Saturday, October 15, 2011
ဟုတ်ရဲ့ လားဟေ့
DVB Entertainment 2 face book
၂၀၀၈ တုံးက ကိုဇာဂနာ အဖမ်းမခံရခင် - သူစပ်ထားတဲ့ သီချင်းစာသားလေး ဖုံးထဲကနေ ရွတ်ပြခဲ့ဖူးပါတယ်..-- ဒါနဲ့  သူ အဖမ်းခံလိုက်ရတော့ ကိုဇာဂနာ့အတွက် အမှတ်တရဆိုပြီး အဲ့ဒီစာသားကို နည်းနည်း ထပ်ဖြည့်ပြီး သီချင်းတပုဒ် လုပ်ဖြစ်လိုက်ပါတယ်.. မနေ့ ညက ကိုသူရကို ပြန်ပြောပြရင်း သူလဲ ကြည့်ရအောင်လို့  ဒီသီချင်းကို ဒီနေ့  ပြန်လွှင့်ထားပါတယ်.. ကိုသူရ ကတော့ပြောတယ် ဘယ်လိုဖန်တီးတီး သီချင်းလုပ်ချင်တဲ့ သူ့ ဆန္ဒ ဖန်တီးပေးထားတာ ကိုပဲ ကျေးဇူးတင်ပါတယ်တဲ့ - ဒီလိုကြားရတော့လဲ ပင်ပန်းရကျိုး နပ်တာပေါ့လေ ...
ရခိုင်ပြည်နယ်အတွင်း ဆင်ဖြူတစ်ကောင်တွေ့ရှိ
အောက်တိုဘာလ ၁၁ ရက်နေ့မနက်၉နာရီလောက်ကရခိုင်ပြည်နယ် လောင်းဒုံ စေတီပြင်ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ တောတွင်းမှာ ဆင်မကြီးနှစ်ကောင် ဘေးမှ ခြံရံလျက်ဆင်ဖြူတစ်ကောင် တွေ့ရှိခဲ့တယ်လို့သိရပါတယ်။
ဆင်ဖြူဟာ အရပ် ၅ ပေ ၅ လက်မရှိပြီး တွေ့တဲ့အချိန်မှာဆင်ကြီးများခြံရံပြီးအစာစားနေတဲ့အချိန်မှာ တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ဆင်ဖြူကို ရခိုင်ပြည်နယ် ငါးစားကျူးကျေးရွာကလှတင် ခေါ်မာမက်ရှော်ရှီ နှင့် ဆွေယော့ကော်ရိန်တို့မှစတင်တွေ့ရှိခဲ့တယ်ကြတာပါ။
၎င်းတို့နှစ်ဦးသည်ဆင်ဖြူတွေ့တွေ့ချင်းဂျိန်ဂျောင်းသစ်တောရုံးမှ တောခေါင်းကိုအကြောင်းကြားခဲ့ပြီး တောခေါင်းနှင့်တာဝန်ရှိသူများမှ ဆင်ဖြူ နောက်သို့ လိုက်လံကြည့်ရှု့အကဲခတ်လျက်ရှိကြောင်း သိရပါတယ်။
ဦးဇာဂနာ မိသားစု အမှတ်တရ
သို့ / ဦးသိန်းစိန် (၃)(လှိုင်ဘွား - ၈၈)
♥۩۞۩♥ သို့ / ဦးသိန်းစိန် (၃)♥۩۞۩♥
by Hlaing Bwa on Saturday, October 15, 2011 at 3:21am
လေးစားအပ်သော သမတကြီးခင်ဗျား
---------------------------------------
လောလောဆယ်အားလုံးက (အမျိုးသားရေးအသွင်သဏ္ဍာန်နဲ့ သမတအစိုးရအပေါ်မှာမကြာသေးမိက-
ပြောသလောက် တချို့ တ၀က်လုပ်ပြခဲ့ခြင်းတွေအပေါ် ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာ - တရုတ်မပါ)
ကကောင်းချီးသြဘာပေးနေတာကို ခံစားနားလည်မိမှာပါ။ တိုင်းပြည်တပြည်ရဲ့အစိုးရတရပ်ရဲ့ အမြင့်ဆုံး
စွမ်းဆောင်နိုင်မူဟာ ပြည်သူလူထုတရပ်လုံး (မြန်မာပြည်အနေအထားအရ- ပြည်ထောင်စုတခုလုံး)
ရဲ့ - အများရဲ့ထောက်ခံမူရဖို့ လိုအပ်ပါတယ်။ သည့်အတွက်ကြောင့်လည်း ကမ္ဘာအရပ်ရပ်က
ဒီမိုကရက်တစ်အစိုးရတွေဟာ လူအများစု လူထုထောက်ခံမူရမှ အစိုးရဖြစ်သလို အစိုးရဖြစ်ပြီးသည့်တိုင်
မိမိဆုံးဖြတ်ကိုလူအများထောက်ခံမူရအောင် ဆွဲဆောင်/ညှိနုင်း/ချပြ/သဘောထားကောက်ယူ ခြင်း
တွေဟာ ဒီမိုကရက်တစ်လူ့ အဖွ့ဲအစည်းတွေရဲ့အခြေခံသဘာဝပါ။ မြစ်ဆုံကိစ္စမှာ ပြည်သူ့ ဆန္ဒ
ဆိုတာကို အလေးအနက်ထားပေးခဲ့တဲ့အတွက်လည်း ပြည်သူတရပ်လုံးရဲ့ ရောင်ပြန်ဟပ်လာတဲ့
လက်ရှိမြန်မာ့ ဒီမိုကရေစီရေးအပြောင်းအလဲဟာ Transitional Period (အသွင်ကူးပြောင်းရေးကာလ)
မှာရှိတယ်ဆိုရင်လည်း - မြန်မာပြည်သူအများစုကြီးဟာ အပြောင်းအလဲအတွက် ညှင်သာစွာပြောင်းလဲ
အခြေခံအကြောင်းရင်းဟာ ... ဒီမိုကရေစီလမ်းကြောင်းကိုချီတက်နေပါတယ်ဆိုတဲ့ သမတအစိုးရအတွင်းမှာ ဒီမိုကရေစီအစိုးရတရပ်ရဲ့အခြေခံအကျဆုံးလုပ်ငန်းစဉ် ဖြစ်စဉ် တွေထဲက Transparency & Accountability
မရှိမူဟာ အလွန်တရာကို နက်ရှိုင်းစွာချို့ တဲ့လစ်ဟင်းနေခဲ့မူပါပဲ။ နားနဲ့ မနာဖ၀ါးနဲ့ နာပါသမတကြီးခင်ဗျား -
Transparency (ပွင့်လင်းမြင်သာမူ) မရှိပဲနဲ့  ဒီမိုကရေစီရဲ့အမည်နာမအတွင်းမှာ ကျွန်တော်တို့ အားလုံး
ဘယ်လမ်းကိုမှ ဒီမိုကရေစီ မြေပုံပေါ်မှာဆက်ဖတ်လို့ ရမှာမဟုတ်ပဲ တကယ့်လုပ်ဆောင်မူတွေမှာလည်း
Stagnant ဖြစ်နေမှာပါ - သမတအစိုးရအလေးအနက် စဉ်းစားစေလိုပါတယ်ခင်ဗျာ ...
မှတ်ချက်။...။ ဆန္ဒတွေမစောကြပါနဲ့ ဆိုတဲ့ ၁၉၈၈ က ဒေါက်တာမောင်မောင်ရဲ့ လေသံပြက်လုံးတွေ
ခုတလောသိပ်ကြားနေရပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကအနှစ်ငါးဆယ် အတွင်း (၂၆) နှစ် မိုးခေါင်ပြီး
(၂၃) နှစ်ရေကြီးနေခဲ့တဲ့အတွက်  အရေးပေါ်အသက်ကယ်မူ လိုတာကလွဲလို့ ဘာကိုမှဆန္ဒမစောတော့
ဘူးဆိုတာကိုတော့ကြိုပြောပါရစေ -
(၁) ယုံကြည်ချက်ကြောင့် အကျဉ်ချခံနေရသူတွေကို Political Kidnapping & Hijacking လုပ်ခဲ့တာတွေ
ပြီးဆုံးသွားပြီလို့  (သွင်းလိုက်ထုတ်လိုက် -  ပြန်သွင်းလိုက်ပြန်ထုတ်လိုက်) သံသရာ ကြီးအပြီးရပ်သွားပြီ
လို့  ပြည်သူတရပ်လုံးရဲ့ရင်ထဲကို ခံစားယုံကြည်စေလောက်တဲ့ အလုပ်မျိုးလုပ်ပြစေချင်ပါတယ် (အဲဒါဟာ
ခင်ဗျားတို့ အပါအ၀င်တိုင်းပြည်နဲ့ လူမျိုးအတွက်ပါပဲ) သူတို့ အားလုံးဟာ တိုင်းပြည်ကို လူကြီးမင်းတွေ
လိုပဲ ချစ်တဲ့သူတွေပါ။ (စစ်သင်တန်း ကိုးလတက် လေးနှစ်တက်ပြီးတဲ့သူမှ တိုင်းပြည်ကို ချစ်တတ်တယ်
ဆိုတဲ့ အမြင်တွေကင်းရှင်းသင့်ပါပြီ - မြန်မာမှန်ရင်အားလုံးသွေးရဲပါတယ်)။ တပ်မတော်ဆိုတာ ပြည်သူ
ထဲကထွက်လာတာပါ။ တပ်မတော်ထဲကပြန်ပေါက်ဖွာလာခြင်းမဟုတ်ပါ။ ပြည်သူမရှိရင် တပ်မတော်လည်း
မရှိနိုင်ပါ။ ပြည်သူကလည်းစစ်သားအချင်းချင်း စစ်တပ်အတွင်းမှာ သံသယာလည်နေတဲ့ဖြုတ်ထုတ်ရှင်းဝါဒ
တယောက်ခေါင်းပေါ်တယောက်တက်နင်းတဲ့ - သည်သံသရာကြီးကိုလည်းအဆုံးသတ်စေချင်ပါပြီ။
(ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နားနဲ့ မနာဖ၀ါးနဲ့ နာပါခင်ဗျား - လေးစားပါတယ် ဗိုလ်ချုပ်ကြီးခင်ဗျား)။
(၂) နိုင်ငံခြားနဲ့ ချုပ်ထားတဲ့စာချုပ်တွေအရ လုပ်နေရတဲ့ စီမံကိန်းတွေအားလုံး (သမတ အစိုးရမတိုင်ခင်က
ချုပ်ခဲ့တဲ့စာချုပ်တွေကို ပြည်သူတရပ်လုံး) ကို Transparency ရှိရှိတိုင်းပြည်ကိုဗြောင်ချပြစေချင်ပါတယ်။
သည်ကိစ္စဟာဖွဲ့ စည်းပုံအသစ်မှာပါတဲ့ - နိုင်ငံခြားတိုင်းပြည်တွေနဲ့ ပတ်သက်တဲ့ စာချုပ်တွေအပေါ်က
တာဝန်ခံမူတွေထက်ပိုပြီးအရေးကြီးပါတယ်။ လူကြီးမင်းတို့ ပြည်သူကို တာ(၀န်ခံ) ဖို့ လိုပါတယ်။
တိုင်းပြည်ကိုအုပ်ချုပ်တဲ့အစိုးရမှာ အမျိုးသားရေးအတွက် လျှို့ ဝှက်ခြင်းတွေရှိတယ်ဆိုတာကို ကျွန်တော်
တို့ ကအပြည့်အ၀နားလည်ပေးပါရစေ။ (အမေရိကန်အစိုးရတောင် စစ်အေးတိုက်ပွဲအတွင်းမှာတုံးက -
ကနေ့ ပြခန်းလိုဖြစ်သွားတဲ့ မြေအောက်ဥမင်တွေ Area 51 လို ဒေါ်လာ Trillion နဲ့ ချီပြီးပြည်သူကိုလိမ်
ပြီးသုံးခဲ့သေးတာပဲ။ Area 51 ဆိုရင် ကနေ့ အထိဆက်လည်ပတ်နေတာပါပဲ။ ဒါပေမဲ့ သူတို့ က လာဘ်
မစား ကော်မီရှင်မယူခဲ့ဘူးဗျ။ သူ့ အမျိုးသားအကျိုးစီးပွါးအတွက် လုပ်ခဲ့တာ အခုထက်ထိ အမေရိကန်
သမတ အဆက်ဆက် - ဆက်ပြီလုပ်နေတာဖြစ်သည့်တိုင်အောင်အမေရိကန်ပြည်သူအများစုကြီးက
သိသိနဲ့ ခွင့်လွှတ်တယ်)။ သူတို့ အစိုးရအဆက်ဆက်လည်းလိပ်ပြာသန့် တယ် (ဒါပေမဲ့သိသာသိစေ
မမြင်စေနဲ့ ဆိုတဲ့မူ - နိုင်ငံခြားရေးမူအရ ဘယ်သူ့ ကိုမှဝန်မခံတာပဲရှိတယ်)။
ဗိုလ်ချုပ်ကြီးများ ကြည်းတပ် လေတပ်ေ၇တပ် အပြင် မြေတပ် (ဥမင် ရှစ်ရာတူပြီး ဘယ်ကလာမှန်းမသိ
တဲ့ရန်သူအတွက် ဗျူဟာခင်းပြီး တိုင်းပြည်က - ကလေးငယ်တွေရဲ့ ပါးစပ်ထဲက ထမင်းလုပ်တွေကို လုပြီး အနာဂတ်ဘ၀တွေကိုဖျက်ဆီးခဲ့ကြတယ် နာဂစ်မှာ သိန်းပေါင်းများစွာသော ပြည်သူပြည်သားတွေရဲ့ဘ၀တွေ
အသက်တွေကို ခင်ဗျားတို့ လစ်လျှူရှူပြီး ကျည်ကွယ်မျက်ကွယ် "နေပြည်တော်ကြီးမှာ" စိုးစံနေရက်ခဲ့တယ်)။
အဲသည်ဥမင် ရှစ်ရာကျော်ဆောက်မဲ့အစား နူကလီယာဓါတ်အားပေးစက်ရုံ ကစပြီး ယူယေနီယံထွက်တဲ့
ကျွန်တော်တို့ တိုင်းပြည်မှာ ခင်ဗျားတို့ ရနိုင်တဲ့ မြောက်ကိုရီးယားဒုံးကို ထိပ်ဖူးတပ်နိုင်ရင် သည်နေ့ ကျွန်
တော်တို့ တရုတ်နဲ့ ကုလားကို နယ်ခြားမျဉ်းမှာစကားပြောလို့ ရပါပြီ။ ဦးတင်အောင်မြင့်ဦး ဘေဂျင်းက
ခေါ်လို့ အမြီးကုပ်ပြီးသွားစရာမလိုပါဘူး။
(ခင်ဗျားတို့ ညံ့ခဲ့တာကိုဝန်ခံပါ)။ (ဒါက - ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ မပတ်သက်ပဲ - ခင်ဗျားတို့ 
အုပ်ချုပ်တဲ့ တပ်မတော်နဲ့ ခင်ဗျားတို့ အတွင်းက ခင်ဗျားတို့ ရဲ့ ညံ့ဖျင်းမူတွေပါ - ခင်ဗျားတို့  တိုင်းပြည်
