Sunday, October 9, 2011

Burma Night at International Diaspora Fim Festival, Toronto



Please mark your calendar and invite your friends

A BURMA FILM EVENING. SAVE THE DATE!  saturday NOVEMBER 5th


TWO REMARKABLE FILMS PREMIERE AT THE 11th INTERNATIONAL DIASPORA FILM FESTIVAL

Place: Innis Town Hall, Toronto, Ontario
Time: 7 pm
Address:  2 Sussex Street  (1 block south of Bloor, subway St. George)
Admission: $10.00

Info and booking: info@diasporafilmfest.com (prefer)  416-571-2150 

In recognition of the one year anniversary of the release of Daw Aung San Suu Kyi and the ongoing struggle for democracy in Burma, IDFF presents two North American screen debuts:


7 pm. “AUNG SAN SUU KYI: LADY OF NO FEAR”  

First Canadian screening of Danish director Anne Gyrithe Bonne’s acclaimed documentary and 2011 nominee for the prestigious Cinema for Peace Award in Berlin.

The film charts Aung San Suu Kyi’s love story with Michael Aris on which Luc Besson’s feature film “The Lady” was based; her unforgettable journey from Oxford housewife to political leader, international heroine and Nobel Laureate. Friends and relatives speak intimately about ASSK- the woman, friend, wife and mother faced with the heartrending choice between country and family. 58 minutes
8 pm. LIVE ONSTAGE CONVERSATION (To Be Confirmed): Q and A with Danish director Anne Gyrithe Bonne moderated by author Karen Connelly
8: 30 pm.BURMESE DREAMING”.  A creative non-fiction documentary by Australian filmmaker and writer Timothy Syrota.  Syrota uses a unique combination of film, art, photography, music and social and political commentary to tell the story of Burma through the eyes of a Karen child living in a refugee camp on the Thai-Burma border. Based on a true circumstance, Say Say La reflects on her life through a series of dreams and poetic flashbacks. The film alternates between scenes from the refugee camp and scenes from her childhood, before the Burmese military killed her father and kidnapped her at age five.
The film offers an inside look at Burma with evocative imagery, both disturbing and beautiful. It is a cinematic cry for freedom in a country where independent media is strictly prohibited. Syrota is known for his bestseller Welcome To Burma And Enjoy the Totalitarian Experience.  48  minutes

