Thursday, October 13, 2011
Htun Aung Gyaw's Request to Thein Sein
ဦးဇင်းက ယုံကြည်ချက် ဆိုတာကိုတော့ အရမ်းကြိုက်တယ်
"ဆိုင်ကယ်စီးပြ၊ ဖားခုန်ပြ ဆိုလည်း လုပ်ပေးရတယ်"
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၁ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ဝဝ၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး” အတွင်း ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်
ငွေကြာယံ ကျောင်းတိုက်ကို လုံထိန်းရဲများနှင့် စစ်တပ်က ဝင်ရောက်စီးနင်းပြီး သံဃာတော်များကို ဖမ်းဆီးခဲ့သည်။
အစိုးရကို ဆန့်ကျင်သော ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြမှုကို ဦးဆောင်သူများဟု စွပ်စွဲပြီး ထောင်ချခံရသည့် ဦးဇင်းတပါးဖြစ်သော ဦးဣဿရိယ (ငွေကြာယံ)မှာ ရှမ်းပြည်နယ် ကျိုင်းတုံထောင်တွင်မှ ဗုဒ္ဓဟူးနေ့တွင် လွတ်မြောက်လာခဲ့သည်။
ခြောက်နှစ်ခွဲ ထောင်ဒဏ်ချခံရပြီးနောက် လေးနှစ်ကျော်အကြာတွင် လွတ်မြောက်လာခဲ့သော ထောင်တွင်း ရဟန်း ဝတ်ချွတ်ခြင်းခံခဲ့ရသူ ဦးဣဿရိယကို မဇ္ဈိမသတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထားသည်။
အရှင်ဘုရားရဲ့ ဘွဲ့အမည်နဲ့ ဘယ်လိုဖြစ်ပြီး အကျဉ်းကျခဲ့ရတယ်ဆိုတာ သိပါရစေဘုရား။
“ဦးဇင်း ဘွဲ့အမည်ကတော့ ဦးဣဿရိယ ပါ။ လူနာမည်ကတော့ အောင်ကိုငြိမ်း။ အဖမ်းခံရတာကတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် စီတန်း လှည့်လည်တဲ့ အထဲမှာ ပါတာပေါ့။ ပါတော့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဦးဇင်းတို့
ကျောင်းကို တကျောင်းလုံး ဝင်စီးတာလေ။ အဲဒီအထဲမှာ ဦးဇင်းလည်း ပါသွားတယ်ပေါ့။ အဲဒီအထဲမှာမှ ဦးဆောင်တဲ့ ကိုယ်တော်ခုနှစ်ပါးကို ရွေးထုတ်ပြီး ထောင်ခြောက်နှစ်ခွဲ ချတော့ ပါသွားတာပေါ့”
၂ဝဝ၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး” ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြနေသည့် သံဃာတော်များကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
အဖမ်းခံရပုံနဲ့ စစ်ကြောရေးမှာ တွေ့ကြုံခဲ့ရပုံကို ပြန်ပြောပြနိုင်မလား ဘုရား။
“အဖမ်းခံရတဲ့ စက်တင်ဘာ ၂၆ ရက်ည ၁၂ နာရီ ဝန်းကျင်မှာ ဦးဇင်းတို့ တကျောင်းလုံးကို စစ်တပ်က ဝင်စီး လိုက်တယ်။ မြင်ကွင်းကတော့ ဒကာကြီးရယ် … အနိဋ္ဌာရုံပါပဲ။ ဘုန်းကြီးကျောင်းနဲ့ပင် မတူတော့ပါဘူး။ သံဃာ
တွေကို ဝင်စီး၊ ဆွဲထုတ်တာတွေဟာ မြင်မကောင်းဘူး။ တချို့ ကိုယ်တော်တွေ ဆိုရင် ဆွဲချတော့ သင်္ကန်းတွေ
လည်း မရှိတော့ဘူး။ တချို့ ဦးဇင်းလေးတွေဆို ရိုက်နှက်ပြီး တိရစ္ဆာန်လိုပဲ ဆွဲထုတ်သွားတာ ဖိနပ်မပါ သင်္ဃန်းမပါ ကိုယ်လုံးတီးတွေပါပဲ။ စစ်ကြောရေးရောက်မှ တချို့ကို မြင်ကောင်းအောင် သင်္ကန်းလေး ပြန်စီးပေးတာ”
“ဦးဇင်းတို့တွေ ဆိုရင် စစ်ကြောရေးမှာ ဝင်ကတည်းက လူဝတ်လဲပစ်လိုက်ပြီး သုံးလလောက် ဖိနပ်မစီးရဘူး။
သူတို့က ဘုန်းကြီးမှန်း ဘာမှန်းတွေလည်း မသိကြဘူး။ ဆိုင်ကယ် စီးပြ၊ ဖားခုန်ပြ ဆိုလည်း လုပ်ပေးရတယ်။
ခြေထောက်နဲ့ ကန်တာ ကျောက်တာတွေကတော့ တော်တော်များတယ်။ တကိုယ်လုံးကို မဲနေအောင်ကို လုပ်ကြ တာ။ ပြန်ပြောရတာတောင် စိတ်ထဲ မချိဘူး ဒကာကြီးရယ်။ နှိပ်စက်ခံရတာကတော့ ဦးဇင်းတို့ ငွေကြာယံကျောင်း တိုက်က မိတဲ့ကိုယ်တော်တွေ အကုန်လုံးပါပဲ။ နောက်ပိုင်း ဓါတ်ပုံတွေထဲမှာ ပါလာတဲ့ ဦးဇင်းလေးတွေလဲ ဖမ်းပြီး
နှိပ်စက်ထောင်ချခံရတာပဲ”
ရွှေဝါရောင် နှစ်ပတ်လည် လေးနှစ်ကျော်သွားပြီ ဆိုတော့ သပိတ်မှောက်ခဲ့တာက ပျက်ပြယ်သွားပြီ
လို့ သဘော သက်ရောက်လား။
“ဘယ်တော့မှ ပျက်ပြယ် မသွားပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်တွေကို ဆူပူသောင်းကြမ်းတဲ့နည်းနဲ့ မဟုတ်ပဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ ရဟန်း၊ သံဃာတွေနဲ့ ပြည်သူလူထုကို
အစိုးရက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အတွက် သံဃာနဲ့ လူထုက ဘယ်တော့မှ ဒီမြင်ကွင်းကို မေ့ပျောက်
လို့ ရမှာမဟုတ်ပါဘူး။ ရွှေဝါရောင် မျိုးဆက်တွေက ဘယ်တော့မှ ပျောက်ပျက် မသွားဘူးဆိုတာ ဦးဇင်း ယုံကြည် ပါတယ်”
အခု အရှင်ဘုရားတို့နဲ့ အတူ နိုင်ငံရေး အကျဉ်းသား တခြားဘယ်သူတွေများ ပါသေးလဲဘုရာ့။ ကျန်နေခဲ့တာရော ရှိလား ဘုရား။
“အခုဦးဇင်းတို့ ကျိုင်းတုံက အကျဉ်းသား အယောက် ၁၄၄ဦးဇင်းတို့ တကျောင်းလုံးကို စစ်တပ်က ဝင်စီး လိုက်တယ်။ မြင်ကွင်းကတော့ ဒကာကြီးရယ်… အနိဌာရုံပါပဲ။ ဘုန်းကြီးကျောင်းနဲ့ပင် မတူတော့ပါဘူး။ သံဃာတွေကို ဝင်စီး၊ ဆွဲထုတ်တာတွေဟာ မြင်မကောင်းဘူး။ တချို့ ကိုယ်တော်တွေဆိုရင် ဆွဲချတော့ သင်္ကန်းတွေလည်း မရှိ
တော့ဘူး။ တချို့ ဦးဇင်းလေးတွေဆို ရိုက်နှက် ပြီး တရိစ္ဆာန်လိုပဲ ဆွဲထုတ်သွားတာ ဖိနပ်မပါ သင်္ဃန်းမပါ ကိုယ်လုံးတီးတွေပါပဲ။ စစ်ကျောရေးရောက်မှ တချို့ကို မြင်ကောင်းအောင် သင်္ကန်းလေးပြန်စီးပေးတာ။
“အခုဦးဇင်းတို့ ကျိုင်းတုံက အကျဉ်းသား အယောက် ၁၄၄ ယုံကြည်ချက်နဲ့ အကျဉ်းကျနေတဲ့သူက
ဦးဇင်းရယ်၊ ဦးဝင်းဆွေ - အင်းစိန် NLD၊ ဦးသုတဉာဏ(ခေါ်) ဦးသန်းဇော်၊ သူလဲ ဘုန်းကြီးပဲ။ ကိုစိုးမင်းဦး
ရွှေပြည်သာ NLD လူငယ်အဖွဲ့ကရယ်ပဲ ပါပါတယ်။ အထဲမှာရွှေဝါရောင်တုန်းက ကျတဲ့ သံဃာ လေးပါး ကျန်နေခဲ့
သေးတယ်”
နိုင်ငံတကာနဲ့ မြန်မာအတိုက်အခံအဖွဲ့တွေကယုံကြည်ချက် ကြောင့် အကျဉ်းကျနေကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို လွှတ်ပေးဖို့ မကြာခဏ တိုက်တွန်း ပြောဆိုပေမယ့်လည်း မြန်မာအစိုးရက မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား မရှိပါဘူးလို့ ကာကွယ်ပြောဆိုနေတာ တွေနဲ့ ပတ်သက်ပြီး။
“နိုင်ငံရေးဆိုတာကြီးကိုတော့ ဦးဇင်းတို့က သိပ်ပြီးတော့ စာမဖွဲ့တတ် ပါဘူးဗျာ။ ဒါပေမဲ့ ဦးဇင်းက ယုံကြည်ချက် ဆိုတာကိုတော့ အရမ်းကြိုက်တယ်ဗျ။ ဥပမာဗျာ … ရဟန်းဝတ်ထားတဲ့ ရဟန်းတပါးဟာလည်း လွတ်မြောက်မှုပဲ၊ ကားဒရိုင်ဘာ တယောက်ကလည်း သူ့လွတ်မြောက်မှု အတွက် ကြိုးစားနေတာပဲ။ ဆိုက်ကားသမားလည်း ဆိုက်ကားသမားက လွတ်မြောက်မှု အတွက် ကြိုးစားနေတာ။ အကုန်လုံးက လွတ်မြောက်မှု အတွက်ချည်းပဲ။
အဲဒီတော့ ဦးဇင်းတို့ကလည်း ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ ကင်းဝေးအောင် ယုံကြည်ချက်နဲ့ လုပ်ပြီး
ထောင်ထဲကျလာတာပဲ ဒါပဲ ပြောချင်တယ်။ သူတို့အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားဆိုတာ မသုံးချင်ပေမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ လူတွေဆိုတာ ကိုတော့ လက်ခံရလိမ့်မယ်”
ထောင်ထဲမှာရော ကျန်းမာရေး၊ စာဖတ်ခွင့်နဲ့ စားဝတ်နေရေး အခက်ခဲ့တွေ ကြုံတွေ့ရတာများ
ရှိလားဘုရား။
“ရွေးကောက်ပွဲ မစခင်ကာလလေးမှာ အဲဒါတွေက တော်တော်လေး ကောင်းခဲ့တယ်ဗျ။ ရွေးကောက်ပွဲပြီး သွားတော့ အဲဒါတွေက ပြန်ခက်ခဲလာတယ်ဗျ။ ထောင်မှူးကြီး ဦးဇော်ဦးကလေ နောက်ပိုင်း ကျုပ်တို့ကို လုပ်မပေးချင်တော့
ဘူးဗျ။ ချုပ်ချယ်မှု အပိုင်းတွေက ပါလာတာပေါ့ဗျာ”
“သူတို့ ထောင်ဝန်ထမ်း တယောက်က သူစားဖို့ မုန့်ဟင်းခါးတပွဲ သယ်လာတယ်။ အဲအခါမှာ ဦးဇော်ဦးက ဘာလုပ်
လဲ ဆိုတော့ ဒီမုန့်ဟင်းခါးကို ပေးမသယ်ဘူး။ စားချင်ရင် ထောင်ဗူးဝမှာပဲစား။ ဟိုရောက်ရင် မင်းက နိုင်ငံရေးသမား
တွေ ကျွေးရင် ကျွေးမယ်ဆိုတဲ့ သဘောပေါ့ဗျာ။ အဲဒါမျိုးတွေတော့ ရှိတယ်ဗျ။ ရွေးကောက်ပွဲ မတိုင်ခင်ကတော့
တော်တော်လေး အဆင်ပြေတယ်။ လုပ်ပေးတယ်။ ဘာသဘောလဲတော့ မသိဘူးပေါ့ဗျာ”
“နောက်တခုက ဦးဇင်းက ထောင်ထဲမှာ ကဗျာ အပုဒ် ၆၀ လောက်ရှိတယ် ရေးထားတာ။ သူတို့က သိမ်းထားပေး
မယ်ဆိုပြီး ယူထားတာ အခုထောင်က ထွက်တော့ သွားတောင်းတာ။ ထောင်ပိုင်ကြီးစီမှာ လိုလို၊ ထောင်မှူးစီမှာ လိုလိုနဲ့ ဘော်လီဘော ပုတ်နေကြတယ်။ ကျုပ်ကတော့ ထောင်ပိုင်ကြီးနဲ့ မျက်နှာချင်းဆိုင် ပြန်တွေ့အောင်
စောင့်ပြီး ကျုပ်ကဗျာတွေ မရရအောင် ပြန်ယူမယ်”
အရှင်ဘုရားတို့ အနေနဲ့ ထောင်ထဲမှာ စာစောင်တွေလဲ ဖတ်ခွင့်ရတယ်ဆိုတော့ အစိုးရသစ်ရဲ့
လုပ်ဆောင်မှုတွေကို အားရကျေနပ်တာတွေ ရှိလား။ လက်ရှိ အုပ်ချုပ်နေတဲ့ သမ္မဦးသိန်းစိန်ကိုရော အယုံအကြည် ရှိပါသလား ဘုရား။
“ဦးဇင်းရဲ့ တပါးထဲ အမြင်ကို ပြောပါ ဆိုရင်တော့
ဦးဇင်းရဲ့ တပါးထဲအမြင်ကို ပြောပါ ဆိုရင်
တော့ ကောင်းပါတယ်ဗျာ။ ဟိုအရင်က
ဆိုရင် သဘောက ဘာမှလုပ်လို့ မရဘူး
ဗျာ။ ခုဆို မြစ်ဆုံ စီမံကိန်း ရပ်နားလိုက်ရ
တယ်။ အစောပိုင်းက ဆိုရင် သူတို့ဘာ
သူတို့ လုပ်ထားတဲ့ ကိစ္စဗျာ။ အခုလို ပြည်သူ လူထု အသံကို နားထောင်ပြီးတော့ လုပ်တယ် ဆိုတာ ကောင်းတယ်လို့ ဦးဇင်းကတော့ ယူဆတယ်။ ရှေ့လျှောက်လည်း နိုင်ငံရေး
ပဲ လုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ် အလိုက် အထိုက်တော့ ကောင်းမယ်လို့ ထင်တာပေါ့
ဗျာ။
ကောင်းပါ တယ်ဗျာ။ ဟိုအရင်က ဆိုရင် သဘောက ဘာမှလုပ်လို့
မရဘူးဗျာ။ ခုဆို မြစ်ဆုံစီမံကိန်း ရပ်နားလိုက်ရတယ်။ အစောပိုင်းကဆိုရင် သူတို့ဘာသူတို့ လုပ်ထားတဲ့ကိစ္စဗျာ။ အခုလို ပြည်သူလူထု အသံကို နားထောင်ပြီးတော့ လုပ်
တယ် ဆိုတာ ကောင်းတယ်လို့ ဦးဇင်းကတော့ ယူဆတယ်။
ရှေ့လျှောက်လည်း နိုင်ငံရေးပဲ လုပ်လုပ်၊ စီးပွားရေးပဲ
လုပ်လုပ် အလိုက်အထိုက်တော့ ကောင်းမယ်လို့ ထင်တာ
ပေါ့ဗျာ”
“အခုဆိုရင် အရင်တုန်းက ဦးဇင်းတို့အနေနဲ့ အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့ တွေကြမှ ရှားရှားပါးပါးမြင်ရတဲ့ ဒကာမ ကြီး ဒေါ်အောင်ဆန်းစုကြည် ဆိုရင် အခု ဂျာနယ်တွေပေါ်
မှာ ပြည်သူတွေ မြင်ခွင့်ရနေပြီဗျာ။ အဲဒါကြောင့် ဒီလောက်
ထိတော့ ဦးဇင်းတို့ အနေနဲ့ ကောင်းတယ်လို့ မြင်ပါတယ်”
ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတဲ့ အပေါ်မှာရော အရှင်ဘုရားတို့ အမြင်က ဘယ်လို ရှိပါသလဲဘုရား။
“မတူတာတွေကို ညှိပြီးတော့ ပေါင်းတယ် ဆိုတာကတော့ဗျာ။ တော်တော်ကြိုက်ပါတယ် ဦးဇင်းတို့က ဘုန်းကြီး ဆိုတော့လေ တခြားဟာတွေလဲ သိပ်မပြောချင်ပါဘူး။ အာဏာပိုင်တွေအနေနဲ့ ဘာပဲဖြစ်ဖြစ် ဒေါ်စုနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်မယ်ဆိုရင် ဦးဇင်းတို့ က ကြိုက်ပါတယ်”
အရှင်ဘုရားအနေနဲ့ ခုထွက်လာပြီးတဲ့နောက်မှာရော ရဟန်းအဖြစ်နဲ့ ဆက်နေသွားမလား။ လူဝတ်ကြောင် ဘဝနဲ့ နေဖို့ရှိလား။ နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေမှာ ဆက်လက် လုပ်ကိုင်ဖို့ရော ဆန္ဒရှိလား ဘုရား။
“ဦးဇင်းတို့က သင်္ဃန်းတွေ ဆွဲချွတ်၊ နှိပ်စက်ခံ ကာလတွေကတည်းက သင်္ဃန်းကိုသာ ချွတ်တာ ဦးဇင်းတို့က သိက္ခာချပြီး ထွက်ထားတာ မဟုတ်ဘူး။ လူမထွက်ဘူး။ ဦးဇင်းပဲ။ မြတ်စွာဘုရား လက်ထက်က ဗာဟီယဒါရုစိ
ပရိဗိုဇ်ဆို ဓါးမြတိုက်ခံရလို့ သစ်သားတောင် ပတ်လာရသေးတာ။ ဦးဇင်းတို့ အခုဝတ်ထားတဲ့ အဝတ်အစား
ဆိုတာ ဟီရိ၊ သြတ္တပ္ပတရား အကုန်လုံးလဲ လုံတယ်လေ။ ဒါအကျဉ်းထဲ အကြပ်ထဲမှာ လုပ်လာတဲ့အခါပေါ့။
ဒါပေမဲ့ ကျုပ်က အခုချိန်ထိ ဘုန်းကြီးပဲ။ ပျံတော်မူရင်လည်း ဘုန်းကြီးပဲ။ နောင်ဘယ်အချိန် ထိပဲဖြစ်ဖြစ် ဘုန်းကြီး ဘဝနဲ့ပဲနေမယ်လို့ပဲ ဆုံးဖြတ်ထားတယ်”
အရှင်ဘုရားကတော့ အခုလက်ရှိ ကိုယ်တွေ့ကြုံခဲ့ရသူဖြစ်တော့ ထောင်ဆိုတဲ့ အရာဟာ ရဟန်း၊ သံဃာတော်တွေ အတွက် ဘယ်လိုအရာမျိုးလို့ ဆိုလိုချင်ပါသလဲဘုရား။
“မရောက်သင့် မရောက်ထိုက်တဲ့ နေရာပေါ့ဗျာ။ ဦးဇင်းအမြင်ကတော့ ထောင်ဆိုတဲ့ အရာဟာ လေ့လာမှုအနေနဲ့လဲ မသွားသင့်ဘူး။ အခုလို အကျဉ်းသားအနေနဲ့လည်း မရောက်သင့်ဘူးလို့ မြင်တယ်။ ထောင်ဆိုတာကြီးက အရာ
အားလုံးကို ချုပ်နှောင်ထားတဲ့ အရာကြီးဗျာ။ နောက်ပိတ်ဆုံး အနေနဲ့ ဦးဇင်းတို့သည် သိက္ခာမချဘူး ဟုတ်လား။ အဲလိုနေတဲ့ အခါမှာ ထောင်ပိုင်လာတဲ့ အခါမှာ ထိုင်ပေးရတာတို့ ဘာတို့ ရှိတာပေါ့ဗျာ။ သူ့တို့အနေနဲ့ ဘုန်းကြီး
ကျောင်း ရောက်ရင် ဘုန်းကြီးကျောင်း။ အာဏာပိုင်ထဲရောက်ရင် အာဏာပိုင် စည်းကမ်း ဆိုတာ ရှိတယ်ဗျ။
အဲတော့ သူတို့အတွက်လည်း အရမ်းအပြစ်ကြီးတယ်ဗျ။ ကျုပ်တို့ အနေနဲ့ကလည်း အရမ်းအပြစ်ကြီးတယ်ဗျ။
အဲတော့ ကျုပ်ကတော့ ဘယ်လိုဘုန်းကြီးပဲ ဖြစ်ဖြစ်၊ ဒီဘဝမှာပဲ ဖြစ်ဖြစ်၊ နောင်ဘဝမှာပဲဖြစ်ဖြစ် ထောင်ထဲမှာ ဒီလိုသံဃာတွေကို ဘယ်တော့မှ မတွေ့ပါရစေနဲ့လို့ ဦးဇင်း ဆုတောင်းခဲ့တယ်ဗျာ”
အစိုးရသစ်က အကျဉ်းသားတွေကို အခုလိုလွှတ်ပေးလိုက်တဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။
“မြတ်စွာဘုရား လက်ထက်ကတောင်မှ ပါဒသမင်ဗျာ၊ ဘုရားရှေ့မှာ သူငိုတယ်။ ရယ်တယ် ဆိုတာ ဖြစ်တယ်။ အခုလည်း ဦးဇင်းတို့လည်း ငိုတယ်၊ ရယ်တယ်ပဲ ဖြစ်ချင်တာဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ဆိုလိုတာက
ခုလွှတ်တာ ကျုပ်တို့အဖွဲ့တွေ အကုန်လုံး မပါခဲ့ဘူးဗျ။ မပါခဲ့တော့ ဦးဇင်းတို့အဖွဲ့တွေ အရမ်း ဝမ်းနည်းရတာ
ပေါ့ဗျာ။ ရယ်တယ် ဆိုတာကတော့ ဦးဇင်းတို့ အပြင်ရောက်လာတဲ့အခါ ဦးဇင်းတို့ မိသားစုတွေ၊ ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ ဆုံကြရမှာဆိုတော့ ဦးဇင်းတို့အနေနဲ့ အဲဒါတော့ အရမ်းဝမ်းသာပါတယ်”
အပြင်လောကမှာ ဝိနည်းတော်တွေနဲ့ နေထိုင်နေကြရတဲ့ ရဟန်း၊ သံဃာတွေဟာ ထောင်ထဲရောက်သွား
တဲ့ အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲလေး မိန့်ပါလားဘုရား။
“အကုန်လုံးပါပဲဗျာ။ ထောင်ထဲမှာက အပြင်လောကနဲ့က တခြားစီပဲဗျာ။ အပြင်မှာ ဘုန်းကြီးများစွာက ဟင်းလေး အဆင်ပြေပြေ စားနေရပေမယ့် ထောင်ထဲမှာက တာလဘောနဲ့ ပြီးနေခဲ့ရတဲ့ ရက်တွေက အများကြီးပဲလေ။ ကျုပ်
ဆိုရင်ဗျာ နေတော့ အညာသား၊ မုံရွာသား။ နေတော့ ရန်ကုန်၊ ပို့တော့ ကျိုင်းတုံဆိုတော့ ကဲဘယ်နှယ့်လုပ်ကြမတုန်း။ မိသားစုက ဘယ်လိုလာမတုန်း၊ ဘယ်လိုလုပ် အဆင်ပြေမတုန်း ဒါတွေရှိတာပေါ့ဗျာ”
http://www.mizzimaburmese.com/interview/8481-q---q.html
Statements from Canada Foreign Minister on release of Political Prisoners in Burma
Statements from Canada Foreign Minister and Chair of the Parliamentary Friends of Burma on release of Political Prisoners in Burma
Statement by Minister Baird on Situation in Burma
(No. 301 - October 13, 2011 - 4:20 p.m. ET) Foreign Affairs Minister John Baird today issued the following statement in response to the announced prisoner amnesty and the release of a number of political prisoners, in Burma:
“Canada welcomes news that a number of political prisoners in Burma were released this week. Along with international allies, Canada has repeatedly lobbied on behalf of these prisoners.
