Wednesday, October 12, 2011

ကျိုင်းတုံမှမင်းကိုနိုင်


ကိုမင်းကိုနိုင်အကျဉ်းကျခံနေရသောကျိုင်းတုံအကျဉ်းထောင်



ကျိုင်းတုံထောင်မှာအကျဉ်းကျနေတဲ့၈၈ မျိုးဆက်ကျောင်းသားခေါင်ဆောင် ကိုမင်းကိုနိုင်နဲ့အတူနေထိုင်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာသူများ



ကိုမင်းကိုနိုင်အကျဉ်းကျခံနေရသောကျိုင်းတုံအကျဉ်းထောင်အုတ်ရိုး။



လပြည့်ညဆိုပေမယ့် ကြည်ကြည်စင်စင်မသာနိုင်တဲ့ ကျိုင်းတုံညရဲ့ လမင်း



ကိုမင်းကိုနိုင်အနေနဲ့ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်သတင်းများထွက်ပေါ်နေခဲ့သော်လည်း၎င်းအနေနဲ့မျှော်လင့်ခဲ့ခြင်းမရှိကြောင်းကိုမင်းကိုနိုင်နဲ့အတူနေထိုင်ခဲ့ပြီးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။


ကျိုင်းတုံထောင်မှာအကျဉ်းကျနေတဲ့၈၈မျိုးဆက်ကျောင်းသားခေါင်ဆောင်ကိုမင်းကိုနိုင်ဟာဒီနေ့လွတ်မြောက်တဲ့စာရင်းမှာပါဝင်ခြင်းမရိဘူးလို့ကျိုင်းတုံအကျဉ်းဦးစီးမှတာဝန်ခံတစ်ဦးကပြောတယ်လို့ ကျိုင်းတုံသို့သတင်းရယူရန်ရောက်ရောက်ရှိနေတဲ့ The Messenger ဂျာနယ်မှသတင်းအယ်ဒီတာကသတင်းပေးပို့ပါတယ်။

Messenger News Journal facebook စာမျက်နှာမှတဆင့်ဖေါ်ပြသည်။



Tha Mine Yeh Lett Myarr- Mun Awung by komyoedesign

~ သမိုင်းရဲ့လက်များ ~
*တေးဆို- မွန်းအောင်*

♫ ♪ ♫ ♪…ရေစုန်မှာ လှေကြုံရှာ ရှေ့ဆက်ဖို့ တွေးမထားပါဘူး...♫ ♪ ♫ ♪…လေထန်ထန် ရေဆန်ဆန် ရုန်းထွက်ဖို့ စွမ်းအားအပြည့်ပဲ..♫ ♪ ♫ ♪…
♫ ♪ ♫ ♪…လူငယ်တွေပီပီလေ စိတ်ဓာတ်က မိုးထိမြင့်မား..♫ ♪ ♫ ♪…ဆူးလွှမ်းတဲ့ လမ်းကြမ်းထက် လှမ်းဆက်ဖို့ ရဲရဲချီထား
..♫ ♪ ♫ ♪…အရှုံးဘက်က အမြဲမရှိနိုင်ဘူး..♫ ♪ ♫ ♪…အပြုံးမပျက်ပဲ တွဲလက်ညီကြ..♫ ♪ ♫ ♪…
နှလုံးသွေးများ စွေးစွေးနီဆဲ..♫ ♪ ♫ ♪…သမိုင်းရေးသော ဒို့ရဲ့လက်များ..♫ ♪ ♫ ♪…လွတ်မြောက်ရေး ရှေ့ရှုကာထား..♫ ♪ ♫ ♪…ရှင်သန်ချိန် ဒီဘ၀ထဲမှာ
..♫ ♪ ♫ ♪…ညီစေနော် ငါတို့ကျောင်းသား..♫ ♪ ♫ ♪…
http://www.ziddu.com/download/16794571/10ThaMineYehLettMyarr-MunAwung.mp3.html



၁၂.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/16793595/12Oct2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/16793596/12Oct2011Yeyintngesdiary.doc.html

12 Oct 2011 Yeyintnge's Diary

အာပိကေ တကောင်ထွက် (မေသင်္ကြန်ဟိန်း)






အာပိကေ တကောင်ထွက် တဲ့... ကျမတို့လည်း အာပိကေ တကောင်ထွက်ဆိုတဲ့ ...

by May Thingyan Hein on Wednesday, October 12, 2011 at 1:16pm facebook

ဒီနေ့ မနက် ၆နာရီမှာ အိပ်ရာထပြီး အင်းစိန်ထောင်ရှေ့ သွားဖို့ ပြင်မိတယ်။ အမျိုးသားက ပြောတယ်၊ သတင်းကျွတ်မှာ သူများတွေက ဘုရားသွားကြတယ်၊ ကျမတို့ သတင်းသမားတွေကတော့ ထောင်ရှေ့သွားကြမယ်တဲ့။ဘာပဲ ပြောပြော အိမ်ကနေ ထွက်ခဲ့တုန်းကတော့ ရှိသမျှ နို်င်ငံရေးသမားတွေ အကုန်လွှတ်ပေးလိမ့်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါပဲ။

အင်းစိန်ထောင်ဂိတ်ဝ ရှေ့ရောက်တော့ နံနက် ၇နာရီနဲ့ မိနစ် ၄၀ လောက်ရှိပြီ လူတွေကတော့ စများနေပါပြီ၊ မျက်မြင်နေရတာကတော့ စုစုပေါင်း တထောင်ကျော်လောက် ရောက်နေပါပြီ။ အရဲဝတ် ရဲတွေ၊ သတင်းထောက်တွေကတော့ ထုံးစံအတိုင်းပဲပေါ့။ အရင်ရောက်ကြရတဲ့သူတွေပဲ။

ဟိုမှာ ဒီမှာ လွတ်နိုးနိုးနဲ့ လာစောင့်ကြတဲ့ သူတွေ ကြားမှာ ရပ်ရင်း သတင်းထောက်တွေ အနှံ့ပါပဲ။ ဓါတ်ပုံတွေ ရိုက်ကြ၊ အင်တာဗျူးကြနဲ့ပါ။

ကျမ အရင်ဆုံးအင်တာဗျူးဖြစ်တာက ကလေးတယောက်အမေပါ။ ၄ လသားအရွယ်ကလေးကို ချီပြီး ခေါ်လာတယ်။ ဂိတ်ဝနားက တံခါးနားမှာ ရပ်နေတော့ ကျမက လူတိုးရင် ကလေးထိလိမ့်မယ်လို့ သူ့ကို ပြောပြီး လူရှင်းတဲ့နေရာရွေ့နေဖို့ အကြံပေးမိတယ်။ နောက်တော့ ထုံးစံအတိုင်း ဗျူးတာပေါ့နော်။

သူ့အမျိုးသားက ချဲထီမှုနဲ့ ကျတာ။ ၂ နှစ်နဲ့ ၆လ နေပီးပြီးဆိုတော့ လွတ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာတာပါ။ဒါနဲ့ နောက်တယောက်ကို ဆက်မေးမိတယ်။ အဲဒီ အမျိုးသမီးကတော့ ၄၀ ကျော်လောက်ရှိပြီ သားကို လာစောင့်တာတဲ့ သားက ဘာအမှုလဲလို့ မေးတော့ မှောင်ရိပ်ခိုမှုတဲ့။
အဲ..ဒါနဲ့ နောက်တယောက် သူကတော့ အသက် ၅၀ အရွယ် အမျိုးသား၊ ဇနီးကိုလာစောင့်တာတဲ့ ကလေးတယောက်ကို လက်တွဲလို့ ပါ။ သူကလည်း ထုံးစံအတိုင်း ၂ လုံးထီရောင်းရင်း ဖမ်းခံရတာတဲ့ ကျတာ ၁ နှစ်ရှိပြီဆိုတော့ လွှတ်နိုင်တယ်ဆိုပြီး လာတာပါပဲ။
 ထောင်ရှေ့မှာ မိုးလင်းကတည်းက လာစောင့်တဲ့သူတော်တော်များများ က အကျဉ်းကျနေတဲ့ မိသားစုဝင်တွေပါ၊ များသောအားဖြင့် ၂ လုံးထီမှု၊ ချဲမှု၊ ခိုးမှု၊ ပြည့်တန်ဆာမှု၊ မုဒိန်းမှု စတဲ့ အမှုတွေနဲ့ ကျတဲ့ မိသားစုဝင်တွေ များပါတယ်။

နိုင်ငံရေးအကျဉ်းသားမိသားစုဝင် ၁ စု ၂ စုကိုလည်း တွေ့ပါတယ်။ သူတို့ကို မေးကြည့်တော့ မမျှော်လင့်ပါဘူးတဲ့။ ဒါပေမဲ့ လွတ်လိုလွတ်ကြားပါတဲ့။ မျှော်လင့်ပြီး မလွတ်ရင် ရင်နာလို့တဲ့။

ကျမလည်း ဟုတ်တာပေါ့လို့ ပြောမိပါတယ်။ အဲဒီအချိန်မှာ အားတက်စရာကောင်းတာက မြစ်ကြီးနားထောင်ကနေ ကိုဇာဂနာကို လွှတ်ပေးလိုက်ပြီ ဆိုတဲ့ သတင်းဝင်ဘာတာပါပဲ။ ကျမရော ကြားကြားသမျှ သတင်းသမားတွေရော အားတက်ဝမ်းသာမိကြပါတယ်။

နောက်တော့ နံနက် ၉နာရီလောက်မှာ ထောင်ဂိတ်ဝသွားပြီး မီဒီယာသမားနာမည်ပေးရင်းနဲ့ စောင့်တယ်။ နေကလည်း ပူလိုက်တာ၊ မနက် ၉နာရီပဲ ရှိသေးပေမဲ့ နေက ကျက်ကျက်တောက်ပါပဲ။ ဒါပေမဲ့ ကျမတို့မှာ အလုပ်ဇောနဲ့ ပါ။ ပူမှန်းသိပေမဲ့ ဘယ်သူမှ ထီးမဆောင်းကြဘူး၊ နေပူထဲမှာ ရပ်ပြီး အင်တာဗျူးကြတာပဲ၊ ဓါတ်ပုံ ရိုက်ကြ၊ ဗီဒီယိုနဲ့ မှတ်တမ်းတင်ကြတာပါပဲ။

နံနက် ၉နာရီ ခွဲလောက်မှာ မီဒီယာသမားတွေ နာမည်ခေါ်ပြီး အထဲကို ၀င်ခွင့်ပေးတယ်။
 အဲဒီအချိန်မှာ ထောင်ပြင်မှာတော့ လူအုပ်က တော်တော်များနေပြီ ၃ ထောင်လောက် ရှိပါတယ်။

နောက် အထဲကို ၀င်ခွင့်ရတယ်။ အဲဒီမှာတော့ စိတ်ဓါတ်စကျတာပါပဲ။ အင်းစိန်ထောင်ကနေ လွတ်တဲ့ ထဲမှာ ယုံကြည်ချက်ကြောင့် ကျတဲ့သူက ၂၉ ဦးလားပဲ ပါပါတယ်။ အင်းစိန်ထောင်မှာ နည်းတယ် နယ်ထောင်တွေမှာ များနိုင်တယ်လို့ မျှော်လင့်သေးတယ်။ မလျော့သေးပါဘူး။

ဒါနဲ့  ဓါတ်ပုံတွေ ရိုက်လိုက်၊ ထူးထူးခြားခြား မြင်ကွင်းလေးဆိုရင် ဗီဒီယိုလေး ရိုက်လိုက်နဲ့ ပေါ့။ ထောင်ပြင်ကို ထွက်ပြီး ဓါတ်ပုံ၇ိုက်တော့ နေ့လည် ၁၁ နာရီ လောက်ရှိနေပြီ။ အပြင်မှာ သတင်းတွေ စုံနေတော့ လွတ်တဲ့သူတွေထဲမှာ စုစုနွေးပါတယ်။ ကိုကိုကြီး နာမည်ပါပေမဲ့ ဘယ်ကိုကိုကြီးမှန်းလည်း မသိဘူး။ ကိုဌေးကြွယ်ကလည်း မသေချာဘူး ဆိုတော့ စိတ်ဓါတ်က  ကျချင်နေပါပြီ။

