Tuesday, October 11, 2011

၁၂နှစ်သမီး၏ဒဿန



facebook စာမျက်နှာမှ

မျော့တွယ်မှာစိုးလို့




နိုင်ငံရေးအကျဥ်းသားလွှတ်မြောက်ရေးလက်မှတ်ရေးထိုးလှူပ်ရှားသူများကွန်ယက်၏ ထုတ်ပြန်ကြေငြာချက်



နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားသူများကဦးဆောင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များနှင့်
ရဲဘက်စခန်းများအားလုံးရှိ နိုင်ငံရေးအကျဉ်းသားများစာရင်း အတိအကျကိုထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

ပထမအဆင့်အနေဖြင့်အကျဉ်းထောင် (၁၀)ခုတွင်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများအရေအတွက်ကိုဖော်ပြထားပါသည်။

သာယာဝတီအကျဉ်းထောင် ၆၀ ဦး (ကျား-၅၅ + မ-၅)
မြင်းခြံအကျဉ်းထောင် ၁၅ ဦး (ကျား-၁၃ + မ-၂)
ခန္တီးအကျဉ်းထောင် ၁၆ ဦး (ကျား-၁၄ + မ-၂)
လားရှိုးအကျဉ်းထောင် ၁၅ ဦး (ကျား-၁၃ + မ-၂)
သီပေါအကျဉ်းထောင် ၃ ဦး (ကျား-၃)
သရက်အကျဉ်းထောင် ၄၂ ဦး
ပခုက္ကူအကျဉ်းထောင် ၄ ဦး (ကျား-၄)
မြစ်ကြီးနားအကျဉ်းထောင် ၁၁ ဦး (ကျား-၁၁)
မော်လမြိုင်အကျဉ်းထောင် ၂၁ ဦး (ကျား-၁၈ + မ-၃)
ဗန်းမော်အကျဉ်းထောင် ၁၄ ဦး (ကျား-၁၁ + မ-၃)

မကြာမီအတွင်း အကျဉ်းထောင်အလိုက် နောက်ဆက်တွဲအရေအတွက်နှင့်အမည်စာရင်းအတိအကျကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ထိုစာရင်းတွင် မပါရှိဘဲ ကျန်ရစ်ခဲ့သူများရှိပါက မိသားစုများအနေဖြင့်အောက်ပါဖုန်းနံပါတ်များသို့ အမြန်ဆုံးဆက်သွယ်ပေးပါရန်
ကျေးဇူးတင်စွာဖြင့် ပန်ကြားအပ်ပါသည်။

ကိုတိုးကျော်လှိုင် - ၀၉၅၀၆၄၉၂၄၊ ၀၉၇၃၁၇၀၇၆၄ ၊ ၀၁၂၄၉၁၄၉
ကိုဖြိုးမင်းသိန်း - ၀၉၅၀၇၆၂၃၄

ပြည်သူ့ ဆန္ဒလား နိုင်ငံရေးအမြတ်ထုတ်တာလား

လွတ်လာတဲ့အထဲ မင်းတို့ မပါရင်တော့
အဲဒီ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ သဘောရိုးနဲ့  ပြည်သူ့ ဆန္ဒကို ဖော်ဆောင်တာထက်
အာဏာရအစိုးရရဲ့  နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုလို့  ငါတို့ သတ်မှတ်ပါတယ်။




အောင်မျိုးထွန်း

ဒိန်းမတ်နဲ့အန်အယ်ဒီကဆရာနဲ့ကျောင်းသားကျောင်းသူများတွေ့ဆုံ


ဒိန်းမတ်နိုင်ငံမှဆရာမ၂ယောက်နှင့်ကျောင်းသူ၁၀ယောက် ၁၁ရက်ဒီနေ့ အန်အယ်ဒီရုံးချူပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်
မတွေ့ဆုံခင်အင်္ဂလိပ်စာဆရာမ မကြည်ပြာနှင့်သူမ၏ကျောင်းသားကျောင်းသူများအားတွေ့ဆုံစဉ်..





၁၁.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



http://www.ziddu.com/download/16776918/11Oct2011Yeyintngesdiary.doc.html

http://www.ziddu.com/download/16776919/11Oct2011Yeyintngesdiary.pdf.html

11 Oct 2011 Yeyintnge's Diary

၂၀၁၁ ခုနှစ် အိန္ဒိယနှင့် တရုတ် ဖွံ့ဖြိုးမှု နှိုင်းယှဉ်ချက်



Tuesday, 11 October 2011 05:45 ၀င့်ထန်း


လူဦးရေ သန်းထောင်ချီတဲ့ အိန္ဒိယနဲ့ တရုတ် နိုင်ငံကြီးနှစ်နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း အရှိန်အဟုန် အရမ်းမြန်ဆန်ခဲ့သည်။ အဲဒီနှစ်နိုင်ငံရဲ့ ဖွံဖြိုးမှုလမ်းကြောင်းကို
တစ်ကမ္ဘာလုံးက စောင့်ကြည့်နေရပြီး၊ သူတို့နှစ်နိုင်ငံ ဘယ်သူက ပိုသာသလဲဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်သည်။
 တကယ်တော့ တိုးတက်မှု (growth) နဲ့ ဖွံ့ဖြိုးမှု (development) ဆိုတဲ့ စကားလုံး နှစ်ခုမှာ အဓိပ္ပါယ် ကွာခြားမှု အများကြီး ရှိသည်။ တိုးတက်မှုကို နိုင်ငံရဲ့ GDP နဲ့ GNP စီးပွားရေးတိုးတက်မှု ပမာဏနဲ့သာ အဓိက တိုင်းတာ ပြောဆိုခြင်း ဖြစ်သည်။ ဖွံ့ဖြိုးမှုကိုတော့ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (HDI) ကဲ့သို့သော ကျယ်ပြန့်တဲ့ အချက်အလက်ပေါင်းစုံ အပေါ် အခြေပြု စဉ်းစားခြင်း ဖြစ်သည်။
ယခု အိန္ဒိယနဲ့ တရုတ်ရဲ့ ဖွံ့ဖြိုးမှုကို ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်တို့က ဖော်ပြတဲ့ ၄င်းနှစ်နိုင်ငံရဲ့ HDI အချက်အလက်အချို့ပေါ် အခြေခံပြီး The Economist မဂ္ဂဇင်းက နှိုင်းယှဉ်ဖော်ပြထားသည်။ အဲဒီ ဖော်ပြချက်အရဆိုရင် တရုတ်က အိန္ဒိယထက် ဖွံ့ဖြိုးမှုမှာ အစစ သာလွန်နေသည်။
ယခု အိန္ဒိယ ရရှိလာတဲ့ ဖွံ့ဖြိုးမှုကို တရုတ်က လွန်ခဲ့တဲ့ ကိုးနှစ်ကတည်းက ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။ ဥပမာ၊ အိန္ဒိယနိုင်ငံသား တစ်ဦးချင်းရဲ့ လက်ရှိ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၃၂၀၀၀ ကို တရုတ်တွေက လွန်ခဲ့တဲ့ ကိုးနှစ်ကတည်းက ရရှိခဲ့သည်။
နောက် The Economist ရဲ့ သုံးသပ်ချက်အရ၊ တရုတ်က အရှိန်အဟုန် ပြင်းပြင်းနဲ့ ဆက်ချီတက်နေပေမဲ့၊ အိန္ဒိယက နောက်ကိုးနှစ်မှာ လက်ရှိ တရုတ်ရဲ့ ဖွံ့ဖြိုးမှုအနေအထားကို ရရှိပါ့မလားဆိုတာ သံသယရှိဖြစ်စရာ ဟုဆိုသည်။
အောက်မှာ နိုင်ငံကြီး နှစ်နိုင်ငံရဲ့ ၂၀၁၁ ခုနှစ် ဖွံ့ဖြိုးမှု နှိုင်းယှဉ်ချက်အချို့ကို ဖော်ပြလိုက်ပါသည်။




ဝင့်ထန်း
Source: The Economist
http://www.maukkha.org/

နိုင်ငံ​ရေး​အကျဉ်း​သား​ ဟုတ်မဟုတ်ကို အစိုး​ရက အသိဆုံး​ပါ


Published on October 11, 2011 by ​အေး​နိုင်

အစိုး​ရက အကျဉ်း​သား​ ၆၃၅၉ ဦး​ကို မနက်ဖန် လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ လွှတ်​ပေး​မယ်လို့​ ​ကြေညာလိုက်ပါတယ်။ နိုင်ငံ​တော် သမ္မတရုံး​ရဲ့​ ထုတ်ပြန်​ကြေညာချက်ကို ဒီက​နေ့​ ​နေ့​လယ် ၁ နာရီအချိန်မှာ MRTV 4 ရုပ်သံလိုင်း​ သတင်း​အစီအစဉ်က ထုတ်ပြန်​ကြေညာလိုက်တာပါ။

ဒီလွတ်ငြိမ်း​ချမ်း​သာခွင့်​မှာ အသက်အရွယ်ကြီး​ရင့်​သူ​တွေ၊​ ကျန်း​မာ​ရေး​မ​ကောင်း​သူ​တွေနဲ့​ ကိုယ်လက်အင်္ဂါချို့​တဲ့​သူ​တွေ အပါအဝင် ထိုက်သင့်​တဲ့​ ပြစ်ဒဏ်ကျခံခဲ့​ရပြီး​ စည်း​ကမ်း​နဲ့​အညီ​နေထိုင်ခဲ့​တဲ့​ အကျဉ်း​သား​တွေ အကျုံး​ဝင်တယ်လို့​ ​ကြေညာချက်ကဆိုပါတယ်။

ပြီး​ခဲ့​တဲ့​ ​မေလလယ်ပိုင်း​တုန်း​ကလည်း​ အကျဉ်း​သား​ တ​သောင်း​ခွဲနီး​ပါး​ကို ပြစ်ဒဏ်တနှစ် ​လျှော့​ပေါ့​ပေး​ခဲ့​တုန်း​က နိုင်ငံ​ရေး​အကျဉ်း​သား​ ရာဂဏန်း​လောက်ပဲ ပါခဲ့​တာ​ကြောင့်​ အခုပြန်လည်လွှတ်​ပေး​သူ​တွေထဲတွင် နိုင်ငံ​ရေး​အကျဉ်း​သား​ (ယုံကြည်ချက်​ကြောင့်​ပြစ်ဒဏ်ကျခံ​နေရသူ) ဘယ်နှဦး​ပါဝင်မယ်ဆိုတာကို မသိနိုင်​သေး​ပါဘူး​။

လတ်တ​လောမှာ နိုင်ငံတဝန်း​က အကျဉ်း​ထောင်​တွေနဲ့​ ရဲဘက်စခန်း​တွေထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၅၀၀ ခန့်​ရဲ့​ စာရင်း​ရရှိထား​တယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​စာရင်း​ကို လက်ရှိပြုစု​နေတဲ့​ ပြည်တွင်း​အ​ခြေပြု ဒီမိုက​ရေစီကွန်ရက်အဖွဲ့​က ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ကိုတိုး​ကျော်လှိုင်က ​ပြောပါတယ်။

အစိုး​ရက အသိအမှတ်ပြုတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ (ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေသူ) စာရင်း​ဟာ ၄၀၀ ခန့်​သာ အသိအမှတ်ပြုတာ​ကြောင့်​ သူတို့​စာရင်း​ထက် လူ ၁၀၀၀ ​လောက် နည်း​နေတယ်လို့​ ကိုတိုး​ကျော်လှိုင်က ​ပြောပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​ စာရင်း​ ​ကောက်ယူမှုအ​ခြေအ​နေ​တွေနဲ့​ ပတ်သက်လို့​ ကိုတိုး​ကျော်လှိုင်ကို ​မေး​မြန်း​ထား​ပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​တွေနဲ့​ ပတ်သက်ပြီး​တော့​ စာရင်း​ကောက်တယ်ဆို။ အဲဒါလုပ်ငန်း​စဉ်နဲ့​ ပတ်သက်ပြီး​တော့​ ​ပြောပြ​ပေး​ပါလား​။

“ကျ​နော်တို့​က အဓိကလုပ်တာ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​ကို လက်မှတ်​ရေး​ထိုး​ လှုပ်ရှား​မှုဆိုတာ ရှိခဲ့​တယ်။ လက်မှတ်လည်း​ တသိန်း​တင်ထား​တာ ရှိတယ်။ အဲဒီက​နေ ကျ​နော်တို့​အဖွဲ့​က​နေ အကျဉ်း​ထောင် အသီး​သီး​မှာရှိတဲ့​ အကျဉ်း​သား​စာရင်း​ကို ​ကောက်တယ်။ ဘာလို့​ကောက်လဲဆို​တော့​ အစိုး​ရက သတ်မှတ်တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ အ​ရေအတွက်နဲ့​ ကျ​နော်တို့​ သိထား​တဲ့​အ​ရေအတွက်နဲ့​က ကွာ​နေတယ်။ အစိုး​ရက ဥပမာ ၁၇/၁၊​ ၁၇/၂ ​တွေဆိုရင် နိုင်ငံ​ရေး​အကျဉ်း​သား​ မသတ်မှတ်တာရှိတယ်။ ဥပမာ နိုင်ငံ​ရေး​နဲ့​တော့​ ဖမ်း​လိုက်တာပဲ ဒါ​ပေမယ့်​ ပုံနှိပ်ဥပ​ဒေတို့​ ဘာတို့​နဲ့​ စွဲချက်တင်လိုက်တာမျိုး​လည်း​ ရှိတယ်။ ဒါမျိုး​ဆိုရင်လည်း​ သူတို့​က နိုင်ငံ​ရေး​အကျဉ်း​သား​ မသတ်မှတ်ဘူး​။ အဲလိုမျိုး​ဆို​တော့​ သူတို့​စာရင်း​နဲ့​ ကျ​နော်တို့​စာရင်း​က ​တော်​တော်ကွာတယ်။ အဲဒါ​ကြောင့်​ ကျ​နော်တို့​က အန်တီ ​ဒေါ်​အောင်ဆန်း​စုကြည် က​နေပြီး​တော့​ ဒီရက်ပိုင်း​အတွင်း​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်ဖို့​ အစိုး​ရနဲ့​ အန်တီနဲ့​ ဒီနိုင်ငံ​ရေး​ အကျဉ်း​သား​စာရင်း​ ဟိုဘက်ဒီဘက် နိုင်ငံ​ရေး​ အကျဉ်း​သား​ စာရင်း​တိုက်ကြတဲ့​အခါမှာ ကျ​နော်တို့​ဘက်က အမှန်နိုင်ဆုံး​စာရင်း​ကို ရဖို့​လိုတယ်။ အဲဒီအတွက်​ကြောင့်​ ကျ​နော်တို့​က တ​ထောင်ချင်း​ စာရင်း​တွေ​ကောက်တယ်။ ပြီး​တော့​ ဒီစာရင်း​ကို အန်တီ့​လက်ထဲကို ထည့်​ပေး​မှာ။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ စာရင်း​၊​ အမှန်ကန်ဆုံး​၊​ အနီး​စပ်ဆုံး​ စာရင်း​ဖြစ်ပါတယ်။ ပြည်ထဲ​ရေး​တို့​၊​ ဒုတိယဗိုလ်ချုပ်ကြီး​ ကိုကိုတို့​နဲ့​ စာရင်း​တိုက်မယ်ဆိုရင် ဒီစာရင်း​ကို ကိုင်ပြီး​တိုက်​ပေး​ပါဆိုပြီး​ ကျ​နော်တို့​က အန်တီ့​လက်ထဲကို အပ်နိုင်ဖို့​ ပါ။”

အခု ဘယ်နှရက်​လောက် ရှိပြီလဲ ကိုတိုး​ကျော်လှိုင်တို့​လုပ်တာ။

“မြန်မာနိုင်ငံမှာ အကျဉ်း​ထောင်အား​လုံး​ပေါင်း​က ၄၃ ​ထောင်ရှိတယ်။ တချို့​ရဲဘက်စခန်း​တွေမှာ ​ရောက်​နေတာ​တွေရှိတယ်။ ရဲဘက်စခန်း​ ဂခုနဲ့​ အကျဉ်း​ထောင် ၄၃​ထောင်ဆို​တော့​ ကျ​နော်တို့​အတည်ပြုရမှာက အား​လုံး​ ၅၁ ​နေရာရှိတယ်။ အခုချိန်ထိ​တော့​ ၂၃ ​နေရာ အတိအကျ ပြီး​သွား​ပြီ တဝက်နီး​ပါး​ပေါ့​။”

ပြည်ထဲ​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကြီး​ကိုကိုနဲ့​ ကိုတိုး​ကျော်လှိုင်တို့​ ပြုစုတဲ့​ စာရင်း​နဲ့​ ကွာဟလို့​ရှိရင် လွတ်​နေတဲ့​လူ​တွေက ဘယ်လိုမျိုး​ ဆက်​ဆောင်ရွက်မလဲ။