“When I met with my Burmese counterpart, Foreign Minister Wunna Maung Lwin, in July, I stressed that his government must demonstrate its commitment to reform through concrete actions. Today’s announcement marks a step forward, and the Government of Canada encourages the Burmese authorities to continue on this path.
“We note that a significant number of political prisoners remain in detention, and we continue to call for their prompt and unconditional release. Sustained action is required by the Burmese authorities to uphold and protect democracy, human rights, fundamental freedoms and the rule of law for all Burmese people, including ethnic and religious minorities.
“Canada will continue to support those working to promote respect for human rights and a transition to genuine democracy in Burma. We will be monitoring the situation closely. We urge the authorities to engage in inclusive dialogue with opposition and ethnic groups, and to fully investigate allegations of human rights abuses by government or military personnel.”
- 30 -
For further information, media representatives may contact:
Foreign Affairs Media Relations Office
Foreign Affairs and International Trade Canada
613-995-1874
Follow us on Twitter: @DFAIT_MAECI
http://www.international.gc.ca/media/aff/news-communiques/2011/301.aspx
Karygiannis welcomes release of 200 Burmese Political Prisoners
OTTAWA – The Honourable Jim Karygiannis, Member of Parliament for Scarborough-Agincourt, and Liberal Multiculturalism Critic, welcomed the release of nearly 200 Burmese political prisoners as part of a general Government amnesty which released 6,000 prisoners in total.
“I am pleased that the Burmese Government has released these men and women.” said Mr. Karygiannis. “I trust that this amnesty will translate into real freedom for these political prisoners and that they will be able to continue to work for a free and democratic Burma.”
Many of the political prisoners were jailed for criticizing the military government of Burma and advocating for democratic reform in Burma. There are approximately 2,000 political prisoners in Burmese jails.
“As Chair of the Parliamentary Friends of Burma, I am hoping that the release of these prisoners, together with the moves to relax media censorship and allow the formation of labour unions, is the beginning of a return to democracy in Burma.” Mr. Karygiannis stated. “Canadians stand ready to help the people of Burma as they work toward democracy.”
– 30 –
Contact:
Margot Doey-Vick, Media Relations
Office of the Hon. Jim Karygiannis, P.C., M.P.
Scarborough-Agincourt (613)992-4501 or
(416)321-2405
Fax: (613) 995-1612
Email: karygj@parl.gc.ca
Website: www.karygiannismp.com
၁၃.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://www.ziddu.com/download/16810414/13Oct2011Yeyintngesdiary.doc.html
http://www.ziddu.com/download/16810415/13Oct2011Yeyintngesdiary.pdf.html
13 Oct 2011 Yeyintnge's Diary
ပြည်သူ့လူရွှင်တော်
ပြည်ပ သီးလေးသီးအဖွဲ့ ဇာဂနာနှင့် တိုင်ပင်ပြီး ပြည်တော်ပြန်မည်
အောက်တိုဘာလ ၁၃ရက်။ စောခါးစူး (ကေအိုင်စီ)
ထိုင်းနိုင်ငံတွင် ကျန်ရှိနေသေးသည့် သီးလေးသီးအဖွဲ့မှ ပန်းသီး၊ ကြယ်သီးနှင့် အငြိမ့်မင်းသမီး မြစပယ်ငုံ(မီးမီး)တို့သည် ထောင်မှ လွတ်မြောက်လာပြီဖြစ်သည့် ဟာသ သရုပ်ဆောင် ဇာဂနာနှင့် တိုင်ပင်ပြီး ပြန်တော်ပြန်မည်ဟု ယနေ့ ပြောကြား လိုက်သည်။
၎င်းတို့၏ ဆရာဇာဂနာ အကျဉ်းထောင်မှ လွတ်မြောက်လာမှသာ မြန်မာပြည်ပြန်မည် ဖြစ်ကြောင်း သီးလေးသီးခေါင်းဆောင် ဂေါ်ဇီလာ အပါအ၀င် စိန်သီး၊ ဇီးသီးနှင့် အငြိမ့်မင်းသမီး ချောစုမျိုးတို့ ပြီးခဲ့သည့်လ ၁၁ရက်နေ့က ပြန်ပြီးနောက် ထိုင်းနိုင်ငံ တွင် ကျန်ခဲ့သူ သီးလေးသီးအဖွဲ့ဝင်များက မှတ်ချက်ပေးထားခြင်း ဖြစ်သည်။
“ကိုသူရ(ဇာဂနာ) လွှတ်ပြီဆိုတော့ သူနဲ့ တိုင်ပင်ပြီး ကျနော်တို့တွေ မြန်မာပြည်ပြန်မယ်။ မနေ့က စကားပြောဖြစ်ပေမယ့် သူ အလုပ်များနေတော့ ပြန်မယ့်ကိစ္စ မတိုင်ပင်ဖြစ်သေးဘူး။”ဟု ထိုင်းနိုင်ငံ အခြေစိုက် လူရွှင်တော် ပန်းသီးက ကေအိုင်စီသို့ ပြော သည်။
မြန်မာအစိုးရက လက်တလော မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်ရေးကိစ္စကို ဂုဏ်ပြတဲ့အနေဖြင့် ယခုလ ၃၀ရက်နေ့တွင် ချင်းမိုင်မြို့၌ ဖျော်ဖြေပွဲတစ်ခု ကျင်းပရန်ရှိသည့်အတွက် ရုတ်တရက် ပြန်မည်မဟုတ်သေးဟုလည်း သူက ဖြည့်စွက်ပြောဆို သည်။
ထို့အပြင် ပြည်တော်ပြန်ရေးကိစ္စ တိုင်ပင်ပြီးပါက မည်သည့်နေ့ရက်တွင် ထိုင်းနိုင်ငံမှ ထွက်ခွါရန် ဆုံးဖြတ်သွားမည်ဟု သူက ရှင်းပြသည်။
ဇာဂနာသည် ထောင်မှ ပြန်လွှတ်လာပြီး နာရီပိုင်းအကြာ ချင်းမိုင်တွင် ကမည့် ဖျော်ဖြေပွဲအကြောင်း ဆက်သွယ်စကားပြောပြ သည့်အခါ ပြက်လုံးတချို့ကို ၎င်းတို့အား အကြံပေးခဲ့သေးသည်ဟုလည်း ထိုင်းနိုင်ငံ အခြေစိုက် သီးလေးသီးက ပြောသည်။
သီးလေးသီးအဖွဲ့ကို ၂၀၀၃ခုနှစ်တွင် နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက ဦးဆောင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ် သည်။
တည်ထောင်ပြီးနောက် နိုင်ငံရေး သရော်သည့် ပြက်လုံးများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာသည့်အတွက် အစိုးရ၏ သတိပေး ခြင်းကို ခံခဲ့ရသည်။
၎င်းအဖွဲ့သည် ၂၀၀၇ခုနှစ်၊ ဒီဇင်ဘာလတွင် ပြင်ပနိုင်ငံသို့ ထွက်လာပြီး မလေးရှား၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်၊ အမေရိကန် တို့တွင် သွားရောက်ဖျော်ဖြေခဲ့သည်။ ထို့နောက် မြန်မာပြည် မပြန်ဘဲ ထိုင်းနိုင်ငံတွင် အခြေစိုက်ကာ အနုပညာလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။
ထိုင်း​ရောက် မြန်မာအလုပ်သမား​နှစ်သန်း​ မှတ်ပုံတင်​ရေး​ အလုပ်သမား​ ဒု-ဝန်ကြီး​နှင့်​ ​မေး​မြန်း​ချက်
Published on October 13, 2011 by ​အေး​နိုင်
မြန်မာအလုပ်သမား​ ဒု-ဝန်ကြီး​ ဦး​မြင့်​သိန်း​ ဦး​ဆောင်တဲ့​ မြန်မာကိုယ်စား​လှယ်အဖွဲ့​ဟာ ထိုင်း​နိုင်ငံမှာ​ရောက်ရှိ​နေပြီး​ ထိုင်း​နိုင်ငံ​ရောက် မြန်မာလုပ်သား​အား​လုံး​ ယာယီမှတ်ပုံတင်ကတ် ထုတ်​ပေး​နိုင်​ရေး​ ထိုင်း​အစိုး​ရနဲ့​ ​ဆွေး​နွေး​နေပါတယ်။
ဒီအစီအစဉ်အရ မြန်မာတာဝန်ရှိသူ​တွေက ထိုင်း​နိုင်ငံကို သွား​ရောက် လုပ်ကိုင်​ပေး​မယ့်​ စနစ်ဖြစ်တယ်လို့​ ဆိုပါတယ်။
ဒါ့​အပြင် အလုပ်လုပ်ခွင့်​ ကန်ထရိုက် သက်တမ်း​ကုန်တဲ့​အခါ အလုပ်ဆက်လုပ်ခွင့်​ရ​ရေး​၊​ အလုပ်သမား​အခွင့်​အ​ရေး​ စတာ​တွေကို ထိုင်း​တာဝန်ရှိသူ​တွေနဲ့​ ​ဆွေး​နွေး​နေတယ်လို့​ ဒု-ဝန်ကြီး​က ​ပြောပါတယ်။
ပြည်တွင်း​မှာလည်း​ အလုပ်သမား​အဖွဲ့​အစည်း​ ဥပ​ဒေကို အစိုး​ရက တမြန်​နေ့​က အတည်ပြုလိုက်ပြီဖြစ်လို့​ အလုပ်သမား​တွေ လွတ်လွပ်လပ်လပ် အသင်း​အပင်း​ ဖွဲ့​စည်း​လှုပ်ရှား​ခွင့်​ ရ​နေပြီလို့​ ဝန်ကြီး​ ဦး​မြင့်​သိန်း​က ​ပြောပါတယ်။
အလုပ်သမား​ဝန်ကြီး​ဌာန ဒု-ဝန်ကြီး​ဟာ ဘန်​ကောက်မြို့​ မဟာချိုင်​ဒေသက မြန်မာအလုပ်သမား​အ​ရေး​ ​ဆောင်ရွက်​နေသူ​တွေကိုလည်း​ ​တွေ့​ဆုံသွား​ပါတယ်။
အလုပ်သမား​အ​ရေး​ကိစ္စ​တွေနဲ့​ ပတ်သက်လို့​ အလုပ်သမား​ဒုဝန်ကြီး​ ဦး​မြင့်​သိန်း​ကို ဆက်သွယ်​မေး​မြန်း​ချက်။
ထိုင်း​နိုင်ငံကို ဘာအတွက်လာရလဲဆိုတာ အကျဉ်း​ချုပ် ​ပြောပြ​ပေး​ပါ။
“ပြည်ပ​ရောက် အလုပ်သမား​အများ​စုဟာ ထိုင်း​နိုင်ငံမှာ အများ​ဆုံး​ရောက်ရှိ​နေတယ်။ သမ္မတကြီး​ မိန့်​ခွန်း​အဖွင့်​မှာလည်း​ ​ပြောခဲ့​တယ်။ ပြည်ပ​ရောက် မြန်မာအလုပ်သမား​တွေကို အတတ်နိုင်ဆုံး​ ကူညီ​စောင့်​ရှောက်​ပေး​ရမယ်။ ဒါ တိုင်း​ပြည်ရဲ့​ ဖွံ့​ဖြိုး​မှု၊​ အင်အား​ပဲလို့​ ​ပြောထား​တာရှိပါတယ်။ အခု ပြည်ပအလုပ်အကိုင်​ကော်မတီဆိုတာကို အလုပ်သမား​ဝန်ကြီး​က ဥက္ကဋ္ဌ၊​ နယ်စပ်​ရေး​ရာဝန်ကြီး​က ဒု- ဥက္ကဋ္ဌ၊​ ​ကော်မတီမှာ ကျ​နော်က အတွင်း​ရေး​မှူး​။ ဖွဲ့​စည်း​ပြီး​ရင်​တော့​ နှစ်နိုင်ငံ ယာယီနိုင်ငံကူး​လက်မှတ်​တွေ အမြန်ဆုံး​ လုပ်​ပေး​နိုင်​အောင်၊​ နိုင်ငံသား​တွေ စိစစ်နိုင်​အောင် ညှိနှိုင်း​တဲ့​ အစည်း​အ​ဝေး​လေး​ စီစဉ်ရင်း​နဲ့​ အလုပ်သမား​တွေ အများ​ဆုံး​ရှိတဲ့​ မဟာချိုင်က အလုပ်သမား​တွေကို လာ​တွေ့​တာပါ။”
အခုခရီး​စဉ်ဟာ ထိုင်း​နိုင်ငံမှာရှိတဲ့​ မြန်မာအလုပ်သမား​တွေအကြား​ အသစ်အဆန်း​ဖြစ်​နေသလို ထိုင်း​ရောက်​နေတဲ့​ မြန်မာ​တွေအတွက် လုပ်ငန်း​ခွင်နစ်နာမှု​တွေ လခကို သတ်မှတ်ချက်အတိုင်း​ မရတာ​တွေနဲ့​ပတ်သက်ပြီး​ ဝန်ကြီး​တို့​အ​နေနဲ့​ အနိမ့်​ဆုံး​အဆင့်​ ဘယ်​လောက်ထိ ကုစား​ပေး​နိုင်မလဲ။
“ကျ​နော်တို့​ လိုအပ်​နေတဲ့​အဆင့်​တွေက​တော့​ သူ့​အဆင့်​အတိုင်း​ဆို နည်း​နည်း​လေး​ အ​ခြေခံအဆင့်​တွေ ရှိ​သေး​တယ်။ ဘာလို့​လဲဆို​တော့​ အ​ထောက်အထား​ မရှိ​သေး​တဲ့​ သူ​တွေကို အ​ထောက်အထား​ ရဖို့​က အမြန်လုပ်ရမှာက ပထမ အ​ရေး​အကြီး​ဆုံး​ဖြစ်တယ်။ အ​ထောက်အထား​ရပြီး​တဲ့​ ​နောက်ပိုင်း​မှာ အလုပ်ရှင် အလုပ်သမား​ ပြဿနာ​တွေနဲ့​ နစ်နာဆုံး​ရှုံး​မှု​တွေကို နိုင်ငံတကာစံနှုန်း​တွေနဲ့​ ညီ​အောင် လုပ်​ပေး​ရမယ့်​ဥစ္စာက​တော့​ ​နောက်ပိုင်း​ ဆက်တိုက်လုပ်ရမယ့်​ ပြဿနာ​တွေပါပဲ။”
ထိုင်း​မှာ​ရောက်​နေတဲ့​ အလုပ်သမား​ ၂ သန်း​လောက်က မှတ်ပုံတင်မယ်ဆိုရင် နိုင်ငံအတွက် ဝင်​ငွေဘယ်​လောက်ထိ​အောင် ရနိုင်တယ်လို့​ ဝန်ကြီး​တို့​ ခန့်​မှန်း​ထား​ပါသလဲ။
“အခုလည်း​ပဲ သူတို့​ ထိုင်း​နိုင်ငံ​ရောက်​နေတဲ့​ အလုပ်သမား​တွေက ပြည်တွင်း​ကို သူတို့​နည်း​သူတို့​ဟန်နဲ့​ ​ငွေ​တွေလွှဲ​နေတာပဲ​လေ။ ဒါလည်း​ တိုင်း​ပြည်ကို ​ငွေ​တွေ စီး​ဆင်း​နေတာ။ အဲဒီ​တော့​မှ တကယ့်​ကို တရား​ဥပ​ဒေလမ်း​ကြောင်း​က​နေ စီး​ဆင်း​လာရင်​တော့​ ပို​ကောင်း​တာ​ပေါ့​။ အခုအ​နေအထား​က​တော့​ ကြား​မှာ အလိမ်ခံရတာတို့​၊​ အ​ဖျောက်ခံရတာတို့​၊​ ဒီလိုပြဿနာ​တွေလည်း​ ရှိ​တော့​ အဲဒါ​တွေကို ကျ​နော်တို့​က လုံခြုံ​အောင်လို့​ လုပ်​ပေး​ချင်တဲ့​ အ​နေအထား​ပါပဲ။ ဘယ်လိုပုံစံနဲ့​ပဲ စီး​ဆင်း​နေပါ​စေ တိုင်း​ပြည်အတွက် ​ငွေက​တော့​ စီး​ဝင်​နေတာဖြစ်ပါတယ်။”
ပြည်တွင်း​မှာလည်း​ အလုပ်သမား​တွေက သမဂ္ဂ​တွေ ထူ​ထောင်ချင်ကြတယ်။ ဒီလိုထူ​ထောင်ဖို့​ အခွင့်​အလမ်း​လည်း​ ဒီမိုက​ရေစီ နိုင်ငံမှာရှိပါတယ်။ မြန်မာနိုင်ငံက ဒီမိုက​ရေစီနိုင်ငံဖြစ်ပြီလို့​ ဝန်ကြီး​တို့​ဘက်က ​ပြော​နေ​တော့​ အလုပ်သမား​သမဂ္ဂ​တွေ ထူ​ထောင်​ရေး​က ခွင့်​ပြုသင့်​ပြီ မဟုတ်လား​။
“ခွင့်​ပြုထား​ပါပြီ။ ကျ​နော်တို့​ ပြီး​ခဲ့​တဲ့​တ​နေ့​က အလုပ်သမား​အဖွဲ့​အစည်း​ ဥပ​ဒေကို သမ္မတကြီး​ လက်မှတ်ထိုး​လိုက်ပါပြီ။ နှစ်ပတ်အတွင်း​မှာ အဲဒီဥပ​ဒေက အတည်ဖြစ်သွား​ပါပြီ။ အဲဒီကျရင် အလုပ်သမား​အဖွဲ့​အစည်း​တွေ စနစ်တကျ ဖွဲ့​စည်း​လို့​ရသွား​ပါပြီ။”
ဒါဆိုရင် ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနမှာ မှတ်ပုံတင်ရမှာ​ပေါ့​။
