Monday, October 3, 2011

သီးလေးသီးရဲ့ ခေါင်းဆောင်ဟာ ဇာဂနာလည်း မဟုတ်ဘူး။ ဂေါ်ဇီလာလည်း မဟုတ်ဘူး။

တနင်္လာ, 03 အောက်တိုဘာ 2011
ကိုဇာဂနာ ထောင်ဝင်စာ တွေ့ခွင့်ပြုမည်

By အေးအေးမာ

နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ စွယ်စုံအနုပညာရှင် လူရွှင်တော်ကိုဇာဂနာရဲ့ ဆွေမျိုးသားချင်းတွေကို ထောင်ဝင်စာ တွေ့ဆုံခွင့်မပေးဘဲ တစ်နှစ်ခွဲလောက် တားမြစ်ထားရာက အခုတော့ ပြန်လည် တွေ့ခွင့် ပြုလိုက်ပါပြီ။ ကိုဇာဂနာ အကျဉ်းကျခံနေရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားထောင်မှာ ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့တဲ့ တခြား နိုင်ငံရေးအကျဉ်းသား မိသားစုတွေကတဆင့် အခုလို အကြောင်းကြား လာခဲ့တာလို့ သူ့ရဲ့သားချင်းတဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ် ၃၅ နှစ်ကျခံနေရတဲ့ လူရွှင်တော်ဇာဂနာ ခေါ် ကိုသူရကို မိသားစုဝင် အရင်းအခြာကလွဲလို့ တခြားဆွေမျိုးတွေကို တွေ့ခွင့်မပေးနိုင်ဘူးဆိုပြီး ထောင်ဝင်စာ ငြင်းပယ်ခံထားရတာ ၁ နှစ်ခွဲလောက် ရှိခဲ့ပါပြီ။ ဒီလို တားမြစ်ခံရပြီးတဲ့နောက် အခုနောက်ဆုံး ထောင်ဝင်စာ ပြန်ပေးခဲ့တာပါ။ ဒီလိုတွေ့ဆုံခွင့် ပြန်ပေးတယ် ဆိုတာကိုတော့ တရားဝင်သဘောမဟုတ်ဘဲ တခြား ထောင်ဝင်စာ တွေ့ဆုံခဲ့တဲ့ မိသားစုတွေကတဆင့် အသိပေးခဲ့တာလို့ ကိုဇာဂနာရဲ့ ခယ်မဖြစ်သူ မငြိမ်းက ပြောပါတယ်။

“အခု ထောင်ဝင်စာကတော့ ထွက်လာပြီ။ ကျမကို ထောင်ဝင်စာ လူကြုံထည့်ပေးလိုက်တဲ့သူကတော့ ထောင်ဝင်စာဝင်တဲ့ ကောင်လေးက သူ့အစ်ကို့ကို မှာလိုက်တယ်တဲ့။ ကိုသူရအိမ်ကို ပြောပေးပါ၊ ထောင်ဝင်စာ လာလို့ရပြီလို့ ပြောလိုက်တယ်တဲ့။ နောက်ပြီးတော့ ကိုသူရက သူ ထောင်ဝင်စာ သွားတွေ့တဲ့နေရာနဲ့ နီးတယ်ပေါ့နော်။ ပြီးတော့ ကိုသူရက လှမ်းအော်တယ်တဲ့။ မငြိမ်းကို ပြောလိုက်ပါတဲ့၊ သီးလေးသီးရဲ့ ခေါင်းဆောင်ဟာ ဇာဂနာလည်း မဟုတ်ဘူး။ ဂေါ်ဇီလာလည်း မဟုတ်ဘူးလို့ ပြောပေးပါလို့ ပြောတယ်တဲ့။ အဲဒါ လှမ်းအော်တယ်တဲ့။ သူကတော့ ဒါ မလွတ်တဲ့အကြောင်း သက်သေပြတဲ့အနေနဲ့တော့ ကျမ ထင်တာတော့ သူ လှမ်းပြီး အသံပြုတယ်ပေါ့။ သူတို့ လမ်းလျှောက် ဆုံကြတဲ့အချိန်မှာ ပြောလိုက်တယ်လို့ ထင်တာပဲ။ မနက်ဖြန် မနက်ဆိုရင် ကျမ မြစ်ကြီးနားထောင်ကိုလည်း ဆက်သွယ်မယ်။ မြစ်ကြီးနား ပြည်နယ်အကြီးအကဲ ဆီလည်း ကျမ ဆက်သွယ်ကြည့်မယ်။ ဟုတ်တယ်ဆိုရင် သူတို့ ကျမကို တရားဝင် အကြောင်းကြားရမယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ တရားဝင်စာနဲ့ ပိတ်ထားတာကိုး။”

မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး တောင်းဆိုနေချိန်မှာပဲ ကိုဇာဂနာ အပါအ၀င် တက်ကြွလှုပ်ရှားသူတချို့ ပြန်လည် လွတ်မြောက် လာတော့မယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ဒီသတင်းတွေဟာ လတ်တလောမှာ အခြေအမြစ်မရှိတဲ့ ပြောဆိုမှုတွေသာ ဖြစ်တယ်လို့လည်း မငြိမ်းကပြောပါတယ်။

“ကျမကို ပြည်တွင်းဂျာနယ်က သတင်းထောက်တွေက ကျမဆီကို ကြာသပတေးနေ့မှာ စ ဆက်လာတော့ တော်တော်ထူးဆန်းတဲ့ သတင်းတစ်ခုတော့ ကျမ ကြားရတယ်။ ကြားရတယ်ဆိုတာ ဘာ စပြောလဲဆိုတော့ ကိုဂေါ်ဇီလာက သူတို့တိုက်တွေကို ဖုန်းဆက်တယ်တဲ့။ ကိုသူရ ၂၈ ရက်နေ့မှာ မန္တလေး ရောက်မယ်။၂၉ ရက်နေ့မှာ အိမ်ရောက်မယ် ဆိုပြီးတော့ အဲဒါ အိမ်ကို သွားတွေ့လို့ ပြောတယ်ပေါ့။ တချို့တွေက ကျမ ဖုန်းနံပါတ်တောင် မသိဘူး။ အဲဒါကြောင့် ကျမလည်း တော်တော်ထူးဆန်းတယ်။ အဲဒီသတင်းကြီးကတော့ ကျမဆီမှာ တော်တော်ကို ပဟေဠိဖြစ်စရာ အဖြစ်အပျက်ကြီးတော့ ဖြစ်နေတယ်။ ဟုတ်လဲမဟုတ်ဘဲနဲ့ပေါ့နော် ကျမထင်တာကတော့ ကျမတို့ နိုင်ငံရေးမိသားစုတွေဘက်မှာဆိုရင် အရမ်းကြီး စိတ်ခံစားမှု ဖြစ်စေမယ့် သတင်းလေ။ သူ တော်တော် ပိုင်ပိုင်နိုင်နိုင်နေရာကပဲ သိလို့ပဲ ပြောသလား၊ အဲဒီလိုမျိုးကြီးတော့ ကျမတို့ မိသားစုတွေအနေနဲ့ကတော့ ဖြစ်နေတယ်။”

ကိုဇာဂနာဟာ ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘေးသင့်ခဲ့ရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရင်းနဲ့ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတာပါ။ ဖမ်းဆီခံရပြီးတဲ့နောက် ထောင်ဒဏ် ၅၉ နှစ်ကျခံခဲ့ရပြီး အယူခံကြောင့် ထောင်ဒဏ်၂၄ နှစ်ထိ လျော့ချကာ လက်ရှိထောင်ဒဏ် ၃၅ နှစ် ကျခံနေရတာဖြစ်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲတွေ လုပ်မယ်လို့ ကတိပေးထားတဲ့ အစိုးရအနေနဲ့ ကိုဇာဂနာ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုးလို သိသာတဲ့ လုပ်ဆောင်မှုတွေပြသဖို့ နိုင်ငံတကာက တောင်းဆိုနေကြသလို မကြာသေးခင်ကပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တက်ကြွလှုပ်ရှားသူ ၁ သိန်းကျော်က အလားတူ တောင်းဆိုမှုတွေကို လက်မှတ်ရေးထိုးပြီး သမ္မတဆီ ပေးပို့ခဲ့တာပါ။

မြန်မာအစိုးရသစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ အကျဉ်းသားတွေ မကြာခင် လွှတ်ပေးမယ်ဆိုပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကတိပေးခဲ့ပေမဲ့ ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမပါဆိုတာနဲ့ ဘယ်အချိန်လွှတ်မှာလဲ ဆိုတာတွေကိုတော့ မေးခွန်းထုတ်နေကြဆဲ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/Zagana-10-03-11-130976973.html

DVB ငွေကြေး အရှုပ်တော်ပုံ VJ အဖွဲ့တချို့ နှုတ်ထွက်


ကျော်ခ | တနင်္လာနေ့၊ အောက်တိုဘာလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၈ မိနစ်

နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ - DVB သတင်းဌာနတွင် မြန်မာကျပ်ငွေ သိန်း ၃,၀၀၀ ခန့် တန်ဖိုးရှိသည့် အမေရိကန်ဒေါ်လာ သုံးသိန်း ငွေစာရင်းကွာဟာမှုကြောင့် ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်
နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့နှစ်ဦးက အုပ်ချုပ်ရေးရာထူးများမှာ ယာယီ နှုတ်ထွက်ထားပြီး အမှုမှန်ပေါ်ပေါက်ရန်အတွက် နော်ဝေရဲဌာနမှ အမှုဖွင့်စစ်ဆေးနေကြောင်း DVB က ထုတ်လွှင့်သွားသည်။

လက်ရှိ DVB ၏ ယာယီ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ကိုယူထားသည့် ဦးဟန်ညောင်ဝေ က “ငွေကြေး ကွာဟ
မှု အဓိကဖြစ်ပွားသည့် နေရာသည် မဲဆောက်အခြေစိုက် ဌာနခွဲမှ ဖြစ်ကြောင်း” ထုတ်ဖော်ပြောဆိုထားသဖြင့် DVB ၏ ပြည်တွင်း လုပ်ငန်းစဉ်များကို တဆင့်လုပ်ကိုင်ဆောင်ရွက် ပေးနေသည့် မဲဆောက်အခြေစိုက် ဌာန ဦးဆောင် တာဝန်ရှိသူ ကိုစံ (ခ) ကိုအောင်ထွန်းနှင့် မဇ္ဈိမ သတင်းထောက် ကျော်ခ က မေးမြန်းထားသည်။

ကိုအောင်ထွန်းသည် ၂ဝဝ၆ ခုနှစ် မဲဆောက်အခြေစိုက် DVB ဌာနခွဲ တည်ထောင်စဉ်ကပင် ပါဝင်ခဲ့သူ တဦးဖြစ်ပြီး Burma VJ အဖွဲ့တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