ဦးသိန်းစိန်နှင့် မစ္စတာ အိုဘားမားတွေ့ဆုံခြင်း



by Save Irrawaddy on Saturday, October 8, 2011 at 10:26pm
နေရာကား ဆူးလေဘုရားအနီးရှိ ပလက်ဖောင်းဘေးတွင် ပလတ်စတစ်ခုံလေးများဖြင့် ချရောင်းသော လမ်းဘေး လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်တွင် ဖြစ်သည်။  တီရှပ်အဖြူနွမ်းနွမ်းနှင့် ဘောင်းဘီတို အညိုရောင်ကို ဝတ်ဆင်ထားသော ကတုံးဆံပင်ပေါက်ကေနှင့် ကုလားတစ်ဦးသည် ရှပ်လက်တိုအကွက် ခပ်နွမ်းနွမ်းနှင့် လုံချည်အဟောင်းလေး တစ်ထည်ကို ဝတ်ဆင်ထားသော ထိပ်ပြောင်ပြောင်၊ အသားဖြူဖြူ၊ မျက်မှန်ဝိုင်းကလေး တပ်ထားသော အဘိုးကြီးတစ်ဦးနှင့် စကားလက်ဆုံကျလျက်ရှိသည်။ ကုလားမှာ ဆူးလေအနီးတဝိုက်တွင် နာရီ ဓာတ်ခဲ၊ ခါးပတ်၊ ပိုက်ဆံအိတ် ရောင်းသော ပျံကျတစ်ဦးဖြစ်ပုံရပြီး အဘိုးကြီး၏ဘေးတွင် တက္ကစီအစုတ်ကလေးတစ်စင်း ရပ်ထားသောကြောင့်  တက္ကစီဒရိုင်ဘာတစ်ဦး ဖြစ်ပုံရသည်။ စင်စစ်တွင်ကား အနှီကုလားမှာ စကြာဝတေးမင်းရာထူးနှင့် ညီမျှသော ရာထူးရှိသူ အမေရိကန်ပြည်ထောင်စု၏ သမ္မတ မစ္စတာအိုဘားမားဖြစ်ပြီး တက္ကစီဒရိုင်ဘာ အဘိုးကြီးမှာ မကြာသေးမီကမှ နိုင်ငံတော်သမ္မတအဖြစ်မှ ပြည်သူ့သမ္မတအဖြစ်သို့ အရှင်လတ်လတ် ပြောင်းလဲရောက်ရှိသွားသူ မြန်မာသမ္မတကြီး ဦးသိန်းစိန်ပင် ဖြစ်တော့သည်။ လမ်းသွားလမ်းလာများက ၎င်းတို့နှစ်ဦးကို ဈေးသည်နှင့် တက္ကစီဒရိုင်ဘာဟုပင် ထင်နေကြပြီး မည်သူကမျှလည်း အရေးတစ်စိုက် မရှိလှပေ။ ယခုကဲ့သို့ လျှို့ဝှက်စွာ တွေ့ဆုံ နေရခြင်း၏ နောက်ကွယ်တွင် အကြောင်းအရင်းများစွာ ရှိနေလေသည်။
အိုဘားမားသည် ၎င်း၏ များပြားလှသော တာဝန်များကြောင့် အလွန်အမင်းစိတ်ညစ်ကာ အိမ်ဖြူတော်မှ မည်သူမျှမသိအောင် တိတ်တဆိတ် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဦးသိန်းစိန်ကမူ ရှေးမြန်မာရာဇဝင်ထဲက ဘုရင်များ ရုပ်ဖျက်၍ ပြည်သူအတွင်းအတွင်း ဆင်းကာ စနည်းနာသည်ကို အားကျ၍ တစ်ကြောင်း၊ ယခုတလော ပြည်သူတွေက ဦးသိန်းစိန် ပြည်သူ့သမ္မတကြီးဟု တဖွဖွ နှုတ်ကမချတမ်း တသသ လုပ်နေကြသည်ကို ကိုယ်တိုင် နားနှင့် ဆတ်ဆတ်ကြားလို၍ တစ်ကြောင်းတို့ကြောင့် မထင်မရှားရုပ်ဖျက်၍ တက္ကစီအစုတ်တစ်စင်းကိုမောင်းကာ အထက်ပါ လက်ဘက်ရည်ဆိုင်သို့ ရောက်ရှိ လာခြင်းဖြစ်သည်။ ထိုဆိုင်သို့ လာရခြင်းမှာလည်း အိုဘားမားက သူအလွန်အမင်း စိတ်ညစ်နေကြောင်း၊ ဘယ်သူမှ မသိအောင် မြန်မာနိုင်ငံတွင် တစ်ရက်တန်သည် နှစ်ရက်တန်သည် လာရောက်လည်ပတ်လိုကြောင်း ဦးသိန်းစိန်ကို ဖုန်းဆက်ပြီး နှစ်ကိုယ်ကြား ပြောကြားရာမှ ဦးသိန်းစိန်မှလည်း ကျွန်ုပ်လည်း သာမန်အရပ်သားအသွင်ဖြင့် အပြင်ထွက်၍ စနည်းနာရန် စဉ်းစားနေကြောင်း အကယ်၍ အဆွေတော် အိုဘားမားအနေဖြင့် ကျွန်ုပ်နှင့်အတူ စနည်းနာထွက်၍ ပြည်သူကြားထဲဆင်းပါက အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံကိုရလိမ့်မည်ဖြစ်ကြောင်း အဆွယ်ကောင်း၍ အိုဘားမားကလည်း လာခဲ့ပါမည်ဟု ကတိခံကာ မထင်မရှားရောက်ရှိလာပြီး ထိုလဘက်ရည်ဆိုင်တွင် ချိန်းဆိုသောကြောင့်  ဦးသိန်းစိန်လည်း တက္ကစီအစုတ်မောင်းကာ ရောက်လာရခြင်း ဖြစ်သည်။  အိမ်ဖြူတော်နှင့် နေပြည်တော်ရှိ သမ္မတအိမ်တော်မှ ရုံးအဖွဲ့ အသီးသီးမှာမူ သူတို့၏ သမ္မတများ ရုတ်တရက်ပျောက်ခြင်းမလှ ပျောက်သွား၍ ခေါင်းမီး တောက်လျှက် ရှိကာ မီဒီယာများနှင့် လူထုကို အသိမပေးဘဲ အပူတပြင်း ကြိတ်၍ ရှာဖွေနေကြလေသည်။
“ခင်ဗျား လာမှ လာပါ့မလားလို့ဗျာ၊ မလာရင်တော့ ကွိုင်ပဲ၊ ကျုပ်လည်း ဗမာစကားဆိုလို့ ချိုဆိမ့်တစ်ခွက်၊ ဘူးသီးကြော်တစ်ပွဲ၊ ဘယ်လောက်လဲ ဆိုတာလောက်ပဲ အမြန်သင်ပြီး လာခဲ့ရတာ” ဟု အိုဘားမားက ရယ်ရယ်မောမော ပြောလိုက်သည်။
“လာမှာပါအဆွေတော်ရ၊ ကျုပ်က ခင်ဗျားထက် ထွက်ရတာခက်တယ်၊ ကျုပ်တို့နိုင်ငံ လူကြီးဆို အသားကုန်လွှတ်ဖားတာဆိုတော့ ကျုပ်မှာ အိမ်သာတက်တာတောင် သမ္မတကြီး ဘာလုပ်ပေးရမလဲဆိုပြီး လိုက်လိုက်မေးနေလို့ လစ်ထွက်ရတာ ခက်နေတာ၊ နေပြည်တော်နဲ့ ရန်ကုန်လမ်း တလျှောက်က စစ်ဆေးရေးဂိတ်တွေကလည်းများတော့ ကျုပ်မှန်းမသိအောင် တော်တော်ကို စွန့်စားပြီးထွက်လာရတာလေ၊ ဒါကြောင့် နဲနဲလေး နောက်ကျ နေတာ” ဟု ဦးသိန်းစိန်က ပြန်ပြောလိုက်သည်။ တဆက်တည်းမှာပင်
“ကဲ…လင်းစမ်းပါဦး အဆွေတော်ရ၊ ဒီလောက်ဒိတ်ဒိတ်ကျဲ နိုင်ငံကြီးရဲ့ သမ္မတလုပ်နေပြီး ဘာတွေညစ်စရာ ရှိနေလို့တုန်း၊ ခင်ဗျား တို့ဆီမှာ လူသား အရင်းအမြစ်ကလည်းပေါတော့ အလုပ်ပိတယ်ဆိုတာ မဖြစ်နိုင်ပါဘူးလေ၊ ကျုပ်မှာသာ ငတုံးတသိုက်နဲ့ အလုပ်လုပ်နေရတာ ဖင်ဆောင့်ငိုချင်စိတ် ပေါက်တာပဲ” ဟု တဆက်တည်း အိုဘားမားကို မေးလိုက်သည်။
“မထင်ပါနဲ့ဗျာ၊ ကျုပ်တို့ဆီကအဖြူကောင်တွေလည်း တော်လွန်းလို့ ခက်နေတာဗျ၊ အခုကျုပ်မှာ နိုင်ငံခြားရေး၊ စီးပွားရေး အဲ့ဒါတွေနဲ့ ပတ်သက်လို့ ခက်ခဲနေတာတွေ အများကြီးပဲ၊ အခုလောလောဆယ် ပါလက်စတိုင်းက လွတ်လပ်ရေးကြေငြာမယ့် ကိစ္စဗျာ၊ အမှန်ကတော့ ပေးသင့်တယ်၊ ဒါပေမယ့် ကျုပ်တို့မှာ အစဉ်အလာအရကိုက ဂျူးတွေအတွက် ကြည့်ပေးရမယ့် ဝတ္တရားကရှိလေတော့ ထုံးစံအရ အစ္စရေးဘက်ကနေ ကာကွယ် ပေးရတာပေါ့ဗျာ၊ တကယ်တော့ ကျုပ်က နိုဗယ်ငြိမ်းချမ်းရေးဆုရလေ ဒီလိုပြဿနာတွေ၊ မတရားတာတွေ ဘယ်ဖြစ်ချင်ပါ့မလဲ၊ ဒါပေမယ့် အစဉ်အလာဆိုတာကြီးက ဖောက်ထွက်ဖို့ ခက်နေတယ်၊ ဒါက လောလောဆယ်ဖြစ်နေတာ တစ်ချက်ဗျ”
“အေးဗျာ၊ ကျုပ်တို့ကတော့ သူများကြားဝင်ပြီး ရှင်းပေးဖို့မပြောနဲ့၊ ကိုယ့်ပြည်တွင်းရေးနဲ့ကိုယ်တောင် တိုင်ပတ်နေတာ၊ အစဉ်အလာဆိုတာကြီး ဖောက်ထွက်ဖို့ခက်တယ်ဆိုတာတော့ ကျုပ်လဲလက်ခံတယ်၊ ကျုပ်တို့ မြန်မာစကားပုံမှာ ရှိတယ်၊ ထိုင်နေရင်းအကောင်းသား ထသွားမှကျိုးမှန်းသိ ဆိုသလို ခေတ်ဟောင်းမှာ ကျန်ခဲ့ချင်သူတွေက အများသားဗျ၊ ဒါကလဲ စနစ်ပြောင်းရင် အရင်က အချောင်ရနေတဲ့ကောင်တွေက ကျိုးမှာ ကြောက်နေလို့ပါ၊ ကျုပ်လဲ ကျုပ်နိုင်ငံကို ပြောင်းလဲချင်သပေါ့ဗျာ၊ ဒါပေမယ့် မပြောင်းချင်တဲ့ကောင်တွေကြောင့် ခက်နေတယ်၊ အတူတူပါပဲ”
“မှန်တယ်၊ ကျွန်တော့် အစိုးရအဖွဲ့ထဲမှာကို ရှိနေတယ်၊ ပြောရရင် ဗျူရိုကရက်ဆန်တဲ့ ကောင်တွေကြောင့်ပေါ့၊ တခါတလေ အပြောင်းအလဲ ကောင်းကို ဆောင်ကြဉ်းဖို့ထက် သူတို့ရဲ့ ဦးနှောက်ထဲမှာ သံမှိုစွဲနေတဲ့ ကိစ္စတွေကြောင့် ခက်နေတာဗျ၊ ဥပမာ အရှေ့အလယ်ပိုင်းကိစ္စဆိုရင် သူတို့ကြောင့် ခက်နေတယ်၊ သူတို့ကပဲ နှောင့်နှေးကြန့်ကြာအောင် လုပ်နေတာဗျ၊ ချမယ်ဆိုတဲ့ကောင်းဘွိုင်တွေချည်းပဲ၊ ကျုပ်မှာက အရင်သမ္မတ ပေးသွားတဲ့ ဆိုးမွေကြီးကို ပိုက်ထားရသလို ဖြစ်နေတယ်”“ဖြတ်ပြောလိုက်ဦးမယ်၊ ကျုပ်လဲဘာထူးသလဲ ဦးနေဝင်းကထားပါတော့၊ ဦးသန်းရွှေ ၂၃နှစ်လောက် ရှုပ်သွားတဲ့ အရှုပ်ထုပ်ကြီးကို ဖြည်ဖို့ ခေါင်းကြိမ်းနေရတယ်၊ ကြိုးစားပြီးဖြည်မယ်ဆိုရင်တောင် နှောင့်ယှက်ချင်တဲ့ကောင်တွေက အများသား၊ ခင်ဗျားတို့ကမှ သမ္မတနဲ့ အတိုက်အခံက တစ်ပါတီစီကွဲနေလို့၊ ကျုပ်မှာက ကိုယ့်ပါတီကကောင်တွေတောင် ကိုယ်ပြန်မထိန်းနိုင်ဘူး၊ ပြည်သူအတွက် တစ်ခုခု ကောင်းတာလုပ်မယ်ဆိုရင်တောင် ဒီကောင်တွေကပဲ ထထကန့်ကွက် နေတော့ ဘာလုပ်ရမှန်းကိုမသိဘူး၊ တစ်ခါတစ်ခါတော့ ငါသမ္မတ ငါလုပ်ချင်ရာ လုပ်မယ်ဆိုပြီး ထကိုင်လိုက်ရင် ဖြစ်ပါ တယ်၊ ဒါပေမယ့် ပြည်သူတွေက လွှတ်တော်ကို အယုံအကြည်မဲ့သွားမှာစိုးလို့ပါ၊ ကိုရွှေမန်းကလည်း လွှတ်တော်ကို အတော်တည်ဆောက်ယူ ထားရတာလေ၊ ဒါပေမယ့် တော်သေးတယ် ပြည်သူကတော့ လွှတ်တော်ထက် ကျုပ်တို့ ကိုရွှေမန်းတို့ကို နားလည်မှု ပေးလာကြတယ်၊ ဒါပေမယ့် လွှတ်တော်ထဲက ကောင်တွေ၊ အစိုးရအဖွဲ့ထဲက ရှစ်လုံးတို့၊ ကျော် ဆန်းတို့လိုကောင်တွေ ကန့်လန့်တိုက်နေသေးတယ်”“အင်း ကျွန်တော်တို့ အမေရိကားမှတော့ နိုင်ငံခြားရေးနဲ့ ပတ်သက်ရင် ဂိုဏ်းလေးဂိုဏ်းပေါ့ဗျာ၊ ဂျက်ဆင်ဂိုဏ်း၊ ဟာမီတန်ဂိုဏ်း၊ ဂျက်ဖာဆင် ဂိုဏ်းနဲ့ ဝီလ်ဆင်ဂိုဏ်းပေါ့၊ ကျုပ်ကတော့ ဂျက်ဖာဆင်ဂိုဏ်းသားဆိုပါတော့ဗျာ၊ ဘယ်သူနဲ့မှ သိပ်ပြဿနာမတက်ချင်သလို ယူအက်စ်ကို ကမ္ဘာ့ရေးရာ တွေမှာ ဝန်နည်းနည်းပဲ ထမ်းစေချင်တယ်၊ ငပွကြီး မဖြစ်ချင်ဘူး၊ အစ္စရေး-ပါလက်စတိုင်းကိစ္စကိုလည်း အရှိအတိုင်းလက်ခံဖို့ ကြိုးစားတယ်၊ ရုရှားနဲ့ တရုတ်ကလည်း ပြဿနာမဟုတ်ပါဘူး၊ စစ်ပွဲတွေလည်း ရပ်ပစ်ချင်တယ်၊ လစ်ဗျားကိစ္စဆိုကြည့်လေ ကျုပ် တာဝန်အများကြီးယူမထားဘူး၊ ခင်ဗျားတို့ မြန်မာ နိုင်ငံနဲ့လည်း ထိတွေ့ဆက်ဆံချင်ပါတယ်၊ ကျွန်တော်က အားလုံး သက်တောင့် သကသာနဲ့ ကျေနပ်နိုင်မယ့် ပုံစံကို ရွေး ချယ်ချင်တယ်”“ကျွန်တော်လဲ အားလုံးသက်တောင့်သက်သာ ဖြစ်မယ့်ပုံစံကို လိုချင်ပါတယ်၊ ကိုယ်က အကောင်ပဲဆိုပြီး သွားထောင်လို့ မရဘူးဗျ၊ အခု ကျွန်တော် ပြည်တွင်းစစ်တွေ ရပ်ချင်တယ်၊ ကြိုးစားပေမယ့် အရင်အစိုးရဟောင်းလက်ထက်က တရုတ်ကို သဘာဝဓာတ်ငွေ့ ပို့ဖို့လုပ်ထားတဲ့ စီမံကိန်းကြောင့် ပိုက်လိုင်းတလျှောက်မှာရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိတိုက်နေရတယ်၊ တရုတ်အားကိုးနဲ့ လူပါးဝနေတဲ့ ဝတွေကျတော့ နယ်ခြားစောင့်တပ် ဖွဲ့ခိုင်းလို့ မရဘူးဖြစ်နေတယ်၊ အခု မြစ်ဆုံကိစ္စတောင် တိုင်းရင်းသားပြည်သူအားလုံးအတွက် စွန့်စွန့်စားစား ရပ်လိုက်ရတာပဲ၊ ဒါတောင် နောက်အစိုးရ လက်ထက် ဘယ်လိုလာဦးမလဲမသိဘူး၊ ခင်ဗျားတို့ အားပေးမှုလည်း လိုပါတယ်ဗျာ၊ ကျွန်တော်တို့အနေနဲ့ တရုတ်ကို တန်ပြန်ဖို့ လက်သီးထိုးကောင်းမယ့် မိတ်ဆွေတစ်ယောက်တော့ လိုတယ်လေ၊ မစုကြည်နဲ့ ကျွန်တော် ရန်သူမဖြစ်ချင်ဘူး၊ သူ့မှာ သြဇာ ရှိတယ်၊ ကျွန်တော်တို့မှာ ပါဝါရှိတယ်၊ တကယ်နိုင်ငံ ကောင်းမယ့် အလုပ်ကြီးဗျာ၊ ဒါကြောင့် ကျွန်တော်က မစုကြည်နဲ့ ရင်းနှီးမှုရှိအောင် ကြိုးစားတယ်၊ ဒါကို မကြိုက်တဲ့သူကလည်း မကြိုက်ဘူးဗျ”“ဝီလ်ဆင်ဝါဒအရဆိုရင်တော့ ကမ္ဘာမှာ ဒီမိုကရေစီ ပြန့်ပွားရေးဆိုတာမျိုးကို ကျွန်တော်အားပေးပါတယ်၊ ဒါပေမယ့် အီရတ်ကိစ္စမှာလို အင်အားသုံး ဖြေရှင်းတာမျိုးတော့ ကျွန်တော် တယ်မကြိုက်လှဘူး၊ ကျွန်တော် ရာထူးယူပြီးနောက်ပိုင်းမှာ အီရတ်နဲ့ အာဖဂန်ကို စစ်တပ်တွေ ထပ်ပို့ခဲ့တယ်၊ ဒါပေမယ့် ပြန်ဆုတ်ရမယ့် ရက်အကန့်အသတ်ကိုလည်း တစ်ခါတည်းသတ်မှတ်ပေးလိုက်တယ်၊ တစ်ချက်က အမေရိကန်ပြည်သူတွေရဲ့ အခွန်အခတွေကို စစ်တိုက်ပြီး မဖြုန်းချင်တာရယ်၊ အရှေ့အလယ်ပိုင်းနဲ့ အစ္စလာမ်ဟာ အမေရိကားရဲ့ ရန်သူမဟုတ်ဘူး ဆိုတာကိုပြဖို့ ရည်ရွယ်တာကြောင့်ပါ၊ ခင်ဗျားတို့နဲ့လည်း ကျွန်တော် ဆက်ဆံဖို့ ကြိုးစားတယ်ဆိုတာ ဒီသဘောပါပဲ၊ ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံဟာ ဒီမိုကရေစီ မဖြစ်မနေ ဖြစ်ရမယ်လို့တော့ မဆိုလိုပါဘူး၊ ဒါပေမယ့် တစ်ဖက်မှာလည်း အမေရိကားရဲ့ စံနှုန်းတွေအရ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သံတမန်နည်းအရ ခင်ဗျားတို့ကို ဖိအားပေးရတာ ရှိပါတယ်။ ဒါကလည်း မပူပါနဲ့ ခင်ဗျားတို့ပြောင်းလဲလာမှု တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ဘက်က အဆင်သင့်ပါ၊ အခု ခင်ဗျားတို့ကို ပိတ်ဆို့မှု သက်တမ်း တစ်နှစ်တိုးတာဟာ ပြဿနာမဟုတ်ပါဘူး၊ ဒီတစ်နှစ်အတွင်း ၂၀၁၅ AFTA မတိုင်မီအတွင်း ခင်ဗျားတို့နဲ့ တိုက်ရိုက်ထိတွေ့နိုင်ပါလိမ့်မယ်၊ တရုတ်ရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်”“အင်း ကျွန်တော်တို့အနေအထားအရ တရုတ်ကိုပဲ လုံးလုံးမှီခိုခဲ့ရတာဆိုတော့ အချို့ကိစ္စတွေမှာ မထွေးနိုင်မအံနိုင် ဖြစ်နေတာတွေလည်း ရှိပါတယ်၊ ကျုပ်ကတော့ရှင်းတယ်၊ ဘာမှ စားမထားတော့ ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး၊ တရုတ်ကို ကျွန်တော်ရန်လိုတဲ့ ကိစ္စရပ်မျိုး မရှိပါဘူး၊ ဒါပေမယ့် တဖြည်းဖြည်း လွှမ်းမိုးလာတာကိုတော့ power balance လုပ်နိုင်ဖို့ လိုပါလိမ့်မယ်၊ စီးပွားရေးအရ သူတို့ကို အားကိုးရမှာ ဖြစ်ပေမယ့် လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ခင်ဗျားလိုမိတ်ဆွေမျိုးလည်း လိုအပ်ပါတယ်၊ အာဆီယံဥက္ကဋ္ဌ ရာထူးယူတယ်ဆိုတာကလည်း ဒီအကြောင်းအရင်း တစ်ချက် ပါဦးမယ်၊ တရုတ်ကို တန်ပြန်ဖို့ အာဆီယံနိုင်ငံတွေ စုပြီးတန်ပြန်ရမယ်ဗျ”“ကျွန်တော့်အနေနဲ့ကလည်း တရုတ်ပြည်နဲ့ ထိပ်တိုင်ရင်ဆိုင်ဖို့ စိတ်ကူးမရှိပါဘူး၊ ရုရှားကြီးနဲ့လည်း ဒီလိုပါပဲ၊ ခင်ဗျားတို့ရဲ့ ကပ္ပလီ ပင်လယ်ပြင်မှာ ကျုပ်တို့ဆီက လေယာဉ်တင်သင်္ဘောထားမယ်ဆိုရင် တရုတ်ပြည်က မျက်စိနောက်မှာကတော့ အသေချာပါပဲ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ Realist approach ကနေကြည့်ရင်တော့ ကျွန်တော်တို့လည်း တရုတ်ကို တန်ပြန်အင်အားညှိဖို့ ကြိုးစားရမှာပါပဲ၊ ဒါပေမယ့် စစ်အေးခေတ် ပုံစံမျိုးနဲ့တော့ မဟုတ်ဘူး၊ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ စစ်ရေးအရ ပြန်လည်ဆက်ဆံတာမျိုးဟာ တရုတ်ကို ခြိမ်းခြောက်တဲ့ ပုံစံမျိုး သွားလုပ်လို့မဖြစ်ဘူး၊ ဒါပေမယ့် အမေရိကားအနေနဲ့ ခင်ဗျားတို့ကို တရုတ်ရဲ့ လွှမ်းမိုးမှုကနေ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်”“ ဆိုစမ်းပါဦးဗျ၊ ဘယ်လိုကိစ္စမျိုးတွေလဲ”အိုဘားမားက ရေနွေးတကြိုက် ကြိုက်လိုက်သည်။ ဦးသိန်းစိန်က နောက်ထပ်ရေနွေးတစ်အိုးနှင့် အကြော်တစ်ပွဲ ထပ်မှာလိုက်သည်။  သူတို့နှစ်ဦးသည် အခြားစားပွဲဝိုင်းများနှင့်ဝေးသော သစ်ပင်အောက်ရှိ စားပွဲတစ်လုံးတွင် ထိုင်နေကြခြင်းဖြစ်၍ မည်သူကမျှ သူတို့ပြောစကားကို မကြားပေ။ ရန်ကုန်မြို့၏ ညနေခင်းသည် အုံ့ပျပျရှိနေသော ကောင်းကင်အောက်တွင် ဘတ်စ်ကားမှ စပါယ်ယာများ၏ ခေါ်သံများ၊ ပုရွက်ဆိတ်အုံလို လူတွေ ကျပ်ကျပ် ညပ်ညပ် တိုးဝှေ့နေခြင်းများ ဖြင့်  ပုံမှန်အတိုင်း အသက်ဝင်လျက်ရှိသည်။“Soft Power ဗျ” အိုဘားမားက ရေနွေးခွက်ကို စားပွဲပေါ်ပြန်ချရင်း ဦးသိန်းစိန်ကို တည့်တည့်ကြည့်၍ ပြောလိုက်သည်။“ Soft Power”  “ Soft Power”  ဦးသိန်းစိန်က အိုဘားမားပြောသည့်အတိုင်း တစ်လုံးချင်းရေရွတ်လိုက်သည်။“အမှန်ပဲ Soft Power မှာ ခင်ဗျားတို့ တရုတ်ကို ကျော်တက်လို့ရနိုင်ခြေတွေ အများကြီးရှိတယ်၊ မြန်မာတွေ မညံ့ဘူးဆိုတာ ကျုပ်တို့ အနောက်တိုင်းသားတွေ ကောင်းကောင်းသိပါတယ်၊ အဓိက ခင်ဗျားတို့နိုင်ငံက အင်္ဂလိပ်စာ အရည်အသွေး ကောင်းနေသေးတာပဲ၊ လူသား အရင်းအမြစ်ချင်း တရုတ်နဲ့ ပြိုင်လို့ရပါတယ်၊ စစ်ရေးအရ ထိပ်တိုက်တွေ့ဖို့ ကတော့ မဖြစ်နိုင်ပါဘူး၊ ကျွန်တော်တို့တောင် တရုတ်ကို စီးပွားရေးအရရော ပထဝီ အနေအထား အရပါ မိတ်ဆွေဖြစ်အောင် ကြိုးစားနေရတယ်၊ အဓိကတော့  စစ်ဖြစ်ရင် အမေရိကားရော၊ တရုတ်ရော၊ ခင်ဗျားတို့ပါ သုံးဦးသုံးဖလှယ် ထိခိုက် လိမ့်မယ်၊ ဒီတော့ Radical နည်းကိုတော့ မစဉ်းစားပါနဲ့တော့၊ မေ့ထားလိုက်ပါ”“ ဒါဆို အဲ့ဒီ ခင်ဗျားပြောတဲ့ Soft Power တွေအတွက် ခင်ဗျားတို့က  ကျွန်တော်တို့ကို ဘာတွေ လုပ်ပေးနိုင်မှာလဲ”အိုဘားမားက တစ်ချက်ပြုံးလိုက်ရင်း “အဓိကတော့ မရိုးနိုင်တဲ့ ဓာတ်ပြားဟောင်းကြီးပေါ့ဗျာ၊ ပညာရေးပဲ ပြန်ရောက်သွားတာပေါ့၊ ဘာပဲ ပြောပြော ခင်ဗျားတို့နိုင်ငံက အင်္ဂလိပ်စာအရည်အသွေးက တရုတ်ထက်တော့ အများကြီးသာသေးတယ်ဗျာ၊ ပညာရေးကို အဆင့်မြှင့်လိုက်ရင် လူတွေလည်း ကျွဲကူးရေပါ အတွေးအခေါ်တွေ၊ အသိဥာဏ်တွေ မြင့်လာကြမှာပါ၊ ခင်ဗျားအနေနဲ့လည်း ပညာရေးကို စိတ်ဝင်တစားရှိတယ်လို့ ကျွန်တော် သိရပါတယ်၊ ကျွန်တော်တို့က ခင်ဗျားတို့ဆီမှာ ပညာရေးနဲ့ ပတ်သက်တဲ့ဟာတွေ လာပြီးရင်းနှီးမြုပ်နှံမယ်၊ ကူညီမယ်ဗျာ၊ ဥပမာ ဟားဗတ်ရဲ့ ကောလိပ်တစ်ခု ဒီမှာ လာဖွင့်တာမျိုး၊ Institute တွေ ထောင်ပေးတာမျိုးပေါ့၊ တရုတ်နဲ့ ဆက်ဆံမယ့်ကိစ္စရပ်တွေမှန်သမျှကို ဥပဒေကြောင်းအရ အဲ့ဒီ ကောလိပ်တွေ၊ Institute တွေက စာမေးပွဲစစ်လိမ့်မယ်၊ တရုတ်ရဲ့ Proposal တွေကို သုတေသနလုပ်မယ်၊ လေ့လာလိမ့်မယ်ပေါ့ဗျာ၊ ဒါဆိုရင် တရုတ်က ခင်ဗျားတို့ကို လွှမ်းမိုးချင်တိုင်း လွှမ်းမိုးလို့ မရတော့ဘူးပေါ့”“ဒါတော့ဟုတ်တယ်ဗျာ၊ အခု မြစ်ဆုံဆည်ကိစ္စပဲကြည့်၊ တရုတ်မှာ သူတို့ဥပဒေရှိတယ်၊ ၂၀၀၃ခုနှစ်က ထုတ်ထားတာ၊ ဒီလိုစီမံကိန်းမျိုး သူတို့ နိုင်ငံမှာလုပ်ခွင့်မရှိဘူး၊ ဒါကြောင့် ကျွန်တော်တို့မြစ်ဆုံကို မျက်စောင်းထိုးလာတာ၊ ပြီးတော့ ခင်ဗျားစဉ်းစားကြည့် အရည်အသွေးနိမ့် ပစ္စည်းတွေ သွင်းချင်တိုင်း သွင်းနေတာ၊ ဒါတော့ ကျွန်တော်တို့နိုင်ငံ အခြေအနေနဲ့လည်း ဆိုင်တာပေါ့လေ၊ ပြောရရင် ခင်ဗျားတို့ စီးပွားရေး ပိတ်ဆို့ထားတာ ကြောင့်လဲ ပါတယ်ဗျ၊ အဆိုးဆုံးကတော့ အရည်အသွေး စိစစ်ခြင်းမရှိတဲ့ အစားအသောက်တွေပဲ၊ ဒါကတော့ ရေရှည်မှာ အမျိုးသား ကျန်းမာရေးကိုပါ ထိခိုက်နိုင်တဲ့ ကိစ္စဗျ”“ဒါပဲလေ၊ ခင်ဗျားတို့မှာ အမျိုးသားကျန်းမာရေးကို ကာကွယ်ဖို့၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ လုံလောက်တဲ့ ဥပဒေတွေ ရေးဆွဲနိုင် ရဲ့လား၊ အကယ်ဒမစ်တွေ မရှိရင် မဆွဲနိုင်ဘူးလေ၊ ဒါကြောင့် ပညာရေးမှာ အားစိုက်ဖို့ ပြောတာပေါ့၊ ကျုပ်တို့လဲ ကူညီနိုင်ပါလိမ့်မယ်၊ တရုတ်ကုမ္ပဏီ တွေဟာ အလုပ်သမားအခွင့်အရေး ဂရုမစိုက်တာ၊ မူပိုင်ခွင့်တွေ ချိုးဖောက်တာ၊ အတုလုပ်တဲ့ ပြဿနာတွေ ကျုပ်တို့လည်း ရင်ဆိုင်နေရတာပါပဲ၊ ဒါတွေကို စိစစ်ဖို့ကျတော့ အခုနပြောတဲ့ Soft Power ချင်း ယှဉ်ရတော့မယ်ဗျ၊ တရုတ်ဟာ သူ့ရဲ့အမျိုးသားအကျိုးစီးပွားကို အကြောင်းပြပြီး ကြီးထွားချင်တိုင်း ကြီးထွားလာနေတယ်၊ သူကြီးထွားတာ တခြားသူတွေကို မထိခိုက်ဖို့တော့ လိုမယ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့ချဖို့၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ဆိုတဲ့ကိစ္စတွေမှာ တရုတ်ကြီးကို ပူးပေါင်းပါဝင်လာအောင် ဆွဲဆောင်နိုင် ရမယ်ဗျ”“ဒီကိစ္စထင်သလောက် လွယ်ပါ့မလား၊ ကျွန်တော်တို့ကတော့ ဘိုးဘေအတီအတေတည်းက တရုတ်အကြောင်း ကောင်းကောင်းသိတယ်၊ သူ့ အိပ်ကပ်ထဲကဟာကို ထိလာရင်တော့ တရုတ်တွေ သည်းမခံဘူးဗျ”“မစိုးရိမ်ပါနဲ့၊ ကမ္ဘာ့အသိုင်းအဝိုင်းမှာ တစ်ဦးတည်း တစ်ယောက်တည်း ရပ်တည်လို့ မရတော့ပါဘူး၊ ဒါကို တရုတ်တွေ သဘောပေါက်ဖို့ လိုတယ်၊ အခုဆိုရင် ကျွန်တော်တို့ အမေရိကားရဲ့ အားထားရတဲ့ မိတ်ဆွေနိုင်ငံအချို့ ဆုံးရှုံးရတယ်၊ တရုတ်လဲ သူ့အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာ အသာစီးယူတာ များလာရင် ကျွန်တော်တို့ ခံစားနေရတဲ့ အခြေအနေမျိုး ဖြစ်နိုင်ပါတယ်၊ ပစိဖိတ်ဒေသက နိုင်ငံတွေဟာ လုံခြုံရေးအတွက် အမေရိကားရဲ့ ထီးရိပ်ကို လိုအပ်တုန်းပဲလေ၊ ဒီတော့ ခင်ဗျားမပူနဲ့၊ တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံကို တစ်ချီတည်းနဲ့တော့ ရိုက်သတ်မစားဘူး၊ ခင်ဗျားတို့က တရုတ်အတွက် ရွှေဥ ဥပေးနေတဲ့ ငန်းပဲလေ”“အခုလောလောဆယ်တော့ မြစ်ဆုံစီမံကိန်း ရပ်တန့်လိုက်လို့ တရုတ်တွေ အော်နေကြပြီဗျ၊ မဆီမဆိုင် ဟောင်ကောင်ကတောင် လှမ်းချလိုက် သေးတယ်၊ ကျွန်တော်တို့ဟာ တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို မကြည့်ဘူး၊ ကတိမတည်ဘူး စသည်ဖြင့်ပေါ့ဗျာ”“ဒါလည်း ခင်ဗျားစိတ်ထဲ မထားပါနဲ့၊ နိုင်ငံတကာမှာ ဒီပလိုမေစီအရ ကန့်ကွက်ရတဲ့ ယဉ်ကျေးမှုတစ်ခုပါ၊ ကျွန်တော်ပြောသလိုပဲ တရုတ်မှာ ခင်ဗျားတို့ဆီက ရနိုင်တာ အဲ့ဒီမြစ်ဆုံ စီမံကိန်းထက် အများကြီး တန်ဖိုးရှိတာတွေ ရှိသေးတယ်၊ သူတို့အတွက်တော့ မြစ်ဆုံစီမံကိန်း ဖျက်ရလဲ ကင်းခြေများ ခြေထောက်တစ်ချောင်း ကျိုးတာလောက်ပဲ ရှိမယ်၊ ပူမနေစမ်းပါနဲ့ဗျာ၊ ကျွန်တော်ပြောပြီးပါရော၊ ရွှေဥ ဥပေးတဲ့ငန်းကို ရိုက်မသတ်ပါဘူးလို့”


