဒါသဘာဝပါ။ သည်နေ ရာမှာ မေးခွန်းထုတ်ကြည့်တယ်။ သမတကြီးဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေ အခုလိုလုပ်လာရတဲ့ နိုင်ငံရေး ရည်ရွယ်ချက်က ဘာလဲပေါ့။ ၂၀၀၈ အခြေခံဥပဒေအသက်ဝင်ရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ချောမွေ့ ညင်သာစွာအ ကောင်အထည်ဖော်ရေးပဲလို့ ယူဆရပါတယ်။ တဖက်ကလည်း သမတကြီး ကတိပြုထားတဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး (Good Governance)၊ သန့်ရှင်းသောအစိုးရ (Clean Government)၊ ဒီမိုကရေစီကျင့် စဉ် (Democratic Practice) များ ထွန်းကားရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တရားဥပဒေစိုးမိုးမှု၊ ပွင်းလင်းမြင် သာမှု၊ တာဝန်ခံမှု၊ ဆင်းရဲချမ်းသာ ကွာဟမှုလျှော့ချခြင်း၊ သဟဇာတဖြစ်သောလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး၊ စီးပွားရေး ပြု ပြင်ပြောင်းလဲရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး စတဲ့လုပ်ငန်းစဉ်များနဲ့ ပတ်သက်လို့လည်း အလုပ်နဲ့ သက် သေပြနေတာလက်တွေ့မို့ သမတကြီးရဲ့ Commitment ကို သံသယရှိစရာမလိုပါ။
ရှင်းရှင်းလင်းလင်းဆိုလိုချင်တာကတော့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဟာ မြန်မာပြည်ပြဿနာအားလုံးရဲ့ အဖြေ ဖြစ်ပါတယ်။ ဘက်နှစ်ဘက်စလုံးက အထိမခံနိုင်တဲ့ အင်မတန်သိမ်မွေ့တဲ့အခင်းအကျင်းဖြစ်ပါတယ်။ NLD ရဲ့ ၂၉ မတ် ၂၀၁၀ ရွှေဂုံတိုင်ကြေညာချက်နဲ့ ပူးတွဲပါသုံးသပ်ချက်များကိုလေ့လာမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို လုံးဝဖျက်သိမ်း ဖို့တောင်းဆိုတာမဟုတ်ပဲ ဒီမိုကရေစီစံချိန်စံညွှန်းများနဲ့ လုံးဝမကိုက်ညီဘူးလို့ ယူဆရတဲ့အချက်အလက်အချို့ကို ပြင်ဆင် ပေးဖို့တောင်းဆိုတာ တွေ့ရပါတယ်။ အတိုက်အခံများရဲ့ အထူးသဖြင့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ် ရှားမှုများအပေါ်အစဉ်အကဲဖြတ်လေ့လာနေတဲ့ အစိုးရအနေနဲ့ သည်ကိစ္စကို သတိမထားမိမှာ မဟုတ်ပါ။ ဒါ့အပြင် ရွှေဂုံ တိုင်ကြေညာချက်ပါ အခြေခံဥပဒေပြင်ဆင်ရေးတင်ပြချက်များဟာလည်း အသေမဟုတ်ဘဲ ပြုလွယ်ပြင် လွယ်တဲ့အရာ များ ဖြစ်ရပါလိမ့်မယ်။
ဝမ်းသာစရာကောင်းတာက သည်အခြေခံဥပဒေပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီး သမတကြီးဦးသိန်းစိန်အစိုးရဟာ ပျော့ ပြောင်းတဲ့ပေါ်လစီရှိတဲ့အရိပ်အယောင်တချို့တွေ့ရပါတယ်။ ၂၀၁၁ သြဂုတ်လ ၂၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးမှာ နိုင်ငံတော်သမတကြီးက “ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ အကျိုးစီးပွားကိုရှေ့ရှု ပြီး ငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ကာ ကျနော်တို့ ရဲ့ မှန်ကန်တဲ့ စေတနာကို ထုတ်ဖော်ပြသဆောင်ရွက်လျက်ရှိပါတယ်” လို့ မိန့်ကြားတာတွေ့ရတဲ့အပြင် နောက်တပိုဒ် မှာ …
“အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုများကိုလည်း သဘောထား အမြင်ကွဲလွဲမှုကြောင့်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခလျော့ပါးအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” လို့ ဆိုတာတွေကို အပြု သဘောဆောင်တယ်လို့မှတ်ယူပြီး ကြိုဆိုရမှာဖြစ်ပါတယ်။
ဒါ့အပြင် စက်တင်ဘ ၂၉ ရက်နေ့က RFA နဲ့ အင်တာဗျူးမှာ သမတကြီးရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကို ကိုလှိုင် ကလည်း ကမ္ဘာမှာပြင်မရတဲ့ အခြေခံဥပဒေမရှိကြောင်း၊ အင်ဒိုနီးရှားမှာတောင် ယခင်က တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်ပုံစံထားရှိခဲ့ပေမယ့် အခုဆိုရင် မရှိတော့ဘူးဆိုတာကို ကိုးကားပြောသွားတာတွေ့ရပါတယ်။
သမတကြီးနဲ့ သမတကြီးရဲ့အကြံပေးတို့ ပြောဆိုချက်များဟာ လုံလောက်တဲ့ ပြည်သူတရပ်လုံး ကျေနပ်စေတဲ့ ကတိက ဝတ်အဆင့်မဟုတ်သေးပေမယ့် အလိမ်ခံရဦးမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ စောင့်ကြည့်နေသူတွေရဲ့ ပူပင်သောကကို မလျော့ပါးနိုင်သေးပေမယ့်- ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာအခြေအနေမျိုး၊ သားရွှေအိုးထမ်းလာတာ မြင်ရတာ မျိုးဖြစ်ပေါ်လာစေဖို့ မျှော်လင့်ချက်ရောင်ခြည်များဖြစ်တယ်ဆိုတာ လွန်မယ်မထင်ပါ။ သေချာတာတခုကတော့ ၂၀၀၈ အ ခြေခံဥပဒေများထဲက တချို့ပုဒ်မတွေဟာ ပြည်သူလူထုနဲ့ အမျိုးသားအကျိုးစီးပွားအတွက်နဲ့ သမတကြီး ခဏခဏပြော နေတဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရနဲ့ ဒီမိုကရေစီကျင့်စဉ်များထွန်းကားရေး စတဲ့ တိုင်းပြုပြည်ပြု လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ပြုပိတ်ပင်နေတာကြောင့် သင့်တော်တဲ့တချိန်ချိန်မှာ မုချဖျက်သိမ်း ပစ်ရမှာဖြစ်တယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ တခြားတဖက်ကလည်း ၂၀၀၈ အခြေခံဥပဒေကို လတ်တလောကာလမှာ အကုန်အစင်ဖျက် သိမ်းရေးကို အတင်းအဓမ္မ လုပ်ဆောင်ကြိုးပမ်းမယ်ဆိုရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ပန်းတိုင်ပျောက်ဆုံးပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်များနဲ့ ပဋိပက္ခအသွင်ဆောင်လာပါလိမ့်မယ်။