DVB ရဲ့ အမေရိကန်ဒေါ်လာ ၃ သိန်းကွာဟမှုဖြစ်နေတဲ့နေရာဟာ မဲဆောက်ရုံးက အဓိကလို့ DVB ဘုတ်အဖွဲ့က သတင်းမီဒီယာတွေကို ပြောဆိုနေတာတွေဟာ တကယ်အမှန်ပဲလားခင်ဗျ။

“ဒါကဒီလိုပါ။ ဒါရိုက်တာ အပါအဝင် ဘုတ်အဖွဲ့ဝင် ဦးဟန်ညောင်ဝေတို့ ပြောသွားသလိုမျိုး မဲဆောက်မှာ အဓိက
ငွေကွာဟမှုဖြစ်တယ်လို့ ပြောသွားတာတွေ စွပ်စွဲချက်တွေက အပေါ်ယံပါ။ ဒီကိစ္စက မဲဆောက်တင် မဟုတ်ဘဲနဲ့
အော်စလိုက တာဝန်ခံပြီး လက်မှတ်ထိုးထားတဲ့ ကိုခင်မောင်ဝင်းတို့ စသဖြင့် အားလုံးပါဝင်ပတ်သက်နေတဲ့ ကိစ္စပါ။ ဒီကိစ္စကို မဲဆောက်ရုံးဆိုပြီးတော့မှ ဦးဟန်ညောင်ဝေက မကွဲမပြား ပြောသွားတာရှိပါတယ်။ သူ့စကားကို ပြန်ကြည့် လိုက်ရင်လည်း တာဝန်ရှိသူ ၃ ယောက်ဆိုတာက စီနီယာတွေ မန်နေဂျာတွေ ကျနော် အပါအဝင် ပေါ့လေ အဲဒီ လူတွေကို ဆိုလိုတာလား ဒါမှမဟုတ် အောစလိုမှာရှိတဲ့ ဒီ Network တခုလုံးရဲ့ အကြီးအကဲ တယောက်ဖြစ်တဲ့ တယောက်ကို ဆိုလိုတာလား စသဖြင့် သူတို့က ကွဲကွဲပြားပြား မပြောတဲ့ အချိန်မှာ ကျနော်တို့ကလည်း ဘာမှ
ပြန်မပြောနိုင်ပါဘူး။”

“ဒီကိစ္စ စဖြစ်ကတည်းက လွန်ခဲ့တဲ့ ၂ လ ၃ လလောက်ကတည်းက သူတို့က ဒီလိုကွာဟမှု ရှိနေတယ်ဆိုတာ
နှုတ်နဲ့ အကြောင်းကြားတဲ့အတွက် ကျနော်တို့ ဒီမှာ စရင်းဇယားတွေ ကိုင်နေရတဲ့လူတွေ ပြုလုပ်ပေးနေရတဲ့
လူတွေကို ဘယ်နေရာတွေမှာ ကွာဟတယ်။ ဘယ်လိုဆိုတာကို တိတိပပ တရားဝင် အီးမေးနဲ့ဖြစ်ဖြစ်၊ စာနဲ့ဖြစ်
ဖြစ် အကြောင်းကြားခဲ့တာ မရှိပါဘူး။”

“ဒီဟာကို နှုတ်နဲ့ပဲပြောလာတော့ ကျနော်တို့က ဒီအပ်ါမှာ ဖြေရှင်းခဲ့ပါတယ်။ သူတို့က ဒီဟာကို ပြေလည်မှု မရှိဘဲနဲ့
နောက်ဆုံး ထိုင်းနိုင်ငံကို ကိုအေးချမ်းနိုင် ကိုယ်တိုင်လာပြီးတော့ မြန်မာပြည်ထဲကလာတဲ့ သတင်းထောက်တွေ စီမံနေရတဲ့ လူတွေနဲ့ ဒီဟာကို အကျေအလည် ဆွေးနွေးပြီးတဲ့နောက်မှာမှ သေချာ အဖြေမရှာသွားဘဲနဲ့
အောက်တိုဘာ ၁ ရက်နေ့မှာ မီဒီယာ ထုတ်ပြန်ချက်အနေနဲ့ တဘက်သတ် လုပ်လိုက်တဲ့သဘောမျိုးပါ။”

မဲဆောက်ရုံးရဲ့ တာဝန်က ဘာလဲ။ DVB ရဲ့ အဓိက ဘယ် Program အတွက်၊ ဘာတွေ လုပ်ပေးနေရ
တာလဲ။

“မဲဆောက်ရုံးဆိုတာက ပြည်တွင်း Network အားလုံးကို အုပ်ချုပ်နေတဲ့ ဌာနချုပ်နေရာပါ။ နဂိုကတည်းက ပြည်တွင်း
က လာတဲ့သတင်းရုပ်သံ အကြမ်းတွေကို သက်ဆိုင်ရာ တခြားဌာနတွေကို ပို့ပေးရတဲ့ တာဝန်ပဲ ရှိခဲ့တာပါ။ နောက်ပိုင်း ကြတော့ ရွှေဝါရောင်လိုကာလမှာ Network မျိုးမှာ ပိုမိုအောင်မြင်လာပြီးတော့ အလုပ်တွေ ပိုအောင်မြင်လာတဲ့ ကာလမှာ။ ကျနော်တို့ကလည်း သတင်းအချောလုပ်ရတဲ့ အနေအထားတွေပါ လုပ်လာရပါတယ်။”

“အခြေခံအားဖြင့်တော့ ကျနော်တို့ဒီမှာကတော့ သတင်းအချော သတင်းရုပ်သံအတွက် ပုံမှန်သတင်းတွေအပြင် Feature မှတ်တမ်းတွေပါ လုပ်ရပါတယ်။ ပြီးတော့ ပြည်တွင်းသတင်းထောက်တွေကို သင်တန်းပေးတာမျိုးတွေ
ပြည်တွင်း သတင်းထောက်တွေ လာတဲ့အခါမှာ လာတဲ့အခါမှာ ဆက်ဆံရတဲ့အခါ၊ နိုင်ငံတကာ သတင်းထောက်
တွေ လာတဲ့အခါတွေမှာ ကူညီဆောင်ရွက်ပေးတာမျိုးတွေ လုပ်ငန်းဆောင်တာတွေကတော့ အများကြီးရှိပါတယ်။”

မဲဆောက်ရုံးကို စထောင်တာ ဘယ်တုန်းကလဲ။ လူဦးရေ ဘယ်လောက်ရှိလဲ။

“၂ဝဝ၆ နှစ်ဆန်းကတည်းက ဒီမှာ ရုံးအနေနဲ့ ရှိခဲ့တာပါ။ လူဦးရေကတော့ ပုံမှန်မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာ လတ်မှတ်တွေကလည်း မရှိဘူးဆိုတော့ ဒုက္ခသည်စခန်းထဲမှာ သွားနေရတဲ့ အခါမျိုးတွေ၊ ပြည်တွင်း ပြန်ဝင်
နေရတဲ့ ဟာမျိုးတွေရှိပါတယ်။ ပုံမှန် ပျမ်းမျှအားဖြင့်တော့ ဒီမှာ ၁၅ ယောက်လောက် ရှိပါတယ်။”

မဲဆောက်ရုံးက တာဝန်ခံရတဲ့ ပြည်တွင်း သတင်းထောက် ဘယ်နှစ်ယောက်ရှိလဲ။ ဘယ်လိုတွေလုပ်ကိုင်ရလဲ။

“ပြည်တွင်းမှာ ကျနော်တို့ Network မှာပျမ်းမျှအားဖြင့် လူ ၅၀ ဝန်းကျင်လောက်ရှိတာပေါ့။ စာရင်းဇယား အတိအကျ ကိုတော့ ကျနော်မသိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေက အမြဲတမ်းအဝင်အထွက်ရှိတယ်။ တချို့တွေက Network အပေါ် အဖွဲ့ဝင်အဖြစ်အနေနဲ့ ပါဝင်လုပ်ကိုင်နေသူတွေ ရှိနေသေးသလို စိတ်ဓါတ်အရ ပါဝင်ကူညီပေးနေ
တဲ့ လူတွေလည်း ရှိပါတယ်။”

“ဒါပေမယ့် အဲဒီမှာ အယောက် ၅ဝ လုံးကတော့ ကင်မရာကိုင်၊ ဘောလ်ပင်၊ စာရွက်ကိုင်ပြီးလုပ်နေတဲ့ သတင်းထောက်တွေ လို့တော့ ပြောလို့မရပါဘူး။ တချို့တွေက သူတို့ သက်ဆိုင်ရာ သက်ဆိုင်ရာ ကဏ္ဍတွေကို တာဝန်အသီးသီး ခွဲယူရတာပါ။ တချို့တွေက ဗွီဒီယို ရိုက်ကူးနေတဲ့ အချိန်မှာ တချို့တွေက အင်တာနက်ဆိုင် ကနေပြီးတော့ ဒီဘက်ကို ပြန်တင်ပေးနေတာ၊ တချို့ကလည်း လူကိုယ်တိုင်သယ်ပြီးတော့ ထိုင်းကို လာပို့တာမျိုး၊ သုတေသနတွေရှိတယ်။”

ဒီကဏ္ဍတွေကိုကတော့ ချင်းမိုင်ရုံးနဲ့ ဆက်သွယ်ပြီး လုပ်တာလား အော်စလိုနဲ့ တိုက်ရိုက် ချိတ်ပြီး လုပ်တာလား။ ဘယ်သူက ဦးဆောင်လုပ်ပေးလဲခင်ဗျ။

“ကျနော်တို့က နဂို Network စတည်ထောင်ကတည်းက နော်ဝေးမှာရှိတဲ့ ထိပ်တန်း အကြီးအကဲတွေ ဖြစ်တဲ့ ကိုခင်မောင်ဝင်း၊ ကိုအေးချမ်းနိုင်နဲ့ အယ်ဒီတာတချို့လောက်ပဲ သိခဲ့တာပါ။ ဒီချင်းမိုင် မှာရှိတဲ့ သတင်းရုံးနဲ့ မဲဆောက်မှာရှိတဲ့ တခြားသတင်းရုံးတွေက လူတွေတောင် ကျနော်တို့ ဒီမှာရှိတယ်ဆိုတာ ပြီးခဲ့တဲ့ ၂ဝ၁ဝ လောက်
က တိတိပပ သိခဲ့တာမဟုတ်ဘူး။”

အခုကွာဟနေတယ်ဆိုတဲ့ ငွေကြေးတွေဟာ ဘယ်ကာလတုန်းက ဖြစ်တာလဲ။ ဘယ်ကဏ္ဍတွေမှာ
ဖြစ်သွားတာလဲ။ ဘယ်လို စသိတာလဲ။