ဘဏ္စာတွေ ပြည်သူတွေရဲ့ချွေးနည်းစာ ဆန်တွေ ပဲတွေကို သည်ဥမင်ကြွက်တွင်းတွေနဲ့  -
ဘာအကျိုးမှမရှိပဲ လဲခဲ့ကြပြီပဲ)။ ကျပ်ပြေးဆိုတဲ့  နေပြည်တော်ကြီးကိုတော့အဖတ်တင်တယ်လို့ 
သဘောထား ပေးမယ်ဆိုရင် ဖြေသာပါတယ်။ ဒါပေမဲ့ တိုင်းပြည်မှာ ၄၅% သော မူလတန်းပြီးရင် ကျောင်းဆက်မတက်နိုင်တဲ့ကလေးတွေအတွက် လိပ်ပြာမသန့် ပါ။ ခင်ဗျားတို့
ဝန်ခံစရာမလိုပါဘူး။ ပြည်ဖုံးကားချလိုက်ပါဆိုရင်လည်း - မြန်မာပြည်သားတိုင်းရင်းသားတွေပဲဗျာ။
ကမ္လာမှာ အရှေ့ အာရှမှာသွေးအဆူဆုံးနဲ့  ပြီးပျောက်လွယ်ဆုံးလူမျိုးလေ။ သိပ်ကိုသနားဖို့ ကောင်း
ပါတယ်။
ပြီးတာပြီးပါစေတော့။ နူကလီယာဓါတ်ပေါင်းဖိုကြီးလည်း လှိုင်သာယာစက်မူဇုံကထုတ်ပေးလိုက်ခဲ့
ပြီးပြီပဲ။ (ဒါတွေအားလုံးဟာ ကျွန်တော်အထက်က တင်ပြတဲ့ Transparency နဲ့ ရော ဗိုလ်ချုပ်ကြီးများ
ရဲ့တပ်တွင်းမှာ Transparency ဟာဘယ်လောက်အတိုင်းအတာအထိ လိုအပ်သလဲဆိုတာကို
ခေတ်သစ် တပ်မတော်တွေအတွင်းက Hierarchy System အကြောင်းကို လေ့လာစေချင်ပါတယ်)။
လူဆိုတာမှားတတ်လို့ ခဲတံတွေမှာခဲဖျက်တပ်တားတာ - ရေဘူးပေါက်တာမလိုချင်ဘူး ဆိုပေမဲ့
ရေလည်းအမြဲမပါနိုင်ဘူးဆိုတာ (၂၁) ရာစု ခေတ်သစ် ဗိုလ်ချုပ်ကြီးများ အမြင်ကျယ်သင့်ပြီ။
မြန်မာစစ်ဘုရင်တွေခေတ်က စစ်တန်းလျှားစိတ်ဓါတ် အတွေးအခ်ါနဲ့  Research တွေလုပ်လို့ မရနိုင်ဘူး -
Research ဆိုတာ ရေဘူး ခဏခဏပေါက်တယ် ဆိုတာလည်း ခင်ဗျားတို့  သဘောပေါက်သင့်ပါပြီ။
တိုင်းရေးပြည်ရေး နိုင်ငံခြားရေး စီမံကိန်းတွေ အားလုံးဟာလည်း ရေဘူးခဏခဏပေါက်တတ်တယ်
ဆိုတာ ဗိုလ်ချုပ်ကြီးများကို တင်ပြအပ်ပါတယ်။ အမိန့် ပေးလိုက်ပေမဲ့ ရေပါချင်မှပါလာပါလိမ့်မယ်၊
ခင်ဗျားတို့ အမိန့် ပေးတိုင်းရေပါလာမယ်မထင်ပါနဲ့ ။ သေချာတာကတော့ (တိုင်းပြည်တပြည်ကို
၂၁ ရာစုမှာလူလိုသူလိုဖြစ်အောင် ပြုစုပျိုးထောင်ဖို့ အတွက် "ရေဘူးပေါက်တာမလိုချင်ဘူး ရေပါ
တာပဲလိုချင်တယ်" ဆိုပြီးအမိန့် ပေးလို့ မရပဲ အနှစ်ငါးဆယ်လုံးလုံး လုပ်ခဲ့သလို "လိုအပ်သည်များ
ကိုညွှန်ကြားနေလို့ မရပဲ" ရေဘူးပေါက်နေရင် ကိုယ်တိုင်ဖါပြီး ကိုယ်တိုင်ရေခပ်ပြ၊ လိုအပ်ရင်
ကိုယ်တိုင် - မြတ်စွာဘုရားဟောခဲ့တဲ့ ကာလမသုတ်ကို နားလည်နိုင်အောင်လုပ်ပြီး တိုင်းပြည်ကို
အုပ်ချုပ်ဖို့ ပါပဲ)။
 "အင်မတန်ခွင့်လွတ်တတ်တဲ့လူမျိုး ကောင်းတကွက်ကြောင့်ဆိုးကွက်တရာကိုမေ့ပျောက်
နိုင်တဲ့မြန်မာလူမျိုးတွေ" ဟာ ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေကိုလည်းခွင့်လွှတ်ကြမှာပါ။ သူစိုးရိမ်နေခဲ့တာ
တွေလည်း ဖြစ်လာစရာအကြောင်းမရှိပါ။ သည်ကိစ္စမှာ ဦးသိန်းစိန်အနေနဲ့  ပြည်သူနဲ့ ယ္ခင်ဦးသန်းရွှေရဲ့
အကြားက ကိစ္စတွေကို ကြားဝင်ပေးနိုင်မယ်လို့ လည်း ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေ
နဲ့ လည်း ဒါကို ဦးသိန်းစိန်နဲ့ အတူ မျှဝေတာဝန်ယူနိုင်မှာပါ။ (ဒါဟာ ကျွန်တော်တို့  သန်း (၆၀) စလုံးရဲ့
အရေးကိစ္စဖြစ်ပြီး ဦးသန်းရွှေရဲ့ ပုဂိုလ်ရေးကိစ္စအကြောင်းမဟုတ်ပါ)။ ကျွန်တော်တို့ က မျက်ကန်း
မျိုးချစ်တွေအဖြစ်နဲ့  တရုတ် ကုလား ကိုမုန်းတီးပြီး သူတို့ နဲ့ လုပ်သမျှစီမံကိန်းတွေကို ကန်ဒကောစ
ဖျက်လိုဖျက်စီး လုပ်ချင်တဲ့ဆန္ဒ လုံးဝမရှိရိုးအမှန်ပါ။ ကျွန်တော်တို့ အမျိုးသားအကျိုးစီးပွါး ကျွန်တော်
တို့ အချုပ်အချာအာဏာ - ဘောင်အတွင်းကနေ ကျွန်တော်တို့ ရဲ့ National Interests တွေကိုရအောင်
ယူနိုင်မယ်ဆိုရင် အကောင်းဆုံးပါ။ ကျွန်တော်တို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးမဖြစ်ပဲ သားစဉ်
မြေးဆက် တရုတ် ကုလား ရဲ့ Neo - Imperialism  အောက်ကိုတော့ အရောက်မခံနိုင်ပါ၊
သည်စီမံကိန်းတွေအပေါ်ကနေ ပြည်သူရဲ့ခံစားချက်ကိုလစ်လျှူရှူပြီး လက်ရှိ ကချင်နဲ့ ရှမ်းညီအစ်ကိုမောင်နှမ
တွေအပေါ်မှာ တိုင်းပြည်နဲ့ တိုင်းရင်းသားတွေကိုကာကွယ်ရမဲ့ တပ်မတော်ကိုအသုံးပြုပြီး စစ်ဆင်နေမူ
တွေ - "လက်နက်ချရင်တရုတ်ဆီမှာချမယ်ဆိုတဲ့ ၀တွေကိုမျက်နှာသားပေး ဆန် (ဆန်တွေပေး)ပေး"လုပ်
နေတာတွေ တရုတ်အတွက် ရေနံနဲ့ သဘာဝ ဓါတ်ငွေ့  ရထားလမ်းတွေအတွက် ပြည်ထောင်စုကို
ကာကွယ်ရမဲ့ တပ်မတော်ကို ခုတုံးပြုပြီး ရှမ်းနဲ့ ကချင်ကိုတိုက်နေတာတွေဟာ ဘယ်လိုနည်းနဲ့ မှ
ပြည်ထောင်စုအကျိုးစည်းပွါး ဖြစ်လာစရာအကြောင်းမရှိပါ။ လက်ရှိကျောက်ဖြူကနေကူမင်းအထိ
ဖေါက်နေတဲ့စီမံကိန်းဟာလည်း နောက်ထပ် ရခိုင်အမျိုးသားတော်လှန်ရေးအဖွဲ့ တခု မြန်မာပြည်တွင်း
မှာဖြစ်လာအောင်လုပ်နေတာနဲ့ မခြားဘူးဆိုတာ ခင်ဗျားတို့  ခေါင်းအေးအေးနဲ့ စဉ်းစားစေလိုပါတယ်။
လူငါးသိန်းပဲရှိတဲ့ ချင်းပြည်နယ်ကို ဘယ်တုံးကမှပြန်မကြည့်ခဲ့ပဲ အခုချင်းတွင်းမြစ်ကြောင်းမှာ အန္ဒိယ
နဲ့ လျှပ်စစ်ရေကာတာတွေလုပ်ဦးမယ်။ သည် - ချင်းပြည်နယ် ရခိုင်ပြည်နယ်တွေအတွက် မီးတပွင့်တောင်
လင်းမလာစေပဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာတခုမှဖြစ်လာမှာမဟုတ်ပဲ ခင်ဗျားတို့ လုပ်ထဲ့
လာဘ်စားမူ ကော်မီရှင်ယူမူ စစ်တပ်ခုတုံးပြုပွဲစားတွေနဲ့  ကုမ္ပဏီတွေကြီးပွါး ပြီး နောက်ဆုံးတိုင်းပြည်
နဲ့ ပြည်သူက ဖွတ်ကျောပြာစုဖြစ် မှာကိုတော့ ကနေ့ မြန်မာပြည်သူက (၂၁) ရာစုမှာ လက်ပိုက်ကြည့်
နေတော့မှာ မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော်မှာ - မြန်မာပြည်မှာ လုပ်ပိုင်ခွင့်ရတဲ့
ဦးသန်းရွှေနဲ့ ဆိုင်ရာ - ပါမစ်ရတဲ့ဗိုလ်ချုပ်တွေနဲ့ ဆိုင်ရာ - လူတွေ ဘီလီယံနာတွေ မြန်မာပြည်မှာ ဒါဇင်နဲ့ ချီပြီး
ရှိလာခဲ့ပေမဲ့ (ဥမင်တွေဖောက် မြို့ သစ်တည် တဲ့အစိုးရနဲ့  သူ့ အနားက ဆွေတော်မျိုးတော်တွေကောင်း
စားသွားတာကလွဲရင်) ခင်ဗျားတို့ ကျွန်တော်တို့ တိုင်းပြည် Contemporary Myanmar ဟာ
အရှေ့ တောင်အာရှမှာ နှစ်ဆပိုဆင်းရဲသွားခဲ့ပြီ။ မြန်မာမိခင်တွေရဲ့ သည်နေ့ ဝမ်းမှာလွယ်ထားရတဲ့
ကလေးတွေနို့ ဆာလို့  မေတ္တာငတ်လို့  အရွယ်ရောက်တဲ့အထိဆက်ပြီး ငိုကြွေးရတော့မှာပါ။
လေးစားအပ်သော သမတကြီးနဲ့  လွှတ်တော်ကိုယ်စားလှယ်များ တပ်မတော်သားအရာရှိကိုယ်စားလှယ်
တော်ကြီးများခင်ဗျား - ပြည်သူ့ သဘောထားလို့ ... လူကြီးမင်းများ အနှစ် - နှစ်ဆယ်ကျော် - ထောင်ခဲ့တဲ့ ဆိုင်းပုဒ်ကို လေးစားသောအားဖြင့် "ပြည်သူ့ သဘောထားအမှန်ကိုမြင်အောင်ကြိုးစားပါ"
Cleaned Government ဖြစ်ဖို့ အတွက် Transparency & Accountability ဖြစ်ဖို့ ဆိုတာ မမေ့ပါနှင့်၊
Transparency Flag ပွင့်လင်းမြင်သာသော အလံတော်ကြီးကို လွှတ်တော်အတွင်းမှာ အမြင့်ဆုံး
လွှင့်ထူပေးပါခင်ဗျား - တပ်မတော်သားထုကြီးလည်း မထောင်းတာတော့ပါ။
ဆိုဗိယက်ရုရှားကို ပြောင်းလဲစေခဲ့တဲ့ Glasnost & Perestroika (ပွင့်လင်းစွာဆွေးနွေးရေး နဲ့ 
ပြုပြင်ပြောင်းလဲရေး) ကိုခင်ဗျားတို့ ပါလီမန်ထဲမှာသာမက ပြည်သူနဲ့ လက်ရှိသမတအစိုးရအတွင်း
မှာပါကျင့်သုံး ဖို့ အချိန်ရောက်နေပါပြီခင်ဗျား။ သည်လိုမှမဟုတ်ရင် သမတကြီးရဲ့ ပါလီမန်သည်မကြာ
ခင် (ရေအားလျှပ်စစ်တွေဆောက်နေတဲ့ကြားက) မီးပျက်သွားပါလိမ့်မယ်ချင်ဗျား။
လေးစားစွာဖြင့်
လှိုင်ဘွား / ၈၈
အောက်တိုဘာ (၁၅) ၊ ၂၀၁၁
မှတ်ချက်၊ ---၊။
လက်ရှိအနေအထားကို တင်ပြမူမှာ - ပါတီထောင် Web Site နဲ့  Blog ဖွင့်ပြီး အရူးချီးပန်း အတွေးနဲ့ 
စိတ်ကူးယဉ်အသံကောင်းလွှင့်ပြီး - (ဧရာဝတီဆိုတာဖားရှာငါးရှာဖို့ အတွက်တင်မကပဲ တိုင်းပြည်အကျိုး
စီးပွါးအတွက် ရေကာတာဆောက်ရမယ်လို့ ) ကြွေးကြော်ခဲ့တဲ့ နိုင်ငံရေးဖက်ခွက်စားတွေ ခေတ်ပျက်
လုပ်စားတွေ ဒေါ်လာစားတွေနဲ့ မပတ်သက်ပါ၊
၁၅.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
http://www.ziddu.com/download/16846358/15Oct2011Yeyintngesdiary.pdf.html
http://www.ziddu.com/download/16846359/15Oct2011Yeyintngesdiary.doc.html
15 Oct 2011 Yeyintnge's Diary
ကိုသက်ဝင်းအောင်ကွယ်လွန်ခြင်း(၅)နှစ်ပြည့်
နိုင်ငံရေးအကျဉ်းသားစကားပုံရိပ်
Talking With Pp[1]
ဒေါ်အောင်ဆန်းစုကြည် မှ သီတဂူဆရာတော်ဘုရားကြီးအား သွားရောက်ဖူးမြော်