“ကျွန်တော်တို့အနေနဲ့လည်း စစ်တော့မဖြစ်ချင်ပါဘူး၊ ဒါပေမယ့် အမျိုးသားရေးစိတ်ဓာတ်နဲ့ ကြည့်ကြတာရယ်၊ ပြီးတော့ ကျွန်တော်တို့ ပြည်သူ တွေက ချစ်ရင်အဆုံး၊ မုန်းရင်အဆုံးဆိုတော့ တရုတ်မုန်းတီးရေးစိတ်တွေ ပြည်တွင်းမှာ မြင့်တက်လာရင် ပြဿနာရှိတယ်၊ အခုဆိုရင် လူထုက တရုတ်ရဲ့ မြစ်ဆုံစီမံကိန်းအပေါ် တုံ့ပြန်မှုကို ဘာပြန်ပြော တယ်မှတ်လဲ၊ တရုတ်တွေရေ ငါတို့ အလုပ်ဆယ်ဆလုပ်ပြီး ပြန်လျှော်လိုက်မယ်၊ ငတ်ချင်ငတ်ပါစေ တရုတ်နဲ့ အလုပ် မလုပ်ချင်တော့ ပါဘူးဆိုတာမျိုးတွေ ပြောနေကြပြီဗျ”
“ဟားဟား ဒါတော့ဟုတ်တယ်၊ ဒါပေမယ့် နိုင်ငံတကာ ဆက်ဆံရေးက ကလေးကစားစရာမှ မဟုတ်တာဗျာ၊ ငါနဲ့မခေါ်လို့ ငါ့မုန့်ပြန်ကျွေး လို့တော့ ဘယ်ဟုတ်ပါ့မလဲ၊ ခင်ဗျားတို့ မြန်မာပြည်မြေပုံကြီးကို အမေရိကားကို ရွှေ့ခဲ့မယ် ဆိုတာလည်း မဖြစ်နိုင်ဘူးမလား၊ ဒီတော့ အိမ်နီးချင်း ဝတ္တရားနဲ့အညီ ဆက်ဆံပေါ့၊ သြဇာပေးလာတာမျိုးဆိုတဲ့ ကိစ္စတွေ ကိုတော့ ခင်ဗျားတို့ ကစားတတ်ဖို့လိုတယ်လေ၊ ခင်ဗျားတို့ လက်ထဲမှာပဲ”
“ဒါကြောင့် ခင်ဗျားတို့ကို ပိတ်ဆို့မှုတွေဖွင့်ပါလို့ ပြောနေတာပေါ့ဗျာ၊ Power Balance လုပ်ဖို့အတွက် ခင်ဗျားတို့ အကူအညီ အများကြီး လိုတယ်လေ၊ အိန္ဒိယကို သွားဖို့လည်းရှိပါတယ်၊ ဒါပေမယ့် အိန္ဒိယဆိုတာကလည်း တရုတ်ထက်စာရင် ဝိတ်တန်းနဲနဲ လျော့တယ်ဗျ၊ ခင်ဗျားတို့ ပိတ်ဆို့ ထားတာ ခက်တာပဲ၊ ပိတ်ထားလို့ ဘာဖြစ်လဲ ဒီနေ့ မြန်မာပြည်ကို တရုတ်ကသိမ်းတော့မယ့် အခြေအနေ ရောက်နေပြီ၊ ဒီအချိန်မှ မကယ်ရင် ခင်ဗျားတို့က ဘယ်အချိန်မှ ကယ်မှာလဲ”
“အားးးးး ဆန္ဒမစောပါနဲ့ဗျာ၊ အခု ခင်ဗျား အိန္ဒိယ သွားမယ်မလား၊ ဒါဟာ တရုတ်ကို အကောင်းဆုံး balance လုပ်တာပဲ၊ သဘောက ခင်ဗျားတို့မှာ ဓာတ်ငွေ့ပဲ ရောင်းရောင်း ရိက္ခာပဲရောင်းရောင်း ဝယ်သူဟာ တရုတ်တစ်ဦးတည်း မဟုတ်တော့ဘူးဆိုတာ တရုတ်တွေ ကောင်းကောင်း သဘောပေါက် လာလိမ့်မယ်။ ကျုပ်တို့လည်း လာဖို့ရှိပါတယ်၊ အခုတောင် ဥရောပက ခင်ဗျားတို့ဆီ လာနေပြီပဲ၊ ခက်တာက ပိတ်ဆို့မှုတွေ အရာမရောက်ဘူးဆိုတာ ကျုပ်လဲသိပါတယ်၊ ဘယ်အစိုးရမှ ကျွန်တော်ထိပ်တိုက်ရင်ဆိုင်တာမျိုး မလုပ်ချင်ဘူး၊ မြောက်ကိုရီးယားရော၊ အီရန်ရော လက်ရှိအစိုးရတွေကို မက်လုံးပေးပြီး ပူးပေါင်းဆောင်ရွက်တာမျိုးပဲ ကျွန်တော်လိုချင်တာ”
“မှန်ပါတယ်၊ ခင်ဗျားတို့ပေးတဲ့မက်လုံးကို ကျုပ်လဲ စိတ်ဝင်စားပါတယ်၊ အခုလဲ နိုင်ငံမှာပြောင်းလဲသင့်သလောက် ပြောင်းလဲနေပါတယ်၊ နိုင်ငံရေး အကျဉ်းသားလွှတ်တာ၊ အထင်ရှားဆုံးကတော့ အခုမြစ်ဆုံကိစ္စပဲဗျာ။ လူ့အခွင့်အရေး ကိစ္စတွေကတော့ တတ်နိုင်သမျှ လုပ်နေပါတယ်၊ ဒါပေမယ့် မြန်မာပြည်သူတွေ မပျော်ဘူးမထင်ပါနဲ့၊ သူ့အတိုင်းအတာနဲ့ သူတော့ ပျော်နေကြပါတယ်၊ ခင်ဗျားတို့ဘက်ကသာ ကိန်းကြီးခမ်းကြီး လုပ်မနေနဲ့တော့”