“ငွေရေးကြေးရေး Report လုပ်ရတဲ့ အပိုင်းကို ပြောရမှာပဲဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ငွေကြေးက ပြန်တင်တဲ့ အခါမျိုးမှာ အကြမ်းလုပ်တဲ့ လုပ်ငန်းနဲ့ Output ကိုပဲ အစပိုင်းမှာ အကြမ်း လုပ်တဲ့ စရင်းဇယားတွေပဲ ရှိပါတယ်။
နောက်ပိုင်းမှာ လုပ်ငန်းချဲ့ထွင်ဖို့နဲ့ ရံပုံငွေတွေ ပိုချပေးတဲ့အခါကြတော့ စရင်းဇယားစနစ်က အမြဲတမ်း ဒီအော်စလို
က ဦးခင်မောင်ဝင်းတို့ တောင်းနေတဲ့ ပုံစံ စနစ်တွေက အမြဲတမ်းပြောင်းလဲနေတာ။ သူတို့ Donors တွေကို
ပြန်တင်ပြတဲ့ အခါမျိုးမှာလား ဒါမှမဟုတ် စရင်း ဇယား အသစ်အတွက်လားဆိုတာ ကျနော်တို့ အတိအကျ မသိပါ
ဘူး။”

“ကျနော်တို့ဘက်မှာလည်း ဘယ်သူက ဘာရာထူးနဲ့ ဆိုတာ ခွဲထားတာမရှိပါဘူး။ လုပ်နိုင်တဲ့လူက ပိုလုပ်နေပြီးတော့ မလုပ်နိုင်တဲ့လူတွေက အခါအားလျော်စွာ အပတ်စဉ်လုပ်နေတာမျိုးတွေလည်း ရှိပါတယ်။ ဒါတွေကို သူတို့ဘက် ကလည်း နားလည်ပြီးတော့ လူဦးရေ အတိအကျ မဖြစ်လည်း ကိစ္စမရှိပါဘူး။ ဥပမာအားဖြင့် သတင်းထောက်
မောင်ဖြူ၊ မောင်မဲ၊ မောင်နီ စသဖြင့် အဆင်ပြေအောင် စရင်းဇယားမှာ ထည့်လိုက်ပါပေါ့။ လစာကိုလည်း အဆင်ပြေ
အောင်ထည့်လိုက်ပါ စသဖြင့် ဒါတွေက အဲလိုမျိုး တင်ပေးခဲ့တာရှိတယ်။”

“ကျနော်တို့က နဂိုကတည်း က Ground မှာလုပ်နေတဲ့ဟာတွေနဲ့က တူနိုင်မှာမဟုတ်ဘူး။ အရင်ကတည်းက အုပ်စုလိုက် မျှဝေပြီး သုံးနေရတဲ့ အနေအထားတွေရှိပါတယ်။ ၂ဝဝ၉ ၊ ၂ဝ၁ဝ နောက်ပိုင်းမှာ ဒီစနစ်နဲ့ပဲ Network ကကြီးထွားလာတယ်။ ငွေကြေးသုံးစွဲမှုများလာတယ်။ စသဖြင့်ရှိခဲ့ပေမယ့်လည်း အားလုံးသွားနေတဲ့ စနစ်က ဒီပုံစံအတိုင်းပါပဲ။”

“ဒါပေမယ့် ၂ဝ၁၁ နောက်ပိုင်းမှာ စရင်းစဇယားတွေ ကွာဟနေပါတယ်။ စရင်းကိုင်က တွေ့ရှိပါတယ်ဆိုပြီး အကြောင်းကြားလာပြီး ဘက်ဂျက် ဖြတ်တာမျိုး သြဂုတ်လက စလုပ်လာပါတယ်။ စလုပ်လာတဲ့ အခါမျိုးကျတော့ ကျနော်တို့က ဒီဘက်ဂျက်နဲ့ ရှိတဲ့ လူဦးရေနဲ့ လုပ်ငန်းတွေကို လုပ်နိုင်မှာမဟုတ်ဘူး။ ဒီတော့ သူတို့ဆီက တခုခု တုန့်ပြန်ချက်တောင်းတဲ့အခါမှာ ပြန်လည်ပြောကြားနိုင်ခြင်းမရှိပဲနဲ့ ဦးအေးချမ်းနိုင် ကိုယ်တိုင် ဒီထိုင်းနိုင်ငံကို လာပြီးတော့ ပြည်တွင်းထဲက သတင်းထောက်တွေကို ကိုင်တွယ်နေတဲ့ မန်နေဂျာတွေ ဘာတွေနဲ့ ဆက်လုပ်ဖို့ ကိစ္စတချို့ ဆွေးနွေးခဲ့ပါတယ်။”

“သူတို့က စရင်းကိုင်ဘက်က သိတာလို့ နောက်ပိုင်းမှာပြောတယ်။ ဘယ်လိုကွာတာလဲ။ ဘယ်လိုကနေ ရှာဖွေတွေ့
ရှိပြီးတော့ ကွာတာလဲ။ အဲဒီလိုတိတိကျကျ မေးတဲ့အခါမှာ တိတိကျကျ ခုချိန်ထိကို မရှိသေးပါဘူး။ မရှိတဲ့ အခါကြ
တော့ Ground မှာ လုပ်နေတဲ့လူတွေကရော ဒီဘက်မှာ Network အားလုံးကို စီမံအုပ်ချုပ်နေတဲ့ တာဝန်ရှိ သူတွေ ကရော ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။”

ဒီလောက် ငွေကွာဟမှုကြီးကိုဘာဖြစ်လို့ခုမှ သိရတာလဲခင်ဗျ။

“ဒီလိုမျိုးကွာတယ်။ မကွာဘူးဆိုတာက တချို့လုပ်ငန်းတွမှာ ပြည်တွင်းမှာ လုပ်ငန်းကိစ္စအားလုံးကို လူပုဂ္ဂိုလ် တချို့ရဲ့
နိုင်ငံရေးသိက္ခာ၊ ဂုဏ်သိက္ခာ၊ လုံခြုံရေး စသဖြင့် အတိအကျ မပြောနိုင်တာဘဲ ရှိပါတယ်။ အဲဒီအခါမျိုးကျရင် နှုတ်အား
ဖြင့် ဖြစ်စေ စရင်းဇယားနဲ့ Network ဦးဆောင်လှုပ်ရှားနေတဲ့ လူတွေကလည်း ပြောထားတဲ့ဟာတွေရှိပါတယ်။”

“ဒါကိုစရင်းဇယားမှာ အဆင်ပြေသလိုမျိုး သူတို့ လုံခြုံရေးအရ ထည့်သွင်းလိုက်ရတာတွေ ရှိပါတယ်။ နောက်ပိုင်း
ကြတော့ ဒီစရင်းဇယားတွေကို စစ်ဆေးတဲ့အခါမျိုးကြတော့ ဒါကို နဂိုကတည်းက သိရှိခဲ့တဲ့လူတွေက မသိရှိတော့ ပါဘူး။ ဒါမျိုးက မဖြစ်ခဲ့ပါဘူး။ ပြန်လည်ပြီးတော့ အစဖေါ်ပြီးတော့ တာဝန်ခံမှုမရှိတော့ပဲနဲ့ အဲဒီနေရာတွေကနေ ဆွဲထုတ်လိုက်ပြီးတော့ ကွာတယ်ဆိုပြီး ဖြစ်လာတာပါ။ အဲဒီတော့ သူတို့ ဘယ်လိုကွာသလဲ၊ တွေ့ရှိလဲဆိုတာကတော့ သူတို့ စရင်းကိုင်တွေပဲပြောနိုင်မယ်ထင်ပါတယ်။”

“ကျနော်တို့အနေနဲ့ကတော့ ဒီဟာတွေ ဘယ်လိုသုံးစွဲခဲ့တယ်။ ပြည်တွင်းမှာ သတင်းကိစ္စတွင် မဟုတ်ဘဲနဲ့ သတင်းနဲ့ ဆက်စပ်နေတဲ့ သတင်းရင်းမြစ်တွေ မှာသုံးစွဲနေတဲ့ ကိစ္စတွေမှာ နှုတ်အားဖြင့် သူတို့ကို ပြောထားခဲ့ပြီးဖြစ်ပါတယ်။”

ဒီအဖြစ်အပျက်က ဘာကြောင့်ဖြစ်သွားရတယ်လို့ ထင်လဲ။

“ဒီစရင်းဇယားတွေကိုကြည့်မယ်ဆိုရင် ၂ဝဝ၆ ကတည်းက နိုင်ငံတကာ လုပ်ပုံကိုင်ပုံတွေနဲ့ ကြည့်မယ်ဆိုရင် ကျနော်တို့ဆီမှာက စရင်းဇယားကျွမ်းကျင် ပိုင်နိုင်တဲ့လူ ရှိခဲ့တာမှမဟုတ်ဘဲ။ ကျနော်တို့က မြေအောက်လုပ်ငန်း ဆန်ဆန် သတင်းတွေ ထုတ်လုပ်ရေး ထွက်ရှိရေးအတွက် အလုပ်ဖြစ်ရေးတာ ဦးတည်ခဲ့တာ ဖြစ်တဲ့အတွက် ဒီစရင်းဇယားတွေက တကယ့် Ground က ပုံစံနဲ့ ကြည့်လိုက်ရင် တူညီနိုင်မှာမဟုတ်ပါဘူး။ ဒါကိုလည်း သူတို့သိရှိနားလည်ပြီးသား ဖြစ်ပါတယ်။”

“ဒါပေမယ့် ဒီဘက်နှစ်ကာလမှာ ဒီ Network တွေကို အော်စလိုကလူတွေက တိုက်ရိုက်ချုပ်ကိုင် မောင်းနှင်လိုလာတဲ့ အတွက် ဦးဆောင်လှုပ်ရှားနေတဲ့လူတွေကို ဖယ်ရှားလိုတဲ့အတွက်၊ ငွေရေးကြေးရေးတွေကို အကြောင်းပြပြီးတော့ စွဲဆိုတယ်လို့ပဲ ကျနော်က မြင်ပါတယ်။”

ဒါဆိုရင် ပြည်တွင်း Network တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ မဲဆောက်က အဖွဲ့တွေဟာ လုံးဝ ရပ်ဆိုင်း လိုက်ပြီ ဆိုတဲ့ သဘောလားခင်ဗျ။

“စက်တင်ဘာ ၁၉ ရက်နေ့ကတည်းက အားလုံးသဘောတူဆန္ဒနဲ့ DVB နဲ့ဆက်လုပ်နိုင်မယ့် အနေအထား မရှိတော့
ဘူး။ ကိုအေးချမ်းနိုင်လာတုန်းက ကျနော်တို့က တခြားနည်းလမ်းနဲ့ ညှိနှိုင်းလို့ရတဲ့နည်းလမ်းရှိရင် လုပ်မယ်လို့ ကျနော်တို့က ပြောခဲ့တယ်။ ဒါပေမယ့် အဆင်မပြေတဲ့အတွက် ကျနော်တို့ဘာသာ ကျနော်တို့ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်။”

“တချို့ကတော့ မိသားစုစားဝတ်နေရေးအတွက် DVB နဲ့ဆက်ပြီးလုပ်ကိုင်သူတွေရှိပါတယ် အများစုကတော့ ၉ဝ ရာခိုင်နှုန်းကတော့ ကျနော်တို့လိုပါပဲ။ နှုတ်ထွက်လိုက်ကြပါတယ်။ ဒီအတွက်လည်း ကျနော်တို့ အဖွဲ့ကြီးတခုလုံး ဆက်လက်ရပ်တည် လှုပ်ရှားနိုင်အောင် လမ်းစဉ်တွေကို ကျနော်တို့ ရှာနေတာပါ။”