“ဟုတ်ပါတယ်။ ပြည်ထဲ​ရေး​မှာ မှတ်ပုံတင်တယ်ဆိုတာထက် အ​ယောက် ၃၀ ရှိတယ်ဆိုရင် သူတို့​သ​ဘောနဲ့​သူတို့​ လွတ်လွတ်လပ်လပ် ဖွဲ့​စည်း​ပိုင်ခွင့်​ရှိပါတယ်။”
အလုပ်သမား​သမဂ္ဂ​တွေ ဖွဲ့​တဲ့​နေရာမှာ အလုပ်ရှင်​တွေ၊​ အလုပ်သမား​တွေနဲ့​ သက်ဆိုင်ရာ တာဝန်ရှိတဲ့​သူ​တွေ စက်ရုံပိုင်ရှင်​တွေ စကား​ပြောတာက​တော့​ တဆင့်​ပေါ့​၊​ ​နောက်တဆင့်​က သူတို့​ရဲ့​လိုလား​ချက်​တွေကို ထုတ်​ဖော်ပြီး​တော့​ ပွင့်​ပွင့်​လင်း​လင်း​ ​ဝေဖန်​ပြောဆိုတာ​တွေကို ဝန်ကြီး​တို့​ဌာန​တွေက ခွင့်​ပြုပါသလား​။
“လုပ်ခွင့်​ရှိပါတယ်။ အဲဒီဟာကို ရည်ရွယ်ပြီး​တော့​ ကျ​နော်တို့​က အလုပ်သမား​တွေကို လွတ်လွတ်လပ်လပ် ဖွဲ့​စည်း​ခွင့်​ပေး​တယ်ဆိုတာ သူတို့​ရဲ့​ ရပိုင်ခွင့်​တွေ၊​ သူတို့​ရဲ့​ ​တောင်း​ဆိုပိုင်ခွင့်​တွေကို လွတ်လွတ်လပ်လပ် ​တောင်း​ဆိုနိုင်​အောင်လို့​ ပိုပြီး​ရည်ရွယ်တာပါ။ အရင်ကလည်း​ ​တောင်း​ဆိုပိုင်ခွင့်​တွေ ရှိပါတယ်။ အခုက​တော့​ နိုင်ငံတကာစံနှုန်း​နဲ့​ညီပြီး​တော့​ ပိုပြီး​တော့​ ညီ​အောင် လုပ်​ပေး​လိုက်တဲ့​သ​ဘောပါ။ ပြည့်​စုံချင်တဲ့​သ​ဘောပါပဲ။”
သမ္မတဦး​သိန်း​စိန် အစိုး​ရလက်ထက်မှာ တပ်မ​တော်အစိုး​ရလက်ထက်နဲ့​ ကွဲပြီး​ထွက်လာတဲ့​ မူအကျင့်​တွေလို့​ ​ပြောလို့​ရတာ​ပေါ့​။
“ဒီဟာက​တော့​ ကျ​နော်တို့​ ဒီမိုက​ရေစီအစိုး​ရလက်ထက်မှာ​တော့​ သမ္မတကြီး​တို့​က တကယ့်​ကို ပီပီပြင်ပြင် လုပ်​နေတယ်ဆိုတာ ခင်ဗျား​တို့​ သိ​နေတာပဲ။ အခုက နိုင်ငံတကာစံနှုန်း​တွေနဲ့​မီ​အောင် အမြန်ဆုံး​အ​ကောင်အထည် ​ဖော်သွား​မယ်ဆိုတာ​တော့​ ဒါက​တော့​ ဘာမှလွဲမှား​စရာအ​ကြောင်း​ မရှိပါဘူး​။”
ဝန်ကြီး​ရဲ့​ ထိုင်း​နိုင်ငံခရီး​စဉ်အတွင်း​မှာ ​ဆွေး​နွေး​ပွဲ​တွေက​နေ အချုပ်အား​ဖြင့်​ ရည်မှန်း​ထား​တဲ့​ရလဒ် ဘယ်​လောက်ထိ​အောင် ​ပေါက်​မြောက်မလဲ။ အဲဒါ​လေး​ နည်း​နည်း​ရှင်း​ပြ​ပေး​ပါ။
“အခု ထိုင်း​အစိုး​ရအသစ်ကလည်း​ ​တော်​တော်​လေး​ကို စိတ်​စေတနာ ​ကောင်း​ပါတယ်။ အဲဒီအတွက် ကျ​နော်တို့​ အလုပ်သမား​တွေရဲ့​ နိုင်ငံသား​စိစစ်တာတို့​၊​ ယာယီနိုင်ငံကူး​လက်မှတ် ထုတ်​ပေး​တာတို့​ကို ဒီနိုင်ငံထဲထိ ဝင်ပြီး​တော့​ လုပ်​ပေး​နိုင်​အောင်လို့​ လာညှိတာပါ။ ​အောင်မြင်ဖို့​များ​ပါတယ်။ ​နောက်တချက်က ကျ​နော်တို့​ ခုန​ပြောတဲ့​ ဗီဇာခ ​လျှော့​ချဖို့​ကိစ္စတို့​၊​ ​နောက်ဆုံး​အ​ခြေအ​နေအရဆိုရင် အခု​ရေကြီး​တဲ့​အချိန်မှာ ကျ​နော်တို့​ အလုပ်သမား​တွေ ​ရေ​ဘေး​ဒုက္ခ ဖြစ်​နေတာကို လည်း​ ထိုင်း​အစိုး​ရက​နေ အကူအညီ​ပေး​ဖို့​၊​ သူတို့​ကို ​မေတ္တာရပ်ခံထား​ပါတယ်။ သူတို့​လည်း​ ကူညီ​ပေး​မယ်လို့​ ​ပြောပါတယ်။”
အခု ထိုင်း​နိုင်ငံမှာ ဝန်ကြီး​ချုပ်ယင်လတ်အစိုး​ရက အနိမ့်​ဆုံး​လုပ်အား​ခ ဘတ် ၃၀၀ ဆိုပြီး​ သတ်မှတ်တယ်။ ထိုင်း​ဥပ​ဒေအရဆိုရင် ထိုင်း​အလုပ်သမား​နဲ့​ မြန်မာအလုပ်သမား​က လစာအား​ဖြင့်​ ညီတူညီမျှ ခံစား​ရမယ်လို့​ပြောတယ်။ အဲဒီ​တော့​ အခု​လော​လောဆယ်မှာ ဘတ် ၃၀၀ လို့​ မသတ်မှတ်​သေး​ပေမယ့်​ မဲ​ဆောက်လို​နေရာမျိုး​မှာ အနိမ့်​ဆုံး​လုပ်အား​ခ တရက် ၁၆၅ ဘတ်လို့​ သတ်မှတ်​ပေမယ့်​လည်း​ မြန်မာလုပ်သား​တွေက ၆၅ ဘတ်​လောက်ပဲရတာ ​တွေ့​ရတယ်။ ဒီကိစ္စ​တွေကို ဝန်ကြီး​တို့​ အနီး​ကပ်​ပြောဆိုတာ ရှိလား​ခင်ဗျာ။
“လစာ​တွေနဲ့​ပတ်သက်လို့​ လက်ရှိကိုပဲ ကျ​နော်တို့​ဆီက အလုပ်သမား​သစ်​တွေ သူတို့​နဲ့​ ညှိပြီး​လွှတ်​နေတဲ့​ ကိစ္စမှာ အနည်း​ဆုံး​ ဘတ် ၂၀၀ စပြီး​ရ​နေပါပြီ။ အဲဒါ​တွေက အလုပ်ရှင်-အလုပ်သမား​ ကန်ထရိုက် လက်မှတ်ထိုး​ပြီး​မှ လွှတ်တာဖြစ်တဲ့​အတွက် ရတယ်ဆိုတာ ​သေချာပါတယ်။ ​နောက်ပိုင်း​ကျရင်လည်း​ သူတို့​ ဘတ် ၃၀၀ သတ်မှတ်တဲ့​အတိုင်း​ တိတိကျကျ မရ​သေး​တောင် တဖြည်း​ဖြည်း​နဲ့​ မြင့်​ပြီး​ရလာဖို့​ အလား​အလာ​ကောင်း​ပါတယ်။ ကျ​နော်တို့​ အချင်း​ချင်း​လည်း​ ဒါ​တွေလည်း​ ​ပြောပါတယ်။ ကန်ထရိုက်စာချုပ်ပြီး​ရင်လည်း​ တနှစ်ချုပ်လား​၊​ တနှစ်ခွဲချုပ်လား​၊​ အဲဒီကန်ထရိုက်စာချုပ် ပြီး​ရင်လည်း​ အလုပ်​တွေ ​ရွှေ့​ပြောင်း​ပြီး​တော့​ လုပ်နိုင်ဖို့​လည်း​ ညှိခဲ့​ပါတယ်။”
ထိုင်း​မှာ​ရောက်တဲ့​ မြန်မာအလုပ်သမား​ ၂ သန်း​ထက်​တောင် ပိုနိုင်တယ်လို့​ သိရပါတယ်။ ထိုင်း​ရောက်​နေတဲ့​ မြန်မာအလုပ်သမား​ ၂ သန်း​ကို ဝန်ကြီး​အ​နေနဲ့​ အသံလွှင့်​ဌာနကတဆင့်​ သူတို့​အတွက် အား​ရ​ကျေနပ်စရာ တခုခု ​ပြောပြ​ပေး​ပါလား​။
“အဲဒီဟာက​တော့​ တခြား​မဟုတ်ပါဘူး​။ ကျ​နော်တို့​ လာညှိတဲ့​ကိစ္စ​တွေက ထိုင်း​နိုင်ငံမှာ အများ​ဆုံး​ရောက်​နေပြီး​တော့​ ကျ​နော်တို့​တိုင်း​ပြည်အတွက် တနည်း​တလမ်း​အား​ဖြင့်​ သူတို့​က အ​ထောက်အကူ အကျိုး​ပြု​နေတာပဲ။ ​ဘေး​အန္တရာယ် ကင်း​ကင်း​ရှင်း​ရှင်း​နဲ့​ လုပ်နိုင်ဖို့​အတွက် နိုင်ငံတကာစံနှုန်း​တွေနဲ့​ ​လျော်ညီ​အောင် လုပ်နိုင်ဖို့​အတွက် ရည်ရွယ်ပြီး​တော့​ လာညှိနှိုင်း​ပါတယ်။ ဒါ​တွေက​တော့​ ​အောင်မြင်ဖို့​က ရာနှုန်း​ပြည့်​နီး​ပါး​ ဖြစ်ပါတယ်။ အဲဒီအတွက် မကြာခင်မှာ ထိုင်း​နိုင်ငံထဲထိ ကျ​နော်တို့​ နိုင်ငံကူး​လက်မှတ်နဲ့​ နိုင်ငံသား​စိစစ်​ရေး​ ကိစ္စ​တွေကို လာ​ရောက်​ဆောင်ရွက်ပြီး​တော့​ အကာအကွယ်​ပေး​သွား​မယ်ဆိုတဲ့​ အ​ကြောင်း​ကို ​ပြော​ပေး​ပါ။”
ဝန်ကြီး​အ​နေနဲ့​ ဘာများ​ပြောချင်ပါ​သေး​လဲ။
“​ကျေး​ဇူး​တင်ပါတယ်။ မြန်မာအလုပ်သမား​တွေနဲ့​ ​တွေ့​ရတာ ဝမ်း​လည်း​သာပါတယ်။”
http://burmese.dvb.no/archives/16444
လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင် ဘုန်း​တော်ကြီး​ ဒလိုင်း​လား​မား
လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင် ပုဂ္ဂိုလ်များ​ အပိုင်း​ (၁၁)
Published on October 11, 2011 by ခင်​မောင်စိုး​   ·   1 Comment
မြန်မာနိုင်ငံအတွင်း ​ ဒီမိုက​ရေစီအ​ရေး​အတွက် ငြိမ်း​ချမ်း​စွာလှုပ်ရှား​နေသူများ​ကို ကျွန်ုပ် ​ထောက်ခံအား​ပေး​ပါသည်။ ကျွန်ုပ်သည် ထိုလှုပ်ရှား​သူများ​နှင့်​ တစိတ်တဝမ်း​တည်း​ ​သွေး​စည်း​ညီညွတ်​နေပြီး​ လွတ်လပ်​ရေး​နှင့်​ ဒီမိုက​ရေစီအ​ရေး​အတွက် ​တောင်း​ဆိုမှုကို အား​ပေး​ထောက်ခံပါသည်။ လွတ်လပ်မှုကို မြတ်နိုး​သော ကမ္ဘာသူကမ္ဘာသား​အား​လုံး​က အကြမ်း​မဖက်သည့်​ လှုပ်ရှား​မှုအ​ပေါ် ​ထောက်ခံ အား​ပေး​ကြပါဟုလည်း​ ကျွန်ုပ် ​ပြောလိုပါသည်။ ထို့​ပြင် မြန်မာနိုင်ငံအတွင်း​ ဒီမိုက​ရေစီနှင့်​ လွတ်လပ်​ရေး​အတွက် ပါဝင်လှုပ်ရှား​နေကြ​သော ဗုဒ္ဓဘာသာရဟန်း​သံဃာ အ​မြောက်အမြား​ကို ​လေး​စား​မြတ်နိုး​ ကြည်ညိုလှပါ​ကြောင်း​ ​ပြောကြား​လိုပါသည်။
ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်​သော မြန်မာစစ်အစိုး​ရအ​နေဖြင့်​ ​မေတ္တာတရား​ အကြမ်း​မဖက်​ရေး​ တရား​တော်များ​နှင့်​အညီ ​ဆောင်ရွက်ပါဟု ဗုဒ္ဓဘာသာဝင်ဘုန်း​တော်ကြီး​တပါး​ဖြစ်သည့်​ မိမိအ​နေဖြင့်​ ​မေတ္တာရပ်ခံလိုပါသည်။
ဒါက​တော့​ မြန်မာနိုင်ငံမှာ ဩဂုတ်လနဲ့​ စက်တင်ဘာလများ​အတွင်း​ ဖြစ်ပွား​ခဲ့​တဲ့​ ရဟန်း​သံဃာများ​ ဦး​ဆောင်တဲ့​ ပြည်သူ့​ဆန္ဒပြပွဲများ​ကို ကမ္ဘာ့​မီဒီယာများ​က​နေတဆင့်​ ကြား​သိ ​တွေ့​မြင်ရပြီး​တဲ့​နောက်မှာ ကမ္ဘာ​ကျော် ဗုဒ္ဓဘာသာဝင်ဘုန်း​တော်ကြီး​တပါး​က ထုတ်ပြန်​ရေး​သား​လိုက်တာ ဖြစ်ပါတယ်။
ငြိမ်း​ချမ်း​ စွာဆန္ဒပြတဲ့​ ရဟန်း​သံဃာများ​ကို မြန်မာစစ်အစိုး​ရက ရိုက်နှက်ဖြိုခွင်း​နေတာကို မြင်ရကြား​ရတဲ့​အခါမှာ သူ့​ဇာတိနိုင်ငံက ဘုန်း​ကြီး​ရဟန်း​များ​ကိုလည်း​ တရုတ်အာဏာပိုင်​တွေက ရိုက်နှက်ဖြိုခွင်း​ခဲ့​တာကို ချက်ချင်း​ ပြန်သတိရသွား​ပါတယ်လို့​ ဘုန်း​တော်ကြီး​ကပဲ မကြာခင်က ထပ်မံ​ပြောကြား​လိုက်ပါ​သေး​တယ်။
ကမ္ဘာ​ ကျော်ဘုန်း​တော်ကြီး​က​တော့​ တိဗက်နိုင်ငံလွတ်​မြောက်​ရေး​အတွက် နှစ်​ပေါင်း​များ​စွာ တိုက်ပွဲဝင်​နေခဲ့​တဲ့​ ၁၄ ပါး​မြောက် ဒလိုင်လား​မား​ ဖြစ်ပါတယ်။ ဘုန်း​တော်ကြီး​ဒလိုင်လား​မား​ဟာ တိဗက်နိုင်ငံသူနိုင်ငံသား​များ​ရဲ့​ လွတ်လပ်​ရေး​နဲ့​ ဒီမိုက​ရေစီအ​ရေး​အတွက် ဦး​ဆောင် တိုက်ပွဲဝင်ခဲ့​တာ နှစ်​ပေါင်း​ ၅၀ ဝန်း​ကျင်ရှိပါပြီ။ သည်အတွက်ပဲ ၁၉၈၉ ခုနှစ်မှာ ငြိမ်း​ချမ်း​ရေး​နိုဘယ်လ်ဆုကို ချီး​မြှင့်​ပေး​အပ်ခြင်း​ ခံရတာ ဖြစ်ပါတယ်။
ဘုန်း​ တော်ကြီး​ ဒလိုင်း​လား​မား​ဟာ ၁၉၃၅ ခုနှစ် ဇူလိုင် ၆ ရက်​နေ့​မှာ ​မွေး​ဖွား​သူ ဖြစ်ပါတယ်။ တိဗက်နိုင်ငံ အ​ရှေ့​မြောက်​ဒေသက ​ကျေး​ရွာ​လေး​တရွာမှာ လယ်သမား​မိသား​စုက ​မွေး​ဖွား​လာတာ ဖြစ်ပါတယ်။ ၁၉၃၃ ခုနှစ်အတွင်း​မှာ ပျံလွန်​တော်မူခဲ့​တဲ့​ ၁၃ ပါး​မြောက် ဒလိုင်လား​မား​ဝင်စား​တယ်လို့​ သူ့​ကို သတ်မှတ်ပြီး​ သူ့​အသက် ၅ နှစ်သား​မှာ ၁၄ ပါး​မြောက် ဒလိုင်လား​မား​အဖြစ် နန်း​တင်​ပေး​တာ ခံရပါတယ်။ ဒလိုင်လား​မား​ဆိုတာ တိဗက်နိုင်ငံရဲ့​ နိုင်ငံ​ရေး​နဲ့​ ဘာသာ​ရေး​ဆိုင်ရာ အကြီး​အကဲဖြစ်ပါတယ်
နိုင်ငံ​ တော်အကြီး​အကဲဖြစ်​ပေမယ့်​ စည်း​စိမ်ယစ်​နေရတဲ့​ ဘဝမျိုး​ မဟုတ်ပါဘူး။ သူဟာ နန်း​တက်ပြီး​နောက် ၆ နှစ်သား​အရွယ်ကစပြီး​ ဒလိုင်လား​မား​တို့​ တတ်အပ်တဲ့​ အသိပညာ အတတ်ပညာများ​ကို စတင် သင်ကြား​တာဟာ အသက် ၂၅ နှစ်ထဲ​ရောက်တဲ့​ ၁၉၅၉ ခုနှစ် မှ ပြီး​ဆုံး​ပါတယ်။ ဗုဒ္ဓဘာသာတရား​တော်ဆိုင်ရာ ပါရဂူဘွဲ့​ကို ရရှိခြင်း​ဖြစ်ပါတယ်။ ဒီပါရဂူဘွဲ့​ဟာ လွယ်လွယ်ရတဲ့​ ဘွဲ့​မျိုး​ မဟုတ်ဘူး​ဆိုတာ သူ​ဖြေဆိုရတဲ့​ စာ​မေး​ပွဲကို ကြည့်​ရင် သိသာပါတယ်။ ​နောက်ဆုံး​ စာ​မေး​ပွဲကို ​ဖြေဆိုရတဲ့​နေ့​ မနက်ပိုင်း​မှာ တက္က​ဗေဒပညာရပ်နဲ့​ ပတ်သက်ပြီး​​ ပညာရှင်​ပေါင်း​ ၃ဝ ရဲ့​ ​မေး​မြန်း​မှုကို ​ဖြေဆိုရပါတယ်။ မွန်း​လွဲပိုင်း​မှာ ဗုဒ္ဓဘာသာတရား​တော်လာ မဇ္ဈိမပဋိပဒါ အလယ်အလတ် ကျင့်​စဉ်အ​ကြောင်း​ကို ပညာရှင် ၁၅ ဦး​နဲ့​ အ​ခြေအတင် ​ပြောဆိုရပါတယ်။ ည​နေပိုင်း​မှာ ဝိနည်း​ အဘိဓမ္မာနဲ့​ ပတ်သက်ပြီး​ ပညာရှင် ၃၅ ဦး​က ​မေး​မြန်း​စစ်​ဆေး​ပါတယ်။ ဒီလို ပညာရှင်​ပေါင်း​များ​စွာရဲ့​ စစ်​ဆေး​မေး​မြန်း​မှုကို ​အောင်မြင်​တော့​မှ ပါရဂူဘွဲ့​ကို ရရှိခဲ့​ခြင်း​ဖြစ်ပါတယ်။ ဘုန်း​တော်ကြီး​ဒလိုင်လား​မား​ဟာ သူကြိုး​ပမ်း​လေ့​လာခဲ့​တဲ့​ အသိပညာများ​ကို ဖြန့်​ဝေရင်း​ ကျမ်း​စာအုပ်များ​ ​ရေး​သား​ထုတ်​ဝေခဲ့​တာ အခုဆိုရင် စာအုပ်​ပေါင်း​ ၄၀ ဝန်း​ကျင်ရှိ​နေပါပြီ။ သူ့​ရဲ့​ စာအုပ်များ​ဟာ အ​နောက်တိုင်း​က ဘာသာ​ရေး​ ​လေ့​လာသူများ​နဲ့​ ဗုဒ္ဓစာ​ပေ ပညာရှင်များ​ သာမက နိုင်ငံ​ရေး​သမား​များ​နဲ့​ အနုပညာရှင်များ​ကပါ ​လေး​လေး​နက်နက် ဖတ်ရှုရတဲ့​ စာအုပ်များ​ဖြစ်ပါတယ်။
ပညာသင်​နေရတဲ့ ​ အချိန်အတွင်း​မှာ ဘုန်း​တော်ကြီး​ ဒလိုင်လား​မား​ဟာ သက်​သောင့်​သက်သာ ​နေထိုင်ရတာ​တော့​ မဟုတ်ပါဘူး​။ သူ့​ အသက် ၁၅ နှစ်အရွယ်မှာကတည်း​က တရုတ်နိုင်ငံရဲ့​ ကျူး​ကျော်မှုကို စတင်ခံစား​ခဲ့​ရပါတယ်။
၁၉၅၀ ခုနှစ်မှာ တရုတ်စစ်တပ်က အင်အား​ ၈ ​သောင်း​ရှိတဲ့​ စစ်သား​တွေနဲ့​ တိဗက်ပိုင်နယ်​မြေထဲကျူး​ကျော်ပြီး​ တိဗက်အ​ရှေ့​ပိုင်း​ဒေသကို သိမ်း​ယူလိုက်ပါတယ်။ တိဗက်ဟာ တရုတ်နိုင်ငံရဲ့​ အစိတ်အပိုင်း​တရပ်သာ ဖြစ်တဲ့​အတွက် တိဗက်ကို ပြန်လည်သိမ်း​ယူမယ်ဆိုတဲ့​ ခြိမ်း​ခြောက်မှု​တွေကို ခံခဲ့​ရပါတယ်။
ဒီလိုကျူး​ ကျော်မှုကို ငြိမ်း​ချမ်း​စွာ ​ဖြေရှင်း​ဖို့​ ဒလိုင်လား​မား​ဟာ ၁၉၅၄ ခုနှစ်မှာ ပီကင်း​ကို သွား​ပြီး​ ​မော်စီတုန်း​နဲ့​ ​တွေ့​ပေမယ့်​ မ​ပြေလည်ခဲ့​ပါဘူး​။ တရုတ်အစိုး​ရဟာ တိဗက်​တွေအ​ပေါ် မတရား​အနိုင်ကျင့်​ ​နေခဲ့​တဲ့​အတွက် တိဗက်နိုင်ငံအနှံ့​ တရုတ်ဆန့်​ကျင်​ရေး​လှုပ်ရှား​မှု​တွေ ဖြစ်​နေခဲ့​ပါတယ်။ ဒီလိုက​နေ ၁၉၅၉ ခုနှစ် မတ်လ ၁၀ ရက်မှာ​တော့​ လာဆာမြို့​တော်မှာ လူထုဆန္ဒပြပွဲကြီး​ ဖြစ်ပွား​ခဲ့​ပါတယ်။ တရုတ်စစ်သား​တွေကို တိဗက်က​နေ ထွက်ခွာသွား​ဖို့​ ​တောင်း​ဆိုတဲ့​ သည်လူထုဆန္ဒပြပွဲကြီး​ဟာ တိဗက်သမိုင်း​မှာ အကြီး​ကျယ်ဆုံး​ လူထုအုံကြွမှုကြီး​ ဖြစ်ပါတယ်။