“ခက်တယ် ကိုကြီးသိန်းစိန်ရ၊ ကျွန်တော်လည်း ခင်ဗျားတွေးသလို တွေးတာပေါ့ဗျာ၊ ဒါပေမယ့် အခုနပြောသလိုပဲ ကျုပ်မှာလည်း အခက်အခဲတွေ အပြည့်နဲ့ဗျို့၊ အစိုးရအဖွဲ့ထဲမှာကိုက အခုကျွန်တော်တို့ပြောနေသလို ဟက်ဟက်ပက်ပက် မရှိသူတွေ အများကြီးရှိတယ်၊ ဟာမီတန် ကနေ လွန်ကဲလာရင် ဂျက်ဆင်ဝါဒကို ရောက်သွားပြန်ရော၊ ကျွန်တော်ကတော့ ဂျက်ဖာဆင်နဲ့ ဝီလ်ဆင်ဝါဒနှစ်ခုကို ပေါင်းစပ်နိုင်အောင် ကြိုးပမ်း နေပါတယ်၊ ခင်ဗျားတို့ကို စီးပွားရေးအရ ပိတ်ဆို့တာကို ထောက်ခံနေတဲ့ အမတ်တွေထဲမှာ မြန်မာနိုင်ငံ ဘယ်နားရှိတယ်ဆိုတာ မသိတဲ့ အမတ်တွေတောင် ပါတယ်ဗျ၊   အခုနပြောသလို အစွဲတွေနဲ့ ချနေကြတာပေါ့၊ ကျွန်တော်တို့ဆီမှာကလည်း ခင်ဗျားတို့စစ်တပ်လိုပဲ အဖြူမဟုတ်ရင် အမည်းဆိုတာပဲ ဖြစ်ဖြစ်နေတယ်၊ လွှတ်တော်ထဲမှာ အတူတူညှိလို့မရကြဘူး”
“ဟုတ်တယ် ကျွန်တော်တို့က စစ်တပ်ကလာတော့ ပိုဆိုးတယ် ဖြူရင်ဖြူ၊ မည်းရင်မည်းပဲ ကြားချလို့မရဘူး ဖြစ်နေတာ၊ ဒီမိုကရေစီဆိုတာ ခင်ဗျားက ပိုသိပါတယ်၊ အားလုံးရဲ့အမြင်တွေ လေးစားရမယ်လေ၊ အော်တာနေးတစ်တွေလဲ ရှိရမှာပေါ့၊ ဒီမှာကတော့ အခုထိ အတိုက်အခံဆိုတာ အစိုးရကို ချရမယ်ဆိုတာပဲ၊ ပြည်ခိုင်ဖြိုးကအမတ်တွေတောင် ကျုပ်တို့ ကောင်းရာကောင်းကျိုးလုပ်မယ့်ကိစ္စမှာ ကန့်လန့်တိုက်နေတာသာကြည့်တော့”
“မှန်တယ်၊ ဒါကပြဿနာရှိတယ်ဗျ၊ နိုင်ငံရေးမှာ အထူးသဖြင့် ဒီမိုကရေစီမှာ မဖြူရင်မည်းတယ်ဆိုတဲ့ ပုံသေကားချပ် တွက်လို့မရဘူး။      ကျွန်တော်တို့မှာ ဖြစ်နေတာက ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်၊ နှစ်ဖက်လုံးက ကိုယ့်အတ္တနဲ့ ကိုယ်ပြောတော့ Common Ground ပျောက်သွားတယ်၊ ခင်ဗျားတို့ကျတော့ ဒီပါတီကတက်တဲ့ ဒီအစိုးရနဲ့ကို ပြဿနာဖြစ်နေတာ၊ အတိုက်အခံက အင်အားနည်းတာကိုး၊ ထားလိုက်ပါ၊ အဓိက ဒါမဟုတ်ဘူး၊ ကျွန်တော်ပြောချင်တာက အဖြူအမည်းကွဲရာကနေ လူထုထောက်ခံမှုရဖို့ ပေါ်ပြူလာတွေ လုပ်တဲ့ကိစ္စပဲ၊ လူထုအကြိုက် လျှောက်ပြောပြီး၊ လူထု   ထောက်ခံမှုရမယ့် အလုပ်တွေလုပ်ပြတာ၊ ဒါကမကောင်းဘူးဗျ၊ ပြည်သူတွေကို နိုင်ငံရေး အိုင်ဒီယိုလိုဂျီနဲ့ ဝေးကွာစေတယ်၊ အများကြိုက်ဟာတွေ လိုက်လုပ်ရင်းနဲ့ အစိုးရအဖွဲ့အတွင်းရော ပါတီတွင်းရော ကွဲကြပြဲကြဖြစ်ကုန်မယ်၊ အခုပဲခင်ဗျားတို့ ပြည်ခိုင်ဖြိုးမှာ ဝန်ကြီးတွေက သူ့ထက်ငါအပြိုင် ပြည်သူ့အကျိုးကို အကြောင်းပြပြီး လုပ်နေကြပြီမလား၊ ခင်ဗျားတောင် မြစ်ဆုံကိစ္စကို လူထုမျက်နှာကြည့်ပြီး ရပ်လိုက်တယ်ဆိုပေမယ့် အခုနပြောသလို အများကြိုက်လုပ်ပြီး နာမည်ကြီးအောင် လုပ်တဲ့ပုံစံမျိုးဖြစ်နေတယ်၊ လုပ်တယ်လို့ ကျွန်တော်မပြောဘူးနော်၊ အဲ့ဒီအတိုင်း ထင်စရာဖြစ်နေတာ၊ အဓိကတော့ လွှတ်တော်ထဲမှာရော၊ အစိုးရအဖွဲ့ထဲမှာရော ညီညီညွတ်ညွတ် လုပ်ကြမယ်ဆိုတဲ့ ပူးပေါင်းဆောင်ရွက်တတ်မှုကလည်း အရေးကြီးတယ် ဆိုတာကို ပြောချင်တာ”
“အေးဗျာ ခင်ဗျားပြောမှပဲ သတိထားမိတော့တယ်၊ ကျွန်တော်ကတော့ အဲ့လိုမဟုတ်ဘူး၊ တကယ်လို လူထုကို စိတ်ချမ်းသာစေချင်လို့ လုပ်လိုက်ရတာပါ၊ တရုတ်ကိုလည်း တခြားမက်လုံးတွေ ပေးဖို့စဉ်းစားရတော့မှာပေါ့၊ ဒါပေမယ့် စကားပြောကောင်းသလို တုတ်ကြီးကြီးလဲ ကိုင်ထား    ရမယ်ဆိုတဲ့ ခင်ဗျားတို့ အမေရိကန်စကားပုံလိုပဲ ခင်ဗျားတို့ ကျုပ်တို့ဘက်မှာ ရပ်တည်ပေးဖို့ လိုတယ်”
“ကျွန်တော်ပြောပြီးပါရော၊ ရပ်တည်ပေးချင်ပါတယ်၊ ရပ်လည်းရပ်တည်ရမှာပါ၊ ဒါပေမယ့် ကျွန်တော်နဲ့ ခင်ဗျားနဲ့က ခံစားနေရာချင်း တူတယ်၊ နံပါတ်တစ် ပြုပြင်ပြောင်းလဲလိုစိတ်ရှိတယ်၊ နံပါတ်နှစ် အပြောင်းအလဲမကြိုက်တဲ့သူတွေရဲ့ ချုပ်ကိုင်မှုတွေကို ခံနေရတယ်၊ နံပါတ်သုံး ကိုယ်လုပ်နေတဲ့ ကိစ္စတွေ မအောင်မြင်ရင် အခုနပြောသလို အများကြိုက်ဝါဒီ ဖြစ်သွားနိုင်သေးတယ်၊ ဒါတွေပဲဗျာ ကျုပ်စိတ်ညစ်လို့ ခင်ဗျားကို ဖုန်းဆက်တယ်ဆိုတာ အဲ့ဒါတွေပဲ၊ ခင်ဗျားနဲ့ကျုပ်နဲ့က ပြောရရင်တော့ အမေရိကန်သမ္မတနဲ့၊ မြန်မာသမ္မတ တခြားစီပဲဆိုပေမယ့် ဘဝတူတွေလို့ ဆိုရတော့မှာပဲဗျာ”
“အေးဗျာ၊ ကျုပ်ကတော့ မနေ့တနေ့ကမှ ဗိုလ်ချုပ်ကြီးဘဝကနေ သမ္မတကြီးလုပ်တာဆိုတော့လဲ ခင်ဗျားတို့ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေက သမ္မတတွေလောက်တော့ အတွေ့အကြုံမရှိသေးဘူးပေါ့ဗျာ၊ ဘာပဲပြောပြော ခင်ဗျားလာတာ ကျွန်တော့်အတွက် သိပ်ကောင်းပါတယ်၊ အကြံဥာဏ် ကောင်းတွေ ရပါတယ်ဗျ”