“ကျနော်တို့အနေနဲ့ နှုတ်ကတိတွေနဲ့ သဘောတူခဲ့တဲ့ ကိုခင်မောင်ဝင်းတို့ အနေနဲ့လည်း ဒီလိုအချိန်မှာ တာဝန်ကနေ ယာယီနှုတ်ထွက်ပြီးရှောင်သွားတဲ့ဟာကလည်း ကျနော်တို့အပေါ်မှာတာဝန်မဲ့ရာ ကျပါတယ်။”

ဒီကိစ္စနဲ့ ပါတ်သက်ပြီး တရားရုံး တင်မယ်ဆိုတော့ ဒါနဲ့ပါတ်သက်ပြီး ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။

“ဒီကိစ္စတွေစဖြစ်ကတည်းက တာဝန်ရှိတဲ့ အော်စလိုက အုပ်ချုပ်သူက ဒါတွေက လူတဦးတယောက်တည်းပေါ်မှာ ပုံချလို့ရတာ မဟုတ်ဘဲနဲ့ ငွေရေးကြေးရေး အတွင်းမှာ တာဝန်ခံစီစဉ်နေရတဲ့ တာဝန်ခံ မန်နေဂျာတွေကိုလည်း
ခေါ်ယူပြိးတော့ တကယ်သုံးစွဲခြင်း ရှိမရှိ အကြံပြုခဲ့တာတွေလည်း ရှိပါတယ်။ စရင်းဇယားတခုတည်းကို ကိုင်တွယ်ပြီး
ပြောမယ်ဆိုရင် မြေအောက်လှုပ်ရှားခဲ့တဲ့ စရင်းဇယားတွေအရ လုပ်ခဲ့တဲ့ တချို့ဟာတွေက တိကျမှုရှိနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့မှာက လူသက်သေပဲရှိပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီ Burma VJ မှာ ပါဝင်ခဲ့တဲ့ သူတယောက်ပါပဲ။ ကျနော်တို့လုပ်ခဲ့တဲ့ အလုပ်နဲ့ လူသက်သေတွေနဲ့ပဲ ပြနိုင်အောင် ကျနော်တို့ ဘက်ကလည်း ကြိုးစားနေပါတယ်။”
http://www.mizzimaburmese.com/interview/8426-dvb---vj--.html

သူတို့ ကိုသတိရရင်.....(စိုင်းစိုင်းသန်းရွှေ - ကနေဒါ)



http://www.mediafire.com/?arcqc2mxmyrt01s




ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသောနိုင်ငံရေးအကျဉ်း
သားများအား အမြန်ဆုံးလွတ်မြောက်စေလိုသောဆန္ဒဖြင့်  ....

ပြောလိုက်ရင် နိုင်ငံရေးသမား တယောက်မှ မရှိဘူး
ခများတို့ ကိုကျနော်လေတကယ်အရမ်းသနား ဘာဒယ်
ရာထူးနဲ့ အလုပ်က မပြုတ်ကြရအောင်လို့ 
မရှက်မကြောက်ကို မုသာဝါဒပြောကြရတယ်

မင်းကိုနိုင်ရယ်ကိုကိုကြီးနဲ့ ကိုဌေးကြွယ်
သရုပ်ဆောင်ဇာဂနာရယ် ဟာသူခိုးဂျပိုးတွေလား
နေဘုန်းလတ်နဲ့ စုစုနွေးတို့ ကရော
လူသတ်ကာ-- မူးယစ်ဆေးဝါးရောင်းဝယ်လို့ လား

ဖောက်ခွဲရေးသမားလဲ မဟုတ် --လူကုန်ကူးလဲမလုပ်
နိုင်ငံရေးကို ယုံကြည်ချက်နဲ့ --အသေခံကာ လုပ်တာ
ဒါကိုလိမ်ပီးတော့ --တရားရုံးမှာမစစ်ဘဲနဲ့ 
သက်တမ်းရှည်ထောင်သွင်း အကျဉ်းချ ရက်စက် ယုတ်မာတယ်

ဟို လူ့ အခွင့် အရေးကလူ--ရောက်လာတုန်းကဗြောင်လိမ်ပြန်တယ်
သူတို့ ကိုဖမ်းတာ နိုင်ငံရေးကြောင့် မဟုတ်ဘူးတဲ့ 
ပြန်လွှတ်စေချင်ကြတယ်ဆိုရင်-- ဆန်ရှင်ရုပ်သိမ်းပေးရမယ်
ဓါးပြတိုက်သလို--အကျပ်ကိုင်ကာပြောလာပြန်တယ်

ကလေးစစ်သားမရှိပါ--ဓါတ်ပုံနဲ့ တကွ ဗြောင်လိမ်ပြန်တယ်
ကလေးလေးတွေသနားစရာရယ်ပါ သေနပ်တောင်မနိုင်ဘဲ
မဟုတ်ဘဲနဲ့ ပြောတယ်ထင်ရင် အင်တာနက်ကဓါတ်ပုံ
မမြင်ဘူးရင်ခများကိုယ်တိုင်တောင်ကြည့် နိုင်ပါတယ်
မမြင်ဘူးထင်တယ်

မြစ်ဆုံအရေး တရုတ်အစိုးရ တုံ့ပြန်


ခင်ဦးသာ Monday, 03 October 2011 19:00

ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းများ ဆိုင်းငံ့ထားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ပြီး နောက်တနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတို့၏ အကျိုးစီးပွားရေးကို ထိန်းသိမ်းပေးရန် မြန်မာအစိုးရကို တုံ့ပြန် ပြောဆိုလိုက်သည်။

စီမံကိန်းအတွက် နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းပြီးမှ လုပ်ဆောင်ခဲ့ကြောင်း၊ လိုအပ်သော သိပ္ပံဆိုင်ရာ လေ့လာမှုများကို သေချာ ကျနစွာ ဆောင်ရွက်ပြီးမှ စီမံကိန်း စတင်ခဲ့ခြင်း ဖြစ်ကြောင်း စနေနေ့က ထွက်ပေါ်လာသည့် တရုတ် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်က ဆိုသည်။ စီမံကိန်းအား ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ အဆက်မပြတ် ဆန့်ကျင် ကန့်ကွက်နေခြင်းနှင့် ပတ်သက်၍ တစုံတရာ ဖော်ပြထားခြင်းမရှိပေ။

ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ထိုသို့ တုံ့ပြန်သော်လည်း အမေရိကန်အစိုးရကမူ မြန်မာပြည်သူတို့၏ အသံကိုအလေးထားပြီး ထိုသို့ ဆုံးဖြတ်ခြင်းကို ကြိုဆိုသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

မြစ်ဆုံစီမံကိန်းကို ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခမြစ်များပေါ်ရှိ ရေကာစီမံကိန်းများအတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားသည်။

တရုတ်နှင့်မြန်မာ အစိုးရတို့သည် ထိုစီမံကိန်းအတွက်၂၀၀၆ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်း မည်မျှအထိ ပြီးစီးနေကြောင်းကို နှစ်နိုင်ငံ အစိုးရများက ထုတ်ပြန်ခြင်း မရှိသေးပေ။

ဤအတောအတွင်း မြစ်ဆုံဒေသ စီမံကိန်းကို ဦးဆောင်ခဲ့သော တရုတ် China Power Investment (CPI) ကုမ္ပဏီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစီရင်စာတစောင် ထုတ်ပြန်လိုက်သည်။ ထိုအစီရင်ခံစာတွင် မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးကြောင်း၊ ဒေသစီးပွား တိုးတက်လာမည်ဖြစ်၍ စီမံကိန်းကို ဒေသခံ ကချင် လူထု ၈၀ ရာခိုင်နှုန်းကျော်က ထောက်ခံကြောင်း ဖော်ပြထားသည်။ စီမံကိန်းပြီးစီးသည့်အခါ ပြောင်းလဲလာသည့် သဘာ၀၀န်းကျင်အနေအထားကြောင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးလာမည်ဟု ဆိုသည်။

ထိုအစီရင်ခံစာပါ အချက်များကို ကမ္ဘာ့မြစ်များ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ (International Rivers Network - IRN) က လက်ခံခြင်း မရှိပေ။

“အစီရင်ခံစာမှာ ပြောထားတဲ့ ဇီဝမျိုးစိတ်တွေကို နေရာပြောင်းလို့ရတယ် ဆိုတာဟာ မဖြစ်နိုင်တဲ့ကိစ္စပါ၊ ဇီဝ မျိုးစိတ်တွေ၊ ရှားပါးတဲ့ ရေနေ၊ ကုန်းနေ သတ္တ၀ါတွေ၊ အပင် မျိုးစိတ်တွေ စတဲ့ ဂေဟစနစ်တွေကို တနေရာက တနေရာကို ပြောင်းရွှေ့လို့ မရပါဘူး” ဟု IRN မှ ဥပဒေပညာရှင် တရုတ်အမျိုးသမီး Ms. Grace Mang က ဧရာဝတီကို ပြောသည်။

မြစ်ဆုံ စီမံကိန်းများ တည်ဆောက်ရာ၌ အဆင့် ၅ ဆင့် ပါဝင်ပြီး ၎င်းတို့ ရရှိသည့် မှတ်တမ်းများအရ အဆင့် ၂ ဆင့် ပြီးမြောက်နေပြီဟု သိရကြောင်း၊ CPI ကုမ္ပဏီက နောက်ဆုတ်ပေးရန် အလားအလာမရှိကြောင်း သူက ရှင်းပြသည်။

မြန်မာပြည်မှ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ဦးအုန်းကလည်း CPI ကုမ္ပဏီ၏ အစီရင်ခံစာကို ရေးသား ထုတ်ပြန်သူများသည် ပညာရှင် အစစ်အမှန်များ မဟုတ်ဘဲ ကုမ္ပဏီ ကိုယ်စားပြုသူများသာ ဖြစ်သည့်အတွက် ထိုသို့ တာဝန်မဲ့ စကားပြောဆိုခြင်း ဖြစ်သည်ဟု သုံးသပ်လိုက်သည်။

“မြစ်ဆုံတ၀ိုက်မှာ ရှားပါးမျိုးစိတ် ရာချီရှိတယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှု ပမာဏများတယ်၊ ဒါ့အပြင် တရုတ်(နိုင်ငံ)ရဲ့လုပ်ရပ်ဟာ မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ ရိုးရာဒေသ ဓလေ့တွေပါ စော်ကားတဲ့ သဘောပါပဲ၊ ကျနော် နောက်ဆုံးပြောချင်တာကတော့ မြစ်ဆုံတ၀ိုက်ကို တရုတ်တပြည်လုံးနဲ့ မလဲနိုင်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဦးအုန်းက ဧရာဝတီကို ပြောသည်။

