Friday, October 14, 2011

ထောင်တွင်းမှ..ဘောင်ချာတွေ..။



Khu Daun (face book မှ )
https://www.facebook.com/photo.php?v=242205779160571

ထောင်တွင်းမှ..ဘောင်ချာတွေ..။
===================
အခုတင်ပြသည့် ဗွီဒီယိုဖိုင်တိုလေးကတော့..၁၂. ၁၀. ၂၀၁၁ နေ့ မှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့်
လွတ်မြောက်လာသော… ဦးနေ၀င်းမြေးတစုနှင့် ဖမ်းဆီးခံခဲ့ရသေ.. အုပ်စုထဲမှအဖွဲ့ ဝင်တယောက်ဖြစ်ပါတယ်။
ကျွန်တော်တင်ပြလိုတဲ့အကြောင်းအရာက… သူတို့ အမှု့ နှင့်ပါတ်သက်၍ တင်ပြလိုခြင်းမဟုတ်ပါ..၊
လွတ်လာပြီး ပြည်တွင်း မီဒီယာတွေရဲ့  ၀ိုင်းဝန်းမေးကြတဲ့အခါ သူဖြေကြားတဲ့ အထဲမှ တခုကို ပြောပြလုခြင်းကြောင့်ဖြစ်ပါတယ်..။
သူ့ အမည်ဟာ..သတင်းသမားများရဲ့ အမေးကြောင့် နန်းဝေ လို့ ဖြေဆိုတာကြားလို့ … ကိုနန်းဝေလို့ ဘဲ သုံးစွဲလိုက်ပါတယ်။
သတင်းသမားတယောက်မှ… ဘယ်ကလွတ်လာတာလဲလို့ မေးတယ်… ကိုနန်းဝေက ဆေးရုံကလို့ ပြောတယ်…၊
သတင်းသမားက.. ဘယ်အဆောင်ကလွတ်လာတာလဲလို့ တိတိကကျကျမေးတဲ့ မေးခွန်းမဟုတ်ပေမဲ့… ကိုနန်းဝေက သိရှိနားလည်စွာဖြင့်
ဆေးရုံကလို့ ဖြေကြားလိုက်ခြင်းဖြစ်ပါတယ်..။
ဒီအကြောင်းကိုပြောချင်လို့ … ဗွီဒီယို ကိုတင်ပြခြင်းဖြစ်ပါတယ်..၊
ကိုနန်းဝေက ဆေးရုံကလွတ်လာတယ်ဆိုတော့… ထောင်အကြောင်းမသိသူတွေကတော့… ဘယ်လိုနားလည်ကြမလဲမသိဘူး…၊
မသိခဲ့ရင်… သိအောင်ကျွန်တော်ပြောပြပါ့မယ်…၊
ကိုနန်းဝေဟာ ဆေးရုံမှတဆင့်လွတ်လာတယ်ပြောတယ်… သူ့ ဗွီဒီယိုင်ကိုကြည့်ပါ… နေထိုင်မကောင်းတဲ့ လူတယောက်ရဲ့ ပုံမဟုတ်ဘဲ…
ပွဲဈေးတန်းမှ ပြန်လာတဲ့ လူတယောက်နှင့်တူမနေဘူးလား….၊
ကျွန်တော်အမြင်နှင့်ပြောရရင်… ကိုနန်းဝေဟာ နေမကောင်းသူတယောက်မဟုတ်ဘဲ… ဆေးရုံမှာ ဘောင်ချာရိုက်ပြီး တက်နေသော
ဘောင်ချာ တယောက်ဘဲဖြစ်ပါလိမ့်မယ်…၊
ဘောင်ချာလို့ ပြောလို့ … နားမလည်ဘူးဖြစ်သွားပြီလား… မဖြစ်နှင့် ကျွန်တော်ရှင်းပြမယ်…အင်းစိန်ထောင်ရဲ့ လူနေမှုအဆင့်အတန်းများကိုလေ…၊
ထောင်ဆိုတော့… ထောင်တွင်းနှင့်ပါတ်သက်သော ထောင်အတွင်းသဏ္ဍာန်ကို မှန်ဘီလူးထောင်ကြည့်ပြီး… တခုခြင်း တကွက်ခြင်းကို ပြောနေရင်တော့… ဆုံနိုင်မည်မထင်ပါ…
ဒါကြောင့် အဲဒီလို ပြောမကုန်တဲ့အထဲမှ… ဘောင်ချာအကြောင်းကိုဘဲ ကျွန်တော်သိရှိသလောက် ပြောလိုက်ပါရစေ…။
ထောင်ဆိုတော့… ဘယ်လွတ်လပ်ပါ့မလဲ… သူများစိတ်နှင့်ကိုယ့်ကိုယ် နေထိုင်ကြရတဲ့နေရာလေ… လူဖြစ်ပါဖြစ်လျှက်.. လူလို သူလို ဆက်ဆံခံရခြင်းနှင့် လူလို သူလို နေထိုင်
ရတဲ့ နေရာမျိုးမဟုတ်လေတော့…. အနေရှောင်… အစားရှောင်တဲ့ နေရာကို ရှာဖွေကြရတယ်လေ….၊
ထောင်ဆိုတာ… အများစုက မကောင်းမှု့ တွေကို ကျူးလွန်၍ ရောက်ကြနေကြတဲ့ လူတွေစုပေါင်းနေထိုင်ရာနေရာ ဖြစ်တယ်ဆိုရင် မှားမည်မထင်ပါ…၊
ဒါကြောင့် မကောင်းမှု့ ဒုစရိုက်ကို ကျူးလွန်လို့ …ထောင်ထဲရောက်လာကြရင်… သူတို့ အတွက် ဒုက္ခတွေမရှိကြဘူး…. ဘာကြောင့်ဘဲဆိုတော့ သူတို့ အခြင်းခြင်း ယိုင်းပင်ကူညီကြတယ်..။
သူခိုးတွေကလည်း သူခိုးတွေအုပ်စုလိုက်… ခါးပိုက်နှိုက်ကလည်း ခါးပိုက်နှိုက်တွေ အုပ်စုအလိုက်…. ထိုနည်း၎င်း အခြားအုပ်စုတွေလည်း များစွာရှိနေကြတယ်….၊
သူတို့ တွေဟာ.. အခြင်းခြင်းယိုင်းပင်းကြတယ်… အများအားဖြင့်သူတို့ တွေဟာ ဘ၀တူသူတွေဖြစ်လို့  တယောက်နှင့်တယောက်သိရှိကြတယ်…
ဒါကြောင့် သူတို့ တွေအတွက် ထောင်ဆိုတာ ဒုက္ခမဖြစ်သည့်အပြင်… ထောင်ကိုအကြောင်းပြုလို့  အကျိုးတောင်ဖြစ်နေကြသေးတယ်…..၊
ဒီအကြောင်းအရာတွေလည်း… အကြောင်းအရာတခုဖြစ်လို့ … ဆက်ပြောရင်… လိုရင်းမရောက်ဖြစ်မှာစိုးလို့ …. ဘောင်ချာကိုဘဲ ဆက်ပြောပါ့မယ်…။

အင်းစိန်ထောင်ထဲမှာ… ထောင်ဆေးရုံဆိုတာရှိတယ်…. ဆေးရုံဆိုတော့… လူနာတွေရှိရမှာပေါ့…. ဟုတ်တယ် မဟုတ်လား..၊
မထင်နှင့်… ထောင်ဆေးရုံတက်နေကြသောလူတွေဟာ… ၈၅ ရာခိုင်နှုံးသည် နေထိုင်မကောင်းသူမဟုတ်ဘဲ…. အချိတ်အဆက်အမျိုးမျိုးနှင့် ဆက်နွယ်နေပြီး ဆေးရုံပေါ်တက်နေကြသော
လူနာမဟုတ်တဲ့ လူကောင်းတွေဖြစ်တယ်…။
သူတို့ တွေဟာ ငွေကြေးပြည့်စုံသူများဖြစ်တယ်၊ တချို့ ကတော့ လူကြီးတဦးတယောက်ယောက်နှင့် ပါတ်သက်နေသူဖြစ်တယ်…၊
အများစုကတော့ ငွေပေးဘောင်ချာဖြတ်ပြီးနေထိုင်ကြတယ်… ဒါကြောင့် ဆေးရုံပေါ်မှာ… တနေရာရရှိခြင်းနှင့် နေထိုင်ရေးအတွက်… ဆေးရုံဆရာဝန်ထံ ငွေပေးဘောင်ချာဖြတ်ရင် ဆရာဝန်ဘောင်ချာပေါ့..၊
ထောင်ပိုင်ထံမှာဝယ်ရင်..ထောင်ပိုင်ဘောင်ချာပေါ့…. စသော စသော… ဘောင်ချာအတန်းအစားတွေ အမျိုးမျိုးရှိတယ်… ဒီလူတွေက ဆေးရုံပေါ်မှာနေထိုင်ခွင့်ရပြီး နေထိုင်နေကြတယ်…၊
ကျွန်တော်မေးမြန်းသိရှိသလောက်… ချောင်ချာဖြတ်ခကို… ကိုယ်နှင့်သက်ဆိုင်သူကို လစဉ်ပေးသွင်းရတယ်…၊
ဆေးရုံမှာ ဒီစီ ကျတယ်ဆိုတာရှိတယ်… ကျွန်တော်လဲနားမလည်းဘူး ဒီစီ ရဲ့ အဓိပ္ပါယ်ကို…( ထားလိုက်ပါတော့ )
ကျွန်တော်နားလည်သော အဓိပ္ပါယ်က… သက်ဆိုင်သူကို လစဉ်ပေးရမဲ့ဘောင်ချာဖြတ်ခ မပေးရင်… အဆောင်ကိုပြန်ပို့ တယ်… အဲဒါကို ဒီစီကျတယ်လို့ ခေါ်တယ်..( ထောင်အခေါ် ) ။
ဒါကြောင့် ထောင်တွင်းဆေးရုံမှဘောင်ချာတွေဟာ… ဒီစီ မကျအောင် အပြင်ရှိမိသားစုများကို လစဉ်ငွေမှန်မှန်ပေးသွင်းရန်… ထောင်ဝင်စာလာတွေ့ တိုင်း..သတိပေးလေ့ရှိကြတယ်…၊
တကယ်လို့  ငွေသွင်းမမှန်လို့ … ဒီစီကျ ဆေးရုံမှဆင်းရရင်… ငရဲဘုံကိုရောက်မယ်ဆိုတာ… သူတို့ သိတယ်လေ…၊ ဘာကြောင့်လဲဆိုတော့ ထောင်ထဲ ၀င်စဉ်တုန်းက.. ဆေးရုံ ဘောင်ချာမရမှီ
အဆောင်မှာနေဖူးကြတော့… သူတို့ တွေ အဆောင်မှာနေတဲ့ အရသာကိုမြီးဖူးခဲ့ကြတယ်လေ…။
ဘာတွေများကွဲပြားခြာနားသလဲ… အဆောင်နှင့်..ဆေးရုံ…..၊ ကွာခြားတာကိုပြောရရင်… နတ်ပြည်နှင့် ငရဲဘုံ ပမာကွာခြားလှပေတယ်။
အဆောင် ငရဲဘုံအကြောင်းကိုတော့မပြောတော့ဘူး…. သိပ်ရှည်လျှားပါ့မယ်….၊
ဆေးရုံအခွင့်အရေးကတော့…. ဆေးရုံပေါ်တက်နေသူဟာ…. ချောက်ချာဘဲဖြစ်ဖြစ်… အားလုံးဟာ လူနာအဖြစ် သတ်မှတ်ထားတယ်လေ…။
ဆေးရုံမှာတက်နေသူဟာ… မိုးလင်းအဆောင်ဖွင့်ပြီးရင်… ဆေးရုံးဝင်းတခုခုံးလွတ်လွတ်လပ်လပ် သွားလာနေထိုင်လို့ ရတယ်…၊
အလုပ်မလုပ်ရဘူး… ရေချိုးချိန်မှာ ရေ၀အောင်ချိုးလို့ ရတယ်… နေ့ စဉ် ညနေတိုင်းအသားစားရတယ်..၊ လျှပ်စစ်နှင့်ရေနွေးကြိုလို့ ရတယ်..ဒါကြောင့်ကော်ဖီသောက်လို့ ရတယ်..။
ထောင်ကျဖြစ်သော်လည်း… ဆေးရုံတက်နေရင်… ရဲဖက်လိုက်ရတဲ့ အန္တရာယ်ကကင်းတယ် ( ဟုတ်တယ်လေ.. ဆေးရုံတက်နေတဲ့လူနာက ဘယ်လိုလုပ် ရဲဖက်လိုက်လို့ ရမှာလဲ
…. ဆရာဝန်ခွင့်ပြုချက်မပေးနိုင်ဘူးလေ…. အဆောင်နေကြတဲ့လူကိုတော့ သေခါနီးလူဖြစ်ရင် ဆရာဝန်က ရဲဖက်လိုက်နိုင်ကြောင်း ဆေးစာရေးပေးလေ့ရှိတယ်… )
စသော စသော အခွင့်အရေးတွေကြောင့် ထောင်ထဲရောက်လာကြသော တတ်နိုင်သူတွေနှင့်
ပါတ်သက်ရာ ပါတ်သက်ကြောင်းရှိသူတွေဟာ…. သင့်တော်ရာနေရာများမှာ…. ဆေးရုံတက်ဘောင်ချာဖွင့်ပြီး… အကျဉ်းထောင်ထဲဆေးရုံပေါ်မှာ … လူနာကုတင်တွေကို ပိုင်စားဝယ်ပြီး
သုခချမ်းသာခံစားနေကြသော သူများကို ဘောင်ချာလို့  ထောင်တွင်းဝေါဟာရအဖြစ်ခေါ်ဆိုကြလေ့ရှိသည်။

တိုက်တွေမှာ… ယုံကြည်ချက်ကြောင့်အဖမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများအတွက်တော့…. ဆေးရုံဆိုတာ နိဗ္မာန်ကို မျော်မှန်းရသလို..အလွန်ဝေးကွာလှတယ်…၊
နိုင်ငံရေးအကျဉ်းသားဖြစ်နေတော့…. ဘောင်ချာရိုက်လို့ လည်းမရ… ထားရာနေ..စရောသွား…. ကျွေးတာစားအဖြစ်နှင့် အလွန်ဒုက္ခရောက်ကြရတယ်….၊
ယုံကြည်ချက်ကြောင့် ရောက်လာခဲ့ကြတာဆိုတော့…. ယုံကြည်ချက်တွေနှင့်ဘဲ စိတ်ဓါတ်ကို ခိုင်ခန့် အောင်လုပ် ပြီး အရာရာကိုရင်ဆိုင်ကြရတယ်..။
နေထိုင်မကောင်းလို့ ဆေးရုံတက်ခွင့်မရှိ… ထောင်ဝန်ထမ်းများထွေမှာလည်း လုပ်ပိုခွင့်မရှိ…. ထောက်လှမ်းရေးဆိုတဲ့ ငရဲမင်းများရဲ့ အဆုံးအဖြတ်များနှင့် ဘ၀တွေ အသက်တွေရင်းပြီး
နေထိုင်နေကြရတယ်….၊ ထောင်တွင်းဆေးရုံအပေါ်ထက်မှာ… ၅ည အခန်းဆိုပြီး နိုင်ငံရေးသမားအတွက်… လူနာခန်းသီးသန့် ရှိတယ်… ဒါပေမဲ့ လူနာမရှိဘူး… ( နိုင်ငံရေး အကျဉ်းသားများ
မရှိ ) ဆိုတာကို ပြောချင်လို့  ..ဆေးရုံပေါ်တက်ရောက်ကုသခွင့်မပေးခဲ… ဆေးရုံပေါ်မှ ၅ည အခန်းကို လူနာမဲ့ထားတာလားဆိုတာ…. သူတို့ ဘဲသိကြပါလိမ့်မယ်…၊
ဆေးရုံပေါ်ရှိ ၅ည အခန်းသို့  ရေးပေါ်ရောက်လာသော လူနာသည်လည်း မကြာခင်သေဆုံးသွားတာဘဲ…. ဘာကြောင့်လဲဆိုတော့ သေခါနီးမှ ဆေးရုံတက်ခွင့် ပြုခြင်းကြောင့်ဘဲ…။
အမှန်တော့ တိုက်အသီးသီးမှာ ရောက်နေကြရသော… နိုင်ငံရေးအကျဉ်းသားများမှာ… ရောဂါကိုယ်စီနှင့်ဖြစ်တယ်…ဖြစ်တဲ့ရောဂါအများစုကလည်း…. စစ်ကြောရေးခန်းမှာ… ထောက်လှမ်းရေး
ငရဲမင်းများကြောင့် ရရှိခဲ့သောအတွင်း ကြေဒါဏ်ရာများနှင့်ဖြစ်တယ်…၊ ရောဂါအခြေအနေကြောင့် မခံနိုင်လွမ်းလို့ တင်ပြသော်လည်း… နွားများကို စကားပြောရင် နားလည်နိုင်ကြသော်လည်း..
ဒီငရဲသားများကိုတော့… နွားများကို နားလည်အောင်ပြောရတာထက်ခက်ခဲပါတယ်…၊ ဒါကြောင့်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းထောင်ထဲရောက်နေကြရတဲ့ လူတွေဟာ… တချို့ ကတော့
ထောင်ပြင်ကို ကြောနှင့်ထွက်သွားကြရတယ်…. အချို့ ကြပြန်တော့လည်း ထောင်ပြင်ကိုခြေထောက်နှင့်ထွက်ခွင့်ရခဲ့ကြပေမဲ့လည်း သေရာပါရောဂါများကို အမွေရသလိုထွေးပိုက်ထွက်ကြရတယ်…၊
အဲဒါ ..ထောင်တွင်း ဆေးရုံဘောင်ချာတွေဘ၀နှင့် နိုင်ငံရေးအကျဉ်းသားဘ၀တွေ၊ အဆောင်မှာရှိကြသော အမှန်တက်ာဆေးကုရန်လိုအပ်သောတွေဘ၀ကို အနည်းငယ်နှိုင်းယှဉ်းပြခြင်းသာဖြစ်ပါတယ်။

အဆောင်တွေမှာကော ဘောင်ချာတွေမရှိဘူးလား… သိပ်ရှိတာပေါ့…. အဆောင်တွေရှိ ဘောင်ချာတွေအကြောင်းရေးရင် များလွန်းလို့  အခုမရေးလိုတော့ပါဘူး…။
အခုကျွန်တော်ရေးပြတဲ့အကြောင်းအရာများဟာ… ကျွန်တော်ရောက်ခဲ့စဉ်တုန်းက… အတွေ့ အကြုံတချို့ ကို အလျှင်းသင့်လို့  ရေးပြခြင်းဖြစ်ပါတယ်..။
အခုတော့ အခြေအနေတချို့ ပြောင်းလဲနေကြောင်း အခုထွက်လာတဲ့လူတွေ ပြောပြသံကြားရ၍..သိရှိရတယ်….၊
တိုက်တွေမှာ..ရေလောင်းအိမ်သာနှင့် သတင်းစာ စာစောင်တွေလည်း ဖတ်ခွင့်ရကြောင်းကြားရတယ်… ဒါဆိုရင် တချို့ တကယ်ပြောင်းလဲလာခြင်းဖြစ်တယ်…၊
ကျွန်တော်တို့ တုန်းက သတင်းစာ စာစောင်မပြောနှင့်… ထောင်ဝင်စာပို့ သော ဆေးလိပ်စည်းမှ တံဆိပ်စာရွက်လေးတောင် သွင်းခွင့်မရှိဘူး…၊
ရေလောင်းအိမ်သာ…. အိပ်မက်ထဲထောင် တခါမမက်ခဲ့ဘူး…. ကိုယ့်အခန်းထဲ… ရေအိုင်တုံ ( ဂန်ဖလား ) ထဲမှာ အပေါ့ အလေးသွားပြီး… ကိုယ်သွားထားသော အနံ့ အသက်ကိုရှူပြီး တနေကုန်နေထိုင်
ကြရတယ်..နံနက်မိုးလင်းမှ..မိလ္လာချခွင့်ပြုတယ်… အပြင်ထွက်လမ်းလျှောက်ခွင့်မရဘူး… တမံသလင်းပေါ်မှာ ဗျာကြမ်းတခုခင်းပြီး… ခေါင်းခြုံရင်ခြေထောက်မလုံ… ခြေထောက်ခြုံရင် ခေါင်းမလုံးသော
ပုံစံ စောင်တိုလေးနှင့် ဒူကွေးအိပ်ပြီး… တညလုံးသွေးလှူကြတယ် …၊
အခု ဒါတွေအချို့ ပြောင်းနေတာကြားရသော်လည်း…. ဘောင်ချာ အလေ့အထကတော့ မပြောင်းမလဲရှိကြောင်းကို အခုဗွီဒီယိုက သက်သေခံနေကြောင်းပါ…။

တောင်ငူထောင်ကလွတ်လာတဲ့ ကိုဇော်ရဲဝင်း

တောင်ငူထောင်ကလွတ်လာတဲ့ ကိုဇော်ရဲဝင်း အကြောင်းပါသူ လပြည့်နေ့က လွတ်ပါတယ်

ဒီနေ့မနက် ရန်ကုန် မြောက်ဒဂုံက နာရေးကူညီမှုအသင်းကို အလှူငွေလာရောက်ထည့်ဝင်သွားပါတယ်

စာကြည့်တိုက် အတွက်လည်း ငွေလှူသွားသေးပါတယ်

ကိုဇော်ရဲဝင်းက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးပါနိုင်ငံရေးမှုနဲ့ ထောင်ကျတာ ၄ ခါရှိပါပြီ

ဒီတစ်ခေါက်က ၁၂ နှစ်ကြာပါတယ် တဲ့လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာ အိပ်ပါတယ်

လက်ရှိ ကိုဇော်ရဲဝင်းကိုဆက်သွယ်နိုင်တဲ့ ဖုံးနံပါတ်က ၀၉၄၃၁၃၅၈၉၄ ဖြစ်ပါတယ်

သူငယ်ချင်းများ ဆက်သွယ်နိုင်ပါတယ်

၁၄.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ



http://www.ziddu.com/download/16829227/14Oct2011Yeyintngesdiary.pdf.html

http://www.ziddu.com/download/16829228/14Oct2011Yeyintngesdiary.doc.html


14 Oct 2011 Yeyintnge's Diary

အရင်အတိုင်းရန်ကုန်



ဦးစိန်ဝင်းမောင်လိမ်ပြောတယ်တဲ့


မနေ့ ညက(Oct 13.2011) အာအက်ဖ်အေမြန်မာပိုင်းမှာ မြန်မာနေရှင်းသတင်းဂျာနယ် အယ်ဒီတာ ဦးစိန်ဝင်းမောင် ပြောသွားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တာပဲ ဖြစ်ဖြစ် ၊ ပါတီထောင်တာပဲ ဖြစ်ဖြစ် သူ့ အနေနဲ့  သဘောတူတယ်လို့  ထောင်ထဲမှာ ကိုမင်းကိုနိုင် ပြောခဲ့တယ်လို့  ပြန်ပြောသွားပါတယ်။

ကိုမင်းကိုနိုင် အမနဲ့ ညီမ ကိုမင်းကိုနိုင်ဆီကို ထောင်ဝင်စာသွားတွေ့ တော့ ( အဲဒီလို သတင်းတွေထွက်နေတယ်။ ထောင်ထဲကနေ အဲဒီလိုပြောလိုက်လား )လို့  ကိုမင်းကိုနို်င်ကို သူ့ အမတွေက တွေ့ တွေ့ ခြင်းမေးတော့ ချက်ခြင်း သူငိုင်သွားတယ် သွေးတက်သွားတယ်လို့ ပြောပါတယ်။ သူဒီလို လုံးဝ မပြောလိုက်ဘူးလို့  ပြန်ပြောလိုက်ပါတယ်တဲ့။