“ဒီလိုလဲမဟုတ်ဘူး ကိုကြီးသိန်းစိန်၊ ကျွန်တော်လဲ ခင်ဗျားဆီက အများကြီးရပါတယ်၊ ဗိုလ်ချုပ်ဟောင်းတစ်ဦးက ပြည်သူ့ဆန္ဒကို ဖြစ်ချင်ရာဖြစ် လိုက်လျောပစ်တာ တော်တော်အံ့သြဖို့ ကောင်းတယ်၊ ခင်ဗျားတို့ သမိုင်းတလျှောက်မှာ ပြည်သူ့မျက်နှာတစ်ခုတည်းကြည့်ပြီး ဆုံးဖြတ်တဲ့ခေါင်းဆောင်က လက်ချိုးရေလို့ရတယ်၊ ဒီထဲမှာ ခင်ဗျားပါသွားပြီ၊ လေးစားပါတယ်၊ နောက်နောင် တကယ်ကိုအလုပ်တွဲလုပ်လို့ရမယ့် မိတ်ဆွေကောင်းအဖြစ်လည်း မျှော်လင့်မိပါတယ်၊ ကျွန်တော်က တရုတ်ရဲ့အထာတွေကို ခင်ဗျားတို့ဆီကနေ ပြန်ပြီးသင်ယူရဦးမှာပါ၊ ဘာပဲပြောပြော ခင်ဗျားနဲ့ ကျုပ်နဲ့ကတော့ ဘဝတူချင်း အလုပ်ဖြစ်မှာပါ”
“ဒီလိုပဲ မျှော်လင့်ပါတယ်ဗျာ၊ အခု အိန္ဒိယသွားမယ်၊ နောက်ဆို ခင်ဗျားတို့ အမေရိကားကို လာလို့ရမယ့်အခြေအနေကို ခင်ဗျားက ဖန်တီး ပေးလေ၊ မလွယ်မှန်းတော့ သိပါတယ်၊ ခင်ဗျားမှာလည်း အခက်အခဲရှိတယ်ဆိုတာ၊ ဒါပေမယ့် ခင်ဗျားနဲ့ ကျုပ်နဲ့ပေါင်းပြီး တကယ့်ကို အပြောင်းအလဲ ကြီးကြီးတွေ ချလိုက်ရအောင်ဗျာ”

