Friday, October 7, 2011

မြစ်ဆုံအတွက်လျော်မယ်

ကူမင်းမြို့တော်ကဘဏ်တွေမှာဦးသန်းရွှေနဲ့တေဇပိုက်ဆံတွေရှိတယ်..ယူလိုက်..အဲဒါငါတို့ပိုက်ဆံတွေပဲ...အတိုးတွက်ပါယူ...ပေးတယ်....။

(တေဇတနှစ်အမြတ်ဝင်ငွေဒေါ်လာသန်း၅၀၀ရတယ်လို့သူကိုယ်တိုင်ပြောတယ်..မြစ်ဆုံတနှစ်ဝင်ငွေကလည်းသန်း၅၀၀ပဲ၊)
လူတယောက်တောင်အဲ့လောက်ရအောင်ရှာနိုင်ရင်အစိုးရတရပ်အနေနဲ့ဘာလို့နှစ်၅၀ဂုတ်သွေးအစုတ်ခံမလဲ...

နောင်နှစ်၅၀မှာဒေါ်လာသန်း၅၀၀ကအိမ်တလုံးလောက်ပဲဝယ်လို့ရချင်ရတော့မှာ....

၇.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/16711988/7Oct2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16711989/7Oct2011Yeyintngesdiary.pdf.html

7 Oct 2011 Yeyintnge's Diary

KIAနှင့်မြန်မာစစ်တပ်ဆွေးနွေး ၁ရက် သြဂုတ် ၂၀၁၁

သန်း​ရွှေ အလွန် အပိုင်း​ (၆)

သန်း​ရွှေ အလွန် အပိုင်း​ (၆)
Published on October 7, 2011 by မင်းလွင်

ဗိုလ်ချုပ်မှုး​ကြီး​သန်း​ရွှေက မတ်လ ၃၀ ရက်​နေ့​မှာ တပ်မ​တော်ဦး​စီး​ချုပ်ရာထူး​ကို တရား​ဝင်လွှဲ​ပြောင်း​ပေး​ပြီး​လိုက်တဲ့​နောက်မှာ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့​ ၈ ဦး​မြောက် ကာကွယ်​ရေး​ ဦး​စီး​ချုပ် ဖြစ်လာပါတယ်။ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ရဲ့​ လက်ထက်မှာ မြန်မာတပ်မ​တော်နဲ့​ အပစ်ရပ် လက်နက်ကိုင် တိုင်း​ရင်း​သား​အဖွဲ့​တွေကြား​ ဆက်ဆံ​ရေး​အ​နေအထား​ကို ဒီတပတ် တင်ပြ​ပေး​ပါမယ်။

ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်လက်ထက်မှာ လက်နက်ကိုင် တိုင်း​ရင်း​သား​အဖွဲ့​တွေအ​ပေါ် စစ်​ရေး​အရ ​ဖြေရှင်း​တဲ့​နည်း​နဲ့​ ဆက်ဆံလာတယ်လို့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေက ​ပြောကြပါတယ်။ တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေနဲ့​ပတ်သက်ရင် စစ်​ရေး​အရ ​ဖြေရှင်း​တာ​တွေဟာ အရင်ကထက် ပိုဆိုး​လာပြီး​ တိုက်ပွဲကြီး​တွေလည်း​ ဖြစ်​နေတယ်လို့​ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​မှ ဗိုလ်မှူး​စိုင်း​လ က ယခုလို ​ပြောပါတယ်။

“ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ အနား​ယူပြီး​တော့​ ကာကွယ်​ရေး​ဦး​စီး​ချုပ်အဆင့်​မျာ ဗိုလ်ချုပ်ကြီး​ မြင့်​အောင်လှိုင် အစား​ထိုး​ခဲ့​တယ်။ အဲဒီ အစား​ထိုး​တဲ့​ ​နေရာမှာ တကယ်ဆိုရင်​တော့​ ဗိုလ်ချုပ်ကြီး​ မြင့်​အောင်လှိုင်ထက် စီ​နေရာကျတဲ့​ ဗိုလ်ချုပ်ကြီး​တွေ အများ​ကြီး​ ရှိပါတယ်။ ဒါ​ပေမယ့်​ သူက သ​ဘောက သူ့​စိတ်အချရဆုံး​ပေါ့​။ သူ့​လူယုံ​တော်ကို သူက ​နေရာ​ပေး​လိုက်တဲ့​ သ​ဘောမျိုး​ပဲ ကျ​နော်တို့​ မြင်တယ်​လေ။ ဒါ​ကြောင့်​လည်း​ ကျ​နော်တို့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် ကို ​နောက် ဆက်ဆံ​နေတဲ့​ သ​ဘောထား​တွေလည်း​ မ​ပြောင်း​လဲပါဘူး​ခင်ဗျ။ ခုထက်ထိ တိုက်ပွဲ​တွေ ဆက်တိုက် ဖြစ်​နေတာပဲ။ ​ပြောရမယ်ဆိုရင် အခုက ပိုပြီး​တော့​ ကြီး​ကြီး​ကျယ်ကျယ် တိုက်ပွဲ​တွေ ဖြစ်ခဲ့​တာ။”

တပ်မ​တော်က အပစ်ရပ်တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေကို မြန်မာ တပ်မ​တော်လက်​အောက်ခံ နယ်ခြား​စောင့်​ တပ်ဖွဲ့​နဲ့​ ဌာ​နေပြည်သူ့​စစ်တပ်ဖွဲ့​များ​အဖြစ် ​ပြောင်း​လဲဖို့​ ညွှန်ကြား​ခဲ့​ပါတယ်။ မြန်မာတပ်မ​တော်ရဲ့​ ညွှန်ကြား​ချက်ကို မလိုက်နာတဲ့​ အပစ်ရပ်အဖွဲ့​တချို့​နဲ့​ တိုက်ပွဲ​တွေ ပြန်ဖြစ်ခဲ့​ပါတယ်။

သည်လိုနဲ့​ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ ကာကွယ်​ရေး​ဦး​စီး​ချုပ် အဖြစ်က အနား​ယူပြီး​တဲ့​ ​နောက်မှာ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တခုဖြစ်တဲ့​ ကချင်လွတ်​မြောက်​ရေး​တပ်မ​တော်နဲ့​ တိုက်ပွဲ​တွေ ပြန်ဖြစ်လာပါတယ်။

ဒါ​ပေမယ့်​ တပ်မ​တော်ဟာ လက်နက်ကိုင်အဖွဲ့​တိုင်း​နဲ့​တော့​ တိုက်ပွဲ​တွေ ဖြစ်​နေခဲ့​တာ မဟုတ်ပါဘူး​။ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေအ​ပေါ် ဆက်ဆံရာမှာ တဖွဲ့​နဲ့​တဖွဲ့​တူညီမှု မရှိဘူး​လို့​ တိုင်း​ရင်း​သား​ အဖွဲ့​တွေက ​ပြောကြပါတယ်။

ဝ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​နဲ့​ မိုင်လား​ လက်နက်ကိုင်အဖွဲ့​တွေကို ဦး​စား​ပေး​လိုက်​လျော ဆက်ဆံခဲ့​ပြီး​ ပဏာမ ငြိမ်း​ချမ်း​ရေး​ သ​ဘောတူညီချက် ရ​အောင် လုပ်ခဲ့​ပါတယ်။

သည်ကိစ္စနဲ့​ပတ်သက်ပြီး​ ကချင်လွတ်​မြောက်​ရေး​အဖွဲ့​ (​ကေအိုင်အို) က ဦး​လနန်း​က ယခုလို သုံး​သပ် ​ပြောဆိုပါတယ်။

“UWSA နဲ့​ မိုင်း​လား​ဘက်ကို နား​လည်မှု သ​ဘောတူတာမျိုး​ လုပ်တယ်ဆို​ပေမဲ့​ အခုထက်ထိ သူတို့​ရဲ့​ လက်မှတ်ရဲ့​ အကျိုး​သက်​ရောက်မှုက ဘာမှ မရှိဘူး​။ လက်မှတ်ထိုး​တဲ့​အကျိုး​ ဘာမှ ​ပေါ်လာစရာ အ​ကြောင်း​မရှိ​သေး​ဘူး​ ခင်ဗျ။ သူတို့​ လက်မှတ်ထိုး​တဲ့​ အဖွဲ့​ကလည်း​ နဂိုကတည်း​က အပစ်ခတ်ရပ်စဲ​ရေး​ လုပ်ထား​တဲ့​ အဖွဲ့​တွေပါ။ တကယ်လည်း​ သူတို့​ ပစ်ခတ်တာ​တွေ လုပ်တဲ့​အဖွဲ့​တွေ မဟုတ်ပါဘူး​။ ဒါကို သူတို့​က​တော့​ ပိုပြီး​တော့​ အပစ်ခတ်ရပ်စဲ​ရေး​ လုပ်ငန်း​ ပိုပြီး​တော့​ ​သေချာသွား​အောင် အမြတ်ယူသွား​တာပါ။ အခု သူတို့​ အမှန်တကယ်ဆိုရင် တလ​လောက် ရှိသွား​ပါပြီ တလအ​တောအတွင်း​မှာ သူတို့​ အဲဒီအဖွဲ့​တွေနဲ့​ အမှန်တကယ်ပဲ ငြိမ်း​ချမ်း​ချင်တယ် သ​ဘောတူညီချက် ရယူထား​တယ် ဆိုရင်​တော့​ အဲဒီ ​ဒေသအတွက် အခု နိုင်ငံ​တော်က​နေ လုပ်​ပေး​လေ။ ဘာ​တွေလုပ်ပြီး​ပြီလဲ ဆိုတာ ​မေး​ခွန်း​ထုတ်စရာ ရှိတယ်ခင်ဗျ။ ဒါက​တော့​ ဘာလဲဆို​တော့​ တိုင်း​ရင်း​သား​တွေဟာ အခု ဒီ​နောက်ပိုင်း​မှာ အား​လုံး​ဟာ တိုင်း​ရင်း​သား​တွေရဲ့​ အခွင့်​အ​ရေး​ ​တောင်း​ဆိုမှု​တွေက အား​လုံး​က တူညီလာတယ်၊​ အား​လုံး​က သ​ဘောတခုတည်း​ ဖြစ်လာတယ် ဒါကို ယူအန်အက်စ်ဘီက​နေပြီး​ စုစည်း​ပြီး​မှပဲ နိုင်ငံ​ရေး​အင်အား​စု တိုင်း​ရင်း​သား​တွေအတွက် နိုင်ငံ​ရေး​အင်အား​စုတခု ထွက်​ပေါ်လာတာ ရှိတယ်။ အဲဒီ ထွက်​ပေါ်လာတဲ့​ထဲမှာ UWSA နဲ့​ မိုင်း​လား​အဖွဲ့​တွေ ပါဝင်သွား​မှာကို သူတို့​ အများ​ကြီး​ စိုး​ရိမ်တယ်ခင်ဗျ။ ဒါ​ကြောင့်​မို့​ အဲဒီအဖွဲ့​ ၂ ဖွဲ့​ကို သူတို့​က​နေပြီး​တော့​ ဘာမှ မဖြစ်တဲ့​ ပြဿနာကို ပြဿနာတခု ဖြစ်တဲ့​ပုံစံမျိုး​နဲ့​ ပုံ​ဖော်ပြီး​မှပဲ သ​ဘောတူညီမှု လက်မှတ်​ရေး​ထိုး​တာပါ။ အမှန်တကယ်​တော့​ ဘာလဲဆို​တော့​ ကျန်တဲ့​ လက်နက်ကိုင် အင်အား​စု​တွေကို တဖွဲ့​ပြီး​တဖွဲ့​ သူတို့​က​နေ ဖျက်သိမ်း​ဖို့​ ထိုး​စစ်နဲ့​ ​ချေဖျက်ဖို့​ လုပ်တဲ့​ ကိစ္စ​တွေပါ။ ဒါက​တော့​ အမှန်တကယ်ပါပဲ တိုင်း​ရင်း​သား​တွေရဲ့​ စည်း​လုံး​ညီညွတ်မှုကို ပျက်ပြား​စေတဲ့​ ကိစ္စ​တွေပါ။ ဒါ​ပေမဲ့​ တခုက ဘာလဲဆို​တော့​ အခု ဒီ သ​ဘောတူညီချက် လက်မှတ် ​ရေး​ထိုး​ထား​တဲ့​ အဖွဲ့​တွေကလည်း​ တိုင်း​ရင်း​သား​ကို အ​ခြေခံတဲ့​၊​ တိုင်း​ရင်း​သား​အခွင့်​အ​ရေး​ကို အ​ခြေခံပြီး​ ​တောင်း​ဆို​နေတဲ့​ လက်နက်ကိုင် အင်အား​စု​တွေပါ။ အဲဒီအချက်ကို​တော့​ ထည့်​ပြီး​တော့​ စဉ်း​စား​ရမယ်ခင်ဗျ။”

၂၀၁၁ မတ်လ ၃၀ ရက်​နေ့​မှာ စစ်တပ် အုပ်ချုပ်​ရေး​က​နေ အရပ်သား​ အုပ်ချုပ်​ရေး​ဆီကို အာဏာ လွှဲ​ပြောင်း​ပေး​ခဲ့​ပါတယ်။ တပ်မ​တော်က အငြိမ်း​စား​ ဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​သိန်း​စိန် ​ခေါင်း​ဆောင်တဲ့​ ပြည်​ထောင်စုအစိုး​ရအဖွဲ့​သစ် ​ပေါ်​ပေါက်လာခဲ့​ပါတယ်။ ယခုအချိန်ထိ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်နဲ့​ စစ်ဘက်ဗိုလ်ချုပ်​တွေဟာ သမ္မတဦး​သိန်း​စိန်အစိုး​ရရဲ့​ ဦး​ဆောင်မှုက​နေ ​သွေဖည်တာမျိုး​ မ​တွေ့​ရ​သေး​ပါဘူး​။

လက်ရှိ ​ခေါင်း​ဆောင်​တွေရဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​ ​ပြောင်း​လဲမှု​တွေကို လက်ခံတယ် ဆို​ပေမယ့်​ တိုင်း​ရင်း​သား​ကိစ္စမှာ အ​လျှော့​ပေး​တဲ့​သ​ဘောမျိုး​ ဖြစ်လာရင်​တော့​ စစ်တပ်က လက်ခံမယ့်​ပုံ မ​ပေါ် ဘူး​လို့​သုံး​သပ်တာ​တွေ ရှိပါတယ်။

စစ်တပ်က တိုင်း​ရင်း​သား​ ကိစ္စ​တွေမှာ ပိုပြီး​တင်း​မာတဲ့​ သ​ဘောထား​ ရှိ​နေတာ ထင်ရှား​ပါတယ်။ ကာလ တခုမှာ ​တော့​ နိုင်ငံ​ရေး​ လိုအပ်ချက်အရ တိုင်း​ရင်း​သား​အ​ရေး​မှာ အ​လျှော့​အတင်း​ လုပ် ​ကောင်း​ လုပ်လာ နိုင်​ပေမယ့်​ ​ရေရှည်မှာ​တော့​ စစ်တပ်က နိုင်ငံ​ရေး​လိုအပ်ချက်ကိုချည်း​ ဦး​စား​ပေး​မှာ မဟုတ်ပါဘူး​။

ပြည်နယ်နဲ့​ တိုင်း​ဒေသကြီး​တွေမှာ စစ်ဗိုလ်ချုပ်​ဟောင်း​တွေအပြင် တိုင်း​ရင်း​သား​တွေ တချို့​တဝက်ပါတဲ့​ အစိုး​ရအဖွဲ့​တွေ ရှိပါတယ်။ ပြည်နယ်​ဒေသ​တွေမှာဆိုရင် တိုင်း​ရင်း​သား​ ပြည်နယ်အစိုး​ရ ဝန်ကြီး​ချုပ် ​တွေ ရှိကြ ပါတယ်။

တချိန်တည်း​မှာလည်း​ တပ်မ​တော်က တိုင်း​ရင်း​သား​တွေဆက်ဆံ​ရေး​နဲ့​ နယ်စပ်​ဒေသ လုံခြုံ ​ရေး​ အတွက်လည်း​ ဆက်လက် ရှိ​နေဆဲပါ။ အဲလိုအ​နေအထား​မျိုး​မှာ ပြည်နယ် တိုင်း​ရင်း​သား​ဒေသ ငြိမ်း​ချမ်း​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​အတွက် စစ်တပ်နဲ့​ပဲ ဆက်ဆံရမှာလား​။ အရပ်သား​ အစိုး​ရအဖွဲ့​တွေနဲ့​ ဆက်ဆံ ရမှာလား​ ဆိုတဲ့​ ပြဿနာအ​ပေါ် ကချင်လွတ်​မြောက်​ရေး​အဖွဲ့​ ​ကေအိုင်အိုမှ ဦး​လနန်က အခုလို သုံး​သပ်ထား​ပါတယ်။