ဒါ​ပေမယ့်​ တရုတ်အစိုး​ရက​တော့​ တိဗက်​တွေကို ရက်ရက်စက်စက် နှိမ်နင်း​ပါတယ်။ လူထုဆန္ဒပြပွဲကြီး​ကို အကြမ်း​ဖက်ဖြိုခွဲရာမှာ သုံး​ရက်အတွင်း​ လူ​ပေါင်း​ တ​သောင်း​ခွဲကို သတ်ဖြတ်ပစ်ခဲ့​တယ်လို့​ ဆိုပါတယ်။ ဘုန်း​တော်ကြီး​ ဒလိုင်လား​မား​လည်း​ အဲသည်အချိန်ကစပြီး​ အိန္ဒိယနိုင်ငံကို ​ပြေး​ဝင်ခိုလှုံခဲ့​ရပါ​တော့​တယ်။
ဘုန်း​ တော်ကြီး​ ဒလိုင်လား​မား​နဲ့​အတူ တိဗက်အစိုး​ရလည်း​ အိန္ဒိယနိုင်ငံအတွင်း​ကို ​ပြေး​ဝင်ခိုလှုံခဲ့​သလို တိဗက်နိုင်ငံသား​ပေါင်း​ သိန်း​နဲ့​ချီပြီး​ အိန္ဒိယနိုင်ငံအတွင်း​ကို ​ရွှေ့​ပြောင်း​ ​နေထိုင်ခဲ့​ကြပါတယ်။ တိဗက်နိုင်ငံဟာ တရုတ်ကွန်မြူနစ်အစိုး​ရရဲ့​ လက်​အောက်ကို ကျ​ရောက် သွား​ပြီး​တဲ့​နောက်မှာ ဘုန်း​တော်ကြီး​ ဒလိုင်လား​မား​အ​နေနဲ့​ တိဗက်နိုင်ငံ လွတ်​မြောက်​ရေး​အတွက် ကြိုး​ပမ်း​ရသလို ပြည်ပ​ရောက် တိဗက်များ​ရဲ့​ ဘဝရပ်တည်​ရေး​အတွက်နဲ့​ တိဗက်ယဉ်​ကျေး​မှုများ​ကို ထိန်း​သိမ်း​ရေး​အတွက်လည်း​ ကူညီ​ဆောင်ရွက်​ပေး​ခဲ့​ရပါတယ်။
တဖက်မှာလည်း​ တိဗက်လွတ်​မြောက်​ရေး​အတွက် ငြိမ်း​ချမ်း​တဲ့​နည်း​တွေနဲ့​ ကြိုး​ပမ်း​ရာမှာ ကုလသမဂ္ဂ အ​ထွေ​ထွေညီလာခံက​နေ ဆုံး​ဖြတ်ချက်​တွေ ချ​ပေး​တဲ့​အထိ ​အောင်မြင်ခဲ့​ပါတယ်။ ၁၉၈၇ ခုနှစ်မှာ​တော့​ တရုတ်အစိုး​ရနဲ့​ ပြဿနာရှင်း​ဖို့​အတွက် အချက် ၅ ချက်ပါတဲ့​ ငြိမ်း​ချမ်း​ရေး​အစီအစဉ်တရပ်ကို ​ရေး​ဆွဲခဲ့​ပါတယ်။ သည်အစီအစဉ်ထဲမှာ တိဗက်နိုင်ငံအတွင်း​ လူ့​အခွင့်​အ​ရေး​နဲ့​ ဒီမိုက​ရေစီပြန်လည်ထွန်း​ကား​ရေး​၊​ တရုတ်တိုင်း​ရင်း​သား​တွေကို တိဗက်​ဒေသထဲ အလုံး​အရင်း​နဲ့​ ​ရွှေ့​ပြောင်း​မှု မလုပ်​ရေး​တွေ ပါဝင်သလို တရုတ်အစိုး​ရက တိဗက်​ဒေသကို နျူကလီယား​စွန့်​ပစ်ပစ္စည်း​တွေထား​ရာ ​နေရာအဖြစ် မသတ်မှတ်ဖို့​လည်း​ ပါဝင်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ​တော့​ တိဗက်ကို လွတ်လပ်တဲ့​နိုင်ငံတခုအဖြစ်မဟုတ်ဘဲ တရုတ်နိုင်ငံအတွင်း​က ကိုယ်ပိုင် အုပ်ချုပ်ခွင့်​ရတဲ့​ ဒီမိုကရက်​ဒေသတခုအဖြစ်သာ သတ်မှတ်​ပေး​ဖို့​အထိ ​လျှော့​ပေး​ခဲ့​ပါတယ်။
ဒါ​ပေမယ့်​ တရုတ်အစိုး​ရက​တော့​ ဘုန်း​တော်ကြီး​ဒလိုင်လား​မား​ရဲ့​ ငြိမ်း​ချမ်း​စွာ ​ဖြေရှင်း​ရေး​ကို လက်မခံပါဘူး​။ လွတ်လပ်​ရေး​ကို မ​တောင်း​ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရတဲ့​ အထူး​ဒေသတခုအဖြစ်ကိုသာ ​တောင်း​ဆို​ပေမယ့်​ ခွဲထွက်​ရေး​ကို လုပ်​နေတယ်လို့​ တဖက်သတ်စွပ်စွဲရင်း​ ​တွေ့​ဆုံ​ဖြေရှင်း​ရေး​ကို အမြဲ ငြင်း​ဆန်​နေခဲ့​ပါတယ်။
တဖက်မှာလည်း​ တရုတ်အစိုး​ရဟာ တိဗက်​ဒေသက တိဗက်ယဉ်​ကျေး​မှု​တွေကို ဖျက်ဆီး​နေသလို တိဗက် လူမျိုး​တွေကိုလည်း​ ဖိနှိပ်အုပ်ချုပ်​နေခဲ့​ပါတယ်။ တရုတ်အစိုး​ရရဲ့​ ဖိနှိပ်မှု​ကြောင့်​ တိဗက်လူမျိုး​ သန်း​နဲ့​ချီ ​သေဆုံး​ခဲ့​ရပြီး​ တိဗက်ယဉ်​ကျေး​မှု ထိန်း​သိမ်း​ရာ ​နေရာ​တွေဖြစ်တဲ့​ ဘုန်း​ကြီး​ကျောင်း​ ​ထောင်​ပေါင်း​များ​စွာ အဖျက်ဆီး​ခံခဲ့​ရပါတယ်။
ဘုန်း​ တော်ကြီး​ ဒလိုင်လား​မား​က​တော့​ တိဗက်လူမျိုး​တွေ လွတ်​မြောက်​ရေး​ကို ဗုဒ္ဓဘာသာလာ တရား​တော်အတိုင်း​ ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​ ဆက်လက်ကြိုး​ပမ်း​နေဆဲဖြစ်ပါတယ်။ ဒါ​ကြောင့်​လည်း​ ၁၉၈၉ ခုနှစ်မှာ ငြိမ်း​ချမ်း​ရေး​ နိုဘယ်လ်ဆုကို ချီး​မြှင့်​ခံခဲ့​ရတာ ဖြစ်ပါတယ်။
ဒလိုင်လား​မား ​ ​ပြောတဲ့​ စကား​တခွန်း​ရှိပါတယ်။ ရှင်သန်ဖို့​ ဘာသာ​ရေး​တခုခုမရှိလည်း​ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ လူအချင်း​ချင်း​ အ​ပေါ်ထား​ရမယ့်​ ​မေတ္တာတရား​ မရှိရင်​တော့​ လူတ​ယောက်အဖြစ် ရှင်သန်လို့​ရမှာ မဟုတ်ဘူး​တဲ့​။
http://burmese.dvb.no/archives/16310
နေပြည်​တော်က ဝန်ထမ်း​များ​ကို အိမ်လခ​ကောက်​တော့​မည်
Published on October 13, 2011 by ​အေး​နိုင်
နေပြည်​တော်က အစိုး​ရပိုင်အ​ဆောက်အဦ​တွေမှာ ဝန်ထမ်း​တွေကို အခမဲ့​နေထိုင်ခွင့်​ပြုထား​ခဲ့​ရာက ဒီလကုန်ကစပြီး​ အိမ်လခ​ကောက်ခံ​တော့​မယ်လို့​ သတင်း​ရရှိပါတယ်။
လစာရဲ့​ ၁၀ ရာခိုင်နှုန်း​ကို အိမ်လခအဖြစ် ​ကောက်ခံမယ်လို့​ ​နေပြည်​တော် ဝန်ထမ်း​က ​ပြောကြာင်း​ ဝန်ထမ်း​တဦး​က ​ပြောပါတယ်။
“အိမ်လခရယ်၊​ ​ရေဖိုး​ရယ်၊​ မီး​ဖိုး​ရယ်ဆိုရင် သူတို့​ လခရဲ့​ ၁၀ ရာခိုင်နှုန်း​ ကုန်လိမ့်​မယ်တဲ့​။ ၁၀ ရာခိုင်နှုန်း​ ဖြတ်မယ်​ပေါ့​။ တကယ့်​တကယ် တွက်ကြည့်​တော့​ ၄ ​သောင်း​ရတဲ့​လူက ၁ ​သောင်း​ကုန်မယ်တဲ့​ အဲဒီလို​ပြောတယ်။ အိမ်လခ​ရော၊​ မီး​ဖိုး​ရော၊​ ​ရေဖိုး​ရောဆိုရင်။”
ဒီကိစ္စကို​မေး​မြန်း​ဖိ့​ သက်ဆိုင်ရာ ​နေပြည်​တော်​ကောင်စီကို ဆက်သွယ်​မေး​မြန်း​လို့​ မရ​သေး​ပါဘူး​။
တပ်မ​တော်အစိုး​ရလက်ထက် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှာ ကြပ်​ပြေး​ဒေသကို ​ပြောင်း​ရွှေ့​အပြီး​ ​နောက်တ မတ်လကုန်မှာ ​နေပြည်​တော် အုပ်ချုပ်​ရေး​မြို့​တော်အဖြစ် အမည်​ပေး​ပြီး​နောက် ဝန်ထမ်း​တွေကို ဆင့်​ခေါ်ပြီး​ အခမဲ့​ ​နေထိုင်ခွင့်​ပေး​ထား​တာလို့​ သိရပါတယ်။
ဝန်ထမ်း​တွေကို အစိုး​ရက ​နေပြည်​တော်က မြို့​သစ်ရပ်ကွက်​တွေမှာ ​မြေကွက်​တွေ ချ​ပေး​ခဲ့​ပါတယ်။ တပ်ကုန်း​နယ်ဘက်က ဥတ္တရသီရိ၊​ ပုပ္ဗသီရိနဲ့​ လယ်​ဝေး​နယ်ထဲက ဒက္ခိဏသီရိ စတဲ့​မြို့​နယ်သစ်မှာ ဝန်ထမ်း​တွေအတွက် ​မြေကွက်​တွေရိုက်ပြီး​ ​ဝေ​ပေး​ထား​ပါတယ်။
အိမ်ယာအကွက်​တွေကို ဝန်ထမ်း​တွေက ပြန်​ရောင်း​ချင်ရင် အစိုး​ရခွင့်​ပြုချက်ရတာနဲ့​ ​မြေတကွက်ကို ကျပ် ၆ သိန်း​၊​ ​မြေရှင်း​ပြီး​သား​ဆိုရင် ကျပ် ၁၂ သိန်း​၊​ ခြံပါခတ်ပြီး​ဖြစ်ရင် ကျပ်သိန်း​ ၂၀ ထိ ​ပေး​ပြီး​ ဝယ်ယူ​နေသူ​တွေလည်း​ရှိ​နေပြီး​ ဝန်ထမ်း​တွေကလည်း​ ပြန်လည်​ရောင်း​ချ​နေကြတယ်လို့​ ဝန်ထမ်း​က ဆိုပါတယ်။
“အခု ကျ​နော်တို့​ ​နေပြည်​တော်မှာက တ​ယောက်နဲ့​တ​ယောက် ကား​လည်း​ မပြိင်ဘူး​ဗျ။ ​ရွှေလည်း​ မပြိုင်ဘူး​။ ဝိုင်း​ကွက် ဘယ်နှကွက် ရှိတုန်း​လို့​ ပြိုင်တာ။”
ဇမ္ဗူသီရိ၊​ ​ဇေယျာသီရိလို ​နေရာ​တွေမှာ​တော့​ ထိပ်ပိုင်း​အာဏာပိုင်​တွေ ​နေထိုင်သလို ​ဟော်တယ်ဇုန်​တွေ ​ဆောက်လုပ်​နေတာလို့​ဆိုပါတယ်။ ဇမ္ဗူသီရိက ရာဇဌာနီလမ်း​က ​မြေကွက်တခုကို သိန်း​တ​ထောင်ခန့်​ထိ ​ဈေး​ပေး​ဝယ်သွား​တယ်လို့​လည်း​ ဆိုပါတယ်။
နေပြည်​တော်က ​မြေကွက်​တွေကို ​ဈေး​ကြီး​ပေး​ပြီး​ ဝယ်သူ​တွေထဲမှာ ရှမ်း​တရုတ်နွယ် အ​တော်များ​များ​ ပါဝင်တယ်လို့​လည်း​ ဝန်ထမ်း​တွေက ဆိုပါတယ်။
http://burmese.dvb.no/archives/16455
Interview with Noe Noe – အများအတွက် လုပ်တာ …
Interview with Noe Noe – အများအတွက် လုပ်တာ …
အများအတွက် လုပ်တာ၊ နေရာရဖို့ ကျော်ကြားဖို့ လုပ်တာမဟုတ်ပါ
နိုးနိုးနှင့် မိုးမခ အင်တာဗျူး။ အောက်တိုဘာ ၁၄၊ ၂၀၁၁
ယမန်နေ့က လွတ်လာသည့် နိုးနိုးခေါ် နွဲ့နှင်းရည် သည် နိုင်ငံရေးအကျဉ်းသား ၅ ဦးကျခံနေရသည့်မိသားစုဝင်ထဲတွင် အသက်အငယ်ဆုံး နိုင်ငံရေးအကျဉ်းသား တဦးဖြစ်သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းတွင် ကျောင်းသား လှုပ်ရှားမှုဘက်မှ ပါဝင်လှုပ်ရှားခဲ့သည့် အတွက် ဖမ်းဆီးအပြစ်ပေးခြင်း ခံခဲ့ရသည်။ ၄နှစ်တာကာလ အကျဉ်းချ ခံရသော်လည်း ယုံကြည်ချက်၊ စိတ်အားထက်သန်မှု ပြောင်းလဲ လျော့ပါးသွားခြင်း မရှိသည်ကို သူနှင့် စကားပြောဆိုသည့်အခါ သိလာရသည်။ 
မိုးမခ။  ။နိုးနိုးက မိသားစုကြောင့်ပါတာလား ကိုယ်တိုင်ကြောင့်ပါတာလား
ဖြေ။     ။နိုးနိုးစိတ်ကြောင့်ပါ။ နိုးမိသားစုအတွက်ရော ကိုယ့်ဘာသာအတွက်ပါ ဂုဏ်ယူတယ်။ ကိုယ်လုပ်တာ အများအတွက်လုပ်တာ။ နေရာတနေရာရဖို့ နာမည်ကျော်ကြားဖို့ လုပ်တာ မဟုတ်တဲ့အတွက် ကိုယ့်ဘာသာဂုဏ်ယူတယ်။ ကိုယ့်မိသားစု တစ်စုလုံးအတွက်လဲ ဂုဏ်ယူတယ်။
မိုးမခ။  ။လူငယ်တယောက်အတွက် ထောင်ထဲမှာ နှစ်အတန်ကြာ အချိန်တွေ ပေးဆပ်ခဲ့ရတော့ ဘယ်လိုခံစားရလဲ။
ဖြေ။     ။နိုးနိုးပေးဆပ်ခဲ့တဲ့ အရာတွေက ပြောင်းလဲလာမယ်ဆိုရင် တန်တယ်လို့ ခံစားရတယ်။ နိုးနိုး အကိုတွေ အမတွေဆို ရှေ့က အများကြီးခံစားခဲ့ရတာပါ။ သူတို့ထက်စာရင်နိုးနိုးက ကောင်းပါတယ်။ နိုးနိုး အတွက်တော့ ကိုယ်မှန်တယ် ကိုယ်လုပ်သင့်တဲ့ အလုပ်ကို လုပ်တယ်လို့ပဲ ခံယူတယ်။
မိုးမခ။  ။မနိုးနိုးအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ထောင်ထဲကနေ ဘယ်လိုရင်ဆိုင် မျှော်လင့်ခဲ့သလဲ
ဖြေ။     ။ သူတို့နိုင်မယ်လို့ပဲ မျှော်လင့်တယ်။
မိုးမခ။  ။ ရွေးကောက်ပွဲပွဲရလဒ်နဲ့ အစိုးရသစ်ကြောင့် အခုလို လွတ်လာတယ်လို့ ထင်မိလား
ဖြေ။     ။ မထင်ဘူး။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲမှာ သူတို့နိုင်လိုက်တယ်ဆိုတာ  သူတို့ရဲ့  အဖွဲ့အစည်းတွေများလို့လေ၊  နိုးနိုးတို့လဲ ထောင်ထဲမှာဆိုရင် အကျဉ်းဦးစီးက ၀န်ထမ်းတွေ ဆိုရင် ဘာထည့် ဘာထည့်ဆို လာပြီးသား။ အချူပ်ကျနေတဲ့ ၀န်ထမ်းတွေဆိုရင်လဲ ဘာထည့်ဆိုတာပါပြီးသား။  သူတို့မှာ ဘာပဲဖြစ်ဖြစ် ရွေးချယ်ခွင့်မရှိဘူး ထည့်ရတယ်။ မဲရုံမှာ စောင့်နေတဲ့ ၀န်ထမ်းတွေက အစ ပြန်ကြားရတယ်။ ဒီလိုမျိုးကြောင့် ရွေးကောက်ပွဲနိုင်တယ်ဆိုတာ သူတို့ အဖွဲ့အစည်းများလို့နိုင်သွားတာ။  ဒီဟာက ကျတော့ နိုင်ငံတကာကရော အပြင်မှာ ကျန်ခဲ့တဲ့ အကိုအမတွေ ကရော တောင်းဆိုလို့သာလွှတ်ပေးလိုက်တာပါ။ မဆိုင်ပါဘူး။
မိုးမခ။  ။ လက်ရှိလှုပ်ရှားမှုတွေအပေါ် ဘယ်လိုမြင်လဲ
ဖြေ။     ။ လက်ရှိလှုပ်ရှားမှုတွေအပေါ် ကျေနပ်အားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်ဆောင်မှုတွေလဲ ပါတာပေါ့။ အရှေ့ကလုပ်တဲ့လူက လုပ်တယ်၊ အနောက်က လိုက်တယ်လူက မရှိရင် အရှေ့ကလုပ်တဲ့ လူပဲ သွားနေလို့မှ မရတာ ပါဖို့လိုတယ်လေ။
မိုးမခ။  ။  ခုချိန်ခါမှာ အနည်းငယ်လွတ်လပ်လာတဲ့ အပေါ် ဘယ်လို အသုံးချမလဲ
ဖြေ။     ။ စည်းမျဉ်းစည်းကမ်းနဲ့ အသုံးချရမှာပေါ့။ အခုဆိုရင် ဗျောက်အိုးတွေ ဖောက်နေကြတာကို ကြည့်ပါ။ ဒါပေမဲ့ စည်းကမ်းမဲ့တယ် ဖောက်တာက ။ အဲဒါကိုဆိုက်ကားသမားက အဲဒါ ညီးတို့တောင်းတဲ့ ဒီမိုကရေစီလေလို့ ပြောတယ်။ နိုးက အဲဒါ ဒီမိုကရေစီမဟုတ်ဘူး အဲလိုမျိုးသာ ဒီမိုကရေစီ ဖြစ်မယ်ဆိုရင် သူများနိုင်ငံတွေ ပျက်စီးနေတာ ကြာပြီ ။ ဟုတ်တယ်နော် ဒီမိုကရေစီဆိုတာ စနစ်တကျ သုံးရမှာလေ။ ဒီမိုကရေစီဆိုတိုင်း အရာရာတိုင်းမှာ လွတ်လပ်နေဖို့မှ မဟုတ်တာ သူ့စည်းမျဉ်းနဲ့ အညီရှိရမှာပေါ့။ ဒီမိုကရေစီဆိုတာ နားလည်မှ အသုံးချတတ်မှာပေါ့လေ။
မိုးမခ။  ။ ပြည်သူတွေကို ဘယ်လိုနားလည်လဲ
ဖြေ။     ။ ခုဆိုရင်တော့ ပြည်သူတွေကို တော်တော် နားလည်ရခက်တယ်။  သူတို့စိတ်တွေကို သဘောမပေါက်ဘူး ။ထောင်ထဲမှာ တွေ့ခဲ့တာက သာတဲ့ဘက်ကို လိုက်တဲ့လူတွေက များတယ်။ သိပ်ပြီးတော့ အနစ်နာ မခံချင်ကြဘူး။ သူများဦးဆောင်တာပဲ လိုက်ကြတယ်။
မိုးမခ။  ။ ငယ်တော့ အာဏာပိုင်တွေအပေါ်ကို ဘယ်လိုသက်ရောက်မှုရှိလဲ
ဖြေ။     ။ ငယ်ငယ်လေးနဲ့ လုပ်ရဲတယ်ပေါ့။အဲလို ငယ်တဲ့အနေနဲ့ လုပ်လို့ အပြစ်တင်တဲ့ပုံစံပြောတာတော့ နည်းပါတယ်။ ဧရာဝတီတိုင်း ညွှန်မှူးလာတုန်းကတော့ ဘယ်လိုကြောင့် ပါလာတာလဲ မေးတယ်။ နောက် စာများများ ဖတ်စေချင်တယ်တဲ့။ စာဖတ်တဲ့အတွက် လမ်းမှား မရောက်စေချင်ဘူးလို့ ပြောသွားတယ်။
မိုးမခ။  ။ မြန်မာနိုင်ငံမှာ ဘာတွေလိုအပ်နေတာမြင်လဲ
ဖြေ။     ။နိုးနဲ့ အနီးစပ်ဆုံးကတော့ အကျဉ်းသားကိစ္စပေါ့။  အထက်ကဘာပဲလုပ်ပေး လုပ်ပေး အောက်ခြေမှာ ၀န်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်တွေ အပြည့်အ၀မရရှိသေးတာ။ အဲဒါလေးတွေတင်းတင်းကြပ်ကြပ် လုပ်စေချင်တယ်။