“မပူနဲ့ အဲဒါတော့၊ ကျုပ်လဲကြိုးစားမယ်၊ မြန်မာနိုင်ငံကို တရုတ်ထီးရိပ်ကနေ ဆွဲထုတ်ပြီး ဒီမိုကရေစီ တိုးတက် ရေးမှာ ကူညီပေးခဲ့တဲ့ အိုဘားမားလို့ နာမည်ကြီးချင်သလို ခင်ဗျားလဲ ၂၁ရာစုမြန်မာနိုင်ငံရဲ့ သူရဲကောင်းဖြစ်မှာပါ၊ ဒါတွေဟာ ကျွန်တော်တို့နှစ်ယောက်အတွက်တင် မဟုတ်ဘူး၊ ခင်ဗျားတို့ ကျုပ်တို့ ပြည်သူတွေသာမက ဒေသတွင်းမှာပါ အရေးပါတဲ့ သမိုင်းမှတ်တိုင် ဖြစ်လာလိမ့်မယ်၊ စကားတော့ပြောရတာ ကောင်းတယ်၊ နောက်ထပ်လဲ ဒါမျိုး မကြာမကြာ ဆုံကြဖို့တော့ ခက်တယ်၊ အခုကို အိမ်ဖြူတော်မှာ ပွက်လောရိုက်နေလောက်ပြီ၊ ကျုပ်ပြန်မှ ကောင်းမယ်ထင်တယ်”
“အင်းဒါတော့ဟုတ်တယ်၊ ကျွန်တော်လဲ ကြာကြာပျောက်လို့မရဘူး၊ ဒီမှာက ခုံလုချင်တဲ့လူတွေက အများသား၊ ကျုပ်မရှိတုန်း တက်ထိုင်ပြီး ဖယ်မပေးတော့ရင် ခက်မယ်၊ ခုံမက်လို့မဟုတ်ဘူး တိုင်းပြည်က အခုမှ ကျွန်တော်ပြည်ပြီး တည်ဆောက်နေရတာ၊ အပျက်မခံနိုင်ဘူး”

“အိုကေဗျာ၊ သွားကြမယ်၊ ဒါနဲ့ ခင်ဗျားတက္ကစီနဲ့ပဲ ကျုပ်ကိုလေဆိပ်လိုက်ပို့ပါလား”
“ အင်း ကျုပ်လဲ အဲ့ဒါစဉ်းစားနေတာ၊ ခင်ဗျားဒီပုံနဲ့ဆို မလေးရှားသွားပြီး အလုပ်လုပ်မယ့် မွတ်စလင်တစ်ယောက်လို့ ထင်မှာပဲ၊ ခပ်တည်တည်နဲ့သာ သွားဗျာ၊ ကျွန်တော်လိုက်ပို့မယ်၊ ကျုပ်လဲ ပြီးမှအဝတ်လဲပြီး မင်္ဂလာဒုံကနေ နေပြည်တော်ကို ရဟတ်ယာဉ်နဲ့  လစ်တော့မယ်၊ စိတ်ချရတဲ့ ပိုင်းလော့ ခေါ်လာတယ်”
ရန်ကုန်မြို့၏ ညဦးပိုင်းသည် လူသွားလူလာတွေနှင့် ပိုမိုအသက်ဝင်လာသည်။ မြန်မာသမ္မတကြီး ဦးသိန်းစိန်က တက္ကစီဒရိုင်ဘာအသွင်၊ အမေရိကန်သမ္မတကြီး အိုဘားမားက ခရီးသည်အသွင်ယူ၍  လေဆိပ်ဘက်သို့ ဦးတည်ထွက်ခွာသွားသော တက္ကစီလေးမှာ ရန်ကုန်၏ မာကျူရီ မီးရောင်များ အောက်တွင် အခြားကားများနှင့်ရောကာ ဆူးလေမြင်ကွင်းမှ တဖြေးဖြေးပျောက်ကွယ်သွားလေတော့သည်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

Yangon Chronicle

(၄)နှစ်သား Generation Wave မွေးနေ့အခမ်းအနားအောင်မြင်စွာပြီးဆုံး




Generation Wave အဖွဲ့ ရဲ့  (၄)နှစ် ပြည့်မွေးနေ့  အခမ်းအနားဟာ အေးအေးဆေးဆေး တည်ငြိမ်အောင်မြင်စွာ

နဲ့  ပြီးဆုံးခဲ့ပါတယ်။ ယောလုံချည်၊ ရှပ်အကျီ င်္အဖြူလေးတွေ တူညီဝတ်စုံဝတ်ဆင်ထားတဲ့ လူငယ်အများအပြားကို

မြင်တွေ့ ရတဲ့အခါ သူတို့ အဖွဲ့ ရဲ့ အင်အားဟာ စုစုစည်းစည်းနဲ့  ကျစ်လျစ်စွာ တည်ရှိနေတယ်လို့  ခန့် မှန်းမိပါတယ်။

နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ၊ လူမှုအထောက်အကူပြုအဖွဲ့ ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ 

နိုင်ငံရေးပါတီတချို့ မှ ပုဂ္ဂိုလ်များ၊ စာပေအနုပညာရှင်တချို့ အပါအ၀င် အင်အား ၃၀၀ နီးပါး တက်ရောက်အားဖြည့်

ကြပါတယ်။


စမ်းချောင်းမြို့နယ်၊သီရိမင်္ဂလာရန်အောင်ကျောင်းတွင်ပြုလုပ်သော GW လေးနှစ်မြောက်မွေးနေ့ [ 9.10.2011 ]

GW ဟာ ရွှေဝါရောင်တော်လှန်ရေးနဲ့ အတူ စတင်ပေါက်ဖွားခဲ့ပြီး တည်ထောင်သူ ၄ ဦးထဲက ၂ ယောက်ဟာ

တိုင်းပြည်ပြင်ပကို ရောက်ရှိနေပါတယ်။ ဖောင်ဒါတစ်ယောက်ဖြစ်တဲ့ ဟစ်ဟော့အဆိုတော် ဇေယျာသော်တစ်ဦးသာ

ယခုအချိန်မှာ တာဝန်ယူဦးဆောင်နေရပြီး အခြားတစ်ယောက်ဟာဖြင့် အာဏာရအစိုးရရဲ့  နိုင်ငံရေးအကျဉ်းသား

အဖြစ် သံတိုင်တွေနောက်မှာ တားဆီးချုပ်နှောင်ခံထားရဆဲဖြစ်ပါတယ်။

GW အဖွဲ့ ဟာ မြေအောက်လှုပ်ရှားမှုများကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တာကြောင့် မြန်မာ့နိုင်ငံရေးမှာ

စိတ်ဝင်တစားနဲ့  စောင့်ကြည့်ခဲ့ရတဲ့ အတိုက်အခံမျိုးဆက်သစ်အဖွဲ့ လို့  ရေပန်းစားလူသိများခဲ့ပါတယ်။ အရင်

စစ်အစိုးရရဲ့  အပြင်းအထန်နှိပ်ကွပ်မှုကို ခံခဲ့ရတာကြောင့် ဗီဒီယိုအင်တာဗျူးတွေပေးတဲ့အခါ သူတို့ ရဲ့ မျက်နှာကို

မဖော်ပြဘဲ မျက်နှာဖုံးစွပ်ပြီး ကင်မရာအရိုက်ခံခဲ့ရတာကြောင့် ပိုမိုကြော်ကြားခဲ့ရပါတယ်။ ပြည်တွင်းမှာလည်း

လှုံ့ ဆော်ဆန့် ကျင်ရေးစာရွက်စာတမ်းများ၊ ဗီနိုင်းပိုစတာများကို ပြည်သူလူထုကြားထဲ ရဲရဲဝံ့ဝံ့ထိုးဖောက်

ဖြန့် ချိခြင်းကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြပါတယ်။

ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေ၊ သမ္မတဦးသိန်းစိန်နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ 

တွေ့ ဆုံဆွေးနွေးမှု၊ အာဏာပိုင်တွေဘက်က လူထုအသံကို နာယူလာခြင်း စတဲ့ အခင်းအကျင်းများကြောင့်

GW အဖွဲ့ ကို လူအများထင်မြင်နေကြဖြစ်တဲ့ မြေအောက်အဖွဲ့ အစည်းအဖြစ်မှ ပေါ်ပေါ်ထင်ထင်နဲ့  အားလုံးမှ

ရဲရဲတင်းတင်းပူးပေါင်းဆောင်ရွက်လာနိုင်တဲ့ အဖွဲ့ အစည်းတစ်ခုအဖြစ် ပြောင်းလဲလိုပါတယ်လို့  ကိုဇေယျာသော်

က သူ့ ရဲ့ ဆန္ဒကို ပြောဆိုတာကြားရပါတယ်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်းလည်း GW နာမည်နဲ့  စာရွက်စာတမ်းများ လှို့ ဝှက်ဝေငှခြင်း၊ ဗီနိုင်းများ

ကပ်၍ လှုံ့ ဆော်ခြင်း၊ အွန်လိုင်းမှ GW အဖွဲ့ များကို ကြားသိရခြင်း စတဲ့ နိုင်ငံရေးဆောင်ရွက်ချက်များ ဆက်တိုက်

ပေါ်ပေါက်လာနေခြင်းများကြောင့် GW ကို မြေပေါ်သို့  ထင်သာမြင်သာဖြစ်အောင် လုပ်ဆောင်ချိန် တန်ပြီလို့ 

လောလောဆယ် GW အဖွဲ့ ကို တာဝန်ခံထားရသူ ကိုဇေယျာသော်က ဖွင့်ဟခဲ့တယ်လို့  သိရပါတယ်။

ဟစ်ဟော့အဆိုတော် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇေယျာသော်ဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း

စုကြည်ရဲ့  နိုင်ငံရေးခရီးစဉ်များမှာ ရှေ့ တန်းမှ တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လူ့ အခွင့်အရေးနဲ့ 

မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် အတိုက်အခံနိုင်ငံရေးလောကမှာ ထင်ရှားလာတဲ့ မျိုးဆက်သစ်လူငယ်

တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသူလည်းဖြစ်ပါတယ်။


အောင်မျိုးထွန်း
၉- ၁၀- ၂၀၁၁

တရုတ်လောင်းရိပ်အောက်မြို့တော်

By အာလူး အာလူး (Facebook)

တရုတ်လောင်းရိပ်အောက်မြို့တော် (သို့)အစိုးရနှင့်တရုတ်တို့ပေါင်းပြီးကျွန်ပြုခံရတော့မဲ့
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင် ငံရွှေလီ မြို့ အထိ လမ်းမကြီးဖောက်လုပ်ခြင်းဟာ ရခိုငိပြည်နယ်မှ သယံဇာတ တွေကို တရုတ်သို့ရောင်းချသွားမှာ သေချာနေပြီ ဖြစ် သလို လမ်းကြောင်းပေါ် ကျရောက်တဲ့နေအိမ်များ လယိမြေများ ကို ပိုင်ဆိုင်သူများ အနေနှင့်စိုးရိမ်နေကြသည်။

ကျောက်ဖြုမြို့ ဟာ ရခိုင်ပြည် နယ်ရဲ့ တောင်ဘက်ပိုင်း ဘင်္ဂလား ပင်လယ် ကမ်းစပ် မြို့ တစ်မြို့ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ ထွက်ပေါ်လာတဲ့ သတင်းအရ ဆိုရင် ကျောက်ဖြုမှာ အထူးစက်မှုဇုန် တည်ဆောက်မယ့် ရေနံတင် ပိုက်လိုင်;သွယ်တန်းမယ် ၊ကျောက်ဖြုကနေ တရုတ်ပြည်ရွှေလီအထိ ကားလမ်းရထားလမ်းတွေဖောက်လုပ်မယ်လို့ သိရ ပါတယ်။

ကျောက်ဖြူမြီု့ နယ်မှာ နေထိုင်နေကြတဲ့ ပြည်သူတွေဟာဝမ်းသာရမယ့်အစား စိုးရိမ်မှုတွေုဖြစ်လာခဲ့ကြပါတယ်၊ အကြောင်း ကတော့ လယ်ယာမြေတွေ အသိမ်းခံ့ရမှာ ကို ကြောက်လာကြတာပါဘဲ ၊ တပြားတချက်မှ လျောင်ကြေးမရဘဲ အရင်က ဒီလိုသိမ်းခဲ့ဖူးတာတွေရှိတယ်ဆိုတော့ မစိုးရိမ်လို့မရတောဘူးလေ အားလုံးကို အစိုးရကပိုင်တယ်ဆိုပြီး သိမ်းသွာရင် ပြည်သူတွေ ဘာမှ တတ်နိုင်မှာ မဟုတ်တာ၊ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးကျောက်ဖြူမြို့ခံသားယောက်ကတော့

“ အခုအချိန်ထိတော့ လမ်းအူကြောင်း မသတ်မှတ်သေးတဲ့အတွက် ဘယ်နေရာကနေ ဖောက်မယ်ဆိုတာမသိရသေးပါဘူး လက်ရှိကားလမ်းကိုဘဲသုံးမလား လက်ရှိကားလမ်းကို တို့ချဲ့ မယ်ဆိုဦးတော့ ရထားလမ်းအတွက် လမ်းအူကြောင်း လိုဦးမယ် ဆိုတောကျောက်ဖြူမြို့နယ်အတွက်ကပြည်သူတွေ ဟာ ကျိးလန် စာဖြစ်နေကြတာပါဘဲ၊ ဘယ်သူ့မြေတွေပါသွားမလဲ
ဘယ်သူ့အိမ်တွေ ပါသွားမလဲဆိုတာမျိုးပေါ့ ၊ခေတ်ကမကောင်းတော့ဘူးလေ၊ အုပ်ချုပ်သူလူတန်းစားတွေက လည်း သူတို့အာဏာတည်မြဲရေး စည်းစိမ်ဥစ္စာတိုးပွားရေ ကိုသာအလေးထားနေကြတော့ ပြည်သူတွေအပေါ် ဘယ်သူတွေသေသေ ငတေမာရင် ပြီးရော့ မျက်နှာလွဲခဲပစ် ဖြစ်ချင်ရာဖြစ် လုပ်နေကြတော့ တကယ့်ရင်နာစရာပါ ၊ရခိုင်ကမ်းလွန် ရေနံလုပ်ကွက်တွေက ထွက်တဲ့ရေနံတွေကို တရုတ်ပြည်ကိုရောင်းပေမယ့်ကျောက်ဖြူမှာလျပ်စစ်မီးအတွက် တစ်မီတာကို (၇၀၀)ကျပ်အထိ ပေးဆောင်နေရတယ်၊ ရေနံဆီ တဂါလံသုံးလေးသောင်း ပေးရတယ်။ ဒါတွေဟာ ပြည်သူအပေါ် စေတနာမရှိဆိုတာကို ဖော်ပြနေတာပါဘဲ၊ တွေးကြည်ရင်အသဲနာတယ်ဗျာ။ သူခံစားချက်ကို ပြောပြပါတယ်။

နိုင်ငံပိုင်သတင်းစာတွေထဲမှာ ရေးသားထားတာတွေက လည်း တရုတ်ကို အဖေတော်ချင်တဲ့အကြောင်းရေးထားတာ မွှန်းနေတာဘဲ။ တရုတနိုင်ငံနဲအကျိုးတူပူုးပေါင်း ဆောင်ရွက်ရေးကဏ္ဍ တွေမှာလည်း အရှိန် အဟုန် မြင့်ဆောင်ရွက်ရေးနဲ့  နိုင်ငံတကာ ဆက်ဆံရေးကိစ္စတွေမှာလည်း နှစ်နိုင် ငံပူးပေါင်းဆောင်ရွက်ရေးကို သဘောတူညီ ထားကြတာဟာ မြန်မာနိုင်ငံအပေါ် တရုတ်ဟာ ကျောထောကိနောက်ခံ ပြုသွားမယ်ဆိုတာကိုပြ သနေတာပါဘ ပြီးတောဒီ တဆယ်စုနှစ်တွေမှာ စွမ်းအင်ကဏ္ဍ ရေနံသဘာသ၀ ဓါတ်ငွေ့  ကဏ္ဍ အပြင် ရေနံတင်ပိုက်လိုင်း တည်ဆောက်သွယ်တန်း ရေး တွေကိုလည်း အကျယ် တ၀င့် ရေးသားဖော်ပြလာတာကိုတွေရပါတယ် ။အခုဆိုရင် မြန်မာနိုင်ငံအနှံ့ အပြားမှာ ရထားလမ်းတွေ ဖောက်လုပ် လာတဲ့ အထဲနေပြည်တော်ကို ဗဟိုပြူပြီး ဖောက်လုပ်နေတာတွေ့လာရပါတယ်။

ဒါကြောင်းကျောက်ဖြူ မြီ့နယ် တစ်ခုလုံး ကိုတရုတ်ပြည်ကို ရောင်းစားတော့မှာလားဆိုတဲ့ မေးခွန်းတွေ ကိုလည်း ပြည်သူတွေ မေးလာကြပါပြီ ။ ရထားလမ်းကို ဘယ့်နေဘယ်လမှာ ဖောက်လုပ်မယ် ဆိုတာမသိသေး ပေမယ့် သိပ်တော့ကြာမယ် မထင်ပါဘူး ၊ တခုတောရှိတာပေါ့လေ နောက်တက်လာမဲ့ အစိုးရလက်ထက်မှာ ပြောင်းလဲမှုတွေ ရှိကောင်းရှိလာနိုင် သလို တရုတ် ကိုတစ်ပါတ်ရိုက်ဖို့ ပြင်ဆင် တာလည်း မဖြစ်နိုင်ဘူး လို့ မြေကြီး လက်ခက်မလွဲ ဘယ်သူမှ မပြောနိုင်ပါဘူုး ၊ လက်ရှိအခြေအနေအရ လောက်ဆိုးလာနိုင်စရာ အကြောင်းတော့မရှိနိုင်ဘူးလို့ထင်ပါတယ် ။

တကယ်တမ်းဒီအကြောင်းအရာတွေကို ဆက်စပ်ကြည့်မယ်ဆိုရင် မကြာခင် က ဗိုလ်သန်းရွှေ တရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့နေ့ရက်တွေကအပြီးမှာ ပေါ်ပေါက်လာတာဖြစ်ပြီး တရုတ်ကိုချည်နှောင်နဲ့ကြိုးတစ်ချောင်း အပေါ်ပြည်သူတွေရဲ အကျိုးရလာဒ်ကဲ တိုးတက်ဖို့အတွက်လား ဆုတ်ယုတ်ဖို့အတွက်လား ဆိုတာကိုစောင်ကြည်ရဦးမှာ ဖြစ်ပါတယ်၊

ဒီအခြေ အနေ အပေါ် မှာအဆိုးဆုံး သက်ရောက် မှုတွေရှိလာရင် ပြည်သူတွေဘာတွေဆက်လုပ်ကြမလည်း ဆိုတဲ့ မေးခွန်းကတော့ အသင့်ကြိုဆိုနေပါပြီ ။ တကယ်တော့ကျောက်ဖြုမြို့ဟာ သေးငယ်တဲ့မြို့ဖြစ်တာကြောင်း စက်မှုဇုန်တွေ အခြားအဆောက်အဦးတွေဆောက်လုပ် လာမယ်ဆိုရင် မြို့သူမြို့သားတွေ ဘယ်ကိုပြောင်းရွှေ့ရမလည်း ဆိုတာတွေးစရာပါ ၊ ရထားလမ်း ဖောက်လုပ်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲပိုဆောင်ရေး ၀န်ကြိးဌာန ဒုတိယ ၀န်ကြီး MR- Feng Zheng Lin ဦးဆောင်တဲ့ အဖွဲ့ဟာ နေပြည်တော်ကို ရောက်ရှိလာခဲ့ပြီး နှစိ နိုင်ငံ ဆွေးနွေး မှုတွေ လုပ်ခဲ့တယ် လို့ နိုင်ငံပိုင် သတင်းစာတွေ မှာဖော်ပြထားပါတယ် ။ဒါကြောင်း ကျောက်ဖြူ ဟာ ရခိုင်ပြည်နယ်ထဲက အခြားမြို့ တွေနဲ့ မတူဘဲ စက်မှု ဇုန်တွေ ပေါ်ထွန်းလာခဲ့မြို့ တစ်မြို့ဖြစ်လာနိုင်သလို ပြည်သူတွေ ဘယ်လောက် အတိုင်းအတာအထိ ဖွံဖြိုးမှု တွေ ဖြစ်လာမလဲ ဆိုတာ တင်ပြ လိုက်ပါတယ်..