“တကယ်တမ်း​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ဟုတ်မဟုတ်ကို အစိုး​ရက အသိဆုံး​ပါ။ ဘာ​ကြောင့်​ ဖမ်း​ထား​တယ်ဆိုတာ သူတို့​အသိဆုံး​ပဲ။ ပြီး​တော့​မှသာ ဟို ပုဒ်မ ဒီ ပုဒ်မ​တွေ ​လျှောက်တပ်တာ။ အဲဒီ​တော့​ ပထမတဆင့်​တော့​ ဒီစာရင်း​နဲ့​ တိုက်ခိုင်း​မယ်။ အစိုး​ရစာရင်း​ဆိုရင် ကျ​နော်တို့​စာရင်း​နဲ့​ ​တော်​တော်ကွာ​နေတယ်။ ကျန်တဲ့​ထောင်​တွေ စိစစ်ဆဲမှာ ကျ​နော်တို့​ခန့်​မှန်း​တာက နိုင်ငံ​ရေး​အကျဉ်း​သား​ စုစု​ပေါင်း​ ၁၄၀၀ နဲ့​ ၁၅၀၀ ကြား​ရှိမယ်လို့​ ကျိန်း​သေ​ပေါက် ခန့်​မှန်း​လို့​ ရတယ်။ ၂၃ ​ထောင်ပြီး​တာလည်း​ ကျန်တဲ့​ထောင်​တွေလည်း​ ​နောက်ဆုံး​အ​ချောသတ် တိုက်ဆိုင်စစ်​ဆေး​မှု လုပ်​နေ​သေး​တာ ဖြစ်တဲ့​အတွက်​ကြောင့်​ ခန့်​မှန်း​ကြည့်​လို့​ ရ​နေပြီ။ အစိုး​ရက အခု ၄၀၀ ​လောက်ပဲ နိုင်ငံ​ရေး​အကျဉ်း​သား​ စာရင်း​ကို ပြ​နေတာမျိုး​ဖြစ်​နေတယ်။ ပြီး​တော့​ အီလက်ထ​ရောနစ်အက်တို့​ နယ်စပ်ဖြတ်​ကျော် ၁၃/၁တို့​ ၁၇/၁၊​ ၁၇/၂ တရား​မဝင် အသင်း​ဆက်သွယ်တို့​၊​ ​နောက်ပြီး​တော့​ ​ဖောက်ခွဲဆိုပြီး​ ပုဒ်မ ၆ နဲ့​ဆွဲထား​တာတို့​ကို သူတို့​က နိုင်ငံ​ရေး​အကျဉ်း​သား​ မသတ်မှတ်ဘူး​ဆိုတာ အဲဒီမှာ အကျဉ်း​သား​စာရင်း​က အစိုး​ရဘက်နဲ့​ ကျ​နော်တို့​ ဘက်နဲ့​တော်​တော်ဟသွား​တယ်။”

ကိုတိုး​ကျော်လှိုင်တို့​က နိုင်ငံ​ရေး​ အကျဉ်း​သား​ ၁၅၀၀ ဝန်း​ကျင်​လောက်​ပေါ့​။ ဒါ့​အပြင် ပြည်ပအ​ခြေစိုက် ​အေ​အေပီပီဘီ( နိုင်ငံ​ရေး​အကျဉ်း​သား​များ​ကူညီ​စောင့်​ရှောက်​ရေး​အသင်း​) က​တော့​ ၁၉၉၈ ​ယောက်၊​ အဲဒီ​တော့​ ဘာဖြစ်လို့​ ဒီမှာ​ရော ကွာတာလဲ။

“​အေ​အေပီပီရဲ့​ ၁၉၉၈ စာရင်း​က ၂၀၁၁ ဇွန်လ ​လောက်အထိပဲ မှန်ကန်ခဲ့​တယ်။ အဲဒီကိစ္စ ​အေ​အေပီပီကိုလည်း​ ​ပြောပြီး​ပြီ၊​ ​အေ​အေပီပီကလည်း​ ပြန်လည်​ဖြေရှင်း​မှု​တွေ လုပ်တဲ့​အခါမှာ ​အေ​အေပီပီက မစ္စတာ ကင်တား​နား​ကို စာရင်း​ပေး​လိုက်တာမှာ ၁၉၉၈ စာရင်း​ပေး​လိုက်တဲ့​အခါကျ​တော့​ လွဲ​ချော်​နေတယ်​ပေါ့​။ ​အေ​အေပီပီကလည်း​ လွတ်တဲ့​လူ​တွေကို ပြန်လည်စစ်​ဆေး​ထား​တာ မရှိခဲ့​သေး​ဘူး​ဆိုတာကို ဝန်ခံထား​တယ်။ ​အေ​အေပီပီနဲ့​ ကျ​နော်တို့​စာရင်း​က အများ​ကြီး​သွား​ပြီး​ နီး​စပ်လိမ့်​မယ်။ ​အေ​အေပီပီကလည်း​ ဒီရက်ပိုင်း​မှာ စာရင်း​အသစ်လုပ်​နေတယ်။”
http://burmese.dvb.no/archives/16322

ဦး​သိန်း​စိန် အစိုး​ရ တိုင်း​ပြည်ငြိမ်း​ချမ်း​ရေး​ကိစ္စ ဘယ်လို အ​ကောင်အထည်​ဖော်​နေလဲ


Published on October 10, 2011 by တိုင်းကျော်

ပြီး​ခဲ့​တဲ့​ ​အောက်တိုဘာ (၃) ရက်​နေ့​က လား​ရှိုး​မြို့​မှာ ဝတပ်ဖွဲ့​ခေါင်း​ဆောင်​တွေနဲ့​ ဦး​သိန်း​စိန်အစိုး​ရရဲ့​ ငြိမ်း​ချမ်​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​တို့​ ​တွေ့​ဆုံပြီး​ သ​ဘောတူညီချက်တချို့​ လက်မှတ်​ရေး​ထိုး​ခဲ့​ကြပါတယ်။ ဒီ သ​ဘောတူညီချက်နဲ့​ ပတ်သက်ပြီး​ အစိုး​ရပိုင်သတင်း​စာ​တွေမှာ အချက်အလက်တချို့​ ​ရေး​ပြထား​ပေမယ့်​ အဲဒီမှာ ​ဖော်ပြမထား​တဲ့​ တကယ့်​ အ​ခြေခံအချက်က​တော့​ (၃) ချက်ပဲ ရှိပါတယ်။ အဲဒါက​တော့​ ဝတပ်ဖွဲ့​တွေဟာ သူတို့​ လက်နက်​တွေ သူတို့​ ဆက်ကိုင်ထား​နိုင်မယ်၊​ သူတို့​ နိုင်ငံ​ရေး​အဖွဲ့​အစည်း​နဲ့​ စစ်​ရေး​အဖွဲ့​အစည်း​ ဆက်လက် ရပ်တည်ခွင့်​ရှိမယ်၊​ သူတို့​ ၀ နယ်​မြေကို သူတို့​ဘာသာသူတို့​ ဆက်လက် စီမံအုပ်ချုပ်ခွင့်​ရမယ် ဆိုတဲ့​ အချက်​တွေပဲ ဖြစ်ပါတယ်။ တကယ်​တော့​ ဒါဟာ အထူး​အဆန်း​ မဟုတ်ပါဘူး​။ ၀ တပ်ဖွဲ့​အ​နေနဲ့​ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီက​နေ ခွဲထွက်ပြီး​ခဲ့​စဉ် အဲဒီ အချိန်တုန်း​က စစ်အစိုး​ရ နဲ့​ ရရှိခဲ့​တဲ့​ သ​ဘောတူညီချက် အတိုင်း​ပဲ ဖြစ်ပါတယ်။ သ​ဘောတူညီချက်မှာ ပါတဲ့​ အခြား​အချက်​တွေက​တော့​ ၀ နယ်ထဲ အစိုး​ရဝန်ထမ်း​တွေ ပြန်ပို့​မယ်၊​ ၀ နယ်ပြင်ပမှာ ၀ အဖွဲ့​အစည်း​ စီး​ပွား​ရေး​လုပ်ငန်း​တွေ ပြန်လုပ်ခွင့်​ပေး​မယ် ဆိုတာပါပဲ။ ခြုံပြီး​ ​ပြောရရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေလက်ထက် နယ်ခြား​စောင့်​တပ်ဖွဲ့​ရေး​ ကိစ္စ ဖိအား​မ​ပေး​ခင်က အ​ခြေအ​နေအတိုင်း​ပဲ ဖြစ်ပါတယ်။

ဒီ​နေရာမှာ ထူး​ခြား​ချက်အ​နေနဲ့​ ​ပြောရရင် ၀ တပ်ဖွဲ့​ကို ရှမ်း​ပြည်နယ်အစိုး​ရ ကိုယ်စား​လှယ် အဖွဲ့​နဲ့​ ​တွေ့​ပြီး​ မကြာခင် ပြည်​ထောင်စုအစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ မြန်မြန်ဆန်ဆန် ​တွေ့​ခွင့်​ရ၊​ မြန်မြန်ဆန်ဆန် ငြိမ်း​ချမ်း​ရေး​ စာချုပ် ချုပ်ဆိုနိုင်ခဲ့​တဲ့​ အချက်ဖြစ်ပါတယ်။ ဒီ အချက်ကိုကြည့်​ရင် ဦး​သိန်း​စိန်အစိုး​ရဟာ တိုင်း​ပြည်မှာ ငြိမ်း​ချမ်း​ရေး​ ဖြစ်​ပေါ်ဖို့​ တကယ်ပဲ လိုလား​နေလို့​လား​၊​ ဒါမှမဟုတ် တိုင်း​ရင်း​သား​လက်နက်ကိုင် တပ်ဖွဲ့​တွေကို တဖွဲ့​ကို ပုံစံတမျိုး​ ဆက်ဆံပြီး​ ခွဲခြား​ချေမှုန်း​ဖို့​လား​ ဆိုတာ ​မေး​စရာ ဖြစ်လာပါတယ်။

တကယ်ဆို ဒီထက် အ​စောပိုင်း​ကတည်း​က ကချင်ပြည်နယ် အစိုး​ရအဖွဲ့​နဲ့​ ​ကေအိုင်​အေ တပ်ဖွဲ့​တို့​ ​တွေ့​ဆုံခဲ့​ကြတာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ပြည်​ထောင်စု အစိုး​ရအဆင့်​နဲ့​တော့​ ​တွေ့​ဆုံခွင့်​ မ​ပေး​ခဲ့​ပါဘူး​။ အခြား​တဖက်မှာလည်း​ အစိုး​ရတပ်​တွေအ​နေနဲ့​ ​ကေအိုင်​အေ နယ်​ခြေထဲ ချဉ်း​နင်း​ဝင်​ရောက်တာ စစ်​ရေး​အရ ရန်စ ကျူး​ကျော်တာ​တွေ လုပ်ပါတယ်။ ​ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်ရင်လည်း​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေမှာပါတဲ့​အတိုင်း​ နိုင်ငံမှာ လက်နက်ကိုင် တပ်မ​တော်တခုတည်း​ ရှိရမယ် ဆိုတဲ့​ မူနဲ့​ပဲ ​ဆွေး​နွေး​မယ်။ နယ်ခြား​စောင့်​ တပ်ဖွဲ့​စည်း​ရေး​ ဖိအား​ပေး​တာကို လက်မလွှတ်​သေး​ဘူး​ ဆိုတဲ့​ မူနဲ့​ ချဉ်း​ကပ်ခဲ့​တဲ့​အတွက် ​ဆွေး​နွေး​ပွဲ​တွေ အလုပ်မဖြစ်ခဲ့​တာ ဖြစ်ပါတယ်။ အခု​တော့​ ​ကေအိုင်​အေ တပ်ဖွဲ့​တွေရှိတဲ့​ ​နေရာတိုင်း​လိုလို​လောက်မှာ တိုက်ပွဲ​တွေ ဖြစ်​နေပါပြီ။ တကယ်​တော့​ လက်ရှိ ၀ အဖွဲ့​ကို ​ပေး​တဲ့​ အခွင့်​အ​ရေး​အတိုင်း​ ​ကေအိုင်​အေကို ​ပေး​ရင် ကချင်ပြည်နယ်နဲ့​ ရှမ်း​ပြည်နယ်မှာ ငြိမ်း​ချမ်း​ရေး​ မရစရာ အ​ကြောင်း​မရှိပါဘူး​။

အလား​တူပါပဲ၊​ နိုင်ငံ​တောင်ဘက် အခြမ်း​မှာလည်း​ ​ကေအန်ယူ (ကရင်အမျိုး​သား​အစည်း​အရုံး​) ဟာ အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲ ငြိမ်း​ချမ်း​ရေး​လုပ်ဖို့​ အမြဲ အသင့်​ရှိ​နေခဲ့​တာပါ။ ​ဆွေး​နွေး​ပွဲ​တွေလည်း​ အကြိမ်ကြိမ် လုပ်ခဲ့​ဖူး​ပါတယ်။ ဒါ​ပေမယ့်​ တကြိမ်မှ ငြိမ်း​ချမ်း​ရေး​ မရခဲ့​ပါဘူး​။ ​ကေအန်ယူ အဖွဲ့​ကိုသာ အစိတ်စိတ် အမြွှာမြွှာပြိုကွဲ​အောင် ဖြိုခွဲတဲ့​ အလုပ်​တွေ လုပ်ခဲ့​တာ ဖြစ်ပါတယ်။ တကယ်လို့​သာ ၀ အဖွဲ့​ကို ​ပေး​တဲ့​ အခွင့်​အ​ရေး​အတိုင်း​ ကိုယ့်​လက်နက်ကိုင်တပ်ကို ကိုယ် ထိန်း​ချုပ်ခွင့်​၊​ ကိုယ့်​နိုင်ငံ​ရေး​အဖွဲ့​အစည်း​နဲ့​ ကိုယ်ရပ်တည်ခွင့်​၊​ ကိုယ့်​နယ်​မြေကို ကိုယ်စီမံခန့်​ခွဲ အုပ်ချုပ်ခွင့်​ စတာ​တွေသာ ရမယ်ဆိုရင် လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​များ​စွာကတည်း​က ကရင်ပြည်နယ်မှာ ​သေနတ်သံ​တွေ တိတ်ဆိတ်​နေမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ခု​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် တပ်ဖွဲ့​တွေဟာလည်း​ အရင်ဘယ်တုန်း​ကနဲ့​ မတူ​အောင် နိုး​ကြား​လာပါပြီ။ တကယ်လို့​ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ လုပ်မယ်ဆိုရင် တပ်​ပေါင်း​စုက တဆင့်​သာ လုပ်မယ် ဆိုတဲ့​ မူကို ချမှတ်ထား​ပြီး​ အစိုး​ရကိုလည်း​ ဒီအတိုင်း​ အ​ကြောင်း​ပြန်ထား​ကြပါတယ်။

အရင်တုန်း​ကလို တဖွဲ့​ချင်း​ ​သွေး​ခွဲ​ချေမှုန်း​တာမျိုး​ကို လက်မခံ​တော့​ဘူး​ ဆိုတဲ့​ သ​ဘောမျိုး​ ဖြစ်ပါတယ်။ ​နောက် အ​ရေး​ကြီး​တဲ့​ အချက်တချက်ကလည်း​ ရှိ​နေပြန်ပါ​သေး​တယ်။ အဲဒါက​တော့​ အစိုး​ရနဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် တပ်ဖွဲ့​တွေအကြား​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ လုပ်ရင် ​ဒေါ်​အောင်ဆန်း​စုကြည်က လိုအပ်ရင် ဝင်ပါ​ပေး​မယ် ဆိုတာကို လက်ခံထား​ကြခြင်း​ပါ။

တကယ်​တော့​ တိုင်း​ပြည်မှာ ပြည်တွင်း​စစ်ဖြစ်​နေ​သေး​သ​ရွေ့​ နိုင်ငံဖွံ့​ဖြိုး​တိုး​တက်​ရေး​ကို ဘယ်လိုမှ အ​ကောင်အထည်​ဖော် လုပ်ကိုင်နိုင်မှာ မဟုတ်ဘူး​ ဆိုတာ သမ္မတ ဦး​သိန်း​စိန်က​ရော သူ့​ရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​ အဖွဲ့​တွေကပါ ဝန်ခံခဲ့​ပြီး​ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ တကယ့်​တကယ် လက်​တွေ့​ အစိုး​ရ တာဝန်ယူထား​တဲ့​ စစ်ဗိုလ်ချုပ်​ဟောင်း​တွေက​ရော လက်ရှိ စစ်တပ်တာဝန်ယူထား​သူ​တွေကပါ ဒီလို တကယ်ငြိမ်း​ချမ်း​ချင်ရဲ့​လား​ဆိုတာ ပြည်တွင်း​ပြည်ပ အား​လုံး​က သံသယ ရှိ​နေကြပါတယ်။