တဖြည်းဖြည်းနဲ့ နယ်က သတင်းတွေလည်း စုံလာပြီ အင်းစိန်ထောင်က လွတ်တာလဲ ၂၉ ဦးဆိုတာသေချာသွားပြီ။ ထောင်ရှေ့မှာ စောင့်နေတဲ့ သူတွေတော်တော်များနေပြီ။လူအုပ်ကြီးတွေကတော့ တယောက်ထွက်တိုင်း လက်ခုတ်တခါတီးပြီးအားပေးကြတယ်။ လက်ခုပ်တီးနေတဲ့ လူတွေကို ကြည့်ပြီး ကျမ ငိုချင်လာတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အကျဉ်းသားပေါင်း ၆၃၅၉ မှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါလာပါသလဲ၊
ကိုမင်းကိုနိုင်တို့၊ ကို၇ျင်မီတို့ မနီလာသိမ်းတို့ ဦးခွန်ထွန်းဦးတို့ အပြင် အခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်အောင် ကျမတို့ ဘယ်လောက်များစောင့်ကြရဦးမလဲ။ ဒီနေ့ ရတဲ့သတင်းတွေထဲမှာတော့ သူတို့နာမည်တွေ မပါသေးတာ အသေချာပါပဲ။

နေ့လည် ၁နာရီမှာ ကိုဇာဂနာ ရန်ကုန်လေဆိပ်ရောက်မယ်ဆိုလို့ ကျမတို့လည်း အင်းစိန်ထောင်ရှေ့ကနေ နေ့လည် ၁၂နာရီလောက်မှ စခွာခဲ့ပြီး ရန်ကုန်လေဆိပ်ကို ပြေးရပါတော့တယ်။ မောမောနဲ့ ပြေးရင်း
အဲဒီအချိန်မှာ ကျမ ငယ်ငယ်တုန်းက အမေ ပြောခဲ့ဖူးတဲ့ ပုံပြင်လေးကိုပဲ သွားသတိရမိတယ်။

ကျမက ငယ်ငယ်တုန်းက ပုံပြင်ကြိုက်တော့ ညအိပ်ရာဝင်ခါနီးတိုင်း အမေ့ကို ပုံပြင်ပြောခိုင်းပါတယ်။ ပြောခိုင်းတဲ့အခါတိုင်း ပုံပြင် ရှည်ရှည်လေး ပြောနော်လို့ ပြောတယ်။

အမေကတော့ စိတ်သိတ်မရှည်တော့ ကျမ ၁၀ ခါတောင်းဆိုမှ ၁ ခါလောက် လိုက်လျောပြီး ပုံပြောတယ်။
အမေပြာတဲ့ ပုံပြောရင်လည်း နားထောင်ကြည့်ပါဦး။
အမေက ပြောတယ် မုဆိုးကြီးက ငှက်ကလေးတွေကို နေ့တိုင်းဖမ်းတယ်။  ဖမ်းမိတဲ့ ငှက်ကလေးတွေကို ခြင်းကြားကြီးနဲ့ သိမ်းထားတယ်။ တနေကုန် ငှက်ဖမ်းတဲ့အလုပ်ပဲ လုပ်နေတော့ သူမှာ ဖမ်းလို့ရတဲ့ ငှက်တွေက အများကြီးပဲ။ အဲဒီသတင်းကို ကြားတဲ့ ၇ွာက ဘုန်းဘုန်းက သူ့ကို ခေါ်ပြီး ဆူလေ့ရှိတယ်။

မုဆိုးကြီးက သဘောကောင်းချင်ယောင်လည်း ဆောင်တတ်တယ်။ ဘုန်းဘုန်းစကားကိုလည်း မပါယ်ရှားဝံ့ဘူး။ သူ့ကို ရွာက ဘုန်းဘုန်းက ငှက်တွေကို မဖမ်းဖို့ ဆုံးမတိုင်း သူက ဘုန်းဘုန်းကို ကုသိုလ်လုပ်တဲ့ အကြောင်း ပြောတယ်၊

မုဆိုးကြီးက အာပိကေ တကောင်ထွက် ဆိုပြီးတော့ တနေ့ကို တကောင်နှုန်းနဲ့ ငှက်တွေ လွှတ်လွှတ်ပြပါတယ်တဲ့။ သူ့ခြင်းထဲမှာ ရှိတဲ့ ငှက်တွေအများကြီးထဲကနေ
အာပိကေ တကောင်ထွက် ၊အာပိကေ တကောင်ထွက်ဆိုပြီးတော့ တနေ့ကို တကောင်ချင်း လွှတ်ပြတာ တကယ်တော့ သူဖမ်းနေတာက တနေ့ကို အကောင် ၂၀ ကျော် ၃၀လောက်ဖမ်းပြီး တကောင်ချင်း လွှတ်ပြနေတာလေ။ ဘယ်တော့မှ သူ့ခြင်းထဲက ငှက်တွေ မကုန်ဘူးဆိုတာကို ပုံပြင်နားထောင်ရင်း သိလာတော့ တကယ်ပဲ ကျမ ငိုချင်လာတယ်၊ စိတ်ပျက်လာတယ် အဲဒီပုံပြင်နားထောင်ရတိုင်းပါ။

ခုလည်း ကျမတို့ကို အာပိကေ တကောင်ထွက် ဆိုတဲ့ ပုံပြင်နဲ့ပဲ နှစ်သိမ့်ခံနေရပြီလားလို့ တွေးနေမိပါတယ်။

၁၂-၁၀-၂၀၁၁ လွတ်မြောက်သော နိုင်ငံရေးအကျဉ်းသားစာရင်း



http://www.ziddu.com/download/16793506/68528545-12-10-2011-Political-Prisoners.pdf.html

12 10 2011 Political Prisoners

၁၃နှစ် ကလေးတစ်ဦးအား စစ်သားနှင့် ရဲများက ၀ိုင်းရိုက်နှက်


Submitted by admin on Tuesday, 11 October 2011--
အောက်တိုဘာလ ၁၁ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးရူးဒေသတွင် အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦးအား ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့တွင် ရဲနှင့် စစ်သားများက သူလျှိုဟု စွပ်စွဲကာ ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းကြောင့် ယခုအချိန်တွင် ဆေးမကုသနိုင်ဘဲ ဖြစ်နေရ သည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

၎င်းက “ကောင်လေးက နွားကျောင်းသားလေးပါ။ နွားကျောင်းပြီး ပြန်လာချိန် စစ်ကားတွေ သူ့ဘေးက ဖြတ်လာတယ်။ ခနနေ တော့ ကားပေါ်က စစ်သားနဲ့ ရဲတွေ ဆင်းလာပြီး ၀ိုင်းရိုက်ကြတာပဲ။ ၁၀ယောက်လောက်ရှိမယ်။ KIA ကို သတင်းပေးတဲ့သူ ဆိုပြီး တော့ပေါ့။ ပန်ဆိုင်းသွားတဲ့ ကားလမ်းပေါ်မှာ ဖြစ်တာပါ၊”ဟု ပြောသည်။

အခင်းဖြစ်သည့်အချိန်မှာ နေ့လည်ပိုင်းဖြစ်ပြီး ရွာသူကြီးနှင့် မိဘများက ၀င်ရောက်ရှင်းပြ တားဆီးသော်လည်း မရခဲ့ပေ။ လက်ရှိအ ချိန်တွင် ကလေးငယ်မှာ အရိုက်ခံရသည့်ဒဏ်ကြောင့် အိပ်ယာထဲမှ မထနိုင်ဘဲ ၎င်း၏မိဘများမှာ ဆင်းရဲ၍ ဆေးမကုနိုင် ဖြစ်နေရ သည်ဟု ရွာသားတစ်ဦးက ပြောသည်။

ယင်းသို့ ကလေးငယ်အား ရိုက်နှက်ခဲ့သည့် အစိုးရ တပ်သားများမှာ မုန်ကိုးဒေသ ထိုးစစ်အတွက် စစ်ကြောင်းဆင်းလာသည့် ခလရ (၂၉၀) တပ်ဖွဲ့ဝင်များဖြစ်ပြီး ရဲများမှာ လုံခြုံရေးအတွက် လိုက်ပါလာသူများဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး ပညာပေးအဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ယခု အဖြစ်အပျက်မှာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်- CRC ကို ချိုးဖောက်ရုံမက လုံခြုံရေးကောင်စီမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်အမှတ် ၁၆/၁၂ကိုလည်း ချိုးဖောက်ပြီးသား ဖြစ်နေသည်ဟု ဆိုသည်။

“ခုဖြစ်တာဟာ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ဖြစ်လို့ပိုပြီး ဆိုးပါတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်လို့ ဒုက္ခရောက်ရင် အဆိုးဆုံး က အမျိုးသမီးနဲ့ ကလေးတွေပါ။ ကာကွယ်ပေးရမယ့် ပထမဆုံးတာဝန်ရှိသူကတော့ အစိုးရပဲ ဖြစ်ပါတယ်။”ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်မှစ၍ အစိုးရတပ်နှင့် KIA သည့် တိုက်ပွဲများ ဖြစ်ပွားနေခဲ့ပြီး မုံးရူးသည် ဆက်သွယ်ရေးအတွက် အချက်အချာကျ သောလမ်းတွင် တည်ရှိသည်။
http://www.kicnews.org/

မော်လမြိုင်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မဖြိုးဖြိုးအောင်





ဒီကနေ့ မော်လမြိုင်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မဖြိုးဖြိုးအောင်နဲ့ ဆက်သွယ်မေးမြန်းချက်
http://www.naytthit.net/?p=20802