သီးလေးသီး နောက်ဆက်တွဲ
အစိုးရတပ်မှ ကလေးစစ်သား ကရင်နီထိန်းချုပ်နယ်မြေသို့ ထွက်ပြေး
ရေးသားသူ - ဆယ်ဖိုးရှေး စနေနေ့, 15 အောက်တိုဘာလ 2011 21:21
ကရင်နီပြည် ရှားတောမြို့နယ် ဓါတ်ခဲကုန်းအခြေစိုက် တပ်ရင်းမှူး နိုင်ဦးလှိုင် ဦးဆောင်သည့် ခလရ ၅၃၁ တပ်မှ အသက် ၁၆ နှစ်အရွယ် ကလေးစစ်သားတဦး ကရင်နီတပ်များ ထိန်းချုပ်ရာနယ်မြေတွင်းသို့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထွက်ပြေးရောက်ရှိလာသည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် အသက် ၁၄ နှစ်အရွယ်ရှိသည့် မောင်ချစ်မင်းသူကို အဖေဖြစ်သူမှ စစ်ထဲသို့ဝင်ရန် ပိုက်ဆံ ၅ သောင်းဖြင့် လဲလှယ်ခဲ့သဖြင့် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ရှိ လေ့ကျင့်ရေးတပ်စခန်းတွင် စစ်သင်တန်း ၆ လတက်ခဲ့ရသည်။ ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်သင်တန်းဆင်းပြီး ကရင်နီပြည်နယ် ရှေ့တန်းနယ်မြေဘက်ကို ရောက်လာခဲ့ခြင်းဖြစ်သည်။    
“ရှေ့တန်းကနေ ထွက်ပြေးလာတယ်ဆိုတာက သူ့တို့ကို သစ္စာဖောက်သလို ဖြစ်တာပေါ့နော်။ သူ့တို့ စောက်မြင်ကပ် ပုဒ်မ လုပ်မယ်ဆိုရင် သေဒဏ်တောင် ကျရင်ကျနိုင်တယ်။ ဘာလို့လဲဆို စစ်သား စွန့်ခွာမှုရှိတယ် လက်နက်စွန့်ခွာမှုရှိတယ်။ အရင်တခေါက်တုန်းကလည်း ရှေ့တန်းကိုထွက်တယ် ဆရာတွေရဲ့ ညှင်းဆဲမှုကိုခံရတယ်။ အခုက ကျနော်မခံနိုင်တော့လို့ ကိုယ့်စိတ်နဲ့ကိုယ် ထွက်လာတာပါ” ဟု ရဲဘော် မောင်ချစ်မင်းသူက ပြောပါသည်။
မြန်မာအစိုးရ ရဲဘော် မောင် ချစ်မင်းသူ (ဓါတ်ပုံ-ကေတီ)
မြန်မာအစိုးရ စစ်သား ၁၆ နှစ်အရွယ် မောင်ချစ်မင်းသူ (ဓါတ်ပုံ-ကေတီ)
ကလေးစစ်သား စုဆောင်းမှုများကို အစိုးရစစ်တပ်အတွင်းမှ အရာရှိများကိုယ်တိုင် ပါဝင်နေမှုများရှိနေပြီး လူကုန်ကူးမှုတရပ်သဖွယ် ဖြစ်နေသည့်အတွက် ပပျောက်နိုင်ခြင်းမရှိနိုင်ကြောင်း ပြင်ပမြန်မာမီဒီယာများ၌ ထွက်ပေါ်နေပါသည်။
မြန်မာနိုင်ငံ ကလေးစစ်သားအသုံးပြုခြင်းနှင့် ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂတို့၏ ထုတ်ပြန်ကြေငြာထားချက်များအရ ကလေးစစ်သားအသုံးပြုမှုကို အစိုးရစစ်တပ်ထဲမှာသာမက တိုင်းရင်းသား လက်နက်ကိုင်အတွင်းတွေမှာပါ အသုံးပြုနေမှုများရှိသည်ဟု ဆိုသည်။
ကရင်နီလက်နက်ကိုင်တပ်တွင်း၌ စစ်တပ်စုဆောင်းရေးနှင့် ပတ်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအဲန်ပီပီ ပြောရေးဆိုခွင့်ရှိသူက ယခုလိုပြောပါသည်။
“ကျနော်တို့ လူမျိုးက မလွတ်မြောက်သေးတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေ ကြောင်းအရ ကြည့်ရင်တော့ ကျနော်တို့ ဘာတခုမှ မညီညွတ်ပါဘူး။ ကျနော်တို့ အခြေအနေက အပြည်ပြည်ဆိုင်ရာနဲ့ နှိုင်းစံလို့မရသေးဘူး။ ကျနော်တို့က လွတ်မှ မလွတ်မြောက်သေးတာ။ လွတ်မြောက်ပြီးတဲ့ ဒီနေ့ အမေရီကန်ပြည်ထောင်စု အင်င်္ဂလန် တို့မှာလည်း သူ့တို့ဆီမှာ ကလေးစစ်သား မရှိဘူးလား ဆိုတာ ကျနော်တို့ သိဖို့လိုတယ်” ဟု ကေအဲန်ပီပီအတွင်းရေးမှူး ခူးဦးရယ်က ပြောပါသည်။
မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေး ကော်မီတီကို ၂၀၀၄ ခုနှစ်က စစ်ဘက်အရာရှိများဖြင့် ဖွဲ့စည်းခဲ့သော်လည်း ကလေးစစ်သားအဓမ္မ စုဆောင်းခံရမှုမှာ တနှစ်ထက်တနှစ် မြင့်တက်လာနေကြောင်း သိရသည်။
http://www.ktimes.org/news/regional/item/1170-a-child-soldier-from-burmese-military-fled-to-karenni-army-base
လွှတ်တော်တွင် မလိုအပ်သော အချိန်ဖြုန်းတီးမှုများသည် ပြည်သူ့ဘဏ္ဍာငွေကို ထိခိုက်
လွှတ်တော်တွင် မလိုအပ်သော အချိန်ဖြုန်းတီးမှုများသည် ပြည်သူ့ဘဏ္ဍာငွေကို ထိခိုက်သောကြောင့် ပြုပြင်ပေးစေ လိုကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပြည်သူအချို့ ပြောဆို
ကိုစိုး(မြစ်မခ)
by Myit Makha Mediagroup on 15 Oct, 2011
ပြည်သူ့ဘဏ္ဍာငွေဖြင့် ကျင်းပရသော လွတ်တော်ဖြစ်သည့်အတွက် မလိုအပ်သောနိဒါန်းပျိုးခြင်း၊ အမေးနှင့်အဖြေများနေခြင်းများသည် ပြည်သူ့ဘဏ္ဍာငွေကို ထိခိုက်စေသောကြောင့် လွှတ်တော်တွင်းအချိန်ဖြုန်းတီးမှုများအား ပြုပြင်ပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူအချို့ ပြောဆိုလျက်ရှိသည်။
လွှတ်တော်တစ်ရက်ကျင်းပရန် သိန်းတစ်ရာ့ငါးဆယ်ဝန်းကျင် ကုန်ကျစရိတ်ရှိသည့်အတွက် ပြည်သူ့အရေးကိစ္စ များကို မဆွေးနွေးပဲ မလိုလားအပ်သည့် အချိန်ဖြုန်းတီးမျိုးကို ပြည်သူများမှ မလိုလားကြောင်း ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ ပြည်သူအချို့ပြောသည်။
`လွှတ်တော်အတွင်းမှာ မလိုအပ်တဲ့ နိဒါန်းတွေနဲ့ စကားတွေချဲ့ပြောနေတာတွေမြင်နေရပါတယ်။ ကျနော်တို့က လွှတ်တော်တွင်းမှာ ပြည်သူတွေအတွက် တကယ်ကို လိုအပ်နေတာတွေကိုပဲ ထိထိရောက်ရောက်ပြောဆိုကြစေချင်တယ်၊ ခုထိ အဲလို ဖြစ်မလာသေးတော့ လွှတ်တော်တွင်းမှာ ကိုယ်စားလှယ်တွေ အချိန်ဖြုန်းနေကြတာကို လျော့ပေးပါလို့ပဲ ပြည်သူတယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်`ဟု ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ပါရမီအိမ်ရာမှ ဦးသိန်းဝင်းက ပြောသည်။
လွှတ်တော်တစ်ရက်ကျင်းပရန် သိန်းတစ်ရာ့ငါးဆယ်ဝန်းကျင် ကုန်ကျစရိတ်ရှိသည့်အတွက် ပြည်သူ့အရေးကိစ္စ များကို မဆွေးနွေးပဲ မလိုလားအပ်သည့် ပေရှည်မှုမျိုးကို ပြည်သူများမှ မလိုလားကြောင်း ကိုလည်း ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ ပြည်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။
“မင်္ဂလာပါခင်ဗျာ၊ ဧည့်သည်တော်များခင်ဗျာ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ၊
အဲဒီလိုမလိုတဲ့အချည်းနိဒါန်းတွေရဲ့အချိန်ကို ပေါင်းလိုက်ရင်တစ်နာရီလောက်ထွက်လာမယ်။ ကိုယ်စားလှယ်တစ်ယောက် ဆိုရင် လှည့်ပတ်ဆုတောင်းနေတာ သုံးမိနစ်လောက်ကြာတာ ရှိတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းဆိုရင် လွှတ်တေ်ဥက္ကဌက မတားရတာ မရှိသလောက်ပဲ။ ဒါပေမယ့် သူကတော့ ပုံစံမပြောင်းဘူး´´ဟု ဦးသိန်းညွှန့်က ပြောသည်။
လွှတ်တော်အတွင်း ကိုယ်စားလှယ်အချို့၏ မေးခွန်းများအား အကုန်ပြန်လည်ဖြေကြားမှုမရှိခြင်း၊ ဖြေကြားရာ၌ မေးခွန်းနှင့် အဖြေကိုက်ညီမှု မရှိခြင်းများလည်း ကျင်းပခဲ့သောလွှတ်တော်အစည်းအဝေးအတွင်း၌ ရှိနေကြောင်းကိုလည်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။
“မေးခွန်းကျန်နေရင် မေးတဲ့ကိုယ်စားလှယ်က မေးခွန်းကျန်နေကြောင်း ထပ်မေးလို့ရတယ်။ မေခွန်းတခြား အဖြေတခြား ဖြစ်တာကလည်း ပြန်ဖြေတဲ့နေရာမှာ ဝန်ကြီးဌာနကရေးပေးလိုက်တဲ့အတိုင်း ပြန် ဖတ်ပြတာဆိုတော့ မေခွန်းနဲ့ကိုက်တာ မကိုက်တာ သူတို့မသိဘူး။ ရေးပေးလိုက်တာပဲ လာဖတ်ပြတာ အဲဒါကြောင့် တလွဲတွေဖြစ်နေတာ အချိန်ကုန်တာပေါ့´ ဟု အမျိုးလွတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က လွှတ်တော်အတွင်း လွဲချောမှုများအား ပြောသည်။
နောက်ပိုင်း ကျင်းပမည့်လွတ်တော်အစည်းအဝေးများတွင်အချိန်များလေလွင့်မှူမရှိရန်နှင့်မေးခွန်းနှင့် အဖြေ ကိုက်ညီမှူရှိစေရန် ကိုယ်စားလှယ်များမှ အလွတ်သဘောတင်ပြဆွေးနွေးမှူများရှိခဲ့ကြောင်းလည်း လွတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
“ကိုယ်ရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်က ကိုယ့်ဆီက အခွန်ငွေတွေကိုအသုံးပြုပြီး အဓိပ္ပါယ်မရှိတာတွေ၊ အကျိုးမရှိတာတွေ ဆွေးနွေးနေတယ်ဆိုရင် နောက်ရွေးကောက်ပွဲတွေမှာ အဲဒီလိုမျိး လွတ်တော်ကိုယ်စားလှယ် တွေကို မဲမပေးဖို့ပဲရှိတယ်” ဟု တောင်ဥက္ကလာမှ မဲဆန္ဒရှင် မနန္ဒာလင်းကပြောသည်။
http://www.myitmakhamediagroup.com/detail.php?newid=218
ကချင်အမျိုးသမီး ၇ဦး အထမ်းသမားအဖြစ် အသုံးပြုခံရ
Submitted by on Saturday, 15 October 2011--
ကချင်အမျိုးသမီး ၇ဦး အထမ်းသမားအဖြစ် အသုံးပြုခံရ အောက်တိုဘာလ ၁၅ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ ခမရ(၅၂၂)တပ်ရင်းသည် မရစ်ရွာရှိ အမျိုးသမီး ၇ဦးကို အောက်တိုဘာလ ၁၂ရက်နေ့ က ဖမ်းဆီးသွားပြီး အထမ်းသမားများအဖြစ် အသုံးပြုခိုင်း စေသည်ဟု ဒေသခံ ရွာသားတစ်ဦးက ကေအိုင်စီကို ပြောသည်။