မြစ်ဆုံစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးနိုင်မည့်ပမာဏ ကြီးမားသည်ဟု တရုတ်ပညာရှင် အစစ်အမှန်များက လေ့လာ သုံးသပ်ထားပြီးဖြစ်ကြောင်း ဦးအုန်းက ဆက်လက် ရှင်းပြသည်။

တရုတ်နိုင်ငံခြားရေးဌာန၏ တုံ့ပြန်ချက် စနေနေ့တွင် ထွက်ပေါ်လာသော်လည်း သမ္မတဦးသိန်းစိန်၏ အကြံပေးတဦးဖြစ်သူ ဒေါက်တာနေဇင်လတ်ကမူ နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်ဖွယ်မရှိဟု ဆိုသည်။

စီမံကိန်းနှင့်ပတ်သက်၍ နှစ်နိုင်ငံအစိုးရအကြား လုပ်ထုံးလုပ်နည်းအရ ဆွေးနွေးမှုများရှိကြောင်း၊ ရေရှည်အရ ကောင်းသည့်ဘက်ကိုသာ ဦးတည်မည် ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီများ နှင့် မြန်မာအစိုးရကြား ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဒေါက်တာနေဇင်လတ်က ဘီဘီစီ သတင်းဌာနကို ပြောသည်။

သမ္မတဦးသိန်းစိန်ကလည်း စီမံကိန်းကို လက်ရှိအစိုးရသက်တမ်းတွင် ဆိုင်းငံ့ထားမည်ဟုသာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အစိုးရအဖွဲ့ဆိုတာက တဖွဲ့နဲ့တဖွဲ့က မူဝါဒတွေ မတူပါဘူး၊ ဒီတော့ နောက်လာမယ့် အစိုးရက ဆက်လုပ်မယ် မလုပ်ဘူး ဆိုတာတော့ မသိပါဘူး” ဟူသော ဒေါက်တာနေဇင်လတ်၏ ပြောဆိုချက်ကို ဘီဘီစီမြန်မာပိုင်းက ယနေ့ နံနက်ပိုင်းတွင် ထုတ်လွှင့်သွားသည်။

တရုတ်အစိုးရသည် ၎င်းတို့၏ စွမ်းအင်လိုအပ်မှုအတွက် မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်စီမံကိန်းများ စီစဉ်နေရုံသာမက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းကြီးများကို ဒေါ်လာ ဘီလီယံ ဆယ်ချီ၍ ရင်းနှီးမြှုပ်နှံထားသည်။

တရုတ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက် ၈၀ ရာခိုင်နှုန်းကျော်အတွက် အရှေ့အလယ်ပိုင်းဒေသမှ ရေနံကို ပင်လယ်ဓားပြ ထူထပ်သည့် မလက္ကာရေလက်ကြားကို ဖြတ်ကာ တင်သွင်းနေရသည့် ကုန်ကျစရိတ် များသည့်အပြင် စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

ကျောက်ဖြူဆိပ်ကမ်းစီမံကိန်းပြီးစီးသွားပါက မလက္ကာရေလက်ကြားကို ဖြတ်ရန် မလိုတော့ဘဲ ရေနံကို ကျောက်ဖြူ ဆိပ်ကမ်း ကြားခံထား၍ တင်သွင်းနိုင်မည်ဖြစ်သည်။ ထို့အပြင် ရခိုင်ကမ်းလွန်ဒေသမှ သဘာဝဓာတ်ငွေ့ အများအပြား ကိုလည်း တရုတ်နိုင်ငံက နှစ် ၃၀ ထုတ်ယူရန် မြန်မာအစိုးရနှင့် စာချုပ် ချုပ်ထားပြီးဖြစ်သည်။

ကျောက်ဖြူစီမံကိန်းသည် တရုတ်နှင့်မြန်မာအစိုးရတို့ အတွက် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး မဟာဗျူဟာကျသည့် စီမံကိန်းဖြစ်သည့်အပြင် သဘာဝဓာတ်ငွေ့စီမံကိန်း၊ အမြန်ရထားလမ်း စီမံကိန်းတို့သည်လည်း နှစ်နိုင်ငံ အစိုးရ၏ အကျိုးစီးပွားအတွက် အရေးပါသည်ဟု ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု ဆန့်ကျင်ရေးအဖွဲ့ တာဝန်ခံ ကိုဝင်းအောင်က ဧရာဝတီကို ပြောသည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ဆက်စပ်နေသော ရေနံသိုလှောင်ရုံ၊ သဘာဓာတ်ငွေ့သိုလှောင်ကန်၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စသည့် ဓာတုစက်ရုံများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု၊ ဒေသခံတို့၏ ထိခိုက်နစ်နာမှုများ ကြီးမားသော် လည်း ထိုကိစ္စကို ပြည်သူများ သိခွင့် မရကြောင်း ကိုဝင်းအောင်က ဆိုသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း စာချုပ်အရ စီမံကိန်းမှ ထွက်သည့် သဘာဝဓာတ်ငွေ့အားလုံးကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဟု သိရသည်။

ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ ၁၀၀ မီလျံကုဗမီတာအား အစိုးရ၏ လုပ်ငန်းများ၊ အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများ အတွက် အသုံးပြုသွားရန်ရှိကြောင်း ကိုဝင်းအောင်က ပြောသည်။
http://www.bur.irrawaddy.org/index.php/news/7476-2011-10-03-12-02-06

နလံထဧရာဝတီကို ဒေါသပွားနေသူများ

မြန်မာလူထုရဲ့နှလုံးသည်းပွတ်ဖြစ်တဲ့ဧရာဝတီကိုအဖတ်ဆယ်ဘို့လူထုရဲ့ဆန္ဒတွေပွင့်အန်ထွက်လာကြတာအားလုံးအသိ…..ပြည်တင်းလျှင်မင်းမခံနိုင်ဆိုသလို….လူထုဆန္ဒကိုအထိုက်အားလျှော်စွာမျက်ခြေမပြတ်ဘူးလို့ဆိုနိုင်တဲ့လက်ရှိအစိုးရသစ်သမ္မတဦးသိန်းစိန်ကတော့…ဒီကိစ္စအပေါ်ရပ်ဆိုင်းလိုက်ဆိုင်းလိုက်ခြင်းကို..အားလုံးနီးပါး သော ပြည်သူလူထုကြီးကလည်းကြိုဆိုခဲ့ကြတယ်….တတိုင်းပြည်လုံးနီးပါး ၀မ်းမြောက်ခဲ့ကြရတယ်။

သို့သော်ဝမ်းမြောက်မှု့တွေကသိပ်မကြာလိုက်ဘူး…စိတ်ပျက်စရာ၊၀မ်းနည်းစရာ၊ဒေါသထွက်စရာ တွေက နောက်ဆက်တွဲပါလာတော့တယ်….ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ တိုက်ပွဲတွေက..စိတ်အစဉ်ကို ခါးသီးစေခဲ့တယ်….နိုင်ငံရေးအကျဉ်းသားတွေမလွတ်မြောက်သေးတာက..မချင့်မရဲဖြစ်စေခဲ့တယ်…တရုတ်အစိုးရရဲ့ဒေါသနဲ့တုန့်ပြန်သံတွေဟာ…တမျိုးသားလုံးကိုသတိရှိဘို့လှုံ့ဆော်နေတယ်။ဒါတွေကိုဦးသိန်းစိန်အစိုးရအနေနဲ့ ကိုင်တွယ်တတ်ဘို့လိုပါတယ်…မိမိနိုင်ငံတွင်းပြသနာတွေကအရေးကြီးသလို..ပြည်ပရန်ကလည်း အထူးကို သတိကြီးကြီးထားရမှာပါ။

အရင်ဆုံးကတော့..ပြည်တွင်းမှာ အဓိကကျတဲ့ပြသနာတွေကိုအမြန်ဆုံးဖြေရှင်းနိုင်ဘို့လိုပါလိမ့်မယ်။

- နိုင်ငံရေးအကျဉ်းသားများကိုအမြန်ဆုံးလွှတ်ပေးလိုက်ရင်

- ပြည်တွင်းမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်မီးကိုအမြန်ဆုံးငြိမ်းသတ်နိုင်မယ်ဆိုရင်….

- အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစွမ်းကုန်ဆောင်ရွက်မယ်ဆိုရင်

- လှု့အခွင့်ရေးချိုးဖောက်နေမှု့များကိုအမြန်ဆုံးရပ်တန့်လိုက်မယ်ဆိုရင်…..

တမျိုးသားလုံးရဲ့သွေးစည်းညီညွတ်မှု့အားဟာ…တော်တော်ခိုင်မာလာနိုင်မယ်လို့ယုံကြည်ပါတယ်။ဒါတွေဟာ လုံးဝကိုအချိန်ဆွဲလို့မရတဲ့အကြောင်းအရာတွေဖြစ်နေပါတယ်။ဘာဖြစ်လို့လည်းဆိုတော့လတ်တလောမှာ…ပြည်ပရန်ကအရေးကြီးနေပြီမဟုတ်ပါလား…..ယခုဆိုလျှင်…တရုတ်အစိုးရရဲ့တုန့်ပြန်ချက်မှာမြန်မာကိုမှတ်လောက် အောင်သင်ခန်းစာပေးရမယ်ဆိုတာ..ဘာကိုဆိုလိုပါသလည်း…ဘယ်လိုတွေနဲ့သင်ခန်းစာပေးချင်တာပါလည်း….သင်တို့သင်ခန်းစာပေးတိုင်း မြန်မာတွေကခေါင်းငုံ့ခံမယ်လူမျိုးတွေလို့ယုံကြည်နေပါသလား….မြန်မာတွေဟာ အမျိုးသားရေးနဲ့ပတ်သက်လာရင်…ဆတ်ဆတ်ထိမခံတတ်တဲ့လူမျိုးတွေဆိုတာ သင်တို့သိပါလေစွ….။

သမ္မတဦးသိန်းစိန်အစိုးရအနေဖြင့်ယင်းကိစ္စအပေါ်…တရုတ်အားအလျှော့ပေးဆက်ဆံနေမည်ဆိုပါ လျှင်ရရှိပြီးသားလူထုထံမှအမှတ်များလျှောကျသွားမည်ဖြစ်ယုံမက…မယုံမကြည်မှု့များသည်…ယခင်ကထက်ပိုမိုဆိုးဝါးသွားနိုင်ပါသည်။လက်ရှိအခြေနေတွင်အစိုးရအနေဖြင့်လမ်းကြောင်းနှစ်ကြောင်းအနက်တခုခုကိုရွေးချယ်ရပေတော့မည်။မြန်မာလူထုအကျိုးစီးပွားနဲ့ထောက်ခံမှု့ကိုယူမလား……။တရုတ်အစိုးရ၏အပြုံးစတချက်ကို ရင်ဝယ်ပိုက်မည်လား။နှစ်ခုစလုံးပြိုင်ရွေးလို့မရစကောင်းပါ။ကမ္ဘာပေါ်တွင်တရုတ်အစိုးရ၏အထောက်အပံ့ ကြောင့် တိုင်းပြည်ထူထောင်လာသောနိုင်ငံမတွေ့ဘူးသေးပါ။