Posted by on October 12, 2011

၂၀၀၇ ခုနှစ် ဗကသ ပြန်ဖွဲ့ရာမှာ ခေါင်းဆောင် အဖွဲ့ဝင်တဦး ဖြစ်ခဲ့သူ၊ စစ်အုပ်စုရဲ့ ဥပက္ခာပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ် မုန်းတိုင်းဒဏ်ခံ ပြည်သူတွေကို အကူအညီပေးရေလှုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်ခဲ့ မဖြိုးဖြိုးအောင် (ခေါ်) မနှင်းပွင့်ဝေ ကို စစ်အုပ်စုက တရားမဝင် အသင်းအပင်းဖွဲ့စည်းမှုနဲ့ ထောင်ဒဏ် ၄ နှစ် အပစ်ပေးခံခဲ့ရပြီး၊ မော်လမြိုင်ထောင်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်က သူမဟာ နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ကျောင်းသူ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၄၉/၂၀၁၁ အရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မော်လမြိုင်ထောင်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ မဖြိုးဖြိုးအောင် ရဲ့ ထောင်တွင်းနေထိုင်ခဲ့ရတဲ့ အခြေအနေနဲ့ လက်ရှိခံစားချက်တွေ ကို နေ့သစ် ဝိုင်းတော်သားတဦးဖြစ်တဲ့ ကလျာက ဆက်သွယ်မေးမြန်းထားပါတယ်။
ကလျာ
ညီမရေ ပုံမှန်ဆိုရင်ပေါ့နော် ညီမလွတ်ဖို့ ဘယ်လောက်လိုသေးလဲ
ဖြိုးဖြိုးအောင်
လွတ်ဖို့က ၃ လ နဲ့ ၁၅ ရက်ပဲ လိုပါတော့တယ် အစ်မ
ကလျာ
ညီမနဲ့ အတူတူလွှတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်လောက်ပါလဲ
ဖြိုးဖြိုးအောင်
ကျမ အပါအဝင် ၆ ယောက် လွတ်ပါတယ်၊ တိုက်အကျဉ်းသား ကိုသက်ဦးရယ်၊ ဦးဇော်ဝင်း၊ မိုးထက်ယံ ရယ်၊ ကျမ ရယ်၊ အဆောင်အကျဉ်းသား ၁၇/၁ နဲ့က ဦးမောင်မောင် ရယ်၊ ဦးမြင့်ဆွေ ရယ်ပါ
ကလျာ
နောက်တခုက မော်လမြိုင်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်လောက် ကျန်ခဲ့သေးလဲ
ဖြိုးဖြိုးအောင်
အထဲမှာတော့ အမျိုးသားတိုက်ဘက်မှာ ၅ ယောက်ကျန်တယ်၊ အဆောင်ဘက်မှာ ၁၀ ယောက်လောက်ကျန်တယ်၊ လို့ ကြားတယ်။ အမျိုးသမီးဘက်မှာတော့ အဆောင်မှာ ၂ ယောက်ကျန်ပါသေးတယ်။
ကလျာ
သူတို့တွေ ပြန်လွှတ်ဖို့ အခြေအနေဘယ်လို့ ရှိလဲဟင်
ဖြိုးဖြိုးအောင်
အဲဒါကတော့ သိပ်ပြောလို့မရဘူးရှင့်၊ ဒါပေမယ့် ပြန်လွတ်ဖို့တော့ ကျမတို့မှာ တာဝန်ရှိသွားပြီး။ ကျမတို့မှာ အလုပ်တွေ လုပ်ဖို့ တာဝန်ရှိသွားပြီ။ သူတို့အတွက်ကတော့ ကျမတို့ အများကြီး လုပ်ပေးရမှာပေါ့နော်။
ကလျာ
အခု လွတ်လာတဲ့ အပေါ်မှာ ဘယ်လို ခံစားရသလဲ ညီမ
ဖြိုးဖြိုးအောင်
အကြာကြီးနေပြီးမှ ပြန်လွတ်လာတဲ့အတွက်တော့ ဝမ်းသာပါတယ်။ ကျမအတွက် ကတော့ သိပ်ပြီး ရင်မခုန်ဘူးပေါ့နော်။ လွတ်သင့်တဲ့လူတွေ မလွတ်သေးတာတော့ အများကြီးဝမ်းနည်းတယ်။ အကုန်လုံးလွတ် စေချင်တယ်။ စိတ်မကောင်း ဖြစ်မိတယ်။
ကလျာ
ညီမတို့ ထောင်ထဲမှာ ဘာတွေ လုပ်ခွင့်ရလဲ ဥပမာ စာဖတ်တာတို့ ဘာတို့ပေါ့နော်
ဖြိုးဖြိုးအောင်
ကျမ စာဖတ်ခွင့်ရပါတယ်။ တီဗွီတွေဘာတွေလည်း ပေးကြည့်ပါတယ်။ သတင်းစာလည်း ပေးဖတ်ပါတယ်။ ကျမ တို့ကတော့ အဆင်ပြေပါတယ်၊ ၁၇/၁ တွေ ဘာတွေကိုတော့ ကျမတို့လောက် အဆင်ပြေပြေ မဆက်ဆံခံရဘူး။
ကလျာ
ညီမရဲ့ ကျန်းမာရေးအခြေအနေဘယ်လိုနေလဲ
ဖြိုးဖြိုးအောင်
ကျန်းမာရေးကတော့ ကောင်းပါတယ်။
ကလျာ
ထောင်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ ဘယ်လိုရှိလဲ
ဖြိုးဖြိုးအောင်
ဆရာဝန်ကတော့ ဂရုစိုက်ပါတယ်။ ဒါပေမယ့် ၁၇/၁ အမျိုးသမီးတယောက်မှာ သားအိမ်နဲ့ ပတ်သက်တဲ့ ရောဂါပေါ့နော် အခြေအနေက ဆေးရုံပို့ရမယ့် အနေအထားပေါ့နော့်၊ အဲဒါကို ခုထိ ထိထိရောက်ရောက် ကုသပေးတာ မတွေ့ရဘူး၊ မရုမစိုက်ဘူးပေါ့နော်။
ကလျာ
မိသားစုကပေးတဲ့ ဆေးတွေဘာတွေကို ယူထားခွင့်ရှိလား ညီမ
ဖြိုးဖြိုးအောင်
ထားခွင့်ရှိပါတယ်၊ ဒါပေမယ့် သိပ်များလွန်းရင်တော့ ပေးမထားဘူးပေါ့နော်၊ နည်းနည်းပါးပါးဆိုရင်တော့ ပေးထားပါတယ်။ ထောင်ကြီး၊ ထောင်သေးပေါ်မှာလည်း မူတည်ပါတယ်။
ကလျာ
အခန်းတွေဘာတွေရော အမြဲတမ်းဖွင့်ထားလား
ဖြိုးဖြိုးအောင်
ကျမ ကိုတော့ အခန်းတံခါး ဖွင့်ထားပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တယောက်တည်းလည်းဖြစ်တာကိုးနော်၊ ကျမ ကို ထားတဲ့တိုက်က ၅ည ထားတဲ့တိုက်မဟုတ်ဘူး၊ ပြစ်ဒါဏ်ကျတွေထားတဲ့ တိုက်မှာ ရောထားတာပါ။
ကလျာ
အခု လွတ်လာပြီဆိုတော့ အခု နိုင်ငံရေးအခြေအနေကို ဘယ်လိုထင်လဲ ညီမ ပြောင်လဲနေပြီလို့ ထင်လား၊ ဒါမှမဟုတ် ပြောင်လဲဖို့ လိုသေးတယ်လို့ ထင်လား
ဖြိုးဖြိုးအောင်
ဘယ်လိုထင်လဲဆိုတော့၊ လိုသေးတယ်လိုထင်ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို အခု ရောက်ပြီလို ပြောလို့မရသေးဘူး အဲဒါကြောင် တက်ကတော့ မြှောက်လို့မရသေးဘူး၊ ကျမတို့ အလုပ်တွေ အများကြီး ဆက်လုပ်ရအုံမှာပါ။
ကလျာ
ထောင်ထဲမှာ အင်္ဂလိပ်စာတို့ဘာတို့ လေ့လာလို့ ရလား
ဖြိုးဖြိုးအောင်
လေ့လာခွင့်ရှိပါတယ်။ ကိုယ့်ဟာကို စာအုပ်တွေဘာတွေမှာပြီးတော့ ဖတ်ပါတယ်။ ပါလာတဲ့ စာအုပ်တွေလည်း ဖတ်ပါ တယ်။
ကလျာ
အခု အပြင်က အခြေအနေတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေ တွေ့တယ် အဲဒီအပေါ်မှာ တုန့်ပြန်ဝေ ဖန်တာတွေရှိတယ် အဲဒီအပေါ်ရော ဘယ်လိုမြင်လဲ ညီမ
ဖြိုးဖြိုးအောင်
ဒီလိုပေါ့နော်၊ ပန်းတိုင်တခုကိုရောက်ဖို့က နည်းလမ်းပေါင်းစုံနဲ့ သွားရမှာပေါ့နော်။ အဓိက ကျမတို့ လိုချင်တဲ့ ပန်းတိုင်းကို ရောက်ဖို့ပါပဲ။
http://www.naytthit.net/?p=20802 မှ...

အိမ်နီးချင်း နိုင်ငံ တွေနဲ့  သဘောတူ စာချုပ်တွေနင်းချူပ်နေတဲ့ဦးသိန်းစိန်ဖတ်ဖို့ ..




အိမ်နီးချင်း နိုင်ငံ နဲ့  သဘောတူ စာချုပ် ကြောင့် ယူကရိန်း ၀န်ကြီးချုပ် ဟောင်း ထောင်ဒဏ် ချမှတ် ခံရ
by politics on October 12, 2011
WO-AH356_UKRAIN_G_20111011185559၂၀၀၇ ခုနှစ် မှာ ယူကရိန်း လိမ္မော်ရောင် တော်လှန် ရေး နဲ့  အာဏာ ရရှိ လာ တဲ့ ယူကရိန်း
ဝန်ကြီး ချုပ် ဟောင်း ယူလီယာ တိုင် မို ရှန် ကိုး ကို ယူကရိန်း တရား ရုံး က သူ အာဏာ ရှိ
စဉ် မှာ အာဏာကို အလွဲ သုံး စား လုပ် မှု နဲ့  ထောင်ဒဏ် ခုနှစ် ချမှတ် လိုက် ပါတယ်။
တိုင်မိုရှန်ကိုး ဟာ သူ အာဏာ ရှိ စဉ် မှာ ၂၀၀၉ ခုနှစ် က ရုရှား နိုင်ငံ နဲ့  သဘာဝ ဓာတ်ငွေ့ 
ပိုက်လိုင်း သဘော တူ စာ ချုပ် ချုပ် ဆို စဉ် မှာ သူ့  ရဲ့  အာဏာကို လို အပ် တာ ထက် ပို သုံး
ခဲ့ တယ် လို့  စွပ် ဆွဲ ချက် နဲ့  ယူ ကရိန်း နိုင်ငံ ကိယဗ် မြို့  တရား ရုံး က အမိန့် ချမှတ် လိုက်
တာ ဖြစ်ပါတယ်။
ဥရောပ နိုင်ငံ တွေ ကို ရောင်း ချ မယ့် ရုရှား ရဲ့  သဘာဝ ဓာတ်ငွေ့  ပိုက် လိုင်း ကို ယူကရိန်း
နိုင်ငံ က ဖြတ် သန်း ဖို့  ကို တိုင်မိုရှန်ကိုး အစိုး ရ အဖွဲ့  က ၂၀၀၉ ခုနှစ် မှာ သဘော တူ ခဲ့
တာ ဖြစ် ပါတယ်။
ဒီသဘော တူ ညီ ချက် ကြောင့် ယူကရိန်း နိုင်ငံ ဟာ ရုရှား ဆီက သဘာဝ ဓာတ်ငွေ့  ကို နှစ်
ဆယ် ရာ ခိုင် နှုန်း လျှော့ ဈေး နဲ့  ရရှိ ခဲ့ တယ်လို့  တရား ရုံး မှာ သူ့  ရဲ့  ရှေ့  နေ တွေ က ထောက်
ပြ ကြ ပါတယ်။
ရုရှား ၀န် ကြီး ချုပ် ပူတင် နဲ့  အမေရိကန် အစိုးရ ကတော့ လိမ္မော်ရောင် တော်လှန် ရေး ကြီး
ပေါ် ပေါက် လာ အောင် စွမ်းဆောင် ခဲ့ သူ ဖြစ်တဲ့ ယူကရိန်း ၀န်ကြီး ချုပ် ဟောင်း ကို ထောင်
ဒဏ် ချမှတ် တာ ကို ကန့် ကွက် ရှုံ ချ ခဲ့ ပါတယ်။
လက်ရှိ ယူကရိန်း ၀န်ကြီး ချုပ် မိုင်ကိုလာ အာဇာရောဗ် ဟာ ၂၀၀၅ ခုနှစ် လိမ္မော်ရောင် တော်
လှန်း ရေ ဖြစ် ပွား စဉ်မှာ သမ္မတ လီယိုနွိုက် ကူချမာ ရဲ့  အစိုးရ အဖွဲ့ မှာ ၀န်ကြီးချုပ် တာဝန်
ယူထား ခဲ့ သူ ဖြစ်ပါတယ်။
ယူလီယာ တိုင် မို ရှန် ကိုး ကို ထောင်ဒဏ် အပြစ်  ပေး မှု အတွက် ဥရောပ သမဂ္ဂ က လည်း
အကြီး အကျယ် ကန့် ကွက် ခဲ့ ပါတယ်။
၂၀၀၇ ခုနှစ် ဥရောပ နိုင် ငံ တွေ ဓာတ်ငွေ့ အကျပ်ဘေး ဆိုက် နေချိန် မှာ တိုင်မို ရှန် ကို က
ရုရှား နဲ့  ပိုက်လိုင်း သဘော တူညီ မှု ရယူကာ ချမ်းအေး ၍ ဓာတ်ငွေ့  မလုံ လောက် သော
အခက် 
ကို ဖြေရှင်း နိုင် ခဲ့ ပါတယ်။
ယူကရန်း နဲ့  ရုရှား နိုင်ငံ ဟာ ဒီ့မတိုင် ခင် မှာ သဘာဝ ဓာတ်ငွေ့  အငြင်း ပွား မှု ဖြစ် ပွား ခဲ့
ပြီး ဥရောပ ဆီ ပို့  မယ့် သဘာဝ ဓာတ်ငွေ့  ပိုက် လိုင်း ကို ပိတ် ဆို့  ခဲ့ ပါတယ်။
ရုရှား ဂက်(စ) ကုမ္ပဏီ  Gazprom  ကို ယူကရိန်း ဂက်(စ) ကုမ္ပဏီ Naftogaz   က အကြွေး
မပေး နိုင် မှု ကြောင့် ပိုက်လိုင်း အငြင်း ပွား မှု မကြာ ခဏ ဖြစ် ပေါ် မှု ကို တိုင်မို ရှန် ကို လက်
ထက် မှာ ဖြေရှင်း နိုင်ခဲ့ ပါတယ်။