သူ့ အမတွေ ညီမတွေက သူ့ မောင်ဒီလိုမပြောခဲ့ဘဲ ဦးစိန်ဝင်းမောင် လိမ်ပြောခဲ့တာတွေအတွက် ၀မ်းနည်းပြီး ငိုကြတယ်လို့  သတင်းရပါတယ်။
http://komoethee.blogspot.com/2011/10/blog-post_14.html

မြစ်ဆုံ အမှန်တကယ် ဆိုင်းငံ့ခြင်း မဟုတ်ဟု ကချင်ကွန်ယက်အဖွဲ့ ပြော

Submitted by on Friday, 14 October 2011--
အောက်တိုဘာလ ၁၄ရက်။ စောခါးစူး (ကေအိုင်စီ)
မြစ်ဆုံစီမံကိန်း၏ လုပ်ငန်းခွင်တွင် အခြေခံဆက်သွယ်ရေးလုပ်ငန်းများ ဆက်လက် ရှိနေခြင်းသည် အမှန်တကယ် ဆိုင်းငံ့ခြင်း မဟုတ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့(KDNG)က ယနေ့ ပြောကြားလိုက်သည်။
မြန်မာအစိုးရက မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားသည်ဟု ပြောသော်လည်း လတ်တလော ဆည်တည်ဆောက်ရေး အမှတ်(၇) နေရာ တောင်ဘက်ပိုင်းတွင် မြေလေ့လာ တိုင်းထွာခြင်းများ ဆက်လက်လုပ်ဆောင်နေသည်ဟု KDNG ၏ ပြောခွင့်ရ အားနန် က ပြောသည်။
၎င်းက “လုပ်ငန်းခွင်မှာ လုပ်ဆောင်မှု ဆက်ရှိနေတာကိုကြည့်ရင် ဆိုင်းငံ့တယ်ဆိုတာ မယုံဘူး။ တကယ်တမ်း မြစ်ဆုံရေကာ တာ တည်ဆောက်ရေးကို ဆိုင်းငံ့ထားတယ်ဆိုရင် တရုတ်ကုမ္ပဏီဘက်ကလည်း တရားဝင် ကြေညာချက် ထုတ်ပြန်မှသာ ကျမတို့ ယုံမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မြစ်ဆုံစီမံကိန်းအတွက် အထောက်အကူပြုစေသည့် ဘူဒိုဇာ(မြေတူးကား)၊ ကုန်တင်ကား၊ ဘိလပ်မြေကြိတ်စက်နှင့် တရုတ်အလုပ်သမားအချို့တို့ ဆက်လက် တည်ရှိပြီး လုံခြုံရေးတင်းကြပ်မှုများလည်း ယခင် အနေအထားအတိုင်း ဖြစ်သည်ဟု KDNG က ပြောသည်။
တဆက်တည်း၌ပင် မြစ်ဆုံဆည် ဆောက်လုပ်ရေးနေရာတွင် ရွှေတူးဖော်ရေး လုပ်ငန်းကိုလည်း တရုတ်ကုမ္ပဏီဘက်က ဆက် လက် လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။ ၎င်းအပြင် စီမံကိန်းရပ်တန့်မည့် အရိပ်အယောင် မတွေ့ရသဖြင့် မြစ်ဆုံဒေသရှိ ကချင်ရွာသူရွာသားများ၏ အနာဂတ်အတွက် မသေချာ မရေရာမှုနှင့် စိုးရိမ်ကြောက်လန့်မှုများမှာ ရှိနေဆဲဖြစ်သည်ဟုလည်း KDNG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“မြစ်ဆုံဆည် ဆိုင်းငံ့တာနဲ့ ပတ်သက်ပြီး သမ္မတပြောခဲ့တဲ့အပေါ် ကျနော်တို့ ယုံကြည်မှုမရှိဘူး။ ဆောက်လုပ်ရေးနယ်မြေမှာ အလုပ်သမားတွေ၊ ဆည်ဆောက်လုပ်မယ့် စက်ကိရိယာတွေကို ကျနော်တို့ အခုထိ တွေ့နေရတုန်းပဲ။”ဟု ဒေသခံ ကချင်ရွာ သားတဦးက ကြေညာချက်တွင် ပြောဆိုထားသည်။
အားနန်က မြစ်ဆုံရေကာတာ စီမံကိန်းဆည် ၇ခုလုံးသည် မြစ်ကြောင်းကို အမှီပြုနေကြသည့် ပြည်သူသန်းပေါင်းများကို ထိ ခိုက်စေသည့်အတွက် တရားဝင် ရပ်တန့်မှုရှိသည်အထိ ဆက်လက် ကြိုးပမ်းသွားမည်ဟု ဖြည့်စွက်ပြောဆိုသည်။
ထို့အပြင် မိုးရာသီကုန်လျှင် စီမံကိန်းကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံ မှု ကော်ပိုရေးရှင်း(CPI) ၀န်ထမ်းတဦးကို ကိုးကား၍ KDNG ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
မြစ်ဆုံရေကာ တည်ဆောက်ရေးစီမံကိန်းကို ၂၀၀၅ခုနှစ်တွင် မြန်မာနှင့် တရုတ်အစိုးရတို့က သဘောတူညီမှုရရှိပြီး လျှပ်စစ်စွမ်း အား စုစုပေါင်း ၁၃,၃၆၀မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်။ မြစ်ဆုံရေကာတာ စီမံကိန်းအတွက် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာဘီလျံ ၂၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ရင်းနှီးမှု အကြီးမားဆုံး စီမံကိန်းတစ်ခုလည်း ဖြစ်သည်။
http://www.kicnews.org/?p=7726

ရခိုင်ဂတ်စ်ဖြင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး လူပ်ရှားမူ စတင်



ရခိုင်ပြည်နယ်မှ ထွက်သော ဂတ်စ်ဖြင့် ရခိုင်ပြည်နယ် တ၀န်းလုံး လျှပ်စစ်မီး ရရှိရေး လူပ်ရှားမူ တစ်ရပ်ကို ရခိုင်ပြည်နယ် အ၀န်းတွင် လူငယ် တစ်စုက စတင် လူပ်ရှားနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။



Poster-Arakan
" ကျွန်တော်တို့ လူပ်ရှားတာက ပိုစတာ ကပ်ပြီး လူထုတွေ ပါဝင်လာအောင် ဆောင်ရွက်တဲ့နည်းနဲ့ လူပ်ရှား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပိုစတာထဲမှာတော့ ရခိုင်လို - ငါရို့ဂတ်(စ်) ငါရို့သုံးခွင့်ရှိရမည်။ ချက်ချင်း ၂၄ နာရီ မီးပေးပါ- ဆိုတဲ့ စာရေးသားထားပါတယ်။ ဒီပိုစတာကို မြို့နယ် အနှံ့မှာ ကပ်ပြီး လူပ်ရှားတာ ဖြစ်ပါတယ်" ဟု လူပ်ရှားရာတွင် ပါဝင်သူ လူငယ် တစ်ဦးက ပြောသည်။

အဆိုပါ လူပ်ရှားမူအား အောက်တိုဘာလ ၁၂ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့က စတင် လူပ်ရှားခဲ့ခြင်း ဖြစ်ပြီး ပိုစတာများကို ရွှေဂတ်စ် စီမံကိန်း တည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် အဓိကထား ဖြန့်ဝေခဲ့သည်ဟု သိရသည်။

" အဓိက ကျောက်ဖြူမြို့နယ်မှာ လူပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။ ကျောက်ဖြူမြို့နယ်က မဒဲကျွန်း၊ မလာကျွန်း တွေမှာလည်း အဲဒီ ပိုစတာတွေကို ကပ်ပြီး လူထုကို လုံ့ဆော်ခဲ့ပါတယ်။ ဒီဘက်မှာတော့ ရမ်းဗြဲ၊ တောင်ကုတ်ဘက်မှာလည်း စာရွက်တွေကို ကပ်ပြီး လူပ်ရှားခဲ့ကြပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုအခါ အဆိုပါ ပိုစတာ စာရွက်များမှာ တောလက်ကျေးရွာများ အနှံ့တွင်လည်း ပျံ့နေကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီး ဦးသန်းဌေးမှ ရခိုင်ပင်လယ်ပြင်မှ ထွက်သော ဂတ်စ် ကို ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ် မရှိကြောင်း လွှတ်တော်တွင် များမကြာမှီက ထုတ်ဖေါ် ပြောကြားပြီးနောက် ရခိုင်က ထွက်သော ဂတ်စ်ဖြင့် ရခိုင်ပြည်နယ်တွင် (၂၄) နာရီ လျှပ်မီးရရှိရေး လူပ်ရှားမူကို ရခိုင်လူငယ်များက စတင်လာခြင်း ဖြစ်သည်။

လက်ရှိ အစိုးရ အနေဖြင့် ရခိုင်ပြည်မှ ထွက်ရှိသော ဂတ်စ်များအား တရုတ်ပြည်သို့ တင်ပို့ပြီး တခြား ဂတ်စ်များအားလည်း အစိုးရနှင့် စစ်တပ် အရာရှိများပိုင် စက်ရုံများတွင် အသုံးပြုရန် စီစဉ်နေသော သတင်းများလည်း ထွက်ပေါ်နေသဖြင့် ရခိုင်လူထု အကြားတွင် မကျေနပ်မူများ တိုးပွားနေသည်။

ယခု ရခိုင်က ဂတ်စ်ဖြင့် ရခိုင်ပြည်နယ် တ၀န်းလုံးမီးလင်းရေးတွင် မြို့နယ်တိုင်းမှ လူငယ်များ ပါဝင်နေပြီး ဈေးနုန်း သက်သာစွာဖြင့် ရခိုင်ပြည်နယ် တ၀န်းလုံး လျှပ်စစ်မီးရရှိအောင် အရေးဆို တိုက်ပွဲဝင်သွားရန် ပထမ ခြေလှမ်းဖြစ်ကြောင်း သူက ပြောသည်။

" ကျွန်တော်တို့ ပြည်သူတွေသိအောင် ပထမဆုံး ပိုစတာတွေ ကပ်ပြီး လူပ်ရှားမယ်။ ပီးရင် ဒီလူပ်ရှားမူမှာ ရခိုင်ပြည်သူတွေ ပါဝင်အောင် စည်းရုံးသွားမယ်။ ဒီကတဆင့်တက်ပြီး ပြည်တွင်း ပြည်ပ ဆက်စပ်ပြီး လူပ်ရှား ဆောင်ရွက်သွားပါမယ်" သူက ပြောသည်။

ရခိုင်က ထွက်သော ဂတ်စ်ဖြင့် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးကို စစ်တွေ အပါအ၀င် မြို့နယ်တိုင်းလိုလိုတွင် လူပ်ရှား ဆောင်ရွက်သွားမည် ဖြစ်ပြီး ရခိုင်ပြည်သူ တစ်ရပ်လုံး သူတို့ လူပ်ရှားမူတွင် ပူးပေါင်းပါဝင်လာမည်ဟု လူပ်ရှားသူ လူငယ်များက မျှော်လင့်နေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား အနည်းဆုံးသုံးသော ပြည်နယ် တစ်ခုဖြစ်ပြီး လက်ရှိသုံးစွဲနေသော လျှပ်စစ်မီးမှာလည်း ဒီဇယ်နှင့် ဓါတ်ဆီသုံး ဂျင်နရေတာ မီးစက်များမှ ဖြန့်ဖြူးသော လျှပ်စစ်မီးဖြစ်သည်။

၎င်းပြင် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ဈေးအကြီးဆုံး ၀န်ဆောင်မူ ပေးနေရသော ပြည်နယ် တစ်ခုဖြစ်ပြီး မီတာခ တယူနစ်ကို ကျပ် ၄၀၀ မှ ၆၀၀ ထိပေးဆောင်ရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် မီတာခ တယူနစ် ၂၈ ကျပ်သာရှိပြီး လုပ်ငန်းသုံး လျှပ်စစ်မီး တယူနစ်ကို ကျပ် ၅၀ သာရှိသည်။

ဂျင်နရေတာ မီးစက်များမှ ဖြန့်ဖြူးသော လျှပ်စစ် ဓါတ်အားမှာ စက်မူ လက်မူ လုပ်ငန်းငယ်များကိုပင် လည်ပတ်ရန်ထိ အားမရှိသည့်အပြင် သုံးစွဲပါက မီတာခမှာလည်း အလွန်တရာ ဈေးကြီးသဖြင့် မည်သူမှ မသုံးစွဲနိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ လျှပ်စစ်မီးကြောင့် ရခိုင်ပြည်နယ် တိုးတက်ရန် အခက်အခဲ ဖြစ်နေသော်လည်း အုပ်ချုပ်သူ အစိုးရ အဆက်ဆက်မှ ရခိုင်ပြည်နယ် အတွင်း တစုံတစ်ရာ လျှပ်စစ်မီးရရှိအောင် မဆောင်ရွက်သည့် အပြင် ရခိုင်ပြည်နယ်မှ ထွက်ရှိသော ဂတ်စ်အားလည်း ရခိုင်ပြည်နယ်တွင် တစ်စုံတရာ မသုံးဘဲ တရုတ်သို့ ရောင်းစားထားသဖြင့် ဒေသခံ ရခိုင်ပြည်သူများ အကြားတွင် အုပ်ချုပ်သူများ၏ လုပ်ရပ်ကို အထူးမကျေမနပ် ဖြစ်နေကြကြောင်း သတင်း ရရှိသည်။ 

http://www.narinjara.com/detailsbur.asp?id=3539

ဗိုလ်ချုပ် ဆေထင်ကို စစ်တွေတွင် နိုင်ငံရေး သမားများ သွားရောက်ကြိုဆို





စစ်တွေထောင်ထဲမှ လွတ်လာသူ ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း SSA အဖွဲ့ နာယကနှင့် ရှမ်းပြည် အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်ဖြစ်သော ဗိုလ်ချုပ် ဆေထင်အား လွတ်လာသည့်နေ့က စစ်တွေမြို့တွင် နိုင်ငံရေး သမားများနှင့် ပြည်သူများက သွားရောက်ကြိုဆိုခဲ့ကြသည်။



Say-Htin-release-from-Prison ဗိုလ်ချုပ် ဆေထင် ထောင်ဗူးဝမှ ရယ်ရယ်ပြုံးပြုံး ထွက်လာစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
" ဗိုလ်ချုပ်ဆေထင်ကို စစ်တွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လူတွေရယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လူတွေရယ်။ ပီးရင် စစ်တွေက လူကြီးတချို့ လွတ်လာတဲ့နေ့က ထောင်ဗူးဝမှာ သွားရောက် ကြိုဆိုတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ် ဆေထင် ထောင်ဗူးဝက ထွက်လာတဲ့ မြင်ကွင်းက လူတွေ အကုန်လုံးကို ၀မ်းသာပီတိ ဖြစ်စေခဲ့ပါတယ်" ဟု ဗိုလ်ချုပ် ဆေထင်ကို သွားရောက်ကြိုဆိုခဲ့သူ လူငယ် တစ်ဦးက ပြောသည်။

ထောင်ဗူးဝတွင် ဗိုလ်ချုပ် ဆေထင်အား ထောင်ပိုင်၊ ထောင်မှူးကြီးများကလည်း လက်ဆွဲ နုတ်ဆက် ခဲ့ကြသည်ဟု အဆိုပါ လူငယ်က ဆက်ပြောသည်။

" အဘ ဗိုလ်ချုပ်ဆေထင်က ရယ်ပြုံးပြုံးနဲ့ ထောင်ဗူးဝမှာ ထောင်မှူး၊ ထောင်ပိုင်တွေကို လက်ဆွဲ နုတ်ဆက်ပါတယ်။ ပီးရင် လူတွေက သွားရောက်ကြိုဆို နုတ်ဆက်ကြပါတယ်။ လူက ၅၀ ခန့်ရှိပါတယ်။ အဲသလို နုတ်ဆက်ပီးတာနဲ့ ချက်ချင်း လေဆိပ်ကို ကားနဲ့ ယူသွားပါတယ်။ ပီးရင်ကို ရန်ကုန်ကို ပို့လိုက် ပါတယ်" ဟု ပြောသည်။

စစ်တွေထောင်ထဲမှ လွတ်မြောက်လာသူ အကျဉ်းသား ၂၉၀ ရှိပြီး ထိုအထဲတွင်ဗိုလ်ချုပ် ဆေထင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား (၃) ဦးသာ လွတ်လာသည်ဟု သိရသည်။ အဆိုပါ လွတ်လာသူများမှာ ဗိုလ်ချုပ် ဆေထင် (ခေါ်) စိုင်းကျော်စိန်၊ ကိုဇော်မင်းခေါ် တေဇာနှင့် ကိုစိုးလွှင်ခေါ် ကိုတိုးလွှင်တို့ ဖြစ်ကြောင်း သိရသည်။

Say-Htin-release-from-Prison ထောင်ပိုင်၊ ထောင်မှူးများက ထောင်ဗူးဝတွင် လက်ဆွဲ နုတ်ဆက်နေစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
ဗိုလ်ချုပ်ဆေထင်သည် ယခုအခါ ထောင်ထဲတွင် ခံစားခဲ့ရသော မျက်စေ့၊ နှလုံး၊ သွေးတိုးနှင့် ဆီးချို ရောဂါများကြောင့် ရန်ကုန်တွင် ကျန်းမာရေး စစ်ဆေးနေကြောင်း သိရသည်။

စစ်တွေ ထောင်က လွတ်လာသည့် အချိန်တွင် ဗိုလ်ချုပ်ဆေထင်မှာ အသက် ၇၅ နှစ်အရွယ် ရှိပြီဖြစ်ပြီး စစ်ကိုင်းတိုင်း ခန္တီးထောင်၊ မန္တလေး အိုးဘိုထောင်နှင့် နောက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေထောင်ကို ပြောင်းရွေ့ခံခဲ့ရသည်။

ဗိုလ်ချုပ်ဆေထင်ကို တခြား ရှမ်းခေါင်းဆောင်များနှင့် အတူ ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းရန် ကြိုးစားမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှုဖြင့် ၂၀၀၅ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့က ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ခဲ့သည်။
http://www.narinjara.com/detailsbur.asp?id=3540

အိန္ဒိယ-မြန်မာ အကျိုးစီးပွား

သောကြာ, 14 အောက်တိုဘာ 2011
By ဦးအောင်ခင် & မညိုညိုလွင်



လွန်ခဲ့တဲ့ ဇွန်လအစောပိုင်းက သမ္မတဦးသိန်းစိန် တရုတ်ပြည်ကို သွားရောက်ခဲ့ပြီး (၄) လအကျော်မှာ အိန္ဒိယ သွားတာဟာ (၃) နိုင်ငံရဲ့  ဆက်ဆံရေးအခြေအနေတွေကို ပြသလို ဖြစ်နေပါတယ်။ အိန္ဒိယလူမျိုးစု သူပုန်တွေကို တရုတ်နဲ့ ပါကစ္စတန်ထောက်လှမ်းရေးက သွားရောက်တွေ့ဆုံတယ်လို့ အိန္ဒိယ ထိပ်တန်းအရာထမ်းက ယုံကြည်ကြောင်း အောက်တိုဘာလ (၂) ရက်နေ့က Deccan Herald သတင်းစာမှာ ဖော်ပြပါတယ်။ အိန္ဒိယသူပုန်တွေ မြန်မာပြည်ဘက်မှာ ခိုလှုံပြီး တရုတ်အကူအညီယူနေတယ်ဆိုတာဟာ အိန္ဒိယအစိုးရအတွက် စိတ်အနှောက်အယှက် ဖြစ်စရာပါ။ ဒါကြောင့် လူမျိုးစုသူပုန်တွေကို ဗမာဘက်က တိုက်ထုတ်ပေးဖို့ အိန္ဒိယအစိုးရက အခွင့်အခါသင့်တိုင်း တောင်းဆိုလေ့ရှိပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ ဇွန်လက နေပြည်တော်ကို သွားရောက်ပြီး မကြာမီ ဇူလိုင်လ (၇) ရက်နေ့မှာ ဗမာအစိုးရတပ်က စစ်ကားအစီး (၅၀) ကျော် မဏိပူရပြည်နယ် မိုရေးမြို့ ကို လာရောက်ပြီး စစ်လက်နက်ပစ္စည်း သယ်ယူတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။ နောက်တော့ မြန်မာဘက်မှာ စခန်းချနေတဲ့ အာသံလွတ်မြောက်ရေးတပ်ဖွဲ့ အတိုက်ခိုက်ခံရကြောင်း သတင်းထွက်လာပါတယ်။

အိန္ဒိယအရှေ့ မြောက်ဒေသက တိုင်းရင်းသားတွေဟာ မျိုးနွယ်အရ တရုတ်-မြန်မာ-တိဗက်နဲ့ ပိုပြီး နီးစပ်တဲ့အတွက် အိန္ဒိယက ခွဲထွက်လိုသူလည်း ရှိပါတယ်။ ဒီအချက်ကို အကြောင်းပြပြီး အိန္ဒိယဟာ ဗမာအစိုးရကို စစ်လက်နက်ပစ္စည်း ရောင်းနေတာ ဖြစ်ပါတယ်။ မီဇိုရမ်၊ အာသံ၊ မဏိပူရ၊ နာဂ နဲ့ အရူနာချက် ပရာဒတ်ရှ် (Arunachal Pradesh) စတဲ့ ပြည်နယ်တွေဟာ မြန်မာပြည်နဲ့ နယ်စပ်ချင်း ဆက်နေပါတယ်။ ဒီဒေသဟာ တောင်ထူထပ်တာကြောင့် အိန္ဒိယပြည်မနဲ့ ဆက်သွယ်တဲ့ ကုန်းလမ်းဟာ (၁၄) မိုင်သာ ကျယ်ဝန်းပါတယ်။ ဒါကြောင့် အိန္ဒိယအရှေ့ မြောက်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးဟာ မြန်မာနဲ့ ဆက်ဆံရေး အခြေအနေပေါ်မှာ မူတည်တယ်လို့ ပြောကြပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ် ပူးတွဲစစ်ဆင်ရေးတွေ နှစ်စဉ်လုပ်နေပေမယ့် လူမျိုးစုလက်နက်ကိုင်တွေ လှုပ်ရှားနေတုန်း ဖြစ်ပါတယ်။

ကုန်းပတ်လည်ဝိုင်းနေတဲ့ ယူနန်ပြည်နယ်ဟာ ဧရာဝတီကတဆင့် ဘင်္ဂလားပင်လယ်ကွေ့နဲ့ ဆက်သွယ်ဖို့ စီမံကိန်းချသလို အိန္ဒိယကလည်း မီဇိုရမ်ပြည်နယ်ကို ကလတန်မြစ်ကတဆင့် ဘင်္ဂလားပင်လယ်ကွေ့နဲ့ ဆက်သွယ်ဖို့ ကြိုးပမ်းနေပါတယ်။ ကလတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖို့ အိန္ဒိယအစိုးရက ဒေါ်လာသန်းတရာကျော် ရင်းနှီးထားပါတယ်။ ၂၀၀၈ အိန္ဒိယ-မြန်မာ သဘောတူညီချက်အရ စစ်တွေဆိပ်ကမ်းကို ပင်လယ်ကူးသင်္ဘောဆိုက်ကပ်နိုင်တဲ့ ရေနက်ဆိပ်ကမ်းကြီးဖြစ်အောင် ပြောင်းလဲနေပါတယ်။ စစ်တွေဆိပ်ကမ်းက ကုန်သင်္ဘောတွေက ကလတန်မြစ်ကို ဆန်တက်ပြီး အိန္ဒိယ-မြန်မာနယ်စပ်အနီးက စက်ပစ်ပြင် (ခေါ်) ပလက်ဝအထိ သွားနိုင်ဖို့အတွက် ကလတန်မြစ် ရေစူးနက်အောင် တူးရပါတယ်။ ပလက်ဝ က မီဇိုရမ်နဲ့ မဏိပူရကို ကားလမ်းဖောက်ပြီး ကုန်ပစ္စည်း ပို့ဆောင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကာလကတ္တား က ကုန်ပစ္စည်းတွေကို စစ်တွေ-ကလတန် မြစ်ကြောင်းကတဆင့် မဏိပူရမြို့ တော် အင်ဖာကို ပို့ဆောင်ရင် ကုန်းလမ်းတခုတည်း သုံးတာထက်ပိုပြီး ပိုမြန်လိမ့်မယ်လို့ တွက်ပါတယ်။

ကလတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်နေတာ ၂၀၁၃ မှာ ပြီးစီးမယ်လို့ ခန့်မှန်းပါတယ်။ အဲဒီအခါမှာ အိန္ဒိယ အရှေ့ မြောက်ဒေသဟာ ကလတန်-စစ်တွေကတဆင့် အိန္ဒိယ အရှေ့ ဘက် ကမ်းရိုးတန်းမြို့ တွေနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ ကလတန်ရေကြောင်းဟာ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးကို တိုးမြှင့်စေလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ မိုယေးအပြင် မီဇိုရမ်၊ နာဂပြည်နယ် နဲ့ အရူနာချယ် ပရာဒတ်ရှ် ပြည်နယ်တွေမှာ ကုန်သွယ်ရေးဂိတ်စခန်းတွေ ထပ်တိုးပြီး အိန္ဒိယ-မြန်မာ ကုန်သွယ်မှု ပမာဏကို ၂၀၁၅ မှာ ဒေါ်လာသန်း သုံးထောင်အထိ နှစ်ဆတိုးဖို့ ရည်ရွယ်ကြောင်း အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီး အာနန်ရှားမား က နယူးဒေလီမှာ စက်တင်ဘာနှောင်းပိုင်းက ကျင်းပတဲ့ လေးကြိမ်မြောက် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးကော်မရှင် အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။

မြန်မာပြည်ကနေ အိန္ဒိယကို တင်ပို့တဲ့ ကုန်ပစ္စည်းပမာဏနဲ့ သုံးပုံတပုံဟာ ပဲမျိုးစုံဖြစ်ပြီး သစ်သားက ငါးပုံတပုံ ဖြစ်ပါတယ်။ တနည်းဆိုရင်တော့ အိန္ဒိယကို တင်ပို့တဲ့ မြန်မာ့ပို့ကုန် (၉၈) % ဟာ ပဲမျိုးစုံ နဲ့ သစ်သားပစ္စည်းချည်း ဖြစ်နေပါတယ်။ ရခိုင်ဘက်ကတော့ ဝက်၊ ကြက်၊ ဆိတ်၊ ငါးခြောက်၊ ငါးပိ၊ ဆား နဲ့ သီးနှံတွေ တင်ပို့ကြပြီး အိန္ဒိယဘက်က အိမ်သုံးဆေးဝါး၊ အပ်ခြပ်စက်၊ ဆေးရွက်ကြီး၊ ကွမ်း၊ ငရုပ်ကောင်း၊ ဂျင်း၊ အိုးခွက် အသုံးအဆောင် ရခိုင်ဘက်ကို တင်ပို့ကြောင်း သိရပါတယ်။ ကျောက်တော်က အိန္ဒိယနယ်စပ်အထိ ကလတန်မြစ်ကြောင်းတလျှောက်မှာ ဗမာအစိုးရတပ်ရဲ့  အကောက်ခွန်ဂိတ်ပေါင်း (၂၀) လောက်ရှိကြောင်း လွန်ခဲ့တဲ့ ဇူလိုင်လထုတ် ရခိုင်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

ဗမာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့လမ်းစဉ်ကို ကျင့်သုံးလာတာမို့ အခုလို ပြုပြင်ပြောင်းလဲမှုတွေက တဖြည်းဖြည်းဖြစ်ပေါ်လာပြီး တရုတ်လက်ခုပ်ထဲ ရောက်မသွားတာမို့ အိန္ဒိယဘက်က သုံးသပ်တာမျိုး တွေရှိရပါတယ်။ ဒါပေမဲ့ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးပမာဏဟာ တရုတ်-မြန်မာ ကုန်သွယ်ရေးရဲ့  လေးပုံ-တစ်ပုံ ရှိတာကြောင့် မြန်မာပြည်မှာ တရုတ်ပါဝင်တဲ့ အတိုင်းအတာကို အိန္ဒိယက အမှီလိုက်ဖို့ အခက်အခဲရှိနေတာ သိသာထင်ရှားပါတယ်။


ဒီပဲယင်း လူသတ်မှုကို ဖွင့်ချခဲ့လို့


ဖနိဒါ | သောကြာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၅၈ မိနစ်


ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော ကလေးစစ်သား
အရေး၊ အဓမ္မ လုပ်အားပေးမှုများ၊ ဒီပဲယင်းအရေးအခင်းကို ဖေါ်ထုတ်ခဲ့၍ ဖမ်းဆီးခံခဲ့ရသူ စာရေးဆရာ ဦလှစိုး ဗုဒ္ဓဟူးနေ့က လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာခဲ့သည်။

ထို့ပြင် ၂ဝဝ၃ ဒီပဲယင်း အရေးအခင်းတွင် သတ်ဖြတ်ခံခဲ့ရသည် သတင်းအချက်အလက်များကို ဖော်ထုတ်ရန်
ပြည်ပ အဖွဲ့များထံသို့ သတင်းအချက်အလက်များကို ပေးပို့ရန် ကြိုးပမ်းခဲ့စဉ် စစ်ဘက်ထောက်လှမ်းရေးများက သူနှင့်အတူ ၁၁ ဦးကို ထိုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၂ နှစ်မှ အများဆုံး ၂၇
နှစ်ထိ ချမှတ်ခဲ့သည်။

ခန္ဓာကိုယ် ညာဘက်ခြမ်း လေဖြတ်နေသော်လည်း မြန်မာပြည် လူ့အခွင့်အရေး ထွန်းကားရေး ဆောင်ရွက်ခဲ့သူ ဦးလှစိုး ကို စစ်အစိုးရမှ အရေးပေါ်စီမံချက်ဥပဒေ ၅(ည)၊ ကြိုးမဲ့ကြေးနန်း ဥပဒေ ၆/၁နှင့် သွင်းကုန် ထုတ်ကုန် အက်ဥပဒေ ပုဒ်မ ၅/၁ တို့ဖြင့် ထောင်ဒဏ် ၁၇ နှစ်ကျခံစေခဲပြီး ရှစ် နှစ်ခန့် အကျဉ်းကျခံခဲ့ရာမှ ပြန်လည် လွှတ်မြောက်လာခဲ့သည်။

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မန္တလေးတိုင်း အရှေ့တောင်မြို့နယ် စည်းရုံးရေးကော်မတီဝင် တဦးလည်း
ဖြစ်သည်။ အမရပူရ ကျန်တန်းရပ် နေအိမ်မှ အသက် ၅၈ နှစ် ဦးလှစိုးကို မဇ္စျိမက ဆက်သွယ်မေးမြန်း ထားသည်။


ပထမဆုံး အန်ကယ် အကြောင်းလေး သိချင်ပါတယ်ရှင့်။

“ကျနော်က ပဲခူးဇာတိပါ။ ၁၉၇၂ ခုနှစ်မှာ မန္တလေးရောက်
အဲဒါကြောင့် အစိုးရကို တိုက်တွန်းချင်တယ်။ သတ္တိရှိရှိ ယုံကြည်ချက် အကျဉ်းသားတွေကို တယောက်မကျန် လွှတ်ပေးလိုက်ပါ။ ချွတ်ခြုံ ကျနေတဲ့ တိုင်းပြည်ကို ကျနော်တို့တတွေ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ် ဆိုတာကို အကျဉ်းသားတွေအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ လွှတ်ပေးဖို့ လိုအပ်ပါတယ်
သွားတော့မန္တလေးသားဖြစ်သွားတာပေါ့ဗျ။ ဟိုတုန်းက
စာရေးတယ်။ ကဗျာတွေ ရေးတယ်။ မှုခင်းဝတ္ထုတွေ ရေး
တယ်။ မောင်ဥဿာ(ပဲခူး)၊ လှစိုး (မန္တလေး) ဆိုပြီးတော့
လည်း ကလောင်နာမည် ရှိတယ်။ ထောင်ထဲမှာက လှစိုး
ခေါ် ဥဿာ(ပဲခူး) လို့ ခေါ်ကြတယ်။ အခုတော့ ကျနော်
စာအုပ်ထုတ်ဖို့ အများကြီးရေးထားပါတယ်။ နောင်ကျရင်
ကျနော် ထုတ်ဖို့ ရှိတယ်။ အဓိကတော့ ဒီမိုကရေစီရေး၊
တရားဥပဒေ စိုးမိုးရေး တွေနဲ့ ပတ်သက်ပြီးတော့
ရေးချင်တယ်။”


လွှတ်ငြိမ်းချမ်းသာခွင့် ရမယ်ဆိုတဲ့သတင်းကို ဘယ်လို ကြားခဲ့ရလဲ။

“၁၁ ရက်နေ့ နေ့လည် တနာရီမှာ တဆောင်လုံးသူတို့က ဟေးဟေးဆိုပြီးတော့ အသံတွေ ထအော်ကြတယ်။ အားလုံး အော်ကြတော့ လွတ်ငြိမ်းချမ်းသာခွင့် ဝင်ပြီဆိုပြီးတော့ အားလုံးက ဝမ်းသာကြတာပေါ့နော်။ ပထမ
တော့ လွတ်ငြိမ်း သက်သာခွင့်၊ အခုဟာက လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့အခါကြတော့ လူတွေ အားလုံး ပျော်ကြ တယ်ပေါ့ဗျာ။ ပထမ သမ္မတ ဦးသိန်းစိန်ပေးတဲ့ တနှစ်က ကျနော်တို့က မလွှတ်နိုင်ဘူးလေနော်။ နောက်တခါ တကမ္ဘာလုံးကလည်းတောင်း ပြည်သူတွေကလည်း တောင်းဆိုနေတတော့ အားလုံး လွတ်လိမ့်မယ်လို့ မျှော်လင့် ကြတာဗျ။ ပြောဦးမယ် တချို့နိုင်ငံရေး အကျဉ်းသားတွေက ကိုယ့်မှာရှိတဲ့ မုန့်တွေ၊ ဟင်းတွေ အကုန်စားပစ်တာ
ဗျ၊ ပစ္စည်းတွေ အကုန်ပေးပစ်တာ။ ညကျတော့ ကျနော်ဆီ စစ်ဘက်ထောက်လှမ်းရေးက လာပြောတယ်။ ကျနော် အပါအဝင် လေးယောက်ပဲ ပါတယ်ဆိုတော့ ကျန်တဲ့ လူတွေက တော်တော်စိတ်ထိခိုက်သွားကြတယ်။”


ထောင်ဒဏ် ငါးကြိမ်ကျခဲ့တယ်လို့လဲ သိရတယ် ဘယ်လို အကြောင်းကြောင့်ပါလဲ။

“ပထမအကြိမ်- ၁၉၆၉ ခုနှစ် ကျွန်းဆွယ် အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်က ဘာသိမှာလဲဗျာ။ ကျနော်
အသက် ၁၄ နှစ်ပဲ ရှိသေးတယ်။ ကျနော့်အထက်က လူကြီးတွေက လုပ်တဲ့အလုပ်ကို ကျနော်က လိုက်လုပ်တော့ ကျနော်ပါသွားတာပေါ့။ စဖြစ်တာက ဘောလုံးပွဲမှာ ရှုပ်ပြီးတော့ ကြီးတဲ့ ကျောင်းသားတွေက စိတ်မထိန်းနိုင်တော့
တံခါးတွေ ဆွဲဖျက်၊ ကျနော်တို့ကိုပါ ဖမ်းသွားပြီးတော့ တောင်ငူထောင်မှာ ငါးလ ထိန်းသိမ်းခံခဲ့ရတယ်။”

“ဒုတိယအကြိမ်- ၁၉၈၈ ခုနှစ် မန္တလေး ကိုလိုနီသပိတ်မှာ ကျနော်တို့မှာ တာဝန်ရှိတယ်ဆိုပြီးတော့ ကျနော့်ကို
ထောင်ချလိုက်တယ်။ နောက်ဆုံး အယူခံဝင်တဲ့အခါ ပုဒ်မ ၅ဝ၅/၅ဝ၆ နဲ့ ထောင်ဒဏ် သုံးလ ထောင်ချလိုက်တယ်။
ထောင်ဒဏ် သုံးလဆိုပေမယ့် နေရတာက တနှစ်ခွဲလောက်ကြာသွားတယ်။”

“တတိယအကြိမ်- ၁၉၉ဝ-၉၁ မှာ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ကနေ စာစောင်ထုတ်တာပါ။ ခွပ်ဒေါင်း (၁)
အတွဲ (၁) အမှတ် (၂) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်နေ့မှာ စာစောင်ထုတ်လို့ ပုံနှိပ်ဥပဒေနဲ့ သွားငြိတဲ့အတွက် ခြောက်လလောက် နေခဲ့ရတယ်။”

“စတုတ္တအကြိမ်- ၁၉၉၆ ခုနှစ် ဂျင်းရှပ် (Dr. Gene Sharp) ရဲ့ နိုင်ငံရေးအံတုမှု စာအုပ်ကို ပြည်တွင်းမှာ ဖြန့်ဝေလို့ ဝါဒဖြန့်မှုဆိုပြီးတော့ ဖမ်းခံရတယ်။ အဲဒီတုန်းက ၁၉ ယောက် ဖမ်းဆီးခံရတယ်။ ခုနှစ် နှစ်ချခံရတယ်။”


အခုနောက်ဆုံး ထောင်ကျခဲ့တာက ဘယ်လိုအကြာင်းတွေနဲ့ ပတ်သက်လို့ ထောင်ချခံခဲ့ရတာလဲ။

“၂ဝဝ၁ ခုနှစ်မှာ လေဖြတ်ပြီးတော့ မြစ်ကြီးနားထောင်ကနေ လွတ်လာခဲ့တယ်။ အိမ်ရောက်ပြီး နိုင်ငံရေး အင်အားစု
တွေနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တခုလုပ်ဖို့ ပေါ်ပေါက်လာတယ်ပေါ့နော်။ အထူးသဖြင့် ပြည်ပမှာရှိနေတဲ့ ပြည်ထောင်စု
မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ NCGUB ဝန်ကြီးချုပ် ဒေါက်တာ ဦးစိန်ဝင်းတို့၊ NCGUB ၏ ကုလသမဂ္ဂရုံး ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်း၊့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာတို့ အဲဒီပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်မိပြီးတော့ ကျနော်လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတဲ့အတွက် သူတို့နဲ့ ပူးပေါင်းပြီးတော့ နိုင်ငံကို ဆက်ပြီးဆောင်ရွက်ခဲ့တယ်ပေါ့ဗျာ။”

“အဲဒီအချိန်မှာ ကျနော်က လေဖြတ်ထားတဲ့ အခါကျတော့
“အဓိကတော့ အမျိုးသားပြန်လည် သင့်မြတ်
ရေး အတွက် ကျယ်ပြန့်တဲ့ တွေ့ဆုံဆွေးနွေးမှု
တွေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေ အားလုံး ပါဝင်တဲ့ တွေ့ ဆုံဆွေးနွေး ပွဲကြီးတခုကို မဖြစ်မနေ ကျနော်
တို့ လုပ်ရမယ်။ ဒါက အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းအကြောင်းရဲ့ မဖြစ်မနေ လုပ်ရမယ့် လမ်းကြောင်းပဲ။ အဲဒါ မလုပ်မချင်း ကတော့ ကျနော်တို့ တိုင်းပြည်က ကျနော်တို့ လိုချင်တဲ့ ဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ စိုးမိုးရေးဟာ ကြာနေဦးမှာပဲ။”
ကုတင်ပေါ်မှာ ပက်လက်နေရတယ်ဗျ။ ဒီလိုကြီး လေဖြတ်
ထားတာ ဘာမှ မလုပ်နိုင်ဘူး ဆိုပြီးတော့ ထောက်လှမ်းရေး တပ်မှူးတွေက ကျနော့်ကို စိတ်မဝင်စားကြဘူး။ အထူး
သဖြင့် ဒီမိုကရေစီ အခွင့်အရေးပေါ့ဗျာ။ အဲဒါကြောင့် ပြည်ပ
မှာရှိနေတဲ့ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ နိုင်ငံရေး အံတု
မှုတွေ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ စီမံချက်တရပ်အနေနဲ့ ကျနော်ပို့ခဲ့တယ်။ အဲဒီ စီမံချက်အတိုင်းပဲ တဘက်ကလည်း
ပြည်တွင်းကနေ အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ပါ
တယ်။ အဲဒီ သဘောတူညီချက်နဲ့ ပြည်ပကပြီးတော့ ကျနော့်
ဆီ ကို မီဒီယာနဲ့ ပတ်သက်ပြီးတော့ မိုဘိုင်းဖုန်းတို့၊ ကင်မရာ
တို့ ပို့ပေးခဲ့ပါတယ်။”

“ဒီလုပ်ငန်းတွေကို ၂ဝဝ၂ ခုနှစ်ကနေစတာ လုပ်တာ ၂ဝဝ၃ ခုနှစ်ကြတော့ တော်တော်လေးကို အရှိန်မြင့်လာပြီ ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းမှာ အရိုက်ခံရတဲ့ကိစ္စ
တွေ၊ လူတွေ အများကြီး အသတ်ခံရတဲ့ ကိစ္စတွေကို ကျနော်တို့ ဖော်ထုတ်နိုင်ခဲ့တယ်ပေါ့နော်။ ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလထဲ ၂ဝ ရက်နေ့မှာ ထောက်လှမ်းရေးက ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ထဲကလူ တဦးက ဖမ်းဆီးခံရပြီးတဲ့နောက် ကျနော်တို့ ၁၁ ဦးလုံး ဖမ်းခံရတယ်။”


အန်ကယ်လုပ်ဆောင်မယ်ဆိုတဲ့ နိုင်ငံရေးစီမံချက်ထဲမှာ ဘယ်လိုအကြောင်းအရာတွေ ပါပါသလဲ။

“ကျနော်ကလည်း ကျနော့်ရဲ့ စီမံချက်ထဲမှာပါတဲ့။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်နေ
တဲ့ ကလေးစစ်သားကိစ္စတွေ၊ အဓမ္မလုပ်အားပေးမှုတွေ၊ နောက်တခါ ပြည်သူတွေအပေါ်မှာ အာဏာရှင်အစိုးရရဲ့
တရားမဲ့ ပြုကျင့်မှုတွေကို ကျနော်အများကြီး ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီလို ဖော်ထုတ်ရင်းနဲ့ ဒီပဲယင်း အရေးအခင်း
ပေါ့နော်။ ကျောက်ဆည် အဓိကရုဏ်းကိစ္စတွေ၊ နောက်တခါ တနိုင်ငံလုံး အတိုင်းအတာအရ ဘာသာရေး အဓိက ရုဏ်တွေကို အဲဒီအချိန်မှာ ကျနော်တို့ သုံးသပ်ချက်က ဘာသာရေး အဓိကရုဏ် ဖြစ်ဖို့အတွက် လှုံ့ဆော်နေတယ်
လို့ ကျနော်တို့ ယူဆခဲ့တယ်။ အဲဒါကြောင့် အဲဒီကိစ္စတွေ မဖြစ်အောင် ကျနော်တို့ အတတ်နိုင်ဆုံး သူတို့ရဲ့ လုပ်ဆောင် ချက်တွေကို ဖော်ထုတ်မယ်ဆိုပြီးတော့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။”


အန်ကယ်နဲ့အတူ အဖမ်းခံခဲ့ရသူတွေ ပြန်လွတ်လာပြီလား။

“ဒီနေ့ကျနော်တို့ ဝမ်းနည်းစရာတော့ ကောင်းတာပေါ့ဗျာ။ ကျနော်တို့ အမှုတွဲထဲက ၁၁ ယောက်ထဲက ကျောင်းဆရာ ဦးချစ်လွင်ဦး ပေါ့နော်။ သူက မန္တလေးထောင်ထဲမှာ လေဖြတ်တဲ့ရောဂါနဲ့ ၂ဝဝ၆ ခုနှစ်မှာ ကွယ်လွန် သွားရှာတယ်။
၂ဝဝ၆ ခုနှစ်မှာပဲ မန္တလေးက ဒေါ်နှင်းပပနဲ့ သား ကိုအောင်နိုင်သူက လွတ်သွားကြပြီ။ ကျနော်တို့ ထောင်ထဲမှာ ခုနှစ် ယောက် ရှစ်ယောက် ကျန်တာပေါ့နော်။ ကျနော် ၁၇ နှစ် အပါအဝင် နှစ်နည်းတဲ့ ခုနှစ် ယောက်က ၁၂ နှစ်ကျ သူတွေလည်း မနေ့က လွတ်လာပြီ။ ဦးဝင်းကြည်က ကျန်နေခဲ့တယ်။ သူက ၂၂ နှစ် ကျတာ။ အခု မန္တလေးထောင်မှာ ကျန်နေသေးတယ်။”


လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အပေါ် ဘယ်လို မြင်လဲရှင့်။

“ကျနော်ကတော့  ဒီလို လွှတ်ပေးတဲ့အပေါ် အကောင်းဘက်က သိပ်မကြည့်ချင်သေးဘူး။ မကောင်းသေးလို့၊ ကောင်း
အောင် လုပ်နေတယ်လို့တော့ အဲဒီလို ပြောချင်တယ်။ လွတ်ပေးသင့်တာတော့ အကုန်လုံးကို လွတ်ပေးသင့်တယ်။
ပြုပြင်ပြောင်းလဲရေးဆိုတာက ပါးစပ်ကနေ ပြုပြင်ပြောင်းလဲနေလို့ မရဘူး။ လက်တွေ့ ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာလည်း ဒီပြုပြင်ပြောင်းလဲရေးလုပ်မှ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို ရောက်မယ်။ နောက်တခုက အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံတကာ စီးပွားရေး ပိတ်ထား တယ်။ ပြည်သူလူထု စီးပွားရေး ချွတ်ခြုံကျနေတယ်။ ဥပဒေစိုးမိုးရေးတွေ အားနည်းနေတယ်။ အဲဒါတွေ အားလုံးကတော့ ယုံကြည်ချက်ကြောင့် ကျနေတဲ့ အကျဉ်းသားတွေ၊ ယုံကြည်ချက်ဆိုတဲ့ နေရာမှာ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး ယုံကြည်ချက်တွေ ရှိတယ်။ ကိုယ့်အတွက် မပါဘဲ အများအတွက် မိမိယုံကြည်တဲ့အလုပ်ကို လုပ်တဲ့လူတွေပေါ့။ အဲဒါကို ယုံကြည်ချက် အကျဉ်းသားလို့ ပြောတယ်။ ဒီလိုတွေကို မြန်မြန်လွှတ်ပေးပါလို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကို အလေးအနက်ထားပြီးတော့ တိုက်တွန်းချင်ပါတယ်။”


နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ဘာကြောင့် မလွှတ်ပေးသေးဘူးလို့ ထင်လဲ။

“အစိုးရသက်တမ်းကလည်း တနှစ်မပြည့်သေးဘူး။ နောက်တခုက အရေးအကြီးဆုံးအချက်က အစိုးရအသစ်ထဲမှာ အားလုံးက တန်းတူစိတ်ထား မရှိကြဘူး။ အဆိုးအမြင်ကို ပြောတာမဟုတ်ဘူး။ တချို့က ဒီမိုကရက်တစ် အင်အားစု
တွေ အပေါ်မှာ ယုံကြည်မှု အားနည်းနေတဲ့ အနေအထားရှိလိမ့်မယ်။ တချို့ကလည်း ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိနေတဲ့လူ ရှိလိမ့်မယ်။ ဒါကြောင့် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် အစိုးရကို တိုက်တွန်းချင်တယ်။ သတ္တိရှိရှိ ယုံကြည်ချက် အကျဉ်းသားတွေကို တယောက်မကျန် လွှတ်ပေးလိုက်ပါ။ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ကို ကျနော်တို့တတွေ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ် ဆိုတာကို အကျဉ်းသားတွေအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ လွှတ်ပေးဖို့ လိုအပ်ပါတယ်။”