အကုန်ရောင်းတဲ့မူဝါဒ

SoldOut Burmese Web

http://openeyeproxy.appspot.com/yeyintnge.com

“လမ်းကြုံနိုင်ငံရေး”နှင့်ကျနော်


by Win Ko on Sunday, October 9, 2011 at 3:16am
အတိတ်ပုံရိပ်တို့သည် ကျနော်နှင့်ထပ်တူ အမြဲရှိနေခဲ့ပါသည်။ အသက် ၁၆ နှစ်သားအရွယ်ကပင် နိုင်ငံရေးကို စိတ်ဝင်စားခဲ့ပါသည်။ ထို့ကြောင့် စစ်အစိုးရဆန့်ကျင်ရေးကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ဖူးသည်။
          အမှန်တရားကို ရှာဖွေခဲ့ဖူး၊ရှာဖွေနေဆဲ။ မည်သည့်အရာကိုအမှန်တရားဟု ဆိုရမည်ကိုတော့ မသိ။ မိမိယုံကြည်လက်ခံထားသော မူဝါဒလမ်းစဉ်တို့သည် အမှန်တရားလော…။ အခြားသူငါ လက်မခံလျှင် ထိုအခြင်းအရာသည်လည်း ဘယ်နည်းနှင့်မျှ အမှန်တရားမဖြစ်နိုင်ဟု ကျနော်ထင်မြင်လာခဲ့မိသည်။
          အမှန်တရားကို တကယ်လိုလား စုံမက်လျှင် ပြောင်းလဲမှုကို လက်ခံနိုင်ရမည်ဟု တထစ်ချယုံကြည်လာ ခဲ့မိသည်။ ၈၈ နောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင် အမေစုသာလျင် ပြုပြင်ပြောင်းလဲပေးနိုင်သူ ကယ်တင်ရှင်ကြီး အဖြစ် အားလုံးက လက်ခံယုံကြည်အားကိုးခဲ့သည်။ ပါးစပ်နှင့်တစ်မျိုး စာဖြင့်တစ်ဖုံ ထောက်ခံခဲ့ကြသည်။ ကျနော့အနေဖြင့် နိုင်ငံရေးဆိုသည်မှာ ရာသီဥတုနှင့်တူသည်ဟု ယူဆမိသည်။ ပြောင်းလဲချိန်တွင် မဖြစ်မနေ ပြောင်းလဲရမည်သာဖြစ်သည်။ အချိန်တော့ လိုပါမည်။ အချိန်ကိုစောင့်ရသောအခါလည်း ရှိနိုင်ပါသည်။ အမေစု သည်လည်း သူစွဲကိုင်ထားသော မူဝါဒလမ်းစဉ်နှင့် အတွေးအခေါ်များကြားတွင် လွန်ဆွဲနေသောကြောင့် နှစ်ပေါင်း ၂၀ ကျော် အချိန်တွေကုန်လွန်ခဲ့ရသည်။ ယခုအခါ အမေစုသည် မည်သည့်လမ်းစဉ်သည် တိုင်းပြည်နှင့်လူမျိုး၏ အကျိုးကိုဖြစ်စေနိုင်သည်ဟု ကောင်းစွာ နားလည်သဘောပေါက်သောကြောင့် တွေ့ဆုံ ဆွေးနွေးအဖြေရှာရေးလမ်းပေါ် လျှောက်လှမ်းနေခြင်းဖြစ်သည်ဟု ကျနော်ယုံကြည်မိသည်။
          တချို့က အမေစုသည် အသုံးချခံနေရသည်ဟု ဆိုကြပါသည်။ အသုံးချခံလောက်သော ညံ့ဖျင်း သေးသိမ်သော အတွေးအခေါ်အယူအဆများကို မည်သူက ကိုင်စွဲထားသည်ကိုလည်း သုံးသပ်ချင့်ချိန်သင့်ပါ သည်။ အမေစုသည် တိုင်းပြည်နှင့်လူမျိုး အကျိုးယုတ်စေမည့် ကိုယ်ကျိုးရှာအချောင်သမား မဟုတ်ပါ။ ပေးဆပ်သူစစ်စစ်သာ ဖြစ်ပါသည်။ ရယူလိုသူမဟုတ်သောကြောင့် သမိုင်းတရားခံ ဘယ်နည်းနှင့်မျှ အဖြစ်ခံမည့် သူမဟုတ်ကြောင်း ကျနော်အကြွင်းမဲ့ ယုံကြည်ပါသည်။
          ကျနော့်ပတ်ဝန်းကျင်တွင်လည်း အတွေးအခေါ် အယူအဆပေါင်းစုံနှင့် ငြင်းခုံနေကြဆဲ။ အချို့က တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် ပြောင်းလဲမှုကိုလိုလားသည်။ ကိုယ်ကျိုးမငဲ့ စစ်မှန်သောလမ်းကြောင်းကို ရောက်လျှင် အနစ်နာခံရကျိုးနပ်သည်ဟု ခံယူထားကြသည်။ မိမိနှင့်မိသားစုဘ၀ မည်သို့ပင်ရပ်တည်ရ ရပ်တည်ရ စွန့်လွှတ်ရပ်တည်ရန် အသင့်ရှိသည်။ ထိုသူအများစုမှာ အောက်ခြေနိုင်ငံရေးသမားများ စားဝတ်နေ ရေးထမ်းပိုးကို နစ်နေအောင်ထမ်းရင်း နိုင်ငံရေးလုပ်နေသူများဖြစ်သည်။ အပြောင်းအလဲကို မလိုလားသူအချို့ အား လေ့လာကြည့်သောအခါ လုပ်ပိုင့်ခွင့်ရ ရေသာခိုအချောင်လိုက်နေသူများဖြစ်သည်။ ၄င်းတို့သည် အရာရာကို အဆိုးမြင် သံသယဖြင့်သာ မြင်နေကြသည်။
          အမှန်အတိုင်းပြောရလျှင် သူတို့လုပ်ပိုင်ခွင့်နှင့် အိပ်မက်များ ပျက်စီးသွားမှာကိုတွေးပြီး စိုးရိမ်ကြောက် လန့်နေကြသည်။ အရာရာကို ကြောက်ကန်ကန်နေကြသည်။ အမှန်တရားနှင့် တိုင်းပြည်ပြောင်းလဲတိုးတက်ရေး သည် ၄င်းတို့အတွက် လောကနတ်ဆိုးကြီးသဖွယ်ဖြစ်နေကာ မဏရမင်းထက်ပင် ပို၍ ကြောက်နေကြပါသည်။ ထို့ကြောင့် အချို့က အမေစုကို ရန်သူသဖွယ် ပြောဆိုနေသည်ကို ကြားနေရပါသည်။ “လမ်းကြုံနိုင်ငံရေး” လုပ်သည်ဟု ဆိုကြသူတွေလည်းရှိပါသည်။ မိမိအနေဖြင့် နိုင်ငံရေးလုပ်သူတိုင်းသည် နိုင်ငံရေးစိတ်ဓာတ် မျိုးစေ့ အခြေခံမရှိဘဲ နိုင်ငံရေးလုပ်လျှင် ရေရှည်မခံနိုင်။ မျိုးစေ့မှန်မှသာလျှင် ရေရှည်ခံနိုင်သည်။
          မြန်မာ့နိုင်ငံရေးတွင် အမေစုနှင့် ခေါင်းဆောင်တချို့သည် မျိုးစေ့မှန်သောကြောင့် ယနေ့အချိန်ထိ မယိုင် မလဲ ကြံ့ကြံ့ခိုင်မြဲနေခြင်း  ဖြစ်ပါသည်။ “လမ်းကြုံနိုင်ငံရေးသမား” ဟူသောစကားလုံးကို မည်သို့ အဓိပ္ပါယ် ဖွင့်ဆိုထားသည်ကိုတော့ ကျနော်မသိပါ။ ထိုသို့ဆိုလျှင် ၈၈ လူထုအရေးတော်ပုံကာလ၊ ရွှေဝါရောင် သံဃာ့ အရေးတော်ပုံကာလ တို့တွင် အစိုးရ၏ မတရားပစ်ခတ် သတ်ဖြတ် ဖမ်းဆီးနေတာတွေကို မခံမရပ်နိုင်ဖြစ်ပြီး လူထုနှင့်အတူ ပူးပေါင်းလက်တွဲကာ ဆန္ဒမှန်ဖော်ထုတ်သူတိုင်းကို “လမ်းကြုံနိုင်ငံရေးသမား” ဟု ဆိုလိုက်သည် နှင့် တူနေသည်ဟု ခံစားနားလည်မိပါသည်။
          မြန်မာပြည်ရှိလူထုကို နိုင်ငံရေးရေချိန် မရှိ၊ အတွေးအခေါ် သေးသိမ်သည်ဟု ဆိုရာရောက်နေပါသည်။
 “လမ်းကြုံနိုင်ငံရေးသမား” ဟူသော အသုံးအနှုန်းကို ပြောဆိုသူသည် နိုင်ငံရေးကို မည်သို့ဖြတ်သန်း လာခဲ့သည်ကို ကျနော်နားလည်ရ အလွန်ခက်ခဲနေပါသည်။ မြန်မာပြည် လူထုသည် သူ့ခေတ်သူ့အခါ အလျောက် ကျရောက်လာသော သမိုင်းတာဝန်များကို ကျေပွန်ခဲ့ကြသည်သာဖြစ်ပါသည်။ ကျနော်တို့ခေတ် ရောက်မှ ညံ့နေကြခြင်းမှာလည်း သူတလူငါတမင်းကြားမှာ အချောင်သမားဝါဒ ကြီးစိုးနေသောကြောင့် ဖြစ်ပါသည်။ မြန်မာလူထုသည် နိုင်ငံရေးကို ကောင်းစွာနားလည် သဘောပေါက်ကြသည်။ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင် စွမ်းရှိပါသည်။ ပြောင်းလဲမှုကိုလည်း အမြဲလိုလားခဲ့ကြသည်။ ကျရာတာဝန်ကိုလည်း ကျေပွန် စွာထမ်းဆောင် ခဲ့ကြပါသည်။ ဥပမာ မြစ်ဆုံဆည်အရေးတွင်လည်း အကျိုးအပြစ်ကို သိသောကြောင့် လက်တွဲညီညီဖြင့် ကာကွယ်ဟန့်တားနိုင်ခဲ့ခြင်းသည် နိုင်ငံရေးရေချိန် မည်မျှရှိသည်ကို ပြသရာရောက် နေပါသည်။
          ထို့ကြောင့် ကျနော်တို့လူ့အဖွဲ့အစည်းတွင်လည်း အပြစ်တွေကိုပြောနေကြမည့်အစား တိုင်းပြည်နှင့် လူမျိုး ဂုဏ်သိက္ခာရှိရှိ ကမ္ဘာ့အလယ်မှာ ရပ်တည်နိုင်ရေးအတွက် မည်သို့ပူးပေါင်းဆောင်ရွက်ရမည်ကိုသာ ဦးစားပေး စဉ်းစားစေချင်ပါသည်။ အပြုသဘောဆောင်၍ အပျက်သဘောကိုရှောင်နိုင်ကြပါစေ..။
          နောက်ဆုံးအနေဖြင့် ၃၅ ဆက်မြောက် အမေရိကန်သမ္မတကြီး John F. Kennedy (1917-1963) ပြောကြားခဲ့သော သမိုင်းတွင်သည့် စကားရပ်လေးဖြင့် အဆုံးသပ်လိုက်ချင်ပါသည်-
 Ask not what the country can do for you, ask what you can do for your country.

လေးစားစွာဖြင့်


အုပ်ကြီးဖေ
၉ အောက်တိုဘာ ၂၀၁၁