၂၀၀၄ မှာ စတင် ခဲ့ တဲ့ ယူကရိန်း  လိမ္မော်ရောင် တော်လှန် ရေး ခေါင်း ဆောင် ဖြစ်တဲ့ တိုင်မို
ရှန် ကို ကို ထောက်ခံ သူ ၃၀၀၀ ကျော် လောက် က တရား ရုံး ရှေ့  မှာ လာရောက် စု ရုံး ခဲ့ ပါ
တယ်။
အသက် ၅၀ အရွယ် ရှိ ပြီ ဖြစ်တဲ့ တိုင်မို ရှန် ကို က တရား ရုံး မှာ သူဟာ အလျှော့ ပေး မှာ
မဟုတ် ဘူး ရိုးသား မှု အတွက် တိုက် ပွဲ ၀င် အုံး မှာ လို့  ပြောကြား ခဲ့ ပါတယ်။




http://freedomnewsgroup.com/2011/10/12/tymoshenko-of-ukraine/


အတိုက်အခံနှင့် စစ်ဘက် ပူဇော်ကန်တော့ပွဲများ ကျင်းပ



ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။         ။ မြန်မာ ဗုဒ္ဓဘာသာဝင် အများစု၏ အစဉ်အလာတခုဖြစ်သော သီတင်းကျွတ်လပြည့်နေ့
တွင် သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့ကြလေ့ ရှိသည့်အလျောက် နိုင်ငံရေး အသိုင်းအဝန်း အမျိုးမျိုးတွင်
လည်း ဂါရဝပြု ကန်တော့ပွဲများ ကျင်းပကြကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ နက်နက် ၁ဝ နာရီမှ စတင်ကာ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဌာနချုပ်ရုံးတွင်
နိုင်ငံရေး သက်ကြီးပူဇော်ပွဲများ ပြုလုပ်ခဲ့ကြကြောင်း ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထဲက အသက် ၈ဝ ကျော် ပုဂ္ဂိုလ်များကို ကန်တော့တာ။ ကန်တော့ပွဲတွေက ဆက်တိုက် ဆက်တိုက် လုပ်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီးလုပ်ငန်းအဖွဲ့၊ လူငယ်လုပ်ငန်းအဖွဲ့၊ ပြည်နယ်/
တိုင်း အသီးသီးက ခေါင်းဆောင်တွေက ကန်တော့ကြတာပါ” ဟု ပြောသည်။

respect1
တော်ဝင်နှင်းဆီတွင် ပြုလုပ်သော နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရဝပြု ကန်တော့ပွဲသို့ တက်ရောက်လာသော အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များ ဖြစ်သော ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့အား တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
NLD ခေါင်းဆောင်များထဲမှ ဦးအောင်ရွှေ ( အသက် ၉၅ နှစ်)၊ ဦးလွင် ( အသက် ၈၉ နှစ် )၊ ဦးလွန်းတင်( အသက် ၉၁ နှစ်) နှင့် ဦးညွန့်ဝေ ( အသက် ၈၄ နှစ် )တို့မှာ ကျန်းမာရေးအခြေအနေအရ ကန်တော့ခံ မကြွရောက်နိုင်သော်
လည်း အခြားခေါင်းဆောင်များဖြစ်ကြသည့် ဦးတင်ဦး ( အသက် ၈၆ နှစ် )၊ ဦးသန်းထွန်း ( အသက် ၈၉ နှစ် )၊
ဦးလှဖေ ( အသက် ၈၅ နှစ် )နှင့်င့် ဦးဝင်းတင် ( အသက် ၈၂ နှစ်)တို့ ကန်တော့ခံခဲ့ကြသည်။

ဤကဲ့သို့ ပါတီဝင်များက ပါတီခေါင်းဆောင်များအား ဂါရဝပြုကြသည့်နည်းတူ ဗေဒါ သင်တန်းကျောင်း၊ အမေ့အိမ် စာသင်ကျောင်းမှာ ကျောင်းသား/သူများကလည်း ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့အား သီးသန့်စီ ကန်တော့ကြကာ တနင်္သာရီတိုင်းမှ စေတနာရှင် ဦးစိုးတင့် မိသားစုကလည်း ပါတီခေါင်းဆောင် ၁၂ ဦးအား ကန်တော့ ခဲ့သည်။

ထို့အတူ နိုင်ငံရေး အကျဉ်းသားဟောင်းများကလည်း နိုင်ငံရေးခေါင်းဆောင် သုံးဦး အဖြစ် ဦးတင်ဦး၊
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့အား တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် နေ့လည်ပိုင်းက ဂါရဝ
ပြုခဲ့ကြေသေးကြောင်း သိရသည်။

respect4
တော်ဝင်နှင်းဆီတွင်ပြုလုပ်သော နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရဝပြု ကန်တော့ပွဲသို့ တက်ရောက်လာသော သူများကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
ထိုကဲ့သို့ အတိုက်အခံ နိုင်ငံရေး အင်အားစုများက ၎င်းတို့ခေါင်းဆောင်များအား ပူဇော်ကန်တော့ကြသည့်နည်းတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအဝင် လက်ရှိအစိုးရ ခေါင်းဆောင်များက သွားရောက် ကန်တော့ကြကြောင်း
နေပြည်တော် သတင်းရပ်ကွက်မှ သိရသည်။ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

နံနက် ၁ဝ နာရီတွင် စစ်ရုံးချုပ်တွင် ပြုလုပ်သော အဆိုပါ ကန်တော့ပွဲသို့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ၊
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း  ၊ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နေပြည်တော် စစ်ရုံးကြီး၏ တပ်မိသားစုဝင်များ ပါဝင်ကြောင်း သတင်းရပ်ကွက်က ပြောသည်။

အငြိမ်းစား ယူသွားခဲ့ကြသော ယခင်အာဏာရှင် ဦးသန်းရွှေနှင့် သူ၏လက်ထောက် ဦးမောင်အေးတို့မှာ အများပြည်သူ
မြင်ကွင်းမှ ကွယ်ပျောက်နေသည်မှာ ဧပြီလကတည်းက ဖြစ်သည်။ ယခုနှစ် မတ်လအတွင်းက အငြင်းပွားဖွယ်ရာ
ရွေးကောက်ပွဲမှ အနိုင်ရလာသော ယခင်ဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရကို အာဏာလွှဲပေးသွားခဲ့သော စစ်အစိုးရအဖွဲ့၏ ခေါင်းဆောင်နှစ်ဦးအကြောင်းမှာ လျို့ဝှက်ချက်တခုလို
ဖြစ်နေသည်။
respect2
တော်ဝင်နှင်းဆီတွင်ပြုလုပ်သော နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရဝပြု ကန်တော့ပွဲသို့ တက်ရောက်လာသော သူများကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
မန္တလေးမြို့တော်ဝန်က ကြီးမှူးသော မြန်မာ့ရိုးရာသင်္ကြန် ရေပက်မဏ္ဍပ်ဖွင့်ပွဲသို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ နံပါတ်နှစ်ခေါင်းဆောင်ဖြစ်ခဲ့သူ ဦးမောင်အေးလည်း တက်ရောက်ခဲ့ဖူးသည်။

ကန့်လန့်ကာနောက်ကွယ်တွင် ဝင်သွားပြီဟု အတိုက်အခံများက ခန့်မှန်းပြောဆိုခြင်းခံရသလို စစ်ဘက်ရေးရာများတွင်
သာ ဝင်ရောက်စွက်ဖက်လေ့ရှိသည်ဟု လေ့လာသူများက ညွှန်းဆိုလေ့ရှိသော ပရိယာယ်ကြွယ်ဝသော ဦးသန်းရွှေမှာ လက်ရှိ အစိုးရခေါင်းဆောင်များနှင့် ထိတွေ့နေမှုတော့ ရှိနေမြဲဖြစ်သည်ဟု  နေပြည်တော်ရှိ သတင်းရပ်ကွက်က မဇ္ဈိမသို့ ပြောသည်။

သမ္မတဦးသိန်းစိန်မှာမူ ဗုဒ္ဓဟူးနေ့တွင် စတင်ကာ အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ ချစ်ကြည်ရေး ခရီး လည်ပတ်လျှက် ရှိသည်။ ယခုသတင်းပေးပို့ချိန်တွင် ဘီဟာပြည်နယ် ဂယာမြို့ရှိ ဗုဒ္ဓဂါယာသို့ ရောက်ရှိနေသည်။
ယခုကဲ့သို့ တပ်မတော် ခေါင်းဆောင်ဟောင်းတဦးအား လက်ရှိခေါင်းဆောင်များက သွားရောက် ကန်တော့ခြင်းမျိုး
ယခင်က မရှိခဲ့ဖူးကြောင်း ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အာဏာသိမ်းစစ်ခေါင်းဆောင်များတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည့် ထိုစဉ်က ဗိုလ်မှူးချုပ်အောင်ကြီး၏ ဇနီး ဒေါ်မူမူသိန်းက မဇ္ဈိမကို ပြောသည်။

“အရင် တခါမှ မရှိဖူးပါဘူး။ အခုမှပဲ ကြားတာပါ။ ဗိုလ်ချုပ်ကြီးနေဝင်းကိုလည်း သွားကန်တော့တာမျိုးတော့ မရှိခဲ့ဖူး
ပါဘူး။ အဲဒီတုန်းက ထွက်သွားပြီးတဲ့လူတွေက လက်ရှိလူတွေနဲ့ အဆက်အသွယ် လုပ်ဖို့က အင်မတန် ခဲယဉ်းပါတယ်။ အခုကတော့ နည်းနည်းတော့ change ဖြစ်သွားပြီပေါ့။ အရင်ကတော့ အခု တပ်က ထွက်သွားရင် အဲဒီလူကို အခေါ်
အပြော သိပ်မရှိကြတော့ဘူး။ အခုကတော့ ထွက်သွားတယ်၊ အခု သွားတွေ့လို့ရတယ်” ဟု ပြောသည်။

အသက် ၉၃ နှစ်အရွယ် ဦးအောင်ကြီးအား ယနေ့နံနက်က ဆွေမျိုးမိတ်သင်္ဂဟများက လာရောက် ဂါရဝပြုကြ
သော်လည်း တပ်မတော်မှ မည်သည့် အရာရှိတဦးမျှ လာရောက်ခြင်း မရှိသေးကြောင်း ဒေါ်မူမူသိန်းက ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/8474-2011-10-12-12-35-22.html

“အခုမနက်ကစပြီး မယုံတော့ဘူး”နှင့်ဇာဂနာပေါင်းချူပ်

သတင်းဌာနအားလုံးမှစုစည်းတင်ပြပါသည်။

အခုမနက်ကစပြီး မယုံတော့ဘူး

By ဧရာဝတီ on October 12, 2011 4:18 pm
ကိုဇာဂနာသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေစဉ် ဇွန် လဆန်းပိုင်း၌စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရသည်။ ၎င်းကို စစ်အစိုးရက နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက် ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက် ထရွန်နစ် အမှု တမှုလျှင် ၈ နှစ်စီ ဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။ ၎င်းသည် ယမန်နေ့ကအထိ ကချင်ပြည်နယ် မြစ်ကြီးနားထောင် တွင် ရှိနေခဲ့သည်။