လက်ရှိ အစိုးရအပေါ်မှာရော ဘယ်လို မြင်ပါသလဲ။
“တကယ်တမ်းထောင်ထဲကနေ လွတ်ပေးရမယ့် လူတွေကျတော့ ထောင်ထဲမှာရှိနေတယ်။ သက်ကြီးတဲ့လူတွေ၊ ကျန်းမာရေးမကောင်းတဲ့ လူတွေက ထောင်ထဲမှာ ရှိနေတယ်"။


“ဒီအစိုးရသစ်ကို အကောင်းမြင်တာကတော့ နည်းနည်းလေး
ပြောချင်တယ်။ ဥပမာ ဆိုကြပါစို့။ ကျနော်တို့ ထောင်ထဲ
မှာ နေရာတာလည်း သတင်းစာတို့၊ မီဒီယာဂျာနယ်တို့ အကုန်လုံးဖတ်ရတဲ့ အခါကျတော့ အပြင်ကကိစ္စတွေ၊
ဖြစ်နေတာ အားလုံးကို သိနေတယ်။ သိနေတဲ့အခါကြတော့ အပြင်မှာ ဖြစ်နေတဲ့ ကောင်းတာလေးတွေ ရှိပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့တဲ့ ကိစ္စမှာ ကျနော်က ထောင်ထဲမှာ ဘယ်လောက်ထိ
ပျော်သလဲ ဆိုတော့ ကျနော်ထောင်က လွတ်လာသလို ပျော်တယ်ဗျ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းကို မထင်မှတ်တဲ့ အချိန်မှာ သူတို့ထပြီးတော့ တွေ့ဆုံတဲ့အတွက် လက်ရှိတက်လာတဲ့ အစိုးရအပေါ်မှာ ပီတိဖြစ်မိပါတယ်။ ဒါက ပထမကိစ္စပါ။”

“ဒုတိယအချက်က မြစ်ဆုံကိစ္စ၊ ကျနော်တို့က မြစ်ဆုံကိစ္စကို ထောင်ထဲမှာ တတိတ်ထိတ် ခံစားနေရတာ၊ ဂျာနယ်တွေ
ထဲမှာ မြစ်ဆုံက စီးလာတဲ့ရေကိုကြည့်၊ ဧရာဝတီမြစ်မှာ ဖြစ်ထွန်းနေတဲ့ တောင်တွေကို ကြည့်ပြီးတော့ ဒီမှာ ကိုယ့် အမေအရင်း ခေါက်ခေါက်ကို ခုတ်ထစ်နေတယ်၊ သွေးတွေ ဖျာကျနေသလို ကျနော်တို့မှာ ခံစားနေခဲ့ရတယ်။ အဲဒီလို ခံစားနေရတဲ့ အချိန်မှာပဲ သမ္မတ သိန်းစိန်ကနေ ပြည်သူတွေရဲ့ အသံ၊ လွတ်တော်ရဲ့ အသံ၊ ဆန္ဒကို လိုက်လျော လိုက်တဲ့ မြစ်ဆုံကိစ္စကို ရပ်ဆိုင်းလိုက်တဲ့ သတင်းပေါ့၊ ဒါကတော့ ဒုတိယ ဝမ်းသာတဲ့ သတင်းပေါ့ဗျာ။ ဒါပေမဲ့ အပြည့်အဝ ဝမ်းမသာနိုင်သေးဘူး။ ဘာပဲပြောပြော ကျနော်တို့ အခုအရေးနဲ့ ပတ်သက်ပြီးတော့ အိမ်နီးချင်းနိုင်ငံနဲ့ စကားပြောရမယ့် အနေအထားတွေ ဖြစ်လာတယ်။ အဲဒီလို ပြောတဲ့အခါမှာ လက်ရှိ အစိုးရကို ကျနော်တို့ ပြည်သူ
တွေက မြစ်ဆုံစီမံကိန်း အားလုံးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ကြီးနဲ့ အစိုးရအဖွဲ့ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့်
ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ ပြည်သူလူထုက အပြည်အဝ အစိုးရရဲ့ အနောက်မှာ ရှိနေရမယ်လို့ ကျနော် ဒီနေရာကနေ တတိုင်းတပြည်လုံးကို တိုက်တွန်းချင်ပါတယ်။”


အန်ကယ်က ထောင်ထဲမှာ ရှစ် နှစ်ကျော်ကြာနေခဲ့ပြီးမှ လွတ်လာတယ်ဆိုတော့ အပြင်ကို လွတ်မြောက်သွားတဲ့အခါ ဘယ်လို ခံစားရလဲရှင်။

“အခု ခင်ဗျားတို့နဲ့ ကျနော်က စကားပြောနေတာကို ကျနော်ရင်ထဲကနေ လှိုက်လှိုက်တက်လာတယ်။ တခါတလေ မျက်ရည်တောင်ဝေ့လာတယ်။ ဘာကြောင့်လည်း ဆိုတော့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ထောင်ထဲမှာ
ရှိနေတော့ စိတ်မချမ်းသာဘူးပေါ့။ မန္တလေးထောင်ထဲမှာပဲ နိုင်ငံရေးအကျဉ်းသား ၆ဝ လောက်ရှိဦးမယ်။ ကျနော်က ၁၄ နှစ်သားကနေပြီးတော့ စပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ငါး ကြိမ် ထိန်းသိမ်းခံခဲ့ရတာပါ။ လွတ်လာတဲ့
အခါတိုင်း တခါမှ မပျော်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နဲ့ အတူလုပ်နေတဲ့ လူတွေက ထောင်ထဲမှာ ကျန်နေခဲ့တယ်။”


ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ကျန်းမာရေးအခြေအနေလေး ပြောပြပါဦး။

“တကယ်တမ်းထောင်ထဲကနေ လွတ်ပေးရမယ့် လူတွေကျတော့ ထောင်ထဲမှာရှိနေတယ်။ သက်ကြီးတဲ့လူတွေ၊ ကျန်းမာရေးမကောင်းတဲ့ လူတွေက ထောင်ထဲမှာ ရှိနေတယ်။ အခု ကျနော်တို့ မန္တလေးထောင်မှာဆိုရင်
ကျောက်ဆည် မင်းကုန်းကျောင်း ဆရာတော်ကြီး ဦးဇဏိတ က ၂ဝဝ၃ ခုနှစ်ကနေ ဘာသာရေးအဓိကရုဏ်းနဲ့ ပတ်သက်ပြီးတော့ ၂၇ နှစ် ထောင်ချခံနေရတာ။ ဒီဆရာတော်က အဲဒီအမှုနဲ့ ဘာမှ မပတ်သက်တဲ့ ဆရာတော်ကြီးပါ။ အမှုအခင်းကို ပြေငြိမ်းအောင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက တောင်းပန်ခိုင်းလို့ ထိန်းသိမ်းခဲ့တဲ့ ဆရာတော်ကြီးပါ။ သက်တော်က ၆၆ နှစ်ရှိပြီ၊ သူက နှလုံးရောဂါကို ပြင်းထန်စွာ ခံစားနေရတယ်။ တလတကြိမ်
ဆေးရုံထွက်ပြီးတော့ ကုနေရတယ်။ အဲတော့ ဒီလို ပုဂ္ဂိုလ်တွေကို တကယ်တမ်း လွှတ်ပေးသင့် တာပေါ့ဗျာ။
နောက်တယောက်က ၈၈ ကျောင်းသား ကိုလှမျိုးနောင်ဆိုရင်လည်း သိတဲ့အတိုင်းဘဲ အကြိမ်ကြိမ်ထောင်ကျခဲ့တော့ မျက်စိလည်းကိုက်၊ ခါးကလည်းကိုက် တကယ်ကို ရှုနာရှိုက်ကုန်း ဖြစ်နေတာပါ။ သူတို့လိုလူကို လွှတ်ပေးသင့်ပါတယ်။”


ရှေ့ဆက်သွားမယ့် နိုင်ငံရေး ရပ်တည်ချက်တွေ ပြောပြပါဦးရှင့်။

“ကျနော်ရဲ့ နိုင်ငံရေးရပ်တည်ချက်က ကျနော်တို့ တိုင်းပြည်မှာ တရားဥပဒေ မစိုးမိုးခဲ့တာက ကျနော်တို့ တသက်ရှိပြီ။ ကျနော်တို့ တိုင်းပြည်မှာ ဥပဒေ မစိုးမိုးမချင်း စိုးမိုးတဲ့အထိ၊ ဒီဘဝမှာ မစိုးမိုးသေးရင် နောက်ဘဝထိ ဆက်လုပ်သွား
မယ်။ ဒါက ကျနော်ရဲ့ ဆန္ဒပါ။ အခုလည်း ကျနော် ကျန်းမာရေး မကောင်းပါဘူး၊ ကျနော်အခု ထိုင်ပြီးတော့ စကားပြော
နေရတာပါ။ ဒါပေမယ့် အခု သန္နိဋ္ဌာန်အတိုင်းပဲ ကျနော်ဆက်ပြီး လုပ်သွားမှာပါ။”


အဓိက ဦးစားပေး လုပ်ဆောင်မယ့် လုပ်ငန်းက ဘယ်လို လုပ်ငန်းလဲရှင့်။

“အဓိကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကျယ်ပြန့်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ အထူးသဖြင့်
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေး ပွဲကြီးတခုကို မဖြစ်မနေ ကျနော်တို့ လုပ်ရမယ်။ ဒါက အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းအကြောင်းရဲ့ မဖြစ်မနေလုပ်ရမယ့် လမ်းကြောင်းပဲ။ အဲဒါ မလုပ်မချင်းကတော့ ကျနော်တို့ တိုင်းပြည်က
ကျနော်တို့ လိုချင်တဲ့ ဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ စိုးမိုးရေးဟာ ကြာနေဦးမှာပဲ။”


ထောင်ထဲမှာရှိနေတဲ့အချိန် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သတင်းတွေရော ကြားရလား။

“သတင်းစာတွေကနေ ကြားရပါတယ်။ အထူးသဖြင့် ပုဂ္ဂလိက ဂျာနယ်တွေကနေ ဖတ်ရပါတယ်။”


ကျန်းမာရေးအခြေအနေ သိပါရစေရှင့်။
ပြည်ပအဖွဲ့အစည်းတွေ အားလုံးကို ဆယ်စုနှစ်
နှစ်ခု၊ အနှစ် ၂ဝ ကျော်ကြာ လုပ်နေကြတယ်။ ဘာဘဲပြောပြော ကိုယ့်မိခင် ရင်ခွင်ကိုတော့
ပြန်ချင်ကြတာပါ။ ဒါပေမယ့် ခက်တာက သက်ဆိုင်ရာအစိုးရ သမ္မတကြီး အစိုးရ ကြေငြာ ချက်က သိပ်မလုံလောက်ဘူးဗျ၊ ပြည်ပမှာ
ရောက်နေတဲ့ လူတွေကလည်း သူတို့ ယုံကြည်ချက်နဲ့ သူတို့ သွားနေကြတဲ့ ပုဂ္ဂိုလ်
တွေပဲ။ ဂုဏ်သိက္ခာတွေ ရှိတယ်။ ဒီဂုဏ်သိက္ခာ
နဲ့ အညီ တန်းတူရှိတဲ့ ဆိုလိုတာက ဥပဒေ လို ဟာမျိုး စနစ်တကျ ပြဋ္ဌာန်းပြီးတော့ ကြေငြာ
ချက်ထုတ် ပြီးတော့ အားလုံးကို ပြန်ခေါ်စေချင် တယ်။

“ကျနော်က ၂ဝဝ၁ ခုနှစ်မှာ လေဖြတ်တဲ့ ရောဂါက ညာဘက် တခြမ်းက မကောင်းဘူး။ ခုတော့ ချိုင်းထောက်နဲ့ သွားလာ လှုပ်ရှားလို့တော့ ရပါတယ်။ အပေါ်လက်ကတော့ ပျောက်
သွားပြီ။ ခြေထောက်မှာက နည်းနည်းကျန် သေးတယ်။ တခါ တလေ သွေးတိုးတဲ့အခါ နည်းနည်းခံရတာပါဗျာ။”


ပြည်ပမှာရောက်နေတဲ့ အဖွဲ့အစည်းတွေကိုရော ဘာများ အကြံပေးချင်တာရှိလဲ။

“ဟုတ်ကဲ့၊ ပြည်ပအဖွဲ့အစည်းတွေ အားလုံးကို ဆယ်စုနှစ်
နှစ်ခု၊ အနှစ် ၂ဝ ကျော်ကြာ လုပ်နေကြတယ်။ ဘာဘဲ
ပြောပြောကိုယ့်မိခင် ရင်ခွင်ကိုတော့ ပြန်ချင်ကြတာပါ။
ဒါပေမယ့် ခက်တာက သက်ဆိုင်ရာအစိုးရ သမ္မတကြီး
အစိုးရ ကြေငြာချက်က သိပ်မလုံလောက်ဘူးဗျ၊ ပြည်ပမှာရောက်နေတဲ့ လူတွေကလည်း သူတို့ ယုံကြည်ချက်နဲ့ သူတို့ သွားနေကြတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဂုဏ်သိက္ခာတွေ ရှိတယ်။ ဒီဂုဏ်သိက္ခာနဲ့အညီ တန်းတူရှိတဲ့ ဆိုလိုတာက ဥပဒေလိုဟာမျိုး စနစ်တကျ ပြဋ္ဌာန်းပြီးတော့ ကြေငြာချက် ထုတ်ပြီးတော့ အားလုံးကို ပြန်ခေါ် စေချင်တယ်။ ဒါက ကျနော်ဆန္ဒပေါ့လေ။ အဲဒီလို ဖြစ်လာ မယ် ဆိုရင်တော့ ကျနော်ပြန်စေချင်တာထက် သူတို့လိုချင်တဲ့ အနေအထား မရောက်သေးတဲ့အတွက် သူတို့ မပြန်ဖြစ် သေးတာ ဖြစ်ပါတယ်။ သူတို့ကို အာမခံချက်ပေးရမယ်။ နိုင်ငံရေး လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်
ပေးရမယ်။ အပြင်မှာ သူတို့ ဆောင်ရွက်ခဲ့ တာတွေ ရှိတယ်။ ဂုဏ်သိက္ခာပိုင်းအရ အသိအမှတ်ပြုတဲ့ သဘောပေါ့နော်။ အဲဒီလိုဟာမျိုးတွေ လိုလိမ့်မယ်လို့ ကျနော်ယုံတယ်။”


တခြားဘာတွေများ ထပ်ဖြည့်ပြောပြချင်သေးလဲ။

“ဆယ်စုနှစ် နှစ်ခုမှာ တရားမမျှတတဲ့ နိုင်ငံတကာနဲ့ ကူးလူးဆက်ဆံဆောက်ရွက်ခဲ့တာတွေ ရှိတယ်။ အထူးသဖြင့် စီမံကိန်းတွေပေါ့ဗျာ။ အဲဒီစီမံကိန်းတွေပေါ့ဗျာ။ တဘက်နိုင်ငံရဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွား၊ ကျနော်တို့နိုင်ငံရဲ့
ပြည်သူတွေရဲ့ အကျိုးစီးပွား နှစ်ခု တရားမျှတတဲ့ ဆောက်ရွက်ချက်တွေ ဖြစ်စေချင်တယ်။ အထူးသဖြင့် ကျနော်တို့
နိုင်ငံမှာ တရုတ်နိုင်ငံက ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာ တရားမမျှတမှုတွေရှိတယ်။ ပြောရရင်
တော့ ကျနော်တို့က ဘာဖြစ်နေလဲဆိုတော့ မန္တလေးမြို့ထဲမှာ မနေနိုင်ကြတော့ဘူး။ ကျနော်တို့က မြို့ပြင်တွေကို
ရောက်ကုန် တယ်။ အဲတော့ ကျနော်တို့ မြို့လယ်ခေါင်မှာ ဘယ်သူတွေ ဝင်လာသလဲဆိုတော့ တရားနည်းလမ်း ကျကျနဲ့ ဝင်လာ တာရှိတယ်။ တရားမမျှတဘဲ ဝင်လာတာတွေ ရှိတယ်။ ကျနော်တို့အနေနဲ့ ကတော့ တချို့ လုပ်ထားတဲ့ အလုပ်က ခြေလွန် လက်လွန်တွေ ရှိနေတယ်လေ။ နောင်ကို ဒီလိုမဖြစ်အောင် ဒီလို အလားတူ
ဖြစ်ရပ်မျိုးတွေ မဖြစ်အောင် တားဆီးရမယ်။ အထူးသဖြင့် ဥပဒေစိုးမိုးအောင် ကျနော်တို့ လုပ်ရမယ်။”
http://www.mizzimaburmese.com/interview/8486-2011-10-14-06-31-02.html

တပ်တွင်း အရာရှိနှစ်ဦး ထိုးကြိတ်မှု စစ်ခုံရုံးဖွဲ့စစ်ဆေး


ကျော်ခ | သောကြာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၄၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ ( ၁၇) ၌ အရာရှိငယ်နှစ်ဦးက တပ်သား တဦးကို ပြင်းထန်စွာ ကိုယ်ထိလက်ရောက်ကျူးလွန်သည်ဟု စွပ်စွဲထားသည့် အမှုနှင့် ပတ်သက်၍ ပင်မ စစ်လက်နက် ပစ္စည်းတပ် နတ်မောက် (ပပန) မှ ဗိုလ်မှူးချုပ် ဗိုလ်လွင် က ဦးဆောင်ကာ ခုံရုံးဖွဲ့ စစ်ဆေး လျက်ရှိသည်။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်အခြေစိုက် ကပစ (၁၇) တွင် တာဝန်ထမ်းဆောင်နေသော ကိုယ်ပိုင်အမှတ် - ကြည်း
- ၅၇၄ဝ၃ ဗိုလ်ခင်ဇော်အောင်နှင့် ကိုယ်ပိုင်အမှတ် ကြည်း - ၅၇၃၈၃ ဗိုလ်ဟိန်းဝင်းအောင် တို့က စက်တင်ဘာလ ၁၄ ရက်နေ့က ကိုယ်ပိုင်အမှတ် - ကြည်း ၃၄၃၈၄၁ တပ်သား အောင်ငြိမ်းချမ်းကို ထိုးကြိတ်၊ ကန်ကျောက်ကာ ဝါးစိမ်းတုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ တနာရီက ခုံရုံးစတင်ဖွင့်လှစ်ပြီး တရားလိုဖြစ်သူ တပ်သား အောင်ငြိမ်းချမ်းနှင့် မိခင်ဖြစ်သူ ဒေါ်မြင့်ဇူတို့ကို သီးခြားစီစစ်ဆေးခဲ့ကြောင်း ဒေါ်မြင့်ဇူက မဇ္ဈိမကိုပြောသည်။

ခုံရုံးကို အောက်တိုဘာ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းကာ နတ်မောက်မြို့နယ် ပင်မ စစ်လက်နက်ပစ္စည်းတပ်မှ ကြည်း - ၁၄၃ဝဝ ဗိုလ်မှူးချုပ် ဗိုလ်လွင် က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ကာ၊ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဋ္ဌာနချုပ် အမှတ် -
၁၈ဝ၉ မှ ဗိုလ်မှူး ကိုကိုနိုင်တို့က အတွင်းရေးမှူး၊ ပင်မစစ်လက်နက်ပစ္စည်းတပ်မှ ဗိုလ်ကြီးမြတ်နိုးက အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။

“အဲဒီအရာရှိ သုံး ဦးက ဘေးမှာ စစ်သား ငါး ယောက်ခြံရံပြီးတော့ ကျမကိုစစ်တယ်။ တိုင်ရင် ထောင်ကျမယ်
ဆိုတာ ခင်ဗျားကို ဘယ်သူပြောသလဲတို့။ တိုင်စာကို ရေးပေးတဲ့လူကို အဓိကထားမေးတယ်။ စာစီပေးတဲ့
လူတို့ ဘယ်ကွန်ပြူတာမှာရိုတ်တာလဲတို့၊ ကပစ (၁၇) ကို မတိုင်ဘဲနဲ့ သမ္မတကို တိုင်တယ်ဆိုတာ အရာရှိ
တွေ နစ်နာတယ်ဆိုတဲ့အကြောင်း၊ စက်ရုံကိုမတိုင်ဘဲ ကျော်တိုင်တယ်တို့ မေးတယ်” ဟု ဒေါ်မြင့်ဇူက မဇ္ဈိမ
ကို ပြောသည်။

“တိုင်တာကတော့ သတင်းစာတွေ၊ ရေဒီယိုတွေ ထဲကကြားတဲ့သိတဲ့အတိုင်း ကြည့်ပြီးတိုင်တယ်။ စာစီတာက
တော့ ကိုယ်ကပြော ပြတာကို နောက်က ကွန်ပြူတာ သမားက စာရိုက်ပေးတယ်လို့ ကျမကပြန်ဖြေခဲ့တယ်”
ဟု သူက ဆက်ပြောသည်။

တရားခံဖြစ်သူ ဗိုလ်ခင်ဇော်အောင် နှင့် ဗိုလ်ဟိန်းဝင်းအောင်တို့ကို စစ်ဆေးခြင်း ရှိမရှိ မသိခဲ့ရ ဟုဆိုသည်။ ဗိုလ်ဟိန်းဝင်းအောင်မှာ လာမည့် နှစ်ဆန်းတွင် တရုတ်နိုင်ငံသို့ ပညာတော်သင်သွားရန် ရွေးချယ်ခံရထားသူ ဖြစ်သည်။

ထိုးကြိတ်ခံရမှုနှင့် ပတ်သက်ပြီး ကပစ (၁၇) မှ အရေးယူပေးလိမ့်မည်အထင်ဖြင့် စောင့်ကြည့်ခဲ့သော်လည်း မဖြစ်လာသဖြင့် မိခင် ဒေါ်မြင့်ဇူ က စက်တင်ဘာ ၂ဝ ရက်နေ့တွင် သမ္မ တဦးသိန်းစိန်အပါအဝင်၊ ကာကွယ်ရေး ဝန်ကြီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် မကွေးတိုင်း ဝန်ကြီးချုပ်တို့အား တိုင်ကြားခဲ့သည်။

စက်တင်ဘာ ၁၄ ရက်နေ့ က တာဝန်ပြီး အနားယူ ရေချိုးနေသည့် အောင်ငြိမ်းချမ်း ကို ဗိုလ်ခင်ဇော်အောင် က
အပြင်မှ ခေါ်သဖြင့် ထွက်တွေ့သည့် အခါတွင် အင်္ကျီ ကြယ်သီးတလုံး ပြုတ်နေပြီး သတိဆွဲရန် မေ့လျော့ခဲ့ခြင်း
ကြောင့် ဗိုလ်ခင်ဇော်အောင်နှင့် ဗိုလ်ဟိန်းဝင်းအောင်တို့က အချက် (၄ဝ) ထက်မက ထိုးကြိတ် ကန်ကြောက်ပြီး ဝါးစိမ်းဒုတ်ဖြင့်ပါ ရိုက်နှက်ခဲ့ကြောင်း ဒေါ်မြင့်ဇူက ပြောသည်။

ဒါဏ်ရာများပြင်းထန်သဖြင့် တပ်တွင်းဆေးခန်းတွင်ပြသသော်လည်း မသက်သာသဖြင့် တောင်တွင်းကြီးမြို့ မဏိမေခလာ ဆေးခန်းသို့ တပ်အစီအစဉ်ဖြင့် သယ်ဆောင်ကာ သွားရောက် ကုသခဲ့ရသည်။ ယခုအခါ တပ်တွင်းဆေးခန်းတွင် ကုသမှု ခံယူနေရသည်။
http://www.mizzimaburmese.com/news/inside-burma/8490-2011-10-14-15-18-33.html