၎င်းအမျိုးသမီးများကို မွန်းလွဲ ၂နာရီခွဲတွင် မည်သည့်ဒေသဘက်သို့ ဖမ်းဆီးခေါ်ဆောင်ခဲ့မှန်း မသိသော်လည်း ထိုသူများထဲမှ မမာပွတ ၄၀နှစ်၊ မထုဆိုင် ၃၀နှစ်၊ မလွမ်ချမ် ၄၀နှစ်၊ မဘောင်ချမ်ဒဲ ၄၀နှစ်တို့မှာ ကလေး ၄ဦးမှ ၉ဦးရှိသူ မိခင်များ ဖြစ်သည်။
စကခ(၁၆) လက်အောက်ခံ ခမရ(၅၂၂)သည် ရွာထဲသို့ဝင်ကာ ရွာသားများပိုင်ဆိုင်သည့် တရုတ်လက်ကိုင်ဖုန်းများကို လိုက်လံ သိမ်းဆည်းပြီး မြင်း ၄ကောင်ကိုလည်း ၀န်တင်ရန်အတွက် ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
သူက “ရွာသူရွာသားတွေကို အတင်းခိုင်းတာ။ တိုက်ပွဲတွေထဲခေါ်သွားပြီး လူသားဒိုင်း ခဏခဏ လုပ်တယ်။”ဟု ပြောသည်။
မြစ်ကြီးနားရှိ စစ်ကြောင့် ဒုက္ခရောက်နေသူများကို ကူညီသည့်အဖွဲ့မှ အမျိုးသမီးတစ်ဦးက “အမျိုးသားတွေက စစ်ထဲရောက် ရင်ရောက် ဒါမှမဟုတ်ရင် ရွာထဲမနေရဲတော့ အမျိုးသမီးတွေပဲ အသုံးချခံနေရပါတယ်။ ဒီကြားထဲ မုဒိမ်းမှုလိုမျိုး ဖြစ်နေတာတွေ ဟာ အဓိကတော့ စစ်ကြောင့်ပါပဲ။ တရားသောစစ်ဖြစ်ဖြစ် မတရားသောစစ်ဖြစ်ဖြစ် စစ်ဆိုတာ အများအားဖြင့် အမျိုးသားတွေ က ဖန်တီးကြတာလေ။ စစ်ဒဏ်ကို ကလေးတွေ အမျိုးသမီးတွေက ပိုခံကြရပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အစိုးရစစ်တပ်၏ တပ်မ(၉၉) လက်အောက်ခံတပ်များက ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း KIA တပ်ရင်း (၈)အနီးရှိ နမ့်ဆုတ်ကျေးရွာသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ရက်နေ့က ၀င်ရောက်၍ ဈေးဆိုင်များမှ ပစ္စည်းများကို လုယက် ယူဆောင်သွားခဲ့သဖြင့် ရွာသားများမှာ ယခုအချိန်ထိ ထွက်ပြေးနေရသည်။
နမ့်ဆုတ်ရွာသား ဦးအတောင်က “အားလုံးပေါင်း စစ်သားတစ်ရာလောက် ရှိမယ်။ ဆိုင်တွေထဲတော့ ၁၀ယောက်လောက်က ၀င်တာ။ သူတို့ကြိုက်တာတွေ ယူသွားတာဗျ။ မကြိုက်တာတွေကိုလည်း လွှင့်ပစ်ခဲ့ကြတာလေ။ အတင်းကိုယူတာ။ ဘယ်လို တားတား မရဘူး။ ရွာထဲမှာလည်း ယောက်ျားတွေ တစ်ယောက်မှ ရှိမနေဘူး။ ကလေးနဲ့ အမျိုးသမီးတွေပဲ ရှိတာ။”ဟုဆိုသည်။
အိမ်ရှင်မရှိသည့် အချို့အိမ်များတွင်မူ မွေးမြူထားသော ကြက်၊ ၀က်များကို ယူဆောင်သွားသည်ဟု သိရသည်။
သူက “ခုဆိုရင် ရွာမှာ လူတစ်ယောက်မှ မရှိတော့ဘူး။ ရွာကလူတွေလည်း ဘယ်ရောက်သွားကြလည်း မသိဘူး။ စခန်း(ဒုက္ခ သည်)ထဲလည်း ရောက်မလာဘူး။ ဘုရားကျောင်းလည်း ရောက်မလာဘဲ တောင်ယာထဲ သွားပုန်းနေကြတယ်။”ဟု ပြောသည်။
ကချင်လက်နက်ကိုင်တပ်ဖွဲ့-KIA သည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ဒေသ၌ အခြေစိုက် လှုပ်ရှားလျှက်ရှိပြီး မြန်မာအစိုးရ စစ် တပ်က မူဆယ်၊ ကွတ်ခိုင်၊ မန်တုံမြို့နယ်များတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ရက်နေ့မှ စတင် ထိုးစစ်ဆင်နေသဖြင့် KIA၊ SSA/SSPP တပ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။
http://www.kicnews.org/?p=7757
အင်းစိန်ထောင်တွင် HIV နှင့် AIDS ရောဂါသည်များ ဆေးမသောက်ဘဲ ဆန္ဒပြ
News Date:10/15/2011
ရန်ကုန်မြို့ အင်းစိန်ထောင်တွင် HIV နှင့် AIDS ရောဂါသည်များအနေဖြင့် သမ္မတ ဦးသိန်းစိန်၏ ပြောစကားနှင့် အညီ ကျန်းမာရေး မကောင်းသူများကို လွှတ်ပေးခြင်း မရှိသဖြင့် ထောင်မှ တိုက်ကျွေးသော ဆေးကို မသောက်ဘဲ ငြင်းဆန်ကာ ဆန္ဒပြနေကြသည်ဟု ထောင်တွင်းမှ လာသော သတင်းများအရ သိရသည်။
" ဟုတ်ကဲ့။ ကျွန်တော်ကို ထောင်ထဲက ပြောလိုက်တာကအခုHIVနဲ့AIDS ရောဂါ ဝေဒနာရှင်တွေဟာ ထောင်ကတိုက်ကျွေးတဲ့ ARV ဆေးကို သောက်ဖို့ ငြင်းဆန်နေကြတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီလ ၁၂ ရက်နေ့က လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ အင်းစိန်ထောင်က HIV နဲ့ AIDS ရောဂါသည် ၁၇ ဦးကိုဘဲ လွှတ်ပေးပြီး ကျန်တဲ့သူတွေကို မလွှတ်ပေးတဲ့ အတွက် ဒါကို မကျေနပ်တာကြောင့် ခုလို ဆေးသောက်ဖို့ ငြင်းဆန်ပြီး ဆန္ဒပြနေကြတယ်လို့ ပြောပါတယ်" ဟု ယမန်နေ့က ထောင်ဝင်စာ သွားတွေ့ပြီး ပြန်လာသူ တစ်ဦးက ပြောသည်။
အင်းစိန်ထောင်ထဲတွင် HIV နှင့် AIDS ရောဂါ ဖြစ်ပွားနေသူ ၁၀၀ ခန့်ရှိပြီး အများစုမှာ ရောဂါ ဝေဒနာကို ဆိုးရွားစွာခံစားနေကြရသူများ ဖြစ်ကြောင်း သိရသည်။
" အခု ဒီရောဂါတွေကို ခံစားနေရတဲ့ ရောဂါသည်တွေက သူတို့ဟာ ထောင်ထဲက ကျန်းမာရေး မကောင်းတဲ့ သူတွေထဲက ဆိုးဝါးတွေ ရောဂါ ဝေဒနာရှင်တွေ ဖြစ်တယ်။ သမ္မတ ဦးသိန်းစိန်က ကျန်းမာရေး ဆိုးဝါးနေသူကို အဓိကထားပြီး လွှတ်ပေးမယ်လို့ ပြောဆိုထားတယ်။ လွှတ်တဲ့ အခါ အနည်းစုသာ လွှတ်သွားပြီး အများစု မလွှတ်တဲ့ အတွက် သူတို့ကို လွတ်ပေးဖို့ ဆေးမသောက်ဘဲ ငြင်းဆန်ပြီး တောင်းဆိုနေကြတယ်လို့ သိရပါတယ်" ဟုသူက ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန်က ကျန်းမာရေး ဆိုးဝါးနေသူများကို လွှတ်ပေးမည်ဟု ပြောဆိုထားသော်လည်း ကတိ ပျက်ကွက်ပြီး မလွှတ်ပေးသဖြင့် HIV နှင့် AIDS ရောဂါသည်များမှာ စိတ်ပိုင်းဆိုင်ရာ အရလည်း ထိခိုက် ခံစားနေကြရကြောင်း သူက ထောင်တွင်းက သတင်းကို ကိုးကားပြီး ပြောဆိုသည်။
ယခုကဲ့သို့ HIV နှင့် AIDS ရောဂါသည်များ အင်းစိန်ထောင်တွင် ထောင်မှ တိုက်ကျွေးသော ဆေးများကို သောက်ရန် ငြင်းဆန်နေမူနှင့် ပတ်သက်ပြီး ထောင်တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသဖြင့် သီးခြား အတည်ပြုချက်အား ရယူနိုင်ခြင်း မရှိသေးပါ။
http://www.narinjara.com/detailsbur.asp?id=3541
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို မျက်နာစုံညီ အစည်းအဝေးနှင့် ၂၃ နှစ်မြောက် အခမ်းအနား
News Date:10/15/2011
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို မျက်နာစုံညီ အစည်းအဝေးနှင့် ၂၃ နှစ်မြောက် အခမ်းအနား ကျင်းပ ပြုလုပ်
Font size: Decrease font Enlarge font
၁၉၉၀ ရွေးကောက်ပွဲတွင် တတိယ အမတ်နေရာ အများစု အနိုင်ရရှိခဲ့သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုခေါင်းဆောင်များ မျက်နာစုံညီ အစည်းအဝေးနှင့် ၂၃ နှစ်မြောက် ပါတီ နှစ်ပတ်လည်နေ့ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။
ALD-yangon ၂၃ နှစ်မြောက် နှစ်လည် အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ)
ဗဟိုခေါင်းဆောင်များ၏ မျက်နာ စုံညီ အစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ပြုလုပ်ခဲ့ပြီး ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့ကို အောက်တိုဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။
အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ဗဟို မျက်နာစုံညီ အစည်းအဝေးနှင့် အခမ်းအနား များ ကျင်းပခဲ့ရသည့် အကြောင်းကို ယခုလို နိရဉ္စရာသို့ ပြောသည်။
" အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ ဗဟို ခေါင်းဆောင်တွေရဲ့ မျက်နာစုံညီ အစည်းအဝေးကို လုပ်ဖြစ်ပါတယ်။ ပါတီ ခေါင်းဆောင်တွေ၊ ရခိုင်က မြို့နယ် ဥက္ကဌတွေ၊ ၁၉၉၀ ရွေးကောက်ပွဲနိုင် အမတ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဓိကတော့ လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ အနာဂတ် ပါတီ ရပ်တည်းရေးပိုင်းကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်" ဟု ပြောသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီမှတ်ပုံတင်ပြီး နောက်လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ဆွေးနွေးခဲ့ကြသည်ဟု သတင်း ထွက်ပေါ်နေမူမှာ မှန်ကန်ပါသလားဟု နိရဉ္စရာက မေးမြန်းရာ ဦးအေးသာအောင်က ယခုလို ပြောကြားသည်။