တခြားတဘက်တွင်သတိထားသင့်သည်မှာ…ယခုကိစ္စသည်..တရုတ်အစိုးရ၏မနှစ်မြို့စရာကောင်းသောနိုင်ငံတကာဆက်ဆံရေးပေါ်လစီကိုကန့်ကွက်ခြင်းဖြစ်သည်…လူမျိုးရေးဆန့်ကျင်မှု့မဟုတ်ပါ…ဒါကိုသဲသဲကွဲကွဲ ခွဲမြင်စေလိုပါတယ်…တရုတ်အစိုးရနဲ့ တရုတ်လူထုကိုခွဲမြင်တတ်ဘို့လိုပါလိမ့်မယ်။ တကယ်တန်းက တရုတ်နိုင်ငံကြီးသည်တိုးတက်ပါသည်လို့ဆိုပေမဲ့…သန်းပေါင်းများစွာသောလူထုကြီးက…ဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်နေရဆဲပါ…ခါးသီးလှတဲ့ ကွန်မြူနစ်အစိုးရရဲ့ရက်စက်မှု့တွေကို နေ့တဓူဝ ကြုံနေဆဲပါ။ယခုကိစ္စသည် တရုတ်လူမျိုးဆန့်ကျင့်ရေးမဟုတ်…တရုတ်ကွန်မြူနစ်အစိုးရ၏မြန်မာနိုင်ငံအမျိုးသားအကျိုးစီးပွားကိုထိခိုက်စေသောလုပ်ရပ်အားမနှစ်မြို့ခြင်းသာဖြစ်သည်။ထို့အပြင်တရုတ်နိုင်ငံ၏မြန်မာနိုင်ငံအပေါ်စီးပွားရင်းနှီးမြှုတ်နှံမှု့များကိုဆန့်ကျင်ခြင်းလည်းမဟုတ်။ နိုင်ငံတနိုင်ငံအနေဖြင့်ဈေးကွက်စီးပွားရေးကို အကောင်ထည်ဖော်ရာတွင် ပြည်ပရင်းနှီးမြှုတ်နှံမှု့များသည်လွန်စွာမှအရေးပါ…ပါသည်။ဈေးကွက်စီးပွားရေးစနစ်ကိုအကောင်ထည်ဖော် ဆောင်ရွက်နေသောကြောင့်ပြည်ပရင်းနှီးမှု့များကိုလက်ခံရမည်ဆိုသော်ငြားလည်း…..မိမိတို့နိုင်ငံ၏အမျိုးသားအကျိုးစီးပွားနှင့်အမွေအနှစ်များကိုထိပါးလာမည်ဆိုလျှင် မည်မျှပင်အကျိုးမြတ်ရှိနေပါစေ……လက်မခံသင့်ပါ။

တရုတ်မို့ဆန့်ကျင်ခြင်းလည်းမဟုတ်၊အကယ်လို့..အမေရိကံနိုင်ငံမှ….ပုဂံရှေးဟောင်းအမွေအနှစ်နေရာများကို ဟော်တည်တွေ ကစားကွင်းတွေတည်ဆောက်မည်ဟုကြံရွယ်ခဲ့လျှင်လည်း လက်ခံလိမ့်မည်မဟုတ်ပါ။ (ပြင်သစ် ရေနံကုမဏ္ဍီကြီးကိုဆန့်ကျင်ခဲ့ခြင်းက သက်သေရှိပါသည် )။ မိမိတို့လူထုသာလျှင်မက အစိုးရကိုယ်တိုင်ကမူအရဆန့်ကျင်ခြင်းအပေါ်…..တရုတ်အစိုးရမှမြန်မာအားကောင်းကောင်းသင်ခန်းစာပေးရ မည်ဟုမျက်မာန်ရှခြင်းသည်….လက်ခံနိုင်စရာအကြောင်းမရှိပါ……။အမျိုးသားရေးဂုဏ်သိက္ခာအရတွန်းလှန် သွားမည်ဖြစ်သည်။



အားလုံးကိုလေးစားစွာဖြင့်

(မောင်မောင်ဝမ်း )

သမ္မတနာမည်ပြောင်းလိုက်ပြီ.. Wu Dengsheng

ဒီသတင်းဌာနက တရုပ်အစိုးရ သတင်းဌာန မဟုတ်ပါ။ နယူးယောက်အခြေစိုက် လူအခွင့်အရေးအတွက်လှုပ်ရှားနေတဲ့ ဖါလုံကောင်း တရုပ် ဒီမို များရဲ့  သတင်းဌာန ဖြစ်ပါတယ်။



မြစ်ဆုံစီမံကိန်းရပ်တန့်ယူနန်တီဗွီတုန့်ပြန်ချက်နှင့်ဝါဒဖြန့်စာ




Melven Than

သူပြောသွားတာကတော့ တရုတ်က မြန်မာပြည်ကို ဘာကြောင့်
တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သင့်သလဲ ဆိုပြီးတော့ သူ့အမြင်တွေကိုပြောသွားတာပါ
အဲဒီစီမံကိန်းက ဒီအတိုင်းရပ်သွားခဲ့ရင်.. ကတိမတည်တဲ့အတွက်...မြန်မာအစိုးရအတွက်ကတော့
လုံးဝမကောင်းတဲ့ ဥပမာတစ်ခုပါပဲတဲ့...
ဦးသိန်းစိန်ပြောတဲ့အကြောင်းပြချက်ကတော့.. မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ဆန္ဒကို လေးစားရမယ်တဲ့...
ပြည်သူတွေကလက်မခံတဲ့အတွက် ဆက်မလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်တဲ့...
ဦးသိန်းစိန်ကဘယ်လိုလူမျိုးလဲဆိုတော့ မနှစ်က ရွေးကောက်ပွဲလုပ်ပြီးတော့
ဒီနှစ် ၃လပိုင်းမှ သမ္မတ ဖြစ်ခဲ့တယ်..
အဲဒီတုန်းက အနောက်နိုင်ငံတွေက ဒီရွေးကောက်ပွဲက အတု၊
ဒီမိုကရေစီကလည်း အတုဆိုပြီးတော့ ပြောခဲ့တယ်..
ဒီသမ္မတနဲ့ ဒီအစိုးရကို အသိမှတ်မပြု၊ အဆက်အဆံလဲ မလုပ်ခဲ့ပါဘူး..
ဦးသိန်းစိန်က အတွင်းအပြင် ဖိအားတွေအောက်မှာ နောက်ဆုတ်မှုတွေတော်တော်များများ လုပ်ခဲ့ပါတယ်..
အဲဒီမှာ နိုင်ငံတွင်းက အတိုက်ခံတွေနဲ့ .. နိုင်ငံခြားကဆို အမေရိကန်နိုင်ငံ... သူတို့ရဲ့အကြိုက်ကိုလိုက်ခဲ့ပြီး အခုအစိုးရက
တရားမျှတတယ်ဆိုတာကို ပြခဲ့ပါတယ်... ဒါပေမယ့် တရုတ်အတွက်ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံက အမေရိကန်အစိုးရ
အကြိုက်ကိုလိုက်တယ်ဆိုတာ သူတို့ကိစ္စပါ... ဒါပေမယ့် အဲဒီလိုလုပ်ခြင်းက
တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်မယ်ဆိုရင်တော့
ဘယ်လိုမှ လက်မခံနိုင်ပါဘူး...
အရင်တုန်းက မြန်မာက တရုတ်ကို အမြဲတမ်း အကူအညီတောင်းခဲ့ပြီးတော့ အခုမှ NO ဆိုတဲ့
စကားပြောလာတဲ့အတွက်.. ဒါဟာ တခြားအကြောင်းတစ်ခုခုရှိကိုရှိရမယ်...
ဘာလို့လဲဆိုတော့ အမေရိကန်က အနောက်ကနေsupport လုပ်နေတဲ့အတွက်လို့ ယူဆလို့ရတယ်...
မြန်မာနိုင်ငံက ကတိမတည်တဲ့ အတွက် နောက်ပိုင်းနိုင်ငံပေါင်းစုံနဲ့ ဆက်ဆံတဲ့အခါ
မလေးစားထိုက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သွားပါတယ်..
တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တင်းတင်းကျပ်ကျပ်အရေးယူဆောင်ရွက်မယ်ဆိုရင်
မြန်မာနိုင်ငံလို အိမ်နီးချင်း သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားမှာကို မစိုးရိမ်သင့်ဘူး... ဘာလို့လဲဆိုတော့ ဒီလိုသူငယ်ချင်းမျိုးကယုံကြည်ဖို့မသင့်လို့ပဲ...
ဒီလိုပြင်းပြင်းထန်ထန် အရေးယူမှ မြန်မာနိုင်ငံက အနာဂတ်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံတဲ့အခါ
သတိထားပြီး ဆက်ဆံလာမှာဖြစ်လို့ပါ.. (အခုလို ချက်ချင်း လုပ်မယ်ပြောလိုက် မလုပ်ဘူးပြောလိုက် မလုပ်ရဲတော့ ဘူးဆိုတဲ့သဘောပါ)
မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် မတုန့်ပြန်ခဲ့ရင် တခြားနိုင်ငံငယ်တွေက တရုတ်နိုင်ငံကို အထင်သေးသွားကြလိမ့်မယ်...
အဲ့ဒါကြောင့် မြန်မာနိုင်ငံကို အပြစ်နည်းနည်းတော့ ပေးသင့်တယ်...
ဆိုပြီးတော့ ပြောသွားတာပါ။

(တတ်လို့ ဟုတ်ဘူးဗျို့...သိချင်လို့ သူငယ်ချင်းတစ်ယောက်ကို
ဘာသာပြန်ခိုင်းတာ၊ ဖတ်ရတာ အဆင်မပြေယင်တော့ သည်းခံပေးကြပါ..)...
.By Lwin Min Aunt

ဖေ့စ်ဘွတ်ခ် မှ ဖေါ်ပြပါသည်။


တရုတ် က မြန်မာ အစိုးရ ကို ၀ါဒဖြန့် ချိ မှု စတင်

by politics on October 3, 2011

မြန်မာ အစိုးရသည် ညံ့ဖျင်းလှ ပြီး ပြည် သူ အပေါ် စေတနာ မဲ့ လှသည့် အစိုး ရ ဖြစ် ကြောင်း ၎င်း
၏ ပြည်သူ ကို သတ် ရန် အတွက် လက် နက် များ လာရောက် ၀ယ် ဖူး ကြောင်း ဧရာဝတီ မြစ်ဆုံ
ဆည် ကို တရုတ် အစိုး ရ က မတည် ဆောက် ခြင်း သော် လည်း ဗိုလ်သန်းရွှေ အပါအ၀င် ယခု
ဒီမိုကရေစီ ဆိုသည့် အစိုးရ ခေါင်းဆောင် များ ဘီဂျင်း သို့  လာရောက် နားပူနားဆာ လုပ် ၍
ဆောက် ရ ကြောင်း ဖော် ပြ ထား သည့် ၀ါဒ ဖြန့် စာ များ ကို မြန်မာ လူ မျိုး များ အသုံး ပြု သည့်
အီးမေး များ သို့  တရုတ် အစိုး ရ က စတင် ၀ါဒ ဖြန့် မှု ပြု လုပ် နေ သည် ဟု FNG မှ သတင်း
ရရှိ သည်။