အ​ကြောင်း​က​တော့​ စစ်အာဏာရှင်​တွေဟာ နှစ်​ပေါင်း​ ၅၀ နီး​ပါး​ မြန်မာနိုင်ငံကို ပုံစံအမျိုး​မျိုး​နဲ့​ အုပ်ချုပ်ခဲ့​ကြပြီး​ ပြည်တွင်း​စစ် သက်ဆိုး​ရှည်မှသာ တိုင်း​ပြည်ကို အုပ်ချုပ်လို့​ရမယ် ဆိုတဲ့​ အ​တွေး​အ​ခေါ်နဲ့​ ပြည်တွင်း​စစ်ကို ​မွေး​မြူထား​ခဲ့​လို့​ ဖြစ်ပါတယ်။ အခုလည်း​ အရင်စစ်အာဏာရှင်​တွေကပဲ သူတို့​ဘာသာ ပြဋ္ဌာန်း​ထား​တဲ့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေနဲ့​ သူတို့​ဘာသာသူတို့​ စိတ်ကြိုက်​ရွေး​ကောက်ပွဲ လုပ်ပြီး​ သူတို့​ပဲ ​နေရာအသီး​သီး​မှာ အာဏာ​တွေ ဆက်လက်ရယူထား​ဆဲ ဖြစ်​နေပါတယ်။ ဘယ်အ​ရေး​ပါတဲ့​ တ​နေရာကိုမှ အတိုက်အခံ အင်အား​စု​တွေ၊​ အရပ်သား​စစ်စစ်​တွေကို ​ပေး​ထား​တာ မရှိ​သေး​ပါဘူး​။ ဒီ လူ​တွေကိုလည်း​ ​နောက်က​နေ စစ်တပ်က အပြည့်​အဝ ​ထောက်ခံထား​ဆဲလည်း​ ဖြစ်ပါတယ်။

လက်ရှိ အစိုး​ရအ​နေနဲ့​ တိုင်း​ပြည်ကို တကယ် ဒီမိုက​ရေစီ လမ်း​ပေါ်​လျှောက်​နေပါပြီ ဆိုတာ ပြဖို့​ အဓိက အချက် ၂ ချက်ရှိတယ်လို့​ ပြည်တွင်း​ပြည်ပက ဆိုကြပါတယ်။ အဲဒါက​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​နဲ့​ ပြည်တွင်း​မှာ တိုင်း​ရင်း​သား​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်ဖို့​ ဆိုတာပဲ ဖြစ်ပါတယ်။ တိုင်း​ရင်း​သား​လက်နက်ကိုင် အင်အား​စု​တွေနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ ငြိမ်း​ချမ်း​ရေး​ လုပ်ရာမှာလည်း​ မခက်ပါဘူး​။ လက်ရှိ ၀ တပ်ဖွဲ့​ကို ​ပေး​တဲ့​အခွင့်​အ​ရေး​အတိုင်း​ သူတို့​တပ်ဖွဲ့​၊​ သူတို့​ အဖွဲ့​အစည်း​ ဆက်လည် တည်ရှိခွင့်​ကို အသိအမှတ်ပြု၊​ သူတို့​ နယ်​မြေ သူတို့​ စီမံခန့်​ခွဲခွင့်​ပေး​၊​ တဖြည်း​ဖြည်း​ နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​အ​ဖြေရှာ ဆိုတဲ့​ နည်း​လမ်း​ပဲ ဖြစ်ပါတယ်။ ဦး​သိန်း​စိန် အစိုး​ရအ​နေနဲ့​ ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ကို တကယ်လိုလား​ မလိုလား​၊​ ဒီကိစ္စ ဘယ်လို ကိုင်တွယ်​ဆောင်ရွက်မလဲ ဆိုတာ မကြာခင် ​တွေ့​မြင်လာကြရ​တော့​မှာ ဖြစ်​ကြောင်း​ တင်ပြလိုက်ရပါတယ်။
http://burmese.dvb.no/archives/16276

အမျိုးသမီးနှင့် နိုင်ငံတော်တည်ဆောက်ရေး




Posted by on October 10, 2011

ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နိုင်ငံတိုင်းမှာ စစ်ရေးနည်းနဲ့ပဲဖြစ်ဖြစ်၊ တော်လှန်ရေးနည်းလမ်းနဲ့ပဲဖြစ်ဖြစ်၊ ပြည်ပကူညီဝင်ရောက် ဖြေ ရှင်းပေးမှုကြောင့်ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေး အဖြေရှာမှုကြောင့်ပဲဖြစ်ဖြစ် ပဋိပက္ခတွေ ပြေလည်ပြီးတဲ့အခါ နိုင် ငံတော်ပြုပြင် တည်ဆောက်ရေးကို ပြုလုပ်ရပါတယ်။ ဒီလိုပြုလုပ်တဲ့အခါမှာ နိုင်ငံတော်တွင်းမှာမှီတင်းနေထိုင်ကြတဲ့ ပြည် သူအားလုံးရဲ့ လုံခြုံရေး၊ တရားဥပေဒေစိုးမိုးရေး၊ တန်းတူညီမျှ အခွင့်အရေး ရရှိရေး၊ လူနေမှုဘ၀ တိုးတက်သာယာရေး စတာတွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ လူဦးရေရဲ့ တ၀က် ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးများအရေးကိုလဲ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံ တော်ပြုပြင်တည်ဆောက်ရေးမှာ အမျိုးသမီးများအရေးကို ဆောင်ရွက်ကြတဲ့အခါ ကဏ္ဍသုံးမျိုးကို ဦးစားပေးတည် ဆောက်ဖို့လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုထားကြပါတယ်။
ပထမကဏ္ဍကတော့ အမျိုးသမီးများနဲ့ အမျိုးသားများအကြားက တန်းတူညီမျှမှုမရှိတဲ့ အခွင့်အရေးတွေ၊ ပညာရေးနဲ့ အ ရင်းအမြစ်တွေ၊ အာဏာခွဲဝေမှုပုံစံတွေကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံတော် တည်ဆောက်ရေးမှာ အမျိုးသမီးများ အင်တိုက် အားတိုက် ပါဝင်လာနိုင်အောင် လမ်းကြောင်းပြ ကူညီရေးဖြစ်ပါတယ်။ အမျိုးသမီးရဲ့ နိုင်ငံရေးဦးဆောင်ပါဝင်မှု အခွင့်အ လမ်းတွေ၊ ပိုင်ဆိုင်မှု အခွင့်အလမ်းတွေ၊ ကန့်သတ်ဖယ်ရှားမှု လုံးဝမရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ အိမ်တွင်းအ ကြမ်းဖက်မှု အပါအ၀င် အကြမ်းဖက်မှုမျိုးစုံကနေ ကင်းဝေးရေး အခွင့်အလမ်းတွေကို အမျိုးသမီးများအားလုံး ရရှိခံစား နိုင်ဖို့ အရေးကြီးလှပါတယ်။ ဒီလိုအခွင့်အလမ်းတွေရမှာလဲ နိုင်ငံတော်ပြုပြင် တည်ဆောက်ရေးမှာ အမျိုးသမီးများအားလုံး အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ နိုင်ငံတွေအလိုက် ပဋိပက္ခများ ဖြေရှင်းပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတော်သစ် ပြုပြင်တည်ဆောက်ရေးကို အ ကောင်အထည်ဖော်ခဲ့ကြတဲ့ တောင်အာဖရိကနိုင်ငံနဲ့ တချို့ အာဖရိကနိုင်ငံများမှာ လွှတ်တော်အမတ်တွေရဲ့ ရာခိုင်နှုန်း (၂၀) ခန့်ဟာ အမျိုးသမီးများ ဖြစ်ရမယ်ဆိုတဲ့ အမျိုးသမီးများနိုင်ငံရေး ဦးဆောင်ပါဝင်ခွင့်ကို သတ်မှတ်ခဲ့တာတွေရှိပါ တယ်။ အရှေ့တီမောနိုင်ငံမှာကျတော့ ကုလသမဂ္ဂ အကူအညီနဲ့ စွမ်းရည်မြင့်မားတဲ့အမျိုးသမီးများကို ရွေးချယ်လေ့ကျင့် ပြီး၊ ရွေးကောက်ပွဲမှာ စနစ်တကျ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြုလုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာ အရှေ့တီမောနိုင်ငံ ရဲ့ လွှတ်တော်အမတ် (၂၆) ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးများ ဖြစ်လာခဲ့ပါတယ်။ ရ၀မ်ဒါနိုင်ငံရဲ့ လွှတ်တော်အမတ် (၄၉) ရာခိုင်နှုန်းကိုလဲ အမျိုးသမီးများက ကိုယ်စားပြုနေပါတယ်။
နိုင်ငံရေးဦးဆောင်မှုမှာတင် မဟုတ်ဘဲ အမျိုးသမီးများရဲ့ ပိုင်ဆိုင်မှုအခွင့်အလမ်း၊ အမွေဆက်ခံမှု အခွင့်အလမ်းတွေကို တန်းတူညီမျှရှိစေမယ့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ကလဲ အရေးကြီးလှပါတယ်။ ဥပဒေအကြောင်းအရာများနဲ့ ပတ်သက်ပြီး၊ အမျိုးသမီးများနားလည်စေရေး၊ တဦးချင်း အခွင့်အလမ်းများကို သိရှိတောင်းဆိုတတ်စေရေးအတွက် လိုအပ်တဲ့ သင် တန်းများကိုလဲ ဖွင့်လှစ်ပို့ချပေးဖို့ လိုအပ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အမျိုးသမီးတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေကို စောင့်ရှောက်ကာကွယ် ပေးနိုင်မယ့် အလုပ်သမားဥပဒေတွေလဲ ရေးဆွဲချမှတ်ပေးဖို့ လိုအပ်လှပါတယ်။ နိုင်ငံ တော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူတဦးချင်းစီရဲ့ ၀င်ငွေတိုးတက်မှုက အရေးကြီးတာကြောင့် အမျိုးသမီးတွေ ရဲ့ ၀င်ငွေတိုးတက်မှ နိုင်ငံတော်ရဲ့စီးပွားရေးလဲ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ အရေးကြီးဆုံး အချက်တချက်ကတော့ အမျိုးသမီးများအားလုံး အကြမ်းဖက်ခံရမှုကနေ ကင်းဝေးဖို့ဖြစ်ပါ တယ်။ ပဋိပက္ခတွေပြီးဆုံးသွားတဲ့အခါမှာ နိုင်ငံတော် အကြမ်းဖက်မှုတွေ၊ မုဒိမ်းပြုကျင့်မှုကို စစ်ပွဲသုံးလက်နက်အဖြစ် အ သုံးပြုမှုတွေ ရပ်စဲသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအလေ့အထတွေနဲ့ ယဉ်ပါးခဲ့သူတွေဟာ တဦးနဲ့တဦး လေး လေးစားစား ဆက်ဆံရမယ်ဆိုတဲ့ လူ့အဖွဲ့အစည်းသစ်နဲ့ အံဝင်ဂွင်ကျ မနေနိုင်လာတဲ့အခါမှာ နီးစပ်ရာမိသားစုတွေအပေါ် မှာ အနိုင်ကျင့်နှိပ်စက်မှုတွေ ပြုလုပ်လေ့ရှိကြောင်း နိုင်ငံတကာ ဖြစ်ရပ်များမှာ တွေ့ရှိရပါတယ်။ တချို့ကျတော့လဲ အမျိုး သမီးတွေကို နှိပ်စက်အနိုင်ကျင့်မှု၊ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေဟာ တိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ရာဇ ၀တ်မှု မြောက်တယ်ဆိုတာကို နားလည်သိရှိခြင်း မရှိပါဘူး။ ဒါကြောင့် နိုင်ငံတော်သစ်မှာ အမျိုးသမီးများကို ကာကွယ် စောင့်ရှောက်နိုင်တဲ့ ဥပဒေများကို ချမှတ်ဆောင်ရွက်ရမှာဖြစ်သလို၊ တဘက်ကလဲ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနဲ့ပတ်သက်တဲ့ ပညာပေး အစီအစဉ်များကိုလဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်တည်ဆောက်ရေးမှာ အမျိုးသမီးများအရေးကို ထည့်သွင်းဆောင်ရွက်တဲ့အခါ ပါဝင်ရမယ့် ဒုတိယ ကဏ္ဍတခု ကတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူဝါဒများ ချမှတ်ရေးမှာ အမျိုးသမီးများ ပါဝင်ခွင့်ရှိရေးပဲ ဖြစ်ပါတယ်။ နိုင်ငံ သစ်တည်ဆောက်ဖို့ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ အစိုးရအသုံးစရိတ်ခွဲဝေမှု၊ ကုန်သွယ်ရေး၊ ဈေးနှုန်း၊ ပြည်သူပိုင်လုပ်ငန်းများကို စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းပေးမှု၊ ပြည်သူ့ဝန်ထမ်းလျှော့ချမှုစတာတွေ သင့်လျော် သလို ပြုလုပ်ရပါတယ်။ ဒီလိုပြုလုပ်တဲ့အခါမှာ အမျိုးသမီးများပါဝင်ဆောင်ရွက်ခွင့်ရှိမှသာ အမျိုးသမီးအခွင့်အလမ်းအ တွက် အရေးကြီးတဲ့ တန်းတူညီမျှမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမှု ရှိဖို့တွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဥပမာဆိုရင် နိုင် ငံတော်ပြုပြင် တည်ဆောက်မှုမှာ အသေးစားငွေချေးစနစ်ဟာ အရေးပါတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွားမှု တွေ၊ စစ်ပွဲတွေပြီးဆုံးသွားတဲ့အခါတိုင်း အရင်အစိုးရဟောင်းရဲ့ စီးပွားရေးမူဝါဒတွေ ကြောင့်ပဲဖြစ်ဖြစ်၊ စစ်ပွဲတွေကြောင့်ပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အရင်းအနှီး မရှိဘဲ ဖြစ်နေတတ်ပါတယ်။ အစိုးရသစ်ဟာ ပြည်သူ လူထုကို ရင်းနှီးလုပ်ကိုင်ဖို့ ငွေကြေးအရင်းအနှီးနဲ့ နည်းပညာတွေ ပံ့ပိုးပေးရမှာဖြစ်ပါတယ်။ ဒီအတွက် ငွေချေးစနစ်နဲ့ ငွေ ကြေးအရင်းအနှီးများ ထုတ်ချေးတဲ့အခါ အမျိုးသားနဲ့ အမျိုးသမီးတွေအားလုံး တန်းတူညီမျှ ချေးငွေတွေရနိုင်ဖို့ လိုအပ်လှ ပါတယ်။
တခါ နိုင်ငံသစ်တည်ဆောက်တဲ့အခါမှာ DDR လို့ အတိုကောက်ခေါ်လေ့ရှိတဲ့ demilitarization, demobilization, re-integration အစီအစဉ်ကို အသုံးပြုပြီး၊ ပဋိပက္ခဖြစ်စဉ်မှာပါခဲ့တဲ့ စစ်သားတွေ၊ လက်နက်ကိုင်တော်လှန်ရေး သမားတွေရဲ့ ပြန်လည်ထူုထောင်ရေး၊ နိုင်ငံသစ်တည်ဆောက်ရေးမှာ လူ့အဖွဲ့အစည်းနဲ့အတူ လက်တွဲပါဝင် လာနိုင်ရေးတွေအတွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်တဲ့အခါမှာ အမျိုးသားစစ်သားတွေသာမက အမျိုးသမီး မိသားစုတွေအတွက်ပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှပါတယ်။
နိုင်ငံတော်ပြုပြင်တည်ဆောက်ရေးမှာ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ နောက်ထပ် ကဏ္ဍကြီးတခုက တော့  မိသားစုတွင်းအာဏာကြီးစိုးမှု၊ ပြဿနာတွေကို ဦးနှောက်နဲ့ မဖြေရှင်းပဲ ရိုက်နှက်တိုက်ခိုက် အကြမ်းဖက်တဲ့နည်း နဲ့ ဖြေရှင်းတတ်မှု၊ ရန်လိုတဲ့စိတ်တွေနဲ့ တိုက်ခိုက်ရေး စိတ်ကြီးမားမှုတွေအပေါ်မှာ အခြေခံထားတဲ့ လူ့အဖွဲ့အစည်းတွေ ကို ပူးပေါင်း ဆောင်ရွက်မှု၊ ငြိမ်းချမ်းစွာ ပြဿနာဖြေရှင်းမှုနဲ့ တန်းတူညီမျှမှု၊အပြန်အလှန်လေးစားမှုတွေအပေါ်မှာ အခြေ တည်တဲ့ လူ့အဖွဲ့အစည်းတွေအဖြစ် ပြောင်းလဲနိုင်ရေးဖြစ်ပါတယ်။ဒီလိုပြောင်းလဲနိုင်ဖို့အတွက် လူမှုအရင်းအနှီးကို တည် ဆောက်ရပါမယ်။ ပဋိပက္ခတွေဟာ လူ့အဖွဲ့အစည်းကြားမှာ တဦးပေါ်တဦး အယုံအကြည်မဲ့မှုတွေ၊ နားလည်မှု လွဲမှားတာ တွေကို ဖြစ်ပွားစေပါတယ်။ ဒီလိုနဲ့ ပဋိပက္ခတွေ ပြီးသွားတဲ့အခါမှာလဲ ဒါတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကျန်နေခဲ့ပါ တယ်။ ဒါကြောင့် အတိုက်အခံဖြစ်ခဲ့သူတွေ၊ အတွေးအခေါ်မတူညီခဲ့သူတွေ၊ ရန်ဘက်ဟောင်းတွေ၊ လူ့အဖွဲ့အစည်းတွေ အကြားမှာ အချင်းချင်း နားလည်မှုနဲ့ ယုံကြည်မှုတွေကို ပြန်လည် တည်ဆောက်ဖို့ လိုအပ်ပါတယ်။ အညှိုးအတေးတွေ၊ လက်စားချေလိုစိတ်တွေ ကြီးထွားနေခဲ့ရင် နိုင်ငံတော်တည်ဆောက်ရေးမှာ အဟန့်အတားတွေ ထပ်ဖြစ်လာတတ်ပါ တယ်။ ဒီလိုပြုလုပ်ဆောင်ရွက်တဲ့အခါမှာ တန်းတူညီမျှမှုနဲ့ အပြန်အလှန်လေးစားမှု၊ ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်း ဆောင်ရွက်မှုတွေပေါ်မှာ အခြေခံတဲ့ မိသားစုတွေ၊ အမျိုးသမီး ပူးပေါင်းဆောင်ရွက်ရေးကွန်ယက်တွေဟာ အရေးကြီးတဲ့ ယူနစ်တွေ ဖြစ်ပါတယ်။
နိဂုံးချုပ်ဆိုရရင် ကျမတို့ မြန်မာနိုင်ငံမှာလဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားတဲ့အခါ၊ နိုင်ငံတော်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းဆောင်တာတွေကို မလွဲမသွေ ၀ိုင်းဝန်းအကောင်အထည် ဖော်ကြရမှာ မလွဲမသွေပါပဲ။ ဒီလိုအကောင်အထည် ဖော်တဲ့အခါမှာ နိုင်ငံတော်ရဲ့ လူဦးရေ တ၀က်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများအားလုံး အင်တိုက်အားတိုက် ပါ ၀င်နိုင်ခွင့်ရရေး၊ တန်းတူညီမျှမှုနဲ့ အပြန်အလှန်လေးစားမှုအပေါ်မှာ အခြေတည်တဲ့ လူ့အဖွဲ့တရပ် ပေါ်ပေါက်လာနိုင်ရေး ဟာ အလွန်ပဲ အရေးကြီးလှပါကြောင်း တင်ပြလိုက်ရပါတယ်။
ခင်မမမျိုး (၁၊ ၂၊ ၂၀၁၀)
(ချိုးလင်းပြာ အတွက် ရေးသားခဲ့သော စာမူဖြစ်ပါသည်)
http://www.naytthit.net/?p=20727

ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး အစိုးရ နှင့် NLD ပူးပေါင်းဆောင်ရွက်မှု အလားအလာ


စနေ, 08 အောက်တိုဘာ 2011

By ရော်နီညိမ်း

၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှုကာလ မတိုင်မီက၊ နိုင်ငံခြားကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဖြစ် ခဲ့သူ၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရဲ့ လက်ရှိအစိုးရနဲ့ NLD တို့၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးကို ပူးပေါင်း ဆောင်ရွက်ရေးမှု အလားအလာ အမြင်သဘောထားတွေနဲ့၊ ၁၉၈၈ မတိုင်မီ မြန်မာနိုင်ငံက ရရှိခဲ့တဲ့ နိုင်ငံခြားအကူ အညီဆိုင်ရာ၊ အတွေ့အကြုံတွေကို၊ ဦးရော်နီညိမ်းက မေးမြန်းဆွေး နွေးပြီး၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြော စကား ကဏ္ဍကို၊ တင်ဆက်လိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ စက်တင်ဘ (၃၀) ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ အလုပ်သမား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်တို့၊ သူတို့ရဲ့ (၁၂)ကြိမ်မြောက် ဒီအစိုးရလက်ထက်မှာ ဆိုရင် သုံးကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲမှာ အချက်လေးချက်ကို ဆွေးနွေးခဲ့ကြတယ်လို့၊ နှစ်ဦးလုံးက အဲဒီဆွေးနွေးပွဲအပြီး သူတို့ပြုလုပ် တဲ့ သတင်းစာရှင်း လင်းပွဲမှာ၊ ပြောခဲ့ကြပါတယ်။ အဲဒီအထဲက ဒုတိယအချက်ဖြစ်တဲ့ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးကို ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ ဆိုတာ ပါပါတယ်။ အဲဒီကိစ္စကို NLD နဲ့ အစိုးရ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင်၊ ကျနော် မှတ်မိတာက၊ ဦးဝင်းထိန်သည် ၁၉၈၈ လူထုအုံကြွမှုကြီး မဖြစ်ပေါ်ခင်က၊ နိုင်ငံခြားကုမ္ပဏီတွေရဲ့ ဌာနေကိုယ်စားလှယ် လုပ်ငန်းကို ဆောင်ရွက်ချိန်မှာ၊ နယ်သာလန်ကုမ္ပဏီအတွက် လုပ်ခဲ့ဖူးတယ်လို့၊ ကျနော်တို့ သိရှိထားပါတယ်။ အဲဒီ တော့၊ အဲဒီတုန်းက ဦးဝင်းထိန်လုပ်ခဲ့တဲ့ အတွေ့အကြုံ background story လေး ကျနော်တို့ သိချင်ပါတယ် ခင်ဗျ။

ဦးဝင်းထိန်။ ။ နယ်သာလန်နိုင်ငံကတော့၊ ကမ္ဘာက သိပြီးသားပါ။ ဘာနဲ့ပတ်သက်လို့ သိပြီးသားလဲ ဆိုရင်၊ သူ တို့နိုင်ငံဟာ ပင်လယ်ရေမျက်နှာပြင်အောက် နှစ်ပေသုံးပေ၊ တချို့နေရာတွေဆိုရင် ရှစ်ပေဆယ်ပေ အောက်အထိ နိမ့်တဲ့နေရာတွေ ရှိနေတဲ့အခါကျတော့၊ ပင်လယ်ရေကြောင်းနဲ့ ပတ်သက်ပြီး၊ သူတို့ပြည်တွင်းမှာ ဘေးကင်းရန် ကင်းနဲ့ နေနိုင်အောင်၊ သူတို့ တောက်လျှောက်လုပ်ခဲ့ကြတာ ဆိုတော့၊ သူတို့က ပင်လယ်ရေ ကြောင်းနဲ့ ပတ်သက် လို့ ဆည်မြောင်းတွေနဲ့ ပတ်သက်လို့၊ အရမ်းကျွမ်းကျင်တယ်။ သူတို့ကနေပြီးတော့မှ ကျနော်နဲ့လုပ်နေတဲ့ နယ်သာ လန်ကုမ္ပဏီတွေက တဆင့် ဆက်သွယ်ပြီး ရောက်လာတဲ့အခါမှာ၊ မြန်မာပြည်က လည်း ဆည်မြောင်းဦးစီးဌာန နဲ့ လုပ်ကြကိုင်ကြဖို့ပေါ့။ သူတို့လာတဲ့ အဓိကအကြောင်းရင်းကတော့၊ ကျောက် ဆည်ဘက်မှာရှိကြတဲ့ ကူမဲ၊ မြစ်သား၊ တံတားဦးစတဲ့နေရာတွေရယ်၊ နောက် ရွှေဘိုဘက်က ရေဦး၊ ခင်ဦး စတဲ့နေရာတွေဘက်က၊ gravity flow canal (ကမ္ဘာ့မြေဆွဲအားအတိုင်း စီးဆင်းနေသော တူးမြောင်းများ) တွေ ပေါ့၊ ရိုးရိုးပဲ ဘာမှ စက်ကိရိယာတွေ မသုံးပဲ၊ မြေ အနိမ့်အမြင့်ကို မူတည်ပြီးတော့မှ၊ ဆောက်ထားတဲ့ သဘာဝ တူးမြောင်းတွေ၊ ရှေးဘုရင်တွေ လက်ထက်ကတည်း က ဆောက်ခဲ့တာတွေ၊ ရေဦး၊ ခင်ဦး ဘက်က ဆိုရင် တော့၊ အင်္ဂလိပ်လက်ထက်က ဆောက်ခဲ့တဲ့ တူးမြောင်းတွေ ကို လေ့လာတာရယ်၊ လေ့လာပြီးတော့မှ ဒီတူး မြောင်းတွေ အခြေအနေ ပြန်ပြီးတော့မှ တိုးတက်အောင် လုပ်ဖို့ဆို ပြီးတော့၊ ရောက်လာကြတာပါ။ သူတို့ ကုမ္ပဏီနဲ့ ဆည်မြောင်းဦးစီးဌာနဲ့၊ ၁၉၈၅ - ၈၆ လောက်မှာ၊ နှစ်နှစ်လောက် သူတို့ လုပ်လိုက်ကြပါတယ်။ နောက်တခုက တဆက်ထဲပြောမယ်ဆိုရင်၊ ဧရာဝတီနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ အကြောင်း အရာကို ကြားလိုက်ရတော့၊ ကျနော်ကတော့ scope of the project ကို၊ ဧရာဝတီမြစ်ကြီး တခုလုံးကို၊ ဟိုး ထိပ်ကနေ အောက်ဘက်အထိ မြစ်ဝကျွန်းပေါ်အထိ၊ ဘယ်လိုနေရာမျိုးမှာ ဘာတွေ လုပ်သင့်တယ် ဆိုတာကို၊ priority အရင်ရွေးရမယ်။ ဒါပေမဲ့ တခုတော့ ရှိတာပေါ့။ ငွေရေးကြေးရေးကတော့ အင်မတန် အကုန်အကျများ မယ်။ အင်မတန်ကို ကုန်ကျလိမ့်မယ်။ အဲဒီတချက်က ထည့်စဉ်းစားစရာ ရှိတယ်။ ခုနက ပြောတဲ့၊ နယ်သာလန် ကုမ္ပဏီနဲ့ လုပ်တဲ့ gravity flow canal တွေနဲ့၊ နှိုင်းစာလိုက်ရင်၊ ကုန်ကျမယ့်ငွေက ဧရာဝတီမြစ် ရေကြောင်း ထိန်းသိမ်းရေးကိစ္စက အဆပေါင်း ထောင်သောင်းချီပြီး ကြီးမားတာပေါ့။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကျနော်တို့ သိရှိထားတာက ပို့ဆောင်ရေးဝန်ကြီးဌာနအောက်မှာ၊ ရေကြောင်း တိုင်း တာရေး (hydrographic surveying) အတွက် ဌာနတခုရှိပါတယ်။ ညွှန်ကြားရေးမှူးချုပ်တယောက် ဦးစီးတဲ့၊ ရေလမ်းထိန်းသိမ်းရေးဦးစီးဌာန (Department of Waterways) ဆိုပြီး ရှိခဲ့ပါတယ်။ နောက်တခါ တပ်မတော် (ရေ) မှာလည်း၊ hydrographic surveying အတွက်၊ တပ်ရင်းကြီးတစ်ရင်းလိုမျိုး “ရေတပ် ပင်မ တိုင်းတာရေးတပ် (Central Naval Hydrographic Surveying Depot)” (ရပတ) ဆိုပြီး ရှိခဲ့ပါတယ်။ အဲဒီ တပ်ရယ်၊ ပို့ဆောင်ရေး ၀န်ကြီးဌာနအောက်က ရေကြောင်းတိုင်းတာရေးအတွက်လုပ်ရတဲ့ဌာန (ရေလမ်းထိန်း သိမ်းရေးဦးစီးဌာန) ရယ်၊ သူတို့လုပ်နေတဲ့ အလုပ်တွေ၊ မြစ်ကြောင်းတိုင်းတာရာမှာ၊ ဘယ်နားမှာ သောင်တွေ က ထွန်းလာတယ်၊ ဆိုတာမျိုး တွေ အပြင်၊ ဧရာဝတီရဲ့ အထက်ဘက် မြစ်ညာဘက်မှာ ဆိုရင်၊ ကျွန်းလုံးဖေါင် သစ်လုံးဖေါင်တွေက ပြုတ်ထွက်ပြီး မျောလာတဲ့ ကျွန်းလုံးတွေ သစ်လုံးတွေကနေ၊ သောင်တွေထဲဝင် ထိုးစိုက် သွားပြီးတော့မှ ဖြစ်ပေါ်လာတဲ့ ငုတ်လို မျိုး (ဒေသအခေါ် တံစို့) တွေကို၊ ရှင်းလင်းရတဲ့အလုပ်တွေလည်း၊ လုပ်ကြရပါတယ်။ အဲဒီတော့ ဧရာဝတီမြစ် ရေ ကြောင်းထိန်းသိမ်းရေးကိစ္စမှာ၊ ဦးဝင်းထိန်အနေနဲ့ vision (သုံးသပ်မှုအမြင်) ဘယ်လို ရှိပါသလဲ။ ခုနပြောတဲ့ အဆ မတန် များစွာကုန်ကျမယ်ဆိုတဲ့၊ ငွေရေးကြေးရေးက တစ်ပိုင်းပေါ။့ ဦးဝင်းထိန်ရဲ့ အတွေ့အကြုံအရ၊ တစ်ကွက်လောက် ဖြစ်ဖြစ်၊ ပြောပြပါလားခင်ဗျ။

(ရေလမ်းထိန်းသိမ်းရေးဦးစီးဌာန (Department of Waterways) = ၁၉၇၂ ခုနှစ်တွင် ဆိပ်ကမ်းကော်ပိုရေး ရှင်း (နောင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်) လက်အောက်ခံ “ရေကြောင်းတိုင်းတာရေးဌာနစိပ်” - Hydrographic Surveying Section နှင့် ရေကြောင်းအုပ်ချုပ်မှုဦးစီးဌာန (Marine Administration Department) လက် အောက်ခံ “သောင်တူးဖေါ်ရေးနှင့် မြစ်ကြောင်းတိုင်းတာရေး ဌာနစိပ်” (Dredging and River Conservancy Section)၊ တို့အား ပေါင်းလိုက်ပြီး၊ ရေလမ်းထိန်းသိမ်းရေးဦးစီးဌာန (Department of Waterways) ဖြစ်ပေါ် လာခဲ့သည်။ ၁၉၉၉တွင် ရေလမ်းထိန်းသိမ်းရေးဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းကာ၊ ယခုနောက်ဆုံး “ရေအရင်းအ မြစ်နှင့် မြစ်ကြောင်း စနစ်များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန - Directorate of Water Resources and Improvement of Rivers System) ဟူ၍၊ ဖြစ်ပေါ်လာခဲ့သည်။ ရည်ညွှန်း - http://www.mot.gov.mm/dwir/history.html)