အခြေခံသဘောကတော့ ယခုလိုကာလမျိုးမှာ၂၀၀၈ အခြေခံဥပဒေကို လုံးဝမပြုပြင်ပဲ သည်အတိုင်း ဆက်လက် တည် မြဲဖို့ကြိုးပမ်းတာဟာ အစွန်းတဖက်ဖြစ်သလို ၂၀၀၈ အခြေခံဥပဒေ အကုန်အစင် ဖျက်သိမ်းရေးကြိုးပမ်းမှုဟာလည်း အ စွန်းတဖက်ဖြစ်ပါတယ်။ သည်အစွန်း (၂) ဖက်လုံးဟာ စစ်မှန်တဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ကြိုးပမ်းရ မယ့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ သဟဇာတဖြစ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်များကို မုချမသွေထိပါးစေမှာ ဖြစ်ရုံသာ မက ပြည်သူလူထုရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်အရာများဖြစ်ပါတယ်။ ဒီအစွန်းနှစ်ဘက်ကို ရှောင်ရှားပြီး အားလုံးလက်ခံနိုင်တဲ့ ဟန်ချက်- မျှခြေတခုကို နိုင်ငံရေးအနုပညာမြောက်မြောက် တွေ့ဆုံညှိနှိုင်း အဖြေ ရှာကြရမှာ ဖြစ်ပါ တယ်။ ပြည်သူလူထုရဲ့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ Frame Work တွင်းကသာ ဖြေရှင်းကြမယ်ဆို ရင် မဖြေရှင်းနိုင်တဲ့ ပြဿနာမရှိလို့ ယုံကြည်ပါတယ်။ လူထုခေါင်းဆောင်နဲ့ သမတကြီးဦးသိန်းစိန်အစိုးရကြားမှာ ယုံကြည်မှုတည်ဆောက်မှု ဟာ အရှိန်ရနေပါပြီ။ လူထုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးစီးပဲ့ကိုင်မှုကို ဦးလည်မသုန်နာခံမှာကို သံသယရှိ စရာမလိုပါ။ သမတကြီးရဲ့ အမျှော်အမြင်ကြီးမားမှုနဲ့ တိုင်းချစ်ပြည်ချစ်စိတ်များကြောင့်လည်း ပြုပြင်ပြောင်းလဲရေးဟာ အ ရှိန်ရလာပြီး ပြဿနာအားလုံးရဲ့သော့ချက်ဖြစ်တဲ့ နှစ်ဖက်အင်အားစုများအကြား သံသယတွေကို လျော့ပါးစေရုံသာမက ယုံကြည်မှုများတိုးပွားစေမယ့် လွှတ်တော်ကိုယ်စားလှယ်များသာမက လွှတ်တော်ပြင်ပက သင့်တော်တဲ့ပုဂ္ဂိုလ်များ ပါဝင် နိုင်တဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ကော်မရှင်တရပ် (ကော်မတီ မဟုတ်ပါ) ကို ပြည်ထောင်စုလွှတ်တော်က မကြာ ခင်ကာလအတွင်း စတင်အသက်သွင်းဖို့လိုပြီလို့ ထင်မြင်ပါကြောင်း။
မြင်းရည်တက်ဦးသာ
1st,October 2011.
http://www.naytthit.net/
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု တရုတ်ဆွေးနွေးလို
စနေ, 01 အောက်တိုဘာ 2011
By သားညွှန့်ဦး
မြန်မာနိုင်ငံရဲ့ မြစ်ဆုံစီမံကိန်းကိစ္စ ရပ်ဆိုင်းလိုက်ပြီလို့ သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်တဲ့နောက် ဒီစီမံကိန်းမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံဘက်ကတော့ တရုတ်အမျိုးသားပိုင် ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ဥပဒေရပိုင်ခွင့်ကို လေးစားဖို့နဲ့ အကာအကွယ်ပေးဖို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်ကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာ့အရေး စောင့်ကြည့်သူတွေကတော့ နောက်နောင်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ သိသာပွင့်လင်းတဲ့ လုပ်ထုံးလုပ်နည်း ဥပဒေစည်းမျဉ်းတွေ မြန်မာ အစိုးရဘက်က ချမှတ်ထားဖို့လိုအပ်မယ်လို့ ပြောပါတယ်။ ကိုသားညွှန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