http://moemaka.com
မြန်မာ့လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌရဲ့  ဖြေရှင်းချက်
ဗုဒ္ဓဟူး, 12 အောက်တိုဘာ 2011
By ဦးကျော်ဇံသာ
ဒီတပတ် မြန်မာ့အရေး သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဦးဝင်းမြ ကို ဦးကျော်ဇံသာ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ၊ လုပ်ကိုင်ဆောင်ရွက်မှုဆိုင်ရာများကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ လူ့အခွင့်အရေး ကော်မရှင်ဆိုတာ ဖွဲ့စည်းလိုက်ကတည်းက ကြိုဆိုသင့်တဲ့ သတင်းတရပ်ပါ။ ဒါပေမဲ့ တချို့ က သံသယအများကြီး ရှိနေပါတယ်။ အထူးသဖြင့် ဒီအဖွဲ့က အာဏာပိုင်တွေရဲ့  ပရောဂ၊ အာဏာစက်ကွင်းအောက်က လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြသူတွေရှိသလို။ ပုဂ္ဂိုလ်ရေးအားဖြင့်လည်း ဦးဝင်းမြ တို့လို ပုဂ္ဂိုလ်မျိုးတွေဟာ ဗမာနိုင်ငံရဲ့  သံအမတ်အဖြစ်နဲ့ နိုင်ငံတကာ forum တွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု မရှိပါဘူးဆိုပြီး ကာကွယ်နေရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့အတွက်ကြောင့် ဒီ ပုဂ္ဂိုလ်တွေဟာ လူ့အခွင့်အရေးအတွက် တကယ်ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါမလား မေးခွန်းထုတ်နေတဲ့ လူတွေလည်း အများကြီးရှိပါတယ်လို့ ဘယ်လို ပြန်ပြောလိုပါတယ်။
ဦးဝင်းမြ ။ ။ ကျနော်တို့ ဘာဘဲကိုင်တွယ်ကိုင်တွယ် သံသယစိတ်နဲ့ လုပ်တာတော့ မကောင်းပါဘူး။ ခင်များ ပြောခဲ့သလိုပဲ လူ့အခွင့်အရေးကော်မရှင်ဆိုတာ ဒါ ပထမဆုံးအကြိမ် ဖွဲ့စည်းထူထောင်ပြီးတော့ ဆောင်ရွက်စေနိုင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအဖွဲ့အစည်းအနေနဲ့ ဘယ်လောက် အကျိုးပြုအောင် ဆောင်ရွက်ပေးနိုင်မယ် ဆိုတာမျိုးကို အပြုသဘောဖက်ကနေတော့ ကြည့်ရှုပေးနိုင်မယ်ဆိုရင်တော့ အားရှိတာပေါ့။ ကျနော်တို့ ကုလသမဂ္ဂမှာလည်း လုပ်ခဲ့ဘူးတဲ့အတွက်ကြောင့်မို့ ကျနော်တို့ confident building measure, mutual trust ဒီစကားလုံးတွေ အများကြီးသုံးကြပါတယ်။ ဒီလို အပြုသဘောနဲ့ လုပ်သွားမယ်ဆိုရင်တော့ ကျနော်တို့ အောင်မြင်မှုအတွက် အများကြီး အထောက်အကူဖြစ်စေမယ်လို့ ကျနော်တို့ မြင်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ သံအမတ်ကြီးနဲ့ ထမ်းဆောင်ခဲ့တဲ့အခါမှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူးလို့ ကျနော်တို့ ပြောဆိုခဲ့တာ မရှိပါဘူး။ ကျနော်တို့ ပြောတဲ့ဟာက နိုင်ငံတော်အနေနဲ့ လူ့အခွင့်အရေးတိုးတက်အောင်၊ လူ့အခွင့်အရေးကို ကာကွယ်အောင် ဆောင်ရွက်နေတယ်ဆိုတဲ့ သဘောကိုသာ ပြောပါတယ်။ ဒီနှစ်ချက်ကို ခွဲခြားသိဖို့တော့ လိုပါတယ်။ နိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိဘူးလို့ ဘယ်လိုမှပြောလို့မရဘူး။ ကျနော်တို့ကို စွပ်စွဲနေတဲ့ နိုင်ငံကြီးတွေမှာတောင် လူ့အခွင့်အရး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့က နိုင်ငံတော်ရဲ့  ကိုယ်စားလှယ်အနေနဲ့ နိုင်ငံတော်အစိုးရအနေနဲ့တော့ လူ့အခွင့်အရေးကို တက်အားသရွေ့ ကာကွယ်ဖို့၊ တိုးတက်ထွန်းကားအောင်လုပ်ဖို့ ဆောင်ရွက်နေတယ်ဆိုတဲ့ သဘောမျိုးကိုသာ ပြောပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ချက်ကို ခွဲခြားသိတတ်ဖို့ လိုပါတယ်။
ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကြည့်မယ်ဆိုရင် အာဏာရှိတဲ့ အသိုင်းအဝိုင်းက ချိုးဖောက်တာတွေ အများကြီးတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေ။ စစ်တပ်ပဲ ပြောလိုတာမဟုတ်ပါဘူး။ လက်နက်ကိုင်ပြီး ပုန်ကန်နေတဲ့ သူပုန်အဖွဲ့အစည်းတွေကြားမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ နှစ်ဖက်လုံးမှာ ရှိပါတယ်။ ဆိုတော့ ဒီလိုကိစ္စတွေကို ဦးဝင်းမြတို့ရဲ့  လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းနိုင်မယ့် အနေအထား ရှိပါသလား။
ဦးဝင်းမြ ။ ။ ပြဿနာတိတိကျကျပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ကိုင်တွယ်ဆောင်ရွက်နိုင်မှာပါ။ ကျနော်တို့ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းတယ်ဆိုတာက လူ့အခွင့်အရေး ချိုးဖောက်ချက်နဲ့ ပတ်သက်တဲ့ တိုင်တန်ချက်များကို စီစစ်ပြီးတဲ့အခါကြတော့ ဒါတွေ ချိုးဖောက်မှုတွေ ရှိမယ်ဆိုရင် အစိုးရပိုင်းကို ကျနော်တို့က အကြံပြုတင်ပြဖို့အပိုင်းပဲ ပါပါတယ်။ အဲဒီတော့ ဒီအပိုင်းမှာ အဖွဲ့အစည်းတခုကဖြစ်ရင် သူ့ရဲ့  ဆောင်ရွက်ချက်တွေဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်လို့ တိုင်ကြားလာတာမျိုး ရှိရင်တော့ ကျနော်တို့အနေနဲ့ စဉ်းစားဆောင်ရွက်သင့်လို့ရှိရင် စဉ်းစားဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ တိုင်ကြားချက်ဆိုတဲ့ နေရာမျိုးမှာ တချက်တည်း တိုင်ကြားလို့ ဆောင်ရွက်လို့ ရမှာမျိုးမဟုတ်ဘူး။ တချို့ ကိစ္စတွေမှာ အရေးကြီးတာကို - တကယ်ဖြစ်နေလား၊ မဖြစ်နေလား ဆိုတာကို ကျနော်တို့က ခိုင်ခိုင်မာမာ သိရှိဖို့လိုတယ်။ ဒါကြောင့် ကုလသမဂ္ဂမှာလည်း ကျနော်တို့ သုံးတဲ့စကားလုံး တသမတ်တည်း ထိုးဖောက်နေခြင်း persistent violation, consistent violation စသဖြင့် ဒီလို စကားလုံးလေးတွေ သုံးပါတယ်။ ချိုးဖောက်တယ်လို့ ပြောတိုင်း ကျနော်တို့ ဆောင်ရွက်ဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ အစောက persistent violation, consistent violation စသဖြင့် ဒီလိုဟာမျိုး ဖြစ်လာတဲ့အခါမှာသာ ကိုင်တွယ်တာမျိုး ရှိပါတယ်။ အဲဒီတော့ ဦးကျော်ဇံသာ မေးသွားတဲ့မေးခွန်းမှာ လက်နက်ကိုင်အဖွဲ့အစည်းဖက်ကို မေးထားတာလေး ကျနော်တွေ့ရတယ်။ အဲဒီတော့ ကျနော်တို့ ပတ်သက်လို့ စွပ်စွဲတဲ့အပိုင်းမှာလည်း ဒီအပိုင်းကို အများကြီး စွပ်စွဲတာမျိုးကို တွေ့ရတယ်။ အဲဒီတော့ ဒါ ဘယ်လောက်မှန်သလဲ၊ မမှန်လဲဆိုတဲ့ အနေအထားက သေချာ field trip တို့ ဘာတို့ သွားပြီးတော့ စစ်ဆေးတဲ့အခါကြမှ သိရှိနိုင်တာမျိုး ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလို field trip သွားပြီး စစ်ဆေးဖို့ အစီအစဉ်လည်း ရှိတယ်ပေါ့ခင်များ။
ဦးဝင်းမြ ။ ။ အစီအစဉ်ဆိုတာက အခြေအနေတရပ်က တောင်းဆိုလာလို့ရှိရင်တော့ ကျနော်တို့ လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ လူ့အခွင့်အရေးအဖွဲ့ရဲ့  ကြေညာချက်ထဲမှာ ဥပမာ တရားရုံးတရုံးက ပြစ်ဒဏ်ချမှတ်ပြီကိစ္စဆိုရင် မပါဝင်ဘူးဆိုတာ ပြောထားတဲ့သဘောကိုလည်း တွေ့ရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံ တရားစီရင်ရေးအပေါ် လုံးဝယုံကြည်ထားတဲ့သဘောမျိုး ရှိတယ်လို့လည်း အဓိပ္ပါယ်ကောက်ယူကြပါတယ်။ ဆိုတော့ မြန်မာနိုင်ငံ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေလည်း အများကြီးပါ။ extra judicial အရေးယူတာတွေ တွေ့ရတယ်။ တခါ judicial miscarriage တွေ တရားစီရင်ရေး ယိုးယွင်းပျက်စီးမှုတွေ အများကြီးရှိတယ်လို့ စွပ်စွဲပြောဆိုခံနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီကိစ္စတွေကို ဘယ်လိုဆောင်ရွက်ပါမလဲ။
ဦးဝင်းမြ ။ ။ ကျနော်တို့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ လေ့လာသိရှိရသလောက်တော့ နိုင်ငံအများမှာပဲ သူ့လမ်းကြောင်းနဲ့သူ၊ သူ့မဏ္ဍိုင်တရပ်အနေနဲ့ သူသီးခြား ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။ တကယ်လို့ မျှမျှတတ မရှိဘူးဆိုရင်တောင် Lower Court မှာ ဆုံးဖြတ်ခဲ့တဲ့ကိစ္စကို Supreme Court ထိတောင် တင်ပြပြီး ဆောင်ရွက်လို့ရတဲ့ လမ်းကြောင်းတွေ ရှိတယ်။ ဒါကြောင့်မို့ တရားဥပဒေပိုင်းနဲ့ ပတ်သက်ပြီးတော့ ပါဝင်မစွပ်ဖက်သင့်ဘူးဆိုတဲ့ ရပ်တည်ချက်ကို ယူထားရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ပဲ လုပ်တာမဟုတ်ဘူး တခြားနိုင်ငံတွေမှာ ဆောင်ရွက်တာတွေကို လေ့လာပါတယ်။ ဒါပေမဲ့လို့ တရားဥပဒေလမ်းကြောင်းကြီးက လုပ်နေတာတွေက တကယ်ပဲ မှားယွင်းနေတဲ့ အနေအထားမျိုး ဖြစ်လာတာမျိုး ရှိရင်တော့။ လိုအပ်လာလို့ရှိရင် ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ဆိုတဲ့ အကြံပြုချက်မျိုးကိုတော့ ပေးလို့ရတယ်။ အဲဒီတော့ ဒါတွေမှာ ဖောက်လွှဲဖောက်ပြန် ရှိမှုတွေဟာ တကယ်ပဲ ဖြစ်နေတာလား။ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရ နာကြည်းမှုတွေကြောင့်၊ စွပ်စွဲမှုတွေကြောင့် သက်သက်ဖြစ်နေတာလားဆိုတာကိုတော့ ကျနော်တို့ တိတိကျကျ သိဖို့လိုပါတယ်။ အဲဒီတော့ ကျနော်တို့ ကော်မရှင်အနေနဲ့ ဆောင်ရွက်တဲ့အခါမှာ အခု တိုင်ကြားမှုလေးတွေမှာ ကျနော်တို့ တချို့ တွေ့ရပါတယ်။ အဲဒီလို ကြည့်လိုက်တဲ့အခါမှာ တချို့ က အမှုတောင်မပြီးသေးဘူး စွပ်စွဲချက်တွေ တင်နေတာမျိုးတွေ သွားတွေ့ရပါတယ်။ ဒီလိုနေရာမျိုးမှာတော့ ကျနော်တို့ မဝင်သင့်ဘူးလို့ ယူဆပါတယ်။ ဒါပေမဲ့လို့ ဥပဒေဆောင်ရွက်ချက်က တကယ်ပဲ မှားမှားယွင်းယွင်း ဖြစ်နေတဲ့ အနေအထားမျိုးရှိရင်တော့ ကျနော်တို့က တနေ့မှာ ဒါကိုပြန်လည်း သုံးသပ်ပြီးတဲ့အခါမှာ ပြင်ဆင်သင့်ရင် ပြင်ဆင်ဖို့ အကြံပြုချက် တင်ပြလို့ ရပါတယ်။ လုံးဝဥပက္ခာပြုထားတဲ့ အနေအထားတော့ မရှိပါဘူး။ ယေဘုယျအားဖြင့်ဆိုရင်တော့ ဥပဒေလမ်းကြောင်းဟာ သူ့အတိုင်းပဲ သူသွားသင့်ပါတယ်။ တကယ်လိုအပ်လာတဲ့ အနေအထားတခုမှာတော့ ကျနော်တို့အနေနဲ့ ပြုပြင်ဖို့အတွက်ကို အကြံပြုတင်ပြပိုင်ခွင့် ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဥပဒေရေး သီးခြားပြဌာန်းဖို့ မလိုအပ်ဘူးလား။ သီးခြားပြဌာန်းဖို့ အစီအစဉ် ရှိပါသလား။ အခုလောလောဆယ် လူ့အခွင့်အရေးကော်မရှင်ရဲ့  လုပ်ပိုင်ခွင့်တွေ၊ ဘောင်တွေ သတ်မှတ်ပြဌာန်းပေးထားတာ ရှိပါသလား။
ဦးဝင်းမြ ။ ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ဖို့ ပြဌာန်းထားတာတွေ ရှိပါတယ်။ လုပ်နည်းကိုင်နည်းကို အသေးစိတ် ရေးဆွဲပြီးတော့ အစိုးရအဖွဲ့ရဲ့  အတည်ပြုချက်ရဖို့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ဘာကြောင့်ဆိုတော့ ကျနော်တို့က ဖွဲ့တော့ဖွဲ့စည်းလိုက်ပြီးပြီ။ ဖွဲ့စည်းလိုက်ပြီးပြီဆိုပေမယ့် လုပ်နည်းလုပ်ဟန် အသေးစိတ်က လိုအပ်ပါသေးတယ်။ ဒါကိုတော့ ကျနော်တို့က ရေးဆွဲပြီးတော့ အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ အတည်ပြုလာတဲ့အခါကြတော့ ကျနော်တို့ အများကိုလည်း လိုအပ်တဲ့အပိုင်းတွေကို အသိပေးသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရအဖွဲ့ကို တင်ပြတယ်ဆိုတာကတော့ ကျနော်တို့ရဲ့  လုပ်ဆောင်မှုကို ဥပဒေအကြောင်းအရ ခိုင်ခိုင်မာမာ တဖတ်က အသိအမှတ်ပြုပေးဖို့ ပြဌာန်းပေးဖို့ လိုအပ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ လူ့အခွင့်အရေး ထွန်းကားဖို့ဆိုတာ တကယ်တော့ ပြည်သူလူထုကိုယ်တိုင်ကလည်း လူ့အခွင့်အရေး၊ သူတို့ အခွင့်အရေးကို သိရှိနားလည်းဖို့၊ တပါးသူရဲ့  အခွင့်အရေးကို ကာကွယ်ချင်တဲ့ စိတ်ရှိဖို့။ အဲဒီ အသိတွေ နိုးကြားလာဖို့ awareness တွေ အများကြီးလိုတယ် ထင်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံ ပြည်သူလူထုဟာ လူ့အခွင့်အရေး အသိဥာဏ် ပိုမိုရင့်သန်လာအောင် ပညာပေးမယ့် အစီအစဉ်တွေ၊ ကျောင်းမှာ လူ့အခွင့်အရေး ဘာသာရပ် ပြဌာန်းပေးမယ့် အစီအစဉ်တွေ ရှိပါသလား။