မြစ်ဆုံဆည် စီမံကိန်းတွင် တရုတ်ဝန်ထမ်းများ ရှိနေဆဲ


ဖနိဒါ | သောကြာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၇ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားသည်ဟု သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ ပြောကြားခဲ့သော်လည်း စီမံကိန်းတွင် တရုတ်ဝန်ထမ်းများ ဆက်လက်ရှိနေသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG က သောကြာနေ့က ထုတ်ပြန်လိုက်သည်။

“အခုထိ သွားလာရေး၊ မြစ်ဆုံတဝိုက်မှာဆိုရင် စစ်တပ်လည်း မရုပ်သေးဘူး။ အလုပ်သမားတွေလည်း ရှိသေးတယ်။ တချို့အလုပ်သမားတွေက မိုးရာသီဖြစ်လို့ သမ္မတ မပြန်ခင် ကတည်းကနေ ပြန်သွားတာ။ ဒါပေမဲ့ သွားရေးလာရေး လုံခြုံရေးကအစ တင်းကြပ်မှုတွေရှိတယ်”ဟု KDNG ၏ ပြောခွင့်ရသူ မအနန်က ပြောသည်။

ဦးသိန်းစိန်က မြစ်ဆုံရေကာတာ စီမံကိန်းကို ပြည်သူ့သဘောထားအတိုင်း မိမိအစိုးရလက်ထက်တွင် ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၃ဝ ရက်နေ့က လွှတ်တော်နှစ်ရပ်လုံးသို့ အကြောင်းကြားခဲ့သည်

“လတ်တလော ကျမတို့သိရသလောက်ဆိုရင် တံတားဆောက်တာတော့ ရပ်ထားတယ်။ တရုတ်ကုမ္မဏီက မြေယာ လာတိုင်းထွာတဲ့ လူတွေရှိတယ်။ နောက်လမ်းဆောက်နေတာတွေ ရှိသေးတယ်။ နောက်တခုက သူတို့ ပစ္စည်းတွေ
ကို စောင့်ဖို့ ဆိုပြီး ရှိနေတဲ့ အလုပ်သမားတွေလည်း ရှိသေးတယ်”ဟု မအနန်က ပြောသည်။ KDNG အဖွဲ့သည်
၂ဝဝ၄ ခုနှစ်မှစတင်၍ မြစ်ဆုံစီမံကိန်းဆောက်လုပ်မှုကို အစဉ်စောင့်ကြည့်နေသော အဖွဲ့ဖြစ်သည်။

တရုတ်နိုင်ငံသား အလုပ်သမား ဝန်ထမ်းအချို့က ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြစ်ဆုံစီမံကိန်းနေရာ ဂွေဒူ
ကျေးရွာမှ ဝိုင်းမော်မြို့နယ် ဝါးရှောင် ကျေးရွာ၏ မြောက်ဘက်မှ ကံပိုင်တီအထိ လမ်းဖောက်လုပ်မှု ဆက်လက် ရှိနေကြောင်းကို ညွှန်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ လမ်းသည် တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်းများကို သယ်ယူရန် အရေးကြီးသည့် ကားလမ်း ဖြစ်သည်ဟု KDNG က မအားနန်က ပြောသည်။

ထို့ပြင် စီမံကိန်းရပ်ဆိုင်းထားသော်လည်း အမှတ် (၂) သတ္တုဝန်ကြီးဌာနနှင့် ဟာခါဘို သတ္တုတူးဖော်ရေး ကုမ္ပဏီ လီမိတက်တို့က သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးစေသော ရွှေတူးဖော်ရေးနှင့် သစ်ထုတ်လုပ်မှုများ ဆက်
လက် ပြုလုပ်ဆောင်နေသဖြင့် ရပ်ဆိုင်းရန် အစိုးရထံ တောင်းဆိုလိုက်သည်။

“ဒေသခံတွေကိုတော့ ခွင့်မပေးဘဲ ဒီကုမ္ပဏီတွေဘဲ မေခ မလိခကြား တြိဂံနယ်မြေထဲမှာ မြစ်အထက်ပိုင်းမှ သစ် ထုတ်လုပ်နေတာတွေ လုပ်နေတာတွေ ရပ်ဖို့ ပြောချင်တယ်။ ညဘက်ပိုင်း တရုတ်တွေ ကားနဲ့ တရုတ်နိုင်ငံဘက် သယ်ဆောင်သွားတယ် ဆိုတာကို ဒေသခံတွေ ပြောပြချက်အရ သိတာပါ။ ကျမတို့ လူတွေက မျက်မြင် သက်သေ ဖြစ်နေတယ်”ဟု မအနန်က ပြောသည်။

သို့သော် မြန်မာကုမ္ပဏီ တခုဖြစ်သော Asia World ကုမဏီမှ လုပ်သားများကတော့ စီမံကိန်းကို ရပ်ဆိုင်းပြီး ပြန်သွားကြပြီဟု ဒေသခံတဦးက ပြောသည်။

မြစ်ဆုံဆည်စီမံကိန်းနှင့် ကီလိုမီတာ ၅ဝ ခန့်ကွာသောဒေသတွင် ဗဟိုအစိုးရကို လက်နက်ကိုင် တော်လှန်နေ
သော ကချင်လွတ်မြောက်ရေးအဖွဲ့၏ တပ်မဟာ ၁ တပ်ရင်း ၃ ၏ လဖိုင်ဂိတ် တပ်စခန်းတခုရှိသည်။ စီမံကိန်းမှ ကီလိုမီတာ ၄ဝ ခန့် ဝးကွာသော မြစ်ကြီးနားမြို့ရပ်ကွက်အချို့တွင် စစ်တပ်အသုံးပြုရန် ပေါ်တင်ဆင့်ခေါ်မှုများ လုပ်နေသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငြင်းဆန်ထားသည်။

စီတာပူ၊ တပ်ကုန်း၊ ဒူကထောင် ရပ်ကွက်များမှ တရပ်ကွက်လျှင် လူ ၅ဝ စီ ပေးပို့ရမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်က တောင်းဆိုထားရာ " ဒါပေမဲ့ ကျနော်တို့က တာဝန်မယူနိုင်ဘူး။" ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းအနီးတဝိုက်မှ ကျေးရွာသား ဒေသခံများကို မူလ မိမိအိမ်နေအိမ်များသို့ ပြန်လည် နေထိုင်ခွင့်ပေးရန်နှင့် မေခ-မလိခမြစ်အထက်ပိုင်းရှိ ရေကာတာစီမံကိန်းများကိုလည်း ရပ်ဆိုင်းရန် KDNG တောင်းဆို လိုက်သည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်သည့်အပေါ် ဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမည်ဟု CPI က အတိအလင်းပြောဆို
ခဲ့ပြီး ဖြစ်သည်။ အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၄င်းတို့ ကုမ္ပဏီများ၏ အကျိုးစီးပွားအတွက် ထည့်သွင်းစဉ်းစားပေးရန် ထုတ်ပြန်ခဲ့သေးသည်။
http://www.mizzimaburmese.com/special/research/2011-09-22-05-33-28/8489-2011-10-14-15-10-43.html

KNU မှ ထွက်ပြေး၊ အစိုးရတပ်မှ ဖမ်းပြီးနောက်


ကိုဝိုင်း | သောကြာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၂၂ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရန် ကရင်အမျိုးသားအစည်းအရုံး KNU မှ ထွက်ပြေးပြီး အစိုးရတပ်နှင့် သွားပေါင်းခဲ့ရာမှ ထောင် ရှစ် နှစ် ကျခဲ့ရသူ စောဘားဘယ်က သူကြုံတွေ့ခဲ့ရသည့် သပြေညွန့် ငြိမ်းချမ်းရေးစခန်းအကြောင်းနှင့် ထောင်တွင်းအတွေ့အကြုံတချို့ကို မဇ္ဈိမကို ပြောပြ ထားသည်။နာမည်ဘယ်သူလဲဗျ။ ကရင်အမျိုးသားအစည်းအရုံး KNU ဘယ်တပ်မဟာကလဲ။

“စောဘားဘယ်။ ကျနော်တို့ KNU နှစ်ယောက်ရှိတယ်။ နောက်တယောက်က ကိုမြင့်အောင်။ ကရင်နာမည်မရှိဘူး။ သူက တောင်ငူသား။ ကျနော်က KNU မှာနေတုန်းက တပ်မဟာ-၂၊ တပ်ရင်း-၆၊ တပ်ခွဲ-၂၊ တောင်ငူခရိုင်။ ဇာတိက ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ ဘောဂလိကြီး ကျေးရွာအုပ်စု၊ ရေသိုးကလေး ရွာကပါ”


နှစ်ယောက်လုံးက အဖြစ်အပျက်က အတူတူလား။

“တကွဲစီပါခင်ဗျ။ ကျန်တဲ့လူတွေအတွက်တော့ ကျနော် သိပ်မပြောချင်ဘူး။ ကျနော့်ကိစ္စပဲ ပြောချင် တယ်ခင်ဗျ။”


စောဘားဘယ်က အသက် ဘယ်လောက်ရှိပြီလဲ ခင်ဗျ။

“ကျနော့်အသက် ခုဆိုရင် ၂၆ နှစ်။”


အခု လွတ်လာတာ ဘယ်ထောင်ကလဲ။

“အခုလွတ်လာတာ ကသာထောင်မှာ။ ပထမချတာတော့ တောင်ငူထောင်။ မန္တလေးထောင် ပြောင်းတယ်။ ကသာထောင်ပြောင်းတယ်။ စုစုပေါင်း ခြောက်နှစ်နဲ့ နှစ်လလောက် နေလိုက်ရတယ်။ တောင်ငူထောင်ထဲမှတော့ သုံး-လေး-ငါး လလောက်ပဲကြာတယ်။ မန္တလေးမှာ ၁၁ ရက်။ ကျန်တဲ့ ကာလကတော့ ကသာထောင်မှာ လွတ်တဲ့အထိပါပဲ။”


ကသာထောင်ကနေ လွတ်လာပြီး မန္တလေးမြို့ကို ဘယ်လိုရောက်လာလဲ။

“မနေ့ည ၇ နာရီခွဲလောက် ရောက်တယ်။ ရထားနဲ့။ ကသာထောင်မှာ မိတ်ဟောင်း ဆွေဟောင်း ယုံကြည်ချက်ကြောင့်နဲ့ အတူတူနေခဲ့ဖူးတဲ့လူတွေ လာကြိုပါတယ်။ သူတို့က အရင်ဆုံးလွတ်သွား တာပါ။ သာမန်လွတ်ရက်နဲ့။ ကသာ အန်အယ်ဒီက ဥက္ကဋ္ဌ ဦးမြင့်ကြည်။ ကိုချမ်းအောင်၊ ကိုပေတိုးလည်း ပါတယ်။ မန္တလေးကို သူတို့ပဲ ရထားနဲ့ စီစဉ်ပေးလိုက်တာပါဗျ။ မန္တလေးရောက်တော့ (အန်အယ်ဒီ မန္တလေးတိုင်းစည်း) ကိုမျိုးနိုင် လာကြိုပေးပါတယ်ခင်ဗျ။”


KNU မှာတုန်းက ဘာတာဝန်လဲ။

“ဆေးမှူး၊ ကျနော်တို့က တပ်ရင်းအနေနဲ့တော့ မထိုင်ဘူး။ ရင်းအောက်ခံ တပ်ခွဲ-၂။ ကျနော်နေတဲ့ ကာလမှာတော့ ထီးသခီးစခန်းမှာ ထိုင်ခဲ့တာ။”


အဲဒီတုန်းက တပ်မဟာ-၂ တပ်မဟာမှူးက ဘယ်သူလဲ။

“ဗိုလ်ချုပ်အားဆီ။ ဗိုလ်မှူးဘောနီကို ကျနော် မမီလိုက်ဘူးဗျ။”


ဖမ်းမိတာလား။ ဘယ်လိုဖြစ်တာလဲ ခင်ဗျ။

“ဖမ်းမိတာ မဟုတ်ဘူး။ လာပြီးတော့ အဖမ်းခံနေသလိုဖြစ်နေတာ။ ကျနော် KNU မှာ တာဝန်ထမ်းဆောင်တာ ၂ဝဝဝ ခုနှစ်က။ ၂ဝဝ၁ ခုနှစ်က ကျနော် ဆေး သင်တန်းတက်ပြီးမှ ဆေးမှူးတာဝန် ထမ်းဆောင်တယ်။ ဆေးသင်တန်းကတော့ တပ်မဟာ-၂ စစ်ဌာန တနေရာပေါ့။”

“ရှေ့တန်းမှာ ကိုယ့်လူတွေရော ဒုက္ခရောက်တဲ့ ပြည်သူလူထုရော၊ ဆေးနဲ့ပတ်သက်တာကတော့ ကူညီခဲ့ပါတယ်။ KNU ကနေ ကျနော်တို့ကို ဘာဖိအားမှ မပေးဘဲနဲ့၊ ဘယ်ခေါင်းဆောင်မှ မဆူမဆဲဘဲနဲ့ ဒီခေတ်စကားလုံးအနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ပေါ့နော်။ အဲဒါကလည်းတကြောင်း၊ နောက် ကိုယ်က အတွေးနည်းနည်း တိမ်တာတကြောင်းနဲ့ ကျနော်က KNU ကနေ ခွဲထွက်တာ”

“ကျနော် KNU ကနေ ခွဲထွက်ပြီးမှ အစိုးရဘက်က သူတို့သုံးတဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးပေါ့။ ဒါပေမယ့် အဲဒါတွေက အတုအယောင်တွေပါ”


ရှေ့တန်းမှာ ကူညီတယ်ဆိုတာက ဘယ်နေရာတွေမှာလဲ။

“တပ်မဟာ (၂) ထဲက အမဲရောင်လို့ သတ်မှတ်ခံရတဲ့ နယ်မြေတွေပေါ့။ ရေသိုးကြီးရွာ ဂွင်ထဲမှာပေါ့။ ဘောဂလိဘက်မှာ။”


KNU ကနေ ခွဲထွက်တယ်ဆိုတာ ဘယ်တုန်းကလဲဗျ။

“၂ဝဝ၅ ခုနှစ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က။”


ဘယ်သူတွေနဲ့ အတူထွက်သွားတာလဲ။

“ကျနော်ရယ်၊ ဆေးမှူး စောဟာဘီးယား ပါတယ်။ နှစ်ယောက်တည်း။ လက်နက်ရော ပါတယ်။ အမ်-၁၆ တလက်၊ (၄၇) တလက်၊ ကျနော့်ရဲ့ သူငယ်ချင်းအိတ်ထဲမှာလည်း ငွေ ဆယ်သိန်း ပါလာတယ်။ ကျနော်တို့ ထီးသခီးစခန်းကနေ စထွက်လာပြီးမှ အရင်တွေ့တာက ခလရ-၇၃ ဗိုလ်ကြီးလွင်ဦး။ သူတို့ရဲ့ တပ်ရင်းအထိုင်ဌာနက ဇရပ်ကြီးဘက်မှာ၊ ကျနော်တို့နဲ့ ဆုံတာက ရေသိုးကြီးစခန်း ရှေ့တန်းစခန်းပေါ့ဗျာ။ နောက် ဘောဂလိဗျူဟာကို ပို့တယ်။ ပလက်ဝတံတားစခန်းကိုပို့တယ်။ အင်္ဂလိပ်လက်ထက်က ဖောက်ခဲ့တဲ့ လမ်းဟောင်း ဘောဂလိ-တောင်ငူပြေးတဲ့လမ်းပေါ်ကစခန်း။ နောက် ခလရ-၂၆ ဗိုလ်ကြီးတယောက်က စစ်ကားနဲ့ လာကြိုတာ။ စရဖ-တပခ (၁၁) လက် အောက်ခံမှာပို့တာ။ တောင်ငူမြို့ပေါ်က။ စရဖ တပ်မှူးက ဗိုလ်မှူးထွန်းထွန်းဝင်း။ ကျနော်တို့နဲ့ သွားတွေ့တာ။ အဲဒီကနေ ဘာမှ မပြောရသေးဘူး အချုပ်ထဲ တန်းထည့်တာ။ တပ်ရင်းအချုပ်။”


လက်နက်နဲ့ ငြိမ်းချမ်းရေး လဲတယ် ဆိုတာကို ဘယ်လိုလုပ်သိတာလဲ။

“သူတို့က မြန်မာ့အသံမှာ အမြဲတမ်း အသံလွှင့်တာကိုး။ အဲဒီ စကားလုံးတွေ ကြားခဲ့တာပေါ့။”


KNU ကထွက်သွားတာက KNU ကို မကြိုက်လို့လား။ ဘယ်လိုကြောင့်လဲ။

“မကြိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့က အတွေးတိမ်တာပါ။ အမြော်အမြင်ကျဉ်းတာ။ အေးဆေး ငြိမ်းချမ်းရေး လုပ်မှာပေါ့နော။ တဘက်နဲ့ တဘက်တိုက်တယ်ဆိုတာ နှစ်ဘက်လုံး သေကြေတာ မကောင်းဘူးပေါ့နော။ ဒါ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအမြင်ပေါ့။”


ခုန ဆေးမှူး စောဟာဘီယားနဲ့ပါသွားတဲ့ ဆယ်သိန်းက KNU ပိုက်ဆံလား။

“ဟုတ်တယ်နေမှာ။ သူနဲ့ ကျနော်နဲ့က တကယ်တမ်းကျတော့ ဌာနမတူဘူး။ ကျနော်နဲ့ အဲဒီညမှာ ဆုံတွေ့တဲ့အခါကျတော့ ဆေးမှူးချင်း အတူတူဟာ ရင်းနှီးတာ။ သူက နောက်တန်းစခန်းကနေ ရှေ့တန်းကို ဆင်းတဲ့အချိန်မှာ ထီးသခီးစခန်းမှာ ပေါင်းပြီးထွက်တာ။ ညခင်းကြီး ထွက်ပြေးတာ။ သူက အဲဒီနေ့ည ပြန်လာ အနားယူတဲ့အချိန်။”

“သူနဲ့ ကျနော်နဲ့ စကားစပ်မိတဲ့အခါကျတော့ ပြေးမယ်၊ ဘာညာ သွားမှာပေါ့နော။ စမ်းကြည့်တာပေါ့လို့။ ကိုယ်လိုလားတဲ့ အတိုင်းအတာနဲ့ သူတို့လုပ်တဲ့ ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုလဲပေါ့။ အဲဒါနဲ့ နှစ်ယောက်သား ဘာမသိညာမသိနဲ့ ပြန်လာတယ်ဆိုပါတော့။”


သူက ဘယ်ရောက်သွားပြီလဲ အခု။

“မသိဘူး။ ကျနော် အဖမ်းခံရပြီးတဲ့ နောက်ပိုင်းမှာ အဲဒီကိစ္စတွေက တော်တော် အဆက်ပြတ်သွား တာ။”


စရဖက အချုပ်ထဲ တန်းထည့် လိုက်ပြီးတော့ ဘာဆက်ဖြစ်သေးလဲ။

“စစ်ကြောရေးဝင်တယ်။ ဘယ်စခန်းမှာနေခဲ့လဲ။ ဘာလုပ်ခဲ့လဲ။ ဘယ်နေရာမှာ ဘာရှိလဲပေါ့။ စခန်းတွေ ဘယ်နေရာလဲ။ ဖြေလိုက်ရတယ်။ မဖြေလို့က မရတော့ဘူး။ ရိုက်တာတော့ မရိုက်ဘူး။ ဒါပေမယ့် လက်ခုပ်ထဲက ရောက်သွားတဲ့ ရေလိုမျိုး ဖြစ်နေတာ။ အဲဒါ တညလောက် ကြာတယ်။”

“စစ်ကြောရေးက ခုန တပခ (တောင်ပိုင်းတိုင်းစစ်ဌာနချုပ်) အချုပ်ခန်းထဲမှာ။ လာစစ်တာ နာမည် မေ့နေတယ်။ တပ်ကြပ်အဆင့်တွေလည်း ပါတယ်။ ရဲဘော်တွေလည်း ပါတယ်။ မနက်မိုးလင်းတော့ ပြန်ခေါ်သွားပါတယ်။ သူတို့နေတဲ့နေရာကို။ အချုပ်ထဲကနေ ပြန်ထုတ်တာ။”


သူတို့နဲ့ အတူတူနေရတာလား။ နှစ်ယောက်ထဲ သတ်သတ်ထားတာလား။

“အတူတူပါပဲ။ တခြားစစ်သားတွေက သူ့နေရာနဲ့ သူပေါ့။ အဆောက်အဦးကျတော့ တလုံးတည်းပါပဲ။ လက်နက်တွေဘာတွေ သိမ်းကုန်ပြီ။ သူတို့ လက်နက်တွေလည်း မထားဘူး။”

“ပြန်ခေါ်သွားပြီးတော့ ဆက်တိုက်ပဲ စစ်ကြောရေးယူတာ။ အဲဒီအဆောင်ထဲမှာပဲ ယူတယ်ခင်ဗျ။ ပဲခူးတိုင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရချင်တာလေးတွေ သူတို့က ပြန်မေးပေးတယ်။ ပြန်ဖြေပေး ရတာပေါ့နော်။”


စစ်ကြောရေးဝင်ပြီးတော့ ဘာဆက်ဖြစ်သေးလဲ။

“သူတို့မေးမြန်းတဲ့အခါကျတော့ ရပြီဆိုကာမှ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဂျီဝမ်း G-1 အခု အငြိမ်းစားသွားပြီ ခေါ်တွေ့တာပေါ့။ နာမည်မေ့သွားပြီ။ ကျနော်တို့နဲ့ တွေ့ပြီးတော့ မကြာဘူး အငြိမ်းစားယူသွားတာ။ အဲဒီတုန်းက ကျနော်တို့ကို သူတို့တပ်အနေနဲ့ ထောက်ပံ့ငွေ တယောက် ၂ဝ,ဝဝဝ။ ကျနော်နဲ့ ဟာဘီးယား နှစ်ယောက်ပေါ့။ ထမင်းဝအောင်လည်း မကျွေးဘူး။ တပခ ဝင်းထဲ မှာပဲ။ သူတို့က စကေးအနေနဲ့ တရက်ကို နှစ်နပ်ပဲ စားရတယ်။ အဲဒီတုန်းက တရက်ကို တယောက် ၅ဝ နှုန်းနဲ့ပဲ ပေးတာ စားစရိတ်က။ အားလုံးအတူတူပဲ ဒါပေမယ့် သူတို့က လစာရှိတယ်။ ကျနော်တို့ က လစာမှမရှိတာ။”

“အဲဒီမှာ ဆက်နေပြီးတော့ နောက်ပိုင်းမှာမှ ငြိမ်းချမ်းရေးတခု ပြန်ထူထောင်မယ်၊ သပြေညွန့်စခန်း မှာ ငြိမ်းချမ်းရေး အထူးဒေသတခုအနေနဲ့ ဖွင့်မယ်ဆိုပြီးတော့ အစီအစဉ်ဆွဲတာ။ သပြေညွန့်စခန်း က သံတောင်မြို့နယ် ဇရပ်ကြီးဘက်မှာ ကရင်ပြည်နယ်။ သပြေညွန့်ကျေးရွာအုပ်စုထဲမှာ။ အဲဒီမှာရှိတဲ့ ရွာသားတွေ လယ်ကို သိမ်းပြီးတော့ ဆောက်တာ။ လျော်ကြေးလည်းမပေးဘူး။”


သပြေညွန့် အထူးဒေသ မလုပ်ခင်မှာ တခြားဘာတွေ လုပ်ကြသေးလဲ။

“သပြေညွန့်အထူးဒေသမလုပ်ခင်မှာ ကျနော်တို့ကို အသုံးချတယ်။ ရှေ့တန်းကို ပြန်ပို့တယ်။ စစ်တပ်နဲ့ ရောပြီးတော့။ ဦးဆောင်တဲ့လူက ဗိုလ်မှူးဝင်းမင်းညွန့် စစ်ကြောင်း။ KNU စခန်းကို ပြန် တိုက်ချင်တာ။ တပ်မဟာ (၂ ) မှာပဲ။ ကျနော်နေခဲ့တဲ့ တပ်ရင်းပေါ့။ ဒါပေမယ့် စခန်းကို မရောက်ဘူး။ သွားလည်း မသွားရဲဘူး။ အဲဒါနဲ့ လမ်းမှာ ရွာသား နှစ် ယောက်ကို ပစ်သတ်ခဲ့တာ။”