“အခုက​တော့​ အရပ်သား​အစိုး​ရ ဆို​ပေမဲ့​ အဲဒီ အရပ်သား​အစိုး​ရ အ​ပေါ်မှာ ဩဇာလွှမ်း​မိုး​မှုက ဘယ်သူရှိတယ်ဆိုတာ အဲဒီအချက်က အ​ရေး​ကြီး​ပါတယ်။ ကျ​နော်တို့​ ဒီ ပြည်နယ်အစိုး​ရ​တွေက​တော့​ တိုင်း​ဒေသကြီး​ အစိုး​တွေထက် စာရင်​တော့​ အများ​ကြီး​ လုပ်ပိုင်ခွင့်​လျှော့​ပါတယ်။ တိုင်း​ဒေသကြီး​ ဝန်း​ကြီး​ချုပ်​တွေက အရင်တုန်း​က ဗိုလ်ချုပ်ကြီး​ဟောင်း​တွေ များ​ပါတယ်။ အဲဒီကျ​တော့​ တိုင်း​ဒေသကြီး​တွေမှာ စစ်ဘက်ဆိုင်ရာ စစ်​ဒေသတိုင်း​မှူး​တွေထက် ဝန်ကြီး​ချုပ်​တွေက ​ပြောပိုင် ဆိုပိုင်ခွင့်​ ရှိတယ်။ ဒါ​ပေမဲ့​ ဒီတိုင်း​ရင်း​သား​ ​ဒေသ​တွေမှာ ရှိတဲ့​ ပြည်နယ်ဝန်ကြီး​ချုပ်​တွေက အား​လုံး​လိုလိုပဲ အရပ်ဘက်က များ​တယ်။ အဲဒီလို အရပ်ဘက်က ပုဂ္ဂိုလ်​တွေက ဝန်ကြီး​ချုပ် လုပ်တဲ့​အခါမှာ အဲဒီမှာ ​ဒေသခံ စစ်တိုင်း​မှူး​ဆီမှာ ဘာမှာ ​ပြောပိုင် ဆိုပိုင်ခွင့်​ မရှိဘူး​။ ဩဇာလွှမ်း​မိုး​မှု မရှိဘူး​။ ပြည်နယ် အစိုး​ရတရပ်အ​နေနဲ့​ ဘာမှ ဒီ ​ပြောဆိုပိုင်ခွင့်​ မရှိတဲ့​အတွက်​ကြောင့်​မို့​ ကျ​နော်တို့​က​တော့​ ဒီ တိုင်း​ရင်း​သား​လက်နက်ကိုင် အင်အား​စု​တွေက​တော့​ အခုက ​တော်​တော်​လေး​ ​ရွေး​ရတယ်ခင်ဗျ။ ဒီ ပြည်နယ်အစိုး​ရ​တွေနဲ့​ ​ပြောဆိုရမှာလား​ ဒါမှ မဟုတ်ရင် အာဏာလက်ကိုင်ထား​တဲ့​ အစိုး​ရစစ်တပ် အာဏာရှင်နဲ့​ပဲ ​ပြောရမလား​ ဆိုတာ ​ဝေခွဲမရ ဖြစ်​နေပါတယ်။ ဒါ​ပေမယ့်​ ခုနက​ပြောသလို​ပေါ့​နော် ပြည်နယ်​တွေမှာက ပြည်နယ်အစိုး​ရ ဆိုတာက​တော့​ တိုင်း​မှူး​ရဲ့​ လက်​အောက်ထဲမှာ တရား​ဝင် မရှိဘူး​ ဆို​ပေမယ့်​ ဒီ ပြည်နယ်အစိုး​ရ​တွေဟာ စစ်တပ်​တွေရဲ့​ လုပ်​ဆောင်မှု အ​ပေါ်မှာ ဘာမှာ ဝင်​ရောက်ပြီး​တော့​ အကြံ​ပေး​တာမျိုး​ ဝင်​ရောက်စွက်ဖက်တာမျိုး​ လုပ်ကိုင်မှု အတိုင်း​အတာ ဘာမှ မရှိဘူး​။”

ပြည်နယ်အစိုး​ရ​တွေက စစ်တိုင်း​မှူး​တွေအ​ပေါ် လွှမ်း​မိုး​နိုင်တာ​တော့​ မရှိဘူး​လို့​ ဦး​လနန်း​က သုံး​သပ်​ပြောဆိုသွား​တာပါ။ တိုင်း​ရင်း​လက်နက်ကိုင်အဖွဲ့​တွေဟာ ငြိမ်း​ချမ်း​ရေး​ကို လိုလား​ပြီး​ စစ်​ရေး​အရ ​ဖြေရှင်း​တာကို မလိုလား​ပါဘူး​။ ဒါ​ပေမယ့်​ မြန်မာတပ်မ​တော်ရဲ့​ တိုင်း​ရင်း​သား​တွေ အ​ပေါ်ထား​တဲ့​ ​ပေါ်လစီဟာ ​ပြောင်း​လဲတာ မ​တွေ့​ရဘူး​လို့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) က ဗိုလ်မှုး​စောလှ​ငွေက အခုလို သုံး​သပ်ပါတယ်။

“​လော​လောဆယ် အစိုး​ရ သမ္မတကြီး​ ဦး​သိန်း​စိန်တို့​ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံ​တော် အ​ခြေအ​နေနဲ့​ သူတို့​ လက်ရှိ ၂၀၀၈ ဖွဲ့​စည်း​ပုံ​အောက်မှာ သူတို့​ ​ပျော့​ပျော့​ ​ပြောင်း​ပြောင်း​နဲ့​ သူတို့​ လှည့်​လို့​ရနိုင်လည်း​ ရဆိုပြီး​တော့​ သူတို့​ သာသာ​လေး​နဲ့​ ဆက်လက် အုပ်ချုပ်သွား​နိုင်ဖို့​ သူတို့​ ကြိုး​စား​ချင်တယ်။ ကျ​နော်ထင်တယ် စစ်တပ်က​တော့​ သူတို့​ရဲ့​ တိုင်း​ရင်း​သား​တွေအ​ပေါ်မှာ ထား​တဲ့​ ​ပေါ်လစီပဲ ဖြစ်ပ​စေ၊​ ကျ​နော်တို့​ ပြည်သူလူထုအ​ပေါ်မှာထား​တဲ့​ ​ပေါ်လစီပဲ ဖြစ်ပါ​စေ ဘာမှာ မ​ပြောင်း​လဲဘူး​ ဆိုတဲ့​အခါကျ​တော့​ သမ္မတဦး​သိန်း​စိန်လည်း​ ​မောတာပဲ ရှိမယ်လို့​ ထင်တယ်။ ​နောက်ဆုံး​ အဆင်မသင့်​ရင် ဆက်ပြီး​ အာဏာ သိမ်း​ခံရမှာပဲ ကျ​နော်က​တော့​ အဲဒီလိုပဲ ထင်တယ်။”

တိုင်း​ရင်း​သား​တွေအ​ပေါ် တန်း​တူထား​ပြီး​ ဆက်ဆံမယ်ဆိုတဲ့​ စဉ်း​စား​ချက်မျိုး​ မြန်မာတပ်မ​တော်မှာ ယခုလည်း​ မရှိ​သေး​သလို ​နောင်လည်း​ ​တော်​တော်နဲ့​ရှိမှာ မဟုတ်ပါဘူး​။ဒါ​ကြောင့်​ တိုင်း​ရင်း​သား​ အ​ရေး​ကိစ္စနဲ့​ ပတ်သတ်ရင် နိုင်ငံ​ရေး​နည်း​နဲ့​ စဉ်း​စား​ချင်တဲ့​ နိုင်ငံ​ရေး​သမား​များ​လို​တော့​ စစ်တပ်က စဉ်း​စား​မှာ မဟုတ်ဘူး​လို့​ဘဲ ​ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
http://burmese.dvb.no/

မြစ်ဆုံ​ရေကာတာ ခဏရပ်၊​ ​ပေါက်ကွဲ​တော့​မယ့်​ ဗုံး​တလုံး​ ​ကော်​ဇောနီနဲ့​ ဖုံး​လိုက်​တော့


Published on October 7, 2011 by သန်း​ဝင်း​ထွဋ် ·

မြစ်ဆုံနဲ့​ တရုတ်-မြန်မာ နိုင်ငံ​ရေး​နဲ့​ စီး​ပွား​ရေး​ ​ရှေ့​အ​ရေး​နဲ့​ ​နောက်အ​ရေး​ ​မေး​စရာ​တွေ များ​လာမယ်။

ဒေါ်လာသန်း​ပေါင်း​ ၃,၆၀၀ တန် မြစ်ဆုံ​ရေအား​လျှပ်စစ်စီမံကိန်း​ကို ဒီအစိုး​ရလက်ထက်မှာ ရပ်ထား​မယ်ဆိုတဲ့​ သမ္မတ ဦး​သိန်း​စိန်ရဲ့​ အချက်ပြသံဟာ တရုတ်နဲ့​ မြန်မာကြား​က နိုင်ငံ​ရေး​အခင်း​အကျင်း​ အ​ပေး​အယူအသစ်ကို ပြတာလား​။ ဒီအစိုး​ရသက်တမ်း​ ၅ နှစ်အတွင်း​မှာ ဒီစီမံကိန်း​ကို ရပ်ထား​မယ်လို့​ သမ္မတ ​ပြောစကား​ဟာ တရုပ်သ​ဘောထား​နဲ့​ တရုတ်နိုင်ငံရဲ့​ အမျိုး​သား​အကျိုး​စီး​ပွား​ကို ဆန့်​ကျင်​နေတယ်။ နအဖလက်ထက်က တရုတ် မဟာမိတ်ဆက် ဆံ​ရေး​မျိုး​က​နေ တခုခု ​သွေဖည်လာပုံ​ပေါက်ပါတယ်။ မြစ်ဆုံကိစ္စ ဒီသမ္မတလက်ထက် ရပ်ထား​ရုံနဲ့​ အ​ဖြေမထွက်​သေး​ပါဘူး​။ “မိမိတို့​အစိုး​ရလက်ထက်”ဆိုတဲ့​ ၅ နှစ်တာသက်တမ်း​အတွင်း​ မြစ်ဆုံက လက်ရှိလုပ်​နေတဲ့​ ​ဆောက်လုပ်​ရေး​လုပ်ငန်း​တွေ ရပ်ထား​ဖို့​ တရုတ်နဲ့​ ဘယ်လိုဆက်ညှိမလဲ။ မြစ်ဆုံ​ရေကာတာကို ခဏရပ်ထား​မယ်ဆိုပြီး​ ​ပေါက်ကွဲ​တော့​မယ့်​ ဗုံး​တလုံး​ကို ​ကော်​ဇောနဲ့​ အုပ်လိုက်တယ်။ အန္တရာယ် တကယ်ပဲ မရှိ​တော့​ဘူး​တဲ့​လား​။

ကုလသမဂ္ဂ လုံခြုံ​ရေး​ကောင်စီမှာ ကာကွယ်​ပေး​မယ့်​ တရုတ်ရဲ့​ဗီတိုကို သိပ်အ​ရေး​တကြီး​ မလို​တော့​ဘူး​၊​ ဗီတို​ဈေး​ကျ​နေပြီလို့​ ဆုံး​ဖြတ်တာဖြစ်​နေသလား​။ အ​မေရိကန်ဘက်က အရိပ်အခြည်ကို ကြည့်​ပြီး​ တရုတ်ကိုအာခံဖို့​ အား​စမ်း​တာလည်း​ ဖြစ်​ကောင်း​ဖြစ်​နေမလား​။

ဧရာဝတီ မြစ်ဆုံကိစ္စ လူထုကြား​မှာ လှုပ်ရှား​မှု​တွေ ထိန်း​မနိုင်သိမ်း​မရ ဖြစ်လာမှာထက် တရုတ်ဆီက နဂါး​မျက်​စောင်း​ကိုပဲ ရင်ဆိုင်လိုက်​တော့​မယ်လို့​ ​ရွေး​ချယ်လိုက်ရတာမျိုး​ လည်း​ ဖြစ်နိုင်လား​။ ဆက်ဆံ​ရေး​သစ်နဲ့​ အကဲစမ်း​နေတဲ့​ အ​မေရိကန်​ကောင်း​ဘွိုင်​တွေက အကာအကွယ် ​ပေး​နိုင်​လောက်​နေပြီလား​။ ​မေး​စရာ​တွေ ရှိမယ်။

အ​ပြောင်း​အလဲကို လိုလား​တယ်လို့​ ယုံကြည်တဲ့​အ​ကြောင်း​ ​ဒေါ်​အောင်ဆန်း​စုကြည် မှတ်ချက်​ပေး​ထား​တဲ့​ သမ္မတသစ်ရဲ့​ အစိုး​ရသစ်အ​နေနဲ့​ ပြည်သူလူထု ​ထောက်ခံမဲပိုရ ​အောင် ဒီလိုဆုံး​ဖြတ်တာ​ရော ဖြစ်နိုင်လား​။

ဒု-သမ္မတ သီဟသူရ ဦး​တင်​အောင်မြင့်​ဦး​ရဲ့​ တရုပ်ပြည်သွား​တောလား​မှာ ငိုချင်း​သံ ကြား​ရ မလား​၊​ ​ချော့​မော့​ဖျောင်း​ဖျ ​ချွေး​သိပ်ရမလား​။ ရင်ထဲအသည်း​ထဲက အပြန်အလှန် ယုံကြည်ခဲ့​တာမဟုတ်တဲ့​ ​ခေါင်း​ကိုင်အဖ သ​ဘောကျပါ့​မလား​။ မြစ်ဆုံပ​ရောဂျက်အစား​ တခြား​ အဖိုး​ထိုက်တဲ့​ အရာတခုခု အစား​ထိုး​ အ​လျော်ပြန်​ပေး​ရ​လေမလား​။

လွှတ်​တော်မှာ​ကြေညာခဲ့​တဲ့​ သမ္မတဦး​သိန်း​စိန်ရဲ့​ မြစ်ဆုံကိစ္စ အချက်ပြသံကို တရုတ်က ချက်ချင်း​တုံ့​ပြန်ခဲ့​ရတယ်။ ​နောက်တရက်မှာပဲ ”တရုတ်ကုမ္ပဏီ​တွေရဲ့​ တရား​ဝင်အခွင့်​အ​ရေး​ကို အာမခံသင့်​တဲ့​အ​ကြောင်း​၊​ မြစ်ဆုံဆည်ဟာ တရုတ်-မြန်မာအကြား​ ပူး​တွဲ​ဆောင်ရွက်ခဲ့​တဲ့​ စီမံကိန်း​ နှစ်နိုင်ငံ ဆက်လက်​လေ့​လာ ဆုံး​ဖြတ်သင့်​” ဆိုတာ​တွေ ​ပြောရတယ်။ ”နှစ်ဖက်စလုံး​က ခင်မင်း​ရင်း​နှီး​စွာ အကြံပြုပြီး​တော့​ ဒီလုပ်ငန်း​ကိစ္စ​တွေကို သင့်​တော်သလို ​ဆောင်ရွက်ရ​အောင်” ဆိုတာ​တွေ နိုင်ငံခြား​ရေး​ဌာနက ထွက်​ပြောလာရတယ်။ တရုတ် နိုင်ငံခြား​ရေး​ဝန်ကြီး​ဌာန ​ပြောခွင့်​ရ ​ဟောင်လီ ​အောက်တိုဘာလ ၁ ရက်​နေ့​ စ​နေ​နေ့​ ပိတ်ရက် ရုံး​တက်လိုက်ရတယ်။

လစ်ဗျား​မှာလည်း​ ပြီး​ခဲ့​တဲ့​လကပဲ မြန်မာပြည်မှာလို ကြုံခဲ့​တယ်။ တရုတ်စီး​ပွား​ရေး​ ​ဒေါ်လာဘီလီယံ ၂၀ ​လောက် ရင်း​နှီး​မြှုပ်နှံထား​တဲ့​ လစ်ဗျား​အ​ရေး​မှာ တရုတ်ဟာ နာမည်ပျက် သိက္ခာကျခဲ့​တယ်။ တရုတ်ဟာ ကဒါဖီပြုတ်မကျခင်​လေး​တင် ဇူလိုင်လက လက်နက် ​ဒေါ်လာ သန်း​ ၂၀၀ ဖိုး​ ​ရောင်း​ခဲ့​တယ်။ လုံခြုံ​ရေး​ကောင်စီက တား​မြစ်ထား​တဲ့​ လက်နက်​ရောင်း​ဝယ်မှု ကန့်​သတ်တဲ့​ ဆုံး​ဖြတ်ချက်ကိုလည်း​ ဂရုမစိုက်​တော့​ဘူး​။ ဒါ​ပေမယ့်​ အပြစ်မဲ့​အရပ်သား​တွေကို ကဒါဖီ တိုက်​လေယဉ်နဲ့​ ဗုံး​ကျဲလို့​ ‘​နေတိုး​’ ဝင်ရ​တော့​မယ့်​ အ​ခြေအ​နေမှာ​တော့​ တရုတ်ဟာ သိပ်နာမည်ပျက်ခံပြီး​ ‘ဗီတို’မသုံး​တော့​ဘူး​။ ဒါ​ပေမယ့်​ ​နေတိုး​တပ်​တွေ ဗုံး​ကြဲ​တော့​လည်း​ အပြစ်တင်စကား​ ​ပြောပြန်တယ်။ လစ်ဗျား​သူပုန်​တွေကို မ​ထောက်ခံလို့​ အမျိုး​သား​ အသွင်ကူး​ပြောင်း​ရေး​ ​ကောင်စီက တရုတ်ရင်း​နှီး​မြှုပ်နှံမှု စီး​ပွား​ရေး​ကို ခြိမ်း​ခြောက်ခံခဲ့​ရ​သေး​တယ်။

နောက်ဆုံး​ ကဒါဖီ ပြုတ်ကျ ထွက်​ပြေး​ရ​တော့​မှပဲ တရုတ်က သူပုန်​တွေကို ​ထောက်ခံ၊​ သံခင်း​တမန်ခင်း​ပြန်စဖို့​ ​လေသံပစ်ခဲ့​ရတယ်။ သူ့​ရင်း​နှီး​မြှုပ်နှံမှု​တွေ၊​ အကျိုး​စီး​ပွား​တွေ၊​ သ​ဘောတူစာချုပ်​တွေကို ​နောက်အစိုး​ရ အသိအမှတ်ပြုဖို့​ လုံး​ပန်း​ခဲ့​ရတယ်။ ​ဒေါ်လာ ဘီလီယံ ၂၀။ ဒါအ​ရေး​ကြီး​တယ်။ မိတ်​ဟောင်း​ကြီး​ ကဒါဖီလား​၊​ ​မေ့​ထား​လိုက်​တော့​။ No country for old men!