ယနေ့နေ့လယ် ၁ နာရီခွဲခန့်က ရန်ကုန်လေဆိပ်မှအထွက် ကိုဇာဂနာကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ယမန်နေ့တွင် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ၍ အကျဉ်းသား ၆ ထောင်ကျော်ကို ယနေ့ သီတင်းကျွတ်လပြည့်နေ့မှ စတင် လွှတ်ပေးခဲ့ရာ ထိုအထဲတွင် ကမ္ဘာသိ လူရွှင်တော် ကိုဇာဂနာလည်း ပါရှိသည်။ မြစ်ကြီးနားမှတဆင့် ရန်ကုန်သို့ လေယာဉ်နှင့် ပြန်လာခဲ့ပြီး ယခု နေအိမ်တွင် ရောက်ရှိနေပြီဖြစ်သော ကိုဇာဂနာကို ဧရာဝတီမဂ္ဂဇင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့ပါသည်။
မေး။     ။ ထောင်ထဲမှာ ကိုဇာဂနာကို ကောင်းကောင်းထားရဲ့လား။ ညှဉ်းပန်းနှိပ်စက်တာတို့ ဘာတို့ကော ခံခဲ့ရလား။
ဖြေ။     ။ မဆိုးဘူးပြောရမယ်၊ အရင်ကထက် အများကြီးကောင်းလာတယ်။ ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) နဲ့တော့ မတွေ့ခဲ့ရဘူး။ နှိပ်စက်တာတို့ ဘာတို့ မရှိပါဘူး။ ဟိုးအရင် ၁၉၉၄ ခုနှစ်မတိုင်ခင် ကျနော်တို့ ထောင်ထဲရောက်တုန်းက ပုံစံနဲ့ အခုနဲ့တော့ အများကြီး ကွာသွားပါပြီ။ ကျနော်တို့ကို လေနဲ့တောင် မပစ်မှားရဲဘူး။
မေး။     ။ ကိုဇာဂနာ မလွတ်ခင်မှာ အစိုးရဘက်က လာညှိတာ ရှိလား။
ဖြေ။     ။ မရှိပါဘူး။ လွတ်မယ်ဆိုတာတောင် ဒီနေ့ မနက် အစောကြီး ၅ နာရီခွဲလောက်ကမှ လာနှိုးပြီးပြောလို့ သိတာ။ ကိုဇာဂနာ လွတ်ပြီ ဆိုပြီး လာပြောတော့ ကျနော်ကတောင် နောက်လိုက်သေးတယ်၊ ဘာလဲ စိတ်နဲ့ကိုယ်နဲ့ လွတ်တာလားလို့။
မေး။     ။ ထောင်ထဲမှာ ဂျာနယ်တောင် ဖတ်လို့ရတယ်ဆိုတော့ ကိုဇာဂနာ လွတ်ပြီဆိုတဲ့ သတင်းတွေ တကယ် မကြားရဘူးလား။
ဖြေ။     ။ မကြားရဘူးဗျ။ မနေ့ကတော့ ရေဒီယို နားထောင်ရတယ်လေ။ မနေ့က FM မှာ နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့် ပြုမယ်ဆိုပြီး ကြေညာတာတော့ သိတယ်။ ဒါပေမယ့် အဲဒီလွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ကျနော်တို့ မပါဘူးလို့ပဲ ထင်နေတာပေါ့။ ဂျာနယ်တွေဖတ်ရတဲ့ထဲမှာလည်း အဲဒီလို သတင်းတွေ မပါဘူးလေ။
မေး။     ။ အခု လွတ်လာပြီဆိုတော့ ဘာတွေ ဆက်လုပ်မယ် စဉ်းစားထားလဲ။
ဖြေ။     ။ ကျနော်မှာတော့ ကျနော့်ရဲ့ နဂိုလုပ်ထားတဲ့ အစီအစဉ်ရှိတယ်။ ကျနော့်ခံယူချက်က နိုင်ငံရေးနဲ့ အနုပညာဆိုတာ တွဲနေတာ ဆိုတော့ ကျနော် အဲဒါပဲ ဆက်လုပ်ရမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ၁၉၈၈ ခုနှစ်တုန်းက ပါတီစုံ ဒီမိုကရေစီ ရရှိရေး ဆိုပြီး တောင်းခဲ့ကြတာကိုး၊ အဲဒီလို တောင်းခဲ့ပြီးတော့ ကျနော်တို့တောင်းဆိုခဲ့တာတွေ အခု ပြည့်စုံပြီလားလို့ ကျနော့်ကိုယ် ကျနော် မေးကြည့်လိုက်တဲ့ အခါကျတော့ မပြည့်စုံဘူး ဆိုတဲ့ အဖြေပဲရတယ်။ ပါတီစုံဒီမိုကရေစီ မဖြစ်သေးဘူး၊ ဒီမိုကရေစီ ဆိုတာလည်း စစ်စစ်မှန်မှန်မရသေးဘူး။ အဲဒီအချက် နှစ်ချက်ကို ကျနော် စဉ်းစားမိတဲ့အတွက် အနုပညာနဲ့ နိုင်ငံရေး တွဲပြီး ဆက်လုပ်ရဦးမယ်လို့ ပြောတာပါ။
မေး။     ။ မြန်မာပြည် ပြောင်းလဲနေပြီ၊ ဖွံ့ဖြိုးတိုးတက်နေပြီလို့ ကာ့တ် ကမ်းဘဲလ်ကလည်း ပြောတယ်၊ EU ကလည်း ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်နဲ့တွေ့တာကိုလည်း နိုင်ငံတကာက ထောက်ခံကြတယ်။ ကိုဇာဂနာက ထောင်ထဲကနေပြီး အဲဒီလို ပြောတာတွေ ကြားရတော့ ဘယ်လိုခံစားရလဲ၊ ဘာပြောချင်လဲ။
ဖြေ။     ။ မနေ့က ညနေလောက်အထိကတော့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတာကို ယုံချင်သလိုလိုပဲ။ အဲဒါပြီးတော့ ဒီနေ့မနက်ကစပြီး မယုံတော့ဘူး။ တကယ် မလိုလားဘူး ကျနော်ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကို လွှတ်တာတောင်မှ တွန့်တိုနေတာ မဟုတ်လား။ လွှတ်လိုက်ပါလား အကုန်လုံး၊ သူတို့ အိတ်ထဲက စိုက်ပေးရလို့လား။ ဒီအမှုတွေအားလုံးက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချထားတဲ့ ပြစ်ဒဏ်တွေ တခုမှမဟုတ်ဘူး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တကယ်လိုလားတယ်ဆိုရင် လွှတ်လိုက်ပါလို့ ပြောချင်တယ်။
ကျနော်တို့ ဖြစ်စေချင်တာက အကုန်လုံး အကုန်လုံး လွတ်စေချင်တာ။ မင်းကိုနိုင်မှ မဟုတ်ဘူး အကုန်လုံးပဲ။ လူမသိသူမသိလို့ ပြောလို့ရတဲ့ ကျနော်နဲ့ အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုးတောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လွတ်စေချင်တာပဲ။
မေး။     ။ ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက နိုင်ငံရေးအကျဉ်းသား မို့လို့လား။
ဖြေ။     ။ ကျနော်က နိုင်ငံရေးအကျဉ်းသားလို့ မပြောပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား။
(၎င်းအဖြေ အပြီးတွင် တယ်လီဖုန်းလိုင်း ပြတ်တောက် သွားပါသည်)
http://burma.irrawaddy.org/?p=1019


ဇာဂနာလွတ်ပြီ

2011-10-12
၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၃ နှစ်နဲ့ ၅ လ အကြာမှာ လွတ်လာခဲ့ပါပြီ။ ကိုဇာဂနာ ကျန်းမာရေး အတော်ကောင်းမွန်နေသလို ပြင်ပမှာ ရှိနေစဉ်အတိုင်း အာအက်ဖ်အေရဲ့ မေးခွန်းတွေကို တက်ကြွတဲ့အသံနဲ့ ဟာသနှောပြီး ဖြေခဲ့ပါတယ်။


AFP

ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ မြစ်ကြီးနား အကျဉ်းထောင်က လွတ်မြောက်ခဲ့ပြီးနောက် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ရောက်ရှိလာတဲ့ ချိန်မှာ ကြိုဆို နုတ်ဆက်သူတွေနဲ့အတူ တွေ့မြင်ရစဉ် မြင်ကွင်း ဖြစ်ပါတယ်။ AFP PHOTO/Soe Than WIN
ပထမဆုံး ထောင်ကထွက်ရတဲ့ ခံစားမှုကို သူက အခုလို ပြောပါတယ်။ “သမ္မတကြီးရဲ့ မေတ္တာစေတနာနဲ့ တနှစ် လျော့သွားတော့ ၃၄ နှစ်ပေါ့။ အခု ၃ နှစ် ၅ လ နေရတော့ Ten Percent ပေါ့၊ ဘဏ်က အခု အတိုးနှုန်း ပြောင်းသွားတယ်မို့လား ten percent ။ အဲဒီထဲ ကျနော် ပါသွားတာပေါ့။ တကယ်ဆို ထောင်ကလွတ်တာ ပျော်စရာပေါ့။ ဒါပေမယ့် ကျနော် မပျော်နိုင်ဘူး၊ သူငယ်ချင်းတွေ အများကြီး ထောင်ထဲမှာ ကျန်ရစ်ကြတယ်။ ဘာလို့ အစိုးရ တွန့်တိုတာလည်း နားမလည်ဘူး ဖြစ်ရတယ်။ လွတ်မယ့်သာ လွတ်လာတယ် လွတ်ရကျိုး မနပ်ဘူးပေါ့” ကိုဇာဂနာ နဲ့အတူ မြစ်ကြီးနားထောင်မှာ ၁၄ နှစ်နီးပါး နေခဲ့ရတဲ့ ဦးမျိုးအောင်သန့်နဲ့ ၂ဝဝ၇ သံဃာ့လှုပ်ရှားမှုမှာ ဖမ်းခံရတဲ့ သာကေတ မြို့နယ်က ကိုယဉ်မင်းထွန်းဆိုသူ ကျောင်းသားတို့ ၃ ဦးသာ လွတ်ပြီး သံဃာတော်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ယောက် လောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။ “ဘုန်းကြီး ၄ ပါး ကျန်ခဲ့တယ်၊ ဆရာတော် ဦးဥာဏရယ် မန္တလေးက ဆရာတော်ချည်းပဲ ၄ ပါး၊ ဆရာတော် ဦးဝေဒသူ ရယ်၊ ဦးဓမ္မသာမိ ရယ်၊ နောက် ဆရာတော် ဦးကဏ္ဍသာရရယ်။ နိုင်ငံရေးသမားတွေ ကတော့ သီဟသက်တင်၊ ဇေယျာအောင်၊ မျိုးမင်းသန်း၊ ကိုကြည်တိုး၊ နိုင်ငံတော်အစိုးရ လက်မခံတဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ့ သူတို့ ကျန်ခဲ့တယ်” နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင် စုစုပေါင်း ၄ ကြိမ် ကျခဲ့ဖူးတဲ့ ကိုဇာဂနာဟာ အရင်ကာလတွေက ထောင်မှာ နေခဲ့တာထက် ဒီတခါ မြစ်ကြီးနားထောင်တွင်း အခြေအနေတွေ ကောင်းမွန်လာတယ်လို့ ပြောပါတယ်။ သူကိုယ်တိုင် ခံစားနေရတဲ့ သွေးတိုးရောဂါလည်း မြစ်ကြီးနားက ဆရာဝန်ရဲ့ စောင့်ရှောက်မှုကြောင့် ကောင်းလာတဲ့ အကြောင်း ပြောပါတယ်။ ကိုဇာဂနာ မလွတ်မြောက်ခင် အချိန်အထိ တနှစ်နဲ့ ၅လလောက် ထောင်ဝင်စာ ပိတ်ခံရတာနဲ့ ပတ်သက်လို့လည်း သူက အကျဉ်းသား အခွင့်အရေး ချိုးဖောက်ခံရတာမို့ အတော်လေး ခံပြင်းခဲ့ရတယ်လို့ ပြောပါတယ်။ “ဒါဟာ ဆိုးရွားတဲ့လုပ်ရပ်ပါ၊ အကျဉ်းသားတယောက်ဟာ အကျဉ်းထောင် ဥပဒေ ချိုးဖောက်ရင် လုပ်ပေါ့၊ ကျနော့်မှာ ဘာမှ မချိုးဖောက်ဘူး။ ခယ်မက ထောင်ဝင်စာ လာတွေ့ တယ်။ ထောင် ဝန်ထမ်းတွေနဲ့ အဆင်မပြေ ဖြစ်တယ်။ သူတို့ချင်း ဖြစ်တာ ကျနော့်ကို အရေးယူတယ်ဆိုပြီး ကျနော့်ကို ထောင်ဝင်စာ ပိတ်တာ။ နောက်နောင် ဒါမျိုးမဖြစ်အောင် ထောင်ပိုင်ကို တရားဝင် ပြောခဲ့ပါတယ်” ကိုဇာဂနာရဲ့ မိခင်နဲ့ ဖခင် ၂ ဦးလုံးဟာ ထင်ရှားတဲ့ စာရေးဆရာကြီး တွေ ဖြစ်သလို လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်နဲ့ ၂ဝ၁ဝ ခုနှစ်ကပဲ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ခဲ့ကြတာပါ။ မိဘ၂ ပါးထံက အနုပညာအမွေ ဆက်ခံနိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘဝ ကတည်းက အငြိမ့် လူပြက်အဖြစ် နာမည်ရခဲ့ပြီး မဆလခေတ် တလျှောက်လုံး တပါတီ အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ အမြီးအမောက် မတည့်တာ တွေကို သိမ်မွေ့တဲ့ နိုင်ငံရေး သရော်ချက်တွေ၊ ပျက်လုံးတွေ ထုတ်ခဲ့လို့ မြန်မာပြည်သူတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ပါတယ်။ အခုရော ထောင်ထဲမှာ ပြက်လုံးတွေ ဖန်တီးဖြစ်သလား၊ မကြာသေးခင်က ၂ ပိုင်းကွဲပြီး ပြည်တော်ပြန်သွားတဲ့ သီးလေးသီး အဖွဲ့ကို ဘယ်လို သဘောထားရှိလဲလို့ တဆက်တည်း မေးကြည့်ပါတယ်။ “ပြက်လုံးတော့ မပြောဘူးဗျို့။ သီးလေးသီးတွေ ခိုးချသွားမှာ ကြောက်လို့။ ကျနော် အခု ပြန်ထွက်လာပြီ ဆိုတော့ ပြောစရာ ၂ ခုပဲ ရှိတယ်။ သီးလေးသီး ကမယ့်ဟာ သဘောမတူနိုင်ဘူး။ ဘာလို့လဲဆို သီးလေးသီး ဆေးရောင်စုံ ဆိုတာ ကျနော့်နာမည် ဖြစ်တာမို့ သီး ၂ သီး ထဲ ပွဲကတာ လက်မခံနိုင်ဘူး၊ အသီး ၄ သီး စုံမှသာ လက်ခံနိုင်မယ်။ နောက်တချက်က မြပုဏ္ဏမာရင်သွေး ဆိုပြီး အသုံးပြုခွင့် မရှိဘူး၊ မြပုဏ္ဏမာ ဆိုတာ ဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ညောင်ညောင်၊ ဂေါ်ဇီလာရယ် မင်းသမီးဝင့်သိင်္ဂီ စုံမှသာ ကခွင့်ပြုမယ်” “အစိုးရအသစ် ဆီးကြိုတဲ့ လူတွေရဲ့ သဘောနဲ့ သော်လည်းကောင်း၊ ဂေါ်ဇီလာ သဘောနဲ့ သော်လည်းကောင်း အဲဒီနာမည်နဲ့ ခွင့်မပြုနိုင်ဘူး။ အခု လေယာဉ်ပျံ ကွင်းဆင်းနေပြီ၊ လေယာဉ်ပေါ်က ဆင်းတာနဲ့ တပြိုင်နက် အဲဒီပွဲကို အဓိက သွားတားမယ်” ကိုဇာဂနာဟာ လောလောဆယ် ဘာဆက်လုပ်မယ်ဆိုတာ ယတိပြတ် မပြောနိုင်သေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်ရောက်တာနဲ့ တွေ့ဖို့ ရှိတဲ့အကြောင်း၊ အဲဒီအခါ သူ ဘာလုပ်ရမယ်ဆိုတာ အဖြေပေါ် လာမယ်လို့လည်း ပြောပါတယ်။ ဒီကနေ့ ကိုဇာဂနာအပေါ် ချစ်ခင်လေးစားတဲ့ ပြည်သူတွေ နိုင်ငံရေး သမားတွေကို ဘာပြောချင်လဲလို့ မေးကြည့်ပါတယ်။ “တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေအားလုံးကို တခုတော့ ပြောချင်တယ်ဗျာ။ အဲဒါကတော့ ‘နေတိုး’ တွေ မလုပ်ကြပါနဲ့၊ ‘ပြေတီဦး’ တွေ လုပ်ကြပါလို့၊ အဲဒါ ပြောချင်တယ်။ ‘နေတိုး’ ဆိုတာ NATO ‘No Action- Talk Only’ စကားတွေချည်းပဲ ပြောပြီး ဘာအလုပ်မှ မလုပ်တဲ့ ဟာတွေ မလုပ်ကြပါနဲ့။ ‘ပြေတည်ဦး’ တွေ လုပ်ကြပါ။ တိုင်းပြည် တည်ထောင်ဖို့အတွက်ကို ကျနော်တို့ ဦးခေါင်းထဲ ထည့်ပြီး ဦးတိုက်လုပ်ကြပါ၊ အဲဒါ ပြောချင်ပါတယ်”
http://www.rfa.org/burmese/news/zaganar-10122011083301.html