ဘယ်သူက ပစ်သတ်တာလဲ။

“ဗိုလ်မှူးဝင်းမင်းညွန့် ဦးစီးတဲ့ စစ်ကြောင်းအဖွဲ့က။ သူပုန်ဆိုပြီးတော့ ပစ်သတ်တာ။ ပြီးတော့ သူတို့ ဘယ်လိုပြောလဲဆိုတော့ ပလိုင်းထဲမှာ ဗုံးပါတယ်တဲ့။ ကျနော်တို့ကြည့်တော့ ငါးပိဗူးတွေ။ အလုပ်ခင်းထဲမှာ သွားမလို့။ နောက်မှ ကျနော်ပြန်သိရတာ နောက်တယောက်ကျတော့ ရွာမှာ ဖမ်းပြီးတော့ KNU လို့စွပ်စွဲပြီး ကြိုးတွေချည်ပြီး လမ်းမှာပစ်သတ်တယ်။ နှစ်ပွင့် အရာရှိက။ အဲဒီ နှစ်ယောက် မသတ်ခင်မှာ အမျိုးသမီးတယောက် ရှိတယ်။ ပိုက်ဆံ တသိန်းကျော်ပါတဲ့ဥစ္စာ ပြန်မပေးဘူး သိမ်းသွားတယ်။ လမ်းမှာတွေ့သမျှ လူအကုန်ဖမ်း။ တော်တော်လေး နှိပ်စက်တယ် ရွာသားတွေကို အဲဒီနားတဝိုက် ရေတံခွန်ရွာကနေ စတက်တာ၊ အုန်းပင်ချောင်းတို့။”

ရှေ့တန်းကို ခေါ်သွားတော့ စောဘားဘယ်တို့က ဘာလုပ်ပေးရတာလဲ။

“အဓိက က စခန်းပြပေါ့။ ဒါပေမယ့် သူတို့သွားတဲ့ မြေပုံအတိုင်း သွားပေးတာပဲ။ စခန်းလည်း မရောက်ဘူး။ ရှေ့တန်းမှာ ၄-၅-၁ဝ ရက်လားမသိဘူး။ ၂ဝဝ၅ ခုနှစ် မိုးတွင်း။ မှတ်မှတ်ရရ ဒူးရင်းသီးကြွေတဲ့ အချိန်။ ၇ လ (ဇူလိုင်) ပိုင်း၊ ၈လ (သြဂုတ်) ပိုင်းလား မသိဘူး အဲဒီဝန်းကျင်က။ တိုက်ပွဲကတော့ မဖြစ်ဘူး။ KNU မိုင်းဆွဲ ခံ လိုက်ရသေးတယ်သူတို့။ ပိုဆိုးသွားတာပါ။ ရေတံခွန်ရွာ ဥက္ကဋ္ဌကို အကြီးအကျယ်ရိုက်တာ။ ခေါင်းကွဲတယ်။ ဆေးလည်းပြန်မကုပေးဘူး။”


စောဘားဘယ်တို့ကို ငြိမ်းချမ်းရေးအဖွဲ့အစည်း ထူထောင်ပေးတယ်ဆိုတာ ဘယ်တုန်းကလဲ။

“အဲဒါ သူတို့က ငြိမ်းချမ်းရေးလိုလို၊ ပြည်သူ့စစ်လိုလို၊ အတိအကျလည်း မပေးဘူး။ အတိအကျ ပြောတာလည်းမရှိဘူး။ ငြိမ်းချမ်းရေးဆိုတာ ဟိုလူစု၊ ဒီလူစုပါဗျာ။ တကယ်တန်းကျတော့ သူနဲ့ ဆန့်ကျင်တဲ့လူ တော်တော်များများ မပါပါဘူး။ ဟိုရွာသား ဒီရွာသားစုတာလိုလို၊ ယူနီဖောင်းဝတ်ပေး တာလိုလို၊ ဓာတ်ပုံရိုက်တာလိုလို၊ နောက်ဆုံးအနေနဲ့ သတင်းစာထဲမှာထည့်တယ်။ တောတွင်း လက်နက်ကိုင်တွေဟာ ပြန်လာတယ်။ လိုတဲ့အကူအညီ သူတို့ဌာနဆိုင်ရာတွေ ကူညီတာပေါ့။ တကယ်တမ်းကျတော့ အကူအညီမရှိဘူး။”

“ရှေ့တန်းမှာအသုံးချပြီးမှ။ ရှေ့တန်း နှစ် နေရာသွားတယ်။ နောက်တခါ ဘောဂလိပြန်ပို့တယ်။ ဘောဂလိရွာသားရဲ့ ခြံထဲမှာပဲ သွားနေပါတယ်။ ရှေ့တန်းမသွားပါဘူး။ ဒူးရင်းသီး ကောက်စားတယ် နောက်ပြီး နောက်တန်းပဲပြန်လာတယ်။”


သပြေညွန့်စခန်း ကိစ္စပြောပြပါဦး။

“ကျနော်တို့က ငြိမ်းချမ်းရေးလိုလို၊ ပြည်သူ့စစ်လိုလိုနဲ့ ဟာဘီးယားတို့က ကြောက်သွားပြီ။ သူတို့ ခြိမ်းခြောက်တာနဲ့ကို ကြောက်နေပြီ။ တကယ်တန်း KNU ငြိမ်းချမ်းရေးလုပ်တဲ့လူ ကျနော့် အနေနဲ့ တွေ့ကြုံခဲ့ရတာက အသိအမှတ်ပြုမခံရဘူး။ မြို့ပေါ်မှာ လည်လည်ဝယ်ဝယ် ရှိတဲ့လူကို ယူနီဖောင်း ပေးဝတ်ပြီးတော့ ဓာတ်ပုံရိုက်ပြီးတော့ သတင်းလွှင့်ပြီးတော့ အသိအမှတ်ပြုတာ။ ကရင်တွေမဟုတ် ဘူးဗျ။ အဲဒါ မြင့်ဇော်တို့အုပ်စု။ သူ့ဇာတိက သာယာဝတီကလို့ပြောတယ်။ သူက အကျိုးဆောင်လို လို ရိက္ခာထုတ်ပေးတော့လည်း မလောက်တလောက်စားရတယ်။ သူက စစ်သားမဟုတ်ဘူး။ အရပ်သား။ စရဖနဲ့ ပေါင်းပြီးတော့ ငြိမ်းချမ်းရေးယောင်ယောင် ဘာယောင်ယောင်။ ယူနီဖောင်း ဝတ်ပြီးတော့ သူ့ကိုယ်သူ KNU အရာရှိလိုလို တကယ်တန်းကျတော့ သူကရွာသား။”


အဲဒီလိုကနေ ထောင်ထဲကို ဘယ်လိုရောက်သွားတာလဲ။

“ကျနော့်ကို ဖမ်းထည့်တာက ၂ဝဝ၅ ခု၊ ၉ လပိုင်း ၁၅ ရက်နေ့ မနက်။ အဲဒါ ကျနော် သတင်းလာပို့ တာ လူတွေကြောက်ကုန်ပြီ၊ ပြေးကုန်ပြီ၊ ဘယ်လိုလုပ်ကြမလဲ၊ သတင်းပို့လာ စရဖကို အဲဒါ မြင့်ဇော်နဲ့ပေါင်းပြီးတော့ မြင့်ဇော်က သူခံရမှာစိုးလို့ ထိုးကျွေးလိုက်တာ ကျနော့ကို။ အရင်တုန်းက ထောက်လှမ်းရေး- (၃) အဟောင်း၊ တောင်ငူမြို့ပေါ်မှာ။ အထက (၁) ဘေးနား။”

“ကျနော်နဲ့ပါလာတဲ့ ဟာဘီးယားရော၊ သူတို့စုထားတဲ့ ရွာသားတွေရော၊ ကလေးလေးတွေရော၊ သပြေညွန့်မှာ။ ငြိမ်းချမ်းရေးဆိုပြီးတော့ စုထားတာ။ အမှန်အကန်ပါတာက ကျနော်နဲ့ ဟာဘီးယား နှစ်ယောက်ထဲပဲ။ ကျနော်တို့ကို နာမည်ခံပြီးတော့ သူတို့နဲ့ ပြေလည်တဲ့ အရပ်သားတွေနဲ့ လုပ်စားတာ။”

“သူတို့ထွက်ပြေးတဲ့အချိန် အချိန်မီကျနော်က သပြေညွန့်ကနေ တောင်ငူကိုဆင်းလာတာ။ ထောက်လှမ်းရေး- တပ်စွယ် (၃) ။ ဘာမပြောညာမပြောနဲ့ စရဖတွေက ဖမ်းထည့်တာ။ ဗိုလ်ကြီး သိန်းမြင့် သူတာဝန်အရှိဆုံးပဲ။ စစ်ကြောရေးလာယူတယ်။ ကျနော်က အဖြစ်မှန်ပြောပြတာကို လက်မခံဘူး။ မြင့်ဇော်ရဲ့ သတင်းပဲယူတယ်လို့ သိပါတယ် သူတို့လုပ်စားသွားတာ။ ကျနော်ကို ၁၇ (၁)၊ ၁၇ (၂) ပုဒ်မတပ်တာ။ သူတို့ကို ပုန်ကန်တယ်လို့ပြောတာ။ ကျနော် ထောင် ရှစ်နှစ်ကျ သွားတယ်။”


ဘယ်သူက ထောင်ချလိုက်တာလဲ။

“တောင်ငူတရားရုံးက တရားသူကြီး ဦးသန်းစိုးမြင့်။ ဦးသန်းစိုးမြင့်ကလည်း အမိန့်လာချတာ သူ့မှာ အာဏာမရှိဘူးတဲ့။ တပ်ကလာတဲ့ စာရွက်ကိုပဲ ဖောက်ဖတ်ရတာတဲ့။ ကျနော့်ကိုပြောပြတာ။ တားရုံးမှာ ကျနော်တို့ပြန်လျှောက်တာလည်း တခုမှ အတည်မပြုဘူး။ အစိုးရဘက်က ထွက်ဆို တာပဲ အတည်ယူပြီး တဘက်သတ်ထောင်ချတယ်။”

“တောင်ငူထောင် အမိန့်ချတာ နိုဝင်ဘာလ ၂၃ ရက်နေ့လား မသိဘူး၊ ၂ဝဝ၅။ တောင်ငူထောင် ရောက်ပြီး ၁ လပိုင်း၊ ၂၁ ရက်နေ့ မန္တလေးထောင်ပြောင်းတာ။ ထောင်းပြောင်းတဲ့အချိန်လည်း မိသားစုလာတာ ပေးမတွေ့ဘူး။ တော်တော်များများပေးမတွေ့ဘူး။ အဲဒီထဲမှာ ကျနော်တို့ KNU ၁၇ (၁)၊ ၁၇ (၂) ပတ်သက်တယ်ဆိုပြီး ဖမ်းထည့်ထားတာ ၁၉ ယောက်ပါတယ်။ ကိုမြင့်အောင်၊ ဦးတီးကလီး၊ စောတာတူးတူး၊ စောအောင်ဝင်းပါတယ်။ စောအုန်းမောင်ကို သေဒဏ်ချလိုက်တယ်။ သူက ဘယ်တပ်မဟာမှမဟုတ်ဘူး ရွာသားတွေ။ ဆက်သွယ်ဆိုပြီး ဆွဲထည့်တယ်။ ဘုမသိ ဘမသိ သူတွေပါ။”


ထောင်ထဲမှာ နေရတာရော ဘယ်လို နေထိုင် ကြုံတွေ့ရလဲ။

“မပြေလည်ပါဘူး။ ထောင်ထဲမှာ ဆိုတဲ့ ဥစ္စာက။ ငုံ့ခံပြီးတော့ နေရတာပေါ့။ အဲဒီ ၂ဝဝ၅-ဝ၆ (ခုနှစ်) ဆိုတာ တကယ့်ခေတ်ဆိုးရှိသေးတာကိုး။ သူတို့ပြောတာကို အကုန်လုံး ဟုတ်ကဲ့လုပ်ရမှာပေါ့။ ၂ဝ၁ဝ (ပြည့်နှစ်) လောက်မှ နည်းနည်းသက်သာသွားတာ။”


ထောင်ဝင်စာရောလာလား။

“ဝေးဝေးတခါတော့လာတယ်။ အိမ်ကလည်း ဝေးတာကိုး။ ငွေကြေးလည်းမတတ်နိုင်ဘူး။ ကျနော် ကသာထောင်မှာနေတော့ သုံးခေါက်လာတွေ့ပါတယ်။ အိမ်ကအဖေ။ ညီအကိုမောင်နှမ ခုနှစ်ယာက် ရှိတယ်။ ကျနော်က သုံးယောက်မြောက်။ အိမ်ပြန်မှ သိရမယ်။”


ထောင်ထဲမှာ နေတုန်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဆုံသေးလား

“အင်းတော်က လွှတ်တော်ကိုယ်စားလှယ် ဦးစောလှိုင်နဲ့လည်း အတူတူနေခဲ့ရတယ်။ အန်အယ်ဒီ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ်။ ကျနော်နဲ့အတူတူ တရက်ထဲလွတ်လာတာ၊ ၁၂ ရက်နေ့ က။ ကျန်တာက ၈၈ (မျိုးဆက်ကျောင်းသားများအဖွဲ့) က မမီးမီး၊ အီလက်ထရောနစ် ကျတာ (DVB သတင်းထောက်) မလှလှဝင်း။ ကိုအံ့ဘွယ်ကျော်၊ မန္တလေး အုတ်ဖိုဘက်က ဇော်မင်းဦး၊ ပုလဲ လက်ပုကန်ဘက်က အောင်လှိုင်မင်း၊ စစ်တွေ ရခိုင် ထွန်းလင်းကျော်တို့၊ ကျောက်ပန်းတောင်းက ရဲခေါင်တို့ ခုနှစ် ယောက်လောက်ကျန်တယ်။”

“ကျနော်တို့ကို လွှတ်ပေးတယ်ဆိုတာကလည်း အများကြီးနေထား ရပြီးသားလူတွေ၊ လွတ်ခါနီးလူတွေ၊ ကျနော်က ၁ဝ လ၊ ၁၁ လ လောက်ပဲကျန်တယ်။ ပထမ လွတ်ငြိမ်းသက်သာဆိုပြီးတော့ တနှစ် ပေးတာတော့ ခံစားခွင့်ပေးလိုက်တယ်။”


အခု KNU နဲ့ ပြန်အဆက်အသွယ်လုပ်မှာလား။ ဘာလုပ်မလဲ။

“ကျနော်မလုပ်ပါဘူး။ လောလောဆယ်တော့ ရွာပြန်ရမှာပေါ့။ ပြီးတော့လည်း သူတို့ နအဖရဲ့ ရန်ကိုကြောက်ရသေးတာကိုး။ မကြောက်လို့မရဘူး။ တအားခြိမ်းခြောက်ထားတာ၊ အခံတွေ ရှိတဲ့အခါကျတော့ ပိုးက မသေသေးဘူး။ ဘာလို့လည်းဆိုတော့ သူတို့က ငြိမ်းချမ်းရေးပြောပြီး ထောင်ထဲဖမ်းထည့်တာ လက်မခံဘဲနဲ့။”


ဆိုတော့ KNU အပါအဝင် လက်နက်ကိုင်လုပ်နေတဲ့လူတွေကိုရော ဘာပြောချင်လဲ။

“ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်တာကိုပဲ ပြောချင်ပါတယ်။ ကျနော့်လိုပဲဖြစ်ဖြစ်ပေါ့၊ သူတို့ကိုယ်ပိုင် လွတ်လပ်ခွင့်အရဖြစ်ဖြစ်၊ ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်တာ သတိရှိရှိနဲ့ ပေါ့ဗျာ။ ကျနော့်လို အတုအယောင်နဲ့ အဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့စေချင်ဘူး။”
http://www.mizzimaburmese.com/interview/8491-knu----.html

အစိုးရအပေါ် ဆန္ဒမစောကြဖို့ ပြန်ကြားရေးဌာန ပြောဆို



2011-10-13
အပြောင်းအလဲတွေ ဆောင်ရွက်နေတဲ့ အစိုးရသစ် အပေါ် ကောက်ချက်ချ မစောကြဖို့ အစိုးရ အရာရှိကြီး တစ်ဦးက မနေ့က အီးမေးက တဆင့် တုံ့ပြန် ပြောဆိုလိုက်ကြောင်း The Wall Street Journal က ဖေါ်ပြလိုက် ပါတယ်။


RFA

သမ္မတ ဦးသိန်းစိန် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား အရေအတွက် နဲပါးနေသည့်အပေါ် ဖော်ပြထားသော ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်ထုတ် The Wall Street Journal သတင်းစာ ဖြစ်ပါသည်။
သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် အရ ပြန်လည် လွတ်မြောက်လာတဲ့ အကျဉ်းသား (၆) ထောင်ကျော်ထဲမှာ နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော်လောက်သာ ပါဝင်တဲ့အတွက် အများက ဝေဖန် ပြစ်တင် ပြောဆို နေကြပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အတွက် အရေးကြီးပြီး၊ ထင်ရှားသူတွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသားပေါင်း နှစ်ထောင်လောက် ကျန်နေသေးတဲ့ အတွက်လည်း စစ်မှန်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဟုတ်မဟုတ် မေးခွန်း ထုတ်နေကြပါတယ်။ ဒီ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေး နဲ့ လူထုဆက်ဆံရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က အစိုးရအပေါ် အလျင်စလို အပြီးသတ် ကောက်ချက် မချကြစေလိုကြောင်း၊ နောက်ထပ် အပြောင်းအလဲတွေ လာဖို့ရှိကြောင်း ပြောဆိုလိုက်ပါတယ်။ လက်ရှိ ပြုပြင် ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး တချို့ အားမရကြဘဲ အခုထက် ပိုပြီး တိုးတက် ဆောင်ရွက်ဖို့ ပြောဆိုနေကြတဲ့ အပေါ် မိမိတို့ နားလည်ပါတယ်၊ ဒါပေမဲ့ မိမိတို့ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်ရဲ့ အစပိုင်းမှာသာ ရှိနေကြပါသေးတယ်၊ အခု လတ်တလော အကျဉ်းသားတွေ ပြန်လွှတ်တာ၊ စာပေစိစစ်မှု လျော့ချတာ စတာတွေဟာ ဒီဖြစ်စဉ်ရဲ့ နိဂုံးချုပ် မဟုတ်ပါဘူး၊ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါသေးတယ်၊ ဒီဖြစ်စဉ်ရဲ့ ရွေ့လျားနှုန်းဟာ အစိုးရ အပေါ်မှာ သာမက၊ ပါဝင် ပတ်သက်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ ပူးပေါင်း ဆောင်ရွက်မှု အပေါ်မှာလည်း တည်နေပါတယ်၊ ဒါကြောင့် မှန်ကန်တဲ့ လမ်းကြောင်းဆီကို ဦးတည် လှမ်းနေတဲ့ အစိုးရရဲ့ ဆောင်ရွက်မှုတွေကို အားလုံးက အားပေးထောက်ခံ သင့်ကြပါတယ် လို့ ပြန်ကြားရေး နဲ့လူထု ဆက်ဆံရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ် ရဲ့ အီးမေးမှာ ပါရှိကြောင်း The Wall Street Journal က ဖေါ်ပြလိုက် ပါတယ်။
http://www.rfa.org/burmese/news/government-wall-street-journal-10132011192226.html

နိုင်ငံရေး အကျဉ်းသားတစ်ဦး အထမ်းသမားအဖြစ် ရှေ့တန်း အပို့ခံရ

2011-10-14
နိုင်ငံရေးအကျဉ်းသားတစ်ဦး ပေါ်တာအထမ်းသမားအဖြစ် ရှေ့တန်းအပို့ခံခဲ့ရပြီး ရှေ့တန်းမှာမိုင်းထိမှန်ကာ ခြေတစ်ဘက် ပြတ်သွားပါတယ်။
အဲဒီ ခြေတစ်ဘက်ပြတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုတင်ထွန်းအောင်ကို မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးရုံ တင်ထားရာက သမ္မတ ဦးသိန်းစိန် ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့နေ့ မတိုင်ခင် စက်တင်ဘာ ၂၅ ရက်နေ့က မင်္ဂလာဒုံ စစ်ဆေးရုံကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ ကိုတင်ထွန်းအောင် မင်္ဂလာဒုံ စစ်ဆေးရုံမှာ တက်နေစဉ် မိုင်းထိတဲ့ အထမ်းသမား ၇ဦး ရှိတယ်လို့ ကိုတင်ထွန်အောင်က ပြောပါတယ်။ သာမန်အားဖြင့် နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းကျသူတွေကို အထမ်းသမား ပေါ်တာအဖြစ် ပို့လေ့မရှိပေမယ့် ကိုတင်ထွန်းအောင်ကတော့ သူ့ကို ဘာကြောင့် ခုလို ခေါ်သွားတယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာသူ ကိုဇာဂနာက အခုလို ပြောပါတယ်။ “ကျနော့် ဘယ်လိုပြောရမှန်း မသိအောင်ကို တော်တော် တုန်လှုပ်သွားတယ်။ အဲသလိုမျိုး ရက်ရက်စက်စက် ဖြစ်ရတဲ့ အဖြစ်အပျက် ဒါကို အားလုံး သိစေချင်တယ်။ အဲဒီတော့ ကျနော်ကတော့ လောလောဆယ် လူ့အခွင့်အရေးကော်မရှင် ဦးဝင်းမြတို့ ခေါင်းဆောင်တဲ့ အဖွဲ့ ရှိနေတဲ့ အခါကျတော့ အဲဒီကို ဒီကိစ္စမျိုး တင်ပြသင့်တယ်လို့ ကျနော်ထင်ပါတယ်” ကိုတင်ထွန်းအောင်ဟာ ဒဂုံတက္ကသိုလ် မြန်မာစာ ဒုတိယနှစ် ကျောင်းသားဖြစ်ပြီး ၂၀၀၈ခုနှစ်က မျိုးဆက်သစ် လူငယ်များ အစည်းအရုံးနဲ့ ဆက်သွယ်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၈နှစ် အမိန့် ချခံရပြီး ပဲခူးထောင်က တစ်ဆင့် ဘားအံထောင် အဲ့ဒီကမှ ကရင်ပြည်နယ်ကို အထမ်းသမား အဖြစ် ပါသွားခဲ့တာ ဖြစ်ပါတယ်။ ကိုတင်ထွန်းအောင် ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

အလုပ်သမားတွေ သပိတ်မှောက်ခွင့် ဥပဒေ ပြဌာန်း


2011-10-14

အလုပ်သမားတွေ အဖွဲ့အစည်းဖွဲ့ခွင့်နဲ့ သပိတ်မှောက်ခွင့်ပါတဲ့ ဥပဒေတစ်ရပ်ကို ပြည်ထောင်စု သမ္မတ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး အောက်တိုဘာ ၁၁ ရက်နေ့က ပြဌာန်းလိုက်ပါတယ်။

ဒီ အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ The Trade Unions Act 1926 ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂ အက်ဥပဒေကို ဖျက်သိမ်းလိုက်တယ်လို့လည်း ဖော်ပြပါတယ်။

အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ဖို့၊ အလုပ်သမား အချင်းချင်းကြား၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ဆက်ဆံရေး ကောင်းမွန်စေဖို့နဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို စနစ်တကျ လွတ်လွတ်လပ်လပ် ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စု လွှတ်တော်ကနေ ဒီဥပဒေကို ပြဌာန်းလိုက်တာလို့ ဆိုထားပါတယ်။