ဦးဝင်းထိန် ။ ။ ဧရာဝတီမြစ်ကြီးက မြန်မာပြည်ရဲ့ အသက်သွေးကြောလေ။ တနိုင်ငံလုံးရဲ့ အရးပါတဲ့ မြစ် ကြီး တစ်စင်းပေါ့။ နောက်တခုက၊ ဟိုတနေ့က သမ္မတ ဦးသိန်းစိန် ကြေညာထားသလိုပေါ့။ ဧရာဝတီမြစ်ညာ မှာ၊ ဆည် တွေ ဆောက်မယ့်ကိစ္စက သူတို့လည်း တိုင်းသူပြည်သားတွေရဲ့ သဘောထားဆန္ဒတွေကို မလွန် ဆန်နိုင်လို့၊ အခု ဒီလို ရပ်ဆိုင်းလိုက်ပြီလို့၊ ဖြစ်တာကိုး။ ကျနော်က နဂိုကတည်းက၊ အဲဒီ နေရာတွေကို၊ သေ သေချာချာရောက်ဖူးတဲ့ အခါကျတော့၊ အင်မတန် စိုးရိမ်ခဲ့တယ်။ ဘယ်လိုစိုးရိမ်လဲ ဆိုရင်၊ ဥပမာ - သူတို့ ဆောက်မယ် လုပ်ခဲ့တဲ့ ဧရာဝတီ မြစ်ဆုံ ရေကာတာဆည်ကြီးဟာ၊ စင်္ကာပူနိုင်ငံလောက်ကို ကျယ်ပြန့်မယ်ဆ်ု တော့၊ အဲဒီလောက် ကျယ်ပြန့်မယ့် ဆည်ကြီးရဲ့ထုထည်ဟာ၊ အင်မတန်ကို အလေးချိန် များတယ်။ ဒီလောက် ရေတွေ အလေးချိန်များတဲ့၊ ဆည်ကြီး ဟာ၊ တစုံတခုသော အကြောင်းကြောင့်၊ ဗြုန်းကနဲ ပွင့်သွားမယ်ဆိုရင်၊ ဒီလောက်ကြီးမားတဲ့ ရေထုကြီး ပြိုဆင်းလာ မှာက၊ အောက်ခြေမှာရှိတဲ့ မြို့တွေရွာတွေကို၊ Weapon of Mass Destruction (လူတွေကို အစုလိုက်အပြုံလိုက် သေစေနိုင်သော လူသတ်လက်နက်) နဲ့ ဖျက်ဆီးပစ် သလို၊ ဖြစ်လိမ့်မယ်လို့၊ နိုင်ငံရေး မိတ်ဆွေတယောက်နဲ့ ဆွေး နွေးဖူးတယ်။ သူကလည်း၊ ကျနော်ပြောတာကို သဘောတူတယ်။ အဲဒီတော့ ဒီရေကာတာကို အဲဒီနေရာမှာ၊ မလုပ် တော့ဘူး ဆိုရင်တော့၊ ဧရာဝတီမြစ် ရေ ကြောင်းထိန်းသိမ်းရေးကိစ္စကို ဦးစားပေး လုပ်ကြရမယ့်၊ သဘောရှိတာ ပေါ့။ ဒါကိုလုပ်မယ်ဆိုရင်၊ ခုနက ခင်ဗျားပြောတဲ့ တပ်မတော်(ရေ)က ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ ပို့ဆောင်ရေး ၀န်ကြီးဌာနအောက်မှာရှိတဲ့၊ ရေကြောင်းထိန်းသိမ်းရေး ပညာရှင်တွေ၊ သူတို့တွေက နိုင်ငံခြားမှာ လေ့လာဆည်းပူး လာခဲ့တဲ့သူတွေ၊ ရှိကြ ပါတယ်။ အဲဒီ ပညာရှင်တွေနဲ့ ပေါင်းပြီးတော့မှ လုပ်ကြရမှာပဲ။ ကျနော်ကတော့၊ ဒီလုပ်ငန်းတွေနဲ့ ကင်းကွာခဲ့ တာ၊ နှစ် (၂၀) ကျော်သွားပြီ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ ဒီကိစ္စကို အစိုးရက NLD နဲ့ ပူးပေါင်းဆောင်၇ွက်ချင်တယ်၊ ဆိုတော့၊ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို၊ ကျနော် မေးကြည့်ခဲ့တော့၊ ဒါက အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကို ယူချင်တာ ဖြစ်ကောင်းဖြစ်မယ်လို့၊ ဦးတင်ဦးက ပြောခဲ့ပါတယ်။ ခုနက ဦးဝင်းထိန်ပြောခဲ့တဲ့ ကမ္ဘာ့ဘဏ် (World Bank) တို့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) တို့က၊ ငွေကြေးအမြောက်အမြား ထည့်ဝင်စိုက် ထည့်ပေးရမယ့်၊ hydro- graphic surveying project ကြီး ဖြစ်နေတဲ့ အခါကျတော့၊ NLD နဲ့ ပူးပေါင်းဆောင် ၇ွက်ချင်တယ် ဆိုတာ၊ ဒီလို ငေါရေးကြေးရေးကိစ္စအတွက်လား၊ ဒါမှမဟုတ် ဘာကို ဆိုလိုသလဲဆိုတာ၊ ဦးဝင်းထိန် တို့ကတော့၊ man on the spot ဖြစ်နေတော့၊ ခန့်မှန်းကြည့်လို့ ရမယ် ထင်ပါတယ်။အဲဒီတော့ NLD နဲ့ ပူးပေါင်းဆောင်၇ွက်ချင်တယ် ဆိုတာ၊ ဦးတင်ဦး ခန်ပမှန်းကြည့်သလို၊ ဒေါ်အောင်ဆန်းစုကြည်မျက် နှာနဲ့၊ နိုင်ငံခြားက ငွေရေးကြေးရေး၊ ရဖို့ သက်သက် ပဲလား၊ တခြားဘာများ ရှိဦးမလဲလို့၊ ဦးဝင်းထိန် ထင်မြင် ပါသလဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ ဒါနဲ့ပတ်သက်လို့၊ ကျနော် အချက်တချို့ ပြောချင်ပါတယ်။ အခု ဧရာဝတီမြစ်ကြောင်း ထိန်း သိမ်းရေးအတွက်၊ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ် ဆိုတဲ့ကိစ္စဟာ၊ အင်မ တန်ကြိုဆိုထိုက်တဲ့ကိစ္စဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက အားကိုး ယုံကြည်ကြတယ် ဆိုတာကို၊ အစိုးရက အသိအမှတ်ပြုပြီးတော့မှ၊ ဒေါ်အောင်ဆန်းစုကြည်ကို လက်တွဲ ခေါ်ယူ တဲ့ သဘောဖြစ်တယ်။ ဒါက တစ်ချက်ပေါ့။ နောက်တခုက၊ ဒီကိစ္စကို လုပ်ဖြစ်တယ်ဆိုရင်၊ အဆင့်ဆင့်သော နေရာတွေမှာ၊ မျိုးစုံသောလုပ်ငန်းတွေ အများကြီးလုပ်ကြရမှာ ဆိုတော့၊ ငွေရေးကြေးရေးက၊ အများကြီး ကုန် မယ်။ ဒီကိစ္စတခုထဲကို၊ မပြောပဲနဲ့၊ ကျနော့်ရဲ့ ၁၉၈၀ လောက်ကနေ၊ ၁၉၈၈-၈၉ အထိ အတွေ့အကြုံကို ပြော ရမယ်ဆိုရင်တော့၊ အဲဒီတုန်းက မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) အစိုးရကို ကမ္ဘာက အသိအမှတ်ပြု ထားတဲ့ အတွက်ကြောင့်၊ ကမ္ဘာ့ ဘဏ်အပြင် အင်္ဂလန်၊ ဂျပန်၊ ဟော် လန်၊ ဒိန်းမတ်နိုင်ငံတွေက bilateral loan (နှစ်နိုင်ငံ အကျိုးတူ ချေးငွေ) တွေ၊ ပြီးတော့ grant (ပြန်ဆပ်စရာ မလို သည့် ထောက်ပံ့ကူညီငွေ) တွေ၊ တနှစ် တနှစ်ကို၊ ရခဲ့တာ နည်းတာ မဟုတ်ဘူး။ ဒါပေမယ့် အခု တပ်မတော်အစိုး ရ တက်တဲ့ ၁၉၈၈ကနေ အခုထိ၊ ဘာမှ မရတော့ဘူး။ တစ်ပြားမှ မရတော့ဘူး။ အဲဒီလို မရတော့လို့၊ တိုင်းပြည်ဟာ ဘယ်လောက် နစ် နာနေလဲ၊ အဲဒါကို စဉ်းစားတိုင်းစဉ်းစားတိုင်း၊ တနုံ့နုံ့ ဖြစ်မိတယ်။ အဲဒီလို နစ်နာတဲ့အတွက်ကြောင့် ဧရာဝတီ မြစ်ကြောင်းထိန်းသိမ်းရေးလို ကိစ္စမျိုးတင်မက တခြား စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ တွေမှာ၊ ဘယ် လောက်အထိ ဆုံးရှုံးသွားလဲ၊ ဘယ်လောက်အထိ နစ်နာသွားလဲ ဆိုတာကို၊ စဉ်းစားကြည့်ရင်၊ ယူ ကုံးမရ ဖြစ် စရာရှိတယ်။ ဒါပေမယ့် အခုကျတော့၊ နိုင်ငံတကာကလည်း သူတို့ (အစိုးရ) အပေါ်မှာ အမြင်တွေက၊ တဖြည်း ဖြည်း ပြောင်းလဲလာတဲ့ အခါကျတော့၊ World Bank တို့ IMF တို့ကနေ၊ အကူအညီတွေ ရလာစရာရှိ တယ် ပေါ့။ သို့သော်လည်း ဖြတ်သန်းရမယ့် အခက်အခဲတွေက၊ အများကြီး ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကို ပြန်လွှတ်ရမယ့် ကိစ္စတွေ၊ ကျနော်တို့ NLD ကို တရားဝင် အသိအမှတ်ပြုမယ့်ကိစ္စတွေ၊ ပြေလည်သွားမှ သာ လျှင်၊ နိုင်ငံတကာကလည်း သူတို့အပေါ် ပြေလည်လာပြီးတော့မှ၊ နိုင်ငံတကာအကူအညီတွေ ပံ့ပိုးမှုတွေ အကုန် လုံး ရလာမယ့် သဘောရှိတာကိုး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ ဦးဝင်းထိန်ပြောတာနဲ့၊ ကျနော်တို့လည်း ပြန်ပြီး မှတ်မိလာတာတွေ ရှိပါတယ်။ နိုင်ငံ တနိုင်ငံကို ကူညီထောက်ပံ့ဖို့ ဆိုရင်၊ အဲဒီနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု (political stability) ရှိရဲ့လားဆို တာကို၊ အရင်ကြည့်ပါတယ်။ ဥပမာ - World Bank တို့၊ IMF တို့ အပြင်၊ ဦးဝင်းထိန်တို့ နိုင်ငံခြားကုမ္ပဏီတွေ ရဲ့ ဌာနေကိုယ်စားလှယ်လုပ်ငန်း လုပ်ခဲ့ကြတဲ့ အချိန်တုန်းက၊ ဂျပန်နိုင်ငံကနေ အင်မတန်သက်သာတဲ့ OECF (Overseas Economic Cooperative Fund) loan၊ ဆိုတာက၊ တနှစ်မှာ တနိုင်ငံကိုပဲ ချပေးတဲ့ ချေးငွေဖြစ် တယ်။ ဒီနိုင်ငံကို ဒီနှစ် ဂျပန်ရဲ့ ဘယ်နှစ်နှစ်မြောက် OECF loan ကို ပေးတယ်ဆိုရင်၊ တခြားနိုင်ငံကို အဲဒီ နှစ်မှာ ဒီ loan မပေးဘူး။ နည်းနည်းနောနော မဟုတ်ဘူး၊ ကျနော် မှတ်မိသလောက်၊ မြန်မာပြည်ဟာ ဂျပန်ရဲ့ နှစ်အလိုက် OECF loan ကို နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ်လောက် ရခဲ့ဖူးပါတယ်။ ဂျပန်အစိုးရဆီက (ပြန် ဆပ်စရာမလိုတဲ့) ထောက်ပံ့ကူညီမှု အဖြစ် JICA (Japan International Cooperation Agency) grant တွေ (ဥပမာ - ရန်ကုန်မြို့ ဗိုလ်ချုပ်အောင် ဆန်းလမ်းပေါ်မှ အများအခေါ် ဂျပန်ဆေးရုံ / ဂျိုက်ကာ ဆေးရုံ) ရခဲ့ တာကိုလည်း၊ မှတ်မိနေပါတယ်။ အဲဒါမျိုးတွေ နိုင်ငံရေးအကြောင်းတွေနဲ့ ဆက်နွယ်ပြီးတော့၊ အခု ပြန်လာဖို့ ရှိနေတယ်လို့၊ ဦးဝင်းထိန် ယူဆပါသလား ခင်ဗျာ။

ဦးဝင်းထိန် ။ ။ ကျနော့်အထင် ပြောရရင်တော့၊ နိုင်ငံရေးအကျဉ်းသား (သို့မဟုတ်) မိမိရဲ့ ယုံကြည်ချက် ကြောင့် အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေ၊ လွတ်မြောက်မယ်ဆိုရင်၊ နောက်တခုက ကျနော်တို့ NLD ကိုလည်း၊ တရားဝင်အသိ အမှတ်ပြုပြီးမှ legalize လုပ်ပေးမယ်ဆိုရင်တော့၊ ပြေလည်စရာအများကြီး ရှိတယ်။ သူတို့ (နိုင်ငံတကာ) ဘက်က ဆိုရင်လည်း၊ ပင်လယ်ကူးသင်္ဘောကြီးလိုပေါ ဗျာ၊ ချက်ချင်းကြီးတော့ direction ကို လှည့်ပစ်လို့ မရသလိုပဲ၊ တဖြည်းဖြည်းနဲ့ လှည့်ယူရမှာဆိုတော့၊ ကျနော်ထင်တာက ခုနပြောတဲ့ အခက်အခဲ တွေ ကျော်လွန်သွားသည့် တိုင်အောင်မှ၊ တစ်နှစ်၊ နှစ်နှစ်လောက်စောင့်ကြည့်ပြီးတော့မှ၊ သူတို့ဘက်က အရေးယူဆောင်၇ွက်ပေးလို့ ရလိမ့်မယ်လို့၊ ကျနော် ထင်တယ်ဗျ။ Wordl Bank တို့ IMF တို့ရဲ့ အကူအညီ တွေက၊ တစ်ကဏ္ဍလေ။ နှစ်နိုင်ငံ အကျိုးတူ ဆောင်ရွက်တဲ့ loan တွေ၊ ဥပမာ - ဒိန်းမတ်ကနေ DANIDA (Danish International Development Agency) loan ရှိတယ်၊ အင်္ဂလန်ဆိုင်လည်း မြန်မာနိုင်ငံနဲ့ ဆက်နွယ် နေတာကြောင့်၊ နှစ်စဉ် မြန်မာနိုင်ငံကို ပေးအပ်ဖို့ သတ် မှတ်ထားတဲ့ grant တွေ ရှိတယ်၊ ချေးငွေ သုံးမျိုးဖြစ် တဲ့ soft loan (အတိုးနည်းချေးငွေ)၊ commodity loan (ငွေပမာဏသတ်မှတ်ချက်တန်းဖိုးနှင့်အညီကုန်ပစ္စည်း ကိုသာ ချေးခှားခြင်း)၊ commercial loan (ကူးသန်းရောင်း ၀ယ်ရေးဆိုင်ရာချေးငွေ) တွေ၊ ရှိတယ်။ ဂျပန်၊ ဂျာ မဏီ၊ ပြင်သစ်နိုင်ငံတွေက၊ သူ့ကဏ္ဍနဲ့သူ မြန်မာနိုင်ငံအတွက် grant တွေ၊ loan တွေ ရှိခဲ့တာ၊ ကျနော် မှတ်မိ နေပါတယ်။ တော်တော့်ကို ဝေေ၀ဆာဆာ ဖြစ်ခဲ့တာပေါ့။ ၈၈ လူထု အုံကြွမှုကြီး ဖြစ်လာတော့မှာ၊ အကုန်လုံး က ရပ်တန့်သွားတာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ OPEC (Organization of Petroleum Countries) (ရေနံတင်ပို့ရောင်းချ သောနိုင်ငံများအဖွဲ့) ကတောင်၊ ချေးငွေရခဲ့တာ မှတ်မိပါတယ်။ နောက် ဂျာမဏီက ဂျာမန်အစိုးရဘဏ် KfW (Kreditanstalt für Wiederaufbau၊ အင်္ဂလိပ်ဘာသာဖြင့် Reconstructing Credit Institute) Bank ရဲ့ loan၊ ဂျာမန်အစိုးရရဲ့ ထောက်ပံ့ကူညီမှု GTZ (Deutsche Gesellschaft für Technische Zusammenarbeit GmbH၊ အင်္ဂလိပ်ဘာသာ ဖြင့် German technical Cooperation) (ယခု GIZ) grant တွေ၊ ရရှိခဲ့တာ ကျနော် မှတ်မိနေပါတယ်။

(GIZ Deutsche Gesellschaft für Internationale Zusammenarbeit GmbH = ၂၀၁၁ ဇန်န၀ါရီလ (၁) ရက်မှ စတင်၍၊ GTZ GmbH (German technical cooperation) သည်၊ နောက်ထပ် ဂျာမန်အစိုးရအေဂျင်စီ နှစ်ခု၊ DED (Deutscher Entwicklungsdienst GmbH (German development service)၊ Inwent – Capacity Building International, Germany တို့နှင့်၊ ပူးပေါင်းလိုက်ပြီး၊ GIZ GmbH ဖြစ်လာခဲ့သည်။)

ဦးဝင်းထိန် ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့၊ အားလုံးကို ခြုံပြီး၊ ဦးဝင်းထိန် ဘယ်လို conclusion (ကေက်ချက်) ဆွဲချင်ပါ သလဲ။ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးကို NLD နဲ့ ပူးပေါင်းပြီး၊ အစိုးရက ဆောင်ရွက်ချင်တဲ့ ကိစ္စဟာ၊ ဘယ်လောက် အလားအလာ ရှိပါသလဲ။ အစိုးရဘက်ကတော့ ကမ်းလှမ်းလိုက်တဲ့သဘောလို့ ပြောလို့ ရနေပြီ။ NLD ဘက်က ရော ဘယ်လောက်များ ပြင်ဆင်ပြီးတော့၊ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့၊ အနေအထား ရှိပါမလဲ။