သောကြာ နေ့ က မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် သည် သူ့  လက်ထက် တွင် မြစ်ဆုံ ရေအား
လျှပ် စစ် ထုတ် လုပ် နိုင် သည့် ဆည် တည် ဆောက် မှု ခေတ္တ ရပ် ဆိုင်းထား မည် ဟု ကြေငြာ
ပြီး နောက် ထို ကဲ့ သို့  ၀ါဒ ဖြန့် ချိရေး စာ များ ကို တရုတ် အစိုး ရ က ဝေငှ ခြင်း ဖြစ်သည်။

အဆို ပါ ၀ါဒ ဖြန့် ချိရေး စာ များ ကို လက်ခံ ရရှိ ဖတ်ရှု ခဲ့ သူ တစ်ဦး ဖြစ်သည့် ကိုအောင်မြင့်ဦး
က ကျွန်တော့် မေးထဲ ကို ဒီ နေ့ မနက် မှာ ၀င် နေတာ ကျောက် ဖြူ ရေနက် ဆိပ် ကမ်း နဲ့  မြစ်
ဆုံ ဟာ ပိုက် ဆံ လို နေတဲ့ မြန်မာ အစိုး ရ က အရမ်း ဂျီကျ လို့  သူတို့  လုပ် ပေး ရတာ လို့ 
ဖော် ပြ ထား တယ်။ နောက် ၂၀၀၇ ရွှေ ၀ါရောင် တော် လှန် ရေး အပြီး မှာ မြန်မာ အစိုး ရ က
မြို့  ပြ တိုက် ခိုက် ရေး သေနတ် တွေ ကို လာဝယ် တယ် လို့  ဖော်ပြ ထား တယ်။

တရုတ် အစိုး ရ က မြန်မာ အစိုး ရ ကို မြစ်ဆုံ ဆည် ရပ်တန့် မှု နှင့် ပတ်သက် ပြီး မြစ်ဆုံ ဒေသတွင်
အလုပ်လုပ် နေ သည့် တရုတ် ကုမ္ပဏီ များ ၏ အကျိုး စီးပွား ကို ကာ ကွယ် ပေး ရန် အတွက်
ဆွေး နွေး ရန် တောင်း ဆို ထား သည်။

မြစ်ဆုံ ဒေသရှိ CPI ကုမ္ပဏီ သည် ဆည် တည် ဆောက် မှု လုပ် ငန်း ကို ရပ် တန့် ခြင်း မရှိ သေး
ဟု သိရသည်။

စွမ်းအင် လို အပ် ချက် ကြီးမား သည့် တရုတ် ပြည် သည် မြန်မာ အစိုး ရ ကို ၀ါဒ ဖြန့် စာ နှစ် မျိုး
ဖြင့် တိုက် ခိုက် ထား သည်။
http://freedomnewsgroup.com/2011/10/03/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%B9-%E1%80%80-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B-%E1%80%80%E1%80%AD%E1%80%AF/

DVB သူခိုးကြီးဟန်ညောင်ဝေနှင့် ရခိုင်လူမျိုးများ ပြသာနာ

ဒီဗွီဘီသတင်းဌါနက ငွေစားမှု သတင်းမှာ တော်တော်ကြောက်စရာကောင်းသည်။ သတင်းဖတ်ရသည်နှင့် လန့် ဖြတ်သွားရပါသည်။ အကြောင်းမှာ ပြည်တွင်းမှ ဒီဗွီဘီသတင်းဌါနအတွက် သတင်းရယူပေးခဲ့ သော သတင်ေးထာက်လေးတွေမှာ စွန့် စားရကျိုး မနပ်ဘဲနှင့် အနှိပ်စက်ခံ ထောင်နန်းကျသွားရခြင်းကြောင့်ဖြစ်သည်။ သူတို့ တွေ အနှိပ်စက်ခံသွားရသည်မှာ လုံးဝသေချာပါသည်။ ထောင်ကျဖူးသူတိုင်း သိကြပါသည်။ ထောင်ကျဖူးသူ ဆွေမျိုးသားချင်းတွေတိုင်း သိကြသည်။ သေလုမတတ် အနှိပ်စက်ခံခဲ သော့ သူတွေက ထောင်ထဲမှာ ခံစားနေရချိန် ပြည်ပက ဒီဗွီဘီသတင်းဌါနမှ ပုဂ္ဂိုလ်ကြီးတချို့က မျိုဆို့ ကောင်းတုန်း ၀ါးကောင်းတုန်း။ သိန်းပေါင်းထောင်ပေါင်းများစွာ စားသုံးခိုးဝှက်နေသော သူများမှာ ခုတော့ ဘူးပေါ်သလို ပေါ်လာနေပြီ။

သို့ သော် ရာထူးကမပျောက်သေး။ ဆက်ပြီးတော့ ရှိနေသေးသည်။ ဦးအေးချမ်းနိုင်နှင့် ဦးခင်မောင်ဝင်းမှာ တာဝန်ရှိသူဟု ပြောပြီး တခြားနေရာမှာပင် ရှိနေသေးသည်ဟု ကြေညာထားသည်။
အကျဉ်းထောင်ထဲမှာ ရှိနေသော သတင်းထောက်ကလေးများဖက်က နေပြီး ကျွန်တော်ပြောချင်သည်။ သူတို့ တွေရဲ့  ခံစားနေမှုများကို ကိုယ်ချင်းစာနာပြီး ယခုပြသနာကို ကိုင်တွယ်ရမည်ဖြစ်သည်။ ဒီဗွီဘီသတင်းဌါနသည် သာမန်နဲနဲနောနော မီဒီယာဌါနမဟုတ်။ စစ်အာဏာရှင်အစိုးရလက်ထက်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရန် ပြည်သူများနှင့် စစ်အစိုးရကို နားမျက်စိဖွင့်ပေးနေသော အသံလွှင့်ဌါနဖြစ်သည်။ ဤဌါနသည် ယခုအချိန်တွင် ကမ္ဘာတ၀ှမ်းမှ နိုင်ငံခြားအစိုးရများကလည်း သိသလို မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားပေါင်းစုံလူမျိုးတို့ လည်း သိသည်။ ဒီမိုကရေစီအခင်းအကျင်းနှင့် အနှစ်သာရများကို ပီပြင်စွာ လွှင့်ထုတ်နေသော ဒီမိုကရက်တစ်အသံလွှင့်ဌါနဖြစ်၍ မြန်မာနိုင်ငံသားတိုင်း အထူးအားရ၀မ်းမြောက်စွာ နားသောတဆင်ကြသည်။

ယခုမူဤသတင်းဌါနသည် လဘ်စားခြင်းဖြင့် ဒီမိုကရေစီအတိုက်အခံ နိုင်ငံရေးလောကမှာအဖတ်ဆယ်မရလောက်အောင် နာမည်ပျက်ရှိသွားပြီ။ သို့ သော် ယာယီညွှန်ကြားရေးမှူး တာဝန်ကိုဦးဟန်ညောင်ဝေက ယူပြီး ဦးအေးချန်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့ နှစ်ဦးကိုမူ အသံလွှင့်ဌာနမှာဘဲ ရှိနေအုံးမည်ဟုဆိုတော့လူထုတွေကို စော်ကားရာကျနေသည်ဟု ထင်သည်။
အပြစ်ရှိလျှင်ရှိသလို အရေးယူရမည်မှာ ရှိနေသော်လည်း သူတို့ နှစ်ဦးမှာ ဒီမိုကရေစီအတိုက်အခံလောကမှာ မျက်နှာအိုးမဲ သုတ်သွားသူများဖြစ်၍ ယင်းနေရာ၌ လုံးဝမတန်တော့။ သူတို့  ရှိနေလို့ ကတော့ လဘ်စားမှုများမှာ ဆက်လက်ဖြစ်ပွါးနေမည်မှာ သေချာနေသည်။ ပြီးတော့ ဤသတင်းဌာနက သူတို့ တွေ တတ်၍တော်၍ ဖွင့်လှစ်ထားခြင်းမဟုတ်။ သူတို့ ကြောင့် ဖွင့်လှစ်ထားခြင်းမဟုတ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။ ထို့ ကြောင့် ပြည်သူတွေက လက်မခံဟု ပြောလျှင် ယင်းနေရာဌါနမှ ထွက်ခွါသွားရလိမ့်မည်။
ဦးအေးချမ်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့  နှစ်ဦးကို ရာထူးမှ ထုတ်ပယ်ပြီး ထားလိုက်ခြင်းဖြင့် ပွဲကမပြီးသေး။

ယာယီညွှန်ကြားရေးမှူး တာဝန်ခံအဖြစ် ထမ်းဆောင်မည့် ဦးဟန်ညောင်ဝေက ပြသနာအကြီးကြီးဖြစ်နေသည်။ သူကား ဗမာလူမျိုးနှင့် တိုင်းရင်းသားလူမျိုးများကို အသေရရ အရှင်ရရ လူမျိုးရေးစစ်ပွဲမျိုးကို ဖြစ်နေအောင် ဖန်တီးမှိုင်းတိုက်ထားသူဖြစ်သည်။ ယင်းကား ENC ဆိုသော တိုင်းရင်းသားလူမျိုးများ အဖွဲ့ ကို ဖွဲ့ စည်းထားပြီး ယင်းအဖွဲ့ ကို အခြေခံကာ ငွေရပေါက်ကို ဖန်တီးထားသူဖြစ်သည်။ ENC ဆိုသည်မှာ ဗမာလူမျိုးများ မပါသော အဖွဲ့ ဖြစ်ရာကျန်တိုင်းရင်းသားလူမျိုးများမှာ လက်နက်ကိုင် တော်လှန်ရေးဖြင့် နှစ်ပေါင်း-၆၀- စစ်ပွဲဆင်နွဲလို့  မပြီးသေးချိန်ဦးဟန်ညောင်ဝေကြောင့် ပို၍ဆိုးဝါးလာရသည်။ ဗမာနှင့် ကရင် လူငယ်တွေ ရေးကြသော စာတွေ ၊ ဗမာနှင့်ရခိုင်တွေ ရေးကြသော စာတွေ ။ ရခိုင်နှင့် မူဆလင်ကုလားလူမျိုးတွေ ရေးကြသောစာတွေမှာ ဦးဟန်ညောင်ဝေမှိုင်းတိုက်ရာမှ ရှို့ မီးဖြစ်လာသော မီးတောက်ကြီးမက မီးတောင်ကြီးဖြစ်လာသည်။