ဗုဒ္ဓဟူး, 12 အောက်တိုဘာ 2011
ဇာဂနာပြောသော လွှတ်တော်အမတ်ရဲ့ အိုင်ကျူ

By ကိုကျော်ကျော်သိန်း


ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်လာပြီး မကြာခင်မှာပဲ ဗွီအိုအေကို ဇာဂနာပြောတဲ့ နောက်ဆုံးဟာသ။

"အိုင်စတိုင်းနဲ့ လူလေးယောက်နဲ့ တွေ့တယ်။ အိုင်စတိုင်းနဲ့ လူလေးယောက်နဲ့ တွေ့တဲ့အခါကျတော့ တယောက်က စပြောတယ်။ ဟာ အိုင်စတိုင်းရေ၊ ကျနော်ကတော့၊ ကျနော့်ရဲ့အိုင်ကျူက ၁၈၀ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲ နှုတ်ဆက်ပြီး ကောင်းပါပြီ မိတ်ဆွေ၊ ခင်ဗျားနဲ့ ကျနော်နဲ့တော့ ကွမ်တန် ဖိဆစ် (Quantum Physics) အကြောင်း ကျနော်တို့ ဆွေးနွေးကြတာပေါ့။

ကျနော်ကတော့ အိုင်ကျူ ၁၅၀ ဘဲရှိတယ် အိုင်စတိုင်း ဆိုပြီးတော့။ ဟာ ကောင်းပြီဗျာတဲ့၊ ခင်ဗျားနဲ့ကျနော်တို့ နောက်ဆုံးပေါ် သင်္ချာသီအိုရီတွေ ဆွေးနွေးကြတာပေါ့တဲ့။

နောက်တယောက် ထပ်ပြောတယ်၊ ကျနော်ကတော့ ၁၂၀ ဘဲ ရှိတယ်ဗျတဲ့။ ဟာ ခင်ဗျားနဲ့ ကျနော်နဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးမယ်တဲ့။

နောက်ဆုံးလူကကျတော့ ထပြောတယ်၊ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေတဲ့၊ ကျနော်ကတော့ အိုင်ကျူ ၅၀ ဘဲ ရှိပါတယ်ဗျား။ ဟား..... ၀မ်းသာသွားတယ် အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်ထဲမှာ ဘာတွေ တင်ပြခဲ့သလဲတဲ့။"

ဒါကတော့ အောက်တိုဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့က မြစ်ကြီးနားထောင်က ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာက ရန်ကုန်မှာရှိတဲ့ သူ့နေအိမ်ကို ပြန်ရောက်ပြီး မကြာခင်မှာဘဲ ဗွီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တဲ့ နောက်ဆုံး ဟာသ တခုဖြစ်ပါတယ်။
http://www.voanews.com/burmese/news/Zarganar_Latest_Joke_Oct12_2011-131596793.html

ဗုဒ္ဓဟူး, 12 အောက်တိုဘာ 2011
ဇာဂနာ ပြန်ပေးသမားတွေလက်က လွတ်လာသတဲ့

By မအေးအေးမာ

ဒီကနေ့ လွတ်ပေးခဲ့တဲ့အထဲ အများစုက သာမှန် အကျဉ်းသားတွေသာ ဖြစ်ပြီးတော့ နိုင်ငံရေးအကျဉ်းသား အနဲစုသာ ပါဝင်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်နှစ်ယောက် ပါတယ်ဆိုတာ လောလောဆယ် အတိအကျ မသိရသေးပေမယ့် ၁၈၀ ကျော်လောက် ရှိမယ်လို့တော့ လောလောဆယ် သိထားရပါတယ်။ ဒီအထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ ပါဝင်လာတာကိုတော့ တွေ့နေရပါတယ်။

စွယ်စုံ အနုပညာရှင် လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ် ဆေထင်၊ မစုစုနွေးတို့လည်း ပါဝင်လာကြပါတယ်။ မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်လွတ်လာချင်း ဆိုသလိုဘဲ ဗွီအိုအေကနေ ဆက်သွယ် မေးမြန်းခွင့်ရခဲ့တဲ့ ကိုဇာဂနာ အပါအ၀င် ဒီကနေ့လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လောက်ရှိသလဲ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် သတင်းထောက်
မအေးအေးမာက တင်ပြပေးထားပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံထားရပြီး ဒီကနေ့မှာဘဲ ပြန်လည် လွတ်မြောက် လာတဲ့ စွယ်စုံ အနုပညာရှင် လူရွှင်တော် ကိုသူရ ခေါ် ကိုဇာဂနာကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုကို ယုံကြည်လို့ မရသေးသလို နိုင်ငံရေးအကျဉ်းသားတွေဟာ ပြန်ပေးဆွဲခံထားရသူတွေနဲ့
တူတယ်ဆိုပြီး ပြောသွားပါတယ်။

"ကျနော် တခါတခါ စဉ်းစားမိတယ်၊ ကိုယ့်ကိုကိုယ် ဆိုမာလီ ပင်လယ်ဓါးပြတွေလက်ထဲ ရောက်သွား သလိုဘဲ။ ပြန်ပေးများ ဆွဲခံထားရတာလားလို့။ မပျော်ဘူး၊ အဲဒီလို ပြောရမှာပေါ့၊ စိတ်မချမ်းသာဘူး။ ဒါကြီးက ယုံရခက်ကြီးဘဲ။ မယုံနိုင်တော့ဘူး။ ကျနော် ပြောချင်တာကတော့လေ၊ ပြည်သူတွေရော နိုင်ငံရေး သမားတွေရော၊ ကျနော် ပြောချင်တာ တခုရှိတယ်။ နေတိုးလို မလုပ်ကြပါနဲ့လို့။ ပြေတည်ဦးလို လုပ်ကြပါလို့ အဲဒီလို ပြောချင်တယ်။

သဘောကတော့ဗျာ၊ နေတိုးဆိုတာက No Action၊ Talk Only တဲ့။ စကားတွေချည်းဘဲ ပြောမနေကြပါနဲ့၊ အလုပ်တွေ လုပ်ကြပါပေါ့။ ပြေတည်ဦး ဆိုတာကတော့ တိုင်းပြည်ကို တည်ထောင်ဖို့အတွက် ဦးစားပေးပြီး လုပ်ကြပါလို့။ ပြည်သူတွေကိုလည်း ပြောချင်တယ်၊ နိုင်ငံရေးသမားတွေကိုလည်း ပြောချင်တယ်။
ဒါ အစိုးရအတွက်လည်း ပြောချင်တယ်။"

ဒါကတော့ အောက်တိုဘာလ ၁၂ ရက်နေ့က ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသပညာရှင် ကိုဇာဂနာက ထောင်ကထွက်ထွက်ချင်း ရန်ကုန်ကို ပြန်မရောက်ခင် မြစ်ကြီးနားမြို့မှာ ရှိနေစဉ်အတွင်း ဗီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တာပါ။
http://www.voanews.com/burmese/news/Zarganar_Release_Oct12_2011-131595128.html


သမ္မတကြီး​ ဦး​သိန်း​စိန်ဆီမှာ ဇာဂနာရဲ့​ အသက်ကို အ​ပေါင်ထား​ပါမယ်
Published on October 12, 2011 Posts by​အေး​နိုင်


နိုင်ငံ ​ကျော် ဟာသအနုပညာရှင်၊​ လူမှုကူညီ​ရေး​လုပ်ငန်း​လုပ်​ဆောင်သူ သရုပ်​ဆောင် ဒါရိုက်တာ ​မောင်သူရ (​ခေါ်) ဇာဂနာ ဒီက​နေ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ကချင်ပြည်နယ်မြစ်ကြီး​နား​ထောင်က ပြန်လွတ်ပါတယ်။
မြစ်ကြီး​နား​ ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၈ ဦး​ရှိတဲ့​အနက် သူအပါအဝင် သုံး​ဦး​သာ လွတ်​မြောက်တယ်လို့​ သူက ​ပြောပါတယ်။ ပြန်လည်လွတ်​မြောက်လာတဲ့​ ကိုဇာဂနာကို ​မေး​မြန်း​ထား​ပါတယ်။
မြစ်ကြီး​နား​ထောင်က ထွက်တယ်ဆို​တော့​ လက်ရှိ ကျန်း​မာ​ရေး​ အ​ခြေအ​နေကို ​ပြောပြ​ပေး​ပါလား​။