ဦးဝင်းထိန်။ ။ ဒါက သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေဆုံပွဲကနေ ဖြစ်ပေါ်လာတဲ့၊ ရလဒ် တွေကိုး။ ဧရာဝတီနဲ့ ပတ်သက်ပြီး၊ လုပ်ကြမယ်ဆိုတာက၊ ကျနော်တို့အတွက်ကတော့ ဒါဟာ ခေါင်းစဉ် အသစ်ပေါ့။ အဲဒီတော့ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ၊ ဒီ လုပ်ငန်းနဲ့ နီးနီးစပ်စပ်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ တဖြည်းဖြည်းနဲ့ တီးခေါက်ကြည့်မယ်၊ နောက်တခုကလည်း ဒေါ်အောင် ဆန်းစုကြည်ကလည်း သူ့ခေါင်းထဲမှာ အစီအစဉ်တွေ ရှိပါလိမ့်မယ်။ သူလုပ်တဲ့ အစီအစဉ်တွေကို မူတည်ပြီး တော့မှ၊ ကျနော်တို့ကလည်း အောင်မြင်အောင်၊ ကြိုးစားပြီး လိုက်လုပ်ကြရမှာပေါ့။ သူ့အဆင့်နဲ့ သူ၊ သွားကြရ မှာပေါ့ ဗျာ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်၊ ဦးဝင်းထိန် ခင်ဗျား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မီတီဝင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံခြားရေးရာလက်ထောက်လည်းဖြစ်တဲ့၊ နှစ်ရှည်နိုင်ငံရေးအကျဉ်း သားဟောင်း ဗိုလ်ကြီးဟောင်းဦးဝင်းထိန်ကို ဆက်သွယ်ဆွေးနွေး တင်ပြခဲ့တာပါ ခင်ဗျာ။ ဦးဝင်းထိန်ဟာ ၁၉၈၉ ကနေ ၁၉၉၅ အထိ (၆) နှစ် တကြိမ်၊ ၁၉၉၆ ကနေ ၂၀၁၀ အထိ (၁၄) နှစ် တကြိမ်၊ စုစုပေါင်း ထောင် ဒဏ် နှစ်(၂၀) လောက်ကျခံခဲ့ရတဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပါတယ်။ ဦးဝင်းထိန်ဟာ ၁၉၆၃ မှာ၊ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅)ကနေ၊ ကျောင်းဆင်းခဲ့ပြီးတော့၊ အကောင်းဆုံးဗိုလ်လောင်း အောင်စစ်သည်ဆုနဲ့ စာပေထူးချွန်မှု ရွှေတံဆိပ်ဆုတွေကို၊ ရရှိခဲ့ပါတယ်။ ၁၉၇၆ မှာ၊ တပ်မတော်(ကြည်း)၊ အမှတ် (၇၇) ခြေမြန်တပ်မ လက်အေက်ခံ ခမရ (၁၀၆) မှာ၊ တပ်ခွဲမှူးတာဝန်ထမ်းဆောင်နေစဉ်၊ ဗိုလ်ကြီးအုန်း ကျော်မြင့်ရဲ့ နိုင်ငံတော်လုပ်ကြံမှု ကြံစည်တဲ့ သတင်းကို၊ ထိမ်ချန်ထားခြင်း မသင်္ကာဖြစ်ခံရတာကြောင့်၊ တပ်မတော်ကနေ၊ အငြိမ်းစားပေးခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ဦးဝင်းထိန်ဟာ ၁၉၈၈ ရှစ်လေးလုံး အရေးတော် ပုံ ကာလအထိ၊ နိုင်ငံခြားကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်လုပ်ငန်းတွေကို၊ အောင်မြင်စွာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြောစကား အစီအစဉ်ကို၊ ဒီမှာတင်ပဲ ရပ်နား ခွင့်ပြုပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။
http://www.voanews.com/burmese/news/soldier-talk/10_08_11_soldiers_talk081-131424078.html

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းပေးဖို့ ဒေါ်စုပန်ကြား

တနင်္လာ, 10 အောက်တိုဘာ 2011

By ခင်မျိုးသက်

နှစ်ပေါင်းများစွာ တရားဥပဒေစိုးမိုးရေး ကင်းမဲ့တဲ့ဒဏ်ကို ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေ တရားဥပဒေစိုးမိုးမှုရဲ့ အသီးအပွင့်ဖြစ်တဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကိုရဖို့အတွက် နိုင်ငံတကာက ၀ိုင်းပြီးကူညီကြဖို့ ချက်ပြည်သူ့သမ္မတနိုင်ငံမှာ မနေ့က စကျင်းပတဲ့ (၁၅) ကြိမ်မြောက် Forum 2000 အစည်းအဝေး တက်ရောက်လာသူတွေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို မိန့်ခွန်းက တဆင့် ပန်ကြားလိုက်ပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရ ကိုယ်စားလှယ်တွေ၊ လူမှုအခြေပြု အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေနဲ့ လေ့လာသူတွေ ထောင်နဲ့ချီ တက်ရောက်လာတဲ့ Forum 2000 ရဲ့ (၁၅) ကြိမ်မြောက် အစည်းအဝေးကို ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့မှာ တနင်္ဂနွေနေ့က စတင်ကျင်းပခဲ့တာပါ။ ၁၉၉၇ ခုနှစ်မှာ ဒီအဖွဲ့ဖြစ်မြောက်ဖို့အတွက် စတင်လှုပ်ရှားခဲ့တဲ့ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ် (Vaclav Havel) က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

“ဒီနှစ်အတွက် Forum 2000 ရဲ့ ဆွေးနွေးမှုမှာ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးတို့ရဲ့ ဆက်နွယ်မှုတွေကို အဓိက ဦးတည်ပြီး ဆွေးနွေးလေ့လာမှာဖြစ်တယ်။” - လို့ မစ္စတာ ဟာဗဲလ်က ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ သုံးရက်ကြာ ဆွေးနွေးပွဲအတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုရုပ်သံကတဆင့် အမှာစကား ပေးပို့ခဲ့ပါတယ်။

“ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးလို့ Forum 2000 အဖွဲ့က ဒီနှစ်အတွက် ခေါင်းစဉ် ရွေးထားတာဟာ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် ပထမ ခြေလှမ်းအဖြစ် တရားဥပဒေ စိုးမိုးရေးဟာ သိပ်ကိုအရေးကြီးတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ကျမ ကိုယ်တိုင်က ထပ်တလဲလဲ ပြောနေကျစကားမို့ပါ။ တရားဥပဒေ စိုးမိုးမှုမရှိရင် ဘယ်လိုပဲ အပြောင်းအလဲတွေ လုပ်လုပ် တာရှည်မခံပါဘူး။ တရားဥပဒေ စိုးမိုးမှုမရှိရင် လုံခြုံစိတ်ချရမှုကိုလည်း ပြည်သူတွေ ခံစားကြရမှာ မဟုတ်တဲ့အတွက် ဒီမိုကရေစီ အပြောင်းအလဲတွေ လုပ်နေတယ်လို့လည်း ပြောလို့မရနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ခိုင်မြဲတဲ့ ဒီမိုကရေစီ ဖော်ဆောင်ဖို့လုပ်နေတယ်ဆိုတာကို ပြဖို့လိုတာမို့ တရားဥပဒေစိုးမိုးရေး ဆိုတာ လိုအပ်ပါတယ်။”

တရားဥပဒေ စိုးမိုးမှုရှိမှ လုံခြုံမှုကို လူတိုင်း ခံစားနိုင်မှာဖြစ်သလို အာဏာပိုင်တွေရဲ့ တန်းတူညီမျှ ဆက်ဆံမှုတွေ ရှိလာမှာမိုလို့ ဒါတွေကို မြန်မာနိုင်ငံသားတိုင်း နားလည် ခံစားခွင့်ရဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံသားတွေဟာ နှစ်ပေါင်းများစွာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့တဲ့ဒဏ်ကို ခံစားခဲ့ကြရပါတယ်။ အများစုဟာ မှန်ကန်တဲ့ရပ်တည်ချက်က ဘာလဲဆိုတာကို မသိကြပါဘူး။ ဘယ်စည်းမျဉ်း ဘယ်ဥပဒေက မှန်ကန်တယ်၊ သူတို့ရဲ့ ရပိုင်ခွင့်တွေက ဘာတွေဖြစ်တယ်၊ တရားမျှတမှုရှိဖို့ ဘာလိုတယ် ဆိုတာကိုတောင် သူတို့ မသိကြပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိမချင်း တရားမျှတမှု ဆိုတာကို သူတို့ နားလည်နိုင်ကြမှာမဟုတ်ပါဘူး။”

မြန်မာနိုင်ငံတင်မကဘဲ နှစ်ဆယ့်တစ်ရာစုနှစ် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒီကိစ္စဟာ အရေးပါနေတာမို့ Forum 2000 ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီရေး ဆက်နွယ်နေမှု ဆွေးနွေးပွဲကနေ အသီးအပွင့်တွေကို ခံစားလာနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခုချိန်ထိ ဒီမိုကရေစီရေး ကြိုးပမ်း ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံအတွက် အကူအညီတွေ ပေးကြဖို့ကိုလည်း ပန်ကြားခဲ့ပါတယ်။

“ဗားဆလပ်ဟာဗဲလ်ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဒါ့အပြင် ကျမတို့နိုင်ငံအတွက် မားမားမတ်မတ် ရပ်တည်ပေးကြတဲ့ တခြား မိတ်ဆွေတွေလည်း ကျမတို့နိုင်ငံ လွတ်လပ်ရေး၊ လုံခြုံမှုရှိရေးတို့အတွက် ဆယ်စုနှစ်နဲ့ချီ ရုန်းကန် လှုပ်ရှားနေတာကို ကူညီခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တရားဥပဒေ စိုးမိုးမှုအောက်မှာ လွတ်လပ်မှုနဲ့ လုံခြုံမှုဟာ အပြန်အလှန် ဟန်ချက်ညီဖို့ လိုပါတယ်။ ကျမတို့ ဒီမိုကရေစီရဖို့ ကြိုးပမ်းနေတာဟာလည်း ကာလအတော်ကြာပြီ ဖြစ်ပေမဲ့ အခုထိ မရသေးတာမို့ မိတ်ဆွေနိုင်ငံတွေရဲ့ အားပေးမှုကို အများကြီး လိုအပ်ပါတယ်။ ကျမတို့နဲ့အတူ ရပ်တည်ပေးပါ။”

တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုတွေ ရဖို့အတွက် လူတိုင်း တရားမျှတမှုနဲ့ တန်းတူရည်တူရှိလာမယ့် တရားဥပဒေ စိုးမိုးမှု ရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီ တရားဥပဒေ စိုးမိုးမှုအတွက် ရှိပါတယ်လို့ ပြောနေတာထက် တကယ် ကိုယ်တိုင် ခံစားကြရတာမျိုး ဖြစ်လာဖို့ လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
http://www.voanews.com/burmese/news/

ဇာဂနာ လွတ်ပြီး မင်းကိုနိုင်ကျန်မယ် လို့ နေပြည်တော်က ပြော






2011-10-11
မနက်ဖြန် သီတင်းကျွတ် လပြည့်နေ့ကစပြီး အကျဉ်းသား ၆၃၅၉ ဦးလွတ်ငြိမ်း ချမ်းသာခွင့်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကြေညာ လိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ဘယ်နှစ်ဦး ပါဝင်မယ် ဆိုတာတော့ မသိရသေးပါဘူး။


(Photo: AFP)

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ဝဲ) နှင့် ကိုကိုကြီး (ယာ) တို့ ယခင် ပထမတကြိမ် ထောင်က လွတ်လာခါစ ၂၀၀၅ ခုနှစ် မတ်လ ၁၈ ရက်နေ့က မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်ပြီး အခုလွတ်မြောက်မယ့် သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက် ပါဝင်ပါသလဲလို့ မေးမြန်းခဲ့ရာမှာ တာဝန်ကျ အရာရှိ တစ်ဦးကတော့- “ကိုးယောက်တော့ ကိုးယောက်ပဲခင်ဗျ၊ ဇာဂနာတော့ ပါတယ်” အဲဒီအရာရှိက အခုလွတ်မယ့် သူတွေထဲမှာ ကိုမင်းကိုနိုင်တော့ ပါဝင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က RFA ကို အခုလိုပြောပါတယ်။ “ကြိုပြောလေ့ မရှိဘူးရှင့်၊ စစ်တွေက လွတ်တုန်းကလည်း လေယာဉ်ကွင်း သွားကြိုကာနီးမှ အိမ်က မိသားစု နှစ်ယောက် လိုက်ပါဆိုပြီးတော့ ခေါ်တာ၊ ၁၃ သွား ၁၅ ပြန်မယ်ဆိုပြီးတော့ လက်မှတ်ဝယ်ထားတာ၊ မွေးနေ့မှာ သူ့လည်း နည်းနည်းပါးပါး လှူရအောင်ပေါ့နော် ရန်ကုန်လည်း မွေးနေ့အမီ ပြန်မယ်ဆိုပြီး အခုဘာလုပ်ရမှန်း မသိဖြစ်နေတယ်” လာမယ့် အောက်တိုဘာလ (၁၃) ရက် မှာတော့ ကိုမင်းကိုနိုင် ရှိနေတဲ့ ကျိုင်းတုံထောင်ကို မိသားစုတွေ ထောင်ဝင်စာ တွေ့ဖို့ စီစဉ် ထားတယ်လို့ ပြောပါတယ်။ တခြား အတည်ပြုချက် မရသေးတဲ့ သတင်းရပ်ကွက် တစ်ခု အဆိုအရဆိုရင် လွတ်မြောက်မယ့် သူတွေထဲမှာ ၈၈ ကျောင်းသား ကိုဌေးကြွယ်နဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် တို့ ပါဝင်ကြောင်း သိရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက်မှာ ထိုင်သင့်တဲ့ ပြစ်ဒဏ် ကျခံထားပြီး အကျင့်စာရိတ္တ ကောင်းလာတဲ့ အကျဉ်းသားတွေကို လူသားချင်း စာနာမှု၊ သူတို့မိသားစုတွေကို ငဲ့ညှာမှုနဲ့ နိုင်ငံ့အကျိုးအတွက် တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ကျန်နေတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်သည်လို့ ဖော်ပြ ထားပါတယ်။ ခုချိန်ထိတော့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တစ်စုံတစ်ယောက်ကိုမှ သက်ဆိုင်ရာက အသိပေးတာ မရှိသေးပါဘူး။ ဒီအတောအတွင်း လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် ကိုမင်းကိုနိုင်ရဲ့၄၉ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့ မရန်းကုန်းမြို့နယ် ၂ ရပ်ကွက် ဘူတာရုံလမ်းမှာရှိတဲ့ သမိုင်းမြို့မ ပရိယတ္တိ စာသင်တိုက်မှာ မနက် ၈ နာရီကနေ ၁၀ နာရီထိ မွေးနေ့ အလှူကျင်းပဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက စီစဉ်နေကြပါတယ်။
http://www.rfa.org/burmese/news/zarganar-10112011092514.html

ကိုမင်းကိုနိုင်၄၉ မွေးနေ့ပွဲအောက်တိုဘာ၁၈





တရုတ်ပြည်အကြောင်း ဘယ်လောက်သိသလဲ


ကျော်သူဟန်

စီးပွားရေးကျဆင်းမှုကာလအတွင်း ထူခြားသည့်အချက်တစ်ခုမှာ ထွန်းသစ်စနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားတို့သည် အကျပ်အတည်းဒဏ်ကို ခန့်မှန်းထားသည်ထက် ပို၍ ခံနိုင်ရည်ရှိကြောင်း တွေ့ရ သည်။ အထူးသဖြင့် တရုတ်နိုင်ငံဆိုလျှင် စီးပွားရေးအကျပ်အတည်းကြောင့် အကျိုးဖြစ်ထွန်းမှုများပင် ရရှိခဲ့သည် ဟုဆိုနိုင်သည်။ တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် အလုပ်လက်မဲ့ဦးရေ များတိုးပွားခဲ့ပြီး၊ တိုင်းပြည်၏ ပို့ကုန်လုပ် ငန်းများလည်း ထိခိုက်ခဲ့ပါသည်။ သို့သော်ယခုနှစ်တွင် တရုတ်၏ စုစုပေါင်းစီးပွားရေးထွက်ကုန် ဂျီဒီပီ သည် ၈.၅ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။ ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ ၂၀၀၉ ခုနှစ်တွင် ဂျီဒီပီရာခိုင်နှုန်း အနုတ်လက္ခဏာပြနေချိန်တွင်ဖြစ်၍၊ တရုတ်၏ ၈.၅ ရာခိုင်နှုန်း မြင့်တက်မှုသည် အထူးအောင်မြင်မှုတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းအပေါ် ကိုင်တွယ်ဖြေ ရှင်းမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် သာလွန်ကောင်းမွန်ခဲ့သည်။