အခု မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ပေါ်လာတဲ့ပြဿနာတွေကို နှစ်နိုင်ငံအကြားမှာ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဌာနက စနေနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ ဒီမြစ်ဆုံစီမံကိန်းကို နှစ်နိုင်ငံစလုံး အသေအချာ ဆန်းစစ်လေ့လာပြီးမှ နှစ်ဘက် သဘောတူညီခဲ့တာဖြစ်လို့ ဒီကိစ္စကို ဆက်လုပ်မလုပ်ဆိုတာ နှစ်ဘက်စလုံးရဲ့ သဘောနဲ့ တိုင်ပင်ဆုံးဖြတ်ရမယ် ဆိုတဲ့သဘော တရုတ်နိုင်ငံခြားရေးဘက်က တုံ့ပြန်လိုက်တာပါ။ တရုတ်အမျိုးသားပိုင် ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ရပိုင်ခွင့်တွေကို လေးစားဖို့ လိုအပ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ပြောခွင့်ရသူက မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။
မြစ်ဆုံဆည်စီမံကိန်းဟာ နှစ်ဘက်စလုံး နှံ့နှံ့စပ်စပ် ဆန်းစစ်ပြီးမှ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံ ပူးတွဲ ရင်းနှီးမြှုပ်နှံလုပ်တဲ့ စီမံကိန်းဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ပြောခွင့်ရသူ ဟုန်လီ (hong lei) ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်ခင်ကတော့ တရုတ်နိုင်ငံအနေနဲ့ သူ့အကျိုးစီးပွားကြောင့် မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေနေတယ် ဆိုတာကိုတော့ သဘောပေါက်သင့်တယ်လို့ သူ့အမြင်ကို ပြောသွားပါတယ်။ အခု ပြဿနာကြောင့်တော့ တရုတ်-မြန်မာ ဆက်ဆံရေးကို ကြီးကြီးမားမား ထိခိုက်စရာမရှိဘူးလို့ သူက သုံးသပ်ပါတယ်။
“နိုင်ငံခြားမှာရှိတဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်ရမယ်ဆိုတဲ့ မူဝါဒ တရုတ်မှာရှိတယ်။ အရင်တုန်းကတော့ နိုင်ငံခြားမှာနေတဲ့ တရုတ်တွေဟာ နိုင်ငံခြားဥပဒေကိုပဲ လိုက်နာရမယ်ဆိုပြီး ရှိခဲ့တယ်။ နောက်ပိုင်း အခုခေတ် တရုတ်ကတော့ အဲဒီလိုမဟုတ်ဘူး။ နိုင်ငံခြားမှာရှိတဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်ရမယ်လို့ သူက ဆိုတယ်။ ဒါပေမဲ့ အခု ဒီကိစ္စက တရုတ်အကျိုးစီးပွားကြောင့် မြန်မာအကျိုးစီးပွား ပျက်စီးမယ့်ကိစ္စကို သူတို့ ထည့်စဉ်းစားဖို့လိုတာပေါ့။ သူ့အကျိုးစီးပွားချည်းပဲ တဘက်ကကြည့်နေတယ်။ တရုတ်က အဲဒီအကျင့်ရှိတယ်။ ကိုယ့်လိုချင်တာတခုပဲ ကြည့်ပြီး စီးပွားရေးဆန်ဆန်ပေါ့လေ သူများဘာဖြစ်ဖြစ် ဆိုပြီးတော့ပေါ့။ တရုတ်ပြည်မှာ ဒီ စရိုက်လက္ခဏာ အလွန်ကြီးမားတယ်။”
အဲဒီတော့ အခု မြန်မာအစိုးရသစ်နဲ့ တရုတ်နဲ့ကြားထဲမှာ ဆက်ဆံရေးပိုင်းမှာ ဒီကိစ္စကြောင့် ဘယ်လို ဖြစ်လာနိုင်လဲခင်ဗျ၊ အန်ကယ့်အမြင်ပေါ့။ -