ဒေါက်တာနိုင်အောင်ကို ကြိုးကိုင်ထားပြီး မူဆလင်လူမျိုးတွေကို ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ဖြစ်အောင် စာအုပ်စာတမ်းတွေ လက်မှတ်ထိုး ထုတ်ဝေဖြန့် ချီခဲ့ သူမှာ ဦးဟန်ညောင်ဝေ၏ အကြံအစည်ဖြစ်သည်။ DAB ညီလာခံမှာ မည်သည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းကမှ ရိုဟင်ဂျာလူမျိုး မရှိ၍ အဖွဲ့ ဝင်အဖြစ် လက်မခံခဲ့ သည်မှာ လူတိုင်းသိကြသည်။ DAB ဆိုသည်မှာ နယ်စပ်ဒေသတွင် ရှိနေသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ များ ဖြစ်သည်။ သို့ သော် ဦးဟန်ညောင်ဝေမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် သမိုင်းဆိုင်ရာ ညီလာခံကို ပြုလုပ်စီစဉ်ခဲ့ သည်။ ယင်းညီလာခံတွင်လည်း ရခိုင်လူမျိုး သမိုင်းပညာရှင်တွေ ရှင်းပြခဲ့ ၍ ပွဲက ပြီးသွားခဲ့ သည်။ သို့ သော် ဦးဟန်ညောင်ဝေက ပွဲကို ယင်းလောက်နှင့် မပြတ်ဘဲ ရှေ့ဆက်လက် လုပ်လိုက်သည်။ ယင်းမှာ ကာဇစ်စ္စတန်နိုင်ငံမှာ မူဆလင်ကုလားလူမျိုးတွေက လေယဉ်စရိတ် ဒေါ်လာ-သုံးသောင်းတောင်းသည် ။ ပြီးတော့ ညီလာခံပြုလုပ်ရန် ဒေါ်လာ တသိန်းတောင်းယူသွားသည်ဟု ဒေါက်တာလွမ်းဆွေဘလော့မှာ ကိုထွန်းအောင်ကျော်ရေးသော သူခိုးကြီးလက်မှ သူဝှက် ဆောင်းပါး၌ ကော်မန်းပေးထားသည်ကို ဖတ်လိုက်ရသည်။

အမှန်က ပေးသည့်သူများရှိနေ၍ ဦးဟန်ညောင်ဝေက အကြံအဖန် ရိုက်စား လုပ်နေခြင်းဖြစ်သည်။ အမေရိကန်အစိုးရက အကြမ်းဖက်သမားများနှင့် အဆက်အသွယ် ရှိနေသော သူတို့ အဖွဲ့ အကြောင်းကို ၀ီကလီ့အင်တာနတ်တွင်၎င်း၊ စီအိုင်အေထောက်လှမ်းရေးဌါနများတွင်၎င်း စုံစမ်းထောက်လှမ်းမှူများ ပြုလုပ်ထားသည်ကို ဦးဟန်ညောင်ဝေ မသိခြင်းမဟုတ်။ အင်္ဂလိပ်ဘာသာစကားကို စာရေးစာဖတ် အပြောအဆို တတ်သော သူက မည်သို့ ကြောင့် အထင်ကရ လှုပ်ရှားပေးနေသည်မှာ ချစ်၍မဟုတ်။ ငွေကြောင့်ဖြစ်သည်ဆိုခြင်းမှာ ရှင်းနေသည်။ စင်စစ်အားဖြင့် သူ့ အနေနှင့် မူဆလင်လူမျိုးတွေကို မှန်မှန်ကန်ကန် သမိုင်းရှင်းလင်းပွဲ တခုကို ပြုလုပ်ပေးမည်ဆိုလျှင် မူဆလင်လူမျိုးဖက်က တဖက် ၊ ရခိုင်သမိုင်းပညာရှင်များကတဖက် ပြီးတော့ ပြည်တွင်းမှ ရခိုင်သမိုင်းပညာရှင်တွေ ၊ မြန်မာသမိုင်းပညာရှင်တွေ ၊ ပြီးတော့ နိုင်ငံခြားမှ ရခိုင်သမိုင်းနှင့်ပတ်သက်၍ သမိုင်းပညာရှင်တွေနှင့် သမတဦးသိန်းစိန် အစိုးရမှ သမိုင်းပညာရှင်များ တို့ ဖြင့် တွေ့ ဆုံပေးလိုက်လျင် ပြတ်သွားမည့် ပွဲဖြစ်ပါသည်။

သို့ သော် ဦးဟန်ညောင်ဝေသည် ယခုလောက် အကွက်ကို ဘယ်တော့မှ မကစား။ တာရှည်တာများ ငွေရပေါက်ကို ဖန်တီးနေရန်အတွက် ရခိုင်လူမျိုးနှင့် မူဆလင်လူမျိုးကို ဆက်လက်ပြသနာဖြစ်အောင် ဖန်တီးနေမည် ။ ပဋိပက္ခဖြစ်အောင် ဖန်တီးယူနေအုံးမည်။ လူမျိုးရေးမုန်းတီးမှူကို ဖန်တီးမှ သူ့ မှာ ငွေရွှင်နေမည်ဖြစ်သည်။ ကျွှန်တော်ကတော့ ရခိုင်လူမျိုးနှင့် မူဆလင်လူမျိုးတွေကို ပြသနာမတက်စေချင်။ အမှန်အတိုင်း ဖြစ်သွားစေချင်သော ဆန္ဒရှိသည်။ ဟိုလူမကောင်း ဒီလူမကောင်း ကျွန်တော်မပြောချင်။ ပြီးတော့ ကျွန်တော်က သမိုင်းပညာရှင်လည်းမဟုတ်။ သို့ သော် တခုတော့ ရှိသည်။ ဦးဟန်ညောင်ဝေသည်ENCအဖွဲ့ ကိုဖွဲ့ စည်းထားပြီးဗမာနှင့်တိုင်းရင်းသားလူမျိုးများကိုအဓိကရန်တိုက်ပေေးနသူ ဖြစ်သည်ဟုမြင်
သည်။ ပြီေးတာ့ မူဆလင်နှင့် ရခိုင်လူမျိုးကို လူမျိုးရေးမုန်းတီးမှူဖြစ်အောင် ပြုလုပ်နေသူဖြစ်သည်ဟုမြင်သည်။ ယခုလည်း ငွေစားမှူမှာ သူမပါဝင် မပါတ်သက်လို့  မည်သူမျှပြော၍ မရ ။ ကျွန်တော်ကတော့ ဦးဟန်ညောင်ဝေကို သူလည်း ငွေစားမှုမှာ ပါဝင်လေမည်ဟု ထင်သည်။

အဘယ့်ကြောင့်ဆိုသော် ဘယ်သူသေသေ ငတေမာရင် ပြီးရော လူစားမျိုးဖြစ်သောသူမို့  ဦးခင်မောင်ဝင်းနှင့် ဦးအေးချမ်းနိုင်က သူတို့  လက်ပိုက်ကြည့်နေရခြင်းဖြစ်သည်ဟုမြင်သည်။ ထို့ ကြောင့် ဒီမိုကရေစီတော်လှန်ရေး မီဒီယာ အသံလွှင့်ဌါနတခုမှာ သုံးယောက်ပေါင်းလောင်းကျော်ဖြစ်နေသော သူတို့ ကို DVB အသံလွှင့်ဌာနတွင် မထားအပ်တော့။ ကျွန်တော်တို့  ရှက်နေမိသည်။ အထူးသဖြင့် ကျွန်တော် ရှက်နေမိသည်။ လွန်ခဲ့ သော -၂၀၀၀-ခုနှစ်လောက်မှ ၂၀၀ရ--ခုနှစ်အထိ ခုနှစ်နှစ်တိုင်အောင် ရေဒီိယိုဇတ်လမ်းပမာလွှင့်သည့် အပတ်စဉ် စနေနေ့ များတွင် ကျွန်တော် ရေးဖြစ်နေခဲ့ လွှင့်ဖြစ်နေခဲ့ သည်။ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှူအစီအစဉ်များတွင်လည်း ယင်းအတိုင်းပင်ဖြစ်သည်။ ကျွန်တော့် မှာ ဇတ်လမ်းပမာရေး၍ စာမူခ နည်းခြင်းများခြင်းကို မည်သည့်အခါမျှ စကားလုပ်၍ မပြောခဲ့  ။ ယင်းမှာ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေခြင်းဆိုသော အသိကြောင့်ြုဖစ်သည်။ ထို့ ကြောင့်ပျော်ခဲ့ ရသည်။ စိတ်ချမ်းသာခဲ့ ရသည်။

သို့ သော် ဒီမိုကရေစီအခွင့်အရေးနှင့် လူ့ အခွင့်အရေးချိုးဖေါက်ခံနေရသော ပြည်သူများအတွက် ချိုးဖေါက်မှူများ ရပ်တန့် ပေးအောင် သက်စွန့် ဆံဖျား သတင်းထောက်လုပ်ပေးခဲ့ သတင်းထောက်များ ထောင်ထဲ မှာ ရောက်သွားကြရသည်။ သူတို့ မှာ ဘာမျမခံစားရ ။ ယုတ်စွအဆုံး သူတို့  ဘယ်သူ့ အတွက် အလုပ်လုပ်ပေးခဲ့ ရသည်ကို မသိရှိခဲ့ ရဘဲ အပျော်ကြီး ပျော်နေခဲ့ သည်ကို ခုအချိန်မှာ လွန်စွာ စိတ်မကောင်းဖြစ်ရသည်။ ယင်းမှာ ညွှန်ကြားရေးမှူး ဖြစ်သူ ဦးဟန်ညောင်ဝေတို့ ၏ တာဝန်မကင်းဖြစ်သောကြောင့်ဖြစ်သည် ။ မည်သို့ ဆိုစေ ဦးခင်မောင်ဝင်းနှင့် ဦးအေးချမ်းနိုင်တို့ သည်လည်း အပြစ်ကြီးသလို ဦးဟန်ညောင်ဝေလို သူခိုးကြီး အကြအဖန်သမားများမှာ ပို၍ အပြစ်ကြီးသည်။ ထို့ ကြောင့် လူမျိုးရေးမုန်းတီးမှုကို ဖန်တီးသူ ဦးဟန်ညောင်ဝေအား DVB တွင် မည်သည့် ရာထူးမှ မပေးရန် ကျွန်တော်တို့  တောင်းဆိုလိုက်ရခြင်းဖြစ်သည်။ အကယ်၍ သူ့ အား မထုတ်ပယ်ခဲ့ ပါက ဦးဟန်ညောင်ဝေနှင့် ရခိုင်လူမျိုးများ ပြသနာမှာ ပြီးဆုံးတော့မည်မဟုတ်ကြောင်း ကြားသိနေရသည်။ သည်တော့ ဒီဗွီဘီဝိုင်းတော်သားများက ဤကိစ္စကို အထူးဦးစားပေးစဉ်းစားပေးကြရန်လိုပြီဟု တိုက်တွန်းလိုက်ရပါကြောင်း ။။။။။။။။။။


ခိုင်အောင်ကျော် ( နယူးယောက် )