ပါတီစည်းလုံးညီညွတ်မှု
တရုတ်နိုင်ငံ၏ တစ်ခုတည်းသော အာဏာရပါတီသည် အများထင်မြင်ယူဆနေသကဲ့သို့ စည်းလုံးညီညွတ် နေသည်မဟုတ်ပါ။ ကျေးလက်ဒေသဖွံ့ဖြိုးမှုကို အလေးထားလိုသော သမ္မတ ဟူကျင်းတောင်နှင့် ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့က တစ်ဖက်၊ မြို့ပြဖွံ့ဖြိုးမှုကို အဓိကထားလိုသော ပါတီခေါင်းဆောင်ပိုင်းတချို့က တစ်ဖက် နှစ်အုပ်စုကွဲနေကြသည်။ ဟူနှင့်ဝမ်တို့က ဖွံ့ဖြိုးမှုနောက်ကျနေသော တရုတ်ပြည်အနောက်ဘက် ပြည်နယ်များကို
တန်းတူ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်လိုသည်။ အခြားပါတီခေါင်းဆောင်များကတော့ ဖွံဖြိုးပြီး ကမ်းရိုးတန်းဒေသ ပိုင်းရှိ ရှန်ဟဲ၊ ရှန်ကျင့်စသောမြိုကပြများကို ကမ္ဘာ့စံပြ မြို့တော်ကြီးများဖြစ်အောင် တည်ဆောက်လိုကြသည်။ သမ္မတဟူနှင့် ၀န်ကြီးချုပ် ၀မ်တို့က စီးပွားရေနှေးကွေးလျှင် နှေးကွေးပစေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာဘွန်ထုတ်လုပ်မှုများသည့် စက်ရုံများကို စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေးစသည့် နီယိုလစ် (Neo-Liberal)ဆန်သောပေါ်လစီများ ချမှတ်လိုသည်။ ပါတီအီလိုက်ခေါင်းဆောင်ပိုင်းကတော့ ဈေးကွက်စီးပွားရေးကိုပိုပြီး ကြိုးဖြေလွှတ်စေချင်ကြသည်။ စည်းမျဉ်းစည်းကမ်းများလျှော့ချ၊ ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ပြီး၊ လေဆက်ဖဲယား အယူအဆကိုအပြည့်အ၀အသုံးချသူများဖြစ်ကြသည်။ ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ အကွဲအပြဲသည် သမ္မတနှင့် ၀န်ကြီးချုပ်ဦးဆောင်သော လက်ဝဲဆန်သည့် အုပ်စုနှင့် ပါတီအီလိုက်များဦးဆောင်သော လက်ယာဆန် သော အုပ်စုတို့ဖြစ်ကြသည်။ အခုလောလောဆယ်အချိန်မှာ မည်သည့်အုပ်စုက အသာစီးရနိုင်မလဲဆိုတာ မှန်းရ ခက်နေပါသေးသည်။ ပြည်သူအများစုကတော့ ဟူနှင့်ဝမ်အုပ်စုကို ပို၍သဘောကျကြသည်။ သို့သော် တရုတ်ပြည် တွင် သြဇာအာဏာရှိသည်မှာ တရုတ်ပြည်သူတို့မဟုတ်ဘဲ ကွန်မြူနစ်ပါတီထိပ်တန်းခေါင်းဆောင်များဖြစ်ကြ သည်။
ပါတီတွင်း ကွဲပြားနေမှုသည် ယခုမှဖြစ်သည်မဟုတ်ဘဲ ယခင်သမ္မတ ကျန်ဇီမင်းလက်ထက်ကတည်းကပင် ရှိခဲ့သည်။ သို့သော်နိုင်ငံတကာ အသိုက်အ၀န်းက သတိပြုမိခြင်းမရှိဘဲ ယခုအချိန်တွင်မှ လူပြောသူပြောများလာ ခြင်းဖြစ်သည်။ ဟူကျင်းတောင်နောက် မည်သည့်ဘက်က နိုင်ငံသမ္မတ ဖြစ်လာနိုင်မလဲဆိုသောပုစ္ဆာကို နိုင်ငံ တကာသတင်းမီဒီယာများက အထူးဦးစားပေးဖော်ပြလာကြသည်။ နိုင်ငံ၏ရည်ရှည်ကာလတွင် ရေရှည်ကာလတွင် ချမှတ်ရမည့် ပေါ်လစီဗျူဟာများအပေါ်တွင် ပါတီအုပ်စု နှစ်ခုကွဲပြားနေုကြသော်လည်း၊ တရုတ်နိုင်ငံကို နိုင်ငံတကာစင်မြင့်တွင် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာရေးမှာ ပါတီအုပ်စုနှစ်ခုစလုံး၏ ဘုံရည်မှန်းချက်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ၂၀၀၈ ခု စီးပွားရေးအကျပ်အတည်း ဖြစ်ပွား လာသောအခါ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်လွှတ်တော်နှစ်ရပ်၌ စီးပွားရေးနှိုးဆွ အစီအစဉ် အတွက် ငြင်းခုံလို့ကောင်းဆဲကာလတွင် တရုတ်နိုင်ငံက ဒေါ်လာ ၆၀၀ ဘီလီယံတန်သူ၏ စီးပွားရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။ အနောက်နိုင်ငံများက အကျပ်အတည်းမဖြစ်မီကပင် ကြွေးမြီဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိနှင့်နေပြီး ဖြစ်သောကြောင့်၊ အကျပ်အတည်းကာလတွင် ငွေထပ်မံ သုံးစွဲဖို့ လက်တွန့်နေကြ သည်။ တရုတ်အစိုးရက မူ နိုင်ငံခြားအရန်ငွေ နှစ်ထရီလီယံ မျှရှိနေသောကြောင့် စီးပွားရေး နှိုးဆွအစီအစဉ်ကို အလျင်အမြန် လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုကာလအတွင်း တရုတ်နိုင်ငံ အနာဂတ်အတွက် အရေးပါသော အခြေခံ အဆောက်အဦးနှင့် နည်းပညာသုတေသန လုပ်ငန်းများ၌ ပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့သည်။ ထို့ကြောင့်ပင် ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဒီတစ်ခေါက် စီးပွားရေး အကျပ်အတည်းမှာ အမြတ်ထွက်သွားတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံပဲ”ဟု မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သော ပြဿနာများ

စီးပွားရေးပညာရှင် အများစုက တရုတ်အစိုးရ၏ ပြဿနာ ဖြေရှင်းပုံသည် လျင်မြန်ပြီး စွမ်းအား အပြည်အ၀ရှိ ကြောင်း သဘောတူညီကြသည်။ သို့သော် ရေတိုကာလတွင် ပြဿနာပြေလည်သွားသော်လည်း အနာဂတ် အတွက် ပြဿနာတချို့ရှိသည်ဟု ထောက်ပြကြသည်။ ပြဿနာတစ်ခုမှာ စီးပွားရေးတွင် အစိုးရ၏ အခန်းကဏ္ဍ အလွန်ကြီးမားနေခြင်းဖြစ်သည်။ တရုတ်ဂျီဒီပီမှာ ဂျပန်ကိုကျော်ဖြတ်ပြီး ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာတော့မည်။ သို့သော် ဂျီဒီပီ၏ ၈၈ ရာခိုင်နှုန်းမှာ အစိုးရပိုင်လုပ်ငန်းမျာမှ လာခြင်းဖြစ်သည်။ ထိုရာခိုင်နှုန်းမှာ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ နှိုင်းယှဉ်၍မရအောင် မြင့်မားသော ပမာဏ ဖြစ်သည်။
ထို့ကြောင့် ပုဂ္ဂလိက ကဏ္ဍသည်တိုင်းပြည်၏ ဂျီဒီပီနှင့် နှိုင်းစာလျှင် အတော်သေးငယ်သော အစိတ်အပိုင်း ကလေးဖြစ်နေသည်။ ထို့ကြောင့် ဈေးကွက်စီးပွားရေးကို တိုးချဲ့လိုသော ပါတီခေါင်းဆောင်တချို့က တရုတ်နိုင်ငံ ၏ အကြီးဆုံးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ဖို့ တိုက်တွန်းနေခြင်းဖြစ်သည်။ ထိုလုပ်ငန်းများထဲတွင် ဘဏ်လုပ်ငန်းများ၊ ဆင်သွယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတို့ပါဝင်သည်။ အစိုးရအရာရှိုများကိုယ် တိုင်က စီးပွားရေး နှိုးဆွသည့် ငွေကြေး အများစုသည်


အစိုးရပိုင်လုပ်ငန်းကြီးများကိုသာ ပို၍ ကြီးမားလာစေသည်ဟု ၀န်ခံ ပြောကြားကြသည်။ ထိုလုပ်ငန်းများကလည်း အထူးအဖြင့် အဆောက်အအုံများ၊လမ်း၊ တံတားများ ဆောက်လုပ်ခြင်း၌ အဓိကထားမြှုပ်နှံနေသောကြောင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ကြီးများတွင် အိမ်ခြံမြေဈေး များ မတရား မြင့်တက်ကုန်ပြီး၊ အက်ဆစ် ပူပေါင်းများ ဖြစ်ပွားလာနိုင်သည်ဟု အစိုးရအရာရှိုများက စိုးရိမ်နေကြသည်။

စန်းပွင့်နေသော လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း

တရုတ်အစိုးရသည် မီးရထားလုပ်ငန်းတွင် ဒေါ်လာ ၃၀၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။ နောက်ထပ် မီးရထားလမ်းအရှည် ကီလိုမီတာ ၂၀,၀၀၀ ခန့် ထပ်မံတိုးချဲ့မည်ဟု သိရသည်။ ထိုအထဲမှ ကီလိုမီတာ ၁၃,၀၀၀ ခန့်သည် အမြန်မီးရထားလမ်းများဖြစ်ကြသည်။ ထို အမြန်ရထားများက တစ်နာရီလျှင် ၃၅၀ ကီလိုမီတာထိ မောင်းနှင်နိုင်စွမ်းရှိသည်။ ထိုအမြန်ရထားလမ်းစနစ်ကြောင့် တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုနှင့်တစ်ခု ဆက်သွယ် သွားလာရမှု လျင်မြန်သွားစေခဲ့သည်။
ထိုအမြန်ရထားလမ်းစနစ် ပြီးစီးသွားပါက ပေကျင်းနှင့် ရှန်ဟိုင်း ခရီးသည် လေးနာရီမျှသာကြာတော့မည် ဖြစ်သည်။ ထိုသို့ဆက်သွယ်မှု လျင်မြန်လာသောကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသော အနောက်ပိုင်းပြည်နယ်များ လည်း လိုက်ပါတိုးတက်လာလိမ့်မည်ဟု မျှော်လင့်ရသည်။ ပါမောက္ခတစ်ဦးဖြစ်သူ စီဝေးက အမြန်ရထားစနစ်သည် စီးပွားရေးကိုသာမက နိုင်ငံရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တွေကိုပါ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနိုင်သည် ဟုခန့် မှန်းသည်။ တရူတ်အရာရှိများက တရုတ်နိုင်ငံသည် ယခင်က သွားလာရေးခက်ခဲသောကြောင့် ပါတီစုံစနစ်ကျင့်သုံး ဖို့ မလွယ်ကူဟု ငြင်းဆိုခဲ့ကြဖူးသည်။ ယခုအချိန်တွင်တော့ တရုတ်နိုင်ငံတစ်ဖက်စွန်းမှ တစ်ဖက်စွန်းသို့ နေ့ချင်းပြီး သွားလာနိုင်ပြီဖြစ်ရာ ပါတီစုံစနစ်ကျင့်သုံးဖို့ ဖြစ်နိုင်ခြေ ရှိနေပြီဖြစ်သည်ဟု ပေကျင်းမှ ပါမောက္ခတစ်ဦးက ထောက်ပြသည်။ တရုတ်နိုင်ငံသည် မီးရထားလမ်းသာမဟုတ်၊ ကားလမ်းအရှည် ၄၄,၀၀၀ မိုင်ခန့် ထပ်မံဖောက်လုပ်မည်ဟု သိရသည်။ လာမည့် ဆယ်စုနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် လေဆိပ်သစ် ၁၀၀ ခန့် ဆောက်လုပ်မည်ဟုသိရသည်။

လူမသိသေးသော တရုတ်နိုင်ငံ၏ ကိန်းဂဏန်းတစ်ခု

တရုတ်နိုင်ငံတွင် ယခုကဲ့သို့ အခြေခံအဆောက်အဦးများတွင် ပုံအော၍ ရင်းနှီးမြှုပ်နှံနေခြင်းသည် သမ္မတ ဟူကျင်းတောင်နှင့် ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့၏ စိတ်ကူးဖြစ်သည်။ သူတို့က ညီတူညီမျှ ဖွံ့ဖြိုးမှုကို လိုလား သောကြောင့် ဖြစ်သည်။ သို့သော် ထိုသို့အစိုးရ အသုံးစရိတ် မြင့်မားမှုကြောင့် ဘတ်ဂျက်တွင် လိုငွေ ပြလာသည်။ တရုတ်နိုင်ငံသည် ကုန်သွယ်ရေးတွင် ဘီလီယံပေါင်းများစွာ ပိုငွေပြနေသောကြောင့် မီဒီယာ သမားများက ဘတ်ဂျက်လိုငွေပြမှုကို သတိမထားမိကြချေ။ ယခုအချိန်တွင် ဘတ်ဂျက်လိုငွေပြမှုသည် ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိနေပြီဟု သိရသည်။ ထိုရာခိုင်နှုန်းသည် အနောက်နိုင်ငံများနှင့် နှိုင်းစာလျှင် နည်းပါးသေး သော်လည်း၊ တရုတ်နိုင်ငံရေးသမားများက စိုးရိမ်နေကြသည်။ ထို့ကြောင့်ပင် ကမ္ဘာ့စီးပွားရေးဖိုရမ် (Word Ecomomic Forum) ၌ ၀န်ကြီးချုပ်ဝမ်ကျားပေါင်က “တရုတ်ရဲ့ စီးပွားရေးအခြေအနေကို အလွန်အကျွံ မချီးကျူး ကြ ပါနဲ့ဦး။ ကျွန်တော်တို့ စီး ပွားရေးတိုးတက်မှုက တည်ငြိမ်မှု၊ မျှတမှု၊ စည်းလုံးမှု မရှိသေးပါဘူး။ ရှေ့လျှောက် ကြိုးစားဖို့လိုနေပါသေးသည်”ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။



ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေဆဲ

တရုတ်ခေါင်းဆောင်ပိုင်းက စီးပွားရေးနှိုးဆွအစီအစဉ်ထဲတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် ငွေ ထောက်ပံ့ပေးထားခြင်း မရှိပါ။ ထို့ကြောင့် ကျေးလက်နေပြည်သူများမှာ ဟိုက်ဝေး လမ်းမကျယ်ကြီးတွေ၊ ရှည်လျားတဲ့မြစ်ကူးတံတားတွေ၊ အမြန်မီးရထားလမ်းတွေကို သုံးစွဲခွင့်ရရှိနေကြပေမဲ့ ကျန်းမာရေးစောက်ရှောက် မှု ကောင်းကောင်း မရရှိကြသေးပါ။ စာသင်ကျောင်းများမှာလည်း လုံလောက်တဲ့အဆောက်အအုံများမရရှိသေး ပါ။ ရေမြောင်းစနစ် ကောင်းမွန်စွာမရှိသေးသည့်အတွက် နှစ်စဉ်ရေကြီးမှုများ ဖြစ်ပွားနေပါသည်။ တရုတ်နိုင်ငံ၏ ကျေးရွာအတော်များများရှိ ရွာလမ်းမများတွင် ပလက်ဖောင်းများ ကောင်းကောင်းမရှိသေးသည့်အတွက် လမ်းဘေး ပလက်ဖောင်း ဆောက်လုပ်ရေးများ ဆောင်ရွက်ပေးရန် ကျေးရွာကောင်စီလူကြီးများက တောင်းဆိုလျက်ရှိ ပါသည်။
တရုတ်ပြည်သူတို့၏ တစ်ဦးချင်း ပျမ်းမျှဝင်ငွေမှာ (China’s per capita GDP) ဒေါ်လာ ၃၀၀၀ ကျော်ခန့်ရှိသေးပြီး ကျေးလက် ပြည်သူများမှာ ပျမ်းမျှပမာဏထက် ပို၍ဆင်းရဲသေးသည်။ ထို့ကြောင့် ကျေးလက် ဒေသတွင် ဖောက်လုပ်ထားသော အဝေးပြေးကားလမ်းမကြီးများပေါ်တွင် ယာဉ်သွားလာမှု များများစားစား မတွေ့ရပါ။ ချောင်ကောင်းစီးပွားရေးကျောင်းမှ စီးပွားရေးပါမောက္ခ မင်းဟောင်က “ကျေးလက်နေပြည်သူတို့မှာ အစိုးရဖောက်လုပ်ထားသော လမ်းမကြီးများကို ပြည့်ပြည့်၀၀ အသုံးချနိုင်ခြင်း မရှိသေးဘူး” ဟု ဝေဖန်ပြောဆိုပါ သည်။ ထို့ကြောင့် တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေးကို အကျိုးပြန်ပြုဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းရဦးမည့်သဘောရှိပါသည်။