ဦးဝင်းမြ ။ ။ ဒါကတော့ ဦးစားပေး လုပ်ရမယ့် လုပ်ငန်းအနေနဲ့တောင် ကျနော်တို့ စဉ်းစားထားပါတယ်။ ဒီနေ့တောင်မှ ကော်မရှင်က အစည်းအဝေးလေး ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာဆိုရင် နောင်တချိန် ကျင်းပတဲ့ အစည်းအဝေးမှာ ကျနော်တို့ ပညာပေးရေးအပိုင်းနဲ့ ဘယ်လို ဆောင်ရွက်မယ်ဆိုတာလေးကို brain storming ညှိနှိုင်းဆွေးနွေးကြပြီးတဲ့အခါမှာတော့ အတွေးအခေါ်၊ အယူအဆလေးတွေ စုဆောင်းပြီးတဲ့အခါမှာ အကြံပြုချက်တခု တင်ပြမယ်လို့၊ စီမံချက်တခု တင်ပြမယ်လိုတောင် ရည်ရွယ်ထားပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျနော်တို့လို အထူးသဖြင့် ဒီလို နိုင်ငံမျိုးမှာ လူ့အခွင့်အရေး ပတ်သက်ပြီး ဂဃနဏ သိရှိဖို့ လိုပါတယ်။ လူ့အခွင့်အရေးဆိုတာ တောင်းဆိုနေရုံနဲ့လည်း မရပါဘူးခင်များ။ ဘယ်လို အခွင့်အရေးမျိုးတွေကို ခံစားသင့်တယ်။ ဘယ်လို အခွင့်အရေးမျိုးတွေကို ရရှိသင့်တယ်။ ဘယ်လို အခွင့်အရေးမျိုးတွေကိုတော့ မတောင်းဆိုသင့်ဘူး စသဖြင့် သေသေချာချာ သိရှိမှသာ ကျနော်တို့ အစိုးရပိုင်းကလည်း ပေးရမယ်။ ပြည်သူလူထုကလည်း ရရှိရမယ်။ ကျနော်တို့ ရရှိမယ့် အန်ဂျီအို အဖွဲ့အစည်းတွေ၊ သက်ဆိုင်တဲ့ civil society တွေကလည်း အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မှသာ လူ့အခွင့်အရေးကို ခံစားနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ကျနော်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပိုချနေတဲ့ basic diplomatic course ဆိုတဲ့ သင်တန်းတခု ရှိပါတယ်။ အခြေခံ သံတမန်ရေးရာ သင်တန်းလို့ ခေါ်ပါတယ်။ အဲဒီ သင်တန်းမှာ ကျနော် လူ့အခွင့်အရေး ဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ ပို့ချနေရပါတယ်။ ကျနော်တို့ အမြဲပြောလေ့ရှိတယ် လူ့အခွင့်အရေးဆိုတာ ပြောနေရုံနဲ့ မရဘူး။ ကျနော်တို့ နိုင်ငံ၊ ကျနော်တို့အခြေအနေနဲ့ ကိုက်ညီတဲ့ အနေအထားတခုကို မူတည်ပြီးတဲ့အခါမှာ ဖော်ထုတ်ကျင့်သုံးဖို့ လိုတယ်။ အခု ပြောနေတာက လူ့အခွင့်အရေးလိုသာ ပြောနေတာ ဒီအခွင့်အရေးထဲမှာ လွတ်လပ်မှု freedom of expression, freedom of opinion, liberty, freedom ဒီစကားလုံးတွေဟာဆိုရင် ကျနော်တို့နဲ့ သင့်လျော်အောင် ဖော်ထုတ်မကျင့်သုံးနိုင်ရင် အဓိပ္ပါယ်ဘာမှ မရှိဘူးလို့ မြင်ပါတယ်။ ဒါလေးတွေကို ကျနော်တို့ အကျိုးအတွက် ဖော်ထုတ်ကျင့်သုံးနိုင်တဲ့ အလေ့အထလေးတွေကို ကျနော်တို့ ပျိုးထောင်ပေးရမယ်ဆိုတာကို ကျနော် အမြဲပြောတယ်။ ဒါ အစောကပြောသလို လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပညာပေးရေး၊ ဖြန့်ဖြူးရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားနိုင်မယ်ဆိုရင်တော့ တဖြည်းဖြည်း ရရှိခံစားနိုင်မယ်လို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု မေးပါရစေ။ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအကြောင်းလည်း လူတွေ စိုးရိမ်နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဝင်းမြတို့ရဲ့  လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ တစုံတရာ ဆောင်ရွက်ဖို့ ရှိပါသလား။
ဦးဝင်းမြ ။ ။ ကျနော်တို့ သိသလောက်ပေါ့ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ကိစ္စတွေမှာ နိုင်ငံတော်အပိုင်းက ဆောင်ရွက်နေလို့ တိုးတက်မှုရတဲ့ အနေအထားလေးတွေ ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ ဘာလို့လည်းဆိုတော့ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းထားတာလည်း ရှိတယ်ပေါ့။ အဲဒီတော့ နိုင်ငံတော်အပိုင်းက ဆောင်ရွက်လို့ တိုးတက်မှု ရှိနေတဲ့ အနေအထားတခုမှာ မလိုအပ်သေးဘဲနဲ့တော့ ကျနော်အနေနဲ့တော့ ဝင်ပြီးဆောင်ရွက်တာ မလိုသေးဘူးလို့ မြင်တယ်။ လိုအပ်လာလို့ရှိရင်တော့ လူ့အခွင့်အရေးပိုင်နဲ့ ပတ်သက်တဲ့ဟာကတော့ လိုအပ်လာလို့ရှိရင်တော့ ဆောင်ရွက်ရမှာပေါ့။ ကျနော် ဆိုလိုတဲ့ဟာက progress တော့ ဖြစ်ချင်ဖြစ်မယ်။ ရှိနေတဲ့ အနေအထားမျိုးမှာ ဝင်ပြီးတော့ မလိုအပ်ဘဲ ဝင်လိုက်ခြင်းအားဖြင့် တန့်သွားနိုင်တယ်လို့ မြင်တယ်။ တချို့ ကိစ္စလေးတွေမှာတော့ ကျနော်တို့ ဝင်လိုက်တဲ့အနေအထား မှန်သွားလို့ရှိရင်လည်း တိုးတက်မှုက ရသွားတယ်။ အခု ကျနော်တို့ မေတ္တာရပ်ခံစာ တင်သွင်းသလိုပေါ့။ တချို့ က မေးကြတယ်။ ကျနော်တို့ တင်လိုက်တယ်။ နောက်တနေ့မှာ အစိုးရကနေ လွှတ်ပေးလိုက်တယ်။ ဘယ်လိုလုပ်တာလဲ။ timing က ချိတ်ထားသလား စသဖြင့် မေးကြတယ်။ ကျနော်ကတော့ အဲဒီလို မမြင်ဘူး။ ဒါနဲ့ လွှတ်ပေးဖို့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ကလည်း ပြောထားတယ်။ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ကလည်း ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ပြောသွားတယ်။ ဒါတွေ တောင်းဆိုနေတာလည်း ရှိတယ်။ ဒီအချိန်မှာ ကျနော်တို့ကနေ ကျနော်အမြင်သက်သက်ပေါ့ timing ဝင်သွားတယ်လို့ပဲ သုံးသပ်ချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အချိန်ကိုက် ညှိနှိုင်းပြီးတော့ လုပ်ကြတာ မဟုတ်ဘူးပေါ့။
ဦးဝင်းမြ ။ ။ ဒီလိုတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့ timing ကိုက်သွားတယ်လို့ ပြောချင်တာပေါ့။ ကျနော်ဆိုလိုတာကတော့ ဘာပဲဖြစ်ဖြစ် အရေးကြီးတဲ့ကိစ္စတခုကို ဆောင်ရွက်တဲ့အခါမှာ timing က သိပ်အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။ စောလွန်ရင်လည်း မေ့သွားမယ်။ နောက်ကျလွန်ရင်လည်း ကျန်နေခဲ့မယ်။ Right time မှာ လုပ်လိုက်တဲ့အခါမှာကြတော့ right result ကို ရတဲ့သဘောပါ။
http://www.voanews.com/burmese/news
သမီးလာတောင်းတာမပေးဘူးဆိုတော့  မိန်းမနဲ့ အစားပေး ဆိုသလိုတော့ ဖြစ်ကုန်ပြီ။
♥۩۞۩♥သို့ /ဦးသိန်းစိန်♥۩۞۩♥
by လှိုင် ဘွား on Thursday, October 13, 2011 at 11:28am
သမီးလာတောင်းတာမပေးဘူးဆိုတော့  မိန်းမနဲ့ အစားပေး ဆိုသလိုတော့ ဖြစ်ကုန်ပြီ။
==============================================
“မြစ်ဆုံတခုတည်းရပ်တာနဲ့ တရုတ်-မြန်မာ ဆက်ဆံရေးမထိခိုက်ပါဘူး၊ တရုတ်ကရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေ အများကြီး ကျန်ပါသေးတယ်၊ ဥပမာ-ဂက်(စ်)ပိုက်လိုင်းလို စီမံကိန်းကြီးတွေပေါ့၊ ပိုက်လိုင်း ကိစ္စက ရပ်တန့်ထားဖို့ အစီအစဉ် မရှိပါဘူး၊ ဆက်လုပ်သွားမှာပါ”ဟုလည်း သမ္မတ အကြံပေး ဦးနေဇင်လတ် က ဆိုသည်။
မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားပြီးနောက်ပိုင်းတွင် တရုတ်အစိုးရသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်း မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို အလေးထားလုပ်ဆောင်နေပြီး ကျောက်ဖြူ ရေ နက် ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို မြန်ဆန်စွာ ပြီးစီးရေး လုပ်ဆောင်နေကြောင်း သိရသည်။
သည် နေဇော်လတ်ဆိုတဲ့ ငနှဲက လျှပ်စစ်ဝန်ကြီးဇော်မင်း လေသံအချိုးမျိုး ချိုးလာပြန်ပြီ -
အဲသည် ကျောက်ဖြူ ကူမင်း (ယူနန်) ဓါတ်ငွေ့ ရေနံ ရထားလမ်း ကမှ - မြန်မာပြည်ကို ဓါးလွယ်ကုတ် ဓါးနဲ့ ပိုင်းသလိုပိုင်းပြီးသတ်မှာ။ တောက် -
သမတ အကြံပေးဆိုတဲ့ ငနှဲတွေ - အစိုးရဆိုတာ တိုင်းပြည်မှာရှိတဲ့ မြေပေါ်မြေအောက် ရေပေါ်ရေအောက်
ရှိသမျှကိုလက်လီလက်ကားချရောင်းတဲ့အလုပ်ကိုပဲလုပ်တာကို ခေါ်တာလားကွ။အရွယ်ရောက်တဲ့သူတွေကို
နိုင်ငံခြားထွက်ပြီးကျွန်ခံနေရတာကိုအခွန်ကောက်တဲ့ အဆင့်ပဲလားကွ။ တိုင်းပြည်အတွက် မိမိမှာရှိတာတွေကိုထိမ်းသိမ်းပြီးကုန်ချောဖြစ်အောင်လုပ်ဖို့ Intellectual Properties ပိုင်ဆိုင်ဖို့ အတွက်
ပညာရှင်တွေမွေးထုတ်ဖို့  ကျန်းမာရေးနဲ့ ပညာရေး ကိုအစွမ်းကုန်မြင့်တင်ဖို့ ဘာစီမံကိန်း ဘာအသံမှ
ထွက်လာတာမကြားရဘူး။ တဆိတ်ရှိရင် - ရှိသမျှ အသားတင်ချရောင်းဖို့ ချည်းပဲ စဉ်းစားနေတာ
အစိုးရအလုပ်ပဲလားကွ - တောက်
လွန်ခဲ့တဲ့အနှစ်သုံးဆယ်က Australia Parliament ထဲမှာ "ငါတို့ Australians တွေ ဂျပန်ကိုသံရိုင်း
တွေရောင်းပြီး ဂျပန်ကကားပြန်ဝယ်စီးနေတာ မရှက်ကြဖူးလား" ဆိုတဲ့အသံတခုကြောင့်
ရောင်းပြီး အန္ဒိယကနေ ဒီဇယ်ပြန်ဝယ်တဲ့ သန်းရွှေလုပ်နည်းအတိုင်း ဆိုရင်တော့ တိုင်းပြည်က
ဗိုလ်ချုပ်ပြောတဲ့ -ါ နိုင်ငံဖြစ်မှာပဲ။ ဖီလစ်ပိုင်လို ပြည်သူ (၁၂) သန်းလောက်ပြည်ပထွက်ပြီးကျွန်ခံ
ရတဲ့ဘ၀ရောက်သွားမယ်။ အဲသည်သမတအကြံပေးဆိုတဲ့ ငနှဲတွေ မင်းတို့ သင်ခဲ့တဲ့ပညာတွေထဲမှာ
Sustainable Development တို့  Comparative Advantage တို့ အခြေခံတောင်
သင်မလာဘူးဖူးလားကွ။ တိုင်းပြည်မှာ ရာစုနှစ်ထက်ဝက်နီးပါး ဖြစ်လာတဲ့ နာတာရှည်ရောဂါကို
တရုတ်ဖရောင်းကျက်နဲ့ ကပ်ပြီး အန္ဒိယဆာလီနဲ့ ပတ်တီးစီးမယ်ဆိုရင်တော့ အနူအ၀ဲရုပ်ပေါက်
လာမှာပဲ။
သေဒဏ်ကျခံခဲ့ရသူ ABSDF အဖွဲ့ဝင်နှင့် အင်တာဗျူး
ကိုဝိုင်း | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အင်းစိန်ထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် ကြာသာပတေးနေ့က လွတ်မြောက်လာသူများထဲတွင် လူသတ်မှု၊ လက်နက်မှု၊ မတရားအသင်းနှင့် ဆက်သွယ်မှုတို့ဖြင့် သေဒဏ် ကျခံနေရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း ၃၀၃ (ဝှေစေတီစခန်း) တွဲဖက် အတွင်းရေးမှူး- ၁ ကိုအောင်ကျော်စိုး ခေါ် ဖိုးခွားလည်း ပါသည်။
၁၉၉၀ ခုတွင် ကယားပြည်နယ် ဒီမောဆိုမြို့၌ စစ်အစိုးရ တပ်ဖွဲ့က ဖမ်းဆီးပြီး လွိုင်ကော်မြို့ စစ်ခုံရုံးမှ သေဒဏ် စီရင်ချက် ချလိုက်ခြင်းဖြစ်သည်။
ကိုအောင်ကျော်စိုးက ဘယ်နှနှစ် ကျတာလည်း ခင်ဗျ။
“ကျနော်ကျတာ ပထမတော့ သေဒဏ်ပေါ့။ သေဒဏ်ကနေ ကျွန်းပြောင်းတော့ အစိတ် (၂၅ နှစ်)။ အစိတ်ကနေ အခု ၂၁ နှစ်လေ။”
အစိတ်ကနေ ၂၁ နှစ်ဆိုတာ ဘယ်လိုလည်း။ ကျနော် နားမလည်လို့ပါ။
“ကျနော် အစိတ်ကျတယ်။ အထဲမှာ ၂၁ နှစ် ကြာတယ်။”
“အဲဒီကာလကလည်း ထောက်လှမ်းရေးက
အင်အား ကောင်းနေတဲ့ အချိန်ဆိုတော့။
သေလုမျောပါးပေါ့။ ပြန်ပြောရင်လည်း
ပြောလို့ ယုံနိုင်မှာ မဟုတ်တဲ့ ဟာတွေပဲ
လေ။ ကိုယ်ကိုယ်တိုင် ခံစား ခဲ့ရတော့ဗျာ။ ထားလိုက်ပါတော့ ဒါတွေ ကတော့”
ဆိုတော့ လေးနှစ်ကျန်သေးတာပေါ့ လွတ်ဖို့ အဲဒီလိုလား။
“ဟုတ်တယ်။ လုံးဝ လျှော့ရက် မပါဘူးနော်။”
အဲဒီတော့ လျှော့ရက်မပါဘဲ ၂၁ နှစ်တိတိနေခဲ့ရတာ
ပေါ့။ တောက်လျှောက် အင်းစိန်ထောင်မှာပဲလား။
“ဟုတ်တယ်။”
ပုဒ်မတွေ တပ်တာက ဘယ်လိုမျိုးလည်း။ ပုဒ်မအကြောင်းတွေရော ရှင်းပြသေးလား သူတို့က။
“၁၇ (၂)၊ ၁၉ (စ)၊ ၃၀၂ အပိုဒ် ၁ (ခ) တပ်ထားတာ။ အဲဒီ ၁၇ (၂) ဆိုတာတော့ ကျနော်က မတရားအသင်း အဖွဲ့ဝင်လေ။ ကျနော်က အေဘီ (ABSDF) အဖွဲ့ဝင်ကိုး။ ၃၀၂ အပိုဒ် ၁ (ခ) က လူသတ်လေ။ ကျနော်က
ထောက်လှမ်းရေးကို သတ်လာတာကိုး။ ၁၉ (စ) က လက်နက်ငယ်အမှု လေ။”
ဆိုတော့ လူသတ်တဲ့ ကိစ္စရယ်၊ လက်နက်ကိစ္စရယ် အဲဒါ ဘယ်နှခုနှစ်က ဘယ်လိုဖြစ်တာလဲဗျ။
“၁၉၉၀၊ ကျနော်က အရေးအခင်းကာလမှာ တောခိုသွားတာကိုး။ ၈၈ လေ။ ၈၈ မှာကျနော် တောခိုတယ်။
တောထဲမှာ အေဘီ အဖွဲ့ဝင်ဖြစ်ပြီးမှ ကျနော် အေဘီရဲ့ တာဝန်ပေးချက်အရ တာဝန်ထမ်း ဆောင်ရင်းကနေ
ကျနော် အဖမ်းခံရတာလေ။”
ကြားဖြတ် ကျနော် မေးချင်တာက ၁၉၈၈ တောခိုတော့ ဘယ်စခန်းကို ရောက်လည်း ခင်ဗျ။ အဲဒီတုန်း
က စခန်းတာဝန်ခံက ဘယ်သူလဲ။
“ဝှေစေတီ camp လေ။ ၃၀၃ လေ။ အဲဒီတုန်းက ကျနော်တို့ (စခန်း) ဥက္ကဋ္ဌက ရစ်ချက်ဌေးရယ် ဗျာ။ ဒုတိယ
ဥက္ကဋ္ဌက ဦးမောင်မောင်လွင်၊ အတွင်းရေးမှူးက ဂျော်လီထွန်း။ တွဲဘက်-၁ က ကျနော် လေ။ တွဲဘက်-၂ က
သဲတော လှထွန်းဆိုတာ မြက်ခင်းသစ်မှာ စာရေးနေတဲ့ကောင်လေ။ ကျနော်တို့ အဲဒီမှာ သင်တန်းတွေ ဘာတွေ ပြီးတော့မှ ရှေ့တန်းထွက်တာကိုး။”
ရှေ့တန်းကျတော့ ဘယ်ကို ထွက်သွားတာလဲ။
“သံလွင် အနောက်ဘက်ခြမ်း၊ တိုက်ခိုက်ရေးနဲ့ စည်းရုံရေး။ အဲဒီအချိန် တည်ဆောက်ရေးကာလ လုပ်နေတဲ့
ကာလကိုး။ မြို့တွင်းနဲ့ အပြင်နဲ့ ပြန်ချိတ်ဆက်ရင်းနဲ့ အဖမ်းခံရပြီးမှ ထောင်ကျသွားတာ လေ။”