" ရွှေးကောက်ပွဲ ၀င်ဖို့ အတွက် ပြောင်းလဲ လာတဲ့၊ တိုးတက်လာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး မှတ်ပုံ တင်သင့်ရင်လည်း တင်ဖို့ သဘောထားရှိပါတယ်" ဟု ပြောသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ၁၉၉၀ ရွှေးကောက်ပွဲတွင် မြန်မာနိုင်ငံ၌ တတိယ အမတ်အများဆုံး အနိုင်ရထားသော ပါတီ ဖြစ်သော်လည်း ၂၀၀၃-၂၀၀၄ ခုနှစ်က ဖျက်သိမ်းခံခဲ့ရကြောင်း၊ သို့သော်လည်း ရခိုင်ပြည်သူများအကျိုးအတွက် ယနေ့တိုင် ကြိုးစား ဆောင်ရွက်လျှက်ရှိကြောင်းနှင့် နောင်ကိုလည်း ယခုထက်ပိုပြီးထိရောက်စွာ လုပ်ဆောင်နိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ဦးအေးသာအောင်က ပြောသည်။
အောက်တိုဘာလ ၁၂ ရက်နေ့က ပြုလုပ်သော၂၃ နှစ် မြောက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် နှစ်လည် အခမ်းအနားအား ဦးအေးသာအောင် နေအိမ်တွင် ပြုလုပ်ခဲ့ရာ လူပေါင်း ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်။ တက်ရောက်ခဲ့သူများ အထဲတွင် NLD ဒုဥက္ကဌ ဦးတင်ဦး၊ ဗဟို ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးဝင်းတင်တို့လည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ALD-yangon NLD ခေါင်းဆောင် ဦးတင်ဦး၊ ဦးဝင်းတင်တို့ တက်ရောက်လာစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ယနေပိုင်း ရွှေကောင်း Hopop တွင် ပြုလုပ်သော ၂၃ နှစ်မြောက် ညစာစားပွဲတွင် ရခိုင်အမျိုးသား ၆၀ ကျော်တက်ရောက်ခဲ့သည်ဟု သိရသည်။
(ALD နိုင်ငံရေး ရပ်တည်ချက်၊ ရည်မှန်းချက်နှင့် အနာဂတ် လုပ်ငန်း စဉ်များနှင့် ပတ်သက်ပြီး ပြုလုပ်ထားသော ဦးအေးသာအောင်၏ အင်တာဗျူး များမကြာမှီ နိရဉ္စရာမှ တင်ပြသွားမည် ဖြစ်ပါသည်။ ၀ါကျွတ် ဘာသာရေးပွဲတော်ကြောင့် သတင်းများကို အချိန်နှင့် တပြေးညီ မတင်ပြနိုင်ခြင်း အပေါ် နားလည်ခွင့်လွှတ် ပေးစေလိုပါသည်။ ) 
http://www.narinjara.com/detailsbur.asp?id=3542
အာလူးပူရီ မစားပါနဲ့ သမ္မတကြီး
မျိုးသိဏ်း | စနေနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၂၅ မိနစ်
(ဇာဂနာနှင့် အင်တာဗျူး)
အကျဉ်းထောင်မှ လွတ်မြောက်လာပြီးသော ပါရမီရှင် လူရွှင်တော် ဇာဂနာကို မဇ္ဈိမသတင်းထောက်က ရုပ်သံ အင်တာဗျူး လုပ်ထားရာမှ ပြန်လည် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။
နာဂစ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထောက်ခံပွဲကို ကသုတ်ကရက် လုပ်ဖြစ်သွားတယ်။ အဲ့ဒီ အချိန် အကိုတို့က ကူညီမှုတွေ လုပ်နေတဲ့အချိန်ပေါ့။ အဲ့ဒီအနေအထားအပေါ် အကို့အမြင်လေးပြောပါဦး။
တကယ့်တကယ် ပြောမယ်ဆိုရင်တော့ အဲ့ဒီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆန္ဒမဲပေးတာ ကျနော်ပေးကို မပေးလိုက်ရဘူး။
အဲ့တုန်းက ကျနော်တို့ ရပ်ကွက်မှာ ကျနော်ရှိတယ်။ ဒါပေမယ့် ကျနော့်ကို မဲစာရင်းထဲ မထည့်တော့ ကျနော်မဲမပေးလိုက်ရဘူး။ (ရယ်လျက်) အဲ့တော့လဲ နိုင်ငံသား တယောက် အနေနဲ့ ကျနော်ထောက်ခံသည် ဖြစ်စေ ကန့်ကွက်သည် ဖြစ်စေ ကျနော့်မှာ
ထောက်ခံမဲကော ကန့်ကွက်မဲကော ပေးပိုင်ခွင့် ရှိပါလျက်နဲ့ကျနော် မဲပေးခွင့် အဲ့ဒီတုန်းက ဆုံးရှုံးခဲ့တယ်။ ဒါကတော့ သိပ်မကောင်းဘူး ပေါ့။ အဲ့တော့ ဒါအပေါ် မှာမဲပေးခွင့်မရခဲ့တာက ကျနော့် မဲပေးခွင့် ဆုံးရှုံးခဲ့တယ်ပဲ ပြောရမှာပဲ။
ဘာကြောင့်များ အကို့ကို မဲစာရင်းမှာ မထည့်ခဲ့တာလဲ။
အဲ့တာကို ကျနော် နားမလည်တာ။ ကျနော်ကလဲကျနော့်မဲ မပါတဲ့အတွက် ဒီမှာလုပ်နေတဲ့ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမှားအယွင်း လုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ ကျနော့်မဲမှ မပါပဲ။ ထို့နည်းတူ အစိုးရ အဖွဲ့က တခုခု အမှားအယွင်းလုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ (ရယ်လျက်) ကျနော်တင်ထားတဲ့သူတွေ တယောက်မှ မဟုတ်ဘူးလို့ ကျနော်ပြောလို့ ရတာပေါ့။ ဒီသဘောပါပဲ။
အဲ့ဒီအချိန် မှာ သူတို့ကို မေးဖို့ အချိန်တွေကို မရလိုက် တော့ဘူး။ မရ လိုက်တော့ဘူးဆိုတာက အဲ့တာလဲ အပြီး ကျနော်လဲ အဖမ်း ခံလိုက်ရတာပဲ ဆိုတော့မေးဖို့လဲ မသိတော့ဘူး၊ အဲ့တာတွေလဲ မမေးနိုင်တော့ ဘူးပေါ့လေ။ နောက် အဲ့ဒီတုန်းက
နာဂစ် ကိစ္စနဲ့ တအား လုံးထွေးနေတဲ့ အခါကြတော့ မဲပေး တဲ့နေ့မှာ ကျနော့်နာမည် မပါဘူးဆိုတော့ ‘အေး မပါဘူး ဆိုလဲ နေကွာ’ ဆိုပြီးတော့ မေးဖို့ စခန်းကိုကျနော်မရောက် ခဲ့တာ။ အခုအချိန် ကျတော့ ကျနော် ဘယ်သူ့မှ မေးလို့ရ
တော့ မှာ မဟုတ်ဘူး။ အဲ့လိုဖြစ်သွားတာ။
အဲ့ဒီအချိန်က မဲပေးခွင့် ရှိခဲ့မယ် ဆိုရင်ကော။
ကန့်ကွက်မဲ ပေးမှာ။ (ရယ်လျက်)
ဒီ ရွေးကောက်ပွဲ ပြီးသွားတော့ ကြံခိုင်ရေး ပါတီက အဓိက အနိုင်ရတယ်။ ပြီးတော့ အစိုးရဖွဲ့ တယ်ပေါ့နော်။ အဲ့ဒီအပေါ်မှာကော မဲမထည့်လိုက်ရတဲ့ လူတယောက်အနေနဲ့ အကို့အမြင်က။
အဲ့တာပဲ။ ကျနော့်မဲ မပါတဲ့အတွက် ဒီမှာလုပ်နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အမှားအယွင်း လုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ ကျနော့်မဲမှ မပါပဲ။ ထို့နည်းတူ အစိုးရ အဖွဲ့က တခုခု အမှားအယွင်း လုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ (ရယ်လျက်) ကျနော် တင်ထားတဲ့သူတွေ တယောက်မှ မဟုတ်ဘူးလို့ ကျနော်ပြောလို့ ရတာပေါ့။ ဒီသဘောပါပဲ။
အခုအစိုးရကတော့ ဒီမိုကရေစီစနစ်ကို ပြောင်းနေပြီလို့ ပြောတယ်။ အဲ့ဒီအပေါ်မှာကော ကိုဇာဂနာ ကြိုဆိုသလား။ ဘယ်လိုအမြင်များ ရှိသလဲ။
အဲ့တာနဲ့ ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီမိုကရေစီ စနစ်ကို စတင်ပြီးတော့ ကျနော်တို့ ပြောင်းလဲ
နေပြီဆိုတဲ့ စကားအပေါ်မှာ ကျနော်ဝမ်းသာပါတယ်။ တကယ်လဲ ဒီမိုကရေစီစနစ်ကို ပြောင်းလဲလာတယ်လို့ ကျနော်ယုံကြည်တယ်။ ဒါလဲ ကျနော်ယုံကြည်ပါတယ်။ သို့သော် ပြောင်းလဲလာတယ်လို့ ပိုပိုပြီး ယုံရအောင်၊ ကျနော်တို့တွေရဲ့ စိတ်ထဲမှာ ပိုပြီး ယုံစေချင်တယ်။ ကျနော်တို့က အခုထိ သံသယတွေ ရှိနေတယ်။ ကျနော် တို့ဆီမှာ မယုံကြည်နိုင်သေးတဲ့ စိတ်တွေ ရှိနေတယ်။ မယုံရာကနေ နည်းနည်း၊ နည်းနည်း ယုံလာတယ်။ ပိုပြီးတော့ ယုံရအောင်ဆိုရင် အစိုးရအနေနဲ့ လုပ်ပြဖို့လိုမယ်။ လုပ်ပြဖို့ဆိုတာကအစိုးရကိုးဗျ၊အစိုးရဆိုတာပြည်သူပြည်သားယုံကြည်အောင် ပြည်သူပြည်သား ထောက်ခံအောင် ပိုပြီးတော့ လုပ်ပြစရာတွေ ရှိသေး တယ်လို့ ကျနော်ထင်တယ်။
ဥပမာတခုပေါ့ အနီးဆုံး ဥပမာဆိုရင် အကျဉ်းသားလွှတ်တဲ့ ကိစ္စမှာကို ဒီလိုမျိုး လုပ်လိုက်တဲ့ ကိစ္စက ကျနော်တို့ စိတ်ထဲမှာ ယုံရမှာကို မရဲဘူး။ မဝံ့မရဲဘူး ဖြစ်သွားပြီ၊ ယုံဖို့တောင် မရဲတဲ့ အဆင့်ဖြစ်သွားပြီ။ အဲ့တာမျိုးတွေ အစိုးရက လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ယုံဖို့ခက်တယ်။ အဲ့တော့ကျနော်တို့ကိုယုံစေ့ချင်တယ်ဆိုရင်ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်တန်းတန်း ဖြူးဖြူးဖြောင့်ဖြောင့်လေး လုပ်ပေးကြစေချင်
တယ်။ တကယ့်ကို ပြောင်းလဲမှုကို မြင်ပါရစေလို့ ကျနော်ကတော့ တောင်းဆိုချင်တယ်။
အခု တဘက်မှာလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ အကြိမ်ကြိမ်တွေ့တယ်။
နောက် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကို ဖိတ်ပြီး သမ္မတ ဦးသိန်းစိန်တို့နဲ့တွေ့တယ်။ ဒါတွေက တိုးတက် ပြောင်းလဲလာမှုလို့ ကိုဇာဂနာ ထင်လား။
တခုရှိတာကတော့နော်။ သမ္မတနဲ့ အန်တီနဲ့ တွေ့ပြီးတော့ ဘာတွေ ပြောတယ်ဆိုတာ ကျနော်တို့ မသိရတဲ့ အတွက်။ ဘာတွေပြောလဲဆိုတာ ကျနော်တို့ ပြန်ပြီး သိခွင့်မရတဲ့ အတွက် ဒါဟာ ဘယ်လို အနေအထားလဲ ဆိုတာ ဝေဖန်ဖို့ခက်ပါတယ်။ သို့သော် တခုတော့ ရှိပါတယ်။ တွေ့တာအတွက်ကတော့ ဒါကောင်းတာပေါ့။ ဒီဥစ္စာကတော့ တိုးတက်လာတဲ့လက္ခဏာ ပြောင်းလဲလာတဲ့ လက္ခဏာလို့ ပြောရမယ်။ သို့သော် ကျနော် နည်းနည်းလေး ဖြည့်ချင်တယ်။ အဲ့တာက ဘာလဲဆိုတော့ မတွေ့တာထက် စာရင် တွေ့တာက ကောင်းတာပေါ့။ တွေ့ပြီးတော့ ဘာမှမလုပ်တာထက် စာရင်တော့ မတွေ့ပဲနေတာက ကောင်းလိမ့်မယ်။
အခု ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်တယ်။ ဒီအပေါ်မှာ တချို့က
ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက အသုံးချနေတယ်လို့ ဝေဖန်တာလဲ ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘက်ကလဲ သူ့အနေနဲ့ တကယ်သာ တိုင်းပြည်ကောင်းမယ်ဆိုရင် အသုံးချခံဖို့ အဆင်သင့်ပဲလို့ ပြန်ဖြေထားတာလဲ ရှိပါတယ်။ ကိုဇာဂနာ့ဘက်ကကော အန်တီစု လျှောက်နေတဲ့ လမ်းစဉ်နဲ့ လှုပ်ရှားမှုတွေအပေါ် ဘယ်လိုအမြင်များ ရှိသလဲ။
အဲ့တာကို နှစ်ခုတော့ ကျနော်ခွဲပြောရလိမ့်မယ်
တကယ်လဲ ဒီမိုကရေစီစနစ်ကို ပြောင်းလဲ လာတယ်လို့ ကျနော်ယုံကြည်တယ်။ ဒါလဲ ကျနော်ယုံကြည်ပါတယ်။ သို့သော် ပြောင်းလဲ လာတယ်လို့ ပိုပိုပြီး ယုံရအောင်၊ ကျနော်တို့တွေရဲ့ စိတ်ထဲမှာ ပိုပြီး ယုံစေချင်တယ်။ ကျနော်တို့က အခုထိ သံသယတွေ ရှိနေတယ်။ ကျနော်တို့ဆီမှာ မယုံကြည်နိုင်သေးတဲ့ စိတ်တွေ ရှိနေတယ်။ မယုံရာကနေ နည်းနည်း၊ နည်းနည်း ယုံလာတယ်။ ပိုပြီးတော့ ယုံရအောင် ဆိုရင် အစိုးရအနေနဲ့ လုပ်ပြဖို့လိုမယ်။ထင်တယ်။ တစ်က အသုံးချခံနေရတယ်တို့ အသုံးချနေ တယ်တို့ ဆိုတဲ့ စကားအပေါ်မှာ ကျနော့်အနေနဲ့ ချက်ချင်း တုံ့ပြန်ချင်တဲ့ စကား တခွန်းရှိတယ်။ အဲ့တာက ဘာလဲဆိုတော့ ကျနော် တို့က မျောက်လက်ထဲကို ရွှေထည့်လိုက်ရင် မျောက် က ရွှေတန်ဖိုးကို ဘာနားလည် မှာလဲ၊ ပန်းထိမ်ဆရာလက် ထဲကို ထည့်မှ လက်စွပ်တွေ၊ လက်ကောက်တွေ ဖြစ်လာမှာ ပေါ့။ အဲ့တော့ အန်တီက အဲ့လို အသုံးချခံရမယ့် လူလား။ ရွှေတုံးကြီးကို မျောက်လက်ထဲ ထည့် လိုက်လို့လား။ အဲ့လိုတော့ ကျနော်မထင်ဘူး လေ။ တန်ဖိုးရှိတဲ့ ပန်းထိမ် ဆရာ လက်ထဲ ရောက်သွားတယ် ဆိုရင်တော့ ဒါကိုအသုံးချ ခံရတယ်လို့ မယူဆရပါဘူး။ အန်တီက အဲ့လောက် ညံ့တဲ့ လူမျိုး မဟုတ်ပါဘူး။ ဒါက တပိုင်းပေါ့။
နောက် ဒုတိယတပိုင်း အနေနဲ့ ပြောရမယ် ဆိုရင်တော့ သမ္မတကြီးဦးသိန်းစိန်နဲ့ အန်တီနဲ့ တွေ့တဲ့ဆုံတဲ့
ကိစ္စက ဘယ်လိုနည်းနဲ့မဆို ကန့်ကွက်စရာ တစက်မှ မရှိတဲ့ကိစ္စ။ မတွေ့တော့ ဘာလုပ်နေရမလဲ။
သမ္မတကြီး ဦးသိန်းစိန်နဲ့ အန်တီနဲ့ တွေ့တော့ကော ဘာဖြစ်လို့လဲ၊ ဘယ်သူတွေ အကျိုး ယုတ်လျော့လို့လဲ။ တိုးတက်ဖို့ လမ်းကြောင်းပဲရှိတာ။ ကျနော် ပြောဖူးတယ် အန်တီနဲ့၊ ဦးသိန်းစိန်နဲ့၊ ၈၈ မျိုးဆက် ကျောင်းသား
တွေနဲ့ ဦးခွန်ထွန်းဦးတို့လို လူတွေနဲ့ ဒီလူတွေအကုန်လုံး ဝန်းဝိုင်းပြီးတော့ လီလီပန်းခင်းကြီးထဲမှာ ပြုံးပြီးတော့ ရပ်နေကြတာကြီးများ တွေ့လိုက်ရမယ့် မြင်ကွင်းကြီးကို ကျနော်ဆွဲနေခဲ့တာ ကြာပါပြီ။
သမ္မတ ဖိတ်ခေါ်ချက်အရ ပြည်ပကနေ ပြည်တွင်း ပြန်ဝင်တယ်။ အဲ့ဒီမှာ ကိုဇာဂနာရဲ့… သီးလေးသီးလေ… (ကိုဇာဂနာမှ ဝင်ထောက်ပေးသည်) ဟုတ်ကဲ့။ သူတို့က ပြည်တွင်း ပြန်ရောက် ပြီးတဲ့ အချိန်မှာ ပြည်ပ အတိုက်အခံ အဖွဲ့အစည်းတွေကို ဝေဖန်တာလုပ်တယ်။ အဲ့တာတွေက ဟိုဘက်ဒီဘက် ပြောစရာဖြစ်လာတဲ့ အနေအထားမှာ ရှိနေတယ်။ အဲ့ဒီအပေါ်မှာ အကို့အမြင်က။
ကျနော် အဲ့ဒီဥစ္စာက မနေ့ကလဲ သူတို့ကို တရားဝင် ကျနော်ပြောခဲ့ပြီးပါပြီ။ ကျနော်က လက်မခံဘူး။ ကျနော့် အနေနဲ့ကတော့။ ကျနော့်ညီတွေလို့ သတ်မှတ်ထားတဲ့ သီးလေးသီး၊ ဂေါ်ဇီလာ စသည်ဖြင့် အခုတော့ သီးလေးသီးမဟုတ်ဘူး ဒီမှာရောက်နေတာ သီးနှစ်သီးပေါ့။ ဒီသီးနှစ်သီးတို့ ဂေါ်ဇီလာတို့ဟာ ပြည်ပရောက်
နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ဒီလိုမျိုး ပုတ်ပုတ်ခတ်ခတ်၊ ဒီလူတွေကို အမနာပ ပြောတယ်ဆိုတာကို ကျနော် ပြင်းပြင်းထန်ထန် ရှုံချတယ်။ ရှေ့ဆက်ပြီး သူတို့ ပြောမယ်ဆိုရင်လဲ ကျနော်နဲ့ လက်တွဲဖြုတ်ဖို့ အဆင်သင့်ပဲ့။
အခု ၂၉ ရက်နေ့မှာ သူတို့ ကမယ်ဆိုတဲ့ ပွဲမှာလဲ ကျနော်တရားဝင် ပြောပြီးသား။ မကနဲ့လို့ ကျနော် မတား ပါဘူး။ သီးလေးသီးဆိုတဲ့ နာမည်ကို အသုံးပြုခွင့် ကျနော်တားတယ်။ သီးနှစ်သီးပဲ လုပ်ချင်လုပ်။ မြပုဏ္ဏမာ ဆိုတဲ့ နာမည်ကိုလဲ ကျနော်တားတယ်။ ကျနော်လုံးဝ ခွင့်မပြုနိုင်ဘူး။ သို့သော် အသီးလေးသီး ဆုံတယ် ဆိုရင်တော့ သီးလေးသီးကပါ။ သို့သော် ထပ်ပြီးတော့ ကျနော်ပြောချင်တာက ပြည်ပရောက်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ပုတ်ပုတ်ခတ်ခတ်လုပ်တဲ့ စကားလုံး၊ ပုတ်ပုတ်ခတ်ခတ် လုပ်တဲ့ ပြက်လုံးတွေပြောလာ မယ် ဆိုခဲ့ရင်တော့ ရပြီ၊ ကျနော့် ရာဇဝင်နဲ့ ကျနော့်သမိုင်းမှာ အဲ့ဒီနာမည်သုံးခု မရှိတော့ဘူး။ ကျနော်ဖျက်ပြီးသား ဖြစ်သွားပြီ။ ကျနော် တရားဝင် ပြောပြီးသားဖြစ်တယ်။ ဒီစကားကို ကမ္ဘာသိကျနော်ကြေငြာလိုက်တာပဲ။
ပြည်ပမှာ ကျန်နေခဲ့တဲ့ ကျန်တဲ့ နှစ်သီးက ကိုဇာဂနာ လွတ်တဲ့ အချိန်အထိ စောင့်မယ်လို့ အင်တာဗျူးတွေ မှာ ဖြေထားပါတယ်။ အခု ကိုဇာဂနာလွတ်လာပြီဆိုတော့ သူတို့ကိုကော ဘာပြောချင်ပါသလဲ။
မနက်ကတင် သူတို့နဲ့ ကျနော်တွေ့ပြီးပါပြီ။ ပန်းသီးနဲ့ကျနော် ပြောဖူးတယ် အန်တီနဲ့၊ ဦးသိန်းစိန်နဲ့၊၈၈မျိုးဆက်ကျောင်းသားတွေနဲ့ ဦးခွန်ထွန်းဦးတို့လိုလူတွေနဲ့ဒီလူတွေအကုန်လုံးဝန်းဝိုင်းပြီးတော့လီလီပန်းခင်းကြီးထဲမှာ ပြုံးပြီးတော့ရပ်နေကြတာကြီးများ တွေ့လိုက်ရမယ့် မြင်ကွင်းကြီးကို ကျနော်ဆွဲနေခဲ့တာ ကြာပါပြီ။ရော၊ကြယ်သီးနဲ့ရော၊ မြစပယ်ငုံနဲ့ရော မနက်ကတင် ကျနော်တော်တော်ကြာကြာလဲ စကားပြောပြီးပါပြီ။ သီချင်းတွေဘာတွေ သူတို့ ဆိုပြတာလဲ ကျနော် နားထောင်ပြီးပြီ။ သူတို့အနေနဲ့က ကျနော်ခေါ်မယ်ဆိုရင် ဒီနေ့ခေါ် ဒီနေ့လာပါမယ်လို့ သူတို့ပြောတယ်။ တကယ်လို့ ကျနော်က ကျနော့် သူငယ်
ချင်းတွေ ဖြစ်တဲ့ ကိုမေတ္တာတို့၊ ကိုအရိုင်းတို့၊ ကိုကင်းကောင်တို့ ကိုငှက်ပျောကြော်တို့နဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့ကသာ ပွဲတပွဲ ကမယ်ဆိုရင်၊ ကျနော်တို့ ဦးဆောင်ပြီး လုပ်မယ်ဆိုရင် သူတို့ ပြန်လာပါ့မယ်လို့
ပြောထားပါတယ်။ အဲ့တော့ ကျနော်က ပွဲကနိုင်မယ့် အခြေအနေ ရောက်ရင်တော့ ဒီကလေးတွေကို
ပြန်ခေါ်မှာပါ။ လောလောဆယ်တော့ ဘာအစီအစဉ်မှ မရှိပဲနဲ့တော့ သူတို့ကို သက်သက်မဲ့ကြီး ကျနော် မခေါ်ချင်သေးဘူး။
ပြည်ပခရီးစဉ်တွေကော သွားဖို့ အစီအစဉ်ရှိလား။ ကိုဇာဂနာ့ မိသားစုတွေ အကုန်လုံး ပြည်ပမှာရောက်နေကြတော့ သွားလည်ဖို့ကော အစီအစဉ်ရှိလား။
ပတ်စပို့တ်ကို မရှိတာ။ ပြီးခဲ့တဲ့ အစိုးရလက်ထက် တောက်လျှောက် ကျနော် ပတ်စပို့တ် လျှောက်လွှာ တင်ခဲ့တိုင်း
ကျနော့်ကို ပယ်ချပြီး ပတ်စပို့တ် လုံးဝ ထုတ်မပေးခဲ့တဲ့ အတွက် ကျနော့်မှာ ပတ်စပို့တ်ကို မရှိဘူး။ ကျနော် လော
လောဆယ် နိုင်ငံခြားသွားဖို့ဆိုတာ ပတ်စပို့တ်ရှိမှ ဖြစ်မှာကိုး။ အဲ့တော့ ကျနော် ပတ်စပို့တ်တော့ လျှောက်ချင် တယ်။ ကျနော့်မိသားစုကို တွေ့ဖို့ဆိုတာက ဒုတိယ ဦးစားပေးပေါ့။ ပထမ ဦးစားပေးကတော့ ကျနော် လေ့လာ ချင်တာလေးတွေ ရှိတယ်။ အဲ့တာလေးတွေကိုတော့ ကျနော် သွားလေ့လာချင်သေးတယ်။ အဲ့အတွက်က နှစ်လ သုံးလလောက် ဖြစ်စေပေါ့။ ကျနော့်သူငယ်ချင်းတွေကိုလဲ ကျနော်မေးပြီးပါပြီ။ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်းတွေကိုပေါ့။ စာရေးဆရာ၊ ဆရာမတွေလဲရှိတယ် သူတို့တွေကို ကျနော်လေ့လာနိုင်တဲ့ ဟာလေးတွေပေါ့။ ဥပမာ မီဒီယာနဲ့ ပတ်သတ်တာမျိုးတွေ လေ့လာ ချင်တယ်။ ကျနော်ဝါသနာ ပါတာပေါ့နော်။ နောက်တော့ Public Relation နဲ့ ပတ်သတ်တာတွေ ကျနော် လေ့လာချင်တယ်။ အဲ့ဒီ ကျနော်လေ့လာချင်တာလေးတွေကို တလ တန်သည် နှစ်လတန်သည် လေ့လာလို့ ရတယ်လို့ သူတို့ကပြောတော့ အဲ့လိုလေး သင်တန်းလေး သဘော၊ Workshop လေး သဘောတော့ ကျနော်သွားလေ့လာချင်တယ်။ ကျနော်ဘယ်နိုင်ငံမှ မရောက်ဖူးသေးတဲ့ အတွက် သွားချင်တာလဲ ပါတယ်။ ကျနော်တို့ တိုင်းပြည်အတွက် အကျိုးရှိနိုင်မယ်လို့ ထင်တဲ့ သင်တန်းမျိုးပေါ့နော်။ ကြာကြာကြီးတော့ မဖြစ်ဘူး။ ကျနော်ဒီမှာ အလုပ်တွေပျက်မယ်။ အဲ့လို နှစ်လတန်သည် သုံးလတန် သည် သွားလေ့လာပြီး သင်တန်းလေး ဘာလေး တက်ရမယ်ဆို တက်ချင်တယ်။
ဒီမိုကရေစီအစိုးရလို့လဲ ပြောထားတဲ့ အနေအထားတွေရှိတော့ ဒီတခေါက် ပတ်စပို့တ်တင်ရင် ခွင့်ပြုမယ်လို့ ထင်လား။
ကျနော်ကတော့ ထင်ပါတယ်။ ကျနော်ပြောလဲ ပြောထားတယ်။ ဘာကိစ္စနဲ့မှလဲ ကျနော့်ကို မပိတ်ထားသင့်
တော့ဘူးလို့ ထင်ပါတယ်။ အရင်တုန်းက မသွားစေချင်လို့ ပိတ်ထားပေမယ့် အခုတော့ ပေးပြီးတော့ သွားမယ်လို့ ထင်ပါတယ်။ ကိုယ်မှ လျှောက်လွှာ မတင်ရသေးတော့ မသိဘူးပေါ့။ သို့သော် ပေးမယ်လို့ ယုံကြည်ပါတယ်။ ကျနော် လျှောက်ကြည့်ဦးမယ်။