“​ကောင်း​ ပါတယ်။ ဒီ​နေ့​က ​လေယာဉ်​ပေါ်စမ​ရောက်ခင်ကတည်း​က အခုချိန်ထိ မြန်မာပြည်က ပြုပြင်​ပြောင်း​လဲလာ​တော့​ စတုတ္ထမဏ္ဍိုင်များ​နဲ့​ တိုး​နေ​တော့​ ​ခေါင်း​တွေလည်း​ကိုက်၊​ လည်ပင်း​တွေလည်း​နာ ဖြစ်ကုန်တာပဲ။”
အခု ဒီတကြိမ် ​ထောင်က​နေထွက်တဲ့​အချိန်က အရင်ကလို စစ်အစိုး​ရ​ခေတ်မဟုတ်​တော့​ဘူး။ သမ္မတဦး​သိန်း​စိန် အုပ်ချုပ်တဲ့​ခေတ် ​ရောက်ပြီဆို​တော့​ ပိုပြီး​လွတ်လပ်ပွင့်​လင်း​လာမှာ​ပေါ့​။

“အဲဒီလိုကြီး​ တော့​ ဟုတ်တယ်လို့​ မ​ပြောချင်ဘူး​။ ဘာလို့​လဲဆို​တော့​ ​ထောင်ကလွတ်တာ​လေး​တခုကိုပဲ ကြည့်​ပြီး​ ပိုပြီး​လွတ်လပ် ပိုပြီး​တော့​ ပွင့်​လင်း​လာတယ်လို့​ ​ကောက်ချက်မဆွဲနိုင်ဘူး​။ ကျ​နော်က​တော့​ သိပ်ပြီး​ထူး​ခြား​တဲ့​ ​ပြောင်း​လဲမှုကို မ​တွေ့​ရ​သေး​ဘူး​လို့​ ​ပြောချင်တယ်။”
ကိုဇာဂနာတို့ ​ အကျဉ်း​ထောင်ထဲမှာ အရင်တုန်း​ကလိုမဟုတ်ဘဲနဲ့​ စာအုပ်စာ​ပေ​တွေ ဖတ်ခွင့်​ရတယ်၊​ ရုပ်မြင်သံကြား​တွေ ကြည့်​ခွင့်​ရ​တော့​ အပြင်​လောကမှာ ဖြစ်ထွန်း​တိုး​တက်မှု​တွေ အကုန်သိတယ်လို့​ ယူဆနိုင်လား​။

“အဲဒီလို​တော့ ​ ယူဆနိုင်ပါတယ်။ အထဲမှာ သတင်း​စာဖတ်ရတယ်။ ဂျာနယ်လည်း​ ဖတ်ရတယ်။ တပတ်ကို ဂျာနယ် ၁၂ ​စောင်၊​ ၁၃ ​စောင် ဖတ်ရတဲ့​အတွက် ဂျာနယ်ထဲက ဖြစ်​ပေါ်​ပြောင်း​လဲတာ​တွေ၊​ ဓာတ်ပုံ​တွေ သတင်း​တွေ ဖတ်ရတယ်။ အဲဒီအတွက်​ကြောင့်​ အို​ကေပါတယ်။ တီဗွီက​တော့​ လွတ်သာလာတယ် မကြည့်​ရပါဘူး​။”
ထောင်ထဲက မထွက်လာခင်အချိန်ထိ မြန်မာပြည်နိုင်ငံ​ရေး​ တိုး​တက်မှု​တွေ အ​ပေါ်မှာ ဘယ်လိုများ​ ​ကောက်ချက်ဆွဲချင်ပါသလဲခင်ဗျ။

“မ​နေ့​က ထိ​တော့​ ​ပြောင်း​လဲမှုကို ဦး​တည်​နေတယ်လို့​ အန်တီက​ပြောတယ်​လေ။ ပြုပြင်​ပြောင်း​လဲ​နေပါပြီလို့​ သူမ​ပြောဘူး​တဲ့​။ ပြုပြင်​ပြောင်း​လဲ​နေတယ်လို့​ သူထင်တယ်လို့​ ပြုပြင်​ပြောင်း​လဲတဲ့​ လမ်း​ကြောင်း​ဘက်ကို သွား​နေတယ်လို့​ ထင်တယ်လို့​ သူက​ပြောတယ်။ မ​နေ့​ကထိ​တော့​ အဲလိုပဲယုံတယ်။ ဒီ​နေ့​မနက်​တော့​ မယုံချင်​တော့​ဘူး​။ ပြုပြင်​ပြောင်း​လဲ​နေတာ ဟုတ်မှဟုတ်ရဲ့​လား​လို့​ သံသယ ဝင်သွား​တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ​ထောင်ထဲမှာရှိတဲ့​ လူ​တွေကို ဘာ​ကြောင့်​မလွှတ်တာလဲ အဲဒါကို နား​မလည်ဘူး​။ အခုလွှတ်လိုက်တယ်ဆိုတာ မဖြစ်စ​လောက်​လေး​ လူနည်း​နည်း​လေး​ပဲ။ ဗမာပြည် ​ထောင်ထဲမှာရှိတဲ့​ လူ​တွေအကုန်လုံး​ကို လွတ်​စေချင်တယ်။ ယုတ်စွအဆုံး​ ဗိုလ်ချုပ်ခင်ညွန့်​ကိုပါ လွှတ်​ပေး​စေချင်တယ်။ ဘာလို့​လည်း​ဆို​တော့​ ဦး​သိန်း​စိန် လက်ထက်မှာ ဖမ်း​ထား​တဲ့​လူ​တွေမဟုတ်ဘူး​။ ဦး​သိန်း​စိန်လက်ထက်မှာ ပြစ်ဒဏ်ချမှတ်ခံထား​ရတဲ့​သူ​တွေလည်း​မဟုတ်ဘူး​။ တပ်မ​တော်​ထောက်လှမ်း​ရေး​ကလူ​တွေ​ရော အ​ကောက်ခွန်ကလူ​တွေ​ရော အကုန်လုံး​လွှတ်​ပေး​လိုက်ပါ။ တိုင်း​ပြည်ကို ပြန်ပြီး​တော့​ အမျိုး​သား​ရင်ကြား​စေ့​ရေး​ကို လိုချင်တယ်ဆိုရင် ဒီလူ​တွေကို ဘာလို့​ ဒီ​လောက်ထိ ထား​မှာလဲ။ ဘာလို့​ တို့​တိတို့​တိ လုပ်​နေမှာလည်း​။ ဒီ​ပေါ်မှာမူတည်ပြီး​တော့​ ​ပြောင်း​လဲမှုဖြစ်တယ်ဆိုတာကို ယုံကြည်ဖို့​ အလွန်ခက်သွား​ပါတယ်။ ကျ​နော့်​ကို လွှတ်​ပေး​တဲ့​အတွက် ​ပြောင်း​လဲသွား​ပါပြီလို့​ မ​ပြောပြနိုင်ဘူး​။”
ဒီဟာနဲ့ ​ပတ်သက်ပြီး​တော့​ လွှတ်​တော်​တွေမှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေလည်း​ လွှတ်​ပေး​ဖို့​ဆိုတဲ့​နေရာမှာ ဝန်ကြီး​တ​ယောက်က​နေ အား​လုံး​လွှတ်လိုက်ရင် တည်ငြိမ်မှုအတွက်ကို ဘယ်သူက အာမခံမလဲဆိုပြီး​တော့​ ပြန်လည်​မေး​ခွန်း​ထုတ်ပါတယ်။ အဲဒီအစိုး​ရ ဝန်ကြီး​ရဲ့​ စိုး​ရိမ်ပူပန်မှုက တကယ်​ရော မဖြစ်နိုင်ဘူး​လား​။ ကိုဇာဂနာတို့​ရော ဘယ်လိုမြင်ပါလဲ။

“အဲလိုဆိုရင် ကျ​နော်ကလည်း​ ပြန်​ပြောစရာ စကား​ရှိပါတယ်။ အဲဒါနဲ့​ပတ်သက်ပြီး​တော့​ ​ပြောကြမယ်ဆိုရင် ကျ​နော် သမ္မတကြီး​ ဦး​သိန်း​စိန်ဆီမှာ ဇာဂနာရဲ့​ အသက်ကို အ​ပေါင်ထား​ပါမယ်။ အဲဒီလူ​တွေလွှတ်လိုက်လို့​ တိုင်း​ပြည်မှာ ဆူဆူပူပူ ဖြစ်မယ်ဆိုရင် ကျ​နော့်​ကို အရင်သတ်လိုက်ပါ။ ကျ​နော့်​ဘက်က ပြန်စိန်​ခေါ်တာပဲ။ ​ကြေး​ထပ်မယ်ဆိုရင် အပြတ်ထပ်၊​ အသက်ကို ထပ်တယ်။”
ဒီတ ​ခေါက်ပြန်လည်လွတ်​မြောက်လာချိန်မှာ အရင်ကလို မဟုတ်ဘဲနဲ့​ သမ္မတ​ခေတ်၊​ ဒီမိုက​ရေစီအစိုး​ရဆိုတာကို သူတို့​အစိုး​ရက ​ကြေညာ​နေတယ်။ အဲဒီအခါမှာ ပြည်ပမှာရှိတဲ့​ အယူအဆ မတူသူ​တွေလည်း​ ပြန်လာမယ်ဆိုရင် လာခွင့်​ပြုတယ်ဆိုပြီး​ ကမ်း​လှမ်း​နေတဲ့​အချိန်နဲ့​ကြုံ​တော့​ ပြည်ပမှာရှိတဲ့​မြန်မာပြည်သား​တွေကို ကိုဇာဂနာအ​နေနဲ့​ ဘယ်လိုအမြင်ရှိလဲ။ ချက်ချင်း​ပြန်လာသင့်​လား​။ ဘယ်လိုသုံး​သပ်လဲ။

“တခွန်း​တည်း​ပဲ တိုတို​လေး​ပြောရမယ်ဆိုရင် ​စောင့်​ကြည့်​ကြပါဦး​လို့​ ​ပြောချင်တယ်။”
အပြင်​လောကမှာ နိုင်ငံ​ရေး​ဖြစ်စဉ်​တွေမှာ ဘယ်လိုမျိုး​ ပါဝင်မယ်လို့​ ပြင်ဆင်ထား​ပါသလဲ။

“ကျ​နော့်​ရဲ့ ​ စိတ်ကူး​ပေါ့​။ အသက်အရွယ်ကလည်း​ ရလာ​တော့​ လူငယ်​တွေရဲ့​ လက်ထဲကို ဒီနိုင်ငံ​ရေး​နဲ့​ ပတ်သက်တဲ့​ နား​လည်တဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ ကျွမ်း​ကျင်တဲ့​ လူငယ်​တွေ အ​မြောက်အမြား​ ​ပေါ်ထွန်း​လာဖို့​အတွက် အဓိက ပညာ​ရေး​ပိုင်း​ကို အား​ပေး​ပြီး​တော့​ အဲဒီဘက်မှာ ကိုယ်စွမ်း​ ဉာဏ်စွမ်း​ရှိသမျှ ဝင်လုပ်​ပေး​ချင်တယ်။ လူငယ်​တွေကို အဓိက ပြုစုပျိုး​ထောင်​ပေး​ချင်တယ်။ ဒါပါပဲ။”
ကိုဇာဂနာက​နေ မြစ်ဆုံ​ရေကာတာ စီမံကိန်း​နဲ့​ ပတ်သက်လို့​ ဘယ်လိုအမြင်ရှိပါသလဲ။

“အခုလည်း​ ပြီး​သွား​ပြီပဲ။ အခုချိန်မှာ​တော့​ မ​ဝေဖန်ချင်​တော့​ဘူး​။ လုပ်သင့်​လုပ်ထိုက်တဲ့​လူ​တွေလည်း​ လုပ်ပြီး​ပြီ။ ကျ​နော်တို့​လည်း​ နား​လည်မတတ်ကျွမ်း​ပါဘူး​။ သို့​သော် ဆန္ဒ​လေး​တခုအ​နေနဲ့​ပဲ လုပ်​ပေး​ခဲ့​တာ။ အဲ​တော့​ လုပ်ကြတဲ့​သူ​တွေအတွက်လည်း​ ဝမ်း​သာပါတယ်။”
ကိုဇာဂနာ ​ရေ အခု ဒီသမ္မတကြီး​ရဲ့​ ကမ်း​လှမ်း​ချက်အရဆိုရင် ကိုဇာဂနာရဲ့​ တပည့်​တွေကိုလည်း​ ​ပြောလို့​ရပါတယ်။ သီး​လေး​သီး​ သီး​ညီ​နောင်​တွေက တချို့​က ဗမာပြည်ကို ပြန်သွား​တယ်။ တချို့​က​တော့​ ကျန်​နေခဲ့​တယ်။ အဲ​တော့​ ဘယ်လိုမျိုး​ တပည့်​လက်သား​တွေအ​ပေါ်မှာ ဇာတ်နဲ့​ပတ်သက်လို့​ ဘယ်လိုများ​ ဆက်လက်​ဆောင်ရွက်ပါမလဲ။