ဘယ်မှာ ဖမ်းခံရတာလဲ ခင်ဗျ။
“ဒီမောဆို အဝင်မှာဗျာ။”
ဝှေစေတီ စခန်းက ကယားပြည်နယ်ထဲမှာလား။
“ဟုတ်တယ်။ (ထိုင်းနိုင်ငံ) မဲဟောင်ဆောင် အောက်ဘက်ကလေ။”
ထောက်လှမ်းရေးကို သတ်တယ်ဆိုတဲ့ ကိစ္စလေး နည်းနည်းပြောပြပေးပါလား။
“ထောက်လှမ်းရေး Informer လေ။ လွိုင်ကော်မှာ သတ်တဲ့ ကိစ္စပါ။ အဲဒီ ၉၀ ကာလ။ ရက်တွေတောင် သိပ်မမှတ်မိ
တော့ဘူးဗျ။ အမှုဖြစ်စဉ်ကာလမှာ ကျနော် ရက် သိပ်မမှတ်မိတော့ဘူးခင်ဗျ”
“ကျနော် အဓိကမှတ်ထားတာ ကျနော့်အမိန့်ချရက်စွဲ၊ ထောင်ရောက်တဲ့ ရက်စွဲပေါ့ဗျာ။ ကျနော် အမိန့်ချရက်စွဲက
၁ ရက် ၁၀ လ ၉၀ ခုနှစ် မှာချတယ်။ ထောင်ကို ရောက်တာ ၃၀ ရက် ၁၀ လ ၉၀ မှာ ရောက်တယ်။ ၉၃ မှာ
ကျနော် ကျွန်းပြောင်းတယ်။ အမျိုးသားညီလာခံကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဆိုပြီးမှ ကျနော့်ကို ကျွန်းပြောင်း တယ်လေ။ နိုင်ငံတော်နဲ့ လျှော့ပေးတာ။ ကျနော်က သေဒဏ် အပြင် ငါးနှစ်ကျထားတော့ အားလုံးပေါင်း ကျွန်းပြောင်းလိုက်တော့ ကျွန်းက ၂၀ (နှစ်) လေ။ ၂၀ ဆို တော့ အစိတ်ပေါ့ (၂၅နှစ်)။ ကျနော် အဲဒီမှာ ၉၃ ကနေ
စပြီး အနှစ် အစိတ်နဲ့ ၉၈ မတ်လလောက်မှာ လျှော့ရက်တွေ ဖြတ်တောက်ခံရတယ်။ လျှော့ရက်မရတော့ဘူး။
အခု ကျနော် နေထားရက်က ၂၁ နှစ်နဲ့ ၂ ရက်ပေါ့လေ။ လုံးဝလျှော့ရက်မပါဘူး။ ပြီးခဲ့တဲ့ အပိုင်းက နိုင်ငံတော် လာသွားတဲ့ တနှစ် ပေးတာလည်း မပါဘူးဗျ။”
လွိုင်ကော်မှာလား ပြစ်ဒဏ်ချတာက။
“လွိုင်ကော်၊ ကျနော့်ကို စစ်ခုံရုံး။ စခရ- (၃) ။ မမှတ်မိတော့ဘူးဗျ ခုံရုံးဥက္ကဋ္ဌတွေ။ တာဝန်အဆင့်တွေက ဗိုလ်မှူး
နှစ်ယောက်ပါတယ်ဗျ။ မဝတ (မြို့နယ်အဆင့်) ဥက္ကဋ္ဌ တယောက်ပါတယ်။ ဒါပဲဗျ ကျနော်လည်း ကျန်တာတော့ မမှတ်မိဘူး။ နှစ်ပေါင်းကလည်း ကြာပြီဗျ။”
အဲဒါမတိုင်မီမှာ စစ်ကြောရေးတွေဘာတွေ လုပ်သေးလား။ ဘယ်လိုလုပ်လည်းဗျ။
“ဟာ လုပ်တယ် တလ၊ ထုံးစံအတိုင်းပေါ့ဗျာ။ အဲဒီကာလကလည်း ထောက်လှမ်းရေးက အင်အား ကောင်းနေတဲ့ အချိန်ဆိုတော့။ သေလုမျောပါးပေါ့။ ပြန်ပြောရင်လည်း ပြောလို့ ယုံနိုင်မှာ မဟုတ်တဲ့ ဟာတွေပဲလေ။ ကိုယ်ကိုယ်
တိုင် ခံစားခဲ့ရတော့ဗျာ။ ထားလိုက်ပါတော့ ဒါတွေကတော့။”
စစ်ကြောရေး တလက လွိုင်ကော်မှာပဲပေါ့နော်။
“ဟုတ်တယ်။ လွိုင်ကော်မှာပဲ။”
အင်းစိန်ထောင်ရောက်တော့ ဘယ်မှာထားလဲ။ တခြားသူတွေနဲ့ နေရလား။ ဘယ်လိုနေရလဲ။
“ကြိုးတိုက်ထဲမှာပါ။ အဲဒီအချိန် အင်းစိန်အကျဉ်းထောင် ၂ တိုက်က ကြိုးတိုက်ပဲဟာ။ အဲဒီကြိုးတိုက်မှာပဲ ကျနော်
နေရတာပဲ။ ရောက်ရောက်ချင်းတော့ တယောက်တည်းပေါ့ဗျာ။ နောက်ပိုင်း လူများလာတော့ နှစ်ယောက်၊ သုံးယောက်နေရတာပေါ့။ အရေးအခင်း ခေါင်းဖြတ်နဲ့ ကျတဲ့ဟာတွေ ရှိတယ်ဗျာ။ နောက် ခိုးဆိုးလုယက်ပြီး
သေဒဏ်ကျလာတဲ့ လူတွေလည်းရှိတယ်။ နောက် နိုင်ငံရေးအကျဉ်းသား တွေလည်း ရှိတယ်လေ။
ကိုအောင်ဇေယျတို့၊ ဦးသော်က၊ ဦးကိုယုတို့၊ ဒေါက်တာတင်မျိုးဝင်းတို့၊ သူတို့တွေနဲ့ တတိုက်တည်းပဲ။”
သူတို့နဲ့ စကားပြောတာတွေ ဘာတွေ လုပ်လို့ရလား။
“ရတယ်။ ကျနော်နဲ့ ကိုအောင်ဇေယျနဲ့ မျက်နှာချင်းဆိုင်ကိုး။”
ထောက်လှမ်းရေးကို သတ်တဲ့ အဖြစ်ပျက်လေး ပြောပြပေးလို့ရလား။
“အဲဒီကိစ္စက ကျနော်နဲ့ တိုက်ရိုက်မပတ်သက်ဘူးဗျ။ တကယ်တမ်း တာဝန်ပေးခံရတာ ကျနော် မဟုတ်ဘူး။ ကရင်နီက ထောက်လှမ်းရေး တယောက်က တာဝန်ပေးခံရတာ။ ကျနော်က ဝင်ကူညီရင်းနဲ့ ဖြစ်သွားတာပါ။ လွိုင်ကော်မြို့ပေါ်မှာဖြစ်တာပါ။”
အင်းစိန်ထောင်ထဲမှာ နေရထိုင်ရ၊ စားရသောက်ရ၊ ကျန်းမာရေးတွေ ဘာတွေရော။
“အရင်တုန်းကတော့ ဆိုးတာပေါ့ဗျာ။ ခုနောက်ပိုင်းတော့ မဆိုးပါဘူး။ အသင့်အတင့်လေးတော့ ပြောင်းလဲမှု
ရှိပါတယ်။ စားရေးသောက်ရေးကတော့။ ဆေးကုသမှုအပိုင်းမှာတော့ သာမန် အကျဉ်းသားတွေနဲ့ ကျနော်တို့နဲ့
တော့ မတူဘူးလေ။ သာမန်အကျဉ်းသားတွေကျတော့ ထုံးစံ အတိုင်းပေါ့။ ကျနော်တို့ကျတော့ နည်းနည်း လိုက်လျောမှုလေးတွေတော့ ရှိတာပေါ့။ အဲဒီလို ခွဲခြားဆက်ဆံတာတော့ ရှိတယ်လေ။”
အလုပ်တွေဘာတွေ ခိုင်းတာရော ရှိသေးလား။
“အဲဒါတော့ မရှိဘူးဗျ။”
၂၁ နှစ်လုံးလုံး အဲဒီ ၂ တိုက်မှာပဲလား။
“မဟုတ်ဘူးဗျ။ ကျနော် တိုက်ပေါင်းစုံတယ်ဗျ။ ထောင်ထဲမှာရှိတဲ့ တိုက်ခြောက်တိုက်၊ နောက် (၅) ဆောင်တိုက် ၄၊ ၅၊ တော်တော်စုံတယ်။ နေလိုက်ရတာ။”
“အဲဒီ ၈၈ ကာလက ဖြစ်ပျက်ပြီးတော့ ကျနော် တို့က နှလုံးရည်နဲ့ တိုက်လို့မရလို့ လက်ရုံးရည်
နဲ့ တိုက်ခဲ့တဲ့ လူတွေလေ။ ဒါ သူတို့ကကြည့်ရင်
တော့ လက်ဖမိုးပေါ့၊ ကိုယ့်ဘက်ကကြည့်ရင် တော့ လက်ဝါးပေါ့ ဗျာ”
ICRC (နိုင်ငံတကာ ကြက်ခြေနီအဖွဲ့) လာတာ တွေ့ခွင့် ရသေးလား။
“တွေ့ဖူးပါတယ်။ ကျနော်သိရသလောက် စလာတဲ့ ခုနှစ်က
၉၉ ဗျာ။ ၉၈ လား ၉၉ လား ကောင်းကောင်း မမှတ်မိ
တော့ဘူး။ တွေ့တာတော့ လာတဲ့အချိန်တိုင်း တွေ့ရပါတယ်။”
ဘာတွေ မေးမြန်းသွားလဲ။
“စားဝတ်နေရေး ဒီလောက်ပါပဲ။ ကျန်တဲ့ဟာတွေတော့ သူတို့ ဘယ်လောက်မှ အကူအညီ မပေးနိုင်ပါဘူး။ သူတို့
ကြောင့်လည်း တချို့ တော်တန်ရုံပြောင်းလဲတာတော့ ရှိတာပေါ့လေ။”
လွတ်လွတ်လပ်လပ်ရော တွေ့ခွင့်ရလား။
“လွတ်လွတ်လပ်လပ် တွေ့ခွင့်ရပါတယ်။ သတ်သတ်ပါ။ ဥပမာ ကျနော်တို့ အမှုတွေချည်းပဲ သီးသန့်ပေါ့။”
အခု လက်နက်မှုပါတာပေါ့နော် ကိုအောင်ကျော်စိုးတို့လိုဟာမျိုးကို နိုင်ငံရေးအကျဉ်းသားထဲ မထည့်ဘူး ဆိုပြီးတော့ အစိုးရကပြောနေတာ ရှိတယ်လေ။ တည်ဆဲ ဥပဒေ ချိုးဖောက်တယ်ပေါ့။ အဲဒီလိုမျိုး လက်နက်မှုနဲ့ နိုင်ငံရေးအမှု ဘာကွာတယ်လို့ ထင်လဲဗျ။
“တန်ရာတန်ရာ ပြောမယ်ဆိုရင် ကျနော်တို့ကလည်း နှလုံးရည်သမား မဟုတ်ဘူးဗျ။ အဲဒီ ၈၈ ကာလက ဖြစ်ပျက် ပြီးတော့ ကျနော်တို့က နှလုံးရည်နဲ့ တိုက်လို့မရလို့ လက်ရုံးရည်နဲ့ တိုက်ခဲ့တဲ့ လူတွေလေ။ ဒါ သူတို့ကကြည့်ရင်
တော့ လက်ဖမိုးပေါ့၊ ကိုယ့်ဘက်ကကြည့်ရင်တော့ လက်ဝါးပေါ့ဗျာ။”
ဒါဆိုရင် ကိုအောင်ကျော်စိုးက အဲဒါကို နိုင်ငံရေးလုပ်ငန်းတခု လုပ်နေတယ်လို့ ယူဆတာလား။
“ဒါကို ကျနော့်အနေနဲ့ နိုင်ငံရေးနဲ့ တိုက်ရိုက်ကြီးတော့ ပတ်သက်တော့ ပတ်သက်တာပေါ့။ ဒါပေမယ့် နှလုံးရည်နဲ့ စာရင်တော့ လက်ရုံးရည်နဲ့ ပိုသက်ဆိုင်တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က တော်လှန်ရေး လောက
သား တယောက် ဖြစ်သွားတာကိုး။ နိုင်ငံရေးထဲမှာမှ မရှိမဖြစ်တဲ့ တော်လှန်ရေးကာလတခုထဲ ရောက်သွားတာကိုး ကျနော်က။”
တခုပြန်ကောက်ချင်လို့ပါ။ လွိုင်ကော်ကို သွားတယ်ဆိုတာက လွိုင်ကော်က မြို့ခံတွေကို စည်းရုံးရေး ဆင်းတာလား။ ဘယ်လိုပုံစံမျိုးလဲ။
“ဟုတ်ပါတယ်။ ကျနော်က အရင်တုန်းက လွိုင်ကော်မှာ ရှိခဲ့တဲ့ လူဟောင်းတွေနဲ့ အတွင်းအပြင် ပေါ့ဗျာ။ ကျနော်က
ပြတ်နေတယ်ဗျ။ ပြတ်နေတော့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ စစ်ရေး သတင်းရော၊ နိုင်ငံရေးသတင်းတို့၊ ဘာတို့ ဟာကို ပြန်ရအောင် ယူတဲ့အခါကြတော့ ဆက်သွယ်ရတယ်လေ။ အတွင်းအပြင် ပြန်ချိတ်ဆက် လုပ်ရင်းနဲ့ ကျနော် အဖမ်းခံရတာ။”
အဖမ်းခံရတဲ့ ပုံစံလေး နည်းနည်း ပြောပြပေးလို့ရမလား ခင်ဗျာ။
“အဖမ်းခံရတဲ့ပုံစံကတော့ဗျာ၊ ဒီမောဆိုမြို့ အဝင်မှာဗျ။ ကျနော်က ကျနော့်ကိစ္စနဲ့ ဒီမောဆိုအသွား၊ တပ်စုတစုနဲ့
တွေ့ပြီး အဖမ်းခံရတာပဲ။ ကျနော့်မှာ ပစ္စည်းတချို့တော့ ပါတယ်လေ။ အဲဒါက သိမ်းထားလို့ မရတဲ့ဟာ၊ တခြားလူ လက်ထဲရောက်သွားရင် အလွဲသုံးစားလုပ်နိုင်တဲ့ ပစ္စည်းတွေပါလို့။ ကျနော်ကလည်း မထားခဲ့ဘဲနဲ့ ယူသွားတဲ့အခါ အဲဒါတွေ အဓိကလိုဖြစ်သွားတာပေါ့ဗျာ။”
လူကရော နည်းနည်းလေးလား ကိုအောင်ကျော်စိုးတို့ သွားတုန်းက။
“ကျနော့ဘော်ဒါ တယောက်တော့ ပါတယ်။ ဒါပေမယ့် ကျနော်လည်း ရှင်းရှင်းပြောမယ်၊ ကိုယ့်ကို ကိုယ် ယုံကြည်မှု များသွားတာပေါ့ဗျာ။ ရန်သူ့ကို အထင်သွားသေးလိုက်လို့ ကျနော်မှားသွားတာပေါ့။”
ထောင်ဝင်စာ ပုံမှန်တွေ့ခွင့်ရလား။
“ထောင်ဝင်စာ ပုံမှန်တွေ့ခွင့်ရတယ်ဆိုတာ ကျနော့်အိမ်ကလည်း အဆင်ပြေတာမဟုတ်ဘူးလေ။ သူတို့ တွေ့ချင်တဲ့ ဆန္ဒရှိတဲ့အချိန်လေး ၄-၅ နှစ်လောက် တခါလာ၊ နှစ်နှစ်တခါလာလိုက် အဲဒီလို ပေါ့ဗျာ။ ဒီမှာရှိတဲ့ ကျနော့်ဘော်ဒါ အပေါင်းအသင်းတွေကပဲ ကျနော့်ကို ကျွေးထားတာကိုး။”
ဒီမှာရှိတဲ့ ဘော်ဒါအပေါင်းအသင်းဆိုတာ ဘယ်မှာပြောတာလဲ။
“အော် အင်းစိန်အကျဉ်းထောင်ထဲမှာရှိတဲ့ ဘော်ဒါအပေါင်းအသင်းတွေလေ။ သူတို့တွေပဲ ကျနော့်ကို ကြည့်ရှု့
စောင့်ရှောက်ထားတာပေါ့ဗျာ။”
ကိုအောင်ကျော်စိုးက အသက်ဘယ်လောက်ရှိပြီလဲ ခင်ဗျ။
“ကျနော် ၄၄ နှစ်ရှိပြီ။ ကျနော် ထောင်ကျတုန်းက ၂၂ နှစ်။”
ဆိုတော့ ၈၈ မှာ ဘယ်နေရာမှာ ပါတာလဲ။
“ကျနော် လွိုင်ကော်မြို့နယ်မှာ ပါတာ။ လွိုင်ကော် အထွေထွေသပိတ်ကော်မတီမှာပါတာ။ အဲဒီတုန်းက လုံခြုံရေးနဲ့ ပြန်ကြားရေးဌာနဘက်မှာ ပါပါတယ်။”
ဇာတိကရော။ မိဘတွေနဲ့ အဆက်အသွယ်ရပြီလား။
“လွိုင်ကော်၊ လွိုင်ကော်မြို့မှာပဲ။ ကျနော့်အမေကတော့ ၈၅ (ခုနှစ်) ကတည်းက တောင်ဥက္ကလာမှာ ဆုံးတယ်ဗျ။ အဖေကတော့ ကျနော့်ကိစ္စနဲ့ အလုပ်ပြုတ်တယ် ကြားပြီးမှ ကျနော်အဆက်အသွယ် လုံးဝမရှိတော့ဘူး။ ကျနော့်
မိသားစု ကျန်ခဲ့တဲ့ အမတွေ ညီမတွေနဲ့လည်း အဆက်သွယ်မရှိတော့ဘူး ပျောက်သွားပြီဗျ။ သေတယ် ရှင်တယ် မသိဘူးပေါ့ဗျာ။ ကျနော့် အိမ်ကလည်း နောက်ပိုင်း ကလည်း ဘယ်သူ့မှ မသိဘူး။ အခု ကျနော်ထွက်မှ ပြန်စုံစမ်း ရမှာပါ။”
၈၈ မှာ ကျောင်းတက်နေတာလား။
“ကျနော်က ၁၀ တန်းကျောင်းသားပဲရှိသေးတယ်။ အပြင်ဖြေနေတာ ကျနော်က။”
ထောင်ကထွက်တော့ ထောင်က အိမ်ပြန်ဖို့ ပိုက်ဆံတွေဘာတွေ ပေးလား။
“၁,၀၀၀ (ကျပ်) ပဲပေးတယ်လေ။”
ထောင်ထဲမှာနေတော့ မိတ်ဆွေတွေဆီက အထောက်အကူ အထောက်အပံ့ရလား။
“ကျနော့် သူငယ်ချင်း ဆန်နီပို့လို့ တဆင့်တော့ ရဖူးတာရှိတယ်ဗျ။”
ဆန်နီဆိုတာ ဘယ်ကဆန်နီကို ပြောတာလဲ။
“ကျနော်တို့ အေဘီကလေ။ သူ ကျနော့်ကို ပို့ပေးလို့ နှစ်ခါလား၊ ကျနော့ဆီရောက်လာဖူးတယ်။ ကျနော့်ဘော်ဒါ
ကနေ တဆင့်ပို့ပေးတာ။”
အခုက အကြမ်းမဖက် လှုပ်ရှားမယ်ဆိုပြီးတော့ ကိစ္စတွေလည်း ရှိတာပေါ့နော်။ နိုင်ငံရေးမှာလေ။ ကိုအောင်ကျော်စိုးအနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုမြင်လည်းဗျ။
“အခုလက်ရှိတော့ ကျနော်လည်း လေ့လာနေသေးတယ်ဗျ။ ဒီအပြင်မှာရှိနေတဲ့ အပြင်လောကသား အခြေအနေ
တွေလေ။ အခုလောလောဆယ်တော့ ကျနော့်အနေနဲ့ ပြောလို့မရသေးဘူးခင်ဗျ။”
၈၈ မှာလည်း ပါခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံအပြောင်းအလဲမှာ လက်နက်ကိုင် လှုပ်ရှားနေတဲ့ အခန်း ကဏ္ဍတွေကရော ဘယ်လိုလဲ။
“အဲဒီ လက်နက်ကိုင် အခန်းကဏ္ဍကတော့ စွန့်ပစ်လို့မရတဲ့ အခန်းကဏ္ဍတခုပါပဲ။ ဒါကိုလည်း ဒီလက်နက်ကိုင် လမ်းစဉ်ကြီး တခုလုံးနဲ့တင်လည်း ပြုပြင်ပြောင်းလဲရမယ်လို့တော့ တချိန်တုန်းကတော့ ကျနော် ထင်ခဲ့တာပေါ့
လေ။ နောက်ပိုင်းမှာ ကျနော့်အတွေ့အကြုံအရ သိလာရတာကတော့ လက်နက်ကိုင်လမ်းစဉ်တခုထဲနဲ့ ကျတော့
လည်း အဆင်မပြေလောက်ဘူးလို့ ကျနော်ထင်တယ်ဗျ။ လက်ရုံးရည်၊ နှလုံးရည် ပူးတွဲပြီး လုပ်မှပဲ အဆင်ပြေ မယ်လို့ထင်တယ်။”
အဲဒါက ဘယ်တုန်းကစပြီး ပြောင်းလဲသွားတာလဲ။
“အသက်လည်းနည်းနည်းကြီးလာ။ ဒီဘက်မှာရှိတဲ့ ထောင်ထဲမှာနေခဲ့တဲ့ အတွေ့အကြုံလေးတွေပေါ့။ အပြင်က ကြားတဲ့ဟာလေးတွေနဲ့ နောက်ပြီးမှ လက်ရှိ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ အခြေအနေ တွေပေါ့လေ။ ကျနော်တို့ ဒီလက်နက်ကိုင်အဖွဲ့အစည်းဘက်မှာလည်း စည်းလုံးညီညွတ်မှု မရှိကြတဲ့ဟာတွေကို ကျနော် အဓိကပြောချင်
တာပေါ့။ ကျနော်တို့ ဒီထောင်ထဲမှာရှိတဲ့လူတွေ တော်တော်များများက ရင်ထဲမှာ ခံစားရတာက၊ အဲဒါ တော်တော် ခံစားရတယ်ဗျ။ အဖွဲ့အစည်းတွေ အရမ်းများပြားပြီးမှ စည်းလုံးညီညွတ်မှု မရှိတဲ့ဟာလေးတွေပေါ့ဗျာ။ အဲဒါလေး
တွေကနေ အခြေခံတာပါပဲ။”
အေဘီအက်စ်ဒီအက်ဖ် ABSDF အဖွဲ့ဝင်အနေနဲ့ အဖမ်းခံရတာဆိုတော့ အခုရော ကိုယ့်ကိုယ် ဘယ်လိုထင်လဲ။