တက်ကြွတဲ့ လှုပ်ရှားမှုတွေ မလုပ်ဖို့ တားမြစ်ခံရတာတို့၊ လာပြီး အသိပေးတာမျိုးတို့ မလုပ်ဖို့ တိုက်တွန်းတာမျိုးတို့ အဲ့ဒီလိုမျိုးတွေ အကို ကြုံခဲ့ဖူးလား မသိဘူး။
မကြုံပါဘူး။ မကြုံဘူးဆိုတာက အဲ့လိုပြောလဲ နားထောင်မယ့်သူ မဟုတ်ဘူးလို့ သူတို့ ထင်ပုံရပါတယ်။ (ရယ်လျက်) မကြုံဖူးပါဘူး။ ပြောလဲမပြောပါဘူး။
ဒီသီးနှစ်သီးတို့ ဂေါ်ဇီလာတို့ဟာ ပြည်ပရောက်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ဒီလိုမျိုး ပုတ်ပုတ်ခတ်ခတ်၊ ဒီလူတွေကို အမနာပ ပြော တယ် ဆိုတာကို ကျနော် ပြင်းပြင်းထန်ထန် ရှုံချတယ်။ ရှေ့ဆက်ပြီး သူတို့ ပြောမယ် ဆိုရင် လဲ ကျနော်နဲ့ လက်တွဲဖြုတ်ဖို့ အဆင်သင့်ပဲ့။
၂ဝဝ၈ မှာ စီရင်ချက် ချခံရတော့ အင်တာနက်အီးမေးလ်နဲ့ ပြည်ပရောက်တွေကို ဆက်သွယ်တဲ့ ပုဒ်မတွေပါတယ်။ အခု အင်တာနက် ပြန်သုံးမယ်ဆိုတော့ ဒီဥပဒေတွေအပေါ်မှာ အကို့အနေနဲ့ ဘယ်လိုများ မြင်သလဲဗျ။
တခုတော့ရှိတယ်။ ကျနော်ကတော့ ဒီဟာက သုံးရမှာပဲ။ဒီဟာကြောင့် အဖမ်းခံရတယ်ပဲ ဆိုဆို ဒီဟာကို ကျနော်
သုံးရမှာပဲ။ နောက်တခုက ဒါမှမသုံးရင် ကျနော် ဘာသွားသုံးရမှာလဲ။ ကျနော့်မိတ်ဆွေတွေ၊ ကျနော့် သူငယ်ချင်းတွေ၊ နိုင်ငံခြားရောက်နေတဲ့ သူတွေနဲ့ ကျနော့် ဆက်သွယ်ဖို့ပဲ ဖြစ်ဖြစ် ပြည်တွင်းက လူတွေနဲ့ ဆက်သွယ်ဖို့ပဲ ဖြစ်ဖြစ်၊ ဒီဟာမှ မရှိရင် ကျနော် ဘယ်လိုသွားပြီး ဆက်သွယ်ရမလဲ။ ဒီ့အတွက်ကြောင့် ကျနော်ကတော့ သုံးရမှာပဲ။ ဒီအပေါ်မှာ အပြစ်တွေ အကျဲတွေ လာလုပ်နေရင်လဲ ကျနော်ကတော့ ဂရုစိုက်နေမှာ မဟုတ်ဘူး။
အခုက Facebook လို Social Networking Sites တွေ အရမ်းဖွံ့ဖြိုးလာတယ်။ ပြည်တွင်းက လူတွေက သတင်းအချက်အလက် ပေးတဲ့နေရာမှာကော၊ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှုတွေ အကြောင်း အသိပေးတဲ့ နေရာမှာကော ဒီဆိုက်တွေကို သုံးလာတယ်။ ကိုဇာဂနာကော အဲ့လိုဆိုက်တွေ သုံးဖို့
အစီအစဉ် ရှိလားမသိဘူး။
ကျနော် မနက်ကမှ ဖေ့စ်ဘွတ်ခ် မြင်ဖူးတာ။ အဲ့တော့ ကျနော် နည်းနည်း လေ့လာချင်သေးတယ်။ သုံးဖို့ အစီအစဉ် ရှိသလားဆိုတော့ ဖေ့စ်ဘွတ်ခ်ကို ကျနော်သေသေချာချာ မလေ့လာနိုင်သေးဘူး။ ဂျီမေးလ် ကတော့ တောက်လျှောက်သုံးလာတဲ့ လူဖြစ်တဲ့အတွက် ဒါကတော့ ပြဿနာ မရှိဘူး။ နောက်ပြီးတော့ထောင်ထဲမှာ ကျနော် Social Network ဆိုတဲ့ ရုပ်ရှင်ကား ကြည့်လိုက်ရတယ်။ အဲ့လို ကြည့်လိုက်ရတော့ဖေ့စ်ဘွတ်ခ်ကို ကျနော် တော်တော်စိတ်ဝင်စားတယ်။ သို့သော် ဖေ့စ်ဘွတ်ခ်ရဲ့ အားနည်းချက် အားသာချက် ကို ကျနော်မလေ့လာရသေးတဲ့အတွက် သုံးဖြစ်မယ် မသုံးဖြစ်ဘူးတော့ ကျနော်အတိအကျ မပြောနိုင်သေးဘူး။ သို့သော် အခုဖတ်ကြည့်လိုက်တော့ နည်းနည်းကြောက်နေတယ်။ (ရယ်လျက်) ဘာလို့လဲဆိုတော့ ညစ်တီးညစ်စုတ်တွေ လျှောက်ရေးထားတယ်။ ဆဲဆဲဆိုဆိုတွေ။ အဲ့တာတွေ တွေ့တော့ သြော် ဒါမျိုးလဲ ရှိနေတာပါလားလို့ ထင်တယ်။ သို့သော် အတိအကျ ကျနော်မလေ့လာရသေးဘူးလို့ပဲ ပြောမှာပေါ့။
ကိုဇာဂနာသာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် အဲ့ဒီနယ်မှာတော့ ပြိုင်ရဲမယ့်သူ ရှိမှာ မဟုတ်ဘူး ထင်တယ်။ အဲ့ဒီလို ရွေးကောက်ပွဲ ဝင်ဖို့အစီအစဉ်တွေ ဘာတွေများ ရှိမလားခင်ဗျ။
လောလောဆယ် အခြေအနေမှာတော့ အဲ့ဒီအစီအစဉ် ကျနော့်မှာ မရှိပါဘူး။ တကယ်ကို လွှတ်တော်ထဲ သွားနိုင် မယ့် ရွေးကောက်ပွဲ ဝင်နိုင်မယ့်သူတွေပေါ့။ နောင်တော့လဲ ကြုံလာရဦးမှာပါ။ အဲ့ဒီလူတွေကို လွှတ်တော်ထဲ ပို့ဖို့။ တကယ့် ပြည်သူ့အကျိုး သယ်ပိုးနိုင်တဲ့သူတွေကို လိုက်လံရှာဖွေဖို့။ ဘယ်လိုခေါ်မလဲဗျာ ဘောလုံး စကားနဲ့ ပြော ရင် အာဆင်နယ်မှာ ကင်းထောက်ထားတယ်မဟုတ်လား။ အဲ့လိုပေါ့ ကျနော်ကလဲ နိုင်ငံရေးသမား ကင်းထောက်
လုပ်ချင်တာ။ ကျနော် အဲ့ဒီလွှတ်တော်ထဲဝင်ပြီး အမတ်လုပ်ချင်တဲ့သူ မဟုတ်ဘူး။ ဘောလုံးသမားတွေလိုက်ရှာ
တဲ့ ကင်းထောက်သမားတွေလို ကျနော်က နိုင်ငံရေးသမားတွေ လိုက်ရှာတဲ့ ကင်းထောက် ကျနော်လုပ်ချင်တယ်။
ကိုဇာဂနာတော့ လွတ်ပြီ။ ထောင်ထဲမှာတော့ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သူတွေ အများကြီး ကျန်သေးတယ်။ သူတို့ကိုကော အကိုဘာများ ပြောချင်မလဲ။
ထောင်ထဲက သူတွေကိုတော့ စိတ်ဓါတ်မကျလောလောဆယ် အခြေအနေမှာတော့ အဲ့ဒီ အစီအစဉ် ကျနော့်မှာ မရှိပါဘူး။ တကယ်ကိုလွှတ်တော်ထဲ သွားနိုင်မယ့် ရွေးကောက်ပွဲ ဝင်နိုင်မယ့်သူတွေပေါ့။ နောင်တော့လဲ ကြုံလာ ရဦးမှာပါ။ အဲ့ဒီလူတွေကို လွှတ်တော်ထဲ ပို့ဖို့။ တကယ့် ပြည်သူ့အကျိုး သယ်ပိုးနိုင်တဲ့ သူတွေ ကို လိုက်လံရှာဖွေဖို့။ကြပါနဲ့ဦး၊ အလဲမလှဲ ကြပါနဲ့ဦးလို့။ ကျနော်တို့ သူတို့ကို ဘယ်တော့မှ မေ့သွားမယ့်သူတွေမှ မဟုတ်တာ။ သူတို့လဲမကြာခင် အတောအတွင်းမှာ ဧကန်မုချ မိသားစု ရင်ခွင်ထဲကို ပြန်ရောက် လာကြမှာလို့ ကျနော်ယုံကြည် တယ်။ သူတို့ ကိုလဲ ယုံကြည်စေ့ ချင်တယ်။အလွန်ဆုံး ဒီနှစ် မကုန်စေ ရဘူးလို့ ကျနော်ပြောချင်တယ်။ ဒီဟာကိုလဲ ဖြစ်အောင် ကျနော်တို့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှလုပ်သွားမယ်လို့ဆုံးဖြတ်ထားတယ်။
ကိုဇာဂနာကို အနုပညာလုပ်ငန်းတွေ မလုပ်ဖို့ တားမြစ်ထားတာ ရှိသေးလား။
ကျနော် ထောင်ထဲ မရောက်ခင် ၂ဝဝ၆ ခုနှစ်ကတည်းက ကျနော့်ကို အနုပညာ လုပ်ငန်း လုပ်ခွင့် ပိတ်ကို ပိတ်ထားတယ်။ တရားဝင် ပိတ်ထားတယ်။ သူတို့ စာထုတ်ပြီး ပိတ်ထားတာ။ ကျနော့်ကို အဲ့ဒီတုန်း
ကတည်းက နာမည်တောင် သုံးခွင့်မပြုဘူး။ ဘယ်ဂျာနယ်၊ ဘယ်စာစောင်မှာမှ မထည့်ရဘူး။ ကျနော့် အသံတောင် မသုံးရဘူးလို့ ဆိုပြီးတော့ သူတို့ အမိန့်ထုတ်ထားတယ်။ အခုကျနော် ထောင်ကထွက်လာတော့ ကျနော်ပုံတွေ ဂျာနယ်တွေတိုင်းမှာ မျက်နှာဖုံးအနေနဲ့ ပါလာတဲ့ အခါကျတော့ ဒါတွေက ပြီးသွားပြီလား မပြီးသေးဘူးလား ကျနော်မသိဘူး။ ခွင့်ပြုလိုက်ပြီလား၊ ခွင့်မပြုသေးဘူးလား ဆိုတာလဲ ကျနော် မမေးရသေး ဘူး။ ကျနော့်ကိုလဲ ဘာမှ အကြောင်းမကြားသေးတဲ့ အတွက် တိတိကျကျ ကျနော် မသိရသေးပါဘူး။ သို့သော် ကျနော့်အနေနဲ့ကတော့ ကျနော့်ရဲ့ အနုပညာကို ဘယ်သူခွင့်ပြုပြု မပြုပြု ဘာမှဖြစ်မသွားဘူးလို့ ထင်တယ်။ ကျနော့်အနုပညာက ကျနော်အသက်ရှင်နေသလောက် သူလဲ ရှင်သန်နေမှာပဲ။
ရှေ့လျှောက် အနုပညာရယ်၊ လူမှုရေးလုပ်ငန်းတွေရယ်၊ နိုင်ငံရေးရယ် ဘယ်ဟာကို ဦးစားပေး လုပ်သွားမလဲ ခင်ဗျ။
လတ်တလော အခြေအနေမှာ၊ လောလောဆယ် ဒီစကားကို ပြောနေတဲ့ အချိန်မှာတော့ ပထမ ဦးစားပေးက
နိုင်ငံရေးပဲ။ နိုင်ငံရေးပြီးရင်တော့ ဒုတိယ ဦးစားပေးက အနုပညာပဲ။ လူမှုရေးဆိုတာကတော့ သူ့ဘာသာသူ တွဲပါသွားပါလိမ့်မယ် ဒီထဲမှာပဲ။
ကိုဇာဂနာကို လွှတ်ပေးလိုက်တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အိန္ဒိယနိုင်ငံကို ရောက်နေ ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အခြေစိုက်တဲ့ မဇ္ဈိမသတင်းဌာနကတဆင့် ကိုဇာဂနာ ဘာများ ပြောချင်မလဲ။
သမ္မတကြီး… လို့ ။ အိန္ဒိယ ရောက်ရင် ချာပါတီ စားပါလို့။ အာလူးပူရီ မစားပါနဲ့…လို့ ကျနော်ပြောချင်ပါတယ်။
ဘာဖြစ်လို့များလဲ။
ပါသွားပြီလေ။ ဟဲ…ဟဲ…ဟဲ… (ရယ်မောလျက်)
http://www.mizzimaburmese.com/interview/8493-2011-10-15-05-15-28.html
ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် မင်းကိုနိုင် ထောက်ခံမယ်
2011-10-15
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ဆွေးနွေးမှုကို ကြိုဆိုထောက်ခံကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ချမှတ်မယ့် ဆုံးဖြတ်ချက်ကို သူလက်ခံမှာဖြစ် ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့က ကျိုင်းတုံအကျဉ်းထောင်မှာ ကိုမင်းကိုနိုင်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ အမဖြစ်သူ ဒေါ်တင်တင်ညွန့် ကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောဆိုလိုက် တာ ဖြစ်ပါတယ်။