ဖေ​ဖော်ဝါရီလတုန်း​ကလည်း​ အီဂျစ်အာဏာရှင် မူဘာရက် ပြုတ်ကျခဲ့​တဲ့​ မတိုင်ခင်ထိ ဆန္ဒပြ ပြည်သူလူထုကို ဆူပူရမ်း​ကား​သူ​တွေလို့​ တရုတ်မီဒီယာ​တွေက သုံး​ခဲ့​တယ်။ အီဂျစ်သတင်း​တွေ ​ပေါ်မလာ​အောင် တရုတ်အင်တာနက်ရဲသား​တွေ ပိုက်စိပ်တိုက် လုံခြုံ​ရေး​အထပ်ထပ် ယူရ။ ပိတ်ရဆို့​ရ။ မူဘာရက်လွန်​ခေတ်​ရောက်​တော့​လည်း​ တရုတ်စီး​ပွား​ရေး​က ​နောက်အစိုး​ရနဲ့​ ဆက်လုပ်ဖို့​ ​ပေါင်း​သင်း​ဖို့​ ကြိုး​စား​ခဲ့​ရတာပဲ။ အာဏာရှင်​တွေနဲ့​ ပုလင်း​တူဘူး​ဆို့​ လုပ်​နေတဲ့​ တရုတ်ဟာ ဆန်စဉ်ရာ ကျည်​ပွေ့​လိုက် နိုင်ငံ​ရေး​ပေါ်လစီမျိုး​ လုပ်ရပုံ ​ပေါက်​နေတယ်။

စီး​ပွား​ရေး​နဲ့​ အကျိုး​အမြတ်ပဲ အဓိကထား​ ဦး​စား​ပေး​ကြတဲ့​ တရုတ်အစိုး​ရဟာ ကမ္ဘာ့​အဆိုး​ရွား​ဆုံး​ အာဏာရှင်​တွေဘက်က ဘက်လိုက်ရပ်တည်တဲ့​ မူ​တွေ၊​ ဆက်ဆံ​ရေး​ ​တွေ ထား​ခဲ့​ကြတာ​တွေ အား​လုံး​တွေ့​ခဲ့​ကြရတယ်။ အကျိုး​စီး​ပွား​အတွက်ဆိုရင် ဆာဘီး​ယား​က အာဏာရှင် စလိုဘိုဒန် မီလိုဆီဗစ်ကို သူ့​ရဲ့​အာဏာ​နောက်ဆုံး​ချိန်ထိ ​ထောက်ခံခဲ့​တယ်။ ကမ္ဘာက ပြစ်တင်​ဝေဖန်​နေတဲ့​ကြား​က ဇင်ဘာ​ဘွေသမတ အာဏာရှင် ​ရောဘတ်မူဂါဘီကို ဘီဂျင်း​ဆီ ဖိတ်​ခေါ်ဧည့်​ခံခဲ့​တယ်။ ဗင်နီဇွဲလား​အာဏာရှင် ဟူဂို ရှာဗက်ဇ်နဲ့​ ပလဲနံသင့်​ ​ပေါင်း​ခဲ့​တယ်။ ကမ္ဘာ့​ဆွဲငင်အား​ရဲ့​ ဗဟိုချက်ဟာ တရုတ်ပြည်ကို ​ရောက်လာ​နေပြီလို့​ ဟူဂိုရှာဗက်ကလည်း​ တရုတ် ​ပေါလစ်ဗျူရို​တွေကို ​မြှောက်​ပြော ခဲ့​တယ်။ ​လော​လောဆယ်​တော့​ သူတို့​ အပြန်အလှန် ကျီး​ဖြစ်လိုက် ဘုတ်ဖြစ်လိုက်။

ဒီနှစ်အတွင်း​ အ​ရှေ့​အလယ်ပိုင်း​က အာရပ်​တော်လှန်​ရေး​တွေ​ကြောင့်​ အာဏာရှင်​တွေ အပြိုင်း​အရိုင်း​ ပြုတ်ကျလာတဲ့​အခါ တရုတ်ရဲ့​မူဝါဒ အကျပ်အတည်း​ပိုများ​လာတယ်။ တရုတ်ဟာ သူ့​အမျိုး​သား​ကျိုး​စီး​ပွား​ကိုပဲ ဦး​စား​ပေး​တယ်၊​ အာဏာရှင်​တွေဘက်က လိုက်ခဲ့​တယ် ဆို​ပေမယ့်​ နိုင်ငံတကာက ပြစ်တင်ရှုတ်ချသံ​တွေ ပလူပျံလာတဲ့​အခါ လုံခြုံ​ရေး​ကောင်စီ ဆုံး​ဖြတ်ချက်​တွေမှာ ကာကွယ်မဲမ​ပေး​တော့​ဘဲ လက်​ရှောင်ခဲ့​ရတာ​တွေလည်း​ ရှိခဲ့​တယ်။ ဆူဒန်မှာဖြစ်ခဲ့​။ လစ်ဗျား​မှာဖြစ်ခဲ့​တယ်။

တချိန်တည်း​မှာပဲ တရုတ်ရဲ့​ တပါတီအာဏာရှင်စနစ်ဟာ အ​နောက်​မော်ဒယ် စီး​ပွား​ရေး​ပုံစံ အရ အကျိုး​ဖြစ်ထွန်း​နေမယ့်​ အ​နောက်ရဲ့​မော်ဒယ် လစ်ဘရယ်ဒီမိုက​ရေစီစနစ်ရဲ့​ ခြိမ်း​ခြောက်မှုကိုလည်း​ ရင်ဆိုင်​နေရတယ်။ အင်တာနက်နည်း​ပညာရဲ့​လွတ်လပ်မှုဟာ ထိန်း​ရ ပိုပိုပြီး​ခက်လာတယ်။ ပိုက်ဆံရှိလာတဲ့​ တရုတ်အလယ်လတ်တန်း​စား​ အလွှာ​တွေ က လစ်ဘရယ်ဒီမိုက​ရေစီဆန်တဲ့​ လွတ်လပ်ခွင့်​ကို ပိုပြီး​လိုချင်လာနိုင်တယ်။ ဒါ​ကြောင့်​ အာဏာရှင်​တွေနဲ့​ မဟာမိတ်သ​ဘော ဆက်ဆံ​ရေး​ ချိန်ခွင်လျှာလည်း​ ညှိချင်၊​ အ​မေရိကန် ဩဇာကို ခုခံ​ချေပ အ​လေး​အ​ပေါ့​ အကွက်​ရွှေ့​ချင်ပုံပြတယ်။

တရုတ်ဟာ အထီး​ကျန် ပိတ်ဆို့​ခံ အာဏာရှင်​တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ နပ်တယ်။ လစ်ဘရယ်ဒီမိုက​ရေစီသမား​တွေရဲ့​ ​ချောင်ပိတ်ခံထား​ရတဲ့​ အာဏာရှင်​တွေက လည်း​ သူ့​အ​ပေါ် ပိုပြီး​မှီခိုလာရတယ်။ ဒါ​ပေမယ့်​ အာဏာရှင်နိုင်ငံ​တွေနဲ့​ ဆက်ဆံ​ရေး​အား​ လုံး​မှာ အကျိုး​အမြတ်ရတယ်လို့​တော့​ မဟုတ်ဘူး​။ အကျင့်​ပျက်ခြစား​မှု ဗရမ်း​ဗတာဖြစ်​နေ တဲ့​ အာဏာရှင်နိုင်ငံ​တွေ၊​ အချိန်မ​ရွေး​ ဇာတ်တူသား​စား​ဖို့​ ဝန်မ​လေး​သူ​တွေနဲ့​ ဆက်ဆံ​ရေး​ ဟာ မီး​နဲ့​ကစား​နေရသလိုပဲ။ သူလလည်း​ မနိုင်​တော့​တဲ့​၊​ တခုမဟုတ်တခု အမြဲတမ်း​ ပြဿနာရှာ​နေတဲ့​ ​မြောက်ကိုရီး​ယား​လို အာဏာရှင်​တွေလည်း​ ရှိတယ်။

ခြောက်ပွင့်​ဆိုင် ​ဆွေး​နွေး​ပွဲ​တွေမှာ တရုတ်ကို အရှက်ရ​စေခဲ့​တာလည်း​ မနည်း​တော့​ဘူး​။
တဖက်မှာလည်း​ တရုတ်ဟာ အနီး​ကပ် တပါတီအာဏာရှင်​တွေနဲ့​ သိပ်အဆင်​ပြေတာ မဟုတ်ဘူး​။ သူ့​လိုပဲ တလက်ကိုင်အစိုး​ရ အကျိုး​အမြတ်ပဓါနထား​တဲ့​ ရုရှား​ဟာ အကျိုး​စီး​ပွား​အရာမှာ သူ့​ပြိုင်ဘက်လို ဖြစ်လာတယ်။ သူ့​လိုပဲ တပါတီကွန်မြူနစ် ဗီယက်နမ် နဲ့​ မတည့်​ဘူး​။ ​တောင်တရုပ်ပင်လယ်ကိစ္စ အငြင်း​ပွား​နေရတယ်။ ရုရှား​ကလည်း​ ဂျက်တိုက်​လေယဉ်​တွေ၊​ ​ရေငုပ်သ​င်္ဘော​တွေ ဗီယက်နမ်ဆီကို ​ရောင်း​ပေး​ထား​တယ်။

ဗီယက်နမ်ကလည်း​ အချိန်မ​ရွေး​ စစ်ပြင်လာဖို့​ အရိပ်ပြတယ်။ ကွန်မြူနစ်အစိုး​ရဟာ တရုတ်သံရုံး​ရှေ့​မှာ လူထုဆန္ဒပြပွဲ လုပ်ခိုင်း​ထား​တယ်။ လူထုကြား​မှာလည်း​ တရုတ်မုန်း​တီး​ ​ရေး​ ပွား​များ​လာတယ်။ ဗီယက်နမ် အိမ်နီး​ချင်း​ ဝါဒတူနိုင်ငံနဲ့​ အဲဒီလိုဖြစ်​နေ​ပေမယ့်​ အာဏာရှင်စနစ်က​နေ ​ပြောင်း​လာတဲ့​ ​ပေါ်ထွန်း​စ ဒီမိုက​ရေစီနိုင်ငံ​တွေနဲ့​လည်း​ အဆင်​ပြေ ​နေတာ​တွေ ရှိတယ်။ ဥပမာ၊​ အင်ဒိုနီး​ရှား​။ သူတို့​ချင်း​ အပြန်အလှန် လိုချင်​နေကြတယ်။

တရုတ်အစိုး​ရဟာ လက်​တွေ့​နိုင်ငံ​ရေး​ realpolitik ကိုပဲ ကြည့်​တဲ့​သူ​တွေလို့​ အများ​က ယူဆခဲ့​ကြတယ်။ အာဏာရှင်​တွေကို တရုတ်​တွေ သတိထား​ဆက်ဆံခဲ့​ကြ​ပေမယ့်​ ဆိုး​ကျိုး​တွေပါ ရင်ဆိုင်လာ​နေရတယ်။ ​မော်စီတုန်း​ခေတ်​နောက်ပိုင်း​ တရုတ်​ပေါ်လစီဟာ အမျိုး​သား​အကျိုး​စီး​ပွား​ကို ပိုပြီး​ကြည့်​လာတယ်။ ပိုက်ဆံရမယ်တရုတ် ​ရေနံရမယ်၊​ ​လောင်စာရမယ်ဆိုရင် ဘယ်​နေရာ ဘယ်နိုင်ငံဖြစ်ဖြစ်၊​ ဘယ်ပြည်သူ ဘယ်​လောက်နာနာ စာချုပ်​တွေချုပ်တယ်။ ကျင့်​ဝတ်​တွေ၊​ အိုင်ဒီ​ယော်​လော်ဂျီ​တွေ၊​ အယူဝါဒါ​တွေကို ​ဇောင်း​မ​ပေး​ဘူး​။ အာရပ်ကမ္ဘာက အ​ပြောင်း​အလဲ​လေ​ကြောင်း​ တိုက်ခတ်လာတဲ့​ ​နောက်မှာ​တော့​ တရုတ်ဟာ ​ရှေ့​လျှောက် ပိုပြီး​ မီး​စင်ကြည့်​က၊​ နိုင်ငံ​ရေး​ကစား​ကွက်ကို ထိန်း​ညှိဖို့​ လိုလာနိုင်တယ်။ ပိုက်ဆံချမ်း​သာပြီး​ရင် ဂုဏ်သိက္ခာလည်း​ချမ်း​သာဖို့​ စဉ်း​စား​ရ ​တော့​မယ်။

အာရပ်ကမ္ဘာက အ​ပြောင်း​အလဲ​တွေ ​နောက်ပိုင်း​မှာ အာဏာရှင်​တွေနဲ့​ တရုတ်ရဲ့​ဆက်ဆံ ​ရေး​ မူဝါဒ​တွေ ​ပြောင်း​လဲသင့်​ပြီလား​။ “သတိကြီး​ကြီး​နဲ့​ ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ ​နေတယ်၊​ တဖြည်း​ဖြည်း​ ​ပြောင်း​ပါ့​မယ်”ဆိုတဲ့​ မြန်မာအစိုး​ရသစ်ဟာလည်း​ အရင် ‘နအဖ’ လက်ထက်က ​ကောင်း​မွေဆိုး​မွေခံရတယ်လို့​ ​ပြောထား​တယ်။ ‘နအဖ’လက်ထက်က တရုတ်နဲ့​ သ​ဘောတူညီချက်​တွေ၊​ စာချုပ်စာတမ်း​တွေ၊​ MOU (နား​လည်မှုစာချွန်လွှာ) ​တွေ အ​ပေါ် ​နောက်လာမယ့်​ အစိုး​ရသစ်​တွေက ဘယ်လိုကိုင်တွယ် ​ပေါ်လစီထား​မလဲ။

ပြည်တွင်း​မှာလည်း​ တရုတ်ဆန့်​ကျင်​ရေး​စိတ်​တွေ ပိုပြိုပီး​ ထကြွလာ​နေတာ မြင်​နေကြရတဲ့​ ​နောက် ​ရှေ့​လျှောက် တရုတ်နဲ့​ စီး​ပွား​ရေး​ သား​ပေး​သမီး​ယူ​တွေမှာ ဘယ်လိုဆက်ဆံသင့်​ ပြီလဲ … ​မေး​ခွန်း​ထုတ်စရာ​တွေ ရှိလာပါမယ်။

မြစ်ဆုံကိစ္စ ဒီသမ္မတလက်ထက်၊​ ဒီအစိုး​ရလက်ထက် ရပ်ထား​ရုံနဲ့​ အ​ဖြေ မထွက်​သေး​ပါ ဘူး​။ ​နောက်ထပ် ​မေး​စရာ ​မေး​ခွန်း​တွေ ပိုပြီး​ထွက်လာတယ်လို့​တောင် ဆိုနိုင်တယ်။
http://burmese.dvb.no/archives/category/analysis

တပတ်အတွင်း​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ထုတ်ပြန်မည်ဆိုသည့်​ ​ကောလာဟ


Published on October 7, 2011 by ​အေး​နိုင်

မြန်မာနိုင်ငံအကျဉ်း​ဦး​စီး​ဌာနက အကျဉ်း​သား​တွေကို မကြာခင်ကာလအတွင်း​မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မယ်ဆိုတဲ့​ ​ကောလဟလ​တွေ ​ထောင်အသိုင်း​အဝိုင်း​မှာ ထွက်​ပေါ်​နေသလို ပြင်ဆင်မှုတချို့​ကိုလည်း​ ကြား​သိ​နေရပါတယ်။

ထွက်​ပေါ်​နေချက်​တွေအရ လာမယ့်​ ​အောက်တိုဘာ ၁၄ ရက်မှာ သမ္မတကြီး​ဦး​သိန်း​စိန် အိန္ဒိယနိုင်ငံ ခရီး​စဉ်မတိုင်မီ လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မယ်လို့​ ​ပြောဆို​နေ​ကြောင်း​ အင်း​စိန်​ထောင်နဲ့​ နီး​စပ်သူတဦး​က ​ပြောပါတယ်။