“အခုအချိန်ထိလည်း ကျနော် အေဘီရဲဘော်ဟောင်း တယောက် အနေနဲ့ပဲ ကျနော့်ကိုယ် ကျနော် ယုံကြည်ထား
တယ်။ လက်ခံထားတယ်ဗျာ။”
ဆိုတော့ ABSDF အပေါ်ရော ဘာပြောချင်သေးလဲ။
“လက်ရှိ အေဘီမှာ ဘယ်သူတွေ ဘယ်လို တာဝန် ထမ်းဆောင်နေတယ်ဆိုတာ ကျနော် မသိရသေးဘူးဗျ။
ပြောလို့ရရင် ပြောပြပေးပါ။”
ကိုသံခဲက ဥက္ကဋ္ဌ အတွင်းရေးမှူး ကိုဆန်နီ၊ ကိုမျိုးဝင်းက ဒုဥက္ကဋ္ဌ။ ဆိုတော့ မျက်စိထဲမြင်လို့ရလား။ အဲဒါဘယ်လိုပြောချင်လဲ။
“မြင်လို့ရပါတယ်။ လက်ရှိ ABSDF ရဲ့ အခြေအနေကတော့ ကျနော် ကြားရသလောက်ကတော့ဗျာ ဒီထဲမှာပေါ့
လေ။ လုပ်နေတာကိုင်နေတာလေးတွေ မဆိုးပါဘူး။ ကျနော် အေဘီအပေါ်မှာ လက်ရှိလည်း အေဘီ ရဲဘော်
ဟောင်း တယောက်အနေနဲ့ လက်ခံထားတယ်ပေါ့လေ။ ကျနော်ကြားနေရ တာ ဒီအေဘီဆိုတဲ့ ဆိုင်းဘုတ်ကြီး မပျောက်ကွယ်သွားအောင် ဆက်လက်ထိန်းသိမ်းထားတာ သူတို့ကိုလည်း ကျေးဇူးတင်တယ်ဗျ သိလား။ ဆက်လက်ပြီးမှလည်း အေဘီကို ရှင်သန် ပေါက်ဖွားနေအောင်လို့ ဆက်လက် ထိန်းသိမ်းထားနိုင်တာကိုလည်း
ကျေးဇူးတင်ပါတယ်။”
“အဖေကတော့ ကျနော့်ကိစ္စနဲ့ အလုပ်ပြုတ် တယ် ကြားပြီးမှ ကျနော် အဆက်အသွယ် လုံးဝ မရှိတော့ဘူး။ ကျနော့် မိသားစု ကျန်ခဲ့တဲ့ အမ
တွေ ညီမတွေနဲ့လည်း အဆက်သွယ် မရှိတော့ ဘူး ပျောက် သွားပြီဗျ။ သေတယ် ရှင်တယ် မသိဘူးပေါ့ဗျာ။ ကျနော့် အိမ်ကလည်း နောက် ပိုင်း ကလည်း ဘယ်သူ့မှ မသိဘူး။ အခု ကျနော် ထွက်မှ ပြန်စုံစမ်းရမှာပါ”
ABSDF ကို အစိုးရကတော့ မတရားအသင်းလို့ ပြော
ထားတယ်။ အခု ကိုဖိုးခွား အဲဒီလိုမျိုးတွေ ပြောတဲ့
အခါက်ေတာ့ အစိုးရက တခုခု လုပ္မွာ မစိုးရိမ္ဘူး
လား။
“ဒါလည်း ကျနော် အရင်ကတည်းကလည်း ပြောခဲ့တယ်လေ။ ဘာလို့လည်းဆိုတော့ အဲဒီကိစ္စနဲ့ လည်း ကျနော်က ၁၇ (၂)
ဆိုတဲ့ဟာနဲ့ ထောင်ကျတာကိုး။ မစိုးရိမ်ပါဘူး။ အခုလက်ရှိပဲ သူတို့ပေးတဲ့ ပြစ်ဒဏ် ကျနော်ကျခံပြီး ပြန်ထွက်လာပြီလေ
ဗျာ။”
ပြစ်ဒဏ် လျှော့ပေးလိုက်တဲ့ အပေါ်မှာရော ဘယ်လိုခံစားရလည်း။ ဘယ်လိုမြင်လဲ။
“သူတို့ လျှော့မပေးလည်း ကျနော် လွတ်ခါနီးပြီဗျာ။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ သူတို့ နိုင်ငံတော် တနှစ်ပေး
တာရယ်၊ ဟိုး နဂိုကရထားတဲ့ လျှော့ရက်တွေနဲ့ အားလုံးပေါင်းလိုက်လို့ ရှိရင် ကျနော် ရှေ့နှစ်ထဲမှာ လွတ်မယ်ဗျ။
၁၀ ရက်၊ ဒီဇင်ဘာမှာ ကျနော်လွတ်မှာ။ ၂၀၁၂ ခုနှစ် ၁၀ ဒီဇင်ဘာ။ ကျနော်လွတ်မယ့်ရက်။ အဲဒါ ကျနော့်ရက်ပဲ။
၉၃ ကနေ ၉၈ မတ်လအထိ ရထားတဲ့ လျှော့ရက်တွေ ပေါ့လေ။”
အင်းစိန်ထောင်ထဲမှာ နီးနီးကပ်ကပ် သိတဲ့လူတွေ ဘယ်သူတွေ ကျန်ခဲ့သေးလည်းဗျ။
“ဥာဏ်ထွန်းလင်းလို့လည်း ခေါ်တယ် ဥာဏ်ကြီး- ရန်နိုင် ဗကသ နိုင်ငံခြားရေး ကော်မတီကလေ ကျန်တယ်၊
ညီညီထွန်း ကန္တရဝတီ ဂျာနယ်က အယ်ဒီတာ။ သော်ဇင်ထွန်း၊ ကောင်းမြတ်လှိုင်၊ စောနိုဘယ် တို့က ပိုက်ဆံမှာ ဆင်တံဆိပ်နေရာမှာ အန်တီစုပုံကိုထည့်ပြီးမှ ဖြန့်တယ်ဆိုပြီးမှ ထောင်ကျလာတဲ့ အမှုတွဲ နှစ်ယောက်ရှိတယ်၊ သက်နိုင်ဦးနဲ့။ နောက် သန်းနိုင်ဦးဆိုတာ မန္တလေး အန်အယ်ဒီက။ နောက် ရခိုင်အုပ်စုတွေ ကျန်သေးတယ်၊
အောင်နိုင်တို့၊ ဇော်ထွန်းနိုင်တို့။ နောက် စက်တင်ဘာ ကိစ္စတုန်းက ကျခဲ့တဲ့ ဘုန်းကြီး ဦးဝါယမတို့၊ ဝိသုတ္ထိ၊ ကျန်သေးတယ်။ တိုက်ထဲမှာဆိုရင် လည်း သက်လှိုင်၊ မောင်မောင်မြင့်တို့ အများကြီးကျန်ပါတယ်။ သူတို့တွေ က နှစ်ကြီးတွေဗျ။ နေထားတဲ့ နေထားတွေက တယောက်ကို ၄-၅ နှစ်တော့ ရှိကြပြီပေါ။့”
လက်ရှိကျန်းမာရေး အခြေအနေ ပြောပြပေးပါလား။
“လိပ်ခေါင်း ခွဲရဦးမယ်ဗျ။ ကျနော်ထောင်ထဲမှာကတည်းက ခွဲစိတ်တင်ထားတာ ခွင့်ပြုချက်ကတော့ ကျပြီးပြီ။
ထုတ်ဖို့ မနေ့က ထုတ်မလား၊ ဒီနေ့ထုတ်မလားဆိုတာ၊ ဒီနေ့ထုတ်လာလို့။ မနေ့က လွတ်လာလို့။ ၁၄-၁၅ နှစ်
လောက်ရှိပြီဖြစ်နေတာ။ ကိုယ့်ကိုကိုယ်တော့ ထိန်းတာပေါ့ဗျာ။ ခွဲစိတ်ဖို့ က ပထမ မခွဲစိတ်ချင်ဘူးပေါ့။ တဖြေး
ဖြေးနဲ့ ဆိုးဆိုးလာတော့ ခွဲစိတ်ဖို့တင်လိုက်တာ။ ဆေးတွေ ဘာတွေတော့ ကောင်းကောင်းလေးပေး ပါတယ်။
နောက်ပိုင်းမှာ။”
“ကျနော်တို့ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့က ကိစ္စကို သိသေးလားမသိဘူး။ ကျနော်တို့ Hunger strike (အစာငတ်ခံ
ဆန္ဒပြ) ဝင်တဲ့ကိစ္စလေ”
အဲဒါလေး ပြောပြပါဦး ခင်ဗျာ။
“ကျနော်တို့ ၁၇ ယောက်လေ။ ဥာဏ်ကြီးရယ်၊ ကောင်းမြတ်လှိုင်၊ သော်ဇင်ထွန်း၊ ဇင်လင်းရှိန်၊ နိုင်ဝင်း၊ ဇော်လတ်၊
အောင်နိုင်၊ ဇော်ထွန်းနိုင်၊ ဝဏ္ဏဌေး ( ခေါ် ) ဝိသုတ္ထိ၊ စောနိုဘယ်၊ သက်နိုင်ဦး၊ သန်းနိုင်ဦး၊ ညီညီထွန်း၊
ဦးတိလောက၊ အားလုံးပေါင်း သံဃာ သုံးပါးပါတယ်။ မေ ၂၂ ရက်နေ့က ဒီအင်းစိန်ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြတယ်လေ။ ဒီနှစ်မှာ”
“ကျနော်တို့ demand (တောင်းဆိုချက်) က ခြောက်ချက်တင် တယ်။ စားရေးပေါ့လေ သူတို့ကျွေးနေတာထက်
ပိုပြီးမှ နည်းနည်း ခေတ်မှီမှီလေး ကျွေးပေးဖို့ရယ်၊ အဝတ်အစားကိစ္စ အဝတ်ကို ပုံစံပေးတဲ့ အဝတ်အစားက အရှက်လုံအောင် ပေးထားတာလေးလေ။ အရမ်းလည်းပါးတယ်။ အဲဒါလေးကို လူ့ဂုဏ်သိက္ခာနဲ့ညီတဲ့ အဝတ်အစား
တွေပေးဖို့၊ နောက် နေရေးကိစ္စမှာ ကျနော်တို့နေတဲ့ အခန်းတွေမှာ ဂျပိုးတွေ၊ ခြင်တွေ၊ အရမ်းများတာကောဗျ။
နောက် ကျနော်တို့ သာမန်-သီးသန့် အကျဉ်းသားတွေကို ထောင်ဝင်စာ တွေ့တဲ့အခါမှာ နိုင်ငံခြားသားတွေ့သလိုမျိုး လွတ်လပ်စွာတွေ့ခွင့်ပေးဖို့။ နောက် စာရေးခွင့်တောင်း တယ်ဗျ။”
စာရေးခွင့်ဆိုတာ ဘာကိုပြောတာလည်း။ အပြင်ကိုဆက်သွယ်ခွင့်လား။
“ထောင်ထဲမှာနေပြီးမှ စာရေးခွင့်ပေါ့ဗျာ၊ ကြိုက်တဲ့စာရေးခွင့်ပေါ့ဗျာ။ (အပြင်ကိုဆက်သွယ်ဖို့ မဟုတ်ဘူး) ကိုယ့်ဟာ ကိုရေးဖို့၊ ဝတ္ထုပဲ ရေးရေး ဆောင်းပါးပဲရေးရေးပေါ့ဗျာ။ နောက် ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့် ထားပေးဖို့၊ အဲဒီ အချက် ခြောက်ချက်တောင်းတာ။”
“တောင်းတော့ ကျနော်တို့ကို ၁၇ ယောက်လုံးကို ၅ ဆောင်တိုက်ထဲမှာ ထည့်ထားလိုက်တယ်။ ပြင်ပနဲ့ အဆက် အသွယ်ဖြတ်တာပေါ့ဗျာ။ ၂၂ ရက်နေ့စတယ် ၂၃၊ ၂၄၊ ၂၅ ရက်နေ့ကျတော့ ကျနော်တို့ကို လာပြီးမှ ညှိနှိုင်းတဲ့ အဖွဲ့ရှိတယ်ဗျ။ အဖွဲပခေါင်းဆောင် ထွေအုပ်ဦးစီးဌာနညွှန်မှူး ဦးတင်သိန်း ဆိုတာ၊ နောက် အကျဉ်းဦးစီးဘက်က ဗိုလ်မှူးထွန်းစိုး၊ ခရိုင်ရဲမှူးရယ်၊ စသုံးလုံး ရယ်၊ ကျနော်တို့ကိစ္စတွေ သူတို့ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်၊ ဘာညာဆိုတော့ဗျာ ကျနော်တို့ က သပိတ်လှန်ပေးလိုက်တာပေါ့။ သပိတ်လှန်ပေးပြီးမှ ကျနော်တို့ အားလုံး ၁၇ ယောက်ကို အဲဒီ (၅) ဆောင်တိုက်ထဲ ထည့်ထားလိုက်တယ်။”
“ကျနော်တို့တောင်းတဲ့အချက်တွေက အထက်အစိုးရပိုင်းကလည်း သိသွားတာကိုး။ သူတို့ရဲ့ ပြောကြားချက်အရ
တော့ ဒုသမ္မတဦးတင်အောင်မြင့်ဦးအထိ ရောက်သွားတယ်လို့ ပြောတာပဲ။ ဟုတ်မဟုတ်တော့ ကျနော်တို့ မသိဘူး
နော်။ ကျနော်တို့လည်း လူကြီးသိပြီဆိုတော့ ကျနော်တို့ လိုချင်တဲ့ အချက်ရသွားပြီလေ။ သပိတ်လှန်ပေးလိုက်တာ။ လူကြီးပိုင်းတွေက ကတိပေးတာကိုး။”
“၅ ဆောင်တိုက်ထဲ ထည့်ထားပြီးမှ ကျနော်တို့ရဲ့ လိုအပ်တဲ့ဟာတွေကို တော်တော်များများ ပေါ့လေ သူတို့ လုပ်ပေးပါတယ်။ (၅) ဆောင်တိုက်ကို သူတို့သေချာ ပြန်ပြင်ပေးတယ်လေ။ ရေလောင်းအိမ်သာတို့ ဘာတို့၊
အောက်က ကြွေပြားခင်းတာဘာညာ လုပ်ပေးပါတယ်။ ကျနော်တို့ ရောက်ပြီးကာမှ လုပ်ပေးတာ။ ဆေးဝါး ကုသတဲ့ အခါမှာလည်း အရင်နဲ့ မတူတော့ဘူးပေါ့ဗျာ။ ကျနော်တို့အတွက် သီးသန့်ပုံစံမျိုးလိုဖြစ်သွားတာပေါ့။ ကျန်တဲ့ တခြားဟာတွေကတော့ ထုံးစံ အတိုင်းပေါ့။”
"အပြင်ကကြားတဲ့ဟာလေးတွေနဲ့ နောက်ပြီးမှ လက်ရှိ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ အခြေအနေ
တွေပေါ့လေ။ ကျနော်တို့ ဒီလက်နက်ကိုင် အဖွဲ့အစည်းဘက်မှာလည်း စည်းလုံးညီညွတ်မှု မရှိကြတဲ့ဟာတွေကို ကျနော် အဓိက ပြောချင် တာပေါ့။ ကျနော်တို့ ဒီထောင်ထဲမှာ ရှိတဲ့လူ
တွေ တော်တော်များများက ရင်ထဲမှာ ခံစား ရတာက၊ အဲဒါ တော်တော် ခံစားရတယ်ဗျ။”
ဒါဆို ကိုအောင်ကျော်စိုးတို့ ၁၇ ယောက် အတွက်ပဲ လုပ်ပေးတဲ့သဘောပေါ့။
“အဲဒီသဘောမျိုးဖြစ်သွားတယ်။ နောက်ပိုင်းကျမှ သိတာပါ။ အစကတော့ အားလုံးအတွက်ပဲ ဖြစ်တယ်လို့ ထင်တာ။
နောက်ပိုင်း ဒီကိစ္စကို ကျနော်တို့ စောဒကတက် တယ်လေ။ သူတို့အနေနဲ့ လည်း တဖြေးဖြေးနဲ့ ပြုပြင်ပြောင်းလဲ
နေပါတယ်ဆိုတာကို သူတို့ကိုယ်တိုင်လည်း ဝန်ခံပါတယ်။”
ထောင်ဝင်စာတွေ့တာ မလွတ်လပ်ဘူးဆိုတော့ ဘယ်လိုဖြစ်လို့လဲ။
“ကျနော်တို့က မှန်ခန်းနဲ့ တွေ့ရတယ်ဗျ။ တယ်လီဖုံးနဲ့ ပြောရတယ်။ နိုင်ငံခြားသားတွေကျတော့ သီးသန့် ဧည့်ခန်း ထဲမှာတွေ့ရတယ်ဗျာ။ ကျနော်တို့ကျတော့ လုံခြုံရေးက စာနဲ့လည်းလိုက်မှတ်တယ် နှစ်ယောက် (မှတ်တယ်)။
ဟိုဘက်၊ ဒီဘက်ပေါ့လေ။ ပြီးတော့ ဖုံးနဲ့လည်း ပြောရတယ်။ မလွတ်လပ်ဘူးပေါ့ဗျာ။ နိုင်ငံခြားသားတွေကျတော့ လွတ်လွတ်လပ်လပ် ပြောနေကြတာကိုး။ စင်ကာပူတို့၊ အမေရိကန်၊ တရုတ်၊ ထိုင်းတို့ အဲဒါတွေပေါ။့”
အဝတ်အစားက တစုံပဲပေးတာလား။
“အဝတ်အစားက စကျခြင်းတော့ နှစ် စုံဗျ။ နောက်ပိုင်းကျမှ ခြောက်လကို တစုံတစုံလဲပေးတယ်။ ခြောက်လ
တစုံတစုံ လဲပေးတယ်ဆိုတာလည်း ကျနော်တို့ကျမှ လဲပေးတာပါ။ တခြားသူတွေကတော့ ထုံးစံအတိုင်းပေါ့ မရဘူးပေါ့။”
ထောင်ထဲမှာ စာဖတ်ခွင့်ရလား။ ဘယ်လိုစာမျိုးဖတ်ရလည်း။
“ဖတ်ခွင့်ရတယ်လေ။ သူတို့ လုပ်ထုံးလုပ်နည်းအရ စိစစ်တာဘာညာလုပ်နေတာနဲ့ သုံးရက်တော့ ကြာတာပေါ့။ သူတို့ ထောင်ဝင်စာလာလို့ အိမ်ကသွင်းပေးတဲ့ ဂျာနယ်တွေပေါ့။ အများအားဖြင့် တော့ The Voice တို့၊ ပြည်သူ့
ခေတ်တို့၊ Weekly Eleven တို့။ အစိုးရထုတ်တဲ့သတင်းစာကျတော့ အကျဉ်းဦးစီးက ပေးတယ်လေ။ ကျနော်တို့ ဆို နေ့ခင်း ၁၂ နာရီလောက်ဆို စဖတ်ရပြီ။ ကျနော်တို့တိုက်ကို တစောင်ပေးထားတယ်။”
တိုက်မှာ ဘယ်နှစ်ယောက်ရှိလဲ။
“ကျနော်တို့ (၅) ဆောင်တိုက်မှာ အားလုံးပေါင်း လွတ်သွားတာနဲ့ ဘာနဲ့ဆိုတော့ လက်ရှိ ကိုးယောက်ပဲ ကျန်တယ်။ အရင်တုန်းက ကျနော်တို့ ၁၇ ယောက်မှာ ပထမ တယောက်လွတ်သွားတယ်။ ကျနော် တို့ လွတ်တဲ့လူဆို
လေးယောက် ရှိသွားပြီပေါ့။ ကျန်တဲ့ ၁၃ ယောက်မှာ သုံးယောက်က ထောင်ဆေးရုံ မှာ နှစ်ယောက်၊ အပြင်ဆေးရုံ
မှာ တယောက်။ အပြင်ဆေးရုံမှာတက်နေတဲ့ ဇော်ထွန်းနိုင်ဆိုတဲ့ ရခိုင်က ဂရင်ဂျီနာခွဲတာဗျ။ ကျန်တဲ့ တိလောက
ဆိုတဲ့ ဘုန်းကြီး ... ဆီးရောဂါ။ မျိုးကြီးဆိုတဲ့ ကောင်လေးကျတော့ သူက စိတ်ကျရောဂါပုံစံမျိုးဖြစ်နေတာ။”
ထောင်ထဲမှာ သံဃာတွေကို ဆက်ဆံတဲ့ပုံစံကရော ဘယ်လိုလဲ။
“အာ … လူလိုပါပဲ။”
http://www.mizzimaburmese.com/interview/8483--absdf--.html
ဒေါ်အောင်ဆန်းစုကြည် လူငယ်တွေကို အားကိုး
2011-10-13
မြန်မာနိုင်ငံရဲ့အနာဂတ်အရေးအတွက်လူငယ်တွေကိုအားထားကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
NLD ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ဂါရဝပြုကန်တော့ပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။ လူငယ်တွေအနေနဲ့ ဘ၀ရဲ့ ဆုံးမ သြ၀ါဒတွေကို မှန်မှန်ကန်ကန် ခံယူနိုင်ဖို့ အတွက် ကိုယ့်ကိုယ်ကို သွန်သင်ဆုံးမ တတ်ဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။ တိုင်းပြည်အတွက် အနစ်နာခံ ဆောင်ရွက်ခဲ့ကြတဲ့ လူငယ်လူရွယ်အားလုံးကို သူ့အနေနဲ့ ကျေးဇူးတင်ကြောင်း နဲ့ လူကြီးလူငယ်အပြန်အလှန် နားလည်ပြီး ကျေးဇူးတရား သိတတ်တဲ့ လူကောင်းလူတော်တွေ ဖြစ်အောင် ကြိုးစားကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် အပြည့်အစုံကို ဒေါ်ခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။ ဆက်သွယ်မေးမြန်းချက်။အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news