အရင်းရှင်စနစ်ထွန်းကားပြီဆိုတာဟုတ်ရဲ့လား

ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က “ကြောင်ဖြူသလား၊ မဲသလား အရေးမကြီးပါ၊ကြွက်ခုတ်တက်ဖို့သာ လိုရင်းပဲ” ဟူသည့် ကြွေးကြော်သံဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးကို အစဉ်အလာ ဆိုရှယ်လစ်စနစ်မှ ပြောင်းလဲ ပစ်ခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ခုနှစ်တွင် ပုဂ္ဂလိက လုပ်ငန်းပေါင်း သန်း ၂၀ ခန့်ရှိပြီး၊ ၂၀၀၈ ခုနှစ်တွင် သန်း လေးဆယ်ခန့်ထိရှိခဲ့သည်။ သို့သော်ပုဂ္ဂလိက လုပ်ငန်းရှင်များပါ အစိုးရပိုင်လုပ်ငန်းကြီးများနှင့် ယှဉ်ပြိုင်ဖို့ အခက်အခဲတွေရှိလာသည်။ အစိုးရပိုင်လုပ်ငန်းများမှာ အစိုးရဘဏ်ကြီးများမှတစ်ဆင့် ချေးငွေအမြောက်အမြား ကို အတိုးနှုန်းသုံးရာခိုင်နှုန်းဖြင့်သာ အလွယ်တကူရရှိလာကြသည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များက ငွေချေးလျှင် အတိုးနှုန်း မြင့်မြင့်မားမား ပေးရပြီး၊ အလွယ်တကူငွေချေး၍မရနိုင်ဘဲ အပေါင်ပစ္စည်းတစ်ခုခုထားနိုင်မှ ရရှိလေ့ရှိ သည်။
နှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဖြစ်သော စီးပွားရေးတံခါးဖွင့်မှုသည် ပုဂ္ဂလိက ကဏ္ဍကို အထိုက်အလျောက် ဖွံ့ဖြိုးစေခဲ့သည်။ သိုသော် အစိုးရပိုင်လုပ်ငန်းကြီးများ (State-owned Emterprise) ကတော့ ၅၀ ရာခိုင်နှုန်းခန့် နှစ်စဉ်တိုးတက်ခဲ့သည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များကတော့ အရင်းအနှီးရှာဖွေရခက်ခဲမှုကြောင့် ဆုံးရှုံးနစ်နာမှုများ စွာရှိခဲ့သည်။
နိုင်ငံ၏ သော့ချက်ကျသော လုပ်ငန်းများဖြစ်သည့် ဘဏ္ဍာရေး၊ အင်တာနက်၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ စသည်တို့တွင် ပုဂ္ဂလိကပိုင်းကို ၀င်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ထားဆဲဖြစ်သည်။ အိမ်ခြံမြေဈေးကွက်၏ သုံးပုံနှစ်ပုံခန့်ကို အစိုးရပိုင်ကုမ္ပဏီများက ချုပ်ကိုင်ထားပြီး၊ စတော့ဈေးကွက်များတွင် လည်း ထိုကုမ္ပဏီ၏ စတော့များက ၇၀ ရာခိုင်နှုန်းခန့်ထိပါဝင်သည်။ စီးပွားရေးကျဆင်းမှု ဂယက်နောက်ပိုင်းတွင် အခြေအနေသည် ပို၍ဆိုးရွားသွားသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ ပုဂ္ဂလိက ကုမ္ပဏီများက ငွေပြတ် နေချိန်တွင် ထိုကုမ္ပဏီများက လုပ်ငန်းပိုတိုးချဲ့လာသောကြောင့် ဖြစ်သည်။

တရုတ်နိုင်ငံ ပို့ကုန်လုပ်ငန်း၏ လျှို့ဝှက်ချက်

ကမ္ဘာ့စီးပွားရေး နှေးကွေးမှုကြောင့် တရုတ်နိုင်ငံ၏ ပို့ကုန်လုပ်ငန်း ၂၀ ရာခိုင်နှုန်း ကျဆင်းသွားသည်။ သို့သော် တရုတ်၏ဂျီဒီပီကတော့ ရှစ်ရာခိုင်နှုန်းခန့် မြင့်တက်လာမည်ဖြစ်သည်။ ထိုအချက်က တရုတ်စီးပွားရေး သည် ပို့ကုန်လုပ်ငန်းကို အဓိကအားကိုးရခြင်းမရှိကြောင်းသိနိုင်သည်။ တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် စီးပွားရေးတစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ယခင်က ယူဆခဲ့ကြဖူးသည်။ ထိုအချက်က လွဲမှားနေတာ ဖြစ်နိုင်တယ်ဟု စီးပွားရေးပညာရှင်တစ်ဦးကပြောသည်။ ကမ္ဘာပေါ်တွင် ကွန်ပျူတာကီးဘုတ်မှအစ ဂျက်လေ ယာဉ် အင်ဂျင်များအထိ Made in China ဟူသော စာတန်းကို တွေ့မြင်နေရသည်။ တရုတ်နိုင်ငံမှ ကမ္ဘာ့ဈေးကွက်တစ်ခုလုံးကို ထောက်ပံ့ထားသည်ဟုပင်ထင်ချင်စရာရှိသည်။ သို့သော် တကယ့်အဖြစ်အပျက်မှာ ၂၁ ရာစုတွင် တွင်ကျယ်လာသော Offshoring လုပ်ငန်းကို တရုတ်ပြည်က အများဆုံးရရှိနေသောကြောင့် ဖြစ်သည်။ တကယ်တော့ တရုတ်တွင် လုပ်သည်ဟူသော ပစ္စည်းအများစုမှာ တရုတ်ပြည်တွင် အချောတပ်ဆင် ခြင်းသာ ဖြစ်သည်။ အမှန်တကယ် ထုတ်လုပ်ခြင်းမဟုတ်ပါ။
ဥပမာ ၂၉၉ ဒေါ်လာတန် i pod တစ်လုံးကို လက်ကားဈေး ဒေါ်လာ ၁၅၀ ခန့်ဖြင့် ရောင်းချသည်။ သို့သော် တရုတ်အလုပ်သမားများ ရရှိသည်က ၇.၅ ဒေါ်လာမျှသာရှိသည်။ ကျန်သည့်ငွေ ၁၄၀ ဒေါ်လာကျော်ကို မူရင်းကုမ္ပဏီ Apple က ရရှိခြင်းဖြစ်သည်။ ထို့ကြောင့် Made in China စာတန်းပါ i pod တစ်လုံးကြောင့် တရုတ်စီးပွားးရေးကို ခုနစ် ဒေါ်လာကျော်သာ တက်စေခြင်းဖြစ်သည်။

ပြည်တွင်းစားသုံးမှုအခြေအနေ

တရုတ်နိုင်ငံတွင် လူလတ်တန်းစား ဦးရေများစွာ တိုးတက်လာသော်လည်း၊ ပြည်တွင်းစားသုံးမှုပမာဏ နည်းပါးသေးသည်။ တရုတ်ပြည်တွင်းစားသုံးမှု (Domestic Consumpiton) က ဂျီဒီပီ၏ ၃၇ ရာခိုင်နှုန်းသာရှိပြီး၊ အခြားစီးပွားရေးအင်အားကြီးနိုင်ငံများနှင့် စာလျှင် အနည်းဆုံးရာခိုင်နှုန်းဖြစ်ပါသည်။ ထိုသို့ဖြစ်ရသည်မှာလည်း တရုတ်လူထုက ၀င်ငွေမြင့်တက်လာသည့်တိုင်အောင် စားသုံးဖို့ထက် စုဆောင်းမှုကို ပို၍ပြုလုပ်ကြသောကြောင့် ဖြစ်သည်။
ထို့ကြောင့် တရုတ်အစိုးရက ပြည်တွင်းစားသုံးမှု တိုးတက်လာစေရန် ကြိုးစားဆောင်ရွက်နေခြင်းဖြစ် သည်။ လူလတ်တန်းစားများကိုငွေထုတ်ချေးရန် အစိုးရက ညွှန်ကြားခဲ့သည်။ ထို့ကြောင့် ပေကျင်းနှင့် ရှန်ဟိုင်းရှိ တိုက်ခန်းများအ၀ယ်လိုက်လာခဲ့သည်။ အကယ်၍ အစိုးရကသာ ပြည်တွင်းစားသုံးမှုတက်အောင် လုပ်နိုင်ပါက ပို့ကုန်လုပ်ငန်းမပါဘဲ၊ ဂျီဒီပီ ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်းအထိ မြင့်တက်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ပညာ ရှငများက ခန့်မှန်းကြသည်။



ရေနံအပေါ် မှီခိုနေရသော စက်မှုနိုင်ငံ

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများ ၁၉၉၀ ခုနှစ်များတွင် အလျင်အမြန် တိုးတက်ခဲ့မှုကြောင့် ထိုအချိန်မှစ ၍ တရုတ်တွင်ရေနံဝယ်လိုအား တဖြည်းဖြည်းချင်းမြင့်တက်ခဲ့သည်။ တရုတ်ခေါင်းဆောင်ပိုင်းကလည်း မိမိနိုင်ငံ ၏ ရေနံအပေါ် မှီခိုနေရမှုကို နားလည်သဘောပေါက်သည်။ ထို့ကြောင့် ရေနံလုံလောက်စွာရရှိနိုင်ရေးအတွက် ကြိုတင်အစီအမံများစွာ ပြုလုပ်ထားသည်။ တရုတ်အစိုးရပိုင် ရေနံကုမ္ပဏီကြီးများသည် ကမ္ဘတစ်ဝန်းရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ ထွက်ရှိသည့် နိုင်ငံများနှင့် နှစ်ရှည်ကန်ထရိုက်စာချုပ်များ ချုပ်ဆိုထားသည်။ နောက်ထပ်ရေနံ ပိုက်လိုင်းသစ်များ တည်ဆောက်ပြီး၊ အနာဂတ်စွမ်းအင်ဖူလုံရေးကို တိုင်းပြည်၏အဓိက တာဝန်အဖြစ် ခေါင်းဆောင်များက ရှုမြင်ကြသည်။
တရုတ်နိုင်ငံတွင် ပြည်တွင်းအခြေအနေ တည်ငြိမ်အေးချမ်းရေးအတွက် စီးပွားရေးဆက်တိုက် ဖွံ့ဖြိုးနေဖို့ လိုအပ်သည်။ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် လုံလောက်သော ရေနံကို ပုံမှန်ရရှိနေဖို့က အရေးကြီး ကြောင်း တရုတ်ခေါင်းဆောင်များက သိမြင်ကြသည်။ သို့သော်ရေရှည်တွင် ပို၍ စိတ်ချရစေရန်အတွက် ရေနံအပေါ်မှီခိုမှုကိုလည်း အစားထိုးနည်းပညာများသုံးစွဲခြင်းဖြင့် လျှော့ချရန်ကြိုးစားလာသည်။ နေရောင်ခြည်၊ လေစွမ်းအင်နှင့် ဘတ်ထရီနည်းပညာ သုတေသနလုပ်ငန်းများတွင် ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံထားသည်။ ထိုနည်းပညာသုံးခုတွင် ရင်းနှီးထားသည့် ငွေမှာ ဒေါ်လာ ၂၁၈ ဘီလီယံ ရှိသည်။ ထိုပမာဏမှာ ကမ္ဘာပေါ်တွင် အများဆုံးရင်းနှီးမြှုပ်နှံမှုပင် ဖြစ်သည်။

တရုတ်ပြည်၏ လျင်မြန်စွာ ပြောင်းလဲနိုင်မှု

ယခင်အချိန်တုန်းကဆိုလျှင် တရုတ်နိုင်ငံသည် ကာဘွန်ထုတ်လုပ်မှု လျှော့ချပေးရန် တောင်းဆိုချက်များ ကို အစဉ်အမြဲ ငြင်းပယ်လေ့ရှိသည်။ ယခုတော့ပေကျင်းအစိုးရက ကမ္ဘာကြီးပူနွေးမှုသည် မိမိတို့နိုင်ငံကိုလည်း အများကြီးထိခိုက်နိုင်ကြောင်း သိမြင်လာပြီး၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။
တကယ်တော့ တရုတ်ပြည်၏ ပြောင်းလဲနိုင်မှုကို အထူးအံ့သြစရာမလိုလှပါ။ အတိတ် ကာလတွင်လည်း အခြေအနေက ဖိအားပေးလာလျှင် တရုတ်နိုင်ငံက အလိုက်သင့် ပြောင်းလဲနိုင်ခဲ့သည်သာ။ ယဉ်ကျေးမှုတော် လှန်ရေးကြောင့် ထိခိုက်ပျက်စီးမှုများကို ခံစားရသဖြင့် တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က စီးပွားရေးတံခါးဖွင့် လှစ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နောက်တက်လာမည့် တရုတ်ခေါင်းဆောင်သစ်သည်လည်း ပြောင်းလဲနေသည့် ကမ္ဘာ့အခြေအနေကို သုံးသပ်၍ ပေါ်လစီအပြောင်းအလဲများ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

အင်အားပြိုင်ဆိုင်မှုပြင်းထန်ဆဲကာလ

၂၀၁၂ ခုနှစ်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပမှာဖြစ်သလိုတရုတ်နိုင်ငံတွင်လည်း ၂၀၁၂ ခုနှစ်၌နောက်တက်လာမည့် သမ္မတအသစ်ကို ပါတီပေါ်လစ်ဗျူရိုများက ရွေးချယ်ကြမည်ဖြစ်သည်။ ထိုထိပ်ပိုင်း ခေါင်းဆောင်များ သတင်းရပ်ကွက်မှ တစ်စွန်းတစ်စထွက်လာသော သတင်းများအရ လောလောဆယ် သမ္မတ ဖြစ်နိုင်ချေ အရှိဆုံးပုဂ္ဂိုလ်မှာဒုတိယ သမ္မတ စီကျင်းပင် (xi Jinping) ဖြစ်သည်။ သူသည် ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကျိကျီးယန်ပြည်နယ်၏ ပါတီဥက္ကဋ္ဌအဖြစ် အမှုထမ်းခဲ့ပြီး၊ အချိန်ခဏတာအတွင်း တိုင်းပြည်၏ ဒုတိယ အမြင့်ဆုံးရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ပါတီခေါင်းဆောင်ပိုင်းများအတွင်း အင်အားပြိုင်ဆိုင်မှု ပြင်းထန်းနေသောကြောင့် သူတရုတ်သမ္မတ တကယ်ဖြစ်ကဖြစ်ကို အသေအချာမပြောနိုင်သေးပါ။ စီကျင်းပင်က လက်ရှိတွင် ဒုတိယ သမ္မတဖြစ်နေသော်လည်း၊ တရုတ်တပ်မတော်တွင် မည်သည့်ရာထူးမှမရရှိသေးပါ။ ထို့ကြောင့် ပါတီအီလိုက်များက စက်တင်ဘာတွင် ကျင်းပခဲ့သော ပါတီအထွေထွေညီလာခံတွင် စီကျင်းပင်ကို ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ရာထူးသို့ တိုးမြှင့်ပေးရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ သို့သော်လည်းတစ်ဖက် အုပ်စု၏ ကန့်ကွက်မှုကြောင့် အောင်မြင်ခြင်းမရှိခဲ့ပါ။ တရုတ်နိုင်ငံတွင်အစဉ်အလာအရ ၀န်ကြီးချုပ် ချူအင်လိုင်း လက်ထပ်မှစ၍ ၀န်ကြီးချုပ်များသည် သမ္မတတက်ဖြစ်လေ့မရှိုခဲ့ပါ။ သို့သော် လက်ရှိဝန်ကြီးချုပ် ၀မ်ကျားပေါင် သည် ပြည်သူလူထုကြိုက်နှစ်သက်မှု အများဆုံးရရှိနေပြီး၊ တရုတ်သမိုင်းတလျှောက် လူကြိုက်အများဆုံး ၀န်ကြီးချုပ်ဖြစ်နေသည်။ ထို့ကြောင့် နောက်ဖြစ်လာမည့် သမ္မတအသစ်သည် ၀မ်ကျားပေါင်းလည်းဖြစ်နိုင်သည် ဟု ထင်ကြေးပေးနေကြသူများ ရှိကြသည်။ ထို့ကြောင့် ၂၀၁၂ ရောက်လျှင်တော့ ကမ္ဘာ့နိုင်ငံရေး မြေမျက်နှာ သွင်ပြင် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

http://troths.multiply.com/reviews/item/67