“ကျ​နော်တို့​ ဒီမှာကြား​နေတာက ဦး​သိန်း​စိန် အိန္ဒိယမသွား​ခင်လို့​တော့​ အဲလိုကြား​နေတယ်။ သွား​မယ့်​ဟာကလည်း​ ၁၄ ရက်​နေ့​လို့​ကြား​နေတယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​စောင့်​ကြည့်​နေတာက တနင်္လာ၊​ အင်္ဂါ ဖြစ်နိုင်မလား​ပေါ့​” လို့​ ​ပြောပါတယ်။

ဒီလွတ်ငြိမ်း​ချမ်း​သာခွင့်​ထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေလည်း​ ပြန်လည် လွတ်​မြောက် လာနိုင်ဖွယ်ရှိပြီး​ စာရင်း​ကောက်ယူမှု​တွေလည်း​ ရှိတယ်လို့​ ဒီက​နေ့​ လွတ်​မြောက်လာသူ နိုင်ငံ​ရေး​အကျဉ်း​သား​တချို့​က ​ပြောတယ်လို့​ သူက ​ပြောပါတယ်။

“ဒီ​နေ့​ လွတ်ရက်​စေ့​လွတ်လာတဲ့​ မုံရွာကအဖွဲ့​တွေ ​ပြောသွား​ပုံအရဆိုရင် တချို့​လူ​တွေ ဓာတ်ပုံရိုက်တာ​တွေ​တော့​ လုပ်ပြီ​ပေါ့​နော်။ ဘိုး​တော်ခင်ဝင်း​ဆိုရင် တ​ယောက်က​တော့​ ဘယ်​နေ့​ ဘယ်ရက်ကယ်လို့​တော့​ ​ပြောလို့​မရဘူး​ပေါ့​နော် ‘အိတ်သာပြင်ထား​’ လို့​ ဘိုး​တော်ခင်ဝင်း​ကို ​ပြောသွား​တဲ့​ ဝန်ထမ်း​တွေ တချို့​လည်း​ ရှိတယ်တဲ့​” လို့​ ​ပြောပါတယ်။

နိုင်ငံတဝန်း​က အကျဉ်း​ထောင်​တွေမှာ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀၀ ဝန်း​ကျင်ခန့်​ရှိ​နေတာလို့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကူညီ​စောင့်​ရှောက်​ရေး​အသင်း​က ထုတ်ပြန်ထား​ပါတယ်။

တချို့​ပြောဆိုချက်​တွေမှာဆိုရင် လာမယ့်​အောက်တိုဘာ ၁၂ရက်​နေ့​ သီတင်း​ကျွတ်လပြည့်​ (အဘိဓမ္မာအခါ​တော်​နေ့​)မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မယ်လို့​ ဆိုပါတယ်။

ဦး​ခင်ဝင်း​ (ခ) ဘိုး​တော်ခင်ဝင်း​ဟာ ၁၉ဂဂနဲ့​ ၂ဝဝဝပြည့်​နှစ်​တွေက အကျဉ်း​ကျခံရဖူး​တဲ့​ နိုင်ငံ​ရေး​လှုပ်ရှား​သူတဦး​ ဖြစ်ပြီး​ ဂျပန်​ရောက် မြန်မာနိုင်ငံသား​တွေ စု​ပေါင်း​ချီး​မြှင့်​တဲ့​ အညတြသူရဲ​ကောင်း​ဆုရှင်တဦး​ဖြစ်ပါတယ်။

လွန်ခဲ့​တဲ့​သီတင်း​ပတ်က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အစိုး​ရကိုယ်စား​လှယ် အလုပ်သမား​ဝန်ကြီး​ ဦး​အောင်ကြည်တို့​ ​ဆွေး​နွေး​တဲ့​အထဲမှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ထုတ်ပြန်​ရေး​လည်း​ ပါဝင်ပါတယ်။
http://burmese.dvb.no/archives/16264

2013 – ဂရင်းကတ် ကံစမ်းမဲ D.V Lottery စတင် လျှောက်ထားနိုင်ပြီ


US visa lottery opens for 2013 – ဂရင်းကတ် ကံစမ်းမဲ D.V Lottery စတင် လျှောက်ထားနိုင်ပြီ

ဗွီအိုအေ သတင်းဌာန
အောက်တိုဘာ ၇၊ ၂၀၁၁

ဂရင်းကတ် သို့မဟုတ် အမေရိကန်တွင် အမြဲတမ်းနေထိုင်ခွင့်ရှိသူတို့ကို ထုတ်ပေးသည့် ကတ်ပြား


အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိမယ့်သူပေါင်း ၅ သောင်းကို ကမ္ဘာ့နိုင်ငံစုံကနေ ကံစမ်းမဲဖောက် ရွေးချယ်တဲ့ ၂၀၁၃ Diversity Visa အစီအစဉ် အချိန်ကျရောက်လာပြန်ပါပြီ။

ပြီးခဲ့တဲ့ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ကိုယ်တိုင် နိုင်ငံခြားသတင်းထောက်တွေကို ဖိတ် ကြားပြီး ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်မယ့် အစီအစဉ်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီ အစီအစဉ်အကြောင်းနဲ့ အရေးကြီးတဲ့ အချက်အလက် တွေကို Ko Ronnie Nyein က ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။
၂၀၁၃ ခုနှစ် အမေရိကန် ဘဏ္ဍာရေးနှစ်ရဲ့ ပထမနှစ်ဝက် စက်တင်ဘာ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး အမေရိကန်ပြည်ထောင်စုကို ၀င်ရောက်ရမယ့် ဒီ ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ (၄) ရက်နေ့က စတင်ခဲ့တာပါ။ ဒီ ကံစမ်းမဲဖောက်ပွဲ ပိတ်ချိန်က ရှေ့လ နိုဝင်ဘာလ (၅) ရက် စနေနေ့၊ အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် နေ့လည် (၁၂) နာရီ၊ မြန်မာနိုင်ငံမှာတော့ နိုဝင်ဘာ လ (၅) ရက် စနေနေ့ည (၁၀) နာရီခွဲအချိန် ဖြစ်ပါတယ်။
ဒီတခေါက် Diversity Visa အစီအစဉ်အတွက် အရေးကြီးတဲ့အချက်တွေကို မတင်ပြခင်မှာ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ရဲ့ သတင်းစာ ရှင်းလင်းပွဲက တချက်ကို တင်ပြချင်ပါတယ်။
ဒေးဗစ် ဒါနာဟယူး။ ။ ၂၀၁၃ Diversity Visa Program ခေါ်တဲ့၊ ရှေ့လာမယ့် (၂)နှစ်၊ ၂၀၁၃ ခုနှစ်ရဲ့ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ပြည်ထောင်မှာ အမြဲ တမ်း အခြေချ နေထိုင်ခွင့်ရရှိမယ့်သူပေါင်း ၅ သောင်းကို ကမ္ဘာ့နိုင်ငံစုံက ကံစမ်းမဲဖောက် ရွေးချယ်ပွဲ အချိန်ရောက်လာပြန်ပါပြီ။ ဒီနှစ်ရဲ့ အပြောင်းအလဲက တော့ ဒီနှစ်မှာ ပါဝင်ခွင့်မရှိတဲ့နိုင်ငံအဖြစ် အသစ်တိုးလာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံသားတွေပါ။ ကျနော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အခု အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဦးရေ ၅ သောင်း ကျော်သွားခဲ့လို့ပါ။
(မှတ်ချက်။ ။ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ အမြဲတမ်းအခြေချနေထိုင်ခွင့်ရရှိသူ ၅ သောင်းကျော် ရှိနေသောကြောင့် ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက် ရွေးချယ်ပွဲအတွက် ပါဝင်ခွင့်မရှိသော နိုင်ငံများမှာ (အင်္ဂလိပ်အက္ခရာစဉ်အတိုင်း) ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကနေဒါ၊ ကိုလံဘီယာ၊ တရုတ် (ပြည်မကြီး)၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေဒို၊ ဂွါတီမာလာ၊ ဟေတီ၊ အိန္ဒိယ၊ ဂျမေကာ၊ မက္ကဆီကို၊ ပါကစ္စတန်၊ ပီရူး၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ ဗြိ တိန် (မြောက်အိုင်ယာလန် မပါ)၊ ကမ္ဘာတလွှား ဗြိတိသျှလက်အောက်ခံနယ်မြေများ၊ ဗီယက်နမ်တို့ ဖြစ်ကြသည်။)
ယခင်နှစ်က Diversity Visa ကံစမ်းမဲဖောက် ရွေးချယ်ပွဲတွင် ပါဝင်ခွင့် မရခဲ့သော ပိုလန်နိုင်ငံသားများ၊ ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက် ရွေးချယ်ပွဲတွင် ပြန်လည်ပါဝင်ခွင့်ရပြီ။ အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချ နေထိုင်ခွင့်ရရှိခဲ့သော ပိုလန်နိုင်ငံသားများစွာ ယခုအခါ အမေရိကန်နိုင်ငံသားများ ဖြစ်လာကြသဖြင့် အမြဲတမ်း အခြေချနေထိုင်ခွင့် ရရှိထားသူ ပိုလန်နိုင်ငံသားဦးရေ ၅ သောင်းအောက်ကို ပြန်ရောက်သွားခြင်းကြောင့် ဖြစ်သည်။ ယခုနှစ်ထဲ ကမ္ဘာပေါ်တွင် အသစ်ပေါ်လာသော တောင်ဆူဒန်နိုင်ငံ၏ နိုင်ငံသားများလည်း ၂၀၁၃ Diversity Visa အစီအစဉ်တွင် ပါဝင် ကံစမ်းခွင့်ရှိသည်။)
အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း အခြေချနေထိုင်ခွင့် (immigrant visa) တနည်းအားဖြင့် ဒီ ဗီဇာကို အစိမ်းရောင်ကဒ်ပြားလေးနဲ့ ထုတ်ပေးတာကြောင့် Green Card လို့ ခေါ်ကြတဲ့ ဒီ ဗီဇာကို မြန်မာနိုင်ငံသားတွေထဲက ရရှိထားသူအရေအတွက် ၅ သောင်းအောက်မှာပဲ ရှိသေးတာကြောင့် မြန်မာနိုင်ငံသားတွေလည်း ၂၀၁၃ Diversity Visa ကံစမ်းမဲဖေါက်ပွဲမှာ ပါဝင်ဆင်နွှဲလို့ ရပါတယ်။
ဒီ ဗီဇာ မဲဖေါက်ပေးတဲ့ အဓိကရည်ရွယ်ချက်က အမေရိကန်ပြည်ထောင်စုထဲမှာ လာရောက် အလုပ် လုပ်ကိုင်နိုင်တဲ့ အခြေခံပညာအရည်အချင်းရှိသူ၊ လုပ်ငန်း တခုခုကို ကျွမ်းကျင်သူ၊ အဲဒီလိုသူတွေကို နှစ်စဉ် ခေါ်ယူခြင်းပါ။ ပထမဆုံးအရေးကြီးတဲ့အချက်က သတ်မှတ်ထားတဲ့ ပညာ အရည်အချင်းပါ။ အနည်းဆုံး နိုင်ငံတနိုင်ငံရဲ့ အထက်တန်းကျောင်း အောင်မြင်ထားတဲ့ လက်မှတ်ရှိရပါမယ်။ (သို့မဟုတ်) မူလတန်းနဲ့ အလယ်တန်းပညာ စုစုပေါင်း (၁၂) နှစ် သင်ကြားထားတဲ့ သက်ဆိုင်ရာအစိုးရ အသိအမှတ်ပြု လက်မှတ် (သို့ဟုတ်) ထောက်ခံစာ ရှိရပါမယ်။
အဲဒီ ပညာအရည်အချင်းမျိုး မရှိရင် လုပ်ငန်းကျွမ်းကျင်မှု သတ်မှတ်ချက် ရှိရပါမယ်။ အလုပ်အကိုင် ကျွမ်းကျင်မှုသတ်မှတ်ချက်ကတော့ အမေရိကန် ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားတွေထဲက တမျိုးမျိုးကို လွန်ခဲ့တဲ့ (၅) နှစ်အတွင်းမှာ (၂) နှစ် လုပ်ကိုင်ဖူးကြောင်း၊အဲဒီလုပ်ငန်းရဲ့ ထောက်ခံစာ ရှိရပါမယ်။ မဲပေါက်ပြီးခါမှ သတ်မှတ်ထားတဲ့ ပညာ အရည်အချင်း (သို့မဟုတ်) လုပ်ငန်းကျွမ်းကျင်မှု တမျိုးမျိုးမရှိရင် ပေါက်ထားတဲ့ဗီဇာ အပယ်ခံရမှာပါ။ သတ်မှတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားတွေကို အမေရိကန်ပြည်ထောင်စု အလုပ်သမား ၀န်ကြီးဌာနရဲ့ internet website ထဲက၊ O*Net OnLine database မှာ သွားရောက် ကြည့်ရှုလို့ ရပါတယ်။
နောက်ထပ်အရေးကြီးတဲ့ ကိစ္စက လျှောက်လွှာနဲ့တွဲတင်ရမယ့် ဓာတ်ပုံ အကြောင်းပါ။ အင်တာနက်ပေါ်က ပေးပို့ရမှာ ဖြစ်တာကြောင့် ဓါတ်ပုံရဲ့ အရွယ်အစား ကို digital စနစ်ရဲ့ pixel အတိုင်းအထွာနဲ့ ပေးပို့ရမှာပါ။ ဓာတ်ပုံရဲ့ အလျား pixle 600 x အနံ pixle 600 ဖြစ်ရပါမယ်။ ဓာတ်ပုံကို scanner နဲ့ ကူးရင်တော့ scanner ရဲ့ resolution က၊ အနည်းဆုံး 300 dpi (dots per inch) ဖြစ်ရပါမယ်။ ဓာတ်ပုံရဲ့ file format က၊ JPEG (Joint Photographic Experts Group) ဖြစ်ပါတယ်။ ဓာတ်ပုံရဲ့ file size က240 kilobytes (240 KB) ရှိရပါမယ်။
နောက်ထပ် အရေးကြီးတာက နောက်ခံ အရောင်ဖျော့ရပါမယ်။ နောက်ခံ အဖြူ ဆိုရင် အကောင်းဆုံးပါ။ မျက်နှာကို ဘာနဲ့မှ ကွယ်မထားရပါဘူး။ မျက်နှာစောင်းမနေဘဲ ရှေ့တည့်တည့်ကြည့်နေရပါမယ်။
ဦးထုပ် (သို့မဟုတ်) ခေါင်းပေါ်မှာ တခုခု ဆောင်းထားတာ မရှိရပါဘူး။ ဓာတ်ပုံထဲမှာ ဦးခေါင်းပိုင်းနဲ့ ပခုံးပိုင်းဟာ ဓာတ်ပုံတခုလုံးရဲ့ ၅၀%ကနေ ၆၉% ကြားမှာ ရှိရပါမယ်။ ဓာတ်ပုံကို သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ပြီးပြီဆိုရင်တော့ https//www.dvlottery.state.gov/applications.aspx မှာ သွားပြီး လျှောက်လွှာ ဖြည့်ရုံပါပဲ။ လျှောက်လွှာမှာ ဓာတ်ပုံကို ချိတ်ဆက် (attach လုပ်) လိုက်ပြီး လျှောက်လွှာဖိုင်ကို အချက်အလက်တွေ အထပ်ထပ် ပြန်စစ်ပြီးရင် အောက်ဆုံးက submit ဆိုတာကို click လိုက်ပြီး၊ ပို့ရုံပါပဲ။ ဒါက တဦးချင်း လျှောက်လွှာတင်တာပါ။ မိသားစုနဲ့ တင်မယ် ဆိုရင်တော့ မိမိရဲ့ အိမ်ထောင်ဘက်နဲ့ အတူ လာမယ့် နိုဝင်ဘာ (၅) ရက် နေ့မှာ အသက် (၂၁) နှစ် မပြည့်သေးတဲ့ မိမိရဲ့ သား သမီးများနဲ့ သားသမီးများရဲ့ အိမ်ထောင်ဘက်များကိုပါ လျှောက်လွှာတွဲတင်လို့ ရပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံတွေ ကိုလည်း သတ်မှတ်ချက်အတိုင်း ချိတ်ဆက် (attach လုပ်)လိုက်ပြီး အောက်ဆုံးက submit ဆိုတာကို click လိုက်ပြီး လျှောက်လွှာပို့ရုံပါပဲ။ ပို့ပြီးရင် ပေါ်လာတဲ့ လျှောက်လွှာလက်ခံရရှိမှု အတည်ပြုချက်ပေးတဲ့ စာမျက်နှာ confirmation page ကို၊ print ထုတ်ပြီး သိမ်းထားထို့ပါပဲ။
ခုနောက်ဆုံး ၂၀၁၃ Diversity Visa ကံစမ်းမဲဖောက်ပွဲမှာ လျှောက်လွှာတင်တာကို အမေရိကန်အစိုးရကို တစ်ပြားမှ မပေးရပေမယ့် မဲပေါက်သွားရင် ငွေရေး ကြေးရေးဆိုင်ရာ ဘယ်လိုရှိတယ် ဆိုတာကို ပြီးခဲ့တဲ့ စက်တင်ဘာ (၂၈) ရက်နေ့က အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနဗီဇာနဲ့ ကောင်စစ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ဒါနာဟယူး (David Donahue) ရဲ့ သတင်းစာ ရှင်းလင်းပွဲက ပြောကြားချက်နဲ့ နိဂုံးချုပ်ပါရစေ။
ဒေးဗစ် ဒါနာဟယူး။ ။ ၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲဟာလည်း ခါတိုင်းနှစ်တွေလိုပဲ အခမဲ့ ဖြစ်ပြီးတော့ အမေရိကန်အစိုးရ ကို တရားဝင်ငွေကြေး တပြားမှ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲမှာ မဲပေါက်သူ တဦးချင်းကတော့ သက်ဆိုင်ရာ နိုင်ငံတွေက အမေရိကန်သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေမှာ ခါတိုင်းနှစ်တွေလိုပဲ ဗီဇာကြေးတွေ ပေးသွင်းရပါမယ်။ immigrant visa အခြေချ နေထိုင်ခွင့်ဗီဇာကြေး အမေရိကန်(၃၀၅) ဒေါ်လာ၊ Diversity Visa လုပ်ငန်းစဉ်ဆောင်ရွက်ခကြေး ဒေါ်လာ (၄၄၀) နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုံခြုံမှု ဆောင်ရွက်ခကြေး (၇၄) ဒေါ်လာ၊ စုစုပေါင်း (၈၁၉) ဒေါ်လာစီ မဲပေါက်သူ တဦးချင်းက ပေးသွင်းကြရပါမယ်။
၂၀၁၃ Diversity Visa Program ကံစမ်းမဲဖောက် ရွေးချယ်ပွဲအတွက် သိသင့်သိထိုက်တဲ့ အရေးကြီးတဲ့ အချက်တွေကတော့ ဒါလောက်ပါပဲ ခင်ဗျာ။