ဒါဟာ နိုင်ငံတကာမှာ ဖွဲ့စည်းတဲ့ အလုပ်သမား သမဂ္ဂပုံစံမျိုး မဟုတ်ဘဲ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် လက်ထက်က ဖွဲ့စည်းခဲ့တဲ့ အလုပ်သမား အစည်းအရုံးနဲ့ ဆင်တူတယ်လို့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က ရှုမြင်ပါတယ်။

“ကြည့်ရတာကတော့ အရင် မဆလခေတ်က အခြေခံ အလုပ်သမား အစည်းအရုံး ပုံစံမျိုးပါပဲ။ မြို့နယ် ခရိုင် တိုင်း ဗဟို ဆိုပြီးတော့ ဖော်ပြထားတယ်။ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် ရမယ်ဆိုတဲ့ အနေအထားမျိုး မရှိဘူး။ မှတ်ပုံတင်ဖို့ဆိုတာ ပါနေတယ်။ အလုပ်သမားထုကို ကိုယ်စားပြုတဲ့ အစည်းအရုံးလို့တော့ ကျနော်တို့ မသုံးသပ်မိဘူး”

အခန်း ၁၄ ခန်းပါရှိတဲ့ ဒီ ဥပဒေ အခန်း (၁) အပိုဒ် (ဆ) မှာ သတ်မှတ်ချက်တွေနဲ့တကွ ဖော်ပြထားတဲ့ သပိတ်မှောက်ခြင်း ဆိုတဲ့ စကားရပ်ပါရှိပြီး အခန်း (၃) မှာ အလုပ်သမား အဖွဲ့အစည်း မှတ်ပုံတင်ရမယ့် စည်းကမ်းချက်တွေကို ဖော်ပြထားပါတယ်။ နိုင်ငံတော် သမ္မတက တာဝန်ပေးအပ်တဲ့ မှတ်ပုံတင် အရာရှိချုပ်က မြို့နယ် မှတ်ပုံတင် အရာရှိကို တာဝန်ပေးအပ်ရမယ်လို့ ပါရှိပါတယ်။

ဒီ အခန်း (၃) အပိုဒ် (၁၀ ) မှာ သက်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းဟာ မိမိ အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေ ဖြစ်ပြီး ဒီ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ မဆန့်ကျင်စေဘဲ ဒီဥပဒေက သတ်မှတ် ထားတဲ့ အချက်တွေပါဝင်တဲ့ အလုပ်သမား အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွေကို အဖွဲ့အစည်းဝင် အများစုရဲ့ သဘောတူညီချက်နဲ့ ရေးဆွဲရမယ်လို့လည်း ပါရှိပါတယ်။

ဒီကန့်သတ်ချက် တွေကြောင့် ပုဂ္ဂလိကတွေ အနေနဲ့ အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့်ရမယ့် အခွင့်အလမ်း နည်းပါးတယ်လို့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က သုံးသပ်ပါတယ်။

“ပုဂ္ဂလိက အနေနဲ့ကတော့ အလုပ်သမား အစည်းအရုံး ဖွဲ့လို့ရမှာ မဟုတ်ဘူး။ အလုပ်သမားထုရဲ့ အကျိုးစီးပွားကို လက်တွေ့ ဆောင်ရွက်နေတဲ့ စမ်းချောင်းက ကိုသက်ဝေ ခေါ် ကိုပေါက်စတို့ သင်္ကန်းကျွန်းက ဒေါ်အေးရင်သန်းတို့ စတဲ့ သူတွေက လုပ်ကိုင်ခွင့် ရမယ် မထင်ဘူး။ မှတ်ပုံတင်တာ လိုင်စင်လျှောက်ရမယ့် အနေအထား ရှိတယ်”

ဒီ ဥပဒေမှာ တားမြစ်ချက်နဲ့ ဒီ တားမြစ်ချက်တွေကို ဖောက်ဖျက်ရင် ပြစ်ဒဏ် ချမှတ်နိုင်တဲ့ အကြောင်းကိုလည်း ပြဌာန်းထားပါတယ်။
http://www.rfa.org/burmese

အခြေအနေကို ထိန်းထားနိုင်ရမယ်

By , on October 14, 2011 5:04 pm
ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတကြီးလည်းဖြစ်၊ ညောင်ရွှေ စော်ဘွားဆက်၏ နောက်ဆုံး စော်ဘွားလည်းဖြစ်သော စော်ဘွားကြီးစပ်ရွှေသိုက်၏ သားတဦးဖြစ်သည်။ လွတ်လပ်သော မြန်မာနိုင်ငံအဖြစ် ကြေငြာပြီး ၄ လ အကြာ ၁၉၄၈ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ဦးဟန်ညောင်ဝေကို မွေးဖွားခဲ့သည်။ အခြေခံပညာရေးကို မြန်မာနိုင်ငံတွင် သင်ယူဆည်းပူးခဲ့ပြီး ထိုင်းနိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ပညာ ဆက်လက်ဆည်းပူးကာ ဘွဲ့ရရှိသည်။ ထို့နောက် ကနေဒါနိုင်ငံ McGill University မှ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ (MBA) ကို ရရှိခဲ့သည်။