“အသီး​နှစ်သီး ​ရော ​ဂေါ်ပြား​ရော ရှိတယ်။ ၂ သီး​လုံး​က ပုပ်​နေ​တော့​ ​ဂေါ်ပြား​ပေါ်တာ​ပေါ့​။ ဒီသ​ဘောပါပဲ။ ကျ​နော် သူတို့​နဲ့​လည်း​ မ​ဆွေး​နွေး​ရ​သေး​ဘူး​။ တခြား​လူ​တွေနဲ့​သာ စကား​ပြော​နေရတာ။ သူတို့​ကိုလည်း​ ပွင့်​ပွင့်​လင်း​လင်း​ ​မေး​စရာရှိတာ​မေး​ရဦး​မယ်။ ကျ​နော်မကြိုက်ဆုံး​စကား​က သူတို့​ရဲ့​ အင်တာဗျူး​ထဲမှာပါတဲ့​ ပြည်ပမှာရှိတဲ့​ နိုင်ငံ​ရေး​သမား​တွေနဲ့​ ပတ်သက်ပြီး​တော့​ သူတို့​ပြောတဲ့​စကား​ကို ကျ​နော် မကြိုက်ဆုံး​ပဲ။ အဲဒါနဲ့​ပတ်သက်ပြီး​တော့​ သူတို့​ကို ပွင့်​ပွင့်​လင်း​လင်း​ ​မေး​ရမယ်။ ကျ​နော့်​စိတ်ထဲမှာ မ​ကျေနပ်ရင်လည်း​ သူတို့​ကို အ​မွေဖြတ်ဖို့​ ဝန်မ​လေး​ပါဘူး​။”
ထူး​ထူး​ခြား​ခြား​ ဘာများ​ပြောစရာရှိပါသလဲ။

“ဘာ​တွေလုပ်ကြမလဲ၊​ ဘာ​တွေကိုင်ကြမလဲဆိုတာ တချက်​လောက်​တော့​ ​စောင့်​ကြည့်​ပါဦး​လို့​ ဒီလိုပဲ​ပြောချင်ပါတယ်။”
http://burmese.dvb.no/archives/16420



ဆိုမာလီဓါးပြ အဖမ်းခံရတဲ့လူလို ဖြစ်နေပါတယ် ဆိုတဲ့ ဇာဂနာ

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၀၂ မိနစ်

မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီး ရန်ကုန်မြို့နေအိမ်သို့ ပြန်လည်ရောက်ရှိလာသော ဟာသ သရုပ်ဆောင် ဇာဂနာကို မဇ္ဈိမသတင်းထောက် ကိုကျော်ခက တယ်လီဖုန်းမှတဆင့် မေးမြန်းထားခြင်း ဖြစ်သည်။

ဒီကနေ့ လွတ်မြောက်မယ်ဆိုတာ ဘယ်လိုသိခဲ့ရပြီး ထွက်လာတော့ရော ဘာတွေလုပ်ခဲ့ရသေးလဲခင်ဗျ။

“ကျနော်တို့မနက် ငါးနာရီ ခွဲလောက်မှာ အိပ်နေတာ လာနှိုးပြီးတော့ ဒီနေ့ကျနော့်ကို လွှတ်ပါပြီလို့ လာပြောတယ်။ အဲဒါနဲ့ပဲ ထွက်လာတာ။ အဲဒီအချိန်ကတည်းက ထွက်နေတာ။ ခုထက်ထိ ထွက်နေတုန်းပဲ။”

ထောင်က မလွတ်ခင်အချိန်မှာ ထောင်က ထွက်လာခဲ့ရင် ဘာတွေလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ထားခဲ့တာ ရှိလားခင်ဗျ။ နိုင်ငံရေး၊ လူမှုရေးနဲ့ အနုပညာကိစ္စတွေကိုရော ဆက်လုပ်ဖို့ရှိသေးလား။

“ခုပြောတဲ့ ကဏ္ဍသုံး ခုလုံးကို ကျနော်က လုပ်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် အဲဒါကို ကျနော် ဆက်လုပ်သွားမှာပါ။ ကျနော်ဝါသနာပါတာကလည်း အဲဒီအလုပ်တွေပဲ ရှိတော့၊ အဲဒီအလုပ်တွေကိုပဲ ဆက်လုပ်သွားမှာပါ။”

zaganar1

တို့တိတို့တိနဲ့ လုပ်တာ ကျနော်တို့က ဆိုမာလီ ဓါးပြတွေ အဖမ်းခံရတဲ့လူလို ဖြစ်နေတယ် ဆိုတဲ့ ဇာဂနာ ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် ကြိုဆိုနေသူများနှင့်အတူ တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)


ဦးဇာဂနာ အပါအဝင် နိုင်ငံရေးအကျဉ်းသား အချို့နဲ့ တခြား အကျဉ်းသားတွေကို အစိုးရသစ်က လွှတ်ပေးလိုက်တဲ့ အပေါ် ဘာလို့လွှတ်ပေးလိုက်တယ်လို့ ထင်လဲ။

“အဲဒါကတော့ ဘာကြောင့် လွှတ်တယ် ဆိုတာကတော့ ဦးသိန်းစိန်ပဲ သိမှာပါ။ လွတ်လာတာကတော့ ကျနော်ဆိုတာ
သေချာတယ်။ ဘာကြောင့် ဆိုတာတော့ ကျနော်မသိဘူး။”

အစိုးရသစ်ရဲ့ လှုပ်ရှားနေမှုတွေနဲ့ ပတ်သက်ပြီး ထောင်ထဲမှာ ဘယ်လိုမျိုးသိခဲ့ရလဲ။

“ထောင်ထဲမှာ သတင်းစာတွေ ဂျာနယ်တွေ ဖတ်ရပါတယ်။
“စောစောပိုင်းကတော့ ရှိတယ်ဗျ။ ဒီနေ့လွတ်တဲ့ အပေါ်မှာမူတည်ပြီးတော့ မရှိတော့ဘူး။ သိပ်ပြီး
တော့ အားမရဘူး။ သိတဲ့အတိုင်းပဲလေ။ တို့တိ တို့တိနဲ့ လုပ်တာ ကျနော်တို့က ဆိုမာလီ ဓားမြ
တွေအဖမ်းခံရတဲ့လူလိုဖြစ်နေတယ်။ ကျနော် တို့ကို ဘာနဲ့ပြန်ရွေးရမှာလည်း အဲလိုဖြစ်သွား ပြီ။”
အဲဒီကနေသိရပါတယ်။”

အဲဒီလို ဖတ်သိရတယ်ဆိုတော့ အစိုးရသစ် အပေါ်မှာ အားရ ကျေနပ်မှု ရှိလား။

“စောစောပိုင်းကတော့ ရှိတယ်ဗျ။ ဒီနေ့လွတ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ မရှိတော့ဘူး။ သိပ်ပြီးတော့ အားမရဘူး။ သိတဲ့အတိုင်းပဲလေ။ တို့တိတို့တိနဲ့ လုပ်တာ ကျနော်တို့က ဆိုမာလီ ဓါးပြတွေ အဖမ်းခံရတဲ့လူလို ဖြစ်နေတယ်။ ကျနော်တို့ကို ဘာနဲ့ပြန်ရွေးရမလဲ အဲလိုဖြစ်သွားပြီ။”

အခု မြစ်ကြီးနားထောင်က လွတ်လာတာ ကိုဇာဂနာ နဲ့ တခြားနိုင်ငံရေး အကျဉ်းသား ဘယ်သူတွေ ပါသေးလဲ။ နောက်ပြီးတော့ ကျန်ခဲ့တဲ့လူတွေ ရှိလား။

“ကျနော်နဲ့အတူတူ ကိုမျိုးအောင်သန့် ပါလာပါတယ်။ သူကတော့ ၁၄ နှစ်လောက်ရှိပြီ ထောင်ထဲရောက် နေတာလေ။
နောက် ဇင်မင်းထွန်းဆိုတဲ့ ကလေးပါတယ်။ သူကတော့ သံဃာတော် အရေးတော်ပုံမှာ အဖမ်းခံရတာ သူကတော့
လေးနှစ်လောက် ရှိသွားပြီပေါ့နော်။ ကျန်တာကတော့ အများကြီးပဲ။ ဘုန်းကြီး လေးပါး ပါတယ်။ လူထဲကတော့ ဘိုကလေးက သီဟသက်ဇင်၊ ပဲခူးက ဇေယျာအောင်၊ ပုဂံက မျိုးမင်းသန်း၊ တောင်သာက ကြည်စိုး ကျန်ခဲ့တယ်။”

ကျန်ခဲ့တဲ့လူတွေအတွက် ဘာပြောချင်လဲ။
“အများကြီးကွာတယ်။ အရင်တုန်းကထက် အများကြီး တိုးတတ်လာပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အိုကေတယ်။ ဆရာဝန်တွေ ဘာတွေလဲ ရှိတယ်။ အဲဒါက
တော့ ပြောစရာမလိုပါဘူး။ ကောင်းတယ်။ ကျနော် ထောင်လေးခါ ကျတဲ့အထဲမှာ ဒီတခေါက်ကျတာ ဓမ္မာရုံရောက်သလိုပဲ။”


“အကောင်းဆုံးကတော့ အကုန်လုံး လွတ်သွားတဲ့ အချိန်ကြရင် အကောင်းဆုံးပဲ။ အဲဒီအချိန်ကြရင် ပြောလို့ဆိုလို့ လုပ်လို့လည်း
ကောင်းမယ်။ ကျနော်ကတော့ အဲဒီအချိန်ကိုပဲ စောင့်မယ်။ အားလုံးလွတ်အောင်လဲ ကျနော်တို့ ကြိုးစားမယ်။”

ထောင်ထဲမှာရော၊ ကျန်းမာရေး စောင့်ရှာက်မှု၊ စားဝတ်နေရေးနဲ့ ကျန်မာရေး စောင့်ရှောက်ခွင့်တွေ
ကောင်းကောင်းမွန်မွန် ရရဲ့လားခင်ဗျ။ တိုးတက်လာလား။


“အာ အများကြီးကွာတယ်။ အရင်တုန်းကထက် အများကြီး တိုးတက်လာပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး
တော့လည်း အိုကေတယ်။ ဆရာဝန်တွေ ဘာတွေလဲ ရှိတယ်။ အဲဒါကတော့ ပြောစရာ မလိုပါဘူး။ ကောင်းတယ်။ ကျနော် ထောင်လေးခါ ကျတဲ့အထဲမှာ ဒီတခေါက်ကျတာ ဓမ္မာရုံ ရောက်သလိုပဲ။”

ဦးဇာဂနာ မွေးထုတ်ပေးလိုက်တဲ့ သီးလေးသီး ဇာတ်အဖွဲ့တကွဲတပြားစီဖြစ်သွားတဲ့ အပေါ် ဦးဇာဂနာရဲ့ သဘောထားက ဘယ်လိုရှိလဲခင်ဗျ။

“အခုကျနော့်ဘေးမှာကို စိန်သီးနဲ့ ဇီးသီးနဲ့ နှစ်သီးရှိတယ်။ တိုင်းပြည် ပြင်ပမှာ သွားသီးနေနဲ့ အသီးက ပန်းသီးရယ်။ ကြယ်သီးရယ်။ မီးသီးရယ် ဆိုတာရှိတယ်။ အကုန်လုံး အားလုံးပေါင်းပြီး ကနေတာကို တွေ့ကြရဦးမှာပေါ့။ ကျနော်
ပြန်ရောက်လာရင် အကုန်ဖြစ်သွားမှာပါ။ အားလုံးကို ကျနော်ဦးဆောင်ပါမယ်။”
http://www.mizzimaburmese.com/interview/8471-2011-10-12-08-38-09.html