မူရင်း – ဗွီအိုအေ သတင်းဌာန http://www.voanews.com/burmese/news/
http://moemaka.com/2011/10/us-visa-lottery-opens-for-2013-%e1%80%82%e1%80%9b%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%90%e1%80%b9-%e1%80%80%e1%80%b6%e1%80%85%e1%80%99%e1%80%b9%e1%80%b8%e1%80%99%e1%80%b2-d-v-lottery-%e1%80%85/

ငြိမ်းချမ်းရေး နိုဘဲလ်ဆု အမျိုးသမီး ၃ ဦး ပူးတွဲရရှိ

;သောကြာ, 07 အောက်တိုဘာ 2011
By ဗွီအိုအေ (မြန်မာဌာန)


ဓာတ်ပုံ AP

၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆု ပူးတွဲရရှိသူများ Tawakkul Karman (၀ဲ)၊ Leymah Gbowee (လယ်)၊ Ellen Johnson Sirleaf (ယာ)

ဒီနှစ် ၂၀၁၁ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို အမျိုးသမီး အခွင့်အရေးတွေအတွက် ငြိမ်းချမ်းစွာ လှုပ်ရှားနေကြတဲ့ လိုင်ဘေးရီးယား သမ္မတ Ellen Johnson Sirleaf၊ လိုင်ဘေးရီးယားနိုင်ငံက ငြိမ်းချမ်းရေး လှုပ်ရှားနေသူတဦးဖြစ်တဲ့ Leymah Gbowee နဲ့ ယီမင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ Tawakkul Karman တို့ ၃ ဦးကို ပူးတွဲ ပေးအပ်လိုက်ပါတယ်။
ဒီအမျိုးသမီး ၃ ဦးဟာ အမျိုးသမီးတွေ အားလုံးရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက်ရာမှာ အမျိုးသမီးတွေ အပြည့်အ၀ ပါဝင်လုပ်ဆောင်ခွင့် ရရေးတို့အတွက် အကြမ်းမဖက်ဘဲ လှုပ်ရှားခဲ့ကြတဲ့အပေါ် အခုလို ကမ္ဘာမှာ အမြင့်ဆုံးဆုကြီးကို ပေးလိုက်တာဖြစ်တယ်လို့ နော်ဝေနိုင်ငံ နိုဘဲလ်ဆု ကော်မတီက ဒီကနေ့ အော်စလိုမြို့တော်မှာ ကြေညာလိုက်ပါတယ်။
ဒီကော်မတီကပဲ အမျိုးသမီးတွေ အနေနဲ့ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး မရသ၍ ကမ္ဘာပေါ်မှာ ရေရှည်ခံမယ့် ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ဆိုပါတယ်။
အခုလို ဆုရရှိသူတစ်ဦးဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် ကလေး ၃ ဦးမိခင် Tawakkul Karman ဟာ နိုဘဲလ်ဆု ပထမဆုံးရတဲ့ အာရပ်အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ သူဟာ ယီမင်နိုင်ငံက ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကို အဓိက ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုလို ဆုရရှိခဲ့တဲ့အပေါ် ယီမင် တော်လှန်ရေး လူငယ်တွေအတွက် ဒီဆုကို ရတာပါလို့ သူက ၀မ်းသာအားရ ပြောခဲ့ပါတယ်။
http://www.voanews.com/burmese/news/Nobel-Peace-Prize-10-07-11-131328074.html




နိုဘဲလ်ဆု ကို အမျိုးသမီး သုံး ဦး ဆွတ်ခူး (ယီမင် လူထု အုံကြွမှု ကို စတင် ခဲ့ သည့် အမျိုးသမီးဆုရှိ)
by politics on October 7, 2011
tawakul_karman

FNG၊           ၊အာဖရိက တိုက်၏ ပထမ ဦးဆုံး အမျိုးသမီး နိုင်ငံ ခေါင်းဆောင် အဖြစ် တာဝန်
ထမ်းဆောင် နေသည့် လိုင်ဘေးရီးယား သမ္မတ အယ်(လ)လင် ဂျွန်ဆင် ဆာလိဖ် ၊ လိုင်ဘေးရီး
ယား နိုင်ငံ သူ ငြိမ်းချမ်း ရေး လှုပ်ရှား မှု ခေါင်းဆောင် လေးမာဂဘောဝီ နှင့် ယီမင်နိုင်ငံ မှ
တ၀ါကူးလ် ကားမန်း ဆိုသည့် တက်ကြွ လှုပ်ရှား သူ နှင့်
သတင်းထောက် အမျိုး သမီးသုံးဦး တို့ ကို ၂၀၁၁ ခုနှစ်၏ ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင် များ အဖြစ်
နော်ဝေ နိုင်ငံ အော်စလိုမြို့  ရှိ ဆုရွေးချယ် ရေး ကော် မတီ က ယ နေ ကြေ ငြာ ခဲ့ သည်။
ယနေ့  ဆုရွေးချယ် ခံရ သူများ သည် ၎င်းတို့  ၏ အမျိုးသမီး များ  အခွင့် အရေး နှင့် လုံခြုံမှု
အတွက် အကြမ်း  မဖက် ဘဲ တိုက်ပွဲ ၀င် မှု ငြိမ်းချမ်းရေး တည်ဆောက် မှု လုပ်ငန်း စဉ်
များ တွက် အမျိုး သမီးများ အပြည့် အ၀ ပါနိုင်ခွင့် ရ အောင် စွမ်းစွမ်း တမံ ကြိုးပမ်း အား ထုတ်
မှုကြောင့် ရရှိ ခြင်း ဖြစ်သည် ဟု နိုဘဲလ် ဆု ရွေးချယ် ချီးမြှင့် ရေး ကော်မတီ က ဘီဘီစီ သတင်း
ဌာန သို့  ပြောသည်။
နိုင်ငံ တွင်း အစိုးရ ဆန့် ကျင်ရေး အုံ ကြွ မှု များ ဉ် လက်နက် ကိုင် ဖြေရှင်း မှု အထိ ပါဝင် နေသည့်
ယီမင် နိုင်ငံ တွင် အမျိုးသမီး အခွင့် အရေး နှင့် ငြိမ်းချမ်းရေး ကို တက်ကြွ စွာ ဆောင် ရွက် သည့်
တ၀ါကူးလ် ကားမန်း သည် ယီမင် သမ္မတ ဆာလေး ကို ဆန့် ကျင် သည့် လူထု အုံကြွ မှုများ
ဉ် တက္ကသိုလ် ကျောင်း သား များ ကို စည်း ရုံး စတင် ခဲ့ သူ ဖြစ်သည်။
တ၀ါကူး ကားမန်း သည် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရရှိ သူများ တွင် အသက် အငယ် ဆုံး ဖြစ်ပြီး
အသက် ၃၂ နှစ် သာ ရှိ သေး သည်။ ကားမန်း သည် သူမ ၏ နိုင်ငံ တွင်း ဉ် နိုင်ငံရေး အကျဉ်း
သားများ လွတ်မြောက် အောင် စွမ်းဆောင် ခဲ့ သည့် ဂျာနယ်လစ် တစ်ဦး ဖြစ် ပြီး မကြာခဏ
သတ် ပစ် မည် ဟု ခြိမ်းခြောက် ခံရ သူ လည်း ဖြစ်သည်။
သူမ သည် ဖေဖော်ဝါရီလက မြို့ တော် ဆာနား ရှိ တက္ကသိုလ် ကျောင်း သားများ ကို စည်း ရုံး
ပြီး သမ္မတ ဆာလေး ကို ဆန့် ကျင်သည့် ဆန္ဒ ပြ ပွဲ များ ကို ကျင်းပ ခဲ့ ရာ ဖမ်းဆီး ခံခဲ့ ရသေး
သည်။
လက်ရှိ လိုင်ဘေးရီးယား သမ္မတ အယ်(လ)လင် ဂျွန်ဆင် ဆာလိဖ်  သည် ဟားဗတ် တက္ကသိုလ်
မှ ဘွဲ့  ရရှိ ထား သူ တစ်ဦး ဖြစ် ပြီး လိုင်ဘေးရီးယား အာဏာရှင် ချားလ်(စ) တေလာ ဖြုတ်ချရေး
ဉ် ဦးဆောင် လှုပ်ရှား ခဲ့ သည်။
ဆုရွေးချယ် ချီးမြှင့် ရန် နာရီ ပိုင်း  အလို တွင် တူနီးရှား လူထု အုံကြွမှု ဉ် ဘင်အလီ ကို ဆန့် ကျင်
ဆန္ဒ ပြန်ရန် ဦးဆောင် ခဲ့ သည် အမျိုး သမီး ဘလောက်ဂါ Lina Ben Mhenni လည်းရေ
ပန်းစား ခဲ့ သည်။



t1larg.sirleaf.afp.gi protest002 tawakul_karman threewinners


Three Women win Nobel Peace Prize
http://freedomnewsgroup.com/2011/10/07/three-women-win-nobel-peace-prize/

မြစ်ဆုံမှသည် ငြိမ်းချမ်းရေးသို့






မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ အောက်တိုဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၀ မိနစ်




အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ အကုန်အကျဖြင့် တရုတ်နိုင်ငံက တည်ဆောက်မည့် ကချင်ပြည်နယ် အတွင်းက
မေခ (အင်မိုင်ခ) - မလိခ မြစ်ဆုံဆည် စီမံကိန်းကို သမ္မတဦးသိန်းစိန်က သူ့အစိုးရ လက်ထက်၌ ရပ်ဆိုင်းထားမည်
ဟု စက်တင်ဘာ ၃ဝ ရက်နေ့တွင် လွှတ်တော်ကို အသိပေး ကြေညာလိုက်မှုသည် ၂ဝ၁၁ ခုနှစ် မြန်မာ့နိုင်ငံရေး
ဖြစ်စဉ်အနက် မထင်မှတ်ထားသော အလှည့်အပြောင်းတခု ဖြစ်သည်။

လူထုအကြား ကြိမ်မီးအုံးတောက် လာခဲ့သော အဖြစ်အပျက်ကို လိုက်လျောခြင်းအားဖြင့် လူထုဆန္ဒကို အစိုးရက လိုက်လျောမှု ပြုလိုက်တာ ဖြစ်သလို တိုင်းပြည် အနာဂတ်ကိုပါ ပုံဖော်မည့် အပြောင်းအလဲ တခုပါ။ ဆက်လက်ပြီး မှန်ကန်စွာ ကိုင်တွယ်နိုင်လျှင် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် များစွာ အထောက်အကူပြုမည့် အဖြစ်အပျက် ဖြစ်သည်။
maykamalika
မြန်မာနိုင်ငံ ဧရိယာ၏ ၅၈ ရာခိုင်နှုန်းခန့်ရှိ ရေဝေဧရိယာ ဖြစ်စေသော ၂၁၇ဝ ကီလိုမီတာ ရှည်လျားသည့် ဧရာဝတီ
မြစ်ကြီး စတင်ရာ မေခ-မလိခ မြစ်နှစ်သွယ် ဆုံစည်းရာ၌ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၆ဝဝဝ ရှိ မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းကို တရုတ်နိုင်ငံပိုင် China Power Investment (CPI) က တည်ဆောက်မှာဖြစ်ပြီး ကချင်
ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာ မြစ်ဝှမ်း စီမံကိန်း ၈ ခုထဲမှ တခုဖြစ်သည်။

ယခု ဆည်စီမံကိန်းများ အတွက် နှစ်နိုင်ငံ သဘောတူညီစာချုပ် ချုပ်ဆိုစဉ်က သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ရန်၊ ဒေသခံများ၏ လက်ခံ သဘောကျမှု ဆိုခြင်းထက် လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းရန်
သာ ယခင်စစ်အစိုးရက အာရုံပြုခဲ့တာ ဖြစ်သည်။ ကုလသမဂ္ဂတွင် ဗီတို အာဏာပိုင်ရှင် နိုင်ငံလည်း ဖြစ်သော
ကြောင့် နိုင်ငံရေးအရ ကျောထောက်နောက်ခံ ပေးနိုင်စွမ်းရှိကာ စွမ်းအင် လုံခြုံရေး အတွက် ဇောကပ်နေသည့် တရုတ်နိုင်ငံနှင့် လမ်းပြမြေပုံဖြင့် ထွက်ပေါက်ယူသည့် မြန်မာအစိုးရများ၏ မြစ်ဆုံဆည် ဇာတ်လမ်းမှာ ဧပြီ ၂ဝ၁ဝ ခုနှစ်အတွင်း ဗုံးပေါက်ကွဲမှုများ ကြုံတွေ့ခဲ့ရပြီး ဆန့်ကျင်ခြင်း လက္ခဏာများနှင့် အစကတည်းက ယဉ်သကို ဖြစ်ခဲ့ရ သည်။
Myitsone
မြစ်ဆုံဆည်က စင်္ကာပူနိုင်ငံထက် ကြီးသော အကျယ်အဝန်းကို ရေလွှမ်းမိုးသွားစေမှာ ဖြစ်သလို ကျေးရွာပေါင်း ၆၃ ရွာမှ လူပေါင်း ၁၂၀၀၀ ဝန်းကျင်လည်း အခြေပျက် သွားစေသည်။  ထို့အပြင်  ဓနအင်အားနှင့် နည်းပညာ အားနည်း သည့် မြန်မာပြည်၌ အကျင့်ပျက် ခြစားမှုကို အခွင့်ကောင်းယူကာ စည်းကမ်းမဲ့ စီးပွားရှာနေသော တရုတ် ကုမ္ပဏီများ
ကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီး စိတ်ပျက်နေသူ ဒေသခံများအတွက် စီမံကိန်းများကနေ ရလာမည့် အကျိုးအမြတ်များအပေါ် အယုံအကြည်မဲ့ ခဲ့ကြသည်။ ပွင့်လင်းမြင်သာမှု မရှိခြင်း၊
ဒေသန္တရ ပါဝင်ဆုံးဖြတ်ခွင့် မရခြင်းနှင့် နိုင်ငံရေး ပဋိပက္ခများ ကလည်း သံသယများကို ပိုမိုခိုင်မာစေခဲ့တော့သည်။

၂ဝ၁၁ ခုနှစ် မတ်လအတွင်းက နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းခိုင်းရာမှ အပစ်အခတ်ရပ်စဲမှု ပျက်ပြား သွားခဲ့သော ကချင်လွတ်မြောက်ရေးအဖွဲ  KIO မှ ဥက္ကဋ္ဌ လရော်ဇောင်းဟရား လက်မှတ်ရေးထိုးကာ တရုတ်
သမ္မတ ဟူကျင်းတောင်ထံ အိတ်ဖွင့်ပေးစာ ရေးသားရာ၌  ‘‘အကယ်၍ ဤရေအားလျှပ်စစ် စီမံကိန်းနှင့် ဆည် တည်ဆောက်ရေး စီမံကိန်းတို့ကြောင့် ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့လျှင် မိမိတို့တွင် တာဝန်မရှိကြောင်း” ရေးသား ထားသည်ကို ကြည့်လျှင် မည်မျှပင် ပဋိပက္ခ ကြီးထွားလာခဲ့သည်ကို တွေ့မြင်နိုင်သည်။ မြစ်ဆုံ စီမံကိန်းအနီး၌ပင်
KIO ၏ အရေးပါသော စစ်ဌာနချုပ်များလည်း ရှိနေသည်။