ဦးဟန်ညောင်ဝေ
(ဓာတ်ပုံ - ShanHeraldAgency for News)င်ဝေသည် မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုအတွက် နှစ်ပေါင်းများစွာပင် ဆောင်ရွက်လာခဲ့သည်။ သူသည် Burma Alert လစဉ်သတင်းစာစောင်၏ အယ်ဒီတာ၊ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီးချုပ် ဦးစိန်ဝင်း၏ အကြံပေး၊ မြန်မာနိုင်ငံအတွင်းသို့ နေ့စဉ် မြန်မာဘာသာအပြင် တိုင်းရင်းသား (၇) ဘာသာဖြင့် သတင်းထုတ်လွှင့်နေသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး စသည့် တာဝန်များ ယူခဲ့သည်။
၁၉၉၇ ဖေဖော်ဝါရီလတွင် ဦးဟန်ညောင်ဝေသည် ဥရောပ မြန်မာရုံး၏ ညွှန်ကြားရေးမှူး ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရတရပ်သို့ အသွင်းကူးပြောင်းရာတွင် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအား ကူညီထောက်ပံ့ပေးရန် ဥရောပသမဂ္ဂနှင့် ဂျာမန် Friedrich Ebert ဖောင်ဒေးရှင်းတို့က ပူးတွဲအကောင်အထည်ဖော်သော စီမံကိန်းတခုဖြစ်သည်။
လက်ရှိမြန်မာ့နိုင်ငံရေးဝန်းကျင်၊ ပြုပြင်ပြောင်းလဲမှုများ၏ လက်ရှိအနေအထား၊ တိုင်းပြည်အတွင်းဖြစ်ပေါ်နေသော အပြောင်းအလဲများအပေါ် နိုင်ငံတကာ၏ တုန့်ပြန်ဆောင်ရွက်ချက်၊ သက်ဆိုင်ရာ ပါဝင်ဆောင်ရွက်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်ချက်များနှင့် ပတ်သက်၍  ဧရာဝတီမဂ္ဂဇင်းက ဦးဟန်ညောင်ရွှေကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။    ။ မြန်မာအစိုးရနဲ့ စစ်တပ်ထဲမှာ တဖက်နဲ့တဖက် အကြိတ်အနယ် ပြိုင်နေကြတဲ့ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့အုပ်စုရယ်၊ ပြောင်းလဲရေးကို မလိုလားတဲ့ ခေါင်းမာတဲ့အုပ်စုရယ်လို့ ရှိနေတယ်လို့ ပြောနေကြပါတယ်။ ဦးဟန်ညောင်ဝေကရော ဘယ်လိုသဘောရပါသလဲ။ ပြုပြင်ပြောင်းလဲရေးသမားတွေက အသာစီးရနေတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် ဒီအုပ်စုနှစ်ခုစလုံးက အတိုက်အခံနဲ့ နိုင်ငံတကာအသိုင်းအ၀န်းကို ချော့တခါ၊ ခြောက်တလှည့် ပုံစံမျိုးနဲ့ ကစားနေတာလား။
ဖြေ ။    ။ ပြုပြင်ပြောင်းလိုတဲ့ လစ်ဘရယ်အုပ်စုနဲ့ ခေါင်းမာတဲ့အုပ်စုကြား တိုက်ပွဲရယ်လို့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ သီအိုရီအရ ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်တော့ အခုအခြေအနေက အဲဒီလိုပုံ ပေါက်နေနိုင်ပါတယ်။ ဒါကြောင့်လည်း ၂၀၀၄ ခုနှစ်တုန်းက ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို တချို့အကဲဖြတ်သူတွေက လစ်ဘရယ်တဦးရယ်လို့ မြင်ခဲ့ကြတာပေါ့။ တဖက်ကကြည့်ပြန်တော့လည်း ခင်ဗျားပြောသလို အကောင်းနဲ့အဆိုး ပုံစံလည်း မဟုတ်ပြန်ဘူးဗျ။ ကျနော်တို့ကိုယ် ကျနော်တို့လည်း အရူးမလုပ်သင့်ဘူး။ တပ်မတော်က အတိုက်အခံကိုလည်း ဂရုမစိုက်ဘူး၊ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ဂရုမစိုက်ဘူး။ ဗိုလ်ချုပ်နေ၀င်းက ၁၉၆၂ မှာ အာဏာသိမ်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဦးနုက အခြေအနေကို မထိန်းနိုင်တော့လို့။ ဦးနေ၀င်းက ၁၉၈၈ မှာ ထိန်းမထားနိုင်တော့ တပ်မတော်က တခါ အာဏာထပ်သိမ်းလိုက်တာပဲ။
အဓိကသဘောတရားက ဘာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ကာကွယ်စောင့်ရှောက်ဖို့ တစုံတဦး (တပ်မတော်) က အခြေအနေကို ထိန်းထားနိုင်ရမယ်။ လမ်းပြမြေပုံ ၇ ချက်ဆိုတာ ခိုင်မာတဲ့အစိုးရတရပ်နဲ့ ဘေးနားကနေ မားမားရပ်ပေးမယ့် ခိုင်မာတဲ့တပ်မတော်တရပ် ဖြစ်လာဖို့ပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့ ဇာတ်ညွှန်းထဲကနေ ဖယ်ပေးလိုက်ပြီး ယိုင်နဲ့နဲ့ပါတီ၊ အားပျော့တဲ့ သမ္မတနဲ့ ဒုသမ္မတ၊ ချိနဲ့နဲ့ ပါလီမန်နဲ့ ချိနဲ့နဲ့တပ်မတော်ကို အာဏာလွှဲပေးလိုက်တယ်။ အငြိမ်းစား ဗိုလ်ချုပ်ကြီးတယောက်အနေနဲ့ သမ္မတ ဦးသိန်းစိန်ကလည်း ဒီအခြေအနေကို ဆက်အဖြစ်မခံနိုင်ဘူး။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လုပ်ပိုင်ခွင့်ဘောင်အတွင်းကနေ ထိန်းချုပ်ဖို့ သူကြိုးစားခဲ့တယ်။ အခုကျနော်တို့ မြင်နေကြားနေရတဲ့ သဘောထား ကွဲလွဲချက်တွေဆိုတာ အတွေးအခေါ်ပိုင်းအရ မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးအရ ဖြစ်နေတာ။ ဘာကြောင့်လဲဆိုတော့ တချို့တွေက ဦးသိန်းစိန်ကို ခေါင်းဆောင်နေရာပေးတာ မကြိုက်ကြဘူး။ သူတို့ကိုယ်တိုင် ခေါင်းဆောင်ဖြစ်ချင်နေတာ။
ခိုင်မာတဲ့ အစိုးရတရပ်အနေနဲ့ ထိန်းချုပ်ဖို့အားထုတ်တာ လွန်တဲ့ကိစ္စတော့မဟုတ်ဘူး။ အမေရိကန်လို ဒီမိုကရေစီ အစိုးရများကိုယ်တိုင် အရာရာအားလုံးကို ထိန်းထားချင်တယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် မင်းမဲ့စရိုက် ဖြစ်ကုန်မှာပေါ့။ ဆိုတော့ မေးရမှာက ဘယ်သူကို ထိန်းချုပ်ခွင့် ဘယ်လိုပေးမလဲနဲ့ အဲဒီထိန်းချုပ်ခွင့်ကို ဘယ်လိုမျိုး လက်တွေ့ကျင့်သုံးမလဲ ဆိုတာပဲ။ အဲဒီ ထိန်းချုပ်ခွင့်ရှိသူကို လူထုဆန္ဒ၊ တရားဥပဒေစိုးမိုးမှု၊ စည်းရုံးဆွဲဆောင်မှုစတဲ့ လုပ်ငန်းစဉ်တွေကနေ ယူမယ်ဆိုရင်တော့ လုံးဝဥဿုံလက်ခံရမှာပဲ။ ဒါပေမယ့် အဲဒါကို လက်နက်နဲ့ လုပ်ယူမယ်ဆိုတော့ လက်ခံနိုင်စရာမရှိဘူး။ ဒါ့ကြောင့် တချို့တွေက ဦးသိန်းစိန်ရဲ့ တရားဝင်မှုနဲ့ပတ်သက်ပြီး မွေးခွန်းထုတ်နေကြတယ်။ အခုသူလုပ်နေတဲ့ နည်းလမ်းတွေအရဆိုရင် တော်တော်လက်ခံနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မတူတဲ့ တခြားခြားနားချက်က ဘာလဲဆိုတော့ ယနေ့ခေတ်ကာလမှာ မြန်မာနိုင်ငံဟာ တိုင်းပြည်တခုအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ဆိုရင် အပြောင်းအလဲတွေ လုပ်ဖို့လိုတယ်လို့ ဦးသိန်းစိန်က မြင်ပုံရတယ်။ သူကိုယ်တိုင်က လွတ်လပ်မျှတသူ လစ်ဘရယ်သမားတော့ မဟုတ်ဘူး။ ဒါပေမယ့် အခြေအနေတခုလုံးကို ထိန်းထားနိုင်တဲ့ အစိုးရမျိုး၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား (တခြားတိုင်းပြည်များ၊ စီးပွားရေးလုပ်ငန်းကြီးများနဲ့ ယှဉ်၍) ကို ကာကွယ်နိုင်တဲ့ အစိုးရမျိုး သူ့အစိုးရကို ဖြစ်စေချင်တယ်။
သူ့အပြောင်းအလဲတွေ အောင်မြင်မှာလား။ ဒီအတွက်တော့ အဖြေမရှိသေးပါဘူး။ သူ့ရန်ဖက်တွေက သူ့ကို အာဏာကနေ ဖယ်လိုက်နိုင်တယ်ဆိုရင်၊ ပြည်သူတွေရဲ့ဒုက္ခသုက္ခတွေကို သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေကနေ ဖယ်ရှားပစ်နိုင်ပါတယ်လို့ သူ့အနေနဲ့ ပြည်သူတွေကို နားမချနိုင်ဘူးဆိုရင်၊ တိုင်းရင်းသားတွေနဲ့ သူ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူးဆိုရင်၊ အစိုးရက သူ့ရဲ့ ကတိတွေကို အကောင်အထည် မဖော်ပေးနိုင်ဘူးဆိုရင်၊ နိုင်ငံတကာအသိုင်းအ၀န်းက သူ့ရဲ့အားထုတ်ချက်တွေကို လက်မခံဘဲ ဖိအားတွေ ဆက်ပေးနေမယ်ဆိုရင် စသဖြင့် စသဖြင့်ပေါ့၊ အဲဒါဆိုရင်တော့ သူကျဆုံးမှာပဲ။
ကျနော်တို့ကိုယ်ကျနော်တို့ မေးရမယ့် မေးခွန်းက တခြားအစားထိုးစရာ ရှိသလား၊ အကယ်၍ သူ မအောင်မြင်ခဲ့ဘူးဆိုရင် ဒီမိုကရေစီအရေးအတွက် ပိုကောင်းလာမှာလား၊ သူ့နေရာမှာ ဘယ်သူနဲ့၊ ဒါမှမဟုတ် ဘာနဲ့ အစားထိုးမလဲ။ ပိုပြီး ပွင့်လင်းတဲ့ လစ်ဘရယ်ဆန်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရ ဖြစ်မလာမှာတော့ ကျိန်းသေတယ်။ အဖြစ်နိုင်ဆုံး အခြေအနေက တပ်မတော်က အာဏာသိမ်းလိမ့်မယ်။ ဦးသိန်းစိန်ရဲ့ ကျဆုံးခန်းကို ကြည့်ပြီး နောင်တက်လာမယ့် စစ်အစိုးရက ပိုပြီးတော့ ရှေးရိုးဆန်မယ်၊ ပိုပြီးဖိနှိပ်မယ်၊ လစ်ဘရယ် မဖြစ်တော့ဘူး။
မေး ။    ။ ဘယ်လို ပြုပြင်ပြောင်းလဲမှုမျိုးကို ဦးဟန်ညောင်ဝေအနေနဲ့ မြင်တွေ့လိုပါသလဲ။ မြန်မာအစိုးရအနေနဲ့ရော အခုအချိန်မှာ ဘယ်လို အသေးစိတ်လုပ်ငန်းမျိုးတွေ လုပ်ဆောင်သင့်ပါသလဲ။
ဖြေ ။    ။ ပြုပြင်ပြောင်းလဲရေး တော်တော်များများကိုတော့ လုပ်ပေးမယ်လို့ ကတိပြုထားပြီးပါပြီ။ စီးပွားရေးနဲ့ ပတ်သက်တာတွေကတော့ တော့်တော့်ကို ရှုပ်ထွေးပြီး အကောင်အထည်ဖော်ဖို့လည်း ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စတွေက တခုနဲ့တခု ဆက်စပ်နေလို့လည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်လောက် ကျနော်တို့ မျက်နှာလွဲခဲပစ်လုပ်ထားတဲ့၊ ပိုဆိုးလာနေတဲ့ ပြဿနာတွေလည်း ရှိပါတယ်။ ကျနော်ထင်တာကတော့ အစိုးရအနေနဲ့ ကတိအသစ်တွေ ထပ်ပေးနေမယ့်အစား ပြုပြင်ပြောင်းလဲရေးအတွက် ပေးပြီးသားကတိတွေကိုပဲ အကောင်အထည်ဖော်ဖို့ ပိုအရေးကြီးပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်တဲ့နေရာမှာ အခက်အခဲက ဘာလဲဆိုတော့ အစိုးရမှာ အကောင်အထည်ဖော်ဖို့ လုပ်နိုင်စွမ်းအား မရှိနိုင်တာပဲ။ အစိုးရလုပ်နိုင်တာထက် ပိုပြီး မျှော်မှန်းလိုက်မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးတွေက ပိုပြီးတော့ လက်တွေ့နဲ့ ကင်းကွာသွားနိုင်ပါတယ်။  တချို့လုံခြုံရေးဆိုင်ရာ ဥပဒေတွေ ဖျက်သိမ်းပစ်တာမျိုး၊ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတာမျိုး၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာမျိုး၊ ပြည်ပက အတိုက်အခံတွေ ပြည်တွင်းပြန်လာနိုင်အောင် လုပ်ထုံးလုပ်နည်းတချို့ ချပေးတာမျိုး၊ စာပေစိစစ်ရေး ဥပဒေတွေကို ဖျက်သိမ်းပေးတာမျိုး၊  သတင်းထောက်တွေအတွက် လွတ်လပ်ခွင့် ပိုပေးတာမျိုးအပြင် နိုင်ငံခြားသတင်းထောက်တွေကို ၀င်ခွင့်ပြုတာမျိုးတွေက ရှိနေပြီးသား ဗျူရိုကရေစီကို ထပ်ပြီး အလုပ်မရှုပ်စေတဲ့ ပြုလွယ်ပြင်လွယ်တဲ့ အပြောင်းအလဲတွေပါ။
မေး ။    ။ တရုတ်ကဆောက်ပေးမယ့် မြစ်ဆုံရေကာတာ တည်ဆောက်ရေး ယာယီရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ကို တချို့က အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးပိုကောင်းအောင် လုပ်လိုက်တဲ့ မဟာဗျူဟာ ကျားကွက်လို့ မြင်ကြတယ်။ အာဏာချိန်ခွင်လျှာ ညှိတဲ့သဘောပေါ့။ ဦးဟန်ညောင်ဝေကရော အဲဒီအမြင်ကို သဘောတူလား။ တရုတ်လွှမ်းမိုးမှုကို မြန်မာက တုန့်ပြန်လိုက်တဲ့အကွက်တခုလို့ တကယ်ရော မှတ်ယူလို့ရပ့ါမလား။ တရုတ်ဖဲချပ်ကို မြန်မာက ထုတ်ကစားလိုက်ခြင်းအားဖြင့် အစစ်အမှန် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေကနေ အသာလေး ရှောင်ထွက်သွားနိုင်သလို၊ အနောက်အုပ်စုနဲ့လည်း မိတ်ဆွေလုပ်နိုင်မယ်လို့ တချို့ အကဲဖြတ်တွေက ပြောနေကြတယ်။ အဲဒါကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ ။    ။ ဒီလုပ်ရပ်ကို လူအထင်ကြီးလောက်တဲ့ နိုင်ငံတကာမဟာဗျူဟာတခုနဲ့ ဆက်စပ်တယ်လို့တော့ ကျနော်မယုံကြည်ဘူးဗျ။ အနောက်နိုင်ငံက တချို့လူတွေရဲ့ ဖြစ်လိုတဲ့ဆန္ဒပါ။ ယာယီရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာက သမ္မတဟာ ဆုံးဖြတ်နိုင်တဲ့ အကြီးအကဲနေရာမှာ ရှိနေတယ်၊ ဆုံးဖြတ်ချက် ချနိုင်တဲ့ အရိုက်အရာခေါင်းဆောင်သစ် တယောက်ရှိနေပြီလို့ ပြည်တွင်းကို အသိပေးလိုက်တာပဲ။ ဒီအငြင်းပွားဖွယ် ရေကာတာနဲ့ပတ်သက်ပြီး ယခင်အချိန်ကရော၊ အခုအချိန်အထိပါ မြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ တရုတ်ကုမ္မဏီအကြား လျှို့ဝှက်ညှိနှိုင်းမှုတွေ ရှိခဲ့ပါတယ်။ သဘောတူညီချက်ပါ တချို့အချက်တွေကို ဦးသိန်းစိန် သိပုံမပေါ်ပါဘူး။ ဆိုတော့ ဒီကိစ္စကြီးက နိုင်ငံတော်ကိစ္စရပ်ကြီးတခု ဖြစ်လာပြီး ဦးသိန်းစိန်ရှာနေတဲ့ ကျည်ဆန်တတောင့် ဖြစ်လာတာပေါ့။ မြစ်ဆုံရေကာတာကိစ္စက ကချင်ပြည်သူတွေတင်မကဘဲ မြန်မာတမျိုးသားလုံးနဲ့ပါ သက်ဆိုင်တယ်။ ဒီလိုကိစ္စမျိုးတွေကနေ အမျိုးသားညီညွတ်ရေးကို တကယ်တမ်း တည်ဆောက်နိုင်တယ်။ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ကျနော့်အနေနဲ့ ကြိုဆိုပါတယ်။ တရုတ်က ၀င်ရောက်စွက်ဖက်မယ်လို့ ကျနော်တို့ မထင်ပါဘူး။ တရုတ်က သူရဲ့ပုဂ္ဂလိက ကုမ္ပဏီတခု ပိုက်ဆံ ဆုံးရှုံးလို့ မပျော်တာမဟုတ်ပါဘူး၊ အနိုင်ကျင့်စရာ တိုင်းပြည်တခု ဆုံးရှုံးသွားရတော့မှာကြောင့် စိတ်မချမ်းမသာ ဖြစ်နေပုံရပါတယ်။
ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ကတော့ သမ္မကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ဆက်လက်ရှင်သန်စေချင်တယ်၊ ကာကွယ်ချင်တယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေးဆိုတာကို သူ့အနေနဲ့  ရှောင်လွှဲလို့မရပါဘူး။ ရှေ့ဆက်တိုးဖို့အတွက် တခြားနည်းလမ်းလည်း မရှိပါဘူး။ လူတော်တော်များများက ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အဆိုးမြင်နေကြတုန်းပဲဗျ။ ဒါပေမယ့် ဦးသိန်းစိန်ကတော့ စွန့်စားမှုအများကြီးယူပြီး လူတိုင်းထင်ထားတာထက် ပိုပြီးလုပ်ပြနေတယ်။ အခုအချိန်မှာ ရှိနေတဲ့အန္တရာယ်က ဘာလဲဆိုတော့ လက်ရှိအနေအထားကို ဆက်ထိန်းထားလိုပြီး အပြောင်းအလဲကို မလိုလားတဲ့ ပြည်တွင်း၊ ပြည်ပ လူတွေဆီက ရလာနိုင်တဲ့ လက်တုန့်ပြန်ချက်တွေပဲ။
မေး ။    ။ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ်မှာထားတဲ့ မူဝါဒက ပျော့ပြောင်းလွန်းတယ်၊ ဘက်ပေါင်းစုံမဟုတ်ဘူး၊ တဖက်တည်းကဖြစ်နေပြီး၊ စစ်အစိုးရနဲ့သူ့ဘက်သားတွေ အလိုကျ လုပ်ပေးနေတဲ့ မူဝါဒနီးပါးတောင် ဖြစ်နေပြီလို့ တချို့ လှုပ်ရှားတက်ကြွသူတွေ၊ အတိုက်အခံတွေက ယုံကြည်ပါတယ်။  မြန်မာနိုင်ငံအပေါ်မှာထားရှိတဲ့ ဥရောပသမဂ္ဂရဲ့ မူဝါဒအပေါ်မှာ ဘယ်လိုမျိုးအပြောင်းအလဲ လုပ်သင့်တယ်လို့ ဦးဟန်ညောင်ဝေ မျှော်လင့်ထားပါသလဲ။ တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဘဏ္ဍာရေးအကူအညီ ကန့်သတ်ချက်တွေကို လျှော့ပေးဖို့ စဉ်းစားနေတယ်ဆိုပြီး ယူဆချက်တွေ ထွက်ပေါ်နေပါတယ်။ အကယ်၍ အများက မျှော်လင့်ထားသလို နိုင်ငံရေးအကျဉ်းသားတွေ အများကြီး လွှတ်ပေးမယ်ဆိုရင် အနောက်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ထားရှိတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးသင့်တဲ့ အချိန်ရောက်ပြီလား။ ပိတ်ဆို့မှုတွေ မရုပ်သိမ်းဘဲနဲ့ရော ဥရောပသမဂ္ဂနဲ့ အမေရိကန်အစိုးရအနနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အားထုတ်ချက်တွေအပေါ် သူတို့ကလည်း အကောင်းမြင်ပါတယ်ဆိုတာကို နေပြည်တော်ကသိအောင် ဘယ်လိုအရာမျိုးတွေ လုပ်ဆောင်ပေးသင့်ပါသလဲ။ သိပ်မဝေးတော့တဲ့ အနာဂတ်မှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ် (World Bank) တို့က မြန်မာနိုင်ငံကို နည်းပညာနဲ့ ငွေကြေးအကူအညီပေးမယ်လို့  ဦးဟန်ညောင်ဝေ မျှော်လင့်ပါသလား။
ဖြေ ။    ။ လူတယောက်က အားနည်းတယ်ဆိုရင် သူ့ကို အနိုင်ကျင့်မယ့်သူကို အနိုင်လာမကျင့်အောင်လို့ မျက်နှာချိုသွေးနိုင်တယ်။ အဲဒီ အယူအဆက ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံကိစ္စမှာတော့ မဆိုသလောက်ပဲ မှန်ပါတယ်။ ဥရောပသမဂ္ဂ ရပ်တည်မှုအတွက် မြန်မာနိုင်ငံ မလိုပါဘူး။ သူ့မှာ မြန်မာထက် ပိုအားသာတဲ့အချက် ဒုနဲ့ဒေးပါပဲ။ ဘာကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်င်ငံကို သွားလေချိုသွေးနေရမှာတုန်း။ အနောက်နိုင်ငံအစိုးရများလိုပါပဲ၊ ၁၉၉၀ နဲ့ သက္ကရာဇ် ၂၀၀၀ အစောပိုင်းနှစ်တွေတုန်းက အတိုက်အခံတွေဆီကနေ မူဝါဒအကြံဉာဏ်တွေ ပေးနိုင်အောင် ဥရောပသမဂ္ဂက လမ်းဖွင့်ပေးထားခဲ့ပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၁၅ နှစ် (ရွေးချယ်ခံအစိုးရသက်တမ်း သုံးကြိမ်၊ လေးကြိမ်နှင့် ညီမျှသည်)  ကြာလာတဲ့အခါမှာတော့  ဥရောပသမဂ္ဂကလည်း အတိုက်အခံတွေရဲ့ မူဝါဒ ဘယ်လောက်ထိ အရာရောက်သလဲ ဆိုတဲ့အပေါ် မေးခွန်းတွေ စမေးလာပါတော့တယ်။ အတိုက်အခံတွေထားတဲ့ မူဝါဒက အဓိကအားဖြင့် မြန်မာစစ်အစိုးရနဲ့ ထိပ်တိုက်တွေ့ရေး၊ စစ်အစိုးရကို အထီးကျန်ထားရေးပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက သူ့ဟာသူ ပဋိပက္ခနဲ့ နပမ်းလုံးနေတဲ့အချိန်မှာ ဥရောပက မတူညီတာတွေကို ပြန်လည် စုစည်းနေတဲ့အချိန်၊ နယ်စပ်မျဉ်းတွေကို ဖွင့်ပေးနေတဲ့အချိန်၊ ပဋိပက္ခအများစုကို စေ့စပ်ဆွေးနွေးရေးနည်းလမ်းနဲ့ ကြိုးစားဖြေရှင်းနေတဲ့အချိန် ဆိုတာကို ကျနော်တို့ သတိချပ်သင့်ပါတယ်။ ဥရောပသမဂ္ဂက ဒီမိုကရက်တစ်မူတွေ အပေါ်မှာ အခြေခံပြီး မြန်မာနိုင်ငံဆိုင်ရာ သူ့ကိုယ်ပိုင်မူဝါဒကို စတင်ရေးဆွဲလာပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖွံ့ဖြိုးလာစေဖို့ ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ နည်းလမ်းတွေပါ ရှာဖွေလာပါတယ်။
ဥရောပသမဂ္ဂရဲ့ အရေးယူမှုက ဘက်ပေါင်းစုံမဟုတ်ဘူးလို့ ဘယ်သူမှ မစွပ်စွဲနိုင်ပါဘူး။ မူဝါဒတခုရဖို့ နှစ်ပေါင်းများစွာကြာ အချိန်ယူရပါတယ်။ နိုင်ငံပေါင်း ၂၇ နိုင်ငံရဲ့ ရွေးကောက်ခံ အစိုးရတွေအားလုံးက ချွင်းချက်မရှိ သဘောတူရပါတယ်။ ဥရောပသမဂ္ဂတခုလုံးက မြန်မာအတိုက်အခံကို ၁၀၀ ရာခိုင်နှုန်းအပြည့်အ၀ သဘောတူတာ မဟုတ်ဘူး၊ အထူးသဖြင့် ပြည်ပရောက် အတိုက်အခံတွေနဲ့ပေါ့။ တချို့က ပြောပြီပေါ့။ ဥရောပသမဂ္ဂရဲ့ မူဝါဒက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ်မှာ ပျော့ပျောင်းလွန်းတယ်၊ စစ်အစိုးရကို ချဉ်းကပ်တဲ့အခါမှာ တခြားသူတွေထက်ပိုပြီး ပျော့လွန်းတယ် စသဖြင့်ပေါ့။ အဖွဲ့ဝင်အစိုးရပေါင်း ၂၇ ခုက သဘောတူသည့်တိုင် ဥရောပသမဂ္ဂ အနေနဲ့ကတော့ ဒီမိုကရေစီ အခြေခံမူတွေကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဥရောပတိုက်သူတိုက်သားတွေက ဒီလိုလုပ်ရပ်မျိုးကို ဘယ်တော့မှ လက်ခံမှာ မဟုတ်လို့ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပေါ်မှာတော့ ကျနော်တို့ စိတ်ချလက်ချနေလို့ရပါတယ်။ အဲဒီမှာ သူများကို မဝေဖန်ခင် ပထမဦးဆုံးအနေနဲ့ ကျနော်တို့ကိုယ်ကျနော်တို့ မေးသင့်တာက  ကျနော်တို့ ကိုယ်တိုင်ကရော ဒီမိုကရေစီ ကျနေပြီလားလို့ပါ။
ဥရောပသမဂ္ဂအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး ဆက်ဆံနေမယ် ဆိုတာကိုတော့ ကျနော်ယုံကြည်တယ်။ လူထုအခြေပြု အဖွဲ့အစည်းနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ (ကျန်းမာရေး၊ ပညာရေး၊ အသက်မွေး ၀မ်းကြောင်းမှု၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် စသဖြင့်) ရဲ့ လုပ်နိုင်စွမ်းတွေကို ကူညီဖြည့်ဆည်းပေးနေမှာပါ။ သဘောတရားကဘာလဲဆိုတော့ အားကောင်းတဲ့ လူထုအခြေပြု လူအဖွဲ့အစည်းမရှိဘဲ ပြည်သူ့အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာပဲ။ အလားတူပါပဲ။ ခြစားမှုမရှိတဲ့ ပညာရှင်အရင်းခံ လူထုအကျိုးပြုဝန်ဆောင်မှုတွေ မဟုတ်သရွေ့ ဘယ်အစိုးရကမှ ပြည်သူ့ထံကို မရှိမဖြစ် ၀န်ဆောင်မှုတွေ ဆောင်းကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။
ပြုပြင်ပြောင်းလဲမှုတွေဟာ တကယ်စစ်မှန်တယ်လို့ ဥရောပသမဂ္ဂက သဘောကျ ကျေနပ်တယ်ဆိုရင် သူတို့ ပိတ်ဆို့မှုတွေ ဖယ်ရှားမှာပဲ။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းက သူတို့ထည့်သွင်းစဉ်းစားမယ့် အချက်တွေထဲက တချက်ပဲ။ ဒါပေမယ့် ပိတ်ဆို့မှုတခုတည်းက ဥရောပသမဂ္ဂမူဝါဒရဲ့ အဓိကအရေးပါတဲ့ အစိတ်အပိုင်းတော့ မဟုတ်ပါဘူး။ အဓိကအချက်က ဘာလဲဆိုတော့ စစ်မှန်တဲ့ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ၊ ဒီမိုကရေစီကျတဲ့၊ တရားမျှတ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်ခြင်းတွေပါပဲ။ တကယ်ပဲ IMF နဲ့ ကမ္ဘာ့ဘဏ်တို့က မြန်မာနိုင်ငံကို နည်းပညာနဲ့ ငွေကြေးအကူအညီ ပေးကောင်းပေးနိုင်ပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲက ရှေ့နှစ်မှာဆိုတာ့ ရွေးကောက်ပွဲ မပြီးမချင်း အမေရိကန်ဆီက အများကြီးမျှော်လင့်လို့ မရနိုင်ဘူးလို့ ကျနော်ထင်တယ်။ မြန်မာနိုင်ငံက သူတို့အတွက် အရေးတကြီး ဦးစားပေးရမယ့်ကိစ္စ မဟုတ်ဘူးလေ။
မေး ။    ။ အရင်တုန်းက ဦးဟန်ညောင်ဝေက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှု မူဝါဒကို ထောက်ခံပါတယ်။ အခုတော့ ထိတွေ့ဆက်ဆံရေးဘက်ကို ပိုပြီး ထောက်ခံနေပုံပေါက်နေပါတယ်။ ဘာကြောင့် အဲဒီလို ပြောင်းလဲသွားရတာပါလဲ။
ဖြေ ။    ။ ပိတ်ဆို့အရေးယူမှုအကြောင်း ဆွေးနွေးရင် လူတွေမှာ စိတ်ခံစားချက်တွေ ပါလာတတ်တယ်။ အမှားလုပ်တဲ့ လူတွေကို ဖွံ့ဖြိုးတိုးတက်ခွင့် ပြုသင့်သလား၊ အပြစ်ပေးသင့်သလားဆိုပြီး ဆွေးနွေးငြင်းခုံပွဲ ဖြစ်လာပါတယ်။ သူတို့အတွက် အရေးယူပိတ်ဆို့မှုဆိုတာ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ်လို့ ထင်ပါတယ်။ ၁၉၉၀ အစောပိုင်းနှစ် ပထမဦးဆုံးအကြိမ် ကျနော်တို့  (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ – NCGUB၊ ပြည်ထောင်စုအမျိုးသားကောင်စီ – NCUB၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ – NLD-LA စသဖြင့်ပေါ့) ဆွေးနွေးတုန်းက ပိတ်ဆို့မှုကို နိုင်ငံရေးလက်နက်တခုအဖြစ် ရှုမြင်ခဲ့ပါတယ်။ အစိုးရ တော်တော်များများကလည်း နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ဖို့ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ မေးစရာရှိတာက အဲဒီရည်မှန်းချက်ကရော အောင်မြင်ခဲ့လားပေါ့။ မဟုတ်ဘူးဆိုရင်တော့ ကျနော်တို့ ဆက်မလုပ်သင့်ဘူးပေါ့။ ပိတ်ဆို့မှုကို ကျနော်တို့ တင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောစေချင်လို့ပါ။ အပေးအယူတခုတော့ရမယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေလည်း ပြန်လည်ရရှိမယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ကြတယ်။ အဓိကကတော့ စစ်ရေး ၀င်ရောက်စွက်ဖက်မှု (ဘယ်တော့မှ ဖြစ်လာမှာလည်း မဟုတ်ပါဘူး) မလုပ်လို့ကတော့ စစ်တပ်ကို အပေးအယူစားပွဲဆီ ရောက်လာဖို့ ဘယ်တော့မှ လုံလောက်တဲ့ဖိအား ဖြစ်လာမှာမဟုတ်ဘူး။ ပိတ်ဆို့မှုတွေ ထပ်ချမယ်ဆိုရင် အပေါက်ပေါက်နေတဲ့ ပူဖေါင်းကို လေဖြည့်နေသလိုပဲ၊ ဘယ်တော့မှ ပြည့်မှာမဟုတ်ဘူး။ ပိတ်ဆို့မှု ဖယ်ရှားပြီးတော့ ဗိုလ်ချုပ်ကြီးတွေကို ကျေနပ်အောင် မလုပ်နိုင်ပါဘူး။
ပိတ်ဆို့မှုတွေက နိုင်ငံတကာအသိုင်းအ၀န်းကိုလည်း ချိနဲ့စေတယ်။ ဘယ်သူကမှ ဦးစီးဦးဆောင် မလုပ်ရဲတော့ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရကို ထောက်ခံတယ်၊ ဒီမိုကရေစီမကျဘူးဆိုပြီး ခေါင်းစဉ်တပ်ခံရမှာစိုးလို့။ အပြောင်းအလဲတွေ ဖော်ဆောင်တဲ့နေရာမှာ နိုင်ငံတကာ အသိုင်းအ၀န်းကို တခြားနည်းလမ်းတွေမှာ ပိုပြီး တက်တက်ကြွကြွ ပါဝင်စေလိုပါတယ်။ သူတို့ကိုယ်တိုင် ချိနဲ့နေမယ်ဆိုရင် ကျနော်တို့အတွက် အသုံးမ၀င်သလို မြန်မာပြည်သူတွေအတွက်လည်း အကူအညီ မဖြစ်ပါဘူး။ ဒါကြောင့် ကျနော်က ပိတ်ဆို့မှုတွေကို မထောက်ခံတော့တာပါ။ ကျနော်လိုချင်တဲ့အရာတခုကို ကျနော်တို့လိုချင်တဲ့ ပုံစံအတိုင်း မရနိုင်တော့တဲ့အခါ ပေးလာတဲ့အခြေအနေပေါ်မှာ အခြေခံပြီး တခြားနည်းလမ်းတခုကို ကျနော်တို့ရှာဖို့လိုပါတယ်။ ဥပမာ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောနေတယ်။ သူတို့နှစ်ယောက်ကြားမှာ နားလည်မှုတစုံတရာ ရနေပုံရပါတယ်။ အပေးအယူလုပ်ဖို့ ပြင်ဆင်ထားပြီးပုံလည်း ရပါတယ်။ ဒါ ကျနော်တို့ အရင်ကလိုချင်ခဲ့တဲ့အရာ မဟုတ်ဘူးလား။ ဒါပေမယ့် ကျနော်တို့ထဲက တချို့သူတွေက ပိတ်ဆို့မှုတွေ ပိုတောင်းဆိုနေတယ်။ ကျနော်တို့က ဘာလိုချင်တာလဲ။ ကျနော်တို့ ကြုံရသမျှအရာတွေဟာ ကျနော်တို့အတွက် အရေးပါသလား၊ မပါဘူးလားဆိုတာတောင် မသုံးသပ်တော့ဘဲ ကျနော်တို့က ခံစားတတ်လွန်း၊ မကောင်းမြင်လွန်းတာ များနေပါတယ်။ ၂၀၀၅ ခုနှစ်တုန်းက ကျနော်ပြောခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲကို ကျနော်တို့ လိုချင်တယ်ဆိုရင် တပ်မတော်က အဲဒီအပြောင်းအလဲတွေကို ဦးဆောင်ရမယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အာဏာရှိလို့ပဲ။ အခု ဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင်လုပ်နေပြီ။ ဆိုတော့ စစ်မှန်တဲ့အပြောင်းအလဲတွေ ဖြစ်လာမယ်၊ နောက်ဆုံးမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရလာမှာပါ။
မေး ။    ။ မကြာသေးမီက မြန်မာအစိုးရချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်မယ်ဆိုရင် အခုလက်ရှိအစိုးရဟာ အရင် စစ်အုပ်ချုပ်ရေးကနေ ဖွယ်ခွာလာပြီလို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ဒါပေမယ့်  တိုင်းရင်းသားလူနည်းစု အရေးမှာတော့ တိုးတက်လာတာ ကျနော်တို့ ဘာကြောင့်မတွေ့ရသေးတာလဲ။ မြန်မာပြည် အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတုန်းပဲ။ တိုင်းရင်းသားအရေးကိစ္စ သေသေချာချာ ဖြေရှင်းပြီးတဲ့အချိန်အထိ အနောက်နိုင်ငံတွေအနေနဲ့ နေပြည်တော်ရဲ့ ဆောင်ရွက်မှုတွေကို တက်တက်ကြွကြွ တုန့်ပြန်တာက ပိုသင့်လျော်တယ်လို့ ထင်ပါသလား။ တိုင်းရင်းသားဒေသတွေမှာ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်နဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (CoI) ဖွဲ့စည်းပေးရေး တောင်းဆိုမှုတွေအပေါ်မှာ ဦးဟန်ညောင်ဝေ ဘယ်လို တုန့်ပြန်ချင်ပါသလဲ။
ဖြေ ။    ။ ဘာကြောင့် မတိုးတက်သေးသလဲဆိုတာက ဒီပြဿနာတွေဟာ ပိုပြီးနက်နဲတယ်၊ လူတွေ မျှော်လင့်ထားတာထက် အားတွေပိုစိုက်ဖို့လိုတယ်၊ အချိန်ပိုယူဖို့လိုတာကြောင့်ပါ။ ဆယ်စုနှစ်ပေါင်းများစွာကြာ တည်ရှိခဲ့တဲ့ နှိပ်စက်မှုတွေ၊ ဒုက္ခခံစားမှုတွေ ကျော်လွန်ဖို့ ယုံကြည်မှု၊ စိတ်ချမှုတွေ တည်ဆောက်ဖို့ လိုပါတယ်။ အစိုးရစစ်သားတွေဟာ တိုင်းရင်းသားလူမျိုးတွေကို ဆက်ဆံတဲ့အခါမှာ ဥပေဒအရ ကင်းလွတ်ခွင့်အပြည့်နဲ့ ဆောင်ရွက်တယ်ဆိုတဲ့ အချက်ကိုတော့ အစိုးရအနေနဲ့ ရိုးရိုးသားသား အသိအမှတ်ပြုဖို့လိုပါတယ်။ အကျဉ်းထောင်တွေထဲက တိုင်းရင်းသားခေါင်းဆောင်တွေကို လွှတ်ပေးခြင်းအားဖြင့် ပြန်လည်ကုစားခြင်း လုပ်ငန်းစဉ်ကို သူတို့အနေနဲ့ ကူညီပေးနိုင်မှာဖြစ်သလို ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာလည်း ၀ိုင်းဝန်း ပံ့ပိုးပေးသွားနိုင်မှာပါ။ နေပြည်တော်အနေနဲ့ လုပ်နိုင်တာတွေ အများကြီးပါ။ မြစ်ဆုံရေကာတာကိစ္စကို ဦးသိန်းစိန် လုပ်သလိုမျိုး သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်မယ်ဆို ပိုပြီးထိရောက်မှာပါ။ အနောက်နိုင်ငံတွေက ဒါမှမဟုတ် တခြားနိုင်ငံခြား အစိုးရတွေက ပါဝင်ဆောင်ရွက်တာထက် သူ့တို့ကိုယ်တိုင် ဆောင်ရွက်တာက ပိုပြီးထိရောက်မှာပါ။  နိုင်ငံတကာ အသိုင်းအ၀န်းအနေနဲ့ နှစ်ဖက်စလုံးကို ညှိနှိုင်းဖို့ တွန်းအားပေးတဲ့နေရာမှာ၊ ပြီးတော့ စစ်ရေးလုပ်ငန်းတွေကို စွန့်ခွာတဲ့ လုပ်ငန်းစဉ်တခုလုံးအတွက် နည်းပညာအကူအညီနဲ့ အထောက်အပံ့တွေ ပံ့ပိုးတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုတာ ဖြစ်လာမယ့်ဟာ မဟုတ်ပါဘူး။ အခုကာလက ကျနော်တို့အနေနဲ့ သီအိုရီ ဖြစ်နိုင်ခြေတွေဆိုတာထက် လက်တွေ့ကျတဲ့ အဆင့်တွေကိုပဲ အာရုံစိုက်သင့်ပါတယ်။
မေး ။    ။ အကယ်၍ တနေ့မှာ မြန်မာနိုင်ငံဟာ ပွင့်လင်းလာပြီဆိုပါတော့။ ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ ဦးဟန်ညောင်ဝေ အနေနဲ့ရော၊ ဦးဟန်ညောင်ဝေရဲ့ အဖွဲ့အစည်းအနေနဲ့ပါ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လိုပါသလဲ။
ဖြေ ။    ။ ဥရောပ မြန်မာရုံးက မြန်မာနိုင်ငံတွင်း လူငယ်မျိုးဆက်သစ်နဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ လုပ်နိုင်စွမ်းတွေ မြှင့်တင်ပေးတဲ့ကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မတူညီတဲ့ တိုင်းရင်းသားအုပ်စုတွေအကြား နားလည်မှုတွေ တည်ဆောက်ပေးတဲ့လုပ်ငန်းတွေ၊ လက်နက်နဲ့ ဖြေရှင်းတဲ့နည်းလမ်းအစား တွေ့ဆုံဆွေးနွေးရေး၊ စေ့စပ်ညှိနှိုင်းရေးကတဆင့် ပြဿနာတွေကို အတူတကွ ဖြေရှင်းတဲ့နည်းလမ်းတွေကို လူထုအကြား ပညာပေးခြင်း စတဲ့ လုပ်ငန်းတွေမှာလည်း ကျနော်တို့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ယေဘုယျအနေနဲ့ ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာအသိုင်းအ၀န်းအကြား ကျနော်တို့ ပေါင်းကူးပေးနိုင်ပါတယ်။ အကယ်၍ မြန်မာနိုင်ငံက ပွင့်လင်းလာပြီဆိုရင်တော့ ကျနော်တို့အလုပ်တွေကို ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်လာမှာပါ။     ။
http://burma.irrawaddy.org/?p=1155