“စီးပွားရေးနဲ့ပတ်သက်လို့ကတော့ သူတို့ အပေးအယူရှိတာပေါ့လေ။ ဆက်ဆံရေးက အများကြီး ရှိသေးတာကိုး။ ဒီရေကာတာတခုတည်းမှ မဟုတ်ဘဲ။ ရေနံပိုက်လိုင်းလို မြန်မာပြည်က ရစရာတွေ ရှိသေးတာကိုး။ အဲဒီတော့ တရုတ်ကတော့ ဆက်ဆံရေးတော့ အပျက်ခံမှာမဟုတ်ဘူး။ ရေကာတာတွေ မရလို့ရှိရင် ယူနန်ကတော့ ထိခိုက်မှာပေါ့။ လောလောဆယ် ယူနန်နဲ့ ဆက်ဆံရေးပဲ။ တရုတ်အစိုးရကတော့ ဆက်ဆံရေး မထိခိုက်အောင် သူ လုပ်မှာပေါ့။ လောလောဆယ် ပြဿနာဖြစ်နေတာက ယူနန်က ကုမ္ပဏီတွေနဲ့ပဲ ဖြစ်မှာပေါ့။”
မြစ်ဆုံစီမံကိန်း ယာယီရပ်ဆိုင်းတာကြောင့် တရုတ်-မြန်မာဆက်ဆံရေး ကြီးကြီးမားမား ထိခိုက်မှာ မဟုတ်ဘူးလို့ ဦးအောင်ခင်က ယူဆပေမဲ့ မြန်မာ့အရေးလေ့လာသူ သုတေသီ ဦးသန့်မြင့်ဦးကတော့ ဒီကိစ္စအပေါ်မှာ မြန်မာဘက်က သတိကြီးကြီးတော့ ထားရမယ်လို့ မြင်ပါတယ်။ ဗွီအိုအေရဲ့ အမေးကို သူက စာနဲ့ပဲ တုံ့ပြန်ထားရာမှာတော့ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စီးပွားရေး အလျင်အမြန် တိုးတက်အားကောင်း လာတဲ့ နိုင်ငံဖြစ်တာမို့ သူ့အိမ်နီးချင်းနိုင်ငံ တနိုင်ငံအဖြစ်နဲ့ မြန်မာဘက်ကရလာနိုင်မယ့် အကျိုးအမြတ် တွေကိုလည်း ရယူဖို့အတွက် တရုတ်နဲ့ဆက်ဆံရေး ဆက်ကောင်းနေဖို့ လိုမယ်လို့ သူက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ဟာ အရေးကြီးတဲ့ နိုင်ငံရေး အပြောင်းအလဲတရပ်အဖြစ် မှန်ကန်တယ်လို့ သူက ရှုမြင်ထားပါတယ်။ တဘက်မှာတော့ တရုတ် အစိုးရဘက်က ဒီကိစ္စကို စိုးရိမ်ပြီး ဖြေရှင်းချက် လိုချင်တဲ့အပေါ်မှာလည်း နားလည်လို့ရတယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့်လဲ အခုအချိန်ရော အနာဂါတ်ကာလအတွက် ရင်းနှီးမြှုပ်နှံမှု အားလုံးအတွက် လိုအပ်တဲ့ ဥပဒေ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတွေ ထားရှိဖို့နဲ့ တချိန်တည်းမှာ ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပြုပေးဖို့ ဆိုတာတွေလည်း ထည့်သွင်းစဉ်းစားဖို့ ဦးသန့်မြင့်ဦးက တိုက်တွန်းပါတယ်။
မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းဟာ တရုတ်စွမ်းအင် ရင်နှီးမြှုပ်နှံမှုကုမ္ပဏီ၊ မြန်မာအမှတ် (၁) လျှပ်စစ်ဝန်ကြီး ဌာနနဲ့ မြန်မာပုဂ္ဂလိကပိုင်း အေးရှဝေါလ် ကုမ္ပဏီတို့ ပူးတွဲရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒီ စီမံကိန်းကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖော်ဆောင်ခဲ့တာပါ။
မြန်မာပြည်တွင်းက အထင်ကရပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးအစုအဖွဲ့တွေက ဒီစီမံကိန်းကို မကြာခင်က ကန့်ကွက်ပြောဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်က ဒီစီမံကိန်းကို သူ့လက်ထက်မှာ ယာယီ ရပ်ဆိုင်းထားလိုက်ပြီလို့ တနေ့ကပဲ လွှတ်တော်မှာ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
http://www.voanews.com/burmese/news/