ဧရာဝတီ ဂေဟစနစ် ပျက်လျှင် မြစ်ဝကျွန်းပေါ်သားများကိုလည်း ထိခိုက်မည် ဖြစ်သည်။ မြစ်ဆုံဆည် တည်ဆောက်
မှု ကန့်ကွက်ခြင်းတွင် ကချင်နှင့်အတူ လူထုလူတန်းစား ပေါင်းစုံဖြင့် မြေပြန့်သားတို့လည်း တညီတညွတ်တည်း
ပူးပေါင်း ပါဝင်ခဲ့ကြသည်။

“ မြန်မာအစိုးရ အဆက်ဆက်သည် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရန် ပျက်ကွက်ခဲ့သည်ဟူသော ကချင်အမျိုးသားတို့၏ ခံယူချက်များကို ပိုမို နက်ရှိုင်းလာခဲ့ပါသည်” ဟု အတိုက်အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် က သတိပေးခဲ့သည်။

ဆည်စီမံကိန်းကဖြင့် ရပ်တန့်သွားပေပြီ။ သို့သော် နောက်ဆက်တွဲ ဇာတ်လမ်းများ ကျန်ပါသေးသည်။ China Power Investment Corporation က တရားတဘောင်များ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ထုတ်ပြောလာတော့သည်။

အိမ်နီးချင်းကောင်း ပီသစွာ ချစ်ကြည်ရေး မပျက် မျှတမှုရအောင် အဖြေရှာကြရတော့မှာ ဖြစ်သည်။ ထို့အပြင် သယံဇာတ ပေါကြွယ်ဝသော ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး ရရှိရန် လိုနေပါသေးသည်။ ကိုယ်ပိုင်
ပြဋ္ဌာန်းခွင့်နှင့် သဟဇာတဖြစ် ယှဉ်တွဲနေထိုင်မှုကို ဦးတည်၍ ငြိမ်းချမ်းရေး အတွက် အဖြေရှာရာ၌ သက်ဆိုင်ရာ
နိုင်ငံရေး အင်အားစုများအကြား ဆွေးနွေးမှုများတွင် ရိုးသားပွင့်လင်းမှုကို အခြေခံ၍ အများပြည်သူများ ကိုယ်တိုင် ပါဝင်နိုင်သော အခြေအနေများကိုပါ ဖန်တီးကာ ကြိုးစားသင့်ပေသည်။


http://www.mizzimaburmese.com/edop/editorial/8447-2011-10-07-10-27-45.html

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း ရပ်တန့်ထားရန် ရွှေဂက်စ် တောင်းဆို


ဇွဲခန့် | သောကြာနေ့၊ အောက်တိုဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၅ မိနစ်


နယူးဒေလီ(မဇ္စျိမ) ။ ။ ရခိုင်ပြည်နယ်အတွင်း ရွှေသဘာဝဓါတ်ငွေ့ တူးဖော်ရေးစီမံကိန်းကိုလည်း ဧရာဝတီ
မြစ်ဆုံရေကာတာ ကဲ့သို့ ရပ်တန့်ဆိုင်းငံ့ပေးစေလိုကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေသဘာဝ ဓါတ်ငွေ့ လှုပ်ရှားမှု အဖွဲ့မှ တောင်းဆို လိုက်သည်။

“မြန်မာပြည်တွင် အနောက်ဘက်ကမ်းလွန်ရှိ ရွှေဓာတ်ငွေ့သိုက်များမှ သဘာဝ ဓာတ်ငွေ့များကို နိုင်ငံခြားသို့ တင်ပို့
ရောင်းချ လိုက်ခြင်းသည် ပြည်တွင်း၌ စွမ်းအင် လောင်စာ ပြတ်လတ်မှုမှာ နာလံ မထူနိုင်လောက်အောင် ပိုမို ဆိုးရွား သွားစေလိမ့်မည်။"ဟု သောကြာနေ့ထုတ် တောင်းဆိုချက်တွင် ဖော်ပြထားသည်။

"ဤသဘာဝဓာတ်ငွေ့ ရောင်းချခြင်းမှ မြန်မာအစိုးရသည် ခန့်မှန်းခြေ ပမာဏ အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံ
ခန့် ရရှိသွားမည် ဖြစ်သော်လည်း ထိုဘဏ္ဍာငွေကြေးများကို လူမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးပြုလိမ့်မည် မဟုတ်ချေ။ အဆိုပါ ငွေကြေးများကိုလည်း နိုင်ငံ၏ ရသုံးမှန်းခြေ ငွေစာရင်းထဲက ချန်လှန် ထားမည်ဖြစ်ပြီး လက်တဆုပ်စာ အစိုးရ အသိုက်အဝန်းနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားအတွက်သာ ဖြစ်ပေလိမ့်မည်” ဟု ပါရှိသည်။

သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု စိုးရိမ်ပြီး ကန့်ကွက်ခံရသော ဧရာဝတီမြစ်ဖျားရှိ တရုတ်နိုင်ငံပိုင် China Power Investment ကုမ္ပဏီက တည်ဆောက်ရန် တရုတ်နှင့်မြန်မာ သဘောတူ စာချုပ် ချုပ်ဆိုခဲ့သော ဒေါ်လာ ၃.၆
ဘီလီယံ တန်ဖိုးရှိ မြစ်ဆုံဆည် တည်ဆောက်မှုကို သမ္မတဦးသိန်းစိန် အမိန့်ဖြင့် ရပ်နားထားမှု ထွက်ပေါ်လာပြီး
နောက် ရွှေဂတ်စ်လှုပ်ရှားသူများကလည်း အလားတူရလာဒ်မျိုး လိုလားနေကြသည်။

၂ဝဝ၉ခုနှစ် အောက်တိုဘာလမှ စတင် အကောင်အထည်ဖော်ခဲ့သည့် ရွှေဂတ်စ် စီမံကိန်းအတွင်း အာရှတွင် အကြီးဆုံး ဖြစ်လာမည့် အထူးစီးပွားရေးဇုံလည်း ပါဝင်ပြီး ဒေါ်လာဘီလီယံ ၂၀ ကုန်ကျမည့် ကျောက်ဖြူ- မူဆယ် လျှပ်စစ် ရထားလမ်း ဖောက်လုပ်မည့် အစီအစဉ်လည်း ပါဝင်သည်။

ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း အေ (၁) နှင့် အေ (၃) လုပ်ကွက်များမှ သာဘာဝ ဓာတ်ငွေ့များ
ကို ပင်လယ် ရေအောက်ပိုက်လိုင်း မှတဆင့်ကျောက်ဖြူမြို့သို့ သယ်ယူမည့် လုပ်ငန်းမှာ ၄ဝ ရာခိုင်နှုန်းခန့် ပြီးစီး
နေပြီး မဒေးကျွန်း ရေနက်ဆိပ် ကမ်းမှာမူ ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု ရွှေဂတ်စ် လှုပ်ရှားမှု အဖွဲ့မှ ခန့်မှန်းထား
သည်။

အဆိုပါ လုပ်ကွက်နှစ်ခုမှ ခန့်မှန်းကုဗပေ ၄.၅ ထြီလီလျံ မှ ၇.၇ ထြီလီလျံထိ ထွက်ရှိမည်ဖြစ်ပြီး လာမည့် ၂ဝ၁၃ ခုနှစ်မှနှစ်ပေါင်း ၃ဝ ခန့်အတွင်း ရောင်းချရာမှ ဒေါ်လာ ၂၉ ဘီလီယံ ခန့် ရရှိမည်ဖြစ်သည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပူးတွဲပိုက်လိုင်း သွယ်တန်းမှုများကို ၂ဝ၁၃ ခုနှစ် တွင် အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကာ ကုန်စည်များ ပို့ဆောင် သယ်ယူရေး အတွက် လျှပ်စစ်ရထားလမ်း
ဖောက်လုပ်မှု ကိုမူ ၂ဝ၁၅ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်သွားမှာဖြစ်သည်။

စီမံကိန်းတွင် ပါဝင်သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အရှေ့တောင်ဖက် ခြောက်မိုင်ခန့်အကွာရှိ မဒေးကျွန်း
ရေနက်ဆိပ်ကမ်းတွင် ပင်လယ်ကူး ရေနံတင် သင်္ဘောကြီးများ ဝင်ထွက် သွားလာနိုင်ရေး အတွက် ဇင်ချောင်း
ကျေးရွာအနီးရှိ ရေအောက် သတ္တဝါများ အဓိက မှီခိုအားထားရာ သုံးမိုင် နီးပါးမျှ ရှည်လျှားသော သန္တာကျောက်တန်း
ကြီးကိုလည်း ပြီးခဲ့သည့် မေလအတွင်းက ဒေဝူးကုမ္ပဏီမှ မိုင်းခွဲ ဖျက်ဆီးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်အခြေစိုက်
နရိဉ္စရာ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအခြေစိုက် ရွှေဂတ် လှုပ်ရှားမှု တာဝန်ခံ ကိုဝမ်းအောင်က “လူထုတွေနဲ့ ပတ်သက်နေတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုတွေ၊ လူထုအခြေပြု လေ့လာ ဆန်းစစ်မှုတွေကို လူထုတွေကြားမှာ ဘယ်လောက်ထိ ထိခိုင်နစ်နာမှုတွေရှိ လာနိုင်တယ်။ ဘယ်လောက်ထိ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်
ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်၊ နောက်ဒီဟာကရတဲ့ အကျိုးအမြတ်တွေက ဘယ်လောက်ထိရှိတယ် ဒေသခံတွေ
က ဘယ်လောက်ထိ ခံစားရမယ်ဆိုတဲ့ဟာတွေကို တစုံတခုထိ သူတို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ချပြသင့်တယ်” ဟုလည်း ဆိုသည်။

အရှေ့တောင် အာရှတွင် အကြီးဆုံးဖြစ်သည့် သဘာဝဓာတ်ငွေ့ ၂၀၀ ဘီလီယံ ကုဗမီတာ ထွက်ရှိမည့် မြန်မာနိုင်ငံ
၏ အနောက်ဖက် ကမ်းလွန်ပင်လယ်ပြင်အတွင်းရှိ ရွှေဂတ်စ်လုပ်ကွက်များကို ၂ဝဝ၃ ခုနှစ်နှစ်ကုန်ပိုင်းမှ စတင်
တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၂၈၀၀ ကီလိုမီတာ ရှည်လျားသည့် ပိုက်လိုင်းဖြင့် တရုတ်ပြည်သို့ သွယ်တန်း ယူဆောင်မည်
ဖြစ်သည်။ ကျောက်ဖြူနှင့် ကျောက်ဖြူမဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ သွယ်တန်း
မည့် ပိုက်လိုင်း တခုတည်း တန်ဖိုးပင်လျှင် အမေရိကန် ဒေါ်လာသန်းပေါင်း ၃၅၀၀ ကျော် ရှိသည်။

သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် အပြိုင် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တင်ပို့လာမည့် ရေနံများကို ကျောက်ဖြူ မဒေးဆိပ် ကမ်းမှတဆင့် မင်းဘူး- မန္တလေး- ကုတ်ထပ်- ကျောက်မဲ- သီပေါ- လားရှိုး- ကွတ်ခိုင် ၁ဝ၅မိုင်လမ်းခွဲ- မူဆယ်မှတဆင့် တရုတ်နိုင်ငံ ကြူကုတ်မြို့သို့ သွယ်တန်းမည်ဖြစ်သည်။ ထိုမှတဆင့် ရွှေလီမြို့အရှေ့တောင်ဘက်
၁၂ ကီလိုမီတာ အကွာအဝေးရှိ ဝမ်တိန်မြို့နယ်ခွဲသို့ ဆက်သွယ်ကာ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းသို့ ယူဆောင်မည် ဖြစ်သည်။

ပိုက်လိုင်း သွယ်တန်းမည့် လမ်းတလျှောက်ရှိ ကချင်ပြည်နယ်နှင့်ရှိ ရှမ်းပြည်နယ်တွင်း ကိုယ်ပိုင်ပြဋ္ဌန်းခွင့် အတွက် တိုက်နေကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲများကို ဖယ်ရှား ရှင်းလင်းနိုင်ရန်အတွက် မြန်မာ စစ်တပ်က
၂ဝ၁၁ ခု၊ မတ်လ ကတည်းကပင် ထိုးစစ်ကြီးများ ပြင်းပြင်းထန်ထန် ဆင်နွဲလာခဲ့ရာ တိုက်ပွဲများကြောင့် ခန့်မှန်းခြေ
ဒေသခံ ပြည်သူ ၅ဝ,ဝဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရသည်ဟု ရွှေဂတ်စ် တောင်းဆိုချက်တွင် ဖော်ပြထားသည်။

အဆိုပါစီမံကိန်းများကို တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း ကုမ္ပဏီနှင့် တောင်ကိုးရီးယားနိုင်ငံ ဒေဝူးကုမ္ပဏီ အိန္ဒိယမှ ONGC Videsh ကုမ္ပဏီ၊ GasAuthority of India-GAIL၊တို့က လုပ်ဆောင်နေသည်။

အလုပ်သမား ရှာဖွေရေး၊ သဲ၊ ကျောက်နှင့်ပိုက်လိုင်း သယ်ဆောင်ရေးတို့အတွက် လက်ခွဲ စာချုပ်များကို မြန်မာ ပုဂ္ဂလိက ကုမ္ပဏီများဖြစ်သည့် သန္တာနဂါး၊ ပြည်တော်စည်၊ အေးရှားဝေါ၊ မြန်မာရွှေသရဖူတို့က ရရှိထားကြောင်း စတင်ဘာ ၆ ရက်နေ့ ကထုတ်ပြန်သည့် “Sold Out” ခေါ် “အကုန်ရောင်းတဲ့ မူဝါဒ” အမည်ရှိ အစီရင်ခံစာ၌
ဖော်ပြထားသည်။

“ပြည်သူတွေအကုန်လုံးနဲ့လည်း သက်ဆိုင်တဲ့ အကျိုးစီးပွား ဖြစ်နေတယ်လေ။ အဲဒီလို အကျိုးစီးပွားကို ဒီဘက်က
ပြည်သူတွေကလည်း ဘာမှခံစားခွင့်မရဘဲ အဲဒီပုံစံမျိုး သူတို့က လက်လွတ်စပယ် လုပ်တာကိုတော့ ကျနော်တို့လဲ အပြင်းအထန် ကန့်ကွက်ပါတယ်” ဟု လွှတ်တော်ဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP စစ်တွေ
မြို့နယ် ဥက္ကဋ္ဌ ဦးအောင်မြကျော်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများမှာလည်း အဆိုပါ စီမံကိန်းကြောင့် စစ်တပ်နှင့် ရဲတို့၏ အဓမ္မခိုင်းစေခံရခြင်း၊ လယ်မြေများကို လျော်ကြေး အနည်းငယ်ပေးကာ သိမ်းယူခြင်းများ၊ အတင်းအားဓမ္မ အိမ်ယာမြေများကို ရွှေ့ပြောင်း
စေခြင်းများ ပြုလုပ်နေကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားသည်။
http://www.mizzimaburmese.com/news/business/8449-2011-10-07-13-13-14.html

တရုတ်ကို ပထမဆုံးအကြိမ် ငြင်းဆန်ကြောင်း မြန်မာ မောင်းခတ်ကြေညာ


Friday, October 07, 2011 Khet Htan
(Yale Global Online မှ 3 Oct 2011 ရက်စွဲပါ Bertil Lintner ၏ “Burma delivers its first rebuff to China” သတင်းကို Yangon Chronicle သတင်းလွှာမှ ဘာသာပြန်သည်)

တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှု ကြီးထွားလာခြင်းနှင့် ပတ်သက်၍ အာရှနိုင်ငံများက ပိုမို စိတ်ပူစိုးရိမ်နေချိန်မျိုးတွင် တရုတ်တို့၏ ကြီးမားသော ရေအားလျှပ်စစ်တမံ စီမံကိန်းကို မြန်မာနိုင်ငံက ဖယ်ချလိုက်ခြင်းကြောင့် မေးခွန်းသစ်များ ပေါ်ထွက်လာသည်။ အဖိနှိပ်ခံနိုင်ငံမှ အရပ်ဖက်အသိုင်းအဝိုင်း၏ ရှားရှားပါးပါး အောင်ပွဲတစ်ခုအလား (သို့မဟုတ်) တရုတ်နိုင်ငံအပေါ်မှီခိုနေရခြင်းနှင့် ပတ်သက်၍ ပြည်တွင်းအငြင်းပွားမှုကို ရည်ညွှန်းသလားဆိုသည့် မေးခွန်းများ၏ အဖြေများနှင့် သက်ဆိုင်ခြင်း မရှိဘဲ အိမ်နီးချင်း မဟာမိတ်နိုင်ငံကြီး၏ စီမံကိန်းအပေါ် ပြည်သူတို့၏ အမြင်ကွဲလွဲမှုက မြန်မာ-တရုတ် ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ခု ရေးထိုးလိုက်ပြီဖြစ်သည်။