“သူ မှာလိုက်တာက သူတို့ အစဉ်တစိုက် တောင်းဆိုလာခဲ့တဲ့အတိုင်း တွေ့ဆုံဆွေးနွေးရေး ဖြစ်လာပြီ။ အဲ့ဒီတော့ အခု အန်တီနဲ့ တဖက် အဖွဲ့အစည်းနဲ့ တွေ့ဆုံဆွေးနွေးနေတာကို ကြိုဆို ထောက်ခံပါတယ်၊ ဒါပေမယ့် Time Frame တော့ ရှိသင့်တယ်လို့ ထင်တယ်တဲ့။ ဒီ ဒိုင်ယာလော့ ကနေပြီးတော့ ရလာမယ့် ရလဒ်အပေါ် အန်တီ ချမှတ်မယ့် Decision ကို သူ လက်ခံပါမယ်တဲ့။ ကျမကို တရားဝင် မှာတာ ဒီစကားလုံးတွေပါပဲ။ ပါတီထောင်ရေးတို့ ရွေးကောက်ပွဲ ဝင်ရေးတို့နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ထောက်ခံတယ်လို့ရော၊ ကန့်ကွက်တယ်လို့ ရော ကြိုပြီးပြောစရာ အကြောင်းမရှိပါဘူးတဲ့။ ကာယကံရှင်တွေ ကိုယ်တိုင်တောင် တိတိကျကျ မပြောသေးတဲ့ ကိစ္စကို သူ့အနေနဲ့ ကြိုပြီး ပြောပိုင်ခွင့်လည်း မရှိဘူးတဲ့။ နောက်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ လမ်းကြောင်းလည်း မပေးဘူး၊ နှပ်ကြောင်းလည်း မပေးဘူး၊ ဆရာလည်း မလုပ်ပါဘူးတဲ့။ ဘာဖြစ်မယ်မှန်းမှ မသိသေးတဲ့ ကိစ္စကို သူ့အနေနဲ့ ဘာမှ သဘောထား မပေးနိုင်ပါဘူးတဲ့”
ဒါ့အပြင် ကိုမင်းကိုနိုင်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာကြ သူတွေအတွက် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းသာမိကြောင်းလည်း ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။
ကိုမင်းကိုနိုင်ဟာ သွေးတိုးရောဂါ၊ နှလုံးအားနည်းတဲ့ ရောဂါ၊ ဇက်ကျော ကျည်းပေါင်းတက်တဲ့ ရောဂါနဲ့ ခြေထောက် အတက်ထွက်တဲ့ ရောဂါတွေ ခံစားနေရသလို ပြီးခဲ့တဲ့ ၂ လကစလို့ ခေါင်းမူးတဲ့ ဝေဒနာ ခံစားနေရပြီး ကျန်းမာရေး မကောင်းဘူးလို့လည်း ဆက်ပြောပါတယ်။
ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ပွဲကို မိသားစုနဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တွေက လာမယ့် အင်္ဂါနေ့မှာ ကျင်းပဖို့ စီစဉ်ထားပြီး ကျန်းမာရေး အခြေအနေ ကြောင့် အကျဉ်းထောင်အတွင်း မကျင်းပနိုင်တော့ဘူးလို့လည်း ဒေါ်တင်တင်ညွန့်က ဆက်ပြောပါတယ်။
“သူ အခု ကောင်းကောင်း နေမကောင်းတော့လေ ထောင်ထဲမှာ မလုပ်တော့ဘူးတဲ့။ သူလည်း နေမကောင်းဘူး၊ ထောင်ပိုင်ကြီးကလည်း ခွင့်နဲ့ ရန်ကုန် သွားနေတယ်။ ဒု-ထောင်ပိုင်လေးကလည်း သင်တန်း တက်နေတယ်၊ သူ ကိုယ်တိုင်လည်း ကျန်းမာရေး မကောင်းတော့ မလုပ်တော့ပါဘူးတဲ့။ သင်္ကန်းပဲ လှူတော့မယ်တဲ့။ သင်္ကန်း ဝယ်ပေးခဲ့ တယ်။ ထောင်က တာဝန်ရှိသူတွေက နေပြီးတော့ လှူပေးမှာပေါ့။ ရန်ကုန်မှာက ကျမတို့ သမိုင်းက မြို့မ ပရိယတ္တိ စာသင်တိုက်မှာ မနက်အစောကြီး အာရုံဆွမ်း၊ သံဃာတွေကို ကပ်မယ်။ နောက်ပြီးတော့ နီးစပ်ရာ ဆွေမျိုး မိတ်သင်္ဂဟတွေကို မနက် ၈ နာရီကနေ ၁ဝ နာရီအထိ ဧည့်ခံပါမယ်”
http://www.rfa.org/burmese/news/min-ko-naing-assk-10152011084559.html
စနေ, 15 အောက်တိုဘာ 2011
လွတ်လာသူတွေ၊ မိသားစုဝင်တွေအတွက် မင်းကိုနိုင်ဝမ်းမြောက်
By သင်းသီရိ
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးသားအကျဉ်းသားတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ၀မ်းသာတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ နိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာနေတာကိုလည်း ကြိုဆိုပေမဲ့ အချိန်သတ်မှတ်ချက် ရှိသင့်တယ်လို့ သူထင်ကြောင်းကိုလည်း ပြောလိုက်ပါတယ်။ ကျိုင်းတုံထောင်မှာ အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ထောင်ဝင်စာတွေ့ပြီး ပြန်လာခဲ့တဲ့ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်ကို မသင်းသီရိက ဆက်သွယ် မေးမြန်းထားပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်တွင်းက လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် အားလုံနဲ့ထပ်တူ ၀မ်းသာတယ်လို့ ကျိုင်းတုံထောင်မှာ နှစ်ရှည် အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က စကားပါးတယ်လို့ ကိုမင်းကိုနိုင်ကို ထောင်ဝင်စာတွေ့အပြီး ဒီကနေ့ ညနေကမှ ရန်ကုန်ပြန်ရောက်တဲ့ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်က ပြောပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေ အစဉ်တစိုက်တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးတွေ အခု ဖြစ်နေတာကို ကြိုဆိုပေမဲ့ အချိန်သတ်မှတ်ချက် ရှိဖို့တော့ လိုလိမ့်မယ်လို့ သူထင်ကြောင်းကိုလည်း ကိုမင်းကိုနိုင်က ပြောခဲ့တယ်လို့ ဆိုပါတယ်၊
“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ကတော့ သူ မလွတ်မြောက်သေးသော်လည်း လွတ်လာတဲ့သူတွေ အတွက် ကာယကံရှင်တွေအတွက်ရော၊ သက်ဆိုင်ရာ မိသားစု အသိုင်းအ၀ိုင်းတွေ အတွက်ရော အားလုံးနဲ့ထပ်တူ ၀မ်းသာပါတယ်တဲ့ သူက ပြောလိုက်ပါတယ်။ သူတို့အဖွဲ့အနေနဲ့ အစဉ်တစိုက် တောင်းဆိုလာခဲ့တာ တွေ့ဆုံဆွေးနွေးရေး၊ အခု အဲဒီဟာက ဖြစ်လာပြီ။ ဖြစ်လာပြီဆိုတော့ ဒေါ်စုနဲ့ တခြား အဖွဲ့အစည်းနဲ့ စကားပြောနေတာကို သူ ကြိုဆို ထောက်ခံပါတယ်။ ဒါပေမဲ့ အချိန် သတ်မှတ်ချက်လေးတော့ ရှိသင့်တယ်လို့ ထင်တယ်တဲ့။ သူက အဲဒီလို ပြောပါတယ်။ နောက်ပြီးတော့ ဒီ တွေ့ဆုံဆွေးနွေးမှုကနေ ရလာမယ့် ရလဒ်အပေါ် အန်တီစု ချမှတ်မယ့် ဆုံးဖြတ်ချက်ကို သူ လက်ခံပါမယ်တဲ့။”
ဒါ့အပြင် NLD ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ကိစ္စတွေနဲ့ ပတ်သက်လို့လည်း သူ့အနေနဲ့ ဘယ်လို သဘောထားမျိုးကိုမှ ကြိုတင် မှတ်ချက်ပေးတာမျိုး မလုပ်ခဲ့ဘူးလို့လည်း ပြောပါတယ်။
“ပါတီ တည်ထောင်ခြင်းကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ ထောက်ခံတယ်တို့၊ ကန့်ကွက်တယ်တို့ ကြိုပြီး ပြောစရာအကြောင်း မရှိပါဘူးတဲ့။ ကာယကံရှင်ကိုယ်တိုင် တိတိကျကျ မပြောသေးတဲ့ကိစ္စကို သူ့အနေနဲ့ ကြိုပြီး ပြောပိုင်ခွင့် မရှိပါဘူးတဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ ဘယ်သူ့ကိုမှလည်း လမ်းကြောင်းမပေးပါဘူးတဲ့။ ဆရာလည်း မလုပ်နိုင်ပါဘူးတဲ့။ ဘာဖြစ်မယ်မှန်းမှ မသိတဲ့ကိစ္စကို ဘယ်သူ့ကိုမှလည်း မမှာခဲ့ပါဘူးတဲ့။ သူ အနှစ် ၂၀ ကျော် ထောင်ထဲမှာ ဒုက္ခခံခဲ့တာတွေဟာ အလကားဖြစ်သွားမယ်တဲ့။ ဂုဏ်သိက္ခာကို ထိခိုက်မှာ သူ အရမ်းစိုးလို့ပါတဲ့။ ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားလို့ပါတဲ့။”
ကိုမင်းကိုနိုင်ဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက သွေးတိုးတဲ့ဝေဒနာ ခံစားနေရပါတယ်။
“ဒီတစ်ခေါက် သူ သိပ်နေမကောင်းဘူး။ နေမကောင်းဘူးဆိုတာက လွန်ခဲ့တဲ့ နှစ်လသုံးလလောက်ကတည်းက စပြီးတော့ သူ ခေါင်းမူးနေတာလေ။ စာထဲမှာလည်း သူ ရေးတယ်လေ။ ခေါင်းမူးနေတယ်။ သွေးတိုးကလည်း ရှိတယ်။ တခါတလေကျရင် သွေးခုန်နှုန်းလည်း မြန်တယ်။ ဟိုတလောကတည်းက ဖြစ်နေတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်လသုံးလကတည်းက ဖြစ်နေတယ်လေ။ လက်ကျီးပါင်းကတော့ ရေရှည်ပေါ့လေ။ အဲဒါနဲ့ ခြေထောက် ဖနောင့်အတက် ထွက်တာပေါ့နော်။ အဲဒါကတော့ ရေရှည်ပေါ့။ တခါတလေကျတော့ သူက သွေခုန်နှုန်း ကလည်း မြန်တယ်။ သွေးတိုးကလည်း ရှိတယ်။ အစားအသောက် ဆင်ခြင်ရတာပေါ့နော်။”
ဒါကတော့ အောက်တိုဘာလ ၁၄ ရက်နေ့က ကျိုင်းတုံထောင်မှာ ကိုမင်းကိုနိုင်ကို ထောင်ဝင်စာ သွားတွေ့ခဲ့သူ အမစ် ဒေါ်ကြည်ကြည်ညွန့် ပြောခဲ့တာဖြစ်ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုကြောင့် တခြား ၈၈ မျိုးဆက် ကျောင်းသားတွေအပြင် နိုင်ငံရေး လှုပ်ရှားတက်ကြွသူများနဲ့ အတူ ၂၀၀၇ ခုနှစ်မှာ စစ်အစိုးရက ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်နဲ့ အကျဉ်းချ ခံထားရတာ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်ဟာ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ ဆန္ဒပြပွဲ အရေးအခင်းကို ဦးဆောင်ခဲ့တဲ့ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သလို သူဟာ လာမယ့်အောက်တိုဘာ ၁၈ ရက်နေ့မှာ အသက် ၄၉ နှစ် ပြည့်မှာမို့ မိတ်ဆွေသူငယ်ချင်းတွေက ကိုမင်းကိုနိုင်အတွက် မွေးနေ့ပွဲတစ်ခု ပြုလုပ်ဖို့လည်း စီစဉ်ထားကြပါတယ်။
http://www.voanews.com/burmese/news/Min-Ko-Naing-10-15-11-131915458.html