စက်တင်ဘာ ၃၀ ရက်တွင် မြန်မာသမ္မတသစ် ဦးသိန်းစိန်က လွှတ်တော်သို့ စာတစ်စောင်ပေးပို့ကာ နိုင်ငံမြောက်ပိုင်း၌ အကြီးစားရေလှောင်တမံ တည်ဆောက်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ်ဆောင်ရွက်နေသော စီမံကိန်းသည် ပြည်သူတို့၏ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့် ရပ်ဆိုင်းထားလိုက်ကြောင်း ကြေညာလိုက်သည့် အမေရိကန်ဒေါ်လာ ၃. ၆ ဘီလျံ ကုန်ကျမည့် မြစ်ဆုံရေလှောင်တမံကြီးသည် ကမ္ဘာ့ ၁၅ ခုမြောက် အမြင့်ဆုံးတမံကြီးဖြစ်၍ စင်ကာပူနိုင်ငံ ဧရိယာခန့်ရှိသော ၇၆၆ စတုရန်း ကီလိုမီတာ မြေပြင်ကို ရေမြှုပ်သွားစေမည်ဖြစ်သည်။

ယင်းဆုံးဖြတ်ချက်ကို မကြေညာမီ တရုတ်အာဏာပိုင်များကို တိုင်ပင်ခဲ့သလားဆိုသည့် အချက်မှာ မသဲကွဲသေးပါ။ ၁၉၈၈ ဒီမိုကရေစီ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရကို အနောက်နိုင်ငံများက ဝိုင်းပယ်ထားခဲ့ချိန်မှစ၍ မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ နိုင်ငံရေးအရ အားပေးထောက်ခံမှုနှင့် စစ်လက်နက်ပစ္စည်းများ ရရှိရေးအတွက် မြောက်ဖက်အိမ်နီးချင်း အင်အားကြီးနိုင်ငံကို မှီခိုနေခဲ့ရသည်။

ယခုကိစ္စတွင် ပြည်သူလူထု၏ သဘောထားကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါလိမ့်မည်။ ၂၀၀၆ ခုနှစ်က သဘောတူစာချုပ်အရ မြစ်ဆုံမှ ထုတ်လုပ်သော ဓါတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည် ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပေါ် ဒေါသထွက်မှုဖြင့် တုန်လှုပ်နေသော ပြည်သူများက နှစ်ပေါင်းများစွာအတွင်း မမြင်ခဲ့ဖူးသောပုံစံဖြင့် အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၎င်းရေလှောင်တမံသည် ကချင်လူမျိုးတို့၏ နှလုံးသားကို ဓားမြှောင် စိုက်လိုက်ခြင်းဖြစ်၍ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရေလှောင်တမံဆန့်ကျင်ရေး လှုပ်ရှားမှုကို ထောက်ခံရပ်တည်ခဲ့သည်။ အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူများ၏ ကိရိယာသစ်တစ်ခုဖြစ်သည့် Facebook ပေါ်တွင်လည်း ပြည်သူတို့၏ အသံများလျှံထွက်နေသည်။

မြန်မာနိုင်ငံအတွင်း၌ ပြည်သူတို့ ပွင့်လင်းစွာ ဆန္ဒပြနိုင်ခြင်းမရှိသော်လည်း ‘ဧရာဝတီ ကယ်တင်ရေး’ အစည်းအဝေးများကိုမူ ရန်ကုန်မြို့ပေါ်တွင် ကျင်းပခဲ့သည်။ ပြည်ပရောက် မြန်မာများကလည်း နိုင်ငံရပ်ခြားရှိ မြန်မာသံရုံးများ၏ အပြင်ဖက်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များ ကြီးထွားလျက်ရှိရာ၊ အထူးသဖြင့် တရုတ်လွှမ်းမိုးမှုကြီးမားသော မြောက်ပိုင်းဒေသတွင် ပိုမိုပြင်းထန်လာသည်။ ကချင်ပြည်နယ်မှ ရရှိသော သတင်းများအရ ကေအိုင်အေနှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပြည်နယ်အတွင်း အလုပ်လုပ်နေသော တရုတ်လူမျိုး အလုပ်သမားများနှင့် ကုန်သည်များ တရုတ်နိုင်ငံသို့ ပြန်ထွက်ပြေးသွားကြသည်ဟု သိရှိရသည်။

သို့သော် ပြည်သူတို့၏ သဘောထားသည် မြန်မာအစိုးရအပေါ် လွှမ်းမိုးနိုင်လောက်အောင် အားကောင်းခဲ့ခြင်း မရှိပါ။ အစိုးရကလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားကာ အနောက်နိုင်ငံများ၏ ပြစ်တင်မှု၊ အရေးယူပိတ်ဆို့မှုများကို ထပ်မံဖိတ်ခေါ်ရာ ရောက်မည့်အဖြစ်ကို လိုလားမည် မဟုတ်ပါ။

မြန်မာနိုင်ငံတွင် တရုတ်သြဇာလွှမ်းလာခြင်းကို လက်နက်ကိုင်တပ်ဖွဲ့(တပ်မတော်) အတွင်း မကျေနပ်မှုက ရေလှောင်တမံစီမံကိန်း ရပ်ဆိုင်းသည့် ကိစ္စ၏ အကြောင်းရင်းဖြစ်ဖို့ အလားအလာပိုများနေသည်။

သမိုင်းကြောင်းအရ မြန်မာနိုင်ငံသည် ၎င်း၏ မြောက်ဖက် အိမ်နီးချင်းနိုင်ငံကို ခပ်စိမ်းစိမ်း ဆက်ဆံခဲ့သည်ကို တွေ့ရသည်။ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ဝန်ကြီးချုပ်ဦးနု၏ ဘက်မလိုက် ဒီမိုကရေစီအစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ဘီဂျင်းက ကြိုးစားခဲ့သည်။ မြန်မာနိုင်ငံသည် ဘီဂျင်းကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုသော ပထမဆုံး (ကွန်မြူနစ်အုပ်စုပြင်ပ) နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ ၁၉၆၂ တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်တွင်မူ ရည်မှန်းချက်ကြီး၍ မှန်းဆရန်ခက်သော ဗိုလ်ချုပ်ကြီးနေဝင်းကို တရုတ်တို့က စိုးရွံ့ပူပန်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီ သူပုန်များကို အလုံးစုံထောက်ပံ့ကူညီရန် ပြင်ဆင်လာကြတော့သည်။

၁၉၆၇ တွင် စီးပွားရေးယိုယွင်းလာမှုကြောင့် ဒေါသထွက်နေသော ပြည်သူလူထုကို အာရုံပြောင်းရန် တပ်မတော် ခေါင်းဆောင်များက စနစ်တကျ လျှို့ဝှက်စီစဉ်သော တရုတ်-မြန်မာ အဓိကရုဏ်း ရန်ကုန်မြို့တွင် ဖြစ်ပွားသောအခါ မြန်မာပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ရန် တရုတ်တို့အကြောင်းပြချက် ရသွားခဲ့လေသည်။ ၁၉၆၈ နှစ်သစ်ကူးနေ့တွင်မူ တရုတ်ပြည် ယူနန်ပြည်နယ်မှ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တပ်များ မြန်မာပြည်မြောက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ နောက်ထပ်ဆယ်စုနှစ် တစ်စုလုံးလုံး အင်ဒိုချိုင်းနား ကျွန်းဆွယ်အပြင်ဖက် ကွန်မြူနစ်လှုပ်ရှားမှုများထက် ဗမာပြည်ကွန်မြူနစ်ပါတီကိုသာ တရုတ်နိုင်ငံက အကူအညီများ ပိုမိုပုံအောလောင်းထည့်ခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ "ပြည်သူ့အသံ" ဝါဒဖြန့် ရေဒီယိုအသံလွှင့်မှု အစီအစဉ်ကိုလည်း ၁၉၇၁ တွင် ယူနန်ပြည်နယ်ဖက် အခြမ်းမှနေ၍ စတင်ထုတ်လွှင့်ပေးခဲ့ပြန်သည်။ ထို့အပြင် ထောင်ပေါင်းများစွာသော တရုတ်လူမျိုးများ (ဝ လူမျိုးများ အပါအဝင်) နယ်စပ်ကို ဖြတ်ကျော်စီးဝင်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီကို အလုံးစုံ ကူညီဖြည့်ဆည်းပေးခဲ့သည်။

၁၉၇၆ခုနှစ် မော်စီတုန်း ကွယ်လွန်ပြီးနောက် မရှေးမနှောင်းတွင် လက်တွေ့ဝါဒီ တိန့်ရှောက်ဖိန် အာဏာရရှိသွားသည့် အချိန်တွင်မူ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့ ပုံအော ကူညီမှု ဇာတ်သိမ်းခန်းအစ ဖြစ်လာခဲ့သည်။ ဒေသတွင်း ကွန်မြူနစ်တော်လှန်ရေး လှုပ်ရှားမှုများကို ဆက်လက်အားပေးရန် ဘီဂျင်းက စိတ်ဝင်စားခြင်း မရှိတော့ပါ။ ထိုအချိန်ကစ၍ မြန်မာတို့၏ ကြွယ်ဝသော သစ်တောများ၊ သတ္တုသယံဇာတများ၊ သဘာဝဓါတ်ငွေ့နှင့် ရေအားလျှပ်စစ် အလားအလာတို့ကို ဘီဂျင်းက အာသာငမ်းငမ်း မက်မောတောင့်တလာခဲ့ခြင်းဖြစ်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့၏ ပံ့ပိုးမှု အဆုံးသတ်လိုက်ခြင်းသည် တရုတ်-မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်လာသော ခေတ်သစ်တစ်ခုကို အစပျိုးလိုက်ခြင်းဖြစ်ပြီး ၁၉၈၈ သွေးစွန်းသော ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင်မူ တစ်ဆင့်ပြီးတစ်ဆင့် ခုန်ပျံကျော်လွှား ကြီးထွားလာခဲ့တော့သည်။ ၁၉၉၁ မှစ၍ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း မြောက်များစွာကို ထောက်ပံ့ကူညီခဲ့သည့်အပြင် အခြေခံအဆောက်အဦး စီမံကိန်းများစွာတွင်လည်း တရုတ်ပညာရှင်များ လာရောက်ကူညီခဲ့ကြသည်။

၁၉၅၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံ၌ ပထမဆုံး နိုင်ငံခြားစစ်ဖက်အရာရှိများ အခြေချမှုအဖြစ် တရုတ် စစ်ဖက်အကြံပေးများလည်း တစ်သုတ်ပြီးတစ်သုတ် လာရောက်ခဲ့ကြသည်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည်လည်း တစ်ဟုန်ထိုးဖွံ့ထွားလာတော့သည်။

မကြာသေးမီကပင် တရုတ်နိုင်ငံက အတိုးနည်းချေးငွေများ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီခဲ့သည်။ အနောက်ပိတ်ဆို့မှုဒဏ်ခံ မြန်မာစီးပွားရေးတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများသည် အလွန်အရေးပါပြီး အထူးသဖြင့် စွမ်းအင်ကဏ္ဍတွင် ပုံအောစီးဝင်လာသည်။ ဘင်္ဂလားပင်လယ်အော်မှ သဘာဝဓါတ်ငွေ့ကို တရုတ်သို့ပို့မည်။ ပိုက်လိုင်းစီမံကိန်းတွင် အရှေ့အလယ်ပိုင်းရေနံများကို ယာဉ်ကြောပိတ် မလက္ကာ ရေလက်ကြားကို ရှောင်ရှား သယ်ယူမည့် ရေနံစိမ်း ပိုက်လိုင်းတစ်ခု ယှဉ်တွဲ တိုးချဲ့ခံခြင်းသည် ထင်ရှားသော သာဓက တစ်ခုပင် ဖြစ်သည်။

ထိုသို့ တရုတ်နိုင်ငံအပေါ် ကြီးမားစွာ မှီခိုနေရခြင်းသည် မြန်မာ စစ်ဖက် ခေါင်းဆောင်များစွာအကြား စိုးရိမ် ကြောင့်ကြမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ခေါင်းဆောင်များသည် သူတို့ တစ်ချိန်က တရုတ်နောက်ခံ ဗကပ တပ်များနှင့် တိုက်ခဲ့ရသော စစ်ပွဲကို မမေ့နိုင်သလို ဗကပ အသွင်ဆောင် တရုတ်နှင့် ဝတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သူတို့၏ ရဲဘော် ရဲဘက်များ ကျဆုံးခဲ့ရခြင်းကိုလည်း မမေ့ကြပါ။ အဆိုပါ မမေ့နိုင်စရာ အတိတ်ကို ၂၀၀၅ ခုနှစ်က ဝါရှင်တန်တွင် နိုင်ငံရေးခိုလှုံခဲ့သော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြည်ပရောက် မြန်မာများ၏ သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ပြန်လည် တူးဆွထားသည်။

သမ္မတ ဦးသိန်းစိန်၏ တမံရပ်ဆိုင်းမှု ကြေညာချက် အပြီးတွင် တရုတ်တို့က ညှိနှိုင်း ဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုထားကြသော်လည်း မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်သူ CNPC ကုမ္ပဏီက ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်သော ပြည်တွင်း အစီရင်ခံစာတွင် တမံ အရွယ်အစားသည် လိုသည်ထက် ပို၍ ကြီးမားလွန်းကြောင်း တင်ပြကာ စီမံကိန်းကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ခြင်းကို အကဲခတ် စောင့်ကြည့်သူများက ထောက်ပြထားသည်။ တရုတ်နိုင်ငံသည် ဧရာဝတီ၏ အခြား မြစ်လက်တက်များ ပေါ်တွင်လည်း အကြီးစားတမံ ၆ ခု တည်ဆောက်ရန် ကန်ထရိုက်စာချုပ် လက်မှတ် ရေးထိုးထားသည်။

ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်က ရဲရဲဝံ့ဝံ့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းသည် တရုတ်-မြန်မာ ဆက်ဆံရေး ယိုယွင်းလာခြင်းနှင့် မြန်မာနိုင်ငံက နိုင်ငံတကာ ဆက်ဆံရေး ဟန်ချက် ညီအောင် ကြိုးစားနေခြင်းကို ထုတ်ဖော် ပြသနေသည်။ ယခင်က ကျင့်သုံးခဲ့ဖူးသော ဘက်မလိုက် မူဝါဒကို ပြန်လည် ချဉ်းကပ်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

အချို့ အကဲခတ် စောင့်ကြည့်သူ ပညာရှင်များကမူ မြန်မာ အစိုးရအပေါ် ဘီဂျင်း၏ လွှမ်းမိုးမှုသည် ပုံကြီးချဲ့ထားခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အစီရင်ခံစာများတွင် မကြာခဏ ဖော်ပြနေကြသည့် "မြန်မာနိုင်ငံ၏ ယုံကြည် စိတ်ချ အားကိုးမှု" ဆိုသည်ကို ဘီဂျင်းက အမှန်တကယ် ရခဲ့ခြင်း မဟုတ်ပါဟု မဟာဗျူဟာ လေ့လာရေး သုတေသန ပညာရှင် စာရေးဆရာ Andrew Selth က တင်ပြခဲ့သည်။ မြန်မာနိုင်ငံအပေါ် လက်နက် ရောင်းချပေးနေသူများက ပြသနေသော အထောက်အထား တစ်ခုမှာ တရုတ်နိုင်ငံသည် ၁၉၈၉ မှ စ၍ မြန်မာနိုင်ငံအား ဒေါ်လာ ၁.၆ ဘီလျံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ ရောင်းချ ကူညီပေးခဲ့သော်လည်း လတ်တလောတွင် မြန်မာအစိုးရက ရုရှား၊ ယူကရိန်းနှင့် မြောက်ကိုးရီးယား နိုင်ငံများထံ ပြောင်းလဲ ဝယ်ယူကာ ယင်း၏ လက်နက် ဖူလုံရေး အစီအစဉ်ကို ခွဲဝေ ဖြန့်ကျက်ခဲ့သော အချက်ပင် ဖြစ်သည်။

မြန်မာအစိုးရသည် အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးစားရာတွင် ဒီမိုကရေစီကို ပြည့်ဝစွာ အကောင်အထည် ဖော်ခြင်းအစား 'တရုတ်ဝှက်ဖဲ' ကို ထုတ်သုံးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပုံရသည်။

မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦး ရေးသားကာ နေပြည်တော် ထိပ်ပိုင်းအဆင့်က ခွင့်ပြုခဲ့သည်ဟု ကြားသိရသော ဘန်ကောက်ပို့စ် သတင်းစာပါ 'ရေးသူအမည်မပါ' ဆောင်းပါးတစ်ပုဒ်တွင် "ကျွန်တော်တို့ နိုင်ငံကို တရုတ် သြဇာခံ ပြည်နယ်တစ်ခု မဖြစ်စေလိုပါ။ သို့သော် ကျွန်တော်တို့ နိုင်ငံကို ရွေးချယ်စရာ မရှိသော ထောင့်ကျဉ်း၌ ပိတ်မိအောင်၊ တရုတ်နိုင်ငံကို ပို၍ မှီခိုရအောင် အနောက်နိုင်ငံများက အတင်းအကြပ် မပြုလုပ်သင့်ပါ" ဟု ဖော်ပြထားသည်။

ဤစကားစုတွင် အတင်းအကြပ် ဆိုသည်မှာ စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အစိုးရဖက်က အမြင်ကို ကြည့်ပါက တရုတ် ခြိမ်းခြောက်မှု ဝှက်ဖဲကို ထုတ်ကစားခြင်းဖြင့် အနောက်နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်ကာ အနောက်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှု လျော့ပါး သွားရန် မျှော်လင့်ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် နိုင်ငံကို ဘယ်လို အုပ်ချုပ်သလဲဆိုသည်မှာ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ကြောင်း၊ မြန်မာအစိုးရက မကြာခဏ ထုတ်ဖော် ပြောဆိုလျက် ရှိပေသည်။ မြန်မာ အစိုးရ၏ တီးလုံးအတိုင်း လိုက်၍ ကမလား ဆိုသည်ကို အနောက်နိုင်ငံများက ဆုံးဖြတ်ရလိမ့်မည်။
http://www.irrawaddyblog.com/2011/10/blog-post_7147.html

လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်တန်းနိုင်ပြီ


ဧရာဝတီ Friday, 07 October 2011 11:15 သတင်းတိုများ
ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းတွင် ရုံးစိုက်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ တိုင်တန်းချက်များ စတင်လက်ခံပြီဖြစ်ကြောင်း သိရသည်။ တရားရုံးတခုခုတွင် အမှုဖွင့်ထားပြီးသော ကိစ္စများကို လက်ခံမည် မဟုတ်ကြောင်း၊ တိုင်တန်းသူအား ခေါ်ယူမေးမြန်းမည် ဖြစ်ကြောင်းလည်း ယနေ့အစိုးရထုတ် သတင်းစာတွင် ဖော်ပြထားသည်။ တိုင်တန်းသူသည် အမည်၊ နေရပ်လိပ်စာ အပြည့်အစုံ၊ ချိုးဖောက်ခံရသည့် ကိစ္စ၊ မှန်ကန်ကြောင်း ဝန်ခံချက်များ ဖော်ပြပြီး စာဖြင့်ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ သွားရောက် တိုင်တန်းနိုင်သည်။




http://www.bur.irrawaddy.org/

လူ့​အခွင့်​အ​ရေး​ကော်မရှင်က ပညာ​ပေး​လုပ်ငန်း​ ဦး​စား​ပေး​ဆောင်ရွက်မည်ဟု ဆို
Published on October 7, 2011 by ရွှေအောင် · No Comments

လူ့​အခွင့်​အ​ရေး​ ပညာ​ပေး​လုပ်ငန်း​တွေကို ဦး​စား​ပေး​ လုပ်​ဆောင်သွား​မယ်လို့​ ဒီ​နေ့​ ရုံး​ခန်း​စတင်ဖွင့်​လှစ်ပြီး​ တိုင်တန်း​စာ​တွေလက်ခံ​နေပြီဖြစ်တဲ့​ မြန်မာနိုင်ငံ အမျိုး​သား​ လူ့​အခွင့်​အ​ရေး​ကော်မရှင်က ​ပြောပါတယ်။

လူ့​အခွင့်​အ​ရေး​ကော်မရှင်ရုံး​ကို ရန်ကုန် လှိုင်မြို့​နယ် ပြည်လမ်း​ အမှတ် ၂၇ မှာ ဖွင့်​လှစ်လိုက်တာပါ။

“လူ့​အခွင့်​အ​ရေး​ဆိုတာဘာလဲ၊​ ကိုယ့်​မှာ ဘာအခွင့်​အ​ရေး​တွေရှိလဲဆိုတာ” အသိပညာ​ပေး​တဲ့​ အစီအစဉ်​တွေ ​ဆောင်ရွက်မှာပါလို့​ လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်က အဖွဲ့​ဝင် ဥပ​ဒေပညာဌာန အငြိမ်း​စား​ပါ​မောက္ခ ​ဒေါက်တာ​ဒေါ်သန်း​နွဲ့​က ​ပြောပါတယ်။

အချက် ၃ ချက် ပြည့်​ပြည့်​စုံစုံ​ဖော်ပြပြီး​ တိုင်တန်း​ရင် ​ကော်မရှင်က လက်ခံ ​ဆောင်ရွက်​ပေး​မယ်လို့​ ဆိုပါတယ်။

တိုင်တန်း​တဲ့​စာမှာ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်ခံရသူရဲ့​ နာမည်နဲ့​ လိပ်စာ အပြည့်​အစုံ ပါရှိရမှာဖြစ်ပါတယ်။

ဘယ်လိုအခွင့်​အ​ရေး​တွေ ချိုး​ဖောက်ခံရတယ်ဆိုတာ အချက်အလက် ပြည့်​ပြည့်​စုံစုံ ​ဖော်ပြရမယ်၊​ တိုင်တန်း​ချက်ဟာ မှန်ပါတယ်ဆိုတဲ့​အ​ကြောင်း​ ဝန်ခံချက် ပြုပြီး​ လက်မှတ်​ရေး​ထိုး​ရမယ် စတဲ့​အချက်​တွေပါရှိရင် ​ကော်မရှင်က လက်ခံမယ်လို့​ သိရပါတယ်။

တရား​ရုံး​မှာအမှုဖွင့်​ထား​ပြီး​ စစ်​နေတဲ့​ အမှု​တွေ၊​ တရား​ရုံး​ကဆုံး​ဖြတ်ပြီး​ အမှု​တွေနဲ့​ စပ်လျဉ်း​တဲ့​ ကိစ္စရပ်​တွေ​တော့​ အကျုံး​မဝင်ဘူး​လို့​လည်း​ ​ကော်မရှင်က ကန့်​သတ်ထား​ပါတယ်။ ဒီအချက်နဲ့​ပတ်သက်ပြီး​ ​ကော်မရှင်အဖွဲ့​ဝင် ​ဒေါက်တာ​ဒေါ် သန်း​နွဲ့​က ရှင်း​ပြပါတယ်။

“တရား​စီရင်​ရေး​အာဏာအရ ​ဆောင်ရွက်ရတဲ့​ပြဿနာ​တွေ၊​ တရား​စွဲဆိုခြင်း​ ​တွေ တရား​စီရင်​ရေး​ကမှ ဆုံး​ဖြတ်ရမယ့်​ ကိစ္စရပ်​တွေကို ကျမတို့​က မဝင်ပါဘူး​။”

ထိုင်း​အ​ခြေစိုက် လူ့​အခွင့်​အ​ရေး​ပညာ​ပေး​ဌာန ညွှန်ကြား​ရေး​မှူး​ ဦး​အောင်မျိုး​ မင်း​က​တော့​ ဒီကန့်​သတ်ချက်ဟာ လူ့​အခွင့်​အ​ရေး​စံချိန်စံညွှန်း​နဲ့​ ကိုက်ညီမှုမရှိဘူး​လို့​ ​ပြောပါတယ်။

“မြန်မာပြည်မှာက တရား​ဥပ​ဒေရှိ​ပေမယ့်​ ဒီတရား​ဥပ​ဒေ​တွေကိုယ်တိုင်က လူ့​အခွင့်​အ​ရေး​နဲ့​မညီတဲ့​ ဥပ​ဒေ​တွေဖြစ်​နေတာရှိတယ်၊​ တချို့​ကျ​တော့​ တရား​ဥပ​ဒေ အတိုင်း​ လုပ်​ဆောင်​ပေမယ့်​ တရား​ဥပ​ဒေ​တွေကို ကိုင်တွယ်​ဖြေရှင်း​သူ​တွေရဲ့​ လာဘ်စား​မှု​တွေ၊​ ဥပ​ဒေအတိုင်း​ ကျိုး​ကြောင်း​ဆီ​လျော်မှုမရှိဘဲ အမိန့်​ချတာ​တွေက လည်း​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှုဖြစ်တဲ့​အတွက် ဒီလိုမျိုး​အ​ခြေအ​နေ​တွေမှာ လူ့​အခွင့်​အ​ရေး​စံချိန်စံညွှန်း​နဲ့​တော့​ သိပ်ပြီး​ ကိုက်ညီမှုမရှိပါဘူး​။”

ကော်မရှင်က​တော့​ တိုင်တန်း​ချက်မှန်ကန်​ကြောင်း​ စိစစ်​တွေ့​ရှိရင် ​ကော်မရှင် ရဲ့​ လုပ်ထုံး​လုပ်နည်း​တွေနဲ့​အညီ ​ဆောင်ရွက်သွား​မယ်ဆိုတာနဲ့​ ပတ်သက်ပြီး​ ​ဒေါက် တာ ​ဒေါ်သန်း​နွဲ့​က ရှင်း​ပြပါတယ်။

“ဌာနတခုကို ဒါမှမဟုတ် အဖွဲ့​အစည်း​တခုကို သူ့​ရဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ ​ဖောက်​နေပါတယ်လို့​ ​ပြောတဲ့​အခါ ကျမတို့​က ဒါဟာ မှန်မမှန်ကို သက်ဆိုင်ရာဌာန ​တွေကို သူတို့​ဌာနက ​ဆောင်ရွက်ဖို့​ တိုက်တွန်း​တာ၊​ အ​ကြောင်း​ကြား​တာ လုပ်မယ်။ သူတို့​ဆောင်ရွက်ပြီး​သမျှကိုလည်း​ ကျမတို့​ဆီ ပြန်လည်သတင်း​ပို့​ရပါမယ်။ တိုင်တန်း​ သူ​တွေဆီကိုလည်း​ ကျမတို့​က ဘာ​တွေ​ဆောင်ရွက်ထား​ပါတယ်၊​ ဘယ်လိုဆိုတာကို ပြန်အ​ကြောင်း​ကြား​သွား​မှာပါ။”

လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်ခံရလို့​ တိုင်တန်း​လိုသူ​တွေဟာ ရုံး​ကိုလိပ်မူပြီး​ စာတိုက်ကဖြစ်​စေ၊​ လူကိုယ်တိုင်ရုံး​ခန်း​ကို လာ​ရောက်​ပေး​ပို့​လို့​ဖြစ်​စေ စာ​ရေး​တိုင်တန်း​နိုင်ကြပါတယ်။

မြန်မာ့​လူ့​အခွင့်​အ​ရေး​ကော်မရှင်ကို စက်တင်ဘာ ၅ ရက်က အစိုး​ရအငြိမ်း​စား​ အရာရှိကြီး​ ၁၅ ဦး​နဲ့​ ဖွဲ့​စည်း​ခဲ့​ပြီး​ တလ​လောက်အကြာမှာ ခုလို တိုင်တန်း​စာ ​ပေး​ပို့​နိုင် ​ကြောင်း​ အသိ​ပေး​ဖော်ပြလာတာပါ။
http://burmese.dvb.no/archives/16245

MSF ထိုင်းမှ ထွက်၊ မြန်မာများ အခက်တွေ့နိုင်



ဧရာဝတီ Friday, 07 October 2011 17:35
ကမ္ဘာ့လူမှုကူညီရေး အဓိက အဖွဲ့အစည်းကြီး တခုဖြစ်သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) သည် ထိုင်းနိုင်ငံမှ ထွက်ခွာတော့မည် ဖြစ်သောကြောင့် ထိုင်းတွင် တရားမဝင် နေထိုင်နေသည့် မြန်မာ ထောင်ပေါင်းများစွာ ကျန်းမာရေးဆိုင်ရာ အကူအညီများ ဆက်လက် ရရှိနိုင်တော့မည် မဟုတ်ကြောင်း သိရသည်။
MSF-Interview
(ဓာတ်ပုံ - MSF)
အောက်တိုဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ MSF သည် ထိုင်းနိုင်ငံတွင် ၃၅ နှစ်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များ၏ ကြားဝင်စွက်ဖက်မှုများကြောင့် စက်တင်ဘာလကုန်တွင် ယင်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းတော့မည်ဟု ဖော်ပြထားသည်။

“အကူအညီလိုအပ်နေသူတွေကို ကျန်းမာရေးဆိုင်ရာ အထောက်အကူတွေ ပေးဖို့ကိစ္စမှာ စီမံခန့်ခွဲရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်လာရလို့ ထိုင်းမှာ လည်ပတ်နေတဲ့ လုပ်ငန်းတွေကို ရပ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု MSF ၏ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံ Mr Denis Penoy က ယမန်နေ့တွင် ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပေမယ့် ကျနော်တို့အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အပယ်ခံလူသားတွေကို ကျန်မာရေးဆိုင်ရာ အကူအညီတွေ ဆက်ပေးဖို့ လုပ်ပိုင်ခွင့် မရှိတော့ပါဘူး” ဟု ဆိုသည်။

MSF အကူအညီများ ရပ်ဆိုင်းမှုကြောင့် ဘန်ကောက်အနီးရှိ MSF စီမံကိန်းများရှိရာ စမွတ်စခွန်ခရိုင်နှင့် ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရားသုံးဆူရှိ မြန်မာ ၅ သောင်း ၅ ထောင်ကျော် ကျန်းမာရေးဆိုင်ရာ အကူအညီများ ရရှိနိုင်တော့မည် မဟုတ်ပေ။

“သူတို့တွေဟာ ကျန်မာရေးဆိုင်ရာ အကူအညီ မရရှိကြတဲ့ တရားဝင်အထောက်အထား စာရွက်စာတမ်း မရှိသူတွေ၊ နယ်စပ်တလျှောက် နေတဲ့သူတွေပါ” ဟု Mr Denis Penoy က ဆိုသည်။

MSF သည် စံခလဘူရီအခြေစိုက် မွန်အမျိုးသားကျန်းမာရေးကောင်စီနှင့် ပူးတွဲ၍ ဘုရားသုံးဆူနယ်စပ်တလျှောက်တွင် မြန်မာပြည်ဘက်သို့လည်း ကျန်းမာရေးဆိုင်ရာများ အကူအညီပေးလျက်ရှိသည်။

မွန်ကျန်းမာရေးကောင်စီသည် MSF ၏ အကူအညီဖြင့် မွန်ပြည်နယ်အတွင်းတွင်လည်း ငှက်ဖျားတိုက်ဖျက်ရေးကို ဆောင်ရွက်နေကြောင်း မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာက ပြောသည်။

“ငှက်ဖျားတိုက်ဖျက်ရေးက ကျနော်တို့ ပြည်သူတွေအတွက် အရမ်းအရေးကြီးပါတယ်။ ဆေးဝါးအကူအညီရဖို့ကလည်း ခက်လို့ပါ” ဟု ၎င်းက ပြောသည်။

တရားမဝင် နေထိုင်သည့် မြန်မာများသည် ဆေးရုံသို့သွားရန် ငွေကြေးမတတ်နိုင်၊ သွားရောက်ရန်လည်း ကြောက်ရွံ့နေကြကြောင်း နိုင်ဟံသာက ဆက်လက်ပြောသည်။

MSF သည် ထိုင်းရှိ မြန်မာ တရားဝင်ရွှေ့ပြောင်းအလုပ်သမားများရော ဒုက္ခသည်များကိုပါ အကူအညီပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

ကျန်းမာရေးဆိုင်ရာ အကူအညီဆက်မပေးနိုင်တော့သည့် အတွက် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများ၏ ရှေ့ရေးအတွက် စိုးရိမ်ကြောင်း MSF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“MSF ထွက်ခွာသွားတယ်ဆိုတာ ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ကျန်းမာရေးကဏ္ဍကို စီမံပေးမယ့် လွတ်လပ်တဲ့ ဘယ်အဖွဲ့အစည်းမှ မရှိနိုင်ဘူးလို့လည်း ဆိုနိုင်ပါလိမ့်မယ်” ဟု Mr Denis Penoy က ဆိုသည်။

ထိုင်းအာဏာပိုင်များက ရွှေ့ပြောင်းလုပ်သားများကို တရားဝင်မှတ်ပုံတင်နိုင်ရန် စီစဉ်ပေးနေသော်လည်း တရားမဝင် နေထိုင်သူ ၁.၅ သန်းမှ ၂ သန်းအထိရှိမည်ဟု အလုပ်သမားရေးရာ ဆောင်ရွက်နေသည့် အဖွဲ့များက ခန့်မှန်းကြသည်။

ယင်းတို့အနက် ၉၀ ရာခိုင်နှုန်းသည် မြန်မာပြည်မှ ဖြစ်ကြောင်း၊ ကျန်သူများမှာ ကမ္ဘောဒီးယားနှင့် လာအိုတို့မှဖြစ်ကြောင်း သိရသည်။

ဘယ်လဂျီယံနိုင်ငံ အခြေစိုက် MSF သည် ၁၉၇၆ တွင် ထိုင်းနိုင်ငံအတွင်း စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ MSF ၏ ကျန်းမာရေးလုပ်ငန်းနှင့် ကူညီမှုများသည် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအပေါ် များစွာအကျိုးပြုခဲ့သည်။  ငှက်ဖျား၊ တီဘီ၊ ခုခံကျ ဝေဒနာရှင်တို့ကို အခမဲ့ ကုသပေးခဲ့သည်။

၁၉၉၉ ခုနှစ်တွင် MSF က နယ်စပ်ဒေသ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားများ၊ မယ်လဒုက္ခသည် စခန်းအတွင်းရှိ မြန်မာပြည်သားများအတွက်  ငှက်ဖျားနှင့် တီဘီ ရောဂါ ကုသမှုလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။
http://www.bur.irrawaddy.org/index.php/news/7524-msf-